MAT 1:1 အာဗြဟံန ဒါဝိဒ်လေဟှနေဘီးဟှာ မွီးဖွားဆင်းသတ်လာဟှူ ယေရှုခရစ်တော်ရဲ့ ဆွေဇင်မျိုးဆစ်စာရင်းမာ အယ်မျိုးဖြစ်လေဟှယ်။
MAT 1:2 အာဗြဟံဟှာ ဣဇာက်ရဲ့ဖ ဖြစ်ဟှယ်။ ဣဇာက်ဟှာ ယာကုပ်ရဲ့ဖ၊ ယာကုပ်ဟှာ ယုဒန သူ့ညီကိုလေရဲ့ဖ၊
MAT 1:3 ယုဒဟှာ တာမာနရဟှူ သားလေဖြစ်ဟှူ ဖာရက်န ဇာရရဲ့ဖ၊ ဖာရက်ဟှာ ဟေဇရုံရဲ့ဖ၊ ဟေဇရုံဟှာ အာရံရဲ့ဖ၊
MAT 1:4 အာရံဟှာ အမိနဒပ်ရဲ့ဖ၊ အမိနဒပ်ဟှာ နာရှုန်ရဲ့ဖ၊ နာရှုန်ဟှာ စာလမုန်ရဲ့ဖ၊
MAT 1:5 စာလမုန်ဟှာ ရာခပ်နရဟှူ ဗောဇရဲ့ဖ၊ ဗောဇဟှာ ရုသနရဟှူ သြဗက်ရဲ့ဖ၊ ဩဗက်ဟှာ ယေရှဲရဲ့ဖ၊
MAT 1:6 ယေရှဲဟှာ ဒါဝိဒ်မန်းဂီးရဲ့ဖ။ ဒါဝိဒ်မန်းဂီးဟှာ ဥရိယရဲ့မယားဖြစ်ဖူးဟှူ မီးမနရဟှူသား ရှောလမုန်ရဲ့ဖ ဖြစ်လေဟှယ်။
MAT 1:7 ရှောလမုန်ဟှာ ရောဗောင်ရဲ့ဖ၊ ရောဗောင်ဟှာ အဘိယရဲ့ဖ၊ အဘိယဟှာ အာသရဲ့ဖ၊
MAT 1:8 အာသဟှာ ယောရှဖက်ရဲ့ဖ၊ ယောရှဖက်ဟှာ ယဟောရံရဲ့ဖ၊ ယဟောရံဟှာ ဩဇိရဲ့ဖ၊
MAT 1:9 ဩဇိဟှာ ယောသံရဲ့ဖ၊ ယောသံဟှာ အာခတ်ရဲ့ဖ၊ အာခတ်ဟှာ ဟေဇကိရဲ့ဖ၊
MAT 1:10 ဟေဇကိဟှာ မနာရှေရဲ့ဖ၊ မနာရှေဟှာ အာမုန်ရဲ့ဖ၊ အာမုန်ဟှာ ယောရှိရဲ့ဖ၊
MAT 1:11 ဗာဗုလုန်ဗြို့ဟှို ဣသရေလလူမျိုးလေ ဖမ်းဆောန်ခံရဟှူ ခီမာ ယောရှိရဲ့သားလေဟှ ယေခေါနိန ညီကိုလေဖြစ်လေဟှယ်။
MAT 1:12 ဗာဗုလုန်ဗြို့ဟှို ဣသရေလလူမျိုးလေ ဖမ်းဆောန်ခံရဘီးန၊ ယေခေါနိဟှာ ရှာလသေလရဲ့ဖ ဖြစ်ဟှယ်။ ရှာလသေလဟှာ ဇေရုဗဗေလရဲ့ဖ၊
MAT 1:13 ဇေရုဗဗေလဟှာ အာဗျုန်ရဲ့ဖ၊ အာဗျုန်ဟှာ ဧလျာကိမ်ရဲ့ဖ၊ ဧလျာကိမ်ဟှာ အာဇော်ရဲ့ဖ၊
MAT 1:14 အာဇော်ဟှာ ဇာဒုတ်ရဲ့ဖ၊ ဇာဒုတ်ဟှာ အာခိမ်ရဲ့ဖ၊ အာခိမ်ဟှာ ဧလုဒ်ရဲ့ဖ၊
MAT 1:15 ဧလုဒ်ဟှာ ဧလာဇာရဲ့ဖ၊ ဧလာဇာဟှာ မဿန်ရဲ့ဖ၊ မဿန်ဟှာ ယာကုပ်ရဲ့ဖ၊
MAT 1:16 ယာကုပ်ရဲ့သားဟှာ မာရိရဲ့လန် ယောသပ် ဖြစ်လေဟှယ်။ အယ်မူမာရိဟှာ ခရစ်တော် ဆိုဘီး နာမယ်ရှိဟှူ ယေရှုရဲ့မိ ဖြစ်လေဟှယ်။
MAT 1:17 အယ်မျိုး မျိုးဆစ်ပေါန်းဟှာ အာဗြဟံဟှနေဘီး ဒါဝိဒ်ထိ ဆယ့်လေးဆစ်၊ ဒါဝိဒ်ဟှနေဘီး ဗာဗုလုန်ဗြို့ဟှို နယ်နှင်ဒန် ခံရခန်ခီထိ ဆယ့်လေးဆစ်၊ ဗာဗုလုန်ဗြို့ဟှို နယ်နှင်ဒန် ခံရဘီးန ခရစ်တော် မွီးလာဟှူ ခီထိ ဆယ့်လေးဆစ် ဖြစ်လေဟှယ်။
MAT 1:18 ယေရှုခရစ်တော် မွီးဖွားလာဟှူ ကြောန်းရာဟှ အယ်မျိုးဖြစ်ဟှယ်။ မိခင်မာရိဟှာ ယောသပ်န မင်္ဂလာဆောန်ဟှို့တွပ် စေ့စပ်ဘီး တူးဒူနေခန်မာ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ဗိုက်ပိုက်နေလေဟှယ်။
MAT 1:19 သူ့လန် ယောသပ်ဟှာ ဖြောန့်မတ်ဟှူသူ ဖြစ်ဟှူကြောန့် မာရိဟှို လူဘောင်လယ်မာ ယှစ်ရဘဲနေအောန် တိတိဟှား ကွာရှင်းမယ် ဆိုဘီး ကြံစည်ဟှားလေဟှယ်။
MAT 1:20 အယ်မျိုး ကြံစည်နေခီမာ အိမတ်ထဲမာ ယောသပ်ဟှို ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှ “ဒါဝိဒ်အမျိုး ယောသပ်၊ နန့်မယား မာရိရဲ့ ဗိုက်တွပ် စိုးရိမ်န။ အယ်ဗိုက်ဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ တဂိုးအားဖြင့် ရလာဟှူဗိုက်ဖြစ်လေဟှယ်။
MAT 1:21 သူဟှာ သားယော့‑က်ကျားဟှို မွီးလေ့မယ်။ အယ်မူသားဟှာ သူ့ရဲ့လူလေဟှို ပြစ်ဟှနေဘီး ကယ်တန်ပေးမယ့်သူ ဖြစ်ဟှယ်။ အယ်ကြောန့် ယေရှု ဆိုဘီး နာမယ်ပေးရမယ်” ဆိုဘီး ပြောလေဟှယ်။
MAT 1:22 အယ်ကြောန်းရာဟှ ရှေးပရောဖက်လေအားဖြင့် ပြောဟှားဟှူ ဘုရားသခင်ရဲ့ ဗျာဒိတ်တော် ပ္လဲ့ဇောင်ဟှားလေဟှယ်။
MAT 1:23 ဗျာဒိတ်ပြုဟှားဇာဟှ “ကေ့ရှုဂေ့။ ပျိုမဟှာ ဗိုက်ပိုက်ဘီး သားဟှို မွီးဖွားလေ့မယ်။ အယ်သားဟှို ဧမာနွေလ ဆိုဘီး နာမယ်ပေးရမယ်” (ဧမာနွေလရဲ့ နတ်ဓိပါယ်ဟှာ “နို့လေနတူးဒူရှိဟှူ ဘုရားသခင်” ဆိုဘီး ဓိပါယ်ရလေဟှယ်)။
MAT 1:24 ယောသပ်ဟှာ အိယာဟှ နိုးလာဘီးန ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ပြောဟှားတိုင်း မာရိဟှို သူ့မီးမဖြစ် လတ်ထတ် ပေါန်းသင်းလိုက်လေဟှယ်။
MAT 1:25 အယ်ကြောန့် အယ်သားဟှို မွီးဖွားခီရော့‑က်ခန်ထိ တူးဒူအိဘဲန နေလေဟှယ်။ အယ်သားဟှိုလည်း ယေရှု ဆိုဘီး နာမယ်ပေးလေဟှယ်။
MAT 2:1 ယုဒပြည်ဗက်လင်ဗြို့ ဟေရုဒ်မန်းဂီး လတ်ထတ်မာ ယေရှုဟှို မွီးဖွားတော်မူဟှယ်။ မာဂုပညာရှိလေဟှာ ရှေ့တိုင်းပြည်ဟှနေ ယေရုရှလင်ဗြို့ဟှို ရော့‑က်လာဘီးဟှာ၊
MAT 2:2 “ခုမွီးဖွားလာဟှူ ယုဒမန်းဂီးဟှာ ဖယ်မာရှိနူး။ ရှေ့တိုင်းပြည်ဟှနေဘီး သူ့ရဲ့ ကြယ်ဟှို နို့လေ ဗြင်ရဂေ့ဟှူကြောန့် ရှိခိုးပူဇော်ဟှို့တွပ် ရော့‑က်လာဂေ့ဟှယ်” ဆိုဘီး မေးဂေ့လေဟှယ်။
MAT 2:3 အယ်မူစကားဟှို ကြားလိုက်ဟှူ ခီမာ ဟေရုဒ်မန်းဂီးန ယေရုရှလင်ဗြို့ဟှ လူလေ ဂူလောင်းဟှာ ပူပန်သောက ရော့‑က်ဂေ့ဟှယ်။
MAT 2:4 ယဇ်ပုရောဟိတ်ဂီးလေ၊ ဘာသာရေး ခေါန်းဆောန်လေန ကျမ်းပြုဆရာရှိမျှဟှို စုဝေးခေါ်ဘီးဟှာ “ခရစ်တော်ဟှာ ဖယ်ရပ်မာ မွီးဖွားလာမယ်နူး” ဆိုဘီး မေးလေဟှယ်။
MAT 2:5 ကျမ်းပြုဆရာလေဟှလည်း “ယုဒပြည်ဗက်လင်ဗြို့မာ မွီးဖွားပါလေ့မယ်။ ပရောဖက်တပါး ရေးဟှားဇာဟှ၊
MAT 2:6 “ ‘ယုဒပြည် ဗက်လင်ဗြို့၊ စိုးရဟှူ ယုဒဗြို့လေထဲမာ နန်ဟှာ ဗြို့ငယ်မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ရဲ့ဣသရေလလူမျိုးဟှို အောက်စိုးဟှို့သခင်ဟှာ နန်းနို့ထဲမာ ပေါ်ထွပ်လေ့မယ်’ ” ဆိုဘီး ပ္လန်ဖြေဂေ့လေဟှယ်။
MAT 2:7 အယ်ဘီးန ဟေရုဒ်မန်းဂီးဟှာ မာဂုပညာရှိလေဟှို တိတိဟှားခေါ်ဘီးဟှာ ကြယ်ပေါ်ထွပ်ဟှူ ခီကာလဟှို သေးသေချားချာဟှား သိဟှားလေဟှယ်။
MAT 2:8 “နန်းနို့လေသွားဘီးဟှာ အယ်သားဂန်းဟှို သေးသေချားချာရှာဂေ့။ တွိဟှယ် ဆိုဟှာ ငါလည်း ရှိခိုးပူဇော်ရှင်ကြောန့် ပ္လန်လာဘီး ပြောဂေ့ပါ” ဆိုဘီး ဗက်လင်ဗြို့ဟှို လွှတ်လိုက်လေဟှယ်။
MAT 2:9 မာဂုပညာရှိလေလည်း မန်းဂီးရဲ့ စကားဟှို နားထောန်ဘီးဟှာ ထွပ်လာဂေ့ဘီးန ရှေ့ပြည်မာ ဗြင်ဟှားဟှူကြယ်ဟှာ သူးနို့ရှေ့မာသွားဘီးဟှာ သားဂန်းဟှားရှိဟှူ နေရာထတ်ဟှို ရော့‑က်ဟှားခီမာ ရွေ့ဘဲန ရပ်ဘီးနေလေဟှယ်။
MAT 2:10 အယ်ကြယ်ဟှို ပ္လန်ဘီးဗြင်ရခီမာ မာဂုပညာရှိလေဟှာ ရရာတိုင်းဝန်းသာဂေ့ဟှယ်!
MAT 2:11 သူးနို့ဟှာ အီထဲဟှို ဝမ်ဟှားဇာ မိခင်မာရိနတူးဒူ သားဂန်းဟှားဟှို ဗြင်ဟှားခီမာ ပျပ်ဝပ်ကိုးကွယ်လေဟှယ်။ သူးနို့ဟှာ ယူဆောန်လာဟှူ ဘဏ္ဍာသစ်တာလေဟှို ဖွမ့်ဘီး လောဗန်၊ မုရန်န ရွှေလေဟှို ပူဇော်ဂေ့လေဟှယ်။
MAT 2:12 အယ်ဘီးန ဟေရုဒ်မန်းဂီးနားဟှို ပ္လန်ဂေ့န ဆိုဘီး ဘုရားသခင်ဟှာ အိမတ်အားဖြင့် ဒိပေးဟှူကြောန့် သူးနို့ပြည်ဟှို တခြားလမ်းဟှနေဘီး ပ္လန်ဟှားဂေ့လေဟှယ်။
MAT 2:13 မာဂုပညာရှိလေ ပ္လန်ဘီးန ဘုရားသခင်ရဲ့ ကောန်းဂန်တမန်တပါးဟှို အိမတ်ထဲမာ ဗြင်တွိရဘီး ကောန်းဂန်တမန်ဟှ ယောသပ်ဟှို “နန်ထဝေါ့။ မိခင်န သားဂန်းဟှားဟှို ခေါ်ဘီးဟှာ အဲဂုတ္တုပြည်ဟှို ထွပ်ပ္လေးဘီး နော့‑က်ထပ် ငါပြောခန်ခီထိ အယ်မူပြည်မာဘဲ့ နေနေဂေ့။ ဟေရုဒ်မန်းဂီးဟှာ သားဂန်းဟှားဟှို သတ်ဟှို့ရှာလေ့မယ်” ဆိုဘီး ပြောလေဟှယ်။
MAT 2:14 အယ်ဘီးန ယောသပ်ဟှာ အိယာဟှထဘီး မိခင်န သားဂန်းဟှားဟှို ညဉ့်ရှင်းခေါ်ဘီး၊ အဲဂုတ္တုပြည်ဟှို ထွပ်ဟှားဘီး၊
MAT 2:15 ဟေရုဒ်မန်းဂီး သေဟှားခီထိ အယ်မူပြည်မာဘဲ့ နေနေလေဟှယ်။ အယ်ကြောန်းရာဟှာ “ငါ့သားဟှို အဲဂုတ္တုပြည်ဟှနေ ငါခေါ်ထုလာဘီ” ဆိုဘီးဟှာ ပရောဖက်လေအားဖြင့် ပြောဟှားဟှူ ဘုရားသခင်ရဲ့ ဗျာဒိတ်တော် ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လာလေဟှယ်။
MAT 2:16 အယ်ခီမာ ဟေရုဒ်မန်းဂီးဟှာ မာဂုပညာရှိလေဟှို သူမှာလိုက်ဟှူတိုင်း ပ္လန်လာဘီးပြောဘဲန လှည့်ဇားဘီး သွားလိုက်ဇာဟှို သိရဟှူ ခီမာ ရရာတိုင်း ဒေါသထွပ်လေဟှယ်။ အယ်ဘီးန သူ့လူလေဟှို ခေါ်ဘီးဟှာ မာဂုပညာရှိလေဟှို သေးသေချားချာ မေးဟှားဟှူတိုင်း ကြယ်ပေါ်ထွပ်ခီဟှို ခန့်မှန်းဘီးဟှာ ဗက်လင်ဗြို့န ကျေးဝါလေမာရှိဟှူ နှေ့နှစ်အော့‑က် ယော့‑က်ကျား သားဂန်းဟှားလေဟှို သတ်ဟှို့ခိုင်းလေဟှယ်။
MAT 2:17 ပရောဖက်ယေရမိ ဟောဟှားဇာလေ ပ္လဲ့ဇောင်လာဇာဟှ၊
MAT 2:18 “ရာမဗြို့မာ ရာရာတိုင်း ခါးသီးဟှူ ငိုသံလေဟှိုကြားဘီး ရာခေလဟှာ သူ့သားလေ သေဟှားကြောန့်၊ စိပြေဟှို့တွပ် အားပေးစကားပြောဟှူဇာဟှို ငြင်းဆိုလေဟှယ်” ဆိုဘီး ပြောဟှားစကားဟှာ အယ်ခီမာ တကယ်ဘဲ့ ဖြစ်လာလေဟှယ်။
MAT 2:19 ဟေရုဒ်မန်းဂီး သေဘီးန ယောသပ်ဟှာ အဲဂုတ္တုပြည်မာ အိမတ်ဟှို ထပ်ဘီးမတ်လေဟှယ်။ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှ၊
MAT 2:20 “နန်ထဘီး မိခင်န သားဂန်းဟှားဟှို ခေါ်ဘီးဟှာ ဣသရေလပြည်ဟှို သွားဂေ့။ သားဂန်းဟှားဟှို သတ်ဟှို့ရှာနေသူလေ သေကူဘီ” ဆိုဘီးဟှာ ပြောလေဟှယ်။
MAT 2:21 အယ်ခီမာ ယောသပ်ဟှာ ထဘီး မိခင်န သားဂန်းဟှားဟှို ခေါ်ဘီး ဣသရေလပြည်ဟှို ပ္လန်ဟှားလေဟှယ်။
MAT 2:22 အယ်ဘေမဲ့ ဟေရုဒ်မန်းဂီး နေရာမာ သူ့သားအာခေလဟှ ယုဒပြည်မာ မန်းဂီး ဖြစ်နေကြောန်းဟှို ကြားရဟှူ ခီမာ သူဟှာ အယ်နေရာဟှို သွားဟှို့ ကြော့‑က်နေဟှယ်။ သူဟှာ အီမတ်ထဲမာ အယ်နေရာဟှို သွားဘဲဟှို့တွပ် ကောန်းဂန်တမန်ရဲ့ ဒိပေးဇာဟှို ခံရကြောန့် သူဟှာ ဂါလိလဲပြည်ဟှို သွားဘီး၊
MAT 2:23 နာဇရက်ဗြို့ ဆိုဘီး နာမယ်ခေါ်ဟှူ ဗြို့မာ ကိုယ်တော်ဟှာ မြဲဒမ်း နေထိုင်လေဟှယ်။ အယ်ကြောန့် “ခရစ်တော်ဟှို နာဇရက်ဗြို့သား ဆိုဘီး ခေါ်ဂေ့လေ့မယ်” ဆိုဘီးဟှာ ပရောဖက်လေ ရေးဟှားတိုင်း ပ္လဲ့ဇောင်လာလေဟှယ်။
MAT 3:1 အယ်ကာလမာ ဗတ္တိဇံယောဟန်ဟှာ ပေါ်လာဘီး ယုဒပြည် ကန္တာရမာ စဘီး ဟောပြောလေဟှယ်။
MAT 3:2 “နောန်ဒရဂေ့ပါ။ ကောန်းဂန်နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ!” ဆိုဘီး ကြေညာဟှယ်။
MAT 3:3 ပရောဖက်ဟေရှာယ ဟောပြောဟှားဇာဟှ “ ‘ဘုရားသခင်ရဲ့ လမ်းဟှို ပြင်ဆင်ဟှားဂေ့! လမ်းခရီးတော်ဟှို ဖ္လောန့်တန်းအောန် လောက်ဂေ့ပါ’ တောကန္တာရထဲမာ လူတယော့‑က် ကြွေးကြော်နေဟှယ်” ဆိုဇာဟှာ အယ်မူယောဟန်ဟှို ပြောနေဇာဖြစ်ဟှယ်။
MAT 3:4 ယောဟန်ဟှာ ကုလားအုတ်ရဲ့ မွီးန လောက်ဟှားဟှူဝတ်န သားရေခါးဗတ်ဟှို ခါးမာပတ်ဟှားဘီး ကျိုင်းကောန်န တောပျားရယ်ဟှို စားလေဟှယ်။
MAT 3:5 အယ်ခီမာ ယေရုရှလင်ဗြို့၊ ယုဒပြည် တပြည်လောင်းန ယော်ဒန်မ္လစ်နားဟှ လူလေဟှာ ယောဟန်နားဟှို ရော့‑က်လာဂေ့ဘီး
MAT 3:6 သူးနို့ရဲ့ ပြစ်လေဟှို ဝန်ခံဂေ့ဟှိကြောန့် ယော်ဒန်မ္လစ်မာ ယောဟန်အားဖြင့် ဗတ္တိဇံခံဂေ့ဟှယ်။
MAT 3:7 ဖာရိရှဲန ဇဒ္ဒုကဲလေလည်း ဗတ္တိဇံခံယူဟှို့ လာဂေ့ဇာဟှို ဗြင်ရခီမာ ယောဟန်ဟှ “ဝှေ့ မွီဗွေးမျိုးလေ၊ က္လရော့‑က်လာမယ့် ဘေးဒန်ဟှ လွတ်ဟှို့တွပ် နန်းနို့လေဟှို ဖယ်သူဟှ ဒိပေးလိုက်နူး။
MAT 3:8 နောန်ဒန ထိုက်တန်ဟှူ ကျင့်ဟှို ကျင့်ဂေ့။
MAT 3:9 အာဗြဟံဟှ နို့လေရဲ့ဖ ဖြစ်ဟှယ် ဆိုဘီး ပြောရောင်န နန်းနို့လေ ပြစ်ဒန်ဟှ လွှတ်လေ့မယ် ဆိုဘီး ထန်ဂေ့န။ နန်းနို့ဟှို ငါပြောမယ်။ ဘုရားသခင်ဟှာ အယ်က္လော့‑က်ခဲလေဟှနေဘီး အာဗြဟံရဲ့ မ္လေးမ္လစ်လေဟှို ဖန်ဆင်းနိုင်ဟှယ်!
MAT 3:10 သစ်ပန်လေရဲ့ ပြစ်လေနားမာ ကတ်ပထားဟှားကြောန့် သီးကောန်းဟှို သီးဘဲဟှူ သစ်ပန်တိုင်းဟှို ခွတ်ပစ်ဘီးဟှာ မီးထဲဟှို ပစ်ခ္လလေ့မယ်။
MAT 3:11 နန်းနို့လေ နောန်ဒရဟှူကြောန့် ငါဟှာ ရေန ဗတ္တိဇံပေးဟှယ်။ ငါ့နော့‑က်ဟှ ကြွလာဟှူသူဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န မီးန နန်းနို့လေဟှို ဗတ္တိဇံပေးလေ့မယ်။ အယ်သူဟှာ ငါ့ထတ် ပိုဘီး ကီးမြတ်လေဟှယ်။ ငါဟှာ သူ့ရဲ့ ခေနပ်ကြိုးဟှို ခလွတ်ပေးဟှို့ဟှိုမှထိုက်ဟှ။
MAT 3:12 လတ်ထဲမာ ဗားပ္လာဟှို့တွပ် ဂေါဟှိုကိုင်ဘီး သူ့ဗားလန်းပ္လန်ဟှို ရှင်းလေ့မယ်။ ဂျောင်န ဗားလေဟှိုလည်း ဗားဂတ်ထဲဟှို ထဲ့ဘီးဟှာ ဗားဖျင်းလေဟှို သေနိုင်ဘဲဟှူမီးန ရှို့လေ့မယ်” ဆိုဘီး ယောဟန်ဟှ ဟောပြောလေဟှယ်။
MAT 3:13 အယ်ခီမာ ယေရှုဟှ ယောဟန်နားဟှို ဗတ္တိဇံခံယူဟှို့တွပ် ဂါလိလဲပြည်ဟှနေဘီး ယော်ဒန်မ္လစ်ဟှို ကြွလာလေဟှယ်။
MAT 3:14 အယ်ဘေမဲ့ ယောဟန်ဟှ “ကျွန်တော်ဟှာ ကိုယ်တော်နားမာ ဗတ္တိဇံခံယူရဟှို့ဇာဟှို ကိုယ်တော်ဟှာ ကျွန်တော်နားဟှို ကြွလာတော်မူဟှယ်လော” ဆိုဘီးဟှာ ဆီးတားလေဟှယ်။
MAT 3:15 ယေရှုဟှ “တရားလေ ဂူလောင်းဟှို ကူအောန် ကျင့်သင့်ဟှူကြောန့် ခု ခွမ့်ပေးပါ” ဆိုဘီး ပ္လန်ပြောတော်မူဟှယ်။ အယ်ကြောန့် ယောဟန်ဟှာ ဘောတူလေဟှယ်။
MAT 3:16 ယေရှုဟှာ ဗတ္တိဇံခံယူဘီး ရေထဲဟှ ထလိုက်ဟှူန ကောန်းဂန်ဘောင် ပွမ့်ဟှားဘီး ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ ချိုးငှတ်မျိုး ဆင်းလာဘီး ကိုယ်တော်ထတ်မာ နားလေဟှယ်။
MAT 3:17 အယ်ဘီးန “အယ်သူဟှာ ငါနှစ်သက်မြတ်နိုးဟှူ ငါ့ရဲ့ ရှစ်သား ဖြစ်ဟှယ်” ဆိုဘီး ကောန်းဂန်ဘောင်ဟှနေ သံတော်ဟှို ကြားရလေဟှယ်။
MAT 4:1 အယ်ဘီးန မာရ်နတ်ရဲ့ စောင်ဇမ်းသွီးဆောန်ရှင်းဟှို ခံဟှို့တွပ် ဝိညာဉ်တော်ဟှာ ယေရှုဟှို တောကန္တာရထဲဟှို ပို့ဆောန်လေဟှယ်။
MAT 4:2 ယေရှုဟှာ နေ့ရောညဉ့်ပါ ရစ်လေးဆယ် လောင်းလောင်း စာရှောန်ဘီးန ရရာတိုင်း ဗိုက်ဆာတော်မူဟှယ်။
MAT 4:3 အယ်ခီမာ မာရ်နတ်ဟှ ယေရှုနားဟှို ချဉ်းကပ်လာဘီး “သင်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဟှာ အယ်က္လော့‑က်ခဲလေဟှို မုဖြစ်လာအောန် မိန့်ပေးကေ့” ဆိုဘီး ပြောလေဟှယ်။
MAT 4:4 အယ်ဘေမဲ့ ယေရှုဟှ “‘လူဟှာ စားဇာတခုဒဲန သတ်ရှင်ရဟှို့ မှုဟှ။ ဘုရားသခင်ရဲ့ စကားတော်အားဖြင့်ဘဲ့ သတ်ရှင်ရမယ်’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
MAT 4:5 အယ်ဘီးန မာရ်နတ်ဟှာ ယေရှုဟှို သန့်ရှင်းဟှူ ယေရုရှလင်ဗြို့ဟှို ခေါ်ဆောန်ဘီးဟှာ ကိုယ်တော့်ဟှို ဗိမာန်တော်ရဲ့ ထိဖျားမာ တန်ဟှားလိုက်ဘီး
MAT 4:6 “ဘုရားသခင်ဟှ ကိုယ်တော့်ဟှို စောန့်ရှော့‑က်ဟှို့တွပ် ကောန်းဂန်တမန်လေဟှို “ ‘မိန့်မှာဟှားကြောန့် သူးနို့လေဟှာ ကိုယ်တော်ရဲ့ ခေဟှို က္လော့‑က်န ထိခိုက်ဘဲနနေအောန် ကိုယ်တော့်ဟှို လတ်န ခီမဟှားလေ့မယ် ဆိုဘီး ကျမ်းစာဟှ ပြောဟှားဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားမှန်ဟှယ် ဆိုဟှာ အော့‑က်ဟှို ခူခ္လလိုက်’ ” ဆိုဘီး ပြောလေဟှယ်။
MAT 4:7 ယေရှုဟှ “နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စောင်ဇမ်းန ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 4:8 နော့‑က်တခါ မာရ်နတ်ဟှာ ကိုယ်တော့်ဟှို ရရာတိုင်း ဗြစ်ဟှူ တောန်ထတ်ဟှို ခေါ်ဆောန်ဟှားဘီး အယ်လောကမာရှိဟှူ တိုင်းနိုင်ငံလေရှိဟှူမျှန အယ်တိုင်းနိုင်ငံလေမာရှိဟှူ ဖောင်းစည်းဇိမ်လေဟှို ပြလေဟှယ်။
MAT 4:9 မာရ်နတ်ဟှ “ကိုယ်တော်ဟှာ ငါ့ဟှို ပျတ်ဝပ်ဘီး ကိုးကွယ်မယ် ဆိုဟှာ အယ်မူဇာလေ ဂူလောင်းဟှို ငါပေးမယ်” ဆိုဘီး ပြောလေဟှယ်။
MAT 4:10 ယေရှုဟှလည်း “ဝှေ့ စာတန် ငါ့နားဟှထွပ်ဟှား! ‘နန့်ရဲ့ဘုရားသခင် တပါးဒဲဟှိုဘဲ့ ကိုးကွယ်ရမယ်! အယ်မူ ဘုရားသခင် တပါးဒဲဟှိုဘဲ့ စေခံရမယ်’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 4:11 အယ်ဘီးန မာရ်နတ်ဟှာ ယေရှုနားဟှနေဘီး ထွပ်ဟှားလေဟှယ်။ အယ်ခီမာ ကောန်းဂန်တမန်လေဟှာ ရော့‑က်လာဘီးဟှာ ကိုယ်တော့်ဟှို လောက်ကျွေးဂေ့ဟှယ်။
MAT 4:12 ယောဟန် ထောန်ခ္လခံနေရဟှယ် ဆိုဇာဟှို ကြားရဟှူကြောန့် ယေရှုဟှာ ဂါလိလဲပြည်ဟှို ထွပ်ဟှားလေဟှယ်။
MAT 4:13 ကိုယ်တော်ဟှာ နာဇရက်ဗြို့မာ နေဘဲန ဇာဗုလုန်နယ် နဿလိနယ်စပ်ကြားဟှ ဂါလိလဲအိုင်နားမာရှိဟှူ ကပေရနောင်ဗြို့ဟှို သွားဘီးနေလေဟှယ်။
MAT 4:14 အယ်ကြောန်းရာဟှာ ပရောဖက် ဟေရှာယဟှို ဘုရားသခင်ပေးဟှားဟှူ ဗျာဒိတ်တော် ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လေဟှယ်။ ပရောဖက် ဟေရှာယဟှ
MAT 4:15 “အို၊ ဇာဗုလုန်နယ်န နဿလိနယ်၊ ယော်ဒန်မ္လစ်ဟှိုဖတ်ကမ်း၊ အိုင်လမ်းတရှော့‑က်န၊ လူမျိုးခြားလေနေထိုင်ဟှူ ဂါလိလဲပြည်!
MAT 4:16 မှောန်ထဲမာ နေထိုင်ဟှူ သူလေဟှာ တော့‑က်ပဟှူ လန်းရောန်ဟှို ဗြင်ရလေ့မယ်။ သေမန်းရဲ့ ရိအော့‑က်မာ နေဂေ့ဟှူ လူလေထတ်ဟှို တော့‑က်ပဟှူ လန်းရောန် ရော့‑က်လာလေ့မယ်” ဆိုဘီး ဟောပြောဟှားလေဟှယ်။
MAT 4:17 အယ်ခီဟှနေစဘီး ယေရှုဟှာ “နောန်ဒရဂေ့။ ကောန်းဂန်နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ!” ဆိုဘီးဟှာ ကြေညာဟှယ်။
MAT 4:18 ယေရှုဟှာ ဂါလိလဲအိုင်နား ဖြတ်ဘီး သွားဟှူ ခီမာ ညီကိုနှေ့ယော့‑က်ဖြစ်ဟှူ၊ ပေတရု ဆိုဘီး နာမယ်ခေါ်ဟှူ ရှိမုန်န သူ့ညီအန္ဒြေလေဟှာ ပိုက်ကွန်ပစ်နေဇာဟှို ဗြင်လေဟှယ်။
MAT 4:19 ယေရှုဟှ အယ်သူလေဟှို “ငါ့နော့‑က်လိုက်ဂေ့။ နန်းနို့လေဟှို လူလေဟှိုဖမ်းဟှူ ငါးဖမ်းမားဖြစ်စေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 4:20 သူးနို့လေလည်း တခါဒဲဘဲ့ ပိုက်ကွန်လေဟှို ထားရစ်ဘီးန နော့‑က်တော်ဟှို လိုက်ဂေ့ဟှယ်။
MAT 4:21 ကိုယ်တော်ဟှာ ဆစ်ဘီးသွားခီမာ တခြားညီကို နှေ့ယော့‑က်ဖြစ်ဟှူ ဇေဗေဒဲရဲ့သား ယာကုပ်န သူ့ညီယောဟန်ဟှို သူ့ဖနတူးဒူ လှေထတ်မာ ပိုက်ကွန်လေ ဖာနေဇာဟှို ဗြင်တော်မူလေဟှယ်။ ကိုယ်တော်ဟှ အယ်သူလေဟှို ခေါ်ဟှူ ခီမာ
MAT 4:22 သူးနို့လေလည်း လှေန သူးနို့ဖဟှို ထားရစ်ဘီးဟှာ ယေရှုနော့‑က်ဟှို တခါဒဲ လိုက်ဟှားဂေ့လေဟှယ်။
MAT 4:23 ယေရှုဟှာ ဂါလိလဲပြည် တပြည်လောင်းဟှို လှည့်လည် သွားလာဘီးဟှာ နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို ဝါလယ်ဇရပ်လေမာ သွန်သန် ဟောပြောဘီး နေကောန်းဘဲဟှူ သူလေဟှို ကျန်းမာစေလေဟှယ်။
MAT 4:24 ယေရှုရဲ့ ဒန်းဟှာ ရှုရိပြည် တပြည်လောင်းဟှို ပ္လံ့နှံ့ဟှားကြောန့် နတ်ဆိုးပူးခံရဟှူ လူလေ၊ ဝပ်ရူးစွဲဟှူ လူလေ၊ ခေလတ်သေနေဟှူ လူလေန ရောဂါဘောင်းဇောင်စွဲဟှူလူလေ ဂူလောင်းဟှို ယေရှုနားဟှို ခေါ်လာဂေ့လေဟှယ်။ ခေါ်လာဂေ့ဟှူ လူနာလေ ဂူလောင်းလည်း ရောဂါပျော့‑က်ဂေ့လေဟှယ်။
MAT 4:25 ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ယေရုရှလင်ဗြို့၊ ယုဒပြည်န ယော်ဒန်မ္လစ်ရဲ့ ဟှိုဖတ်ကမ်းဟှ လာဟှူ သူလေလည်း ကိုယ်တော်နော့‑က်ဟှို လိုက်ဂေ့ဟှယ်။
MAT 5:1 ယေရှုဟှာ လူအောက်ဂီးဟှို ဗြင်ဟှူ ခီမာ တောန်ထတ်ဟှို တတ်ဘီး ထိုင်နေလေဟှယ်။ တဗဲ့တော်လေလည်း ကိုယ်တော်နားဟှို လာဂေ့ကြောန့်
MAT 5:2 ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို စဘီးဟှာ သွန်သန်ဇာဟှ၊
MAT 5:3 “စိနှလောင်းနှိခ္လဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။ ကောန်းဂန်နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှယ်!
MAT 5:4 ဝန်းနဲပူဆွေးဘီး သောကရော့‑က်နေဟှူသူလေဟှာ မင်္ဂလာရှိလေဟှယ်။ ဘုရားသခင်ဟှာ အယ်သူလေဟှို အားပေးနှစ်သိမ့်မှုလေ ပေးလေ့မယ်!
MAT 5:5 စိနူးညံ့သိမ်မွေ့ဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။ အယ်သူလေဟှာ ဘုရားသခင် ဂဒိထားတော်မူဟှူ လောကရဲ့ မွီဟှို လတ်ခံရလေ့မယ်!
MAT 5:6 ဖြောန့်မတ်ရှင်းဟှို ငတ်ပြတ်နေဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်။ ဖြားဖြစ်ကြောန်းနူးဆိုဟှာ သူးနို့လေဟှာ ဗိုက်ပ္လဲ့ရဂေ့လေ့မယ်!
MAT 5:7 သနားကြင်နာတတ်ဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်။ ဘုရားသခင်ဟှာ အယ်သူလေဟှို သနားကြင်နာတော်မူလေ့မယ်!
MAT 5:8 စိနှလောင်းဖ္လူစင်ဂေ့ဟှူ သူလေဟှာ မင်္ဂလာရှိဂေ့ဟှယ်။ အယ်သူလေဟှာ ဘုရားသခင်ဟှို ဗြင်ရဂေ့လေ့မယ်!
MAT 5:9 ယော့‑က်နယော့‑က်ဟှို သင့်မြတ်အောန် လောက်ပေးဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။ အယ်သူလေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဆိုဘီး ခေါ်ခံရလေ့မယ်!
MAT 5:10 ဘုရားသခင်ရဲ့ လိုတော်တိုင်း လောက်ဆောန်ဟှူကြောန့် နှိစစ်ညှဉ်းဆဲခံရသူလေဟှာ မင်္ဂလာရှိဟှယ်။ ကောန်းဂန်နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှယ်!
MAT 5:11 “ငါ့ကြောန့် ညှဉ်းဆဲကဲ့ရဲ့ခံရဘီး မှန်ဘဲန စွပ်စွဲခံရခီမာ နန်းနို့ဟှာ မင်္ဂလာရှိဟှယ်။
MAT 5:12 ဝန်းသာအားရဖြစ်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ နန်းနို့တွပ် ရရာတိုင်း ကီးဟှူဆုလာဘ် ရှိဟှယ်။ နန်းနို့ရှေ့ဟှ ပရောဖက်လေလည်း အယ်မျိုးဘဲ့ ညှဉ်းဆဲခံရဂေ့ဟှယ်။”
MAT 5:13 “နန်းနို့လေဟှာ အယ်လောကရဲ့ ဆားဖြစ်ဟှယ်။ ဆားဟှာ ငန်ဟှူရသာ ပျော့‑က်ဟှားမယ် ဆိုဟှာ ငန်ဟှူရသာဟှို ဖယ်မျိုးလည်း ပ္လန်ရနိုင်ဟှို့ မှုဟှ။ တန်ဖိုးမှေ့ဘဲဟှူ ဆားဖြစ်ဟှားကြောန့် ပ္လန်ဟှိုပစ်ထုလိုက်ဘီး လူလေဟှာ ကျော်နန်းဟှားဟှယ်။
MAT 5:14 “နန်းနို့လေဟှာ အယ်လောကရဲ့ လန်းရောန်ဖြစ်ဟှယ်။ တောန်ထိထတ်မာ တည်ဟှူဗြို့ဟှို ကွယ်နိုင်ဟှ။
MAT 5:15 ဆီမီးအီဟှို ထွန်းဘီးဟှာ တောန်းအော့‑က်မာ ထားဟှားလေ့ မှေ့ဟှ။ အီသူအီသားလေ လန်းရောန်ရအောန် ဆိုဘီး ဆီမီးခေါင်ထတ်မာဘဲ့ တန်ဟှားတတ်ဟှယ်။
MAT 5:16 အယ်မျိုးဘဲ့ လူလေဟှာ နန်းနို့လေရဲ့ ကောန်းဟှူ ကျင့်ဟှို ဗြင်ဘီးဟှာ ကောန်းဂန်ဘောင်မာရှိဟှူ နန်းနို့ဖရဲ့ ဂေါင်တော်ဟှို ချီးမွမ်းစေဟှို့တွပ် နန်းနို့လေရဲ့ သတ်တာလန်းရောန်ဟှို လန်းစေဂေ့ပါ။
MAT 5:17 “မောရှေရဲ့ ပညတ်တရားန ပရောဖက်လေရဲ့ သွန်သန်ဟှားဇာလေဟှို ဖျစ်ပယ်ဟှို့တွပ် ငါလာဟှယ် ဆိုဘီး ထန်ဂေ့န။ ဖျစ်ပယ်ဟှို့တွပ် ငါလာဇာ မှုဟှ။ ပ္လဲ့ဇောင်ဟှို့တွပ် ငါလာဇာဖြစ်ဟှယ်။
MAT 5:18 နန်းနို့ဟှို ငါ မှန်ပြောမယ်၊ ကောန်းဂန်ဘောင်န မ္လေဂီး ပျော့‑က်ကွယ်ခန်ထိ ပညတ်တရားထဲမာ ငယ်ဆောင်းဖြစ်ဟှူ စာလောင်း တလောင်းလည်း ပ္လဲ့ဇောင်ခန်ထိ ပျစ်စီးစေဟှ။
MAT 5:19 အယ်ကြောန့် ငယ်ဆောင်းဖြစ်ဟှူ ပညတ်တခုဟှို ကိုယ်ကိုယ်တိုင်လည်း ကျူးလွန်ဘီးဟှာ သူများလေဟှိုလည်း အယ်မျိုးသွန်သန်ပေးဟှယ်။ အယ်သူဟှာ ကောန်းဂန်နိုင်ငံတော်မာ အငယ်ဆောင်းသူ ဖြစ်ရလေ့မယ်။ ကိုယ်ကိုယ်တိုင်လည်း လိုက်နာဘီးဟှာ သူများလေဟှိုလည်း သွန်သန်ပေးလေဟှယ်။ အယ်သူဟှာ ကောန်းဂန်နိုင်ငံမာ ကီးမြတ်ဟှူ သူဖြစ်လေ့မယ်။
MAT 5:20 ဘုရားသခင်ရဲ့ လိုတော်တိုင်း သတ်ရှင်ခီမာ နန်းနို့လေရဲ့ ကျင့်ဟှာ ဖာရိရှဲန ကျမ်းပြုဆရာလေ ကျင့်ဟှူကျင့်ထတ် ပိုသာဘဲဟှ ဆိုဟှာ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်ရဟှို့ မှုဟှ ဆိုဘီး ငါမှန်တိုင်းပြောဟှယ်။
MAT 5:21 “ ‘လူ့ရဲ့သတ်ဟှို သတ်န။ သတ်ဟှူသူဟှာ တရားရောင်းမာ ပြစ်စီရင်ခံရမယ် ဆိုဘီး ရှေးဟှ ပြောဟှားဇာဟှို နန်းနို့ကြားသိပီးဘီ။’
MAT 5:22 ငါပညတ်ဇာဟှ နန်ဟှာ ကိုယ့်ညီကိုဟှို ဒေါသထွပ်ဟှယ် ဆိုဟှာ တရားလွတ်တော်ရှေ့ဟှို ရော့‑က်ရမယ်! ညီကိုရှင်းရှင်းဟှို ကီဆဲဟှူသူဟှာ ရောင်းမာ ပြစ်ပေးခံရမယ်။ ညီကိုရှင်းရှင်းဟှို လူမိုက် ဆိုဘီး ပြောဟှူသူလည်း ငရဲမှာ မီးရှို့ဇာခံရလေ့မယ်။
MAT 5:23 အယ်ကြောန့် နန်းနို့လေဟှာ ယဇ်ပလ္လင်မာ ပူဇော်ဆစ်သဟှို့ ပြင်ဆင်ဟှူ ခီမာ ညီကိုဟှို ပြစ်မှားဟှားဇာလေ ဒိရလာဟှယ် ဆိုဟှာ
MAT 5:24 နန့်ရဲ့ ပူဇော်သကာဟှို ယဇ်ပလ္လင်ရှေ့မာ ထားရစ်ဘီး ညီကိုဟှို သွားဘီး တောန်းဗန်လိုက်ပါ။ အယ်ဘီးမှ ပ္လန်လာဘီး ဘုရားသခင်ဟှို ပူဇော်သကာဟှို ပူဇော်ပါ။
MAT 5:25 “နန့်ဟှို တရားစွဲဟှူ လူနတူးဒူ ခရီးသွားနေခီမာ သူ့ဟှို ဗြန်းဗြန် တောန်းဗန်လိုက်ပါ။ နော့‑က်မှုဘဲနေဟှာ သူဟှ နန့်ဟှို တရားသူဂီးလတ်ထဲအပ်ဘီး တရားသူဂီးဟှ ရဲလတ်ဟှို အပ်လိုက်ဟှူကြောန့် နန်ဟှာ ထောန်ထဲမာ ထဲ့ဟှားဇာဟှို ခံရလေ့မယ်။
MAT 5:26 နန်းနို့ဟှို ငါ မှန်ပြောမယ်၊ ကပ်ကွီးကျေအောန် မဆပ်မရှင်း နန်ဟှာ ထောန်ထဲမာ နေရလေ့မယ်။
MAT 5:27 “ ‘အီထောန်ရေးဖော့‑က်ပ္လန်ဇာဟှို ကျူးလွန်န ဆိုဘီး ပြောဟှားဇာဟှို နန်းနို့ကြားသိပီးဘီ။’
MAT 5:28 ငါပညတ်ဇာဟှ ကိလေသစိန သူများရဲ့မယားဟှို ကေ့မိဟှူသူဟှာ စိနှလောင်းထဲဟှ အယ်မီးမန ပြစ်မှားလေဘီ။
MAT 5:29 အယ်ကြောန့် ညာမျစ်စိန မှားယွင်းမိဟှယ် ဆိုဟှာ ညာမျစ်စိဟှို ထုပစ်လိုက်! တကိုယ်လောင်း ငရဲထဲဟှို ပစ်ခ္လခံရထတ် မျစ်စိတဖတ်မှေ့ဘဲန သတ်ရှင်ရဇာဟှာ ပိုကောန်းဟှယ်။
MAT 5:30 အယ်မျိုးဘဲ့ နန့်ညာလတ်ဟှ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ ညာလတ်ဟှို ဖြတ်ပစ်လိုက်! တကိုယ်လောင်း ငရဲထဲဟှို ပစ်ခ္လခံရထတ် လတ်တဖတ်မှေ့ဘဲန သတ်ရှင်ရဇာဟှ ပိုကောန်းဟှယ်။
MAT 5:31 “ ‘ကိုယ့်မယားဟှို ကွာရှင်းရှင်ဟှယ် ဆိုဟှာ ကွာရှင်းစာချောက်ဟှို ပေးရမယ် ဆိုဘီး ပညတ်ဟှားလေဟှယ်။’
MAT 5:32 ငါပညတ်ဇာဟှ ဆိုးသွန်းဘီး ဖော့‑က်ပ္လန်ဇာမှေ့ဘဲန တခြားကြောန်းလေကြောန့် ကိုယ့်မယားဟှို ကွာရှင်းရှင်သူဟှာ အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်။ ကွာရှင်းဟှူမီးမန ပေါန်းသင်းဟှူသူဟှလည်း အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်ဟှယ်။
MAT 5:33 “ ‘မှုဘဲန ကီဆိုဂေ့န။ ကီဆိုလိုက်ဟှူတိုင်း ဘုရားသခင်ရှေ့မာ တည်ရမယ် ဆိုဘီး ရှေးဟှပညတ်ဟှားဇာဟှို နန်းနို့ကြားသိပီးဘီ။’
MAT 5:34 ငါပညတ်ဇာဟှ လောင်းဝ ကီဆိုဂေ့န။ ကောန်းဂန်ဘောင်ဟှို တိုင်တယ်ဘီးဟှာ ကီဆိုဂေ့န။ ကောန်းဂန်ဘောင်ဟှာ ဘုရားသခင်ရဲ့ ပလ္လင်တော်ဖြစ်ဟှယ်။
MAT 5:35 မ္လေဂီးဟှို တိုင်တယ်ဘီး ကီဆိုဂေ့န။ မ္လေဂီးဟှာ ဘုရားသခင်ရဲ့ ခေတော်တန်ရာခေါင် ဖြစ်ဟှယ်။ ယေရုရှလင်ဗြို့ဟှို တိုင်တယ်ဘီး ကီဆိုဂေ့န။ မဟာမန်းဂီးရဲ့ ဗြို့တော်ဖြစ်လေဟှယ်။
MAT 5:36 နန်းနို့ရဲ့ ဆားဗန်တဗန်ဟှိုမှ ဖ္လူအောန်၊ မဲအောန် လောက်နိုင်ဘဲန ကိုယ့်ရဲ့ခေါန်းဟှို တိုင်တယ်ဘီးဟှာ ကီဆိုဂေ့န။
MAT 5:37 နန်းနို့စကားဟှာ ‘မှန်ဇာဟှို’ မှန်ဖြစ်စေဘီး ‘မှုဘဲဇာဟှို’ မှုဟှ ဆိုဘီး ဖြစ်စေဂေ့ပါ။ အယ်ထတ်ပိုဟှူစကားဟှာ မုသာနဘဲ့ စပ်ဆိုင်ဇာဖြစ်လေဟှယ်။
MAT 5:38 “‘မျစ်စိတလောင်းတွပ် မျစ်စိတလောင်း၊ သွားတရှောန်းတွပ် သွားတရှောန်း’ ဆိုဘီး ပညတ်ဟှားဇာဟှို နန်းနို့ကြားဟှားပီးဘီ။
MAT 5:39 ငါပညတ်ဇာဟှ နှော့‑က်ယှစ်ဟှူ သူလေဟှို ရန်တုံ့ပ္လန်ဂေ့န ဆိုဘီး ငါပြောဟှယ်။ နန့်ပါးတဖတ်ဟှို ရိုက်ဟှယ် ဆိုဟှာ ကျန်ဟှူ ပါးတဖတ်ဟှိုလည်း ရိုက်ဟှို့ လှည့်ပေးလိုက်ပါ။
MAT 5:40 နန့်အန်းဂီဟှို လိုရှင်ဟှူကြောန့် စီရင်ဟှူသူလေဟှို နန့်ဝတ်လောင်ဟှိုလည်း ပေးလိုက်ပါ။
MAT 5:41 ယော့‑က်ယော့‑က်ဟှ နန်းနို့ဟှို နိုင်ကျင့်ဘီး တမိုင် သွားခိုင်းမယ် ဆိုဟှာ အယ်သူနတူးဒူ နှေ့မိုင် သွားလိုက်ပါ။
MAT 5:42 နန့်နားမာ တောန်းဟှူလူဟှို ပေးလိုက်ပါ။ ချေးငှားဟှူသူလေဟှိုလည်း ငြင်းဘဲန ချေးငှားလိုက်ပါ။
MAT 5:43 “ ‘နန့်ရဲ့ အီဇနီးရှင်းဟှို ရှစ်ပါ။ ရန်သူဟှိုမူးပါ ဆိုဘီး ရှေးဟှပညတ်ဟှားဇာဟှို နန်းနို့ကြားသိပီးဘီ။’
MAT 5:44 ငါပညတ်ဇာဟှ ရန်သူလေဟှို ရှစ်ဂေ့။ ညှဉ်းဆဲဟှူသူလေဟှို ဆုတောန်းဂေ့။ နန်းနို့လေဟှို မူးဟှူသူလေဟှိုလည်း ကူညီဂေ့။
MAT 5:45 အယ်ဆိုဟှာ နန်းနို့လေဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ ဘုရားသခင်ရဲ့ သားမီးလေဖြစ်လာလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ နန်းနို့ဖဟှာ ဖြောန့်မတ်ဟှူသူလေ၊ ဖြောန့်မတ်ဘဲဟှူသူလေထတ်မာ သူ့ရဲ့နေရောန်ဟှို ထွန်းလန်းစေဘီး သူတော်ကောန်းလေ၊ သူယောက်မာလေထတ်မာလည်း မိုးဝါစေတော်မူဟှယ်။
MAT 5:46 နန်းနို့ဟှို ရှစ်ဟှူသူလေဟှိုဘဲ့ ပ္လန်ဘီးရှစ်ဟှယ် ဆိုဟှာ ဖြားကျိုးထူးမယ်နူး။ ခွန်ကော့‑က်မားလေလည်းဘဲ့ အယ်မျိုး လောက်တတ်ဟှယ်!
MAT 5:47 နန်းနို့ရဲ့ ညီကိုလေဟှိုဘဲ့ မြစ်တာထားဘီး စကားပြောဟှယ် ဆိုဟှာ ဘုရားသိဘဲဟှူ လူလေန ဖြားဇာလေ ကွာခြားနူး။ ဘုရားသိဘဲဟှူ လူလေလည်းဘဲ့ အယ်မျိုး လောက်ဂေ့ဟှယ်!
MAT 5:48 အယ်ကြောန့် ကောန်းဂန်ဘောင်ဟှ နန်းနို့ ဖဟှာ စောင်လင်ဟှူ မျိုးဘဲ့ နန်းနို့လည်း စောင်လင်အောန် နေဂေ့ပါ။
MAT 6:1 “နန်းနို့လေဟှာ ကောန်းဇာလေလောက်ဟှူ ခီမာ လူလေဗြင်အောန် လောက်မိဘဲနေဟှို့ ဒိထားဂေ့ပါ။ နန်းနို့ဟှာ လူလေဗြင်အောန် လောက်မယ် ဆိုဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ နန်းနို့ဖနားဟှ ကျိုးဟှို ခံစားရဂေ့ဟှို့ မှုဟှ။
MAT 6:2 “အယ်ကြောန့် နန်းနို့ လှူဒါနပေးဟှူ ခီမာ သူတော်ကောန်း ယောန်ဆောန်ဟှူ သူလေ လောက်ဂေ့ဟှူမျိုး လူလေထန်ကီးဇာခံရဟှို့ ဝါလယ်ဇရပ်လေန လမ်းဆောင်လမ်းခွလေမာ တံပိုးမှုဘီး ကြေညာဂေ့န။ သူးနို့လေဟှာ လူလေရဲ့ထန်ကီးဘီး ချီးမွမ်းခံရအောန်ဘဲ့ လောက်ဂေ့လေဟှယ်။ ငါမှန်တိုင်းပြောမယ် အယ်သူလေဟှာ ခုဘဝကျိုးဟှိုဘဲ့ ရဂေ့လေဟှယ်။
MAT 6:3 နန်းနို့လေဟှာ လှူဒါနပေးဟှူ ခီမာ ဘယ်ဖတ်လတ်န ပေးဟှူဇာဟှို ညာဖတ်လတ်ဟှို သိစေန။
MAT 6:4 ထန်ရှားဘဲဇာဟှို ဗြင်တော်မူဟှူ နန်းနို့ဖဟှာ ကျိုးဟှို ထန်ရှားအောန် ပေးတော်မူလေ့မယ်။
MAT 6:5 “နန်းနို့လေဟှာ ဆုတောန်းဟှူ ခီမာ သူတော်ကောန်း ယောန်ဆောန်သူလေမျိုး လောက်ဂေ့န! အယ်သူလေဟှာ လူလေဗြင်အောန် ဆိုဘီး ဝါလယ်ဇရပ်လေ၊ လမ်းဆောင်လမ်းခွလေမာ ရပ်ဘီးဟှာ ဆုတောန်းဂေ့လေဟှယ်။ ငါမှန်တိုင်းပြောမယ် အယ်သူလေဟှာ လူလေရဲ့ ထန်ကီးဇာလေန ချီးမွမ်းဇာလေဟှို ခံရဂေ့လေဟှယ်။
MAT 6:6 နန်းနို့လေ ဆုတောန်းဟှူ ခီမာ တိဆိဟှူ အီခန်းထဲဟှိုဝမ်ဘီး ခွဗော့‑က်ဟှို လောင်အောန်ပိဘီးဟှာ ထန်ရှားဘဲဟှူရပ်မာ ရှိတော်မူဟှူ နန်းနို့ဖနားမာ ဆုတောန်းဂေ့ပါ။ ထန်ရှားဘဲဇာဟှို ဗြင်တော်မူဟှူ နန်းနို့ဖဟှာ ကျိုးဟှို ထန်းထန်ရှားရှား ပေးလေ့မယ်။
MAT 6:7 “နန်းနို့လေဟှာ ဆုတောန်းဟှူ ခီမာ ဘုရားသိဘဲဟှူလူလေမျိုး ဓိပါယ်မှေ့ဘဲဟှူ စကားလေန ထပ်ခါထပ်ခါ တောန်းဂေ့န။ အယ်သူလေဟှာ ရရာတိုင်းရှယ်ဟှူ စကားန ခီကြာဂီး ဆုတောန်းဟှယ် ဆိုဟှာ သူးနို့လိုရှင်ဇာဟှို ရလေ့မယ် ဆိုဘီး ထန်မှတ်ဂေ့ဟှယ်။
MAT 6:8 သူးနို့လေမျိုး လောက်ဂေ့န။ နန်းနို့လိုအပ်ဟှူ ဇာလေဟှို နန်းနို့တောန်းခန်ဂဒဲဟှ နန်းနို့ရဲ့ဖ သိတော်မူလေဟှယ်။
MAT 6:9 အယ်ကြော့န် နန်းနို့လေ ဆုတောန်းဟှူ ခီမာ၊ “‘ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူဖ၊ ကိုယ်တော်ရဲ့ နာမတော်ဟှို ရိုသေလေးမြတ်ရှင်း ရှိပါစေ။
MAT 6:10 နိုင်ငံတော် တည်ထောန်ပါစေ။ လိုတော်ဟှာ ကောန်းဂန်နိုင်ငံမာ ပ္လဲ့ဇောင်ဟှူမျိုးဘဲ့ မ္လေဂီးထတ်မာလည်း ပ္လဲ့ဇောင်ပါစေ။
MAT 6:11 ကျွန်တော့်ဟှားလေ လိုအပ်ဟှူစားဇာဟှို အယ်နေ့တွပ် ပေးသနားတော်မူပါ။
MAT 6:12 ကျွန်တော့်ဟှားလေဟှို ပြစ်မှားဟှူ သူလေရဲ့ ပြစ်လေဟှို ကျွန်တော်ဟှားလေ ခွမ့်လွှတ်ပေးဟှူမျိုးဘဲ့ ကျွန်တော်ဟှားလေရဲ့ ပြစ်လေဟှို ခွမ့်လွှတ်ပေးပါ။
MAT 6:13 ပြစ်သွီးဆောန်ဟှူနော့‑က်ဟှို လိုက်ပါသွားစေဘဲန၊ ကောန်းဘဲဟှူဇာလေဟှလည်း ကယ်နှုပေးပါ’ ဆိုဘီး ဆုတောန်းဂေ့ပါ။
MAT 6:14 “နန်းနို့လေဟှာ သူများလေရဲ့ ပြစ်မှားဇာဟှို ခွမ့်လွှတ်ပေးဟှယ် ဆိုဟှာ ကောန်းဂန်ဘောင်မာ ရှိဟှူ နန်းနို့ဖလည်း နန်းနို့လေရဲ့ ပြစ်လေဟှို ခွမ့်လွှတ်ပေးလေ့မယ်။
MAT 6:15 အယ်ဘေမဲ့ နန်းနို့လေဟှာ သူများလေ ပြစ်မှားဟှူဇာဟှို ခွမ့်လွှတ်ပေးဟှ ဆိုဟှာ နန်းနို့ဖလည်း နန်းနို့လေရဲ့ပြစ်ဟှို ခွမ့်လွှတ်ပေးလေ့ မှုဟှ။
MAT 6:16 “နန်းနို့လေဟှာ စာရှောန်ခီမာ သူတော်ကောန်းယောန်ဆောန်ဟှူ သူလေမျိုး သူများလေရဲ့ရှေ့မာ မျစ်နှာညှိုးငယ်ဘီး နေဂေ့န။ အယ်သူလေဟှာ သူးနို့စာရှောန်ဇာဟှို သူများလေသိအောန် ရရာတိုင်း ဗိုက်ဆာဘီး အားနဲနေဟှူပေါင်ဇံမျိုးန သူများလေရှေ့မာ ပြသတတ်ဟှယ်။ ငါမှန်တိုင်းပြောမယ် အယ်သူလေဟှာ လူလေရဲ့ ထန်ကီးဇာလေ၊ ချီးမွမ်းဇာလေဟှို ခံရလေဟှယ်။
MAT 6:17 နန်းနို့လေဟှာ စာရှောန်ဟှူ ခီမာ စာရှောန်ဟှူကြောန်းဟှို သူများလေဟှို သိစေန။ ထန်ရှားဘဲရပ်မာရှိဟှူ နန်းနို့ဖရှေ့မာ ထန်ရှားစေဟှို့တွပ် မျစ်နှာဟှိုသစ်၊ ခေါန်းဟှို ဆီန လူးဘီးဟှာ လန်းလန်းဆန်းဆန်းဟှား နေဂေ့ပါ။
MAT 6:18 ထန်ရှားဘဲဇာဟှို ဗြင်တော်မူဟှူ နန်းနို့ဖဟှာ ကျိုးဟှို ထန်းထန်ရှားရှား ပေးလေ့မယ်။
MAT 6:19 “သံခ္လေး၊ ခြလေ၊ ခိုးလေ၊ မ္လလေ ဖော့‑က်ထွမ်းဘီး ခိုးယူနိုင်ဟှူ လောကီဘဏ္ဍာဟှို စုဂေ့န။
MAT 6:20 အယ်ဘေမဲ့ သံခ္လေး၊ ပိုးလေ၊ ခိုးလေ၊ မ္လလေလည်း ခိုးယူနိုင်ဘဲဟှူ ကောန်းဂန်ဘဏ္ဍာဟှို စုဂေ့ပါ။
MAT 6:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ဘဏ္ဍာရှိဟှူ နေရာဟှိုဘဲ့ နန်းနို့စိနှလောင်းဟှာ ရော့‑က်တတ်ဟှယ်။
MAT 6:22 “မျစ်စိဟှာ ကိုယ်ခန္ဓာတွပ် ဆီမီးအီန တူဟှယ်။ မျစ်စိကောန်းဟှယ် ဆိုဟှာ နန်းနို့ရဲ့ ကိုယ်ခန္ဓာ တခုလောင်း လန်းလေ့မယ်။
MAT 6:23 အယ်ဘေမဲ့ မျစ်စိကောန်းဂေ့ဟှ ဆိုဟှာ ကိုယ်ခန္ဓာ တခုလောင်း မှောန်လေ့မယ်။ နန်းနို့လေရဲ့ လန်းရောန်ဟှာ မှောန်မိုက်ဖြစ်နေဟှယ် ဆိုဟှာ အယ်မှောန်မိုက်ဟှာ ရရာတိုင်း မိုက်လေဟှယ်!
MAT 6:24 “ဖယ်သူဟှလည်း သခင်နှေ့ယော့‑က်ရဲ့ စေဟှို ခံနိုင်ဟှ။ သခင်တယော့‑က်ဟှို မူးဘီး တယော့‑က်ဟှို ရှစ်လေ့မယ်။ သခင်တယော့‑က်ဟှို သစ်စာစောန့်ဘီးဟှာ တယော့‑က်ဟှို ထီမဲ့မြင်လောက်လေ့မယ်။ နန်းနို့လေဟှာ ဘုရားသခင်န လောကစည်းဇိမ်လေဟှို တပြိုင်ဒဲ စေခံနိုင်ဂေ့ဟှ။
MAT 6:25 “အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ ဖယ်မျိုးစားရဟှို့၊ ဖယ်မျိုးသော့‑က်ရဟှို့ ဆိုဘီး သတ်တွပ် စိုးရိမ်ဂေ့န။ ဖယ်မျိုးဝတ်ရဟှို့ ဆိုဘီးလည်း ကိုယ်ခန္ဓာတွပ် စိုးရိမ်ဂေ့န။ စာထတ် သတ်ဟှ ပိုမြတ်ဟှယ် မှုဟှလော။ ဝတ်ထတ်လည်း ကိုယ်ခန္ဓာဟှာ ပိုဘီး မြတ်ဟှယ် မှုဟှလော။
MAT 6:26 ကောန်းဂန်မာရှိဟှူ ငှတ်လေဟှို ကေ့ဘီးဟှာ ဆင်ခြင်ကေ့ဂေ့ပါ။ သူးနို့လေဟှာ မျိုးစေ့လည်း ကြဲဟှ။ သီးနှံလည်း ရိဟှ။ သိုဘီးလည်း ထားဟှ။ အယ်ဘေမဲ့ ကောန်းဂန်ဘောင်ဟှ နန်းနို့လေရဲ့ ဖဟှာ သူးနို့လေဟှို ကျွေးမွေးလေဟှယ်! အယ်ငှတ်လေထတ် နန်းနို့လေဟှာ ပိုဘီး မြတ်ဟှယ် မှုဟှလော။
MAT 6:27 နန်းနို့လေထဲမာ ဖယ်သူဟှ စိုးရိမ်နေဇာအားဖြင့် သတ်နဲနဲပိုရှယ်လာနိုင်မယ်နူး။
MAT 6:28 “နန်းနို့လေ ဖြားဖြစ်ကြောန့် ဝတ်တွပ် စိုးရိမ်နေဂေ့နူး။ တောပန်းလေဟှာ ဖယ်မျိုးရှင်ဘီး ဖယ်မျိုး ကီးလာဇာဟှို ကေ့ဘီးဟှာ ဆင်ခြင်ဂေ့ပါ။ အယ်တောပန်းလေဟှာ လောက်လည်းလောက်ဟှ။ ခယ်ဖြစ်အောန်လည်း တတ်နိုင်ဟှ။
MAT 6:29 အယ်ဘေမဲ့ ရှောလမုန်မန်းဂီးရဲ့ ဖောင်းစည်းဇိမ်လေ ဂူလောင်းဟှို ဆင်ဟှယ်ဟှိုမှ အယ်တောပန်းလေထဲဟှ တဗန်မျိုး လှပတင့်တယ်ဟှ ဆိုဘီး နန်းနို့လေဟှို ငါပြောဟှယ်။
MAT 6:30 ယောင်ကြည်ရှင်း အားနဲဟှူလူလေ! အယ်နေ့သတ်ရှင်ဘီး နတ်ကီးတိုင်ဟှာ မီးဖိုထဲဟှို ရော့‑က်ရဟှူ တောဗြစ်ပန်လေဟှို ဘုရားသခင်ဟှာ အယ်မျိုးဆင်ပေးဟှယ် ဆိုဟှာ နန်းနို့လေဟှို အယ်ထတ်မက ဆင်ပေးမယ် မှုဟှလော။
MAT 6:31 “အယ်ကြောန့် ဖယ်မျိုးစားရဟှို့နူး၊ ဖယ်မျိုးသော့‑က်ရဟှို့နူး၊ ဖယ်မျိုးဝတ်ရဟှို့နူး ဆိုဘီး စိုးရိမ်ဂေ့န။
MAT 6:32 (ဘုရားသိဘဲဟှူလူလေဟှဘဲ့ အယ်မူဇာလေဟှို စိုးရိမ်တတ်ဂေ့ဟှယ်။) အယ်မူဇာလေဟှို နန်းနို့လေ လိုအပ်ဟှယ် ဆိုဇာဟှို ကောန်းဂန်ဘောင်ဟှ နန်းနို့ဖ သိတော်မူဟှယ်။
MAT 6:33 ဘုရားသခင်ရဲ့ နိုင်ငံတော်န ဖြောန့်မတ်ရှင်းဟှို ဦးဆောင်း ရှာဂေ့ပါ။ နော့‑က်မှ နန်းနို့လိုအပ်ဟှူဇာလေဟှို ထပ်ဘီးပေးလေ့မယ်။
MAT 6:34 အယ်ကြောန့် နတ်ကီးတိုင်တွပ် စိုးရိမ်ဂေ့န။ နတ်ကီးတိုင်ဟှဘဲ့ သူ့တွပ်စိုးရိမ်လေ့မယ်။ အယ်မူနေ့မာ တွိကြောင်ရင်ဆိုင်ရဟှူ ဇာလေဟှာ အယ်နေ့တွပ် လောင်လော့‑က်လေဟှယ်။
MAT 7:1 “နန်းနို့လေဟှာ ကိုယ်ကိုယ်တိုင် စစ်ကြောစီရင်ရှင်းဟှနေ လွတ်ရှင်ဟှယ် ဆိုဟှာ သူများလေဟှိုလည်း စစ်ကြောစီရင်ဂေ့န။
MAT 7:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ သူများလေဟှို စစ်ကြောစီရင်ဟှူတိုင်းဘဲ့ နန်းနို့လည်းဘဲ့ ဘုရားသခင်ဟှ စစ်ကြောစီရင်လေ့မယ်။ နန်းနို့ဟှာ သူများလေဟှို ပေးဟှူ ပမာဏတိုင်း ဘုရားသခင်ဟှ နန်းနို့ဟှို ပေးလေ့မယ်။
MAT 7:3 နန်ဟှာ ကိုယ့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုရဲ့ မျစ်စိထဲဟှ သစ်မုဟှို ဖြားဖြစ်ကြောန့် ဗြင်ရနူး။
MAT 7:4 နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုဟှို ‘နန့်မျစ်စိထဲဟှ သစ်မုဟှားဟှို ထုပစ်ပေးပါရစေ’ ဆိုဘီး ဖြားဖြစ်ကြောန့် ပြောရနူး။
MAT 7:5 သူတော်ကောန်းယောန်ဆောန်ဟှူသူ! နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ရင်ဦးဆောင်းထုပစ်လိုက်ပါ။ အယ်ဆိုဟှာ ညီကိုမျစ်စိထဲဟှ သစ်မုဟှို ထုပစ်ပေးဟှို့တွပ် ရှင်းရှင်းလန်းလန်းဟှား ဗြင်ရလေ့မယ်။
MAT 7:6 “သန့်ရှင်းဟှူဇာလေဟှို ခွီးလေဟှို ပေးဂေ့န။ အယ်မျိုးလောက်ဆိုဟှာ နန်းနို့ဟှို ကိုက်ဂေ့လေ့မယ်။ ပုလဲလေဟှိုလည်း ဝပ်လေရှေ့မာ ထားဂေ့န။ အယ်မျိုးလောက်မယ် ဆိုဟှာ နန်းနို့လေဟှို ကျော်ဘီးနန်းဂေ့လေ့မယ်။
MAT 7:7 “တောန်းဂေ့။ တောန်းမယ် ဆိုဟှာ ရဂေ့လေ့မယ်။ ရှာဂေ့။ ရှာမယ် ဆိုဟှာ တွိဂေ့လေ့မယ်။ ခွဗော့‑က်ဟှို ခေါ့‑က်ဂေ့။ ခေါ့‑က်မယ် ဆိုဟှာ ဖွမ့်ပေးလေ့မယ်။
MAT 7:8 တောန်းဟှူသူဟှာ ရလေဟှယ်။ ရှာဟှူသူဟှာ တွိလေဟှယ်။ ခွဗော့‑က်ဟှို ခေါ့‑က်ဟှူသူဟှာ ခွဗော့‑က်ဟှို ဖွမ့်ပေးလေ့မယ်။
MAT 7:9 နန်းနို့ရဲ့ သားမီးလေဟှ မုဟှို တောန်းဟှူ ခီမာ က္လော့‑က်ခဲဟှို ပေးမယ့်ဖလေ ရှိဂေ့ဘဲ့လော။
MAT 7:10 ငါးဟှို တောန်းဟှူ ခီမာ ဗွီဟှို ပေးမယ့်ဖလေ ရှိဂေ့ဘဲ့လော။
MAT 7:11 နန်းနို့လေဟှာ ဆိုးဖြစ်ရဲ့န နန်းနို့ရဲ့ သားမီးလေဟှို ကောန်းဟှူဇာလေဟှိုဘဲ့ ပေးတတ်ဟှယ် ဆိုဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ နန်းနို့ရဲ့ ဖလည်း ဆုတောန်းဟှူ သူလေဟှို အယ်ထတ်မက ကောန်းဟှူဇာလေဟှိုဘဲ့ ပိုဘီး ပေးလေ့မယ် မှုဟှလော။
MAT 7:12 “နန်းနို့လေဟှို သူများလေဟှ ပြုမူဆစ်ဆံစေရှင်မျိုး သူများလေဟှိုလည်း ပြုမူဆစ်ဆံဂေ့ပါ။ အယ်ပညတ်ဟှ မောရှေရဲ့ ပညတ်တရားကျမ်းန ပရောဖက်ကျမ်းလေရဲ့ ချောက်ခြာ ဖြစ်လေဟှယ်။
MAT 7:13 “ခွဗော့‑က်ကျဉ်းထဲဟှို ဝမ်ဂေ့ပါ။ ပျစ်စီးရှင်းထဲဟှို ရော့‑က်ဟှူလမ်းန ခွဗော့‑က်ဟှာ ရရာတိုင်း က္လယ်ကြောန့် ဘောင်ဂီးဝမ်ဂေ့လေဟှယ်။
MAT 7:14 သတ်ရှင်ရှင်းဟှို ရော့‑က်ဟှူလမ်းန ခွဗော့‑က်ဟှာ ရရာတိုင်း ကျဉ်းဘီး ကြမ်းဟှူကြောန့် တွိဟှူသူလေန ဝမ်ဟှူသူလေဟှာ နဲဂေ့လေဟှယ်။
MAT 7:15 “ကော့‑က်ကျစ်ယောက်မာဘီး ကြမ်းထန်းဟှူ ဝံပုလွေလေမျိုး သိုးရေဟှို ခြောင်ဘီးဟှာ နန်းနို့လေနားဟှို လာမယ့် ပရောဖက်တုယောန်လေဟှို ဒိထားဂေ့ပါ။
MAT 7:16 သူးနို့လေရဲ့ကျင့်ဟှို ကေ့လိုက်န သူးနို့လေရဲ့ စိသဘောဟှို သိရလေ့မယ်။ ဆူးဗန်ဘောန်းဇောင်မာ စဗျစ်သီးန သန်းဖောသဖန်းသီးဟှို ဆွတ်ယူရနိုင်ဘဲ့လော။
MAT 7:17 အယ်မျိုးဘဲ့ ကောန်းဟှူသစ်ပန်မာ ကောန်းဟှူသီးဟှို သီးဘီးဟှာ ကောန်းဘဲဟှူပန်မာ ကောန်းဘဲဟှူသီးလေဟှိုဘဲ့ သီးတတ်လေဟှယ်။
MAT 7:18 ကောန်းဟှူ သစ်ပန်တဗန်မာ ကောန်းဘဲဟှူသီး၊ ကောန်းဘဲဟှူ သစ်ပန်တဗန်မာ ကောန်းဟှူသီးဟှို သီးနိုင်ဟှ။
MAT 7:19 ကောန်းဟှူသီး သီးဘဲဟှူ သစ်ပန်လေဟှို ခွတ်လှဲဘီးဟှာ မီးထဲဟှို ပစ်ခ္လတတ်လေဟှယ်။
MAT 7:20 အယ်ကြောန့် အယ်ပရောဖက်တုယောန်လေရဲ့ ကျင့်ဟှို ကေ့လိုက်န သူးနို့လေရဲ့ စိသဘောဟှို သိရလေ့မယ်။
MAT 7:21 “ငါ့ဟှို ‘သခင်၊ သခင်’ ဆိုဘီး ခေါ်ဟှူသူတိုင်း ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်ရဟှို့ မှုဟှ။ ကောန်းဂန်ဘောင်မာ ရှိဟှူ ငါ့ဖရဲ့လိုဟှို ဆောန်ဟှူသူဘဲ့ ဝမ်ရလေ့မယ်။
MAT 7:22 တရားစီရင်ဟှူနေ့ ရော့‑က်ဟှူ ခီမာ ‘သခင်၊ သခင်! ကျွန်တော်ဟှားလေဟှာ ကိုယ်တော်ရဲ့ နာမန ပရောဖက်ပြု ဟောပြောဟှယ်။ ကိုယ်တော်ရဲ့ နာမတော်န နတ်ဆိုးလေဟှို နှန်ထုဟှယ်။ ကိုယ်တော်ရဲ့ ခွမ့်အာဏာန အံ့သြဘွယ်တဂိုး နိမိတ်လတ်ခဏာလေဟှို ဘောင်ဂီးပြရဟှယ် မှုဟှလော’ ဆိုဘီးဟှာ လူလေဘောင်ဂီးဟှ လျှော့‑က်ဂေ့လေ့မယ်။
MAT 7:23 အယ်ခီမာ ‘နန်းနို့လေဟှို ငါလောင်းဝသိဟှ။ အဓမ္မကောန်လေ၊ ငါ့နားဟှဖယ်ဂေ့!’ ဆိုဘီး သူးနို့လေဟှို ငါပြောမယ်။
MAT 7:24 “အယ်ကြောန့် ငါဟောပြောဟှူ တရားစကားဟှို ကြားဘီး နားထောန်ဟှူသူဟှာ က္လော့‑က်ထတ်မာ အီဆော့‑က်ဟှူ ပညာရှိန တူဟှယ်။
MAT 7:25 မိုးဝါဟှူကြောန့် ရေစီးလာဟှူန လေလာဘီးဟှာ အယ်အီဟှို ပြင်းပြင်းထန်ထန် တိုက်ဟှူ ခီမာ က္လော့‑က်ထတ်မာ အုပြစ်ခ္လဟှားဟှူကြောန့် ပြိုလဲဘဲန နေလေဟှယ်။
MAT 7:26 “အယ်ဘေမဲ့ ငါစကားဟှို ကြားဘီးဟှာ နားထောန်ဘဲဟှူသူဟှာ သဲထတ်မာ အီဆော့‑က်ဟှူ လူမိုက်န တူဟှယ်။
MAT 7:27 မိုးဝါဟှူကြောန့် ရေစီးလာဟှူန လေလာဘီးဟှာ အယ်အီဟှို ပြင်းပြင်းထန်ထန် တိုက်ဟှူ ခီမာ ပြိုက္လ ပျစ်စီးဟှားလေဟှယ်!” ဆိုဘီး ဟောပြောလေဟှယ်။
MAT 7:28 ယေရှုဟှာ အယ်မျိုးဟောပြောဘီးဟှူ ခီမာ လူလေဟှ ကိုယ်တော်ရဲ့ သွန်သန်ဟှူဇာလေဟှို ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။
MAT 7:29 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းတတ်ဆရာလေမျိုးမှုဘဲန ခွမ့်အာဏာရှိဟှူသူမျိုး သွန်သန်ဟှူကြောန့် ဖြစ်ဟှယ်။
MAT 8:1 ယေရှုဟှာ တောန်ထတ်ဟှနေဘီး ဆင်းလာဟှူ ခီမာ လူအောက်ဂီးဟှာ ကိုယ်တော်နော့‑က်ဟှို လိုက်ဂေ့ဟှယ်။
MAT 8:2 အယ်ခီမာ နူနာသယ် တယော့‑က်ဟှာ လာဘီးဟှာ ကိုယ်တော်ရှေ့မာ ပျပ်ဝပ်ဘီး “သခင်၊ လိုတော်ရှိမယ် ဆိုဟှာ ကျွန်တော့်ဟှို အယ်ရောဂါဟှနေ သန့်ရှင်းပေးပါ” ဆိုဘီး တောန်းလျှော့‑က်ဟှယ်။
MAT 8:3 ယေရှုဟှလည်း လတ်တော်ဟှို ဆန့်ဘီးဟှာ “ငါလိုရှိဟှယ်။ သန့်ရှင်းစေ!” ဆိုဘီး မိန့်တော်မူဟှယ်။ ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့‑က်ဟှားဘီး သူဟှာ သန့်ရှင်းဟှားလေဟှယ်
MAT 8:4 ယေရှုဟှ “အယ်ကြောန်းဟှို ဖယ်သူဟှိုလည်း ပြောန။ ဒိထားပါ! ယဇ်ပုရောဟိတ်နားဟှို သွားဘီး ကိုယ်ဟှိုပြလိုက်ပါ။ လူလေရှေ့မာ သတ်သေဖြစ်ဟှို့တွပ် မောရှေပညတ်ဟှားဟှူတိုင်း ပူဇော်သကာဟှို ဆစ်သပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 8:5 ယေရှုဟှာ ကပေရနောင်ဗြို့ဟှို ဝမ်လာဟှူ ခီမာ ရောမတပ်မှူးတယော့‑က်ဟှ ကိုယ်တော်နားဟှို လာဘီး တောန်းဗန်ဇာဟှ
MAT 8:6 “သခင်၊ ကျွန်တော်ရဲ့ စေခံတယော့‑က်ဟှာ လတ်ခေသေဟှူရောဂါန ရရာတိုင်း နာကျင်ဘီးဟှာ အီမာ ထနိုင်ဘဲ ဖြစ်နေပါဟှယ်။ ကယ်မတော်မူပါ” ဆိုဘီး ဖြစ်ဟှယ်။
MAT 8:7 ယေရှုဟှ “ငါလာဘီးဟှာ ရောဂါဟှို ပျော့‑က်ကင်းစေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 8:8 တပ်မှူးဟှ “သခင်၊ ကျွန်တော်ရဲ့ အီးခေါန်မိုးအော့‑က်ဟှို ကိုယ်တော်ဝမ်ရှင်း ကျေးဇူးဟှို ကျွန်တော်ခံထိုက်ဟှ။ မိန့်ပေးလိုက်န ကျွန်တော်ရဲ့ စေခံဟှာ ကျန်းမာရပါလေ့မယ်။
MAT 8:9 ဥပမာ ကျွန်တော် ကိုယ်တိုင်လည်း အာဏာပိုင် လတ်အော့‑က်မာ ရာရှိတယော့‑က်ဖြစ်ဘီး ကျွန်တော်ရဲ့ လတ်အော့‑က်မာရှိဟှူ စစ်သားလေဟှို အောက်ချောက်ရပါဟှယ်။ တယော့‑က်ဟှို ‘သွား!’ ဆိုဟှာ သွားပါဟှယ်။ တယော့‑က်ဟှို ‘လာ!’ ဆိုဟှာ လာပါဟှယ်။ အယ်ဘီးဟှာ ကျွန်တော်ဟှာ ကျွန်တော့်ရဲ့ ကျွန်ဟှို မိန့်ပေးလိုက်ဟှယ် ‘အယ်မူဇာဟှို လောက်လိုက်!’ ဆိုဟှာ လောက်လေဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 8:10 အယ်စကားဟှို ယေရှုကြားဟှူ ခီမာ အံ့ဩဟှားဘီး “ငါ မှန်ပြောမယ်၊ အယ်မျှလော့‑က်ကီးဟှူ ယောင်ကြည်ရှင်းမျိုး ဣသရေလ လူမျိုးထဲမှာဟှို ငါတွိဖူးဟှ။
MAT 8:11 ငါပြောမယ်။ လူလေဘောင်ဂီးဟှာ ရှေ့ရပ်၊ နော့‑က်ရပ်ဟှလာဘီး ကောန်းဂန်နိုင်ငံတော်မာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်လေနတူးဒူ စားသော့‑က်ဗွဲမာ လာဘီးထိုင်လေ့မယ်။
MAT 8:12 အယ်ဘေမဲ့ နိုင်ငံတော်သားလေလည်း ငိုကြွေးဘီး အံသွားခဲက္လိဟှူ နေရာ ပ္လန်ရပ် မှောန်မိုက်ထဲမာ နေရလေ့မယ်” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
MAT 8:13 အယ်ဘီးမှ ယေရှုဟှ “နန်သွားဝေါ့။ နန်ယောင်ကြည်တိုင်း ဖြစ်လေ့မယ်” ဆိုဘီး ပြောလိုက်ခီမာဘဲ့ တပ်မှူးရဲ့စေခံလည်း ရောဂါပျော့‑က်ဟှားလေဟှယ်။
MAT 8:14 ယေရှုဟှာ ပေတရုရဲ့အီဟှို ရော့‑က်ဟှားဟှူ ခီမာ ပေတရုရဲ့ ယောက္ခမဟှာ ဖျားနာဘီး အိယာထဲမာလဲနေဇာဟှို ဗြင်တော်မူလေဟှယ်။
MAT 8:15 ယေရှုဟှလည်း အယ်မီးမရဲ့ လတ်ဟှို တို့ထိလိုက်ဟှူ ခီမာ ဖျားနာပျော့‑က်ဟှားကြောန့် ထထိုင်ဘီးဟှာ ဧည့်ဝတ်ပြုလေဟှယ်။
MAT 8:16 နေဒန်ဇာဟှို ရော့‑က်ဟှူ ခီမာ နတ်ဆိုး ဝမ်ပူးခံရဟှူ လူလေဟှို ယေရှုနားဟှို ခေါ်လာဂေ့လေဟှယ်။ ယေရှုဟှ စကားတခွန်းဒဲန မိန့်ပေးဘီးဟှာ နတ်ဆိုးလေဟှို နှန်ထုလိုက်ဟှူ ခီမာ လူနာလေလည်း ကျန်းမာသွားဂေ့လေဟှယ်။
MAT 8:17 အယ်မူကြောန်းရာဟှ “အယ်သူဟှာ နို့လေရဲ့ ရောဂါန ဝေဒနာလေဟှို ယူဆောန်ဟှားလေဟှယ်” ဆိုဘီး ပရောဖက် ဟေရှာယ ပြောဟှားတိုင်းဘဲ့ ပ္လဲ့ဇောင်လာဟှို့တွပ် ဖြစ်လေဟှယ်။
MAT 8:18 ယေရှုဟှာ သူ့နားပတ်လည်မာ လူအောက်ဂီး ဝိုင်းနေဂေ့ဇာဟှို ဗြင်ရဟှူ ခီမာ အိုင်ဟှို့ဖတ်ကမ်းဟှို ကူးဟှို့တွပ် တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
MAT 8:19 အယ်ခီမာ ကျမ်းပြုဆရာတယော့‑က် လာဘီးဟှာ “ဆရာ၊ ကိုယ်တော်သွားမယ့် နေရာလေဟှို ကျွန်တော်လည်း လိုက်ရှင်ပါဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 8:20 ယေရှုဟှလည်း “မ္လေခွီးမာ တွမ်းရှိဟှယ်။ ကောန်းဂန်ဟှ ငှတ်မာလည်း သိုက်ရှိဟှယ်။ လူ့ရဲ့သားမာဟှ ခေါန်းခ္လဟှို့တွပ် နေရာ မှေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 8:21 တခြားတဗဲ့တော် တယော့‑က်ဟှလည်း “သခင်၊ ကျွန်တော့်ဖဟှို ရင်ဦးဆောင်း သွားဘီးသင်္ဂြိုဟ်ဟှို့တွပ် ခွမ့်ပေးပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 8:22 ယေရှုဟှလည်း “ငါ့နော့‑က်ဟှိုလိုက်ပါ။ လူသေလေဟှို လူသေလေဘဲ့ သင်္ဂြိုဟ်ပါစေ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 8:23 ယေရှုဟှာ လှေထဲဟှို ဝမ်တော်မူဘီး တဗဲ့တော်လေလည်း ကိုယ်တော်နတူးဒူ လိုက်ဂေ့လေဟှယ်။
MAT 8:24 ရောက်တရစ် အိုင်ထဲမာ ကြမ်းတမ်းဟှူ လေမှောန်ဒိုင်းတိုက်လာဘီး လှေဟှာ နစ်မ္လောက်ခါနီး ဖြစ်ဟှားလေဟှယ်။ အယ်ခီမာ ကိုယ်တော်ဟှ လှေထဲမာ အိနေတော်မူဟှယ်။
MAT 8:25 တဗဲ့တော်လေလည်း ကိုယ်တော့်ဟှို နှိုးဘီးဟှာ “သခင်၊ ကယ်တန်တော်မူပါ! ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဘီ!” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 8:26 ကိုယ်တော်ဟှလည်း “ယောင်ကြည်ရှင်း အားနဲဟှူလူလေ! ဖြားဖြစ်ကြောန့် ကြော့‑က်နေဂေ့နူး” ဆိုဘီး ထလာဘီးန လေနလှိုင်းဟှို ဆောင်းမဟှူ ခီမာ လေနလှိုင်းလည်း ငြီဟှားဘီး သာယာဟှားလေဟှယ်။
MAT 8:27 တဗဲ့တော်လေလည်း ရရာတိုင်း အံ့ဩဘီး “အယ်လူဟှ ဖယ်သူနူး။ လေနလှိုင်းလေတောန်မှ သူ့ဟှို နားထောန်ဂေ့ဟှယ်!” ဆိုဘီး ပြောဂေ့လေဟှယ်။
MAT 8:28 အိုင်ဟှို့ဖတ်ကမ်း ဂါဒရပြည်ဟှို ရော့‑က်ဟှူ ခီမာ နတ်ဆိုးဝမ်ပူးနေဟှူ လူနှေ့ယော့‑က်ဟှာ သန်းခ္လိုင်းထဲဟှနေ ထွပ်လာဘီး ကိုယ်တော်န ဆောင်တွိလေဟှယ်။ အယ်သူလေဟှာ ရာရာတိုင်း ခွန်အားကီးဘီး ဆိုးသွန်းဂေ့ကြောန့် ဖယ်သူလေလည်း အယ်လမ်းဟှနေဘီး သွားဟှိရဲဂေ့ဟှ။
MAT 8:29 အယ်သူလေဟှလည်း “ဘုရားသခင်ရဲ့ သားတော်၊ ကျွန်တော်ဟှားလေဟှို ဖြားလောက်ရှင်ကြောန့်နူး။ ခီရော့‑က်ခန်မာ ညှဉ်းဆဲဟှို့တွပ် ကြွလာဟှူဇာလော” ဆိုဘီးဟှာ သံက္လယ်ဂီးန လျှော့‑က်ဂေ့လေဟှယ်။
MAT 8:30 အယ်သူလေရဲ့ လော့က်ဂီးဝီးဘဲဟှူ နေရာမာလည်း ဝပ်အောက်ဂီးဟှာ စာစားနေဂေ့ဟှယ်။
MAT 8:31 နတ်ဆိုးလေဟှလည်း “ကျွန်တော်ဟှားလေဟှို နှန်ထုမယ် ဆိုဟှာ အယ်ဝပ်လေထဲဟှို ဝမ်ခွမ့်ပေးတော်မူပါ” ဆိုဘီး ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။
MAT 8:32 ကိုယ်တော်ဟှလည်း “သွားဂေ့” ဆိုဘီး မိန့်တော်မူဟှယ်။ နတ်ဆိုးလေလည်း ထွပ်ဟှားဘီးဟှာ ဝပ်လေထဲဟှို ဝမ်ဟှားဟှယ်။ ဝပ်အောက်ဂီးဟှာ အိုင်ကမ်းနားဟှို ပ္လေးဆင်းဟှားဘီး ရေမ္လောက်သေဟှားလေဟှယ်။
MAT 8:33 ဝပ်ထီးမားလေလည်း ဗြို့ထဲဟှို ဝမ်ပ္လေးဘီးဟှာ နတ်ဆိုးဝမ်ပူးနေဟှူ လူနှေ့ယော့‑က်ကြောန်းန သူးနို့လေဗြင်တွိရဟှူ ကြောန်းရာလေ ဂူလောင်းဟှို ပြောပြဂေ့လေဟှယ်။
MAT 8:34 အယ်ဘီးန တဗြို့လောင်းမာရှိဟှူ လူလေလည်း ယေရှုဟှို တွိရှင်ကြောန့် ဗြို့ပ္လန်ဟှို ထွပ်လာဂေ့ဟှယ်။ ကိုယ်တော့်ဟှို တွိဟှူ ခီမာ သူးနို့လေရဲ့ ဒေသဟှနေဘီး ထွပ်ဟှားဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။
MAT 9:1 ယေရှုဟှာ လှေနပ္လန်ကူးဘီးဟှာ သူ့ရဲ့ နေရပ်ဗြို့ဟှို ကြွတော်မူလေဟှယ်၊
MAT 9:2 အယ်နေရာမာ လေဖြတ်နေဟှူ လူတယော့‑က်ဟှို ထမ်းစင်ထတ်မာ တန်ဘီးဟှာ ကိုယ်တော်နားဟှို ထမ်းလာဂေ့လေဟှယ်။ ယေရှုဟှာ အယ်သူလေရဲ့ ယောင်ကြည်ရှင်းဟှို ဗြင်ရဟှူ ခီမာ လေဖြတ်နေဟှူသူဟှို “ငါ့သား၊ စိုးရိမ်န! နန့်ရဲ့ ပြစ်ဟှို ငါလွတ်စေဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 9:3 ကျမ်းပြုဆရာတချို့ဟှ “အယ်သူဟှာ ဘုရားသခင်ဟှို ပြစ်မှားစော်ကားဘီး ပြောနေဟှယ်!” ဆိုဘီးဟှာ သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
MAT 9:4 ယေရှုဟှာ အယ်သူလေရဲ့ စိဟှို သိနေကြောန့် “နန်းနို့လေ ဖြားဖြစ်ကြောန့် ကောန်းဘဲဟှူဇာလေဟှို စဉ်းစားနေဂေ့နူး။
MAT 9:5 ‘နန့်ရဲ့ ပြစ်ဟှို လွတ်စေဘီ’ အယ်မျိုးမှုဘဲနေဟှာ ‘နန်ထဘီးဟှာ လမ်းသွားဝေါ့’ ဆိုဘီး ပြောဟှို့ပိုလွယ်ကြောန့်လော။
MAT 9:6 လူ့ရဲ့သားဟှာ အယ်လောကမာ ပြစ်ဖြေလွှတ်ဟှို့ ခွမ့်အာဏာရှိဟှယ် ဆိုဇာဟှို နန်းနို့လေသိရအောန်” လေဖြတ်နေသူဟှို “ထဒန်၊ ထမ်းစင်ဟှို ကော့‑က်ဘီး နန့်အီဟှို သွားဝေါ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 9:7 အယ်သူဟှာ ထဘီး သူ့အီဟှို သွားလေဟှယ်။
MAT 9:8 အယ်မူဇာလေဟှို ကေ့နေဂေ့ဟှူ လူအောက်ဂီးဟှာ ရရာတိုင်း ကြော့‑က်ရွံ့ဘီးဟှာ လူလေဟှို အယ်မျိုးခွမ့်အာဏာဟှို ပေးတော်မူဟှူ ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဂေ့လေဟှယ်။
MAT 9:9 ယေရှုဟှာ အယ်နေရာဟှနေဘီး ထွပ်ကြွလာဟှူ ခီမာ မဿဲ ဆိုဘီး နာမယ်ခေါ်ဟှူ လူတယော့‑က်ဟှို ခွန်ရောင်းမာ ထိုင်နေဇာဟှို ဗြင်တော်မူလေဟှယ်။ ကိုယ်တော်ဟှ “ငါ့နော့‑က်ဟှိုလိုက်ပါ” ဆိုဘီး မိန့်တော်မူဟှယ်။ မဿဲဟှာ ထဘီး နော့‑က်ဟှိုလိုက်လေဟှယ်။
MAT 9:10 ယေရှုဟှာ မဿဲရဲ့အီမာ ညဉ့်ခန်းဇာစားနေခီမာ ခွန်ကော့‑က်မားလေန ပြစ်သားလေဟှာ ကိုယ်တော်နားဟှို လာဘီး တဗဲ့တော်လေနတူးဒူ မှန်းဗွဲမာ ဝမ်ထိုင်ဂေ့ဟှယ်။
MAT 9:11 အယ်ဇာဟှို ဖာရိရှဲလေ တချို့ဟှ ဗြင်ဟှားဘီး တဗဲ့တော်လေဟှို “ဖြားဖြစ်ကြောန့် နန်းနို့ဆရာဟှာ ခွန်ကော့‑က်မားလေ၊ ပြစ်သားလေနတူးဒူ စားနေနူး” ဆိုဘီး မေးဂေ့ဟှယ်။
MAT 9:12 ယေရှုကြားဟှူ ခီမာ “ကျန်းမာဟှူသူလေဟှာ ဆေးဆရာဟှို လိုဂေ့ဟှ။ ဖျားနာဟှူသူလေဟှဘဲ့ လိုဂေ့ဟှယ်။
MAT 9:13 ‘ငါဟှာ ယဇ်ပူဇော်ဇာထတ် သနားကြင်နာရှင်းဟှို ပိုဘီး နှစ်သက်ဟှယ်’ ဆိုဘီး ပြောဟှားဟှူကျမ်းစကားဟှို နားလည်ဟှို့ သွားဘီးသန်ယူဂေ့ပါ။ ဖြောန့်မတ်ဟှူသူလေဟှို ကယ်ဟှို့တွပ် ငါလာဇာ မှုဟှ။ ဆိုးဟှူလူလေဟှို ကယ်ဟှို့တွပ် ငါလာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 9:14 အယ်ခီမာ ယောဟန်ရဲ့ တဗဲ့လေဟှာ ယေရှုနားဟှို ရော့‑က်လာဘီးဟှာ “ကျွန်တော်ဟှားလေန ဖာရိရှဲလေဟှာ မကြာမကြာ စာရှောန်ဂေ့ဟှယ်။ ကိုယ်တော်ရဲ့တဗဲ့လေဟှာ ဖြားဖြစ်ကြောန့် စာရှောန်ဂေ့ဟှနူး” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
MAT 9:15 ယေရှုဟှ “အီတတ်ဗွဲမာ ဒို့သားနတူးဒူ ရှိနေဟှူ ပေါန်းသင်းလေဟှာ ဒို့သားနတူးဒူ ရှိနေခီမာ ဝန်းနဲပူဆွေးဂေ့ဘဲ့လော။ မင်္ဂလာဆောန်ဒို့သားန သူ့ပေါန်းသင်းလေဟှာ ခွဲခွာရဟှို့ခီ ရော့‑က်လာလေ့မယ် အယ်ဆိုဟှာ သူးနို့လေဟှာ စာရှောန်ဂေ့လေ့မယ်။”
MAT 9:16 “ဖယ်သူလည်း အန်းဂီဟောန်းဟှို ပိစသစ်န ဖာလေ့ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖာဟှားဟှူ ပိစသစ်ဟှ အန်းဂီဟောန်းဟှို စုဖ္လဲဘီးဟှာ ပိုဆိုးဟှားလေ့မယ်။
MAT 9:17 အယ်မျိုးဘဲ့ ဝိုင်သစ်ဟှို သားရေဖူးဟောန်းထဲမာ ထဲ့လေ့ မှေ့ဟှ။ ထဲ့မယ် ဆိုဟှာ ဝိုင်သစ်ဟှ သားရေဖူးဟောန်းဟှို ပေါ့‑က်ပ္လဲစေဘီး ဝိုင်န သားရေဖူး နှေ့ခုလောင်းဟှာ ပျစ်စီးဟှားလေ့မယ်။ အယ်ဘီးဟှာ သရေဖူးလည်း ပျစ်စီးဟှားလေ့မယ်။ အယ်မျိုး ဖြစ်ဘဲနေအောန် ဝိုင်သစ်ဟှို သားရေဖူးသစ်ထဲဟှို ထည့်ရဟှယ်။ အယ်ဆိုဟှာ နှေ့ခုလောင်းဟှာ ကြာဂီးခံလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 9:18 ယေရှုဟှာ အယ်မျိုး ပြောနေခီမာ ယုဒလူမျိုး ရာရှိတယော့‑က်ဟှ ရော့‑က်လာဘီးဟှာ ကိုယ်တော်ရှေ့မာ ပျပ်ဝပ်လေဟှယ်။ အယ်သူဟှလည်း “ကျွန်တော့်သမီးဟှာ သေဟှားဘီ။ အယ်ဘေမဲ့ ကိုယ်တော်ကြွဘီး သူ့ထတ်မာ လတ်တန်မယ် ဆိုဟှာ သတ်ရှင်ပါလေ့မယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 9:19 အယ်ကြောန့် ယေရှုဟှာ ထဘီးဟှာ တဗဲ့တော်လေနတူးဒူ အယ်သူနော့‑က်ဟှို လိုက်ဟှားလေဟှယ်။
MAT 9:20 ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်နာစွဲနေဟှူ မီးမတယော့‑က်ဟှာ ယေရှုနော့‑က်ဟှို လိုက်ဘီး ဝတ်လောင်တော် ပန်းဗွားဟှို တို့ထိလေဟှယ်။
MAT 9:21 အယ်မီးမဟှာ “ငါဟှာ သူ့ရဲ့ ဝတ်လောင်တော်ဟှို တို့ထိမယ် ဆိုဟှာ ငါကျန်းမာရလေ့မယ်” ဆိုဘီးဟှာ ကိုယ့်ကိုယ်ကိုယ် ပြောနေဟှယ်။
MAT 9:22 ယေရှုဟှ လှည့်ကေ့ခီမာ အယ်မီးမဟှို ဗြင်ဟှားဘီး “ငါ့သမီး၊ စိုးရိမ်န! နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ခီမာဘဲ့ အယ်မီးမဟှာ ရောဂါပျော့‑က်ဟှားလေဟှယ်။
MAT 9:23 အယ်ဘီးန ယေရှုဟှာ ရာရှိရဲ့အီဟှို ရော့‑က်ဟှားလေဟှယ်။ ကိုယ်တော်ဟှာ တီးမှုမားလေန မသာအီဟှို လာဟှူသူလေ အောက်အောက်သဲသဲ ဖြစ်နေဂေ့ဇာဟှို ဗြင်တော်မူဟှူ ခီမာ
MAT 9:24 ကိုယ်တော်ဟှ “ဖယ်ဂေ့၊ မီးမငယ် သေနေဇာ မှုဟှ! အိမွိနေဇာဖြစ်ဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။ လူလေ ဂူလောင်းဟှာ ကိုယ်တော့်ဟှို သရော်ဂေ့လေဟှယ်။
MAT 9:25 လူအောက်ဂီးဟှာ ပ္လန်ဟှိုထွပ်ဟှားဘီးန ယေရှုဟှာ မီးမငယ်ရဲ့ အိခန်းထဲဟှို ဝမ်ဘီး မီးမငယ်ရဲ့လတ်ဟှို ဆွဲထူလိုက်ဟှူ ခီမာ မီးမငယ်ဟှာ ထလေဟှယ်။
MAT 9:26 အယ်မူဒန်းဟှာ အယ်ဒေသ တခုလောင်းဟှို ပ္လံ့နှံ့ဟှားလေဟှယ်။
MAT 9:27 အယ်ရပ်ဟှနေဘီး ယေရှုကြွဟှားဟှူ ခီမာ မျစ်စိဗြင်ဘဲဟှူ လူနှေ့ယော့‑က်ဟှ ကိုယ်တော်နော့‑က်ဟှို လိုက်ဘီးဟှာ “ဒါဝိဒ်ရဲ့ သားတော်! ကျွန်တော်ဟှားလေဟှို သနားတော်မူပါ” ဆိုဘီး အော်ဟစ်ဂေ့လေဟှယ်။
MAT 9:28 အီတအီဟှို ဝမ်ခီမာ မျစ်စိကန်းနေသူလေဟှာ ယေရှုနားဟှို လာဂေ့လေဟှယ်။ ကိုယ်တော်ဟှလည်း “နန်းနို့မျစ်စိဟှို ငါဗြင်စေနိုင်ဟှယ် ဆိုဇာဟှို ယောင်ဘဲ့လော” ဆိုဘီး မေးလိုက်ဇာ “ယောင်ကြည်ပါဟှယ် သခင်!” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 9:29 ယေရှုဟှာ သူးနို့လေရဲ့ မျစ်စိဟှို တို့ဘီးဟှာ “နန်းနို့ယောင်ကြည်ဟှူတိုင်း နန်းနို့မာဖြစ်စေ!” ဆိုဘီး မိန့်တော်မူဘီးန၊
MAT 9:30 အယ်သူလေဟှာ မျစ်စိပွမ့်လန်းလာဘီးဟှာ ဗြင်ရဂေ့လေဟှယ်။ ယေရှုဟှ “အယ်ကြောန်းရာလေဟှို ဖယ်သူဟှိုလည်း သိစေန!” ဆိုဘီး ကျပ်ကျပ်တဲတဲဟှား ဒိပေးလေဟှယ်။
MAT 9:31 အယ်ဘေမဲ့ သူးနို့လေ ထွပ်ဟှားဘီးဟှာ ယေရှုရဲ့ဒန်းဟှာ တပြည်လောင်းဟှို ပ္လံ့နှံ့ဟှားလေဟှယ်။
MAT 9:32 အယ်သူလေထွပ်ဟှားဘီးန နတ်ဆိုးဝမ်ဘီး စကားအနေဟှူ လူတယော့‑က်ဟှို ယေရှုနားဟှို ခေါ်လာဂေ့လေဟှယ်။
MAT 9:33 နတ်ဆိုးဟှို နှန်ထုလိုက်ဟှူ ခီမာ စကားအ,နေဟှူ သူဟှာ စကားပြောလေဟှယ်။ လူလေ ဂူလောင်းဟှာ အံ့ဩဟှားဂေ့ဟှယ်။ “အယ်မျိုးမှုရာလေဟှို ဣသရေလ လူမျိုးထဲမာ ခါလည်းဗြင်ဖူးဟှ!” ဆိုဘီး ပြောဆိုဂေ့လေဟှယ်။
MAT 9:34 ဖာရိရှဲလေဟှလည်း “အယ်သူဟှာ နတ်ဆိုးခေါန်းဆောန် ဗေလဇေဗုလဟှို အားကိုးဘီး နတ်ဆိုးလေဟှို နှန်ထုဇာဖြစ်ဟှယ်” ဆိုဘီး ပြောဆိုဂေ့လေဟှယ်။
MAT 9:35 ယေရှုဟှာ ဝါလယ်ဇရပ်လေမာ ဆောင်းမဩဝါဒပေးဘီး နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို ကြေညာတော်မူလေဟှယ်။ လူလေခံစားနေရဟှူ ရောဂါလေဟှိုလည်း ကျန်းမာစေဘီးဟှာ ဗြို့ဝါလေဟှို လှည့်လည်တော်မူလေဟှယ်။
MAT 9:36 ကိုယ်တော်ဟှာ လူအောက်ဂီးဟှို ဗြင်လိုက်န သနားဟှူစိ ဖြစ်လေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ သိုးထီးမားမှေ့ဘဲဟှူ သိုးလေမျိုး ပူပန်သောကရော့‑က်ဘီး အားကိုးရာမှေ့ဘဲ ဖြစ်နေဂေ့ကြောန့်ဖြစ်ဟှယ်။
MAT 9:37 အယ်ကြောန့် ကိုယ်တော်ဟှာ “ရိသီးဇာလေ ဘောင်ဂီးရှိဘေမဲ့ ရိသီးမားလေဟှာ နဲဂေ့လေဟှယ်။
MAT 9:38 အယ်ကြောန့် ရိသီးမားလေဟှို စေလွှတ်ပေးဟှို့တွပ် ဗားဇရှင်ဟှို ဆုတောန်းဂေ့” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
MAT 10:1 ယေရှုဟှာ တဗဲ့တော် ဆယ့်နှေ့ပါးဟှို ခေါ်ဘီးဟှာ ညစ်ညူးဟှူနတ်လေဟှို နှန်ထုဟှို့တွပ်န ရောဂါဘောင်းဇောင်ဟှို ပျော့‑က်ကင်းစေဟှို့တွပ် ခွမ့်တဂိုးအာဏာဟှို ပေးအပ်တော်မူလေဟှယ်။
MAT 10:2 တမန်တော်ဆယ့်နှေ့ပါးရဲ့ နာမယ်လေဟှာ ပေတရု ဆိုဘီးခေါ်ဟှူ ရှိမုန်န သူ့ညီ အန္ဒြေ၊ ဇေဗေဒဲရဲ့သား ယာကုပ်န သူ့ညီကို ယောဟန်၊
MAT 10:3 ဖိလိပ္ပုန ဗာသောလမဲ၊ သောမန အခွန်ကော့‑က်မား မဿဲ၊ အာလဖဲရဲ့သား ယာကုပ်န သဒ္ဒဲ၊
MAT 10:4 မျိုးရှစ်စိအားထတ်သန်ဟှူ ရှိမုန်န ယေရှုဟှို သစ်စာဖော့‑က်ဟှူ ယုဒရှကာရုတ် ဖြစ်လေဟှယ်။
MAT 10:5 ဆယ့်နှေ့ပါးဟှို ယေရှုဟှာ စေလွှတ်လိုက်ဘီး မိန့်မှာလိုက်ဇာဟှ “လူမျိုးခြားဒေသန ရှမာရိဗြို့လေဟှို သွားဂေ့န။
MAT 10:6 ဣသရေလလူမျိုးရဲ့ ပျော့‑က်နေဟှူ သိုးလေနားဟှိုဘဲ့ ရင်ဦးဆောင်းသွားဂေ့ပါ။”
MAT 10:7 “သွားဘီးဟှာ ‘ကောန်းဂန်နိုင်ငံတော် တည်ထောန်ဟှို့နီးဘီ!’ ဆိုဘီး ဟောပြောဂေ့ပါ။
MAT 10:8 လူနာလေဟှို ကျန်းမာစေပါ။ လူသေလေဟှို ပ္လန်ရှင်စေဂေ့ပါ။ နူနာသယ်လေဟှို သန့်ရှင်းစေဂေ့ပါ။ နတ်ဆိုးလေဟှိုလည်း နှန်ထုဂေ့ပါ။ နန်းနို့လေဟှာ ဖိုးခပေးရဘဲန လတ်ခံရရှိဟှူမျိုး ဖိုးခယူဘဲန ပေးကမ်းဂေ့ပါ။
MAT 10:9 နန်းနို့ရဲ့ ခါးဗတ်ထဲမာ ရွှေ၊ ငွေ၊ ကြေးဒန်းဂါးလေဟှို ထည့်သွားဂေ့န။
MAT 10:10 ခရီးတွပ် လွယ်အိ၊ အန်းဂီပို၊ ခေနပ်န တောန်အူးဟှိုလည်း ယူဆောန်ဂေ့န။ လောက်လောက်ဟှူ သူဟှာ ကျွေးမွေးဇာဟှို ရထိုက်ဟှယ်။”
MAT 10:11 “ဗြို့တဗြို့၊ ဝါတဝါဟှို ဝမ်ဟှူ ခီမာ နန်းနို့ဟှို ကြိုဆိုဟှူ သူဟှို ရှာဘီး အယ်နေရာဟှ နန်းနို့လေ ထွပ်ဟှားခန်ခီထိ သူးနို့နတူးဒူနေဂေ့ပါ။
MAT 10:12 နန်းနို့လေ အီထဲဟှို ဝမ်ဟှားခီမာ ‘နန်းနို့နတူးဒူ ငြီသတ်မှုရှိပါစေ’ ဆိုဘီး နှောက်ဆစ်ဂေ့ပါ။
MAT 10:13 အယ်အီမာရှိဟှူ လူလေဟှာ နန်းနို့ဟှို လတ်ခံကြိုဆိုဟှယ် ဆိုဟှာ နန်းနို့လေ နှော့‑က်ဆစ်ဟှူ ငြီသတ်မှုဟှာ ကျန်ရစ်ပါစေ။ အယ်ဘေမဲ့ နန်းနို့ဟှို လတ်ခံဂေ့ဘဲနေဟှယ် ဆိုဟှာ နန်းနို့နားဟှို ပ္လန်လာစေ။
MAT 10:14 တယော့‑က်ယော့‑က်ဟှ နန်းနို့လေဟှို လတ်ခံဟှ ဆိုဟှာ နန်းနို့စကားဟှို နားထောန်ဂေ့ဘဲနေဟှယ် ဆိုဟှာ အယ်အီဟှ ထွပ်ဟှားဟှူ ခီမာ နန်းနို့ခေဖွားဟှ မ္လေမုဟှို ခါခ္လလိုက်ဂေ့။
MAT 10:15 ငါ မှန်ပြောမယ်၊ တရားစီရင်ဟှူ နေ့မာ ဘုရားသခင်ဟှာ အယ်ဗြို့ထတ် သောဒုံဗြို့န ဂေါမောရဗြို့ဟှို ပိုဘီး ကရုဏာတော်ဟှို ပြသလေ့မယ်!”
MAT 10:16 “နားထောန်ဂေ့! ဝံပုလွေအောက်ထဲဟှို သိုးလေဟှို လွှတ်ဟှူမျိုး နန်းနို့လေဟှို ငါစေလွှတ်မယ်။ အယ်ကြောန့် ဗွီမျိုးလီမာဘီး ချိုးငှတ်မျိုး ဖ္လူစင်ရမယ်။
MAT 10:17 လူလေဟှို ဒိထားဘီးနေဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှို ဖမ်းဆီးဘီးဟှာ တရားရောင်းဟှို အပ်လေ့မယ်။ ဝါလယ်ဇရပ်လေမာ ရိုက်ခံရဂေ့လေ့မယ်။
MAT 10:18 အယ်သူလေန လူမျိုးခြားလေရှေ့မာ သတ်သေဖြစ်ဟှို့တွပ် ဗြို့ဝန်မန်းလေန မန်းဂီးလေ ရှေ့ဟှို ငါ့ကြောန့် နန်းနို့ဟှို စစ်ဆေးဟှို့ ခေါ်ဆောန်ဟှားဇာ ခံရဂေ့လေ့မယ်။
MAT 10:19 နန်းနို့ဟှို စစ်ဆေးဟှို့ ခေါ်ဟှားခီမာ ဖယ်မျိုးပြောရဟှို့ ဆိုဘီး စိုးရိမ်ဂေ့န။ အယ်ခီမာ နန်းနို့ပြောရဟှို့စကားဟှို ရဂေ့လေ့မယ်။
MAT 10:20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပြောနေဇာ မှုဟှ။ နန်းနို့ဖ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့အားဖြင့် ပြောတော်မူလေဟှယ်။”
MAT 10:21 “လူလေဟှာ သူးနို့ရဲ့ ညီကိုရှင်းရှင်း သေစေဟှို့တွပ် အပ်ဂေ့လေ့မယ်။ ဖလေဟှလည်း သားလေဟှို အပ်လေ့မယ်။ သားမီးလေလည်း သူးနို့ရဲ့ မိဖလေဟှို ရန်ပြုဘီးဟှာ သတ်ဂေ့လေ့မယ်။
MAT 10:22 လူလေဟှလည်း ငါ့နာမကြောန့် နန်းနို့လေဟှို မူးတီးဂေ့လေ့မယ်။ အယ်ဘေမဲ့ ငါ့နာမဟှို ဆောင်းထိ ဆွဲကိုင်ဟှူသူဟှာ ကယ်တန်ရှင်းဟှို ခံရလေ့မယ်။
MAT 10:23 ဗြို့တဗြို့မာ နန်းနို့ဟှာ ညှဉ်းဆဲခံရဟှူ ခီမာ တခြားဗြို့ဟှို ထွပ်ပ္လေးဂေ့ပါ။ ငါ မှန်ပြောမယ်၊ ဣသရေလ ဗြို့လေ ဂူလောင်းဟှို သွားလာဟှို့ ပီးခန်မာ လူ့ရဲ့သားဟှာ ကြွလာလေ့မယ်။”
MAT 10:24 “တဗဲ့လည်း ဆရာထတ် သာဟှ။ ကျွန်လည်း သခင်ထတ်သာဟှ။
MAT 10:25 တဗဲ့လည်း ဆရာဟှူမျိုး၊ ကျွန်လည်း သခင်ဟှူမျိုး ဖြစ်ဟှယ် ဆိုဟှာ ရလော့‑က်ဘီ။ အီးထောန်ဦးစီးဟှို ဗေလဇေဗုလ ဆိုဘီး ခေါ်ခံရဟှယ် ဆိုဟှာ အီသူအီသားလေဟှို ပိုဘီး ခေါ်ဂေ့လေ့မယ်!”
MAT 10:26 “အယ်ကြောန့် သူးနို့လေဟှို ကြော့‑က်ဂေ့န။ ဖောင်းဟှားဟှူ ဇာလေ ဂူလောင်း ပေါ်လာလေ့မယ်။ ဝှပ်ဟှားဇာလေ ဂူလောင်းဟှာလည်း ထန်ရှားလာလေ့မယ်။
MAT 10:27 မှောန်ထဲမာ နန်းနို့ဟှို ငါပြောဟှူ စကားလေဟှို လန်းရောန်ထဲမာ နန်းနို့လေ ကြေညာဂေ့ပါ။ နန်းနို့ရဲ့ နားနားမာ တိုးတိုးဟှားကြားဟှူ စကားလေဟှို အီးခေါန်မိုးထတ်မာ အော်ဘီးကြေညာဂေ့ပါ။
MAT 10:28 ကိုယ်ခန္ဓာဟှိုဘဲ့ သတ်နိုင်ဘီးဟှာ သတ်ဝိညာဉ်ဟှို သတ်နိုင်ဂေ့ဘဲသူလေဟှို ကြော့‑က်ဂေ့န။ ကိုယ်ခန္ဓာန သတ်ဝိညာဉ်ဟှို ငရဲမာ ဖျစ်ဆီးနိုင်သူဟှိုဘဲ့ ကြော့‑က်ဂေ့ပါ။
MAT 10:29 အီးဇာဟှား နှေ့ကောန်ဟှို ပဲနီတပ္လားန ရောန်းဟှယ်မှုဟှလော။ နန်းနို့ဖရဲ့ ခွမ့်မှေ့ဘဲနေဟှာ အယ်မူအီးဇာဟှားလေ တကောန်လည်းဘဲ့ မ္လေထတ်ဟှို က္လဂေ့ဟှ။
MAT 10:30 နန်းနို့ခေါင်းထတ်ဟှ ဆားဗန်လေ ဂူလောင်းဟှိုလည်း ရေတွပ်ဘီးသား ဖြစ်ဟှယ်။
MAT 10:31 အယ်ကြောန့် ကြော့‑က်ဂေ့န! နန်းနို့လေဟှာ အီးဇာဟှားလေထတ် ရရာတိုင်း ဖိုးကီးဟှယ်။”
MAT 10:32 “ဖယ်သူဘဲ့ဖြစ်ဖြစ် လူလေရှေ့မာ ငါ့ဟှို ကယ်တန်ရှင် သခင်နေန ဝန်ခံလေဟှယ်။ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ ငါ့ဖရှေ့မာ အယ်သူဟှို ငါဝန်ခံမယ်။
MAT 10:33 အယ်ဘေမဲ့ လူလေရှေ့မာ ငါ့ဟှို ငြင်းပယ်ဟှယ် ဆိုဟှာ ကောန်းဂန်ဘောင်မာရှိဟှူ ငါ့ဖရှေ့မာ အယ်သူဟှို ငါငြင်းပယ်မယ်။”
MAT 10:34 “အယ်လောကဟှို ငြီသတ်ရှင်းပေးဟှို့တွပ် ငါလာဟှယ် ဆိုဘီး ထန်ဂေ့န။ ငြီသတ်ရှင်းပေးဟှို့ လာဟှူဇာ မှုဟှ။ အယ်ဘေမဲ့ ရှင်းရှင်းကွဲပြားဟှို့တွပ် ငါလာဟှူဇာ ဖြစ်လေဟှယ်။
MAT 10:35 ဖနသား၊ မိနမီး၊ ယောက္ခမန ချွေးမလေ ရှင်းရှင်း စိဝန်းကွဲစေဟှို့တွပ် ငါလာဇာဖြစ်ဟှူကြောန့်
MAT 10:36 နန်းနို့ရဲ့ အီသူအီသားလေလည်း နန်းနို့ရဲ့ ရန်သူလေ ဖြစ်လာလေ့မယ်။”
MAT 10:37 “ယော့‑က်ယော့‑က်ဟှာ ငါ့ထတ် သူးနို့ရဲ့ မိဖဟှို ပိုဘီး ရှစ်လေဟှယ်။ အယ်သူဟှာ ငါ့နထိုက်တန်ဟှ။ ယော့‑က်ယော့‑က်ဟှာ ငါ့ဟှို ရှစ်ဟှူထတ် သားမီးလေဟှို ပိုဘီး ရှစ်လေဟှယ်။ အယ်သူဟှာလည်း ငါနထိုက်တန်ဟှ။
MAT 10:38 သူးနို့ရဲ့ လတ်ဝါးကပ်တိုင်ဟှို ထမ်းဘီး ငါ့နော့‑က်ဟှို လိုက်ဂေ့ဘဲနေသူဟှာ ငါ့တဗဲ့လေဖြစ်ဟှို့ ထိုက်တန်ဂေ့ဟှ။
MAT 10:39 သူးနို့ရဲ့သတ်ဟှို တွိဟှူသူဟှာ သတ်ရှောင်းလေ့မယ်။ အယ်ဘေမဲ့ ငါ့ကြောန့် သူးနို့ရဲ့ သတ်ရှောင်းဟှူသူဟှာ သတ်ဟှို တွိရလေ့မယ်။”
MAT 10:40 “နန်းနို့ဟှို လတ်ခံဟှူ သူလေဟှာ ငါ့ဟှို လတ်ခံဇာဖြစ်လေဟှယ်။ ငါ့ဟှို လတ်ခံဟှူ သူလေဟှာလည်း ငါ့ဟှို စေလွှတ်ဟှူသူဟှို လတ်ခံဇာဖြစ်လေဟှယ်။
MAT 10:41 ဘုရားသခင်ရဲ့ နာမတော်ဟှို ထော့‑က်ဘီး ဘုရားသခင်ရဲ့ ပရောဖက်ဟှို လတ်ခံဟှူသူလေဟှာ အယ်ပရောဖက်ရဲ့ ကျိုးဟှို ခံစားရလေ့မယ်။ ဖြောန့်မတ်ဟှူသူဟှို ထော့‑က်ဘီး ဖြောန့်မတ်ဟှူသူဟှို လတ်ခံဟှူသူဟှလည်း ဖြောန့်မတ်ဟှူသူရဲ့ ကျိုးဟှို ခံစားရလေ့မယ်။
MAT 10:42 ငါ မှန်ပြောမယ်၊ ငါ့နာမဟှို ထော့‑က်ဘီး ငါ့တဗဲ့လေထဲဟှ အားနဲဟှူသူတယာ့‑က်ယော့‑က်ဟှို ရေတခွပ်တိုက်ဟှယ် ဆိုဟှာ အယ်သူဟှာ ကျိုးဟှို ခံစားရလေ့မယ်” ဆိုဘီး မိန့်မှာဟှားလေဟှယ်။
MAT 11:1 ယေရှုဟှာ တဗဲ့တော်ဆယ့်နှေ့ပါးဟှို အယ်မူဇာလေ ဂူလောင်း မိန့်မှာဘီးဟှာ ဂါလိလဲပြည်ရဲ့ ဗြို့လေမာ ဆောင်းမဩဝါဒပေးဘီး ဒန်းကောန်းဟှို ကြေညာဟှို့တွပ် အယ်ရပ်ဟှနေဘီး ထွပ်ကြွဟှားတော်မူလေဟှယ်။
MAT 11:2 ခရစ်တော် ပြုလောက်နေဟှူ ကြောန်းရာလေဟှို ထောန်ထဲမာ ယောဟန်ကြားရဟှူ ခီမာ သူ့တဗဲ့တချို့ဟှို ကိုယ်တော်နားဟှို လွှတ်ဘီး
MAT 11:3 “ကိုယ်တော်ဟှာ ကြွလာတော်မူဟှူ ခရစ်တော်ဘဲ့လော။ နော့‑က်မှုဘဲနေဟှာ တခြားတယော့‑က်ဟှို စောန့်မျှော်ရဟှို့သေးလော” ဆိုဘီး မေးလျှော့‑က်စေလေဟှယ်။
MAT 11:4 ယေရှုဟှလည်း “နန်းနို့ကြားသိဟှူ ဇာလေ၊ ဗြင်တွိဟှူ ဇာလေဟှို သွားဘီးဟှာ ယောဟန်ဟှို ပြောပြဂေ့ပါ။
MAT 11:5 မျစ်စိကန်းနေဟှူ သူလေဟှာ မျစ်စိဗြင်ရဟှယ်။ ခေလတ်သေနေဟှူ သူလေလည်း လမ်းသွားရဟှယ်။ နူနာရောဂါသယ်လေဟှာ သန့်ရှင်းမှုဟှို ရဟှယ်။ နားကြားဘဲနေဟှူသူလေ နားကြားရဟှယ်။ သေဟှူသူလေဟှာ ပ္လန်ရှင်ဇာဟှိုခံရဟှယ်။ ဆင်းရဲသားလေလည်း ဝန်းသာဇာဒန်းကောန်းဟှို ကြားရလေဟှယ်။
MAT 11:6 ငါ့ဟှို ငြင်းပယ်ဘဲဟှူ လူလေဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 11:7 ယောဟန်ရဲ့ တဗဲ့လေ ပ္လန်ဟှားခီမာ ယေရှုဟှာ ယောဟန်ဟှို ကြောန်းပြုဘီးဟှာ ဒေသနာ နားထောန်ဟှို့ လာဟှူသူလေဟှို “နန်းနို့လေဟှာ ဖယ်ဇာဟှို ကေ့ဟှို့ တောထဲဟှိုသွားဂေ့နူး။ လေတိုက်ဘီး လှောက်ရှားတတ်ဟှူ ကျူဗန်ဟှို ကေ့ရှင်ကြောန့် သွားဂေ့လော။
MAT 11:8 အယ်မျိုးမှုဟှ ဆိုဟှာ ဝတ်ကောန်းစားလှဝတ်ဟှားဟှူသူဟှို ကေ့ရှင်ကြောန့် သွားဂေ့လော။ အယ်မျိုးဝတ်ဟှားဟှူ သူလေဟှာ မန်းဂီးရဲ့ နန်းတော်လေမာဘဲ့ ရှိဂေ့ဟှယ်!
MAT 11:9 ပရောဖက်ဟှို ကေ့ရှင်ကြောန့် သွားဇာလော။ မှန်ဟှယ်။ ပရောဖက်ထတ် ကီးမြတ်ဟှူ သူလည်းဖြစ်ဟှယ် ဆိုဘီး နန်းနို့လေဟှို ငါပြောဟှယ်။
MAT 11:10 ကျမ်းစာမာ ‘နန်သွားမယ့် လမ်းဟှို ပြင်ဟှို့တွပ် ဘုရားသခင်ဟှ ငါ့ရဲ့တမန်ဟှို နန့်ရှေ့မာ စေလွှတ်မယ်’ ဆိုဘီး ယောဟန်ကြောန်းဟှို ရေးဟှားလေဟှယ်။
MAT 11:11 ငါ မှန်ပြောရမယ် ဆိုဟှာ မီးမမွီးဟှူ သူလေထဲမာ ဗတ္တိဇံယောဟန်ထတ် ကီးမြတ်ဟှူသူ တယော့‑က်လည်း ပေါ်ထွပ်သေးဟှ။ အယ်ဘေမဲ့ ကောန်းဂန်နိုင်ငံတော်မာ ငယ်ဆောင်းဖြစ်ဟှူသူဟှာ ယောဟန်ထတ် ပိုဘီး ကီးမြတ်လေဟှယ်။
MAT 11:12 ဗတ္တိဇံယောဟန် လတ်ထတ်ဟှနေဘီး ခုခီထိ ကောန်းဂန်နိုင်ငံတော်ဟှာ အဓမ္မလူလေရဲ့ ကြမ်းဖတ်မှုလေဟှို ခံရလေဟှယ်။
MAT 11:13 ယောဟန်ပေါ်ထွပ်ခန်ဂဒဲဟှ မောရှေရဲ့ ပညတ္တိကျမ်းန ပရောဖက်လေ ဂူလောင်းဟှာ ကောန်းဂန်နိုင်ငံတော်ကြောန်းဟှို ပြောဟှားဟှယ်။
MAT 11:14 နန်းနို့လေဟှာ လတ်ခံဟှို့ ဆန္ဒာရှိမယ် ဆိုဟှာ အယ်သူဟှာ ဧလိယဘဲ့ ဖြစ်ဟှယ်။
MAT 11:15 နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!”
MAT 11:16 “အယ်ခေတ် လူလေဟှို ငါဖယ်မျိုး နှိုင်းပြရဟှို့နူး။ ဇာတ်ပွဲကနေဟှူ လူငယ်လေဟှာ သူးနို့ငယ်ဂျင်းလေဟှို အော်ဘီးဟှာ
MAT 11:17 ‘နို့လေဟှာ သားသာယားယာ တီးမှုဂေ့ဟှူလည်းဘဲ့ နန်းနို့လေ ကဂေ့ဟှ! ဝန်းနဲပူဆွေးဟှူချင်းဟှို ဆိုဟှူလည်းဘဲ့ ငိုဂေ့ဟှ!’ ဆိုဘီး ပြောဟှူလူငယ်လေန အယ်လူမျိုးလေဟှာ တူလေဟှယ်။
MAT 11:18 ယောဟန်ဟှ စားသော့‑က်ဘဲန လာဟှယ် ဆိုဟှာ သူးနို့လေဟှာ ‘အယ်သူဟှာ နတ်ဆိုးဝမ်နေဟှူ သူဖြစ်ဟှယ်!’ ဆိုဘီး ပြောဆိုဂေ့လေဟှယ်။
MAT 11:19 လူ့ရဲ့သားဟှာ စားသော့‑က်ဘီးလာဟှယ် ဆိုဟှာ ‘ကေ့ကေ့ အယ်လူဟှာ စားမတ်ဘီး ဝိုင်သော့‑က်သူ၊ ခွန်ကော့‑က်မားလေန ပြစ်သားလေရဲ့ မိဆွေဖြစ်ဟှယ်!’ ဆိုဘီး ပြောဂေ့ဗ္လန်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်ဟှာ မှန်ကန်ကြောန်းဟှို အယ်မူကြောန်းရာအားဖြင့် သတ်သေပြဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 11:20 အယ်ဘီးန ယေရှုဟှာ နိမိတ်လတ်ခဏာလေဟှို ပြဘီးလည်းဘဲ့ နောန်ဒရဂေ့ဘဲဟှူ ဗြို့လေဟှို ပြစ်တန်ဘီး ဆောင်းမတော်မူလေဟှယ်။
MAT 11:21 “အို၊ ခေါရဇိန်ဗြို့၊ နန်ဟှာ အမင်္ဂလာရှိလေဟှယ်! အို၊ ဗက်ဇဲဒဗြို့၊ နန်ဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေမှာ ငါပြဟှူတဂိုးလေဟှို တုရုဗြို့န ဇိဒုန်ဗြို့လေမှာ ပြလိုက်မယ် ဆိုဟှာ အယ်ဗြို့လေဟှာ ရှေးမဆွဂဒဲဟှ လျှော်တေဝတ်ဟှို ဝတ်ဘီး၊ ပ္လာနလူးဘီး နောန်ဒရဟှားဂေ့ဘီ!
MAT 11:22 ငါပြောမယ်။ တရားစီရင်ဟှူနေ့မာ ဘုရားသခင်ဟှာ နန်းနို့လေထတ် တုရုဗြို့န ဇိဒုန်ဗြို့ဟှို ပိုဘီး ကရုဏာတော် ပြလေ့မယ်!
MAT 11:23 ကပေရနောင်ဗြို့! နန်ဟှာ ကောန်းဂန်ဘောင်ထိအောန် မ္လော့‑က်စားခံရလေ့မယ် ဆိုဘီး ထန်နေလော။ မရဏာနိုင်ငံဟှို ပစ်ခ္လခံရလေ့မယ်! နန်းနို့နားမာ ပြလိုက်ဟှူ တဂိုးလေဟှို သောဒုံဗြို့မာလည်း ပြဖူးမယ် ဆိုဟှာ အယ်ဗြို့ဟှာ ခုခီထိ ပျစ်စီးဘဲရှိနေလေ့မယ်။
MAT 11:24 ငါပြောမယ်။ တရားစီရင်ဟှူနေ့မာ ဘုရားသခင်ဟှာ နန့်ထတ် သောဒုံဗြို့ဟှို ပိုဘီး ကရုဏာတော် ပြလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 11:25 အယ်ခီမာ ယေရှုဟှ “ဖ၊ ကောန်းဂန်ဘောင်န မ္လေဂီးရဲ့သခင်! ကိုယ်တော်ဟှာ ပညာရှိလေဟှို သိစေဘဲ ဖောင်းကွယ်ဟှားဘီး ပညာမှေ့ဘဲဟှူ သူလေဟှိုဘဲ့ ဖွမ့်ပြပေးဟှိကြောန့် ကျွန်တော်ဟှို ချီးမွမ်းပါဟှယ်။
MAT 11:26 မှန်ပါဟှယ် ဖ၊ အယ်မူဇာဟှာ ကိုယ်တော် လိုတော်ရှိဟှူဇာဖြစ်ဟှယ်။
MAT 11:27 “ငါ့ဖဟှာ ရှိမျှဂူလောင်းဟှို ငါ့ဟှို ပေးဟှားပီးဘီ။ ဖဟှလွဲဘီး ဖယ်သူလည်း သားတော်ဟှို သိဂေ့ဟှ။ ဖဟှိုလည်း သားတော်န သားတော်ဟှ ဖွမ့်ပြလိုဟှူ သူဟှလွဲဘီး ဖယ်သူလည်း သိဂေ့ဟှ။
MAT 11:28 “ဝန်လေးဘီး ပန်ဘန်းနေဟှူ သူလေ ဂူလောင်း ငါ့နားဟှို လာဂေ့ပါ။ ငါနန်းနို့ဟှို နားပေးမယ်။
MAT 11:29 ငါ့ထမ်းဘိုးဟှို ယူဘီးထမ်းဂေ့ပါ။ ငါ့နားမာ သန်ယူဂေ့ပါ။ ငါဟှာ နူးညံ့သိမ်မွေ့ဘီး နှိခ္လဟှူ စိသဘောရှိကြောန့် နန်းနို့ဟှာ သတ်သာမှုဟှို တွိဂေ့လေ့မယ်။
MAT 11:30 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ထမ်းဘိုးဟှာ ထမ်းရလွယ်ဘီး ဝန်လည်းပေါ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 12:1 ဒန်းနေ့မာ ယေရှုဟှာ ဂျောင်စဗားလယ်ဂွမ့်လေဟှို ဖြတ်ရှော့‑က်ဟှားဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ ရရာတိုင်း ဗိုက်ဆာဂေ့ဟှိကြောန့် ဂျောင်စဗားနှံလေဟှို ဆွတ်ဘီးစားဂေ့လေဟှယ်။
MAT 12:2 အယ်မူဇာဟှို ဖာရိရှဲလေဗြင်ဟှူ ခီမာ “ကေ့ဂေ့၊ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ ဒန်းနေ့မာ လောက်အပ်ဘဲဟှူဇာလေဟှို လောက်နေဂေ့ဘီ!” ဆိုဘီး ယေရှုဟှို ပြောဂေ့လေဟှယ်။
MAT 12:3 ယေရှုဟှ “ဒါဝိဒ်ဟှာ သူ့ပေါန်းဖော်လေနတူးဒူ ဗိုက်ဆာလာဟှူ ခီမာ ဖယ်မျိုး လောက်ဟှားဟှယ် ဆိုဇာဟှို နန်းနို့ လောင်းဝ ဖတ်ဖူးဂေ့ဟှလော။
MAT 12:4 သူ့န သူ့ပေါန်းဖော်လေဟှာ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှို ဝမ်ဘီး သူလည်းစားမအပ်၊ သူ့ပေါန်းဖော်လေလည်း စားအပ်ဘဲဟှူ၊ ဘုရားသခင်ဟှို ဆစ်ကပ်ဟှားဟှူ မုဟှို ပညတ်တရားဟှို ဆန့်ကျင်ဘီး စားဂေ့လေဟှယ်။ အယ်မုဟှာ ယဇ်ပုရောဟိတ်လေဘဲ့ စားအပ်လေဟှယ်။
MAT 12:5 ယဇ်ပုရောဟိတ်လေလည်း ဒန်းနေ့မာ ဗိမာန်တော်မာ ဒန်းနေ့နဆိုင်ဟှူ ပညတ်ဟှို ခ္လိုးဖော့‑က်ဟှူလည်းဘဲ့ ပြစ်ဖြစ်ဘဲနေဇာဟှို မောရှေရဲ့ ပညတ္တိကျမ်းစာမာ ဖတ်ဖူးဟှလော။
MAT 12:6 ငါပြောမယ်၊ အယ်ရပ်မာ ဗိမာန်တော်ထတ် ပိုဘီး ကီးမြတ်ဟှူဇာ ရှိလေဟှယ်။
MAT 12:7 ‘ယဇ်ပူဇော်ဇာထတ် သနားကြင်နာမှုဟှို ငါ ပိုဘီး နှစ်သက်ဟှယ်။’ အယ်ကျမ်းစာဟှို နန်းနို့နားလည်ဟှယ် ဆိုဟှာ ပြစ်မှေ့ဘဲဟှူ သူလေဟှို ပြစ်တန်စီရင်လေ့ဟှို့ မှုဟှ။
MAT 12:8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူ့ရဲ့သားဟှာ ဒန်းနေ့ရဲ့ သခင်ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 12:9 ယေရှုဟှာ အယ်ရပ်ဟှ ကြွဟှားဘီးဟှာ ဝါလယ်ဇရပ်ထဲဟှို ဝမ်လေဟှယ်။
MAT 12:10 အယ်နေရာမာ လတ်တဖတ်သေနေဟှူ လူတယော့‑က်ရှိနေလေဟှယ်။ တချို့လူလေဟှာ ယေရှုဟှို ပြစ်တန်စွပ်စွဲရှင်ဟှိကြောန့် “ဒန်းနေ့မာ ရောဂါဟှို ကုသပေးဇာဟှာ ပညတ်တော်ဟှို ဆန့်ကျင်ဇာမှုဟှလော” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 12:11 ယေရှုဟှ “တကယ်ဟှိ နန်းနို့မာ သိုးတကောန်ဘဲ့ရှိဟှယ်။ အယ်သိုးဟှာ ဒန်းနေ့မာ တွမ်းထဲဟှို က္လဟှားဟှယ် ဆိုဟှာ နန်းနို့ဟှာ ဆွဲဒန်ဘဲန နေဟှို့လော။
MAT 12:12 လူဟှာ သိုးထတ် ပိုဘီး မြတ်လေဟှယ်! အယ်ကြောန့် နို့လေရဲ့ ပညတ်တော်ဟှာ ဒန်းနေ့မာ ကယ်တန်ပေးဟှို့ ခွမ့်ပြုဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 12:13 အယ်ဘီးန လတ်သေနေဟှူသူဟှို “နန့်ရဲ့ လတ်ဟှို ဆန့်လိုက်” ဆိုဘီး ပြောလေဟှယ်။ အယ်သူဟှာ သူ့လတ်ဟှို ဆန့်လိုက်ဘီးန ကျန်ဟှူလတ်တဖတ်မျိုး ကောန်းတိုင်း ပ္လန်ဖြစ်ဟှားလေဟှယ်။
MAT 12:14 အယ်ဘီးန ဖာရိရှဲလေဟှာ ထွပ်ဟှားဘီး ယေရှုဟှို သတ်ဟှို့တွပ် ကြံစည်ဂေ့လေဟှယ်။
MAT 12:15 အယ်မျိုး ကြံစည်ဟှားဇာဟှို ယေရှုသိတော်မူဟှူ ခီမာ တခြားနေရာဟှို ထွပ်ကြွဟှားလေဟှယ်။ လူအောက်ဂီးလည်းဘဲ့ နော့‑က်တော်ဟှို လိုက်ဟှားဂေ့ဟှယ်။ ကိုယ်တော်ဟှာ သူးနို့လေရဲ့ ရောဂါလေ ဂူလောင်းဟှို ပျော့‑က်ကင်းစေလေဟှယ်။
MAT 12:16 သူ့ကြောန်းရာလေဟှို ဖယ်သူ့ဟှိုလည်း ပြောဂေ့ဘဲဟှို့တွပ် မိန့်ပေးတော်မူလေဟှယ်။
MAT 12:17 အယ်မျိုး မိန့်ပေးဟှားဇာဟှာ ပရောဖက် ဟေရှာယအားဖြင့် ဘုရားသခင် ပေးဟှားဟှူ ဗျာဒိတ်တော် ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လေဟှယ်။ ဗျာဒိတ်တော်ဟှ၊
MAT 12:18 “ငါမြတ်နိုးဘီး ရှစ်ရဟှူ၊ ငါဝီးကော့‑က်ဟှားဟှူ ငါ့ရဲ့ စေခံဟှို ကေ့ရှုဂေ့ပါ။ ငါ့ဝိညာဉ်တော်ဟှို အယ်သူထတ်ဟှို ငါစေလွှတ်မယ်။ အယ်သူဟှာ လူမျိုးဘောန်းဇောင်ဟှို တရားပေးလေ့မယ်။
MAT 12:19 ငြင်းခူဇာလေ၊ အော်ဟစ်ဇာလေဟှို လောက်ဟှ။ လမ်းမာလည်း သူ့ရဲ့အသံဟှို ဖယ်သူဟှိုလည်း ကြားစေဟှ။
MAT 12:20 သူဟှာ ကွေ့ကော့‑က်ဟှူ ကျူဗန်ဟှို ခ္လိုးဘဲန၊ မီးခိုးများဟှူ မီးဇာဟှိုလည်း သတ်ဘဲန၊ တရားမျှတမှုဟှို အောန်မြင်ဟှို့တွပ် ပို့ဆောန်လေ့မယ်၊
MAT 12:21 သူ့ရဲ့ နာမဟှိုလည်း လူမျိုးဘောန်းဇောင် မျှော်လင့်လေ့မယ်” ဆိုဘီး ဟောဟှားလေဟှယ်။
MAT 12:22 အယ်ခီမာ နတ်ဆိုးဝမ်ပူးနေဟှူ မျစ်စိကန်းဘီး စကားအနေဟှူ လူတယော့‑က်ဟှို ယေရှုနားဟှို ခေါ်ဆောန်လာဂေ့လေဟှယ်။ ယေရှုဟှာ နတ်ဆိုးဟှို နှန်ထုလိုက်ဟှူကြောန့် အယ်သူဟှာ မျစ်စိဗြင်လာဘီး စကားပြောလေဟှယ်။
MAT 12:23 လူအောက်ဂီးဟှာ ရရာတိုင်း အံ့ဩဟှားဘီးဟှာ “အယ်သူဟှာ ဒါဝိဒ်ရဲ့သားတော် ဖြစ်လေ့မယ်လော” ဆိုဘီး မေးဂေ့လေဟှယ်။
MAT 12:24 အယ်မူဇာလေဟှို ဖာရိရှဲလေကြားဟှူ ခီမာ “အယ်သူဟှာ နတ်ဆိုးခေါန်းဆောန် ဗေလဇေဗုလဟှို အားကိုးဘီးဟှာ နတ်ဆိုးလေဟှို နှန်ထုဟှယ်” ဆိုဘီး ပြောဆိုဂေ့လေဟှယ်။
MAT 12:25 ယေရှုဟှာ အယ်သူလေရဲ့ စိနေသဘောထားဟှို သိနေဟှိကြောန့် “နိုင်ငံတနိုင်ငံဟှာ ရှင်းရှင်း တိုက်ခိုက်ဘီး ကွဲပြားနေမယ် ဆိုဟှာ အယ်နိုင်ငံဟှာ ကြာခန် ပျစ်စီးလေ့မယ်။ အယ်မျိုးဘဲ့ လူလေစိဝန်းကွဲပြားဘီး ရှင်းရှင်း တိုက်ခိုက်နေမယ် ဆိုဟှာ အယ်ဗြို့၊ အယ်အီထောန်ဟှာ ပျစ်စီးလေ့မယ်။
MAT 12:26 စာတန်ရဲ့ အောက်စိုးမှုဟှို ဝန်ခံဟှူသူလေဟှာ ရှင်းရှင်း တိုက်ခိုက်ဘီး ကွဲပြားနေမယ် ဆိုဟှာ သူးနို့နိုင်ငံဟှာ ဖယ်မျိုးလည်း တည်မြဲနိုင်ဟှို့မှုဟှ!
MAT 12:27 ငါဟှာ နတ်ဆိုးခေါန်းဆောန် ဗေလဇေဗုလဟှို အားကိုးဘီးဟှာ နတ်ဆိုးလေဟှို နှန်ထုဟှယ် ဆိုဟှာ နန်းနို့တဗဲ့လေဟှာ ဖယ်သူ့ဟှို အားကိုးဘီးဟှာ နှန်ထုဂေ့နူး။ နန်းနို့လေ မှားယွင်းနေဟှယ် ဆိုဇာဟှို နန်းနို့တဗဲ့လေ ပြုမူဟှ သတ်သေပြနေဟှယ်!
MAT 12:28 ငါဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှို အားကိုးဘီးဟှာ နတ်ဆိုးလေဟှို နှန်ထုဟှယ် ဆိုဟှာ နန်းနို့လေတွပ် ဘုရားသခင်ရဲ့ နိုင်ငံတော် တည်ဟှို့ခီ ရော့‑က်လေဘီ။”
MAT 12:29 “ဖယ်သူလည်း ခွန်အားကီးဟှူလူဟှို ရင်ဦးဆောင်း ကြိုးန တောက်ဘဲန သူ့အီထဲဟှို ဝမ်ဘီးဟှာ သူ့ပစ်စီးလေဟှို လုယူနိုင်ဟှို့မှုဟှ။ သူ့ဟှို ရင်ဦးဆောင်း တောက်ဘီးမှ သူ့အီမာရှိဟှူ ပစ်စီးလေဟှို လုယူနိုင်လေ့မယ်။”
MAT 12:30 “ငါ့ဖတ်မာ နေဘဲဟှူသူဟှာ ငါ့ရန်ဖတ်ဖြစ်ဟှယ်။ ငါ့နတူးဒူ စုသီးဘဲဟှူသူဟှာ ကြဲဖြန့်နေဟှူသူ ဖြစ်လေဟှယ်။
MAT 12:31 အယ်ကြောန့် ငါပြောမယ်။ ပြစ်မှားပြောဆိုဟှူပြစ်န ကဲ့ရဲ့ဟှူ ပြစ်ဘောန်းဇောင်တွပ် လူလေဟှာ ခွမ့်လွှတ်ခံရနိုင်ဘေမဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပြစ်မှားဘီး ပြောဆိုဟှူ သူဟှာ ခွမ့်လွှတ်ခံရဟှို့ မှုဟှ။
MAT 12:32 လူ့ရဲ့သားဟှို နှောက်နပြစ်မှားဘီး ပြောဆိုဟှူသူရဲ့ ပြစ်ဟှိုလည်း လွတ်နိုင်ဟှယ်။ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပြစ်မှားဘီး ပြောဆိုဟှူ သူဟှာ ခုဘဝ နော့‑က်ဘဝ လွတ်နိုင်ဟှ။”
MAT 12:33 “သီးကောန်းဟှို လိုရှင်ဟှယ် ဆိုဟှာ သစ်ပန်ကောန်းဟှို စိုက်ရဟှယ်။ သစ်ပန်ကောန်းဟှာ သီးကောန်းဟှိုဘဲ့ သီးလေ့မယ်။ သီးဟှို ကေ့လိုက်ဟှူန သစ်ပန်ရဲ့ သဘောဟှို သိရလေဟှယ်။
MAT 12:34 ဝှေ့ မွီဗွေးလေ နန်းနို့လေဟှာ ယောက်ညံ့ဟှူသူလေ ဖြစ်ဟှူကြောန့် ကောန်းမြတ်ဟှူ စကားလေဟှို ဖယ်မျိုး ပြောနိုင်ဂေ့မယ်နူး။ စိနှလောင်းထဲမာ ရှိဟှူတိုင်းဘဲ့ နှောက်ဟှ ပြောတတ်လေဟှယ်။
MAT 12:35 ကောန်းမြတ်ဟှူသူလေဟှာ ကောန်းမြတ်ဟှူ စိနှလောင်းဘဏ္ဍာတိုက်ထဲဟှ ကောန်းမြတ်ဟှူဇာလေဟှို ထုဖော်တတ်ဘီး ယောက်ညံ့ဟှူသူလေဟှာ ယောက်ညံ့ဟှူ စိနှလောင်းဘဏ္ဍာတိုက်ထဲဟှနေဘီး ယောက်ညံ့ဟှူဇာလေဟှိုဘဲ့ ထုဖော်တတ်လေဟှယ်။”
MAT 12:36 “နန်းနို့လေဟှို ငါပြောမယ်၊ တရားစီရင်ဟှူနေ့မာ လူတိုင်း ကျိုးမှေ့ဘဲဟှူ စကားလေတွပ် စစ်ကြောစီရင်ခံရလေ့မယ်။
MAT 12:37 နန်းနို့ရဲ့ စကားအားဖြင့် ပြစ်လွတ်ခံရဘီး နန်းနို့ရဲ့ စကားအားဖြင့်ဘဲ့ ပြစ်စီရင်ဇာဟှို ခံရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 12:38 အယ်ခီမာ ကျမ်းပြုဆရာတချို့န ဖာရိရှဲလေဟှ “ဆရာ၊ ကျွန်တော်ဟှားလေ ကိုယ်တော်ပြဟှူ နိမိတ်လတ်ခဏာတခုခုဟှို ဗြင်ရှင်ပါဟှယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
MAT 12:39 ယေရှုဟှ “ဆိုးညစ်ဘီး ဉာဏ်များဟှူ အယ်နေ့ခေတ်ရဲ့ အဓမ္မလူလေ! နန်းနို့လေ တောန်းနေဟှူ နိမိတ်လတ်ခဏာဟှာ ပရောဖက်ယောနရဲ့ နိမိတ်လတ်ခဏာဟှလွဲဘီး ဖယ်မျိုး နိမိတ်လတ်ခဏာလည်း ဗြင်တွိရဟှို့ မှုဟှ။
MAT 12:40 ယောနဟှာ ငါးဂီးဗိုက်ထဲမာ သောင်းရစ် လောင်းလောင်း နေရဟှူမျိုး လူ့ရဲ့သားဟှာ မ္လေဂီးထဲမာ သောင်းရစ်နေရလေ့မယ်။
MAT 12:41 တရားစီရင်ဟှူနေ့မာ နိနဝေဗြို့သားလေဟှာ အယ်လူမျိုးလေဟှို ထဘီးဟှာ ပြစ်တန်ဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ ယောနဟောပြောဟှူ စကားကြောန့် နောန်ဒရဂေ့ဟှယ်။ အယ်နေရာမာ ယောနထတ် ပိုဘီး ကီးမြတ်ဟှူသူ ရှိနေလေဟှယ်။
MAT 12:42 တရားစီရင်ဟှူနေ့မာ ရှေဘပြည်ရဲ့ မိဖုရားဟှာ အယ်လူမျိုးလေဟှို ထဘီးဟှာ ပြစ်တန်လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မိဖုရားဟှ ရှောလမုန် မန်းဂီးရဲ့ ပညာစကားဟှို နားထောန်ရှင်ကြောန့် ရေခြားမ္လေခြားဟှနေဘီး လာလေဟှယ်။ အယ်နေရာမာ ရှောလမုန် မန်းဂီးထတ် ကီးမြတ်ဟှူသူရှိလေဟှယ်။
MAT 12:43 “ညစ်ညူးဟှူနတ်လေဟှာ လူရဲ့ကိုယ်ထဲဟှ ထွပ်ဟှားဘီးခီမာ ခြော့‑က်သွိဟှူနေရာလေမာ သူးနို့နေဟှို့နေရာလေဟှို လိုက်ရှာတတ်လေဟှယ်။ ရှာတွိနိုင်ဟှ ဆိုဟှာ
MAT 12:44 ‘ငါ့အီဟှို ပ္လန်သွားအူးမယ်။’ အယ်ကြောန့် ပ္လန်ရော့‑က်ဟှားဘီးန အယ်အီဟှာ သပ်သပ်ရပ်ရပ် ရှင်းလန်းဟှားဇာဟှို တွိရဟှယ်။
MAT 12:45 အယ်ဘီးန သူ့ထတ် ပိုဘီး ညစ်ညူးဟှူ နတ်ဆိုးခွန်နှေ့ကောန်ဟှို ခေါ်လာဘီးဟှာ အယ်လူထဲဟှို ဝမ်လေဟှယ်။ အယ်သူရဲ့ နော့‑က်ဖြစ်ဟှူဇာဟှာ ရှေ့ဖြစ်ဟှူဇာထတ် ပိုဘီး ဆိုးဝါးလေဟှယ်။ ဆိုးညစ်ဟှူ အယ်လူမျိုးလေဟှာ အယ်မျိုးခံစားရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 12:46 ယေရှုဟှာ ပရိသတ်လေဟှို ပြောနေဒူး မိန ညီလေဟှာ ရော့‑က်လာဟှယ်။ ကိုယ်တော့်ဟှို တွိရှင်ဟှူကြောန့် သူးနို့ဟှာ ပ္လန်မာ စောန့်နေဂေ့လေဟှယ်။
MAT 12:47 အယ်ကြောန့် လူတယော့‑က်ဟှ “ကိုယ်တော်ရဲ့ မိန ညီလေဟှာ ကိုယ်တော့်ဟှို တွိရှင်ဟှူကြောန့် ပ္လန်မာ စော့န်နေဂေ့ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 12:48 ယေရှုဟှလည်း “ငါ့မိ၊ ငါ့ညီလေဟှ ဖယ်သူနူး” ဆိုဘီး မေးလေဟှယ်။
MAT 12:49 အယ်ဘီးန တဗဲ့တော်လေဟှို ညွှန်ပြဘီးဟှာ “ကေ့ဂေ့! ငါ့မိ၊ ငါ့ညီလေဟှာ အယ်သူလေဘဲ့ ဖြစ်လေဟှယ်!
MAT 12:50 ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ ငါ့ဖရဲ့ လိုတော်ဟှို ဆောန်ရွက်ဟှူ သူမှန်ဟှူမျှဟှာ ငါ့ညီ၊ ငါ့ညီမန ငါ့မိလေဘဲ့ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:1 အယ်နေ့မာ ယေရှုဟှာ အီဟှနေ ထွပ်ကြွဟှားဘီး အိုင်ကမ်းနားမာ ထိုင်နေလေဟှယ်။
MAT 13:2 ကိုယ်တော်နားမာ စုဝီးနေဟှူ လူအောက်ဂီးဟှာ ရရာတိုင်း များဂေ့ကြောန့် လှေထတ်ဟှို တတ်ဘီး ထိုင်နေလေဟှယ်။ အယ်ခီမာ လူအောက်ဂီးဟှာ ကမ်းနားမာ ရပ်နေဂေ့လေဟှယ်။
MAT 13:3 ကိုယ်တော်ဟှာ အယ်သူလေဟှို ပေါင်ဥပမာလေဘောင်းဂီးန သွန်သန်လေဟှယ်။ “မျိုးစေ့ကြဲမားတယော့‑က်ဟှာ မျိုးစေ့ကြဲဟှို့တွပ် ထွပ်ဟှားလေဟှယ်။
MAT 13:4 သူဟှာ မျိုးစေ့ဟှို ကြဲဟှူ ခီမာ တချို့စေ့လေဟှာ လမ်းထတ်မာ က္လဟှိကြောန့် ငှတ်လေလာဘီးဟှာ ကော့‑က်စားဂေ့လေဟှယ်။
MAT 13:5 တချို့မျိုးစေ့လေဟှာ မ္လေနဲဘီး က္လော့‑က်များဟှူ နေရာလေမာ က္လဟှယ်။ မ္လေနဲကြောန့် စေ့လေဟှာ ဗြန်းဗြန်ပန်ပေါ့‑က်လာဟှယ်။
MAT 13:6 အယ်ဘေမဲ့ နေထွပ်လာဟှူ ခီမာ ပြစ်စွဲဘဲကြောန့် ပူဒန်ဟှို ခံနိုင်ဘဲ ခြော့‑က်ဟှားလေဟှယ်။
MAT 13:7 တချို့မျိုးစေ့လေဟှာ ဆူးဒေါထဲဟှို က္လဟှိကြောန့် ဆူးချောင်လေကြားမာ ကီးထွားနိုင်ဘဲ သေဂေ့လေဟှယ်။
MAT 13:8 တချို့စေ့လေဟှာ ကောန်းဟှူမ္လေမာ က္လဟှူကြောန့် ပန်လေပေါ့‑က်လာဘီး တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့‑က်ဆယ်၊ တချို့ဟှ ဆတရာ ပွားများလာဘီးဟှာ သီးသီးဂေ့လေဟှယ်။”
MAT 13:9 ယေရှုဟှ “နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:10 တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဂေ့ဘီးဟှာ “ကိုယ်တော်ဟှာ ဖြားဖြစ်ကြောန့် အယ်သူလေဟှို ပေါင်ဥပမာလေန ဟောပြောဟှယ်နူး” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 13:11 ကိုယ်တော်ဟှ “နန်းနို့လေဟှာ ကောန်းဂန်နိုင်ငံတော်ရဲ့ နတ်နဲဟှူ ကြောန်းရာလေဟှို သိခွမ့်ရှိဂေ့ဟှယ်။ အယ်ဘေမဲ့ တခြားသူလေဟှာ သိခွမ့် မှေ့ဟှ။
MAT 13:12 ရှိဟှူလူဟှို ထပ်ပေးဘီး သူ့ဟှို ကြွယ်ဝစေလေ့မယ်။ မှေ့ဘဲဟှူ လူနားဟှ ရှိဟှူမျှဟှို နှုလေ့မယ်။
MAT 13:13 အယ်ကြောန့် သူးနို့လေဟှာ ကေ့နေဘေမဲ့လည်း ဗြင်ဂေ့ဟှ။ နားထောန်နေဘေမဲ့လည်း ကြားဂေ့ဟှ။ နတ်ဓိပါယ်ဟှိုလည်း နားလည်ဘဲကြောန့် ပေါင်ဥပမာဟှို သောင်းပြုဘီး ငါဟောပြောရဟှယ်။
MAT 13:14 ပရောဖက် ဟေရှာယ ဟောပြောဖူးဟှူ အနာဂတ္တိကျမ်းစကားဟှာ အယ်သူလေမာ ပ္လဲ့ဇောင်ရှင်းဟှို ရော့‑က်လေဟှယ်။ ဟောပြောဟှားဇာဟှ၊ “‘အယ်လူလေဟှာ ကြားနေဘေမဲ့လည်း နတ်ဓိပါယ်ဟှို နားလည်ဘဲန ကြားဂေ့လေ့မယ်။ ဗြင်နေဘေမဲ့လည်း အာရောင်ရော့‑က်ဘဲန ဗြင်ဂေ့လေ့မယ်။
MAT 13:15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေရဲ့ စိနှလောင်းဟှာ ထူထိုင်းနေဘီး နားဟှလည်း ကြားဂေ့ဟှ။ အယ်ဘီးဟှာ မျစ်စိလည်း ပိနေဂေ့ဟှယ်။ အယ်သူလေရဲ့ မျစ်စိဟှာ ဗြင်ဘီး အယ်သူလေရဲ့ နားဟှလည်း ကြားဘီး အယ်သူလေရဲ့ စိနှလောင်းဟှာ နားလည်ဘီး အယ်သူလေဟှာ ငါ့နားဟှို ပ္လန်လာမယ် ဆိုဟှာ ငါဟှာ အယ်သူလေဟှို ကျန်းမာစေမယ်’ ” ဆိုဘီး ပြောလေဟှယ်။
MAT 13:16 “နန်းနို့လေရဲ့ မျစ်စိဗြင်ဘီး နန်းနို့လေရဲ့ နားကြားဟှိကြောန့် မင်္ဂလာရှိဟှယ်။
MAT 13:17 ငါ မှန်ပြောမယ်၊ နန်းနို့ဗြင်ရဟှူဇာလေဟှို ပရောဖက်လေန ဖြောန့်မတ်ဟှူသူလေဟှာ ဗြင်တွိရှင်လည်းဘဲ့ ဗြင်တွိရဂေ့ဟှ။ နန်းနို့ကြားရဟှူဇာလေလည်း ကြားရဂေ့ဟှ။
MAT 13:18 “အယ်ကြောန့် မျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာရဲ့ နတ်ဓိပါယ်ဟှို နားထောန်ဂေ့။
MAT 13:19 လမ်းမာက္လဟှူ မျိုးစေ့ကြောန်းဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်တရားစကားဟှို ကြားရဘေမဲ့လည်း နားလည်ဘဲဟှူ လူလေနတူဟှယ်။ နှလောင်းထဲဟှမျိုးစေ့ဟှို နတ်ဆိုးဟှာ လာဘီး နှုယူဟှားဟှယ်။
MAT 13:20 က္လော့‑က်ပေါဟှူမ္လေထတ်မာ က္လဟှူမျိုးစေ့ ဆိုဇာဟှာ တရားစကားဟှို ကြားဟှူနကြားရှင်း ဝန်းသာအားရခံယူဟှူလူဟှို ဆိုလိုဟှယ်။
MAT 13:21 အယ်ဘေမဲ့ စိနှလောင်းထဲမာ ပြစ်စွဲဘဲဟှူကြောန့် တရားစကားအားဖြင့် ညှဉ်းဆဲမှုလေဟှို ခံလာရဟှူ ခီမာ ရှစ်ရှင်းဖော့‑က်ပ္လန်ဟှားဟှယ်။
MAT 13:22 ဆူးချောင်မာ က္လဟှူမျိုးစေ့ဟှာ တရားစကားဟှို ကြားရဘေမဲ့ ဘဝရဲ့ စိုးရိမ်ပူပန်မှုလေန စည်းဇိမ်အောက်စာလေရဲ့ လှည့်ဇားမှုလေအားဖြင့် တရားစကားဟှို တားဆီးလိုက်ဟှူကြောန့် သီးသီးဘဲဟှူသူလေဟှို ဆိုလိုဟှယ်။
MAT 13:23 ကောန်းဟှူမ္လေမာ က္လဟှူမျိုးစေ့ကြောန်းရာဟှ တရားစကားဟှို ကြားရခီမာ ဝန်းသာအားရခံယူဘီး ဆင်ခြင်နှလောင်းသွမ်းဟှိကြောန့် တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့‑က်ဆယ်၊ တချို့ဟှ ဆတရာ သီးသီးဟှူ သူလေဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:24 ယေရှုဟှာ တခြားပေါင်ဥပမာန မိန့်တော်မူဟှူဇာဟှာ “ကောန်းဂန်နိုင်ငံတော်ဟှာ ကောန်းဟှူမျိုးစေ့ဟှို လယ်ထဲမာ ကြဲမားနတူလေဟှယ်။
MAT 13:25 လယ်သမားလေ အိမွိနေခီမာ ရန်သူလာဘီးဟှာ ဂျောင်မျိုးစေ့လေကြားထဲမာ ဗြစ်စေ့လေဟှို ကြဲလေဟှယ်။
MAT 13:26 အပန်လေပေါ့‑က်လာဘီး သီးနှံထွပ်လာခီမာ တောဗြစ်ပန်လေလည်း ထန်ရှားလာလေဟှယ်။
MAT 13:27 လယ်ဇရှင်ရဲ့ စေခံလေဟှ လယ်ဇရှင်နားဟှို လာဘီး ‘သခင်၊ ကျွန်တော်ဟှားလေဟှာ ကောန်းဟှူမျိုးစေ့ဟှို လယ်ထဲမာ ကြဲပါဟှယ်။ တောဗြစ်ပန်လေဟှ ဖယ်နေရာဟှ ရော့‑က်လာပါနူး’ ဆိုဘီး မေးဂေ့လေဟှယ်။
MAT 13:28 လယ်ဇရှင်ဟှ ‘အယ်မျိုးဖြစ်ဇာဟှာ ရန်သူလောက်ဇာဖြစ်ဟှယ်’ ဆိုဘီး ပ္လန်ပြောလိုက်ဟှယ်။ စေခံလေဟှ ‘ကျွန်တော်ဟှားလေ သွားနှုပစ်ရဟှို့လော’ ဆိုဘီး မေးဂေ့လေဟှယ်။
MAT 13:29 လယ်ဇရှင်ဟှ ‘နှုပစ်နအူး။ တောဗြစ်ပန်လေဟှို နှုဟှယ် ဆိုဟှာ ဗားဗန်လေလည်း ရောဘီးဟှာ နှုမိလေ့မယ်။
MAT 13:30 ဗားရိခီထိ တူးဒူကီးနေပါစေ။ ဗားရိကာလမာ ရင်ဦးဆောင်း တောဗြစ်ပန်လေဟှို ဝွီးနှုဘီးဟှာ မီးရှို့ဟှို့တွပ် ကြိုးနခယ်ဂေ့။ ဗားလေဟှို စုသီးဘီးဟှာ ဗားဂတ်ထဲဟှို ထဲ့ဂေ့’ ဆိုဘီး ဗားရိမားလေဟှို ငါပြောမယ် ဆိုဘီး လယ်ဇရှင်ဟှ ပြောလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:31 ယေရှုဟှာ တခြားပေါင်ဥပမာအားဖြင့် “ကောန်းဂန်နိုင်ငံတော်ဟှာ လယ်ထဲမာစိုက်ဟှူ မုညင်းစေ့နတူလေဟှယ်။
MAT 13:32 မုညင်းစေ့ဟှာ စေ့လေ ဂူလောင်းထဲမာ ငယ်ဆောင်းဖြစ် ဘေမဲ့လည်း ကီးတတ်လာဟှူ ခီမာ ဗြစ်ပန်လေ ဂူလောင်းထဲမာ ကီးဆောင်း ဖြစ်ဟှယ်။ အယ်ကြောန့် ကောန်းဂန်ငှတ်လေဟှာ သစ်ကိုင်း သစ်ခပ်လေမာ သိုက်လောက်ဘီး ခိုနားနိုင်ဟှူ သစ်ပန်တဗန် ဖြစ်လာလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:33 ယေရှုဟှာ တခြား ပေါင်ဥပမာအားဖြင့် “ကောန်းဂန်နိုင်ငံတော်ဟှာ တဆေးန တူဟှယ်။ မီးမ တယော့‑က်ဟှာ တဆေးဟှို ယူဘီး မုညစ် သောင်းတောန်းထဲဟှို ထဲ့လိုက်ဘီးဟှာ မုညစ် ဂူလောင်းဟှို ဖောန်းကြွစေတတ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:34 ယေရှုဟှာ လူအောက်ဂီးဟှို အယ်မူကြောန်းရာလေဟှို ပေါင်ဥပမာလေအားဖြင့် ဟောပြောတော်မူဘီး ပေါင်ဥပမာပါဘဲန ဖြားကြောန်းရာလေဟှိုမှ ဟောပြောတော် မှုဟှ။
MAT 13:35 ကိုယ်တော်ဟှာ အယ်မျိုး ဟောပြောဟှားဇာဟှ “ငါဟှာ ပေါင်ဥပမာလေဟှို သောင်းပြုဘီး သူးနို့ဟှို ငါပြောမယ်။ ကမ္ဘာဦးဟှနေဘီး ကွယ်ဝှပ်ဟှားဟှူဇာလေဟှို ဖော်ပြပေးမယ်” ဆိုဘီး ပရောဖက်ပြောဟှားဇာ ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လေဟှယ်။
MAT 13:36 အယ်ဘီးန ယေရှုဟှာ တရားတော်ဟှို ဆောင်းသတ်ဘီးဟှာ အီထဲဟှို ဝမ်လေဟှယ်။ တဗဲ့တော်လေလည်း ကိုယ်တော်နားဟှို လာဂေ့ဘီးဟှာ “လယ်ထဲမာကြဲဟှူ ဗြစ်စေ့ရဲ့ ပေါင်ဥပမာဟှို ကျွန်တော်ဟှားလေဟှို ပြောပြပေးပါ” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 13:37 ယေရှုဟှ “ကောန်းဟှူ မျိုးစေ့ဟှို ကြဲမားဟှာ လူ့ရဲ့သား ဖြစ်ဟှယ်။
MAT 13:38 လယ်ဟှာ အယ်လောကဖြစ်ဟှယ်။ ကောန်းဟှူ မျိုးစေ့ဟှ နိုင်ငံတော်သား ဖြစ်ဟှယ်။ ဗြစ်စေ့ဟှာ နတ်ဆိုးရဲ့ သားလေဖြစ်ဟှယ်။
MAT 13:39 ဗြစ်စေ့ဟှို ကြဲဟှူ ရန်သူဟှာ မာရ်နတ် ဖြစ်ဟှယ်။ ဗားရိဟှူ ကာလဟှာ အယ်ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြစ်ဘီး ဗားရိမားလေဟှာ ကောန်းဂန်တမန်လေ ဖြစ်ဟှယ်။
MAT 13:40 တောဗြစ်ပန်လေဟှို စုသီးဘီးဟှာ မီးရှို့ဟှူမျိုး ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြစ်ရလေ့မယ်။
MAT 13:41 လူ့ရဲ့သားဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို စေလွှတ်ဘီးဟှာ လူလေဟှို လမ်းလွဲဘီး မှားယွင်းအောန်လောက်ဟှူ သူလေန တရားဘဲဟှူ သူလေ ဂူလောင်းဟှို နိုင်ငံတော်ထဲဟှ ဝီးထုဘီးဟှာ၊
MAT 13:42 တော့‑က်လောန်နေဟှူ မီးဖိုထဲဟှို ပစ်ခ္လစေတော်မူမယ်။ အယ်သူလေလည်း အံသွားခဲက္လိဘီး ငိုကြွေးရဂေ့လေ့မယ်။
MAT 13:43 အယ်ဘီးန ဖြောန့်မတ်ဟှူ လူလေဟှာ သူးနို့ရဲ့ ဖနိုင်ငံတော်မာ နေတော့‑က်ပမျိုး တော့‑က်ပလေ့မယ်။ နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!
MAT 13:44 “ကောန်းဂန်နိုင်ငံတော်ဟှာ လယ်ထဲမာဝှပ်ဟှားဟှူ ဘဏ္ဍာနတူလေဟှယ်။ လူတယော‑က်ဟှာ ဘဏ္ဍာဟှို တွိဟှူ ခီမာ ပ္လန်ဖောင်းအောက်ဘီး ဝန်းသာအားရန ပ္လန်ဟှားဘီး သူမာရှိဟှူ ပစ်စီးလေ ဂူလောင်းဟှို ရောန်းဘီးဟှာ အယ်လယ်ဟှို ဝယ်လေဟှယ်။
MAT 13:45 “အယ်ဘီးဟှာ ကောန်းဂန်နိုင်ငံတော်ဟှာ ကောန်းဟှူ ပုလဲဟှို ရှာနေဟှူ ကူသယ်န တူဟှယ်။
MAT 13:46 အယ်မူကူသယ်ဟှာ ကောန်းဟှူ ပုလဲဟှို တွိရဟှူ ခီမာ သူ့မာရှိဇာ ဂူလောင်းဟှို ရောန်းဘီးဟှာ အယ်ပုလဲဟှို ဝယ်လေဟှယ်။
MAT 13:47 “အယ်ဘီးဟှာ ကောန်းဂန်နိုင်ငံတော်ဟှာ ပန်လယ်ထဲဟှ ငါးလေဟှို ဖမ်းဟှူပိုက်ကွန်နတူလေဟှယ်။
MAT 13:48 ပိုက်ကွန်ထဲမာ ငါးလေပ္လဲ့ဟှားခီမာ ငါးဖမ်းမားလေဟှ ကူးထပ်ဟှို ဆွဲဒန်ဘီး ကောန်းဟှူငါးလေဟှို တောန်းထဲမာ ဝီးထဲ့ဘီးဟှာ ကောန်းဘဲဟှူငါးလေဟှို ပ္လန်ဟှို ပစ်ထုလိုက်ဂေ့ဟှယ်။
MAT 13:49 အယ်မူတိုင်းဘဲ့ ကပ်ကမ္ဘာကူဆောင်းဟှူ ခီမာ ကောန်းဂန်တမန်လေ ဆင်းလာဘီး ဖြောန့်မတ်ဟှူသူလေထဲဟှ ဆိုးယောက်ဟှူသူလေဟှို ခွဲထုဘီးဟှာ
MAT 13:50 တော့‑က်လောန်နေဟှူ မီးဖိုထဲဟှို ပစ်ခ္လလေ့မယ်။ အယ်သူလေဟှာ အံသွားခဲက္လိဘီး ငိုကြွေးရဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:51 ယေရှုဟှ “အယ်ကြောန်းရာလေ ဂူလောင်းဟှို နန်းနို့လေ နားလည်ဂေ့ဘဲ့လော” ဆိုဘီး မေးတော်မူလိုက်ဟှယ်။ တဗဲ့တော်လေဟှ “နားလည်ပါဘီ သခင်” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 13:52 ကိုယ်တော်ဟှ “အယ်မူဇာဟှာ ကောန်းဂန်နိုင်ငံတော်ရဲ့ ကြောန်းရာဟှို သန်ယူဘီး တဗဲ့ဖြစ်လာဟှူ ကျမ်းပြုဆရာဟှာ ကိုယ့်ရဲ့ ဘဏ္ဍာတိုက်ထဲဟှ ပစ်စီးသစ်န ပစ်စီးဟောန်းလေဟှို ထုယူတတ်ဟှူ အီရှင်နတူလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:53 အယ်ပေါင်ဥပမာလေဟှို ယေရှု မိန့်တော်မူဘီးန ကိုယ်တော်ဟှာ အယ်ရပ်ဟှနေ ထွပ်ဟှားဘီး၊
MAT 13:54 နေထိုင်ဟှူ ဗြို့ဟှို ပ္လန်ကြွဟှားတော်မူဟှယ်။ ကိုယ်တော်ဟှာ ဝါလယ်ဇရပ်မာ သွန်သန်လေဟှယ်။ အယ်မူဇာဟှို ကြားရဟှူ လူလေလည်း အံ့ဩဂေ့ဟှယ်။ “အယ်သူဟှာ အယ်ပညာဟှို ဖယ်ဟှရလာနူး။ အယ်နိမိတ်လတ်ခဏာလေလည်း ဖယ်ဟှရလာနူး။
MAT 13:55 သူဟှာ လတ်သမားရဲ့သား မှုဟှလော။ သူ့မိဟှာ မာရိ မှုဟှလော။ သူ့ညီလေဟှာ ယာကုပ်၊ ယောသပ်၊ ရှိမုန်၊ ယုဒ မှုဟှလော။
MAT 13:56 သူ့ရဲ့ညီမလေလည်း နို့လေနားမာ နေဂေ့ဟှယ် မှုဟှလော။ အယ်ဆိုဟှာ အယ်သူဟှာ အယ်နိမိတ်လတ်ခဏာလေဟှို ဖယ်ဟှရလာနူး” ဆိုဘီး သူးနို့ဟှ မေးဂေ့ဟှယ်။
MAT 13:57 အယ်ကြောန့် သူးနို့ဟှာ ကိုယ်တော့်ဟှို ငြင်းပယ်ဂေ့လေဟှယ်။ ယေရှုဟှ “ပရောဖက်ဟှာ ကိုယ့်ဗြို့ ကိုယ့်အီဟှနေလွဲဘီး နေရာတိုင်းမာ လေးစားခံရဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 13:58 အယ်သူလေဟှာ ယောင်ကြည်ဘဲကြောန့် ကိုယ်တော်ဟှာ အယ်နေရာမာ အံ့ဘွယ်တဂိုးလေဟှို ဘောင်ဂီးပြတော်မူဟှ။
MAT 14:1 အယ်ခီမာ ဂါလိလဲပြည်ဟှို အောက်ချောက်ဟှူ ဟေရုဒ်ဟှာ ယေရှုရဲ့ ဒန်းဟှို ကြားရဟှူ ခီမာ၊
MAT 14:2 “အယ်သူဟှာ ဗတ္တိဇံယောဟန်ဘဲ့ ဖြစ်ဟှယ်။ သူဟှာ သေရာဟှနေ ပ္လန်ရှင်လာဘီ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နိမိတ်လတ်ခဏာလေ ပြဟှို့တွပ် အယ်တဂိုးဟှာ သူ့မာရှိနေဟှယ်” ဆိုဘီး သူ့ရဲ့ စေခံလေဟှို ပြောဆိုလေဟှယ်။
MAT 14:3 ဟေရုဒ်ဟှာ သူ့ညီ ဖိလိပ္ပုရဲ့ မယား ဟေရောဒိကြောန့် ယောဟန်ဟှို ဖမ်းဘီးဟှာ ထောန်ထဲမာ ချောက်ဟှားလေဟှယ်။
MAT 14:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောဟန်ဟှ “မန်းဂီးဟှာ ကိုယ့်ညီရဲ့ မယားဟှို သီးယူဇာဟှာ ပညတ်တော်နညီဟှ!” ဆိုဘီးဟှာ ဟေရုဒ်ဟှို ပြောဟှားဖူးဟှယ်။
MAT 14:5 ဟေရုဒ်ဟှာ ယောဟန်ဟှို သတ်ရှင်ဘေမဲ့ ယုဒလူလေဟှို ကြော့‑က်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယုဒလူလေဟှာ ယောဟန်ဟှို ပရောဖက်တပါး ဖြစ်ဟှယ် ဆိုဘီး မှတ်ယူဂေ့ဟှယ်။
MAT 14:6 ဟေရုဒ်ရဲ့ မွီးနေ့မာ ဟေရောဒိရဲ့ မီးဟှာ ဧည့်သယ်လေရှေ့မာ ကပြလေဟှယ်။ ဟေရုဒ်ဟှာ ရရာတိုင်း ကျေနပ်ဟှားဘီး
MAT 14:7 “နန်တောန်းဟှူမျှ ငါပေးမယ်!” ဆိုဘီး သစ်စာန ဂဒိပေးလေဟှယ်။
MAT 14:8 အယ်မီးမငယ်ဟှလည်း သူ့မိ တောန်းခိုင်းဟှူတိုင်း “ဗတ္တိဇံယောဟန်ရဲ့ ခေါန်းဟှို လန်းဗန်းထဲမာ ထဲ့ပေးတော်မူပါ!” ဆိုဘီး တောန်းလေဟှယ်။
MAT 14:9 မန်းဂီးဟှာ စိကောန်းဘဲ ဖြစ်ဟှားဘေမဲ့လည်း ဧည့်သယ်လေရှေ့မာ ပေးမယ် ဆိုဘီး ကီဆိုဟှူတိုင်း ပေးဟှို့တွပ် မိန့်ခ္လလိုက်လေဟှယ်။
MAT 14:10 အယ်ကြောန့် စောန့်တယော့‑က်ဟှို စေလွှတ်ဘီးဟှာ ယောဟန်ရဲ့ ခေါန်းဟှို ထောန်ထဲမာ ဖြတ်စေလေဟှယ်။
MAT 14:11 ခေါန်းဟှို လန်းဗန်းထတ်မာ တန်ဘီးဟှာ ယူဆောန်လာဘီး မီးမငယ်ဟှို ပေးလိုက်ဟှယ်။ အယ်မီးမငယ်လည်း သူ့မိနားဟှို ယူဆောန်ဟှားလေဟှယ်။
MAT 14:12 ယောဟန်ရဲ့ တဗဲ့လေဟှာ လောန်းဟှို ယူဘီး သင်္ဂြိုဟ်လေဟှယ်။ အယ်ဘီးမှ ယေရှုနားဟှို သွားဘီး ပြောပြဂေ့လေဟှယ်။
MAT 14:13 အယ်ဒန်းဟှို ယေရှုကြားရဟှူ ခီမာ လူသူကင်းရှင်းဟှူ နေရာဟှို လှေစီးဘီး ကြွဟှားလေဟှယ်။ ဗြို့ဝါလေဟှ လူလေလည်း အယ်ကြောန်းဟှို ကြားရဂေ့ကြောန့် နော့‑က်တော်ဟှို ကူးကြောန်းလိုက်ဂေ့လေဟှယ်။
MAT 14:14 ယေရှုဟှာ လှေဟှနေ ဆင်းလိုက်ဘီး လူအောက်ဂီးဟှို ဗြင်ရခီမာ သူးနို့ဟှို သနားဟှူစိ ရှိတော်မူဘီး ဖျားနာနေဟှူလူလေ ဂူလောင်းဟှို ကျန်းမာစေလေဟှယ်။
MAT 14:15 နေဒန်ဇာ ရော့‑က်လာဟှူ ခီမာ တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီး “အယ်နေရာဟှာ လူသူကင်းဝီးဟှူ နေရာဖြစ်ဘီး ခီလည်း နော့‑က်က္လဟှားဘီ။ လူလေဟှို စေလွှတ်ဘီးဟှာ ဝါလေမာ စားဇာဝယ်ခိုင်းဟှို့တွပ် သွားခွမ့်ပေးပါ” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 14:16 ယေရှုဟှ “သူးနို့လေ သွားဇာလိုဟှ။ အယ်သူလေစားဟှို့ စားဇာဟှို နန်းနို့လေ ကိုယ်တိုင် ပေးဂေ့ပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 14:17 တဗဲ့တော်လေဟှ “မုငါးလောင်းန ငါးနှေ့ကောန်ဘဲ့ ကျွန်တော်ဟှားလေမာ ရှိပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAT 14:18 ယေရှုဟှ “အယ်မုန ငါးဟှို ယူလာပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 14:19 ကိုယ်တော်ဟှ လူလေဟှို ဗြစ်ပ္လန်ထတ်မာ ထိုင်ဟှို့ မိန့်တော်မူဘီးန မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူဘီး ကောန်းဂန်ထတ်ဟှို မျှော်ကေ့ဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလေဟှယ်။ အယ်ဘီးမှ မုန ငါးဟှို ဖဲ့ဘီး တဗဲ့တော်လေဟှို ပေးလေဟှယ်။ တဗဲ့တော်လေဟှလည်း လူလေဟှို ပေးလေဟှယ်။
MAT 14:20 လူလေဂူလောင်းဟှာ စားဘီး ဗိုက်ပ္လဲ့ဟှားဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ စားဘီး ကျန်ဇာလေဟှို စုသီးလိုက်ဇာ ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။
MAT 14:21 မီးမန သားဂန်းဟှားလေပါဘဲန စားဂေ့ဟှူ ယော့‑က်ကျား ရေတွပ်ဟှာ ၅,၀၀၀ လော့‑က် ရှိလေဟှယ်။
MAT 14:22 အယ်ဘီးန ယေရှုဟှာ လူလေဟှို ပ္လန်လွှတ်လိုက်ခီမာ တဗဲ့တော်လေဟှိုလည်း လှေထတ်ဟှို တတ်စေဘီး ဟှိုဖတ်ကမ်းဟှို ရင်ဦးဆောင်း ကူးစေလေဟှယ်။
MAT 14:23 ယေရှုဟှာ လူလေ ပ္လန်ဟှားဂေ့ဘီးန ဆုတောန်းဟှို့တွပ် တောန်ထတ်ဟှို ယော့‑က်ဒဲ တတ်ဟှားတော်မူဟှယ်။ နေဒန်ဇာ ရော့‑က်လာဟှူ ခီမာ အယ်နေရာမာ ယေရှုတပါးဒဲ ရှိတော်မူဘီး
MAT 14:24 တဗဲ့တော်လေရဲ့ လှေဟှလည်း ကမ်းန ရရာတိုင်း ကွာဟှားဘီး လေဆန်ဘီး လာနေကြောန့် လှိုင်းလေရဲ့ ရိုက်ခတ်ဇာဟှို ခံရလေဟှယ်။
MAT 14:25 မိုးသာထပိုင်းမာ ယေရှုဟှာ ရေထတ်မာ လမ်းရှော့‑က်ဘီး တဗဲ့တော်လေနားဟှို ကြွလာတော်မူလေဟှယ်။
MAT 14:26 တဗဲ့တော်လေဟှာ ရေထတ်မာ လမ်းရှော့‑က်နေဟှူ ကိုယ်တော့်ဟှို ဗြင်ဟှူ ခီမာ ရရာတိုင်း ကြော့‑က်လန့်ဟှားဂေ့ဘီး “ဖုကသေ!” ဆိုဘီး အော်ဂေ့လေဟှယ်။
MAT 14:27 ယေရှုဟှ “စိုးရိမ်ဂေ့န! ငါဘဲ့ဖြစ်ဟှယ်။ ကြော့‑က်ဂေ့န!” ဆိုဘီး သူးနို့ဟှို ရှစ်ရှင်းဘဲ့ မိန့်တော်မူလေဟှယ်။
MAT 14:28 ပေတရုဟှ “သခင်၊ ကိုယ်တော်မှန်ဟှယ် ဆိုဟှာ ကျွန်တော်လည်း ရေထတ်မာ လမ်းရှော့‑က်ဘီး ကိုယ်တော်နားဟှို လာဟှို့ မိန့်တော်မူပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 14:29 ယေရှုဟှ “လာပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် ပေတရုဟှာ လှေထတ်ဟှဆင်းဘီး ရေထပ်မာ လမ်းရှော့‑က်ဟှားဘီး ယေရှုနားဟှို သွားလေဟှယ်။
MAT 14:30 အယ်ဘေမဲ့ ကြမ်းထန်းဟှူလေဟှို ဗြင်ဟှူ ခီမာ ကြော့‑က်လန့်ဟှားဘီး ရေထဲဟှို နစ်မ္လုစပြုဟှားဟှယ်။ “သခင်၊ ကျွန်တော်ဟှို ကယ်တော်မူပါ!” ဆိုဘီး အော်ဟစ်လေဟှယ်။
MAT 14:31 ယေရှုဟှ ရှစ်ရှင်းဘဲ လတ်တော်ဟှို ဆန့်ဘီးဟှာ ပေတရုဟှို ဆွဲကိုင်ဘီး “ယောင်ကြည်ရှင်း အားနဲဟှူလူ! ဖြားဖြစ်ကြောန့် ယောင်မှားဟှူ စိဖြစ်ရနူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 14:32 သူးနို့နှေ့ယော့‑က်ဟှာ လှေထတ်ဟှို ရော့‑က်ဟှားဘီးန လေဟှာ ငြီဟှားလေဟှယ်။
MAT 14:33 လှေထဲမာ ရှိဟှူ တဗဲ့တော်လေဟှလည်း ယေရှုဟှို ရှိခိုးလေဟှယ်။ “ကိုယ်တော်ဟှာ တကယ်ဘဲ့ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 14:34 သူးနို့ဟှာ အိုင်ဟှို ကူးဟှားဂေ့ဘီး ဂင်နေသရက်ဗြို့ဟှို ရော့‑က်လာဂေ့လေဟှယ်။
MAT 14:35 အယ်နေရာဟှ လူလေဟှာ ယေရှုဟှို မှတ်မိဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ လူလေဟှို စေလွှတ်ဘီး ပတ်ဝန်းကျင် ရပ်ရပ်မာရှိဟှူ လူနာလေရှိဟှူမျှဟှို ယေရှုနားဟှို ခေါ်လာဂေ့လေဟှယ်။
MAT 14:36 လူနာလေဟှလည်း ကိုယ်တော်ရဲ့ ဝတ်လောင်ရဲ့ ပန်းဗွားဟှိုဘဲ့ တို့ထိခွမ့်ပေးဟှို့တွပ် တောန်းဗန်ဂေ့လေဟှယ်။ အယ်ဘီးဟှာ တို့ထိဟှူလူလေ ဂူလောင်းလည်း ကျန်းမာရဂေ့လေဟှယ်။
MAT 15:1 အယ်ဘီးန ယေရုရှလင်ဗြို့ဟှ ဖာရိရှဲတချို့န ကျမ်းပြုဆရာတချို့ဟှာ ယေရှုနားဟှို လာဘီးဟှာ
MAT 15:2 “ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ ရှေးလူဂီးလေရဲ့ ထောင်းဒန်းစဉ်လာလေဟှို ဖြားဖြစ်ကြောန့် ခ္လိုးဖော့‑က်ဂေ့ပါနူး။ သူးနို့ဟှာ လက်ဆေးဘဲန စာစားလေဟှယ်!” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်ဂေ့ဟှယ်။
MAT 15:3 ကိုယ်တော်ဟှ “ဖြားဖြစ်ကြောန့် ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ခ္လိုးဖော့‑က်ဘီးဟှာ နန်းနို့လေရဲ့ ထောင်းဒန်းစဉ်လာလေဟှို လိုက်နာကျင့်သောင်းဂေ့နူး။
MAT 15:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ပညတ်တော်ဟှ ‘မိဖဟှို ရိုသေပါ။ မိဖဟှို ကီဆဲဟှူ သူဟှာ သေဒန်က္လခံစေ’ ဆိုဘီး မိန့်တော်မူဟှားဟှယ်။
MAT 15:5 အယ်ဘေမဲ့ နန်းနို့လေ သွန်သန်ဇာဟှ တဇောင်တယော့‑က်ဟှာ ကိုယ့်ဖ အယ်မျိုးမှုဘဲနေဟှာ ကိုယ့်မိဟှို ပေးကမ်းထော့‑က်ပံ့ဟှို့တွပ် ပစ်စီး အောက်စာလေရှိဟှူ လည်းဘဲ့ အယ်ပစ်စီး အောက်စာလေဟှာ ‘ဘုရားသခင်တွပ် လှူဝတ္ထုဖြစ်ဟှယ် ဆိုဘီး ပြောလေဟှယ်။’
MAT 15:6 အယ်သူဟှာ ကိုယ့်ဖဟှို ဂေါင်ပြုဟှို့လိုအပ်ဟှ ဆိုဘီး သွန်သန်ပေးလေဟှယ်။ အယ်မျိုးဘဲ့ နန်းနို့လေဟှာ နန်းနို့ရဲ့ ထောင်းဒန်းစဉ်လာလေတွပ် ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ပယ်ဂေ့လေဟှယ်။
MAT 15:7 သူတော်ကောန်း ယောန်ဆောန်ဟှူသူလေ! နန်းနိုလေ ကြောန်းဟှို ဘုရားသခင်ဟှာ ဟေရှာယအားဖြင့် ပရောဖက်ပြုဟှားဇာဟှ
MAT 15:8 “‘အယ်လူလေဟှာ သူးနို့ရဲ့ နှောက်န ငါ့ဟှို ရိုသေလေဟှယ်။ သူးနို့ရဲ့ စိနှလောင်းဟှာ ငါ့န ဝီးလှဟှယ်။
MAT 15:9 သူးနို့ဟှာ ငါ့ဟှို အလဂါး သတ်သတ် ကိုးကွယ်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေရဲ့ ပညတ်လေဟှို ဩဝါဒလေဖြစ် သွန်သန်ပေးကြောန့်ဖြစ်ဟှယ်!’” ဆိုဘီး ဖြေတော်မူလေဟှယ်။
MAT 15:10 အယ်ဘီးမှ ယေရှုဟှာ လူအောက်ဂီးဟှို သူ့နားဟှို ခေါ်ဘီးဟှာ “နားထောန်ဘီး နားလည်ဂေ့ပါ!
MAT 15:11 လူဟှို ညစ်ညူးစေဟှူဇာလေဟှာ လူ့ရဲ့ဇပ်ပေါ့‑က်ထဲဟှို ဝမ်ဟှူဇာလေ မှုဟှ။ လူ့ရဲ့ဇပ်ပေါ့‑က်ထဲဟှ ထွပ်လာဟှူဇာလေဟှဘဲ့ လူဟှို ညစ်ညူးစေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 15:12 တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီးဟှ “ဖာရိရှဲလေဟှာ မိန့်တော်မူဟှူ စကားဟှို ကြားဘီး မျစ်ဖြစ်ဟှားဂေ့ဇာဟှို ကိုယ်တော်သိဘဲ့လော” ဆိုဘီး မေးဂေ့ဟှယ်။
MAT 15:13 ကိုယ်တော်ဟှလည်း “ကောန်းဂန်ဘောင်ဟှ ငါရဲ့ဖ စိုက်ပျိုးဘဲဟှူပန်လေ ဂူလောင်းဟှို ပြစ်ဟှနေ နှုပစ်ရလေ့မယ်။
MAT 15:14 သူးနို့လေဟှို စိုးရိမ်ဂေ့န! သူးနို့လေဟှာ လူကန်းဟှို လမ်းပြဟှူ လူကန်းလေဘဲ့ဖြစ်ဟှယ်။ လူကန်းဟှ လူကန်းဟှို လမ်းပြမယ် ဆိုဟှာ နှေ့ယော့‑က်လောင်း တွမ်းထဲဟှို က္လလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 15:15 ပေတရုဟှ “အယ်ပေါင်ဥပမာဟှို ကျွန်တော်ဟှားလေဟှို ရှင်းပြတော်မူပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 15:16 ယေရှုဟှ “နန်းနို့လေဟှာ ခုခီထိ ဉာဏ်ပညာမဲ့နေသေးဟှယ်။
MAT 15:17 လူ့ရဲ့ဇပ်ပေါ့‑က်ထဲဟှို ဝမ်ဟှူဇာလေဟှာ စာအီထဲဟှို ရော့‑က်ဟှားဘီးဟှာ နော့‑က်ဖေးအီထဲဟှို စွန့်ပစ်လိုက်ဟှယ် ဆိုဇာဟှို နန်းနို့လေ နားလည်သေးဟှလော။
MAT 15:18 ဇပ်ပေါ့‑က်ထဲဟှ ထွပ်လာဟှူဇာလေဟှာ နှလောင်းထဲဟှ ထွပ်လာဘီး လူဟှို ညစ်ညူးစေတတ်ဟှူဇာလေ ဖြစ်ဟှယ်။
MAT 15:19 ကောန်းဘဲဟှူကြံစည်ရှင်း၊ လူ့သတ်ရှင်း၊ အီထောန်ရေးဖော့‑က်ပ္လန်ရှင်း၊ ကာမဂုဏ်လိုက်စားရှင်း၊ ခိုးယူရှင်း၊ မှန်ဘဲဟှူသတ်သေခံရှင်း၊ သူများဟှိုစော်ကားရှင်းလေဟှာ နှလောင်းထဲဟှ ထွပ်လာဟှယ်။
MAT 15:20 အယ်မူဇာလေဟှာ လူဟှို ညစ်ညူးစေဇာလေ ဖြစ်ဟှယ်။ အယ်ဘေမဲ့ လတ်ဆေးဘဲန စာစားဇာဟှာ လူဟှို ညစ်ညူးစေဇာ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 15:21 ယေရှုဟှာ အယ်မူရပ်ဟှနေ ထွပ်ခွာတော်မူဘီးဟှာ တုရုဗြို့န ဇိဒုန်ဗြို့ရဲ့ ကျေးဝါလေဟှို ကြွဟှားလေဟှယ်။
MAT 15:22 အယ်ဒေသမာနေဟှူ ခါနာန်လူမျိုးဖြစ်ဟှူ မီးမတယော့‑က်ဟှာ ကိုယ်တော်နားဟှို လာဘီး “သခင်၊ ဒါဝိဒ်ရဲ့သားတော်! ကျွန်မဟှို သနားတော်မူပါ! ကျွန်မသမီးဟှာ နတ်ဆိုးဝမ်ဘီး ရရာတိုင်း နှိစစ်ခံနေရပါဟှယ်” ဆိုဘီး အော်ဟစ်လေဟှယ်။
MAT 15:23 အယ်ဘေမဲ့ ကိုယ်တော်ဟှာ စကားတခွန်းလည်း ပ္လန်ပြောဟှ။ တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီးဟှာ “အယ်မီးမဟှို ဝီးဂီးဟှို သွားစေတော်မူပါ! သူဟှာ အော်ဟစ်ဆူညံဘီး နော့‑က်ဟှနေ လိုက်နေပါဟှယ်!” ဆိုဘီး တောန်းလျှော့‑က်ဂေ့လေဟှယ်။
MAT 15:24 ကိုယ်တော်ဟှ “ငါဟှာ ဣသရေလလူမျိုးလေရဲ့ ပျော့‑က်နေဟှူ သိုးလေနားဟှိုဘဲ့ စေလွတ်ရှင်းခံရဟှယ်” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
MAT 15:25 အယ်မီးမဟှာ လာဘီး ကိုယ်တော်ရှေ့မာ ပျပ်ဝပ်ဘီး “သခင်၊ ကျွန်မဟှို ကယ်မတော်မူပါ!” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 15:26 ယေရှုဟှ “သားမီးလေရဲ့ စားဇာဟှို ယူဘီးဟှာ ခွီးဟှို ကျွေးအပ်ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 15:27 အယ်မီးမဟှလည်း “မှန်ပါဟှယ်သခင်၊ ခွီးလေဟှာ သူးနို့သခင်ရဲ့ စားဗွဲဟှ က္လလာဟှူ စားကြွင်းစားကျန်လေဟှို စားရဂေ့ပါဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 15:28 အယ်ကြောန့် ယေရှုဟှ “နန်ဟှာ ယောင်ကြည်မှုကီးမားဟှူ မီးမဖြစ်ဟှယ်! နန့်အလိုရှိဟှူတိုင်း နန့်မာဖြစ်စေ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ အယ်ခီမာဘဲ့ အယ်မီးမရဲ့ သမီးဟှာ ကျန်းမာဟှားလေဟှယ်။
MAT 15:29 ယေရှုဟှာ အယ်ရပ်ဟှနေ ထွပ်ဟှားဘီးဟှာ ဂါလိလဲအိုင်နားဟှို ကြွဟှားဘီးန တောန်ထတ်ဟှိုတတ်ဘီး ထိုင်လေဟှယ်။
MAT 15:30 လူအောက်ဂီးဟှာ ကိုယ်တော်နားဟှို လာဘီး ခေသန်ဘဲသူလေ၊ မျစ်စိဗြင်ဘဲသူလေ၊ ကိုယ်အင်္ဂါချို့တဲ့သူလေ၊ စကားအဟှူ သူလေန တခြားရောဂါသယ်လေ ရှိဟှူမျှဟှို ခေါ်ဆောန်လာဘီးဟှာ ယေရှုရဲ့ ခေတော်ရင်းမာ ခ္လဟှားဂေ့ဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ကျန်းမာစေဟှယ်။
MAT 15:31 စကားအဟှူ သူလေဟှာ စကားပြောလာဟှယ်။ ခေသန်ဘဲဟှူ သူလေဟှာ လမ်းရှော့‑က်လာဟှယ်။ မျစ်စိကန်းဟှူ သူလေဟှာ ဗြင်လာဂေ့ဇာဟှို ကေ့နေဟှူ လူအောက်ဂီးဟှာ ရရာတိုင်း အံ့ဩဟှားဂေ့ဘီး ဣသရေလ လူမျိုးလေရဲ့ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။
MAT 15:32 ယေရှုဟှာ တဗဲ့တော်လေဟှို သူ့နားဟှို ခေါ်ဘီးဟှာ “အယ်လူလေဟှို ငါသနားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ သောင်းရစ်လောင်းလောင်း ငါနတူးဒူ နေဂေ့ဘီး သူးနို့မာလည်း စားဟှို့မှေ့ဘီ။ သူးနို့ဟှို ဖြားဇာလည်းကျွေးဘဲန ပ္လန်ဟှားဇာဟှို ငါလိုရှင်ဟှ။ အယ်မျိုးပ္လန်စေမယ် ဆိုဟှာ လမ်းမာအားပြတ်ဂေ့မယ်” ဆိုဘီး မိန့်တော်မူဟှယ်။
MAT 15:33 တဗဲ့တော်လေဟှ “အယ်လူအောက်ဂီးဟှို ဝအောန်ကျွေးဟှို့တွပ် ကျွန်တော်ဟှားလေဟှာ အယ်တောထဲမာ ဖယ်မျိုးရနိုင်ဟှို့နူး” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
MAT 15:34 ယေရှုဟှ “နန်းနို့လေမာ မုဖယ်လော့‑က်ရှိနူး” ဆိုဘီး မေးလိုက်ခီမာ သူးနို့ဟှ “မုခွန်နှေ့လောင်းန ငါးနဲနဲဟှားရှိပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်ဂေ့ဟှယ်။
MAT 15:35 အယ်ကြောန့် ယေရှုဟှ လူအောက်ဂီးဟှို မ္လေဂီးထတ်မာထိုင်နေဟှို့ မိန့်တော်မူဟှယ်။
MAT 15:36 မုခွန်နှေ့လောင်းန ငါးဟှိုယူဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးချီးမွမ်းဘီးန မုနငါးဟှို ဖဲ့ဘီးဟှာ တဗဲ့တော်လေဟှို ပေးဟှယ်။ တဗဲ့တော်လေဟှလည်း လူလေဟှို ပေးဂေ့ဟှယ်။
MAT 15:37 သူးနို့လေ ဂူလောင်းဟှာ စားဘီးဟှာ ဗိုက်ပ္လဲ့ဟှားဂေ့ဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ ကြွင်းကျန်လေဟှို ကော့‑က်သီးလိုက်ဟှူဇာ ခွန်နှေ့တောန်းပ္လဲ့ ရဂေ့လေဟှယ်။
MAT 15:38 စားဟှူသူလေဟှာ မီးမန သားဂန်းဟှားလေပါဘဲန ယော့‑က်ကျားလေဘဲ့ ၄,၀၀၀ ရှိဟှယ်။
MAT 15:39 အယ်ဘီးန ယေရှုဟှာ လူလေဟှို ပ္လန်လွှတ်ဘီးန လှေစီးဘီး မာဂဒလဝါဟှို ကြွဟှားတော်မူဟှယ်။
MAT 16:1 ဖာရိရှဲတချို့န ဇဒ္ဒုကဲတချို့ဟှာ ယေရှုဟှို စမ်းသပ်ရှင်ဂေ့ဟှူကြောန့် နားဟှို လာဂေ့ဘီးဟှာ “ကောန်းဂန်ဘောင်ဟှ နိမိတ်လတ်ခဏာဟှို ပြပေးတော်မူပါ” ဆိုဘီး တောန်းဆိုဂေ့လေဟှယ်။
MAT 16:2 အယ်ဘေမဲ့ ယေရှုဟှ “နန်းနို့လေဟှာ နေဝမ်ဟှူ ခီမာ ‘ကောန်းဂန်ဟှာ နီနေဟှယ် ဆိုဟှာ ရာသီဥတု သာယာလေ့မယ်’ ဆိုဘီး ပြောတတ်လေဟှယ်။
MAT 16:3 အယ်ဘီးဟှာ မိုးလန်းစောစောဂီးမာလည်း ‘ကောန်းဂန်ဟှာ နီဘီး မှောန်နေကြောန့် အယ်နေ့ မုန်တိုင်းတိုက်လေ့မယ်’ ဆိုဘီး ပြောတတ်ဂေ့လေဟှယ်။ နန်းနို့လေဟှာ ကောန်းဂန် ခြေနေကေ့ဘီးဟှာ ရာသီဥတုဟှို ခန့်မှန်းနိုင်ဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ အယ်ကပ်ကာလရဲ့ နိမိတ်လတ်ခဏာလေဟှို ပိုင်းခြားနိုင်ဂေ့ဟှ!
MAT 16:4 ဆိုးညစ်ဘီး ဖောက်ပ္လန်ဟှူအမျိုးဟှာ နိမိတ်လတ်ခဏာ တောန်းဟှူလည်းဘဲ့၊ ယောနရဲ့ နိမိတ်လတ်ခဏာဟှလွဲဘီး ဖယ်မျိုးနိမိတ်လတ်ခဏာလေဟှိုမှ ပြဟှို့မှုဟှ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှာ အယ်သူလေနားဟှနေ ထွပ်ဟှားလေဟှယ်။
MAT 16:5 တဗဲ့တော်လေဟှာ အိုင်ရဲ့ဟှို့ဖတ်ကမ်းဟှို ကူးဟှားခီမာ စားဇာလေဟှို ယူလာဟှို့တွပ် မေ့ဟှားဂေ့လေဟှယ်။
MAT 16:6 ယေရှုဟှ “နန်းနို့လေဟှာ ဖာရိရှဲန ဇဒ္ဒုကဲလေရဲ့ တဆေးဟှို ဒိထားဘီး ရှောန်ဂေ့ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 16:7 တဗဲ့တော်လေဟှာ “နို့လေဟှာ စားဇာသယ်လာဘဲဟှိကြောန့် အယ်မျိုး မိန့်တော်မူဇာဖြစ်ဟှယ်” ဆိုဘီး သူးနို့ရှင်းရှင်း ပြောဆိုဂေ့လေဟှယ်။
MAT 16:8 အယ်မျိုး ပြောနေဂေ့ဟှူဇာဟှို ယေရှုသိတော်မူဟှူ ခီမာ “ယောင်ကြည်ရှင်း အားနဲဟှူလူလေ! နန်းနို့လေဟှာ စားဇာပါလာဘဲဟှူ ကြောန်းဟှို ဖြားဖြစ်ကြောန့် ဆွေးနွေး ပြောဆိုနေဂေ့နူး။
MAT 16:9 နန်းနို့လေဟှာ ခုခီထိ နားလည်သေးဟှလော။ မုငါးလောင်းဟှို လူ ၅,၀၀၀ စားဘီး၊ ဖယ်လော့‑က်တောန်း ကော့‑က်သီးရဂေ့ဟှူဇာန၊
MAT 16:10 မုခွန်နစ်လောင်းဟှို လူ ၄,၀၀၀ စားဘီး၊ ဖယ်လော့‑က်တောန်း ကော့‑က်သီးရဟှူဇာဟှို မှတ်မိဂေ့ဟှမ်းလော။
MAT 16:11 မုကြောန်းဟှို နန်းနို့လေဟှို ပြောနေဇာ မှုဟှ ဆိုဇာဟှို ဖြားဖြစ်ကြောန့် နန်းနို့နားလည်ဂေ့ဘဲနေနူး၊ ဖာရိရှဲန ဇဒ္ဒုကဲလေရဲ့ တဆေးဟှို ဒိနရှောန်ဂေ့!” ဆိုဘီး မိန့်တော်မူဟှယ်။
MAT 16:12 အယ်ဘီးန တဗဲ့တော်လေဟှာ မုမာသောင်းပြုဟှူ တဆေးဟှို ရှောန်ရဟှို့မှုဘဲန ဖာရိရှဲန ဇဒ္ဒုကဲလေရဲ့ ဩဝါဒဟှို ဒိထားဟှို့ မိန့်တော်မူကြောန်း နားလည်ဟှားဂေ့ဟှယ်။
MAT 16:13 ယေရှုဟှာ ကဲသရိဖိလိပ္ပိနယ်ဟှို ကြွဟှားဘီး အယ်နေရာမာ တဗဲ့တော်လေဟှို “လူလေဟှာ လူ့ရဲ့သားဟှို ဖယ်သူဖြစ်ဟှယ် ဆိုဘီး ပြောဆိုဂေ့နူး” ဆိုဘီး မေးတော်မူလေဟှယ်။
MAT 16:14 “တချို့လူလေဟှ ကိုယ်တော်ဟှာ ဗတ္တိဇံယောဟန်ဖြစ်ဟှယ်။ တချို့ဟှ ဧလိယဖြစ်ဟှယ်။ တချို့လေဟှ ယေရမိ မှုဘဲနေဟှာ ပရောဖက်ဖြစ်ဟှယ် ဆိုဘီး ပြောဂေ့ပါဟှယ်” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 16:15 ကိုယ်တော်ဟှ “နန်းနို့လေဟှမား ငါ့ဟှို ဖယ်သူဖြစ်ဟှယ် ဆိုဘီး ပြောဂေ့နူး” ဆိုဘီး မေးတော်မူဟှယ်။
MAT 16:16 ရှိမုန်ပေတရုဟှ “ကိုယ်တော်ဟှာ သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှူ ခရစ်တော်ဖြစ်ပါဟှယ်” ဆိုဘီး လျှော့‑က်ဟှယ်။
MAT 16:17 ယေရှုဟှ “ယောနရဲ့သားရှိမုန်! နန်ဟှာ မင်္ဂလာရှိလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူဇာဟှို ဇာတိသွီးသားဟှ နန့်ဟှို ဖွမ့်ပြလိုက်ဇာ မှုဟှ။ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ ငါ့ဖဟှာ ဖွမ့်ပြတော်မူဟှယ်။
MAT 16:18 အယ်ကြောန့် ငါပြောမယ်၊ နန်ဟှာ ပေတရု ဖြစ်ဟှယ်။ အယ်က္လော့‑က်ထတ်မာ ငါ့သင်းတော်ဟှို ငါတည်ဆော့‑က်မယ်။ မရဏာနိုင်ငံရဲ့ ခွဗော့‑က်ဝဟှာ အယ်သင်းတော်ဟှို နိုင်စေရဟှ။
MAT 16:19 ငါဟှာ နန့်ဟှို ကောန်းဂန်နိုင်ငံရဲ့ သော့လေဟှို ပေးအပ်မယ်။ နန်ဟှာ မ္လေဂီးမာ ချည်နှောန်ဟှူမျှဟှို ကောန်းဂန်မာ ချည်နှောန်ခံရလေ့မယ်။ မ္လေဂီးမာ ဖြေလွှတ်ဟှူမျှဟှို ကောန်းဂန်မာ ဖြေလွှတ်ခံရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 16:20 အယ်ဘီးန ယေရှုဟှ မိမိဟှာ ခရစ်တော် ဖြစ်ဟှယ် ဆိုဇာဟှို ဖယ်သူလေဟှိုလည်း ပြောဘဲဟှို့တွပ် တဗဲ့တော်လေဟှို မိန့်ပေးလေဟှယ်။
MAT 16:21 ယေရှုဟှ “ငါဟှာ ယေရုရှလင်ဗြို့ဟှို သွားရမယ်။ အယ်ဘီးဟှာ ဘာသာရေး ခေါန်းဆောန်လေ၊ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းပြုဆရာလေရဲ့ လတ်မာ ဝေဒနာဘောင်ဂီး ခံရလေ့မယ်။ ငါဟှာ သေသတ်ခံရလေ့မယ်။ အယ်ဘေမဲ့ သောင်းရစ်မြော့‑က်ဟှူ နေ့မာ ထမြော့‑က်လေ့မယ်” ဆိုဘီး အယ်ခီဟှနေစဘီး တဗဲ့တော်လေဟှို ဖော်ပြလေဟှယ်။
MAT 16:22 ပေတရုဟှ ကိုယ်တော့်ဟှို ဘေးနားဟှို ခေါ်ဘီးဟှာ “သခင်၊ အယ်မျိုးမှုရာလေဟှို ကိုယ်တော်နလွဲပါစေ! ကိုယ်တော့်ဟှို အယ်မျိုးမှုရာလေ လောင်းဝဖြစ်ပါစေန!” ဆိုဘီး ပြစ်တန်ဘီး ပြောလေဟှယ်။
MAT 16:23 ယေရှုဟှ လှည့်ကေ့ဘီး ပေတရုဟှို “စာတန်၊ ငါ့နော့‑က်ဟှိုဆို့! နန်ဟှာ ငါ့တွပ် ထိမိဘီးလဲဇာ ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ ဘုရားသခင်နဆိုင်ဟှူဇာလေဟှို စိစွဲလမ်းဘဲန မ္လေဂီးနဆိုင်ဟှူဇာလေဟှိုဘဲ့ စိစွဲလမ်းဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 16:24 အယ်ဘီးန ယေရှုဟှ တဗဲ့တော်လေဟှို “ဖယ်သူဘဲ့ဖြစ်ဖြစ် ငါ့နော့‑က်ဟှို လိုက်ရှင်ဟှယ် ဆိုဟှာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ကိုယ့်ရဲ့ လတ်ဝါးကပ်တိုင်ဟှို ထမ်းဘီးဟှာ ငါ့နော့‑က်ဟှို လိုက်ရမယ်။
MAT 16:25 ဖယ်သူဘဲ့ဖြစ်ဖြစ် သူ့ရဲ့သတ်ဟှို ကယ်တန်ရှင်ဟှယ် ဆိုဟှာ သတ်ရှောင်းရလေ့မယ်။ အယ်ဘေမဲ့ ဖယ်သူဘဲ့ဖြစ်ဖြစ် ငါ့တွပ်န သတ်ရှောင်းဟှယ် ဆိုဟှာ သတ်ဟှို ရလေ့မယ်။
MAT 16:26 လူဟှာ လောက တခုလောင်းဟှို ရရှိဟှူလည်းဘဲ့ သူးနို့ရဲ့ သတ်ဝိညာဉ် ဆောင်းရှောင်းဟှားမယ် ဆိုဟှာ ဖြားကျိုးရှိမယ်နူး။ သူးနို့ဟှာ ဖြားဇာလေဟှို ပေးဘီး သူးနို့ရဲ့ သတ်ဟှို ပ္လန်ဝီးနိုင်မယ်နူး။
MAT 16:27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူ့ရဲ့သားဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေနတူးဒူ သူ့ဖရဲ့ ဖောင်းသရေတော်ဟှို ဆောန်ဘီးဟှာ ကြွလာတော်မူလေ့မယ်။ အယ်ဘီးဟှာ လူယော့‑က်စီတိုင်းဟှာ သူးနို့ရဲ့ လောက်ဆောင်ဟှားတိုင်း ကျိုးပြစ်ဟှို ပေးတော်မူလေ့မယ်။
MAT 16:28 နန်းနို့လေဟှို ငါ မှန်ပြောမယ်၊ အယ်နေရာမာ ရပ်နေဟှူ လူလေထဲမာ လူသားဟှာ သူ့ရဲ့နိုင်ငံတော်န ကြွလာတော်မူဇာဟှို ဗြင်ရဘဲန သေရဟှို့ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 17:1 ခြော့‑က်ရစ်ကြာဘီးန ယေရှုဟှာ ပေတရု၊ ယာကုပ်၊ ယာကုပ်ရဲ့ညီ ယောဟန်လေဟှို ခေါ်ဘီးဟှာ တောန်ထတ်ဟှို ကြွဟှားလေဟှယ်။
MAT 17:2 သူးနို့လေရှေ့မာ ကိုယ်တော်ရဲ့ ပေါင်သဏ္ဌာန်တော်ဟှာ ပ္လောန်းလဲဟှားဘီး မျစ်နှာတော်ဟှာ နေရောန်မျိုးဘဲ့ တော့‑က်ပနေလေဟှယ်။ ဝတ်တော်ဟှလည်း လန်းရောန်မျိုး ဖ္လူဆွတ်ဆွတ် ဖြစ်လာဟှယ်။
MAT 17:3 အယ်ဘီးန မောရှေန ဧလိယဟှာ ပေါ်လာဘီး ယေရှုန စကားပြောနေဇာဟှို ဗြင်ရလေဟှယ်။
MAT 17:4 အယ်ကြောန့် ပေတရုဟှ ယေရှုဟှို “သခင်၊ အယ်နေရာဟှာ ကျွန်တော်ဟှားလေတွပ် ရရာတိုင်းဘဲ့ ကောန်းပါဟှယ်! ကိုယ်တော် လိုတော်ရှိဟှယ် ဆိုဟှာ ကိုယ်တော်တွပ် တဲတဆောန်၊ မောရှေတွပ် တဆောန်န ဧလိယတွပ် တဆောန်၊ တဲသောင်းဆောန်ဟှို ကျွန်တော်ဆော့‑က်ပါမယ်” ဆိုဘီးဟှာ လျှော့‑က်လေဟှယ်။
MAT 17:5 ပေတရု လျှော့‑က်နေဟှူ ခီမာဘဲ့ တော့‑က်ပဟှူ မိုးတီတခုဟှာ သူးနို့လေထတ်ဟှို လွှမ်းမိုးလာဘီး “အယ်သူဟှာ ငါနှစ်သက်မြတ်နိုးဟှူ ငါရဲ့ ရှစ်ဟှူသား ဖြစ်ဟှယ်။ သူ့ရဲ့စကားဟှို နားထောန်ဂေ့ပါ!” ဆိုဘီး မိုးတီထဲဟှ သံတော်ဟှို ကြားရလေဟှယ်။
MAT 17:6 အယ်သံတော်ဟှို တဗဲ့တော်လေ ကြားရဟှူ ခီမာ ရရာတိုင်း ကြော့‑က်လန့်ဂေ့ဘီး သူးနို့ဟှာ မ္လေဂီးမာ ဝပ်နေဂေ့ဟှယ်။
MAT 17:7 ယေရှုဟှာ သူးနို့လေနားဟှို ကြွလာဘီး သူးနို့လေဟှို တို့လိုက်ဘီးဟှာ “ထဂေ့၊ ကြော့‑က်ဂေ့န!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 17:8 သူးနို့လေလည်း မှော်ကေ့လိုက်ဟှူ ခီမာ ယေရှုဟှလွဲဘီး ဖယ်သူ့ဟှိုလည်းဘဲ့ တွိဂေ့ဟှမ်း။
MAT 17:9 အယ်ဘီးန တောန်ထတ်ဟှနေ ဆင်းလာဟှူ ခီမာ ယေရှုဟှ “နန်းနို့လေ ဗြင်လိုက်ဟှူ ရူပါရောင်လေဟှို လူ့ရဲ့သားဟှာ သေရာဟှနေဘီး ထမြော့‑က်ခန်ခီထိ ဖယ်သူ့ဟှိုလည်း ပြောပြဂေ့န” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 17:10 တဗဲ့တော်လေဟှ “ဧလိယဟှာ ရင်ကြွလာရမယ် ဆိုဘီး ကျမ်းပြုဆရာလေဟှ ဖြားဖြစ်ကြောန့် ပြောဟှားဂေ့နူး” ဆိုဘီး ယေရှုဟှို မေးလျှော့‑က်ဂေ့ဟှယ်။
MAT 17:11 ယေရှုဟှ “ဧလိယဟှာ ရင်ဦးဆောင်း ကြွလာဘီး ရှိမျှဂူလောင်းဟှို ပ္လန်ဘီးတည်ဆော့‑က်ရမယ် ဆိုဇာ မှန်ဟှယ်။
MAT 17:12 နန်းနို့လေဟှို ငါပြောမယ်။ ဧလိယဟှာ ကြွလာပီးဘီ။ လူလေဟှာ သူ့ဟှိုသိဂေ့ဟှ။ အယ်ဘေမဲ့ လောက်ရှင်ဟှူတိုင်း လောက်ဂေ့လေဘီ။ အယ်မျိုးဘဲ့ လူ့ရဲ့သားဟှာလည်း အယ်သူလေ လတ်ထဲမာ နှိစစ်ညှဉ်းဆဲခံရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 17:13 အယ်ဘီးန တဗဲ့တော်လေဟှလည်း ဗတ္တိဇံယောဟန် ကြောန်းဟှို မိန့်တော်မူနေဟှယ် ဆိုဇာဟှို နားလည်ဂေ့ဟှယ်။
MAT 17:14 ကိုယ်တော်န တဗဲ့တော်လေဟှာ လူအောက်ဂီးနားဟှို ရော့‑က်လာခီမာ လူတယော့‑က်ဟှ ယေရှုရှေ့မာ ဒူးထော့‑က်ဘီး
MAT 17:15 “သခင်၊ ကျွန်တော်ရဲ့ သားဟှို သနားတော်မူပါ! သူဟှာ ဝပ်ရူးပ္လန်ရောဂါစွဲဘီး မီးထဲရေထဲဟှို ခါဘီးခါ လဲက္လတတ်ပါဟှယ်။
MAT 17:16 ကိုယ်တော်ရဲ့ တဗဲ့တော်လေနားဟှို ခေါ်လာဘေမဲ့ သူးနို့လေဟှာ သူဟှို ကျန်းမာပေးနိုင်ဂေ့ဟှ” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 17:17 ယေရှုဟှ “ယောင်ကြည်ရှင်းမှေ့ဘဲန ဖော့‑က်ပ္လန်တတ်ဟှူ လူလေ! ငါဟှာ နန်းနို့လေနတူးဒူ ဖယ်မျှကြာအောန် နေရဟှို့နူး၊ နန်းနို့လေဟှို ဖယ်မျှကြာအောန် သီးခံရအူးမယ်နူး၊ ကောန်သားဟှို ငါ့နားဟှိုခေါ်လာဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 17:18 ယေရှုဟှ နတ်ဆိုးဟှို ထွပ်ဟှားဟှို့ မိန့်ပေးလိုက်ဟှူ ခီမာ နတ်ဆိုးဟှာ အယ်မူကောန်သားထဲဟှနေ ထွပ်ဟှားလေဟှယ်။ အယ်ခီမာဘဲ့ အယ်ကောန်သားလည်း ကျန်းမာဟှားလေဟှယ်။
MAT 17:19 အယ်ဘီးန တဗဲ့တော်လေဟှာ ယေရှုနားဟှို သီးသန့်လာဂေ့ဘီး “ကျွန်တော်ဟှားလေဟှာ အယ်နတ်ဟှို ဖြားဖြစ်ကြောန့် နှန်ထုနိုင်ဘဲနေပါနူး” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
MAT 17:20 ကိုယ်တော်ဟှ “နန်းနို့လေဟှာ ယောင်ကြည်ရှင်း မှေ့ဘဲကြောန့်ဖြစ်ဟှယ်။ ငါ မှန်ပြောမယ်။ နန်းနို့လေဟှာ မုညင်းစေ့မျှလော့‑က်ဘဲ့ ယောင်ကြည်ရှင်းရှိမယ် ဆိုဟှာ ‘အယ်တောန်ဟှို အယ်နေရာဟှရွေ့!’ ဆိုဘီး ပြောလိုက်ဟှူန အယ်တောင်ဟှာ ရွေ့ဟှားလေ့မယ်။ နန်းနို့တွပ် ဖြစ်နိုင်ဘဲဇာလေ မှေ့ဟှ!”
MAT 17:21 
MAT 17:22 သူးနို့ဟှာ ဂါလိလဲပြည်မာ ရှိနေခီမာ ယေရှုဟှ “လူ့ရဲ့သားဟှို လူလေရဲ့ လတ်ထဲဟှို အပ်ဂေ့လေ့မယ်။
MAT 17:23 သူးနို့လေဟှာ လူ့ရဲ့သားဟှို သတ်ဂေ့လေ့မယ်။ သောင်းရစ်မြော့‑က်ဟှူ နေ့မာ သူဟှာ ထမြော့‑က်လေ့မယ်” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။ တဗဲ့တော်လေဟှလည်း ရရာတိုင်း ဝန်းနဲဂေ့လေဟှယ်။
MAT 17:24 ကပေရနောင်ဗြို့ဟှို သူးနို့ရော့‑က်လာဟှူ ခီမာ ဗိမာန်တော် ခွန်ကော့‑က်မားလေဟှာ ပေတရုနားဟှို လာဘီး “နန့်ရဲ့ ဆရာဟှာ ဗိမာန်တော်ခွန်ဟှို ပေးဘဲ့လော” ဆိုဘီး မေးဂေ့ဟှယ်။
MAT 17:25 ပေတရုဟှ “ပေးပါဟှယ်” ဆိုဘီး ဖြေလေဟှယ်။ ပေတရုဟှ အီထဲဟှို ဝမ်လာခီမာ ယေရှုဟှ “ရှိမုန်၊ နန်ဖယ်မျိုးထန်နူး။ လောကမာရှိဟှူ မန်းဂီးလေဟှာ ဖယ်သူ့နားဟှနေ ခွန်ကော့‑က်ဂေ့နူး။ သူးနို့သားလေ နားဟှလော။ ခြားသူလေ နားဟှလော” ဆိုဘီး မေးလေဟှယ်။
MAT 17:26 ပေတရုဟှ “ခြားသူလေဘဲ့ ပေးရပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။ ယေရှုဟှ “အယ်ဆိုဟှာ သားလေဟှာ ကန်းလွတ်ခွမ့်ရဂေ့ဟှယ်။
MAT 17:27 အယ်ဘေမဲ့ အယ်သူလေဟှို မှားယွင်းစေရှင်ဟှ။ အယ်ကြောန့် အိုင်ထဲဟှို သွားဘီးဟှာ ငါးဟှိုမျှားလော။ ရင်ဦးဆောင်းရလာဟှူ ငါးဟှို ယူဘီးဟှာ ဇပ်ပေါ့‑က်ဟှို ဖွမ့်လိုက်ပါ။ ငွေဒင်္ဂါးတပ္လားဟှို တွိရလေ့မယ်။ အယ်ဒင်္ဂါးဟှို ယူဘီးဟှာ နန့်နငါ့တွပ် ဗိမာန်တော်ခွန်ဟှို ပေးလိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 18:1 အယ်ခီမာ တဗဲ့တော်လေဟှ ယေရှုနားဟှို လာဂေ့ဘီးဟှာ “ကောန်းဂန်နိုင်ငံတော်မာ ဖယ်မျိုးသူဟှ ကီးမြတ်ဆောင်းနူး” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 18:2 ယေရှုဟှ သားဂန်းတယော့‑က်ဟှို သူ့နားဟှိုခေါ်ဘီးဟှာ တဗဲ့တော်လေရှေ့မာ ရပ်ခိုင်းလေဟှယ်။
MAT 18:3 အယ်ဘီးန ကိုယ်တော်ဟှ “ငါ မှန်ပြောမယ်၊ နန်းနို့လေ ပ္လောန်းလဲဘီးဟှာ အယ်သားဂန်းဟှားမျိုး ဖြစ်ဘဲဟှ ဆိုဟှာ ကောန်းဂန်နိုင်ငံတော်ဟှို ရော့‑က်ရဟှို့ မှုဟှ။
MAT 18:4 အယ်ကြောန့် အယ်သားဂန်းမျိုး စိနှိခ္လဟှူသူဟှာ ကောန်းဂန်နိုင်ငံတော်မာ ကီးမြတ်ဆောင်း ဖြစ်ဟှယ်။
MAT 18:5 ငါ့နာမဟှို ထော့‑က်ဘီးဟှာ အယ်မျိုး သားဂန်းဟှား ယော့‑က်ယော့‑က်ဟှို လတ်ခံသူဟှာ ငါ့ဟှို လတ်ခံဇာဘဲ့ ဖြစ်လေဟှယ်။
MAT 18:6 “ငါ့ဟှို ယောင်ကြည်ဟှူ အယ်မူသားဂန်း ယော့‑က်ယော့‑က်ဟှို မှားယွင်းစေသူဟှာ လည်ဘန်းမာ က္လော့‑က်က္လိဆောင်နခယ်ဘီး ပန်လယ်ထဲဟှို ပစ်ခ္လခံရဟှူဇာဟှ ပိုဘီး ကောန်းလေ့မယ်။
MAT 18:7 မှားယွင်းတတ်ဟှူကြောန်းလေ ရှိဟှိကြောန့် လောကီသားလေဟှာ အမင်္ဂလာရှိဟှယ်! မှားယွင်းတတ်ဟှူကြောန်းလေ ရှိရမယ်။ အယ်ဘေမဲ့လည်း မှားယွင်းတတ်ဟှူ ကြောန်းရာလေဟှို ဖြစ်စေဟှူသူဟှာ အမင်္ဂလာရှိဟှယ်!
MAT 18:8 “နန့်ရဲ့ခေ၊ နန့်ရဲ့လတ်ဟှာ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ အယ်ခေ၊ အယ်လတ်ဟှို ခွတ်ဖြတ်ပစ်ပါ! ထာဝရငရဲမီးထဲဟှို ခေလတ်ဇောင်န ပစ်ခ္လခံရထတ် ခေလတ်မှေ့ဘဲန သတ်ရှင်ဇာဟှို ဝမ်စားရဟှူဇာဟှ ပိုကောန်းဟှယ်။
MAT 18:9 နန့်ရဲ့ မျစ်စိဟှလည်း နန်းနို့ဟှို မှားယွင်းစေဟှယ် ဆိုဟှာ မျစ်စိဟှို ဖော့‑က်ပစ်ပါ! မျစ်စိနှေ့ဖတ်ဇောင်န ငရဲထဲဟှို ပစ်ခ္လခံရဟှူထတ် မျစ်စိတဖတ်န သတ်ရှင်ဇာဟှို ဝမ်စားရဟှူဇာဟှ ပိုကောန်းဟှယ်။
MAT 18:10 “နန်းနို့လေဟှာ ဖယ်မူသားဂန်းဟှိုမှလည်း ထီမဲ့မြင်လော့‑က်မိဘဲ့နေအောန် ဒိထားဂေ့ပါ၊ နန်းနို့လေဟှို ငါပြောဟှယ်။ အယ်သားဂန်းလေရဲ့ ကောန်းဂန်တမန်လေဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ ငါ့ဖရဲ့ မျစ်နှာတော်ဟှို မြဲဒမ်း ဖူးဗြင်ရဂေ့ဟှယ်။
MAT 18:11 
MAT 18:12 “နန်းနို့လေဟှာ ဖယ်မျိုးထန်မှတ်ဂေ့နူး။ လူတယော့‑က်မာ သိုးကောန် ၁၀၀ ရှိဘီး သိုးတကောန်ဟှာ ပျော့‑က်ဟှားမယ် ဆိုဟှာ ကျန်နေဟှူ ၉၉ ကောန်ဟှို တောန်ထတ်မာ ထားရစ်ဘီးဟှာ ပျော့‑က်နေဟှူ သိုးတကောန်ဟှို လိုက်ရှာတတ်ဟှယ် မှုဟှလော။
MAT 18:13 ရှာဟှိတွိဟှူ ခီမာ လမ်းလွဲဘီး ပျော့‑က်ဘဲနေဟှူ ကိုးဆယ်ကိုးကောန်ထတ် ပ္လန်တွိဟှူ သိုးတကောန်တွပ် ပိုဘီး ဟှာ ဝန်းသာဟှယ် ဆိုဘီး ငါ မှန်တိုင်းပြောဟှယ်။
MAT 18:14 အယ်မျိုးဘဲ့ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ နန်းနို့ ဖလည်း အယ်မူသားဂန်း တယော့‑က်ဟှိုမှ ပျစ်စီးစေဟှို့တွပ် လိုတော်မှေ့ဟှ။
MAT 18:15 “အယ်ကြောန့် ညီကို မောန်နှမဟှာ နန့်ဟှို ပြစ်မှားဟှယ် ဆိုဟှာ သူ့ပြစ်ဟှို ဖော်ပြပေးဟှို့တွပ် သူ့နားဟှို သွားပါ။ အယ်ဘေမဲ့ နှေ့ယော့‑က်ဒဲတွိဘီး သူ့ပြစ်ဟှို ဖော်ပြပါ။ နန့်စကားဟှို သူနားထောန်ဟှယ် ဆိုဟှာ နန်းနို့ဟှာ သူ့ဟှို ပ္လန်ရလေဘီ။
MAT 18:16 အယ်ဘေမဲ့ နန့်ရဲ့ စကားဟှို နားထောန်ဟှ ဆိုဟှာ သူ့စကားဟှို တည်ဖြစ်စေဟှို့တွပ် ကျမ်းစာမာ ပြောဟှားဟှူတိုင်း သိသတ်သေ နှေ့ယော့‑က်၊ သောင်းယော့‑က်ဟှို ခေါ်ပါ။
MAT 18:17 အယ်သူဟှာ နားထောန်ဟှို့ ငြင်းဆန်နေဟှယ် ဆိုဟှာ သင်းတော်ဟှို တန်ပြပါ။ သင်းတော်ရဲ့ စကားဟှိုလည်း သူနားထောန်ဟှ ဆိုဟှာ တခြားဘာသာဟှ လူတယော့‑က်မျိုးဘဲ့ဖြစ်ဖြစ် အယ်မျိုးမှုဘဲနေဟှာ ခွန်ကော့‑က်မား တယော့‑က်မျိုးဘဲ့ အယ်သူဟှို သတ်မှတ်ဂေ့ပါ။
MAT 18:18 “ငါ မှန်ပြောမယ်၊ နန်းနို့လေဟှာ မ္လေဂီးထတ်မာ ချည်နှောင်ဟှူမျှဟှာ ကောန်းဂန်ဘောင်မာ ချည်နှောင်လေ့မယ်။ မ္လေဂီးထတ်မာ ဖြေလွှတ်ဟှူမျှဟှာ ကောန်းဂန်ဘောင်မာ ဖြေလွှတ်လေ့မယ်။
MAT 18:19 “နော့‑က်ထပ် ငါ မှန်ပြောမယ်။ မ္လေဂီးထတ်မာ လူနှေ့ယာ့‑က် ဘောတူဘီး ဆုတောန်းဟှယ် ဆိုဟှာ နန်းနို့တောန်းဟှူမျှဟှို ကောန်းဂန်ဘောင်ဟှ ငါ့ဖဟှာ ပေးတော်မူလေ့မယ်။
MAT 18:20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူနှေ့ယော့‑က်၊ သောင်းယော့‑က်ဟှာ ငါ့ရဲ့ နာမဟှို အားကိုးဘီး စုဝေးနေဟှူ နေရာလေမာ ငါဟှာ သူးနို့နတူးဒူး ရှိနေမယ်။”
MAT 18:21 အယ်မူခီမာ ပေတရုဟှ ယေရှုနားဟှို လာဘီး “သခင်၊ ညီကို မောန်နှမဟှ ကျွန်တော်ဟှို ပြစ်မှားဟှယ် ဆိုဟှာ သူ့ဟှို ဖယ်မျှခါလော့‑က် ခွမ့်လွှတ်ရမယ်နူး၊ ခွန်နစ်ခါလော့‑က်ထိ ခွမ့်လွှတ်ရဟှို့လော” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
MAT 18:22 ယေရှုဟှ “ခွန်နစ်ခါတိုင်အောန် ခွမ့်လွှတ်ရမယ် ဆိုဘီး ငါပြောဟှ။ ခါခွန်နစ်ဆယ် ခွန်နစ်လီတိုင်အောန် (ခွန်နစ်ဆယ်ခွန်နစ်ခါ) ခွမ့်လွှတ်ရမယ် ဆိုဘီး ငါပြောလေဟှယ်။
MAT 18:23 အယ်ကြောန့် ကောန်းဂန်နိုင်ငံတော်ဟှာ သူ့ကျွန်လေရဲ့ စာရင်းဟှို စစ်ဆေးဟှူ မန်းဂီးတပါးန တူလေဟှယ်။
MAT 18:24 စာရင်းယူဟှူ ခီမာ ကပ်သန်းပေါန်းများစွာ ကပ်ကွီးတန်နေဟှူ လူတယော့‑က်ဟှို ခေါ်စေလေဟှယ်။
MAT 18:25 အယ်သူဟှာ ကပ်ကွီးဆပ်နိုင်ဘဲဟှူကြောန့် သူ့သခင်ဟှ အယ်သူနတူးဒူ သားမယား၊ အောက်စာ ပစ်စီးလေ ရှိဟှူမျှဟှို ရောန်းဘီးဟှာ ကပ်ကွီးဆပ်စေဟှို့တွပ် မိန့်ခ္လမှတ်တော်မူဟှယ်။
MAT 18:26 အယ်ကျွန်ဟှလည်း မန်းဂီးရှေ့မာ ပျပ်ဝပ်ဘီး ‘ကျွန်တော်ဟှို သီးခံတော်မူပါ။ ကပ်ကွီးရှိဟှူမျှဟှို ဆပ်ပါမယ်!’ ဆိုဘီး တောန်းဗန်လေဟှယ်။
MAT 18:27 အယ်စေခံရဲ့ သခင်ဟှလည်း သူ့ဟှို သနားဟှိကြောန့် ကပ်ကွီးရှိဟှူမျှဟှို လွှတ်ပေးဘီး သွားခွမ့်ပေးလေဟှယ်။
MAT 18:28 “အယ်ဘေမဲ့ အယ်ကျွန်ထွပ်ဟှားခီမာ မိမိဒေနာရိတရာ ကပ်ကွီးတန်နေဟှူ ကျွန်တယော့‑က်ဟှို တွိလေဟှယ်။ သူဟှာ အယ်ကျွန်ရဲ့ လည်ဗန်းဟှို ညှစ်ဘီး ငါ့ကပ်ကွီးဟှို ဆပ်ပေးပါ!” ဆိုဘီး တောန်းလေဟှယ်။
MAT 18:29 “အယ်ကျွန်ရှင်းရှင်းဟှလည်း ဒူးထော့‑က်ဘီးဟှာ ‘ကျွန်တော်ဟှို သီးခံပေးပါ။ ကပ်ကွီးလေ ဂူလောင်းဟှို ဆပ်ပေးပါမယ်!’ ဆိုဘီး တောန်းဗန်လေဟှယ်။
MAT 18:30 အယ်ဘေမဲ့ သူဟှာ လတ်ခံဘဲန ကပ်ကွီးလေ ဆပ်ခန်ခီထိ ထောန်ထဲမာ ချောက်ဟှားလေဟှယ်။
MAT 18:31 အယ်မူကြောန်းရာဟှို တခြားကျွန်လေ ဗြင်သိရဟှူ ခီမာ ရရာတိုင်း စိဆိုးဂေ့ဘီး သူးနို့သခင်နားဟှို သွားဘီးဟှာ ဖြစ်ပျစ်ဟှူ ကြောန်းရာလေဟှို လျှော့‑က်ဂေ့လေဟှယ်။
MAT 18:32 အယ်ကြောန့် သခင်ဟှ အယ်ကျွန်ဟှို ခေါ်ဘီးဟှာ ‘ဆိုးညစ်ဟှူကျွန်! နန်ဟှာ ငါ့ဟှို တောန်းဗန်ဟှိကြောန့် ကပ်ကွီးလေ ဂူလောင်းဟှို ခွမ့်လွှတ်ပေးဟှားဟှယ်။
MAT 18:33 ငါဟှာ နန့်ဟှို သနားဟှူမျိုးဘဲ့ နန်ဟှာလည်း ကျွန်ရှင်းရှင်းဟှို သနားသင့်ဟှယ်’
MAT 18:34 အယ်ဘီးန သူ့သခင်ဟှ အယ်ကျွန်ဟှို စိဆိုးဘီးဟှာ ကပ်ကွီးလေ ဂူလောင်းဟှို ဆပ်ပေးခန်ခီထိ ထောန်ထဲမာ ချောက်ဟှားစေ” ဆိုဘီး ပြောလေဟှယ်။
MAT 18:35 အယ်ဘီးန ယေရှုဟှ “နန်းနို့လေလည်း နန်းနို့ရဲ့ ညီကို မောန်နှမလေဟှို စိနှလောင်းထဲဟှနေ ခွမ့်လွှတ်ဘဲဟှ ဆိုဟှာ ကောန်းဂန်ဘောင်ဟှ ငါ့ဖလည်း နန်းနို့လေဟှို ခွမ့်လွှတ်ပေးဟှို့ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:1 အယ်မူတရားစကားလေဟှို ယေရှုဟောပြောဘီးဟှူ ခီမာ ဂါလိလဲပြည်ဟှနေ ထွပ်ဟှားဘီး ယော်ဒန်မ္လစ်ရဲ့ ဟှိုဖတ်ကမ်းမာရှိဟှူ ယုဒပြည်ဟှို ကြွတော်မူလေဟှယ်။
MAT 19:2 လူအောက်ဂီးဟှာ ကိုယ်တော့်နော့‑က်တော်ဟှို လိုက်ဂေ့ဟှူကြောန့် အယ်နေရာမာ ကိုယ်တော်ဟှာ သူးနို့ဟှို ကျန်းမာစေတော်မူလေဟှယ်။
MAT 19:3 ဖာရိရှဲတချို့ဟှာ ကိုယ်တော်နားဟှို လာဘီး “လူတယော့‑က်ဟှာ ဖြားမျိုးကြောန်းပြချစ်နဘဲ့ဖြစ်ဖြစ် သူ့မယားဟှို ကွာရှင်းဟှို့တွပ် ပညတ်တော်နညီဘဲ့လော” ဆိုဘီး စမ်းသပ်ရှင်ဟှူကြောန့်ဟှို့ မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 19:4 ယေရှုဟှ “ဖန်ဆင်းရှင်ဟှာ စစဒူးဟှ ယော့‑က်ကျားန မီးမနှေ့ယော့‑က်ဒဲဟှိုဘဲ့ ဖန်ဆင်းတော်မူဟှယ် မှုဟှလော။
MAT 19:5 ဘုရားသခင်ဟှ ‘အယ်မူကြောန်းရာကြောန့် ယော့‑က်ကျားဟှာ ကိုယ့်မိဖဟှို စွန့်ဘီး၊ ကိုယ့်မယားန ပေါန်းသင်းဘီး သူးနို့နှေ့ယော့‑က်ဟှာ တသားတကိုယ်ဒဲ ဖြစ်ရဂေ့လေ့မယ်။’
MAT 19:6 အယ်ကြောန့် သူးနို့ဟှာ နှေ့ယော့‑က်မှုဘဲ တယော့‑က်ဒဲဘဲ့ ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ဟှ တူးဒူစောင်ဖတ်ပေးဟှားဇာဟှို လူခွဲခွာစေန” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:7 ဖာရိရှဲလေဟှလည်း “အယ်မျိုးဆိုဟှာ ကွာရှင်းစာချောက်ဟှို ပေးဘီး မယားဟှိုကွာဟှို့တွပ် ဖြားဖြစ်ကြောန့် မောရှေဟှ ပညတ်ဟှားနူး” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 19:8 ကိုယ်တော်ဟှ “နန်းနို့လေရဲ့ စိနှလောင်းဟှာ ခိုင်မာဂေ့ဟှိကြောန့် မောရှေဟှာ နန်းနို့ရဲ့ မယားလေန ကွာရှင်းဟှို့ ခွမ့်ပြုဟှားဟှယ်။ အယ်ဘေမဲ့ စဒူးဟှ အယ်မျိုးခွမ့်ပြုချစ်မှေ့ဟှ။
MAT 19:9 နန်းနို့ဟှို ငါပြောမယ်။ တရားဘဲဟှူ မေထုန်ပြုဇာဟှလွဲဘီး ကိုယ့်မယားဟှို ကွာရှင်းဘီးဟှာ တခြားမီးမတယော့‑က်န အီထောန်ပြုဟှူသူဟှာ အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:10 တဗဲ့တော်လေဟှလည်း “လန်နမယား ပေါန်းသင်းမှုဟှာ အယ်မျိုးဖြစ်ဟှယ် ဆိုဟှာ အီထောန်နေဘဲဇာဟှာ ပိုဘီး ကောန်းမယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 19:11 ကိုယ်တော်ဟှလည်း “အယ်စကားဟှို လူတိုင်းခံယူနိုင်ဟှ။ ဘုရားသခင် ခွမ့်ပြုဟှူသူလေဘဲ့ ခံယူနိုင်လေဟှယ်။
MAT 19:12 တချို့လူလေဟှာ အီထောန်ပြုနိုင်စွမ်းမှေ့ဘဲန မွီးလာဟှူ လူလေရှိဂေ့ဟှယ်။ လူလေကြောန့် အီထောန်ပြုနိုင်စွမ်းဟှို စွန့်လွှတ်လိုက်ရဟှူ လူလေလည်း ရှိဂေ့ဟှယ်။ ကောန်းဂန်နိုင်ငံတော်တွပ် အီထောန်ပြုနိုင်စွမ်းဟှို စွန့်လွှတ်လိုက်ရဟှူ လူလေရှိဂေ့ဟှယ်။ အယ်စကားဟှို ခံယူနိုင်ဟှူ သူလေဘဲ့ ခံယူပါစေ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:13 လူတချို့ဟှာ သားဂန်းလေဟှို လတ်တန်ဘီးဆုတောန်းခံဟှို့တွပ် ယေရှုနားဟှို ခေါ်ဆောန်လာဂေ့ကြောန့် တဗဲ့တော်လေဟှ ပြစ်တန်ဘီး ပြောဂေ့လေဟှယ်။
MAT 19:14 ယေရှုဟှလည်း “သားဂန်းလေ ငါ့နားဟှို လာပါစေ။ ဆီးတားဂေ့န။ ကောန်းဂန်နိုင်ငံတော်ဟှာ အယ်မျိုးသူလေရဲ့ နိုင်ငံဖြစ်လေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:15 ကိုယ်တော်ဟှာ သားဂန်းလေထတ်ဟှို လတ်တန်ဘီးဟှာ အယ်နေရာဟှနေဘီး ကြွတော်မူလေဟှယ်။
MAT 19:16 လူတယော့‑က်ဟှ ယေရှုနားဟှို လာဘီးဟှာ “ဆရာ၊ ထာဝရသတ်ဟှို ရဟှို့တွပ် ကျွန်တော်ဟှ ကောန်းဟှူဇာလေဟှို ဖယ်မျိုးလောက်ရဟှို့နူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
MAT 19:17 ယေရှုဟှလည်း “ကောန်းဟှူကျင့်န ပတ်သတ်ဘီးဟှာ ငါ့ဟှို ဖြားဖြစ်ကြောန့်မေးနူး၊ ဘုရားသခင်တပါးဒဲဘဲ့ ကောင်းမြတ်တော်မူလေဟှယ်။ ထာဝရသတ်ဟှို လိုရှင်ဟှယ် ဆိုဟှာ ပညတ်တော်လေဟှို စောန့်ထီးပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:18 အယ်သူဟှလည်း “ဖယ်ပညတ်လေဟှို စောန့်ထီးရဟှို့နူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။ ယေရှုဟှ “လူဟှိုသတ်န၊ အီထောန်ရေးဖော့‑က်ပ္လန်န၊ ခိုးန၊ မှန်ဘဲဟှူသတ်သေဟှိုခံန၊
MAT 19:19 မိနဖဟှို ရိုသေပါ။ နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုး ရှစ်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:20 အယ်လူငယ်ဟှလည်း “ကျွန်တော်ဟှာ အယ်ပညတ်လေ ဂူလောင်းဟှို စောန့်ထီးဟှားဟှယ်။ ဖြားဇာလောက်ဟှို့လိုပါသေးနူး” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAT 19:21 ယေရှုဟှလည်း “နန်ဟှာ စောင်လင်ရှင်ဟှယ် ဆိုဟှာ သွားဘီးဟှာ နန့်မာရှိဟှူ ပစ်စီးအောက်စာလေ ဂူလောင်းဟှို ရောန်းဘီးဟှာ ဆင်းရဲသားလေဟှို ပေးပါ။ အယ်မျိုးဆိုဟှာ နန်ဟှာ ကောန်းဂန်ဘောင်မာရှိဟှူ ဘဏ္ဍာဟှို ရလေ့မယ်။ အယ်ဘီးမှ ငါ့နော့‑က်ဟှို လိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:22 အယ်လူငယ်ဟှာ ပစ်စီးအောက်စာလေ ကြွယ်ဝဟှူ သူဖြစ်ကြောန့် အယ်စကားဟှို ကြားဟှူ ခီမာ ဝန်းနဲဟှားဘီး ထွပ်ဟှားလေဟှယ်။
MAT 19:23 အယ်န ယေရှုဟှ တဗဲ့တော်လေဟှို “ငါ မှန်ပြောမယ်၊ ပစ်စီးအောက်စာ ကြွယ်ဝဟှူ သူလေဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်နိုင်ဟှို့ ရရတိုင်း ခတ်လေဟှယ်။
MAT 19:24 ငါထပ်ပြောအူးမယ်။ ပစ်စီးအောက်စာ ကြွယ်ဝဟှူ သူလေဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်နိုင်ဟှို့ထတ် ကုလားအုတ်ဟှာ အပ်ခေါန်းပေါ့‑က်ဟှို လျှိုဟှို့ ပိုဘီး လွယ်ကူဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:25 တဗဲ့တော်လေဟှာ အယ်စကားဟှို ကြားဟှူ ခီမာ သူးနို့ဟှာ ရရာတိုင်း အံ့ဩဟှားဘီး “အယ်ဆိုဟှာ ဖယ်သူလေဟှာ ကယ်တန်ဇာဟှို ခံရနိုင်မယ်နူး” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 19:26 ယေရှုဟှ သူးနို့လေဟှို ကေ့ဘီးဟှာ “အယ်မှုဟှို လူတတ်နိုင်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ ဂူလောင်းဟှို တတ်နိုင်တော်မူလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 19:27 အယ်ခီမာ ပေတရုဟှ “ကျွန်တော့်ဟှားလေမာ ရှိဟှူမျှဟှို စွန့်ဘီးဟှာ ကိုယ်တော်နော့‑က်ဟှို လိုက်ဂေ့ဟှယ်။ အယ်ဆိုဟှာ ကျွန်တော့်ဟှားလေဟှာ ဖြားဇာလေဟှို ရမယ်နူး” ဆိုဘီးဟှာ မေးလျှော့‑က်လေဟှယ်။
MAT 19:28 ယေရှုဟှ “ငါ မှန်ပြောမယ်၊ ကမ္ဘာသစ်မာ လူ့ရဲ့သားဟှာ ဖောင်းသရေတော်န ပ္လဲ့ဇောင်ဟှူ ပလ္လင်ထတ်မာ ထိုင်တော်မူဟှူ ခီမာ ငါ့နော့‑က်ဟှို လိုက်ဂေ့ဟှူ နန်းနို့လေဟှာ ပလ္လင်ဆယ့်နှေ့ခု ထတ်မာ ထိုင်ဘီး ဣသရေလလူမျိုး ဆယ့်နှေ့မျိုးဟှို အောက်စိုးရလေ့မယ်။
MAT 19:29 ငါ့နာမကြောန့် အီ၊ လယ်၊ ညီကို၊ ညီမ၊ မိဖ၊ သားမယားဟှို စွန့်ဟှူလူတိုင်းဟှာ ဆတရာကျိုးဟှိုရဘီး ထာဝရသတ်ဟှိုလည်း ရလေ့မယ်။
MAT 19:30 အယ်ဘေမဲ့ ဦးဆောင်းဖြစ်ဟှူ လူလေဘောင်ဂီးဟှာ နော့‑က်ဆောင်းဖြစ်ဂေ့ဘီး နော့‑က်ဆောင်းဖြစ်ဟှူ လူလေဘောင်ဂီးဟှာ ဦးဆောင်းဖြစ်လေ့မယ်။
MAT 20:1 “ကောန်းဂန်နိုင်ငံတော်ဟှာ သူ့ရဲ့စဗျစ်ခြံတွပ် လောက်သမားလေဟှို ငှားဟှို့ မိုးလန်းစောစော ထွပ်ဟှားဟှူ ခြံဇရှင်နတူလေဟှယ်။
MAT 20:2 သူဟှ တနေ့ဟှို ငွေဒန်းဂါးတပ္လားန ငှားဟှို့ ဘောတူဘီးဟှာ သူးနို့ဟှို စဗျစ်ခြံထဲဟှို စေလွှတ်လေဟှယ်။
MAT 20:3 သူဟှာ မိုးလန်း ကိုးနာရီ လော့‑က်မာ ဆေးဟှို ပ္လန်ထွပ်လာဇာ လောက်လောက်ဘဲန အယ်နေရာမာ ရပ်နေဟှူ တခြားသူလေဟှို တွိရလေဟှယ်။
MAT 20:4 အယ်ကြောန့် သူးနို့လေဟှို ‘နန်းနို့လေလည်း သွားဘီး စဗျစ်ခြံထဲမာ လောက်လောက်ဂေ့ပါ။ ထိုက်သင့်ဟှူ လောက်အားခဟှို ငါပေးမယ်’ ဆိုဘီး သူးနို့လေဟှို ပြောလေဟှယ်။
MAT 20:5 အယ်ကြောန့် သူးနို့လေဟှာ သွားဂေ့ဟှယ်။ အယ်ဘီးဟှာ ဆယ်နှေ့နာရီန သောင်းနာရီမာ တခါ ပ္လန်ဟှို ထွပ်ဘီး လောက်သမားလေဟှို ငှားလေဟှယ်။
MAT 20:6 နေဒန်ဇာ ငါးနာရီလော့‑က်မာ သူဟှာ ထွပ်ဟှားဟှူ ခီမာ တခြားလူလေဟှာ အယ်နေရာမာဘဲ့ ရပ်နေဂေ့ဇာဟှို တွိလေဟှယ်။ ‘နန်းနို့လေ ဖြားဖြစ်ကြောန့် တနေ့လောင်း လောက်လောက်ဘဲန ရပ်နေဂေ့နူး’ ဆိုဘီး သူးနို့လေဟှို မေးလေဟှယ်။
MAT 20:7 အယ်သူလေဟှလည်း ‘ကျွန်တော်ဟှားလေဟှို ဖယ်သူလည်း ငှားဂေ့ဟှ’ ဆိုဘီး ပြောလေဟှယ်။ ခြံဇရှင်ဟှ ‘နန်းနို့လည်း သွားဘီး ငါ့စဗျစ်ခြံမာ လောက်လောက်ဂေ့ပါ’ ဆိုဘီး ပြောလေဟှယ်။
MAT 20:8 “ညဉ့်ခန်းဖတ်ရော့‑က်ဟှူ ခီမာ စဗျစ်ခြံဇရှင်ဟှ ‘လောက်သမားလေဟှို ခေါ်ဘီး နော့‑က်ဆောင်းငှားဟှူ သူလေဟှစဘီး ဦးဆောင်းငှားဟှူ သူလေထိ လောက်အားခရှင်းပေးလိုက်’ ဆိုဘီး သူ့ရဲ့ဘဏ္ဍာစိုးဟှို ပြောလေဟှယ်။
MAT 20:9 အယ်ကြောန့် ဘဏ္ဍာစိုးဟှာ နေဒန်ဇာငါးနာရီမာ ငှားဟှားဟှူ လူလေဟှို ငွေဒန်းဂါးတပ္လားစီ ရှင်းပေးလေဟှယ်။
MAT 20:10 ဦးဆောင်းငှားဟှားဟှူ သူလေဟှာ တခြားလူလေထတ် ပိုဘီး ရလေ့မယ် ထန်မှတ်ဘီး ရော့‑က်လာဟှယ်။ အယ်ဘေမဲ့ သူးနို့လည်း ငွေဒန်းဂါးတပ္လားစီဘဲ့ ရလေဟှယ်။
MAT 20:11 သူးနို့လေဟှာ ငွေဒန်းဂါးတပ္လားစီဘဲ့ ရဂေ့ကြောန့် ခြံဇရှင်ဟှို ပြစ်တန်ဂေ့လေဟှယ်။
MAT 20:12 ‘နော့‑က်ဆောင်းငှားဟှားဟှူ အယ်သူလေဟှာ တနာရီဘဲ့ လောက်လောက်ရဟှယ်။ ကျွန်တော့်ဟှားလေဟှာ နေပူဗ္လန်ထဲမာ တနေ့လောင်း ပန်ပန်ဘန်းဘန်းန လောက်ဆောန်ရဟှူလည်းဘဲ့ သင်ဟှာ ကျွန်တော်ဟှားလေဟှို အယ်သူလေနဒန်းတူဘဲ့ လောက်အားခဟှို ပေးဟှယ်!’ ဆိုဘီး ပြောဆိုဂေ့လေဟှယ်။
MAT 20:13 ခြံဇရှင်ဟှ သူးနို့ထဲဟှ တယော့‑က်ဟှို ‘မိဆွေ၊ ငါဟှာ နန့်ဟှို တရားဘဲလောက်ဇာ မှုဟှ။ နန်ဟှာ ငွေဒန်းဂါးတပ္လားန လောက်လောက်ဟှို့တွပ် ဘောတူဟှားဟှယ်။
MAT 20:14 နန့်ရဲ့ လောက်အားခဟှို ယူဘီးသွားဝေါ့။ နော့‑က်ဆောင်းငှားဟှူ လူလေဟှိုလည်း နန်းနို့လေဟှို ပေးဟှူမျိုးဘဲ့ ငါပေးမယ်။
MAT 20:15 ငါ့ကပ်လေဟှို ငါလောက်ရှင်မျိုး လောက်ခွမ့် မှေ့ဟှလော ငါဟှာ ဘောကောန်းဟှူကြောန့် နန်ဟှ နာလိုဘဲဖြစ်ရလော’ ဆိုဘီး ပြောလေဟှယ်” ဆိုဘီးဟှာ မိန့်တော်မူလေဟှယ်။
MAT 20:16 အယ်ကြောန့် ယေရှုဟှ “အယ်မျိုးဘဲ့ နော့‑က်ဆောင်းဖြစ်ဟှူ လူလေဟှာ ဦးဆောင်းဖြစ်ဟှားဘီး ဦးဆောင်းဖြစ်ဟှူ လူလေဟှာ နော့‑က်ဆောင်းဖြစ်လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 20:17 ယေရှုဟှာ ယေရုရှလင်ဗြို့ဟှို တတ်နေဒူးမာ တဗဲ့တော်ဆယ့်နှေ့ပါးဟှို သီးသန့်ခေါ်ဘီး၊
MAT 20:18 “နားထောန်ဂေ့။ နို့လေဟှာ ယေရုရှလင်ဗြို့ဟှို တတ်ဂေ့မယ်။ အယ်ဗြို့မာ လူ့ရဲ့သားဟှာ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းပြုဆရာလေရဲ့ လတ်ထဲဟှို အပ်ခံရလေ့မယ်။ သူးနို့လေဟှာ လူရဲသားဟှို သေဒန်စီရင်ဘီး၊
MAT 20:19 လူမျိုးခြားလေရဲ့ လတ်ထဲဟှို အပ်ဂေ့လေ့မယ်။ သူးနို့ဟှာ လူ့ရဲ့သားဟှို လှောန်ပြောန်ဘီး၊ ကီဒန်ပေးဘီး လတ်ဝါးကပ်တိုင်မာ တန်ဘီး သတ်ဂေ့လေ့မယ်။ အယ်ဘေမဲ့ သောင်းရစ်မြော့‑က်ဟှူနေ့မာ လူ့ရဲ့သားဟှာ ထမြော့‑က်လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 20:20 အယ်ဘီးန ဇေဗေဒဲရဲ့ မီးမဟှာ သူ့သားနှေ့ယော့‑က်နတူးဒူ တခုခုဟှို တောန်းဟှို့တွပ် ယေရှုနားဟှို လာဘီး ပျပ်ဝပ်လေဟှယ်။
MAT 20:21 ယေရှုဟှ “ဖြားဇာလိုရှင်နူး” ဆိုဘီး မေးလေဟှယ်။ အယ်မီးမဟှ “ကိုယ်တော်ရဲ့ နိုင်ငံတော်မာ ကျွန်မရဲ့ သားနှေ့ယော့‑က်ဟှို ကိုယ်တော်ရဲ့ ညာဖတ်မာတယော့‑က် ကိုယ်တော်ရဲ့ ဘယ်ဖတ်မာတယော့‑က် ထိုင်စေတော်မူပါ” ဆိုဘီး တောန်းလျှော့‑က်လေဟှယ်။
MAT 20:22 ယေရှုဟှ “နန်းနို့လေဟှာ ဖြားဇာလေ တောန်းလျှော့‑က်နေဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ဟှ။ ငါသော့‑က်ရဟှို့ ဒေါက်ခဝေဒနာခွပ်ဟှို့ နန်းနို့သော့‑က်နိုင်ဘဲ့လော” ဆိုဘီး မေးတော်မူလေဟှယ်။ သူးနို့ဟှလည်း “ကျွန်တော်ဟှားလေ သော့‑က်နိုင်ပါဟှယ်” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 20:23 ကိုယ်တော်ဟှ “ငါ့ရဲ့ခွပ်ဟှို နန်းနို့လေဟှာ သော့‑က်ရလေ့မယ်။ အယ်ဘေမဲ့ ငါ့ရဲ့ ညာဖတ်န ဘယ်ဖတ်မှာ ထိုင်ရဟှို့ခွမ့်ဟှို ငါပေးပိုင်ဟှ။ အယ်နေရာဟှာ ငါ့ရဲ့ဖ ပြင်ဆင်ဟှားဟှူ သူလေတွပ်ဘဲ့ ဖြစ်လေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 20:24 အယ်ကြောန်းရာဟှို တဗဲ့တော် ဆယ်ယော့‑က်ဟှာ ကြားသိဟှူ ခီမာ အယ်ညီကို နှေ့ယော့‑က်ဟှို စိဆိုးဂေ့ဟှယ်။
MAT 20:25 ယေရှုဟှာ တဗဲ့တော်လေဟှို သူ့နားဟှို ခေါ်တော်မူဘီး “နန်းနို့လေ သိဂေ့ဟှူတိုင်းဘဲ့ လူမျိုးခြားလေမာ အောက်ချောက်ဟှူ သူလေဟှာ ပြည်သူလေထတ်မာ စိုးတရပြုဘီး ခေါန်းဆောန်လေလည်း အာဏာထားတတ်ဂေ့လေဟှယ်။
MAT 20:26 နန်းနို့လေထဲမာ အယ်မျိုး ဖြစ်သင့်ဟှ။ နန်းနို့ထဲဟှ တယော့‑က်ဟှာ အကြီးကဲဖြစ်ရှင်ဟှယ် ဆိုဟှာ အယ်လူဟှာ နန်းနို့လေရဲ့ စေခံဖြစ်ရမယ်။
MAT 20:27 အယ်ဘီးဟှာ နန်းနို့လေထဲဟှ တယော့‑က်ဟှာ ကီးမြတ်ဆောင်းဖြစ်ရှင်ဟှယ် ဆိုဟှာ အယ်လူဟှာ နန်းနို့လေရဲ့ ကျွန်ဖြစ်ရမယ်။
MAT 20:28 အယ်မျိုးဘဲ့ လူ့ရဲ့သားဟှာ သူတပါးဟှို စေစားဟှို့လာဇာ မှုဟှ။ သူတပါးရဲ့ စေခံဟှို့န သူ့သတ်ဟှို စွန့်ဘီး လူလေဘောင်ဂီးဟှို ဝီးနှုဟှို့တွပ် ကြွလာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 20:29 ယေရှုန တဗဲ့တော်လေဟှာ ယေရိခေါဗြို့ဟှနေ ထွပ်လာဟှူ ခီမာ လူအောက်ဂီးဟှာ နော့‑က်တော်ဟှို လိုက်ဂေ့လေဟှယ်။
MAT 20:30 လမ်းဘေးမာထိုင်နေဟှူ လူကန်းနှေ့ယော့‑က်ဟှာ ယေရှုဖြတ်ဟှားဟှယ် ဆိုဇာဟှို ကြားသိဟှိကြောန့် “သခင်၊ ဒါဝိဒ်ရဲ့ သားတော်! ကျွန်တော်ဟှားလေဟှို သနားတော်မူပါ!” ဆိုဘီး အော်ဟစ်လေဟှယ်။
MAT 20:31 လူအောက်ဂီးဟှ သူးနို့ဟှို တိတိဆိဆိဟှား နေဟှို့တွပ် ပြစ်တန်ဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှ “သခင်၊ ဒါဝိဒ်ရဲ့ သားတော်! ကျွန်တော်ဟှားလေဟှို သနားတော်မူပါ!” ဆိုဘီး ပိုဘီး ဟှာ အော်ဟစ်ဂေ့ဟှယ်။
MAT 20:32 ယေရှုဟှာ ရပ်တော်မူလိုက်ဘီး သူးနို့ဟှို ခေါ်လိုက်ဟှယ်။ “နန်းနို့တွပ် ဖြားဇာလောက်ပေးစေရှင်ဟှယ်နူး” ဆိုဘီး ကိုယ်တော်ဟှ မေးတော်မူလေဟှယ်။
MAT 20:33 သူးနို့ဟှ “သခင်၊ ကျွန်တော်ဟှားလေရဲ့ မျစ်စိဟှို ဗြင်စေတော်မူပါ!” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 20:34 ယေရှုဟှာ သူးနို့ဟှို သနားတော်မူဟှူကြောန့် သူးနို့လေရဲ့ မျစ်စိဟှို လတ်န တို့တော်မူလေဟှယ်။ ရှစ်ရှင်းဘဲ့ သူးနို့ဟှာ မျစ်စိဗြင်ဟှားဘီး နော့‑က်တော်ဟှို လိုက်ဂေ့လေဟှယ်။
MAT 21:1 ယေရှုန တဗဲ့တော်လေဟှာ ယေရုရှလင်ဗြို့နားဟှို ရော့‑က်လာဘီးဟှာ သံလွင်တောန်ခေရင်းမာရှိဟှူ ဗက်ဖာဂေဝါဟှို ရော့‑က်ဂေ့လေဟှယ်။ ယေရှုဟှာ တဗဲ့တော်နှေ့ယော့‑က်ဟှို စေလွှတ်ဘီး
MAT 21:2 “နန်းနို့ရှေ့မာရှိဟှူ ဝါဟှိုသွားဂေ့။ အယ်ဘီးဟှာ ခယ်ဟှားဟှူ မြည်းမနတူးဒူး သူ့ဘေးမာရှိဟှူ မြည်းသားဂန်းဟှားဟှို နန်းနို့ရှစ်ရှင်းတွိလေ့မယ်။ ကြိုးဟှိုဖြေဘီး ငါ့နားဟှို ယူလာဂေ့ပါ။
MAT 21:3 အယ်ဘီးဟှာ ယော့‑က်ယော့‑က်ဟှ နန်းနို့လေဟှို တခုခု မေးမယ် ဆိုဟှာ ‘သခင်ဘုရား လိုရှိဟှယ်’ ဆိုဘီး ပ္လန်ပြောဂေ့ပါ။ အယ်ဆိုဟှာ မြည်းဟှို ရှစ်ရှင်းပေးလိုက်လေ့မယ်” ဆိုဘီး မှာလိုက်လေဟှယ်။
MAT 21:4 ပရောဖက် ဟောပြောဟှားဟှူ ကြောန်းရာလေဟှာ ပ္လဲ့ဇောင်လာဇာဟှ
MAT 21:5 “ဇိအုန်ဗြို့ဟှို ပြောပါ။ ကေ့ရှုပါ။ နန့်ရဲ့ မန်းဂီးဟှာ နန့်နားဟှို ကြွလာတော်မူဘီ! သူဟှာ နူးညံ့ဟှယ်။ အယ်ဘီးဟှာ မြည်းဟှို စီးတော်မူလေဟှယ်။ အယ်ဘီးဟှာ မြည်းသားဂန်းဟှို စီးတော်မူလေဟှယ်” ဆိုဘီး ဖြစ်လာလေဟှယ်။
MAT 21:6 အယ်ကြောန့် တဗဲ့တော်လေဟှ ထွပ်ဟှားဘီးဟှာ ယေရှုမိန့်မှာဟှူတိုင်း လောက်ဆောန်ဂေ့လေဟှယ်။
MAT 21:7 သူးနို့လေဟှာ မြည်းမန မြည်းသားဂန်းဟှို ယူလာဘီးဟှာ ယေရှုထိုင်တော်မူဟှို့တွပ် သူးနို့လေရဲ့ ဝတ်လေဟှို တန်ဂေ့လေဟှယ်။
MAT 21:8 ကီးမားဟှူ လူအောက်ဂီးဟှာ သူးနို့ဝတ်လေဟှို လမ်းမာ ခန်းဟှားဂေ့လေဟှယ်။ တချို့ဟှ သစ်ပန်ဟှ သစ်ခတ်လေဟှို ခွတ်ဘီးဟှာ လမ်းမာ ခန်းဂေ့လေဟှယ်။
MAT 21:9 ယေရှုရဲ့ ရှေ့န နော့‑က်မာ လိုက်လာဂေ့ဟှူ လူအောက်ဂီးဟှ “ဒါဝိဒ်ရဲ့ သားတော် ဟောရှဏ္ဏဖြစ်ပါစေ! ဘုရားသခင်ရဲ့ နာမန ကြွလာဟှူ သခင်ဟှာ မင်္ဂလာရှိပါစေ! ဗြင့်ဆောင်းဟှူ နေရာမာ ဟောရှဏ္ဏဖြစ်စေပါ!” ဆိုဘီး ကြွေးကြော်ဂေ့လေဟှယ်။
MAT 21:10 ယေရှုဟှာ ယေရုရှလင်ဗြို့ထဲဟှို ဝမ်လာဟှူ ခီမာ တဗြို့လောင်းဟှာ အောက်အောက်သဲသဲ ဖြစ်ဟှားဂေ့ဟှယ်။ လူလေဟှ “အယ်သူဟှ ဖယ်သူနူး” ဆိုဘီး မေးဂေ့လေဟှယ်။
MAT 21:11 လူအောက်ဂီးဟှ “အယ်သူဟှာ ဂါလိလဲပြည် နာဇရက်ဗြို့ဟှ ပရောဖက် ယေရှုဖြစ်ဟှယ်” ဆိုဘီး ဖြေဂေ့လေဟှယ်။
MAT 21:12 ယေရှုဟှာ ဗိမာန်တော်ဟှိုဝမ်ဘီး အယ်နေရာမာ ရောန်းဝယ်နေဟှူ လူလေဟှို နှန်ထုတော်မူလေဟှယ်။ ကိုယ်တော်ဟှာ ကပ်လဲမားလေရဲ့ ဗွဲလေန ချိုးငှတ်ရောန်းမားလေရဲ့ ထိုင်ခေါင်လေဟှိုလည်း မှော့‑က်ပစ်လေဟှယ်။
MAT 21:13 အယ်ဘီးဟှာ ကိုယ်တော်ဟှ “‘ငါ့အီတော်ဟှို ဆုတောန်းဟှူ အီတော် ဆိုဘီး ခေါ်ဝေါ်ဂေ့လေ့မယ်’ ဆိုဘီးဟှာ ကျမ်းစာမာ ရေးဟှားဟှယ်။ အယ်ဘေမဲ့ နန်းနို့လေဟှာ အီတော်ဟှို မ္လလေတွပ် ခိုအောန်းဟှူ နေရာ ဖြစ်စေဂေ့ဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 21:14 ဗိမာန်တော်ထဲမာ မျစ်ကန်းလေန ခေသန်ဘဲဟှူ သူလေဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှူကြောန့် ကိုယ်တော်ဟှလည်း သူးနို့ဟှို ကျန်းမာစေတော်မူလေဟှယ်။
MAT 21:15 ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းပြုဆရာလေဟှာ ကိုယ်တော်ပြုဟှူ အံ့ဩဘွယ်မှုရာလေဟှို ဗြင်ဟှားဘီး သားဂန်းဟှားလေဟှလည်း “ဒါဝိဒ်ရဲ့သားတော် ဟောရှဏ္ဏဖြစ်ပါစေ!” ဆိုဘီး ဗိမာန်တော်ထဲမာ ကြွေးကြော်ဂေ့ဟှူ ခီမာ သူးနို့ဟှာ စိဆိုးဂေ့လေဟှယ်။
MAT 21:16 အယ်ကြောန့် သူးနို့ဟှ “အယ်သားဂန်းဟှားလေ ကြွေးကြော်နေဂေ့ဇာဟှို ကြားဘဲ့လော” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်ဂေ့လေဟှယ်။ ယေရှုဟှ “ငါကြားဟှယ်။ ‘သားဂန်းဟှားလေန နို့စို့ဟှားလေရဲ့ နှောက်ထဲဟှ ချီးမွမ်းဇာဟှို ပြင်ဆင်တော်မူဘီ’ ဆိုဘီး ရေးဟှားဟှူ ကျမ်းစာဟှို နန်းနို့ဖတ်ဖူးဂေ့ဟှလော” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 21:17 အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို ထားရစ်ဘီး ဗြို့ထဲဟှထွပ်ဟှားဟှယ်။ ဗေသနိဝါဟှို ကြွားဟှားဘီး အယ်နေရာမာ တညဉ့်တဲခိုတော်မူလေဟှယ်။
MAT 21:18 ယေရှုဟှာ မိုးလန်းစောစောဂီး ဗြို့ဟှို ပ္လန်ကြွလာဟှူ ခီမာ ဗိုက်ဆာတော်မူလေဟှယ်။
MAT 21:19 ကိုယ်တော်ဟှာ လမ်းဘေးမာ သဖန်းဗန်တဗန်ဟှို ဗြင်ဘီး အယ်ပန်နားဟှို ကြွတော်မူလေဟှယ်။ အယ်ဘေမဲ့ ပန်ထတ်မာ ဝပ်လေဟှိုဘဲ့ တွိဟှူကြောန့် ကိုယ်တော်ဟှ “နန်ဟှာ ခုခီဟှနေစဘီး ကာလစဉ်ဆစ် လောင်းဝ သီးသီးစေန!” ဆိုဘီး အယ်ပန်ဟှို မိန့်တော်မူလေဟှယ်။ အယ်မူခီမာ သဖန်းဗန်ဟှာ တခါဒဲ သွိခြော့‑က်ဟှားလေဟှယ်။
MAT 21:20 တဗဲ့တော်လေဟှာ အယ်မူဇာဟှို ဗြင်ဘီးဟှာ အံ့ဩဂေ့လေဟှယ်။ သူးနို့ဟှ “သဖန်းဗန်ဟှာ ဖယ်မျိုးဖြစ်ဟှူကြောန့် တခါဒဲ သွိခြော့‑က်ဟှားရနူး” ဆိုဘီး သူးနို့ရှင်းရှင်း မေးဂေ့လေဟှယ်။
MAT 21:21 ယေရှုဟှ “ငါ မှန်ပြောမယ်၊ နန်းနို့လေဟှာ သံသယမှေ့ဘဲန ယောင်ကြည်မယ် ဆိုဟှာ သဖန်းဗန်ဟှို ငါပြုဟှူမျိုး နန်းနို့ပြုနိုင်ဘီး အယ်ထတ်မက အယ်တောန်ဟှို ‘အယ်နေရာဟှနေရွေ့ဘီး ပန်လယ်ထဲဟှို က္လစေ’ ဆိုဘီး ပြောမယ် ဆိုဟှာ ပြောဟှူတိုင်း ဖြစ်လေ့မယ်။
MAT 21:22 နန်းနို့လေ ယောင်ကြည်မယ် ဆိုဟှာ တောန်းလျှော့‑က်ဟှူမျှဟှို ရဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 21:23 ယေရှုဟှာ ဗိမာန်တော်ဟှို ပ္လန်ကြွလာဘီး သွန်သန်နေခီမာ ယဇ်ပုရောဟိတ်ဂီးလေန ဘာသာရေးခေါန်းဆောန်လေဟှ ကိုယ်တော်နားဟှို လာဂေ့ဘီး “ကိုယ်တော်ဟှာ အယ်မူဇာလေဟှို ဖယ်သူ့ရဲ့ ခွမ့်အာဏာန ပြုလောက်ပါနူး၊ အယ်ခွမ့်အာဏာဟှို ဖယ်သူပေးအပ်နူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
MAT 21:24 ယေရှုဟှ “နန်းနို့လေဟှို မေးခွန်းတခု ငါမေးအူးမယ်။ အယ်မေးခွန်းဟှို နန်းနို့ဖြေမယ် ဆိုဟှာ အယ်မူဇာလေဟှို ဖယ်သူ့ခွမ့်အာဏာန ငါလောက်ဟှယ် ဆိုဇာဟှို ငါပြောမယ်။
MAT 21:25 ယောဟန်ရဲ့ ဗတ္တိဇံဟှ ဖယ်နေရာဟှနေ ဖြစ်လာဟှယ်နူး ကောန်းဂန်ဟှနေ ဖြစ်လာဇာလော အယ်မျိုးမှုဘဲနေဟှာ လူလေဟှနေ ဖြစ်လာဇာလော” ဆိုဘီး မေးတော်မူလေဟှယ်။ သူးနို့လေဟှာ “နို့လေဖြားမျိုးပြောရမယ်နူး။ ‘ဘုရားသခင်ဟှနေ ဖြစ်လာဟှယ်’ ဆိုဘီး နို့လေဖြေလိုက်မယ် ဆိုဟှာ နန်းနို့ဟှာ ဖြားဖြစ်ကြောန့် ‘ယောဟန်ဟှို ယောင်ကြည်ဂေ့ဘဲနေရနူး’ ဆိုဘီး သူဟှ နို့လေဟှို မေးလေ့မယ်။
MAT 21:26 အယ်ဘေမဲ့ ‘လူလေဟှနေ ဖြစ်လာဟှယ်’ ဆိုဘီး နို့လေဖြေလိုက်မယ် ဆိုဟှာလူလေ ဂူလောင်းဟှာ ယောဟန်ဟှို ပရောဖက်တပါး ဖြစ်ဟှယ် ဆိုဘီး ယောင်ကြည်ဂေ့ဟှိကြောန့် လူလေဟှိုလည်း ကြော့‑က်ရဟှယ်” ဆိုဘီး သူးနို့ရှင်းရှင်း ဆွေးနွေးဂေ့လေဟှယ်။
MAT 21:27 အယ်ကြောန့် သူးနို့ဟှ ယေရှုဟှို “ကျွန်တော်ဟှားလေ သိဂေ့ဟှ” ဆိုဘီး ပ္လန်လျှော့‑က်ဂေ့လေဟှယ်။ အယ်န ယေရှုဟှ “ငါပြုဟှူအယ်မူဇာလေဟှို ဖယ်သူ့ခွမ့်အာဏာန ပြုဟှယ်ဆိုဇာဟှိုလည်း ငါပြောဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 21:28 “နန်းနို့လေ ဖယ်မျိုးထန်မှတ်ဂေ့နူး။ လူတယော့‑က်မာ သားနှေ့ယော့‑က်ရှိလေဟှယ်။ သူဟှာ သားဂီးနားဟှို သွားဘီးဟှာ ‘ငါ့သား၊ အယ်နေ့ စဗျစ်ခြံဟှို သွားဘီးဟှာ လောက်လောက်ပါ’ ဆိုဘီး ပြောလေဟှယ်။
MAT 21:29 သားဂီးဟှ ‘ကျွန်တော်သွားနိုဟှ’ ဆိုဘီး ပ္လန်ဖြေလေဟှယ်။ အယ်ဘေမဲ့ သူ့ရဲ့စိဟှာ ပ္လောန်းလဲဘီးဟှာ ခြံထဲဟှို သွားလေဟှယ်။
MAT 21:30 အယ်န ဖဟှ သားငယ်နားဟှို သွားဘီး အယ်မျိုးဘဲ့ ပြောလေဟှယ်။ အယ်သားဟှ ‘သွားပါမယ်၊ သခင်’ ဆိုဘီး ပြောဘေမဲ့လည်း သွားဘဲန နေလေဟှယ်။
MAT 21:31 အယ်သား နှေ့ယော့‑က်မာ ဖယ်သူဟှ သူ့ဖရဲ့ လိုဟှို လောက်ဆောန်ဟှယ်နူး” ဆိုဘီး မေးတော်မူလေဟှယ်။ သူးနို့လေဟှ “သားဂီး” ဆိုဘီး ဖြေဂေ့လေဟှယ်။ အယ်ကြောန့် ယေရှုဟှ “ငါ မှန်ပြောမယ်၊ အခွန်ကော့‑က်မားလေန ကောန်းဘဲဟှူ မီးမလေဟှာ နန်းနို့ထတ်ဦးဘီး ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်ဂေ့လေဟှယ်။
MAT 21:32 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဗတ္တိဇံ ယောဟန်ဟှာ ဖြောန့်မတ်ဟှူ လမ်းအားဖြင့် နန်းနို့လေနားဟှို လာဘီး မှန်ဟှူလမ်းဟှို ပြဟှူလည်းဘဲ့ နန်းနို့လေဟှာ သူ့ဟှို ယောင်ကြည်ဂေ့ဟှ။ အယ်ဘေမဲ့ ခွန်ကော့‑က်မားလေန ကောန်းဘဲဟှူ မီးမလေဟှာ ယောင်ကြည်ဂေ့လေဟှယ်။ အယ်မူဇာလေဟှို ဗြင်ရဟှူ ခီမာလည်းဘဲ့ နန်းနို့လေဟှာ ယောင်ကြည်ဟှို့တွပ် စိပ္လောန်းလဲဂေ့ဟှ။”
MAT 21:33 ယေရှုဟှ “တခြားပေါင်ဥပမာတခုဟှို နားထောင်ဂေ့။ စဗျစ်ခြံဟှို စိုက်ပျိုးဟှူ မ္လေဇရှင်တယော့‑က် ရှိလေဟှယ်။ သူဟှာ ခြံစည်းရိုးဟှို ကာဘီး စဗျစ်သီးနယ်ဟှို့တွပ် တွမ်းဟှို တူးလေဟှယ်။ အယ်ဘီးဟှာ မျှော်စင်တခုဟှိုလည်း ဆော့‑က်လေဟှယ်။ အယ်ဘီးမှ သူဟှာ စဗျစ်ခြံဟှို ခြံလောက်မားလေဟှို ငှားဘီးဟှာ ခရီးထွပ်ဟှားလေဟှယ်။
MAT 21:34 စဗျစ်သီးပေါ်ခီ ရော့‑က်ဟှူ ခီမာ စဗျစ်သီးယူဟှို့တွပ် သူ့စေခံလေဟှို ခြံလောက်မားလေနားဟှို စေလွှတ်လေဟှယ်။
MAT 21:35 ခြံလောက်မားလေဟှာ အယ်သူရဲ့ စေခံလေဟှို ဖမ်းဘီးဟှာ တယော့‑က်ဟှို ရိုက်၊ တယော့‑က်ဟှို သတ်ဘီး တယော့‑က်ဟှို က္လော့‑က်ခဲန ပစ်လေဟှယ်။
MAT 21:36 နော့‑က်ထပ်ခါ ခြံဇရှင်ဟှ ရင်ဟှထပ်များဟှူ စေခံလေဟှို လွှတ်လိုက်ဟှယ်။ ခြံလောက်မားလေဟှာ အယ်မူတိုင်းဘဲ့ လောက်ဂေ့လေဟှယ်။
MAT 21:37 ခြံဇရှင်ဟှ ‘အယ်သူလေဟှာ ငါ့သားဟှို လေးစားဂေ့လေ့မယ်’ ဆိုဘီး နော့‑က်ဆောင်းမာ သူ့သားဟှို စေလွှတ်လေဟှယ်။
MAT 21:38 အယ်ဘေမဲ့ ခြံလောက်မားလေဟှာ ဇရှင်ရဲ့သားဟှို ဗြင်ဟှူ ခီမာ ‘အယ်သူဟှာ ဇရှင်ရဲ့သားဖြစ်ဟှယ်။ လာဂေ့။ သူ့ဟှိုသတ်ဘီး သူ့ရဲ့အောက်စာဟှို ယူဂေ့ဇို့!’ ဆိုဘီး သူးနို့ရှင်းရှင်းပြောဂေ့လေဟှယ်။
MAT 21:39 အယ်ကြောန့် သူးနို့ဟှာ စဗျစ်ခြံဇရှင်ရဲ့ သားဟှို ဖမ်းဘီး ခြံပ္လန်ဟှို ဆွဲထုဘီးဟှာ သတ်ဂေ့လေဟှယ်။
MAT 21:40 “အယ်မျိုးဆိုဟှာ စဗျစ်ခြံဇရှင် ရော့‑က်လာဟှူ ခီမာ ခြံလောက်မားလေဟှို ဖယ်မျိုးလောက်လေ့မယ်နူး” ဆိုဘီး မေးတော်မူလေဟှယ်။
MAT 21:41 သူးနို့ဟှ “စဗျစ်ခြံဇရှင်ဟှာ အယ်လူဆိုးလေဟှို သေသတ်ပါလေ့မယ်။ အယ်ဘီးဟှာ ခြံဟှိုလည်း စဗျစ်သီး သီးဟှူ ခီမာ ခြံဇရှင်ဟှို ပေးဟှူ ခြံလောက်မားလေဟှိုဘဲ့ ငှားပါလေ့မယ်” ဆိုဘီး ဖြေဂေ့လေဟှယ်။
MAT 21:42 ယေရှုဟှ “ကျမ်းစာဟှို နန်းနို့လေ ဖတ်ဖူးဟှလော၊ “‘တိုက်ဆော့‑က်မားလေ ဖယ်ဟှားဟှူ က္လော့‑က်ဟှာ တိုက်ရဲ့ ထိဖျားဟှို ရော့‑က်လေဟှယ်။ အယ်မှုဟှာ ဘုရားသခင်အားဖြင့် ဖြစ်လာဘီး၊ နို့လေရဲ့ မျစ်စိရှေ့မာလည်း အံ့ဩဘွယ်ရာ ဖြစ်ဟှယ်!’
MAT 21:43 “အယ်ကြောန့် နန်းနို့လေဟှို ငါပြောမယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို နန်းနို့လေဟှနေဘီး ရောက်သီးဘီးဟှာ နိုင်ငံတော်ရဲ့ သီးဟှို သီးမယ့်လူမျိုးလေဟှို ပေးလေ့မယ်။” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 21:44 
MAT 21:45 ယေရှုရဲ့ ပေါင်ဥပမာစကားဟှို ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေ ကြားဟှူ ခီမာ သူးနို့လေကြောန်းဟှို မိန့်တော်မူဟှယ် ဆိုဇာဟှို သိဂေ့လေဟှယ်။
MAT 21:46 ယေရှုဟှို ဖမ်းဟှို့ ကြိုးစားဂေ့လေဟှယ်။ အယ်ဘေမဲ့ လူအောက်ဂီးဟှ ကိုယ်တော့်ဟှို ပရောဖက်ဖြစ်ဟှယ် ဆိုဘီး ထန်မှတ်ဂေ့ကြောန့် သူးနို့ဟှာ လူလေဟှို ကြော့‑က်ဂေ့ဟှယ်။
MAT 22:1 နော့‑က်ထပ် ယေရှုဟှ ပေါင်ဥပမာဟှို သောင်းပြုဘီးဟှာ လူလေဟှို မိန့်တော်မူလေဟှယ်။
MAT 22:2 “ကောန်းဂန်နိုင်ငံတော်ဟှာ သူ့ရဲ့သားတွပ် မင်္ဂလာပွဲဟှို ပြင်ဆင်ဟှားဟှူ မန်းဂီးန တူလေဟှယ်။
MAT 22:3 သူဟှာ ဖိခေါ်ဟှားဟှူ လူလေဟှို ခေါ်ဟှို့တွပ် သူ့ရဲ့ စေခံလေဟှို စေလွှတ်လေဟှယ်။ အယ်ဘေမဲ့ သူးနို့လေဟှာ လာဂေ့ဟှ။
MAT 22:4 အယ်ကြောန့် သူဟှ ‘ငါ့ရဲ့စားဗွဲလည်း ဆင်သင့်ဖြစ်ဘီ။ နွားန ဆူဖြိုးဟှူ လိဆန်လေဟှိုလည်း သတ်ပီးဘီ။ ဂူလောင်း ဆင်သင့်ဖြစ်နေဘီ။ မင်္ဂလာဆောန်ပွဲဟှို ကြွဂေ့ပါ!’ ဆိုဘီး တခြားစေခံလေဟှို စေလွှတ်ဘီးဟှာ ပြောစေလေဟှယ်။
MAT 22:5 အယ်ဘေမဲ့ ဖိခေါ်ဟှားသူလေဟှာ ဂရုစိုက်ဘဲန တယော့‑က်ဟှ လယ်ထဲဟှို သွားလိုက်ဘီး တခြားတယော့‑က်ဟှ သူ့ရဲ့ ကူသယ်လောက်ငန်းဟှို သွားလေဟှယ်။
MAT 22:6 တခြားသူလေဟှလည်း စေခံလေဟှို ဖမ်းဘီး ရိုက်ဘီး သတ်ဂေ့လေဟှယ်။
MAT 22:7 အယ်ကြောန့် မန်းဂီးဟှာ ရရာတိုင်း ဒေါသဖြစ်ဘီး သူ့ရဲ့ စစ်သားလေဟှို လွှတ်ဘီးဟှာ အယ်လူသတ်မားလေဟှို သတ်စေဘီး သူးနို့ဗြို့ဟှိုလည်း မီးရှို့စေလေဟှယ်။
MAT 22:8 အယ်ဘီးန သူဟှာ စေခံလေဟှို ခေါ်ဘီး ‘မင်္ဂလာဆောန်ပွဲ ဆင်သင့်ဖြစ်နေဘီ။ အယ်ဘေမဲ့လည်း ဖိခေါ်ဟှားသူလေဟှာ အယ်ပွဲန ထိုက်တန်ဟှ။
MAT 22:9 လမ်းမဂီးလေဟှို သွားဘီးဟှာ နန်းနို့တွိမျှဟှူ လူလေဟှို ခေါ်ဖိဂေ့’ ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 22:10 အယ်ကြောန့် စေခံလေဟှာ လမ်းမလေဟှို သွားဘီးဟှာ တွိမျှဟှူလူဆိုး၊ လူကောန်းလေဟှို ဖိခေါ်လေဟှယ်။ မင်္ဂလာခန်းမလည်း လူလေန ပ္လဲ့ဟှားလေဟှယ်။
MAT 22:11 “မန်းဂီးဟှာ ဧည့်သယ်လေဟှို ကေ့ရှုဟှို့တွပ် ကြွလာခီမာ မင်္ဂလာဆောန်ပွဲရဲ့ ဝတ်ဟှို ဝတ်ဘဲဟှူ လူတယော့‑က်ဟှို ဗြင်ဟှားလေဟှယ်။
MAT 22:12 မန်းဂီးဟှ ‘မိဆွေ၊ မင်္ဂလာဆောန်ဗွဲရဲ့ ဝတ်ဟှို ဝတ်ဘဲန ဖြားဖြစ်ကြောန့် ဝမ်လာနူး’ ဆိုဘီး မေးလေဟှယ်။ အယ်ဘေမဲ့ အယ်သူဟှာ ဖြားလည်းပ္လန်ဖြေဟှ။
MAT 22:13 အယ်ခီမာ မန်းဂီးဟှ စေခံလေဟှို ‘အယ်သူရဲ့ ခေနလတ်ဟှို တောက်ဘီးဟှာ ပ္လန်ရပ် မှောန်မိုက်ထဲဟှို ပို့လိုက်ဂေ့။ အယ်မူနေရာမာ သူဟှာ ငိုကြွေးဘီး အံသွားခဲက္လိနေရလေ့မယ်’ ဆိုဘီး ပြောလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 22:14 အယ်ဘီးန ယေရှုဟှ “ဖိခေါ်ခံရဟှူ သူလေ ဘောင်းဂီးရှိဘေမဲ့လည်း ဝီးကော့‑က်ခံရဟှူ သူလေဟှာ နဲလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 22:15 အယ်ဘီးန ဖာရိရှဲလေဟှာ ထွပ်ဟှားဘီး ကိုယ်တော်ရဲ့စကားဟှို ဖယ်မျိုး ထောန်ချော့‑က်ဆင်ဘီး မေးမြန်းရမယ် ဆိုဇာဟှို ကြံစည်ဂေ့လေဟှယ်။
MAT 22:16 သူးနို့လေဟှာ သူးနို့ရဲ့ တဗဲ့လေဟှို ဟေရုဒ်ရဲ့ လူလေနတူးဒူး ကိုယ်တော်နားဟှို စေလွှတ်လိုက်ဟှယ်။ သူးနို့ဟှ “ဆရာ၊ ကိုယ်တော်ဟှာ သမ္မာတရားဟှို ပြောဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ သိပါဟှယ်။ ဖယ်သူ့ဟှိုမှလည်း ကြော့‑က်ဘဲန၊ လူလေရဲ့ မျစ်နှာဟှိုလည်း ထော့‑က်ဘဲန ဘုရားသခင်ရဲ့ တရားလမ်းဟှို သွန်သန်လေဟှယ်။
MAT 22:17 အယ်ကြောန့် ကိုယ်တော်ဟှ ဖယ်မျိုး ထန်မှတ်ပါနူး။ ကျွန်တော်ဟှားလေဟှို မိန့်တော်မူပါ။ ကဲသာမန်းဂီးဟှို ခွန်ဆစ်သဇာဟှာ ပညတ်တော်န ညီဘဲ့လော။ အယ်မျိုးမှုဘဲဟှ ညီဟှလော” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 22:18 အယ်ဘေမဲ့လည်း ယေရှုဟှာ အယ်သူလေရဲ့ ဆိုးညစ်ဟှူ ကြံစည်ဟှို သိဟှိကြောန့် “သူတော်ကောန်း ယောန်ဆောန်ဟှူသူလေ! ဖြားဖြစ်ကြောန့် ငါ့ဟှို ထောန်ချော့‑က်ဆင်ဟှို့ ကြိုးစားနေဂေ့ဟှယ်နူး။
MAT 22:19 ခွန်ဆစ်သဟှို့တွပ် ဒန်းဂါးတပ္လားဟှို ပြကေ့ကေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူးနို့လေဟှာ ဒေနာရိတပ္လားဟှို ယူလာဘီး ကိုယ်တော့်ဟှို ပေးလေဟှယ်။
MAT 22:20 ကိုယ်တော်ဟှ “အယ်မူဇာဟှ ဖယ်သူ့ရောက်ပေါင်န ဖယ်သူ့ကြောန်းရာနူး” ဆိုဘီး မေးတော်မူလေဟှယ်။
MAT 22:21 သူးနို့ဟှ “ကဲသာမန်းဂီးရဲ့ပေါင်န ကဲသာမန်းဂီးရဲ့ ကြောန်းရာဖြစ်ပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်ဂေ့လေဟှယ်။ အယ်ကြောန့် ယေရှုဟှ “အယ်ဆိုဟှာ ကဲသာမန်းဂီးရဲ့ အောက်စာဟှို ကဲသာမန်းဂီးဟှို ပေးဂေ့။ ဘုရားသခင်ရဲ့ အောက်စာဟှို ဘုရားသခင်ဟှို ပေးဂေ့” ဆိုဘီး မိန့်တော်မူဟှယ်။
MAT 22:22 သူးနို့ဟှာ အယ်မျိုးကြားဟှူ ခီမာ သူးနို့ဟှာ ရရာတိုင်း အံ့ဩဂေ့ဘီးဟှာ ကိုယ်တော်နားဟှ ထွပ်ဟှားဂေ့လေဟှယ်။
MAT 22:23 အယ်နေ့မာဘဲ့ ရှင်ပ္လန်ထမြော့‑က်ဟှူဇာ မှေ့ဟှ ဆိုဘီးဟှာ လတ်ခံဟှားဟှူ ဇဒ္ဒုကဲတချို့ဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။
MAT 22:24 အယ်သူလေဟှ “ဆရာ၊ လူတယော့‑က်ဟှာ သားမီးမှေ့ဘဲန သေဟှားမယ် ဆိုဟှာ နောန်ရဲ့မယားဟှို သူ့ညီဟှ ပေါန်းသင်းရမယ်။ ရလာဟှူ သားမီးလေအားဖြင့် သူ့နောန်ရဲ့ မျိုးနွယ်ဟှို ဆစ်ခံပေးရမယ် ဆိုဘီး မောရှေဟှ မိန့်မှာဟှားပါဟှယ်။
MAT 22:25 ကျွန်တော်ဟှားလေမာ ညီကို ခွန်နှေ့ယော့‑က်ရှိပါဟှယ်။ နောန်ဂီးဆောင်းဟှ အီထောန်က္လဘီးဟှာ သားမီးလေမှေ့ဘဲန သေဆောင်းဟှားဟှယ်။ အယ်ကြောန့် သူ့ရဲ့ မယားဟှို သူ့ညီဟှ ပေါန်းသင်းရပါဟှယ်။
MAT 22:26 ဒုတိယညီ၊ တတိယညီဟှနေ ခွန်နှေ့ယော့‑က်ထိ အယ်မျိုးဘဲ့ဖြစ်ဂေ့ဟှယ်။
MAT 22:27 နော့‑က်ဆောင်းမာ အယ်မီးမလည်း သေဆောင်းဟှားပါဟှယ်။
MAT 22:28 အယ်ဆိုဟှာ ရှင်ပ္လန်ထမြော့‑က်ဟှူနေ့မာ အယ်မီးမဟှာ ညီကို ခွန်နှေ့ယော့‑က်ထဲမာ ဖယ်သူရဲ့ မယားဖြစ်မယ်နူး။ သူးနို့လေ ဂူလောင်းဟှာ အယ်မီးမန ပေါန်းသင်းဟှားဂေ့ဟှယ်” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 22:29 ယေရှုဟှ “ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ကျမ်းစာဟှို နားလည်းဂေ့ဟှ။ ဘုရားသခင်ရဲ့ တဂိုးတော်ဟှိုလည်း သိဂေ့ဟှ။ အယ်ကြောန့် နန်းနို့ဟှာ ရရာတိုင်း လွဲမှားဂေ့လေဟှယ်!
MAT 22:30 ရှင်ပ္လန်ထမြော့‑က်ဟှူ ကာလမာ လူလေဟှာ ကောန်းဂန်တမန်လေမျိုးဘဲ့ ဖြစ်ဟှားဘီး အီထောန်ပြုဇာလေမှေ့ဘီ။
MAT 22:31 သေဟှားလူလေရဲ့ ရှင်ပ္လန်ထမြော့‑က်ဟှူ ကြောန်းရာန ပတ်သတ်ဘီး ဘုရားသခင် ပြောဟှားဇာဟှို နန်းနို့ဖတ်ဖူးဟှလော။ ဘုရားသခင်ဟှ၊
MAT 22:32 ‘ငါဟှာ အာဗြဟံရဲ့ ဘုရားသခင်၊ ဣဇာက်ရဲ့ ဘုရားသခင်၊ ယာကုပ်ရဲ့ ဘုရားသခင် ဖြစ်လေဟှယ်’ ဆိုဘီး ဘုရားသခင်ဟှ မိန့်တော်မူဟှားဟှယ်။ ကိုယ်တော်ဟှာ သေဟှူလူလေရဲ့ ဘုရား မှုဟှ။ သတ်ရှင်နေဟှူ လူလေရဲ့ ဘုရားဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 22:33 အယ်မျိုး သွန်သန်ရှင်းဟှို လူအောက်ဂီးဟှာ ကြားဟှူ ခီမာ အံ့ဩဂေ့လေဟှယ်။
MAT 22:34 ယေရှုဟှ ဇဒ္ဒုကဲလေဟှို ဇာတ်ပေါ့‑က်ပိဟှားအောန် ဖြေလိုက်ဟှယ် ဆိုဇာဟှို ဖာရိရှဲလေကြားဟှူ ခီမာ သူးနို့ဟှာ စုဝေးလာဘီး၊
MAT 22:35 သူးနို့လေထဲဟှ ကျမ်းတတ်ဆရာ တယော့‑က်ဟှ ကိုယ်တော့်ဟှို မေးခွန်းတခုန ထောန်ချော့‑က်ဆင်ဟှို့တွပ် ကြိုးစားလေဟှယ်။
MAT 22:36 “ဆရာ၊ ပညတ္တိကျမ်းမာ ဖယ်ပညတ်ဟှာ ကီးမြတ်ဆောင်းဖြစ်ပါနူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
MAT 22:37 ယေရှုဟှ “‘နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စိနှလောင်းကြွင်းမဲ့ ဉာဏ်ရှိဟှူမျှန ရှစ်ပါ။’
MAT 22:38 အယ်ပညတ်ဟှာ ရေးကီးဆောင်းန ကီးမြတ်ဆောင်း ဖြစ်ဟှယ်။
MAT 22:39 ဒုတိယရေးကီးဆောင်း ပညတ်တော်ဟှ ‘နန့်ကိုယ်နန် ရှစ်မျိုးဘဲ့ နန့်ရဲ့ အီဇနီးရှင်းဟှို ရှစ်ပါ။’
MAT 22:40 အယ်မူပညတ်နှေ့ပါးဟှာ မောရှေရဲ့ ပညတ်ကျမ်း တဇောင်လောင်းန ပရောဖက်ကျမ်းလေရဲ့ ချောက်ဘဲ့ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 22:41 ဖာရိရှဲလေ စုဝေးဘီးနေဟှူ ခီမာ ယေရှုဟှ၊
MAT 22:42 “နန်းနို့လေဟှာ မေရှိယဟှို ဖယ်မျိုးထန်မှတ်ဂေ့နူး။ ဖယ်သူရဲ့ သားဖြစ်ဟှယ်နူး” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ အယ်သူလေဟှ “ဒါဝိဒ်ရဲ့ သားတော်ဖြစ်ပါဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 22:43 ယေရှုဟှ “အယ်ဆိုဟှာ ဒါဝိဒ်ဟှ သူ့ဟှို ဝိညာဉ်တော်အားဖြင့် ‘သခင်’ ဆိုဘီး ဖြားဖြစ်ကြောန့်ခေါ်ပါနူး။ ဒါဝိဒ်ဟှ၊
MAT 22:44 “ဘုရားသခင်ဟှ ငါ့ရဲ့ သခင်ဟှို ‘နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေဖွားအော့‑က်မာ ထားခန်ခီထိ ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ’ ဆိုဘီး မိန့်တော်မူဟှယ်။
MAT 22:45 အယ်ဆိုဟှာ ဒါဝိဒ်ဟှာ မေရှိယဟှို ‘သခင်’ ဆိုဘီး ခေါ်ဟှယ် ဆိုဟှာ မေရှိယဟှာ ဖယ်မျိုးဖြစ်ဘီး ဒါဝိဒ်ရဲ့ မ္လေးမ္လစ်ဖြစ်နိုင်မယ်နူး” ဆိုဘီး မေးတော်မူလေဟှယ်။
MAT 22:46 ဖယ်သူလည်းဘဲ့ ကိုယ်တော့်ဟှို ဖြေပ္လန်ပေးဟှို့ တတ်နိုင်ဂေ့ဟှ။ အယ်နေ့ဟှနေစဘီး ဖယ်သူလည်းဘဲ့ ကိုယ်တော့်ဟှို မေးခွန်းမေးရဲဂေ့ဟှမ်း။
MAT 23:1 အယ်ဘီးန ယေရှုဟှာ လူအောက်ဂီးန တဗဲ့တော်လေဟှို မိန့်တော်မူဇာဟှ၊
MAT 23:2 “ကျမ်းပြုဆရာန ဖာရိရှဲလေဟှာ မောရှေရဲ့ ထိုင်ခေါင်မာထိုင်ဘီး ပညတ်ကျမ်းဟှို အနတ်ဖွမ့်ဟှို့ ခွမ့်အာဏာရရှိဟှူ သူလေဖြစ်ဟှယ်။
MAT 23:3 အယ်ကြောန့် သူးနို့လေရဲ့ သွန်သန်ဟှူ ရာလေဟှို လိုက်နာဘီး ကျင့်သောင်းဂေ့။ အယ်ဘေမဲ့လည်း သူးနို့လေ ကျင့်ဟှူတိုင်း လိုက်ကျင့်ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ သူများဟှို သွန်သန်ဘီး သူးနို့ကိုယ်တိုင်ကျင့်ဂေ့ဟှ။
MAT 23:4 သူးနို့လေဟှာ လေးလံဘီး ထမ်းရခတ်ဟှူ ဝန်ထောက်လေဟှို လူလေရဲ့ ခေါန်းထတ်ဟှို တန်တတ်လေဟှယ်။ အယ်ဘေမဲ့ သူးနို့ကိုယ်တိုင်ဟှ အယ်ဝန်ထောက်လေဟှို လတ်ဖျားန ထိရှင်ဂေ့ဟှ။
MAT 23:5 သူးနို့လောက်ဟှူဇာလေဟှို လူလေဗြင်ဟှို့ဘဲ့ လောက်တတ်ဂေ့လေဟှယ်။ သူးနို့လေရဲ့ နဖူးလေန လတ်မောန်းလေထတ်မာ ကျမ်းစာလတ်ဖွဲ့လေဟှို ကီးကီးမားမား လောက်ဘီးဟှာ ဝတ်တတ်ဂေ့လေဟှယ်! သူးနို့လေရဲ့ ဝတ်လောင်မာ ပန်းဗွား ဟှိုလည်း ကီးကီးမားမား ချောက်ဘီးဟှာ တတ်ဂေ့လေဟှယ်!
MAT 23:6 စားသော့‑က်ဗွဲလေမာလည်း ကောန်းဆောင်းနေရာလေန ဝါလယ်ဇရပ်လေမာလည်း မြင့်မြတ်ဟှူ နေရာလေဟှိုဘဲ့ နှစ်သက်လေဟှယ်။
MAT 23:7 ရိုးရိုသေးသေန နှောက်ဆစ်ဇာဟှို လတ်ခံရှင်ဘီး ‘ဆရာ’ ဆိုဘီး ခေါ်ခံရဇာဟှို နှစ်သက်ဂေ့လေဟှယ်။
MAT 23:8 နန်းနို့လေဟှာ ‘ဆရာ’ ဆိုဘီး ခေါ်ခံဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ ဂူလောင်းဟှာ ညီကိုလေ ဖြစ်ဘီး နန်းနို့လေမာ ဆရာတပါးဒဲဘဲ့ ရှိလေဟှယ်။
MAT 23:9 မ္လေဂီးထတ်မာ ဖယ်သူ့ဟှိုမှလည်း ‘ဖ’ ဆိုဘီး ခေါ်ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ နန်းနို့လေရဲ့ ‘ဖ’ တပါးဒဲဘဲ့ ရှိလေဟှယ်။
MAT 23:10 နန်းနို့လေဟှာ ခေါန်းဆောန်ဆိုဘီး ခေါ်ခံဂေ့န။ နန်းနို့လေရဲ့ ခေါန်းဆောန်ဟှာ ခရစ်တော် တပါးဒဲဘဲ့ဖြစ်ဟှယ်။
MAT 23:11 နန်းနို့လေထဲမာ ကီးဆောင်းဖြစ်ဟှူ သူဟှာ နန်းနို့ရဲ့ စေခံဖြစ်ရမယ်။
MAT 23:12 ကိုယ့်ကိုယ်ကိုယ် ချီးမြှော့‑က်ဟှူသူဟှာ နှိခ္လခံရလေ့မယ်။ ကိုယ့်ကိုယ်ကိုယ် နှိခ္လဟှူသူဟှာ ချီးမြော့‑က်ခံရလေ့မယ်။”
MAT 23:13 သူတော်ကောန်း ယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! ကောန်းဂန်နိုင်ငံတော်ရဲ့ ခွဗော့‑က်ဟှို လူလေရှေ့မာ ပိဟှားဘီး နန်းနို့ကိုယ်တိုင်လည်း ဝမ်ဟှ။ ဝမ်ဟှို့ ကြိုးစားနေဟှူ သူလေဟှိုလည်း ဝမ်ဟှို့ ခွမ့်ပေးဟှ!
MAT 23:14 
MAT 23:15 သူတော်ကောန်း ယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! လူတယော့‑က်ဟှို ဘာသာသွမ်းဟှို့တွပ် ကူးကြောန်း၊ ရေကြောန်း လှည့်လည်တတ်လေဟှယ်! ဘာသာဝမ်ဘီးဟှူ သူလေဟှိုလည်း နန်းနို့လေထတ် နှေ့ဆဟှူ ငရဲသား ဖြစ်စေလေဟှယ်!
MAT 23:16 “လမ်းပြဟှူလူကန်းလေ၊ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! ‘ယော့‑က်ယော့‑က်ဟှ ဗိမာန်တော်ဟှို တိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ အယ်ကီဆိုမှုဟှာ တည်ဟှ။ ဗိမာန်တော်ရဲ့ ရွှေဟှို တိုင်တယ်ဘီးကီမှဘဲ့ တည်ဟှယ်’ ဆိုဘီး နန်းနို့ပြောတတ်လေဟှယ်။
MAT 23:17 လူမိုက်လူကန်းလေ! ဖယ်ရာဟှ ပိုဘီး ရေးကီးဟှယ်နူး ရွှေဟှ ရေးကီးဟှယ်လော၊ ရွှေဟှို သန့်ရှင်းစေဟှူ ဗိမာန်တော်ဟှ ရေးကီးဟှယ်လော။
MAT 23:18 အယ်ဘီးဟှာ ‘ယဇ်ပလ္လင်ဟှိုတိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ အယ်ကီဆိုမှုဟှ တည်ဟှ။ ယဇ်ပလ္လင်ထတ်မာရှိဟှူ ပူဇော်သကာဟှို တိုင်တယ်ဘီး ကီမှဘဲ့ တည်ဟှယ်’ ဆိုဘီး နန်းနို့ပြောတတ်လေဟှယ်။
MAT 23:19 လူမိုက်လူကန်းလေ! ဖယ်ရာဟှ ပိုဘီး ရေးကီးဟှယ်နူး၊ အယ်ပူဇော်သကာဟှဘဲ့ ရေးကီးဟှယ်လော၊ အယ်မျိုးမှုဘဲနေဟှာ အယ်ပူဇော်သကာဟှို သန့်ရှင်းစေဟှူ ယဇ်ပလ္လင်ဟှဘဲ့ ရေးကီးဟှယ်လော။
MAT 23:20 အယ်ကြောန့် ယဇ်ပလ္လင်ဟှို တိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ ယဇ်ပလ္လင်န ယဇ်ပလ္လင်ထတ်မာ ရှိဟှူဇာလေ ဂူလောင်းဟှို တိုင်တယ်ဘီး ကီဆိုဇာဖြစ်ဟှယ်။
MAT 23:21 ဗိမာန်တော်ဟှို တိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ ဗိမာန်တော်န ဗိမာန်တော်မာ ကိန်းဝပ်ဟှူဘုရားသခင်ဟှို တိုင်တယ်ဘီး ကီဆိုဇာဖြစ်ဟှယ်။
MAT 23:22 အယ်ဘီးဟှာ ကောန်းဂန်ဘောင်ဟှို တိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ ဘုရားသခင်ရဲ့ ပလ္လင်တော်န အယ်ပလ္လင်ထတ်မာ ထိုင်တော်မူဟှူသခင်ဟှို တိုင်တယ်ဘီး ကီဇာဖြစ်ဟှယ်။”
MAT 23:23 “သူတော်ကောန်းယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ၊ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ ပန်ဇီး၊ စမွှတ်န ဇီယာလေဟှို ဆယ်ဖို့တဖို့ ပေးဂေ့ဟှယ်။ အယ်ဘေမဲ့ ပညတ်တရားထဲမာ ပိုဘီး ရေးကီးဟှူ တရားမျှတမှု၊ သနားကြင်နာမှုန သစ်စာရှိမှုဟှို လတ်လျူရှုဟှားဂေ့ဟှယ်။ အယ်မူဇာလေဟှို လောက်ရမယ်ဖြစ်ဘီး စဒူးဟှပြောဟှားဇာလေဟှိုလည်း ထားရစ်န။
MAT 23:24 လမ်းပြဟှူလူကန်းလေ! နန်းနို့လေဟှာ ခြင်ကောန်ဟှို စစ်ထုဘီး သော့‑က်ဂေ့ဟှယ်။ အယ်ဘေမဲ့ ကုလားအုတ်ဟှို ကောန်လိုက်မျိုဂေ့လေဟှယ်!”
MAT 23:25 “သူတော်ကောန်း ယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ ခွပ်နစံရဲ့ပ္လန်ဟှိုဘဲ့ စင်ကြယ်စေဘီး နန်းနို့ရဲ့ စိထဲမာ လောဘလွန်ကျူးရှင်းန ကြမ်းဖတ်မှုလေ ပ္လဲ့နေလေဟှယ်။
MAT 23:26 မျစ်စိဗြင်ဘဲဟှူ ဖာရိရှဲလေ! ခွပ်ရဲ့ထဲဟှိုဘဲ့ ရင်စင်ကြယ်စေပါ! အယ်မျိုးဆိုဟှာ ပ္လန်ဟှလည်း စင်ကြယ်ဟှားလေ့မယ်။”
MAT 23:27 “သူတော်ကောန်းယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ ထူးဖ္လူသုဟှားဟှူ သန်းခ္လိုင်းဂူနတူဂေ့ဟှယ်။ အယ်အုဂူလေဟှာ အပ္လန်မာ လှပတင့်တယ် ဘေမဲ့လည်း ထဲမာ ပေါက်ပွနေဟှူ လူသေလေရဲ့ ရိုးစုလေန ပ္လဲ့နေလေဟှယ်။
MAT 23:28 အယ်မျိုးဘဲ့ နန်းနို့လေဟှာ အပ္လန်အားဖြင့် လူလေရှေ့မာ ဖြောန့်မတ်ဟှယ် ဆိုဘီး ထန်ရဟှယ်။ အယ်ဘေမဲ့ နန်းနို့ထဲမာ ဟန်ဆောန်ဟှူ ဇာလေ၊ ဆိုးညစ်ဟှူ ဇာလေန ပ္လဲ့နေလေဟှယ်။”
MAT 23:29 “သူတော်ကောန်းယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ ပရောဖက်လေရဲ့ သန်းခ္လိုင်းအုဂူလေဟှို တည်ဆော့‑က်ဘီး ဖြောန့်မတ်ဟှူသူလေရဲ့ သန်းခ္လိုင်းအုဂူလေဟှို တန်ဆာဆင်ဘီး၊
MAT 23:30 ‘နို့လေဟှာ နို့လေရဲ့ ဘိုးဘေးလေရဲ့ လတ်ထတ်မာ ရှိမယ် ဆိုဟှာ ပရောဖက်လေဟှို သတ်ဖြတ်ဟှို့တွပ် ပါဝမ်သူလေဖြစ်ဟှို့ မှုဟှ’ ဆိုဘီး ပြောဂေ့လေဟှယ်။
MAT 23:31 အယ်ကြောန့် နန်းနို့လေဟှာ ပရောဖက်လေဟှို သတ်ဟှူ မ္လေးမ္လစ်လေ ဖြစ်ကြောန်းဟှို နန်းနို့ကိုယ်တိုင် သတ်သေခံဂေ့ဟှယ်!
MAT 23:32 အယ်ဘီးဟှာ နန်းနို့ရဲ့ ဘိုးဘေးလေ စပြုဟှားဇာဟှို ပီးဆောင်းအောန် ဆစ်ဘီး လောက်ဆောန်ဂေ့ပါ!
MAT 23:33 မွီဗွေးအမျိုးလေ! နန်းနို့လေဟှာ ငရဲမာ ပြစ်စီရင်ခံရရှင်းဟှနေဘီး ဖယ်မျိုး လွတ်လေ့မယ်နူး။
MAT 23:34 အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ နန်းနို့နားဟှို ပရောဖက်လေ၊ ပညာရှိလေ၊ ကျမ်းပြုဆရာလေဟှို ငါစေလွှတ်မယ်။ တချို့လေဟှို သတ်လေ့မယ်။ တချို့လေဟှို လတ်ဝါးကပ်တိုင်မာ တန်သတ်ဂေ့လေ့မယ်။ တချို့လေဟှိုလည်း ဝါလယ်ဇရပ်လေမာ ရိုက်ဘီး တချို့လေဟှို တဗြို့ဘီးတဗြို့ လိုက်ဖမ်းဂေ့လေ့မယ်။
MAT 23:35 အယ်ကြောန့် ဖြောန့်မတ်ဟှူ အာဗေလဟှနေစဘီး ဗိမာန်တော်န ယဇ်ပလ္လင်ကြားမာ နန်းနို့သတ်ဟှားဟှူ ဗာရခိသား ဇာခရိထိအောန် မ္လေဂီးထတ်မာ သွန်းလောန်းဟှူ သူတော်ကောန်းလေရဲ့ သွီးဟှာ နန်းနို့လေထတ်ဟှို သတ်ရော့‑က်လေ့မယ်။
MAT 23:36 ငါ မှန်ပြောမယ်၊ အယ်မူ သတ်ဖြတ်မှုလေတွပ် ပြစ်ဒန်ဟှာ အယ်နေ့ခေတ် လူလေထတ်ဟှို က္လရော့‑က်လေ့မယ်!”
MAT 23:37 “အို၊ ယေရုရှလင်ဗြို့၊ ယေရုရှလင်ဗြို့! နန်ဟှာ ပရောဖက်လေဟှို သတ်ဘီး ဘုရားသခင်စေလွှတ်ဟှူ တမန်လေဟှိုလည်း က္လော့‑က်ခဲန ပစ်လေဟှယ်! ကြစ်မဂီးဟှာ ကြစ်သားဂန်းဟှားလေဟှို သူ့ရဲ့ တွန်အော့‑က်မာ စုဘီးထားဟှူမျိုး ငါဟှာ နန့်ဟှို စုဘီးထားဟှို့တွပ် ခါဘီးခါ လိုရှင်ဟှားဟှယ်!
MAT 23:38 အယ်ကြောန့် နန့်ရဲ့ ဗိမာန်တော်ဟှို ဘုရားသခင်ဟှာ စွန့်ပစ်လေ့မယ်။
MAT 23:39 နန့်ဟှို ငါပြောမယ်။ ‘ဘုရားသခင်ရဲ့ နာမတော်န ကြွလာဟှူသခင်ဟှာ မင်္ဂလာရှိပါစေ’ ဆိုဘီး နန်ပြောခန်ထိ ခုခီဟှနေစဘီး နန်ဟှာ ငါ့ဟှို လောင်းဝဗြင်ရလေ့မယ် မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 24:1 ယေရှုဟှာ ဗိမာန်တော်ဟှနေ ထွပ်လာဟှူ ခီမာ တဗဲ့တော်လေဟှ ဗိမာန်တော်ရဲ့ ဆော့‑က်ဦးလေဟှို ပြဟှို့တွပ် ကိုယ်တော်နားဟှို လာဂေ့ဟှယ်။
MAT 24:2 ကိုယ်တော်ဟှ “အယ်ဆော့‑က်ဦးလေဟှို နန်းနို့လေ ဗြင်ဂေ့ဟှယ် မှုဟှလော။ ငါ မှန်ပြောမယ်။ အယ်နေရာမာ ဖြိုခ္လဇာခံရဘဲန တခြားက္လော့‑က်ထတ်မာ ကျန်ရစ်ဟှူ က္လော့‑က်တလောင်းလည်းမှေ့အောန် က္လော့‑က်လေ ဂူလောင်းဟှို ဖြိုခ္လလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 24:3 ယေရှုဟှာ သံလွင်တောန်ထတ်မာ ထိုင်နေဟှူခီ တဗဲ့တော်လေဟှာ တခြားလူလေပါဘဲန ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ သူးနို့ဟှ “အယ်မူဇာလေဟှာ ဖယ်ခီမာ ဖြစ်မယ်နူး၊ ကိုယ်တော်ကြွလာဟှူခီန ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြားနိမိတ်လေ ဖြစ်ပေါ်လာမယ်နူး၊ ကျွန်တော်ဟှားလေဟှို မိန့်တော်မူပါ” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 24:4 ယေရှုဟှ “နန်းနို့လေဟှို ဖယ်သူလည်း လှည့်ဇားဘဲနေအောန် ဒိထားဂေ့ပါ။
MAT 24:5 လူလေဘောင်ဂီးဟှ ‘ငါဟှာ ခရစ်တော်ဖြစ်ဟှယ်!’ ဆိုဘီး ငါ့နာမဟှို သောင်းဘီးဟှာ လူလေဟှို လှည့်ဇားဂေ့လေ့မယ်။
MAT 24:6 နန်းနို့လေဟှာ စစ်ပွဲလေန စစ်တိုက်ဟှူဒန်းလေဟှို ကြားရဂေ့လေ့မယ်။ အယ်ဘေမဲ့ ကြော့‑က်လန့်ဂေ့န။ အယ်မူဇာလေဟှာ ဖြစ်လာရမယ်။ အယ်ဘေမဲ့ ဆောင်းဟှို ရော့‑က်သေးဟှ။
MAT 24:7 လူမျိုးတမျိုးန တမျိုး၊ တနိုင်ငံန တနိုင်ငံ စစ်ဖြစ်ဂေ့လေ့မယ်။ နေရာနှံ့မာ စာရေဇာ ခေါန်းပါးဘီးဟှာ မ္လေငလျင်လှောက် လေ့မယ်။
MAT 24:8 အယ်မူဇာလေ အားလာင်းဟှာ သားမွီးမျိုး ခံစားရဟှူ နာကျင်မှုရဲ့ စဘဲ့ဖြစ်လေဟှယ်။
MAT 24:9 “အယ်ဘီးဟှာ နန်းနို့လေဟှာ ညှဉ်းဆဲခံရဟှို့ အပ်ခံရဂေ့ဘီး သေသတ်ရှင်းဟှို ခံရဂေ့လေ့မယ်။ နန်းနို့လေဟှာ ငါ့နာမကြောန့် လူမျိုးလေ ဂူလောင်းရဲ့ မူးတီးဂေ့ဇာဟှို ခံရလေ့မယ်။
MAT 24:10 အယ်ခီမာ လူဘောင်ဂီးဟှာ သူးနို့ရဲ့ ယောင်ကြည်မှုဟှို စွန့်ပစ်လေ့မယ်။ သူးနို့ဟှာ ယော့‑က်နယော့‑က် မူးတီးဂေ့ဘီး သစ်စာဖော့‑က်ဂေ့လေ့မယ်။
MAT 24:11 ပရောဖက် တုယောန်လေ ဘောင်ဂီး ပေါ်လာဂေ့လေ့မယ်။ အယ်ဘီးဟှာ လူလေဘောင်ဂီးဟှို လှည့်ဇားလေ့မယ်။
MAT 24:12 ဆိုးညစ်မှုလေ များပြားလာဟှိကြောန့် လူလေရဲ့ ရှစ်မြစ်တာဟှာ ခေါန်းဘားဟှားလေ့မယ်။
MAT 24:13 အယ်ဘေမဲ့ ဆောင်းထိ တည်ကြည်ဟှူသူဟှာ ကယ်တန်ရှင်းဟှို ခံရလေ့မယ်။
MAT 24:14 နိုင်ငံတော်ကြောန်း အယ်ဒန်းကောန်းဟှာ လူမျိုးတိုင်းဟှို သတ်သေဖြစ်ဟှို့တွပ် ကမ္ဘာတခုလောင်းမာ ဟောပြောဂေ့လေ့မယ်။ အယ်ဘီးမှ ဆောင်းဟှာ ရော့‑က်လာလေ့မယ်။
MAT 24:15 “အယ်ကြောန့် နန်းနို့လေဟှာ ပရောဖက်ဒံယေလ ပြောဟှားတိုင်းဘဲ့ ‘ဖျစ်ဆီးတတ်ဘီး ရွံဇာကောန်းဟှူဇာ’ ဟှို ဗြင်ရလေ့မယ်။ အယ်မူဇာဟှာ သန့်ရှင်းဟှူနေရာမာ ရပ်နေလေ့မယ်” (စာဖတ်သူဟှာ အယ်မူဓိပါယ်ဟှို နားလည်ပါစေ!)
MAT 24:16 အယ်ဆိုဟှာ ယုဒပြည်မာရှိဟှူ လူလေဟှာ တောန်ထတ်ဟှို ပ္လေးရမယ်။
MAT 24:17 အီးခေါန်မိုးထတ်မာ ရှိနေဟှူသူဟှ အီထဲဟှ ပစ်စီးလေဟှို ယူဟှို့တွပ် အော့‑က်ဟှို ဆင်းစေန။
MAT 24:18 လယ်ထဲမာရှိဟှူသူဟှာ သူ့ရဲ့ဝတ်လောင်ဟှို ယူဟှို့တွပ် အီဟှို ပ္လန်စေန။
MAT 24:19 အယ်မူနေ့ရစ်လေဟှာ ဗိုက်ရှင်မလေန သားရှင်မိလေဟှာ ရရာတိုင်း ကြော့‑က်လန့်ဂေ့လေ့မယ်!
MAT 24:20 နန်းနို့လေ ထွပ်ပ္လေးရဟှို့ခီဟှာ ဆောန်းကာလန ဒန်းနေ့မာ ဖြစ်ဘဲဟှို့တွပ် ဆုတောန်းဂေ့ပါ!
MAT 24:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကမ္ဘာဦးဟှနေဘီး ခုခီထိ ဖြစ်ဖူးဘဲဟှူ ဆင်းရဲဒေါက်ခလေဟှာ အယ်ကာလမာ က္လရော့‑က်လာလေ့မယ်။ အယ်မျိုးလည်း နော့‑က်တခါဖြစ်လေ့ဟှို့မှုဘီ။
MAT 24:22 ဘုရားသခင်ဟှာ အယ်နေ့ရစ်လေဟှို တိုစေဘဲဟှ ဆိုဟှာ တယော့‑က်လည်းဘဲ့ သတ်ဘေးဟှလွတ်ဟှို့ မှုဟှ။ အယ်ဘေမဲ့ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ လူလေတွပ် အယ်နေ့ရစ်လေဟှို တိုစေတော်မူလေ့မယ်။
MAT 24:23 “အယ်ဘီးဟှာ ယော့‑က်ယော့‑က်ဟှ နန်းနို့ဟှို အယ်မျိုးပြောမယ် ဆိုဟှာ ‘ကေ့ကေ့ပါ။ အယ်နေရာမာ ခရစ်တော်ရှိဟှယ်!’ အယ်မျိုးမှုဘဲနေဟှာ ‘ဟှိုနေရာမာ ခရစ်တော်ရှိဟှယ်!’ ဆိုဟှာ ယောင်ကြည်ဂေ့န။
MAT 24:24 ဖြားဖြစ်နူးဆိုဟှာ မေရှိယ တုယောန်လေန ပရောဖက် တုယောန်လေဟှာ ပေါ်လာဘီး သူးနို့ဟှာ ဖြစ်နိုင်မယ် ဆိုဟှာ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ လူလေဟှိုလည်း လှည့်ဇားဟှို့တွပ် ကီးမားဟှူ နိမိတ်လတ်ခဏာလေန အံ့ဩဘွယ်လေဟှို ပြဂေ့လေ့မယ်။
MAT 24:25 နားထောန်ဂေ့! အယ်မူဇာလေဖြစ်ခန် နန်းနို့လေဟှို ငါပြောဟှားဘီ။”
MAT 24:26 “အယ်ကြောန့် လူလေဟှ ‘ကေ့ကေ့ပါ။ မေရှိယဟှာ တောထဲမာရှိဟှယ်!’ ဆိုဘီး ပြောမယ် ဆိုဟှာ အယ်နေရာဟှို သွားဂေ့န။ ‘အီခန်းထဲမာရှိဟှယ်!’ ဆိုဘီး ပြောမယ် ဆိုဟှာလည်း ယောင်ကြည်ဂေ့န။
MAT 24:27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လျှပ်စီးဟှာ ရှေ့ဟှနေဘီး နော့‑က်ထိလာလန်းမျိုးဘဲ့ လူ့ရဲ့သားဟှာ ကြွလာလေ့မယ်။”
MAT 24:28 “သေကောန်ရှိဟှူ နေရာတိုင်းမာ လင်းတလေ စုဝေးနေဂေ့လေ့မယ်။”
MAT 24:29 “အယ်နေ့ရစ်လေရဲ့ ဆင်းရဲဒေါက်ခလေ က္လရော့‑က်လာဘီးန ရှစ်ရှင်းဘဲ့ နေဟှာ မှောန်မိုက်လေ့မယ်။ လဟှလည်း လန်းရောန်ပေးဟှို့ မှုဟှ။ ကြယ်လေလည်း ကောန်းဂန်ဟှ ကွီက္လလေ့မယ်။ ကောန်းဂန်တဂိုးလေဟှာ လှောက်ခါဂေ့လေ့မယ်။
MAT 24:30 အယ်ဘီးန လူ့သားရဲ့ နိမိတ်လတ်ခဏာဟှာ ကောန်းဂန်မာ ပေါ်ထွပ်လာလေ့မယ်။ လူ့ရဲ့သားဟှာ မိုးတီဟှို စီးဘီး ကီးမားဟှူ ဖောင်းတဂိုးန ကြွလာဟှူဇာဟှို ကမ္ဘာမ္လေမာရှိဟှူ လူမျိုးလေ ဂူလောင်းဟှာ ဗြင်ဂေ့ဟှူ ခီမာ ငိုကြွေးဂေ့လေ့မယ်။
MAT 24:31 အယ်ဘီးဟှာ လူ့ရဲ့သားဟှာ သံက္လယ်ဟှူ တံပိုးသံနတူးဒူ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို ရပ်လေးမျစ်နှာဟှို စေလွှတ်လေ့မယ်။ အယ်ဘီးဟှာ သူးနို့ဟှာ ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ သူလေဟှို မ္လေဂီး တဖတ်စွန်းဟှနေဘီး မ္လေဂီး တဖတ်စွန်းထိအောန် စုသီးတော်မူလေ့မယ်။”
MAT 24:32 “သဖန်းဗန်ဟှနေ အယ်သင်ဂန်းဇာယူဂေ့။ သဖန်းဗန်လေမာ ခတ်လတ်လေဟှာ စီးစိုဘီး ဝပ်နုလေ ထွပ်လာခီဟှာ နွီကာလနီးလာဘီ ဆိုဇာဟှို နန်းနို့သိဂေ့လေဟှယ်။
MAT 24:33 အယ်မျိုးဘဲ့ နန်းနို့လေဟှာ အယ်မူဇာလေ ဂူလောင်းဟှို ဗြင်ရခီမာ လူ့ရဲ့သားဟှာ ခွဗော့‑က်ဝနားဟှို ရော့‑က်နေဘီဆိုဇာဟှို သိမှတ်ဂေ့ပါ။
MAT 24:34 ငါ မှန်ပြောမယ်၊ ခု သတ်ရှင်နေဟှူ လူလေ ဂူလောင်း သေခန်မာ အယ်မူဇာလေ ဂူလောင်းဟှာ ဖြစ်လာလေ့မယ်။
MAT 24:35 ကောန်းဂန်န မ္လေဂီးဟှာ ကွယ်ပျော့‑က်ဟှားလေ့မယ်။ အယ်ဘေမဲ့ ငါ့စကားဟှာ လောင်းဝ ကွယ်ပျော့‑က်ဟှားလေ့မယ် မှုဟှ။”
MAT 24:36 “အယ်ဘေမဲ့လည်း အယ်နေ့ရစ်၊ အယ်ခီနာရီန ပတ်သတ်ဘီး ဖယ်သူလည်း သိဟှ။ ကောန်းဂန်တမန်လေ သိဟှ။ သားတော်လည်း သိဟှ။ ဖတပါးဒဲဘဲ့ သိတော်မူလေဟှယ်။
MAT 24:37 လူ့ရဲ့သား ကြွလာဟှူ ခီဟှာ နောဧရဲ့ နေ့ရစ်လေမျိုးဘဲ့ ဖြစ်လေ့မယ်။
MAT 24:38 ရေကီးရှင်း ဖြစ်ခန် နေ့ရစ်လေမာ နောဧဟှာ သန်းဖောထဲဟှို ဝမ်ဟှူ နေ့ထိ လူလေဟှာ စားသော့‑က်ရင်း၊ မင်္ဂလာဆောန်နေဂေ့ဘီး၊
MAT 24:39 ရေကီးလာဘီး သူးနို့လေ ဂူလောင်းဟှို သေကြေ ပျစ်စီးဟှားထိတိုင် သူးနို့ဟှာ ဒိလတ်လွတ် နေဂေ့လေဟှယ်။ လူ့ရဲ့သား ကြွလာဟှူ ခီမာလည်း အယ်မျိုးဘဲ့ဖြစ်လေ့မယ်။
MAT 24:40 အယ်ခီမာ လဲဗ္လန်ထဲမာ လောက်လောက်နေဟှူ လူနှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှို သီးယူဘီးဟှာ တယော့‑က်ဟှ ကျန်ရစ်လေ့မယ်။
MAT 24:41 က္လိဆောင်က္လိနေဟှူ မီးမ နှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှို သီးယူဘီး တယော့‑က်ဟှ ကျန်ရစ်လေ့မယ်။
MAT 24:42 အယ်ကြောန့် ဒိနစောန့်နေဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ သခင်ဟှာ ဖယ်နေ့ရစ်မာ ရော့‑က်လာမယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှ။
MAT 24:43 အီဇရှင်ဟှာ ခိုးလာဟှို့ခီဟှို သိနေဟှယ် ဆိုဟှာ အိဘဲန စောန့်နေဘီး သူ့ရဲ့ အီဟှို ဖော့‑က်ထွမ်းဟှို့တွပ် ခွမ့်ပြုဟှို့ မှုဟှ။
MAT 24:44 အယ်ကြောန့် နန်းနို့လေလည်း ဆင်သင့်ဖြစ်နေဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ ထန်မှတ်ဘဲဟှူ ခီနာရီမာ လူ့ရဲ့သားဟှာ ကြွလာလေ့မယ်။”
MAT 24:45 “အယ်ဆိုဟှာ သစ်စာန ပညာရှိဟှူ စေခံဟှ ဖယ်သူနူး။ တခြားစေခံလေဟှို အောက်ချောက်ဟှို့တွပ်န ခီတန်ဟှာ စားဇာလေ ထုပေးဟှို့ သူ့သခင် ခန့်ဟှားဟှူ သူဖြစ်ဟှယ်။
MAT 24:46 သူ့သခင်ပ္လန်လာဟှူ ခီမာ အယ်မူတိုင်းဘဲ့ လောက်ဆောန်နေဇာဟှို သခင်တွိမယ် ဆိုဟှာ အယ်စေခံဟှာ မင်္ဂလာရှိဟှယ်!
MAT 24:47 ငါ မှန်ပြောမယ်၊ သခင်ဟှာ သူ့ရဲ့ ပစ်စီးအောက်စာလေ ဂူလောင်းဟှို စီမံအောက်ချောက်ဟှို့တွပ် အယ်စေခံဟှို ခန့်ဟှားလေ့မယ်။
MAT 24:48 အယ်ဘေမဲ့ ဆိုးဟှူစေခံဟှ သူ့ရဲ့စိထဲမာ ‘ငါ့သခင်ဟှာ တော်တော်န လာဟှို့ မှုဟှ’ ဆိုဘီး ပြောဘီးန၊
MAT 24:49 တခြားကျွန်လေဟှို ရိုက်ဘီးဟှာ ရစ်သမားလေန သော့‑က်စားနေလေဟှယ်။
MAT 24:50 အယ်ကျွန်ရဲ့ သခင်ဟှာ သူမျှော်လင့်ဘဲဟှူ နေ့ရစ်၊ ကြားသိဘဲဟှူ ခီနာရီမာ ရော့‑က်လာလေ့မယ်။
MAT 24:51 အယ်စေခံဟှို ကီးမားဟှူ ပြစ်ဒန်ပေးဘီးဟှာ သူတော်ကောန်း ယောန်ဆောန်ဟှူ သူလေနတူးဒူ နေရလေ့မယ်။ အယ်နေရာမာ သူဟှာ ငိုကြွေးဘီး၊ အံသွားခဲက္လိဘီးဟှာ နေရလေ့မယ်။”
MAT 25:1 “အယ်မူခီမာ ကောန်းဂန်နိုင်ငံတော်ဟှာ ဒို့သားဟှို ကြိုဟှို့တွပ် သူးနို့ရဲ့ မီးခွပ်လေယူဘီး ထွပ်ဟှားဟှူ ဒို့သမီးဆယ်ယော့‑က်န တူလေဟှယ်။
MAT 25:2 သူးနို့ထဲဟှ ငါးယော့‑က်ဟှာ မိုက်မဲဟှူသူလေဖြစ်ဘီး ငါးယော့‑က်ဟှာ ပညာရှိလေဖြစ်ဂေ့ဟှယ်။
MAT 25:3 မိုက်မဲဟှူသူလေဟှာ မီးခွပ်လေဟှိုဘဲ့ယူဘီး ဆီဟှို ယူဂေ့ဟှ။
MAT 25:4 ပညာရှိဟှူသူလေဟှာ မီးခွပ်လေနတူးဒူ ဆီဟှိုလည်း ယူဂေ့ဟှယ်။
MAT 25:5 ဒို့သားဟှာ လာသေးဘဲနနေဟှူကြောန့် သူးနို့လေဂူလောင်းဟှာ အိငိုက်လာဘီး အိမွိဟှားလေ့ဟှယ်။
MAT 25:6 “ညဉ့်နတ်သန်းဂေါန်မာ ‘ဒို့သားရော့‑က်လာဘီ! ကြိုဟှို့ထွပ်လာဂေ့ပါ!’ ဆိုဘီး အော်သံထွပ်ပေါ်လာလေဟှယ်။
MAT 25:7 အယ်ခီမာ ဒို့သမီးလေဟှာ ထဘီးဟှာ သူးနို့လေရဲ့ မီးခွပ်လေဟှို ပြင်ဆင်ဂေ့ဟှယ်။
MAT 25:8 မိုက်မဲဟှူသူလေဟှ ‘နို့လေရဲ့မီးခွပ် မီးသေဟှမယ်။ အယ်ကြောန့် နန်းနို့ရဲ့ ဆီဟှို နဲနဲပေးပါ’ ဆိုဘီး ပညာရှိဟှူ သူလေဟှို တောန်းဂေ့ဟှယ်။
MAT 25:9 ပညာရှိဟှူ သူလေဟှ ‘အယ်မျိုးလောက်မယ် ဆိုဟှာ နန်းနို့န နို့လေတွပ် ဆီလော့‑က်ဟှို့ မှုဟှ။ အယ်ကြောန့် ဆီရောန်းမားနားဟှို သွားဘီး ဝယ်ဂေ့ပါ’ ဆိုဘီး ပ္လန်ပြောလေဟှယ်။
MAT 25:10 မိုက်မဲဟှူသူလေဟှာ ဆီဝယ်သွားနေဒူးမာ ဒို့သားဟှာ ရော့‑က်လာဟှယ်။ ဆင်သင့်ရှိနေဟှူ ဒို့သမီးလေဟှာ ဒို့သားနတူးဒူ အီတတ်ဗွဲဟှို ဝမ်ဘီးဟှာ ခွဗော့‑က်ဟှို ပိဟှားလိုက်ဟှယ်။”
MAT 25:11 “မိုက်မဲဟှူ ဒို့သမီးလေလည်း ရော့‑က်လာဘီးဟှာ ‘သခင်၊ သခင်! ကျွန်မဟှားလေဟှို ခွဗော့‑က်ဖွမ့်ပေးပါ!’ ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
MAT 25:12 အယ်ဘေမဲ့ ဒို့သားဟှ ‘နန်းနို့လေဟှို ငါမှန်ပြောမယ်၊ နန်းနို့လေဟှို ငါသိဟှ!’ ဆိုဘီး ပ္လန်ပြောဟှယ်။”
MAT 25:13 “အယ်ကြောန့် နန်းနို့လေလည်း အယ်နေ့အယ်ခီဟှို သိဘဲဟှူကြောန့် ဒိနစောန့်နေဂေ့ပါ။”
MAT 25:14 “ကောန်းဂန်နိုင်ငံတော်ဟှာ ခရီးထွပ်ဟှို့ လူတယော့‑က်ဟှ သူ့စေခံလေဟှို ခေါ်ဘီးဟှာ သူ့ရဲ့ ပစ်စီးအောက်စာလေဟှို အပ်ပေးရစ်ဟှူ သူနတူလေဟှယ်။
MAT 25:15 အယ်သူဟှာ တယော့‑က်ဟှို ရွှေဒန်းဂါး ၅,၀၀၀၊ တယော့‑က်ဟှို ရွှေဒန်းဂါး ၂,၀၀၀၊ တယော့‑က်ဟှို ရွှေဒန်းဂါး ၁,၀၀၀ ဟှို ရည်ချင်းရှိဟှူတိုင်း အပ်ပေးလေဟှယ်။
MAT 25:16 ရွှေဒန်းဂါး ၅,၀၀၀ ဟှို ရဟှူသူဟှ ပ္လန်ဘီးရင်းနှီးလောက်ဟှူကြောန့် နော့‑က်ထပ် ရွှေဒန်းဂါး ၅,၀၀၀ ဟှို မ္လတ်ရလေဟှယ်။
MAT 25:17 အယ်မျိုးဘဲ့ ရွှေဒန်းဂါး ၂,၀၀၀ ဟှို ရဟှူသူဟှလည်း ပ္လန်ရင်းနှီးလောက်ဟှူကြောန့် ရွှေဒန်းဂါး ၂,၀၀၀ ဟှို မ္လတ်ပ္လန်ရလေဟှယ်။
MAT 25:18 အယ်ဘေမဲ့ ရွှေဒန်းဂါး ၁,၀၀၀ ဟှို ရဟှူသူဟှ သူ့သခင်ရဲ့ ကပ်လေဟှို တွမ်းတူးဘီးဟှာ မ္လေထဲမာ မ္လောက်ဟှားလေဟှယ်။”
MAT 25:19 “နှစ်ကာလကြာဘီးန အယ်စေခံလေရဲ့ သခင်ဟှာ ပ္လန်လာဘီး သူးနို့လေန စာရင်းရှင်းလေဟှယ်။
MAT 25:20 ရွှေဒန်းဂါး ၅,၀၀၀ ဟှို ရဟှူသူဟှ မ္လတ်ရဟှူ ရွှေဒန်းဂါး ၅,၀၀၀ ဟှိုလည်း ယူလာဟှယ်။ သူဟှ ‘သခင်၊ ကိုယ်တော်ဟှာ ကျွန်တော်ဟှို ရွှေဒန်းဂါး ၅,၀၀၀ ဟှို အပ်ပေးဟှားပါဟှယ်။ ကေ့ကေ့ပါ! နော့‑က်ထပ် ရွှေဒန်းဂါး ၅,၀၀၀ ဟှိုလည်း မ္လတ်ရပါဟှယ်’ ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 25:21 သူ့ရဲ့ သခင်ဟှ ‘ကောန်းလေဟှယ်။ နန်ဟှာ သစ်စာရှိဟှူ စေခံကောန်း! နန်ဟှာ သေးငယ်ဟှူ မှုမာ သစ်စာရှိလေဟှယ်။ အယ်ကြောန့် ကီးမားဟှူ မှုလေဟှိုလည်း နန့်ဟှို ငါအပ်ပေးအူးမယ်။ နန့်ရဲ့ သခင်နတူးဒူ စည်းဇိမ်ဟှို ဝမ်ဇားပါ!’ ဆိုဘီး ပြောလေဟှယ်။
MAT 25:22 ရွှေဒန်းဂါး ၂,၀၀၀ ဟှို ရဟှူ သူဟှလည်း လာဘီးဟှာ ‘သခင်၊ ကိုယ်တော်ဟှာ ရွှေဒန်းဂါး ၂,၀၀၀ ဟှို ကျွန်တော်ဟှို အပ်ပေးဟှားပါဟှယ်။ ကေ့ကေ့ပါ! နော့‑က်ထပ် ရွှေဒန်းဂါး ၂,၀၀၀ ဟှိုလည်း မ္လတ်ရပါဟှယ်’ ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 25:23 သခင်ဟှ ‘ကောန်းလေဟှယ်။ သစ်စာရှိဟှူ စေခံကောန်း! နန်ဟှာ သေးငယ်ဟှူမှုမာ သစ်စာရှိလေဟှယ်။ အယ်ကြောန့် ကီးမားဟှူ မှုလေဟှိုလည်း နန့်ဟှို ငါအပ်ပေးအူးမယ်။ နန့်ရဲ့ သခင်နတူးဒူ စည်းဇိမ်ဟှို ဝမ်ဇားပါ!’ ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 25:24 အယ်ဘီးန ရွှေဒန်းဂါး ၁,၀၀၀ ဟှို ရဟှူသူဟှလည်း လာဘီးဟှာ ‘သခင်၊ သခင်ဟှာ ခက်ထန်ဟှူ သူဖြစ်ဘီး ကိုယ်စိုက်ဘဲဟှူ နေရာမာ ရိသီးဘီး ကိုယ်ကြဲဘဲဟှူ နေရာမာ စုသီးတတ်ဟှူဇာဟှို ကျွန်တော်သိဟှယ်။
MAT 25:25 ကျွန်တော်ဟှာ ကြော့‑က်ဟှူကြောန့် သွားဘီး သခင့်ရဲ့ ကပ်ဟှို မ္လေထဲမာ မ္လောက်ဟှားပါဟှယ်။ ကေ့ကေ့ပါ! ခု သခင်ရဲ့ အောက်စာရှိပါဟှယ်’ ဆိုဘီး လျှော့‑က်လေဟှယ်။
MAT 25:26 သခင်ဟှ ‘ပျင်းရိဆိုးယောက်ဟှူ စေခံ! ငါဟှာ စိုက်ဘဲဟှူ နေရာမာ ရိသီးတတ်ဘီး ကြဲဘဲဟှူ နေရာမာ စုသီးတတ်ဟှယ် ဆိုဇာဟှို နန်သိဟှယ် မှုဟှလော။
MAT 25:27 အယ်ဆိုဟှာ နန်ဟှာ ငါ့ကပ်ဟှို ပွဲဇားလတ်မာ အပ်ဟှားသင့်ဟှယ်။ အယ်မျိုးမှဘဲ့ ငါပ္လန်လာဟှူ ခီမာ ငါ့ကပ်ဟှို တိုးန ရလေ့မယ်။
MAT 25:28 အယ်ကြောန့် သူ့နားဟှ ရွှေဒန်းဂါး ၁,၀၀၀ ဟှို ယူဘီးဟှာ ရွှေဒန်းဂါး ၁၀,၀၀၀ ရှိဟှူလူဟှို ပေးဂေ့။
MAT 25:29 ရှိဟှူလူဟှို ထပ်ပေးဘီး သူ့ဟှို ကြွယ်ဝစေလေ့မယ်။ မှေ့ဘဲဟှူ လူနားဟှ ရှိဟှူမျှဟှို နှုလေ့မယ်။
MAT 25:30 သောင်းက္လဘဲဟှူ အယ်စေခံဟှို ပ္လန်ရပ် မှောန်မိုက်ထဲဟှို ပစ်ခ္လဂေ့။ အယ်နေရာမာ သူဟှာ အံသွားခဲက္လိဘီး ငိုကြွေးနေရလေ့မယ်’ ဆိုဘီး ပြောလေဟှယ်။”
MAT 25:31 “လူ့ရဲ့သားဟှာ ကောန်းဂန်တမန်လေနတူးဒူ မန်းဂီးဖြစ်န ကြွလာခီမာ သူဟှာ ဖောင်းသရေတော်ရှိဟှူ ပလ္လင်တော်ထတ်မာ ထိုင်တော်မူဘီး
MAT 25:32 လူမျိုးလေ ဂူလောင်းဟှို ရှေ့တော်မာ စုဝီးစေလေ့မယ်။ အယ်ဘီးမှ သိုးထီးမားဟှ သိုးနဘဲ့ဟှို ခွဲဟှားမျိုးဘဲ့ လူ့ရဲ့သားဟှလည်း လူလေဟှို နှေ့စုခွဲလေ့မယ်။
MAT 25:33 သိုးလေဟှို ညာဖတ်မာ ထားဘီး ဘဲ့လေဟှို ဘယ်ဖတ်မာ ထားလေ့မယ်။
MAT 25:34 အယ်ဘီးန မန်းဂီးဟှ ညာဖတ်ဟှ လူလေဟှို ‘ငါ့ဖအားဖြင့် ကောန်းဂျီးခံရဟှူ သူလေ! ကမ္ဘာတည်ဂဒဲဟှ နန်းနို့လေတွပ် ပြင်ဆင်ဟှားဟှူ နိုင်ငံတော်ဟှို လာဘီး မွီယူဂေ့ပါ။
MAT 25:35 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဗိုက်ဆာဟှူ ခီမာ နန်းနို့လေဟှာ ငါ့ဟှို စားဇာပေးဂေ့လေဟှယ်။ ငါရေငတ်ဟှူ ခီမာ နန်းနို့လေဟှာ သော့‑က်ဇာပေးလေဟှယ်။ ငါဟှာ ဧည့်သယ်ဖြစ်ဟှူ ခီမာ နန်းနို့လေဟှာ ငါ့ဟှို နန်းနို့ရဲ့ အီလေမာ လတ်ခံဂေ့ဘီး၊
MAT 25:36 ငါဟှာ ခ္လေးပ္လန်းဗ္လန်းဖြစ်နေဟှူ ခီမာ နန်းနို့လေဟှာ ဝတ်ဇာဟှို ပေးလေဟှယ်။ ငါဟှာ ဖျားနေဟှူ ခီမာ နန်းနို့လေဟှာ ပြုစုဂေ့ဟှယ်။ ငါဟှာ ထောန်က္လနေဟှူ ခီမာ နန်းနို့လေဟှာ ငါ့နားဟှို လာဂေ့ဟှယ်’ ဆိုဘီး မိန့်တော်မူလေ့မယ်။
MAT 25:37 ဖြောန့်မတ်ဟှူသူလေဟှ ‘သခင်၊ ကျွန်တော်ဟှားလေဟှ ဖယ်ခီဒူးဟှ ကိုယ်တော် ဗိုက်ဆာနေဇာဟှို ဗြင်ဘီး ကျွေးမွေးပါဟှယ်နူး၊ ရေငတ်နေဇာဟှို ဗြင်ဘီး သော့‑က်ဟှူဇာဟှို ပေးဟှားပါဟှယ်နူး၊
MAT 25:38 ကိုယ်တော်ဟှာ ဧည့်သယ်ဖြစ်တော်မူဟှယ် ဆိုဇာဟှို ကျွန်တော်ဟှားလေဗြင်ဘီး ကျွန်တော်ဟှားလေရဲ့ အီမာ ဖယ်ခီဒူးဟှ လတ်ခံဟှားဟှယ်နူး။ ကိုယ်တော်ဟှာ ခ္လေးပ္လန်းဗ္လန်းန နေတော်မူဟှယ် ဆိုဇာဟှို ကျွန်တော်ဟှားလေဗြင်ဘီး ဖယ်ခီဒူးဟှ ဝတ်ဟှူဇာလေ ပေးဟှားဟှယ်နူး၊
MAT 25:39 ကိုယ်တော် ဖျားနာတော်မူဇာလေ၊ ထောန်က္လနေဇာလေဟှို ကျွန်တော်ဟှားလေဗြင်ဘီး ဖယ်ခီဒူးဟှ ကိုယ်တော်နားဟှို ရော့‑က်လာပါဟှယ်နူး’ ဆိုဘီး ပ္လန်လျှော့‑က်ဂေ့လေ့မယ်။
MAT 25:40 မန်းဂီးဟှ ‘ငါ မှန်ပြောမယ်၊ အယ်မူ ငါ့ညီကို မောန်နှမလေထဲဟှ ငယ်ဆောင်းသူ တယော့‑က်ဟှို နန်းနို့ပြုစုဇာလေဟှာ ငါ့ဟှို ပြုစုဟှူဇာဘဲ့!’ ဆိုဘီး ပ္လန်မိန့်တော်မူလေ့မယ်။”
MAT 25:41 “အယ်ဘီးမှ ဘယ်ဖတ်ဟှ သူလေဟှို မန်းဂီးဟှ ‘ကီဆဲခံရဟှူသူလေ၊ ငါ့နားဟှ ထွပ်ဟှားဂေ့! မာရ်နတ်န သူ့ရဲ့ တမန်လေတွပ် ပြင်ဆင်ဟှားဟှူ ထာဝရ ငရဲမီးအိုင်ထဲဟှို သွားဂေ့!
MAT 25:42 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဗိုက်ဆာဟှူ ခီမာ နန်းနို့လေ ငါ့ဟှို ကျွေးဂေ့ဟှ။ ငါဟှာ ရေငတ်ဟှူ ခီမာ နန်းနို့လေ ငါ့ဟှို သော့‑က်ဟှူ ဇာပေးဂေ့ဟှ။
MAT 25:43 ငါဟှာ ဧည့်သယ်ဖြစ်နေဟှူ ခီမာ နန်းနို့လေရဲ့ အီလေမာ ငါ့ဟှို လတ်ခံဂေ့ဟှ။ ငါဟှာ ခ္လေးပ္လန်းဗ္လန်းဖြစ်နေဟှူ ခီမာ နန်းနို့လေဟှာ ငါ့ဟှို ဝတ်စားပေးဂေ့ဟှ။ ငါဟှာ ဖျားနာနေဘီး ထောန်က္လနေဘေမဲ့လည်း နန်းနို့လေဟှာ ငါ့နားဟှို လာဂေ့ဟှ’ ဆိုဘီး မိန့်တော်မူလေ့မယ်။
MAT 25:44 အယ်သူလေဟှ ‘သခင်၊ ကျွန်တော့်ဟှားလေဟှ ဖယ်ခီဒူးဟှ ကိုယ်တော် ဗိုက်ဆာတော်မူဇာလေ၊ ရေငတ်တော်မူဇာလေ၊ ဧည့်သယ်ဖြစ်တော်မူဇာလေ၊ ခ္လေးပ္လန်းဗ္လန်းနေတော်မူဇာလေ၊ ဖျားနာတော်မူဇာလေ၊ ထောန်က္လနေဇာလေဟှို ဗြင်ဘီး လောက်ကျွေးပြုစုဘဲန နေပါဟှယ်နူး’ ဆိုဘီး ပ္လန်လျှော့‑က်ဂေ့လေ့မယ်။
MAT 25:45 မန်းဂီးဟှ ‘ငါ မှန်ပြောမယ်။ နန်းနို့လေဟှာ အယ်သူလေထဲမာ အငယ်ဆောင်းသူ တယော့‑က်ဟှို ပြုစုဘဲနနေဇာဟှာ ငါ့ဟှို ပြုစုဘဲနနေဇာ ဖြစ်ဟှယ်’ ဆိုဘီး မိန့်တော်မူလေ့မယ်။
MAT 25:46 အယ်ကြောန့် သူးနို့လေဟှာ ထာဝရ ပြစ်ဒန်ခံရာဟှို သွားဂေ့လေ့မယ်။ အယ်ဘေမဲ့ ဖြောန့်မတ်ဟှူ သူလေဟှာ ထာဝရ သတ်ရှင်ရာဟှို သွားဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:1 အယ်မူဇာလေဂူလောင်းဟှို သွန်သန်တော်မူဘီးန ယေရှုဟှ တဗဲ့တော်လေဟှို၊
MAT 26:2 “ပသခါပွဲတော်ကျင်းပဟှို့ နှေ့ရစ်ဘဲ့လိုဘီ ဆိုဇာဟှို နန်းနို့ သိဂေ့လေဟှယ်။ အယ်ခီမာ လူ့ရဲ့သားဟှို လတ်ဝါးကပ်တိုင်မာ ရိုက်သတ်ဟှို့တွပ် အပ်ဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:3 အယ်ခီမာ ယဇ်ပုရောဟိတ်ဂီးလေန ဘာသာရေးခေါန်းဆောန်လေဟှာ ကယာဖဆိုဘီး နာမယ်ရှိဟှူ ယဇ်ပုရောဟိတ်မန်းရဲ့ အီဝမ်းထဲမာ စုဝီးဂေ့ဟှယ်။
MAT 26:4 အယ်ဘီးဟှာ သူးနို့လေဟှ ယေရှုဟှို တိတိဆိဆိဟှား ဖမ်းဘီး သတ်ဟှို့တွပ် တိုင်ဗန်ဂေ့ဟှယ်။
MAT 26:5 သူးနို့လေဟှ “အယ်ဘေမဲ့ ပွဲတော်ရစ်မာ ဖမ်းနအူး။ လူလေထဲမာ ရုန်းရင်းဆန်ခတ် ဖြစ်ဂေ့လေ့မယ်” ဆိုဘီး ပြောဂေ့ဟှယ်။
MAT 26:6 ယေရှုဟှာ ဗေသနိဝါ နူနာသယ်ရှိမုန်ရဲ့ အီမာ ရှိနေဘီး၊
MAT 26:7 စားဇာသောင်းဆောန်နေဒူးမာ ဖိုးကီးဟှူ ဆီမွှီးန ပ္လဲ့နေဟှူ က္လော့‑က်ဖ္လူဖူးဟှို ယူလာဟှူ မီးမတယော့‑က်ဟှာ ကိုယ်တော်နားဟှို ရော့‑က်လာဘီး သူဟှာ ကိုယ်တော်ရဲ့ ခေါန်းထတ်ဟှို လောန်းခ္လလေဟှယ်။
MAT 26:8 အယ်မူဇာဟှို တဗဲ့တော်လေဗြင်ဟှားဘီး စိဆိုးဂေ့လေဟှယ်။ “ဖြားဖြစ်ကြောန့် အယ်မျိုးဖ္လူးပစ်ရနူး။
MAT 26:9 အယ်ဆီမွှီးဟှို ဆေးဂီးဂီးန ရောန်းဘီးဟှာ ဆင်းရဲသားလေဟှို ပေးကမ်းနိုင်ဟှယ်!” ဆိုဘီး ပြောလေဟှယ်။
MAT 26:10 ယေရှုဟှာ သူးနို့ပြောနေဇာဟှို သိဟှူ ခီမာ သူးနို့လေဟှို “ဖြားဖြစ်ကြောန့် အယ်မီးမဟှို နှော့‑က်ယှစ်ဂေ့နူး။ သူဟှာ ငါ့တွပ်ကောန်းဟှူမှုဟှို ပြုလေဟှယ်။
MAT 26:11 ဆင်းရဲသားလေဟှာ နန်းနို့လေနတူးဒူ မြဲဒမ်း ရှိနေလေ့မယ်။ အယ်ဘေမဲ့ ငါဟှ နန်းနို့နတူးဒူ မြဲဒမ်း ရှိနေဟှို့ မှုဟှ။
MAT 26:12 အယ်မီးမဟှာ ငါ့ကိုယ်ထတ်ဟှို ဆီမွှီးလောန်းဇာဟှာ ငါ့ဟှို သင်္ဂြိုဟ်ဟှို့တွပ် ပြင်ဆင်ဟှူဇာဖြစ်လေဟှယ်။
MAT 26:13 ငါ မှန်ပြောမယ်၊ ဒန်းကောန်းဟှို ကမ္ဘာရပ်ရပ်မာ ဟောပြောဟှူ ခီတိုင်း အယ်မီးမဟှို အော့‑က်မေ့စေဟှို့တွပ် သူပြုဟှားဟှူ အယ်မျိုးမှုရာဟှို ပြောဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:14 အယ်ဘီးန တဗဲ့တော် ဆယ်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒရှကာရုတ်ဟှာ ယဇ်ပုရောဟိတ်ဂီးလေနားဟှို သွားဘီး၊
MAT 26:15 “ယေရှုဟှို နန်းနို့လေရဲ့ လတ်ထဲဟှို အပ်ပေးမယ် ဆိုဟှာ ကျွန်တော်ဟှို ကပ်ဖယ်လော့‑က် ပေးဟှို့နူး” ဆိုဘီး မေးလေဟှယ်။ အယ်ကြောန့် အယ်သူလေဟှ ငွေဒန်းဂါး သောင်းဆယ်ဟှို ရေတွပ်ဘီးဟှာ သူ့ဟှို ပေးလေဟှယ်။
MAT 26:16 အယ်ခီဟှနေဘီး ယုဒဟှာ ယေရှုဟှို သစ်စာဖော့‑က်ဟှို့တွပ် ခွမ့်ရေးကောန်းဟှို ရှာကြံလေဟှယ်။
MAT 26:17 တဆေးပါဘဲဟှူ မုပွဲတော်ရဲ့ ဦးဆောင်းနေ့မာ တဗဲ့တော်လေဟှာ ယေရှုနားဟှို လာဘီး “ပသခါ စားဗွဲဟှို ကိုယ်တော် သောင်းဆောန်ဟှို့တွပ် ကျွန်တော်ဟှားလေ ဖယ်နေရာမာ ပြင်ရမယ်နူး” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 26:18 ကိုယ်တော်ဟှ “ဗြို့ထဲဟှ လူတယော့‑က်နားဟှို သွားဘီးပြောဂေ့။ ဆရာမှာလိုက်ဟှယ်။ ‘ငါ့ခီနီးဘီ။ ငါ့တဗဲ့လေနတူးဒူ ပသခါပွဲဟှို နန့်အီမာ ကျင်းပမယ်’ ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:19 တဗဲ့တော်လေဟှ ယေရှုပြောလိုက်ဟှူတိုင်း လောက်ဘီးဟှာ ပသခါစားဗွဲဟှို ပြင်ဆင်ဂေ့လေဟှယ်။
MAT 26:20 ညဉ့်ခန်းဖတ် ရော့‑က်ဟှူ ခီမာ ယေရှုဟှာ တဗဲ့တော် ဆယ့်နှေ့ပါးလေနတူးဒူ ညဉ့်ဇာစားဟှို့ ဗွဲမာ ထိုင်လေဟှယ်။
MAT 26:21 သူးနို့စားနေဒူးမာဘဲ့ ယေရှုဟှ “ငါ မှန်ပြောမယ်၊ နန်းနို့ထဲမာ တယော့‑က်ဟှာ ငါ့ဟှို သစ်စာဖော့‑က်လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:22 တဗဲ့တော်လေဟှာ ရရာတိုင်း စိကောန်းဘဲဖြစ်ဂေ့ဘီး “သခင်၊ အယ်သူဟှ ဖယ်သူနူး။ ကျွန်တော်လော” ဆိုဘီး ယော့‑က်ဘီးယော့‑က် မေးလျှော့‑က်ဂေ့လေဟှယ်။
MAT 26:23 ယေရှုဟှ “ငါ့နတူးဒူ စံထဲမာ နှိုက်ဟှူ သူဟှာ ငါ့ဟှို သစ်စာဖော့‑က်လေ့မယ်။
MAT 26:24 ကျမ်းစာဟှ ပြောဟှားတိုင်း လူ့ရဲ့သားဟှာ သေခံရလေ့မယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှို သစ်စာဖော့‑က်ဟှူ သူဟှာ အမင်္ဂလာရှိဟှယ်! အယ်သူဟှာ လောင်းဝ မွီးလာဘဲနနေဟှာ သူ့တွပ် ပိုကောန်းလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:25 ကိုယ်တော့်ဟှို သစ်စာဖော့‑က်မယ့် ယုဒဟှ “ဆရာ၊ ကျွန်တော်လော” ဆိုဘီး မေးလျှော့‑က်လေဟှယ်။ ယေရှုဟှ “နန်မေးဟှူတိုင်းဘဲ့ မှန်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:26 သူးနို့ဟှာ စားနေဒူးမာ ယေရှုဟှ မုဟှိုယူဘီး ကျေးဇူးတော်ဟှို ချီးမွမ်းဘီးမှ မုဟှိုဖဲ့ဘီးဟှာ “အယ်မုဟှ ငါ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှယ်။ ယူဘီးစားဂေ့ပါ” ဆိုဘီး မိန့်တော်မူဘီးဟှာ တဗဲ့တော်လေဟှို ပေးတော်မူလေဟှယ်။
MAT 26:27 ခွပ်ဟှိုလည်း ယူဘီးဟှာ ကျေးဇူးတော် ချီးမွမ်းဘီးမှ တဗဲ့တော်လေဟှို ပေးလေဟှယ်။ ကိုယ်တော်ဟှ “နန်းနို့အားလောင်း သော့‑က်ဂေ့ပါ။
MAT 26:28 အယ်ခွပ်ဟှာ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟှို ဇိခတ်ဟှားဟှူ လူလေရဲ့ပြစ်ဟှို ဖြေလွှတ်ပေးဟှို့တွပ် သွန်းလောန်းဟှူ ငါ့ရဲ့သွီး ဖြစ်လေဟှယ်။
MAT 26:29 နန်းနို့လေဟှို ငါပြောမယ်။ ခုခီဟှနေ စဘီး ငါ့ဖရဲ့ နိုင်ငံတော်မာ နန်းနို့လေနတူးဒူ စဗျစ်ဝိုင်သစ်ဟှို သော့‑က်ရဟှူ နေ့ရော့‑က်ခန်ခီထိ အယ်စဗျစ်ဝိုင်ဟှို နော့‑က်ထပ် လောင်းဝ ငါသော့‑က်ဟှို့ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:30 အယ်ဘီးန သူးနို့လေဟှာ ဓမ္မချင်းဟှို ဆိုဘီး သံလွင်တောန်ဟှို ထွပ်ဟှားဂေ့လေဟှယ်။
MAT 26:31 အယ်ဘီးန ယေရှုဟှ “‘သိုးထီးမားဟှို ငါရိုက်သတ်ဟှူကြောန့် သိုးလေဟှာ ဖ္လဲဖ္လဲစင်ဖြစ်ဂေ့လေ့မယ်’ ဆိုဘီး ကျမ်းစာပြောဟှူဇာဟှ အယ်ညဉ့်မှာဘဲ့ နန်းနို့လေဟှာ ငါ့ဟှို ထားရစ်ဘီး ထွပ်ပ္လေးဂေ့လေ့မယ်။
MAT 26:32 အယ်ဘေမဲ့ ငါဟှာ ထမြော့‑က်ဘီးန နန်းနို့ထတ် စောဘီး ဂါလိလဲပြည်ဟှို သွားမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:33 ပေတရုဟှ “တခြားသူလေဟှာ ကိုယ်တော့်ဟှို ထားရစ်လည်းဘဲ့ ကျွန်တော်ဟှာ လောင်းဝ ထားရစ်ဟှို့ မှုဟှ!” ဆိုဘီး ယေရှုဟှို လျှော့‑က်လေဟှယ်။
MAT 26:34 ယေရှုဟှ “နန့်ဟှို ငါ မှန်ပြောမယ်၊ အယ်ညဉ့်မာဘဲ့ ကြစ်တွန်ခန်မာ နန်ဟှာ ငါ့ဟှို သောင်းခါ ငြင်းပယ်လေ့မယ်” ဆိုဘီး ပေတရုဟှို မိန့်တော်မူလေဟှယ်။
MAT 26:35 ပေတရုဟှ “ကိုယ်တော်နတူးဒူ သေရမယ် ဆိုဟှာလည်း ကျွန်တော်ဟှာ ကိုယ်တော့်ဟှို ငြင်းပယ်ဟှ!” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။ တခြား တဗဲ့တော်လေလည်း အယ်မျိုးဘဲ့ လျှော့‑က်ဂေ့လေဟှယ်။
MAT 26:36 အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေနတူးဒူ ဂေသရှေမန် ဆိုဘီး ခေါ်ဟှူ နေရာဟှို ရော့‑က်တော်မူဘီး ကိုယ်တော်ဟှ “ငါ ဟှိုနားမာ ဆုတောန်းနေဒူးမာ အယ်နေရာမာ ထိုင်နေဂေ့ပါ” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
MAT 26:37 ကိုယ်တော်ဟှာ ပေတရုနတူးဒူ ဇေဗေဒဲရဲ့ သားနှေ့ယော့‑က်ဟှို ခေါ်ဟှားတော်မူလေဟှယ်။ ကိုယ်တော်ဟှာ ဝန်းနဲပူဆွေးဘီး စိဒေါ့‑က်ခရော့‑က်နေလေဟှယ်။
MAT 26:38 အယ်ကြောန့် ယေရှုဟှ “ငါ့ရဲ့ စိနှလောင်းဟှာ သေခါနီးနီးဘဲ့ ရရာတိုင်း ဝန်းနဲဟှယ်။ အယ်နေရာမာ ငါ့နတူးဒူ စောန့်ဘီးနေဂေ့ပါ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAT 26:39 ကိုယ်တော်ဟှာ ရှေ့ဟှို နဲနဲတိုးဟှားဘီးဟှာ မ္လေထတ်မာ ပျပ်ဝပ်ဘီး “ကျွန်တော်ရဲ့ဖ၊ ဖြစ်နိုင်မယ် ဆိုဟှာ အယ်မူဝေဒနာခွပ်ဟှို ကျွန်တော်ဟှနေဘီး ယူဟှားပေးပါ! အယ်ဘေမဲ့ ကျွန်တော်လိုရှင်တိုင်း ဖြစ်စေဘဲန ဖလိုရှင်တိုင်းဘဲ့ ဖြစ်စေပါ” ဆိုဘီး ဆုတောန်းတော်မူလေဟှယ်။
MAT 26:40 အယ်ဘီးန ကိုယ်တော်ဟှာ တဗဲ့တော် သောင်းယော့‑က်နားဟှို ပ္လန်လာဟှူ ခီမာ သူးနို့ဟှာ အိမွိနေဂေ့ဇာဟှို တွိရဟှိကြောန့် ကိုယ်တော်ဟှ ပေတရုဟှို “နန်းနို့လေဟှာ တနာရီလော့‑က်ဘဲ့ ငါ့နတူးဒူ စောန့်နိုင်ဂေ့ဟှလော၊
MAT 26:41 နန်းနို့လေဟှာ စောင်ဇမ်းနှော့‑က်ယှစ်မှုထဲဟှို က္လဘဲဟှို့တွပ် ဆုတောန်းဘီး စောန့်နေဂေ့ပါ။ စိဝိညာဉ်ဟှာ အားကီးဘေမဲ့လည်း ကိုယ်ခန္ဓာဟှာ အားနဲလေဟှယ်” ဆိုဘီး ပေတရုဟှို မိန့်တော်မူလေဟှယ်။
MAT 26:42 ယေရှုဟှာ နော့‑က်တခါ သွားဘီး “ကျွန်တော်ရဲ့ဖ၊ အယ်ဝေဒနာခွပ်ဟှို ကျွန်တော်သော့‑က်ဘဲန လွန်သွားဟှို့ ရနိုင်ဟှ ဆိုဟှာ ကိုယ်တော်ရဲ့ လိုရှိဟှူတိုင်းဘဲ့ ဖြစ်ပါစေ” ဆိုဘီး ဆုတောန်းလေဟှယ်။
MAT 26:43 ကိုယ်တော်ဟှာ ပ္လန်လာဟှူ ခီမာ တဗဲ့တော်လေဟှာ မျစ်စိလေးလံလာဟှူကြောန့် နော့‑က်တခါ အိမွိနေဂေ့ဇာဟှို တွိရလေဟှယ်။
MAT 26:44 အယ်ကြောန့် ယေရှုဟှာ သူးနို့လေဟှို ထားရစ်ဘီး နော့‑က်တခါ ထွပ်ဟှားဘီး ရင်းရင်ဒူးဟှမျိုးဘဲ့ သောင်းခါမြော့‑က် ဆုတောန်းတော်မူလေဟှယ်။
MAT 26:45 အယ်ဘီးမှ တဗဲ့တော်လေနားဟှို ပ္လန်လာဘီး “နန်းနို့လေဟှာ အိမွိဘီးဟှာ နားယူနေဂေ့လော။ ကေ့ဂေ့! လူ့ရဲ့သားဟှို ပြစ်သားလေရဲ့ လတ်ထဲဟှို အပ်ခံရဟှို့ ခီဟှာ ရော့‑က်လာဘီ။
MAT 26:46 ထဂေ့၊ နို့လေသွားဂေ့ဇို့။ ကေ့ကေ့၊ ငါ့ဟှို သစ်စာဖော့‑က်ဟှို့သူ ရော့‑က်လာဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:47 ယေရှုဟှာ မိန့်တော်မူနေဒူးမာဘဲ့ တဗဲ့တော် ဆယ်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒရှကာရုတ်ဟှာ ရော့‑က်လာဘီးဟှာ သူ့နတူးဒူ ယဇ်ပုရောဟိတ်ဂီးလေန ဘာသာရေး ခေါန်းဆောန်လေဟှနေ စေလွှတ်လိုက်ဟှူ လူအောက်ဂီးဟှာ ဒေါက်လေ၊ ထားလေပါလာဂေ့ဟှယ်။
MAT 26:48 ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှူသူဟှ “ငါနမ်းဟှူသူဟှာ ယေရှုဘဲ့ဖြစ်ဟှယ်။ သူ့ဟှို ဖမ်းဂေ့ပါ!” ဆိုဘီး မှတ်ပေးဟှားလေဟှယ်။
MAT 26:49 ယုဒဟှာ ရှစ်ရှင်းဘဲ့ ယေရှုနားဟှို တိုးဝမ်လာဘီး “မင်္ဂလာပါ၊ ဆရာ” ဆိုဘီး ကိုယ်တော့်ဟှို နမ်းလေဟှယ်။
MAT 26:50 ယေရှုဟှ “မိဆွေ၊ နန်လောက်ရဟှို့ ကိစဟှို ဗြန်းဗြန်ဟှား လောက်ပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ခီမာ အယ်သူလေဟှ လာဘီး ကိုယ်တော့်ဟှို ဖမ်းချောက်ဂေ့လေဟှယ်။
MAT 26:51 ယေရှုန ပါလာဟှူ လူတယော့‑က်ဟှာ ထားဟှို ဆွဲထုဘီး ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့‑က်ဟှို ခွတ်လိုက်ဟှူ ခီမာ နားဝပ်ပြတ်ဟှားလေဟှယ်။
MAT 26:52 ယေရှုဟှ “နန့်ထားဟှို ထားအီထဲမာ ပ္လန်သီးလိုက်ပါ! ထားဟှို ကိုင်ဟှူ သူလေဟှာ ထားနဘဲ့ သေဂေ့လေ့မယ်။
MAT 26:53 ခု ငါ့ရဲ့ ဖနားမာ တောန်းလျှော့‑က်မယ် ဆိုဟှာ ကောန်းဂန်တမန် ဆယ့်နှေ့တပ်မကဘဲ ငါ့နားဟှို လွှတ်ပေးမယ် ဆိုဇာ နန်းနို့လေ သိဂေ့ဟှလေ။
MAT 26:54 အယ်မျိုးဆိုဟှာ အယ်မူဇာလေ ဖြစ်ရမယ် ဆိုဘီး ပြောဟှားဟှူကျမ်းစာဟှာ ဖယ်မျိုး ပ္လဲ့ဇောင်လာအူးမယ်နူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:55 အယ်ခီမာဘဲ့ ယေရှုဟှ “ဖြားဖြစ်ကြောန့် နန်းနို့လေဟှာ မ္လဟှို ဖမ်းဟှို့မျိုး ငါ့ဟှို ဖမ်းဟှို့တွပ် ဒေါက်လေ၊ ထားလေန လာဂေ့နူး။ ငါဟှာ ဗိမာန်တော်မာ ထိုင်ဘီး နေ့တိုင်း သွန်သန်နေဒူးဟှ နန်းနို့လေဟှာ ငါ့ဟှို ဖမ်းဂေ့ဟှားမား။
MAT 26:56 အယ်ဘေမဲ့ အယ်မှုကြောန်းရာလေဟှာ ကျမ်းစာမာ ပရောဖက်လေ ဟောပြောဟှားဟှူတိုင်း ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လာလေဟှယ်” ဆိုဘီး လူအောက်ဂီးဟှို မိန့်တော်မူလေဟှယ်။ အယ်ခီမာ တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို ထားရစ်ဘီး ထွပ်ပ္လေးဂေ့ဟှယ်။
MAT 26:57 ယေရှုဟှို လာဖမ်းဟှူ သူလေဟှ ကျမ်းပြုဆရာလေန ဘာသာရေးကြီးကဲလေ စုဝေးဟှူနေရာ ယဇ်ပုရောဟိတ်မန်း ကယာဖအီဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။
MAT 26:58 ပေတရုဟှာ ခပ်ဝီးဝီးဟှနေဘီး ယဇ်ပုရောဟိတ်မန်းရဲ့ အီနားထိ ကိုယ်တော်နော့‑က်ဟှို လိုက်လေဟှယ်။ သူဟှာ အီဝမ်းထဲဟှို ဝမ်ဟှားဘီးဟှာ ဖယ်မျိုး ဖြစ်လာအူးမယ် ဆိုဇာဟှို ဗြင်ရဟှို့တွပ် စောန့်လေနတူးဒူ ထိုင်နေလေဟှယ်။
MAT 26:59 ယဇ်ပုရောဟိတ်ဂီးလေန ယုဒတရားလွှတ်တော် တခုလောင်းဟှာ ယေရှုဟှို သေဒန်ပေးဟှို့တွပ် မှန်ဘဲဟှူ သတ်သေထော့‑က်ထားဟှို တွိအောန် ရှာဂေ့ဟှယ်။
MAT 26:60 သူးနို့ဟှာ မှန်ဘဲဟှူ သတ်သေခံလေ ဘောင်ဂီး လာဂေ့ဘေမဲ့လည်း ဖြားထော့‑က်ထားလည်း တွိဂေ့ဟှ။ နော့‑က်ဆောင်းမာ လူနှေ့ယော့‑က်ဟှာ ရှေ့ဟှို ထွပ်လာဘီး
MAT 26:61 “အယ်သူဟှ ‘ငါဟှာ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှို ဖြိုဖျစ်ဘီးဟှာ သောင်းရစ်ထဲန ပ္လန်ဆော့‑က်နိုင်ဟှယ်’ ဆိုဘီး ပြောပါဟှယ်” ဆိုဘီး ထွပ်ဆိုလေဟှယ်။
MAT 26:62 ယဇ်ပုရောဟိတ်မန်းဟှာ ထရပ်လိုက်ဘီး “အယ်မျိုး စွပ်စွဲနေဇာဟှို ပြောဟှို့တွပ် နန့်မာ ဖြေမှေ့ဟှလော” ဆိုဘီး ယေရှုဟှို မေးလေဟှယ်။
MAT 26:63 အယ်ဘေမဲ့ ယေရှုဟှာ တိဆိဘီး နေတော်မူဟှယ်။ ယဇ်ပုရောဟိတ်မန်းဟှလည်း “နန်ဟှာ ဘုရားသခင်ရဲ့ သားတော် မေရှိယဖြစ်ဟှယ် ဆိုဟှာ ငါ့ဟှို ပြောပါ။ သတ်ရှင်ဟှူ ဘုရားသခင်ဟှို တိုင်တယ်ဘီး နန့်ဟှို ငါမေးဟှယ်” ဆိုဘီး ပြောလေဟှယ်။
MAT 26:64 ယေရှုဟှ “မန်းဂီးပြောဟှူတိုင်း မှန်ပါဟှယ်။ အယ်ဘေမဲ့ နန်းနို့လေ ဂူလောင်းဟှို ငါပြောမယ်။ အယ်ခီဟှနေစဘီး လူ့ရဲ့သားဟှာ အနန္တတဂိုးရှင်ရဲ့ ညာဖတ်မာ ထိုင်ဘီး ကောန်းဂန်ဟှ မိုးတီဟှို စီးဘီးဟှာ ကြွလာဇာဟှို နန်းနို့လေ ဗြင်ဂေ့ရလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 26:65 အယ်ကြောန့် ယဇ်ပုရောဟိတ်မန်းဂီးဟှာ သူ့ရဲ့ အန်းဂီဟှို ဆုဖ္လဲဘီးဟှာ “အယ်သူဟှာ ဘုရားသခင်ဟှို ပြစ်မှားစော်ကားဘီး ပြောဆိုလေဘီ! နော့‑က်ထပ် ဖြားသတ်သေလေ လိုသေးနူး။ ဘုရားသခင်ဟှို ပြစ်မှားဇာဟှို ခု နန်းနို့လေ ကြားရဂေ့ဘီ!
MAT 26:66 နန်းနို့လေ ဖယ်မျိုး ထန်ဂေ့နူး။” အယ်သူလေဟှ “သူဟှာ သေဒန်နဘဲ့ ထိုက်တန်ပါဟှယ်” ဆိုဘီး ပြောဂေ့လေဟှယ်။
MAT 26:67 အယ်ဘီးန အယ်သူလေဟှာ ကိုယ်တော်ရဲ့ မျစ်နှာတော်ဟှို ထွီးရယ်န ထွီးဂေ့ဘီး လတ်သီးန ထိုးဂေ့ဟှယ်။ အယ်ဘီးဟှာ ကိုယ်တော့်ပါးဟှို ရိုက်ဟှူလူလေဟှ
MAT 26:68 “မေရှိယ! ကိုယ်တော့်ဟှို ဖယ်သူရိုက်ဟှယ် ဆိုဇာဟှို ပရောဖက်ပြုကေ့ကေ့!” ဆိုဘီး ပြောဂေ့လေဟှယ်။
MAT 26:69 ပေတရုဟှာ အီပ္လန်ခြံဝန်းထဲမာ ထိုင်နေဟှူ ခီမာ စေခံမီးမ တယော့‑က်ဟှာ သူ့နားဟှို လာဘီး “နန်လည်း ဂါလိလဲနယ်သား ယေရှုနတူးဒူ ရှိဟှားဟှယ်” ဆိုဘီး ပြောလေဟှယ်။
MAT 26:70 အယ်ဘေမဲ့ ပေတရုဟှ “နန်ပြောနေဟှူဇာဟှို ငါသိဟှ” ဆိုဘီး လူလေ ဂူလောင်းရှေ့မာ ကိုယ်တော့်ဟှို ငြင်းပယ်ဘီး
MAT 26:71 အီခြံဝန်းရဲ့ ခွဗော့‑က်ဟှို ထွပ်ဟှားလေဟှယ်။ တခြားစေခံမီးမ တယောက်ဟှ သူ့ဟှို ဗြင်ဟှားဘီး အယ်နေရာမာ ရှိနေဟှူလူလေဟှို “အယ်လူဟှာ နာဇရက်ဗြို့ဟှ ယေရှုနတူးဒူ ရှိဟှားဟှယ်” ဆိုဘီး ပြောလေဟှယ်။
MAT 26:72 ပေတရုဟှ “အယ်လူဟှို ငါသိဟှ!” ဆိုဘီး နော့‑က်ထပ်ခါ သစ်စာဆိုဘီး ငြင်းလေဟှယ်။
MAT 26:73 နဲနဲကြာဘီးန အယ်နေရာမာ ရပ်နေဟှူ လူလေဟှာ ပေတရုနားဟှို လာဂေ့လေဟှယ်။ သူးနို့ဟှ “တကယ်ဘဲ့ နန်ဟှာ အယ်လူလေထဲဟှ တယော့‑က်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန့်ရဲ့ ပြောပေါင်ဆိုပေါင်ဟှာ ရရာတိုင်း သိသာဟှယ်!” ဆိုဘီး ပြောလေဟှယ်။
MAT 26:74 ပေတရုဟှ “အယ်သူဟှို ငါတကယ်ဟှို သိဟှ!” ဆိုဘီး ဘုရားသခင်ဟှို တိုင်တယ်ဘီး ကီဆိုလေဟှယ်။ အယ်ခီမာဘဲ့ ကြစ်တွန်လေဟှယ်။
MAT 26:75 အယ်ဘီးမှ “ကြစ်တွန်ခန် နန်ဟှာ ငါ့ဟှို သောင်းခါ ငြင်းပယ်လေ့မယ်” ဆိုဘီး ယေရှု မိန့်တော်မူဟှားဟှူ စကားဟှို ပေတရုဟှာ ဒိရလာဟှယ်။ အယ်ကြောန့် သူဟှာ ပ္လန်ဟှိုထွပ်ဟှားဘီး ရရာတိုင်း ငိုလေဟှယ်။
MAT 27:1 မိုးလန်းစောစောဂီးမာ ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေဟှာ ယေရှုဟှို သေဒန်ခ္လဟှို့တွပ် တိုင်ဗန်ဂေ့လေဟှယ်။
MAT 27:2 အယ်ဘီးန ကိုယ်တော့်ဟှို တောက်နှောန်ဘီး ဗြို့ဝန်မန်း ပိလတ်နားဟှို ခေါ်ဆောန်ဟှားဘီး အပ်လိုက်လေဟှယ်။
MAT 27:3 သစ်စာဖော့‑က် ယုဒဟှာ ယေရှသေဒန်ပေးခံရဟှယ် ဆိုဇာဟှို သိရဟှူ ခီမာ သူဟှာ နောန်ဒရဟှားဘီး ငွေဒန်းဂါးသောင်းဆယ်ဟှို ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေဟှို ပ္လန်ပေးလိုက်ဘီး၊
MAT 27:4 “ကျွန်တော်ဟှာ ပြစ်မှေ့ဘဲဟှူ သူ့ရဲ့သွီးဟှို အပ်ဘီး ပြစ်လောက်မိဟှားဘီ!” ပြောလေဟှယ်။ အယ်ဘေမဲ့ သူးနို့လေဟှ “နို့လေန ဖြားဇာဆိုင်နူး။ နန့်ကိစဘဲ့ ဖြစ်ဟှယ်!” ဆိုဘီး ပ္လန်ပြောဂေ့လေဟှယ်။
MAT 27:5 ယုဒဟှာ ငွေဒန်းဂါးသောင်းဆယ်ဟှို ဗိမာန်တော်ထဲမာ ပစ်ခ္လဘီး ထွပ်ဟှားလေဟှယ်။ အယ်ဘီးန တခြားဟှို သွားဘီးဟှာ သူ့ကိုယ်သူ ကြိုးဆွဲခ္လဘီး သေလေဟှယ်။
MAT 27:6 ယဇ်ပုရောဟိတ်ဂီးလေဟှာ ဒန်းဂါးလေဟှို ကော့‑က်ယူဘီးဟှာ “ပညတ်တရားအရ အယ်ဒန်းဂါးလေဟှာ သွီးပေနေဟှူ ကပ်လေဖြစ်ဟှူကြောန့် ဘဏ္ဍာတိုက်ထဲဟှို သွမ်းအပ်ဟှ” ဆိုဘီး ပြောလေဟှယ်။
MAT 27:7 အယ်ကြောန့် သူးနို့လေဟှာ ဆွေးနွေး တိုင်ဗန်ဂေ့ဘီး သူစိမ်း ဧည့်သည်လေတွပ် သန်းခ္လိုင်းဖြစ် သောင်းပြုဟှို့ အိုးလောက်မားရဲ့ မ္လေဂွပ်ဟှို အယ်ကပ်န ဝယ်ယူဂေ့လေဟှယ်။
MAT 27:8 အယ်ကြောန့် အယ်လယ်ဂွပ်ဟှို အယ်နေ့ထိ “သွီးမ္လေ” ဆိုဘီး ခေါ်ဂေ့လေဟှယ်။
MAT 27:9 ပရောဖက်ယေရမိဟှ “သူးနို့လေဟှာ အယ်သူတွပ် ပေးဟှို့ ဣသရေလ လူလေ ဘောတူဟှားဟှူ ငွေဒန်းဂါး သောင်းဆယ်ဟှို ယူဘီးဟှာ
MAT 27:10 ဘုရားသခင်ဟှာ ငါ့ဟှို မှာဟှားဟှူတိုင်း အိုးလောက်မားရဲ့ မ္လေဂွပ်ဟှို ဝယ်ဂေ့ဟှယ်” ဆိုဘီး ဟောဟှားဇာဟှာ ခုခီမာ ပ္လဲ့ဇောင်ဟှားလေဟှယ်။
MAT 27:11 ယေရှုဟှာ ဗြို့ဝန်မန်းရဲ့ ရှေ့မာ ရပ်တော်မူနေဒူးမာ ဗြို့ဝန်မန်းဟှ “နန်ဟှာ ယုဒလူမျိုးလေရဲ့ မန်းဂီးလော” ဆိုဘီး မေးလေဟှယ်။ ယေရှုဟှ “သင်ပြောဟှူတိုင်းဘဲ့” ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။
MAT 27:12 အယ်ဘေမဲ့ ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေရဲ့ စွပ်စွဲဂေ့ဟှူဇာဟှို ကိုယ်တော်ဟှာ ဖြေတော်မူဟှမ်း။
MAT 27:13 အယ်ကြောန့် ပိလတ်ဟှ “သူးနို့ရဲ့ သတ်သေခံဇာလေဟှို နန်ကြားဟှလော” ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။
MAT 27:14 အယ်ဘေမဲ့ ယေရှုဟှာ ခွန်းလည်း ပ္လန်ပြောဘဲကြောန့် ဗြို့ဝန်မန်းဟှာ ရရာတိုင်း အံ့ဩလေဟှယ်။
MAT 27:15 ဗြို့ဝန်မန်းဟှာ ပသခါပွဲတိုင်းမာ လူလေတောန်းဆိုဟှူ ထောန်သား တယော့‑က်ဟှို လွှတ်ပေးဟှူ ထောင်းဇံရှိဟှယ်။
MAT 27:16 အယ်ခီမာ ယေရှုဗာရဗ္ဗ ဆိုဘီး နာမယ်ရှိဘီး ထန်ပေါ်ဟှူ ထောန်သား တယော့‑က်ရှိဟှယ်။
MAT 27:17 အယ်ကြောန့် လူအောက်ဂီးဟှာ စုလာဟှူ ခီမာ ပိလတ်ဟှ သူးနို့ဟှို “နန်းနို့လေ ဖယ်သူ့ဟှို လွှတ်ပေးစေရှင်ဟှယ်နူး။ ယေရှုဗာရဗ္ဗလော။ ခရစ်တော် ဆိုဘီး ခေါ်ဟှူ ယေရှုလော” ဆိုဘီး မေးလေဟှယ်။
MAT 27:18 သူးနို့လေဟှာ နာလိုဘဲစိရှိဟှူကြောန့် ယေရှုဟှို အပ်ဂေ့ဟှယ် ဆိုဇာဟှို ပိလတ်ဟှ ကောန်းကောန်းသိနေဟှူကြောန့် ဖြစ်ဟှယ်။
MAT 27:19 ပိလတ်ဟှ တရားပလ္လင်ထတ်မာ ထိုင်နေဒူးမာ သူ့ရဲ့ မယားဟှ လူတယော့‑က်ဟှို လွှတ်ဘီးဟှာ “အယ်မူဖြောန့်မတ်ဟှူ သူဟှို ဖြားလည်းလောက်ပါန။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နတ်ကီးညဉ့်ခန်းဒူးဟှ အိမတ်ထဲမာ အယ်သူကြောန့် ရရာတိုင်း စိဒေါက်ခဖြစ်ဟှယ်” ဆိုဘီး မှာလိုက်လေဟှယ်။
MAT 27:20 အယ်ဘေမဲ့ ဗာရဗ္ဗဟှို လွှတ်ပေးဟှို့န ယေရှုဟှို သတ်ဟှို့တွပ် တောန်းဆိုဟှို့ ယဇ်ပုရောဟိတ်ဂီးလေန သတ်ကီးဝါဂီးလေဟှာ လူအောက်ဂီးဟှို စည်းရောင်းဂေ့လေဟှယ်။
MAT 27:21 ဗြို့ဝန်မန်းဟှ “အယ်လူလေ နှေ့ယော့‑က်မာ ဖယ်တယော့‑က်ဟှို လွှတ်ပေးစေရှင်ဟှယ်နူး” ဆိုဘီး လူအောက်ဂီးဟှို မေးလေဟှယ်။ သူးနို့လေဟှ “ဗာရဗ္ဗ!” ဆိုဘီး ဖြေဂေ့လေဟှယ်။
MAT 27:22 ပိလတ်ဟှ “အယ်ဆိုဟှာ ခရစ်တော် ဆိုဘီး ခေါ်ဟှူ ယေရှုဟှို ဖြားလောက်ရမယ်နူး” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။ သူးနို့လေအားလောင်းဟှ “သူ့ဟှို ကားစင်တန်ပါ!” ဆိုဘီး ဖြေဂေ့လေဟှယ်။
MAT 27:23 အယ်ဘေမဲ့ ပိလတ်ဟှ “အယ်သူဟှာ ဖယ်မျိုးပြစ်မှုဟှို လွန်ကြူးမိဟှယ်နူး” ဆိုဘီး မေးလေဟှယ်။ သူးနို့လေဟှ “သူ့ဟှို ကားစင်တန်ပါ!” ဆိုဘီး သံက္လယ်ဂီးန အော်ဂေ့လေဟှယ်။
MAT 27:24 ပိလတ်ဟှာ ရုန်းရင်းဆန်ခတ် ဖြစ်လာမယ် ဆိုဇာဟှို ဗြင်ဟှူ ခီမာ သူဟှာ ရေဟှို ယူဘီးဟှာ “အယ်မူ ပြစ်မှေ့ဘဲဟှူသူရဲ့ သွီးဟှာ ငါ့နဆိုင်ဟှ! နန်းနို့ရဲ့ တာဝန်ဘဲ့ဖြစ်ဟှယ်!” ဆိုဘီး လူအောက်ဂီးရဲ့ ရှေ့မာ သူ့ရဲ့ လတ်ဟှို ဆေးလေဟှယ်။
MAT 27:25 လူအောက်ဂီး တခုလောင်းဟှ “သူ့ရဲ့သွီးဟှာ ကျွန်တော်ဟှားလေန ကျွန်တော်ဟှားလေရဲ့ သားမီးလေထတ်မာ သတ်ရော့‑က်ပါစေ!” ဆိုဘီး ပ္လန်ပြောဂေ့လေဟှယ်။
MAT 27:26 အယ်ဘီးန ပိလတ်ဟှ ဗာရဗ္ဗဟှို လွှတ်ပေးလိုက်ဘီးဟှာ ယေရှုဟှို ကီဒန်ပေးဘီးန ကားစင်တန်ဟှို့တွပ် အပ်လိုက်လေဟှယ်။
MAT 27:27 အယ်ဘီးန ပိလတ်ရဲ့ စစ်သားလေဟှာ ယေရှုဟှို ဗြို့ဝန်မန်းရဲ့ အီတော်ဟှို ခေါ်ဟှားဘီး စစ်တပ်တတပ်လောင်းဟှို ကိုယ်တော်နားမာ စုဝီးစေလေဟှယ်။
MAT 27:28 အယ်ဘီးမှ စစ်သားလေဟှာ ကိုယ်တော်ရဲ့ ဝတ်တော်ဟှို ခလွတ်ဘီး ကမ္ဗလာနီဝတ်လောင်ဟှို ချောင်ပေးဂေ့လေဟှယ်။
MAT 27:29 အယ်ဘီးန ဆူးခတ်န လောက်ဟှားဟှူ သရဖူဟှို ခေါန်းတော်မာ ဆောန်းပေးဂေ့ဘီး၊ ကျူဒေါက်တရှောန်းဟှိုလည်း ညာဖတ်လတ်တော်မာ ကိုင်စေလေဟှယ်။ အယ်ဘီးန ကိုယ်တော်ရှေ့မာ ဒူးထော့‑က်ဘီးဟှာ “ယုဒမန်းဂီး သတ်တော်ရှယ်ပါစေ!” ဆိုဘီး သရော်ဂေ့လေဟှယ်။
MAT 27:30 သူးနို့ဟှာ ကိုယ်တော့်ဟှို ထွီးရယ်န ထွီးဂေ့ဘီး ကျူဒေါက်ဟှို ယူဘီးဟှာ ခေါန်းဟှို ခါဘီးခါ ရိုက်ဂေ့လေဟှယ်။
MAT 27:31 သူးနို့ဟှာ ကိုယ်တော့်ဟှို သရော်ဂေ့ဘီးန ကမ္ဗလာနီဝတ်လောင်ဟှို ခလွတ်ဘီးဟှာ ကိုယ်တော်ရဲ့ အန်းဂီးဟှို ပ္လန်ဝတ်စေဟှယ်။ အယ်ဘီးန လတ်ဝါးကပ်တိုင်မာ တန်ဘီးသတ်ဟှို့တွပ် ခေါ်ဆောန်ဟှားဂေ့လေဟှယ်။
MAT 27:32 သူးနို့လေ ထွပ်လာဟှူ ခီမာ ရှိမုန် ဆိုဘီး နာမယ်ရှိဟှူ ကုရေနေဗြို့ဟှ လူတယော့‑က်ဟှို လမ်းမာ တွိဟှားဘီး စစ်သားလေဟှာ အယ်သူဟှို ယေရှုရဲ့ လတ်ဝါးကပ်တိုင်ဟှို အဓမ္မထမ်းခိုင်းဂေ့လေဟှယ်။
MAT 27:33 “ဦးခေါန်းခွံနေရာ” ဆိုဘီး ဓိပါယ်ရှိဟှူ၊ ဂေါလဂေါသနာမယ်ရှိဟှူ နေရာဟှို ရော့‑က်လာဂေ့ဟှယ်။
MAT 27:34 အယ်နေရာမာ သူးနို့လေဟှာ ယေရှုဟှို ဆေးခါးန ရောစပ်ဟှားဟှူ ဝိုင်ဟှို ပေးသော့‑က်ဂေ့ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ ဗြဲကေ့ဘီးန သော့‑က်ဟှို့ ငြင်းတော်မူလေဟှယ်။
MAT 27:35 ကိုယ်တော့်ဟှို ကားစင်တန်ဂေ့ဘီးန ကိုယ်တော်ရဲ့ ဝတ်တော်ဟှို မဲနှိုက်ဘီး ခွဲဝီဂေ့လေဟှယ်။
MAT 27:36 အယ်မျိုးလောက်ဘီးန အယ်နေရာမာ ကိုယ်တော့်ဟှို ထိုင်ဘီး စောန့်ကေ့နေဂေ့လေဟှယ်။
MAT 27:37 ကိုယ်တော်ရဲ့ ခေါန်းတော်ထတ်မာ “ယုဒမန်းဂီး ယေရှုဖြစ်ဟှယ်” ဆိုဘီး ကိုယ်တော့်ဟှို စွပ်စွဲဟှားဟှူ စာပ္လားဟှိုလည်း ကပ်ဟှားလေဟှယ်။
MAT 27:38 အယ်ဘီးန ယေရှုနတူးဒူ မ္လနှေ့ယော့‑က်ဟှိုလည်း ကိုယ်တော်ရဲ့ ညာဖတ်မာ တယော့‑က်၊ ဘယ်ဖတ်မာ တယော့‑က် ထားဘီးဟှာ ကားစင်တန်ဂေ့ဟှယ်။
MAT 27:39 ဖြတ်သန်းသွားလာနေဟှူ သူလေဟှာ သူးနို့ရဲ့ ခေါန်းလေဟှို ခါဘီးဟှာ ယေရှုဟှို ကဲ့ရဲ့ဂေ့ဇာဟှ
MAT 27:40 “ဗိမာန်တော်ဟှို ဖြိုဖျစ်ဘီး သောင်းရစ်ဒဲန ပ္လန်တည်ဆော့‑က်ဟှို့သူ! နန့်ကိုယ်နန် ကယ်တန်ပါ! နန်ဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ် ဆိုဟှာ လတ်ဝါးကပ်တိုင်ဟှနေ ဆင်းလာပါ!”
MAT 27:41 အယ်နည်းတူ ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းပြုဆရာလေန သတ်ကီးဝါဂီးလေဟှလည်း ကိုယ်တော့်ဟှို
MAT 27:42 “အယ်သူဟှာ တခြားလူလေဟှို ကယ်တန်ဘီးဟှာ သူ့ကိုယ်သူ ကယ်တန်နိုင်ဟှမား! သူဟှာ ဣသရေလမန်းဂီး မှုဟှလော။ သူဟှာ လတ်ဝါးကပ်တိုင်ဟှနေ ဆင်းလာမယ် ဆိုဟှာ နို့လေ ယောင်ကြည်ဂေ့မယ်!
MAT 27:43 သူဟှာ ဘုရားသခင်ဟှို အားကိုးဟှယ်။ ‘ငါဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်’ ဆိုဘီး ပြောဟှယ်။ အယ်ကြောန့် သူ့ဟှို ဘုရားသခင် လိုတော်ရှိမယ် ဆိုဟှာ ခုဘဲ့ ကယ်တန်ပါစေ!” ဆိုဘီး သရော်ဂေ့ဟှယ်။
MAT 27:44 ကိုယ်တော်နတူးဒူ ကားစင်တန်ဟှားဟှူ မ္လနှေ့ယော့‑က်ဟှလည်း အယ်နည်းတူ ကဲ့ရဲ့လေဟှယ်။
MAT 27:45 မွန်းဒဲ့ခီဟှနေ နေဒန်သောင်းနာရီထိအောန် တပြည်လောင်းဟှာ မှောန်မိုက်က္လလေဟှယ်။
MAT 27:46 နေဒန်သောင်းနာရီမာ ယေရှုဟှ “ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိ” ဆိုဘီး သံက္လယ်ဂီးန အော်ဟစ်တော်မူလေဟှယ်။ အယ်မူဓိပါယ်ဟှ “ကျွန်တော့်ဘုရားသခင်၊ ကျွန်တော့်ဘုရားသခင်၊ ဖြားဖြစ်ကြောန့် ကျွန်တော့်ဟှို စွန့်ပစ်တော်မူဟှယ်နူး” ဆိုဘီး ဖြစ်လေဟှယ်။
MAT 27:47 အယ်နေရာမာ ရပ်နေဟှူ လူလေတချို့ဟှာ အယ်မူဇာဟှို ကြားရခီမာ “သူဟှာ ဧလိယဟှို ခေါ်နေဟှယ်!” ဆိုဘီး ပြောဂေ့လေဟှယ်။
MAT 27:48 သူးနို့လေထဲဟှ တယော့‑က်ဟှာ တခါဒဲ ပ္လေးဟှားဘီး ရေမ္လောက်ဟှို ယူဘီး ရှင်နေဟှူ ဝိုင်ရှင်ထဲဟှို နှစ်ထဲ့လေဟှယ်။ အယ်ဘီးန ကျူဒေါက်ဖျားမာ တပ်ဘီး ကိုယ်တော့်ဟှို သော့‑က်ဟှို့ ပေးလေဟှယ်။
MAT 27:49 အယ်ဘေမဲ့ တခြားလူလေဟှ “နေအူး၊ ဧလိယဟှာ သူ့ဟှို ကယ်ဟှို့တွပ် လာမယ် ဆိုဇာဟှို ကေ့ဂေ့ဇို့!” ဆိုဘီး ပြောဂေ့လေဟှယ်။
MAT 27:50 ယေရှုဟှာ နော့‑က်ထပ် သံက္လယ်ဂီးန အော်ဘီးဟှာ သတ်တော်ဟှို စွန့်တော်မူလေဟှယ်။
MAT 27:51 အယ်မူခီမာဘဲ့ ဗိမာန်တော်ရဲ့ လိုက်ကာဟှာ ထတ်ဟှနေ အော့‑က်ဟှို နှေ့ခြမ်းကွဲဟှားလေဟှယ်။ မ္လေဂီးဟှာ လှောက်ဘီး က္လော့‑က်လေဟှာ အတ်ကွဲဟှားဘီး၊
MAT 27:52 သန်းခ္လိုင်းဂူလေလည်း ပွမ့်ထွပ်ဟှားလေဟှယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းသူလေရဲ့ ကိုယ်ခန္ဓာလေဟှာ ထမြော့‑က်ဂေ့လေဟှယ်။
MAT 27:53 ယေရှု ရှင်ပ္လန်ထမြော့‑က်တော်မူဘီးန သူးနို့လေဟှာ သန်းခ္လိုင်းဂူထဲဟှ ထွပ်လာဘီးဟှာ သန့်ရှင်းဟှူ ဗြို့တော်ထဲဟှို ဝမ်ဟှားဘီး လူလေဟှို ကိုယ်ထန်ရှားပြလေဟှယ်။
MAT 27:54 တပ်မှူးနတူးဒူ ယေရှုဟှို စောန့်ကေ့နေဂေ့ဟှူ စစ်သားလေဟှာ မ္လေဂီးလှောက်ဟှူ ဇာလေန ဖြစ်ပျစ်ဟှားဟှူ ဇာလေ ဂူလောင်းဟှို တွိဗြင်ရဟှူ ခီမာ သူးနို့ဟှာ ရရာတိုင်း ကြော့‑က်လန့်ဟှားဂေ့ဘီး “အယ်သူဟှာ တကယ်ဘဲ့ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!” ဆိုဘီး ပြောဂေ့လေဟှယ်။
MAT 27:55 ဂါလိလဲပြည်ဟှနေ ယေရှုနော့‑က်လိုက်ဘီးဟှာ လောက်ကျွေးနေဟှူ မီးမလေဟှာ အယ်နေရာမာရှိနေဘီး ဝီးဟှနေ ကေ့နေဂေ့လေဟှယ်။
MAT 27:56 သူးနို့လေထဲမာ မာဂဒလဗြို့သူ မာရိ၊ ယာကုပ်န ယောသပ်လေရဲ့ မိဖြစ်ဟှူမာရိန ဇေဗေဒဲရဲ့မီးမ ပါလေဟှယ်။
MAT 27:57 နေဒန်ဇာဟှို ရော့‑က်ဟှူ ခီမာ အရိမဿဲဗြို့ဟှနေ ယောသပ် ဆိုဘီး နာမယ်ရှိဟှူ ဌေးတယော့‑က် ရော့‑က်လာဘီး သူဟှာ ယေရှုရဲ့ တဗဲ့တော်လည်း ဖြစ်လေဟှယ်။
MAT 27:58 အယ်သူဟှ ပိလတ်နားဟှို ဝမ်ဟှားဘီး ယေရှုရဲ့ လောန်းတော်ဟှို တောန်းဟှူကြောန့် ပိလတ်ဟှာ ပေးလိုက်ဟှို့ မိန့်ပေးလေဟှယ်။
MAT 27:59 အယ်ကြောန့် ယောသပ်ဟှာ လောန်းဟှို ယူဘီး ဖ္လူစင်ဟှူ ပိဖ္လူန လိလေဟှယ်။
MAT 27:60 က္လော့‑က်တောင်းမာ ထွမ်းဟှားဟှူ သူ့ရဲ့ကိုယ်ပိုင် သန်းခ္လိုင်းဂူသစ်ထဲမာ သင်္ဂြိုဟ်လေဟှယ်။ အယ်ဘီးမှ သူဟှာ ကီးမားဟှူ က္လော့‑က်တောင်းဟှို သန်းခ္လိုင်းဂူဝမ်ဝရဲ့ ရှေ့မာ ပိဟှားဘီးန ပ္လန်ဟှားလေဟှယ်။
MAT 27:61 မာဂဒလဗြို့သူ မာရိန တခြားမာရိလေဟှာ သန်းခ္လိုင်းရှေ့မာ ထိုင်နေဂေ့လေဟှယ်။
MAT 27:62 ဒန်းနေ့တွပ် ပြင်ဆင်ရာနေ့ဘီးန ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေဟှာ ပိလတ်နားဟှို သွားဘီး၊
MAT 27:63 “သခင်၊ အယ်မူလူလီဟှာ သတ်ရှင်နေဒူးဟှ ‘သောင်းရစ်ကြာဘီးန ငါဟှာ ပ္လန်ထမြော့‑က်လေ့မယ်’ ဆိုဘီး ပြောဟှားဇာဟှို ကျွန်တော့်ဟှားလေ မှတ်မိပါဟှယ်။
MAT 27:64 အယ်ကြောန့် သောင်းရစ်မြော့‑က်ဟှူ နေ့တိုင်အောန် သန်းခ္လိုင်းဂူဟှို ဒိနစောန့်ကေ့ဟှို့တွပ် မိန့်ပေးတော်မူပါ။ အယ်မျိုးလောက်ဘဲဟှ ဆိုဟှာ သူ့တဗဲ့လေဟှာ လောန်းဟှို လာခိုးဟှားဘီး သူဟှာ သေရာဟှနေ ထမြော့‑က်ဟှားဘီ ဆိုဘီး လူလေဟှို ပြောဂေ့ပါလေ့မယ်။ အယ်ဆိုဟှာ နော့‑က်ဆောင်း လီညာဟှူဇာဟှာ ရင်ဟှ လီညာဟှူဇာထတ် ပိုဘီး ဆိုးဝါးပါလေ့မယ်” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAT 27:65 ပိလတ်ဟှ “စောန့်တပ် တတပ်ဟှို ခေါ်ဟှားဂေ့။ သန်းခ္လိုင်းဂူဟှို တတ်နိုင်ဟှူမျှ လောင်ခြောင်အောန် စောန့်ကေ့ခိုင်းဂေ့” ဆိုဘီး မိန့်လေဟှယ်။
MAT 27:66 အယ်ကြောန့် သူးနို့လေဟှာ သန်းခ္လိုင်းဟှို သွားဘီးဟှာ က္လော့‑က်တောင်းဟှို ဇိခပ်ဘီး စောန့်လေဟှို နေရာခ္လဟှားလိုက်ဘီး စောန့်ကေ့စေလေဟှယ်။
MAT 28:1 ဒန်းနေ့လွန်ဘီးန နန်းနွေနေ့ မိုးလန်းခါနီးမာ မာဂဒလဗြို့သူ မာရိန တခြားမာရိလေဟှာ သန်းခ္လိုင်းဟှို သွားဘီး ကေ့ဂေ့လေဟှယ်။
MAT 28:2 ဘုရားသခင်ရဲ့ ကောန်းဂန်တမန်တပါးဟှာ ကောန်းဂန်ဘောင်ဟှနေ ဆင်းလာဟှူကြောန့် ရောက်တရစ် ရရာတိုင်း ကြမ်းဟှူ မ္လေဂီးလှောက်လာဟှယ်။ အယ်ဘီးန က္လော့‑က်တောင်းဟှို လှိဖယ်လိုက်ဘီး အယ်က္လော့‑က်တောင်းထတ်မာ ထိုင်နေလေဟှယ်။
MAT 28:3 သူ့ရဲ့ ရောန်ဆင်းဟှာ လျှပ်စစ်လတ်ဟှူမျိုးဖြစ်ဘီး သူ့ရဲ့ ဝတ်ဟှလည်း နှမ်းပွမ့်မျိုးဘဲ့ ဖ္လူလေဟှယ်။
MAT 28:4 စောန့်လေဟှာ ကောန်းဂန်တမန်ဟှို ရရာတိုင်း ကြော့‑က်လန့်ဂေ့ဘီး လူသေလေမျိုးဘဲ့ ဖြစ်ဟှားဂေ့လေဟှယ်။
MAT 28:5 ကောန်းဂန်တမန်ဟှ အယ်မီးမလေဟှို “ကြော့‑က်ဂေ့န။ နန်းနို့လေဟှာ လတ်ဝါးကပ်တိုင်မာ သတ်ခံရဟှူ ယေရှုဟှို ရှာနေဂေ့ဟှယ် ဆိုဇာဟှို ငါသိဟှယ်။
MAT 28:6 ကိုယ်တော်ဟှာ အယ်နေရာမာမှေ့ဘီ။ မိန့်တော်မူဟှားဟှူတိုင်းဘဲ့ ထမြော့‑က်တော်မူဟှားဘီ။ ကိုယ်တော်လျောင်းတော်မူဟှားဟှူ နေရာဟှို လာဘီးကေ့ဂေ့ပါ။
MAT 28:7 တဗဲ့တော်လေနားဟှို ဗြန်းဗြန်သွားဘီး ‘ကိုယ်တော်ဟှာ သေရာဟှနေ ထမြော့‑က်တော်မူဟှားဘီ။ နန်းနို့လေထတ်စောဘီး ဂါလိလဲပြည်ဟှို ကြွတော်မူလေ့မယ်။ အယ်နေရာမာ နန်းနို့လေဟှာ ကိုယ်တော့်ဟှို တွိရဂေ့လေ့မယ်!’ ဆိုဘီး ပြောဂေ့ပါ။ ငါပြောလိုက်ဇာလေဟှို မေ့ဂေ့န။”
MAT 28:8 အယ်ကြောန့် အယ်မီးမလေဟှာ ကြော့‑က်လန့်ဘေမဲ့လည်း အားရဝန်းသာန သန်းခ္လိုင်းဟှနေ ဗြန်းဗြန်ထွပ်ဟှားဘီး တဗဲ့တော်လေဟှို ပြောပြဟှို့တွပ် ပ္လေးဂေ့လေဟှယ်။
MAT 28:9 ရောက်တရစ် ယေရှုဟှ သူးနို့နားဟှို ရော့‑က်လာဘီးဟှာ “နန်းနို့နတူးဒူ ငြီသတ်ရှင်းရှိပါစေ” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူးနို့ဟှာ ကိုယ်တော်နားဟှို ချဉ်းကပ်ဘီးဟှာ ခေတော်ဟှို ဖတ်ဘီး ရှိခိုးဂေ့လေဟှယ်။
MAT 28:10 ယေရှုဟှ “ကြော့‑က်ဂေ့န။ သွားဘီးဟှာ ငါ့ရဲ့ ညီကိုလေဟှို ဂါလိလဲပြည်ဟှို သွားဟှို့တွပ် ပြောဂေ့။ သူးနို့လေဟှာ အယ်နေရာမာ ငါ့ဟှို ဗြင်ရဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAT 28:11 အယ်မီးမလေဟှာ လမ်းမာ သွားနေဒူးမာ သန်းခ္လိုင်းဂူစောန့်နေဟှူ တပ်သားတချို့ဟှာ ဗြို့ထဲဟှို ဝမ်ဘီး ယဇ်ပုရောဟိတ်ဂီးလေဟှို ဖြစ်ပျစ်ဇာလေ ဂူလောင်းဟှို ပြောပြဂေ့လေဟှယ်။
MAT 28:12 ယဇ်ပုရောဟိတ်ဂီးလေဟှာ သတ်ကီးဝါဂီးလေန တွိဆောင်ဂေ့ဘီး ဆွေးနွေးဘီးန သူးနို့ဟှာ စစ်သားလေဟှို ကပ်လေဘောင်ဂီးပေးဘီး၊
MAT 28:13 “နို့လေအိမွီနေဒူးမာ သူ့ရဲ့ တဗဲ့လေဟှာ ညဉ့်ခန်းဖတ်မာ လာဘီး လောန်းဟှို ခိုးဆောန်ဟှားဟှယ် ဆိုဘီး ပြောဂေ့။
MAT 28:14 ဗြို့ဝန်မန်းဟှာ အယ်မူဒန်းဟှို သိဟှားမယ် ဆိုဟှာ နို့လေဟှာ သူ့ဟှို စည်းရောင်းဘီး နန်းနို့မာ စိုးရိမ်ဇာမှေ့ဟှို့တွပ် လောက်ပေးမယ်” ဆိုဘီး ပြောဂေ့ဟှယ်။
MAT 28:15 စောန့်လေဟှာ ကပ်ဟှို ယူဘီးဟှာ သူးနို့ဟှို ညွန်ကြားဟှားဟှူတိုင်း လောက်ဂေ့လေဟှယ်။ အယ်ကြောန့် အယ်ဒန်းဟှာ ယုဒလူမျိုးလေထဲမာ အယ်နေ့ထိ ပ္လံ့နှံ့နေလေဟှယ်။
MAT 28:16 တဗဲ့တော်ဆယ့်တယော့‑က်ဟှာ ဂါလိလဲပြည်ဟှို သွားဘီး ယေရှုမှာဟှားတိုင်း တောန်ထတ်ဟှို သွားဂေ့လေဟှယ်။
MAT 28:17 သူးနို့လေဟှာ ကိုယ်တော့်ဟှို တွိဗြင်ရဟှူ ခီမာ ရှိခိုးဂေ့လေဟှယ်။ အယ်ဘေမဲ့ သူးနို့ထဲဟှ တချို့ဟှာ သံသယဖြစ်ဂေ့ဟှယ်။
MAT 28:18 ယေရှုဟှာ တဗဲ့တော်လေနားဟှို ကြွလာဘီးဟှာ “ကောန်းဂန်န မ္လေဂီးထတ်မာ ရှိမျှဟှူ ခွမ့်အာဏာလေဟှို ငါ့ဟှို ပေးအပ်တော်မူဘီ။
MAT 28:19 အယ်ကြောန့် နန်းနို့လေဟှာ သွားဘီး လူဘောန်းဇောင်ဟှို ငါ့တဗဲ့ဖြစ်စေဘီးဟှာ ဖ၊ သားတော်၊ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ နာမတော်ထဲမာ ဗတ္တိဇံပေးဂေ့ပါ။
MAT 28:20 နန်းနို့လေဟှို ငါပညတ်ဟှားဇာလေ ဂူလောင်းဟှို နာခံဟှို့တွပ် သွန်သန်ဂေ့ပါ။ ငါဟှာလည်း ကမ္ဘာကူဆောင်းဟှူ ခီထိ နန်းနို့လေနတူးဒူ မြဲဒမ်းရှိနေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 1:1 ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်တော်ကြောန်း ဒန်းကောန်းဟှာ အယ်မျိုးဖြစ်ဟှယ်။
MAR 1:2 ပရောဖက်ဟေရှာယ ရေးဟှားဟှူဇာဟှ၊ “ဘုရားသခင်ဟှ ပြောဟှားဟှယ်၊ ‘ငါဟှာ နန့်ရဲ့လမ်းဟှို ပြင်ဆင်ဟှို့တွပ် ငါ့ရဲ့တမန်ဟှို နန့်ရှေ့မာ စေလွှတ်မယ်။’
MAR 1:3 တောကန္တာရထဲမာ ယော့‑က်ယော့‑က်ဟှ အော်ပြောနေဇာဟှ ‘ဘုရားသခင်ရဲ့ လမ်းဟှို ပြင်ဆင်ဟှားဂေ့! အယ်သခင်တွပ် ဖြောန့်တန်းဟှူလမ်းဟှို လောက်ဟှားဂေ့!’ ”
MAR 1:4 ယောဟန်ဟှာ ပေါ်လာဘီး၊ တောကန္တာရမာ ဟောပြောဘီးန ဗတ္တိဇံပေးနေဟှယ်။ “နောန်ဒရဘီး ဗတ္တိဇံခံဂေ့။ အယ်ဆိုဟှာ ဘုရားသခင်ဟှ နန်းနို့ရဲ့ ပြစ်လေဟှို ခွမ့်လွှတ်လေ့မယ်” ဆိုဘီး ကြေညာဟှယ်။
MAR 1:5 ယုဒပြည်ဟှ လူလေန ယေရုရှလင်ဗြို့ရဲ့လူလေ ဂူလောင်းဟှာ ယောဟန်နားဟှို ရော့‑က်လာဂေ့ဘီး သူးနို့ရဲ့ ပြစ်လေဟှို ဝန်ခံဂေ့ဟှူကြောန့် ယော်ဒန်မ္လစ်မာ ယောဟန်အားဖြင့် ဗတ္တိဇံခံဂေ့ဟှယ်။
MAR 1:6 ယောဟန်ဟှာ ကုလားအုတ်ရဲ့ မွီးန လောက်ဟှားဟှူဝတ်န သားရေခါးဗတ်ဟှို ခါးမာပတ်ဟှားဘီး ကျိုင်းကောန်န တောပျားရယ်ဟှို စားလေဟှယ်။
MAR 1:7 သူဟှာ လူလေဟှို ကြေညာဇာဟှ “ငါ့ထတ် ပိုဘီး ကီးမြတ်ဟှူလူဟှာ ငါ့နော့‑က်ဟှ ကြွလာလေ့မယ်။ ငါဟှာ ငေါက်ဘီးဟှာ သူ့ရဲ့ ခေနပ်ကြိုးဟှို ဖြေဟှို့ဟှိုမှ ထိုက်ဟှ။
MAR 1:8 ငါဟှ နန်းနို့လေဟှို ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ သူဟှ နန်းနို့ဟှို သန့်ရှင်းဟှူဝိညာဉ်တော်န ဗတ္တိဇံပေးလေ့မယ်။”
MAR 1:9 အယ်ခီမာ ယေရှုဟှ ဂါလိလဲပြည် နာဇရက်ဗြို့ဟှ လာဘီးဟှာ ယော်ဒန်မ္လစ်မာ ယောဟန်အားဖြင့် ဗတ္တိဇံခံလေဟှယ်။
MAR 1:10 ယေရှုဟှာ ရေထဲဟှထလိုက်ဟှူန ကောန်းဂန်ဘောင် ပွမ့်ဟှားဘီး ဝိညာဉ်တော်ဟှ ချိုးငှတ်မျိုး ကိုယ်တော်ထတ်ဟှို ဆင်းလာနေဇာဟှို ဗြင်လေဟှယ်။
MAR 1:11 “နန်ဟှာ ငါနှစ်သက်မြတ်နိုးဟှူ ငါ့ရဲ့ ရှစ်ရဟှူသား ဖြစ်ဟှယ်” ဆိုဘီး ကောန်းဂန်ဟှနေ သံတော်ထွပ်ပေါ်လာဟှယ်။
MAR 1:12 ဝိညာဉ်တော်ဟှ ကိုယ်တော့်ဟှို တောကန္တာရထဲဟှို ရှစ်ရှင်းပို့ဆောန်ဘီး
MAR 1:13 ကိုယ်တော်ဟှာ တောကန္တာရထဲမာ ရစ်လေးဆယ် လောင်းလောင်း နေဘီး စာတန်ရဲ့ စောင်ဇမ်းသွီးဆောန်ရှင်းဟှို ခံတော်မူဟှယ်။ ကိုယ်တော်ဟှာ သားရဲလေနတူးဒူ ရှိတော်မူဘီး ကောန်းဂန်တမန်လေဟှာ ကိုယ်တော့်ဟှို လောက်ကျွေးဂေ့ဟှယ်။
MAR 1:14 ယောဟန် ထောန်ခ္လခံရဘီးန ယေရှုဟှာ ဂါလိလဲပြည်ဟှို သွားဘီး ဘုရားသခင်ရဲ့ ဒန်းကောန်းဟှို ကြေညာလေဟှယ်။
MAR 1:15 “ခီပ္လဲ့ဇောင်ဟှားဘီ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ! နောန်ဒရဘီးဟှာ ဒန်းကောန်းဟှို ယောင်ကြည်ဂေ့ပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 1:16 ယေရှုဟှ ဂါလိလဲအိုင်ဘေးမာ ရှော့‑က်သွားနေဒူးမာ ငါးဖမ်းမားလေဖြစ်ဟှူ ရှိမုန်န သူ့ညီ အန္ဒြေလေဟှာ အိုင်ထဲမာ ပိုက်ကွန်ပစ်နေဇာဟှို ဗြင်လေဟှယ်။
MAR 1:17 ယေရှုဟှ “ငါ့နော့‑က်လိုက်ဂေ့။ နန်းနို့လေဟှို လူလေဟှိုဖမ်းဟှူ ငါးဖမ်းမားဖြစ်စေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 1:18 သူးနို့လေဟှ ရှစ်ရှင်းဘဲ ပိုက်လေဟှို ထားရစ်ဘီးန နော့‑က်ဟှို လိုက်ဂေ့ဟှယ်။
MAR 1:19 ကိုယ်တော်ဟှာ နဲနဲဆစ်ဘီးသွားဟှူ ခီမာ ဇေဗေဒဲရဲ့သား ယာကုပ်န သူ့ညီယောဟန်ဟှို ဗြင်ဟှားဟှယ်။ သူးနို့ဟှာ လှေထဲမာ ပိုက်ကွန်လေ ဖာနေဂေ့ဟှယ်။
MAR 1:20 ယေရှုဟှ သူးနို့လေဟှို ရှစ်ရှင်းခေါ်လိုက်ဟှယ်။ သူးနို့လေဟှာ သူးနို့ဖ ဇေဗေဒဲဟှို လူငှားလေနတူးဒူ လှေထတ်မာ ထားရစ်ဘီးဟှာ ယေရှုနော့‑က်ဟှို လိုက်ဟှားဂေ့ဟှယ်။
MAR 1:21 ယေရှုန တဗဲ့တော်လေဟှာ ကပေရနောင်ဗြို့ဟှို ဝမ်ဂေ့ဘီး ဒန်းနေ့မာ ယေရှုဟှာ ဝါလယ်ဇရပ်ထဲဟှို ဝမ်ဟှားဘီးဟှာ စဘီးသွန်သန်လေဟှယ်။
MAR 1:22 လူလေဟှာ ကိုယ်တော်ရဲ့ သွန်သန်ဇာဟှို အံ့ဩဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သူးနို့ဟှို ကျမ်းတတ်ဆရာလေမျိုး မှုဘဲ့န ခွမ့်အာဏာရှိဟှူသူမျိုး သွန်သန်ဟှူကြောန့် ဖြစ်ဟှယ်။
MAR 1:23 အယ်ခီမာဘဲ့ ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူ လူတယော့‑က်ဟှာ ဝါလယ်ဇရပ်ထဲဟှို ဝမ်လာဘီးဟှာ အော်နေဇာဟှ
MAR 1:24 “နာဇရက်ဗြို့သား ယေရှု၊ ကိုယ်တော်ဟှ ကျွန်တော့်လေန ဖြားဆိုင်ဟှယ်နူး။ ကျွန်တော့်လေဟှို ဖျစ်ဆီးဟှို့တွပ် ရော့‑က်လာဇာလော။ ကိုယ်တော်ဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာ ကျွန်တော်သိဟှယ်။ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူသူ ဖြစ်ဟှယ်!”
MAR 1:25 ယေရှုဟှာ အယ်နတ်ဟှို “တိတိဟှားနေဘီး အယ်လူထဲဟှ ထွပ်ဟှားဂေ့!” ဆိုဘီး ဆောင်းမလေဟှယ်။
MAR 1:26 ညစ်ညူးဟှူနတ်ဟှ အယ်လူဟှို ရရာတိုင်း တတ်စေဘီး သံက္လယ်ဂီး အော်ဘီးဟှာ ထွပ်ဟှားလေဟှယ်။
MAR 1:27 လူလေ ဂူလောင်းဟှ အံ့ဩဟှားဂေ့ဘီး “အယ်ဇာဟှ ဖယ်မျိုးနူး။ အယ်ဇာဟှ သွန်သန်မှု သစ်တမျိုးလော။ အယ်လူဟှာ ညစ်ညူးဟှူနတ်လေဟှို ခွမ့်အာဏာန မိန့်ပေးလိုက်ဇာ သူးနို့ဟှာ နာခံဂေ့ဟှယ်!” ဆိုဘီး ရှင်းရှင်း မေးနေဂေ့ဟှယ်။
MAR 1:28 အယ်ကြောန့် ယေရှုရဲ့ ဒန်းဟှာ ဂါလိလဲပြည် တခုလောင်းဟှို ရှစ်ရှင်း ပ္လန့်နှံ့ဟှားလေဟှယ်။
MAR 1:29 ယေရှုန တဗဲ့တော်လေဟှာ ဝါလယ်ဇရပ်ဟှနေ ထွပ်ဟှားဘီး ရှစ်ရှင်းဘဲ့၊ ယာကုပ်၊ ယောဟန်နတူးဒူး ရှိမုန်န အန္ဒြေရဲ့အီဟှို သွားဂေ့ဟှယ်။
MAR 1:30 ရှိမုန်ရဲ့ ယောက္ခမဟှာ ဖျားနာဘီး အိယာထတ်မာ လှဲနေကြောန်းဟှို ယေရှုဟှို ရှစ်ရှင်း တောန်းလျှော့က်လေဟှယ်။
MAR 1:31 အယ်ကြောန့် ကိုယ်တော်ဟှာ အယ်မီးမနားဟှို သွားဘီးဟှာ သူ့ရဲ့လတ်ဟှို ကိုင်ဘီး ဆွဲဒန်လိုက်ဟှယ်။ သူဟှာ ဖျားနာပျော့‑က်ဟှားကြောန့် သူးနို့ဟှို ဧည့်ဝတ်ပြုလေဟှယ်။
MAR 1:32 နေဝမ်ဟှားဘီး ညဉ့်ခန်းဇာရော့‑က်ဟှားခီမာ လူလေဟှာ ဖျားနာသူလေန နတ်ဆိုးဝမ်ပူးသူလေ ဂူလောင်းဟှို ယေရှုနားဟှို ခေါ်လာဂေ့ဟှယ်။
MAR 1:33 တဗြို့လောင်းဟှာ ခွဗော့‑က်ဝမာ စုဝီးလာဂေ့ဟှယ်။
MAR 1:34 ယေရှုဟှာ ရောဂါဘောန်းဇောင်ရှိဟှူ လူလေဘောင်ဂီးဟှို ကျန်းမာစေဘီး နတ်ဆိုးဘောင်ဂီးဟှို နှန်ထုဟှယ်။ နတ်ဆိုးလေဟှ ကိုယ်တော့်ဟှို သိဂေ့ဟှူကြောန့် သူးနို့ဟှို စကားပြောခွမ့်ပေးဟှ။
MAR 1:35 မိုးလန်းခန် စောစောဂီးမာ ယေရှုဟှ အိယာဟှထဘီးဟှာ အီဟှထွပ်ဟှားဟှယ်။ ကိုယ်တော်ဟှာ ဗြို့ထဲဟှနေ လူမှေ့သူမှေ့ဘဲဟှူ နေရာဟှို ထွပ်ဟှားဘီးဟှာ ဆုတောန်းလေဟှယ်။
MAR 1:36 ရှိမုန်န သူ့ရဲ့ ပေါန်းဖော်လေဟှာ ကိုယ်တော့်ဟှို လိုက်ရှာဂေ့ဘီး
MAR 1:37 ကိုယ်တော့်ဟှို တွိဂေ့ဟှူ ခီမာ “လူတိုင်းဟှာ ကိုယ်တော့်ဟှို လိုက်ရှာနေဂေ့ဟှယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
MAR 1:38 ယေရှုဟှ “နို့လေဟှာ နီးနားမာရှိဟှူ တခြား ဗြို့ဝါလေဟှို သွားရမယ်။ ငါဟှ သူးနို့ဟှိုလည်း ဟောပြောရအူးမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ အယ်တွပ်ဘဲ့ကြွလာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 1:39 အယ်ကြောန့် ကိုယ်တော်ဟှာ ဂါလိလဲပြည် တပြည်လောင်းဟှို ကြွတော်မူဘီး ဝါလယ်ဇရပ်လေမာ ဟောပြောဘီးဟှာ နတ်ဆိုးလေဟှို နှန်ထုလေဟှယ်။
MAR 1:40 နူနာသယ် တယော့‑က်ဟှာ ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ ဒူးထော့‑က်ဘီးဟှာ “ကိုယ်တော်လိုရှိဟှယ် ဆိုဟှာ ကျွန်တော့်ဟှို သန့်ရှင်းပေးပါ” ဆိုဘီး တောန်းဗန်လေဟှယ်။
MAR 1:41 ယေရှုဟှာ သနား တော်မူဟှားဘီး လတ်တော်ဟှို ဆန့်ဘီးဟှာ အယ်လူဟှို ထိလိုက်ဟှယ်။ “ငါလိုရှိဟှယ်။ သန့်ရှင်းစေ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 1:42 ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့‑က်ဟှားဘီး သူဟှာ သန့်ရှင်းဟှားလေဟှယ်။
MAR 1:43 ယေရှုဟှာ သူ့ဟှို ရှစ်ရှင်းလွှတ်လိုက်ဘီး
MAR 1:44 “နန်ဟှာ အယ်မူဇာဟှို ဖယ်သူ့ဟှိုလည်း ပြောန။ အယ်ဘေမဲ့ ယဇ်ပုရောဟိတ်နားဟှို သွားဘီး ကိုယ်ဟှိုပြလိုက်ပါ။ စင်ကြယ်ကြောန်းဟှု လူလေရှေ့မာ သတ်သေဖြစ်ဟှို့တွပ် မောရှေ ပညတ်ဟှားဟှူတိုင်း ပူဇော်သကာဟှို ဆစ်သပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 1:45 အယ်ဘေမဲ့ အယ်လူဟှ ထွပ်ဟှားဘီး အယ်ဒန်းဟှို အားရပါးရ ဟောပြောဘီး ပ္လံ့နှံ့စေလေဟှယ်။ အယ်ကြောန့် ယေရှုဟှ ဗြို့ထဲဟှို ထန်းထန်ရှားရှားဟှား ဝမ်နိုင်ဘဲန လူမှေ့သူမှေ့ဘဲဟှူ ဗြို့ပ္လန်နေရာမာဘဲ့ နေရဟှယ်။ အယ်ဘေမဲ့ နေရာတိုင်းဟှနေ လူလေဟှ ကိုယ်တော်နားဟှို ရော့‑က်လာဂေ့ဟှယ်။
MAR 2:1 ရစ်နဲနဲကြာဘီးန ယေရှုဟှာ ကပေရနောင်ဗြို့ဟှို ပ္လန်ဝမ်ဟှားဘီး၊ ကိုယ်တော်ဟှာ အီမာရှိနေဟှယ် ဆိုဘီး ဒန်းဟှို လူလေကြားဂေ့ဟှယ်။
MAR 2:2 လူလေဘောင်ဂီးဟှာ ရော့‑က်လာဂေ့ဟှူကြောန့် ခွဗော့‑က်ဝပ္လန်မာလည်း နေရာလွတ် မှေ့ဟှမ်း။ ယေရှုဟှာ သူးနို့ဟှို တရားစကားဟှို ဟောပြောနေလေဟှယ်။
MAR 2:3 အယ်ခီမာ လူလေးယော့‑က်ဟှ ရော့‑က်လာဘီး လေဖြတ်နေဟှူ လူတယော့‑က်ဟှို ယေရှုနားဟှို သယ်လာဂေ့ဟှယ်။
MAR 2:4 အယ်ဘေမဲ့လည်း လူအောက်ဂီးကြောန့် သူးနို့ဟှာ အယ်လူဟှို ကိုယ်တော်နားဟှို သယ်ဟှို့တတ်နိုင်ဟှမ်း။ အယ်ကြောန့် သူးနို့ဟှာ ယေရှုရှိဟှူ နေရာထတ်ဟှ ခေါန်မိုးဟှို ပေါ့‑က်ဖော့‑က်လိုက်ဟှယ်။ သူးနို့ဟှာ လေဖြတ်နေဟှူလူဟှို ထမ်းစင်န လျှောခ္လဂေ့ဟှယ်။
MAR 2:5 ယေရှုဟှာ သူးနို့လေရဲ့ ယောင်ကြည်ရှင်းဟှို ဗြင်ဟှားဟှူ ခီမာ လေဖြတ်နေဟှူလူဟှို “ငါ့သား၊ နန့်ရဲ့ ပြစ်လေဟှာ ခွမ့်လွတ်ဇာခံရဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 2:6 အယ်နေရာမာ ထိုင်နေဟှူ ကျမ်းတတ်ဆရာ တချို့ဟှ သူးနို့ရဲ့ စိထဲမာ စဉ်းစားနေဇာဟှ
MAR 2:7 “အယ်လူဟှာ ဖြားဖြစ်ကြောန့် အယ်မျိုးပြောနူး! သူဟှာ ပြစ်မှားနေဇာ ဖြစ်ဟှယ်! ဘုရားသခင် တပါးဒဲဘဲ့ ပြစ်လေဟှို လွတ်ပိုင်နိုင်ဟှယ်!”
MAR 2:8 သူးနို့ရဲ့ စိထဲမာ အယ်မျိုး စဉ်းစားနေဇာဟှို ယေရှုဟှာ ရှစ်ရှင်း သိဟှူကြောန့် “နန်းနို့လေဟှ ဖြားဖြစ်ကြောန့် အယ်ဇာလေဟှို စဉ်းစားနေဂေ့နူး။
MAR 2:9 လေဖြတ်နေဟှူ လူဟှို ‘နန့်ရဲ့ ပြစ်ဟှို လွတ်ဟှားဘီ’ အယ်မျိုးမှုဘဲ့နေဟှာ ‘နန်ထလိုက်၊ နန့်ထမ်းစင်ဟှို ထမ်းဘီးသွားလိုက်’ ဆိုဘီး ဖယ်စကားဟှ ပိုဘီး ပြောဟှို့လွယ်နူး။
MAR 2:10 အယ်ကြောန့် လူ့ရဲ့သားဟှာ မ္လေဂီးထတ်မာ ပြစ်လေလွှတ်ဟှို့ ခွမ့်အာဏာရှိဟှယ် ဆိုဇာ နန်းနို့လေဟှို ငါသတ်သေထူပြမယ်။” အယ်ကြောန့် ကိုယ်တော်ဟှ လတ်ခေသေနေဟှူ လူဟှို
MAR 2:11 “နန့်ဟှို ငါပြောမယ်။ ထဒန်။ နန့်ရဲ့ ထမ်းစင်ဟှို ကော့‑က်ဘီးဟှာ အီဟှို ပ္လန်ဟှားလိုက်!” ဆိုဘီး ပြောလေဟှယ်။
MAR 2:12 လူလေ ဂူလောင်းဟှာ စောန့်ကေ့နေဒူးမာ အယ်လူဟှာ ထဘီး၊ သူ့ရဲ့ ထမ်းစင်ဟှို ယူဘီးဟှာ ထွပ်ဟှားလေဟှယ်။ သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း အံ့ဩဟှားဘီးဟှာ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဘီး “နို့လေဟှာ အယ်မျိုးဇာဟှို လောင်းဝဗြင်ဖူးဟှ!” ဆိုဘီး ပြောဂေ့ဟှယ်။
MAR 2:13 ယေရှုဟှာ နော့‑က်တခါ ဂါလိလဲအိုင်နားဟှို ပ္လန်ဟှားလေဟှယ်။ လူအောက်ဂီးဟှ ကိုယ်တော်နားဟှို လာဂေ့ဟှူကြောန့် ကိုယ်တော်ဟှာ သူးနို့ဟှို စဘီးဟှာ သွန်သန်လေဟှယ်။
MAR 2:14 ကိုယ်တော်ဟှာ ဆစ်ဘီး ရှော့‑က်သွားဟှူ ခီမာ အာလဖဲရဲ့သား၊ ခွန်ခံလေဝိဟှာ သူ့ရဲ့ ရောင်းမာ ထိုင်နေဇာဟှို ဗြင်ဟှားလေဟှယ်။ ယေရှုဟှ “ငါ့နော့‑က်ဟှို လိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။ လေဝိဟှာ ထဘီး ကိုယ်တော်နော့‑က်ဟှို လိုက်ဟှားဟှယ်။
MAR 2:15 အယ်ဘီးန ယေရှုဟှာ လေဝိရဲ့အီမာ ညဉ့်ခန်းဇာ စားနေဂေ့ဟှယ်။ ခွန်ကော့‑က်မားလေန ပြစ်သားလေ ဘောင်ဂီးဟှာ ယေရှုနော့‑က်ဟှို လိုက်လာဂေ့ဘီး သူးနို့ထဲဟှ တချို့ဟှာ ကိုယ်တော်န တဗဲ့တော်လေနတူးဒူ စားသော့‑က်ဂေ့ဟှယ်။
MAR 2:16 ယေရှုဟှာ ခွန်ကော့‑က်မားလေ၊ ပြစ်သားလေနတူးဒူ စားသော့‑က်နေဇာဟှို ဖာရိရှဲလေ၊ ကျမ်းတတ်ဆရာလေဟှာ ဗြင်ဟှားဘီး “ဖြားဖြစ်ကြောန့် သူဟှ အယ်လူလေန စားသော့‑က်နေရနူး” ဆိုဘီး တဗဲ့တော်လေဟှို မေးဂေ့ဟှယ်။
MAR 2:17 ယေရှုဟှ ကြားဟှားဘီး သူးနို့ဟှို “ကျန်းမာဟှူ လူလေဟှ ဆရာဝန်ဟှို လိုဂေ့ဟှ၊ ဖျားနေဟှူ လူလေဘဲ့ လိုရှင်ဟှယ်။ ငါဟှာ ဖြောန့်မတ်ဟှူ လူလေဟှို ခေါ်ဟှို့လာဇာမှုဟှ။ ပြစ်သားလေဟှို ခေါ်ဟှို့လာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 2:18 တနေ့မာ ဗတ္တိဇံယောဟန်ရဲ့ တဗဲ့တော်လေန ဖာရိရှဲလေဟှ စာရှောန်နေဂေ့ဟှယ်။ လူတချို့ဟှ ယေရှုနားဟှို လာဘီး “ယောဟန်ရဲ့ တဗဲ့လေန ဖာရိရှဲရဲ့ တဗဲ့လေဟှာ စာရှောန်ဂေ့ဘီး ကိုယ်တော်ရဲ့ တဗဲ့လေဟှ ဖြားဖြစ်ကြောန့် စာရှောန်ဘဲန နေဂေ့နူး” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
MAR 2:19 ယေရှုဟှ “အီတတ်ဗွဲမာ ဒို့သားနတူးဒူ ရှိနေဟှူ ဧည့်သည်လေဟှာ ဒို့သားနတူးဒူ ရှိနေဒူးမာ စာရှောန်မယ် ဆိုဘီး မျှော်လင့်နိုင်ဘဲ့လော။ သူးနို့ဟှာ ဒို့သားနတူးဒူ ရှိနေဒူးမာ စာရှောန်နိုင်ဂေ့ဟှ။
MAR 2:20 အယ်ဘေမဲ့ ဒို့သားဟှို သူးနို့နားဟှနေ ယူဆောန်ဟှားဟှူ ခီရော့‑က်လာလေ့မယ်။ အယ်နေ့မာ သူးနို့ဟှ စာရှောန်ဂေ့လေ့မယ်။
MAR 2:21 “ဖယ်သူလည်း အန်းဂီဟောန်းဟှို ပိစသစ်နဖာလေ့ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖာဟှားဟှူ ပိစသစ်ဟှ အန်းဂီဟောန်းဟှို စုဖ္လဲဘီးဟှာ ပိုဆိုးဟှားလေ့မယ်။
MAR 2:22 အယ်မျိုးဘဲ့ ဝိုင်သစ်ဟှို သားရေဖူး ဟောန်းထဲမာထဲ့လေ့ မှေ့ဟှ။ ထဲ့မယ် ဆိုဟှာ ဝိုင်သစ်ဟှ သားရေဖူးဟောန်းဟှို ပေါ့‑က်ပ္လဲစေဘီး ဝိုင်န သားရေဖူး နှေ့ခုလောင်းဟှာ ပျစ်စီးဟှားလေ့မယ်။ အယ်မျိုးလောက်မယ့်စား ဝိုင်သစ်ဟှို သားရေဖူးသစ်ထဲမာ ထဲ့ရမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 2:23 ဒန်းနေ့မာ ယေရှုဟှာ ဂျောင်စဗားလယ်ဂွမ့်လေဟှို ဖြတ်ရှော့‑က်နေလေဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေနတူးဒူ သွားနေဟှူ ခီမာ သူးနို့ဟှာ စဘီးဟှာ ဂျောင်စဗားနှံလေဟှို ဆွတ်ဂေ့ဟှယ်။
MAR 2:24 ဖာရိရှဲလေဟှ “ဒန်းနေ့မာ လောက်အပ်ဘဲဟှူ ဇာဟှို ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှ ဖြားဖြစ်ကြောန့် လောက်ဂေ့နူး” ဆိုဘီး ယေရှုဟှို မေးဂေ့ဟှယ်။
MAR 2:25 ယေရှုဟှ “ဒါဝိဒ်ဟှ စားဟှို့ တခုခု လိုအပ်လာဟှူ ခီမာ သူဟှာ ဖယ်မျိုးလောက်ဟှားဇာဟှို နန်းနို့ လောင်းဝ ဖတ်ဖူးဂေ့ဟှလော။ သူ့န သူ့ရဲ့ လူလေဟှာ ဗိုက်ဆာလာဟှူကြောန့်
MAR 2:26 သူဟှာ ဘုရားသခင်ရဲ့ အီတော်ထဲဟှို ဝမ်ဟှားဘီး ဘုရားသခင်ဟှို ဆစ်ကပ်ဟှားဟှူ မုဟှို စားဂေ့ဟှယ်။ အယ်ဇာဟှာ ယဇ်ပုရောဟိတ်မန်း အဗျာသာလတ်ထတ်မာ ဖြစ်ပျစ်ဟှားဟှယ်။ နို့လေရဲ့ ပညတ်တရား တိုင်းဆိုဟှာ အယ်မုဟှို ယဇ်ပုရောဟိတ်လေဘဲ့ စားခွမ့်ရှိဟှယ်။ အယ်ဘေမဲ့ ဒါဝိဒ်ဟှာ အယ်မုဟှို စားဘီးဟှာ သူ့ရဲ့ လူလေဟှိုလည်း ပေးလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 2:27 အယ်ဘီးန ယေရှုဟှာ “ဒန်းနေ့ဟှာ လူလေတွပ်ဘဲ့ ဖြစ်ဟှယ်။ လူဟှာ ဒန်းနေ့တွပ်ဖြစ်ဇာ မှုဟှ။
MAR 2:28 အယ်ကြောန့် လူ့ရဲ့သားဟှာ ဒန်းနေ့ရဲ့ သခင်ဖြစ်ဟှယ်” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။
MAR 3:1 ယေရှုဟှာ ဝါလယ်ဇရပ်ထဲဟှို ပ္လန်ဝမ်ဟှားဘီးဟှာ အယ်နေရာမာ လတ်တဖတ်သေနေဟှူ လူတယော့‑က်ရှိနေဟှယ်။
MAR 3:2 လူလေဟှာ ယေရှုဟှို စွတ်စွဲဟှို့တွပ် အယ်လူဟှို ဒန်းနေ့မာ နာပျော့‑က်စေမယ်၊ ပျော့‑က်စေဟှ ဆိုဇာဟှို နီးကပ် စောန့်ကေ့နေဂေ့ဟှယ်။
MAR 3:3 ယေရှုဟှာ အယ်လူဟှို “လူလေ ဂူလောင်းရှေ့မာ ထဒန်လိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 3:4 အယ်ဘီးန ယေရှုဟှာ “နို့လေရဲ့ ပညတ်တော်ဟှ ဒန်းနေ့မာ ကောန်းဇာလောက်ဟှို့လော။ ဆိုးဇာလောက်အပ်ဘဲ့လော။ လူသတ်ဟှို ကယ်အပ်ဘဲ့လော။ သတ်အပ်ဘဲ့လော” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ တိတိဟှားဘဲ့ နေဂေ့ဟှယ်။
MAR 3:5 ယေရှုဟှာ ဒေါသထွပ်ဘီးဟှာ သူးနို့လေဟှို လှည့်ပတ်ကေ့ဘီး သူးနို့ရဲ့ စိနှလောင်းမာကြောဟှူကြောန့် ရရာတိုင်း ဝမ်းနဲဘီး လတ်သေနေလူဟှို “နန့်လတ်ဟှို ဆန့်လိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူဟှလည်း လတ်ဟှို ဆန့်လိုက်ဟှူ ခီမာ သူ့လတ်ဟှာ ကောန်းတိုင်း ပ္လန်ဖြစ်ဟှားလေဟှယ်။
MAR 3:6 ဖာရိရှဲလေဟှာ ဝါလယ်ဇရပ်ဟှ ထွပ်ဟှားဂေ့ဘီး ယေရှုဟှိုသတ်ဟှို့ နည်းလမ်းလေဟှို ဟေရုဒ်ဖွဲ့ဝမ်လေန ရှစ်ရှင်းဘဲ့ တိုင်ဗန်ဂေ့ဟှယ်။
MAR 3:7 ယေရှုဟှာ တဗဲ့တော်လေနတူးဒူ ဂါလိလဲအိုင် ယုဒပြည်ဟှို သွားလေဟှယ်။ အယ်ဘီးန လူအောက်ဂီးဟှာ ကိုယ်တော်နော့‑က်ဟှို လိုက်ဂေ့ဟှယ်။ သူးနို့လေဟှ ဂါလိလဲပြည်၊ ယုဒပြည်၊
MAR 3:8 ယေရုရှလင်ဗြို့၊ က္ကဒုမဲပြည်၊ ယော်ဒန်မ္လစ်ရဲ့ ဟိုဖတ်ကမ်း၊ တုရုနဇိဒုန်ဗြို့ နီးနားရပ်ဝါလေဟှ လူလေဟှာ ယေရှုလောက်ဟှားဟှူ မှုရာလေဟှို ကြားဟှူ ခီမာ သူးနို့ဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။
MAR 3:9 လူအောက်ဟှာ ရရာတိုင်းကီးဟှူကြောန့် ယေရှုဟှ သူ့ဟှိုလူလေ တိုက်မိဘဲနေအောန် လှေတစီးဟှို သူ့တွပ်ဆင်သင့်လောက်ဟှားဟှို့ တဗဲ့တော်လေဟှို မိန့်မှာဟှားဟှယ်။
MAR 3:10 ကိုယ်တော်ဟှာ လူနာဘောင်ဂီးဟှို ကျန်းမာစေပီးဘီ ဖြစ်ဟှူကြောန့်၊ ရောဂါရှိနေဟှူ လူလေဟှ ကိုယ်တော့်ဟှို ထိရဟှို့တွပ် တိုးဝမ်လာဂေ့ဟှယ်။
MAR 3:11 ညစ်ညူးဟှူ နတ်လေဟှ ကိုယ်တော့်ဟှို ဗြင်ဟှူ ခီမာ ကိုယ်တော့်ရှေ့မာ ပျပ်ဝပ်ဘီးဟှာ “ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!” ဆိုဘီး အော်ဟစ်ဂေ့ဟှယ်။
MAR 3:12 ယေရှုဟှ သူဖယ်သူ ဖြစ်ဟှယ် ဆိုဇာ ပြောဘဲနေဟှို့တွပ် ညစ်ညူးဟှူ နတ်လေဟှို မိန့်ပေးလေဟှယ်။
MAR 3:13 အယ်ဘီးန ယေရှုဟှာ တောန်ထတ်ဟှို ကြွဟှားဘီး လိုရှင်ဟှူ လူလေဟှို ခေါ်လိုက်လေဟှယ်။ သူးနို့ဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။
MAR 3:14 ကိုယ်တော်ဟှ ဆယ့်နှေ့ပါးဟှို ဝီးလိုက်ဘီး တမန်တော်လေ ဆိုဘီး ခေါ်လေဟှယ်။ ကိုယ်တော်ဟှ “နန်းနို့လေဟှို ငါ့နတူးဒူရှိဟှို့တွပ် ဝီးကော့‑က်ဟှားဟှယ်။ နန်းနို့လေဟှို ကြေညာဟှို့တွပ်လည်း ငါလွှတ်မယ်။
MAR 3:15 နတ်ဆိုးလေဟှို နှန်ထုနိုင်ဟှူ ခွမ့်အာဏာဟှိုလည်း ငါပေးမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 3:16 ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ ဆယ့်နှေ့ပါးဟှ ပေတရု ဆိုဘီး ယေရှုဟှ နာမယ်ပေးဟှားဟှူ ရှိမုန်၊
MAR 3:17 ဇေဗေဒဲရဲ့ သားနှေ့ယော့က်ဖြစ်ဟှူ ယာကုပ်န သူ့ညီယောဟန် (မိုးကြိုးရဲ့ သားလေ ဆိုဘီး ဓိပါယ်ရှိဟှူ ဗောနေရဂတ် ဆိုဘီး ယေရှုဟှ နာမယ်ပေးဟှားဟှယ်)၊
MAR 3:18 အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲရဲ့သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးရှစ်စိ အားထတ်သန်ဟှူ ရှိမုန်န၊
MAR 3:19 ယေရှုဟှို သစ်စာဖော့‑က်ဟှူ ယုဒရှကာရုတ် ဖြစ်ဟှယ်။
MAR 3:20 အယ်ဘီးန ယေရှုဟှ အီဟှို ပ္လန်ဟှားဟှယ်။ လူအောက်ဂီးဟှာ ပ္လန်ဘီးဟှာ စုလာဂေ့ဟှူကြောန့် ယေရှုန တဗဲ့တော်လေဟှ စာစားဟှို့ခီ မှေ့ဟှမ်း။
MAR 3:21 လူလေဟှ “ကိုယ်တော်ဟှာ စိဖော့‑က်ပ္လန်ဟှားဘီ” ဆိုဘီး ပြောနေဂေ့ဟှူကြောန့် ကိုယ်တော်ရဲ့ မိသားစုဟှာ အယ်ကြောန်းဟှို ကြားဟှူ ခီမာ သူးနို့ဟှာ ကိုယ်တော့်ဟှို ထီးသီးဟှို့တွပ် လိုက်လာဂေ့ဟှယ်။
MAR 3:22 ယေရုရှလင်ဗြို့ဟှနေ ရော့‑က်လာဟှူ ကျမ်းတတ်ဆရာလေ တချို့ဟှ “ကိုယ်တော်ဟှာ ဗေလဇေဗုလနတ် ပူးနေဟှယ်! နတ်ဆိုးမန်းဟှ ပေးဟှားဟှူ တဂိုးအားဖြင့် နတ်ဆိုးလေဟှို နှန်ထုဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
MAR 3:23 အယ်ကြောန့် ယေရှုဟှာ သူးနို့လေဟှို ခေါ်ဘီးဟှာ ဥပမာဆောန်ဘီး ပြောလိုက်ဇာဟှ “စာတန်ဟှ စာတန်ဟှို ဖယ်မျိုး နှန်ထုနိုင်ဟှို့နူး။
MAR 3:24 နိုင်ငံတနိုင်ငံဟှာ အောက်စု တစုနတစု တိုက်ခိုက်ဘီး ကွဲပြားနေမယ် ဆိုဟှာ အယ်နိုင်ငံဟှာ ဖယ်မျိုးလည်း ရပ်တည်နိုင်ဟှို့ မှုဟှ။
MAR 3:25 အီသူအီသားလေဟှာလည်း အောက်စု တစုနတစု တိုက်ခိုက်ဘီး ကွဲပြားနေမယ် ဆိုဟှာ အယ်မိသားစုဟှာ ဖယ်မျိုးလည်း ရပ်တည်နိုင်ဟှို့ မှုဟှ။
MAR 3:26 အယ်မျိုးဘဲ့ စာတန်ရဲ့ နိုင်ငံဟှာ အောက်စုလေ ကွဲပြားနေမယ် ဆိုဟှာ အယ်နိုင်ငံဟှာ ရပ်တည်နိုင်ဘဲန ပျစ်စီးဟှားလေ့မယ်။
MAR 3:27 “ခွန်အားကီးဟှူ လူဟှို ရင်ဦးဆောင်း တောက်ဘဲန ဖယ်သူလည်း ခွန်အားကီးဟှူ လူရဲ့ အီဟှို ဝမ်ဘီးဟှာ သူ့အောက်စာလေဟှို လုယူနိုင်ဟှို့ မှုဟှ။ သူ့ဟှို တောက်ဘီးမှဘဲ့ သူ့ရဲ့ အီဟှို လုယူနိုင်မယ်။
MAR 3:28 “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ လူလေဟှာ သူးနို့ရဲ့ ပြစ်ရှိမျှန ဘုရားသခင်ဟှို စော်ကားပြောဆိုဇာလေ အားလောင်းတွပ် ခွမ့်လွှတ်ခံရမယ်။
MAR 3:29 အယ်ဘေမဲ့ ဖယ်သူဘဲ့ဖြစ်ဖြစ် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပြစ်မှားဘီး ပြောဆိုမယ် ဆိုဟှာ လောင်းဝ ပြစ်လွှတ်လေ့မယ် မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ထာဝရပြစ်ဟှို ကျူးလွန်ဟှူကြောန့် ဖြစ်ဟှယ်။”
MAR 3:30 ယေရှု အယ်မျိုး ပြောလိုက်ဇာဟှာ လူတချို့ဟှ “ကိုယ်တော်ထဲမာ ညစ်ညူးဟှူ နတ်ရှိနေဟှယ်” ဆိုဘီး ပြောနေဂေ့ဟှူကြောန့် ဖြစ်ဟှယ်။
MAR 3:31 ယေရှုရဲ့ မိန ညီလေဟှာ ရော့‑က်လာဂေ့ဟှယ်။ သူးနို့ဟှာ အီပ္လန်မာ ရပ်နေဘီးဟှာ ကိုယ်တော့်ဟှို ခေါ်ဟှို့တွပ် ယော့‑က်ယော့‑က်ဟှို စေလွှတ်လေဟှယ်။
MAR 3:32 လူအောက်ဂီးဟှ ယေရှုရဲ့ ဘေးပတ်ပတ်လည်မာ ထိုင်နေဂေ့ဟှယ်။ သူးနို့ဟှ “ကိုယ်တော်ရဲ့ မိ၊ ညီလေန ညီမလေဟှ ပ္လန်မာရှိဟှယ်။ သူးနို့ဟှာ ကိုယ်တော့်ဟှို တွိရှင်နေဂေ့ဟှယ်” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်ဂေ့လေဟှယ်။
MAR 3:33 ယေရှုဟှ “ငါ့မိဟှ ဖယ်သူနူး။ ငါ့ညီကိုလေဟှ ဖယ်သူနူး” ဆိုဘီး ပ္လန်ဘီး မိန့်တော်မူလေဟှယ်။
MAR 3:34 ကိုယ်တော်ဟှာ သူ့ပတ်ပတ်လည်မာ ထိုင်နေဟှူ လူလေဟှို ကေ့ဘီးဟှာ “အယ်လူလေဟှာ ငါ့မိ၊ ငါ့ညီ၊ ငါ့ညီမ ဖြစ်ဟှယ်!
MAR 3:35 ဘုရားသခင်ရဲ့ လိုတော်ဟှို ဆောန်ဟှူလူဟှာ ငါ့ညီ၊ ငါ့ညီမန ငါ့မိဘဲ့ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 4:1 နော့‑က်တခါ ယေရှုဟှ ဂါလိလဲအိုင်ဘေးမာ စဘီးဟှာ သွန်သန်လေဟှယ်။ ရရာတိုင်းများဟှူ လူအောက်ဂီးဟှာ ကိုယ်တော်နားမာ စုလာဂေ့ဟှူကြောန့် ကိုယ်တော်ဟှာ အိုင်ထဲမာရှိဟှူ လှေတစင်းထတ်မာ တတ်ထိုင်လိုက်ဟှယ်။ လှေဟှာ ရေပ္လန်မာ ရှိနေဟှူကြောန့် လူအောက်ဂီးဟှ ကမ်းခြေရေစပ်မာ ရှိနေဂေ့ဟှယ်။
MAR 4:2 ကိုယ်တော်ဟှ ပေါင်ဥပမာဆောန်ဘီးဟှာ ကြောန်းရာလေဘောင်ဂီးဟှို သွန်သန်ဘီး ပြောနေဇာဟှ၊
MAR 4:3 “နားထောန်ဂေ့! မျိုးစေ့ကြဲမား တယော့‑က်ဟှာ မျိုးစေ့ကြဲဟှို့ ထွပ်ဟှားလေဟှယ်။
MAR 4:4 မျိုးစေ့ကြဲလိုက်ဟှူ ခီမာ တချို့ စေ့လေဟှ လမ်းမာက္လဘီး ငှတ်လေဟှာ လာကော့‑က်စားလေဟှယ်။
MAR 4:5 တချို့ စေ့လေဟှ မ္လေဆီလွှာနဲဘီး က္လော့‑က်ခဲများဟှူ နေရာမာက္လလေဟှယ်။ မျိုးစေ့လေဟှာ မ္လေသားနဲဟှူကြောန့် ဗြန်းဗြန်ဟှား ပန်ပေါ့‑က်လာဟှယ်။
MAR 4:6 အယ်ဘေမဲ့ နေပူဟှူ ခီမာ ပြစ်စွဲဘဲကြောန့် ညှိုးဘီးဟှာ ခြော့‑က်ဟှားလေဟှယ်။
MAR 4:7 တချို့ မျိုးစေ့လေဟှ ဆူးချောင်ထဲမာ က္လဟှားဘီး ဆူးဗန်လေဟှ ကီးလာဘီးဟှာ ပန်လေဟှို အောက်လိုက်ဟှူကြောန့် သီးလေဟှ သီးနိုင်ဟှမ်း။
MAR 4:8 တချို့ စေ့လေဟှ ကောန်းဟှူမ္လေမာ က္လဟှူကြောန့် ပန်လေပေါ့‑က်လာဘီး ကီးလာဘီးဟှာ သီးနှံလေဟှာ တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့‑က်ဆယ်၊ တချို့ဟှ ဆတရာသီးလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 4:9 အယ်ဘီးန ယေရှုဟှ “နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 4:10 ယေရှုတယော့‑က်ဒဲဘဲ့ ရှိဟှူ ခီမာ တဗဲ့တော် ဆယ့်နှေ့ပါးနတူးဒူ လိုက်လာဟှူလူလေဟှ ပေါင်ဥပမာရဲ့ ဓိပါယ်ဟှို မေးဂေ့ဟှယ်။
MAR 4:11 ယေရှုဟှ “နန်းနို့လေဟှ ဘုရားသခင်ရဲ့ နိုင်ငံတော်နဆိုင်ဟှူ နတ်နဲဟှူ ကြောန်းရာလေဟှို သိခွမ့်ရှိဟှယ်။ အယ်ဘေမဲ့ ပ္လန်လူလေတွပ် ကြောန်းရာလေဟှို ပေါင်ဥပမာလေနဘဲ့ ဖော်ပြဂေ့ဟှယ်”
MAR 4:12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “‘သူးနို့လေဟှ ဗြင်းဗြင်ဟှီးန ဗြင်ဟှ။ သူးနို့လေဟှာ နားလည်းလည်ဟှီးန နားလည်ဂေ့ဟှ။ သူးနို့ဟှာ တကယ်ဗြင်ဘီးဟှာ နားလည်ဟှားမယ် ဆိုဟှာ သူးနို့ဟှာ ဘုရားသခင်ဖတ်ဟှို လှည့်ဟှားဟှူကြောန့် ကိုယ်တော်ဟှ သူးနို့ဟှို ခွမ့်လွတ်လေ့မယ်’ ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 4:13 ယေရှုဟှ “နန်းနို့ဟှ အယ်ပေါင်ဥပမာဟှို နားလည်ဟှလော။ အယ်ဆိုဟှာ တခြားပေါင်ဥပမာလေဟှို ဖယ်မျိုး နားလည်နိုင်ဟှို့နူး။
MAR 4:14 မျိုးစေ့ကြဲမားဟှ ဘုရားသခင်ရဲ့ စကားတော်ဟှို ကြဲလေဟှယ်။
MAR 4:15 လူတချို့ဟှာ လမ်းထတ်မာက္လဟှူ မျိုးစေ့နတူဘီး သူးနို့ဟှာ တရားစကားဟှို ကြားဟှူ ခီမာ စာတန်ဟှ လာဘီးဟှာ အယ်မူတရားစကားဟှို နှုယူလေဟှယ်။
MAR 4:16 တချို့ လူလေဟှ က္လော့‑က်ခဲပေါဟှူ မ္လေမာက္လဟှူ မျိုးစေ့နတူဟှယ်။ သူးနို့လေဟှ တရားစကားဟှို ကြားဟှူ ခီမာ သူးနို့ဟှာ ဝန်းသာအားရ လတ်ခံဂေ့ဟှယ်။
MAR 4:17 အယ်ဘေမဲ့ တရားစကားဟှာ သူးနို့ထဲမာ ပြစ်စွဲဘဲန ရှစ်ဟှားဘဲ ခံလေဟှယ်။ အယ်မူတရားစကားကြောန့် ဒေါက်ခန နှိစစ်ညှဉ်းဆဲဇာလေ တွိရဟှူ ခီမာ သူးနို့လေဟှ ရှစ်ရှင်းဘဲ့ ဖော့‑က်ပ္လန်ဟှားဂေ့ဟှယ်။
MAR 4:18 တခြားလူလေဟှ ဆူးချောင်မာက္လဟှူ မျိုးစေ့နတူဟှယ်။ သူးနို့လေဟှ တရားစကားဟှို ကြားရဟှယ်။
MAR 4:19 အယ်ဘေမဲ့ ဘဝရဲ့ စိုးရိမ်ရှင်းလေ၊ စည်းဇိမ်အောက်စာရဲ့ လှည့်ဇားရှင်းလေန တခြားတပ်မတ်ရှင်းလေ ဝမ်လာဘီး အယ်မူတရားစကားဟှို လွှမ်းမိုးလိုက်ဟှူကြောန့် တရားစကားဟှာ ဖယ်မျိုးလည်း သီးဟှို သီးနိုင်ဟှမ်း။
MAR 4:20 တချို့ လူလေဟှ ကောန်းဟှူမ္လေမာက္လဟှူ မျိုးစေ့နတူဟှယ်။ သူးနို့ဟှ တရားစကားဟှို ကြားဘီး လတ်ခံဟှူကြောန့် တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့‑က်ဆယ်၊ တချို့ဟှ ဆတရာ သီးသီးလာဟှယ်” ဆိုဘီး ပြောလေဟှယ်။
MAR 4:21 ယေရှုဟှ “ဖယ်လူဟှ ဆီမီးအီဟှို ယူလာဘီးဟှာ တောန်းအော့‑က်မာ ထားဟှားမယ်နူး။ ကဒန်အော့‑က်မာ ထားဟှားမယ်နူး။ အယ်မျိုးထားမယ့်စား အယ်ဇာဟှို ဆီမီးခေါင်ထတ်မာ ထားဟှားရမယ် မှုဟှလော။
MAR 4:22 ဝှပ်ဟှားဟှူဇာလေ ဂူလောင်း ပေါ်လာလေ့မယ်။ ဖောင်းဟှားဟှူဇာလေ ဂူလောင်းဟှာလည်း ပွမ့်လာလေ့မယ်။
MAR 4:23 နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 4:24 အယ်ခီမာ ယေရှုဟှာ “နန်းနို့ ကြားရဇာလေဟှို ဂရုစိုက်ဘီးဟှာ နားထောန်ဂေ့! နန်းနို့ဟှာ သူများလေဟှို ပေးဟှူ ပမာဏတိုင်း ဘုရားသခင်ဟှ နန်းနို့ဟှို ပေးလေ့မယ်။ ပိုဘီး ဟှာ ပေးလေ့မယ်။
MAR 4:25 ရှိဟှူလူဟှို ထပ်ပေးဘီး သူ့ဟှို ကြွယ်ဝစေလေ့မယ်။ မှေ့ဘဲဟှူ လူနားဟှ ရှိဟှူမျှဟှို နှုလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 4:26 ယေရှုဟှ ဆစ်ဘီးဟှာပြောဇာဟှ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ သူ့ရဲ့လယ်ထဲမာ မျိုးစေ့ကြဲဟှူ လူတယော့‑က်နတူဟှယ်။
MAR 4:27 သူဟှ ညခီမာ အိလိုက်၊ နေ့ခီမာ နိုးနေဒူးမာ၊ မျိုးစေ့လေ ဂူလောင်းဟှာ ပန်ပေါ့‑က်လာဘီး ကီးလာဟှယ်။ အယ်ဘေမဲ့ အယ်ဇာ ဖယ်မျိုးဖြစ်လာဟှယ် ဆိုဇာဟှို အယ်လူဟှာ သိဟှ။
MAR 4:28 မ္လေဂီးဟှ သူ့လိုလို ပန်လေဟှို ကီးစေဘီး သီးသီးလာဇာဟှ ဦးဆောင်းမာ ညွှန့်ထွပ်လာဟှယ်။ အယ်ဘီးန ဗားနှံ နော့‑က်ဆောင်းမာ နှံထဲမာ အောန်ဟှူဆန်။
MAR 4:29 ဗားနှံလေ မှည့်ဟှူ ခီမာ ဗားရိခီ ရော့‑က်လာဟှူကြောန့် အယ်လူဟှ ဗားဟှို စဘီးဟှာ ဇင်နရိဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 4:30 ယေရှုဟှ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ ဖြားဇာနတူဟှယ် ဆိုဘီး နို့လေဟှ ပြောရမယ်နူး။ ဖယ်မျိုးပေါင်ဥပမာဟှို သောင်းပြုဘီး အယ်ဇာဟှို နို့လေဟှ ရှင်းပြရဟှို့နူး။
MAR 4:31 အယ်ဇာဟှ မုညင်းစေ့နတူဟှယ်။ လူတယော့‑က်ဟှာ ကမ္ဘာမာ ငယ်ဆောင်းစေ့ဟှို ယူဘီးဟှာ မ္လေဂီးမာ စိုက်လေဟှယ်။
MAR 4:32 အယ်ဘေမဲ့ အယ်ပန်ဟှာ ကီးလာဟှူ ခီမာ သီးနှံပန်လေ ဂူလောင်းထဲမာ ကီးဆောင်းဖြစ်လာဟှယ်။ ကိုင်းခတ်ကီးလေလည်း ထွပ်လာဘီး ကောန်းဂန်ဟှ ငှတ်လေဟှာ လာဘီး အယ်ပန်ရဲ့ရိမာ သူးနို့ရဲ့သိုက်ဟှို လောက်ဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 4:33 ယေရှုဟှာ အယ်မျိုး တခြား ပေါင်ဥပမာ ဘောင်ဂီးဟှို သောင်းပြုဘီး သူးနို့ဟှို တရားစကားဟှို ဟောလေဟှယ်။ အယ်လူလေ နားလည်နိုင်အောန် ပြောလေဟှယ်။
MAR 4:34 ကိုယ်တော်ဟှာ ပေါင်ဥပမာလေ သောင်းဘဲန သူးနို့ဟှို ဟောတော်မူဟှ။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ တဗဲ့တော်လေနတူးဒူ သီးသန့်ရှိနေဟှူ ခီမာ ကိုယ်တော်ဟှာ ဂူလောင်းဟှို သူးနို့ဟှို ရှင်းပြလေဟှယ်။
MAR 4:35 အယ်နေ့ နေဒန်ဇာမာ ယေရှုဟှ “အိုင်ရဲ့ ဟှို့ဖတ်ကမ်းဟှို ကူးဂေ့ဇို့” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
MAR 4:36 အယ်ကြောန့် သူးနို့ဟှာ လူအောက်ဂီးဟှို ထားရစ်ဘီးဟှာ တဗဲ့တော်လေဟှာ လှေထတ်မာထိုင်နေဟှူ ယေရှုဟှို သူးနို့နတူးဒူ ခေါ်ဟှားဂေ့ဟှယ်။ အယ်နေရာမာ တခြားလှေလေလည်း ကိုယ်တော်နတူးဒူ လိုက်ဟှားဂေ့ဟှယ်။
MAR 4:37 ရောက်တရစ် ပြင်းထန်ဟှူ လေမှောန်တိုင်းက္လလာဘီး လှိုင်းလေဟှာ လှေဟှို စဘီးဟှာ ရိုက်လေဟှယ်။ အယ်ကြောန့် လှေဟှာ ရေနပ္လဲ့ခါနီးနီး ဖြစ်ဟှားဟှယ်။
MAR 4:38 ယေရှုဟှ လှေရဲ့ပဲ့မာ ခေါန်းအောင်း အောင်းဘီး အိနေဟှယ်။ တဗဲ့တော်လေဟှ ကိုယ်တော့်ဟှို နှိုးဂေ့ဘီး “ဆရာ၊ ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဇာဟှို ကိုယ်တော် ဂရုစိုက်ဘဲနနေဟှို့လော” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
MAR 4:39 ယေရှုဟှ ထလာဘီးန လေနလှိုင်းဟှို မိန့်မှာဟှူ ခီမာ လေနလှိုင်းလည်း ငြီဟှားဘီး သာယာဟှားလေဟှယ်။
MAR 4:40 အယ်ဘီးန ယေရှုဟှ တဗဲ့တော်လေဟှို “ဖြားဖြစ်ကြောန့် နန်းနို့လေ ကြော့‑က်နေဂေ့နူး။ ခုထတ်ထိ နန်းနို့လေဟှ ယောင်ကြည်ရှင်း မှေ့သေးဟှလော” ဆိုဘီး မေးမြန်းလေဟှယ်။
MAR 4:41 အယ်ဘေမဲ့ သူးနို့လေဟှ ရရာတိုင်း ကြော့‑က်နေဂေ့ဘီး “အယ်လူဟှ ဖယ်သူနူး။ လေနလှိုင်းလေတောန်မှ သူ့ဟှို နားထောန်ဂေ့ဟှယ်!” ဆိုဘီး သူးနို့ရှင်းရှင်း စဘီးဟှာ ပြောနေဂေ့ဟှယ်။
MAR 5:1 ယေရှုန တဗဲ့တော်လေဟှာ ဂါလိလဲအိုင်ရဲ့ ဟှို့ဖတ်ကမ်းမာရှိဟှူ ဂါဒရဒေသဟှို ရော့‑က်လာဂေ့ဟှယ်။
MAR 5:2 ယေရှုဟှ လှေထဲဟှ ထွပ်လာဟှူ ခီမာ လူတယော့‑က်ဟှာ သန်းခ္လိုင်းထဲဟှနေ ထွပ်လာဘီး ကိုယ်တော့်ဟှို တွိဆောင်လေဟှယ်။ အယ်လူဟှာ ညစ်ညူးဟှူနတ် ဝမ်ပူးနေဘီး
MAR 5:3 သန်းခ္လိုင်းဂူလေ ကြားမာနေဟှယ်။ ဖယ်သူလဲ သူ့ဟှို တောက်နိုင်ဂေ့ဟှ။ သံကြိုးနဟှိုမှ ခယ်ဟှားနိုင်ဂေ့ဟှ။
MAR 5:4 သူ့ရဲ့ ခေလေနလတ်လေဟှို ခါဘီးခါ ခယ်ဖူးဂေ့ဟှယ်။ အယ်ဘေမဲ့ သူဟှာ ခီတိုင်း သံကြိုးလေဟှို ဆွဲဖြတ်ဘီး ခေရှင်းလေဟှိုလည်း ဆွဲဖ္လဲလေဟှယ်။ သူဟှာ ရရာတိုင်း ခွန်အားကီးဟှူကြောန့် ဖယ်သူလည်း ထီးချောက်နိုင်ဂေ့ဟှ။
MAR 5:5 နေ့ရောညဉ့်ရော သူဟှာ သန်းခ္လိုင်းဂူကြားလေန တောန်ဂူးထပ်လေမာ ရှော့‑က်သွားနေဘီး၊ အော်ဘီးဟှာ သူ့ကိုယ်သူ ထတ်ဟှူက္လော့‑က်တောင်းလေန လှီးဖြတ်နေဟှယ်။
MAR 5:6 သူဟှာ ယေရှုဟှို ဝီးဟှနေ ဗြင်ဟှူ ခီမာ ပ္လေးလာဘီးဟှာ ကိုယ်တော်ရဲ့ ခေတော်ရင်းမာ ပ္လားပ္လားပျပ်ဝပ်ဘီး
MAR 5:7 “ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ သားတော်ယေရှု! ကိုယ်တော်ဟှာ ကျွန်တော့်န ဖြားဆိုင်ကြောန့်နူး။ ကျွန်တော့်ဟှို ညှဉ်းဆဲပါန ဘုရားသခင်ဟှို အားကိုးဘီးဟှာ ကိုယ်တော့်ဟှို ကျွန်တော်တောန်းဗန်ဟှယ်!” ဆိုဘီး သံက္လယ်ဂီးန လျှော့‑က်လေဟှယ်။
MAR 5:8 သူအယ်မျိုးပြောဇာဟှာ ယေရှုဟှ “ညစ်ညူးဟှူနတ်၊ အယ်လူထဲဟှနေ ထွပ်ဟှား!” ဆိုဘီး ပြောဟှားဟှူကြောန့် ဖြစ်ဟှယ်။
MAR 5:9 ယေရှုဟှ “နန်းနို့နာမယ် ဖြားမျိုးခေါ်နူး” ဆိုဘီး မေးလိုက်ဟှယ်။ အယ်လူဟှ “ကျွန်တော့်လေဟှ ဘောင်ဂီးဖြစ်ဟှူကြောန့် ‘လေဂေါင်၊’ ‘လူအောက်ဂီး’ ဆိုဘီး ခေါ်ဂေ့ဟှယ်!” ဆိုဘီး ယေရှုဟှို ပ္လန်ပြောလိုက်ဟှယ်။
MAR 5:10 ညစ်ညူးဟှူနတ် ပူးနေဟှူသူဟှာ နတ်ဆိုးလေဟှို အယ်နယ်ဟှနေဘီးဟှာ နှန်ထုဘဲနေဟှို့တွပ် ယေရှုဟှို တောန်းဗန်လေဟှယ်။
MAR 5:11 အယ်ခီမာ တောန်ဂူးထတ်မာ ဝပ်အောက်ဂီးဟှာ စာစားနေဂေ့ဟှယ်။
MAR 5:12 နတ်ဆိုးလေဟှလည်း “ကျွန်တော့်လေဟှို အယ်ဝပ်လေထဲဟှို စေလွှတ်ပေးပါ။ သူးနို့ထဲဟှို ဝမ်ခွမ့်ပေးပါ” ဆိုဘီး ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။
MAR 5:13 ယေရှုဟှ ခွမ့်ပေးလိုက်ဟှူကြောန့် ညစ်ညူးဟှူ နတ်လေဟှ ထွပ်ဟှားဘီး ဝပ်လေထဲဟှို ဝမ်ဂေ့လေဟှယ်။ ၂,၀၀၀ လော့‑က်ရှိဟှူ ဝပ်အောက်ဂီးဟှာ အိုင်ကမ်းနားဟှို ပ္လေးဆင်းဟှားဘီး ရေမ္လောက်ဘီးဟှာ သေဟှားလေဟှယ်။
MAR 5:14 ဝပ်ထီးမားလေဟှ ထွပ်ပ္လေးဟှားဘီး ဗြို့န တောဝါလေနှံ့ အယ်ဒန်းဟှို လိုက်ပြောဂေ့ဟှယ်။ လူလေဟှာ ဖြားဇာလေ ဖြစ်ဟှားဟှယ် ဆိုဇာဟှို ကေ့ဟှို့ ထွပ်လာဂေ့ဟှယ်။
MAR 5:15 သူးနို့လေဟှ ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ သူးနို့လေဟှာ လေဂေါင်နတ်ဆိုးလေ ပူးခံရဟှူလူဟှို တွိဟှားလေဟှယ်။ အယ်လူဟှာ ဝတ်ဟှို ဝတ်ဟှားဘီး ပေါင်မှန်စိန အယ်နေရာမာ ထိုင်နေဟှူကြောန့် သူးနို့လေ ဂူလောင်းဟှာ ကြော့‑က်နေဂေ့ဟှယ်။
MAR 5:16 အယ်ဇာဟှို ဗြင်ဟှားဘီးဟှူ လူလေဟှ နတ်ဆိုးပူးနေဟှူ လူမာ ဖြားမျိုးဖြစ်ဟှားဇာန ဝပ်လေရဲ့ ကြောန်းဟှို အယ်လူလေဟှို ပြောပြဂေ့ဟှယ်။
MAR 5:17 အယ်ကြောန့် သူးနို့ဟှာ သူးနို့ရဲ့ နယ်ဟှနေ ထွပ်ဟှားဟှို့တွပ် ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။
MAR 5:18 ယေရှုဟှာ လှေထတ်ဟှို တတ်နေဒူးမာ နတ်ဆိုးပူးဖူးဟှူ လူဟှ “ကျွန်တော့်ဟှို ကိုယ်တော်နတူးဒူ သွားခွမ့်ပေးပါ!” ဆိုဘီး ကိုယ်တော့်ဟှို တောန်းဗန်လေဟှယ်။
MAR 5:19 အယ်ဘေမဲ့ ယေရှုဟှ သူ့ဟှို လိုက်ခွမ့်ပေးဟှ။ အယ်မျိုးလိုက်ခွမ့်ပေးမယ့်စား ကိုယ်တော်ဟှ “နန့်ရဲ့ မိသားစုနားဟှို ပ္လန်သွားဘီး ဘုရားသခင်ဟှာ နန့်တွပ် ဖယ်မျှလော့‑က် လောက်ဆောန်ပေးဟှားဇာန နန့်ဟှို ဖယ်မျှသနားတော်မူကြောန်းဟှို သူးနို့လေဟှို ပြောပြပါ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
MAR 5:20 အယ်ကြောန့် အယ်လူဟှ ထွပ်ဟှားဘီး ယေရှုဟှ သူ့တွပ် ဖြားဇာလေ လောက်ပေးဟှားဟှယ် ဆိုဇာဟှို ဒေကာပေါလိနယ်မာ စဘီးဟောပြောလေဟှယ်။ အယ်ကြောန်းဟှို ကြားရဟှူလူလေ ဂူလောင်းဟှာ အံ့ဩဂေ့ဟှယ်။
MAR 5:21 ယေရှုဟှ အိုင်ရဲ့ ဟှို့ဖတ်ကမ်းဟှို လှေန ပ္လန်ကူးဟှားလေဟှယ်။ အိုင်ဘေးနားမာ လူအောက်ဂီးဟှာ ကိုယ်တော်ပတ်လည်မာ စုလာဂေ့ဟှယ်။
MAR 5:22 ယာဣရု နာမယ်ရှိဟှူ ဝါလယ်ဇရပ်မှူး တယော့‑က်ဟှ ရော့‑က်လာဘီးဟှာ ယေရှုဟှို ဗြင်ဟှူ ခီမာ သူဟှာ ကိုယ်တော့်ခေရင်းမာ ဒူးထော့‑က်ဘီး၊
MAR 5:23 “ကျွန်တော့်သမီးငယ်ဟှ သေခါနီး ဖြစ်နေဟှယ်။ ကြွလာဘီးဟှာ သူ့ထတ်မာ ကိုယ်တော်ရဲ့ လတ်ဟှို တန်တော်မှုပါ၊ အယ်ဆိုဟှာ သူဟှာ ကျန်းမာဘီး သတ်ရှင်လေ့မယ်!” ဆိုဘီး နူးညွတ် တောန်းဗန်လေဟှယ်။
MAR 5:24 အယ်ဆိုန ယေရှုဟှ သူ့နတူးဒူ လိုက်ဟှားဟှယ်။ လူလေဘောင်ဂီးဟှ ယေရှုနတူးဒူ လိုက်လာဟှူကြောန့် သူးနို့ဟှာ ဘေးပတ်ပတ်လည်ဟှနေ ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်။
MAR 5:25 အယ်နေရာမာ ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်ရောဂါဟှို ပြင်းပြင်းထန်ထန် ခံစားနေရဟှူ မီးမတယော့‑က်ရှိဟှယ်။
MAR 5:26 သူဟှာ ဆရာဝန်လေ ဘောင်ဂီးနလည်း ကုသဟှားပီးဘီ။ သူ့ရဲ့ကပ်လေ ဂူလောင်းလည်း ကူဟှားဘေမဲ့ သတ်သာလာဟှို့ နေနေသာသာ ရောဂါဟှ ပိုဘီး ဆိုးလာဟှယ်။
MAR 5:27 အယ်မီးမဟှာ ယေရှုကြောန်းဟှို ကြားဟှားလေဟှယ်။ အယ်ကြောန့် ဝတ်ဟှို တို့ဟှို့တွပ် ကိုယ်တော်နော့‑က်ဟှ လူအောက်ဂီးထဲဟှို ရော့‑က်လာဘီး
MAR 5:28 “ငါဟှာ ကိုယ်တော့်ဝတ်ဟှို တို့လိုက်မယ် ဆိုဟှာ ငါ့ဟှာ ကျန်းမာဟှားလေ့မယ်။” ဆိုဘီး သူ့ကိုယ်သူ ပြောနေလေဟှယ်။
MAR 5:29 သူဟှာ ကိုယ်တော်ရဲ့ ဝတ်လောင်ဟှို တို့လေဟှယ်။ တို့လိုက်ဟှူန သူ့ရဲ့ သွီးသွန်နေဇာလေဟှာ ရှစ်ရှင်းဘဲ့ ရပ်ဟှားဘီး၊ သူဟှာ ရောဂါပျော့‑က်ဟှားဘီ ဆိုဇာဟှို သူ့ကိုယ်ထဲမာ ခံစားရနေဟှယ်။
MAR 5:30 ရှစ်ရှင်းဘဲ့ ယေရှုဟှာ သူ့ကိုယ်ဟှ တဂိုးထွပ်ဟှားဇာဟှို သိဟှားကြောန့် လူအောက်ဂီးဖတ်ဟှို လှည့်ဘီးဟှာ “ငါ့ဝတ်ဟှို ဖယ်သူတို့နူး” ဆိုဘီး မေးလေဟှယ်။
MAR 5:31 တဗဲ့တော်လေဟှ “လူလေဟှ ကိုယ်တော့်ဟှို တိုးဝှေ့နေဇာဟှို ဗြင်းဗြင်ဟှိန၊ ‘ငါ့ဟှို ဖယ်သူတို့ဟှယ်နူး’ ဆိုဘီး ခုထိ ကိုယ်တော်ဟှာ မေးနိုင်သေးဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAR 5:32 အယ်ဘေမဲ့ ယေရှုဟှာ အယ်ဇာဟှို ဖယ်သူလောက်ဟှယ် ဆိုဇာဟှို ဗြင်ဟှို့တွပ် ပတ်ပတ်လည်ဟှို ကေ့နေလေဟှယ်။
MAR 5:33 အယ်မီးမဟှ သူ့မာ ဖြားမျိုးဖြစ်ဟှားဇာဟှို သိနားလည်ဟှားဟှယ်။ အယ်ကြောန့် သူဟှာ ကြော့‑က်ကြော့‑က်လန့်လန့်န ကိုယ်တော့်ခေရင်းမာ ဒူးထော့‑က်ဘီးဟှာ မှန်တိုင်းပြောလေဟှယ်။
MAR 5:34 ယေရှုဟှ “ငါ့သမီး၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ။ ငြီသတ်ဘီးသွားပါ၊ နန့်ရဲ့ ဝေဒနာဟှနေ လွှတ်မြော့‑က်စေ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
MAR 5:35 အယ်မျိုးပြောနေဒူးမာ ဝါလယ်ဇရပ်မှူးရဲ့ အီဟှ တမန်တချို့ဟှာ ရော့‑က်လာဘီး “ကိုယ်တော်ရဲ့ သမီးဟှာ သေဟှားဘီ။ ဖြားဖြစ်ကြောန့် ဆရာဟှို နှော့‑က်ယှစ်နေသေးနူး” ဆိုဘီး သူးနို့ဟှ ပြောလေဟှယ်။
MAR 5:36 ယေရှုဟှ သူးနို့ဖြားဇာဘဲ့ပြောပြော ဂရုစိုက်ဟှ။ အယ်ဘေမဲ့ “ကြော့‑က်န။ ယောင်ကြည်ပါ” ဆိုဘီး ဝါလယ်ဇရပ်မှူးဟှို ပြောလိုက်ဟှယ်။
MAR 5:37 အယ်ဘီးန ပေတရု၊ ယာကုပ်န သူ့ညီ ယောဟန်ဟှိုဘဲ့ ခေါ်ဘီးဟှာ တခြားဖယ်သူ့ဟှို့လည်း လိုက်ခိုင်းဟှ။
MAR 5:38 သူးနို့ဟှာ ဝါလယ်ဇရပ်မှူးရဲ့ အီဟှို ရော့‑က်ဟှူ ခီမာ ယေရှုဟှာ အောက်အောက်သဲသဲ ဖြစ်နေဇာလေဟှို ဗြင်ဟှားဘီး သူးနို့လေ ဂူလောင်းဟှာ သံက္လယ်ဟှီး အော်ဘီး ငိုနေဇာလေဟှို ကြားရလေဟှယ်။
MAR 5:39 ကိုယ်တော်ဟှာ အီထဲဟှို ဝမ်ဟှားဘီး “ဖြားဖြစ်ကြောန့် နန်းနို့လေဟှ အယ်မျိုး အောက်အောက်သဲသဲ လောက်နေဂေ့နူး။ ဖြားဖြစ်ကြောန့်နန်းနို့လေဟှာ ငိုနေရဟှယ်နူး။ အယ်မီးမဂန်းဟှား သေနေဇာ မှုဟှ။ သူမဟှာ အိမွိနေဇာဖြစ်ဟှယ်!” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 5:40 အယ်လူလေဟှ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ သူးနို့လေ ဂူလောင်းဟှို ပ္လန်ဟှို ထွပ်ခိုင်းဘီးဟှာ မီးမဂန်းဟှားရဲ့ မိဖလေန ကိုယ်တော်နတူးဒူ ပါလာဟှူ တဗဲ့တော် သောင်းပါးဟှို ခေါ်ဘီး မီးမဂန်းဟှား ထားဟှားဟှူ နေရာဟှို သွားလေဟှယ်။
MAR 5:41 ကိုယ်တော်ဟှာ သူ့ရဲ့လတ်ဟှို ကိုင်ဘီးဟှာ “တလိသ ကုမိ” ဆိုဘီး သူ့ဟှို ပြောလေဟှယ် “မီးမငယ်၊ နန့်ဟှို ငါပြောမယ်၊ ထလိုက်!” ဆိုဘီး ဓိပါယ်ရဟှယ်။
MAR 5:42 ရှစ်ရှင်းဘဲ့ သူဟှ ထဘီးဟှာ စဘီး ပတ်ပတ်လည် လမ်းရှော့‑က်လေဟှယ်။ (သူဟှ သတ် ဆယ့်နှေ့နှစ်ရှိဟှယ်။) အယ်မျိုး ဖြစ်ပျစ်ဟှားဟှူ ခီမာ သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။
MAR 5:43 အယ်ဘေမဲ့ ယေရှုဟှာ ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် သူးနို့ဟှို တင်းတင်းကျပ်ကျပ်ဟှား မိန့်ပေးလိုက်ဟှယ်။ အယ်ဘီးဟှာ “သူ့ဟှို စားဟှို့တွပ် တခုခုပေးလိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 6:1 ယေရှုဟှ အယ်နေရာဟှနေ ထွပ်ဟှားဘီးန သူ့ဗြို့ဟှို ပ္လန်ဟှားလေဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေလည်း လိုက်ဟှားလေဟှယ်။
MAR 6:2 ဒန်းနေ့မာ ကိုယ်တော်ဟှာ ဝါလယ်ဇရပ်မာ စဘီးဟှာ သွန်သန်လေဟှယ်။ အယ်နေရာမာ လူလေဘောင်ဂီး ရှိနေဘီး ကိုယ်တော် သွန်သန်ဇာလေဟှို လူလေဟှကြားရခီမာ ရရာတိုင်း အံဩဂေ့ဟှယ်။ “အယ်ဇာလေ ဂူလောင်းဟှို သူဟှာ ဖယ်နေရာဟှ ရဟှားနူး” ဆိုဘီး သူးနို့ဟှာ မေးလေဟှယ်။ “သူ့ဟှို ပေးဟှားဟှူပညာဟှ ဖယ်မျိုးပညာနူး။ သူဟှာ အယ်နိမိတ်လတ်ခဏာလေဟှို ဖယ်မျိုးလောက်နူး။
MAR 6:3 သူဟှာ လတ်သမား မှုဟှလော။ မာရိရဲ့သား၊ ယာကုပ်၊ ယောသေ၊ ယုဒန ရှိမုန်လေရဲ့နောန် မှုဟှလော။ သူ့ညီမလေဟှ အယ်နားမာဘဲ့ နေဂေ့ဟှယ် မှုဟှလော။” အယ်ကြောန့် သူးနို့လေဟှာ ကိုယ်တော့်ဟှို ငြင်းပယ်ဂေ့လေဟှယ်။
MAR 6:4 ယေရှုဟှလည်း သူးနို့ဟှို “ပရောဖက်လေဟှာ သူးနို့ရဲ့ ဗြို့၊ သူးနို့ရဲ့ ရွှေမျိုးလေန သူးနို့ရဲ့ အီသူအီသားလေဟှ လွဲဘီး နေရာတိုင်းမာ လေးစားခံရဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 6:5 ကိုယ်တော်ဟှာ အယ်ဗြို့မာ ကျန်းမာဘဲ့ဟှူ လူတချို့ထတ်မာ ကိုယ်တော်ရဲ့ လတ်လေဟှို တန်ဘီးဟှာ သူးနို့ဟှို ကျန်းမာစေဇာဟှလွဲဘီး ဖြာနိမိတ်လတ်ခဏာလေလည်း လောက်နိုင်ဟှ။
MAR 6:6 ကိုယ်တော်ဟှာ ရရာတိုင်း အံ့ဩဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေဟှာ ယောင်ကြည်ဘဲကြောန့် ဖြစ်ဟှယ်။ အယ်ဘီးန ယေရှုဟှာ အယ်နေရာဟှ ဝါလေဟှို လှည့်လည်သွားဘီးဟှာ လူလေဟှို သွန်သန်လေဟှယ်။
MAR 6:7 ကိုယ်တော်ဟှာ တဗဲ့တော် ဆယ့်နှေ့ပါးဟှို တူးဒူခေါ်ဘီးဟှာ နှေ့ယော့‑က်စီ တွဲခိုင်းဘီး သူးနို့ဟှို စေလွှတ်လေဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ညစ်ညူးဟှူနတ်လေဟှို နိုင်ရဟှူ ခွမ့်အာဏာဟှိုလည်း ပေးဘီး
MAR 6:8 “ခရီးတွပ် နန်းနို့နတူးဒူ တောန်အူးတခုဟှလွဲဘီး တခြားဇာလေ ယူဂေ့န။ စားဇာ၊ လွယ်အိ၊ နန်းနို့ရဲ့ ခါးဗတ်လေထဲမာ ကပ်လေဟှို ထဲ့ဆောန်ဂေ့န။
MAR 6:9 ခေနပ်လေဟှို စီးဂေ့ပါ၊ အယ်ဘီးဟှာ အန်းဂီပိုတထည်ဟှိုလည်း ယူဆောန်ဂေ့န။”
MAR 6:10 ကိုယ်တော်ဟှ “ဖယ်နေရာမဆို နန်းနို့လေဟှို လတ်ခံဟှူအီမာ နန်းနို့လေဟှာ အယ်နေရာဟှ ထွပ်ခန်ထိ အယ်အီမာဘဲ့ တည်းနေဂေ့။
MAR 6:11 နန်းနို့လေဟှာ ဗြို့တဗြို့ဟှို ရော့‑က်လာဘီး အယ်ဗြို့ဟှ လူလေဟှာ နန်းနို့လေဟှို လတ်ခံဟှ အယ်မျိုးမှုဘဲနေဟှာ နန်းနို့လေဟှို နားထောန်ဂေ့ဟှဆိုဟှာ၊ နန်းနို့ခေဖွားဟှ မ္လေမုဟှို ခါခ္လဘီးဟှာ ထွပ်ဟှားဂေ့။ အယ်ဇာဟှာ သူးနို့တွပ် သတ်သေတခု ဖြစ်ဟှယ်!” ဆိုဘီး သူးနို့ဟှို မိန့်ပေးလေဟှယ်။
MAR 6:12 အယ်ကြောန့် သူးနို့ဟှာ ထွပ်ဟှားဘီး လူလေ နောန်ဒရဟှို့ကြောန်းဟှို ဟောပြောဂေ့ဟှယ်။
MAR 6:13 သူးနို့ဟှာ နတ်ဆိုးလေဘောင်ဂီးဟှို နှန်ထုဂေ့ဟှယ်။ အယ်ဘီးဟှာ ကျန်းမာဘဲဟှူ လူလေဘောင်ဂီးဟှို ဆီန လူးဘီးဟှာ သူးနို့ဟှို ကျန်းမာစေဟှယ်။
MAR 6:14 အယ်ခီမာ အယ်ကြောန်း ဂူလောင်းဟှို ဟေရုဒ်မန်းဂီးဟှာ ကြားဟှားဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရှုရဲ့ နာမယ်ဟှ နေရာတိုင်းဟှို ပ္လံ့နှံ့ဟှားလေဟှယ်။ လူတချို့ ပြောနေဇာဟှ “ဗတ္တိဇံယောဟန်ဟှာ သေရာဟှနေ ထမြော့‑က်ဟှားဘီ! အယ်ကြောန့် သူဟှာ နိမိတ်လတ်ခဏာလေ ပြဟှိုတွပ် အယ်မျိုးတဂိုး ရှိနေဟှယ်။”
MAR 6:15 အယ်ဘေမဲ့လည်း တခြားလူလေ ပြောဇာဟှ “သူဟှာ ဧလိယဖြစ်ဟှယ်။” တခြားလူလေ ပြောဇာဟှ “သူဟှာ ရှေးဟှ ပရောဖက်လေ တပါးပါးမျိုးဘဲ့ ပရောဖက်တပါးဖြစ်ဟှယ်။”
MAR 6:16 ဟေရုဒ်ဟှ ကြားရဟှူ ခီမာ သူဟှ “အယ်လူဟှာ ဗတ္တိဇံယောဟန် ဖြစ်ဟှယ်! ငါဟှာ အယ်လူရဲ့ ခေါန်းဟှို ဖြတ်လိုက်ပီးဘီဘဲ့။ အယ်ဘေမဲ့ အယ်လူဟှာ သေရာဟှနေ ထမြော့‑က်ဟှားဘီ!” ဆိုဘီး ပြောလေဟှယ်။
MAR 6:17 ဟေရုဒ် ကိုယ်တိုင်ဘဲ့ ယောဟန်ဟှို ဖမ်းဆီးဟှို့ မိန့်ထုဟှားကြောန့် သူ့ဟှို တောက်နှောင်ဘီး ထောန်ထဲမာ ထားဟှားလေဟှယ်။ ဟေရုဒ်ဟှာ အယ်မျိုးလောက်ဇာဟှ သူ့ညီ ဖိလိပ္ပုရဲ့ မယား၊ ဟေရောဒိဟှို ယူဟှားဟှူကြောန့် ဖြစ်ဟှယ်။
MAR 6:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဗတ္တိဇံယောဟန်ဟှ ဟေရုဒ်ဟှို “နန်ဟှာ နန့်ညီရဲ့ မယားဟှို ယူဇာဟှာ ပညတ်တော်န ညီဟှ!” ဆိုဘီး ပြောဟှားကြောန့် ဖြစ်ဟှယ်။
MAR 6:19 အယ်ကြောန့် ဟေရောဒိဟှာ ယောဟန်ဟှို ရန်ငြိုးထားဘီးဟှာ သတ်ဟှို့တွပ် လိုရှင်ဟှယ်။ အယ်ဘေမဲ့ ဟေရုဒ်ကြောန့် သူဟှာ ခွမ့်ရဟှ။
MAR 6:20 ဟေရုဒ်ဟှာ ယောဟန်ဟှို ကြော့‑က်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောဟန်ဟှာ ဖြောန့်မတ်ဘီး သန့်ရှင်းဟှူလူ ဖြစ်ဟှယ် ဆိုဇာဟှို သူသိဟှားဟှယ်။ အယ်ကြောန့် သူဟှာ သူ့ဟှို လောင်းလောင်ခြောင်းခြောင်ဟှား ထားဟှားလေဟှယ်။ သူဟောပြောဇာလေဟှို ကြားရဟှူ ခီတိုင်း ရရာတိုင်း စိနှောင့်ယှစ် ဖြစ်ဘေမဲ့လည်း သူဟှာ သူ့ရဲ့ ဟောပြောဇာဟှို နှစ်သက်ဘီး နားထောန်တတ်ဟှယ်။
MAR 6:21 နော့‑က်ဆောင်းမာ ဟေရောဒိဟှာ ခွမ့်ရေး ရဟှားဟှယ်။ အယ်ခွမ့်ရေးဟှာ ဟေရုဒ် မွေးနေ့မာ ဖြစ်ဟှယ်။ အယ်နေ့မာ ဟေရုဒ်ဟှ ထိတန်းစိုးရ ရာရှိဂီးလေ၊ တပ်မတော် ရာရှိဂီးလေ၊ ဂါလိလဲနယ်ရဲ့ ခေါန်းဆောန်ဂီးလေ အားလောင်းတွပ် စားသော့‑က်ဗွဲဂီး ကျင်းပပေးလေဟှယ်။
MAR 6:22 ဟေရောဒိရဲ့ မီးဟှားဟှ လာဘီးဟှာ ကပြလေဟှယ်။ အယ်ခီမာ ဟေရုဒ်န သူ့ရဲ့ ဧည့်သည်လေဟှာ ကျေနပ်ဟှားလေဟှယ်။ အယ်ကြောန့် မန်းဂီးဟှ မီးမငယ်ဟှို “နန်ဖြားဇာလိုရှင်နူး။ နန်လိုရှင်ဇာလေဟှို ငါပေးမယ်” ဆိုဘီး ပြောလေဟှယ်။
MAR 6:23 “ငါ့နိုင်ငံတဝပ်ဟှို နန်တောန်းမယ် ဆိုဟှာ ငါတကယ်ပေးမယ်!” ဆိုဘီးဟှာ ဒိပေးဘီး ပြောလေဟှယ်။
MAR 6:24 အယ်ကြောန့် မီးမငယ်ဟှားဟှ ထွပ်ဟှားဘီးဟှာ သူ့ရဲ့ မိဟှို မေးလိုက်ဇာဟှ “ကျွန်မဟှ ဖြားဇာတောန်းရဟှို့နူး!” သူ့ရဲ့ မိဟှ “ဗတ္တိဇံယောဟန်ရဲ့ ခေါန်းဟှို တောန်းပါ” ဆိုဘီး ပြောလေဟှယ်။
MAR 6:25 မီးမငယ်ဟှ ရှစ်ရှင်းဘဲ့ ဟေရုဒ် မန်းဂီးနားဟှို ဗြန်းဗြန်ဟှား ပ္လန်ဟှားဘီးဟှာ “ဗတ္တိဇံယောဟန်ရဲ့ ခေါန်းဟှို လန်းဗန်းထတ်မာ တန်ဘီးဟှာ ခုပေးပါ” ဆိုဘီး တောန်းဆိုလေဟှယ်။
MAR 6:26 အယ်မျိုး တောန်းဆိုဟှူကြောန့် မန်းဂီးဟှာ ရရာတိုင်း ဝန်းနဲဟှားဟှယ်။ အယ်ဘေမဲ့ ဧည့်သည်လေရှေ့မာ သူ့ကိုယ်သူ ကီဆိုဟှားဟှူကြောန့် သူဟှာ ငြင်းနိုင်ဟှမ်း။
MAR 6:27 အယ်ကြောန့် မန်းဂီးဟှ ယောဟန်ရဲ့ ခေါန်းဟှို ယူလာဟှို့တွပ် မိန့်ပေးဘီးဟှာ စောန့်တယော့‑က်ဟှို ရှင်းရှင်း လွှတ်လေဟှယ်။ အယ်လူဟှ ထောန်ထဲဟှို သွားဘီးဟှာ ယောဟန်ရဲ့ ခေါန်းဟှို ဖြတ်လေဟှယ်။
MAR 6:28 အယ်ခေါန်းဟှို လန်းဗန်းထတ်မာ တန်ဘီးဟှာ ယူဆောန်လာဘီး မီးမငယ်ဟှားဟှို ပေးလေဟှယ်။ သူဟှလည်း သူ့ရဲ့ မိဟှို ပ္လန်ပေးလေဟှယ်။
MAR 6:29 ယောဟန်ရဲ့ တဗဲ့တော်လေဟှ အယ်ဒန်းဟှို ကြားဟှူ ခီမာ လာဘီး ယောဟန်ရဲ့ လောန်းဟှို ယူဘီးဟှာ ဂူထဲမာ ထားလိုက်ဂေ့ဟှယ်။
MAR 6:30 တမန်တော်လေဟှာ ယေရှုနားမာ စုဂေ့ဘီးဟှာ သူးနို့ လောက်ဆောန်ဘီး သွန်သန်ဟှားဟှူဇာ ဂူလောင်းဟှို ကိုယ်တော့်ဟှို လျှော့‑က်လေဟှယ်။
MAR 6:31 အယ်နေရာဟှို လူလေဘောင်ဂီးဟှ သွားလိုက်လာလိုက် လောက်နေဟှူကြောန့် ယေရှုန တဗဲ့တော်လေဟှာ စားဟှို့ ခီဟှိုမှ မှေ့ဟှမ်း။ အယ်ကြောန့် သူဟှ “ငါ့နတူးဒူ တိဆိဟှူ နေရာဟှို သွားဘီးဟှာ ရှစ်ဟှားနားယူ ဂေ့ဇို့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 6:32 အယ်ကြောန့် ယေရှုန တဗဲ့တော်လေဟှ တိဆိဟှူ နေရာတခုနားဟှို လှေန ထွပ်ဟှားဂေ့ဟှယ်။
MAR 6:33 သွားလိုက်ဇာဟှို လူလေဟှဗြင်ဟှူ ခီမာ ကိုယ်တော်န တဗဲ့တော်လေဘဲ့ ဆိုဘီး သိဟှားဟှူကြောန့် ဗြို့လေဝါလေဟှ လူလေဟှာ ယေရှုသွားလိုက်ဟှူ နေရာဟှို ဗြန်းဗြန်ဟှား ကူးကြောန်းရှော့‑က်ဘီးဟှာ ယေရှုန တဗဲ့တော်လေ ရော့‑က်ခန် အယ်နေရာဟှို ရင်ရော့‑က်နေဂေ့ဟှယ်။
MAR 6:34 ယေရှုဟှ လှေဟှနေ ထွပ်ဟှူ ခီမာ ကိုယ်တော်ဟှာ လူအောက်ဂီးဟှို ဗြင်ဟှားဘီး ကိုယ်တော်ဟှာ သူးနို့တွပ် သနားဟှူစိ ဖြစ်ဟှားလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ သိုးထီးမားမှေ့ဘဲဟှူ သိုးလေမျိုး ဖြစ်နေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ သူးနို့ဟှို ကြောန်းရာလေ ဘောင်ဂီးဟှို စဘီးဟှာ သွန်သန်ဟှယ်။
MAR 6:35 ညဉ့်မိုက်ခါနီး ရော့‑က်လာဟှူ ခီမာ တဗဲ့တော်လေဟှ ယေရှုနားဟှို လာဘီးဟှာ “အယ်နေရာဟှာ တောဖြစ်နေဟှူကြောန့် လူလေလည်း နေဘဲဟှူ နေရာဖြစ်ဟှယ်။ နော့‑က်က္လဟှားဘီ။
MAR 6:36 စားဇာသွားဝယ်ဘီး စားနိုင်ဟှို့တွပ် လူလေဟှို နီးနားမာရှိဟှူ တောဝါလေဟှို လွှတ်လိုက်ပါ” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
MAR 6:37 ယေရှုဟှ “နန်းနို့လေဘဲ့ သူးနို့ဟှို စားဇာတခုခု ကျွေးလိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ခီမာ တဗဲ့တော်လေဟှ “ကျွန်တော့်လေဟှ ငွေဒန်းဂါး ၂၀၀ ဖိုးန စားဇာဝယ်ဘီး အယ်လူလေဟှို ကျွေးရဟှို့လော” ဆိုဘီး လျှော့‑က်လေဟှယ်။
MAR 6:38 ယေရှုဟှ “နန်းနို့လေမာ မုဖယ်မျှလော့‑က်ရှိနူး။ သွားဘီးဟှာ ကေ့ကေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူးနို့လေဟှ ကေ့ဟှူ ခီမာ “မုငါးလောင်းန ငါးနှေ့ကောန်ရှိဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAR 6:39 အယ်ဘီးန ယေရှုဟှ လူလေ ဂူလောင်းဟှို အောက်စုခွဲဘီးဟှာ ဗြစ်ပန်လေထတ်မာ ထိုင်ခိုင်းလိုက် ဆိုဘီး တဗဲ့တော်လေဟှို လောက်ဟှို့တွပ် ပြောလေဟှယ်။
MAR 6:40 အယ်ကြောန့် လူလေဟှာ တရာတဖွဲ့န ငါးဆယ်တဖွဲ့ တန်းလိုက်ထိုင်ဂေ့ဟှယ်။
MAR 6:41 အယ်ဘီးန ယေရှုဟှ မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူဘီးဟှာ ကောန်းဂန်ဟှို မျှော်ကေ့ဘီး ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလိုက်ဟှယ်။ ကိုယ်တော်ဟှာ မုလေဟှို ဖဲ့ဘီးဟှာ လူလေဟှို ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို မုလေ ပေးလိုက်ဟှယ်။ ကိုယ်တော်ဟှာ ငါးနှေ့ကောန်ဟှိုလည်း သူးနို့လေ ဂူလောင်း ကြားထဲမာ ခွဲဝီပေးလိုက်ဟှယ်။
MAR 6:42 လူတိုင်းဟှာ စားဘီး ဗိုက်ပ္လဲ့ဟှားဂေ့ဟှယ်။
MAR 6:43 အယ်ဘီးန တဗဲ့တော်လေဟှ စားဘီး ကျန်နေဟှူ မုနငါးလေရဲ့ က္လိုးပဲ့လေဟှို လိုက်ကော့‑က်ဟှူ ခီမာ ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။
MAR 6:44 မုစားဟှူ ယော့‑က်ကျား ရေတွပ်ဟှာ ၅,၀၀၀ ရှိလေဟှယ်။
MAR 6:45 ယေရှုဟှာ လူအောက်ဂီးဟှို ပ္လန်လွှတ်နေဒူးမာ ရှစ်ရှင်းဘဲ့ တဗဲ့တော်လေဟှို လှေထတ်ဟှို တတ်ခိုင်းဘီး အိုင်ရဲ့ ဟှို့ဖတ်ကမ်းဟှ ဗက်ဇဲဒဗြို့ဟှို ရင်ဦးဆောင်း သွားခိုင်းလိုက်ဟှယ်။
MAR 6:46 ယေရှုဟှ လူလေဟှို နှောက်ဆစ်ဘီးန ဆုတောန်းဟှို့တွပ် တောန်ထတ်ဟှို တတ်ဟှားဟှယ်။
MAR 6:47 ညဉ့်မိုက်လာဟှူ ခီမာ တဗဲ့တော်လေရဲ့ လှေဟှ ရေအိုင်ရဲ့ လယ်မာရော့‑က်နေဘီး ယေရှုဟှ တယော့‑က်ဒဲ ကူးထတ်မာ ရှိလေဟှယ်။
MAR 6:48 လေဆန်ဟှို လှေလှော်နေဟှူကြောန့် ရရာတိုင်း ပန်းနေဟှူ တဗဲ့တော်လေဟှို ကိုယ်တော်ဟှ ဗြင်ဟှားလေဟှယ်။ အယ်ကြောန့် မိုးလန်းသောင်းနာရီန ခြော့‑က်နာရီ ကြားမာ ကိုယ်တော်ဟှာ ရေထတ်မာ လမ်းရှော့‑က်ဘီးဟှာ သူးနို့နားဟှို ရော့‑က်လာလေဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ကျော်ဖြတ်ဟှို့ လောက်လေဟှယ်။
MAR 6:49 အယ်ဘေမဲ့ တဗဲ့တော်လေဟှ ရေထတ်မာ ကိုယ်တော်ဟှာ လမ်းရှော့‑က်နေဇာဟှို ဗြင်ဟှားဟှူ ခီမာ “ဖုကသေ ဖြစ်ဟှယ်!” ဆိုဇာဟှို ထန်ဘီးဟှာ အော်ဟစ်ဂေ့ဟှယ်။
MAR 6:50 သူးနို့လေ ဂူလောင်းဟှ ယေရှုဟှို ဗြင်ဟှူ ခီမာ ထိလန့်နေဂေ့ဟှယ်။ ယေရှုဟှ ရှစ်ရှင်းဘဲ့ “သတ်တိရှိဂေ့!” ဆိုဘီး ပြောလေဟှယ်။ “ငါဘဲ့ဖြစ်ဟှယ်။ ကြော့‑က်ဂေ့န!”
MAR 6:51 အယ်ဘီးန သူးနို့ရှိနေဟှူ လှေထတ်ဟှို တတ်ဟှားဟှူ ခီမာ လေဟှာ ငြီဟှားလေဟှယ်။ တဗဲ့တော်လေဟှ ရရာတိုင်း အံ့ဩဂေ့ဟှယ်။
MAR 6:52 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ လူ ၅,၀၀၀ ဟှို မုကျွေးဟှူ ဓိပါယ်ဟှို နားလည်ဂေ့ဘဲန သူးနို့ရဲ့ စိနှလောင်းဟှာ မာကျောဂေ့ဟှယ်။
MAR 6:53 သူးနို့ဟှာ အိုင်ဟှို ကူးဟှားဂေ့ဘီး ဂင်နေသရက်ဗြို့ဟှို ရော့‑က်လာဂေ့ လေဟှယ်။ အယ်နေရာမာ လှေဟှို ခယ်လိုက် လေဟှယ်။
MAR 6:54 သူးနို့လေဟှာ လှေထတ်ဟှနေ ဆင်းလိုက်ဟှူ ခီမာ ရှစ်ရှင်းဘဲ့ လူလေဟှ ယေရှုဟှို မှတ်မိဂေ့ဟှယ်။
MAR 6:55 အယ်ကြောန့် သူးနို့လေဟှာ ဒေသတခုလောင်းဟှို ပ္လံ့နှံ့အောန် ပ္လေးဟှားဂေ့ဘီးဟှာ ကိုယ်တော်ရှိဟှယ် ဆိုဘီး ကြားဟှားဟှူ နေရာဟှို လူနာလေဟှို ထမ်းစင်လေန ကိုယ်တော်နားဟှို ခေါ်လာဂေ့ဟှယ်။
MAR 6:56 ယေရှုသွားဟှူ ဝါလေ၊ ဗြို့လေ၊ နေရာတိုင်းဟှ လူလေဟှ လူနာလေဟှို ဆေးလေမာ ခ္လဟှားဂေ့ဘီး ကိုယ်တော်ရဲ့ ဝတ်လောင် ပန်းဗွားဟှိုဘဲ့ ထိခွမ့်ပေးဟှို့တွပ် လူလေဟှ တောန်းဗန်ဂေ့ဟှယ်။ အယ်ဘီးန ဝတ်လောင်ဟှို တို့ထိဟှူ လူလေဂူလောင်းဟှာ ကျန်းမာဟှားဂေ့ဟှယ်။
MAR 7:1 တချို့ ဖာရိရှဲလေန ယေရုရှလင်ဗြို့ဟှနေ လာဂေ့ဟှူ ကျမ်းတတ်ဆရာလေဟှာ ယေရှုပတ်ပတ်လည်မာ စုနေဂေ့ဟှယ်။
MAR 7:2 ကိုယ်တော်ရဲ့ တဗဲ့တော်လေ တချို့ဟှ စင်ကြယ်ဘဲဟှူ လတ်လေန စာစားနေဇာဟှို သူးနို့လေဟှ ဒိထားမိဟှားဟှယ်။
MAR 7:3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျန်နေဟှူ ယုဒလူမျိုးလေန ဖာရိရှဲလေဟှာလည်း သူးနို့ရဲ့ ရှေးလူဂီးလေဟှနေ လတ်ခံဟှားဟှူ သွန်သန်မှု နော့‑က်ဟှို လိုက်ဘီး သူးနို့လေဟှ မှန်ဟှူ နည်းလမ်းအားဖြင့် သူးနို့ရဲ့ လတ်လေဟှို ဆေးဘဲန စာစားဂေ့ဟှ။
MAR 7:4 ဆေးဟှနေ ရလာဟှူ ဖယ်ဇာဘဲ့ဖြစ်ဖြစ် ရေန ရင်ဆေးဘဲ့န စားဂေ့ဟှ။ အယ်ဘီးဟှာ သူးနို့လေ လတ်ခံဟှားဟှူ တခြားထောင်းဒန်းလေ နော့‑က်ဟှို လိုက်ဟှယ်။ ဥပမာ အိုးလေ၊ ခွပ်လေ၊ ကြေးဖလားခွပ်လေန ကဒန်လေဟှို မှန်ဟှူနည်းလမ်းအားဖြင့် ဆေးဂေ့ဟှယ်။
MAR 7:5 အယ်ကြောန့် ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှ “ဖြားဖြစ်ကြောန့် အယ်မျိုးသတ်ရှင်နူး။ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှ ရှေးလူဂီးလေရဲ့ လတ်ဆစ်ကမ်းဟှားဟှူ သွန်သန်မှု နော့‑က်ဟှို လိုက်ဂေ့ဟှ။ အယ်မျိုးလိုက်ဟှို့စား စင်ကြယ်ဘဲဟှူ လတ်န စားဂေ့နူး” ဆိုဘီး ယေရှုဟှို မေးဂေ့ဟှယ်။
MAR 7:6 ယေရှုဟှ “ဟေရှာယဟှ နန်းနို့လေ ကြောန်းဟှို ပရောဖက်ပြုဟှားဇာဟှာ ရရာတိုင်း မှန်ဟှယ်! နန်းနို့လေဟှာ ကြောန်သူတော်လေ ဖြစ်ဟှူကြောန့် သူဟှ အယ်မျိူးရေးဟှားဟှယ်။” “‘ဘုရားသခင် မိန့်တော်မူဇာဟှ အယ်လူလေဟှာ ငါ့ဟှို နှောက်န ရိုသေဟှယ်။ အယ်ဘေမဲ့ သူးနို့ရဲ့ စိနှလောင်းဟှ ငါ့န တကယ်ဘဲ့ ရရာတိုင်း ဝီးနေဂေ့ဟှယ်။
MAR 7:7 ငါ့ဟှို အလဂါး ကိုးကွယ်နေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ဘုရားသခင်ရဲ့ပညတ်တရားလေ ဖြစ်ဟှယ် ဆိုဘေမဲ့ လူရဲ့ စည်းမျဉ်းလေဟှို သန်ပေးလေဟှယ်!’ ”
MAR 7:8 “နန်းနို့လေဟှ ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ဖယ်ဟှားဘီးဟှာ လူလေရဲ့ သွန်သန်မှုလေဟှို လိုက်နာဂေ့ဟှယ်” ဆိုဘီး သူးနို့ဟှို ပ္လန်ဖြေတော်မူလေဟှယ်။
MAR 7:9 အယ်ဘီးဟှာ ယေရှုဟှ ဆစ်ဘီး “နန်းနို့လေရဲ့ ကိုယ်ပိုင်သွန်သန်မှုဟှို ကျင့်သောင်းနိုင်ဟှို့တွပ် နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ပယ်ဟှူဇာဟှ ကျွမ်းကျင်ဂေ့ဟှယ်။
MAR 7:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မောရှေပညတ်ဟှားဇာဟှ ‘နန်းနို့မိဖဟှို ရိုသေဂေ့။ အယ်ဘီးဟှာ ဖယ်သူဘဲ့ဖြစ်ဖြစ် ကိုယ့်မိဖဟှို ကီဆဲမယ် ဆိုဟှာ သေဒန်ခံရမယ်။’
MAR 7:11 အယ်ဘေမဲ့ နန်းနို့ဟှ အယ်မျိုးသွန်သန်ဘီး လူလေမာ သူးနို့ရဲ့ မိဖဟှို ကူညီဟှို့ တခုခုရှိဟှယ် ဆိုဟှာ ‘အယ်ဇာဟှာ ကော်ဘန်ဖြစ်ဟှယ်’ ဆိုဘီး ပြောဟှယ် (အယ်ဓိပါယ်ဟှ ဘုရားသခင်ဟှို လှူဘီးဟှူ အောက်စာဖြစ်ဟှယ်)၊
MAR 7:12 အယ်မျိုးဆိုဟှာ နန်းနို့ဟှ အယ်အောက်စာလေဟှို သောင်းပြုဘီးဟှာ သူ့ရဲ့ မိဖဟှို ကူညီဟှို့တွပ် ခွမ့်ပေးဟှယ်။
MAR 7:13 အယ်မျိုးဘဲ့ နန်းနို့လေဟှ တခြားလူလေဟှို လတ်ဆစ်ကမ်းလိုက်ဟှူ သွန်သန်မှုဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ဖျစ်ပစ်ဂေ့ဟှယ်။ အယ်ဆိုဟှာ အယ်မျိုးဇာလေ ဘောင်ဂီးဟှို နန်းနို့လေ လောက်ဂေ့ဟှယ်။”
MAR 7:14 အယ်ဘီးန ယေရှုဟှ လူအောက်ဂီးဟှို သူ့နားဟှို ပ္လန်ခေါ်ဘီးဟှာ “နန်းနို့အားလောင်း ငါ့စကားဟှို နားထောန်ဘီးဟှာ နားလည်ဂေ့။
MAR 7:15 ပ္လန်ဟှနေ လူထဲဟှိုဝမ်ဘီး လူဟှို ညစ်ညူးစေနိုင်ဟှူဇာ ခုလည်း မှေ့ဟှ။ လူထဲဟှနေ ထွပ်လာဟှူဇာလေဟှဘဲ့ လူဟှို ညစ်ညူးနိုင်ဟှယ်။ ”
MAR 7:16 
MAR 7:17 ကိုယ်တော်ဟှာ လူအောက်ဂီးနားဟှ ထွပ်ဟှားဘီးဟှာ အီထဲဟှို ဝမ်ဟှားဟှူ ခီမာ တဗဲ့တော်လေဟှ အယ်ပေါင်ဥပမာကြောန်းဟှို ကိုယ်တော့်ဟှို မေးဂေ့ဟှယ်။
MAR 7:18 ယေရှုဟှ “နန်းနို့လေဟှ အယ်မျှလော့‑က် သိဉာဏ်နဲရလော” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။ “နန်းနို့ နားလည်ဂေ့ ဟှလော။ ပ္လန်ဟှနေ လူထဲဟှို ဝမ်လာဟှူ ဇာဟှ လူဟှို လောင်းဝ ညစ်ညူးစေနိုင်ဟှ၊
MAR 7:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ဇာလေဟှ စိနှလောင်းထဲဟှို ဝမ်ဇာမှုဟှ။ စာအီထဲဟှို ဝမ်ဟှားဘီးန နော့‑က်ဖေးအီထဲဟှို ဆင်းဟှားလေဟှယ်။” (အယ်မျိုး မိန့်တော်မူဇာဟှ စာဂူလောင်းဟှာ သန့်ရှင်းဟှယ် ဆိုဘီး ယေရှု ကြေညာလိုက်ဟှယ်။)
MAR 7:20 ကိုယ်တော်ဟှ ဆစ်ဘီးဟှာ “လူရဲ့ထဲဟှ ထွပ်လာဇာလေဘဲ့ လူဟှို ညစ်ညူးစေဟှယ်။
MAR 7:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူရဲ့ စိနှလောင်းထဲဟှနေ မှားယွင်းဟှူ ကြံစည်လေဟှ ထွပ်လာဘီး တရားဘဲဟှူ မေထုန်ပြုရှင်း၊ ခိုးရှင်း၊ လူသတ်ရှင်း၊
MAR 7:22 အီထောန်ရေးဖော့‑က်ပ္လန်ရှင်း၊ လောဖကီးရှင်း၊ ကောန်းဘဲဟှူဇာ ဘောန်းဇောင်လောက်ရှင်း၊ လှည့်ဇားရှင်း၊ ပျော်ပါးလိုက်စားရှင်း၊ နာလိုရှင်း၊ ကဲ့ရဲ့ပြစ်တန်ရှင်း၊ မာနကီးရှင်း၊ လျှပ်ပေါ်ရှင်း၊
MAR 7:23 အယ်ကောန်းဘဲဟှူ ဇာလေ ဂူလောင်းဟှာ လူရဲ့ ထဲဟှနေ ထွပ်လာဘီးဟှာ လူဟှို ညစ်ညူးစေဟှယ်။”
MAR 7:24 အယ်ဘီးန ယေရှုဟှ အယ်နေရာဟှနေ ထွပ်ဟှားဘီးဟှာ တုရုဗြို့တော်န နီးဟှူ ဒေသဟှို သွားလိုက်ဟှယ်။ ကိုယ်တော်ဟှာ အီတအီထဲဟှို ဝမ်ဟှားဘီး အယ်နေရာမာ ကိုယ်တော် ရှိနေဟှယ် ဆိုဇာဟှို ဖယ်သူ့ဟှိုလဲ သိစေရှင်ဟှ။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ ပူးဘီးနေနိုင်ဟှ။
MAR 7:25 ညစ်ညူးဟှူ နတ် ဝမ်ပူးနေဟှူ သမီးငယ်ရဲ့ မိဟှ ယေရှုကြောန်းဟှို ကြားဟှူ ခီမာ ကိုယ်တော်နားဟှို ရှစ်ရှင်း ရော့‑က်လာဘီးဟှာ ခေရင်းမာ ဒူးထော့‑က်လေဟှယ်။
MAR 7:26 အယ်မီးမဂီးဟှာ ရှုရိဖိနိတ်နယ်သူ လူမျိုးခြားဖြစ်ဟှယ်။ သူ့ရဲ့ သမီးထဲဟှ နတ်ဆိုးဟှို နှန်ထုဟှို့တွပ် ယေရှုဟှို တောန်းလျှော့‑က်ဟှယ်။
MAR 7:27 အယ်ဘေမဲ့ ယေရှုဟှ “သားမီးလေဟှို ရင်ဦးဆောင်းကျွေးခွမ့်ပေးပါ။ သားမီးလေရဲ့ စားဇာဟှို ယူဘီးဟှာ ခွီးလေဟှို ပစ်ပေးဇာဟှာ မှန်ဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 7:28 အယ်မီးမဂီးဟှ “သခင်၊ ဗွဲအော့‑က်ဟှ ခွီးလေဟှိုမှ သားမီးလေရဲ့ စားကြွင်းစားကျန်လေဟှို စားရဂေ့ဟှယ်!” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAR 7:29 အယ်ကြောန့် ယေရှုဟှ “အယ်မျိုး ပ္လန်လျှော့‑က်ဟှူကြောန့် အီဟှို ပ္လန်ဟှားလိုက်။ နတ်ဆိုးဟှာ နန့်သမီးထဲဟှနေ ထွပ်ဟှားဘီ ဆိုဇာဟှို နန်တွိရလေ့မယ်!” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
MAR 7:30 အယ်မီးမဂီးဟှ အီဟှို ပ္လန်ရော့‑က်ဟှားဟှူ ခီမာ သူ့ရဲ့ သမီးဟှာ အိယာထဲမာ လဲလျောင်းနေဇာဟှို တွိရဇာဟှ သူ့နားဟှ နတ်ဆိုး ထွပ်ဟှားပီးဘီ ဆိုဇာဟှို သိရလေဟှယ်။
MAR 7:31 အယ်ဘီးန ယေရှုဟှာ တုရုဗြို့တော်ရဲ့ နီးနားဝန်းကျင်ဟှ ထွပ်ဟှားဘီး ဇိဒုန်ဗြို့တော်ဟှို ဖြတ်ဘီး ဒေကာပေါလိနယ် ဟှတဆင့် ဂါလိလဲအိုင်ဟှို ဆစ်သွားလိုက်ဟှယ်။
MAR 7:32 လူတချို့ဟှ ဆွံ့အနားပန်းနေဟှူ လူတယော့‑က်ဟှို ကိုယ်တော်နားဟှို ခေါ်လာဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှ သူ့ထတ်မာ လတ်တန်ပေးဟှို့တွပ် ယေရှုဟှို တောန်းဗန်လေဟှယ်။
MAR 7:33 အယ်ကြောန့် ယေရှုဟှ သူ့တယော့‑က်ထဲဟှိုဘဲ့ လူအောက်ဂီးထဲဟှနေ ခေါ်ဟှားဘီးဟှာ အယ်လူရဲ့ နားလေထဲဟှို လတ်ညှိုးဟှို ထိုးသွမ်းလိုက်ဘီး၊ ထွီးရယ်န ထွီးဘီး အယ်လူရဲ့ လျှာဟှို တို့လိုက်ဟှယ်။
MAR 7:34 အယ်ဘီးန ယေရှုဟှာ ကောန်းဂန်ဟှို မျှော်ကေ့ဘီး သတ်ပြင်းခ္လဘီးဟှာ “ဧဖသ” ဆိုဘီး အယ်လူဟှို မိန့်တော်မူလေဟှယ်။ အယ်ဓိပါယ်ဟှ “ပွမ့်စေ!” ဆိုဘီး ဖြစ်ဟှယ်။
MAR 7:35 ရှစ်ရှင်းဘဲ့ အယ်လူရဲ့ နားဟှ ပွပ်လာဘီးဟှာ ခယ်ဟှားဇာခံရဟှူ သူ့လျှာလေဟှ လွတ်ဟှားဘီး ပီးပီသသဟှား စကားပြောနိုင်ဟှားဟှယ်။
MAR 7:36 ယေရှုဟှ အယ်မျိုး ဖြစ်ပျစ်ကြောန်းဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် လူလေဟှို တားလိုက်ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ တားလေလေ သူးနို့လေဟှ အယ်ကြောန်းဟှို ပိုဘီး ဟှာ ဟောပြောနေဂေ့ဟှယ်။
MAR 7:37 အယ်မျိုး ဖြစ်ပျစ်ကြောန်းဟှို ကြားရဟှူလူလေဟှ ရရာတိုင်း အံ့ဩဂေ့ဟှယ်။ “ကိုယ်တော်ဟှာ ရှိမျှဂူလောင်းဟှို လျောက်ပတ်အောန် လောက်ဟှယ်! နားပန်းဟှူ လူလေဟှို နားကြားစေဟှယ်။ ဆွံ့အနေဟှူ လူလေဟှိုလည်း စကားပြောစေဟှယ်!” ဆိုဘီး တအံ့တဩ ပြောဂေ့ဟှယ်။
MAR 8:1 ကြာခန်မာဘဲ့ နော့‑က်ထပ် ရရာတိုင်းများဟှူ လူအောက်ဂီးဟှာ စုလာဂေ့ဟှယ်။ သူးနို့လေမာ စားဟှို့ ဖြားလည်းမှေ့ဘဲဟှူကြောန့်၊ ယေရှုဟှ တဗဲ့တော်လေဟှို သူ့နားဟှိုခေါ်ဘီး ပြောလိုက်ဇာဟှ၊
MAR 8:2 “အယ်လူလေဟှို ငါသနားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ငါ့နတူးဒူ သောင်းရစ်လောင်းလောင်း ရှိနေဂေ့ဘီး ခုစားဟှို့ ဖြားလည်းမှေ့ဘီ။
MAR 8:3 သူးနို့ထဲဟှ တချို့ဟှာ ဝီးဟှနေလာရဟှူကြောန့် သူးနို့ဟှို ငါဟှ ကျွေးဘဲ့န အီပ္လန်ခိုင်းမယ် ဆိုဟှာ သူးနို့လေဟှ လမ်းမာ အားပြတ်ဂူလေ့မယ်။”
MAR 8:4 တဗဲ့တော်လေဟှ “လူမှေ့ဘဲဟှူ နေရာမာ ဖယ်သူဟှ အယ်လူလေ ဂူလောင်းဟှို လော့‑က်အောန်ကျွေးဟှို့ မုဟှို ဖယ်ဟှ ရနိုင်ဟှို့နူး” ဆိုဘီး ယေရှုဟှို ပ္လန်လျှော့‑က်ဂေ့ဟှယ်။
MAR 8:5 ယေရှုဟှ “နန်းနို့မာ မုဖယ်မျှလော့‑က်ရှိနူး” ဆိုဘီး မေးလေဟှယ်။ တဗဲ့တော်လေဟှ “မုခွန်နစ်လောင်းရှိဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAR 8:6 ကိုယ်တော်ဟှာ လူအောက်ဂီးဟှို မ္လေမာ ထိုင်ခိုင်းလိုက်ဟှယ်။ အယ်ဘီးန မုခွန်နစ်လောင်းဟှို ယူဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလိုက်ဘီး၊ မုလေဟှို ဖဲ့လေဟှယ်။ အယ်ဘီးမှ လူအောက်ဂီးဟှို ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို ပေးလိုက်ဘီး၊ တဗဲ့တော်လေဟှ လူအောက်ဂီးဟှို ဝီပေးလေဟှယ်။
MAR 8:7 သူးနို့မာလည်း ငါးဂန်းဟှားလေ နဲနဲရှိလေဟှယ်။ ယေရှုဟှ အယ်ဇာလေတွပ် ကျေးဇူးတော် ချီးမွမ်းဘီးန ငါးလေဟှိုလည်း ဝီပေးဟှို့တွပ် တဗဲ့တော်လေဟှို ပြောလေဟှယ်။
MAR 8:8 လူတိုင်းဟှာ ဗိုက်ပ္လဲ့အောန်စားရဂေ့ဇာဟှ။ အယ်ဘီးန တဗဲ့တော်လေဟှာ စားဘီးကျန်နေဟှူ က္လိုးပဲ့လေဟှို ပ္လန်ကော့‑က်သီးဟှူ ခီမာ ခွန်နစ်တောန်းပ္လဲ့ရဟှယ်။
MAR 8:9 လူ ၄,၀၀၀ လော့‑က် ရှိဟှယ်။ ယေရှုဟှ လူလေဟှို ပ္လန်လွှတ်လိုက်ဘီး၊
MAR 8:10 ရှစ်ရှင်းဘဲ့ တဗဲ့တော်လေနတူးဒူ လှေထတ်ဟှို တတ်ဟှားဘီး ဒါလမနုသဒေသဟှို ကြွဟှားလေဟှယ်။
MAR 8:11 တချို့ ဖာရိရှဲလေဟှာ ယေရှုနားဟှို ရော့‑က်လာဘီး ကိုယ်တော်န စဘီးဟှာ ဂြင်းခူဂေ့ဟှယ်။ သူးနို့ဟှ ကိုယ်တော့်ဟှို စမ်းသပ်ရှင်ဂေ့ဟှူကြောန့် ကောန်းဂန်ဘောင်ဟှ နိမိတ်လတ်ခဏာတခုဟှို လောက်ပြဟှို့ ကိုယ်တော့်ဟှို တောန်းဆိုဂေ့ဟှယ်။
MAR 8:12 အယ်ဘေမဲ့ ယေရှုဟှ သူ့ရဲ့စိထဲမာ သတ်ပြင်းခ္လဘီးဟှာ “အယ်ခေတ်လူလေဟှ ဖြားဖြစ်ကြောန့် နိမိတ်လတ်ခဏာဟှို တောန်းဂေ့နူး။ နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်! အယ်လူလေဟှို ဖြားသတ်သေလည်း ပေးလေ့မယ် မှုဟှ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 8:13 ကိုယ်တော်ဟှာ သူးနို့ဟှို ထားရစ်ဘီး လှေထတ်ဟှို ပ္လန်တတ်ဘီးဟှာ အိုင်ရဲ့ဟှို့ဖတ်ကမ်းဟှို စဘီးဟှာ ကူးလေဟှယ်။
MAR 8:14 တဗဲ့တော်လေဟှာ မုယူလာဟှို့ မေ့ဟှားဟှူကြောန့် လှေထတ်မာ သူးနို့တွပ် မုတလောင်းဘဲ့ရှိဟှယ်။
MAR 8:15 ယေရှုဟှ “ဖာရိရှဲလေရဲ့ တဆေးန ဟေရုဒ်ရဲ့ တဆေးဟှို ဒိထားဂေ့” ဆိုဘီး သူးနို့ဟှို ဒိပေးလေဟှယ်။
MAR 8:16 တဗဲ့တော်လေဟှ သူးနို့ရှင်းရှင်းထဲမာ စဘီးဟှာ ဆွေးနွေးနေဇာဟှ “ကိုယ်တော်ဟှာ အယ်မျိုးပြောဇာဟှ နို့လေမာ ဖြားမုလည်း ပါလာဘဲ့ကြောန့်ဖြစ်ဟှယ်။”
MAR 8:17 သူးနို့လေပြောနေဇာဟှို ယေရှုဟှာ သိနေလေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှ “ဖြားမုလည်း မှေ့ဘဲဟှူကြောန်းဟှို နန်းနို့လေ ဖြားဖြစ်ကြောန့် ဆွေးနွေးနေဂေ့နူး။ နန်းနို့လေဟှာ ခုထိ နားလည်ဂေ့သေးဟှလော။ နန်းနို့ သိဂေ့သေးဟှလော။ နန်းနို့ရဲ့ စိနှလောင်းလေဟှ မာကျောနေဟှယ်လော။
MAR 8:18 နန်းနို့မာမျစ်စိရှိဟှယ် နန်းနို့ ဗြင်ဂေ့ဟှလော။ နန်းနို့မာနားရှိဟှယ် ဆိုဟှာ နန်းနို့ ကြားဂေ့ဟှလော။
MAR 8:19 ငါဟှ လူ ၅,၀၀၀ ဟှို ကျွေးဟှို့တွပ် မုငါးလောင်းဟှို ငါခ္လိုးဖဲ့ဟှူခီဟှို နန်းနို့ ဒိရဂေ့ဟှလော။ စားဘီးကျန်နေဟှူ က္လိုးပဲ့လေဟှို ပ္လန်ကော့‑က်ဇာဟှ ဖယ်မျှရနူး” ဆိုဘီးဟှာ မေးလေဟှယ်။ တဗဲ့တော်လေဟှ “ဆယ့်နှေ့တောန်းရပါဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 8:20 ယေရှုဟှ “အယ်ဘီးဟှာ ငါဟှာ လူ ၄,၀၀၀ တွပ် မုခွန်နစ်လောင်းဟှို ဖဲ့ဟှူ ခီမာ စားဘီးကျန်နေဟှူ က္လိုးပဲ့လေဟှို ဖယ်မျှတောန်းပ္လဲ့ နန်းနို့လေ ပ္လန်ကော့‑က်ရဂေ့နူး” ဆိုဘီး မေးလေဟှယ်။ တဗဲ့တော်လေဟှ “ခွန်နစ်တောန်းရပါဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 8:21 ကိုယ်တော်ဟှ “အယ်ဆိုဟှာ နန်းနို့ နားလည်ဂေ့သေးဟှလော” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။
MAR 8:22 သူးနို့လေဟှာ ဗက်ဇဲဒဝါဟှို ရော့‑က်လာဂေ့ဟှယ်။ အယ်နေရာမာ လူတချို့ဟှ မျစ်ကန်းတယော့‑က်ဟှို ယေရှုနားဟှို ခေါ်လာဘီးဟှာ အယ်လူဟှို တို့ထိဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။
MAR 8:23 ယေရှုဟှ မျစ်ကန်းဟှို လတ်ဆွဲဘီးဟှာ ဝါပ္လန်ဟှို ခေါ်ဟှားလိုက်ဟှယ်။ အယ်လူရဲ့ မျစ်စိဟှို ထွီးရယ်နထွီးဘီးန ယေရှုဟှာ သူ့ထတ်မာ လတ်လေဟှို တန်လိုက်ဘီးဟှာ “နန် တခုခုဟှို ဗြင်ရဘဲ့လော” ဆိုဘီး မေးလေဟှယ်။
MAR 8:24 အယ်လူဟှ မော့ကေ့လိုက်ဘီး “ကျွန်တော်ဟှာ လူလေဟှို ဗြင်ရဟှယ်။ အယ်ဘေမဲ့ သူးနို့လေဟှ သစ်ပန်လေမျိုး လမ်းရှော့‑က်နေဂေ့ဟှယ်” ဆိုဘီး ပြောလေဟှယ်။
MAR 8:25 ယေရှုဟှာ အယ်လူရဲ့ မျစ်စိထတ်မာ လတ်လေဟှို ပ္လန်ဘီး တန်လိုက်ဟှယ်။ အယ်ခီမာ အယ်လူဟှာ အားစိုက်ဘီး ကေ့လိုက်ဇာ သူ့ရဲ့ မျစ်စိလန်းရောန် ပ္လန်ရဟှားဘီး သူဟှာ ဂူလောင်းဟှို ရှင်းရှင်းလန်းလန်းဟှား ဗြင်ဟှားဟှယ်။
MAR 8:26 ယေရှုဟှ သူ့ဟှို “ဝါထဲဟှို ပ္လန်ဝမ်န” ဆိုဘီးဟှာ မိန့်ပေးဘီး အီဟှို ပ္လန်ခိုင်းလိုက်လေဟှယ်။
MAR 8:27 အယ်ဘီးန ယေရှုန တဗဲ့တော်လေဟှ ကဲသရိဖိလိပ္ပုနားဟှ ကျေးဝါလေဟှို သွားဂေ့ဟှယ်။ လမ်းခရီးမာ ကိုယ်တော်ဟှ “လူလေဟှ ငါ့ဟှို ဖယ်သူဖြစ်ဟှယ် ဆိုဘီး ပြောနေဂေ့နူး” ဆိုဘီးဟှာ သူးနို့ဟှို မေးလေဟှယ်။
MAR 8:28 “တချို့ဟှ ဗတ္တိဇံယောဟန် ဖြစ်ဟှယ်။ တချို့ဟှ ဧလိယ ဖြစ်ဟှယ်။ တချို့ဟှ ပရောဖက်တပါး ဖြစ်ဟှယ်။ ဆိုဘီး ပြောနေဂေ့ဟှယ်” ဆိုဘီး သူးနို့ဟှ ပ္လန်လျှော့‑က်လေဟှယ်။
MAR 8:29 “နန်းနို့လေဟှမား ငါ့ဟှို ဖယ်သူဖြစ်ဟှယ် ဆိုဘီး ထန်ဂေ့နူး” ဆိုဘီး ကိုယ်တော်ဟှ သူးနို့လေဟှို မေးလိုက်ဟှယ်။ ပေတရုဟှ “ကိုယ်တော်ဟှာ ခရစ်တော် ဖြစ်ဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAR 8:30 ယေရှုဟှ “ငါ့ကြောန်းဟှို ဖယ်သူ့ဟှိုလည်း ပြောဂေ့န” ဆိုဘီး သူးနို့လေဟှို မိန့်ပေးလေဟှယ်။
MAR 8:31 အယ်ဘီးန ယေရှုဟှ “လူ့ရဲ့သားဟှာ ဝေဒနာဘောင်ဂီး ခံရဘီး သတ်ကီးဝါဂီးလေ၊ ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းတတ်ဆရာလေအားဖြင့် ငြင်းပယ်ခံရမယ်။ သူဟှာ သတ်ခံရမယ်၊ အယ်ဘေမဲ့ သောင်းရစ်ကြာဘီးန သူဟှာ ပ္လန်ထမြော့‑က်လေ့မယ်” ဆိုဘီး တဗဲ့တော်လေဟှို စဘီး သွန်သန်လေဟှယ်။
MAR 8:32 ကိုယ်တော်ဟှာ အယ်ကြောန်းဟှို ပွမ့်ပွမ့်လန်းလန်းဟှား ပြောလိုက်ဟှယ်။ အယ်ကြောန့် ပေတရုဟှ ကိုယ်တော့်ဟှို ဘေးနားဟှို ခေါ်ဘီးဟှာ စဘီး ပြစ်တန်လေဟှယ်။
MAR 8:33 အယ်ဘေမဲ့ ယေရှုဟှ ပ္လန်လှည့်ဘီး တဗဲ့တော်လေဟှို ကေ့ဘီးဟှာ ပေတရုဟှို ဆောင်းမလေဟှယ်။ “စာတန်၊ ငါ့နားဟှနေ ထွပ်ဟှား။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ ဘုရားသခင်န ဆိုင်ဟှူဇာလေဟှို စိစွဲလန်းဘဲန လူလေန ဆိုင်ဟှူ ဇာလေဟှိုဘဲ စွဲလန်းဟှယ်!” ဆိုဘီး ပြောလေဟှယ်။
MAR 8:34 အယ်ဘီးန ယေရှုဟှာ လူအောက်ဂီးန တဗဲ့တော်လေဟှို သူ့နားဟှို ခေါ်လေဟှယ်။ ကိုယ်တော်ဟှ “ဖယ်လူဘဲ့ဖြစ်ဖြစ် ငါ့နော့‑က်ဟှို လိုက်ရှင်ဟှယ် ဆိုဟှာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ် အယ်ဘီးဟှာ ကိုယ့်ရဲ့ လတ်ဝါးကပ်တိုင်ဟှို ထမ်းဘီး ငါ့နော့‑က်ဟှို လိုက်ရမယ်။
MAR 8:35 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ့်သတ်ဟှို ကယ်ရှင်ဟှူ လူဟှာ သတ်ဆောင်းရှောင်းလေ့မယ်။ အယ်ဘေမဲ့ ငါ့တွပ်န ဒန်းကောန်းတွပ် သတ်ဆောင်းရှောင်းရဟှူ လူဟှာ ကိုယ့်သတ်ဟှို ကယ်ဆယ်လေ့မယ်။
MAR 8:36 လူတယော့‑က်ဟှာ လောက တခုလောင်းဟှို ရဘေမဲ့ သူ့ရဲ့ သတ်ဝိညာဉ် ဆောင်းရှောင်းဟှားမယ် ဆိုဟှာ ဖြားကျိုးရှိမယ်နူး။ ဖြားကျိုးလည်း မှေ့ဟှ!
MAR 8:37 လူတယော့‑က်ဟှာ သူ့ရဲ့ သတ်ဝိညာဉ်ဟှို ပ္လန်ဝီးဟှို့တွပ် ဖြားဇာပေးနိုင်ဟှို့နူး။
MAR 8:38 ဖော့‑က်ပ္လန်ဘီး ပြစ်န ပ္လဲ့နေဟှူ အယ်မျိုးဆစ်မာ ဖယ်သူမဆို ငါ့န ငါ့စကားလေဟှို ယှစ်ကြော့‑က်မယ် ဆိုဟှာ၊ လူ့ရဲ့သားဟှာ သူ့ဖရဲ့ ဖောင်းတာ်ဟှို ဆောန်ဘီး သန့်ရှင်းဟှူ ကောန်းဂန်တမန်လေနတူးဒူ လာဟှူ ခီမာ အယ်လူဟှာ ယှစ်ကြော့‑က်ခံရလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 9:1 အယ်ဘီးဟှာ ကိုယ်တော်ဟှ “ငါ မှန်တိုင်းပြောမယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှ တဂိုးန တည်ဟှယ် ဆိုဇာဟှို ဗြင်ရဘဲ့န အယ်နေရာမာ ရှိနေဟှူ လူတချို့ဟှာ သေရဟှို့ မှုဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 9:2 ခြော့‑က်ရစ်ကြာဘီးန ယေရှုဟှာ ပေတရု၊ ယာကုပ်၊ ယောဟန်လေဟှို သူ့နတူးဒူ ခေါ်ဟှားဘီး ဗြင့်ဟှူတောန်ထတ်ဟှို တတ်ဟှားဟှယ်။ အယ်နေရာမာ သူးနို့လေဘဲ့ ရှိလေဟှယ်။ အယ်ခီမာ သူးနို့ရှေ့မာ ယေရှုဟှာ သဏ္ဌာန်ပ္လောန်းလဲဟှားဟှယ်။
MAR 9:3 အယ်ဘီးဟှာ ကိုယ်တော်ရဲ့ ဝတ်ဟှ ဖ္လူဆွတ်ဆွတ် ဖြစ်လာဟှယ် ကမ္ဘာမာ ဖယ်လူလည်း လျှော်ဟှို့ တတ်နိုင်ဘဲအောန် ရရာတိုင်း ဖ္လူဟှယ်။
MAR 9:4 အယ်ဘီးဟှာ တဗဲ့တော်သောင်းပါးရှေ့မာ ဧလိယန မောရှေဟှ ပေါ်လာဘီး ယေရှုန စကားပြောနေဂေ့ဟှယ်။
MAR 9:5 ပေတရုဟှ “ဆရာ၊ အယ်နေရာမာ ကျွန်တော့်ဟှားလေ ရှိနေဇာ ရရာတိုင်း ကောန်းဟှယ်! ကိုယ်တော်တွပ် တဆောန်၊ မောရှေတွပ် တဆောန်၊ ဧလိယတွပ် တဆောန်၊ တဲသောင်းဆောန်ဟှို ကျွန်တော့်ဟှားလေ ဆော့‑က်ပေးမယ်” ဆိုဘီး ယေရှုဟှို ပြောလေဟှယ်။
MAR 9:6 သူးနို့ဟှာ ရရာတိုင်း ကြော့‑က်လန့်နေဂေ့ဘီး၊ သူဟှာ ဖယ်မျိုးပြောရဟှို့ ဆိုဇာ သိဟှ။
MAR 9:7 အယ်ဘီးန မိုးတီတခုဟှ ပေါ်လာဘီးဟှာ သူးနို့လေဟှို အောက်ခ္လလိုက်ဟှယ် “အယ်သူဟှ ငါ့ရဲ့ ရှစ်သား ဖြစ်ဟှယ်။ သူ့စကားဟှို နားထောန်ဂေ့!” ဆိုဘီး မိုးတီထဲဟှနေ သံတော်ဟှ ထွပ်လာဟှယ်။
MAR 9:8 ရှစ်ရှင်းဘဲ့ သူးနို့လေဟှာ ပတ်စိမွီဘီး ကေ့လိုက်ဟှယ် အယ်ဘေမဲ့ ယေရှုတပါးဘဲ့ သူးနို့နတူးဒူ ရှိနေဘီး တခြားဖယ်သူလည်း တွိရဂေ့ဟှမ်း။
MAR 9:9 သူးနို့လေဟှ တောန်ထတ်ဟှနေ ဆင်းလာဂေ့ဟှူ ခီမာ ယေရှုဟှ “လူ့ရဲ့သားဟှ သေရာဟှနေ ထမြော့‑က်ခန်ထိ နန်းနို့ဗြင်ဟှားဇာဟှို ဖယ်သူ့ဟှိုလည်း ပြောဂေ့န” ဆိုဘီး သူးနို့ဟှို မိန့်မှာလေဟှယ်။
MAR 9:10 သူးနို့လေဟှ ကိုယ်တော်ရဲ့ မိန့်ဟှို နာခံဂေ့ဟှယ် အယ်ဘေမဲ့လည်း “ ‘သေရာဟှနေ ထမြော့‑က်ဟှယ်’ ဆိုဇာဟှ ဖြားဓိပါယ်မျိုးနူး” ဆိုဘီး အယ်ကြောန်းဟှို သူးနို့ရှင်းရှင်းထဲမာ စဘီး ဆွေးနွေးနေဂေ့ဟှယ်။
MAR 9:11 အယ်ဘီးဟှာ သူးနို့ဟှ ယေရှုဟှို “ဧလိယဟှာ ရင်ဦးဆောင်း လာမယ် ဆိုဘီး ကျမ်းတတ်ဆရာလေဟှ ဖြားဖြစ်ကြောန့် ပြောဂေ့နူး” ဆိုဘီး မေးဂေ့ဟှယ်။
MAR 9:12 ယေရှုဟှ “ဧလိယဟှာ ရင်ဦးဆောင်း လာဘီး ဂူလောင်းဟှို သစ်ပ္လန်လောက်မယ် ဆိုဇာဟှာ မှန်ဟှယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှ ဝေဒနာဘောင်ဂီး ခံဘီးဟှာ ငြင်းပယ်ခံရမယ် ဆိုဘီး ကျမ်းစာမာ ဖြားဖြစ်ကြောန့် ရေးဟှားနူး။
MAR 9:13 အယ်ဘေမဲ့လည်း နန်းနို့ဟှို ငါပြောမယ်။ ဧလိယဟှာ ရော့‑က်လာပီးဘီ။ သူ့ကြောန်းဟှို ကျမ်းစာမာ ရေးဟှားတိုင်း လူလေဟှ သူးနို့လောက်ရှင်ဟှူတိုင်း သူ့ဟှို လောက်ဂေ့ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 9:14 သူးနို့ဟှာ တခြားတဗဲ့တော်လေနားဟှို ရော့‑က်လာဟှူ ခီမာ ရရာတိုင်း ကီးမားဟှူ လူအောက်ဂီးဟှာ သူးနို့လေဟှို ဝိုင်းရံဟှားဘီး ကျမ်းတတ်ဆရာ တချို့ဟှာ သူးနို့န ဂြင်းခူနေဇာဟှို ဗြင်ဟှားလေဟှယ်။
MAR 9:15 ရှစ်ရှင်းဘဲ့ လူလေဟှ ယေရှုဟှို ဗြင်ဟှူ ခီမာ သူးနို့ဟှာ ရရာတိုင်း အံ့ဩဂေ့ဘီးဟှာ ကိုယ်တော်နားဟှို ပ္လေးလာဘီး နှောက်ဆစ်ဂေ့ဟှယ်။
MAR 9:16 ယေရှုဟှ တဗဲ့တော်လေဟှို “နန်းနို့လေဟှာ သူးနို့လေန ဖြားကြောန်းရာဟှို ဂြင်းခူနေဂေ့နူး” ဆိုဘီး မေးလေဟှယ်။
MAR 9:17 လူအောက်ဂီးထဲဟှနေ တယော့‑က်ဟှ “ဆရာ၊ ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူကြောန့် စကားပြောနိုင်ဘဲဟှူ ကျွန်တော့်သားဟှို ဆရာ့နားဟှို ခေါ်လာဟှယ်။
MAR 9:18 နတ်ဆိုးဟှာ သူ့ဟှို ဖမ်းစားဟှူခီတိုင်း သူ့ဟှို မ္လေဂီးမာ လဲခ္လတတ်ဘီး၊ ဇပ်ပေါ့‑က်ဟှ ဖြုပ်ထွပ်ဘီး၊ အံသွားလေ က္လိတတ်ဟှယ်။ အယ်ဘီးန တော့‑က်မာ လာဟှယ်။ ကျွန်တော်ဟှာ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှို အယ်နတ်ဆိုးဟှို နှန်ထုဟှို့ ပြောဟှယ် အယ်ဘေမဲ့ သူးနို့လေဟှ တတ်နိုင်ဂေ့ဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 9:19 ယေရှုဟှ “နန်းနို့ဟှာ လောင်းဝ ယောင်ကြည်ဘဲဟှူ လူလေ ဖြစ်ဟှယ်! ငါဟှာ ဖယ်လော့‑က်ကြာအောန် နန်းနို့နတူးဒူ နေရဟှို့နူး။ ဖယ်မျှလော့‑က်ကြာအောန် နန်းနို့ဟှို သီးခံရဟှို့နူး။ ကောန်းသားဟှားဟှို ငါ့နားဟှို ခေါ်လာဂေ့!” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
MAR 9:20 အယ်ကြောန့် သူးနို့လေဟှ သူ့ဟှို ယေရှုနားဟှို ခေါ်ဟှားဂေ့ဟှယ်။ နတ်ဆိုးဟှာ ယေရှုဟှို ဗြင်ဟှူ ခီမာ ရှစ်ရှင်းဘဲ့ ကောန်းသားဟှားဟှို လဲခ္လဘီး တူတတ်စေဟှယ်။ အယ်ကြောန့် သူဟှာ မ္လေမာ လဲခ္လဘီး လူးလိနေဘီးဟှာ ဇပ်ပေါ့‑က်ဟှ ဖြုပ်လေ ထွပ်နေလေဟှယ်။
MAR 9:21 ယေရှုဟှ “အယ်မျိုးဖြစ်နေဇာ ကြာဘီလော” ဆိုဘီး ကောန်သားရဲ့ ဖဟှို မေးလေဟှယ်။ သူဟှ “သားဂန်းဟှား ဂဒဲဟှ ဖြစ်နေဟှယ်။”
MAR 9:22 “သူ့ဟှို မီးထဲမာရော၊ ရေထဲမာရော လဲက္လစေဘီးဟှာ သတ်ဟှို့ ခါဘီးခါ ကြိုးစားဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ တခုခု တတ်နိုင်မယ် ဆိုဟှာ ကျွန်တော့်ဟှို သနားဘီးဟှာ ကူညီပေးပါ!” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 9:23 ယေရှုဟှ “နန်ကိုယ်တိုင်လည်း တတ်နိုင်ဟှယ် မှုဟှလော။ ယောင်ကြည်ရှင်းရှိဟှူ လူတယော့‑က်တွပ် ဂူလောင်း ဖြစ်နိုင်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 9:24 ရှစ်ရှင်းဘဲ့ ကောန်သားဟှားရဲ့ ဖဟှ “ကျွန်တော် တကယ် ယောင်ကြည်ပါဟှယ်။ ကျွန်တော်ဟှာ ယောင်ကြည်ဘဲကြောန့် ကျွန်တော့်ဟှို မစပေးပါ!” ဆိုဘီး အော်ဘီးပြောလေဟှယ်။
MAR 9:25 လူအောက်ဂီးဟှာ သူးနို့ရှိဟှူ နေရာဟှို ပ္လေးလာဂေ့ဇာဟှို ယေရှု ဗြင်ဟှားဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှ ညစ်ညူးဟှူ နတ်ဟှို မိန့်ပေးလိုက်ဟှယ်။ “ဆွံ့အဘီး နားပန်းဟှူ နတ် ကောန်သားထဲဟှနေ ထွပ်ဟှားဘီး နော့‑က်ထပ် သူ့ထဲဟှို လောင်းဝ ဝမ်န ငါမိန့်ပေးဟှယ်!” ဆိုဘီး ပြောလေဟှယ်။
MAR 9:26 နတ်ဆိုးဟှ အော်ဘီးဟှာ ကောန်သားဟှို ရရာတိုင်း တူတတ်ခိုင်းဘီးန ထွပ်ဟှားလေဟှယ်။ ကောန်သားဟှ သေကောန်မျိုး ဖြစ်ဟှားကြောန့် “သူသေဟှားဘီ!” ဆိုဘီး လူတိုင်းပြောဂေ့ဟှယ်။
MAR 9:27 အယ်ဘေမဲ့ ယေရှုဟှ ကောန်သားရဲ့ လတ်ဟှို ကိုင်ဘီး ထဒန်ဟှို့ ဆွဲဒန်လိုက်ဟှူ ခီမာ သူဟှာ ထလာဟှယ်။
MAR 9:28 ယေရှုဟှ အီထဲဟှို ဝမ်ဟှားဘီးန တဗဲ့တော်လေဟှ “ကျွန်တော့်ဟှားလေဟှ ဖြားဖြစ်ကြောန့် အယ်နတ်ဆိုးဟှို နှန်ထုနိုင်ဟှနူး” ဆိုဘီး ကိုယ်တော့်ဟှို တိတိဟှား မေးဂေ့ဟှယ်။
MAR 9:29 ယေရှုဟှ “အယ်နတ်မျိုးဟှို ဆုတောန်းဇာအားဖြင့်ဘဲ့ နှန်ထုနိုင်ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 9:30 ယေရှုန တဗဲ့တော်လေဟှ အယ်နေရာဟှနေ ထွပ်ဟှားဘီး ဂါလိလဲနယ်ဟှို ဖြတ်ဘီး ဆစ်သွားလေဟှယ်။ သူးနို့လေ အယ်နေရာမာ ရှိနေဟှယ် ဆိုဇာဟှို ယေရှုဟှ ဖယ်သူ့ဟှိုလည်း သိခိုင်းရှင်ဟှ၊
MAR 9:31 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သူ့ရဲ့ တဗဲ့တော်လေဟှို “လူ့ရဲ့သားဟှာ သူ့ဟှို သတ်မယ့်လူလေရဲ့ လတ်ထဲဟှို အပ်ခံရလေ့မယ်။ အယ်ဘေမဲ့လည်း သောင်းရစ်ကြာဘီးန သူဟှာ ထမြော့‑က်လေ့မယ်” ဆိုဘီး သွန်သန်နေကြောန့် ဖြစ်ဟှယ်။
MAR 9:32 အယ်ဘေမဲ့ ကိုယ်တော်ပြောနေဇာဟှာ ဖြားဓိပါယ်ရှိဟှယ် ဆိုဇာဟှို သူးနို့လေ နားလည်ဂေ့ဟှ။ အယ်ဘီးဟှာ ကိုယ်တော့်ဟှို မေးဟှို့လည်း သူးနို့ဟှာ ကြော့‑က်နေဂေ့ဟှယ်။
MAR 9:33 သူးနို့လေဟှာ ကပေရနောင်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဘီး အီထဲဟှို ဝမ်ဟှားဘီးန ယေရှုဟှ “နန်းနို့ဟှ လမ်းမာ ဖြားကြောန်းဟှို ဂြင်းခူနေဂေ့နူး” ဆိုဘီး တဗဲ့တော်လေဟှို မေးလေဟှယ်။
MAR 9:34 အယ်ဘေမဲ့ သူးနို့လေဟှာ ကိုယ်တော့်ဟှို ဖြေဂေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လမ်းမာ ဖယ်သူဟှ ကီးမြတ်ဆောင်းဖြစ်ဟှယ် ဆိုဘီး သူးနို့ရှင်းရှင်းထဲမာ ဂြင်းခူနေကြောန့် ဖြစ်ဟှယ်။
MAR 9:35 ယေရှုဟှာ ထိုင်ခ္လဘီးန တဗဲ့တော် ဆယ့်နှေ့ပါးဟှို ခေါ်လိုက်ဘီး “ဖယ်လူဘဲ့ဖြစ်ဖြစ် ဦးဆောင်းဖြစ်ရှင်ဟှယ် ဆိုဟှာ အယ်လူဟှာ ဂူလောင်းရဲ့ နော့‑က်ဆောင်းဖြစ်ရမယ်။ ဂူလောင်းရဲ့ စေခံလည်း ဖြစ်ရမယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 9:36 အယ်ဘီးန ကိုယ်တော်ဟှ သားဂန်းတယော့‑က်ဟှို ခေါ်ဘီးဟှာ သူးနို့ ရှေ့မာ ရပ်ခိုင်းလေဟှယ်။ ကိုယ်တော်ဟှာ သူ့ဟှို ပိုက်ဘီးဟှာ သူးနို့ဟှို ပြောလိုက်ဇာဟှ၊
MAR 9:37 “ဖယ်လူဘဲ့ဖြစ်ဖြစ် အယ်သားဂန်းလေထဲဟှ တယော့‑က်ဟှို ငါ့နာမဟှို ထော့‑က်ဘီးဟှာ လတ်ခံဟှယ် ဆိုဟှာ ငါ့ဟှို လတ်ခံဟှယ်။ ဖယ်သူဘဲ့ဖြစ်ဖြစ် ငါ့ဟှို လတ်ခံဟှယ် ဆိုဟှာ ငါ့ဟှိုဘဲ့ လတ်ခံဇာ မှုဟှ ငါ့ဟှို စေလွှတ်လိုက်ဟှူ သူဟှိုလည်း လတ်ခံဟှယ်။”
MAR 9:38 ယောဟန်ဟှ “ဆရာ၊ ကိုယ်တော်ရဲ့ နာမန နတ်ဆိုးလေဟှို နှန်ထုနေဟှူ လူတယော့‑က်ဟှို ကျွန်တော်လေ တွိဗြင်လာဟှယ်။ သူဟှာ ကျွန်တော့်ဟှားလေရဲ့ အောက်စုထဲဟှ မှုဘဲဟှူကြောန့် သူ့ဟှို လောက်ဘဲဟှို့တွပ် ပြောရစ်ဟှယ်” ဆိုဘီး ကိုယ်တော့်ဟှို ပြောလေဟှယ်။
MAR 9:39 ယေရှုဟှ “သူ့ဟှို တားဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့နာမန နိမိတ်လတ်ခဏာပြဘီးဟှာ ကြာခန်မာ ငါ့ကြောန်းဟှို ကဲ့ရဲ့နိုင်ဟှူလူ ယော့‑က်လည်း မှေ့ဟှ။
MAR 9:40 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖယ်လူဘဲ့ဖြစ်ဖြစ် နို့လေဟှို ဆန်ကျင်ဟှဆိုဟှာ နို့လေဖတ်ဟှဘဲ့ ဖြစ်ဟှယ်။
MAR 9:41 ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ဟှာ ခရစ်တော်ရဲ့ တဗဲ့တော်လေဖြစ်ဟှူကြောန့် ငါ့နာမဟှို ထော့‑က်ဘီး နန်းနို့လေဟှို ရေတခွပ် ပေးသော့‑က်ဟှူ လူတိုင်းဟှာ တကယ်ဘဲ့ ကျိုးဟှို လတ်ခံရလေ့မယ်။
MAR 9:42 “ဖယ်လူဘဲ့ဖြစ်ဖြစ် ငါ့ဟှို ယောင်ကြည်ဟှူ အယ်သားဂန်းလေထဲဟှ တယော့‑က်ဟှို မှားယွင်းစေမယ် ဆိုဟှာ သူ့ရဲ့ လည်ဘန်းမာ ကီးမားဟှူ က္လော့‑က်က္လိဆောင်ဟှို ခယ်ဘီး ပန်လယ်ထဲဟှို ပစ်ခ္လခံရဇာဟှ အယ်လူတွပ် ပိုကောန်းဟှယ်။
MAR 9:43 နန့်လတ်ဟှ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ အယ်လတ်ဟှို ဖြတ်ပစ်လိုက်! လတ်နှေ့ဖတ်န မီးသေဘဲဟှူ ငရဲထဲဟှို သွားရဇာထတ် လတ်တဖတ်မှေ့ဘဲန သတ်ရှင်ဇာဟှို ဝမ်ရဇာဟှာ ပိုကောန်းဟှယ်။
MAR 9:44 
MAR 9:45 နန့်ခေဟှ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ အယ်ခေဟှို ဖြတ်ပစ်လိုက်! ငရဲထဲဟှို ခေနှေ့ဖတ်န ပစ်ခ္လခံရဇာထတ် ခေတဖတ်မှေ့ဘဲန သတ်ရှင်ဇာဟှို ဝမ်ရဇာဟှာ ပိုကောန်းလေဟှယ်။
MAR 9:46 
MAR 9:47 နန့်မျစ်စိဟှ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ အယ်မျစ်စိဟှို ထုပစ်လိုက်! မျစ်စိနှေ့ဖတ်န ငရဲထဲဟှို ပစ်ခ္လခံရထတ် မျစ်စိတဖတ်န ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ရဇာဟှ ပိုကောန်းဟှယ်။
MAR 9:48 ‘အယ်နေရာမာ သူးနို့ဟှို စားဟှူပိုးကောန်လေဟှ လောင်းဝသေဟှ။ အယ်ဘီးဟှာ သူးနို့ဟှို လောန်နေဟှူမီးဟှလည်း လောင်းဝသေဟှ။’ ”
MAR 9:49 “ယဇ်ကောန်ဟှာ ဆားအားဖြင့် စင်ကြယ်ဟှားမျိုးဘဲ့ လူတိုင်းဟှာ မီးအားဖြင့် စင်ကြယ်ဟှားလေ့မယ်။”
MAR 9:50 “ဆားဟှ သောင်းဝမ်ဟှယ်။ အယ်ဘေမဲ့ သူ့ရဲ့ ငန်ဟှူရသာ ပျော့‑က်ဟှားမယ် ဆိုဟှာ ငန်ဟှူရသာဟှို ဖယ်မျိုး ပ္လန်ရနိုင်ဟှို့နူး။ “နန်းနို့ ကိုယ်တိုင်မာလည်း ဆားရဲ့ ဂေါင်သတ်တိမျိုးရှိဂေ့။ အယ်ဘီးဟှာ ရှင်းရှင်း သင့်မြတ်အောန်နေဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 10:1 အယ်ဘီးန ယေရှုဟှ အယ်နေရာဟှ ထွပ်ဟှားဘီး၊ ယုဒနယ်ဟှို သွားလေဟှယ်။ အယ်ဘီးဟှာ ယော်ဒန်မ္လစ်ဟှို ကူးဟှားလေဟှယ်။ လူအောက်ဂီးဟှ ကိုယ်တော်နားဟှို ပ္လန်ဘီး စုလာဂေ့ဟှယ်။ ကိုယ်တော်ဟှာ လောက်နေကျတိုင်း သူးနို့ဟှို သွန်သန်လေဟှယ်။
MAR 10:2 ဖာရိရှဲလေ တချို့ဟှာ ကိုယ်တော်နားဟှို လာဘီးဟှာ ထောန်ချော့‑က်ဆင်ဟှို့ ကြိုးစာဟှယ်။ သူးနို့ဟှ “ကျွန်တော့်လေဟှို ပြောပြပါ။ ကျွန်တော့်လေရဲ့ ပညတ်တရားဟှ လူတယော့‑က်ဟှို သူ့မယားန ကွာရှင်းဟှို့ ခွမ့်ပြုဘဲ့လော” ဆိုဘီး မေးဂေ့ဟှယ်။
MAR 10:3 ယေရှုဟှ “မောရှေဟှာ နန်းနို့ဟှို ဖြားမျိုး ပညတ်ပေးဟှားနူး” ဆိုဘီး မေးခွန်းန ပ္လန်မေးလေဟှယ်။
MAR 10:4 သူးနို့ရဲ့ ဖြေဟှ “လူတယော့‑က်ဟှာ သူ့မယားဟှို ကွာရှင်းစာချောက်ဟှို ပေးဘီး ကွာရှင်းဟှို့တွပ် မောရှေဟှ ခွမ့်ပြုဟှားဟှယ်” ဆိုဘီး ဖြစ်ဟှယ်။
MAR 10:5 ယေရှုဟှ “မောရှေဟှာ အယ်မျိုးပညတ်ချစ်ဟှို နန်းနို့လေတွပ် ရေးဟှားဟှယ် ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ရဲ့ စိနှလောင်းမာကျောဟှူကြောန့် ဖြစ်ဟှယ်။
MAR 10:6 အယ်ဘေမဲ့ ကျမ်းစာမာ ပြောဟှားတိုင်းဘဲ့ ဖန်ဆင်းစဒူးဟှ ‘ဘုရားသခင်ဟှာ ယော့‑က်ကျားန မီးမဟှို ဖန်ဆင်းဟှားဟှယ်။
MAR 10:7 အယ်ကြောန်းကြောန့် ယော့‑က်ကျားဟှ သူ့မိဖဟှို စွန့်ဘီး သူ့မီးမန ပေါန်းသင်းလေဟှယ်။
MAR 10:8 အယ်ဘီးဟှာ အယ်နှေ့ယော့‑က်ဟှာ တသားတကိုယ်ဒဲ ဖြစ်လာလေ့မယ်။’ အယ်ကြောန့် သူးနို့ဟှာ နှေ့ယော့‑က်မှုဟှ။ အယ်ဘေမဲ့ တယော့‑က်ဒဲဘဲ့ ဖြစ်ဟှယ်။
MAR 10:9 အယ်ကြောန့် ဘုရားသခင် ပေါန်းစပ်ပေးဟှားဇာဟှို လူခွဲခွာစေန” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 10:10 သူးနို့လေဟှာ အီဟှို ပ္လန်ရော့‑က်ဟှူ ခီမာ တဗဲ့တော်လေဟှာ အယ်ကြောန်းဟှို ယေရှုဟှို မေးလျှော့‑က်ဂေ့ဟှယ်။
MAR 10:11 ကိုယ်တော်ဟှ “ကိုယ့်မယားဟှို ကွာရှင်းဘီး တခြားမီးမဟှို ကိုယ့်မယားဟှို ပြစ်မှားဘီး အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်။
MAR 10:12 အယ်မျိုးဘဲ့ ကိုယ့်လန်ဟှို ကွာရှင်းဘီး တခြားယော့‑က်ကျားဟှို ပေါန်းသင်းဟှူ မီးမဟှာ ကိုယ့်လန်ဟှို ပြစ်မှားဘီး အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 10:13 လူလေတချို့ဟှာ သားဂန်းလေရဲ့ထတ်မာ ကိုယ်တော်ရဲ့ လတ်လေဟှို တန်ခိုင်းဟှို့တွပ် ယေရှုနားဟှို ခေါ်လာဂေ့ဟှယ်။ အယ်ဘေမဲ့ တဗဲ့တော်လေဟှ အယ်လူလေဟှို ပြစ်တန်ဂေ့ဟှယ်။
MAR 10:14 ယေရှုဟှ အယ်ဇာဟှို ဗြင်ဟှားခီမာ ကိုယ်တော်ဟှာ စိဆိုးဟှားဘီး “သားဂန်းလေဟှို ငါ့နားဟှို လာဂေ့ပါစေ၊ သူးနို့ဟှို တားဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မျိုးလူလေဘဲ့ ဘုရားသခင် နိုင်ငံတော်မာ နေရလေ့မယ်။
MAR 10:15 ငါ မှန်တိုင်းပြောမယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို သားဂန်းတယော့‑က်မျိုး လတ်ခံဘဲဟှူလူဟှ နိုင်ငံတော်ဟှို လောင်းဝ ဝမ်ရလေ့ဟှို့ မှုဟှ” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
MAR 10:16 အယ်ဘီးန ကိုယ်တော်ဟှာ သားဂန်းလေဟှို ခီလိုက်ဘီး သူးနို့ထတ်မာ သူ့ရဲ့ လတ်လေဟှို တန်ဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှို ကောန်းဂျီးပေးလေဟှယ်။
MAR 10:17 ယေရှုဟှ ခရီးစပြုနေဟှူ ခီမာ လူတယော့‑က်ဟှ ပ္လေးလာဘီး၊ ကိုယ်တော်ရှေ့မာ ဒူးထော့‑က်ဘီး “ကောန်းမြတ်ဟှူဆရာ၊ ထာဝရသတ်ဟှို လတ်ခံရဟှို့တွပ် ကျွန်တော့်ဟှ ဖြားဇာလောက်ရဟှို့နူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
MAR 10:18 ယေရှုဟှ “နန်ဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ကောန်းမြတ်ဟှယ် ဆိုဘီး ခေါ်နေရနူး။ ဘုရားသခင် တပါးဟှလွဲဘီး ဖယ်သူလည်း ကောန်းမြတ်ဟှ။
MAR 10:19 ‘လူ့သတ်ဟှိုသတ်န၊ အီထောန်ရေးဖော့‑က်ပ္လန်န၊ ခိုးန၊ ဖယ်သူ့ဟှိုဘဲ့ဖြစ်ဖြစ် မှားမှားဟှီးန စွပ်စွဲန၊ လီညာန၊ နန့်ရဲ့မိဖဟှို ရိုသေဂေ့’ ဆိုဘီး ပညတ်ဟှားဇာလေဟှို နန်သိဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 10:20 အယ်လူဟှ “ဆရာ၊ အယ်ပညတ်ချစ်လေ ဂူလောင်းဟှို ကျွန်တော် ငဲငယ်ဂဒဲဟှ ကျွန်တော်ဟှာ စောန့်ထီးလာဟှယ်” ဆိုဘီး ပြောလေဟှယ်။
MAR 10:21 ယေရှုဟှ အယ်လူဟှို ရှစ်ဟှူစိန စေ့စေ့ကေ့ဘီး “နန့်မာ တခုဘဲ့ လိုနေဟှယ်။ သွားဘီး နန့်မာရှိဇာလေ ဂူလောင်းဟှို ရောန်းလိုက်ဘီးဟှာ ဆင်းရဲသားလေဟှို ပေးလိုက်။ အယ်ဆိုဟှာ နန့်ဟှာ ကောန်းဂန်ဘောင်မာ ဘဏ္ဍာရလေ့မယ်။ အယ်ဘီးမှ လာဘီးဟှာ ငါ့နော့‑က်ဟှို လိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 10:22 အယ်လူဟှာ အယ်စကားဟှို ကြားရဟှူ ခီမာ။ သူ့ရဲ့ မျစ်နှာဟှာ ညှိုးငယ်ဟှားဟှယ်။ အယ်ဘီးန သူဟှာ ဝန်းနဲပန်းနဲန ထွပ်ဟှားလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ရရာတိုင်း ကပ်ပေါဟှူကြောန့် ဖြစ်ဟှယ်။
MAR 10:23 ယေရှုဟှာ တဗဲ့တော်လေဟှို လှည့်ပတ်ကေ့ဘီးန “ကပ်ပေါဟှူ လူလေတွပ် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ရဟှို့ ရရာတိုင်း ခတ်လေ့မယ်!” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 10:24 တဗဲ့တော်လေဟှ အယ်စကားလေဟှို အံ့ဩဂေ့ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ ဆစ်ဘီး ပြောလိုက်ဇာဟှ “ငါ့သားမီးလေ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ဟှို့တွပ် ရရာတိုင်း ခတ်လေဟှယ်!
MAR 10:25 ကပ်ပေါဟှူ လူတယော့‑က်ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ဟှို့ထတ် ကုလားအုတ် တကောန်ဟှာ အပ်ပေါ့‑က်ထဲဟှို ဝမ်ဟှို့ ပိုဘီး လွယ်ဟှယ်။”
MAR 10:26 တဗဲ့တော်လေဟှာ ပိုဘီး အံ့ဩဟှားဘီး “အယ်မျိုးဆို ဖယ်သူဟှ ကယ်တန်ရှင်း ခံရနိုင်ဟှို့နူး” ဆိုဘီး ရှင်းရှင်း မေးဂေ့ဟှယ်။
MAR 10:27 ယေရှုဟှာ သူးနို့လေဟှို စေ့စေ့ကေ့ဘီးဟှာ “အယ်မှုဟှာ လူလေတွပ် ဖြစ်နိုင်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်တွပ် ဂူလောင်း ဖြစ်နိုင်ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 10:28 ပေတရုဟှ “ကျွန်တော့်လေဟှာ ကိုယ်တော်နော့က်ဟှို လိုက်ဟှို့ ဂူလောင်းဟှို ထားရစ်ဂေ့ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAR 10:29 ယေရှုဟှ “ငါ မှန်းမှန်ကန်းကန် ပြောမယ်။ ငါ့တွပ်န ဧဝံဂေလိတွပ် အီ၊ ညီကိုလေ၊ မောန်နှမလေ၊ မိဖ၊ သားမီးလေ၊ လယ်မ္လေလေဟှို စွန့်ဟှူ လူဟှာ၊
MAR 10:30 ခုဘဝမာ ဆတရာထတ်ပိုဟှူ အီလေ၊ ညီကိုလေ၊ ညီမလေ၊ မိဖလေ၊ သားမီးလေ၊ လယ်မ္လေလေနတူးဒူ ညှဉ်းဆဲဇာဟှို လတ်ခံရရှိလေ့မယ်။ အယ်ဘီးဟှာ နော့‑က်ဘဝမာလည်း ထာဝရသတ်ဟှို လတ်ခံရရှိလေ့မယ်။
MAR 10:31 အယ်ဘေမဲ့ ရင်ဦးဆောင်း က္လဟှူ သူဘောင်ဂီးဟှ နော့‑က်ဆောင်းက္လလေ့မယ်၊ နော့‑က်ဆောင်း က္လဟှူ သူဘောင်ဂီးဟှ ရင်ဦးဆောင်း က္လလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 10:32 ယေရှုန တဗဲ့တော်လေဟှာ ယေရုရှလင်ဗြို့ဟှို သွားနေဂေ့ဟှယ်။ လမ်းမာယေရှုဟှာ သူးနို့ရှေ့ဟှနေ သွားဟှူကြောန့် တဗဲ့တော်လေဟှာ အံ့ဩနေဂေ့ဟှယ်။ နော့‑က်ဟှ လိုက်လာဟှူ လူလေဟှာလည်း ကြော့‑က်နေဂေ့ဟှယ်။ ယေရှုဟှာ တဗဲ့တော် ဆယ့်နှေ့ယော့‑က်ဟှို သူ့ဘေးနားဟှို တခါ ထပ်ခေါ်ဘီးဟှာ သူ့မာ တွိကြောင်လာရဟှို့ ဇာလေဟှို ပြောပြလေဟှယ်။
MAR 10:33 ကိုယ်တော်ဟှ “နားထောန်ဂေ့။ နို့လေဟှာ ခု ယေရုရှလင်ဗြို့ဟှို သွားနေဂေ့ဘီး အယ်နေရာမာ လူ့ရဲ့သားဟှာ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေနားဟှို အပ်ဇာဟှို ခံရလေ့မယ်။ သူးနို့ဟှာ သူ့ဟှို သေဒန်စီရင်ဘီးန လူမျိုးခြားလေနားဟှို အပ်ဂေ့လေ့မယ်၊
MAR 10:34 လူမျိုးခြားလေဟှာ သူ့ဟှို ပြစ်ရယ်ပြုဘီး သူ့ဟှို ထွီးရယ်န ထွီးဘီး၊ သူ့ဟှို ကီဒန်ပေးဘီး သေသတ်ဂေ့လေ့မယ်။ သောင်းရစ်ကြာဘီးန လူ့ရဲ့သားဟှာ သေရာဟှနေ ထမြော့‑က်လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 10:35 အယ်ဘီးန ဇေဗေဒဲရဲ့ သားလေဖြစ်ဟှူ ယာကုပ်န ယောဟန်လေဟှာ ယေရှုနားဟှို လာဟှယ်။ သူးနို့ဟှ “ဆရာ၊ ကျွန်တော့်ဟှားလေတွပ် လောက်ပေးစေရှင်ဇာ တခုရှိပါဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
MAR 10:36 ယေရှုဟှ “နန်းနို့တွပ် ဖြားဇာဟှို ငါလောက်ပေးရဟှို့နူး” ဆိုဘီး မေးလေဟှယ်။
MAR 10:37 သူးနို့ဟှ “ကျွန်တော့်ဟှားလေဟှို ကိုယ်တော်ရဲ့ ဖောင်းသရေတော်ထဲမာ ညာဖတ်မာ တယော့‑က်န ဘယ်ဖတ်မာ တယော့‑က် ထိုင်ခွမ့်ပေးပါ” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAR 10:38 ယေရှုဟှ “နန်းနို့ဟှ ဖြားဇာလေ တောန်းနေဟှယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှ။ ငါသော့‑က်ရမယ့် ဝေဒနာခွပ်ဟှို နန်းနို့ သော့‑က်နိုင်ဘဲ့လော။ ငါခံရမယ့် ဗတ္တိဇံဟှို နန်းနို့ ခံနိုင်ဘဲ့လော” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 10:39 သူးနို့ဟှ “ကျွန်တော့်လေဟှာ တတ်စွမ်းနိုင်ဟှယ်” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။ ယေရှုဟှ “နန်းနို့ဟှာ ငါသော့‑က်ရမယ့် ခွပ်ဟှို သော့‑က်ရလေ့မယ်။ အယ်ဘီးဟှာ ငါခံရမယ့် ဗတ္တိဇံဟှိုလည်း ခံရဂေ့လေ့မယ်။
MAR 10:40 အယ်ဘေမဲ့ ဖယ်လူဟှာ ငါ့ရဲ့ ညာဖတ်န ဘယ်ဖတ်မာ ထိုင်ရလေ့မယ် ဆိုဇာဟှို ဝီးကော့‑က်ဟှို့ခွမ့် ငါ့မာ မှေ့ဟှ။ ဘုရားသခင် ပြင်ဆင်ဟှားဟှူ လူလေတွပ် အယ်နေရာလေဟှို ကိုယ်တော်ဟှာ ပေးလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 10:41 အယ်ကြောန်းဟှို တဗဲ့တော်ဆယ်ပါး ကြားဂေ့ဟှူ ခီမာ သူးနို့ဟှာ ယာကုပ်န ယောဟန်ဟှို စိဆိုးဂေ့ဟှယ်။
MAR 10:42 အယ်ကြောန့် ယေရှုဟှာ သူးနို့လေ ဂူလောင်းဟှို တူးဒူခေါ်ဘီးဟှာ “နန်းနို့လေ သိဟှားမျိုးဘဲ့ မန်းစိုးရာဇာလေဟှာ လူမျိုးခြားလေထတ်မာ အောက်ချောက်ဂေ့ဟှယ်။ ကဲမှူးလေဟှလည်း ခွမ့်အာဏာ ထားဂေ့ဟှယ်။
MAR 10:43 နန်းနို့လေထဲမာ အယ်မျိုးဖြစ်ဂေ့န။ အယ်မျိုးဖြစ်မယ့်စား ကီးဆောင်းဖြစ်ရှင်ဟှူ ဖယ်လူဘဲ့ဖြစ်ဖြစ် နန်းနို့ထဲမာ စေခံဖြစ်ရမယ်။
MAR 10:44 အယ်ဘီးဟှာ ကီးဆောင်း ဖြစ်ရှင်ဟှူ ဖယ်လူဘဲ့ဖြစ်ဖြစ် ဂူလောင်းရဲ့ ကျွန်ဖြစ်ရမယ်။
MAR 10:45 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူ့ရဲ့သားဟှာလည်း ခိုင်းစားဟှို့လာဇာ မှုဟှ။ သူဟှာ စေခံဟှို့န သူ့သတ်ဟှို စွန့်ဘီး လူလေဟှို ဝီးနုတွပ် လာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 10:46 သူးနို့ဟှာ ယေရိခေါဗြို့ဟှို ရော့‑က်လာဂေ့ဟှယ်။ အယ်ဘီးဟှာ ယေရှုဟှာ တဗဲ့တော်လေန ကီးမားဟှူ လူအောက်ဂီးနတူးဒူ ထွပ်ဟှားဟှူ ခီမာ တိမဲရဲ့သား ဗာတိမဲ နာမယ်ရှိဟှူ မျစ်ကန်းဒေါန်းဇား တယော့‑က်ဟှာ လမ်းဘေးမာ ထိုင်နေဟှယ်။
MAR 10:47 သူဟှာ နာဇရက်ဗြို့သား ယေရှု ဖြစ်ဟှယ် ဆိုဇာဟှို ကြားရဟှူ ခီမာ သူဟှ “ဒါဝိဒ်ရဲ့ သားတော်! ယေရှု! ကျွန်တော့်ဟှို သနားပါ!” ဆိုဘီး စဘီး အော်ဟစ်လေဟှယ်။
MAR 10:48 လူလေဘောင်ဂီးဟှ သူ့ဟှို ပြစ်တန်ဂေ့ဘီး တိတိဟှားနေဟှို့ ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ သူဟှ “ဒါဝိဒ်ရဲ့ သားတော်၊ ကျွန်တော့်ဟှို သနားပါ!” ဆိုဘီး ရင်ဟှထတ် က္လယ်ဟှီး အော်ဟစ်လေဟှယ်။
MAR 10:49 ယေရှုဟှာ ရပ်လိုက်ဘီးန “သူ့ဟှို ခေါ်ဂေ့” ဆိုဘီး ပြောလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ မျစ်ကန်းဟှို ခေါ်ဂေ့ဟှယ်။ သူးနို့ဟှ “အားငယ်န။ ထဒန်။ နန့်ဟှို ကိုယ်တော် ခေါ်နေဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
MAR 10:50 အယ်လူဟှာ သူ့ရဲ့ ဝတ်လောင်ဟှို ဘေးဟှို ပစ်ခ္လလိုက်ဘီး၊ ထခူဘီးဟှာ ယေရှုနားဟှို လာဟှယ်။
MAR 10:51 ယေရှုဟှ “နန့်တွပ် ဖြားဇာ လောက်ပေးစေရှင် ဟှယ်နူး” ဆိုဘီး သူ့ဟှို မေးလေဟှယ်။ မျစ်စိကန်းဟှူ လူဟှ “ဆရာ၊ ကျွန်တော် ဗြင်ရှင်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
MAR 10:52 ယေရှုဟှ “သွားလိုက်၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။ ရှစ်ရှင်းဘဲ အယ်လူဟှာ မျစ်စိဗြင်ဟှားဘီး လမ်းတရှော့‑က်လောင်း ယေရှု နော့‑က်ဟှို လိုက်လေဟှယ်။
MAR 11:1 သူးနို့လေဟှာ ယေရုရှလင်ဗြို့န နီးကပ်လာဘီး သံလွင်တောန်မာရှိဟှူ ဗက်ဖာဂေဝါန ဗေသနိဝါဟှို ရော့‑က်လာဂေ့ဟှူ ခီမာ ယေရှုဟှာ တဗဲ့တော် နှေ့ယော့‑က်ဟှို စေလွတ်ဘီး၊
MAR 11:2 သူးနို့ဟှို ပြောနေဇာဟှ “နန်းနို့ရှေ့မာရှိဟှူ ဝါဟှိုသွားဂေ့။ နန်းနို့ဟှာ အယ်နေရာဟှို ရော့‑က်ရော့‑က်ရှင်း ဖယ်သူလည်း စီးဖူးသေးဘဲဟှူ မြည်းသားဂန်း တကောန်ဟှို ခယ်ဟှားဇာဟှို နန်းနို့ တွိလေ့မယ်။ အယ်မြည်းဟှို ကြိုးဖြေဘီးဟှာ ယူလာဂေ့။
MAR 11:3 နန်းနို့ဟှို ယော့‑က်ယော့‑က်ဟှ ‘ဖြားဖြစ်ကြောန့် အယ်မျိုး လောက်ရဟှယ်နူး’ ဆိုဘီး မေးမယ် ဆိုဟှာ ‘သခင် လိုရှိဟှယ်။ အယ်နေရာဟှို ရှစ်ရှင်း ပ္လန်ပို့ပေးလေ့မယ်’ ဆိုဘီး ပြောဂေ့” ဆိုဘီး မိန့်တော်မူဟှယ်။
MAR 11:4 အယ်ကြောန့် သူးနို့ဟှာ ထွပ်ဟှားဘီး လမ်းဘေးဟှ အီခွဗော့‑က်မာ ခယ်ဟှားဟှူ မြည်းသားဂန်း တကောန်ဟှို တွိဂေ့ဟှယ်။ သူးနို့ဟှာ မြည်းဟှို ကြိုးဖြေနေဟှူ ခီမာ
MAR 11:5 လမ်းမာရပ်နေဟှူ လူတချို့ဟှ “နန်းနို့ဟှ ဖြားဖြစ်ကြောန့် အယ်မြည်းဟှို ကြိုးဖြေနေဂေ့နူး” ဆိုဘီး သူးနို့ဟှို မေးဂေ့ဟှယ်။
MAR 11:6 သူးနို့ဟှ ယေရှုပြောလိုက်တိုင်း ပ္လန်ဖြေဂေ့ဟှယ်။ အယ်ဆိုန အယ်လူလေဟှာ သူးနို့ဟှို သွားခွမ့်ပေးဂေ့ဟှယ်။
MAR 11:7 သူးနို့ဟှာ မြည်းသားဂန်းဟှားဟှို ယေရှုနားဟှို ခေါ်ဆောန်လာဘီး မြည်းထတ်မာ သူးနို့ဝတ်လောင်ဟှို တန်လိုက်ဂေ့ဟှယ်။ အယ်ဘီးဟှာ ယေရှုဟှာ မြည်းဟှို စီးလေဟှယ်။
MAR 11:8 လူလေ ဘောင်းဂီးဟှလည်း သူးနို့ ဝတ်လောင်လေဟှို လမ်းမာ ခမ်းဂေ့ဟှယ်။ တချို့လူလေဟှာ ကွမ်းပ္လန်ထဲဟှနေ သစ်ခတ်လေဟှို ခွတ်ဘီး လမ်းမာခမ်းဂေ့ဟှယ်။
MAR 11:9 ရှေ့မာရှိဟှူ လူလေန နော့‑က်ဟှ လိုက်လာဟှူ လူလေဟှာ “ဟောရှဏ္ဏ! ဘုရားသခင်ရဲ့ နာမန ကြွလာဟှူ သခင်ဟှာ မင်္ဂလာရှိပါစေ!
MAR 11:10 ကြွလာနေဟှူ နို့လေဖ ဒါဝိဒ်ရဲ့ နိုင်ငံတော်ဟှာ မင်္ဂလာရှိပါစေ! ဗြင့်ဆောင်းမာ ဟောရှဏ္ဏ ဖြစ်ပါစေ! ဆိုဘီး ချီးမွမ်းဂေ့ဟှယ်!”
MAR 11:11 ယေရှုဟှာ ယေရုရှလင်ဗြို့ထဲဟှို ဝမ်ဘီး ဗိမာန်တော်ထဲဟှို ကြွဟှားဟှယ်။ အယ်ဘီးဟှာ ရာရာဟှို ကေ့တော်မူဟှယ်။ အယ်ဘေမဲ့ နေဝမ်ဟှားဘီ ဖြစ်ဟှူကြောန့် တဗဲ့တော် ဆယ့်နှေ့ပါးနတူးဒူ ဗေသနိဝါဟှို သွားလိုက်ဟှယ်။
MAR 11:12 နော့‑က်တနေ့မာ သူးနို့ဟှာ ဗေသနိဝါဟှနေ ပ္လန်လာဂေ့ဟှူ ခီမ ယေရှုဟှ ဗိုက်ဆာနေဟှယ်။
MAR 11:13 ကိုယ်တော်ဟှာ ဝပ်လေန ဖောင်းနေဟှူ သဖန်းဗန်ဟှို ဝီးဟှနေ ဗြင်လေဟှယ်။ အယ်ကြောန့် သီးတွိနိုင်ဟှယ် ဆိုဘီး ပန်နားဟှို သွားလိုက်ဟှယ်။ အယ်ဘေမဲ့ ပန်နားဟှို ရော့‑က်ဟှားဟှူ ခီမာ သဖန်းသီးဆွပ်ဟှို့ခီ ရော့‑က်သေးဘဲဟှူကြောန့် ဝပ်လေဘဲ့ တွိဟှယ်။
MAR 11:14 အယ်ဆိုန ယေရှုဟှ “နန့်ရဲ့ သီးဟှို ကာလစဉ်ဆစ် ဖယ်သူလဲ စားရစေန!” ဆိုဘီး သဖန်းဗန်ဟှို မိန့်တော်မူလေဟှယ်။ တဗဲ့တော်လေလည်း ကြားဂေ့ဟှယ်။
MAR 11:15 သူးနို့ဟှာ ယေရုရှလင်ဗြို့ဟှို ရော့‑က်ဟှားဟှူ ခီမာ ယေရှုဟှာ ဗိမာန်တော်ဟှို သွားဘီးဟှာ ရောန်းဝယ်နေဟှူ လူလေဟှို စဘီးဟှာ နှန်ထုလေဟှယ်။ ကိုယ်တော်ဟှာ ကပ်လဲမားလေရဲ့ ဗွဲလေန ချိုးငှတ်ရောန်းနေဟှူ ထိုင်ခေါင်လေဟှိုလည်း မှော့‑က်ပစ်လိုက်ဘီး
MAR 11:16 သူဟှာ ဗိမာန်တော်ဝမ်းဟှို ဖြတ်ကူးဘီး ကူပစ်စီးလေ ရောန်းဝယ်ဟှို့တွပ် ဖယ်သူ့ဟှိုလည်း ခွမ့်ပေးဟှမ်း။
MAR 11:17 အယ်ဘီးန ကိုယ်တော်ဟှာ လူလေဟှို သွန်သန်ဇာဟှ “‘ငါ့ရဲ့ အီတော်ဟှို လူမျိုးအားလောင်းတွပ် ဆုတောန်းအီ ဆိုဘီး ခေါ်ခံရလေ့မယ်’ ဆိုဘီး ကျမ်းစာမာ ရေးဟှားဟှယ်မှုလော။ အယ်ဘေမဲ့ နန်းနို့ဟှာ အယ်အီတော်ဟှို မ္လလေတွပ် နေရာဖြစ်ခိုင်းဂေ့ဟှယ်!”
MAR 11:18 ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ အယ်ဇာဟှို ကြားဟှားဂေ့ဟှယ်။ အယ်ကြောန့် ယေရှုဟှို သတ်ဟှို့တွပ် စဘီးဟှာ နည်းလမ်းရှာဂေ့ဟှယ်။ လူအောက်ဂီး တခုလောင်းဟှာ ကိုယ်တော်ရဲ့ သွန်သန်ဇာဟှို အံ့ဩဟှားဟှူကြောန့် သူးနို့ဟှာ ကိုယ်တော့်ဟှို ကြော့‑က်နေဂေ့ဟှယ်။
MAR 11:19 ညဉ့်မိုက်လာဟှူ ခီမာ ယေရှုန တဗဲ့တော်လေဟှာ ဗြို့ပ္လန်ဟှို ထွပ်ဟှားဂေ့ဟှယ်။
MAR 11:20 သူးနို့ဟှာ နော့‑က်တနေ့ မိုးလန်းစောစောဂီး လမ်းရှော့‑က်ဟှားဂေ့ဟှူ ခီမာ ပြစ်ဟှနေဘီး ခြော့‑က်နေဟှူ သဖန်းဗန်ဟှို သူးနို့ဟှာ ဗြင်ဟှားဂေ့ဟှယ်။
MAR 11:21 ပေတရုဟှ ဒိရဟှားဘီး ယေရှုဟှို “ဆရာ၊ ကေ့လိုက်ဂေ့! ကိုယ်တော် ကီဆဲလိုက်ဟှူ သဖန်းဗန်ဟှာ ခြော့‑က်ဟှားဘီ!” ဆိုဘီး လျှော့‑က်လေဟှယ်။
MAR 11:22 ယေရှုဟှ “ဘုရားသခင်ဟှို ယောင်ကြည်ပါ။
MAR 11:23 ငါ မှန်းမှန်ကန်းကန် ပြောမယ်။ ဖယ်လူဘဲ့ဖြစ်ဖြစ် အယ်တောန်ဟှို ‘အယ်နေရာဟှနေ ရွေ့ဘီး ပန်လယ်ထဲဟှို က္လလော’ ဆိုဘီး သူ့ရဲ့ စိနှလောင်းထဲမာ သံသယမှေ့ဘဲ့ ယောင်ကြည်ဘီး ပြောမယ် ဆိုဟှာ အယ်တိုင်းဘဲ့ ဖြစ်လေ့မယ်။
MAR 11:24 အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ဟှာ တခုခုတွက် ဆုတောန်းဘီး တောန်းရှော့‑က်ဟှူ ခီမာ အယ်ဇာဟှို ရပီးဘီး ဆိုဘီး နန်းနို့ ယောင်ကြည်ဂေ့။ အယ်ဆိုဟှာ နန်းနို့ ဖြားဇာဘဲ့ တောန်းတောန်း ရဂေ့လေ့မယ်။
MAR 11:25 နန်းနို့လေဟှာ ရပ်ဘီး ဆုတောန်းဟှူ ခီမာ နန်းနို့မာ ယော့‑က်ယော့‑က်ဟှို ပြစ်မှားဇာ တခုခုရှိမယ် ဆိုဟှာ အယ်လူဟှို ခွမ့်လွှတ်ဂေ့။ အယ်ဆိုဟှာ ကောန်းဂန်ဘောင်ဟှ နန်းနို့ဖလည်း နန်းနို့လေရဲ့ ပြစ်ဟှို လွှတ်ပေးလေ့မယ်။”
MAR 11:26 
MAR 11:27 သူးနို့ဟှာ ယေရုရှလင်ဗြို့ဟှို နော့‑က်တခါ ရော့‑က်ဟှားဂေ့ဟှယ်။ ယေရှုဟှာ ဗိမာန်တော်ထဲမာ လမ်းရှော့‑က်နေဟှူ ခီမာ ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းတတ်ဆရာလေန သတ်ကီးဝါးဂီးလေဟှာ ကိုယ်တော်နားဟှို လာဂေ့ဘီး
MAR 11:28 ကိုယ်တော့်ဟှို “အယ်မှုဇာလေဟှို ဖြားခွမ့်အာဏာန လောက်နေနူး။ အယ်ခွမ့်အာဏာဟှို ဖယ်သူဟှပေးနူး” ဆိုဘီး မေးဂေ့ဟှယ်။
MAR 11:29 ယေရှုဟှ “နန်နို့ဟှို ငါ မေးခွန်းတခု မေးမယ်။ နန်းနို့ဟှာ ငါ့ဟှို ဖြေပေးမယ် ဆိုဟှာ အယ်မှုဇာလေဟှို လောက်ဟှို့ ငါ့မာ ဖြားခွမ့်အာဏာ ရှိဟှယ် ဆိုဇာဟှို ငါပြောမယ်။
MAR 11:30 ဗတ္တိဇံပေးဟှို့တွပ် ယောဟန်ရဲ့ ခွမ့်အာဏာဟှာ ကောန်းဂန်ဟှနေ ဖြစ်ဇာလော။ လူဟှနေဖြစ်ဇာလော။ ငါ့ဟှိုဖြေဂေ့!” ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။
MAR 11:31 သူးနို့ရှင်းရှင်း စဘီး ဆွေးနွေးဂေ့ဇာဟှ “နို့လေဟှ ဖြားမျိုးပြောရဟှို့နူး။ ‘ကောန်းဂန်ဟှနေ ဖြစ်ဟှယ်’ ဆိုဘီး နို့လေဖြေမယ် ဆိုဟှာ ‘အယ်ဆိုဟှာ ဖြားဖြစ်ကြောန့် နန်းနို့ဟှ ယောဟန်ဟှို ယောင်ကြည်ဂေ့ဟှနူး’ ဆိုဘီး သူဟှာ ပြောလေ့မယ်။
MAR 11:32 ‘လူဟှနေဖြစ်ဟှယ် …’ ဆိုဘီး နို့လေ ဖြေမယ် ဆိုဟှာ” သူးနို့လေဟှာ လူလေဟှို ကြော့‑က်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောဟန်ဟှို ပရောဖက်မှန် ဖြစ်ဟှယ် ဆိုဘီး လူတိုင်းဟှ မှတ်ယူဟှားဂေ့ဟှယ်။
MAR 11:33 အယ်ကြောန့် သူးနို့ဟှာ “ကျွန်တော့်ဟှားလေ သိဟှ” ဆိုဘီး ယေရှုဟှို ဖြေလိုက်ဂေ့ဟှယ်။ ယေရှုဟှ “အယ်ဆိုဟှာ အယ်မှုဇာလေဟှို ဖြားခွမ့်အာဏာန ငါလောက်ဟှယ် ဆိုဇာဟှိုလည်း ငါပြောဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 12:1 အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို ပေါင်ဥပမာန စဘီးပြောလိုက်ဇာဟှ “လူတယော့‑က်ဟှာ စဗျစ်ခြံဟှို တည်ဘီး၊ ခြံစည်းရိုး ပတ်ပတ်လည်ရံဘီး စဗျစ်သီးနယ်ဟှို့တွပ် တွမ်းဟှိုလည်း တူးလေဟှယ်။ အယ်ဘီးဟှာ မျှော်စင်ဟှို ဆော့‑က်ဟှယ်။ အယ်ဘီးန သူဟှာ စပျစ်ခြံလောက်မားလေ တချို့ဟှို ငှါးရစ်ဘီးဟှာ ခရီးထွပ်ဟှားလေဟှယ်။
MAR 12:2 စဗျစ်သီးဆွတ်ဟှူခီ ရော့‑က်လာဟှူ ခီမာ စဗျစ်ခြံဟှ သီးတချို့ဟှို ယူဟှို့တွပ် ကျွန်တယော့‑က်ဟှို ခြံလောက်မားလေနားဟှို လွှတ်လိုက်ဟှယ်။
MAR 12:3 ခြံလောက်မားလေဟှာ အယ်ကျွန်ဟှို ဖမ်းဘီး ရိုက်လေဟှယ်။ အယ်ဘီးဟှာ လတ်ခဲခဲ ပ္လန်လွှတ်လိုက်ဂေ့ဟှယ်။
MAR 12:4 အယ်ဆိုန ဇရှင်ဟှာ နော့‑က်ထပ် ကျွန်တယော့‑က်ဟှို လွှတ်လေဟှယ်။ ခြံလောက်မားလေဟှာ အယ်ကျွန်ဟှို ခေါန်းရိုက်ခွဲဘီး ရှစ်ကွဲအောန် လောက်လေဟှယ်။
MAR 12:5 ဇရှင်ဟှာ နော့‑က်ထပ် ကျွန်တယော့‑က်ဟှို လွှတ်လေဟှယ်။ အယ်ဆိုန အယ်တယော့‑က်ဟှိုလည်း သူးနို့ဟှ သတ်ဂေ့ဟှယ်။ အယ်ဘီးဟှာ တခြားကျွန်လေ ဘောင်းဂီးဟှိုလည်း တချို့ဟှို ရိုက်ဂေ့ဘီး တချို့ဟှို သတ်ဂေ့ဟှယ်။
MAR 12:6 အယ်လူရဲ့ ရှစ်ဆောင်းသား တယော့‑က်ဒဲဘဲ့ စေလွှတ်ဟှို့ ကျန်လေဟှယ်။ သူဟှ ‘သူးနို့လေဟှာ ငါ့ရဲ့ သားဟှို လေးစားဂေ့လေ့မယ်’ ဆိုဘီး ပြောဘီးန နော့‑က်ဆောင်းမာ သူ့ရဲ့ သားဟှို ခြံလောက်မားလေနားဟှို စေလွှတ်လေဟှယ်။
MAR 12:7 အယ်ဘေမဲ့ အယ်ခြံလောက်မားလေဟှ ‘အယ်လူဟှာ ဇရှင်ရဲ့ မွီစားမွီခံ ဖြစ်ဟှယ်။ လာဂေ့။ သူ့ဟှို သတ်ဂေ့ဇို့။ အယ်ဆိုဟှာ သူ့ရဲ့မွီအောက်စာဟှာ နို့လေရဲ့ အောက်စာ ဖြစ်ဟှားလေ့မယ်!’ ဆိုဘီး ရှင်းရှင်း ပြောဂေ့လေဟှယ်။
MAR 12:8 အယ်ကြောန့် သူးနို့ဟှာ သူ့ဟှို ဖမ်းဘီးဟှာ သတ်လိုက်လေဟှယ်။ အယ်ဘီးန စဗျစ်ခြံပ္လန်ဟှို ပစ်ဟှားလိုက်ဂေ့ဟှယ်။”
MAR 12:9 “အယ်ဆိုဟှာ စပျစ်ခြံဇရှင်ဟှ ဖြားမျိုး လောက်လေ့မယ်နူး။ သူဟှာ လာဘီး အယ်ခြံလောက်မားလေဟှို သတ်ပစ်လိုက်ဘီးဟှာ စဗျစ်ခြံဟှို တခြားလူလေဟှို ပေးလေ့မယ်။
MAR 12:10 အယ်ကျမ်းစာဟှို နန်းနို့ဟှာ သေးသေချားချာဟှား ဖတ်ဂေ့ဟှလော။” “‘သောင်းဝမ်ဟှ ဆိုဘီးဟှာ တိုက်ဆောက်မားလေ ဖယ်ဟှားဟှူက္လော့‑က်ဟှာ ရေးကီးဆောင်းဟှူ ဒေါန့်ချောက်က္လော့‑က် ဖြစ်လာရဟှယ်။
MAR 12:11 အယ်ဇာဟှာ ဘုရားသခင်အားဖြင့် ဖြစ်လာဟှယ်။ နို့လေရှေ့မာ အံ့ဩဘွယ်ဖြစ်ဟှယ်!’ ”
MAR 12:12 အယ်န သူးနို့လေဟှာ ယေရှုဟှို ဖမ်းဟှို့ ကြိုးစားဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သူးနို့ဟှို စောန်းဘီးဟှာ အယ်ဥပမာဟှို ပြောလိုက်ဟှယ် ဆိုဇာဟှို သူးနို့ဟှာ သိဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ လူအောက်ဂီးဟှို ကြော့‑က်ဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်တော့်ဟှို ထားရစ်ဘီး ထွပ်ဟှားဂေ့ဟှယ်။
MAR 12:13 အယ်ဘီးန သူးနို့ဟှာ ကိုယ်တော်ရဲ့ စကားထဲမာ ကိုယ်တော့်ဟှို ဖမ်းဟှို့တွပ် ဖာရိရှဲတချို့န ဟေရုဒ်ရဲ့လူလေတချို့ဟှို ယေရှုနားဟှို လွှတ်လိုက်ဂေ့ဟှယ်။
MAR 12:14 အယ်လူလေဟှာ ယေရှုနားဟှို လာဘီး “ဆရာ၊ ကိုယ်တော်ဟှာ လူလေဖြားမျိုးဘဲ့ထန်ထန် စိုးရိမ်မှုမှေ့ဘဲန မှန်တိုင်းဘဲ့ ပြောဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ သိဂေ့ဟှယ်။ ကိုယ်တော်ဟှာ ဖယ်လူရဲ့ မျစ်နှာဟှိုလည်း ကေ့ဘဲ့န လူလေတွပ် ဘုရားသခင်ရဲ့ လိုတော်ဟှို မှန်တိုင်း သွန်သန်လေဟှယ်။ ကဲသာမန်းဂီးဟှို ခွန်ပေးဇာဟှာ ကျွန်တော့်ဟှားလေရဲ့ ပညတ်တရားဟှို ဆန့်ကျင်နေဇာလော။ ကျွန်တော့်ဟှားလေဟှာ ခွန်ပေးသင့်လော။ ပေးသင့်ဟှလော” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
MAR 12:15 အယ်ဘေမဲ့ ယေရှုဟှာ အယ်လူလေရဲ့ ဟန်ဆောန်ဇာဟှို သိဟှူကြောန့် “နန်းနို့ဟှ ငါဟှို ဖြားဖြစ်ကြောန့် ထောန်ချော့‑က်ဆင်ဟှို့ ကြိုးစားဂေ့နူး” ဆိုဘီး မေးလေဟှယ်။ “ဒေနာရိတပ္လားဟှို ယူလာဂေ့၊ ငါကေ့ကေ့မယ်။”
MAR 12:16 သူးနို့ဟှာ ဒန်းဂါးဟှို ယူလာဂေ့ဟှယ်။ အယ်ဆိုန ကိုယ်တော်ဟှ “အယ်ဇာဟှ ဖယ်လူရဲ့ရောက်ပေါင်နူး။ အယ်ဘီးဟှာ ဖယ်လူရဲ့လိစာနူး” ဆိုဘီး မေးလေဟှယ်။ သူးနို့ဟှ “ကဲသာရဲ့ ရောက်ပေါင်န လိစာ ဖြစ်ဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAR 12:17 အယ်ကြောန့် ယေရှုဟှာ “ကဲသာန ဆိုင်ဇာဟှို ကဲသာဟှို ပေးဂေ့။ ဘုရားသခင်န ဆိုင်ဇာဟှို ဘုရားသခင်ဟှို ပေးဂေ့” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။ အယ်ဆိုန သူးနို့လေဟှာ ယေရှုဟှို အံ့ဩဟှားဂေ့ဟှယ်။
MAR 12:18 အယ်ဘီးန သေရာဟှနေ ထမြော့‑က်ဇာ မှေ့ဟှ ဆိုဘီး ပြောဟှူ ဇဒ္ဒုကဲတချို့ဟှာ ယေရှုနားဟှို လာဘီး၊
MAR 12:19 “ဆရာ၊ ‘လူတယော့‑က်ဟှာ သားမီးလေမှေ့ဘဲန သေဟှားဘီး မယားဟှို ထားရစ်မယ် ဆိုဟှာ၊ အယ်လူရဲ့ညီဟှာ အယ်မောက်ဆိုးမဟှို ယူရမယ် အယ်ဘီးဟှာ သူးနို့မာ ရလာဟှူ သားမီးလေဟှို သူ့နောန်ရဲ့သားမီးလေ ဆိုဘီး မှတ်ယူရမယ်’ ဆိုဘီး အယ်ပညတ်တရားဟှို ကျွန်တော့်လေတွပ် မောရှေဟှ ရေးဟှားဟှယ်။
MAR 12:20 ညီကိုခွန်နစ်ယော့‑က်ရှိဘီး၊ နောန်ဂီးဟှာ မီးမယူဘီးဟှာ သားမီးလေမှေ့ဘဲန သေဟှားဟှယ်။
MAR 12:21 အယ်ဆိုန ဒုတိယညီဟှာ အယ်မီးမဟှို ယူလိုက်ဟှယ်။ သူလည်းဘဲ့ သားမီးလေမှေ့ဘဲန သေဟှားဟှယ်။ တတိယညီဟှာလည်း အယ်မျိုးဘဲ့ဖြစ်ဘီး
MAR 12:22 ညီကို ခွန်နစ်ယော့‑က်လောင်းဟှာ အယ်မီးမဟှို ယူဘီး သားမီးလေမှေ့ဘဲန သေဟှားဂေ့ဟှယ်။ နော့‑က်ဆောင်းမာ အယ်မီးမဟှလည်း သေဟှားဟှယ်။
MAR 12:23 ရှင်ပ္လန်ထမြော့‑က်နေ့မာ ဂူလောင်းဟှာ ထမြော့‑က်ဟှူ ခီမာ အယ်မီးမဟှာ ဖယ်လူရဲ့ မယားဖြစ်မယ်နူး။ သူးနို့ ခွန်နစ်ယော့‑က်လောင်းဟှာ အယ်မီးမဟှို ယူဟှားဂေ့ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
MAR 12:24 ယေရှုဟှ “နန်းနို့ဟှာ ကျမ်းစာဟှိုလည်း သိဂေ့ဟှ။ ဘုရားသခင်ရဲ့ တဂိုးတော်ဟှိုလည်း သိဂေ့ဘဲဟှူကြောန့် အယ်မျိုးယူလွဲနေဂေ့ဟှယ် မှုဟှလော။
MAR 12:25 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေဟှာ သေရာဟှနေ ထမြော့‑က်ဟှူ ခီမာ သူးနို့ဟှာ အီထောန်ပြုဇာမှေ့ဘဲန ကောန်းဂန်ဘောင်မာ ကောန်းဂန်တမန်လေမျိုး ဖြစ်ဟှားလေ့ဟှယ်။
MAR 12:26 သေဟှားဟှူလူလေ ထမြော့‑က်ရှင်းန ပတ်သတ်ဘီး မောရှေရဲ့ကျမ်းမာ မီးလောန်နေဟှူ ချောင်နဆိုင်ဟှူ ကျမ်းပိုဒ်ဟှို ဖတ်ဖူးဂေ့ဟှလော့။ အယ်ကျမ်းမာ ရေးဟှားဇာဟှ ဘုရားသခင်ဟှာ ‘ငါဟှာ အာဗြဟံရဲ့ ဘုရားသခင်၊ ဣဇာက်ရဲ့ ဘုရားသခင်၊ ယာကုပ်ရဲ့ ဘုရားသခင် ဖြစ်ဟှယ်’ ဆိုဘီး မောရှေဟှို ပြောဟှားဟှယ်။
MAR 12:27 အယ်သခင်ဟှာ သေဟှားဟှူ လူလေရဲ့ ဘုရားသခင် မှုဟှ။ သတ်ရှင်နေဟှူ လူလေရဲ့ ဘုရားသခင်ဖြစ်ဟှယ်။ နန်းနို့ဟှာ ရရာတိုင်း ယူလွဲနေဂေ့ဟှယ်!” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 12:28 အယ်နေရာမာ ဆွေးနွေးဟှားဇာလေဟှို ကြားဟှားဟှူ ကျမ်းတတ်ဆရာ တယော့‑က် ရှိနေဟှယ်။ ယေရှုဟှာ ဇဒ္ဒုကဲလေဟှို ကောန်းဟှူ ဖြေဟှို ပေးလိုက်ပီးဘီ ဆိုဇာဟှို သူဗြင်ဟှာဘီး ကိုယ်တော့်ဟှို “ပညတ်လေ ဂူလောင်းထဲမာ ဖယ်ပညတ်ဟှာ ရေးကီးဆောင်းဖြစ်နူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
MAR 12:29 ယေရှုဟှ “ရေးကီးဆောင်း ပညတ်ဟှာ ‘ဣသရေလ လူမျိုးလေ၊ နားထောန်ဂေ့! နို့လေရဲ့ သခင် ဘုရားသခင်ဟှာ တဆူဒဲရှိဟှူ ဘုရားသခင် ဖြစ်ဟှယ်။
MAR 12:30 နန့်ရဲ့ သခင်၊ ဘုရားသခင်ဟှို စိနှလောင်းစွမ်းရှိမျှ၊ စိဝိညာဉ်စွမ်းရှိမျှ၊ ဉာဏ်စွမ်းရှိမျှ၊ ကိုယ်စွမ်းရှိမျှ ရှစ်ပါ။’
MAR 12:31 ‘နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုး ရှစ်ပါ’ ဆိုဇာဟှာ ဒုတိယ ရေးကီးဆောင်း ပညတ်ဖြစ်ဟှယ်။ အယ်ပညတ် နှေ့ခုထတ် ပိုဘီး ရေးကီးဟှူ ပညတ် မှေ့ဟှ” ဆိုဘီး ယေရှုဟှ ပ္လန်ဖြေလေဟှယ်။
MAR 12:32 ကျမ်းတတ်ဆရာဟှ ယေရှုဟှို “မှန်ပါဟှယ် ဆရာ! ဘုရားသခင်ဟှာ တဆူဒဲဘဲ့ရှိဘီး ဘုရားသခင်မှတပါး တခြားဘုရား မှေ့ဟှ ဆိုဘီး ဆရာပြောဇာဟှာ မှန်ဟှယ်။
MAR 12:33 ဘုရားသခင်ဟှို စိနှလောင်းစွမ်းရှိဟှူမျှ၊ ဉာဏ်စွမ်းရှိမျှ၊ ကိုယ်စွမ်းရှိမျှန ရှစ်ပါ။ အယ်ဘီးဟှာ နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုးဘဲ့ ရှစ်ပါ ဆိုဇာဟှာ ဘုရားသခင်ဟှို ပူဇော်ဟှူ မီးရှို့ယဇ်န တခြားယဇ် ဂူလောင်းထတ် ပိုဘီး ရေးကီးဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAR 12:34 အယ်လူရဲ့ဖြေဟှာ ရရာတိုင်း ပညာရှိဟှယ် ဆိုဇာဟှို ယေရှု ဗြင်ဟှားဟှူ ခီမာ ကိုယ်တော်ဟှ “နန်ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်န ဝီးဟှ” ဆိုဘီး သူးဟှို မိန့်တော်မူလေဟှယ်။ အယ်ဘီးန ဖယ်သူဟှလည်း ယေရှုဟှို ထပ်ဘီး မေးခွန်းလေဟှို မေးရဲဂေ့ဟှမ်း။
MAR 12:35 ယေရှုဟှ ဗိမာန်တော်မာ သွန်သန်နေဟှူ ခီမာ ကိုယ်တော်ဟှ “ခရစ်တော်ဟှာ ဒါဝိဒ်ရဲ့သားမ္လေး ဖြစ်ဟှယ် ဆိုဘီး ကျမ်းတတ်ဆရာလေဟှ ဖယ်မျိုးပြောနိုင်ဂေ့နူး။
MAR 12:36 ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ပြောဟှားဇာဟှ၊ “‘ဘုရားသခင်ဟှ ငါ့သခင်ဟှို ပြောဟှယ်။ နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေဖွားအော့‑က်မာ ခ္လဟှားခန်ထိ ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ။’ ”
MAR 12:37 “ဒါဝိဒ်ကိုယ်တိုင်ဟှ ကိုယ်တော့်ဟှို ‘သခင်’ ဆိုဘီး ခေါ်ဟှယ်။ ဖယ်မျိုး ဖြစ်ဟှူကြောန့် မေရှိယဟှာ ဒါဝိဒ်ရဲ့ သားမ္လေး ဖြစ်နိုင်ဟှို့နူး” ဆိုဘီး ကြေညာလေဟှယ်။ လူအောက်ဂီးဟှာ ယေရှုရဲ့ စကားဟှို ဝန်းသာအားရ နားထောန်နေဂေ့ဟှယ်။
MAR 12:38 အယ်မျိုး သွန်သန်နေဟှူ ခီမာ ယေရှုဟှ “ကျမ်းတတ်ဆရာလေဟှို ဒိထားဂေ့။ သူးနို့ဟှာ ဝတ်လောင်ရှယ်လေဟှို ဝတ်ဘီးဟှာ ရှော့‑က်သွားရဇာ ကြိုက်ဂေ့ဘီး ဆေးလေမာ ရိုသေပေးဇာဟှို ခံရှင်ဂေ့ဟှယ်။
MAR 12:39 ဝါလယ်ဇရပ်လေမာ သီးသပ်ထားဟှားဟှူ ထိုင်ခေါင်လေ၊ စားသော့‑က်ဗွဲလေမာလည်း ကောန်းဆောင်း နေရာလေဟှို ဝီးကော့‑က်ဂေ့ဟှယ်။
MAR 12:40 မောက်ဆိုးမလေရဲ့ အီလေဟှို တရားဘဲဟှူနည်းန သီးယူဟှယ်။ အယ်ဘီးဟှာ လူကြားကောန်းအောန် ရှယ်ဟှီး ဆုတောန်းဂေ့ဟှယ်။ သူးနို့ရဲ့ ပြစ်ဒန်ဟှာ ပိုဘီး ဆိုးလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 12:41 ယေရှုဟှာ ဗိမာန်တော် လှူခံဗောင်းရှေ့မာ ထိုင်နေဟှူ ခီမာ လှူခံဗောင်းထဲဟှို လူလေဟှာ ကပ်ထဲ့နေဇာဟှို ကေ့ရှုနေဟှယ်။ ကပ်ပေါဟှူ လူလေဘောင်ဂီးဟှာ ကပ်ဘောင်ဂီး ထဲ့ဂေ့ဟှယ်။
MAR 12:42 အယ်ဘေမဲ့ ဆင်းရဲဟှူ မောက်ဆိုးမတယော့‑က်ဟှာ လာဘီးဟှာ တပဲလော့‑က်ဘဲ့တန်ဘီး ရရာတိုင်း နဲဟှူ ကြေးပ္လား နှေ့ပ္လားဟှို ထဲ့လေဟှယ်။
MAR 12:43 ယေရှုဟှာ တဗဲ့တော်လေဟှို ခေါ်ဘီးဟှာ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ အယ်ဆင်းရဲဟှူ မောက်ဆိုးမဟှာ လှူခံဗောင်းထဲဟှို ထဲ့ဝမ်ဂေ့ဟှူလူလေ ဂူလောင်းထတ် ပိုဘီး ဟှာ ထဲ့လေဟှယ်။
MAR 12:44 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေ ဂူလောင်းဟှာ သူးနို့ရဲ့ ကြွယ်ဝဇာလေထဲဟှ နုဘီး ထဲ့ဂေ့ဟှယ်။ အယ်မီးမဟှာ ရရာတိုင်း ဆင်းရဲဘေမဲ့လည်း သူဟှာ သတ်မွီးဟှို့ အောက်စာ ဂူလောင်းဟှို ထဲ့လေဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 13:1 ယေရှုဟှာ ဗိမာန်တော်ဟှနေ ထွပ်ဟှားနေဒူးမာ၊ တဗဲ့တော်လေထဲဟှ တယော့‑က်ဟှ “ဆရာ၊ ကေ့ကေ့! ရရာတိုင်းအံ့ဩဘွယ်ကောန်းဟှူ က္လော့‑က်တောင်းလေန ဆော့‑က်ဦးလေ!” ဆိုဘီး ကိုယ်တော့်ဟှို ပြောလေဟှယ်။
MAR 13:2 ယေရှုဟှ “အယ်ဆော့‑က်ဦးဂီးလေဟှို နန်းနို့ ဗြင်ဘဲ့လော။ က္လော့‑က်တောင်းလေ တလောင်းလည်း အယ်ဆော့‑က်ဦးရဲ့ ရင်နေရာမာ ကျန်ဂေ့ဟှို့ မှုဟှ။ က္လော့‑က်တောင်းလေ အားလောင်း ပြိုက္လလေ့မယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 13:3 ယေရှုဟှာ သံလွင်တောန်ထတ်မာ ဗိမာန်တော်ဖတ်ဟှို မျစ်နှာမူဘီး ထိုင်နေဟှူ ခီမာ ပေတရု၊ ယာကုပ်၊ ယောဟန်န အန္ဒြေလေဟှာ ကိုယ်တော်နားဟှို တိတိဟှား လာဂေ့ဟှယ်။
MAR 13:4 သူးနို့လေဟှ “အယ်ဇာလေဟှ ဖယ်ခီမာ ဖြစ်လာလေ့မယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေဟှို ပြောပြပါ၊ အယ်ဘီးဟှာ အယ်ဇာလေ အားလောင်း ပ္လဲ့ဇောင်ဟှို့ ဖြားနိမိတ် ဖြစ်လာလေ့မယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေဟှို ပြောပြပါ” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
MAR 13:5 ယေရှုဟှ “နန်းနို့ဟှို ဖယ်သူလည်း လှည့်ဇားနိုင်အောန် ဒိထားဂေ့။
MAR 13:6 လူလေဘောင်ဂီးဟှာ ငါ့နာမန ရော့‑က်လာဘီး ပြောဇာဟှ ‘ငါ့ဟှာ အယ်လူဘဲ့ ဖြစ်ဟှယ်!’ ဆိုဘီး လူလေဘောင်ဂီးဟှို လှည့်ဇားဂေ့လေ့မယ်။
MAR 13:7 နန်းနို့လေဟှာ စစ်ပွဲလေန စစ်ပွဲဒန်းလေဟှို ကြားရဟှူ ခီမာ ထိလန့်ဟှားဂေ့န။ အယ်ဇာလေဟှ ဖြစ်ရမယ်။ အယ်ဘေမဲ့ ဆောင်းဟှာရော့‑က်သေးဟှ။
MAR 13:8 လူမျိုးလေဟှာ သူးနို့ရှင်းရှင်း တိုက်ခိုက်လေ့မယ်။ နိုင်ငံလေဟှာ သူးနို့ရှင်းရှင်း တိုက်ခိုက်လေ့မယ်။ နေရာတိုင်းမာလည်း မ္လေငလျင်လေ လှော့‑က်လေ့မယ်။ အယ်ဘီးဟှာ စားဇာ ရှားပါးလေ့မယ်။ အယ်ဇာလေဟှာ သားမွီးဟှူ ဝေဒနာရဲ့ စဖြစ်လေဟှယ်။
MAR 13:9 “နန်းနို့ ကိုယ်တိုင်ဟှာ ဒိရှိရမယ်။ နန်းနို့ဟှာ ဖမ်းခံရဂေ့ဘီး တရားရောင်းဟှို ခေါ်ဟှား ခံရဂေ့လေ့မယ်။ ဝါလယ်ဇရပ်လေမာလည်း နန်းနို့ဟှာ ရိုက်ခံရလေ့မယ်။ နန်းနို့ဟှာ ဗြို့ဝန်မန်းလေန မန်းဂီးလေ ရှေ့မာ မတ်တတ်ရပ်ဘီးဟှာ သူးနို့ဟှို ငါ့တွပ် သတ်သေဖြစ်စေလေ့မယ်။
MAR 13:10 အယ်ဘေမဲ့ ဆောင်းရော့‑က်ခန်မာ ဒန်းကောန်းဟှို လူမျိုးဂူလောင်းဟှို ဟောပြောရလေ့မယ်။
MAR 13:11 နန်းနို့ဟှို ဖမ်းဘီး တရားရောင်းဟှို ခေါ်ဟှားဂေ့ဟှူ ခီမာ ဖြားမျိုးပြောရမယ် ဆိုဇာဟှို ကြိုတန်ဘီး စိုးရိမ်ဂေ့န။ ခီရော့‑က်လာဟှူ ခီမာ နန်းနို့ဟှို ဖော်ပြဟှူ စကားလေဟှို ပြောဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်စကားဟှို နန်းနို့ပြောနေဇာ မှုဟှ သန့်ရှင်းဟှူဝိညာဉ်တော် ပြောနေဇာဖြစ်ဟှယ်။
MAR 13:12 လူလေဟှာ သူးနို့ရဲ့ ညီကိုရင်းဟှို သေစေဟှို့တွပ် အပ်ဂေ့လေ့မယ်။ အယ်ဘီးဟှာ ဖလေဟှ သူးနို့ရဲ့ သားမီးလေဟှို သေစေဟှို့တွပ် လောက်လေ့မယ်။ သားမီးလေဟှလည်း သူးနို့ရဲ့ မိဖလေဟှို ရန်ပြုဘီးဟှာ သေစေဟှို့တွပ် လောက်လေ့မယ်။
MAR 13:13 ငါ့နာမကြောန့် လူတိုင်းဟှ နန်းနို့လေဟှို မူးတီးလေ့မယ်။ အယ်ဘေမဲ့ ဆောင်းထိ တည်ကြည်ဟှူလူဟှာ ကယ်တန်ရှင်းဟှို ခံရလေ့မယ်။
MAR 13:14 “‘ရွံဇာကောန်းဟှူဇာ’ ဟှာ မှေ့အပ်ဘဲ့ဟှူ နေရာမာ ရှိနေဇာဟှို နန်းနို့လေဟှာ ဗြင်ရဂေ့လေ့မယ်။” စာဖတ်လူဟှာ အယ်ဓိပါယ်ဟှို နားလည်ပါစေ! “အယ်ဆိုဟှာ ယုဒနယ်မာရှိဟှူ လူလေဟှာ တောန်ထတ်ဟှို ပ္လေးဂေ့စေ။
MAR 13:15 အီးခေါန်မိုးထတ်မာ ရှိဟှူလူဟှာ အော့‑က်ဟှို ဆင်းဘီး အီထဲဟှို ဝမ်ဘီးဟှာ ဖြားဇာလည်း ယူစေန။
MAR 13:16 လယ်ထဲမာ ရှိဟှူ လူဟှာ သူ့ရဲ့ ဝတ်လောင်ဟှို ယူဟှို့တွပ် အီဟှို ပ္လန်စေန။
MAR 13:17 အယ်နေ့ရစ်ဟှာ ဝန်းရှင်မလေန သားရှင်မိလေ ရရာတိုင်း ခတ်ခဲလေ့မယ်!
MAR 13:18 အယ်ဇာလေဟှာ ဆောန်းကာလမာ ဖြစ်ဘဲဟှို့တွပ် ဆုတောန်းဂေ့!
MAR 13:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင် ဖန်ဆင်းဟှူ ကမ္ဘာဦးစဟှနေ ခုခီထိ အယ်နေ့ရစ်လေရဲ့ ရရာတိုင်း ဆိုးဝါးဟှူ ဆင်းရဲဒေါက်ခမျိုး ဖြစ်ဖူးဟှ။ နော့‑က်ထပ်လည်း အယ်မျိုး ဖြစ်လေ့ဟှို့ မှုဟှ။
MAR 13:20 ဘုရားသခင်ဟှာ အယ်နေ့ရစ်လေဟှို ရှယ်စေမယ် ဆိုဟှာ ဖယ်လူလည်း သတ်ရှင်ဘီး လွတ်လေ့ဟှို့ မှုဟှ။ အယ်ဘေမဲ့ ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ လူလေတွပ် အယ်နေ့ရစ်လေဟှို တိုစေလေ့မယ်။
MAR 13:21 “အယ်ကာလမာ ယော့‑က်ယော့‑က်ဟှ ‘ကေ့ကေ့။ အယ်နားမာ ခရစ်တော် ရှိဟှယ်! ဟှိုနားမာ ခရစ်တော် ရှိဟှယ်!’ ဆိုဘီး နန်းနို့ဟှို ပြောမယ် ဆိုဟှာ အယ်လူဟှို ယောင်ကြည်ဂေ့န။
MAR 13:22 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော် တုယောန်လေန ပရောဖက် တုယောန်လေဟှာ ပေါ်လာလေ့မယ်။ ဖြစ်နိုင်မယ် ဆိုဟှာ သူးနို့လေဟှာ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ လူလေဟှိုလည်း လှည့်ဇားနိုင်ဟှို့တွပ် အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို ပြဂေ့လေ့မယ်။
MAR 13:23 အယ်ကြောန့် နန်းနို့ဟှာ ဒိနနေဂေ့! ငါဟှာ အယ်ဇာလေ ဂူလောင်းဟှို နန်းနို့ဟှို ကြိုတန်ဘီး ပြောပြဟှားဟှယ်။
MAR 13:24 “ဒေါက်ခဆင်းရဲလေ က္လရော့‑က်လာဟှူ နေ့ရစ်လေမာ နေဟှာ မိုက်ဟှားလေ့မယ်။ လဟှာလည်း လန်းဟှို့မှုဘီ။
MAR 13:25 ကြယ်လေဟှာ ကောန်းဂန်ဟှနေ ကွီက္လလေ့မယ်။ အယ်ဘီးဟှာ အာကာသ တဂိုးလေဟှာ လှောက်ဂေ့လေ့မယ်။
MAR 13:26 အယ်ခီမာ မိုးတီထဲမာ ကီးမားဟှူ တဂိုးတော်န ဖောင်းသရေတော်လေနတူးဒူ လူ့ရဲ့သား ကြွလာဇာဟှို လူလေဟှာ ဗြင်ရဂေ့လေ့မယ်။
MAR 13:27 အယ်ဘီးန လူ့ရဲ့သားဟှာ ကောန်းဂန်တမန်လေဟှို ရပ်လေးမျစ်နှာဟှို စေလွှတ်ဘီး မ္လေဂီးစွန်းဟှနေ တခြားတဖတ်စွန်းထိ ဘုရားသခင်ရဲ့ ဝီးကော့‑က်ဟှားဟှူ လူလေဟှို စုသီးလေ့မယ်။
MAR 13:28 “သဖန်းဗန်ဟှနေ သင်ဂန်းဇာ တခုဟှို သန်ယူဂေ့။ အယ်ပန်ရဲ့ ခတ်လေဟှာ နုလာဘီး ဝပ်လေထွပ်လာဟှူ ခီမာ နွီကာလ နီးလာဘီ ဆိုဇာဟှို နန်းနို့ဟှာ သိဂေ့ဟှယ်။
MAR 13:29 အယ်မျိုးဘဲ့ အယ်မူဇာလေ ဖြစ်လာဇာဟှို နန်းနို့ဟှာ ဗြင်ရဟှူ ခီမာ လူ့ရဲ့သားဟှ ခွဗော့‑က်ဝနီးဟှို ရော့‑က်နေဘီ ဆိုဇာဟှို သိမှတ်ဂေ့ပါ။
MAR 13:30 ငါ မှန်တိုင်းပြောမယ်၊ အယ်မူဇာလေ ဂူလောင်း ဖြစ်သေးခန် ခု သတ်ရှင်နေဟှူ လူလေဟှာ လောင်းဝ သေရလေ့ဟှို့ မှုသေးဟှ။
MAR 13:31 ကောန်းဂန်န မ္လေဂီးဟှာ ပျစ်စီးဟှားလေ့မယ်။ အယ်ဘေမဲ့ ငါ့ရဲ့ စကားလေဟှာ လောင်းဝ ပျစ်စီးဟှို့ မှုဟှ။
MAR 13:32 “အယ်ဘေမဲ့လည်း အယ်နေ့ရစ် နာရီ ရော့‑က်လာဟှူ ခီဟှို ဖယ်လူလည်း သိဂေ့ဟှ ကောန်းဂန်ဘောင်ဟှ ကောန်းဂန်တမန်လေလည်း သိဟှ။ သားတော်လည်း သိဟှ။ ဖတပါးဒဲဘဲ့ သိလေဟှယ်။
MAR 13:33 ဒိပြုဘီး ္နိုးနိုးကြားကြား နေဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ခီဟှာ ဖယ်ခီမှ ရော့‑က်လာမယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှ။
MAR 13:34 အယ်ဇာဟှာ ဝီးဟှို ထွပ်ဟှားဟှူ လူတယော့‑က်န တူဟှယ်။ သူဟှာ သူ့အီဟှို ထားရစ်ဘီး သူ့ရဲ့ စေခံလေဟှို ခွမ့်အာဏာန လောက်ကိုယ်စီ လောက်ဆောန်ဟှို့ မိန့်ပေးဟှားရစ်ဟှယ်။ အယ်ဘီးဟှာ ခွဗော့‑က်စောန့်မားဟှို ဒိနစောန့်ဟှို့ ပြောဟှားရစ်ဟှယ်။
MAR 13:35 အယ်ဆိုဟှာ ဒိနစောန့်ဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အီဇရှင်ဟှာ ဖယ်ခီပ္လန်လာမယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှ။ နေဒန်ဇာခီ၊ ညဉ့်နတ်ခီ၊ မိုးသာထခီ၊ မိုးလန်းစောစောဂီး ခီလေမာ ဖြစ်ရှင်ဖြစ်မယ်။
MAR 13:36 သူဟှာ ရောက်တရစ် ရော့‑က်လာမယ် ဆိုဟှာ နန်းနို့လေ အိမွီနေဇာဟှို တွိစေန။
MAR 13:37 အယ်ဘီးဟှာ နန်းနို့ဟှို ပြောဟှားတိုင်း လူတိုင်းဟှိုလည်း ငါပြောဟှယ်။ ဒိနစောန့်နေဂေ့!” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 14:1 ပသခါပွဲန တဆေးမှေ့ဘဲဟှူ မုပွဲတော်ဖြစ်ခန် နှေ့ရစ်လိုမာ၊ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ ယေရှုဟှို တိတိဟှားဖမ်းဘီး သတ်ဟှို့တွပ် နည်းလမ်းရှာကြံနေဂေ့ဟှယ်။
MAR 14:2 သူးနို့ဟှာ “နို့လေဟှာ ပွဲတော်ရစ်ထဲမာ အယ်ဇာဟှို လောက်ဂေ့န၊ လူလေဟှာ ရောင်းရင်းဆန်ခတ် ဖြစ်ဟှားနိုင်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
MAR 14:3 ယေရှုဟှာ ဗေသနိဝါမာ နူနာရောဂါဖြစ်ဖူးဟှူ ရှိမုန်ရဲ့အီမာရှိဟှယ်။ ယေရှုဟှာ စားသော့‑က်နေဒူးမာ မီးမတယော့‑က်ဟှာ ရရာတိုင်း ဖိုးကီးဘီး နာဒုဆီမွှီးစစ်စစ်န ပ္လဲ့နေဟှူ က္လော့‑က်ဖ္လူဖူးဟှို ယူဘီး ရော့‑က်လာဟှယ်။ အယ်ဘီးဟှာ အယ်ဖူးဟှို ရိုက်ခွဲလိုက်ဘီးဟှာ ယေရှုရဲ့ ခေါန်းထတ်ဟှို လောန်းခ္လလေဟှယ်။
MAR 14:4 အယ်နေရာမာရှိဟှူ လူတချို့ဟှာ စိဆိုးလာဘီးဟှာ “ဖြားဖြစ်ကြောန့် အယ်ဆီမွှီးဟှို ကျိုးမှေ့ဘဲန လောက်နေရနူး။
MAR 14:5 အယ်ဆီမွှီးဟှို ငွေဒန်းဂါး ၃၀၀ ကျော်န ရောန်းဘီးဟှာ အယ်ကပ်လေဟှို ဆင်းရဲသားလေဟှို ပေးရမယ်!” ဆိုဘီး ယော့‑က်နယော့‑က်ပြောနေဂေ့ဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှာ အယ်မီးမဟှို ရရာတိုင်း ပြစ်တန်ဂေ့ဟှယ်။
MAR 14:6 အယ်ဘေမဲ့ ယေရှုဟှ “အယ်မီးမဟှို ထားလိုက်ဝေါ့! ဖြားဖြစ်ကြောန့် သူ့ဟှို နှောက်ရှစ်နေဂေ့နူး။ သူဟှ ငါ့တွပ် ကောန်းဟှူဇာဟှို လောက်ဟှယ်။
MAR 14:7 ဆင်းရဲသားလေဟှာ နန်းနို့န မြဲဒမ်း ရှိဂေ့ဟှယ်။ အယ်ဘီးဟှာ နန်းနို့ လိုရှင်ဟှူခီတိုင်း သူးနို့ဟှို ကူညီနိုင်ဟှယ်။ အယ်ဘေမဲ့ ငါဟှ နန်းနို့န မြဲဒမ်းရှိနေဟှို့ မှုဟှ။
MAR 14:8 အယ်မီးမဟှာ သူတတ်နိုင်မျှလောက်ဟှယ်။ သင်္ဂြိုဟ်ဟှို့တွပ် ကြိုတန်ဘီးဟှာ ငါ့ရဲ့ကိုယ်ထတ်ဟှို ဆီမွှီးလောန်းခ္လလေဟှယ်။
MAR 14:9 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကမ္ဘာနှံ့ ဧဝံဂေလိဟောပြောဟှူ နေရာတိုင်းမာအယ်မီးမ လောက်ရစ်ဇာလေဟှိုလည်း သူရဲ့ မှတ်တရဖြစ် ပြောကြားဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 14:10 အယ်ဘီးန တဗဲ့တော်ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒရှကာရုတ်ဟှာ ယဇ်ပုရောဟိတ်ဂီးလေနားဟှို ယေရှုဟှို အပ်ဟှို့တွပ် သူးနို့နားဟှို သွားလေဟှယ်။
MAR 14:11 သူလာပြောဇာဟှို သူးနို့လေဟှာ ကြားရခီမာ ဝန်းသာဟှားဟှယ်။ အယ်ဘီးဟှာ သူ့ဟှို ကပ်ပေးဟှို့တွပ် ဒိပေးဂေ့ဟှယ်။ အယ်ကြောန့် ယုဒဟှာ ယေရှုဟှို အပ်ဟှို့တွပ် ခွမ့်ကောန်းဟှို စဘီး ရှာနေလေဟှယ်။
MAR 14:12 တဆေးမှေ့ဘဲဟှူ မုပွဲတော်ရဲ့ ပထမနေ့၊ ပသခါ သိုးသားဂန်းဟှားလေဟှို သတ်ရဟှူ နေ့မာ ယေရှုရဲ့ တဗဲ့တော်လေဟှာ “ကိုယ်တော်တွပ် ပသခါ ညဉ့်ဇာစားဟှို့ ကျွန်တော့်ဟှားလေဟှို ဖယ်နားမာသွားဘီး ပြင်ဆင်စေရှင်ဟှယ်နူး” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်ဂေ့ဟှယ်။
MAR 14:13 အယ်ကြောန့် ယေရှုဟှ တဗဲ့တော်နှေ့ပါးဟှို စေလွှတ်လေဟှယ်။ သူးနို့ဟှို ပြောလိုက်ဇာဟှ “ဗြို့ထဲဟှို သွားဂေ့။ ရေအိုးထမ်းလာဟှူ လူတယော့‑က်ဟှ နန်းနို့ဟှို တွိဂေ့လေ့မယ်။ သူ့နော့‑က်ဟှို လိုက်ဟှားဂေ့။
MAR 14:14 သူဝမ်ဟှားဟှူ အီရဲ့ အီဇရှင်ဟှို ပြောပါ ‘ဆရာဟှ ငါ့တဗဲ့တော်လေနတူးဒူး ပသခါ ညဉ့်ဇာစားဟှို့တွပ် ခန်းဟှာ ဖယ်မာနူး’ ဆိုဘီး ဆရာဟှ မေးခိုင်းလိုက်ဟှယ် ဆိုဘီး ပြောပါ။
MAR 14:15 အယ်ဆိုဟှာ သူဟှာ သင့်ပြင်ဆင်ဟှားဘီး ကီးမားဟှူ ထပ်ခန်းမဟှို နန်းနို့ဟှို ပြလေ့မယ်။ အယ်ခန်းမာ နို့လေတွပ် ညဉ့်ဇာစားဟှို့ ပြင်ဂေ့ပါ။”
MAR 14:16 အယ်တဗဲ့တော်လေဟှာ ထွပ်ဟှားဘီး ဗြို့ထဲဟှို ဝမ်ဟှားဂေ့ဟှူ ခီမာ သူးနို့ဟှို ယေရှုပြောလိုက်တိုင်းဘဲ့ ဂူလောင်းဟှို တွိရလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ပသခါ ညဉ့်ဇာစားဟှို့ ပြင်ဆင်ဂေ့ဟှယ်။
MAR 14:17 ညဉ့်ခန်းဇာ ရော့‑က်လာဟှူ ခီမာ ယေရှုဟှာ တဗဲ့တော်ဆယ့်နှေ့ပါးနတူးဒူ ကြွလာဂေ့ဟှယ်။
MAR 14:18 သူးနို့ဟှာ ဗွဲမာထိုင်ဘီး စားနေဂေ့ဒူးမာ ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ထဲဟှ တယော့‑က်ဟှာ ငါ့ဟှို သစ်စာဖော့‑က်လေ့မယ်။ အယ်လူဟှာ ငါ့နတူးဒူ စားသော့‑က်နေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 14:19 တဗဲ့တော်လေဟှာ စိကောန်းဘဲ ဖြစ်ဟှားဂေ့ဘီး “ကျွန်တော်လော” ဆိုဘီး ယော့‑က်ဘီးယော့‑က် ကိုယ်တော့်ဟှို စဘီးမေးလျှော့‑က်ဂေ့ဟှယ်။
MAR 14:20 ယေရှုဟှ “တဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဘီး ငါ့နတူးဒူး စံထဲမာ မုနှိုက်ဟှူလူ ဖြစ်ဟှယ်။
MAR 14:21 လူ့ရဲ့သားဟှာ ကျမ်းစာမာ ရေးဟှားတိုင်း သေခံရလေ့မယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှို သစ်စာဖော့‑က်ဟှူ အယ်လူတွပ် အမင်္ဂလာဖြစ်ဟှယ်! အယ်လူဟှာ မွီးဖွားလာဘဲနေဇာဟှ သူ့တွပ် ပိုဘီး ကောန်းသေးဟှယ်!” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
MAR 14:22 သူးနို့လေဟှာ စားနေဒူးမာ ယေရှုဟှာ မုဟှိုယူဘီး၊ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးမှ မုဟှိုဖဲ့ဘီးဟှာ တဗဲ့တော်လေဟှို ပေးလေဟှယ်။ ကိုယ်တော်ဟှ “ယူဂေ့။ အယ်မုဟှာ ငါ့ရဲ့ကိုယ်ခန္ဓာ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 14:23 ခွပ်ဟှိုလည်း ယူဘီးဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းလေဟှယ်။ အယ်ဘီးန သူးနို့လေဟှို ပေးလိုက်ဟှယ်။ သူးနို့လေ ဂူလောင်းဟှာ အယ်ခွပ်ဟှို သော့‑က်ဂေ့ဟှယ်။
MAR 14:24 ယေရှုဟှ “အယ်ဇာဟှာ လူလေတွပ် လောန်းပေးဟှူ ဘုရားသခင်ရဲ့ ပဋိညာဉ်နဇိခတ်ဟှားဟှူ ငါ့ရဲ့သွီးဖြစ်ဟှယ်။
MAR 14:25 နန်းနို့ဟှို ငါ မှန်ပြောမယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်မာ စဗျစ်ဝိုင်သစ်ဟှို သော့‑က်ရဟှူ နေ့ရော့‑က်ခန်ထိ ငါဟှာ အယ်စဗျစ်ဝိုင်ဟှို နော့‑က်တခါ လောင်းဝ သော့‑က်ဟှို့မှုဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 14:26 အယ်ဘီးန သူးနို့လေဟှာ ချီးမွမ်းချင်းဟှို ဆိုဘီး သံလွင်တောန်ဟှို ထွပ်ဟှားဂေ့ဟှယ်။
MAR 14:27 ယေရှုဟှ “ငါ့ဟှို ထားရစ်ဘီး နန်းနို့ဂူလောင်းဟှာ ထွပ်ပ္လေးလေ့မယ်၊ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာထဲမာ ပြောဟှားဇာဟှ ‘ဘုရားသခင်ဟှာ သိုးထီးမားဟှို ရိုက်သတ်လေ့မယ်၊ အယ်ဆိုဟှာ သိုးလေဂူလောင်းဟှာ ဆွတ်ဆွတ်ဖ္လူဟှားဂေ့လေ့မယ်။’
MAR 14:28 အယ်ဘေမဲ့ ငါဟှာ ထမြော့‑က်ဟှားဘီးန၊ ငါဟှာ ဂါလိလဲနယ်ဟှို နန်းနို့ထတ်ရင်သွားလေ့မယ်” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။
MAR 14:29 ပေတရုဟှ “တခြားလူလေ ဂူလောင်းဟှာ ထားရစ်ဂေ့ဘေမဲ့၊ ကျွန်တော့်ဟှ ကိုယ်တော့်ဟှို လောင်းဝထားရစ်ဟှို့ မှုဟှ!” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
MAR 14:30 ယေရှုဟှ “နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ ခုညဉ့်မာဘဲ့ ကြစ်နှေ့ခါ တွန်ခန်မာ နန်ဟှာ ငါ့ဟှို သိဟှဆိုဘီး သောင်းခါ ပြောလေ့မယ်” ဆိုဘီး ပေတရုဟှို မိန့်တော်မူလေဟှယ်။
MAR 14:31 အယ်ဘေမဲ့ ပေတရုဟှ “ကျွန်တော့်ဟှာ ကိုယ်တော်နတူးဒူ သေရမယ် ဆိုဟှာလည်း၊ အယ်မျိုးလောင်းဝ ငြင်းပယ်ဟှို့ မှုဟှ!” ဆိုဘီး လေးလေးနတ်နတ်ဟှား ပ္လန်လျှော့‑က်လေဟှယ်။ အယ်ဘီးဟှာ တခြားတဗဲ့တော်လေ အားလောင်းဟှလည်း အယ်မျိုးဘဲ့ လျှော့‑က်ဂေ့ဟှယ်။
MAR 14:32 သူးနို့လေဟှာ ဂေသရှေမန် ဆိုဘီး နာမယ်ခေါ်ဟှူ နေရာဟှို သွားဂေ့ဟှယ်။ အယ်ဘီးန ယေရှုဟှာ “ငါဆုတောန်းနေဒူးမာ အယ်နေရာမာ ထိုင်နေဂေ့ပါ” ဆိုဘီး တဗဲ့တော်လေဟှို ပြောဟှယ်။
MAR 14:33 ကိုယ်တော်ဟှာ ပေတရု၊ ယာကုပ်န ယောဟန်ဟှို သူ့နတူးဒူ ခေါ်ဆောန်ဟှားလေဟှယ်။ ဆိုးဝါးဟှူ ပူပန်သောကဟှာ ကိုယ်တော့်ဟှို စိုးမိုးလာလေဟှယ်။
MAR 14:34 အယ်ဘီးဟှာ ကိုယ်တော်ဟှ “ငါ့စိဟှာ သေလော့‑က်အောန် ဝန်းနဲနေလေဟှယ်။ အယ်နေရာမာ နေရစ်ဘီး ဒိနစောန့်နေဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူဟှယ်။
MAR 14:35 ကိုယ်တော်ဟှ ရှေ့ဟှို နဲနဲတိုးဟှားဘီးဟှာ သူ့ကိုယ်သူ မ္လေဂီးမာ လှဲခ္လလိုက်ဘီး ဖြစ်နိုင်မယ် ဆိုဟှာ အယ်ခီနာရီဟှို သူ့ဟှနေ လွန်ဟှားစေပါ ဆိုဘီး ဆုတောန်းလေဟှယ်။
MAR 14:36 “အဗ္ဗ၊ ဖ! ကိုယ်တော်တွပ် ရှိမျှဂူလောင်းဟှာ ဖြစ်နိုင်ဟှယ်။ အယ်ဝေဒနာခွပ်ဟှို ကျွန်တော့်နားဟှနေ ဖယ်ပေးပါ။ အယ်ဘေမဲ့ ကျွန်တော့်ရဲ့ လိုဖြစ်စေန။ ကိုယ်တော်ရဲ့လိုဘဲ့ ဖြစ်စေပါ။”
MAR 14:37 အယ်ဘီးန ကိုယ်တော်ဟှာ ပ္လန်လာဟှူ ခီမာ တဗဲ့တော်သောင်းပါးဟှာ အိမွီနေဂေ့ဇာဟှို တွိဟှားဟှယ်။ ကိုယ်တော်ဟှ “ရှိမုန်၊ နန်ဟှ အိမွီနေလော။ တနာရီလော့‑က် စောန့်နေနိုင်ဟှလော” ဆိုဘီး ပေတရုဟှို မိန့်တော်မူလေဟှယ်။
MAR 14:38 ကိုယ်တော်ဟှ “နန်းနို့ဟှာ စောင်ဇမ်းသွီးဆောန်မှုထဲဟှို က္လဘဲနေဟှို့တွပ် ဆုတောန်းဘီး စောန့်နေဂေ့။ ဝိညာဉ်ဟှဆန္ဒရှိဘေမဲ့ ဇာတိဟှအားနည်းဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
MAR 14:39 ကိုယ်တော်ဟှာ နော့‑က်တခါ ထွပ်ဟှားဘီး၊ ရင်တိုင်းဘဲ ဆုတောန်းလေဟှယ်။
MAR 14:40 ကိုယ်တော်ဟှာ ပ္လန်လာဟှူ ခီမာ သူးနို့မျစ်စိလေဟှ လေးလံနေဟှူကြောန့် အိမွီနေဇာဟှို တခါတွိဟှားဟှယ်။ သူးနို့ဟှာ ကိုယ်တော့်ဟှို ဖြားဇာပြောရဟှို့ သိဂေ့ဟှမ်း။
MAR 14:41 ကိုယ်တော်ဟှာ သောင်းခါမြော့‑က် ပ္လန်လာဟှူ ခီမာ ကိုယ်တော်ဟှ “နန်းနို့ဟှာ ခုထိ အိမွီးဘီး နားယူနေသေးလော။ တော်ဘီ! ခီနာရီဟှာ ရော့‑က်လာဘီ! ကေ့ဂေ့! လူ့ရဲ့သားဟှာ ပြစ်သားလေရဲ့ လတ်ထဲဟှို အယ်နှံခံရမယ်။
MAR 14:42 ထဂေ့။ နို့လေ သွားဂေ့ဇို့။ ငါ့ဟှို အပ်ဟှို့လူဟှာ ရော့‑က်လာဘီး!” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 14:43 တဗဲ့တော် ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒဟှာ ရော့‑က်လာဟှူ ခီမာ ယေရှုဟှာ စကားပြောနေဒူး ဖြစ်ဟှယ်။ သူ့နတူးဒူ ဒေါက်လေ၊ ထားလေကိုင်လာဟှူ လူအောက်ဂီး ပါလာဘီး အယ်လူလေဟှို ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းတတ်ဆရာလေန သတ်ကီးဝါဂီးလေဟှ စေလွှတ်လိုက်ဟှယ်။
MAR 14:44 ကိုယ်တော့်ဟှို အပ်ဟှူ လူဟှ “ငါနမ်းဟှူ လူဟှာ နန်းနို့ လိုရှင်နေဟှူလူ ဖြစ်ဟှယ်။ သူ့ဟှို ဖမ်းဘီး စောန့်လေန ခေါ်ဟှားဂေ့” ဆိုဘီး လူအောက်ဂီးဟှို ချစ်ပြဘီး မှတ်သား ပေးဟှားလေဟှယ်။
MAR 14:45 ယေရှုနားဟှို ရှစ်ရှင်း သွားဘီး၊ ယုဒဟှ “ဆရာ!” ဆိုဘီး ခေါ်လိုက်ဘီး ကိုယ်တော့်ဟှို နမ်းလေဟှယ်။
MAR 14:46 အယ်ကြောန့် သူးနို့ဟှ ယေရှုဟှို ဖမ်းဘီး ချောက်ဟှားဂေ့ဟှယ်။
MAR 14:47 အယ်ဘေမဲ့ နားမာရပ်နေဟှူ လူလေထဲဟှ တယော့‑က်ဟှာ ထားဟှို ဆွဲထုဘီး ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့‑က်ဟှို ခွတ်လိုက်ဟှူ ခီမာ အယ်လူရဲ့ နားဝှပ် ပြတ်ဟှားဟှယ်။
MAR 14:48 အယ်ဆိုန ယေရှုဟှာ “ငါဟှာ မ္လတယော့‑က် ဖြစ်ဟှူကြောန့် နန်းနို့ဟှာ ငါ့ဟှို့ ဖမ်းဟှို့တွပ် ဒေါက်လေ၊ ထားလေန ရော့‑က်လာဂေ့ ဇာလော။
MAR 14:49 ငါဟှာ နေ့တိုင်း နန်းနို့နတူဒူး ဗိမာန်တော်ထဲမာ သွန်သန်နေဟှယ်။ နန်းနို့ဟှာ ငါ့ဟှို ဖမ်းဂေ့ဟှမား။ အယ်ဘေမဲ့ ကျမ်းစာတိုင်းဘဲ့ ပ္လဲ့ဇောင်လာရမယ်” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။
MAR 14:50 အယ်ဆိုန တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို ထားရစ်ဘီး ထွပ်ပ္လေးဟှားဂေ့ဟှယ်။
MAR 14:51 ပိချောဝတ် တထည်ဘဲ့ ခြောင်ဟှားဟှူ လူငယ် တယော့‑က်ဟှာ ယေရှုနော့‑က်ဟှို လိုက်လာဟှယ်။ သူးနို့ဟှာ သူ့ဟှို ဖမ်းဟှို့ ကြိုးစားဂေ့ဟှူ ခီမာ
MAR 14:52 သူဟှာ ပိချောဝတ်ဟှို ထားရစ်ဘီးဟှာ ခ္လေးပ္လန်းဗ္လန်းန ထွပ်ပ္လေးဟှားလေဟှယ်။
MAR 14:53 အယ်ဘီးန ယေရှုဟှို ယဇ်ပုရောဟိတ်ဂီးလေ၊ သတ်ကီးဝါဂီးလေန ကျမ်းတတ်ဆရာလေ စုဝီးနေဟှူ ယဇ်ပုရောဟိတ်မန်းရဲ့ အီဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။
MAR 14:54 ပေတရုဟှ ခပ်ဝီးဝီးဟှနေ လိုက်လာဘီး ယဇ်ပုရောဟိတ်မန်းရဲ့ အီဝမ်းထဲဟှို ဝမ်ဟှားလေဟှယ်။ အယ်နေရာမာ သူဟှာ စောန့်လေနတူးဒူ ထိုင်ဘီး မီးကန်နေလေဟှယ်။
MAR 14:55 ယဇ်ပုရောဟိတ်ဂီးလေန တရားလွှတ်တော် တခုလောင်းဟှာ ယေရှုဟှို သေဒန်ပေးနိုင်ဟှို့တွပ် ကိုယ်တော့်ဟှို ဆန့်ကျင်ထွပ်ဆိုမယ့် သတ်သေတချို့ဟှို ရှာဟှို့ ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ ဖြားဇာလည်း ရှာတွိဂေ့ဟှ။
MAR 14:56 သတ်သေလေ ဘောင်းဂီးဟှာ ယေရှုဟှို ဆန့်ကျင်ဟှို့ လီညာဘီး ထွပ်ဆိုဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ထွပ်ဆိုဇာလေဟှ တူညီဂေ့ဟှ။
MAR 14:57 အယ်ဆိုန လူတချို့ဟှာ ထရပ်ဘီးဟှာ ယေရှုဟှို ဆန့်ကျင်ဟှို့ အယ်မျိုးလီညာဘီး ထွပ်ဆိုလိုက်ဇာဟှ
MAR 14:58 “‘လူလောက်ဟှားဟှူ အယ်ဗိမာန်တော်ဟှို ငါဖြိုဖျစ်မယ်။ အယ်ဘီးဟှာ သောင်းရစ်ကြာဘီးန လူလောက်ဘဲဟှူ ဗိမာန်တော်ဟှို ငါပ္လန်ဆော့‑က်မယ်’ ဆိုဘီး သူပြောဇာဟှို ကျွန်တော့်လေ ကြားဟှားဟှယ်။”
MAR 14:59 အယ်ဘေမဲ့လည်း သူးနို့ရဲ့ သတ်သေထွပ်ဆိုချစ်ဟှာ တူညီဂေ့ဟှ။
MAR 14:60 ယဇ်ပုရောဟိတ်မန်းဟှာ သူးနို့လေ ဂူလောင်းရဲ့ ရှေ့မာ ရပ်ဘီးဟှာ ယေရှုဟှို “အယ်လူလေဟှာ နန့်ဟှို စွပ်စွဲပြောဆိုနေဇာ နန်ဟှာ ဖြားလည်းဖြေဘဲန နေဟှို့လော” ဆိုဘီး မေးလေဟှယ်။
MAR 14:61 အယ်ဘေမဲ့ ယေရှုဟှာ ဇပ်ပေါ့‑က်ဟှို ပိဟှားဘီး စကားခွန်းလည်း ပြောဟှ။ တခါပ္လန်ဘီး ယဇ်ပုရောဟိတ်မန်းဟှ “နန်ဟှာ မင်္ဂလာရှိဟှူ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်လော” ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။
MAR 14:62 ယေရှုဟှ “ငါဘဲ့ဖြစ်ဟှယ်။ လူ့ရဲ့သားဟှာ တဂိုးတော်ရဲ့ ညာဖတ်မာ ထိုင်နေဘီး ကောန်းဂန်မိုးတီဟှို စီးဘီးလာနေဇာဟှို နန်းနို့ ဗြင်ရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 14:63 ယဇ်ပုရောဟိတ်မန်းဟှာ မိမိဝတ်ယောင်ဟှို ဆုဖ္လဲဘီးဟှာ “နို့လေဟှာ နော့‑က်ထပ် ဖြားသတ်သေလေ လိုသေးဟှယ်နူး။
MAR 14:64 ဘုရားသခင်ဟှို ပြစ်မှားဘီး ပြောနေဟှူ စကားဟှို နန်းနို့ ကြားရဂေ့ဘီ။ နန်းနို့ရဲ့ စီရင်ချစ်ဟှ ဖယ်မျိုးနူး” ဆိုဘီး မေးလိုက်ဟှယ်။ သူးနို့လေ ဂူလောင်းဟှာ ကိုယ်တော့်ဟှို သေဒန်ခံထိုက်ဟှယ် ဆိုဘီး စီရင်ဂေ့လေဟှယ်။
MAR 14:65 သူးနို့ထဲဟှတချို့ဟှာ ယေရှုဟှို စဘီးဟှာ ထွီးရယ်န ထွီးဂေ့ဟှယ်။ အယ်ဘီးဟှာ ကိုယ်တော့်ဟှို မျစ်နှာဟှိုဖောင်းဘီး လတ်သီးန ထိုးဂေ့ဟှယ်။ “ဖယ်လူဟှ ရိုက်လိုက်ဟှယ် ဆိုဇာဟှို ပရောဖက်ပြုပါ!” ဆိုဘီး သူးနို့ဟှ ပြောဂေ့ဟှယ်။ အယ်ဘီးဟှာ စောန့်လေဟှာ ကိုယ်တော့်ဟှို ခေါ်ဆောန်းဟှားဘီး ကိုယ်တော့်ဟှို ပါးရိုက်ဂေ့ဟှယ်။
MAR 14:66 ပေတရုဟှာ အယ်အီဝမ်းထဲမာ ရှိနေဒူးမာ ယဇ်ပုရောဟိတ်မန်းရဲ့ စေခံဝယ်သားလေထဲဟှ တယော့‑က်ဟှာ ရော့‑က်လာဟှယ်။
MAR 14:67 အယ်ဝယ်သားဟှာ ပေတရု မီးကန်နေဇာဟှို ဗြင်ဟှူ ခီမာ သူဟှာ သူ့ဟှို စေ့စေ့ကေ့ဘီး “နန်ဟှာလည်း နာဇရက်ဗြို့သား ယေရှုနတူးဒူး ရှိနေဟှယ်” ဆိုဘီး ပြောလေဟှယ်။
MAR 14:68 အယ်ဘေမဲ့ ပေတရုဟှာ “နန်ပြောနေဇာလေဟှို ငါသိဟှ။ ငါနားလည်ဟှ” ဆိုဘီး ငြင်ဘီးဟှာ ပ္လန်ဖြေလိုက်ဟှယ်။ အယ်ဘီးန ခြံဝဟှို ထွပ်ဟှားလေဟှယ်။ အယ်ခီမာဘဲ့ ကြစ်တွန်လေဟှယ်။
MAR 14:69 စေခံဝယ်သားဟှာ ပေတရုဟှို အယ်နေရာမာ တွိဟှူ ခီမာ နားမာရပ်နေဟှူ လူလေဟှို “အယ်လူဟှာ သူးနို့လေထဲဟှ တယော့‑က်ဖြစ်ဟှယ်!” ဆိုဘီး ထပ်ပြောပ္လန်ဟှယ်။
MAR 14:70 အယ်ဘေမဲ့ ပေတရုဟှာ နော့‑က်တခါ ငြင်းပ္လန်ဟှယ်။ နဲနဲကြာဘီးန နားမာရပ်နေဟှူ လူလေဟှ “နန်ဟှာ မှန်ဘဲ့ သူးနို့ထဲဟှ တယော့‑က်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှလည်း ဂါလိလဲပြည်သား တယော့‑က်ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှ ပေတရုဟှို စွပ်စွဲဂေ့ဟှယ်။
MAR 14:71 အယ်ဆိုန ပေတရုဟှ “ငါဟှာ မှန်တိုင်း ပြောနေဟှယ် ဆိုဇာဟှို ငါကီရဲဟှယ်။”
MAR 14:72 ရှစ်ရှင်းဘဲ့ ဒုတိယခါ ကြစ်တွန်လေဟှယ်။ အယ်ဆိုန “နန်ဟှာ ငါ့ဟှို သိဟှ ဆိုဘီး သောင်းခါ ငြင်းလေ့မယ်” ဆိုဘီး ယေရှုပြောဟှားဟှူ စကားဟှို ပေတရုဟှာ ဒိရဟှားဟှယ်။ အယ်ဆိုန သူဟှာ ရရာတိုင်း ငိုလေဟှယ်။
MAR 15:1 မိုးလန်းစောစောမာ ယဇ်ပုရောဟိတ်ဂီးလေဟှာ ကျမ်းတတ်ဆရာလေ၊ သတ်ကီးဝါဂီးလေန တရားလွှတ်တော်တခုလောင်းန ဗြန်းဗြန်ဟှား တွိဂေ့ဘီးဟှာ ဆောင်းဖြတ်ဂေ့ဟှယ်။ သူးနို့ဟှာ ယေရှုဟှို တောက်ဂေ့ဘီး ခေါ်ဆောန်ဟှားဟှယ်။ အယ်ဘီးဟှာ ပိလတ်မန်းဟှို အပ်လိုက်ဂေ့ဟှယ်။
MAR 15:2 ပိလတ်မန်းဟှ “နန်ဟှာ ယုဒလူမျိုးလေရဲ့ မန်းဂီးလော” ဆိုဘီး ယေရှုဟှို မေးလေဟှယ်။ ယေရှုဟှ “မန်းဂီးပြောတိုင်းဘဲ့” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
MAR 15:3 ယဇ်ပုရောဟိတ်ဂီးလေဟှာ ယေရှုဟှို မျိုးမျိုးဘဲ့ စွပ်စွဲဂေ့ဟှယ်။
MAR 15:4 အယ်ကြောန့် ပိလတ်မန်းဟှာ ယေရှုဟှို “နန်ဟှာ ဖြားလည်းဖြေဘိလော။ သူးနို့လေ ဂူလောင်းရဲ့ စွပ်စွဲချစ်လေဟှို နားထောန်ကေ့!” ဆိုဘီး ထပ်ဘီးမေးလေဟှယ်။
MAR 15:5 အယ်ဘေမဲ့ ယေရှုဟှာ ခွန်းလည်း ပ္လန်ပြောဘဲန အယ်တိုင်းဘဲ့ နေလေဟှယ်။ အယ်ဆိုန ပိလတ်မန်းဟှာ အံ့ဩဟှားလေဟှယ်။
MAR 15:6 ပသခါပွဲတိုင်းမာ ပိလတ်မန်းဟှာ ပြည်သူလေ တောန်းဟှူ ထောန်သားတယော့‑က်ဟှို လွှတ်ပေးဟှူ ထောင်းဇံရှိဟှယ်။
MAR 15:7 အယ်ခီမာ ဆူပူအုံကြွမှုမာ လူသတ်မှု ကျူးလွန်ဟှူ ပေါင်ကန်သူလေနတူးဒူ ဗာရဗ္ဗ နာမယ်ရှိဟှူ လူတယော့‑က်ဟှာ ထောန်က္လနေဟှယ်။
MAR 15:8 လူအောက်ဂီးဟှာ ပိလတ်မန်းနားဟှို စုဝီးလာဘီး လောက်လေ့ရှိဟှူတိုင်း သူးနို့ဟှို လောက်ဆောန်ပေးဟှို့ ပိလတ်မန်းဟှို တောန်းဆိုဂေ့ဟှယ်။
MAR 15:9 ပိလတ်မန်းဟှ “နန်းနို့ဟှာ ယုဒလူမျိုးရဲ့ မန်းဂီးဟှို လွှတ်ပေးစေရှင်ဟှယ်လော” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။
MAR 15:10 ယဇ်ပုရောဟိတ်ဂီးလေဟှာ ယေရှုဟှို နာလိုဘဲဟှူကြောန့် အပ်ဟှယ်ဆိုဇာ ပိလတ်မန်းဟှာ သိဟှူကြောန့် ဖြစ်ဟှယ်။
MAR 15:11 အယ်ဘေမဲ့ ယဇ်ပုရောဟိတ်ဂီးလေဟှာ ဗာရဗ္ဗဟှိုဘဲ့ လွှတ်ပေးဟှို့တွပ် ပိလတ်မန်းနားမာ တောန်းဆိုဟှို့ လူအောက်ဂီးဟှို နှို့ဆော်ဂေ့ဟှယ်။
MAR 15:12 ပိလတ်မန်းဟှ “ယုဒလူမျိုးရဲ့ မန်းဂီး ဆိုဘီး နန်းနို့ခေါ်ဟှူ လူဟှို ငါဖယ်မျိုးလောက်ရဟှို့နူး” ဆိုဘီး လူအောက်ဂီးဟှို ထပ်မေးလေဟှယ်။
MAR 15:13 အယ်လူလေဟှ “သူ့ဟှို ကားစင်တန်ပါ!” ဆိုဘီး အော်ဂေ့ဟှယ်။
MAR 15:14 ပိလတ်မန်းဟှာ “ဖြားဖြစ်ကြောန့်နူး။ အယ်လူဟှ ဖြားပြစ်မှုဟှို ကျူးလွန်ဟှားနူး” ဆိုဘီး မေးလေဟှယ်။ လူလေ ဂူလောင်းဟှာ “သူ့ဟှို ကားစင်တန်ပါ!” ဆိုဘီး ပိုဘီး ဟှာ က္လယ်ဟှီးအော်ဂေ့ဟှယ်။
MAR 15:15 ပိလတ်ဟှာ လူအောက်ဂီးဟှို ကျေနပ်စေရှင်ဟှယ်။ အယ်ကြောန့် သူးနို့တွပ် ဗာရဗ္ဗဟှို လွှတ်ပေးလိုက်ဟှယ်။ အယ်ဘီးန သူဟှာ ယေရှုဟှို ကျာပွတ်န ရိုက်စေဘီးဟှာ ကားစင်တန်ဟှို့တွပ် အပ်လေဟှယ်။
MAR 15:16 စစ်သားလေဟှာ ယေရှုဟှို ဗြို့ဝန်မန်းရဲ့ အီခြံဝမ်းထဲဟှို ခေါ်ဆောန်ဟှားဘီး တပ်ဖွဲ့တဖွဲ့လောင်းဟှို စုခိုင်းလိုက်ဟှယ်။
MAR 15:17 သူးနို့ဟှာ ယေရှုဟှို ခရမ်းရောန် ဝတ်လောင်ဟှို ဝတ်ပေးလိုက်ဟှယ်။ အယ်ဘီးန ဆူးခတ်လေဟှို သရဖူဖြစ် ရစ်လောက်ဘီး ကိုယ်တော့်ဟှို ဆောန်းပေးလိုက်ဟှယ်။
MAR 15:18 အယ်ဘီးန ကိုယ်တော့်ဟှို “ယုဒလူမျိုးရဲ့ မန်းဂီး သတ်တော်ရှယ်ပါစေ!” ဆိုဘီး စဘီး နှောက်ဆစ်ဂေ့ဟှယ်။
MAR 15:19 သူးနို့ဟှာ ကိုယ်တော်ရဲ့ ခေါန်းဟှို ကျူဒေါက်န ရိုက်ဂေ့ဟှယ်။ ကိုယ်တော့်ဟှိုလည်း ထွီးရယ်န ထွီးဂေ့ဟှယ်။ သူးနို့ရဲ့ ဒူးဟှို ထော့‑က်ဘီးဟှာ ကိုယ်တော့်ဟှို ရှိခိုးဂေ့ဟှယ်။
MAR 15:20 သူးနို့ဟှာ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဘီးဟှာ သူးနို့ဟှ ခရမ်းရောန် ဝတ်လောင်ဟှို ခလွတ်ဘီးဟှာ ကိုယ်တော်ရဲ့ ဝတ်ဟှို ပ္လန်ဝတ်ပေးဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှာ လတ်ဝါးကပ်တိုင်ထတ်မာ သတ်ဟှို့တွပ် ကိုယ်တော့်ဟှို ခေါ်ဟှားဂေ့ဟှယ်။
MAR 15:21 သူးနို့ဟှာ တောဝါဟှနေ ဗြို့ဟှိုတတ်လာဟှူ ရှိမုန်နာမယ်ရှိဟှူ လူတယော့‑က်ဟှို လမ်းမာ တွိလေဟှယ်။ အယ်ဆိုန စစ်သားလေဟှာ ယေရှုရဲ့ လတ်ဝါးကပ်တိုင်ဟှို သူ့ဟှို တန်ဘီးထမ်းခိုင်းလေဟှယ်။ (ရှိမုန်ဟှာ ကုရေနေဗြို့သားဖြစ်ဘီး အာလေဇန္ဒြန ရုဖရဲ့ ဖလည်း ဖြစ်ဟှယ်။)
MAR 15:22 သူးနို့ဟှာ ယေရှုဟှို ဂေါလဂေါသ ဆိုဘီး ခေါ်ဟှူ နေရာဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။ ဂေါလဂေါသရဲ့ ဓိပါယ်ဟှ “ဦးခေါန်းခွံနေရာ” ဖြစ်ဟှယ်။
MAR 15:23 အယ်နေရာမာ သူးနို့ဟှ ကိုယ်တော့်ဟှို မုရန် ဆိုဘီး ခေါ်ဟှူ ဆေးန ရောဟှားဟှူ ဝိုင်ဟှို တိုက်ဟှို့ ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ သော့‑က်ဟှ။
MAR 15:24 အယ်ဘီးန သူးနို့ဟှာ ကိုယ်တော့်ဟှို ကားစင်တန်ဘီး သတ်ဂေ့ဘီးဟှာ ဝတ်ရဲ့ ဖြားပိုင်းဟှို ဖယ်လူဟှရဟှယ် ဆိုဇာဟှို ဗြင်ဟှို့တွပ် မဲနှိုက်ဘီး သူးနို့ရှင်းရှင်းထဲမာ ကိုယ်တော်ရဲ့ ဝတ်ဟှို ခွဲဝီဂေ့ဟှယ်။
MAR 15:25 သူးနို့ဟှာ ကိုယ်တော့်ဟှို ကားစင်တန်ဘီး သတ်ဟှူ ခီဟှာ မိုးလန်း ကိုးနာရီ ဖြစ်ဟှယ်။
MAR 15:26 ကိုယ်တော့်ဟှို ဆန့်ကျင်ဘီး စွတ်စွဲချစ်ဟှို ရေးဟှားဟှူစာမာ “ယုဒမန်းဂီး” ဆိုဘီး ဖြစ်ဟှယ်။
MAR 15:27 သူးနို့ဟှာ ယေရှုနတူးဒူ မ္လနှေ့ယော့‑က်ဟှိုလည်း ဘယ်ဖတ်မာ တယော့‑က် ညာဖတ်မာ တယော့‑က် ထားဘီးဟှာ ကားစင်တန်ဂေ့ဟှယ်။
MAR 15:28 
MAR 15:29 ဖြတ်သွားဖြတ်လာလောက်နေဟှူ လူလေဟှာ ခေါန်းခါဘီးဟှာ ယေရှုဟှို ကဲ့ရဲ့လိုက်ဇာဟှ “ဟင်! ဗိမာန်တော်ဟှိုဖြိုခ္လဘီး သောင်းရစ်ထဲမာ ပ္လန်ဆော့‑က်ဟှို့လူ!
MAR 15:30 ခု လတ်ဝါးကပ်တိုင်ဟှနေ ဆင်းလာဘီးဟှာ နန့်ကိုယ်နန် ကယ်တန်ပါ!”
MAR 15:31 အယ်မျိုးဘဲ့ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ ယေရှုဟှို ရယ်ဇားဂေ့ဘီး၊ ယော့‑က်နယော့‑က်ပြောနေဇာဟှ “အယ်လူဟှာ တခြားလူလေဟှို ကယ်ဟှယ်။ အယ်ဘေမဲ့ သူ့ကိုယ်သူလော ကယ်နိုင်ဟှမား!
MAR 15:32 ဣသရေလမန်းဂီး၊ ကယ်တန်ရှင် ခရစ်တော်ဟှာ ခုဘဲ့ လတ်ဝါးကပ်တိုင်ဟှနေ ဆင်းလာဇာဟှို နို့လေဗြင်ရမယ် ဆိုဟှာ နို့လေဟှ ယောင်ကြည်မယ်!” အယ်ဘီးဟှာ ယေရှုနတူးဒူ ကားစင်တန်ဘီး သတ်ခံရဟှူ လူနှေ့ယော့‑က်ဟှလည်း ယေရှုဟှို ရယ်ဇားဂေ့ဟှယ်။
MAR 15:33 မွန်းဒဲ့ခီမာ တနိုင်ငံလောင်းဟှာ မှောန်က္လဟှားဘီး၊ အယ်ဇာဟှာ သောင်းနာရီကြာလေဟှယ်။
MAR 15:34 နေဒန်သောင်းနာရီမာ ယေရှုဟှာ “ဧလိ၊ ဧလိ၊ လာမ ရှာဗခသနိ” ဆိုဘီး သံက္လယ်ဂီးန အော်လိုက်ဟှယ်။ အယ်ဓိပါယ်ဟှ “ကျွန်တော့် ဘုရားသခင်၊ ကျွန်တော့် ဘုရားသခင် ဖြားဖြစ်ကြောန့် ကျွန်တော့်ဟှို စွန့်ပစ်နူး” ဆိုဘီး ဖြစ်လေဟှယ်။
MAR 15:35 နားမာရပ်နေဟှူ လူတချို့ဟှာ အယ်စကားဟှို ကြားဟှူ ခီမာ သူးနို့ဟှ “နားထောန်ကေ့။ သူဟှာ ဧလိယဟှို ခေါ်နေဟှယ်!” ဆိုဘီး ပြောဂေ့ဟှယ်။
MAR 15:36 သူးနို့ထဲဟှ တယော့‑က်ဟှာ ဝိုင်ရှင်ထဲမာ နှစ်ဟှားဟှူ ရေမ္လောက်န ပ္လေးလာဟှယ်။ အယ်ဘီးဟှာ အယ်ဇာဟှို ကျူဒေါက်ဖျားမာ တတ်လေဟှယ်။ အယ်ဘီးန သူဟှာ ယေရှုရဲ့ ဇတ်ပေါ့‑က်မာ ထားပေးလိုက်ဘီးဟှာ “စောန့်ပါအူး! ဧလိယဟှာ သူ့ဟှို လတ်ဝါးကပ်တိုင်ဟှနေ အော့‑က်ဟှို ယူခ္လဟှို့တွပ် လာနေဟှယ် ဆိုဇာဟှို နို့လေကေ့ကေ့ဇို့!” ဆိုဘီး ပြောဟှယ်။
MAR 15:37 သံက္လယ်ဂီး အော်ဘီးန ယေရှုဟှာ သတ်ချောက်တော်မူလေဟှယ်။
MAR 15:38 ဗိမာန်တော်ရဲ့လိုက်ကာဟှာ ထတ်ဟှနေအော့‑က်ထိ နှေ့ခြမ်းကွဲဟှားဟှယ်။
MAR 15:39 လတ်ဝါးကပ်တိုင်ရှေ့မာ ရပ်နေဟှူ တပ်မှူးဟှာ ယေရှု ဖယ်မျိုးသေဟှားဟှယ်ဆိုဇာဟှို ဗြင်ဟှားဟှယ် “အယ်လူဟှာ မှန်ဘဲ့ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!” ဆိုဘီး ပြောလေဟှယ်။
MAR 15:40 အယ်နေရာမာ ရှိနေဟှူ မီးမတချို့ဟှာ ဝီးဟှနေဘီး ကေ့နေဂေ့ဟှယ်။ အယ်မီးမလေထဲမာ မာဂဒလဗြို့သူ မာရိ၊ ယာကုပ်ငယ်န ယောသေလေရဲ့မိဖြစ်ဟှူ မာရိန ရှာလုံလေ ရှိနေဟှယ်။
MAR 15:41 ယေရှုဟှာ ဂါလိလဲနယ်မာ ရှိနေဒူးဟှ၊ သူးနို့ဟှာ ကိုယ်တော့်နော့‑က်ဟှို လိုက်ဘီး လောက်ကျွေး ပြုစုဂေ့ဟှယ်။ အယ်နေရာမာ ကိုယ်တော်နတူးဒူ ယေရုရှလင်ဗြို့ဟှို လိုက်လာဟှူ တခြားမီးမလေလည်း ဘောင်ဂီးရှိနေဂေ့ဟှယ်။
MAR 15:42 အယ်နေ့ဟှာ ဖိနေ့ဖြစ်ဟှယ် (အယ်နေ့ဟှာ ဒန်းနေ့တိုင်ခန်နေ့ဖြစ်ဟှယ်)။ အယ်ကြောန့် နေဒန်ဇာရော့‑က်လာဟှူ ခီမာ
MAR 15:43 တရားလွတ်တော်ရဲ့ လေးစားခံရဟှူ ဖွဲ့ဝမ်တယော့‑က်ဖြစ်ဘီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို စောန့်မျှော်နေဟှူ အရိမဿဲဗြို့သား ယောသပ်ဟှာ ယေရှုရဲ့လောန်းဟှို တောန်းဟှို့တွပ် ပိလတ်နားဟှို ရဲရဲတန်းတန်းဟှားဘဲ့ ဝမ်းဟှားလေဟှယ်။
MAR 15:44 ပိလတ်ဟှာ ယေရှုသေဟှားဘီး ဆိုဇာဟှို ကြားဟှူ ခီမာ အံ့ဩဟှားလေဟှယ်။ သူဟှာ တပ်မှူးဟှို ခေါ်လိုက်ဘီး ယေရှုသေဟှားဇာ ဖယ်မျှကြာဟှားဘီ ဆိုဘီး မေးလေဟှယ်။
MAR 15:45 သေဟှားဘီ ဆိုဘီး တပ်မှူးရဲ့စီရင်ခံဇာဟှို ကြားရဟှူ ခီမာ ပိလတ်ဟှာ ယောသပ်ဟှို လောန်းဟှိုပေးလိုက်ဟှယ်။
MAR 15:46 အယ်ကြောန့် ယောသပ်ဟှာ ပိဖ္လူဟှို ဝယ်ဘီး၊ လောန်းဟှို ယူခ္လဘီး ပိဖ္လူန ပတ်လေဟှယ်။ အယ်ဘီးဟှာ က္လော့‑က်ဆောန်ဟှို ထွမ်းဟှားဟှူ သန်းခ္လိုင်းဂူထဲမာ လောန်းဟှို ထားဟှားလေဟှယ်။ အယ်ဘီးန သူဟှာ သန်းခ္လိုင်းဂူဝဟှို က္လော့‑က်တောင်းဂီးန ပိဟှားလိုက်ဟှယ်။
MAR 15:47 မာဂဒလဗြို့သူ မာရိန ယောသေရဲ့မိ မာရိဟှာ စောန့်ကေ့နေဂေ့ဘီး ယေရှုရဲ့လောန်းထားဟှားဟှူ နေရာဟှို တွိဗြင်ဂေ့ဟှယ်။
MAR 16:1 ဒန်းနေ့လွန်ဘီးန မာဂဒလဗြို့သူ မာရိ၊ ယာကုပ်ရဲ့မိ မာရိန ရှာလုံဟှာ ယေရှုရဲ့လောန်းဟှို လူးပေးဟှို့တွပ် နံ့သာလေဟှို ဝယ်ယူဂေ့ဟှယ်။
MAR 16:2 နန်းနွေနေ့ မိုးလန်းစောစော နေထွပ်ခီမာ သူးနို့ဟှာ သန်းခ္လိုင်းဟှို သွားဂေ့ဟှယ်။
MAR 16:3 သူးနို့ဟှ “သန်းခ္လိုင်းရဲ့ ဂူဝဟှနေ က္လော့‑က်တောင်းဟှို ဖယ်သူဟှ တွန်းဖယ်ပေးဟှို့နူး” ဆိုဘီး ယော့‑က်နယော့‑က် မေးနေဂေ့ဟှယ်။
MAR 16:4 အယ်ဘေမဲ့ သူးနို့ဟှာ ကေ့လိုက်ဟှူ ခီမာ ရရာတိုင်း ကီးဟှူ အယ်က္လော့‑က်တောင်းဟှို တွန်းဖယ်ဟှားဘီးသား ဖြစ်နေဇာဟှို သူးနို့ဟှာ တွိဟှားဂေ့ဟှယ်။
MAR 16:5 အယ်ကြောန့် သူးနို့ဟှာ သန်းခ္လိုင်းထဲဟှို ဝမ်ဟှားဘီး အယ်နေရာမာ ဝတ်လောင်ဖ္လူ ဝတ်ဟှားဟှူ လူငယ်တယော့‑က်ဟှာ ညာဖတ်မာ ထိုင်နေဇာဟှို ဗြင်ဟှားလေဟှယ်။ အယ်န သူးနို့ဟှာ ထိလန့်ဟှားဂေ့ဟှယ်။
MAR 16:6 အယ်လူဟှ “လန့်ဂေ့န။ နန်းနို့ဟှာ ကားစင်တန်ခံရဟှူ နာဇရက်ဗြို့သားယေရှုဟှို ရှာနေဟှယ် ဆိုဇာဟှို ငါသိဟှယ်။ ကိုယ်တော်ဟှ အယ်နေရာမာ မှေ့ဟှမ်း ကိုယ်တော်ဟှ ထမြော့‑က်ဟှားဘီ! ကေ့ကေ့၊ အယ်နေရာဟှာ ကိုယ်တော့်ဟှို ထားဟှူနေရာဖြစ်ဟှယ်။
MAR 16:7 နန်းနို့ဟှာ ပေတရုန တခြားတဗဲ့တော်လေနားဟှို သွားဘီးဟှာ ‘ကိုယ်တော်ဟှာ ဂါလိလဲပြည်ဟှို ရင်ဦးဆောင်း သွားမယ်။ နန်းနို့ဟှို ကိုယ်တော် ပြောဟှားဟှူ တိုင်းဘဲ့ အယ်နေရာမာ နန်းနို့ဟှာ ကိုယ်တော့်ဟှို တွိရလေ့မယ် ဆိုဘီး ပြောဂေ့ပါ။’ ”
MAR 16:8 အယ်ကြောန့် မီးမဂီးလေဟှာ စိုးရိမ်ထိလန့်ဘီး သန်းခ္လိုင်းဟှနေ ထွပ်လာဘီး ပ္လေးဟှားဂေ့ဟှယ်။ သူးနို့ဟှာ ကြော့‑က်နေဂေ့ကြောန့် ဖယ်သူဟှိုလည်း ဖြားလည်းပြောဂေ့ဟှ။ ဒန်းကောန်း နည်းဟောန်းဆောင်းသတ်တမျိုး [
MAR 16:9 ယေရှုဟှာ နန်းနွေနေ့ မိုးလန်းစောစောမာ သေရာဟှနေ ထမြော့‑က်ဘီးန၊ ကိုယ်တော်ဟှာ နတ်ဆိုးခွန်နစ်ကောန် ထွပ်ဟှားဟှူ မာဂဒလဗြို့သူ မာရိဟှို ရင်ဦးဆောင်း ကိုယ်ထန်ရှားပြဟှယ်။
MAR 16:10 သူဟှာ ကိုယ်တော်ရဲ့ ပေါန်းဖော်လေနားဟှို သွားဘီး ပြောလေဟှယ်။ သူးနို့ဟှာ မြည်တမ်း ငိုကြွေနေဘီး
MAR 16:11 အယ်ဘီးဟှာ ယေရှုဟှာ သတ်ရှင်နေဟှယ် ဆိုဇာန သူဟှာ ကိုယ်တော့်ဟှို တွိလိုက်ဟှယ် ဆိုဘီး သူ့ရဲ့ ပြောဟှူစကားဟှို သူးနို့ကြားလိုက်ဟှူ ခီမာ သူးနို့ဟှာ သူ့ဟှို ယောင်ကြည်ဂေ့ဟှ။
MAR 16:12 အယ်ဘီးန သူးနို့ထဲဟှ နှေ့ယော့‑က်ဟှာ တောဝါဟှို လမ်းရှော့‑က်သွားနေဒူးမာ ယေရှုဟှာ ခြားနားဟှူ ပေါင်စံန သူးနို့ဟှို ကိုယ်ထန်ရှားပြဟှယ်။
MAR 16:13 သူးနို့ဟှာ တခြားလူလေနားဟှို ပ္လန်ဟှားဘီးဟှာ ပြောပြလေဟှယ်။ အယ်ဘေမဲ့ အယ်ဒန်းဟှို သူးနို့ဟှာ ယောင်ကြည်ဂေ့ဟှ။
MAR 16:14 အယ်ဘီးန တဗဲ့တော်ဆယ့်တပါး စားသော့‑က်နေဟှူ ခီမာ ယေရှုဟှာ သူးနို့ဟှို ကိုယ်ထန်ရှားပြလေဟှယ်။ သူးနို့ဟှာ ယောင်ကြည်ဘဲန စိနှလောင်းမာကျောနေဘီး ကိုယ်တော် ထမြော့‑က်ဘီးန ကိုယ်တော့်ဟှို တွိရဟှူ လူလေရဲ့စကားဟှို ယောင်ကြည်ဘဲဟှူကြောန့် ယေရှုဟှာ သူးနို့ဟှို ဆောင်းမလေဟှယ်။
MAR 16:15 ကိုယ်တော်ဟှ သူးနို့ဟှို “တကမ္ဘာလောင်းဟှို ပ္လံ့နှံ့အောန်သွားဘီး လူတိုင်းဟှို ဒန်းကောန်း ဟောပြောဂေ့။
MAR 16:16 ယောင်ကြည်ဘီး ဗတ္တိဇံခံဟှူလူ မှန်မျှဟှာ ကယ်တန်ခံရလေ့မယ်၊ ယောင်ကြည်ဘဲဟှူ လူမှန်မျှဟှာ ပြစ်စီရင်ခံရလေ့မယ်။
MAR 16:17 ယောင်ကြည်သူလေဟှာ နိမိတ်လတ်ခဏာလေ ပြဟှို့တွပ် တဂိုးဟှို ပေးအပ်ခံရလေ့မယ်၊ သူးနို့ဟှာ ငါ့နာမဟှို အားကိုးဘီး နတ်ဆိုးလေဟှို နှန်ထုဂေ့လေ့မယ်၊ သူးနို့ဟှာ ထူးဆန်းဟှူ ဘာသာစကားလေဟှို ပြောဂေ့လေ့မယ်၊
MAR 16:18 သူးနို့ဟှာ ဗွီလေဟှို ကိုင်ဂေ့လေ့မယ်။ သေစေတတ်ဟှူ ဖြားမျိုးဆိလေဘဲ့ဖြစ်ဖြစ် သော့‑က်မယ် ဆိုဟှာ ဥပါဒ်ဖြစ်ဟှ။ ကျန်းမာဘဲဟှူ လူနာလေထတ်မာ လတ်တန်ဟှူ ခီမာ လူနာလေဟှာ ကျန်းမာဟှားလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
MAR 16:19 သခင်ယေရှုဟှာ သူးနို့န စကားပြောဘီးန ကောန်းဂန်ဘောင်ဟှို ယူဆောန်ခံရဘီးဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်နေလေဟှယ်။
MAR 16:20 တဗဲ့တော်လေဟှာ နေရာရှိမျှဟှို သွားဘီးဟှာ ဟောပြောဂေ့ဟှယ်။ အယ်ဘီးဟှာ သခင်ဘုရားဟှာ သူးနို့လေနတူးဒူ လောက်ဆောန်နေဘီး အယ်မျိုးလောက်ဆောန်ဟှူ နိမိတ်လတ်ခဏာလေအားဖြင့် သူးနို့ရဲ့ တရားဟောချစ်ဟှာ မှန်ဟှယ် ဆိုဇာဟှို သတ်သေပြလေဟှယ်။] တခြားကျမ်းဟောန်းဆောင်းသတ် [
MAR 16:21 မီးမဂီးလေဟှာ ပေတရုန သူ့ငယ်ဂျင်းလေနားဟှို သွားဂေ့ဘီး၊ သူးနို့ကြားရဟှူ ဒန်းလေဟှို ပ္လန်ဘီးပြောဂေ့ဟှယ်။
MAR 16:22 အယ်ဘီးန ယေရှုကိုယ်တိုင်ဟှာ သူ့တဗဲ့တော်လေဟှို ထာဝရကယ်တန်ဇာ ဒန်းစကားဟှို ပြောဟှို့တွပ် ရှေ့ဟှနေ နော့‑က်ဟှို လွှတ်လိုက်ဟှယ်။]
LUK 1:1 ရှစ်ရဟှူ သော်ဖိလု၊ ကျွန်တော့်ဟှားလေထဲမာ ဖြစ်ပျစ်နေဟှူ ကြောန်းရာလေဟှို ကောန်းဆောင်း ရေးသားဟှားဟှူ လူလေဘောင်ဂီး ရှိဟှယ်။
LUK 1:2 သူးနို့လေဟှာ အယ်ဖြစ်ပျစ်ဇာလေဟှို စစဒူးဟှ ဗြင်ဟှူလူလေန ဒန်းကောန်းဟှို ဟောပြောဟှူ မှုဆောန်လေ ပ္လန်ပြောပြဇာလေဟှို ကျမ်းပြု ပေါက်ကိုလေဟှ ရေးသားဟှားဟှယ်။
LUK 1:3 သော်ဖိလု၊ ကျွန်တော်ဟှာ အယ်ကြောန်းရာလေဟှို ဖြစ်ပျစ်ခီဟှနေ စဘီး သေးသေချားချာ လေ့လာဟှားဟှူ လူဖြစ်ကြောန့် သင်ဖတ်ရှုနိုင်ဟှို့တွပ် စီစဉ်က္လက္လန ကျမ်းစာဟှို ရေးသားမယ် ဆိုဟှာ ကောန်းဆောင်း ဖြစ်မယ် ဆိုဘီး ယူဆဟှယ်။
LUK 1:4 အယ်ကြောန့် သင်ကြားသိဟှားဟှူ ကြောန်းရာလေဟှို သေးသေချားချာန သင့်ဟှို သိစေရှင်ကြောန့် အယ်ကျမ်းစာဟှို ရေးသားဟှားဇာ ဖြစ်ဟှယ်။
LUK 1:5 ယုဒပြည်ဟှို အောက်ချောက်ရဟှူ ဟေရုဒ်မန်းဂီး လတ်ထတ် အဘိယသင်းဝမ် ဖြစ်ဘီး ဇာခရိ နာမယ်ရှိဟှူ ယဇ်ပုရောဟိတ် တယော့‑က်ရှိဟှယ်။ သူ့မီးမ နာမယ်ဟှာ ဧလိရှဗက် ဖြစ်ဘီး သူဟှာ အာရုန်ရဲ့ မျိုးနွယ်လည်း ဖြစ်ဟှယ်။
LUK 1:6 သူးနို့ နှေ့ယော့‑က်ဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ဖြောန့်မတ်သူလေဖြစ်ဘီး ကိုယ်တော်ရဲ့ ပညတ်တော်လေန မိန့်တော်လေ ဂူလောင်းဟှို ကျင့်ဆောန်ဟှူကြောန့် ပြစ်တန်ဇာမှေ့ဟှ။
LUK 1:7 ဧလိရှဗက်ဟှာ မ္လုံနေဟှူကြောန့် သူးနို့မာ သားမီးမှေ့ဟှ။ ဇာခရိန သူ့မီးမ နှေ့ယော့‑က်လောင်းဟှာ ရရာတိုင်း အိုနေဘီ။
LUK 1:8 တရစ်မာ ဇာခရိဟှာ သူ့မှုဆောန်ရဟှို့ လှည့်ရော့‑က်ကြောန့် ဘုရားသခင်ရှေ့မာ ယဇ်ပုရောဟိတ်လောက်ဟှို လောက်နေဟှယ်။
LUK 1:9 ယဇ်ပုရောဟိတ်လေရဲ့ ထောင်းဇံတိုင်း သူဟှာ ယဇ်ပလ္လင်ထတ်မာ နံ့သာပေါန်းဟှို မီးရှို့ဟှို့ ဝီးကော့‑က်ခံရဟှယ်။ အယ်ကြောန့် သူဟှာ သခင်ဘုရားရဲ့ ဗိမာန်တော်ထဲဟှို ဝမ်ဟှားဘီး၊
LUK 1:10 နံ့သာပေါန်းဟှို မီးရှို့နေခီမာ ပ္လန်မာနေဟှူ လူလေ ဂူလောင်းဟှာ ဆုတောန်းဘီး နေဂေ့ဟှယ်။
LUK 1:11 အယ်ခီမာ သခင်ဘုရားရဲ့ ကောန်းဂန်တမန်ဟှာ သူ့ရှေ့မာ ပေါ်လာဘီး နံ့သာပေါန်းဟှို မီးရှို့ဟှူ ယဇ်ပလ္လင်ရဲ့ ညာဖတ်မာ ရပ်နေဟှယ်။
LUK 1:12 ဇာခရိဟှာ ဗြင်လိုက်ခီမာ ကြော့‑က်ရွံ့ ထိလန့်ဟှားဟှယ်။
LUK 1:13 အယ်ဘေမဲ့ ကောန်းဂန်တမန်ဟှ “ဇာခရိ၊ ကြော့‑က်န! ဘုရားသခင်ဟှာ နန့်ရဲ့ ဆုတောန်းသံဟှို ကြားဘီး နန့်ရဲ့ မီးမ ဧလိရှဗက်ဟှာ သားမွီးရလေ့မယ်။ အယ်သားဟှို ယောဟန်နာမယ်န မှတ်ရမယ်။
LUK 1:14 အယ်သားဟှို မွီးခီမာ နန်ဟှာ ရရာတိုင်း ဝန်းသာဘီး လူလေဟှာလည်း ဝန်းသာလေ့မယ်!
LUK 1:15 ယောဟန်ဟှာ ဘုရားသခင်ရှေ့တော်မာ ရရာတိုင်း ကီးမြတ်ဟှူ လူဖြစ်လေ့မယ်။ သူဟှာ ဝိုင်န ယစ်သေဇာဟှို လောင်းဝသော့‑က်ဟှ။ မွီးဂဒဲဟှ သူဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝနေဘီး
LUK 1:16 သူဟှာ ဣသရေလလူမျိုး များစုဟှို သူးနို့ရဲ့ သခင်ဖြစ်ဟှူ ဘုရားသခင်နားဟှို ပ္လန်ခေါ်ဆောန်လာလေ့မယ်။
LUK 1:17 သူဟှာ ပရောဖက်ဧလိယမျိုး ခွန်အားန တဂိုးကီးဘီး သခင်ဘုရားရှေ့တော်ဟှို သွားလေ့မယ်။ သူဟှာ ဖခင်လေရဲ့ စိနှလောင်းဟှို သားမီးလေဖတ်ဟှို ပ္လန်လှည့်စေဘီး သူဟှာ နားထောန်ဘဲဟှူ လူလေဟှာ ဖြောန့်မတ်ဟှူလမ်းဟှို ပ္လောန်းလဲစေဘီး သခင်ဘုရားတွပ် ဆင်သင့်ဖြစ်နေဟှို့ ကိုယ်တော့် လူမျိုးဟှို ပြင်ဆင်ဟှားဟှယ်” ဆိုဘီး ဇာခရိဟှို ပြောလေဟှယ်။
LUK 1:18 ဇာခရိဟှ “အယ်မျိုးဖြစ်မယ် ဆိုဇာဟှို ကျွန်တော် ဖြားမျိုးသိရနူး။ ကျွန်တော်ဟှာ ဖိုးသန်ဂီးဖြစ်နေဘီ။ ကျွန်တော့် မီးမဟှလည်း ဖွားသန်မဖြစ်နေဘီ” ဆိုဘီး ကောန်းဂန်တမန်ဟှို ပြောလေဟှယ်။
LUK 1:19 ကောန်းဂန်တမန်ဟှ “ငါဟှာ ဂါဗြေလဖြစ်ဟှယ်။ ငါဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ရပ်နေသူဖြစ်ဘီး နန့်ဟှို အယ်ဒန်းကောန်း ပြောဟှို့တွပ် ငါ့ဟှို စေလွှတ်လိုက်ဟှယ်။
LUK 1:20 နန်ဟှာ ငါ့ပြောဟှူ အယ်ဒန်းကောန်းဟှို ယောင်ကြည်ဘဲ ဖြစ်နေဘေမဲ့လည်း သတ်မှတ်ဟှားဟှူ ခီရော့‑က်ဟှာ ပ္လဲ့ဇောင်လာလေ့မယ်။ နန်ဟှာ ငါပြောဟှူ ဒန်းကောန်းဟှို ယောင်ကြည်ဘဲဟှူကြောန့် ငါ့ဂဒိတော်လေဟှာ နန့်မာ ပ္လဲ့ဇောင်ခန်နေ့ထိ စကားပြောနိုင်ဘဲ အ,ဘီး နေရလေ့မယ်” ဆိုဘီး ပြောလေဟှယ်။
LUK 1:21 လူလေဟှာ ဇာခရိဟှို စောန့်မျှော်နေဘီး ဗိမာန်တော်ထဲမာ ကြာဂီးနေဇာဟှို အံ့ဩနေဟှယ်။
LUK 1:22 ဇာခရိဟှာ ထွပ်လာဟှူ ခီမာ စကားပြောနိုင်ဘဲဟှူကြောန့် ဗိမာန်တော်ထဲမာ ရူပါရောင် ဗြင်ရကြောန်းဟှို သူးနို့ သိဂေ့ဟှယ်။ စကားတလောင်းလည်း ပြောနိုင်ဘဲကြောန့် သူဟှာ သူးနို့လေဟှို လတ်ရိလတ်ခေနဘဲ့ ချစ်ပြလိုက်ဟှယ်။
LUK 1:23 ဗိမာန်တော်ထဲမာ ယဇ်ပုရောဟိတ်မှုဟှို ဆောန်ရွက်ရဟှို့ ခီပီးဆောင်းဟှားကြောန့် ဇာခရိဟှာ အီဟှို ပ္လန်ဟှားဟှယ်။
LUK 1:24 အယ်ဘီးန သူ့မီးမ ဧလိရှဗက်ဟှာ ဗိုက်ပိုက်နေဟှူကြောန့် ငါးလလောင်းလောင်း အီပ္လန်ဟှို ထွပ်ဘဲနေဟှယ်။
LUK 1:25 အယ်မီးမဟှ “ခု သခင်ဘုရားဟှာ ငါ့ဟှို မဇတော်မူလိုက်ဘီ။ ကိုယ်တော်ဟှာ ငါ့ဟှို လူလေကဲ့ရဲ့ ဝေဖန်နေဇာလေဟှို ပယ်ရှင်းပေးတော်မူလိုက်ဘီ!” ဆိုဘီး ပြောလေဟှယ်။
LUK 1:26 ဧလိရှဗက်ရဲ့ ဗိုက်ဟှာ ခြော့‑က်လဟှို ရော့‑က်လာဟှူ ခီမာ ဘုရားသခင်ဟှ ကောန်းဂန်တမန် ဂါဗြေလဟှို ဂါလိလဲပြည် နာဇရက် နာမယ်ရှိဟှူ ဗြို့ဟှို လွတ်လိုက်ဟှယ်။
LUK 1:27 ဒါဝိဒ်မန်းဂီးရဲ့ သားမ္လေးဖြစ်ဘီး ယောသပ် နာမယ်ရှိဟှူ လူတယော့‑က်န လတ်ထပ်ဟှို့ စေ့စပ်ဟှားဟှူ မီးမပျိုတွပ် သူ့မာ ဒန်းစကား ရှိဟှယ်။ အယ်မီးမပျိုရဲ့ နာမယ်ဟှာ မာရိ ဖြစ်ဟှယ်။
LUK 1:28 ကောန်းဂန်တမန်ဟှာ ရော့‑က်လာဘီး “နန့်နတူးဒူ ငြီသတ်မှုရှိပါစေ! နန့်နတူးဒူ သခင်ဘုရား ရှိဘီး နန်ဟှာ ရရာတိုင်း မင်္ဂလာရှိဟှယ်!” ဆိုဘီး ပြောလေဟှယ်။
LUK 1:29 ကောန်းဂန်တမန်ရဲ့ စကားကြောန့် မာရိဟှာ စိနှလောင်းငြီသတ်ဘဲ ဖြစ်ဟှားဘီး သူ့စကားလေဟှာလည်း အံ့ဩဘွယ် ဖြစ်ဟှယ်။
LUK 1:30 ကောန်းဂန်တမန်ဟှ “မာရိ၊ ကြော့‑က်န။ နန်ဟှာ ဘုရားသခင်ရှေ့မာ မျစ်နှာသာရဟှားဘီ။
LUK 1:31 နန်ဟှာ ဝန်းရှင်မဖြစ်လာဘီး သားဟှို မွီးရလေ့မယ်။ အယ်သားဟှို ယေရှု ဆိုဘီး နာမယ်ပေးရလေ့မယ်။
LUK 1:32 သူဟှာ ကီးမြတ်ဟှူ သူဖြစ်ဘီး ဗြစ်ဆောင်းဟှူ ဘုရားသခင်ရဲ့ သား ဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။ သူ့ဘိုးဘေ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ဟှို ထာဝရသခင် ဘုရားသခင်ဟှာ သူ့ဟှို ပေးအပ်လေ့မယ်။
LUK 1:33 သူဟှာလည်း ယာကုပ်ရဲ့ မျိုးနွယ်ဟှို မြဲဒမ်း အောက်ချောက်လေ့မယ်။ သူ့နိုင်ငံတော်ဟှာ လောင်းဝ ဆောင်းမှေ့ဟှ!” ဆိုဘီး အယ်မီးမဟှို ပြောလေဟှယ်။
LUK 1:34 မာရိဟှ ကောန်းဂန်တမန်ဟှို “ကျွန်မဟှာ မီးမပျို ဖြစ်ဟှယ်။ အယ်မျိုးဆိုဟှာ ဖယ်မျိုးလောက်ဘီး သားမွီးနိုင်ဟှို့နူး။” ဆိုဘီး မေးလေဟှယ်။
LUK 1:35 ကောန်းဂန်တမန်ဟှာ “သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ နန့်ထတ်မာ သတ်ရော့‑က်ဘီး ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ တဂိုးတော်ဟှာလည်း နန့်ထတ်မာ လွှမ်းမိုးနေလေ့မယ်။ အယ်ကြောန်းကြောန့် သန့်ရှင်းဟှူ သားတော်ဟှာ ဘုရားသခင်ရဲ့ သားဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။
LUK 1:36 နန့်ရဲ့ ဆွေမျိုး ဧလိရှဗက်ဟှို ဒိရဂေ့။ မြုံမ ဆိုဘီး ခေါ်ခံနေရဟှူ သူဟှာ ဖွားသန်မ ဖြစ်နေဘေမဲ့ ခု ဝန်းရှင်မ ဖြစ်နေဇာ ခြော့‑က်လရှိနေဘီ။
LUK 1:37 အယ်ကြောန့် ဘုရားသခင်မာ လောက်နိုင်ဘဲဇာ ဖြားလည်းမှေ့ဟှ” ဆိုဘီး မိန့်တော်မူလိုက်ဟှယ်။
LUK 1:38 မာရိဟှ “ကျွန်မဟှာ သခင်ဘုရားရဲ့ စေခံဖြစ်ဟှယ်။ ကိုယ်တော်ပြောဟှားတိုင်း ကျွန်မမာ ပ္လဲ့ဇောင်ပါစေ” ဆိုဘီး ပြောဟှယ်။ အယ်ဘီးန ကောန်းဂန်တမန်ဟှာ မာရိနားဟှ ထွပ်ဟှားဟှယ်။
LUK 1:39 အယ်မျိုးဖြစ်ဘီး ကြာခန်မာဘဲ့ မာရိဟှာ သင့်ပြင်ဘီးန တောန်ထတ်ဒေသမာရှိဟှူ ယုဒပြည် ဗြို့တဗြို့ဟှို ဗြန်းဗြန်သွားလိုက်ဟှယ်။
LUK 1:40 ဇာခရိရဲ့ အီဟှို ဝမ်ဘီး ဧလိရှဗက်ဟှို နှောက်ဆစ်လေဟှယ်။
LUK 1:41 မာရိရဲ့ နှောက်ဆစ်စကားဟှို ဧလိရှဗက်ကြားဟှူ ခီမာ ဗိုက်ထဲဟှ သားဂန်ဟှားဟှာ ထခူလေဟှယ်။ ဧလိရှဗက်ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့နေဘီး
LUK 1:42 သံက္လယ်ဂီးန “နန်ဟှာ မီးမလေ ဂူလောင်းထတ် မင်္ဂလာရှိဆောင်း ဖြစ်ဘီး နန်မွီးမယ့် သားဟှာလည်း မင်္ဂလာရှိဆောင်း ဖြစ်ဟှယ်!
LUK 1:43 ငါ့သခင်ရဲ့ မိခင်ဟှာ ငါ့နားဟှို အီးခ္လယ်လာကြောန့် အယ်မျိုးကီးမားဟှူဇာလေ ဖြစ်နေဇာလော။
LUK 1:44 နန့်ရဲ့ နှောက်ဆစ်စကားဟှို ကြားလိုက်ဟှူန ရှင်းရှင်းဘဲ့ ငါ့ဗိုက်ထဲဟှ သားဂန်းဟှားဟှာ ဝန်းသာအားရ ထခူလေဟှယ်။
LUK 1:45 သခင်ဘုရားရဲ့ ဒန်းစကားဟှာ နန့်မာ ပ္လဲ့ဇောင်လေ့မယ် ဆိုဇာဟှို ယောင်ကြည်ဟှူ မီးမဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး ပြောလေဟှယ်။
LUK 1:46 မာရိဟှ၊ “ငါ့ရဲ့ စိနှလောင်းဟှာ သခင်ဘုရားဟှို ချီးမွမ်းဘီး၊
LUK 1:47 ငါ့ရဲ့ ကယ်တန်ရှင် ဘုရားသခင်ကြောန့် ငါ့ရဲ့ ဝိညာဉ်ဟှာ ဝန်းသာအားရဘီး၊
LUK 1:48 ကိုယ်တော်ဟှာ သူ့စေခံရဲ့ နှိခ္လနေဇာဟှို အော့‑က်မေ့တော်မူဘီ! ခုဟှစဘီး လူလေ ဂူလောင်းဟှာ ငါ့ဟှို မင်္ဂလာရှိသူ ဆိုဘီး ခေါ်ဂေ့လေ့မယ်၊
LUK 1:49 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တဂိုးန ပ္လဲ့ဇောင်တော်မူဟှူ ဘုရားသခင်ဟှ ရရာတိုင်း ကီးမားဇာလေဟှို ငါ့တွပ် ပြုတော်မူကြောန့် ဖြစ်ဟှယ်။ ဘုရားသခင်ရဲ့ နာမတော်ဟှာ သန့်ရှင်းတော်မူဘီး၊
LUK 1:50 မျိုးဆစ် ဆစ်ဘီးဆစ် ကိုယ်တော့်ဟှို ကိုးကွယ်သူလေဟှို ကိုယ်တော်ဟှာ ကရုဏာဟှို ပြတော်မူဟှယ်။
LUK 1:51 ကိုယ်တော့် လတ်ရောင်းတော်ဟှို ဆန့်တန်းဘီး သူးနို့စိနှလောင်းထဲဟှ ကြံစည်လေန မာနထောန်လွှားနေဟှူ လူလေဟှို ဖ္လဲဖ္လဲစင်စေမယ်။
LUK 1:52 မန်းဂီးလေဟှို သူးနို့ရာဇပလ္လင်ထတ်ဟှ ခ္လဘီးန နှိခ္လဟှူ လူလေဟှို မ္လော့‑က်စားတော်မူဟှယ်။
LUK 1:53 ငတ်နေဟှူ လူလေဟှို ကောန်းဟှူ ဇာလေန ကျွေးဘီးန ကြွယ်ဝဟှူ လူလေဟှို လတ်ခဲခဲ လွှတ်လိုက်တော်မူဟှယ်။
LUK 1:54 ကိုယ်တော်ဟှာ နို့လေရဲ့ ဘိုးဘေးလေဟှို ပေးဟှားဟှူ ဂဒိတော်တိုင်း ကိုယ်တော်ရဲ့ စေခံဖြစ်ဟှူ ဣသရေလလူမျိုးဟှို ကရုဏာပြဟှို့ ကြွလာတော်မူဟှယ်။
LUK 1:55 ကိုယ်တော်ဟှာ အာဗြဟံန သူ့မျိုးနွယ် ဂူလောင်းဟှို ကရုဏာ ကျေးဇူးတော်ဟှို မြဲဒမ်းပြဟှို့ အော့‑က်မေ့တော်မူဘီး!” ဆိုဘီး ပြောလေဟှယ်။
LUK 1:56 မာရိဟှာ ဧလိရှဗက်နတူးဒူ သောင်းလနီးပါး နေဘီးမှ မိမိအီဟှို ပ္လန်ဟှားလေဟှယ်။
LUK 1:57 ဧလိရှဗက်ဟှာ ဖွားခီရော့‑က်လာဘီး သားဂန်းဟှို မွီးလေဟှယ်။
LUK 1:58 အီဇနီးရှင်းလေန ဆွေမျိုးလေဟှ သခင်ဘုရားဟှာ အံ့ဩဘွယ် ကောန်းအောန် ကရုဏာ ပြတော်မူကြောန်းဟှို ကြားဘီးန သူးနို့ ဂူလောင်းဟှာ သူ့နတူးဒူ ဝန်းသာဂေ့ဟှယ်။
LUK 1:59 ရှစ်ရစ်ပ္လဲ့ဟှူ ခီမာ သူးနို့ဟှာ သားဂန်းရဲ့ ရေဖျားလှီးဟှို့ လာဂေ့ဘီးန သူးနို့ဟှာ သူ့ဖရဲ့ နာမယ်တိုင်း ဇာခရိ ဆိုဘီး နာမယ်ပေးလေဟှယ်။
LUK 1:60 အယ်ဘေမဲ့ သူ့မိဟှ “အယ်နာမယ် ပေးန! သူ့နာမယ်ဟှို ယောဟန် ဆိုဘီး ပေးရမယ်” ဆိုဘီး ပြောလေဟှယ်။
LUK 1:61 သူးနို့ဟှ “ယောဟန်နာမယ်န နန်းနို့ဆွေမျိုးထဲမာ မှေ့ဟှ!” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
LUK 1:62 အယ်ဘီးန သူးနို့ဟှာ သူ့ဖဟှို လတ်ရိလတ်ခေပြဘီး သားဂန်းနာမယ်ဟှို ဖယ်မျိုးပေးရဟှို့ ဆိုဘီး မေးဟှယ်။
LUK 1:63 ဇာခရိဟှာ သန်းဖူးကီးဟှို တောန်းဘီးန “သားဂန်းဟှား နာမယ်ဟှာ ယောဟန် ဖြစ်ဟှယ်” ဆိုဘီး ရေးပေးလိုက်ဟှယ်။ သူးနို့ ဂူလောင်းဟှာ အံ့ဩဟှားဂေ့ဟှယ်!
LUK 1:64 အယ်ခီမာဘဲ့ ဇာခရိဟှာ ပ္လန်ဘီး စကားပြောနိုင်ဟှားဘီးန သူဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို စဘီးချီးမွမ်းလေဟှယ်။
LUK 1:65 အီဇနီးရှင်းလေ ဂူလောင်းဟှာ ကြော့‑က်ရွံ့မှုလေန ပ္လဲ့နေဘီး အယ်ဖြစ်ပျစ်ဇာန ဆိုင်ဟှူဒန်းလေဟှို ယုဒပြည် တောန်ကြားနေရာ နှံ့ပ္လားမာ လူလေဟှာ ပြောနေလေဟှယ်။
LUK 1:66 အယ်ဒန်းဟှို ကြားရဟှူ လူလေဂူလောင်းဟှာ စိထဲမာ စဉ်းစားဘီးဟှာ မေးနေဇာဟှ “အယ်သားဂန်းဟှ ဖယ်မျိုးသားဂန်းနူး။” သခင်ဘုရားရဲ့ တဂိုးတော်ဟှာ အယ်သားဂန်ထတ်မာ ရှိနေကြောန့် ဖြစ်ဟှယ်။
LUK 1:67 ယောဟန်ရဲ့ဖ ဇာခရိဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဘီး ပရောဖက်ပြုဟှူဇာဟှ၊
LUK 1:68 “ဣသရေလလူမျိုးရဲ့ ဘုရားသခင်၊ သခင်ဘုရားဟှို နို့လေချီးမွမ်းဂေ့ဇို့! ကိုယ်တော်ဟှာ ကိုယ်တော်ရဲ့ လူမျိုးနားဟှို ကြွလာဘီး သူးနို့ဟှို လွတ်မြော့‑က်စေတော်မူဘီ။
LUK 1:69 ကိုယ်တော်ရဲ့ စေခံဒါဝိဒ်ရဲ့ မ္လေးမ္လစ် တယော့‑က်ဟှို၊ ကိုယ်တော်ဟှာ တဂိုးကီးမားဟှူ ကယ်တန်ရှင်ဟှို နို့လေတွပ် ပေါ်ပေါ့‑က်စေဟှယ်။
LUK 1:70 ကိုယ်တော်ဟှာ ကိုယ်တော်ရဲ့ ရှေးသန့်ရှင်းဟှူ ပရောဖက်လေ ဟှနေတဆင့် ဂဒိပေးဟှားဇာဟှ
LUK 1:71 ကိုယ်တော်ဟှာ နို့လေရဲ့ ရန်သူလတ်ဟှရော၊ နို့လေဟှို မူးဟှူသူ ဂူလောင်းရဲ့ တဂိုးဟှရော နို့လေဟှို ကယ်တန်တော်မူလေ့မယ်။
LUK 1:72 ကိုယ်တော်ဟှာ နို့လေရဲ့ ဘိုးဘေးလေဟှို ကရုဏာတော် ပြဘီးဟှာ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ ပဋိညာဉ်တော်ဟှို အော့‑က်မေ့ပါ ဆိုဘီး ပြောဟှားဟှယ်။
LUK 1:73 နို့လေရဲ့ ဘိုးဘေး အာဗြဟံဟှို လေးနတ်ဟှူ ဂဒိသစ်စာ ပြုဟှားဇာဟှ၊
LUK 1:74 ကိုယ်တော်ဟှာ နို့လေရဲ့ ရန်သူလေ လတ်ထဲဟှနေ နို့လေဟှို ကယ်တန်ဟှို့န ကြော့‑က်လန့်မှုမှေ့ဘဲ့ ကိုယ်တော့်ဟှို စေခံဟှို့ နို့လေဟှို ခွမ့်ပြုမယ် ဆိုဘီး ဖြစ်ဟှယ်။
LUK 1:75 အယ်ကြောန့် နို့လေဟှာ ကိုယ်တော့်ရှေ့တော်မာ သန့်ရှင်းရှင်းန ဖြောန့်မတ်ရှင်းဟှို တသတ်လောင်းရဟှယ်။
LUK 1:76 “သားဂန်းဟှား၊ နန့်ဟှိုလည်း ဗြစ်ဆောင်းဖြစ်ဟှူ ပရောဖက်ဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။ နန်ဟှာ သခင်ဘုရားရဲ့ လမ်းဟှို ပြင်ဆင်ဟှို့ ရှေ့တော်ပ္လေး သွားရလေ့ဘီး၊
LUK 1:77 ကိုယ်တော်ရဲ့ လူလေဟှို သူးနို့ရဲ့ ပြစ်လေ ဖြေလွှတ်ပေးဇာခံရကြောန့် ကယ်တန်ခံရလေ့မယ် ဆိုဘီး ပြောလေ့မယ်။
LUK 1:78 နို့လေရဲ့ ဘုရားသခင်ဟှာ သနားကြင်နာမှုန ကရုဏာတော် ဖြစ်ဟှူကြောန့် ကိုယ်တော်ဟှာ ကယ်တန်မှုရဲ့ မိုးလန်းဇခီဟှို နို့လေထတ်မာ သတ်ရော့‑က်စေဘီး
LUK 1:79 မှောန်မိုက်န သေမန်းရဲ့ ရိထဲမာ ရှိနေဟှူ လူလေ ဂူလောင်းထတ်မာ ကောန်းဂန်ဟှနေ လန်းရောန်ထွန်းလန်းဟှို့န၊ ငြီသတ်ရှင်းလမ်းထဲမာ နို့လေရဲ့ ခေလှမ်းလေဟှို ပြဟှို့ဖြစ်ဟှယ်” ဆိုဘီး ဘုရားသခင်ရဲ့ စကားတော်ဟှို ပြောလေဟှယ်။
LUK 1:80 အယ်သားဂန်းဟှာ ကီးဒတ်လာဘီး ခန္ဓာန ဝိညာဉ်လည်း အားကီးလာဟှယ်။ သူဟှာ ဣသရေလ လူမျိုးလေရဲ့ ရှေ့မာ ထန်းထန်ရှားရှား ပေါ်လာခန်ဒူးဟှ ဆိုဟှာ တောကန္တရထဲမာ နေလေဟှယ်။
LUK 2:1 အယ်ခီမာ ကဲသာမန်းဂီး ဩဂုတ္တုဟှာ ရောမအင်ပါယာ တခုလောင်းဟှို သန်းဂေါန်စာရင်း ကော့‑က်စေဟှို့ မိန့်ပေးလိုက်ဟှယ်။
LUK 2:2 ကုရေနိဟှာ ရှုရိပြည်မာ ဗြို့ဝန်ဖြစ်ခီမာ အယ်သန်းဂေါန်စာရင်း ကော့‑က်ဇာဟှာ ဦးဆောင်း ဖြစ်ဟှယ်။
LUK 2:3 အယ်ဘီးန လူတိုင်းဟှာ ကိုယ်တိုင် သန်းဂေါန်စာရင်းဝမ်ဟှို့ သူးနို့ရဲ့ ဇာတိဗြို့ဟှို သွားဂေ့ဟှယ်။
LUK 2:4 ယောသပ်ဟှာ ဂါလိလဲပြည် နာဇရက်ဗြို့ဟှနေ ဒါဝိဒ်မန်းရဲ့ ရှစ်မ္လောက်နေရာဖြစ်ဟှူ ယုဒပြည် ဗက်လင်ဗြို့ဟှို သွားဟှယ်။ ယောသပ်ဟှာ ဒါဝိဒ်ရဲ့ မ္လေးမ္လစ်ဖြစ်ကြောန့် အယ်နေရာဟှို သွားရဟှယ်။
LUK 2:5 သူဟှာ လတ်ထပ်ဟှို့ စေ့စပ်ဟှားဟှူ မာရိနတူးဒူ သန်းဂေါန်စာရင်းဝမ်ဟှို့ သွားဟှူ ခီမာ မာရိဟှာ ဝန်းရှင်မ ဖြစ်နေဘီး၊
LUK 2:6 သူးနို့ဟှာ ဗက်လင်ဗြို့မာ ရှိနေဒူးမာ သားမွီးခီ ရော့‑က်လာဟှယ်။
LUK 2:7 သူဟှာ သားဦးဟှို မွီးဘီး ဝတ်န ပတ်ဘီးဟှာ တည်းခိုဟှူ နေရာမာ သူးနို့တွပ် ခန်းမှေ့ဘဲကြောန့် သားဂန်းဟှားဟှို နွားစားခွပ်ထဲမာ အိခိုင်းဟှားဟှယ်။
LUK 2:8 အယ်ရပ်ဟှ သိုးထီးမားတချို့ဟှာ တညဉ့်လောင်း ကွမ်းပ္လန်မာနေဘီး၊ သူးနို့ရဲ့ သိုးလေဟှို ကေ့ရှုဟှယ်။
LUK 2:9 သခင်ဘုရားရဲ့ ကောန်းဂန်တမန်ဟှာ သူးနို့နားမာ ပေါ်လာဘီး ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှာ သူးနို့ထတ်မာ လန်းထီလာဟှယ်။ သူးနို့ဟှာ ရရာတိုင်း ကြော့‑က်လန့်ဟှားဟှယ်။
LUK 2:10 အယ်ဘေမဲ့ ကောန်းဂန်တမန်ဟှာ သူးနို့ဟှို ပြောလိုက်ဇာဟှ၊ “ကြော့‑က်ဂေ့န! ငါဟှာ လူမျိုးအားလောင်းတွပ် ရရာတိုင်း ဝန်းသာဇာ ဒန်းကောန်းဟှို သယ်ဆောန်လာဟှယ်။
LUK 2:11 အယ်နေ့မာ ဒါဝိဒ်ဗြို့နှိုက် သခင်ခရစ်တော် ဆိုဘီး နန်းနို့ရဲ့ ကယ်တန်ရှင်ဟှို မွီးလေဘီ!
LUK 2:12 နန်းနို့ဟှာ ဖယ်မျိုးသတ်သေန သိရဟှို့ ဆိုဟှာ သားဂန်းဟှားဟှို ဝတ်စန ပတ်ဘီး နွားစားခွပ်ထဲမာ အိခိုင်းဟှားဇာဟှို တွိလေ့မယ်။”
LUK 2:13 ရောက်တရစ် ကောန်းဂန်ဘောင်ရဲ့ ကောန်းဂန်တမန်နတူးဒူ ကောန်းဂန်ဗိုလ်ခေ ဘောင်ဂီးဟှာ ရှစ်ရှင်းထန်ရှားဘီး ဘုရားသခင်ဟှို
LUK 2:14 “ဗြင့်ဆောင်းကောန်းဂန်မာ ဘုရားသခင်ဟှာ ဖောင်းသရေတော်ရှိဘီး၊ မ္လေဂီးမာ ကိုယ်တော်မြတ်နိုးဟှူ လူလေဟှာ ငြီသတ်မှုရှိပါစေ!” ဆိုဘီး ချီးမွမ်းချင်းဟှို ဆိုဂေ့ဟှယ်။
LUK 2:15 ကောန်းဂန်တမန်လေဟှာ သူးနို့နားဟှနေ ကောန်းဂန်ဘောင်ဟှို ပ္လန်ဟှားခီမာ သိုးထီးမားလေဟှာ ယော့‑က်နယော့‑က် “ဗက်လင်ဗြို့ဟှို သွားဘီး ဘုရားသခင်ဟှာ နို့လေဟှို ပြောပြဟှူ ကြောန်းရာလေဟှို ကေ့ကေ့ရအောန်” ဆိုဘီး ပြောလေဟှယ်။
LUK 2:16 အယ်ကြောန့် သူးနို့ဟှာ ဗြန်းဗြန်ဟှားသွားဘီးန မာရိန ယောသပ်ဟှိုရော၊ နွားစားခွပ်ထဲမာ အိနေဟှူ သားဂန်းဟှားဟှိုရော တွိရဟှယ်။
LUK 2:17 သိုးထီးမားလေဟှာ သားဂန်းဟှားဟှို တွိဟှူ ခီမာ သူးနို့ဟှို ကောန်းဂန်တမန်ဟှ သားဂန်းဟှားကြောန်းဟှို ဖယ်မျိုးပြောဟှားဟှယ် ဆိုဇာဟှို သူးနို့ဟှို ပြောပြဟှယ်။
LUK 2:18 သိုးထီးမားလေပြောဟှူ စကားဟှို ကြားဟှူလူလေ ဂူလောင်းဟှာ အံ့ဩဟှားဂေ့ဟှယ်။
LUK 2:19 မာရိဟှာ ကြောန်းရာလေ ဂူလောင်းဟှို အော့‑က်မေ့လာဘီး အယ်စကားလေဟှို လေးလေးနတ်နတ် စိထဲမာ ဆင်ခြင်နေလေဟှယ်။
LUK 2:20 သိုးထီးမားလေဟှာ သူးနို့ဟှို ကောန်းဂန်တမန် ပြောဟှားတိုင်း သူးနို့ဗြင်ရ ကြားရဇာလေ ဂူလောင်းတွပ် ဘုရားသခင်ဟှို ချီးမွမ်းချင်းဆိုဘီး ပ္လန်ဟှားဂေ့ဟှယ်။
LUK 2:21 တဘတ်ကြားဘီးန သားဂန်းဟှားတွပ် ရေဖျားလှီးပေးရဟှို့ ခီရော့‑က်လာဘီး ဗိုက်မှေ့ခန်ဟှ ကောန်းဂန်တမန် ပေးဟှားဟှူတိုင်း သူ့ဟှို ယေရှုနာမယ်ဖြစ် မှည့်ခေါ်ဂေ့ဟှယ်။
LUK 2:22 မောရှေရဲ့ ပညတ်တရားတိုင်း ယောသပ်န မာရိတွပ် စင်ကြယ်မှု ခမ်းနားလောက်ဟှို့ ခီရော့‑က်လာဟှယ်။ အယ်ကြောန့် သူးနို့ဟှာ သားဂန်းဟှားဟှို ဘုရားသခင်နားမာ ဆစ်ကပ်ဟှို့ ယေရုရှလင်ဗြို့ဟှို ခေါ်ဟှားဘီး၊
LUK 2:23 ဘုရားသခင်ရဲ့ ပညတ်တရားထဲမာ “သားဦးတိုင်းဟှာ ဘုရားသခင်ဟှို့ သန့်ရှင်းရမယ်” ဆိုဘီး ရေးဟှားလေဟှယ်။
LUK 2:24 ခိုငှတ်ဟှားနှေ့ကောန် အယ်မျိုးမှုဘဲနေဟှာ ချိုးငှတ်ဟှားနှေ့ကောန်ဟှို ပူဇော်ရမယ် ဆိုဘီး ဘုရားသခင်ရဲ့ ပညတ်တရားတိုင်း ပူဇော်ဟှို့ သူးနို့လည်း သွားလေဟှယ်။
LUK 2:25 အယ်ခီမာ ယေရုရှလင်ဗြို့မာနေဟှူ ရှုမောင်နာမယ်ရှိဟှူ လူတယော့‑က်ရှိဟှယ်။ သူဟှာ ဖြောန့်မတ်ဟှူလူ၊ ဘုရားသခင်ဟှို ကြော့‑က်ဟှူလူန ဣသရေလလူမျိုးဟှို ကူညီဟှို့တွပ် စောန့်နေဟှူ လူဖြစ်ဟှယ်။ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူ့နတူးဒူရှိဘီး
LUK 2:26 သူဟှာ ဘုရားသခင်ရဲ့ ဂဒိပေးဟှားဟှူ မေရှိယဟှို သူဗြင်လိုက်ရဘဲန သေရလေ့ဟှို့ မှုဟှ ဆိုဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူ့ဟှို ဖွမ့်ပြဟှားဟှယ်။
LUK 2:27 ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ရှုမောင်ဟှာ ဗိမာန်တော်ထဲဟှို ဝမ်ဟှားဟှယ်။ မိဖလေဟှာ ပညတ်တရားတိုင်း သူ့တွပ်လောက်ဟှို့ သားဂန်းဟှား ယေရှုဟှို ဗိမာန်တော်ထဲဟှို ခေါ်ဟှားခီမာ
LUK 2:28 ရှုမောင်ဟှာ သားဂန်းဟှားဟှို သူ့ရဲ့ လတ်ထဲမာယူဘီး၊ ဘုရားသခင်ဟှို ချီးမွမ်းဘီး၊
LUK 2:29 “ဘုရားသခင်၊ ကိုယ်တော်ရဲ့ စကားတော်ဟှာ ပ္လဲ့ဇောင်ဟှားဘီ။ ခု ကိုယ်တော်ဟှာ ကိုယ်တော်ရဲ့ ကျွန်ဟှို ငြီသတ်မှုထဲ သွားခွမ့်ပေးလေဘီ။
LUK 2:30 ကိုယ်တော်ရဲ့ ကယ်တန်ရှင်းဟှို ကျွန်တော်ရဲ့ မျစ်စိန ဗြင်ရပီးဘီ။
LUK 2:31 ကိုယ်တော်ဟှာ အယ်ကယ်တန်ရှင်းဟှို လူမျိုးဂူလောင်းရဲ့ ရှေ့မာ ပြင်ဆင်ဟှားပီးဘီ။
LUK 2:32 ကိုယ်တော်ရဲ့ လိုတော်ဟှာ လူမျိုးခြားလေဟှို လန်းဖွမ့်ပြဘီး ကိုယ်တော်ရဲ့ လူမျိုးဖြစ်ဟှူ ဣသရေလနားဟှို ဖောင်းသရေတော်ဟှို ယူလာဟှယ်” ဆိုဘီး ပြောလေဟှယ်။
LUK 2:33 သားဂန်းဟှားရဲ့ မိန ဖဟှာ သားဂန်းကြောန်းလေဟှို ရှုမောင် ပြောလိုက်ဟှူ ခီမာ အံ့ဩဟှားဂေ့ဟှယ်။
LUK 2:34 ရှုမောင်ဟှာ သူးနို့ဟှို ကောန်းဂျီးပေးဘီးန သူ့ရဲ့မိ မာရိဟှို “အယ်သားဂန်းဟှားဟှာ ဣသရေလလူမျိုး ဘောင်ဂီးဟှို လဲက္လဟှို့န ထမြော့‑က်ဟှို့တွပ် ဘုရားသခင် ဝီးကော့‑က်ဟှားဇာ ဖြစ်ဟှယ်။ သူဟှာ ဘုရားသခင်နားဟှ နိမိတ်လတ်ခဏာ တခုဖြစ်ဘီး လူဘောင်ဂီးဟှာ ဆန့်ကျင်ပြောလေ့မယ်
LUK 2:35 အယ်ကြောန့် သူးနို့ရဲ့ လျှို့ဝှပ်ဟှားဟှူ ကြံစည်လေဟှို ဖွမ့်ပြလေ့မယ်။ ဝန်းနဲမှုဟှာ ထတ်ဟှူ သန်လျက်မျိုးဘဲ့ နန့်ရဲ့ စိနှလောင်းဟှို ထိုးဖော့‑က်လေ့မယ်” ဆိုဘီး ပြောလေဟှယ်။
LUK 2:36 အယ်နေရာမာ အာရှာမျိုးဖြစ်ဟှူ ဖနွေလရဲ့မီး၊ အန္နနာမယ်ရှိဘီး သတ်ကီးဟှူ ပရောဖက်မ တယော့‑က် ရှိဟှယ်။ သူဟှာ ပျိုရွယ်ဟှူ ခီဟှစဘီး လန်နတူးဒူ ခွန်နစ်နှစ်ဘဲ့ ပေါန်းသန်းရဘီး
LUK 2:37 ခု သတ် ၈၄ နှစ်ရွယ် မောက်ဆိုးမ ဖြစ်ဟှားဘီ။ သူဟှာ ဗိမာန်တော်ဟှနေ လောင်းဝ ခွာဘဲန သူဟှာ ဆုတောန်းရှင်းန စာရှောန်ရှင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားသခင်ဟှို ကိုးကွယ်လေဟှယ်။
LUK 2:38 အယ်ခီနာရီမာဘဲ့ သူဟှာ ရော့‑က်လာဘီးန ဘုရားသခင်ဟှို ချီးမွမ်းဘီးဟှာ ယေရုရှလင်ဗြို့ လွတ်မြော့‑က်ဟှို့တွပ် ဘုရားသခင်ဟှို စောန့်နေဟှူ လူလေဂူလောင်းဟှို သားဂန်းဟှားကြောန်း ပြောလိုက်ဟှယ်။
LUK 2:39 ယောသပ်န မာရိဟှာ ဘုရားသခင်ရဲ့ ပညတ်တရားတိုင်း ဂူလောင်း လောက်ပီးဟှားဟှူ ခီမာ သူးနို့ဟှာ သူးနို့ရဲ့ မွီးရပ်မ္လေဖြစ်ဟှူ ဂါလိလဲပြည် နာဇရက်ဗြို့ဟှို ပ္လန်ဟှားဟှယ်။
LUK 2:40 အယ်သားဂန်းဟှားဟှာ ကီးဒတ်လာဘီး သန်မာလာဟှယ်။ သူဟှာ ဉာဏ်ပညာပ္လဲ့လာဘီးန ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ သူ့ထတ်မာ ရှိနေဟှယ်။
LUK 2:41 ယေရှုရဲ့ မိဖလေဟှာ နှစ်စဉ်နှစ်တိုင်း ပသခါပွဲတော်တွပ် ယေရုရှလင်ဗြို့ဟှို သွားဂေ့ဟှယ်။
LUK 2:42 ယေရှုဟှာ သတ်ဆယ့်နှေ့နှစ် ရော့‑က်လာဟှူ ခီမာ သူးနို့ဟှာ ရင်းရင်ဒူးဟှ သွားနေမျိုးဘဲ့ ပွဲတော်ဟှို သွားဂေ့ဟှယ်။
LUK 2:43 ပွဲတော်ပီးဟှားဟှူ ခီမာ သူးနို့ဟှာ အီဟှို ပ္လန်ဂေ့ဟှယ်။ အယ်ဘေမဲ့ ကောန်သားယေရှုဟှာ ယေရုရှလင်ဗြို့မာ နေရစ်ဟှယ်။ အယ်မျိုး နေရစ်ဇာဟှို သူ့မိဖလေ သိဂေ့ဟှ။
LUK 2:44 သူဟှာ အောက်စုနတူးဒူ ရှိဟှယ် ဆိုဘီး သူးနို့ထန်ကြောန့် သူးနို့ဟှာ တနေ့လောင်း ခရီးသွားဘီးန သူးနို့ရဲ့ ဆွေမျိုးလေန ငယ်ဂျင်းလေကြားထဲမာ သူ့ဟှို လိုက်ရှာဂေ့ဟှယ်။
LUK 2:45 သူးနို့ဟှာ သူ့ဟှို ရှာတွိဂေ့ဟှ။ အယ်ကြောန့် သူးနို့ဟှာ သူ့ဟှို ရှာဟှို့တွပ် ယေရုရှလင်ဗြို့ဟှို ပ္လန်သွားလိုက်ရဟှယ်။
LUK 2:46 တတိယနေ့မာ သူးနို့ဟှာ သူ့ဟှို ဗိမာန်တော်ထဲမာ တွိဟှားဘီး၊ ယုဒဆရာလေနတူးဒူ ထိုင်ဘီး၊ သူးနို့ပြောဇာဟှို နားထောန်ဘီး မေးခွန်းလေ မေးနေဟှယ်။
LUK 2:47 သူ့စကားဟှို ကြားဟှူ လူလေဂူလောင်းဟှာ သူ့ရဲ့ထတ်မြတ်ဟှူ ဖြေဟှို အံ့ဩဂေ့ဟှယ်။
LUK 2:48 သူ့ရဲ့ မိဖလေဟှာ သူ့ဟှို တွိလိုက်ဟှူ ခီမာ အံ့ဩဟှားဘီး သူ့မိဟှာ “ဖစု၊ နန်ဟှ ဖြားဖြစ်ကြောန့် နို့လေဟှို အယ်မျိုးလောက်ရနူး။ နန့်ဖန ငါဟှာ ရရာတိုင်း စိပူဘီး နန့်ဟှို လိုက်ရှာနေဟှယ်” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
LUK 2:49 ကောန်သားဟှားဟှ “ဖြားဖြစ်ကြောန့် နို့မိဟှ နို့ဟှို လိုက်ရှာနေရနူး။ နို့ဟှ နို့ဖရဲ့ အီမာရှိနေဇာဟှို နို့မိ သိဟှလော။” ဆိုဘီး သူးနို့ဟှို ပ္လန်ပြောလေဟှယ်။
LUK 2:50 အယ်ဘေမဲ့ သူးနို့ဟှာ ကောန်သားဟှားရဲ့ စကားဟှို နားလည်ဂေ့ဟှ။
LUK 2:51 အယ်ကြောန့် ယေရှုဟှာ သူးနို့နတူးဒူ နာဇရက်ဗြို့ဟှို ပ္လန်လိုက်ဟှားဘီး အယ်နေရာမာ သူဟှာ သူးနို့စကားဟှို နားထောန်ဘီးနေဟှယ်။ ကောန်သားဟှားရဲ့ မိခင်ဟှာ အယ်ဖြစ်ပျစ်ဇာလေ ဂူလောင်းဟှို စိနှလောင်းထဲမာ သီးဟှားဟှယ်။
LUK 2:52 ယေရှုဟှာ ကာယညာဏ ကီးဒတ်လာဘီး ဘုရားသခင်ရှေ့န လူလေရှေ့မာ မျစ်နှာသာရလေဟှယ်။
LUK 3:1 ကဲသာမန်းဂီး တိဗေရိ အောက်စိုးဇာဟှာ ဆယ့်ငါးနှစ်မြော့‑က်ဟှူ ခီမာ ယုဒပြည်ဟှို အောက်ချောက်ဟှူ လူဟှာ ပုန္တိပိလတ်၊ ဂါလိလဲပြည်ဟှို အောက်ချောက်ဟှူ လူဟှာ ဟေရုဒ်၊ ဣတုရဲပြည်န တရာခေါနိပြည်လေဟှို အောက်ချောက်ဟှူ လူဟှာ ဟေရုဒ်ရဲ့နောန် ဖိလိပ္ပု၊ အဘိလင်ပြည်ဟှို အောက်ချောက်ဟှူ လူဟှာ လုသာနိန၊
LUK 3:2 အန္န၊ ကယာဖ လေဟှာ ယဇ်ပုရောဟိတ်ဂီးလေ ဖြစ်ဟှယ်။ အယ်ခီမာ တောကန္တာရထဲမာရှိဟှူ ဇာခရိရဲ့သား ယောဟန်နားဟှို ဘုရားသခင်ရဲ့ စကားတော် ရော့‑က်လာဟှယ်။
LUK 3:3 အယ်ကြောန့် ယောဟန်ဟှာ ယော်ဒန်မ္လစ်ရဲ့ ပတ်ဝန်းကျင် တခုလောင်းသွားဘီး “နောန်ဒရဘီး ဗတ္တိဇံခံဂေ့။ ဘုရားသခင်ဟှာ နန်းနို့ရဲ့ ပြစ်လေဟှို ခွမ့်လွှတ်လေ့မယ်” ဆိုဘီး ကြေညာဟှယ်။
LUK 3:4 ပရောဖက်ဟေရှာယရဲ့ ကျမ်းထဲမာ၊ “လူတယော့‑က်ဟှာ တောကန္တရထဲမာ အော်ဘီးပြောနေဇာဟှ ‘ဘုရားသခင်ရဲ့ လမ်းဟှို ပြင်ဆင်ဟှားဂေ့! ကိုယ်တော်ကြွဟှို့တွပ် လမ်းဟှို ဖ္လောန့်အောန်လောက်ဂေ့!
LUK 3:5 ချိုင့်ဝှမ်းလေ ဂူလောင်းဟှို ဖ္လဲ့ဘီး၊ တောန်ဂီးတောန်ငယ် ဂူလောင်းဟှို ဖြိုခ္လရမယ်။ လမ်းကော့‑က်လေဟှို ဖ္လောန့်အောန်လောက်ဘီးန၊ လမ်းကြမ်းလေဟှို ချောအောန်လောက်ရမယ်။
LUK 3:6 လူ့သားမျိုးနွယ်စု တခုလောင်းဟှာ ဘုရားသခင်ရဲ့ ကယ်တန်တော်မူရှင်းဟှို ဗြင်ရလေ့မယ်!’ ” ဆိုဘီး ရေးဟှားဟှယ်။
LUK 3:7 ယောဟန်ဟှာ သူ့နားဟှို ဗတ္တိဇံခံဟှို့ ရော့‑က်လာဟှူ လူအောက်ဂီးဟှို “ဝှေ့ မွီဗွေးမျိုးလေ! က္လရော့‑က်လာမယ့် ဘေးဒန်ဟှ လွတ်ဟှို့တွပ် နန်းနို့လေဟှို ဖယ်သူဟှ ဒိပေးလိုက်နူး။
LUK 3:8 နောန်ဒန ထိုက်တန်ဟှူ ကျင့်ဟှို ကျင့်ဂေ့။ အာဗြဟံဟှ နို့လေရဲ့ ဖဖြစ်ဟှယ် ဆိုဘီး ပြောရောင်န နန်းနို့လေ ပြစ်ဒန်ဟှ လွှတ်လေ့မယ် ဆိုဘီး ထန်ဂေ့န။ နန်းနို့ဟှို ငါပြောမယ် ဘုရားသခင်ဟှာ အယ်က္လော့‑က်ခဲလေဟှနေဘီး အာဗြဟံရဲ့ မ္လေးမ္လစ်လေဟှို ဖန်ဆင်းနိုင်ဟှယ်!
LUK 3:9 သစ်ပန်လေရဲ့ ပြစ်လေနားမာ ကတ်ပထားဟှားကြောန့် သီးကောန်းဟှို သီးဘဲဟှူ သစ်ပန်တိုင်းဟှို ခွတ်ပစ်ဘီးဟှာ မီးထဲဟှို ပစ်ခ္လလေ့မယ်” ဆိုဘီး ပြောလေဟှယ်။
LUK 3:10 လူလေဟှာ “အယ်ဆိုဟှာ နို့လေဟှ ဖြားဇာလေ လောက်ရနူး။” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။
LUK 3:11 သူဟှ “ဖယ်လူဘဲ့ဖြစ်ဖြစ် အန်းဂီနှေ့ထည်ရှိဟှယ် ဆိုဟှာ အန်းဂီမှေ့ဘဲဟှူ လူဟှို တထည်ပေးရမယ်။ ဖယ်လူဘဲ့ဖြစ်ဖြစ် စားဇာရှိဟှယ် ဆိုဟှာ အယ်စားဇာဟှို ဝီပေးရမယ်” ဆိုဘီး ဖြေလေဟှယ်။
LUK 3:12 ခွန်ကော့‑က်မားလေ တချို့ဟှာ ဗတ္တိဇံခံဟှို့ လာဘီးန သူးနို့ဟှာ “ဆရာ၊ ကျွန်တော့်ဟှားလေဟှ ဖြားဇာလောက်ရမယ်နူး။” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။
LUK 3:13 သူဟှ “ဥပဒေဟှ သတ်မှတ်ဟှားဇာထတ် ပိုဘီး ခွန်ဟှို ကော့‑က်ဂေ့န” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
LUK 3:14 စစ်သားတချို့ဟှလည်း “ကျွန်တော့်ဟှားလေတွပ် ဟှမား။ ကျွန်တော်ဟှားလေဟှ ဖြားဇာလောက်ရနူး။” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။ “ဖယ်လူဟှိုလည်း မှုဘဲန စွပ်စွဲဂေ့န၊ ဖယ်လူနားဟှဘဲ့ဖြစ်ဖြစ် နိုင်ကျင့်ဘီး ကပ်ဟှို ယူဂေ့န။ နန်းနို့ရဲ့ လစာနဘဲ့ ရောန့်ရဲဂေ့” ဆိုဘီး သူးနို့ဟှို ဖြေလေဟှယ်။
LUK 3:15 လူလေရဲ့ မျှော်လင့်ချစ်လေ ဗြင့်လာဘီး ယောဟန်ဟှာ မေရှိယ ဖြစ်နိုင်ဟှယ် ဆိုဘီး သူးနို့ နှလောင်းထဲမာ အံ့ဩလာဂေ့ဟှယ်။
LUK 3:16 အယ်ကြောန့် ယောဟန်ဟှာ “ငါဟှာ နန်းနို့ဟှို ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ ငါ့ထတ် ရရာတိုင်း ကီးမြတ်ဟှူလူဟှာ လာနေဘီ။ ငါဟှာ အယ်လူရဲ့ ခေနပ်ကြိုးဟှို ဖြေဟှို့ဟှိုမှ ထိုက်ဟှ။ အယ်သူဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န၊ မီးန နန်းနို့ဟှို ဗတ္တိဇံပေးလေ့မယ်။
LUK 3:17 လတ်ထဲမာ ဂေါဟှို ကိုင်ဟှားဘီး သူ့ဗားလန်းပ္လန်ဟှို ရှင်းလန်းစေဘီး ဗားလေဟှို ဗားဂတ်ထဲဟှို ထဲ့ဘီးဟှာ ဗားဖျင်းလေဟှို သေနိုင်ဘဲဟှူမီးန ရှို့လေ့မယ်” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
LUK 3:18 ယောဟန်ဟှာ နည်းလမ်းဘောန်းဇောင်န လူလေဟှို ဒန်းကောန်းဟောဘီး သူးနို့ရဲ့ နည်းလမ်းလေ ပ္လောန်းဟှားဟှို့ သူးနို့ဟှို တိုက်တွန်းလေဟှယ်။
LUK 3:19 ဟေရုဒ်ဟှာ သူ့နောန်ရဲ့ မီးမ ဟေရောဒိန ပတ်သတ်ဇာဟှိုရော၊ သူကိုယ်တိုင် ကျူးလွန်ဟှားဟှူ ကောန်းဘဲဟှူမှုလေ ဇာဟှိုရော ယောဟန်ဟှ သူ့ဟှို ဆောင်းမဟှားဟှယ်။
LUK 3:20 အယ်မျိုး ဆောင်းမလိုက်ကြောန့် ဟေရုဒ်ဟှာ ယောဟန်ဟှို ထောန်ထဲမာ လှောန်ဟှားလိုက်ဟှယ်။ အယ်မျိုး လောက်ရှင်းအားဖြင့် ပိုဘီး ဆိုးဝါးဟှူ ပြစ်ဟှို ထပ်လောက်လိုက်ဟှယ်။
LUK 3:21 လူလေ ဂူလောင်းဟှာ ဗတ္တိဇံခံဂေ့ဘီးန ယေရှုလည်း ဗတ္တိဇံခံတော်မူဟှယ်။ ကိုယ်တော်ဟှာ ဆုတောန်းနေဟှူ ခီမာ ကောန်းဂန်ဘောင် ပွမ့်ဟှားဘီး
LUK 3:22 သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ချိုးငှတ်မျိုး ခန္ဓာန ကိုယ်တော်ထတ်ဟှို ဆင်းလာဟှယ်။ အယ်ဘီးန ကောန်းဂန်ဘောင်ဟှနေ “အယ်သူဟှာ ငါနှစ်သက်မြတ်နိုးဟှူ ငါ့ရဲ့ ရှစ်ဟှူသား ဖြစ်ဟှယ်” ဆိုဘီး သံတော်ထွပ်လာဟှယ်။
LUK 3:23 ယေရှုဟှာ မှုတော်မြတ်ဟှို စဘီး လောက်ဟှူ ခီမာ ကိုယ်တော်ဟှာ သတ်တော်သောင်းဆယ်လော့‑က်ဘဲ့ ရှိဟှယ်။ အယ်ကြောန့် လူလေထန်ဇာဟှ ကိုယ်တော်ဟှာ ယောသပ်ရဲ့သား၊ ယောသပ်ဟှာ ဧလိရဲ့သား၊
LUK 3:24 ဧလိဟှာ မဿတ်ရဲ့သား၊ မဿတ်ဟှာ လေဝိရဲ့သား၊ လေဝိဟှာ မေလခိရဲ့သား၊ မေလခိဟှာ ယန္နရဲ့သား၊ ယန္နဟှာ ယောသပ်ရဲ့သား၊
LUK 3:25 ယောသပ်ဟှာ မတ္တသိရဲ့သား၊ မတ္တသိဟှာ အာမုတ်ရဲ့သား၊ အာမုတ်ဟှာ နာဟုံရဲ့သား၊ နာဟုံဟှာ ဧသလိရဲ့သား၊ ဧသလိဟှာ နဂ္ဂဲရဲ့သား၊ နဂ္ဂဲဟှာ မာအတ်ရဲ့သား၊
LUK 3:26 မာအတ်ဟှာ မတ္တသိရဲ့သား၊ မတ္တသိဟှာ ရှေမိရဲ့သား၊ ရှေမိဟှာ ယောသပ်ရဲ့သား၊ ယောသပ်ဟှာ ယုဒရဲ့သား၊ ယုဒဟှာ ယောဟန္နရဲ့သား၊
LUK 3:27 ယောဟန္နဟှာ ရေသရဲ့သား၊ ရေသဟှာ ဇေရုဗဗေလရဲ့သား၊ ဇေရုဗဗေလဟှာ ရှာလသေလရဲ့သား၊ ရှာလသေလဟှာ နေရိရဲ့သား၊
LUK 3:28 နေရိဟှာ မေလခိရဲ့သား၊ မေလခိဟှာ အဒ္ဒိရဲ့သား၊ အဒ္ဒိဟှာ ကောသံရဲ့သား၊ ကောသံဟှာ ဧလမောဒံရဲ့သား၊ ဧလမောဒံဟှာ ဧရရဲ့သား၊
LUK 3:29 ဧရဟှာ ယောရှုရဲ့သား၊ ယောရှုဟှာ ဧလျေဇာရဲ့သား၊ ဧလျေဇာဟှာ ယောရိမ်ရဲ့သား၊ ယောရိမ်ဟှာ မဿတ်ရဲ့သား၊ မဿတ်ဟှာ လေဝိရဲ့သား၊
LUK 3:30 လေဝိဟှာ ရှိမောင်ရဲ့သား၊ ရှိမောင်ဟှာ ယုဒရဲ့သား၊ ယုဒဟှာ ယောသပ်ရဲ့သား၊ ယောသပ်ဟှာ ယောနန်ရဲ့သား၊ ယောနန်ဟှာ ဧလျာကိမ်ရဲ့သား၊
LUK 3:31 ဧလျာကိမ်ဟှာ မေလေရဲ့သား၊ မေလေဟှာ မဲနန်ရဲ့သား၊ မဲနန်ဟှာ မတ္တသရဲ့သား၊ မတ္တသဟှာ နာသန်ရဲ့သား၊ နာသန်ဟှာ ဒါဝိဒ်ရဲ့သား၊
LUK 3:32 ဒါဝိဒ်ဟှာ ယေရှဲရဲ့သား၊ ယေရှဲဟှာ ဩဗက်ရဲ့သား၊ ဩဗက်ဟှာ ဗောဇရဲ့သား၊ ဗောဇဟှာ စာလမုန်ရဲ့သား၊ စာလမုန်ဟှာ နာရှုန်ရဲ့သား၊
LUK 3:33 နာရှုန်ဟှာ အမိနဒပ်ရဲ့သား၊ အမိနဒပ်ဟှာ အဒ်မိန်ရဲ့သား၊ အဒ်မိန်ဟှာ အာရံနိရဲ့သား၊ အာရံနိဟှာ ဟေဇရုံရဲ့သား၊ ဟေဇရုံဟှာ ဖာရက်ရဲ့သား၊ ဖာရက်ဟှာ ယုဒရဲ့သား၊
LUK 3:34 ယုဒဟှာ ယာကုပ်ရဲ့သား၊ ယာကုပ်ဟှာ ဣဇာက်ရဲ့သား၊ ဣဇာက်ဟှာ အာဗြဟံရဲ့သား၊ အာဗြဟံဟှာ တေရရဲ့သား၊ တေရဟှာ နာခေါ်ရဲ့သား၊
LUK 3:35 နာခေါ်ဟှာ စေရောက်ရဲ့သား၊ စေရောက်ဟှာ ရာဂေါရဲ့သား၊ ရာဂေါဟှာ ဖာလက်ရဲ့သား၊ ဖာလက်ဟှာ ဟေဗာရဲ့သား၊ ဟေဗာဟှာ ရှာလရဲ့သား၊
LUK 3:36 ရှာလဟှာ ကာဣနန်ရဲ့သား၊ ကာဣနန်ဟှာ အာဖာဇဒ်ရဲ့သား၊ အာဖာဇဒ်ဟှာ ရှေမရဲ့သား၊ ရှေမဟှာ နောဧရဲ့သား၊ နောဧဟှာ လာမက်ရဲ့သား၊
LUK 3:37 လာမက်ဟှာ မသုရှလရဲ့သား၊ မသုရှလဟှာ ဧနောက်ရဲ့သား၊ ဧနောက်ဟှာ ယာရက်ရဲ့သား၊ ယာရက်ဟှာ မဟာလေလရဲ့သား၊ မဟာလေလဟှာ ကာဣနန်ရဲ့သား၊
LUK 3:38 ကာဣနန်ဟှာ ဧနုတ်ရဲ့သား၊ ဧနုတ်ဟှာ ရှေသရဲ့သား၊ ရှေသဟှာ အာဒံရဲ့သား၊ အာဒံဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ်။
LUK 4:1 ယေရှုဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဘီး ယော်ဒန်မ္လစ်နားဟှနေ ပ္လန်လာဘီးန ကိုယ်တော်ဟှာ ဝိညာဉ်တော်အားဖြင့် တောကန္တရထဲဟှို ပို့ဆောန်ရှင်းဟှို ခံတော်မူဘီး၊
LUK 4:2 အယ်နေရာမာ ကိုယ်တော်ဟှာ ရစ်လေးဆယ် လောင်းလောင်း နေဘီး မာရ်နတ်ရဲ့ သွီးဆောန်ရှင်းဟှို ခံရဟှယ်။ အယ်နေ့ရစ်လေမာ ကိုယ်တော်ဟှာ ဖြားလည်းစားဘဲကြောန့် အယ်နေ့ရစ်လေ ပီးဆောင်းဟှားဟှူ ခီမာ ကိုယ်တော်ဟှာ ရရာတိုင်း ဗိုက်ဆာတော်မူဟှယ်။
LUK 4:3 မာရ်နတ်ဟှ “သင်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဟှာ အယ်က္လော့‑က်ခဲဟှို မုဖြစ်လာအောန် မိန့်ပေးကေ့” ဆိုဘီး ကိုယ်တော့်ဟှို ပြောဟှယ်။
LUK 4:4 အယ်ဘေမဲ့ ယေရှုဟှ “‘လူဟှာ စားဇာတခုဒဲန သတ်ရှင်ရဟှို့ မှုဟှ’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
LUK 4:5 အယ်ဘီးန မာရ်နတ်ဟှာ ကိုယ်တော့်ဟှို ရရာတိုင်း ဗြစ်ဟှူ တောန်ထတ်ဟှို ခေါ်ဆောန်ဟှားဘီး အယ်လောကရဲ့ နိုင်ငံလေဟှို တခဏရှင်းမာ ကိုယ်တော့်ဟှို ပြလိုက်ဟှယ်။
LUK 4:6 မာရ်နတ်ဟှ “ငါဟှာ ကိုယ်တော့်ဟှို အယ်ခွမ့်အာဏာ ဂူလောင်းန အယ်ဖောင်းစည်းဇိမ် ဂူလောင်းပေးမယ်။ အယ်ဇာလေ ဂူလောင်းဟှာ ငါ့ဟှို အပ်ဟှားပီးဘီ။ ငါဟှာ အယ်ဇာလေဟှို ငါဝီးကော့‑က်ဟှားဟှူ ဖယ်လူဘဲ့ဖြစ်ဖြစ် ငါပေးနိုင်ဟှယ်။
LUK 4:7 ကိုယ်တော်ဟှာ ငါ့ဟှို ကိုးကွယ်မယ် ဆိုဟှာ အယ်မူဇာလေ ဂူလောင်းဟှာ ကိုယ်တော်ရဲ့ အောက်စာလေ ဖြစ်ဟှားလေ့မယ်” ဆိုဘီး ကိုယ်တော့်ဟှို ပြောဟှယ်။
LUK 4:8 ယေရှုဟှ “ကျမ်းစာမာ ‘နန့်ရဲ့ ဘုရားသခင် တပါးဒဲဟှိုဘဲ့ ကိုးကွယ်ရမယ်။ အယ်သခင် တပါးဒဲဟှိုဘဲ့ စေခံရမယ်!’ ဆိုဇာ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 4:9 အယ်ဘီးန မာရ်နတ်ဟှာ ကိုယ်တော့်ဟှို ယေရုရှလင်ဗြို့ဟှို ခေါ်ဟှားဘီး ဗိမာန်တော်ရဲ့ ထိဖျားမာ တန်ဟှားဘီးဟှာ “ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဟှာ အယ်နေရာဟှနေ အော့‑က်ဟှို ခူခ္လလိုက်။
LUK 4:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ‘ဘုရားသခင်ဟှာ ကိုယ်တော့်ဟှို စောန့်ရှော့‑က်ဟှို့တွပ် ကောန်းဂန်တမန်လေဟှို မိန့်ပေးဟှားလေ့မယ်။
LUK 4:11 ကိုယ်တော်ရဲ့ ခေဟှို က္လော့‑က်န ထိခိုက်ဘဲနေအောန် သူးနို့ဟှာ ကိုယ်တော့်ဟှို လတ်န ခီမဟှားလေ့မယ်’ ဆိုဇာ ကျမ်းစာမာ ပြောဟှားဟှယ်” ဆိုဘီး ပြောလေဟှယ်။
LUK 4:12 အယ်ဘေမဲ့ ယေရှုဟှ “‘နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စောင်ဇမ်းန’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
LUK 4:13 မာရ်နတ်ဟှာ သွီးဆောန်ရှင်း ဘောန်းဇောင် လောက်ဘီးန ယေရှုနားဟှ ထွပ်ဟှားဘီး ခွမ့်ကောန်းဟှို စောန့်နေလေဟှယ်။
LUK 4:14 အယ်ဘီးန ယေရှုဟှာ ဂါလိလဲပြည်ဟှို ပ္လန်ဟှားဘီး ဘုရားသခင်ရဲ့ ဝိညာဉ်တော်တဂိုးဟှာ ကိုယ်တော်နတူးဒူ ရှိတော်မူဟှယ်။ ကိုယ်တော့်ဒန်းဟှာ အယ်ဒေသ တခုလောင်း ပ္လန့်နှံ့ဟှားဟှယ်။
LUK 4:15 ကိုယ်တော်ဟှာ ဝါလယ်ဇရပ်လေမာ သွန်သန်ဘီး ကိုယ်တော့်ဟှို လူတိုင်းချီးမွမ်းဂေ့ဟှယ်။
LUK 4:16 အယ်ဘီးန ယေရှုဟှာ နာဇရက်ဗြို့ဟှို ကြွဟှားတော်မူဟှယ်။ အယ်ဗြို့ဟှာ ကိုယ်တော် ကီးဒတ်လာဟှူ ဗြို့ဖြစ်ဘီး ဒန်းနေ့မာ ကိုယ်တော်ဟှာ ခါတိုင်းသွားနေမျိုးဘဲ့ ဝါလယ်ဇရပ်ဟှို ကြွဟှားတော်မူဟှယ်။ ကိုယ်တော်ဟှာ ကျမ်းစာဖတ်ဟှို့ မတ်တတ်ထလိုက်ဘီးန
LUK 4:17 ကိုယ်တော်ဟှာ ပရောဖက် ဟေရှာယရဲ့ ကျမ်းဟှို လှမ်းယူလိုက်ဘီး ကျမ်းစာဟှို ဖွမ့်လိုက်န အယ်ကျမ်းမာ
LUK 4:18 “သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟှာ ငါ့ထတ်မာ ရှိတော်မူဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ဆင်းရဲသားလေနားဟှို ဒန်းကောန်းသယ်ဆောန်ဟှို့ ငါ့ဟှို ဝီးကော့‑က်တော်မူဟှယ်။ ကိုယ်တော်ဟှာ ခယ်ဟှားဇာခံရဟှူ လူလေနားဟှို လွှတ်မြော့‑က်စေဟှို့န မျစ်စိကန်းဟှူ လူလေဟှို လန်းပ္လန်ရစေဟှို့၊ ညှဉ်းဆဲခံရဟှူ လူလေ လွှတ်မြော့‑က်စေဟှို့ကြောန်း ကြေညာဘီးန
LUK 4:19 သခင်ဘုရားဟှာ ကိုယ်တော်ရဲ့ လူလေဟှို ကယ်တန်ဟှို့ ခီဟှာ ရော့‑က်လာဘီ ဖြစ်ကြောန်းဟှို ကြေညာဟှို့ ငါ့ဟှို စေလွတ်ဟှယ်” ဆိုဘီး ရေးဟှားလေဟှယ်။
LUK 4:20 ယေရှုဟှာ ကျမ်းစာဟှို လိဘီး ဇရပ်စောန့်ဟှို ပ္လန်ပေးဘီးန ထိုင်လိုက်ဟှယ်။ ဝါလယ်ဇရပ်ထဲဟှ လူလေ ဂူလောင်းရဲ့ မျစ်လောင်းလေဟှာ ကိုယ်တော့်ဟှိုဘဲ့ စေ့စေ့ကေ့နေဟှယ်။
LUK 4:21 အယ်ကြောန့် ယေရှုဟှာ သူးနို့ဟှို့ “နန်းနို့ ကြားဟှားမျိုးဘဲ့ အယ်ကျမ်းပိုဒ်ဟှာ အယ်နေ့ဘဲ့ မှန်ဖြစ်လာဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 4:22 လူလေ ဂူလောင်းဟှာ ကိုယ်တော့်ဟှို ရရာတိုင်း ထော့‑က်ခံဂေ့ဘီး ကိုယ်တော်ရဲ့ ဆွဲဆောန်အားကောန်းဟှူ စကားလေကြောန့် အံဩဂေ့ဟှယ်။ သူးနို့ဟှ “သူဟှာ ယောသပ်ရဲ့ သား မှုဟှလော” ဆိုဘီး ပြောနေဂေ့ဟှယ်။
LUK 4:23 ကိုယ်တော်ဟှာ “နန်းနို့ဟှာ ငါ့ဟှို အယ်မျိုးဆိုရိုးစကားန ကိုးကားလေ့မယ် ‘ဆရာဝန်၊ ကိုယ့်ကိုယ်ကိုယ် နာပျော့‑က်အောန်ကု’ ဆိုဘီး ပြောမယ် ဆိုဇာဟှို ငါတိက္လ သိဟှယ်။ ကပေရနောင်ဗြို့မာ လောက်ဟှားဇာဟှို နန်းနို့ ကြားဟှားပီးဘီ အယ်မျိုးဇာလေဟှို ငါ့ရဲ့ မွီးရပ်ဗြို့မာလည်း နန်းနို့ဟှာ ငါ့ဟှို လောက်ပြဟှို့ ပြောလေ့အူးမယ်။
LUK 4:24 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ပရောဖက်လေဟှာ သူးနို့ရဲ့ ဗြို့မာ ကြိုဆိုရှင်းဟှို လောင်းဝ ခံရဟှ။
LUK 4:25 ငါ မှန်တိုင်းပြောမယ်၊ နားထောန်ဂေ့။ ဧလိယ လတ်ထတ်ဟှ ဣသရေလနိုင်ငံမာ သောင်းနှစ်ခွဲ ကောန်းဂန်ပိဟှားဘီး တနိုင်ငံလောင်း စာရေဇာ ခေါန်းပါးနေခီမာ ဣသရေလနိုင်ငံမာ မောက်ဆိုးမလေ ဘောင်ဂီးရှိဟှယ်။
LUK 4:26 ဧလိယဟှာ ဣသရေလနိုင်ငံထဲဟှ ဖယ်မောက်ဆိုးမ တယော့‑က်နားဟှိုလည်း စေလွတ်ရှင်းခံရဘဲ ဇိဒုန်ပြည် ဇရတ္တဗြို့မာနေဟှူ မောက်ဆိုးမ တယော့‑က်နားဟှိုဘဲ့ စေလွတ်ဟှယ်။
LUK 4:27 ပရောဖက် ဧလိရှဲ လတ်ထတ်ဟှ ဣသရေလနိုင်ငံမာနေဟှူ နူနာရောဂါသယ်လေ ဘောင်ဂီးရှိဘေမဲ့ သူးနို့လေထဲဟှ တယော့‑က်လည်း သန့်ရှင်းခွမ့် ရဂေ့ဟှ။ အယ်ဘေမဲ့ ရှုရိလူမျိုး နေမန်တယော့‑က်ဘဲ့ သန့်ရှင်းခွမ့် ရဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 4:28 ဝါလယ်ဇရပ်မာရှိဟှူ လူလေဟှာ အယ်စကားဟှို ကြားရဟှူ ခီမာ သူးနို့ဟှာ ဒေါသထွပ်ဟှားဂေ့ဟှယ်။
LUK 4:29 သူးနို့ဟှာ မတ်တတ်ထလိုက်ဘီး ယေရှုဟှို ဗြို့ပ္လန်ထိ ဒရွတ်တိုက်ဆွဲဟှားဘီးန သူးနို့ ဗြို့တည်ဟှားဟှူ တောန်ထိဟှို ခေါ်ဆောန်ဟှားဟှယ်။ သူးနို့ဟှာ ကိုယ်တော့်ဟှို က္လော့‑က်ဆောန်ထတ်ဟှနေ တွန်းခ္လဟှို့ ခေါ်ဆောန်ဟှားဘေမဲ့၊
LUK 4:30 ကိုယ်တော်ဟှာ လူအောင်ဂီးလယ်ဟှနေ ရှော့‑က်ဟှားဘီး ကြွဟှားလေဟှယ်။
LUK 4:31 အယ်ဘီးန ယေရှုဟှာ ဂါလိလဲပြည်ဟှ ဗြို့တဗြို့ဖြစ်ဟှူ ကပေရနောင်ဗြို့ဟှို ဆင်းဟှားဘီး ဒန်းနေ့မာ ကိုယ်တော်ဟှာ လူလေဟှို သွန်သန်တော်မူဟှယ်။
LUK 4:32 သူးနို့ ဂူလောင်းဟှာ ကိုယ်တော်ရဲ့ သွန်သန်ဟှူ နည်းလမ်းဟှို အံ့ဩဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ခွမ့်အာဏာန ပြောတော်မူကြောန့် ဖြစ်ဟှယ်။
LUK 4:33 ဝါလယ်ဇရပ်မာ ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူလူ တယော့‑က်ရှိဘီး သူဟှာ သံက္လယ်ဟှီးန
LUK 4:34 “မိ–ဝေး! နာဇရက်ဗြို့သားယေရှု၊ ကိုယ်တော်ဟှာ ကျွန်တော့်လေန ဖယ်မျိုးဆိုင်နူး။ ကိုယ်တော်ဟှာ ကျွန်တော့်လေဟှို ဖျစ်ဆီးဟှို့တွပ် အယ်နေရာဟှို ရော့‑က်လာဇာလော။ ကိုယ်တော်ဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော်သိဟှယ်။ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ စေတမန်ဖြစ်ဟှယ်!” ဆိုဘီး အော်လေဟှယ်။
LUK 4:35 ယေရှုဟှာ အယ်နတ်ဟှို “တိတိနေဘီး အယ်လူထဲဟှထွပ်!” ဆိုဘီး မိန့်ပေးလေဟှယ်။ နတ်ဆိုးဟှာ အယ်လူဟှို သူးနို့ရှေ့မာ ပစ်လှဲခ္လဘီးန သူ့ဟှို ထိခိုက်ရှင်း မှေ့ဘဲန သူ့ထဲဟှ ထွပ်ဟှားဟှယ်။
LUK 4:36 လူလေ ဂူလောင်းဟှ အံ့ဩဟှားဂေ့ဘီး ယော့‑က်နယော့‑က် “အယ်စကားလေဟှ ဖြားမျိုးစကားလေနူး။ အယ်လူဟှာ ညစ်ညူးဟှူ နတ်လေဟှို ခွမ့်အာဏာတဂိုးန မိန့်ပေးလိုက်ဟှူန သူးနို့ဟှာ ထွပ်ဟှားဟှယ်!” ဆိုဘီး ပြောနေဂေ့ဟှယ်။
LUK 4:37 ယေရှုရဲ့ ဒန်းဟှာ အယ်ဒေသ တခုလောင်းဟှို ပ္လန့်နှံ့ဟှားလေဟှယ်။
LUK 4:38 ယေရှုဟှာ ဝါလယ်ဇရပ်ဟှနေ ထွပ်ဟှားဘီးန ရှိမုန်ရဲ့ အီဟှို ကြွဟှားလိုက်ဟှယ်။ ရှိမုန်ရဲ့ ယောက္ခမဟှာ ဖျားနာဘီး ရရာတိုင်း နေကောန်းဘဲ ဖြစ်နေကြောန်း သူးနို့ဟှာ ယေရှုဟှို တောန်းလျှော့‑က်လေဟှယ်။
LUK 4:39 ကိုယ်တော်ဟှာ အယ်မီးမရဲ့ ဘေးနားမာ သွားရပ်ဘီး ဖျားပျော့‑က်စေ ဆိုဘီး မိန့်ပေးလိုက်ဟှယ်။ အယ်မီးမဟှာ ဖျားနာပျော့‑က်ဟှားကြောန့် ရှစ်ရှင်းထဘီး ကိုယ်တော်န တဗဲ့တော်လေဟှို ဧည့်ဝတ်ပြုလေဟှယ်။
LUK 4:40 နေဝမ်ဟှားဘီးန ရောဂါဘောန်းဇောင်န နေကောန်းဘဲဖြစ်နေဟှူ လူလေရဲ့ ငယ်ဂျင်းလေဟှာ သူးနို့ဟှို ယေရှုနားဟှို ခေါ်လာဂေ့ဟှယ်။ ကိုယ်တော်ဟှာ သူးနို့ ဂူလောင်းထတ်မာ လတ်ဟှို တန်ဘီးန သူးနို့ ဂူလောင်းဟှို နာပျော့‑က်စေဟှယ်။
LUK 4:41 နတ်ဆိုးလေဟှာလည်း လူလေထဲဟှနေ “ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှယ်!” ဆိုဘီး အော်ဟစ်ဘီး ထွပ်ဟှားဂေ့ဟှယ်။ ယေရှုဟှာ မေရှိယဖြစ်ဟှယ် ဆိုဇာဟှို နတ်ဆိုးလေဟှ သိဟှယ်။ အယ်ကြောန့် သူးနို့ဟှို စကားခွန်းလည်းပြောန ဆိုဘီး မိန့်ပေးတော်မူဟှယ်။
LUK 4:42 မိုးလန်းဟှူ ခီမာ ယေရှုဟှာ ဗြို့ဟှနေ ထွပ်ဟှားဘီးန တိဆိဟှူ နေရာဟှို ကြွဟှားလေဟှယ်။ လူလေဟှာ ကိုယ်တော့်ဟှို လိုက်ရှာဂေ့ဘီး သူးနို့ဟှာ ကိုယ်တော့်ဟှို တွိဟှူ ခီမာ ကိုယ်တော့်ဟှို ထွပ်ဟှားဘဲနေအောန် ဆီးတားဂေ့ဟှယ်။
LUK 4:43 အယ်ဘေမဲ့ ကိုယ်တော်ဟှာ “ငါဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို တခြား ဗြို့ဝါလေမာလည်း ကြေညာရအူးမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မျိုးကြေညာဟှို့ ဘုရားသခင်ဟှ ငါ့ဟှို စေလွတ်ရှင်း ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 4:44 အယ်ကြောန့် ကိုယ်တော်ဟှာ ယုဒပြည် တပြည်လောင်းမာရှိဟှူ ဝါလယ်ဇရပ်လေမာ ကြေညာတော်မူလေဟှယ်။
LUK 5:1 တနေ့မာ ယေရှုဟှာ ဂင်္နေသရက်အိုင်ရဲ့ ကမ်းနားမာ ရပ်နေဟှူ ခီမာ လူလေဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို နားထောန်ဟှို့ ကိုယ်တော်နားဟှို တိုးဝမ်ဂေ့ဟှယ်။
LUK 5:2 ကိုယ်တော်ဟှာ ကမ်းနားမာ ကပ်ဟှားဟှူ လှေနှေ့စင်းဟှို ဗြင်တော်မူဟှယ်။ ငါးဖမ်းမားလေဟှာ လှေလေထတ်ဟှနေ ဆင်းဘီးန ငါးဖမ်းပိုက်လေဟှို ဆေးနေဂေ့ဟှယ်။
LUK 5:3 ယေရှုဟှာ အယ်လှေနှေ့စီးထဲဟှ ရှိမုန်ရဲ့ လှေထတ်ဟှို တတ်တော်မူဘီးန လှေဟှို ကမ်းဟှနေ နဲနဲခွာဟှို့ သူ့ဟှို ခွမ့်တောန်းလေဟှယ်။ ယေရှုဟှာ လှေထတ်မာ ထိုင်ဘီးန လူအောက်ဂီးဟှို သွန်သန်ဟှယ်။
LUK 5:4 ကိုယ်တော်ဟှာ သွန်သန်ရှင်းလေ ပီးဟှားဟှူ ခီမာ ရှိမုန်ဟှို “ရေနတ်ထဲဟှို ထွပ်ဟှားဘီး ငါးလေဟှို ဖမ်းဟှို့တွပ် နန့်န နန့်ပေါန်းဖော်လေရဲ့ ငါးဖမ်းပိုက်လေဟှို ခ္လဂေ့” မိန့်တော်မူလေဟှယ်။
LUK 5:5 ရှိမုန်ဟှ “ကျွန်တော့်ဟှားလေဟှာ တညဉ့်လောင်း ကြိုးစားဘီး ဖမ်းလည်း ဂေါန်လည်းရဂေ့ဟှ။ အယ်ဘေမဲ့ ကိုယ်တော်ရဲ့ မိန့်တော်တိုင်း ငါးဖမ်းပိုက်လေဟှို ခ္လလိုက်မယ်” ဆိုဘီး ပ္လန်ပြောတော်မူဟှယ်။
LUK 5:6 သူးနို့ဟှာ ငါးဖမ်းပိုက်လေဟှို ခ္လလိုက်ဘီးန ငါးလေဘောင်ဂီး ဖမ်းမိကြောန့် ငါးဖမ်းပိုက်လေ စုပ္လဲခါနီး ဖြစ်ဟှားဟှယ်။
LUK 5:7 အယ်ကြောန့် သူးနို့ဟှာ လာဘီး ကူညီပေးဟှို့ တခြားလှေထဲမာရှိနေဟှူ သူးနို့ရဲ့ ပေါန်းဖော်လေဟှို လတ်ပြဘီး ခေါ်လိုက်ဟှယ်။ သူးနို့ဟှာ လာဘီးန လှေနှေ့စင်းလောင်းဟှို ငါးလေပ္လဲ့ ဖ္လဲ့လိုက်ကြောန့် လှေလေဟှာ မ္လုပ်ခါနီး ဖြစ်ဟှားဟှယ်။
LUK 5:8 အယ်မျိုးဖြစ်ဇာလေဟှို ရှိမုန်ပေတရု ဗြင်လိုက်ဟှူ ခီမာ ယေရှုရှေ့မာ ဒူးထော့‑က်ဘီး “သခင်၊ ကျွန်တော့်နားဟှနေ ကြွဟှားတော်မူပါ! ကျွန်တော်ဟှာ ပြစ်သား ဖြစ်ဟှယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 5:9 သူ့နတူးဒူရှိဟှူ လူလေ ဂူလောင်းဟှာ ဖမ်းမိဟှူ ငါးလေဟှာ ဘောင်ဂီး ဖြစ်နေကြောန့် အံ့ဩဟှားဂေ့ဟှယ်။
LUK 5:10 ရှိမုန်ရဲ့ လောက်ဖော်ဆောန်ဖတ်လေဖြစ်ဘီး ဇေဗေဒဲရဲ့ သားလေဖြစ်ဟှူ ယာကုပ်န ယောဟန်လေဟှာလည်း အယ်မျိုးဘဲ့ အံ့ဩဟှားဂေ့ဟှယ်။ ယေရှုဟှာ ရှိမုန်ဟှို “ကြော့‑က်ဂေ့န။ ခုဟှစဘီး နန်ဟှာ လူလေဟှို ဖမ်းရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 5:11 သူးနို့ဟှာ လှေလေဟှို ကမ်းနားမာ ကပ်လိုက်ဘီး ငါးလေ ဂူလောင်း ထားရစ်ဘီးန နော့‑က်တော်ဟှို လိုက်ဂေ့ဟှယ်။
LUK 5:12 တနေ့မာ ယေရှုဟှာ ဗြို့တဗြို့မာ ရှိနေဒူးမာ နူနာသယ် တယော့‑က်ဟှာ ယေရှုဟှို ဗြင်ဟှားဟှူ ခီမာ ပျပ်ဝပ်ဘီး ကိုယ်တော့်ဟှို “သခင်၊ လိုတော်ရှိဟှယ် ဆိုဟှာ ကျွန်တော့်ဟှို သန့်ရှင်းအောန် လောက်နိုင်ဟှယ်!” ဆိုဘီး တောန်းဗန်လေဟှယ်။
LUK 5:13 ယေရှုဟှာ လတ်တော်ဟှို ဆန့်ဘီးဟှာ သူ့ဟှို တို့ထိတော်မူဟှယ်။ “ငါလိုရှိဟှယ်။ သန့်ရှင်းစေ!” ဆိုဘီး ကိုယ်တော်ဟှ မိန့်တော်မူဟှယ်။ ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့‑က်ဟှားလေဟှယ်
LUK 5:14 ယေရှုဟှာ သူ့ဟှို “ဖယ်သူဟှိုလည်း ပြောန။ အယ်ဘေမဲ့ ယဇ်ပုရောဟိတ်နားဟှို သွားဘီး ကိုယ်ဟှို ပြလိုက်ပါ။ စင်ကြယ်ဟှားဘီး ဆိုဇာဟှို လူလေရှေ့မာ သတ်သေဖြစ်ဟှို့တွပ် မောရှေပညတ်ဟှားဟှူတိုင်း ပူဇော်သကာဟှို ဆစ်သပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 5:15 အယ်ဘေမဲ့ ယေရှုရဲ့ ဒန်းဟှာ ရရာတိုင်း ပ္လံ့နှံ့ဟှားဘီး လူအောက်ဂီးဟှာ ကိုယ်တော်ရဲ့ တရားတော်လေ ကြားရဟှို့န သူးနို့ရဲ့ ရောဂါလေ ပျော့‑က်ဟှို့တွပ် လာဂေ့ဟှယ်။
LUK 5:16 အယ်ဘေမဲ့ ကိုယ်တော်ဟှာ တိဆိဟှူ နေရာမာ ဆုတောန်းဟှို့ ထွပ်ကြွဟှားတော်မူဟှယ်။
LUK 5:17 တနေ့မာ ယေရှုဟှာ သွန်သန်တော်မူနေဒူးမာ ယေရုရှလင်ဗြို့၊ ယုဒပြည်န ဂါလိလဲပြည် ဗြို့ဝါလေဟှနေ လာဟှူဖာရိရှဲ တချို့န ကျမ်းတတ်ဆရာလေဟှာ ထိုင်နေဂေ့ဟှယ်။ ရောဂါ ပျော‑က်စေဟှို့ ဘုရားသခင်ရဲ့ တဂိုးတော်ဟှာ ယေရှုမာ ရှိတော်မူဟှယ်။
LUK 5:18 လူတချို့ဟှာ လေဖြတ်နေဟှူ လူတယော့‑က်ဟှို ထမ်းစင်န သယ်လာဘီး အီထဲဟှို သယ်ဆောင်ဟှားဘီး ယေရှုရဲ့ ရှေ့တော်မာ ခ္လဟှားဟှို့ ကြိုးစားဂေ့ဟှယ်။
LUK 5:19 ကြိုးစားဘေမဲ့လည်း လူလေဘောင်ဂီး ရှိနေကြောန့် သူးနို့ဟှာ လူနာဟှို သယ်သွမ်းဟှားဟှို့ လမ်းရှာတွိဘဲ ဖြစ်နေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ အီးခေါန်မိုးထတ်ဟှို တတ်ဘီးဟှာ အီးခေါန်မိုးဟှို ဖော့‑က်ဘီးမှ လူနာဟှို ထမ်းစင်န လူအောက်ဂီးရဲ့လယ် ယေရှုရဲ့ ရှေ့တော်ဟှို လျှောခ္လဂေ့ဟှယ်။
LUK 5:20 ယေရှုဟှာ သူးနို့မာ ရရာတိုင်း ယောင်ကြည်ရှင်း ရှိဟှယ် ဆိုဇာဟှို ဗြင်တော်မူဟှားဘီး လူနာဟှို “မိဆွေ၊ နန်ဟှာ ပြစ်လေလွတ်ရှင်းခံရဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 5:21 ကျမ်းတတ်ဆရာလေန ဖာရိရှဲလေဟှာ “ဘုရားဟှို စော်ဂါးဘီး ပြောနေဟှူ လူဟှ ဖယ်သူနူး! ဘုရားသခင် တပါးဒဲဘဲ့ ပြစ်လေဟှို ဖြေလွတ်ပေးနိုင်ဟှယ်!” ဆိုဘီး သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
LUK 5:22 ယေရှုဟှာ သူးနို့ရဲ့ စိဟှို သိကြောန့် သူးနို့ဟှို “နန်းနို့ဟှာ ဖြားဖြစ်ကြောန့် အယ်ဇာလေဟှို နန်းနို့ရဲ့ နှလောင်းထဲမာ စဉ်းစားနေဂေ့နူး။
LUK 5:23 ‘နန်ဟှာ ပြစ်လွတ်ရှင်းခံရဘီ’ ဆိုဘီး ပြောဇာဟှ လွယ်လော။ ‘နန် ထဘီး လမ်းရှော့‑က်’ ဆိုဘီး ပြောဇာဟှ လွယ်လော။
LUK 5:24 လူ့ရဲ့သားဟှာ လောကမာ ပြစ်လွှတ်ပိုင်ဟှူ ခွမ့်အာဏာ ရှိဟှယ် ဆိုဇာ နန်းနို့ဟှို သတ်သေပြမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ လေဖြတ်နေဟှူ လူဟှို “ထဒန်၊ ထမ်းစင်ဟှို သီးဘီးဟှာ အီပ္လန်ဝေါ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 5:25 ရှစ်ရှင်းဘဲ့ အယ်လူဟှာ သူးနို့ ဂူလောင်းရှေ့မာ ထရပ်ဘီး။ သူအိဟှားဟှူ အိယာဟှို သီးဘီး၊ ဘုရားသခင်ဟှို ချီးမွမ်းဘီး အီဟှို ပ္လန်ဟှားဟှယ်။
LUK 5:26 သူးနို့ ဂူလောင်းဟှာ ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်! သူးနို့ဟှာ ကြော့‑က်လန့်လာဘီး ဘုရားသခင်ဟှို “အယ်နေ့မာ ရရာတိုင်း အံ့ဩဇာလေဟှို နို့လေဗြင်ရဂေ့ဘီ” ဆိုဘီး ချီးမွမ်းဂေ့လေဟှယ်။
LUK 5:27 အယ်ဇာလေ ပီးဟှားဘီးန ယေရှုဟှာ ထွပ်ကြွဟှားတော်မူဘီး လေဝိနာမယ်ရှိဟှူ ခွန်ကော့‑က်မားဟှာ သူ့ခွန်ရောင်းမာ ထိုင်နေဇာဟှို ဗြင်တော်မူလေဟှယ်။ ယေရှုဟှာ သူ့ဟှို “ငါ့နော့‑က်ဟှို လိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 5:28 လေဝိဟှာ ဂူလောင်းဟှို ထားရစ်ဘီး နော့‑က်တော်ဟှို လိုက်ဟှားဟှယ်။
LUK 5:29 အယ်ဘီးန လေဝိဟှာ သူ့ရဲ့ အီမာ ယေရှုတွပ် ဧည့်ခံဗွဲဂီး ကျင်းပလေဟှယ်။ အယ်ပွဲဟှို လာဟှူ ဧည့်သည်လေထဲမာ ခွန်ကော့‑က်မားလေန တခြားလူလေ ပါဟှယ်။
LUK 5:30 ကျမ်းတတ်ဆရာလေ တချို့န သူးနို့ရဲ့ အောက်စုဝမ်ဖြစ်ဟှူ ဖာရိရှဲလေ တချို့ဟှာ ယေရှုရဲ့ တဗဲ့တော်လေဟှို ပြစ်တန်ဂေ့ဟှယ်။ “ဖြားဖြစ်ကြောန့် နန်းနို့ဟှာ ခွန်ကော့‑က်မားလေ၊ ပြစ်သားလေနတူးဒူ စားသော့‑က်ရဂေ့နူး” ဆိုဘီး သူးနို့ဟှို မေးလိုက်ဟှယ်။
LUK 5:31 ယေရှုဟှာ သူးနို့ဟှို “နေကောန်းနေဟှူ လူလေဟှ ဆရာဝန်ဟှို လိုအပ်ဟှ။ အယ်ဘေမဲ့ နေကောန်းဘဲလူဟှ ဆရာဝန်ဟှို လိုအပ်ဟှယ်။
LUK 5:32 ငါဟှာ ဖြောန့်မတ်ဟှူ လူလေ နောန်ဒရဟှို့တွပ် ခေါ်ဟှို့လာဇာ မှုဟှ။ ပြစ်ရှိဟှူ လူလေဟှို နောန်ဒရစေဟှို့တွပ် ခေါ်ဟှို့လာဇာ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 5:33 လူတချို့ဟှ ယေရှုဟှို “ယောဟန်ရဲ့ တဗဲ့လေန ဖာရိရှဲလေရဲ့ တဗဲ့လေဟှာ စာရှောန်ရှင်းန ဆုတောန်းရှင်းလေဟှို ခါဘီးခါ လောက်ဘေမဲ့ ကိုယ်တော်ရဲ့ တဗဲ့လေဟှာ စားသော့‑က်ဘီး နေဂေ့ဟှယ်” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
LUK 5:34 ယေရှုဟှ “အီတတ်ဗွဲမာ ဒို့သားနတူးဒူ ရှိနေဟှူ ပေါန်းသင်းလေဟှာ ဒို့သားနတူးဒူ ရှိနေခီမာ စာရှောန်ခိုင်းနိုင်လော။
LUK 5:35 အယ်ဘေမဲ့ ဒို့သားဟှို သူးနို့နားဟှနေ ဆောန်ယူဟှားဟှို့နေ့ ရော့‑က်လာဟှူ ခီမာ သူးနို့ဟှာ စာရှောန်လေ့မယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
LUK 5:36 ယေရှုဟှာ သူးနို့ဟှို ပေါင်ဥပမာန “ဖယ်သူလည်း အန်းဂီးစသစ်ဟှို ဆုဖ္လဲဘီး အန်းဂီဟောန်းမာ ဖာလေ့မှေ့ဟှ။ အယ်မျိုးဖာမယ် ဆိုဟှာ အန်းဂီသစ်ဟှာ ပျစ်စီးဟှားဘီး အန်းဂီဇသစ်န အန်းဂီဟောန်းဟှာ လိုက်ဖက် မှုဟှ။
LUK 5:37 အယ်မျိုးဘဲ့ ဝိုင်သစ်ဟှို သားရေဖူးဟောန်းထဲမာ ထဲ့လေ့ မှေ့ဟှ။ ထဲ့မယ် ဆိုဟှာ ဝိုင်သစ်ဟှ သားရေဖူးဟောန်းဟှို ပေါ့‑က်ပ္လဲစေဘီး ဝိုင်န သားရေဖူး နှေ့ခုလောင်းဟှာ ပျစ်စီးဟှားလေ့မယ်။
LUK 5:38 ဝိုင်သစ်ဟှို သားရေဖူးသစ်မာဘဲ့ ထဲ့ရဟှယ်!
LUK 5:39 ဝိုင်ဟောန်းဟှို သော့‑က်ဟှားဘီးဟှူ လူဟှာ ဝိုင်သစ်ဟှို သော့‑က်ရှင်ဂေ့ဟန်း! ‘ဝိုင်ဟောန်းဟှ ပိုကောန်းဟှယ်’ ဆိုဘီး နန်နို့ ပြောလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 6:1 ဒန်းနေ့မာ ယေရှုဟှာ ဂျောင်စဗားလယ်ဂွမ့်လေဟှို ဖြတ်ကြွဟှားတော်မူဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ ဂျောင်စဗားနှံလေဟှို ဆွတ်ဘီး၊ လတ်နပွတ်ဘီး စားဂေ့ဟှယ်။
LUK 6:2 ဖာရိရှဲတချို့ဟှ “ဒန်းနေ့မာ နန်းနို့ဟှို လောက်န ဆိုဘီး နို့လေရဲ့ ပညတ်တရားမာ ပြောဟှားဇာဟှို ဖြားဖြစ်ကြောန့် နန်းနို့ လောက်ဂေ့ရနူး” ဆိုဘီး မေးဂေ့ဟှယ်။
LUK 6:3 ယေရှုဟှာ သူးနို့ဟှို “ဒါဝိဒ်ဟှာ သူ့ရဲ့ ပေါန်းဖော်လေ ဗိုက်ဆာလာခီမာ ဖယ်မျိုးလောက်ဟှားဟှယ် ဆိုဇာဟှို နန်းနို့ ဖတ်ဖူးဂေ့ဟှလော။
LUK 6:4 သူဟှာ ဘုရားသခင်ရဲ့ အီတော်ဟှို ဝမ်ဘီး ဘုရားသခင်ဟှို ပူဇော်ဟှားဟှူ မုဟှို ယူဘီးစားဟှယ်။ အယ်ဘီးဟှာ သူ့ရဲ့ ပေါန်းဖော်လေဟှို ကျွေးဟှယ်။ ယဇ်ပုရောဟိတ်လေမှတပါး ဖယ်သူလည်း စားခွမ့်မှေ့ဟှူ အယ်မုဟှို ယူစားဟှယ် ဆိုဇာဟှာ နို့လေရဲ့ ပညတ်တရားဟှို ဆန့်ကျင်ဘဲ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 6:5 ယေရှုဟှ “လူ့ရဲ့သားဟှာ ဒန်းနေ့ရဲ့ သခင် ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 6:6 တခြားဒန်းနေ့မာ ယေရှုဟှာ ဝါလယ်ဇရပ်ဟှို ဝမ်ဘီး သွန်သန်တော်မူဟှယ်။ အယ်နေရာမာ ညာလတ်တဖတ် သေနေဟှူ လူတယော့‑က် ရှိဟှယ်။
LUK 6:7 ကျမ်းတတ်ဆရာ တချို့န ဖာရိရှဲ တချို့ဟှာ ယေရှုဟှို ပြစ်တန်ရှင်ကြောန့် ဒန်းနေ့မာ ကိုယ်တော်ဟှာ အယ်လူဟှို နာပျော့‑က်စေဟှို့လော၊ ပျော့‑က်စေဟှလော ဆိုဇာဟှို သူးနို့ဟှာ သေးသေချားချာ စောန့်ကေ့နေဟှယ်။
LUK 6:8 အယ်ဘေမဲ့ ယေရှုဟှာ သူးနို့ရဲ့ ကြံစည်ဟှို သိကြောန့် အယ်လူဟှို “ထဒန်ဘီး ရှေ့ဟှို ထွပ်လာဟှား” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်လူဟှာ ထဒန်ဘီး မတ်တတ်ရပ်နေဟှယ်။
LUK 6:9 အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို “နန်းနို့ဟှို ငါမေးမယ်၊ နို့လေရဲ့ ပညတ်တရားဟှာ ဒန်းနေ့မာ ဖြားဇာလေ လောက်ဟှို့ ခွမ့်ပြုဟှားနူး။ ကောန်းဇာလောက်ရလော။ ဆိုးဇာလောက်ရလော။ လူတယော့‑က်ရဲ့ သတ်ဟှို ကယ်အပ်လော။ သတ်အပ်လော” ဆိုဘီး မေးတော်မူလေဟှယ်။
LUK 6:10 ကိုယ်တော်ဟှာ သူးနို့လေ ဂူလောင်း ပတ်လည်ဟှို ကေ့ရှုဘီးန ကိုယ်တော်ဟှာ အယ်လူဟှို “နန့်ရဲ့ လတ်ဟှို ဆန့်လိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်လူဟှာ လတ်ဟှို ဆန့်လိုက်ဟှူ ခီမာ သူ့လတ်ဟှာ ကောန်းတိုင်း ပ္လန်ဖြစ်ဟှားဟှယ်။
LUK 6:11 ဖာရိရှဲလေဟှာ ဒေါသထွပ်ဟှားဘီး ယေရှုဟှို ဖယ်မျိုးလောက်ရဟှို့ ဆိုဘီးဟှာ သူးနို့ရှင်းရှင်း တိုင်ဗန်ဂေ့ဟှယ်။
LUK 6:12 အယ်နေ့ရစ်မာ ယေရှုဟှာ ဆုတောန်းဟှို့ တောန်ထတ်ဟှို တတ်ကြွဟှားဘီး တညဉ့်လောင်း ဘုရားသခင်ဟှို ဆုတောန်းဘီး နေတော်မူဟှယ်။
LUK 6:13 မိုးလန်းလာဟှူုခီမာ တဗဲ့တော်လေဟှို ကိုယ်တော်နားဟှို ခေါ်ဘီး သူးနို့ထဲဟှ ဆယ့်နှေ့ပါးဟှို ဝီးကော့‑က်ဘီး တမန်တော် ဆိုဘီး နာမယ် ပေးတော်မူဟှယ်။
LUK 6:14 ကိုယ်တော်ဟှ ပေတရု ဆိုဘီး နာမယ် ပေးဟှားဟှူ ရှိမုန်န သူ့ညီအန္ဒြေ၊ ယာကုပ်န ယောဟန်၊ ဖိလိပ္ပုန ဗာသောလမဲ၊
LUK 6:15 မဿဲန သောမ၊ အာလဖဲရဲ့သား ယာကုပ်န မျိုးရှစ်ပေါက်ကို ရှိမုန်၊
LUK 6:16 ယာကုပ်ရဲ့သား ယုဒန ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှူ ယုဒရှကာရုတ် ဖြစ်ဟှယ်။
LUK 6:17 ယေရှုဟှာ တမန်တော်လေနတူးဒူ တောန်ထတ်ဟှနေ ဆင်းလာဘီး တဗဲ့တော်လေဘောင်ဂီးန မ္လေညီးညီနေရာမာ ရပ်လိုက်ဟှယ်။ အယ်နေရာမာရှိနေဟှူ လူအောက်ဂီးဟှာ ယုဒပြည်န ယေရုရှလင်ဗြို့ဟှနေ လာဟှူ လူလေန ပန်လယ်ကမ်းနား တုရုဗြို့န ဇိဒုန်ဗြို့ဟှနေ လာဟှူ လူလေဖြစ်ဘီး
LUK 6:18 သူးနို့ဟှာ ကိုယ်တော်ရဲ့ တရားဟှို ကြားနာရဟှို့န သူးနို့ရဲ့ နာပျော့‑က်ဟှို့ လာဂေ့ဟှယ်။ ညစ်ညူးဟှူနတ်ဟှ ဒေါက်ခပေးရှင်းဟှို ခံနေရဟှူ လူလေလည်း နာပျော့‑က်ဟှားဂေ့ဟှယ်။
LUK 6:19 ကိုယ်တော်နားဟှနေ တဂိုးတော်ထွပ်ဘီးဟှာ သူးနို့လေ ဂူလောင်းဟှို နာပျော့‑က်စေကြောန့် လူလေ ဂူလောင်းဟှာ ကိုယ်တော့်ဟှို ထိဟှို့ ကြိုးစားဂေ့ဟှယ်။
LUK 6:20 ယေရှုဟှာ တဗဲ့တော်လေဟှို ကေ့ဘီး “ဆင်းရဲသားလေ၊ နန်းနို့ဟှာ မင်္ဂလာရှိဟှယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ နန်းနို့ရဲ့ နိုင်ငံဖြစ်ဟှယ်!”
LUK 6:21 “ခု ငတ်ပြတ်နေဟှူ နန်းနို့ဟှာ မင်္ဂလာရှိဟှယ်။ ဖြားဖြစ်ကြောန်းနူးဆိုဟှာ နန်းနို့ဟှာ ဗိုက်ပ္လဲ့ရဂေ့လေ့မယ်!” “ခု ငိုနေဟှူ နန်းနို့ဟှာ မင်္ဂလာရှိဘီး၊ နန်းနို့ဟှာ ရယ်ရလေ့မယ်!”
LUK 6:22 “လူ့ရဲ့သားကြောန့် နန်းနို့ဟှို လူလေမူးဟှူဇာဘဲ့ဖြစ်ဖြစ်၊ ငြင်းပယ်ဟှူ ဇာဘဲ့ဖြစ်ဖြစ်၊ နန်းနို့နာမယ် ပျစ်အောန်လောက်ဟှူ ဇာဘဲ့ဖြစ်ဖြစ် နန်းနို့ဟှာ မင်္ဂလာရှိဟှယ်!
LUK 6:23 အယ်မျိုးဖြစ်ဟှူ ခီမာ ဝန်းသာဘီးဟှာ ကခူဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ နန်းနို့တွပ် ရရာတိုင်း ကီးဟှူ ဆုလာဘ် ရှိဟှယ်။ သူးနို့ရဲ့ ဘိုးဘေးလေဟှာ ပရောဖက်လေဟှို အယ်မျိုးဘဲ့ ညှဉ်းဆဲဟှားဂေ့ဟှယ်။”
LUK 6:24 “အယ်ဘေမဲ့ ကပ်ရှိဟှူ နန်းနို့ဟှာ အမင်္ဂလာရှိဘီး၊ နန်းနို့ဟှာ ခုခီမာ သတ်သာဟှူ ဘဝဟှို ရဂေ့ဟှယ်!”
LUK 6:25 “ခု ဗိုက်ပ္လဲ့အောန်စားရဟှူ နန်းနို့ဟှာ အမင်္ဂလာရှိဘီး၊ နန်းနို့ဟှာ ဗိုက်ဆာရလေ့မယ်!” “ခု ရယ်နေဟှူ နန်းနို့ဟှာ အမင်္ဂလာရှိဘီး၊ နန်းနို့ဟှာ ရရာတိုင်း ငြီးတွားဘီး ငိုရလေ့မယ်!”
LUK 6:26 “လူလေ ဂူလောင်းဟှာ နန်းနို့ဟှို ချီးမွမ်းစကားပြောမယ် ဆိုဟှာ နန်းနို့ဟှာ အမင်္ဂလာရှိဘီး သူးနို့ရဲ့ ဘိုးဘေးလေဟှာလည်း ပရောဖက်တုယောန်လေဟှို အယ်မျိုးဘဲ့ ချီးမွမ်းဟှားဟှယ်။
LUK 6:27 “အယ်ဘေမဲ့ ငါ့စကားဟှို ကြားရဟှူ နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ရဲ့ ရန်သူလေဟှို ရှစ်ဂေ့။ နန်းနို့ဟှို မူးဟှူလူလေဟှို ကျေးဇူးပြုဂေ့။
LUK 6:28 နန်းနို့ဟှို ကီဆဲဟှူ လူလေဟှို ကောန်းဂျီးပေးဂေ့။ နန်းနို့ဟှို နှော့‑က်ယှစ်ဟှူ လူလေတွပ် ဆုတောန်းဂေ့။
LUK 6:29 ယော့‑က်ယော့‑က်ဟှ နန့်ပါးတဖတ်ဟှို ရိုက်ဟှယ် ဆိုဟှာ ကျန်ဟှူ ပါးတဖတ်ဟှိုလည်း ရိုက်ဟှို့ လှည့်ပေးလိုက်ပါ။ နန့်ဝတ်လောင်ဟှို လိုရှင်ဟှူ သူလေဟှို နန့်အန်းဂီဟှိုလည်း ပေးလိုက်ပါ။
LUK 6:30 နန့်နားမာ တောန်းဟှူလူဟှို ပေးလိုက်ပါ။ နန့်အောက်စာဟှို သီးယူဟှူ လူနားမာ ပ္လန်ဘီး တောန်းန။
LUK 6:31 နန်းနို့လေဟှို သူများလေဟှ ပြုမူဆစ်ဆံစေရှင်မျိုး သူများလေဟှိုလည်း ပြုမူဆစ်ဆံဂေ့ပါ။
LUK 6:32 “နန်းနို့ဟှို ရှစ်ဟှူ သူလေဟှိုဘဲ့ ပ္လန်ရှစ်မယ် ဆိုဟှာ ဖယ်မျိုးလောက်ဘီး ကောန်းဂျီးမင်္ဂလာဟှို နန်းနို့ ခံစားရဟှို့နူး။ ပြစ်သားလေလည်းဘဲ့ သူးနို့ဟှို ရှစ်ဟှူ သူလေဟှိုဘဲ့ ပ္လန်ရှစ်ဟှယ်!
LUK 6:33 နန်းနို့ဟှို ကောန်းဇာလောက်ဟှူ လူလေဟှိုဘဲ့ ကျေးဇူးပြုမယ် ဆိုဟှာ ဖယ်မျိုးလောက်ဘီး ကောန်းဂျီးမင်္ဂလာဟှို နန်းနို့ ခံစားရဟှို့နူး။ ပြစ်သားလေလည်း အယ်မျိုးဘဲ့ လောက်ဟှယ်!
LUK 6:34 နန်းနို့ဟှို ပ္လန်ဘီး ဆပ်ပေးလေ့မယ် ဆိုဘီး မျှော်လင့်နေဟှူ လူလေဟှိုဘဲ့ နန်းနို့ ချေးငှါးမယ် ဆိုဟှာ ဖယ်မျိုးလောက်ဘီး ကောန်းဂျီးမင်္ဂလာဟှို နန်းနို့ ခံစားရဟှို့နူး။ ပြစ်သားလေလည်းဘဲ့ ပ္လန်ဘီး ဆပ်ပေးလေ့မယ် ဆိုဇာဟှို ယောင်ကြည်ဘီး ရှင်းရှင်း ချေးငှားဂေ့ဟှယ်!
LUK 6:35 နန်းနို့ရဲ့ ရန်သူဟှို ရှစ်ဘီး သူးနို့ဟှို ကောန်းဇာလောက်ဂေ့။ တခုခု ပ္လန်ရမယ် ဆိုဘီး မြော်လင့်ဘဲန ချေးငှါးဂေ့။ အယ်မျိုးလောက်မှ နန်းနို့ရဲ့ ကျိုးဟှာ ကီးမားဘီး နန်းနို့ဟှာ ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ကျေးဇူးကန်းဟှူ သူလေန ဆိုးဟှူ သူလေဟှိုလည်း ကျေးဇူးပြုကြောန့် ဖြစ်ဟှယ်။
LUK 6:36 နန်းနို့ ဖဟှာ ကရုဏာရှိမျိုးဘဲ့ နန်းနို့လည်း ကရုဏာရှိဂေ့ပါ။
LUK 6:37 “သူတပါးဟှို စစ်ကြောစီရင်ဂေ့န။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှလည်း နန်းနို့ဟှို စစ်ကြောစီရင်လေ့ မှုဟှ။ သူတပါးဟှို ရှုတ်ခ္လဂေ့န။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှလည်း နန်းနို့ဟှို ရှောက်ခ္လဟှို့ မှုဟှ။ သူတပါးဟှို ပြစ်လွှတ်ဂေ့။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှလည်း နန်းနို့ဟှို ပြစ်လွှတ်လေ့မယ်။
LUK 6:38 သူတပါးဟှို ပေးဂေ့။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှလည်း နန်းနို့ဟှို ပေးလေ့မယ်။ နန်းနို့ဟှာ ပ္လဲ့လျှံလတ်ခံရလေ့မယ်။ နန်းနို့ဟှာ သူတပါးဟှို ပေးဟှူ ပမာဏတိုင်း ဘုရားသခင်ဟှ နန်းနို့ဟှို ပေးလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 6:39 အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို ပေါင်ဥပမာန “မျစ်ကန်းတယော့‑က်ဟှ တခြားမျစ်ကန်းတယော့‑က်ဟှို လမ်းပြနိုင်ဟှ။ လမ်းပြမယ် ဆိုဟှာ နှေ့ယော့‑က်လောင်း တွမ်းထဲဟှို က္လလေ့မယ်။
LUK 6:40 တဗဲ့လည်း ဆရာထတ် သာဟှ။ အယ်ဘေမဲ့ သူးနို့ရဲ့ ပညာသန်ယူဇာ ပီးဆောင်းဟှားဟှူ ခီမာ တဗဲ့ဂူလောင်းဟှာ သူးနို့ရဲ့ ဆရာမျိုးဘဲ့ ဖြစ်လေ့မယ်။
LUK 6:41 “နန်ဟှာ ကိုယ့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုရဲ့ မျစ်စိထဲဟှ သစ်မုဟှို ဖြားဖြစ်ကြောန့် ဗြင်ရနူး။
LUK 6:42 နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုဟှို ‘ညီကို၊ နန့်မျစ်စိထဲဟှ သစ်မုဟှားဟှို ထုပစ်ပေးပါရစေ’ ဆိုဘီး ဖြားဖြစ်ကြောန့် ပြောရနူး။ သူတော်ကောန်း ယောန်ဆောန်ဟှူသူ! နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ရင်ဦးဆောင်း ထုပစ်လိုက်ပါ။ အယ်ဆိုဟှာ ညီကိုမျစ်စိထဲဟှ သစ်မုဟှို ထုပစ်ပေးဟှို့တွပ် ရှင်းရှင်းလန်းလန်းဟှား ဗြင်ရလေ့မယ်။
LUK 6:43 “သစ်ပန်ကောန်းဟှာ သီးညံ့ဟှို သီးဂေ့ဟှ။ အယ်မျိုးဘဲ့ သစ်ပန်ညံ့ဟှာလည်း သီးကောန်းဟှို သီးဂေ့ဟှ။
LUK 6:44 သစ်ပန်တိုင်းဟှာ သီးဟှို ကေ့လိုက်ဟှူန သစ်ပန်ရဲ့ ကြောန်းဟှို သိရလေဟှယ်။ နန်းနို့ဟှာ ဆူးဗန်ဟှနေ သန်းဖောသဖန်းသီးဟှို ဆွတ်ဟှို့ ရဂေ့ဟှမျိုးဘဲ့ ဆူးချောင်ဟှနေ စဗျစ်သီးဟှို ဆွတ်ဟှို့ ရဂေ့ဟှ။
LUK 6:45 လူကောန်းဟှာ သူ့ရဲ့ စိနှလောင်း ဘဏ္ဍာတိုက်ထဲဟှ ကောန်းဟှူဇာလေဟှို ထောက်ဖော်တတ်ဘီး လူဆိုးဟှာ ဆိုးဟှူ ဇာလေဟှို ထောက်ဖော်တတ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နှောက်ဟှာ စိနှလောင်းပ္လဲ့ ရှိဒဲ့တိုင်း ပြောတတ်ဟှယ်။
LUK 6:46 “ငါဖြားဘဲ့ပြောပြော လောက်ဂေ့ဘဲ့န နန်းနို့ဟှ ငါ့ဟှို ‘သခင်၊ သခင်’ ဆိုဘီး ဖြားဖြစ်ကြောန့် ခေါ်နေရနူး။
LUK 6:47 ငါ့နားဟှိုလာဘီး ငါ့စကားဟှို ကြားဒဲ့တိုင်း နားထောန်ဟှူ သူဟှာ ဖယ်သူန တူဟှယ် ဆိုဇာ နန်းနို့ဟှို ငါပြမယ်။
LUK 6:48 အယ်လူဟှာ မ္လေဂီးဟှို နတ်နတ်တူးဘီး က္လော့‑က်ထတ်မာ အုပြစ်ခ္လဘီးမှ အီဆော့‑က်မားန တူဟှယ်။ ရေကီးတတ်လာဘီးန အယ်အီဟှို တိုက်ခတ်ဟှူ ခီမာ က္လော့‑က်ထတ်မာ ဆော့‑က်ဟှားဟှူကြောန့် တူခါနိုင်ဟှ။
LUK 6:49 အယ်ဘေမဲ့ ငါ့စကားဟှို ကြားဘီးဟှာ နားထောန်ဘဲဟှူသူဟှာ အုပြစ်ခ္လဘဲန မ္လေဂီးထတ်မာ အီဆော့‑က်မားနတူဘီး ရေကီးတတ်လာန အယ်အီဟှို တိုက်ခတ်လိုက်ဟှူ ခီမာ အီဟှာ ရှစ်ရှင်းပြိုက္လဟှားဘီး ဂူလောင်းဟှာ ပျစ်စီးဟှားဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 7:1 ယေရှုဟှာ လူလေဟှို ဂူလောင်း မိန့်တော်မူဘီးန ကိုယ်တော်ဟှာ ကပေရနောင်ဗြို့ဟှို ကြွဟှားလိုက်ဟှယ်။
LUK 7:2 အယ်ဗြို့မာ တပ်မှူးတယော့‑က်ရဲ့ ရရာတိုင်း ရှစ်ဟှူ ကျွန်တယော့‑က်ဟှာ ဖျားဘီး သေခါနီး ဖြစ်နေဟှယ်။
LUK 7:3 တပ်မှူးဟှာ ယေရှုရဲ့ ဒန်းဟှို ကြားလိုက်ဟှူ ခီမာ သူဟှာ ယုဒလူမျိုး ကြီးကဲတချို့ဟှို ကိုယ်တော်နားဟှို စေလွှတ်ဘီး သူ့ရဲ့ ကျွန်ဟှို ကယ်တန်ပေးဟှို့ တောန်းလျှော့‑က်လေဟှယ်။
LUK 7:4 သူးနို့လေဟှာ ယေရှုနားဟှို ရော့‑က်ဟှူ ခီမာ မြစ်တာရပ်ခံဘီး “အယ်တပ်မှူးဟှာ ကိုယ်တော်ရဲ့ ကျေးဇူးပြုရှင်းဟှို ခံထိုက်ဟှယ်။
LUK 7:5 သူဟှာ ကျွန်တော့်ဟှားလေရဲ့ လူမျိုးလေဟှို ရှစ်ကြောန့် ကျွန်တော့်ဟှားလေတွပ် ဝါလယ်ဇရပ်တဆောန်ဟှို သူကိုယ်တိုင် ဆော့‑က်ပေးဟှားဟှယ်” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်လေဟှယ်။
LUK 7:6 အယ်ကြောန့် ယေရှုဟှာ သူးနို့လေနတူးဒူ လိုက်ဟှားဟှယ်။ ကိုယ်တော်ဟှာ တပ်မှူးရဲ့ အီနားဟှို ရော့‑က်ခါနီးမာ တပ်မှူးစေလွတ်လိုက်ဟှူ မိဆွေလေဟှာ ကိုယ်တော့်ဟှို “သခင်၊ ကိုယ့်ကိုယ်ကိုယ် ပန်ဗန်းခံတော်မူပါန။ ကျွန်တော်ရဲ့ အီးခေါန်မိုးအော့‑က်ဟှို ကိုယ်တော်ဟှာ ဝမ်တော်မူရှင်း ကျေးဇူးဟှို ကျွန်တော်ခံထိုက်ဟှ။
LUK 7:7 အယ်မျိုးဘဲ့ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ်တော်နားဟှို ရော့‑က်ထိုက်ဟှူလူ မှုဟှ။ မိန့်ပေးလိုက်န ကျွန်တော်ရဲ့ စေခံဟှာ ကျန်းမာရပါလေ့မယ်။
LUK 7:8 ဥပမာ ကျွန်တော် ကိုယ်တိုင်လည်း အာဏာပိုင်လတ်အော့‑က်မာ ရာရှိတယော့‑က် ဖြစ်ဘီး ကျွန်တော်ရဲ့ လတ်အော့‑က်မာရှိဟှူ စစ်သားလေဟှို အောက်ချောက်ရပါဟှယ်။ တယော့‑က်ဟှို ‘သွား!’ ဆိုဟှာ သွားပါဟှယ်။ တယော့‑က်ဟှို ‘လာ!’ ဆိုဟှာ လာပါဟှယ်။ အယ်ဘီးဟှာ ကျွန်တော်ဟှာ ကျွန်တော့်ရဲ့ ကျွန်ဟှို မိန့်ပေးလိုက်ဟှယ် ‘အယ်မူဇာဟှို လောက်လိုက်!’ ဆိုဟှာ လောက်လေဟှယ်” ဆိုဘီး လျှော့‑က်စေဟှယ်။
LUK 7:9 အယ်စကားဟှို ယေရှုကြားဟှူ ခီမာ အံ့ဩဟှားဘီး ကိုယ်တော်ဟှာ ပတ်လည်ဟှို ကေ့ဘီးန နော့‑က်တော်ဟှို လိုက်နေဟှူ လူအောက်ဂီးဟှို “နန်းနို့ဟှို ငါပြောမယ်။ အယ်မျှလော့‑က်ကီးဟှူ ယောင်ကြည်ရှင်းမျိုး ဣသရေလလူမျိုးထဲမာဟှို ငါလောင်းဝ တွိဖူးဟှ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 7:10 တပ်မှူးစေလွှတ်လိုက်ဟှူ လူလေဟှာ အီဟှို ပ္လန်ရော့‑က်န တပ်မှူးရဲ့ ကျွန်ဟှာ ကျန်းမာဟှားဘီ ဆိုဇာဟှို တွိလိုက်ရဟှယ်။
LUK 7:11 နော့‑က်တနေ့မာယေရှုဟှာ နာဣန နာမယ်ရှိဟှူဗြို့ဟှို တဗဲ့တော်လေန လူအောက်ဂီးနတူးဒူ ကြွဟှားတော်မူဟှယ်။
LUK 7:12 ကိုယ်တော်ဟှာ ဗြို့ခွဗေါ့‑က်နား ရော့‑က်ဟှူ ခီမာ မောက်ဆိုးမရဲ့ တယော့‑က်ဒဲရှိဟှူ သားရဲ့ လောန်းဟှို သင်္ဂြိုဟ်ဟှို့ ဗြို့ပ္လန်ဟှို ထွပ်လာဂေ့ဟှယ်။ အယ်မောက်ဆိုးမနတူးဒူ ဗြို့သူဗြို့သားလေ ဘောင်ဂီးဟှာ မသာပို့ လိုက်ဂေ့ဟှယ်။
LUK 7:13 သခင်ဘုရားဟှာ အယ်မောက်ဆိုးမဟှို ဗြင်တော်မူဟှူ ခီမာ ကိုယ်တော်ရဲ့ စိနှလောင်းမာ အယ်မီးမဟှို သနားစိ ဖြစ်လာတော်မူဘီးန အယ်မီးမဟှို “ငိုန” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 7:14 အယ်ဘီးန ကိုယ်တော်ဟှာ တလားဟှို လတ်န သွားဘီး ထိလိုက်ဟှူကြောန့် တလားထမ်းလာဟှူ လူလေဟှာ ရပ်ဟှားဂေ့ဟှယ်။ ယေရှုဟှ “ကောန်သားဟှား! နန့်ဟှို ငါပြောမယ်၊ ထပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 7:15 သေကောန်ဟှာ ထထိုင်ဘီးန စကားပြောနေဟှယ်။ ယေရှုဟှ ကောန်သားဟှားဟှို သူ့မိဟှို ပ္လန်ပေးတော်မူလိုက်ဟှယ်။
LUK 7:16 လူလေ ဂူလောင်းဟှာ ကြော့‑က်ရွံ့ရှင်းပ္လဲ့န ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။ “နို့လေထဲမာ ပရောဖက်ဂီး ပေါ်လာဘီ! ဘုရားသခင်ဟှာ သူ့ရဲ့ လူမျိုးဟှို ကယ်တန်ဟှို့ ရော့‑က်လာဘီ!” ဆိုဘီး သူးနို့ဟှ ချီးမွမ်းဂေ့ဟှယ်။
LUK 7:17 ယေရှုရဲ့ ဒန်းဟှာ ယုဒပြည်ဟှ စဘီး ပတ်ဝန်းကျင် တခုလောင်းဟှို ပ္လံ့နှံ့ဟှားဟှယ်။
LUK 7:18 ယောဟန်ရဲ့ တဗဲ့လေဟှာ အယ်ကြောန်းရာ ဂူလောင်းဟှို သူးနို့ဆရာဟှို ပြောပြဟှူ ခီမာ သူဟှာ တဗဲ့လေထဲဟှ နှေ့ယော့‑က်ဟှို ခေါ်လိုက်ဘီးန
LUK 7:19 သခင်ဘုရားနားဟှို စေလွတ်ဘီး “ကိုယ်တော်ဟှာ ကြွလာတော်မူမယ် ဆိုဘီး ပြောနေသူလော။ နော့‑က်ထပ် တယော့‑က်ဟှို မျှော်နေရအူးလော” ဆိုဘီး မေးလျှော့‑က်ခိုင်းလေဟှယ်။
LUK 7:20 သူးနို့ဟှာ ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ “ဗတ္တိဇံယောဟန်ဟှ ကျွန်တော့်ဟှားလေဟှို မေးလျှော့‑က်ခိုင်းလိုက်ဟှယ်။ ကိုယ်တော်ဟှာ ရော့‑က်လာမယ် ဆိုဘီး ပြောနေဟှူ သခင်လော။ နော့‑က်ထပ် တယော့‑က်ဟှို မျှော်နေရအူးလော” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
LUK 7:21 အယ်ခီမာ ယေရှုဟှာ လူလေဘောင်ဂီးဟှို သူးနို့ရဲ့ ဖျားနာရှင်းလေ၊ ရောဂါလေ၊ နတ်ဆိုးဘေးဟှနေ လွှတ်မြော့‑က်စေဟှယ်။ မျစ်စိကန်းဟှူ လူလေဟှို မျစ်စိပ္လန်ဗြင်စေဟှယ်။
LUK 7:22 ကိုယ်တော်ဟှာ ယောဟန် စေလွတ်လိုက်ဟှူ လူလေဟှို “နန်းနို့လေကြားရ၊ ဗြင်ရဇာလေဟှို ပ္လန်ဟှားဘီး ယောဟန်ဟှို ပြောပြဂေ့။ မျစ်စိကန်းနေဟှူလူလေ ဗြင်ဟှားဘီ။ လမ်းရှော့‑က်နိုင်ဘဲဟှူ လူလေ လမ်းပ္လန်ရှော့‑က်ဟှားဘီ။ နူနာသည်လေဟှာ သန့်ရှင်းဟှားဘီ။ နားပန်းနေဟှူ လူလေဟှာ နားကြားဟှားဘီ။ သေနေဟှူ လူလေဟှာ ပ္လန်ရှင်ဟှားဘီ။ ဆင်းရဲသားလေဟှာ အယ်ဒန်းကောန်းဟှို ကြားရဟှားဘီ။
LUK 7:23 ငါ့ဟှို ငြင်းပယ်ဘဲဟှူ လူလေဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
LUK 7:24 ယောဟန် စေလွှတ်လိုက်ဟှူ လူလေ ပ္လန်ဟှားဘီးန ယေရှုဟှာ ယောဟန်ကြောန်းဟှို “ယောဟန်ဟှို တွိဟှို့ ဆိုဘီး တောကန္တာရထဲဟှို သွားဟှူ ခီမာ ဖြားဇာလေ တွိမယ် ဆိုဘီး မျှော်လင့်နူး။ လေတိုက်ဟှိ လှောက်နေဟှူ ကျူဗန်လေဟှို ကေ့ဟှို့ သွားဟှူဇာလော။
LUK 7:25 ဖြားဇာလေဟှို တွိရှင်ကြောန့် သွားနူး။ ဝတ်ကောန်းကောန်းဝတ်ဟှူ လူဟှို ကေ့ဟှို့ သွားဟှူဇာလော။ အယ်မျိုး အံ့ဩဘွယ်ဝတ်ဟှားဘီး စည်းဇိမ်ခံနေဟှူ လူလေဟှာ နန်းတော်မာဘဲ့ ရှိဟှယ်!
LUK 7:26 ဖြားဇာလေ ကေ့ရှင်ကြောန့် သွားနူး။ ငါဟှို ပြောကေ့။ ပရောဖက်ဟှို ကေ့ရှင်ကြောန့် သွားဇာလော။ မှန်ပါဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ ပရောဖက်ထတ် ရရာတိုင်း ကီးဟှူလူဟှို ဗြင်ဟှားဟှယ်။
LUK 7:27 ယောဟန်ဟှို ကျမ်းစာမာ ‘ဘုရားသခင်ဟှ ပြောဟှယ်။ ငါဟှာ သင်သွားမယ့်လမ်းဟှို ဆင်သင့်ဖြစ်စေဟှို့ ငါ့ရဲ့ တမန်ဟှို နန့်ရှေ့မာ စေလွှတ်မယ်’ ဆိုဘီး ပြောဟှားဟှယ်။
LUK 7:28 နန်းနို့ဟှို ငါပြောမယ်။ လောကမာ သတ်ရှင်ဟှားဟှူ လူလေထဲမာ ယောဟန်ထတ် ကီးမြတ်ဟှူ လူမှေ့ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်မာ ငယ်ဆောင်းဟှူလူဟှာ ယောဟန်ထတ် ပိုဘီး ကီးမြတ်ဟှယ်” ဆိုဘီး ယေရှုဟှ ထပ်ဘီး မိန့်တော်မူလေဟှယ်။
LUK 7:29 လူလေ ဂူလောင်းဟှာ ကိုယ်တော်ရဲ့စကားဟှို ကြားဟှူ ခီမာ သူးနို့န ထူးသဖြင့် ခွန်ကော့‑က်မားလေဟှာ ဘုရားသခင်ရဲ့ ဖြောန့်မတ်ရှင်းဟှို ဝန်ခံဂေ့ဘီး ယောဟန်ပေးဟှူ ဗတ္တိဇံခံဂေ့ဟှယ်။
LUK 7:30 အယ်ဘေမဲ့ ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှာ သူးနို့ကိုယ်တိုင်တွပ် ဘုရားသခင်ရဲ့ ကြံစည်တော်ဟှို ငြင်းပယ်ဂေ့ဘီး ယောဟန်ရဲ့ ဗတ္တိဇံဟှို ခံဂေ့ဟှ။
LUK 7:31 ယေရှုဟှ ဆစ်ဘီး “ခုခေတ်မာ ရှိနေဟှူ လူလေဟှို ဖြားဇာန နှိုင်းပြရမယ်နူး။ သူးနို့ဟှာ ဖြားဇာလေန တူဟှယ်နူး။
LUK 7:32 သူးနို့ဟှာ ဆေးထဲမာ ထိုင်နေဟှူ သားဂန်းလေန တူဟှယ်။ သားဂန်းတအောက်ဟှာ တခြား သားဂန်းတအောက်ဟှို ‘နို့လေဟှာ အီတတ်ဗွဲတီးလောင်းဟှို နန်းနို့တွပ် တီးမှုပေးဘေမဲ့ နန်းနို့ဟှာ ကဂေ့ဟှ! နို့လေဟှာ မသာအီမာဆိုဟှူ မသာချင်းဟှို ဆိုဘေမဲ့ နန်းနို့ဟှာ ငိုဂေ့ဟှ!’ ဆိုဘီး အော်ပြောဂေ့ဟှယ်။
LUK 7:33 ဗတ္တိဇံယောဟန်ဟှာ စာရှောန်ဘီး ဝိုင်ဟှို သော့‑က်ဘဲန ရော့‑က်လာဟှူကြောန့် နန်းနို့ဟှ ‘သူ့ထဲမာ နတ်ဆိုးပူးနေဟှယ်!’ ဆိုဘီး ပြောဂေ့ဟှယ်။
LUK 7:34 လူ့ရဲ့သားဟှာ စားသော့‑က်ဘီး ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှ ‘အယ်လူဟှို ကေ့ပါ! အယ်လူဟှာ စားမတ်ဘီး ဝိုင်သော့‑က်သူ၊ ခွန်ကော့‑က်မားလေန ပြစ်သားလေရဲ့ မိဆွေဖြစ်ဟှယ်!’ ဆိုဘီး ပြောဂေ့ဟှယ်။
LUK 7:35 အယ်ဘေမဲ့လည်း ဘုရားသခင်ရဲ့ ပညာတရားဟှို လတ်ခံဟှူ လူလေဟှ အယ်ပညာတရားဟှာ မှန်ဟှယ် ဆိုဇာဟှို သတ်သေပြဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 7:36 ဖာရိရှဲတယော့‑က်ဟှာ သူ့နတူးဒူ ညဉ့်ဇာစားဟှို့ ယေရှုဟှို တောန်းလျှော့‑က်တော်မူကြောန့် ယေရှုဟှာ ဖာရိရှဲရဲ့ အီဟှို ဝမ်ဘီးန စားဗွဲမာ ထိုင်လိုက်ဟှယ်။
LUK 7:37 အယ်ဗြို့မာ ရရာတိုင်း ပြစ်ကီးဟှူ မီးမတယော့‑က် ရှိဟှယ်။ ဖာရိရှဲရဲ့ အီမာ ယေရှုဟှာ ညဉ့်ဇာစားနေဟှယ် ဆိုဇာဟှို အယ်မီးမဟှာ ကြားလိုက်ဟှူကြောန့် ဆီမွှီး က္လော့‑က်ဖ္လူဖူးဟှို ယူဟှားဘီးန
LUK 7:38 ယေရှုရဲ့ ခေတော်ရင်းမာ ရပ်ဘီး ငိုနေဟှူကြောန့် အယ်မီးမရဲ့ မျစ်ရယ်ဟှာ ကိုယ်တော်ရဲ့ ခေတော်ထတ်ဟှို က္လနေဟှယ်။ အယ်ဘီးန အယ်မီးမဟှာ သူ့ရဲ့ဆားဗန်န ကိုယ်တော်ရဲ့ ခေတော်ဟှို ခြော့‑က်အောန်သုဘီး ကိုယ်တော်ရဲ့ ခေတော်ဟှို နမ်းဘီး ဆီမွှီးန လူးလေဟှယ်။
LUK 7:39 အယ်မူဇာဟှို ဗြင်နေဟှူ ဖာရိရှဲဟှာ “အယ်လူဟှာ ပရောဖက် မှန်ဟှယ် ဆိုဟှာ သူ့ရဲ့ခေဟှို ကိုင်နေဟှူ အယ်မီးမဟှာ ဖယ်မျိုး မီးမဖြစ်ဟှယ် ဆိုဇာဟှို သိလေ့မယ်။ အယ်မီးမဟှာ ဖယ်မျိုး ပြစ်သား ဖြစ်ဟှယ် ဆိုဇာဟှို သိလေ့မယ်!” ဆိုဘီး သူ့ကိုယ်သူ ပြောနေလေဟှယ်။
LUK 7:40 ယေရှုဟှ “ရှိမုန်၊ နန့်ဟှို ငါပြောဇာရှိဟှယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။ ရှိမုန်ဟှ “ပြောပါ၊ ဆရာ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 7:41 ယေရှုဟှ “ကပ်ကွီးချေးမား တယော့‑က်မာ ကပ်ကွီးတန်နေဟှူ လူနှေ့ယော့‑က် ရှိဟှယ်။ တယော့‑က်မာ ငွေဒန်းဂါးပ္လားငါးရာ ကပ်ကွီးတန်နေဘီး တခြားတယော့‑က်မာ ငွေဒန်းဂါးပ္လားငါးဆယ် ကပ်ကွီးတန်နေဟှယ်။
LUK 7:42 သူးနို့ နှေ့ယော့‑က်လောင်းဟှာ ကပ်ကွီးဟှို ပ္လန်ဆပ်နိုင်ဘဲကြောန့် ကပ်ကွီးချေးမားဟှာ သူးနို့ရဲ့ ကပ်ကွီးဂူလောင်းဟှို ကင်းလွှတ်ခွမ့် ပေးလိုက်ဟှယ်။ အယ်ဆိုဟှာ သူးနို့နှေ့ယော့‑က်ထဲဟှ ဖယ်သူဟှာ ကပ်ကွီံးချေးမားဟှို ပိုဘီး ရှစ်လေ့မယ်နူး။”
LUK 7:43 ရှိမုန်ဟှ “ကပ်ကွီးဘောင်ဂီး ကင်းလွှတ်ခွမ့် ပေးခံရဟှူလူဟှာ ပိုဘီး ရှစ်လေ့မယ် ထန်ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။ ယေရှုဟှ “နန်ထန်ဇာ မှန်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 7:44 အယ်ဘီးန ကိုယ်တော်ဟှာ အယ်မီးမဖတ်ဟှို လှည့်ဘီး ရှိမုန်ဟှို “အယ်မီးမဟှို နန်ဗြင်ဘဲ့လော။ နန့်အီဟှို ငါလာဟှူ ခီမာ နန်ဟှာ ငါ့တွပ် ခေဆေးရေဟှို ပေးဟှ။ အယ်ဘေမဲ့ အယ်မီးမဟှာ ငါ့ခေဟှို သူ့မျစ်ရယ်န ဆေးပေးဘီး ငါ့ခေဟှို ခြော့‑က်အောန် သူ့ဆားဗန်န သုပေးဟှယ်။
LUK 7:45 နန်ဟှာ ငါ့ဟှို နမ်းဟှ။ အယ်ဘေမဲ့ အယ်မီးမဟှာ ငါ့ခေဟှို နားဒမ်း နမ်းနေဟှယ်။
LUK 7:46 နန်ဟှာ ငါ့ခေါန်းဟှို ဆီန လူးပေးဟှ။ အယ်ဘေမဲ့ အယ်မီးမဟှာ ငါ့ခေဟှို ဆီမွှီးန လူးပေးဟှယ်။
LUK 7:47 နန့်ဟှို ငါပြောမယ်၊ သူဟှာ ပြစ်ဘောင်ဂီး ခွမ့်လွှတ်ရှင်းခံရကြောန်းဟှို သူ့ရဲ့ ကီးမားဟှူ မြစ်တာန သတ်သေပြနေဟှယ်။ အယ်ဘေမဲ့ ပြစ်နဲနဲဘဲ့ လွှတ်ရှင်းခံရဟှူ လူဟှာ နဲနဲဘဲ့ ရှစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 7:48 အယ်ဘီးန ယေရှုဟှာ အယ်မီးမဟှို “နန့်ရဲ့ ပြစ်လေ ခွမ့်လွှတ်ရှင်းခံရဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 7:49 စားဗွဲမာ ထိုင်နေဟှူ တခြားလူလေဟှ “ပြစ်လေဟှို ခွမ့်လွှတ်ပေးနေဟှူ အယ်လူဟှ ဖယ်သူနူး။” ဆိုဘီး သူးနို့ ရှင်းရှင်းပြောနေဂေ့ဟှယ်။
LUK 7:50 အယ်ဘေမဲ့ ယေရှုဟှာ အယ်မီးမဟှို “နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကယ်တန်လိုက်ဘီ။ ငြီသတ်ရှင်းန သွားပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 8:1 ခီနဲနဲ ကြာဘီးန ယေရှုဟှာ ဗြို့ဝါလေဟှို ဖြတ်ကြွဟှားဘီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို ဟောတော်မူဟှယ်။ တဗဲ့တော် ဆယ့်နှေ့ယော့‑က်ဟှာ ကိုယ်တော်နတူးဒူ လိုက်ဟှားဘီး၊
LUK 8:2 ရောဂါဘေး၊ နတ်ဆိုးဘေးလေဟှ လွှတ်ဟှားဟှူ မီးမတချို့န နတ်ဆိုးခွန်နစ်ကောန်ရဲ့ နှိစစ်ရှင်းဟှနေ လွှတ်ဟှားဟှူ မာရိန (မာဂဒလဝါသူ ဆိုဘီး လည်းခေါ်ဟှယ်)၊
LUK 8:3 ဟေရုဒ်မန်းဂီးရဲ့ မျစ်နှာလွှဲဖြစ်ဟှူ ခုဇရဲ့ မယား ယောဟန္န၊ ရှုရှန္န၊ ယေရှုန တဗဲ့တော်လေဟှို လောက်ကျွေးနေဟှူ မီးမတချို့လည်း လိုက်ဟှားဟှယ်။
LUK 8:4 ဗြို့ဗြို့နယ်နယ်ဟှ လာဂေ့ဟှူ လူလေဟှာ ယေရှုနားမာ စုရောင်းဘီးနေဟှူ ခီမာ ကိုယ်တော်ဟှာ အယ်ပေါင်ဥပမာအားဖြင့်
LUK 8:5 “မျိုးစေ့ကြဲဟှို့ ထွပ်ဟှားဟှူ မျိုးစေ့ကြဲမား တယော့‑က်ရှိဟှယ်။ သူဟှာ မျိုးစေ့ဟှို ကြဲလိုက်ဟှူ ခီမာ တချို့စေ့လေဟှာ လမ်းမာက္လဟှူကြောန့် အယ်မျိုးစေ့ဟှာ နန်းချေရှင်းခံရဘီးန ကောန်းဂန်ငှတ်လေဟှ ကော့‑က်စားဟှားဟှယ်။
LUK 8:6 တချို့စေ့လေဟှာ က္လော့‑က်ပေါဟှူ မ္လေမာက္လဘီးန ပန်ပေါ့‑က်လာဟှူ ခီမာ စိုဓါတ်မှေ့ဘဲဟှူ မ္လေဖြစ်ဟှူကြောန့် ခြော့‑က်ဟှားလေဟှယ်။
LUK 8:7 တချို့စေ့လေဟှာ ဆူးချောင်ကြားမာ က္လဟှူကြောန့် ဆူးဗန်လေနတူးဒူး ကီးလာဘီးဟှာ ပန်လေဟှို အောက်မိုးလိုက်ဟှယ်။
LUK 8:8 တချို့စေ့လေဟှာ ကောန်းဟှူမ္လေမာ က္လဟှူကြောန့် ပန်လေဟှာ ကီးလာဘီး ဆတရာ သီးသီးဟှားဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ယေရှုဟှာ နိဂေါင်းချောက်ဘီး “နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 8:9 တဗဲ့တော်လေဟှာ အယ်ပေါင်ဥပမာရဲ့ ဓိပါယ်ဟှို ယေရှုဟှို မေးလျှော့‑က်ဂေ့ဟှူကြောန့်၊
LUK 8:10 ကိုယ်တော်ဟှ ပေါင်ဥပမာန “ဘုရားသခင်နိုင်ငံတော်ရဲ့ နတ်နဲဟှူ ကြောန်းရာလေဟှို နန်းနို့ဟှာ သိရပီးဘီ။ တခြားလူလေဟှာ ကေ့နေဘေမဲ့ ဗြင်ဂေ့ မှုဟှ။ ကြားနေဘေမဲ့ နားလည်ဂေ့ မှုဟှ။ အယ်ကြောန့် ပြောရရှင်း ဖြစ်ဟှယ်။”
LUK 8:11 “အယ်ပေါင်ဥပမာရဲ့ ဓိပါယ်ဟှ မျိုးစေ့ဟှာ ဘုရားသခင်ရဲ့ တရားစကား ဖြစ်ဟှယ်။
LUK 8:12 လမ်းမာက္လဟှူ မျိုးစေ့ဟှာ တရားစကားဟှို ကြားရဟှူ လူလေဖြစ်ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ ယောင်ကြည်ဘီး ကယ်တန်ရှင်းဟှို ရော့‑က်စေဘဲ့ဟှို့တွပ် မာရ်နတ်ဟှာလာဘီး တရားစကားဟှို သူးနို့ရဲ့ နှလောင်းထဲဟှနေ နှုယူဟှားဟှယ်။
LUK 8:13 က္လော့‑က်ပေါဟှူ မ္လေမာ က္လဟှူမျိုးစေ့ဟှာ တရားစကားဟှို ကြားရဟှူ ခီမာ ဝန်းသာအားရန လတ်ခံဂေ့ဟှူ လူလေဖြစ်ဟှယ်။ အယ်ဘေမဲ့ သူးနို့ထဲမာ တရားစကားဟှာ ပြစ်စွဲဘဲကြောန့် ရှစ်ဟှားဘဲ့ ယောင်ကြည်ဘီး စောင်ဇမ်းရှင်းလေန တွိကြောင်ဟှူ ခီမာ ဖော့‑က်ပ္လန်ဟှားဟှယ်။
LUK 8:14 ဆူးချောင်မာက္လဟှူ မျိုးစေ့ဟှာ တရားစကားဟှို ကြားရဘီးန ဘဝရဲ့ စိုးရိမ်ရှင်းလေ၊ စည်းဇိမ်ကြွယ်ဝရှင်းလေ၊ လောက သာယာမှုလေရဲ့ လွှမ်းမိုးရှင်းဟှို ခံရဟှူကြောန့် သီးသီးနိုင်ဂေ့ဘဲဟှူ သူလေ ဖြစ်ဟှယ်။
LUK 8:15 ကောန်းဟှူမ္လေမာ က္လဟှူ မျိုးစေ့ဟှာ တရားစကားဟှို ကြားရဘီးန ဖြောန့်မတ်စင်ကြယ်ဟှူ စိနှလောင်းန ခံယူကြောန့် ခိုင်မြဲဟှူ သီးဟှို သီးဂေ့ဟှူ လူလေဖြစ်ဟှယ်။
LUK 8:16 “ဖယ်သူလည်း ဆီမီးအီဟှို ထွန်းဘီးဟှာ တောန်းအော့‑က်မာ ထားဂေ့ဟှ။ ကဒန်အော့‑က်မာလည်း ထားဟှားဂေ့ဟှ။ အယ်မျိုးထားမယ့်စား ဆီမီးအီဟှို ဆီမီးခေါင်ထတ်မာဘဲ့ တန်ဟှားဟှယ်။ အယ်မျိုးထားမှဘဲ့ လူလေဟှာ အီထဲဟှို ဝမ်လာခီမာ လန်းရောန်ဟှို ဗြင်ရမယ်။
LUK 8:17 “ဝှပ်ဟှားဇာလေ ဂူလောင်း ပေါ်လာလေ့မယ်။ ဖောင်းဟှားဇာလေ ဂူလောင်းဟှာလည်း ပွမ့်ဟှားလေ့ဘီးန လန်းရောန်နားဟှို ယူလာလေ့မယ်။
LUK 8:18 “အယ်ကြောန့် နန်နို့ဟှာ ဖယ်မျိုးနားထောန်ရမယ် ဆိုဇာဟှို ဒိပြုဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရှိဟှူဟှို ထပ်ပေးလေ့မယ်။ အယ်ဘေမဲ့ လောင်းဝမှေ့ဘဲဟှူ လူလေနားဟှ သူးနို့မာ နဲနဲရှိဟှယ် ဆိုဘီး ထန်နေဇာလေဟှို သီးယူလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 8:19 ယေရှုရဲ့ မိန ညီလေဟှာ ကိုယ်တော်နားဟှို လာဘေမဲ့ လူအောက်ဂီးကြောန့် ကိုယ်တော်နားဟှို ရော့‑က်နိုင်ဘဲ့ ဖြစ်နေဟှယ်။
LUK 8:20 တယော့‑က်ဟှ ယေရှုဟှို “ကိုယ်တော်ရဲ့ မိန ညီလေဟှာ ကိုယ်တော့်ဟှို တွိရှင်ကြောန့် ပ္လန်မာ ရပ်စောန့်နေဟှယ်” ဆိုဘီး လာလျှော့‑က်လေဟှယ်။
LUK 8:21 ယေရှုဟှာ “ဘုရားသခင်ရဲ့ စကားတော်ဟှို ကြားဘီးဟှာ နားထောန်ဟှူ လူလေဟှာ ငါ့မိ၊ ငါ့ညီလေဖြစ်ဟှယ်” ဆိုဘီး သူးနို့လေ ဂူလောင်းဟှို မိန့်တော်မူလေဟှယ်။
LUK 8:22 တနေ့မာ ယေရှုဟှာ တဗဲ့တော်လေနတူးဒူ လှေထဲဟှို ဝမ်ဟှားဘီးန သူးနို့ဟှို “အိုင်တဖတ်ဟှို ကူးဂေ့ဇို့” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ စဘီးကူးဂေ့ဟှယ်။
LUK 8:23 သူးနို့ဟှာ ဝပ်လွှမ့်နေဟှူ ခီမာ ယေရှုဟှာ အိမွိနေတော်မူဟှယ်။ ရောက်တရစ် အိုင်ထဲမာ လေမူဒိုင်းက္လဘီး လှေဟှာ ရေနပ္လဲ့ခါနီးနီး ဖြစ်ဟှားဟှူကြောန့် သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း ကြော့‑က်လန့်နေဂေ့ဟှယ်။
LUK 8:24 တဗဲ့တော်လေဟှာ ယေရှုနားဟှို သွားဘီးန ကိုယ်တော့်ဟှို နှိုးဘီး “သခင်၊ သခင်! ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဘီ!” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။ ယေရှုဟှာ အိယာဟှ ထလာဘီးန လေနလှိုင်းဟှို မိန့်ပေးလိုက်ဟှူန လေနလှိုင်းလည်း လောက်ဝ ငြီသတ်ဟှားလေဟှယ်။
LUK 8:25 အယ်ဘီးမှ ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို “နန်းနို့ရဲ့ ယောင်ကြည်ရှင်း ဖယ်မာနူး” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူးနို့ဟှာ ကြော့‑က်ရွံ့အံ့ဩဘီး “အယ်လူဟှ ဖယ်သူနူး။ သူဟှာ လေနလှိုင်းလေဟှို မိန့်ပေးလိုက်န သူးနို့လေဟှာ နားထောန်ဂေ့ဟှယ်!” ဆိုဘီး သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
LUK 8:26 ယေရှုန တဗဲ့တော်လေဟှာ ဂါရစပြည်ဟှို ဝပ်လွှမ့်ဟှားဘီး ဂီရသဒေသဟှာ ဂါလိလဲပြည် အိုင်တဖတ်မာ ရှိဟှယ်။
LUK 8:27 ယေရှုဟှာ ကမ်းထတ်ဟှို ခေခ္လလိုက်ဟှူန နတ်ဆိုးလေပူးနေဟှူ ဂါရစဗြို့သား တယော့‑က်ဟှာ ကိုယ်တော့်ဟှို လာတွိလေဟှယ်။ အယ်လူဟှာ ခီကြာဂီး ဝတ်လည်းဝတ်ဘဲန၊ အီမာလည်းနေဘဲန သန်းခ္လိုင်းထဲမာဘဲ့ နေလေဟှယ်။
LUK 8:28 သူဟှာ ယေရှုဟှို ဗြင်ခီမာ ကိုယ်တော်ရဲ့ ခေတော်ရင်းမာ ပ္လားပ္လားဝပ်ဘီး “ဗြင့်ဆောင်းဟှူ ဘုရားသခင်ရဲ့ သားတော် ယေရှု! ကိုယ်တော်ဟှာ ကျွန်တော်န ဖြားဆိုင်ဟှယ်နူး။ ကျွန်တော် တောန်းဗန်ပါဟှယ်။ ကျွန်တော့်ဟှို နှိစစ်ပါန!” ဆိုဘီး သံက္လယ်ဂီးန လျှော့‑က်လေဟှယ်။
LUK 8:29 အယ်မျိုး တောန်းဗန်နေဇာဟှ ယေရှုဟှာ ညစ်ညူးဟှူ နတ်လေဟှို အယ်လူထဲဟှ ထွပ်ဟှားဟှို့ မိန့်ပေးတော်မူလိုက်ကြောန့် ဖြစ်ဟှယ်။ အယ်လူဟှာ နတ်ဆိုးရဲ့ ခါဘီးခါ နှိစစ်ဇာဟှို ခံရဘီး သူ့ရဲ့ ခေလတ်လေဟှို သံကြိုးလေန ခယ်ဟှားဘီး လှောန်ဟှားဘေမဲ့လည်း သူဟှာ သံကြိုးလေဟှို ဆွဲဖြတ်ဘီးဟှာ တောကန္တာရထဲဟှို ထွပ်ပ္လေးဟှယ်။
LUK 8:30 ယေရှုဟှာ “နန့်နာမယ် ဖြားမျိုးခေါ်နူး” ဆိုဘီး သူဟှို မေးတော်မူဟှယ်။ သူ့ထဲမာ နတ်ဆိုးလေ ဘောင်ဂီးရှိနေဟှူကြောန့် သူဟှ “ကျွန်တော့်နာမယ်ဟှာ ‘လေဂေါင် ဖြစ်ဟှယ်’ ” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
LUK 8:31 နတ်ဆိုးလေဟှာ သူးနို့ဟှို နတ်ဆောင်းတွမ်းထဲဟှို နှန်ခ္လဘဲဟှို့တွပ် ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။
LUK 8:32 နီးနားဟှ တောန်ဂူးထတ်မာ ဝပ်အောက်ဂီးဟှာ စာစားနေဂေ့ဟှယ်။ နတ်ဆိုးလေဟှာ သူးနို့ဟှို အယ်ဝပ်လေထဲဟှို ဝမ်ခွမ့်ပေးတော်မူဟှို့ တောန်းဗန်ဂေ့ဟှူကြောန့် ယေရှုဟှာ ခွမ့်ပေးလေဟှယ်။
LUK 8:33 နတ်ဆိုးလေဟှာ အယ်လူထဲဟှ ထွပ်ဟှားဘီးန ဝပ်လေထဲဟှို ဝမ်ဟှားဟှယ်။ ဝပ်အောက်ဂီးဟှာ အိုင်ကမ်းနားဟှို ပ္လေးဆင်းဟှားဘီး ရေမ္လောက်သေဟှားလေဟှယ်။
LUK 8:34 ဝပ်ထီးမားလေဟှာ အယ်မျိုး ဖြစ်ဟှားဇာလေဟှို ဗြင်ဟှားကြောန့် သူးနို့ဟှာ ထွပ်ပ္လေးဂေ့ဘီးန ဗြို့န တောဝါလေမာ အယ်ဒန်းဟှို လိုက်ပြောဂေ့ဟှယ်။
LUK 8:35 လူလေဟှာ အယ်မျိုးဖြစ်ဟှားဇာလေဟှို ကေ့စားဟှို့ ထွပ်လာဂေ့ဟှူ ခီမာ နတ်ဆိုးလေ ထွပ်ဟှားဘီးဟှူ လူဟှာ ဝတ်ဟှို ဝတ်ဟှားဘီး ပေါင်မှန်စိန ယေရှုရဲ့ ခေတော်ရင်းမာ ထိုင်နေဇာဟှို တွိလိုက်ကြောန့် သူးနို့လေ ဂူလောင်းဟှာ ကြော့‑က်လန့်ဟှားဂေ့ဟှယ်။
LUK 8:36 အယ်လူဟှာ ဖယ်မျိုးလောက်ဘီး နတ်ဆိုးလေရဲ့ နှိစစ်ရှင်းဟှနေ လွှတ်မြော့‑က်ဟှားဟှယ် ဆိုဇာဟှို ကိုယ်တိုင်ဗြင်ဘီးဟှူ လူလေဟှ ခုမှရော့‑က်လာဟှူ လူလေဟှို ပြောပြလေဟှယ်။
LUK 8:37 အယ်ဘီးန ဂါရစဒေသဟှ လူလေ ဂူလောင်းဟှာ ရရာတိုင်း ကြော့‑က်လန့်နေဟှူကြောန့် အယ်ဒေသဟှ ထွပ်ဟှားတော်မူဟှို့ ယေရှုဟှို တောန်းလျှော့‑က်ဂေ့ဟှယ်။ အယ်ကြောန့် ယေရှုဟှာ လှေထဲဟှို ဝမ်ဟှားတော်မူဘီးန ပ္လန်ဟှားလိုက်ဟှယ်။
LUK 8:38 နတ်ဆိုးလေ ထွပ်ဟှားဟှူ လူဟှာ ယေရှုဟှို “ကိုယ်တော်နတူးဒူ လိုက်ခွမ့်ပေးတော်မူပါ” ဆိုဘီး တောန်းဗန်လေဟှယ်။ အယ်ဘေမဲ့ ယေရှုဟှာ သူ့ဟှို
LUK 8:39 “အီဟှို ပ္လန်ဟှားဘီး ဘုရားသခင်ဟှာ နန့်ဟှို ဖယ်မျိုး ကျေးဇူးပြုတော်မူဟှယ် ဆိုဇာဟှို သွားဘီး ကြေညာပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်လူဟှာ တဗြို့လောင်းဟှို သွားဘီး ယေရှုဟှာ သူ့ဟှို ဖယ်မျိုး ကျေးဇူးပြုလိုက်ဟှယ် ဆိုဇာဟှို ပြောလေဟှယ်။
LUK 8:40 ယေရှုဟှာ အိုင်တဖတ်ဟှို ပ္လန်ဟှားဟှူ ခီမာ လူလေဟှာ ကိုယ်တော့်ဟှို ကြိုဆိုဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ကိုယ်တော့်ဟှို စောန့်နေဂေ့ကြောန့် ဖြစ်ဟှယ်။
LUK 8:41 အယ်ခီမာ ယာဣရု နာမယ်ရှိဟှူ လူတယော့‑က် ရော့‑က်လာဟှယ်။ သူဟှာ ဝါလယ်ဇရပ်မှူး ဖြစ်ဟှယ်။ သူဟှာ ယေရှုရဲ့ ခေတော်ရင်းမာ ပ္လားပ္လားဝပ်ဘီး သူ့အီဟှို ကြွပေးတော်မူဟှို့တွပ် ကိုယ်တော့်ဟှို တောန်းဗန်နေဟှယ်။
LUK 8:42 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ရဲ့ တယော့‑က်ဒဲရှိဟှူ ဆယ့်နှေ့နှစ်ရွယ် သမီးဟှာ သေခါနီးဖြစ်နေကြောန့် ဖြစ်ဟှယ်။ ယေရှုဟှာ သူနတူးဒူ လိုက်ဟှားဟှူ ခီမာ လူလေဟှာ ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်။
LUK 8:43 သူးနို့လေထဲမာလည်း ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်နာဖြစ်နေဟှူကြောန့် သူ့ကပ်လေ ဂူလောင်း ကူဒဲ့ထိ ဆရာဝန်လေန ကုဟှယ်။ အယ်ဘေမဲ့လည်း သူ့ရောဂါဟှို ပျော့‑က်အောန် ကုနိုင်ဂေ့ဘဲဟှူ မီးမတယော့‑က်ရှိလေဟှယ်။
LUK 8:44 အယ်မီးမဟှာ ယေရှုနော့‑က်ဟှ ကပ်လိုက်ဟှားဘီးန ကိုယ်တော်ရဲ့ ဝတ်လောင်တော်ဟှ ပန်းဗွားဟှို တို့ထိလိုက်ဟှူန အယ်မီးမရဲ့ သွီးသွန်ဇာဟှ ရှင်းရှင်း တိဟှားဟှယ်။
LUK 8:45 ယေရှုဟှ “ငါ့ဟှို ဖယ်သူ တို့ထိလိုက်နူး” ဆိုဘီး မေးလိုက်ဟှယ်။ လူတိုင်းဟှ ဂြင်းဂေ့ဘီး ပေတရုဟှ “သခင်၊ လူလေဟှာ ကျွန်တော့်ဟှားလေရဲ့ ပတ်လည်မာရှိနေဘီး ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
LUK 8:46 အယ်ဘေမဲ့ ယေရှုဟှ “ငါ့ဟှို ယော့‑က်ယော့‑က်ဟှ တို့ထိလိုက်ဟှယ်။ ငါ့ထဲဟှ တဂိုးထွပ်ဟှားဇာဟှို ငါသိဟှယ်” ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။
LUK 8:47 အယ်မီးမဟှာ သူတို့ထိလိုက်ဇာဟှို သိဟှားဘီ ဆိုဘီး ကြော့‑က်ရွံ့တောင်လှောက်နေကြောန့် ရှေ့ဟှို ထွပ်လာဘီး ယေရှုရဲ့ ခေတော်ရင်းမာ ပျပ်ဝပ်လိုက်ဟှယ်။ လူလေ ဂူလောင်းရဲ့ရှေ့မာ ကိုယ်တော့်ဟှို ဖြားကြောန့် တို့ထိရကြောန်းန ဖယ်မျိုး ရှင်းရှင်း နာပျော့‑က်ဟှားကြောန်းဟှို ပြောပြလိုက်ဟှယ်။
LUK 8:48 ယေရှုဟှာ အယ်မီးမဟှို “ငါ့သမီး၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ။ ငြီသတ်ရှင်းန သွားပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 8:49 ယေရှုဟှာ အယ်မျိုး ပြောနေဟှူ ခီမာဘဲ့ ဝါလယ်ဇရပ်မှူးရဲ့ အီဟှနေ လူတယော့‑က် ရော့‑က်လာဟှယ်။ ယာဣရုဟှို “ကိုယ်တော်ရဲ့ သမီးဟှာ သေဟှားဘီ။ ဆရာဟှို နှောက်ယှစ်ပေးန” ဆိုဘီး သူဟှ ပြောလေဟှယ်။
LUK 8:50 အယ်ဘေမဲ့ ယေရှုဟှာ အယ်မျိုးပြောနေဇာဟှို ကြားဘီးန ယာဣရုဟှို “စိုးရိမ်န။ ယောင်ကြည်ရှင်းဘဲ့ရှိပါ။ ဝယ်ဟှားဂန်းဟှာ ကျန်းမာဟှားလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 8:51 ယာဣရုရဲ့ အီဟှို ရော့‑က်ဟှားဟှူ ခီမာ ကိုယ်တော်ဟှာ ပေတရု၊ ယောဟန်၊ ယာကုပ်န ဝယ်ဟှားဂန်းရဲ့ မိဖလေဟှလွဲဘီး တခြားဖယ်သူ့ဟှိုမှ ကိုယ်တော်နတူးဒူ အီထဲဟှို ဝမ်ခွမ့်ပေးဟှ။
LUK 8:52 လူတိုင်းဟှာ ဝယ်ဟှားဂန်းတွပ် ငိုကြွေးဘီးဝန်းနဲ နေဂေ့ဟှယ်။ ယေရှုဟှ “ငိုန၊ ဝယ်ဟှားဂန်းဟှာ သေနေဇာ မှုဟှ။ အိမွိနေဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 8:53 သူးနို့ ဂူလောင်းဟှာ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝယ်ဟှားဂန်းဟှာ သေနေဘီ ဆိုဇာဟှို သူးနို့ သိနေကြောန့် ဖြစ်ဟှယ်။
LUK 8:54 အယ်ဘေမဲ့ ယေရှုဟှာ ဝယ်ဟှားဂန်းရဲ့ လတ်ဟှို ကိုင်လိုက်ဘီး “ဝယ်ဟှားဂန်း၊ ထဝေါ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 8:55 ဝယ်ဟှားဂန်းဟှာ သတ်ဝိညာဉ် ပ္လန်ဝမ်လာဘီး ရှစ်ရှင်းထလေဟှယ်။ ယေရှုဟှာ ဝယ်ဟှားဂန်းဟှို စားဇာကျွေးဟှို့ သူးနို့ဟှို မိန့်တော်မူလိုက်ဟှယ်။
LUK 8:56 ဝယ်ဟှားဂန်းရဲ့ မိဖလေဟှာ ရရာတိုင်း အံ့ဩဟှားဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ အယ်မျိုးဖြစ်ဇာလေဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် သူးနို့ဟှို ပညတ်တော်မူလေဟှယ်။
LUK 9:1 ယေရှုဟှာ တဗဲ့တော် ဆယ့်နှေ့ပါးဟှို ခေါ်ဘီး နတ်ဆိုးလေဟှို နှန်ထုဟှို့န ရောဂါလေ ပျော့‑က်စေဟှို့ သူးနို့ဟှို တဂိုးန ခွမ့်အာဏာဟှို ပေးတော်မူဟှယ်။
LUK 9:2 အယ်ဘီးန ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်း ဟောပြောဟှို့န လူနာလေ ကျန်းမာစေဟှို့ သူးနို့ဟှို စေလွတ်တော်မူဘီးန၊
LUK 9:3 သူးနို့ဟှို “ခရီးသွားဟှို့တွပ် နန်းနို့နတူးဒူ ဖြားဇာလည်း ယူဟှားဂေ့န။ တောန်အူး၊ လွယ်အိ၊ စားဇာ၊ ကပ်လေန အန်းဂီပိုလည်း ယူဂေ့န။
LUK 9:4 ဖယ်အီဘဲ့ဖြစ်ဖြစ် နန်းနို့ဟှို ဝမ်ခွမ့်ပြုဟှယ် ဆိုဟှာ အယ်ဗြို့ဟှ ထွပ်ခန်ထိ အယ်အီမာနေဘီး
LUK 9:5 လူလေဟှ နန်းနို့ဟှို လတ်ခံဟှ ဆိုဟှာ အယ်ဗြို့ဟှ ထွပ်ဟှားဘီး သူးနို့ဟှာ လတ်ခံဂေ့ဟှ ဆိုဇာဟှို သတ်သေဖြစ်န နန်းနို့ခေဖွားဟှ မ္လေမုဟှို ခါခ္လလိုက်ဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 9:6 တဗဲ့တော်လေဟှာ ထွပ်ဟှားဘီး ဝါလေဂူလောင်းဟှို သွားဘီးန ရော့‑က်ဟှူ နေရာတိုင်းမာ ဒန်းကောန်းဟောပြောဂေ့ဘီး ရောဂါလေဟှို ပျော့‑က်စေဂေ့ဟှယ်။
LUK 9:7 ဂါလိလဲပြည်ဟှို အောက်ချောက်ဟှူ ဟေရုဒ်ဟှာ ကိုယ်တော် ပြုတော်မူဟှူ ဇာလေ ဂူလောင်းဟှို ကြားဟှူ ခီမာ ရရာတိုင်း စိရှောက်ဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူတချို့ဟှ ဗတ္တိဇံ ယောဟန်ဟှာ သေဘီးမှ ပ္လန်ရှင်လာဟှယ် ဆိုဘီး ပြောနေကြောန့် ဖြစ်ဟှယ်။
LUK 9:8 တခြားလူလေဟှ ဧလိယ ပ္လန်ပေါ်လာဟှယ် ဆိုဇာဟှို ပြောဂေ့ဘီး တခြားလူလေဟှလည်း ရှေးပရောဖက်လေထဲဟှ တယော့‑က် သေဘီးမှ ပ္လန်ရှင်လာဟှယ် ဆိုဘီး ပြောနေဂေ့ဟှယ်။
LUK 9:9 ဟေရုဒ်ဟှ “ငါဟှာ ယောဟန်ရဲ့ ခေါန်းဟှို ဖြတ်လိုက်ပီးဘီ။ အယ်ဆိုဟှာ ငါဒန်းကြားနေရဟှူ အယ်လူဟှာ ဖယ်သူနူး” ဆိုဘီး ပြောလေဟှယ်။ အယ်ဘီးန သူဟှာ ယေရှုဟှို တွိရဟှို့ ရှာကြံလေဟှယ်။
LUK 9:10 တမန်တော်လေဟှာ ပ္လန်ရော့‑က်လာဘီးန ယေရှုဟှို သူးနို့ရဲ့ လောက်ဆောန်ချစ်လေ ဂူလောင်းဟှို လျှော့‑က်ဂေ့ဟှယ်။ ကိုယ်တော်ဟှာ သူးနို့နတူးဒူ ဗက်ဇဲဒ ဆိုဘီး နာမယ်ရှိဟှူ ဗြို့ဟှို ကြွဟှားလေဟှယ်။
LUK 9:11 လူအောက်ဂီးဟှာ အယ်မျိုးကြွဟှားဟှယ် ဆိုဇာဟှို ကြားရဟှူ ခီမာ ကိုယ်တော်နော့‑က်ဟှို လိုက်ဂေ့ဟှယ်။ ကိုယ်တော်ဟှာ သူးနို့ဟှို ကြိုဆိုဘီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းဟှို ဟောပြောဘီးဟှာ ရောဂါရှိဟှူ သူလေဟှို နာပျော့‑က်စေဟှယ်။
LUK 9:12 ညဉ့်မိုက်ခါနီးခီမာ တဗဲ့တော် ဆယ့်နှေ့ပါးဟှာ ကိုယ်တော့်နားဟှို လာဘီးန “လူလေဟှို နီးနားမာရှိနေဟှူ ဝါလေဟှို သွားစေဘီး အိဟှို့နေရာလေန စားဇာလေရှာဟှို ရှာစေတော်မူပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်နေရာဟှာ လူသူမှေ့ဘဲဟှူ နေရာဖြစ်ဟှူကြောန့် ဖြစ်ဟှယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
LUK 9:13 အယ်ဘေမဲ့ ကိုယ်တော်ဟှာ သူးနို့ဟှို “နန်းနို့ကိုယ်တိုင် သူးနို့စားဟှို့ စားဇာတခုခုပေးဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူးနို့ဟှ “ကျွန်တော့်ဟှားလေ ဂူလောင်းမာ မုငါးလောင်းန ငါးနှေ့ကောန်ဘဲ့ ရှိဟှယ်။ ကိုယ်တော်ဟှ အယ်လူအောက်ဂီးတွပ် စားဇာဝယ်ဟှို့ ကျွန်တော့်ဟှားလေဟှို သွားစေရှင်လော” ဆိုဘီး ပ္လန်လျှော့က်ဂေ့ဟှယ်။
LUK 9:14 (အယ်လူအောက်ဂီးထဲမာ ယော့‑က်ကျား ၅,၀၀၀ လော့‑က် ရှိဟှယ်။) ယေရှုဟှာ တဗဲ့တော်လေဟှို “လူလေဟှို ငါးဆယ်စီစုဘီး ထိုင်ခိုင်းလိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 9:15 တဗဲ့တော်လေဟှာ မိန့်တော်မူလိုက်ဟှူတိုင်း လောက်ဘီးန၊
LUK 9:16 ယေရှုဟှာ မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူလေဟှယ်။ အယ်ဘီးန ကောန်းဂန်ဟှို မော့ကေ့ဘီး၊ မုန ငါးတွပ် ဘုရားသခင်ဟှို ချီးမွမ်းဘီး၊ မုဟှို ဖဲ့ဘီးန လူလေဟှို ဝီပေးဟှို့ တဗဲ့တော်လေဟှို ပေးလေဟှယ်။
LUK 9:17 သူးနို့ ဂူလောင်းဟှာ ဗိုက်ပ္လဲ့အောန် စားဂေ့ဘီးန တဗဲ့တော်လေဟှာ ကြွင်းကျန်လေဟှို လိုက်ကော့‑က်ဂေ့ဇာ ခြင်းဒေါန်းန ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။
LUK 9:18 တနေ့မာ ယေရှုတပါးဒဲ ဆုတောန်းနေဟှူ ခီမာ တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ ကိုယ်တော်ဟှ “လူအောက်ဂီးဟှ ငါဟှို ဖယ်သူ ဆိုဘီး ပြောနေဂေ့နူး” ဆိုဘီး သူးနို့ဟှို မေးတော်မူဟှယ်။
LUK 9:19 သူးနို့ဟှ “တချို့ဟှ ကိုယ်တော်ဟှာ ဗတ္တိဇံယောဟန် ဖြစ်ဟှယ်။ တခြားလူလေဟှ ကိုယ်တော်ဟှာ ဧလိယဖြစ်ဟှယ်။ တခြားလူလေဟှ သေဘီးမှ ပ္လန်ရှင်လာဟှူ ရှေးပရောဖက် တပါးပါး ဖြစ်ဟှယ် ဆိုဘီး ပြောဂေ့ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 9:20 ကိုယ်တော်ဟှ “နန်းနို့လေဟှမား ငါ့ဟှို ဖယ်သူဖြစ်ဟှယ် ဆိုဘီး ပြောဂေ့နူး” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ ပေတရုဟှ “ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ မေရှိယ ဖြစ်ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 9:21 အယ်ဘီးန ယေရှုဟှာ အယ်ကြောန်းဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် သူးနို့ဟှို မိန့်ပေးလေဟှယ်။
LUK 9:22 ကိုယ်တော်ဟှလည်း “လူ့ရဲ့သားဟှာ ရရာတိုင်း နာကျင်ရှင်း ဝေဒနာဟှို ခံရဘီး ကြီးကဲလေ၊ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေရဲ့ ငြင်းပယ်ရှင်းဟှို ခံရလေ့မယ်။ လူ့ရဲ့သားဟှာ သေသတ်ရှင်းဟှို ခံရမယ်။ အယ်ဘေမဲ့ သောင်းရစ် ပ္လဲ့ဟှူ နေ့မာ လူ့ရဲ့သားဟှာ ပ္လန်ရှင်လေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 9:23 အယ်ဘီဟှာ ကိုယ်တော်ဟှာ သူးနို့ ဂူလောင်းဟှို “နန်းနို့ဟှ ငါ့တဗဲ့ ဖြစ်ရှင်ဟှယ် ဆိုဟှာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ဘီး နေ့တိုင်း နန်းနို့ရဲ့ လတ်ဝါးကပ်တိုင်ဟှို ထမ်းဘီးဟှာ ငါ့နော့‑က်ဟှို လိုက်ရမယ်။
LUK 9:24 ဖြားဖြစ်ကြောန့်နူဆိုဟှာ နန်းနို့ရဲ့ သတ်ဟှို ကယ်တန်ရှင်ဟှယ် ဆိုဟှာ နန်းနို့ဟှာ သတ်ရှောင်းလေ့မယ်။ အယ်ဘေမဲ့ ငါ့ကြောန့် နန်းနို့ရဲ့ သတ်ရှောင်းမယ် ဆိုဟှာ နန်းနို့ဟှာ နန်းနို့သတ်ဟှို ကယ်တန်လေ့မယ်။
LUK 9:25 နန်းနို့ဟှာ လောက တခုလောင်းဟှို ပိုင်ဆိုင်ခွမ့် ရဘေမဲ့လည်း နန်းနို့ရဲ့ သတ်ရှောင်းမယ် ဆိုဟှာ ဖြားကျိုးရှိမယ်နူး။ ဖြားကျိုးလည်းမှေ့ဟှ!
LUK 9:26 နန်းနို့ဟှာ ငါ့န ငါ့ရဲ့ စကားလေတွပ် ယှစ်နေမယ် ဆိုဟှာ လူ့ရဲ့သားဟှာ သူ့ရဲ့ ဖောင်းသရေတော်၊ ဖရဲ့ ဖောင်းသရေတော်၊ သန့်ရှင်းဟှူ ကောန်းဂန်တမန်လေရဲ့ ဖောင်းသရေတော်န ကြွလာဟှူ ခီမာ အယ်လူတွပ် ယှစ်လေ့မယ်။
LUK 9:27 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ အယ်နေရာမာ ရှိနေဟှူ လူတချို့ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဗြင်ရဘဲ့န သေရလေ့ဟှို့ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 9:28 ယေရှုဟှာ အယ်မျိုးမိန့်တော်မူဘီး တဘတ်လော့‑က် ကြာဟှူ ခီမာ ပေတရု၊ ယာကုပ်န ယောဟန်လေဟှို ခေါ်ဘီးန ဆုတောန်းဟှို့ တောန်ထတ်ဟှို တတ်ဟှားဂေ့ဟှယ်။
LUK 9:29 ကိုယ်တော်ဟှာ ဆုတောန်းနေဟှူ ခီမာ ကိုယ်တော်ရဲ့ မျစ်နှာဟှာ ဆင်းသဏ္ဌာန် ပ္လောန်းလဲဟှားဘီး ဝတ်တော်ဟှာလည်း ဖ္လူဆွတ်ဆွတ် ဖြစ်လာဟှယ်။
LUK 9:30 လူနှေ့ယော့‑က်ဟှာ ရောက်တရစ် ပေါ်လာဘီး ကိုယ်တော်န စကားပြောနေဂေ့ဟှယ်။ သူးနို့ဟှာ မောရှေန ဧလိယဖြစ်ဘီး
LUK 9:31 သူးနို့ဟှာ ကောန်းဂန်ဖောင်းသရေတော်န ပေါ်လာဘီး ဘုရားသခင်ရဲ့ ရည်ရွယ်ချစ် ပ္လဲ့ဇောင်ဟှို့တွပ် ကြာခန်မာ ယေရုရှလင်ဗြို့မာ ကိုယ်တော် သေခံရဟှို့ကြောန်းဟှို ယေရှုန ပြောနေဂေ့ဟှယ်။
LUK 9:32 ပေတရုန သူ့ရဲ့ လောက်ဖော်ဆောန်ဖတ်လေဟှာ အိမွိနေဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ နိုးလာဘီးဟှာ ယေရှုရဲ့ ဖောင်းသရေတော်န ကိုယ်တော်နတူးဒူ ရပ်နေဟှူ လူနှေ့ယော့‑က်ဟှို ဗြင်ရဟှယ်။
LUK 9:33 အယ်လူနှေ့ယော့‑က်ဟှာ ယေရှုနားဟှ ထွပ်ဟှားဟှူ ခီမာ ပေတရုဟှာ ကိုယ်တော့်ဟှို “သခင်၊ အယ်နေရာဟှာ နေရှင်ဘွယ်ကောန်းဟှယ်! ကျွန်တော့်ဟှားလေဟှာ ကိုယ်တော်တွပ် တဲတဆောန်၊ မောရှေတွပ် တဲတဆောန်န ဧလိယတွပ် တဲတဆောန်၊ တဲသောင်းဆောန်ဟှို ကျွန်တော်ဟှားလေ ဆော့‑က်ပေးမယ်” ဆိုဘီး လျှော့‑က်လေဟှယ်။ (သူပြောနေဇာဟှို သူတကယ် သိဂေ့ဟှ။)
LUK 9:34 သူဟှာ အယ်မျိုး လျှော့‑က်နေဟှူ ခီမာဘဲ့ မိုးတီတခု ပေါ်လာဘီးဟှာ သူးနို့ဟှို ဖောင်းဟှားလိုက်ဟှူကြောန့် ကြော့‑က်လန့်ဟှားဂေ့ဟှယ်။
LUK 9:35 မိုးတီထဲဟှနေ “အယ်သူဟှာ ငါဝီးကော့‑က်ဟှားဟှူ ငါ့ရဲ့ ရှစ်ဟှူသား ဖြစ်ဟှယ်။ သူ့စကားဟှို နားထောန်ဂေ့!” ဆိုဘီး သံတော် ထွပ်ပေါ်လာဟှယ်။
LUK 9:36 သံတော် ထွပ်ပေါ်လာဘီးန ယေရှုတပါးဒဲဟှိုဘဲ့ ဗြင်ရလေဟှယ်။ အယ်ခီမာ တဗဲ့တော်လေဟှာ ဗြင်ရဟှူဇာလေ ဂူလောင်းဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲန တိတိဟှားနေဂေ့ဟှယ်။
LUK 9:37 နတ်ကီးဖတ်မာ ယေရှုန တဗဲ့တော် သောင်းပါးဟှာ တောန်ထတ်ဟှနေ ဆင်းလာဂေ့ဟှူ ခီမာ လူအောက်ဂီးဟှာ ယေရှုဟှို ကြိုဆိုဂေ့ဟှယ်။
LUK 9:38 လူအောက်ဂီးထဲဟှနေ လူတယော့‑က်ဟှ “ဆရာ! ကျွန်တော့်ရဲ့ သားဟှို ကေ့ရှုပေးဟှို့ ကျွန်တော်တောန်းဗန်ပါဟှယ်။ သူဟှာ ကျွန်တော့်ရဲ့ တယော့‑က်ဒဲဟှူ သားဖြစ်ဟှယ်!
LUK 9:39 နတ်ဖမ်စားဟှားဟှူကြောန့် သူဟှာ ရောက်တရစ် ထအော်ဘီးဟှာ ဇတ်ပေါ့‑က်ဟှ ဖြုတ်လေထွပ်ဘီး တော့‑က်မာလာလေဟှယ်။ နတ်ဟှာ သူ့ဟှို နာကျင်အောန်လောက်ဘီးမှ ခတ်ခတ်ခဲခဲ ထွပ်ဟှားဟှယ်!
LUK 9:40 ကျွန်တော်ဟှာ ဆရာရဲ့ တဗဲ့လေဟှို အယ်နတ်ဟှို နှန်ထုခိုင်းဘေမဲ့ သူးနို့ဟှာ တတ်နိုင်ဂေ့ဟှ” ဆိုဘီး အော်ဟစ်ဘီး လျှော့‑က်လေဟှယ်။
LUK 9:41 ယေရှုဟှ “ယောင်ကြည်ရှင်းလည်းမှေ့။ ဖော့‑က်ပ္လန်ဟှူ လူလေ! ငါဟှာ နန်းနို့နတူးဒူ ဖယ်လော့‑က်ကြာအောန် နေနေရနူး။ ငါဟှာ နန်းနို့ဟှို ဖယ်လော့‑က်ကြာကြာ သီးခံရဟှို့နူး။” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှာ အယ်လူဟှို “နန့်ရဲ့ သားဟှို ခေါ်လာပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 9:42 ကောန်သားဟှားဟှာ လာနေဒူးမာဘဲ့ နတ်ဆိုးဟှာ သူ့ဟှို မ္လေထတ်မာလှဲခ္လဘီး တော့‑က်မာအောန် လောက်ဟှယ်။ ယေရှုဟှာ ညစ်ညူးဟှူနတ်ဟှို မိန့်ပေးလိုက်ဘီး ကောန်းသားဟှားဟှို ကျန်းမာစေဘီးန သူ့ရဲ့ဖဟှို ပ္လန်ပေးလေဟှယ်။
LUK 9:43 လူလေ ဂူလောင်းဟှာ ဘုရားသခင်ရဲ့ မဟာတဂိုးတော်ဟှို အံ့ဩဟှားဂေ့ဟှယ်။ လူလေဟှာ ယေရှု ပြုလောက်ဇာလေ ဂူလောင်းဟှို အံ့ဩနေခီမာဘဲ့ ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို
LUK 9:44 “နန်းနို့ဟှို ငါမိန့်မှာဟှားဇာလေဟှို မေ့ဂေ့န! လူ့ရဲ့သားဟှာ လူလေရဲ့ လတ်ထဲဟှို အပ်ရှင်းဟှို ခံရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 9:45 အယ်ဘေမဲ့ အယ်စကားဟှို တဗဲ့တော်လေ နားလည်နိုင်ဘဲအောန် ဓိပါယ်ဟှို ဖောင်းဟှားကြောန့် သူးနို့ဟှာ နားလည်ဂေ့ဟှ။ အယ်ဓိပါယ်န ပတ်သတ်ဘီး ကိုယ်တော့်ဟှို တောန်းလျှော့‑က်ဟှို့လည်း သူးနို့ ကြော့‑က်ဂေ့ဟှယ်။
LUK 9:46 တဗဲ့တော်လေ ကြားထဲမာ ဖယ်သူဟှာ ကီးမြတ်ဆောင်း ဖြစ်ဟှယ် ဆိုဘီး ဂြင်းခူရှင်းလေ ဖြစ်လာဟှယ်။
LUK 9:47 ယေရှုဟှာ သူးနို့ ဖြားဇာလေ ဂြင်းခူနေဟှယ် ဆိုဇာဟှို စိထဲမာ သိဟှူကြောန့် သားဂန်းဟှား တယော့‑က်ဟှို ခေါ်ဘီးဟှာ ကိုယ်တော်ရဲ့ ဘေးနားမာ ရပ်စေဘီးန၊
LUK 9:48 သူးနို့လေဟှို “အယ်မူသားဂန်းဟှားဟှို ငါ့နာမနှိုက် လတ်ခံဟှူသူဟှာ ငါ့ဟှို လတ်ခံဟှယ်။ ငါ့ဟှို လတ်ခံဟှူသူဟှာ ငါ့ဟှို စေလွှတ်လိုက်ဟှူ သူဟှိုလည်း လတ်ခံရှင်းဖြစ်ဟှယ်။ အယ်ကြောန့် နန်းနို့ထဲမာ ငယ်ဆောင်းဟှူလူဟှာ ကီးမြတ်ဆောင်း ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 9:49 ယောဟန်ဟှ “သခင်၊ ကိုယ်တော်ရဲ့ နာမန နတ်ဆိုးလေဟှို နှန်ထုနေဟှူ လူတယော့‑က်ဟှို ကျွန်တော့်ဟှားလေ တွိဟှားဟှယ်။ အယ်လူဟှာ ကျွန်တော့်ဟှားလေ အောက်စုထဲဟှမှုဘဲကြောန့် ကိုယ်တော်ရဲ့ နာမဟှို သောင်းန ဆိုဘီး တားမြစ်ဟှားဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 9:50 ယေရှုဟှာ “အယ်လူဟှို တားမြစ်ဂေ့န။ ဖြားဖြစ်ကြောန်ဆိုဟှာ နန်းနို့ဟှို ဆန့်ကျင်ဘဲဟှူ လူဟှာ နန်းနို့ဖတ်မာရှိဟှယ်” ဆိုဘီး ယောဟန်န တခြားတဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
LUK 9:51 ယေရှုဟှာ ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှို့ နီးလာဟှူ ခီမာ ယေရုရှလင်ဗြို့ဟှို ကြွဟှားတော်မူဟှို့ စိဆောင်းဖြတ်လေဟှယ်။
LUK 9:52 ကိုယ်တော်ဟှာ စေတမန်လေဟှို ရှေ့ဟှနေ စေလွှတ်ဘီး သူးနို့ဟှာ ကိုယ်တော်တွပ် ပြင်ဆင်ဟှို့ ရှမာရိဝါထဲဟှို ဝမ်ဂေ့ဟှယ်။
LUK 9:53 အယ်ဘေမဲ့ ကိုယ်တော်ဟှာ ယေရုရှလင်ဗြို့ဟှို ခရီးပြုနေဟှယ် ဖြစ်ဟှူကြောန့် အယ်နေရာမာရှိနေဟှူ လူလေဟှာ ကိုယ်တော့်ဟှို လတ်ခံဂေ့ဟှ။
LUK 9:54 အယ်မူဇာဟှို တဗဲ့တော်လေဖြစ်ဟှူ ယာကုပ်န ယောဟန်လေ ဗြင်ဟှားဟှူ ခီမာ သူးနို့ဟှ “သခင်ဘုရား၊ ကျွန်တော့်ဟှားလေဟှာ ဧလိယလောက်ဟှူမျိုး ကောန်းဂန်ဟှနေ မီးက္လစေလိုက်ဘီး သူးနို့ဟှို လောန်ဟှားဟှို့ ကိုယ်တော် လိုရှင်လော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
LUK 9:55 အယ်ဘေမဲ့ ယေရှုဟှာ လှည့်ကေ့ဘီးန သူးနို့ဟှို ဆောင်းမလေဟှယ်။
LUK 9:56 အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေန တခြားဝါဟှို ဆစ်ဘီး ကြွဟှားတော်မူဟှယ်။
LUK 9:57 သူးနို့ဟှာ ခရီးဆစ်သွားနေကြောန့် လူတယော့‑က်ဟှာ ယေရှုဟှို “ကိုယ်တော် ဖယ်နေရာသွားသွား ကျွန်တော် လိုက်ပါမယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 9:58 ယေရှုဟှလည်း “မ္လေခွီးမာ တွမ်းရှိဟှယ်။ ကောန်းဂန်ဟှ ငှတ်မာလည်း သိုက်ရှိဟှယ်။ အယ်ဘေမဲ့ လူ့ရဲ့သားမာဟှ ခေါန်းခ္လဟှို့တွပ် နေရာမှေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 9:59 ကိုယ်တော်ဟှာ “ငါ့နော့‑က်ဟှို လိုက်ပါ” ဆိုဘီး တခြား တယော့‑က်ဟှို မိန့်တော်မူလေဟှယ်။ အယ်ဘေမဲ့ အယ်လူဟှ “သခင်၊ ကျွန်တော့်ဖဟှို ရင်ဦးဆောင်း သွားဘီး သင်္ဂြိုဟ်ဟှို့တွပ် ခွမ့်ပေးပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 9:60 ယေရှုဟှ “လူသေလေဟှို လူသေလေဘဲ့ သင်္ဂြိုဟ်ပါစေ။ နန်ဟှာ သွားဘီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဟောပြောပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 9:61 နော့‑က်တယော့‑က်ဟှလည်း “သခင်၊ ကျွန်တော်ဟှာ ကိုယ်တော့် နော့‑က်တော်ဟှို လိုက်ရှင်ဟှယ်။ အယ်ဘေမဲ့ ကျွန်တော့်မိသားစုဟှို ရင်ဦးဆောင်း နှောက်ဆစ်ခွမ့်ပြုပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 9:62 ယေရှုဟှာ သူ့ဟှို “ထွန်ဂိုင်းဟှို ကိုင်ဘီး နော့‑က်ဟှို ပ္လန်လှည့်ကေ့ဟှူ လူဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်တွပ် သောင်းဇာဟှိရဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 10:1 အယ်မျိုးမိန့်တော်မူဘီးန သခင်ဘုရားဟှာ နော့‑က်ထပ် လူ ၇၂ ပါးဟှို ဝီးကော့‑က်တော်မူဘီး၊ နှေ့ယော့‑က်စီတွဲဘီး ကိုယ်တော်ကိုယ်တိုင် သွားဟှို့ ဗြို့ဝါလေဟှို ရင်ဦးဆောင်း စေလွှတ်လေဟှယ်။
LUK 10:2 ကိုယ်တော်ဟှာ သူးနို့ဟှို “ရိသီးဇာလေ ဘောင်ဂီးရှိဘေမဲ့ ရိသီးမားလေဟှာ နဲနဲဘဲ့ရှိဟှယ်။ ရိသီးမားလေ စေလွှတ်ပေးဟှို့တွပ် ဗားဇရှင်ဟှို ဆုတောန်းဂေ့။
LUK 10:3 သွားဂေ့! ဝံပုလွေအောက်ထဲဟှို သိုးသားဂန်းလေဟှို စေလွှတ်ဟှူမျိုး နန်းနို့ဟှို ငါစေလွှတ်ဟှယ်။
LUK 10:4 ကပ်အိ၊ လွယ်အိ၊ ခေနပ်လေဟှို ယူဂေ့န။ လမ်းမာရပ်ဘီး ဖယ်သူဟှိုလည်း နှောက်ဆစ်ဂေ့န။
LUK 10:5 နန်းနို့ဟှာ အီတအီဟှို ဝမ်ဟှားဟှူခီတိုင်း ရင်ဦးဆောင်း ‘အယ်အီမာ ငြီသတ်ရှင်းရှိပါစေ’ ဆိုဘီး နှောက်ဆစ်ဂေ့။
LUK 10:6 အယ်အီမာ ငြီသတ်ရှင်းဟှို ရှစ်မြတ်နိုးသူရှိမယ် ဆိုဟှာ နန်းနို့ နှောက်ဆစ်ဟှူ ငြီသတ်ရှင်းဟှာ အယ်လူထတ်မာ ကျန်ရစ်လေ့မယ်။ ငြီသတ်ရှင်းဟှို ရှစ်မြတ်နိုးသူ မှေ့ဟှ ဆိုဟှာ နန်းနို့ နှောက်ဆစ်ဟှူ ငြီသတ်ရှင်းဟှာ နန်းနို့နားဟှို ပ္လန်လာလေ့မယ်။
LUK 10:7 နန်းနို့ဟှာ အယ်အီမာနေဘီး သူးနို့ ကျွေးဇာလေဟှို စားသောက်ဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လောက်လောက်ဟှူ သူဟှာ လောက်ခဟှို ရထိုက်ဟှယ်။ တအီဟှနေ တအီဟှို ပ္လောန်းဂေ့န။
LUK 10:8 နန်းနို့ဟှို လတ်ခံဟှူ ဗြို့ဟှိုဝမ်ဘီး ကျွေးဇာလေဟှို စားဂေ့။
LUK 10:9 အယ်ဗြို့မာရှိဟှူ လူနာလေဟှို နာပျော့‑က်စေဘီး ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ’ ဆိုဘီး အယ်လူလေဟှို ပြောဂေ့။
LUK 10:10 အယ်ဘေမဲ့ နန်းနို့ဟှို လတ်ခံဘဲဟှူ ဗြို့ဖြစ်မယ် ဆိုဟှာ လမ်းထတ်ဟှနေ
LUK 10:11 ‘နန်းနို့ဟှို ဒိပေးဟှူနေန နို့လေရဲ့ ခေဖွားမာ ကပ်နေဟှူ နန်းနို့ဗြို့ဟှ မ္လေမုလေဟှို နို့လေ ခါခ္လလိုက်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ ဆိုဇာဟှို အော့‑က်မေ့ဂေ့!’ ဆိုဘီး ပြောဂေ့။
LUK 10:12 တရားစီရင်ဟှူနေ့မာ ဘုရားသခင်ဟှာ အယ်ဗြို့ထတ် သောဒုံဗြို့ဟှိုဘဲ့ ပိုဘီး ကရုဏာတော် ပြလေ့မယ် ဆိုဇာဟှို ငါ ပြောဟှယ်!
LUK 10:13 “ခေါရဇိန်ဗြို့၊ နန်ဟှာ အမင်္ဂလာရှိဟှယ်! ဗက်ဇဲဒဗြို့၊ နန်ဟှာ အမင်္ဂလာရှိဟှယ်! နန်းနို့ဟှို ပြဟှားဟှူ နိမိတ်လတ်ခဏာလေဟှို တုရုဗြို့န ဇိဒုန်ဗြို့မာ ပြဟှားမယ် ဆိုဟှာ အယ်ဗြို့လေဟှ လူလေဟှာ လျှော်တေဟှို ဝတ်ဘီး ပ္လာထဲမာ ထိုင်ဘီး နောန်ဒရဂေ့လေ့မယ်!
LUK 10:14 တရားစီရင်ဟှူနေ့မာ ဘုရားသခင်ဟှာ နန်းနို့ထတ် တုရုဗြို့န ဇိဒုန်ဗြို့လေဟှိုဘဲ့ ပိုဘီး ကရုဏာပြလေ့မယ်။
LUK 10:15 ကပေရနောင်ဗြို့၊ နန်ဟှာ အမင်္ဂလာရှိဟှယ်! နန့်ဟှာ ကောန်းဂန်ထိ ချီးမြှော‑က်ရှင်းဟှို ခံရဘေမဲ့လည်း မရဏာနိုင်ငံဟှိုဘဲ့ ခ္လရှင်းဟှို ခံရလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 10:16 ယေရှုဟှာ တဗဲ့တော်လေဟှို “ဖယ်သူဘဲ့ဖြစ်ဖြစ် နန်းနို့စကားဟှို နားထောန်ဟှူသူဟှာ ငါ့စကားဟှို နားထောန်ဟှူသူ ဖြစ်ဟှယ်။ ဖယ်သူဘဲ့ဖြစ်ဖြစ် နန်းနို့ဟှို ငြင်းပယ်ဟှူ သူဟှာ ငါ့ဟှို ငြင်းပယ်ဟှူသူ ဖြစ်ဟှယ်။ ဖယ်သူဘဲ့ဖြစ်ဖြစ် ငါ့ဟှို ငြင်းပယ်ဟှူ လူဟှာ ငါ့ဟှို စေလွှတ်လိုက်ဟှူ လူဟှိုလည်း ငြင်းပယ်ဟှူလူ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 10:17 တဗဲ့တော် ၇၂ ပါးဟှာ ရရာတိုင်း ဝန်းသာဘီး ပ္လန်ရော့‑က်လာဂေ့ဘီး “သခင်၊ ကျွန်တော့်ဟှားလေဟှာ ကိုယ်တော်ရဲ့ နာမန နတ်ဆိုးလေဟှို နှန်ထုလိုက်ဟှူ ခီမာ သူးနို့လေဟှာ နားထောန်ဘီးဟှာ ထွပ်ဟှားဂေ့ဟှယ်!” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
LUK 10:18 ယေရှုဟှာ “စာတန်ဟှာ ကောန်းဂန်ဟှနေ လျှပ်စစ်ဖြန့်မျိုး က္လလာဇာဟှို ငါဗြင်ရဟှယ်။
LUK 10:19 နားထောန်ဂေ့! နန်းနို့ဟှာ ဗွီလေန ကန်းမီးဂေါ့‑က်လေ ထတ်မာ လမ်းရှော့‑က်နိုင်ဘီး ရန်သူရဲ့တဂိုး အာဏာလေ ဂူလောင်းဟှို နိုင်ရဟှူ ခွမ့်အာဏာလေဟှို ငါပေးဟှားပီးဘီ ဖြစ်ဟှူကြောန့် ဖယ်ဘေးလည်း နန်းနို့ဟှို ညှဉ်းဆဲလေ့ မှုဟှ။
LUK 10:20 အယ်ဘေမဲ့ နန်းနို့ဟှာ နတ်ဆိုးလေဟှို နှန်ထုနိုင်ဟှူကြောန့် ဝန်းသာဂေ့န။ နန်းနို့ရဲ့ နာမယ်ဟှာ ကောန်းဂန်စာရင်းမာ ရေးဟှားပီးဘီ ဖြစ်ဟှူကြောန့် ဝန်းသာဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 10:21 အယ်ခီမာ ယေရှုဟှာ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ရရာတိုင်း ဝန်းသာနေဘီး “ကောန်းဂန်ဘောင်န မ္လေဂီးရဲ့သခင် ဖြစ်တော်မူဟှူဖ! ကိုယ်တော်ဟှာ ပညာရှိလေန ဉာဏ်ကောန်းဟှူ သူလေတွပ် ဝှပ်ဟှားဟှူ ဇာလေဟှို ပညာတတ်ဘဲဟှူ သူလေဟှိုဘဲ့ ဖွမ့်ပြပေးဟှူကြောန့် ကိုယ်တော့်ဟှို ကျေးဇူးတန်ဟှယ်။ မှန်ပါဟှယ် ဖ၊ အယ်မူဇာဟှာ ရှေ့တော်မာ နှစ်သက်ဖွယ် ဖြစ်ပါဟှယ်။
LUK 10:22 “နို့ဖဟှာ ရှိမျှဂူလောင်း ငါ့ဟှို ပေးဟှားပီးဘီ။ အယ်သားဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာဟှို ဖဟှလွဲဘီး ဖယ်သူလည်း သိဂေ့ဟှ။ ဖဟှာ ဖယ်သူ ဖြစ်ဟှယ် ဆိုဇာဟှိုလည်း အယ်သားန အယ်သားတော်ဟှ ဖွမ့်ပြဟှို့တွပ် ဝီးကော့‑က်ဟှားဟှူ သူလေမှတပါး ဖယ်သူလည်း သိဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 10:23 အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေဖတ်ဟှို လှည့်ဘီးန သူးနို့ဟှို “နန်းနို့ ခုဗြင်နေရဟှူ ဇာလေဟှို ဗြင်ရဟှူကြောန့် နန်းနို့မျစ်စိဟှာ မင်္ဂလာရှိဂေ့ဟှယ်!
LUK 10:24 နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ ဗြင်ရဟှူ ဇာလေဟှို ပရောဖက်လေန မန်းဂီးလေဟှာ ဗြင်ရှင်ဘေမဲ့လည်း သူးနို့ဟှာ ဗြင်ရဂေ့ဟှ။ နန်းနို့ ကြားရဟှူ ဇာလေဟှိုလည်း သူးနို့ ကြားရဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 10:25 ကျမ်းတတ်ဆရာ တယော့‑က်ဟှာ ထလာဘီးဟှာ ယေရှုဟှို “ဆရာ၊ ထာဝရသတ် ရရှိဟှို့တွပ် ဖြားလောက်ရမယ်နူး။” ဆိုဘီး ပညာစမ်းရှင်ဟှူကြောန့် မေးလျှော့‑က်လေဟှယ်။
LUK 10:26 ယေရှုဟှာ “ပညတ်တော်မာ ဖြားဇာလေ ပြောဟှားနူး။ နန်းနို့ ဖယ်မျိုးဖတ်ဟှားနူး။” ဆိုဘီး သူ့ဟှို မေးတော်မူလေဟှယ်။
LUK 10:27 အယ်လူဟှ “‘နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စိနှလောင်းကြွင်းမဲ့၊ ဉာဏ်စွမ်းကြွင်းမဲ့၊ ကိုယ်စွမ်းရှိမျှန ရှစ်ပါ။ အယ်ဘီးဟှာ နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုးဘဲ့ရှစ်ပါ’ ” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
LUK 10:28 ယေရှုဟှ “နန်ဖြေဇာဟှာ မှန်ဟှယ်။ အယ်မျိုးလောက်မယ် ဆိုဟှာ နန်ဟှာ သတ်ရှင်ရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 10:29 အယ်ဘေမဲ့ အယ်ကျမ်းတတ်ဆရာဟှာ ဖြောန့်မတ်ကြောန်းပြရှင်ဟှူကြောန့် ယေရှုဟှို “ကျွန်တော့်ရဲ့ အီဇနီးရှင်းဟှ ဖယ်သူနူး။” ဆိုဘီး သူဟှ မေးတော်မူလေဟှယ်။
LUK 10:30 ယေရှုဟှ “လူတယော့‑က်ဟှာ ယေရုရှလင်ဗြို့ဟှနေ ယေရိခေါဗြို့ဟှို ဆင်းလာဟှူ ခီမာ မ္လတိုက်ခံရလေဟှယ်။ မ္လလေဟှာ သူ့ရဲ့ အန်းဂီးလေဟှို ခလွတ်ဘီး၊ ရိုက်သတ်ဘီးဟှာ သေခါနီးနီး ဖြစ်နေဟှူ ခီမာ ပစ်ဟှားဘီး ထွပ်ဟှားဟှယ်။
LUK 10:31 အယ်မျိုးဖြစ်ဘီးန ယဇ်ပုရောဟိတ် တပါးဟှာ အယ်လမ်းတိုင်း ရော့‑က်လာဟှူ ခီမာ အယ်လူဟှို ဗြင်ဘေမဲ့လည်း ရှောန်ဘီးဟှာ သွားလေဟှယ်။
LUK 10:32 အယ်မျိုးဘဲ့ လေဝိတယော့‑က်လည်း ရော့‑က်လာဘီး အယ်လူဟှို ကေ့ဘီးန ရှောန်ဘီးဟှာ သွားလေဟှယ်။
LUK 10:33 အယ်ဘေမဲ့ ရှမာရိလူမျိုး တယော့‑က်ဟှာ ခရီးသွားရင်းန အယ်လူရှိဟှူ နေရာဟှို ရော့‑က်လာဟှယ်။ သူဟှာ အယ်လူဟှို ဗြင်လိုက်ဟှူ ခီမာ သနားစိလေ ဖြစ်လာဟှယ်။
LUK 10:34 သူဟှာ အယ်လူနားဟှို သွားဘီး အယ်လူရဲ့ ဒန်ရာလေထတ်ဟှို ဆီနဝိုင်ဟှို လောန်းထဲဘီးဟှာ ဝတ်န စဲပေးလေဟှယ်။ အယ်ဘီးန သူ့ရဲ့ မြည်းထတ်ဟှို တန်ဘီးန လူနာဟှို ပြုစုပေးဟှို့တွပ် တည်းခိုခန်းဟှို ခေါ်ဟှားဟှယ်။
LUK 10:35 နတ်ကီးတိုင်မာ သူဟှာ ဇရှင်ဟှို ငွေဒန်းဂါးနှေ့ပ္လား ပေးဘီး ‘အယ်လူဟှို ကေ့ရှုပြုစုပေးပါ။ နော့‑က်ထပ် ကူက္လဇာလေဟှို ငါပ္လန်လာဟှူ ခီမာ ပေးမယ်’ ” ဆိုဘီး ပြောလေဟှယ်။
LUK 10:36 ယေရှုဟှာ “အယ်လူလေ သောင်းယော့‑က်ထဲမာ ဖယ်သူဟှာ မ္လတိုက်ခံရသူန အီဇနီးရှင်းဖြစ်ဟှယ် ဆိုဘီး နန်ထန်နူး။” ဆိုဘီး မေးတော်မူလေဟှယ်။
LUK 10:37 ကျမ်းတတ်ဆရာဟှ “လူနာဟှို သနားဟှူလူ ဖြစ်ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။ ယေရှုဟှ “အယ်ဆိုဟှာ နန်သွားဘီး အယ်မျိုးလောက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 10:38 ယေရှုန တဗဲ့တော်လေဟှာ ခရီးသွားနေဒူးမာ ဝါတဝါဟှို ဝမ်ဂေ့လေဟှယ်။ အယ်ဝါမာ မာသနာမယ်ရှိဟှူ မီးမဟှာ သူ့အီမာ ကိုယ်တော့်ဟှို ဧည့်ခံလေဟှယ်။
LUK 10:39 မာသမာလည်း မာရိနာမယ်ရှိဟှူ ညီမတယော့‑က်ရှိဟှယ်။ အယ်ညီမဟှာ သခင်ဘုရားရဲ့ ခေတော်ရင်းမာ ထိုင်ဘီးန ကိုယ်တော်ရဲ့ စကားတော်ဟှို နားထောန်နေလေဟှယ်။
LUK 10:40 မာသဟှာ ဧည့်ဝတ်ပြုရှင်းမှုလေကြောန့် စိပူပန်ဘီး ကိုယ်တော့်ဟှို “သခင်၊ ကျွန်မဟှာ ဧည့်ဝတ်ပြုရှင်းလောက်ဟှို လောက်နေရဟှူ ခီမာ ကျွန်မညီမဟှ ကိုယ်တော်ရဲ့ ခေတော်ရင်းမာ လာထိုင်နေဇာဟှာ မျှတမှုရှိဘဲ့လော။ ကျွန်မဟှို ကူညီပေးဟှို့ သူဟှို ပြောပေးအူး!” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 10:41 သခင်ဘုရားဟှ “မာသ၊ မာသ! နန်ဟှာ အယ်မူကိစလေတွပ်ဘဲ့ စိုးရိမ်ပူပန်နေဟှယ်။
LUK 10:42 အယ်ဘေမဲ့ နန့်မာ လိုအပ်နေဟှူဇာ တခုဘဲ့ရှိဟှယ်။ မာရိဟှာ ပိုကောန်းဟှူဇာဟှို ဝီးကော့‑က်ဟှားပီးဘီ။ အယ်မူဇာဟှို သူ့နားဟှနေ ဖယ်သူလည်း ယူရဟှို့ မှုဟှ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
LUK 11:1 တနေ့ ယေရှုဟှာ တနေရာမာ ဆုတောန်းနေဟှယ်။ ကိုယ်တော်ဟှာ ဆုတောန်းပီးဟှားဟှူ ခီမာ တဗဲ့တော်လေထဲဟှ တယော့‑က်ဟှ “သခင်၊ ယောဟန်ဟှာ သူ့တဗဲ့လေဟှို ဆုတောန်းနည်းသန်ပေးမျိုး ကျွန်တော့်ဟှားလေဟှိုလည်း သန်ပေးတော်မူပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 11:2 ယေရှုဟှ “နန်းနို့လေ ဆုတောန်းဟှူ ခီမာ “ ‘ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူဖ၊ ကိုယ်တော်ရဲ့ နာမတော်ဟှို ရိုသေလေးမြတ်ရှင်း ရှိပါစေ။ နိုင်ငံတော် တည်ထောန်ပါစေ။
LUK 11:3 ကျွန်တော့်ဟှားလေတွပ် လိုအပ်ဟှူ စားဇာဟှို နေ့စဉ်နေ့တိုင်း ပေးသနားတော်မူပါ။
LUK 11:4 ကျွန်တော့်ဟှားလေဟှို ပြစ်မှားဟှူ သူလေရဲ့ ပြစ်လေဟှို ကျွန်တော်ဟှားလေ ခွမ့်လွှတ်ပေးဟှူမျိုးဘဲ့ ကျွန်တော့်ဟှားလေရဲ့ ပြစ်လေဟှိုလည်း ခွမ့်လွှတ်ပေးပါ။ ပြစ်သွီးဆောန်ဟှူ နော့‑က်ဟှို လိုက်ပါသွားစေဘဲန၊ ကောန်းဘဲဟှူ ဇာလေဟှလည်း ကယ်နှုပေးပါ’ ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 11:5 အယ်ဘီးန ယေရှုဟှာ “နန်းနို့ထဲဟှ ယော့‑က်ယော့‑က်ဟှာ ညဉ့်နတ်ဟှူ ခီမာ အယ်မိဆွေရဲ့ အီဟှိုသွားဘီး ‘မိဆွေ၊ ကျွန်တော့်ဟှို မုသောင်းလောင်းချေးပါ။
LUK 11:6 ကျွန်တော့်မိဆွေ တယော့‑က်ဟှာ ခရီးဟှနေပ္လန်လာဘီး ကျွန်တော့်အီဟှို ရော့‑က်လာဟှယ်။ သူ့ဟှို ကျွေးဟှို့ ဖြားလည်းမှေ့ဘဲဖြစ်နေဟှယ်!’ ဆိုဘီး ပြောလေဟှယ်။
LUK 11:7 နန့်မိဆွေဟှာ အီထဲဟှနေ ‘ငါ့ဟှို နှော့‑က်ယှစ်န! ခွဗော့‑က်လည်းပိဟှားပီးဘီ။ ငါ့သားမီးလေန ငါလည်း အိယာဝမ်နေဘီ။ ငါထဘီး နန့်ဟှို ဖြားဇာလည်း ပေးနိုင်ဟှ’ ဆိုဘီး ပ္လန်ပြောလေ့မယ်။
LUK 11:8 နန်းနို့ဟှို ငါပြောမယ်၊ အယ်လူဟှာ သူ့မိဆွေ ဖြစ်ဟှယ် ဆိုဇာဟှို ထော့‑က်ဘီး ဖြားဇာဟှိုမျှ ထဘီး ပေးဘဲနေဘေမဲ့လည်း အားလျော့ဘဲန တောန်းနေဟှူကြောန့် ထဘီး လိုရှင်ဇာလေ ဂူလောင်းဟှို ပေးလေ့မယ်။
LUK 11:9 အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ တောန်းဂေ့။ တောန်းမယ် ဆိုဟှာ ရဂေ့လေ့မယ်။ ရှာဂေ့။ ရှာမယ် ဆိုဟှာ တွိဂေ့လေ့မယ်။ ခွဗော့‑က်ဟှို ခေါ့‑က်ဂေ့။ ခေါ့‑က်မယ် ဆိုဟှာ ဖွမ့်ပေးလေ့မယ်။
LUK 11:10 တောန်းဟှူသူဟှာ ရလေဟှယ်။ ရှာဟှူသူဟှာ တွိလေဟှယ်။ ခွဗော့‑က်ဟှို ခေါ့‑က်ဟှူသူဟှာ ခွဗော့‑က်ဟှို ဖွမ့်ပေးလေ့မယ်။
LUK 11:11 နန်းနို့မာ ဖယ်မျိုးဖဟှာ သားမီးလေဟှ ငါးဟှို တောန်းဟှူ ခီမာ ငါးဟှို ပေးဘဲန ဗွီဟှို ပေးဟှို့လော။
LUK 11:12 ကြစ်ဥဟှို တောန်းဟှူ ခီမာ ကန်းမီးဂေါ့‑က်ဟှို ပေးဟှို့လော။
LUK 11:13 နန်းနို့ဟှာ ကောန်းဘဲဟှူသူလေ ဖြစ်ဘေမဲ့လည်း နန်းနို့ရဲ့ သားမီးလေဟှို ကောန်းဟှူဇာလေဟှိုဘဲ့ ပေးဟှယ် ဆိုဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ နန်းနို့ဖဟှာ တောင်းဟှူလူလေဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပိုဘီး ပေးတော်မူလေ့မယ်!” ဆိုဘီး တဗဲ့တော်လေဟှို မိန့်တော်မူလေဟှယ်။
LUK 11:14 ယေရှုဟှာ အ,နေဟှူ နတ်ဆိုးဟှို နှန်ထုလေဟှယ်။ နတ်ဆိုးထွပ်ဟှားဘီးန အ,နေဟှူသူဟှာ စကားပြောလာဟှူကြောန့် လူအောက်ဂီးဟှာ ရရာတိုင်း အံ့သြဟှားဟှယ်။
LUK 11:15 အယ်ဘေမဲ့ လူတချို့ဟှ “ကိုယ်တော်ဟှာ နတ်ဆိုးမန်း ဗေလဇေဗုလဟှ ပေးဟှားဟှူတဂိုးန နတ်ဆိုးလေဟှို နန်ထုဂေ့ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
LUK 11:16 တချို့ဟှ ယေရှုဟှို စမ်းသပ်ရှင်ဂေ့ဟှူကြောန့် ကောန်းဂန်ဘောင်ဟှ နိမိတ်လတ်ခဏာတခုဟှို ပြကေ့ ဆိုဘီး တောန်းဆိုဂေ့ဟှယ်။
LUK 11:17 အယ်ဘေမဲ့ ယေရှုဟှာ သူးနို့လေရဲ့ ကြံစည်ဟှို သိနေဟှူကြောန့် “နိုင်ငံတနိုင်ငံမာ လူလေကွဲပြားဘီး ရှင်းရှင်းတိုက်ခိုက်နေမယ် ဆိုဟှာ အယ်နိုင်ငံဟှာ ကြာခန်မာ ပျစ်စီးဟှားလေ့မယ်။ အီထောန်တခုမာ အီသူအီသားလေ ကွဲပြားဘီး ရှင်းရှင်းတိုက်ခိုက်နေမယ် ဆိုဟှာ အယ်အီထောန်ဟှာ ပျစ်စီးဟှားလေ့မယ်။
LUK 11:18 အယ်ကြောန့် စာတန်ရဲ့ နိုင်ငံဟှာ ကွဲပြားမယ် ဆိုဟှာ ဖယ်မျိုး ရပ်တည်နိုင်မယ်နူး။ ငါဟှာ ဗေလဇေဗုလ ပေးဟှားဟှူတဂိုးန နတ်ဆိုးလေဟှို နှန်ထုဟှယ် ဆိုဘီး နန်းနို့ပြောဂေ့ဟှယ်။
LUK 11:19 ငါဟှာ ဗေလဇေဗုလ ပေးဟှားဟှူတဂိုးန နတ်ဆိုးလေဟှို နှန်ထုဟှယ် ဆိုဟှာ နန်းနို့ရဲ့ တဗဲ့လေဟှာ ဖယ်သူပေးဟှားဟှူ တဂိုးန နှန်ထုဂေ့နူး။ နန်းနို့ရဲ့ တဗဲ့လေဟှာ နန်းနို့ရဲ့ တရားသူဂီးလေ ဖြစ်ဟှယ်!
LUK 11:20 ငါဟှာ ဘုရားသခင်ရဲ့ တဂိုးတော်အားဖြင့် နတ်ဆိုးလေဟှို နှန်ထုဟှယ်။ အယ်ကြောန့် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ နန်းနို့ထဲမာ တည်ထောန်နေဘီ။
LUK 11:21 “ခွန်အားကီးဟှူလူဟှ လတ်နတ်စောင်န သူ့အီဝမ်းဟှို စောန့်နေဟှူ ခီမာ သူ့အောက်စာလေဟှာ လောင်ခြောင်နေဟှယ်။
LUK 11:22 အယ်ဘေမဲ့ အယ်သူထတ် ခွန်အားကီးဟှူလူဟှ ရော့‑က်လာဘီး သူ့ဟှို တိုက်ခိုက်အောန်မြင်ဟှားဟှူ ခီမာ သူအားကိုးဟှူ လတ်နတ်စောင်လေဟှို သီးယူဘီး ရရှိဟှားဟှူ ပစ်စီးလေဟှို ခွဲတမ်းခ္လလေ့မယ်။”
LUK 11:23 “ငါ့ဖတ်မာ နေဘဲဟှူသူဟှာ ငါ့ရန်ဖတ်ဖြစ်ဟှယ်။ ငါ့နတူးဒူ စုသီးဘဲဟှူသူဟှာ ကြဲဖြန့်နေဟှူသူ ဖြစ်လေဟှယ်။
LUK 11:24 “ညစ်ညူးဟှူ နတ်ဟှာ လူထဲဟှ ထွပ်ဟှားဘီး ခြော့‑က်ကပ်ဟှူ နေရာမာ ခိုနားရာဟှို ရှာလေဟှယ်။ တွိဟှ ဆိုဟှာ ‘ငါဟှာ နေရာဟောန်းဟှိုဘဲ့ ပ္လန်မယ်’ ဆိုဘီး ပြောလေဟှယ်။
LUK 11:25 နေရာဟောန်းဟှို ပ္လန်ရော့‑က်ဟှူ ခီမာ သန့်ရှင်းအောန် ခါဟှားဇာဟှို တွိလေဟှယ်။
LUK 11:26 သူ့ထတ်ပိုဆိုးဟှူ ညစ်ညူးဟှူနတ် ခွန်နစ်ကောန်ဟှို ခေါ်လာဘီးဟှာ အယ်နေရာဟောန်းမာဘဲ့ နေလေဟှယ်။ အယ်ကြောန့် အယ်လူရဲ့ နော့‑က်ဖြစ်ဟှူ ဇာဟှာ ရှေ့ဖြစ်ဟှူ ဇာထတ် ပိုဘီး ဆိုးဝါးလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 11:27 ယေရှုဟှာ အယ်မျိုးပြောလိုက်ဟှူ ခီမာ လူအောက်ဂီးထဲဟှ မီးမတယော့‑က်ဟှာ ကိုယ်တော့်ဟှို “ကိုယ်တော့်ဟှို မွီးဘီး နို့တိုက်ဟှူ မီးမဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 11:28 အယ်ဘေမဲ့ ယေရှုဟှ “ဘုရားသခင်ရဲ့ စကားတော်ဟှို ကြားဘီး နားထောန်ဟှူလူဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး ပ္လန်မိန့်တော်မူလိုက်ဇာဟှ၊
LUK 11:29 လူအောက်ဂီးဟှာ ယေရှုနားမာ ဝိုင်းအောင်နေဟှူကြောန့် ကိုယ်တော် မိန့်တော်မူလိုက်ဇာဟှ “ခုခေတ် လူလေဟှာ ရရာတိုင်း ဆိုးညစ်ဂေ့ဟှယ်! သူးနို့ဟှာ နိမိတ်လတ်ခဏာဟှို တောန်းဘေမဲ့ ယောနရဲ့ နိမိတ်လတ်ခဏာမှတပါး ဖယ်နိမိတ်လတ်ခဏာလည်း သူးနို့ဟှို ပြလေ့မယ် မှုဟှ။
LUK 11:30 နိနဝေဗြို့သားလေတွပ် ယောနဟှာ နိမိတ်လတ်ခဏာဖြစ်ဟှူ မျိုးဘဲ့ အယ်ခေတ် လူလေတွပ် လူ့ရဲ့သားဟှာလည်း နိမိတ်လတ်ခဏာ ဖြစ်လေ့မယ်။
LUK 11:31 ရှေဘပြည်ဟှ မိဖုရားဟှာ ရှောလမုန် မန်းဂီးရဲ့ စကားဟှို နားထောန်ဟှို့ ဆိုဘီး ဟှိုးဝီးဂီးမာရှိနေဟှူ တိုင်းပြည်ဟှနေ လာဟှယ်။ အယ်နေရာမာ ရှောလမုန်ထတ် ကီးမြတ်ဟှူလူ ရော့‑က်ရှိနေဘီ။ တရားစီရင်တော်မူဟှူ နေ့မာ ရှေဘပြည်ဟှ မိဖုရားဟှာ ထရပ်ဘီး အယ်မူလူလေဟှို ပြစ်တန်စွပ်စွဲလေ့မယ်။
LUK 11:32 တရားစီရင်ဟှူ နေ့မာ နိနဝေဗြို့သားလေဟှာ ထရပ်ဘီး နန်းနို့ဟှို စွပ်စွဲလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောနဟောပြောဟှူ တရားဟှို ကြားရဟှူ ခီမာ သူးနို့ဟှာ နောန်ဒရဟှားကြောန့် ဖြစ်ဟှယ်။ အယ်နေရာမာ ယောနထတ် ရရာတိုင်း ကီးမြတ်ဟှူသူ ရှိဟှယ် ဆိုဇာ နန်းနို့ဟှို ငါပြောဟှယ်!”
LUK 11:33 “ဖယ်လူလည်း ဆီမီးအီဟှို ဖောင်းကွယ်ဘီး ထွန်းဂေ့ဟှ။ ဆီမီးအီဟှို တောန်းအော့‑က်မာ ထားဘီး လည်း ထွန်းဂေ့ဟှ။ အီထဲဟှို ဝမ်လာဟှူ လူလေဟှာ လန်းရောန်ရဟှို့တွပ် ဆီမီးခေါင်ထတ်မာ တန်ဘီး ထွန်းဂေ့ဟှယ်။
LUK 11:34 မျစ်စိဟှာ ကိုယ်ခန္ဓာတွပ် ဆီမီးအီန တူဟှယ်။ မျစ်စိကောန်းဟှယ် ဆိုဟှာ နန်းနို့ရဲ့ ကိုယ်ခန္ဓာ တခုလောင်း လန်းဟှားဘီး မျစ်စိကောန်းဂေ့ဟှ ဆိုဟှာ နန်းနို့ရဲ့ ကိုယ်ခန္ဓာ တခုလောင်း မိုက်လေ့မယ်။
LUK 11:35 အယ်ကြောန့် နန်းနို့ရဲ့ လန်းရောန်ဟှို မိုက်ဖြစ်ဘဲအောန် ဒိပြုဂေ့။
LUK 11:36 နန့်ရဲ့ ကိုယ်ခန္ဓာ တခုလောင်းဟှာ လောင်းဝ မှောန်ဘဲန လန်းနေမယ် ဆိုဟှာ ဆီမီးအီရဲ့ တော့‑က်ပဟှူ လန်းဟှာ နန့်ထတ်မာ ထွန်းလန်းမျိုး နန့်ရဲ့ ကိုယ်ခန္ဓာ တခုလောင်းလည်း လန်းရောန်န တော့‑က်ပနေလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 11:37 ယေရှုဟှာ အယ်မျိုးမိန့်တော်မူဘီးန ဖာရိရှဲတယော့‑က်ဟှာ ကိုယ်တော့်ဟှို သူ့နတူးဒူ စားသော့‑က်ဟှို့ တောန်းလျှော့‑က်ဟှူကြောန့် သူ့ရဲ့ အီထဲဟှို ဝမ်ဘီးန ဗွဲမာ ထိုင်တော်မူလေဟှယ်။
LUK 11:38 ယေရှုဟှာ လတ်ဆေးဘဲ့န စာစားနေဇာဟှို ဖာရိရှဲ ဗြင်ဟှားဟှူ ခီမာ အံ့ဩဟှားလေဟှယ်။
LUK 11:39 သခင်ဘုရားဟှ သူ့ဟှို “နန်းနို့ ဖာရိရှဲလေဟှာ စံဟန်းဇားလေရဲ့ ပ္လန်ဖတ်ဟှို စင်ကြယ်အောန် ဆေးဂေ့ဟှယ်။ အယ်ဘေမဲ့ နန်းနို့ရဲ့ စိထဲမာ ကြမ်းဖတ်ရှင်း၊ ဆိုးညစ်ရှင်းလေန ပ္လဲ့နေဟှယ်။
LUK 11:40 လူမိုက်လေ! ပ္လန်ဖတ်ဟှို ဖန်ဆင်းဟှူ ဘုရားဟှာ တွမ်းဖတ်ဟှိုလည်း ဖန်ဆင်းဟှယ် ဆိုဇာဟှို သိဂေ့ဟှလော။
LUK 11:41 အယ်ဘေမဲ့ နန်းနို့ရဲ့ ခွပ်လေ၊ စံလေထဲမာ ရှိဟှူဇာလေဟှို ဆင်းရဲသားလေဟှို ပေးကမ်းဂေ့ပါ။ အယ်မျိုးလောက်မယ် ဆိုဟှာ ဂူလောင်းဟှာ နန်းနို့တွပ် စင်ကြယ်ဟှားလေ့မယ်။”
LUK 11:42 “ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိဟှယ်! နန်းနို့ဟှာ ပန်ဇီး၊ စမူစဗားန တခြားဆေးဖပ်ဝမ်ဟှူ ဝပ်ဘောန်းဇောင်ဟှို ဆယ်ဖို့တဖို့ ပေးလှူဂေ့ဟှယ်။ အယ်ဘေမဲ့ တရားမျှတမှုန ဘုရားသခင်ရဲ့ ရှစ်မြစ်တာလေဟှို လျစ်လူရှုဟှားဂေ့ဟှယ်။ နန်းနို့ဟှာ ဆယ်ဖို့တဖို့ဟှို ပေးလှူဟှူ ခီမာ တရားမျှတမှုန ဘုရားသခင်ရဲ့ ရှစ်မြစ်တာဟှို ချန်ဟှားဂေ့ဟှယ်။”
LUK 11:43 “ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာ ရှိဂေ့ဟှယ်! နန်းနို့ဟှာ ဝါလယ်ဇရပ်မာ ဆိုလည်း မြင့်မြတ်ဟှူ နေရာလေဟှိုရော၊ ဆေးမာ ဆိုလည်း လူလေရဲ့ ရိုးရိုသေးသေ နှော့‑က်ဆစ်ရှင်းလေဟှိုရော နှစ်သက်ဂေ့ဟှယ်။
LUK 11:44 နန်းနို့လေဟှာ အမင်္ဂလာရှိဂေ့ဟှယ်! နန်းနို့ဟှာ မှတ်သားမှေ့ဘဲဟှူ သန်းခ္လိုင်းဒွမ်းန တူဂေ့ဟှယ်။ အယ်တွမ်းလေထတ်မာ သွားနေဟှူ လူလေဟှ သန်းခ္လိုင်းဒွမ်းဖြစ်မှန်း သိဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 11:45 ကျမ်းတတ်ဆရာ တယော့‑က်ဟှာ ကိုယ်တော့်ဟှို “ဆရာ၊ အယ်မျိုးပြောဇာဟှာ ကျွန်တော့်ဟှားလေဟှိုလည်း စော်ဂါးရာရော့‑က်ပါဟှယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 11:46 ယေရှုဟှ “ကျမ်းတတ်ဆရာလေ၊ နန်းနို့ လည်းဘဲ့ အမင်္ဂလာ ရှိဂေ့ဟှယ်! နန်းနို့ဟှာ ထမ်းဟှို့ခတ်ဟှူ ဝန်ထောက်လေဟှို လူလေဟှို ထမ်းခိုင်းဂေ့ဟှယ်။ နန်းနို့ကိုယ်တိုင်ဟှ အယ်မူဝန်ထောက်လေဟှို လတ်ဖျားန ထိဂေ့ဟှ။
LUK 11:47 နန်းနို့ဟှာ အမင်္ဂလာ ရှိဟှယ်! နန်းနို့ရဲ့ ဘိုးဘေးလေ သတ်ဟှားဟှူ ပရောဖက်လေတွပ် နန်းနို့ဟှ သန်းခ္လိုင်းလေဟှို ဆော့‑က်ပေးဂေ့ဟှယ်။
LUK 11:48 အယ်ကြောန့် နန်းနို့ရဲ့ ဘိုးဘေးလေ ကျူးလွန်ဟှားဟှူ မှုလေတွပ် နန်းနို့ဟှာ သတ်သေလေ ဖြစ်ဂေ့ဟှယ်။ သူးနို့လေဟှာ ပရောဖက်လေဟှို သတ်ဘီး နန်းနို့ဟှ သန်းခ္လိုင်းလေဟှို ဆော့‑က်ပေးဂေ့ဟှယ်။
LUK 11:49 အယ်ကြောန့် ဘုရားသခင်ရဲ့ ရွှေဉာဏ်တော်န ‘အယ်လူလေထဲဟှို ပရောဖက်လေ၊ စေတမန်လေဟှို ငါစေလွှတ်မယ်။ သူးနို့လေဟှာ အယ်ပရောဖက်လေ၊ စေတမန်လေထဲဟှ တချို့ဟှို ညှဉ်းဆဲဘီး တချို့ဟှို သတ်ဂေ့လေ့မယ်’ ဆိုဘီး မိန့်တော်မူဟှားဟှယ်။
LUK 11:50 အယ်ကြောန့် ကမ္ဘာတည်ခီဟှနေစဘီး သတ်ခံရဟှူ ပရောဖက်လေရဲ့ သွီးကြောန့် အယ်ခေတ်လူလေဟှာ ပြစ်ဒန်စီရင်ရှင်းဟှို ခံရဂေ့လေ့မယ်။
LUK 11:51 အာဗေလရဲ့ သွီးဟှနေ ယဇ်ပလ္လင်န ဗိမာန်တော်ကြားမာ သတ်ခံရဂေ့ဟှူ ဇာခရိရဲ့ သွီးထိ ဖြစ်ဟှယ်။ အယ်မူဇာလေ ဂူလောင်းတွပ် အယ်ခေတ်လူလေဟှာ ပြစ်ဒန်စီရင်ရှင်းဟှို ခံရလေ့မယ် ဆိုဇာဟှို ငါမှန်တိုင်း ပြောဟှယ်!
LUK 11:52 “ကျမ်းတတ်ဆရာလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိဂေ့ဟှယ်! နန်းနို့ဟှာ သိပညာဗိမာန် ခွဗေါ့‑က်သော့ဟှို သီးဟှားဘီး နန်းနို့ကိုယ်တိုင်လည်း ဝမ်ဂေ့ဟှ။ ဝမ်ဟှို့သူလေဟှိုလည်း တားဆီးဂေ့ဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 11:53 အယ်နေရာဟှနေ ယေရှုထွပ်ဟှားဟှူ ခီမာ ကျမ်းတတ်ဆရာန ဖာရိရှဲလေဟှာ ကိုယ်တော့်ဟှို စဘီးဟှာ ပြင်းပြင်းထန်ထန် ဝေဖန်ဂေ့ဘီး၊
LUK 11:54 စကားတော်ထဲမာ မှားရှာဟှို့တွပ် မေးခွန်းလေ ဘောင်ဂီးမေးဂေ့လေဟှယ်။
LUK 12:1 ထောန်ဗောန်းဘောင်ဂီးရှိဟှူ လူလေဟှာ စုဝီးလာဟှူ ခီမာ သူးနို့ရှင်းရှင်း နန်းမိဂေ့ဟှူကြောန့် ယေရှုဟှာ တဗဲ့တော်လေဟှို “ဖာရိရှဲလေရဲ့ ဟန်ဆောန်မှုနတူဟှူ တဆေးဟှို ဒိပြုဂေ့။
LUK 12:2 ဖောင်းဟှားဟှူ ဇာလေ ဂူလောင်းဟှာ ပွမ့်လာရလေ့မယ်။ ဝှပ်ဟှားဟှူ ဇာလေ ဂူလောင်းဟှာလည်း ပေါ်လာရလေ့မယ်။
LUK 12:3 အယ်ကြောန့် မှောန်ထဲမာ နန်းနို့ပြောဟှူ စကားလေဟှို လန်းရောန်ထဲမာ ကြားသိလေ့မယ်။ အီခန်းထဲမာ နန်းနို့ တိုးတိုးပြောနေဟှူ စကားလေဟှို အီးခေါန်မိုးထတ်ဟှနေဘီး ကြေညာဂေ့လေ့မယ်။”
LUK 12:4 “ငါ့မိဆွေလေ၊ နန်းနို့ဟှို ငါပြောမယ်။ ကိုယ်ခန္ဓာဟှိုဘဲ့ သတ်နိုင်ဘီးဟှာ နော့‑က်ထပ် ဖြားလည်းလောက်နိုင်ဘဲဟှူ သူလေဟှို ကြော့‑က်ဂေ့န။
LUK 12:5 နန်းနို့ကြော့‑က်ရဟှို့ သူဟှို ငါပြမယ်။ ကိုယ်ခန္ဓာဟှို သတ်ဘီးန နန်းနို့ဟှို ငရဲထဲခ္လနိုင်ဟှူ ခွမ့်အာဏာရှိဟှူ ဘုရားသခင်ဟှို ကြော့‑က်ဂေ့။ နန်းနို့ဟှို ငါထပ်ပြောမယ်။ ဘုရားသခင်ဟှို ကြော့‑က်ဂေ့!
LUK 12:6 “အီးဇာဟှား ငါးကောန်ဟှို ကပ်နှေ့ပ္လားန ရောန်းဂေ့ဟှယ် မှုဟှလော။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ အယ်မူအီးဇာဟှားလေ တကောန်ဟှိုမျှ မေ့တော်မူဟှ။
LUK 12:7 နန်းနို့ ခေါန်းဟှ ဆားဗန်လေ ဂူလောင်းဟှို ရေတွပ်ဟှားဟှယ်။ အယ်ကြောန့် ကြော့‑က်ဂေ့န။ နန်းနို့ဟှာ အီးဇာဟှားလေထတ် ရရာတိုင်း ဖိုးကီးဟှယ်!
LUK 12:8 “နန်းနို့ဟှို ငါပြောမယ်။ ဖယ်သူဘဲ့ဖြစ်ဖြစ် လူလေရှေ့မာ ငါ့ဟှို ဝန်ခံမယ် ဆိုဟှာ လူ့ရဲ့သားဟှလည်း ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေရှေ့မာ အယ်သူဟှို ဝန်ခံလေ့မယ်။
LUK 12:9 အယ်ဘေမဲ့ လူလေရှေ့မာ ငါ့ဟှို ငြင်းပယ်မယ် ဆိုဟှာ လူ့ရဲ့သားဟှလည်း ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေရှေ့မာ ငြင်းပယ်လေ့မယ်။
LUK 12:10 “လူ့ရဲ့သားဟှို နှောက်န စော်ဂါးဟှူ သူဟှာ ပြစ်လွှတ်ရှင်းခွမ့် ရနိုင်ဘေမဲ့လည်း သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပြစ်မှားဘီး ပြောဆိုဟှူ သူဟှာ ပြစ်လွှတ်ရှင်းခွမ့် ရလေ့မယ် မှုဟှ။
LUK 12:11 “လူလေဟှ နန်းနို့ဟှို ဝါလယ်ဇရပ်လေ၊ လူဂီးမန်းလေ၊ အာဏာပိုင်လေရဲ့ ရှေ့ဟှို ခေါ်ဆောန်လာဟှူ ခီမာ ဖယ်မျိုး ပ္လန်ပြောရမယ် ဆိုဇာဟှို စိုးရိမ်ဂေ့န။
LUK 12:12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ ဖယ်မျိုး ပြောရမယ် ဆိုဇာဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှ အယ်ခီမာ သန်ပေးလေ့မယ်” ဆိုဘီး ရင်ဦးဆောင်း မိန့်တော်မူလေဟှယ်။
LUK 12:13 လူအောက်ဂီးထဲဟှ လူတယော‑က်ဟှာ ယေရှုဟှို “ဆရာ၊ ကျွန်တော့်ဟှို မွီခွဲပေးဟှို့ ကျွန်တော့်နောန်ဟှို ပြောပေးပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 12:14 ယေရှုဟှ “မိဆွေ၊ ဖယ်သူဟှ ငါ့ဟှို နန်းနို့ရဲ့ တရားသူဂီးဖြစ်နရော၊ မွီခွဲဝီသူဖြစ်နရော ခန့်ဟှားဂေ့ဟှယ်နူး။” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
LUK 12:15 အယ်ဘီးန ကိုယ်တော်ဟှာ သူးနို့လေ ဂူလောင်းဟှို “လောဘလွန်ကျူးရှင်း ဘောန်းဇောင်ဟှို ဒိထားဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူ့ရဲ့ သတ်ဟှာ အောက်စာပစ်စီး ပေါရှင်းနှိုက် တည်ဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 12:16 အယ်ဘီးန ယေရှုဟှာ ပေါင်ဥပမာန “တခါဒူးဟှ ဌေးတယော့‑က်ဟှာ သူ့လယ်ယာဟှနေ သီးနှံလေ ဘောင်ဂီးထွပ်ဟှယ်။
LUK 12:17 ‘ငါ့ရဲ့ သီးနှံလေ ဂူလောင်းဟှို သိုလှောန်ဟှားဟှို့တွပ် နေရာ မှေ့ဟှ။ ငါဖယ်မျိုးလောက်ရမယ်နူး။’ ဆိုဘီး တယော့‑က်ဒဲ စဉ်းစားနေလေဟှယ်။
LUK 12:18 အယ်ဘီးန သူဟှ ‘ငါ အယ်မျိုးလောက်မယ်။ အယ်ဂိုဒေါန်ဟောန်းဟှို ဖျစ်ဘီး အယ်ထတ် ပိုကီးဟှူ ဂိုဒေါန်ဟှို ဆော့‑က်ဘီးဟှာ ဂျောင်ဆန်လေန တခြားအောက်စာပစ်စီး ဂူလောင်းဟှို သိုလှောင်ဟှားမယ်။
LUK 12:19 အယ်ဘီးဟှာ ငါ့ဝိညာဉ်ဟှိုလည်း ဝှေ့ဝိညာဉ်၊ နှစ်လေဘောင်ဂီးတွပ် လိုအပ်ဟှူ အောက်စာလေ ဂူလောင်းဟှို သိုလှောန်ဟှားပီးဘီ။ စားလိုက်၊ သော့‑က်လိုက်န ပျော်ပါးဘီးနေပါ! ဆိုဘီး ငါ့ကိုယ့်ငါ ပြောမယ်။’
LUK 12:20 အယ်ဘေမဲ့ ဘုရားသခင်ဟှာ ‘လူမိုက်! အယ်ညဉ့်မာ နန့်ဝိညာဉ် ချောက်ငြီးရလေ့မယ်။ အယ်ဆိုဟှာ နန်သိုလှောင်ဟှားဇာလေဟှို ဖယ်သူလေ ရလေ့မယ်နူး။’ ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 12:21 အယ်ဘီးန ယေရှုဟှာ “ကိုယ့်တွပ်အောက်စာလေ ဘောင်ဂီးဟှို စုဆောန်းဟှားဘေမဲ့လည်း အယ်ဌေးဟှာ ဘုရားသခင်ရဲ့ ရှေ့မာ ဆင်းရဲနေဟှူသူ ဖြစ်ဟှယ်” ဆိုဘီး နိဂေါန်းချောက် မိန့်တော်မူလေဟှယ်။
LUK 12:22 အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေဟှို “အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်၊ ဖယ်မျိုးစားရဟှို့၊ ဖယ်မျိုးသော့‑က်ရဟှို့ ဆိုဘီး သတ်တွပ် စိုးရိမ်ဂေ့န။ ဖယ်မျိုးဝတ်ရဟှို့ ဆိုဘီးလည်း ကိုယ်ခန္ဓာတွပ် စိုးရိမ်ဂေ့န။
LUK 12:23 စာထတ် သတ်ဟှ ပိုဘီး ရေးကီးဟှယ်။ ဝတ်ထတ်လည်း ကိုယ်ခန္ဓာဟှာ ပိုဘီး ရေးကီးဟှယ်။
LUK 12:24 က္လီးကန်းလေဟှို ကေ့ကေ့။ သူးနို့လေဟှာ မျိုးစေ့လည်းကြဲဟှ။ သီးနှံလည်းရိဟှ။ သူးနို့မာ ကူလှောန်ခန်းလေ၊ ဗားဂတ်လေလည်း မှေ့ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှ သူးနို့ဟှို ကျွေးမွေးတော်မူဟှယ်! နန်းနို့ဟှာ အယ်ငှတ်လေထတ် ရရာတိုင်း ဖိုးကီးဟှယ်!
LUK 12:25 နန်းနို့လေထဲမာ ဖယ်သူဟှ စိုးရိမ်ရှင်းအားဖြင့် သတ် ပိုဘီး ရှယ်လာ နိုင်ဘဲ့လော။
LUK 12:26 အယ်မျှလော့‑က် သေးငယ်ဟှူ မှုဟှို လောက်နိုင်ဟှ ဆိုဟှာ ဖြားဖြစ်ကြောန့် တခြားမှုလေတွပ် စိုးရိမ်နေဂေ့နူး။
LUK 12:27 တောပန်းလေဟှို ကေ့ကေ့။ အယ်ပန်းလေဟှာ ဗိုင်းငင်ဟှ။ ယက်ကန်းလည်းရစ်ဟှ။ အယ်ဘေမဲ့ ရှောလမုန်မန်းဂီးရဲ့ ဖောင်းစည်းဇိမ်လေ ဂူလောင်းဟှို ဆင်ဟှယ်ဟှိုမှ အယ်တောပန်းလေထဲဟှ တဗန်မျိုး လှပတင့်တယ်ဟှ ဆိုဘီး နန်းနို့လေဟှို ငါပြောဟှယ်။
LUK 12:28 ယောင်ကြည်ရှင်း အားနဲဟှူလူလေ! အယ်နေ့ ကွမ်းပ္လန်ထဲမာရှိဘီး နတ်ကီးတိုင်ဟှာ မီးဖိုထဲဟှို ရော့‑က်ရဟှူ တောဗြစ်ပန်ဟှို ဘုရားသခင်ဟှ အယ်မျိုး ဝတ်ဆင်ပေးဟှယ် ဆိုဟှာ နန်းနို့ဟှို အယ်ထတ်မက ဝတ်ဆင်ပေးမယ် မှုဟှလော။”
LUK 12:29 “အယ်ကြောန့် ဖယ်မျိုး စားရဟှို့နူး။ ဖယ်မျိုး သော့‑က်ရဟှို့နူး ဆိုဘီး စိုးရိမ်ရှင်းရှိဂေ့န။
LUK 12:30 (အယ်လောကရှိ ဘုရားသိဘဲဟှူ လူလေဟှဘဲ့ အယ်မူဇာလေဟှို ရှာဖွေဂေ့ဟှယ်။) အယ်မူဇာလေဟှို နန်းနို့လေ လိုအပ်ဟှယ် ဆိုဇာဟှို နန်းနို့ဖ သိတော်မူဟှယ်။
LUK 12:31 နန်းနို့ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ရှာဂေ့။ အယ်ဆိုဟှာ ကိုယ်တော်ဟှာ အယ်မူဇာလေဟှို ပေးတော်မူလေ့မယ်။”
LUK 12:32 “သိုးစုငယ်၊ ကြော့‑က်ဂေ့န။ နန်းနို့ရဲ့ ဖဟှာ နန်းနို့တွပ် နိုင်ငံတော်ဟှို ပေးဟှို့ လိုရှိတော်မူဟှယ်။
LUK 12:33 နန်းနို့ရဲ့ အောက်စာလေဟှို ရောန်းဘီး ဆင်းရဲသားလေဟှို ပေးကမ်းစွန့်ကြဲဂေ့။ ဆွီးဟောန်းနိုင်ဘဲဟှူ ကပ်အိလေဟှို လောက်ဂေ့ဘီး သူခိုးဖော့‑က်နိုင်ဘဲဟှူ၊ ပိုးလေကိုက်စားနိုင်ဘဲဟှူ၊ ကောန်းဂန်ဘောင်မာ ကူခန်းနိုင်ဘဲဟှူ ဘဏ္ဍာဟှို စုဂေ့ပါ။
LUK 12:34 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ဘဏ္ဍာရှိဟှူ နေရာဟှိုဘဲ့ နန်းနို့စိနှလောင်းလေ ရော့‑က်တတ်ဟှယ်။”
LUK 12:35 “နန်းနို့ဟှာ ဆင်သင့်ဖြစ်နေဂေ့ဟှို့တွပ် ခါးဟှို စဲဘီး မီးအီလေဟှို ထွန်းညှိဂေ့။
LUK 12:36 အီတတ်ဗွဲဟှ ပ္လန်လာဟှူ သူးနို့ရဲ့ သခင်ဟှို စောန့်နေဟှူ စေခံလေမျိုး ဖြစ်ဂေ့။ သူဟှာ ခွဗော့‑က်ဟှို ခေါ့‑က်ဟှူ ခီမာ သူးနို့ဟှာ ရှစ်ရှင်း ဖွမ့်ပေးလေ့မယ်။
LUK 12:37 သခင်ပ္လန်ရော့‑က်လာဟှူ ခီမာ ဆင်သင့်စောန့်နေဟှယ် ဆိုဇာဟှို သခင်တွိရဟှူ စေခံလေဟှာ မင်္ဂလာရှိဟှယ်! နန်းနို့ဟှို ငါမှန်တိုင်း ပြောမယ်။ သခင်ဟှာ စေခံလေဟှို ဧည့်သည်လေမျိုး ဗွဲမာ ထိုင်ခိုင်းဘီး သူကိုယ်တိုင် ခါးဟှို စဲဘီးဟှာ လောက်ကျွေးလေ့မယ်။
LUK 12:38 သခင်ဟှ ညဉ့်နတ်ခီမာဘဲ့ဖြစ်ဖြစ်၊ မိုးလန်းခီမာဘဲ့ဖြစ်ဖြစ် လာမယ် ဆိုဘီး စောန့်နေဟှူ စေခံလေဟှာ မင်္ဂလာရှိဂေ့ဟှယ်!
LUK 12:39 အီဇရှင်ဟှာ သူခိုးလာနိုင်ဟှူခီဟှို သိနေမယ် ဆိုဟှာ သူ့အီဟှို သူခိုးဖော့‑က်ခံရလေ့မယ် မှုဟှ ဆိုဇာဟှို နားလည်ဟှားဂေ့။
LUK 12:40 လူ့ရဲ့သားဟှာ နန်းနို့ မျှော်လင့်ဘဲဟှူ ခီမာ ရော့‑က်လာမယ် ဖြစ်ဘီး နန်းနို့လည်း ဆင်သင့် ရှိနေဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 12:41 ပေတရုဟှ “သခင်၊ အယ်ပေါင်ဥပမာဟှာ ကျွန်တော့်ဟှားလေတွပ် ပြောနေဇာလော။ လူလေ ဂူလောင်းတွပ် ပြောနေဇာလော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
LUK 12:42 သခင်ဘုရားဟှ “သစ်စာရှိဘီး ပညာရှိဟှူ စေခံဟှ ဖယ်သူနူး။ အီဇရှင်ဟှာ စေခံလေဟှို အောက်ချောက်ဟှို့န သတ်မှတ်ဟှားဟှူ ခီမာ စားဇာလေဟှို ထုပေးဟှို့ စေခံအောက် တယော့‑က်ဟှို ခန့်ဟှားဟှယ်။
LUK 12:43 အီဇရှင် ပ္လန်လာဟှူ ခီမာ သစ်စာရှိရှိ လောက်ဆောန်နေဇာဟှို တွိရမယ် ဆိုဟှာ အယ်စေခံဟှာ မင်္ဂလာရှိဟှယ်!
LUK 12:44 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ အီဇရှင်ဟှာ သူ့အောက်စာပစ်စီး ဂူလောင်းဟှို စီမံအောက်ချောက်ဟှို့ အယ်စေခံဟှို အပ်လေ့မယ်။
LUK 12:45 အယ်ဘေမဲ့ အယ်စေခံဟှာ ငါ့သခင် ပ္လန်လာဟှို့ ကြာအူးမယ် ဆိုဘီး စိထဲမာ အော့‑က်မေ့ဘီး စေခံယော့‑က်ကျားလေ၊ စေခံမီးမလေဟှို ရိုက်ဘီး သော့‑က်စား ယစ်မောနေလေဟှယ်။
LUK 12:46 အယ်စေခံရဲ့ သခင်ဟှာ သူမျှော်လင့်ဘဲဟှူနေ့ သိနိုင်ဘဲဟှူ ခီမာ ပ္လန်ရော့‑က်လာမယ် ဆိုဟှာ အယ်စေခံဟှို ပြင်းပြင်းထန်ထန် ပြစ်ဒန်ပေးဘီး ယောင်ကြည်ဘဲဟှူ သူလေနတူးဒူ နေရာခ္လဟှားရှင်းဟှို ခံရလေ့မယ်။
LUK 12:47 “သခင်ရဲ့ လိုဆန္ဒဟှို သိသိဂီးန ပြင်ဆင်ဟှားရှင်းလည်း မှေ့ဘဲဟှူ၊ သခင့်ရဲ့ လိုဆန္ဒဟှို လိုက်လျောရှင်းလည်း မှေ့ဘဲဟှူ စေခံဟှာ ကီဒန်ဘောင်ဂီး ရိုက်ခံရလေ့မယ်။
LUK 12:48 အယ်ဘေမဲ့ သခင့်ရဲ့ လိုဆန္ဒဟှို သိဘဲန ကီဒန်နဘဲ့ ထိုက်တန်ဟှူ မှုဟှို လောက်မိဟှူ သူဟှာ ကီဒန်နဲနဲဘဲ့ ရိုက်ခံရမယ်။ ဘောင်ဂီးရဟှားဟှူ သူလေနားဟှနေ ဘောင်ဂီးတောန်းလေ့မယ်။ ဘောင်ဂီးအပ်ဟှားဟှူ သူလေနားဟှနေ ဘောင်းဂီး တောန်းဂေ့လေ့မယ်။
LUK 12:49 “ငါဟှ အယ်လောကဟှို မီးလောန်စေဟှို့တွပ် လာဟှယ်။ ခုဘဲ့ မီးလောန်စေရှင်ဘီ!
LUK 12:50 ငါခံယူရဟှို့ ဗတ္တိဇံတခု ရှိသေးဟှယ်။ အယ်မူဇာဟှို လောက်ဆောန်ဟှို့ ပီးခန်ထိ ငါ့ဟှာ စိဒေါက်ခရော့‑က်နေဟှယ်!
LUK 12:51 အယ်လောကဟှို ငြီသတ်ရှင်းပေးဟှို့ ငါလာဟှယ် ဆိုဘီး ထန်ဂေ့ဟှယ်လော။ ငြီသတ်ရှင်းပေးဟှို့ လာဟှူဇာ မှုဟှ။ ရှင်းရှင်း စိဝန်းကွဲစေဟှို့ဘဲ့ ငါလာဟှယ်။
LUK 12:52 ခုဟှနေဘီးဟှာ လူငါးယော့‑က်ရှိဟှူ အီထောန်မာ နှေ့ယော့‑က်ဟှ တဖတ်၊ သောင်းယော့‑က်ဟှ တဖတ် ဆန့်ကျင်ဘီး ကွဲပြားဂေ့လေ့မယ်။
LUK 12:53 ဖနသား၊ မိနမီး၊ ယောက္ခမန ချွေးမလေ ရှင်းရှင်း စိဝန်းကွဲလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 12:54 ယေရှုဟှာ လူလေဟှို “နော့‑က်ဖတ်မာ မိုးတီလေ တတ်လာဇာဟှို ဗြင်ဟှူ ခီမာ မိုးဝါလေ့မယ် ဆိုဘီး နန်းနို့ရှစ်ရှင်း ပြောဂေ့ဟှယ်။ နန်းနို့ပြောမျိုးဘဲ့ ဖြစ်တတ်ဟှယ်။
LUK 12:55 အယ်ဘီးန တောင်လေတိုက်လာနေဇာဟှို မြင်ဟှူ ခီမာ နေပူလေ့မယ် ဆိုဘီး ပြောဂေ့ဟှယ်။ နန်းနို့ပြောမျိုးဘဲ့ ဖြစ်တတ်ဟှယ်။
LUK 12:56 သူတော်ကောန်း ယောန်ဆောန်ဟှူသူလေ! နန်းနို့ဟှာ မ္လေဂီးန ကောန်းဂန်ရဲ့ ခြေနေဟှို ကေ့ဘီးဟှာ ရာသီဥတုရဲ့ ခြေနေဟှို ပိုင်းခြားဘီး သိနိုင်ဂေ့ဟှယ်။ ခုကာလ ခြေနေဟှို ဖြားဖြစ်ကြောန့် ခန့်မှန်းဘီး သိနိုင်ဂေ့ဟှနူး။
LUK 12:57 “မှန်ကန်ဟှူလောက်ဟှို လောက်ဟှို့တွပ် ဖြားဖြစ်ကြောန့် နန်းနို့ကိုယ်တိုင် ဆောင်းဖြတ်ဂေ့ဟှနူး။
LUK 12:58 နန့်ဟှို တရားစွဲဟှူ လူနတူးဒူ တရားသူဂီးနားဟှို သွားရမယ် ဆိုဟှာ လမ်းမာ ကြေအေးအောန်လောက်ဂေ့။ အယ်မျိုးလောက်ဘဲဟှ ဆိုဟှာ သူဟှာ နန့်ဟှို တရားသူဂီးရှေ့ဟှို ဆွဲခေါ်ဟှားလေ့မယ်။ တရားသူဂီးဟှ နန့်ဟှို ရဲလတ်ထဲမာ အပ်လိုက်လေ့မယ်။ ရဲလေဟှလည်း နန်ဟှို ထောန်ထဲမာ ထဲဟှားလေ့မယ်။
LUK 12:59 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကပ်ကွီးလေ ဂူလောင်းဟှို ကျေအောန် ဆပ်ခန်ထိ နန်ဟှာ ထောန်ထဲမာ နေရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 13:1 အယ်ခီမာ လူတချို့ဟှာ ယေရှုနားဟှို လာဘီး ပိလတ်ဟှ သတ်ဖြတ်လိုက်ဟှူ ဂါလိလဲလူလေကြောန်းဟှို လျှော့‑က်ဂေ့ဟှယ်။ အယ်လူလေဟှာ ယဇ်ပူဇော်နေဒူးမာ သတ်ခံရဟှူ သူလေ ဖြစ်ဂေ့ဟှယ်။
LUK 13:2 ယေရှုဟှာ သူးနို့ဟှို “အယ်ဂါလိလဲ လူလေဟှာ အယ်မျိုးသတ်ခံရဟှူကြောန့် တခြားဂါလိလဲ လူလေထတ် ပိုဆိုးဟှူ ပြစ်သားလေ ဖြစ်ဟှယ် ဆိုဘီး နန်းနို့ ထန်နေဂေ့ဟှယ် မှုဟှလော။
LUK 13:3 နန်းနို့ဟှို ငါပြောမယ်၊ သူးနို့လေဟှာ ပိုဆိုးဟှူ ပြစ်သားလေ မှုဟှ! အယ်ဘေမဲ့ နန်းနို့ဟှာ နောန်ဒရဂေ့ဟှ ဆိုဟှာ အယ်လူလေမျိုးဘဲ့ သေကျေပျစ်စီးဂေ့ လေ့မယ်။
LUK 13:4 ရှိလောင်မျှော်စင် ပြိုက္လဟှူ ခီမာ ပိဘီးသေဟှားဟှူ လူဆယ့်ရှစ်ယော့‑က်ဟှို ဖြားမျိုးပြောမယ်နူး။ သူးနို့ဟှာ ယေရုရှလင်ဗြို့မာ နေထိုင်ဟှူ တခြားသူလေ ဂူလောင်းထတ် ပိုဆိုးဟှူ ပြစ်သားလေ ဖြစ်ဟှယ် ဆိုဘီး နန်းနို့ ထန်နေဂေ့လော။
LUK 13:5 နန်းနို့ဟှို ငါပြောမယ်။ သူးနို့လေဟှာ ပိုဆိုးဟှူ ပြစ်သားလေ မှုဟှ။ အယ်ဘေမဲ့ နန်းနို့ဟှာ နောန်ဒရဂေ့ဟှ ဆိုဟှာ အယ်လူလေမျိုးဘဲ သေကျေပျစ်စီးဂေ့ လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 13:6 အယ်ဘီးန ယေရှုဟှာ အယ်ပေါင်ဥပမာန “လူတယော့‑က်ရဲ့ စဗျစ်ခြံထဲမာ စိုက်ပျိုးဟှားဟှူ သဖန်းဗန်တဗန် ရှိဟှယ်။ ဇရှင်ဟှာ အယ်ပန်မာ သီးဟှို လာရှာဟှူ ခီမာ တွိရဟှ။
LUK 13:7 အယ်ကြောန့် သူဟှာ ခြံစောန့်မားဟှို ‘ငါဟှာ အယ်သဖန်းဗန်မာ သဖန်းသီးလာရှာနေဇာ သောင်းနှစ်ရှိဟှားဘီ။ အယ်ဘေမဲ့ လောင်းလည်း တွိရဟှ။ အယ်မူပန်ဟှို ခွတ်ပစ်လိုက်! ဖြားဖြစ်ကြောန့် မ္လေဂီးဟှို ကျိုးမှေ့ဘဲအောန် လောက်နေဂေ့ဟှို့နူး။’ ဆိုဘီး ပြောလေဟှယ်။
LUK 13:8 အယ်ဘေမဲ့ ခြံစောန့်မားဟှ ‘ဆရာ၊ အယ်ပန်ဟှို တနှစ်လော့‑က် ထားပေးပါအူး။ ပန်ရင်းပတ်ပတ်လည်ဟှို တူးဆွဘီးဟှာ မ္လေဩဇာ ထဲ့ကေ့ကေ့မယ်။
LUK 13:9 အယ်ဆိုဟှာ နော့‑က်နှစ်မာ ပိုကောန်းဟှူ သီးဟှို သီးရှင်သီးလေ့မယ်၊ အယ်ဘေမဲ့ သီးသီးဟှ ဆိုဟှာ ခွတ်ပစ်ပါ ဆိုဘီး ပြောလေဟှယ်’” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 13:10 ဒန်းနေ့ တနေ့မာ ယေရှုဟှာ ဝါလယ်ဇရပ်တခုမာ သွန်သန်နေတော်မူဟှယ်။
LUK 13:11 အယ်နေရာမာ ဆယ့်ရှစ်နှစ်လောင်းလောင်း နတ်ဆိုးဝမ်ပူးရှင်းဟှို ခံနေရဟှူကြောန့် ခါးကူးဟှားဘီး လောင်းဝ ခါးဆန့်နိုင်ဘဲဟှူ မီးမတယော့‑က်ရှိနေဟှယ်။
LUK 13:12 ယေရှုဟှာ သူ့ဟှို ဗြင်ဟှူ ခီမာ ရှေ့တော်ဟှို ခေါ်ဘီး “ဝှေ့ မီးမ၊ နန့်ရောဂါ ပျော့‑က်ဟှားဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 13:13 အယ်ဘီးန ကိုယ်တော်ဟှာ သူ့ထတ်မာ လတ်ဟှို တန်လိုက်ဟှူ ခီမာ ရှစ်ရှင်းဘဲ့ သူ့ရဲ့ခါးဟှာ ဆန့်ဟှားဘီး ဘုရားသခင်ဟှို ချီးမွမ်းလေဟှယ်။
LUK 13:14 ဒန်းနေ့မာ ယေရှုဟှာ ရောဂါပျော့‑က် စေတော်မူဟှူကြောန့် ဝါလယ်ဇရပ်မှူးဟှာ စိဆိုးဘီး လူလေဟှို “လောက်လောက်နိုင်ဟှူရစ် ခြော့‑က်ရစ်ရှိဟှယ်။ အယ်ရစ်လေမာ ရောဂါလာကုဂေ့။ ဒန်းနေ့မာ ရောဂါလာကုဂေ့န!” ဆိုဘီး ပြောလေဟှယ်။
LUK 13:15 သခင်ဘုရားဟှာ သူ့ဟှို “သူတော်ကောန်း ယောန်ဆောန်ဟှူသူလေ! နန်းနို့ ဂူလောင်းဟှာ ဒန်းနေ့မာ နန်းနို့ရဲ့ မြည်းလေ၊ နွားလေဟှို တင်းကုပ်ဟှနေ ကြိုးဖြေပေးဘီး ရေတိုက်ဟှို့ ခေါ်ဆောန်ဂေ့ဟှယ် မှုဟှလော။
LUK 13:16 အယ်မျိုးဆိုဟှာ ဆယ့်ရှစ်နှစ် လောင်းလောင်း စာတန်ရဲ့ တောက်နှောန်ရှင်းဟှို ခံနေရဟှူ အာဗြဟံရဲ့ သမီးဟှို ဒန်းနေ့မာ ဖြေလွှတ်သင့်ဟှယ် မှုဟှလော။” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 13:17 အယ်မျိုး မိန်တော်မူလိုက်ဟှူ ခီမာ ကိုယ်တော့်ဟှို ဆန့်ကျင်ဖတ်လောက်နေဟှူ သူလေဟှာ ယှစ်ရဟှားဂေ့ဘီး လူလေ ဂူလောင်းဟှာ ကိုယ်တော် လောက်ဟှူ အံ့ဩဘွယ်လေကြောန့် ဝန်းသာဂေ့ဟှယ်။
LUK 13:18 ယေရှုဟှ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ ဖြားဇာန တူဟှယ်နူး။ ဖြားဇာန နှိုင်းယှဉ်ရနူး။
LUK 13:19 နိုင်ငံတော်ဟှာ အယ်ပေါင်ဥပမာန တူဟှယ်။ လူတယော့‑က်ဟှာ မုညင်းတစေ့ဟှို သူ့ခြံထဲမာ စိုက်လိုက်ဟှယ်။ အယ်စေ့ဟှ ကီးလာဘီး သစ်ပန်ကီးဖြစ်လာဟှူ ခီမာ အယ်ပန်ရဲ့ ကိုင်းခတ်လေမာ ကောန်းဂန်ငှတ်လေဟှာ သူးနို့ရဲ့ သိုက်ဟှို ဆော့‑က်လောက်ဘီး နေဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 13:20 ယေရှုဟှာ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဖြားဇာန နှိုင်းယှဉ်ရဟှို့နူး။
LUK 13:21 နိုင်ငံတော်ဟှာ အယ်ပေါင်ဥပမာန တူဟှယ်။ မီးမတယော့‑က်ဟှာ တဆေးဟှို ယူဘီး မုညစ်သောင်းတောန်းန ရောနှောလိုက်ဟှူ ခီမာ မုညစ် အား‌လောင်းဂူဟှို ဖောန်းကြွစေနိုင်ဟှူ တဆေးန တူဟှယ်” ဆိုဘီး ထပ်ဘီး မိန့်တော်မူလေဟှယ်။
LUK 13:22 အယ်ဘီးန ယေရှုဟှာ ဗြို့လေ၊ ဝါလေမာ သွန်သန်ဘီး ယေရုရှလင်ဗြို့ဟှို သွားလေဟှယ်။
LUK 13:23 လူတယော့‑က်ဟှာ ကိုယ်တော့်ဟှို “သခင်၊ ကယ်တန်ရှင်းခံရဟှူ သူလေ နဲနဲဘဲ့ ရှိဟှယ်လော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
LUK 13:24 ယေရှုဟှ “ခွဗော့‑က်ကျဉ်းထဲဟှို ဝမ်ဟှို့ ကြိုးစားအားထုဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေဘောင်ဂီးဟှာ အယ်ခွဗော့‑က်ထဲဟှို ဝမ်ဟှို့ ကြိုးစားဘေမဲ့ ဝမ်နိုင်ဂေ့ဟှ။
LUK 13:25 အီဇရှင်ဟှာ ထဘီး ခွဗော့‑က်ဟှို ပိလိုက်ဟှူကြောန့် နန်းနို့လေဟှာ ပ္လန်မာရပ်ဘီး ခွဗော့‑က်ဟှို ခေါ့‑က်ဘီး ‘ဆရာ၊ ကျွန်တော့်ဟှားလေဟှို ခွဗော့‑က်ဖွမ့်ပေးပါ!’ ဆိုဘီး တောန်းဗန်ဂေ့လေ့မယ်။ ဇရှင်ဟှ ‘နန်းနို့လေ ဖယ်ဟှလာဟှယ် ဆိုဇာဟှို ငါသိဟှ!’ ဆိုဘီး ပ္လန်ပြောလေဟှယ်။
LUK 13:26 အယ်ဆိုဟှာ နန်းနို့လေဟှ ‘ကျွန်တော့်ဟှားလေဟှာ ကိုယ်တော်နတူးဒူ စားဂေ့ဟှယ်။ သော့‑က်ဂေ့ဟှယ်။ ကျွန်တော့်ဟှားလေရဲ့ ဗြို့ဝါမာလည်း ကိုယ်တော်ဟှာ သွန်သန်ပေးဟှယ်!’ ဆိုဘီး ဖြေလေ့မယ်။
LUK 13:27 အယ်ဘေမဲ့ ကိုယ်တော်ဟှ ‘နန်းနို့ ဖယ်ဟှလာဟှယ် ဆိုဇာဟှို ငါသိဟှ။ တရားဘဲဟှူ မှုဟှို လောက်ဟှူ သူလေ၊ ငါ့နားဟှ ဖယ်ဂေ့!’ ဆိုဘီး ပြောလေ့မယ်။
LUK 13:28 နန်းနို့ဟှာ ဘုရားသခင် နိုင်ငံတော်ထဲမာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်န ပရောဖက်လေ ဂူလောင်းဟှို ဗြင်ရဘေမဲ့ နန်းနို့လေဟှာ နိုင်ငံတော်ပ္လန်ဟှို နှန်ထုခံရဟှူ ခီမာ ရရာတိုင်း ငိုကြွေးဘီး အံသွားခဲက္လိရဂေ့ လေ့မယ်!
LUK 13:29 ရှေ့ဖတ်၊ နော့‑က်ဖတ်၊ တောန်ဖတ်၊ မြော့‑က်ဖတ်ဟှ လာဂေ့ဟှူ လူလေဟှာ ဘုရားသခင် နိုင်ငံတော်ရဲ့ စားသော့‑က်ဗွဲမာ လာဘီး ထိုင်ဂေ့လေ့မယ်။
LUK 13:30 ခု နော့‑က်ဆောင်းဟှို ရော့‑က်နေဟှူ သူလေဟှာ ရှေ့ဆောင်းဟှို ရော့‑က်ဂေ့လေ့မယ်။ ခု ရှေ့ဆောင်းဟှို ရော့‑က်နေဟှူ သူလေဟှာ နော့‑က်ဆောင်းဟှို ရော့‑က်ဂေ့လေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 13:31 အယ်ခီမာ ဖာရိရှဲတချို့ဟှာ ယေရှုနားဟှို လာဘီး “ဟေရုဒ်ဟှ ကိုယ်တော့်ဟှို သတ်ရှင်နေဟှူကြောန့် အယ်နေရာဟှ ထွပ်ဟှားဘီး တခြားနေရာဟှို သွားပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 13:32 ယေရှုဟှာ “အယ်မ္လေခွီးဟှို သွားပြောဂေ့ပါ။ ‘ငါဟှာ အယ်နေ့န နတ်ကီးတိုင်မာလည်း နတ်ဆိုးလေဟှို နှန်ထုဘီးဟှာ ရောဂါလေဟှိုလည်း ပျော့‑က်စေအူးမယ်။ သောင်းရစ်မြော့‑က်ဟှူနေ့မာ ငါ့ရဲ့ လောက်ဟှို ပီးဆောင်းစေမယ်။’
LUK 13:33 အယ်ဘေမဲ့ ငါဟှာ အယ်နေ့၊ နတ်ကီးတိုင်၊ နတ်ကီးဖတ်လည်း ခရီးသွားရအူးမယ်။ ပရောဖက်ဟှာ ယေရုရှလင်ဗြို့ဟှလွဲဘီး တခြားနေရာမာ သတ်ခံရဟှို့ မှေ့ဟှ။”
LUK 13:34 “ယေရုရှလင်ဗြို့၊ ယေရုရှလင်ဗြို့၊ ပရောဖက်လေဟှို သတ်ဟှူဗြို့၊ ဘုရားသခင် စေလွှတ်လိုက်ဟှူ တမန်လေဟှို က္လော့‑က်ခဲန ပစ်ဟှူဗြို့! ကြစ်မဟှာ ကြစ်သားဟှားလေဟှို သူ့ရဲ့ တောန်အော့‑က်မာ စုသီးဟှားမျိုး ငါဟှာ နန့်ရဲ့လူမျိုး ဂူလောင်းဟှိုလည်း စုသီးဟှို့ ခါဘီးခါ လိုရှင်လေဟှယ်။ အယ်ဘေမဲ့လည်း နန်ဟှာ ငါ့ဟှို ခွမ့်ပြုဟှ!
LUK 13:35 အယ်ကြောန့် နန့်ရဲ့ အီဟှို ဘုရားသခင် စွန့်ပစ်လေ့မယ်။ ငါပြောမယ်။ ‘ဘုရားသခင် နာမန ကြွလာဟှူ သခင်ဟှာ မင်္ဂလာရှိဟှယ်’ ဆိုဘီး နန်ပြောဟှူခီ ရော့‑က်ခန်မာ ငါ့ဟှို နန်ဗြင်ရလေ့မယ် မှုဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူဟှယ်။
LUK 14:1 ဒန်းနေ့မာ ယေရှုဟှာ စားဇာစားဟှို့ ဖာရိရှဲခေါန်းဆောန်တယော့‑က်ရဲ့ အီထဲဟှို ဝမ်ဟှားဟှူ ခီမာ သူးနို့လေဟှာ ကိုယ်တော့်ဟှို စောန့်ကေ့နေဂေ့ဟှယ်။
LUK 14:2 ရေဖျဉ်းစွဲမား တယော့‑က်ဟှာ ယေရှုနားဟှို ရော့‑က်လာဟှယ်။
LUK 14:3 ယေရှုဟှ “ဒန်းနေ့မာ ရောဂါ ပျော့‑က်စေဟှို့တွပ် ပညတ်တော်ဟှ ခွမ့်ပြုဟှားဘဲ့လော။” ဆိုဘီး ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှို မေးတော်မူလိုက်ဟှယ်။
LUK 14:4 အယ်ဘေမဲ့ သူးနို့လေဟှာ တိဆိနေဂေ့ဟှယ်။ ယေရှုဟှာ အယ်လူနာဟှို ခေါ်ဘီး၊ ရောဂါပျော့‑က်စေဘီး သူ့ဟှို လွှတ်လိုက်ဟှယ်။
LUK 14:5 ကိုယ်တော်ဟှ “နန်းနို့ရဲ့ သားဂန်းဟှားဘဲ့ဖြစ်ဖြစ်၊ နွားတကောန်ဘဲ့ဖြစ်ဖြစ် ဒန်းနေ့မာ ရေဒွမ်းထဲဟှို က္လဟှားမယ် ဆိုဟှာ နန်းနို့ဟှာ ရှစ်ရှင်း ဆွဲဒန်လေ့မယ် မှုဟှလော။” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။
LUK 14:6 အယ်ဘေမဲ့ သူးနို့လေဟှာ ဖြားလည်း ဖြေနိုင်ဂေ့ဟှ။
LUK 14:7 ဧည့်သည်လေဟှာ ကောန်းဆောင်းနေရာဟှို ဝီးကော့‑က်နေဇာဟှို ယေရှုဗြင်ဟှူ ခီမာ သူးနို့လေဟှို အယ်ပေါင်ဥပမာန
LUK 14:8 “နန်းနို့ဟှို ယော့‑က်ယော့‑က်ဟှ အီတတ်ဗွဲဟှို ဖိဟှားဟှူ ခီမာ ကောန်းဆောင်းနေရာမာ ထိုင်ဂေ့န။ နန်းနို့ထတ် ရေးကီးဟှူ ယော့‑က်ယော့‑က်ဟှိုလည်း ဖိခေါ်ဟှားမယ် ဆိုဟှာ၊
LUK 14:9 ခေါ်ဖိသူဟှာ နန့်ဟှို ‘အယ်လူတွပ် နေရာဖယ်ပေးဂေ့’ ဆိုဘီး ပြောလေ့မယ်။ အယ်ဆိုဟှာ နန်ဟှာ ယှစ်ရဘီး နိဆောင်းနေရာမာ ထိုင်ရလေ့မယ်။
LUK 14:10 အယ်ကြောန့် နန့်ဟှို ဖိခေါ်ဟှူ ခီမာ နိဆောင်းနေရာမာ သွားဘီးထိုင်ဂေ့။ အယ်မျိုးဆိုဟှာ ဖိခေါ်သူဟှ နန့်နားဟှို လာဘီးဟှာ ‘မိဆွေ ပိုကောန်းဟှူ နေရာမာ ထိုင်ပါ’ ဆိုဘီး နန့်ဟှို ပြောလေ့မယ်။ အယ်ဆိုဟှာ နန်ဟှာ ဧည့်သည်လေရဲ့ ရှေ့မာ ဂေါင်သရေ ရှိလေ့မယ်။”
LUK 14:11 “အယ်ကြောန့် ကိုယ့်ကိုယ်ကိုယ် ချီးမြှော့‑က်ဟှူသူဟှာ နှိခ္လခံရဘီး ကိုယ့်ကိုယ်ကိုယ် နှိခ္လဟှူသူဟှာ ချီးမြှော့‑က်ခံရလေ့မယ်” ဆိုဘီး မိန့်တော်မူဟှယ်။
LUK 14:12 အယ်ဘီးန ယေရှုဟှာ ဖိခေါ်သူဟှို “နန်ဟှာ မွန်းဒဲ့ဇာ၊ ညဉ့်ဇာဟှို ကျွေးမွေးဟှူ ခီမာ မိဆွေလေ၊ ညီကိုလေ၊ ဆွေမျိုးလေ၊ အီဇနီးရှင်း ဌေးလေဟှို ဖိခေါ်န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ နန့်ဟှို ပ္လန်ဖိဘီးဟှာ ကျေးဇူးဆပ်လေ့မယ်။
LUK 14:13 အယ်ကြောန့် စားသော့‑က်ဗွဲ ကျင်းပဟှူ ခီမာ ဆင်းရဲသား၊ အင်္ဂါချို့တဲ့သူ၊ ခေသန်ဘဲဟှူသူ၊ မျစ်စိကန်းသူလေဟှိုဘဲ့ ဖိခေါ်ပါ။
LUK 14:14 အယ်မျိုးဆိုဟှာ နန်ဟှာ မင်္ဂလာရှိလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှ နန့်ဟှို ပ္လန်ဘီး ကျေးဇူးဆပ်နိုင်ဂေ့ဟှို့ မှုဟှ။ အယ်ဘေမဲ့လည်း ဖြောန့်မတ်သူလေ ရှင်ပ္လန်ထမြော့‑က်ဟှူ ခီမာ ဘုရားသခင်ဟှ နန့်ဟှို ပ္လန်ဆပ်ပေးလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 14:15 စားဗွဲမာ ထိုင်နေဟှူ ဧည့်သည်လေထဲဟှ တယော့‑က်ဟှာ အယ်စကားဟှို ကြားဟှူ ခီမာ ယေရှုဟှို “ဘုရားသခင်နိုင်ငံတော်ရဲ့ စားသော့‑က်ဗွဲမာ ထိုင်ရဟှူ သူလေဟှာ ရရာတိုင်း ပျော်လေ့မယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 14:16 ယေရှုဟှာ “လူတယော့‑က်ဟှာ စားသော့‑က်ဗွဲဂီးဟှို ပြင်ဆင်ဟှားဘီး လူဘောင်ဂီးဟှို ဖိဟှားဂေ့ဟှယ်။
LUK 14:17 စားသော့‑က်ဗွဲခီ ရော့‑က်ဟှူ ခီမာ ဖိဟှားဟှူ လူလေနားဟှို သူ့ရဲ့ကျွန်ဟှို စေလွှတ်ဘီးဟှာ ‘ဂူလောင်း ဆင်သင့်ဖြစ်နေဘီ။ ကြွဂေ့ပါ!’ ဆိုဘီး ပြောစေဟှယ်။
LUK 14:18 အယ်ဘေမဲ့ သူးနို့လေ ဂူလောင်းဟှာ ယော့‑က်ဘီးယော့‑က် ဆင်ခေလတ်ခေလေ ပေးဂေ့ဟှယ်။ ပထမတယော့‑က်ဟှ ‘ငါ့ဟှာ လဲဗ္လန်တဂွပ် ဝယ်ဟှားဇာဟှို သွားဘီး ကေ့ကေ့ရအူးမယ်။ ငါ့ဟှို ခွမ့်လွှတ်ဟှို့ တောန်းလျှော့‑က်ပါဟှယ်’ ဆိုဘီး ပြောလေဟှယ်။
LUK 14:19 နော့‑က်ထပ် တယော့‑က်ဟှ ‘ငါဝယ်ဟှားဟှူ နွားငါးရှဉ်းဟှို မောန်းစမ်းဟှို့ သွားရအူးမယ်။ ငါ့ဟှို ခွမ့်လွှတ်ဟှို့ တောန်းလျှော့‑က်ပါဟှယ်’ ဆိုဘီး ပြောလေဟှယ်။
LUK 14:20 နော့‑က်ထပ် တယော့‑က်ဟှ ‘ငါလည်း ခုဘဲ့သေး အီထောန်က္လကြောန့် လာနိုင်ဟှို့ မှုဟှ’ ဆိုဘီး ပြောလေဟှယ်။
LUK 14:21 စေခံဟှာ သူ့သခင်နားဟှို ပ္လန်ဟှားဘီးဟှာ အယ်ကြောန်းရာ ဂူလောင်းဟှို ပ္လန်ပြောပြဟှယ်။ သခင်ဟှာ ရရာတိုင်း ဒေါသထွပ်ဟှားဘီး ‘ဗြို့ထဲမာရှိဟှူ လမ်းမလမ်းကြားလေဟှို ဗြန်းဗြန်သွား။ အယ်ဘီးဟှာ ဆင်းရဲသား၊ အင်္ဂါချို့တဲ့သူ၊ ခေသန်ဘဲဟှူသူ၊ မျစ်စိကန်းသူလေဟှို ခေါ်ပါ’ ဆိုဘီး သူ့ရဲ့စေခံဟှို ပြောလေဟှယ်။
LUK 14:22 စေခံဟှာ ပ္လန်ရော့‑က်လာဘီး ‘သခင်၊ သခင်ခိုင်းဒဲ့တိုင်း လောက်ပီးဘီ။ အယ်ဘေမဲ့ နေရာလပ်လေ ရှိနေသေးဟှယ်’ ဆိုဘီး ပြောလေဟှယ်။
LUK 14:23 အယ်ကြောန့် သခင်ဟှ ‘ဗြို့ပ္လန်၊ လမ်းမ၊ ခြံစည်းရိုးနားဟှို သွားပါ။ အယ်ဘီးဟှာ ငါ့အီဟှို ပ္လဲ့အောန် လူလေဟှို ခေါ်လာပါ’ ဆိုဘီး စေခံဟှို ပြောလေဟှယ်။
LUK 14:24 နန်းနို့ဟှို ငါပြောမယ်။ ရင်းရင်ဒူးဟှ ဖိခေါ်ဟှားဟှူ လူလေ တယော့‑က်လည်း ငါ့ရဲ့ စားသော့‑က်ဗွဲဟှို မြည်းစမ်းရလေ့ဟှို့ မှုဟှ!” ဆိုဘီး ပြောလေဟှယ်။
LUK 14:25 လူအောက်ဂီးဟှာ ယေရှုနတူးဒူ သွားနေဟှူ ခီမာ ကိုယ်တော်ဟှာ လှည့်ကေ့ဘီး
LUK 14:26 “ယော့‑က်ယော့‑က်ဟှာ ငါ့နားဟှို လာဘေမဲ့လည်း ငါ့ဟှို ရှစ်ဇာထတ် မိဖ၊ သားမယား၊ နောန်၊ ညီမန သူးနို့ရဲ့ သတ်ဟှို ပိုဘီး ရှစ်မယ် ဆိုဟှာ ငါ့တဗဲ့ ဖြစ်နိုင်ဟှို့ မှုဟှ။
LUK 14:27 သူးနို့ရဲ့ လတ်ဝါးကပ်တိုင်ဟှို ထမ်းဘီး ငါ့နော့‑က်ဟှို လိုက်ဂေ့ဟှ ဆိုဟှာ ငါ့တဗဲ့လေ ဖြစ်နိုင်ဟှို့ မှုဟှ။
LUK 14:28 နန်းနို့ထဲဟှ တယော့‑က်ဟှာ မျှော်စင်တခုဟှို ဆော့‑က်မယ် ဆိုဘီး ကြံရှိဟှူသူဟှ ကပ်လော့‑က်ငှအောန် ရှိလော၊ မှေ့ဟှလော ဆိုဘီး ရင်ဦးဆောင်း ထိုင်ဘီး ကူက္လဇာလေဟှို တွပ်ကေ့လေ့မယ်။
LUK 14:29 အယ်မျိုးတွပ်ဘဲန ဆိုဟှာ မျှော်စင်ဟှို အုပြစ်ခ္လဘီး ပီးအောန် ဆော့‑က်နိုင်ဘဲကြောန့် ဗြင်ဟှူသူလေ ဂူလောင်းဟှာ ရယ်ဇားလေ့မယ်။
LUK 14:30 ‘အယ်လူဟှာ တည်ဆော့‑က်ဟှို့ စပြုနိုင်ဘေမဲ့ ဆောင်းသတ်နိုင်ဘဲဟှူသူ!’ ဆိုဘီး သူးနို့ဟှာ ပြောဂေ့လေ့မယ်။
LUK 14:31 စစ်သား ၁၀,၀၀၀ ရှိဟှူ မန်းဂီးတပါးဟှာ စစ်သား ၂၀,၀၀၀ န ချီတတ်လာဟှူ တခြားမန်းဂီးဟှို ထွပ်ဘီး ရင်ဆိုင်မယ် ဆိုဟှာ အယ်စစ်သားအင်အားန ခုခံနိုင်မယ် ခုခံနိုင်ဟှ ဆိုဘီး ရင်ဦးဆောင်း ထိုင်ဘီးဟှာ တွပ်ကေ့ဘီး ဆောင်းဖြတ်လေ့မယ်။
LUK 14:32 ခုခံဟှို့ အင်အား မှေ့ဟှ ဆိုဟှာ တခြားမန်းဂီးဟှာ ဝီးဂီးမာ ရှိနေဂဒဲ့ဟှ တမန်လေဟှို လွှတ်ဘီးဟှာ စစ်ပြေငြိမ်းရေး စကားဟှို တောန်းလျှော့‑က်ရလေ့မယ်။
LUK 14:33 အယ်မျိုးဘဲ့ နန်းနို့မာ ရှိမျှဟှို စွန့်ဘဲဟှ ဆိုဟှာ ငါ့တဗဲ့ ဖြစ်နိုင်ဟှို့ မှုဟှ။”
LUK 14:34 “ဆားဟှာ ကောန်းဟှယ်။ အယ်ဘေမဲ့ ငန်ဓါတ်မှေ့ဟှ ဆိုဟှာ ငန်ဟှူ ရသာဟှို ပ္လန်ရဟှို့ နည်းလမ်းမှေ့ဘီ။
LUK 14:35 မ္လေဆီလွှာတွပ်လည်း ကောန်းဟှ။ မ္လေဩဇာတွပ်လည်း ကောန်းဘဲဟှူကြောန့် ဝီးဝီးဟှို ပစ်လွှပ်လိုက်ဂေ့ဟှယ်။ “အယ်ကြောန့် နန်ဟှာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 15:1 တနေ့မာ ခွန်ကော့‑က်မားလေန ပြစ်သားလေဟှာ တရားစကားဟှို နားထောန်ဟှို့တွပ် ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ
LUK 15:2 ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှ “အယ်လူဟှာ ပြစ်သားလေဟှို လတ်ခံဘီးဟှာ သူးနို့နတူးဒူလည်း စားသော့‑က်ဂေ့ဟှယ်!” ဆိုဘီး ပြစ်တန်ဂေ့ဟှယ်။
LUK 15:3 အယ်ကြောန့် ယေရှုဟှ အယ်ပေါင်ဥပမာန
LUK 15:4 “နန်းနို့ထဲဟှ တယော့‑က်မာ သိုးကောန်တရာရှိဘီး တကောန်ပျော့‑က်ဟှားမယ် ဆိုဟှာ ဖယ်မျိုးလောက်ဂေ့မယ်နူး။ သိုးကိုးဆယ်ကိုးကောန်ဟှို စားကျစ်မာ ထားရစ်ဘီးဟှာ ပျော့‑က်နေဟှူ သိုးတကောန်ဟှို တွိအောန်လိုက်ရှာဂေ့လေ့မယ်။
LUK 15:5 အယ်သိုးဟှို ပ္လန်တွိဟှူ ခီမာ ရရာတိုင်း ဝန်းသာဘီးဟှာ ခေါင်းထတ်မာ
LUK 15:6 ထမ်းဘီး အီဟှို ပ္လန်ဟှားဟှယ်။ အယ်ဘီးန အီဇနီးရှင်းလေန မိဆွေလေဟှို ခေါ်ဘီးဟှာ ‘ပျော့‑က်နေဟှူ သိုးဟှို ငါပ္လန်တွိဟှားဘီ။ နို့လေ ပွဲလောက်ဂေ့ဇို့!’ ဆိုဘီး ပြောလေ့မယ်။
LUK 15:7 အယ်မျိုးဘဲ့ နောန်ဒရဘဲဟှူ ဖြောန့်မတ်သူ ကိုးဆယ်ကိုးယော့‑က်ထတ် နောန်ဒရဟှူ ပြစ်သားတယော့‑က်တွပ် ကောန်းဂန်ဘောင်မာ ပိုဘီး ဝန်းသာလေ့မယ် ဆိုဘီး နန်းနို့ဟှို ငါပြောဟှယ်။”
LUK 15:8 “အယ်မျိုးဘဲ့ မီးမတယော့‑က်မာ ငွေဒန်းဂါး ဆယ်ပ္လားရှိဘီး ငွေဒန်းဂါး တပ္လားပျော့‑က်ဟှားမယ် ဆိုဟှာ အယ်မီးမ ဖြားဇာလောက်မယ်နူး။ သူဟှာ မီးအီထွန်းဘီး၊ ရှင်းလန်းဘီးဟှာ တွိအောန် သေးသေချားချာ ရှာလေ့မယ်။
LUK 15:9 အယ်ငွေဒန်းဂါးဟှို တွိဟှူ ခီမာ သူဟှာ အီဇနီးရှင်းလေန မိဆွေလေဟှို ခေါ်ဘီး ‘ပျော့‑က်ဟှားဟှူ ဒန်းဂါးဟှို ငါပ္လန်တွိဘီ။ နို့လေ ပွဲလောက်ဂေ့ဇို့!’ ဆိုဘီး ပြောလေ့မယ်။
LUK 15:10 အယ်မျိုးဘဲ့ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေဟှာလည်း နောန်ဒရဟှူ ပြစ်သားတယော့‑က်တွပ် ရရာတိုင်း ဝန်းသာလေ့မယ် ဆိုဇာဟှို နန်းနို့ဟှို ငါပြောဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 15:11 ယေရှုဟှာ ဆစ်ဘီး “လူတယော့‑က်မာ သားနှေ့ယော့‑က် ရှိဟှယ်။
LUK 15:12 သားငယ်ဟှ ဖဟှို ‘ဖ၊ နို့ရဲ့ မွီလေဟှို ပေးပါ’ ဆိုဘီး တောန်းလေဟှယ်။ အယ်ကြောန့် ဖဟှ သူ့ရဲ့ မွီအောက်စာလေဟှို သားနှေ့ယော့‑က်ဟှို ခွဲဝီပေးလိုက်ဟှယ်။
LUK 15:13 ရစ်နဲနဲကြာဘီးန သားငယ်ဟှာ သူ့ရဲ့ မွီအောက်စာလေဟှို ရောန်းခ္လဘီး ကပ်ထုန အီထတ်ဟှနေ ဆင်းဟှားဟှယ်။ သူဟှာ ဟှိုးဝီးဂီးမာရှိနေဟှူ တိုင်းပြည်ဟှို သွားဘီး အယ်နေရာမာ ဗရမ်းဗဒါသတ်ရှင်ဘီးဟှာ သူ့ကပ်လေဟှို ဖြုန်းစားပစ်လေဟှယ်။
LUK 15:14 သူ့ရဲ့ ကပ်လေ ဂူလောင်းဟှို သောင်းဖြုန်းပစ်ဘီးဟှူ ခီမာ အယ်တိုင်းပြည် နှံ့ပ္လားမာ ဆိုးဝါးဟှူ ငတ်မွတ်ရှင်းဘေး က္လရော့‑က်လာဟှူကြောန့် သူဟှာ ငတ်ပြတ်လေဟှယ်။
LUK 15:15 အယ်ကြောန့် အယ်တိုင်းပြည်ရဲ့ ပြည်သားလေထဲဟှ တယော့‑က်နားဟှို လောက်လောက်ဟှို့ သွားလေဟှယ်။ အယ်ပြည်သားဟှ သူ့ရဲ့လဲဗ္လန်ထဲဟှို စေလွှတ်လိုက်ဘီး ဝပ်လေဟှို ထီးခိုင်းလေဟှယ်။
LUK 15:16 သူဟှာ ဝပ်လေစားနေဟှူ ပဲတောန့်လေဟှို စားရှင်ဟှူစိ ဖြစ်လာလေဟှယ်။ အယ်ဘေမဲ့ ဖယ်သူလည်း သူ့ဟှို စားဇာကျွေးဟှို့သူ မှေ့ဟှ။
LUK 15:17 နော့‑က်ဆောင်းမာ သူဟှာ သိတရား ဝမ်လာဘီး ‘ငါ့ဖရဲ့ လောက်သမားလေ ဂူလောင်းဟှာ ဗိုက်ဝအောန် စားနေရဂေ့ဟှယ်။ ငါဟှ အယ်မာ ငတ်ပြတ်နေဟှယ်!
LUK 15:18 ငါ့ဖနားဟှို သွားဘီး “ဖ၊ နို့ဟှာ ကောန်းဂန်ဟှိုရော၊ နို့ဖဟှိုရော ပြစ်မှားမိဘီ။
LUK 15:19 နို့ဟှို သား ဆိုဘီး ခေါ်ဟှို့ထိုက်ဟှ။ နို့ဖရဲ့ လောက်သမား တယော့‑က်မျိုးဘဲ့ ပြုမှုပါ” ဆိုဘီး ပြောမယ်’ ဆိုဘီး ကြံစည်ရှိလေဟှယ်။
LUK 15:20 အယ်ကြောန့် သူဟှာ ထဘီး ဖနားဟှို ပ္လန်ဟှားဟှယ်။ “သူဟှာ ဟှိုးဝီးမာရှိနေဒူးမာ သူ့ရဲ့ဖဟှ သားဟှို ဗြင်လိုက်ဟှူ ခီမာ သနားစိ ဖြစ်လာဟှူကြောန့် ပ္လေးလာဘီး၊ သူ့ဟှို ပိုက်ဘီး နမ်းလေဟှယ်။
LUK 15:21 သားဟှာ ‘ဖ၊ နို့ဟှာ ကောန်းဂန်ဟှိုရော၊ နို့ဖဟှိုရော ပြစ်မှားမိဘီ။ နို့ဟှို သား ဆိုဘီး ခေါ်ဟှို့ထိုက်ဟှ’ ဆိုဘီး ပြောလေဟှယ်။
LUK 15:22 အယ်ဘေမဲ့ ဖဟှ စေခံလေဟှို ခေါ်လိုက်ဘီး ‘ဗြန်းဗြန်လောက်! ကောန်းဆောင်း ဝတ်လောင်ရှယ်ဟှို ယူလာဘီးဟှာ သူ့ဟှို ဝတ်ပေးဂေ့။ သူ့လတ်မာ လတ်စွပ်ဟှို စွပ်ပေးဘီး သူ့ရဲ့ခေမာ ခေနပ်ဟှို စီးပေးဂေ့။
LUK 15:23 အယ်ဘီးဟှာ ကောန်းဆောင်း နွားသားဂန်းဟှို သွားဘီးဟှာ သတ်ဂေ့။ နို့လေ စားသော့‑က်ဗွဲဂီးဟှို လောက်ဂေ့ဇို့!
LUK 15:24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့သားဟှာ ရင်းရင်ဒူးဟှ သေဟှားဘေမဲ့ ခုပ္လန်ရှင်ဟှားဘီ။ ရင်းရင်ဒူးဟှ ပျော့‑က်ဟှားဘေမဲ့ ခုပ္လန်တွိဟှားဘီ’ ဆိုဘီး ပြောလေဟှယ်။ အယ်ဘီးန စားသော့‑က်ဗွဲဂီးဟှို စပြုဂေ့လေဟှယ်။”
LUK 15:25 “အယ်ခီမာဘဲ့ သားဂီးဟှာ လဲဗ္လန်ဟှနေ အီဟှို ပ္လန်လာလေဟှယ်။ အီနားဟှို ရော့‑က်လာဟှူ ခီမာ တီးမှုသံလေ၊ ကခူသံလေဟှို ကြားရဟှယ်။
LUK 15:26 အယ်ကြောန့် စေခံတယော့‑က်ဟှို ခေါ်ဘီး ‘ဖြားဇာလေ ဖြစ်နေဂေ့နူး။’ ဆိုဘီး မေးလေဟှယ်။
LUK 15:27 စေခံဟှ ‘သင့်ရဲ့ညီဟှာ ဘေးတွိဘဲ့န ပ္လန်ရော့‑က်လာဟှူကြောန့် သင့်ရဲ့ဖဟှ ကောန်းဆောင်း နွားသားဂန်းဟှို သတ်ဘီးဟှာ စားသော့‑က်ဗွဲဂီး လောက်ပေးနေဟှယ်’ ဆိုဘီး ပ္လန်ပြောလေဟှယ်။
LUK 15:28 သားဂီးဟှာ ရရာတိုင်း မျစ်ဘီးဟှာ အီထဲဟှို ဝမ်ဘဲန နေလေဟှယ်။ အယ်ကြောန့် သူ့ဖဟှာ ပ္လန်ဟှို ထွပ်လာဘီးဟှာ သူ့ဟှို ဖျောန်းဖျလေဟှယ်။
LUK 15:29 အယ်ဘေမဲ့ သူဟှာ ဖဟှို ‘နို့ဟှာ နှစ်လေဘောင်ဂီး ကျွန်တယော့‑က်မျိုး နို့ဖတွပ် လောက်လောက်ပေးဟှယ်။ နို့ဖရဲ့ မိန့်ဟှိုလည်း မြဲဒမ်း နားထောန်ဟှယ်။ အယ်ဘေမဲ့ နို့ဖဟှာ နို့ဟှို ဖြားဇာပေးဖူးနူး။ နို့ငယ်ဂျင်းလေနတူးဒူ စားသော့‑က်ဗွဲလောက်ဟှို့တွပ် ဘဲ့တကောန်ဟှိုမျှ ပေးဖူးဟှ!
LUK 15:30 အယ်ဘေမဲ့ နို့ဖရဲ့ အောက်စာ ပစ်စီးလေဟှို မီးမပျစ်လေန ပျော်ပါးဖ္လူးစားပစ်ဘီး ပ္လန်လာဟှူ အယ်သားတွပ် ဆိုဘီး ကောန်းဆောင်း နွားသားဂန်းဟှို သတ်ဘီးကျွေးဟှယ်!’ ဆိုဘီး ပ္လန်ပြောလေဟှယ်။
LUK 15:31 ဖဟှ ‘ငါ့သား၊ သားဟှ ဖနတူးဒူ မြဲဒမ်းနေဟှယ်။ ဖရဲ့ အောက်စာပစ်စီး ဂူလောင်းဟှာလည်း သားရဲ့ အောက်စာပစ်စီးလေ ဖြစ်ဟှယ်။
LUK 15:32 အယ်ဘေမဲ့ သားရဲ့ ညီဟှာ ရင်းရင်ဒူးဟှ သေဟှားဘေမဲ့ ခုပ္လန်သတ်ရှင်ဟှားဘီ။ ရင်းရင်ဒူးဟှ ပျော့‑က်ဟှားဘေမဲ့ ခုပ္လန်တွိဟှားဘီ။ အယ်ကြောန့် နို့လေဟှာ ဝန်းသာဘီး ပွဲလောက်နေဟှယ်’ ဆိုဘီး ပ္လန်ပြောလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 16:1 ယေရှုဟှာ တဗဲ့တော်လေဟှို “ဌေးတယော့‑က်မာ ဘဏ္ဍာစိုး တယော့‑က် ရှိဟှယ်။ အယ်ဘဏ္ဍာစိုးဟှာ ဌေးရဲ့ အောက်စာ ပစ်စီးလေဟှို ဖ္လူးစားပစ်နေဟှယ် ဆိုဘီး ဌေးဟှို လာပြောဂေ့ဟှယ်။
LUK 16:2 အယ်ကြောန့် ဌေးဟှ ဘဏ္ဍာစိုးဟှို ခေါ်ဘီး ‘နန့်ကြောန်းလေ ငါကြားရဇာလေဟှ ဖြားလေနူး။ နန့်ဟှို ငါ့ရဲ့ ဘဏ္ဍာစိုးဖြစ်န ဆစ်ဘီး ထားနိုင်ဟှို့မှုဘီ။ အယ်ကြောန့် နန့်ရဲ့ လောက်ငန်းနဆိုင်ဟှူု စာရင်းလေဟှို တန်ပြပါ’ ဆိုဘီး ပြောလေဟှယ်။
LUK 16:3 ဘဏ္ဍာစိုးဟှ ‘ငါ့သခင်ဟှ ငါ့ဟှို လောက်ဖ္လုလိုက်ဘီ။ ငါ ဖယ်မျိုးလောက်ရမယ်နူး။ ငါ့မာ မ္လေတူးဟှို့ ခွန်အားလည်း မှေ့ဟှ။ တောန်းစားဟှို့လည်း ငါယှစ်ဟှယ်။
LUK 16:4 ဘဏ္ဍာစိုး ရာထူးဟှနေ ငါပ္လုဟှားဟှူ ခီမာ လူလေဟှာ သူးနို့ရဲ့ အီလေမာ ငါ့ဟှို လတ်ခံအောန် ဖြားမျိုးလောက်ရမယ် ဆိုဇာဟှို ငါသိဘီ!’ ဆိုဘီး ကိုယ့်ကိုယ်ကိုယ် ပြောလေဟှယ်။
LUK 16:5 အယ်ကြောန့် သူ့သခင်ဟှို ကပ်ကွီးပေးဇာရှိဟှူ လူလေ ဂူလောင်းဟှို ခေါ်လိုက်ဟှယ်။ ပထမလူဟှို ‘ငါ့သခင်ဟှို ဆပ်ရဟှို့ ကပ်ကွီး ဖယ်မျှရှိနူး’ ဆိုဘီး မေးလေဟှယ်။
LUK 16:6 အယ်လူဟှ ‘ဆီဂါလံ ၈၀၀ ပေးဇာ ရှိပါဟှယ်’ ဆိုဘီး ပ္လန်ဖြေဟှယ်။ ဘဏ္ဍာစိုးဟှ သူ့ဟှို ‘နန့်ရဲ့ ကပ်ကွီးစာရင်းဟှို ယူဘီး ဂါလံ ၄၀၀ ဆိုဘီး ဗြန်းဗြန်ဟှားရေးပါ’ ဆိုဘီး ပြောလေဟှယ်။
LUK 16:7 အယ်ဘီးန နော့‑က်ထပ် တယော့‑က်ဟှို ‘နန့်မာလည်း ကပ်ကွီး ဖယ်မျှရှိဟှယ်နူး’ ဆိုဘီး မေးလေဟှယ်။ သူဟှ ‘ဂျောင်အိ ၁,၀၀၀ ပေးဇာရှိပါဟှယ်’ ဆိုဘီး ပ္လန်ဖြေဟှယ်။ ဘဏ္ဍာစိုးဟှ ‘နန့်ရဲ့ ကပ်ကွီး စားရင်းဟှို ယူဘီး အိ ၈၀၀ ဆိုဘီး ရေးပါ’ ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
LUK 16:8 သခင်ဟှ အယ်မျိုးရိုးသားဘဲဟှူ ဘဏ္ဍာစိုးရဲ့ ပါးနပ်ဟှူ လောက်ဆောန်မှုတွပ် သူ့ဟှို ချီးကျူးလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လောကသားလေဟှာ သူးနို့ရဲ့ လောကီကိစလေ လောက်ဟှူ ခီမာ လန်းသားလေထတ် ပိုဘီး ပါးနပ်ဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 16:9 ယေရှုဟှ “နန်းနို့ဟှို ငါပြောမယ်။ လောက စည်းဇိမ်အားဖြင့် မိဆွေလေ ရအောန်လောက်ဂေ့။ အယ်မျိုးဆိုဟှာ အယ်စည်းဇိမ်လေ ကူဟှားဟှူ ခီမာ သူးနို့ဟှာ နန်းနို့ဟှို ထာဝရအီတော်မာ ကြိုဆိုလတ်ခံလေ့မယ်။
LUK 16:10 သေးငယ်ဟှူ မှုမာ သစ်စာရှိဟှူသူဟှာ ကီးမားဟှူ မှုမာလည်း သစ်စာရှိလေ့မယ်။ သေးငယ်ဟှူ မှုမာ သစ်စာမှေ့ဘဲဟှူ သူဟှာ ကီးမားဟှူ မှုမာလည်း သစ်စာရှိလေ့မယ် မှုဟှ။
LUK 16:11 အယ်ကြောန့် နန်းနို့ဟှာ လောကစည်းဇိမ်ဟှို သောင်းပြုဟှူ ခီမာ သစ်စာမှေ့ဘဲဟှူသူ ဖြစ်မယ် ဆိုဟှာ စစ်မှန်ဟှူ စည်းဇိမ်ဟှို ဖယ်သူဟှ နန်းနို့ဟှို အပ်မယ်နူး။
LUK 16:12 အယ်ဘီးဟှာ တခြားလူရဲ့ အောက်စာပစ်စီးဟှို သောင်းပြုဟှူ ခီမာ သစ်စာမှေ့ဟှ ဆိုဟှာ နန်းနို့ပိုင်ဆိုင်ဟှို့ အောက်စာပစ်စီးဟှို ဖယ်သူဟှာ ပေးဂေ့မယ်နူး။
LUK 16:13 “ဖယ်ကျွန်ဘဲ့ဖြစ်ဖြစ် သခင်နှေ့ယော့‑က်ရဲ့ စေဟှို ခံနိုင်ဟှ။ သခင်တယော့‑က်ဟှို မူးဘီး သခင်တယော့‑က်ဟှို ရှစ်လေ့မယ်။ တယော့‑က်ဟှို သစ်စာစောန့်ဘီး တယော့‑က်ဟှို ထီလေးဇားလောက်လေ့မယ်။ နန်းနို့လေဟှာ ဘုရားသခင်န လောကစည်းဇိမ်လေဟှို တပြိုင်ဒဲ စေခံနိုင်ဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 16:14 အယ်စကားလေဟှို ဖာရိရှဲလေ ကြားရဟှူ ခီမာ ယေရှုဟှို လှောန်ပြောန်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ ကပ်မတ်မားလေ ဖြစ်ဟှယ်။
LUK 16:15 ယေရှုဟှာ သူးနို့ဟှို “နန်းနို့ဟှာ လူလေရဲ့ ရှေ့မာ ဖြောန့်မတ်ဟန်ဆောန်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ နန်းနို့ရဲ့ စိနှလောင်းဟှို သိနေဟှယ်။ လူလေ ရရာတိုင်း တန်ဖိုးထားဟှူဇာဟှာ ဘုရားသခင်ရဲ့ ရှေ့မာ ရွံဇာကောန်းဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 16:16 “မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်ကျမ်းလေဟှာ ဗတ္တိဇံယောဟန် လတ်ထတ်ထိ သတ်ရော့‑က်မှု ရှိဟှယ်။ အယ်ခီဂဒဲဟှနေ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။ လူတိုင်းဟှာ အယ်နိုင်ငံတော်ထဲဟှို လုယက် တိုးဝမ်ဂေ့ဟှယ်။
LUK 16:17 အယ်ဘေမဲ့ ပညတ်တရားထဲမာ ငယ်ဆောင်းဖြစ်ဟှူ စာလောင်း တလောင်းပျစ်စီးဟှို့ထတ် ကောန်းဂန်ဘောင်န မ္လေဂီး ပျစ်စီးဟှို့ လွယ်ဟှယ်။”
LUK 16:18 “ကိုယ့်မယားဟှို ကွာရှင်းဘီးဟှာ တခြားမီးမန အီထောန်ပြုဟှူသူဟှာ အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်သူ ဖြစ်ဟှယ်။ ကွာရှင်းဟှားဟှူ မီးမတယော့‑က်န အီထောန်ပြုဟှူ ယော့‑က်ကျားဟှာလည်း အီထောန်ရေးဖော့‑က်ပ္လန်ရှင်းဟှို ကျူးလွန်ဟှယ်။”
LUK 16:19 “တခါဒူးဟှ ဌေးတယော့‑က်ဟှာ ရရာတိုင်း ဖိုးကီးဟှူ ခရမ်းရောန်ဝတ်ရောင်န ပိချောဟှို ဝတ်ဆင်ဘီး နေ့တိုင်း စည်းဇိမ်ခံစားဘီး နေလေဟှယ်။
LUK 16:20 ဌေးရဲ့ အီခွဗော့‑က်နားမာ လာဇရု နာမယ်ရှိဟှူ ဆင်းရဲသား တယော့‑က်ရှိဘီး သူ့တကောန်လောင်းမာ အိုင်းနာလေ ပေါ့‑က်နေဘီး၊”
LUK 16:21 “သူဟှာ ဌေးရဲ့ စားဗွဲဟှ က္လဟှူ စားကြွင်းစားကျန်လေဟှို စားရဟှို့တွပ် မျှော်နေဟှယ်။ ခွီးလေဟှလည်း သူ့ရဲ့ အိုင်းနာလေဟှို လာဘီး ယစ်နေလေဟှယ်။
LUK 16:22 ဆင်းရဲသားဟှာ သေဟှားဟှူ ခီမာ ကောန်းဂန်တမန်လေဟှ သူ့ဟှို အာဗြဟံရဲ့ ဘေးမာ ထိုင်စေဟှို့ သယ်ဆောန်ဟှားလေဟှယ်။ ဌေးလည်း သေဟှားဘီးဟှာ သင်္ဂြိုဟ်ရှင်းဟှို ခံရလေဟှယ်။
LUK 16:23 သူဟှာ မရဏာနိုင်ငံမာ ဝေဒနာဟှို ဆိုးဆိုးဝါးဝါး ခံနေရဘီး မော့ကေ့လိုက်ဇာ အာဗြဟံန အာဗြဟံရဲ့ ဘေးမာ လာဇရုဟှိုလည်း ဗြင်လိုက်ရဟှယ်။
LUK 16:24 အယ်ကြောန့် သူဟှ ‘ဖအာဗြဟံ! ကျွန်တော့်ဟှို သနားပါ။ ကျွန်တော်ဟှာ အယ်မီးဘောင်ထဲမာ ဝေဒနာဟှို ဆိုးဆိုးဝါးဝါး ခံနေရကြောန့် လာဇရုရဲ့ လတ်ဖျားဟှို ရေဆွတ်ဘီး ကျွန်တော့်လျှာဟှို အေးစေဟှို့ သူ့ဟှို စေလွှတ်ပေးပါ!’ ဆိုဘီး အော်ပြောလေဟှယ်။
LUK 16:25 အယ်ဘေမဲ့ အာဗြဟံဟှ ‘ငါ့သား၊ နန်ဟှာ သတ်ရှင်ခီဒူးဟှ ကောန်းဟှူဇာလေဟှို လတ်ခံရရှိဘီး လာဇရုဟှာ ကောန်းဘဲဟှူဇာလေဟှို လတ်ခံရရှိဟှားဟှယ် ဆိုဇာဟှို အော့‑က်မေ့ပါ။ အယ်ဘေမဲ့ ခု သူဟှာ အယ်နေရာမာ သတ်သာရှင်းရှိဘီး နန်ဟှ ဝေဒနာဟှို ဆိုးဆိုးဝါးဝါး ခံစားနေရဟှယ်။
LUK 16:26 အယ်ဘီးဟှာ နန်းနို့န နို့လေကြားမာ ရရာတိုင်း နတ်ဟှူချော့‑က်ဂီး တခုရှိဟှယ်။ အယ်ကြောန့် နန်းနို့ဟှလည်း နို့လေနားဟှို ကူးနိုင်ဂေ့ဟှ။ နို့လေဟှလည်း နန်းနို့နားဟှို ကူးနိုင်ဂေ့ဟှ’ ဆိုဘီး ပ္လန်ပြောလေဟှယ်။
LUK 16:27 ဌေးဟှ ‘ဖ၊ အယ်ဆိုဟှာ လာဇရုဟှို ကျွန်တော့်ဖရဲ့ အီဟှို စေလွှတ်ပေးဟှို့တွပ် ကျွန်တော် တောန်းလျှော့‑က်ပါဟှယ်။
LUK 16:28 ကျွန်တော့်မာ ညီငါးယော့‑က်ရှိပါဟှယ်။ သူးနို့လေဟှို ဝေဒနာခံစားရဟှူ အယ်နေရာဟှို ရော့‑က်ဘဲအောန် သူးနို့ဟှို ဒိပေးဟှို့ လာဇရုဟှို သွားစေပါ’ ဆိုဘီး ပြောလေဟှယ်။
LUK 16:29 အာဗြဟံဟှ ‘နန့်ရဲ့ ညီလေဟှို ဒိပေးဟှို့ မောရှေန ပရောဖက်လေ ရှိဟှယ်။ သူးနို့စကားလေဟှို နားထောန်ရမယ်’ ဆိုဘီး ပြောလေဟှယ်။
LUK 16:30 ဌေးဟှ ‘ဖအာဗြဟံ၊ အယ်မျိုး မှုဟှ! သေရာဟှ ပ္လန်ရှင်လာဟှူ ယော့‑က်ယော့‑က်ဟှို သူးနို့နားဟှို သွားစေမယ် ဆိုဟှာ သူးနို့ဟှာ နောန်ဒရလေ့မယ်’ ဆိုဘီး ပ္လန်ပြောလေဟှယ်။
LUK 16:31 အယ်ဘေမဲ့ အာဗြဟံဟှ ‘သူးနို့လေဟှာ မောရှေန ပရောဖက်လေရဲ့ စကားဟှို နားထောန်ဂေ့ဟှ ဆိုဟှာ သေရာဟှနေ ပ္လန်ရှင်လာဟှူ ယော့‑က်ယော့‑က်ဟှိုလည်း လတ်ခံယောင်ကြည်ဂေ့ဟှို့ မှုဟှ’ ဆိုဘီး ပြောလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 17:1 ယေရှုဟှာ တဗဲ့တော်လေဟှို “လူလေဟှို ပြစ်ထဲက္လအောန် လောက်ဟှို့ မှားယွင်းဇာလေ ရှိရမယ်။ အယ်ဘေမဲ့ ပြစ်ထဲက္လအောန် မှားယွင်းဇာလေ လောက်ဟှူ သူဟှာ အမင်္ဂလာရှိဟှယ်။
LUK 17:2 အယ်လူဟှာ အယ်မျိုး သားဂန်းတယော့‑က်ဟှို မှားယွင်းစေရှင်းထတ် ကိုယ့်လည်ဗန်းမာ ကီးမားဟှူ က္လိဆောင်ဟှို ဆွဲဘီးဟှာ ပန်လယ်ထဲမာ ပစ်ခ္လခံရရှင်းဟှာ ပိုဘီး ကောန်းအူးမယ်။
LUK 17:3 အယ်ကြောန့် ဖြားဘဲ့လောက်လောက် ဒိထားဂေ့! “နန့်ရဲ့ ညီကိုဟှ နန့်ဟှို ပြစ်မှားမယ် ဆိုဟှာ သူ့ဟှို ဆောင်းမပါ။ သူဟှာ နောန်ဒရမယ် ဆိုဟှာ ခွမ့်လွှတ်လိုက်ပါ။
LUK 17:4 သူ့ဟှ နန့်ဟှို တရစ်မာ ခွန်နစ်ခါ ပြစ်မှားဘီးဟှာ ခွန်နစ်ခါလောင်းလောင်း နန့်နားဟှို လာဘီးဟှာ ‘ငါနောန်ဒရဘီ’ ဆိုဘီး လာပြောမယ် ဆိုဟှာ သူ့ဟှို ခွမ့်လွှတ်ရမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 17:5 တမန်တော်လေဟှ သခင်ဘုရားဟှို “ကျွန်တော့်ဟှားလေရဲ့ ယောင်ကြည်ရှင်းဟှို တိုးလာအောန် လောက်ပေးတော်မူပါ!” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
LUK 17:6 သခင်ဘုရားဟှ “နန်းနို့မာ မုညင်းစေ့လော့‑က် ယောင်ကြည်ရှင်း ရှိမယ် ဆိုဟှာ အယ်ပိုးစားဗန်ဟှို ‘ပြစ်ဟှနေ က္လော့ဘီးဟှာ ပန်လယ်ထဲမာ စိုက်နေစေ!’ ဆိုဘီး နန်းနို့ဟှ ပြောမယ် ဆိုဟှာ နန်းနို့ပြောဟှူတိုင်း အယ်ပန်ဟှ နားထောန်လေ့မယ်။
LUK 17:7 “နန်းနို့ထဲဟှ တယော့‑က်မာ လယ်ထွန်ဟှို့၊ သိုးထီးဟှို့ ခိုင်းဟှားဟှူ စေခံတယော့‑က် ရှိဟှယ်။ သူဟှာ လဲဗ္လန်ဟှ ပ္လန်လာဟှူ ခီမာ ဗြန်းဗြန်လာဘီး စားသော့‑က်ဂေ့ ဆိုဘီးဟှာ နန်းနို့ထဲမာ ဖယ်သူပြောမယ်နူး။
LUK 17:8 လောင်းဝပြောဟှို့ မှုဟှ! အယ်မျိုးပြောဟှို့စား ‘ငါ့တွပ်စားဇာပြင်ပါ။ ငါစားသော့‑က်နေဒူးမာ ခါးစဲဘီး ငါ့ဟှို စေခံပါ။ ငါစားဘီးမှ နန်စားရမယ်’ ဆိုဘီး ပြောလေ့မယ် မှုဟှလော။
LUK 17:9 စေခံဟှာ ခိုင်းဟှားဟှူတိုင်း လောက်ပေးဟှူကြောန့် သူ့ဟှို ကျေးဇူးတန်ရဟှို့လော။
LUK 17:10 အယ်မျိုးဘဲ့ နန်းနို့ဟှို ခိုင်းဟှားဟှူ လောက်လေ ဂူလောင်း လောက်ဘီးဟှားဟှူု ခီမာ ‘နို့လေဟှာ သာမန်စေခံလေ ဖြစ်ဘီး နို့လေရဲ့ တာဝန်ဟှို လောက်ဆောန်ဇာဘဲ့ ဖြစ်ဟှယ်’ ဆိုဘီး ပြောဂေ့ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 17:11 ယေရှုဟှာ ယေရုရှလင်ဗြို့ဟှို ကြွဟှားဟှူ ခီမာ ရှမာရိပြည်န ဂါလိလဲပြည် နယ်စပ်ဟှနေဘီး ကြွတော်မူလေဟှယ်။
LUK 17:12 ကိုယ်တော်ဟှာ ဝါတဝါထဲဟှို ဝမ်တော်မူဟှူ ခီမာ နူနာ ဆယ်ယော့‑က်ဟှာ ကိုယ်တော့်ဟှို လာတွိဂေ့ဟှယ်။ သူးနို့လေဟှာ ဝီးဝီးမာ ရပ်နေဘီး
LUK 17:13 “သခင်ယေရှု! ကျွန်တော့်ဟှားလေဟှို သနားတော်မူပါ!” ဆိုဘီး အော်ပြောလေဟှယ်။
LUK 17:14 ယေရှုဟှာ သူးနို့ဟှို ဗြင်တော်မူဟှူ ခီမာ “နန်းနို့ဟှာ ယဇ်ပုရောဟိတ်လေနားဟှို သွားဘီး မိမိကိုယ်ဟှို ပြဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။ သူးနို့ဟှာ သွားနေဒူးမာဘဲ့ သန့်ရှင်းဟှားလေဟှယ်။
LUK 17:15 သူးနို့ထဲဟှ တယော့‑က်ဟှာ ရောဂါပျော့‑က်ဟှားဘီ ဆိုဇာဟှို ဗြင်ဟှူ ခီမာ ဘုရားသခင်ဟှို သံက္လယ်ဂီးန ချီးမွမ်းဘီး ပ္လန်လာလေဟှယ်။
LUK 17:16 ယေရှုရဲ့ ခေတော်ရင်းမာ ပျပ်ဝပ်ဘီးဟှာ ကိုယ်တော့်ဟှို ကျေးဇူးတန်လေဟှယ်။ အယ်လူဟှာ ရှမာရိလူ တယော့‑က်ဖြစ်ဟှယ်။
LUK 17:17 ယေရှုဟှ “လူဆယ်ယော့‑က်လောင်း သန့်ရှင်းဟှားဟှယ် မှုဟှလော။ ကျန်ဟှူ ကိုးယော့‑က်ဟှ ဖယ်မာနူး။
LUK 17:18 ဖြားဖြစ်ကြောန့် အယ်လူမျိုးခြား တယော့‑က်ဘဲ့ ပ္လန်လာဘီး ဘုရားသခင်ဟှို ချီးမွမ်းရနူး။” ဆိုဘီး မေးတော်မူလေဟှယ်။
LUK 17:19 အယ်ဘီးန ယေရှုဟှ သူ့ဟှို “ထဘီးသွားဝေါ့၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှ နန့်ဟှို ကျန်းမာစေဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 17:20 ဖာရိရှဲတချို့ဟှ ယေရှုဟှို ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ ဖယ်ခီမာ တည်ထောန်မယ်နူး။ ဆိုဘီး မေးဂေ့ဟှယ်။ ကိုယ်တော်ဟှ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ ဗြင်ရဟှူ နိုင်ငံမျိုး တည်ထောန်ဟှို့ မှုဟှ။
LUK 17:21 ‘ကေ့ကေ့။ နိုင်ငံတော်ဟှ အယ်မာရှိဟှယ်! ဟောက်မာရှိဟှယ်!’ ဆိုဘီး ဖယ်သူလည်း ပြောနိုင်လေ့မယ် မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နိုင်ငံတော်ဟှ နန်းနို့ထဲမာ ရှိနေကြောန့် ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 17:22 အယ်ဘီးန ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို “နန်းနို့ ဗြင်ရှင်နေဟှူ လူ့သားရဲ့ နေ့ရစ်တရစ် ရော့‑က်လာလေ့မယ်။ အယ်ဘေမဲ့ နန်းနို့ ဗြင်ရလေ့မယ် မှုဟှ။
LUK 17:23 လူလေဟှ ‘ကေ့ကေ့၊ လူ့ရဲ့သားဟှာ ဟောက်မာရှိဟှယ်! အယ်မာရှိဟှယ်!’ ဆိုဘီး နန်းနို့ဟှို ပြောလေ့မယ်။ အယ်ဘေမဲ့ လိုက်ရှာဂေ့န။
LUK 17:24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လျှပ်စစ်ဟှာ ဖျတ်ဟှူ ခီမာ ကောန်းဂန်တဖတ်ဟှနေ တခြားတဖတ်ထိ လန်းဟှားမျိုးဘဲ့ လူ့ရဲ့သားဟှာ ပ္လန်လာဟှူ နေ့ရစ်မာလည်း အယ်မျိုးဘဲ့ ဖြစ်လေ့မယ်။
LUK 17:25 အယ်ဘေမဲ့ သူဟှာ ရင်ဦးဆောင်း နာကျင်ရှင်းလေ ဘောင်ဂီး ခံရဘီး ခုခေတ် လူလေရဲ့ ငြင်းပယ်ရှင်းလေဟှို ခံရလေ့မယ်။
LUK 17:26 နောဧရဲ့ နေ့ရစ်လေမာ ဖြစ်ဟှားမျိုးဘဲ့ လူ့ရဲ့သား ပ္လန်လာဟှူ နေ့ရစ်လေမာလည်း ဖြစ်လေ့မယ်။
LUK 17:27 နောဧဟှာ သန်းဖောထဲဟှို ဝမ်ဟှူ နေ့ရစ်တိုင်အောန် လူလေဟှာ စားလိုက်၊ သော့‑က်လိုက်၊ လတ်ထပ်လိုက် လောက်နေဂေ့ဟှယ်။ အယ်ဘီးန ရေကီးလာဘီး သူးနို့လေ ဂူလောင်းဟှို ဖျစ်ဆီးလေဟှယ်။
LUK 17:28 အယ်မျိုးဘဲ့ လောတရဲ့ နေ့ရစ်လေမာလည်း လူတိုင်းဟှာ စားလိုက်၊ သော့‑က်လိုက်၊ ရောန်းလိုက်၊ ဝယ်လိုက်၊ စိုက်ပျိုးလိုက်၊ တည်ဆော့‑က်လိုက်န လောက်နေဂေ့ဟှယ်။
LUK 17:29 သောဒုံဗြို့ဟှနေ လောတ ထွပ်ဟှူနေ့မာ ကောန်းဂန်ဟှနေ ကန့်န မီးဝါခ္လလိုက်ဘီး သူးနို့လေ ဂူလောင်းဟှို ဖျစ်စီးလေဟှယ်။
LUK 17:30 လူ့ရဲ့သား ပေါ်ထွပ်ဟှူ နေ့ရစ်မာလည်း အယ်မျိုးဘဲ့ ဖြစ်လေ့မယ်။”
LUK 17:31 “အယ်မျိုးနေ့မာ အီးခေါန်မိုးထတ်မာရှိဟှူ လူဟှို အီထဲမာရှိဟှူ ပစ်စီးလေဟှို ယူဟှို့တွပ် အော့‑က်ဟှို ဆင်းစေန။ အယ်မျိုးဘဲ လဲဗ္လန်ထဲမာရှိနေဟှူ လူလည်း အီဟှို ပ္လန်စေန။
LUK 17:32 လောတရဲ့ မယားဟှို အော့‑က်မေ့ဂေ့။
LUK 17:33 ကိုယ့်သတ်ဟှို ကယ်ရှင်ဟှူ လူဟှာ သတ်ရှောင်းလေ့မယ်။ ကိုယ့်သတ်ဟှို ရှောင်းစေဟှူ သူဟှာ သတ်ဟှို ကယ်တန်လေ့မယ်။
LUK 17:34 နန်းနို့ဟှို ငါပြောမယ်၊ အယ်ညဉ့်မာဘဲ့ အိယာတခုဒဲမာ တူးဒူအိနေဟှူ လူနှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှို သီးယူဟှားဘီးဟှာ တယော့‑က်ဟှ ကျန်ရစ်လေ့မယ်။
LUK 17:35 တူးဒူက္လိဆောင်က္လိနေဟှူ မီးမနှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှို သီးယူဟှားဘီးဟှာ တယော့‑က်ဟှ ကျန်ရစ်လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 17:36 
LUK 17:37 တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို “သခင်၊ အယ်မူဇာလေဟှ ဖယ်နားမာ ဖြစ်ဟှို့နူး” ဆိုဘီး မေးဂေ့ဟှယ်။ ယေရှုဟှ “သေကောန်ရှိဟှူ နေရာမာ လင်းတငှတ်လေ စုနေဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:1 အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေဟှို လောင်းဝ လတ်လျှော့ဘဲန မြဲဒမ်း ဆုတောန်းရမယ် ဆိုဘီး သူးနို့ဟှို သွန်သန်ဟှို့တွပ် ပေါင်ဥပမာန မိန့်တော်မူလေဟှယ်။
LUK 18:2 “ဗြို့တဗြို့မာ ဘုရားသခင်ဟှိုလည်း ကြော့‑က်ဘဲဟှူ၊ လူလေဟှိုလည်း ရိုသေဘဲဟှူ တရားသူဂီး တယော့‑က်ရှိဟှယ်။
LUK 18:3 အယ်ဗြို့မာရှိဟှူ မောက်ဆိုးမ တယော့‑က်ဟှာ သူ့နားဟှို တခီလောင်းလာဘီး ‘ကျွန်မဟှို တရားစွဲဟှူသူဟှို မျှမျှတတ စီရင်ပေးပါ’ ဆိုဘီး တောန်းဗန်ဟှယ်။
LUK 18:4 ခီကြာဂီး တရားသူဂီးဟှာ အယ်မောက်ဆိုးမရဲ့ လျှော့‑က်ဟှားချစ်ဟှို ငြင်းဆန်လေဟှယ်။ အယ်ဘေမဲ့ နော့‑က်ဆောင်းမာ သူဟှာ ‘ငါဟှာ ဘုရားသခင်ဟှိုလည်း ကြော့‑က်ဟှ။ လူလေဟှိုလည်း ရိုသေဟှ။
LUK 18:5 အယ်ဘေမဲ့လည်း အယ်မောက်ဆိုးမဟှာ ငါဟှို နှော့‑က်ယှစ်ပေးနေဟှူကြောန့် သူ့မှုဟှို တရားနည်းလမ်းတိုင်း စီရင်မယ်။ အယ်မျိုးလောက်ဟှ ဆိုဟှာ သူဟှာ တခီလောင်းလာဘီး နော့က်ဆောင်းမာ ငါဟှို ပန်ဗန်းစေလေ့မယ်!’ ဆိုဘီး ကိုယ့်ကိုယ်ကိုယ် ပြောလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:6 သခင်ဘုရားဟှာ ဆစ်ဘီး “တရားဘဲဟှူ တရားသူဂီး ပြောလိုက်ဇာဟှို နားထောန်ကေ့။
LUK 18:7 ဘုရားသခင်လည်း သူ့နားဟှို နေ့ရောညဉ့်ပါ ကူညီဟှို့တွပ် အော်ဟစ်နေဟှူ၊ သူဝီးကော့‑က်ဟှားဟှူ လူလေတွပ် စီရင်ဘဲန နေဟှို့လော။ ကိုယ်တော်ဟှာ အယ်လူလေဟှို ကူညီဟှို့တွပ် ခီဆွဲနေဟှို့လော။
LUK 18:8 နန်းနို့ဟှို ငါပြောမယ်။ ကိုယ်တော်ဟှာ သူးနို့လေတွပ် ဗြန်းဗြန်ဟှား တရားစီရင်လေ့မယ်။ အယ်ဘေမဲ့ လူ့ရဲ့သား ရော့‑က်လာဟှူ ခီမာ ယောင်ကြည်ရှင်းဟှို မ္လေဂီးထတ်မာ တွိရအူးမယ် ဘဲ့လော။” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:9 ကိုယ့်ဖြောန့်မတ်ရှင်းဟှို အားကိုးဘီး တပါးသူဟှို ထန်သေးတတ်ဟှူ သူလေတွပ် ယေရှုဟှာ အယ်ပေါင်ဥပမာန မိန့်တော်မူလေဟှယ်။
LUK 18:10 “တခါဒူးဟှ လူနှေ့ယော့‑က်ဟှာ ဆုတောန်းဟှို့ ဆိုဘီး ဗိမာန်တော်ဟှို သွားဂေ့ဟှယ်။ တယော့‑က်ဟှ ဖာရိရှဲ ဖြစ်ဘီး နော့‑က်တယော့‑က်ဟှ ခွန်ကော့‑က်မား ဖြစ်ဟှယ်။
LUK 18:11 ဖာရိရှဲဟှာ မတ်တတ်ရပ်ဘီး ‘ဘုရားသခင်၊ ကျွန်တော်ဟှာ တခြားသူလေမျိုး လောဘကီးဟှူသူ၊ ဖြောန့်မတ်ဘဲဟှူသူ၊ အီထောန်ရေးဖော့‑က်ပ္လန်ဟှူသူ မုဘဲဟှူကြောန့် ကျေးဇူးတန်ဟှယ်။ ကျွန်တော်ဟှာ အယ်ခွန်ကော့‑က်မားမျိုးလည်း မုဘဲဟှူကြောန့် ကိုယ်တော့်ဟှို ကျေးဇူးတန်ဟှယ်’ ဆိုဘီး ဆုတောန်းလေဟှယ်။
LUK 18:12 ‘ကျွန်တော်ဟှာ တဘတ်မာ နှေ့ရစ်စာရှောန်ဘီး ကျွန်တော့်ဝမ်ငွေ ဂူလောင်းရဲ့ ဆယ်ဖို့တဖို့ဟှိုလည်း ပေးဟှယ်’ ဆိုဘီး ဆုတောန်းလေဟှယ်။
LUK 18:13 အယ်ဘေမဲ့ ခွန်ကော့‑က်မားဟှာ ဝီးမာဘဲ့ရပ်နေဘီး ကောန်းဂန်ဟှိုလည်း မော်ကေ့ရဲဘဲန ‘ဘုရားသခင်၊ ပြစ်သား ကျွန်တော့်ဟှို သနားတော်မူပါ!’ ဆိုဘီး ရင်ဖတ်ဟှို ထုဘီးဟှာ ဆုတောန်းလေဟှယ်။
LUK 18:14 နန်းနို့ဟှို ငါပြောမယ်၊ အယ်ခွန်ကော့‑က်မားဟှာ ဘုရားသခင်ရှေ့မာ သူတော်ကောန်းဖြစ်န အီဟှို ပ္လန်ဟှားရဟှယ်။ ဖာရိရှဲဟှ အယ်မျိုးမှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ကိုယ်သူ ချီးမြှော့‑က်ဟှူသူဟှာ နှိခ္လခံရဘီး သူ့ကိုယ်သူ နှိခ္လဟှူသူဟှာ ချီးမြှော့‑က်ရှင်းခံရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:15 လူတချို့ဟှာ သူးနို့သားဂန်းလေထတ်မာ လတ်တန်ပေးဟှို့တွပ် ယေရှုနားဟှို ခေါ်ဆောန်လာဟှယ်။ တဗဲ့တော်လေဟှ အယ်မူဇာဟှို ဗြင်ဟှူ ခီမာ သူးနို့ဟှို ပြစ်တန်လေဟှယ်။
LUK 18:16 အယ်ဘေမဲ့ ယေရှုဟှာ သားဂန်းလေဟှို သူ့နားဟှို ခေါ်လိုက်ဘီး “သားဂန်းလေဟှာ ငါနားဟှို လာပါလေစေ။ သူးနို့ဟှို တားဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှူုကြောန့် ဖြစ်ဟှယ်။
LUK 18:17 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို သားဂန်းတယော့‑က်မျိုး လတ်ခံဘဲဟှူ သူဟှာ နိုင်ငံတော်ဟှို ဝမ်ရလေ့ဟှို့ မုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:18 ယုဒခေါန်းဆောန်တယော့‑က်ဟှ ယေရှုဟှို “ကောန်းမြတ်ဟှူဆရာ၊ ထာဝရသတ်ဟှို လတ်ခံရရှိဟှို့တွပ် ဖြားမျိုးလောက်ရဟှို့နူး။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
LUK 18:19 ယေရှုဟှ “ငါ့ဟှို ကောန်းမြတ်ဟှူသူ ဆိုဘီး ဖြားဖြစ်ကြောန့် ခေါ်ရနူး။ ဘုရားသခင်မှတပါး ကောန်းမြတ်ဟှူသူ ဖယ်သူလည်း မှေ့ဟှ။
LUK 18:20 ‘အီထောန်ရေးဖော့‑က်ပ္လန်န၊ လူသတ်န၊ ခိုးန၊ လီညာဘီး သတ်သေခံန၊ မိဖဟှို ရိုသေရမယ်’ ဆိုဘီး ပညတ်တော်လေဟှို နန်သိဟှယ် မှုဟှလော။” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
LUK 18:21 အယ်သူဟှ “ကျွန်တော်ဟှာ ငဲငယ်ဂဒဲဟှ အယ်ပညတ်လေ ဂူလောင်းဟှို လိုက်ရှော့‑က်ပီးဘီ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 18:22 အယ်စကားဟှို ကြားရခီမာ ယေရှုဟှ “နန်လောက်ရဟှို့ တခုကျန်သေးဟှယ်။ နန့်မာရှိဇာလေ ဂူလောင်းဟှို ရောန်းဘီး ရလာဟှူ ကပ်ဟှို ဆင်းရဲသားလေဟှို ပေးပါ။ အယ်ဆိုဟှာ နန်ဟှာ ကောန်းဂန်ဘောင်မာ ဘဏ္ဍာဟှို ရလေ့မယ်။ အယ်ဘီးမှ ပ္လန်လာဘီးဟှာ ငါ့နော့‑က်ဟှို လိုက်ရမယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
LUK 18:23 အယ်သူဟှာ ကိုယ်တော်ရဲ့ စကားတော်ဟှို ကြားရဟှူ ခီမာ ရရာတိုင်း ဝန်းနဲဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့မာအောက်စာလေ ဘောင်ဂီးရှိဟှူကြောန့် ဖြစ်လေဟှယ်။
LUK 18:24 ယေရှုဟှာ အယ်သူ ရရာတိုင်း ဝန်းနဲဟှားဟှူဇာဟှို ဗြင်တော်မူဟှူ ခီမာ “ဌေးသားလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ဟှို့ ရရာတိုင်း ခတ်ဟှယ်။
LUK 18:25 ဌေးသားဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲဟှို ဝမ်ဟှို့ထတ် ကုလားအုတ်ဟှာ အပ်ပေါ့‑က်ထဲဟှို ဝမ်ဟှို့ ပိုဘီး လွယ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:26 အယ်စကားဟှို ကြားရဟှူ သူလေဟှာ ကိုယ်တော့်ဟှို “အယ်မျိုးဆိုဟှာ ဖယ်သူလေ ကယ်တန်ရှင်း ခံရနိုင်ဟှို့နူး။” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
LUK 18:27 ယေရှုဟှ “လူလေတွပ် ဖြစ်နိုင်ဘဲဟှူ ဇာလေဟှာ ဘုရားသခင်တွပ် ဖြစ်နိုင်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:28 အယ်ဘီးန ပေတရုဟှ “ကျွန်တော့်ဟှားလေဟှာ ရှိမျှဂူလောင်းဟှို ထားဟှားရစ်ဘီး ကိုယ်တော် နော့‑က်ဟှို လိုက်ဂေ့ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 18:29 ယေရှုဟှာ သူးနို့ဟှို “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်တွပ် အီ၊ မယား၊ ညီကိုလေ၊ မိဖလေ၊ သားမီးလေဟှို စွန့်ဟှူ သူဟှာ
LUK 18:30 ခုဘဝမာ ကျိုးဘောင်ဂီး ရရှိဘီးဟှာ နောန်ဘဝမာလည်း ထာဝရသတ်ဟှို ရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:31 ယေရှုဟှ တဗဲ့တော် ဆယ့်နှေ့ပါးဟှို နီးနားဟှို ခေါ်ဘီးဟှာ “နားထောန်ဂေ့! နို့လေဟှာ ယေရုရှလင်ဗြို့ဟှို သွားနေဂေ့ဟှယ်။ အယ်နေရာမာ လူ့ရဲ့သားန သက်ဆိုင်ဟှူ ပရောဖက်လေ ရေးဟှားဇာလေ ဂူလောင်းဟှာ ပ္လဲ့ဇောင်ရလေ့မယ်။
LUK 18:32 လူ့ရဲ့သားဟှို လှောန်ပြောန်၊ သရော်ဘီး ထွီးရယ်န ထွီးမယ့် လူမျိုးခြားလေ လတ်ထဲဟှို အပ်ဂေ့လေ့မယ်။
LUK 18:33 သူးနို့လေဟှာ ကီဒန်ပေးဘီး သတ်ဂေ့လေ့မယ်။ အယ်ဘေမဲ့လည်း လူ့ရဲ့သားဟှာ သောင်းရစ်မြော့‑က်ဟှူ နေ့မာ ထမြော့‑က်လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 18:34 အယ်ဘေမဲ့လည်း တဗဲ့တော်လေဟှာ အယ်မူဇာလေဟှို တခုလည်း ဘောပေါ့‑က်ဂေ့ဟှ။ အယ်မူဇာရဲ့ ဓိပါယ်ဟှို ဖောင်းကွယ်ဟှားဟှူကြောန့် ယေရှု မိန့်တော်မူနေဟှူ ဇာလေဟှို နားလည်ဂေ့ဟှ။
LUK 18:35 ယေရှုဟှာ ယေရိခေါဗြို့နားဟှို ရော့‑က်လာတော်မူဟှူ ခီမာ မျစ်ကန်းတယော့‑က်ဟှာ လမ်းဘေးမာ ထိုင်ဘီး တောန်းစားနေဟှယ်။
LUK 18:36 သူဟှာ လူအောက်ဂီး ဖြတ်ဟှားဇာဟှို ကြားလိုက်ဟှူ ခီမာ “ဖြားဇာလေဖြစ်နေနူး” ဆိုဘီး မေးလိုက်ဟှယ်။
LUK 18:37 သူးနို့ဟှ “နာဇရက်ဗြို့သားယေရှု ဖြတ်ဟှားတော်မူဟှယ်” ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။
LUK 18:38 အယ်သူဟှ “ဒါဝိဒ်ရဲ့သားတော်! ယေရှု! ကျွန်တော့်ဟှို သနားတော်မူပါ!” ဆိုဘီး အော်ဟစ်လေဟှယ်။
LUK 18:39 ရှေ့မာရှိနေဟှူ လူလေဟှ သူ့ဟှို ပြစ်တန်ဂေ့ဘီး တိတိဟှားနေဟှို့ ပြောဂေ့ဟှယ်။ အယ်ဘေမဲ့လည်း သူဟှ “ဒါဝိဒ်ရဲ့သား! ကျွန်တော့်ဟှို သနားတော်မူပါ!” ဆိုဘီး ပိုဘီး အော်ဟစ်လေဟှယ်။
LUK 18:40 အယ်ကြောန့် ယေရှုဟှာ ရပ်နားဘီး မျစ်ကန်းဟှို သူ့နားဟှို ခေါ်လာဟှို့ မိန့်ပေးတော်မူလေဟှယ်။ အယ်သူဟှာ နီးနားဟှို ရော့‑က်လာဟှူ ခီမာ ယေရှုဟှ၊
LUK 18:41 “နန့်တွပ် ငါ့ဟှို ဖြားဇာလောက်စေရှင်ဟှယ်နူး။” ဆိုဘီး သူ့ဟှို မေးတော်မူလေဟှယ်။ သူဟှ “သခင်၊ ကျွန်တော်ဟှို မျစ်စိဗြင်စေတော်မူပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 18:42 ယေရှုဟှ “မျစ်စိဗြင်စေ! နန့်ရဲ့ ယောင်ကြည်ရှင်းဟှ နန့်ဟှို ကယ်တန်ဘီ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
LUK 18:43 ရှစ်ရှင်းဘဲ့ သူဟှာ ဗြင်ဟှားလေဟှယ်။ အယ်ဘီးန ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးဟှာ ယေရှု နော့‑က်ဟှို လိုက်လေဟှယ်။ အယ်မူဇာဟှို ဗြင်လိုက်ဟှူ လူအောက်ဂီးဟှာ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။
LUK 19:1 ယေရှုဟှာ ယေရိခေါဗြို့ထဲဟှို ဝမ်ဟှားဘီးဟှာ အယ်ဗြို့ဟှို ဖြတ်ဟှားတော်မူဟှယ်။
LUK 19:2 အယ်နေရာမာ ဇက္ခဲနာမယ်ရှိဟှူ လူတယော့‑က်ရှိဟှယ်။ သူဟှာ ခွန်ခေါန်းဖြစ်ဘီး ဌေးသားလည်း ဖြစ်ဟှယ်။
LUK 19:3 သူဟှာ ယေရှုဟှို ဖယ်သူဖြစ်ဟှယ် ဆိုဇာဟှို ဗြင်ရှင်ဘေမဲ့လည်း ရပ်ပုဟှူသူ တယော့‑က်ဖြစ်ဟှူကြောန့် လူအောက်ဂီးဟှို ကျော်ဘီး ယေရှုဟှို ဗြင်နိုင်ဘဲဖြစ်နေဟှယ်။
LUK 19:4 အယ်ကြောန့် သူဟှာ လူအောက်ဂီးရှေ့ဟှနေ ပ္လေးဟှားဘီး ယေရှုဟှို ဗြင်ဟှို့တွပ် သဖန်းဗန်ထတ်ဟှို တတ်လေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှ အယ်လမ်းတိုင်း လာနေဟှူကြောန့် ဖြစ်လေဟှယ်။
LUK 19:5 ယေရှုဟှာ အယ်နေရာဟှို ရော့‑က်လာဟှူ ခီမာ မော်ကေ့လိုက်ဘီးန “ဇက္ခဲ၊ ဗြန်းဗြန်ဆင်းလာ။ အယ်နေ့ နန့်အီမာ ငါတည်းမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 19:6 ဇက္ခဲဟှာ ဗြန်းဗြန်ဆင်းလာဘီး ကိုယ်တော့်ဟှို ရရာတိုင်း ဝန်းသာဟှူစိန ကြိုဆိုလေဟှယ်။
LUK 19:7 အယ်မူဇာဟှို ဗြင်လိုက်ဟှူ လူလေ ဂူလောင်းဟှ “အယ်လူဟှာ ပြစ်သားတယော့‑က်ရဲ့ အီမာတည်းဟှို့ လိုက်ဟှားဘီ!” ဆိုဘီး ကဲ့ရဲ့ပြစ်တန်ဂေ့ဟှယ်။
LUK 19:8 ဇက္ခဲဟှာ ထရပ်ဘီးဟှာ “သခင်! ကျွန်တော်ရဲ့ အောက်စာပစ်စီး တဝပ်ဟှို ဆင်းရဲသားလေဟှို ပေးပါမယ်။ အယ်ဘီးဟှာ ကျွန်တော်ဟှာ တယော့‑က်ယော‑က်နားဟှ တရားဘဲန ယူဟှားဇာလေ ရှိမယ် ဆိုဟှာ ကျွန်တော်ဟှာ လေးဆ ပ္လန်ပေးပါမယ်” ဆိုဘီး သခင်ဘုရားဟှို လျှော့‑က်လေဟှယ်။
LUK 19:9 ယေရှုဟှ “အယ်နေ့ဘဲ့ ကယ်တန်ရှင်းဟှာ အယ်အီထတ်ဟှို ရော့‑က်လေဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်သူဟှာလည်း အာဗြဟံရဲ့ မ္လေးမ္လစ် တယော့‑က် ဖြစ်ဟှူကြောန့် ဖြစ်လေဟှယ်။
LUK 19:10 လူသားဟှာ ပျော့‑က်နေဟှူ သူလေဟှို ရှာဟှို့န ကယ်တန်ဟှို့တွပ် ကြွလာဟှယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
LUK 19:11 ယေရှုဟှ အယ်ကြောန်းရာလေဟှို နားထောန်နေဟှူ သူလေဟှို ပေါင်ဥပမာ တခုန ထပ်ဘီး မိန့်တော်မူလေဟှယ်။ ကိုယ်တော်ဟှာ ယေရုရှလင်ဗြို့နားမာ ရှိနေဟှူကြောန့် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ ရှစ်ရှင်းပေါ်လာမယ် ဆိုဘီး သူးနို့လေဟှ ထန်နေဂေ့ဟှူကြောန့် ဖြစ်ဟှယ်။
LUK 19:12 အယ်ကြောန့် ကိုယ်တော်ဟှ “မြင့်မြတ်ဟှူသူ တယော့က်ဟှာ မန်းဂီးဖြစ် ခံယူဘီးမှ ပ္လန်လာမယ် ဆိုဘီး ဝီးဂီးမာရှိဟှူ နိုင်ငံဟှို သွားလေဟှယ်။
LUK 19:13 ခရီးသွားခန်မာ သူဟှာ စေခံဆယ်ယော့‑က်ဟှို ခေါ်ဘီးန ရွှေဒန်းဂါး တပ္လားစီ ပေးဘီးဟှာ ‘ငါခရီးထွပ်နေဒူးမာ အယ်ဒန်းဂါးလေန စီးပွားရှာဂေ့’ ဆိုဘီး သူးနို့ဟှို မှာဟှားရစ်လေဟှယ်။
LUK 19:14 အယ်ဘေမဲ့ သူ့ရဲ့ တိုင်းသူပြည်သားလေဟှာ သူ့ဟှို မူးဂေ့ဟှယ်။ အယ်ကြောန့် သူ့နော့‑က်ဟှနေ တမန်လေဟှို စေလွှတ်ဘီး ‘နို့လေဟှာ အယ်သူဟှို နို့လေရဲ့ မန်းဂီးဖြစ် လိုရှင်ဂေ့ဟှ’ ” ဆိုဘီး လျှော့‑က်ခိုင်းလေဟှယ်။
LUK 19:15 “အယ်လူဟှာ နိုင်ငံအောက်ချောက်ခွမ့်ဟှို ခံယူဘီး ပ္လန်လာဟှယ်။ ရှစ်ရှင်းဘဲ့ သူဟှာ ရွှေဒန်းဂါးလေပေးဟှားဟှူ စေခံလေဟှို ဖယ်မျှလော့‑က် မ္လတ်ရဟှားဟှယ် ဆိုဇာဟှို သိရှင်ဟှူကြောန့် သူးနို့ဟှို ခေါ်ခိုင်းလိုက်ဟှယ်။
LUK 19:16 ပထမ စေခံဟှာ ရော့‑က်လာဘီး ‘သခင်၊ သခင်ပေးဟှားဟှူ ရွှေဒန်းဂါးတပ္လားအားဖြင့် မ္လတ်ဆယ်ပ္လားရဟှယ်’ ဆိုဘီး လျှော့က်လေဟှယ်။
LUK 19:17 သခင်ဟှ ‘ကောန်းလေဟှယ်။ နန်ဟှာ စေခံကောန်း တယော့‑က် ဖြစ်လေဟှယ်! နန်ဟှာ ငယ်ဟှူမှုမာ သစ်စာရှိဟှူကြောန့် ဗြို့ဂီးဆယ်ဗြို့ဟှို အောက်စိုးပါ’ ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 19:18 ဒုတိယ စေခံဟှာ ရော့‑က်လာဘီး ‘သခင်၊ သခင်ပေးဟှားဟှူ ရွှေဒန်းဂါးတပ္လားအားဖြင့် မ္လတ်ငါးပ္လားရဟှယ်’ ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 19:19 အယ်လူဟှို ‘နန်ဟှာ ဗြို့ဂီးငါးဗြို့ဟှို အောက်ချောက်ပါ’ ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 19:20 နော့‑က်ထပ်စေခံ ရော့‑က်လာဘီး ‘သခင်၊ အယ်မာ သခင်ရဲ့ ရွှေဒန်းဂါးတပ္လား ရှိဟှယ်။ ကျွန်တော်ဟှာ အယ်ဒန်းဂါးဟှို လတ်ကိုင်ပဝါန ထောက်ဘီးဟှာ သီးဟှားဟှယ်။
LUK 19:21 သခင်ဟှာ စိဆတ်ဟှူသူ ဖြစ်ဟှူကြောန့် သခင်ဟှို ကျွန်တော်ကြော့‑က်ဟှယ်။ သခင်ဟှာ ဖြားလည်းသွမ်းဟှားဘဲဇာဟှို ထောက်ယူဘီး ဖြားလည်းစိုက်ဘဲဇာဟှို ရိသီးဟှယ်’ ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 19:22 သခင်ဟှ ‘ဆိုးညစ်ဟှူစေခံ! နန့်စကားတိုင်း နန့်ဟှို ငါစီရင်မယ်! ငါဟှာ စိဆတ်ဟှူသူ၊ ငါဟှာ ဖြားလည်းသွမ်းဘဲဇာဟှို ထောက်ယူဘီးဟှာ ဖြားလည်းစိုက်ဘဲဇာဟှို ရိသီးဟှယ် ဆိုဇာဟှိုလည်း နန်သိဟှယ်။
LUK 19:23 အယ်မျိုးဆိုဟှာ ဖြားဖြစ်ကြောန့် ငါ့ကပ်လေဟှို ဘဏ်မာအပ်ဘဲနနေနူး။ အပ်ဟှားမယ် ဆိုဟှာ ငါပ္လန်ရော့‑က်ဟှူ ခီမာ တိုးလေနတူးဒူ ငါ့ကပ်လေဟှို ပ္လန်ရမယ်’ ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
LUK 19:24 အယ်ဘီးန နီးနားမာ ရပ်နေဟှူ သူလေဟှို ‘သူ့ရဲ့ ရွှေဒန်းဂါး တပ္လားယူဘီး ရွှေဒန်းဂါး ဆယ်ပ္လားရှိဟှူ စေခံဟှို ပေးလိုက်’ ဆိုဘီး ပြောလေဟှယ်။
LUK 19:25 အယ်ဘေမဲ့ သူးနို့လေဟှ ‘သခင်၊ အယ်သူမာ ရွှေဒန်းဂါး ဆယ်ပ္လား ရှိနေဘီးသား ဖြစ်ဟှယ်!’ ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
LUK 19:26 ‘နန်းနို့ဟှို ငါပြောမယ်။ ရှိဟှူလူဟှို ထပ်ပေးဘီး သူ့ဟှို ကြွယ်ဝစေလေ့မယ်။ မှေ့ဘဲဟှူ လူလေနားဟှ ရှိဟှူမျှဟှို နှုလေ့မယ်။
LUK 19:27 ငါ့ဟှို သူးနို့လေရဲ့ မန်းဂီးဖြစ်န လိုရှင်ဘဲဟှူ ငါ့ရဲ့ ရန်သူလေဟှို အယ်နေရာဟှို ခေါ်လာဂေ့။ ငါ့ရှေ့တော်မာ သတ်ဂေ့!’ ဆိုဘီး စီရင်တော်မူလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 19:28 ယေရှုဟှာ အယ်မျိုးမိန့်တော်မူဘီးန သူးနို့လေရဲ့ ရှေ့ဟှနေဘီး ယေရုရှလင်ဗြို့ဟှို ကြွဟှားတော်မူဟှယ်။
LUK 19:29 သံလွင်တောန်နားမာရှိဟှူ ဗက်ဖာဂေဝါန ဗေသနိဝါနားဟှို ရော့‑က်လာဟှူ ခီမာ တဗဲ့တော် နှေ့ပါးဟှို ရှေ့ဟှနေစေလွှတ်ဘီး
LUK 19:30 “နန်းနို့ရှေ့မာရှိဟှူ ဝါဟှို သွားဂေ့။ ဝါထဲဟှို ရော့‑က်ဟှူ ခီမာ ဖယ်သူလည်း စီးဖူးသေးဘဲဟှူ မြည်းသားဂန်းဟှားဟှို ခယ်ဟှားဇာဟှို နန်းနို့ဟှာ တွိလေ့မယ်။ အယ်မြည်းသားဂန်းဟှားဟှို ကြိုးဖြေဘီး ငါ့နားဟှို ခေါ်လာဂေ့။
LUK 19:31 ယော့‑က်ယော့‑က်ဟှ ဖြားဖြစ်ကြောန့် မြည်းကြိုးဟှို ဖြေဂေ့နေနူး။ ဆိုဘီး နန်းနို့ဟှို မေးမယ် ဆိုဟှာ အယ်မြည်းဟှို သခင်လိုရှိဟှယ် ဆိုဘီး သူးနို့ဟှို ပြောဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 19:32 စေလွှတ်လိုက်ဟှူ သူလေဟှာ ထွပ်ဟှားဘီးန ယေရှုမိန့်တော်မူမျိုးဘဲ့ ဂူလောင်းဟှို တွိရဟှယ်။
LUK 19:33 သူးနို့လေဟှာ မြည်းဟှို ကြိုးဖြေပေးနေဟှူ ခီမာ မြည်းဇရှင်ဟှ “ဖြားဖြစ်ကြောန့် မြည်းဟှို ကြိုးဖြေပေးနေရနူး။” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။
LUK 19:34 သူးနို့ဟှ “အယ်မြည်းဟှို သခင် လိုရှိဟှယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
LUK 19:35 အယ်ဘီးန သူးနို့ဟှ မြည်းသားဂန်းဟှားဟှို ယေရှုနားဟှို ယူဆောန်ဟှားလေဟှယ်။ အယ်မြည်းထတ်မာ သူးနို့ရဲ့ ဝတ်ရောင်လေဟှို ခန်းဘီးန ယေရှုဟှို စီးစေဂေ့ဟှယ်။
LUK 19:36 ကိုယ်တော်ဟှာ စီးဘီးလာဟှူ ခီမာ လူလေဟှ သူးနို့ရဲ့ ဝတ်ရောင်လေဟှို လမ်းထတ်မာ ခန်းပေးဂေ့ဟှယ်။
LUK 19:37 ကိုယ်တော်ဟှာ ယေရုရှလင်ဗြို့နီး သံလွင်တောန် ဆင်းလမ်းဟှို ရော့‑က်လာဟှူ ခီမာ တဗဲ့တော် အောက်ဂီးဟှာ သူးနို့ဗြင်ရဟှူ နိမိတ်လတ်ခဏာ ဂူလောင်းတွပ် ဝန်းသာဟှူစိန ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို၊
LUK 19:38 “ဘုရားသခင်ရဲ့ နာမန ကြွလာဟှူ မန်းဂီးဟှာ မင်္ဂလာရှိပါစေ! ကောန်းဂန်ဘောင်မာ ငြီသတ်ရှင်းရှိပါစေ။ ဗြင့်ဆောင်းဟှူ နေရာမာ ဖောင်းကီးတော်မူပါစေ!” ဆိုဘီး သံက္လယ်ဂီးန ချီးမွမ်းဂေ့ဟှယ်။
LUK 19:39 အယ်ခီမာ လူအောက်ဂီးထဲဟှ ဖာရိရှဲတချို့ဟှ “ဆရာ၊ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှို တိတိဟှားနေဟှို့ ဆောင်းမပေးတော်မူပါ!” ဆိုဘီး ယေရှုဟှို လျှော့‑က်လေဟှယ်။
LUK 19:40 ယေရှုဟှ “နန်းနို့ဟှို ငါပြောမယ်၊ သူးနို့ဟှို တိတိဟှားနေစေမယ် ဆိုဟှာ က္လော့ခဲလေဟှ အော်ဟစ်ဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 19:41 ကိုယ်တော်ဟှာ ယေရုရှလင်ဗြို့နားဟှို ရော့‑က်လာဘီး အယ်ဗြို့ဟှို ဗြင်တော်မူဟှူ ခီမာ ငိုတော်မူဘီး၊
LUK 19:42 “နန်ဟှာ ငြီသတ်ရှင်းတွပ် လိုအပ်ဟှူဇာလေဟှို အယ်နေ့မာဘဲ့ သိရမယ် ဆိုဟှာ မင်္ဂလာရှိဟှယ်! အယ်ဘေမဲ့ အယ်မူဇာလေဟှာ ခုနန့်ရဲ့ မျစ်စိရှေ့မာ ဖောင်းကွယ်ဟှားရှင်းခံရဟှယ်!
LUK 19:43 နန့်ရဲ့ ရန်သူလေဟှာ ဖတ်ဖတ်ဟှနေဘီး တားဆီးလေန ဝန်းရံဘီး ပိဟှားမယ့်နေ့ ရော့‑က်လာလေ့မယ်။
LUK 19:44 သူးနို့လေဟှ နန့်ဟှိုရော၊ နန့်ရဲ့ ဗြို့ရိုးထဲဟှ သူလေဟှိုရော တယော့‑က်လည်း ကျန်ဘဲအောန် ဖျစ်ဆီးဂေ့လေ့မယ်။ အယ်နေရာမာ က္လော့တောင်း တလောင်းလည်း ကျန်ရစ်ဟှို့မုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန့်ဟှို ကယ်တန်ဟှို့ ဘုရားသခင် ရော့‑က်လာမယ့် ခီဟှို သိဘဲကြောန့် ဖြစ်ဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 19:45 ယေရှုဟှာ ဗိမာန်တော်ထဲဟှို ဝမ်တော်မူဘီးန ရောန်းဝယ်နေဟှူ လူလေဟှို နှန်ထုတော်မူဘီး
LUK 19:46 သူးနို့လေဟှို “ကျမ်းစာထဲမာ ဘုရားသခင်ဟှ ‘ငါ့ဗိမာန်တော်ဟှာ ဆုတောန်းဟှူ အီတော် ဖြစ်ရလေ့မယ်’ ဆိုဘီး မိန့်တော်မူဟှားဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှ အယ်အီတော်ဟှို သူခိုးလေတွပ် ပူးအောန်းဟှူနေရာ ဖြစ်စေဂေ့ဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 19:47 ယေရှုဟှာ နေ့တိုင်း ဗိမာန်တော်မာ သွန်သန်ပေးတော်မူဟှယ်။ ယဇ်ပုရောဟိတ်ဂီးလေ၊ ကျမ်းတတ်ဆရာလေန လူထုခေါန်းဆောန်လေဟှာ ကိုယ်တော့်ဟှို သတ်ဟှို့တွပ် ရှာကြံဂေ့ဟှယ်။
LUK 19:48 အယ်ဘေမဲ့ လူလေ ဂူလောင်းဟှာ ကိုယ်တော်ရဲ့ စကားတော်ဟှို အာရုံစိုက်ဘီး နားထောန်နေဂေ့ဟှူကြောန့် ကိုယ်တော့်ဟှို သတ်ဟှို့တွပ် နည်းလမ်းရှာဟှို့ တွိဘဲဖြစ်နေဟှယ်။
LUK 20:1 တနေ့မာ ယေရှုဟှာ ဗိမာန်တော်ထဲမာ လူလေဟှို သွန်သန်တော်မူဘီးဟှာ ဒန်းကောန်းဟှို ဟောတော်မူနေဟှူ ခီမာ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ သတ်ကီးဝါဂီးလေနတူးဒူ ရော့‑က်လာဘီး
LUK 20:2 ကိုယ်တော့်ဟှို “အယ်မူဇာလေဟှို ဖြားခွမ့်အာဏာန လောက်နေနူး။ အယ်ခွမ့်အာဏာဟှို ဖယ်သူဟှ ပေးဟှားနူး။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
LUK 20:3 ယေရှုဟှာ “အယ်ဆိုဟှာ ငါလည်း နန်းနို့ဟှို မေးခွန်းတခု မေးအူးမယ်။ ငါ့ဟှို ဖြေပေးဂေ့။
LUK 20:4 ယောဟန်ရဲ့ ဗတ္တိဇံဟှာ ကောန်းဂန်ဟှနေ လာဇာလော။ လူလေဟှနေ လာဇာလော။” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။
LUK 20:5 သူးနို့ဟှာ “နို့လေဖြားမျိုး ဖြေရမယ်နူး။ ‘ကောန်းဂန်ဟှနေ လာဟှယ် ဆိုဘီး ဖြေလိုက်မယ် ဆိုဟှာ ယောဟန်ဟှို နန်းနို့လေ ဖြားဖြစ်ကြောန့် ယောင်ကြည်ဂေ့ဟှနူး။ ဆိုဘီး ပ္လန်မေးလေ့အူးမယ်။
LUK 20:6 လူလေဟှနေ လာဟှယ် ဆိုဘီး နို့လေဟှ ဖြေလိုက်မယ် ဆိုဟှာလည်း ယောဟန်ဟှို ပရောဖက်တပါး ဖြစ်ဟှယ် ဆိုဇာဟှို လူလေဟှ ယောင်ကြည်ဂေ့ဟှူကြောန့် နို့လေဟှို က္လော့ခဲန ပစ်လေ့မယ်’ ” ဆိုဘီး ရှင်းရှင်းဆွေးနွေးဂေ့ဟှယ်။
LUK 20:7 အယ်ကြောန့် သူးနို့လေဟှာ “အယ်ခွမ့်အာဏာဟှာ ဖယ်ဟှနေလာဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ သိဂေ့ဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
LUK 20:8 ယေရှုဟှာ “အယ်မူဇာလေဟှို ဖြားခွမ့်အာဏာန ငါလောက်ဟှယ် ဆိုဇာဟှိုလည်း နန်းနို့ဟှို ငါပြောဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 20:9 အယ်ဘီးန ယေရှုဟှာ အယ်ပေါင်ဥပမာန လူလေဟှို “လူတယော့‑က်ဟှာ စဗျစ်ခြံဟှို စိုက်ဘီး ခြံစောန့်မားလေဟှို ငှားရစ်ဘီးန ခီကြာဂီး ခရီးထွပ်ဟှားလေဟှယ်။
LUK 20:10 စဗျစ်သီး ဆွတ်ခီရော့‑က်ဟှူ ခီမာ စဗျစ်ခြံထွပ် သီးတချို့ဟှို ယူဟှို့တွပ် ခြံစောန့်မားလေနားဟှို ကျွန်တယော့‑က်ဟှို စေလွှတ်လေဟှယ်။ အယ်ဘေမဲ့ ခြံစောန့်မားလေဟှ အယ်ကျွန်ဟှို ရိုက်နှက်ဘီး လတ်ခဲခဲန ပ္လန်လွှတ်လေဟှယ်။
LUK 20:11 အယ်ကြောန့် ဇရှင်ဟှ ကျွန်တယော့‑က်ဟှို ထပ်လွှတ်လေဟှယ်။ အယ်ဘေမဲ့ ခြံစောန့်မားလေဟှ အယ်ကျွန်ဟှိုလည်း ရိုက်နှက်ဘီး၊ ရှက်ခွဲဘီး လတ်ခဲခဲန ပ္လန်လွှတ်လေဟှယ်။
LUK 20:12 အယ်ဘီးန ဇရှင်ဟှ တတိယကျွန်ဟှို ထပ်ဘီး စေလွှတ်လေဟှယ်။ ခြံစောန့်မားလေဟှ အယ်ကျွန်ဟှိုလည်း ဒန်ရာရစေဘီးဟှာ ပ္လန်ဟှို နှန်ထုဂေ့ဟှယ်။
LUK 20:13 စဗျစ်ခြံ ဇရှင်ဟှ ‘ငါဖယ်မျိုးလောက်ရမယ်နူး။ ငါ့ရဲ့ ရှစ်ဟှူသားဟှို စေလွှတ်မယ် ဆိုဟှာ ခြံစောန့်မားလေဟှာ သူ့ဟှို ရိုသေကောန်း ရိုသေဂေ့လေ့မယ်!’ ဆိုဘီး ပြောလေဟှယ်။
LUK 20:14 အယ်ဘေမဲ့ ခြံစောန့်မားလေဟှ သူ့ရဲ့သားဟှို ဗြင်ဟှူ ခီမာ ‘အယ်သူဟှာ ဇရှင်ရဲ့ သားဖြစ်ဟှယ်။ သူ့ဟှို သတ်ဂေ့ဇို့။ အယ်ဆိုဟှာ သူ့ဖရဲ့ အောက်စာဟှာ နို့လေရဲ့အောက်စာ ဖြစ်ဟှားလေ့မယ်!’ ဆိုဘီး သူးနို့လေ ယော့‑က်နယော့‑က် ပြောဂေ့ဟှယ်။
LUK 20:15 အယ်ကြောန့် သူးနို့လေဟှာ ဇရှင်ရဲ့ သားဟှို စဗျစ်ခြံပ္လန်ဟှို ထုဘီးဟှာ သတ်ဂေ့လေဟှယ်။” “အယ်မျိုးဆိုဟှာ စဗျစ်ခြံဇရှင်ဟှ ခြံစောန့်မားလေဟှို ဖြားဇာလောက်မယ်နူး။” ဆိုဘီး ယေရှုဟှ မေးတော်မူလေဟှယ်။
LUK 20:16 “ဇရှင်ဟှာ လာဘီး အယ်လူလေဟှို သတ်ဘီးဟှာ စဗျစ်ခြံဟှို တခြားခြံစောန့်မားလေဟှို အပ်ပေးလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ လူလေဟှ အယ်မျိုး ကြားရဟှူ ခီမာ “အယ်မျိုး ဖြစ်ပါစေန!” ဆိုဘီး ပြောဂေ့ဟှယ်။
LUK 20:17 ယေရှုဟှာ သူးနို့ဟှို ကေ့ဘီး “ ‘အီဆော့‑က်မားလေဟှ သောင်းဇားရဘဲဟှူကြောန့် ဖယ်ဟှားဟှူ က္လော့‑က်ဟှာ ဂူလောင်းထဲမာ ရေးကီးဆောန်း ဖြစ်လာရဂေ့ဟှယ်’ ဆိုဘီး ရေးဟှားဇာဟှာ ဖြားဓိပါယ်နူး။”
LUK 20:18 “အယ်က္လော့‑က်ထတ်ဟှို က္လဟှူလူတိုင်းဟှာ ပိုင်းပိုင်းက္လိုးလေ့မယ်။ အယ်ဘီးဟှာ အယ်က္လော့‑က်ဟှာ ယော့‑က်ယော့‑က်ထတ်ဟှို က္လမယ် ဆိုဟှာ အယ်သူဟှာ ညစ်ညစ်ကြေဟှားလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 20:19 ကျမ်းတတ်ဆရာလေန ယဇ်ပုရောဟိတ်ဂီးလေဟှာ အယ်ပေါင်ဥပမာဟှ သူးနို့ဟှို စောန်းခိဘီး ပြောနေဟှယ် ဆိုဇာဟှို သိဂေ့ဟှူကြောန့် ရှစ်ရှင်းဘဲ့ ယေရှုဟှို ဖမ်းဟှို့တွပ် ရှာကြံဂေ့ဟှယ်။ အယ်ဘေမဲ့ လူလေဟှို ကြော့‑က်ဂေ့ဟှယ်။
LUK 20:20 အယ်ကြောန့် သူးနို့လေဟှ ခွမ့်ကောန်းဟှို ရှာနေဂေ့ဟှယ်။ သူးနို့လေဟှာ လူတချို့ဟှို ရိုးသားဟန်ဆောန်ဟှို့တွပ် လာဘ်ထိုးဟှားဟှယ်။ အယ်ဘီးဟှာ သူးနို့လေဟှ ကိုယ်တော်ရဲ့ စကားထဲမာ မှားရှာဟှို့တွပ် အယ်လူလေဟှို စေလွှတ်လေဟှယ်။ အယ်ဆိုဟှာ သူးနို့လေဟှာ ကိုယ်တော့်ဟှို ခွမ့်အာဏာန တဂိုးရှိဟှူ ရောမ ဗြို့ဝန်းမန်း နားဟှို အပ်ဂေ့လေ့မယ်။
LUK 20:21 အယ်သူလျှိုလေဟှ “ဆရာ၊ ဆရာဟောနေဇာလေရော၊ သန်ကြားနေဇာလေရော မှန်ဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ သိဟှယ်။ ဆရာဟှာ မျစ်နှာလိုက်ဘဲန လူလေတွပ် ဘုရားသခင်ရဲ့ လိုတော်န ဆိုင်ဟှူ သမ္မာတရားဟှို သန်ကြားပေးဟှယ်။
LUK 20:22 ကဲသာ မန်းဂီးဟှို ခွန်ဆောန်ရှင်းဟှာ ပညတ်တော်န ညီဟှယ်လော။ ညီဟှလော။” ဆိုဘီး ယေရှုဟှို မေးလျှော့‑က်လေဟှယ်။
LUK 20:23 အယ်ဘေမဲ့ ယေရှုဟှာ သူးနို့ရဲ့ ပရိယာယ်ဟှို သိတော်မူဟှူကြောန့်
LUK 20:24 “ငါ့ဟှို ငွေဒန်းဂါးတပ္လား ပြဂေ့။ အယ်ဒန်းဂါးမာ ဖယ်သူ့ရောက်ပေါင်န နာမယ်ရှိဟှယ်နူး။” ဆိုဘီး မေးတော်မူလေဟှယ်။ သူးနို့လေဟှ “ကဲသာမန်းဂီး ပေါင်န ကဲသာမန်းဂီး နာမယ်ရှိဟှယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
LUK 20:25 အယ်ကြောန့် ယေရှုဟှ “အယ်မျိုးဆိုဟှာ ကဲသာမန်းဂီး ပိုင်ဟှူဇာဟှို ကဲသာမန်းဂီးဟှို ပေးဂေ့။ ဘုရားသခင် ပိုင်ဟှူဇာဟှို ဘုရားသခင်ဟှို ပေးဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 20:26 သူးနို့လေဟှာ လူလေရှေ့မာ ကိုယ်တော်ရဲ့ စကားလေထဲမာ မှားရှာတွိနိုင်ဘဲ ဖြစ်နေဂေ့ဟှယ်။ အယ်ဘီးဟှာ ကိုယ်တော်ရဲ့ ပ္လန်မိန့်တော်မူဟှူ စကားဟှို အံ့ဩဟှားဂေ့ဘီး တိဆိဟှားဂေ့လေဟှယ်။
LUK 20:27 အယ်ဘီးန ရှင်ပ္လန်ထမြော့‑က်ရှင်းမှေ့ဟှ ဆိုဘီး ပြောဂေ့ဟှူ ဇဒ္ဒုကဲတချို့ဟှာ ယေရှုနားဟှို လာဘီးဟှာ၊
LUK 20:28 “ဆရာ၊ မောရှေဟှ ‘လူတယော့‑က်ဟှာ သားမီးလေမှေ့ဘဲ့န သေဟှားမယ် ဆိုဟှာ ကျန်ရစ်ဟှူ မယားဟှို သူ့ရဲ့ညီဟှ ပ္လန်ဘီး လတ်ထပ်ရဟှယ်။ အယ်ဘီးဟှာ သူးနို့မာရလာဟှူ သားမီးလေဟှို သေဟှားဟှူသူရဲ့ သားမီးလေဖြစ် သတ်မှတ်ရမယ်’ ဆိုဘီး ကျွန်တော့်ဟှားလေတွပ် အယ်ပညတ်တရားဟှို ရေးဟှားဟှယ်။
LUK 20:29 တခါဒူးဟှ ညီကို ခွန်နစ်ယော့‑က် ရှိဟှယ်။ နောန်ဂီးဆောင်းဟှာ အီထောန်ပြုဘီး သားမီးလေ မှေ့ဘဲန သေဟှားဟှယ်။
LUK 20:30 အယ်ဘီးန အယ်မီးမဟှို ဒုတိယညီဟှ ယူလေဟှယ်။
LUK 20:31 အယ်ဘီးန တတိယညီဟှ ယူလေဟှယ်။ အယ်မျိုးနဘဲ့ ညီကို ခွန်နစ်ယော့‑က်လောင်းဟှာ သားမီးလေ မှေ့ဘဲန သေဟှားဂေ့ဟှယ်။
LUK 20:32 နော့‑က်ဆောင်းမာ အယ်မီးမလည်း သေဟှားဟှယ်။
LUK 20:33 အယ်မျိုးဆိုဟှာ ရှင်ပ္လန်ထမြော့‑က်ဟှူ နေ့မာ အယ်မီးမဟှာ ဖယ်သူ့ရဲ့ မယား ဖြစ်လေ့မယ်နူး။ ညီကို ခွန်နစ်ယော့‑က်လောင်းဟှ အယ်မီးမဟှို ယူဟှားပီးဘီ ဆိုဘီး သူးနို့ဟှ လျှော့‑က်လေဟှယ်။”
LUK 20:34 ယေရှုဟှာ “အယ်ဘဝမာ ယော့‑က်ကျားလေန မီးမလေဟှာ အီထောန်ပြုဂေ့ဟှယ်။
LUK 20:35 အယ်ဘေမဲ့ သေရာဟှနေ ပ္လန်ရှင်ဟှို့ ထိုက်တန်ဟှူ ယော့‑က်ကျားလေန မီးမလေဟှာ နောန်ဘဝမာ အီထောန်ပြုရှင်းလေ မှေ့ဟှ။
LUK 20:36 သူးနို့လေဟှာ ကောန်းဂန်တမန်လေမျိုး ဖြစ်ဟှားဘီး သေဂေ့ဟှမ်း။ သူးနို့လေဟှာ သေရာဟှနေ ပ္လန်ရှင်လာဟှူကြောန့် ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်ဂေ့ဟှယ်။
LUK 20:37 အယ်ဘီးဟှာ သေရာဟှနေ ပ္လန်ရှင်ဟှယ် ဆိုဇာဟှို မောရှေဟှ ရှင်းရှင်းလန်းလန်း သတ်သေပြဟှားဟှယ်။ မောရှေဟှာ မီးလောန်နေဟှူချောင်ကြောန်းန ပတ်သတ်ဘီး ဘုရားသခင်ဟှို ‘အာဗြဟံရဲ့ ဘုရားသခင်၊ ဣဇာက်ရဲ့ ဘုရားသခင်၊ ယာကုပ်ရဲ့ ဘုရားသခင်’ ဆိုဘီး ဖော်ပြဟှားလေဟှယ်။
LUK 20:38 ဘုရားသခင်ဟှာ သေဟှားဟှူ သူလေရဲ့ ဘုရား မှုဟှ။ သတ်ရှင်ဟှူ သူလေရဲ့ ဘုရား ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေ ဂူလောင်းဟှာ ကိုယ်တော့်အားဖြင့် သတ်ရှင်ဂေ့ဟှယ်” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။
LUK 20:39 ကျမ်းတတ်ဆရာ တချို့ဟှ “ဆရာ၊ ကောန်းဟှူဖြေ ဖြစ်ဟှယ်!” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
LUK 20:40 အယ်ကြောန့် သူးနို့လေဟှာ ကိုယ်တော့်ဟှို နော့‑က်ထပ် မေးခွန်းလေ မေးရဲဂေ့ဟှမ်း။
LUK 20:41 ယေရှုဟှာ “မေရှိယဟှာ ဒါဝိဒ်ရဲ့ မ္လေးမ္လစ်ဖြစ်ဟှယ် ဆိုဇာဟှို ဖယ်မျိုးပြောနိုင်ဂေ့နူး။ ဆိုဘီး သူးနို့လေဟှို မေးတော်မူလေဟှယ်။
LUK 20:42 ဒါဝိဒ်ကိုယ်တိုင်ဟှ ဆာလံကျမ်းမာ” “‘သခင်ဘုရားဟှ ငါ့သခင်ဟှို၊
LUK 20:43 နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေတန်ခေါင်ဖြစ် ငါခ္လဟှားခီထိ ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ ဆိုဘီး ပြောဟှယ်’ ဆိုဘီး ရေးဟှားဟှယ်။”
LUK 20:44 “ဒါဝိဒ်ဟှ ကိုယ်တော့်ဟှို ‘သခင်’ ဆိုဘီး ခေါ်လေဟှယ်။ အယ်ဆိုဟှာ ဖယ်မျိုးဖြစ်ဘီးဟှာ မေရှိယဟှာ ဒါဝိဒ်ရဲ့ မ္လေးမ္လစ် ဖြစ်ဟှားရနူး။” ဆိုဘီး မေးတော်မူလေဟှယ်။
LUK 20:45 လူလေ ဂူလောင်းဟှာ နားထောန်နေဟှူ ခီမာ ယေရှုဟှ တဗဲ့တော်လေဟှို
LUK 20:46 “ကျမ်းတတ်ဆရာလေဟှို ဒိထားဂေ့။ သူးနို့လေဟှာ ဝတ်လောင်ရှယ်လေန ရှော့‑က်သွားဘီး ဆေးလေထဲမာ နှောက်ဆစ်ခံရဇာဟှို နှစ်သက်ဂေ့ဟှယ်။ သူးနို့လေဟှာ ဝါလယ်ဇရပ်လေမာ သီးသန့်ခေါင်လေန စားသော့‑က်ဗွဲလေမာ ကောန်းဆောင်းနေရာဟှို ဝီးကော့‑က်ဂေ့လေဟှယ်။
LUK 20:47 သူးနို့လေဟှာ မောက်ဆိုးမလေရဲ့ အီလေဟှို အဓမ္မသီးယူဟှယ်။ အယ်ဘီးဟှာ လူလေထန်ကီးအောန် ခီကြာဂီး ဆုတောန်းဂေ့ဟှယ်! သူးနို့လေဟှာ ရရာတိုင်း ဆိုးဟှူ ပြစ်ဒန်ဟှို ခံရလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 21:1 ယေရှုဟှာ ပတ်ပတ်လည်ဟှို ကေ့လိုက်ဟှူ ခီမာ ဌေးသားလေဟှာ ဗိမာန်တော်ထဲဟှ လှူခံဗောင်းထဲဟှို သူးနို့ရဲ့ လှူငွေလေ ထဲ့နေဂေ့ဇာဟှို ဗြင်တော်မူဟှယ်။
LUK 21:2 အယ်ဘီးဟှာ ကိုယ်တော်ဟှာ ရရာတိုင်း ဆင်းရဲဟှူ မောက်ဆိုးမဟှ ကြေးဒန်းဂါး နှေ့ပ္လား ထဲ့နေဇာဟှိုလည်း ဗြင်တော်မူလေဟှယ်။
LUK 21:3 ကိုယ်တော်ဟှ “အယ်ဆင်းရဲဟှူ မောက်ဆိုးမဟှာ တခြားလူလေ ဂူလောင်းထတ် ဘောင်ဂီးလှူဟှယ် ဆိုဇာဟှို နန်းနို့ဟှို ငါမှန်တိုင်း ပြောဟှယ်။
LUK 21:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တခြားလူလေ ဂူလောင်းဟှာ သူးနို့အောက်စာရဲ့ ပိုနေဟှူဇာလေဟှို လှူဂေ့လေဟှယ်။ အယ်ဘေမဲ့ အယ်မောက်ဆိုးမဟှာ သူ့မာရှိမျှ ဂူလောင်းဟှို ပေးလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 21:5 ဗိမာန်တော်ဟှို လှပဟှူ က္လော့‑က်တောင်းလေနရော၊ ဘုရားသခင်ဟှို ဆစ်ကပ်ဟှားဟှူ လှူပစ်စီးလေနရော လှဆင်ဟှားဟှယ် ဆိုဘီး တဗဲ့တော်တချို့ဟှာ ပြောနေဂေ့ဟှယ်။
LUK 21:6 ယေရှုဟှ “နန်းနို့ ဗြင်ဟှားဇာလေ ဂူလောင်းဟှာ က္လော့‑က်တတောင်းလည်း ကျန်ရစ်ဘဲအောန် ဖျစ်ဆီးရှင်းခံရဟှို့ ခီရော့‑က်လာလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 21:7 သူးနို့လေဟှ “ဆရာ၊ အယ်မူဇာလေဟှ ဖယ်ခီမာ ဖြစ်လာမယ်နူး။ အယ်မူဇာလေ ဖြစ်ခါနီးဟှူ ခီမာ ဖယ်မျိုးနိမိတ်လေ ပေါ်လာဟှို့နူး။” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
LUK 21:8 ယေရှုဟှ “နန်းနို့လေ လှည့်ဇားခံရဘဲအောန် ဒိထားဂေ့။ လူလေဘောင်ဂီးဟှာ ငါ့နာမန ရော့‑က်လာဘီးဟှာ ‘ငါဟှာ အယ်လူဘဲ့ ဖြစ်ဟှယ်! ခီရော့‑က်လာဘီ!’ ဆိုဘီး ပြောလေ့မယ်။ အယ်ဘေမဲ့ သူးနို့ နော့‑က်ဟှို လိုက်ဂေ့န။
LUK 21:9 နန်းနို့လေဟှာ စစ်ပွဲလေန ပူကန်ရှင်းကြောန်းလေဟှို ကြားရဟှူ ခီမာ ကြော့‑က်ဂေ့န။ အယ်မူဇာလေဟှ ရင်ဦးဆောင်း ဖြစ်ရမယ်။ အယ်ဘေမဲ့လည်း ဆောင်းသတ်ခီဟှာ ရော့‑က်လာသေးဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 21:10 ကိုယ်တော်ဟှ “လူမျိုးလေဟှာ တမျိုးန တမျိုး၊ နိုင်ငံလေဟှာ တနိုင်ငံန တနိုင်ငံ တိုက်ဂေ့လေ့မယ်။
LUK 21:11 နေရာတိုင်းမာ ကြော့‑က်ဘွယ်လန့်ဘွယ် မ္လေဂီးလှောက်ရှင်းလေ၊ စာရေဇာ ရှားပါးရှင်းလေ၊ ကပ်ရောဂါလေ ဖြစ်ဂေ့လေ့မယ်။ ကောန်းဂန်ထတ်ဟှနေ ထူးဆန်းဘီး ကြော့‑က်ဇာကောန်းဟှူ နိမိတ်လေ ပေါ်လာဂေ့လေ့မယ်။
LUK 21:12 အယ်ဘေမဲ့လည်း အယ်မူဇာလေ ဖြစ်လာခန်မာ နန်းနို့လေဟှို ဖမ်းဆီးဘီး ညှည်းဆဲဂေ့လေ့မယ်။ နန်းနို့လေဟှို ဝါလယ်ဇရပ်လေမာရော၊ ထောန်ထဲမာရော လှောန်ဟှားဂေ့လေ့မယ်။ ငါ့နာမကြောန့် နန်းနို့လေဟှို ဗြို့ဝန်မန်းလေန မန်းဂီးလေ ရှေ့မှော့‑က်ဟှို ခေါ်ဆောန်ဟှားဂေ့လေ့မယ်။
LUK 21:13 အယ်နည်းလမ်းအားဖြင့် နန်းနို့ဟှာ ဒန်းကောန်းဟှို သတ်သေခံဟှို့တွပ် ခွမ့်ရေး ဖြစ်လာဂေ့လေ့မယ်။
LUK 21:14 အယ်ကြောန့် ဖယ်မျိုးချေပရမယ် ဆိုဇာဟှို ကြိုတန်ဘီး စိုးရိမ်ဘဲဟှို့တွပ် နန်းနို့ရဲ့ စိနှလောင်းဟှို ဆောင်းဖြတ်ဟှားဂေ့။
LUK 21:15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ရန်သူလေဟှာ ပ္လန်ဘီး ခုခံဟန့်တားနိုင်ဘဲနေအောန် နန်းနို့ဟှို နှောက်စွမ်းန ဉာဏ်ပညာဟှို ငါပေးမယ်။
LUK 21:16 နန်းနို့ရဲ့ မိဖလေရော၊ ညီကိုလေရော၊ ဆွေမျိုးလေရော၊ ငယ်ဂျင်းလေဟှာ နန်းနို့ဟှို အပ်ဂေ့လေ့မယ်။ နန်းနို့ထဲဟှ တချို့ဟှာ သေသတ်ရှင်းဟှို ခံရဂေ့လေ့မယ်။
LUK 21:17 လူတိုင်းဟှာ ငါ့နာမကြောန့် နန်းနို့ဟှို မူးတီးဂေ့လေ့မယ်။
LUK 21:18 အယ်ဘေမဲ့ နန်းနို့ခေါန်းဟှ ဆားဗန်တဗန်မျှ ဆောင်းရှောင်းစေဟှ။
LUK 21:19 နန်းနို့ဟှာ တည်ကြည်ရှင်းအားဖြင့် ကယ်တန်ရှင်းဟှို ခံရဂေ့လေ့မယ်။”
LUK 21:20 “ယေရုရှလင်ဗြို့ဟှို စစ်တပ်လေ ဝိုင်းဟှားဇာဟှို နန်းနို့ ဗြင်ရဟှူ ခီမာ အယ်ဗြို့ဟှာ ကြာခန်မာ ဖျစ်ဆီးရှင်းခံရမယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့လေ့မယ်။
LUK 21:21 အယ်ဆိုဟှာ ယုဒနယ်မာရှိဟှူ သူလေဟှာ တောန်ထတ်ဟှို တတ်ပ္လေးဂေ့စေ။ ဗြို့ထဲမာရှိဟှူ လူလေဟှာ ဗြို့ပ္လန်ဟှို ထွပ်ဂေ့စေ။ အယ်ဘီးဟှာ ကျေးဝါမာရှိဟှူ သူလေဟှိုလည်း ဗြို့ထဲဟှို ဝမ်ဂေ့စေန။
LUK 21:22 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်နေ့ရစ်လေဟှာ ကျမ်းစာဟှ ပြောဟှားတိုင်း ပ္လဲ့ဇောင်ဟှို့တွပ် ‘ပြစ်ဒန်ပေးဟှို့ နေ့ရစ်လေ’ ဖြစ်ဟှယ်။
LUK 21:23 အယ်နေ့ရစ်လေမာ ဝန်းရှင်မလေန သားရှင်မိလေတွပ် ရရာတိုင်း ဆိုးဝါးဂေ့လေ့မယ်! ဒေါက်ခဆင်းရဲဟှာ အယ်ပြည်ထတ်ဟှို ရော့‑က်လာလေ့မယ်။ အယ်ဘီးဟှာ ဘုရားသခင်ရဲ့ မျစ်တော်ဟှာ အယ်သူလေ ထတ်မာလည်း က္လရော့‑က်လေ့မယ်။
LUK 21:24 တချို့လေဟှာ ထားန သတ်ခံရဂေ့လေမယ်။ ကျန်ဟှူ သူလေဟှာ ထောန်သားလေဖြစ်န နိုင်ငံသီးသီးဟှို ဖမ်းဆီးဟှားရှင်း ခံရဂေ့လေ့မယ်။ လူမျိုးခြားလေဟှာ သူးနို့ရဲ့ ခီကူခန်ထိ ယေရုရှလင်ဗြို့ဟှို နန်းချေဂေ့လေ့မယ်။”
LUK 21:25 “နေ၊ လ၊ ကြယ်လေမာ ထူးဆန်းဟှူ နိမိတ်လေ ဖြစ်လေ့မယ်။ မ္လေဂီးထတ်ဟှ လူမျိုးလေ ဂူလောင်းဟှာ ပန်လယ်လှိုင်းတံပိုးသံကြောန့် စိပျစ်ဟှားဘီး ကြော့‑က်လန့်ဂေ့လေ့မယ်။
LUK 21:26 ကောန်းဂန်ဟှ တဂိုးလေဟှာ လှောက်ခါဂေ့ဘီး လူလေဟှာ ကမ္ဘာထတ်ဟှို သတ်ရော့‑က်လာဟှို့ ဇာလေတွပ် ကြိုတွီးဘီး ကြော့‑က်လန့်လာဟှူကြောန့် မူးလှဲဂေ့လေ့မယ်။
LUK 21:27 အယ်ခီမာ လူ့ရဲ့သားဟှာ ကီးမားဟှူ ဖောင်းတဂိုးန မိုးတီဟှို စီးဘီး ကြွလာနေဇာဟှို သူးနို့လေ ဗြင်ရဂေ့လေ့မယ်။
LUK 21:28 အယ်မူဇာလေ စဘီး ဖြစ်လာဟှူ ခီမာ နန်းနို့ဟှို ဝီးကော့‑က်ဟှို့ ခီဟှာ နီးလာဘီဖြစ်ဟှူကြောန့် မတ်တပ်ထဘီး နန်းနို့ရဲ့ ခေါန်းလေဟှို မော့ဟှားဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 21:29 အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို အယ်ပေါင်ဥပမာန “သဖန်းဗန်န တခြားသစ်ပန်လေဟှို ကေ့ကေ့။
LUK 21:30 နန်းနို့လေဟှာ အယ်ပန်လေမာ ဝပ်နုလေ ထွပ်လာဇာဟှို ဗြင်ဟှူ ခီမာ နွေရာသီ ရော့‑က်ခါနီးဘီ ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှယ်။
LUK 21:31 အယ်မျိုးဘဲ့ အယ်မူဇာလေ ဖြစ်လာဇာဟှို နန်းနို့လေ ဗြင်ဟှူ ခီမာ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်ခါနီးဘီ ဆိုဇာဟှို နန်းနို့လေ သိဂေ့ပါ။
LUK 21:32 “ငါ မှန်တိုင်းပြောမယ်၊ အယ်မူဇာလေ ဂူလောင်း ဖြစ်လာခန်မာ အယ်မျိုးဆစ်ဟှာ လောင်းဝ ပျော့‑က်ကွယ်ဟှားဟှို့ မှုဟှ။
LUK 21:33 ကောန်းဂန်န မ္လေဂီးဟှာ ပျော့‑က်ကွယ်ဟှားလေ့မယ်။ အယ်ဘေမဲ့ ငါ့စကားလေဟှာ လောင်းဝ ပျော့‑က်ကွယ်လေ့မယ် မှုဟှ။
LUK 21:34 “ဒိနနေဂေ့။ ပျော်လွန်ကြူးရှင်းလေ၊ သော့‑က်စားယစ်မောရှင်းလေ၊ လောကီမှုရေး စိုးရိမ်ရှင်းလေကြောန့် နန်းနို့ရဲ့ စိနှလောင်းလေဟှာ လေးလံထိုင်းမှိုင်းနေဒူးမာ အယ်နေ့ရစ်ဟှာ ထောန်ချော့‑က်မျိုးဘဲ နန်းနို့ထတ်ဟှို ရောက်တရစ် ရော့‑က်လာလေ့မယ်။
LUK 21:35 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်နေ့ရစ်ဟှာ မ္လေဂီး တဗ္လန်လောင်းမာရှိဟှူ လူလေ ဂူလောင်းထတ်ဟှို က္လရော့‑က်လာလေ့မယ်။
LUK 21:36 အယ်ကြောန့် နန်းနို့ဟှာ ဖြစ်လာဟှို့ဇာလေ ဂူလောင်းဟှနေ လွတ်မြော့‑က်ဘီး လူ့သားရဲ့ ရှေ့တော်မာ မတ်တတ်ရပ်နိုင်ဟှို့တွပ် ခီတိုင်း ဒိနနေဘီး ဆုတောန်းဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 21:37 ယေရှုဟှာ နေ့ခီလေမာ ဗိမာန်တော်မာ သွန်သန်တော်မူဘီး ညဉ့်ခီလေမာ ပ္လန်ဟှို ထွပ်ဟှားဘီး သံလွင်တောန်ထတ်မာ ညဉ့်ဟှို ကူစေတော်မူဟှယ်။
LUK 21:38 လူလေ ဂူလောင်းဟှာ ဗိမာန်တော်မာ တရားနားထောန်ဟှို့ မိုးလန်းစောစောဂီး ကိုယ်တော်နားဟှို လာဂေ့ဟှယ်။
LUK 22:1 ပသခါပွဲ ဆိုဘီး ခေါ်ဟှူ တဆေးမှေ့ဘဲဟှူ မုပွဲတော် ခီနီးလာလေဟှယ်။
LUK 22:2 ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ လူလေဟှို ကြော့‑က်လန့်ဂေ့ဟှူကြောန့် ယေရှုဟှို တိတိဟှားသတ်ဟှို့တွပ် နည်းလမ်းရှာကြံဂေ့လေဟှယ်။
LUK 22:3 အယ်ဘီးန စာတန်ဟှာ တဗဲ့တော် ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ဣရှကာရုတ် ဆိုဘီး ခေါ်ဟှူ ယုဒထဲဟှို ဝမ်လေဟှယ်။
LUK 22:4 အယ်ကြောန့် ယုဒဟှာ ယဇ်ပုရောဟိတ်ဂီးလေန ဗိမာန်တော်စောန့် ကြီးကဲလေနားဟှို သွားဘီး ယေရှုဟှို သူးနို့လတ်ထဲဟှို ဖယ်မျိုး အပ်ရမယ် ဆိုဇာဟှို သူးနို့လေန တိုင်ဗန်ဂေ့လေဟှယ်။
LUK 22:5 သူးနို့လေဟှာ ဝန်းသာဘီးဟှာ သူ့ဟှို ကပ်ပေးဟှို့ ဘောတူဂေ့ဟှယ်။
LUK 22:6 ယုဒဟှာလည်း ဘောတူဘီး လူလေဟှို သိစေဘဲန ယေရှုဟှို သူးနို့လတ်ဟှို အပ်ဟှို့တွပ် ခွမ့်ကောန်းဟှို ရှာကြံလေဟှယ်။
LUK 22:7 တဆေးမှေ့ဘဲဟှူ မုပွဲတော် ခီမာ ပသခါသိုးသားဂန်းလေဟှို သတ်ရဟှူနေ့ ရော့‑က်လာဟှယ်။
LUK 22:8 ယေရှုဟှာ ပေတရုန ယောဟန်ဟှို “ပသခါပွဲတော်ဟှို နို့လေစားဟှို့ သွားဘီး ပြင်ဆင်ဂေ့ပါ” ဆိုဘီး မိန့်တော်မူဘီး သူးနို့ဟှို စေလွှတ်လေဟှယ်။
LUK 22:9 သူးနို့ဟှလည်း “ကိုယ်တော်ဟှ ကျွန်တော့်ဟှားလေဟှို ဖယ်နေရာမာ ပြင်ဆင်စေရှင်ဟှယ်နူး။” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
LUK 22:10 ကိုယ်တော်ဟှ “နန်းနို့ဟှာ ဗြို့ထဲဟှို ဝမ်ဟှားဟှူ ခီမာ ရေအိုးထမ်းလာဟှူ လူတယော့‑က်ဟှာ နန်းနို့ဟှို လာတွိလေ့မယ်။ အယ်လူ ဝမ်ဟှားဟှူ အီထဲဟှို ဝမ်လိုက်ဟှားဘီးဟှာ၊
LUK 22:11 အီဇရှင်ဟှို ‘ဆရာဟှ ငါ့တဗဲ့လေနတူးဒူ ပသခါညဉ့်ဇာစားဟှို့ ခန်းဟှ ဖယ်မာနူး။ ဆိုဘီး မေးခိုင်းလိုက်ဟှယ်’ ဆိုဘီး ပြောဂေ့ပါ။
LUK 22:12 အယ်လူဟှ ပြင်ဆင်ဟှားဟှူ ထတ်ခန်းမဟှို နန်းနို့ဟှို ပြလေ့မယ်။ အယ်ခန်းမာ နန်းနို့ ပြင်ဆင်ဂေ့ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:13 သူးနို့ဟှာ ထွပ်ဟှားဘီးန ယေရှုဟှ သူးနို့ဟှို မိန့်တော်မူဟှားတိုင်းဘဲ့ ဂူလောင်းဟှို တွိရဟှူကြောန့် ပသခါညဉ့်ဇာဟှို ပြင်ဆင်ဂေ့ဟှယ်။
LUK 22:14 ခီရော့‑က်လာဟှူ ခီမာ ယေရှုဟှာ တမန်တော်လေနတူးဒူ စားဗွဲမာ ထိုင်တော်မူဟှယ်။
LUK 22:15 ကိုယ်တော်ဟှာ “ငါဟှာ ဒေါက်ခဝေဒနာခံရခန်မာ အယ်ပသခါ ညဉ့်ဇာဟှို နန်းနို့နတူးဒူ ရရာတိုင်း စားရှင်ဟှယ်။
LUK 22:16 နန်းနို့ဟှို ငါပြောမယ်၊ ပသခါပွဲတော်ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်မာ ပ္လဲ့ဇောင်သေးခန်ထိ အယ်ပွဲတော်ဟှို နော့‑က်ထပ်ခါ ငါစားဟှို့မုဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 22:17 အယ်ဘီးန ယေရှုဟှာ ခွပ်ဟှို ယူဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးန “အယ်ခွပ်ဟှို ယူဘီး၊ ရှင်းရှင်းဝီမျှဘီး သော့‑က်ဂေ့ပါ။
LUK 22:18 နန်းနို့ဟှို ငါပြောမယ်။ ခုဟှစဘီး ဘုရားသခင်ရဲ့ နိုင်ငံတော် တည်ထောန်ခန်ထိ အယ်စဗျစ်ဝိုင်ဟှို ငါလောင်းဝ သော့‑က်လေ့မယ် မုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:19 အယ်ဘီးန ကိုယ်တော်ဟှာ မုဟှိုယူဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးန မုဟှို ဖဲ့ဘီးဟှာ သူးနို့လေဟှို ပေးဘီး “အယ်မုဟှာ နန်းနို့တွပ် စွန့်ဟှူ ငါ့ရဲ့ ကိုယ်ခန္ဓာ ဖြစ်ဟှယ်။ ငါ့ဟှို အော့‑က်မေ့ဟှို့ အယ်မျိုးလောက်ဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:20 အယ်မျိုးဘဲ့ ညဉ့်ဇာစားဘီးန ကိုယ်တော်ဟှာ ခွပ်ဟှိုလည်း ယူဘီးဟှာ “အယ်ခွပ်ဟှာ နန်းနို့တွပ် သွန်းလောန်းဟှူ ငါ့ရဲ့ သွီးန ဇိခတ်ဟှားဟှူ ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်ဟှယ်”
LUK 22:21 “အယ်ဘေမဲ့ ငါ့ဟှို အပ်မယ့်လူရဲ့ လတ်ဟှာ ငါ့နတူးဒူ စားဗွဲထတ်မာ ရှိနေဟှယ်!
LUK 22:22 လူ့ရဲ့သားဟှာ ဘုရားသခင် ခ္လမှတ်ဟှားတိုင်းဘဲ့ သေခံဟှို့ မှန်ဘဲ့သွားရမယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှို အပ်ဟှူလူဟှာ အမင်္ဂလာရှိဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:23 အယ်ဘီးန တဗဲ့တော်လေဟှာ နို့လေထဲဟှ ဖယ်သူဟှာ အယ်မျိုးလောက်ဟှို့နူး။ ဆိုဘီး သူးနို့ရှင်းရှင်း မေးဂေ့လေဟှယ်။
LUK 22:24 သူးနို့လေထဲဟှ ဖယ်သူ့ဟှို ကီးမြတ်ဆောင်း ဖြစ်ဟှယ် ဆိုဘီး မှတ်ယူရမယ် ဆိုဇာဟှို သူးနို့ရှင်းရှင်း ဂြင်းခူဂေ့လေဟှယ်။
LUK 22:25 ယေရှုဟှ သူးနို့လေဟှို “လူမျိုးခြားလေရဲ့ မန်းဂီးလေဟှာ ပြည်သူလေထတ်မာ စိုးတရ လောက်တတ်ဂေ့ဟှယ်။ လူလေထတ်မာ အာဏာရှိဟှူ သူလေဟှိုလည်း သူများကျိုးဆောန်ဝှပ်သူ ဆိုဘီး ခေါ်ခံရဂေ့ဟှယ်။
LUK 22:26 အယ်ဘေမဲ့ နန်းနို့လေဟှ အယ်မျိုးလောက်ဂေ့န။ နန်းနို့ထဲမာ ကီးမြတ်ဆောင်းဖြစ်ဟှူ သူဟှာ ငယ်ဆောင်းဟှူ သူမျိုး ဖြစ်ရမယ်။ ဦးဆောန်ဟှူ သူဟှာ စေခံမျိုး ဖြစ်ရမယ်။
LUK 22:27 စားဗွဲမာ ထိုင်နေဟှူသူန စေခံဟှူ သူလေထဲမာ ဖယ်သူဟှ ပိုဘီး ကီးမြတ်နူး။ စားဗွဲမာ ထိုင်နေဟှူသူ မှုဟှလော။ အယ်ဘေမဲ့ ငါဟှာ နန်းနို့ထဲမာ စေခံဟှူသူမျိုး ဖြစ်ဟှယ်။”
LUK 22:28 “စောင်ဇမ်း နှောန့်ယှစ်ရှင်းလေဟှို ငါခံနေရဒူးမာ နန်းနို့ဟှာ ငါ့နတူးဒူ ရပ်တည်ပေးဟှူ လူလေ ဖြစ်ဂေ့ဟှယ်။
LUK 22:29 အယ်ဘီးဟှာ ငါ့ဖဟှ ငါ့ဟှို နိုင်ငံတော်ဟှို ပေးအပ်ဟှူမျိုးဘဲ့ ငါဟှလည်း နိုင်ငံတော်ဟှို နန်းနို့ဟှို ပေးအပ်မယ်။
LUK 22:30 နန်းနို့ဟှာ ငါ့ရဲ့ နိုင်ငံတော်မာ ငါ့ရဲ့ စားဗွဲမာ ထိုင်ဘီး စားသော့‑က် ရဂေ့လေ့မယ်။ အယ်ဘီးဟှာ ပလ္လင်ထတ်မာ ထိုင်ဘီး ဣသရေလမျိုးနွယ် ဆယ့်နှေ့နွယ်ဟှို တရားစီရင် ရဂေ့လေ့မယ်။
LUK 22:31 “ရှိမုန်၊ ရှိမုန်! နားထောန်ပါ! ဂျောင်ဆန်ဟှို ဇဂါခ္လဟှူမျိုးဘဲ့ စာတန်ဟှ နန်းနို့ဂူလောင်းဟှို ဇဂါခ္လဟှို့တွပ် ခွမ့်တောန်းလေဘီ။
LUK 22:32 အယ်ဘေမဲ့ နန့်ရဲ့ ယောင်ကြည်ရှင်း ဆောင်းရှောင်းဘဲဟှို့တွပ် ငါဆုတောန်းနေဟှယ်။ နန်ဟှာ ငါဖတ်ဟှို ပ္လန်လှည့်လာဟှူ ခီမာ နန့်ရဲ့ ညီကိုလေဟှို ခိုင်ခံ့စေပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:33 ပေတရုဟှ “သခင်၊ ကျွန်တော်ဟှာ ကိုယ်တော်နတူးဒူ ထောန်ဘဲ့က္လက္လ၊ သေဘဲ့သေသေ ဆင်သင့်ရှိဟှယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 22:34 ယေရှုဟှ “ပေတရု၊ နန့်ဟှို ငါပြောမယ်။ အယ်ညဉ့် ကြစ်တွန်ခန်မာ နန်ဟှာ ငါဟှို သိဟှ ဆိုဘီး သောင်းခါ ငြင်းလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:35 အယ်ဘီးန ယေရှုဟှာ “နန်းနို့ဟှို ကပ်အိ၊ လွယ်အိန ခေနပ်မှေ့ဘဲ စေလွှတ်ဟှူ ခီမာ နန်းနို့လေမာ လိုအပ်ဇာလေ ရှိသေးလော။” ဆိုဘီး တဗဲ့တော်လေဟှို မေးလေဟှယ်။ သူးနို့ဟှာ “မှေ့ဟှ” ဆိုဘီး လျှော့‑က်လေဟှယ်။
LUK 22:36 ယေရှုဟှ “အယ်ဘေမဲ့ ခု ကပ်အိရှိဟှူ သူဟှာ ယူဟှားစေ။ လွယ်အိရှိဟှူ သူဟှာလည်း ယူဟှားစေ။ ထားမှေ့ဘဲဟှူ သူဟှာ မိမိဝတ်လောင်ဟှို ရောန်းဘီးဟှာ ထားဟှို ဝယ်စေ။
LUK 22:37 နန်းနို့ဟှို ငါပြောမယ်၊ ‘သူဟှာ တရားမှေ့ဘဲဟှူ သူလေရဲ့ စာရင်းထဲမာ ထဲ့သွမ်းရှင်းခံရမယ်’ ဆိုဘီး ကျမ်းစာမာ ရေးဟှားဟှူဇာဟှာ ငါ့မာ ပ္လဲ့ဇောင်ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ကြောန်းဟှို ရေးဟှားဇာဟှာ ပ္လဲ့ဇောင်ရှင်းဟှို ရော့‑က်နေဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:38 တဗဲ့တော်လေဟှ “သခင်! ကေ့တော်မူပါ! အယ်မာ ထားနှေ့ရှောန်း ရှိဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။ ကိုယ်တော်ဟှ “အယ်ဆိုဟှာ ရလော့‑က်ဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:39 ယေရှုဟှာ ဗြို့ထဲဟှနေ ထွပ်ဟှားဘီး ခါတိုင်းမျိုးဘဲ့ သံလွင်တောန်ထတ်ဟှို ကြွတော်မူဟှယ်။ တဗဲ့တော်လေလည်း ကိုယ်တော်နတူးဒူ လိုက်ဟှားဂေ့ဟှယ်။
LUK 22:40 အယ်နေရာဟှို ရော့‑က်ဟှူ ခီမာ ကိုယ်တော်ဟှ “နန်းနို့လေဟှာ သွီးဆောန်ရှင်းထဲဟှို က္လဘဲဟှို့တွပ် ဆုတောန်းဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 22:41 အယ်ဘီးန ကိုယ်တော်ဟှာ သူးနို့လေန က္လော့‑က်ခဲတပစ်ဇာလောက် ဝီးဟှို သွားဘီးဟှာ ဒူးထော့‑က်ဘီးန ဆုတောန်းဟှူဇာဟှ
LUK 22:42 ကိုယ်တော်ဟှ “ဖ၊ ဖြစ်နိုင်မယ် ဆိုဟှာ အယ်မူဝေဒနာခွပ်ဟှို ကျွန်တော့်ဟှနေဘီး ယူဟှားပေးပါ။ အယ်ဘေမဲ့ ကျွန်တော့် လိုရှင်တိုင်းဖြစ်စေဘဲန ဖလိုရှင်းတိုင်းဘဲ့ ဖြစ်စေပါ” ဆိုဘီး ဆုတောန်းလေဟှယ်။
LUK 22:43 အယ်ခီမာ ကောန်းဂန်ဘောင်ဟှ ကောန်းဂန်တမန်တပါးဟှာ ကိုယ်တော်နားမာ ပေါ်လာဘီး ကိုယ်တော့်ဟှို အားပေးတော်မူဟှယ်။
LUK 22:44 ကိုယ်တော်ဟှာ ပြင်းထန်ဟှူ ဝေဒနာဟှို ခံစားဘီး ပိုဘီး ပြင်းပြင်းထန်ထန် ဆုတောန်းဟှူကြောန့် ကိုယ်တော်ရဲ့ ချွေးဟှာ သွီးစစ်လေမျိုး မ္လေဂီးထတ်ဟှို က္လလေဟှယ်။
LUK 22:45 ကိုယ်တော်ဟှာ ဆုတောန်းရာဟှနေ ထတော်မူဘီး တဗဲ့တော်လေနားဟှို ပ္လန်လာဟှူ ခီမာ သူးနို့လေဟှာ ဝန်းနဲဘီး အိမွိနေဇာဟှို တွိဟှားလေဟှယ်။
LUK 22:46 ကိုယ်တော်ဟှာ “နန်းနို့လေ ဖြားဖြစ်ကြောန့် အိမွိနေဂေ့နူး။ သွီးဆောန်ရှင်းထဲဟှို က္လဘဲဟှို့တွပ် ထဒန်ဘီး ဆုတောန်းဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 22:47 အယ်မျိုးမိန့်တော်မူနေဒူးမာဘဲ့ တဗဲ့တော် ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒဟှာ လူအောက်ဂီးဟှို ဦးဆောန်ဘီး ရော့‑က်လာဟှယ်။ သူဟှာ ယေရှုဟှို နမ်းဟှို့တွပ် တိုးဝမ်လာလေဟှယ်။
LUK 22:48 အယ်ဘေမဲ့ ယေရှုဟှ “ယုဒ၊ လူ့ရဲ့သားဟှို နမ်းရှင်းအားဖြင့် အပ်ဟှို့လော။” ဆိုဘီး မေးတော်မူလေဟှယ်။
LUK 22:49 ယေရှုနတူးဒူ ရှိနေဂေ့ဟှူ တဗဲ့တော်လေဟှာ ဖြစ်လာမယ့်ဇာဟှို သိလိုက်ဟှူ ခီမာ သူးနို့ဟှ “သခင်၊ ကျွန်တော့်ဟှားလေ ထားန ခွတ်ရဟှို့လော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
LUK 22:50 သူးနို့ထဲဟှ တယော့‑က်ဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့‑က်ဟှို ခွတ်လိုက်ဇာ အယ်လူရဲ့ ညာဖတ်နားဝှပ်ဟှာ ပြတ်ဟှားလေဟှယ်။
LUK 22:51 အယ်ဘေမဲ့ ယေရှုဟှာ “တော်ဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ ကိုယ်တော်ဟှာ အယ်လူရဲ့ နားဝှပ်ဟှို လတ်တော်န ထိလိုက်ဘီး ပ္လန်ကောန်းစေလေဟှယ်။
LUK 22:52 အယ်ဘီးန ယေရှုဟှာ မိမိဟှို ဖမ်းဟှို့ရော့‑က်လာဟှူ ယဇ်ပုရောဟိတ်ဂီးလေ၊ ဗိမာန်တော်စောန့် တပ်မှူးလေန သတ်ကီးဝါဂီးလေဟှို “နန်းနို့ဟှာ မ္လဟှို ဖမ်းဟှူမျိုး ထားလေ၊ ဒေါက်လေဟှို ကိုင်ဆောန်ဘီး လာဂေ့ရလော။
LUK 22:53 ငါဟှာ နေ့တိုင်း နန်းနို့နတူးဒူ ဗိမာန်တော်မာ ရှိနေဒူးမာ နန်းနို့ဟှာ ငါ့ဟှို ဖမ်းဂေ့ဟှ။ အယ်ဘေမဲ့ အယ်မျိုး လောက်ဆောန်ဟှို့တွပ် နန်းနို့ရဲ့ခီ ဖြစ်ဟှယ်။ မှောန်မိုက်တဂိုးလည်း ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:54 သူးနိုးလေဟှ ယေရှုဟှို ဖမ်းဘီးဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ အီဟှို ခေါ်ဟှားဂေ့ဟှယ်။ ပေတရုဟှာလည်း ခပ်ဝီးဝီးဟှနေ လိုက်ဟှားလေဟှယ်။
LUK 22:55 အီဝမ်းရဲ့ လယ်မာ မီးဗောင်ဟှို ဝိုင်းဘီးထိုင်နေဟှူ လူလေကြားထဲမာ ပေတရုဟှာ ဝမ်ထိုင်လေဟှယ်။
LUK 22:56 အယ်မျိုး ပေတရုဟှာ မီးဗောင်းနားမာ ထိုင်နေဇာဟှို စေခံမီးမ တယော့‑က်ဟှ ဗြင်ဟှားဟှူုကြောန့် သူ့ဟှို စေ့စေ့ကေ့ဘီး “အယ်လူဟှာလည်း ယေရှုရဲ့ ပေါန်းဖော် ဖြစ်ဟှယ်!” ဆိုဘီး ပြောလေဟှယ်။
LUK 22:57 အယ်ဘေမဲ့ ပေတရုဟှ “ဝှေ့မီးမ၊ အယ်သူဟှို ငါ သိဟှ!” ဆိုဘီး ဂြင်းလေဟှယ်။
LUK 22:58 ရှစ်ဟှားကြာဘီးန လူတယော့‑က်ဟှာ ပေတရုဟှို ဗြင်ဟှားဟှူ ခီမာ “နန်လည်း သူးနို့လေထဲဟှ တယော့‑က်ဘဲ့ ဖြစ်ဟှယ်!” ဆိုဘီး ပြောလေဟှယ်။ အယ်ဘေမဲ့ ပေတရုဟှာ “ဝှေ့လူ၊ ငါဟှာ သူးနို့ထဲဟှ မှုဟှ!” ဆိုဘီး ပြောလေဟှယ်။
LUK 22:59 တနာရီလော့‑က် ကြာဘီးန တခြားတယော့‑က်ဟှ “မှန်တိုင်း ပြောရမယ် ဆိုဟှာ အယ်သူဟှာ ဂါလိလဲလူ ဖြစ်ဟှူကြောန့် ယေရှုန ပေါန်းဖော်ဟှူသူ ဖြစ်ဟှယ်!” ဆိုဘီး ခိုင်ခိုင်မာမာ ပြောလေဟှယ်။
LUK 22:60 အယ်ဘေမဲ့ ပေတရုဟှ “ဝှေ့လူ၊ နန်ပြောနေဇာလေဟှို ငါ သိဟှ!” ဆိုဘီး ပ္လန်ပြောလေဟှယ်။ သူအယ်မျိုး ပြောနေဒူးမာဘဲ့ ကြစ်တွန်လေဟှယ်။
LUK 22:61 အယ်ခီမာ သခင်ဘုရားဟှာ လှည့်ဘီး ပေတရုဟှို စူးစိုက်ဘီး ကေ့တော်မူဟှယ်။ ပေတရုဟှလည်း “အယ်ညဉ့် ကြစ်တွန်ခန်မာ နန်ဟှာ သောင်းခါတိတိ ငြင်းပယ်လေ့မယ်” ဆိုဘီး မိန့်တော်မူဟှားဟှူ သခင်ဘုရားရဲ့ စကားတော်ဟှို ပ္လန်အော့‑က်မေ့လာဟှယ်။
LUK 22:62 အယ်ကြောန့် ပေတရုဟှာ ပ္လန်ဟှို ထွပ်ဟှားဘီး ရရာတိုင်း ငိုလေဟှယ်။
LUK 22:63 ယေရှုဟှို စောန့်ကြပ်နေဟှူ လူလေဟှ ကိုယ်တော့်ဟှို လှောန်ပြောန်ဘီး ရိုက်နှက်ဂေ့ဟှယ်။
LUK 22:64 သူးနို့လေဟှ ကိုယ်တော်ရဲ့ မျစ်နှာဟှို ဖောင်းဘီးဟှာ “ကိုယ်တော့်ဟှို ဖယ်သူလေ ရိုက်ဂေ့နူး။ ပရောဖက်ပြုဂေ့!” ဆိုဘီး ကိုယ်တော့်ဟှို မေးဂေ့ဟှယ်။
LUK 22:65 အယ်ဘီးဟှာ သူးနို့လေဟှ တခြားကဲ့ရဲ့ဇာလေ ဘောင်ဂီးန ကိုယ်တော့်ဟှို ပြောဂေ့ဟှယ်။
LUK 22:66 မိုးလန်းဟှားဟှူ ခီမာ သတ်ကီးဝါဂီးလေ၊ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ စုဝီးဂေ့ဘီး ယေရှုဟှို တရားလွှတ်တော်ရှေ့ဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။
LUK 22:67 သူးနို့လေဟှ “နန်ဟှာ မေရှိယဘဲ့လော။ နို့လေဟှို ပြောပါ” ဆိုဘီး မေးဂေ့ဟှယ်။ ကိုယ်တော်ဟှ “နန်းနို့ဟှို ငါပြောမယ် ဆိုဟှာလည်း နန်းနို့ ယောင်ကြည်ဂေ့ဟှို့ မှုဟှ။
LUK 22:68 နန်းနို့ဟှို ငါ မေးမေးမယ် ဆိုဟှာလည်း နန်းနို့ ဖြေဂေ့ဟှို့ မှုဟှ။
LUK 22:69 အယ်ဘေမဲ့ ခုဟှနေဘီး လူ့ရဲ့သားဟှာ အနန္တတဂိုးရှင် ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်တော်မူလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 22:70 သူးနို့လေ ဂူလောင်းဟှာ “အယ်မျိုးဆိုဟှာ နန်ဟှ ဘုရားသခင်ရဲ့သား ဖြစ်ဟှယ်လော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။ ကိုယ်တော်ဟှာ “နန်းနို့ မေးဟှူတိုင်းဘဲ့ ငါဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 22:71 အယ်ဘီးန သူးနို့လေဟှာ “နို့လေကိုယ်တိုင် သူ့ရဲ့နှော့‑က်ဟှနေ အယ်စကားလေဟှို ကြားရဘီ ဖြစ်ဟှူကြောန့် နော့‑က်ထပ် ဖြားသတ်သေလေ လိုသေးဟှယ်နူး!” ဆိုဘီး ပြောဂေ့ဟှယ်။
LUK 23:1 တရားလွှတ်တော် တဖွဲ့လောင်းဟှာ ထဘီးန ယေရှုဟှို ပိလတ်မန်းရှေ့ဟှို ခေါ်ဆောန်ဟှားဘီး၊
LUK 23:2 အယ်နေရာမာ သူးနို့လေဟှာ ကိုယ်တော့်ဟှို “ကဲသာမန်းဂီးဟှို ခွန်ဆောန်ဇာလိုဟှ ဆိုဘီး သူးနို့ဟှို ပြောဘီး သူ့ကိုယ်သူလည်း မေရှိယဖြစ်ဟှူ မန်းဂီး ဖြစ်ဟှယ် ဆိုဘီး လူလေဟှို လမ်းမှားအောန် လောက်နေကြောန့် ကျွန်တော့်ဟှားလေဟှာ အယ်လူဟှို ဖမ်းလာဟှယ်” ဆိုဘီး စွပ်စွဲဂေ့ဟှယ်။
LUK 23:3 ပိလတ်ဟှာ “နန်ဟှာ ယုဒမန်းဂီးလော။” ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။ ယေရှုဟှ “မန်းဂီးမေးဟှူတိုင်းဘဲ့ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
LUK 23:4 အယ်ဘီးန ပိလတ်မန်းဟှာ ယဇ်ပုရောဟိတ်ဂီးလေန လူအောက်ဂီးဟှို “ငါဟှာ အယ်လူမာ ပြစ်တခုလည်း ငါတွိဟှ” ဆိုဘီး ပြောလေဟှယ်။
LUK 23:5 အယ်ဘေမဲ့ သူးနို့လေဟှာ “သူဟှာ ဂါလိလဲနယ်ဟှနေ အယ်နေရာထိတိုင်အောန် ယုဒနယ် တနယ်လောင်းမာ သွန်သန်ဘီး လူလေဟှို နှိုးဆော်နေဟှူသူ ဖြစ်ဟှယ်” ဆိုဘီး ပြင်းပြင်းထန်ထန်ဟှား ပြောဂေ့ဟှယ်။
LUK 23:6 ပိလတ်ဟှာ အယ်စကားလေဟှို ကြားဟှူ ခီမာ “အယ်လူဟှာ ဂါလိလဲနယ်သားလော။” ဆိုဘီး မေးလေဟှယ်။
LUK 23:7 ဟေရုဒ် အောက်စိုးဟှူ နယ်ဟှ ဖြစ်ဟှယ် ဆိုဇာဟှို သိဟှားဟှူ ခီမာ ကိုယ်တော့်ဟှို ဟေရုဒ်နားဟှို ပို့စေလိုက်ဟှယ်။ အယ်ခီမာ ဟေရုဒ်ဟှာလည်း ယေရုရှလင်ဗြို့မာ ရှိနေလေဟှယ်။
LUK 23:8 ဟေရုဒ်ဟှာ ယေရှုဟှို ဗြင်ဟှူ ခီမာ ရရာတိုင်း ဝန်းသာဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော့်ကြောန်းဟှို ကြားဟှားဘီး ကိုယ်တော့်ဟှို တွိရှင်နေဇာဟှာ ကြာဘီ။ ယေရှုလောက်ပြမယ့် နိမိတ်လတ်ခဏာ တချို့ဟှို တွိရဟှို့ မျှော်လင့်နေလေဟှယ်။
LUK 23:9 အယ်ကြောန့် ဟေရုဒ်ဟှ ယေရှုဟှို မေးခွန်းလေ ဘောင်ဂီးမေးလေဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ ဖြေဘဲ့န နေတော်မူဟှယ်။
LUK 23:10 ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ ရှေ့ဟှို တိုးလာဘီး ယေရှုဟှို ပြင်းပြင်းထန်ထန်ဟှား စွပ်စွဲဂေ့ဟှယ်။
LUK 23:11 ဟေရုဒ်န သူ့ရဲ့စစ်သားလေဟှာ ယေရှုဟှို ထီလေးဇာလောက်ဘီး လှောန်ပြောန်ဂေ့ဟှယ်။ အယ်ဘီးန သူးနို့လေဟှာ ကောန်းဇားဝတ်လောင်ဟှို ဝတ်ပေးဘီးဟှာ ကိုယ်တော့်ဟှို ပိလတ်မန်းနားဟှို ပ္လန်ပို့လေဟှယ်။
LUK 23:12 ရင်းရင်ဒူးဟှ ရန်သူဖြစ်ဂေ့ဟှူ ဟေရုဒ်န ပိလတ်မန်းဟှာ အယ်နေ့မာ မိဆွေလေ ဖြစ်လာဂေ့ဟှယ်။
LUK 23:13 ပိလတ်မန်းဟှာ ယဇ်ပုရောဟိတ်ဂီးလေ၊ ခေါန်းဆောန်လေန လူလေဟှို ခေါ်လိုက်ဘီး
LUK 23:14 “နန်းနို့လေဟှာ လူလေဟှို လမ်းမှားအောန် နှိုးဆော်ဟှူသူ ဖြစ်ဟှယ် ဆိုဘီး အယ်လူဟှို ငါနားဟှို ခေါ်လာဂေ့ဟှယ်။ ခု နန်းနို့လေရဲ့ ရှေ့မာ ငါစစ်ဆေးဘေမဲ့ အယ်လူမာ နန်းနို့လေ စွပ်စွဲဟှားဟှူ ပြစ်တခုလည်း တွိဟှ။
LUK 23:15 ဟေရုဒ်လည်းဘဲ့ ပြစ်ရှာတွိဘဲဟှူကြောန့် သူ့ဟှို နို့လေနားဟှို ပ္လန်ပို့လိုက်ဟှယ်။ အယ်လူဟှာ သေဒန်န ထိုက်တန်ဟှူ ပြစ်တခုလည်း ကျူးလွန်ဟှ။
LUK 23:16 အယ်ကြောန့် အယ်လူဟှို ကီဒန်ပေးဘီးဟှာ လွှတ်လိုက်မယ်” ဆိုဘီး သူးနို့လေဟှို ပြောလေဟှယ်။
LUK 23:17 
LUK 23:18 အယ်ဘေမဲ့ လူအောက်ဂီး တခုလောင်းဟှ “အယ်သူဟှို သတ်ပါ! ကျွန်တော့်ဟှားလေတွပ် ဗာရဗ္ဗဟှို လွှတ်ပေးပါ!” ဆိုဘီး အော်ဟစ်ဂေ့ဟှယ်။
LUK 23:19 (ဗာရဗ္ဗဟှာ ဗြို့ထဲမာ ဆူပူမှုန လူသတ်မှုလေတွပ် ထောန်က္လနေလေဟှယ်။)
LUK 23:20 ပိလတ်မန်းဟှာ ယေရှုဟှို လွှတ်ပေးရှင်ဟှူကြောန့် လူအောက်ဂီးဟှို နော့‑က်တခါ ပြောလေဟှယ်။
LUK 23:21 အယ်ဘေမဲ့ လူလေဟှ “သူ့ဟှို ကားစင်တန်ပါ! ကားစင်တန်ပါ!” ဆိုဘီး အော်ဟစ်ဂေ့ဟှယ်။
LUK 23:22 ပိလတ်မန်းဟှ “အယ်သူဟှာ ဖြားပြစ်ဟှို လောက်ဟှားနူး။ အယ်သူဟှာ သေဒန်န ထိုက်တန်ဟှူ ပြစ်လောက်ဟှားဟှယ် ဆိုဇာဟှို ငါ တွိဟှ! အယ်ကြောန့် အယ်သူဟှို ကီဒန်ပေးဘီးဟှာ လွှတ်လိုက်မယ်” ဆိုဘီး သူးနို့ဟှို တတိယခါ ပြောလေဟှယ်။
LUK 23:23 အယ်ဘေမဲ့ လူလေဟှာ ယေရှုဟှို ကားစင်တန်ရမယ် ဆိုဘီး သံက္လယ်ဂီးအော်ဘီး တောန်းဆိုဂေ့ဟှယ်။ နော့‑က်ဆောင်းမာ သူးနို့လေရဲ့ တောန်းဆိုရှင်းဟှာ အောန်မြင်ဟှားဟှယ်။
LUK 23:24 အယ်ကြောန့် သူးနို့လေ တောန်းဆိုဟှားဟှူတိုင်း ပိလတ်ဟှာ ယေရှုဟှို သေဒန်ပေးဟှို့ ဆောင်းဖြတ်ပေးလိုက်ဟှယ်။
LUK 23:25 ဆူပူမှုန လူသတ်မှုလေတွပ် ထောန်က္လနေဟှူ သူဟှို သူးနို့လေ တောန်းဆိုဟှားဟှူတိုင်း လွှတ်ပေးလိုက်ဘီး ယေရှုဟှို သူးနို့ ဆန္ဒတိုင်း လောက်စေဟှို့တွပ် အပ်ပေးလိုက်ဟှယ်။
LUK 23:26 စစ်သားလေဟှာ ယေရှုဟှို ခေါ်ဆောန်ဟှားဟှူ ခီမာ တောဝါဟှနေ လာနေဟှူ ကုရေနေဗြို့သား ရှိမုန်ဟှို ဖမ်းဘီး သူ့ထတ်မာ လတ်ဝါးကပ်တိုင်ဟှို တန်ပေးလေဟှယ်။ အယ်ဘီးဟှာ လတ်ဝါးကပ်တိုင်ဟှို ထမ်းခိုင်းဘီး ယေရှုနော့‑က်ဟှနေ လိုက်စေလေဟှယ်။
LUK 23:27 ကိုယ်တော်နော့‑က်ဟှနေ လိုက်နေဟှူ လူအောက်ဂီးထဲဟှ မီးမတချို့ဟှာ ငိုကြွေးဘီး မြည်တမ်းနေဂေ့ဟှယ်။
LUK 23:28 ယေရှုဟှာ အယ်မီးမလေဟှို လှည့်ကေ့ဘီးဟှာ “ယေရုရှလင်ဗြို့သူလေ! ငါ့တွပ်ငိုဂေ့န။ နန်းနို့န နန်းနို့ရဲ့ သားမီးလေတွပ်ဘဲ့ ငိုဂေ့။
LUK 23:29 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ‘မြုံနေဟှူ မီးမလေ၊ သားမွီးဖူးဘဲဟှူ မီးမလေ၊ နို့တိုက်ဖူးဘဲဟှူ မီးမလေဟှာ မင်္ဂလာရှိလေဟှယ်!’ ဆိုဘီး လူလေဟှ ပြောဟှို့ နေ့ရစ်လေဟှာ ရော့‑က်လာလေ့မယ်။
LUK 23:30 အယ်ခီမာ လူလေဟှာ တောန်လေဟှို ‘နို့လေထတ်ဟှို က္လဂေ့ပါ!’ တောန်ဂူးလေဟှို ‘နို့လေဟှို ဖောင်းအောက်ဂေ့ပါ!’ ဆိုဘီး ပြောဂေ့လေ့မယ်။
LUK 23:31 ဖြားဖြစ်ကြောန့်နူးဆိုဟှာ စီးစိုနေဟှူပန်ဟှို အယ်မျိုးလောက်ဟှယ် ဆိုဟှာ ခြော့‑က်နေဟှူပန် ဆိုဟှာ ဖြားမျိုးဖြစ်လေ့မယ်နူး။” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 23:32 ရာဇဝတ်သား နှေ့ယော့‑က်ဟှိုလည်း ယေရှုနတူးဒူ သတ်ဟှို့တွပ် ခေါ်ဆောန်ဟှားဂေ့ဟှယ်။
LUK 23:33 “ဦးခေါန်းခွံနေရာ” ဟှို ရော့‑က်ဟှူ ခီမာ သူးနို့ဟှာ ယေရှုဟှို ကားစင်တန်လေဟှယ်။ အယ်ဘီးဟှာ ရာဇဝတ်သား နှေ့ယော့‑က်ဟှိုလည်း ကိုယ်တော်ရဲ့ ညာဖတ်မာ တယော့‑က်၊ ဘယ်ဖတ်မာ တယော့‑က် ထားဘီးဟှာ ကားစင်တန်ဂေ့ဟှယ်။
LUK 23:34 ယေရှုဟှ “ဖ! သူးနို့လေဟှာ သူးနို့ ဖြားလောက်ဟှယ် ဆိုဇာဟှို သိဂေ့ဘဲဟှူကြောန့် သူးနို့လေဟှို ခွမ့်လွှတ်တော်မူပါ” ဆိုဘီး ပြောလေဟှယ်။ သူးနို့လေဟှာ ကိုယ်တော်ရဲ့ ဝတ်စားလေဟှို မဲနှိုက်ဘီး ခွဲဝီယူဂေ့ဟှယ်။
LUK 23:35 လူလေဟှာ ရပ်ဘီး ကေ့နေဂေ့ဟှယ်။ ယုဒခေါန်းဆောန်လေဟှ ကိုယ်တော့်ဟှို “အယ်လူဟှာ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ မေရှိယဖြစ်ဟှယ် ဆိုဟှာ တခြားလူလေဟှို ကယ်တန်မျိုး သူ့ကိုယ်သူ ကယ်တန်ပါစေ!” ဆိုဘီး လှောန်ပြောန်ဂေ့ဟှယ်။
LUK 23:36 စစ်သားလေဟှလည်း ကိုယ်တော်နားဟှို တိုးဝမ်လာဘီး ဝိုင်ရှင်ဟှို တိုက်ဘီး
LUK 23:37 “နန်ဟှာ ယုဒမန်းဂီးဖြစ်ဟှယ် ဆိုဟှာ နန့်ကိုယ်နန် ကယ်တန်ပါ!” ဆိုဘီး လှောန်ပြောန်ဂေ့ဟှယ်။
LUK 23:38 ကိုယ်တော်ရဲ့ ထတ်ဖတ်မာလည်း “အယ်သူဟှာ ယုဒမန်းဂီး ဖြစ်ဟှယ်” ဆိုဘီး ရေးဟှားဟှယ်။
LUK 23:39 လတ်ဝါးကပ်တိုင်မာ ခိဆွဲဟှားဟှူ ရာဇဝတ်သား နှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှာ “နန်ဟှာ မေရှိယ မှုဟှလော။ နန့်ကိုယ်နန် ကယ်တန်ဘီး နို့လေဟှိုလည်း ကယ်တန်ပါ!” ဆိုဘီး ကိုယ်တော့်ဟှို ကဲ့ရဲ့ဟှယ်။
LUK 23:40 အယ်ဘေမဲ့ တခြား ရာဇဝတ်သားဟှ အယ်သူဟှို ပြစ်တန်ဘီး “နန်ဟှာ အယ်သူမျိုးဘဲ့ ဒန်စီရင်ရှင်းဟှို ခံနေရတောန်မှ ဘုရားသခင်ဟှို ကြော့‑က်ဟှလော။
LUK 23:41 နို့လေဟှ နို့လေလောက်ဟှားဟှူ ပြစ်လေန ထိုက်တန်ဟှူ ဒန်ဟှို ခံရဇာဟှာ တရားပါဟှယ်။ အယ်ဘေမဲ့ အယ်သူဟှာ ဖြားပြစ်ဟှိုမျှ လောက်ဟှားဇာ မှုဟှ” ဆိုဘီး ပြောလေဟှယ်။
LUK 23:42 အယ်ဘီးန သူဟှ “ယေရှု၊ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟှို ကြွလာဟှူ ခီမာ ကျွန်တော့်ဟှို အော့‑က်မေ့တော်မူပါ!” ဆိုဘီး ယေရှုဟှို လျှော့‑က်လေဟှယ်။
LUK 23:43 ယေရှုဟှာ “နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ အယ်နေ့ဘဲ့ နန်ဟှာ ငါ့နတူးဒူ ပရဒိသုဘောင်မာ ရှိမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
LUK 23:44 အယ်ခီဟှာ မွန်းဒဲ့ခီလော့‑က်ဖြစ်ဟှယ်။ နေဒန်ဇာ သောင်းနာရီထိ ဒေသတခုလောင်း မှောန်မိုက် ဖြစ်ဟှားဘီး၊
LUK 23:45 နေရောန်ဟှာ ကွယ်ပျော့‑က်ဟှားလေဟှယ်။ အယ်ဘီးဟှာ ဗိမာန်တော်ထဲမာ ခိဆွဲဟှားဟှူ လိုက်ကာဟှာ နှေ့ခြမ်းကွဲဟှားလေဟှယ်။
LUK 23:46 ယေရှုဟှာ “ဖ! ကျွန်တော့်ရဲ့ ဝိညာဉ်ဟှို ဖရဲ့လတ်ထဲမာ အပ်ပါဟှယ်!” ဆိုဘီး သံက္လယ်ဂီးန အော်တော်မူဘီးန သတ်ချောက်တော်မူလေဟှယ်။
LUK 23:47 အယ်မျိုးဖြစ်ဇာဟှို ဗြင်လိုက်ဟှူ တပ်မှူးဟှ ဘုရားသခင်ဟှို ချီးမွမ်းလိုက်ဘီး “အယ်သူဟှာ မှန်ဘဲ့ ဖြောန့်မတ်ဟှူသူ ဖြစ်လေဟှယ်!” ဆိုဘီး ပြောနေဟှယ်။
LUK 23:48 အယ်မူဇာဟှို ကေ့ဇားဟှို့ စုလာဂေ့ဟှူ လူလေဟှာ အယ်မျိုးဖြစ်ဇာဟှို ဗြင်လိုက်ဟှူ ခီမာ ရင်ဖတ်ဟှို ထုအိုက်ဘီး ပ္လန်ဟှားဂေ့ဟှယ်။
LUK 23:49 ဂါလိလဲနယ်ဟှနေ ကိုယ်တော်နော့‑က်ဟှို လိုက်လာဟှူ မီးမလေရော၊ ယေရှုန ရရာတိုင်း ရင်းနှီးဟှူ လူလေရော ဝီးဟှနေ ရပ်ကေ့ဇားနေဂေ့ဟှယ်။
LUK 23:50 အယ်ခီမာ ဖြောန့်မတ်ဘီး သူတော်ကောန်း ဖြစ်ဟှူ ယောသပ် နာမယ်ရှိဟှူ လွှတ်တော်ဖွဲ့ဝမ် တယော့‑က် ရှိဟှယ်။
LUK 23:51 သူဟှာ တရားလွှတ်တော်ရဲ့ ဆောင်းဖြတ်ချစ်န လောက်ဆောင်ချစ်ဟှို ဘောတူဟှ။ ယောသပ်ဟှာ ယုဒပြည်၊ အရိမသဲဗြို့သား ဖြစ်ဘီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို စောန့်မျှော်နေဟှူ သူလည်း ဖြစ်ဟှယ်။
LUK 23:52 သူဟှာ ပိလတ်ရှေ့ဟှို သွားဘီးန ယေရှုရဲ့ လောန်းတော်ဟှို တောန်းလေဟှယ်။
LUK 23:53 အယ်ဘီးန လောန်းတော်ဟှို လတ်ဝါးကပ်တိုင်ဟှနေ ခ္လဘီး ပိဖ္လူန ပတ်လေဟှယ်။ က္လော့‑က်ဆောန်ဟှို ထွမ်းဟှားဘီး တခါလည်း သောင်းသေးဘဲဟှူ သန်းခ္လိုင်းဂူထဲမာ ထားလေဟှယ်။
LUK 23:54 အယ်နေ့ဟှာ ဖိနေ့ ဖြစ်ဘီး ဒန်းနေ့လည်း ရော့‑က်ခါနီးလေဘီ။
LUK 23:55 ဂါလိလဲနယ်ဟှနေ ယေရှုနော့‑က်ဟှို လိုက်လာဟှူ မီးမလေဟှာ ယောသပ်နတူးဒူ သွားဘီး သန်းခ္လန်းဂူဟှိုရော၊ ယေရှုရဲ့ လောန်းတော်ဟှိုရော ဖယ်မျိုးထားဟှားဟှယ် ဆိုဇာဟှို ဗြင်ဂေ့ဟှယ်။
LUK 23:56 အယ်ဘီးန သူးနို့လေဟှာ အီဟှို ပ္လန်ဟှားဘီး လောန်းတော်တွပ် ဆီမွှီးန နံ့သာပေါန်းလေဟှို ပြင်ဆင်ဂေ့ဟှယ်။ ဒန်းနေ့မာ သူးနို့လေဟှာ ပညတ်တော်တိုင်း နားယူဂေ့ဟှယ်။
LUK 24:1 နန်းနွေနေ့ မိုးလန်းစောဂီးမာ အယ်မီးမလေဟှာ သူးနို့ကိုယ်တိုင် ပြင်ဆင်ဟှားဟှူ နံ့သာပေါန်းလေဟှို ယူဆောန်ဘီး သန်းခ္လိုင်းဂူဟှို သွားဂေ့ဟှယ်။
LUK 24:2 သူးနို့လေဟှာ သန်းခ္လိုင်းဂူဝဟှ က္လော့‑က်တောင်းဟှို လှိမ့်ဖယ်ဟှားဇာဟှို တွိဟှားဂေ့ဟှယ်။
LUK 24:3 အယ်ကြောန့် သူးနို့လေဟှာ သန်းခ္လိုင်းထဲဟှို ဝမ်ဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ သခင်ယေရှုရဲ့ လောန်းတော်ဟှို တွိဂေ့ဟှ။
LUK 24:4 အယ်ကြောန့် သူးနို့လေဟှာ အယ်ကြောန်းရာဟှို စဉ်းစားနိုင်ဘဲဖြစ်နေဒူးမာ တော့‑က်ပဟှူ ဝတ်ဟှို ဝတ်စားဟှားဟှူ လူနှေ့ယော့‑က်ဟှာ ရောက်တရစ် သူးနို့နားမာ ပေါ်လာလေဟှယ်။
LUK 24:5 အယ်မီးမလေဟှ ကြော့‑က်လန့်ဘီး မ္လေဂီးမာ ပျပ်ဝပ်နေဂေ့ဟှယ်။ အယ်သူနှေ့ယော့‑က်ဟှာ “နန်းနို့လေဟှ သေဟှူသူလေထဲမာ သတ်ရှင်ဟှူသူဟှို ဖြားဖြစ်ကြောန့် လာရှာနေဂေ့နူး။
LUK 24:6 ကိုယ်တော်ဟှာ အယ်နေရာမာ မှေ့ဟှ။ ရှင်ပ္လန်ထမြော့‑က်ဟှားဘီ။ ကိုယ်တော်ဟှာ ဂါလိလဲနယ်မာ ရှိနေဒူးဟှ နန်းနို့ဟှို ဖယ်မျိုးမိန့်တော်မူဟှားဟှယ် ဆိုဇာဟှို အော့‑က်မေ့ဂေ့။
LUK 24:7 သူးနို့ဟှို ‘လူ့ရဲ့သားဟှာ ပြစ်သားလေ လတ်ထဲဟှို အပ်ရှင်းဟှို ခံရလေ့မယ်။ ကားစင်တန် ခံရလေ့မယ်။ အယ်ဘီးန သောင်းရစ်မြော့‑က်ဟှူ နေ့မာ ထမြော့‑က်လေ့မယ်’ ဆိုဘီး မိန့်တော်မူဟှားဟှယ် မှုဟှလော။” ဆိုဘီး ပြောဂေ့ဟှယ်။
LUK 24:8 အယ်ခီမာ မီးမလေဟှာ ကိုယ်တော်ရဲ့ စကားလေဟှို ပ္လန်အော့‑က်မေ့လာဘီး
LUK 24:9 သန်းခ္လိုင်းဟှနေ ပ္လန်ဟှားဘီး တဗဲ့တော် ဆယ့်တပါးန ကျန်လူလေ ဂူလောင်းဟှို အယ်မူကြောန်းရာလေ ဂူလောင်းဟှို ပြောပြဂေ့ဟှယ်။
LUK 24:10 တမန်တော်လေဟှို အယ်မူကြောန်းရာလေဟှို ပြောပြသူလေဟှာ မာဂဒလဝါသူ မာရိ၊ ယောဟန္န၊ ယာကုပ်ရဲ့ မိခင်ဖြစ်ဟှူ မာရိန သူးနို့လေနတူးဒူ ရှိနေဟှူ တခြားမီးမလေ ဖြစ်ဂေ့ဟှယ်။
LUK 24:11 အယ်ဘေမဲ့ အယ်မီးမလေ ပြောဟှူ စကားလေဟှာ ဓိပါယ်မှေ့ဘဲဟှူကြောန့် တမန်တော်လေဟှ ယောင်ကြည်ဂေ့ဟှ။
LUK 24:12 အယ်ဘေမဲ့ ပေတရုဟှာ ထဘီး သန်းခ္လိုင်းဂူဟှို ပ္လေးဟှားလေဟှယ်။ ရော့‑က်ဟှားဟှူ ခီမာ ငေါက်ကေ့လိုက်ဟှူဇာ ပိဖ္လူစဟှိုဘဲ့ တွိရဟှူကြောန့် အယ်ဖြစ်ပျစ်ဟှို အံ့ဩဟှားဘီး အီဟှို ပ္လန်ဟှားဟှယ်။
LUK 24:13 အယ်နေ့မာဘဲ့ ယေရှုရဲ့ နော့‑က်တော်လိုက် နှေ့ယော့‑က်ဟှာ ယေရုရှလင်ဗြို့န ခွန်နစ်မိုင်လောက်ဝီးဟှူ ဧမောက် ဆိုဘီး နာမယ်ရှိဟှူ ဝါဟှို သွားနေဂေ့ဟှယ်။
LUK 24:14 သူးနို့ဟှာ ဖြစ်ပျစ်ဟှားဘီးဟှူ ကြောန်းရာလေ ဂူလောင်းဟှို ယော့‑က်နယော့‑က် ပြောနေဂေ့ဟှယ်။
LUK 24:15 အယ်မျိုးပြောဆို ဆွေးနွေးနေဒူးမာ ယေရှုကိုယ်တိုင် ရော့‑က်လာဘီး သူးနို့နတူးဒူ ကြွတော်မူလေဟှယ်။
LUK 24:16 သူးနို့ဟှာ ကိုယ်တော့်ဟှို ဗြင်ဘေမဲ့လည်း ကိုယ်တော့်ဟှို မှတ်မိဘဲ ဖြစ်နေဂေ့ဟှယ်။
LUK 24:17 ယေရှုဟှ “နန်းနို့လေ လမ်းရှော့‑က်ရင်းန ယော့‑က်နယော့‑က် ဖြားဇာလေ ပြောနေဂေ့နူး။” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ သူးနို့ဟှာ ဝမ်းနဲဟှူမျစ်နှာန ရပ်နေဂေ့ဟှယ်။
LUK 24:18 သူးနို့ထဲဟှ ကလောဖ နာမယ်ရှိဟှူသူဟှ “နန်ဟှာ ယေရုရှလင်ဗြို့မာ ဧည့်သည်ဖြစ်န နေထိုင်နေဘေမဲ့ အယ်နေ့ရစ်လေမာ အယ်ဗြို့နှိုက် ဖြစ်ပျစ်ဟှားဟှူ ကြောန်းရာလေဟှို နန့်ယော့‑က်ဒဲဘဲ့ သိသေးဟှလော။” ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။
LUK 24:19 ကိုယ်တော်ဟှ “ဖြားကြောန်းရာလေနူး။” ဆိုဘီး မေးတော်မူလေဟှယ်။ အယ်လူနှေ့ယော့‑က်ဟှ “နာဇရက်ဗြို့သားယေရှု ကြောန်းဘဲ့ဖြစ်ဟှယ်။ အယ်သူဟှာ ဘုရားသခင်န လူလေရဲ့ရှေ့မာ လတ်သတ်တိ၊ နှော့‑က်သတ်တိန ပ္လဲ့ဇောင်ဟှူ ပရောဖက် ဖြစ်ဟှယ်။
LUK 24:20 နို့လေရဲ့ ယဇ်ပုရောဟိတ်ဂီးလေန ဘာသာရေးခေါန်းဆောန်လေဟှ သူ့ဟှို သေဒန်စီရင်ရှင်း ခံဟှို့ ဆိုဘီး အပ်ပေးဂေ့ဟှယ်။ အယ်ကြောန့် သူ့ဟှို ကားစင်တန်ဂေ့ဟှယ်။
LUK 24:21 သူဟှာ ဣသရေလလူမျိုးဟှို လွတ်မြော့‑က်စေဟှို့တွပ် လာမယ် ဆိုဘီး နို့လေ မျှော်လင့်ဟှားဂေ့ဟှယ်! အယ်မူဇာလေ ဖြစ်ပျစ်ဟှားဇာဟှ သောင်းရစ်ရှိဟှားဘီး။
LUK 24:22 နို့လေရဲ့ အောက်စုထဲဟှ မီးမတချို့ဟှာ နို့လေဟှို အံ့ဩဟှားစေဂေ့ဟှယ်။ သူးနို့လေဟှာ မိုးလန်းစောစောဂီးမာ သန်းခ္လိုင်းဂူဟှို သွားဂေ့ဟှယ်။
LUK 24:23 အယ်ဘေမဲ့ ကိုယ်တော်ရဲ့ လောန်းဟှို တွိဂေ့ဟှ။ သူးနို့လေဟှ ကိုယ်တော်ဟှာ သတ်ရှင်နေဟှယ် ဆိုဘီး ပြောပြဟှူ ကောန်းဂန်တမန်လေဟှို ရူပါရောင်မာ ဗြင်ရဟှယ် ဆိုဇာဟှို ပ္လန်လာဘီး ပြောဂေ့လေဟှယ်။
LUK 24:24 နို့လေရဲ့ အောက်စုထဲဟှ လူတချို့ဟှာ သန်းခ္လိုင်းဂူဟှို သွားဟှူ ခီမာလည်း မီးမလေ ပ္လန်ပြောပြမျိုးဘဲ့ တိတိက္လက္လ တွိရဂေ့ဘေမဲ့ ကိုယ်တော့်ဟှို တွိဂေ့ဟှ” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
LUK 24:25 အယ်ဘီးန ယေရှုဟှ “ပရောဖက်လေ ဟောဟှားဇာ ဂူလောင်းဟှို နှလောင်းထဲမာ ယောင်ကြည်ဟှို့ ရရာတိုင်း နှေးကွေးဟှူ လူမိုက်လေ!
LUK 24:26 မေရှိယဟှာ အယ်မျိုးဒေါက်ခခံဘီးန သူ့ရဲ့ဖောင်းသရေထဲဟှို့ ဝမ်စားရမယ် မှုဟှလော။” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 24:27 အယ်ဘီးဟှာ ယေရှုဟှ မောရှေရဲ့ ကျမ်းလေန ပရောဖက်လေရဲ့ ကျမ်းဂူလောင်းမာ ကိုယ်တော်န ပတ်သတ်ဘီး ရေးဟှားဇာလေဟှို သူးနို့လေဟှို ရှင်းပြတော်မူဟှယ်။
LUK 24:28 သူးနို့ သွားနေဟှူ ဝါနားဟှို ရော့‑က်ခါနီးမာ ယေရှုဟှာ ရှေ့ဟှို ဆစ်ဘီးသွားဟှူမျိုး လောက်တော်မူဟှူကြောန့်၊
LUK 24:29 သူးနို့လေဟှ ကိုယ်တော့်ဟှို ပ္လန်ဆွဲဟှားဘီး “နေဒန်ဟှားဟှူကြောန့် ညဉ့်ခန်းဇာရော့‑က်နေဘီ။ အယ်ကြောန့် နို့လေနတူးဒူ တည်းခိုပါ” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ သူးနို့နတူးဒူ တည်းခိုဟှို့ လိုက်ဟှားတော်မူဟှယ်။
LUK 24:30 ကိုယ်တော်ဟှာ သူးနို့နတူးဒူ ထိုင်တော်မူဟှူ ခီမာ မုဟှို ယူဘီး ကျေးဇူးတော်ဟှို ချီးမွမ်းတော်မူဟှယ်။ အယ်ဘီးန မုဟှို ဖဲ့ဘီး သူးနို့လေဟှို ပေးတော်မူဟှယ်။
LUK 24:31 အယ်ခီမာ သူးနို့လေရဲ့ မျစ်စိဟှာ ပွမ့်ဟှားဘီး ကိုယ်တော့်ဟှို ပ္လန်မှတ်မိဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ သူးနို့လေရဲ့ မျစ်စိရှေ့မာဘဲ့ ပျော့‑က်ကွယ်ဟှားလေဟှယ်။
LUK 24:32 သူးနို့ဟှာ “လမ်းတရှော့‑က်လောင်းမာ ကိုယ်တော်ဟှာ နို့လေဟှို စကားပြောနေဟှူ ခီမာရော၊ ကျမ်းစာလေဟှို ရှင်းပြနေဟှူ ခီမာရော နို့လေရဲ့ စိနှလောင်းထဲမာ မီးလောန်နေမျိုးဘဲ့ ဖြစ်နေဂေ့ဟှယ် မှုဟှလော။” ဆိုဘီး ယော့‑က်နယော့‑က် မေးနေဂေ့ဟှယ်။
LUK 24:33 သူးနို့ဟှာ ရှစ်ရှင်းထဘီး ယေရုရှလင်ဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။ အယ်နေရာမာ တဗဲ့တော် ဆယ့်တပါးဟှာ သူးနို့ရဲ့ ပေါန်းဖော်လေနတူးဒူ စုဝီးနေဇာဟှို တွိရဂေ့ဟှယ်။
LUK 24:34 အယ်သူလေဟှ “သခင်ဘုရားဟှာ တကယ်ဘဲ့ ထမြော့‑က်ဟှားဘီ! ကိုယ်တော်ဟှာ ရှိမုန်ဟှို ကိုယ်ထန်ရှားပြတော်မူဟှယ်!” ဆိုဘီး ပြောလေဟှယ်။
LUK 24:35 အယ်ဘီးန အယ်လူနှေ့ယော့‑က်ဟှ လမ်းမာ ဖြစ်ပျစ်ဟှားဇာလေဟှိုရော၊ မုဟှို ဖဲ့လိုက်ဟှူ ခီမာ သခင်ဘုရား ဖြစ်ဟှယ် ဆိုဘီး သိလိုက်ရဟှယ် ဆိုဇာဟှိုရော ပြောပြဂေ့ဟှယ်။
LUK 24:36 သူးနို့နှေ့ယော့‑က်ဟှာ အယ်မျိုးပြောနေဒူးမာ သခင်ဘုရားကိုယ်တိုင် သူးနို့လေထဲမာ ရောက်တရစ် ပေါ်လာဘီး “နန်းနို့နတူးဒူ ငြီသတ်ရှင်း ရှိပါစေ” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။
LUK 24:37 သူးနို့လေဟှာ ကသေဟှို ဗြင်ဟှယ် ဆိုဘီး ထန်ဘီးဟှာ ကြော့‑က်နေဂေ့ဟှယ်။
LUK 24:38 အယ်ဘေမဲ့ ကိုယ်တော်ဟှ “ဖြားဖြစ်ကြောန့် ကြော့‑က်နေဂေ့ဟှယ်နူး။ ဖြားဖြစ်ကြောန့် နန်းနို့စိထဲမာ သံသယဖြစ်နေဂေ့ဟှယ်နူး။
LUK 24:39 ငါ့လတ်လေ၊ ငါ့ခေလေဟှို ကေ့ဂေ့ပါ။ ငါကိုယ်တိုင် ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကသေမာ သားလေ၊ ရိုးလေ မှေ့ဟှ။ နန်းနို့ ဗြင်ဟှူတိုင်းဘဲ့ ငါ့မာ သားလေ၊ ရိုးလေရှိဟှယ် ဆိုဇာဟှို ငါ့ဟှို စမ်းကေ့လိုက် နန်းနို့သိလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 24:40 ကိုယ်တော်ဟှာ အယ်မျိုးပြောဘီး သူ့ရဲ့လတ်လေန ခေလေဟှို သူးနို့ဟှို ပြလေဟှယ်။
LUK 24:41 သူးနို့ဟှာ ရရာတိုင်း အံ့ဩဟှားဘီး ဝန်းသာနေဟှူကြောန့် ယောင်ကြည်နိုင်ဘဲ ဖြစ်နေဟှူ ခီမာ ကိုယ်တော်ဟှ “နန်းနို့မာ စားဟှို့ တခုခုရှိလော။” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။
LUK 24:42 သူးနို့ဟှာ ကိုယ်တော့်ဟှို ငါးဂန်တပိုင်း ပေးဂေ့ဟှယ်။
LUK 24:43 အယ်ငါးဂန်ဟှို ကိုယ်တော်ဟှာ သူးနို့ရှေ့မာဘဲ့ ယူဘီးဟှာ စားတော်မူလေဟှယ်။
LUK 24:44 အယ်ဘီးန ကိုယ်တော်ဟှ “နန်းနို့နတူးဒူ ရှိနေဒူးဟှ ငါပြောဟှားမျိုးဘဲ့ မောရှေရဲ့ ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းလေန ဆာလံကျမ်းမာ ငါ့ကြောန်းဟှို ရေးဟှားဇာလေဟှာ ပ္လဲ့ဇောင်ဟှားဘီ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 24:45 အယ်ဘီးန ကိုယ်တော်ဟှာ ကျမ်းစာလေဟှို နားလည်ဟှို့တွပ် သူးနို့ရဲ့ သိဉာဏ်ဟှို ဖွမ့်ပေးဘီးဟှာ
LUK 24:46 “ကျမ်းစာလေမာ ရေးဟှားဇာဟှ မေရှိယဟှာ ဝေဒနာခံတော်မူဘီး သောင်းရစ်မြော့‑က်ဟှူနေ့မာ သေရာဟှနေ ထမြော့‑က်လေ့မယ်။
LUK 24:47 အယ်ဘီးဟှာ သူ့နာမအားဖြင့် ပြစ်လွှတ်ရှင်းနဆိုင်ဟှူ နောန်ဒတရားဟှို ယေရုရှလင်ဗြို့ဟှစဘီး လူမျိုးဂူလောင်းဟှို ဟောပြောရမယ်။
LUK 24:48 နန်းနို့ဟှာ အယ်ကြောန်းရာလေရဲ့ မျစ်ဗြင်သတ်သေလေ ဖြစ်ဟှယ်။
LUK 24:49 အယ်ဘီးဟှာ ငါဟှာ ငါ့ဖရဲ့ ဂဒိဟှို နန်းနို့နားဟှို ငါကိုယ်တိုင် စေလွှတ်မယ်။ အယ်ဘေမဲ့ ထတ်ကောန်းဂန်ဟှနေ တဂိုးဟှာ နန်းနို့ထတ်ဟှို ဆင်းလာခန်ထိ ယေရုရှလင်ဗြို့မာဘဲ့ စောန့်နေရမယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
LUK 24:50 အယ်ဘီးန ကိုယ်တော်ဟှာ သူးနို့ဟှို ဗေသနိဝါဟှို ခေါ်ဆောန်ဟှားဘီး ကိုယ်တော်ဟှာ လတ်တော်ဟှို မြှော့‑က်ဘီး သူးနို့ဟှို ကောန်းဂျီးပေးတော်မူဟှယ်။
LUK 24:51 အယ်မျိုး သူးနို့ဟှို ကောန်းဂျီးပေးနေဒူးမာ ကိုယ်တော်ဟှာ သူးနို့နားဟှနေ ထွပ်ခွာဟှားဘီး ကောန်းဂန်ဘောင်ဟှို ယူဆောန်ခံရလေဟှယ်။
LUK 24:52 သူးနို့ဟှာ ကိုယ်တော့်ဟှို ကိုးကွယ်ဘီးန ရရာတိုင်း ဝန်းသာဘီးဟှာ ယေရုရှလင်ဗြို့ဟှို ပ္လန်ဟှားဂေ့ဘီးဟှာ၊
LUK 24:53 ဗိမာန်တော်မာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို မြဲဒမ်း ချီးမွမ်းနေဂေ့ဟှယ်။
JOH 1:1 စစဒူးဟှ စကားတော်ဟှာ ရှိဘီးသားဖြစ်ဟှယ်။ အယ်စကားတော်ဟှာ ဘုရားသခင်နတူးဒူ ရှိနေဟှယ်။ အယ်စကားတော်ဟှာလည်း ဘုရားသခင်ဖြစ်ဟှယ်။
JOH 1:2 အယ်စကားတော်ဟှာ စစဒူးဟှ ဘုရားသခင်နတူးဒူ ရှိနေဟှယ်။
JOH 1:3 ဘုရားသခင်ဟှာ စကားတော်နဘဲ့ ရှိမျှဂူလောင်းဟှို ဖန်ဆင်းဟှားဟှယ်။ ဖန်ဆင်းဘဲ့န ဖြစ်နေဇာလေ တခုလည်း မှေ့ဟှ။
JOH 1:4 စကားတော်ဟှာ သတ်ရဲ့ ရင်းမြစ်ဖြစ်ဟှယ်။ အယ်ဘီးဟှာ အယ်သတ်ဟှာ လူလေနားဟှို လန်းရောန်ဟှို သယ်ဆောန်လာဟှယ်။
JOH 1:5 အယ်လန်းရောန်ဟှာ မှောန်ထဲမာ လန်းထီနေဟှယ်။ အယ်ဘီးဟှာ အယ်မှောန်ဟှာ အယ်လန်းရောန်ဟှို ဖောင်းနိုင်ဟှ။
JOH 1:6 ဘုရားသခင်ဟှာ ယောဟန် နာမယ်ရှိဟှူ လူတယော့‑က်ဟှို မိမိရဲ့ စေတမန်ဖြစ်န စေလွှတ်လိုက်ဘီး၊
JOH 1:7 လူလေဂူလောင်းဟှာ တရားစကားဟှို ကြားဘီးန ယောင်ကြည်ဟှို့တွပ် အယ်လူဟှာ လန်းရောန်ကြောန်းဟှို သတ်သေခံဟှို့ လာဟှယ်။
JOH 1:8 သူကိုယ်တိုင်ဟှာ လန်းရောန် မှုဟှ။ လန်းရောန်ကြောန်းဟှို သတ်သေခံဟှို့တွပ် လာဟှယ်။
JOH 1:9 အယ်စစ်မှန်ဟှူ လန်းရောန်ဟှာ လောကဟှို ကြွလာဘီးန လူလေ ဂူလောင်းထတ်မာ လန်းထီဟှယ်။
JOH 1:10 စကားတော်ဟှာ လောကထဲမာ ရှိဟှယ်။ ဘုရားသခင်ဟှာ ကိုယ်တော်အားဖြင့် လောကဟှို ဖန်ဆင်းဟှားဟှယ်။ အယ်ဘေမဲ့ အယ်လောကဟှ ကိုယ်တော့်ဟှို သိဂေ့ဟှ။
JOH 1:11 ကိုယ်တော်ဟှာ သူ့ဒေသဟှို ပ္လန်လာဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ရဲ့ လူမျိုးလေဟှ ကိုယ်တော့်ဟှို လတ်ခံဂေ့ဟှ။
JOH 1:12 အယ်ဘေမဲ့ တချို့ဟှ ကိုယ်တော့်ဟှို လတ်ခံဘီး ကိုယ်တော်ရဲ့ နာမဟှို ယောင်ကြည်ဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှ သူးနို့ဟှို ဘုရားသခင်ရဲ့ သားမီးလေဖြစ်ခွမ့်ပေးဟှယ်။
JOH 1:13 သူးနို့ဟှာ သွီးသားရှင်းပေါန်းဘီး ပေါ့‑က်လာဟှူ သားမီးလေ မှုဟှ။ လူသားဖဟှနေ ပေါ့‑က်လာဟှူ သားမီးလေ မှုဟှ။ ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေဖြစ်ဟှယ်။
JOH 1:14 စကားတော်ဟှာ လူသားဖြစ်လာဘီး ကျေးဇူးတော်န သမ္မာတရားန ပ္လဲ့ဇောင်ဘီးဟှာ နို့လေထဲမာ စံမြန်းနေဟှယ်။ နို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ဗြင်ရဘီ။ အယ်ဖောင်းသရေတော်ဟှာ ဖရဲ့ တယော့‑က်ဒဲရှိဟှူ သားဖြစ် လတ်ခံရရှိဟှယ်။
JOH 1:15 ယောဟန်ဟှာ ကိုယ်တော်ရဲ့ ကြောန်းဟှို “ ‘ငါ့နော့‑က်ဟှနေ ကြွလာဟှူသူဟှာ ငါမွီးခန်ဂဒဲဟှ ရှိနေကြောန့် ငါ့ထတ်ကီးမြတ်ဟှယ်’ ဆိုဇာဟှို ငါပြောဟှားဟှူသူဟှာ အယ်လူဘဲ့ ဖြစ်ဟှယ်” ဆိုဘီး အော်ပြောဘီး သတ်သေခံလေဟှယ်။
JOH 1:16 ကိုယ်တော်ရဲ့ ကျေးဇူးတော် ပ္လဲ့ဇောင်မှုဟှနေ နို့လေဂူလောင်းဟှာ ကောန်းဂျီးလေ ခုဘီးခု လတ်ခံရရှိဟှယ်။
JOH 1:17 ဘုရားသခင်ဟှာ မောရှေအားဖြင့် ပညတ်တရားဟှို ပေးဟှယ်။ ကျေးဇူးတရားန သမ္မာတရားဟှို ယေရှုခရစ်တော်အားဖြင့် ဖြစ်လာဟှယ်။
JOH 1:18 ဘုရားသခင်ဟှို ဖယ်လူလည်းဗြင်ဖူးဟှ။ ဖရဲ့ ရင်ခွမ်မာရှိဟှူ၊ ဘုရားသခင်ဖြစ်ဟှူ၊ တယော့‑က်ဒဲဟှူသားဟှာ ဘုရားသခင်ဟှို ထန်ရှားစေဘီ။
JOH 1:19 ခု ယေရုရှလင်ဗြို့ဟှ ယုဒလူ အာဏာပိုင်လေဟှာ ယဇ်ပုရောဟိတ်လေန လေဝိတချို့ဟှို ယောဟန်နားဟှို စေလွှတ်ဘီး “နန်ဟှာ ဖယ်သူနူး” ဆိုဘီး မေးမြန်းလေဟှယ်။ ယောဟန်ရဲ့ သတ်သေခံချစ်ဟှာ အယ်မျိုးဖြစ်ဟှယ်။
JOH 1:20 ယောဟန်ဟှ လှည့်ဝှက်ဇာမှေ့ဘဲန ဝန်ခံဘီး “ငါဟှာ မေရှိယ မှုဟှ” ဆိုဘီး ပွမ့်ပွမ့်လန်းလန်းဟှားန ရှင်းရှင်းလန်းလန်းဟှားဘဲ့ ပ္လန်ဖြေလိုက်ဟှယ်။
JOH 1:21 “အယ်ဆိုဟှာ နန်ဟှ ဖယ်သူနူး။ နန်ဟှာ ဧလိယလော” ဆိုဘီး သူးနို့ဟှ မေးလိုက်ဟှယ်။ “ငါဟှာ ဧလိယ မှုဟှ” ဆိုဘီး ယောဟန်ဟှ ပ္လန်ဖြေဟှယ်။ “နန်ဟှာ ပရောဖက်လော” ဆိုဘီး သူးနို့ဟှ ပ္လန်မေးဟှယ်။ “ငါဟှာ ပရောဖက်လည်း မှုဟှ” ဆိုဘီး ပ္လန်ဖြေဟှယ်။
JOH 1:22 “အယ်ဆိုဟှာ နန်ဟှာ ဖယ်သူနူး။ နို့လေဟှို စေလွှတ်လိုက်ဟှူ လူလေဟှို ပ္လန်ဘီးပြောပြရမယ်။ နန့်ကြောန်းဟှို ဖြားမျိုးပြောမယ်နူး” ဆိုဘီး သူးနို့ဟှ မေးလေဟှယ်။
JOH 1:23 ယောဟန်ဟှာ ပရောဖက်ဟေရှာယဟှို ကိုးကားဘီး “ငါဟှာ ‘ဘုရားသခင်ရဲ့ လမ်းဟှို ပြင်ဆင်ဟှားဂေ့! ဆိုဘီး တောကန္တာရထဲမာ အော်ဟစ်နေဟှူ သံဖြစ်ဟှယ်’ ” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
JOH 1:24 ဖာရိရှဲလေ စေလွှတ်လိုက်ဟှူ စေတမန်လေဟှ၊
JOH 1:25 ဖာရိရှဲလေ စေလွတ်လိုက်ဟှူ စေတမန်လေဟှ “နန်ဟှာ မေရှိယလည်း မှုဟှ။ ဧလိယလည်း မှုဟှ။ ပရောဖက်လည်း မှုဟှ ဆိုဟှာ ဖြားဖြစ်ကြောန့် ဗတ္တိဇံပေးနေနူး” ဆိုဘီး ယောဟန်ဟှို မေးလေဟှယ်။
JOH 1:26 ယောဟန်ဟှာ “ငါဟှာ ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ နန်းနို့ထဲမာ နန်းနို့သိဘဲဟှူ လူတယော့‑က်ရှိဟှယ်။
JOH 1:27 သူဟှာ ငါ့နော့‑က်ဟှ ကြွလာနေဘီ။ အယ်ဘေမဲ့ ငါဟှာ သူ့ရဲ့ ခေနပ်ကြိုးဟှို ဖြေဟှို့ဟှိုမှ ထိုက်ဟှ” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
JOH 1:28 အယ်မူဇာ ဂူလောင်းဟှာ ယောဟန် ဗတ္တိဇံပေးဟှူ ယော်ဒန်မ္လစ်ရဲ့ ရှေ့ဖတ်ကမ်းဟှ ဗေသနိဝါမာ ဖြစ်ဟှားဟှယ်။
JOH 1:29 နတ်ကီးဖတ်မာ ယောဟန်ဟှာ သူ့နားဟှို ယေရှုလာနေဇာဟှို ဗြင်လိုက်ဟှူ ခီမာ “လောကသားလေရဲ့ ပြစ်ဟှို ယူဆောန်ဟှားဟှူ ဘုရားသခင်ရဲ့ သိုးသားဂန်းဟှားဟှို ကေ့ကေ့!
JOH 1:30 ‘နော့‑က်ဟှနေ ကြွလာဟှူသူဟှာ ငါမွီးခန်ဂဒဲဟှ ရှိနေကြောန့် ငါ့ထတ်ကီးမြတ်ဟှယ်’ ဆိုဘီး ငါပြောနေဇာဟှာ အယ်လူကြောန်းဘဲ့ ဖြစ်ဟှယ်။
JOH 1:31 ငါကိုယ်တိုင်လည်း အယ်လူဟှို သိဟှ။ အယ်ဘေမဲ့ ဣသရေလလူမျိုးလေဟှို သိစေဟှို့တွပ် ရေန ဗတ္တိဇံပေးဟှို့ ငါလာဟှယ်” ဆိုဘီး ပြောလေဟှယ်။
JOH 1:32 အယ်န ယောဟန် သတ်သေခံဇာဟှ “ဝိညာဉ်တော်ဟှာ ကောန်းဂန်ဘောင်ဟှနေ ချိုးငှတ်မျိုး ဆင်းလာဘီး အယ်လူထတ်မာ နားနေဇာဟှို ငါဗြင်ဟှယ်။
JOH 1:33 အယ်လူဟှာ ဖယ်လူဖြစ်ဟှယ် ဆိုဇာဟှို ငါသိဟှ။ အယ်ဘေမဲ့ ငါ့ဟှို ရေန ဗတ္တိဇံပေးဟှို့ စေလွှတ်ဟှူ ဘုရားသခင်ဟှ ‘သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ဆင်းလာဘီး ယော့‑က်ယော့‑က်ထတ်မာ နားနေဇာဟှို ဗြင်ရလေ့မယ်။ အယ်လူဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ဗတ္တိဇံပေးမယ့်လူ ဖြစ်ဟှယ်’ ဆိုဘီး ငါ့ဟှို ပြောလေဟှယ်။
JOH 1:34 အယ်ဇာဟှို ငါဗြင်ရဘီ။ အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ် အယ်လူဟှာ ဘုရားသခင်ရဲ့သား ဖြစ်ဟှယ်” ဆိုဘီး ယောဟန် သတ်သေခံလေဟှယ်။
JOH 1:35 နတ်ကီးတိုင်မာ ယောဟန်ဟှာ တဗဲ့တော်နှေ့ပါးနတူးဒူ အယ်နေရာမာ ပ္လန်ဘီးရပ်နေဟှယ်။
JOH 1:36 ယောဟန်ဟှာ ယေရှု ကြွလာနေဇာဟှို ဗြင်လိုက်ဟှယ်။ “ကေ့ကေ့! ဟောက်မာ ဘုရားသခင်ရဲ့ သိုးသားဂန်းဟှား ဖြစ်ဟှယ်!” ဆိုဘီး သူဟှ ပြောဟှယ်။
JOH 1:37 တဗဲ့တော်နှေ့ပါးဟှာ အယ်မျိုးပြောဇာဟှို ကြားလိုက်ဘီးန ယေရှုနတူးဒူ လိုက်ဟှားဂေ့ဟှယ်။
JOH 1:38 ယေရှုဟှ လှည့်ကေ့လိုက်ဘီး သူးနို့လေ လိုက်လာဇာဟှို ဗြင်လေဟှယ်။ အယ်န “ဖြားဇာရှာနေနူး” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။ သူးနို့ဟှ “ရဗ္ဗိ၊ ကိုယ်တော်ဟှ ဖယ်မာနေဟှယ်နူး” ဆိုဘီး မေးလေဟှယ်။ (ရဗ္ဗိရဲ့ ဓိပါယ်ဟှာ “ဆရာ” ဖြစ်ဟှယ်။)
JOH 1:39 “လိုက်ဘီးကေ့ဂေ့” ဆိုဘီး ကိုယ်တော်ဟှ ဖြေဟှယ်။ (အယ်ခီဟှာ နေဒန်ဇာလေးနာရီလော့‑က်ရှိဘီ။) အယ်ကြောန့် သူးနို့လေဟှာ ကိုယ်တော်နတူးဒူ လိုက်ဟှားဘီး ကိုယ်တော်နေဟှူ နေရာဟှို တွိဟှားလေဟှယ်။ အယ်ဘီးန အယ်နေ့ဟှို ကိုယ်တော်နတူးဒူ နေလေဟှယ်။
JOH 1:40 ယောဟန်ရဲ့ စကားဟှို ကြားဘီး ယေရှုနော့‑က်လိုက် ဖြစ်လာဟှူ နှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှာ ရှိမုန်ပေတရုရဲ့ညီ အန္ဒြေဖြစ်ဟှယ်။
JOH 1:41 ရှစ်ရှင်းဘဲ့ အန္ဒြေဟှာ သူ့နောန်ရှိမုန်ဟှို တွိဟှားခီမာ “နို့လေ မေရှိယဟှို တွိဟှားဘီ” ဆိုဘီး ပြောပြဟှယ်။ မေရှိယရဲ့ ဓိပါယ်ဟှာ “ခရစ်တော်” ဖြစ်ဟှယ်။
JOH 1:42 အယ်ဘီးန သူဟှ ရှိမုန်ဟှို ယေရှုနားဟှို ခေါ်ဆောန်ဟှားဟှယ်။ ယေရှုဟှာ အယ်လူဟှို ကေ့ဘီးန “နန်ဟှာ ယောဟန်ရဲ့သား ရှိမုန်ဖြစ်ဟှယ်။ အယ်ဘေမဲ့ နန့်ဟှို ကေဖ ဆိုဘီး ခေါ်ရမယ်” ဆိုဘီး ပြောလိုက်ဟှယ်။ ကေဖဟှာ ပေတရုနာမယ်န ထပ်တူဖြစ်ဘီး က္လော့‑က် ဆိုဘီး ဓိပါယ်ရဟှယ်။
JOH 1:43 နတ်ကီးတိုင်မာ ယေရှုဟှာ ဂါလိလဲနယ်ဟှို သွားဟှို့ ဆောင်းဖြတ်ဟှယ်။ ကိုယ်တော်ဟှာ ဖိလိပ္ပုဟှို တွိဟှူ ခီမာ “ငါ့နတူးဒူလိုက်ပါ!” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
JOH 1:44 ဖိလိပ္ပုဟှာ အန္ဒြေန ပေတရု နေထိုင်ဟှူ ဗက်ဇဲဒဗြို့ဟှဖြစ်ဟှယ်။
JOH 1:45 ဖိလိပ္ပုဟှာ နာသနေလဟှို တွိဟှူ ခီမာ “နို့လေဟှာ မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်လေရဲ့ ကျမ်းမာ ရေးဟှားဟှူလူဟှို တွိဟှားဘီ။ အယ်လူဟှာ နာဇရက်ဗြို့ဟှ ယောသပ်ရဲ့သား ယေရှုဖြစ်ဟှယ်” ဆိုဘီး ပြောပြလေဟှယ်။
JOH 1:46 “နာဇရက်ဗြို့ဟှနေ ကောန်းဟှူဇာ ထွပ်နိုင်ဘဲ့လော” ဆိုဘီး နာသနေလဟှ မေးဟှယ်။ “လာဘီးကေ့ကေ့” ဆိုဘီး ဖိလိပ္ပုဟှ ဖြေလေဟှယ်။
JOH 1:47 ယေရှုဟှာ သူ့နားဟှို လာနေဟှူ နာသနေလဟှို ဗြင်ဟှူ ခီမာ ကိုယ်တော်ဟှ “ကေ့ကေ့! လှည့်ဇားမှု လောင်းဝ မှေ့ဘဲဟှူ၊ စစ်မှန်ဟှူ ဣသရေလလူ ဖြစ်ဟှယ်!” ဆိုဘီး သူ့ဟှို ပြောဟှယ်။
JOH 1:48 နာသနေလဟှ “ကိုယ်တော်ဟှ ကျွန်တော်ဟှို ဖယ်မျိုးလောက်ဘီး သိနေရနူး” ဆိုဘီး ကိုယ်တော့်ဟှို မေးဟှယ်။ ယေရှုဟှ “ဖိလိပ္ပုဟှ နန့်ဟှို ခေါ်လာခန်မာ နန်ဟှာ သဖန်းဗန်အော့‑က်မာ ရှိနေဂဒဲဟှ နန့်ဟှို ငါဗြင်ဟှယ်” ဆိုဘီး ပ္လန်ဖြေဟှယ်။
JOH 1:49 “ဆရာ၊ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ်! ဣသရေလလူမျိုးရဲ့ မန်းဂီးလည်းဖြစ်ဟှယ်!” ဆိုဘီး နာသနေလဟှ ပ္လန်ဖြေလေဟှယ်။
JOH 1:50 ယေရှုဟှ “သဖန်းဗန်အော့‑က်မာ နန့်ဟှို ငါဗြင်ဟှယ် ဆိုဘီး ပြောလိုက်ဇာဟှို နန်ယောင်ကြည်ဘဲ့လော။ အယ်ထတ် ရရာတိုင်းကီးဟှူ ဇာလေဟှို နန်ဗြင်ရလေ့မယ်” ဆိုဘီး ပြောလိုက်ဟှယ်။
JOH 1:51 ကိုယ်တော်ဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကောန်းဂန်ပွမ့်ဘီးဟှာ လူ့ရဲ့သား ထတ်မာ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေဟှာ ဆင်းလိုက်တတ်လိုက် လောက်နေဇာဟှို နန်းနို့ ဗြင်ရလေ့မယ်” ဆိုဘီး သူးနို့လေဟှို ပြောလေဟှယ်။
JOH 2:1 သောင်းရစ်မြော့‑က်နေ့မာ ဂါလိလဲနယ် ကာနဗြို့မာ အီတတ်ဗွဲလောက်လေဟှယ်။ အယ်ပွဲမာ ယေရှုရဲ့ မိလည်း ရှိနေဟှယ်။
JOH 2:2 အယ်ဘီးဟှာ ယေရှုန တဗဲ့တော်လေဟှိုလည်း အီတတ်ဗွဲဟှို ဖိဟှားလေဟှယ်။
JOH 2:3 ဝိုင်ကူဟှားခီမာ ယေရှုရဲ့မိဟှ “သူးနို့မာ ဝိုင်ကူဟှားဘီ” ဆိုဘီး ကိုယ်တော့်ဟှို ပြောလေဟှယ်။
JOH 2:4 ယေရှုဟှ “ဝှေ့မီးမ၊ နို့ဟှို ဖြားလောက်ရမယ် ဆိုဘီး ပြောန။ နို့ခီဟှာ ခုထိ ရော့‑က်သေးဟှ” ဆိုဘီး ပ္လန်ပြောဟှယ်။
JOH 2:5 အယ်ဘီးန ယေရှုရဲ့ မိဟှ “နန်းနို့ဟှို သူစေခိုင်းဟှူတိုင်း လောက်ဂေ့” ဆိုဘီး စေခံလေဟှို ပြောလိုက်ဟှယ်။
JOH 2:6 ယုဒလူလေမာ ဘာသာဓလေ့တိုင်း ဆေးကြောဇာနဆိုင်ဟှူ စည်းမျဉ်းလေရှိဟှယ်။ အယ်စည်းမျဉ်းလေကြောန့် အယ်နေရာမာ က္လော့‑က်ရေအိုး ခြော့‑က်လောင်းရှိဘီး ရေအိုးဂီးတလောင်းစီဟှာ ဂါလံနှေ့ဆယ်န သောင်းဆယ်ကြား ဝမ်ဆံ့ဟှယ်။
JOH 2:7 ယေရှုဟှ “အယ်ရေအိုးလေဟှို ရေဖ္လဲ့ဂေ့” ဆိုဘီး စေခံလေဟှို ပြောလိုက်ဟှယ်။ သူးနို့ဟှာ ပ္လဲ့အောန် ဖ္လဲ့ဂေ့ဟှယ်။
JOH 2:8 အယ်ဘီးန ကိုယ်တော်ဟှ “ခု အယ်အိုးထဲဟှရေဟှို ခပ်ဘီးဟှာ ပွဲအောက်နားဟှို ယူဟှားဂေ့” ဆိုဘီး သူးနို့ဟှို ပြောလိုက်ဟှယ်။ သူးနို့ဟှာ ရေဟှို ယူဟှားဟှယ်။
JOH 2:9 ခု အယ်ရေဟှာ ဝိုင်ဖြစ် ပ္လောန်းလဲဟှားဘီး ပွဲအောက်ဟှ ဗြည်းလေဟှယ်။ အယ်ဝိုင်ဟှာ ဖယ်နေရာဟှ ရလာဟှယ် ဆိုဇာဟှို သူသိဟှ။ အယ်ဘေမဲ့ ရေခပ်လာဟှူ စေခံလေဟှာ ကောန်းကောန်းဟှားသိနေဟှယ်။ အယ်ကြောန့် သူဟှာ ဒို့သားဟှို ခေါ်လိုက်ဘီး၊
JOH 2:10 “လူတိုင်းဟှာ ကောန်းဆောင်း ဝိုင်နဘဲ့ ဦးဆောင်းဧည့်ခံဟှယ်။ ဧည့်သည်လေ ဘောင်ဂီးသော့‑က်ဘီးမှ ညံ့ဟှူဝိုင်န ဧည့်ခံဟှယ်။ အယ်ဘေမဲ့ နန်ဟှ ကောန်းဆောင်း ဝိုင်ဟှို ခုထိသီးဟှားလေဟှယ်!” ဆိုဘီး ပြောလေဟှယ်။
JOH 2:11 ယေရှုဟှာ ဦးဆောင်း နိမိတ်လတ်ခဏာဟှို ဂါလိလဲနယ် ကာနဗြို့မာ လောက်ဘီးဟှာ မိမိရဲ့ ဖောင်းသရေတော်ဟှို ဖွမ့်ပြလေဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှယ်။
JOH 2:12 အယ်မျိုး နိမိတ်လတ်ခဏာ ပြဘီးန ယေရှုဟှာ သူ့ရဲ့မိ၊ ညီငယ်လေ၊ တဗဲ့တော်လေနတူးဒူ ကပေရနောင်ဗြို့ဟှို သွားဘီး အယ်ဗြို့မာ ရစ်နဲနဲဟှား နေလေဟှယ်။
JOH 2:13 ယုဒလူလေရဲ့ ပသခါပွဲ နီးလာဟှူကြောန့် ယေရှုဟှာ ယေရုရှလင်ဗြို့ဟှို သွားလေဟှယ်။
JOH 2:14 ကိုယ်တော်ဟှာ ဗိမာန်တော်ထဲမာ သိုးလေ၊ နွားသားဂန်းလေ၊ ချိုးငှတ်လေဟှို ရောန်းဝယ်နေဟှူ လူလေန ကပ်လဲပေးမားလေဟှာ သူးနို့ရဲ့ စားဗွဲလေမာ ထိုင်နေဇာဟှို တွိဟှယ်။
JOH 2:15 အယ်ကြောန့် ကိုယ်တော်ဟှာ ကြိုးလေန ကြာပွတ်ဟှို လောက်ဘီးန သိုးလေ၊ နွားလေ ဂူလောင်းဟှို ဗိမာန်တော်ထဲဟှ နန်ထုဘီးဟှား ကပ်လဲမားလေရဲ့ ဗွဲလေဟှိုလည်း မှော့‑က်လှဲဘီးန သူးနို့ရဲ့ ဒန်းဂါးလေဟှို ဖ္လဲဖ္လဲစင်အောန် လောက်လေဟှယ်။
JOH 2:16 အယ်ဘီးန ကိုယ်တော်ဟှာ ချိုးငှတ်ရောန်းဟှူ လူလေဟှို “အယ်ပစ္စည်းလေဟှို ယူဟှားဂေ့! ငါ့ဖရဲ့ အီတော်ဟှို ဆေးဖြစ်ဟှားအောန် လောက်ဂေ့န!” ဆိုဘီး မိန့်ပေးလိုက်ဟှယ်။
JOH 2:17 ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ “အိုဘုရားသခင်၊ ကိုယ်တော်ရဲ့ အီတော်ဟှို ရှစ်ခင်တွယ်တာမှုဟှာ ကျွန်တော်ထဲမာ မီးမျိုး လောန်ကျွမ်းနေဟှယ်” ဆိုဘီး ကျမ်းစာဟှ ပြောဟှားဇာလေဟှို အော့‑က်မေ့လာဂေ့ဟှယ်။
JOH 2:18 ယုဒအာဏာပိုင်လေဟှာ ကိုယ်တော်နားဟှို ပ္လန်လာဘီး “နန်ဟှာ အယ်မူဇာဟှို လောက်ပိုင်ခွမ့် ရှိဟှယ် ဆိုဇာဟှို နို့လေဟှို ဖြားမျိုး နိမိတ်လတ်ခဏာ လောက်ပြနိုင်မယ်နူး” ဆိုဘီး မေးခွန်းတခုဟှို မေးလေဟှယ်။
JOH 2:19 ယေရှုဟှ “အယ်ဗိမာန်တော်ဟှို ဖြိုဖျစ်ဂေ့။ သောင်းရစ်ထဲန ငါပ္လန်ဆော့‑က်ပြမယ်” ဆိုဘီး ဖြေလိုက်ဟှယ်။
JOH 2:20 ယုဒလူလေဟှ “အယ်ဗိမာန်တော်ဟှို ဆော့‑က်ဟှို့တွပ် လေးဆယ့်ခြော့‑က်နှစ် ကြာဟှယ်! နန်ဟှ သောင်းရစ်ထဲန ပ္လန်ဆော့‑က်ဟှို့လော” ဆိုဘီး မေးဂေ့ဟှယ်။
JOH 2:21 အယ်ဘေမဲ့ ယေရှုပြောနေဟှူ ဗိမာန်တော်ဟှာ သူ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှယ်။
JOH 2:22 အယ်ကြောန့် ယေရှုဟှာ သေရာဟှနေ ပ္လန်ရှင်လာဟှူ ခီမာ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ ကိုယ်တော်ပြောဟှားဟှူ စကားလေဟှို အော့‑က်မေ့လာလေဟှယ်။ အယ်ဘီးန သူးနို့လေဟှာ ကျမ်းစာတော်န ကိုယ်တော်ပြောဟှားဟှူ စကားလေဟှို ယောင်ကြည်ဂေ့ဟှယ်။
JOH 2:23 ယေရှုဟှာ ယေရုရှလင်ဗြို့ဟှ ပသခါပွဲမာရှိနေဒူးမာ ကိုယ်တော်လောက်ဟှူ နိမိတ်လတ်ခဏာလေဟှို တွိရဟှူကြောန့် လူလေဘောင်ဂီးဟှာ ကိုယ်တော့်နာမဟှို ယောင်ကြည်ဂေ့ဟှယ်။
JOH 2:24 အယ်ဘေမဲ့ ယေရှုဟှာ လူလေ ဂူလောင်းရဲ့ ကြောန်းဟှို သိနေဟှူကြောန့် သူးနို့လေဟှို ယောင်ကြည်ဟှ။
JOH 2:25 ကိုယ်တော်ဟှာ လူလေရဲ့ စိနှလောင်းဟှို သိနေဟှယ်။ အယ်ကြောန့် ကိုယ်တော့်ဟှို ယော့‑က်ယော့‑က်ဟှ သူးနို့ကြောန်းဟှို သတ်သေခံဟှို့ လိုအပ်ဟှ။
JOH 3:1 ဖာရိရှဲဖွဲ့ဝမ် နိကောဒင်နာမယ်ရှိဟှူ ယုဒလူခေါန်းဆောန် တယော့‑က်ရှိဟှယ်။
JOH 3:2 တညဉ့်မာ သူဟှာ ယေရှုနားဟှို လာဘီးဟှာ ကိုယ်တော့်ဟှို “ရဗ္ဗိ၊ ကိုယ်တော်ဟှာ ဘုရားသခင်စေလွှတ်လိုက်ဟှူ ဆရာတယော့‑က် ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ သိဟှယ်။ ဘုရားသခင်ဟှာ ဆရာနတူးဒူရှိဟှ ဆိုဟှာ ဖယ်လူလည်း အယ်နိမိတ်လတ်ခဏာလေဟှို လောက်နိုင်ဟှို့ မှုဟှ” ဆိုဘီး လျှော့‑က်လေဟှယ်။
JOH 3:3 ယေရှုဟှ “နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ ဒုတိယခါ ပ္လန်မွီးဟှ ဆိုဟှာ ဖယ်လူလည်း ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဗြင်နိုင်ဟှို့ မှုဟှ” ဆိုဘီး ဖြေလိုက်ဟှယ်။
JOH 3:4 “သတ်ကီးဟှူလူဟှ ဖယ်မျိုးဒုတိယခါ ပ္လန်မွီးနိုင်ဟှို့နူး။ အယ်လူဟှာ ဒုတိယခါ မွီးဟှို့တွပ် သူ့မိရဲ့ ဗိုက်ထဲဟှို လောင်းဝ ဝမ်နိုင်ဟှ!” ဆိုဘီး နိကောဒင်ဟှ မေးဟှယ်။
JOH 3:5 ယေရှုဟှ “နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ ရေန ဝိညာဉ်တော်အားဖြင့် မွီးဟှ ဆိုဟှာ ဖယ်လူလည်း ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်နိုင်ဟှို့ မှုဟှ။
JOH 3:6 ဇာတိသွီးသားဟှာ ဇာတိသွီးသားဟှို မွီးပေးဟှယ်။ အယ်ဘေမဲ့ ဝိညာဉ်တော်ဟှာ ဝိညာဉ်ဟှို မွီးပေးဟှယ်။
JOH 3:7 ဒုတိယခါ ပ္လန်မွီးရမယ် ဆိုဘီး ငါပြောဟှူကြောန့် အံ့ဩဟှားန။
JOH 3:8 လေဟှာ သူလိုရှိဟှူ နေရာဟှို တိုက်လေဟှယ်။ နန်ဟှာ လေတိုက်သံဟှို ကြားရဟှယ်။ အယ်ဘေမဲ့ အယ်လေဟှာ ဖယ်နေရာဟှ လာဘီး ဖယ်နေရာဟှို သွားနေဟှယ် ဆိုဇာဟှို နန်သိဟှို့ မှုဟှ။ ဝိညာဉ်တော်အားဖြင့် မွီးဟှူလူတိုင်းဟှာလည်း အယ်မျိုးဘဲ့ဖြစ်ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
JOH 3:9 “အယ်ဇာဟှာ ဖယ်မျိုးဖြစ်နိုင်ဟှို့နူး” ဆိုဘီး နိကောဒင်ဟှ မေးဟှယ်။
JOH 3:10 ယေရှုဟှ “နန်ဟှာ ဣသရေလလူမျိုးထဲမာ ဆရာဂီးတယော့‑က်ဖြစ်ဘီး အယ်မူဇာဟှို နန်သိဟှလော။
JOH 3:11 နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ နို့လေဟှာ သိဟှူဇာဟှို ပြောဘီး နို့လေဟှာ ဗြင်ဟှူဇာဟှို သတ်သေခံဟှယ်။ အယ်ဘေမဲ့လည်း နန်းနို့ဟှာ နို့လေရဲ့ သတ်သေခံဇာဟှို လတ်ခံရှင်ဟှူ စိမှေ့ဂေ့ဟှ။
JOH 3:12 အယ်လောကနဆိုင်ဟှူ ဇာလေဟှို ငါပြောဟှူ ခီမာ နန်းနို့လေ ယောင်ကြည်ဂေ့ဟှ။ အယ်ဆိုဟှာ ကောန်းဂန်ဘောင်နဆိုင်ဟှူ ဇာလေဟှို ငါပြောဟှူ ခီမာ နန်းနို့လေ ဖယ်မျိုး ယောင်ကြည်မယ်နူး။
JOH 3:13 ကောန်းဂန်ဘောင်ဟှနေ ဆင်းလာဟှူ လူ့ရဲ့သားမှတပါး ဖယ်လူလည်း ကောန်းဂန်ဘောင်ဟှို တတ်ဟှားဟှူ လူမှေ့ဟှ” ဆိုဘီး ဖြေလိုက်ဟှယ်။
JOH 3:14 မောရှေဟှာ ကန္တာရထဲမာ ကြေးဝါဗွီဟှို တိုင်ထတ်မာ ခိဟှားမျိုးဘဲ့ လူ့ရဲ့သားဟှိုလည်း ခိဟှားလေ့မယ်။
JOH 3:15 အယ်ကြောန့် ကိုယ်တော့်ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ ထာဝရသတ်ဟှို ရမယ်။
JOH 3:16 ဘုရားသခင်ဟှာ လောကသားလေဟှို ရရာတိုင်း ရှစ်ဟှူကြောန့် သူ့ရဲ့ တပါးဒဲရှိဟှူ သားတော်ဟှို ပေးလေဟှယ်။ အယ်ကြောန့် သားတော်ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ ပျစ်စီးဘဲ့န ထာဝရသတ်ဟှို ရမယ်။
JOH 3:17 ဘုရားသခင်ဟှ သူ့ရဲ့သားတော်ဟှို အယ်လောကသားလေဟှို တရားစီရင်ဟှို့တွပ် စေလွှတ်လိုက်ဇာ မှုဟှ။ အယ်လောကဟှို ကယ်တန်ဟှို့တွပ် စေလွှတ်လိုက်ဟှယ်။
JOH 3:18 သားတော်ဟှို ယောင်ကြည်ဟှူ လူလေဟှာ စီရင်ခံရဟှ။ အယ်ဘေမဲ့ ယောင်ကြည်ဘဲဟှူ လူလေဟှာ ဘုရားသခင်ရဲ့ တပါးဒဲရှိဟှူ သားတော်ရဲ့ နာမဟှို ယောင်ကြည်ဘဲကြောန့် စီရင်ခံရဟှယ်။
JOH 3:19 စီရင်ရှင်းရဲ့ ဘောတရားဟှ အယ်မျိုးဖြစ်ဟှယ်။ လန်းရောန်ဟှာ လောကထဲဟှို ရော့‑က်လာဟှယ်။ အယ်ဘေမဲ့ လူလေဟှာ သူးနို့ရဲ့ ကျင့်လေ ဆိုးညစ်ဟှူကြောန့် လန်းရောန်ထတ် မှောန်မိုက်ဟှို ရှစ်ဂေ့ဟှယ်။
JOH 3:20 ဆိုးညစ်ဟှူ လူတိုင်းဟှာ လန်းရောန်ဟှို မူးဘီး လန်းရောန်နားဟှို လာဂေ့ဟှ။ သူးနို့ရဲ့ ဆိုးညစ်ဟှူ ကျင့်လေဟှို ထန်ရှားရှင်ဂေ့ဘဲဟှူကြောန့် ဖြစ်ဟှယ်။
JOH 3:21 အယ်ဘေမဲ့ သမ္မာတရားအားဖြင့် သတ်ရှင်ဟှူ လူလေဟှာ လန်းရောန်နားဟှို လာဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ လောက်ဆောန်ဟှူ ဇာလေဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ထန်းထန်ရှားရှားဟှား ဗြင်ရလေဟှယ်။
JOH 3:22 အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေနတူးဒူ ယုဒနယ်ဟှို သွားဂေ့ဘီး အယ်နေရာမာ သူးနို့လေနတူးဒူနေဘီး ဗတ္တိဇံပေးဟှယ်။
JOH 3:23 ယောဟန်ဟှာလည်း ရှာလိမ်ဗြို့နားဟှ အဲနုန်ရပ်မာ ဗတ္တိဇံပေးနေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်နေရာမာ ရေလေဘောင်ဂီးရှိဟှယ်။ လူလေဟှာ သူ့နားဟှို လာဂေ့ဘီး ဗတ္တိဇံခံဂေ့ဟှယ်။
JOH 3:24 အယ်မူဇာဟှာ ယောဟန် ထောန်က္လခန်မာ ဖြစ်ဟှယ်။
JOH 3:25 ယောဟန်ရဲ့ တဗဲ့တော်တချို့ဟှာ ဘာသာဓလေ့နဆိုင်ဟှူ ဆေးကြောဇာန ပတ်သက်ဘီး ယုဒလူတယော့‑က်န စဘီးဟှာ ဂြင်းဂေ့ဟှယ်။
JOH 3:26 အယ်ကြောန့် သူးနို့ဟှာ ယောဟန်နားဟှို သွားဘီး “ဆရာ၊ ယော်ဒန်မ္လစ် ရှေ့ဖတ်ကမ်းမာ ဆရာနတူးဒူ နေဖူးဟှူ၊ သူ့ကြောန်းဟှို သတ်သေခံဖူးဟှူလူဟှို မှတ်မိသေးဘဲ့လော။ ခု သူဟှာ ဗတ္တိဇံပေးနေဟှယ်။ လူတိုင်းဟှလည်း သူ့နားဟှို သွားနေဂေ့ဟှယ်!” ဆိုဘီး ပြောပြလေဟှယ်။
JOH 3:27 ယောဟန်ဟှ “ကောန်းဂန်ဟှနေ ပေးဟှ ဆိုဟှာ ဖယ်လူလည်းရနိုင်ဟှ။
JOH 3:28 ‘ငါဟှာ မေရှိယ မှုဟှ။ အယ်ဘေမဲ့ ငါ့ဟှို သူ့ရှေ့ဟှနေ စေလွှတ်လိုက်ဟှယ်’ ဆိုဘီး ငါပြောဟှားဇာလေဟှာ နန်းနို့ကိုယ်တိုင် ငါ့ရဲ့ သတ်သေခံလေ ဖြစ်ဟှယ်။
JOH 3:29 ဒို့သမီးဟှို ပိုင်ဆိုင်ဟှူလူဟှာ ဒို့သားဖြစ်ဟှယ်။ အယ်ဘေမဲ့ ဒို့သားရဲ့သံဟှို ရပ်ဘီး နားထောန်နေဟှူ ဒို့သားရဲ့ မိဆွေဟှာ ဒို့သားရဲ့သံဟှို ကြားရဟှူ ခီမာ ဝန်းသာလေဟှယ်။ အယ်မျိုးဘဲ့ ငါဟှာလည်း အယ်ဝန်းသာဇာလေန ပ္လဲ့ဝနေဟှယ်။
JOH 3:30 အယ်သခင်ဟှာ တိုးပွားရမယ်။ ငါဟှာ ဆုတ်ယုတ်ရမယ်” ဆိုဘီး ဖြေလေဟှယ်။
JOH 3:31 ထတ်ဟှနေ ကြွလာဟှူ သူဟှာ ဂူလောင်းထတ် ကီးမြတ်ဟှယ်။ မ္လေဂီးဟှနေ ဖြစ်ဟှူလူဟှာ မ္လေဂီးန ဆိုင်ဘီး မ္လေဂီးရာဟှို ပြောဟှယ်။ အယ်ဘေမဲ့ ကောန်းဂန်ဘောင်ဟှနေ ကြွလာဟှူ သခင်ဟှာ ဂူလောင်းထတ် ကီးမြတ်ဟှယ်။
JOH 3:32 ကိုယ်တော်ဟှာ ဗြင်ဟှား၊ ကြားဟှားဇာလေဟှို ပြောဟှယ်။ အယ်ဘေမဲ့လည်း ကိုယ်တော်ရဲ့ စကားတော်ဟှို ဖယ်သူလည်း ထော့‑က်ခံဂေ့ဟှ။
JOH 3:33 အယ်ဘေမဲ့ ကိုယ်တော်ရဲ့ စကားတော်လေဟှို လတ်ခံဟှူလူတိုင်းဟှ ဘုရားသခင်ဟှာ သမ္မာတရားဖြစ်ဟှယ် ဆိုဇာဟှို သိမှတ်ပြုလေဟှယ်။
JOH 3:34 ဘုရားသခင် စေလွှတ်လိုက်ဟှူလူဟှာ ဘုရားသခင်ရဲ့ စကားတော်လေဟှို ပြောဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ဝိညာဉ်တော်ဟှို ပ္လဲ့ဝပေးလေဟှယ်။
JOH 3:35 ဖဟှာ သားတော်ဟှို ရှစ်တော်မူဘီး တဂိုးအာဏာ ဂူလောင်းဟှို သားတော်ရဲ့ လတ်ထဲမာ အပ်ပေးဟှားဟှယ်။
JOH 3:36 သားတော်ဟှို ယောင်ကြည်ဟှူ လူဟှာ ထာဝရသတ်ဟှို ရဘီး သားတော်ဟှို နားထောန်ဘဲဟှူ လူဟှာ သတ်ဟှို ရဘဲန ဘုရားသခင်ရဲ့ မျစ်ဒေါသအော့‑က်မာ နေရလေ့မယ်။
JOH 4:1 ယေရှုဟှာ ယောဟန်ထတ် တဗဲ့တော်လေဘောင်ဂီး ဖြစ်စေဘီး ဗတ္တိဇံပေးနေဟှယ် ဆိုဇာဟှို ဖာရိရှဲလေဟှ ကြားဂေ့ဟှယ်။
JOH 4:2 တဂယ်ဒန်းဆိုဟှာ ယေရှုကိုယ်တိုင်ဟှ ဖယ်လူဟှိုလည်း ဗတ္တိဇံပေးဟှ။ တဗဲ့တော်လေဟှဘဲ့ ဗတ္တိဇံပေးဂေ့ဟှယ်။
JOH 4:3 အယ်ကြောန့် ယေရှုဟှာ ယုဒနယ်ဟှနေ ထွပ်ဟှားဘီး ဂါလိလဲနယ်ဟှို ပ္လန်ဟှားဘီး၊
JOH 4:4 ကိုယ်တော်ဟှ ရှမာရိနယ်ဟှို ဖြတ်ဘီးဟှာ သွားရဟှယ်။
JOH 4:5 ယာကုပ်ဟှ သူ့သားယောသပ်ဟှို ပေးဟှားဟှူ မ္လေပ္လန်နား ရှမာရိနယ်ထဲဟှ ရှုခါနာမယ်ရှိဟှူဗြို့ဟှို ရော့‑က်လာဟှယ်။
JOH 4:6 ယာကုပ်ရဲ့ ရေဒွမ်းဟှာ အယ်နေရာမာရှိဟှယ်။ ယေရှုဟှာ ခရီးပန်းကြောန့် ရေဒွမ်းနားမာ ထိုင်နေဟှယ်။ အယ်ခီဟှာ မွန်းဒဲ့ခီလည်းဖြစ်ဟှယ်။
JOH 4:7 ရှမာရိမီးမတယော့‑က်ဟှာ ရေခပ်ဟှို့တွပ် ရော့‑က်လာဟှူ ခီမာ ယေရှုဟှ “ငါသော့‑က်ဟှို့ ရေပေးပါ” ဆိုဘီး အယ်မီးမဟှို ပြောဟှယ်။
JOH 4:8 (ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ စားဇာဝယ်စားဟှို့ ဗြို့ထဲဟှို သွားဂေ့ဟှားဟှယ်။)
JOH 4:9 အယ်မီးမဟှာ “သင်ဟှ ယုဒမျိုးသားတယော့‑က် ဖြစ်ဟှယ်။ ကျွန်မဟှ ရှမာရိမျိုးသမီးတယော‑က် ဖြစ်ဟှယ်။ ဖယ်မျိုးဖြစ်ကြောန့် ရေတောန်းသော့‑က်ရနူး” ဆိုဘီး မေးလေဟှယ်။ (ယုဒလူလေဟှာ ရှမာရိလူလေ သောင်းပြုဟှူ စန်ဟန်းဇားလေဟှို သောင်းပြုလေ့ မှေ့ဟှ။)
JOH 4:10 ယေရှုဟှ “ဘုရားသခင်ရဲ့ လတ်ဆောန်န ငါသော့‑က်ဟှို့တွပ် ရေပေးပါ ဆိုဘီး တောန်းဆိုနေဟှူလူဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာဟှို သိမယ် ဆိုဟှာ နန်ဟှာ အယ်လူနားမာ တောန်းလေ့မယ်။ အယ်လူဟှလည်း နန့်ဟှို သတ်ရေဟှို ပေးလေ့မယ်” ဆိုဘီး ပြောလေဟှယ်။
JOH 4:11 အယ်မီးမဟှ “ဆရာ၊ ဆရာမာ ရေခပ်ဟှို့ အန်းဗေါင်းလည်း မှေ့ဟှ။ ရေဒွမ်းဟှလည်း ရရတိုင်း နတ်ဟှယ်။ ဖယ်နေရာဟှနေ သတ်ရေဟှို ရဟှို့နူး။
JOH 4:12 အယ်ရေဒွမ်းဟှာ ကျွန်မဟှားလေရဲ့ ဘိုးဘေးယာကုပ်ဟှ ကျွန်မဟှားလေဟှို ပေးဟှားဘီး သူကိုယ်တိုင်န သူ့ရဲ့သားမီးလေ၊ သိုးလေ၊ နွားလေ ဂူလောင်းဟှာ အယ်ရေဒွမ်းဟှ ရေဟှို သော့‑က်ဟှယ်။ ကိုယ်တော်ဟှ ကျွန်မဟှားလေရဲ့ ဘိုးဘေး ယာကုပ်ထတ် ကီးမြတ်ကြောန့်လော” ဆိုဘီး ပြောလေဟှယ်။
JOH 4:13 ယေရှုဟှ “အယ်ရေဟှို သော့‑က်ဟှူလူလေဟှာ ပ္လန်ဘီး ရေငတ်လေ့အူးမယ်။
JOH 4:14 အယ်ဘေမဲ့ ငါပေးမယ့်ရေဟှို သော့‑က်ဟှူလူလေဟှာ ပ္လန်ဘီး ရေငတ်လေ့မယ် မှုဟှ။ ငါပေးမယ့်ရေဟှာ သူးနို့ထဲမာ သတ်စမ်းရေဗော့‑က် ဖြစ်ဟှားဘီး သူးနို့ဟှို ထာဝရသတ်ဟှို ပေးလေ့မယ်” ဆိုဘီး ပ္လန်ဖြေဟှယ်။
JOH 4:15 အယ်မီးမဟှ “ဆရာ၊ အယ်ရေဟှို ကျွန်မဟှို ပေးပါ! အယ်ဆိုဟှာ ကျွန်မဟှာ ပ္လန်ဘီး ရေငတ်ဟှို့မှုဘီ အယ်နေရာဟှို လာဘီး ရေခပ်ဇာလည်း လိုဟှမ်း” ဆိုဘီး ပြောဟှယ်။
JOH 4:16 ယေရှုဟှ “သွားဘီး နန့်လန်ဟှို ခေါ်ဘီးဟှာ ပ္လန်လာပါ” ဆိုဘီး အယ်မီးမဟှို ပ္လန်ပြောဟှယ်။
JOH 4:17 “ကျွန်မမာ လန်မှေ့ဟှ” ဆိုဘီး အယ်မီးမဟှ ဖြေဟှယ်။ ယေရှုဟှ “နန့်မာ လန်မှေ့ဟှ ဆိုဘီး ပြောဇာဟှာ မှန်ဟှယ်။
JOH 4:18 နန့်မာ လန်ငါးယော့‑က်ရှိဖူးဟှယ်။ ခု နန့်နတူးဒူနေဟှူ လန်ဟှာလည်း နန့်လန်စစ်စစ် မှုဟှ။ နန်ဟှာ ငါ့ဟှို မှန်ဟှူ စကားဟှို ပြောဟှယ်” ဆိုဘီး ပ္လန်ပြောလေဟှယ်။
JOH 4:19 “ဆရာ၊ ဆရာဟှာ ပရောဖက်ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်မသိဟှားဘီ။
JOH 4:20 ကျွန်မဟှားလေရဲ့ ဘိုးဘေလေဟှာ အယ်တောန်ထတ်မာ ဘုရားသခင်ဟှို ကိုးကွယ်ဂေ့ဟှယ်။ အယ်ဘေမဲ့ ဆရာရဲ့ ယုဒလူလေဟှာ ယေရုရှလင်ဗြို့မာဘဲ့ ဘုရားသခင်ဟှို ကိုးကွယ်ရမယ် ဆိုဘီး ပြောဂေ့ဟှယ်” ဆိုဘီး အယ်မီးမဟှ ပြောဟှယ်။
JOH 4:21 ယေရှုဟှ “ဝှေ့မီးမ၊ ငါ့ဟှို ယောင်ကြည်ပါ။ အယ်တောန်ထတ်ဟှိုရော၊ ယေရုရှလင်ဗြို့ဟှိုရော လာဘဲန ဖဟှို ကိုးကွယ်ရဟှို့ခီ ရော့‑က်လာလေ့မယ်။
JOH 4:22 ကယ်တန်ရှင်းဟှာ ယုဒလူလေဟှနေတဆင့် ရော့‑က်လာဟှူကြောန့် နို့ယုဒလူလေဟှာ နို့လေကိုးကွယ်ဟှူဇာဟှို သိဟှယ်။ အယ်ဘေမဲ့ နန်းနို့ရှမာရိလူလေဟှာ နန်းနို့ကိုးကွယ်ဇာဟှို မှန်သိဂေ့ဟှ။
JOH 4:23 စစ်မှန်ဟှူ ကိုးကွယ်သူလေဟှာ ဝိညာဉ်နရော၊ သစ်စာနရော ဖဟှို ကိုးကွယ်ရမယ့်ခီဟှာ ရော့‑က်လာလေ့မယ်။ အယ်ဘေမဲ့ ခုဘဲ့ရော့‑က်နေဘီ။ အယ်မျိုး ကိုးကွယ်သူလေဟှို ဖဟှ လိုရှင်ဟှယ်။
JOH 4:24 ဘုရားသခင်ဟှာ ဝိညာဉ်ဖြစ်ဟှူကြောန့် ကိုယ်တော့်ဟှို ကိုးကွယ်သူလေဟှာ ဝိညာဉ်နရော၊ သမ္မာတရားနရော ကိုးကွယ်ရမယ်” ဆိုဘီး အယ်မီးမဟှို ပြောလေဟှယ်။
JOH 4:25 အယ်မီးမဟှ “ခရစ်တော် ဆိုဘီး ခေါ်ဟှူ မေရှိယကြွလာမယ် ဆိုဇာဟှို ကျွန်မသိဟှယ်။ ကြွလာဟှူ ခီမာ ကျွန်မဟှားလေဟှို ဂူလောင်း ပြောပြလေ့မယ်” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်ဟှယ်။
JOH 4:26 ယေရှုဟှ “နန့်နတူးဒူ စကားပြောနေဟှူ ငါဟှာ မေရှိယဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 4:27 အယ်ခီမာဘဲ့ ယေရှုရဲ့ တဗဲ့တော်လေဟှာ ပ္လန်ရော့‑က်လာဟှယ်။ ကိုယ်တော်ဟှာ မီးမတယော့‑က်န စကားပြောနေဇာဟှို သူးနို့လေဟှာ တွိလိုက်ကြောန့် ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ “ဖြားဇာလိုရှင်ဟှိနူး” ဆိုဘီး အယ်မီးမဟှို ဖယ်လူလည်းမေးဂေ့ဟှ။ “ဖြားဖြစ်ကြောန့် အယ်မီးမန စကားပြောနေရနူး” ဆိုဘီးလည်း ကိုယ်တော့်ဟှို ဖယ်လူလည်းမေးဂေ့ဟှ။
JOH 4:28 အယ်ဘီးန မီးမဟှာ ရေအိုးဟှို ထားရစ်ဘီး ဗြို့ထဲဟှို ပ္လန်ဟှားဘီးဟှာ
JOH 4:29 “ကျွန်မလောက်ဟှားဟှူဇာလေ ဂူလောင်းဟှို ပြောပြသူဟှို လာဘီးကေ့ကေ့။ အယ်သူဟှာ မေရှိယဘဲ့လော” ဆိုဘီး လူလေဟှို ပြောလေဟှယ်။
JOH 4:30 အယ်ကြောန့် သူးနို့လေဟှာ ဗြို့ထဲဟှထွပ်ဟှားဘီး ယေရှုနားဟှို သွားဂေ့ဟှယ်။
JOH 4:31 အယ်ခီမာဘဲ့ တဗဲ့တော်လေဟှာ ယေရှုဟှို “ဆရာ၊ တခုခုစားပါအူး!” ဆိုဘီး တောန်းလျှော့‑က်နေဂေ့ဟှယ်။
JOH 4:32 အယ်ဘေမဲ့ ယေရှုဟှ “နန်းနို့သိဘဲဟှူ စားဇာဟှာ ငါ့မာရှိဟှယ်” ဆိုဘီး ဖြေလေဟှယ်။
JOH 4:33 အယ်ကြောန့် တဗဲ့တော်လေဟှ “ကိုယ်တော့်ဟှို ယော့‑က်ယော့‑က်ဟှ စားဇာလေဟှို လာပို့ဟှားလော” ဆိုဘီး သူးနို့ရှင်းရှင်း စဘီးမေးနေဂေ့ဟှယ်။
JOH 4:34 ယေရှုဟှ “ငါ့ဟှို စေလွှတ်ဟှူသူရဲ့ လိုတော်ဟှို လိုက်နာဘီး သူလောက်ခိုင်းဟှားဟှူ လောက်ဟှို ပီးအောန်လောက်ဇာဟှာ ငါ့စားဇာဖြစ်ဟှယ်။
JOH 4:35 နန်းနို့ဟှ ‘လေးလကြာဘီးန ရိသီးခီရော့‑က်လေ့မယ်’ ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ လဲဗ္လန်လေဟှို ကေ့လိုက်။ ခု ရိသီးဟှို့ သီးနှံလေဟှာ မှည့်နေဘီ!
JOH 4:36 ရိသီးမားဟှာ ခဟှို ယူဘီး ထာဝရသတ်တွပ် သီးနှံလေဟှို စုသီးဟှယ်။ အယ်ကြောန့် စိုက်မားန ရိသီးမားလေဟှာ တူးဒူဝန်းသာဂေ့လေ့မယ်။
JOH 4:37 အယ်ကြောန့် ‘တယော့‑က်ဟှ စိုက်ဟှယ်။ တယော့‑က်ဟှ ရိသီးဟှယ်’ ဆိုဘီး ပြောဟှားဇာဟှာ မှန်ဖြစ်ဟှားဘီ။
JOH 4:38 နန်းနို့စိုက်ဘဲဟှူ လဲဗ္လန်မာ သီးနှံလေဟှို ရိသီးဟှို့ နန်းနို့ဟှို ငါစေလွှတ်လိုက်ဟှယ်။ တခြားလူလေဟှ လောက်ရဘီး နန်းနို့ဟှ ကျိုးခံစားရဟှယ်” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
JOH 4:39 အယ်မီးမဟှ “အယ်လူဟှာ ကျွန်မလောက်ဟှားဇာလေ ဂူလောင်းဟှို ပြောပြဟှယ်” ဆိုဘီး သတ်သေခံဟှူကြောန့် အယ်ဗြို့မာရှိဟှူ ရှမာရိလူလေ ဘောင်ဂီးဟှာ ယေရှုဟှို ယောင်ကြည်ဟှားဂေ့ဟှယ်။
JOH 4:40 အယ်ကြောန့် ရှမာရိလူလေဟှာ ကိုယ်တော်နားဟှို လာဟှူ ခီမာ သူးနို့ဟှာ ကိုယ်တော့်ဟှို သူးနို့နတူးဒူနေဟှို့ တောန်းလျှော့‑က်ဂေ့ဟှယ်။ အယ်န ကိုယ်တော်ဟှာ အယ်နေရာမာ နှေ့ရစ်နေလေဟှယ်။
JOH 4:41 လူလေဘောင်ဂီးဟှာ ကိုယ်တော်ရဲ့ တရားစကားကြောန့် ယောင်ကြည်လာဂေ့ဘီး
JOH 4:42 သူးနို့ဟှ “ခု နို့လေ ယောင်ကြည်ဟှားဇာဟှာ နန်ပြောကြောန့် မှုဟှ။ အယ်ဘေမဲ့ နို့လေကိုယ်တိုင် ကိုယ်တော်ရဲ့ တရားစကားဟှို ကြားဟှိကြောန့် အယ်သူဟှာ လောကရဲ့ စစ်မှန်ဟှူ ကယ်တန်ရှင် ဖြစ်ဟှယ် ဆိုဇာဟှို နို့လေသိဟှားဘီ” ဆိုဘီး အယ်မီးမဟှို ပြောပြဂေ့ဟှယ်။
JOH 4:43 နှေ့ရစ်နေဘီးန ယေရှုဟှာ အယ်နေရာဟှနေ ထွပ်ဟှားဘီး ဂါလိလဲနယ်ဟှို ကြွတော်မူလေဟှယ်။
JOH 4:44 ယေရှုကိုယ်တိုင်ဟှ “ပရောဖက်လေဟှာ သူးနို့ရဲ့ ဗြို့မာ လေးစားခံရဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 4:45 ကိုယ်တော်ဟှာ ဂါလိလဲနယ်ဟှို ရော့‑က်လာခီမာ လူလေဟှာ ကိုယ်တော့်ဟှို ကြိုဆိုဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရုရှလင်ဗြို့ဟှ ပသခါပွဲဟှို သူးနို့ရော့‑က်ဟှားဂေ့ဘီး အယ်ပွဲတော်မာ ကိုယ်တော် လောက်ဟှူဇာလေ ဂူလောင်းဟှို ဗြင်ဟှားဂေ့ဟှယ်။
JOH 4:46 အယ်ဘီးန ယေရှုဟှာ ရေဟှနေ ဝိုင်ဖြစ် ပ္လောန်းလဲဟှားဟှူ ဂါလိလဲနယ် ကာနဗြို့ဟှို ပ္လန်ဟှားဟှယ်။ ကပေရနောင်ဗြို့ဟှ ရာရှိတယော့‑က်ရဲ့ သားဟှာ နေကောန်းဘဲဖြစ်နေဟှယ်။
JOH 4:47 ယုဒနယ်ဟှနေ ဂါလိလဲနယ်ဟှို ယေရှုရော့‑က်လာဟှယ် ဆိုဇာဟှို အယ်ရာရှိဟှာ ကြားဟှားခီမာ ကိုယ်တော်နားဟှို သွားဘီး သေခါနီးဖြစ်နေဟှူ သူ့သားရဲ့ နာဟှို ပျော့‑က်စေဟှို့တွပ် တောန်းလျှော့‑က်လေဟှယ်။
JOH 4:48 ယေရှုဟှ “နန်းနို့ဟှာ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ဗြင်ရဘဲ ဆိုဟှာ ယောင်ကြည်ဂေ့ဟှို့ မှုဟှ” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
JOH 4:49 ရာရှိဟှ “ဆရာ၊ ကျွန်တော့်သား သေခန် ကျွန်တော်နတူးဒူ လိုက်ပါ” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
JOH 4:50 ယေရှုဟှ “သွားလိုက်ပါ။ နန့်ရဲ့သား သတ်ရှင်ဟှားလေ့မယ်” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။ အယ်လူဟှာ ယေရှုရဲ့ စကားတော်ဟှို ယောင်ကြည်ဘီး သွားလိုက်ဟှယ်။
JOH 4:51 အီပ္လန်လမ်းမာ သူ့ရဲ့ စေခံလေဟှ သူ့ဟှို တွိဟှူခီမာ “သခင်ရဲ့သားဟှာ သတ်ရှင်ဟှားဘီ!” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 4:52 သူဟှာ သူ့ရဲ့သား နာပျော့‑က်ဟှားခီဟှို စေခံလေဟှို မေးဟှူခီမာ သူးနို့လေဟှ “နတ်ကီးမွန်းဒဲ့ တနာရီမာ နာပျော့‑က်ဟှားဟှယ်” ဆိုဘီး ဖြေဂေ့လေဟှယ်။
JOH 4:53 အယ်ခီဟှာ “နန့်ရဲ့သား သတ်ရှင်ဟှားဘီ” ဆိုဘီး ယေရှုပြောလိုက်ဟှူ ခီဖြစ်ဟှယ် ဆိုဇာဟှို ဖဟှာ ဒိရဟှားလေဟှယ်။ အယ်ကြောန့် သူ့န သူ့ရဲ့အီသား ဂူလောင်းဟှာ ယောင်ကြည်ဂေ့ဟှယ်။
JOH 4:54 အယ်မူဇာဟှာ ယုဒနယ်ဟှနေ ဂါလိလဲနယ်ဟှို ရော့‑က်လာဘီးန ယေရှုလောက်ဟှူ ဒုတိယ နိမိတ်လတ်ခဏာ ဖြစ်ဟှယ်။
JOH 5:1 အယ်ဘီးန ယုဒလူလေရဲ့ ဘာသာရေးပွဲတော် ရှိဟှူကြောန့် ယေရှုဟှာ ယေရုရှလင်ဗြို့ဟှို သွားလေဟှယ်။
JOH 5:2 ယေရုရှလင်ဗြို့ သိုးခွဗော့‑က်နားမာ မုခ်ဦးဆောန် ငါးဆောန်ရှိဟှူ ရေကန်တကန်ရှိဟှယ်။ ဟေဗြဲစကားန ဗေသေဇာသ ဆိုဘီး ခေါ်ဟှယ်။
JOH 5:3 အယ်မုခ်ဦးဆောန်လေထဲမာ မျစ်စိကန်းဟှူလူ၊ ခေသန်ဘဲဟှူလူန လေဖြတ်ဟှူလူလေ ဘောင်ဂီးဟှာ လှဲလျောင်းနေဂေ့ဟှယ်။
JOH 5:4 
JOH 5:5 အယ်နေရာမာ သောင်းဆယ်ရှစ်နှစ် လောင်းလောင်း နာဇားနေဟှူ လူတယော့‑က် ရှိဟှယ်။
JOH 5:6 လှဲလျောင်းနေဟှူ အယ်လူဟှို ယေရှုဟှ ဗြင်လိုက်ဘီး ခီကြာဂီး နာဇားနေရဟှယ် ဆိုဇာဟှို သိဟှူကြောန့် ကိုယ်တော်ဟှ “နန့်အနာပျော့‑က်ရှင်လော” ဆိုဘီး သူ့ဟှို မေးလေဟှယ်။
JOH 5:7 နာဇားနေဟှူလူဟှ “ဆရာ၊ ရေဟှို လာမွှီဟှူ ခီမာ ကျွန်တော့်ဟှို ရေကန်ထဲဟှို ခ္လပေးဟှို့လူ မှေ့ဟှ။ ကျွန်တော်ဟှာ ရေကန်ထဲဟှို ဆင်းဟှို့လောက်နေဒူးမာ တခြားတယော့‑က်ဟှ ဦးဆောင်းဆင်းဟှားလေဟှယ်” ဆိုဘီး ဖြေလေဟှယ်။
JOH 5:8 ယေရှုဟှ “ထဒန်၊ နန့်ထမ်းစင်ဟှို ကော့‑က်ဘီးဟှာ လမ်းရှော့‑က်ဟှားလိုက်” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
JOH 5:9 အယ်လူဟှာ ရှင်းရှင်းဘဲ့ နာပျော့‑က်ဟှားဘီး သူ့အိယာဟှို ကော့‑က်ဘီး လမ်းရှော့‑က်ဟှားဟှယ်။ အယ်မျိုးဖြစ်ဟှားဟှူ နေ့ဟှာ ဒန်းနေ့ဖြစ်ဟှယ်။
JOH 5:10 အယ်ကြောန့် ယုဒအာဏာပိုင်လေဟှာ “အယ်နေ့ဟှာ ဒန်းနေ့ဖြစ်ဟှယ်။ နန်ဟှာ နန့်ရဲ့အိယာဟှို ကော့‑က်နေဇာဟှာ နို့လေရဲ့ ပညတ်တော်ဟှို ဆန့်ကျင်နေဇာဘဲ့” ဆိုဘီး နာပျော့‑က်ဟှားဟှူ လူဟှို ပြောဂေ့ဟှယ်။
JOH 5:11 သူဟှ “ကျွန်တော့်ဟှို ကျန်းမာစေဟှူလူဟှ အိယာကော့‑က်ဘီးဟှာ လမ်းရှော့‑က်ဟှားလိုက် ဆိုဘီး ကျွန်တော့်ဟှို ပြောဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
JOH 5:12 သူးနို့ဟှ “နန့်ဟှို အယ်မျိုးလောက်ဟှို့ ပြောဟှူလူဟှ ဖယ်သူနူး” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။
JOH 5:13 အယ်ဘေမဲ့ နာပျော့‑က်ဟှားဟှူလူဟှ အယ်မျိုး လောက်ခိုင်းဟှူလူဟှာ ယေရှုဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှ။ အယ်နေရာမာ လူအောက်ဂီးရှိနေဟှူကြောန့် ယေရှုဟှလည်း တိတိဟှား ထွပ်ဟှားလေဟှယ်။
JOH 5:14 အယ်ဘီးန ယေရှုဟှာ သူ့ဟှို ဗိမာန်တော်ထဲမာ တွိဟှူ ခီမာ “နားထောန်၊ နန်ဟှာ ခု နာပျော့‑က်ဟှားဘီ အယ်ကြောန့် ပြစ်လောက်ဇာလေဟှို ရပ်လိုက် အယ်မျိုးမှုဘဲနေဟှာ အယ်ထတ်ဆိုးဇာလေဟှာ နန့်မာ ဖြစ်လေ့မယ်” ဆိုဘီး ပြောလေဟှယ်။
JOH 5:15 အယ်ဘီးန အယ်လူဟှာ ထွပ်ဟှားဘီး သူ့ဟှို နာပျော့‑က်စေဟှူလူဟှာ ယေရှုဖြစ်ဟှယ် ဆိုဘီး ယုဒအာဏာပိုင်လေဟှို ပြောပြလိုက်ဟှယ်။
JOH 5:16 အယ်ကြောန့် ဒန်းနေ့မာ အယ်မျိုး နာပျော့‑က်အောန် လောက်ပေးကြောန့် ယုဒခေါန်းဆောန်လေဟှာ ယေရှုဟှို စဘီးဟှာ ညှဉ်းဆဲဂေ့ဟှယ်။
JOH 5:17 ယေရှုဟှာ “ငါ့ဖဟှာ မြဲဒမ်း လောက်လောက်ဟှူကြောန့် ငါလည်း လောက်လောက်ဟှယ်” ဆိုဘီး သူးနို့ဟှို ပ္လန်ဖြေလေဟှယ်။
JOH 5:18 အယ်မျိုးပြောလိုက်ကြောန့် ယုဒအာဏာပိုင်လေ ဂူလောင်းဟှာ ကိုယ်တော့်ဟှို သတ်ဟှို့ ပိုဘီး ကြိုးစားဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရှုဟှာ ဒန်းနေ့ဟှို ခ္လိုးဖော့‑က်ဟှယ်။ ဘုရားသခင်ဟှို မိမိရဲ့ဖ ဆိုဘီး ခေါ်ဟှယ်။ သူ့ကိုယ်သူ ဘုရားသခင်န တတန်းဒဲထားဟှယ်။
JOH 5:19 အယ်ကြောန့် ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ သားတော်ဟှာ သူ့လိုလို ဖြားလည်းလောက်နိုင်ဟှ။ ဖလောက်ဟှူ ဇာလေဟှို ဗြင်ဟှူအတိုင်းဘဲ့ လောက်ဇာဖြစ်ဟှယ်။ ဖလောက်ဟှူမျိုး သားတော်ဟှလည်း လောက်ဂေ့ဟှယ်။
JOH 5:20 ဖဟှ သားတော်ဟှို ရှစ်ဟှူကြောန့် ဖကိုယ်တိုင် လောက်နေဇာလေ ဂူလောင်းဟှို သားတော်ဟှို ပြဟှယ်။ အယ်မူဇာထတ် ရရာတိုင်း ကီးဟှူဇာလေဟှို လောက်ဟှို့ ဖဟှ သားတော်ဟှို ပြအူးမယ်။ အယ်ဆိုဟှာ နန်းနို့ဂူလောင်းဟှာ အံ့ဩဟှားလေ့မယ်။
JOH 5:21 ဖဟှာ လူသေလေဟှို ထမြော့‑က်စေဘီး ပ္လန်ရှင်စေမျိုးဘဲ့ သားတော်ဟှာလည်း မိမိလိုရှင်ဟှူ လူလေဟှို ပ္လန်ရှင်စေမယ်။
JOH 5:22 ဖဟှာ ဖယ်လူဟှိုလည်း တရားစီရင်ဟှ။ ဖဟှာ သားတော်ဟှို တရားစီရင်ခွမ့် ဂူလောင်းဟှို ပေးအပ်ဟှားဟှယ်။
JOH 5:23 အယ်ကြောန့် လူလေ ဂူလောင်းဟှာ ဖဟှို ရိုသေမျိုးဘဲ့ သားတော်ဟှိုလည်း ရိုသေရမယ်။ သားတော်ဟှို ရိုသေဟှ ဆိုဟှာ သားတော်ဟှို စေလွှတ်ဟှူ ဖဟှိုလည်း ရိုသေဟှ။”
JOH 5:24 “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါ့စကားတော်လေဟှို ကြားဘီး ငါ့ဟှို စေလွှတ်ဟှူ ဖဟှို ယောင်ကြည်ဟှူလူဟှာ ထာဝရသတ်ရမယ်။ သူးနို့ဟှာ တရားစီရင်ခံရဘဲန သေရာဟှနေ သတ်ရှင်ရာဟှို ကူးဟှားဘီဖြစ်ဟှယ်။
JOH 5:25 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ လူသေလေဟှာ ဘုရားသခင်သားတော်ရဲ့ သံဟှို ကြားရဟှို့ခီဟှာ ရော့‑က်နေဘီ။ အယ်ခီဟှာ ရော့‑က်နေဘီ သားတော်ရဲ့ သံဟှို ကြားရဟှူ လူလေဟှာ သတ်ရှင်ရလေ့မယ်။
JOH 5:26 ဖကိုယ်တိုင်ဟှာ သတ်ရဲ့ ရင်းမြစ်ဖြစ်ဟှူမျိုးဘဲ့ သားတော်ဟှိုလည်း သတ်ရဲ့ ရင်းမြစ်ဖြစ်စေဟှယ်။
JOH 5:27 သားတော်ဟှာ လူ့ရဲ့သားဖြစ်ဟှူကြောန့် တရားစီရင်ခွမ့်ဟှို အပ်ပေးလေဟှယ်။
JOH 5:28 အယ်မူဇာဟှို အံ့ဩဂေ့န။ သန်းခ္လိုင်းထဲဟှ လူသေလေ ဂူလောင်းဟှာ သားတော်ရဲ့ သံဟှို ကြားရဟှို့ ခီရော့‑က်လာနေဘီ
JOH 5:29 အယ်ဘီးဟှာ သူးနို့ရဲ့ သန်းခ္လိုင်းထဲဟှ ထွပ်ရမယ်။ ကောန်းဇာလောက်ဟှူ လူလေဟှာ ထမြော့‑က်ဘီး သတ်ရှင်လေ့မယ်။ ကောန်းဘဲဇာလောက်ဟှူ လူလေဟှာ ထမြော့‑က်ဘီး ပြစ်စီရင်ခံရမယ်။
JOH 5:30 “ငါဟှာ ငါ့ရဲ့ ခွမ့်အာဏာန ဖြားလည်းလောက်နိုင်ဟှ။ ငါဟှာ ဘုရားသခင် ပြောဟှားတိုင်းဘဲ့ တရားစီရင်ဟှယ်။ အယ်ကြောန့် ငါ့ရဲ့ တရားစီရင်ဇာဟှာ မှန်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါရဲ့ လိုတိုင်းလောက်ဟှ။ ငါ့ဟှို စေလွှတ်ဟှူ ဖရဲ့ လိုတိုင်းဘဲ့ လောက်ဟှယ်။
JOH 5:31 “ငါဟှာ ငါ့ရဲ့ကြောန်းဟှို သတ်သေခံမယ် ဆိုဟှာ ငါ့ရဲ့ သတ်သေခံချစ်ဟှာ မှန်ဖြစ်ဟှို့ မှုဟှ။
JOH 5:32 အယ်ဘေမဲ့ ငါ့ကြောန်းဟှို သတ်သေခံပေးမယ့် လူတယော့‑က် ရှိဟှယ်။ အယ်လူပြောဟှူ ငါ့ကြောန်းဟှာ မှန်ဖြစ်ဟှယ် ဆိုဇာဟှို ငါသိဟှယ်။
JOH 5:33 နန်းနို့ဟှာ ယောဟန်နားဟှို တမန်လေဟှို စေလွှတ်ဟှယ်။ သူဟှာ သမ္မာတရားဟှို သတ်သေခံဟှယ်။
JOH 5:34 လူရဲ့သတ်သေခံချစ်ဟှို ငါခံယူဇာ မှုဟှ။ နန်းနို့ကယ်တန်ခံရဟှို့တွပ် အယ်မျိုး ငါပြောဟှယ်။
JOH 5:35 ယောဟန်ဟှာ တော့‑က်လောန်ဘီး လန်းနေဟှူ မီးအီနတူဟှယ်။ နန်းနို့ဟှာ သူ့ရဲ့ လန်းရောန်ထဲမာ ရှစ်ဟှားဘဲ့ ပျော်ဟှို့ ဆန္ဒရှိဂေ့ဟှယ်။
JOH 5:36 အယ်ဘေမဲ့ ယောဟန်ရဲ့ သတ်သေထတ် ကီးမြတ်ဟှူ သတ်သေဟှာ ငါ့မာရှိဟှယ်။ ငါ့ဖဟှ ငါ့ဟှို ပေးအပ်ဟှူ ဇာလေဟှို ခု ငါပြီးမြော့‑က်အောန် လောက်ဆောန်နေဇာဟှာ ငါ့ဟှို ငါ့ဖဟှ စေလွှတ်ဟှယ် ဆိုဇာဟှို သတ်သေခံနေဟှယ်။
JOH 5:37 ငါ့ဟှို စေလွှတ်ဟှူ ဖဟှလည်းဘဲ့ ငါ့ကြောန်းဟှို သတ်သေခံဟှယ်။ နန်းနို့ဟှာ ဖရဲ့ သံတော်ဟှို ကြားဖူးဂေ့ဟှ။ မျစ်နှာတော်ဟှိုလည်း ဗြင်ဖူးဂေ့ဟှ၊
JOH 5:38 အယ်ဘီးဟှာ ဖစေလွှတ်ဟှူလူဟှို ယောင်ကြည်ဘဲကြောန့် စကားတော်ဟှာ နန်းနို့ရဲ့ စိနှလောင်းထဲမာ မှေ့ဟှ။
JOH 5:39 နန်းနို့ဟှာ ထာဝရသတ်ဟှို တွိလေ့မယ် ထန်ဘီး ကျမ်းစာလေဟှို လေ့လာဂေ့ဟှယ်။ အယ်ကျမ်းစာလေဟှ ငါ့ကြောန်းဟှို သတ်သေခံဟှားဟှယ်!
JOH 5:40 အယ်ဘေမဲ့ နန်းနို့ဟှာ သတ်ရဟှို့တွပ် ငါ့နားဟှို လာရှင်ဟှူ ဆန္ဒ မှေ့ဟှ။
JOH 5:41 “ငါဟှာ လူလေရဲ့ ချီးမွမ်းဇာဟှို ရှာဟှ။
JOH 5:42 အယ်ဘေမဲ့ နန်းနို့ဟှာ ဖြားမျိုးလူဇားလေ ဖြစ်ဟှယ် ဆိုဇာဟှို ငါသိဟှယ်။ နန်းနို့မာ ဘုရားသခင်ဟှို ရှစ်ဟှူ နှလောင်းသားမှေ့ဟှ ဆိုဇာဟှိုလည်း ငါသိဟှယ်။
JOH 5:43 ငါဟှာ ငါ့ဖရဲ့ ခွမ့်အာဏာန ရော့‑က်လာဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှ ငါ့ဟှို လတ်ခံဂေ့ဟှ။ အယ်ဘေမဲ့လည်း တခြားလူတယော့‑က်ဟှာ သူ့ကိုယ်ပိုင်ခွမ့်အာဏာန ရော့‑က်လာမယ် ဆိုဟှာ နန်းနို့လတ်ခံလေ့မယ်။
JOH 5:44 နန်းနို့ဟှာ ယော့‑က်နယော့‑က် ချီးမွမ်းခံရဇာဟှို့ဘဲ့ ကြိုက်ဂေ့ဟှယ်။ အယ်ဘေမဲ့ တပါးဒဲရှိဟှူ ဘုရားသခင်နားဟှ ချီးမွမ်းခံရဟှို့ ကြိုးစားဂေ့ဘဲဟှူ နန်းနို့လေဟှာ ငါ့ဟှို ဖယ်မျိုး ယောင်ကြည်နိုင်ဂေ့မယ်နူး။
JOH 5:45 အယ်ဘီးဟှာ ငါဟှ နန်းနို့ဟှို ငါ့ဖရှေ့မာ စွပ်စွဲလေ့မယ် ဆိုဇာဟှို ထန်ဂေ့န။ နန်းနို့ဟှို စွပ်စွဲမယ့်လူဟှ နန်းနို့ မျှော်လင့်အားကိုးဟှူ မောရှေဘဲ့ဖြစ်ဟှယ်။
JOH 5:46 မောရှေဟှာ ငါ့ကြောန်းဟှို ရေးဟှားဟှူကြောန့် နန်းနို့ဟှာ မောရှေဟှို ယောင်ကြည်ဟှယ် ဆိုဟှာ ငါ့ဟှိုလည်း ယောင်ကြည်ဂေ့လေ့မယ်။
JOH 5:47 အယ်ဘေမဲ့ မောရှေရေးဟှားဟှူ ကျမ်းစာလေဟှိုမှ ယောင်ကြည်ဟှ ဆိုဟှာ ငါ့စကားတော်လေဟှိုလည်း ဖယ်မျိုး ယောင်ကြည်နိုင်ဟှို့နူး။”
JOH 6:1 အယ်ဘီးန ယေရှုဟှာ ဂါလိလဲအိုင်ဟှို ကူးတော်မူဟှယ်။ တိဗေရိအိုင် ဆိုဘီးလည်း ခေါ်ဂေ့ဟှယ်။
JOH 6:2 လူနာလေဟှို နာပျော့‑က်စေတော်မူဟှူ နိမိတ်လတ်ခဏာလေဟှို ဗြင်ဟှားဘီးကြောန့် လူအောက်ဂီးဟှာ နော့‑က်ဟှို လိုက်ဂေ့ဟှယ်။
JOH 6:3 ယေရှုဟှာ တောန်ထတ်ဟှို တတ်ဟှားဘီး တဗဲ့တော်လေနတူးဒူ ထိုင်ဂေ့ဟှယ်။
JOH 6:4 ခုခီဟှာ ယုဒလူလေရဲ့ ပသခါပွဲတော် နီးကပ်လာဟှယ်။
JOH 6:5 ယေရှုဟှာ ပတ်စစ်မွှိကေ့လိုက်ဟှူ ခီမာ သူ့နားဟှို လူအောက်ဂီးလာနေဇာဟှို ဗြင်ဟှားဟှယ်။ အယ်ကြောန့် ဖိလိပ္ပုဟှို “အယ်လူလေဟှို ကျွေးဟှို့စားဇာ ဖယ်နေရာမာ ဝယ်ရမယ်နူး” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 6:6 ကိုယ်တော်ဟှာ ဖိလိပ္ပုဟှို စမ်းသပ်ဟှို့တွပ် မေးလိုက်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှ ဖြားဇာလောက်ရမယ် ဆိုဇာဟှို သိတော်မူဟှားပီးဘီ။
JOH 6:7 ဖိလိပ္ပုဟှ “သူးနို့ဟှာ စားဇာဒစ်သားစီ စားရဟှို့တွပ် ငွေဒန်းဂါးလေ ၂၀၀ ထတ် ပိုမှဘဲ့ လော့‑က်အောန်ဝယ်နိုင်မယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
JOH 6:8 တဗဲ့တော်လေထဲဟှ တယော့‑က်ဖြစ်ဟှူ ရှိမုန်ပေတရုရဲ့ညီ အန္ဒြေဟှ၊
JOH 6:9 “အယ်နေရာမာ မုယောမုငါးလောင်းန ငါးနှေ့ကောန်ရှိဟှူ ကောန်သားတယော့‑က်ရှိဟှယ်။ အယ်ဘေမဲ့ အယ်မုန ငါးလေဟှာ အယ်လူလေဘောင်ဂီးတွပ် လောင်းဝလော့‑က်ဟှို့ မှုဟှ” ဆိုဘီး လျှော့‑က်လေဟှယ်။
JOH 6:10 ယေရှုဟှ “လူလေဟှို ထိုင်ခိုင်းလိုက်” ဆိုဘီး မိန့်တော်မူဟှယ်။ အယ်နေရာမာ ဗြစ်ပ္လန်လေ ရှိဟှယ်။ အယ်ကြောန့် ၅,၀၀၀ လော့‑က်ရှိဟှူ ယော့‑က်ကျားလေဟှာ ထိုင်ဂေ့ဟှယ်။
JOH 6:11 ယေရှုဟှာ မုဟှိုယူဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းဘီးန ထိုင်နေဟှူ လူလေဟှို ဝီပေးလိုက်ဟှယ်။ အယ်မျိုးဘဲ့ ငါးဟှိုလည်း သူးနို့စားရှင်မျိုးစားဂေ့ဟှို့တွပ် ဝီပေးလေဟှယ်။
JOH 6:12 သူးနို့လေ ဂူလောင်းဟှာ ဗိုက်ဝဟှားဟှူ ခီမာ ကိုယ်တော်ဟှ တဗဲ့တော်လေဟှို “တခုလည်း ပစ်စလတ်ခတ် ဖြစ်ဘဲနေအောန် ကျန်နေဟှူ ပိုင်းစလေဟှို စုသီးဂေ့” ဆိုဘီး ပြောဟှယ်။
JOH 6:13 အယ်ကြောန့် တဗဲ့တော်လေဟှာ စုသီးလိုက်ဟှူ ခီမာ လူလေစားဟှားဟှူ မုယောမုငါးလောင်းန ငါးနှေ့ကောန်ဟှနေ ကျန်နေဟှူ ပိုင်းစလေဟှာ ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။
JOH 6:14 အယ်နေရာမာရှိဟှူ လူလေဟှာ ယေရှုလောက်ဟှူ အယ်နိမိတ်လတ်ခဏာဟှို ဗြင်ဘီး “အယ်လူဟှာ လောကဟှို ရော့‑က်လာမယ့် ပရောဖက် စစ်မှန်ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 6:15 သူးနို့ဟှာ မိမိဟှို တင်းကြပ်ခေါ်ဆောန်ဟှားဘီးဟှာ မန်းဂီးလောက်ခိုင်းဟှို့ ကြံနေဂေ့ဟှယ် ဆိုဇာဟှို ယေရှုသိတော်မူကြောန့် နော့‑က်တခါ တောန်ထတ်ဟှို တယော့‑က်ဒဲ ထွပ်ဟှားဟှယ်။
JOH 6:16 နေဒန်ဇာရော့‑က်လာခီမာ ယေရှုရဲ့ တဗဲ့တော်လေဟှာ ဂါလိလဲအိုင်ထဲဟှို ဆင်းဟှားဘီး၊
JOH 6:17 လှေထတ်ဟှို တတ်ဘီး၊ အိုင်ဟှို ဖြတ်ဘီး ကပေရနောင်ဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။ ညဉ့်ခန်းဇာရော့‑က်လာလည်း ယေရှုဟှာ သူးနို့နားဟှို ရော့‑က်လာသေးဟှ။
JOH 6:18 အယ်ခီမာ လေပြင်းတိုက်လာဘီး လှိုင်းကီးလာဟှယ်။
JOH 6:19 အယ်ဘီးန တဗဲ့တော်လေဟှာ သောင်းလေးမိုင်လော့‑က် လှော်ခတ်ဘီးခီမာ ယေရှုဟှာ ရေထတ်မာ လမ်းရှော့‑က်ဘီးဟှာ လှေနားဟှို လာနေဇာဟှို ဗြင်ဟှားဘီး ကြော့‑က်လန့်ဟှားဂေ့ဟှယ်။
JOH 6:20 ယေရှုဟှ “ကြော့‑က်ဂေ့န။ ငါဘဲ့ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
JOH 6:21 အယ်ဘီးန သူးနို့ဟှာ ဝန်းသာအားရန ကိုယ်တော့်ဟှို လှေထတ်ဟှို ဆွဲဒန်ဘီးန လှေဟှာ သူးနို့သွားမယ့် ကမ်းခြေဟှို ရှင်းရှင်းဘဲ့ ရော့‑က်ဟှားဟှယ်။
JOH 6:22 နတ်ကီးတိုင်ရော့‑က်မှ အိုင်တဖတ်မာနေဟှားဟှူ လူအောက်ဂီးဟှာ အယ်နေရာမာ လှေတစင်းဘဲ့ရှိနေဇာဟှို ဒိထားမိဂေ့ဟှယ်။ အယ်လှေထဲမာ ယေရှုဟှာ တဗဲ့တော်လေနတူးဒူ လိုက်ဟှားဘဲ့န တဗဲ့တော်လေဘဲ့ ထွပ်ဟှားဇာဟှို သူးနို့ဟှာ သိဟှားဂေ့ဟှယ်။
JOH 6:23 တိဗေရိဗြို့ဟှ တခြားလှေလေဟှာ သခင်ဘုရား ကျေးဇူးတော် ချီးမွမ်းဘီးန လူအောက်ဂီး မုစားဟှားဟှူ ကမ်းခြေနီးဟှို ရော့‑က်လာဂေ့ဟှယ်။
JOH 6:24 လူအောက်ဂီးဟှာ အယ်နေရာမာ ယေရှုန တဗဲ့တော်လေရှိဟှ ဆိုဇာဟှို သိဟှားဟှူ ခီမာ အယ်လှေလေထဲဟှို ဝမ်ဘီးန ကိုယ်တော့်ဟှို ရှာဟှို့တွပ် ကပေရနောင်ဗြို့ဟှို သွားဂေ့ဟှယ်။
JOH 6:25 အိုင်တဖတ်ကမ်းမာ ကိုယ်တော့်ဟှို လူလေတွိဟှူ ခီမာ သူးနို့ဟှ “ဆရာ၊ အယ်နေရာဟှို ဖယ်ခီဒူးဟှ ရော့‑က်လာနူး” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်လေဟှယ်။
JOH 6:26 ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ ငါ့ဟှို လိုက်ရှာနေဇာဟှာ ငါ့ရဲ့ နိမိတ်လတ်ခဏာလေဟှို နားလည်ဟှူကြောန့် မှုဟှ။ နန်းနို့ဟှာ မုဟှို စားရှင်မျိုးစားရကြောန့် ဖြစ်ဟှယ်။
JOH 6:27 ပုပ်ပျစ်တတ်ဟှူ စာတွပ် လောက်ဘဲန ထာဝရသတ်တွပ် တည်မြဲဟှူ စာဟှို လောက်ဂေ့။ အယ်မူဇာဟှာ လူ့ရဲ့သားဟှ နန်းနို့ဟှို ပေးမယ့် စာဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖဘုရားသခင်ဟှာ လူ့ရဲ့သားဟှို ဇိခတ်ဟှားတော်မူဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 6:28 အယ်ကြောန့် သူးနို့ဟှ “ကျွန်တော့်ဟှားလေဟှာ ဘုရားသခင် လိုရှင်ဟှူ လောက်ဟှို လောက်ဟှို့တွပ် ကျွန်တော့်ဟှားလေဟှ ဖြားဇာ လောက်ရဟှို့နူး” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်ဂေ့ဟှယ်။
JOH 6:29 ယေရှုဟှ “ဘုရားသခင် လောက်စေရှင်ဟှူဇာဟှ ဘုရားသခင် စေလွတ်လိုက်ဟှူ သူဟှို ယောင်ကြည်ဟှို့ဘဲ့ ဖြစ်ဟှယ်” ဆိုဘီး ဖြေတော်မူဟှယ်။
JOH 6:30 သူးနို့ဟှ “အယ်ဆိုဟှာ ကျွန်တော့်ဟှားလေ ဗြင်ဘီး ကိုယ်တော့်ဟှို ယောင်ကြည်ဟှို့တွပ် ဖယ်မျိုး နိမိတ်လတ်ခဏာဟှို ကိုယ်တော်ဟှ လောက်ပြမယ်နူး။ ကိုယ်တော်ဟှ ဖယ်မျိုး လောက်ပေးမယ်နူး။
JOH 6:31 ‘ကိုယ်တော်ဟှာ ကောန်းဂန်ဟှ မုဟှို သူးနို့စားဟှို့ ပေးတော်မူဟှယ်’ ဆိုဘီး ကျမ်းစာမာ ရေးဟှားမျိုးဘဲ့ ကျွန်တော့်ဟှားလေရဲ့ ဘိုးဘေးလေဟှ ကန္တာရမာ မန္နမုဟှို စားဂေ့ဟှယ်” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
JOH 6:32 ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကောန်းဂန်ဟှ မုဟှို နန်းနို့ဟှို ပေးဟှူ သူဟှာ မောရှေ မုဟှ။ ငါ့ဖဟှ ကောန်းဂန်ဟှနေ စစ်မှန်ဟှူ မုဟှို နန်းနို့ဟှို ပေးတော်မူဟှယ်။
JOH 6:33 ဘုရားသခင်ပေးဟှူ မုဟှာ ကောန်းဂန်ဟှနေ ဆင်းလာဘီး လောကသားလေဟှို သတ်ပေးဟှူ သူဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
JOH 6:34 သူးနို့ဟှ “သခင်၊ အယ်မုဟှို ကျွန်တော့်ဟှားလေဟှို မြဲဒမ်း ပေးပါ” ဆိုဘီး တောန်းလျှော့‑က်ဂေ့ဟှယ်။
JOH 6:35 ယေရှုဟှ “ငါဟှာ သတ်မု ဖြစ်ဟှယ်။ ငါ့နားဟှို လာဟှူလူလေဟှာ လောင်းဝ ငတ်မွတ်လေ့မယ် မှုဟှ။ ငါ့ဟှို ယောင်ကြည်ဟှူ လူလေဟှာလည်း လောင်းဝ ရေငတ်လေ့မယ် မှုဟှ။
JOH 6:36 ခု နန်းနို့ဟှာ ငါ့ဟှို ဗြင်နေဘေမဲ့ ယောင်ကြည်လေ့ဟှို့ မှုဟှ ဆိုဇာဟှို နန်းနို့ဟှို ငါပြောဟှားဟှယ်။
JOH 6:37 ငါ့ဖဟှ ငါ့ဟှို ပေးဟှားဟှူ လူတိုင်းဟှာ ငါ့နားဟှို လာလေ့မယ်။ ငါ့နားလာဟှူလူဟှို ငါဟှာ လောင်းဝ ပစ်ပယ်ဟှို့ မှုဟှ၊
JOH 6:38 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ငါလိုရှင်ဟှူတိုင်း လောက်ဟှို့မှုဘဲ ငါ့ဟှို စေလွတ်ဟှူ သူရဲ့ လိုရှင်ဟှူတိုင်း လောက်ဟှို့တွပ် ကောန်းဂန်ဟှနေ ဆင်းလာဟှယ်။
JOH 6:39 ငါ့ဟှို စေလွတ်ဟှူ သူရဲ့ လိုတော်ဟှာ ငါ့ဟှို ပေးအပ်ဟှားဟှူ လူလေ ဂူလောင်း ဆောင်းရှောင်းစေဘဲန နော့‑က်ဆောင်းနေ့မာ သူးနို့လေ ဂူလောင်းဟှာ ရှင်ပ္လန်ထမြော့‑က်စေဟှို့တွပ် ဖြစ်ဟှယ်။
JOH 6:40 ငါ့ဖလိုရှင်ဇာဟှ သားတော်ဟှို ဗြင်ဘီး ယောင်ကြည်လာဟှူ လူလေဂူလောင်းဟှာ ထာဝရသတ်ရဟှို့ဖြစ်ဟှယ်။ ငါဟှလည်း နော့‑က်ဆောင်းနေ့မာ သူးနို့ဟှို ရှင်ပ္လန်ထမြော့‑က်စေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 6:41 ကိုယ်တော်ဟှ “ငါဟှာ ကောန်းဂန်ဟှနေ ဆင်းလာဟှူ မုဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလိုက်ဟှူကြောန့် ယုဒလူလေဟှာ ကိုယ်တော်ကြောန်းဟှို စဘီးဟှာ ဝေဖန်ဂေ့ဟှယ်။
JOH 6:42 အယ်ကြောန့် သူးနို့ဟှ “အယ်လူဟှာ ယောသပ်ရဲ့သား ယေရှု မှုဟှလော။ နို့လေဟှာ သူ့ရဲ့ မိဖဟှို သိဟှယ်။ အယ်ဆိုဟှာ သူဟှာ ကောန်းဂန်ဟှနေ ဆင်းလာဟှယ် ဆိုဘီး ဖယ်မျိုးဖြစ်ကြောန့် ပြောနေရနူး” ဆိုဘီး ပြောနေဂေ့ဟှယ်။
JOH 6:43 ယေရှုဟှ “နန်းနို့ရှင်းရှင်းထဲမာ ဝေဖန်နေဇာဟှို ရပ်ဂေ့။
JOH 6:44 ငါ့ဟှို စေလွတ်ဟှူ ဖဟှ သူးနို့ဟှို ဆွဲခေါ်ဟှ ဆိုဟှာ လူလေဟှာ ငါ့နားဟှို လာနိုင်ဂေ့ဟှ။ ငါ့နားဟှို လာဟှူလူလေဟှို နော့‑က်ဆောင်းနေ့မာ ငါဟှာ ရှင်ပ္လန်ထမြော့‑က်စေမယ်။
JOH 6:45 ပရောဖက်ကျမ်းလေမာ ‘လူတိုင်းဟှာ ဘုရားသခင်အားဖြင့် သွန်သန်ပေးဇာဟှို ခံရလေ့မယ်’ ဆိုဘီး ရေးဟှားဟှယ်။ ဖနားဟှ ကြားရဘီး သန်ယူဟှူ ဖယ်သူမဆို ငါ့နားဟှို လာဂေ့ဟှယ်။
JOH 6:46 အယ်မျိုးဆိုဟှာ ယော့‑က်ယော့‑က်ဟှ ဖဟှို ဗြင်ဖူးဟှယ် ဆိုဘီး ပြောရှင်ဇာ မှုဟှ။ ဘုရားသခင်နားဟှနေ ရော့‑က်လာဟှူသူ တယော့‑က်ဘဲ့ ဖဟှို ဗြင်ဖူးဟှယ်။
JOH 6:47 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါ့ဟှို ယောင်ကြည်ဟှူ လူဟှာ ထာဝရသတ်ဟှို ရဟှယ်။
JOH 6:48 ငါဟှာ သတ်မု ဖြစ်ဟှယ်။
JOH 6:49 နန်းနို့ရဲ့ ဘိုးဘေလေဟှာ ကန္တာရထဲမာ မန္နမုဟှို စားရဘေမဲ့လည်း သေဟှားဂေ့ဟှယ်။
JOH 6:50 အယ်ဘေမဲ့ အယ်မုဟှာ ကောန်းဂန်ဟှနေ ဆင်းလာဟှူကြောန့် စားဟှူလူတိုင်းဟှာ သေရလေ့ဟှို့ မှုဟှ။
JOH 6:51 ငါဟှာ ကောန်းဂန်ဟှနေ ဆင်းလာဟှူ သတ်မု ဖြစ်ဟှယ်။ နန်းနို့ဟှာ အယ်မုဟှို စားမယ် ဆိုဟှာ ထာဝရသတ်ရှင် လေ့မယ်။ လောကသားလေ သတ်ရှင်နိုင်ဟှို့တွပ် ငါပေးဟှူ မုဟှာ ငါ့ရဲ့သား ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 6:52 အယ်န ယုဒလူလေဟှ “အယ်လူဟှ သူ့ရဲ့သားဟှို နို့လေစားဟှို့ ဖယ်မျိုးပေးနိုင်မယ်နူး” ဆိုဘီး သူးနို့ရှင်းရှင်းဟှာ စဘီး ဂြင်းဂေ့လေဟှယ်။
JOH 6:53 ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ဟှာ လူ့သားရဲ့ သားဟှို စားဟှ။ သူ့ရဲ့သွီးဟှို သော့‑က်ဟှ ဆိုဟှာ နန်းနို့ရဲ့ထဲမာ သတ်မှေ့ဟှို့ မှုဟှ။
JOH 6:54 ငါ့သားဟှို စားဘီး ငါ့သွီးဟှို သော့‑က်ဟှူသူလေဟှာ ထာဝရသတ်ဟှို ရဟှယ်။ ငါဟှာ သူးနို့ဟှို နော့‑က်ဆောင်းနေ့မာ ရှင်ပ္လန်ထမြော့‑က်စေမယ်။
JOH 6:55 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့သားဟှာ စစ်မှန်ဟှူ စားဇာဖြစ်ဘီး ငါ့ရဲ့ သွီးဟှာ စစ်မှန်ဟှူ သော့‑က်ဇာဖြစ်ဟှယ်။
JOH 6:56 ငါ့ရဲ့ သားဟှို စားဘီး ငါ့သွီးဟှို သော့‑က်ဟှူ လူလေဟှာ ငါ့ရဲ့ ထဲမာ သတ်ရှင်နေဟှယ်။ ငါဟှာလည်း သူးနို့ရဲ့ ထဲမာ သတ်ရှင်နေဟှယ်။
JOH 6:57 သတ်ရှင်ဟှူ ဖဟှ ငါ့ဟှို စေလွှတ်တော်မူဘီး ငါဟှာလည်း ဖအားဖြင့် သတ်ရှင်ဟှယ်။ အယ်မျိုးဘဲ့ ငါ့ဟှို စားဟှူ လူတိုင်းဟှာလည်း ငါ့အားဖြင့် သတ်ရှင်ရလေ့မယ်။
JOH 6:58 အယ်မျိုးဆိုဟှာ အယ်မုဟှ ကောန်းဂန်ဟှနေ ဆင်းလာဟှူ မုဖြစ်ဟှယ်။ နန်းနို့ ဘိုးဘေးလေဟှာ မန္နမုဟှို စားဘီး သေဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်မုဟှို စားဟှူ လူတိုင်းဟှာ ထာဝရ သတ်ရှင်လေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
JOH 6:59 ယေရှုဟှာ ကပေရနောင်ဗြို့ဟှ ဝါလယ်ဇရပ်မာ သွန်သန်ပေးဒူးဟှ အယ်မူဇာလေဟှို မိန့်တော်မူလေဟှယ်။
JOH 6:60 ကိုယ်တော်ရဲ့ တဗဲ့တော်လေ ဘောင်ဂီးဟှာ အယ်မူဇာဟှို ကြားဘီးန “အယ်မျိုး သွန်သန်ဇာဟှာ ရရာတိုင်း ခတ်ဟှယ်။ အယ်မူဇာဟှို ဖယ်လူဟှ နားထောန်နိုင်ဟှို့နူး” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 6:61 တဗဲ့တော်လေဟှာ အယ်ကြောန်းရာဟှို ဝေဖန်နေဂေ့ဟှယ် ဆိုဇာဟှို ယေရှုဟှ လိုလိုသိနေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှ “အယ်စကားကြောန့် နန်းနို့ စိပျစ်ဟှားဘီလော။
JOH 6:62 အယ်ဆိုဟှာ လူ့ရဲ့သားဟှ ရင်းရင်ဒူးဟှ နေရာဟှို ပ္လန်တတ်ကြွဇာဟှို နန်းနို့လေ ဗြင်ရမယ် ဆိုဟှာ ဖယ်မျိုးထန်ဂေ့မယ်နူး။
JOH 6:63 ဘုရားသခင်ရဲ့ ဝိညာဉ်ဟှ သတ်ဟှို ပေးဟှယ်။ လူ့ရဲ့ တဂိုးဟှာ လောင်းဝ သောင်းဇားဟှို့ ရဟှ။ နန်းနို့ဟှို ငါပြောဟှူ စကားလေဟှာ သတ်ပေးဟှူ ဘုရားသခင်ရဲ့ ဝိညာဉ်တော်န ဆိုင်ဟှယ်။
JOH 6:64 နန်းနို့ထဲဟှ တချို့ဟှာ ခုထိ ယောင်ကြည်ဂေ့ဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူဟှယ်။ ဖယ်လူလေဟှ ယောင်ကြည်ဂေ့ဟှ။ ဖယ်လူဟှ မိမိဟှို သစ်စာဖော့‑က်မယ် ဆိုဇာဟှို ယေရှုဟှာ စစဒူးဟှ သိနေဟှယ်။
JOH 6:65 အယ်ဘီးန ကိုယ်တော်ဟှ “အယ်ကြောန်းကြောန့် ဖဟှ ခွမ့်ပေးဟှ ဆိုဟှာ ဖယ်လူလည်း ငါ့နားဟှို လာဂေ့ဟှို့ မှုဟှ ဆိုဘီး နန်းနို့ဟှို ငါပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 6:66 အယ်ခီဟှစဘီး ယေရှုရဲ့ တဗဲ့တော်လေဘောင်ဂီးဟှာ လှည့်ပ္လန်ဟှားဘီး နော့‑က်ထပ် ကိုယ်တော်နတူးဒူ လိုက်ဂေ့ဟှမ်း။
JOH 6:67 အယ်ကြောန့် ယေရှုဟှ တဗဲ့တော်ဆယ့်နှေ့ပါးဟှို “နန်းနို့လည်း ထွပ်ဟှားရှင်ဂေ့လော” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 6:68 ရှိမုန်ပေတရုဟှာ ကိုယ်တော့်ဟှို “သခင်၊ ကျွန်တော့်ဟှားလေဟှ ဖယ်လူနားဟှို သွားရဂေ့ဟှို့နူး။ ထာဝရသတ်နဆိုင်ဟှူ စကားတော်လေဟှ ကိုယ်တော်မာဘဲ့ရှိဟှယ်။
JOH 6:69 အယ်ဘီးဟှာ ကိုယ်တော်ဟှာ ဘုရားသခင်နားဟှနေ ကြွလာဟှူ သန့်ရှင်းသူဖြစ်ဟှယ် ဆိုဇာဟှို ခု ကျွန်တော့်ဟှားလေ ယောင်ကြည်ဘီး သိဂေ့ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 6:70 ယေရှုဟှ “နန်းနို့ဆယ့်နှေ့ပါးဟှို ငါဝီးကော့‑က်ဟှားဟှယ် မှုဟှလော။ အယ်ဘေမဲ့ နန်းနို့ထဲဟှ တယော့‑က်ဟှာ နတ်ဆိုးဖြစ်ဟှယ်!” ဆိုဘီး ပ္လန်မိန့်တော်မူလိုက်ဟှယ်။
JOH 6:71 ကိုယ်တော်ဟှ ရှိမုန်ရှကာရုတ်ရဲ့သား ယုဒကြောန်းဟှို ပြောနေဇာဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယုဒဟှာ တဗဲ့တော်ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဘေမဲ့လည်း ကိုယ်တော့်ဟှို သစ်စာဖော့‑က်မယ့်လူဖြစ်ဟှယ်။
JOH 7:1 အယ်ဘီးန ယေရှုဟှာ ဂါလိလဲနယ်ဟှို လှည့်လည်တော်မူလေဟှယ်။ အယ်နေရာမာရှိဟှူ ယုဒအာဏာပိုင်လေဟှာ ကိုယ်တော့်ဟှို သတ်ဟှို့ရှာနေဂေ့ဟှူကြောန့် ယုဒနယ်ဟှို သွားရှင်ဟှမ်း။
JOH 7:2 ယုဒလူလေရဲ့ သစ်ခတ်တဲပွဲ နီးလာဟှူ ခီမာ၊
JOH 7:3 ယေရှုရဲ့ ညီလေဟှာ ကိုယ်တော့်ဟှို “နို့နောန် လောက်နေဇာလေဟှို နို့နောန်ရဲ့ တဗဲ့တော်လေ ဗြင်ရဟှို့တွပ် အယ်နေရာဟှ ထွပ်ဟှားဘီးဟှာ ယုဒနယ်ဟှို သွားပါ။
JOH 7:4 ပေါ်ရှင်ဟှူလူလေဟှာ သူးနို့ဖြားဇာဘဲ့လောက်လောက် လှည့်ဝှက်ဘီးလောက်ဂေ့ဟှ။ နို့နောန်ဟှာ အယ်မူဇာလေဟှို လောက်မယ် ဆိုဟှာ နို့နောန်ကြောန်းဟှို တလောကလောင်း သိစေပါ!” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 7:5 ကိုယ်တော်ရဲ့ ညီလေဟှိုမှ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှ။
JOH 7:6 ယေရှုဟှာ သူးနို့ဟှို “ငါ့ခီရော့‑က်သေးဟှ။ နန်းနို့တွပ် ခီတိုင်းဟှာ ဆင်သင့်ဖြစ်ဟှယ်။
JOH 7:7 လောကသားလေဟှာ နန်းနို့ဟှို မူးဂေ့ဟှ။ အယ်ဘေမဲ့ ငါ့ဟှို မူးဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ရဲ့ ကျင့်လေဟှ ဆိုးညစ်ဟှယ် ဆိုဘီး ငါဟှ သတ်သေခံဟှယ်။
JOH 7:8 နန်းနို့ အယ်ပွဲတော်ဟှို သွားဂေ့။ ငါ့ခီပ္လဲ့ဇောင်သေးဘဲဟှူကြောန့် အယ်ပွဲတော်ဟှို ငါသွားဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 7:9 အယ်မျိုးပြောဘီးန ကိုယ်တော်ဟှာ ဂါလိလဲနယ်မာဘဲ့ ဆစ်ဘီးနေလေဟှယ်။
JOH 7:10 ကိုယ်တော်ရဲ့ ညီလေဟှာ ပွဲတော်ဟှို သွားလိုက်ဘီးန ယေရှုဟှလည်း တိတိဟှား လိုက်ဟှားဟှယ်။
JOH 7:11 ယုဒအာဏာပိုင်လေဟှာ အယ်ပွဲတော်မာ ကိုယ်တော့်ဟှို ရှာဂေ့ဟှယ်။ သူးနို့ဟှ “အယ်လူဟှာ ဖယ်မာနူး” ဆိုဘီး မေးဟှယ်။
JOH 7:12 လူအောက်ဂီးထဲမာ ကိုယ်တော်ကြောန်းဟှို တီးတိုးပြောနေဂေ့ဟှယ်။ လူတချို့ဟှ “အယ်လူဟှာ လူကောန်း ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ လူတချို့ဟှ “မှုဟှ။ အယ်လူဟှာ လူလေဟှို လှည့်ဇားနေဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 7:13 အယ်ဘေမဲ့ သူးနို့ဟှာ ယုဒ အာဏာပိုင်လေဟှို ကြော့‑က်ဂေ့ဟှူကြောန့် ဖယ်လူလည်း ကိုယ်တော်ကြောန်းဟှို ပွမ့်ပွမ့်လန်းလန်းဟှား ပြောဂေ့ဟှ။
JOH 7:14 ပွဲတော်ကာလခီဟှာ တဝပ်ကျော်လာဟှူ ခီမာ ယေရှုဟှာ ဗိမာန်တော်ဟှို သွားဘီးဟှာ စဘီးသွန်သန်လေဟှယ်။
JOH 7:15 ယုဒအာဏာပိုင်လေဟှာ ရရာတိုင်း အံ့ဩဟှားဘီး “အယ်လူဟှာ ပညာသန်ဖူးဘဲ့န အယ်ပညာလေ ဘောင်ဂီးဟှို ဖယ်မျိုးသိနေရနူး” ဆိုဘီး မေးဂေ့ဟှယ်။
JOH 7:16 ယေရှုဟှ “ငါ့သွန်သန်ချစ်ဟှာ ငါ့ရဲ့ကိုယ်ပိုင် သွန်သန်ချစ် မှုဟှ။ အယ်ဘေမဲ့ ငါ့ဟှိုစေလွတ်ဟှူ ဘုရားသခင်ရဲ့ သွန်သန်ချစ်ဖြစ်ဟှယ်။
JOH 7:17 ဖယ်လူဘဲ့ဖြစ်ဖြစ် ဘုရားသခင်ရဲ့ လိုတော်ဟှို လောက်ရှင်ဟှူ ဆန္ဒရှိမယ် ဆိုဟှာ ငါ့သွန်သန်ချစ်ဟှ ဘုရားသခင်နားဟှလာဇာလော၊ အယ်မျိုးမှုဘဲနေဟှာ ငါ့ရဲ့ကိုယ်ပိုင်ခွမ့်အာဏာန ပြောနေဇာလော ဆိုဇာဟှို သိလေ့မယ်။
JOH 7:18 သူးနို့ရဲ့ ကိုယ်ပိုင် ခွမ့်အာဏာန ပြောဟှူလူလေဟှာ သူးနို့တွပ် ဖောင်းသရေတော်ဟှို့ဘဲ့ ရှာဂေ့ဟှယ်။ အယ်ဘေမဲ့ သူ့ဟှို စေလွှတ်ဟှူသူရဲ့ ဖောင်းသရေတော်ဟှို ရှာဟှူလူဟှာ ဖြောန့်မှန်ဟှူလူဖြစ်ဘီး သူ့မာ လီညာဇာ မှေ့ဟှ။
JOH 7:19 မောရှေဟှ နန်းနို့ဟှို ပညတ်တရားဟှို ပေးဟှားဟှယ် မှုဟှလော။ အယ်ဘေမဲ့ နန်းနို့ထဲမာ အယ်ပညတ်တရားဟှို နားထောန်ဟှူလူ ယော့‑က်လည်း မှေ့ဟှ။ ဖြားဖြစ်ကြောန့် ငါ့ဟှို သတ်ဟှို့ကြိုးစားနေဂေ့နူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 7:20 လူအောက်ဂီးဟှ “နန့်ထဲမာ နတ်ဆိုးတကောန် ရှိဟှယ်! ဖယ်လူဟှ နန့်ဟှို သတ်ဟှို့ ကြိုးစားနေဂေ့နူး” ဆိုဘီး ပ္လန်ပြောလေဟှယ်။
JOH 7:21 ယေရှုဟှ “နိမိတ်လတ်ခဏာတခုဟှို ငါလောက်ဟှူ ခီမာ နန်းနို့ဂူလောင်းဟှာ အံ့ဩဟှားဟှယ်။
JOH 7:22 မောရှေဟှ နန်းနို့ရဲ့ သားလေဟှို ရေဖျားလှီးဟှို့ နန်းနို့ဟှို ခိုင်းဟှားဟှူကြောန့် အယ်မူဇာဟှို မောရှေဟှ စပြုဟှားဇာ မှုဟှ။ နန်းနို့ရဲ့ ဘိုးဘေးလေဟှ စဟှားဟှယ် နန်းနို့ဟှာ ဒန်းနေ့မာလည်း သားဂန်းဟှားဟှို ရေဖျားလှီးပေးဟှယ်။
JOH 7:23 မောရှေရဲ့ ပညတ်တရားဟှို ခ္လိုးဖော့‑က်ရာရော့‑က်ဘဲအောန် သားဂန်းတယော့‑က်ဟှို ဒန်းနေ့မာ ရေဖျားလှီးပေးဟှယ် ဆိုဟှာ ငါဟှာ ဒန်းနေ့မာ လူတယော့‑က်ဟှို ကျန်းမာစေဟှူကြောန့် နန်းနို့ဟှာ ငါ့ဟှို ဖြားဖြစ်ဟှိ မျစ်ဖြစ်ရနူး။
JOH 7:24 ပြင်ပလတ်ခဏာအားဖြင့် စီရင်ဂေ့ဘဲန မှန်းမှန်ကန်းကန်ဟှား စီရင်ဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 7:25 ယေရုရှလင်ဗြို့သားတချို့ဟှ “အယ်လူဟှို အာဏာပိုင်လေဟှ သတ်ဟှို့ ရှာနေဂေ့ဟှယ် မှုဟှလော။
JOH 7:26 ကေ့ကေ့! အယ်လူဟှာ လူဘောင်လယ်မာ ဟောပြောနေဇာဟှို အာဏာပိုင်လေဟှာ တားဂေ့ဟှမား! အယ်လူဟှာ မေရှိယဖြစ်ဟှယ် ဆိုဇာဟှို သူးနို့ဟှာ မှန်တိုင်း သိဟှားဘီလော။
JOH 7:27 အယ်ဘေမဲ့ မေရှိယကြွလာဟှူ ခီမာ ဖယ်နေရာဟှနေ လာဟှယ် ဆိုဇာဟှို ဖယ်သူလည်း သိဂေ့ဟှ။ အယ်လူဟှာ ဖယ်ဟှလာဟှယ် ဆိုဇာဟှို နို့လေအားလောင်း သိဂေ့ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 7:28 ယေရှုဟှ ဗိမာန်တော်ထဲမာ သွန်သန်ဟှူ ခီမာ သံက္လယ်ဂီးန “နန်းနို့ဟှ ငါ့ဟှို တကယ်သိဘဲ့လော။ ငါဟှာ ဖယ်ဟှလာဟှယ် ဆိုဇာဟှို သိဘဲ့လော။ ငါဟှာ ငါ့ရဲ့ ဆန္ဒန လာဇာ မှုဟှ။ အယ်ဘေမဲ့ ငါ့ဟှို စေလွှတ်ဟှူ လူဟှာ သစ်စာန ပ္လဲ့ဇောင်လေဟှယ်။ နန်းနို့ဟှာ သူ့ဟှို သိဂေ့ဟှ၊
JOH 7:29 အယ်ဘေမဲ့ ငါဟှာ သူ့ဟှို သိဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ သူ့နားဟှနေလာဘီး သူဟှ ငါ့ဟှို စေလွှတ်လိုက်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 7:30 အယ်ကြောန့် သူးနို့ဟှ ကိုယ်တော့်ဟှို ဖမ်းဟှို့ ကြိုးစားဘေမဲ့ ကိုယ်တော်ရဲ့ခီ ရော့‑က်သေးဘဲဟှူကြောန့် ဖယ်သူလည်း ကိုယ်တော့်ဟှို ဖမ်းဂေ့ဟှ။
JOH 7:31 အယ်ဘေမဲ့ လူအောက်ထဲဟှ များစုဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဘီး “မေရှိယ ရော့‑က်လာဟှူ ခီမာ အယ်လူလောက်ဇာလေထတ် ပိုများဟှူ နိမိတ်လတ်ခဏာလေဟှို ပြုတော်မူဟှို့လော” ဆိုဘီး မေးဂေ့ဟှယ်။
JOH 7:32 ယေရှုကြောန်းဟှို လူအောက်ဂီးဟှ တီးတိုးပြောနေဇာလေဟှို ဖာရိရှဲလေ ကြားဟှူကြောန့် ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေဟှာ ကိုယ်တော့်ဟှို ဖမ်းဟှို့တွပ် စောန့်တချို့ဟှို စေလွှတ်ဂေ့ဟှယ်။
JOH 7:33 ယေရှုဟှ “ငါဟှာ နန်းနို့နတူးဒူ ရှစ်ဟှားနေဘီးဟှာ ငါ့ဟှို စေလွှတ်တော်မူဟှူ သူနားဟှို သွားရမယ်။
JOH 7:34 နန်းနို့ဟှာ ငါ့ဟှို ရှာဘေမဲ့ တွိဟှို့ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါရှိဟှူ နေရာဟှို နန်းနို့လာနိုင်ဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 7:35 ယုဒအာဏာပိုင်လေဟှ “နို့လေရှာတွိဘဲအောန် သူဟှ ဖယ်နေရာဟှို သွားဟှို့နူး။ နို့လူမျိုးလေနေဟှူ လူမျိုးခြားလေနေဟှူ ဗြို့ဟှို သွားဘီး လူမျိုးခြားလေဟှို သွန်သန်ဟှို့လော။
JOH 7:36 နို့လေဟှာ သူ့ဟှို လိုက်ရှာဘေမဲ့ ရှာတွိဟှို့ မှုဟှ။ သူရှိဟှူ နေရာဟှို နို့လေ လာနိုင်ဟှို့ မှုဟှ ဆိုဘီး ပြောဇာဟှ ဖြားဓိပါယ်နူး” ဆိုဘီး ရှင်းရှင်း ပြောနေဂေ့ဟှယ်။
JOH 7:37 ပွဲတော်ရဲ့ ရေးကီးဆောင်းနေ့ဖြစ်ဟှူ နော့‑က်ဆောင်းနေ့မာ ယေရှုဟှာ ထရပ်ဘီးဟှာ “ရေငတ်ဟှူ လူဟှာ ငါ့နားဟှို လာဘီး သော့က်ဂေ့ပါ။
JOH 7:38 ငါ့ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ သော့‑က်ရမယ်။ ကျမ်းစာမာ ပြောဟှားမျိုးဘဲ့ ‘သတ်ဟှိုပေးဟှူ ရေခ္လောန်းဟှာ သူ့ရဲ့ နှလောင်းထဲဟှနေ စီးထွပ်လာလေ့မယ်’ ” ဆိုဘီး သံက္လယ်ဂီး မိန့်တော်မူလေဟှယ်။
JOH 7:39 ကိုယ်တော့်ဟှို ယောင်ကြည်ဟှူ လူလေဟှာ လတ်ခံရရှိမယ့် ဝိညာဉ်တော်ကြောန်းဟှို မိန့်တော်မူလေဟှယ်။ ယေရှုဟှာ ဖောင်းသရေတော် ထန်ရှားဟှို့တွပ် ထမြော့‑က်ရသေးဘဲကြောန့် ဝိညာဉ်တော်ဟှို ပေးတော်မူသေးဟှ။
JOH 7:40 လူအောက်ထဲမာ တချို့ဟှာ ကိုယ်တော်ရဲ့ စကားလေဟှို ကြားရဘီးန “အယ်လူဟှာ ပရောဖက် စစ်မှန် ဖြစ်ဟှယ်!” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 7:41 တချို့ဟှလည်း “အယ်လူဟှာ မေရှိယ ဖြစ်ဟှယ်!” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ တချို့ဟှ “မေရှိယဟှာ ဂါလိလဲနယ်ဟှနေ ပေါ်ထွပ်လာဟှို့ မှုဟှ!
JOH 7:42 မေရှိယဟှာ ဒါဝိဒ်မန်းဂီးရဲ့ မ္လေးမ္လစ်ဖြစ်ဘီး ဒါဝိဒ်နေဖူးဟှူ ဗက်လင်ဗြို့မာ မွီးမယ် ဆိုဘီး ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 7:43 အယ်ကြောန့် ယေရှုကြောန့် လူအောက်ထဲမာ စိဝန်းကွဲဟှားဂေ့ဟှယ်။
JOH 7:44 တချို့ဟှ ကိုယ်တော့်ဟှို ဖမ်းရှင်ဘေမဲ့ ဖယ်လူလည်း ကိုယ်တော့်ဟှို ဖမ်းဆီးဂေ့ဟှ။
JOH 7:45 စောန့်လေ ပ္လန်ရော့‑က်လာဟှူ ခီမာ ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေဟှ “ဖြားဖြစ်ကြောန့် သူ့ဟှို ခေါ်လာဟှနူး” ဆိုဘီး သူးနို့ဟှို မေးဂေ့ဟှယ်။
JOH 7:46 စောန့်လေဟှ “အယ်လူမျိုး ဖယ်လူလည်းပြောဖူးဟှ!” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
JOH 7:47 ဖာရိရှဲလေဟှ “နန်းနို့လည်း လှည့်ဇားခံရဂေ့ ဟှားဘီလော” ဆိုဘီး သူးနို့ဟှို မေးဂေ့ဟှယ်။
JOH 7:48 “အာဏာပိုင်လေန ဖာရိရှဲလေထဲမာလည်း သူ့ဟှို ယောင်ကြည်ဟှူလူ ယော့‑က်ယော့‑က်ရှိနေဘီလော။
JOH 7:49 အယ်လူအော့‑က်ဟှာ မောရှေရဲ့ ပညတ်တရားဟှို သိဘဲကြောန့် သူးနို့ဟှာ ကီဇာမိနေဟှူ လူလေ ဖြစ်ဟှယ်!”
JOH 7:50 ဖာရိရှဲလေထဲဟှ တယော့‑က်ဖြစ်ဘီး ရင်းရင်ဒူးဟှ ယေရှုနားဟှို လာဖူးဟှူ နိကောဒင်ဟှ
JOH 7:51 “နို့လေရဲ့ ပညတ်တရားဟှာ လူလေနားဟှ ကြားနာရသေးဘဲ့န လူလေ လောက်ဟှားဇာလေဟှိုလည်း သိရသေးဘဲ့န စီရင်မယ်ဘဲ့လော” ဆိုဘီး တခြားလူလေဟှို မေးဟှယ်။
JOH 7:52 သူးနို့ဟှ “အယ်မျိုးဆိုဟှာ နန်ဟှာလည်း ဂါလိလဲနယ်သားဘဲ့လော။ ကျမ်းစာဟှို လေ့လာဂေ့။ အယ်ဆိုဟှာ ဂါလိလဲနယ်ဟှနေ ဖယ်ပရောဖက်လည်း ပေါ်ထွပ်ဂေ့ဟှ ဆိုဇာဟှို နန်းနို့သိလာဂေ့မယ်” ဆိုဘီး ဖြေဂေ့ဟှယ်။ [
JOH 7:53 အယ်ဘီးန သူးနို့လေဟှာ ကိုယ့်အီဟှိုကိုယ် ပ္လန်ဟှားဂေ့ဘီး၊
JOH 8:1 ယေရှုဟှာ သံလွင်တောန်ဟှို ကြွတော်မူဟှားဟှယ်။
JOH 8:2 မိုးလန်းစောစောဂီးမာ ဗိမာန်တော်ဟှို ပ္လန်ကြွဟှားဟှယ်။ လူလေ ဂူလောင်းဟှာ ကိုယ်တော်နားမာ စုနေဂေ့ဟှယ်။ ကိုယ်တော်ဟှာ ထိုင်ဘီး သူးနို့ဟှို သွန်သန်တော်မူလေဟှယ်။
JOH 8:3 ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှာ အီထောန်ရေးဖော့‑က်ပ္လန်နေဟှူ ခီမာ ဖမ်းဟှားဟှူ မီးမဟှို ခေါ်လာဘီး သူးနို့လေ ဂူလောင်းရှေ့မာ အယ်မီးမဟှို မတ်တတ်ရပ်ခိုင်းဟှားဟှယ်။
JOH 8:4 သူးနို့လေဟှ ယေရှုဟှို “ဆရာ၊ အယ်မီးမဟှို အီထောန်ရေးဖော့‑က်ပ္လန်နေဒူးမာ ဖမ်းမိဟှယ်။
JOH 8:5 ကျွန်တော့်ဟှားလေရဲ့ ပညတ်တရားမာ မောရှေဟှ အယ်မျိုးမီးမဟှို က္လော့‑က်ခဲန သေအောန်ပစ်ရမယ် ဆိုဘီး ပညတ်ဟှားဟှယ်။ အယ်ဆိုဟှာ ဆရာဟှ ဖယ်မျိုးပြောမယ်နူး” ဆိုဘီး မေးဂေ့ဟှယ်။
JOH 8:6 သူးနို့ဟှာ ယေရှုဟှို စွပ်စွဲရှင်ဟှူကြောန့် ထောန်ချော့‑က်ဆင်ဟှို့ အယ်မျိုးပြောဂေ့ဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ ခေါန်းငေါက်ဘီး မ္လေဂီးထတ်မာ လတ်ညိုးန ရေးနေတော်မူလေဟှယ်။
JOH 8:7 သူးနို့ဟှာ အယ်နေရာမာဘဲ့ မတ်တတ်ရပ်နေဘီး မေးခွန်းလေ မေးနေဟှူကြောန့် ကိုယ်တော်ဟှာ မော့ကေ့ဘီး “နန်းနို့ထဲဟှ ပြစ်မှေ့ဘဲလူဟှာ ဦးဆောင်း အယ်မီးမဟှို က္လော့‑က်ခဲနပစ်ဂေ့ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 8:8 အယ်ဘီးန ကိုယ်တော်ဟှာ ခေါန်းငေါက်ဘီး မ္လေဂီးထတ်မာ ပ္လန်ဘီးရေးတော်မူလေဟှယ်။
JOH 8:9 သူးနို့ဟှာ အယ်မူစကားကြားရဟှူ ခီမာ သတ်ကီးဟှူ လူလေဟှစဘီး ယော့‑က်ဘီးယော့‑က် ထွပ်ဟှားဂေ့လေဟှယ်။ ယေရှုတပါးဒဲဘဲ့ အယ်နေရာမာ ရပ်နေဟှူမီးမနတူးဒူ ကျန်ရစ်ဟှယ်။
JOH 8:10 ယေရှုဟှာ မော့ကေ့ဘီး အယ်မီးမဟှို “သူးနို့ ဖယ်ရော့‑က်ဟှားဂေ့နူး။ နန့်ဟှို ပြစ်စီရင်ဟှို့ ယော့‑က်လည်းမှေ့ဟှမ်းလော။” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 8:11 “ယော့‑က်လည်းမှေ့ဟှမ်း။ ဆရာ” ဆိုဘီး အယ်မီးမဟှ ပ္လန်ဖြေလေဟှယ်။ ယေရှုဟှ “ငါလည်း နန့်ဟှို ပြစ်စီရင်ဟှ။ သွားလိုက်။ အယ်ဘေမဲ့ ပ္လန်ဘီးပြစ်လောက်န” ဆိုဘီး မိန့်တော်မူဟှယ်။]
JOH 8:12 ယေရှုဟှ ဖာရိရှဲလေဟှို “ငါဟှာ လောကရဲ့ လန်းရောန် ဖြစ်ဟှယ်။ ငါ့ရဲ့ နော့‑က်လိုက်လေဟှာ မှောန်ထဲမာ လောင်းဝရှော့‑က်ရဘဲ သတ်ရဲ့ လန်းရောန်ဟှို ရရှိမယ်” ဆိုဘီး ပ္လန်မိန့်တော်မူဟှယ်။
JOH 8:13 ဖာရိရှဲလေဟှ “ခု နန်ဟှာ နန့်ရဲ့ ကြောန်းဟှိုဘဲ့ သတ်သေခံနေဟှယ်။ နန့်ရဲ့ သတ်သေခံချစ်ဟှာ မှန်ဟှ” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 8:14 ယေရှုဟှ “ငါ့ကြောန်းဟှို ငါ သတ်သေခံနေဘေမဲ့လည်း ငါပြောနေဇာလေဟှာ တကယ်ဘဲ့ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဖယ်နေရာဟှနေလာဘီး ဖယ်နေရာဟှို သွားမယ် ဆိုဇာဟှို ငါသိဟှယ်။ နန်းနို့ဟှ ငါဟှာ ဖယ်နေရာဟှနေလာဘီး ဖယ်နေရာဟှို သွားမယ် ဆိုဇာဟှို သိဂေ့ဟှ။
JOH 8:15 နန်းနို့ဟှာ လူရဲ့ စံနှုန်းတိုင်း စီရင်ဂေ့ဟှယ်။ ငါဟှာ ဖယ်လူဟှိုလည်း စီရင်ဟှ။
JOH 8:16 အယ်ဘေမဲ့ ငါစီရင်မယ် ဆိုဟှာလည်း ငါ့စီရင်ချစ်ဟှာ မှန်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ယော့‑က်ဒဲစီရင်ဇာ မှုဟှ။ ငါ့ဟှို စေလွတ်ဟှူ ဖဟှာ ငါ့နတူးဒူရှိနေဟှယ်။
JOH 8:17 နန်းနို့ပညတ်တရားထဲမာ သတ်သေနှေ့ယော့‑က် ဘောတူဟှူ ခီမာ သူးနို့ဖြားဇာဘဲ့ပြောပြော မှန်ဟှယ်။
JOH 8:18 ငါဟှာ ငါ့ကြောန်းဟှို သတ်သေခံဟှယ်။ ငါ့ဟှို စေလွတ်ဟှူ ဖဟှလည်း ငါ့ကိုယ်စား သတ်သေခံဟှယ်” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
JOH 8:19 သူးနို့ဟှ “နန့်ဖဟှ ဖယ်မာနူး” ဆိုဘီး ကိုယ်တော့်ဟှို မေးဂေ့ဟှယ်။ ယေရှုဟှ “နန်းနို့ဟှာ ငါ့ဟှို သိဂေ့ဟှမျိုးဘဲ့ ငါ့ဖဟှိုလည်း သိဂေ့ဟှ။ နန်းနို့ဟှာ ငါ့ဟှို သိမယ် ဆိုဟှာ ငါ့ဖဟှိုလည်း သိဂေ့မယ်” ဆိုဘီး ပ္လန်ဖြေဟှယ်။
JOH 8:20 ယေရှုဟှာ ဗိမာန်တော်ထဲမာ သွန်သန်တော်မူဒူးဟှ အယ်စကားလေ ဂူလောင်းဟှို လှူခံသစ်တာနီးမာ မိန့်တော်မူဟှယ်။ ကိုယ်တော်ရဲ့ ခီရော့‑က်သေးဘဲဟှူကြောန့် ကိုယ်တော့်ဟှို ဖယ်လူလည်း ဖမ်းဂေ့ဟှ။
JOH 8:21 ယေရှုဟှာ “ငါဝီးဟှို သွားရလေ့မယ်။ နန်းနို့ဟှာ ငါ့ဟှို လိုက်ရှာဂေ့ဘေမဲ့ နန်းနို့ရဲ့ ပြစ်ထဲမာ သေလေ့မယ်။ ငါသွားဟှို့နေရာဟှို နန်းနို့လာနိုင်ဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 8:22 အယ်ကြောန့် ယုဒအာဏာပိုင်လေဟှ “သူလာမယ့် နေရာဟှို နန်းနို့လာနိုင်ဂေ့ဟှ ဆိုဘီး သူဟှ ပြောဟှယ်။ အယ်ဓိပါယ်ဟှ သူ့ကိုယ်သူ သတ်သေဟှို့လော” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 8:23 ယေရှုဟှ “နန်းနို့ဟှာ အော့‑က်ဘောင်သားလေ ဖြစ်ဂေ့ဟှယ်။ ငါဟှ ထတ်ဘောင်ဟှနေ လာဟှယ်။ နန်းနို့ဟှာ အယ်လောကသားလေ ဖြစ်ဂေ့ဟှယ်။ ငါဟှာ အယ်လောကသား မှုဟှ။
JOH 8:24 အယ်ကြောန့် နန်းနို့ဟှာ နန်းနို့ရဲ့ ပြစ်ထဲမာ သေရလေ့မယ် ဆိုဘီး ငါပြောဟှားဟှယ်။ ‘ငါဖြစ်ဟှူတိုင်း ငါဖြစ်ဟှယ်’ ဆိုဇာဟှို နန်းနို့ ယောင်ကြည်ဟှ ဆိုဟှာ နန်းနို့ဟှာ နန်းနို့ရဲ့ ပြစ်ထဲမာ သေရလေ့မယ်” ဆိုဘီး ဖြေတော်မူဟှယ်။
JOH 8:25 သူးနို့ဟှ “နန်ဟှ ဖယ်သူနူး” ဆိုဘီး ကိုယ်တော့်ဟှို မေးဂေ့ဟှယ်။ ယေရှုဟှ “ငါဖယ်သူဖြစ်ဟှယ် ဆိုဇာ နန်းနို့ဟှို စစဒူးဟှ ငါပြောပီးဘီ။
JOH 8:26 ငါ့မာ နန်းနို့န ပတ်သတ်ဘီး ပြောဟှို့ရော၊ စီရင်ဟှို့ရော ဘောင်ဂီးရှိဟှယ်။ အယ်ဘေမဲ့ ငါ့ဟှို စေလွှတ်ဟှူသူဟှာ သစ်စာန ပ္လဲ့ဇောင်ဘီး ငါဟှာ သူ့နားဟှနေ ကြားရဇာလေဟှိုဘဲ့ အယ်လောကဟှို ပြောဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 8:27 ယေရှုဟှ ဖဟှို ရည်ညွန်းဘီး ပြောနေဇာဟှို သူးနို့ဟှ နားလည်ဂေ့ဟှ။
JOH 8:28 အယ်ကြောန့် ယေရှုဟှ သူးနို့ဟှို “နန်းနို့ဟှ လူ့ရဲ့သားဟှို မ္လော့‑က်ဟှားဟှူ ခီမာ ‘ငါဖြစ်ဒဲ့တိုင်း ငါဖြစ်ဟှယ်’ ဆိုဇာဟှိုရော၊ ငါဟှာ ငါ့ကိုယ်ပိုင် ခွမ့်အာဏာန ဖြားလည်းလောက်ဟှ ဆိုဇာဟှိုရော၊ ငါ့ဟှို ဖဟှ ညွန်ကြားဟှားဇာလေဟှိုဘဲ့ ငါပြောဟှယ် ဆိုဇာဟှိုရော နန်းနို့လေ သိလေ့မယ်။
JOH 8:29 ငါ့ဟှို စေလွှတ်သူဟှာ ငါ့နတူးဒူ ရှိဘီး ငါဟှာ သူကြိုက်ဟှူ ဇာလေဟှို မြဲဒမ်း လောက်နေကြောန့် သူဟှာ ငါ့ဟှို တယော့‑က်ဒဲ ပစ်ထားတော်မူဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 8:30 အယ်မူဇာလေဟှို ကြားရဟှူ လူလေဟှာ ယေရှုဟှို ယောင်ကြည်ဂေ့ဟှယ်။
JOH 8:31 အယ်ကြောန့် ယေရှုဟှ သူ့ဟှို ယောင်ကြည်ဟှူ ယုဒလူလေဟှို “နန်းနို့ဟှာ ငါ့ရဲ့ တရားစကားဟှို နားထောန်မယ် ဆိုဟှာ နန်းနို့ဟှာ ငါ့ရဲ့ တဗဲ့တော်လေ မှန်ဘဲ့ဖြစ်ဘီး
JOH 8:32 နန်းနို့ဟှာ သမ္မာတရားဟှို သိရဘီးဟှာ အယ်သမ္မာတရားဟှ နန်းနို့ဟှို လွတ်မြော့‑က်စေလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 8:33 သူးနို့ဟှ “နို့လေဟှာ အာဗြဟံရဲ့ မ္လေးမ္လစ်လေဖြစ်ဘီး နို့လေဟှာ ဖယ်လူနားမာလည်း ကျွန်ခံဖူးဟှ။ အယ်ဆိုဟှာ ‘နန်းနို့လေ လွတ်မြော့‑က်လေ့မယ်’ ဆိုဘီး နန်ပြောနေဇာဟှ ဖြားဓိပါယ်နူး” ဆိုဘီး မေးဂေ့ဟှယ်။
JOH 8:34 ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ပြစ်လောက်ဟှူ လူတိုင်းဟှာ ပြစ်ရဲ့ကျွန် ဖြစ်ဟှယ်။
JOH 8:35 ကျွန်ဟှာ အီမာ မြဲဒမ်းနေဇာ မှုဟှ။ အယ်ဘေမဲ့ သားဟှာ မြဲဒမ်း နေဟှယ်။
JOH 8:36 သားတော်ဟှ နန်းနို့ဟှို လွတ်ပေးမယ် ဆိုဟှာ နန်းနို့ဟှာ မှန်ဘဲ့လွတ်ဂေ့လေ့မယ်။
JOH 8:37 နန်းနို့ဟှာ အာဗြဟံရဲ့ မ္လေးမ္လစ်ဖြစ်ဟှယ် ဆိုဇာဟှို ငါသိဟှယ်။ နန်းနို့ဟှာ ငါ့ရဲ့ သွန်သန်ချစ်ဟှို လတ်ခံရှင်ဘဲဟှူကြောန့် ငါ့ဟှို သတ်ဟှို့ ကြိုးစားနေဂေ့ဟှယ်။
JOH 8:38 ငါဟှာ ဖနားဟှ ဗြင်ဟှားဇာလေဟှိုဘဲ့ ပြောဟှယ်။ နန်းနို့ဟှာ နန်းနို့ဖ ပြောဟှားဇာလေဟှို လောက်ဂေ့ဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
JOH 8:39 သူးနို့ဟှာ “နို့လေရဲ့ ဖဟှာ အာဗြဟံဖြစ်ဟှယ်” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။ ယေရှုဟှ “နန်းနို့ဟှာ အာဗြဟံရဲ့ သားမီးလေ မှန်ဘဲ့ဖြစ်မယ် ဆိုဟှာ အာဗြဟံလောက်မျိုးဘဲ့ လောက်ဂေ့လေ့မယ်။
JOH 8:40 ဘုရားသခင်နားဟှနေ ငါကြားဟှားဟှူ သမ္မာတရားဟှို နန်းနို့ဟှို ပြောဘေမဲ့လည်း နန်းနို့ဟှ ငါ့ဟှို သတ်ဟှို့ ကြိုးစားဂေ့ဟှယ်။ အာဗြဟံဟှာ အယ်မျိုးလောက်ဟှ!
JOH 8:41 နန်းနို့ဟှာ နန်းနို့ဖ လောက်ဟှားမျိုး လောက်နေဂေ့ဟှယ်” ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။ သူးနို့ဟှ “ဘုရားသခင် ကိုယ်တိုင်ဟှာ နို့လေရဲ့ တပါးဒဲဟှူ ဖဖြစ်ဘီး နို့လေဟှာ မှားယွင်းမှုမှေ့ဘဲဟှူ သားမီးလေဖြစ်ဟှယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
JOH 8:42 ယေရှုဟှာ သူးနို့ဟှို “ဘုရားသခင်ဟှ နန်းနို့ဖ မှန်ဘဲ့ဖြစ်ဟှယ် ဆိုဟှာ နန်းနို့ဟှာ ငါ့ဟှို ရှစ်ဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဘုရားသခင်နားဟှ လာဘီး ခု ငါအယ်မာရှိဟှယ်။ ငါ့ကိုယ်ပိုင် ခွမ့်အာဏာန လာဇာ မှုဟှ။ ကိုယ်တော်ဟှ ငါ့ဟှို စေလွှတ်တော်မူဟှယ်။
JOH 8:43 နန်းနို့ဟှာ ငါပြောဇာဟှို ဖြားဖြစ်ကြောန့် နားလည်ဂေ့ဟှနူး။ နန်းနို့ဟှာ ငါ့ရဲ့ တရားဟှို နားထောန်နိုင်ဘဲကြောန့် ဖြစ်ဟှယ်။
JOH 8:44 နန်းနို့ဟှာ နန်းနို့ဖ မာရ်နတ်ရဲ့ သားလေဖြစ်ဘီး နန်းနို့ဖရဲ့ လိုနော့‑က်ဟှို လိုက်ရှင်ဂေ့ဟှယ်။ စစဒူးဟှ သူဟှာ လူသတ်မားဖြစ်ဘီး သမ္မာတရား ဖတ်မာ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ထဲမာ သမ္မာတရားလည်း မှေ့ဟှ။ သူဟှာ လီညာသူဖြစ်ဘီး လီညာဇာ ဂူလောင်းရဲ့ ဖလည်းဖြစ်ဟှူကြောန့် သူ့ပင်ကိုစရိုက်တိုင်းဘဲ့ ပြောဆိုဟှယ်။
JOH 8:45 အယ်ဘေမဲ့ ငါဟှာ သမ္မာတရားဟှို ပြောဟှူကြောန့် နန်းနို့ဟှာ ငါ့ဟှို ယောင်ကြည်ဂေ့ဟှ။
JOH 8:46 ငါ့မာ ပြစ်ရှိဟှယ် ဆိုဇာဟှို နန်းနို့ထဲဟှ ဖယ်လူတယော့‑က် သတ်သေပြနိုင်မယ်နူး။ ငါဟှာ သမ္မာတရားဟှို ပြောဟှယ် ဆိုဟှာ ဖြားဖြစ်ကြောန့် နန်းနို့ဟှာ ငါ့ဟှို ယောင်ကြည်ဂေ့ဟှနူး။
JOH 8:47 ဘုရားသခင်နားဟှ လာဟှူလူဟှာ ဘုရားသခင်ရဲ့ စကားလေဟှို နားထောန်ဟှယ်။ အယ်ဘေမဲ့လည်း နန်းနို့ဟှ ဘုရားသခင်နားဟှ လာဇာမှုဘဲဟှူကြောန့် နန်းနို့ဟှာ နားထောန်ဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 8:48 ယုဒလူလေဟှာ ယေရှုဟှို “နန်ဟှာ ရှမာရိလူ ဖြစ်ဘီးဟှာ နန့်ထဲမာ နတ်ဆိုးရှိဟှယ် ဆိုဘီး နို့လေပြောဇာဟှာ မှန်ဘဲကြောန့်လော” ဆိုဘီး မေးဂေ့ဟှယ်။
JOH 8:49 ယေရှုဟှ “ငါ့မာ နတ်ဆိုး မှေ့ဟှ။ ငါဟှာ ငါ့ဖဟှို ချီးမြှော့‑က်ဘေမဲ့ နန်းနို့ဟှာ ငါ့ဟှို ချီးမြော့‑က်ဂေ့ဟှ။
JOH 8:50 ငါဟှာ ငါ့တွပ် ဖောင်းသရေတော်ဟှို ရှာဇာ မှုဟှ။ အယ်ဘေမဲ့ ငါ့ရဲ့ ဖောင်းသရေတော်ဟှို ရှာဘီး ငါ့ဖတ်မာ စီရင်တော်မူဟှူသူ ရှိဟှယ်။
JOH 8:51 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါ့စကားဟှို နာခံဟှူ ဖယ်သူဘဲ့ဖြစ်ဖြစ် ကာလစဉ်ဆစ် သေဘေးန ကြောင်ရဟှို့ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 8:52 ယုဒလူလေဟှ ကိုယ်တော့်ဟှို “နန့်မာ နတ်ဆိုးရှိဟှယ် ဆိုဇာဟှို ခု နို့လေ တိက္လသိဟှားဘီ! အာဗြဟံလည်း သေဟှားဘီ။ ပရောဖက်လေလည်း သေဟှားဘီ။ ခုထိ နန်ဟှာ နန့်ရဲ့ စကားဟှို နာခံဟှူ ဖယ်လူဘဲ့ဖြစ်ဖြစ် ကာလစဉ်ဆစ် သေရလေ့မယ် မှုဟှ ဆိုဘီး ပြောဟှယ်။
JOH 8:53 နန်ဟှာ သေဟှားဟှူ နို့လေရဲ့ဖ အာဗြဟံထတ် ကီးမြတ်လော။ သူဟှာ သေဟှားဘီ။ ပရောဖက်လေလည်း သေဟှားဂေ့ဘီ။ နန့်ကောန်နန် ဖယ်လူဖြစ်ဟှယ် ဆိုဘီး ထန်နေနူး” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 8:54 ယေရှုဟှ “ငါဟှာ ငါ့ကိုယ်ငါ ချီးမြှော့‑က်မယ် ဆိုဟှာ အယ်မျိုး ချီးမြှော့‑က်ဇာဟှာ သောင်းဇားရဟှို့ မှုဟှ။ ငါ့ဟှို ချီးမြှော့‑က်ဟှူ သူဟှာ ငါ့ဖ ဖြစ်ဘီး နန်းနို့ပြောနေဟှူ နန်းနို့ရဲ့ ဘုရားသခင် ဖြစ်ဟှယ်။
JOH 8:55 နန်းနို့ဟှာ သူ့ဟှို လောင်းဝ သိဂေ့ဘေမဲ့ ငါဟှာ သူ့ဟှို သိဟှယ်။ သူ့ဟှို ငါသိဟှ ဆိုဘီး ပြောမယ် ဆိုဟှာ ငါဟှာလည်း နန်းနို့မျိုးဘဲ့ လီညာသူ ဖြစ်ဟှားလေ့မယ်။ အယ်ဘေမဲ့ ငါဟှာ သူ့ဟှို သိဘီး သူ့စကားဟှို နာခံဟှယ်။
JOH 8:56 နန်းနို့ဖ အာဗြဟံဟှာ ငါလာမယ့် ခီကာလဟှို ဗြင်ရမယ် ဖြစ်ဟှူကြောန့် ပျော်ရွှင်နေဘီး အယ်နေ့ရစ်ဟှို ဗြင်ဟှားဟှူ ခီမာ ဝန်းသာလေဟှယ်” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
JOH 8:57 ယုဒလူလေဟှာ ကိုယ်တော့်ဟှို “နန်ဟှာ သတ်ငါးဆယ်မျှ ပ္လဲ့သေးဘဲ့န ဖယ်မျိုးလောက်ဘီး အာဗြဟံဟှို ဗြင်ဖူးဟှားဟှယ်နူး” ဆိုဘီး မေးဂေ့ဟှယ်။
JOH 8:58 ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ အာဗြဟံ မွီးခန်ဂဒဲဟှ ငါရှိဟှယ်!” ဆိုဘီး ပ္လန်ဖြေဟှယ်။
JOH 8:59 အယ်န သူးနို့ဟှာ ကိုယ်တော့်ဟှို ပစ်ဟှို့ က္လော့‑က်ခဲလေဟှို ကော့‑က်ဂေ့ဟှယ်။ အယ်ဘေမဲ့ ယေရှုဟှာ ဗိမာန်တော်ဟှနေ ရှောန်ထွပ်ဟှားတော်မူလေဟှယ်။
JOH 9:1 ယေရှုဟှာ လမ်းရှော့‑က်သွားနေဒူးမာ မွီးဂဒဲဟှ မျစ်စိကန်းနေဟှူ လူတယော့‑က်ဟှို တွိတော်မူဟှယ်။
JOH 9:2 ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှ ကိုယ်တော့်ဟှို “ဆရာ၊ အယ်လူဟှာ မွီးဂဒဲဟှ မျစ်စိကန်းနေဇာဟှ ဖယ်လူရဲ့ ပြစ်ကြောန့်နူး။ သူ့ရဲ့ ပြစ်ကြောန့်လော။ သူ့မိဖရဲ့ ပြစ်ကြောန့်လော” ဆိုဘီး မေးဂေ့ဟှယ်။
JOH 9:3 ယေရှုဟှ “သူ့ရဲ့ ပြစ်ကြောန့်လည်း မှုဟှ။ သူ့မိဖရဲ့ ပြစ်ကြောန့်လည်း မှုဟှ။ သူ့မာ ဘုရားသခင်ရဲ့ တဂိုးတော်ဟှာ ထန်ရှားစေဟှို့တွပ်ဖြစ်ဟှယ်။
JOH 9:4 နို့လေဟှာ ငါ့ဟှို စေလွှတ်ဟှူသူရဲ့ မှုတော်ဟှို နေ့ခီမာ လောက်ဆောန်ရမယ်။ ဖယ်လူလည်း လောက်နိုင်ဘဲဟှူ ညဉ့်ခီ ရော့‑က်လာလေ့မယ်။
JOH 9:5 ငါဟှာ လောကမာ ရှိနေဟှူ ခီမာ ငါဟှာ လောကတွပ် လန်းရောန်ဖြစ်ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 9:6 ယေရှုဟှာ အယ်မျိုး မိန့်တော်မူဘီးန မ္လေဂီးထတ်ဟှို ထွီးရယ်န ထွီးဘီးဟှာ အယ်ထွီးရယ်န ဗယ်ဟှို နယ်လိုက်ဟှယ်။ ကိုယ်တော်ဟှာ အယ်လူရဲ့ မျစ်စိလေဟှို ဗယ်နလူးပေးလိုက်ဘီး
JOH 9:7 သူ့ဟှို “ရှိလောင်ရေကန်မာ သွားဘီးဆေးလိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ ရှိလောင် နာမယ်ဟှာ “စေလွှတ်ဟှယ်” ဆိုဘီး ဓိပါယ်ရဟှယ်။ အယ်ကြောန့် အယ်လူဟှာ သွားဘီး သူ့မျစ်နှာဟှို ဆေးလိုက်ဟှူ ခီမာ မျစ်စိဗြင်ဟှားဘီး ပ္လန်လာလေဟှယ်။
JOH 9:8 အီဇနီးရှင်းလေန ရင်းရင်ဒူးဟှ တောန်းဇားနေဟှူ သူ့ဟှို ဗြင်ဖူးဟှူလူလေဟှ “အယ်လူဟှာ ထိုင်ဘီးတောန်းဇားနေဟှူလူ မှုဟှလော” ဆိုဘီး မေးဂေ့ဟှယ်။
JOH 9:9 တချို့ဟှ “အယ်လူဘဲ့ ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ တချို့ဟှ “အယ်လူ မှုဟှ။ အယ်လူန တူဇာဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ကြောန့် အယ်လူကိုယ်တိုင်ဟှ “အယ်လူဟှာ ငါဘဲ့ဖြစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
JOH 9:10 သူးနို့ဟှ “နန်ဟှ ဖယ်မျိုးဖြစ်ကြောန့် မျစ်စိဗြင်ဟှားနူး” ဆိုဘီး မေးဂေ့ဟှယ်။
JOH 9:11 သူဟှ “ယေရှု ဆိုဘီး ခေါ်ဟှူလူဟှ ဗယ်ဟှို လောက်ဘီး ကျွန်တော်ရဲ့မျစ်စိဟှို ဗယ်နလူးပေးဘီးဟှာ ရှိလောင်ရေကန်ဟှို သွားဘီးဆေးဟှို့ပြောဟှယ်။ အယ်ကြောန့် ကျွန်တော်ဟှာ သွားဘီးငါ့မျစ်နှာဟှို ဆေးလိုက်ဟှူန မျစ်စိဗြင်ဟှားလေဟှယ်” ဆိုဘီး ဖြေလေဟှယ်။
JOH 9:12 သူးနို့ဟှ “အယ်လူဟှာ ဖယ်နားမာနူး” ဆိုဘီး မေးဂေ့ဟှယ်။ သူဟှ “ကျွန်တော်သိဟှ” ဆိုဘီး ဖြေလေဟှယ်။
JOH 9:13 အယ်ဘီးန သူးနို့ဟှာ မျစ်စိကန်းဖြစ်ဖူးဟှူလူဟှို ဖာရိရှဲလေနားဟှို ခေါ်ဟှားဂေ့ဟှယ်။
JOH 9:14 ယေရှုဟှာ ဗယ်ဟှိုနယ်ဘီး အယ်လူရဲ့ မျစ်စိဟှို ဗြင်စေတော်မူဟှူနေ့ဟှာ ဒန်းနေ့ဖြစ်ဟှယ်။
JOH 9:15 အယ်ကြောန့် ဖာရိရှဲလေဟှာ အယ်လူဟှို ဖယ်မျိုး မျစ်စိဗြင်ဟှားဟှယ် ဆိုဘီး ပ္လန်မေးဂေ့ဟှယ်။ အယ်လူဟှ “သူဟှာ ကျွန်တော့်မျစ်စိဟှို ဗယ်နလူးပေးဟှယ်။ ကျွန်တော်ဟှာ မျစ်နှာဟှို ဆေးလိုက်ဟှူ ခီမာ မျစ်စိဗြင်ဟှားလေဟှယ်” ဆိုဘီး သူးနို့ဟှို ပြောပြဟှယ်။
JOH 9:16 ဖာရိရှဲတချို့ဟှ “အယ်လူဟှာ ဒန်းနေ့ဟှို ဖော့‑က်ဖျစ်ဟှူကြောန့် ဘုရားသခင်နားဟှ လာဟှူလူ မှုဟှ” ဆိုဘီး ပြောဂေ့ဟှယ်။ တချို့ဟှလည်း “ပြစ်သားဖြစ်ဟှူလူဟှာ ဖယ်မျိုးလောက်ဘီးဟှာ အယ်မျိုး နိမိတ် လတ်ခဏာလေဟှို ပြနိုင်ဟှို့နူး” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘီးန သူးနို့ထဲမာလည်း စိဝန်းကွဲဟှားဂေ့ဟှယ်။
JOH 9:17 အယ်ကြောန့် ဖာရိရှဲလေဟှာ အယ်လူဟှို “နန့်ဟှို မျစ်စိဗြင်စေဟှူ လူရဲ့ကြောန်းဟှို နန်ဖယ်မျိုးပြောမယ်နူး” ဆိုဘီး နော့‑က်တခါ ပ္လန်မေးဂေ့ဟှယ်။ အယ်လူဟှ “သူဟှာ ပရောဖက်ဖြစ်ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
JOH 9:18 အယ်ဘေမဲ့လည်း ယုဒအာဏာပိုင်လေဟှ သူဟှာ ရင်းရင်ဒူးဟှ မျစ်စိကန်းဖြစ်ဘီး ခု ဗြင်နေဟှယ် ဆိုဇာဟှို ယောင်ကြည်ဘဲကြောန့် သူးနို့ဟှာ သူ့မိဖလေဟှို ခေါ်ဘီးန၊
JOH 9:19 သူးနို့ဟှို “အယ်လူဟှာ နန်းနို့ရဲ့ သားဘဲ့လော။ သူဟှာ မွီးဂဒဲဟှ ကန်းနေဟှယ် ဆိုဘီး နန်းနို့ပြောဂေ့ဟှယ်။ အယ်ဆိုဟှာ ခု ဖယ်မျိုးဖြစ်ဟှူကြောန့် ဗြင်နေရနူး” ဆိုဘီး မေးဂေ့ဟှယ်။
JOH 9:20 သူ့မိဖလေဟှ “သူဟှာ နို့လေရဲ့ သားဖြစ်ဟှယ် ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။ သူဟှာ မွီးဂဒဲဟှ ကန်းနေဟှယ် ဆိုဇာဟှိုလည်း နို့လေသိဂေ့ဟှယ်။
JOH 9:21 အယ်ဘေမဲ့ ခု ဖယ်မျိုးလောက်ဘီး ဗြင်ဟှားဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှ။ သူ့ဟှို ဗြင်အောန်ကုသပေးဟှူ သူဟှိုလည်း နို့လေသိဂေ့ဟှ။ သူ့ဟှိုဘဲ့ မေးကေ့။ သူဟှာ ရွယ်ရော့‑က်နေဘီ။ သူ့ကြောန်းဟှို သူကိုယ်တိုင်ဘဲ့ ဖြေနိုင်မယ်!” ဆိုဘီး ဖြေဂေ့ဟှယ်။
JOH 9:22 သူ့မိဖလေဟှာ ယုဒအာဏာပိုင်လေဟှို ကြော့‑က်ဟှူကြောန့် အယ်မျိုး ပြောလိုက်ဂေ့ဟှယ်။ ယုဒအာဏာပိုင်လေဟှာ ဖယ်လူဘဲ့ဖြစ်ဖြစ် ယေရှုဟှာ မေရှိယဖြစ်ဟှယ် ဆိုဘီး ဝန်ခံမယ် ဆိုဟှာ ဝါလယ်ဇရပ်ဟှနေ နှန်ထုဟှို့တွပ် ဘောတူဟှားဟှယ်။
JOH 9:23 အယ်ကြောန့်ဘဲ့ သူ့မိဖလေဟှ “သူဟှာ ရွယ်ရော့‑က်နေဘီ။ သူ့ဟှိုဘဲ့ မေးကေ့!” ဆိုဘီး ပြောလိုက်ဂေ့ဟှယ်။
JOH 9:24 သူးနို့ဟှာ မွီးဂဒဲဟှ ကန်းနေဟှူလူဟှို ဒုတိယခါ ပ္လန်ခေါ်ဘီး “မှန်တိုင်းပြောဇာအားဖြင့် ဘုရားသခင်ဟှို ချီးမွမ်းပါ! နန့်ဟှို ကုသပေးဟှူလူဟှာ ပြစ်သားတယော့‑က် ဖြစ်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်” ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။
JOH 9:25 အယ်လူဟှ “သူဟှာ ပြစ်သားဖြစ်ဟှယ်၊ ဖြစ်ဟှ ဆိုဇာဟှို ကျွန်တော်သိဟှ။ ကျွန်တော်သိဇာတခုဟှ ရင်းရင်ဒူးဟှ ကျွန်တော်ဟှာ မျစ်ကန်းဖြစ်ဘီး ခု ဗြင်ဟှားဘီ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
JOH 9:26 အယ်လူလေဟှ “သူဟှ နန့်ဟှို ဖြားလေ လောက်ပေးဟှယ်နူး။ နန့်ရဲ့ မျစ်စိဟှို ဖယ်မျိုး ဗြင်စေဟှယ်နူး” ဆိုဘီး မေးဂေ့ဟှယ်။
JOH 9:27 သူဟှ “ခန်ဗျားလေဟှို ကျွန်တော်ပြောပီးဘီ။ ခန်ဗျားလေ နားထောန်ဂေ့ဟှ။ ဖြားဖြစ်ကြောန့် ခန်ဗျားလေဟှ ပ္လန်ဘီးကြားရှင်နေရနူး။ ခန်ဗျားလေလည်း သူ့တဗဲ့ ဖြစ်ရှင်ကြောန့်လော” ဆိုဘီး ပ္လန်ပြောလေဟှယ်။
JOH 9:28 သူးနို့ဟှ “နန်ဘဲ့အယ်လူရဲ့ တဗဲ့ဖြစ်ဟှယ်။ နို့လေဟှ မောရှေရဲ့ တဗဲ့လေ ဖြစ်ဟှယ်။
JOH 9:29 ဘုရားသခင်ဟှာ မောရှေဟှို ပြောဟှားဇာလေဟှို နို့လေသိဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်လူဟှာ ဖယ်ဟှနေလာဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှ!” ဆိုဘီး သူ့ဟှို ပြစ်တန်ဘီး ပြောဂေ့ဟှယ်။
JOH 9:30 အယ်လူဟှ “သူဟှာ ကျွန်တော့်မျစ်စိဟှို ဗြင်စေဟှယ်။ အယ်ဘေမဲ့ ခန်ဗျားလေဟှ အယ်လူဖယ်ဟှနေ လာဟှယ် ဆိုဇာဟှို သိဂေ့ဟှ ဆိုဇာ ရရာတိုင်း အံ့ဇာကောန်းဟှယ်!
JOH 9:31 ဘုရားသခင်ဟှာ ပြစ်သားလေရဲ့ စကားဟှို နားထောန်ဟှ။ ဘုရားသခင်ဟှိုကြော့‑က်ဘီး ကိုယ်တော် လိုရှင်ဇာဟှို လောက်ဟှူလူလေရဲ့ စကားဟှိုဘဲ့ နားထောန်ဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေသိဟှယ်။
JOH 9:32 မွီးဂဒဲဟှ ကန်းနေဟှူ လူတယော့‑က်ဟှာ မျစ်စိဗြင်ဟှားဟှယ် ဆိုဇာဟှို ရှေးခေတ်ကာလဟှ ယော့‑က်လည်း ကြားဖူးဂေ့ဟှ။
JOH 9:33 အယ်လူဟှာ ဘုရားသခင်နားဟှနေ လာဟှ ဆိုဟှာ ဖြားတခုလည်း လောက်နိုင်ဟှို့ မှုဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
JOH 9:34 သူးနို့ဟှ “နန်ဟှာ မွီးဂဒဲဟှ ပြစ်န ကီးလာဟှူ လူဖြစ်ဘီးဟှာ နို့လေဟှို သွန်သန်ပေးဟှို့လော” ဆိုဘီး မေးဂေ့ဟှယ်။ အယ်ဘီးန သူ့ဟှို ဝါလယ်ဇရပ်ဟှနေ နှန်ထုလိုက်ဂေ့ဟှယ်။
JOH 9:35 အယ်မျိုး နန်ထုလိုက်ဟှယ် ဆိုဇာဟှို ယေရှုဟှာ ကြားဟှားဟှူ ခီမာ အယ်လူဟှို တွိလိုက်ဟှူန “နန်ဟှာ လူ့ရဲ့သားဟှို ယောင်ကြည်ဘဲ့လော” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 9:36 အယ်လူဟှ “ဆရာ၊ လူ့ရဲ့သားဟှ ဖယ်သူနူး။ ကျွန်တော်ဟှာ သူ့ဟှို ယောင်ကြည်နိုင်ဟှို့တွပ် ပြောပြပါလား” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 9:37 ယေရှုဟှ “နန်ဟှာ သူ့ဟှို ဗြင်ဖူးပီးဘီ။ ခု နန့်န စကားပြောနေဟှူ လူဘဲ့ ဖြစ်ဟှယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူဟှယ်။
JOH 9:38 အယ်လူဟှ “သခင်၊ ကျွန်တော် ယောင်ကြည်ပါဟှယ်!” ဆိုဘီး လျှော့‑က်လိုက်ဘီးဟှာ ယေရှုဟှို ရှိခိုးလေဟှယ်။
JOH 9:39 ယေရှုဟှ “ငါဟှာ ကန်းနေဟှူ လူလေဟှို ဗြင်စေဘီး ဗြင်နေဟှူလူလေဟှို ကန်းစေဟှို့တွပ်န တရားစီရင်ဟှို့တွပ် အယ်လောကဟှို ကြွလာဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
JOH 9:40 ကိုယ်တော်နတူးဒူ ရှိနေဟှူ ဖာရိရှဲတချို့ဟှာ အယ်မျိုးပြောဇာဟှို ကြားရဟှူကြောန့် ကိုယ်တော့်ဟှို “ဖြားနူး။ နို့လေလည်း မျစ်ကန်းဖြစ်ဟှယ်လော။” ဆိုဘီး မေးဂေ့ဟှယ်။
JOH 9:41 ယေရှုဟှ “နန်းနို့ဟှာ မျစ်ကန်းဖြစ်မယ် ဆိုဟှာ နန်းနို့မာ ပြစ် မှေ့ဟှ။ အယ်ဘေမဲ့ နန်းနို့ဟှ ဗြင်ဟှယ် ဆိုဘီး ပြောနေဟှူကြောန့် နန်းနို့မာ ပြစ်ရှိဟှယ်” ဆိုဘီး ဖြေတော်မူဟှယ်။
JOH 10:1 ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်ပြောမယ်။ သိုးခြံထဲဟှို ခွဗော့‑က်ဟှနေ ဝမ်ဘဲန တခြားနည်းလမ်းန ကျော်ဝမ်ဟှူလူဟှာ ခိုးမ္လ ဖြစ်ဟှယ်။
JOH 10:2 ခွဗော့‑က်ဟှနေ ဝမ်ဟှူလူဟှာ သိုးထီးမားဖြစ်ဟှယ်။
JOH 10:3 သိုးထီးမားဟှို ခွဗော့‑က်စောန့်ဟှာ ခွဗော့‑က်ဖွမ့်ပေးဟှယ်။ သိုးလေဟှလည်း သူ့ရဲ့သံဟှို နားထောန်ဂေ့ဟှယ်။ သူဟှာ သူ့ရဲ့သိုးလေဟှို နာမယ်န ထုဆောန်တတ်ဟှယ်။
JOH 10:4 သူ့သိုးလေဟှို ထုဆောန်ဟှားခီမာ သိုးလေရှေ့ဟှနေ သွားဟှယ်။ သိုးလေဟှလည်း သူ့ရဲ့သံဟှို သိဟှူကြောန့် သူ့နော့‑က်လိုက်ဂေ့ဟှယ်။
JOH 10:5 သိုးလေဟှာ လူဇီးနော့‑က်လိုက်မယ့်စား အယ်လူရဲ့ သံဟှို သိဘဲဟှူကြောန့် အယ်လူနားဟှနေ ထွပ်ပ္လေးဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူဟှယ်။
JOH 10:6 ယေရှုဟှ ဖာရိရှဲလေဟှို အယ်ပေါင်ဥပမာဟှို ပြောပြဘေမဲ့လည်း အယ်ပေါင်ဥပမာရဲ့ ဓိပါယ်ဟှို နားလည်ဂေ့ဟှ။
JOH 10:7 အယ်ကြောန့် ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်ပြောမယ်။ ငါဟှာ သိုးလေဝမ်ဟှူ ခွဗော့‑က်ဖြစ်ဟှယ်။
JOH 10:8 ငါ့ရှေ့ဟှ ရော့‑က်လာဟှူ လူလေ ဂူလောင်းဟှာ ခိုးမ္လလေ ဖြစ်ဂေ့ဟှယ်။ အယ်ကြောန့် သိုးလေဟှာ သူးနို့ရဲ့ သံဟှို နားထောန်ဂေ့ဟှ။
JOH 10:9 ငါဟှာ ခွဗော့‑က်ဖြစ်ဟှယ်။ ငါ့အားဖြင့်ဝမ်ဟှူလူလေဟှာ ကယ်တန်ခံရလေ့မယ်။ သူးနို့ဟှာ ထွပ်ဝမ်ဘီး စားကျက်ဟှို တွိလေ့မယ်။
JOH 10:10 ခိုးဟှာ ခိုးဟှို့၊ သတ်ဟှို့၊ ဖျစ်ဆီးဟှို့လာဟှယ်။ ငါဟှာ နန်းနို့ဟှို သတ်ရရောင်မျှ မှုဟှ သတ်န ပ္လဲ့ဇောင်စေဟှို့တွပ် လာဟှယ်။”
JOH 10:11 “ငါဟှာ ကောန်းဟှူ သိုးထီးမား ဖြစ်ဟှယ်။ ကောန်းဟှူ သိုးထီးမားဟှာ သိုးလေတွပ် သူ့သတ်ဟှို စွန့်တတ်ဟှယ်။
JOH 10:12 သိုးထီးမားလည်း မှုဘဲဟှူ၊ သိုးလေရဲ့ ဇရှင်လည်း မှုဘဲဟှူ လူငှားဟှာ ဝံပုလွေလာနေဇာဟှို ဗြင်ဟှူ ခီမာ သိုးလေဟှို ထားရစ်ဘီး ထွပ်ပ္လေးဟှားတတ်ဟှယ်။ အယ်ကြောန့် ဝံပုလွေဟှာ သိုးလေဟှို ကိုက်ဖမ်းဘီး ဖ္လဲဖ္လဲစင် ဖြစ်ဟှားစေဟှယ်။
JOH 10:13 လူငှားဟှာ လူငှားဘဲ့ဖြစ်ဟှူကြောန့် သိုးလေဟှို ဂရုစိုက်ဘဲန ထွပ်ပ္လေးဟှားလေဟှယ်။
JOH 10:14 ငါဟှာ ကောန်းမြတ်ဟှူ သိုးထီးမားဖြစ်ဟှယ်။ ဖဟှ ငါ့ဟှို သိတော်မူဘီး ငါဟှာလည်း ဖဟှို သိမျိုးဘဲ့ ငါ့သိုးလေဟှိုလည်း ငါသိဘီး ငါ့သိုးလေဟှလည်း ငါ့ဟှိုသိဟှယ်။
JOH 10:15 ငါဟှာ သိုးလေတွပ် ငါ့သတ်ဟှို စွန့်ဟှယ်။
JOH 10:16 အယ်သိုးခြံထဲဟှို ဝမ်ဘဲဟှူ တခြားသိုးလေဟှိုလည်း ငါပိုင်သေးဟှယ်။ အယ်သိုးလေဟှိုလည်း ငါခေါ်သွမ်းရအူးမယ်။ သူးနို့ဟှာ ငါ့သံဟှို နားထောန်ဟှူကြောန့် သိုးစုတစုဒဲ၊ သိုးထီးမား တယော့‑က်ဒဲ ဖြစ်လာလေ့မယ်။
JOH 10:17 “ငါဟှာ သတ်ဟှို ပ္လန်ရရှိစေဟှို့ ငါ့သတ်ဟှို စွန့်ရှင်ဟှူကြောန့် ဖဟှ ငါ့ဟှို ရှစ်တော်မူဟှယ်။
JOH 10:18 ဖယ်လူလည်း ငါ့သတ်ဟှို ငါ့နားဟှနေ နုယူဟှို့ ရဂေ့ဟှ။ ငါ့ရဲ့ ဆန္ဒတိုင်းဘဲ့ ငါ့သတ်ဟှို ငါစွန့်ဟှယ်။ ငါ့မာ ငါ့သတ်ဟှို စွန့်ဟှို့တွပ် ခွမ့်ရှိဘီး ငါ့သတ်ဟှို ပ္လန်ယူဟှို့တွပ်လည်း ခွမ့်ရှိဟှယ်။ အယ်စေခိုင်းချစ်ဟှို ငါဟှာ ငါ့ဖနားဟှ ရရှိဟှယ်” ဆိုဘီး ထပ်ဘီး မိန့်တော်မူလေဟှယ်။
JOH 10:19 အယ်စကားလေကြောန့် ယုဒလူလေထဲမာ ထပ်ဘီး စိဝန်းကွဲဟှားဟှယ်။
JOH 10:20 သူးနို့လေဟှ “သူ့မာ နတ်ဆိုးရှိဟှယ်! သူဟှာ ရူးဖြစ်ဟှယ်! ဖြားဖြစ်ကြောန့် နန်းနို့ဟှ သူ့စကားဟှို နားထောန်နေနူး” ဆိုဘီး ပြောနေဂေ့ဟှယ်။
JOH 10:21 အယ်ဘေမဲ့ တချို့ဟှ “နတ်ဆိုးရှိဟှူ လူဟှာ အယ်မျိုးပြောနိုင် မှုဟှ! နတ်ဆိုးဟှ မျစ်စိကန်းနေဟှူ လူလေဟှို ဖယ်မျိုးဗြင်အောန် လောက်ပေးနိုင်မယ်နူး” ဆိုဘီး ပြောနေဂေ့ဟှယ်။
JOH 10:22 ယေရုရှလင်ဗြို့မာ ဗိမာန်တော် ဆစ်ကပ် ပွဲတော် ကျင်းပနေဟှယ်။ အယ်ခီဟှ ဆောန်းကာလ ဖြစ်ဟှယ်။
JOH 10:23 ယေရှုဟှာ ဗိမာန်တော်ထဲဟှ ရှောလမုန်ရဲ့ မုခ်ဦးဆောန်ထဲမာ လမ်းရှော့‑က်နေဘီး၊
JOH 10:24 ယုဒလူလေဟှာ ကိုယ်တော်နားဟှို ဝိုင်းအောင်လာဘီးန “နန်ဟှာ ဖယ်ခီထိ နို့လေရဲ့ စိဟှို ဒွိဟဖြစ်စေဟှို့နူး။ နို့လေဟှို မှန်တိုင်း ရှင်းရှင်းလန်းလန်းဟှား ပြောပြပါ။ နန်ဟှာ မေရှိယဘဲ့လော” ဆိုဘီး မေးဂေ့ဟှယ်။
JOH 10:25 ယေရှုဟှ “နန်းနို့ဟှို ငါပြောပြဟှားဘေမဲ့လည်း နန်းနို့ဟှာ ယောင်ကြည်ဂေ့ဟှ။ နို့ဖရဲ့ ခွမ့်န ငါလောက်ဟှူ မှုလေဟှာ ငါ့ကြောန်းဟှို သတ်သေခံနေဟှယ်။
JOH 10:26 အယ်ဘေမဲ့ နန်းနို့ယောင်ကြည်ဂေ့ဟှ။ နန်းနို့ဟှာ ငါ့သိုးလေမှုဘဲကြောန့် ဖြစ်ဟှယ်။
JOH 10:27 ငါ့သိုးလေဟှာ ငါ့သံဟှို နားထောန်ဂေ့ဟှယ်။ ငါဟှလည်း သူးနို့ဟှို သိဘီး သူးနို့ဟှာ ငါ့နော့‑က်လိုက်ဂေ့ဟှယ်။
JOH 10:28 ထာဝရသတ်ဟှိုလည်း ငါပေးဟှယ်။ အယ်သိုးလေဟှာ လောင်းဝ သေရလေ့ဟှို့ မှုဟှ။ ဖယ်လူလည်း သူးနို့ဟှို ငါ့နားဟှနေ လုယူနိုင်ဂေ့ဟှ။
JOH 10:29 သူးနို့ဟှို ငါ့နားမာ အပ်ပေးဟှားဟှူ နို့ဖဟှာ ရှိမျှဂူလောင်းထတ် ကီးမြတ်တော်မူဟှယ်။ ဖယ်လူလည်း သူးနို့ဟှို ဖလတ်ဟှနေ လုယူနိုင်ဂေ့ဟှ။
JOH 10:30 ငါ့ဖန ငါဟှာ တလောင်းတဝဒဲ ဖြစ်ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 10:31 ယုဒလူလေဟှာ ကိုယ်တော့်ဟှို ပစ်ဟှို့တွပ် က္လော့‑က်ခဲလေဟှို ပ္လန်ဘီး ကော့‑က်ယူဂေ့ဟှယ်။
JOH 10:32 ယေရှုဟှာ “ငါဟှာ ဖနားဟှ ကောန်းမြတ်ဇာလေ ဘောင်ဂီးဟှို နန်းနို့ရှေ့မာ လောက်ပြပီးဘီ။ အယ်မူလေထဲဟှ ဖြားမှုတွပ်ကြောန့် ငါ့ဟှို က္လော့‑က်ခဲန ပစ်ရှင်ဂေ့နူး” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
JOH 10:33 ယုဒလူလေဟှ “ကောန်းဟှူ ကျင့်တခုခုကြောန့် နို့လေဟှာ နန့်ဟှို က္လော့‑က်ခဲန ပစ်ရှင်ဇာ မှုဟှ။ နန်ဟှာ လူဖြစ်ဘေမဲ့လည်း နန့်ကောန်နန် ဘုရားဖြစ်ဟှယ် ဆိုဘီး ဘုရားသခင်ဟှို စော်ကားဟှယ်!” ဆိုဘီး ဖြေဂေ့ဟှယ်။
JOH 10:34 ယေရှုဟှ “နန်းနို့ရဲ့ ပညတ်တရားမာ ‘နန်းနို့ဟှာ ဘုရားလေ ဖြစ်ဟှယ်’ ဆိုဘီး ရေးဟှားဟှယ်။
JOH 10:35 ကျမ်းစာမာ ဖော်ပြဟှားဟှူ ဇာဟှာ မြဲဒမ်း မှန်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။ ဘုရားသခင်ဟှ သူ့ရဲ့ စကားတော်ဟှို ကြားရဟှူလူလေဟှို ‘ဘုရားလေ’ ဆိုဘီး ခေါ်လေဟှယ်။
JOH 10:36 ဖဟှာ ငါ့ဟှို ဝီးကော့‑က်ဘီး အယ်လောကထဲဟှို စေလွှတ်တော်မူဟှယ်။ ငါဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှယ် ဆိုဘီး ပြောဟှူကြောန့် ငါဟှာ ဘုရားသခင်ဟှို စော်ကားဟှယ် ဆိုဘီး ဖယ်မျိုးကြောန့် နန်းနို့ပြောနိုင်ဂေ့ဟှယ်နူး။
JOH 10:37 ငါဟှာ ငါ့ဖရဲ့ မှုတော်လေဟှို ဆောန်ရွက်ဟှ ဆိုဟှာ ငါ့ဟှို ယောင်ကြည်ဂေ့န။
JOH 10:38 အယ်ဘေမဲ့ ငါဟှာ အယ်မှုလေဟှို လောက်ဆောန်ဟှယ် ဆိုဟှာ ငါ့ဟှို ယောင်ကြည်ဘဲဟှိုမှ ငါ့ရဲ့ လောက်ဆောန်ချစ်လေဟှို ယောင်ကြည်ဂေ့။ အယ်မျိုးယောင်ကြည်မယ် ဆိုဟှာ ဖဟှာ ငါ့ထဲမာ ရှိတော်မူဘီး ငါဟှာလည်း ဖထဲမာ ရှိတော်မူဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့လေ့မယ်” ဆိုဘီး ဖြေတော်မူဟှယ်။
JOH 10:39 နော့‑က်တခါ သူးနို့ဟှာ ယေရှုဟှို ဖမ်းဟှို့ ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ သူးနို့လတ်ဟှနေ လွတ်မြောက်ဟှားလေဟှယ်။
JOH 10:40 အယ်ဘီးန ယေရှုဟှာ ယော်ဒန်မ္လစ်ဟှို ဖြတ်ဘီး ပထမဦးဆောင်း ယောဟန်ဗတ္တိဇံပေးဟှူ နေရာဟှို တခါပ္လန်ကြွဟှားဘီး အယ်နေရာမာ နေတော်မူလေဟှယ်။
JOH 10:41 လူလေဘောင်ဂီးဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ သူးနို့ဟှ “ယောဟန်ဟှာ ဖြားနိမိတ်လတ်ခဏာလေလည်း လောက်ဟှ။ အယ်ဘေမဲ့လည်း အယ်လူကြောန်းဟှို သူပြောဇာလေ ဂူလောင်းဟှာ မှန်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 10:42 အယ်နေရာမာရှိဟှူ လူလေဘောင်ဂီးဟှာ ယေရှုဟှို ယောင်ကြည်ဂေ့လေဟှယ်။
JOH 11:1 ဗေသနိဝါမာနေဟှူ လာဇရုဟှာ နေကောန်းဘဲဖြစ်နေဟှယ်။ ဗေသနိဝါမာ ညီအေးမလေဖြစ်ဂေ့ဟှူ မာရိန မာသဟှာ နေထိုင်ဂေ့ဟှယ်။
JOH 11:2 အယ်မာရိဟှာ သခင်ဘုရားရဲ့ ခေတော်ထတ်ဟှို ဆီမွှီးလောန်းခ္လဘီး ခေတော်ဟှို ဆားဗန်န သုပေးဟှူသူဖြစ်ဟှယ်။ နေကောန်းဘဲဖြစ်နေဟှူ လာဇရုဟှာ သူ့ရဲ့မောင်ဖြစ်ဟှယ်။
JOH 11:3 ညီအေးမနှေ့ယော့‑က်ဟှာ ယေရှုနားဟှို “သခင်၊ ကိုယ်တော်ရှစ်ဟှူလူဟှာ နေကောန်းဘဲ ဖြစ်နေဟှယ်” ဆိုဘီး ဒန်းစကားပို့လိုက်ဂေ့ဟှယ်။
JOH 11:4 အယ်ဒန်းဟှို ယေရှု ကြားလိုက်ခီမာ “အယ်နာဟှာ လာဇရုဟှို သေဟှို့မှုဘဲ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဘီး ဘုရားသခင်ရဲ့ သားတော်ဟှာလည်း ဖောင်းသရေတော် ထန်ရှားလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 11:5 ယေရှုဟှာ မာသဟှိုရော၊ သူ့မရဲ့ ညီမဟှိုရော၊ လာဇရုဟှိုရော ရှစ်တော်မူဟှယ်။
JOH 11:6 ကိုယ်တော်ဟှာ လာဇရုရဲ့ဒန်းဟှို ကြားဘေမဲ့လည်း အယ်နေရာမာ နှေ့ရစ်နေနေသေးဟှယ်။
JOH 11:7 အယ်ဘီးန ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို “ယုဒနယ်ဟှို ပ္လန်ဂေ့ဇို့” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 11:8 တဗဲ့တော်လေဟှ “ဆရာ၊ ယုဒလူလေဟှာ ဆရာ့ဟှို စဒူးဟှဘဲ့သေး က္လော့‑က်ခဲနပစ်ဟှို့ လောက်နေဂေ့ဟှယ်။ အယ်နေရာဟှိုဘဲ့ ပ္လန်ဘီးကြွတော်မူအူးလော” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
JOH 11:9 ယေရှုဟှ “တနေ့မာ ဆယ့်နှေ့နာရီ ရှိဟှယ် မှုဟှလော။ အယ်ကြောန့် နေ့ခီမာ သွားလာဟှူ လူလေဟှာ ခလောက်တိုက်မိဂေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှ လောကရဲ့ လန်းရောန်ဟှို ဗြင်ရဟှယ်။
JOH 11:10 အယ်ဘေမဲ့ ညဉ့်မိုက်ဇာမာ သွားလာဟှူ လူလေဟှာ ခလောက်တိုက်မိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့မာ လန်းရောန်မှေ့ဟှ” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 11:11 ယေရှုဟှာ အယ်မျိုး မိန့်တော်မူဘီးန “နို့လေရဲ့ မိဆွေ လာဇရုဟှာ အိမွိဟှားဘီ။ သူ့ဟှို နှိုးဟှို့ ငါသွားမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 11:12 တဗဲ့တော်လေဟှ “သခင်၊ သူဟှာ အိမွိနေဟှယ် ဆိုဟှာ ကျန်းမာလာလေ့မယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
JOH 11:13 ယေရှုဟှာ လာဇရုသေဟှားကြောန်းဟှို မိန့်တော်မူနေ ဘေမဲ့လည်း အိမွိနေဇာဟှိုဘဲ့ မိန့်တော်မူနေဟှယ် ဆိုဘီး သူးနို့ထန်နေဂေ့ဟှယ်။
JOH 11:14 အယ်ကြောန့် ယေရှုဟှာ သူးနို့ဟှို “လာဇရု သေဟှားဘီ။
JOH 11:15 အယ်ဘေမဲ့ နန်းနို့လေ ယောင်ကြည်လာဟှို့တွပ်ကြောန့် အယ်နေရာမာ ငါမှေ့ဘဲဇာဟှာ နန်းနို့တွပ် ငါဝန်းသာဟှယ်။ သူ့နားဟှို သွားဂေ့ဇို့” ဆိုဘီး ပွမ့်ပွမ့်လန်းလန်းဟှား မိန့်တော်မူလေဟှယ်။
JOH 11:16 မြွှာဘ္လူး ဆိုဘီး ခေါ်ဟှူ သောမဟှာ သူ့ရဲ့ဖော်လေဟှို “နို့လေအားလောင်း ဆရာနတူးဒူ သေခံဟှို့ လိုက်ဟှားဂေ့ဇို့!” ဆိုဘီး ပြောလေဟှယ်။
JOH 11:17 ယေရှု ရော့‑က်လာတော်မူခီမာ လာဇရုဟှို သန်းခ္လိုင်းဂူမာ သင်္ဂြိုဟ်ဟှားဇာ လေးရစ်ရှိနေဘီ ဆိုဇာဟှို တွိဟှားတော်မူဟှယ်။
JOH 11:18 ဗေသနိဝါဟှာ ယေရုရှလင်ဗြို့ဟှနေ နှေ့မိုင်လော့‑က်ဘဲ့ ဝီးဟှယ်။
JOH 11:19 ယုဒလူဘောင်ဂီးဟှာ မာသန မာရိရဲ့မောင် သေဟှားဟှူကြောန့် သူးနို့ဟှို နှစ်သိမ့်ဟှို့ လာဂေ့ဟှယ်။
JOH 11:20 မာသဟှာ ယေရှုကြွလာဟှယ် ဆိုဇာဟှို ကြားဟှူ ခီမာ ကိုယ်တော့်ဟှို ကြိုဆိုဟှို့ ထွပ်ဟှားလေဟှယ်။ မာရိဟှာ အီမာဘဲ့ နေရစ်ဟှယ်။
JOH 11:21 မာသဟှာ ယေရှုဟှို “သခင်၊ ကိုယ်တော်ဟှာ အယ်နေရာမာရှိနေမယ် ဆိုဟှာ ကျွန်မမောင် သေဟှို့ မှုဟှ!
JOH 11:22 အယ်ဘေမဲ့ ခု ကိုယ်တော်ဟှာ ဘုရားသခင်နားမာ တောန်းတော်မူသမျှဟှို ဘုရားသခင် ပေးတော်မူမယ် ဆိုဇာဟှို ကျွန်မသိဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
JOH 11:23 ယေရှုဟှ “နန့်မောင်ဟှာ သတ်ပ္လန်ရှင်လေ့မယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူလိုက်ဟှယ်။
JOH 11:24 မာသဟှ “သူဟှာ နော့‑က်ဆောင်းဟှူ နေ့မာ ရှင်ပ္လန်ထမြော့‑က်လေ့မယ် ဆိုဇာဟှို ကျွန်မသိပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်ဟှယ်။
JOH 11:25 ယေရှုဟှာ သူ့ဟှို “ငါဟှာ ရှင်ပ္လန်ထမြော့‑က်ရှင်း ဖြစ်ဟှယ်။ သတ်လည်း ဖြစ်ဟှယ်။ ငါ့ဟှို ယောင်ကြည်ဟှူ လူလေဟှာ သေဟှားဘေမဲ့လည်း ပ္လန်ရှင်လေ့မယ်။
JOH 11:26 ငါ့ဟှို ယောင်ကြည်ဘီး သတ်ရှင်နေဟှူ လူလေဟှာ ကာလစဉ်ဆစ် သေရလေ့ဟှို့ မှုဟှ။ အယ်မူဇာဟှို နန်ယောင်ကြည်ဘဲ့လော” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 11:27 သူဟှ “ယောင်ကြည်ပါဟှယ်။ သခင်! ကိုယ်တော်ဟှာ လောကဟှို ကြွလာတော်မူဟှူ ဘုရားသခင်ရဲ့ သားတော်၊ မေရှိယ ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်မ ယောင်ကြည်ပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
JOH 11:28 မာသဟှာ အယ်မျိုး လျှော့‑က်လိုက်ဘီးန အီဟှို ပ္လန်ဟှားဘီး ညီမမာရိဟှို တိတိဟှားခေါ်လိုက်ဟှယ်။ “ဆရာကြွလာတော်မူဘီ နန့်ဟှို မေးနေဟှယ်” ဆိုဘီး ပြောလိုက်ဟှယ်။
JOH 11:29 မာရိဟှာ အယ်မျိုးကြားလိုက်ခီမာ ဗြန်းဗြန်ဟှား ထွပ်ဟှားဘီးဟှာ ကိုယ်တော်နားဟှို သွားလေဟှယ်။
JOH 11:30 အယ်ခီမာ ယေရှုဟှာ ဝါထဲဟှို ရော့‑က်သေးဘဲ မာသ လာတွိဟှူနေရာမာဘဲ့ ရှိနေသေးဟှယ်။
JOH 11:31 မာရိဟှို နှစ်သိမ့်ပေးဟှို့ အီမာရှိနေဟှူ ယုဒလူလေဟှာ ဗြန်းဗြန်ဟှားထွပ်ဟှားဟှူ မာရိဟှို ဗြင်လိုက်ဟှယ်။ သူးနို့ဟှ ငိုဟှို့တွပ် သန်းခ္လိုင်းဂူဟှို ထွပ်ဟှားဟှယ် ဆိုဘီး ထန်နေဂေ့ဟှယ်။
JOH 11:32 မာရိဟှာ ယေရှုရှိနေဟှူ နေရာဟှို ရော့‑က်ဟှားဘီး ကိုယ်တော့်ဟှို တွိဟှူန ခေတော်ရင်းမာ ဒူးထော့‑က်လေဟှယ်။ “သခင်၊ ကိုယ်တော်ဟှာ အယ်နေရာမာ ရှိနေမယ် ဆိုဟှာ ကျွန်မမောင် သေဟှို့ မှုဟှ!” ဆိုဘီး လျှော့‑က်လေဟှယ်။
JOH 11:33 ယေရှုဟှာ မာရိငိုနေဇာဟှိုရော၊ သူ့နတူးဒူလိုက်လာဟှူ ယုဒလူလေ ငိုနေဇာဟှိုရော ဗြင်ဟှူ ခီမာ ကိုယ်တော်ဟှာ ရရာတိုင်း စိကောန်းဘဲ ဖြစ်ဟှားဟှယ်။
JOH 11:34 ကိုယ်တော်ဟှ “သူ့ဟှို ဖယ်မာ သင်္ဂြိုဟ်ဟှားဂေ့နူး” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ သူးနို့ဟှ “သခင်၊ ကြွဘီးကေ့တော်မူပါ” ဆိုဘီး ပ္လန်ဖြေတော်မူဂေ့ဟှယ်။
JOH 11:35 ယေရှုဟှာ ငိုတော်မူလေဟှယ်။
JOH 11:36 အယ်ကြောန့် ယုဒလူလေဟှ “ကေ့ပါအူး၊ လာဇရုဟှို ရရာတိုင်း ရှစ်ဇမား!” ဆိုဘီး ပြောနေဂေ့ဟှယ်။
JOH 11:37 အယ်ဘေမဲ့ သူးနို့ထဲဟှ တချို့ဟှ “မျစ်စိကန်းနေဟှူ လူဟှို မျစ်စိပ္လန်ဗြင်အောန် လောက်ပေးဟှယ် မှုဟှလော။ လာဇရုဟှိုလည်း သေဘဲအောန် လောက်ပေးနိုင်ဟှလော” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 11:38 နော့‑က်ထပ်တခါ ဝန်းနဲလာဘီး ယေရှုဟှာ သန်းခ္လိုင်းဂူဟှို ကြွဟှားလေဟှယ်။ အယ်သန်းခ္လိုင်းဂူဝဟှို က္လော့‑က်န ပိဟှားဟှယ်။
JOH 11:39 ယေရှုဟှ “က္လော့‑က်ဟှို ဖယ်ထုလိုက်!” ဆိုဘီး မိန့်တော်မူလေဟှယ်။ သေဟှားလူရဲ့မယ်ဖြစ်ဟှူ မာသဟှ “သခင်၊ ခုဆိုဟှာ နံနေလေ့မယ်။ သူ့ဟှို သင်္ဂြိုဟ်ဟှားဇာ လေးရစ်ရှိဟှားဘီ!” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
JOH 11:40 ယေရှုဟှာ “နန်ယောင်ကြည်မယ် ဆိုဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ဗြင်ရလေ့မယ် ဆိုဇာ နန့်ဟှို ငါပြောဟှားပီးဘီ မှုဟှလော” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
JOH 11:41 သူးနို့ဟှာ က္လော့‑က်ဟှို ဖယ်ထုလိုက်ဟှယ်။ ယေရှုဟှာ မော့ကေ့ဘီး “ဖ၊ ကျွန်တော့်ရဲ့ စကားဟှို နားထောန်ဟှူကြောန့် ကျေးဇူးတန်ဟှယ်။
JOH 11:42 ဖဟှာ ကျွန်တော့်ရဲ့ စကားဟှို မြဲဒမ်း နားထောန်ဟှယ် ဆိုဇာ နို့သိဟှယ်။ အယ်ဘေမဲ့ ကျွန်တော် အယ်မျိုးပြောဇာဟှ ဖဟှာ ကျွန်တော့်ဟှို စေလွတ်တော်မူဟှယ် ဆိုဇာဟှို အယ်နေရာမာ ရှိနေဟှူ လူလေဟှို သူးနို့ရဲ့ ကျိုးဟှို ကေ့ဘီး ယောင်ကြည်လာစေဟှို့ဘဲ့ ဖြစ်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
JOH 11:43 ကိုယ်တော်ဟှာ အယ်မျိုးပြောဘီးန သံကြမ်းကြမ်းန “လာဇရု၊ ထွပ်လာဟှား!” ဆိုဘီး ခေါ်ထုလိုက်ဟှယ်။
JOH 11:44 သေဟှားဟှူလူဟှာ လတ်ခေလေမာ ဝတ်ကြိုးန ခယ်ဟှားဘီး မျစ်နှာမာလည်း ဝတ်န ပတ်ဟှားဘီး ထွပ်လာဟှယ်။ ယေရှုဟှ “သူ့ဟှို ကြိုးဖြေပေးဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
JOH 11:45 မာရိနားဟှို လာဟှူယုဒလူလေ ဘောင်ဂီးဟှာ ယေရှု ပြုတော်မူဇာလေဟှို ဗြင်ဘီး ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှယ်။
JOH 11:46 အယ်ဘေမဲ့ သူးနို့လေထဲဟှ တချို့ဟှာ ဖာရိရှဲလေနားဟှို ပ္လန်လာဘီးဟှာ ယေရှုပြုတော်မူဇာလေဟှို ပြောပြဂေ့ဟှယ်။
JOH 11:47 အယ်ကြောန့် ဖာရိရှဲလေန ယဇ်ပုရောဟိတ်ဂီးလေဟှာ ယုဒတရားလွှတ်တော်မာ တွိဆောင်ဘီး “နို့လေဖြားမျိုးလောက်ရမယ်နူး။ အယ်လူဟှာ နိမိတ်လတ်ခဏာလေ ဘောင်ဂီး ပြုလောက်နေဟှယ်!
JOH 11:48 အယ်လူဟှို အယ်မျိုးခွမ့်ပေးဟှားမယ် ဆိုဟှာ လူတိုင်းဟှာ သူ့ဟှို ယောင်ကြည်ဟှားလေ့မယ်။ အယ်ဆိုဟှာ ရောမအာဏာပိုင်လေဟှ နို့လေရဲ့ ဗိမာန်တော်န နို့လေရဲ့ လူမျိုးဟှို ဖျစ်ဆီးပစ်လေ့မယ်!” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 11:49 သူးနို့လေထဲဟှ အယ်နှစ်မာ ယဇ်ပုရောဟိတ်မန်း ဖြစ်လာဟှူ ကယာဖဟှ “နန်းနို့လေဟှာ ရူးလေဘဲ့!
JOH 11:50 လူမျိုးတမျိုးလောင်း သေကျေပျစ်စီးရဟှို့ထတ် လူတယော့‑က်ဟှ လူလေတွပ် သေရဇာဟှ ရရာတိုင်း ကောန်းဟှယ် ဆိုဇာဟှို နန်းနို့လေ နားလည်ဂေ့ဟှလော” ဆိုဘီး ပြောလေဟှယ်။
JOH 11:51 အယ်မျိုးပြောနေဇာဟှာ သူ့ရဲ့ ကိုယ်ပိုင်ဉာဏ်န ပြောနေဇာ မှုဟှ။ သူဟှာ အယ်နှစ်မာ ယဇ်ပုရောဟိတ်မန်း ဖြစ်လာဟှူကြောန့် ယုဒလူလေတွပ် ယေရှု သေခံပေးတော်မူမယ် ဆိုဇာဟှို ပရောဖက်ပြုနေဇာဖြစ်ဟှယ်။
JOH 11:52 အယ်လူမျိုးတွပ်ဘဲ့မှုဘဲန ဖ္လဲဖ္လဲစင်နေဟှူ ဘုရားသခင်ရဲ့ လူလေလည်းဘဲ့ ခန္ဓာတခုထဲမာ စုဝီးလာဟှို့တွပ် ဖြစ်ဟှယ်။
JOH 11:53 အယ်နေ့ဟှစဘီး ယုဒအာဏာပိုင်လေဟှာ ယေရှုဟှို သတ်ဟှို့တွပ် ကြံစည်ဂေ့ဟှယ်။
JOH 11:54 အယ်ကြောန့် ယေရှုဟှာ ယုဒနယ်မာ ထန်းထန်းရှားရှားဟှား သွားလာဟှမ်း။ အယ်ဘေမဲ့ တောကန္တာရနားဟှ ဧဖရိမ်နာမယ်ရှိဟှူ ဗြို့ဟှို ကြွဟှားဘီး တဗဲ့တော်လေနတူးဒူ နေတော်မူလေဟှယ်။
JOH 11:55 ယုဒလူလေရဲ့ ပသခါပွဲတော်ခီ နီးလာဟှူ ခီမာ တောဝါဟှ လူလေဘောင်ဂီးဟှာ ဘာသာရေးစဉ်လာတိုင်း စင်ကြယ်ဇာလောက်ဟှို့ ပွဲတော်လောက်ခန်မာ ယေရုရှလင်ဗြို့ဟှို တတ်လာဂေ့ဟှယ်။
JOH 11:56 သူးနို့လေဟှာ ယေရှုဟှို လိုက်ရှာနေဂေ့ဟှယ်။ သူးနို့ဟှာ ဗိမာန်တော်ထဲမာ စုရောင်းမိဟှူ ခီမာ “နန်းနို့လေ ဖယ်မျိုးထန်ဂေ့နူး။ သူဟှာ အယ်ပွဲတော်ဟှို လာဟှို့တွပ် သေချာဘဲ့လော” ဆိုဘီး သူးနို့ရှင်းရှင်း မေးနေဂေ့ဟှယ်။
JOH 11:57 ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေဟှ ဖယ်သူဘဲ့ဖြစ်ဖြစ် ယေရှုရှိဟှူနေရာဟှို သိမယ် ဆိုဟှာ သူ့ဟှို ဖမ်းဆီးဟှို့တွပ် ကြောန်းကြားရမယ် ဆိုဘီး ညွှန်ကြားဟှားဂေ့ဟှယ်။
JOH 12:1 ပသခါပွဲတော်တိုင်ခန် ခြော့‑က်ရစ်ဘဲ့လိုဟှူ ခီမာ သေဘီးန ပ္လန်ရှင်လာဟှူ လာဇရုနေထိုင်ဟှူ ဗေသနိဝါဟှို ယေရှုဟှာ ကြွတော်မူလေဟှယ်။
JOH 12:2 သူးနို့ဟှာ ကိုယ်တော်တွပ် ညဉ့်ခန်းဇာဟှို ပြင်ဆင်ဘီးန မာသဟှ လောက်ကျွေးပြုလေဟှယ်။ ယေရှုနတူးဒူ ဗွဲမာထိုင်နေဟှူ လူလေထဲမာ လာဇရုလည်း ရှိနေလေဟှယ်။
JOH 12:3 အယ်ခီမာ မာရိဟှာ ရာရတိုင်း ဖိုးကီးဟှူ နာဒုဆီမွှီးစစ်စစ် ဖူးဝပ်ဟှို ယူဘီး ယေရှုရဲ့ ခေတော်ထတ်ဟှို လောန်းခ္လဘီးန သူ့ရဲ့ ဆားဗန်န သုပေးလေဟှယ်။ အယ်ဆီမွှီးရဲ့ နံ့ဟှာ တအီလောင်းဟှို မွှီးကြိုင်ဟှားလေဟှယ်။
JOH 12:4 ယေရှုရဲ့ တဗဲ့တော်တပါးဖြစ်ဟှူ ကိုယ်တော့်ဟှို သစ်စာဖော့‑က်မယ့်လူဖြစ်ဟှူ ယုဒရှကာရုတ်ဟှ
JOH 12:5 “ဖြားဖြစ်ကြောန့် အယ်ဆီမွှီးဟှို ငွေဒန်းဂါး ၃၀၀ န ရောန်းလိုက်ဘီးဟှား ဆင်းရဲသားလေဟှို ပေးဘဲ့နေရနူး” ဆိုဘီး မေးလေဟှယ်။
JOH 12:6 သူဟှာ အယ်မျိုးပြောနေဇာဟှ ဆင်းရဲသားလေဟှို သနားကြောန့်မှုဘဲန သူခိုးတယော့‑က် ဖြစ်ကြောန့်ဖြစ်ဟှယ်။ သူဟှာ ကပ်အိဟှို လွယ်ရသူဖြစ်ဘီး ကပ်လေဟှို နှိုက်ယူတတ်ဟှယ်။
JOH 12:7 အယ်ဘေမဲ့ ယေရှုဟှ “အယ်မီးမဟှို နှော့‑က်ယှစ်ဂေ့န! သူဟှာ ငါ့ဟှို သင်္ဂြိုဟ်မယ့်နေ့တွပ် အယ်ဆီမွှီးဟှို သီးဟှားဇာဖြစ်ဟှယ်။
JOH 12:8 ဆင်းရဲသားလေဟှာ နန်းနို့နတူးဒူ မြဲဒမ်း ရှိဂေ့ဟှယ်။ ငါဟှ နန်းနို့နတူးဒူ မြဲဒမ်း ရှိနေဟှို့ မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 12:9 ဗေသနိဝါမာ ယေရှုရှိတော်မူဟှယ် ဆိုဇာဟှို ကြားလိုက်ဟှူ ယုဒလူလေဘောင်ဂီးဟှာ အယ်ဝါဟှို လိုက်ဟှားဂေ့ဟှယ်။ သူးနို့ဟှာ ယေရှုဟှို တွိရှင်ရောင်မျှမက သေရာဟှနေ ပ္လန်ရှင်လာဟှူ လာဇရုဟှိုလည်း တွိရှင်ဂေ့ဟှယ်။
JOH 12:10 အယ်ကြောန့် ယဇ်ပုရောဟိတ်ဂီးလေဟှာ လာဇရုဟှိုလည်း သတ်ဟှို့တွပ် ကြံစည်ဂေ့ဟှယ်။
JOH 12:11 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယုဒလူဘောင်ဂီးဟှာ လာဇရုကြောန့် သူးနို့ဟှို ငြင်းပယ်ဘီး ယေရှုဟှို ယောင်ကြည်လာဂေ့ဟှယ်။
JOH 12:12 နော့‑က်နေ့မာ ပသခါပွဲတော်ဟှို လာဟှူ လူအောက်ဂီးဟှာ ယေရုရှလင်ဗြို့ဟှို ယေရှုကြွလာတော်မူကြောန်းဟှို ကြားလိုက်ဟှယ်။
JOH 12:13 အယ်ကြောန့် သူးနို့ဟှာ စွန်ပလွံခတ်လေဟှို ယူဘီး ကိုယ်တော့်ဟှို ကြိုဆိုဟှို့သွားဂေ့ဘီး “ဟောရှဏ္ဏ! ဘုရားသခင်ရဲ့ နာမန ကြွလာဟှူ သခင်ဟှာ မင်္ဂလာရှိတော်မူဟှယ်! ဣသရေလမန်းဂီးဟှာ မင်္ဂလာရှိတော်မူဟှယ်!” ဆိုဘီး ကြွေးကြော်ဂေ့လေဟှယ်။
JOH 12:14 ယေရှုဟှာ မြည်းသားဂန်းဟှို တွိဟှားဘီး စီးတော်မူလေဟှယ်။
JOH 12:15 အယ်မူဇာဟှ “ဇိအုန်ဗြို့ စိုးရိမ်န! နန်းနို့ရဲ့ မန်းဂီးဟှာ မြည်းသားဂန်းဟှားဟှို စီးဘီးဟှာ ကြွလာတော်မူဘီ” ဆိုဘီး ကျမ်းစာမာ အယ်မျိုး ပြောဟှားလေဟှယ်။
JOH 12:16 တဗဲ့တော်လေဟှာ အယ်ခီဒူးဟှ အယ်ကျမ်းစာဟှို နားလည်ဂေ့ဟှ။ အယ်ဘေမဲ့ ယေရှုဟှာ ဖောင်းသရေတော်တွပ် ပ္လန်ရှင်လာဟှူ ခီမာ အယ်ကျမ်းစာဟှ ကိုယ်တော်ကြောန်းဟှို ရေးဟှားဇာဖြစ်ဟှယ် ဆိုဇာန ကိုယ်တော့်ဟှို အယ်မျိုး လောက်ဇာဖြစ်ဟှယ် ဆိုဇာလေဟှို ပ္လန်အော့‑က်မေ့လာဂေ့ဟှယ်။
JOH 12:17 ယေရှုနတူးဒူရှိနေဟှူ လူလေဟှာ လာဇရုဟှို သန်းခ္လိုင်းဂူဟှနေ ခေါ်ထုလိုက်ဘီး သေရာဟှနေ ပ္လန်ရှင်စေဟှူကြောန်းဟှို သတ်သေခံဂေ့ဟှယ်။
JOH 12:18 ဖြားကြောန့်ဟှိ လူအောက်ဟှာ ကိုယ်တော့်ဟှို ကြိုဆိုဂေ့ဇာဟှာ သူးနို့ဟှာ အယ်မျိုး နိမိတ်လတ်ခဏာလေဟှို ပြတော်မူကြောန်းဟှို ကြားဟှားဂေ့ဟှယ်။
JOH 12:19 အယ်ကြောန့် ဖာရိရှဲလေဟှာ “နို့လေဟှာ လောက်ဝ အောန်မြင်နိုင်ဟှ! ကေ့ကေ့။ တလောကလောင်းဟှာ အယ်လူနော့‑က်ဟှို လိုက်ဟှားဂေ့ဘီ!” ဆိုဘီး သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
JOH 12:20 ပွဲတော်မာ ကိုးကွယ်ဟှို့တွပ် ယေရုရှလင်ဗြို့ဟှို ရော့‑က်လာဟှူ လူလေထဲမာ လူမျိုးခြားတချို့လည်းပါဟှယ်။
JOH 12:21 သူးနို့ဟှာ ဂါလိလဲနယ် ဗက်ဇဲဒဗြို့သားဖြစ်ဟှူ ဖိလိပ္ပုနားဟှို သွားဘီး “ဆရာ၊ ကျွန်တော့်ဟှားလေ ယေရှုဟှို ဗြင်ရှင်ဟှယ်” ဆိုဘီး တောန်းလျှော့‑က်ဂေ့ဟှယ်။
JOH 12:22 ဖိလိပ္ပုဟှာ အန္ဒြေနားဟှို သွားပြောပြဘီးဟှာ သူးနို့နှေ့ယော့‑က်ဟှာ ယေရှုနားဟှို သွားဘီး လျှော့‑က်ဂေ့ဟှယ်။
JOH 12:23 ယေရှုဟှာ သူးနို့ဟှို “လူ့ရဲ့သားဟှာ ရရာတိုင်း ကီးမားဟှူ ဖောင်းသရေတော်ဟှို လတ်ခံဟှို့ ခီဟှာ ခုဘဲ့ရော့‑က်နေဘီ။
JOH 12:24 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ဂျောင်စေ့တစေ့ဟှာ မ္လေဂီးထဲဟှို က္လဘီး ပျစ်စီးဟှ ဆိုဟှာ တစေ့ဒဲဘဲ ရှိနေလေ့မယ်။ အယ်စေ့ဟှာ ပျစ်စီးဟှားမယ် ဆိုဟှာ သီးလေ ဘောင်ဂီး ဖြစ်ဟှားဟှယ်။
JOH 12:25 ကိုယ့်သတ်ဟှို ရှစ်ဟှူ လူလေဟှာ သတ်ဆောင်းရှောင်း လေ့မယ်။ အယ်လောကမာ ကိုယ့်သတ်ဟှို မူးဟှူ လူလေဟှာ ကိုယ့်သတ်ဟှို ထာဝရ စောန့်ရှော့‑က်ရလေ့မယ်။
JOH 12:26 ငါ့မှုတော်ဟှို လောက်ဆောန်ဟှူ လူတိုင်းဟှာ ငါ့နော့‑က်ဟှို လိုက်ရမယ်။ အယ်ဆိုဟှာ ငါရှိဟှူ နေရာမာ ငါ့မှုဆောန်ဟှာ ငါ့နတူးဒူရှိ လေ့မယ်။ ငါ့ဖဟှလည်း ငါ့ရဲ့ မှုဆောန်ဟှို ချီးမြှော့‑က်လေ့မယ်။
JOH 12:27 “ခု ငါ့ရဲ့ စိနှလောင်း ပူလောန်နေဟှယ်။ ငါ ဖယ်မျိုး ပြောရဟှို့နူး။ ငါဟှ ‘ဖ၊ ကျွန်တော်ထတ်ဟှို က္လရော့‑က်လာမယ့် အယ်ခီနာရီဟှနေ ကယ်မပါ’ ဆိုဘီး ပြောရဟှို့လော။ အယ်ဘေမဲ့ ငါဟှာ အယ်ဒေါက်ခဝေဒနာခံဟှို့တွပ်ဘဲ့ ရော့‑က်လာဟှယ်။
JOH 12:28 ဖ၊ ဖရဲ့နာမတော်ဟှာ ဖောင်းသရေတော် ထန်ရှားစေတော်မူပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ကောန်းဂန်ထတ်ဟှနေ သံတော်ဟှ “ငါဟှာ ဖောင်းသရေတော် ထန်ရှားစေပီးဘီ။ နော့‑က်တခါလည်း ထန်ရှားစေအူးမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 12:29 အယ်နေရာမာ ရပ်နေဂေ့ဟှူ လူအောက်ဟှာ သံတော်ဟှို ကြားလိုက်ရဘီး သူးနို့ထဲဟှ တချို့ဟှ မိုးကြိုးသံဖြစ်ဟှယ် ဆိုဘီး ပြောဂေ့ဟှယ်။ တချို့ဟှ “ကောန်းဂန်တမန်ဟှာ ကိုယ်တော့်ဟှို စကားပြောဟှယ်!” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 12:30 အယ်ဘေမဲ့ ယေရှုဟှာ သူးနို့ဟှို “အယ်သံတော်ဟှာ ငါ့တွပ် မှုဟှ။ နန်းနို့တွပ် ဖြစ်ဟှယ်။
JOH 12:31 အယ်လောကဟှာ ခုဘဲ့ တရားစီရင်ခံရမယ်။ အယ်လောကဟှို အောက်ချောက်မားဟှာ ခုဘဲ့ နှန်ထုဇာခံရလေ့မယ်။
JOH 12:32 ငါဟှာ မ္လေဂီးဟှနေ မ္လော့‑က်ဟှားဇာဟှို ခံရဟှူ ခီမာ လူတိုင်းဟှို ငါနားဟှို ဆွဲခေါ်မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 12:33 အယ်မျိုးမိန့်တော်မူဇာဟှ ကိုယ်တော်ဟှာ ဖယ်မျိုးသေနည်းန သေခံတော်မူရမယ် ဆိုဇာဟှို ဖော်ပြဇာဖြစ်ဟှယ်။
JOH 12:34 လူအောက်ဂီးဟှ “မေရှိယဟှာ ထာဝရသတ်ရှင်လေ့မယ် ဆိုဘီး ကျွန်တော့်ဟှားလေရဲ့ ပညတ်တော်မာ ပြောဟှားဟှယ်။ အယ်ဆိုဟှာ လူ့ရဲ့သားဟှာ မ္လေဂီးဟှနေ မ္လော့‑က်ဟှားခံရမယ် ဆိုဘီး ဖြားဖြစ်ကြောန့် ပြောနိုင်နူး။ အယ်လူ့ရဲ့သားဟှ ဖယ်လူနူး” ဆိုဘီး မေးဂေ့ဟှယ်။
JOH 12:35 ယေရှုဟှ “လန်းရောန်ဟှာ နန်းနို့ထဲမာ ရှစ်ဟှားဘဲ့ ရှိနေလေ့မယ်။ အယ်ကြောန့် နန်းနို့ဟှို မှောန်ဖောင်းခန် လန်းရောန်ရှိနေဒူးမာ သွားလာဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မှောန်ထဲမာ သွားလာလူဟှာ ဖယ်နေရာဟှို သွားနေဟှယ် ဆိုဇာဟှို သိဟှ။
JOH 12:36 အယ်မူကြောန့်ဟှိ လန်းရောန်ဟှာ နန်းနို့နရှိနေဒူးမာ လန်းရောန်ဟှို ယောင်ကြည်ဂေ့။ အယ်ဆိုဟှာ နန်းနို့ဟှာ လန်းရောန်ရဲ့ သားမီးလေ ဖြစ်လေ့မယ်” ဆိုဘီး ပ္လန်ဖြေတော်မူဟှယ်။ ယေရှုဟှာ အယ်မျိုးမိန့်တော်မူဘီးန ထွပ်ကြွဟှားဘီး သူးနို့ဟှို တီးရှောန်ဟှားလေဟှယ်။
JOH 12:37 ကိုယ်တော်ဟှာ သူးနို့မျစ်စိရှေ့မာ အယ်နိမိတ်လတ်ခဏာလေ ဂူလောင်းဟှို ပြဘေမဲ့ သူးနို့ဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှ။
JOH 12:38 အယ်ကြောန့် “အို၊ ဘုရားသခင် ကျွန်တော့်ဟှားလေဟောပြောဟှူ အယ်ဒန်းကောန်းဟှို ဖယ်သူလေ ယောင်ကြည်ကြောန့်နူး။ သခင်ဘုရားရဲ့ တဂိုးတော်ဟှာ ဖယ်လူဟှို ထန်ရှားဟှို့နူး။” ဆိုဘီး ပရောဖက်ဟေရှာယ ဟောဟှားဇာဟှာ မှန်ဘဲ့ဖြစ်လာဟှယ်။
JOH 12:39 အယ်ဘီးဟှာ သူးနို့လေ ယောင်ကြည်နိုင်ဘဲကြောန့် ဟေရှာယဟှ
JOH 12:40 “ဘုရားသခင်ဟှာ သူးနို့ရဲ့ မျစ်စိဟှို ကန်းစေဟှားဘီး သူးနို့ရဲ့ စိနှလောင်းဟှို ပိစေဟှားဟှယ်။ အယ်ကြောန့် သူးနို့ရဲ့ မျစ်စိဟှာ ဗြင်ဂေ့ဟှ။ အယ်ဘီးဟှာ သူးနို့ရဲ့ စိနှလောင်းဟှို မာကျောစေဟှယ်။ အယ်ဘီးဟှာ သူးနို့ဟှာ ငါ့နားဟှို ပ္လန်လာဂေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ငါ့နားဟှို ပ္လန်လာမယ် ဆိုဟှာ နာပျော့‑က်လေ့မယ်” ဆိုဘီး ဘုရားသခင်ဟှ ပြောဟှားဟှယ်။
JOH 12:41 ဟေရှာယဟှာ ယေရှုရဲ့ ဖောင်းသရေတော်ဟှို ဗြင်ဟှားဟှူကြောန့် အယ်မျိုးပြောဆိုဘီး ကိုယ်တော်ကြောန်းဟှို ပြောနေလေဟှယ်။
JOH 12:42 ဖယ်မျိုးဘဲ့ဖြစ်ဖြစ် ယုဒအာဏာပိုင်လေ ဘောင်ဂီးဟှာ ယေရှုဟှို ယောင်ကြည်လာဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ ဖာရိရှဲလေကြောန့် ဝါလယ်ဇရပ်ဟှနေ နှန်ထုခံရမာဟှို စိုးရိမ်ဘီး ပွမ့်ပွမ့်လန်းလန်းဟှား ပြောဂေ့ဟှ။
JOH 12:43 သူးနို့ဟှာ ဘုရားသခင်ရဲ့ ချီးမွမ်းဇာထတ် လူလေရဲ့ ချီးမွမ်းဇာဟှို နှစ်သက်ဂေ့ဟှယ်။
JOH 12:44 ယေရှုဟှာ “ငါ့ဟှို ယောင်ကြည်ဟှူလူဟှာ ငါ့ဟှိုဘဲ့ ယောင်ကြည်ဇာ မှုဟှ။ ငါ့ဟှို စေလွှတ်တော်မူဟှူ သခင်ဟှိုလည်း ယောင်ကြည်ဟှယ်။
JOH 12:45 ငါ့ဟှို ဗြင်ဟှူလူဟှာ ငါ့ဟှို စေလွှတ်တော်မူဟှူ သခင်ဟှိုလည်း ဗြင်ဟှယ်။
JOH 12:46 ငါဟှာ လန်းရောန်ဖြစ်န လောကထဲဟှို ကြွလာဟှယ်။ အယ်ကြောန့် ငါ့ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ မှောန်ထဲမာ နေရဟှမ်း။
JOH 12:47 လူလေဟှာ ငါ့ရဲ့စကားဟှို ကြားဘီး နာခံဟှ ဆိုဟှာ သူးနို့ဟှို ငါစီရင်လေ့မယ် မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါလာဇာဟှ အယ်လောကဟှို စီရင်ဟှို့လာဇာ မှုဟှ။ အယ်လောကဟှို ကယ်တန်ဟှို့လာဟှယ်။
JOH 12:48 ငါ့စကားဟှို လတ်ခံဘဲန ငြင်းပယ်ဟှူ လူလေဟှို စီရင်မယ့်သူရှိဟှယ်။ ငါပြောဟှူ စကားလေဟှဘဲ့ နော့‑က်ဆောင်းဟှူ နေ့မာ အယ်လူလေဟှို စီရင်လေ့မယ်!
JOH 12:49 အယ်စကားဟှာ သမ္မာတရား ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ကိုယ်ပိုင် ခွမ့်အာဏာန ပြောနေဇာ မှုဟှ။ အယ်ဘေမဲ့ ငါ့ဟှို စေလွှတ်တော်မူဟှူ ဖဟှာ ဖယ်မျိုးပြောရမယ် ဆိုဇာဟှို ငါ့ဟှို ညွှန်ကြားတော်မူဘီ။
JOH 12:50 အယ်ဘီးဟှာ ဖရဲ့မိန့်တော်ဟှာ ထာဝရသတ် ဖြစ်ဟှယ် ဆိုဇာဟှို ငါသိဟှယ်။ ငါပြောနေဇာလေဟှာ ဖဟှ ငါ့ဟှို စေခိုင်းတော်မူဟှားတိုင်း ငါဟောပြောဟှယ်” ဆိုဘီး သံက္လယ်ဂီးန မိန့်တော်မူလေဟှယ်။
JOH 13:1 ပသခါပွဲတော် လောက်ခန် တနေ့မာ ဖြစ်ဟှယ်။ ယေရှုဟှာ အယ်လောကဟှ ထွပ်ခွါဘီး ဖနားဟှို ကြွတော်မူဟှို့ခီ ရော့‑က်လာဘီ ဆိုဇာဟှို သိတော်မူဟှယ်။ ကိုယ်တော်ဟှာ အယ်လောကမာရှိနေဟှူ မိမိလူလေဟှို ရှစ်တော်မူဘီး ဆောင်းထိ ရှစ်တော်မူလေဟှယ်။
JOH 13:2 ယေရှုန တဗဲ့တော်လေဟှာ ညဉ့်ဇာစားနေဂေ့ဟှယ်။ မာရ်နတ်ဟှာ ရှိမုန်ရှကာရုတ်သား ယုဒရဲ့ စိနှလောင်းထဲမာ ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှို့ ကြံစည်ဟှို ထဲ့ပေးဟှားပီးဘီ။
JOH 13:3 ဖဟှ သူ့ဟှို အာဏာလေ အားလောင်း ပေးဟှားဟှယ် ဆိုဇာဟှိုရော၊ ဘုရားသခင်နားဟှနေ ကြွလာတော်မူဟှယ် ဆိုဇာရော၊ ဘုရားသခင်နားဟှို ပ္လန်ကြွတော်မူရမယ် ဆိုဇာဟှိုရော ယေရှုဟှာ သိတော်မူဟှယ်။
JOH 13:4 အယ်ကြောန့် ကိုယ်တော်ဟှာ စားဗွဲဟှနေ ထတော်မူဘီး ပ္လန်ဝတ်ဟှို ခလွတ်တော်မူဘီး မျစ်နှာသုပိုင်းဟှို ကိုယ်တော်ရဲ့ခါးမာ ပတ်တော်မူလေဟှယ်။
JOH 13:5 အယ်ဘီးန ကိုယ်တော်ဟှာ ရေအန်ဒုန်ထဲဟှို ရေလောန်းထဲ့ဘီး စဘီးဟှာ တဗဲ့တော်လေရဲ့ ခေဟှို ဆေးပေးဘီးဟှာ ခါးမာပတ်ဟှားဟှူ မျစ်နှာသုပိုင်းန သုတော်မူလေဟှယ်။
JOH 13:6 ကိုယ်တော်ဟှာ ရှိမုန်ပေတရုနားဟှို ရော့‑က်ဟှူ ခီမာ ပေတရုဟှ “သခင်၊ ကိုယ်တော်ဟှ ကျွန်တော့်ခေဟှို ဆေးပေးဟှို့လော” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်လေဟှယ်။
JOH 13:7 ယေရှုဟှာ သူ့ဟှို “ငါလောက်ဇာလေဟှို ခု နန်နားလည်ဟှို့ မှုဟှ။ အယ်ဘေမဲ့ နော့‑က်ဆိုဟှာ နားလည်လာလေ့မယ်” ဆိုဘီး ဖြေတော်မူဟှယ်။
JOH 13:8 ပေတရုဟှ “ကိုယ်တော်ဟှာ ကျွန်တော့်ရဲ့ ခေဟှို လောင်းဝ ဆေးပေးတော်မူန!” ဆိုဘီး လျှော့‑က်လေဟှယ်။ ယေရှုဟှ “နန့်ရဲ့ခေဟှို ငါဆေးပေးရဘဲဟှ ဆိုဟှာ နန်ဟှာ ငါ့တဗဲ့တော် ဖြစ်ဟှို့ မှုဟှ” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 13:9 ရှိမုန်ပေတရုဟှ “သခင်၊ အယ်မျိုးဆိုဟှာ ကျွန်တော့်ရဲ့ ခေဟှိုဘဲ့ဆေးန! ကျွန်တော့်ရဲ့လတ်လေန ခေါန်းဟှိုလည်း ဆေးပေးပါ!” ဆိုဘီး လျှော့‑က်လေဟှယ်။
JOH 13:10 ယေရှုဟှ “ရေချိုးဘီးသားလူလေဟှာ တကိုယ်လောင်း စင်ကြယ်ဟှားဘီဖြစ်ဟှူကြောန့် သူးနို့ရဲ့ ခေဟှိုဘဲ့ ဆေးဟှို့လိုဟှယ်။ နန်းနို့ဂူလောင်းဟှာ စင်ကြယ်ဟှားဘီ။ အယ်ဘေမဲ့ တယော့‑က်ဘဲ့ စင်ကြယ်ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 13:11 ယေရှုဟှာ သူ့ဟှို သစ်စာဖော့‑က်မယ့်လူဟှို သိဟှားဘီးဟှူကြောန့် “နန်းနို့လေ ဂူလောင်းထဲမာ စင်ကြယ်ဘဲဟှူ လူတယော့‑က်ရှိနေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 13:12 ယေရှုဟှာ သူးနို့ရဲ့ ခေလေဟှို ဆေးပေးဘီးန ပ္လန်ဝတ်ဟှို ပ္လန်ဝတ်လိုက်ဘီး စားဗွဲမာ ပ္လန်ထိုင်တော်မူလေဟှယ်။ ကိုယ်တော်ဟှ “နန်းနို့ဟှို ငါပြုလောက်ဇာလေဟှို နားလည်ဂေ့ဘဲ့လော” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 13:13 “နန်းနို့ဟှ ငါ့ဟှို သခင်ဆိုဘီးရော၊ ဆရာဆိုဘီးရော ခေါ်ဂေ့ဟှယ်။ ငါလည်း အယ်တိုင်းဘဲ့ဖြစ်ဟှူကြောန့် နန်းနို့ခေါ်ဇာဟှာ မှန်ဟှယ်။
JOH 13:14 နန်းနို့ရဲ့ဆရာ၊ နန်းနို့ရဲ့သခင်ဖြစ်ဟှူ ငါဟှာ နန်းနို့ရဲ့ခေလေဟှို ဆေးပေးဟှယ်။ အယ်ဆိုဟှာ နန်းနို့လည်း ရှင်းရှင်းလေရဲ့ ခေဟှို ဆေးပေးရမယ်။
JOH 13:15 နန်းနို့ဟှို ငါပြုတော်မူမျိုးဘဲ့ နန်းနို့လည်းဘဲ့ အယ်မျိုးပြုလောက်ဟှို့ စံနမူနာဟှို ငါပြဟှားပီးဘီ။
JOH 13:16 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ကျွန်ဟှာ သူးနို့သခင်ထတ် ကီးမြတ်ဟှ။ စေတမန်ဟှာ သူ့ဟှို စေလွှတ်သူထတ် ကီးမြတ်ဟှ။
JOH 13:17 အယ်သမ္မာတရားဟှို နန်းနို့ ခု သိဟှားဘီ။ အယ်မူတိုင်းလောက်မယ် ဆိုဟှာ နန်းနို့ဟှာ ရရာတိုင်း ပျော်ရွှင်ရလေ့မယ်!
JOH 13:18 “ငါဟှာ နန်းနို့လေ ဂူလောင်းဟှို ပြောဇာ မှုဟှ။ ငါဝီးကော့‑က်ဟှားဟှူ လူလေဟှို ငါသိဟှယ်။ အယ်ဘေမဲ့ ကျမ်းစာဟှ ‘ငါ့ရဲ့မုဟှို စားဟှူလူဟှာ ငါ့ဟှို ပ္လန်ဘီးဆန့်ကျင်လေဘီ’ ဆိုဘီး ပြောဟှားဇာဟှာ မှန်ဘဲ့ဖြစ်လာဟှယ်။
JOH 13:19 အယ်ကြောန့် အယ်မူဇာလေ ဖြစ်လာခန်မာ ‘ငါဖြစ်မျိုးဘဲ့ ငါဖြစ်ဟှယ်’ ဆိုဇာဟှို နန်းနို့ဟှာ ယောင်ကြည်လာစေဟှို့ ခုဘဲ့ နန်းနို့ဟှို ငါပြောဟှယ်။
JOH 13:20 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါစေလွှတ်ဟှူ သူဟှို လတ်ခံဟှူ သူဟှာ ငါ့ဟှို လတ်ခံဟှယ်။ ငါ့ဟှို လတ်ခံဟှူ သူဟှာ ငါ့ဟှို စေလွှတ်လိုက်ဟှူ သူဟှိုလည်း လတ်ခံဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 13:21 ယေရှုဟှာ အယ်မျိုးမိန့်တော်မူဘီးန ရရာတိုင်း စိပူဘန်ဟှားဘီး “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ထဲဟှ တယော့‑က်ဟှာ ငါ့ဟှို သစ်စာဖော့‑က်လေ့မယ်” ဆိုဘီး ပွမ့်ပွမ့်လန်းလန်းဟှား သတ်သေခံဘီး မိန့်တော်မူလေဟှယ်။
JOH 13:22 ကိုယ်တော်ဟှာ ဖယ်လူကြောန်းဟှို ပြောနေဟှယ် ဆိုဇာဟှို တဗဲ့တော်လေဟှာ လောင်းဝ နားလည်ဂေ့ဘဲဟှူကြောန့် ယော့‑က်နယော့‑က် ကေ့နေဂေ့ဟှယ်။
JOH 13:23 ယေရှုရှစ်တော်မူဟှူ တဗဲ့တော်လေထဲဟှ တယော့‑က်ဟှာ ယေရှုဘေးမာ ထိုင်နေဟှယ်။
JOH 13:24 ရှိမုန်ပေတရုဟှာ သူ့ဟှို “ကိုယ်တော်ဟှာ ဖယ်သူ့ကြောန်းဟှို ပြောနေဟှယ် ဆိုဇာဟှို မေးကေ့” ဆိုဘီး မျစ်ရိပြဘီး ပြောဟှယ်။
JOH 13:25 အယ်ကြောန့် အယ်တဗဲ့တော်ဟှာ ယေရှုနားဟှို တိုးကပ်ဟှားဘီး “သခင်၊ အယ်လူဟှာ ဖယ်သူနူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
JOH 13:26 ယေရှုဟှ “အယ်မုဟှို ဟန်းဇားထဲမာ နှစ်လိုက်ဘီး ငါပေးလိုက်ဟှူ လူဘဲ့ဖြစ်ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ မုတဖဲ့ဟှို ဟန်းဇားထဲမာ နှစ်လိုက်ဘီး ရှိမုန်ရှကာရုတ်ရဲ့သား ယုဒဟှို ပေးလေဟှယ်။
JOH 13:27 ယုဒဟှာ အယ်မုဟှို ယူဘီးန ရှင်းရှင်းဘဲ့ စာတန်ဟှာ သူ့ထဲဟှို ဝမ်လေဟှယ်။ ယေရှုဟှာ သူ့ဟှို “နန်လောက်ဇာရှိဇာဟှို ဗြန်းဗြန်ဟှားလောက်ပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 13:28 ဖြားဖြစ်ကြောန့် ယေရှုဟှာ ယုဒဟှို အယ်မျိုးမိန့်တော်မူဟှယ် ဆိုဇာဟှို စားဗွဲမာ ထိုင်နေဟှူ လူယော့‑က်လည်း နားလည်ဂေ့ဟှ။
JOH 13:29 ယုဒဟှာ ကပ်အိကိုင်ရဟှူ သူဖြစ်ဟှူကြောန့် ယေရှုဟှ ပွဲတော်တွပ် လိုအပ်ဇာလေဟှို ဝယ်ခိုင်းလိုက်ဟှယ်။ အယ်မျိုးမှုဘဲနေဟှာ ဆင်းရဲသားလေဟှို တခုခုသွားပေးခိုင်းလိုက်ဟှယ် ဆိုဘီး တဗဲ့တော်တချို့ဟှာ ထန်နေဂေ့ဟှယ်။
JOH 13:30 ယုဒဟှာ မုဟှို ခံယူဘီးန ရှစ်ရှင်းထွပ်ဟှားလေဟှယ်။ အယ်ခီဟှာ ညဉ့်ခန်းဖတ်ဖြစ်ဟှယ်။
JOH 13:31 ယုဒထွပ်ဟှားဘီးန ယေရှုဟှ “ခု လူ့ရဲ့သားဟှာ ဖောင်းသရေတော် ထန်ရှားတော်မူဘီ။ ခု ဘုရားသခင်ဟှာ လူ့ရဲ့သားအားဖြင့် ဖောင်းသရေတော် ထန်ရှားတော်မူဘီ။
JOH 13:32 ဘုရားသခင်ဟှာ လူ့ရဲ့သားအားဖြင့် ဖောင်းသရေတော် ထန်ရှားတော်မူဟှယ် ဆိုဟှာ ဘုရားသခင် ကိုယ်တိုင်အားဖြင့် လူ့ရဲ့သားဟှို ဖောင်းသရေတော် ထန်ရှားတော်မူဘီး အယ်ဖောင်းသရေတော်ဟှို ရှစ်ရှင်း ထန်ရှားတော်မူလေ့မယ်။
JOH 13:33 ရှစ်ရဟှူ သားမီးလေ၊ ငါဟှာ နန်းနို့နတူးဒူ ရှစ်ဟှားဘဲ့ နေရလေ့မယ်။ နန်းနို့ဟှာ ငါ့ဟှို လိုက်ရှာလေ့မယ်။ အယ်ဘေမဲ့ ယုဒအာဏာပိုင်လေဟှို ပြောဟှားမျိုးဘဲ့ ‘ငါသွားမယ့်နေရာဟှို နန်းနို့လာနိုင်ဂေ့ဟှ’ ဆိုဘီး နန်းနို့ဟှို ခု ငါပြောဟှယ်။
JOH 13:34 ခု နန်းနို့ဟှို ငါပေးဟှူ ပညတ်တော်သစ်ဟှ ရှင်းရှင်းရှစ်ဂေ့။ နန်းနို့ဟှို ငါရှစ်မျိုးဘဲ့ ရှင်းရှင်းရှစ်ရမယ်။
JOH 13:35 နန်းနို့ရှင်းရှင်း ရှစ်ဂေ့မယ် ဆိုဟှာ နန်းနို့ဟှာ ငါ့တဗဲ့တော် ဖြစ်ဂေ့ဟှယ် ဆိုဇာဟှို လူတိုင်း သိဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 13:36 ရှိမုန်ပေတရုဟှ “သခင်၊ ကိုယ်တော်ဟှ ဖယ်နေရာဟှို သွားဟှို့နူး” ဆိုဘီး ကိုယ်တော့်ဟှို မေးလျှော့‑က်လေဟှယ်။ ယေရှုဟှ “ငါသွားဟှို့နေရာဟှို ခု နန်လိုက်နိုင်ဟှို့ မှုဟှ။ အယ်ဘေမဲ့ နော့‑က်ဆိုဟှာ လိုက်ရလေ့မယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 13:37 ပေတရုဟှ “သခင်၊ ဖြားဖြစ်ကြောန့် ခုဟှ ကိုယ်တော်နော့‑က်ဟှို လိုက်နိုင်ရဟှနူး။ ကိုယ်တော်တွပ်ဆို ကျွန်တော့်သတ်ဟှို စွန့်ဟှို့ ဆင်သင့်ဘဲ့!” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
JOH 13:38 ယေရှုဟှ “နန်ဟှ ငါ့တွပ် နန့်ရဲ့ သတ်ဟှို စွန့်ဟှို့ ဆင်သင့်ဘဲ့လော။ နန့်ဟှို ငါ မှန်တိုင်းပြောမယ်၊ ကြစ်တွန်ခန်မာ နန်ဟှာ ငါ့ဟှို သိဟှ ဆိုဘီး သောင်းခါ ငြင်းပယ်လေ့မယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 14:1 ယေရှုဟှာ သူးနို့ဟှို “နန်းနို့လေ စိပူဂေ့န။ ဘုရားသခင်ဟှို ယောင်ကြည်ဂေ့။ ငါ့ဟှိုလည်း ယောင်ကြည်ပါ။
JOH 14:2 ငါ့ဖရဲ့ အီတော်မာ ခန်းလေ ဘောင်ဂီးရှိဟှယ်။ နန်းနို့တွပ် နေရာဟှို ပြင်ဆင်ဟှို့တွပ် ငါသွားရမယ်။ ခန်းလေမှေ့ဟှ ဆိုဟှာ နန်းနို့ဟှို အယ်မျိုး ပြောဟှို့ မှုဟှ။
JOH 14:3 နန်းနို့တွပ် နေရာဟှို သွားပြင်ဆင်ဘီးန ငါပ္လန်လာဘီး ငါရှိဟှူနေရာမာ နန်းနို့ရှိနေဟှို့တွပ် နန်းနို့ဟှို ငါနားဟှို ခေါ်ဆောန်မယ်။
JOH 14:4 ငါသွားမယ့်နေရာဟှို ရော့‑က်နိုင်ဟှူလမ်းဟှို နန်းနို့သိဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 14:5 သောမဟှာ ကိုယ်တော့်ဟှို “သခင်၊ ကိုယ်တော်ဟှာ ဖယ်နေရာဟှို သွားမယ် ဆိုဇာ ကျွန်တော့်ဟှားလေ သိဂေ့ဟှ။ အယ်ဆိုဟှာ ကျွန်တော့်ဟှားလေဟှ အယ်နေရာဟှို ရော့‑က်နိုင်မယ့်လမ်းဟှို ဖယ်မျိုး သိနိုင်ဟှို့နူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
JOH 14:6 ယေရှုဟှာ သူ့ဟှို “ငါဟှာ လမ်း၊ သမ္မာတရားန သတ်ဖြစ်ဟှယ်။ ငါ့အားဖြင့် မှုဟှ ဆိုဟှာ ဖယ်လူလည်း ဖနားဟှို သွားနိုင်ဂေ့ဟှ။
JOH 14:7 ခု နန်းနို့ဟှာ ငါ့ဟှို သိဟှားဘီ။ အယ်ဆိုဟှာ နန်းနို့လေဟှာ ငါ့ဖဟှိုလည်း သိဂေ့လေ့မယ်။ ခုဟှစဘီး နန်းနို့ဟှာ ဖဟှို သိဗြင်ဂေ့ဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 14:8 ဖိလိပ္ပုဟှ ကိုယ်တော့်ဟှို “သခင်၊ ဖဟှို ကျွန်တော့်ဟှားလေဟှို ပြတော်မူပါ။ အယ်မူဇာဟှို ကျွန်တော့်ဟှားလေ အားလောင်း လိုရှင်ဂေ့ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
JOH 14:9 ယေရှုဟှ “ဖိလိပ္ပု၊ ငါဟှာ နန်းနို့လေ ဂူလောင်းနတူးဒူ ခီကြာဂီး ရှိနေဟှိုမှ ငါ့ဟှို သိဂေ့သေးဟှလော။ ငါ့ဟှို ဗြင်ဟှူလူဟှာ ငါ့ဖဟှို ဗြင်ရဟှယ်။ အယ်ဆိုဟှာ ‘ဖဟှို ကျွန်တော့်ဟှားလေဟှို ပြပါ’ ဆိုဘီး ဖြားဖြစ်ကြောန့် နန်းနို့ ပြောနေရနူး။
JOH 14:10 ဖိလိပ္ပု၊ ငါဟှာ ဖထဲမာရှိဘီး ဖဟှလည်း ငါထဲမာရှိဟှယ် ဆိုဇာဟှို နန်ယောင်ကြည်ဟှလော။ နန်းနို့ဟှို ငါပြောနေဟှူ စကားလေဟှာ ငါထဲဟှနေ ထွပ်လာဇာ မှုဟှ။ ငါ့ထဲမာရှိနေဟှူ ဖကိုယ်တိုင်ဟှ သူ့ရဲ့ မှုဟှို ပြုတော်မူဟှယ်။
JOH 14:11 ငါဟှာ ဖထဲမာ ရှိနေဘီး ဖဟှလည်း ငါ့ထဲမာ ရှိနေဟှယ် ဆိုဘီး ပြောနေဟှူ ခီမာ ငါ့ဟှို ယောင်ကြည်ဂေ့။ ယောင်ကြည်ဘဲဟှ ဆိုဟှာ ငါလောက်နေဇာလေဟှို ယောင်ကြည်ဂေ့။
JOH 14:12 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါ့ဟှို ယောင်ကြည်ဟှူ လူဟှာ ငါလောက်ဇာလေဟှို လောက်လေ့မယ်။ အယ်ထတ်ကီးဟှူ ဇာလေဟှိုလည်း လောက်လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဖနားဟှို သွားရဟှို့တွပ် ဖြစ်ဟှယ်။
JOH 14:13 ဖရဲ့ ဖောင်းသရေတော်ဟှာ သားတော်အားဖြင့် ထန်ရှားဟှို့တွပ် ငါ့နာမန နန်းနို့တောန်းဇာမှန်မျှ ငါလောက်မယ်။
JOH 14:14 နန်းနို့ဟှာ ငါ့နာမန တခုခုဟှို ငါ့နားမာ တောန်းမယ် ဆိုဟှာ အယ်တိုင်း ငါပြုမယ်။
JOH 14:15 “နန်းနို့ဟှာ ငါ့ဟှို ရှစ်ဟှယ် ဆိုဟှာ ငါ့ပညတ်တော်လေဟှို လိုက်နာဂေ့လေ့မယ်။
JOH 14:16 ငါဟှာ ဖဟှို တောန်းလျှော့‑က် လိုက်ဟှူကြောန့် နန်းနို့နတူးဒူ ထာဝရနေထိုင်ဟှူ ကူညီမဇသူ တပါးဟှို ပေးတော်မူလေ့မယ်။
JOH 14:17 သူဟှာ ဘုရားသခင်နဆိုင်ဟှူ သမ္မာတရားဟှို ဖွမ့်ပြပေးဟှူ ဝိညာဉ်တော်ဖြစ်ဟှယ်။ အယ်လောကဟှာ အယ်ဝိညာဉ်တော်ဟှို ဗြင်ဂေ့ဟှ။ သိဂေ့ဘဲဟှူကြောန့် အယ်ဝိညာဉ်တော်ဟှို လတ်ခံဂေ့ဟှ။ အယ်ဘေမဲ့ နန်းနို့ဟှာ အယ်ဝိညာဉ်တော်ဟှို သိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ နန်းနို့နတူးဒူး နေတော်မူနေဘီး နန်းနို့ထဲမာ ရှိနေတော်မူဟှယ်။
JOH 14:18 “ငါဟှာ နန်းနို့ဂူလောင်းဟှို ခိုကိုးရာမဲ့ ထားရစ်ဇာ မှုဟှ။ ငါဟှာ နန်းနို့နားဟှို ပ္လန်လာရအူးမယ်။
JOH 14:19 ရှစ်ဟှားကြာဘီးဟှာ အယ်လောကဟှာ ငါ့ဟှို နော့‑က်တခါ ဗြင်ရလေ့ဟှို့မှုဘီ။ အယ်ဘေမဲ့ နန်းနို့ဟှာ ငါ့ဟှို ဗြင်ရလေ့မယ်။ ငါသတ်ရှင်ဟှူကြောန့် နန်းနို့လည်း သတ်ရှင်ရလေ့မယ်။
JOH 14:20 အယ်နေ့ရစ် ရော့‑က်လာဟှူ ခီမာ ငါဟှာ ဖထဲမာ ရှိနေဟှယ် ဆိုဇာဟှိုရော၊ နန်းနို့ဟှာ ငါ့ထဲမာ ရှိနေဟှယ် ဆိုဇာဟှိုရော၊ ငါဟှာ နန်းနို့ထဲမာ ရှိနေဟှယ် ဆိုဇာဟှိုရော နန်းနို့သိရလေ့မယ်။
JOH 14:21 “ငါ့ပညတ်တော်လေဟှို လတ်ခံဘီး လိုက်နာဟှူလူလေဟှာ ငါ့ဟှို ရှစ်ဟှူလူလေ ဖြစ်ဟှယ်။ ငါ့ဟှို ရှစ်ဟှူလူလေဟှို ငါ့ဖဟှလည်း ရှစ်တော်မူဟှယ်။ ငါဟှလည်း သူးနို့ဟှို ရှစ်ဟှူကြောန့် ငါကိုယ်တိုင် သူးနို့ဟှို ဖွမ့်ပြမယ်” ဆိုဘီး ဖြေတော်မူဟှယ်။
JOH 14:22 ယုဒရှကာရုတ်မှုဘဲဟှူ ယုဒဟှ “သခင်၊ ကျွန်တော့်ဟှားလေဟှို ကိုယ်တော်ကိုယ်တိုင် ထန်ရှားတော်မူဘီးဟှာ လောကသားလေဟှို ထန်ရှားပြဘဲဇာဟှ ဖယ်မျိုးနူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
JOH 14:23 ယေရှုဟှာ “ငါ့ဟှို ရှစ်ဟှူလူလေဟှာ ငါ့သွန်သန်ဇာလေဟှို လိုက်နာလေ့မယ်။ ငါ့ဖဟှလည်း သူးနို့ဟှို ရှစ်လေ့မယ်။ ငါ့ဖန ငါဟှာ သူးနို့နားဟှို ကြွလာဘီး သူးနို့နတူးဒူ နေတော်မူမယ်။
JOH 14:24 ငါ့ဟှို ရှစ်ဘဲဟှူ လူလေဟှာ ငါ့သွန်သန်ဇာလေဟှို လိုက်နာဂေ့ မှုဟှ။ နန်းနို့ကြားရဟှူ သွန်သန်ဇာလေဟှာ ငါ့သွန်သန်ဇာလေ မှုဟှ။ အယ်ဘေမဲ့ ငါ့ဟှို စေလွှတ်တော်မူဟှူ ဖရဲ့ သွန်သန်ဇာလေဘဲ့ ဖြစ်ဟှယ်။”
JOH 14:25 “နန်းနို့နတူးဒူ ရှိနေဒူးမာ အယ်မူဇာဟှို ငါပြောဟှားဟှယ်။
JOH 14:26 ဖဟှာ ငါ့နာမကြောန့် စေလွှတ်ပေးမယ့် ကူညီမဇသူဖြစ်ဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ နန်းနို့ဟှို ဂူလောင်းဟှို သွန်သန်ပေးဘီးဟှာ ငါပြောဟှားဇာလေ ဂူလောင်းဟှို မှတ်မိလာအောန် လောက်ပေးလေ့မယ်။”
JOH 14:27 “ငြီသတ်မှုဟှို နန်းနို့နတူးဒူ ငါထားဟှားဘီ။ ငါ့ငြီသတ်မှုဟှိုလည်း နန်းနို့ဟှို ငါပေးဟှားဟှယ်။ လောကသားလေဟှို ပေးဟှားမျိုး ငါပေးဟှားဇာ မှုဟှ။ နန်းနို့လေ စိုးရိမ်ပူဘန်ဂေ့န။ ကြော့‑က်ဂေ့န။
JOH 14:28 ‘ငါ သွားလိုက်ဘေမဲ့ နန်းနို့နားဟှို ပ္လန်လာအူးမယ်’ ဆိုဘီး ငါပြောဟှားဇာဟှို နန်းနို့ကြားဟှားပီးဘီ။ နန်းနို့ဟှာ ငါ့ဟှို ရှစ်ဟှယ် ဆိုဟှာ ဖနားဟှို ငါသွားဟှူကြောန့် နန်းနို့ဝန်းသာရလေ့မယ်။ ဖြားဖြစ်ကြောန်ဆိုဟှာ ဖဟှာ ငါ့ထတ် ကီးမြတ်တော်မူဟှယ်။
JOH 14:29 အယ်မူဇာလေဖြစ်လာဟှူ ခီမာ နန်းနို့ ယောင်ကြည်ဂေ့ဟှို့တွပ် အယ်မူဇာလေအားလောင်း ဖြစ်ခန်ဂဒဲဟှ နန်းနို့ဟှို ခု ငါပြောဟှားဟှယ်။
JOH 14:30 ငါဟှာ နန်းနို့ဟှို ဘောင်ဂီးပြောနိုင်ဟှို့မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လောကဟှို အောက်ချောက်မားဟှာ လာနေဘီ။ သူဟှာ ငါထတ်မာ ဖြားခွမ့်အာဏာလည်း မှေ့ဟှ။
JOH 14:31 အယ်ဘေမဲ့ ငါဟှာ ဖဟှို ရှစ်ဟှယ် ဆိုဇာဟှို အယ်လောကဟှို သိစေဟှို့တွပ် ဖပညတ်ဟှားတိုင်း ငါလောက်ဟှယ်။” “လာဂေ့။ အယ်နေရာဟှနေ နို့လေသွားဂေ့ဇို့” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
JOH 15:1 “ငါဟှာ စစ်မှန်ဟှူ စဗျစ်နွယ်ဗန် ဖြစ်ဟှယ်။ ငါ့ဖဟှာ ဥယျာဉ်မှူးဖြစ်ဟှယ်။
JOH 15:2 ငါ့ထဲမာ သီးသီးဘဲဟှူ ခတ်လေဟှို ဖဟှာ ခွတ်ပစ်မယ်။ သီးသီးဟှူ ခတ်လေဟှိုလည်း ပိုဘီး သီးစေဟှို့တွပ် ရှင်းလန်းလေ့မယ်။
JOH 15:3 ငါဟောပြောဟှူ တရားစကားအားဖြင့် ခု နန်းနို့ဟှာ သန့်ရှင်းဟှားဘီ။
JOH 15:4 ငါ့နှိုက် ရှိနေဂေ့။ အယ်ဆိုဟှာ ငါဟှလည်း နန်းနို့ထဲမာ ရှိနေလေ့မယ်။ ခတ်ဟှာ သူ့ကိုယ်သူ သီးသီးနိုင်ဟှ။ စဗျစ်နွယ်ဗန်မာရှိနေမယ် ဆိုဟှာ အယ်ခတ်ဟှာ သီးသီးနိုင်ဟှယ်။ အယ်မျိုးဘဲ့ နန်းနို့ဟှာ ငါနှိုက်မှေ့ဟှ ဆိုဟှာ သီးသီးနိုင်ဂေ့ဟှ။”
JOH 15:5 “ငါဟှာ စဗျစ်နွယ်ဗန်ဖြစ်ဟှယ်။ နန်းနို့ဟှာ ခတ်လေဖြစ်ဟှယ်။ ငါ့နှိုက် နန်းနို့ရှိနေဘီး နန်းနို့နှိုက် ငါရှိနေမယ် ဆိုဟှာ နန်းနို့လေဟှာ သီးလေဘောင်ဂီး သီးဂေ့လေ့မယ်။ နန်းနို့ဟှာ ငါနှိုက်မှေ့ဟှ ဆိုဟှာ နန်းနို့ ဖြားဇာလည်း လောက်နိုင်ဂေ့ မှုဟှ။
JOH 15:6 ငါ့နှိုက် မှေ့ဘဲ့ဟှူ လူလေဟှာ ပ္လန်ဟှို ပစ်လိုက်ဟှူ သစ်ခတ်ခြော့‑က်မျိုးဘဲ့ ဖြစ်ဟှယ်။ အယ်ခတ်ခြော့‑က်လေဟှို စုသီးဘီးဟှာ မီးထဲဟှို ပစ်ခ္လလိုက်ဟှူကြောန့် လောန်ကျွမ်းဟှားဂေ့ဟှယ်။
JOH 15:7 နန်းနို့ဟှာ ငါ့နှိုက်ရှိနေဘီး ငါ့စကားတော်လေဟှာလည်း နန်းနို့နှိုက်ရှိနေမယ် ဆိုဟှာ နန်းနို့ တောန်းဇာဂူလောင်းဟှို ရလေ့မယ်။
JOH 15:8 နန်းနို့ဟှာ သီးလေဘောင်ဂီးဟှို သီးဟှူအားဖြင့် ငါ့ဖရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဘီး အယ်နည်းလမ်းအားဖြင့် ငါ့တဗဲ့တော်လေ ဖြစ်လာဂေ့ဟှယ်။
JOH 15:9 ဖဟှာ ငါ့ဟှို ရှစ်မျိုးဘဲ နန်းနို့ဟှိုလည်း ငါရှစ်ဟှယ်။ အယ်ကြောန့် ငါ့ရဲ့မြစ်တာထဲမာရှိဂေ့ပါ။
JOH 15:10 ငါဟှာ ဖရဲ့ ပညတ်တော်လေဟှို လိုက်နာဘီး ဖရဲ့ မြစ်တာထဲမာရှိနေမျိုးဘဲ့ နန်းနို့ဟှာလည်း ငါ့ရဲ့ ပညတ်တော်လေဟှို လိုက်နာမယ် ဆိုဟှာ ငါ့ရဲ့ မြစ်တာထဲမာ ရှိလေ့မယ်။”
JOH 15:11 “နန်းနို့ထဲမာ ငါ့ရဲ့ ဝန်းသာမှုလေ ရှိနေဘီး နန်းနို့ရဲ့ ဝန်းသာမှုလေ ပ္လဲ့ဇောင်လာဟှို့တွပ် အယ်မူဇာဟှို နန်းနို့ဟှို ငါပြောဟှယ်။
JOH 15:12 ငါ့ပညတ်ဟှ နန်းနို့ဟှို ငါရှစ်မျိုးဘဲ နန်းနို့ရှင်းရှင်း ရှစ်ဂေ့။
JOH 15:13 မိမိရဲ့ မိဆွေလေတွပ် နန်းနို့ရဲ့ သတ်ဟှို ပေးလိုက်ဇာဟှာ ကီးမားဆောင်းဟှူ မြစ်တာဖြစ်ဟှယ်။
JOH 15:14 နန်းနို့ဟှာ ငါ့ပညတ်ဟှားဇာလေဟှို လောက်မယ် ဆိုဟှာ နန်းနို့ဟှာ ငါ့ရဲ့မိဆွေလေဖြစ်ဟှယ်။
JOH 15:15 ငါဟှာ နန်းနို့ဟှို စေခံ ဆိုဘီး ခေါ်ဟှို့မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ စေခံဟှာ သူးနို့သခင် လောက်ဇာလေဟှို သိရဂေ့ဟှ။ ငါ့ဖနားဟှနေ ကြားဟှားဇာလေ ဂူလောင်းဟှို နန်းနို့ဟှို ငါ့ပြောပြနေဟှူကြောန့် နန်းနို့ဟှို မိဆွေလေ ဆိုဘီး ငါခေါ်ဟှယ်။
JOH 15:16 နန်းနို့ဟှာ ငါ့ဟှို ဝီးကော့‑က်ဟှားဇာ မှုဟှ။ သွားဘီးဟှာ တည်မြဲဟှူသီးလေ ဘောင်ဂီးသီးဟှို့တွပ် နန်းနို့ဟှို ဝီးကော့‑က်ဘီး ခန့်အပ်ဟှားဟှယ်။ အယ်ကြောန့် ငါ့နာမအားဖြင့် နန်းနို့တောန်းဇာလေ ဂူလောင်းဟှို ဖဟှ ပေးတော်မူလေ့မယ်။
JOH 15:17 အယ်ကြောန့်ဘဲ့ နန်းနို့ရှင်းရှင်း ရှစ်ဂေ့ ဆိုဘီး ငါပညတ်ဟှားဟှယ်။”
JOH 15:18 “လောကသားလေဟှာ နန်းနို့ဟှို မူးတီးဂေ့မယ် ဆိုဟှာ နန်းနို့ဟှို မူးတီးခန်မာ ငါ့ဟှို ရင်ဦးဆောင်း မူးတီးဂေ့ဟှယ် ဆိုဇာဟှို သိမှတ်ဂေ့။
JOH 15:19 နန်းနို့ဟှာ အယ်လောကနဆိုင်မယ် ဆိုဟှာ လောကသားလေဟှာ သူးနို့နဆိုင်ဟှူ နန်းနို့ဟှို ရှစ်လေ့မယ်။ အယ်ဘေမဲ့ ငါဟှာ နန်းနို့ဟှို အယ်လောကထဲဟှနေ ဝီးကော့‑က်ဟှားဟှူကြောန့် နန်းနို့ဟှာ အယ်လောကနဆိုင်ဟှ။ အယ်ကြောန့် လောကသားလေဟှာ နန်းနို့ဟှို မူးတီးဂေ့ဟှယ်။
JOH 15:20 ‘ကျွန်လေဟှာ သူးနို့သခင်ထတ် ကီးမြတ်ဟှ’ ဆိုဘီး နန်းနို့ဟှို ငါပြောဟှားဇာလေဟှို မှတ်ဟှားဂေ့။ လူလေဟှာ ငါ့ဟှို ညှဉ်းဆဲဂေ့မယ် ဆိုဟှာ နန်းနို့ဟှိုလည်း ညှဉ်းဆဲဂေ့လေ့မယ်။ သူးနို့ဟှာ ငါ့ရဲ့သွန်သန်ချစ်ဟှို လိုက်နာမယ် ဆိုဟှာ နန်းနို့သွန်သန်ချစ်ဟှိုလည်း လိုက်နာဂေ့လေ့မယ်။
JOH 15:21 အယ်ဘေမဲ့ သူးနို့ဟှာ ငါ့ဟှို စေလွှတ်ဟှူသူဟှို သိဘဲဟှူတွပ် ငါ့နာမကြောန့် နန်းနို့ဟှို ညှဉ်းဆဲဂေ့လေ့မယ်။
JOH 15:22 ငါဟှာ လာဘီး သူးနို့ဟှို ပြောဟှဆိုဟှာ သူးနို့မာ ပြစ် မှေ့ဟှ။ အယ်ဘေမဲ့ ခု သူးနို့ဟှာ သူးနို့ရဲ့ ပြစ်တွပ် ကြောန်းပြဇာမှေ့ဘီ။
JOH 15:23 ဖယ်လူဘဲ့ဖြစ်ဖြစ် ငါ့ဟှို မူးတီးမယ် ဆိုဟှာ ငါ့ဖဟှိုလည်း မူးတီးလေဟှယ်။
JOH 15:24 ငါဟှာ တခြားလူလေ လောက်ဖူးဘဲဟှူဇာလေဟှို သူးနို့ရှေ့မာ ပြုလောက်ဟှ ဆိုဟှာ သူးနို့မာ ပြစ်ရှိလေ့မယ် မှုဟှ။ ခုဆိုဟှာ ငါပြုလောက်ဇာလေဟှို သူးနို့ဗြင်ဟှားဘီးဟှူကြောန့် ငါ့န ငါ့ဖဟှို မူးတီးဂေ့ဘီ။
JOH 15:25 အယ်မျိုး ဖြစ်လာရဇာဟှ သူးနို့ရဲ့ ပညတ်တော်မာ ‘သူးနို့ဟှာ ကြောန်းပြချစ်မှေ့ဘဲန ငါ့ဟှို မူးတီးဂေ့ဟှယ်’ ” ဆိုဘီး ရေးဟှားဇာဟှာ ပ္လဲ့ဇောင်စေဟှို့ဖြစ်ဟှယ်။
JOH 15:26 “ဖနားဟှနေ ကြွလာတော်မူဘီး ဘုရားသခင်န ဆိုင်ဟှူ သမ္မာတရားဟှို ဖွမ့်ပြပေးဟှို့တွပ် ကူညီမဇသူဖြစ်ဟှူ သန့်ရှင်းဟှူဝိညာဉ်တော် ကြွလာလေ့မယ်။ ငါ့ဖနားဟှနေ နန်းနို့နားဟှို သူ့ဟှို ငါစေလွှတ်ပေးလိုက်ဘီး သူဟှာ ငါ့ကြောန်းဟှို သတ်သေခံလေ့မယ်။
JOH 15:27 နန်းနို့လည်းဘဲ့ ရင်ဂဒဲဟှ ငါ့နတူးဒူရှိနေဟှူကြောန့် ငါ့ကြောန်းဟှို သတ်သေခံလေ့မယ်။”
JOH 16:1 “နန်းနို့ရဲ့ ယောင်ကြည်ရှင်း ပျစ်ပြားဘဲဟှို့တွပ် အယ်မူကြောန်းဟှို ငါပြောဟှားဟှယ်။
JOH 16:2 နန်းနို့ဟှို ဝါလယ်ဇရပ်ဟှနေ နှန်ထုဂေ့လေ့မယ်။ နန်းနို့ဟှို သတ်ဟှူလူလေဟှ ဘုရားသခင်ဟှို ဝတ်ပြုဟှယ် ဆိုဘီး ထန်မှတ်ဟှူ ခီက္လရော့‑က်လာလေ့မယ်။
JOH 16:3 လူလေဟှာ ငါ့ဟှိုလည်း သိဂေ့ဟှ။ ဖဟှိုလည်း သိဂေ့ဘဲဟှူကြောန့် နန်းနို့ဟှို အယ်မူဇာလေဟှို လောက်လေ့မယ်။
JOH 16:4 အယ်ခီ ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှို ငါပြောဟှားဘီးဇာဟှို နန်းနို့ပ္လန်ဘီး အော့‑က်မေ့စေဟှို့တွပ် ခု ငါပြောနေဟှယ်။” “ငါဟှာ နန်းနို့နတူးဒူ ရှိနေဟှူကြောန့် နန်းနို့ဟှို အယ်မူဇာလေဟှို ရင်းရင်ဒူးဟှ ငါပြောဟှ။
JOH 16:5 ခု ငါ့ဟှို စေလွှတ်သူနားဟှို ငါသွားဝေါ့မယ်။ အယ်ဘေမဲ့ ဖယ်နေရာဟှို သွားဟှို့နူး ဆိုဘီး နန်းနို့ထဲဟှ ယော့‑က်လည်း ငါ့ဟှို မေးဂေ့ဟှမ်းမား။
JOH 16:6 ခု နန်းနို့ဟှို အယ်မျိုး ပြောလိုက်ဟှူကြောန့် နန်းနို့ရဲ့ စိနှလောင်းထဲမာ ရရာတိုင်း ဝန်းနဲနေဂေ့ဟှယ်။
JOH 16:7 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါသွားလိုက်ဇာဟှာ နန်းနို့တွပ် ပိုဘီး ကောန်းဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါသွားဟှ ဆိုဟှာ ကူညီမဇသူဟှာ နန်းနို့နားဟှို ရော့‑က်လာဟှို့ မှုဟှ။ အယ်ဘေမဲ့ ငါသွားလိုက်မယ် ဆိုဟှာ အယ်သူဟှို နန်းနို့နားဟှို ငါစေလွှတ်မယ်။
JOH 16:8 ကူညီမဇသူ ရော့‑က်လာဟှူ ခီမာ လောကသားလေဟှို ပြစ်ကြောန်းဟှိုရော၊ ဖြောန့်မတ်ကြောန်းဟှိုရော၊ တရားစီရင်ကြောန်းလေဟှိုရော ဖော်ပြပေးလေ့မယ်။
JOH 16:9 သူးနို့ဟှာ ငါ့ဟှို ယောင်ကြည်ဂေ့ဘဲဟှူကြောန့် သူးနို့ရဲ့ ပြစ်ဟှို ဖော်ပြမယ်။
JOH 16:10 ငါဟှာ ဖနားဟှို သွားရမယ်ဖြစ်ကြောန့် နန်းနို့ဟှာ ငါ့ဟှို ဗြင်ရဟှို့မှုဘီ။ အယ်ကြောန့် နန်းနို့ဟှို ဖြောန့်မတ်ကြောန်းဟှို ဖော်ပြမယ်။
JOH 16:11 အယ်လောကဟှို အောက်ချောက်မားဟှာ တရားစီရင်ဇာဟှို ခံရဘီဖြစ်ဟှူုကြောန့် သူးနို့ဟှို တရားစီရင်တော်မူကြောန်းဟှို ဖော်ပြမယ်။”
JOH 16:12 “နန်းနို့ဟှို ပြောပြဟှို့ဇာလေ ဘောင်ဂီးရှိဘေမဲ့ ခု နန်းနို့ခံယူနိုင်ဂေ့ မှုဟှ။
JOH 16:13 အယ်ကြောန့် ဘုရားသခင်ကြောန်းနဆိုင်ဟှူ သမ္မာတရားဟှို လမ်းပြပေးမယ့် ဝိညာဉ်တော် ကြွလာဟှူ ခီမာ နန်းနို့ဟှို သမ္မာတရား ဂူလောင်းဟှို ဖွမ့်ပြတော်မူလေ့မယ်။ အယ်ဝိညာဉ်တော်ဟှာ သူ့ဆန္ဒတိုင်း ပြောနေဇာမှုဘဲ သူကြားရဇာလေဟှို ပြောပြဘီးဟှာ ဖြစ်လာဟှို့ ဇာလေဟှိုလည်း ပြောပြလေ့မယ်။
JOH 16:14 သူဟှာ ငါပြောနေဇာလေဟှိုဘဲ့ နန်းနို့ဟှို ပြောပြပေးနေဟှူကြောန့် ငါ့ဖောင်းသရေတော်ဟှို ထန်ရှားစေလေ့မယ်။
JOH 16:15 ငါ့ဖမာ ရှိဇာလေ ဂူလောင်းဟှာ ငါ့ဇာလေဖြစ်ဟှယ်။ အယ်ကြောန့် ဝိညာဉ်တော်ဟှာ ငါပြောဟှားဟှူ စကားလေဟှို နန်းနို့ဟှို ပြောပြလေ့မယ်။”
JOH 16:16 “ခီနဲနဲကြာဘီးဟှာ နန်းနို့ဟှာ နော့‑က်ထပ် ငါ့ဟှို တွိရလေ့ဟှို့မှုဘီ။ အယ်ဘီးန ခီနဲနဲကြာဘီးဟှာ နန်းနို့ဟှာ ငါ့ဟှို ပ္လန်တွိရလေ့မယ်။”
JOH 16:17 တဗဲ့တော်တချို့ဟှာ “ခီနဲနဲကြာဘီးဟှာ နို့လေဟှာ ကိုယ်တော့်ဟှို တွိရဟှို့မှုဘီ။ အယ်ဘီးန ခီနဲနဲကြာဘီးဟှာ နို့လေဟှာ ကိုယ်တော့်ဟှို ပ္လန်တွိရလေ့မယ်။ ‘ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဖနားဟှို သွားရအူးမယ်’ ဆိုဘီး နို့လေဟှို မိန့်တော်မူနေဇာဟှ ဖြားဓိပါယ်နူး ဆိုဘီး သူးနို့ရှင်းရှင်း မေးနေဂေ့ဟှယ်။
JOH 16:18 အယ်ဆိုဟှာ ‘ခီနဲနဲကြာဘီးဟှာ’ ဆိုဇာဟှ ဖြားဓိပါယ်နူး။ ကိုယ်တော် မိန့်တော်မူနေဇာလေဟှို နို့လေလည်း နားလည်ဂေ့ဟှ!”
JOH 16:19 သူးနို့လေဟှာ ကိုယ်တော့်ဟှို မေးလျှော့‑က်ရှင်ဂေ့ဟှယ် ဆိုဇာဟှို ယေရှုဟှ သိနေတော်မူဟှူကြောန့် “‘ခီနဲနဲကြာဘီးဟှာ နန်းနို့ဟှာ ငါ့ဟှို တွိဟှို့ မှုဟှ။ အယ်ဘီးန ခီနဲနဲကြာဘီးဟှာ နန်းနို့ဟှာ ငါ့ဟှို ပ္လန်တွိရလေ့မယ်’ ဆိုဘီး ငါပြောဟှားဟှယ်။ အယ်မူကြောန်းဟှို နန်းနို့ရှင်းရှင်း မေးမြန်းနေဂေ့ဟှယ်လော။
JOH 16:20 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ဟှာ ငိုကြွေးရဂေ့လေ့မယ်။ အယ်ဘေမဲ့ အယ်လောကဟှာ ဝန်းသာဂေ့လေ့မယ်။ နန်းနို့ဟှာ ဝန်းနဲရဂေ့ဘေမဲ့ နန်းနို့ရဲ့ ဝန်းနဲမှုဟှာ ဝန်းသာမှုဟှို ပ္လောန်းလဲဟှားလေ့မယ်။
JOH 16:21 မီးမတယော့‑က်ဟှာ သားမွီးခါနီးမာ မွီးဟှို့ခီ ရော့‑က်လာဟှူကြောန့် ဝန်းနဲမှုရှိဟှယ်။ အယ်ဘေမဲ့ သားမွီးဘီးဟှူ ခီမာ အယ်လောကမာ သားဂန်းတယော့‑က် မွီးဟှားပီးဘီတွပ် ဝန်းသာဟှားဟှူကြောန့် ဝေဒနာဟှို မေ့ဟှားလေဟှယ်။
JOH 16:22 ခု နန်းနို့ဟှာ ဝန်းနဲနေဂေ့ဟှယ်။ အယ်ဘေမဲ့ ငါဟှာ နန်းနို့န ပ္လန်တွိရမယ် ဖြစ်ဟှူကြောန့် နန်းနို့ရဲ့ စိနှလောင်းဟှာ ဝန်းသာဂေ့လေ့မယ်။ အယ်ဝန်းသာမှုဟှို ဖယ်သူလည်း နန်းနို့နားဟှနေ လုယူနိုင်ဂေ့ဟှ။”
JOH 16:23 “အယ်မူနေ့ရော့‑က်လာခီမာ နန်းနို့ဟှာ ငါ့ဟှို ဖြားဇာလည်း မေးဂေ့လေ့မယ် မှုဟှ။ နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ဟှာ ငါ့နာမအားဖြင့် တောန်းဇာဂူလောင်းဟှို ဖဟှ ပေးတော်မူလေ့မယ်။
JOH 16:24 ခုထိ ငါ့နာမအားဖြင့် နန်းနို့ဟှာ ဖြားဇာလည်း တောန်းဂေ့သေးဟှ။ နန်းနို့ရဲ့ ဝန်းသာဇာန ပ္လဲ့ဝဟှို့တွပ် တောန်းဂေ့။ တောန်းမယ် ဆိုဟှာ ရဂေ့လေ့မယ်။
JOH 16:25 “အယ်မူဇာလေဟှို ပေါင်ဥပမာသောင်းပြုဘီး နန်းနို့ဟှို ငါပြောဟှားဟှယ်။ အယ်ဘေမဲ့ ပေါင်ဥပမာဟှို သောင်းပြုဘဲန ဖရဲ့ ကြောန်းဟှို ပွမ့်ပွမ့်လန်းလန်းဟှား ပြောရဟှို့ ခီရော့‑က်လာလေ့မယ်။
JOH 16:26 အယ်မူနေ့ ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှာ ငါ့နာမအားဖြင့် တောန်းလျှော့‑က်ရလေ့မယ်။ နန်းနို့တွပ် ဖနားဟှနေ ငါဟှ တောန်းလျှော့‑က်ပေးမယ် ဆိုဘီး ပြောနေဇာ မှုဟှ။
JOH 16:27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖကိုယ်တိုင်ဟှ နန်းနို့ဟှို ရှစ်တော်မူဟှယ်။ ငါဟှာ ဖနားဟှနေ ကြွလာဟှယ် ဆိုဇာဟှို နန်းနို့ယောင်ကြည်ဟှူကြောန့် ဖဟှာ နန်းနို့ဟှို ရှစ်တော်မူဟှယ်။
JOH 16:28 ငါဟှာ ဖနားဟှနေ ထွပ်လာဘီး အယ်လောကထဲဟှို ကြွလာဟှယ်။ ခု ငါဟှာ အယ်လောကဟှနေ ထွပ်ဟှားဘီးဟှာ ဖနားဟှို သွားအူးမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 16:29 အယ်ဘီးန တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို “ခု ကိုယ်တော်ဟှာ ပေါင်ဥပမာဟှို သောင်းပြုဘဲန ပွမ့်ပွမ့်လန်းလန်းဟှား ဟောပြောတော်မူဟှယ်။
JOH 16:30 ကိုယ်တော်ဟှာ ဂူလောင်းဟှို သိတော်မူဘီး ဖယ်လူလည်း ကိုယ်တော့်ဟှို မေးလျှော့‑က်ဟှို့လိုအပ်ဟှ ဆိုဇာဟှို ခု ကျွန်တော့်ဟှားလေ သိရဂေ့ဘီ။ အယ်ကြောန့် ကိုယ်တော်ဟှာ ဘုရားသခင်နားဟှနေ ကြွလာတော်မူဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ ယောင်ကြည်ပါဟှယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
JOH 16:31 ယေရှုဟှာ သူးနို့ဟှို “ခု နန်းနို့ဟှ ယောင်ကြည်ဂေ့ဘဲ့လော။
JOH 16:32 နန်းနို့ဟှာ ဖ္လဲဖ္လဲစင်ဖြစ်ဟှားဘီး နန်းနို့အီဟှို ပ္လန်ဟှားဂေ့ဟှူ ခီမာ ငါ့ဟှို တယော့‑က်ဒဲ ထားရစ်ဟှို့ ခီဟှာလည်း ခုဘဲ့ ရော့‑က်နေဘီ။ အယ်ဘေမဲ့ ဖဟှာ ငါ့နတူးဒူရှိနေတော်မူဟှူကြောန့် ငါဟှာ တယော့‑က်ဒဲ မှုဟှ။
JOH 16:33 နန်းနို့ဟှာ ငါ့အားဖြင့် ငြီသတ်မှုရှိဟှို့တွပ် အယ်စကားဟှို ငါပြောပီးဘီ။ နန်းနို့ဟှာ အယ်လောကမာ ဆင်းရဲဒေါက်ခ ခံရဂေ့လေ့မယ်။ အယ်ဘေမဲ့ ကြော့‑က်ဂေ့န! ငါဟှာ လောကဟှို အောန်ဟှားပီးဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 17:1 ယေရှုဟှာ အယ်မျိုး မိန့်တော်မူဘီးန ကောန်းဂန်ဟှို မော့ကေ့ဘီးဟှာ “ဖ၊ ခီရော့‑က်ဟှားဘီ။ သားတော်ဟှာ ဖရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဟှို့တွပ် သားတော်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေတော်မူပါ။
JOH 17:2 ဖဟှ သားတော်ဟှို လူလေ ဂူလောင်းဟှို အောက်စိုးရဟှူ ခွမ့်အာဏာဟှို ပေးတော်မူဟှယ်။ အယ်ကြောန့် သားတော်ဟှာ ဖဟှနေ ပေးဟှားဟှူ လူလေ ဂူလောင်းဟှို ထာဝရသတ် ပေးနိုင်ဟှယ်။
JOH 17:3 ထာဝရသတ် ဆိုဇာဟှာ စစ်မှန်ဟှူ ဘုရားသခင် တဆူဒဲရှိဟှယ် ဆိုဇာန စေလွှတ်တော်မူဟှူ ယေရှုခရစ်တော်ဟှို သိဟှို့ဖြစ်ဟှယ်။
JOH 17:4 ကိုယ်တော် အပ်ပေးတော်မူဟှူ မှုတော်ဟှို ကျွန်တော်ဟှာ ဆောန်ရွက်ပီးဟှားဘီ ဖြစ်ဟှူကြောန့် ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို မ္လေဂီးထတ်မာ ထန်ရှားစေဘီ။
JOH 17:5 ဖ! အယ်လောကဟှို ဖန်ဆင်းခန်ဂဒဲဟှ ကိုယ်တော်နတူးဒူ ကျွန်တော်ခံစားရဟှူ ဖောင်းသရေတော်ဟှို ခု ကိုယ်တော့်ရှေ့တော်မာ ကျွန်တော့်ဟှို ပေးတော်မူပါ။
JOH 17:6 “အယ်လောကထဲဟှနေ ဝီးကော့‑က်ဘီး ကျွန်တော့်ဟှို အပ်ပေးတော်မူဟှူ လူလေဟှို ကိုယ်တော်ရဲ့ နာမဟှို ထန်ရှားစေပီးဘီ။ သူးနို့ဟှို ကိုယ်တော်ဟှ ပိုင်တော်မူဘီး ကျွန်တော့်ဟှို အပ်ပေးတော်မူဘီ။ သူးနို့ဟှာ ကိုယ်တော်ရဲ့ စကားတော်ဟှို လိုက်နာဂေ့ဘီ။
JOH 17:7 ကျွန်တော့်ဟှို ကိုယ်တော်ပေးဟှားဇာလေ ဂူလောင်းဟှာ ကိုယ်တော်နားဟှ ရရှိလာဟှယ် ဆိုဇာဟှို ခု သူးနို့သိရှိဂေ့ဘီ။
JOH 17:8 ကျွန်တော့်ဟှို ကိုယ်တော် ပေးအပ်တော်မူဟှူ စကားတော်ဟှို ကျွန်တော်ဟှာ သူးနို့ဟှို ပေးဟှူ ခီမာ သူးနို့လတ်ခံဂေ့ဟှယ်။ ကိုယ်တော်နားဟှနေ ကျွန်တော်ကြွလာဟှယ် ဆိုဇာဟှို သူးနို့ဟှာ မှန်ဘဲ့သိဂေ့ဟှယ်။ ကျွန်တော့်ဟှို ကိုယ်တော်စေလွှတ်ဟှယ် ဆိုဇာဟှိုလည်း သူးနို့ဟှာ ယောင်ကြည်ဂေ့ဟှယ်။
JOH 17:9 “သူးနို့တွပ် ကျွန်တော် ဆုတောန်းဟှယ်။ ကျွန်တော်ဟှို ကိုယ်တော် ပေးအပ်တော်မူဟှူ လူလေဟှာ ကိုယ်တော်ပိုင်တော်မူဟှူ လူလေဖြစ်ဟှူကြောန့် အယ်လောကတွပ် မှုဘဲ သူးနို့တွပ်ဘဲ့ တောန်းလျှော့‑က်ပေးဟှယ်။
JOH 17:10 ကျွန်တော့်မာရှိဟှူဇာလေ ဂူလောင်းဟှာ ကိုယ်တော်ဇာလေဖြစ်ဘီး ကိုယ်တော်မာ ရှိဟှူဇာလေ ဂူလောင်းဟှာလည်း ကျွန်တော့်ဇာလေဖြစ်ဟှူကြောန့် သူးနို့လေအားဖြင့် ကျွန်တော့်ဖောင်းသရေတော်ဟှို ထန်ရှားစေဘီ။
JOH 17:11 ကျွန်တော်ဟှာ အယ်လောကမာ ခီကြာဂီးရှိဟှို့ မှုဟှ။ အယ်ဘေမဲ့ သူးနို့ဟှာ အယ်လောကမာ ရှိဂေ့ဟှယ်။ ခု ကျွန်တော်ဟှာ ကိုယ်တော်နားဟှို လာပါဟှယ်။ သန့်ရှင်းတော်မူဟှူဖ! ကိုယ်တော်န ကျွန်တော်ဟှာ တလောင်းတဝဒဲ ဖြစ်မျိုးဘဲ့ ကျွန်တော့်ဟှို ပေးအပ်တော်မူဟှူ လူလေလည်း တလောင်းတဝဒဲ ဖြစ်ဟှို့တွပ် သူးနို့ဟှို ကိုယ်တော်ရဲ့ နာမတော်န တဂိုးတော်အားဖြင့် ကာကွယ်ပေးတော်မူပါ။
JOH 17:12 ကျွန်တော်ဟှာ သူးနို့နတူးဒူရှိနေဒူးမာ ကိုယ်တော်ပေးတော်မူဟှူ နာမတော်ထဲမာ သူးနို့ဟှို ပျစ်စီးမှုဟှနေ စောန့်ထီးတော်မူဘီ။ ကျွန်တော်ဟှာ သူးနို့ဟှို ကာကွယ်ပေးတော်မူဟှားဘီ။ ပျစ်စီးရဟှို့ လူတယော့‑က်ဟှလွဲဘီး သူးနို့ထဲဟှ ဖယ်လူလည်း ပျစ်စီးဂေ့ဟှ။ အယ်လူပျစ်စီးဟှားရဇာဟှာ ကျမ်းစာ ပ္လဲ့ဇောင်ဟှို့ ဖြစ်ဟှယ်။
JOH 17:13 ခု ကိုယ်တော်နားဟှို ကျွန်တော်ဟှာ လာပါဟှယ်။ သူးနို့ဟှာ ကျွန်တော့်ရဲ့ ဝန်းသာမှုဟှို သူးနို့ရဲ့ စိနှလောင်းထဲမာ ပ္လဲ့ဝခံစားရဟှို့တွပ် အယ်လောကထဲ ရှိနေဒူးခီမာ အယ်မူဇာလေဟှို ကျွန်တော် ပြောပါဟှယ်။
JOH 17:14 ကျွန်တော်ဟှာ ကိုယ်တော်ရဲ့ တရားစကားဟှို သူးနို့ဟှို ပေးဟှားပီးဘီ။ ကျွန်တော်ဟှာ အယ်လောကနဆိုင်ဘဲမျိုး သူးနို့လည်း အယ်လောကနဆိုင်ဘဲဟှူကြောန့် လောကဟှာ သူးနို့ဟှို မူးတီးဂေ့ဟှယ်။
JOH 17:15 သူးနို့ဟှို အယ်လောကဟှနေ နုယူတော်မူဟှို့မှုဘဲန နတ်ဆိုးရဲ့လှည့်ဇားမှုဟှနေ ကွယ်ကာပေးဟှို့ ကျွန်တော်တောန်းလျှော့‑က်ဟှယ်။
JOH 17:16 ကျွန်တော်ဟှာ အယ်လောကနဆိုင်ဘဲမျိုး သူးနို့ဟှာလည်း အယ်လောကနဆိုင်ဂေ့ဟှ။
JOH 17:17 သမ္မာတရားအားဖြင့် သူးနို့ဟှို သန့်ရှင်းတော်မူပါ။ ကိုယ်တော်ရဲ့ စကားတော်ဟှာ သမ္မာတရားဖြစ်ဟှယ်။
JOH 17:18 ကိုယ်တော်ဟှာ ကျွန်တော်ဟှို အယ်လောကထဲဟှို စေလွှတ်မျိုးဘဲ့ ကျွန်တော်ဟှာလည်း သူးနို့ဟှို အယ်လောကထဲဟှို စေလွှတ်လိုက်ဟှယ်။
JOH 17:19 သူးနို့ဟှာလည်း သမ္မာတရားအားဖြင့် သန့်ရှင်းခံရဟှို့တွပ် ကျွန်တော်ဟှာ သူးနို့တွပ် ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစေပါဟှယ်။
JOH 17:20 “ကျွန်တော်ဟှာ သူးနို့တွပ်ဘဲ့မှုဘဲန သူးနို့ဟောပြောဟှူ တရားစကားအားဖြင့် ကျွန်တော့်ဟှို ယောင်ကြည်ဟှူ လူလေတွပ်လည်း တောန်းလျှော့‑က်ဟှယ်။
JOH 17:21 သူးနို့လေ ဂူလောင်းဟှာ တလောင်းတဝဒဲ ဖြစ်စေဟှို့ ကျွန်တော်ဆုတောန်းဟှယ်။ ဖ! ကိုယ်တော်ဟှာ ကျွန်တော့်ထဲမာရှိဘီး ကျွန်တော်ဟှာလည်း ကိုယ်တော်ထဲမာ ရှိနေမျိုးဘဲ့ သူးနို့ဟှိုလည်း ကျွန်တော့်ဟှားလေထဲမာ ရှိတော်မူစေပါ။ ကျွန်တော့်ဟှို ကိုယ်တော်စေလွှတ်တော်မူဟှယ် ဆိုဇာဟှို လောကသားလေ ယောင်ကြည်လာစေဟှို့တွပ် သူးနို့ဟှို တလောင်းတဝဒဲ ဖြစ်စေတော်မူပါ။
JOH 17:22 ကိုယ်တော်န ကျွန်တော်ဟှာ တလောင်းတဝဒဲ ဖြစ်မျိုးဘဲ့ သူးနို့ဟှိုလည်း တလောင်းတဝဒဲ ဖြစ်စေဟှို့တွပ် ကျွန်တော်ဟှို ကိုယ်တော်ပေးတော်မူဟှူ ဖောင်းသရေတော်ဟှို သူးနို့ဟှိုလည်း ပေးတော်မူဘီ။
JOH 17:23 ကျွန်တော်ဟှာ သူးနို့ထဲမာရှိဘီး ကိုယ်တော်ဟှာ ကျွန်တော်ထဲမာ ရှိပါဟှယ်။ သူးနို့ဟှို တလောင်းတဝဒဲ ပ္လဲ့ဇောင်စေဟှို့တွပ် ကိုယ်တော်ဟှာ ကျွန်တော့်ဟှို စေလွှတ်တော်မူကြောန်းန ကျွန်တော့်ဟှို ရှစ်မျိုးဘဲ့ သူးနို့ဟှိုလည်း ရှစ်တော်မူကြောန်းဟှို လောကသားလေဟှာ သိရှိစေဟှို့ဖြစ်ဟှယ်။
JOH 17:24 “ဖ! အယ်လောကဟှို ဖန်ဆင်းခန်ဂဒဲဟှ ကိုယ်တော်ဟှာ ကျွန်တော်ဟှို ရှစ်တော်မူဘီး ပေးတော်မူဟှူ ဖောင်းသရေတော်ဟှို ကျွန်တော့်ဟှို ကိုယ်တော် ပေးအပ်တော်မူဟှူ လူလေဟှို ဗြင်တွိစေဟှို့တွပ် သူးနို့ဟှို ကျွန်တော်ရှိဟှူ နေရာမာ ကျွန်တော့်နတူးဒူ ရှိစေရှင်ဟှယ်။
JOH 17:25 ဖြောန့်မတ်တော်မူဟှူဖ! အယ်လောကဟှာ ကိုယ်တော့်ဟှို သိဂေ့ဟှ။ အယ်ဘေမဲ့ ကျွန်တော်ဟှာ ကိုယ်တော့်ဟှို သိဟှယ်။ ကိုယ်တော်ဟှာ ကျွန်တော့်ဟှို စေလွှတ်တော်မူဟှယ် ဆိုဇာဟှို အယ်လူလေဟှာ သိဂေ့ဟှယ်။
JOH 17:26 ကျွန်တော့်ဟှို ကိုယ်တော် ရှစ်ဟှူမြစ်တာဟှာ သူးနို့နှိုက်ရှိစေဘီး ကျွန်တော်ဟှာလည်း သူးနို့နှိုက်ရှိနေဟှူကြောန့် ကိုယ်တော့်နာမဟှို သူးနို့ဟှို ကျွန်တော်သိစေပါဘီ။ ထပ်ဘီးလည်း သိစေအူးမယ်” ဆိုဘီး ပြောလေဟှယ်။
JOH 18:1 ယေရှုဟှာ အယ်မျိုးဆုတောန်းဘီးန တဗဲ့တော်လေနတူးဒူ ကြွဟှားတော်မူဘီး ကေဒြုန်ခ္လောန်းဟှို ကူးတော်မူဟှယ်။ အယ်နေရာမာ ဥယျာဉ်တခုရှိဘီး ယေရှုန တဗဲ့တော်လေဟှာ အယ်ဥယျာဉ်ထဲဟှို ဝမ်တော်မူဟှယ်။
JOH 18:2 ယေရှုဟှာ အယ်နေရာမာ တဗဲ့တော်လေန ခါဘီးခါ တွိဆောင်လေ့ရှိဟှူကြောန့် ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှူ ယုဒရှကာရုတ်ဟှာ အယ်နေရာဟှို သိနေဟှယ်။
JOH 18:3 အယ်ကြောန့် ယုဒဟှာ ရောမစစ်သားတစု၊ ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေ စေလွှတ်လိုက်ဟှူ ဗိမာန်တော်စောန့်လေဟှို ခေါ်ဟှားဘီး ဥယျာဉ်ဟှို သွားဂေ့ဟှယ်။ သူးနို့ဟှာ မီးအီလေ၊ မီးဒေါက်လေန လတ်နတ်လေဟှို ကိုင်ဆောန်လာဂေ့ဟှယ်။
JOH 18:4 ယေရှုဟှာ သူနှိုက်ဖြစ်ပျစ်လာဟှို့ ဇာလေဂူလောင်းဟှို သိတော်မူဟှူကြောန့် သူးနို့နားဟှို ကြွတော်မူဘီး “နန်းနို့ ဖယ်လူဟှို ရှာဂေ့နေနူး” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 18:5 သူးနို့ဟှ “နာဇရက်ဗြို့သား ယေရှုဟှို ရှာနေဟှယ်” ဆိုဘီး ဖြေလိုက်ဟှယ်။ ကိုယ်တော်ဟှ “ငါဘဲ့ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလိုက်ဟှယ်။ ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှူ ယုဒဟှာ သူးနို့နတူးဒူ ရပ်နေဟှယ်။
JOH 18:6 ယေရှုဟှာ သူးနို့ဟှို “ငါဘဲ့ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလိုက်ဟှူ ခီမာ သူးနို့ဟှာ နော့‑က်ဆုဟှားဘီး မ္လေဂီးထတ်ဟှို လဲက္လဟှားဂေ့ဟှယ်။
JOH 18:7 ယေရှုဟှာ သူးနို့ဟှို “နန်းနို့ ဖယ်လူဟှို ရှာနေနူး” ဆိုဘီး နော့‑က်တခါ မေးတော်မူလေဟှယ်။ သူးနို့ဟှ “နာဇရက်ဗြို့သား ယေရှုဟှို ရှာဟှယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
JOH 18:8 ယေရှုဟှ “ငါဘဲ့ဖြစ်ဟှယ် ဆိုဘီး နန်းနို့ဟှို ငါပြောဟှားပီးဘီ။ နန်းနို့ဟှာ ငါ့ဟှို ရှာနေဟှယ် ဆိုဟှာ အယ်လူလေဟှို သွားခိုင်းလိုက်ပါ” ဆိုဘီး မိန့်တော်မူလိုက်ဟှယ်။
JOH 18:9 အယ်မျိုး မိန့်တော်မူဇာဟှ “ဖ၊ ကိုယ်တော်ပေးအပ်ဟှားဟှူ လူလေဟှာ တယော့‑က်လည်း ပျစ်စီးဟှို့မှေ့ဟှ” ဆိုဘီး ကိုယ်တော် မိန့်တော်မူဟှားဇာလေဟှာ မှန်ဘဲ့ဖြစ်လာလေဟှယ်။
JOH 18:10 အယ်ခီမာ ရှိမုန်ပေတရုဟှာ ပါလာဟှူ ထားဟှို ဆွဲထုလိုက်ဘီး ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်ဟှို ခွတ်လိုက်ဟှူ ခီမာ ညာဖတ်နားဝှပ် ပြတ်ဟှားလေဟှယ်။ အယ်ကျွန်ရဲ့ နာမယ်ဟှာ မာလခု ဖြစ်ဟှယ်။
JOH 18:11 ယေရှုဟှာ ပေတရုဟှို “နန့်ထားဟှို ထားအီထဲမာ ပ္လန်သီးလိုက်ပါ! ငါ့ဖပေးတော်မူဟှူ ဒေါက်ခဝေဒနာခွပ်ဟှို ငါသော့‑က်ဘဲနေရဟှို့လော” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 18:12 အယ်ဘီးန ရောမစစ်သားလေ၊ သူးနို့ရဲ့ တပ်မှူးဂီးန ယုဒလူ စောန့်တပ်သားလေဟှာ ယေရှုဟှို ဖမ်းဆီးဘီး၊ တောက်နှောန်ဂေ့ဘီး
JOH 18:13 အန္နတ်နားဟှို ရင်ဦးဆောင်း ခေါ်ဆောန်ဟှားဟှယ်။ အန္နတ်ဟှာ အယ်နှစ်မာ ယဇ်ပုရောဟိတ်မန်းဖြစ်ဟှူ ကယာဖရဲ့ ယော့‑က်ခမဖြစ်ဟှယ်။
JOH 18:14 အယ်ကယာဖဟှာ လူလေ ဂူလောင်းတွပ် လူတယော့‑က် သေရဇာဟှ ပိုကောန်းဟှယ် ဆိုဘီး ယုဒအာဏာပိုင်လေဟှို ကြံပေးဟှူ သူဖြစ်ဟှယ်။
JOH 18:15 ရှိမုန်ပေတရုန တခြားတဗဲ့တော်ဟှာ ယေရှုနော့‑က်တော်လိုက်ဟှားဟှယ်။ အယ်တဗဲ့တော်ဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ သိဖြစ်ဟှူကြောန့် ယေရှုနတူးဒူ ယဇ်ပုရောဟိတ်မန်းရဲ့ ခြံဝမ်းထဲဟှို ဝမ်ဟှားလေဟှယ်။
JOH 18:16 ပေတရုဟှာ ခြံခွဗော့‑က်ပ္လန်မာ နေရစ်ဟှယ်။ ယဇ်ပုရောဟိတ်မန်းရဲ့ သိဖြစ်ဟှူ တဗဲ့တော်ဟှာ ပ္လန်ထွပ်လာဘီး ခွဗော့‑က်စောန့် စေခံဝယ်သားဟှို ပြောဘီးဟှာ ပေတရုဟှို ထဲဟှို ခေါ်ဟှားဟှယ်။
JOH 18:17 ခွဗော့‑က်စောန့် စေခံဝယ်သားဟှာ ပေတရုဟှို “နန်ဟှ အယ်မူလူရဲ့ တဗဲ့တော် မှုဟှလော” ဆိုဘီး မေးလိုက်ဟှယ်။ ပေတရုဟှ “မှုဟှ” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
JOH 18:18 အယ်ခီဟှာ ရှမ်းဟှူကြောန့် စေခံလေန စောန့်လေဟှာ မီးဘောင် ပတ်ပတ်လည်မာ ရပ်ဘီးဟှာ မီးကန်နေဂေ့ဟှယ်။ အယ်ကြောန့် ပေတရုဟှာ သူးနို့နတူးဒူ ရပ်ဘီးဟှာ မီးကန်နေလေဟှယ်။
JOH 18:19 အယ်ခီမာ ယဇ်ပုရောဟိတ်မန်းဟှာ ယေရှုဟှို တဗဲ့တော်လေကြောန်းန ယေရှုရဲ့ သွန်သန်ဇာကြောန်းဟှို မေးနေလေဟှယ်။
JOH 18:20 ယေရှုဟှ “ငါဟှာ လောကမာ ပွမ့်ပွမ့်လန်းလန်းဟှားဘဲ့ သွန်သန်ဟှယ်။ ယုဒလူလေ စုဝီးဟှူ ဝါလယ်ဇရပ်လေန ဗိမာန်တော်မာဘဲ့ ငါဟှာ သွန်သန်ဟှယ်။ ငါဟှာ တိတိဟှား ဟောပြောဟှ။
JOH 18:21 အယ်ဆိုဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို မေးမြန်းနေနူး။ ငါဟောပြောဟှားဇာလေဟှို ကြားဟှားဘီးဟှူ လူလေဟှို မေးမြန်းဂေ့။ ငါဖြားဇာလေ ဟောပြောဟှားဟှယ် ဆိုဇာဟှို အယ်လူလေဟှို မေးမြန်းဂေ့။ ငါပြောဟှားဇာလေဟှို သူးနို့သိဂေ့ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 18:22 ယေရှုဟှာ အယ်မျိုးမိန့်တော်မူလိုက်ခီမာ စောန့်တယော့‑က်ဟှာ “ယဇ်ပုရောဟိတ်မန်းဟှို အယ်မျိုးပ္လန်ဖြေရလော!” ဆိုဘီး ကိုယ်တော့်ဟှို ပါးရိုက်လေဟှယ်။
JOH 18:23 ယေရှုဟှာ သူ့ဟှို “ငါပြောဟှားဇာလေ မှားဟှယ် ဆိုဟှာ မှားကြောန်းဟှို သတ်သေပြဂေ့။ ဖြေတော်မူလေဟှယ်။ အယ်ဘေမဲ့ ငါပြောဟှားဇာလေ မှန်ဟှယ် ဆိုဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ရိုက်နေရနူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 18:24 အယ်ဘီးန အန္နတ်ဟှာ ကိုယ်တော့်ဟှို တောက်နှောန်ဘီး ယဇ်ပုရောဟိတ်မန်း ကယာဖနားဟှို ပို့စေလိုက်ဟှယ်။
JOH 18:25 ရှိမုန်ပေတရုဟှာ မတ်တတ်ရပ်ဘီးဟှာ မီးကန်နေဒူးဘဲ့ဖြစ်ဟှယ်။ အယ်ကြောန့် လူတချို့ဟှာ “နန်ဟှာလည်း အယ်လူရဲ့ တဗဲ့တော်လေထဲဟှ တယော့‑က် မှုဟှလော” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။ အယ်ဘေမဲ့ ပေတရုဟှာ “ငါမှုဟှ” ဆိုဘီး ငြင်းလေဟှယ်။
JOH 18:26 ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့‑က်ဖြစ်ဘီး ပေတရု ခွတ်လိုက်ဟှူကြောန့် နားဝှပ်ပြတ်ဟှားဟှူလူန ရွှေမျိုးတော်သူဟှ “နန်ဟှာ အယ်လူနတူးဒူ ဥယျာဉ်ထဲမာ ငါဗြင်လိုက်ဟှယ် မှုဟှလော” ဆိုဘီး မေးလေဟှယ်။
JOH 18:27 ပေတရုဟှာ “မှုဟှ” ဆိုဘီး နော့‑က်တခါ ငြင်းလိုက်ဟှူ ခီမာ ရှင်းရှင်းဘဲ့ ကြစ်တွန်လေဟှယ်။
JOH 18:28 မိုးလန်းစောစောန ယေရှုဟှို ကယာဖရဲ့ အီဟှနေ ဗြို့ဝန်မန်းရဲ့ နန်းတော်ဟှို ခေါ်ဆောန်ဟှားဟှယ်။ ယုဒအာဏာပိုင်လေဟှာ ပသခါပွဲတော်ဟှို စားနိုင်ဟှို့တွပ် သူးနို့ကိုယ်တိုင် ဘာသာရေးစဉ်လာတိုင်း ညစ်ညူးစေရှင်ဘဲဟှူကြောန့် နန်းတော်ထဲဟှို ဝင်လိုက်ဟှားဂေ့ဟှ။
JOH 18:29 အယ်ကြောန့် ပိလတ်ဟှာ သူးနို့ရှိဟှူ ပ္လန်ဟှို ထွပ်လာဘီး “အယ်လူဟှို ဖြားမှုန စွပ်စွဲဟှားဂေ့နူး” ဆိုဘီး မေးလေဟှယ်။
JOH 18:30 သူးနို့ဟှ “အယ်လူဟှာ ရာဇဝတ်မှုဟှို ကျူးလွန်ဘဲဟှ ဆိုဟှာ အယ်လူဟှို ကျွန်တော့်ဟှားလေ ခေါ်လာဟှို့ မှုဟှ” ဆိုဘီး ဖြေဂေ့ဟှယ်။
JOH 18:31 ပိလတ်ဟှာ “အယ်ဆိုဟှာ နန်းနို့ကိုယ်တိုင် အယ်လူဟှို ခေါ်ဟှားလိုက်ဘီး နန်းနို့ရဲ့ ပညတ်တရားတိုင်း စီရင်ဂေ့” ဆိုဘီး ယုဒလူလေဟှို ပြောလေဟှယ်။ သူးနို့ဟှ “ကျွန်တော့်ဟှားလေဟှာ ဖယ်လူဟှိုလည်း သတ်ပိုင်ခွမ့်မှေ့ဟှ” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
JOH 18:32 အယ်မျိုးပြောနေဇာဟှ မိမိဟှာ ဖယ်မျိုးသေခံရမယ် ဆိုဇာဟှို ယေရှုမိန့်တော်မူဟှားတိုင်း ပ္လဲ့ဇောင်လာစေဟှို့ဖြစ်ဟှယ်။
JOH 18:33 ပိလတ်ဟှာ နန်းတော်ထဲဟှို ပ္လန်ဝမ်ဟှားဘီး ယေရှုဟှို ခေါ်လိုက်ဘီး “နန်ဟှာ ယုဒမန်းဂီးလော” ဆိုဘီး မေးလေဟှယ်။
JOH 18:34 ယေရှုဟှ “နန်ဟှာ နန့်ဆန္ဒတိုင်း အယ်မေးခွန်းဟှို မေးဇာလော။ အယ်မျိုးမှုဘဲနေဟှာ တခြားလူလေဟှ ငါ့ကြောန်းဟှို ပြောပြဟှားကြောန့်လော” ဆိုဘီး မေးတော်မူလေဟှယ်။
JOH 18:35 ပိလတ်ဟှ “နန်ဟှာ ငါ့ဟှို ယုဒလူဖြစ်ဟှယ် ဆိုဘီး ထန်နေဟှယ်လော။ နန့်ဟှို ငါ့နားဟှို လာအပ်ပေးဟှူလူလေဟှာ နန့်လူမျိုးလေန ယဇ်ပုရောဟိတ်ဂီးလေဖြစ်ဟှယ်။ နန်ဟှာ ဖြားဇာလေလောက်ဟှားနူး” ဆိုဘီး မေးလေဟှယ်။
JOH 18:36 ယေရှုဟှ “ငါ့နိုင်ငံတော်ဟှာ အယ်လောကနဆိုင်ဟှ။ ငါ့နိုင်ငံတော်ဟှာ အယ်လောကနဆိုင်မယ် ဆိုဟှာ ငါ့ဟှို ယုဒအာဏာပိုင်လေ လတ်ထဲရော့‑က်ဘဲအောန် ငါ့စေခံလေဟှာ တိုက်ခိုက်ဂေ့လေ့မယ်။ ငါ့နိုင်ငံတော်ဟှာ အယ်လောကနဆိုင်ဟှ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 18:37 အယ်ကြောန့် ပိလတ်ဟှာ “အယ်ဆိုဟှာ နန်ဟှာ မန်းဂီးလော” ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။ ယေရှုဟှ “သင်ပြောမျိုးဘဲ့ ငါဟှာ မန်းဂီးဖြစ်ဟှယ်။ ငါဟှာ သမ္မာတရားဟှို သတ်သေခံဟှို့တွပ် မွီးလာဘီး အယ်လောကဟှို ကြွလာဟှယ်။ သမ္မာတရားနဆိုင်ဟှူ လူလေဟှာ ငါ့စကားဟှို နားထောန်ဂေ့ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
JOH 18:38 ပိလတ်ဟှ “အယ်ဆိုဟှာ သမ္မာတရားဟှ ဖြားဇာနူး” ဆိုဘီး မေးလေဟှယ်။ အယ်ဘီးန ပိလတ်ဟှာ ပ္လန်မာရှိနေဟှူ ယုဒလူလေနားဟှို ပ္လန်ဟှားဘီးဟှာ “အယ်လူမာ ပြစ်စီရင်ဟှို့ဇာ ဖြားလည်း မှေ့ဟှ။
JOH 18:39 နန်းနို့ရဲ့ ထောင်းဇံရ ပသခါပွဲမာ ထောန်သားတယော့‑က်ဟှို လွှတ်လေ့ရှိဟှယ်။ နန်းနို့တွပ် ယုဒမန်းဂီးဟှို လွှတ်ပေးစေရှင်ဟှယ်လော” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။
JOH 18:40 သူးနို့ဟှာ “သူ့ဟှို လွှတ်ပေးန! ဗာရဗ္ဗဟှိုဘဲ့ လွှတ်ပေးပါ!” ဆိုဘီး အော်ဘီး ပ္လန်ဖြေဂေ့ဟှယ်။ ဗာရဗ္ဗဟှာ ဓမ္လတယော့‑က် ဖြစ်ဟှယ်။
JOH 19:1 အယ်ကြောန့် ပိလတ်ဟှာ ယေရှုဟှို ခေါ်ဆောန်ဟှားစေဘီး ကီဒန်ပေးစေဟှယ်။
JOH 19:2 စစ်သားလေဟှာ ဆူးခတ်လေန လောက်ဟှားဟှူ သရဖူဟှို ကိုယ်တော့်ခေါန်းထတ်မာ ဆောန်းပေးဘီးဟှာ ခရမ်းရောန်ဝတ်ရောင်ဟှို ဝတ်ပေးဘီး
JOH 19:3 ကိုယ်တော်နားဟှို လာဂေ့ဘီး “ယုဒမန်းဂီး သတ်တော် ရာကျော်ရှယ်ပါစေ!” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘီးန ကိုယ်တော့်ဟှို ပါးရိုက်ဂေ့ဟှယ်။
JOH 19:4 ပိလတ်ဟှာ နော့‑က်ထပ်တခါ ပ္လန်ဟှို ထွပ်လာဘီးဟှာ “အယ်လူဟှို ပြစ်စီရင်ဟှို့ဇာ ဖြားလည်းတွိဟှ။ အယ်ကြောန့် နန်းနို့ဗြင်စေဟှို့ သူ့ဟှို နန်းနို့နားဟှို ငါခေါ်လာမယ်” ဆိုဘီး လူအောက်ဂီးဟှို ပြောလေဟှယ်။
JOH 19:5 အယ်ဘီးန ယေရှုဟှာ ဆူးသရဖူန ခရမ်းရောန်ဝတ်ရောင်ဟှို ဝတ်ဟှားဘီး ပ္လန်ဟှို ထွပ်ကြွတော်မူလေဟှယ်။ ပိလတ်ဟှာ “ကေ့ကေ့! အယ်လူဘဲ့ဖြစ်ဟှယ်!” ဆိုဘီး သူနို့ဟှို ပြောလေဟှယ်။
JOH 19:6 ယဇ်ပုရောဟိတ်ဂီးလေန စောန့်လေဟှာ ကိုယ်တော့်ဟှို ဗြင်လိုက်ဟှူ ခီမာ “အယ်လူဟှို ကားစင်တန်ပါ! အယ်လူဟှို ကားစင်တန်ပါ!” ဆိုဘီး သူးနို့ဟှာ အော်ဟစ်ဂေ့ဟှယ်။ ပိလတ်ဟှာ “အယ်ဆိုဟှာ နန်းနို့ဟှာ အယ်လူဟှို ခေါ်ဆောန်ဟှားဘီး ကားစင်တန်ဂေ့။ ငါဟှာ သူ့ဟှို ပြစ်စီရင်ဟှို့ဇာ ဖြားလည်းတွိဟှ” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
JOH 19:7 ယုဒလူခေါန်းဆောန်လေဟှာ “အယ်လူဟှာ သူ့ကိုယ်သူ ဘုရားသခင်ရဲ့ သားတော် ဆိုဘီး ကြေညာဟှူကြောန့် သေထိုက်ကြောန်း ကျွန်တော့်ဟှားလေရဲ့ ပညတ်တရားမာ ပြောဟှားဟှယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
JOH 19:8 ပိလတ်ဟှာ အယ်စကားဟှို ကြားရဟှူ ခီမာ ပိုဘီး ကြော့‑က်လန့်ဟှားဟှယ်။
JOH 19:9 သူဟှာ နန်းတော်ထဲဟှို ပ္လန်ဝမ်ဟှားဘီးဟှာ ယေရှုဟှို “သင်ဟှာ ဖယ်နေရာဟှနေ လာဟှယ်နူး” ဆိုဘီး မေးလေဟှယ်။ အယ်ဘေမဲ့ ယေရှုဟှာ ခွန်းလည်း ပ္လန်ဖြေဟှ။
JOH 19:10 ပိလတ်ဟှာ ကိုယ်တော့်ဟှို “သင်ဟှာ ငါ့ဟှို စကားပြောနိုဘီလော။ ငါဟှာ သင့်ဟှို လွှတ်ဟှို့တွပ် ခွမ့်အာဏာလည်းရှိဘီး ကားစင်တန်ဟှို့တွပ် ခွမ့်အာဏာလည်းရှိဟှယ် ဆိုဇာဟှို သိဟှလော” ဆိုဘီး မေးလေဟှယ်။
JOH 19:11 ယေရှုဟှ “သင့်ဟှို ဘုရားသခင်ဟှ ပေးအပ်ဟှားဟှူကြောန့် အယ်မျိုးခွမ့်အာဏာဟှို ရဟှားဟှယ်။ အယ်ကြောန့် ငါ့ဟှို သင့်လတ်ထဲအပ်ဟှူ လူဟှာ ပြစ်ပိုကီးဟှယ်” ဆိုဘီး ဖြေလေဟှယ်။
JOH 19:12 ပိလတ်ဟှာ အယ်မျိုးကြားရဟှူ ခီမာ ယေရှုဟှို လွှတ်ပေးဟှို့တွပ် နည်းလမ်းရှာဟှို့ ကြိုးစားလေဟှယ်။ အယ်ဘေမဲ့ ယုဒလူခေါန်းဆောန်လေဟှာ “အယ်လူဟှို လွှတ်ပေးမယ် ဆိုဟှာ သင်ဟှာ ကဲသာမန်းဂီးရဲ့ မိဆွေ မှုဟှ! ဖယ်လူဘဲ့ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မန်းဂီးဆိုဘီး ကြေညာဟှူလူဟှာ ကဲသာမန်းဂီးဟှို ပူကန်ဇာဖြစ်ဟှယ်!” ဆိုဘီး အော်ဂေ့ဟှယ်။
JOH 19:13 ပိလတ်ဟှာ အယ်စကားလေဟှို ကြားဟှူ ခီမာ ယေရှုဟှို ပ္လန်ဟှို ခေါ်ထုဟှားဘီး က္လော့‑က်ပ္လားစင်္ကြံ ဆိုဘီး ခေါ်ဟှူ တရားပလ္လင်ထတ်မာ ထိုင်လေဟှယ်။ အယ်စင်္ကြံဟှို ဟေဗြဲစကားန ဂဗ္ဗသ ဆိုဘီး ခေါ်ဟှယ်။
JOH 19:14 အယ်နေ့ဟှာ ပသခါပွဲတိုင်ခန် နေဒန်ဇာဖြစ်ဟှယ်။ ပိလတ်ဟှာ “နန်းနို့မန်းဂီးဘဲ့ ဖြစ်ဟှယ်!” ဆိုဘီး ယုဒလူလေဟှို ပြောလေဟှယ်။
JOH 19:15 သူးနို့ဟှာ “အယ်လူဟှို သတ်ပါ! အယ်လူဟှို သတ်ပါ! အယ်လူဟှို ကားစင်တန်ပါ!” ဆိုဘီး ပ္လန်အော်ဂေ့ဟှယ်။ ပိလတ်ဟှာ “နန်းနို့မန်းဂီးဟှို ကားစင်တန်ရဟှို့လော” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။ ယဇ်ပုရောဟိတ်ဂီးလေဟှ “ကဲသာတပါးဒဲဘဲ့ ကျွန်တော်ဟှားလေရဲ့ မန်းဂီးဖြစ်ဟှယ်!” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
JOH 19:16 အယ်ဘီးန ပိလတ်ဟှာ ယေရှုဟှို ကားစင်တန်ဟှို့တွပ် သူးနို့လတ်ထဲဟှို အပ်ပေးလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ယေရှုဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။
JOH 19:17 ကိုယ်တော်ဟှာ “ဦးခေါန်းခွံနေရာ” ဟှို မိမိလတ်ဝါးကပ်တိုင်ဟှို ထမ်းဘီး ကြွတော်မူလေဟှယ်။ အယ်နေရာဟှို ဟေဗြဲစကားန “ဂေါလဂေါသ” ဆိုဘီး ခေါ်ဟှယ်။
JOH 19:18 သူးနို့ဟှာ အယ်နေရာမာ ကိုယ်တော့်ဟှို တခြားလူနှေ့ယော့‑က်နတူးဒူ ကားစင်တန်ဂေ့ဟှယ်။ ယေရှုဟှို လယ်မာထားဘီး အယ်လူနှေ့ယော့‑က်ဟှို ညာဖတ်မာ တယော့‑က် ဘယ်ဖတ်မာ တယော့‑က် ထားဂေ့ဟှယ်။
JOH 19:19 ပိလတ်ဟှာ “ယုဒမန်းဂီး၊ နာဇရက်ဗြို့သား ယေရှု” ဆိုဘီး ကမ္ပည်းရေးထိုးဘီး လတ်ဝါးကပ်တိုင်ထတ်မာ ကပ်ဟှားဟှယ်။
JOH 19:20 ယေရှုဟှို ကားစင်တန်ဟှူ နေရာဟှ ဗြို့န နီးဟှူကြောန့် ယုဒလူလေဟှာ အယ်ကမ္ပည်းစာဟှို ဖတ်ဂေ့ဟှယ်။ အယ်ကမ္ပည်းစာဟှို ဟေဗြဲစကား၊ လက်တင်စကား၊ ဟေလသစကားန ရေးဟှားဟှယ်။
JOH 19:21 ယဇ်ပုရောဟိတ်ဂီးလေဟှာ ပိလတ်ဟှို “ ‘ယုဒမန်းဂီး’ ဆိုဘီး ရေးပါန။ ‘အယ်လူဟှ ငါဟှာ ယုဒလူလေရဲ့ မန်းဂီးဖြစ်ဟှယ် ဆိုဘီး ပြောကြောန်းဟှိုဘဲ့ ရေးတော်မူပါ’” ဆိုဘီး ပြောဂေ့ဟှယ်။
JOH 19:22 ပိလတ်ဟှ “ငါရေးဟှားဘီးဇာဘဲ့ တည်ဖြစ်ရမယ်” ဆိုဘီး ပ္လန်ပြောလေဟှယ်။
JOH 19:23 စစ်သားလေဟှာ ယေရှုဟှို ကားစင်တန်ဂေ့ဘီးန ကိုယ်တော်ရဲ့ ဝတ်တော်ဟှို လေးပိုင်းပိုင်းဘီး တယော့‑က်တပိုင်းစီ ယူဂေ့ဟှယ်။ သူးနို့ဟှာ ထဲခံအန်းဂီဟှိုလည်း ယူဂေ့ဟှယ်။ အယ်အန်းဂီဟှာ ချောက်ကြောန်းမှေ့ဘဲ့ ရစ်လောက်ဟှားဟှူ အန်းဂီးဖြစ်ဟှယ်။
JOH 19:24 စစ်သားလေဟှာ “အယ်အန်းဂီးဟှို ဆုဖ္လဲဘဲန ဖယ်လူရမယ် ဆိုဇာဟှို မဲနှိုက်ဂေ့ဇို့” ဆိုဘီး သူးနို့ ရှင်းရှင်း ပြောဂေ့ဟှယ်။ အယ်မျိုးဖြစ်လာဇာဟှ “သူးနို့ဟှာ ငါ့အန်းဂီးဟှို ခွဲဝီယူဂေ့မယ် အယ်ဘီးဟှာ ငါ့အန်းဂီဟှို မဲနှိုက်ဘီးဟှာ ယူဂေ့ဟှယ်” ဆိုဘီး ကျမ်းစာမာ ရေးဟှားဇာလေ ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လေဟှယ်။ အယ်ကြောန့် စစ်သားလေဟှာ အယ်မျိုး လောက်ဂေ့ဟှယ်။
JOH 19:25 ယေရှုရဲ့ လတ်ဝါးကပ်တိုင်နားမာ ကိုယ်တော်ရဲ့မိ၊ ကိုယ်တော့်မိရဲ့ညီမ၊ ကလောဖရဲ့မီးမ မာရိန မာဂဒလဝါသူ မာရိ မတ်တတ်ရပ်နေဂေ့ဟှယ်။
JOH 19:26 ယေရှုဟှာ နီးမာရပ်နေဟှူ၊ ကိုယ်တော်ရှစ်ဟှူ တဗဲ့တော်န မိဟှို ဗြင်လိုက်ဟှူကြောန့် ကိုယ်တော်ဟှ “နို့မိ၊ နို့မိသားဟှို ကေ့ပါအူး” ဆိုဘီး မိဟှို မိန့်တော်မူဟှယ်။
JOH 19:27 အယ်ဘီးန ကိုယ်တော်ဟှာ “သူဟှာ နန့်ရဲ့ မိဖြစ်ဟှယ်” ဆိုဘီး အယ်တဗဲ့တော်ဟှို မိန့်တော်မူလေဟှယ်။ အယ်ခီဟှနေစဘီး အယ်တဗဲ့တော်ဟှာ မိဟှို သူ့ရဲ့ အီမာ ခေါ်ဟှားလေဟှယ်။
JOH 19:28 အယ်ဘီးန ယေရှုဟှာ မှုအားလောင်း ပီးဟှားဘီဆိုဇာဟှို သိတော်မူဘီး ကျမ်းစာပ္လဲ့ဇောင်ဟှို့တွပ် “ငါရေငတ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 19:29 အယ်နေရာမာ ဝိုင်ရှင်ပ္လဲ့ထဲ့ဟှားဟှူ အိုးတလောင်းရှိဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ရေမ္လုတခုဟှို အယ်ဝိုင်ရှင်ထဲမာ နှစ်လိုက်ဘီးဟှာ ဟုဿုပ်ဗန် ခတ်ဖျားမာတပ်ဘီး ကိုယ်တော်ရဲ့ နှော့‑က်ခမ်းနားဟှို ကပ်ပေးလေဟှယ်။
JOH 19:30 ယေရှုဟှာ ဝိုင်ရှင်ဟှို သော့‑က်တော်မူဘီးန “မှုပီးဟှားဘီး!” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှာ ဦးခေါန်းတော်ဟှို အော့‑က်ဟှိုစိုက်ခ္လဘီး သတ်တော်ဟှို စွန့်တော်မူလေဟှယ်။
JOH 19:31 ယုဒအာဏာပိုင်လေဟှာ ကားစင်တန်ဟှားဟှူ လူလေရဲ့ ခေလေဟှို ရိုက်ခ္လိုးဘီးဟှာ လောန်းလေဟှို ကားတိုင်ထတ်ဟှနေ အော့‑က်ခ္လခွမ့်ပြုဟှို့ ပိလတ်ဟှို တောန်းလျှော့‑က်ဂေ့ဟှယ်။ သူးနို့ အယ်မျိုးတောန်းလျှော့‑က်ဇာဟှ အယ်နေ့ဟှာ ဖိနေ့ဖြစ်ဘီး ဒန်းနေ့မာ လောန်းလေဟှို လတ်ဝါးကပ်တိုင်ထတ်မာ မှေ့စေရှင်ဟှ။ နတ်ကီးတိုင်ဟှာလည်း ကီးမြတ်ဟှူ ဒန်းနေ့ဖြစ်နေဟှယ်။
JOH 19:32 အယ်ကြောန့် စစ်သားလေဟှာ လာဘီးန ယေရှုနတူးဒူ ကားစင်တန်ခံရဟှူ ပထမလူရဲ့ ခေလေန ဒုတိယလူရဲ့ ခေလေဟှိုလည်း ရိုက်ခ္လိုးလိုက်ဟှယ်။
JOH 19:33 အယ်ဘေမဲ့ သူးနို့ဟှာ ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ သေနေဘီ ဆိုဇာဟှို တွိဟှားဟှူကြောန့် ကိုယ်တော်ရဲ့ခေလေဟှို ရိုက်ခ္လိုးဟှမ်း။
JOH 19:34 အယ်ဘေမဲ့လည်း စစ်သားတယော့‑က်ဟှာ ယေရှုရဲ့ နံဘေးတော်ဟှို လှံန ထိုးဖော့‑က်လိုက်ဟှူ ခီမာ သွီးနရေဟှာ ရှစ်ရှင်းထွပ်လာဟှယ်။
JOH 19:35 အယ်မျိုးဖြစ်ဇာလေဟှို နန်းနို့လည်း ယောင်ကြည်ဟှို့တွပ် ဗြင်ဟှူလူတယော့‑က်ဟှ သတ်သေခံဟှားဟှယ်။ အယ်လူပြောဇာလေဟှာ မှန်ဖြစ်ဘီး အယ်လူဟှာ မှန်းမှန်ကန်းကန်ဟှား ပြောဟှယ် ဆိုဇာဟှို သူကိုယ်တိုင်သိဟှယ်။
JOH 19:36 အယ်မျိုးဖြစ်ဟှားဇာဟှ “သူ့ရဲ့ ရိုးလေဟှာ တရှောန်းလည်း ကျိုးဂေ့ဟှ” ဆိုဘီး ကျမ်းစာပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်ဟှယ်။
JOH 19:37 အယ်ဘီးဟှာ တခြားကျမ်းစာမာ “လူလေဟှာ သူးနို့ ထိုးဖော့‑က်လိုက်ဟှူ လူဟှို ဗြင်ရဂေ့လေ့မယ်” ဆိုဘီး ရေးဟှားဟှယ်။
JOH 19:38 အယ်ဘီးန အရိမဿဲဗြို့သား ယောသပ်ဟှာ ယေရှုရဲ့ လောန်းတော်ဟှို ယူဟှားခွမ့်ပြုဟှို့တွပ် ပိလတ်နားဟှို သွားဘီး တောန်းလျှော့‑က်လေဟှယ်။ ယောသပ်ဟှာ ယုဒအာဏာပိုင်လေဟှို ကြော့‑က်ဟှူကြောန့် ထန်းထန်ရှားရှားနေဘဲဟှူ ယေရှုရဲ့ တဗဲ့တော် တယော့‑က် ဖြစ်ဟှယ်။ ပိလတ်ရဲ့ခွမ့်ပြုချစ်န ယောသပ်ဟှာ လောန်းတော်ဟှို ယူဟှားလေဟှယ်။
JOH 19:39 ရင်းရင်ဒူးဟှ ယေရှုဟှို ညဉ့်ခန်းဖတ်မာ လာတွိဟှူ နိကောဒင်ဟှာ မုရန်န အကျော် ရောနှောဟှားဟှူ နံ့သာ ပိဿာနှေ့ဆယ်ကျော်ဟှို ယူဟှားဘီး ယောသပ်နတူးဒူ လိုက်ဟှားဟှယ်။
JOH 19:40 အယ်လူနှေ့ယော့‑က်ဟှာ ယေရှုရဲ့ လောန်းဟှို ယူဘီး ယုဒလူလေရဲ့ သင်္ဂြိုဟ်ဇာနဆိုင်ဟှူ ထောင်းဒန်းစဉ်လာတိုင်း နံ့သာလေနတူးဒူ လောန်းတော်ဟှို ပိဖ္လူနပတ်လေဟှယ်။
JOH 19:41 ယေရှုူဟှို လတ်ဝါးကပ်တိုင်မာ တန်ဘီးသတ်ဟှူ နေရာနားမာ ဥယျာဉ်တခုရှိဟှယ်။ အယ်ဥယျာဉ်ထဲမာ ဖယ်လူဟှိုလည်း သင်္ဂြုဟ်ဖူးသေးဘဲဟှူ သန်းခ္လိုင်းဂူသစ်တခု ရှိလေဟှယ်။
JOH 19:42 အယ်နေ့ဟှာ ယုဒလူလေရဲ့ ဖိနေ့ ဖြစ်ဟှူကြောန့် နီးမာရှိဟှူ သန်းခ္လိုင်းဂူမာ ယေရှုရဲ့ လောန်းတော်ဟှို သင်္ဂြိုဟ်ဟှားလေဟှယ်။
JOH 20:1 နန်းနွေနေ့ မိုးလန်းခန် မှောန်နေဒူးခီမာ မာဂဒလဝါသူ မာရိဟှာ သန်းခ္လိုင်းဟှို ရော့‑က်လာဘီး က္လော့‑က်တောင်းဟှို ဂူဝဟှနေ ဖယ်ဟှားဇာဟှို တွိရလေဟှယ်။
JOH 20:2 သူဟှာ ရှိမုန်ပေတရုန ယေရှုရှစ်တော်မူဟှူ တခြားတဗဲ့တော်နားဟှို ပ္လေးဟှားဘီး “သခင်ဘုရားဟှို သန်းခ္လိုင်းဟှနေ သူးနို့ ယူဟှားဘီး ဖယ်နေရာမာ ထားဟှားဂေ့ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှ!” ဆိုဘီး သူးနို့ဟှို ပြောပြလေဟှယ်။
JOH 20:3 အယ်န ပေတရုန တခြားတဗဲ့တော်ဟှာ သန်းခ္လိုင်းဟှို သွားဂေ့လေဟှယ်။
JOH 20:4 သူးနို့နှေ့ယော့‑က်ဟှာ တူးဒူပ္လေးဟှားဂေ့ဘေမဲ့ တခြားတဗဲ့တော်ဟှာ ပေတရုထတ် ဗြန်းဗြန်းပ္လေးဟှားဘီး သန်းခ္လိုင်းဟှို ရင်ဦးဆောင်း ရော့‑က်ဟှားဟှယ်။
JOH 20:5 သူဟှာ ငေါက်ကေ့လိုက်ဟှူဇာ ပိဖ္လူလေဘဲ့ တွိလေဟှယ်။ အယ်ဘေမဲ့ သူဟှာ ထဲဟှို ဝမ်ဘဲနေလေဟှယ်။
JOH 20:6 နော့‑က်ဟှလိုက်လာဟှူ ရှိမုန်ပေတရုဟှာ ရော့‑က်လာဘီး သန်းခ္လိုင်းဂူထဲဟှို ဝမ်ဟှားဟှယ်။ သူဟှာ ပိဖ္လူန
JOH 20:7 ယေရှုရဲ့ ဦးခေါန်းတော်ဟှို ပတ်ဟှားဟှူ ပိဖ္လူဟှိုဘဲ့ တွိရဟှယ်။ ဦးခေါန်းတော်ဟှ ပိဖ္လူဟှာ တခြားပိဖ္လူလေနတူးဒူ မှေ့ဘဲ့ တခြားစီရှိနေလေဟှယ်။
JOH 20:8 အယ်ဘီးန သန်းခ္လိုင်းဂူဟှို ရင်ဦးဆောင်း ရော့‑က်နေဟှူ တခြားတဗဲ့တော်လည်း ထဲဟှို ဝမ်ဟှားလေဟှယ်။ အယ်လူဟှာ ဗြင်ဟှားဘီး ယောင်ကြည်လေဟှယ်။
JOH 20:9 ကိုယ်တော်ဟှာ သေဘီးန ပ္လန်ရှင်ရမယ် ဆိုဘီး ပြောဟှားဟှူ ကျမ်းစာဟှို သူးနို့လေ နားလည်ဂေ့သေးဟှ။
JOH 20:10 အယ်ဘီးန တဗဲ့တော်နှေ့ပါးဟှာ အီဟှို ပ္လန်ဟှားလေဟှယ်။
JOH 20:11 မာရိဟှာ သန်းခ္လိုင်းဂူပ္လန်မာ ငိုဘီး ရပ်နေဟှယ်။ သူဟှာ ငိုနေဒူးမာဘဲ့ သန်းခ္လိုင်းဂူထဲဟှို ငုံ့ကေ့လိုက်ဇာ
JOH 20:12 ကောန်းဂန်တမန်နှေ့ပါးဟှာ ဝတ်ရောင်ဖ္လူဟှို ဝတ်ဟှားဘီး ယေရှုလောန်းတော်ရဲ့ ခေါန်းရင်းမာတပါး၊ ခေရင်းမာတပါး ထိုင်နေဇာဟှို ဗြင်လေဟှယ်။
JOH 20:13 သူးနို့ဟှ “မီးမဂီး၊ ဖြားဖြစ်ကြောန့် ငိုနေရနူး” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။ သူဟှ “ကျွန်မရဲ့ သခင်ဟှို သူးနို့ယူဆောန်ဟှားဘီး ဖယ်မာထားဟှားဟှယ် ဆိုဇာဟှို သိဟှ!” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
JOH 20:14 အယ်ဘီးန နော့‑က်ဟှို လှည့်ကေ့လိုက်ဇာ ယေရှုဟှာ ရပ်တော်မူနေဇာဟှို ဗြင်ဘေမဲ့ ယေရှုဖြစ်ဟှယ် ဆိုဇာဟှို သိဟှ။
JOH 20:15 ယေရှုဟှ “မီးမဂီး၊ ဖြားဖြစ်ကြောန့် ငိုနေရနူး။ နန်ဟှာ ဖယ်လူဟှို ရှာနေဟှယ်နူး။” ဆိုဘီး သူ့ဟှို မေးတော်မူလေဟှယ်။ မာရိဟှာ ကိုယ်တော့်ဟှို ဥယျဉ်မှူး ဆိုဘီး ထန်နေဟှယ်။ အယ်ကြောန့် သူဟှာ ကိုယ်တော့်ဟှို ပြောလိုက်ဇာဟှ “ဆရာ၊ သူ့ဟှို ယူဆောန်ဟှားဟှယ် ဆိုဟှာ ဖယ်နားမာထားဟှားဟှယ် ဆိုဇာဟှို ကျွန်မဟှို ပြောပြပါ။ ကျွန်မသွားဘီး ယူပါမယ်။”
JOH 20:16 ယေရှုဟှ “မာရိ!” ဆိုဘီး သူ့ဟှို ခေါ်လေဟှယ်။ မာရိဟှာ လှည့်ဘီး ဟေဗြဲစကားန “ရဗ္ဗုနိ!” ဆိုဘီး ပ္လန်ထူးလေဟှယ်။ ရဗ္ဗုနိရဲ့ ဓိပါယ်မာ “ဆရာ” ဖြစ်ဟှယ်။
JOH 20:17 ယေရှုဟှာ “ငါဟှာ ဖနားဟှို တတ်ရသေးဘဲဟှူကြောန့် ငါ့ဟှို ထိနအူး။ ငါ့ညီကိုလေနားဟှို သွားဘီးဟှာ ငါ့ရဲ့ဖဖြစ်ဟှူ နန်းနို့ရဲ့ဖ၊ ငါ့ရဲ့ဘုရားသခင်ဖြစ်ဟှူ နန်းနို့ရဲ့ ဘုရားသခင်နားဟှို ငါတတ်ရအူးမယ် ဆိုဇာဟှို ပြောပါ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
JOH 20:18 အယ်ကြောန့် မာဂဒလဝါသူ မာရိဟှာ တဗဲ့တော်လေနားဟှို သွားဘီး သခင်ဘုရားဟှို တွိဟှားကြောန်းန ကိုယ်တော် မိန့်တော်မူဟှားဟှူ ဇာလေဟှို ပြောပြလေဟှယ်။
JOH 20:19 နန်းနွေနေ့ ညဉ့်ခန်းဖတ်မာ တဗဲ့တော်လေဟှာ ယုဒအာဏာပိုင်လေဟှို ကြော့‑က်ဟှူကြောန့် ခွဗော့‑က်လေပိဟှားဘီး စုဝီးနေဂေ့ဟှယ်။ အယ်ခီမာ ယေရှုဟှာ ကြွလာတော်မူဘီး သူးနို့လယ်မာ ရပ်တော်မူဘီး “နန်းနို့နတူးဒူ ငြီသတ်ရှင်း ရှိပါစေ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 20:20 အယ်မျိုး မိန့်တော်မူဘီးန ကိုယ်တော်ရဲ့ လတ်တော်န နံဘေးတော်ဟှို တဗဲ့တော်လေဟှို ပြတော်မူလေဟှယ်။ တဗဲ့တော်လေဟှာ သခင်ဘုရားဟှို တွိဗြင်ရဟှူ ခီမာ ဝန်းသာဂေ့လေဟှယ်။
JOH 20:21 ယေရှုဟှာ “နန်းနို့မာ ငြီသတ်မှုရှိစေ။ ဖဟှ ငါ့ဟှို စေလွှတ်မျိုးဘဲ့ ငါလည်း နန်းနို့ဟှို စေလွှတ်မယ်” ဆိုဘီး သူးနို့ဟှို ထပ်ဘီး မိန့်တော်မူလေဟှယ်။
JOH 20:22 အယ်ဘီးန ကိုယ်တော်ဟှာ တဗဲ့တော်လေထတ်ဟှို မှုတော်မူဘီး “သန့်ရှင်းဟှူဝိညာဉ်တော်ဟှို လတ်ခံဂေ့။
JOH 20:23 နန်းနို့ဟှာ လူလေရဲ့ ပြစ်လေဟှို ခွမ့်လွှတ်မယ် ဆိုဟှာ သူးနို့ဟှာ ပြစ်လေလွှတ်ဇာခံရမယ်။ နန်းနို့ဟှာ သူးနို့ရဲ့ ပြစ်လေဟှို ခွမ့်လွှတ်ဘဲဟှ ဆိုဟှာ သူးနို့ဟှာ ပြစ်လေ လွှတ်ဇာခံရမယ်မူဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 20:24 ယေရှုကြွလာတော်မူဟှူ ခီမာ တဗဲ့တော် ဆယ့်နှေ့ပါးထဲဟှ တယော့‑က်ဖြစ်ဟှူ မြွှာဘ္လူး ဆိုဘီး ခေါ်ဟှူ သောမဟှာ သူးနို့နတူးဒူ မှေ့ဟှ။
JOH 20:25 အယ်ကြောန့် တခြားတဗဲ့တော်လေဟှာ “နို့လေဟှာ သခင်ဘုရားဟှို ဗြင်ရပီးဘီ!” ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။ သောမဟှာ “လတ်တော်မာ သံရိုက်ရာဟှို ဗြင်ရဘဲန၊ သံရိုက်ရာဟှို တို့စမ်းရဘဲန၊ နံဘေးတော်ဟှို လတ်ညှိုးန စမ်းသပ်ရဘဲန ငါယောင်ကြည်ဟှို့ မှုဟှ” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
JOH 20:26 တဘတ်ကြာဘီးန တဗဲ့တော်လေဟှာ အီထဲမာ ပ္လန်စုဝီနေဟှူ ခီမာ သောမလည်း သူးနို့နတူးဒူ ရှိနေလေဟှယ်။ ခွဗော့‑က်လေဟှို ပိဟှားဘေမဲ့ ယေရှုဟှာ ကြွလာတော်မူဘီး သူးနို့လယ်မာ ရပ်တော်မူဘီးဟှာ “နန်းနို့မာ ငြီသတ်မှုရှိစေ” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 20:27 အယ်ဘီးန ကိုယ်တော်ဟှာ “နန့်ရဲ့လတ်ညှိုးန အယ်နေရာဟှို တို့ဘီးဟှာ ငါ့လတ်လေဟှိုကေ့။ အယ်ဘီးဟှာ နန့်လတ်ဟှို ဆန့်ဘီး ငါ့နံဘေးဟှို စမ်းသပ်ကေ့။ သံသယမှေ့ဘဲ့န ယောင်ကြည်ပါ!” ဆိုဘီး သောမဟှို မိန့်တော်မူလေဟှယ်။
JOH 20:28 သောမဟှာ “ကျွန်တော့်သခင်၊ ကျွန်တော့်ဘုရားသခင်!” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်လေဟှယ်။
JOH 20:29 ယေရှုဟှာ “နန်ဟှာ ငါ့ဟှို ဗြင်ရဟှူကြောန့် ယောင်ကြည်ဇာလော။ ငါ့ဟှို ဗြင်ဘဲ့န ယောင်ကြည်ဟှူ လူလေဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီးသူ့ဟှို မိန့်တော်မူလေဟှယ်။
JOH 20:30 အယ်ကျမ်းထဲမာ ရေးဟှားဘဲဟှူ တခြားနိမိတ်လတ်ခဏာလေ ဘောင်ဂီးဟှိုလည်း တဗဲ့တော်လေရှေ့မာ ယေရှုဟှာ ပြတော်မူလေဟှယ်။
JOH 20:31 အယ်ဘေမဲ့ ယေရှုဟှာ ဘုရားသခင်ရဲ့ သားတော် မေရှိယ ဖြစ်တော်မူဟှယ် ဆိုဇာဟှို နန်းနို့ ယောင်ကြည်ဂေ့ဟှို့န အယ်မျိုး ယောင်ကြည်ဇာအားဖြင့် ကိုယ်တော့်နာမနှိုက် သတ်ဟှို ရရှိဟှို့တွပ် အယ်မူဇာလေဟှို ရေးဟှားဇာဖြစ်ဟှယ်။
JOH 21:1 အယ်ဘီးန ယေရှုဟှာ တိဗေရိအိုင်နားမာ တဗဲ့တော်လေဟှို နော့‑က်တခါ ကိုယ်ထန်ရှားပြတော်မူဟှယ်။ ကိုယ်ထန်ရှားပြဇာဟှ အယ်မျိုးဖြစ်ဟှယ်။
JOH 21:2 ရှိမုန်ပေတရု၊ မြွှာဘ္လူး ဆိုဘီး ခေါ်ဟှူ သောမ၊ ဂါလိလဲနယ်၊ ကာနဗြို့သား နာသနေလ၊ ဇေဗေဒဲရဲ့သားလေန တခြားတဗဲ့တော် နှေ့ယော့‑က်ဟှာ တူးဒူရှိနေဂေ့ဟှယ်။
JOH 21:3 ရှိမုန်ပေတရုဟှာ “ငါ ငါးသွားဖမ်းမယ်” ဆိုဘီး တခြားလူလေဟှို ပြောလေဟှယ်။ သူးနို့ဟှ “နို့လေလည်းလိုက်မယ်” ဆိုဘီး ပ္လန်ပြောဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ လှေန ငါးဖမ်းထွပ်ဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်ညဉ့်မာ တကောန်လည်း ဖမ်းမိဂေ့ဟှ။
JOH 21:4 မိုးလန်းဇာမာ ယေရှုဟှာ ကမ်းနားမာ ရပ်နေဘေမဲ့လည်း တဗဲ့တော်လေဟှာ ယေရှုဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှ။
JOH 21:5 အယ်န ယေရှုဟှာ “မိဆွေလေ၊ ငါးကောန်လည်းဖမ်းမိဟှလော” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ သူးနို့ဟှာ “ကောန်လည်းမိဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
JOH 21:6 ကိုယ်တော်ဟှာ “နန်းနို့လှေရဲ့ ညာဖတ်ဟှို ပိုက်ဟှို ပစ်ခ္လဂေ့။ အယ်ဆိုဟှာ နန်းနို့ဟှာ ငါးလေဟှို ဖမ်းမိလေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ပိုက်ဟှို ပစ်ခ္လလိုက်ဇာ ငါးလေဘောင်ဂီးမိနေကြောန့် ပိုက်ဟှို ဆွဲဒန်ဟှို့ ခွန်အားမှေ့ဟှမ်း။
JOH 21:7 ယေရှုရှစ်တော်မူဟှူ တဗဲ့တော်ဟှာ “သခင်ဘုရားဘဲ့!” ဆိုဘီး ရှိမုန်ပေတရုဟှို ပြောလေဟှယ်။ သူဟှာ သခင်ဘုရားဖြစ်ဟှယ် ဆိုဇာဟှို ပေတရုကြားလိုက်ခီမာ ခလွတ်ဟှားဟှူ ပ္လန်အန်းဂီဟှို ခါးမာပတ်ဘီးဟှာ ရေထဲဟှို ခူခ္လဟှားလေဟှယ်။
JOH 21:8 တခြားတဗဲ့တော်လေဟှာ ငါးနပ္လဲ့နေဟှူပိုက်ဟှို ဆွဲဒန်ဘီးဟှာ လှေစီးဘီး ကမ်းနားဟှို လာဂေ့ဟှယ်။ သူးနို့ဟှာ ကမ်းဟှနေ ကိုက်တရာလော့‑က်ဘဲ့ ဝီးဂေ့ဟှယ်။
JOH 21:9 သူးနို့ဟှာ ကမ်းထတ်ဟှို ရော့‑က်ဟှူ ခီမာ မီးဘောင်ထတ်မာ ကန်ဟှားဟှူ ငါးန မုနဲနဲဟှားဟှို တွိဟှားဂေ့ဟှယ်။
JOH 21:10 ယေရှုဟှာ “နန်းနို့ ခုဖမ်းလာဟှူ ငါးနဲနဲဟှား ယူလာဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
JOH 21:11 ရှိမုန်ပေတရုဟှာ လှေထတ်ဟှို တတ်ဟှားဘီး ငါးဂီးလေနပ္လဲ့နေဟှူ ပိုက်ကွန်ဟှို ကမ်းထတ်ဟှို ဆွဲဒန်လိုက်ဟှူ ခီမာ အားလောင်းပေါန်း ၁၅၃ ကောန် ရှိဟှယ်။ အယ်မျှလောက် ငါးလေဘောင်ဂီး ဖမ်းမိဘေမဲ့လည်း ပိုက်ဟှာ စုပ္လဲဟှ။
JOH 21:12 ယေရှုဟှာ “လာစားဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ တဗဲ့တော်လေဟှ သခင်ဘုရားဖြစ်တော်မူဟှယ် ဆိုဇာဟှို သိနေဟှူကြောန့် “ကိုယ်တော်ဟှာ ဖယ်သူနူး” ဆိုဘီးလည်း မေးရဲဂေ့ဟှ။
JOH 21:13 အယ်ကြောန့် ယေရှုဟှာ သူးနို့နားဟှို ကြွလာတော်မူဘီး မုဟှိုယူဘီးဟှာ ပေးလေဟှယ်။ အယ်မျိုးဘဲ့ ငါးဟှိုလည်း ယူဘီးဟှာ ပေးလေဟှယ်။
JOH 21:14 ယေရှုဟှာ သေရာဟှနေ ထမြော့‑က်တော်မူဘီးန တဗဲ့တော်လေဟှို ကိုယ်ထန်ရှားပြဇာဟှာ တတိယခါ ဖြစ်လေဟှယ်။
JOH 21:15 တဗဲ့တော်လေ စားဂေ့ဘီးန ယေရှုဟှ “ယောဟန်ရဲ့သား ရှိမုန်၊ သူးနို့ ငါ့ဟှို ရှစ်ဇာထတ် နန်ဟှာ ငါ့ဟှို ပိုဘီး ရှစ်ဘဲ့လော” ဆိုဘီး ရှိမုန်ပေတရုဟှို မေးတော်မူလေဟှယ်။ ပေတရုဟှ “မှန်ပါဟှယ် သခင်၊ ကိုယ်တော့်ဟှို ကျွန်တော်ရှစ်ဟှယ် ဆိုဇာဟှို ကိုယ်တော်သိပါဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။ ယေရှုဟှ “ငါ့ရဲ့သိုးသားဂန်းလေဟှို ကျွေးမွေးပါ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
JOH 21:16 ယေရှုဟှာ “ယောဟန်ရဲ့သား ရှိမုန်၊ ငါ့ဟှို ရှစ်ဘဲ့လော” ဆိုဘီး သူ့ဟှို ဒုတိယခါ မေးတော်မူလေဟှယ်။ ပေတရုဟှ “ရှစ်ပါဟှယ် သခင်၊ ကျွန်တော် ရှစ်ဟှယ် ဆိုဇာဟှို ကိုယ်တော်သိပါဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။ ယေရှုဟှာ “ငါ့သိုးလေဟှို ကေ့ရှုပါ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
JOH 21:17 ယေရှုဟှာ “ယောဟန်ရဲ့သား ရှိမုန်၊ ငါ့ဟှို ရှစ်ဘဲ့လော” ဆိုဘီး သူ့ဟှို တတိယခါ မေးတော်မူလေဟှယ်။ ယေရှုဟှာ သောင်းခါ မေးတော်မူဟှူကြောန့် ပေတရုဟှာ ဝန်းနဲဟှားဘီး “သခင်၊ ကိုယ်တော်ဟှာ ဂူလောင်းဟှို သိတော်မူဟှူကြောန့် ကိုယ်တော့်ဟှို ကျွန်တော်ရှစ်ဟှယ် ဆိုဇာဟှို ကိုယ်တော်သိပါဟှယ်!” ဆိုဘီး ကိုယ်တော့်ဟှို ပ္လန်လျှော့‑က်လေဟှယ်။ ယေရှုဟှာ “ငါ့သိုးလေဟှို ကေ့ရှုပါ။
JOH 21:18 နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်ဟှာ ငယ်ရွယ်ဒူးခီမာ နန်ဝတ်ရှင်ဇာဟှို ဝတ်ဘီး နန်သွားရှင်ဟှူနေရာဟှို သွားနိုင်ဟှယ်။ အယ်ဘေမဲ့ နန်ဟှာ အိုဟှားဟှူ ခီမာ နန့်လတ်နှေ့ဖတ်ဟှို ဆန့်ဟှားဘီး ယော့‑က်ယော့‑က်ဟှ နန့်ဟှို ဝတ်ဆင်ဘီးဟှာ နန်သွားရှင်ဘဲဟှူ နေရာဟှို ယူဆောန်ဟှားလေ့မယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
JOH 21:19 အယ်မျိုးပြောနေဇာဟှ ပေတရုဟှာ အယ်မျိုးနည်းလမ်းန သေရဇာအားဖြင့် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေမယ် ဆိုဇာဟှို ယေရှုဟှာ ဖော်ပြနေဇာဖြစ်ဟှယ်။ အယ်ဘီးန ယေရှုဟှာ “ငါ့နော့‑က်လိုက်ဟှား!” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
JOH 21:20 ပေတရုဟှာ လှည့်ကေ့လိုက်ဘီး သူ့နော့‑က်မာ ယေရှုရှစ်တော်မူဟှူ တဗဲ့တော်ဟှို ဗြင်လေဟှယ်။ အယ်လူဟှာ ညဉ့်ဇာစားဟှူ ခီမာ ယေရှုဟှို မှီဘီး “သခင်၊ ကိုယ်တော့်ဟှို သစ်စာဖော့‑က်မယ့်လူဟှာ ဖယ်သူနူး” ဆိုဘီး မေးဟှူလူဖြစ်ဟှယ်။
JOH 21:21 ပေတရုဟှာ အယ်တဗဲ့တော်ဟှို ဗြင်ဟှူ ခီမာ “သခင်၊ အယ်လူဟှာ ဖယ်မျိုးဖြစ်လေ့မယ်နူး” ဆိုဘီး ယေရှုဟှို မေးလေဟှယ်။
JOH 21:22 ယေရှုဟှ “ငါပ္လန်ကြွလာမယ့်ခီထိ သူ့ဟှို သတ်ရှင်စေဟှို့ ငါလိုရှိဟှယ် ဆိုဟှာ နန့်နဖြားဆိုင်နူး။ ငါ့နော့‑က်ဟှို လိုက်ဟှား!” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
JOH 21:23 အယ်ကြောန့် အယ်တဗဲ့တော်ဟှာ သေဟှို့ မှုဟှ ဆိုဘီး အယ်ဒန်းဟှာ ယေရှုရဲ့ နော့‑က်တော်လိုက်လေထဲမာ ပ္လံ့ဟှားလေဟှယ်။ အယ်ဘေမဲ့ ယေရှုဟှာ အယ်တဗဲ့တော် သေဟှို့ မှုဟှ ဆိုဘီး မိန့်တော်မူဇာ မှုဟှ။ ကိုယ်တော်ဟှ “ငါပ္လန်ကြွလာမယ့်ခီထိ သူ့ဟှို သတ်ရှင်စေဟှို့ ငါလိုရှိဟှယ် ဆိုဟှာ နန့်နဖြားဆိုင်နူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
JOH 21:24 အယ်ကြောန်းရာလေဟှို သတ်သေခံဘီး ရေးဟှားလူဟှာ အယ်တဗဲ့တော်ဘဲ့ ဖြစ်ဟှယ်။ သူ့သတ်သေခံချစ်လေဟှာ မှန်ဘဲ့ဖြစ်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။
JOH 21:25 ယေရှုပြုတော်မူဟှူ တခြားဇာလေဟှာ ဘောင်ဂီးရှိသေးဟှယ်။ အယ်မူဇာလေ ဂူလောင်းဟှို မှတ်တမ်းတန်ဟှားမယ် ဆိုဟှာ ကျမ်းလေဟှို အယ်လောကမာ ထားဇာနေရာမှေ့ဟှို့ မှုဟှ ဆိုဘီး ထန်မိဟှယ်။
ACT 1:1 ရှစ်ရဟှူ သော်ဖိလု၊ ယေရှုဟှာ မှုတော်ဆောန်ရှင်းန သွန်သန်ရှင်းလေဟှို စလောက်ဟှူခီဟှနေ၊
ACT 1:2 ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှားဟှူနေ့ထိ လောက်ဆောန်ဟှားဇာလေ ဂူလောင်းဟှို ပထမစာစောန်မာ ကျွန်တော်ရေးဟှားဟှယ်။ ကိုယ်တော်ဟှာ ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှားခန်မာ ဝီးကော့‑က်ဟှားဟှူ တမန်တော်လေဟှို သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ တဂိုးန မိန့်တော်မူဟှားဟှယ်။
ACT 1:3 ကိုယ်တော်ဟှာ သေခံဘီးန ရစ်လေးဆယ် လောင်းလောင်း ခီဘောင်ဂီး ကိုယ်ထန်ရှားပြဘီး မိမိသတ်ရှင်ကြောန်းဟှို ခိုင်လောင်ဟှူ သတ်သေပြလေဟှယ်။ တမန်တော်လေဟှာ ကိုယ်တော့်ဟှို ဗြင်ရဂေ့ဘီး ကိုယ်တော်ဟှလည်း သူးနို့ဟှို ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းဟှို ပြောပြလေဟှယ်။
ACT 1:4 သူးနို့လေဟှာ စုလာဂေ့ဟှူ ခီမာ ကိုယ်တော်ဟှ “ယေရုရှလင်ဗြို့ဟှနေ ထွပ်ဟှားဂေ့ဘဲ့န ငါ့ဖရဲ့ ဂဒိဟှို စောန့်နေဂေ့။ ငါဟှာ အယ်ဂဒိကြောန်းဟှို နန်းနို့ဟှို ပြောပြဟှားပီးဘီ။
ACT 1:5 ယောဟန်ဟှာ ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ ရစ်နဲနဲ ကြာဘီးဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ဗတ္တိဇံဟှို ခံရဂေ့လေ့မယ်” ဆိုဘီး ပြောလေဟှယ်။
ACT 1:6 တမန်တော်လေဟှာ စုလာဟှူ ခီမာ ကိုယ်တော့်ဟှို “သခင်၊ ကိုယ်တော်ဟှ အယ်ခီမာ ဣသရေလ လူမျိုးတွပ် နိုင်ငံဟှို ပ္လန်ပေးဟှို့လော” ဆိုဘီး မေးဂေ့ဟှယ်။
ACT 1:7 ယေရှုဟှ “ငါ့ဖရဲ့ ခွမ့်အာဏာန စီရင်ဟှားဟှူ နေ့ရစ်ခီလေဟှို နန်းနို့ဟှာ သိခွမ့် မှေ့ဟှ။
ACT 1:8 အယ်ဘေမဲ့ နန်းနို့ထတ်ဟှို သန့်ရှင်းဟှူဝိညာဉ်တော် ကြွလာဟှူ ခီမာ နန်းနို့ဟှာ တဂိုးဟှို ရဂေ့လေ့မယ်။ အယ်ဘီးမှ နန်းနို့ဟှာ ယေရုရှလင်ဗြို့၊ ယုဒနယ်န ရှမာရိနယ် တနယ်လောင်းဟှနေ မ္လေဂီးဆောင်းထိ ငါ့ရဲ့ သတ်သေလေ ဖြစ်ဂေ့လေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
ACT 1:9 အယ်မျိုး ပြောဘီးန သူးနို့လေဟှာ ကေ့နေဒူးမာ ကိုယ်တော်ဟှာ ကောန်းဂန်ဘောင်ဟှို ယူဆောန်ခံရလေဟှယ်။ အယ်ဘီးမှ မိုးတီဟှာ ကိုယ်တော့်ဟှို သူးနို့ရဲ့ မျစ်စိရှေ့ဟှနေ ဖောင်းဟှားလေဟှယ်။
ACT 1:10 ကိုယ်တော် တတ်ကြွဟှားဇာဟှို သူးနို့လေဟှာ ကောန်းဂန်ဟှို စေ့စေ့ကေ့နေဂေ့ဟှယ်။ အယ်ခီမာ ဝတ်ဖ္လူစင်ကြယ်န လူနှေ့ယော့‑က်ဟှာ ရောက်တရစ် သူးနို့ရဲ့ နားမာ ရပ်နေဘီး
ACT 1:11 အယ်လူလေဟှာ “ဂါလိလဲနယ်သားလေ၊ နန်းနို့ဟှ ဖြားဖြစ်ကြောန့် ရပ်ဘီးဟှာ ကောန်းဂန်ဟှို ကေ့နေဂေ့နူး။ နန်းနို့နားဟှနေ ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှားဟှူ အယ်ယေရှုဟှာ ကောန်းဂန်ဟှို တတ်ကြွဟှားဇာဟှို နန်းနို့ ဗြင်ရမျိုးဘဲ့ ပ္လန်ဘီး ကြွလာလေ့မယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 1:12 အယ်ဘီးန တမန်တော်လေဟှာ သံလွင် ဆိုဘီး ခေါ်ဟှူ တောန်ဟှနေဘီး ယေရုရှလင်ဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။ အယ်တောန်ဟှာ ယေရုရှလင်ဗြို့န မိုင်ဝပ်လော့‑က်ဘဲ့ ဝီးဟှယ်။
ACT 1:13 သူးနို့လေဟှာ ဗြို့ထဲဟှို ဝမ်ဘီးဟှာ သူးနို့လေ တဲနေဟှူ အီရဲ့ ထတ်ခန်းဟှို သွားဂေ့ဟှယ်။ အယ်လူလေဟှ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲရဲ့သားယာကုပ်၊ မျိုးရှစ်ပေါက်ကို ရှိမုန်န ယာကုပ်ရဲ့သား ယုဒလေဖြစ်ဟှယ်။
ACT 1:14 သူးနို့ဟှာ မီးမဂီးလေ၊ ယေရှုရဲ့မိ မာရိန ကိုယ်တော်ရဲ့ ညီလေဟှာ ခါဘီးခါ စုဝီးဘီး ဆုတောန်းဂေ့ဟှယ်။
ACT 1:15 ရစ်နဲနဲ ကြာဘီးန ၁၂၀ လော့‑က်ရှိဟှူ ညီကိုလေဟှာ စည်းဝေးနေဟှူ ခီမာ ပေတရုဟှာ အယ်လူအောက် လယ်နှိုက် စကားပြောဟှို့တွပ် ထဘီးဟှာ၊
ACT 1:16 “ညီကို မောန်နှမလေ၊ ယေရှုဟှို ဖမ်းဟှူ လူလေဟှို လမ်းပြပေးမား ယုဒရှကာရုတ်ကြောန်းဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှ ဒါဝိဒ်အားဖြင့် ကြိုတန်ဘီး ပြောဟှားဟှူ ကျမ်းစာဟှာ ပ္လဲ့ဇောင်ရမယ်။
ACT 1:17 ယုဒဟှာ မှုတော်ဆောန် တယော့‑က်နေန ဝီးကော့‑က်ခံရဟှူ လူဖြစ်ဘီး နို့လေရဲ့ ဖွဲ့ဝမ်လည်း ဖြစ်ဟှယ်။”
ACT 1:18 သူဟှာ တရားဘဲဟှူ မှုကြောန့် ရဟှူကပ်န လယ်ဂွပ်ဟှို ဝယ်ဘီးန အယ်လယ်ဂွပ်မာ လဲက္လဘီး သေဟှားလေဟှယ်။ သူဟှာ ဗိုက်ပေါ့‑က်ဟှားဘီး သူ့အူလေလည်း ထွပ်က္လလေဟှယ်။
ACT 1:19 ယေရုရှလင်ဗြို့မာ နေဟှူလူလေဟှာ အယ်ကြောန်းဟှို ကြားဟှားဂေ့ဘီး အယ်လယ်ဂွပ်ဟှို သူးနို့စကားန “အကေလဒမ” ဆိုဘီး ခေါ်ဂေ့ဟှယ်။ “သွီးမ္လေ” ဆိုဘီး ဓိပါယ်ရဟှယ်။
ACT 1:20 “ဆာလံကျမ်းမာ “ ‘သူ့ရဲ့ အီဟှာ လူလေတိဆိဟှူ နေရာဖြစ်ပါစေ။ အယ်အီမာ ဖယ်လူလည်း နေရစေန’ ဆိုဘီး ရေးဟှားဟှယ်။” “ ‘အယ်လူရဲ့ ရာထူးဟှိုလည်း တခြားတယော့‑က်ဟှ ယူပါစေ။’
ACT 1:21 “အယ်ကြောန့် သခင်ယေရှုဟှာ နို့လေနားမာ ဝမ်ထွပ်သွားလာဟှူ တခီလောင်း
ACT 1:22 ယောဟန်ရဲ့ ဗတ္တိဇံတရားဟှို ဟောဟှူ ခီဟှစဘီး နို့လေနားဟှနေ ခွာဟှားဘီး ထတ်ဟှို ဆောန်ယူဟှားရှင်းဟှို ခံတော်မူဟှူ နေ့ရစ်ထိ နို့လေန လိုက်ပါသူလေထဲဟှ ယော့က်ယော့က်ဟှာ အယ်သခင် ထမြော့‑က်ရှင်းကြောန်းဟှို နို့လေနတူးဒူ သတ်သေခံဟှူလူ ဖြစ်ရမယ်” ဆိုဘီး ပြောလေဟှယ်။
ACT 1:23 အယ်ကြောန့် သူးနို့လေဟှာ ယုတ္တု ဆိုဘီး ခေါ်ဟှူ ဗာရှဗ (ခေါ်) ယောသပ်န မဿိလေ နှေ့ယော့‑က်ဟှို ဆိုပြုဂေ့ဟှယ်။
ACT 1:24 အယ်ဘီးန တဗဲ့တော်လေဟှာ ဝီးကော့‑က်ဇာဟှို လောက်ဟှို့တွပ် “သခင်၊ ကိုယ်တော်ဟှာ လူလေရဲ့ စိနှလောင်းဟှို သိဟှားဟှူကြောန့် ဆုတောန်းဂေ့ဇာဟှ
ACT 1:25 ယုဒဟှာ သူ့န ထိုက်တန်ဟှူ နေရာဟှို သွားဟှို့တွပ် ထွပ်ဟှားဟှူကြောန့် ယုဒနေရာမာ တမန်တော်ဖြစ်န မှုတော်ဆောန်ဟှို့တွပ် အယ်လူ နှေ့ယော့‑က်ထဲဟှ ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ လူဟှို ပြတော်မူပါ” ဆိုဘီး ဖြစ်ဟှယ်။
ACT 1:26 အယ်ဘီးန အယ်လူ နှေ့ယော့‑က်တွပ် မဲလိဆွဲဘီး ဝီးကော့‑က်ဂေ့ဟှူ ခီမာ မဿိဟှာ တမန်တော် ဆယ့်တပါးနတူးဒူ တမန်တော်ဖြစ် ဝီးကော့‑က်ခံရလေ့ဟှယ်။
ACT 2:1 ပင်တေကုတ္တေပွဲနေ့ ရော့‑က်လာဟှူ ခီမာ ယောင်ကြည်သူလေ ဂူလောင်းဟှာ တနေရာထဲမာ စုနေဂေ့ဟှယ်။
ACT 2:2 အယ်ခီမာ လေပြင်းမှောန်ဒိုင်းသံမျိုး ကောန်းဂန်ဟှနေ ရောက်တရစ် ပေါ်လာဘီးန သူးနို့လေ ထိုင်နေဟှူ အီတအီလောင်းဟှို ပ္လဲ့ဟှားလေဟှယ်။
ACT 2:3 အယ်ဘီးန သူးနို့ဟှာ ဖြာထွပ်နေဟှူ မီးလျှာလေမျိုးဟှို ဗြင်ရဂေ့ဘီး သူးနို့ထတ်မာ ရှိနေဂေ့ဟှယ်။
ACT 2:4 သူးနို့ ဂူလောင်းဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့နေဘီး ဝိညာဉ်တော်ဟှ သူးနို့လေ ပြောနိုင်ဟှူတိုင်း တခြားဘာသာစကားလေန စဘီးဟှာ ပြောဂေ့ဟှယ်။
ACT 2:5 အယ်ကာလမာ ကောန်းဂန်အော့‑က် တိုင်းပြည်သီးသီးဟှ ဘုရားသခင်ဟှို ကြော့‑က်ဂေ့ဟှူ ယုဒလူမျိုးလေဟှာ ယေရုရှလင်ဗြို့မာ တဲနေဂေ့ဟှယ်။
ACT 2:6 အယ်သံဟှို ကြားရဟှူ ခီမာ လူအောက်ဂီးဟှာ စုလာဂေ့ဟှယ်။ တဗဲ့တော်လေ ပြောဟှူဇာဟှို သူးနို့ အားလောင်းဟှ သူးနို့ ဘာသာစကားန ကြားရဂေ့ဟှူကြောန့် အံ့ဩဟှားဂေ့ဟှယ်။
ACT 2:7 သူးနို့ဟှာ အံ့ဩနေဘီး “အယ်မျိုး ပြောနေဂေ့ဟှူ လူလေဟှာ ဂါလိလဲနယ်သားလေမား!
ACT 2:8 အယ်ဆိုဟှာ နို့လေ ဂူလောင်းဟှာ နို့လေရဲ့ ဘာသာစကားတိုင်း ကြားရဂေ့ဇာဟှ ဖယ်မျိုးနူး။
ACT 2:9 နို့လေဟှာ ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊
ACT 2:10 ဖြူဂိပြည်၊ ပံဖုလိပြည်၊ အဲဂုတ္တုပြည်၊ ကုရေနေဗြို့နီး လိဗုနယ်ဟှ ဖြစ်ဟှယ်။ တချို့ဟှ ရောမဗြို့ဟှနေ ရော့‑က်လာဟှူ
ACT 2:11 ယုဒလူမျိုးလေန ယုဒဘာသာဟှို ပ္လောန်းလဲလာဂေ့ဟှူ လူမျိုးခြားလေ ဖြစ်ဂေ့ဟှယ်။ နို့လေ တချို့ဟှ ကရေတေကျွန်းသားန အာရပ်ပြည်သားလေ ဖြစ်ဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်လူလေဟှာ ဘုရားသခင်ရဲ့ အံ့ဩဘွယ်မှုတော်ဟှို နို့လေရဲ့ ဘာသာစကားန ပြောဇာဟှို နို့လေ ကြားရဂေ့ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 2:12 သူးနို့လေဟှ အံ့ဩတွေဝေဟှားဘီး “အယ်မူဇာဟှ ဖယ်မျိုးနူး” ဆိုဘီး ရှင်းရှင်းပြောနေဂေ့ဟှယ်။
ACT 2:13 အယ်ဘေမဲ့ တခြားလူလေဟှ “အယ်လူလေဟှာ ရစ်မောနေဂေ့ဟှယ်” ဆိုဘီး ရယ်ဇားဂေ့ဟှယ်။
ACT 2:14 အယ်ဘီးန ပေတရုဟှာ တမန်တော် တဆယ့်တပါးန တူးဒူရပ်ဘီး က္လယ်ဟှူသံန “ယုဒမျိုးသားလေန ယေရုရှလင်ဗြို့မာ နေဟှူလူလေ အယ်မူဇာဟှို နန်းနို့ဟှို ပြောပြမယ်။ ငါ့စကားဟှို နားထောန်ဂေ့။
ACT 2:15 အယ်လူလေဟှာ နန်းနို့ထန်နေမျိုး ယစ်မောနေဇာ မှုဟှ။ ခုမှ မိုးလန်းကိုးနာရီဘဲ့ ရှိသေးဟှယ်။
ACT 2:16 အယ်မူဇာဟှာ ပရောဖက်ယောလ ဟောဟှားဇာ ဖြစ်ဟှယ်။ အယ်ပရောဖက်ဟှ”
ACT 2:17 “ ‘ဘုရားသခင်ဟှ မိန့်တော်မူဟှယ်။ ငါဟှာ နော့‑က်ဆောင်း နေ့ရစ်လေမာ လူလေထတ်ဟှို ငါ့ရဲ့ ဝိညာဉ်တော်ဟှို လောန်းခ္လမယ်။ နန်းနို့ရဲ့ သားမီးလေဟှာ ငါ့ရဲ့ တရားတော်ဟှို ပရောဖက်ဉာဏ်န ဟောပြောဂေ့လေ့မယ်။ လူငယ်လေဟှာ ရူပါရောင်လေဟှို ဗြင်ရဂေ့လေ့မယ်။ ဖိုးသန်ဂီးလေဟှာ အိမတ်လေဟှို မတ်ဂေ့လေ့မယ်။
ACT 2:18 ငါ့ရဲ့ စေခံ ယော့‑က်ကျားလေန မီးမလေထတ်ဟှို ငါ့ရဲ့ ဝိညာဉ်တော်ဟှို လောန်းခ္လမယ်။ အယ်ဘီးဟှာ သူးနို့ဟှ ပရောဖက်ပြုဂေ့လေ့မယ်။
ACT 2:19 ထတ်ကောန်းဂန်မာ နိမိတ်လတ်ခဏာလေန အော့‑က်ရပ် မ္လေဂီးထတ်မာ သွီး၊ မီးလျှံ၊ မီးခိုးလောင်းန အံ့ဩဘွယ်လေဟှို ငါပြမယ်။
ACT 2:20 သခင်ဘုရားရဲ့ အံ့ဩဘွယ် ထူးမြတ်ဟှူနေ့ ရော့‑က်လာခန်မာ နေဟှာ မှောန်မိုက်ဟှားဘီး လဟှလည်း သွီးမျိုးဘဲ့ နီဟှားလေ့မယ်။’ ”
ACT 2:21 “‘အယ်ခီမာ ဘုရားသခင်ရဲ့ နာမတော်ဟှို အော်ခေါ်ဂေ့ဟှူ လူတိုင်းဟှာ ကယ်တန်ရှင်းဟှို ခံရဂေ့လေ့မယ်။’ ”
ACT 2:22 “ဣသရေလမျိုးသားလေ၊ အယ်စကားလေဟှို နားထောန်ဂေ့! ဘုရားသခင်ဟှာ နာဇရက်ဗြို့သား ယေရှုအားဖြင့် အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို ပြတော်မူဟှယ်။ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ ခွမ့်အာဏာန ပ္လဲ့ဝဟှူလူဖြစ်ဟှယ် ဆိုဇာဟှို ထန်းထန်ရှားရှားဟှာ သတ်သေပြဟှားဟှယ်။ အယ်မူဇာဟှာ နန်းနို့ရှေ့မာ ဖြစ်ဟှားဟှူကြောန့် နန်းနို့ ကိုယ်တိုင် သိရဂေ့ဟှယ်။
ACT 2:23 ဘုရားသခင်ဟှာ သူ့ရဲ့ကြံစည်တော်တိုင်း ယေရှုဟှို နန်းနို့ လတ်ထဲဟှို အပ်လိုက်ဟှယ်။ နန်းနို့ဟှ ကိုယ်တော့်ဟှို အဓမ္မလူလေလတ်န ကားစင်တန်ဘီး သတ်ဂေ့ဟှယ်။
ACT 2:24 အယ်ဘေမဲ့ ဘုရားသခင်ဟှ ကိုယ်တော့်ဟှို သေရှင်းတဂိုးဟှနေ လွတ်မြော့‑က်စေဘီး ထမြော့‑က်စေလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သေမန်းဟှာ ကိုယ်တော့်ဟှို မြဲဒမ်း ခယ်နှောန်ဟှားဟှို့ ဖြစ်နိုင်ဟှ။
ACT 2:25 ဒါဝိဒ်ဟှ ကိုယ်တော်ကြောန်းဟှို၊” “ ‘ငါဟှာ သခင်ဘုရားဟှို မြဲဒမ်း ဗြင်ရဟှယ်။ ကိုယ်တော်ဟှာ ငါ့ညာဖတ်မာ ရှိနေဟှူကြောန့် ငါမာ တောင်လှောက်ဇာ မှေ့ဟှ။
ACT 2:26 အယ်ကြောန့် ငါ့စိနှလောင်းဟှာ ရွှင်လန်းနေဘီး ငါ့ရဲ့ နှောက်ဟှာ ဝန်းသာရှင်းန ပ္လဲ့နေဟှယ်။ ငါ့ရဲ့ ကိုယ်ခန္ဓာဟှာ မျှော်လင့်ရှင်းထဲမာ ငြီသတ်နေမယ်။
ACT 2:27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ကျွန်တော်ဟှို မရဏာနိုင်ငံမာ ပစ်ဟှားဟှို့ မှုဟှ။ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ လူလေဟှို သန်းခ္လိုင်းထဲမာ ပေါက်ပျစ်စေဟှို့ မှုဟှ။
ACT 2:28 ကိုယ်တော်ဟှ ကျွန်တော်ဟှို သတ်ရှင်ဟှူလမ်းလေဟှို ပြပေးဟှယ်။ ကိုယ်တော်ဟှာ ကျွန်တော့်ဟှို ကိုယ်တော်ရဲ့ မျစ်မှော့‑က်တော်ထဲမာ ဝန်းသာဇာန ပ္လဲ့စေလေမယ်’ ” ဆိုဘီး ပြောဟှယ်။
ACT 2:29 “ညီကိုလေ၊ နို့လေရဲ့ ဘိုးဘေး ဒါဝိဒ်မန်းဂီးကြောန်းဟှို နန်းနို့ဟှို ငါ ရှင်းရှင်းလန်းလန်းဟှား ပြောရှင်ဟှယ်။ သူဟှာ သေလွန်ဘီး သင်္ဂြိုဟ်ဇာဟှို ခံရဟှယ်။ သူ့ရဲ့ သန်းခ္လိုင်းဟှာ အယ်နေ့ထိ နို့လေနတူးဒူ ရှိသေးဟှယ်။
ACT 2:30 သူဟှာ ပရောဖက်ဖြစ်ဘီး သူ့ရဲ့ သားမ္လေးတယော့‑က်ဟှို သူ့ရဲ့ ပလ္လင်ထတ်မာ ထိုင်စေမယ် ဆိုဘီး ဘုရားသခင်ဟှ သူ့ဟှို သစ်စာပြုဘီး ဂဒိပေးဟှားကြောန်းဟှို သိဟှားဟှယ်။
ACT 2:31 နောင်ခါမာ ဘုရားသခင်ဟှ ဖယ်မျိုးလောက်မယ် ဆိုဇာဟှို သိဟှူကြောန့်” မေရှိယရဲ့ ထမြော့‑က်ရှင်းကြောန်းဟှို “‘ကိုယ်တော့်ဟှို မရဏာနိုင်ငံမာ ပစ်ဟှားဟှ။ သူ့ရဲ့ ခန္ဓာဟှို သန်းခ္လိုင်းထဲမာ ပေါက်ပျစ်စေဟှို့ မှုဟှ’ ” ဆိုဘီး ကြိုတန်ပြောဟှားဟှယ်။
ACT 2:32 ဘုရားသခင်ဟှ အယ်ယေရှုဟှို သေရာဟှနေ ထမြော့‑က်စေတော်မူဟှယ်။ နို့လေ ဂူလောင်းဟှာ အယ်ဖြစ်ပျစ်ရဲ့ သတ်သေဖြစ်ဂေ့ဟှယ်။
ACT 2:33 ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ ချီးမြှင့်ဇာခံဘီးန ဂဒိပေးဟှားတိုင်း သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ဖနားဟှနေ ခံယူလေဟှယ်။ ခု နန်းနို့လေ တွိဗြင်ဘီး ကြားသိဂေ့ဟှူ ဝိညာဉ်တော်ဟှို နို့လေထတ်ဟှို လောန်းခ္လလေဟှယ်။
ACT 2:34 ဒါဝိဒ်ဟှာ ကောန်းဂန်ဘောင်ဟှို တတ်ဟှားဇာ မှုဟှ။ အယ်ဘေမဲ့ သူဟှ၊ “ ‘ထာဝရဘုရားဟှ ငါ့သခင်ဟှို
ACT 2:35 နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေတန်ခေါင်ဖြစ် ငါထားဟှားခီထိ ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ ဆိုဘီး မိန့်တော်မူဟှားဟှယ်’ ဆိုဘီး ပြောလေဟှယ်။”
ACT 2:36 “အယ်ကြောန့် ဣသရေလလူမျိုး ဂူလောင်းဟှာ မေရှိယဖြစ်နရော၊ သခင်ဖြစ်နရော ဘုရားသခင် ခန့်ဟှားဟှူသူဟှို နန်းနို့ ကားစင်တန်လိုက်ဂေ့ဟှူ ယေရှုဘဲ့ဖြစ်ဟှယ် ဆိုဇာဟှို သေးသေချားချာဟှား သိမှတ်ဟှားဂေ့” ဆိုဘီး လူအောက်ဂီးဟှို ဟောလေဟှယ်။
ACT 2:37 လူလေဟှာ အယ်စကားဟှို ကြားဂေ့ဟှူ ခီမာ ရရာတိုင်း စိသောက ဖြစ်ဟှားဂေ့ဘီး ပေတရုန တခြားတမန်တော်လေဟှို “ညီကိုလေ၊ နို့လေဟှ ဖယ်မျိုးလောက်ရဟှို့နူး” ဆိုဘီး မေးဂေ့ဟှယ်။
ACT 2:38 ပေတရုဟှ “နန်းနို့ ပြစ်လေဟှို ခွမ့်လွှတ်ပေးဇာခံရဟှို့တွပ် နောန်ဒရဂေ့ဘီး ယေရှုခရစ်တော်ရဲ့ နာမန နန်းနို့ ယော့‑က်စီတိုင်း ဗတ္တိဇံဟှိုခံဂေ့။ အယ်ဆိုဟှာ နန်းနို့ဟှာ ဆုလတ်ဆောန်ဖြစ် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ရဂေ့လေ့မယ်။
ACT 2:39 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ဂဒိတော်ဟှာ နန်းနို့ တွပ်ရော၊ နန်းနို့ သားမီးလေတွပ်ရော၊ ဝီးမာရှိနေဟှူ လူလေတွပ်ရော ဖြစ်ဟှယ်။ တနည်းအားဖြင့်ဆိုဟှာ နို့လေရဲ့ ဘုရားသခင်ခေါ်ဟှားခံရဟှူ လူလေ ဂူလောင်းတွပ်လည်း ဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
ACT 2:40 ပေတရုဟှာ တခြားစကားဘောန်းဇောင်နလည်း တောန်းဗန်းဘီး “နန်းနို့ ကိုယ်တိုင် အယ်ဆိုးညစ်ဟှူ လူလေထတ်ဟှို ရော့‑က်လာမယ့် ပြစ်ဒန်ဟှနေ ကန်းလွတ်စေဂေ့” ဆိုဘီး သူးနို့ဟှို တိုက်တွန်းလေဟှယ်။
ACT 2:41 လူလေဘောင်ဂီးဟှ သူ့ရဲ့ တရားစကားဟှို ယောင်ကြည်ဂေ့ဘီး ဗတ္တိဇံခံဂေ့ဟှယ်။ အယ်နေ့မာ လူလေဟှာ ၃,၀၀၀ လော့‑က် တိုးပွားဟှားလေဟှယ်။
ACT 2:42 အယ်လူလေဟှာ တမန်တော်လေရဲ့ သွန်သန်ဇာဟှို ခံယူဂေ့ဘီး၊ မုဟှိုဖဲ့ဂေ့ဘီး၊ မိတ်သဟာယ ဖွဲ့ဂေ့ဘီးဟှာ ဆုတောန်းဇာလေနဘဲ့ ခီဟှို ကူစေဂေ့ဟှယ်။
ACT 2:43 တမန်တော်လေဟှာ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ပြဂေ့ဟှူကြောန့် လူတိုင်းဟှာ ကြော့‑က်လန့်နေဂေ့ဟှယ်။
ACT 2:44 ယောင်ကြည်သူလေဟှာ တစုဒဲနေဂေ့ဘီးဟှာ သူးနို့ရဲ့ အောက်စာလေဟှို ယော့‑က်နယော့‑က် ဝီမျှဂေ့ဟှယ်။
ACT 2:45 သူးနို့ရဲ့ အောက်စာလေန ပိုင်ဆိုင်ဇာလေဟှို ရောန်းဂေ့ဘီးဟှာ လိုအပ်ဟှူ လူလေဟှို ပေးဂေ့ဟှယ်။
ACT 2:46 သူးနို့ဟှာ နေ့တိုင်း ဗိမာန်တော်မာ စုနေဂေ့ဟှယ်။ သူးနို့ရဲ့ အီလေမာလည်း မုဟှိုဖဲ့ဂေ့ဘီး စေဒနာစိန ဝန်းသာအားရ စားဇာလေဟှို ဝီမျှဘီး စားဂေ့ဟှယ်။
ACT 2:47 သူးနို့ဟှာ ဘုရားသခင်ဟှို ချီးမွမ်းဘီး လူလေရှေ့မာလည်း မျစ်နှာသာ ရဂေ့ဟှယ်။ သခင်ဘုရားဟှလည်း ကယ်တန်ရှင်း ခံရဟှူလူလေဟှို နေ့တိုင်း တိုးပွားစေဟှယ်။
ACT 3:1 တနေ့မာ ပေတရုန ယောဟန်လေဟှာ ဆုတောန်းခီဖြစ်ဟှူ နေဒန်ဇာ သောင်းနာရီမာ ဗိမာန်တော်ဟှို သွားဂေ့ဟှယ်။
ACT 3:2 မွီးဂဒဲဟှ ခေသန်ဘဲဟှူ လူတယော့‑က်ဟှာ တင့်တယ် ဆိုဘီး ခေါ်ဟှူ ခွဗော့‑က်ဝမာ ရှိနေဟှယ်။ ဗိမာန်တော်ဟှို လာဂေ့ဟှူ လူလေနားဟှ ကပ်တောန်းဟှို့တွပ် အယ်လူဟှို နေ့တိုင်း ထမ်းလာဂေ့ဘီး ခွဗော့‑က်ဝမာ ခ္လဟှားဂေ့ဟှယ်။
ACT 3:3 အယ်လူဟှာ ပေတရုန ယောဟန်လေ ဗိမာန်တော်ထဲဟှို ဝမ်ဟှို့လောက်နေဇာဟှို ဗြင်ဟှူ ခီမာ တခုခုပေးဟှို့တွပ် တောန်းလျှော့‑က်လေဟှယ်။
ACT 3:4 သူးနို့ဟှာ အယ်လူဟှို စေ့စေ့ကေ့လေဟှယ်။ အယ်ဘီးန ပေတရုန ယောဟန်ဟှ “နို့လေဟှို ကေ့!” ဆိုဘီး ပြောလေဟှယ်။
ACT 3:5 အယ်ကြောန့် အယ်လူဟှာ သူးနို့နားဟှ တခုခုရမယ်ဆို ထန်ဘီး သူးနို့ဟှို ကေ့လေဟှယ်။
ACT 3:6 အယ်ဘေမဲ့ ပေတရုဟှ “ငါ့မာ ရွှေလည်း မှေ့ဟှ။ ငွေလည်း မှေ့ဟှ။ အယ်ဘေမဲ့ ငါ့မာ ရှိဟှူဇာဟှို နန့်ဟှိုပေးမယ်။ နာဇရက်ဗြို့သား ယေရှုခရစ်တော်ရဲ့ နာမန ထဘီးလမ်းရှော့‑က်!” ဆိုဘီး ပြောလေဟှယ်။
ACT 3:7 အယ်ဘီးန သူ့ရဲ့ ညာဖတ်လတ်ဟှို ဆွဲဒန်လေဟှယ်။ ရှစ်ရှင်းဘဲ့ အယ်လူရဲ့ ခေဒေါ့‑က်န ခေမျစ်စိလေဟှာ သန်မာလာဘီး
ACT 3:8 သူဟှ ထခူဘီး၊ ထရပ်ဘီးဟှာ စဘီးဟှာ လမ်းရှော့‑က်လေဟှယ်။ အယ်ဘီးန သူဟှာ ခူပေါ့‑က်ဘီး၊ ဘုရားသခင်ဟှို ချီးမွမ်းဘီး သူးနို့နတူးဒူး ဗိမာန်တော်ထဲဟှို ဝမ်ဟှားဟှယ်။
ACT 3:9 အယ်နေရာမာ ရှိနေဟှူ လူလေဟှ လမ်းရှော့‑က်ဘီး ဘုရားသခင်ဟှို ချီးမွမ်းနေဟှူ အယ်လူဟှို ဗြင်ဟှားဟှူ ခီမာ
ACT 3:10 အယ်လူဟှာ ဗိမာန်တော်ရဲ့ တင့်တယ်ခွဗော့‑က်မာ ထိုင်နေဟှူ ဒေါန်းဇားဖြစ်ဟှယ် ဆိုဇာဟှို မှတ်မိဟှားဟှူ ခီမာ သူးနို့ ဂူလောင်းဟှာ အယ်လူမာ ဖြစ်ဟှားဇာလေဟှို အံ့ဩဘီး တွေဝေဟှားဂေ့ဟှယ်။
ACT 3:11 အယ်လူဟှာ ပေတရုန ယောဟန်လေဟှို ပိုက်နေဒူးမာ လူလေဟှ အံ့ဩဘီးဟှာ ရှောလမုန်ရဲ့ မုခ်ဦးဆောန်နားမာ ရှိနေဟှူ သူးနို့နားဟှို ပ္လေးလာဂေ့ဟှယ်။
ACT 3:12 ပေတရုဟှာ လူလေဟှို ဗြင်ဟှူ ခီမာ “ဣသရေလူမျိုးလေ၊ ဖြားဖြစ်ကြောန့် နန်းနို့ အံ့ဩနေဂေ့ဟှယ်နူး။ ဖြားဖြစ်ကြောန့် နို့လေဟှို စိုက်ကေ့နေဂေ့နူး။ နို့လေရဲ့ တဂိုး၊ နို့လေရဲ့ သီလန အယ်လူဟှို လမ်းရှော့‑က်နိုင်အောန် လောက်ပေးဟှယ် ဆိုဘီး နန်းနို့ ထန်နေဂေ့ဇာလော။
ACT 3:13 အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရဲ့ ဘုရားသခင်၊ နို့လေ ဘိုးဘေးလေရဲ့ ဘုရားသခင်ဟှာ သူ့ရဲ့ စေခံယေရှုဟှို ဖောင်းသရေတော်ထန်ရှားစေဟှယ်။ ပိလတ်ဟှာ အယ်သခင်ဟှို လွှတ်ပေးဟှို့တွပ် ဆောင်းဖြတ်ဟှယ်။ အယ်ဘေမဲ့လည်း နန်းနို့ဟှာ အယ်သခင်ဟှို အာဏာပိုင်လေဟှို အပ်ဘီး ပိလတ်ရဲ့ ရှေ့မာ ငြင်းပယ်ဂေ့ဟှယ်။
ACT 3:14 နန်းနို့ဟှ သန့်ရှင်းဖြောန့်မတ်ဟှူ သခင်ဟှို ငြင်းပယ်ဂေ့ဘီး လူသတ်မားဟှို လွှတ်ပေးဟှို့တွပ် တောန်းဆိုဂေ့ဟှယ်။
ACT 3:15 နန်းနို့ဟှာ သတ်ပေးပိုင်ဟှူ သူဟှို သတ်ဂေ့ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ အယ်သခင်ဟှို သေရှင်းဟှနေ ထမြော့‑က်စေဟှယ်။ နို့လေဟှာ အယ်ဖြစ်ပျစ်ရဲ့ သတ်သေလေ ဖြစ်ဂေ့ဟှယ်။
ACT 3:16 အယ်သခင်ရဲ့ နာမတော်တဂိုးန အယ်ခေသန်ဘဲဟှူလူဟှာ သန်စွမ်းလာဟှယ်။ အယ်သခင်ရဲ့ နာမတော်ဟှို ယောင်ကြည်လိုက်ဟှူန ခု နန်းနို့လေ တွိဗြင်ရဂေ့ဟှူ မှုရာလေ ဖြစ်လာဟှယ်။ နန်းနို့လေဟှ ဗြင်ရတိုင်းဘဲ့ ယေရှုဟှို ယောင်ကြည်ရှင်းဟှဘဲ့ အယ်လူဟှို ကျန်းမာလာစေဟှယ်။”
ACT 3:17 “ညီကိုလေ၊ ခု နန်းနိုဟှာ နန်းနို့လေရဲ့ ခေါန်းဆောန်မျိုးဘဲ့ ကိုယ်လောက်ဇာဟှို ကိုယ်သိဘဲန လောက်ဂေ့ကြောန်းဟှို ငါသိဟှယ်။
ACT 3:18 အယ်ဘေမဲ့ ခရစ်တော်ဟှာ သေခံရဟှို့ကြောန်းဟှို ပရောဖက်လေ ဂူလောင်းဟှို ဘုရားသခင်ဟှ ဗျာဒိတ်ပေးဟှားဟှယ်။ အယ်မျိုး ဖြစ်လာဇာဟှ အယ်ဗျာဒိတ်တော်ဟှို ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်ဟှယ်။
ACT 3:19 အယ်ကြောန့် ဘုရားသခင်ဟှာ နန်းနို့ ပြစ်လေဟှို လွှတ်ပေးနိုင်ဟှို့တွပ်ကြောန့် နောန်ဒရဘီး ပ္လောန်းလဲဂေ့။ အယ်မျိုးလောက်မယ် ဆိုဟှာ၊
ACT 3:20 ဘုရားသခင်နားဟှနေ ဝိညာဉ်ခွန်အား ရော့‑က်လာဘီး နန်းနို့တွပ် ဝီးကော့‑က်ဟှားဟှူ မေရှိယဖြစ်ဟှူ ယေရှုဟှို နန်းနို့နားဟှို စေလွှတ်လေ့မယ်။
ACT 3:21 ရှေးရှေးဟှ သန့်ရှင်းဟှူ ပရောဖက်လေဟှတဆင့် ပေးလိုက်ဟှူ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်နညီ ဂူလောင်းဟှို သစ်ပ္လောန်းလဲဟှားဟှူ ကာလရော့‑က်ခန်ထိ အယ်သခင်ဟှာ ကောန်းဂန်ဘောင်မာ ရှိနေမယ်။
ACT 3:22 အယ်ကြောန့် မောရှေဟှာ ‘နန်းနို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟှာ ငါ့ဟှို စေလွှတ်မျိုးဘဲ့ ပရောဖက်တပါးဟှို နန်းနို့နားဟှို လွှတ်လေ့မယ်။ အယ်သခင်ဟှာ နန်းနို့ရဲ့ ညီကိုလေထဲဟှ ဖြစ်လေ့မယ်။ အယ်သခင် ပြောဇာလေ ဂူလောင်းဟှို နန်းနို့ဟှာ နားထောန်ရဂေ့လေ့မယ်။
ACT 3:23 အယ်ပရောဖက်ရဲ့ စကားဟှို နားထောန်ဘဲ့ဟှူ လူတိုင်းဟှာ ဘုရားသခင်ရဲ့ လူမျိုးတော်ဟှနေ ဖယ်ရှားဘီး ဖျစ်ဆီးခံရလေ့မယ်’ ဆိုဘီး ပြောဟှယ်။
ACT 3:24 ရှမွေလဟှနေစဘီး ဗျာဒိတ်တော်အားဖြင့် ဟောပြောဂေ့ဟှူ တခြားပရောဖက်လေဟှ အယ်နေ့ရစ်လေမာ ဖြစ်ပျစ်မယ့် ကြောန်းရာလေဟှို ကြေညာဂေ့ဟှယ်။
ACT 3:25 ပရောဖက်လေအားဖြင့် ဘုရားသခင်ပေးဟှူ ဂဒိတော်လေဟှာ နန်းနို့တွပ် ဖြစ်ဟှယ်။ နန်းနို့ ဘိုးဘေးလေန ဘုရားသခင် လောက်ဟှားဟှူ ပဋိညာဉ်ဟှလည်း နန်းနို့တွပ် ဖြစ်ဟှယ်။ ဘုရားသခင်ဟှ အာဗြဟံဟှို ‘နန့်ရဲ့ မ္လေးမ္လစ်လေအားဖြင့် လောကသားလေဟှာ ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်’ ဆိုဘီး ပြောလေဟှယ်။
ACT 3:26 အယ်ကြောန့် နန်းနို့ဟှာ ကောန်းဘဲဟှူဇာလေဟှို စွန့်ပစ်ဘီး ကောန်းဂျီးခံစားရဟှို့တွပ် ဘုရားသခင်ဟှာ သူ့ရဲ့ စေခံဟှို နန်းနို့နားဟှို စေလွှတ်လိုက်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
ACT 4:1 ပေတရုန ယောဟန်လေဟှာ လူလေဟှို ဟောပြောနေဂေ့ခီမာ ယဇ်ပုရောဟိတ်လေ၊ ဗိမာန်တော်ဟှို စောန့်နေဟှူတပ်မှူးန ဇဒ္ဒုကဲလေဟှာ ရော့‑က်လာဂေ့ဟှယ်။
ACT 4:2 ယေရှုဟှ သေရာဟှနေ ထမြော့‑က်ဟှားဘီ ဆိုဘီး တမန်တော်လေဟှာ သတ်သေပြဘီး ဟောပြောဟှူကြောန့် ဇဒ္ဒုကဲလေဟှ စိဆိုးဂေ့ဟှယ်။
ACT 4:3 အယ်ကြောန့် သူးနို့လေဟှာ တမန်တော်လေဟှို ဖမ်းဂေ့ဘီး ညဉ့်ခန်းဇာဖြစ်ဟှားကြောန့် နော့‑က်တနေ့ထိ ထောန်ထဲမာ ထားဟှားဂေ့ဟှယ်။
ACT 4:4 အယ်ဘေမဲ့ တရားစကားဟှို ကြားဂေ့ဟှူ လူဘောင်ဂီးဟှ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှယ်။ ယောင်ကြည်လာဟှူ လူလေဟှ ၅,၀၀၀ လော့‑က် တိုးပွားလာဂေ့ဟှယ်။
ACT 4:5 နော့‑က်တနေ့ ရော့‑က်ဟှူ ခီမာ ယုဒခေါန်းဆောန်လေ၊ လူဂီးလေန ကျမ်းတတ်ဆရာလေဟှာ ယေရုရှလင်ဗြို့မာ စုဂေ့ဟှယ်။
ACT 4:6 ယဇ်ပုရောဟိတ်မန်း အန္နတ်န သူ့ရဲ့ မိသားစုဖြစ်ဟှူ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြေုလူလေန တွိဂေ့ဟှယ်။
ACT 4:7 အယ်လူလေဟှာ သူးနို့ရှေ့မာ တမန်တော်နှေ့ပါးဟှို ရပ်ခိုင်းဘီး “နန်းနို့ဟှ ဖယ်လူရဲ့ တဂိုး၊ ဖယ်လူရဲ့ နာမန အယ်မှုလေဟှို ဖယ်မျိုး လောက်ဂေ့နူး” ဆိုဘီး မေးဂေ့ဟှယ်။
ACT 4:8 သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝနေဟှူ ပေတရုဟှာ “လူလေရဲ့ ခေါန်းဆောန်လေန လူဂီးလေ၊
ACT 4:9 ခေသန်ဘဲ့ဟှူ လူတယော့‑က်ဟှို ကျိုးပြုကြောန်းန သူဟှာ ကျန်းမာဟှားဇာန ပတ်သတ်ဘီး ခုနို့လေဟှ စစ်ဆေးခံရမယ် ဆိုဟှာ၊
ACT 4:10 နာဇရက်ဗြို့သား ယေရှုခရစ်တော်ရဲ့ နာမတော်တဂိုးန အယ်လူဟှာ ခေသန်လာဘီး ခုနန်းနို့ရှေ့မာ ရပ်နေဇာဟှို နန်းနို့န တူးဒူ ဣသရေလလူမျိုးလေ သိမှတ်ဂေ့ပါ။ အယ်သခင်ဟှို နန်းနို့ဟှ ကားစင်တန်ဘေမဲ့ ဘုရားသခင်ဟှ သေရာဟှနေ ထမြော့‑က်စေလေဟှယ်။”
ACT 4:11 “ယေရှုဟှ ‘တိုက်ဟှို ဆော့‑က်ဟှူ ခီမာ နန်းနို့ ပယ်ဟှားဟှူက္လော့‑က်ဟှာ ရေးကီးဆောင်းက္လော့‑က် ဖြစ်လာဟှယ်’ ဆိုဘီး ကျမ်းစာဟှ ပြောဟှားဟှယ်။
ACT 4:12 အယ်သခင်တပါးဘဲ့ ကယ်တန်နိုင်ဟှယ်။ ကောန်းဂန်အော့‑က်ဟှ လောကမာ အယ်သခင်နာမဟှနေ လွဲဘီး နို့လေဟှို ဖယ်လူလည်း ကယ်တန်နိုင်ဟှ” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
ACT 4:13 ပေတရုန ယောဟန်လေဟှာ ပညာတတ်လေမှုဘဲန သာမန်လူလေဖြစ်ဘီး ရဲရင့်နေဇာဟှို တရားလွှတ်တော် ဖွဲ့ဝမ်လေဟှ ဗြင်ဂေ့ဟှူ ခီမာ ရရာတိုင်း အံ့ဩနေဂေ့ဟှယ်။ အယ်လူနှေ့ယော့‑က်ဟှာ ယေရှုရဲ့ လောက်ဖော်ဆောန်ဖတ်လေဖြစ်ဇာဟှို ဒိပြုမိဂေ့ဟှယ်။
ACT 4:14 အယ်ဘေမဲ့ ရောဂါပျော့‑က်ဟှားဟှူ လူဟှာ တမန်တော်လေန တူးဒူ ရပ်နေဇာဟှို ဗြင်ဟှူ ခီမာ သူးနို့ဟှာ ဖယ်မျိုးလည်း ပြောနိုင်ဂေ့ဟှ။
ACT 4:15 တမန်တော်လေဟှို တရားလွှတ်တော်ထဲဟှနေ ထွပ်ခိုင်းဘီးဟှာ သူးနို့ရှင်းရှင်း စဘီးဟှာ တိုင်ဗန်ဂေ့ဟှယ်။
ACT 4:16 သူးနို့လေဟှာ “နို့လေဟှ အယ်လူလေဟှို ဖယ်မျိုးလောက်ရဟှို့နူး။ သူးနို့အားဖြင့် ထူးခြားဟှူ နိမိတ်လတ်ခဏာ ဖြစ်ဟှားဇာဟှို ယေရုရှလင်ဗြို့ဟှ လူတိုင်းဟှ သိဂေ့ဟှယ်။ နို့လေဟှ ငြင်းနိုင်ဂေ့ဟှ။
ACT 4:17 အယ်ဘေမဲ့ အယ်ဒန်းဟှာ လူလေထဲမာ ပ္လံ့နှံ့ဘဲနေအောန် ယေရှုရဲ့ နာမတော်ဟှို မှီပြုဘီး နော့‑က်ထပ် ဖယ်လူဟှိုလဲ ဟောပြောဘဲနေဟှို့တွပ် အယ်လူနှေ့ယော့‑က်ဟှို ဒိပေးဂေ့မယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 4:18 အယ်ဘီးန တမန်တော်လေဟှို ပ္လန်ခေါ်ဘီးဟှာ ယေရှုရဲ့ နာမတော်ဟှို မှီပြုဘီး နော့‑က်ထပ် လောင်းဝ ဟောပြောဘဲနေဟှို့တွပ် မိန့်ပေးလိုက်ဂေ့ဟှယ်။
ACT 4:19 ပေတရုန ယောဟန်လေဟှ “နို့လေဟှာ ဘုရားသခင်ရဲ့ စကားဟှို နားထောန်ဇာထတ် နန်းနို့ရဲ့ စကားဟှို နားထောန်ဇာဟှ ဘုရားသခင်ရဲ့ ရှေ့မာ မှန်ဟှယ်၊ မှားဟှယ် ဆိုဇာဟှို နန်းနို့ ကိုယ်တိုင်ဘဲ့ ဆောင်းဖြတ်ပေးဂေ့ပါ။
ACT 4:20 နို့လေကိုယ်တိုင် ကြားရ၊ ဗြင်ရဇာလေဟှို ဟောပြောဘဲန နေနိုင်ဟှ” ဆိုဘီး ပ္လန်ပြောလိုက်ဂေ့ဟှယ်။
ACT 4:21 အယ်ကြောန့် တရားလွှတ်တော် ဖွဲ့ဝမ်လေဟှာ သူးနို့ဟှို ပ္လန်ဘီးဟှာ သေးသေချားချာဟှား ဒိပေးဘီးန ထွပ်ခိုင်းလိုက်ဂေ့ဟှယ်။ လူလေဟှာ ဖြစ်ပျစ်ဟှူ ဇာလေတွပ် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ချီးမွမ်းနေဂေ့ဟှူကြောန့် တမန်တော်လေဟှို ဖြားပြစ်ဒန်လည်း စီရင်နိုင်ဂေ့ဟှ။
ACT 4:22 အံ့ဩဘွယ်ကောန်းအောန် ရောဂါပျော့‑က်ဟှားဟှူလူဟှာ သတ်လေးဆယ်ကျော်လော့‑က် ရှိဟှယ်။
ACT 4:23 ပေတရုန ယောဟန်လေဟှာ လွတ်မြော့‑က်လာဂေ့ဟှူ ခီမာ သူးနို့ လူလေနားဟှို ပ္လန်ဟှားဘီးန ယဇ်ပုရောဟိတ်ဂီးန သတ်ကီးဝါဂီးလေ ပြောလိုက်ဇာလေဟှို ပ္လန်ဘီး ပြောဂေ့ဟှယ်။
ACT 4:24 အယ်ကြောန်းဟှို ကြားရဂေ့ဟှူ ခီမာ အယ်လူလေဟှာ တူးဒူ ဆုတောန်းဂေ့ဟှယ်။ “စိုးရဟှူသခင်၊ ကိုယ်တော်ဟှ ကောန်းဂန်န မ္လေဂီး၊ ပန်လယ်န ရှိမျှဂူလောင်းဟှိုလည်း ဖန်ဆင်းဟှူ ဘုရားသခင် ဖြစ်ဟှယ်!
ACT 4:25 ကိုယ်တော်ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ကိုယ်တော်ရဲ့ စေခံ၊ ကျွန်တော့်လေ ဘိုးဘေး ဒါဝိဒ်ဟှနေ တဆင့်၊” “ ‘လူမျိုးခြားလေဟှာ ဖြားဖြစ်ကြောန့် ရောင်းရင်းဆန်ခတ် ဖြစ်နေဂေ့နူး’ ” လူမျိုးဘောန်းဇောင်ဟှာ ဖြားဖြစ်ကြောန့် ကျိုးမှေ့ဘဲန ကြံစည်ဂေ့နူး။
ACT 4:26 လောကရဲ့ မန်းဂီးလေန အောက်ချောက်မားလေဟှာ ဘုရားသခင်ဟှို ပေါင်ကန်ဟှို့တွပ် ပြင်ဆင်ဂေ့ဟှယ်။ ဘုရားသခင်န ကိုယ်တော်ရဲ့ မေရှိယဟှို ဆန့်ကျင်ဟှို့တွပ် စုဂေ့ဟှယ်၊ ဆိုဘီး မိန့်တော်မူဟှားဟှယ်။
ACT 4:27 မှန်တိုင်းဆိုဟှာ ဟေရုဒ်န ပုန္တိပိလတ်လေဟှာ လူမျိုးခြားလေ၊ ဣသရေလလူမျိုးလေန တူးဒူ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူစေခံ၊ ကိုယ်တော်ဘိသိပေးဟှူ ယေရှုဟှို ဆန့်ကျင်ဟှို့တွပ် အယ်ဗြို့ထဲမာ စုဂေ့ဟှယ်။
ACT 4:28 အယ်မျိုး စုဂေ့ဇာဟှာ ကိုယ်တော်ရဲ့ တဂိုးတော်န လိုတော်ရ ခွဲခန့်ဟှားဇာလေဟှို ဖြစ်ပျစ်ဟှို့တွပ် ဖြစ်ဟှယ်။
ACT 4:29 သခင်၊ ခု အယ်လူလေရဲ့ ချီးခြော့‑က်ဟှူဇာဟှို မှတ်ဟှားပေးပါ။ ကိုယ်တော်ရဲ့ စေခံလေဟှို ကိုယ်တော်ရဲ့ တရားတော်ဟှို ရဲရဲရင့်ရင့်ဟှား ဟောဟှို့ခွမ့် ပေးတော်မူပါ။
ACT 4:30 လူလေရဲ့ ရောဂါလေဟှို ပျော့‑က်စေဟှို့တွပ် ကိုယ်တော်ရဲ့ လတ်တော်ဟှို ဆန့်တော်မူပါ။ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူစေခံ ယေရှုရဲ့ နာမတော်န နိမိတ်လတ်ခဏာန အံ့ဩဘွယ်ရာလေဟှို လောက်တော်မူပါ။
ACT 4:31 အယ်မျိုး ဆုတောန်းဂေ့ဘီးခီမာ သူးနို့ စည်းဝေးနေရာဟှာ လှောက်လာဟှယ်။ သူးနို့ ဂူလောင်းဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဘီး ဘုရားသခင်ရဲ့ တရားတော်ဟှို ရဲရဲရင့်ရင့်ဟှား ဟောပြောဂေ့ဟှယ်။
ACT 4:32 ယောင်ကြည်သူလေဟှာ စိနှလောင်း တလောင်းတဝဒဲ ဖြစ်ဂေ့ဟှူကြောန့် ဖယ်လူလဲ ကိုယ့်ရဲ့ အောက်စာဟှို ကိုယ်ပိုင်ဟှယ် ဆိုဘီး ပြောဂေ့ဟှ။ သူးနို့မာ ရှိနေဟှူ အောက်စာလေ ဂူလောင်းဟှို ပိုင်ဂေ့ဟှယ် ဆိုဘီး ကြေညာဟှားဂေ့ဟှယ်။
ACT 4:33 တမန်တော်လေဟှာ သခင်ယေရှုခရစ်တော်ရဲ့ ရှင်ပ္လန်ထမြော့‑က်ရှင်းကြောန်းဟှို ကီးမားဟှူ တဂိုးန သတ်သေခံဂေ့ဟှယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ ကီးမားဟှူ တဂိုးန သူးနို့ ဂူလောင်းထဲမာ လောက်လောက်လေဟှယ်။
ACT 4:34 လယ်လေ၊ အီလေ ပိုင်ဂေ့ဟှူ လူလေဟှာ သူးနို့ အောက်စာလေဟှို ရောန်းခ္လဘီး၊ ရဟှူကပ်လေဟှို ယူလာဘီးဟှာ တမန်တော်လေဟှို ပေးဂေ့ဟှယ်။
ACT 4:35 အယ်ဘီးန တမန်တော်လေဟှာ လိုအပ်ဟှူ လူလေဟှို လိုက်ဝီပေးဂေ့ဟှယ်။
ACT 4:36 ယောသပ် ဆိုဘီး ခေါ်ဟှူ လူတယော့‑က်ရှိဟှယ်။ သူ့ဟှို တမန်တော်လေဟှ ဗာနဗ ဆိုဘီး ခေါ်ဂေ့ဟှယ်။ ဗာနဗရဲ့ ဓိပါယ်ဟှ အားပေးကူညီဟှူလူ ဆိုဘီး ခေါ်ဟှယ်။ သူဟှာ ကုရေနေနယ်သား လေဝိမျိုးနွယ် ဖြစ်ဟှယ်။
ACT 4:37 သူပိုင်ဟှူ လယ်ဂွပ်ဟှို ရောန်းဘီးဟှာ ရဟှူကပ်ဟှို ယူလာဘီးန တမန်တော်လေဟှို ပေးလေဟှယ်။
ACT 5:1 အာနနိနာမယ်ရှိဟှူ လူတယော့‑က်ဟှာ သူ့ရဲ့မယား ရှာဖိရေနတူးဒူ သူးနို့ ပိုင်ဟှူမ္လေဟှို ရောန်းဂေ့ဟှယ်။
ACT 5:2 အယ်ဘီးန အာနနိဟှာ ရောန်းရဟှူ ကပ်တဝပ်ဟှို သူ့ရဲ့မယားန ဘောတူဘီးဟှာ သူးနို့တွပ် ဖယ်ဟှားဘီးဟှာ ကျန်ဟှူကပ်လေဟှိုဘဲ့ တမန်တော်လေဟှို ပေးလေဟှယ်။
ACT 5:3 ပေတရုဟှ “အာနနိ၊ နန်ဟှာ လယ်ဟှိုရောန်းရဟှူ ကပ်တဝပ်ဟှို နန်းနို့တွပ် ဖယ်ဟှားဘီး ဖြားဖြစ်ကြောန့် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို လှည့်ဇားနူး။ ဖြားဖြစ်ကြောန့် စာတန်ဟှို နန်းနို့ စိနှလောင်းဟှို အောက်စိုးခွမ့်ပေးနူး။
ACT 5:4 နန်ဟှာ အယ်လယ်ဟှို ရောန်းခန်ဒူးဟှ နန်းနို့ပိုင်ဟှယ် မှုဟှာလော။ ရောန်းလိုက်ဘီး နော့‑က်မာလည်း အယ်ကပ်လေဟှို နန်ပိုင်ဟှယ် မှုဟှလော။ ဖြားဖြစ်ကြောန့် စိနှလောင်းထဲမာ အယ်မျိုး ကြံစည်ဂေ့နူး။ နန်ဟှာ လူလေဟှိုဘဲ့ လှည့်ဇားဇာ မှုဟှ။ ဘုရားသခင်ဟှိုလည်း လှည့်ဇားဟှယ်!” ဆိုဘီး ပြောဟှယ်။
ACT 5:5 အယ်စကားဟှို ကြားန အာနနိဟှ လဲက္လဘီး သေဟှားဟှယ်။ အယ်ကြောန်းဟှို ကြားဂေ့ဟှူလူလေဟှာ ရရာတိုင်း ကြော့‑က်လန့်ဂေ့ဟှယ်။
ACT 5:6 လူငယ်လေဟှာ လာဘီးဟှာ အာနနိရဲ့ လောန်းဟှို ဝတ်နပတ်ဘီး ပ္လန်ဟှို ယူဟှားဘီး သင်္ဂြိုဟ်ဂေ့ဟှယ်။
ACT 5:7 သောင်းနာရီလော့‑က် ကြာဘီးန အာနနိရဲ့ မယားဟှ ဖြစ်ပျစ်ဟှားဟှူဇာလေဟှို သိဘဲန ရော့‑က်လာဟှယ်။
ACT 5:8 ပေတရုဟှ “နန်းနို့ဟှာ လယ်ဟှို အယ်မျှနဘဲ့ ရောန်းလော” ဆိုဘီး မေးလေဟှယ်။ အယ်မီးမဟှ “ဟုတ်ဟှယ်။ အယ်မျှနဘဲ့ ရောန်းဟှယ်” ဆိုဘီး ဖြေလေဟှယ်။
ACT 5:9 ပေတရုဟှ “သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟှို သွီးတိုးစမ်းဟှို့တွပ် ဖြားဖြစ်ကြောန့် နန်းနို့ဟှာ ဘောတူဂေ့နူး။ ကေ့ကေ့၊ နန့်ယော့‑က်ကျားဟှို သင်္ဂြိုဟ်ဘီး ပ္လန်လာဟှူလူလေဟှာ ခွဗော့‑က်မာ ရှိနေဂေ့ဟှယ်။ သူးနို့ဟှာ နန့်ဟှိုလည်း သယ်ဟှားလေ့မယ်!” ဆိုဘီး ပြောဟှယ်။
ACT 5:10 ရှစ်ရှင်းဘဲ့ အယ်မီးမဟှာ ပေတရုရဲ့ ခေရင်းမာ လဲက္လဘီးဟှာ သေဟှားဟှယ်။ လူငယ်လေဟှ ရော့‑က်လာဂေ့ဟှူ ခီမာ အယ်မီးမဟှာ သေနေဇာဟှို တွိဟှားဟှူကြောန့် အယ်မီးမရဲ့ လောန်းဟှို ယူဟှားဘီးန သူ့ယော့‑က်ကျားနားမာ သင်္ဂြိုဟ်လိုက်ဂေ့ဟှယ်။
ACT 5:11 သင်းတော်တခုလောင်းန အယ်ကြောန်းဟှို ကြားဂေ့ဟှူ လူလေဟှာ ရရာတိုင်း ကြော့‑က်လန့်ဂေ့ဟှယ်။
ACT 5:12 တမန်တော်လေဟှာ လူလေရှေ့မာ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ပြဂေ့ဟှယ်။ ယောင်ကြည်သူလေဟှာ ရှောလမုန်ရဲ့ မုခ်ဦးဆောန်မာ စုနေဂေ့ဟှယ်။
ACT 5:13 လူလေဟှာ သူးနို့ဟှို ချီးကျူးဂေ့ဘေမဲ့ ဖယ်လူလည်း သူးနို့ဟှို ပေါန်းသင်းရဲဂေ့ဟှ။
ACT 5:14 အယ်ဘေမဲ့ သခင်ဘုရားဟှို ယောင်ကြည်ဟှူ ယော့‑က်ကျားလေန မီးမလေဟှာ ဘောင်ဂီးဖြစ်လာဟှယ်။
ACT 5:15 လူလေဟှ နေကောန်းဘဲ့ဟှူ လူလေဟှို ခေါ်လာဂေ့ဟှယ်။ ပေတရု ဖြတ်ရှော့‑က်ဟှူ ခီမာ သူ့ရဲ့ရိဟှာ လူနာလေထတ်ဟှို က္လဟှို့တွပ် လူနာလေဟှို အိယာလေ၊ ထမ်းစင်လေန သယ်လာဂေ့ဘီး လမ်းမထတ်မာ ခ္လဟှားဂေ့ဟှယ်။
ACT 5:16 ယေရုရှလင်ဗြို့ ပတ်ပတ်လယ်ဟှ ဗြို့လေဟှ လူလေဟှာ ဖျားနေဟှူလူလေ၊ နတ်ဆိုးဝမ်ပူးနေဟှူ လူလေဟှို ခေါ်လာဂေ့ဟှယ်။ အယ်လူနာလေ ဂူလောင်းဟှာ ရောဂါပျော့‑က်ဟှားဂေ့ဟှယ်။
ACT 5:17 အယ်ခီမာ ယဇ်ပုရောဟိတ်မန်းန သူ့ရဲ့ နော့‑က်လိုက်လေဖြစ်ဟှူ ဇဒ္ဒုကဲ ဂိုဏ်းဝမ်လေဟှာ တမန်တော်လေဟှို ရရာတိုင်း နာလိုဝန်တိုစိ ရှိလာဂေ့ဟှူကြောန့် သူးနို့လေဟှို ရေးယူဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။
ACT 5:18 သူးနို့ဟှာ တမန်တော်လေဟှို ဖမ်းဘီးဟှာ ပြည်သူ့ ကျဉ်းထောန်ထဲမာ ထားဟှားဂေ့ဟှယ်။
ACT 5:19 အယ်ဘေမဲ့ အယ်ညဉ့်မာ သခင်ဘုရားရဲ့ ကောန်းဂန်တမန်တပါးဟှာ ထောန်ခွဗော့‑က်လေဟှို ဖွမ့်ဘီး တမန်တော်လေဟှို ခေါ်ထုဘီး၊
ACT 5:20 “သွားဘီး ဗိမာန်တော်ထဲမာရပ်ဘီး အယ်သတ်ရှင်ရှင်းန ဆိုင်ဟှူဇာလေ ဂူလောင်းဟှို လူလေဟှို ဟောပြောဂေ့ပါ” ဆိုဘီး သူးနို့ဟှို ပြောဟှယ်။
ACT 5:21 တမန်တော်လေဟှာ ကောန်းဂန်တမန်ရဲ့ စကားဟှို နားထောန်ဘီး မိုးလန်းစောစောမာ ဗိမာန်တော်ထဲဟှို ဝမ်ဘီးဟှာ ဟောပြောဂေ့ဟှယ်။ ယဇ်ပုရောဟိတ်မန်းန သူ့ပေါန်းဖော်လေဟှာ ဣသရေလလူမျိုး သတ်ကီးဟှူလူလေ ဂူလောင်းဟှို တရားလွှတ်တော်စည်းဝေးမာ စုလာဟှို့ ခေါ်ဂေ့ဟှယ်။ အယ်ဘီးန တမန်တော်လေဟှို ခေါ်ဆောန်လာဟှို့တွပ် စောန့်တပ်သားလေဟှို ကျဉ်းထောန်ဟှို စေလွှတ်လိုက်ဂေ့ဟှယ်။
ACT 5:22 ရာရှိလေဟှာ ရော့‑က်ဟှားဟှူ ခီမာ တမန်တော်လေဟှို တွိဂေ့ဟှမ်း။ အယ်ကြောန့် သူးနို့ဟှာ တရားလွှတ်တော်ဟှို ပ္လန်လာဘီး၊
ACT 5:23 “ကျွန်တော့်ဟှားလေဟှာ ထောန်ဟှို ရော့‑က်ဟှားခီမာ သေးသေချားချာ ပိဟှားဘီး စောန့်တပ်သားလေဟှလည်း ခွဗော့‑က်လေမာ ရပ်နေဇာဟှို တွိဂေ့ဟှယ်။ အယ်ဘေမဲ့ ခွဗော့‑က်လေဟှို ဖွမ့်လိုက်ဟှူ ခီမာ ထဲမာ ဖယ်လူဟှိုလည်း တွိဂေ့ဟှ!” ဆိုဘီး စီရင်ခံဂေ့ဟှယ်။
ACT 5:24 အယ်စကားဟှို ကြားဟှူ ခီမာ ဗိမာန်တော်စောန့် တပ်မှူးန ယဇ်ပုရောဟိတ်ဂီးလေဟှာ တမန်တော်လေမာ ဖြစ်ပျစ်ဟှားဇာဟှို အံ့ဩဟှားဂေ့ဟှယ်။
ACT 5:25 အယ်ခီမာ လူတယော့‑က်ဟှ ရော့‑က်လာဘီး “နားထောန်ဂေ့! ကျဉ်းခ္လဟှားဟှူ လူလေဟှာ ဗိမာန်တော်ထဲမာ ရပ်ဘီး လူလေဟှို သွန်သန်နေဂေ့ဟှယ်!” ဆိုဘီး ပြောလေဟှယ်။
ACT 5:26 အယ်ကြောန့် ရာရှိဟှာ သူ့လူလေနသွားဘီး တမန်တော်လေဟှို ပ္လန်ခေါ်လာဂေ့ဟှယ်။ အယ်ဘေမဲ့လည်း သူးနို့ဟှို လူလေဟှ က္လော့‑က်ခဲနပစ် ဇာဟှို စိုးရိမ်ဟှူကြောန့် တမန်တော်လေဟှို နိုင်ထတ်စီးနန်း လောက်ဂေ့ဟှ။
ACT 5:27 တမန်တော်လေဟှို ခေါ်လာဘီးန တရားလွှတ်တော်ရှေ့မာ ရပ်ခိုင်းလိုက်ဟှယ်။ ယဇ်ပုရောဟိတ်မန်းဟှာ တမန်တော်လေဟှို စစ်ဆေးဂေ့ဟှယ်။
ACT 5:28 သူးနို့ဟှ “အယ်လူရဲ့နာမဟှို ဟောပြောဘဲနေဟှို့တွပ် နန်းနို့ဟှို တင်းတင်းကျပ်ကျပ်ဟှား မိန့်ပေးဟှားဟှယ်! အယ်ဘေမဲ့ နန်းနို့ဟှာ ယေရုရှလင်တဗြို့လောင်း နန်းနို့လေရဲ့ သွန်သန်ဇာလေဟှို ပ္လံ့နှံ့စေဘီး အယ်လူရဲ့ သွီးဟှိုလည်း နို့လေထတ်ဟှို က္လစေဟှို့တွပ် ကြံစည်ဂေ့ဟှယ်!” ဆိုဘီး တမန်တော်လေဟှို ပြောဂေ့ဟှယ်။
ACT 5:29 ပေတရုန တမန်တော်လေဟှ “နို့လေဟှာ လူရဲ့ စကားထတ် ဘုရားသခင်ရဲ့ စကားဟှို နားထောန်ရမယ်။
ACT 5:30 နို့လေ ဘိုးဘေလေရဲ့ ဘုရားသခင်ဟှာ လတ်ဝါးကပ်တိုင်မာ နန်းနို့ သတ်လိုက်ဟှူ ယေရှုဟှို ထမြော့‑က်စေဟှယ်။
ACT 5:31 ဣသရေလလူမျိုးလေဟှာ နောန်ဒရဘီး သူးနို့ ပြစ်လေဟှို ဖြေလွှတ်ပေးဟှို့တွပ် ဘုရားသခင်ဟှာ အယ်သခင်ဟှို သူ့ရဲ့ ညာဖတ်မာ ထားဟှားဘီးဟှာ ခေါန်းဆောန်န ကယ်တန်ရှင်းဖြစ် ချီးမြှော့‑က်တော်မူလေဟှယ်။
ACT 5:32 အယ်မူဇာလေတွပ် နို့လေဟှာ သတ်သေလေ ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ စကားဟှို နာခံဟှူလူလေဟှို ပေးတော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ဟှလည်း သတ်သေ ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 5:33 တရားလွှတ်တော် ဖွဲ့ဝမ်လေဟှာ အယ်စကားဟှို ကြားဂေ့ဟှူ ခီမာ ရရာတိုင်း ဒေါသထွပ်ဂေ့ဘီး တမန်တော်လေဟှို သေဒန် ပေးရှင်ဂေ့ဟှယ်။
ACT 5:34 အယ်ခီမာ လူလေဟှို ရရာတိုင်း ရိုသေလေးစားရဟှူ၊ ကျမ်းတတ်ဆရာဖြစ်ဟှူ၊ ဂါမလျေလ နာမယ်ရှိဟှူ ဖာရိရှဲတယော့‑က်ဟှ တရားလွှတ်တော်မာ ထရပ်ဘီးဟှာ တမန်တော်လေဟှို ပ္လန်ဟှို ရှစ်ဟှား ခေါ်ထုဟှားဟှို့ မိန့်ပေးလိုက်ဘီးန
ACT 5:35 “ဣသရေလလူမျိုးလေ၊ အယ်လူလေဟှို ဖယ်မျိုးလောက်မယ် ဆိုဇာဟှို ဒိန ဆင်ခြင်ဂေ့ပါ။
ACT 5:36 တခီဒူးဟှ သုဒနာမယ်ရှိဟှူ လူတယော့‑က်ဟှာ ပေါ်လာဘီး သူ့ကိုယ်သူ ရေးပါရာရော့‑က်ဟှူ လူဖြစ်ဟှယ် ဆိုဟှူကြောန့် သူ့နော့‑က်ဟှိုလိုက်ဟှူ သူလေဟှာ ၄၀၀ လော့‑က်ရှိလာဟှယ်။ အယ်ဘေမဲ့ သူသတ်ခံရဘီးန သူ့ဟှိုယောင်ကြည်ဟှူလေဟှာ ဖ္လဲဖ္လဲစင်ဖြစ်ဟှားဘီး သူ့ရဲ့လှောက်ရှားမှုလည်း ပျော့‑က်ကွယ်ဟှားဟှယ်။
ACT 5:37 အယ်ဘီးန သန်းဂေါန်စာရင်းကော့‑က်ဟှူ ခီမာ ဂါလိလဲနယ်သား ယုဒဟှာ ပေါ်လာဘီး လူလေဟှာ သူ့ဟှို အားကိုးလာအောန် စည်းရောင်းလေဟှယ်။ သူလည်းဘဲ့ သတ်ခံရဘီးန သူ့ဟှို ကိုးစားဟှူ လူလေဟှာ ဖ္လဲဖ္လဲစင် ဖြစ်ဟှားဂေ့ဟှယ်။
ACT 5:38 ခုကိစမာလည်း နန်းနို့ဟှို ငါပြောမယ်။ အယ်လူလေဟှို ရေးယူဂေ့န။ သူးနို့ဇာသူးနို့ နေပါစေ! သူးနို့ ကြံစည်ဘီး လောက်ဟှူဇာဟှာ လူဟှဖြစ်လာဟှယ် ဆိုဟှာ အယ်ကိစဟှာ ပျစ်ရလေ့မယ်။
ACT 5:39 အယ်ဘေမဲ့ ဘုရားသခင်ဟှနေ ဖြစ်လာဟှူ ကြံစည်ဆိုဟှာ အယ်လူလေဟှို နန်းနို့ တားဆီးနိုင်ဟှ။ နော့‑က်ဘီး ဘုရားသခင်ဟှို ဆန့်ကျင်မျိုးဘဲ့ ဖြစ်ဟှားနိုင်ဟှယ်!” ဆိုဘီး ပြောဟှယ်။ ယုဒ တရားလွှတ်တော်ဟှာ ဂါမလျေလရဲ့ ကြံဉာဏ်ဟှို နားထောန်ဂေ့လေဟှယ်။
ACT 5:40 သူးနို့ဟှ တမန်တော်လေဟှို ခေါ်ဘီး ကီဒန်ပေးဘီးန “ယေရှုနာမဟှို မှီပြုဘီး ဟောပြောဇာဟှို နော့‑က်တခါလောက်န” ဆိုဘီး မိန့်ပေးဘီး လွှတ်လိုက်ဂေ့ဟှယ်။
ACT 5:41 တမန်တော်လေဟှာ ယေရှုရဲ့ နာမတော်တွပ် ရှစ်ကွဲခံရဟှူဇာဟှာ ထိုက်တန်ဟှယ် ဆိုဘီး ဘုရားသခင်သတ်မှတ်ဟှားကြောန့် ဝန်းသာအားရန တရားလွှတ်တော်ဟှနေ ထွပ်ဟှားဂေ့ဟှယ်။
ACT 5:42 အယ်ဘီးန သူးနို့ဟှာ နေ့တိုင်း ဗိမာန်တော်မာရော၊ လူလေရဲ့ အီမာရော ယေရှုဟှာ မေရှိယဖြစ်ဟှူကြောန်း ဒန်းကောန်းဟှို ဆစ်ဘီးဟှာ ဟောပြောဂေ့ဟှယ်။
ACT 6:1 အယ်နေ့ရစ်လေမာ တဗဲ့တော်လေဟှာ ဘောင်ဂီးဖြစ်လာဘီး ဟေလသစကားပြောဟှူ ယုဒလူလေန ဒေသခံ ယုဒလူလေဟှာ ရန်ဖြစ်ဂေ့ဟှယ်။ ဟေလသစကားပြောဟှူ ယုဒလူလေဟှ သူးနို့ရဲ့ မောက်ဆိုးမလေဟှို ကူညီဘဲထားဟှားဟှယ် ဆိုဘီး ယုဒလူလေဟှို ပြစ်တန်ဂေ့ဟှယ်။
ACT 6:2 အယ်ကြောန့် တမန်တော် ဆယ့်နှေ့ပါးဟှာ တဗဲ့တော်လေဟှို ခေါ်ဘီးန “နို့လေဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ဟောပြောဘဲန ဗွဲမာစေခံနေမယ် ဆိုဟှာ ကောန်းဟှ။
ACT 6:3 ညီကို မောန်နှမလေ၊ နန်းနို့ထဲမာ သန့်ရှင်းဟှူဝိညာဉ်တော်နရော၊ ဉာဏ်ပညာနရော ပ္လဲ့ဝဘီးဟှာ အသရေရှိဟှူလူ ခွန်နစ်ယော့‑က်ဟှို ဝီးဂေ့ပါ။ နို့လေဟှာ အယ်လူလေဟှို အယ်တာဝန်တွပ် ခန့်ဟှားဟှို့တွပ် ထော့‑က်ခံမယ်။
ACT 6:4 နို့လေဟှ ဆုတောန်းဇာ၊ တရားဟောဇာလေဟှို လောက်ဆောန်ဇာနဘဲ့ ခီဟှိုကူစေမယ်” ဆိုဘီး ပြောဟှယ်။
ACT 6:5 တမန်တော်လေရဲ့ကြံဟှို တဗဲ့တော်လေဟှ ကြိုက်ဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ယောင်ကြည်ရှင်းနရော၊ သန့်ရှင်းဟှူဝိညာဉ်တော်နရော ပ္လဲ့ဝဟှူ သတေဖန်န ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနန ယုဒဘာသာဟှို ပ္လောန်းလဲလာဟှူ အန္တိအုတ်ဗြို့သား နိကောလလေဟှို ဝီးကော့‑က်ဂေ့ဟှယ်။
ACT 6:6 သူးနို့ဟှာ အယ်လူလေဟှို တမန်တော်လေရှေ့ဟှို သွားခိုင်းလိုက်ဂေ့ဟှယ်။ အယ်ဘီးန တမန်တော်လေဟှာ ဆုတောန်းဘီးန သူးနို့ထတ်မာ လတ်ဟှိုတန်ဂေ့ဟှယ်။
ACT 6:7 ဘုရားသခင်ရဲ့ စကားတော်ဟှာ ဆစ်ဘီး ပ္လံ့နှံ့ဟှားဟှယ်။ ယေရုရှလင်ဗြို့မာ တဗဲ့တော်လေရဲ့ ရေတွပ်ဟှာ ရရာတိုင်းတိုးပွားလာဟှယ်။ ယဇ်ပုရောဟိတ်လေ ဘောင်ဂီးလည်း ဒန်းကောန်းဟှို ယောင်ကြည်ဘီး လတ်ခံလာဂေ့ဟှယ်။
ACT 6:8 သတေဖန်ဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နရော၊ တဂိုးတော်နရော ပ္လဲ့ဝဘီး ရရာတိုင်းကီးဟှူ အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို လူလေရှေ့မာ ပြလေဟှယ်။
ACT 6:9 အယ်ခီမာ ကုရေနေန အာလေဇန္ဒြိယဗြို့ဟှ ယုဒလူလေန လွတ်လပ်ဟှူလူလေရဲ့ ဝါလယ်ဇရပ်ရဲ့ ဖွဲ့ဝမ်တချို့ဟှာ သူ့ဟှို ပြဿနာရှာဂေ့ဟှယ်။ အယ်လူလေနတူးဒူ ကိလိကိပြည်န အာရှိပြည်ဟှ ယုဒလူတချို့ဟှာ သတေဖန်န စဘီးဂြင်းဂေ့ဟှယ်။
ACT 6:10 အယ်ဘေမဲ့ သတေဖန်ဟှာ ဝိညာဉ်တော်ပေးဟှားဟှူ ဉာဏ်ပညာန ပြောဟှူ ခီမာ အယ်လူလေဟှာ သူ့ဟှို ချေပနိုင်ဂေ့ဟှ။
ACT 6:11 အယ်ကြောန့် သူးနို့ဟှာ လူလေဟှို “အယ်လူဟှာ မောရှေဟှိုရော၊ ဘုရားသခင်ဟှိုရော စော်ကားဘီး ပြောနေဇာဟှို နို့လေကြားဟှယ်” ဆိုဘီး ပြောဟှို့တွပ် လာဘ်ထိုးဂေ့ဟှယ်။
ACT 6:12 အယ်မျိုးဘဲ့ သူးနို့ဟှာ သတ်ကီးဝါဂီးလေ၊ ကျမ်းတတ်ဆရာလေန လူထုဟှို နှိုးဆော်ပေးဂေ့ဟှယ်။ အယ်လူလေဟှာ သတေဖန်ဟှို ဖမ်းဘီးဟှာ တရားလွှတ်တော်ဟှို ခေါ်ဟှားဂေ့ဟှယ်။
ACT 6:13 အယ်ဘီးန သူးနို့ဟှာ မှန်ဘဲ့ဟှူ သတ်သေလေဟှို ခေါ်လာဂေ့ဟှယ်။ သတ်သေခံဟှူလူလေဟှ “အယ်လူဟှာ သန့်ရှင်းဟှူဗိမာန်တော်န မောရှေရဲ့ ပညတ်တရားဟှို ဆန့်ကျင်ဘီးဟှာ မြဲဒမ်းပြောဂေ့ဟှယ်။
ACT 6:14 နာဇရက်ဗြို့သား ယေရှုဟှာ ဗိမာန်တော်ဟှို ဖြိုခ္လဘီး ကျွန်တော့်ဟှားလေဟှို မောရှေပေးဟှားဟှူ ထောင်းဒန်းစဉ်လာလေဟှို ပ္လောန်းလဲစေမယ် ဆိုဘီး အယ်လူပြောနေဇာဟှို ကျွန်တော့်ဟှားလေ ကြားဂေ့ဟှယ်” ဆိုဘီး ထွပ်ဆိုဂေ့ဟှယ်။
ACT 6:15 တရားလွှတ်တော်မာ ထိုင်နေဂေ့ဟှူ လူလေ ဂူလောင်းဟှ သတေဖန်ဟှို စေ့စေ့ကေ့ဟှူ ခီမာ သူ့မျစ်နှာဟှာ ကောန်းဂန်တမန်ရဲ့ မျစ်နှာမျိုး ဖြစ်နေဟှယ် ဆိုဇာဟှို တွိဗြင်ဂေ့ဟှယ်။
ACT 7:1 အယ်ခီမာ ယဇ်ပုရောဟိတ်မန်းဟှ “အယ်စွပ်စွဲချစ်ဟှာ မှန်ဘဲ့လော” ဆိုဘီး သတေဖန်ဟှို မေးဟှယ်။
ACT 7:2 သတေဖန်ဟှ “ညီကိုလေန ဖလေ၊ ငါ့စကားဟှို နားထောန်ဂေ့ပါ။ နို့လေရဲ့ဖ အာဗြဟံဟှာ ခါရန်ဗြို့မာ နေဟှို့တွပ် သွားခန်မာ မေသောပေါတာမိပြည်မာ ရှိနေဒူးမာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှာ သူ့နားမာ ပေါ်လာဘီး
ACT 7:3 ဘုရားသခင်ဟှ ‘နန့်ရဲ့ ပြည်န နန့်ရဲ့ မိသားစုဟှို ထားရစ်ဘီးဟှာ ငါပြဟှူ ပြည်ဟှို သွားပါ’ ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
ACT 7:4 အယ်ကြောန့် အာဗြဟံဟှာ ခါလဒဲပြည်ဟှနေ ထွပ်လာဘီး ခါရန်ဗြို့မာ နေဟှို့တွပ် သွားလေဟှယ်။ သူ့ဖ သေဟှားဘီးန အယ်ဗြို့ဟှနေ ခု နန်းနို့ နေဟှူပြည်ဟှို ဘုရားသခင်ဟှ ပ္လောန်းခိုင်းလိုက်ဟှယ်။
ACT 7:5 အယ်ဘီးန ဘုရားသခင်ဟှာ အာဗြဟံဟှို အယ်ပြည်မာ ခေခ္လဟှို့ နေရာဟှိုမျှ ပေးဟှ။ အယ်ဘေမဲ့ သူကိုယ်တိုင်န သူ့ရဲ့ သားမ္လေးလေဟှို အယ်ပြည်ဟှို ပိုင်ပေးမယ် ဆိုဘီး ဂဒိပေးလေဟှယ်။ ဘုရားသခင်ဟှာ အယ်မျိုး ဂဒိပေးဟှူ ခီဒူးဟှ အာဗြဟံမာ သားမီးလေ မှေ့သေးဟှ။
ACT 7:6 ဘုရားသခင်ဟှ အာဗြဟံဟှို ‘နန့်ရဲ့ မ္လေးမ္လစ်လေဟှာ နိုင်ငံရပ်ခြားမာ နေရဂေ့လေ့မယ်။ အယ်နိုင်ငံဟှ လူလေဟှာ သူးနို့ဟှို ကျွန်ခံစေဘီးဟှာ နှစ်ပေါန်း ၄၀၀ လောင်းလောင်း ညှဉ်းဆဲဇာဟှို ခံရဂေ့လေ့မယ်။
ACT 7:7 အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူးနို့ဟှို ကျွန်ခံခိုင်းဟှူ လူလေဟှိုလည်း ငါစီရင်မယ်။ အယ်ဘီးန နန့်ရဲ့ သားမ္လေးလေဟှာ အယ်ပြည်ဟှနေ လွတ်မြော့‑က်ဂေ့ဘီးဟှာ အယ်နေရာမာ ငါ့ဟှို ကိုးကွယ်ဘီး ဝတ်ပြုဂေ့လေ့မယ်’ ဆိုဘီး ပြောလေဟှယ်။
ACT 7:8 အယ်ဘီးန ဘုရားသခင်ဟှာ ရေဖျားလှီးဇာနဆိုင်ဟှူ ပဋိညာဉ်ဟှိုလည်း အာဗြဟံဟှို ပေးလေဟှယ်။ အယ်ကြောန့် အာဗြဟံဟှာ ဣဇာက်ဟှို မွီးဘီးန ရှစ်ရစ်မြော့‑က်နေ့မာ ရေဖျားလှီးပေးဟှယ်။ ဣဇာက်ဟှာ သူ့သားယာကုပ်၊ ယာကုပ်ဟှာ လူမျိုးဆယ့်နှေ့မျိုးရဲ့ ဘိုးဘေးလေဖြစ်ဟှူ သူ့သား ဆယ့်နှေ့ယော့‑က်ဟှိုလည်း ရေဖျားလှီးပေးလေဟှယ်။
ACT 7:9 “ယာကုပ်ရဲ့ သားလေဟှာ သူးနို့ညီ ယောသပ်ဟှို နာလိုဘဲကြောန့် အဲဂုတ္တုပြည်မာ ကျွန်ခံဟှို့တွပ် ရောန်းလိုက်ဂေ့ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့နတူးဒူ ရှိနေဟှူကြောန့်၊
ACT 7:10 သူ့ရဲ့ ဒေါက်ခဆင်းရဲလေ ထဲဟှနေဘီး ကယ်တန်လိုက်ဟှယ်။ ဘုရားသခင်ဟှာ ယောသပ်ဟှို အဲဂုတ္တုပြည်ရဲ့ ဖာရောမန်းဂီးရှေ့မာ မျစ်နှာသာရစေဟှယ်။ သူ့ဟှိုလည်း ဉာဏ်ပညာပေးလေဟှယ်။ ဖာရောမန်းဂီးဟှာ သူ့ဟှို အဲဂုတ္တုပြည်န သူ့ရဲ့ နန်းတော်တခုလောင်းဟှို အောက်ချောက်မားဖြစ် သူ့ဟှို ခန့်ဟှားလေဟှယ်။
ACT 7:11 အဲဂုတ္တုပြည်န ခါနာန်ပြည်လေမာ စာခေါန်းဗားဘေး ရော့‑က်လာဟှူ ခီမာ လူလေဟှ ရရာတိုင်း ဒေါက်ခရော့‑က်ဂေ့ဟှယ်။ နို့လေရဲ့ ဘိုးဘေးလေမာလည်း စားဇာမှေ့ဂေ့ဟှမ်း။
ACT 7:12 အယ်ဘေမဲ့ အဲဂုတ္တုပြည်မာ စားဇာလေရှိနေဟှယ် ဆိုဇာဟှို ယာကုပ်ကြားရခီမာ သူ့ရဲ့ သားလေဟှို အယ်ပြည်ဟှို ပထမခါ လွှတ်လိုက်ဂေ့ဟှယ်။
ACT 7:13 သူးနို့ဟှာ ဒုတိယခါ ရော့‑က်လာဂေ့ဟှူ ခီမာ ယောသပ်ဟှာ သူ့ညီကိုလေဟှို သူဟှာ ဖယ်လူဖြစ်ဟှယ် ဆိုဇာဟှို ပြောပြလိုက်ဟှယ်။ ဖာရောဟှာ ယောသပ်ရဲ့ မိသားစုကြောန်းဟှို သိဟှားဟှယ်။
ACT 7:14 အယ်ကြောန့် ယောသပ်ဟှာ သူ့ဖ ယာကုပ်နတူးဒူ ခွန်နစ်ဆယ်ငါးယော့‑က်ရှိဟှူ မိသားတစုလောင်းဟှို အဲဂုတ္တုပြည်ဟှို ခေါ်လိုက်ဟှယ်။
ACT 7:15 အယ်ကြောန့် ယာကုပ်ဟှာ အဲဂုတ္တုပြည်ဟှို သွားဟှယ်။ အယ်ပြည်မာဘဲ့ သူ့န သူ့သားလေဟှာ သေဟှားဂေ့ဟှယ်။
ACT 7:16 သူးနို့ရဲ့ လောန်းလေဟှို ရှေခင်ဗြို့ဟှို ယူဆောန်ဟှားဘီးဟှာ အာဗြဟံဝယ်ဟှားရစ်ဟှူ သန်းခ္လိုင်းမာ သင်္ဂြိုဟ်ဂေ့ဟှယ်။ အယ်သန်းခ္လိုင်းဟှ ဟာမော်ရဲ့ သားလေနားဟှ ကပ်န ဝယ်ဟှားဟှယ်။
ACT 7:17 “ဘုရားသခင်ဟှာ အာဗြဟံဟှို ပေးဟှားဟှူ ဂဒိတော်ဟှို ပ္လဲ့ဇောင်ဟှို့တွပ် ခီနီးလာဟှူ ခီမာ အဲဂုတ္တုပြည်မာ ဣသရေလ လူလေဟှို လူဦးရေတိုးပွားစေဟှယ်။
ACT 7:18 အယ်ခီမာ အဲဂုတ္တုပြည်မာ ယောသပ်ဟှို သိဘဲဟှူ မန်းဂီးတပါး ပေါ်လာဟှယ်။
ACT 7:19 အယ်မန်းဂီးဟှာ နို့လေရဲ့ ဘိုးဘေးလေဟှို လှည့်ဇားဘီး သူးနို့ဟှို နှိစစ်ဂေ့ဟှယ်။ သူးနို့ရဲ့ သားဂန်းဟှားလေဟှိုလည်း သေစေဟှို့တွပ် အီပ္လန်မာ ပစ်ဟှားခိုင်းဟှယ်။
ACT 7:20 အယ်ခီကာလမာ မောရှေဟှာ မွီးလာဟှယ်။ မောရှေဟှာ ဘုရားသခင်ရှေ့မာ ရရာတိုင်း နားလူဘွယ်ကောန်းဟှူ သားဂန်းဟှား ဖြစ်ဟှယ်။ သူ့မိသားစုရဲ့ သောင်းလ လောင်းလောင်း စောန့်ရှော့‑က်ဇာဟှို ခံရဘီး၊
ACT 7:21 သူဟှာ အီပ္လန်မာ ပစ်ဟှားခံရဟှူ ခီမာ ဖာရောမန်းဂီးရဲ့ သမီးတော်ဟှ သူ့ဟှို သားနေန မွီးဇားလေဟှယ်။
ACT 7:22 မောရှေဟှာ အဲဂုတ္တုလူလေရဲ့ တတ်ပညာ ဂူလောင်း သန်ဟှားဘီး နှလောင်းရည်၊ လတ်ရောင်းရည်လေန ပ္လဲ့ဇောင်ဟှူလူ ဖြစ်ဟှယ်။”
ACT 7:23 “သူဟှာ သတ်လေးဆယ်ပ္လဲ့ဟှူ ခီမာ သူ့ညီကိုလေဖြစ်ဟှူ ဣသရေလ လူလေနားဟှို သွားလည်ဟှို့တွပ် စိဆောင်းဖြတ်လိုက်ဟှယ်။
ACT 7:24 ဣသရေလလူ တယော့‑က်ဟှို အဲဂုတ္တုလူ တယော့‑က်ဟှ ညှဉ်းဆဲနေဇာဟှို ဗြင်ဟှူ ခီမာ သူ့လူဖတ်ဟှနေ ဝမ်ကူညီဘီး အဲဂုတ္တုလူဟှို သတ်လိုက်ဘီးဟှာ ဂလဲ့စားချေလေဟှယ်။
ACT 7:25 မောရှေဟှာ သူ့ရဲ့ ညီကို မောန်နှမလေဟှို ကယ်တန်ဟှို့တွပ် သူးနို့ဟှို ဘုရားသခင်ဟှ လွှတ်လိုက်ဟှယ် ဆိုဇာဟှို သူးနို့လေဟှ နားလည်ဂေ့လေ့မယ် ဆိုဘီး ထန်ဟှားဟှယ်။ အယ်ဘေမဲ့ အယ်လူလေဟှာ နားလည်ဂေ့ဟှ။
ACT 7:26 နော့‑က်တနေ့မာ ဣသရေလလူ နှေ့ယော့‑က်ဟှာ ရန်ဖြစ်နေဂေ့ဇာဟှို ဗြင်ဟှူ ခီမာ မောရှေဟှ ‘နန်းနို့ဟှာ ညီကိုရှင်းဖြစ်ဘီးဟှာ ဖြားဖြစ်ကြောန့် ရန်ဖြစ်နေဂေ့နူး’ ဆိုဘီး သူးနို့ဟှို မေးဘီး ရန်ငြီးဟှို့တွပ် ကြိုးစားလေဟှယ်။
ACT 7:27 အယ်ဘေမဲ့ နိုင်ကျင့်နေဟှူလူဟှာ မောရှေဟှို ဘေးဟှိုတွန်းလိုက်ဘီးန ‘နို့လေဟှို တရားစီရင်ဟှို့တွပ် အောက်ချောက်မားဖြစ် နန့်ဟှို ဖယ်သူဟှ ခန့်ဟှားနူး။
ACT 7:28 နတ်ကီးဒူးဟှ အဲဂုတ္တုလူ တယော့‑က်ဟှို သတ်မျိုး ငါ့ဟှိုလည်း သတ်ဟှို့လော’ ဆိုဘီး မေးဟှယ်။
ACT 7:29 မောရှေဟှာ အယ်စကားဟှို ကြားဟှူ ခီမာ အဲဂုတ္တုပြည်ဟှနေ ထွပ်ပ္လေးဟှားဘီး မိဒျန်ပြည်မာ နေလေဟှယ်။ အယ်ပြည်မာ သားနှေ့ယော့‑က်ဟှို ရလေဟှယ်။
ACT 7:30 “နှစ်လေးဆယ် ကြာဘီးန သိနာတောန်နားဟှ ကန္တာရထဲမာ မီးလောန်နေဟှူ ချောင်ထဲမာ ကောန်းဂန်တမန် တပါးဟှာ မောရှေဟှို ကိုယ်ထန်ရှားပြလေဟှယ်။
ACT 7:31 အယ်မူဇာဟှို ဗြင်ဟှူ ခီမာ မောရှေဟှာ ရရာတိုင်း အံ့ဩဘီးန ရှင်းရှင်းလန်းလန်းဟှား ဗြင်ရဟှို့တွပ် နီးနားဟှို တိုးဟှားဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှ
ACT 7:32 ‘ငါဟှာ နန်းနို့ ဘိုးဘေးလေရဲ့ ဘုရားသခင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရဲ့ ဘုရားသခင် ဖြစ်ဟှယ်’ ဆိုဘီး သံတော်ဟှို ကြားရဟှူကြောန့် မောရှေဟှာ ကြော့‑က်လန့် တူလှောက်ဟှားဘီး ကေ့ဟှို့ရဲဘဲ ဖြစ်ဟှားဟှယ်။
ACT 7:33 ဘုရားသခင်ဟှ ‘နန် ခေနန်းဟှားဟှူ နေရာဟှာ သန့်ရှင်းဟှူမ္လေ ဖြစ်ဟှယ်။ နန့်ခေနပ်ဟှို ခလွတ်လိုက်။
ACT 7:34 အဲဂုတ္တုပြည်မာ ငါ့လူမျိုးလေဟှို နှိစစ်ခံနေရဇာဟှို ငါဗြင်ရဟှယ်။ သူးနို့ရဲ့ ညည်းတွားသံလေဟှို ငါကြားရဟှယ်။ သူးနို့ဟှို ကယ်တန်ဟှို့တွပ် ငါဆင်းလာဘီ။ အယ်ကြောန့် ခုလာဟှယ်။ နန့်ဟှို အဲဂုတ္တုပြည်ဟှို ငါလွှတ်မယ်’ ဆိုဘီး မောရှေဟှို မိန့်တော်မူလေဟှယ်။”
ACT 7:35 “မောရှေဟှာ ဣသရေလလူမျိုးလေရဲ့ ပစ်ပယ်ခံရဟှူလူ ဖြစ်ဟှယ်။ အယ်ဘီးဟှာ ‘နို့လေဟှို တရားစီရင်ဟှို့တွပ် အောက်ချောက်မားဖြစ် နန့်ဟှို ဖယ်သူဟှ ခန့်ဟှားနူး’ ဆိုဘီး အယ်လူလေရဲ့ မေးဇာဟှိုလည်း ခံရဟှယ်။ အယ်ဘေမဲ့ သူဟှာ ဣသရေလ လူမျိုးလေဟှို အောက်ချောက်ဟှို့တွပ် မီးတော့‑က်နေဟှူ ချောင်ထဲမာ ထန်ရှားဟှူ ကောန်းဂန်တမန် တပါးရဲ့ ကူညီန ဣသရေလလူမျိုးလေ လွတ်မြော့‑က်ဟှို့တွပ် ဘုရားသခင် လွှတ်လိုက်ဟှူလူ ဖြစ်ဟှယ်။
ACT 7:36 သူဟှာ အဲဂုတ္တုပြည်န ပန်လယ်နီမာရော၊ နှစ်လေးဆယ် လောင်းလောင်း တောကန္တာရထဲမာရော အံ့ဩဘွယ်ရာန နိမိတ်လတ်ခဏာလေဟှို ပြဘီး ဣသရေလ လူမျိုးလေဟှို အဲဂုတ္တုပြည်ဟှနေ ခေါ်ဆောန်လာဟှူ လူဖြစ်ဟှယ်။
ACT 7:37 အယ်မောရှေဟှာ ဣသရေလ လူမျိုးလေဟှို ‘နန်းနို့ရဲ့ ညီကိုလေထဲမာ ငါ့နတူဟှူ ပရောဖက်တပါးဟှို ဘုရားသခင်ဟှာ နန်းနို့တွပ် ပေါ်ခိုင်းလေ့မယ်’ ဆိုဘီး ပြောဟှူလူ ဖြစ်ဟှယ်။
ACT 7:38 သူဟှာ တောကန္တာရမာ စုနေဟှူ ဣသရေလ လူမျိုးလေနရော၊ နို့လေ ဘိုးဘေးလေနရော၊ သိနာတောန်ထတ်မာ သူ့ဟှို စကားပြောဟှူ ကောန်းဂန်တမန်နရော တူးဒူရှိနေဟှူလူ ဖြစ်ဟှယ်။ နို့လေဟှို ပြောဟှို့တွပ် ဘုရားသခင်နားဟှနေ သတ်ရှင်စေဟှူ တရားတော်ဟှို ရလာဟှူလူလည်း ဖြစ်ဟှယ်။”
ACT 7:39 “အယ်ဘေမဲ့ နို့လေရဲ့ ဘိုးဘေးလေဟှာ သူ့စကားဟှို နားထောန်ဂေ့ဟှ။ သူ့ဟှို ငြင်းပယ်ဘီးဟှာ သူးနို့ရဲ့ စိနှလောင်းဟှ အဲဂုတ္တုပြည်ဟှို ပ္လန်ရှင်ဂေ့ဟှယ်။
ACT 7:40 သူးနို့ဟှာ ‘နို့လေရှေ့ဟှ ကြွဟှားမယ့် ဘုရားလေဟှို နို့လေတွပ် လောက်ပေးပါ။ နို့လေဟှို အဲဂုတ္တုပြည်ဟှနေ ခေါ်ဆောန်လာဟှူ အယ်မောရှေဟှ ဖယ်မျိုးဖြစ်ဟှားဟှယ်ဆိုဇာ နို့လေသိဂေ့ဟှ’ ဆိုဘီး အာရုန်ဟှို ပြောဂေ့ဟှယ်။
ACT 7:41 အယ်ဘီးန သူးနို့ဟှာ နွားသားဂန်းဟှား ရောက်ထုဟှို လောက်ဘီးဟှာ သူးနို့လတ်န လောက်ဟှားဟှူရောက်ထုဟှို ယဇ်ပူဇော်ဘီးဟှာ စားဗွဲသော့‑က်ဗွဲ လောက်ဂေ့ဟှယ်။
ACT 7:42 အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့ဟှို မျစ်နှာလွှဲဘီးဟှာ ကောန်းဂန်ကြယ်တာရာလေဟှို ကိုးကွယ်ဂေ့ဟှို့တွပ် စွန့်ပစ်ဟှားလိုက်ဟှယ်။ ပရောဖက်ကျမ်းမာ” “‘ဣသရေလ လူမျိုးလေ၊ နန်းနို့ဟှာ တောကန္တာရမာ နှစ်လေးဆယ် လောင်းလောင်း ယဇ်ကောန်လေဟှို ပူဇော်ဟှို့တွပ် ငါ့နားဟှို ယူလာဖူးဘဲ့လော။
ACT 7:43 နန်းနို့ဟှာ မောလုပ်ရဲ့ တဲန နန်းနို့ရဲ့ ဘုရား ရှင်ဖန်ရဲ့ ကြယ်လေဟှို သယ်လာဂေ့ဟှယ်။ အယ်ဇာလေဟှာ နန်းနို့ ကိုးကွယ်ဟှို့တွပ် လောက်ဟှားဟှူ ရောက်ထုလေ ဖြစ်ဂေ့ဟှယ်။ အယ်ကြောန့် နန်းနို့ဟှို ဗာဗုလုန်ဗြို့ဟှို ကျော်ဘီးဟှာ ခေါ်ဆောန်ဟှားမယ်’ ဆိုဘီး ရေးဟှားတိုင်းဘဲ့ ဖြစ်လာဟှယ်။”
ACT 7:44 “နို့လေရဲ့ ဘိုးဘေးလေတွပ် တောကန္တာရမာ သတ်သေခံဟှူ တဲတော် ရှိဟှယ်။ မောရှေဟှို ဘုရားသခင်ပြဟှားဟှူ ပေါင်ဇံတိုင်း သတ်သေခံဟှူ တဲတော်ဟှို ဆော့‑က်ဂေ့ဟှယ်။
ACT 7:45 နို့လေရဲ့ ဘိုးဘေးလေဟှာ သူးနို့ရဲ့ ဖလေနားဟှနေ အယ်တဲတော်ဟှို မွေဆစ်ခံဘီးဟှာ ဘုရားသခင် နှန်ထုဟှူ လူမျိုးလေရဲ့ ပြည်ဟှို ယောရှုနတူးဒူ ချီတတ်ဘီးဟှာ သီးပိုက်ဂေ့ဟှူ ခီမာ အယ်တဲတော်ဟှို သယ်ဟှားဂေ့ဟှယ်။ အယ်တဲတော်ဟှ ဒါဝိဒ်မန်းဂီး လတ်ထတ်ထိ ရှိနေဟှယ်။
ACT 7:46 ဒါဝိဒ်ဟှာ ဘုရားသခင်ရှေ့မာ မျစ်နှာသာရဟှူလူ ဖြစ်ဟှယ်။ အယ်ဘီးဟှာ ယာကုပ်ရဲ့ ဘုရား ကိန်းဝပ်ဘီးနေဟှူ ဗိမာန်တော်ဟှို ဆော့‑က်ရဟှို့တွပ် ဘုရားသခင်ဟှို တောန်းရှော့‑က်ဟှယ်။
ACT 7:47 အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှို ဆော့‑က်ခွမ့်ရဟှူ လူဟှ ရှောလမုန်မန်းဂီး ဖြစ်လေဟှယ်။”
ACT 7:48 “အယ်ဘေမဲ့ ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ဟှာ လူလတ်န ဆော့‑က်ဟှားဟှူ အီမာ ကျိန်းဝပ်ဟှ ဆိုဘီး ပရောဖက်ဟှပြောဟှယ်။”
ACT 7:49 ဘုရားသခင်ဟှ “ ‘ကောန်းဂန်ဘောင်ဟှာ ငါ့ရဲ့ ပလ္လင်ဖြစ်ဟှယ်။ မ္လေဂီးဟှာ ငါ့ရဲ့ ခေတန်ခေါင် ဖြစ်ဟှယ်။ နန်းနို့ဟှာ ဖြားအီမျိုး ငါ့တွပ် ဆော့‑က်ဂေ့ဟှို့နူး။ ငါကျိန်းဝပ်နေဟှူ နေရာဟှာ ဖယ်မာနူး။
ACT 7:50 ငါကိုယ်တိုင်ဘဲ့ အယ်ဇာလေဟှို ဖန်ဆင်းဇာ မှုဟှလော’ ” ဆိုဘီး မိန့်တော်မူလေဟှယ်။
ACT 7:51 “နန်းနို့ဟှာ ရရာတိုင်း ခေါန်းမာဂေ့ဟှယ်! နန်းနို့ စိနှလောင်းဟှာ ဘုရားသခင်ရဲ့ တရားတော်ဟှို ကြားရဟှို့တွပ် နားပန်းဂေ့ဟှယ်! နန်းနို့ဟှာ နန်းနို့ ဘိုးဘေးလေမျိုးဘဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို မြဲဒမ်းဆန့်ကျင်ဂေ့ဟှယ်။
ACT 7:52 နန်းနို့ ဘိုးဘေးလေ ညှဉ်းဆဲဖူးဘဲဟှူ ပရောဖက်လေ ရှိဘဲ့လော။ သူးနို့ဟှာ ဘုရားသခင်ရဲ့ ဖြောန့်မတ်ဟှူစေခံ ကြွလာမယ့် ကြောန်းဟှို ကြိုတန်ဘီးဟောဂေ့ဟှူ ပရောဖက်လေဟှို သတ်ပစ်ဂေ့ဟှယ်။ ခုလည်း နန်းနို့ဟှာ အယ်သခင်ဟှို သတ်လိုက်ဂေ့ဟှယ်။
ACT 7:53 နန်းနို့လေဟှာ ကောန်းဂန်တမန်လေဟှနေ တဆင့် ပေးလိုက်ဟှူ ပညတ်တော်ဟှို ရဘေမဲ့ အယ်ပညတ်တော်ဟှို လိုက်နာဂေ့ဟှ” ဆိုဘီး သတေဖန်ဟှ ပြောလေဟှယ်။
ACT 7:54 ယုဒတရားလွှတ်တော် ဖွဲ့ဝမ်လေဟှာ အယ်စကားဟှို ကြားရဟှူ ခီမာ ရရာတိုင်း ဒေါသထွပ်ဘီးဟှာ အံက္လိနေဂေ့ဟှယ်။
ACT 7:55 သတေဖန်ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဘီး ကောန်းဂန်ဟှို ကေ့လိုက်ဟှူ ခီမာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်န ဘုရားသခင်ရဲ့ ညာဖတ်မာ ယေရှုရပ်နေဇာဟှို ဗြင်နေရဟှယ်။
ACT 7:56 သတေဖန်ဟှ “ငါဟှာ ကောန်းဂန်ပွမ့်နေဇာန လူ့ရဲ့သားဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ ရပ်နေဇာဟှို ငါဗြင်ရဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 7:57 အယ်လူလေဟှာ သံက္လယ်ဂီး အော်ဘီးဟှာ သူးနို့ရဲ့ နားလေဟှို လတ်န ပိဟှားဘီးဟှာ သတေဖန်နားဟှို တရှီထိုး ပ္လေးလာဂေ့ဘီးဟှာ၊
ACT 7:58 သူ့ဟှို ဗြို့ပ္လန်ဟှို ဆွဲထုဘီးန က္လော့‑က်ခဲန ပစ်ဂေ့ဟှယ်။ သိသတ်သေလေဟှာ သူးနို့ အန်းဂီလေဟှို ရှောလုနာမယ်ရှိဟှူ လူငယ် တယော့‑က်နားမာ ထားရစ်ဂေ့ဟှယ်။
ACT 7:59 သူးနို့ဟှာ က္လော့‑က်ခဲန ပစ်နေဟှူ ခီမာ သတေဖန်ဟှာ “သခင်ယေရှု၊ ကျွန်တော့်ရဲ့ ဝိညာဉ်ဟှို လတ်ခံတော်မူပါ” ဆိုဘီး ဆုတောန်းဟှယ်။
ACT 7:60 သူဟှာ ဒူးထော့‑က်ဘီးဟှာ “သခင်ဘုရား၊ သူးနို့ရဲ့ ပြစ်ဟှို ခွမ့်လွှတ်ပေးပါ ဆိုဘီး သံက္လယ်ဂီး အော်ဘီးန သေဟှားလေဟှယ်။”
ACT 8:1 ရှောလုဟှာ သတေဖန် သတ်ခံရဟှူ မှုမာ သတ်သေ ဖြစ်ဟှယ်။ အယ်နေ့မာဘဲ့ ယေရုရှလင်ဗြို့ဟှ သင်းတော်မာ ပြင်းထန်ဟှူ ညှဉ်းဆဲဇာလေဟှာ စဘီး ဖြစ်လာဟှယ်။ အယ်ကြောန့် တမန်တော်လေဟှလွဲဘီး ယောင်ကြည်သူလေ ဂူလောင်းဟှာ ယုဒပြည်န ရှမာရိပြည်လေဟှို ထွပ်ပ္လေးဂေ့ဟှယ်။
ACT 8:2 ဘုရားတရားဟှို ရိုသေဟှူ လူတချို့ဟှာ သတေဖန်ဟှို သင်္ဂြိုဟ်ဘီး သူ့တွပ် ရရာတိုင်း ငိုဂေ့ဟှယ်။
ACT 8:3 အယ်ဘေမဲ့ ရှောလုဟှာ အီဘီးအီ ဝမ်ဘီးဟှာ ယောင်ကြည်သူ ယော့‑က်ကျားလေန မီးမလေဟှို ဆွဲထုဘီး ထောန်ထဲမာ ခ္လဟှားဘီး သင်းတော်ဟှို ဖျစ်ဆီးဟှို့တွပ် ကြိုးစားနေဟှယ်။
ACT 8:4 ဖ္လဲဖ္လဲစင်ဖြစ်ဟှားဟှူ ယောင်ကြည်သူလေဟှာ နေရာတိုင်းဟှို သွားဘီးဟှာ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။
ACT 8:5 ဖိလိပ္ပုဟှာ ရှမာရိပြည်ရဲ့ ဓိကဗြို့တော်ဟှို သွားဘီး ခရစ်တော်ကြောန်းဟှို ဟောပြောဟှယ်။
ACT 8:6 လူလေဟှာ ဖိလိပ္ပုပြဟှူ နိမိတ်လတ်ခဏာလေဟှို ဗြင်ဟှူ ခီမာ သူ့ရဲ့ တရားစကားဟှို အာရောင်စိုက်ဘီး နားထောန်ဂေ့ဟှယ်။
ACT 8:7 နတ်ဆိုးစွဲနေဟှူ လူလေဘောင်ဂီးထဲဟှနေ နတ်ဆိုးလေဟှာ သံက္လယ်ဂီးန အော်ဘီးဟှာ ထွပ်ဟှားဂေ့ဟှယ်။ လေဖြတ်ဟှူလူ၊ ခေလတ်သန်ဘဲ့ဟှူ လူလေဟှာ ရောဂါပျော့‑က်ဟှားဂေ့ဟှယ်။
ACT 8:8 အယ်ကြောန့် အယ်ဗြို့မာ ရရာတိုင်း ဝန်းသာဟှားဂေ့ဟှယ်။
ACT 8:9 အယ်ဗြို့မာ ရှိမုန် နာမယ်ရှိဟှူလူ တယော့‑က်ရှိဟှယ်။ သူဟှာ သူ့ရဲ့ နတ်ဝိဇ္ဇာပညာန ရှမာရိ လူမျိုးလေဟှို အံ့ဩစေဘီး သူ့ကိုယ်သူ ထူးမြတ်ဟှူလူ ဖြစ်ဟှယ် ဆိုဘီး ဝါကြွားလေဟှယ်။
ACT 8:10 အယ်ဗြို့မာရှိဟှူ လူတန်းစားလေ ဂူလောင်းဟှ သူ့ဟှို အာရောင်စိုက်ဘီး “အယ်လူဟှာ ဘုရားသခင်ရဲ့ ‘မဟာတဂိုးတော်’ ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 8:11 သူးနို့ဟှာ ရှိမုန်ဟှို အာရောင်စိုက်နေဇာဟှ သူဟှာ ခီကြာဂီး နတ်ဝိဇ္ဇာပညာန အံ့ဩစေဟှူကြောန့် ဖြစ်ဟှယ်။
ACT 8:12 အယ်ဘေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းန ယေရှုခရစ်တော်ကြောန်း ဒန်းကောန်းဟှို ဖိလိပ္ပုဟှ ဟောဟှူ ခီမာ အယ်လူလေဟှာ ယောင်ကြည်လာဂေ့ဘီးဟှာ ယော့‑က်ကျားလေရော မီးမလေပါ ဗတ္တိဇံဟှို ခံဂေ့ဟှယ်။
ACT 8:13 ရှိမုန် ကိုယ်တိုင်လည်း ယောင်ကြည်ဘီး ဗတ္တိဇံဟှို ခံဘီးန ဖိလိပ္ပုနားမာ နေနေဟှယ်။ သူဟှာ ကီးမားဟှူ အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို ဗြင်ရဟှူ ခီမာ အံ့ဩနေဟှယ်။
ACT 8:14 ရှမာရိပြည်သားလေဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ခံယူဂေ့ဟှယ် ဆိုဇာဟှို ယေရုရှလင်ဗြို့မာရှိဟှူ တမန်တော်လေ ကြားရဟှူ ခီမာ ပေတရုန ယောဟန်လေဟှို သူးနို့နားဟှို လွှတ်လိုက်ဂေ့ဟှယ်။
ACT 8:15 တမန်တော်နှေ့ပါးဟှာ ရော့‑က်လာဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ယောင်ကြည်သူ လူသစ်လေ လတ်ခံရရှိဟှို့ ဆိုဘီး သူးနို့တွပ် ဆုတောန်းဂေ့ဟှယ်။
ACT 8:16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ သခင်ယေရှု နာမတော်နှိုက် ဗတ္တိဇံဟှို ခံယောင်မျှဘဲ့ ရှိသေးဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ အယ်လူလေထဲဟှ ဖယ်လူထတ်မာလည်း ရော့‑က်လာသေးဟှ။
ACT 8:17 အယ်ဘီးန ပေတရုန ယောဟန်လေဟှာ သူးနို့ထတ်ဟှို လတ်တန်ဂေ့ဟှူ ခီမာ သူးနို့ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ခံရဂေ့ဟှယ်။
ACT 8:18 တမန်တော်လေ လတ်တန်ဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို အယ်ယောင်ကြည်သူလေ ရရှိဟှားဟှယ် ဆိုဇာဟှို ရှိမုန်ဟှ ဗြင်ဟှားဟှူကြောန့် ကပ်ဟှို ယူလာဘီးဟှာ၊
ACT 8:19 “ကျွန်တော် လတ်တန်လိုက်ဟှူ လူတိုင်းဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ရဟှို့တွပ် တဂိုးအာဏာဟှို ကျွန်တော်ဟှိုလည်း ပေးပါ” ဆိုဘီး တောန်းလိုက်ဟှယ်။
ACT 8:20 ပေတရုဟှ “နန်ဟှာ ဘုရားသခင်ရဲ့ ဆုကျေးဇူးဟှို ကပ်န ဝယ်နိုင်ဟှယ် ဆိုဘီး ထန်မှတ်ဟှူကြောန့် နန့်ရဲ့ ကပ်ဟှာ နန့်နတူးဒူ ပျစ်စီးပါစေ။
ACT 8:21 ဘုရားသခင်ရှေ့မာ နန့်ရဲ့ စိနှလောင်းဟှာ ဖြောန့်ဘဲဟှူကြောန့် နို့လေရဲ့ လောက်ထဲမာ ပါဝမ်ခွမ့် မှေ့ဟှ။ နန့်ဝီစုလည်း မှေ့ဟှ။
ACT 8:22 အယ်မျိုး ဆိုးညစ်ဟှူ ကြံစည်ဟှို နောန်ဒရဘီး အယ်မျိုးစိနှလောင်းထဲမာ ကြံစည်မိဟှူဇာဟှို ပြစ်လွှတ်ခံရဟှို့တွပ် သခင်ဘုရားနားမာ ဆုတောန်းပါ။
ACT 8:23 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ ရိုးသားဘဲဟှူစိန ပ္လဲ့နေဘီးဟှာ ပြစ်ရဲ့ ချောက်နှောန်ဇာထဲမာ ရှိနေဇာဟှို ငါဗြင်ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 8:24 ရှိမုန်ဟှ “သင်ပြောနေဇာလေ တခုလည်းဖြစ်ဘဲဟှို့တွပ် သခင်ဘုရားဟှို ကျွန်တော်တွပ် ဆုတောန်းပေးဂေ့ပါ” ဆိုဘီး တောန်းဗန်လေဟှယ်။
ACT 8:25 ပေတရုန ယောဟန်လေဟှာ သခင်ဘုရားရဲ့ စကားတော်ဟှို သတ်သေခံဘီးဟှာ ဟောပြောဘီးန ယေရုရှလင်ဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။ ပ္လန်ခရီးမာ သူးနို့ဟှာ ရှမာရိဝါလေမာ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။
ACT 8:26 ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ ဖိလိပ္ပုဟှို “နန်ဟှာ ထဘီးဟှာ ယေရုရှလင်ဗြို့ဟှနေ ဂါဇဗြို့ဟှို သွားဟှူလမ်းတိုင်း တောန်ဖတ်ဟှို သွားလိုက်” ဆိုဘီး ပြောလိုက်ဟှယ်။ ခုခီမာ အယ်လမ်းဟှို သောင်းဂေ့ဟှမ်း။
ACT 8:27 အယ်ကြောန့် ဖိလိပ္ပုဟှာ ထဘီးဟှာ သွားလေဟှယ်။ အယ်ဘီးန အဲသယောပိပြည်ဟှ မိဖုရား ကန္ဒက်ရဲ့ မှူးမတ်ဂီးဖြစ်ဘီး မိဖုရားရဲ့ ဘဏ္ဍာလေ ဂူလောင်းဟှို စီမံခန့်ခွဲရဟှူ အဲသယောပိပြည်သား တယော့‑က်ဟှာ ယေရုရှလင်ဗြို့ဟှို လာရော့‑က် ဝတ်ပြုကိုးကွယ်ဘီး
ACT 8:28 ပ္လန်လမ်းမာ သူ့ရဲ့ ဗြင်းရထားထတ်မာ ထိုင်ဘီး ပရောဖက် ဟေရှာယရဲ့ ကျမ်းစာဟှို ဖတ်နေဟှယ်။
ACT 8:29 ဝိညာဉ်တော်ဟှာ ဖိလိပ္ပုဟှို “အယ်ဗြင်းလှည်းနားဟှို သွားလိုက်” ဆိုဘီး ပြောဟှယ်။
ACT 8:30 ဖိလိပ္ပုလည်း ပ္လေးဟှားဘီးဟှာ ပရောဖက်ဟေရှာယကျမ်းဟှို အယ်လူဟှာ ဖတ်နေဇာဟှို ကြားဟှူ ခီမာ “နန်ဖတ်နေဇာဟှို နားလည်ဘဲ့လော” ဆိုဘီး မေးလိုက်ဟှယ်။
ACT 8:31 အယ်ရာရှိဟှာ “ရှင်းပြပေးမယ့်လူ မှေ့ဘဲန ဖယ်မျိုးနားလည်ဟှို့နူး” ဆိုဘီး ပ္လန်ဖြေလေဟှယ်။ သူဟှာ ဖိလိပ္ပုဟှို ဗြင်းလှည်းထတ်ဟှို တတ်ခိုင်းဘီးဟှာ သူ့နတူးဒူ ထိုင်ဟှို့တွပ် တိုက်တွန်းလိုက်ဟှယ်။
ACT 8:32 အယ်လူဖတ်နေဟှူ ကျမ်းချစ်ဟှ “သတ်ခံရဟှို့တွပ် ဆွဲခေါ်ဟှားဟှူ သိုးမျိုးဘဲ့ သူ့ဟှို ယူဆောန်ဟှားဂေ့ဟှယ်။ မွီးညှပ်မားရှေ့မာ သိုးသားဂန်းဟှားဟှာ သူ့နှောက်ဟှို ပိဟှားမျိုး သူဟှာ သူ့နှောက်ဟှို ဖွမ့်ဘဲနေဟှယ်။
ACT 8:33 သူဟှာ ရှောက်ခ္လဇာဟှို ခံရဘီး တရားမျှတမှုတွပ် ငြင်းပယ်ခံရဟှယ်။ အယ်လောကဟှာ သူ့သတ်ဟှို ရောက်သီးဟှားကြောန့် ဖယ်လူလည်း သူ့ရဲ့ သားမ္လေးလေကြောန်းဟှို ပြောပြနိုင် ဂေ့ဟှ” ဆိုဘီး ပြောဟှယ်။
ACT 8:34 အယ်ရာရှိဟှ “နန့်ဟှို မေးအူးမယ်။ ပရောဖက်ဟှာ ဖယ်လူရဲ့ ကြောန်းဟှို ပြောနေနူး။ သူ့ကိုယ်သူ ပြောနေဇာလော။ တခြားလူ တယော့‑က် ကြောန်းလော” ဆိုဘီး ဖိလိပ္ပုဟှို မေးဟှယ်။
ACT 8:35 ဖိလိပ္ပုဟှာ အယ်ကျမ်းပိုဒ်နဘဲ့ စပြုဘီးဟှာ ယေရှုကြောန်း ဒန်းကောန်းဟှို ပြောလေဟှယ်။
ACT 8:36 သူးနို့ဟှာ ဆစ်ဘီးဟှာ ခရီးသွားနေဂေ့ဟှူ ခီမာ ရေရှိဟှူနေရာဟှို ရော့‑က်ဟှားဂေ့ဘီး အယ်ရာရှိဟှ “အယ်နေရာမာရေရှိဟှယ်။ ကျွန်တော် ဗတ္တိဇံခံဟှို့တွပ် တားဆီးမယ့် ဇာလေရှိလော” ဆိုဘီး ပြောဟှယ်။
ACT 8:37 
ACT 8:38 ရာရှိဟှာ ဗြင်းလှည်းဟှို ရပ်ခိုင်းလိုက်ဟှယ်။ အယ်ဘီးန သူးနို့ နှေ့ယော့‑က်ဟှာ ရေထဲဟှို ဆင်းဟှားဂေ့ဘီးဟှာ ဖိလိပ္ပုဟှာ ရာရှိဟှို ဗတ္တိဇံပေးလိုက်ဟှယ်။
ACT 8:39 သူဟှာ ရေထဲဟှ ထလာဟှူ ခီမာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ ဖိလိပ္ပုဟှို တခြားနေရာဟှို ယူဆောန်ဟှားလေဟှယ်။ ရာရှိဟှာ ဖိလိပ္ပုဟှို နော့‑က်ထပ် တွိရဟှမ်း။ သူဟှာ ဝန်းသာရှင်းပ္လဲ့န ခရီးဆစ်ဟှားလေဟှယ်။
ACT 8:40 ဖိလိပ္ပုဟှာ အာဇုတ်ဗြို့ဟှို ရော့‑က်ရှိနေဇာဟှို သိရဟှယ်။ အယ်ဘီးန ကဲသရိဗြို့ဟှို ရော့‑က်ဒဲ့ထိ ဗြို့တိုင်းမာ ဒန်းကောန်းဟှို ဟောပြောလေဟှယ်။
ACT 9:1 အယ်ခီမာ ရှောလုဟှာ သခင်ဘုရားရဲ့ တဗဲ့တော်လေဟှို သတ်ဟှို့တွပ် ချီးခြော့‑က်နေဟှယ်။ သူဟှာ ယဇ်ပုရောဟိတ်မန်း နားဟှို သွားဘီးဟှာ၊
ACT 9:2 သခင်ဘုရားရဲ့ လမ်းစဉ်ဟှို လိုက်ရှော့‑က်ဟှူ ယော့‑က်ကျားန မီးမလေဟှိုတွိမယ် ဆိုဟှာ အယ်လူလေဟှို ဖမ်းဘီးဟှာ ယေရုရှလင်ဗြို့ဟှို ခေါ်လာနိုင်ဟှို့တွပ် ဒမာသက်ဗြို့မာရှိဟှူ ဝါလယ်ဇရပ်လေဟှို မှာစာလေဟှို ရေးပေးဟှို့တွပ် တောန်းရှော့‑က်လေဟှယ်။
ACT 9:3 ရှောလုဟှာ ဒမာသက်ဗြို့နားဟှို ရော့‑က်ခါနီးမာ ကောန်းဂန်ဟှနေ လန်းရောန်တခုဟှာ သူ့ပတ်လည်မာ ရောက်တရစ် ထွန်းတော့‑က်လာဟှယ်။
ACT 9:4 သူဟှာ မ္လေဂီးထတ်ဟှို လဲက္လဘီးန “ရှောလု၊ ရှောလု နန်ဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ညှဉ်းဆဲနူး” ဆိုဘီး သူ့ဟှို မေးနေဟှူ သံဟှို ကြားရဟှယ်။
ACT 9:5 ရှောလုဟှ “သခင်၊ ကိုယ်တော်ဟှ ဖယ်သူနူး” ဆိုဘီး မေးလျှော့‑က်လိုက်ဟှယ်။ သံတော်ဟှ “ငါဟှာ နန်ညှဉ်းဆဲနေဟှူ ယေရှုဘဲ့ဖြစ်ဟှယ်။”
ACT 9:6 “အယ်ဘေမဲ့ ထဘီးဟှာ ဗြို့ထဲဟှို သွားလိုက်။ အယ်နေရာမာ နန်လောက်ရဟှို့ ဇာလေဟှို ငါပြောပြမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ACT 9:7 ရှောလုနတူးဒူ ခရီးသွားနေဂေ့ဟှူ လူလေဟှာ အယ်သံဟှို ကြားရဘေမဲ့ ဖယ်လူဟှိုလည်း ဗြင်ရဘဲ့ဟှူကြောန့် တွေဝေဘီးဟှာ ရပ်နေဂေ့ဟှယ်။
ACT 9:8 ရှောလုဟှာ မ္လေဂီးဟှထဘီးန မျစ်စိဟှို ဖွမ့်လိုက်ဟှူ ခီမာ ဖြားလည်း ဗြင်ရဟှမ်း။ အယ်ကြောန့် အယ်လူလေဟှာ သူ့လတ်ဟှို ဆွဲဘီးဟှာ ဒမာသက်ဗြို့ထဲဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။
ACT 9:9 သူဟှာ သောင်းရစ်လောင်းလောင်း မျစ်ကန်းဖြစ်ဟှားဘီး ဖြားဇာလည်း စားသော့‑က်ဘဲန နေလေဟှယ်။
ACT 9:10 ဒမာသက်ဗြို့မာ အာနနိ နာမယ်ရှိဟှူ တဗဲ့တော် တယော့‑က်ရှိဟှယ်။ ရူပါရောင်ထဲမာ သခင်ဘုရားဟှ အာနနိဟှို “အာနနိ!” ဆိုဘီး ခေါ်လိုက်ဟှယ်။ အာနနိဟှ “ကျွန်တော်ရှိပါဟှယ်။ သခင်ဘုရား” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
ACT 9:11 သခင်ဘုရားဟှ “နန်ထဘီး လမ်းဖြောန့် နာမယ်ရှိဟှူ လမ်းဟှိုသွားလိုက်။ တာရှုဗြို့သား ရှောလု နာမယ်ရှိဟှူ လူဟှို ယုဒရဲ့အီမာ မေးလိုက်ပါ။ သူဟှာ ဆုတောန်းနေဟှယ်။
ACT 9:12 သူဟှာ မျစ်စိ ပ္လန်ဗြင်ရဟှို့တွပ် အာနနိ နာမယ်ရှိဟှူလူ လာဘီးဟှာ သူ့ထတ်မာ လတ်လာတန်ဇာဟှို ရူပါရောင်ထဲမာ ဗြင်ဟှားပီးဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
ACT 9:13 အာနနိဟှ “သခင်ဘုရား၊ အယ်လူဟှာ ယေရုရှလင်ဗြို့မာရှိဟှူ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ လူလေဟှို ဖယ်မျှလော့‑က် ဒေါက်ခပေးဟှယ် ဆိုဇာ လူလေဘောင်ဂီးနားဟှနေ ကျွန်တော်ကြားရဟှယ်။
ACT 9:14 ကိုယ်တော်နာမဟှို ဆုတောန်းဟှူ လူလေရှိမျှဟှို ဖမ်းဟှို့တွပ် ယဇ်ပုရောဟိတ်ဂီးလေရဲ့ ခွမ့်အာဏာန ဒမာသက်ဗြို့ဟှို လာဟှူလူဖြစ်ဟှယ်” ဆိုဘီး ရှော့‑က်လိုက်ဟှယ်။
ACT 9:15 သခင်ဘုရားဟှ “သွားလိုက်။ အယ်လူဟှို လူမျိုးခြားလေ၊ မန်းဂီးလေန ဣသရေလလူမျိုးလေဟှို ငါ့နာမဟှို ကြေညာဟှို့တွပ် ငါဝီးကော့‑က်ဟှားဟှယ်။
ACT 9:16 ငါ့ရဲ့ နာမတော်ကြောန့် သူခံရမယ့် ဆင်းရဲဒေါက်ခကြောန်းဟှို သူ့ဟှို ငါကိုယ်တိုင် ဖော်ပြမယ်” ဆိုဘီး ပြောလေဟှယ်။
ACT 9:17 အယ်ကြောန့် အာနနိဟှာ ရှောလုရှိဟှူအီဟှို သွားဘီး ရှောလုထတ်မာ လတ်ဟှိုတန်ဘီးန “ညီရှောလု၊ နန့်မျစ်စိ ပ္လန်ဗြင်ဟှို့တွပ်ရော၊ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဟှို့တွပ်ရော လမ်းမာနန့်ဟှို ထန်ရှားပြဟှူ သခင်ယေရှုဟှာ ငါ့ဟှို နန့်နားဟှို လွှတ်လိုက်ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 9:18 ရှစ်ရှင်းဘဲ့ ရှောလုရဲ့ မျစ်စိဟှနေ ငါးကြေးလေဟှာ ကွာက္လမျိုးဖြစ်ဘီးဟှာ မျစ်စိပ္လန်ဗြင်ဟှားဟှယ်။ သူဟှာ ထဘီးန ဗတ္တိဇံခံလေဟှယ်။
ACT 9:19 သူဟှာ စားဇာစားဘီးန ခွန်အား ပ္လဲ့လာလေဟှယ်။ ရှောလုဟှာ ဒမာသက်ဗြို့မာ တဗဲ့တော်လေန ရစ်နဲနဲ ကြာအောန်နေလေဟှယ်။
ACT 9:20 ရှစ်ရှင်းဘဲ့ ဝါလယ်ဇရပ်လေဟှို သွားဘီးဟှာ ယေရှုဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ် ဆိုဇာဟှို စဘီးဟှာ ဟောပြောဟှယ်။
ACT 9:21 သူ့စကားဟှို ကြားဟှူလူလေဟှာ အံ့ဩဂေ့ဘီးဟှာ “အယ်လူဟှာ ယေရုရှလင်ဗြို့မာ ယေရှုဟှို ကိုးကွယ်ဟှူ လူလေဟှို သတ်ဟှူလူ မှုဟှလော။ သူဟှာ အယ်လူလေဟှို ဖမ်းဘီးဟှာ ယဇ်ပုရောဟိတ်ဂီးလေနားဟှို ပို့ဟှူလူ မှုဟှလော” ဆိုဘီး မေးဂေ့ဟှယ်။
ACT 9:22 အယ်ဘေမဲ့ ရှောလုရဲ့ ဟောပြောချစ်ဟှာ တဂိုးန ပိုဘီး ဟှာ ပ္လဲ့ဇောင်လာဘီး သခင်ယေရှုဟှာ မေရှိယဖြစ်ဟှယ် ဆိုဇာဟှို သတ်သေပြဘီး ဟောပြောဟှူကြောန့် ဒမာသက်ဗြို့မာနေဟှူ ယုဒလူမျိုးလေဟှ ပ္လန်ဘီးချေပဟှို့ နိုင်ဂေ့ဟှ။
ACT 9:23 ရစ်လေကြာဟှားဘီးန ရှောလုဟှို သတ်ဟှို့တွပ် ယုဒလူမျိုးလေဟှာ ကြံစည်ဂေ့ဟှယ်။
ACT 9:24 အယ်ဘေမဲ့ သူးနို့ရဲ့ စီစဉ်လေဟှို ရှောလုဟှ သိဟှားဟှယ်။ သူးနို့ဟှာ ရှောလုဟှို သတ်ဟှို့တွပ် နေ့ရော၊ ညဉ့်ရော ဗြို့ရဲ့ ခွဗော့‑က်နားမာ စောန့်နေဂေ့ဟှယ်။
ACT 9:25 ရှောလုရဲ့ တဗဲ့လေဟှာ ညဉ့်ခန်းဇာမာ သူ့ဟှိုယူဘီးန တောန်းထဲဟှို ထဲ့ဘီးဟှာ ဗြို့ရိုးထတ်ဟှနေ ရှောခ္လဂေ့ဟှယ်။
ACT 9:26 သူဟှာ ယေရုရှလင်ဗြို့ဟှို ရော့‑က်လာဟှူ ခီမာ တဗဲ့လေန ပေါန်းဟှို့တွပ် ကြိုးစားဟှယ်။ အယ်ဘေမဲ့ သူဟှာ တဗဲ့တော်တယော့‑က် ဖြစ်ဟှယ် ဆိုဇာဟှို သူးနို့လေဟှာ ယောင်ကြည်ဘဲ့ကြောန့် သူ့ဟှို ကြော့‑က်နေဂေ့ဟှယ်။
ACT 9:27 အယ်ဘီးန ဗာနဗဟှာ သူ့ဟှို ကူညီဘီး တမန်တော်လေနားဟှို ခေါ်လာဟှယ်။ ရှောလုဟှာ လမ်းမာ သခင်ဘုရားဟှို ဗြင်ရဟှူဇာလေရော၊ ဒမာသက်ဗြို့မာ ယေရှုရဲ့နာမန ဖယ်မျှထိ ရဲရဲရင့်ရင့်ဟှား ဟောဇာလေဟှိုရော သူဟှ သူးနို့ဟှို ရှင်းပြလေဟှယ်။
ACT 9:28 ရှောလုဟှာ တမန်တော်လေနတူးဒူ နေဘီး ယေရုရှလင်ဗြို့ဟှို နှံ့အောန်သွားဘီးဟှာ သခင်ဘုရားရဲ့ နာမတော်ဟှို ရဲရဲရင့်ရင့်ဟှား ဟောပြောဟှယ်။
ACT 9:29 သူဟှာ ဟေလသစကားပြောဟှူ ယုဒလေန ဆွေးနွီး ပြောဆိုဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်လူလေဟှာ သူ့ဟှို သတ်ဟှို့တွပ် ကြံစည်ဂေ့ဟှယ်။
ACT 9:30 အယ်ဒန်းဟှို ညီကိုလေဟှ ကြားရဟှူ ခီမာ သူ့ဟှို ကဲသရိဗြို့ဟှို ခေါ်ဆောန်ဟှားဘီး တာရှုဗြို့ဟှို ပို့ဂေ့ဟှယ်။
ACT 9:31 အယ်ကြောန့် ယုဒပြည်၊ ဂါလိလဲပြည်န ရှမာရိပြည် နေရာနှံ့မာရှိဟှူ သင်းတော်ဟှာ ငြီသတ်ဟှူ ကာလဟှို ရဂေ့ဟှယ်။ သင်းတော်ဟှာ သခင်ဘုရားဟှို ကြော့‑က်ရွံ့ ရိုသေဇာန သတ်ရှင်ဘီး သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ ကူညီရှင်းကြောန့် ခိုင်ခန့်မြဲမြံဟှားဘီး သင်းသားလေ ဘောင်ဂီးဖြစ်လာဟှယ်။
ACT 9:32 ပေတရုဟှာ နေရာတိုင်းဟှို သွားဘီး လုဒ္ဒဗြို့မာရှိဟှူ ဘုရားသခင်ရဲ့ သန့်ရှင်းသူလေနားဟှို ရော့‑က်ဟှားဟှယ်။
ACT 9:33 အယ်ဗြို့မာ လေဖြတ်ဘီးဟှာ ရှစ်နှစ်လောင်းလောင်း အိယာထဲမာ လဲနေဟှူ အဲနေနာမယ်ခေါ်ဟှူ လူတယော့‑က်ဟှို တွိဟှားဟှယ်။
ACT 9:34 ပေတရုဟှ “အဲနေ၊ ယေရှုခရစ်တော်ဟှာ နန့်ဟှို ကျန်းမာစေဘီ။ ထဘီးဟှာ အိယာဟှို ကော့‑က်လိုက်” ဆိုဘီး သူ့ဟှို ပြောလိုက်ဟှယ်။ အဲနေဟှာ ရှစ်ရှင်းဘဲ့ ထလိုက်ဟှယ်။
ACT 9:35 လုဒ္ဒဗြို့န ရှာရုန်ဗြို့မာနေဟှူ လူလေ ဂူလောင်းဟှာ အဲနေဟှို ဗြင်ဘီး သခင်ဘုရားဖတ်ဟှို ပ္လောန်းလဲလာဂေ့ဟှယ်။
ACT 9:36 ယုပ္ပေဗြို့မာ တဗိသနာမယ်ရှိဟှူ တဗဲ့တော်မ တယော့‑က်ရှိဟှယ်။ သူ့နာမယ်ဟှ ဟေလသစကားန ဆိုဟှာ “ဒေါ်ကာ” ဖြစ်ဘီး “သမင်” ဆိုဘီး ဓိပါယ်ရဟှယ်။ သူဟှာ မြဲဒမ်း ကောန်းဇာဟှို လောက်ဘီး ဆင်းရဲသားလေဟှို ကူညီဟှယ်။
ACT 9:37 အယ်ခီမာ သူဟှာ ဖျားဘီး သေဟှားလေဟှယ်။ သူ့လောန်းဟှို ရေချိုးပေးဂေ့ဘီးဟှာ အီထတ်ခန်းမာ ထားဟှားဂေ့ဟှယ်။
ACT 9:38 လုဒ္ဒဗြို့န ယုပ္ပေဗြို့ဟှာ ရရာတိုင်း ဝီးဘဲကြောန့် လုဒ္ဒဗြို့မာ ပေတရုရှိနေဇာဟှို တဗဲ့တော်လေကြားဟှူ ခီမာ “ကျွန်တော့်ဟှားလေနားဟှို ဗြန်းဗြန်ဟှားလာပါ” ဆိုဘီး လူနှေ့ယော့‑က်ဟှို ပေတရုနားဟှို လွှတ်လိုက်ဘီး တောန်းဗန်ဂေ့ဟှယ်။
ACT 9:39 အယ်ကြောန့် ပေတရုဟှာ အယ်လူနှေ့ယော့‑က်န လိုက်ဟှားဟှယ်။ သူရော့‑က်ဟှူ ခီမာ လူလေဟှာ သူ့ဟှို အီထတ်ခန်းဟှို ခေါ်ဟှားဂေ့ဟှယ်။ မောက်ဆိုးမလေဟှာ ပေတရုနားမာ လာငိုဘီးဟှာ ဒေါ်ကာသေခန်ဒူးဟှ ချောက်ဟှားဟှူ အန်းဂီလေန ဝတ်ရောင်လေဟှို ပြဂေ့ဟှယ်။
ACT 9:40 ပေတရုဟှာ အယ်လူလေဟှို ခန်းပ္လန်ဟှို ထွပ်ခိုင်းဘီးဟှာ ဒူးထော့‑က် ဆုတောန်းလိုက်ဟှယ်။ အယ်ဘီးန လောန်းဖတ်ဟှို လှည့်ဘီးဟှာ “တဗိသ ထလိုက်” ဆိုဘီး ပြောလိုက်ဟှယ်။ ဒေါ်ကာဟှာ မျစ်စိပွမ့်ဘီးန ပေတရုဟှို ဗြင်ဟှူ ခီမာ ထထိုင်လိုက်ဟှယ်။
ACT 9:41 ပေတရုဟှာ လတ်ဟှို ကမ်းပေးဘီးန အယ်မီးမဟှို ဆွဲထူလိုက်ဟှယ်။ အယ်ဘီးန သန့်ရှင်းသူလေန မောက်ဆိုးမလေဟှို ခေါ်ဘီးဟှာ သတ်ရှင်နေဟှူ ဒေါ်ကာဟှို ပေးလိုက်ဟှယ်။
ACT 9:42 အယ်ဒန်းဟှို ယုပ္ပေဗြို့ တဗြို့လောင်း ကြားရဟှူ ခီမာ လူလေဘောင်ဂီးဟှ သခင်ဘုရားဟှို ယောင်ကြည်ဂေ့ဟှယ်။
ACT 9:43 ပေတရုဟှာ ယုပ္ပေဗြို့မာနေဟှူ၊ ရှိမုန် နာမယ်ရှိဟှူ သရေလောက်မားန ခီကြာဂီးနေလေဟှယ်။
ACT 10:1 ကဲသရိဗြို့မာ ကော်နေလိ နာမယ်ရှိဟှူ လူတယော့‑က်ရှိဟှယ်။ သူဟှာ “ဣတလိတပ်” ခေါ်ဟှူတပ်ဟှ တပ်မှူးတယော့‑က်ဖြစ်ဟှယ်။
ACT 10:2 သူဟှာ ဘာသာရေးသမား တယော့‑က်ဖြစ်ဘီး သူန သူ့မိသားတစုလောင်းဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဂေ့ဟှယ်။ သူဟှာ ဆင်းရဲဟှူ ယုဒလူမျိုးလေဟှို ရစ်ရစ်ရောရောဟှား လှူတတ်ဟှယ်။ သူဟှာ ဘုရားသခင်ဟှို ခီမှန်မှန် ဆုတောန်းဟှယ်။
ACT 10:3 နေဒန် သောင်းနာရီလော့‑က်မာ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်တပါးဟှာ သူ့နားဟှို လာဘီးဟှာ “ကော်နေလိ” ဆိုဘီး ခေါ်လိုက်ဇာဟှို ရူပါရောင်ထဲမာ ထန်းထန်ရှားရှားဟှား ဗြင်ရဟှယ်။
ACT 10:4 သူဟှာ ကြော့‑က်ကြော့‑က်န အယ်ကောန်းဂန်တမန်ဟှို စိုက်ကေ့ဘီးန “သခင်၊ ဖြားကိစရှိနူး” ဆိုဘီး မေးလိုက်ဟှယ်။ အယ်ကောန်းဂန်တမန်ဟှ “နန့်ဆုတောန်းသံန စွန့်ကြဲပေးကမ်းဇာလေဟှို ဘုရားသခင်ဟှ နှစ်သက်လေဟှယ်။
ACT 10:5 ခု ယုပ္ပေဗြို့ဟှို လူလေဟှို လွှတ်ဘီးဟှာ ပေတရု နာမယ်ရှိဟှူ ရှိမုန်ဟှို သွားခေါ်လာ။
ACT 10:6 သူဟှာ သရေလောက်မား ရှိမုန်အီမာ ရှိနေဟှယ်။ အယ်အီဟှ ပန်လယ်ကမ်းနားမာရှိဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 10:7 အယ်ကောန်းဂန်တမန်ဟှာ ထွပ်ဟှားဟှူ ခီမာ ကော်နေလိဟှာ သူ့ရဲ့ စေခံနှေ့ယော့‑က်န ဘုရားတရားကိုင်းရှိုင်းဟှူ စစ်သားတယော့‑က်ဟှိုလည်း ခေါ်လေဟှယ်။
ACT 10:8 သူဟှာ သူးနို့ဟှို ကြောန်းရာလေဟှို ပြောပြဘီးဟှာ ယုပ္ပေဗြို့ဟှို လွှတ်လိုက်ဟှယ်။
ACT 10:9 နော့‑က်တနေ့မာ အယ်လူလေဟှာ ခရီးသွားဂေ့ဘီးန ယုပ္ပေဗြို့နားဟှို ရော့‑က်ဟှားဂေ့ဟှယ်။ မွန်းဒဲ့ခီမာ ပေတရုဟှာ ဆုတောန်းဟှို့တွပ် အီးခေါန်မိုးထတ်ဟှို တတ်ဟှားဟှယ်။
ACT 10:10 သူဟှာ ရရာတိုင်း ဗိုက်ဆာလာဘီး တခုခုစားရှင်လာဟှယ်။ စားဇာလေဟှို ပြင်ဆင်နေဒူးမာ သူဟှာ ရူပါရောင်ဟှို ဗြင်ရလေဟှယ်။
ACT 10:11 သူဟှာ ကောန်းဂန် ပွမ့်ဟှားဘီးဟှာ ဒေါ့‑က်လေးဒေါ့‑က်န ချောက်ဟှားဟှူ ပိစဂီးတခုန တူဟှူဇာဟှာ မ္လေဂီးထတ်ဟှို နိက္လလာဇာဟှို ဗြင်ရဟှယ်။
ACT 10:12 အယ်မူဇာထဲမာ မ္လေဂီးထတ်မာရှိဟှူ ခေလေးရှောန်းလိဆန်လေ၊ တွားဘီးသွားဟှူ လိဆန်လေန ကောန်းဂန်ဟှ ငှတ်လေပါဟှယ်။
ACT 10:13 အယ်ဘီးန “ပေတရု၊ ထဘီး သတ်စားလိုက်” ဆိုဘီး ငါ့ဟှို ပြောဟှူသံဟှိုလည်း ငါကြားရဟှယ်။
ACT 10:14 ပေတရုဟှ “သခင်၊ ဖယ်မျိုးလည်းဖြစ်နိုင်ဟှ! ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျွန်တော်ဟှာ ညစ်ညူးဇာန သန့်ရှင်းဘဲဟှူဇာဟှို ဖယ်ဒူးဟှလည်း စားဖူးဟှ” ဆိုဘီး လျှော့‑က်လိုက်ဟှယ်။
ACT 10:15 သံတော်ဟှ “ဘုရားသခင်ဟှ သန့်ရှင်းဟှယ် ဆိုဇာဟှို ညစ်ညူးဟှယ် ဆိုဘီး ပြောန” ဆိုဘီး ဒုတိယခါ မိန့်တော်မူလေဟှယ်။
ACT 10:16 အယ်မျိုး သောင်းခါဖြစ်ဘီးန ရှစ်ရှင်းဘဲ အယ်ပိစဟှို ကောန်းဂန်ထဲဟှို ပ္လန်ဘီးဟှာ ဆွဲဒန်လိုက်ဟှယ်။
ACT 10:17 ပေတရုဟှာ အယ်ရူပါရောင်ရဲ့ ဓိပါယ်ဟှို စဉ်းစားနေဒူးမာ ကော်နေလိ လွှတ်လိုက်ဟှူ လူလေဟှာ ရှိမုန်ရဲ့ အီဟှို ရှာတွိဟှားဘီး အီခွဗော့‑က်ရှေ့မာ ရပ်နေဂေ့ဟှယ်။
ACT 10:18 အယ်လူလေဟှ “ပေတရုနာမယ်ရှိဟှူ ရှိမုန်ဟှာ အယ်အီမာရှိလော” ဆိုဘီး အော်ဘီးဟှာ မေးဂေ့ဟှယ်။
ACT 10:19 ပေတရုဟှာ ရူပါရောင်ကြောန်းဟှို စဉ်းစားနေဒူးမာ ဝိညာဉ်တော်ဟှ “လူသောင်းယော့‑က်ဟှာ နန့်ဟှို ရှာနေဂေ့ဟှယ်။
ACT 10:20 သူးနို့လေဟှို ငါဘဲ့ လွှတ်လိုက်ဟှူကြောန့် ထဘီးဆင်းဟှားလိုက်။ သံသယမှေ့ဘဲန သူးနို့န လိုက်ဟှားလိုက်” ဆိုဘီး ပြောဟှယ်။
ACT 10:21 ပေတရုဟှာ အယ်လူလေနားဟှို ဆင်းဟှားဘီးဟှာ “နန်းနို့ ရှာနေဟှူလူဟှာ ငါဘဲ့ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့် နန်းနို့ ရော့‑က်လာဂေ့နူး” ဆိုဘီး မေးဟှယ်။
ACT 10:22 အယ်လူလေဟှ “ဖြောန့်မတ်ဘီး ဘုရားသခင်ဟှို ကြော့‑က်ဟှူ၊ ယုဒလူမျိုးလေရဲ့ ချီးကျူးဘီး လေးစားခံရဟှူ တပ်မှူးကော်နေလိဟှ လွှတ်လိုက်ဟှယ်။ သင့်ဟှို ဖိခေါ်ဘီး သင့်ရဲ့စကားဟှို နားထောန်ရမယ် ဆိုဘီး သန့်ရှင်းဟှူ ကောန်းဂန်တမန်တပါးရဲ့ စကားတော်ဟှို လတ်ခံရရှိဟှယ်” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
ACT 10:23 ပေတရုဟှာ အယ်လူလေဟှို အီထဲဟှို ခေါ်ဖိဘီးဟှာ တည်းခိုစေလေဟှယ်။ နတ်ကီးတိုင်န သူဟှာ အယ်လူလေန တူးဒူ ထွပ်ဟှားဘီးဟှာ ယုပ္ပေဗြို့ဟှ ယောင်ကြည်သူ ညီကိုတချို့လည်း သူ့နတူးဒူ လိုက်ဟှားဂေ့ဟှယ်။
ACT 10:24 နော့‑က်နေ့မာ ပေတရုဟှာ ကဲသရိဗြို့ဟှို ရော့‑က်ဟှားဟှယ်။ အယ်ဗြို့မာ ကော်နေလိဟှာ သူခေါ်ဖိဟှားဟှူ ဆွေမျိုးလေန ရင်းနှီးဟှူ မိဆွေလေန တူးဒူ သူ့ဟှိုစောန့်နေဂေ့ဟှယ်။
ACT 10:25 ပေတရု ဝမ်လာဟှူ ခီမာ ကော်နေလိဟှာ ကြိုဆိုဘီးဟှာ သူ့ရဲ့ ခေရင်းမာ ပျပ်ဝပ်လိုက်ဟှယ်။
ACT 10:26 ပေတရုဟှ သူ့ဟှို ဆွဲဒန်ဘီး “ထဒန်၊ ငါကိုယ်တိုင်လည်း လူဘဲ့ဖြစ်ဟှယ်” ဆိုဘီး ကော်နေလိဟှို ပြောလိုက်ဟှယ်။
ACT 10:27 ပေတရုဟှာ ကော်နေလိန စကားပြောရင်း အီထဲဟှို ဝမ်ဟှားဟှူ ခီမာ လူလေဘောင်ဂီး စုနေဇာဟှို တွိလေဟှယ်။
ACT 10:28 အယ်လူလေဟှို ပေတရုဟှ “ယုဒလူလေဟှာ လူမျိုးခြားလေန ပေါန်းဖော်ဟှို့န သူးနို့နားဟှို အီးခ္လယ်သွားဟှို့တွပ် ဘာသာတရားဟှ ခွမ့်ပြုဟှ ဆိုဇာဟှို နန်းနို့ ကိုယ်တိုင်လည်း ကောန်းကောန်း သိဂေ့ဟှယ်။ အယ်ဘေမဲ့ ဖယ်လူဟှိုမျှ ညစ်ညူးဟှူလူ၊ စင်ကြယ်ဘဲဟှူလူ ဆိုဘီး ခေါ်ဘဲနေဟှို့တွပ် ဘုရားသခင်ဟှာ ငါ့ဟှို ဖော်ပြတော်မူဟှယ်။
ACT 10:29 အယ်ကြောန့် ငါ့ဟှို နန်းနို့ ခေါ်ဖိဟှူ ခီမာ ငါဟှာ ငြင်းဆိုဘဲန လိုက်လာဟှယ်။ ဖြားဖြစ်ကြောန့် ငါ့ဟှို ခေါ်ဖိရနူး” ဆိုဘီး မေးလေဟှယ်။
ACT 10:30 ကော်နေလိဟှ “ပီးဟှားဟှူ သောင်းရစ်လော့‑က်ဒူးဟှ နေဒန်သောင်းနာရီမာ ကျွန်တော်ဟှာ အီမာ ဆုတောန်းနေဟှယ်။ အယ်ခီမာ တော့‑က်ပြောန်နေဟှူဝတ်န လူတယော့‑က်ဟှာ ကျွန်တော့်ရှေ့မာ ရော့‑က်တရစ်ရပ်ဘီး
ACT 10:31 ‘ကော်နေလိ၊ နန့်ဆုတောန်းသံဟှို ဘုရားသခင်ဟှ ကြားဟှယ်။ နန့် စွန့်ကြဲပေးကမ်းဟှူ ဇာလေဟှိုလည်း သိဟှယ်။
ACT 10:32 အယ်ကြောန့် ယုပ္ပေဗြို့ဟှို လူလွှတ်ဘီးဟှာ ပေတရု နာမယ်ရှိဟှူ ရှိမုန်ဟှို ခေါ်ဖိလိုက်။ သူဟှာ ပန်လယ်ကမ်းနားမာရှိဟှူ သရေလောက်မား ရှိမုန်အီမာ ရှိနေဟှယ်’ ဆိုဘီး ပြောဟှယ်။
ACT 10:33 အယ်ကြောန့် ကျွန်တော်ဟှာ ရှစ်ရှင်းဘဲ သင့်နားဟှို လူလွှတ်လိုက်ဟှယ်။ သင်ကြွလာဇာတွပ် ကျေးဇူးတန်ဟှယ်။ သင့်ဟှို သခင်ဘုရား ပြောဟှားဟှူ စကားလေဟှို ကြားရဟှို့တွပ် ကျွန်တော့်လေဟှာ ဘုရားသခင်ရှေ့မာ ဆင်သင့်ဖြစ်နေဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 10:34 အယ်ဘီးန ပေတရုဟှ “ဘုရားသခင်ဟှာ မှန်တိုင်းဘဲ့ မျစ်နှာလိုက်ဟှ ဆိုဇာဟှို ခု ငါဟှာ နားလည်ဟှားဘီ။
ACT 10:35 ဘုရားသခင်ဟှို ကြော့‑က်ဘီး ဖြောန့်မတ်ဟှူ လူမျိုးတိုင်းဟှိုဘဲ့ လတ်ခံဟှယ်။
ACT 10:36 ဘုရားသခင်ဟှာ ဂူလောင်းရဲ့ သခင်ဖြစ်ဟှူ ယေရှုခရစ်တော်အားဖြင့် ငြီသတ်ဇာနဆိုင်ဟှူ ဒန်းကောန်းဟှို ဣသရေလလူမျိုးလေဟှို ဟောဟှို့တွပ် စေလွှတ်လိုက်ဟှယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှယ်။
ACT 10:37 ဗတ္တိဇံတရားဟှို ယောဟန်ဟောပြောဘီးန ဂါလိလဲပြည်ဟှနေ စဘီးဟှာ ယုဒပြည် တရှော့‑က်လောင်းမာ ကီးမားဟှူ ဖြစ်ပျစ်ဟှို နန်းနို့ သိဂေ့ဟှယ်။
ACT 10:38 ဘုရားသခင်ဟှာ နာဇရက်ဗြို့သား ယေရှုဟှို သန့်ရှင်းဟှူဝိညာဉ်တော်န တဂိုးတော်လေ ကိုယ်တော်ထတ်ဟှို ဖယ်မျိုးလောန်းခ္လဟှားဟှယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှယ်။ ဘုရားသခင်ဟှာ ကိုယ်တော်နတူးဒူ ရှိဟှူကြောန့် ကိုယ်တော်ဟှာ နေရာတိုင်းဟှို သွားဘီးဟှာ ကောန်းဇာလေ လောက်ဆောန်ဘီး မာရ်နတ်ရဲ့ တဂိုးအော့‑က်မာရှိဟှူ လူလေ ဂူလောင်းဟှို ကျန်းမာစေဟှယ်။
ACT 10:39 နို့လေဟှာ ယေရုရှလင်ဗြို့န ယုဒပြည်မာ ကိုယ်တော်လောက်ဟှူဇာ ဂူလောင်းရဲ့ သတ်သေလေဖြစ်ဂေ့ဟှယ်။ အယ်ဘီးန လူလေဟှာ ကိုယ်တော့်ဟှို လတ်ဝါးကပ်တိုင်မာ ခိဆွဲဘီး သတ်လိုက်ဂေ့ဟှယ်။
ACT 10:40 အယ်ဘေမဲ့ သောင်းရစ်ကြာဘီးန ဘုရားသခင်ဟှာ ကိုယ်တော့်ဟှို သေရာဟှနေ ထမြော့‑က်စေဘီးဟှာ ကိုယ်ထန်ရှားပြဟှယ်။
ACT 10:41 အယ်ဘေမဲ့ လူတိုင်းဟှာ ကိုယ်တော့်ဟှို ဗြင်ရဂေ့ဇာ မှုဟှ။ သိသတ်သေလေဖြစ်န ဘုရားသခင်ဟှ ကြိုတန်ဘီး ဝီးကော့‑က်ဟှားဟှူ၊ သေရာဟှနေ ထမြော့‑က်ဘီးန ကိုယ်တော်နတူးဒူ စားသောက်ဂေ့ဟှူ နို့လေမျှဘဲ့ ဗြင်ရဂေ့ဟှယ်။
ACT 10:42 ကိုယ်တော်ဟှ လူလေဟှို ဒန်းကောန်း ဟောပြောဟှို့တွပ်န ကိုယ်တော်ဟှာ သတ်ရှင်နေဟှူလူလေန သေဟှားဟှူလူလေဟှို တရားစီရင်ဟှူ သခင်ဖြစ် ဘုရားသခင်ခန့်ဟှားဟှယ် ဆိုဇာဟှို သတ်သေခံဟှို့တွပ် နို့လေဟှို မိန့်မှာဟှားဟှယ်။
ACT 10:43 ကိုယ်တော့်ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ ကိုယ်တော်ရဲ့ နာမတော်အားဖြင့် ပြစ်လွှတ်ခံရလေ့မယ် ဆိုဘီး ကိုယ်တော်ကြောန်းဟှို ပရောဖက်လေဟှ သတ်သေခံဟှားဟှယ်” ဆိုဘီး ပြောလေဟှယ်။
ACT 10:44 အယ်စကားဟှို ပေတရုဟှ ပြောနေဒူးမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ တရားစကားဟှို နားထောန်နေဂေ့ဟှူ လူလေထတ်ဟှို ဆင်းလာဟှယ်။
ACT 10:45 ပေတရုနတူးဒူး လိုက်လာဟှူ ရေဖျားလှီးဟှားဟှူ ယောင်ကြည်သူ ယုဒလူမျိုးလေဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ လတ်ဆောန်ဟှို လူမျိုးခြားလေထတ်ဟှိုလည်း သွန်းလောန်းဟှူကြောန့် ရရာတိုင်း အံ့ဩဂေ့ဟှယ်။
ACT 10:46 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူမျိုးခြားလေဟှာ ထူးဆန်းဟှူ ဘာသာစကားလေဟှို ပြောနေဂေ့ဇာန ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဂေ့ဇာဟှို ကြားရဂေ့ဟှယ်။ အယ်ကြောန့် ပေတရုဟှ၊
ACT 10:47 “အယ်လူလေဟှာ နို့လေမျိုးဘဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ခံရဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှို ရေနဗတ္တိဇံဟှို ခံယူဘဲနေအောန် ဖယ်လူဟှ တားနိုင်ဟှို့နူး” ဆိုဘီး ပြောဟှယ်။
ACT 10:48 အယ်ကြောန့် ပေတရုဟှာ သူးနို့ဟှို ယေရှုခရစ်တော်ရဲ့ နာမတော်မာ ဗတ္တိဇံခံဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။ အယ်ဘီးန ပေတရုဟှို သူးနို့လေနတူးဒူ ရစ်နဲနဲနေဟှို့တွပ် တောန်းလျှော့‑က်ဂေ့ဟှယ်။
ACT 11:1 လူမျိုးခြားလေဟှ ဘုရားသခင်ရဲ့ စကားတော်ဟှို လတ်ခံရရှိဂေ့ဟှယ် ဆိုဇာဟှို ယုဒပြည် နေရာနှံ့မာ ရှိနေဟှူ တမန်တော်လေန ယောင်ကြည်သူ ညီကိုလေဟှ ကြားရဂေ့ဟှယ်။
ACT 11:2 ယေရုရှလင်ဗြို့ဟှို ပေတရု ရော့‑က်ဟှူ ခီမာ ရေဖျားလှီးဟှားဟှူ ယောင်ကြည်သူ ညီကိုလေဟှ သံသယဖြစ်ဟှူကြောန့်
ACT 11:3 “နန်ဟှာ ရေဖျားလှီးဘဲဟှူ လူမျိုးခြားလေရဲ့ အီဟှို ဝမ်ဘီးဟှာ သူးနို့န တူးဒူ စားသော့‑က်နေမား” ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။
ACT 11:4 အယ်ကြောန့် ပေတရုဟှာ ကြောန်းရာတခုလောင်းဟှို စဟှနေဆောင်းထိ ပြောပြလိုက်ဟှယ်။
ACT 11:5 ပေတရုဟှ “ငါဟှာ ယုပ္ပေဗြို့မာ ဆုတောန်းနေဒူးမာ ရူပါရောင်ဟှို ဗြင်ရဟှယ်။ ဒေါ့‑က်လေးဒေါ့‑က်န ချောက်ဟှားဟှူ ပိစဂီးတခုန တူဟှူဇာဟှာ ကောန်းဂန်ဟှနေ နိက္လလာဘီး ငါ့နားဟှို ရော့‑က်လာဇာဟှိုလည်း ငါဗြင်ဟှယ်။
ACT 11:6 ငါဟှာ အယ်မူဇာထဲဟှို သေးသေချားချာဟှား ကေ့လိုက်ဟှူ ခီမာ ခေလေးရှောန်းလိဆန်လေ၊ မ္လေဂီးမာနေဟှူ သားရဲလေ၊ တွားဘီးသွားဟှူ လိဆန်လေန ကောန်းဂန်ဟှ ငှတ်လေဟှို ဗြင်ရဟှယ်။
ACT 11:7 အယ်ဘီးန ‘ပေတရု၊ ထဘီး သတ်စားလိုက်’ ဆိုဘီး ငါ့ဟှို ပြောဟှူသံဟှို ငါကြားရဟှယ်။
ACT 11:8 အယ်ဘေမဲ့ ငါဟှ ‘သခင်၊ ဖယ်မျိုးလည်း ဖြစ်နိုင်ဟှ။ ကျွန်တော်ဟှာ ညစ်ညူးဇာန သန့်ရှင်းဘဲဟှူဇာဟှို ဖယ်ဒူးဟှလည်း စားဖူးဟှ’ ဆိုဘီး ပ္လန်လျှော့‑က်လိုက်ဟှယ်။
ACT 11:9 ကောန်းဂန်ဟှနေ သံတော်ဟှ ‘ဘုရားသခင်ဟှ သန့်ရှင်းဟှယ် ဆိုဇာဟှို ညစ်ညူးဟှယ် ဆိုဘီး ပြောန’ ဆိုဘီး ဒုတိယခါ မိန့်တော်မူဟှယ်။
ACT 11:10 အယ်မျိုး သောင်းခါဖြစ်ဘီးန အယ်ဇာတခုလောင်းဟှို ကောန်းဂန်ထဲဟှို ပ္လန်ဘီး ဆွဲဒန်လိုက်ဟှယ်။
ACT 11:11 ရှစ်ဟှားကြာဘီးန ကဲသရိဗြို့ဟှနေဘီး ငါ့နားဟှို လွှတ်လိုက်ဟှူ လူသောင်းယော့‑က်ဟှ ငါတည်းနေဟှူ အီဟှို ရော့‑က်လာဟှယ်။
ACT 11:12 ဝိညာဉ်တော်ဟှ သံသယမှေ့ဘဲန အယ်လူလေန တူးဒူ လိုက်ဟှားဟှို့တွပ် ငါ့ဟှို ပြောဟှယ်။ ယုပ္ပေဗြို့ဟှ ညီကိုခြော့‑က်ယော့‑က်လည်း ငါ့နတူးဒူ လိုက်ဂေ့ဟှယ်။ နို့လေဂူလောင်းဟှာ ကော်နေလိရဲ့ အီထဲဟှို ဝမ်ဂေ့ဟှယ်။
ACT 11:13 ကော်နေလိဟှ သူ့အီမာ ကောန်းဂန်တမန်တပါးဟှ ရပ်ဘီးဟှာ ‘ပေတရု နာမယ်ရှိဟှူ ရှိမုန်ဟှို ခေါ်ဟှို့တွပ် ယုပ္ပေဗြို့ဟှို ယော့‑က်ယော့‑က်ဟှို လွှတ်လိုက်။
ACT 11:14 အယ်လူဟှာ နန့်န နန့်မိသားစု ဂူလောင်းဟှို ကယ်တန်ခံရမယ့် တရားစကားဟှို ပြောလေ့မယ်’ ဆိုဘီး နို့လေဟှို ပြောဟှယ်။
ACT 11:15 အယ်ဘီးန ငါဟှာ စဘီးပြောဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ရင်းရင်ဒူးဟှ နို့လေထတ်ဟှို ဆင်းလာမျိုးဘဲ့ အယ်လူလေထတ်ဟှိုလည်း ဆင်းလာဟှယ်။
ACT 11:16 အယ်ခီမာ ‘ယောဟန်ဟှာ ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ဗတ္တိဇံခံရဂေ့လေ့မယ်’ ဆိုဘီး သခင်ဘုရား မိန့်တော်မူဟှားဇာဟှို ငါဟှာ ပ္လန်ဒိရဟှားဟှယ်။
ACT 11:17 ဘုရားသခင်ဟှာ သခင်ယေရှုခရစ်တော်ဟှို ယောင်ကြည်ဟှူ နို့လေဟှို ပေးဟှူမျိုးဘဲ့ အယ်လူမျိုးခြားလေဟှိုလည်း တူညီဟှူ လတ်ဆောန်ဟှို ပေးဟှယ် ဆိုဇာ ထန်ရှားနေဟှယ်။ အယ်ဆိုဟှာ ငါဟှာ ဖယ်မျိုးလူ ဖြစ်ဟှူကြောန့် ဘုရားသခင်ဟှို တားနိုင်ဟှို့နူး!” ဆိုဘီး ပြောဟှယ်။
ACT 11:18 အယ်စကားဟှို ကြားရဟှူ ခီမာ အယ်လူလေဟှာ ပြစ်တန်ဂေ့ဟှမ်း။ အယ်ဘီးန ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဘီး “အယ်ဆိုဟှာ ဘုရားသခင်ဟှာ သတ်ရှင်ဟှို့တွပ် ပို့ဆောန်ဟှူ နောန်ဒတရားဟှို လူမျိုးခြားလေဟှိုလည်း ပေးတော်မူဘီ။”
ACT 11:19 ယောင်ကြည်သူလေဟှာ သတေဖန်သတ်ခံရဟှူ ခီမာ ဖြစ်လာဟှူ ညှဉ်းဆဲမှုကြောန့် နေရာတိုင်းဟှို ကွဲဟှားဂေ့ဟှယ်။ တချို့ လူလေဟှာ ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်ဗြို့ထိ ရော့‑က်ဟှားဂေ့ဟှယ်။ သူးနို့ဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ယုဒလူမျိုးလေဟှိုဘဲ့ ဟောပြောဂေ့ဟှယ်။
ACT 11:20 သူးနို့ထဲမာ ကုပရုကျွန်းန ကုရေနေနယ်ဟှ ယောင်ကြည်သူလေ တချို့ပါဟှယ်။ သူးနို့ဟှာ အန္တိအုတ်ဗြို့ဟှို သွားဘီးဟှာ လူမျိုးခြားလေဟှို သခင်ယေရှုရဲ့ ကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။
ACT 11:21 သူးနို့ဟှာ သခင်ဘုရားရဲ့ တဂိုးတော်ဟှို ခံရဂေ့ကြောန့် လူလေဘောင်ဂီးဟှ ယောင်ကြည်ဘီးဟှာ သခင်ဘုရားဖတ်ဟှို ပ္လောန်းလဲလာဂေ့ဟှယ်။
ACT 11:22 အယ်ဒန်းဟှို ယေရုရှလင်ဗြို့မာရှိဟှူ သင်းတော်ဟှ ကြားရဟှူ ခီမာ ဗာနဗဟှို အန္တိအုတ်ဗြို့ဟှို လွှတ်လိုက်ဟှယ်။
ACT 11:23 သူဟှာ အယ်ဗြို့ဟှို ရော့‑က်ဟှူ ခီမာ လူလေဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ဗြင်ရဟှူ ခီမာ ရရာတိုင်း ဝန်းသာဘီးဟှာ သခင်ဘုရားဟှို စိနှလောင်းကြွင်းမဲ့ ယောင်ကြည်ဘီး သစ်စာစောန့်ဂေ့ဟှို့တွပ် တိုက်တွန်းလေဟှယ်။
ACT 11:24 ဗာနဗဟှာ သူတော်ကောန်းဖြစ်ဘီး သန့်ရှင်းဟှူဝိညာဉ်တော်နရော၊ ယောင်ကြည်ရှင်းနရော ပ္လဲ့ဝနေဟှယ်။ အယ်ကြောန့် လူလေဘောင်ဂီးဟှာ သခင်ဘုရားဖတ်ဟှို ပ္လောန်းလဲလာဂေ့ဟှယ်။
ACT 11:25 အယ်ဘီးန ဗာနဗဟှာ ရှောလုဟှို ရှာဟှို့တွပ် တာရှုဗြို့ဟှို သွားလိုက်ဟှယ်။
ACT 11:26 သူ့ဟှို တွိဟှူ ခီမာ အန္တိအုတ်ဗြို့ဟှို ခေါ်လာဟှယ်။ သူးနို့ နှေ့ယော့‑က်ဟှာ တနှစ်လောင်းလောင်း သင်းတော်မာ စုဝေးဂေ့ဘီးဟှာ လူလေဟှို သွန်သန်ဟှယ်။ တဗဲ့တော်လေဟှာ ပထမဦးဆောင်း ခရစ်ယာန် ဆိုဘီး ခေါ်ခံရဟှူနေရာဟှာ အန္တိအုတ်ဗြို့မာ ဖြစ်ဟှယ်။
ACT 11:27 အယ်ခီမာ ပရောဖက်တချို့ဟှာ ယေရုရှလင်ဗြို့ဟှနေ အန္တိအုတ်ဗြို့ဟှို လာဂေ့ဟှယ်။
ACT 11:28 အယ်လူလေထဲဟှ အာဂဗု နာမယ်ရှိဟှူ လူတယော့‑က်ဟှာ ထဘီးဟှာ တကမ္ဘာလောင်းမာ ငတ်မွတ်ခေါန်းပါးဘေး ရော့‑က်လာလေ့မယ် ဆိုဘီး ဝိညာဉ်တော်အားဖြင့် ကြိုတန်ဘီး ဟောပြောလေဟှယ်။ အယ်မူဇာဟှာ မန်းဂီး ကလောဒိ လတ်ထတ်မာ ငတ်မွတ်ခေါန်းပါးဘေး က္လရော့‑က်လာဟှယ်။
ACT 11:29 တဗဲ့တော်လေဟှာ သူးနို့ တတ်နိုင်မျှတိုင်းဘဲ့ ယုဒပြည်မာရှိနေဟှူ ညီကို မောန်နှမလေဟှို ကူညီဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။
ACT 11:30 အယ်မျိုး ဆောင်းဖြတ်ဂေ့ဘီးန ကပ်လေဟှို ဗာနဗန ရှောလုလေအားဖြင့် ယေရုရှလင်ဗြို့မာရှိဟှူ သင်းတော် လူဂီးလေနားဟှို ပို့ပေးဂေ့ဟှယ်။
ACT 12:1 အယ်ခီကာလမာ ဟေရုဒ်မန်းဂီးဟှာ သင်းတော်ဝမ်တချို့ဟှို စဘီးဟှာ ညှဉ်းဆဲဟှို့တွပ် ကြံစည်လေဟှယ်။
ACT 12:2 သူဟှာ ယောဟန်ရဲ့ နောန် ယာကုပ်ဟှို ထားန သတ်လိုက်ဟှယ်။
ACT 12:3 အယ်မူဇာဟှို ယုဒလူမျိုးလေဟှ နှစ်သက်ဂေ့ဟှယ်။ အယ်ကြောန့် သူဟှာ ပေတရုဟှိုလည်း ဖမ်းဟှားလေဟှယ်။ အယ်မူဇာဟှာ တဆေးမှေ့ဘဲ့ဟှူ မုပွဲတော်ခီမာ ဖြစ်ဟှားဟှယ်။
ACT 12:4 ဟေရုဒ်ဟှာ ပေတရုဟှို ဖမ်းဘီးန စစ်သားလေးယော့‑က်စီပါဟှူ တပ်စုလေးစုရဲ့ လတ်ထဲဟှို အပ်ဘီးဟှာ ကျဉ်းခ္လဟှားဟှယ်။ ပသခါပွဲပီးဟှားဘီးန သူ့ဟှို ယုဒလူမျိုးလေရဲ့ ရှေ့မာ စစ်ဆေးဘီးဟှာ စီရင်ဟှို့တွပ် ကြံစည်ဟှားဟှယ်။
ACT 12:5 အယ်ကြောန့် ပေတရုဟှာ ထောန်ထဲမာ ကျဉ်းခ္လခံရဟှယ်။ အယ်ခီမာ သင်းတော်ဟှ သင်းသားလေဟှာ ပေတရုတွပ် စိပါလတ်ပါန ဘုရားသခင်ဟှို ဆုတောန်းနေဂေ့ဟှယ်။
ACT 12:6 ဟေရုဒ်ဟှာ ပေတရုဟှို လူလေရှေ့ဟှို ခေါ်လာဘီး စစ်ဆေးဟှူ နေ့ရော့‑က်ခန် ညဉ့်ခန်းဇာမာ ပေတရုဟှာ စစ်သားနှေ့ယော့‑က်ကြားမာ အိမွိနေဟှယ်။ သူ့ဟှို သံကြိုးနှေ့ပန်န ခယ်ဟှားဟှယ်။ ထောန်ခွဗော့‑က်ရှေ့မာလည်း စောန့်တပ်သားလေဟှာ စောန့်နေဂေ့ဟှယ်။
ACT 12:7 ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ ရော့‑က်တရစ် ပေါ်လာဘီးဟှာ ချောက်ခန်းထဲမာ လန်းဟှားလေဟှယ်။ ကောန်းဂန်တမန်ဟှာ သူ့ရဲ့ခေါင်းဟှို လှောက်ဘီးဟှာ “ဗြန်းဗြန်ဟှားထလိုက်!” ဆိုဘီး နိုးဟှယ်။ ရှစ်ရှင်းဘဲ ခယ်ဟှားဟှူ သံကြိုးလေဟှာ ပေတရုရဲ့ လတ်ဟှနေ ကလွတ်ဟှားလေဟှယ်။
ACT 12:8 အယ်ဘီးန ကောန်းဂန်တမန်ဟှ “နန့်ရဲ့ ခါးဗတ်ဟှို ပတ်ဘီးဟှာ ခေနပ်ဟှို စီးလိုက်” ဆိုဘီး ပြောလိုက်ဟှယ်။ ပေတရုဟှာ ပြောဟှူတိုင်း လောက်လိုက်ဟှယ်။ ကောန်းဂန်တမန်ဟှ “ဝတ်လောင်ဟှို ချောင်ဘီးဟှာ ငါ့နတူးဒူလိုက်” ဆိုဘီး ပြောလိုက်ဟှယ်။
ACT 12:9 ပေတရုဟှာ ချောက်ခန်းဟှနေထွပ်ဘီး သူ့နော့‑က်ဟှို လိုက်ဟှားလေဟှယ်။ သူဟှာ ကောန်းဂန်တမန် လောက်ဟှူဇာလေဟှို မှန်ဖြစ်ဟှယ် ဆိုဇာ သိဟှ။ ရူပါရောင်ဟှို ဗြင်နေဟှယ် ဆိုဘီး ထန်နေဟှယ်။
ACT 12:10 သူးနို့ဟှာ စောန့်လေခ္လဟှားဟှူ နေရာနှေ့ခုဟှို ကျော်ဘီးဟှာ ထောန်ထဲဟှထွပ်ဟှူ သံခွဗော့‑က်နားဟှို ရော့‑က်ဟှားဂေ့ဟှယ်။ အယ်ခွဗော့‑က်ဟှာ သူ့လိုလို ပွမ့်နေဟှူကြောန့် သူးနို့ ထွပ်ဟှားဘီးဟှာ လမ်းတိုင်းသွားလိုက်ဂေ့ဟှယ်။ အယ်ဘီးန ကောန်းဂန်တမန်ဟှာ ပေတရုနားဟှနေ ရော့‑က်တရစ် ထွပ်ဟှားလေဟှယ်။
ACT 12:11 ပေတရုဟှာ ပ္လန်ဘီး ဒိရလာဟှူ ခီမာ “သခင်ဘုရားဟှာ သူ့ရဲ့ ကောန်းဂန်တမန်ဟှို လွှတ်ဘီးဟှာ ငါ့ဟှို ဟေရုဒ်ရဲ့ လတ်ထဲဟှရော၊ ယုဒလူမျိုးလေရဲ့ လတ်ထဲဟှို ငါ့ဟှို ရော့‑က်စေဘဲဟှို့တွပ် မျှော်နေဟှူဘေးဟှနေ ကယ်တန်ရှင်းဟှို ခု ငါစစ်မှန်သိဟှားဘီ ဆိုဘီး ပြောဟှယ်။”
ACT 12:12 အယ်မျိုးသိဟှူ ခီမာ သူဟှာ မာကု ဆိုဘီး ခေါ်ဟှူ ယောဟန်ရဲ့မိ မာရိအီဟှို သွားဟှယ်။ အယ်အီမာ လူလေဘောင်ဂီးဟှ စုဘီးဟှာ ဆုတောန်းနေဂေ့ဟှယ်။
ACT 12:13 ပေတရုဟှာ အီခွဗော့‑က်ဟှို ခေါ့‑က်လိုက်ဟှူ ခီမာ ရောဒေနာမယ်ရှိဟှူ၊ စေခံ မီးမဂန်းဟှားဟှာ ခွဗော့‑က်ဖွမ့်ဟှို့ လာဟှယ်။
ACT 12:14 သူဟှာ ပေတရုသံဟှို မှတ်မိဟှူကြောန့် ရရာတိုင်း ဝန်းသာဘီးဟှာ ခွဗော့‑က်ဟှို ဖွမ့်ဘဲန အီထဲဟှို ပ္လေးဟှားဘီး ပေတရု ပ္လန်မာရော့‑က်နေဟှယ် ဆိုဘီး လူလေဟှို ပြောဟှယ်။
ACT 12:15 အယ်လူလေဟှ “နန်ဟှာ ရူးနေမား” ဆိုဘီး ပြောဟှယ်။ အယ်ဘေမဲ့ မီးမဂန်းဟှားဟှ သူပြောနေဇာဟှာ မှန်းမှန်ကန်းကန် ဖြစ်နေဟှူကြောန့် သေးသေချားချာဟှား ပြောဟှူ ခီမာ သူးနို့ဟှာ “ပေတရုရဲ့ ကောန်းဂန်တမန် ဖြစ်လေ့မယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 12:16 ပေတရုဟှာ ခွဗော့‑က်ဟှို ဆစ်ဘီးဟှာ ခေါ့‑က်နေဟှူ ခီမာ သူးနို့ဟှာ ခွဗော့‑က်ဟှို ဖွမ့်လိုက်ဂေ့ဟှူကြောန့် ပေတရုဟှို ဗြင်ဟှားဘီး အံ့ဩဟှားဂေ့ဟှယ်။
ACT 12:17 ပေတရုဟှာ တိတိဟှား နေဂေ့ဟှို့တွပ် လတ်နချစ်ပြဘီးဟှာ သခင်ဘုရားဟှာ သူ့ဟှို ထောန်ထဲဟှ ဖယ်မျိုးခေါ်ထုလာဟှယ် ဆိုဇာဟှို ပြောပြဟှယ်။ အယ်ဘီးန “အယ်ကြောန်းဟှို ယာကုပ်န တခြားညီကို မောန်နှမ လေဟှိုလည်း ပြောပြဂေ့ပါ” ဆိုဘီး တခြားနေရာဟှို ထွပ်ဟှားလိုက်ဟှယ်။
ACT 12:18 မိုးလန်းလာဟှူ ခီမာ “ပေတရုဟှ ဖယ်မာနူး” ဆိုဘီး စောန့်တပ်သားလေဟှာ ရရာတိုင်း ကြော့‑က်နေဂေ့ဟှယ်။
ACT 12:19 ဟေရုဒ်မန်းဂီးဟှာ ပေတရုဟှို ရှာခိုင်းဟှူ ခီမာ တွိဘဲ့ကြောန့် စောန့်တပ်သားလေဟှို စစ်ဆေးဘီးန သေဒန်ပေးဟှို့တွပ် မိန့်ခ္လလိုက်ဟှယ်။ အယ်ဘီးန ဟေရုဒ်မန်းဂီးဟှာ ယုဒပြည်ဟှနေ ထွပ်ဟှားဘီးဟှာ ကဲသရိဗြို့ထဲမာ ရှစ်ဟှားနေနေဟှယ်။
ACT 12:20 ဟေရုဒ်မန်းဂီးဟှာ တုရုဗြို့သားလေန ဇိဒုန်ဗြို့သားလေဟှို ရရာတိုင်း ဒေါသထွပ်ဟှူကြောန့် အယ်ဗြို့သားလေဟှာ စည်းရောင်းဘီးဟှာ မန်းဂီးနားဟှို ရော့‑က်လာဂေ့ဟှယ်။ နန်းတော်အောက် ဗလတ္တုရဲ့ ကူညီဟှို ယူဂေ့ဘီး ဟေရုဒ်မန်းဂီးနားဟှို ဝမ်ဘီးဟှာ ငြီသတ်ဟှို့တွပ် စကားကမ်းလှမ်းဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ပြည်ဟှာ ဟေရုဒ်မန်းဂီးရဲ့ ပြည်ဟှို မှီခိုစားသော့‑က်နေရဟှယ်။
ACT 12:21 ဟေရုဒ်ဟှာ ချီးချစ်ဟှားဟှူနေ့မာ မန်းဂီးအန်းဂီလေဟှို ဝတ်ဘီးဟှာ ရာဇပလ္လင်ထတ်မာ ထိုင်ဘီးဟှာ လူလေဟှို မိန့်ခွန်းပြောဟှယ်။
ACT 12:22 အယ်လူလေဟှ “အယ်သံဟှာ လူရဲ့သံ မှုဟှ။ ဘုရားသခင်ရဲ့ သံတော်ဖြစ်ဟှယ်” ဆိုဘီး ကြွေးကြော်ဂေ့ဟှယ်။
ACT 12:23 အယ်ခီမာ မန်းဂီးဟှာ ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဘဲကြောန့် ရှစ်ရှင်းဘဲ့ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ သူ့ဟှို ဒန်ခတ်လိုက်ဟှူကြောန့် သူဟှာ ပိုးလေစားခံရဘီး သေဟှားလေဟှယ်။
ACT 12:24 အယ်ခီမာ ဘုရားသခင်ရဲ့ စကားတော်ဟှာ နေရာတိုင်းဟှို ပ္လံ့နှံ့ဟှားဘီးဟှာ ယောင်ကြည်သူလေဟှာ တိုးပွားလာဟှယ်။
ACT 12:25 ဗာနဗန ရှောလုလေဟှာ သူးနို့ မှုကိစဟှို လောက်ဂေ့ဘီးန မာကု ဆိုဘီး ခေါ်ဟှူ ယောဟန်ဟှို သူးနို့နတူးဒူ ခေါ်ဘီးဟှာ ယေရုရှလင်ဗြို့ဟှနေ ပ္လန်လာဂေ့ဟှယ်။
ACT 13:1 အန္တိအုတ်ဗြို့ဟှ သင်းတော်မာ ပရောဖက်လေန ဆရာလေရှိဟှယ်။ အယ်လူလေဟှာ ဗာနဗ၊ နိဂါ ဆိုဘီး ခေါ်ဟှူ ရှုမောင်၊ ကုရေနေနယ်သား လုကိ၊ စော်ဘွားဟေရုဒ်ရဲ့ ငယ်ဂျင်းဖြစ်ဖူးဟှူ မာနင်န ရှောလုဟှားလေ ဖြစ်ဂေ့ဟှယ်။
ACT 13:2 အယ်လူလေဟှာ သခင်ဘုရားရဲ့ မှုတော်ဟှို လောက်ဆောန်ဘီး စာရှောန်နေဂေ့ဒူးမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှ သူးနို့ဟှို “ရှောလုန ဗာနဗလေဟှို ငါ့မှုဟှို ဆောန်ဟှို့တွပ် သီးသန့် ဝီးကော့‑က်ဟှားဂေ့” ဆိုဘီး ပြောဟှယ်။
ACT 13:3 သူးနို့ဟှာ စာရှောန်ဆုတောန်းဘီးန ဗာနဗန ရှောလုလေရဲ့ ခေါန်းထတ်မာ သူးနို့လတ်ဟှို တန်ဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှို မှုတော်ဆောန်ဟှို့တွပ် လွှတ်လိုက်ဂေ့ဟှယ်။
ACT 13:4 ဗာနဗန ရှောလုလေဟှာ သန့်ရှင်းဟှူဝိညာဉ်တော် လွှတ်လိုက်တိုင်းဘဲ့ သေလုကိဗြို့ဟှနေ ကုပရုကျွန်းဟှို သန်းဖောန သွားဂေ့ဟှယ်။
ACT 13:5 သူးနို့ဟှာ ရှာလမိဗြို့ဟှို ရော့‑က်ဟှူ ခီမာ ယုဒလူမျိုးလေရဲ့ ဝါလယ်ဇရပ်လေမာ ဘုရားသခင်ရဲ့ စကားတော်ဟှို ဟောပြောဂေ့ဟှယ်။ မာကု ဆိုဘီး ခေါ်ဟှူ ယောဟန်ဟှာ သူးနို့လေရဲ့ လတ်ထော့‑က်နေန ကူညီပေးဟှို့တွပ် ခေါ်ဟှားဂေ့ဟှယ်။
ACT 13:6 သူးနို့ဟှာ အယ်ကျွန်းဟှို ဖြတ်ဟှားဘီးဟှာ ပါဖုဗြို့ထိ သွားဂေ့ဟှယ်။ အယ်ဗြို့မာ ယုဒလူမျိုး ပရောဖက်တုယောန်ဖြစ်ဟှူ နတ်ဝိဇ္ဇာတယော့‑က်ဟှို တွိဂေ့ဟှယ်။ သူ့နာမယ်ဟှ ဗာယေရှု ဖြစ်ဟှယ်။
ACT 13:7 သူဟှာ ဗြို့ဝန်မန်း သေရဂိပေါလုရဲ့ မိဆွေဖြစ်ဟှယ်။ အယ်ဗြို့ဝန်မန်းဟှာ ဒိပညာရှိဟှူ လူတယော့‑က်ဖြစ်ဟှယ်။ သူဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ကြားရှင်ဟှူကြောန့် ဗာနဗန ရှောလုဟှို ဖိခေါ်လိုက်ဟှယ်။
ACT 13:8 အယ်ဘေမဲ့ ဟေလသဘာသာန ဧလုမနာမယ်ရှိဟှူ နတ်ဝိဇ္ဇာတယော့‑က်ဟှာ ဗြို့ဝန်မန်းဟှို ယောင်ကြည်ရှင်းဟှနေ လွဲစေဟှို့တွပ် ဗာနဗန ရှောလုလေဟှို တားလေဟှယ်။
ACT 13:9 အယ်ခီမာ ပေါလု ဆိုဘီး ခေါ်ဟှူ ရှောလုဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝဘီး နတ်ဝိဇ္ဇာသမားဟှို စိုက်ကေ့ဘီးန၊
ACT 13:10 “နန်ဟှာ မာရ်နတ်ရဲ့သား! လှည့်ဇားလီညာသူ၊ မှန်တရားရဲ့ ရန်သူ၊ နန်ဟှာ ဘုရားသခင်ရဲ့ ဖြောန့်မတ်ဟှူလမ်းဟှို ဖျစ်ဆီးဘဲန နေနိုင်ဟှလော။
ACT 13:11 ခုဘဲ့ ဘုရားသခင်ရဲ့ လတ်တော်ဟှာ နန့်ထတ်မာ က္လလာဘီးဟှာ မျစ်စိကန်းလေ့မယ်။ နန်ဟှာ နေဟှို ကြာဂီးဗြင်ရဟှို့ မှုဟှ” ဆိုဘီး ပြောဟှယ်။ ရှစ်ရှင်းဘဲ့ ဧလုမဟှာ မျစ်စိကန်းဟှားဘီးဟှာ လောင်းဝ မှောန်မိုက် ဖြစ်ဟှားကြောန့် သူ့လတ်ဟှို ဆွဲဘီး လမ်းပြပေးဟှူလူဟှို စမ်းတဝါးဝါး ရှာနေရဟှယ်။
ACT 13:12 ဗြို့ဝန်မန်းဟှာ အယ်ဖြစ်ပျစ်ဇာဟှို ဗြင်ဟှူ ခီမာ ယောင်ကြည်လာဟှယ်။ သူဟှာ သခင်ဘုရားရဲ့ တရားတော်ဟှို ကြားရခီမာလည်း အံ့ဩနေဟှယ်။
ACT 13:13 ပေါလုန သူ့ပေါန်းဖော်လေဟှာ ပါဖုဗြို့ဟှနေ သန်းဖောနသွားဘီးန ပံဖုလိပြည် ပေရဂေဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ အယ်နေရာမာ မာကု ဆိုဘီး ခေါ်ဟှူ ယောဟန်ဟှာ သူးနို့န လမ်းခွဲဘီးဟှာ ယေရုရှလင်ဗြို့ဟှို ပ္လန်ဟှားဟှယ်။
ACT 13:14 သူးနို့ဟှာ ပေရဂေဗြို့ဟှ ထွပ်ဟှားဘီးဟှာ ပိသိဒိပြည် အန္တိအုတ်ဗြို့ဟှို ရော့‑က်ဟှားဘီး ဒန်းနေ့မာ ဝါလယ်ဇရပ်ဟှို ဝမ်ဘီး ထိုင်နေဂေ့ဟှယ်။
ACT 13:15 ပညတ်ကျမ်းန ပရောဖက်ကျမ်းလေဟှို ဖတ်ဟှူ ခီမာ ဝါလယ်ဇရပ် တာဝန်ခံလေဟှာ သူးနို့ဟှို “ညီကိုလေ၊ အယ်လူလေဟှို တိုက်တွန်းအားပေးဟှူစကား ပြောမယ် ဆိုဟှာ ပြောဂေ့ပါ” ဆိုဘီး ကြောန်းကြားဂေ့ဟှယ်။
ACT 13:16 ပေါလုဟှာ ထဘီးဟှာ လတ်နပြလိုက်ဘီးန “ဣသရေလလူမျိုးလေန ဘုရားသခင်ဟှို ကိုးကွယ်ဟှူ လူမျိုးခြားလေ ငါ့စကားဟှို နားထောန်ဂေ့ပါ။
ACT 13:17 ဣသရေလလူမျိုးလေရဲ့ ဘုရားသခင်ဟှာ နို့လေရဲ့ ဘိုးဘေးလေဟှာ အဲဂုတ္တုပြည်မာ ဧည့်သည်ဖြစ်န နေဟှူ ခီမာ သူးနို့ဟှို ဝီးကော့‑က်ဘီးဟှာ လူမျိုးဂီး ဖြစ်စေဟှယ်။ အားကီးဟှူ တဂိုးတော်န အယ်ပြည်ဟှနေ ထုဆောန်ဟှားဟှူ ခီမာ
ACT 13:18 တောကန္တာရမာ နှစ်လေးဆယ်လောင်းလောင်း သူဟှာ သီးခံဟှယ်။
ACT 13:19 အယ်ဘီးန ခါနာန်ပြည်မာနေဟှူ လူမျိုးခွန်နစ်မျိုးဟှို ဖျစ်ဆီးဘီးဟှာ အယ်ပြည်ဟှို သူ့လူမျိုးလေဟှို ပိုင်ပေးလိုက်ဟှယ်။
ACT 13:20 အယ်မူဇာလေဟှာ နှစ်ပေါန်းလေးရာငါးဆယ် နီးပါးကြာဟှားဟှယ်။” “အယ်ဘီးန ပရောဖက်ရှမွေလခီထိ တရားသူဂီးလေဟှို ပေါ်လာစေဟှယ်။
ACT 13:21 သူးနို့ဟှာ မန်းဂီးတပါးဟှို တောန်းဂေ့ဟှူကြောန့် ဘုရားသခင်ဟှာ ကိရှရဲ့သား ဗင်္ယာမိန်မျိုးနွယ်ဖြစ်ဟှူ ရှောလုဟှို နှစ်လေးဆယ်လောင်းလောင်း အောက်ချောက်ဟှို့တွပ် သူးနို့ဟှို ပေးလိုက်ဟှယ်။
ACT 13:22 အယ်ဘီးန ဘုရားသခင်ဟှာ ရှောလုဟှို ဖယ်ဘီးဟှာ ဒါဝိဒ်ဟှို ဣသရေလရဲ့ မန်းဂီးဖြစ်န ချီးမြှော့‑က်လိုက်ဟှယ်။ ဘုရားသခင်ဟှ ‘ငါ လောက်ခိုင်းဟှားဇာလေဟှို လောက်ဟှို့တွပ် ငါ့ရဲ့ စိတော်နတွိဟှူ ယေရှဲရဲ့သား ဒါဝိဒ်ဟှို ငါတွိဟှားဘီ’ ဆိုဘီး ဒါဝိဒ်န ပတ်သတ်ဇာလေဟှို သတ်သေခံလိုက်ဟှယ်။
ACT 13:23 ဘုရားသခင်ဟှာ သူ့ရဲ့ ဂဒိတော်တိုင်း ဣသရေလလူမျိုးလေတွပ် ကယ်တန်ရှင်ယေရှုဟှို အယ်ဒါဝိဒ်ရဲ့ သားမ္လေးလေထဲမာ ပေါ်လာစေဟှယ်။
ACT 13:24 ယေရှုဟှာ မှုတော်မြတ်ဟှို လောက်ခန်မာ ယောဟန်ဟှာ ဣသရေလလူမျိုးလေဟှို နောန်ဒရဘီး ဗတ္တိဇံခံဂေ့ပါ ဆိုဘီး ဟောဟှယ်။
ACT 13:25 သူလောက်ရဟှူ မှုတော်မြတ် ပီးဆောင်းခါနီးမာ ယောဟန်ဟှာ ‘နန်းနို့ဟှ ငါ့ဟှို ဖယ်လူ ဆိုဘီး ထန်ဂေ့နူး။ ငါဟှာ နန်းနို့ စောန့်နေဟှူသခင် မှုဟှ။ အယ်သခင်ဟှာ ငါ့နော့‑က်မာ ပေါ်လာလေ့မယ်။ ငါဟှာ အယ်သခင်ရဲ့ ခေနပ်ကြိုးဟှို ဖြေဟှို့ဟှိုမှ ထိုက်ဟှ’ ဆိုဘီး ပြောဟှယ်။”
ACT 13:26 “အာဗြဟံရဲ့ သားမ္လေးလေဖြစ်ဟှူ ငါ့ညီကိုလေန ဘုရားသခင်ဟှို ကိုးကွယ်ဟှူ လူမျိုးခြားလေ၊ ကယ်တန်ရှင်းဆိုင်ဟှူ အယ်မူတရားတော်ဟှို နို့လေနားဟှို ပေးပို့လိုက်ဟှယ်။
ACT 13:27 ယေရုရှလင်ဗြို့သားလေန သူးနို့ခေါန်းဆောန်လေဟှ အယ်သခင်ဟှာ ကယ်တန်ရှင် ဖြစ်ဟှယ် ဆိုဇာဟှို နားလည်ဂေ့ဟှ။ ဒန်းနေ့တိုင်း သူးနို့ဖတ်ဂေ့ဟှူ ပရောဖက်လေရဲ့ စကားလေဟှိုလည်း နားလည်ဂေ့ဟှ။ အယ်ဘေမဲ့ သူးနို့လေဟှာ ပရောဖက်လေရဲ့ စကားတိုင်း ပ္လဲ့ဇောင်ဟှို့တွပ် အယ်သခင်ဟှို ပြစ်ဒန်စီရင်ဂေ့ဟှယ်။
ACT 13:28 အယ်မျိုး သေဒန်စီရင်ဟှို့ ပြစ်တခုလည်း သူးနို့လေ တွိဘေမဲ့လည်း ကိုယ်တော့်ဟှို သေဒန်ပေးဟှို့တွပ် ပိလတ်မန်းဟှို တောန်းဆိုဂေ့ဟှယ်။
ACT 13:29 သူးနို့ဟှာ အယ်သခင်န ပတ်သတ်ဘီး ကျမ်းစာထဲမာ ပြောဟှားဇာလေဟှို လောက်ဂေ့ဘီးန အယ်သခင်ရဲ့ တဗဲ့တော်လေဟှာ လတ်ဝါးကပ်တိုင်ဟှနေ ခ္လဘီး သန်းခ္လိုင်းဂူမာ သင်္ဂြိုဟ်ဂေ့ဟှယ်။
ACT 13:30 အယ်ဘေမဲ့ ဘုရားသခင်ဟှာ အယ်သခင်ဟှို သေရာဟှနေ ထမြော့‑က်စေဟှယ်။
ACT 13:31 အယ်ဘီးန အယ်သခင်ဟှာ ရင်းရင်ဒူးဟှ သူ့နတူးဒူ ဂါလိလဲပြည်ဟှနေ ယေရုရှလင်ဗြို့ဟှို လိုက်ပါလာဂေ့ဟှူ လူလေဟှို ရစ်ပေါန်းကြာဂီး ကိုယ်ထန်ရှားပြဟှယ်။ သူးနို့ဟှ ခုခီမာ ဣသရေလလူမျိုးလေဟှို ကိုယ်တော်ကြောန်းဟှို သတ်သေခံနေဂေ့ဟှယ်။
ACT 13:32 နို့လေလည်း ဘိုးဘေးလေဟှို ပေးဟှားဟှူ၊ ဂဒိတော်နဆိုင်ဟှူ၊ ကောန်းမြတ်ဟှူ ဒန်းကောန်းဟှို နန်းနို့လေဟှို ဟောပြောဂေ့ဟှယ်။
ACT 13:33 ဘုရားသခင်ဟှာ ယေရှုဟှို ထမြော့‑က်စေဘီး ဘိုးဘေးလေရဲ့ သားမီးလေဖြစ်ဂေ့ဟှူ နို့လေတွပ် အယ်ဂဒိတော်လေဟှို ပ္လဲ့ဇောင်စေတော်မူဘီ။ ဆာလံကျမ်း ဒုတိယခန်းမာ၊” “ ‘နန်ဟှာ ငါ့သားဖြစ်ဟှယ်။ အယ်နေ့ဘဲ့ နန့်ဟှို သားရာဟှို ငါပေးဘီ’ ဆိုဘီး ရေးဟှားတိုင်းဘဲ့ ဖြစ်ဟှယ်။”
ACT 13:34 “သန်းခ္လိုင်းထဲမာ ပေါက်ပျစ်ဘဲန သေရာဟှနေ ထမြော့‑က်ဟှူကြောန်းဟှို ဘုရားသခင်ဟှ၊” “‘ဒါဝိဒ်ဟှိုလည်း ကောန်းဂျီးပေးဟှို့တွပ် ဂဒိပြုဟှားတိုင်းဘဲ့ နန်းနို့ဟှိုလည်း သန့်ရှင်းမြင့်မြတ်ဘီး သေချာဟှူကောန်းဂျီးဟှို ပေးမယ်’ ဆိုဘီး ပြောဟှယ်။”
ACT 13:35 “တခြားကျမ်းပိုဒ်မာ၊ ‘ကိုယ်တော်ဟှာ သန့်ရှင်းဟှူ စေခံဟှို သန်းခ္လိုင်းထဲမာ ပေါက်ပျစ်စေဟှို့ မှုဟှ’ ဆိုဘီး ပြောဟှားဟှယ်။”
ACT 13:36 “ဒါဝိဒ်ဟှာ သူသတ်ရှင်နေဒူးဟှ ဘုရားသခင်ရဲ့ ကြံစည်ရှိဟှူတိုင်း လိုက်ရှော့‑က်ဘီးန သေဟှားဘီးဟှာ ဘိုးဘေးလေရဲ့ သန်းခ္လိုင်းထဲမာ သင်္ဂြိုဟ်ခံရဟှယ်။ သူ့ရဲ့ခန္ဓာဟှာ သန်းခ္လိုင်းထဲမာ ပေါက်ပျစ်ဟှားဟှယ်။
ACT 13:37 အယ်ဘေမဲ့ ဘုရားသခင် ထမြော့‑က်စေလိုက်ဟှူ သခင်ရဲ့ခန္ဓာဟှာ ပေါက်ပျစ်ဟှ။
ACT 13:38 အယ်ကြောန့် ညီကိုလေ၊ အယ်သခင်အားဖြင့် ပြစ်လေ ခွမ့်လွှတ်ရှင်းကြောန်းဟှို နန်းနို့လေဟှို ဟောပြောနေဇာဟှိုရော၊ ယောင်ကြည်ဟှူ လူတိုင်းဟှာ ကိုယ်တော်အားဖြင့် မောရှေရဲ့ ပညတ်တရားအားဖြင့် ဖြောန့်မတ်ဟှယ် ဆိုဘီး သိမှတ်ပြုရှင်း ခံရနိုင်ဘဲဟှူရာလေ ဂူလောင်းဟှနေ လွတ်ဘီး၊
ACT 13:39 အယ်သခင်အားဖြင့် ဖြောန့်မတ်ဟှယ် ဆိုဘီး သိမှတ်ပြုရှင်း ခံရဇာဟှိုရော နန်းနို့ သိမှတ်ဂေ့။
ACT 13:40 ပရောဖက်ကျမ်းလေမာ ငါ မိန့်တော်မူဟှားဇာဟှို ထီမဲ့မြင်ဟှူသူလေ နားထောန်ဂေ့။”
ACT 13:41 “ ‘ ထီလေးဇားမားလေ၊ ကေ့ရှုဂေ့! အံ့ဩဟှားဘီး သေပါလေစေ! အယ်နေ့ ငါလောက်နေဟှူဇာလေဟှို ယော့‑က်ယော့‑က်ဟှ ရှင်းပြဘေမဲ့လည်း နန်းနို့ဟှာ ယောင်ကြည်ဟှို့ မှုဟှ’ ဆိုဘီး ဖော်ပြဟှားဟှယ်။ အယ်မျိုး ဖော်ပြဟှားတိုင်း ဖြစ်ဟှို့တွပ် ဒိထားဂေ့ပါ၊” ဆိုဘီး ဟောလေဟှယ်။
ACT 13:42 ဝါလယ်ဇရပ်ဟှနေ ပေါလုန ဗာနဗလေဟှာ ထွပ်လာဟှူ ခီမာ လူလေဟှ သူးနို့ဟှို နော့‑က်ပတ်ဒန်းနေ့မာ အယ်ကြောန်းလေဟှို နော့‑က်တခါ ဟောပြောဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။
ACT 13:43 ဝါလယ်ဇရပ်မာ လူစုကွဲဟှားဟှူ ခီမာ ယုဒလူမျိုးလေန ဘုရားသခင်ဟှို ကိုးကွယ်ဘီး ယုဒဘာသာဝမ်ဖြစ်လာဟှူ လူလေဟှာ ပေါလုန ဗာနဗလေရဲ့ နော့‑က်ဟှိုလိုက်ဟှားဂေ့ဟှယ်။ တမန်တော်လေဟှ အယ်လူလေဟှို ဘုရားသခင်ရဲ့ ကျေးဇူးတော်န ဆစ်ဘီးဟှာ သတ်ရှင်ဟှို့တွပ် စည်းရောင်းဂေ့ဟှယ်။
ACT 13:44 နော့‑က်ပတ်ဒန်းနေ့မာ သခင်ဘုရားရဲ့ စကားတော်ဟှို ကြားရဟှို့တွပ် တဗြို့လောင်းနီးပါး ရော့‑က်လာဂေ့ဟှယ်။
ACT 13:45 ယုဒလူမျိုးလေဟှာ လူအောက်ဂီးဟှို ဗြင်ဟှူ ခီမာ နာလိုဘဲကြောန့် ပေါလုဟောပြောဟှူ စကားလေဟှို ကဲ့ရဲ့ဘီးဟှာ ပြောဂေ့ဟှယ်။
ACT 13:46 အယ်ဘေမဲ့ ပေါလုန ဗာနဗလေဟှ “နို့လေဟှ ဘုရားသခင်ရဲ့ စကားတော်ဟှို နန်းနို့ဟှို ပထမဆောင်း ဟောရဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ အယ်မူတရားတော်ဟှို ပယ်ဘီးဟှာ ကိုယ့်ကိုယ်ကိုယ် ထာဝရသတ်န ထိုက်တန်ဟှ ဆိုဘီး စီရင်ဂေ့ဟှူကြောန့် နို့လေဟှာ နန်းနို့နားဟှနေ ထွပ်ဟှားဘီးဟှာ လူမျိုးခြားလေနားဟှို သွားမယ်။
ACT 13:47 ဘုရားသခင်ဟှ” “‘ကယ်တန်ရှင်းကျေးဇူးဟှို တကမ္ဘာလောင်းဟှို ရော့‑က်စေဟှို့တွပ်န နန်းနို့လေဟှို လူမျိုးခြားလေတွပ် လန်းရောန်ဖြစ်စေဟှို့ ငါခန့်ဟှားဟှယ်၊’ ဆိုဘီး နို့လေဟှို မိန့်မှာဟှားဟှယ်” ဆိုဘီး ပိုဘီး ရဲရဲရင့်ရင့်ဟှား ဟောပြောလေဟှယ်။
ACT 13:48 လူမျိုးခြားလေဟှာ အယ်မျိုး ကြားရဟှူ ခီမာ ဝန်းသာဘီးဟှာ သခင်ဘုရားရဲ့ စကားတော်ဟှို ချီးမွမ်းဂေ့ဟှယ်။ ထာဝရသတ်တွပ် ဝီးကော့‑က်ခံရဟှူ လူလေဟှာ ယောင်ကြည်သူလေ ဖြစ်လာဂေ့ဟှယ်။
ACT 13:49 သခင်ဘုရားရဲ့ တရားတော်ဟှာ တနယ်လောင်းဟှို ပ္လံ့နှံ့ဟှားလေဟှယ်။
ACT 13:50 အယ်ဘေမဲ့ ယုဒလူမျိုးလေဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဟှူ ထတ်တန်းလွှာမီးမလေန ဗြို့ရဲ့ မျစ်နှာဖောင်းလေဟှို တိုက်တွန်းဘီးဟှာ ပေါလုန ဗာနဗလေဟှို ညှဉ်းဆဲဟှို့တွပ် စဘီးနှိုးဆော်လေဟှယ်။ သူးနို့ဟှာ အယ်လူနှေ့ယော့‑က်ဟှို သူးနို့ နယ်ဟှနေ နှန်ထုလိုက်ဂေ့ဟှယ်။
ACT 13:51 အယ်ခီမာ ပေါလုန ဗာနဗလေဟှာ သူးနို့ဟှို ဒိပေးဟှို့တွပ် ခေဖွားဟှ မ္လေမုဟှို ခါခ္လဘီးဟှာ ဣကောနိဗြို့ဟှို ထွပ်ဟှားဂေ့ဟှယ်။
ACT 13:52 အန္တိအုတ်ဗြို့ဟှ တဗဲ့တော်လေဟှာ ဝန်းသာဘီးဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝနေဂေ့ဟှယ်။
ACT 14:1 ဣကောနိဗြို့မာလည်း ပေါလုန ဗာနဗဟှာ ယုဒလူမျိုးလေရဲ့ ဝါလယ်ဇရပ်ဟှို ဝမ်ဘီးဟှာ ဟောပြောဟှူ ခီမာ ယုဒလူမျိုးလေန လူမျိုးခြားလေဟှာ ဘောင်ဂီး ယောင်ကြည်ဂေ့ဟှယ်။
ACT 14:2 အယ်ဘေမဲ့ ယောင်ကြည်ဘဲ့ဟှူ ယုဒလူမျိုးလေဟှာ လူမျိုးခြား ညီကိုလေဟှို နာလိုဘဲစိ ဖြစ်လာဟှို့တွပ် ဆွပေးဂေ့ဟှယ်။
ACT 14:3 ပေါလုန ဗာနဗလေဟှာ အယ်ဒေသမာ ကြားကြာဟှား နေဘီးဟှာ သခင်ဘုရားရဲ့ကြောန်းဟှို ရဲရဲရင့်ရင့်ဟှား ဟောပြောဂေ့ဟှယ်။ ကိုယ်တော်ဟှာ အယ်လူလေဟောပြောဟှူ ကျေးဇူးတော်တရားဟှာ မှန်ကန်ဟှယ် ဆိုဇာဟှို သတ်သေပြဟှို့တွပ် သူးနို့လေဟှို အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ပြနိုင်ဟှို့ တဂိုးဟှို ပေးဟှယ်။
ACT 14:4 ဗြို့သူဗြို့သားလေဟှာ နှေ့စုကွဲဟှားဂေ့ဟှယ်။ တစုဟှ ယုဒလူမျိုးလေဖတ်ဟှို ပါဟှားဘီး နော့‑က်တစုဟှ တမန်တော်လေဖတ်ဟှို ပါဟှားဂေ့ဟှယ်။
ACT 14:5 ရာရှိလေ၊ ယုဒလူမျိုးလေန လူမျိုးခြား တချို့လေဟှာ တမန်တော်လေဟှို ညှဉ်းဆဲဘီး က္လော့‑က်ခဲနပစ်ဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။
ACT 14:6 အယ်ကြောန်းဟှို တမန်တော်လေဟှ ကြားရဟှူ ခီမာ လုကောနိပြည်ထဲဟှ လုတ္တရဗြို့၊ ဒေရဗေဗြို့န နီးနားဟှဒေသဟှို ထွပ်ပ္လေးဟှားဂေ့ဘီး၊
ACT 14:7 အယ်နေရာမာ သူးနို့ဟှာ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။
ACT 14:8 လုတ္တရဗြို့မာ မွီးဂဒဲဟှ ခေသန်ဘဲကြောန့် လောင်းဝ လမ်းရှော့‑က်နိုင်ဘဲဟှူ လူတယော့‑က်ရှိဟှယ်။
ACT 14:9 သူဟှာ အယ်နေရာမာ ထိုင်ဘီး ပေါလုရဲ့စကားဟှို နားထောန်နေဟှယ်။ ပေါလုဟှာ သူ့ဟှို စိစိကေ့လိုက်ဟှူကြောန့် ကျန်းမာနိုင်ဟှူ ယောင်ကြည်ရှင်းရှိဟှယ် ဆိုဇာဟှို ဗြင်ဟှူ ခီမာ
ACT 14:10 “ထဘီးဟှာ မတ်တတ်ရပ်လိုက်” ဆိုဘီး သံက္လယ်ဂီးန အော်လိုက်ဟှယ်။ အယ်လူဟှာ ထခူဘီးဟှာ စဘီးလမ်းရှော့‑က်လေဟှယ်။
ACT 14:11 လူအောက်ဂီးဟှာ ပေါလုလောက်ဟှူဇာလေဟှို ဗြင်ဟှူ ခီမာ “နတ်ဘုရားလေဟှာ လူယောန်ဆောန်ဘီးဟှာ နို့လေနားဟှို လာဟှယ်!” ဆိုဘီး သူးနို့ဟှာ လုကောနိ ဘာသာစကားန စဘီးဟှာ အော်ပြောဂေ့ဟှယ်။
ACT 14:12 သူးနို့ဟှာ ဗာနဗဟှို ဇုသ ဆိုဘီး ခေါ်ဂေ့ဟှယ်။ ပေါလုဟှာ ဦးဆောန်ဟောပြောသူ ဖြစ်ဟှူကြောန့် ဟေရမေ ဆိုဘီး ခေါ်ဂေ့ဟှယ်။
ACT 14:13 ဇုသရဲ့ နတ်ဘုရားဗိမာန်ဟှာ ဗြို့ပ္လန်မာရှိဟှူကြောန့် အယ်နတ်ဘုရားရဲ့ ယဇ်ပုရောဟိတ်ဟှာ နွားလားလေန ပန်းဂေါင်းလေဟှို ဗြို့ခွဗော့‑က်ဝဟှို ယူလာဂေ့ဟှယ်။ သူ့နတူးဒူ လူအောက်ဂီးလည်း တမန်တော်လေဟှို ပူဇော်ရှင်ဂေ့ဟှယ်။
ACT 14:14 အယ်ဘေမဲ့ တမန်တော်ဗာနဗန ပေါလုလေဟှ အယ်ကြောန်းဟှို ကြားရဂေ့ဟှူ ခီမာ သူးနို့ရဲ့ အန်းဂီလေဟှို ဆုဖ္လဲ့ဘီးဟှာ လူလေကြားထဲဟှို ပ္လေးလာဘီးဟှာ
ACT 14:15 “နန်းနို့ဟှာ ဖြားဖြစ်ကြောန့် အယ်မျိုးလောက်ဂေ့နူး။ နို့လေဟှ နန်းနို့မျိုးဘဲ့ သာမန်လူလေဖြစ်ဂေ့ဟှယ်! နန်းနို့ဟှာ အယ်မျိုး ကျိုးမှေ့ဘဲ့ဟှူ ဇာလေဟှို ပစ်လွှပ်ဂေ့ဘီးဟှာ သတ်ရှင်ဟှူ ဘုရားသခင်ဖတ်ဟှို ပ္လန်လာဟှို့တွပ် နန်းနို့ဟှို ဒန်းကောန်းပြောဟှို့တွပ် ရော့‑က်လာဟှယ်။ သတ်ရှင်ဟှူ ဘုရားသခင်ဟှာ ကောန်းဂန်န မ္လေဂီး၊ ပန်လယ်န ရှိမျှဂူလောင်းဟှိုလည်း ဖန်ဆင်းဟှားဟှယ်။
ACT 14:16 ရင်းရင်ဒူးဟှ ဆိုဟှာ ကိုယ်တော်ဟှာ လူလေ ဂူလောင်းဟှို သူးနို့ရဲ့ လမ်းစဉ်တိုင်း ရှော့‑က်လှမ်းဟှို့ ခွမ့်ပေးဟှားဟှယ်။
ACT 14:17 အယ်ဘေမဲ့ ကောန်းဇာလေ လောက်ရှင်းအားဖြင့် ကိုယ်တော် ရှိဟှယ် ဆိုဇာဟှို သတ်သေထော့‑က်ထားလေန လူလေဟှို မြဲဒမ်း ပြဟှယ်။ ကိုယ်တော်ဟှာ ကောန်းဂန်ဟှနေ မိုးဝါစေဘီးဟှာ သီးနှံလေဟှို ဖြစ်စေဟှယ်။ နန်းနို့ဟှို စားဇာလေဟှို ပေးဘီး နန်းနို့ရဲ့စိဟှို ရွှင်လန်းစေဟှယ်” ဆိုဘီး အော်ဘီးပြောဟှယ်။
ACT 14:18 တမန်တော်လေဟှာ အယ်မျိုးပြောဘေမဲ့လည်း ပူဇော်ဆစ်သဟှို့တွပ် လောက်နေဟှူ လူလေဟှို ခတ်ခတ်ခဲခဲ တားနေရဟှယ်။
ACT 14:19 အန္တိအုတ်ဗြို့န ဣကောနိဗြို့ဟှနေ ရော့‑က်လာဂေ့ဟှူ ယုဒလူတချို့ဟှာ သူးနို့ဖတ်ဟှို ပါအောန် စည်းရောင်းဂေ့ဟှယ်။ အယ်ဘီးန ပေါလုဟှို က္လော့‑က်ခဲန ပစ်ဘီးဟှာ သေဟှားဘီ ဆိုဘီး ထန်ဘီးဟှာ ဗြို့ပ္လန်ဟှို ဆွဲထုဂေ့ဟှယ်။
ACT 14:20 အယ်ဘေမဲ့ သူ့နားဟှို တဗဲ့တော်လေဟှာ စုလာဂေ့ဟှူ ခီမာ ပေါလုဟှာ ဗြို့ထဲဟှို ပ္လန်ဝမ်ဟှားဟှယ်။ နော့‑က်တနေ့မာ ပေါလုန ဗာနဗဟှာ ဒေရဗေဗြို့ဟှို ထွပ်ဟှားဂေ့ဟှယ်။
ACT 14:21 ပေါလုန ဗာနဗလေဟှာ ဒေရဗေဗြို့မာ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှူ ခီမာ လူဘောင်ဂီးဟှ တဗဲ့တော်ဖြစ်လာဂေ့ဟှယ်။ အယ်ဘီးန လုတ္တရဗြို့၊ ဣကောနိဗြို့န ပိသိဒိပြည် အန္တိအုတ်ဗြို့ဟှို ပ္လန်ဂေ့ဟှယ်။
ACT 14:22 တဗဲ့တော်လေဟှို ခိုင်ခန့်စေဘီး သူးနို့လေရဲ့ ယောင်ကြည်ရှင်းစိဟှို ခိုင်မြဲဟှို့တွပ် တိုက်တွန်းဂေ့ဟှယ်။ သူးနို့ဟှာ “နို့လေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ဟှို့တွပ် ဒေါက်ခဆင်းရဲ ဘောင်ဂီး ခံရလေ့မယ်” ဆိုဘီး သွန်သန်ဂေ့ဟှယ်။
ACT 14:23 ပေါလုန ဗာနဗလေဟှာ သင်းတော်လေမာ လူဂီးလေဟှို ခန့်ဟှားဂေ့ဟှယ်။ စာရှောန်ဆုတောန်းဘီးန သူးနို့ယောင်ကြည်ဂေ့ဟှူ သခင်ဘုရားနားဟှို သူးနို့လေဟှို အပ်ပေးလိုက်ဟှယ်။
ACT 14:24 ပေါလုန ဗာနဗဟှာ ပိသိဒိပြည်ဟှို ဖြတ်ဘီးန ပံဖုလိပြည်ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
ACT 14:25 သူးနို့ဟှာ ပေရဂေဗြို့မာ တရားဟှို ဟောဂေ့ဟှယ်။ အယ်ဘီးန အတ္တလိဗြို့ဟှို သွားဘီးဟှာ၊
ACT 14:26 အန္တိအုတ်ဗြို့ဟှို သန်းဖောန သွားဂေ့ဟှယ်။ အယ်ဗြို့ဟှာ ခုသူးနို့ရဲ့ မှုတော်လောက်ငန်း ပီးဟှားဟှူကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲဟှို အပ်ဘီးဟှာ လွှတ်လိုက်ဟှူဗြို့ ဖြစ်ဟှယ်။
ACT 14:27 အန္တိအုတ်ဗြို့ဟှို ရော့‑က်ဟှူ ခီမာ သူးနို့ဟှာ သင်းတော်မာ စုခိုင်းဘီးဟှာ သူးနို့ဟှို ဘုရားသခင်ဟှ သတ်သေထူဟှားဇာလေန လူမျိုးခြားလေ ယောင်ကြည်လာဟှို့တွပ် ကိုယ်တော်ဟှာ ယောင်ကြည်ရှင်း ခွဗော့‑က်ဟှို ဖွမ့်ပေးဟှူကြောန်းလေဟှို ပ္လန်ပြောပြဂေ့ဟှယ်။
ACT 14:28 အယ်ဘီးန သူးနို့ဟှာ တဗဲ့တော်လေနတူးဒူ ကြာဂီးနေဟှယ်။
ACT 15:1 လူတချို့ဟှာ ယုဒပြည်ဟှနေ အန္တိအုတ်ဗြို့ဟှို သွားဘီးဟှာ ညီကို မောန်နှမလေဟှို “နန်းနို့ဟှာ မောရှေရဲ့ ပညတ်တရားတိုင်း ရေဖျားလှီးဇာဟှို ခံဟှဆိုဟှာ ကယ်တန်ရှင်းရနိုင်ဟှ” ဆိုဘီး သွန်သန်ဂေ့ဟှယ်။
ACT 15:2 ပေါလုန ဗာနဗလေဟှာ အယ်လူလေန ပြင်းပြင်းထန်းထန်ဟှား ဂြင်းခူဂေ့ဟှယ်။ အယ်ကြောန့် ပေါလု၊ ဗာနဗန ယောင်ကြည်သူတချို့ဟှို အယ်ပြဿနာ ဆွေးနွီးဟှို့တွပ် ယေရုရှလင်ဗြို့ဟှ တမန်တော်လေန သင်းလူဂီးလေနားဟှို စေလွှတ်ဟှို့တွပ် ဆောင်းဖြတ်လိုက်ဂေ့ဟှယ်။
ACT 15:3 သူးနို့ဟှာ သင်းတော်ရဲ့ ပို့ဆောန်ပေးရှင်းအားဖြင့် ဖိနိတ်ပြည်န ရှမာရိပြည်လေဟှို ဖြတ်သွားနေဟှူ ခီမာ လူမျိုးခြားလေဟှာ ဘုရားသခင်ဖတ်ဟှို ပ္လောန်းလဲလာဂေ့ကြောန်းဟှို ပြောပြဂေ့ဟှူကြောန့် ညီကိုလေဟှာ ရရာတိုင်း ဝန်းသာဂေ့ဟှယ်။
ACT 15:4 သူးနို့လေဟှာ ယေရုရှလင်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှူ ခီမာ သင်းတော်၊ တမန်တော်လေန သင်းလူဂီးလေဟှ သူးနို့ဟှို ကြိုဆိုဂေ့ဟှယ်။ သူးနို့ဟှို ဘုရားသခင်ဟှ ဖယ်မျှလော့‑က် သောင်းပြုဟှယ် ဆိုဇာဟှို ဂူလောင်းဟှို ပ္လန်ပြောပြဂေ့ဟှယ်။
ACT 15:5 အယ်ဘေမဲ့ ဖာရိရှဲဖွဲ့ဝမ်လေန ယောင်ကြည်သူ တချို့လေဟှာ ထဘီးဟှာ “လူမျိုးခြားလေဟှာ ရေဖျားလှီးဇာခံရဘီး မောရှေရဲ့ ပညတ်တရားဟှို စောန့်ထီးရမယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 15:6 တမန်တော်လေန သင်းလူဂီးလေဟှာ အယ်ကိစဟှို သောင်းသပ်ဟှို့တွပ် စုဂေ့ဟှယ်။
ACT 15:7 ခီကြာဂီး ဆွေးနွီးဂေ့ဘီးန ပေတရုဟှာ ထဘီးဟှာ “ညီကိုလေ၊ လူမျိုးခြားလေဟှာ ဒန်းကောန်းကြားဘီး ယောင်ကြည်နိုင်ဟှို့တွပ် ရင်းရင်ဂဒဲဟှ ဘုရားသခင်ဟှာ ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် ငါ့ဟှို ဦးဆောင်း နန်းနို့ ထဲဟှနေ ဝီးကော့‑က်ဟှားဟှယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှယ်။
ACT 15:8 လူလေရဲ့ စိနှလောင်းဟှိုသိဟှူ ဘုရားသခင်ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို နို့လေဟှို ပေးမျိုးဘဲ့ လူမျိုးခြားလေဟှိုလည်း ပေးရှင်းအားဖြင့် သူးနို့လေဟှို လတ်ခံကြောန်း သတ်သေဟှို ပြလေဟှယ်။
ACT 15:9 ကိုယ်တော်ဟှာ သူးနို့လေန နို့လေဟှို ခွဲခြားဟှ။ သူးနို့ဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဟှူကြောန့် သူးနို့ရဲ့ စိနှလောင်းဟှာ သန့်ရှင်းဟှားဘီး သူးနို့ရဲ့ ပြစ်လေလည်း ဖြေလွှတ်ပေးဟှယ်။
ACT 15:10 အယ်ကြောန့် နန်းနို့ဟှာ ဖြားဖြစ်ကြောန့် ဘုရားသခင်ဟှို စောင်ဇမ်းဂေ့နူး။ နို့လေရဲ့ ဘိုးဘေးလေရော၊ နို့လေကိုယ်တိုင်ဟှာ ထမ်းနိုင်ဘဲဟှူ ဝန်ထောက်လေဟှို ဖြားဖြစ်ကြာန့် တဗဲ့တော်လေဟှို ထမ်းခိုင်းဂေ့နူး။
ACT 15:11 မှုဟှ! နို့လေဟှလည်း အယ်လူလေမျိုးဘဲ့ သခင်ယေရှုရဲ့ ကျေးဇူးတော်အားဖြင့် ကယ်တန်ခံရဟှယ် ဆိုဇာဟှို ယောင်ကြည်ဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 15:12 ဗာနဗန ပေါလုလေဟှာ လူမျိုးခြားလေထဲမာ ဘုရားသခင်လောက်ဟှူ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာကြောန်းဟှို ပြောနေဟှူ ခီမာ စုနေဟှူ လူလေဟှ တိတိဆိဆိဟှား နားထောန်နေဂေ့ဟှယ်။
ACT 15:13 သူးနို့လေ ပြောဘီးန ယာကုပ်ဟှ “ညီကိုလေ၊ ငါ့စကားဟှို နားထောန်ဂေ့!
ACT 15:14 ဘုရားသခင်ဟှာ သူ့နာမတော်တွပ် လူမျိုးခြားလေထဲဟှ လူတချို့ဟှို သူ့ရဲ့ လူစုဖြစ်ဟှို့တွပ် ဝီးထုဟှူ ခီမာ သူးနို့ဟှို ဂရုစိုက်ကြောန်းဟှို ရှိမုန်ဟှ ရှင်းပြဟှားပီးဘီ။
ACT 15:15 ပရောဖက်လေရဲ့ စကားလေဟှာ အယ်ကြောန်းရာန ကိုက်ညီဟှယ်။ ကျမ်းစာထဲမာ”
ACT 15:16 “ ‘အယ်မူဇာ ပီးဟှားဘီးန ငါပ္လန်လာမယ်၊ အယ်ဘီးဟှာ ပြိုက္လနေဟှူ ဒါဝိဒ်ရဲ့တဲဟှို ငါပ္လန်ဆော့‑က်မယ်။ ငါဟှာ ပျစ်စီးနေဟှူ အယ်တဲတော်ဟှို ပ္လန်ဆော့‑က်ဘီး ဒါဝိဒ်ရဲ့တဲဟှို နော့‑က်တခါ ပ္လန်ဆော့‑က်မယ်။
ACT 15:17 ကျန်ရစ်ဟှူ လူလေန ငါ့နာမအားဖြင့် ခေါ်ရှင်းခံရဟှူ လူမျိုးခြားလေ ဂူလောင်းဟှာ ဘုရားသခင်ဟှို ရှာဂေ့လေ့မယ်။
ACT 15:18 ရင်းရင်ဂဒဲဟှ အယ်မူဇာဟှို သိစေတော်မူဟှူ ထာဝရဘုရား မိန့်တော်မူဟှားဟှယ်’ ” ဆိုဘီး ရေးဟှားဟှယ်။
ACT 15:19 ယာကုပ်ဟှ ဆစ်ဘီးဟှာ “အယ်ကြောန့် ဘုရားသခင်နားဟှို ပ္လောန်းလဲလာဂေ့ဟှူ လူမျိုးခြားလေဟှို ဒေါက်ခရော့‑က်အောန် နို့လေ စီရင်သင့်ဟှ ဆိုဘီး ငါထန်ဟှယ်။
ACT 15:20 အယ်ကြောန့် ရောက်ထုလေဟှို ပူဇော်ဟှားဘီး သန့်ရှင်းဘဲဟှူ စားဇာလေဟှို စားရှင်း၊ တရားဘဲဟှူ မေထုန်ပြုရှင်း၊ လည်ဗန်းလှီးဘဲန သတ်ဟှားဟှူ လိဆန်န သွီးလေဟှို စားရှင်းဟှနေ ရှောန်ဂေ့ဟှို့တွပ် စာရေးသင့်ဟှယ် ဆိုဇာ ငါယူဆဟှယ်။
ACT 15:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရင်းရင်ဒူးဟှ မောရှေရဲ့ ပညတ်တရားဟှို ဝါလယ်ဇရပ်မာ ဒန်းနေ့တိုင်းမာ ဖတ်ဟှယ်။ အယ်ဘီးဟှာ သူ့ရဲ့ တရားဟှို ဗြို့တိုင်းမာ ဟောပြောဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 15:22 အယ်ကြောန့် တမန်တော်လေ၊ သင်းလူဂီးလေန သင်းတော်တခုလောင်းဟှာ သူးနို့လေထဲဟှ လူတချို့ဟှို ဝီးကော့‑က်ဘီးဟှာ ပေါလုန ဗာနဗလေနတူးဒူ အန္တိအုတ်ဗြို့ဟှို လွှတ်ဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။ သူးနို့လေဟှာ ညီကိုလေထဲမာ ရရာတိုင်း လေးစားခံရဟှူ ဗာရှဗ ဆိုဘီး ခေါ်ဟှူ ယုဒန သိလလေဟှို ဝီးကော့‑က်ဂေ့ဟှယ်။
ACT 15:23 သူးနို့ဟှနေ တဆင့် ပေးလိုက်ဟှူ စာထဲမာ၊ “နန်းနို့ ညီကိုလေ ဖြစ်ဂေ့ဟှူ တမန်တော်လေန သင်းလူဂီးလေဟှ အန္တိအုတ်ဗြို့၊ ရှုရိပြည်န ကိလိကိပြည်မာနေဟှူ လူမျိုးခြား ညီကိုလေဟှို နှောက်ဆစ်လိုက်ဟှယ်။
ACT 15:24 နို့လေထဲဟှ လူတချို့ဟှာ နို့လေရဲ့ ခွမ့်ပြုချစ်ရဘဲန နန်းနို့နားဟှို သွားဘီးဟှာ စိနှောက်ယှစ်ဖြစ်စေဟှူ စကားလေဟှို ပြောဘီး နန်းနို့ဟှို ဒေါက်ခပေးကြောန်းဟှို နို့လေသိရဟှယ်။
ACT 15:25 အယ်ဘေမဲ့ ကျွန်တော့်လေဟှာ စည်းဝေးလောက်ဘီး လူတချို့ဟှို ဝီးကော့‑က်ဘီးဟှာ နန်းနို့နားဟှို လွှတ်ဟှို့တွပ် ဂူလောင်း ဘောတူဂေ့ဟှယ်။ အယ်လူလေဟှာ ကျွန်တော့်လေ ရှစ်ဟှူဗာနဗန ပေါလုလေနတူးဒူ လိုက်ဟှားဂေ့လေ့မယ်။
ACT 15:26 ပေါလုန ဗာနဗလေဟှာ နို့လေရဲ့ သခင်ယေရှုခရစ်တော်ရဲ့ နာမတော်တွပ် မှုတော်ဟှို သတ်စွန့်ဘီး လောက်ဂေ့ဟှယ်။
ACT 15:27 အယ်ကြောန့် ကျွန်တော့်လေဟှာ သူးနို့နတူးဒူ ယုဒန သိလလေဟှို နန်းနို့နားဟှို လွှတ်လိုက်ဟှယ်။ ကျွန်တော့်လေ ရေးလိုက်ဟှူစာမာ ပြောဟှားဟှူ ကြောန်းရာလေဟှို သူးနို့ ကိုယ်တိုင်လည်း ပြောပြဂေ့လေ့မယ်။
ACT 15:28 သန့်ရှင်းဟှူဝိညာဉ်တော်န ကျွန်တော့်လေဟှာ လိုက်နာဟှို့ လိုအပ်ချစ်လေမှတပါး တခြားဝန်လေဟှို ထမ်းဘဲဟှို့တွပ် ဘောတူဂေ့ဟှယ်။
ACT 15:29 ရောက်ထုဟှို ပူဇော်ဟှားဟှူစာဟှို စားန။ သွီးဟှိုလည်း စားန။ လည်ဗန်းလှီးဘဲန သတ်ဟှားဟှူ လိဆန်ဟှိုလည်း စားန။ နန်းနို့ ကိုယ်တိုင်လည်း တရားဘဲဟှူ မေထုန်ဟှို ရှောန်ရမယ်။ အယ်မူဇာလေဟှို ရှောန်မယ် ဆိုဟှာ နန်းနို့တွပ် လောင်လော့‑က်ဟှားဘီ။ ကျန်းမာရွှင်လန်းဂေ့ပါစေ” ဆိုဘီး ရေးဟှားဟှယ်။
ACT 15:30 စေတမန်လေဟှို လွှတ်လိုက်ဘီး သူးနို့ဟှာ အန္တိအုတ်ဗြို့ဟှို သွားဘီး ယောင်ကြည်သူလေဟှို စုခိုင်းဘီးဟှာ အယ်ပေးစာဟှို ပေးလိုက်ဂေ့ဟှယ်။
ACT 15:31 သူးနို့ဟှာ အယ်စာဟှို ဖတ်ပြဂေ့ဟှူ ခီမာ တိုက်တွန်းဟှားဟှူ စကားလေကြောန့် ရရာတိုင်း ဝန်းသာဂေ့ဟှယ်။
ACT 15:32 ယုဒန သိလလေ ကိုယ်တိုင်ဟှ ပရောဖက်လေ ဖြစ်ဂေ့ဟှူကြောန့် ညီကိုလေဟှို ခီကြာဂီး တိုက်တွန်းအားပေးဘီး ခိုင်ခန့်စေဂေ့ဟှယ်။
ACT 15:33 သူးနို့ဟှာ အယ်နေရာမာ ရစ်ကြာဂီး နေဘီးန ညီကိုလေဟှို ငြီးငြီးချမ်းချမ်းဟှား ပ္လန်လွှတ်လိုက်ဂေ့ဟှယ်။
ACT 15:34 
ACT 15:35 ပေါလုန ဗာနဗလေဟှာ အန္တိအုတ်ဗြို့မာနေဘီး သခင်ဘုရားရဲ့ ဒန်းကောန်းဟှို တခြားလူလေနတူးဒူ ဟောပြောသွန်သန်ဂေ့ဟှယ်။
ACT 15:36 ရစ်နဲနဲကြာဘီးန ပေါလုဟှ ဗာနဗဟှို “သခင်ဘုရားရဲ့ စကားတော်ဟှို နို့လေဟောဟှားဟှူ၊ ဗြို့လေမာရှိဟှူ ညီကိုလေနားဟှို ပ္လန်ဟှားဘီးဟှာ သူးနို့လေရဲ့ ခြေနေလေဟှို လေ့လာဂေ့ဇို့” ဆိုဘီး ပြောဟှယ်။
ACT 15:37 ဗာနဗဟှာ မာကုနာမယ် ဆိုဘီး ခေါ်ဟှူ ယောဟန်ဟှို ခေါ်ဆောန်ရှင်ဟှယ်။
ACT 15:38 အယ်ဘေမဲ့ ပေါလုဟှ ပံဖုလိပြည်မာ သူးနို့နားဟှနေ ထွပ်ဟှားဘီး သာသနာခရီးဟှို ဆောင်းထိလိုက်ဘဲဟှူ သူဟှို ခေါ်ဆောန်ဟှို့ သင့်ဟှ ဆိုဘီး ယူဆဟှယ်။
ACT 15:39 သူးနို့ဟှာ ပြင်းပြင်းထန်းထန်ဟှား ဂြင်းခူဂေ့ဘီး လမ်းခွဲဂေ့ဟှယ်။ ဗာနဗဟှာ မာကုဟှို ခေါ်ဘီးဟှာ ကုပရုကျွန်းဟှို သန်းဖောန သွားလိုက်ဟှယ်။
ACT 15:40 ပေါလုဟှ သိလဟှို ဝီးကော့‑က်ဘီးဟှာ ထွပ်ဟှားဟှယ်။ ညီကိုလေဟှာ ပေါလုဟှို သခင်ဘုရားရဲ့ ကျေးဇူးတော်န အပ်လိုက်ဂေ့ဟှယ်။
ACT 15:41 ပေါလုဟှာ အယ်နေရာဟှနေ ရှုရိပြည်န ကိလိကိပြည်ဟှို သွားဘီးဟှာ သင်းတော်လေဟှို ခိုင်ခန့်စေဟှယ်။
ACT 16:1 ပေါလုဟှာ ဒေရဗေဗြို့န လုတ္တရဗြို့ဟှို ရော့‑က်လာဟှယ်။ လုတ္တရဗြို့မာ တိမောသေ နာမယ်ရှိဟှူ တဗဲ့တော်တယော့‑က်ရှိဟှယ်။ သူ့မိဟှာ ယောင်ကြည်ဟှူ ယုဒလူမျိုးဖြစ်ဟှယ် သူ့ဖဟှာ ဟေလသလူမျိုးဖြစ်ဟှယ်။
ACT 16:2 လုတ္တရဗြို့န ဣကောနိဗြို့ဟှ ညီကို မောန်နှမလေထဲမာ အသရေရှိဘီး သတ်သေခံနိုင်ဟှူ လူလည်းဖြစ်ဟှယ်။
ACT 16:3 ပေါလုဟှာ တိမောသေဟှို သူးနို့နတူးဒူ လိုက်ဟှို့ရအောန် ဆိုဘီး အယ်နေရာမာရှိဟှူ ယုဒလူမျိုးလေကြောန့် သူ့ဟှို ရေဖျားလှီးပေးလေဟှယ်။ အယ်မျိုး လောက်ရဟှူကြောန်းဟှ တိမောသေရဲ့ ဖဟှ ဟေလသလူမျိုးဖြစ်ဟှယ် ဆိုဇာဟှို သူးနို့လေ ဂူလောင်း သိဂေ့ဟှယ်။
ACT 16:4 သူးနို့ဟှာ ဗြို့လေဟှို ဖြတ်ဟှားဘီး ယေရုရှလင်ဗြို့မာနေဟှူ တမန်တော်လေန သင်းလူဂီးလေ ဆောင်းဖြတ်ဟှားဟှူ စည်းမျဉ်းလေဟှို စောန့်ထီးဟှို့တွပ် ယောင်ကြည်သူလေဟှို ပေးအပ်ဂေ့ဟှယ်။
ACT 16:5 အယ်ကြောန့် သင်းတော်လေဟှာ ယောင်ကြည်မှု ပိုခိုင်မြဲလာဘီး နေ့တိုင်း လူဦးရေ တိုးပွားလာလေဟှယ်။
ACT 16:6 သူးနို့ဟှာ ဖြူဂိပြည်န ဂလာတိပြည်ဟှို ဖြတ်ဟှားဂေ့ဟှယ်။ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူးနို့ဟှို အာရှိပြည်မာ တရားဟောဟှို့တွပ် ခွမ့်ပေးဟှ။
ACT 16:7 သူးနို့ဟှာ မုသိပြည်နယ်စပ်ဟှို ရော့‑က်ဟှားဂေ့ဟှူ ခီမာ ဗိသုနိပြည်ဟှို သွားဟှို့တွပ် ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ သခင်ယေရှုရဲ့ ဝိညာဉ်တော်ဟှ သူးနို့ဟှို ခွမ့်ပေးဟှမ်း။
ACT 16:8 အယ်ကြောန့် သူးနို့ဟှာ မုသိပြည်ဟှို ဖြတ်ဟှားဘီး တရောဗြို့ဟှို သွားဂေ့ဟှယ်။
ACT 16:9 အယ်ညဉ့်မာ ပေါလုဟှာ “မာကေဒေါနိပြည်ဟှို လာဘီးဟှာ ကျွန်တော့်လေဟှို ကူညီမဇပါ” ဆိုဘီး မာကေဒေါနိပြည်သား တယော့‑က်ဟှာ ရပ်ဘီးဟှာ တောန်းဗန်နေဇာဟှို ရူပါရောင်ထဲမာ ဗြင်ရဟှယ်။
ACT 16:10 ပေါလုဟှ အယ်ရူပါရောင်ဟှို ဗြင်ဘီးန မာကေဒေါနိပြည်သားလေဟှို ဒန်းကောန်းဟောဟှို့တွပ် ဘုရားသခင်ဟှာ နို့လေဟှို ခေါ်တော်မူဟှယ် ဆိုဘီး ရှစ်ရှင်းဘဲ မာကေဒေါနိပြည်ဟှို သွားဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။
ACT 16:11 ကျွန်တော့်လေဟှာ တရောဗြို့ဟှနေ သာမောသရက်ကျွန်းဟှို သန်းဖောန သွားဂေ့ဘီးန နော့‑က်တနေ့မာ နာပေါလိဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
ACT 16:12 အယ်ဗြို့ဟှနေဘီး ဖိလိပ္ပိဗြို့ဟှို သွားဂေ့ဟှယ်။ ဖိလိပ္ပိဗြို့ဟှာ မာကေဒေါနိပြည်ရဲ့ ပထမနယ်ရဲ့ ဗြို့တဗြို့၊ ရောမလတ်အော့‑က်ခံဟှူ ဗြို့လည်းဖြစ်ဟှယ်။ အယ်ဗြို့မာ ကျွန်တော့်လေဟှာ ကြာဂီးနေဂေ့ဟှယ်။
ACT 16:13 ဒန်းနေ့မာ နို့လေဟှာ ဗြို့ပ္လန်ဟှို ထွပ်ဂေ့ဟှယ်။ အယ်ဘီးန ဆုတောန်းဟှို့တွပ် နေရာရှိနိုင်ဟှယ် ဆိုဘီး စိထန်န မြစ်ကမ်းနားဟှို သွားဘီး အယ်နေရာမာ စုနေဟှူ မီးမလေဟှို ဟောဂေ့ဟှယ်။
ACT 16:14 အယ်လူလေထဲမာ သွာတိရဗြို့ဟှ ခရမ်းရောန် ဝတ်လေဟှို ရောန်းဝယ်မား လုဒိနာမယ်ရှိဟှူ မီးမတယော့‑က်လည်း နားထောန်နေဟှယ်။ သူဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဟှူသူ ဖြစ်ဟှယ်။ သခင်ဘုရားဟှာ ပေါလုဟောနေဟှူ တရားစကားဟှို အာရောင်စိုက်ဟှို့တွပ် အယ်မီးမရဲ့ စိနှလောင်းဟှို ဖွမ့်ပေးဟှယ်။
ACT 16:15 သူ့နတူးဒူ အီသူအီသားလေဟှာ ဗတ္တိဇံခံဘီးန လုဒိဟှ “ကျွန်မဟှာ သခင်ဘုရားဟှို တကယ်ယောင်ကြည်သူ ဖြစ်ဟှယ် ဆိုဘီး ဆောင်းဖြတ်ဟှယ် ဆိုဟှာ ကျွန်မအီဟှို လာဘီးဟှာ နေဂေ့ပါ” ဆိုဘီး ကျွန်တော့်လေဟှို တောန်းဗန်လေဟှယ်။
ACT 16:16 တနေ့မာ ကျွန်တော့်လေဟှာ ဆုတောန်းဟှူ နေရာဟှို သွားဂေ့ဟှူ ခီမာ ဗေဒန်ဟောနိုင်ဟှူ၊ နတ်ဝမ်ပူးနေဟှူ၊ စေခံမီးမဂန်း တယော့‑က်ဟှို တွိဂေ့ဟှယ်။ သူဟှာ အယ်မျိုး ဗေဒန်ဟောရှင်းအားဖြင့် သူ့ဇရှင်ဟှို ကပ်လေဘောင်ဂီး ရစေဟှယ်။
ACT 16:17 အယ်စေခံဟှာ ပေါလုန ကျွန်တော့်လေ နော့‑က်ဟှိုလိုက်ဘီးဟှာ “အယ်လူလေဟှာ ဗြစ်ဆောင်းဟှူ ဘုရားသခင်ရဲ့ စေခံလေဖြစ်ဟှယ်! သူးနို့ဟှာ နန်းနို့ဟှို ဖယ်မျိုး ကယ်တန်ခံရနိုင်ဟှယ် ဆိုဇာဟှို ဟောဟှူလူလေဖြစ်ဟှယ်” ဆိုဘီး အော်နေဟှယ်။
ACT 16:18 အယ်မီးမဂန်းဟှားဟှာ ရစ်လေကြာဂီး အယ်မျိုးလောက်နေကြောန့် ပေါလုဟှာ ရရာတိုင်း စိနှောက်ရှစ်ဖြစ်လာဘီး၊ နော့‑က်ဟှိုလှည့်ဘီးဟှာ “နန်ဟှာ အယ်မီးမဂန်းဟှားထဲဟှနေ ထွပ်ဟှားလိုက်။ ယေရှုခရစ်တော်ရဲ့ နာမတော်နှိုက် နန့်ဟှို ငါ မိန့်ပေးဟှယ်!” ဆိုဘီး အယ်နတ်ဟှို ပြောလေဟှယ်။ ရှစ်ရှင်းဘဲ အယ်နတ်ဟှာ ထွပ်ဟှားဟှယ်။
ACT 16:19 မီးမဂန်းဟှားရဲ့ ဇရှင်ဟှာ သူးနို့မာ ကပ်ဝမ်ဟှို့တွပ် မျှော်လင့်ချစ်မှေ့ဘီ ဆိုဇာဟှို သိဟှူ ခီမာ ပေါလုန သိလလေဟှို ဖမ်းဘီးဟှာ လူလေစုဝီးဟှူ နေရာမာရှိနေဟှူ အာဏာပိုင်လေနားဟှို ဆွဲခေါ်ဟှားဂေ့ဟှယ်။
ACT 16:20 ရောမရာရှိလေရဲ့ ရှေ့ဟှို ရော့‑က်ဟှူ ခီမာ “အယ်လူလေဟှာ ယုဒလူမျိုးလေ ဖြစ်ဂေ့ဟှယ်။ ကျွန်တော့်လေ ဗြို့ဟှို ဆူပူအောန် လောက်နေဂေ့ဟှယ်။
ACT 16:21 ရောမနိုင်ငံသားလေဖြစ်ဟှူ၊ ကျွန်တော့်လေ လတ်ခံအပ်ဘဲဟှူ၊ ကျင့်သောင်းအပ်ဘဲဟှူ ထောင်းဒန်းစဉ်လာလေဟှို သူးနို့လေဟှာ သွန်သန်နေဂေ့ဟှယ်” ဆိုဘီး လျှော့‑က်ဟှားဂေ့ဟှယ်။
ACT 16:22 လူအောက်ဂီးဟှလည်း ပေါလုန သိလလေဟှို ဆန့်ကျင်ဂေ့ဟှယ်။ ရာရှိလေဟှာ အယ်လူနှေ့ယော့‑က်ရဲ့ ဝတ်လေဟှို ဆုဖ္လဲ့ဘီး သူးနို့ဟှို ကီဒန်ပေးဟှို့တွပ် မိန့်ပေးဂေ့ဟှယ်။
ACT 16:23 သူးနို့ဟှို ပြင်းပြင်းထန်းထန်ဟှား ရိုက်ဘီးန ထောန်ထဲမာ ထားဟှားဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှို လောင်းလောင်ခြောင်းခြောင်ဟှား ထားဟှို့တွပ် ထောန်မှူးဟှို မိန့်ပေးဂေ့ဟှယ်။
ACT 16:24 အယ်မျိုး မှာလိုက်ဟှူတိုင်း ထောန်မှူးဟှာ သူးနို့ဟှို ထောန်ရဲ့ ထဲခန်းမာ ထားဟှားဘီးဟှာ သူးနို့ ခေလေဟှိုလည်း ထိတောင်းခတ်ဟှားလိုက်ဟှယ်။
ACT 16:25 ညဉ့်သန်းဂေါန်ခီမာ ပေါလုန သိလလေဟှာ ဘုရားသခင်ဟှို ဆုတောန်းဘီး ချီးမွမ်းချင်း ဆိုနေဂေ့ဟှယ်။ သူးနို့လေ ချင်းဆိုနေဇာဟှို တခြားထောန်သားလေလည်း နားထောန်နေဂေ့ဟှယ်။
ACT 16:26 အယ်ခီမာ ရော့‑က်တရစ် ပြင်းထန်ဟှူ မ္လေဂီးလှောက်လာဘီး ထောန်ရဲ့ အုပြစ်လေဟှာ လှောက်ခါလာဟှယ်။ ခွဗော့‑က်လေ ဂူလောင်းဟှာ ရှစ်ရှင်းဘဲ ပွမ့်ထွပ်ဟှားဘီး ထောန်သားလေ ဂူလောင်းရဲ့ ခယ်ဟှားဟှူ သံကြိုးလေလည်း ပ္လုထွပ်ဟှားဂေ့ဟှယ်။
ACT 16:27 ထောန်မှူးဟှာ အိယာဟှ နိုးဟှားဘီး ပွမ့်နေဟှူ ထောန်ခွဗော့‑က်လေဟှို ဗြင်ဟှူ ခီမာ ထောန်သားလေဟှာ ထွပ်ပ္လေးဟှားဘီ ဆိုဘီး စိထန်နေဟှူကြောန့် ထားဟှို ဆွဲထုဘီးန သူ့ကိုယ်သူ သတ်ဟှို့ လောက်နေဟှယ်။
ACT 16:28 အယ်ဘေမဲ့ ပေါလုဟှ “နန့်ကိုယ်နန် အန္တရာယ်ဖြစ်စေန! နို့လေဂူလောင်း အယ်နေရာမာ ရှိနေဂေ့ဟှယ်” ဆိုဘီး သံက္လယ်ဂီးန အော်ပြောလေဟှယ်။
ACT 16:29 ထောန်မှူးဟှာ မီးတိုင်ဟှို တောန်းဘီးန ပ္လေးဝမ်ဟှားဘီး ပေါလုန သိလလေရဲ့ ခေရင်းမာ တောင်လှောက်ဘီး ပျပ်ဝပ်နေဟှယ်။
ACT 16:30 အယ်ဘီးန သူးနို့ဟှို ပ္လန်ဟှို ခေါ်ဆောန်လာဘီးဟှာ “ဆရာလေ၊ ကျွန်တော်ဟှာ ကယ်တန်ခံရဟှို့တွပ် ဖြားမျိုးလောက်ဟှို့နူး” ဆိုဘီး မေးလိုက်ဟှယ်။
ACT 16:31 သူးနို့ဟှလည်း “သခင်ယေရှုဟှို ယောင်ကြည်ပါ။ ယောင်ကြည်မယ် ဆိုဟှာ နန့်န နန့်မိသားစုဟှာ ကယ်တန်ခံရလေ့မယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ACT 16:32 အယ်ဘီးန သူ့န သူ့အီမာရှိနေဟှူ လူလေ ဂူလောင်းဟှို သခင်ဘုရားရဲ့ စကားတော်ဟှို ဟောပြောဂေ့ဟှယ်။
ACT 16:33 အယ်ညဉ့်မာဘဲ့ ထောန်မှူးဟှာ ပေါလုန သိလလေဟှို ခေါ်ဘီးဟှာ ဒန်ရာလေဟှို ဆေးပေးဟှယ်။ အယ်ဘီးန သူ့န သူ့အီသူအီသား ဂူလောင်းဟှာ ရှစ်ရှင်းဘဲ ဗတ္တိဇံခံဂေ့ဟှယ်။
ACT 16:34 သူဟှာ ပေါလုန သိလလေဟှို သူ့အီဟှို ခေါ်ဘီးဟှာ စားဇာလေဟှို ကျွေးဟှယ်။ သူ့န သူ့မိသားစုဟှာ ဘုရားသခင်ဟှို ယောင်ကြည်ရဂေ့ကြောန့် ရရာတိုင်း ဝန်းသာဂေ့ဟှယ်။
ACT 16:35 နော့‑က်တနေ့ မိုးလန်းဟှားဟှူ ခီမာ ရောမအာဏာပိုင်လေဟှာ သူးနို့လေဟှို ထောန်ဟှနေ လွှတ်လိုက်ဟှို့တွပ် ရဲရာရှိလေဟှို မိန့်ပေးလိုက်ဟှယ်။
ACT 16:36 အယ်ကြောန့် ထောန်မှူးဟှာ ပေါလုဟှို “ရာရှိလေဟှာ နန်းနို့ဟှို ထောန်ဟှနေ လွှတ်ဟှို့တွပ် ပြောဟှားဟှယ်။ အယ်ကြောန့် ငြီးငြီးချမ်းချမ်းဟှား သွားဂေ့ပါ” ဆိုဘီး ပြောဟှယ်။
ACT 16:37 ပေါလုဟှ “ရောမနိုင်ငံသားဖြစ်ဟှူ နို့လေဟှို စစ်ကြောစီရင်ဘဲန လူလေရှေ့မာ ရိုက်ဂေ့ဟှယ်! အယ်ဘီးန နို့လေဟှို ထောန်ခ္လဟှားဂေ့ဟှယ်။ ခုလည်းဘဲ့ နို့လေဟှို တိတိဟှား လွှတ်လိုက်ဂေ့ဟှို့လော။ အယ်မျိုးလောက်သင့်ဟှ! သူးနို့ ကိုယ်တိုင်လာဘီး နို့လေဟှို ထောန်ဟှနေ လာထုဂေ့” ဆိုဘီး ရဲရာရှိလေဟှို ပြောဟှယ်။
ACT 16:38 ရဲရာရှိလေဟှာ အယ်ကြောန်းဟှို ရာရှိလေဟှို ပ္လန်ပြောဂေ့ဟှယ်။ ပေါလုန သိလလေဟှာ ရောမနိုင်ငံသား ဖြစ်ကြောန်းဟှို ရာရှိလေဟှာ ကြားရဟှူ ခီမာ ကြော့‑က်လန့်ဂေ့ဟှယ်။
ACT 16:39 အယ်ကြောန့် သူးနို့ဟှာ လာဘီးဟှာ ပေါလုန သိလလေဟှို တိုက်တွန်းဂေ့ဟှယ်။ အယ်ဘီးန သူးနို့လေဟှို ထောန်ဟှနေ ထုဆောန်ဘီးဟှာ အယ်ဗြို့ဟှနေ ထွပ်ဟှားဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။
ACT 16:40 ပေါလုန သိလလေဟှာ ထောန်ထဲဟှ ထွပ်ဘီးဟှာ လုဒိအီဟှို သွားဂေ့ဟှယ်။ အယ်ဘီးန ညီကို မောန်နှမလေဟှို တွိဘီးဟှာ အားပေးစကားလေဟှို ပြောဘီးန အယ်ဗြို့ဟှနေ ထွပ်ဟှားဂေ့ဟှယ်။
ACT 17:1 ပေါလုန သိလဟှာ ခရီးသွားဂေ့ဟှူ ခီမာ အံဖိပေါလိဗြို့န အာပေါလောနိဗြို့ဟှို ဖြတ်ဟှားဘီး သက်သာလောနိတ်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ အယ်ဗြို့မာ ယုဒဝါလယ်ဇရပ်ရှိဟှယ်။
ACT 17:2 ပေါလုဟှာ သူးနို့ထောင်းဇံရှိဟှူတိုင်း ဝါလယ်ဇရပ်ဟှို သွားဘီးဟှာ ဒန်းနေ့ သောင်းရစ်လောင်းလောင်း ကျမ်းစာဟှို ကိုးကားဘီးဟှာ လူလေန သေးသေချားချာဟှား ဆွေးနွီးဂေ့ဟှယ်။
ACT 17:3 မေရှိယဟှာ ဒေါက်ခဝေဒနာခံရဟှူ ကြောန်းဟှို ကျမ်းချစ် ထော့‑က်ထားလေနတူးဒူ ရှင်းရှင်းလန်းလန်းဟှား ပြောပြဟှယ်။ ပေါလုဟှ “နန်းနို့ဟှို ငါပြောပြနေဟှူ ယေရှုဟှာ မေရှိယဖြစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 17:4 ယုဒလူတချို့ဟှာ သွီးဆောန်ခံရဘီး ပေါလုန သိလလေရဲ့ ဖွဲ့ထဲဟှို ဝမ်ဟှားဂေ့ဟှယ်။ ဘုရားသခင်ဟှို ကိုးကွယ်ဟှူ ဟေလသလူမျိုး ဘောင်ဂီးန ထန်ပေါ်ကျော်ကြားဟှူ မီးမလေလည်း သူးနို့ဖွဲ့ထဲဟှို ဝမ်ဂေ့ဟှယ်။
ACT 17:5 အယ်ဘေမဲ့ ယုဒလူ တချို့ဟှာ နာလိုဘဲဟှူ စိရှိဟှူကြောန့် လမ်းလေမာ ကောန်းဘဲဟှူ လူလေဟှို ခေါ်ဘီးဟှာ လူလေဘောင်ဂီးဟှို စုခိုင်းဘီးဟှာ တဗြို့လောင်း ဆူပူအောန် လောက်ဂေ့ဟှယ်။ သူးနို့ဟှာ ယာသုန်ရဲ့အီဟှို ဝမ်ဘီးဟှာ ပေါလုန သိလလေဟှို လူလေရှေ့ဟှို ဆွဲထုဟှို့တွပ် ရှာဂေ့ဟှယ်။
ACT 17:6 ရှာတွိဘဲဟှူ ခီမာ သူးနို့ဟှာ ယာသုန်န ညီကို မောန်နှမလေ တချို့ဟှို ဗြို့ရဲ့ အာဏာပိုင်လေရှေ့ဟှို ခေါ်ဆောန်ဟှားဘီးဟှာ “အယ်လူလေဟှာ လောကီနိုင်ငံရဲ့ နေရာတိုင်းမာ ဒေါက်ခပေးနေဂေ့ဟှယ်။ သူးနို့ဟှာ ခုလည်း ကျွန်တော့်လေရဲ့ဗြို့ဟှို ရော့‑က်လာဂေ့ဟှယ်။
ACT 17:7 ယာသုန်ဟှာ အယ်လူလေဟှို သူ့အီမာ လတ်ခံဟှားဟှယ်။ အယ်လူလေဟှာ ယေရှုနာမယ်န မန်းဂီးတပါးရှိဟှယ် ဆိုဘီး ကဲသာမန်းဂီးရဲ့ မိန့်တော်ဟှို ဆန့်ကျင်ဖတ် လောက်နေဂေ့ဟှယ်” ဆိုဘီး အော်ဂေ့ဟှယ်။
ACT 17:8 အယ်မျိုး စကားလေန သူးနို့လေဟှာ လူအောက်ဂီးန ဗြို့အာဏာပိုင်လေဟှို ရောက်ရောက်သဲသဲ လောက်ဂေ့ဟှယ်။
ACT 17:9 အာဏာပိုင်လေဟှာ ယာသုန်န လောက်ဖော်ဆောန်ဖတ်လေဟှို အာမခံဖြစ်န ကပ်ပေးခိုင်းဘီးဟှာ ထွပ်ဟှားဟှို့တွပ် ခွမ့်ပြုလိုက်ဂေ့ဟှယ်။
ACT 17:10 ညဉ့်ခန်းဇာ ရော့‑က်လာဟှူ ခီမာ ညီကို မောန်နှမလေဟှာ ပေါလုန သိလလေဟှို ဗေရိဗြို့ဟှို စေလွှတ်ဂေ့ဟှယ်။ အယ်ဗြို့ဟှို ရော့‑က်ဟှူ ခီမာ သူးနို့ဟှာ ယုဒဝါလယ်ဇရပ်ဟှို သွားဂေ့ဟှယ်။
ACT 17:11 ဗေရိဗြို့သားလေဟှ သက်သာလောနိတ်ဗြို့ဟှ လူလေထတ် စိထားမြတ်ဂေ့ဟှယ်။ အယ်ကြောန့် ပေါလုဟောဟှူ တရားဟှို ရရာတိုင်း ကြည်ညိုဟှူစိန နာခံဂေ့ဟှယ်။ သူးနို့ဟှာ ပေါလု ပြောဇာလေဟှာ တကယ်မှန်ဘဲ့လား ဆိုဘီး သိနိုင်ဟှို့တွပ် နေ့တိုင်းကျမ်းစာဟှို လေ့လာဂေ့ဟှယ်။
ACT 17:12 အယ်ကြောန့် လူလေဘောင်ဂီး ယောင်ကြည်လာဂေ့ဟှယ်။ အယ်မျိုး ယောင်ကြည်သူလေထဲမာ ဂေါန်သရေရှိဟှူ ဟေလသလူမျိုး မီးမန ယော့‑က်ကျားလေလည်း ပါဝမ်ဂေ့ဟှယ်။
ACT 17:13 ဗေရိဗြို့မာ ဘုရားသခင်ရဲ့ စကားတော်ဟှို ပေါလု ဟောနေဟှယ် ဆိုဇာဟှို သက်သာလောနိတ်ဗြို့ဟှ ယုဒလူမျိုးလေဟှာ ကြားရဂေ့ဟှူ ခီမာ ဗေရိဗြို့ဟှို လာဂေ့ဘီးဟှာ လူလေဟှို ဆူပူအောန် နှိုးဆော်ဂေ့ဟှယ်။
ACT 17:14 ညီကို မောန်နှမလေဟှာ ရှစ်ရှင်းဘဲ့ ပေါလုဟှို ပန်လယ်ကမ်းခြေဟှို သွားခိုင်းလိုက်ဟှယ်။ သိလန တိမောသေလေဟှ ဗေရိဗြို့မာဘဲ့ နေရစ်ဂေ့ဟှယ်။
ACT 17:15 ပေါလုဟှို လိုက်ပို့ဂေ့ဟှူ လူလေဟှာ သူ့နတူးဒူ အာသင်ဗြို့ထိ လိုက်ဟှားဂေ့ဟှယ်။ အယ်ဘီးန သိလန တိမောသေလေဟှို ဗြန်းဗြန်ဟှား လိုက်လာဟှို့တွပ် ညွှန်ကြားချစ်ဟှို ယူဘီးန ဗေရိဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။
ACT 17:16 ပေါလုဟှာ အာသင်ဗြို့မာ သိလန တိမောသေလေဟှို စောန့်နေဒူးမာ အယ်ဗြို့မာ ရောက်ထုလေဘောင်ဂီး ရှိနေဟှယ် ဆိုဇာဟှို ဗြင်ဟှူ ခီမာ ရရာတိုင်း စိကောန်းဘဲ ဖြစ်ဟှားဟှယ်။
ACT 17:17 အယ်ကြောန့် ဝါလယ်ဇရပ်မာ ယုဒလူမျိုးလေ၊ ဘုရားသခင်ဟှို ကိုးကွယ်ဟှူ လူမျိုးခြားလေ နေ့တိုင်းဗြို့ထဲဟှ လူလေစုဝီးဟှူ နေရာဟှို လာဂေ့ဟှူ လူလေန ဆွေးနွီးဂေ့ဟှယ်။
ACT 17:18 ဧပိကုရုန သတောအိပ် တွေးခေါ်ပညာရှင်လေ တချို့လည်း ပေါလုန ဆွေးနွီးငြင်းခူဂေ့ဟှယ်။ အယ်လူလေထဲမာ တချို့ဟှ “အယ်လူဟှာ ဖြားဇာပြောနေနူး” ဆိုဘီး ပြောဂေ့ဟှယ်။ တခြားလူလေဟှ “သူဟှာ လူမျိုးခြားလေရဲ့ နတ်ဘုရားလေရဲ့ ကြောန်းဟှို ပြောနေဇာနတူဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ ပေါလုဟှာ ယေရှုကြောန်းန ရှင်ပ္လန်ထမြော့‑က်ရှင်းကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို ဟောပြောကြောန့် သူးနို့လေဟှာ အယ်မျိုး ပြောနေဂေ့ဇာဖြစ်ဟှယ်။
ACT 17:19 အယ်ကြောန့် အယ်လူလေဟှ ပေါလုဟှို အာရေပါဂု တရားရောင်းဟှို ခေါ်ဆောန်ဟှားဂေ့ဘီးဟှာ “နန်ဟောပြောနေဟှူ ယူဝါဒသစ်ကြောန်းဟှို နို့လေလည်း သိရှင်ဟှယ်။
ACT 17:20 နန်ဟောပြောဟှူ ကြောန်းရာတချို့ဟှာ နို့လေတွပ် သစ်ဆန်းဖြစ်နေဟှယ်။ အယ်ကြောန်းရာရဲ့ ဓိပါယ်ဟှိုလည်း နို့လေသိရှင်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 17:21 အာသင်ဗြို့သား ဂူလောင်းန အယ်ဗြို့မာနေဟှူ ဧည့်သည်လေဟှာ ကြောန်းရာသစ်ဆန်းလေဟှို ပြောဇာန နားထောန်ဇာ အားဖြင့်ဘဲ့ ခီဟှို ကူစေဂေ့ဟှယ်။
ACT 17:22 ပေါလုဟှာ အာရေပါဂု တရားရောင်းရှေ့မာ ရပ်ဘီး “အာသင်ဗြို့သားလေ၊ နန်းနို့ဟှာ ရရာတိုင်း ဘုရားတရားဟှို ကြည်ညိုဟှူ လူလေဖြစ်ဟှယ် ဆိုဇာဟှို ငါဗြင်ဟှယ်။
ACT 17:23 ကျွန်တော့်ဟှာ ခန်ဗျားလေရဲ့ဗြို့ဟှို ရှော့‑က်လည်ဘီး ကိုးကွယ်ဟှူဇာလေဟှို ကေ့ဟှူ ခီမာ ‘နို့လေ သိဘဲဟှူ ဘုရားတွပ်’ ဆိုဘီး နာမယ်ရေးဟှားဟှူ ယဇ်ပလ္လင်တခုဟှို တွိဟှယ်။ အယ်မျိုး ခန်ဗျားလေသိဘဲန ကိုးကွယ်နေဟှူ ဘုရားကြောန်းဟှို ခု ကျွန်တော်ပြောပြမယ်။
ACT 17:24 ကမ္ဘာလောကဂီးန ရှိဇာဂူလောင်းဟှို ဖန်ဆင်းဟှူ ဘုရားသခင်ဟှာ ကောန်းဂန်န မ္လေဂီးရဲ့ သခင်ဖြစ်ဟှူကြောန့် လူလတ်န ဆော့‑က်ဟှားဟှူ ဗိမာန်တော်လေမာနေဇာ မှုဟှ။
ACT 17:25 အယ်သခင်ကိုယ်တိုင်ဘဲ့ လူလေ ဂူလောင်းဟှို သတ်နတူးဒူ တခြားရာ ဂူလောင်းဟှိုလည်း ပေးသနားတော်မူဟှယ်။ အယ်ကြောန့် သူဟှာ တခုခုဟှို လိုရှင်ဟှူကြောန့် လူလတ်န ပြုစုဇာဟှို ခံတော်မူဟှ။
ACT 17:26 ကိုယ်တော်ဟှာ လူတယော့‑က်ဟှနေဘီး လူမျိုးဂူလောင်းဟှို ဖန်ဆင်းလိုက်ဘီး တကမ္ဘာလောင်းမာ သူးနို့ဟှို နေစေဟှယ်။ အယ်လူမျိုး ဂူလောင်းဟှို သတ်ရှင်နေထိုင်ဟှို့တွပ် ခီကာလန နေရာလေဟှို ကြိုတန်ပိုင်းခြား သတ်မှတ်ဟှားဘီး ပေးဟှားဟှယ်။
ACT 17:27 အယ်မျိုးလောက်ဇာဟှာ လူလေဟှာ ကိုယ်တော့်ဟှို တွိလိုတွိငြား စမ်းသပ်ဘီး ရှာဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။” “ ‘ကျွန်တော့်လေဟှာ ကိုယ်တော်ကြောန့် သတ်ရှင်ဘီး လှောက်ရှား နေရဂေ့ဟှယ်။’ ” အယ်ကြောန့် တကယ်ဆိုဟှာ ဘုရားသခင်ဟှ ဖယ်သူနလည်းဝီးဇာ မှုဟှ။ ခန်ဗျားဟှားလေထဲမာ ကဗျာဆရာတချို့ဟှ၊ “‘နို့လေဟှာ ကိုယ်တော်ရဲ့ သားမီးလေ ဖြစ်ဂေ့ဟှယ်’ ” ဆိုဘီး ပြောဟှားဟှယ်။
ACT 17:29 “ကျွန်တော့်လေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်ဂေ့ဟှူကြောန့် ဘုရားသခင်ဟှို လူရဲ့နုပညာန ကျွမ်းကျင်ရှင်းအားဖြင့် ထုလောက်ဟှားဟှူ ရွှေရောက်ထု၊ ငွေရောက်ထု၊ က္လော့‑က်ရောက်ထုနတူဟှယ် ဆိုဘီး ထန်မှတ်သင့်ဟှ။
ACT 17:30 ဘုရားသခင်ဟှာ လူလေသိနားလည်ဘဲဟှူ ခီကာလဟှို ရှုမှတ်တော် မှုဟှ။ အယ်ဘေမဲ့ ခု နေရာတိုင်းဟှ လူလေဂူလောင်းဟှို နောန်ဒရဟှို့တွပ် မိန့်တော်မူဟှယ်။
ACT 17:31 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ လူအားဖြင့် လောကသားလေဟှို ဖြောန့်မတ်ရှင်းတရားန စီရင်မယ့် နေ့ရစ်ဟှို သတ်မှတ်ဟှားကြောန့် ဖြစ်ဟှယ်။ အယ်မျိုးဖြစ်မယ် ဆိုဇာဟှို အယ်သခင်ဟှာ သေရာဟှနေ ထမြော့‑က်ရှင်းအားဖြင့် လူလေဂူလောင်းဟှို အယ်သတ်သေဟှို ပြဟှားဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 17:32 သေရာဟှနေ ထမြော့‑က်ကြောန်းဟှို ကြားရဟှူ ခီမာ တချို့လူလေဟှ ရယ်ဇားဂေ့ဟှယ်။ အယ်ဘေမဲ့ တချို့လူလေဟှ “နန်ပြောနေဟှူကြောန်းဟှို နို့လေဟှ နော့‑က်တခါ ကြားရှင်သေးဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 17:33 အယ်ဘီးန ပေါလုဟှာ စည်းဝေးဟှနေ ထွပ်ဟှားလိုက်ဟှယ်။
ACT 17:34 တချို့လူလေဟှာ ပေါလုန ပေါန်းဘီးဟှာ ယောင်ကြည်သူလေ ဖြစ်လာဂေ့ဟှယ်။ အယ်လူလေထဲမာ ဒယောနုသိ နာမယ်ရှိဟှူ အာရေတောင် တရားရောင်းရဲ့ ဖွဲ့ဝမ်တယော့‑က်၊ ဒမာရိ နာမယ်ရှိဟှူ မီးမတယော့‑က်န တခြားလူ တချို့လည်း ပါဂေ့ဟှယ်။
ACT 18:1 အယ်ဘီးန ပေါလုဟှာ အာသင်ဗြို့ဟှ ထွပ်ဟှားဘီး ကောရိန့်ဗြို့ဟှို ရော့‑က်ဟှားဟှယ်။
ACT 18:2 အယ်ဗြို့မာ ပုန္တုပြည်သား အာကုလ နာမယ်ရှိဟှူ ယုဒလူမျိုးတယော့‑က်န သူ့မယား ပြစ်ကိလလေဟှို တွိဟှားဟှယ်။ ယုဒလူမျိုးလေဟှ ရောမဗြို့ဟှနေ ထွပ်ဟှားဟှို့တွပ် ကလောဒိမန်းဂီးဟှ မိန့်ထုဟှားဟှူကြောန့် သူးနို့ဟှာ ကြာသေးခန်ဟှ ဣတလိပြည်ဟှနေ ထွပ်လာဂေ့ဟှူ လူလေဖြစ်ဟှယ်။
ACT 18:3 အယ်လူလေဟှာ ပေါလုမျိုးဘဲ တဲရှင်ချောက်ဘီး သတ်မွီးနေဟှူ တဲရှင်ချောက်မားလေ ဖြစ်ဂေ့ဟှယ်။ အယ်ကြောန့် ပေါလုဟှာ သူးနို့လေနားဟှို သွားဘီးဟှာ သူးနို့နတူးဒူ လောက်ဂေ့ဟှယ်။
ACT 18:4 ယုဒလူမျိုးန ဟေလသလူမျိုးလေဟှို သွီးဆောန်ဟှို့တွပ် သူဟှာ ဒန်းနေ့တိုင်း ဝါလယ်ဇရပ်မာ ဆွေးနွီးဂေ့ဟှယ်။
ACT 18:5 သိလန တိမောသေလေဟှာ မာကေဒေါနိပြည်ဟှနေ ရော့‑က်လာဂေ့ဟှူ ခီမာ ပေါလုဟှာ ယုဒလူမျိုးလေဟှို တခီလောင်း တရားဟောပြောဘီးန ယေရှုဟှာ မေရှိယဖြစ်ဟှယ် ဆိုဘီး သတ်သေခံလေဟှယ်။
ACT 18:6 ယုဒလူမျိုးလေဟှာ သူ့ဟှို စော်ကားဘီး ပြောနေဟှူ ခီမာ ပေါလုဟှာ သူ့အန်းဂီဟှနေ ဖောင်လေဟှို ခါခ္လဘီးဟှာ “နန်းနို့ရဲ့ သွီးဟှာ နန်းနို့ ခေါန်းထတ်မာ ရှိပါစေ! ငါ့တာဝန် မှုဟှ။ ခုဟှစဘီး ငါဟှာ လူမျိုးခြားလေနားဟှို သွားမယ်” ဆိုဘီး ပြောဟှယ်။
ACT 18:7 အယ်ဘီးန အယ်လူလေနားဟှ ထွပ်ဟှားဘီးဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဟှူ တိတုယုတ္တု နာမယ်ရှိဟှူ လူမျိုးခြားရဲ့ အီဟှို သွားဘီးဟှာ နေလေဟှယ်။ သူ့အီဟှာ ဝါလယ်ဇရပ်န ကပ်နေဟှယ်။
ACT 18:8 ဝါလယ်ဇရပ်မှူးဖြစ်ဟှူ ကရိပ္ပုန သူ့မိသားစုဂူလောင်းဟှာ သခင်ဘုရားဟှို ယောင်ကြည်ဟှူသူလေ ဖြစ်လာဂေ့ဟှယ်။ တခြား ကောရိန္သုဗြို့သား ဘောင်ဂီးဟှလည်း တရားတော်ဟှို ကြားရဟှူ ခီမာ ယောင်ကြည်ဘီးဟှာ ဗတ္တိဇံခံဂေ့ဟှယ်။
ACT 18:9 တညဉ့်မာ ပေါလုဟှာ ရူပါရောင်ဟှို ဗြင်ရဟှယ်။ ရူပါရောင်ထဲမာ သခင်ဘုရားဟှ “ကြော့‑က်န။ ဆစ်ဘီးဟောပါ။ လတ်ရှော့န။
ACT 18:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ နန့်နတူးဒူ ရှိဟှယ်။ ဖယ်သူဟှလည်း နန့်ဟှို ဘေးပြုနိုင်ဟှ။ အယ်ဗြို့မာရှိဟှူ လူဘောင်ဂီးဟှ ငါ့လူလေ ဖြစ်ဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 18:11 ပေါလုဟှာ အယ်ဗြို့မာ တနှစ်နခြော့‑က်လ နေဘီးဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို သွန်သန်လေဟှယ်။
ACT 18:12 ဂါလျုန်ဟှာ အခါယပြည်ရဲ့ ဗြို့ဝန်မန်း ဖြစ်နေဟှူ ခီမာ ယုဒလူမျိုးလေဟှာ စုဘီး ပေါလုဟှို ဖမ်းဘီးဟှာ တရားပလ္လင်ရှေ့ဟှို ခေါ်ဆောန်လာဂေ့ဟှယ်။
ACT 18:13 သူးနို့ဟှ “အယ်လူဟှာ ပညတ်တရားဟှို ဆန့်ကျင်ဘီး ဘုရားသခင်ဟှို ကိုးကွယ်ဂေ့ဟှို့တွပ် လူလေဟှို သွီးဆောန်နေဟှယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
ACT 18:14 ပေါလုဟှာ စကားပြောဟှို့ လောက်နေဒူးမာ ဂါလျုန်ဟှ “ယုဒလူမျိုးလေ၊ အယ်မှုဟှာ ကောန်းဘဲဟှူမှု၊ တရားဘဲဟှူမှုဖြစ်ဟှယ် ဆိုဟှာ ငါဟှာ နန်းနို့ရဲ့ စွပ်စွဲချစ်လေဟှို စိရှယ်လတ်ရှယ်န နားထောန်နိုင်ဟှယ်။
ACT 18:15 အယ်ဘေမဲ့ အယ်မူဇာဟှာ စကားလေ၊ နာမယ်လေန ပညတ်တရားနဆိုင်ဟှယ် ဆိုဟှာ နန်းနို့ ကိုယ်တိုင်ဘဲ့ ဆောင်းဖြတ်ဂေ့။ အယ်မှုဟှို ငါစီရင်ဟှ” ဆိုဘီး ပြောဟှယ်။
ACT 18:16 ယုဒလူမျိုးလေဟှို တရားပလ္လင်ရှေ့ဟှနေ နှန်ထုလိုက်ဟှယ်။
ACT 18:17 အယ်လူလေဟှာ ဝါလယ်ဇရပ်မှူး သုဿင်ဟှို ဖမ်းဘီးဟှာ တရားပလ္လင်ရှေ့မာ ရိုက်ဂေ့ဟှယ်။ အယ်ဘေမဲ့ ဂါလျုန်ဟှာ အယ်မှုဟှို လောင်းဝ ဂရုစိုက်ဘဲနေဟှယ်။
ACT 18:18 ပေါလုဟှာ ကောရိန္သုဗြို့မာ ကြာဂီးနေဟှယ်။ အယ်ဘီးန ညီကို မောန်နှမလေဟှို နှောက်ဆစ်ဘီး ပြစ်ကိလ၊ အာကုလလေနတူးဒူ ရှုရိပြည်ဟှို သန်းဖောန သွားဂေ့ဟှယ်။ ကင်ခြေဗြို့ဟှနေ သန်းဖောန ထွပ်ခန်မာ သူဟှာ ဘုရားသခင်ဟှို သစ်စာဂဒိ ပြုဟှားဟှူကြောန့် သူ့ခေါန်းဟှို ရိလိုက်ဟှယ်။
ACT 18:19 ဧဖက်ဗြို့ဟှို ရော့‑က်ဟှားဟှူ ခီမာ ပေါလုဟှာ ပြစ်ကိလန အာကုလလေဟှို ဗြို့မာထားရစ်ဟှယ်။ သူဟှာ ဝါလယ်ဇရပ်ဟှို ဝမ်ဘီးဟှာ ယုဒလူမျိုးလေန ဆွေးနွီးဟှယ်။
ACT 18:20 လူလေဟှာ သူးနို့နတူးဒူ ကြာဂီးနေဟှို့တွပ် တိုက်တွန်းဂေ့ဘေမဲ့လည်း ပေါလုဟှာ လတ်ခံဟှ။
ACT 18:21 အယ်မျိုးပြောမယ့်စား “ဘုရားသခင်ဟှ လိုတော်ရှိမယ် ဆိုဟှာ နန်းနို့နားဟှို ပ္လန်လာမယ်” ဆိုဘီး ဧဖက်ဗြို့ဟှနေ သန်းဖောန ထွပ်ဟှားလေဟှယ်။
ACT 18:22 သူဟှာ ကဲသရိဗြို့ဟှို ရော့‑က်ဟှားဟှူ ခီမာ ယေရုရှလင်ဗြို့ဟှို တတ်ဟှားဘီး သင်းတော်ဟှို နှောက်ဆစ်ဘီး အန္တိအုတ်ဗြို့ဟှို သွားလေဟှယ်။
ACT 18:23 အယ်ဗြို့မာ ကြာဂီးနေဘီးန ပ္လန်ထွပ်ဟှားဘီး၊ ဂလာတိပြည်န ဖြူဂိပြည်ဟှို လှည့်လည်ဘီး တဗဲ့တော်လေဟှို ခိုင်ခန့်မြဲမြံ စေလေဟှယ်။
ACT 18:24 အယ်ခီမာ အာလေဇန္ဒြိဗြို့သား အာပေါလု နာမယ်ရှိဟှူ ယုဒလူမျိုးတယော့‑က်ဟှာ ဧဖက်ဗြို့ဟှို ရော့‑က်လာဟှယ်။ သူဟှာ ကျမ်းစာဟှို ကျွမ်းကျင်ဘီး ဟောပြောကောန်းဟှူ လူဖြစ်ဟှယ်။
ACT 18:25 သူဟှာ သခင်ဘုရားရဲ့ လမ်းစဉ်ဟှို သေးသေချားချာဟှား သွန်သန်ခံဟှားရဟှူလူ ဖြစ်ဟှယ်။ သူဟှာ စိအားထတ်သန်ဘီး ယေရှုန ဆိုင်ဟှူဇာလေဟှို မှန်းမှန်ကန်းကန်ဟှား သွန်သန်နေဟှယ်။ အယ်ဘေမဲ့ သူဟှာ ယောဟန်ရဲ့ ဗတ္တိဇံဟှိုဘဲ့ သိဟှယ်။
ACT 18:26 သူဟှာ ဝါလယ်ဇရပ်မာ စဘီးဟှာ ရဲရဲရင့်ရင့်ဟှား ဟောနေဟှယ်။ သူ့ဟောပြောချစ်လေဟှို ကြားရဟှူ ပြစ်ကိလန အာကုလလေဟှာ သူ့ဟှို အီဟှို ခေါ်ဘီးဟှာ ဘုရားသခင်ရဲ့ လမ်းစဉ်ဟှို သေးသေချားချာဟှား ရှင်းပြပေးဂေ့ဟှယ်။
ACT 18:27 အယ်ဘီးန သူဟှာ အခါယပြည်ဟှို သွားဟှို့ ဆောင်းဖြတ်လိုက်ဟှယ်။ အယ်ကြောန့် ဧဖက်ဗြို့ဟှ ယောင်ကြည်သူလေဟှာ သူ့ဟှို လတ်ခံဟှို့တွပ် အခါယပြည်ဟှ ယောင်ကြည်သူလေနားဟှို စာရေးပေးရှင်းအားဖြင့် ကူညီပေးဂေ့ဟှယ်။ သူဟှာ အခါယပြည်ဟှို ရော့‑က်ဟှူ ခီမာ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ယောင်ကြည်လာဟှူ လူလေဟှို ဘောင်ဂီး ကူညီပေးဟှယ်။
ACT 18:28 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ကျမ်းစာအားဖြင့် ယေရှုဟှာ မေရှိယ ဖြစ်ဟှူကြောန်းဟှို ထော့‑က်ပြဘီး လူလေရှေ့မာ ယုဒလူမျိုးလေဟှို ပိုင်းပိုင်ဟှား ချေပလေဟှယ်။
ACT 19:1 ကောရိန့်ဗြို့မာ အာပေါလု ရှိနေဟှူ ခီမာ ပေါလုဟှာ ထတ်မာ ဖော်ပြဟှားဟှူ နေရာလေဟှို ရှော့‑က်သွားဘီးန ဧဖက်ဗြို့ဟှို ရော့‑က်လာဟှယ်။ အယ်ဗြို့မာ တဗဲ့တော် တချို့ဟှို တွိဘီး၊
ACT 19:2 သူးနို့ဟှို “နန်းနို့လေဟှာ ယောင်ကြည်သူလေ ဖြစ်လာဂေ့ဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို လတ်ခံဂေ့ဘီးလော” ဆိုဘီး မေးဟှယ်။ အယ်လူလေဟှ “သန့်ရှင်းဟှူဝိညာဉ်တော်ရှိဟှယ် ဆိုဇာဟှို ကျွန်တော့်လေ ကြားဖူးဟှ” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 19:3 ပေါလုဟှ “အယ်မျိုးဆိုဟှာ နန်းနို့ဟှာ ဖြားမျိုးစား ဗတ္တိဇံဟှို ခံဟှားနူး” ဆိုဘီး မေးဟှယ်။ အယ်လူလေဟှ “ယောဟန်ရဲ့ ဗတ္တိဇံဟှို ခံဟှားဟှယ်” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
ACT 19:4 ပေါလုဟှ “ယောဟန်ရဲ့ ဗတ္တိဇံဟှာ နောန်ဒနဆိုင်ဟှူ ဗတ္တိဇံဖြစ်ဟှယ်။ ယောဟန်ဟှာ သူ့နော့‑က်မာ ကြွလာဟှူ သခင်ဟှို ယောင်ကြည်ရမယ် ဆိုဘီး ဣသရေလလူမျိုးလေဟှို ပြောရစ်ဟှယ်။ အယ်သခင်ဟှာ ယေရှုဘဲ့ ဖြစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 19:5 အယ်စကားဟှို ကြားရဟှူ ခီမာ သူးနို့ဟှာ သခင်ယေရှုနာမနှိုက် ဗတ္တိဇံခံဂေ့ဟှယ်။
ACT 19:6 ပေါလုဟှာ သူးနို့ခေါန်းထတ်ဟှို လတ်တန်လိုက်ဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူးနို့ထတ်ဟှို ရော့‑က်လာဟှယ်။ အယ်ဘီးန သူးနို့ဟှာ ထူးဆန်းဟှူ ဘာသာစကားလေဟှို ပြောဂေ့ဘီး ဘုရားသခင်ရဲ့ တရားတော်ဟှိုလည်း ပရောဖက်ပြုဘီး ဟောပြောဂေ့ဟှယ်။
ACT 19:7 သူးနို့ဟှာ အားလောင်းပေါန်း လူဆယ့်နှေ့ယော့‑က်လော့‑က် ရှိဟှယ်။
ACT 19:8 ပေါလုဟှာ ဝါလယ်ဇရပ်ထဲဟှို ဝမ်ဟှားဘီး သောင်းလလောင်းလောင်း ရဲရဲရင့်ရင့်ဟှား ဟောပြောဘီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းဟှို ဆွေးနွီးဘီး လူလေဟှို သွီးဆောန်လေဟှယ်။
ACT 19:9 အယ်ဘေမဲ့ လူတချို့ဟှာ ခေါန်းမာဘီး ယောင်ကြည်ဘဲန လူလေရှေ့မာ သခင်ဘုရားရဲ့ လမ်းစဉ်လေဟှို ကဲ့ရဲ့ဂေ့ဟှယ်။ အယ်ကြောန့် ပေါလုဟှာ တဗဲ့တော်လေဟှို ခေါ်ဘီး အယ်လူလေနားဟှနေ ထွပ်ဟှားဘီးဟှာ တုရန္နုရဲ့ စာသန်ခန်းမမာ နေ့တိုင်း ဆွေးနွီးဗွဲလေ လောက်ဟှယ်။
ACT 19:10 နှေ့နှစ်လောင်းလောင်း အယ်မျိုးလောက်ဟှူကြောန့် အာရှိပြည်မာနေဟှူ ယုဒလူမျိုးလေန ဟေလသလူမျိုးလေဟှာ သခင်ဘုရားရဲ့ စကားတော်ဟှို ကြားရဂေ့ဟှယ်။
ACT 19:11 ဘုရားသခင်ဟှာ ပေါလုအားဖြင့် ရရာတိုင်း ထူးခြားဟှူ နိမိတ်လတ်ခဏာလေဟှို ပြတော်မူဟှယ်။
ACT 19:12 ပေါလုသောင်းဟှားဟှူ လတ်ကိုင်ပဝါန ခါးဗတ်လေဟှို လူနာလေနားဟှို ယူဆောန်ဟှားဟှူ ခီမာ သူးနို့ဟှာ ရောဂါပျော့‑က်ဟှားဘီး နတ်ဆိုးလေလတ်ဟှနေလည်း လွှတ်ဟှားဂေ့ဟှယ်။
ACT 19:13 နယ်တကာလှည့်ဘီး နတ်ဆိုးလေဟှို နှန်ထုနေဟှူ ယုဒလူတချို့ဟှာ သခင်ယေရှုရဲ့ နာမဟှို သောင်းပြုဘီး နတ်ဆိုးဟှို နှန်ထုဟှို့ ကြိုးစာဂေ့ဟှယ်။ သူးနို့ဟှာ “ပေါလုဟောနေဟှူ ယေရှုရဲ့ နာမန နန့်ဟှို ငါနှန်ထုဟှယ်” ဆိုဘီး နတ်ဆိုးဟှို မိန့်ပေးဂေ့ဟှယ်။
ACT 19:14 အယ်မျိုးလောက်နေဟှူ သူလေဟှာ သာကေဝ နာမယ်ရှိဟှူ ယုဒယဇ်ပုရောဟိတ်ဂီးရဲ့ သားခွန်နစ်ယော့‑က် ဖြစ်ဂေ့ဟှယ်။
ACT 19:15 အယ်ဘေမဲ့ နတ်ဆိုးဟှ “ယေရှုဟှို ငါသိဟှယ်။ ပေါလုဟှိုလည်း ငါသိဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှ ဖယ်သူလေနူး” ဆိုဘီး သူးနို့ဟှို မေးလိုက်ဟှယ်။
ACT 19:16 အယ်ဘီးန နတ်ဆိုးဝမ်နေဟှူ လူဟှာ သူးနို့ဟှို ပြင်းပြင်းထန်းထန်ဟှား တိုက်ခိုက်ဂေ့ဟှယ်။ သူးနို့ဟှာ ခ္လေးဗ္လန်းဗ္လန်းန၊ ဒန်ရာလေန အီထဲဟှနေ ထွပ်ပ္လေးဂေ့ဟှယ်။
ACT 19:17 အယ်ကြောန်းဟှို ဧဖက်ဗြို့မာနေဟှူ ယုဒလူမျိုးလေန ဟေလသလူမျိုးလေဟှာ ကြားရဂေ့ဟှယ်။ သူးနို့ဟှာ ရရာတိုင်း ကြော့‑က်ဂေ့ဘီးဟှာ သခင်ယေရှုရဲ့ နာမဟှို ချီးမွမ်းဂေ့ဟှယ်။
ACT 19:18 ယောင်ကြည်သူလေဟှာ ရော့‑က်လာဂေ့ဘီး သူးနို့လောက်မိဟှူ ဇာလေဟှို ပွမ့်ပွမ့်လန်းလန်းဟှား ဖော်ပြဘီးဟှာ ဝန်ခံဂေ့ဟှယ်။
ACT 19:19 နတ်ဝိဇ္ဇာတတ်ဟှို သောင်းဟှူလူလေဟှာ သူးနို့ စာစောန်လေဟှို စုစည်းယူလာဘီး လူအားလောင်းရှေ့မာ မီးရှို့ဂေ့ဟှယ်။ အယ်စာစောန်လေရဲ့ တန်ဖိုးဟှို တွပ်ကေ့ဟှူ ခီမာ ငွေဒန်းဂါး ၅၀,၀၀၀ ဖိုးလော့‑က် ရှိဟှယ်။
ACT 19:20 အယ်နည်းလမ်းအားဖြင့် သခင်ဘုရားရဲ့ စကားတော်ဟှာ တဂိုးတော်န တိုးပွားဘီး အောန်မြင်လေဟှယ်။
ACT 19:21 အယ်ဇာလေ ဖြစ်ဟှားဘီးန မာကေဒေါနိပြည်န အခါယပြည်ဟှနေဘီး ယေရုရှလင်ဗြို့ဟှို သွားဟှို့တွပ် ဝိညာဉ်တော်အားဖြင့် ပေါလုဟှာ စိဆောင်းဖြတ်လိုက်ဟှယ်။ သူဟှ “အယ်ဗြို့ဟှို ငါသွားဘီးန ရောမဗြို့ဟှိုလည်း သွားမယ်” ဆိုဘီး ပြောဟှယ်။
ACT 19:22 ပေါလုဟှာ သူ့ဟှို စေခံနေဟှူ တိမောသေန ဧရတ္တုလေဟှို မာကေဒေါနိပြည်ဟှို လွှတ်လိုက်ဟှယ်။ သူဟှ အာရှိပြည်မာ ရှစ်ဟှားနေရစ်ဟှယ်။
ACT 19:23 အယ်ခီမာ သခင်ဘုရားရဲ့ လမ်းစဉ်ကြောန့် ဧဖက်ဗြို့မာ ဆူပူမှုဂီးတခု ဖြစ်လာဟှယ်။
ACT 19:24 ဒေမေတရိ နာမယ်ရှိဟှူ ငွေပဒေခတ်မားဟှာ အာတေမိနတ်မီးရဲ့ ငွေနတ်ကွန်းငယ်လေ လောက်ရှင်းအားဖြင့် လတ်မှုပညာရှင်လေဟှို ရရာတိုင်း ကပ်ရစေလေဟှယ်။
ACT 19:25 အယ်ကြောန့် သူဟှာ အယ်လောက်ငန်း လောက်နေဟှူ လောက်မားလေနတူးဒူ တခြားလောက်မား လေဟှိုလည်း စုဘီးဟှာ “ငါ့လူလေ၊ အယ်လောက်ငန်းန နို့လေဟှာ ဝမ်ငွေကောန်းနေဟှယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှယ်။
ACT 19:26 ခု နန်းနို့ကိုယ်တိုင် ဗြင်ရ၊ ကြားဟှားဟှူတိုင်း အယ်ပေါလုဟှာ ‘လူလတ်န လောက်ဟှားဟှူ ဘုရားလေဟှာ ဘုရားမှုဟှ’ ဆိုဘီး ဧဖက်ဗြို့န အာရှိပြည် တပြည်လောင်းဟှ လူလေဘောင်ဂီးဟှို သွီးဆောန်ဘီး လမ်းမှားစေဟှယ်။
ACT 19:27 အယ်မှုဟှာ နို့လေရဲ့ လောက်ငန်းဟှို နာမယ်ပျစ်စေမယ် ဆိုဘီး စိုးရိမ်ဇာရှိမျှ မကဘဲန ကီးမြတ်ဟှူ အာတေမိ နတ်ဖုရားမရဲ့ ဗိမာန်ဟှာ ပမာဏပြုဇာ မှေ့ဘဲန အာရှိပြည်န ကမ္ဘာတဝန်းလောင်းမာ ကိုးကွယ်ဟှူ နတ်ဖုရားမရဲ့ ဂေါင်သရေလည်း ပျော့‑က်ကွယ်ဟှားလေ့မယ်” ဆိုဘီး ပြောလေဟှယ်။
ACT 19:28 အယ်စကားဟှို ကြားဟှူ လတ်မှုပညာရှင်လေဟှာ ဒေါသထွပ်ဘီးဟှာ “ဧဖက်ဗြို့ရဲ့ အာတေမိ နတ်ဖုရားမဟှာ ကီးမြတ်ဟှယ်” ဆိုဘီး အော်ဂေ့ဟှယ်။
ACT 19:29 တဗြို့လောင်းဟှာ ရရာတိုင်း ရှောက်ရှစ်ခတ်ဟှားဟှယ်။ လူလေဟှာ ပေါလုနတူးဒူ ခရီးသွားဟှူ မာကေဒေါနိပြည်သား ဂါယုန အာရိတ္တာခုလေဟှို ဖမ်းဘီးဟှာ ပွဲခံဟှူ ခန်းမဂီးဟှို ဗြန်းဗြန်ဟှား ဆွဲခေါ်ဟှားဂေ့ဟှယ်။
ACT 19:30 ပေါလုဟှာ သူကိုယ်တိုင်ဘဲ့ လူအောက်ဂီးရှေ့ဟှို သွားရှင်ဘေမဲ့လည်း တဗဲ့တော်လေဟှာ ခွမ့်ပြုဂေ့ဟှ။
ACT 19:31 ပေါလုရဲ့ မိဆွေဖြစ်ဟှူ နယ်အာဏာပိုင် တချို့ဟှလည်း ပွဲခံဟှူ ခန်းမဂီးထဲဟှို ဝမ်ဘဲဟှို့တွပ် သူ့နားဟှို လူလွှတ်ဘီး တောန်းဗန်ဂေ့ဟှယ်။
ACT 19:32 အယ်ခီမာ လူလေဟှာ တယော့‑က်တဘော့‑က် အော်ဘီးဟှာ ရောက်ရောက်သဲသဲ ဖြစ်နေဂေ့ဟှယ်။ လူလေဟှ သူးနို့လေ ဖြားဖြစ်ကြောန့် စုနေဂေ့ဟှယ် ဆိုဇာဟှို သိဂေ့ဟှ။
ACT 19:33 ယုဒလူမျိုးလေဟှာ အာလေဇန္ဒြုဟှို ရှေ့ဟှို ထွပ်ခိုင်းစေဟှယ်။ လူလေတချို့ဟှလည်း အယ်လူဟှာ ခုဖြစ်နေဟှူ ကိစနဆိုင်ဟှယ် ဆိုဘီး ယူဆဂေ့ဟှယ်။ အာလေဇန္ဒြုဟှာ လူအောက်ဂီးဟှို တိတိဟှားနေဟှို့တွပ် လတ်န ချစ်ပြလိုက်ဟှယ်။ အယ်ဘီးဟှာ ဖြေရှင်းဟှူ စကားဟှို ပြောဟှို့တွပ် ကြိုးစားဟှယ်။
ACT 19:34 သူဟှာ ယုဒလူမျိုးဖြစ်ဟှယ် ဆိုဇာဟှို သူးနို့လေ သိဂေ့ဟှူ ခီမာ “ဧဖက်ဗြို့သားလေရဲ့ အာတေမိ နတ်ဖုရားမဟှာ ကီးမြတ်ဟှယ်” ဆိုဘီး နှေ့နာရီလော့‑က်ထိ လူလေဟှာ တသံဒဲ အော်နေဂေ့ဟှယ်။
ACT 19:35 နော့‑က်ဆောင်းမာ ဗြို့စာရေးဟှာ လူအောက်ဂီးဟှို တိတိဟှားနေခိုင်းဘီး “ဧဖက်ဗြို့သားလေ၊ ဧဖက်ဗြို့တော်ဟှာ ကီးမြတ်ဟှူ အာတေမိနတ်ဖုရားမရဲ့ ဗိမာန်တော်န ကောန်းဂန်ဘောင်ဟှနေ က္လလာဟှူ ရောက်ထုလေဟှို ထီးသီးစော့‑က်ရှော့‑က်ဟှားဟှူ ဗြို့ဖြစ်ဟှယ် ဆိုဇာဟှို လူတိုင်းသိဂေ့ဟှယ်။
ACT 19:36 အယ်မူဇာဟှို ဖယ်လူလည်း ဂြင်းနိုင်ဟှ။ အယ်ကြောန့် နန်းနို့ဟှာ တိတိဆိဆိနေဂေ့။ စဉ်းစားဘဲန ဖြားဇာလည်း လောက်ဂေ့န။
ACT 19:37 နန်းနို့ဟှာ သူးနို့ဟှို အယ်နေရာဟှို ခေါန်းဆောန်လာဂေ့ဟှယ်။ သူးနို့ဟှာ နို့လေရဲ့ ဗိမာန်တော်ဟှို ဖျစ်ဆီးရှင်းလည်း မှုဟှ။ နို့လေရဲ့ နတ်ဖုရားမဟှိုလည်း ကဲ့ရဲ့ဟှူ စကားလေလည်း ပြောဟှ။
ACT 19:38 ဒေမေတရိန သူ့ပေါန်းပါလေထဲဟှ ယော့‑က်ယော့‑က်ဟှ တရားစွဲမယ် ဆိုဟှာ တရားရောင်းဖွမ့်ဟှူ ရစ်မာဘဲ့ အာဏာပိုင်လေရှိဟှူကြောန့် တရားစွဲနိုင်ဟှယ်။
ACT 19:39 အယ်ဘေမဲ့ နန်းနို့မာ တခြားကိစရှိဟှယ် ဆိုဟှာ တရားဝမ်စည်းဝေးမာ ဆောင်းဖြတ်ရမယ်။
ACT 19:40 အယ်နေ့ဖြစ်ဟှားဟှူ ကိစန ပတ်သတ်ဘီး ခိုင်လောင်ဟှူ ကြောန်းပြချစ် ပေးနိုင်ဘဲဟှူကြောန့် နို့လေဟှာ အယ်ပဒိပခတွပ် တရားစွဲခံရမယ် ဆိုဇာဟှိုဘဲ့ စိုးရိမ်ရဟှယ်။ နို့လေဟှာ အယ်ပဒိပခတွပ် ဖြေရှင်းချစ်ပေးနိုင်ဟှို့ မှုဟှ” ဆိုဘီး ပြောဟှယ်။
ACT 19:41 အယ်မျိုးပြောဘီးန ဗြို့စာရေးဟှာ လူအောက်ဂီးဟှို ပ္လန်ခိုင်းလိုက်ဟှယ်။
ACT 20:1 ရှောက်ရှစ်ခတ်ဇာလေ ပီးဟှားဘီးန ပေါလုဟှာ တဗဲ့တော်လေဟှို ခေါ်ဘီး နှစ်သိမ့်ပေးဟှယ်။ အယ်ဘီးန သူးနို့ဟှို နှောက်ဆစ်ဘီးဟှာ မာကေဒေါနိပြည်ဟှို ထွပ်ဟှားလိုက်ဟှယ်။
ACT 20:2 သူဟှာ နေရာတိုင်းဟှို သွားဘီးဟှာ ယောင်ကြည်သူလေဟှို နှစ်သိမ့်အားပေးဘီးန အခါယပြည်ဟှို သွားဟှယ်။
ACT 20:3 သူဟှာ အယ်ပြည်မာ သောင်းလနေဟှယ်။ အယ်ဘီးန ရှုရိပြည်ဟှို သန်းဖောန သွားဟှို့ ဆင်သင့်ဖြစ်နေဟှူ ခီမာဘဲ့ ယုဒလူမျိုးလေဟှာ သူ့ဟှို သတ်ဟှို့တွပ် ကြံစည်နေဟှယ် ဆိုဇာဟှို ကြားရဟှယ်။ အယ်ကြောန့် သူဟှာ မာကေဒေါနိပြည်ဟှို ဖြတ်ဘီး ပ္လန်ဟှို့တွပ် စိဆောင်းဖြတ်လိုက်ဟှယ်။
ACT 20:4 ပေါလုနတူးဒူ လိုက်ဟှားသူလေဟှ ဗေရိဗြို့သားဖြစ်ဟှူ ပုရုရဲ့သား သောပတရု၊ သက်သာလောနိတ်ဗြို့သားလေ ဖြစ်ဂေ့ဟှူ အာရိတ္တာခုန သေကန္ဒု၊ ဒေရဗေဗြို့သားဖြစ်ဟှူ ဂါယု၊ အာရှိပြည်သားလေ ဖြစ်ဂေ့ဟှူ တုခိတ်န တရောဖိမ်လေ၊ အယ်ဘီးဟှာ တိမောသေလေ ဖြစ်ဂေ့ဟှယ်။
ACT 20:5 အယ်လူလေဟှာ ရင်ဦးဆောင်းသွားဂေ့ဘီးန ကျွန်တော့်လေဟှို တရောဗြို့မာ စောန့်နေဂေ့ဟှယ်။
ACT 20:6 တဆေးမှေ့ဘဲဟှူ မုပွဲတော် ပီးဟှားဘီးန ကျွန်တော့်လေဟှ ဖိလိပ္ပိဗြို့ဟှနေဘီး သန်းဖောန လာဂေ့ဟှယ်။ ငါးရစ်ကြာဘီးန သူးနို့ရှိနေဟှူ တရောဗြို့ဟှို ရော့‑က်ဟှားဘီး အယ်ဗြို့မာ ခွန်နစ်ရစ်လော့‑က် နေဂေ့ဟှယ်။
ACT 20:7 ကျွန်တော့်လေဟှာ စနေနေ့ နေဒန်ဇာမာ မိတ်သဟာယစာ စားဂေ့ဟှို့တွပ် စုဂေ့ဟှယ်။ ပေါလုဟှာ နော့‑က်တနေ့မာ အယ်ဗြို့ဟှနေ ထွပ်ဟှို့တွပ် ကြံစည်ဟှားကြောန့် ညဉ့်နတ်ခီထိ လူလေဟှို ဆစ်ဘီးဟှာ ဟောပြောနေဟှယ်။
ACT 20:8 ကျွန်တော့်လေ စည်းဝေးဟှူ ထတ်ခန်းမာ မီးအီလေ ဘောင်ဂီးထွန်းဟှားဟှယ်။
ACT 20:9 ဥတုခု နာမယ်ရှိဟှူ ကောန်သားတယော့‑က်ဟှာ လတ်တန်ဗော့‑က်ထတ်မာ ထိုင်နေဟှယ်။ ပေါလုဟှ ဆစ်ဘီးဟောနေဟှူ ခီမာ ဥတုခုဟှာ အိငိုက်လာဘီးန နော့‑က်ဆောင်းမာ အိမွိဟှားဟှူကြောန့် အီသောင်းထပ်ဟှနေဘီး မ္လေဂီးထတ်ဟှို က္လဟှားလေဟှယ်။ လူလေဟှာ သူ့ဟှို ခီလိုက်ဟှူ ခီမာ သေဟှားဘီ ဆိုဇာဟှို တွိဂေ့ဟှယ်။
ACT 20:10 အယ်ခီမာ ပေါလုဟှာ အော့‑က်ဟှို ဆင်းဘီးဟှာ အယ်လူထတ်မာ သူ့ကိုယ်ဟှို မှောက်ခ္လဘီးန ဖတ်ဟှားလိုက်ဟှယ်။ လူလေဟှို “စိုးရိမ်ဂေ့န။ သူဟှာ သတ်ရှင်နေသေးဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 20:11 ပေါလုဟှာ အီထတ်ဟှို ပ္လန်တတ်ဘီး တဗဲ့တော်လေနတူးဒူ မုဟှိုဖဲ့ဘီး စားဂေ့ဟှယ်။ မိုးလန်းဟှူခီထိ ကြာဂီးစကားပြောဘီးန ပေါလုဟှာ ထွပ်ဟှားလေဟှယ်။
ACT 20:12 တဗဲ့တော်လေဟှာ သတ်ရှင်နေသေးဟှူ ကောန်သားဟှို သူ့အီဟှို ခေါ်ဟှားဘီးမှ ရရာတိုင်း သတ်သာရာ ရဂေ့ဟှယ်။
ACT 20:13 ကျွန်တော့်လေဟှာ သန်းဖောနားဟှို ရင်ဦးဆောင်းသွားဘီးန အဿုဗြို့ဟှို သွားဂေ့ဟှယ်။ အဿုဗြို့ဟှိုရော့‑က်မှ ပေါလုဟှို သန်းဖောစီးခိုင်းဟှို့တွပ် ဖြစ်ဟှယ်။ ပေါလုဟှာ အယ်ဗြို့ဟှို ကူးလမ်းဟှနေ သွားမယ် ဆိုဘီး ပြောဟှားကြောန့် ဖြစ်ဟှယ်။
ACT 20:14 သူ့ဟှာ ကျွန်တော့်လေဟှို အဿုဗြို့မာ တွိဟှူကြောန့် သူ့ဟှို သန်းဖောထတ်ဟှို ခေါ်ဘီးဟှာ မိတုလင်ဗြို့ဟှို သွားဂေ့ဟှယ်။
ACT 20:15 ကျွန်တော်ဟှားလေဟှာ အယ်နေရာဟှနေ ဝှပ်လွပ်ဘီး နော့‑က်တနေ့မာ ခိအုကျွန်းနားဟှို ရော့‑က်ဟှားဂေ့ဟှယ်။ တရစ်ကြာဘီးန သာမုကျွန်းဟှို ရော့‑က်ဟှားဘီး နော့‑က်တရစ်မှ မိလက်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
ACT 20:16 ပေါလုဟှာ အာရှိပြည်မာ ခီကူရှင်ဘဲကြောန့် ဧဖက်ဗြို့ဟှို ဖြတ်ဘီး သန်းဖောန သွားဟှို့တွပ် စိဆောင်းဖြတ်ဟှားဟှယ်။ ဖြစ်နိုင်မယ် ဆိုဟှာ ပင်တေကုတ္တေ ပွဲတော်မီအောန် ယေရုရှလင်ဗြို့ဟှို ရော့‑က်ဟှို့တွပ် သူဟှာ ဗြန်းဗြန်ဟှား သွားနေဟှယ်။
ACT 20:17 အယ်ခီမာ ပေါလုဟှာ ဧဖက်ဗြို့ဟှ သင်းတော်လူဂီးလေဟှို သူ့ဟှို လာတွိဟှို့တွပ် မိလက်ဗြို့ဟှနေ လူလွှတ်ဘီး ကြောန်းကြားလိုက်ဟှယ်။
ACT 20:18 အယ်လူလေဟှ ရော့‑က်လာဂေ့ဟှူ ခီမာ ပေါလုဟှ “ငါဟှာ အာရှိပြည်ဟှို ရော့‑က်ဟှူနေ့ဟှစဘီး နန်းနို့နတူးဒူ ရှိနေဟှူ ခီတိုင်းဟှာ ဖယ်မျိုးသတ်ရှင်ဟှယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှယ်။
ACT 20:19 ယုဒလူမျိုးလေရဲ့ ကြံစည်လေကြောန့် ခတ်ခဲဟှူခီလေဟှို ကြောင်တွိနေရဘေမဲ့လည်း ငါဟှာ မျစ်ရယ်က္လဘီး၊ စိနှလောင်းနှိခ္လဘီး သခင်ဘုရားဟှို စေခံဟှယ်။
ACT 20:20 လူအောက်ဂီးရှေ့မာရော၊ နန်းနို့ အီလေမာရော ငါဟှာ ဟောပြောဘီး သွန်သန်ဟှူ ခီမာ နန်းနို့တွပ် ကျိုးရှိဟှူ စကားလေဟှို ဖယ်ခါလည်း ဝှပ်ဘီးထားဟှ။
ACT 20:21 ဘုရားသခင်ရှေ့မာ နောန်ဒရရှင်း၊ နို့လေရဲ့ သခင်ယေရှုဟှို ယောင်ကြည်ရှင်း ကြောန်းလေဟှို ယုဒလူမျိုးလေဟှိုရော၊ ဟေလသလူမျိုးလေဟှိုရော လေးလေးနတ်နတ်ဟှား ဒိပေးဟှယ်။
ACT 20:22 ခု ငါဟှာ ဝိညာဉ်တော်ရဲ့ မိန့်တော်ဟှို နာခံဘီး ယေရုရှလင်ဗြို့ဟှို သွားရမယ်။ အယ်ဗြို့မာ ဖယ်မျိုးဖြစ်မယ် ဆိုဇာဟှို ငါသိဟှ။
ACT 20:23 သန့်ရှင်းဟှူဝိညာဉ်တော်ဟှ ‘နန်ဟှာ တောက်နှောန်ရှင်းန ဒေါက်ခလေဟှို ခံရလေ့မယ်’ ဆိုဘီး ဗြို့တိုင်းမာ ငါ့ဟှို ဒိပေးဟှားဟှယ် ဆိုဇာဟှို ငါသိဟှယ်။
ACT 20:24 အယ်ဘေမဲ့ ငါ့တွပ်သတ်မှတ်ဟှားဟှူ လောက်တာဝန်န သခင်ယေရှုပေးဟှားဟှူ မှုတော်ဟှို ပီးအောန်လောက်ဆောန်ဟှို့ ဓိကဖြစ်ဟှူကြောန့် ငါဟှာ ကိုယ့်သတ်ဟှို ကိုယ်ဗြောဟှ။ ကိုယ်တော်ပေးဟှားဟှူ မှုတော်ဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို ကြေညာဟှို့တွပ် ဖြစ်ဟှယ်။”
ACT 20:25 “ငါဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းဟှို နန်းနို့နားဟှို လာဘီး ဟောပြောဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှလွဲဘီး ဖယ်သူဟှလည်း ငါ့မျစ်နှာဟှို နော့‑က်တခါ ဗြင်ရဟှို့မှုဘီ ဆိုဇာဟှို ငါသိနေဟှယ်။
ACT 20:26 အယ်ကြောန့် နန်းနို့ထဲဟှ ယော့‑က်ယော့‑က်ဟှာ သတ်ဝိညာဉ်ဆောင်းရှောင်းမယ် ဆိုဟှာ လူလေရဲ့သွီးန ငါကင်းလွတ်ဟှယ် ဆိုဇာဟှို အယ်နေ့ဘဲ့ နန်းနို့ဟှို ငါဟှာ လေးလေးနတ်နတ်ဟှား သတ်သေခံဟှယ်။
ACT 20:27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဘုရားသခင်ရဲ့ လိုတော်ဟှို နန်းနို့လေဟှို ဂူလောင်း ပြောပြဟှားပီးဘီ။
ACT 20:28 အယ်ကြောန့် နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ်ရော၊ နန်းနို့လတ်ထဲဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှ ပေးဟှားဟှူ သိုးစုလေဟှိုရော စောန့်ရှော့‑က်ဘီး ကေ့ရှုဂေ့ပါ။ ဘုရားသခင် ရဲ့ သင်းတော်ဟှို သိုးထီးမျိုး ကေ့ရှုဂေ့ပါ။ ဘုရားသခင်ဟှာ သူ့သားတော်ရဲ့ သွီးတော်အားဖြင့် သင်းတော်ဟှို ဝယ်ဟှားဟှယ်။
ACT 20:29 ငါမှေ့ဘဲဟှူ နော့‑က်မာ လူတချို့ဟှာ နန်းနို့နားဟှို လာဘီးဟှာ ရစ်ဆစ်ကြမ်းထန်းဟှူ ဝံပုလွေလေမျိုး သိုးစုဟှို ညှာတာဘဲန လောက်ဂေ့မယ် ဆိုဇာဟှို ငါသိနေဟှယ်။
ACT 20:30 နန်းနို့ထဲမာ တချို့လူလေဟှာ လီညာပြောဆိုဘီး ယောင်ကြည်သူလေဟှို သူ့နော့‑က်ဟှို ခေါ်ဟှားဟှူခီ ရော့‑က်လာလေ့မယ်။
ACT 20:31 အယ်ကြောန့် ဒိနနေဂေ့ပါ။ ငါဟှာ နန်းနို့ ဂူလောင်းဟှို သောင်းနှစ်လောင်းလောင်း နေ့ရောညဉ့်ရော မျစ်ရယ်က္လဘီး ဆောင်းမသွန်သန်ဇာဟှို ဒိရဂေ့ပါ။
ACT 20:32 “ခု နန်းနို့လေဟှို ဘုရားသခင်ရဲ့ လတ်ထဲဟှိုရော၊ ကျေးဇူးတော်တရားရဲ့ လတ်ထဲဟှိုရော ငါအပ်လိုက်ဟှယ်။ အယ်ကျေးဇူးတော်တရားဟှာ နန်းနို့လေဟှို တည်ဆော့‑က်ဟှို့တွပ် ကိုယ်တော်ရဲ့ သန့်ရှင်းသူလေတွပ် ထားဟှားဟှူ ကောန်းဂျီးမင်္ဂလာလေဟှို နန်းနို့ ခံစားရလေ့မယ်။
ACT 20:33 ငါဟှာ တခြားသူလေရဲ့ ရွှေလေ၊ ငွေလေန ဝတ်စားလေဟှို တတ်မတ်ဇာ မှေ့ဟှ။
ACT 20:34 ငါဟှာ အယ်လတ်လေန လောက်လောက်ဘီး ငါ့ပေါန်းသင်းလေရဲ့ လိုအပ်ဇာလေဟှို ဖ္လဲ့ပေးနေဟှယ် ဆိုဇာဟှို နန်းနို့လေဟှ သိဂေ့ဟှယ်။
ACT 20:35 အယ်မျိုးဘဲ့ နန်းနို့လေလည်း လောက်ဟှို ကြိုးစားဘီး ဆင်းရဲဟှူ လူလေဟှို ကူညီဂေ့ဟှို့တွပ် ငါပြရစ်ဟှယ်။ သခင်ယေရှု ကိုယ်တိုင်ဟှ ‘ပေးဟှူဇာဟှ ရယူဇာထတ် ပိုဘီး မင်္ဂလာရှိဟှယ်’ ဆိုဘီး မိန့်တော်မူဟှားဟှူ စကားဟှို ဒိရဂေ့ပါ” ဆိုဘီး ပြောဟှယ်။
ACT 20:36 အယ်မျိုးပြောဘီးန ပေါလုဟှာ ဒူးထော့‑က်ဘီး အယ်လူလေနတူးဒူ ဆုတောန်းလေဟှယ်။
ACT 20:37 သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း ငိုဂေ့ဘီးန ပေါလုဟှို ဖတ်ဘီး နှောက်ဆစ်ဂေ့ဟှယ်။
ACT 20:38 ပေါလုဟှာ သူ့မျစ်နှာဟှို နော့‑က်တခါ ဗြင်ရဟှို့မှုဘီ ဆိုဘီး ပြောဟှူကြောန့် သူးနို့လေဟှာ ပိုဘီး ဟှာ ဝန်းနဲဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှာ ပေါလုဟှို သန်းဖောနားဟှို လိုက်ပို့ဂေ့ဟှယ်။
ACT 21:1 ကျွန်တော့်လေဟှာ အယ်လူလေနားဟှနေဘီး ထွပ်လာဘီးဟှာ သန်းဖောန ကောသကျွန်းဟှို တည့်တည့်သွားဂေ့ဟှယ်။ နော့‑က်တနေ့မာ ရောဒုကျွန်းဟှိုရော၊ အယ်ကျွန်းဟှနေဘီး ပါတရဗြို့ဟှိုရော ရော့‑က်ဟှားဂေ့ဟှယ်။
ACT 21:2 ဖိနိတ်ပြည်ဟှို သွားဟှူ သန်းဖောတစင်းဟှို တွိဟှားဟှူ ခီမာ အယ်သန်းဖောထတ်ဟှို တတ်ဘီး သွားဂေ့ဟှယ်။
ACT 21:3 ကျွန်တော့်လေဟှာ ကုပရုကျွန်းဟှို ဗြင်ရဟှူ ခီမာ အယ်ကျွန်းရဲ့ တောန်ဖတ်ဟှနေဖြတ်ဘီး ရှုရိပြည်ဟှို သန်းဖောန သွားဂေ့ဟှယ်။ တုရုဗြို့မာ ကူပစ်စီးလေဟှို ခ္လရဟှို့တွပ် အယ်ဗြို့မာ သန်းဖောဟှို ဝမ်ဘီးနားရဟှယ်။
ACT 21:4 ကျွန်တော့်လေဟှာ အယ်နေရာမာ တဗဲ့တော်တချို့ဟှို တွိဘီး သူးနို့နတူးဒူ ခွန်နစ်ရစ် နေဂေ့ဟှယ်။ အယ်တဗဲ့တော်လေဟှာ ဝိညာဉ်တော်ရဲ့ တဂိုးန ပေါလုဟှို ယေရုရှလင်ဗြို့ဟှို သွားဘဲဟှို့တွပ် ပြောဂေ့ဟှယ်။
ACT 21:5 အယ်ဘေမဲ့ ခွန်နစ်ရစ် ကြာဟှားဟှူ ခီမာ ကျွန်တော့်လေဟှာ ခရီးသွားဂေ့ဟှယ်။ တဗဲ့တော်လေ ဂူလောင်းဟှာ သူးနို့ မီးမလေန သားဂန်းဟှားလေနတူးဒူ ဗြို့ပ္လန်ဟှ ပန်လယ်ကမ်းနားဟှို ရော့‑က်အောန် လိုက်ပို့ဂေ့ဟှယ်။ ကျွန်တော့်လေဟှာ ပန်လယ်ကမ်းနားမာ ဒူးထော့‑က်ဘီး ဆုတောန်းဂေ့ဟှယ်။
ACT 21:6 အယ်ဘီးန ယော့‑က်နယော့‑က် နှောက်ဆစ်ဘီးဟှာ ကျွန်တော့်လေဟှာ သန်းဖောထတ်ဟှို တတ်ဘီး သူးနို့လေဟှ အီဟှို ပ္လန်ဟှားဂေ့ဟှယ်။
ACT 21:7 တုရုဗြို့ဟှနေဘီး ဆစ်ဘီးသွားဂေ့ဟှူ ခီမာ ကျွန်တော့်လေဟှာ ပတောလင်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ အယ်ဗြို့မာ ညီကို မောန်နှမလေဟှို နှောက်ဆစ်ဘီးန သူးနို့နတူးဒူ တရစ်လော့‑က်နေဂေ့ဟှယ်။
ACT 21:8 နော့‑က်တနေ့မာ ထွပ်ဟှားဘီး ကဲသရိဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ ကျွန်တော့်လေဟှာ ဧဝံဂေလိဆရာ ဖိလိပ္ပု အီမာတည်းဂေ့ဟှယ်။ ဖိလိပ္ပုဟှ တဗဲ့တော်လေဟှို ကူညီဟှို့တွပ် ယေရုရှလင်သင်းတော်ဟှ ဝီးကော့‑က်ဟှားဟှူလူ ခွန်နစ်ယော့‑က်ထဲမာပါဟှူ လူတယော့‑က်ဖြစ်ဟှယ်။
ACT 21:9 သူ့မာ အီထောန်က္လသေးဘဲဟှူ သမီးလေးယော့‑က်ရှိဟှယ်။ သူ့သမီးလေဟှာ ပရောဖက်ပြုဘီး ဘုရားသခင်ရဲ့ တရားတော်ဟှို ကြေညာဂေ့ဟှယ်။
ACT 21:10 အယ်အီမာ ကျွန်တော့်လေဟှာ ရစ်တန်ကြာ နေဘီးဟှူ ခီမာ အာဂဗု နာမယ်ရှိဟှူ ပရောဖက်တယော့‑က်ဟှာ ယုဒပြည်ဟှနေ ရော့‑က်လာဟှယ်။
ACT 21:11 သူဟှာ ကျွန်တော့်လေနားဟှို လာဘီး ပေါလုရဲ့ ခါးဗတ်ဟှို ယူဘီး သူ့ခေန လတ်ဟှို ခယ်လိုက်ဟှယ်။ အယ်ဘီးန “အယ်ခါးဗတ် ဇရှင်ဟှို ယုဒလူလေဟှ ယေရုရှလင်ဗြို့မာ အယ်မျိုးခယ်ဘီးဟှာ လူမျိုးခြားလေဟှို အပ်ဂေ့လေ့မယ် ဆိုဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှ မိန့်တော်မူဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 21:12 အယ်စကားဟှို ကြားရဟှူ ခီမာ ကျွန်တော့်လေန အယ်နေရာမာရှိနေဟှူ လူလေဟှ ယေရုရှလင်ဗြို့ဟှို သွားဘဲဟှို့တွပ် ပေါလုဟှို တောန်းဗန်ဂေ့ဟှယ်။
ACT 21:13 အယ်ဘေမဲ့ ပေါလုဟှ “နန်းနို့ဟှာ ဖြားဖြစ်ကြောန့် အယ်မျိုးငိုဘီးဟှာ ငါ့ရဲ့ စိနှလောင်းဟှို ကြေကွဲစေဂေ့နူး။ ငါဟှာ သခင်ယေရှုရဲ့ နာမတော်ကြောန့် ယေရုရှလင်ဗြို့မာ ခယ်ခံရဘီး သေခံဟှို့ဟှိုမှ ဆင်သင့်ရှိဟှယ်” ဆိုဘီး ပ္လန်ပြောဟှယ်။
ACT 21:14 ပေါလုဟှို သွီးဆောန်နိုင်ဘဲကြောန့် ကျွန်တော့်လေဟှာ လတ်ရှော့လိုက်ဘီး “သခင်ဘုရားရဲ့ လိုတော်တိုင်းဘဲ ဖြစ်ပါစေ” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 21:15 ရစ်နဲနဲကြာဘီးန ကျွန်တော့်လေဟှာ ပစ်စီးလေဟှို ထောက်ဘိုးဘီးဟှာ ယေရုရှလင်ဗြို့ဟှို တတ်ဟှားဂေ့ဟှယ်။
ACT 21:16 ကဲသရိဗြို့ဟှ တဗဲ့တော်တချို့ဟှာ ကျွန်တော့်လေနတူးဒူ လိုက်ဘီး ကျွန်တော့်လေဟှို ကုပရုကျွန်းသား တဗဲ့တော်ဟောန်း တယော့‑က်ဖြစ်ဟှူ မနာသုန်ရဲ့ အီမာတည်းဟှို့တွပ် ခေါ်ဟှားဂေ့ဟှယ်။
ACT 21:17 ယေရုရှလင်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှူ ခီမာ ညီကို မောန်နှမလေဟှ ကြိုဆိုဂေ့ဟှယ်။
ACT 21:18 နော့‑က်တနေ့မာ ပေါလုဟှာ ကျွန်တော့်လေနတူးဒူ ယာကုပ်ဟှို တွိဟှို့တွပ် သွားဂေ့ဟှယ်။ သင်းတော်လူဂီးလေ အားလောင်းလည်း သူ့နားမာ ရှိနေဂေ့ဟှယ်။
ACT 21:19 ပေါလုဟှာ အယ်လူလေဟှို နှောက်ဆစ်ဘီးန သူ့ရဲ့ မှုတော်လောက်ငန်းအားဖြင့် လူမျိုးခြားလေဟှို ဘုရားသခင်လောက်ဟှူ မှုရှိမျှဂူလောင်းဟှို တန်ပြဟှယ်။
ACT 21:20 သူးနို့လေဟှာ အယ်မူဇာဟှို ကြားရဘီးန ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှ “ညီပေါလု၊ ယုဒလူလေ ထောန်နသောန်းနချီဘီး ယောင်ကြည်သူလေ ဖြစ်လာဂေ့ဟှယ် ဆိုဇာဟှို နန်းနို့လေ သိဗြင်ဂေ့ဟှယ်။ သူးနို့လေ ဂူလောင်းဟှာ ပညတ်တရားဖတ်မာ စိအားထတ်သန်ဟှူ သူလေ ဖြစ်ဂေ့ဟှယ်။
ACT 21:21 ‘နန်ဟှာ လူမျိုးခြားလေထဲမာနေဟှူ ယုဒလူလေဟှို နန်းနို့ရဲ့ သားဂန်းဟှားလေဟှို ရေဖျားလှီးပေးဂေ့န။ နန်းနို့ဟှာ ယုဒ ထောင်းဒန်းစဉ်လာလေဟှို လိုက်ဂေ့န’ ဆိုဘီး မောရှေရဲ့ ပညတ်တရားဟှို စွန့်ပစ်ဟှို့တွပ် သွန်သန်နေဇာဟှို အယ်လူလေဟှ ကြားရဂေ့ဟှယ်။
ACT 21:22 အယ်မျိုးဆိုဟှာ နို့လေဟှာ ဖယ်မျိုးလောက်ရဟှို့နူး။ နန်ရော့‑က်လာဟှူဒန်းဟှို သူးနို့လေဟှာ ကြားရမယ် ဆိုဇာ သေချာနေဟှယ်။
ACT 21:23 အယ်ကြောန့် နန့်ဟှို နို့လေပြောဟှားဟှူတိုင်း လောက်လိုက်။ နို့လေမာ သစ်စာဂဒိပြုဟှားဟှူ လူလေးယော့‑က်ရှိဟှယ်။
ACT 21:24 အယ်လူလေဟှို ခေါ်ဟှားဘီး သူးနို့နတူးဒူ စင်ကြယ်ရှင်းဟှို လောက်ဘီးဟှာ သူးနို့ခေါန်းဟှို ရိဟှို့တွပ်ခဟှို ပေးလိုက်။ အယ်မျိုးလောက်မယ် ဆိုဟှာ နန့်ကြောန်းဟှို သူးနို့ကြားရဂေ့ဟှူ ဒန်းဟှာ မှန်ဟှ ဆိုဇာဟှိုရော၊ နန်ကိုယ်တိုင်ဘဲ့ မောရှေရဲ့ ပညတ်တရားဟှို တိတိက္လက္လဟှား စောန့်ထီးဟှယ် ဆိုဇာဟှိုရော လူတိုင်းသိဂေ့လေ့မယ်။
ACT 21:25 အယ်ဘေမဲ့ ယောင်ကြည်သူ လူမျိုးခြားလေတွပ်ဟှ ရောက်ထုရှေ့မာ ပူဇော်ဟှားဟှူ စားဇာ၊ သွီး၊ လည်ဗန်းလှီးဘဲန သတ်ဟှားဟှူ လိဆန်လေဟှို စားဘဲဟှို့တွပ်န တရားဘဲဟှူ မေထုန်ဟှိုလည်း ရှောန်ဟှို့တွပ် နို့လေဟှာ ဆောင်းဖြတ်ဘီး သူးနို့နားဟှို စာရေးဘီး ကြောန်းကြားဟှားပီးဘီ” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 21:26 အယ်ကြောန့် ပေါလုဟှာ နော့‑က်တနေ့မာ အယ်လူလေးယော့‑က်ဟှို ခေါ်ဘီးန သူးနို့နတူးဒူ စင်ကြယ်ရှင်းဟှို လောက်ဂေ့ဟှယ်။ အယ်ဘီးန သူဟှာ ဗိမာန်တော်ဟှို သွားဘီး သူးနို့ယော့‑က်ချင်းစီတွပ် ပူဇော်သကာလောက်ရမယ့် ခီဖြစ်ဟှူ စင်ကြယ်ရှင်းဟှို လောက်ရဟှူ နေ့ရစ်လေ ပီးဆောင်းမယ့်ခီဟှို သိပေးလေဟှယ်။
ACT 21:27 ခွန်နစ်ရစ်လော့‑က် ကြာဟှားဟှူ ခီမာ အာရှိပြည်ဟှနေ ယုဒလူတချို့ဟှာ ပေါလုဟှို ဗိမာန်တော်မာ ဗြင်ဟှားဂေ့ဟှယ်။ သူးနို့ဟှာ လူအောက်ဂီးဟှို နှိုးဆော်ပေးဘီး ပေါလုဟှို ဖမ်းဂေ့ဟှယ်။
ACT 21:28 သူးနို့ဟှ “ဣသရေလလူလေ၊ ကူညီဂေ့ပါ။ အယ်လူဟှာ နေရာတိုင်းဟှို သွားဘီး နို့လူမျိုးန နို့လူမျိုးရဲ့ ပညတ်တရားဟှိုရော၊ အယ်ဗိမာန်တော်ဟှိုရော ဆန့်ကျင်ဘီး လူတိုင်းဟှို သွန်သန်နေဟှယ်။ အယ်မျှလော့‑က်ဘဲ့ မှုဘဲန သူဟှာ လူမျိုးခြားလေဟှိုလည်း ဗိမာန်တော်ထဲဟှို ခေါ်ဆောန်လာဘီးဟှာ အယ်သန့်ရှင်းဟှူ နေရာဟှို ညစ်ညူးစေဟှယ်” ဆိုဘီး အော်ဂေ့ဟှယ်။
ACT 21:29 ဖြားဖြစ်ကြောန့် အယ်မျိုးပြောနူး၊ ဆိုဟှာ သူးနို့ဟှာ ပေါလုဟှို ဧဖက်ဗြို့သား တရောဖိမ်နတူးဒူ ဗြို့ထဲမာတွိဘီး အယ်လူဟှို ဗိမာန်တော်ထဲဟှို ပေါလုဟှာ ခေါ်လာဟှယ် ဆိုဘီး ထန်ဂေ့ဟှယ်။
ACT 21:30 တဗြို့လောင်းဟှာ ရှောက်ရှစ်ခတ်ဘီး လူလေဟှာ ပ္လေးလာဘီးန ပေါလုဟှို ဖမ်းဘီးဟှာ ဗိမာန်တော်ပ္လန်ဟှို ဆွဲထုဂေ့ဟှယ်။ ရှစ်ရှင်းဘဲ့ ဗိမာန်တော်ရဲ့ ခွဗော့‑က်လေဟှို ပိလိုက်ဂေ့ဟှယ်။
ACT 21:31 သူးနို့ဟှာ ပေါလုဟှို သတ်ဟှို့တွပ် ကြိုးစားနေဂေ့ဒူးမာ ယေရုရှလင်ဗြို့ တဗြို့လောင်းဟှာ ရှောက်ရှစ်ခတ်နေဟှယ် ဆိုဘီး ရောမတပ်မှူးနားဟှို ဒန်းဟှာ ရော့‑က်လာဟှယ်။
ACT 21:32 ရှစ်ရှင်းဘဲ့ တပ်မှူးဟှာ စစ်သားလေန ရာရှိတချို့ဟှို ခေါ်ဘီးဟှာ လူအောက်နားဟှို ဆင်းပ္လေးလာဂေ့ဟှယ်။ လူလေဟှာ တပ်မှူးန စစ်သားလေဟှို ဗြင်ဟှားဟှူ ခီမာ ပေါလုဟှို ရိုက်ဘဲန နေဂေ့ဟှယ်။
ACT 21:33 အယ်ခီမာ တပ်မှူးဟှာ ပေါလုနားဟှို ရော့‑က်လာဘီး ဖမ်းဘီးဟှာ သံကြိုးနှေ့ပန်န ခယ်ဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။ အယ်လူဟှ ဖယ်သူဖြစ်နူး။ ဖြားဇာလောက်ဟှားနူး၊ ဆိုဘီး မေးဟှယ်။
ACT 21:34 လူလေဟှ တယော့‑က်တဘော့‑က် အော်ဘီးဟှာ ရောက်ရောက်သဲသဲ ဖြစ်နေဟှူကြောန့် တပ်မှူးဟှာ ခြေနေမှန်ဟှို သိနိုင်ဘဲကြောန့် ပေါလုဟှို ရဲတိုက်ထဲဟှို ခေါ်ဆောန်ဟှားဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။
ACT 21:35 ရဲတိုက်လှေကားဟှို ရော့‑က်ဟှားဟှူ ခီမာ လူလေဟှ ပိုဘီး ကြမ်းလာဘီးဟှာ စစ်သားလေဟှာ ပေါလုဟှို ခီဘီးဟှာ ထမ်းဟှားဂေ့ရဟှယ်။
ACT 21:36 လူလေဟှာ “သူ့ဟှို သတ်လိုက်” ဆိုဘီး အော်ဘီး လိုက်နေဂေ့ဟှယ်။
ACT 21:37 ပေါလုဟှာ သူ့ဟှို ရဲတိုက်ထဲဟှို ခေါ်ဆောန်ဟှားဟှို့ လောက်ဟှူ ခီမာ သူဟှ တပ်မှူးဟှို “ခန်ဗျားန ကျွန်တော် စကားနဲနဲဟှား ပြောရှင်ဟှယ်” ဆိုဘီး ပြောလိုက်ဟှယ်။ တပ်မှူးဟှ “နန်ဟှာ ဟေလသစကားဟှို ပြောတတ်ဘဲ့လော။
ACT 21:38 အယ်ဆိုဟှာ နန်ဟှာ အယ်ရစ်လေတိုင်ခန်ဟှ ပေါင်ကန်ထကြွဘီး ကြမ်းဖတ်မား ၄,၀၀၀ ဟှို တောကန္တာရဟှို ခေါ်ဆောန်ဟှားဟှူ အဲဂုတ္တုလူ မှုဟှလော” ဆိုဘီး မေးဟှယ်။
ACT 21:39 ပေါလုဟှ “ကျွန်တော်ဟှာ ယုဒလူဖြစ်ဘီး ကိလိကိနယ်ရဲ့ ထန်ရှားဟှူ၊ တာရှုဗြို့မာမွီးဟှူ ဗြို့ကီးသားဖြစ်ဟှယ်။ ကျွန်တော့်ဟှို ကျေးဇူးပြုဘီး လူလေဟှို စကားပြောခွမ့်ပေးပါ” ဆိုဘီး ပြောဟှယ်။
ACT 21:40 တပ်မှူးဟှ ခွမ့်ပေးဟှူကြောန့် ပေါလုဟှာ လှေကားထတ်မာရပ်ဘီး လူလေဟှို တိတိဆိဆိဟှား နေဟှို့တွပ် လတ်န ချစ်ပြလိုက်ဟှယ်။ အယ်လူလေဟှာ တိတိဆိဆိဟှား ဖြစ်ဟှားဂေ့ဟှူ ခီမာ သူဟှာ ယုဒစကားန၊
ACT 22:1 “သူ့ညီကိုလေန ဖလေ၊ ခုကျွန်တော့်ရဲ့ ဖြေရှင်းချစ်ဟှို နားထောန်ဂေ့ပါ” ဆိုဘီး ပြောဟှယ်။
ACT 22:2 သူးနို့ဟှို ယုဒစကားန ပြောနေဟှယ် ဆိုဇာဟှို ကြားရဟှူ ခီမာ သူးနို့ဟှာ ပိုဘီး တိဆိဟှားဂေ့ဟှယ်။ အယ်ဘီးန ပေါလုဟှ၊
ACT 22:3 “ကျွန်တော်ဟှာ ကိလိကိနယ်၊ တာရှုဗြို့မာမွီးဟှူ ယုဒလူဖြစ်ဟှယ်။ ယေရုရှလင်ဗြို့မာ ကီးလာဘီး ဘိုးဘေးလေ လိုက်လျှော့‑က် ကျင့်သောင်းဟှူ ပညတ်တော်ဟှို ဂါမလျေလနားမာ တိတိက္လက္လဟှား သန်ယူဟှားဟှယ်။ ခုနန်းနို့ဟှာ ဘုရားသခင်ရဲ့ မှုတော်ဟှို လောက်ဟှို့တွပ် စိအားထတ်သန်ဟှူမျိုးဘဲ့ ကျွန်တော်ဟှလည်း စိအားထတ်သန်ဟှားဟှယ်။
ACT 22:4 ကျွန်တော်ဟှာ ယေရှုရဲ့ လမ်းစဉ်ဟှို လိုက်လျှော့‑က်ဂေ့ဟှူ လူလေဟှို သေလော့‑က်အောန်ထိ ညှဉ်းဆဲဟှားဟှယ်။ ယော့‑က်ကျားလေန မီးမလေဟှို ဖမ်းဘီးဟှာ ထောန်ခ္လဟှားဟှယ်။
ACT 22:5 ကျွန်တော် ပြောနေဇာလေဟှာ မှန်ဟှယ် ဆိုဇာဟှို ယဇ်ပုရောဟိတ်မန်းနတူးဒူ ယုဒတရားလွှတ်တော် တခုလောင်းဟှ သတ်သေပြနိုင်ဂေ့ဟှယ်။ ကျွန်တော်ဟှာ သူးနို့နားဟှနေဘီး ဒမာသက်ဗြို့မာရှိဟှူ ယုဒညီကိုလေဟှို ရေးပေးလိုက်ဟှူ စာလေဟှို ယူဘီးန အယ်လမ်းစဉ်ဟှို လိုက်လျှော့‑က်ဟှူ လူလေဟှို ပြစ်စီရင်ဟှို့တွပ် ဖမ်းဘီးဟှာ ယေရုရှလင်ဗြို့ဟှို ခေါ်ဆောန်လာဟှို့တွပ် အယ်ဗြို့ဟှို ထွပ်ဟှားဟှယ်။
ACT 22:6 “ကျွန်တော်ဟှာ ခရီးသွားရင်းန ဒမာသက်ဗြို့နားဟှို ရော့‑က်ဟှူ ခီမာ မွန်းဒဲ့ခီန ကောန်းဂန်ဟှနေ တော့‑က်ပဟှူ လန်းရောန်တခုဟှာ ရောက်တရစ် ကျွန်တော့်ပတ်လည်မာ ထွန်းတော့‑က်လာဟှယ်။
ACT 22:7 ကျွန်တော်ဟှာ မ္လေဂီးထတ်ဟှို လဲက္လဟှားဘီး ‘ရှောလု၊ ရှောလု၊ နန်ဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ညှဉ်းဆဲနူး’ ဆိုဘီး ကျွန်တော့်ဟှို ပြောနေဟှူသံဟှို ကြားရဟှယ်။
ACT 22:8 ကျွန်တော်ဟှ ‘သခင်၊ ကိုယ်တော်ဟှ ဖယ်သူနူး’ ဆိုဘီး မေးလျှော့‑က်လိုက်ဟှယ်။ ကိုယ်တော်ဟှ ‘ငါဟှာ နန်ညှဉ်းဆဲနေဟှူ နာဇရက်ဗြို့သား ယေရှုဘဲ့ဖြစ်ဟှယ်’ ဆိုဘီး မိန့်တော်မူလေဟှယ်။
ACT 22:9 ကျွန်တော်နတူးဒူ ရှိနေဂေ့ဟှူ လူလေဟှာ အယ်လန်းရောန်ဟှို ဗြင်ရဂေ့ဘေမဲ့ ကျွန်တော့်ဟှို ပြောနေဟှူသူရဲ့ သံတော်ဟှို ကြားရဂေ့ဟှ။
ACT 22:10 ကျွန်တော်ဟှ ‘သခင်၊ ကျွန်တော်ဟှာ ဖယ်မျိုးလောက်ရဟှို့နူး’ ဆိုဘီး မေးလျှော့‑က်လိုက်ဟှယ်။ ကိုယ်တော်ဟှ ‘ထဘီးဟှာ ဒမာသက်ဗြို့ဟှို သွားလိုက်။ နန်လောက်ရဟှို့တွပ် သတ်မှတ်ဟှားဟှူဇာလေ ဂူလောင်းဟှို အယ်ဗြို့မာ နန့်ဟှို ငါပြောပြမယ်’ ဆိုဘီး မိန့်တော်မူလေဟှယ်။
ACT 22:11 ကျွန်တော်ဟှာ တော့‑က်ပဟှူ လန်းရောန်ကြောန့် မျစ်စိကန်းဟှားဘီး ကျွန်တော်နတူးဒူ ရှိနေဂေ့ဟှူ လူလေဟှ ကျွန်တော့်လတ်ဟှို ဆွဲဘီးဟှာ ဒမာသက်ဗြို့ထဲဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။
ACT 22:12 “အယ်ဗြို့မာ အာနနိ နာမယ်ရှိဟှူ လူဟှာ ပညတ်တရားဟှို လိုက်လျှော့‑က်ကျင့်သောင်းဘီး ဘာသာရေးလိုက်စားဟှူ လူလည်းဖြစ်ဟှယ်။ အယ်ဗြို့မာနေဟှူ ယုဒလူလေရဲ့ ချီးကျူးလေးစားခံရဟှူ လူဖြစ်ဟှယ်။
ACT 22:13 သူဟှာ ကျွန်တော်နားဟှို လာဘီး နီးနားမာ ရပ်ဘီးဟှာ ‘ညီရှောလု၊ မျစ်စိပ္လန်ဗြင်စေ!’ ဆိုဘီး ပြောဟှယ်။ ရှစ်ရှင်းဘဲ့ ကျွန်တော့်ဟှာ မျစ်စိပ္လန်ဗြင်ဟှားဘီး သူ့ဟှို ကေ့လိုက်ဟှယ်။
ACT 22:14 အာနနိဟှ ‘နန်ဟှာ နို့ဘိုးဘေးလေရဲ့ ဘုရားသခင် လိုတော်ဟှို သိဟှို့တွပ်ရော၊ ကိုယ်တော်ရဲ့ ဖြောန့်မတ်ဟှူ စေခံဟှို ဗြင်ရဟှို့တွပ်ရော၊ အယ်သခင်ရဲ့ နှောက်တော်ဟှနေ သံတော်ဟှို ကြားရဟှို့တွပ်ရော ကိုယ်တော်ဟှာ နန့်ဟှို ဝီးကော့‑က်လိုက်ဟှယ်။
ACT 22:15 နန်ဟှာခု ဗြင်ရကြားရဇာလေဟှို လူတိုင်းဟှို ပြောဟှို့တွပ် အယ်သခင်ရဲ့ သတ်သေ ဖြစ်ရလေ့မယ်။
ACT 22:16 ခုနန်ဟှာ ဖြားဖြစ်ကြောန့် ခီဆွဲနေရနူး။ ထဘီးဟှာ ဗတ္တိဇံခံလိုက်။ အယ်ဘီးဟှာ နန့်ရဲ့ ပြစ်လေ လွှတ်ခံရဟှို့တွပ် သခင်ဘုရားရဲ့ နာမတော်န ဆုတောန်းလိုက်’ ဆိုဘီး ပြောဟှယ်။
ACT 22:17 “ကျွန်တော်ဟှာ ယေရုရှလင်ဗြို့ဟှို ပ္လန်ရော့‑က်ဘီး ဗိမာန်တော်မာ ဆုတောန်းနေဒူးမာ ရူပါရောင်ဟှို ဗြင်ရဟှယ်။
ACT 22:18 အယ်ရူပါရောင်မာ သခင်ဘုရားဟှို ဗြင်ရဘီး ကိုယ်တော်ဟှ ‘နန်ဟှာ ယေရုရှလင်ဗြို့ဟှနေ ဗြန်းဗြန်ဟှား ထွပ်ဟှားလိုက်။ အယ်ဗြို့သားလေဟှာ ငါ့ကြောန်းသတ်သေခံဇာဟှို လတ်ခံဂေ့မှုဟှ’ ဆိုဘီး မိန့်တော်မူဟှယ်။
ACT 22:19 ကျွန်တော်ဟှလည်း ‘သခင်ဘုရား၊ ကျွန်တော်ဟှာ ဝါလယ်ဇရပ်လေဟှို သွားဘီးဟှာ သခင်ဟှို ယောင်ကြည်ဟှူ လူလေဟှို ရိုက်နှက်ဘီး ထောန်ခ္လဟှားဟှယ် ဆိုဇာဟှို အယ်လူလေ သိဂေ့ဟှယ်။
ACT 22:20 ကိုယ်တော်ရဲ့ သတ်သေဖြစ်ဟှူ သတေဖန်ဟှို သတ်ဂေ့ဟှူ ခီမာလည်း ကျွန်တော်ကိုယ်တိုင်ဟှာ နားမာရပ်ဘီး လိုတူလိုပါဖြစ်ဟှယ်။ သူ့ဟှို သတ်ဟှူလူလေရဲ့ အန်းဂီလေဟှို စောန့်ပေးဟှားဟှယ်’ ဆိုဘီး ပ္လန်လျှော့‑က်လိုက်ဟှယ်။
ACT 22:21 သခင်ဘုရားဟှ ‘သွားလိုက်။ ရပ်ဝီးမာနေဟှူ လူမျိုးခြားလေနားဟှို နန့်ဟှို ငါလွှတ်မယ်’ ဆိုဘီး မိန့်တော်မူဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 22:22 လူလေဟှာ ပေါလုရဲ့ စကားဟှို အယ်မျှထိ နားထောန်ဂေ့ဘီးန “အယ်လူဟှို ကမ္ဘာမ္လေဂီးဟှနေ ဖယ်ရှားလိုက်! သူ့ဟှို သတ်လိုက်! သူဟှာ သတ်ရှင်သင့်ဟှ!” ဆိုဘီး သံက္လယ်ဂီးန အော်ဂေ့ဟှယ်။
ACT 22:23 သူးနို့ဟှာ အန်းဂီလေဟှိုခါရမ်းဘီး မ္လေမုလေဟှို လေထဲဟှို ပစ်တန်ဘီးဟှာ အော်ဂေ့ဟှယ်။
ACT 22:24 အယ်ခီမာ ရောမတပ်မှူးဟှာ ပေါလုဟှို ရဲတိုက်ထဲဟှို ခေါ်ဆောန်ဟှားဟှို့တွပ်န လူလေဟှာ ဖြားဖြစ်ကြောန့် သူ့ဟှို ဆန့်ကျင်ဘီး အယ်မျိုး အော်နေဂေ့ဇာဟှို သိရှင်တွပ် သူ့ဟှိုရိုက်ဘီး စစ်ဆေးဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။
ACT 22:25 သူ့ဟှို ရိုက်ဟှို့တွပ် ကြိုးန တောက်ဂေ့ဟှူ ခီမာ ပေါလုဟှ နီးနားမာရပ်နေဟှူ ရာရှိဟှို “ရောမ နိုင်ငံသားတယော့‑က်ဟှို စစ်ဆေးဘဲန ကီဒန်ပေးဇာဟှာ တရားဥပဒေန ကိုက်ညီဘဲ့လော” ဆိုဘီး မေးဟှယ်။
ACT 22:26 အယ်စကားဟှို ကြားရဟှူ ရာရှိဟှာ တပ်မှူးနားဟှို သွားဘီး “သခင် ဖယ်မျိုးလောက်ဟှို့နူး။ အယ်လူဟှာ ရောမနိုင်ငံသားဖြစ်ဟှယ်!” ဆိုဘီး လျှော့‑က်လိုက်ဟှယ်။
ACT 22:27 အယ်ကြောန့် တပ်မှူးဟှာ ပေါလုနားဟှို လာဘီး “ငါ့ဟှိုပြောပါ။ နန်ဟှာ ရောမနိုင်ငံသားလော” ဆိုဘီး မေးဟှယ်။ ပေါလုဟှ “မှန်ဟှယ်” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
ACT 22:28 တပ်မှူးဟှ “ငါဟှာ ကပ်လေဘောင်ဂီး ပေးဘီးမှ ရောမနိုင်ငံသား ခံယူဟှားဟှယ်” ဆိုဘီး ပြောဟှယ်။ ပေါလုဟှ “ငါဟှာ ဇာတိအားဖြင့် ရောမနိုင်ငံသားဖြစ်ဟှယ်” ဆိုဘီး ပ္လန်ပြောဟှယ်။
ACT 22:29 သူ့ဟှို စစ်ဆေးနေဟှူ လူလေဟှာ ရှစ်ရှင်းဘဲ နော့‑က်ဟှို ဆုဟှားဂေ့ဟှယ်။ ပေါလုဟှာ ရောမနိုင်ငံသားဖြစ်ဟှယ် ဆိုဇာဟှိုရော၊ သူ့ဟှို သံကြိုးန ခယ်လိုက်မိဘီ ဆိုဇာဟှိုရော သိဟှားဟှူ ခီမာ တပ်မှူးဟှာ ကြော့‑က်နေဟှယ်။
ACT 22:30 တပ်မှူးဟှာ ပေါလုဟှို ယုဒလူလေဟှာ ဖြားပြစ်မှုန စွပ်စွဲဂေ့နူး၊ ဆိုဇာဟှို သေးသေချားချာဟှား သိရှင်ဟှယ်။ အယ်ကြောန့် နော့‑က်တနေ့မာ ပေါလုဟှို ခယ်ဟှားဟှူသံကြိုးဟှို ဖယ်ဘီးဟှာ ယဇ်ပုရောဟိတ်ဂီးလေန တရားလွှတ်တော် ဖွဲ့ဝမ်လေဟှို စုဂေ့ဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။ အယ်ဘီးန ပေါလုဟှို ခေါ်ဆောန်လာဘီး အယ်လူလေရှေ့မာ ရပ်ခိုင်းလိုက်ဟှယ်။
ACT 23:1 ပေါလုဟှာ ယုဒတရားလွှတ်တော် ဖွဲ့ဝမ်လေဟှို စေ့စေ့ကေ့ဘီး “ညီကိုလေ၊ ကျွန်တော်ဟှာ အယ်နေ့ထိ ဘုရားသခင်ရှေ့မာ ကောန်းဟှူစိပ္လဲ့ဝန သတ်ရှင်နေထိုင်ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 23:2 ယဇ်ပုရောဟိတ်မန်း အာနနိဟှာ ပေါလုနားမာရပ်နေဟှူ လူလေဟှို သူ့ဇာတ်ပေါ့‑က်ဟှို ရိုက်ခိုင်းလိုက်ဟှယ်။
ACT 23:3 ပေါလုဟှ “ထူးဖ္လူသုဟှားဟှူ အုရိုး၊ နန့်ဟှို ဘုရားသခင်ဟှာ ဒန်ခတ်လေ့မယ်။ ခန်ဗျားဟှာ ကျွန်တော့်ဟှို တရားဥပဒေန စီရင်ဟှို့တွပ် တရားခွမ်မာ ထိုင်နေဘီး ကျွန်တော့်ဟှို ရိုက်ခိုင်းဇာဟှာ ဥပဒေဟှို ခ္လိုးဖော့‑က်ဟှယ်!” ဆိုဘီး သူ့ဟှို ပြောဟှယ်။
ACT 23:4 ပေါလုနားမာ ရပ်နေဟှူ လူလေဟှ “နန်ဟှာ ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်မန်းဟှို အယ်မျိုးဘဲ့ ပ္လန်ပြောရလော!” ဆိုဘီး သူ့ဟှိုပြောဟှယ်။
ACT 23:5 ပေါလုဟှ “ညီကိုလေ၊ အယ်လူဟှာ ယဇ်ပုရောဟိတ်မန်း ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော်သိဟှ။ ကျမ်းစာမာ ‘နန့်လူမျိုးရဲ့ လူဂီးမန်းဟှို ကောန်းဘဲကြောန်းဟှို ပြောရဟှ’ ဆိုဘီး ရေးဟှားဟှယ်” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
ACT 23:6 အယ်လူလေထဲမာ တဖွဲ့ဟှ ဖာရိရှဲဖြစ်ဘီး တဖွဲ့ဟှ ဇဒ္ဒုကဲလေဖြစ်ဟှယ် ဆိုဇာဟှို ပေါလုဟှ သိဟှားဟှူ ခီမာ “ညီကိုလေ၊ ကျွန်တော့်ဟှာ ဖာရိရှဲဖြစ်ဟှယ်။ ဖာရိရှဲရဲ့ သားလည်းဖြစ်ဟှယ်။ သေဟှားလူလေဟှာ ရှင်ပ္လန်ထမြော့‑က်လေ့မယ် ဆိုဇာဟှို မျှော်လင့်ရှင်းကြောန်းကြောန့် စစ်ဆေးခံနေရဟှယ်” ဆိုဘီး တရားလွှတ်တော်မာ အော်ဟစ်ဘီးပြောဟှယ်။
ACT 23:7 အယ်မျိုး သူပြောလိုက်ဟှူ ခီမာ ဖာရိရှဲလေန ဇဒ္ဒုကဲလေဟှ စဘီး ပြဿနာဖြစ်ဂေ့ဘီးဟှာ အောက်စု နှေ့ခြမ်းကွဲဟှားဟှယ်။
ACT 23:8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဇဒ္ဒုကဲလေဟှ ရှင်ပ္လန်ထမြော့‑က်ဇာ မှေ့ဟှ။ ကောန်းဂန်တမန်လည်း မှေ့ဟှ။ နာမ်ဝိညာဉ်လည်း မှေ့ဟှ ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ ဖာရိရှဲလေဟှ အယ်မူသောင်းခုလောင်းရှိဟှယ် ဆိုဘီး ယောင်ကြည်ဂေ့ဟှယ်။
ACT 23:9 အော်ဟစ်သံဟှာ ပိုက္လယ်လာဘီး ဖာရိရှဲဂိုဏ်းဝမ်ဖြစ်ဟှူ ကျမ်းတတ်ဆရာတချို့ဟှာ ထဘီးဟှာ “အယ်လူမာ ဖြားပြစ်လည်း နို့လေတွိဟှ! ဝိညာဉ်တပါးပါး၊ ကောန်းဂန်တမန် တပါးပါးဟှ သူ့ဟှို ပြောဟှားဇာ ဖြစ်နိုင်ဟှယ်!” ဆိုဘီး ပြင်းပြင်းထန်ထန် ဂြင်းခူဂေ့ဟှယ်။
ACT 23:10 ဂြင်းခူဇာဟှာ ရရာတိုင်း ပြင်းထန်လာဟှူကြောန့် သူးနို့လေဟှာ ပေါလုဟှို ပိုင်းပိုင်းဆွဲဖြတ်လေ့မယ် ဆိုဘီး တပ်မှူးဟှာ စိုးရိမ်ဟှားဟှယ်။ အယ်ကြောန့် စစ်သားလေဟှို ဆင်းခိုင်းလိုက်ဘီး ပေါလုဟှို အယ်လူလေနားဟှနေ ခေါ်ထုလာဘီးဟှာ ရဲတိုက်ထဲဟှို ခေါ်ဆောန်ဟှားဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။
ACT 23:11 အယ်ညဉ့်မာဘဲ့ သခင်ဘုရားဟှာ ပေါလုနားမာ ပေါ်လာဘီး “ကြော့‑က်န။ နန်ဟှာ ယေရုရှလင်ဗြို့မာ ငါ့ကြောန်းဟှို သတ်သေခံရဟှူမျိုးဘဲ့ ရောမဗြို့မာလည်း သတ်သေခံ ဟောပြောရအူးမယ်” ဆိုဘီး ပြောဟှယ်။
ACT 23:12 နော့‑က်တနေ့ မိုးလန်းဟှူ ခီမာ ယုဒလူတချို့ဟှာ တွိဂေ့ဘီး ပေါလုဟှို သတ်ရဘဲဟှ ဆိုဟှာ ဖြားလည်းစားဘဲ၊ သော့‑က်ဘဲနေမယ် ဆိုဘီး ဓိဌာန်ပြုဂေ့ဟှယ်။
ACT 23:13 အယ်မျိုး ကြံစည်ဂေ့ဟှူ လူလေဟှ ယော့‑က်လေးဆယ်ကျော်ရှိဟှယ်။
ACT 23:14 သူးနို့ဟှာ ယဇ်ပုရောဟိတ်ဂီးလေန သတ်ဂီးဝါဂီးလေနားဟှို သွားဘီး “ကျွန်တော့်လေဟှာ ပေါလုဟှို သတ်ရဘဲဟှ ဆိုဟှာ ဖြားလည်းစားဘဲ၊ သော့‑က်ဘဲနေမယ် ဆိုဘီး ဂဒိသစ်စာပြုဟှားဂေ့ဟှယ်။
ACT 23:15 အယ်ကြောန့် သခင်လေဟှာ တရားလွှတ်တော် ဖွဲ့ဝမ်လေနတူးဒူ ပေါလုရဲ့မှုဟှို ပိုဘီး ဟှာ တိတိက္လက္လဟှား စစ်ဆေးရှင်ဟှယ် ဆိုဘီး ယောန်ဆောန်ဘီးဟှာ သူ့ဟှို သခင်လေနားဟှို ခေါ်လာဟှို့တွပ် ရောမတပ်မှူးဟှို မြစ်တာရပ်ခံဂေ့ပါ။ ပေါလုဟှာ သခင်လေနားဟှို ရော့‑က်ခန်မာ သူ့ဟှို သတ်ဟှို့တွပ် ကျွန်တော့်လေဟှာ ဆင်သင့်ရှိနေမယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
ACT 23:16 အယ်ဘေမဲ့ အယ်မျိုး ကြံစည်နေဇာဟှို ပေါလုညီမရဲ့ သားဟှာ ကြားဟှားလေဟှယ်။ အယ်ကြောန့် သူဟှာ ရဲတိုက်ထဲဟှို ဝမ်ဘီးန ပေါလုဟှို သွားပြောဟှယ်။
ACT 23:17 ပေါလုဟှာ ရာရှိတယော့‑က်ဟှို ခေါ်ဘီးဟှာ “အယ်ကောန်သားဟှို တပ်မှူးနားဟှို ခေါ်ဟှားပေးပါ။ သူ့မာ တပ်မှူးဟှို ပြောဇာတခုရှိဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 23:18 ရာရှိဟှာ အယ်ကောန်သားဟှို တပ်မှူးနားဟှို ခေါ်ဆောန်ဟှားဘီးန “ထောန်သားပေါလုဟှာ ကျွန်တော့်ဟှို ခေါ်ဘီးဟှာ အယ်ကောန်သားဟှို သခင်နားဟှို ပို့ခိုင်းလိုက်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့မာ သခင်ဟှို ပြောဇာတခုရှိဟှယ်” ဆိုဘီး တောန်းလျှော့‑က်လိုက်ဟှယ်။
ACT 23:19 တပ်မှူးဟှာ အယ်ကောန်သားရဲ့ လတ်ဟှို ဆွဲဘီး လူလေမှေ့ဘဲဟှူ နေရာတခုဟှို ခေါ်ဟှားဟှယ်။ အယ်ဘီးန “နန်ဟှ ငါ့ဟှို ဖြားဇာပြောရှင်နူး” ဆိုဘီး မေးဟှယ်။
ACT 23:20 ကောန်သားဟှ “ယုဒအာဏာပိုင်လေဟှာ ပေါလုရဲ့ မှုဟှို ပိုဘီး ဟှာ တိတိက္လက္လဟှား စစ်ဆေးရှင်ဟှယ် ဆိုဘီး ယောန်ဆောန်ဘီးဟှာ သခင်ဟှို နတ်ကီးတန်ဟှာ ပေါလုဟှို တရားလွှတ်တော်ဟှို ခေါ်ဆောန်ဟှားဟှို့တွပ် တောန်းလျှော့‑က်ဂေ့မယ် ဆိုဘီး ဘောတူဟှားဂေ့ဟှယ်။
ACT 23:21 သူးနို့ရဲ့ စကားလေဟှို လတ်ခံယောင်ကြည်န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေးဆယ်ကျော်ဟှာ ပူးနေဘီး စောန့်နေဂေ့ဟှယ်။ အယ်လူလေဟှာ ပေါလုဟှို သတ်ရဘဲဟှ ဆိုဟှာ ဖြားလည်း စားဘဲ၊ သော့‑က်ဘဲနေမယ် ဆိုဘီး ဓိဌာန်ပြုဂေ့ဟှယ်။ ခုဘဲ့ သူးနို့ဟှာ ပေါလုဟှို သတ်ဟှို့တွပ် ဆင်သင့်ဖြစ်နေဘီး သခင်ရဲ့ ဆောင်းဖြတ်ချစ်ဟှို စောန့်နေဂေ့ဟှယ်” ဆိုဘီး လျှော့‑က်လိုက်ဟှယ်။
ACT 23:22 တပ်မှူးဟှ “နန်ဟှာ အယ်မျိုးငါ့ဟှို လာပြောဟှယ် ဆိုဇာဟှို ဖယ်သူဟှိုလည်း ပြောန” ဆိုဘီး အယ်ကောန်သားဟှို သွားခိုင်းလိုက်ဟှယ်။
ACT 23:23 အယ်ဘီးန တပ်မှူးဟှာ ရာရှိနှေ့ယော့‑က်ဟှို ခေါ်ဘီး “ကဲသရိဗြို့ဟှို သွားဟှို့တွပ် စစ်သား ၂၀၀၊ ဗြင်းတပ်သား ခွန်နစ်ဆယ်န လှံတပ်သား ၂၀၀ ဟှို အယ်ညဉ့်ခန်း ကိုးနာရီမာ ထွပ်ဟှို့တွပ် ဆင်သင့်ဖြစ်နေဂေ့ပါ။
ACT 23:24 ပေါလုတွပ် ဗြင်းလေဟှိုလည်း ဆင်သင့်ပြင်ဟှားဂေ့။ သူ့ဟှို ဗြို့ဝန်မန်းဖေလဇ်နားဟှို လောင်းလောင်ချောင်းချောင်ဟှား ပို့ဂေ့ပါ” ဆိုဘီး ပြောလိုက်ဟှယ်။
ACT 23:25 အယ်ဘီးန တပ်မှူးဟှာ စာတစောန်ဟှို ရေးဘီးဟှာ ပေးလိုက်ဟှယ်။
ACT 23:26 အယ်စာမာ “ကလော်ဒိလုသိဟှာ မြတ်ဟှူ ဗြို့ဝန်မန်းဖေလဇ်ဟှို နှောက်ဆစ်လိုက်ပါဟှယ်။
ACT 23:27 ယုဒလူလေဟှာ အယ်လူဟှို ဖမ်းဘီးဟှာ သတ်ဟှို့ လောက်နေဂေ့ဟှယ်။ သူဟှာ ရောမနိုင်ငံသားဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော့်လေဟှာ သိရဟှူကြောန့် ကျွန်တော့်ရဲ့ စစ်သားလေနတူးဒူ သွားဘီးဟှာ သူ့ဟှို ကယ်တန်လာရဟှယ်။
ACT 23:28 ယုဒလူလေဟှာ ဖြားပြစ်မှုန စွပ်စွဲဂေ့ဟှယ် ဆိုဇာဟှို သိရှင်ဟှူကြောန့် သူးနို့လေရဲ့ တရားလွှတ်တော်ဟှို ခေါ်ဆောန်ဟှားဟှယ်။
ACT 23:29 သူဟှာ သူးနို့ရဲ့ ပညတ်တရားနဆိုင်ဟှူ ပြဿနာလေတွပ် စွပ်စွဲခံရဟှယ်။ သူ့မာ သေဒန်ခံထိုက်ဟှူပြစ်၊ တောက်နှောန်ခံထိုက်ဟှူပြစ် တခုလည်း မှေ့ဟှ ဆိုဇာဟှို ကျွန်တော်တွိဗြင်ရဟှယ်။
ACT 23:30 ယုဒလူလေဟှာ သူ့ဟှို လောက်ကြံဟှို့တွပ် ကြံစည်နေဟှယ် ဆိုဇာဟှို သိရဟှူ ခီမာ ကျွန်တော်ဟှာ သခင်နားဟှို သူ့ဟှို ရှစ်ရှင်း စေလွှတ်လိုက်ဟှယ်။ စွပ်စွဲမားလေဟှိုလည်း သူ့ဟှို စွပ်စွဲဟှားဇာလေဟှို သခင့်ရှေ့မာ လျှော့‑က်ဂေ့ဟှို့ ညွန်ကြားလိုက်ဟှယ်။ သခင် ကျန်းမာပါစေ” ဆိုဘီး ပါရှိဟှယ်။
ACT 23:31 စစ်သားလေဟှာ တပ်မှူးရဲ့ မိန့်တိုင်း လောက်ဂေ့ဟှယ်။ သူးနို့ဟှာ ပေါလုဟှို ခေါ်ဘီး အယ်ညဉ့်ခန်းမာဘဲ့ အန္တိပတရိဗြို့ထိ ပို့ဆောန်ဂေ့ဟှယ်။
ACT 23:32 နော့‑က်တနေ့မာ ခေဂျင်စစ်သားလေဟှာ ရဲတိုက်ဟှို ပ္လန်လာဂေ့ဟှယ်။ ဗြင်းတပ်သားလေဟှာ ပေါလုနတူးဒူ ဆစ်ဘီးဟှာ ခရီးသွားဂေ့ဟှယ်။
ACT 23:33 ဗြင်းတပ်သားလေဟှာ ကဲသရိဗြို့ဟှို ရော့‑က်ဟှူ ခီမာ တပ်မှူးရဲ့ စာဟှို ဗြို့ဝန်မန်းဟှို ပေးဘီး ပေါလုဟှို သူ့လတ်ထဲဟှို အပ်လိုက်ဟှယ်။
ACT 23:34 ဗြို့ဝန်မန်းဟှာ စာဟှိုဖတ်ဘီးန “နန်ဟှာ ဖယ်ပြည်သားဖြစ်နူး” ဆိုဘီး ပေါလုဟှို မေးဟှယ်။ ပေါလုဟှာ ကိလိကိပြည်သား ဖြစ်ဟှယ် ဆိုဇာဟှို သိဟှူ ခီမာ
ACT 23:35 ဗြို့ဝန်မန်းဟှ “အယ်နေရာမာ နန့်ဟှို စွပ်စွဲမားလေ ရော့‑က်လာဂေ့ဟှူ ခီမာ နန့်မှုဟှို ငါစစ်ဆေးမယ်” ဆိုဘီး ပြောဟှယ်။ အယ်ဘီးန ပေါလုဟှို ဟေရုဒ်ရဲ့ နန်းတော်မာ စောန့်လေန ထားဟှို့တွပ် ပြောလိုက်ဟှယ်။
ACT 24:1 ငါးရစ်ကြာဘီးန ယဇ်ပုရောဟိတ်မန်း အာနနိဟှာ သတ်ဂီးဝါဂီးတချို့န တေရတုလု နာမယ်ရှိဟှူ ရှေ့နေနတူးဒူ ကဲသရိဗြို့ဟှို ရော့‑က်လာဟှယ်။ အယ်လူလေဟှာ ဗြို့ဝန်မန်းဖေလဇ်ရှေ့ဟှို ဝမ်ဘီးဟှာ ပေါလုဟှို တရားစွဲဂေ့ဟှယ်။
ACT 24:2 ဗြို့ဝန်မန်းဟှာ ပေါလုဟှို ရှေ့ဟှို ခေါ်ဟှူ ခီမာ ရှေ့နေ တေရတုလုဟှ၊ “ဗြို့ဝန်မန်းဖေလဇ်! သခင်ရဲ့ ကီးမြတ်ရှင်းကြောန့် ကျွန်တော့်လေဟှာ ရရာတိုင်း ငြီးငြီးချမ်းချမ်းန နေရဂေ့ဟှယ်။ သခင်ဟှာ ကျွန်တော့်လေရဲ့ တိုင်းပြည်န လူမျိုးလေတွပ် လိုအပ်ဟှူ ပြုပြင်ပ္လောန်းလဲဇာလေဟှို ဘောင်ဂီးလောက်ပေးနေဟှယ်။”
ACT 24:3 “မြတ်ဟှူဖေလဇ်၊ ကျွန်တော့်လေဟှာ အယ်မူဇာဟှို နေရာတိုင်းမာ ရရာတိုင်း ကျေးဇူးတန်ဘီးဟှာ ကြိုဆိုဂေ့ဟှယ်။
ACT 24:4 ကျွန်တော့်ဟှာ သခင်ရဲ့ ခီဟှို ဘောင်ဂီးယူရှင်ဘဲကြောန့် ကျဉ်းချောက်နဘဲ့ လျှော့‑က်ဟှားဇာဟှို ကြင်နာဟှူစိန နားထောန်ပေးဟှို့ တောန်းဗန်ဟှယ်။
ACT 24:5 အယ်လူဟှာ ပြဿနာကောန်ဖြစ်ဘီး ကမ္ဘာတဝန်းလောင်းမာရှိဟှူ ယုဒလူလေဟှို ဆူပူအောင်ကြွမှု ဖြစ်အောန် နှိုးဆော်ပေးနေဟှယ်။ အယ်ဘီးဟှာ သူဟှာ နာဇရက်ဂိုဏ်းရဲ့ ခေါန်းဆောန် တယော့‑က်လည်း ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော့်လေ တွိရဟှယ်။
ACT 24:6 ဗိမာန်တော်ဟှိုလည်း ညစ်ညူးအောန်လောက်ဟှို့ ကြိုးစားဟှယ်။ အယ်ကြောန့် သူ့ဟှို ကျွန်တော့်လေဟှာ ဖမ်းဘီးဟှယ်။
ACT 24:7 
ACT 24:8 သခင်ဟှာ အယ်လူဟှို စစ်ဆေးမယ် ဆိုဟှာ သူ့ဟှို ကျွန်တော့်လေဟှ စွပ်စွဲနေဟှူဇာလေ ဂူလောင်းဟှို သခင်ကိုယ်တိုင် သိရလေ့မယ်” ဆိုဘီး လျှော့‑က်ဟှယ်။
ACT 24:9 ယုဒလူလေဟှလည်း အယ်စွပ်စွဲချစ်ဟှာ မှန်ဟှယ် ဆိုဘီး ပေါလုဟှို ဝိုင်းဘီးဟှာ ပြောဂေ့ဟှယ်။
ACT 24:10 ဗြို့ဝန်မန်းဟှာ ပေါလုဟှို ပြောဟှို့တွပ် လတ်ပြလိုက်ဟှူ ခီမာ ပေါလုဟှ “သခင်ဟှာ အယ်လူမျိုးဟှို နှစ်ကြာဂီး တရားစီရင်သူ ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော်သိဟှယ်။ သခင့်ရှေ့မာ ကျွန်တော်ကိုယ်တိုင် ချေပခွမ့်ရဟှူကြောန့် ဝန်းသာဟှယ်။
ACT 24:11 ကျွန်တော်ဟှာ ဘုရားသခင်ဟှို ဝတ်ပြုကိုးကွယ်ဟှို့တွပ် ယေရုရှလင်ဗြို့ဟှို သွားဟှူဇာ ဆယ်နှေ့ရစ်လော့‑က်ဘဲ့ ကြာသေးဟှယ် ဆိုဇာဟှို ကိုယ်တော်ကိုယ်တိုင် စောင်ဇမ်းသိနိုင်ဟှယ်။
ACT 24:12 ကျွန်တော်ဟှာ ဗိမာန်တော်မာ တယော့‑က်ယော့က်န ငြင်းခူဘီး ဝါလယ်ဇရပ်မာဘဲ့ဖြစ်ဖြစ်၊ ဗြို့ထဲမာဘဲ့ဖြစ်ဖြစ် လူလေဟှို ဆူပူအောင်ကြွအောန် လောက်နေဟှယ် ဆိုဇာဟှို ယုဒလူလေဟှာ တွိရဂေ့ဟှ။
ACT 24:13 ခု ကျွန်တော်ဟှို စွပ်စွဲနေဂေ့ဟှူ ဇာလေဟှိုလည်း သူးနို့ဟှာ သခင့်ရှေ့မာ သတ်သေပြနိုင်ဂေ့ဟှ။
ACT 24:14 အယ်ဘေမဲ့ အယ်လူလေဟှ လွဲမှားဟှယ် ဆိုဘီး ယူဆဟှူ လမ်းစဉ်ရ ကျွန်တော်ဟှာ ဘိုးဘေးလေရဲ့ ဘုရားသခင်ဟှို ကိုးကွယ်ဟှယ် ဆိုဇာဟှို သခင့်နားမာ ဝန်ခံဟှယ်။ အယ်ဘေမဲ့ ကျွန်တော်ဟှာ မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်ကျမ်းလေမာ ပါဟှူဇာ ဂူလောင်းဟှို ယောင်ကြည်ဟှယ်။
ACT 24:15 သူးနို့ ကိုယ်တိုင်လည်း ဘုရားသခင်ဟှို မျှော်လင့်ဟှူမျိုးဘဲ့ လူဆိုး၊ လူကောန်းဝီးဘဲန လူလေ ဂူလောင်းဟှာ သေရာဟှနေ ထမြော့‑က်ဂေ့လေ့မယ် ဆိုဇာဟှို ကျွန်တော်ဟှာ မျှော်လင့်ဟှူလူ ဖြစ်ဟှယ်။
ACT 24:16 အယ်ကြောန့် ကျွန်တော့်ဟှာ ဘုရားသခင်ရှေ့၊ လူလေရှေ့မာ ပြစ်တန်ဇာမှေ့ဘဲဟှို့ သိစိမြဲဒမ်းရှိဟှို့တွပ် ကောန်းဆောင်း လောက်ဆောန်ဟှယ်။
ACT 24:17 “ကျွန်တော်ဟှာ ယေရုရှလင်ဗြို့ဟှ ထွပ်ဘီး နှစ်ပေါန်းဘောင်ဂီး ကြာဘီးန ကိုယ့်လူမျိုးလေဟှို ပေးကမ်းစွန့်ကြဲဟှို့တွပ်န ဘုရားသခင်ဟှို ပူဇော်ဆစ်သဟှို့တွပ် ရော့‑က်လာဟှယ်။
ACT 24:18 ဗိမာန်တော်ထဲမာ ကျွန်တော့်ဟှာ စင်ကြယ်ရှင်းဟှို လောက်ဘီးန ပူဇော်သကာ ဆစ်သနေဒူးမာ အယ်လူလေဟှာ ကျွန်တော့်ဟှို တွိဟှားဂေ့ဟှယ်။ အယ်နေရာမာ လူအောက်ဂီးလည်း ကျွန်တော်နတူးဒူ မှေ့ဟှ။ ရောင်းရင်းဆန်ခတ်လည်း ဖြစ်ဂေ့ဟှ။
ACT 24:19 အယ်ဘေမဲ့ အယ်နေရာမာ အာရှိပြည်ဟှ ယုဒလူတချို့ရှိဟှယ်။ ကျွန်တော့်ဟှို စွပ်စွဲမယ် ဆိုဟှာ သခင်ရှေ့မာ သူးနို့ကိုယ်တိုင် လာဘီး စွပ်စွဲသင့်ဟှယ်။
ACT 24:20 အယ်မျိုးမှုဘဲနေဟှာ အယ်မူရှိနေဟှူ လူလေဟှ သခင်ရှေ့မာ ကျွန်တော် ကျူးလွန်ဟှူပြစ်လေဟှို ဖော်ပြဘီး စွပ်စွဲသင့်ဟှယ်။
ACT 24:21 ကျွန်တော်ဟှာ တရားလွှတ်တော်ရှေ့မာ ရပ်ဘီး ‘သေဟှားလူလေဟှာ ရှင်ပ္လန်ထမြော့‑က်လေ့မယ် ဆိုဇာဟှို ယောင်ကြည်ဟှူကြောန့် အယ်နေ့ နန်းနို့ရှေ့မာ ကျွန်တော်ဟှာ စစ်ဆေးခံနေရဟှယ်’ ဆိုဘီး စကားတခွန်းဟှိုဘဲ့ ကြွေးကြော်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
ACT 24:22 ဖေလဇ်မန်းဟှာ အယ်လမ်းစဉ်ကြောန်းဟှို ကောန်းကောန်းဟှား သိဟှူလူ ဖြစ်ဟှူကြောန့် မှုစစ်ဆေးဇာဟှို အယ်ခီမာ ရွှေ့ဆိုင်းလိုက်ဟှယ်။ သူဟှ “တပ်မှူးလုသိ ရော့‑က်လာဟှူ ခီမာ အယ်မှုဟှို ငါဟှာ စီရင်ချစ်ခ္လမယ်” ဆိုဘီး သူးနို့ဟှို ပြောဟှယ်။
ACT 24:23 ပေါလုဟှို စောန့်လေန ထားဟှားဟှို့န လွတ်လပ်မှုဟှို နဲနဲပေးဘီး သူ့မိဆွေလေရဲ့ ပြုစုဇာဟှို ခွမ့်ပြုဟှို့ တပ်မှူးဟှို မိန့်ပေးဟှားဟှယ်။
ACT 24:24 ရစ်နဲနဲကြာဘီးန ဖေလဇ်မန်းဟှာ သူ့မယား ဒြုသိလေနတူးဒူ ရော့‑က်လာဟှယ်။ ဒြုသိလေဟှ ယုဒလူမျိုးဖြစ်ဟှယ်။ ဖေလဇ်မန်းဟှာ ပေါလုဟှို ခေါ်ခိုင်းဘီးဟှာ ယေရှုခရစ်တော်ဟှို ယောင်ကြည်ရှင်းန ဆိုင်ဟှူကြောန်းဟှို ပေါလုနားဟှနေ ကြားနာလေဟှယ်။
ACT 24:25 ပေါလုဟှာ ဖြောန့်မတ်ရှင်း၊ ကာမဂေါင်ချောက်တီးရှင်းန ရော့‑က်လာမယ့် တရားစီရင်ရှင်း ကြောန်းလေဟှို ပြောဟှူ ခီမာ ဖေလဇ်မန်းဟှာ ကြော့‑က်လန့်ဘီး “ခု နန်သွားနိုင်ဘီ။ နော့‑က်ခွမ့်ကြောင်ဟှူ ခီမာ နန့်ဟှို ငါပ္လန်ခေါ်မယ်” ဆိုဘီး ပြောဟှယ်။
ACT 24:26 အယ်ခီမာဘဲ့ ပေါလုဟှ သူ့ဟှို ကပ်ပေးမယ် ဆိုဘီး မျှော်လင့်နေဟှူကြောန့် သူဟှာ ပေါလုဟှို မကြာမကြာခေါ်ဘီးဟှာ စကားပြောဟှယ်။
ACT 24:27 နှေ့နှစ်လော့‑က်ကြာဘီးန ဖေလဇ်မန်းရဲ့ ဗြို့ဝန်မန်းရာထူးဟှို ပေါကိဖေတ္တုဟှ ဆစ်ခံဟှယ်။ ဖေလဇ်မန်းဟှာ ယုဒလူလေဟှို ကျေးဇူးပြုရှင်ဟှူကြောန့် ပေါလုဟှို ထောန်ခ္လဟှားရစ်ဟှယ်။
ACT 25:1 ဖေတ္တုမန်းဟှာ အယ်နယ်ဟှို ရော့‑က်လာဘီး သောင်းရစ်ကြာဘီးန ကဲသရိဗြို့ဟှနေဘီး ယေရုရှလင်ဗြို့ဟှို တတ်ဟှားဟှယ်။
ACT 25:2 အယ်ခီမာ ယဇ်ပုရောဟိတ်ဂီးလေန ယုဒခေါန်းဆောန်လေဟှာ ပေါလုဟှို ဆန့်ကျင်လွန်ကျူးကြောန်းဟှို ဖေတ္တုမန်းဟှို စွဲချစ်တန်ဘီး တိုက်တွန်းဟှယ်။
ACT 25:3 သူးနို့ဟှာ ပေါလုဟှို လမ်းမာရှောန်းဘီးဟှာ သတ်ဟှို့တွပ် လျှို့ဝှပ်ကြံစည်ဟှားဘီးသား ဖြစ်ဟှယ်။ အယ်ကြောန့် သူးနို့ဟှို ကျေးဇူးပြုဟှူနေန ပေါလုဟှို ယေရုရှလင်ဗြို့ဟှို ခေါ်ဆောန်လာပေးဟှို့တွပ် ဖေတ္တုမန်းဟှို မြစ်တာရပ်ခံဂေ့ဟှယ်။
ACT 25:4 ဖေတ္တုမန်းဟှ “ပေါလုဟှို ကဲသရိဗြို့မာ ထောန်ခ္လထားရစ်ဟှယ်။ ငါကိုယ်တိုင် အယ်ဗြို့ဟှို ကြာခန်သွားမယ်။
ACT 25:5 နန်းနို့ရဲ့ ခေါန်းဆောန်လေဟှာ ကဲသာမန်းဂီးနားဟှို ငါ့နတူးဒူ လိုက်ဘီးဟှာ ပေါလုမာ ပြစ်တခုခုထန်ရှားမယ် ဆိုဟှာ စွပ်စွဲချစ်လေဟှို ငါ့ဟှို တန်ပြဂေ့” ဆိုဘီး ပြောဟှယ်။
ACT 25:6 ဗြို့ဝန်မန်းဟှာ ယေရုရှလင်ဗြို့မာ ဆယ်ရစ်လော့‑က်နေဘီးန ကဲသရိဗြို့ဟှို ထွပ်ဟှားလေဟှယ်။ နော့‑က်တနေ့မာ တရားပလ္လင်မာ ထိုင်ဘီးဟှာ ပေါလုဟှို ခေါ်လာဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။
ACT 25:7 ပေါလုဟှာ ရော့‑က်ဟှူ ခီမာ ယေရုရှလင်ဗြို့ဟှနေ ဆင်းလာဂေ့ဟှူ ယုဒလူမျိုးလေဟှာ သူ့ဟှို ဝိုင်းဘီးဟှာ ရရာတိုင်း ကီးလေးဟှူပြစ်လေန စွပ်စွဲဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့လည်း သတ်သေဟှ ပြနိုင်ဂေ့ဟှ။
ACT 25:8 ပေါလုဟှ “ကျွန်တော်ဟှာ ယုဒလူမျိုးလေရဲ့ ပညတ်တရားဟှိုရော၊ ဗိမာန်တော်ဟှိုရော၊ ကဲသာမန်းဂီဟှိုရော ပြစ်မှုခုလည်း ကျူးလွန်ဟှ” ဆိုဘီး ကာကွယ်ဘီး ပြောဟှယ်။
ACT 25:9 ဖေတ္တုမန်းဟှာ ယုဒလူမျိုးလေဟှနေ မျစ်နှာသာ ရရှင်ဟှူကြောန့် “နန်ဟှာ ယေရုရှလင်ဗြို့ဟှို တတ်ဟှားဘီးဟှာ ငါ့ရှေ့မာ အယ်မျိုး စွပ်စွဲချစ်လေန ပတ်သတ်ဘီး စီရင်ခံဟှို့လော” ဆိုဘီး ပေါလုဟှို မေးဟှယ်။
ACT 25:10 ပေါလုဟှ “ကျွန်တော်ဟှာ ခု ကဲသာမန်းဂီးရဲ့ တရားပလ္လင်ရှေ့မာ ရပ်နေဟှယ်။ အယ်နေရာမာ ကျွန်တော်ဟှို စီရင်သင့်ပါဟှယ်။ သခင်ဟှာ သိတိုင်းဘဲ့ ကျွန်တော်ဟှာ ယုဒလူမျိုးလေဟှို ဖယ်မျိုးလည်း ပြစ်မှားဟှ၊
ACT 25:11 ကျွန်တော်ဟှာ တရားဥပဒေဟှို ခ္လိုးဖော့‑က်ဘီး သေဒန်ခံရဟှူ တရားဘဲဟှူပြစ် ကျူးလွန်မယ် ဆိုဟှာ ကျွန်တော့်ဟှို သတ်ချမ်းသာပေးဟှို့တွပ် တောန်းခံဟှို့ မှုဟှ။ အယ်ဘေမဲ့ သူးနို့ရဲ့ စွပ်စွဲချစ်လေဟှာ မှန်ကန်ဘဲ့နေဟှာ ဖယ်သူလည်း ကျွန်တော့်ဟှို သူးနို့လတ်ထဲဟှို အပ်နိုင်ဟှ။ ကျွန်တော်ဟှာ ဗြို့ဝန်မန်းမာ ယူခံဝမ်ပါဟှယ်” ဆိုဘီး လျှော့‑က်ဟှယ်။
ACT 25:12 အယ်ခီမာ ဖေတ္တုမန်းဟှာ သူ့ရဲ့ ရာရှိလေန တိုင်ဗန်ဘီးန “နန်ဟှာ ကဲသာမန်းဂီးနားဟှို ယူခံဝမ်ဟှို့တွပ် ကဲသာမန်းဂီးနားဟှို သွားရမယ်” ဆိုဘီး ပြောဟှယ်။
ACT 25:13 ရစ်နဲနဲဟှား ကြာဟှူ ခီမာ အဂြိပ္ပမန်းဂီးန မိဖုရား ဗေရနိတ်လေဟှာ ကဲသရိဗြို့ဟှို ရော့‑က်နေဟှူ ဖေတ္တုမန်းဟှို နှောက်ဆစ်ဟှို့တွပ် ကဲသရိဗြို့ဟှို လာဂေ့ဟှယ်။
ACT 25:14 အယ်ဗြို့မာ ရစ်ကြာဂီးနေဟှူ ခီမာ ဖေတ္တုမန်းဟှာ ပေါလုရဲ့မှုဟှို မန်းဂီးဟှို ပြောပြဟှယ်။ ဖေတ္တုမန်းဟှ “အယ်နေရာမာ ဖေလဇ်မန်းဟှာ ထောန်ထဲမာ ခ္လဟှားဟှူ လူတယော့‑က်ရှိဟှယ်။
ACT 25:15 ကျွန်တော် ယေရုရှလင်ဗြို့ဟှို ရော့‑က်ဟှူ ခီမာ ယဇ်ပုရောဟိတ်မန်းလေန ယုဒလူမျိုး ခေါန်းဆောန်ဂီးလေဟှာ ကျွန်တော့်ဟှို အယ်လူဟှို စွပ်စွဲချစ်တန်ဂေ့ဘီးန သူ့ဟှို ပြစ်ဒန်စီရင်ဟှို့တွပ် တောန်းဆိုဂေ့ဟှယ်။
ACT 25:16 ကျွန်တော်ဟှ ပြစ်တန်ခံရဟှူ လူဟှို ပြစ်တန်စွပ်စွဲဟှူ လူလေန တွိခိုင်းဘီးဟှာ သူးနို့လေရဲ့ စွပ်စွဲဇာဟှို ချေပဘီးပြောဟှို့ ခွမ့်ပေးဘဲန ပြစ်ဒန်စီရင်ဇာဟှ ရောမရဲ့ ထောင်းဇံမှုဘဲဟှူကြောန်း သူးနို့ဟှို ပြောလိုက်ဟှယ်။
ACT 25:17 အယ်ကြောန့် သူးနို့ဟှာ အယ်ဗြို့ဟှို ရော့‑က်လာဟှူ ခီမာ ကျွန်တော့်ဟှာ ခီဆွဲဘဲန နော့‑က်နေ့မာ တရားပလ္လင်မာ ထိုင်ဘီးဟှာ အယ်လူလေဟှို ခေါ်ခိုင်းလိုက်ဟှယ်။
ACT 25:18 သူ့ဟှို မှုလောက်ဟှူ လူလေဟှာ ထဘီးဟှာ ပြောဂေ့ဘေမဲ့ ကျွန်တော်ထန်ဟှူ ပြစ်မှုမျိုးမှုဘဲ ဖြစ်နေဟှယ်။
ACT 25:19 သူးနို့လေရဲ့ ဘာသာတရားန ပတ်သတ်ဘီးရော၊ ယေရှု နာမယ်ရှိဟှူသူ ကြောန်းန ပတ်သတ်ဘီးရော ငြင်းပွားရှင်းဘဲ့ ဖြစ်ဟှယ်။ အယ်ယေရှုဟှာ သတ်ရှင်နေဟှယ် ဆိုဇာဟှို ပေါလုဟှာ ပြောနေဟှယ်။
ACT 25:20 အယ်ပြဿနာလေဟှို ဖြေရှင်းဟှို့တွပ် ကျွန်တော်ဟှာ နားလည်ဘဲကြောန့် ‘နန်ဟှာ ယေရုရှလင်ဗြို့ဟှို သွားဘီးဟှာ အယ်စွပ်စွဲချစ်န ပတ်သတ်ဘီးဟှာ စီရင်ခံရှင်လော’ ဆိုဘီး မေးဟှယ်။
ACT 25:21 အယ်ခီမာ ပေါလုဟှာ ကဲသာမန်းဂီးရဲ့ ဆောင်းဖြတ်ဇာဟှို ခံယူရှင်ကြောန်းဟှို ပြောပြလာဟှယ်။ သူဟှာ သူ့ဟှို ထောန်ထဲမာဘဲ့ ထားရစ်ဘီးဟှာ ကဲသာမန်းဂီးရဲ့ ဆောင်းဖြတ်ဇာဟှို ခံရှင်ကြောန်းဟှို တောန်းဗန်ကြောန့် သူ့ဟှို ကဲသာမန်းဂီးနားဟှို အပ်လိုက်ဟှူခီထိ ထောန်ခ္လဟှားဟှို့တွပ် မိန့်ပေးရစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 25:22 အဂြိပ္ပမန်းဂီးဟှာ “အယ်လူပြောဇာဟှို ကျွန်တော်ကိုယ်တိုင် ကြားရှင်ဟှယ်” ဆိုဘီး ပြောဟှယ်။ ဖေတ္တုမန်းဟှ “အယ်လူပြောဇာဟှို နတ်ကီးတန်ဟှာ ကြားစေရမယ်” ဆိုဘီး ပြောဟှယ်။
ACT 25:23 နော့‑က်တနေ့မာ အဂြိပ္ပမန်းန မိဖုရား ဗေရနိတ်လေဟှာ ရရာတိုင်း ကြီးကျယ်ခမ်းနားဟှူ ဂေါင်သရေလေဟှို ဆောန်ဘီးဟှာ တပ်မှူးလေန၊ ဗြို့မာနေဟှူ ဂေါင်သရေရှိဟှူ လူဂီးလေနတူးဒူ ကြွလာဘီးဟှာ ခန်းမဂီးထဲဟှို ဝမ်လာဟှယ်။ အယ်ခီမာ ဖေတ္တုမန်းရဲ့ မိန့်န ပေါလုဟှို ခေါ်လာဂေ့ဟှယ်။
ACT 25:24 ဖေတ္တုမန်းဟှ “အဂြိပ္ပမန်းဂီးန ကြွလာဟှူ လူပေါန်းလေ၊ ယေရုရှလင်ဗြို့န အယ်ဗြို့မာရှိနေဟှူ ယုဒလူမျိုးလေဟှ ‘အယ်လူဟှာ သတ်ရှင်သင့်ဟှ’ ဆိုဘီး ကျွန်တော့်ဟှို လျှော့‑က်ဟှားဂေ့ဟှယ်။ အယ်မျိုး လျှော့‑က်ခံရဟှူလူဟှ အယ်လူဘဲ့ ဖြစ်ဟှယ်။
ACT 25:25 သူဟှာ သေဒန်ခံထိုက်ဟှူပြစ် ခုလည်းကျူးလွန်ဟှ ဆိုဇာဟှို ကျွန်တော့်နေန သိရဟှယ်။ အယ်ကြောန့် သူကိုယ်တိုင်ဟှ ကဲသာမန်းဂီးနားမာ ယူခံဝမ်မယ် ဆိုဘီး တောန်းဗန်ဘီးဟှာ ပြောဟှူကြောန့် သူ့ဟှို မန်းဂီးနားဟှို ပို့ဆောန်ဟှို့တွပ် ကျွန်တော်ဆောင်းဖြတ် လိုက်ဟှယ်။
ACT 25:26 သူ့န ပတ်သတ်ဘီး မန်းဂီးဟှို တိတိက္လက္လဟှား လျှော့‑က်တန်ဇာ ခုလည်း ကျွန်တော့်မာ မှေ့ဟှ။ အယ်ကြောန့် အယ်လူဟှို ခန်ဗျားလေရှေ့ဟှို ခေါ်ဆောန်လာဇာ ဖြစ်ဟှယ်။ ထူးသဖြင့်ဟှ အဂြိပ္ပမန်းဂီးရှေ့ဟှို ခေါ်လာဇာ ဖြစ်ဟှယ်။ အယ်မျိုးခေါ်လာဇာဟှာ သူ့ဟှို သခင်ဟှာ စစ်ဆေးဘီးဟှာ ကျွန်တော့်ဟှာ စီရင်ခံစာရေးဟှို့တွပ် ကြောန်းရာတခုခု ရနိုင်ဟှို့တွပ် ဖြစ်ဟှယ်။
ACT 25:27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျဉ်းသားတယော့‑က်ဟှို စွဲချစ်တခုခု ဖော်ပြဘဲန စေလွှတ်ဟှို့တွပ် သင့်ဟှ ဆိုဘီး ကျွန်တော်ထန်ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 26:1 အဂြိပ္ပမန်းဂီးဟှ “နန်ဟှာ ခုပြောနိုင်ဟှယ်” ဆိုဘီး ပေါလုဟှို ပြောဟှူ ခီမာ ပေါလုဟှာ လတ်ဟှို ပြဘီးဟှာ၊
ACT 26:2 “အဂြိပ္ပမန်းဂီး၊ ကျွန်တော့်ဟှို ယုဒလူမျိုးလေရဲ့ စွပ်စွဲချစ်န ပတ်သတ်ဘီး သခင်ရဲ့ရှေ့မာ လျှော့‑က်ဘီး ပြောရဟှို့ခွမ့်ဟှာ ကျွန်တော့်တွပ်ဟှ မင်္ဂလာရှိဟှူ ခွမ့်ရေးဖြစ်ဟှယ် ဆိုဘီး ယူဆဟှယ်။
ACT 26:3 သခင်ဟှာ ယုဒလူမျိုးလေရဲ့ ဓလေ့ထောင်းဇံလေန ပြဿနာလေဟှို သိဟှူလူဖြစ်ဟှယ်။ အယ်ကြောန့် လျှော့‑က်တန်ဟှူဇာဟှို စိရှယ်ဘီး နားထောန်ပေးပါ။”
ACT 26:4 “ကျွန်တော်ဟှာ လူပျိုရွယ်ဟှစဘီး ကိုယ်မွီးဟှူ ဇာတိပြည်မာရော၊ ယေရုရှလင်ဗြို့မာရော၊ ဖယ်မျိုးနေနူး။ ဆိုဇာဟှို ယုဒလူမျိုးလေဟှာ သိဂေ့ဟှယ်။
ACT 26:5 ကျွန်တော့်ဟှို သူးနို့ဟှ သိဂေ့ဟှူဇာဟှာ ရရာကြာဟှားဘီ။ ကျွန်တော့်ဟှာ ယုဒဘာသာမာ ရရာတိုင်း ကျဉ်းကျပ်ဟှူ စည်းမျဉ်းလေဟှို လိုက်နာကျင့်သောင်းဟှူ ဖာရိရှဲဖွဲ့ဝမ် တယော့‑က်နေနလည်း သတ်ရှင်လာဟှူကြောန်းဟှို အယ်လူလေဟှ သတ်သေခံရှင်ဟှယ် ဆိုဟှာ ခံနိုင်ဂေ့ဟှယ်။
ACT 26:6 ဘုရားသခင်ဟှာ ကျွန်တော့်လေ ဘိုးဘေးဟှို ထားဟှားဟှူ ဂဒိတော်ဟှို ကျွန်တော်ဟှာ မျှော်လင့်ဘီးဟှာ စောန့်နေဟှို့တွပ်ကြောန့် ခု စစ်ဆေးခံနေရဟှယ် —
ACT 26:7 အယ်ဂဒိတော်ဟှာ ကျွန်တော့်လေ မျိုးနွယ်ဆယ်နှေ့မျိုးဟှာ နေ့ညဉ့်မပြတ် ဘုရားသခင်ဟှို ဝတ်ပြုကိုးကွယ်ဘီး မျှော်လင့်ဘီးဟှာ စောန့်နေဂေ့ဟှူ ဂဒိတော်ဘဲ့ဖြစ်ဟှယ်။ မန်းဂီး၊ အယ်မျိုး မျှော်လင့်ဘီးဟှာ စောန့်နေဇာကြောန့် ကျွန်တော့်ဟှို ယုဒလူမျိုးလေဟှ စွပ်စွဲဘီး ပြောနေဂေ့ဇာ ဖြစ်ဟှယ်။
ACT 26:8 သေဟှားလူလေဟှို ဘုရားသခင်ဟှ ရှင်ပ္လန်ထမြော့‑က်ခိုင်းဟှယ် ဆိုဇာဟှာ ယောင်နိုင်ဇာ မှေ့ဟှ ဆိုဘီး အယ်နေရာမာ ရှိနေဟှူ လူလေဟှာ ဖြားဖြစ်ကြောန့် စီရင်နေဂေ့နူး။
ACT 26:9 “ကျွန်တော်ကိုယ်တိုင်ဘဲ့ နာဇရက်ဗြို့သား ယေရှုရဲ့ နာမတော်န ဆန့်ကျင်ဟှူ မှုလေဟှို လောက်သင့်ဟှယ် ဆိုဇာဟှို ယူဆဟှားဟှယ်။
ACT 26:10 ယေရုရှလင်ဗြို့မာ အယ်မျိုးလောက်ဟှယ်။ ယဇ်ပုရောဟိတ်မန်းရဲ့ ခွမ့်အာဏာန သန့်ရှင်းသူလေဟှို ထောန်ထဲမာ ကျဉ်းခ္လဟှားဟှယ်။ သူးနို့ဟှို သေဒန်စီရင်ဟှူ ခီမာ ကျွန်တော်ဟှ ဘောတူပေးဟှယ်။
ACT 26:11 အယ်လူလေဟှာ ဘုရားသခင်ဟှို စော်ကားပြောဆိုအောန် ကျွန်တော်ဟှာ ဝါလယ်ဇရပ်လေမာ သူးနို့ဟှို ကီဒန်ပေးခိုင်းဘီးဟှာ သူးနို့ရဲ့ ယူဝါဒဟှို စွန့်ပစ်ဂေ့ဟှို့တွပ် ကြိုးစားဘီး လောက်ဆောန်ဟှယ်။ သူးနို့လေဟှို ဒေါသစိလေကြောန့် ကျွန်တော်ဟှာ နိုင်ငံရပ်ခြားမာရှိဟှူ ဗြို့လေဟှို သွားဘီးဟှာ သူးနို့လေဟှို ညှဉ်းဆဲလာဟှယ်။
ACT 26:12 “အယ်မျိုး ရည်ရွယ်ချစ်န ကျွန်တော်ဟှာ ယဇ်ပုရောဟိတ်မန်းလေမာ ခွမ့်ပြုချစ်န ခွမ့်အာဏာဟှို ယူဘီးဟှာ ဒမာသက်ဗြို့ဟှို သွားနေဟှူ ခီမာ
ACT 26:13 မွန်းဒဲ့ခီန ကောန်းဂန်ဟှနေ နေထတ်တော့‑က်ပဟှူ လန်းရောန်ဟှာ ထွန်းတော့‑က်လာဇာဟှို ကျွန်တော်န ကျွန်တော့် ပတ်လည်မာရှိနေဟှူ ကျွန်တော့် ပေါန်းဖော်လေပါ ဗြင်ရဟှယ်။ အဂြိပ္ပမန်းဂီး။
ACT 26:14 အယ်ခီမာ ကျွန်တော့်လေ ဂူလောင်းဟှာ မ္လေဂီးမာ လဲက္လဂေ့ဟှယ်။ အယ်ဘီးန ယုဒဘာသာ စကားန ‘ရှောလု၊ ရှောလု၊ ဖြားဖြစ်ကြောန့် ငါ့ဟှို ညှဉ်းဆဲနူး။ ဒေါက်ရှောန်ဟှို ခေနကန်မယ် ဆိုဟှာ နန်ဘဲ့နာလေ့မယ်’ ဆိုဘီး သံတော်ဟှို ကျွန်တော်ကြားရဟှယ်။
ACT 26:15 အယ်ခီမာ ကျွန်တော်ဟှ ‘သခင်၊ ကိုယ်တော်ဟှ ဖယ်သူနူး’ ဆိုဘီး မေးလျှော့‑က်လိုက်ဟှယ်။ အယ်သခင်ဟှ ‘ငါဟှာ နန်ညှဉ်းဆဲနေဟှူ ယေရှုဘဲ့ ဖြစ်ဟှယ်။
ACT 26:16 အယ်ဘေမဲ့ ထဘီးဟှာ မတ်တတ်ရပ်လိုက်။ နန့်ဟှို ငါ့ရဲ့ မှုတော်ဆောန်နေန ခန့်ဟှို့တွပ် နန့်နားဟှို ငါဟှ ကြွလာဇာဖြစ်ဟှယ်။ အယ်နေ့ နန့်ဗြင်ရဟှူ ဗျာဒိတ်ရူပါရောင်ကြောန်းန နော့‑က်ခါမာလည်း ငါဖော်ပြဟှူ ကြောန်းရာလေဟှို နန်ဟှာ တခြားသူလေဟှို သတ်သေခံရမယ်။
ACT 26:17 ငါဟှာ နန့်ဟှို ဣသရေလလူမျိုးလေ လတ်ဟှနေရော၊ လူမျိုးခြားလေ လတ်ဟှနေရော၊ ကယ်တန်မယ်။
ACT 26:18 နန်ဟှာ ခုဗြင်ရဟှူဇာလေ၊ နော့‑က်မှ ငါဟှာ နန့်ဟှို ထန်ရှားဟှားဟှူ ကြောန်းရာလေ၊ မှုတော်ဆောန်ဟှူသူ၊ သတ်သေခံဟှူသူ့နေန နန့်ဟှို ခန့်ဟှားဟှို့တွပ် ငါဟှာ နန့်ဟှို ထန်ရှားဟှယ်။ လူမျိုးခြားလေဟှာ မှောန်ထဲဟှနေ လန်းရောန်ထဲဟှို ရော့‑က်လာဘီး စာတန်ရဲ့ ခွမ့်အာဏာထဲဟှနေဘီး ဘုရားသခင်နားဟှို ပ္လောန်းလဲလာဘီးဟှာ ပြစ်လွှတ်ခံရဟှို့ကြောန်း၊ ငါ့ဟှို ယောင်ကြည်လိုက်ဟှူန သန့်ရှင်းဇာရဟှားဟှူ လူလေန မွေခံရဟှူကြောန်း သူးနို့လေရဲ့ မျစ်စိဟှို ဖွမ့်ပေးဟှို့တွပ် သူးနို့နားဟှို ငါ နန့်ဟှိုလွှတ်မယ် ဆိုဘီး မိန့်တော်မူလေဟှယ်။
ACT 26:19 “အယ်ကြောန့် အဂြိပ္ပမန်းဂီး၊ ကျွန်တော်ဟှာ ကောန်းဂန်ဘောင်ဟှနေရဟှူ ဗျာဒိတ်ရူပါရောင်ဟှို လွန်ဆန်နိုင်ဟှ။
ACT 26:20 ‘လူလေဟှာ နောန်ဒရဘီး ဘုရားသခင်နားဟှို ပ္လောန်းလဲရဂေ့မယ်။ နောန်ဒနတန်ဟှူ ကျင့်ဟှိုလည်း ကျင့်ရမယ်’ ဆိုဘီး ဦးဆောင်း ဒမာသက်ဗြို့၊ အယ်ဘီးန ယေရုရှလင်ဗြို့ဟှနေ စဘီး ယုဒပြည် တပြည်လောင်းမာရှိဟှူ လူလေဟှိုရော၊ လူမျိုးခြားလေဟှိုရော၊ ကျွန်တော် ဟောပြောဟှယ်။
ACT 26:21 အယ်ကြောန့် ယုဒလူမျိုးလေဟှာ ကျွန်တော့်ဟှို ဗိမာန်တော်ထဲမာ ဖမ်းဘီးဟှာ သတ်ဟှို့တွပ် ကြိုးစာဂေ့ဟှယ်။
ACT 26:22 အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ကျွန်တော်ခံရဟှူကြောန့် ခုထတ်ထိရှိနေဟှယ်။ မေရှိယဟှာ သေခံရမယ် ဆိုဇာဟှိုရော၊ သေဘီးဟှာ ဦးဆောင်း ရှင်ပ္လန်ထမြော့‑က်ဘီးဟှာ ဣသရေလလူမျိုးလေန၊ လူမျိုးခြားလေဟှို ကယ်တန်ဇာနဆိုင်ဟှူ လန်းတရားဟှို ကြေညာလေ့မယ် ဆိုဇာဟှိုရော မောရှေဟှစဘီး ပရောဖက်လေဟှ ဟောဘီး ဒိပေးရစ်ဟှူတိုင်းဘဲ့ ကျွန်တော်ဟှာ လူဂီးလူငယ်လေဟှို သတ်သေခံဘီး နေဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လိုက်ဟှယ်။
ACT 26:24 အယ်မျိုး လျှော့‑က်ဟှူ ခီမာ ဖေတ္တုမန်းဟှ “ပေါလု၊ နန်ဟှာ ရူးဟှားဘီ။ တတ်လွန်ဘီးဟှာ ရူးဟှားဘီ!” ဆိုဘီး အော်ပြောလိုက်ဟှယ်။
ACT 26:25 ပေါလုဟှ “ဖေတ္တုမန်း၊ ကျွန်တော်ဟှာ ရူးနေဇာ မှုဟှ။ သခင်ဟှို လေးလေးနတ်နတ်န သမ္မာတရားဟှို ပြောနေဇာဖြစ်ဟှယ်။
ACT 26:26 အဂြိပ္ပမန်းဂီး၊ အယ်မူဇာလေကြောန်းဟှို သခင်ဟှာ သိဟှူကြောန့် ကျွန်တော်ဟှာ သခင်ရဲ့ ရှေ့မာ ရဲရဲရင့်ရင့်ဟှား လျှော့‑က်ဟှားရှင်း ဖြစ်ဟှယ်။ အယ်မူဇာလေဟှာ ခ္လောန်းကြိုခ္လောန်းကြားလေမာ ဖြစ်လာဇာ မှုဟှ။ အယ်ကြောန်းရာလေ ဂူလောင်းဟှို သခင် သိဟှယ် ဆိုဇာဟှို ကျွန်တော် လတ်ခံယောင်ကြည်ဟှယ်။
ACT 26:27 အဂြိပ္ပမန်းဂီး၊ သခင်ဟှာ ပရောဖက်လေဟှို ယောင်ကြည်ဘဲ့လော။ သခင်ဟှ ယောင်ကြည်ဟှယ် ဆိုဇာဟှို ကျွန်တော်သိဟှယ်!” ဆိုဘီး လျှော့‑က်လိုက်ဟှယ်။
ACT 26:28 အဂြိပ္ပမန်းဂီးဟှ “နန်ဟှာ ငါဟှို ရှစ်ဟှားဒဲန ခရစ်ယာန်ဖြစ်အောန် သွီးဆောန်နိုင်မယ် ဆိုဘီး ထန်နေလော” ဆိုဘီး ပေါလုဟှို ပြောဟှယ်။
ACT 26:29 ပေါလုဟှ “ခီဗြန်ဇာလေ၊ ခီကြာဇာလေဟှာ ဓိကမှုဟှ။ သခင်နတူးဒူ အယ်နေ့ ကျွန်တော်ပြောဇာဟှို နားထောန်နေဟှူ လူလေဟှာ အယ်မျိုး တောက်နှောန်ခံရဟှူ မှုဟှလွဲဘီး ကျွန်တော်မျိုး ဖြစ်လာဂေ့ဟှို့တွပ် ဘုရားသခင်ဟှို ကျွန်တော်ဟှာ ဆုတောန်းဟှယ်” ဆိုဘီး လျှော့‑က်လိုက်ဟှယ်။
ACT 26:30 အယ်ခီမာ မန်းဂီးန ဖေတ္တုမန်းလေဟှာ မိဖုရား ဗေရနိတ်န ဖွဲ့ဝမ်လေဟှာ ထိုင်နေဟှူနေရာဟှ ထဟှားဂေ့ဟှယ်။
ACT 26:31 သူးနို့ဟှာ အယ်နေရာဟှ ထွပ်ဟှားဘီးန “အယ်လူဟှာ သေဒန် အယ်မျိုးမှုဘဲနေဟှာ တောက်နှောန်ခံရဟှူပြစ်လေ ခုလည်း ကျူးလွန်ဟှ” ဆိုဘီး ရှင်းရှင်း ပြောဂေ့ဟှယ်။
ACT 26:32 အဂြိပ္ပမန်းဂီးဟှ “အယ်လူဟှာ ကဲသာမန်းဂီးနားဟှို ယူခံဝမ်ဟှို့တွပ် တောန်းခံဘဲနေဟှာ သူ့ဟှို လွှတ်ပေးနိုင်ဟှယ်” ဆိုဘီး ဖေတ္တုမန်းဟှို ပြောဟှယ်။
ACT 27:1 ဖေတ္တုမန်းဟှာ ကျွန်တော့်လေဟှို ဣတလိပြည်ဟှို သန်းဖောန ပို့ဟှို့တွပ် ဆောင်းဖြတ်လိုက်ဘီးန ပေါလုန တခြားကျဉ်းသား တချို့လေဟှို မန်းဂီးတပ်ခေါ်ဟှူ တထောန်တပ်ဟှနေ ယုလိနာမယ်ရှိဟှူ တပ်မှူးလတ်ထဲဟှို အပ်လိုက်ဟှယ်။
ACT 27:2 ကျွန်တော့်လေဟှာ အာရှိပြည် ကမ်းခြေ တရှော့‑က်လောင်းမာရှိဟှူ သန်းဖောဆိဗြို့လေဟှို သွားဟှို့လောက်နေဟှူ သန်းဖောတစင်းထတ်ဟှို တတ်ဘီးဟှာ သွားဂေ့ဟှယ်။ အယ်သန်းဖောဟှာ အာဒြမုတ္တိဗြို့ဟှနေလာဟှူ သန်းဖောဖြစ်ဟှယ်။ မာကေဒေါနိပြည် သက်သာလောနိတ်ဗြို့သား အာရိတ္တာခုဟှလည်း ကျွန်တော့်လေနတူးဒူ ပါလာဟှယ်။
ACT 27:3 နော့‑က်တနေ့မာ ကျွန်တော့်လေဟှာ ဇိဒုန်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ ယုလိဟှာ ပေါလုဟှို သနားဟှူစိ ရှိဟှူကြောန့် မိဆွေလေနားဟှို သွားဘီး လောက်ကျွေး ပြုစုခံဟှို့တွပ် ခွမ့်ပြုလိုက်ဟှယ်။
ACT 27:4 အယ်လူလေဟှာ ပေါလုဟှို ပြုစုဘီး လောက်ကျွေးဂေ့ဟှယ်။ အယ်ဗြို့ဟှနေ ထွပ်ဟှားဂေ့ဟှူ ခီမာ လေဆန်န တွိရဟှူကြောန့် ကုပရုကျွန်းရိဟှို ခိုဘီး သွားဂေ့ဟှယ်။
ACT 27:5 အယ်ဘီးန ကိလိကိပြည်န ပံဖုလိပြည်ဟှ ပန်လယ်ဟှို ဖြတ်ကူးဂေ့ဘီးန လုကိပြည် မုရဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
ACT 27:6 အယ်ဗြို့မာ ဣတလိပြည်ဟှို သွားဟှို့ အာလေဇန္ဒြိဗြို့ဟှ ရော့‑က်လာဟှူ သန်းဖောတစင်းဟှို တွိဟှူကြောန့် တပ်မှူးဟှာ ကျွန်တော့်လေဟှို အယ်သန်းဖောထတ်ဟှို တတ်ခိုင်းလိုက်ဟှယ်။
ACT 27:7 ကျွန်တော့်လေဟှာ တဖြေးဖြေးဟှားန ရစ်လေကြာဂီး သွားဘီးန နော့‑က်ဆောင်းမာ ကနိဒ်ဗြို့နားဟှို ခတ်ခတ်ခဲခဲန ရော့‑က်ဟှားဂေ့ဟှယ်။ လေလာနိုင်ဘဲဟှူကြောန့် ရှေ့ဟှို သွားနိုင်ဘဲဟှိ ကျွန်တော့်လေဟှာ သာလမုန်ငူ နားဟှနေ ဖြတ်ဘီး ကရေတေကျွန်း တောန်ဖတ်ဟှနေ သွားဂေ့ဟှယ်။
ACT 27:8 ပန်လယ်ကမ်းန နီးနီးဟှားသွားဘီးဟှာ ခတ်ခတ်ခဲခဲန လာသဲဗြို့နားဟှ ဆိကမ်းသာ နာမယ်ရှိဟှူ နေရာဟှို ရော့‑က်ဟှားဂေ့ဟှယ်။
ACT 27:9 ကျွန်တော့်လေဟှာ အယ်နေရာမာ ကြာဂီးနားဂေ့ခီမာ ပြစ်ဖြေဟှူပွဲနေ့ဟှို လွန်လာဟှယ်။ အယ်ကြောန့် ပန်လယ်ခရီးသွားဟှို့တွပ် ဘေးအန္တရာယ် ရှိလာဟှူကြောန့် ပေါလုဟှ ဒိပေးဘီး
ACT 27:10 “မိဆွေလေ၊ ခု ပန်လယ်ခရီးသွားမယ် ဆိုဟှာ သန်းဖောန ကူပစ်စီးလေဟှိုဘဲ့ မှုဘဲန ကျွန်တော့်လေ သတ်လည်း ဆောင်းရှောင်းဇာ ရှိဟှူကြောန်းဟှို ငါဗြင်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
ACT 27:11 အယ်ဘေမဲ့ တပ်မှူးဟှာ ပေါလု စည်းရောင်းဟှူစကားထတ် ပဲ့နန်းန သန်းဖောဇရှင်ရဲ့ စကားဟှို ပိုဘီး ဟှာ ယောင်ကြည်ဟှယ်။
ACT 27:12 အယ်ဆိကမ်းမာ ဆောန်းဒွမ်းလောင်းလောင်း နားနေဟှို့တွပ် ကောန်းဘဲကြောန့် လူတိုင်းဟှ အယ်ဆိကမ်းဟှနေ ထွပ်ရှင်ဂေ့ဟှယ်။ ဖြစ်နိုင်မယ် ဆိုဟှာ ဖိနိတ်ဗြို့ဟှို ရော့‑က်အောန်သွားဘီး ဆောန်းကာလမာ နားရှင်ဂေ့ဟှယ်။ ဖိနိတ်ဆိကမ်းဟှာ ကရေတေကျွန်းမာရှိဘီး နော့‑က်တောန်ဖတ်န နော့‑က်မြော့‑က်ဖတ်ဟှို မျစ်နှာလှည့်ဟှားဟှယ်။
ACT 27:13 တောန်ဖတ်ဟှလေဟှာ စဘီးတိုက်လာဟှူ ခီမာ သန်းဖောသားလေဟှာ သူးနို့ကြံ အောန်လေ့မယ် ထန်ဘီးဟှာ က္လော့‑က်ဆူးဟှိုနှုဘီး သန်းဖောဟှို ကရေတေကမ်းခြေ ဒေါ့‑က်ရှော့‑က် သွားဂေ့ဟှယ်။
ACT 27:14 များများကြာဟှ မြော့‑က်ဖတ်ဟှနေဘီး ရှေ့မြော့‑က်ဟှ လေဟုနာမယ်ရှိဟှူ မှောန်ဒိုင်းဟှာ စဘီးဟှာ ပြင်းပြင်းထန်းထန်ဟှား တိုက်လာဟှယ်။
ACT 27:15 သန်းဖောဟှာ မှောန်ဒိုင်းတိုက်ခံရဟှူကြောန့် အယ်မှောန်ဒိုင်းဟှို ခံနိုင်ဘဲဖြစ်ဟှားဟှယ်။ အယ်ကြောန့် ကျွန်တော့်လေဟှာ လတ်ရှော့လိုက်ဂေ့ဟှယ်။ လေတိုက်ဟှူ နေရာဟှို ပါလိုက်ဟှားဂေ့ဘီးန၊
ACT 27:16 ကလောဒေကျွန်းငယ် တောန်ဖတ်ဟှို ရော့‑က်ဟှားဟှူ ခီမာ လေတိုက်ဟှူ ဒန်ဟှနေ နဲနဲဟှား ကာကွယ်ရဂေ့ဟှယ်။ အယ်နေရာမာ သန်းဖောပဲ့ဖတ်မာ သတ်ကယ်လှေလေဟှို ပျစ်စီးဘဲနေအောန် ခတ်ခတ်ခဲခဲန ပ္လန်ဘီး ထီးသီးနိုင်ဟှားဂေ့ဟှယ်။
ACT 27:17 သန်းဖောသားလေဟှာ လှေဟှိုဆွဲဒန်ဘီးဟှာ သန်းဖောဝန်းဟှို ကြိုးနပတ်ဘီး ခိုင်အောန်လောက်ဂေ့ဟှယ်။ သူးနို့ဟှာ သုရတိ သောန်ပ္လန်မာ သန်းဖောတန်နေမယ် ဆိုဘီး စိုးရိမ်ဟှူကြောန့် ဝှပ်လေဟှို ခ္လလိုက်ဘီးန သန်းဖောဟှို လေတိုက်ဟှူတိုင် မျောပါဟှားဂေ့ဟှယ်။
ACT 27:18 နော့‑က်တနေ့မာလည်း လေမှောန်ဒိုင်းဟှာ ဆစ်ဘီးတိုက်နေဟှူကြောန့် ကူပစ်စီးတချို့ဟှို သန်းဖောထတ်ဟှနေ ပစ်ခ္လဂေ့ဟှယ်။
ACT 27:19 တတိယနေ့မာ သန်းဖောနဆိုင်ဟှူ ကူပစ်စီးတချို့လည်း ပစ်ခ္လဂေ့ဟှယ်။
ACT 27:20 ကျွန်တော့်လေဟှာ ရစ်ပေါန်းကြာဂီး နေလေ၊ ကြယ်လေဟှို ဗြင်ရဂေ့ဟှ။ လေဟှာဆစ်ဘီးဟှာ ရှီပြင်းပြင်းဟှား တိုက်ဘီးနေဟှယ်။ နော့‑က်ဆောင်းမာ ကျွန်တော့်လေဟှာ သေဘေးဟှနေလွတ်ဟှို့ မျှော်လင့်ချစ် မှေ့ဟှ ဆိုဘီး စိရှော့လိုက်ဂေ့ဟှယ်။
ACT 27:21 လူလေဟှာ ရစ်ကြာဂီး စားဇာစားဘဲ နေဂေ့ဘီးန ပေါလုဟှာ သူးနို့လယ်မာ ရပ်ဘီးဟှာ “မိဆွေလေ၊ နန်းနို့ဟှာ ငါ့စကားဟှို နားထောန်ဘီး ကရေတေကျွန်းဟှနေ ထွပ်ဘဲန နေသင့်ဟှယ်။ အယ်မျိုးနေမယ် ဆိုဟှာ အယ်မျိုး ပျစ်စီးဆောင်းရှောင်းဇာန ရင်ဆိုင်ရဂေ့ဟှို့ မှုဟှ။
ACT 27:22 အယ်ဘေမဲ့ အားငယ်ဂေ့န။ နန်းနို့ထဲမာ ဖယ်သူလဲ သတ်ဆောင်းရှောင်းရဟှို့ မှုဟှ။ သန်းဖောဘဲ့ ဆောင်းရှောင်းရလေ့မယ်။
ACT 27:23 ငါ့သခင်၊ ငါကိုးကွယ်ဟှူ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ ပီးဟှားဟှူ ညဉ့်ခန်းဒူးဟှ ငါ့နားဟှိုလာဘီး၊
ACT 27:24 ‘ပေါလု၊ ကြော့‑က်န။ နန်ဟှာ ကဲသာမန်းဂီး ရှေ့ဟှို ရော့‑က်ရမယ်။ ဘုရားသခင်ဟှာ နန့်ဟှို ထော့‑က်ထားကြောန့် နန့်နတူးဒူ သန်းဖောစီးလာဂေ့ဟှူ လူလေဟှာ သေဘေးဟှနေဘီးဟှာ လွတ်မြော့‑က်လေ့မယ်’ ဆိုဘီး ပြောဟှယ်။
ACT 27:25 အယ်ကြောန့် မိဆွေလေ၊ အားငယ်ဂေ့န။ ငါဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှူသူ ဖြစ်ဟှယ်။ အယ်ကြောန့် ငါ့ဟှို ကောန်းဂန်တမန်ဟှ ဖော်ပြဟှားတိုင်းဘဲ့ ဖြစ်ပျစ်လေ့မယ်။
ACT 27:26 အယ်ဘေမဲ့ နို့လေရဲ့ သန်းဖောဟှာ ကျွန်းတခုထတ်မာ သောန်တန်လေ့မယ်” ဆိုဘီး ပြောဟှယ်။
ACT 27:27 ဆယ့်လေးရစ်လော့‑က် ရော့‑က်ဟှားဟှူနေ့ ညဉ့်ခန်းဇာမာ ကျွန်တော့်လေ သန်းဖောဟှာ အာဒြိပန်လယ်မာ လေမှောန်ဒိုင်းတိုက်ဟှူ နေရာထဲဟှို မျောပါဘီးနေဟှယ်။ ညဉ့်နတ်ဟှားခီမာ သန်းဖောသားလေဟှာ ကမ်းတခုခုနားဟှို နီးလာဟှယ် ဆိုဇာဟှို ရိမိဂေ့ဟှယ်။
ACT 27:28 သူးနို့ဟှာ ရေဟှို တိုင်းဂေ့ဟှူ ခီမာ ပေတရာ့နှေ့ဆယ်ရှိဟှယ် ဆိုဇာ တွိရဂေ့ဟှယ်။ ရှေ့ဟှိုနဲနဲဟှား သွားဘီးန တခါတိုင်းဂေ့ဟှူ ခီမာ ပေကိုးဆယ်ဘဲ့ရှိဟှယ် ဆိုဇာဟှို တွိရဟှယ်။
ACT 27:29 သူးနို့ဟှာ က္လော့‑က်ဆောန်န တိုက်မိဟှို့ဇာဟှို စိုးရိမ်ဟှူကြောန့် သန်းဖောပဲ့ဖတ်ဟှ က္လော့‑က်ဆူးလေးခုဟှို ခ္လဘီးဟှာ “မိုးလန်းပါစေ” ဆိုဘီး ဆုတောန်းဂေ့ဟှယ်။
ACT 27:30 သန်းဖောသားလေဟှာ သန်းဖောရဲ့ ဦးဖတ်မာ က္လော့‑က်ဆူးဟှို ခ္လဟှို့ ဟန်ဆောန်ဘီးဟှာ သတ်ကယ်လှေဟှို ရှောခ္လဘီးဟှား ထွပ်ပ္လေးဟှို့တွပ် ကြိုးစားနေဂေ့ဟှူ ခီမာ
ACT 27:31 ပေါလုဟှာ တပ်မှူးန စစ်သားလေဟှို “အယ်သန်းဖောသားလေဟှာ သန်းဖောထတ်မာ နေဟှဆိုဟှာ နန်းနို့ကိုယ်တိုင် သတ်ဘေးဟှ လွတ်ဟှို့တွပ် မျှော်လင့်ချစ်ရှိဟှို့ မှုဟှ” ဆိုဘီး ပြောဟှယ်။
ACT 27:32 အယ်ခီမာ စစ်သားလေဟှာ သတ်ကယ်လှေရဲ့ ကြိုးဟှို ခွတ်ဖြတ်ဘီးဟှာ လှေဟှို အော့‑က်ဟှို ခ္လလိုက်ဟှယ်။
ACT 27:33 မိုးလန်းခါနီးမာ ပေါလုဟှာ အယ်လူလေဟှို စာစားဟှို့တွပ် တိုက်တွန်းရှင်ကြောန့် “နန်းနို့ဟှာ ဖယ်မျိုးဖြစ်မယ် ဆိုဘီး စားငတ်ခံဘီး နေဂေ့ဇာဟှာ ဆယ့်လေးရစ်လော့‑က် ရှိဟှားဘီ။ နန်းနို့ဟှာ ဖြားစာဟှိုလည်း စားဂေ့ဟှ။
ACT 27:34 နန်းနို့ဟှာ ဆစ်ဘီးဟှာ သတ်ရှင်ဟှို့တွပ်၊ စားစာဂေ့ဟှို့တွပ် ငါတောန်းဗန်ဟှယ်။ နန်းနို့ရဲ့ ခေါန်းဟှ ဆန်းဗန်တဗန်လည်း ပျစ်စီးရဟှို့ မှုဟှ” ဆိုဘီး ပြောဟှယ်။
ACT 27:35 အယ်ဘီးန ပေါလုဟှာ မုဟှို ယူဘီးဟှာ အယ်လူလေ အားလောင်းရှေ့မာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးန မုဟှိုဖဲ့ဘီး စားဂေ့ဟှယ်။
ACT 27:36 အယ်ခီမာ အယ်လူလေ ဂူလောင်းဟှာ အားတတ်လာဂေ့ဘီးဟှာ စားဇာဟှို စားဂေ့ဟှယ်။
ACT 27:37 သန်းဖောထတ်မာ လူလေ ဂူလောင်းဟှ ၂၇၆ ယော့‑က် လော့‑က်ရှိဟှယ်။
ACT 27:38 လူလေဟှာ ဝအောန်စားဂေ့ဘီးန သန်းဖောဟှို ပေါ့စေဟှို့တွပ် ဂျောင်ဆန်ရှိမျှဟှို ပန်လယ်ထဲဟှို ပစ်ခ္လဂေ့ဟှယ်။
ACT 27:39 မိုးလန်းဟှူ ခီမာ သန်းဖောသားလေဟှာ သူးနို့ဟှာ ဖယ်နေရာဟှို ရော့‑က်နေမှန်း သိဂေ့ဘဲကြောန့် ပန်လယ်ကွေ့ ကမ်းခြေတခုဟှို ဗြင်ရဂေ့ဟှူ ခီမာ ဖြစ်နိုင်မယ် ဆိုဟှာ အယ်ကမ်းခြေထတ်ဟှို သန်းဖောဟှို ထိုးဒန်ဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။
ACT 27:40 သူးနို့ဟှာ က္လော့‑က်ဆူးကြိုးဟှို ဖြတ်ဘီးဟှာ က္လော့‑က်ဆူးလေဟှို ပန်လယ်ထဲဟှို ခ္လလိုက်ဂေ့ဟှယ်။ တခီဒဲမာဘဲ့ ပဲ့နန်းလေဟှလည်း ကြိုးလေဟှို ဖြေလိုက်ဂေ့ဟှယ်။ အယ်ဘီးန သန်းဖောဦးဟှနေဘီး ဝှပ်လေဟှို တန်ဘီး ကမ်းခြေဖတ်ဟှို သွားလိုက်ဟှယ်။
ACT 27:41 အယ်ခီမာ သန်းဖောဟှာ ရေတီဟှူနေရာဟှို ရော့‑က်ဘီးဟှာ သောန်တန်ဘီးနေဟှယ်။ သန်းဖောဦးဟှာ သောန်မာစိုက်ဘီးနေကြောန့် လှောန်ဟှို့မျှဟှမ်း။ သန်းဖောပဲ့ဖတ်ဟှနေဘီး လှိုင်းလောင်းလေရိုက်ကြောန့် က္လိုးဘီးဟှာ ပျစ်စီးလာဟှယ်။
ACT 27:42 အယ်ခီမာ စစ်သားလေဟှာ ကျဉ်းသားလေ ရေကူးဘီး ထွပ်ပ္လေးမာဟှို စိုးရိမ်ဟှူကြောန့် သူးနို့ဟှို သတ်ဟှို့တွပ် ကြံစည်ဂေ့ဟှယ်။
ACT 27:43 အယ်ဘေမဲ့ တပ်မှူးဟှာ ပေါလုဟှို ကယ်ရှင်ဟှူကြောန့် စစ်သားလေရဲ့ ကြံစည်တိုင်း လောက်ဘဲဟှို့တွပ် တားဘီးဟှာ ဦးဆောင်းပထမ ရေကူးတတ်ဟှူ လူလေဟှို သန်းဖောဟှနေ ခူခ္လခိုင်းဘီး ကူးခိုင်းလိုက်ဟှယ်။
ACT 27:44 အယ်ဘီးန ကျန်နေဟှူ လူလေဟှို သစ်ပ္လားလေနရော၊ သန်းဖောပျစ်ဟှ သစ်ပိုင်းစလေန စီးဘီးဟှာ ကူးဂေ့ဟှို့တွပ် ပြောလိုက်ဟှယ်။ အယ်မျိုးနည်းနဘဲ့ ကျွန်တော့်လေ ဂူလောင်းဟှာ ဘေးဟှလွှတ်ဘီး ကူးထတ်ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
ACT 28:1 ကျွန်တော့်လေဟှာ ဘေးဟှလွှတ်ဘီးဟှာ ကူးထတ်ဟှို ရော့‑က်ဟှားဂေ့ဟှူ ခီမာ အယ်ကျွန်းဟှို မေလိတေကျွန်း ဆိုဘီး ခေါ်ဇာဟှို သိရဂေ့ဟှယ်။
ACT 28:2 ကျွန်းသူကျွန်းသားလေဟှာ ကျွန်တော့်လေဟှို ထူခြားဟှူ ရှစ်ရှင်းမြစ်တာဟှို ပြဂေ့ဟှယ်။ မိုးဝါဟှူကြောန့် အေးလာဟှူ ခီမာ အယ်လူလေဟှာ မီးဖိုလောက်ဘီးဟှာ ကျွန်တော့်လေဟှို ဧည့်ခံဂေ့ဟှယ်။
ACT 28:3 ပေါလုဟှာ ထန်းတဇဲဟှို ယူဘီးဟှာ မီးထဲဟှို ထဲ့လိုက်ဟှယ်။ အယ်ခီမာ မီးပူရှီကြောန့် ထန်းဇဲထဲဟှနေ မွီဗွေးတကောန်ဟှ ထွပ်လာဘီးန ပေါလုရဲ့ လတ်မာ ပတ်နေဟှယ်။
ACT 28:4 သူ့လတ်ဟှနေ တန်းလန်းက္လနေဟှူ ဗွီဟှို ကျွန်းသူကျွန်းသားလေဟှ ဗြင်ဟှူ ခီမာ “အယ်လူဟှာ လူသတ်မားဖြစ်နိုင်ဟှယ်။ ပန်လယ်ဘေးဟှလွှတ် ဘေမဲ့လည်း တရားမျှတဇာဟှ သူ့ဟှို သတ်ရှင်ခွမ့်ပေးဟှ” ဆိုဘီး ရှင်းရှင်းပြောနေဂေ့ဟှယ်။
ACT 28:5 အယ်ဘေမဲ့ ပေါလုဟှာ ဗွီဟှို မီးထဲဟှို ခါခ္လလိုက်ဟှယ်။ အယ်ဘေမဲ့ သူဟှာ ဖြားလည်းဖြစ်ဟှ။
ACT 28:6 အယ်လူလေဟှ ပေါလုဟှာ တကိုယ်လောင်း ရောန်လာလေ့မယ်။ အယ်မျိုးမှုဘဲနေဟှာ ခုရှစ်ရှင်းဘဲ့ သေလေ့မယ် ဆိုဘီး စောန့်နေဂေ့ဟှယ်။ အယ်မျိုး ကြာဂီးစောန့်ကေ့ဘေမဲ့ ဖြားလည်း ပေါလုမာ ဖြစ်လာဘဲ့ဇာဟှို ဗြင်ဂေ့ဟှူ ခီမာ သူးနို့ဟှာ စိသဘောလေ ပ္လောန်းလဲဘီးဟှာ “အယ်လူဟှ နတ်ဘုရားဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 28:7 အယ်နေရာမာ ပုဗလိ နာမယ်ရှိဟှူ ကျွန်းလူဂီးပိုင်ဟှူ မ္လေယာလေရှိဟှယ်။ အယ်လူဟှာ နို့လေဟှို လတ်ခံဘီးန သောင်းရစ်လောင်းလောင်း ဧည့်ခံဘီး ကျွေးမွေးဟှယ်။
ACT 28:8 ပုဗလိရဲ့ ဖဟှာ ဖျားနေဘီးဟှာ ဝန်းကိုက်ဟှူ ရောဂါဖြစ်ဘီး လဲနေဟှယ်။ ပေါလုဟှာ သူ့ခန်းထဲဟှို ဝမ်ဘီး ဆုတောန်းဘီးန သူ့ကိုယ်ထတ်မာ လတ်တန်ဘီး သူ့ဟှို ကျန်းမာစေဟှယ်။
ACT 28:9 အယ်မျိုးဇာလေ ဖြစ်ပျစ်ဟှားဟှူကြောန့် ကျွန်းမာနေဟှူ၊ နေကောန်းဘဲဟှူ လူလေဟှာ ပေါလုနားဟှို လာဂေ့ဟှယ်။ ပေါလုဟှာ သူးနို့ဟှို ကျန်းမာစေဟှယ်။
ACT 28:10 သူးနို့ဟှာ ကျွန်တော့်လေဟှို လတ်ဆောန်လေပေးဂေ့ဟှယ်။ ကျွန်တော့်လေဟှ ထွပ်ဟှားဟှို့ လောက်နေဂေ့ခီမာ လိုအပ်ဟှူ စားဇာရိခါလေဟှို သန်းဖောထတ်ဟှို ပို့ပေးဂေ့ဟှယ်။
ACT 28:11 သောင်းလလော့‑က် ကြာဘီးန ကျွန်တော့်လေဟှာ အယ်ကျွန်းမာ ဆောန်းခိုနေဟှူ သန်းဖောန သွားဂေ့ဟှယ်။ အယ်သန်းဖောဟှာ အာလေဇန္ဒြိဗြို့ဟှလာဘီး မွှာဘ္လူးနတ်ရောက်ထုပါဟှူ သန်းဖောဖြစ်ဟှယ်။
ACT 28:12 ကျွန်တော့်လေဟှာ သုရကုတ်ဗြို့ဟှို သန်းဖောနရော့‑က်ဟှားဘီး အယ်ဗြို့မာ သောင်းရစ်လော့‑က် နေဂေ့ဟှယ်။
ACT 28:13 အယ်ဗြို့ဟှနေ ပ္လန်ဟှားဟှူ ခီမာ ရေဂျုန်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ နော့‑က်တနေ့မာ တောန်လေဟှာ လာဟှူကြောန့် နှေ့ရစ်လော့‑က် ကြာဟှူ ခီမာ ပေါတယောလိဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
ACT 28:14 အယ်ဗြို့မာ ညီကို မောန်နှမလေ တချို့ဟှို တွိဘီး သူးနို့ဟှ ခွန်နစ်ရစ်လော့‑က် သူးနို့န တူးဒူနေဟှို့တွပ် တောန်းဗန်ဘီး ပြောဟှူတိုင်းဘဲ့ နေဘီးဟှာ ရောမဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။
ACT 28:15 ရောမဗြို့မာရှိဟှူ ညီကို မောန်နှမလေဟှာ ကျွန်တော့်လေ ရော့‑က်လာကြောန်းဟှို ကြားရဂေ့ဟှူ ခီမာ အပ္ပိဆေးနားဟှိုရော၊ တဲခိုရိသာ သောင်းဆောန်နားဟှိုရော၊ ရော့‑က်လာဘီးဟှာ ကြိုဆိုဂေ့ဟှယ်။ ပေါလုဟှာ အယ်လူလေဟှို ဗြင်ဟှူ ခီမာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီး အားတတ်လာဟှယ်။
ACT 28:16 ရောမဗြို့ဟှို ရော့‑က်ဟှူ ခီမာ ပေါလုဟှာ သူ့ဟှို စောန့်ပေးနေဟှူ စစ်သားတယော့‑က်နတူးဒူ နေရဟှယ်။
ACT 28:17 နော့‑က်သောင်းရစ် ကြာဟှူ ခီမာ ပေါလုဟှာ ဗြို့မာနေဟှူ ယုဒလူမျိုးခေါန်းဆောန်လေဟှို ဖိခေါ်လိုက်ဟှယ်။ အယ်လူလေဟှာ လာဘီး စုနေဟှူ ခီမာ ပေါလုဟှ “ညီကိုလေ၊ ငါဟှာ ကိုယ့်လူမျိုးဟှိုရော၊ ဘိုးဘေးလေရဲ့ ထောင်းဒန်းစဉ်လာလေဟှိုရော၊ ဆန့်ကျင်ဟှူမှုလေ ခုလည်းလောက်ဟှ။ အယ်ဘေမဲ့ ယုဒလူမျိုးလေဟှာ ယေရုရှလင်ဗြို့မာ ငါ့ဟှို ဖမ်းဘီးဟှာ ရောမလူမျိုးလတ်ထဲဟှို အပ်ဂေ့ဟှယ်။
ACT 28:18 အယ်လူလေဟှာ ငါ့ဟှို စစ်ဆေးဘီး ငါ့ရဲ့မှုမာ သေဒန်ပေးထိုက်ဟှူကြောန်း ခုလည်းတွိဘဲကြောန့် ငါ့ဟှို လွှတ်လိုက်ဂေ့ဟှယ်။
ACT 28:19 အယ်ဘေမဲ့ ယုဒလူမျိုးလေဟှာ ကန့်ကွက်ဂေ့ဟှူကြောန့် ငါဟှာ လွှဲရှောန်သာဘဲဟှူကြောန့် ကဲသာမန်းဂီးနားဟှို ယူခံဝမ်ရဟှယ်။ အယ်မျိုး ပြောရဟှူဇာဟှာ ကိုယ့်လူမျိုးဟှို ပြစ်တန်ဇာ တခုခုရှိကြောန့် ပြောဇာ မှုဟှ။
ACT 28:20 အယ်ကြောန့် ခန်ဗျားလေန တွိဆောင်ခွမ့်ဟှို တောန်းရှော့‑က်ဇာ ဖြစ်ဟှယ်။ ငါဟှာ အယ်သံကြိုးန ခယ်ခံရဇာဟှာ ဣသရေလလူလေ မျှော်လင့်ဘီး စောန့်နေဂေ့ဟှူ သခင်တွပ်ကြောန့်ဘဲ့ ဖြစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
ACT 28:21 အယ်လူလေဟှ “နို့လေဟှာ နန့်ကြောန်းဟှို ယုဒပြည်ဟှနေ စာတစောန်လည်း ရဂေ့ဟှ။ နို့လေရဲ့ ယုဒလူမျိုးလေထဲဟှနေ ညီကိုလေတယော့‑က်လည်း လာဘီးဟှာ နန့်ရဲ့ ကောန်းဘဲဟှူ ဒန်းဟှိုပြောဟှ။
ACT 28:22 အယ်ဘေမဲ့ အယ်ဂိုဏ်းကြောန်းဟှို ဆန့်ကျင်ဘီး နေရာတိုင်းမာ ပြောနေဂေ့ဇာဟှို နို့လေသိရဟှယ်။ အယ်ကြောန့် နန့်ရဲ့ ယူဝါဒဟှို နို့လေဟှ ကြားရှင်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
ACT 28:23 အယ်လူလေဟှာ ရစ်ချီးပေးဂေ့ဟှယ်။ ချီးလိုက်ဟှူနေ့မာ ပေါလုနေဟှူ နေရာဟှို လူဘောင်ဂီးဟှ ရော့‑က်လာဂေ့ဟှယ်။ ပေါလုဟှာ မိုးလန်းဟှနေ နေဒန်ထိ ဘုရားသခင်ရဲ့ နိုင်ငံတော်နဆိုင်ဟှူ တရားတော်ကြောန်းဟှို သွီးဆောန်ဘီးဟှာ ရှင်းလန်းဖော်ပြဟှယ်။ သခင်ယေရှုရဲ့ ကြောန်းလေ မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်ကျမ်းလေဟှို ကော့‑က်နှုဘီးဟှာ အယ်လူလေနားလည် ဘောပေါ့‑က်လာဟှို့တွပ် ကြိုးစားဘီးဟှာ ဟောပြောဟှယ်။
ACT 28:24 သူးနို့ထဲဟှ တချို့ဟှာ ပေါလုရဲ့ စည်းရောင်းဟှူစကားလေဟှို ယောင်ကြည်လာဂေ့ ဘေမဲ့လည်း တချို့ဟှ ယောင်ကြည်ဂေ့ဟှ။
ACT 28:25 အယ်မျိုး ပေါလုပြောဟှူ ခီမာ ယုဒလူမျိုးလေဟှာ ရှစ်ရှင်းဘဲ့ ပြင်းပြင်းထန်းထန်ဟှား ငြင်းဂေ့ဘီး ထွပ်ဟှားဂေ့ဟှယ်။ ပေါလုဟှ “ပရောဖက်ဟေရှာယဟှ နန်းနို့ ဘိုးဘေးလေဟှို သန့်ရှင်းဟှူဝိညာဉ်တော် ဖော်ပြဟှားဟှူဇာဟှာ မှန်ပါဟှယ်။ ဖော်ပြဟှားဟှူဇာဟှ အယ်မျိုးဖြစ်ဟှယ်။
ACT 28:26 “ ‘အယ်လူမျိုးလေဟှို ပြောကြားဂေ့ပါ။ “နန်းနို့ဟှာ ကြိုးစားဘီး နားထောန်ဘေမဲ့လည်း နားလည်လေ့မယ် မှုဟှ။ ကြိုးစားဘီး ကေ့ဘေမဲ့လည်း ဗြင်ဟှို့ မှုဟှ။”
ACT 28:27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူမျိုးရဲ့ စိနှလောင်းဟှာ ထိုင်းမှိုင်းဘီး၊ သူးနို့နားလေဟှ လေးနေဘီး သူးနို့ရဲ့ မျစ်စိလေဟှာ ပိနေဂေ့ကြောန့် ဖြစ်ဟှယ်။ တကယ်ဆိုဟှာ အယ်မျိုးမှုနဘဲ့ သူးနို့ မျစ်စိလေဟှာ ဗြင်ဘီး၊ နားလေဟှ ကြားနိုင်ဘီး၊ စိနှလောင်းလေဟှာ သိဘီး နားလည်ဂေ့မယ် ဆိုဟှာ သူးနို့ စိသဘောလေဟှ ပ္လောန်းလဲလာဂေ့ဘီးဟှာ ငါဟှလည်း သူးနို့လေဟှို ကျန်းမာစေမယ်။’ ” ဆိုဘီး ပြောလိုက်ဟှယ်။
ACT 28:28 နော့‑က်ဆောင်းနေန ပေါလုဟှ “အယ်ကြောန့် ဘုရားသခင်ရဲ့ ကယ်တန်ရှင်းတရားဟှို လူမျိုးခြားလေဟှ ကြားရဟှို့တွပ် ဟောပြောဟှို့လူလေဟှို လွှတ်ဘီးဖြစ်ဟှူကြောန့် သူးနို့ဟှာ ကြားရဂေ့လေ့မယ် ဖြစ်ဟှူကြောန်း နန်းနို့ဟှာ သိမှတ်ဟှားဂေ့” ဆိုဘီး ပြောဟှယ်။
ACT 28:29 
ACT 28:30 ပေါလုဟှာ အယ်ဗြို့မာ နှေ့နှစ်လောင်းလောင်း သူငှားဟှားဟှူ အီမာနေဘီးဟှာ။ သူ့နားဟှို ရော့‑က်လာဂေ့ဟှူ လူလေဟှို ကြိုဆိုဧည့်ခံဘီး၊
ACT 28:31 ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းဟှို ဟောပြောဘီး သခင်ယေရှုခရစ်တော်ရဲ့ ကြောန်းဟှို ဆီးတားမှေ့ဘဲန ရဲရဲရင့်ရင့်ဟှား ဟောပြောဘီးနေဟှယ်။
ROM 1:1 ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် တမန်တော်ဖြစ်န ဘုရားသခင်ဝီးကော့‑က်ဘီး ခန့်အပ်ခံရဟှူ ခရစ်တော်ယေရှုရဲ့ စေခံ ငါပေါလုဟှာ အယ်စာဟှို ရေးလိုက်ပါဟှယ်။
ROM 1:2 ရှေးခါဒူးဟှ ဘုရားသခင်ဟှာ သူ့ရဲ့ ပရောဖက်လေအားဖြင့် အယ်မူဒန်းကောန်းတွပ် ဂဒိထားဟှားကြောန်းဟှို သန့်ရှင်းဟှူ ကျမ်းစာအားဖြင့် ဖော်ပြဟှားလေဟှယ်။
ROM 1:3 အယ်မူဒန်းကောန်းဟှာ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်တော်ရဲ့ ကြောန်းဘဲ့ ဖြစ်ပါဟှယ်။ သားတော်ဟှာ လူ့ဇာတိအားဖြင့် ဒါဝိဒ်မျိုးနွယ်ဟှနေ ပေါ်ထွပ်လာဘီး၊
ROM 1:4 သူ့ရဲ့ မြင့်မြတ် သန့်ရှင်းရှင်းအားဖြင့် ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှူကြောန်းဟှို ထန်ရှားစေဟှို့တွပ် ဘုရားသခင်ဟှာ မဟာတဂိုးတော်အားဖြင့် သခင်ယေရှုခရစ်ဟှို သေရှင်းဟှနေဘီး ထမြော့‑က်စေတော်မူဟှယ်။
ROM 1:5 အယ်သခင်ရဲ့ နာမတော်တွပ် လူမျိုးလေ ဂူလောင်းထဲမာ ယောင်ကြည်ရှင်းနဆိုင်ဟှူ နာခံမှုရှိစေဟှို့တွပ် ကျေးဇူးတော်န တမန်တော်ဖြစ်ဟှူခွမ့်ဟှို ကိုယ်တော်အားဖြင့် နို့လေရရှိဂေ့ဟှယ်။
ROM 1:6 နန်းနို့လေလည်း အယ်လူမျိုးထဲမာပါဘီး ယေရှုခရစ်တော်ရဲ့ တဗဲ့ဖြစ်ဟှို့တွပ် ဝီးကော့‑က်ခံရဟှူ သူလေဖြစ်ဂေ့ဟှယ်။
ROM 1:7 အယ်မျိုး ဘုရားသခင်ရဲ့ ရှစ်ရှင်းမြစ်တာတော်အားဖြင့် သူ့ရဲ့ လူမျိုးတော်ထဲဟှို ရော့‑က်စေဟှို့တွပ် ဝီးကော့‑က်ခံရဟှူ ရောမဗြို့ဟှ သန့်ရှင်းဟှူ သင်းဝမ်သူလေနားဟှို အယ်စာရေးလိုက်ပါဟှယ်၊
ROM 1:8 နန်းနို့လေရဲ့ ယောင်ကြည်ဟှူ ကြောန်းရာလေဟှာ တကမ္ဘာလောင်းဟှို ပ္လံ့နှံ့ဘီး ကျော်ကြားဟှူကြောန့် နန်းနို့လေ ဂူလောင်းဟှို ယေရှုခရစ်တော်အားဖြင့် ငါကိုးကွယ်ဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။
ROM 1:9 သားတော်ရဲ့ကြောန်း ဒန်းကောန်းဟှို ဟောပြောဟှူဇာအားဖြင့် ငါဟှာ ဘုရားသခင်ရဲ့ မှုတော်ဟှို စိဝိညာဉ်နထပ်တူ လောက်ဆောန်နေဘီး၊
ROM 1:10 ငါဟှာ ဆုတောန်းဟှူ ခီတိုင်းမာ နန်းနို့လေဟှို မြဲဒမ်း ဒိရနေကြောန်းဟှို ငါကိုးကွယ်ဟှူ ဘုရားသခင်ဟှာ ငါ့ရဲ့သတ်သေဖြစ်ပါဟှယ်။ ဘုရားသခင်လိုတော်ရှိဟှယ် ဆိုဟှာ ကြာခန်မာ နန်းနို့လေနားဟှို လာနိုင်ဟှို့တွပ် လမ်းဖွမ့်ပေးမယ့်ကြောန်းဟှို ဆုတောင်းပါဟှယ်။
ROM 1:11 နန်းနို့လေ ဂူလောင်းဟှာ တည်ကြည်ဘီး ခိုင်ခံ့ဟှို့တွပ် ဝိညာဉ်ဆုကျေးဇူးလေဟှို ဝီမျှပေးရှင်ဟှူ ဆန္ဒရှိဟှူကြောန့် ငါဟှာ နန်းနို့လေဟှို ရရာတိုင်းဘဲ့ တွိရှင်ပါဟှယ်။
ROM 1:12 တနည်းအားဖြင့် အယ်မျိုးတွိဆောင်ဟှူ ခီမာ နန်းနို့လေန ငါဟှာ သီးသီးမာရှိဟှူ ယောင်ကြည်ရှင်းလေဟှို ပ္လန်လှန် သတ်သေခံဝီမျှဘီး ခွန်းအားယူနိုင်ဟှို့တွပ် ဖြစ်ပါဟှယ်။
ROM 1:13 ညီကို မောန်နှမလေ ငါဟှာ လူမျိုးခြားလေမာ သီးပွမ့်လေရဟှူမျိုး နန်းနို့လေမာလည်း သီးပွမ့်လေရဟှို့တွပ် နန်းနို့လေနားဟှို လာနိုင်အောန် ခါဘီးခါ စီစဉ်ဟှူလည်းဘဲ့ ခုခီထိ တားဆီးမှုဟှို ခံနေရဟှူကြောန်းဟှို နန်းနို့လေ သိစေရှင်ပါဟှယ်။
ROM 1:14 ငါဟှာ ဂရိလူမျိုးဘဲ့ဖြစ်ဖြစ်၊ ရိုင်းဟှူလူဘဲ့ဖြစ်ဖြစ်၊ ပညာရှိဘဲ့ဖြစ်ဖြစ်၊ ပညာမဲ့ဘဲ့ဖြစ်ဖြစ်၊ လူဘောန်းဇောင်ဟှို ဟောပြောရမယ့် ဒန်းကောန်းရဲ့ ကြွေးဟှာ ငါ့မာတန်နေပါဟှယ်။
ROM 1:15 အယ်ကြောန့် ရောမဗြို့မာရှိဟှူ နန်းနို့လေဟှိုလည်း အယ်ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် ငါဟှာ ရရာတိုင်း စိအားထတ်သန်နေပါဟှယ်။
ROM 1:16 ငါဟှာ ခရစ်တော်ရဲ့ ဒန်းကောန်းတွပ် လောင်းဝ ယှစ်ကြော့‑က်မှုမှေ့ဟှ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူဒန်းကောန်းဟှာ ရင်ဦးဆောင်း ယုဒလူမျိုး၊ နော့‑က်မှ လူမျိုးခြားလေထဲမာ ယောင်ကြည်လတ်ခံလာမယ့် သူလေဂူလောင်းဟှို ကယ်တန်ပေးဟှူ ဘုရားသခင်ရဲ့ တဂိုးတော် ဖြစ်ပါဟှယ်။
ROM 1:17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ဖြောန့်မတ်ဟှူသူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်” ဆိုဘီး ကျမ်းစာမာရေးဟှားတိုင်း ယောင်ကြည်ရှင်းနှိုက်တည်ဟှူ ဘုရားသခင်ရဲ့ ဖြောန့်မတ်ရှင်းတရားဟှာ ယောင်ကြည်ရှင်းတွပ် အယ်ဒန်းကောန်းအားဖြင့် ထန်ရှားနေပါဟှယ်။
ROM 1:18 ဘုရားသခင်ရဲ့ မျစ်တော်ဟှာ ကောန်းဂန်ဘောင်ဟှနေ ထန်ရှားဘီး သမ္မာတရားဟှို တရားဘဲဟှူမှုန လူလေသိဘဲနေအောန် ဆီးတားပိပန်ဟှူ သူလေရဲ့ ဘုရားတရားမှေ့ရှင်းန တရားဘဲဟှူမှု ဂူလောင်းထတ်ဟှို သတ်ရောက်ဟှယ်။
ROM 1:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့န ပတ်သတ်ဘီး သိသင့်သိထိုက်ဟှူ ဇာလေဟှို ရှင်းရှင်းလန်းလန်းဟှား ဖော်ပြပေးဟှားကြောန့် ဖြစ်ဟှယ်။ အယ်မူကြောန်းလေဟှာ သူးနို့လေမှာ ထန်ရှားဘီး ရှိနေပါဟှယ်။
ROM 1:20 တနည်းအားဖြင့် အယ်လောကဟှို ဖန်ဆင်းဟှူခီဟှနေစဘီး ဘုရားသခင်ရဲ့ ဗြင်ရဘဲဟှူ ဂေါင်အင်္ဂါလေဖြစ်ဟှူ ကိုယ်တော်ရဲ့ ထာဝရ တဂိုးတော်န ဘုရားသခင်ရဲ့ ဖြစ်တော်လေဟှာ ဖန်ဆင်းတော်မူဟှူ ရာလေအားဖြင့် ရှင်းရှင်းလန်းလန်း သိနိုင်ဟှူကြောန့် သူးနို့လေဟှာ ကိုယ့်ပြစ်လေတွပ် ဆင်ခေပေးဟှိ ရနိုင်ဂေ့ဟှ!
ROM 1:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ ဘုရားသခင်ဟှို သိဂေ့ဟှူလည်းဘဲ့ ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ချီးမွမ်းသင့်ဟှူတိုင်း ချီးမွမ်းဘဲ၊ ကျေးဇူးတော်ဟှိုလည်း သိမှတ်ဘဲန ကျိုးမှေ့ဘဲဟှူ ဇာလေဟှိုဘဲ့ တွေးနေဂေ့ဟှူကြောန့် သူးနို့ရဲ့ သိတရားမဲ့ဟှူ စိနှလောင်းဟှို မှောန်မိုက် ဖောင်းလွှမ်းဟှားလေဟှယ်။
ROM 1:22 သူးနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပညာရှိဖြစ်ဟှယ် ဆိုဘီး ပြောဂေ့ဟှူလည်းဘဲ့ မိုက်မဲဟှူ သူလေဖြစ်လာဘီး၊
ROM 1:23 ဖော့‑က်ပ္လန် ပျစ်စီးရှင်းန ကင်းဟှူ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ပယ်ဘီး ဖော့‑က်ပ္လန်တတ်ဟှူ လူ့ရောက်ထု၊ ငှတ်ရောက်ထု၊ ခေလေးရှောန်း သတ္တဝါန တွားဘီးသွားတတ်ဟှူ လိဆန်လေရဲ့ ရောက်ထုဟှို ဘုရားသခင်နေရာမာ ချီးမြှော့‑က်ဂေ့ဟှယ်။
ROM 1:24 အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့ရှင်းရှင်း ကိုယ်ခန္ဓာရဲ့ အသရေဟှို ပျစ်စီးစေဟှို့တွပ် သူးနို့လေရဲ့ ကိလေသာစိ ညစ်ညူးရှင်းလတ်ဟှို အပ်လိုက်လေဟှယ်။
ROM 1:25 အယ်သူလေဟှာ ဘုရားသခင်ရဲ့ သမ္မာတရားဟှို မှားဟှူနေရာမာ ထားဂေ့ဘီး ဖန်ဆင်းရှင်ဟှို ကိုးကွယ်ရဟှို့စား ဖန်ဆင်းဟှားဟှူ ဇာလေဟှို ဝတ်ပြုကိုးကွယ်ဂေ့လေဟှယ်။ ဖန်ဆင်းရှင်ဟှာ ထာဝရမင်္ဂလာ ရှိတော်မူဟှယ်။ အာမင်။
ROM 1:26 အယ်မျိုးလောက်ဟှူကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို ယှစ်ဇာကောန်းဟှူ ကိလေသာလတ်ထဲဟှို အပ်လိုက်တော်မူလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ထဲဟှ မီးမလေဟှာ သဘာဝဆစ်ဆံမှုဟှို ပယ်ဘီးဟှာ သဘာဝန ဆန့်ကျင်ဖတ်ဖြစ်ဟှူ ဆစ်ဆံရှင်းနော့‑က်ဟှို လိုက်ဂေ့လေဟှယ်။
ROM 1:27 အယ်တိုင်းဘဲ့ ယော့‑က်ကျားလေလည်း မီးမန သဘာဝဆစ်ဆံမှုဟှို ပယ်ဘီးဟှာ ရှင်းရှင်း ရာဂမီးတော့‑က်လောန်ဂေ့ဘီး ယှစ်ဇာကောန်းဟှူဇာဟှို ယော့‑က်ကျားရှင်းရှင်း ပြုဂေ့ဟှူကြောန့် သူးနို့လေရဲ့ ဆိုးညစ်ဟှူကျင့်တွပ် ထိုက်သင့်ဟှူ ပြစ်ဒန်လေဟှို ခံရဂေ့ဟှယ်။
ROM 1:28 အယ်သူလေဟှာ ဘုရားသခင်ဟှို သိမှတ်ဘဲန လျစ်လျူရှုဂေ့ဟှူကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို ယောက်ညံ့ဟှူစိလတ်ဟှို အပ်လိုက်တော်မူဟှူကြောန့် သူးနို့လေဟှာ ပြုသင့်ဘဲဟှူဇာလေဟှို ပြုကျင့်ဂေ့လေဟှယ်။
ROM 1:29 အယ်သူလေဟှာ မျိုးမျိုးဖြစ်ဟှူ ဆိုးယောက်မိုက်မဲရှင်း၊ တရားဘဲဟှူ မေထုန်ပြုရှင်း၊ ညစ်ညမ်းရှင်း၊ လောဘတတ်မတ်ရှင်း၊ ကျင့်ပျစ်ရှင်း၊ မနာလိုရှင်း၊ လူ့သတ်ဟှို သတ်ရှင်း၊ ရန်ဖြစ်ရှင်း၊ လှည့်ဇားရှင်း၊ ရန်ငြိုးထားရှင်းန သူများတင်းပြောဆိုရှင်း၊
ROM 1:30 ပေါက်ခတ်ပြောဆိုရှင်း၊ ဘုရားသခင်ဟှို မူးရှင်း၊ မိုက်ရိုင်းရှင်း၊ မာန်မာနထောန်လွှားရှင်း၊ ဝါကြွားရှင်း၊ ကောန်းဘဲဟှူမှုလေဟှို တီထွမ်ရှင်း၊ မိဖစကားဟှို နားထောန်ဘဲနေရှင်း၊
ROM 1:31 သိတရားကင်းမဲ့သူ၊ ဂဒိတည်ဘဲဟှူသူ၊ ကြင်နာဟှူစိကင်းမဲ့သူ၊ သနားရှင်းစိကင်းမဲ့သူလေ ဖြစ်ဂေ့ဟှယ်။
ROM 1:32 အယ်မျိုး ကျင့်ဂေ့ဟှူသူလေဟှာ သေဒန်ဟှို ခံထိုက်ဟှယ်ဆိုဘီး ဘုရားသခင် စီရင်ဟှားဇာဟှို သိဂေ့ဟှူလည်းဘဲ့ သူးနို့ကိုယ်တိုင်လည်းကျင့်ဘီး အယ်မျိုး ကျင့်ဂေ့ဟှူသူလေဟှိုလည်း အားပေးဂေါင်ယူဂေ့လေဟှယ်။
ROM 2:1 အယ်ကြောန့် သူများဟှို စစ်ကြောစီရင်တတ်ဟှူသူ၊ နန်ဟှာ ကိုယ့်ပြစ်ဟှို မဖောင်းနိုင်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ စစ်ကြောစီရင်ဟှူမှုဟှို ကိုယ်တိုင်ပြုဟှူဇာအားဖြင့်၊ သူများဟှိုစစ်ကြောစီရင်ရာမာ ကိုယ့်မာပြစ်ရှိဟှူကြောန်းဟှို စီရင်ဆောင်းဖြတ်ရာရော့‑က်ဟှယ်။
ROM 2:2 အယ်မျိုးဟှူ ကျင့်လေဟှို ကျင့်ဟှူသူလေဟှို ဘုရားသခင် တရားစီရင်တော်မူဟှူဇာဟှာ ဖြောန့်မတ် မှန်ကန်ကြောန်းဟှို နို့လေသိဂေ့ပါဟှယ်။
ROM 2:3 အယ်ဘေမဲ့ မိဆွေ၊ နန်ဟှာ သူတပါးဟှိုစီရင်ဘီး ကိုယ်တိုင်လည်း ကျူးလွန်နေမား! နန်ဟှာ ဘုရားသခင်ရဲ့ တရားစီရင်ရှင်းဟှနေဘီး လွတ်မယ်ထန်နေလော။
ROM 2:4 အယ်မျိုးမှုဘဲနေဟှာ နန်ဟှာ ဘုရားသခင်ရဲ့ ကျေးဇူးပြုဟှူဇာဟှာ နောန်ဒရဟှို့တွပ် လမ်းပြပို့ဆောန်ပေးနေဇာဟှို သိမှတ်ဘဲ့န ကီးမားဟှူ ကရုဏာတော်န စိရှယ်ရှင်းလေ၊ သီးခံတော်မှုရှင်းလေဟှို ထီမဲ့မြင်ပြုနေလော။
ROM 2:5 အယ်ဘေမဲ့ နန်ဟှာ စိခိုင်မာဘီး နောန်ဒရဘဲနေဟှယ် ဆိုဟှာ ဘုရားသခင်ရဲ့ မျစ်တော်ထန်ရှားဟှူနေ့၊ ဖြောန့်မတ်ဟှူ တရားစီရင်မယ့်နေ့ရစ်မာ ပိုဘီး ကီးလေးဟှူ ပြစ်ဒန်ဟှို ခံရလေ့မယ်။
ROM 2:6 ဘုရားသခင်ဟှာ လူတိုင်းကျင့်ဟှူ ကျင့်နထပ်တူ ကျိုးပြစ်ဟှို ဆပ်ပေးတော်မူလေ့မယ်။
ROM 2:7 ကောန်းဟှူ ကျင့်ဟှို မြဲဒမ်းကျင့်ဘီး ဖောင်းသရေတော်၊ ဂေါင်သရေတော်န ဖော့‑က်ပ္လန်ပျစ်စီးရှင်းန ကင်းဟှူဇာလေဟှို ရှာဟှူသူလေဟှို ဘုရားသခင်ဟှ ထာဝရသတ်ဟှို ပေးတော်မူလေ့မယ်။
ROM 2:8 အယ်ဘေမဲ့ တကိုယ်ကောန်းဆန်ဘီး သမ္မာတရားဟှို ကိုးစားနားထောန်ဘဲန တရားဘဲဟှူ မှုလေနော့‑က်ဟှို လိုက်ဂေ့ဟှူသူလေဟှာ ဘုရားသခင်ရဲ့ မျစ်တော်ဟှို ခံရဂေ့လေ့မယ်။
ROM 2:9 ရင်ဦးဆောင်း ယုဒလူ၊ အယ်ဘီးန လူမျိုးခြားလေ ဒုစရိုက်ဟှို ပြုဂေ့ဟှူ လူလေဂူလောင်းဟှာ ပြင်းထန်ဟှူ ဒေါက်ခဝေဒနာလေဟှို ခံရဂေ့လေ့မယ်။
ROM 2:10 အယ်ဘေမဲ့ ရင်ဦးဆောင်း ယုဒလူ၊ အယ်ဘီးန လူမျိုးခြားလေ ကောန်းဟှူ ကျင့်လေဟှို ကျင့်ဂေ့ဟှူ သူလေ ဂူလောင်းဟှာ ဖောင်းသရေတော်၊ ဂေါင်တော်န ငြီသတ်ရှင်းဟှို ခံစားရလေ့မယ်။
ROM 2:11 ဘုရားသခင်ဟှာ မျစ်နှာလိုက်ဘဲန တရားစီရင်တော်မူလေဟှယ်။
ROM 2:12 ပညတ်တရားဟှို သိဘဲန၊ ပြစ်ကျူးလွန်ဟှူ သူရှိဟှူမျှဟှာ ပညတ်တရားပါဘဲန ပျစ်စီးရလေ့မယ်။ ပညတ်တရားရှိရစ်န ပြစ်ကျူးလွန်သူလေဟှာ၊ ပညတ်တရားအားဖြင့် စီရင်ရှင်းဟှို ခံရဂေ့လေ့မယ်။
ROM 2:13 လူဟှာ ပညတ်တရားဟှို ကြားနာဟှူမျှန ဘုရားသခင် ရှေ့တော်မာ ဖြောန့်မတ် မှန်ကန်ဇာ မှုဟှ။ ပညတ်တရားလေဟှို လိုက်ရှော့‑က်ကျင့်သောင်းမှ ဘုရားသခင် ရှေ့တော်မာ ဖြောန့်မတ် မှန်ကန်ဟှယ် ဆိုဘီး သိမှတ်ပြုဟှူဇာဟှို ခံရဇာဖြစ်ဟှယ်။
ROM 2:14 လူမျိုးခြားလေဟှာ ပညတ်တရားဟှို ကျင့်ဘဲန၊ ပညတ်တရားဟှို သိဘဲန၊ ကိုယ့်ဖာသာ တရားဟှိုကျင့်ဂေ့ဟှူ ခီမာ အယ်မူတရားလေဟှာ သူးနို့လေတွပ် ပညတ်တရား ဖြစ်လာလေဟှယ်။
ROM 2:15 ပညတ်တရားရဲ့ ပြဋ္ဌာန်းဟှားဟှူ ဇာလေဟှာ အယ်သူလေရဲ့ နှလောင်းသားမာ ရေးဟှားဟှူကြောန်း သူးနို့လေရဲ့ ပြုမူလေဟှ ထော့‑က်ခံလေဟှယ်။ သူးနို့လေရဲ့ သိစိဟှလည်း ထော့‑က်ခံလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေရဲ့ စိနှလောင်းဟှာ တခါတလေ သူးနို့ဟှို ပြစ်တန်ဘီး တခါတလေလည်း သူးနို့ဟှို ထော့‑က်ခံဟှူကြောန့် ဖြစ်ဟှယ်။
ROM 2:16 အယ်မူမှုရာလေဟှာ ငါဟောပြောဟှူ ဒန်းကောန်းတိုင်း လူလေရဲ့ လျှို့ဝှက်ဟှူ ကျင့်လေဟှို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင် စစ်ကြောစီရင်ဟှူနေ့မာ ဖြစ်လေ့မယ်။
ROM 2:17 နန်ဟှာ ကိုယ့်ကိုယ်ကိုယ် ယုဒလူမျိုးဖြစ်ဟှယ် ဆိုဘီး ပညတ်တရားဟှို ကိုးစားဘီး ဘုရားသခင်နှိုက် ဝါကြွားဟှူသူ၊
ROM 2:18 လိုတော်ဟှိုသိဘီး၊ ပညတ်တရားရဲ့ သွန်သန်မှုဟှို ခံယူပီးဘီဖြစ်ဟှူကြောန့် မြင့်မြတ်ဟှူ ရာလေဟှို ပိုင်းခြားသိရဲ့န၊
ROM 2:19 မျစ်စိကန်းဟှူသူလေဟှို လမ်းပြဟှူသူ၊ မှောန်မိုက်ထဲမာ နေဟှူသူလေတွပ် လန်းရောန်ပေးဟှူသူ၊
ROM 2:20 မိုက်ဟှူသူလေဟှို ဆောန်းမဟှူသူ၊ သိနားလည်ဘဲဟှူ သူလေရဲ့ ဆရာဖြစ်ဟှူသူ၊ ပညတ်တရားအားဖြင့် ပညာန သမ္မာတရားဟှို သိနားလည်ဟှူသူ ဆိုဘီး ကိုယ့်ကိုယ်ကိုယ် ယောင်ကြည်ဟှယ် ဆိုဟှာ
ROM 2:21 သူများဟှို သွန်သန်ဘီး ကိုယ့်ကိုယ်ကိုယ် သွန်သန်ဟှလော။ နန်ဟှာ သူများဟှို ခိုးဝှပ်န ဆိုဘီး သွန်သန်ဘီးဟှာ ဖြားဖြစ်ကြောန့် နန်ကိုယ်တိုင် ခိုးဝှပ်နေနူး။
ROM 2:22 အီထောန်ရေးဖော့‑က်ပ္လန်န ဆိုဘီး ဆောင်းမနေရဲ့န နန်ကိုယ်တိုင် ဖော့‑က်ပ္လန်နေလော။ ရောက်ထုဟှို ရွံ့ရှာရဲ့န ဗိမာန်တော်ဟှို လုယူဖျစ်ဆီးရလော။
ROM 2:23 ပညတ်တရားဟှို မှီပြုဘီး ဝါကြွားရဲ့န အယ်မူတရားဟှို လွန်ကျူးဘီး ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ရှောက်ခ္လနေလော။
ROM 2:24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “လူမျိုးခြားလေဟှာ နန်းနို့လေရဲ့ ကျင့်ဟှို ထော့‑က်ဘီး ဘုရားသခင်ရဲ့ နာမတော်ဟှို ကဲ့ရဲ့တတ်ဂေ့ဟှယ်” ဆိုဘီး ကျမ်းစာမာ ဖော်ပြဟှားလေဟှယ်။
ROM 2:25 နန်ဟှာ ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူသူ ဖြစ်ဟှယ် ဆိုဟှာ နန့်ရဲ့ ရေဖျားလှီးရှင်းဟှာ ကျိုးရှိလေ့မယ်။ အယ်ဘေမဲ့ ပညတ်တရားဟှို ကျူးလွန်ဟှူသူ ဖြစ်ဟှယ် ဆိုဟှာ ရေဖျားလှီးရှင်းဟှို ခံဘဲန နေဇာဟှ ပိုဘီး ကောန်းလေ့မယ်။
ROM 2:26 အယ်မျိုးမှုဘဲနေဟှာ ရေဖျားလှီးရှင်းဟှို ခံဘဲဟှူသူ လူမျိုးခြား တယော့‑က်ဟှာ ပညတ်တော်မာပါဟှူ တရားလေဟှို လိုက်ရှော့‑က် ကျင့်သောင်းဟှယ် ဆိုဟှာ အယ်သူဟှို ရေဖျားလှီးရှင်းဟှို ခံယူဟှူသူ ဆိုဘီး မှတ်ယူမယ် မှုဟှလော။
ROM 2:27 ရေဖျားလှီးရှင်းဟှို ခံဘဲဟှူသူဟှာလည်း ကိုယ်လိုတိုင်း ပညတ်တရားဟှို ကျင့်မယ် ဆိုဟှာ ကျမ်းစာန ရေဖျားလှီးရှင်း ရှိရစ်န ပညတ်တရားဟှို လွန်ကျူးဟှူ နန့်ဟှို တရားစီရင်ဘီး ရှောင်းခံစေမယ် မှုဟှလော။
ROM 2:28 ဇာတိအားဖြင့် ယုဒလူမျိုးဖြစ်ဟှူသူဟှာ ယုဒလူမှန် မှုဟှ၊ အယ်မျိုးဘဲ့ ဇာတိအားဖြင့် ကိုယ့်သားမာ ရေဖျားလှီးဇာဟှလည်း ရေဖျားလှီးရှင်းမှန် မှုဟှ။
ROM 2:29 တွင်းသဘောအားဖြင့် ယုဒလူမျိုးဖြစ်ဟှူသူဟှဘဲ့ ယုဒလူမျိုးမှန်ဖြစ်ဘီး ကျမ်းဟောန်းတရားမှုဘဲန ဝိညာဉ်တော်အားဖြင့်ဘဲ့ဖြစ်ဟှူ စိနှလောင်းရဲ့ ရေဖျားလှီးရှင်းဟှဘဲ့ ရေဖျားလှီးရှင်းမှန် ဖြစ်ဟှယ်။ အယ်မျိုးသူဟှို လူလေနားဟှမှုဘဲန ဘုရားသခင်နားဟှနေဘီး ချီးမွမ်းဟှူဇာဟှို ခံရလေဟှယ်။
ROM 3:1 အယ်မျိုးဆိုဟှာ ယုဒလူမျိုးဟှ ဖယ်မျိုးသာလွန်ဘီး ထူးခြားနူး။ သူးနို့လေ ရေဖျားလှီးဟှူဇာအားဖြင့် ဖြားကျိုးရှိကြောန့်နူး။
ROM 3:2 ဖတ်ဖတ်မာ ကျိုးဘောင်ဂီးရှိဟှယ်! ပထမနေန ယုဒလူမျိုးလေဟှာ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟှို ယောင်ကြည်ခံယူဂေ့ဟှယ်။
ROM 3:3 အယ်ဘေမဲ့ သူးနို့လေထဲမာ တချို့လူလေ ယောင်ကြည်ဘဲနေဇာဟှို ဖယ်မျိုးပြောရဟှို့နူး။ ဘုရားသခင်ရဲ့ သစ်စာတော်ဟှာ သူးနို့ ယောင်ကြည်ဘဲဟှူကြောန့် ပျစ်ပြယ်ဟှားဟှို့လော။
ROM 3:4 ဖယ်မျိုးလည်း ပျစ်ပြယ်နိုင်ဟှ! လူလေဟှာ ဖြောန့်မတ်ဟန်ဆောန်ဘီး လီလယ်ဂေ့ဟှူ လည်းဘဲ့ ဘုရားသခင်ရဲ့ ဖြောန့်မတ်ရှင်းဟှာ မြဲဒမ်းဘဲ့ တည်နေမယ် ဖြစ်ဟှယ်။ ကျမ်းစာလာဟှူဇာဟှ “ကိုယ်တော် မိန့်တော်မူဟှူ စကားတော်ဟှာ မှန်ကန်လှပါဟှယ်။ တရားစီရင်တော်မူဟှူ ခီမာ အောင်မြင်ရမယ်” ဆိုဘီး ဖော်ပြဟှားဟှူတိုင်းဘဲ့ ဖြစ်ပါဟှယ်။
ROM 3:5 အယ်ဘေမဲ့ နို့လေရဲ့ တရားဘဲဟှူမှုဟှ ဘုရားသခင်ရဲ့ ဖြောန့်မတ်မှန်ကန်ရှင်းဟှို ပိုဘီး ထန်ရှားစေဟှယ် ဆိုဟှာ ဖယ်မျိုးပြောရမယ်နူး။ ဘုရားသခင် ပြစ်ပေးဇာဟှို လူသားတယော့‑က်နေန တရားဟှ ဆိုဘီး ပြောဟှို့ရကြောန့်လော။ (အယ်မျိုး ငါပြောဇာဟှ လူလေ ပြောဆိုလေ့ရှိဟှူတိုင်း ငါပြောဇာဖြစ်ဟှယ်။)
ROM 3:6 အယ်မျိုးမှုဟှ။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှာ အယ်လောကဟှို ဖယ်မျိုး တရားစီရင်နိုင်မယ်နူး။
ROM 3:7 အယ်ဘေမဲ့ ငါဟှာ သစ်စာပျစ်ဟှူဇာအားဖြင့် ဘုရားသခင်ရဲ့ သမ္မာတရားဟှာ ဖောင်းသရေတော် တိုးပွားထန်ရှားစေဟှယ် ဆိုဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ပြစ်ကျူးလွန်သူနေန ပြစ်ဒန်စီရင်ရသေးနူး။
ROM 3:8 “ကောန်းဟှူကျိုးလေ သတ်ရော့‑က်လာဟှို့တွပ် ကောန်းဘဲဟှူကျင့်လေဟှို ကျင့်ဂေ့ဇို့” ဆိုဘီး ပြောရဟှို့လော။ အယ်မျိုး ငါပြောဟှယ်ဆိုဘီး တချို့လူလေဟှာ ပြစ်တန်စွပ်စွဲဘီး ငါ့ဟှိုကဲ့ရဲ့ဂေ့ဟှယ်။ အယ်သူလေဟှာ ပြစ်ဒန်စီရင်ဇာဟှို ခံထိုက်ဟှူမျှလော့‑က် ခံရဂေ့လေ့မယ်။
ROM 3:9 အယ်မျိုးဆိုဟှာ နို့ယုဒလူမျိုးလေဟှာ လူမျိုးခြားလေထတ် ပိုဘီး ကောန်းမြတ်ကြောန့်လော။ လောင်းဝမှုဟှ! ယုဒလူမျိုးဘဲ့ဖြစ်ဖြစ်၊ လူမျိုးခြားလေဘဲ့ဖြစ်ဖြစ် လူလေ ဂူလောင်းဟှာ ပြစ်ရဲ့တဂိုးအော့‑က်မာ ရှိဟှယ် ဆိုဇာဟှို ငါဖော်ပြပီးဘီ။
ROM 3:10 ကျမ်းစာတော်ဟှ၊ “ဖြောန့်မတ်ဟှူသူ မှေ့ဟှ တယော့‑က်လည်းမှေ့ဟှ၊
ROM 3:11 သိနားလည်သူ မှေ့ဟှ၊ ဘုရားသခင်ဟှို ရှာဟှူသူ မှေ့ဟှ။
ROM 3:12 လူလေ ဂူလောင်းဟှာ လမ်းလွဲဟှားဂေ့ဘီ။ တပေါင်ဇံဒဲ သောင်းရဘဲဟှူသူလေ ဖြစ်ဂေ့ဘီ။ ကောန်းဟှူကျင့်ဟှို ကျင့်ဟှူသူမှေ့ဟှ၊ တယော့‑က်လည်း မှေ့ဟှ။
ROM 3:13 သူးနို့လေရဲ့ လည်ခေါန်းဟှာ ဖွမ့်ဟှားဟှူ သန်းခ္လိုင်းတွမ်း ဖြစ်ဟှယ်။ သူးနို့လေဟှာ လျှာန လှည့်ဇားတတ်ဂေ့လေဟှယ်။ သူနို့ဇပ်ပေါ့‑က်မာလည်း ဗွီဆိုးဆိလေ ရှိလေဟှယ်။
ROM 3:14 သူးနို့လေဟှာ ကီဆဲဟှူစကားလေ၊ ခါးသီးဟှူ စကားလေန ပ္လဲ့ဝဂေ့လေဟှယ်။
ROM 3:15 သူးနို့လေရဲ့ ခေလတ်ဟှာ လူ့သတ်ဟှို သတ်ဟှို့ ရရာတိုင်း ဗြန်ဆန်ဂေ့ဟှယ်။
ROM 3:16 သူးနို့ သွားဟှူလမ်းနှိုက် ပျစ်စီးမှုလေန ဒေါက်ခဆင်းရဲလေရှိဟှယ်။
ROM 3:17 ငြီသတ်ရှင်းလမ်းဟှို သူးနို့လေ သိဂေ့ဟှ။
ROM 3:18 သူးနို့ရဲ့ မျစ်စိမာ ဘုရားသခင်ဟှို ကြော့‑က်ရွံ့မှုမှေ့ဟှ” ဆိုဘီး ကျမ်းစာလာဟှူ တိုင်းဘဲ့ ဖြစ်လေဟှယ်။
ROM 3:19 ပညတ်တရားအားဖြင့် တားမြစ်ဟှားဟှူ ကြောန်းရာလေဟှာ ပညတ်တရားအော့‑က်မာ ရှိနေဟှူ လူလေ အားလောင်းတွပ် ဖြစ်ဟှူဇာဟှို ခု နို့လေသိဂေ့ဘီ။ အယ်ကြောန့် လောကသား ဂူလောင်းဟှာ ဇပ်ပေါ့‑က်အားလောင်း ပိခံရဘီး ဘုရားသခင် ရှေ့တော်မာ တရားစီရင်ဇာဟှို ခံရဟှို့တွပ် ဖြစ်လေဟှယ်။
ROM 3:20 အယ်ကြောန့် ပညတ်တရားရဲ့ ကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်မာ ဖယ်လူလည်း ဖြောန့်မတ်ရာဟှို ရော့‑က်နိုင်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပညတ်တရားအားဖြင့် နို့လေမာ ပြစ်ရှိဟှူကြောန်းဟှို သိစေဟှို့တွပ်ဘဲ့ ဖြစ်လေဟှယ်။
ROM 3:21 ခုမာ မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်ကျမ်းလေဟှ သတ်သေခံဟှူတိုင်း၊ ပညတ်တရားရဲ့ကျင့်န လောင်းဝစပ်ဆိုင်ဘဲဟှူ ဘုရားသခင်ရဲ့ ဖြောန့်မတ်ဟှူတရားဟှာ ထန်ရှားလေဘီ။
ROM 3:22 ယေရှုခရစ်တော်ဟှို ယောင်ကြည်ဟှူဇာအားဖြင့် ယောင်ကြည်ဟှူသူလေထတ်မာ သတ်ရော့‑က်စေဟှူ ဘုရားသခင်ရဲ့ဖြောန့်မတ်ရှင်း ဖြစ်ဟှယ်။ လူလေဟှာ ခြားနားမှု လောင်းဝမှေ့ဟှ။
ROM 3:23 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေ ဂူလောင်းဟှာ ပြစ်ကျူးလွန်ဘီး ဘုရားသခင်ရဲ့ မျစ်မှော့‑က်တော်န ဝီးကွာဟှားဂေ့ဘီ။
ROM 3:24 အယ်ဘေမဲ့ ယေရှုခရစ်တော်ရဲ့ ဝီးကော့‑က်ရှင်းအားဖြင့် ဖိုးခပေးဇာလိုဘဲဟှူ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောန့် ဖြောန့်မတ်ရာဟှို ရော့‑က်ရဂေ့ဟှယ်။
ROM 3:25 ဘုရားသခင်ဟှာ သူ့ရဲ့ ဖြောန့်မတ်ရှင်းဟှို ထန်ရှားစေဟှို့တွပ် ခရစ်တော်ဟှို ခန့်ဟှားဘီး ယောင်ကြည်ရှင်းတွပ် ခရစ်တော်ရဲ့ သွီးတော်ဟှို သနားခံဟှူပူဇော်သကာ ဖြစ်စေတော်မူဟှယ်။ တနည်းအားဖြင့် စိရှယ်သီးခံဘီးဟှာ လွန်လာဘီးဟှူ ပြစ်လေဟှို မှုထားဘဲန နေတော်မူဟှယ်။
ROM 3:26 ခုကာလမာ သူ့ရဲ့ ဖြောန့်မတ်ရှင်းတရားဟှို ထန်ရှားစေဟှို့တွပ်န ဘုရားသခင်ကိုယ်တိုင် ဖြောန့်မတ်ရှင်းရဲ့ သခင် ဖြစ်ဟှူကြောန်း ယေရှုဟှို ယောင်ကြည်ဟှူသူဟှို ဖြောန့်မတ်ဟှူသူ ဖြစ်ဟှယ် ဆိုဘီး သိမှတ်ပြုဟှို့တွပ် ဖြစ်ဟှယ်။
ROM 3:27 အယ်မျိုးဆိုဟှာ ဝါကြွားရဟှို့ကြောန်းဟှ ဖယ်မာရှိသေးနူး။ နို့လေ ဝါကြွားဟှို့ကြောန်း မှေ့ဟှ။ ပယ်လိုက်ဘီ။ ဖယ်တရားန ပယ်နူး။ ပညတ်တရားအားဖြင့် ပယ်ဟှူဇာလော။ မှုဟှ။ ယောင်ကြည်ရှင်းတရားန ပယ်လိုက်ဟှူဇာ ဖြစ်ဟှယ်။
ROM 3:28 အယ်ကြောန့် လူဟှာ ပညတ်တရားနဆိုင်ဟှူ ကျင့်အားဖြင့်မှုဘဲ ယောင်ကြည်ရှင်းအားဖြင့် ဖြောန့်မတ်ဟှယ်ဆိုဘီး သိမှတ်ပြုဟှူဇာဟှို နို့လေခံရဂေ့ဟှယ်။
ROM 3:29 ဘုရားသခင်ဟှ ယုဒလူမျိုးလေရဲ့ ဘုရားဘဲ့ဖြစ်ဟှူဇာလော။ လူမျိုးခြားလေရဲ့ ဘုရားလည်းဖြစ်ဟှယ် မှုဟှလော။ အယ်ဘဲ့ လူမျိုးခြားလေရဲ့ ဘုရားလည်းဖြစ်လေဟှယ်။
ROM 3:30 ယောင်ကြည်ရှင်းအားဖြင့် ရေဖျားလှီးရှင်းခံဟှူသူဟှို ဖြောန့်မတ်ဟှယ် ဆိုဘီး သိမှတ်ပြုတော်မူဟှူ ဘုရားသခင်ဟှ ရေဖျားလှီးရှင်းခံရဘဲသူဟှိုလည်း ယောင်ကြည်ရှင်းအားဖြင့် ဖြောန့်မတ်ဟှယ်ဆိုဘီး သိမှတ်ပြုပေးဟှူ ဘုရားသခင်ဟှာ တပါးဒဲဘဲ့ ရှိတော်မူဟှယ်။
ROM 3:31 အယ်မျိုးဆိုဟှာ နို့လေဟှာ ယောင်ကြည်ရှင်းအားဖြင့် ပညတ်တရားဟှို ပယ်ဂေ့ဟှူဇာလော။ လောင်းဝ ပယ်ဟှ၊ ပိုဘီး တည်စေဂေ့ဟှယ်။
ROM 4:1 အယ်မျိုးဆိုဟှာ နို့လေရဲ့ဖ အာဗြဟံဟှာ ဇာတိအားဖြင့် ဖယ်မူကျိုးဟှိုရနူး။
ROM 4:2 အာဗြဟံဟှာ ကျင့်အားဖြင့် ဖြောန့်မတ်ရာဟှို ရော့‑က်ဟှယ် ဆိုဟှာ ဝါကြွားဟှို့ကြောန်းရှိဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ရှေ့တော်မာ အယ်မျိုး မှုဟှ။
ROM 4:3 ကျမ်းစာမာ လာဟှူဇာဟှ “အာဗြဟံဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှူကြောန့် အယ်မူယောင်ကြည်ရှင်းဟှို သူ့ရဲ့ ဖြောန့်မတ်ရှင်းဖြစ် လတ်ခံတော်မူလေဟှယ်” ဆိုဘီး ပြောဟှားလေဟှယ်။
ROM 4:4 လောက်လောက်ဟှူကြောန့် ရဟှူခဟှာ ကျေးဇူးပြုဟှူကြောန့် ရဟှူခ မှုဘဲန ရသင့်ရထိုက်ဟှူကြောန့် ရဟှူဇာဖြစ်ဟှယ်။
ROM 4:5 အယ်ဘေမဲ့ ကျင့်မှေ့ဘဲသူဟှာ တရားဘဲဟှူ သူရဲ့ပြစ်ဟှို ဖြေပေးဟှူ ဘုရားသခင်ဟှို ယောင်ကြည်ဟှယ် ဆိုဟှာ သူ့ရဲ့ ယောင်ကြည်ရှင်းဟှို ဖြောန့်မတ်ရှင်း ဆိုဘီး သတ်မှတ်တော်မူဟှယ်။
ROM 4:6 အယ်မျိုးဘဲ့ ဒါဝိဒ်ဟှလည်း ဘုရားသခင်ဟှာ ကျင့်ဟှို ထော့‑က်ဘဲန ဖြောန့်မတ်ဟှူသူဖြစ် သတ်မှတ်ရှင်းဟှို ခံရဟှူသူလေရဲ့ မင်္ဂလာဟှို ပြောဆိုဟှူ ခီမာ
ROM 4:7 “ပြစ်ဟှလွတ်ဟှူခွမ့်န ဒုစရိုက်ပြစ်လေဟှို ဖောင်းအောက်ခံရဟှူသူလေဟှာ မင်္ဂလာရှိလေဟှယ်!
ROM 4:8 ဘုရားသခင် ပြစ်တန်ဇာဟှနေဘီး လွတ်ဟှူသူလေဟှာ မင်္ဂလာရှိလေဟှယ်!” ဆိုဘီး ပြောဆိုလေဟှယ်။
ROM 4:9 ဒါဝိဒ်ပြောဟှူမင်္ဂလာဟှို ရေဖျားလှီးရှင်းဟှို ခံဟှူသူလေဘဲ့ ရဂေ့ဇာလော။ ရေဖျားလှီးရှင်းဟှို ခံရဘဲသူလေလည်း ရဂေ့လေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ “အာဗြဟံရဲ့ ယောင်ကြည်ရှင်းဟှို ဖြောန့်မတ်ရှင်းဖြစ် လတ်ခံတော်မူလေဟှယ်။”
ROM 4:10 ဖယ်ခီမာ သတ်မှတ်ခံရနူး။ ရေဖျားလှီးရှင်းဟှို ခံဘီးမှလော။ အယ်မျိုးမှုဘဲနေဟှာ ရေဖျားလှီးရှင်းဟှို ခံခန်လော။ ခံဘီးမှ သတ်မှတ်ဟှူဇာ မှုဟှ။ ခံယူခန်မာ သတ်မှတ်ခံရရှင်း ဖြစ်ဟှယ်။
ROM 4:11 အယ်မျိုး လတ်ခံတော်မူဘီးမှ အာဗြဟံဟှာ ရေဖျားလှီးရှင်းဟှို ခံရလေဟှယ်။ အယ်မူ ရေဖျားလှီးရှင်းဟှ ဘုရားသခင်ဟှာ အာဗြဟံရဲ့ ယောင်ကြည်ရှင်းဟှို ထော့‑က်ဘီးဟှာ ရေဖျားလှီးရှင်းဟှို ခံယူခန်ဟှ ဖြောန့်မတ်ဟှူသူဖြစ် လတ်ခံပေးတော်မူဟှူ ကြောန်းဟှို သတ်သေပြပေးဟှူ မှတ်လတ်ခဏာဘဲ့ ဖြစ်လေဟှယ်။ အယ်ကြောန့် အာဗြဟံဟှာ ရေဖျားလှီးရှင်းဟှို ခံဘဲဟှူလည်းဘဲ့ ယောင်ကြည်ရှင်းအားဖြင့် ဖြောန့်မတ်ဟှူ သူဖြစ်န ဘုရားသခင် လတ်ခံပေးတော်မူဟှူ သူလေဂူလောင်းရဲ့ ဖဖြစ်လာလေဟှယ်။
ROM 4:12 တနည်းအားဖြင့် အာဗြဟံဟှာ ရေဖျားလှီးရှင်းဟှို ခံဟှူသူလေရဲ့ဖ ဖြစ်စေဟှို့တွပ်န ရေဖျားလှီးရှင်းဟှို ခံဟှူသူလေနမကဘဲ ရေဖျားလှီးခန်ကဒဲဟှ နို့လေရဲ့ဖ အာဗြဟံနှိုက်ရှိဟှူ ယောင်ကြည်ရှင်းခေရာဟှို လိုက်လျှော့‑က်ဟှူ သူလေရဲ့ ဖလည်း ဖြစ်စေဟှို့တွပ် ဖြစ်ဟှယ်။
ROM 4:13 ဘုရားသခင်ဟှာ အာဗြဟံန သူ့ရဲ့ သားမ္လေးလေဟှို အယ်လောကဟှို မွီခံစေမယ် ဆိုဘီး ဂဒိပေးဟှူ ခီမာ အာဗြဟံဟှ ပညတ်တရားဟှို နာခံရှင်းကြောန့်မှုဘဲန ဘုရားသခင်ဟှို ယောင်ကြည်ဘီး ရဟှူ ဖြောန့်မတ်ရှင်းကြောန့် ဖြစ်ဟှယ်။
ROM 4:14 တကယ်ဟှူကြောန့် ပညတ်တရားဟှို ကျင့်ဂေ့ဟှူသူလေဘဲ့ ဂဒိတော်ဟှို ခံစားရမယ် ဆိုဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှူဇာဟှာ ဓိပါယ်မှေ့ဘဲန ဂဒိတော်ဟှလည်း ချည်းနှီးသတ်သတ်ဘဲ့ ဖြစ်ဟှားလေ့မယ်။
ROM 4:15 ပညတ်တရားဟှာ မျစ်ဒေါသဟှို ဖြစ်စေဟှယ်။ အယ်ဘေမဲ့ ပညတ်တရားမှေ့ဘဲနေဟှာ ပြစ်ရဲ့ သဘောသဘာဝဟှိုလည်း သိဟှို့မှုဟှ လွန်ကျူးဟှူလည်းဘဲ့ ရေးယူဟှို့မရဟှ။
ROM 4:16 အယ်မျိုးဖြစ်ကြောန့် ဂဒိတော်ဟှာ ယောင်ကြည်ရှင်းနဘဲ့ ဆိုင်လေဟှယ်။ အယ်မူ ဂဒိတော်ဟှို ကျေးဇူးတော်အားဖြင့်ဘဲ့ ဖြစ်စေဘီး ပညတ်တရားဟှို နာခံကျင့်သောင်းဟှူ သူလေတွပ်ဘဲ့ကဘဲန အာဗြဟံရဲ့ ယောင်ကြည်ရှင်းန ဆိုင်ဟှူ မျိုးနွယ်လေန သားစဉ်မ္လေးဆစ်လေ အားလောင်းလေတွပ် ဆုလတ်ဆောန်ဖြစ် တည်မြဲစေဘီး အာမခံဟှားလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အာဗြဟံဟှာ နို့လေ ဂူလောင်းရဲ့ ယောင်ကြည်ရှင်းဖခင် ဖြစ်ဟှူကြောန်ဖြစ်ဟှယ်။
ROM 4:17 “ငါဟှာ နန့်ဟှို လူမျိုးအားလောင်းလေရဲ့ ဖ ဖြစ်စေဘီ” ဆိုဘီး ကျမ်းစာမာ ဖော်ပြဟှားတိုင်း အာဗြဟံဟှာ သူယောင်ကြည်ဟှူ ဘုရားဖြစ်ဟှူ၊ သေနေလူလေဟှို သတ်ပ္လန်ရှင်စေဟှူ ဘုရား ဖြစ်လာသေးဘဲဟှူ ရာလေဟှို ဖြစ်လာအောန် မိန့်ပေးနိုင်ဟှူ ဘုရားသခင် ရှေ့တော်နှိုက် နို့လေ ဂူလောင်းရဲ့ဖ ဖြစ်တော်မူဟှယ်။
ROM 4:18 အာဗြဟံဟှာ မျှော်လင့်ဇာ ကြောန်းရာလေ မှေ့ဘဲဟှူ ခြေနေမာ ဘုရားသခင်ဟှို မျှော်လင့် ယောင်ကြည်ဟှူကြောန့် “နန့်ရဲ့ မျိုးနွယ်ဟှာ ကြယ်လေမျိုးဘဲ့ ရေတွပ်နိုင်ဘဲနေအောန် များပြားလေ့မယ်” ဆိုဘီး မိန့်မှာခံရဟှူတိုင်း ရရာတိုင်း များဟှူ လူမျိုးလေရဲ့ဖ ဖြစ်လာလေဟှယ်။
ROM 4:19 အာဗြံဟံဟှ သူ့သတ်ဟှာ ၁၀၀ လော့‑က်ရှိဟှူကြောန့် သူ့ကိုယ်ခန္ဓာဟှာ သေဖြစ်နေကြောန်းဟှို သိဘီး သူ့မယား စာရာဟှာလည်း သားရနိုင်ဘဲဟှူ ဇာဟှို သိဟှူလည်းဘဲ့ ဘုရားသခင်ဟှို စိခ္လယောင်ကြည်လေဟှယ်။
ROM 4:20 ဘုရားသခင်ရဲ့ ဂဒိတော်ဟှို သံသယမှေ့ဘဲန ယောင်ကြည်မှု အားကီးဘီးဟှာ ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဘီး
ROM 4:21 ဂဒိပေးဟှူ ဘုရားသခင်ဟှာ ဂဒိတော်တိုင်း တတ်စွမ်းနိုင်ဟှယ် ဆိုဇာဟှို ကြွင်းမဲ့ သူယောင်ကြည်လေဟှယ်။
ROM 4:22 အယ်ကြောန့် အယ်ယောင်ကြည်ရှင်းဟှို သူ့ရဲ့ ဖြောန့်မတ်ရှင်းဖြစ် လတ်ခံတော်မူဟှယ်။
ROM 4:23 အယ်ဘေမဲ့ “သူ့ဟှို ဖြောန့်မတ်ဟှူသူဖြစ် လတ်ခံတော်မူဟှယ်” ဆိုဘီး မိန့်တော်မူဟှူ ကျမ်းစကားတော်ဟှာ သူ့တွပ်လော့‑က်ဘဲ့ မှုဟှ။
ROM 4:24 နို့လေတွပ်လည်း ရေးဟှားလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သခင်ယေရှုဟှို ရှင်ပ္လန်ထမြော့‑က်စေဟှူ ဘုရားသခင်ဟှို နို့လေ ယောင်ကြည်ဟှူကြောန့် နို့လေရဲ့ ယောင်ကြည်ရှင်းဟှို ဖြောန့်မတ်ဟှယ် ဆိုဘီး လတ်ခံတော်မူဟှူကြောန့် ဖြစ်လေဟှယ်။
ROM 4:25 အယ်သခင်ဟှာ နို့လေ ကျူးလွန်ဟှူ ပြစ်လေကြောန့် အပ်ဇာဟှို ခံရဘီး နို့လေ ဖြောန့်မတ်ဟှို့တွပ် ထမြော့‑က်တော်မူလေဟှယ်။
ROM 5:1 အယ်ကြောန့် ယောင်ကြည်ရှင်းအားဖြင့် ဖြောန့်မတ်ဟှယ် ဆိုဘီး သိမှတ်ပြုခံရဟှူ နို့လေဟှာ သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ရဲ့ ငြီသတ်ရှင်းဟှို ရရှိဂေ့ဟှယ်။
ROM 5:2 အယ်သခင်ဟှို နို့လေယောင်ကြည်ဂေ့ကြောန့် အယ်မျိုး ကျေးဇူးတော်ဟှို ခံစားရဟှူဇာ ဖြစ်ဟှယ်။ အယ်ကြောန့် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို မျှော်လင့်ဘီးဟှာ နို့လေ ဝါကြွားဘီး ဝမ်းမြော့‑က်ဂေ့ဟှယ်!
ROM 5:3 အယ်လော့‑က်နကဟှ ဆင်းရဲဒေါက်ခလေနှိုက်လည်း ဝါကြွားဝန်းသာမှုရှိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဆင်းရဲဒေါက်ခလေဟှာ သီးခံရှင်းဟှို ဖြစ်စေကြောန့် ဖြစ်ဟှယ်။
ROM 5:4 သီးခံမှုဟှာ ခံနိုင်ရည် ခွန်အားဟှိုရဘီး ဘုရားသခင်ရဲ့ မျစ်နှာသာဟှို ပိုဘီး ခံစားရလေဟှယ်။ ဘုရားသခင်ရဲ့ မျစ်နှာသာဟှလည်းဘဲ့ မျှော်လင့်ရှင်းဟှို တိုးပွားစေဟှယ်။
ROM 5:5 အယ်မျှော်လင့်ရှင်းဟှလည်း ယှစ်ကြော့‑က်စိပျစ်မှုလေန လွတ်ကင်းစေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှိုပေးသနားတော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ဘုရားသခင်ရဲ့ မြစ်တာတော်ဟှို နို့လေရဲ့နှလုံးသားထဲဟှို သွန်းလောင်းပေးတော်မူဟှူကြောန့် ဖြစ်လေဟှယ်။
ROM 5:6 နို့လေဟှာ ကျိုးနဲဖြစ်နေခီမာ ခီတန်မှ ခရစ်တော်ဟှာ တရားဘဲဟှူ သူလေတွပ်ကြောန့် သေခံတော်မူဟှယ်။
ROM 5:7 ဖြောန့်မတ်ဟှူ သူလေတွပ်ကြောန့် သေခံပေးဟှို့သူ ရှိဟှို့ခဲယဉ်းဟှယ်။ သူတော်ကောန်းတွပ်ကြောန့် သေခံရဲဟှူသူလေ ရှိရှင်ဟှာရှိလေ့မယ် မှန်စေဝေါ့။
ROM 5:8 အယ်ဘေမဲ့ နို့လေပြစ်ရှိနေဟှူ ခီမာဘဲ့ ခရစ်တော်ဟှာ နို့လေတွပ် သေခံတော်မူဟှူဇာအားဖြင့်၊ ဘုရားသခင်ဟှာ နို့လေဟှို ဖယ်မျှလော့‑က် ရှစ်နူးဆိုဇာဟှို ထန်းထန်ရှားရှား ဖော်ပြတော်မူလေဟှယ်!
ROM 5:9 အယ်ကြောန့် ခုခီမာ ခရစ်တော်ရဲ့ သွီးတော်အားဖြင့် ဖြောန့်မတ်ဟှယ် ဆိုဘီး သိမှတ်ပြုခံရဟှူ နို့လေဟှာ ကိုယ်တော်အားဖြင့် ဘုရားသခင်ရဲ့ မျစ်တော်ဟှနေ ပိုဘီး ကယ်တန်ခံရလေ့မယ်!
ROM 5:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ဘုရားသခင်ရဲ့ ရန်သူလေ ဖြစ်ဂေ့ဟှူလည်းဘဲ့ ကိုယ်တော်ဟှာ သားတော်ဟှို သေခံစေရှင်းအားဖြင့် နို့လေဟှို သူ့ရဲ့မိဆွေလေ ဖြစ်စေတော်မူဟှယ်။ ခု နို့လေဟှာ ဘုရားသခင်ရဲ့ မိဆွေလေဖြစ်ဂေ့ဟှူကြောန့် ခရစ်တော်ရဲ့ သတ်တော်အားဖြင့် ကယ်တန်ရှင်းကျေးဇူးဟှို ပိုဘီး ဟှာ ခံရဂေ့လေ့မယ်!
ROM 5:11 အယ်လော့‑က်နမကဘဲ မိတ်သဟာယဖွဲ့ရှင်းခွမ့်န ကျေးဇူးတော်ဟှို ခုခံစားစေဟှူ၊ နို့လေသခင် ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်နှိုက် ဝါကြွားဝန်းသာရှင်း ရှိဂေ့လေဟှယ်။
ROM 5:12 အယ်မူကြောန်းရာဟှ ပြစ်တရားဟှာ လူတယော့‑က်အားဖြင့် အယ်လောကထဲဟှို ဝမ်ရော့‑က်လာဘီး၊ အယ်ပြစ်တရားအားဖြင့် သေရှင်းတရား ဝမ်ရော့‑က်လာဘီး လူလေ ဂူလောင်းဟှာ ပြစ်ရှိဟှူကြောန့် သေဂေ့ရလေဟှယ်။
ROM 5:13 ပညတ်တရားဟှို ပေးခန်ကဒဲဟှ အယ်လောကမာ ပြစ်ရှိဟှူဇာ ဖြစ်ဟှယ်။ ဖယ်ပညတ်တရားမှ မှေ့ဘဲနေဟှာ ပြစ်ရှိဟှယ် ဆိုဘီး မှတ်ယူဟှို့ကြောန်း မှေ့ဟှ။
ROM 5:14 အယ်ဘေမဲ့ သေရှင်းတရားဟှာ အာဒံ လတ်ထတ်ဟှနေစဘီး မောရှေ လတ်ထတ်ထိ လူလေ ဂူလောင်းဟှို စိုးရလေဟှယ်။ အာဒံ ပြစ်မှားဟှူမျိုး ပြစ်မှားဘဲဟှူ သူလေဟှိုလည်း စိုးရလေဟှယ်။ အယ်မူအာဒံဟှာ နော့‑က်ကြွလာမယ့်သူရဲ့ ပေါင်ပမာ ဖြစ်လေဟှယ်။
ROM 5:15 အယ်ဘေမဲ့ ပြစ်မှားဟှူ သဘောန ကျေးဇူးတော် သဘောတူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တယော့‑က်သောသူ အာဒံ ပြစ်ကျူးလွန်ဟှူကြောန့် လူလေ ဂူလောင်း သေရဟှယ် ဆိုဟှာ တယော့‑က်သောသူ ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောန့် ကျေးဇူးတော်ရဲ့ ကျိုးဟှို လူလေ ဂူလောင်းနှိုက် ပိုဘီး ကြွယ်ဝပ္လဲ့ဇောင်လေဟှယ်။
ROM 5:16 နော့‑က်ဘီး လူတယော့‑က် ပြစ်မှားဟှူဇာန ကျေးဇူးတော်ဟှာ တူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တရားစီရင်ခီမာ ပြစ်ကြောန့် “ဒန်ခံစေ” ဆိုဘီး စီရင်ဟှယ် ဆိုဟှာ ကျေးဇူးတော်ဟှ ပြစ်ဘောင်ဂီးရှိနေဘေမဲ့ “လွတ်စေ!” ဆိုဘီး စီရင်ခ္လမှတ်လေဟှယ်။
ROM 5:17 နော့‑က်ဘီးဟှာ လူတယော့‑က် ပြစ်မှားကြောန့် သေရှင်းတရားဟှာ အယ်သူအားဖြင့် စပြုဘီး ဝမ်ရော့‑က်လာဟှယ် ဆိုဟှာ တယော့‑က်သောသူဖြစ်ဟှူ ယေရှုခရစ်တော်ရဲ့ လောက်ဆောန်ရှင်းအားဖြင့် ဘုရားသခင်ရဲ့ ကြွယ်ဝဟှူ ကျေးဇူးတော်န ဖြောန့်မတ်ရှင်း ကောန်းဂျီးဟှို ခံစားခွမ့်ရဟှူ သူလေဟှာ ယေရှုခရစ်အားဖြင့် သတ်ရှင်ဘီး စိုးစံလေ့မယ်!
ROM 5:18 အယ်ကြောန့် လူတယော့‑က်ဟှ ပြစ်ကျူးလွန်ဟှူ ဇာအားဖြင့် လူလေ ဂူလောင်းဟှာ ပြစ်စီရင်ဇာဟှို ခံရဂေ့ဟှူမျိုး လူတယော့‑က်ရဲ့ ဖြောန့်မတ်ရှင်းအားဖြင့် လူလေ ဂူလောင်းဟှာလည်း ပြစ်စီရင်ဟှူဇာဟှ လွတ်ဘီးဟှာ ထာဝရသတ်န ဆိုင်ဟှူ ဖြောန့်မတ်ရှင်းဟှို ရလေဟှယ်။
ROM 5:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူတယော့‑က် နားထောန်ဘဲကြောန့် လူလေ ဂူလောင်း ပြစ်ထဲဟှို က္လရော့‑က်ဟှူမျိုး လူတယော့‑က် နားထောန်ရှင်းအားဖြင့် လူလေ ဂူလောင်းဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ဖြောန့်မတ်ရှင်းဟှို ရဂေ့လေဟှယ်။
ROM 5:20 နော့‑က်ဘီး ပညတ်တရားဟှာ ကျူးလွန်ဟှူ ပြစ်လေဟှို ထန်ရှားစေဟှို့တွပ် ဝမ်ရော့‑က်လာဟှူကြောန့် ဒုစရိုက်ပြစ်လေဟှာ ပွားများလာဟှယ်။ အယ်ဘေမဲ့ ပြစ်ပွားများလေလေ ကျေးဇူးတော်ဟှာ ပိုဘီး ကြွယ်ဝလေလေ ဖြစ်ဟှယ်။
ROM 5:21 အယ်မျိုးဖြစ်ကြောန့် ပြစ်တရားဟှာ သေရှင်းတရားအားဖြင့် စိုးရဟှူမျိုး ကျေးဇူးတော်ဟှာ ဖြောန့်မတ်ရှင်း အားဖြင့်စိုးရဘီး နို့လေရဲ့သခင် ယေရှု ခရစ်တော်အားဖြင့် ထာဝရသတ်ဟှို ရရှိစေဟှယ်။
ROM 6:1 အယ်မျိုးဆိုဟှာ ဖယ်မျိုးပြောရမယ်နူး။ ကျေးဇူးတော် များပြားလာဟှို့တွပ် ပြစ်ထဲမာဘဲ့ ကျင်လည်နေရဟှို့လော။
ROM 6:2 အယ်မျိုး နေဟှို့ ရဟှ! ပြစ်တရားထဲမာ သေဘီးဟှူ နို့လေဟှာ ပြစ်တရားထဲမာ ဖယ်မျိုး သတ်ရှင်ရအူးမယ်နူး။
ROM 6:3 ခရစ်တော်ယေရှုန တလောင်းတဝဒဲ ဖြစ်ဟှို့တွပ် ဗတ္တိဇံခံဟှူ နို့လေဟှာ တခီဒဲမာဘဲ့ ကိုယ်တော်နတူးဒူ သေခံဟှို့တွပ် ဗတ္တိဇံဟှို ခံဂေ့ဟှယ်။
ROM 6:4 အယ်မျိုး နို့လေရဲ့ ဗတ္တိဇံခံရှင်းဟှာ သေခံဟှူဇာအားဖြင့် ခရစ်တော်နတူးဒူ သင်္ဂြိုဟ်ရှင်းဟှို ခံလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ဟှာ ဖရဲ့ ဖောင်းတဂိုးတော်အားဖြင့် သေရှင်းဟှနေ ရှင်ပ္လန်ထမြော့‑က်လာဟှူတိုင်းဘဲ့ နို့လေလည်း သတ်တာသစ်န ကျင်လည်ရဂေ့ဟှို့တွပ် ဖြစ်ပါဟှယ်။
ROM 6:5 တနည်းအားဖြင့် သေခံတော်မူရှင်းရဲ့ ပေါင်သဏ္ဌာန်ဟှို ဆောန်ဘီးဟှာ ကိုယ်တော်နတူးဒူ နို့လေစိုက်ပျိုး မ္လောက်နှံဟှယ် ဆိုဟှာ ထမြော့‑က်ဟှူ ပေါင်သဏ္ဌာန်ဟှိုလည်း ဆောန်ဟှူဇာအားဖြင့် စိုက်ပျိုးမ္လောက်နှံဟှူဇာ ဖြစ်ပါဟှယ်။
ROM 6:6 နို့လေရဲ့ လူဟောန်းဟှာ ခရစ်တော်နတူးဒူ လတ်ဝါးကပ်တိုင်မာ သေခံရပီးဘီ ဆိုဟှူဇာဟှို နို့လေသိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ နော့‑က်မှ ပြစ်တရားဟှို စေခံဘဲနေဟှို့တွပ် ပြစ်တရားရဲ့ကိုယ်ဟှို ဖျစ်ဆီးပစ်ဟှို့တွပ် ဖြစ်ဟှယ်။
ROM 6:7 ခရစ်တော်နတူးဒူ သေဟှူသူဟှာ ပြစ်တရားရဲ့ လတ်ဟှနေဘီး လွှတ်မြော့‑က်ဟှားဘီ ဖြစ်ဟှယ်။
ROM 6:8 နို့လေဟှာ ခရစ်တော်နတူးဒူ သေပီးဘီဖြစ်ဟှူကြောန့် ကိုယ်တော်နတူးဒူ သတ်ရှင်ရမယ်ဆိုဘီး ယောင်ကြည်ဂေ့လေဟှယ်။
ROM 6:9 သေရှင်းဟှနေ ရှင်ပ္လန်ထမြော့‑က်ဟှူ ခရစ်တော်ဟှာ နော့‑က်ထပ် လောင်းဝမသေဘီ ဆိုဇာဟှို နို့လေသိဂေ့လေဟှယ်။ သေရှင်းတရားဟှ ကိုယ်တော့်ဟှို နော့‑က်ထပ် အောက်စိုးဟှို့ မရဟန်း။
ROM 6:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော် သေခံဟှူဇာဟှ ပြစ်တရားတွပ်ကြောန့် တခါဘဲ့ သေခံတော်မူဟှယ်။ ခုသတ်ရှင်ရှင်းဟှာ ဘုရားသခင်နှိုက် သတ်ရှင်တော်မူဟှယ်။
ROM 6:11 အယ်မျိုးဘဲ့ နန်းနို့လေဟှာ ပြစ်တရားနဆိုင်ဟှယ် ဆိုဟှာ သေဟှားဘီ၊ ဘုရားသခင်န စပ်ဆိုင်ဟှယ် ဆိုဟှာ ခရစ်တော်ယေရှုအားဖြင့် သတ်ရှင်ဟှယ်ဆိုဘီး ကိုယ့်ကိုယ်ကိုယ် ထန်မှတ်ဂေ့ပါ။
ROM 6:12 အယ်ကြောန့် နန်းနို့လေဟှာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာ တပ်မတ်မှုနော့‑က်ဟှို လိုက်မိဘဲနေအောန် ပြစ်တရားဟှာ နန်းနို့လေရဲ့ သေတတ်ဟှူ ကိုယ်ခန္ဓာဟှို အောက်စိုးစေန။
ROM 6:13 နန်းနို့လေရဲ့ ကိုယ်အင်္ဂါလေဟှိုလည်း ဒုစရိုက် လတ်နတ်လေဖြစ် ပြစ်တရားဟှို ဆစ်သဂေ့န။ အယ်မျိုးလောက်မယ့်စား သေနေဟှူ လူလေထဲဟှ သတ်ရှင်နေသူမျိုး ကိုယ့်ရဲ့ကိုယ်ဟှို ဘုရားသခင်ဟှို ဆစ်သဘီး နန်းနို့လေရဲ့ ကိုယ်အင်္ဂါလေဟှို ဖြောန့်မတ်ရှင်းရဲ့ လတ်နတ်ဖြစ်န ဘုရားသခင်ဟှို ဆစ်သဂေ့ပါ။
ROM 6:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ပညတ်တရားရဲ့ လတ်အော့‑က်မာ မှေ့ဟှ။ ဘုရားသခင်ရဲ့ ကျေးဇူးတရား လတ်အော့‑က်မာ ရှိဟှူကြောန့် ပြစ်တရားဟှ နန်းနို့လေဟှို အောက်စိုးဟှို့ ရဟှ။
ROM 6:15 အယ်မျိုးဆိုဟှာ ဖယ်မျိုးနူး။ နို့လေဟှာ ပညတ်တရားလတ်မာ မှေ့ဘဲန ဘုရားသခင်ရဲ့ ကျေးဇူးတရားလတ်မာ ရှိဟှူကြောန့် ပြစ်ပြုရဟှို့လော။ လောင်းဝပြုဟှို့ရဟှ!
ROM 6:16 နန်းနို့လေဟှာ ယော့‑က်ယော့‑က်နားမာ ကျွန်ဖြစ်န စေခံဟှယ် ဆိုဟှာ အယ်သူဟှာ သေရှင်းန ယှဉ်ဟှူ ပြစ်တရားဘဲ့ဖြစ်ဖြစ်၊ ဖြောန့်မတ်ရာဟှို ရော့‑က်ဟှူဇာန ယှဉ်ဟှူ နားထောန်ရှင်း တရားဘဲ့ဖြစ်ဖြစ် နန်းနို့ရဲ့ သခင်ဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှလော။
ROM 6:17 နန်းနို့လေဟှာ စဟှ ပြစ်တရားရဲ့ ကျွန်လေ ဖြစ်ဖူးဟှူလည်းဘဲ့ ခုခံယူဘီးဟှူ ဩဝါဒ နည်းဥပဒေသ စကားလေဟှို စိနှလောင်းကြွင်းမဲ့န နားထောန်ဂေ့ဟှူကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။
ROM 6:18 နန်းနို့လေဟှာ ပြစ်တရားလတ်ဟှ လွတ်ဘီး ဖြောန့်မတ်ဟှူ တရားရဲ့ ကျွန်ဖြစ်ဂေ့ဟှယ်။
ROM 6:19 (နန်းနို့လေဟှာ ဇာတိတွေးခေါ် အားနဲဟှူကြောန့် လောကီဝေါဟာရတိုင်း ငါပြောဟှူဇာဖြစ်ဟှယ်။) တခီဟှ နန်းနို့လေဟှာ ကိုယ့်ရဲ့ ဘဝသတ်တာဟှို ဒုစရိုက်သားကောန်ရဲ့ ကျွန်ဖြစ်န အပ်ဘီး ညစ်ညူးမှုလေဟှို ပြုဂေ့မျိုး ခုလည်း အယ်မျိုးဘဲ့ ကိုယ့်ရဲ့ ဘဝသတ်တာဟှို စောင်လင်သန့်ရှင်းဘီး ကောန်းဟှူ ကျင့်လေဟှို ကျင့်ဟှို့တွပ် ဖြောန့်မတ်ဟှူ တရားလတ်ထဲဟှို ကျွန်ဖြင့်န ကြွင်းမဲ့အပ်ဂေ့ပါ။
ROM 6:20 နန်းနို့လေဟှာ ပြစ်တရားရဲ့ လတ်မာ ကျွန်ဖြစ်န ရှိနေဟှူ ခီမာ ဖြောန့်မတ်ရှင်းတရားရဲ့ လတ်ဟှနေ လွတ်ဂေ့လေဟှယ်။
ROM 6:21 ခု နန်းနို့ယှစ်ကြော့‑က်နေဟှူ အယ်မူကျင့်လေဟှို ကျင့်နေဟှူ ခီဒူးဟှ ဖယ်မူကျိုးဟှို ရဂေ့ကြောန့်နူး။ အယ်မျိုးကျင့်ဟှာ သေရှင်းရဲ့ လမ်းဆောင်းဘဲ့ ဖြစ်ပါဟှယ်!
ROM 6:22 ခုဆို နန်းနို့လေဟှာ ပြစ်တရားရဲ့ လတ်ဟှနေ လွတ်မြော့‑က်ဘီးဟှာ ဘုရားသခင်ရဲ့ ကျွန်လေဖြစ်ဟှယ်။ အယ်မူကျိုးကြောန့် သန့်ရှင်းရှင်းဟှို ရဘီးဟှာ ဆောင်းမာ ထာဝရသတ်ဟှို ရဂေ့လေ့မယ်။
ROM 6:23 ပြစ်တရားရဲ့ ခဟှာ သေရှင်းဘဲ့ဖြစ်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင် အလဂါးပေးတော်မူဟှူ ဆုကျေးဇူးတော်ဟှာ နို့လေရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ထာဝရသတ် ဖြစ်လေဟှယ်။
ROM 7:1 ပညတ်တရားဟှိုသိဟှူ ညီကို မောန်နှမလေ နန်းနို့ဟှို ငါပြောရှင်ဇာဟှ ပညတ်တရားဟှာ လူတယော့‑က်ဟှို သူသတ်ရှင်နေဟှူကာလပတ်လောင်း ချောက်ကိုင်ဟှားဇာဟှို နန်းနို့သိဂေ့ဟှလော။
ROM 7:2 ဥပမာ လန်ရှိဟှူ မီးမတယော့‑က်ဟှာ ပညတ်တရားတိုင်း သူ့လန် သတ်ရှင်နေဟှူ ကာလပတ်လောင်း လန်ရဲ့ချည်နှောင်မှုဟှို ခံရလေဟှယ်။ လန်သေမှဘဲ့ ပညတ်တရားအရ လန်ရဲ့ ချည်နှောင်မှုဟှနေဘီး လွတ်လေဟှယ်။
ROM 7:3 အယ်ကြောန့် လန်သတ်ရှင်ရစ်န နော့‑က်အီထောန်ပြုဟှယ် ဆိုဟှာ ဖော့‑က်ပ္လန်ဟှူမီးမဆိုဘီး ပြောခံရလေ့မယ်။ တကယ်ဟှူကြောန့် လန်သေဟှားကြောန့်ဆိုဟှာ အယ်မူပညတ်တရားဟှ လွတ်ဟှားဘီဖြစ်ဟှူကြောန့် နော့‑က်အီထောန်ပြုဟှူလည်းဘဲ့ ဖော့‑က်ပ္လန်ဟှူမီးမ ဆိုဘီး ပြောခံရဟှူကြောန်း မှေ့ဟှ။
ROM 7:4 အယ်မျိုးဘဲ့ ညီကို မောန်နှမလေ နန်းနို့လေဟှာ တခြားသူဖြစ်ဟှူ သေရှင်းဟှထမြော့‑က်ဟှူသူရဲ့ မယားဖြစ်ဟှူကြောန့် ဘုရားသခင်ရဲ့လိုတော်တိုင်း တိုးပွားလာဟှို့တွပ် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် သေဘီးဟှာ ပညတ်တရားန ကွားဟှားဂေ့ဘီ။
ROM 7:5 နို့လေဟှာ ဇာတိသွီးသားထဲမာ ကျင်လည်နေဟှူခီဟှ ပညတ်တရားရဲ့ နှိုးဆော်ပေးမှုကြောန့် ဖြစ်ပေါ်လာဟှူ ပြစ်လောက်ရှင်ဟှူ စိဆန္ဒလေဟှာ နို့လေရဲ့ ကိုယ်အင်္ဂါလေမာ ထန်ရှားလာဘီး သေရှင်းတရားဟှို ဖြစ်ပေါ်လာစေဟှယ်။
ROM 7:6 ခုဆို နို့လေဟှာ နို့လေဟှိုချောက်ကိုင်ဟှားဟှူ ပညတ်တရားရဲ့ လတ်ထဲမာ သေပီးဟှာ ပညတ်တရားလတ်ဟှနေ လွတ်မြော့‑က်ဂေ့ဘီဖြစ်ဟှူကြောန့် ကျမ်းစာမာပါဟှူ တရားဟောန်းဟှို မှီပြုဘဲန ဝိညာဉ်တော်ရဲ့ တရားလမ်းစဉ်သစ်တိုင်း မှုတော်ဟှို စေခံဂေ့ဟှယ်။
ROM 7:7 အယ်မျိုးဆိုဟှာ ဖယ်မျိုးနူး၊ ပညတ်တရားဟှို ပြစ်ပြောရဟှို့လော။ ပြစ်လုံးဝ ပြောဟှို့မရဟှ! ပညတ်တရားအားဖြင့်ဘဲ့ ပြစ်ရဲ့သဘောတရားဟှို နို့လေသိရဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ “တပ်မတ်လိုရှင်စိရှိန” ဆိုဘီး ပညတ်တရားဟှ တားမြစ်ဘဲနေဟှာ လောဘလွန်ကြူးမှုရဲ့ ဆိုးကျိုးဟှို ငါသိဟှို့ မှုဟှ။
ROM 7:8 ပြစ်တရားဟှာ ပညတ်တရားအားဖြင့် ငါ့ဟှိုချောက်ကိုင်ဘီး လောဘစိ မျိုးမျိုးလေဟှို ဖြစ်ပေါ်စေဟှယ်။ ပညတ်တရားမှေ့ဘဲနေဟှာ ပြစ်တရားလည်းသေ ဖြစ်ဟှယ်။
ROM 7:9 စဟှ ပညတ်တရားမှေ့ဘဲကြောန့် ငါသတ်ရှင်ဟှယ်။ ပညတ်တရားပေါ်ပေါ့‑က်လာဟှူ ခီမာ ပြစ်တရားဟှာ ပ္လန်ရှင်လာဘီး ငါလည်း သေဟှယ်။
ROM 7:10 ငါ့ဟှို သတ်ရှင်ဟှို့ပေးဟှူ ပညတ်တရားဟှဘဲ့ ငါ့ဟှိုသေစေဇာဟှို တွိရဟှယ်။
ROM 7:11 ပြစ်တရားဟှာ ပညတ်တရားအားဖြင့် ခွမ့်ရဟှူကြောန့် ငါ့ဟှိုလှည့်ဇားဘီးဟှာ အယ်ပညတ်တော်အားဖြင့် ငါ့ဟှို သတ်လေဟှယ်။
ROM 7:12 အယ်ကြောန့် ပညတ်တရားဟှာ သန့်ရှင်းလေဟှယ်။ ပညတ်တော်လည်းဘဲ့ သန့်ရှင်းရှင်း ဖြောန့်မတ်ရှင်း ကောန်းမြတ်စောင်လင်ရှင်း ရှိလေဟှယ်။
ROM 7:13 အယ်မျိုးဆိုဟှာ အယ်မူကောန်းမြတ်ဟှူရာဟှာ ငါ့တွပ် သေရဟှူကြောန်းရာ ဖြစ်ဟှူကြောန့်လော။ ဖြစ်နိုင်ဟှ! ငါ့ဟှို သေစေဟှူဇာဟှာ ပြစ်တရားဘဲ့ ဖြစ်ဟှယ်။ ပြစ်တရားဟှာ သူ့ရဲ့ပင်ကိုသဘောဟှို ထန်ရှားစေဟှို့တွပ် ကောန်းမြတ်ဟှူဇာလေအားဖြင့် ငါ့ဟှိုသေစေဟှူဇာ ဖြစ်ဟှယ်။ အယ်ကြောန့် ပြစ်တရားဟှာ တအားဆိုးဝါးဟှူ ပြစ်ဖြစ်ဟှူကြောန်းဟှို ပညတ်တော်အားဖြင့် သိရလေဟှယ်။
ROM 7:14 ပညတ်တရားဟှာ ဝိညာဉ်ရေးရာန ဆိုင်ဟှူကြောန်းဟှို နို့လေသိဂေ့ဟှယ်။ အယ်ဘေမဲ့ ငါဟှာ ဇာတိသွီးသားနှိုက်ရှိဟှူ လူတယော့‑က်ဖြစ်ဘီး ပြစ်တရားရဲ့ လတ်အော့‑က်မာ ရောန်းဇားခံရဟှူသူ ဖြစ်ဟှယ်။
ROM 7:15 ငါဟှာ ကိုယ်ဖြစ်နေဇာဟှို ကိုယ်တိုင်နားလည်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်ကျင့်ရှင်ဟှူတိုင်း ကျင့်ဟှိရဘဲန ရွံရှာဟှူ ကျင့်လေဟှို ကျင့်လေဟှယ်။
ROM 7:16 အယ်မျိုး ငါဟှာ ကိုယ်ပြုရှင်ဘဲန ပြုကျင့်နေရဟှယ် ဆိုဟှာ ပညတ်တရားဟှာ မှန်ကန်ဟှူကြောန်းဟှို ငါဝန်ခံပါဟှယ်။
ROM 7:17 အယ်မျိုးဆိုဟှာ အယ်မူ ကောန်းဘဲကျင့်ဟှို ငါကိုယ်တိုင် ကျင့်နေဟှူဇာမှုဘဲ ငါ့ထဲမာ ရှိနေဟှူ ပြစ်တရားဟှ ကျင့်စေဟှူဇာဖြစ်ဟှယ်။
ROM 7:18 ငါ့ရဲ့ ဇာတိသွီးသားထဲမာ ကောန်းဟှူဇာလေ တခုလည်း မှေ့ဘဲဟှူကြောန်းဟှို ငါသိလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ကောန်းဟှူကျင့်ဟှို ကျင့်ရှင်ဟှူ စိဆန္ဒရှိဟှူလည်းဘဲ့ ကျင့်နိုင်ဟှူခွန်အား ငါ့မာ မှေ့ဟှ။
ROM 7:19 ငါဟှာ ကောန်းဟှူ ကျင့်လေဟှို ကျင့်ရှင်ဟှူလည်းဘဲ့ ကျင့်ရှင်ဘဲဟှူ ကျင့်ဆိုးလေဟှိုဘဲ့ ငါ့ထဲမာနေဟှူ ပြစ်တရားဟှ ကျင့်နေဟှူဇာ ဖြစ်ဟှယ်။
ROM 7:20 အယ်မျိုး ကျင့်ရှင်ဘဲဟှူ ကျင့်ဆိုးလေဟှို ငါကျင့်နေရဟှယ် ဆိုဟှာ ငါကိုယ်တိုင် ကျင့်နေဇာမှုဘဲန ငါ့ထဲမာရှိနေဟှူ ပြစ်တရားဟှ ငါ့အားဖြင့် ကျင့်နေဟှူဇာဖြစ်ပါဟှယ်။
ROM 7:21 အယ်မျိုး ကောန်းဟှူကျင့်လေဟှို ကျင့်ရှင်ဟှူငါ့မာ ကောန်းဘဲဟှူ ကျင့်ဆိုးလေဟှိုဘဲ့ ပြုကျင့်စေဟှူ ပညတ်တပါးဟှို ငါတွိရဟှယ်။
ROM 7:22 ငါဟှာ တွင်းလူအားဖြင့် ဘုရားသခင်ရဲ့ ပညတ်တရားတော်ဟှို ရရာတိုင်း နှစ်သက်ဟှယ်။
ROM 7:23 အယ်ဘေမဲ့ ငါ့ရဲ့ ကိုယ်အင်္ဂါလေထဲမာ လွှမ်းမိုးချောက်ကိုင်နေဟှူ ပညတ်တပါးဟှာ စိဝိညာဉ်တရားဟှို တိုက်ခိုက်တွန်းလှန်ဘီး ငါ့ကိုယ်အင်္ဂါလေမာရှိဟှူ ပြစ်တရားလတ်ထဲဟှို ငါ့ဟှို ဖမ်းဆီးအပ်လိုက်ဟှူဇာဟှို ငါဗြင်ရဟှယ်။
ROM 7:24 ငါဟှာ ရရာတိုင်း စိပျစ်ဇာကောန်းဟှူ လူတယော့‑က်ဖြစ်ဟှယ်! သေတတ်ဟှူ အယ်မူခန္ဓာ ပေါက်ကောန်ဟှနေဘီး ငါ့ဟှို ဖယ်သူကယ်တန်ပေးမယ်နူး။
ROM 7:25 နို့လေရဲ့ သခင် ယေရှုခရစ်တော်အားဖြင့် ကယ်လွှတ်ပေးတော်မူဟှူ ဘုရားသခင်ဟှာ ရရာတိုင်းဘဲ့ ကျေးဇူးကီးမားလှပါဟှယ်! အယ်မျိုး ငါဟှာ ကိုယ့်စိဝိညာဉ်အားဖြင့် ဘုရားသခင်ရဲ့ ပညတ်တော် အော့‑က်မာ စေခံဟှူလည်းဘဲ့ ဇာတိသွီးသားအားဖြင့် ပြစ်တရားဟှို စေခံနေရဇာ ဖြစ်ဟှယ်။
ROM 8:1 အယ်ကြောန့် ခုခီမာ ခရစ်တော်ယေရှုနှိုက် ရှိဟှူသူလေဟှာ ပြစ်စီရင်ဇာဟှို ခံရဟန်း။
ROM 8:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ယေရှုနှိုက် သတ်ရှင်ဟှို့တွပ် ဝိညာဉ်တော်တရားဟှာ ပြစ်တရားန သေရှင်းတရားဟှနေဘီး ငါ့ဟှို လွတ်မြော့‑က်စေတော်မူဘီ။
ROM 8:3 ဇာတိပကတိကြောန့် ပညတ်တရားဟှာ အားနဲဘီး တတ်နိုင်ဘဲဟှူမှုဟှို ဘုရားသခင် ပြုတော်မူဟှို့တွပ် ပြစ်နပ္လဲ့ဝဟှူ ဇာတိပကတိရဲ့ သဏ္ဌာန်ဟှို ဆောန်ဟှူ သူ့ရဲ့ သားတော်ဟှို စေလွှတ်ဘီးဟှာ ပြစ်ဖြေဟှို့တွပ် ဇာတိပကတိနှိုက် ပြစ်ဟှို ဒန်ပေးတော်မူလေဟှယ်။
ROM 8:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ဇာတိသွီးသားတိုင်း သတ်ရှင်ဘဲ ဝိညာဉ်တော်အားဖြင့် သတ်ရှင်နေထိုင်ဟှို့တွပ် ပညတ်တော်မာပါဟှူ တရားတော်ဟှို လိုက်နာကျင့်သောင်းဟှို့တွပ် ဖြစ်လေဟှယ်။
ROM 8:5 ဇာတိသွီးသားရဲ့ လိုဆန္ဒတိုင်း သတ်ရှင်ဟှူသူလေဟှာ ဇာတိသွီးသားန သတ်ဆိုင်ဟှူဇာလေဟှိုဘဲ့ စိစွဲလမ်းဂေ့ဟှယ်။ ဝိညာဉ်တော်ရဲ့ လိုတော်တိုင်း သတ်ရှင်ဟှူ သူလေဟှာ ဝိညာဉ်တော်န သတ်ဆိုင်ဟှူ ဇာလေဟှိုဘဲ့ စိစွဲလမ်းလေဟှယ်။
ROM 8:6 ဇာတိသွီးသားနဆိုင်ဟှူ ဇာလေဟှို စိစွဲလမ်းဟှူ သူလေဟှာ သတ်ဆောင်းရှောင်းလေ့မယ်။ ဝိညာဉ်တော်န ဆိုင်ဟှူဇာဟှို စိစွဲလမ်းဟှူ သူလေဟှာ သတ်ရှင်ရှင်းန ငြီသတ်ရှင်းဟှို ရလေ့မယ်။
ROM 8:7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဇာတိသွီးသားန ဆိုင်ဟှူဇာလေဟှို စိစွဲလမ်းဟှူ သူလေဟှာ ဘုရားသခင်န ဆန့်ကျင်ဖတ်ပြုဟှူသူ ဖြစ်ဟှယ်။ အယ်မျိုး စိစွဲလန်းဟှူ သူလေဟှာ ဘုရားသခင်ရဲ့ ပညတ်တော်ဟှို လိုက်ရှော့‑က်တတ်ဟှ။ လိုက်လည်း လိုက်ရှော့‑က်နိုင်ဂေ့ဟှ။
ROM 8:8 အယ်ကြောန့် ဇာတိသွီးသားတိုင်း သတ်ရှင်သူလေဟှာ ဘုရားသခင်ရဲ့ စိတော်န တွိနိုင်ဟှ။
ROM 8:9 အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့ထဲမာ ကိန်းဝပ်တော်မူဟှာ နန်းနို့လေဟှာ ဇာတိပကတိဖတ်မာ မှေ့ဟှ ဝိညာဉ်ပကတိဖတ်မာ ရှိလေဟှယ်။ ခရစ်တော်ရဲ့ ဝိညာဉ်ဟှို ရဘဲသူဟှာ ခရစ်တော်န လောင်းဝ သတ်ဆိုင်ဟှ။
ROM 8:10 အယ်ဘေမဲ့လည်း ခရစ်တော်ဟှာ နန်းနို့ထဲမာ သတ်ရှင်နေဟှယ် ဆိုဟှာ ကိုယ်ခန္ဓာဟှာ ပြစ်ကြောန့် သေရဟှူလည်းဘဲ့ ဝိညာဉ်ဟှ ဖြောန့်မတ်ရှင်းကြောန့် သတ်ရှင်လေဟှယ်။
ROM 8:11 အယ်လော့‑က်နကဟှ သခင်ယေရှုဟှို သေရှင်းဟှနေဘီး ရှင်ပ္လန်ထမြော့‑က်စေဟှူ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့ထဲမာ ကိန်းဝပ်ဟှယ် ဆိုဟှာ ခရစ်တော်ဟှို သေရှင်းဟှနေ ရှင်ပ္လန်ထမြော့‑က်စေဟှူ သခင်ဟှာ နန်းနို့ထဲမာ ကိန်းဝပ်ဟှူ သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်ဟှူ နန်းနို့ ကိုယ်ခန္ဓာဟှိုလည်း ရှင်စေတော်မူလေ့မယ်။
ROM 8:12 အယ်ကြောန့် ညီကို မောန်နှမလေ နို့လေဟှာ ဇာတိလိုတိုင်း သတ်ရှင်ရအောန် ဇာတိရဲ့ ကျွန်ဖြစ်ဂေ့ဟှူဇာ မှုဟှ။
ROM 8:13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ လူ့ဇာတိလိုဟှိုလိုက်ဘီး သတ်ရှင်မယ် ဆိုဟှာ သေဂေ့ရလေ့မယ်။ အယ်ဘေမဲ့ ဝိညာဉ်တော်အားဖြင့် နန်းနို့ရဲ့ ကိုယ်ခန္ဓာကျင့်လေဟှို သေစေမယ် ဆိုဟှာ သတ်ရှင်ရလေ့မယ်။
ROM 8:14 ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဆောင်းမပဲ့ပြင်တော်မူရှင်းဟှို ခံရဟှူသူလေဟှာ ဘုရားသခင်ရဲ့ သားမီးလေဖြစ်ဟှယ်။
ROM 8:15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင် ပေးတော်မူဟှူ ဝိညာဉ်တော်ဟှာ နန်းနို့ဟှို ကြော့‑က်တတ်ဟှူ ကျွန်ရဲ့စိသဘောဟှို ပေးဟှူဇာမှုဘဲန နို့လေဟှို ဘုရားသခင်ရဲ့ သားမီးလေဖြစ်စေဘီးဟှာ ဝိညာဉ်တော်အားဖြင့် “အဗ္ဗ! ဖ!” ဆိုဘီး ခေါ်ရဟှူခွမ့်ဟှို ပေးတော်မူဟှူဇာ ဖြစ်ဟှယ်။
ROM 8:16 နို့လေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်ဟှူကြောန်းဟှို ဝိညာဉ်တော်ကိုယ်တိုင် နို့လေရဲ့ဝိညာဉ်နတူးဒူ သတ်သေခံလေဟှယ်။
ROM 8:17 နို့လေဟှာ ဘုရားသခင်ရဲ့ သားမီးလေဖြစ်ဟှူကြောန့် မွီစားမွီခံလေဖြစ်ဟှယ်။ ခရစ်တော်နတူးဒူ ချီးမြှော့‑က်ဟှူဇာဟှို ခံရဟှို့တွပ် ကိုယ်တော်နတူးဒူ ဆင်းရဲဒေါက်ခဟှို ခံရဟှယ် ဆိုဟှာ ကိုယ်တော်နတူးဒူ ဆစ်နွယ်ဟှူ မွီခံလည်း ဖြစ်လေဟှယ်။
ROM 8:18 ခုမျစ်မှော့‑က်ကာလမာ နို့လေခံရဟှူ ဆင်းရဲဒေါက်ခဟှာ နော့‑က်တခီမာ ထန်ရှားလာမယ့် ဖောင်းသရေတော်န နှိုင်းယှဉ်မယ် ဆိုဟှာ ပမာဏထားဇာ ကြောန်းမှေ့ဟှ ဆိုဘီး ငါမှတ်ယူဟှယ်။
ROM 8:19 ဖန်ဆင်းခံလောက တခုလောင်းဟှာ ဘုရားသခင်ရဲ့ သားလေ ထန်ရှားဘီး ပေါ်ထွပ်လာဟှို့တွပ် ရရာတိုင်းဘဲ့ မျှော်လင့်တောန့်တ နေလေဟှယ်။
ROM 8:20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖန်ဆင်းခံလောကဟှာ အနတ္တဖြစ်ဟှို ရော့‑က်ဟှူဇာဟှ သူ့ရဲ့ဆန္ဒအားဖြင့်မှုဘဲ ဘုရားသခင်ရဲ့ လိုတော်ကြောန့်ဘဲ့ဖြစ်ဟှယ်။
ROM 8:21 အယ်ဘေမဲ့ အယ်မျှော်လင့်ချစ်ဟှာ တနေ့တခီမာ ဖန်ဆင်းခံ လောကကိုယ်တိုင် ပျစ်စီးရှင်းကျွန်ဖြစ်ဟှနေ လွှတ်မြော့‑က်ဘီး ဘုရားသခင် သားမီးလေရဲ့ ဖောင်းသရေတော်န ပ္လဲ့ဝဟှူ လွှတ်ရှင်းချမ်းသာထဲဟှို ခေါ်ဆောန်ဟှို့တွပ် မျှော်လင့်ရှင်း ရှိဟှူကြောန့်ဖြစ်ဟှယ်။
ROM 8:22 ဖန်ဆင်းခံ ကမ္ဘာလောက တခုလောင်းဟှာ ခုခီထိ တူးဒူညည်းတွားဘီး သားမွီးဟှူ ဝေဒနာဟှူမျိုး ဒေါက်ခဝေဒနာလေဟှို ခံစားရဇာဟှို နို့လေသိဂေ့ဟှယ်။
ROM 8:23 အယ်လော့‑က်နမကဟှ ဝိညာဉ်တော်ရဲ့ ကျေးဇူးတော်ဟှို ရင်ဦးဆောင်း ခံရဟှူ နို့လေလည်း သားမီးရာဟှို ရဟှူဇာဖြစ်ဟှူ နို့လေရဲ့ ကိုယ်ခန္ဓာ ဝီးကော့‑က်ခံရဟှူ ဇာဟှို စောန့်မျှော်ဘီး စိနှလောင်းထဲဟှ ညီးတွားနေဂေ့ဟှယ်။
ROM 8:24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ မျှော်လင့်ရှင်းအားဖြင့် ကယ်တန်ရှင်းဟှို ခံရလေဟှယ်။ နို့လေဟှာ ကိုယ်မျှော်လင့်ဟှူ ဇာလေဟှို ဗြင်ရဟှယ် ဆိုဟှာ မျှော်လင့်ဟှို့ကြောန်း မှေ့ဟှ။ တွိဗြင်နေရဟှူ ဇာလေဟှို ဖယ်သူ မျှော်လင့်နေမယ်နူး။
ROM 8:25 အယ်ဘေမဲ့ နို့လေဗြင်တွိရဘဲဟှူ ဇာလေဟှို မျှော်လင့်ဂေ့ဟှယ် ဆိုဟှာ အယ်ရာလေဟှို စိရှယ်ရှယ်နသီးခံဘီး စောန့်မျှော်ဂေ့ဟှယ်။
ROM 8:26 အယ်ဘေမဲ့ နို့လေတတ်နိုင်ဘဲဟှူ ဇာလေဟှို ဝိညာဉ်တော်ဟှာ မစတော်မူလေဟှယ်။ နို့လေဟှာ ဆုတောန်းသင့်ဟှူတိုင်း ဖယ်မျိုး ဆုတောန်းရမယ် ဆိုဇာဟှို သိဂေ့ဟှ။ အယ်ဘေမဲ့ နို့လေ စကားအားဖြင့် ဖော်ပြဘီးဟှာ ဆုတောန်းတတ်ဘဲန ညည်းတွားနေဟှူရာလေအားဖြင့် ဝိညာဉ်တော်ဟှာ နို့လေကိုယ်စား ဘုရားသခင်နားမာ တောန်းလျှော့‑က် သနားခံပေးတော်မူဟှယ်။
ROM 8:27 လူလေရဲ့ စိသဘောဟှို သိတော်မူဟှူ ဘုရားသခင်ဟှာ ဝိညာဉ်တော်ရဲ့ စိသဘောဟှိုလည်း သိတော်မူလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝိညာဉ်တော်ဟှာ သန့်ရှင်းသူလေရဲ့ ဆုတောန်းဟှူမှုရာဟှို ဘုရားသခင်ရဲ့ လိုတော်နညီ သနားခံပေးတော်မူလေဟှယ်။
ROM 8:28 ဘုရားသခင်ဟှို ရှစ်ဟှူသူ၊ ကြံစည်တော်တိုင်း ခေါ်တော်မူရှင်းခံရဟှူ သူလေရဲ့ ကောန်းဟှူ ကျိုးလေတွပ် ရှိမျှဂူလောင်းဟှာ တညီတညွတ်ဒဲ ပြုစုဂေ့ဟှယ် ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။
ROM 8:29 ဘုရားသခင် ဝီးကော့‑က်တော်မူဟှူ သူလေဟှာ သူ့ရဲ့သားတော်ရဲ့ ပေါင်သဏ္ဌာန်တော်န တူဟှို့တွပ် ရှေးမဆွဟှနေဘီး ခွဲခန့်မှတ်သားဟှားလေဟှယ်။ အယ်မျိုး ဝီးကော့‑က်မှတ်သားဟှူကြောန်းဟှ သားတော်ဟှာ ညီလေဘောင်ဂီးထဲမာ နောန်ဂီးဖြစ်ဟှို့တွပ် ဖြစ်ဟှယ်။
ROM 8:30 အယ်မျိုး ခွဲခန့်မှတ်သားဟှားဟှူသူလေဟှို ခေါ်တော်မူဘီးဟှာ သန့်ရှင်းဖြောန့်မတ်ဟှူရာမာ တည်စေတော်မူဟှယ်။ အယ်မျိုး တည်စေဟှူသူလေဟှိုလည်း ချီးမြှော့‑က်တော်မူဟှယ်။
ROM 8:31 အယ်မျိုးဆိုဟှာ အယ်မူကြောန်းရာလေဟှို ဖယ်မျိုးပြောဇာရှိနူး။ နို့လေဖတ်မာ ဘုရားသခင်ရှိဟှယ် ဆိုဟှာ ဖယ်သူဟှ နို့လေဟှို ဆန့်ကျင်နိုင်မယ်နူး။
ROM 8:32 နို့လေအားလောင်းတွပ် သူ့ရဲ့သားတော်ရင်းဟှိုမှ ဗြောဘဲန စွန့်တော်မူဟှူရှင်ဟှာ သားတော်နတူးဒူ ရှိမျှဂူလောင်းဟှို ပေးဘဲန ဖယ်မျိုးနေမယ်နူး။
ROM 8:33 ဖယ်သူဟှ ဘုရားသခင် ဝီးကော့‑က်ဟှူ သူလေဟှို ပြစ်စီရင်မယ်နူး။ နို့လေဟှို ဖြောန့်မတ်ဟှူရာမာ တည်စေဟှူရှင်ဟှာ ဘုရားသခင်ဘဲ့ ဖြစ်ဟှယ်။
ROM 8:34 ပြစ်စီရင်သူဟှာ ဖယ်သူနူး။ နို့လေတွပ် သေခံဟှူမျှနမကဘဲ သေရှင်းဟှနေ ရှင်ပ္လန်ထမြော့‑က်ဘီး ဘုရားသခင်ရဲ့ ညာဖတ်ဟှနေ သနားခံ ဆုတောန်းပေးဟှူသူဟှာ ခရစ်တော်ယေရှုဘဲ့ ဖြစ်ဟှယ်!
ROM 8:35 အယ်ကြောန့် ဖယ်သူဟှာ နို့လေဟှို ခရစ်တော်ရဲ့ မြစ်တာတော်န ခွဲခွာစေနိုင်မယ်နူး။ ဆင်းရဲဒေါက်ခ၊ နာကြင်ရှင်းဝေဒနာ၊ ညှဉ်းဆဲရှင်း၊ ငတ်မွတ်ခေါန်းပါးရှင်း၊ ခ္လေးပ္လန်းဗ္လန်းနေရရှင်း၊ သတ်ခံရရှင်းန ဘေးအန္တရာယ်န တွိရှင်းလေဟှာ ခရစ်တော်ရဲ့ မြစ်တာတော်န နို့လေဟှို ကွဲကွာစေနိုင်မယ်လော။
ROM 8:36 ကျမ်းစာဟှ “ကျွန်တော်ဟှားလေဟှာ ကိုယ်တော်တွပ် တနေ့လောင်း သေဘေးန ရင်ဆိုင်ဘီး နေရဂေ့ပါဟှယ်။ သတ်ဟှို့ ထားဟှားဟှူ သိုးလေမျိုး သူးနို့လေ ထန်မှတ်ဂေ့ပါဟှယ်” ဆိုဘီး ပြောဟှားလေဟှယ်။
ROM 8:37 အယ်ဘေမဲ့ နို့လေဟှို ရှစ်တော်မူဟှူ သခင်ရဲ့ ကျေးဇူးတော်အားဖြင့် အယ်မူရှိမျှဂူလောင်းဟှို ခံနေရဟှူ ခီမာ ထူးသဖြင့် အောန်မြင်ဂေ့လေဟှယ်!
ROM 8:38 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေယောင်ကြည်ရှင်းဟှာ သေရှင်းတရားဘဲ့ဖြစ်ဖြစ်၊ သတ်ရှင်ရှင်းဘဲ့ဖြစ်ဖြစ်၊ ကောန်းဂန်တမန်ဘဲ့ဖြစ်ဖြစ်၊ ထွဋ်မြတ်ဘဲ့ဖြစ်ဖြစ်၊ အာဏာတဂိုးဘဲ့ဖြစ်ဖြစ်၊ ပစ္စုပ္ပန်ဘဲ့ဖြစ်ဖြစ်၊ နာဂတ်ဘဲ့ဖြစ်ဖြစ်၊
ROM 8:39 ကောန်းဂန်ထတ်ရာဘဲ့ဖြစ်ဖြစ်၊ မ္လေဂီးအော့‑က်ရာဘဲ့ဖြစ်နေပါစေ၊ ဖန်ဆင်းခံဟှားဇာ ဖယ်ဇာမဆို သခင် ယေရှုခရစ်တော်အားဖြင့် ခံစားရဟှူ ဘုရားသခင်ရဲ့ မြစ်တာတော်န နို့လေဟှို ကွာစေနိုင်ဟှူဇာ ခုလည်း မှေ့ဟှ ဆိုဘီး ငါ ယောင်ကြည်စိခ္လဟှယ်။
ROM 9:1 ငါဟှာ ခရစ်တော်အားဖြင့် မုသားပါဘဲန မှန်တိုင်းပြောဟှယ်။ ငါ့ရဲ့သိစိထဲမာ သန့်ရှင်းဟှူ ဝိညာဉ်တော်ဟှာ ငါနတူးဒူ သတ်သေခံဟှူဇာဟှ၊
ROM 9:2 ငါဟှာ စိနှလုံးထဲမာ ပူပန်ရှင်းဝေဒနာဟှို ခီတိုင်းခံစားရဘီး ရရာတိုင်း ဝန်းနဲပူဆွေးနေရပါဟှယ်။
ROM 9:3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သွီးသားဇာတိအားဖြင့် ကိုယ့်လူမျိုးလေဖြစ်ဟှူ ငါ့ရဲ့ ညီကို မောန်နှမလေတွပ် ငါကိုယ်တိုင် ခရစ်တော်နကွာဘီးဟှာ ကီရှင်းအမင်္ဂလာဟှိုဘဲ့ ခံလိုဟှူ ဆန္ဒရှိဟှယ်။
ROM 9:4 သူးနို့လေဟှာ ဣသရေလလူမျိုးလေ ဖြစ်ဟှူကြောန့် သားမီးရာနဖြစ်ဖြစ် ဖောင်းအာနုဘော်တော်နဖြစ်ဖြစ်၊ ပဋိညာဉ်တရားလေနဘဲ့ဖြစ်ဖြစ်၊ ပညတ်တော်လေပေးရှင်းဘဲ့ဖြစ်ဖြစ်၊ ဝတ်ပြုကိုးကွယ်ရှင်းနဘဲ့ဖြစ်ဖြစ်၊ ဂဒိတော်လေနဘဲ့ဖြစ်ဖြစ် စပ်ဆိုင်သူလေဖြစ်ဂေ့ဟှယ်။
ROM 9:5 သူးနို့လေဟှာ ရှေးဘိုးဘေးလေဟှ ဆင်းသတ်လာဟှူ သူလေဖြစ်ဂေ့ဟှယ်။ ခရစ်တော်ဟှလည်းဘဲ့ လူ့ဇာတိအားဖြင့် သူးနို့လေရဲ့ မျိုးနွယ်ဖြစ်လေဟှယ်။ ကိုယ်တော်ဟှာ ရှိမျှဂူလောင်းဟှို စိုးရဘီး ထာဝရမင်္ဂလာရှိဟှူ ဘုရားသခင် ဖြစ်တော်မူဟှယ်! အာမင်။
ROM 9:6 အယ်မျိုးပြောဇာဟှ ဘုရားသခင်ရဲ့ ဂဒိတော် တည်ဟှ ဆိုဘီး ငါဆိုလိုဇာ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဣသရေလနွယ်ဟှနေဘီး ဆင်းသတ်လာဟှူ လူလေဂူလောင်းဟှာ ဣသရေလလူမျိုးမှန် မှုဟှ။
ROM 9:7 အယ်မျိုးဘဲ့ အာဗြဟံဟှနေ ဆင်းသတ်လာဟှူ လူလေလည်း အာဗြဟံရဲ့သားမှန် မှုဟှ။ “ဣဇာက်အားဖြင့်ဘဲ့ နန့်မျိုးနွယ် တည်ရမယ်” ဆိုဘီး ဂတိတော်ရှိလေဟှယ်။
ROM 9:8 အယ်ကြောန့် ဇာတိအားဖြင့် မွီးဖွားလာဟှူ သားလေဟှာ ဘုရားသခင်ရဲ့ သားမီးမှန် မှုဟှ။ ဘုရားသခင်ရဲ့ ဂဒိတော်အားဖြင့် မွီးဖွားလာဟှူ သားမီးလေဟှိုဘဲ့ စစ်မှန်ဟှူ မျိုးနွယ်ဖြစ် သတ်မှတ်တော်မူလေဟှယ်။
ROM 9:9 ဖြားဖြစ်ကြောန့်နူး၊ ဆိုဟှာ ဂဒိတော်ဟှ “ခီတန်ဟှာ ငါပ္လန်လာမယ်။ စာရာဟှ သားဟှို ရလေ့မယ်” ဆိုဘီး ဖြစ်ဟှယ်။
ROM 9:10 အယ်လော့‑က်ဘဲ့ မှုဟှ နို့လေရဲ့ ဘိုးဘေး ဣဇာက်ဟှာ ရေဗက္ကာ န အီထောန်ပြုဘီး ဗိုက်ရလာဟှူ ခီမာ
ROM 9:11 သားလေမွီးဖွားခန်မာ အယ်သားလေဟှာ ကောန်းဇာရော၊ ဆိုးဇာရော လောက်ခန်ဂဒဲဟှ ဘုရားသခင်ရဲ့ ဝီးကော့‑က်တော်မူရှင်းန စပ်ဆိုင်ဟှူ ကြံစည်တော်ဟှာ ကျင့်အားဖြင့်မှုဘဲန ခေါ်တော်မူဟှူသူအားဖြင့်ဘဲ့ တည်စေဘီး၊
ROM 9:12 “သားဂီးဟှာ သားငယ်မာ ကျွန်ခံရလေ့မယ်” ဆိုဘီး ရေဗက္ကာဟှို မိန့်တော်မူလေဟှယ်။
ROM 9:13 ကျမ်းစာလာဇာဟှ “ယာကုပ်ဟှို ငါရှစ်ဟှယ်။ ဧသောဟှို မူးဟှယ်” ဆိုဘီး လာလေဟှယ်။
ROM 9:14 အယ်မျိုးဆိုဟှာ ဖယ်မျိုးပြောရမယ်နူး။ ဘုရားသခင်ဟှ တရားဘဲဟှူမှုဟှို လောက်နေဇာလော။ လောင်းဝမှုဟှ။
ROM 9:15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ မောရှေဟှို “ငါ ကျေးဇူးပြုရှင်သူဟှို ကျေးဇူးပြုမယ်။ သနားရှင်သူဟှို သနားမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ROM 9:16 အယ်ကြောန့် ရှိမျှဂူလောင်းဟှာ လူလေရဲ့ လိုအင်ဆန္ဒန ကြိုးစားလောက်ဆောန်ရှင်းထတ်မာ မူတည်ဘဲန ကျေးဇူးပြုတော်မူဟှူ ဘုရားသခင်ရဲ့ ကရုဏာထတ်မာဘဲ့ မူတည်ဇာ ဖြစ်လေဟှယ်။
ROM 9:17 ကျမ်းစာမာ ဖာရောမန်းဂီးဟှို မိန့်တော်မူဇာဟှ “နန့်ဟှို မန်းဂီးရာမာ ငါချီးမြှော့‑က်ဟှူ ဇာဟှာ နန့်အားဖြင့် ငါ့တဂိုးဟှို ထန်ရှားပြဘီး ငါ့နာမဟှို တလောကလောင်းမာ ကျော်ဇောသွားစေဟှို့တွပ် ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ROM 9:18 အယ်ကြောန့် ဘုရားသခင်ဟှာ သနားရှင်သူဟှို သနားတော်မူဘီးဟှာ မော့‑က်မာစေရှင်သူဟှို မော့‑က်မာစေတော်မူလေဟှယ်။
ROM 9:19 “အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှ လူလေဟှို ဖယ်မျိုးဖြစ်ကြောန့် ပြစ်တန်သေးနူး။ ဖယ်သူဟှ ကိုယ်တော်ရဲ့ လိုတော်ဟှို ဆန့်ကျင်နိုင်မယ်နူး” ဆိုဘီး ငါ့ဟှို မေးလေ့မယ်။
ROM 9:20 မိဆွေ နန်ဟှာ ဖယ်မျိုးသူဖြစ်ဟှူကြောန့် ဘုရားသခင်ဟှို ပ္လန်ခံပြောဆိုနူး။ ဖန်းဆင်းခံဟှ ဖန်ဆင်းရှင်ဟှို “ဖြားဖြစ်ကြောန့် ကိုယ်တော်ဟှာ ကျွန်တော်ဟှို အယ်မျိုးလောက်ရနူး” ဆိုဘီး ပြောခွမ့်ရှိဟှူကြောန့်လော။
ROM 9:21 အိုးလောက်မားဟှ အိုးမ္လေဟှို သူကြိုက်ဟှူ ပေါင်စံဟှို လောက်ပိုင်ခွမ့် ရှိဟှယ် မှုဟှလော။ အိုးမ္လေတခုဒဲန အသရေရှိဟှူအိုးန အသရေမှေ့ဘဲဟှူအိုးဟှို လောက်ပိုင်ဟှယ် မှုဟှလော။
ROM 9:22 အယ်ဘေမဲ့ ဘုရားသခင်ဟှာ မျစ်တော်ဟှို ပြဟှို့တွပ်န သူ့ရဲ့တဂိုးတော်ဟှို သိစေဟှို့တွပ် လိုတော်ရှိရစ်န ဖျစ်ဆီးဟှို့ပြင်ဟှားဟှူ မျစ်တော်နဆိုင်ဟှူ အိုးခွပ်လေဟှို ရရာတိုင်း စိရှယ်ဘီး သီးခံတော်မူဟှယ် ဆိုဟှာ ဖယ်မျိုး ပြောဇာရှိအူးမယ်နူး။
ROM 9:23 နော့‑က်ဘီး ဖောင်းသရေတော်တွပ် ကြိုတန်ပြင်ဆင်ဟှားဟှူ ကရုဏာတော်နဆိုင်ဟှူ အိုးခွပ်လေမာ သူ့ရဲ့ဖောင်းသရေတော်ရဲ့ ကြွယ်ဝမှုဟှို သိဟှို့တွပ် ပြုတော်မူဟှယ် ဆိုဟှာ ဖယ်မျိုးနူး။
ROM 9:24 ဘုရားသခင်ဟှာ နို့လေဟှို အယ်ကရုဏာတော်န ဆိုင်ဟှူ အိုးလေဖြစ် ယုဒလူမျိုးလေ သတ်သတ်ဘဲ့မှုဘဲန လူမျိုးခြားလေထဲမာလည်း ခေါ်တော်မူလေဟှယ်။
ROM 9:25 ဟောရှေရဲ့ ကျမ်းစာနှိုက် “ငါ့ရဲ့လူမှုဘဲဟှူ သူလေဟှို ‘ငါ့ရဲ့လူလေ’ ဆိုဘီး ငါခေါ်မယ်။ ငါရှစ်ဘဲဟှူ လူမျိုးလေဟှို ‘ငါရှစ်ဟှူ လူမျိုး’ ဆိုဘီး ငါခေါ်မယ်။
ROM 9:26 ‘နန်းနို့ဟှာ ငါ့ရဲ့လူ မှုဟှ’ ဆိုဘီး ပြောဟှူအရပ်မာ သူးနို့လေဟှာ ‘သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ သားလေ’ ဆိုဘီး ခေါ်ခံရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ROM 9:27 ပရောဖက် ဟေရှာယဟှလည်း ဣသရေလ လူမျိုးလေဟှို ရည်ရွယ်ဘီး ပြောဟှူဇာဟှ “ဣသရေလ လူမျိုးလေဟှာ ပန်လယ်သဲလောင်းနမျှ များဟှူလည်းဘဲ့ နဲစုလော့‑က်ဘဲ့ ကယ်တန်ခံရလေ့မယ်။
ROM 9:28 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ မိန့်တော်ရှိဟှူတိုင်း မ္လေဂီးထတ်မာ ပ္လဲ့ဇောင်စေဘီး ခီဆွဲဘဲန ပြုလောက်တော်မူလေ့မယ်” ဆိုဘီး ကြွေးကြော်လေဟှယ်။
ROM 9:29 နော့‑က်ဘီး ဟေရှာယဟှ “ကောန်းဂန်ဗိုလ်ခေရှင် ဘုရားသခင်ဟှာ နို့လေတွပ် မျိုးနွယ်ဟှို ချန်ဟှားဘဲနနေဟှာ နို့လေလည်း သောဒုံဗြို့နတူဘီး ဂေါမောရဗြို့မျိုး ဖြစ်ရလေ့မယ်” ဆိုဘီး ကြိုတန်ပြောဟှူတိုင်းဘဲ့ ဖြစ်လေဟှယ်။
ROM 9:30 အယ်မျိုးဆိုဟှာ နို့လေ ဖယ်မျိုးပြောရဟှို့နူး။ ဖြောန့်မတ်ရှင်းဟှို ရဟှို့တွပ် ကြိုးစားဘဲဟှူ လူမျိုးခြားလေဟှာ ဖြောန့်မတ်ရှင်းဟှို ခံရဂေ့လေဟှယ်။ အယ်မျိုးခံရဇာဟှ ယောင်ကြည်ရှင်းအားဖြင့် ခံရဟှူ ဖြောန့်မတ်ရှင်းဟှို ဆိုလိုဇာဖြစ်ဟှယ်။
ROM 9:31 အယ်ဘေမဲ့ ပညတ်တရားဟှို မှီအောန်လိုက်ဟှူ ဣသရေလ လူမျိုးလေဟှာ ဖြောန့်မတ်ရှင်း တရားဟှို မှီဂေ့ဟှ။
ROM 9:32 ဖြားဖြစ်ကြောန့် မှီဟှနူး။ ယောင်ကြည်ရှင်းအားဖြင့် လိုက်ဘဲန၊ ပညတ်တရားရဲ့ ကျင့်အားဖြင့် လိုက်ဘီး ကျမ်းစာမာ ဖော်ပြဟှားဟှူ “ထိမိဘီးလဲတတ်ဟှူက္လော့‑က်” ဟှို တိုက်မိဘီးလဲဟှူကြောန့် ဖြစ်လေဟှယ်။
ROM 9:33 ကျမ်းစာဟှ၊ “ကေ့ရှုဂေ့၊ လူလေ ထိမိလဲတတ်ဟှူ က္လော့‑က်ဟှို ဇိအုန်တောန်ထတ်မာ ငါခ္လဟှားမယ်။ အယ်က္လော့‑က်ဟှို လူလေ ထိမိလဲဂေ့လေ့မယ်။ အယ်ဘေမဲ့ အယ်က္လော့‑က်ဟှို မှီပြုဟှူ သူလေဟှာ ယှစ်ကြော့‑က်စိပျစ်မှု မှေ့ဟှ” ဆိုဘီး ဖော်ပြဟှားလေဟှယ်။
ROM 10:1 ညီကို မောန်နှမလေ ငါဟှာ ဣသရေလူမျိုးလေ ကယ်တန်ရှင်းရဟှို့တွပ် စေတနာစိပ္လဲ့ဝန ဘုရားသခင်ဆီမာ ဆုတောန်းလေ့ရှိပါဟှယ်။
ROM 10:2 အယ်သူလေဟှာ မှန်ဟှူပညာ မှေ့ဘဲဟှူလည်းဘဲ့ ဘုရားသခင်ဖတ်မာ ရရာတိုင်း စိအားကီးကြောန်းဟှို သူးနို့လေတွပ် ငါသတ်သေခံပါဟှယ်။
ROM 10:3 သူးနို့လေဟှာ ဘုရားသခင်ပြင်ဆင်ပေးဟှူ ဖြောန့်မတ်ရှင်းတရားဟှို သိဘဲန ကိုယ့်ဖြောန့်မတ်ရှင်းဟှို တည်စေဟှို့တွပ် ရှာကြံဟှူကြောန့် ဘုရားသခင်ပြင်ဆင်ပေးဟှူ ဖြောန့်မတ်ရှင်းတရားဟှို ဝန်ခံဂေ့ဟှ။
ROM 10:4 ယောင်ကြည်ဟှူ လူလေ ဂူလောင်းဟှာ ဖြောန့်မတ်ရာဟှို ရော့‑က်ဟှို့တွပ်ကြောန့် ပညတ်တရားဟှာ ခရစ်တော်အားဖြင့် ပ္လဲ့ဇောင်စေဟှယ်။
ROM 10:5 မောရှေဟှလည်း “အယ်ကျင့်ဟှို ကျင့်ဟှူသူဟှာ အယ်ကျင့်အားဖြင့်ဘဲ့ သတ်ရှင်လေ့မယ်” ဆိုဘီး ပညတ်တရားနဆိုင်ဟှူ ဖြောန့်မတ်ရှင်းဟှို ရည်ရွယ်ဘီးဟှာ ရေးဟှားလေဟှယ်။
ROM 10:6 ယောင်ကြည်ရှင်းအားဖြင့်ရဟှူ ဖြောန့်မတ်ရှင်းနပတ်သတ်ဘီး ကျမ်းစာတော်ဟှ “ဖယ်သူဟှ ကောန်းဂန်ဟှို တတ်မယ်နူး၊ ဆိုဘီး စိနှလောင်းထဲဟှမေးန။ (ဆိုလိုဇာဟှ ခရစ်တော်ဟှို အော့‑က်ဟှိုခေါ်ပန့်ဟှို့တွပ်)
ROM 10:7 ဖယ်သူဟှ အော့‑က်အရပ် နတ်နဲရာထဲဟှို ဆင်းမယ်နူး၊ ဆိုဘီး မေးဂေ့န” (ဆိုလိုဇာဟှ ခရစ်တော်ဟှို သေဟှူသူလေထဲဟှ ခေါ်ပန့်ဟှို့တွပ်ဖြစ်ဟှယ်)။
ROM 10:8 နော့‑က်ဘီး ကျမ်းစာတော်ဟှ “တရားတော်ဟှာ နန့်ရဲ့နီးနားမာရှိဟှယ်။ နန့်ရဲ့နှောက်မာဖြစ်ဖြစ် နန့်ရဲ့ နှလောင်းမာဖြစ်ဖြစ် ရှိဟှယ်” ဆိုဘီး ပြောဟှားဟှယ်။ အယ်မျိုးပြောဟှူဇာဟှ နို့လေ ဟောပြောကြေညာဟှူ ယောင်ကြည်ရှင်းတရားဘဲ့ ဖြစ်လေဟှယ်။
ROM 10:9 ဖယ်မျိုးနူးဆိုဟှာ နန်ဟှာ သခင်ယေရှုဟှို နှောက်နဝန်ခံဘီး ဘုရားသခင်ဟှ သူ့ဟှို သေရှင်းဟှနေ ထမြော့‑က်စေဘီ ဆိုဘီး စိနှလောင်းထဲဟှနေ ယောင်ကြည်ဟှယ် ဆိုဟှာ ကယ်တန်ရှင်းဟှို ရော့‑က်လေ့မယ်။
ROM 10:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖြောန့်မတ်ရာဟှို ရော့‑က်ဟှို့တွပ် စိနှလောင်းန ယောင်ကြည်ဘီးဟှာ ကယ်တန်ရှင်းဟှို ရော့‑က်ဟှို့တွပ် နှောက်နဝန်ခံရဟှယ်။
ROM 10:11 ကျမ်းစာလာဟှူဇာဟှ “အယ်က္လော့‑က်ဟှို မှီပြုဟှူသူလေဟှာ ယှစ်ကြော့‑က်ရှင်းမှေ့ဟှ” ဆိုဘီး လာလေဟှယ်။
ROM 10:12 ယုဒလူမျိုး လူမျိုးခြားဆိုဘီး ခွဲခြားဟှ လူမျိုးဂူလောင်းရဲ့ သခင်တပါးဒဲဖြစ်ဟှယ်။ ကိုယ်တော့်ဟှို ဆုတောန်းဟှူသူလေဟှို ကြွယ်ဝအောန် ကောန်းဂျီးပေးတော်မူဟှယ်။
ROM 10:13 ကျမ်းစာတော်ဟှ “ဘုရားသခင်ရဲ့ နာမတော်ဟှို အော်ခေါ်ဂေ့ဟှူ လူလေ ဂူလောင်းဟှာ ကယ်တန်ရှင်း ခံရဂေ့လေ့မယ်” ဆိုဘီး လာလေဟှယ်။
ROM 10:14 အယ်ဘေမဲ့ ယောင်ဘဲနနေဟှာ ဖယ်မျိုး ဆုတောန်းနိုင်မယ်နူး။ ဒန်းကောန်းဟှို ကြားဘဲနနေဟှာလည်း ဖယ်မျိုး ယောင်ကြည်နိုင်မယ်နူး။ ဟောပြောဟှူသူလေ မှေ့ဘဲနနေဟှာ ဖယ်မျိုး ကြားနိုင်ဂေ့မယ်နူး။
ROM 10:15 လူလေဟှို စေလွှတ်ဘဲနနေဟှာ ဖယ်မျိုး ဟောပြောနိုင်မယ်နူး။ ကျမ်းစာတော်ဟှ “ဒန်းကောန်းဟှို သယ်ဆောန်လာဟှူသူလေရဲ့ခေဟှာ ရရာတိုင်းဘဲ့ အသရေရှိဘီး တင့်တယ်လေဟှယ်!” ဆိုဘီး လာလေဟှယ်။
ROM 10:16 အယ်ဘေမဲ့လည်း ဝန်းမြော့-က်ဇာကောန်းဟှူ အယ်ဒန်းကောန်းဟှို လူတိုင်းနားထောန်ဂေ့ဇာ မှုဟှ ပရောဖက်ဟေရှာယဟှ “အို၊ ဘုရားသခင် ကျွန်တော့်ဟှားလေဟောပြောဟှူ အယ်ဒန်းကောန်းဟှို ဖယ်သူလေ ယောင်ကြည်ကြောန့်နူး” ဆိုဘီး ပြောလေဟှယ်။
ROM 10:17 အယ်မျိုးဖြစ်ကြောန့် ယောင်ကြည်ရှင်းဟှာ ဒန်းကောန်းဟှို ကြားနာရှင်းအားဖြင့်ဖြစ်ဘီး ကြားနာရှင်းဟှာလည်း ခရစ်တော်ရဲ့ စကားတော် ဟောပြောရှင်းအားဖြင့် ဖြစ်လေဟှယ်။
ROM 10:18 အယ်ဘေမဲ့ အယ်ဒန်းကောန်းဟှို လူလေ ကြားရဂေ့ဟှလော။ တကယ်ဘဲ့ ကြားရဂေ့ဘီ။ ကျမ်းစာတော်ဟှ၊ “သူးနို့ရဲ့ သံဟှာ လောကလောင်းဟှို ပ္လံ့နှံ့ဟှားလေဟှယ်။ သူးနို့လေ ဟောပြောဟှူ စကားဟှာလည်း မ္လေဂီးစွန်းထိအောန် ရော့‑က်လေဘီ” ဆိုဘီး လာလေဟှယ်။
ROM 10:19 နော့‑က်ဘီး ငါမေးအူးမယ်။ ဣသရေလ လူမျိုးလေဟှာ အယ်မူဇာလေဟှို သိဂေ့ဟှလော။ မောရှေဟှ၊ “ငါဟှာ ရေရာဘဲဟှူ လူမျိုးလေဟှို သောင်းပြုရှင်းအားဖြင့် နန်းနို့လေဟှို နာလိုဘဲစိဟှို ဖြစ်စေမယ် မိုက်မဲဟှူ လူမျိုးလေအားဖြင့် စိဆိုးအောန် ငါပြုမယ်” ဆိုဘီး ရှေ့ဦးဆောင်း ပြောလေဟှယ်။
ROM 10:20 ပရောဖက် ဟေရှာယဟှ၊ “ငါ့ဟှို ရှာဂေ့ဘဲဟှူ သူလေဟှာ ငါ့ဟှို တွိရလေ့မယ်။ ငါ့ရဲ့ ကြောန်းဟှို စောင်ဇမ်း မေးမြန်းဘဲဟှူ သူလေနားမာ ငါထန်ရှားမယ်” ဆိုဘီး ရဲရဲရင့်ရင့် ပြောလေဟှယ်။
ROM 10:21 ဣသရေလ လူမျိုးလေန ပတ်သတ်ဘီး နော့‑က်ထပ် ပြောဟှူဇာဟှ “ငါ့ဟှို ဆန့်ကျင်ပေါင်ကန်ဘီး ငါ့စကားဟှို နားထောန်ဘဲဟှူ အယ်လူမျိုးလေနားဟှို တနေ့လောင်း ငါ့လတ်ဟှို ကမ်းဟှားရဟှယ်” ဆိုဘီး ပြောလေဟှယ်။
ROM 11:1 အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှ သူ့ရဲ့လူမျိုးနွယ်ဟှို ပယ်လိုက်ဘီလော၊ ဆိုဘီး မေးမယ် ဆိုဟှာ လောင်းဝပယ်ဟှ! ငါကိုယ်တိုင်ဘဲ့ ဣသရေလလူမျိုးဖြစ်ဘီး အာဗြဟံဟှနေ ဆင်းသတ်လာဟှူ ဗင်္ယာမိန်နွယ်ဖြစ်ဟှယ်။
ROM 11:2 ဘုရားသခင်ဟှာ စစဒူးဟှ သူဝီးကော့‑က်ဟှူ သူ့လူမျိုးလေဟှို စွန့်ပယ်တော်မူဟှ။ ပရောဖက်ဧလိယဟှ ဣသရေလ လူမျိုးလေရဲ့ မိုက်မဲမှုဟှို ဘုရားသခင်နား ကြားလျှော့‑က်ဟှူ ကြောန်းရာဟှို ကျမ်းစာမာ ဖယ်မျိုးဖော်ပြဟှားနူးဆိုဇာ နန်းနို့သိဂေ့လေဟှယ်။
ROM 11:3 သူဟှ “အိုး၊ ဘုရားသခင်၊ သူးနို့လေဟှာ ကိုယ်တော်ရဲ့ ပရောဖက်လေဟှို သတ်ဘီးဟှာ ယဇ်ပလ္လင်လေဟှို ဖြိုဖျစ်ဂေ့ပါဘီ။ ကျွန်တော်တယော့‑က်ဒဲဘဲ့ ကျန်ရစ်ဘီး ကျွန်တော်ဟှိုလည်း သတ်ဟှို့ရှာနေဂေ့ပါဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
ROM 11:4 အယ်မျိုးလျှော့‑က်ဟှူ ခီမာ ဘုရားသခင်ဟှ ဧလိယဟှို ဖယ်မျိုး ဗျာဒိတ်ပေးဟှယ်နူး။ ဘုရားသခင်ဟှ “ဗာလရှေ့မာ ဒူးထော့‑က်ဝတ်ပြုဘဲသူ ၇,၀၀၀ ဟှို ငါ့တွပ် ချန်ဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ROM 11:5 အယ်မျိုးဘဲ့ ခုကာလမာလည်း ကျေးဇူးတော်အားဖြင့် ဝီးကော့‑က်ခံရဟှူသူ ကြွင်းကျန်ရှိသေးဟှယ်။
ROM 11:6 ကျေးဇူးတော်အားဖြင့် ဝီးကော့‑က်ရှင်းခံရဟှယ် ဆိုဟှာ ကိုယ့်ရဲ့ကျင့်အားဖြင့် မှုဟှ။ ကိုယ့်ရဲ့ကျင့်ကြောန့် ဆိုဟှာလည်း ကျေးဇူးတော်စစ်မှန် မှုဟှ။
ROM 11:7 အယ်ဆိုဟှာ ဖယ်မျိုးပြောရမယ်နူး။ ဣသရေလလူမျိုးလေဟှာ သူးနို့ကြိုးစားဘီး ရှာဖွေဇာဟှို တွိဂေ့ဟှ။ အယ်ရာဟှို ဝီးကော့‑က်ရှင်းခံရသူလေဘဲ့ တွိရဘီး ကျန်ဟှူသူလေဟှာ မှောန်မိုက်ဖောင်းလွှမ်းကြောန့်နေဂေ့ဟှယ်။
ROM 11:8 ကျမ်းစာဟှ “ဘုရားသခင်ဟှာ သူးနို့လေရဲ့ စိနှလောင်းဟှို မိုက်စေတော်မူဘီး ဗြင်ဘဲဟှူမျစ်စိန၊ ကြားဘဲနားဟှို ပေးတော်မူဘီ” ဆိုဘီး လာလေဟှယ်။ အယ်ကြောန့် အယ်နေ့ထိ သူးနို့လေဟှာ မဗြင်နိုင် မကြားနိုင်ဂေ့ဟှ။
ROM 11:9 နော့‑က်ဘီး ဒါဝိဒ်ဟှလည်း၊ “သူးနို့ရဲ့ စားဗွဲဟှာ သူးနို့တွပ် ကျော့ကွမ်းဟှူမျိုး၊ ထောန်ချော့‑က်ဟှူမျိုး၊ မှားယွင်းစေတတ်ဟှူရာဟှူမျိုး၊ လတ်တုံ့ပ္လန်ဇာမျိုး ဖြစ်ပါစေ။
ROM 11:10 သူးနို့ရဲ့ မျစ်စိ ကေ့ဟှို့ ဗြင်ဘဲနေအောင် ကွယ်ပါစေ။ သူးနို့ရဲ့ ခါးလည်းဘဲ့ မြဲဒမ်း ကူးပါစေ” ဆိုဘီး ဆိုဟှားလေဟှယ်။
ROM 11:11 အယ်မျိုးဆိုဟှာ ဣသရေလလူမျိုးလေ ထိမိဘီး လဲဂေ့ဘီလော။ လဲဂေ့ဟှ! သူးနို့လေ ပြစ်မှားဟှူဇာအားဖြင့် လူမျိုးခြားလေဆီဟှို ကယ်တန်ရှင်း သတ်ရော့‑က်စေဘီး အယ်မှုရာအားဖြင့် ယုဒလူမျိုးလေရဲ့ နာလိုဘဲဟှူ စိဟှို ဖြစ်ပေါ်လာစေဟှယ်။
ROM 11:12 သူးနို့လေရဲ့ ပြစ်ကျူးလွန်မှုဟှာ လောကီသားလေရဲ့ ကြွယ်ဝမှုဟှို ဖြစ်စေဘီး သူးနို့လေရဲ့ ဆောင်းရှောင်းမှုဟှာ လူမျိုးခြားလေဟှို ကောန်းဂျီးဖြစ် စေဟှယ် ဆိုဟှာ သူးနို့ရဲ့ ပ္လဲ့ဇောင်မှုဟှာ ဖယ်မျှလော့‑က်များဟှူ ကျိုးဟှို ဖြစ်စေလေ့မယ်နူး။ လူမျိုးခြားလေ ကယ်တန်ရှင်း ခံရဟှူကြောန်း
ROM 11:13 အယ်ကြောန့် လူမျိုးခြားဖြစ်ဟှူ နန်းနို့ဟှို ငါပြောရှင်ဇာဟှ၊ ငါဟှာ လူမျိုးခြားလေနဆိုင်ဟှူ တမန်တော်ဖြစ်ဘီး ငါ့ရဲ့ မှုဆောန်လောက်ငန်းဟှို ဂေါင်ယူဝါကြွားဘီး
ROM 11:14 တနည်းအားဖြင့် ငါ့လူမျိုးလေရဲ့ မနာလိုစိဟှို ဖြစ်ပေါ်စေရှင်းအားဖြင့် သူးနို့လေထဲဟှ လူတချို့ဟှို ကယ်တန်နိုင်ဟှို့တွပ် မျှော်လင့်နေပါဟှယ်။
ROM 11:15 ဖြားဖြစ်ကြောန်နူးဆိုဟှာ သူးနို့လေပစ်ပယ်ခံရဟှူဇာဟှ လောကသားလေတွပ် မိတ်သဟာယဖွဲ့ရှင်းခွမ့် ဖြစ်ဟှယ် ဆိုဟှာ၊ သူးနို့ဟှို ပ္လန်ဘီးလတ်ခံဟှူဇာဟှာ သေဟှားဘီးသူလေ သတ်ပ္လန်ရှင်လာဟှူဇာမျိုး ဖြစ်လေ့မယ် မှုဟှလော။
ROM 11:16 ရင်ဦးဆောင်းနယ်ဟှူ မုညစ်ဟှာ သန့်ရှင်းဟှယ်ဆို တအိုးလောင်း သန့်ရှင်းလေ့မယ်။ သစ်ပြစ် သန့်ရှင်းဟှယ် ဆိုဟှာ ကိုင်းခတ်လေ ဂူလောင်း သန့်ရှင်းလေ့မယ်။
ROM 11:17 အယ်ဘေမဲ့ တချို့ သံလွင်ခတ်ဟှို ခွတ်ဖြတ်ဘီး၊ ရိုင်းဟှူ သံလွင်ဗန်ဖြစ်ဟှူ နန်းနို့လေဟှို အယ်မူသံလွင်ဗန်ငုထတ်မာ ကိုင်းဆစ်စိုက်ပျိုးဟှူကြောန့် သံလွင်ဗန်ရဲ့ သစ်ပြစ်ဟှနေဘီး ဆီနှစ်န ဩဇာဟှို မျှဝီခံစားဟှူ သူဖြစ်လာဟှယ် ဆိုဟှာ
ROM 11:18 အယ်မူကိုင်းခတ်လေထတ်မာ ဝါကြွားဟှူစိ ရှိဂေ့န။ ဝါကြွားဟှယ် ဆိုဟှာလည်း နန်ဟှာ သစ်ပြစ်ဟှို ထော့‑က်မဟှူ ဇာမှုဟှ။ သစ်ပြစ်ဟှ နန့်ဟှိုထော့‑က်မဟှူ ဇာဖြစ်ဟှယ်။
ROM 11:19 အယ်ဘေမဲ့ နန်ဟှ “ကျွန်တော့်ဟှို ကိုင်းဆစ်ကူးဟှို့တွပ် အယ်မူကိုင်းခတ်လေဟှို ခွတ်ပစ်ခံရဟှယ်” ဆိုဘီး ပြောလေ့မယ်။
ROM 11:20 နန်းနို့ပြောဟှူတိုင်း မှန်ဟှယ်။ သူးနို့လေဟှာ ယောင်ကြည်ဘဲကြောန့် ခွတ်ပစ်ခံရဘီး နန်းနို့လေဟှာ ယောင်ကြည်ဂေ့ဟှူကြောန့် တည်နေလေဟှယ်။ အယ်ဘေမဲ့ မော့‑က်မာထောန်လွှားဟှူစိ မှေ့ဘဲန ကြော့‑က်ရွံ့ဟှူ စိရှိဂေ့ပါ။
ROM 11:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ နဂိုသံလွင်ဗန်ရဲ့ ကိုင်းခတ်ဟှို ဗြောဘဲန ခွတ်ပစ်ဟှယ် ဆိုဟှာ နန်းနို့လေဟှိုလည်း ဗြောဟှို့ မှုဟှ။
ROM 11:22 အယ်ကြောန့် ဘုရားသခင်ရဲ့ ပြင်းထန်ဟှူစီရင်ရှင်းန ကျေးဇူးပြုရှင်းလေဟှို ကေ့ဂေ့ပါ။ ပြင်းထန်ဟှူစီရင်ရှင်းဟှာ လဲဟှူသူလေထတ်မာရှိဘီး ဘုရားသခင်ရဲ့ ကျေးဇူးပြုတော်မူရှင်းကြောန်းရာဟှ၊ နန်ဟှာ အယ်မူကျေးဇူးတော်န တည်နေမယ် ဆိုဟှာ ဘုရားသခင်ရဲ့ ကရုဏာတော်ဟှာ နန့်ထတ်မာရှိဟှယ်။ တည်ဘဲနနေဟှာ နန်လည်း ခွတ်ပစ်ရှင်းခံရလေ့မယ်။
ROM 11:23 ယုဒလူမျိုးလေဟှာ ယောင်ကြည်ဘဲဟှူစိဟှို စွန့်ပစ်ဘီး ယောင်ကြည်မယ် ဆိုဟှာ ပန်ငုထတ်မာ နော့‑က်ထပ်စိုက်ပျိုးဟှို့တွပ် ဘုရားသခင်တတ်နိုင်တော်မူဟှယ်။
ROM 11:24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူမျိုးခြားလေဖြစ်ဟှူ နန်းနို့လေဟှို နဂိုရိုင်းဟှူသံလွင်ဗန်ဟှနေ ခွတ်ယူဘီးဟှာ ယဉ်ဟှူသံလွင်ဗန်မာ ကိုင်းဆစ်ဘီး စိုက်ပျိုးရဟှယ် ဆိုဟှာ၊ ယဉ်ဟှူသံလွင်ဗန်ရဲ့ နဂိုကိုင်းလေဖြစ်ဟှူ ယုဒလူမျိုးလေဟှို ပ္လန်ဘီးလာစိုက်ပျိုးမယ် ဆိုဟှာ ပိုဘီး ဟှာ လွယ်ကူလေ့မယ် မှုဟှလော။
ROM 11:25 ညီကို မောန်နှမလေ၊ နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပညာသတိရှိဟှူသူ ဆိုဘီး ထန်မှတ်ဘဲနေဟှို့တွပ် အယ်မူလျှို့ဝှပ်နတ်နဲဟှူရာဟှို သိဘဲန နေစေရှင်ဟှ။ အယ်မူလျှို့ဝှပ်နတ်နဲဟှူရာဟှ ဣသရေလ လူမျိုးလေမာ မာကျောခတ်ထန်ဟှူ သူတချို့ ရှိဟှူဇာကြောန်းဟှ လူမျိုးခြားလေ စောင်းစောင်လင်းလင် ဝမ်ရော့‑က်လာဟှူ ခီထိဖြစ်ဘီး၊
ROM 11:26 အယ်ဘီးမှ ဣသရေလ လူမျိုးလေဟှာ ကယ်တန်ရှင်းခံရလေ့မယ် ဖြစ်ဟှယ်။ ကျမ်းစာဟှ၊ “ကယ်တန်ဟှူ သခင်ဟှာ ဇိအုန်တောန်ဟှနေ ကြွလာဘီး၊ ယာကုပ်မျိုးနွယ်ထဲဟှနေ တရားဘဲဟှူမှုလေ ဂူလောင်းဟှို ဖယ်ရှားတော်မူလေ့မယ်။
ROM 11:27 သူးနို့လေရဲ့ ပြစ်လေဟှို ငါဖယ်ရှားပေးဟှူ ခီမာ သူးနို့လေဟှို ငါပေးဟှူ ပဋိညာဉ်တရားဟှ အယ်မျိုး တရားဘဲ့ ဖြစ်ဟှယ်” ဆိုဘီး လာလေဟှယ်။
ROM 11:28 ကောန်းမြတ်ဟှူ ဒန်းကောန်းအားဖြင့် သူးနို့လေဟှာ နန်းနို့တွပ်ကြောန့် ရန်သူလေ ဖြစ်လာဂေ့ဘီး ဝီးကော့‑က်တော်မူဟှူ ဇာအားဖြင့် ရှေးဘိုးဘေးလေကြောန်းကြောန့် ရှစ်ရဟှူသူ ဖြစ်လာဂေ့ဟှယ်။
ROM 11:29 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ပေးတော်မူဟှူ ဝီးကော့‑က်ရှင်း ကောန်းဂျီးမင်္ဂလာဟှာ ပ္လောန်းလဲမှုမှေ့တတ်ဟှ။
ROM 11:30 နန်းနို့လေဟှာ စဒူးဟှ ဘုရားသခင်ရဲ့ စကားတော်ဟှို နားထောန်ဘဲနေဟှူလည်းဘဲ့ ခု သူးနို့လေ နားထောန်ဘဲနေကြောန့် နန်းနို့လေဟှာ ကရုဏာတော်ဟှို ခံစားရဂေ့ဟှယ်။
ROM 11:31 အယ်မျိုးဘဲ့ ဘုရားသခင်ရဲ့ ကရုဏာတော်ဟှို နန်းနို့ခံစားရဟှူမျိုး ယုဒလူမျိုးလေလည်း ကရုဏာဟှို ခံစားရဟှို့တွပ် ဘုရားသခင်ရဲ့ စကားတော်ဟှို ခု နားထောန်ဘဲ နေရဂေ့ဟှယ်။
ROM 11:32 ဘုရားသခင်ဟှာ သူ့ရဲ့ ကရုဏာတော်ဟှို လူလေ ဂူလောင်း ခံစားရရှိဟှို့တွပ် လူလေဟှို နားမထောန်ရှင်းအားဖြင့် ချောက်ဟှားလေဟှယ်။
ROM 11:33 ဘုရားသခင်ရဲ့ ပညာန ဉာဏ်တော်ဟှာ ရရာတိုင်းဘဲ့ နတ်နဲလွန်းပါဟှယ်! စီရင်တော်မူချစ်လေဟှို ဖယ်သူလည်း လေ့လာဟှိကူနိုင်ဟှ။ ဖယ်သူရှင်းပြနိုင်ဟှူကြောန့်နူး။ ကြွတော်မူဟှူလမ်းလေဟှို လိုက်ရှာဟှူလည်းဘဲ့ တွိလည်းမတွိ မှီလည်းမမှီနိုင်ဟှ။
ROM 11:34 ကျမ်းစာဟှ “ဖယ်သူဟှ ဘုရားသခင်ရဲ့ စိတော်ဟှို သိနူး။ ဖယ်သူဟှ ကိုယ်တော်ရဲ့ တိုင်ပင်ခံဖြစ်ဖူးနူး။
ROM 11:35 ကိုယ့်ဟှို ကျေးဇူးဆပ်ရအောန်၊ ဖယ်သူဟှ ကိုယ်တော့်ဟှို ကျေးဇူးပြုဖူးနူး” ဆိုဘီး ဖော်ပြဟှားဟှယ်။
ROM 11:36 ရှိမျှဂူလောင်းဟှာ ကိုယ်တော်ရဲ့ ထဲဟှ ကိုယ်တော်အားဖြင့် ကိုယ်တော်ရဲ့ တွပ်ဘဲ့ ဖြစ်လေဟှယ်။ ကိုယ်တော်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ! အာမင်။
ROM 12:1 အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ဘုရားသခင်ရဲ့ ကရုဏာတော်အားဖြင့် နန်းနို့လေဟှို ငါတိုက်တွန်းနှိုးဆော်ရှင်ဇာဟှ နန်းနို့လေရဲ့ ကိုယ်ခန္ဓာဟှို ဘုရားသခင် နှစ်သက်ဟှူ သန့်ရှင်းရှင်း လတ်ခဏာဘောန်းဇောင်န ပ္လဲ့ဇောင်ဟှူ သတ်ရှင်ရှင်း ယဇ်ဖြစ် ဆစ်ကပ်ပူဇော်ဂေ့ပါ။ အယ်မျိုးပြုဟှူဇာဟှ နန်းနို့လေဟှာ မှန်ကန်ဟှူ ဝတ်ပြုကိုးကွယ်ရှင်း ဖြစ်လေဟှယ်။
ROM 12:2 နန်းနို့လေဟှာ လောကီ ပေါင်သဏ္ဌာန်ဟှို ဆောန်ဂေ့န။ ကောန်းမြတ်ဟှူဇာ၊ စောင်လင်ဟှူဇာဖြစ်ဟှူ ဘုရားသခင် လိုတော်ရှိဟှူဇာဟှာ ဖယ်မျိုးဇာဖြစ်ဟှယ် ဆိုဇာဟှို ပိုင်းခြားနိုင်ဟှို့တွပ် စိနှလောင်းဟှို သစ်ပြုပြင်ရှင်းအားဖြင့် ပေါင်သဏ္ဌာန် ပ္လောန်းလဲရှင်း ရှိဂေ့ပါ။
ROM 12:3 နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် တိုင်းထက်လွန် ထန်ဘဲနေဟှို့တွပ် ငါခံရဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို အားကိုးဘီးဟှာ မှာကြားရှင်ပါဟှယ်။ နန်းနို့လေဟှို ဘုရားသခင်ခွဲဝီပေးဟှူ ယောင်ကြည်ရှင်း တိုင်းတာန ကိုယ့်ကိုယ်ကိုယ် ထန်သင့်ဟှူတိုင်း ထန်မှတ်ဂေ့ပါ။
ROM 12:4 ဥပမာ ကိုယ်ခန္ဓာ တခုမာရှိဟှူ အင်္ဂါစိပိုင်းလေဟှာ တူညီဘဲဟှူလောက်ဆောန်မှု ကိုယ်စီရှိဟှူမျိုး၊
ROM 12:5 ဘောင်ဂီးဖြစ်ဟှူ နို့လေဟှာလည်း ခရစ်တော်န တလောင်းတဝဒဲဖြစ်ဘီး ဂူလောင်းဟှာ ကိုယ်ခန္ဓာရဲ့ ကွဲပြားခြားနားဟှူ အင်္ဂါစိပိုင်းလေဖြစ်န ရှင်းရှင်း ပေါန်းစည်းဟှားဇာဖြစ်ဘီး၊
ROM 12:6 နို့လေမာ ပေးအပ်တော်မူဟှူ ကျေးဇူးတော်တိုင်း ထူးထူးပြားပြားရှိဟှူ ဆုကျေးဇူးတော်လေဟှို ရရှိဂေ့ဟှယ်။ အယ်ကြောန့် အယ်ဆုကျေးဇူးဟှာ ပရောဖက်ပြု ဟောပြောရှင်းဖြစ်ဟှယ် ဆိုဟှာ ယောင်ကြည်မှု ပမာဏဟှို ရဟှူတိုင်း ပရောဖက်ပြု ဟောပြောစေ။
ROM 12:7 ဓမ္မမှုဆောန် ရာဟှို ရဟှယ် ဆိုဟှာ ဓမ္မမှုဟှို ဆောန်ရွပ်စေ။ ဆောင်းမဩဝါဒ ပေးဟှူသူ ဖြစ်ဟှယ် ဆိုဟှာ အယ်မှုဟှို လောက်ဆောန်စေ။
ROM 12:8 တိုက်တွန်းအားပေးဟှူသူ ဖြစ်ဟှယ် ဆိုဟှာ တိုက်တွန်းအားပေးရှင်းမှုဟှို ပြုစေ။ ဝီမျှပေးကမ်းသူဟှာ ရစ်ရစ်ရောရော ပေးကမ်းစေ။ စီမံအောက်ချောက်ဟှူ သူဟှာ လောင်းလဝီရိယန စီမံအောက်ချောက်စေ။ သူတပါးဟှို မစသနားရှင်းမှုဟှို ပြုသူဟှာ စေတနာစိန ကူညီမဇစေ။
ROM 12:9 မြစ်တာဟှာ ဟန်ဆောန်မှုကင်းစေပါ။ ကောန်းဘဲဇာလေဟှို ရွံမူးဂေ့ပါ။ ကောန်းမြတ်ဟှူဇာလေဟှို ဆည်းပူးဂေ့ပါ။
ROM 12:10 ညီကို မောန်နှမရှင်းရှင်း၊ ရှစ်ဟှူမြစ်တာအားဖြင့်၊ ရှင်းရှင်းရှစ်ခင်ကြင်နာဘီး ချီးမွမ်းဟှူနေရာမာ သူများဟှို ကိုယ့်ထတ် ချီးမြှော့‑က်ဂေ့ပါ။
ROM 12:11 အားထုရဟှို့နေရာမာ ပျင်းကိုးဘဲန၊ စိအားထတ်သန်ဘီး ဘုရားသခင်ရဲ့ မှုတော်ဟှို ဆောန်ရွပ်ဂေ့ပါ။
ROM 12:12 မျှော်လင့်ရှင်းနှိုက် ဝန်းသာဘီး၊ ဆင်းရဲဒေါက်ခခံရဟှူ ခီမာ သီးခံဂေ့ပါ။ ဆုတောန်းရှင်းမှုဟှို မြဲဒမ်းပြုဂေ့ပါ။
ROM 12:13 ဆင်းရဲဟှူ သန့်ရှင်းသူလေဟှို ဝီမျှပေးကမ်းဂေ့ပါ။ ဧည့်သည်လေဟှို ကြိုးစားဘီး ဧည့်ဝတ်ပြုဂေ့ပါ။
ROM 12:14 နန်းနို့လေဟှို ညှဉ်းဆဲဟှူသူလေတွပ် ကောန်းဂျီးပေးဘီး၊ ကီဆဲဘဲန မြစ်တာပို့ဂေ့ပါ။
ROM 12:15 ဝန်းသာသူလေနတူးဒူ ဝန်းသာဘီး၊ ငိုဟှူသူလေနတူးဒူ ငိုဂေ့ပါ။
ROM 12:16 ရှင်းရှင်း စိဝန်းမကွဲဘဲ ညီးညီညွတ်ညွတ် ရှိဂေ့ပါ။ ထောန်လွှားဟှူစိမှေ့ဘဲန နှိခ္လဟှူ သူလေဟှို လတ်ခံဂေ့ပါ။ ကိုယ့်ကိုယ်ကိုယ် ပညာရှိဆိုဘီး ထန်မှတ်ဂေ့န။
ROM 12:17 ဖယ်သူ့ဟှိုမှလည်း ပ္လန်ဘီးရန်တုံ့ပ္လန်န။ လူလေရှေ့မာ အသရေရှိတင့်တယ်အောင် ပြုကျင့်ဂေ့ပါ။
ROM 12:18 လူတိုင်းန တတ်နိုင်ဟှူမျှ သင့်မြတ်အောန်နေဂေ့ပါ။
ROM 12:19 ရှစ်ရဟှူသူလေ၊ သူများလေ နန်းနို့ဟှို ပြစ်မှားဟှာ ကိုယ်တိုင် ပ္လန်ဘီးရန်တုံ့ပ္လန်ဂေ့န၊ ဘုရားသခင်ဟှဘဲ့ စီရင်တော်မူပါစေ။ ဘုရားသခင် မိန့်တော်မူဇာဟှ “ငါဟှာ ပြစ်တရားဟှို စီရင်ပိုင်ဟှယ်။ ပြစ်ရှိဟှူတိုင်း ငါဆပ်ပေးမယ်” ဆိုဘီး ကျမ်းစာလာလေဟှယ်။
ROM 12:20 အယ်ကြောန့် ကျမ်းစာလာဇာဟှ “နန့်ရန်သူဟှာ စားရမဲ့သော့‑က်ရမဲ့ ဖြစ်ဟှူ ခီမာ စားဇာကျွေးပါ။ ရေငတ်နေဟှယ် ဆိုဟှာ သော့‑က်ဟှို့ရေပေးပါ။ အယ်မျိုးပြုရှင်းအားဖြင့် နန်ဟှာ သူ့ရဲ့ ခေါန်းထတ်မာ မီးခဲဟှို ပေါင်ဟှားလေ့မယ်” ဆိုဘီး ဖော်ပြဟှားဟှယ်။
ROM 12:21 ဆိုးအားဖြင့် ရှောင်းခံန၊ ကောန်းအားဖြင့်ဘဲ့ ဆိုးဟှိုနိုင်ယူပါ။
ROM 13:1 လူတိုင်း စိုးရမန်းရဲ့ မိန့်အာဏာဟှို လိုက်နာဂေ့ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ ဘုရားသခင်ရဲ့ ခွမ့်မှေ့ဘဲနေဟှာ၊ မန်းအာဏာဆိုဇာလည်း မှေ့ဟှ။ အာဏာပိုင်လေ ဂူလောင်းဟှို ဘုရားသခင် ခန့်အပ်ဟှားကြောန့် ဖြစ်ဟှယ်။
ROM 13:2 အယ်ကြောန့်၊ မန်းရဲ့ ခွမ့်အာဏာဟှို လွန်ဆန်သူဟှာ ဘုရားသခင်ဟှို လွန်ဆန်သူ ဖြစ်ဟှယ်။ အယ်မျိုးပြုဟှူ သူလေဟှာ ပြစ်စီရင်ရှင်းဟှို ခံရမယ်။
ROM 13:3 မန်းဆိုဇာဟှ ကောန်းဟှူ ကျင့်ဟှို ကျင့်ဟှူသူလေ ကြော့‑က်ရဟှို့ မှုဘဲန ကောန်းဘဲကျင့်လေဟှို ပြုကျင့်သူလေ ကြော့‑က်ရဟှို့ ဖြစ်ဟှယ်။ မန်းရဲ့ ခွမ့်အာဏာဟှို ကြော့‑က်ဘဲန နေရှင်လော။ အယ်ဆိုဟှာ ကောန်းဟှူ ကျင့်ဟှို ကျင့်ပါ။ အယ်မျိုးကျင့်ဟှယ် ဆိုဟှာ သူရဲ့ ချီးမွမ်းရှင်းဟှို ခံရလေ့မယ်။
ROM 13:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မန်းဟှာ နန်းနို့လေရဲ့ ကျိုးတွပ် ဘုရားသခင်ရဲ့ စေခံကျွန်လေဖြစ်ဟှယ်။ ကောန်းဘဲကျင့်ဟှို ကျင့်ဟှယ် ဆိုဟှာ ကြော့‑က်ဂေ့ပါ။ သူဟှာ ထားဟှို သတ်သတ်မဲ့ ကိုင်ဟှားဇာ မှုဟှ။ သူးနို့လေဟှာ ဘုရားသခင်ရဲ့ စေခံကျွန်လေဖြစ်ကြောန့် ကောန်းဘဲဟှူ ကျင့်လေဟှို ကျင့်ဟှူသူလေဟှို ဘုရားသခင်ကိုယ်စား ပြစ်ဒန်စီရင်သူလေဖြစ်ဟှယ်။
ROM 13:5 အယ်ကြောန့် ပြစ်ဒန်ဟှို ကြော့‑က်ဟှိကြောန့် မန်းအာဏာရဲ့ အောက်စိုးမှုဟှို ဝန်ခံဇာ မှုဘဲန၊ ဘုရားသခင်ရဲ့ စီရင်ရှင်းဟှို ကြော့‑က်ဟှိကြောန့်လည်း မှုဘဲန ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ထော့‑က်ဘီးဟှာ ဝန်ခံရမယ်။
ROM 13:6 အယ်ကြောန့် နန်းနို့လေ အခွန်ဟှို ပေးဆောန်ဂေ့ပါ။ စိုးရအာဏာပိုင်လေဟှာ သူးနို့တာဝန်ဟှို ကျေပွန်အောန် ထမ်းဆောန်နေဟှူ ဘုရားသခင်ရဲ့ မှုဆောန်လေဖြစ်ဟှယ်။
ROM 13:7 အယ်ကြောန့် နန်းနို့လေ ပေးဆောန်ဇာရှိဟှူတိုင်း ပေးဆောန်ဂေ့ပါ။ ခွန်ခံထိုက်ဟှူသူဟှို ခွန်ပေးဂေ့ပါ။ ကြော့‑က်ထိုက်ဟှူသူဟှို ကြော‑က်ဂေ့ပါ။ ရိုသေထိုက်ဟှူသူဟှို ရိုသေဂေ့ပါ။
ROM 13:8 ရှင်းရှင်း ရှစ်ရှင်းမြစ်တာကြွေးဟှနေဘီး ဖယ်ကြွေးဟှိုမှလည်း တန်စေန။ သူများဟှို ရှစ်ဟှူသူဟှာ ပညတ်တရားဟှို စောန့်ထီးဟှူသူဖြစ်ဟှယ်။
ROM 13:9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “အီထောန်ရေးဖော့‑က်ပ္လန်န၊ လူလေရဲ့သတ်ဟှို သတ်န၊ သူများအောက်စာဟှို ခိုးန၊ သူများအောက်စာဟှို တပ်မတ်လိုရှင်စိရှိန” ဆိုဟှူ ပညတ်ဟှစဘီး တခြားပညတ်လေ ဂူလောင်းဟှာ “ကိုယ်နစပ်ဆိုင်သူဟှို ကိုယ်နထပ်တူရှစ်ပါ” ဆိုဟှူ ပညတ်တခုဒဲမာ ပါဝမ်နေဇာဖြစ်ဟှယ်။
ROM 13:10 ရှစ်ရှင်းမြစ်တာရှိဟှူသူဟှာ ကိုယ်နစပ်ဆိုင်သူရဲ့ကျိုးဟှို ဖျစ်ဆီးတတ်ဟှ။ အယ်ကြောန့် ရှစ်ရှင်းမြစ်တာဟှာ ပညတ်တရားလေ ဂူလောင်းရဲ့ ပ္လဲ့ဇောင်ရာ ဖြစ်လေဟှယ်။
ROM 13:11 နန်းနို့လေဟှာ အိမွိရာဟှနေဘီး နိုးထရဟှို့ခီ ရော့‑က်လာဘီ ဖြစ်ဟှူကြောန်းဟှို သိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေ ကယ်တန်ရှင်းခံရဟှို့ နေ့ရစ်ကာလဟှာ ယောင်ကြည်ခါစဒူးဟှထတ် ပိုဘီး နီးကပ်လာကြောန့် ဖြစ်ဟှယ်။
ROM 13:12 ညဉ့်ခီကူဘီး နေ့ခီဟှို ရောက်ဟှမယ် ဖြစ်ဟှူကြောန့် မှောန်မိုက်ရဲ့ ကျင့်လေဟှို ဖယ်ရှားဘီးဟှာ လန်းရောန်ရဲ့ လတ်နတ်စောင်ဟှို ဝတ်ဆင်ဂေ့ဇို့။
ROM 13:13 ပွဲလောက်ဟှူဇာလေ၊ မောယစ် သော့‑က်စားဇာလေ၊ တရားဘဲဟှူ မေထုန်ဟှို မှီဝဲဇာလေ၊ ကိလေသာညစ်ညူးဇာလေ၊ ရန်ဖြစ်ဇာလေန ဂေါင်ပြိုင်ဝါကြွားဇာလေဟှို ရှောန်ဘီးဟှာ လန်းရောန်မာ ကျင်လည်ဟှူသူမျိုး အသရေရှိအောန် ကျင့်သောင်းဂေ့ဇို့။
ROM 13:14 သခင်ယေရှုခရစ်တော်ဟှို ဝတ်ဆင်ဂေ့ပါ။ ဇာတိသွီးသား တတ်မတ်ရှင်းနော့‑က်ဟှို လိုက်ဂေ့န။
ROM 14:1 ယောင်ကြည်ရှင်းအားနဲသူလေဟှို လတ်ခံဂေ့ပါ။ အယ်ဘေမဲ့ သူခံယူဇာန ပတ်သတ်ဘီး ဂြင်းခူလောက်ဂေ့န။
ROM 14:2 တချို့သူလေဟှာ စားဇာဘောန်းဇောင်ဟှို စားအပ်ဟှယ် ဆိုဘီး ယောင်ကြည်ဂေ့ဟှယ်။ အားနဲဟှူသူဟှာ ဟန်းသီးဟန်းဝပ်လေဟှိုဘဲ့ စားတတ်ဟှယ်။
ROM 14:3 စားဇာဘောန်းဇောင်ဟှို စားဟှူသူဟှ စားဘဲနေသူဟှို ထီမဲ့မြင်လောက်န။ စားဘဲနနေဟှူသူဟှလည်း စားဟှူသူဟှို စစ်ကြောစီရင်န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ဟှို လတ်ခံတော်မူဘီ။
ROM 14:4 နန်ဟှ ဖယ်မျိုးဟှူသူဖြင့်ကြောန့် သူများပိုင်ဟှူ စေခံဟှို စစ်ကြောစီရင်ဟှယ်နူး။ သူဟှာ သူ့သခင် စီရင်ဇာအားဖြင့် ပြစ်လွတ်ရှင်းန ပြစ်စီရင်ရှင်းဟှို ရော့‑က်လေ့မယ်။ သူဟှာ ပြစ်လွတ်လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ သူ့ရဲ့ပြစ်ဟှို လွတ်ပေးဟှို့တွပ် တတ်နိုင်တော်မူဟှယ်။
ROM 14:5 တချို့လူလေဟှာ နေ့ရစ်တရစ်ထတ် တရစ်ဟှာ ပိုဘီး ရေးကီးဟှယ် ဆိုဘီး စီရင်ဂေ့ဟှယ်။ တချို့လူလေဟှလည်း နေ့ရစ်တိုင်းဟှာ တူးဒူဘဲ့ဖြစ်ဟှယ် ဆိုဘီး ယူဆဂေ့ဟှယ်။ လူတိုင်း ကိုယ့်ရဲ့ယောင်ကြည်ချစ်တိုင်း ခိုင်မြဲပါစေ။
ROM 14:6 နေ့ရစ်ဟှို စောန့်ထီးဟှူသူဟှာ ဘုရားသခင်တွပ် စောန့်ဟှယ်။ စားဟှူသူဟှလည်း ဘုရားသခင်ဟှို ထော့‑က်ဘီး စားဟှယ်။ စားဘဲနေဟှူ သူဟှလည်း ဘုရားသခင်ဟှိုထော့‑က်ဟှူကြောန့် စားဘဲနနေဘီး ကျေးဇူးတော်ဟှို ချီးမွမ်းဝန်ခံလေဟှယ်။
ROM 14:7 နို့လေထဲမာ ဖယ်သူဟှလည်းဘဲ့ ကိုယ့်တွပ် သတ်ရှင်ဟှ။ ဖယ်သူဟှလည်း ကိုယ့်တွပ် သေဟှ။
ROM 14:8 နို့လေ သတ်ရှင်ဟှာ သခင်ဘုရားတွပ်ဖြစ်ဘီး သေဟှာလည်း သခင်ဘုရားတွပ် ဖြစ်ဟှယ်။ အယ်ကြောန့် နို့လေသတ်ရှင်နေဟှူဘဲ့ဖြစ်ဖြစ်၊ သေဟှူဘဲ့ဖြစ်ဖြစ် သခင်ဘုရား ပိုင်ဆိုင်လေဟှယ်။
ROM 14:9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ဟှာ သေဟှူသူလေ သတ်ရှင်ဟှူသူလေရဲ့ စိုးရဟှူ သခင်ဖြစ်ဟှို့တွပ် သေခံဘီး ရှင်ပ္လန်ထမြော့‑က်တော်မူလေဟှယ်။
ROM 14:10 အယ်ကြောန့် နန်းနို့လေဟှာ ဖြားဖြစ်ဟှိ ကိုယ့်ညီကို မောန်နှမလေဟှို လိုက်စစ်ကြောစီရင်နေနူး။ ဖြားဖြစ်ကြောန့် ထီမဲ့မြင်ပြုရနူး။ နို့လေဂူလောင်းဟှာ ဘုရားသခင်ရဲ့ တရားပလ္လင်ရှေ့ဟှို ရော့‑က်ရဂေ့မယ်။
ROM 14:11 ကျမ်းစာလာဟှူဇာဟှ၊ “ငါသတ်ရှင်ဟှူတိုင်း၊ ငါ့ရှေ့မာ လူတိုင်း ဒူးထော့‑က်ရမယ်, ငါဟှာ ဘုရားသခင်ဖြစ်ကြောန်းဟှို လူတိုင်း နှောက်နဝန်ခံရမယ်” ဆိုဘီး ဘုရားသခင် မိန့်တော်မူလေဟှယ်။
ROM 14:12 အယ်ကြောန့် နို့လေဂူလောင်းဟှာ ဘုရားသခင်ရဲ့ စစ်ကြောတော်မူရှင်းဟှို ခံရဂေ့မယ်။
ROM 14:13 အယ်ကြောန့် နို့လေဟှာ နော့‑က်ထပ် ရှင်းရှင်းဟှို စစ်ကြောစီရင်ဘဲန နေဂေ့ဇို့။ ညီကို မောန်နှမဟှို ထိမိလဲတတ်ဟှူ မှုရာလေဟှို ကြံစည်ဂေ့န။
ROM 14:14 ဖယ်စားဇာလည်း နဂိုတိုင်း ညစ်ညူးဟှ ဆိုဇာဟှို သခင်ယေရှုအားဖြင့် ငါမှန်းမှန်သိဟှယ်။ အယ်ဘေမဲ့လည်း ညစ်ညူးဟှယ် ဆိုဘီး နန်းနို့ယောင်ကြည်ဟှာ ယောင်ကြည်ဟှူသူတွပ် အယ်စားဇာဟှာ ညစ်ညူးဟှယ်။
ROM 14:15 တကယ်ဟှိ နန်ဟှာ ကိုယ်စားဟှူစားဇာအားဖြင့် ညီကို မောန်နှမဟှို ထိမိဘီး လဲစေဟှယ် ဆိုဟှာ နန်ဟှာ မြစ်တာတရားဟှို ကျင့်ဘဲနေဇာ ဖြစ်ဟှယ်။ ခရစ်တော်ရဲ့ သေခံတော်မူဟှူ ကျေးဇူးတော်ဟှို ခံရဟှူသူဟှို နန့်ရဲ့စားဇာအားဖြင့် ကျိုးနဲစေန!
ROM 14:16 နန်းနို့ ကောန်းဟှယ် ဆိုဘီး ယောင်ကြည်ခံယူဇာဟှို သူများကဲ့ရဲ့စေန။
ROM 14:17 ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ စားသော့‑က်န တည်ဟှူဇာ မှုဟှ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ခံရဟှူ ဖြောန့်မတ်ရှင်း၊ ငြီသတ်ရှင်း၊ ဝန်းသာရှင်းလေနဘဲ့ တည်ဟှယ်။
ROM 14:18 အယ်မျိုးကျင့်ဘီး ခရစ်တော်ရဲ့မှုတော်ဟှို ဆောန်ရွပ်ဟှူသူလေဟှာ ဘုရားသခင်ရှေ့တော်မာ နှစ်သက်ဖွယ်ဖြစ်ဘီး လူလေလည်း ချီးမွမ်းဂေ့ဟှယ်။
ROM 14:19 အယ်ကြောန့် ငြီးငြီးချမ်းချမ်းနေထိုင်ဇာန ပတ်သတ်ဟှူကြောန်းရာလေဟှို ပြုစုပေးဘီးဟှာ ရှင်းရှင်း တယော့‑က်ဟှိုတယော့‑က် နို့လေ မြဲဒမ်း တည်ဆော့‑က်ပေးဟှို ပေးရမယ်။
ROM 14:20 ဘုရားသခင်ရဲ့မှုတော်ဟှို နန့်ရဲ့စားဇာအားဖြင့် ဖျစ်ဆီးန။ စားဇာဘောန်းဇောင်ဟှာ စင်ကြယ်ဟှယ်။ အယ်ဘေမဲ့ သူများထိမိဘီး လဲတတ်ဟှူစားဇာဟှို စားဟှူသူဟှာ ပြစ်ဖြစ်ဟှယ်။
ROM 14:21 မဲသားဟှို စားဟှူဇာန စဗျစ်ဝိုင်ဟှို သော့‑က်ဟှူဇာအားဖြင့် ညီကို မောန်နှမဟှို ထိမိဘီးလဲဇာ ဖြစ်ဘဲနေအောန် ရှောန်သင့်ဟှယ်။
ROM 14:22 နန်ယောင်ကြည်ရှင်းရှိမယ် ဆိုဟှာ ကိုယ့်ဖာသာ ဘုရားသခင်ရှေ့မာ ရှိပါစေ။ ကိုယ်လတ်ခံဟှူဇာအားဖြင့် ကိုယ့်ကိုယ်ကိုယ် စစ်ကြောစီရင်ဘဲသူဟှာ မင်္ဂလာရှိဟှယ်!
ROM 14:23 အယ်ဘေမဲ့ သံသယစိန တခုခုဟှိုစားဟှူသူဟှာ ဘုရားသခင်ရဲ့ စီရင်ရှင်းဟှို ခံရလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောင်ကြည်ရှင်းမှေ့ဘဲကြောန့် ဖြစ်ဟှယ်။ ယောင်ကြည်ရှင်းမှေ့ဘဲန ကျင့်ဟှူဇာမှန်ဟှူမျှလည်း ပြစ်ဖြစ်ဟှယ်။
ROM 15:1 အယ်ကြောန့် ယောင်ကြည်ရှင်းခိုင်ခံ့ဟှူ နို့လေဟှာ အားနဲဟှူသူလေရဲ့ အားနဲရှင်းလေဟှို ထော့‑က်ရှုပေးရမယ်။ ကိုယ့်လိုဟှိုလိုက်ဘီး လောက်ဆောန်သင့်ဟှ။
ROM 15:2 နို့လေဂူလောင်းဟှာ ယောင်ကြည်မှုအားနဲဟှူ ညီကို မောန်နှမလေဟှို ယောင်ကြည်ရှင်း ခိုင်မာလာစေဟှို့တွပ် သူးနို့လေရဲ့ ကောန်းကျိုးဟှို ထော့‑က်ဘီးဟှာ သူးနို့လိုဟှို လိုက်ဘီး တည်ဆော့‑က်ပေးသင့်ဟှယ်။
ROM 15:3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ဟှာ ကိုယ့်လိုဟှို လိုက်ဟှ။ ကျမ်းစာလာဟှူဇာဟှ “ကိုယ်တော့်ဟှို ကဲ့ရဲ့ဟှူသူလေရဲ့ စကားဟှာ ကျွန်တော့်ထတ်ဟှို ရော့‑က်ပါဟှယ်” ဆိုဘီး လာလေဟှယ်။
ROM 15:4 ကျမ်းစာမာ ဖော်ပြဘီး ရေးဟှားဟှူ ရှိမျှဂူလောင်းဟှာ နို့လေဟှို သွန်သန်ဆောင်းမဟှို့တွပ် ရေးဟှားဇာ ဖြစ်ဟှယ်။ အယ်မျိုး ဖော်ပြရဇာဟှ နို့လေဟှာ ကျမ်းစာတော်မာရရှိဟှူ သီးခံရှင်းန နှစ်သိမ့်မှုလေအားဖြင့် မျှော်လင့်ရှင်းရှိဟှို့တွပ် ဖြစ်ဟှယ်။
ROM 15:5 နန်းနို့လေ ဂူလောင်းဟှာ ခရစ်တော်ယေရှုရဲ့ ပေါင်သတ်သေဟှို လိုက်ရှော့‑က်ဘီး တစိတဝန်းဒဲရှိဟှို့တွပ် သီးခံရှင်းန နှစ်သိမ့်မှုရဲ့ သခင် ဘုရားသခင်ဟှာ နန်းနို့လေဟှို ကူမတော်မူပါစေ။
ROM 15:6 အယ်မျိုးမှ နန်းနို့လေ ဂူလောင်းဟှာ တလောင်းတဝဒဲန နို့လေရဲ့သခင် ယေရှုခရစ်တော်ရဲ့ ဖ ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းနိုင်ဂေ့လေ့မယ်။
ROM 15:7 အယ်ကြောန့် ခရစ်တော်ဟှာ နန်းနို့ဟှို လတ်ခံဟှူမျိုး ဘုရားသခင်ရဲ့ ဖောင်းသရေတော် ထန်ရှားစေဟှို့တွပ် ရှင်းရှင်း တယော့‑က်ဟှိုတယော့‑က် လတ်ခံဂေ့ပါ။
ROM 15:8 နော့‑က်ထပ် ငါပြောရှင်ဇာဟှ ခရစ်တော်ဟှာ ဘုရားသခင်ရဲ့ သမ္မာတရားဟှို ထန်ရှားစေဟှို့တွပ် ရေဖျားလှီးဟှားဟှူ သူလေရဲ့ စေခံဖြစ်တော်မူဟှယ်။ အယ်မျိုး ဖြစ်ဟှူဇာဟှ ရှေးဘိုးဘေးလေဟှို ပေးဟှားဟှူ ဂဒိတော်လေဟှို တည်မြဲစေဟှို့တွပ်န၊
ROM 15:9 လူမျိုးခြားလေလည်း ကရုဏာတော်ကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ ကျမ်းစာတော်ဟှ၊ “အယ်ကြောန့် ကျွန်တော်ဟှာ လူမျိုးခြားလေထဲဟှနေ ကိုယ်တော့်ဟှို ချီးမွမ်းပါမယ်။ ကိုယ်တော့်ဟှို ထောမနာသီချင်း ဆိုပါမယ်” ဆိုဘီး ဖော်ပြဟှူတိုင်းဘဲ့ ဖြစ်လေဟှယ်။
ROM 15:10 နော့က်ဘီး ကျမ်းစာဟှ၊ “လူမျိုးခြားလေ ဘုရားသခင်ရဲ့ လူမျိုးတော်လေနတူးဒူ ဝန်းသာဂေ့ပါ!” ဆိုဘီး လာလေဟှယ်။
ROM 15:11 နော့‑က်ဘီး လာဇာဟှ၊ “လူမျိုးခြားပေါန်းလေ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ပါ! လူနွယ်ပေါန်းလေ ကိုယ်တော့်ဟှို ချီးမွမ်းဂေ့ပါ” ဆိုဘီး လာလေဟှယ်။
ROM 15:12 နော့‑က်ဘီး ဟေရှာယပြောဇာဟှ၊ “ယေရှဲရဲ့သစ်ပြစ် ပေါ့‑က်လေ့မယ်။ အယ်သူဟှာ လူမျိုးခြားလေဟှို အောက်စိုးဟှို့သူ ဖြစ်ဟှူကြောန့် အယ်သူဟှို လူမျိုးခြားလေ မျှော်လင့်ကိုးစားလေ့မယ်” ဆိုဘီး ပြောဟှားလေဟှယ်။
ROM 15:13 နန်းနို့လေဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ တဂိုးတော်အားဖြင့် မျှော်လင့်ရှင်းန ကြွယ်ဝဟှို့တွပ် မျှော်လင့်ရှင်းရဲ့ရှင် ဘုရားသခင်ဟှာ ယောင်ကြည်ရှင်းဟှလာဟှူ ဝန်းသာဇာဘောန်းဇောင်န ငြီသတ်ရှင်းဟှို ပေးသနားတော်မူပါစေ။
ROM 15:14 ညီကို မောန်နှမလေ နန်းနို့လေဟှာ ကောန်းမြတ်ဟှူ ပါရမီ သိပညာဘောန်းဇောင်န ပ္လဲ့ဝဘီး ရှင်းရှင်း သွန်သန်နိုင်ဂေ့မယ် ဆိုဇာဟှို ငါစိခ္လ ယောင်ကြည်ပါဟှယ်။
ROM 15:15 အယ်ဘေမဲ့ အယ်စာမာ တချို့ကြောန်းရာလေန ပတ်သတ်ဘီး နန်းနို့လေဟှို ဒိပေးရာမာ ငါ့ဟှို ဘုရားသခင် ပေးသနားဟှူ ကျေးဇူးတော်ဟှို မှီပြုဘီး ရဲရဲရင့်ရင့် ရေးဟှားဇာဖြစ်ဟှယ်။
ROM 15:16 အယ်မူခွမ့်ရေးဟှာ လူမျိုးခြားလေတွပ် မှုတော်ဆောန်ဟှို့ ခရစ်တော်ယေရှုရဲ့ စေခံဖြစ်ရဟှူ ခွမ့်ထူးဘဲ့ဖြစ်ဟှယ်။ လူမျိုးခြားလေဟှာ ဘုရားသခင် နှစ်သက်ဖွယ်ရာ ပူဇော်သကာဖြစ်န ဘုရားသခင်ဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှ ဆစ်ကပ်ဟှူသူလေ ဖြစ်လာဟှို့တွပ် ငါဟှာ ယဇ်ပုရောဟိတ် တာဝန်ဟှို ထမ်းဆောန်ဘီး ဘုရားသခင်ရဲ့ ဒန်းကောန်းဟှို ဟောပြောကြေညာပါဟှယ်။
ROM 15:17 အယ်ကြောန့် ငါဟှာ ဘုရားသခင်န စပ်ဆိုင်ဟှူ ရာလေနှိုက် ခရစ်တော် ယေရှုအားဖြင့် ဝါကြွားဇာကြောန်းရှိဟှယ်။
ROM 15:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူမျိုးခြားလေဟှာ နာခံမှုရှိစေဟှို့တွပ် ခရစ်တော်ဟှာ ငါ့ဟှို သုံးပြုဘီး တရားစကားန လောက်ဆောန်ရှင်းအားဖြင့်ရော၊
ROM 15:19 နိမိတ်လတ်ခဏာလေန အံ့ဩဘွယ်ရာလေရဲ့ တဂိုးအားဖြင့်ရော ဘုရားသခင်ရဲ့ ဝိညာဉ်တော် တဂိုးအားဖြင့်ရော၊ ပြုတော်မူဟှူ ဇာလေဟှနေတခြား ငါဟှာ ဖယ်ဇာဟှိုမှ ရဲရဲဝံ့ဝံ့ ပြောရှင်ဟှ။ အယ်မျိုးဖြစ်ကြောန့် ငါဟှာ ယေရုရှလင်ဗြို့ဟှနေ ဣလုရိတ်ပြည်ထိ ရော့‑က်ဟှူနေရာတိုင်းမာ ခရစ်တော်ရဲ့ ဒန်းကောန်းဟှို ကူစင်အောန် ဟောပြောဟှယ်။
ROM 15:20 အယ်မျိုး တခြားလူလေ ခ္လဟှားဟှူ အုပြစ်ထတ်မာ ငါဆစ်ဘီး တည်ဆော့‑က်ဟှ။ ခရစ်တော်ရဲ့ နာမဟှို ကြားဖူးသေးဘဲဟှူ နေရာလေမာ ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် စေတနာစိန ငါကြိုးစားအားထုလေ့ရှိဟှယ်။
ROM 15:21 အယ်မျိုးဘဲ့ ကျမ်းစာလာဇာဟှ၊ “အယ်သူရဲ့ ကြောန်းဟှို ဖယ်သူလည်း ပြဖူးဘဲနေဟှူလည်းဘဲ့ ဗြင်ဂေ့လေ့မယ်။ ကြားဖူးဘဲဟှူသူလေဟှာ နားလည်ဂေ့လေ့မယ်” ဆိုဘီး လာလေဟှယ်။
ROM 15:22 အယ်မူကြောန်းကြောန့်၊ ငါဟှာ နန်းနို့လေနားဟှို လာဟှို့တွပ် ခါဘီးခါ ကြိုးစားဟှူလည်းဘဲ့ တားဆီးခံရဟှယ်။
ROM 15:23 အယ်ဘေမဲ့လည်း ခုခီမာ ငါဟှာ အယ်ဒေသလေမာ လောက်ဆောန်သင့်ဟှူ မှုကိစလေဟှို လောက်ဆောန်ဘီးဟှာ နန်းနို့လေနားဟှို လာဟှို့တွပ် နှစ်ပေါန်း ဘောင်ဂီးဟှနေဘီး ဆန္ဒရှိဟှူတိုင်း၊
ROM 15:24 စပါနိပြည်ဟှို ငါသွားဟှူ ခီမာ နန်းနို့လေဟှို ဗြင်တွိရှင်ကြောန့် လည်လာရင်းန ဝမ်လာဟှို့ စိကူးဟှားဘီး၊ နန်းနို့လေနားမာ ရှစ်ဟှား တဲခိုဘီးဟှာ စပါနိပြည်ဟှို ခရီးသွားဟှို့တွပ် ငါ့ဟှို ကူညီပေးလေ့မယ် ဆိုဘီး မျှော်လင့်ဟှားပါဟှယ်။
ROM 15:25 ခု ငါဟှာ သန့်ရှင်းသူလေရဲ့ မှုဟှို လောက်ကျွေးပြုဟှို့တွပ် ယေရုရှလင်ဗြို့ဟှို သွားရမယ်။
ROM 15:26 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မာကေဒေါနိ ပြည်သားလေန အခါယ ပြည်သားလေဟှာ၊ ယေရုရှလင်ဗြို့မာရှိဟှူ ဆင်းရဲဟှူ သန့်ရှင်းသူလေဟှို ကူညီ ထော့‑က်ပံ့ပေးဟှို့တွပ် စေတနာစိ ရှိဂေ့ကြောန့်ဖြစ်ဟှယ်။
ROM 15:27 သူးနို့လေ စေတနာစိရှိဟှူဇာ မှန်ဟှူလည်းဘဲ့ ယုဒလူမျိုးလေဟှို ကူညီ ထော့‑က်ပံ့ပေးဟှို့တွပ် တာဝန်ရှိပါဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယုဒလူမျိုးလေဟှာ သူးနို့ခံစားရဟှူ ဝိညာဉ်ဆုကျေးဇူးလေဟှို လူမျိုးခြားလေဟှို ဝီမျှခံစားစေဟှူကြောန့်၊ လူမျိုးခြားလေဟှလည်း ယုဒလူမျိုးလေရဲ့ ရောက်ပိုင်းဆိုင်ရာ အောက်စာလေဟှို ဝီငှပေးကမ်းသင့်ပါဟှယ်။
ROM 15:28 အယ်ကြောန့် အယ်မှုဟှို လောက်ဆောန်ဘီး လှူငွေလတ်ဆောန်ဟှို သူးနို့လတ်ထဲဟှို အပ်ပေးဘီးဟှာ နန်းနို့ဟှို ဝမ်တွိဘီးဟှာ စပါနိပြည်ဟှို သွားမယ်။
ROM 15:29 နန်းနို့နားဟှို ငါလာဟှူ ခီမာ ခရစ်တော်ရဲ့ ကောန်းဂျီးန ပ္လဲ့ဝဘီး ရော့‑က်လာမယ် ဆိုဇာဟှို ငါသိဟှယ်။
ROM 15:30 ညီကို မောန်နှမလေ နို့လေရဲ့ သခင် ယေရှုခရစ်တော်န ဝိညာဉ်တော်ဟှ ပေးသနားဟှူ ရှစ်ရှင်းမြစ်တာဟှို မှီပြုဘီးဟှာ ငါ့တွပ် ငါ့နတူးဒူ ဘုရားသခင်ထံတော်မာ စိအားထတ်သန်ဘီးဟှာ ဆုတောန်းပေးဟှို့တွပ် နန်းနို့လေဟှို ငါတိုက်တွန်းနှိုးဆော်ရှင်ဟှယ်။
ROM 15:31 ယုဒပြည်မာရှိဟှူ ယောင်ကြည်ဘဲဟှူသူ ယုဒလူမျိုးလေရဲ့ ဘေးရန်ဟှနေ လွတ်ကင်းဟှို့တွပ်န ယေရုရှလင်ဗြို့မာ ငါကူညီမဇရှင်းမှုရာဟှို သန့်ရှင်းသူလေ နှစ်သက်ဘီး ဝန်းသာအားရန လတ်ခံနိုင်အောန် ဆုတောန်းဂေ့ပါ။
ROM 15:32 ဘုရားသခင် လိုတော်ရှိဟှယ် ဆိုဟှာ ငါဟှာ ဝန်းမြော့-က်ရှင်းန နန်းနို့နားဟှို လာဘီး နန်းနို့လေနတူးဒူ ပျော်ပျော်ရွှင်ရွှင်န နားရဟှူခွမ့်ဟှို ရပါလေ့မယ်။
ROM 15:33 ငြီသတ်ရှင်းရဲ့ရှင် ဘုရားသခင်ဟှာ နန်းနို့လေနတူးဒူ ရှိတော်မူပါစေ။ အာမင်။
ROM 16:1 ကင်ခြေဗြို့ သင်းတော်ဟှ သင်းထော့‑က်ဖြစ်ဟှူ နို့လေရဲ့ညီမ ဖိဗေဟှို နန်းနို့လေဆီဟှို မိဆစ်ပေးဘီး အပ်လိုပါဟှယ်။
ROM 16:2 သန့်ရှင်းဟှူသူလေ ပြုသင့်ဟှူတိုင်း သခင်ဘုရားဟှိုထော့‑က်ဘီးဟှာ သူ့ဟှိုလတ်ခံဂေ့ပါ။ ကူညီလိုအပ်ဟှူရာလေဟှို သူ့ဟှိုကူညီမဇဂေ့ပါ။ သူဟှာ ငါ့ဟှစဘီး လူဘောင်ဂီးဟှို ကူညီမဇဟှူသူဖြစ်ပါဟှယ်။
ROM 16:3 ခရစ်တော်ယေရှုနှိုက် ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ်ဖြစ်ဟှူ ပြစ်ကိလန အာကုလဟှိုလည်း နှောက်ဆစ်ဂေ့ပါ။
ROM 16:4 သူးနို့လေဟှာ ငါ့တွပ် သတ်ပေးဟှို့ ဝန်လေးဘဲသူလေဖြစ်ဟှယ်။ သူးနို့ရဲ့ကျေးဇူးဟှို ငါတယော့‑က်ထဲ ဝန်ခံရှင်းမှုဘဲန လူမျိုးခြားလေရဲ့ သင်းတော်လေဟှလည်း ဝန်ခံဂေ့ဟှယ်။
ROM 16:5 သူးနို့အီမာ စုဘီးဝတ်ပြုဟှူ သင်းတော်ဟှိုလည်း နှောက်ဆစ်ဂေ့ပါ။ အာရှပြည်မာ ရင်ဦးဆောင်း ခရစ်တော်ဟှို ယောင်ကြည်ဟှူ ငါရှစ်ရဟှူ ငါ့မိတ်ဆွေ ဧပဲနက်ဟှို နှောက်ဆစ်ဂေ့ပါ။
ROM 16:6 နန်းနို့လေတွပ် ရရာတိုင်း ကြိုးစားဘီး လောက်ကျွေးပြုဟှူ မာရိဟှိုလည်း နှောက်ဆစ်ဂေ့ပါ။
ROM 16:7 ငါ့ရဲ့လူမျိုးဖြစ်ဟှူ ငါနတူးဒူ ကျဉ်းခ္လခံရဟှူ အန္ဒြောနိတ်န ယုနိ ဟှို နှောက်ဆစ်ဂေ့ပါ။ သူးနို့လေဟှာ တမန်တော်လေ ကြားမာ ထန်ပေါ်ဟှူ သူလေဖြစ်ဘီး ငါ့ထတ်ရင်ဦးဆောင်း ခရစ်တော်ဟှို ယောင်ကြည်ဟှူ သူလေဖြစ်ဟှယ်။
ROM 16:8 သခင်ဘုရားအားဖြင့် ငါရှစ်ရဟှူမိဆွေ အမ္ပလိဟှို နှောက်ဆစ်ဂေ့ပါ။
ROM 16:9 ငါ့နတူးဒူ ခရစ်တော်ရဲ့မှုတော်တွပ် စေခံဟှူ လောက်ဖော်ဆောန်ဖတ် ဥရဗန်န ငါရှစ်ရဟှူသား သတာခုဟှို နှောက်ဆစ်ဂေ့ပါ။
ROM 16:10 အပေလေဟှို နှောက်ဆစ်ဂေ့ပါ။ သူဟှာ ခရစ်တော်ဟှို သစ်စာရှိဘီး နှစ်သက်ဖွယ်ကောန်းဟှူသူ ဖြစ်ဟှယ်။ အာရိတ္တောဗုလုရဲ့ အီသူအီသားလေဟှိုလည်း နှောက်ဆစ်ဂေ့ပါ။
ROM 16:11 ယုဒလူမျိုးရှင်းဖြစ်ဟှူ ဟေရောဒျုန်ဟှို နှောက်ဆစ်ဂေ့ပါ။ သခင်ဘုရားနှိုက် တဗဲ့တော်လေဖြစ်ဟှူ နာကိသုရဲ့ အီသူအီသားလေဟှို နှောက်ဆစ်ဂေ့ပါ။
ROM 16:12 သခင်ဘုရားရဲ့မှုတော်ဟှို ကြိုးစားဘီး လောက်ဆောန်ဟှူမီးမ တရုဖဲနန တရုဖောသဟှို နှောက်ဆစ်ဂေ့ပါ။ ငါရရာတိုင်းရှစ်ရဟှူမိဆွေ ပေရသိဟှို နှောက်ဆစ်ဂေ့ပါ။ သူဟှာ သခင်ဘုရားရဲ့မှုတော်ဟှို ရရာတိုင်းကြိုးစားဘီး လောက်ဆောန်သူဖြစ်ဟှယ်။
ROM 16:13 သခင်ဘုရားဝီးကော့‑က်ခံရဟှူသူ ရုဖု န ငါ့ရဲ့မိခင်မျိုးဖြစ်ဟှူ သူ့မိဟှိုလည်း နှောက်ဆစ်ဂေ့ပါ။
ROM 16:14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေဟှစဘီး သူးနို့နတူးဒူနေဟှူ ညီကို မောန်နှမလေဟှို နှောက်ဆစ်ဂေ့ပါ။
ROM 16:15 ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုညီမန ဩလုမ္ပဟှနေစဘီး သူးနို့နတူးဒူနေဟှူ သန့်ရှင်းသူလေဟှို နှောက်ဆစ်ဂေ့ပါ။
ROM 16:16 ယော့‑က်နယော့‑က် သန့်ရှင်းဟှူနမ်းန နှောက်ဆစ်ဂေ့ပါ။ ခရစ်တော်ရဲ့ သင်းတော်အားလောင်းဟှ နန်းနို့လေဟှို နှောက်ဆစ်လိုက်ပါဟှယ်။
ROM 16:17 ညီကို မောန်နှမလေ နန်းနို့ခံယူဘီးဟှူ ဆောန်းမဩဝါဒန ဆန့်ကျင်ဖတ်ဖြစ်ဟှူ သင်းခွဲဘီး ရှင်းရှင်းစိဝန်းကွဲအောန် ယောင်ကြည်မှု မှားယွင်းအောန် လောက်ဟှူ သူလေဟှို ဒိန ရှောန်ရှားဟှို့တွပ် နန်းနို့ဟှို ငါတိုက်တွန်းပါဟှယ်!
ROM 16:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ နို့လေရဲ့ သခင် ခရစ်တော်ရဲ့ မှုဟှို ဆောန်ရွပ်ဘဲန သူးနို့ရဲ့ ဝန်းဇာတွပ်ဘဲ့ လောက်ဆောန်သူလေ ဖြစ်ဟှယ်။ သူးနို့လေဟှာ နူးညံ့ချိုသာဟှူ စကားန မ္လော့‑က်ပြောဘီးဟှာ စိကောန်းရှိဟှူ သူလေန ရိုးသားသူလေဟှို လှည့်ဇားတတ်ဂေ့ဟှယ်။
ROM 16:19 နန်းနို့လေရဲ့ နာခံမှုရှိဟှူကြောန်းဟှို လူလေ ဘောင်ဂီးရှေ့မာ ထန်ရှားဟှူကြောန့် နန်းနို့လေထတ်မာ ငါဝန်းသာပါဟှယ်။ အယ်ဘေမဲ့ နန်းနို့လေ ကောန်းဟှူ မှုမာ ပညာရှိဖြစ်ဘီး ကောန်းဘဲမှုလေမာ ပြစ်ကင်းသူလေ ဖြစ်ဟှို့တွပ် ငါလိုရှင်ဟှယ်။
ROM 16:20 ငြီသတ်ရှင်းရဲ့ သခင် ဘုရားသခင်ဟှာ စာတန်ဟှို နန်းနို့ရဲ့ ခေအော့‑က်မာ ကြာခန် နှိစစ်တော်မူလေ့မယ်။ နို့လေသခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့နတူးဒူ ရှိပါစေ။
ROM 16:21 ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ် တိမောသေန၊ ငါ့လူမျိုးရှင်းဖြစ်ဟှူ လုကိ၊ ယာသုန်၊ သောသိပတရုလေဟှ နန်းနို့ဟှို နှောက်ဆစ်ဂေ့ဟှယ်။
ROM 16:22 အယ်စာဟှို ရေးပေးဟှူ ကျွန်တော်တေရတိဟှာ ခရစ်တော်အားဖြင့် ညီကို မောန်နှမလေဟှို နှောက်ဆစ်ပါဟှယ်။
ROM 16:23 ငါ့န သင်းတော်တခုလောင်းဟှို လတ်ခံဧည့်ဝတ်ပြုဘီး သူ့အီဟှို ဘုရားဝတ်ပြုဟှို့တွပ် ဆစ်ကပ်ဟှို့နေရာပေးဟှူ ဂါယုဟှလည်း နန်းနို့လေဟှို နှောက်ဆစ်လိုက်ပါဟှယ်။ ဗြို့ဘဏ္ဍာစိုး ဧရတ္တုန နို့လေရဲ့ညီ ကွာတုလေဟှလည်း နန်းနို့လေဟှို နှောက်ဆစ်ဂေ့ဟှယ်။
ROM 16:24 
ROM 16:25 ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထောမနာပြုဂေ့ဇို့! ယေရှုခရစ်ကြောန်းဟှို ငါဟောပြောဟှူ ဒန်းကောန်းတိုင်း ရှေးကာလဟှနေဘီး ဖောင်းကွယ်ဘီး ဝှပ်ဟှားဟှူ မှန်တရား ပေါ်ထွပ်ထန်ရှားလာန ထပ်တူ ခရစ်တော်ယေရှုဟှာ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှို ခိုင်ခံ့စေနိုင်တော် မူဟှယ်။
ROM 16:26 အယ်ဘေမဲ့ ခုခီမာ အယ်မူဖောင်းကွယ်ဟှားဟှူ သမ္မာတရားဟှာ ပရောဖက်လေရဲ့ ကျမ်းလေအားဖြင့် ထန်ရှားလာဘီ။ လူဘောန်းဇောင်ဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဘီး ကိုယ်တော်ရဲ့ မိန့်တော်ဟှို နာခံလာဂေ့ဟှို့တွပ် နိစ္စထာဝရ သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ မိန့်တော်အားဖြင့် အယ်ဒန်းကောန်းဟှို ကြေညာတော်မူဘီ။
ROM 16:27 ဉာဏ်တော်အနန္တန ပ္လဲ့ဇောင်တော်မူဘီး တပါးဒဲရှိဟှူ ဘုရားသခင်ဟှာ ယေရှုခရစ်တော်အားဖြင့် ကမ္ဘာဆစ်ဆစ် ဖောင်းသရေတော် ကီးပါစေ! အာမင်။
1CO 1:1 ဘုရားသခင်ရဲ့ လိုတော်တိုင်း ယေရှုခရစ်တော်ရဲ့ တမန်တော်ဖြစ်န ခန့်အပ်ဟှူ ကျေးဇူးဟှို ခံရဟှူ ငါပေါလုန ငါ့ညီသုဿင်ဟှာ —
1CO 1:2 ကောရိန့်ဗြို့မာရှိဟှူ ဘုရားသခင်ရဲ့ သင်းဝမ်ဟှူ သူလေန နေရာတိုင်းမာရှိဟှူ နို့လေန သူးနို့လေရဲ့ သခင် ယေရှုခရစ်တော်ရဲ့ နာမတော်ဟှို ကိုးကွယ်ဟှူသူ ယေရှုခရစ်တော်နှိုက် တလောင်းတဝဒဲ ဖြစ်ရှင်းအားဖြင့် ဘုရားသခင်ရဲ့ သန့်ရှင်းဖြောန့်မတ်ဟှူ သူဖြစ် ဝီးကော့‑က်ခံရဟှူ လူတိုင်းနားဟှို စာရေးလိုက်ပါဟှယ်။
1CO 1:3 နို့လေရဲ့ သခင် ယေရှုခရစ်တော်န နို့လေရဲ့ဖ ဘုရားသခင်နားဟှနေဘီး ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့ ဂူလောင်းမာ ရှိပါစေ။
1CO 1:4 ယေရှုခရစ်တော်အားဖြင့် နန်းနို့လေဟှို ပေးသနားတော်မူဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောန့် ငါဟှာ နန်းနို့လေတွပ် နို့လေရဲ့ဘုရားသခင်ကျေးဇူးတော်ဟှို မြဲဒမ်း ချီးမွမ်းပါဟှယ်။
1CO 1:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ နှောက်သတ္တိ၊ ဉာဏ်သတ္တိန စစရာရာမာ ခရစ်တော်အားဖြင့် ကြွယ်ဝပ္လဲ့ဇောင်ဂေ့ဟှူကြောန့်၊
1CO 1:6 ယေရှုခရစ်တော်နဆိုင်ဟှူ သတ်သေခံချစ်ဟှာ နန်းနို့လေမာ တည်ပြုဟှူဇာဟှို ခံရလေဟှယ်။
1CO 1:7 အယ်ကြောန့် နို့လေရဲ့သခင် ယေရှုခရစ်တော် ပေါ်ထွပ်လာဟှူဇာဟှို မျှော်လင့်နေဟှူ ခီမာ ဆုကျေးဇူး တဇောင်တခုလည်း လျှော့ဘဲန စောင်လင်ဂေ့ဟှယ်။
1CO 1:8 နို့လေရဲ့သခင် ယေရှုခရစ်တော် ပေါ်ထွပ်လာဟှူနေ့ရစ်မာ ပြစ်တန်ခွမ့်န လွတ်ကင်းဟှို့တွပ်၊ ကိုယ်တော်ဟှာ ဆောင်းထိအောန်ဘဲ့ နန်းနို့ဟှို ခိုင်ခံ့စေလေ့မယ်။
1CO 1:9 သူ့ရဲ့ သားတော်ဖြစ်ဟှူ နို့လေရဲ့ သခင် ယေရှုခရစ်တော်ရဲ့ မိတ်သဟာယဖွဲ့ရှင်း ထဲဟှို နန်းနို့လေဟှို ခေါ်တော်မူဟှူ ဘုရားသခင်ဟှာ သစ်စာန ပ္လဲ့ဇောင်တော်မူလေဟှယ်။
1CO 1:10 ညီကို မောန်နှမလေ၊ နန်းနို့လေရှင်းရှင်း စိဝန်းကွဲရှင်းမှေ့ဘဲန စည်းစည်းလောင်းလောင်း ညီးညီညွတ်ညွတ်နေဘီး စိတူကိုယ်တူဖြစ်ဟှို့တွပ် သခင် ယေရှုခရစ်တော်ရဲ့ နာမတော်ဟှိုမှီပြုဘီးဟှာ နန်းနို့လေဟှို ငါတောန်းဗန်ပါဟှယ်။
1CO 1:11 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ညီကို မောန်နှမလေ နန်းနို့လေ ရှင်းရှင်း ရန်များဂေ့ဟှယ် ဆိုဇာဟှို ကလောဣ အီသူအီသားလေ ပြောပြဟှူကြောန့် ငါကြားသိရဟှယ်။
1CO 1:12 နန်းနို့လေဟှာ ရှင်းရှင်း စိဝန်းကွဲဟှူ စကားလေဟှို ပြောဂေ့ဟှယ်။ တယော့‑က်ဟှ “ငါဟှာ ပေါလုရဲ့တဗဲ့၊” တယော့‑က်ဟှလည်း “ငါဟှာ အာပေါလုရဲ့ တဗဲ့၊” နော့‑က်တယော့‑က်ဟှလည်း “ငါဟှာ ကေဖရဲ့တဗဲ့၊” “ငါဟှာ ခရစ်တော်တဗဲ့” ဖြစ်ဟှယ် ဆိုဘီး နန်းနို့ရှင်းရှင်း ပြောနေဂေ့ဟှူကြောန့် ငါပြောရဟှူ ဇာဖြစ်ဟှယ်။
1CO 1:13 ခရစ်တော်ဟှာ ကွဲပြားဟှူကြောန့်လော။ ပေါလုဟှ နန်းနို့လေတွပ် လတ်ဝါးကပ်တိုင်မာ သေခံဟှူဇာလော။ အယ်မျိုးမှုဘဲနေဟှာ ပေါလုရဲ့ နာမန ဗတ္တိဇံခံဂေ့ဟှိကြောန့်လော။
1CO 1:14 ငါဟှာ ကရိပ္ပုန ဂါယုဟှလွဲဘီး နန်းနို့လေထဲဟှ ဖယ်သူဟှိုမှလည်း ဗတ္တိဇံပေးဘဲကြောန့် ဘုရားသခင်ရဲ့ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။
1CO 1:15 အယ်ကြောန့် နန်းနို့လေဟှာ ငါ့နာမန ဗတ္တိဇံဟှို ခံဟှယ် ဆိုဘီး ဖယ်သူလည်း ပြောဇာကြောန်း မှေ့ဟှ။
1CO 1:16 (ငါဟှာ သတေဖန်ရဲ့ အီသူအီသားလေဟှို ဗတ္တိဇံပေးဟှယ်။ နော့‑က်ထပ် ဖယ်သူလေဟှို ဗတ္တိဇံပေးဟှယ် ဆိုဇာ ငါမှတ်မိဟှမ်း။)
1CO 1:17 ခရစ်တော်ဟှာ ဗတ္တိဇံပေးဟှို့တွပ် ငါ့ဟှို စေလွှတ်ဟှူဇာ မှုဟှ။ အယ်ဘေမဲ့လည်း ခရစ်တော်ရဲ့ လတ်ဝါးကပ်တိုင် တရားဟှို ချည်းနှီးသတ်သတ် ဖြစ်ဘဲနေအောန် လူလေရဲ့ ဉာဏ်ပညာန ယှဉ်ဟှူ စကားဟှို သုံးပြုဘဲ ဒန်းကောန်းဟှို ပြောဟှို့တွပ် ငါ့ဟှို စေလွှတ်ဇာဖြစ်ဟှယ်။
1CO 1:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လတ်ဝါးကပ်တိုင်တော်န ဆိုင်ဟှူ တရားစကားဟှာ ပျစ်စီးရှင်းဟှို ရော့‑က်ဟှူ သူလေတွပ် မိုက်မဲဟှူရာ ဖြစ်ဟှူလည်းဘဲ့ ကယ်တန်ရှင်းခံရဟှူ နို့လေတွပ်ဟှ ဘုရားသခင်ရဲ့ တဂိုးတော်ဖြစ်လေဟှယ်။
1CO 1:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာလာဟှူဇာဟှ၊ “ပညာရှိလေရဲ့ ပညာဟှို ငါဖျစ်ဆီးမယ်။ ဉာဏ်ကောန်းဟှူသူလေရဲ့ ဉာဏ်ဟှိုလည်း ငါဖယ်ရှားမယ်” ဆိုဘီး လာလေဟှယ်။
1CO 1:20 အယ်မျိုးဖြစ်ဟှယ် ဆိုဟှာ၊ ပညာရှိဟှူသူဟှ ဖယ်မာရှိနူး။ ကျမ်းပြုဆရာဟှ ဖယ်မာရှိနူး။ လောကီရေးရာမာ ကျွမ်းကျင်သူလေဟှာ ဖယ်မာရှိနူး၊ ဘုရားသခင်ဟှာ လောကီပညာလေဟှို မိုက်မဲစေတော်မူဟှယ် မှုဟှလော။
1CO 1:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ဉာဏ်ပညာတော်အားဖြင့် စီရင်ဟှားဟှူကြောန့်၊ လောကသားလေဟှာ သူးနို့ရဲ့ပညာအားဖြင့် ဘုရားသခင်ဟှို သိဘဲနနေဟှူ ခီမာ ဘုရားသခင်ဟှာ ယောင်ကြည်ဟှူသူလေဟှို မိုက်မဲဟှူဒေသနာ ဟောပြောရှင်းအားဖြင့် ကယ်တန်ဟှို့တွပ် စေတနာတော်ရှိလေဟှယ်။
1CO 1:22 ယုဒလူမျိုးလေဟှ နိမိတ်လတ်ခဏာဟှို တောန်းခံတတ်ဂေ့ဟှယ်။ လူမျိုးခြားလေဟှ ဉာဏ်ပညာဟှို ရှာဂေ့လေဟှယ်။
1CO 1:23 နို့လေဟှ လတ်ဝါးကပ်တိုင်မာ သေခံတော်မူဟှူ ခရစ်တော်ရဲ့ကြောန်းဟှို ဟောပြောလေဟှယ်။ အယ်မူကြောန်းရာဟှာ ယုဒလူမျိုးလေတွပ် မှားယွင်းဟှူကြောန်းဖြစ်ဘီး၊ လူမျိုးခြားလေတွပ်ဟှ မိုက်မဲဟှူကြောန်း ဖြစ်ဟှယ်။
1CO 1:24 အယ်ဘေမဲ့လည်း ယုဒလူမျိုးဘဲ့ဖြစ်ဖြစ်၊ လူမျိုးခြားလေဘဲ့ဖြစ်ဖြစ် ဝီးကော့‑က်ရှင်းဟှို ခံရဟှူသူလေတွပ်ဟှ ဘုရားသခင်ရဲ့တဂိုးတော်န ဘုရားသခင်ရဲ့ ပညာတော်ဖြစ်ဟှူ ခရစ်တော်ရဲ့ တရားဖြစ်လေဟှယ်။
1CO 1:25 ဘုရားသခင်ရဲ့ မိုက်မဲဟှူဇာဟှာ လူလေရဲ့ ဉာဏ်ပညာထတ် ပိုဘီး ပညာရှိလေဟှယ်။ ဘုရားသခင်ရဲ့ အားနဲချစ်ဟှာ လူလေရဲ့ စွမ်းထတ် ပိုဘီး စွမ်းအားကီးဟှယ်။
1CO 1:26 ညီကို မောန်နှမလေ၊ နန်းနို့ဟှို ဝီးကော့‑က်ဟှူ ကြောန်းရာဟှို ပ္လန်ဘီး ဆင်ခြင်ကေ့ဂေ့ပါ။ လူ့အဗြင်အားဖြင့် ပြောရမယ် ဆိုဟှာ နန်းနို့လေဟှို ခေါ်ဟှူဇာဟှာ ပညာရှိဟှူသူလေ၊ အသရေရှိဟှူသူလေ၊ မန်းမျိုးမန်းနွယ်လေ လှော့‑က်ဘီးပါဟှ။
1CO 1:27 အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့ရဲ့ ကြံစည် ရည်ရွယ်ချစ်အားဖြင့် ပညာရှိလေဟှို ယှစ်ရစေဟှို့တွပ် လောကမာ မိုက်မဲဟှူသူလေဟှို ဝီးကော့‑က်တော်မူဟှယ်။ စွမ်းသတ္တိရှိဟှူ လူလေဟှို ယှစ်ရစေဟှို့တွပ် လောကမာ အားနဲဟှူ သူလေဟှို ဝီးကော့‑က်တော်မူဟှယ်။
1CO 1:28 နော့‑က်ဘီး မြတ်ဟှူသူလေဟှို ဖယ်ရှားဟှို့တွပ် လောကမာ ဆင်းရဲဟှူသူ၊ ရေရာဘဲဟှူသူ၊ ယုတ်ညံ့ဟှူသူလေဟှို ဘုရားသခင် ဝီးကော့‑က်တော်မူဟှယ်။
1CO 1:29 အယ်မျိုးဖြစ်ကြောန့် ဘုရားသခင်ရဲ့ ရှေ့တော်မာ ဖယ်လူလည်း ဝါကြွားဟှို့ကြောန်း မှေ့ဟှ။
1CO 1:30 နန်းနို့လေဟှာ ဘုရားသခင်အားဖြင့် ယေရှုခရစ်တော်နှိုက် တည်နေဂေ့ဟှယ်။ အယ်သခင်ဟှာ နို့လေတွပ် ဘုရားသခင်နားဟှလာဟှူ ဉာဏ်ပညာ ဖြစ်တော်မူဘီး ဖြောန့်မတ်ရှင်း၊ သန့်ရှင်းရှင်းန ဝီးနှုကယ်တန်ရှင်း ဖြစ်တော်မူလေဟှယ်။
1CO 1:31 အယ်ကြောန့် ကျမ်းစာဟှ “ဝါကြွားဟှူသူဟှာ ဘုရားသခင်အားဖြင့်ဘဲ့ ဝါကြွားပါစေ” ဆိုဘီး ပြောဟှားဟှယ်။
1CO 2:1 ညီကို မောန်နှမလေ၊ ငါဟှာ နန်းနို့လေနားဟှို ရော့‑က်လာဟှူ ခီမာ ထူးမြတ်ဟှူစကားန ထူးမြတ်ဟှူပညာအားဖြင့် ဘုရားသခင်ရဲ့ နတ်နဲဟှူ သမ္မာတရားဟှို နန်းနို့လေဟှို ဟောပြောဇာ မှုဟှ။
1CO 2:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ နန်းနို့လေနတူးဒူ ရှိနေခီဟှ ယေရှုခရစ်တော်ရဲ့ကြောန်း ထူးသဖြင့် လတ်ဝါးကပ်တိုင်မာ သေခံဟှူ ကြောန်းရာဟှလွဲဘီး တခြားဖယ်ဇာလေဟှိုမှ သိမှတ်ဘဲနေဟှို့တွပ် ဆောင်းဖြတ်ဟှားပါဟှယ်။
1CO 2:3 အယ်ကြောန့် နန်းနို့လေန ငါတူးဒူရှိဟှူခီဟှ အားနဲဘီး ကြော့‑က်ရွံ့ တူလှောက်မှုန နေရဟှယ်။
1CO 2:4 ငါဟောပြောဟှူ တရားစကားဟှာ လူလေရဲ့ ပညာအားဖြင့် တည်ဘီးပြောဟှူဇာ မှုဟှ။ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တဂိုးပါဟှူ စကားလေဟှိုဘဲ့ ငါဟောပြောဟှယ်။
1CO 2:5 အယ်ကြောန့် နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှာ လူလေရဲ့ ဉာဏ်ပညာထတ်မာ တည်ဟှူဇာမှုဘဲန ဘုရားသခင်ရဲ့ တဂိုးထတ်မာဘဲ့ တည်ဟှူဇာဖြစ်ဟှယ်။
1CO 2:6 အယ်ဘေမဲ့လည်း နို့လေဟှာ စောင်လင်ဟှူသူလေထဲမာ ပညာစကားဟှိုပြောဆိုဟှယ်။ အယ်ဘေမဲ့ အယ်ပညာဟှာ လောကီပညာဟှို ပြောရှင်ဇာ မှုဟှ။ ပယ်ဖျစ်ခံရမယ့် လောကီမန်းလေရဲ့ ဉာဏ်ပညာလည်း မှုဟှ။
1CO 2:7 အယ်လောက တည်ခန်ကဒဲဟှ နို့လေရဲ့ ဖောင်းသရေတော်ဖြစ်ဟှို့တွပ် ဘုရားသခင်စီရင်ဟှားဟှူပညာ၊ နတ်နဲဟှူရာနှိုက် ဝှတ်ဟှားဟှူ ဘုရားသခင်ရဲ့ပညာဟှို နို့လေပြသဂေ့ဟှယ်။
1CO 2:8 အယ်ပညာဟှို လောကီမန်းလေ တယော့‑က်လည်း သိဂေ့ဟှ။ တကယ်ဟှိ သိမယ် ဆိုဟှာ ဖောင်းကီးတော်မူဟှူ အယ်သခင်ဟှို လတ်ဝါးကပ်တိုင်မာ တန်သတ်ဂေ့ဟှို့ မှုဟှ။
1CO 2:9 အယ်ဘေမဲ့လည်း ကျမ်းစာလာဟှူတိုင်းဘဲ့ “ဖယ်သူလည်းဘဲ့ ဗြင်ဖူးဟှ၊ ဖယ်သူလည်း ကြားဖူးဟှ၊ ဖယ်သူလည်း စိနှလောင်းထဲဟှ ကြံစည်သေးဘဲဟှူ ရာလေဟှို ဘုရားသခင်ဟှာ သူ့ဟှို ရှစ်ဟှူ သူလေတွပ် ပြင်ဆင်ဟှားလေဟှယ်။”
1CO 2:10 အယ်ဘေမဲ့ ဘုရားသခင်ဟှာ အယ်ရာလေဟှို သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် နို့လေဟှို ဖော်ပြပေးတော်မူဟှယ်။ ဝိညာဉ်တော်ဟှလည်း ဘုရားသခင်ရဲ့ နတ်နဲဟှူ ရာလေထိအောန် ရှိမျှဂူလောင်းဟှို စစ်တော်မူဟှယ်။
1CO 2:11 နို့လေရဲ့ ထဲမာရှိဟှူ နတ်နဲဟှူ ကြောန်းရာလေဟှို နို့လေရဲ့ စိဝိညာဉ်ဟှလွဲဘီး ဖယ်သူဟှ သိဟှိကြောန့်နူး။ အယ်မူတိုင်းဘဲ့ ဘုရားသခင်ရဲ့ နတ်နဲဟှူ ကြောန်းရာလေဟှို ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှလွဲဘီး ဖယ်သူလည်း သိနိုင်ဟှ။
1CO 2:12 နို့လေဟှာ အယ်လောကန ဆိုင်ဟှူ ဝိညာဉ်ဟှို ခံယူဂေ့ဟှူဇာ မှုဟှ။ ဘုရားသခင် ပေးတော်မူဟှူ ရာလေဟှို သိဟှို့တွပ် ဘုရားသခင်နားဟှ ကြွလာဟှူ ဝိညာဉ်တော်ဟှို ခံရဂေ့ဇာဖြစ်ဟှယ်။
1CO 2:13 ဘုရားသခင် ပေးတော်မူဟှူ ရာလေဟှို နို့လေဟှာ လူ့ရဲ့ပညာအားဖြင့် ဟောပြောဟှူဇာ မှုဟှ။ အယ်ဘေမဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ဝိညာဉ်န စပ်ဆိုင်ဟှူ ရာ ဟှို ဝိညာဉ်စကားအားဖြင့် ဖွမ့်ပြဘီး ပဲ့ပြင်တော်မူဟှူ စကားအားဖြင့် နို့လေဟောပြောဟှယ်။
1CO 2:14 ဇာတိလူဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်ရေးရာန ဆိုင်ဟှူ ရာလေဟှို ခံယူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူရာလေဟှာ သူ့တွပ် မိုက်မဲဟှူ ဇာလေဖြစ်ဟှယ် ဆိုဘီး ထန်မှတ်တတ်လေဟှယ်။ အယ်မူရာလေဟှို ဝိညာဉ်တော်အားဖြင့်ဘဲ့ ပိုင်းခြားဘီး နားလည်နိုင်ဟှူကြောန့် ဇာတိလူဟှာ နားလည်ဟှ။
1CO 2:15 ဝိညာဉ်လူဟှာ အယ်မူဇာလေ ဂူလောင်းဟှို ပိုင်းခြားဘီး နားလည်တတ်ဟှယ်။ အယ်ဘေမဲ့ အယ်သူဟှို ဖယ်သူလည်း ပိုင်းခြားဘီး သိနိုင်ဟှ။
1CO 2:16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှ ဘုရားသခင်ရဲ့ စိတော်ဟှို ဖယ်သူသိနူး။ ဖယ်သူဟှာ ကိုယ်တော့်ဟှို ကြံဉာဏ်ပေးနိုင်နူး ဆိုဘီး ဖော်ပြဟှားလေဟှယ်။ အယ်ဘေမဲ့ နို့လေဟှာ ခရစ်တော်ရဲ့စိဟှို ခံရဂေ့ဟှယ်။
1CO 3:1 ညီကို မောန်နှမလေ၊ တကယ်ဒမ်းဆိုဟှာ ငါဟှာ နန်းနို့လေဟှို ဝိညာဉ်လူလေဟှို ဟောပြောဟှူမျိုး ပြောဟှိမရဘဲ၊ ဇာတိလူဖြစ်ဟှူ လောကသားလေမျိုး၊ ခရစ်ယာန်သတ်တာမာ ယေရှုခရစ်တော်နှိုက် သာဂန်းဟှားလေမျိုးဘဲ့ နန်းနို့ဟှို ဟောပြောရဟှယ်။
1CO 3:2 ခုထတ်ထိ နန်းနို့လေဟှာ မာဟှူစာဟှို မစားနိုင်သေးဘဲကြောန့် ငါဟှာ နို့ဟှိုဘဲ့တိုက်ရဟှယ်။ ခုလည်းဘဲ့ နန်းနို့လေဟှာ မာဟှူစာဟှို စားနိုင်သေးဟှ။
1CO 3:3 ခုလည်း နန်းနို့လေဟှာ ဇာတိလူဖြစ်ဂေ့သေးဟှယ်။ ရှင်းရှင်း မနာလိုဟှူဇာလေ၊ ကွဲပြားဟှူဇာလေ၊ ဂေါင်ပြိုင်ဟှူဇာလေ၊ ရန်ဖြစ်ဟှူဇာလေဟှာ ဇာတိလူလေ ဖြစ်ဂေ့သေးဟှယ် မှုဟှလော။ လောကီထောင်းစံတိုင်းဘဲ့ နန်းနို့လေ ကျင့်သောင်းနေဂေ့ဇာ မှုဟှလော။
1CO 3:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တယော့‑က်ဟှ “ငါဟှာ ပေါလုတဗဲ့ ဖြစ်ဟှယ်။” နော့‑က်တယော့‑က်ဟှလည်း “ငါဟှာ အာပေါလုတဗဲ့ ဖြစ်ဟှယ်” ဆိုဘီး နန်းနို့လေ ပြောဆိုနေဂေ့ဇာဟှာ လောကသားလေမျိုးဘဲ့ ပြုမူနေဂေ့ဇာဘဲ့ မှုဟှလော။
1CO 3:5 အာပေါလုဟှ ဖယ်သူနူး။ ပေါလုဟှလည်း ဖယ်သူနူး။ နို့လေဟှာ နန်းနို့ ယောင်ကြည်လာဟှို့တွပ် ဟောပြောသတ်သေခံဟှူ ဓမ္မမှုတော်ဆောန်ဘဲ့ ဖြစ်ဟှယ်။ နို့လေဂူလောင်းဟှာ သခင်ဘုရားရဲ့ မှုတော်ဟှို စေခံလောက်ဆောန်ဟှူ သူလေဘဲ့ဖြစ်ဟှယ်။
1CO 3:6 ငါဟှာ စိုက်ပျိုးဟှူ သူဖြစ်ဟှယ်။ အာပေါလုဟှ ရေလောန်းဟှူ သူဖြစ်ဟှယ်။ ပန်ဟှို ပေါ့‑က်စေဘီး ကီးထွားစေသူဟှ ဘုရားသခင်ဘဲ့ ဖြစ်ဟှယ်။
1CO 3:7 စိုက်ပျိုးဟှူ သူန ရေလောန်းဟှူ သူဟှ ဖြားဇာလည်းတတ်နိုင်ဟှ။ ပန်ဟှို ကီးထွားစေဟှူ ဘုရားသခင်ဟှဘဲ့ ရှိမျှဂူလောင်းဟှို တတ်နိုင်တော်မူဟှယ်။
1CO 3:8 စိုက်ပျိုးဟှူ သူန ရေလောန်းဟှူ သူဟှာ တလောင်းတဝဒဲ ဖြစ်ဘီး လူတိုင်းဟှာ ကိုယ်ကြိုးစား လောက်ဆောန်တိုင်း ကျိုးဟှို ခံရလေ့မယ်။
1CO 3:9 နို့လေဟှာ ဘုရားသခင်နားမာ လောက်လောက်ဟှူ လောက်ဖော်ဆောန်ဖတ်လေ ဖြစ်ဟှယ်။ နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဥယျာဉ်တော် ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ က္လောန်းတော်တိုက်လည်း ဖြစ်ဂေ့ဟှယ်။
1CO 3:10 ငါ့ဟှို ဘုရားသခင်ပေးအပ်တော်မူဟှူ ကျေးဇူးတော်တိုင်း ပညာရှိဟှူပရံဆရာမျိုး အုပြစ်ဟှိုခ္လဟှားဘီ။ တခြားသူလေဟှာ ထပ်ဆစ်ဘီး တည်ဆော့‑က်လေဟှယ်။ အယ်ဘေမဲ့ ဖယ်မျိုးထပ်ဆစ်ဘီး တည်ဆော့‑က်ဟှူဆိုဇာဟှို လူတိုင်းဒိပြုရမယ်။
1CO 3:11 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရှုခရစ်တော်ဖြစ်ဟှူ ခ္လဟှားဘီးဟှူ အုပြစ်ဟှလွဲဘီး၊ တခြားအုပြစ်ဟှို ဖယ်သူလည်းမခ္လနိုင်ဟှ။
1CO 3:12 အယ်မူအုပြစ်ထတ်မာ ရွှေ၊ ငွေ၊ က္လော့‑က်မြတ်ရတနာ၊ သစ်သား၊ ဗြစ်ပန်၊ ကော့‑က်ရိုးလေန ထပ်ဆစ်ဘီး တည်ဆော့‑က်ဟှူသူရှိဟှူမျှ၊
1CO 3:13 လူတိုင်းလောက်ဟှူ လောက်ဟှာ ထန်ရှားလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖော်ပြဟှူနေ့ရစ်ဟှာ မီးအားဖြင့်ထန်ရှားစေလေ့မယ်။ လူတိုင်းလောက်ဟှူ လောက်ဟှာ ဖယ်မျိုးလောက် ဖြစ်ဟှယ်ဆိုဇာဟှို မီးဟှာစစ်ဆေးလေ့မယ်။
1CO 3:14 အယ်မူအုပြစ်ထတ်မာ ထပ်ဆစ်ဘီး တည်ဆော့‑က်ဟှူ သူရဲ့လောက်ဟှာ တည်မြဲဟှယ် ဆိုဟှာ၊ အယ်သူဟှာ ကျိုးရလေ့မယ်။
1CO 3:15 အယ်ဘေမဲ့ ယော့‑က်ယော့‑က်လောက်ဟှူရာဟှာ မီးလောန်ဟှယ် ဆိုဟှာ ရှောင်းခံရလေ့မယ်။ အယ်ဘေမဲ့လည်း သူကိုယ်တိုင် မီးနလွတ်ဟှူသူမျိုး ကယ်တန်ရှင်းဟှို ခံရလေ့မယ်။
1CO 3:16 နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ဟှယ် ဆိုဟှူဇာန ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့လေထဲမာ ကိန်းဝပ်နေဟှယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှလော။
1CO 3:17 ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှို ဖျစ်ဆီးဟှူသူဟှို ဘုရားသခင် ဖျစ်ဆီးလေ့မယ်။ ဘုရားသခင်ရဲ့ ဗိမာန်တော် ဆိုဇာဟှာ သန့်ရှင်းရဟှယ်။ နန်းနို့လေလည်း အယ်ဗိမာန်တော် ဖြစ်ဂေ့ဟှယ်။
1CO 3:18 ဖယ်သူလည်းဘဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်ဇားစေန။ နန်းနို့လေမာ ယော့‑က်ယော့‑က်ဟှ ငါဟှာ အယ်လောကရဲ့ ပညာရှိဖြစ်ဟှယ် ဆိုဘီး ထန်မှတ်ဟှယ် ဆိုဟှာ အယ်လူဟှာ ပညာရှိဖြစ်ဟှို့တွပ် မိုက်မဲဟှူသူ ဖြစ်ပါစေ။
1CO 3:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လောကရဲ့ ဉာဏ်ပညာဟှာ ဘုရားသခင်ရဲ့ မျစ်မှော့‑က်တော်မာ မိုက်မဲဟှူဇာဘဲ့ ဖြစ်ဟှယ်။ ကျမ်းစာဟှ၊ “ဘုရားသခင်ဟှာ ပညာရှိလေဟှို ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူဟှယ်” ဆိုဘီး လာဟှယ်။
1CO 3:20 နော့‑က်ထပ် ကျမ်းစာဟှ “ပညာရှိလေရဲ့ ကြံစည်ဟှာ ချည်းနှီးသတ်သတ် ဖြစ်ဟှူကြောန်းဟှို သခင်ဘုရား သိတော်မူဟှယ်” ဆိုဘီး လာဟှယ်။
1CO 3:21 အယ်မျိုးဖြစ်ကြောန့် လူလေရဲ့ စွမ်းစန ပတ်သတ်ဘီး ဖယ်သူလည်း ဝါကြွားစေန။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရှိမျှဂူလောင်းဟှာ နန်းနို့လေတွပ် ဖြစ်ဟှယ်။
1CO 3:22 ပေါလုဘဲ့ဖြစ်ဖြစ်၊ အာပေါလုဘဲ့ဖြစ်ဖြစ်၊ ကေဖဘဲ့ဖြစ်ဖြစ်၊ အယ်လောကဘဲ့ဖြစ်ဖြစ်၊ သတ်ရှင်ရှင်းဘဲ့ဖြစ်ဖြစ်၊ သေရှင်းဘဲ့ဖြစ်ဖြစ်၊ မျစ်မှော့‑က်ရာဘဲ့ဖြစ်ဖြစ်၊ နော့‑က်ဖြစ်လာတတ်ဟှူ ရာဘဲ့ဖြစ်ဖြစ် ရှိမျှဂူလောင်းဟှာ နန်းနို့လေတွပ် ဖြစ်ဟှယ်။
1CO 3:23 နန်းနို့လေလည်း ခရစ်တော်တွပ် ဖြစ်ဟှယ်။ ခရစ်တော်ဟှာလည်း ဘုရားသခင်တွပ် ဖြစ်တော်မူဟှယ်။
1CO 4:1 နို့လေဟှာ ခရစ်တော်ရဲ့ မှုဆောန်ဖြစ်ဟှူဇာန ဘုရားသခင်ရဲ့ နတ်နဲဟှူသမ္မာတရားဟှို စောန့်ရှော့‑က်ဟှူ ဘဏ္ဍာထီးဖြစ်ဟှူဇာဟှို သူများလေ မှတ်ယူပါစေ။
1CO 4:2 အယ်ဘဏ္ဍာထီးဟှာ သစ်စာရှိဟှူသူ ဖြစ်ဟှူကြောန်းဟှို သိမှတ်ပြုခံရဟှူသူဖြစ်ရမယ်။
1CO 4:3 ငါဟှာ နန်းနို့လေနားမာဘဲ့ဖြစ်ဖြစ်၊ လူလေရဲ့စဉ်လာနဘဲ့ဖြစ်ဖြစ် စစ်ခံရမယ် ဆိုဟှာ ငါမှုထားဟှ။ ငါဟှာ ကိုယ့်ကိုယ်ကိုယ်လည်း စီရင်ဟှ။
1CO 4:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ရဲ့ဩတ္တပ္ပစိဟှာ ရှင်းရှင်းလန်းလန်းဘဲ့ရှိဟှယ်။ အယ်ဘေမဲ့ ငါ့မာပြစ်မှေ့ဟှ ဆိုဘီး ဆိုလိုဟှူဇာ မှုဟှ။ ငါ့ဟှို စစ်ကြောစီရင်သူဟှာ သခင်ဘုရားဘဲ့ ဖြစ်ဟှယ်။
1CO 4:5 အယ်မျိုးဖြစ်ကြောန့် သခင်ဘုရား ကြွလာခန် ဖယ်ရာဟှိုမှ ခီတန်ဘဲ စီရင်ဂေ့န။ အယ်သခင်ဟှာ မှောန်မိုက်မာ ကွယ်ဝှပ်ဟှားဟှူ ရာလေဟှို လန်းရောန်ထဲဟှို ယူဆောန်လာဘီး စိနှလောင်းကြံစည်လေဟှို ထန်ရှားစေတော်မူလေ့မယ်။ အယ်ခီမာ လူလေဟှာ ဘုရားသခင်နားဟှ ချီးမွမ်းဟှူဇာဟှို ခံရလေ့မယ်။
1CO 4:6 ညီကို မောန်နှမလေ၊ နန်းနို့လေဟှာ ကျမ်းစာဟှို ကျော်လွန်ဘီး သူများလေဟှို ရိုသေအပ်ဘဲဇာဟှို နို့လေဟှို ထော့‑က်ဘီး နားလည်ဂေ့ဟှို့တွပ်န မာနထောန်လွှားဟှူကြောန့် တယော့‑က်ဟှို မှီဘီး တယော့‑က်ဟှို ထီမဲ့မြင်ပြုဘဲနေဟှို့တွပ် ငါပြောဟှူ ချစ်လေအားဖြင့် နန်းနို့ကျိုးဟှို ထော့‑က်ဘီး ငါ့န အာပေါလုဟှို ကြောန်းပြုဘီး ပြောဟှူဇာဖြစ်ဟှယ်။
1CO 4:7 ဖယ်သူဟှ နန်းနို့လေဟှို သူများထတ် ထူးကဲစေနူး။ သူတပါးလတ်ဟှခံယူဘဲန လိုလိုရဟှူဇာ တစောင်တခု နန့်မာရှိလော။ သူတပါးလတ်ဟှခံယူဇာမှန်ဟှယ် ဆိုဟှာ ခံယူဘဲဟှူမျိုး ဖြားဖြစ်ကြောန့် ဝါကြွားဟှယ်နူး။
1CO 4:8 နန်းနို့လေဟှာ ရာရာပ္လဲ့ဇောင်ဂေ့ဘီ။ နန်းနို့လေ ကြွယ်ဝဂေ့ဘီ။ နို့လေပါဘဲန မန်းဂီးလေ ဖြစ်ဂေ့ဘီ။ နို့လေလည်း နန်းနို့နတူးဒူ စိုးစံနိုင်ဟှို့တွပ် နန်းနို့လေ တကယ်မန်းဂီးလေ ဖြစ်ဟှို့တွပ် လိုရှင်ပါဟှယ်။
1CO 4:9 ဘုရားသခင်ဟှ တမန်တော်လေဖြစ်ဟှူ နို့လေဟှို နော့‑က်ဆောင်းမာထားဘီး သတ်ဟှို့ထားဟှားဟှူသူလေမျိုး ထုပြတော်မူဟှယ် ဆိုဘီး ငါထန်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ လောကသားလေန ကောန်းဂန်တမန်လေရှေ့မာ ပွဲဝမ်ဟှူသူလေ ဖြစ်ဂေ့ဟှယ်။
1CO 4:10 နို့လေဟှာ ခရစ်တော်တွပ်ကြောန့် လူမိုက်ဖြစ်ဂေ့ဟှယ်။ အယ်ဘေမဲ့ နန်းနို့လေဟှာ ခရစ်တော်နှိုက် ပညာရှိလေ ဖြစ်ဂေ့ဟှယ်! နို့လေဟှာ အားနဲဟှူသူလေဖြစ်ဟှယ်။ အယ်ဘေမဲ့ နန်းနို့လေဟှာ စွမ်းအားရှိသူလေဖြစ်ဟှယ်! နို့လေဟှာ အသရေမှေ့ဘဲသူဖြစ်ဟှယ်။ အယ်ဘေမဲ့ နန်းနို့လေဟှာ အသရေရှိသူလေဖြစ်ဟှယ်!
1CO 4:11 ခုခီထိ နို့လေဟှာ စာရေဇာငတ်ဘီး နေရဟှယ်။ ဝတ်စုပဲ့န နေရဂေ့ဟှယ်။ ရိုက်ပုတ်ညှဉ်းဆဲဇာလေဟှို ခံရဂေ့ဟှယ်။ အီမှေ့ရာမှေ့န လှည့်လည်သွားဂေ့ရဘီး၊
1CO 4:12 ကိုယ့်လတ်န ပန်ပန်ဗန်းဗန်း လောက်ဆောန်ဂေ့ရဟှယ်။ နို့လေဟှာ ကီဆဲခံရဟှူ ခီမာ ကောန်းဂျီးပေးဂေ့ဟှယ်။ ညှဉ်းဆဲခံရခီမာ သီးခံဂေ့ဟှယ်။
1CO 4:13 စော်ကားခံရခီမာ တောန်းဗန်ဂေ့ဟှယ်။ နို့လေဟှာ ခုခီထိ အယ်လောကရဲ့ပယ်ခံလေ၊ လူတကာလေ စွန့်ပစ်ဟှားဟှူ မှိုက်လေ ဖြစ်ဂေ့ဟှယ်!
1CO 4:14 နန်းနို့လေဟှို ယှစ်ခွဲရှင်ဟှူကြောန့် အယ်မျိုး ငါရေးလိုက်ဟှူဇာ မှုဟှ။ ငါရှစ်ရဟှူ သားမီးလေနေန နန်းနို့လေဟှို ဒိပေးရှင်ကြောန့် အယ်မျိုး ငါရေးလိုက်ဇာဖြစ်ဟှယ်။
1CO 4:15 နန်းနို့လေမာ ခရစ်တော်ကြောန်းဟှို သွန်သန်ပေးဟှူဆရာလေ ၁၀,၀၀၀ လော့‑က်ရှိဟှူလည်းဘဲ့ ဖတယော့‑က်ဘဲ့ရှိဟှယ်။ ခရစ်တော်ရဲ့ ဒန်းကောန်းအားဖြင့် ငါဟှာ ယေရှုခရစ်တော်နှိုက် နန်းနို့လေဟှို မွီးဖွားပေးဟှူ နန်းနို့လေရဲ့ ဖဖြစ်ဟှယ်။
1CO 4:16 အယ်ကြောန့် ငါနေထိုင်ကျင့်သောင်းမျိုး နန်းနို့လေ နေဂေ့ဟှို့တွပ် ငါတိုက်တွန်းရှင်ပါဟှယ်။
1CO 4:17 အယ်ကြောန်းကြောန့် သခင်ဘုရားနှိုက် သစ်စာရှိဟှူ ငါရှစ်ရဟှူသား တိမောသေဟှို နန်းနို့လေနားဟှို ငါလွှတ်လိုက်ပါဟှယ်။ သူဟှာ နေရာတိုင်းမာရှိဟှူ သင်းတော်လေမာ ငါသွန်သန်ဟှူမျိုး ယေရှုခရစ်တော်နှိုက် ငါလိုက်ရှော့‑က်ဟှူ လမ်းလေဟှို နန်းနို့ဟှို ဒိရစေလေ့မယ်။
1CO 4:18 နန်းနို့လေနားဟှို ငါလာဟှို့ မှုဟှ ဆိုဘီး ထန်ဘီးဟှာ နန်းနို့လေထဲဟှ တချို့လူလေဟှာ မာနထောန်နေဂေ့ဟှယ်။
1CO 4:19 အယ်ဘေမဲ့ သခင်ဘုရားလိုတော်ရှိဟှယ် ဆိုဟှာ နန်းနို့လေနားဟှို မကြာခန်လာမယ်။ ငါလာဟှူ ခီမာ မာနထောန်ဟှူသူလေရဲ့ စကားဟှိုမှုဘဲန သူးနို့လေရဲ့တဂိုးဟှို သိရလေ့မယ်။
1CO 4:20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ စကားအားဖြင့်တည်ဇာ မှုဟှ။ တဂိုးအားဖြင့်ဘဲ့ တည်ဟှူဇာဖြစ်ဟှယ်။
1CO 4:21 ငါဟှာ ကီလောင်းဟှိုကိုင်ဘီး နန်းနို့လေနားဟှို လာရဟှို့လော။ အယ်မျိုးမှုဘဲနေဟှာ မြစ်တာနဖြစ်ဖြစ်၊ နူးညံ့သီမွေ့ဟှူစိနဖြစ်ဖြစ် လာရဟှို့လော။ နန်းနို့ ဖြားဇာဟှို လိုရှင်ဂေ့နူး။
1CO 5:1 ခု နန်းနို့လေထဲမာ ကိုယ့်ဖမယားငယ်န မှားယွင်းဟှူ တရားဘဲဟှူ မေထုန်ပြုဟှူဒန်းဟှာ ပ္လံ့နှံ့နေဟှယ်။ အယ်မျိုး တရားနညီဘဲဟှူ မေထုန်ပြုဟှူဇာဟှာ လူမျိုးခြားလေထဲမာဟှိုဘဲ့ မှေ့ဟှ။
1CO 5:2 နန်းနို့လေဟှာ ဝန်းနဲဘီး အယ်မျိုးလွန်ကျူးဟှူသူဟှို နန်းနို့လေထဲဟှ ဖယ်ရှားရမယ့်စား မာနထောန်လွှားဘီး နေနေဂေ့ဟှယ်။
1CO 5:3 ငါဟှာ ကိုယ်ခန္ဓာအားဖြင့် နန်းနို့နကွာဘီး နေရလည်းဘဲ့ စိဝိညာဉ်အားဖြင့် နန်းနို့လေနတူးဒူ ရှိနေဟှယ်။ အယ်နေရာမာ တူးဒူရှိနေဘီး အယ်နေရာမာ တူးဒူရှိနေမျိုး အယ်မှုဟှို လောက်ဟှူသူဟှို စီရင်ဟှားလေဘီ။
1CO 5:4 နို့လေရဲ့ သခင်ယေရှုခရစ်ရဲ့ နာမတော်အားဖြင့် နန်းနို့စုဝီးဟှူ ခီမာ ငါ့ရဲ့ စိဝိညာဉ်ဟှာလည်း နို့လေရဲ့ သခင်ယေရှုရဲ့ တဂိုးတော်အားဖြင့် နန်းနို့နတူးဒူရှိဘီး၊
1CO 5:5 အယ်သူရဲ့ဝိညာဉ်ဟှာ သခင်ယေရှုခရစ်ရဲ့ တရားစီရင်ဟှူ နေ့ရစ်မာ ကယ်တန်ရှင်းရအောန် သူ့ရဲ့ကိုယ်ခန္ဓာ ပျစ်စီးဟှို့တွပ် စာတန်လတ်ဟှို အပ်ဂေ့ဆိုဘီး ငါစီရင်ဟှယ်။
1CO 5:6 နန်းနို့လေ ဝါကြွားမှုဟှာ ကောန်းဟှူဇာ မှုဟှ။ “တဆေးနဲနဲဟှာ မုညစ်တဗောင်းလောင်းဟှို ဖောန်းပွစေတတ်ဟှယ်” ဆိုဘီး ပြောဟှားဟှူ ဆိုရိုးစကားဟှို နန်းနို့လေသိဂေ့ဟှယ်။
1CO 5:7 နန်းနို့လေဟှာ တဆေးမဲ့ဖြစ်ဟှူကြောန့် သစ်ဟှူ မုညစ်ဖြစ်ဟှို့တွပ် ဟောန်းဟှူတဆေးဖြစ်ဟှူ ဒုစရိုက်ပြစ်လေဟှို ဖယ်ရှားပစ်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ သိုးသားဂန်းဟှားဖြစ်ဟှူ ခရစ်တော်ဟှာ ပသခါပွဲတော်တွပ် ယဇ်ပူဇော်ဟှို့ သေသတ်ဟှူဇာဟှို ခံရလေဘီ။
1CO 5:8 အယ်ကြောန့် နို့လေဟှာ တဆေးဟောန်းဖြစ်ဟှူ ဆိုးညစ်ဟှူဇာလေ၊ မိုက်မဲဟှူဇာလေရဲ့ တဆေးပါဟှူမုအားဖြင့်မှုဘဲ သန့်ရှင်းစင်ကြယ်မှုန သမ္မာတရားဖြစ်ဟှူ တဆေးပါဘဲဟှူမုန ပသခါပွဲဟှို ကျင်းပဂေ့ဇို့။
1CO 5:9 စဒူးဟှ နန်းနို့လေနားဟှို ငါရေးလိုက်ဟှူစာမာ ကာမဂေါင်လိုက်စားဟှူ သူလေန ပေါန်းဘဲနေဂေ့ဟှို့တွပ် ငါမှာဟှားဟှယ်။
1CO 5:10 အယ်မျိုးပြောဇာဟှ အယ်လောကမာရှိဟှူ ကာမဂေါင်လိုက်စားဟှူသူလေ၊ လောဖကီးဟှူသူလေ၊ ခိုးတတ်ဟှူသူလေန ရောက်ထုကိုးကွယ်သူလေဟှို ပေါန်းသင်းဟှိရဟှ ဆိုဘီး ဆိုလိုဇာ မှုဟှ။ သူးနို့လေဟှို ရှောန်မယ် ဆိုဟှာ နန်းနို့လေဟှာ အယ်လောကထဲဟှနေ ထွပ်ဟှားရလေ့မယ်ဆိုဘီး ထန်မှတ်ဇာရှိဟှယ်။
1CO 5:11 ဆိုလိုဟှူဇာဟှ ကိုယ့်ကိုယ်ကိုယ် ညီကို ဆိုပြောဘီးဟှာ ကာမဂေါင်လိုက်စားဟှူသူလေ၊ လောဖကီးဟှူသူလေ၊ ရောက်ထုကိုးကွယ်ဟှူသူလေ၊ သူများအသရေဟှို ဖျစ်ဟှူသူလေ၊ ယစ်မောသော့‑က်စားသူလေန ခိုးဟှူသူလေဟှို ပြောရှင်ဇာဖြစ်ဟှယ်။ အယ်မျိုးသူလေန ပေါန်းသင်းလောက်ဂေ့န တူးဒူထိုင်ဘီးလည်း စားသော့‑က်ဂေ့န။
1CO 5:12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပ္လန်ဟှလူလေဟှို စီရင်ဟှူ ဇာဟှာ ငါ့န ဖြားဇာဆိုင်နူး။ တွမ်းဟှလူလေဟှို နန်းနို့ စီရင်ရမယ် မှုဟှလော။
1CO 5:13 ပ္လန်ဟှလူလေဟှို ဘုရားသခင် စီရင်လေ့မယ်။ “အယ်ဆိုးညစ်ဟှူ သူဟှို နန်းနို့လေထဲဟှ နှန်ထုဂေ့ပါ” ဆိုဘီး ကျမ်းစာဟှ ပြောဟှားဟှယ်။
1CO 6:1 နန်းနို့လေ ရှင်းရှင်းပြဿနာဖြစ်ဟှူ ခီမာ ဘုရားသခင်ရဲ့ သန့်ရှင်းသူလေနားဟှနေဘီး စီရင်ဆောန်းဖြတ်ပေးဇာဟှို ခံယူဘဲန ယောင်ကြည်ဘဲဟှူသူလေရှေ့မာ ခံရဲဟှူသူ ယော့‑က်ယော့‑က်ရှိလော။
1CO 6:2 ဘုရားသခင်ရဲ့ သန့်ရှင်းသူလေဖြစ်ဟှူ နို့လေဟှာ အယ်လောကဟှို တရားစီရင်ရမယ်ဆိုဇာဟှို နန်းနို့လေသိဂေ့ဟှလော။ အယ်လောကဟှို တရားစီရင်ရဟှို့သူလေဟှာ အယ်မူ မှုကိစသေးငယ်ဟှားဟှိုမှ စီရင်ဆောင်းဖြတ်နိုင်ဟှလော။
1CO 6:3 နို့လေဟှာ ကောန်းဂန်တမန်လေဟှို တရားစီရင်ဂေ့ရဟှို့ကြောန်းဟှို နန်းနို့သိဂေ့ဟှလော။ အယ်မျိုးဖြစ်ဟှယ် ဆိုဟှာ အယ်လောကီမှုရာလေဟှို ပိုဘီး စီရင်သင့်ဟှယ် မှုဟှလော။
1CO 6:4 အယ်ကြောန့် နန်းနို့လေဟှာ လောကီမှုပြဿနာလေဟှို စီရင်ဟှို့တွပ် သင်းတော်ဟှ အသရေနဲဟှူသူလေဟှို တရားသူကြီးနေရာမာ ခန့်ဟှားဂေ့ဟှို့လော။
1CO 6:5 နန်းနို့လေဟှို ယှစ်ရအောန် အယ်မျိုး ငါပြောဟှူဇာဖြစ်ဟှယ်။ ခရစ်ယာန်ညီကို မောန်နှမလေရှင်းရှင်း ပြဿနာဖြစ်ဟှူ ခီမာ သင်းတော်မာ စီရင်ဆောင်းဖြတ်ပေးနိုင်ဟှူ ပညာရှိ ယော့‑က်လည်းမှေ့ဟှလော။
1CO 6:6 ခုဟှ ညီကိုရှင်းရှင်း တရားစီရင်ဟှူဇာနမကဟှ အယ်မှုဟှို ယောင်ကြည်ဘဲဟှူသူလေရှေ့မာ ပြုမူနေဂေ့ပါလား!
1CO 6:7 အယ်မျိုး ရှင်းရှင်းတရားစွဲဂေ့ဟှူဇာဟှာ နန်းနို့လေတွပ် ရရာတိုင်း ဆောင်းရှောင်းဟှူဇာ ဖြစ်ဟှယ်။ အယ်မျိုး တရားစွဲဂေ့မယ့်စား ညှဉ်းဆဲဟှူဇာဟှို ဖြားဖြစ်ကြောန့် ခံဟှိရဲဂေ့ဟှနူး။ လီလည်လုယူဟှူဇာဟှို ဖြားဖြစ်ကြောန့် ခံဂေ့ဟှနူး။
1CO 6:8 နန်းနို့လေဟှာ အယ်မျိုးခံမယ့်စား ညီကိုရှင်းရှင်းဟှို တရားဘဲဇာဟှို လောက်ဘီး လီလည်လုယစ်ဂေ့ဟှယ်!
1CO 6:9 တရားဘဲဟှူ လူလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို မွီခံရဟှို့ မှုဟှ ဆိုဇာဟှို နန်းနို့သိဂေ့ဟှလော။ တလွဲယူဂေ့န။ ကာမဂေါင် လိုက်စားဟှူသူလေ၊ ရောက်ထုဟှို ကိုးကွယ်ဟှူသူလေ၊ အီထောန်ရေး ဖော့‑က်ပ္လန်ဟှူသူလေ၊ ယော့‑က်ကျားရှင်းရှင်း မေထုန်ပြုဟှူသူလေ၊ အယ်မျိုးဇာဟှိုခံဟှူသူ၊
1CO 6:10 ခိုးဟှူသူလေ၊ လောဖကီးဟှူသူလေ၊ သော့‑က်စား မောယစ်ဟှူသူလေ၊ သူများ အသရေဖျစ်ဟှူသူလေ၊ လီလည်လုယူသူလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို မွီခံရဟှို့ မှုဟှ။
1CO 6:11 စဒူးဟှ နန်းနို့လေထဲဟှ တချို့လူလေဟှာ အယ်မျိုးသူလေဖြစ်ဂေ့ဟှူလည်းဘဲ့ ခု သခင်ယေရှု ခရစ်တော်ရဲ့ နာမတော်န ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ပြစ်ဟှနေ ဆေးကြောရှင်း၊ သန့်ရှင်းရှင်းခံရဘီး ဖြောန့်မတ်ရာဟှို ရော့‑က်ဂေ့ဘီ။
1CO 6:12 နန်းနို့လေဟှ “ငါဟှာ ဂူလောင်းဟှို လောက်ခွမ့်ရှိဟှယ်” ဆိုဘီး ပြောဂေ့လေ့မယ်။ နန်းနို့ပြောဟှူတိုင်း မှန်ဟှယ်။ အယ်ဘေမဲ့ ရှိမျှဂူလောင်းဟှာ နန်းနို့တွပ် ကျိုးရှိဟှူဇာ မှုဟှ။ ငါဟှာ ဂူလောင်းဟှို လောက်ပိုင်ခွမ့်ရှိဟှယ်။ အယ်ဘေမဲ့ ဖယ်မှုရာလေရဲ့ စိုးမိုးဟှူဇာဟှိုမှ ငါခံဟှ။
1CO 6:13 “စားဇာဟှာ ဝန်းတွပ်ဖြစ်ဟှယ်။ ဝန်းဟှလည်း စားဇာတွပ်ဖြစ်ဟှယ်” ဆိုဘီး ပြောလေ့မယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ အယ်နှေ့ပါးလောင်းဟှို ဖျစ်ဆီးလေ့မယ်။ ကိုယ်ခန္ဓာဟှာ ကာမဂေါင်ခံစားဟှို့တွပ်မှုဘဲန သခင်ဘုရားတွပ်ဖြစ်ဟှယ်။ သခင်ဘုရားဟှာလည်း ကိုယ်ခန္ဓာတွပ် ဖြစ်တော်မူဟှယ်။
1CO 6:14 ဘုရားသခင်ဟှာ တဂိုးတော်အားဖြင့် သခင်ဘုရားဟှို ရှင်ပ္လန်ထမြော့‑က်စေဟှူမျိုး နို့လေဟှိုလည်း တဂိုးတော်အားဖြင့် ထမြော့‑က်စေတော်မူလေ့မယ်။
1CO 6:15 နန်းနို့လေရဲ့ကိုယ်ခန္ဓာဟှာ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါလေဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှလော။ အယ်မျိုးဆိုဟှာ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါဟှို ယူဘီးဟှာ ပြည်တန်ဆာမရဲ့ ကိုယ်အင်္ဂါဖြစ်စေရဟှို့လော။ လောင်းဝဖြစ်စေဟှ!
1CO 6:16 ပြည်တန်ဆာမန ပေါန်းဖော်ဟှူလူဟှာ အယ်ပြည်တန်ဆာမန တသားတကိုယ်ဒဲ ဖြစ်ဟှားဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ဟှလော။ ကျမ်းစာဟှ “အယ်သူနှေ့ယော့‑က်ဟှာ တသားတကိုယ်ဒဲ ဖြစ်ရဂေ့လေ့မယ်” ဆိုဘီး လာဟှယ်။
1CO 6:17 အယ်ဘေမဲ့ သခင်ဘုရားနှိုက် မှီဝဲသူဟှာ အယ်သခင်န တစိတဝိညာဉ်ဒဲ ဖြစ်ဟှယ်။
1CO 6:18 တရားဘဲဟှူ မေထုန်ပြုဟှူဇာဟှို ရှောန်ဂေ့ပါ။ လူပြုတတ်ဟှူ တခြားပြစ်လေဟှာ ကိုယ်ခန္ဓာ ပ္လန်ဖတ်မာဘဲ့ရှိဟှယ်။ တရားဘဲဟှူ မေထုန်ပြုဟှူသူဟှာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို ပြစ်မှားဟှူဇာ ဖြစ်ဟှယ်။
1CO 6:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ကိုယ်ခန္ဓာဟှာ ဘုရားသခင်ပေးသနားဟှူ ဝိညာဉ်တော်ဖြစ်ဟှူ နန်းနို့ထဲမာ ကီးဝပ်ဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ ဗိမာန်တော်ဖြစ်ဟှူကြောန်းန နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပိုင်ဘဲဟှူကြောန်းဟှို သိဂေ့ဟှလော။
1CO 6:20 ကိုယ်တော်ဟှာ နန်းနို့လေဟှို ဖိုးခပေးဘီး ဝယ်ဟှားကြောန့် နန်းနို့လေရဲ့ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဂေ့ပါ။
1CO 7:1 နန်းနို့ ရေးပေးလိုက်ဟှူ ကြောန်းရာန ပတ်သတ်ဘီး ယော့‑က်ကျားဟှာ အီထောန်ပြုဘဲ နေနိုင်မယ် ဆိုဟှာ ကောန်းဟှယ်။
1CO 7:2 အယ်ဘေမဲ့ တရားဘဲဟှူ မေထုန်ပြုဟှူ ဇာလေ များနေဟှူကြောန့် ယော့‑က်ကျားတိုင်း ကိုယ့်မယားရှိစေပါ။ မီးမတိုင်း ကိုယ့်လန်ရှိစေပါ။
1CO 7:3 လန်ယော့‑က်ကျားဟှာ ကိုယ့်မယားဟှို ပြုသင့်ဟှူ ဝတ်ဟှို ပြုရမယ်။ မယားဟှာလည်း ကိုယ့်လန်ဟှို ပြုသင့်ဟှူ ဝတ်ဟှို ပြုရမယ်။
1CO 7:4 မယားဟှာ ကိုယ့်ကိုယ်ခန္ဓာဟှို ပိုင်ဟှ။ လန်ဟှဘဲ့ ပိုင်ဟှယ်။ အယ်မျိုးဘဲ့ လန်ဟှလည်း ကိုယ့်ကိုယ်ခန္ဓာဟှို ပိုင်ဟှ။ မယားဟှဘဲ့ ပိုင်ဟှယ်။
1CO 7:5 နန်းနို့ဟှာ ဆုတောန်းဟှို့တွပ် ခီပေးဟှို့ ကြိုတန်‌ဘောတူချစ်ရ ရှစ်ဟှား ဆိုင်းငံ့ဟှားဇာဟှလွဲဘီး နန်းနို့ရဲ့ လန်မယားဝတ်ဟှို ပျစ်ကွပ်စေဂေ့န။ ဆုတောန်းဘီးဟှူ ခီမာ အီထောန်ရဲ့ ဆစ်ဆံရေးဟှို ပေါင်မှန်တိုင်း ပ္လန်နေဂေ့ပါ။ အယ်မျိုးမှဘဲ့ ကိုယ့်စိဟှို ချောက်ထီးနိုင်ဘီး စာတန်ရဲ့ သွီးဆောန်ဇာဟှို ခံနိုင်လေ့မယ်။
1CO 7:6 အယ်မျိုး ငါပြောဇာဟှာ နန်းနို့လေဟှို မိန့်ပေးဇာမှုဘဲန ခွမ့်ပေးဇာဘဲ့ ဖြစ်ဟှယ်။
1CO 7:7 တကယ်ဘဲ့ လူတိုင်းဟှို ငါ့ဟှူမျိုးဘဲ့ ဖြစ်စေရှင်ဟှယ်။ အယ်ဘေမဲ့ လူယော့‑က်ချင်းစီတိုင်းဟှာ ဘုရားသခင်ပေးဟှူ ဆုကျေးဇူးတော်ဟှို သီးသီးခံရဂေ့ဟှယ်။
1CO 7:8 အယ်မျိုးဖြစ်ကြောန့် အီထောန်မှေ့ဘဲသူလေန မောက်ဆိုးမလေဟှာ ငါ့ဟှူမျိုး တယော့‑က်ဒဲ ဆစ်ဘီးနေနိုင်ဟှာ ကောန်းဟှယ်။
1CO 7:9 အယ်ဘေမဲ့ ကိုယ့်ကိုယ်ကိုယ် ချောက်ထီးနိုင်ဘဲနေဟှာ အီထောန်ပြုဂေ့ပါ။ ကိလေသာစိဟှို ချောက်တီးနိုင်ဘဲနေဟှာ အီထောန်ပြုဟှူဇာဘဲ့ ပိုကောန်းလေ့မယ်။
1CO 7:10 အီထောန်ရှိဟှူသူလေဟှို ငါပညတ်ဟှူ ဇာလော့‑က်မှုဘဲ သခင်ဘုရား ပညတ်ဇာဟှ မယားဟှာ ကိုယ့်ရဲ့ လန်န ကွာရှင်းစေန။
1CO 7:11 အယ်ဘေမဲ့ ကွာရှင်းဟှယ် ဆိုဟှာ နော့‑က်အီထောန်ယူဘဲန နေရမယ်။ အယ်မျိုးမှုဘဲနေဟှာ ကိုယ့်လန်န ပ္လန်ပေါန်းဘီး သင့်သင့်မြတ်မြတ် နေရမယ်။ လန်ဟှလည်းဘဲ့ ကိုယ့်မယားန ကွာစေန။
1CO 7:12 ခြားသူလေဟှို (သခင်ဘုရား ပညတ်ဇာမှုဘဲန) ငါပညတ်ဇာဟှ ယောင်ကြည်သူ ညီကိုတယော့‑က်ဟှာ ယောင်ကြည်သူမှုဘဲဟှူ မယားရှိဟှယ် ဆိုဟှာ အယ်မီးမဟှ သူ့နဆစ်ဘီး ပေါန်းရှင်ဟှယ် ဆိုဟှာ သူ့ဟှို အယ်မီးမန ကွာစေန။
1CO 7:13 အယ်မျိုးဘဲ့ ယောင်ကြည်သူ မီးမတယော့‑က်ဟှာ မယောင်ကြည်ဘဲဟှူ လန်ရှိဟှယ် ဆိုဟှာ သူ့လန်ဟှ သူ့နဆစ်ဘီးပေါန်းရှင်ဟှယ် ဆိုဟှာ သူ့ဟှိုကွာစေန။
1CO 7:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောင်ကြည်သူမှုဘဲဟှူ လန်ယော့‑က်ကျားဟှာ သူ့မယားတွပ် သန့်ရှင်းဟှယ်။ ယောင်ကြည်ဘဲဟှူ မယားဟှလည်း သူ့လန်တွပ် သန့်ရှင်းဟှယ်။ အယ်မျိုးမှုဘဲနေဟှာ နန်းနို့ရဲ့ သားမီးလေဟှာ ညစ်ညူးဂေ့လေ့မယ်။ အယ်ဘေမဲ့ ခု သူးနို့လေဟှာ သန့်ရှင်းဂေ့ဟှယ်။
1CO 7:15 အယ်ဘေမဲ့လည်း ယောင်ကြည်ဘဲသူဟှာ ကွာရှင်းရှင်ဟှယ် ဆိုဟှာ ကွာရှင်းစေ။ အယ်မျိုး ကြောန်းရာဟှို ယောင်ကြည်သူ ညီကို မောန်နှမလေဟှာ လွတ်လွတ်လပ်လပ် ဝီးကော့‑က်ခွမ့်ရှိဟှယ်။ ဘုရားသခင်ဟှာ နန်းနို့လေဟှို သင့်သင့်မြတ်မြတ်န ငြီးငြီးချမ်းချမ်းနေဂေ့ဟှို့တွပ် ခေါ်ဟှားဇာဖြစ်ဟှယ်။
1CO 7:16 ဝှေ့မီးမ၊ နန်ဟှာ ကိုယ့်လန်ဟှို ကယ်တန်မယ် ကယ်တန်ဟှ ဆိုဇာဟှို ဖယ်မျိုး သိနိုင်နူး။ ဝှေ့ယော့‑က်ကျား၊ နန်ဟှာ ကိုယ့်မယားဟှို ကယ်တန်မယ်၊ ကယ်တန်ဟှ ဆိုဇာဟှို ဖယ်မျိုး သိနိုင်ဟှို့နူး။
1CO 7:17 လူသီးသီးလေဟှာ ကိုယ့်ဟှို သခင်ဘုရားပေးဟှူ ဆုကျေးဇူးတော်လေန ယော့‑က်တိုင်းဟှို ဘုရားသခင်ခေါ်ဟှူ ခြေနေတိုင်းဘဲ့ သတ်ရှင်ပါစေ။ အယ်ဇာဟှာ သင်းတော်တိုင်းဟှို ငါ့ရဲ့မှာကြားချစ် ဖြစ်ဟှယ်။
1CO 7:18 ရေဖျားလှီးရှင်းဟှို ခံဘီးသူဟှာ ဝီးကော့‑က်ရှင်းခံရဟှယ် ဆိုဟှာ ရေဖျားလှီးရှင်းနဆိုင်ဟှူ မှတ်သားဟှို စွန့်ပစ်ဇာလိုဟှ။ ရေဖျားလှီးရှင်းဟှို ခံယူဘဲဟှူသူဟှာ ဝီးကော့‑က်ရှင်းဟှို ခံရဟှယ် ဆိုဟှာ ရေဖျားလှီးရှင်းဟှို ခံယူဇာလိုဟှ။
1CO 7:19 ရေဖျားလှီးရှင်းခံဟှူဇာ ခံဘဲဟှူဇာဟှဓိက မှုဟှ။ ဘုရားသခင်ရဲ့ ပညတ်တော်ဟှို စောန့်ထီးဟှူဇာဟှဘဲ့ ဓိကဖြစ်ဟှယ်။
1CO 7:20 လူတိုင်း ဘုရားသခင်ရဲ့ ခေါ်ဟှားရှင်းခံရဟှူ ခြေနေမာဘဲ့ ဆစ်ဘီး ရှိနေပါစေ။
1CO 7:21 ဝီးကော့‑က်ခံရဟှူ ခီမာ နန်ဟှာ ကျွန်ဖြစ်ဟှယ် ဆိုဟှာ စိနှော့‑က်ယှစ်ဖြစ်စေန။ အယ်ဘေမဲ့ လွတ်မြော့‑က်ခွမ့်ရမယ် ဆိုဟှာ အယ်ခွမ့်ရေးဟှို သောင်းပြုပါ။
1CO 7:22 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျွန်ဖြစ်ဟှူ ခီမာ သခင်ဘုရားနှိုက် ဝီးကော့‑က်ခံရဟှူသူဟှာ သခင်ဘုရားအားဖြင့် လွတ်မြော့‑က်ဟှူ သူဖြစ်ဟှယ်။ အယ်မျိုးဘဲ့ လူလွတ်ဖြစ်ဟှူ သူဟှာ သခင်ဘုရားရဲ့ ဝီးကော့‑က်ရှင်းဟှို ခံရဟှူ ခီမာ ခရစ်တော်ရဲ့ ကျွန်ဖြစ်ဟှယ်။
1CO 7:23 နန်းနို့လေဟှို ဘုရားသခင်ဟှာ ဖိုးခပေးဘီး ဝယ်ဟှားကြောန့် လူလေနားမာ ကျွန်ခံဂေ့န။
1CO 7:24 ညီကို မောန်နှမလေ၊ နန်းနို့လေ ဝီးကော့‑က်ရှင်း ခံရဟှူခီဟှ ခြေနေတိုင်းဘဲ့ ဘုရားသခင်န မိတ်သဟာယဖွဲ့ဘီး ဆစ်နေထိုင်ဂေ့ပါ။
1CO 7:25 အီထောန်ပြုဘဲသူလေန ပတ်သတ်ဘီး ပြောရမယ် ဆိုဟှာ သခင်ဘုရား ပညတ်ဟှားဟှူဇာ မှေ့ဘဲဟှူလည်းဘဲ့ သခင်ဘုရားရဲ့ ကရုဏာတော်ကြောန့် ယောင်ကြည်ထိုက်ဟှူ သူတယော့‑က်နေန ငါ့ခံယူချစ်ဟှို ပြောရမယ် ဆိုဟှာ၊
1CO 7:26 ခု တွိကြောင်နေရဟှူ ခေတ်ဆိုးခါဆိုးဟှို ကေ့ဟှူဇာအားဖြင့် ယော့‑က်ကျားတယာ့‑က်ဟှာ အယ်ခြေနေတိုင်း ဆစ်ဘီးနေဟှူဇာဟှာ ပိုကောန်းလေ့မယ်။
1CO 7:27 နန်ဟှာ အီထောန်ရှိဟှယ် ဆိုဟှာ ကိုယ့်မယားဟှို ခွာဟှို့ ကြံစည်န။ အီထောန်မှေ့ဘဲနေဟှာလည်း အီထောန်ပြုဟှို့တွပ် စဉ်းစားန။
1CO 7:28 အယ်ဘေမဲ့ အီထောန်ပြုဟှယ် ဆိုဟှာလည်း ပြစ်ကျူးလွန်ဟှူဇာ မှုဟှ။ အီထောန်မှေ့ဘဲဟှူ မီးမပျိုဟှာ အီထောန်ပြုဟှယ် ဆိုဟှာ ပြစ်ကျူးလွန်ဇာ မှုဟှ။ အယ်ဘေမဲ့ အီထောန်သယ်လေ နေ့တိုင်း တွိကြောင်ရမယ့် ကိုယ်ကာယ ဆင်းရဲဒေါက်ခလေန နန်းနို့ဟှို လွတ်ကင်းစေရှင်ကြောန့် အယ်မျိုး ငါပြောရဇာဖြစ်ဟှယ်။
1CO 7:29 ညီကို မောန်နှမလေ၊ ငါဆိုလိုဇာဟှ ခီကာလ ကူဆောန်းဟှမယ် ဖြစ်ဟှူကြောန့် ခုခီဟှနေစဘီး မယားရှိဟှူသူဟှာ မယားမှေ့ဘဲသူမျိုး၊
1CO 7:30 ငိုဟှူသူဟှလည်း ငိုဘဲဟှူမျိုး၊ ဝန်းသာဟှူသူဟှလည်း ဝန်းသာဘဲဟှူသူမျိုး၊ ပစ်စီးအောက်စာ ဝယ်ဟှူသူလည်း ဖယ်အောက်စာဟှိုမှ ပိုင်ဘဲဟှူမျိုး ဖြစ်ရမယ်။
1CO 7:31 လောကအောက်စာ ဘဏ္ဍာဟှို သောင်းပြုဟှူ သူလေဟှာ သောင်းဘဲမျိုး ဖြစ်ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခုလတ်ရှိ ကမ္ဘာဂီးဟှာ တာရှယ်ခံဟှို့ မှုဘဲကြောန့်ဖြစ်ဟှယ်။
1CO 7:32 ငါဟှာ နန်းနို့လေဟှို ပူပန်သောကန ကင်းစေရှင်ဟှယ်။ အီထောန်မှေ့ဘဲဟှူ ယော့‑က်ကျားဟှာ သခင်ဘုရား နှစ်သက်ဟှူမှုဟှို လောက်ရှင်ကြောန့် သခင်ဘုရားရဲ့ မှုတော်ဟှိုဘဲ့ လေးနတ်ထားတတ်ဟှယ်။
1CO 7:33 အယ်ဘေမဲ့ အီထောန်ရှိဟှူ ယော့‑က်ကျားဟှာ သူ့မယားရဲ့ စိလိုဟှို လိုက်ဘီး လောကီရေးရာဟှိုဘဲ့ လေးနတ်ထားတတ်ဟှယ်။
1CO 7:34 အယ်ကြောန့် သူဟှာ စိနှေ့ခွ ဖြစ်ရဟှယ်။ မီးမပျိုဟှာ သခင်ဘုရားဟှို သူ့ရဲ့ကိုယ်ခန္ဓာန စိဝိညာဉ်နှေ့ခုလောင်းဟှို သန့်ရှင်းမှုန ဆစ်ကပ်ရှင်ကြောန့် သခင်ဘုရားရဲ့ မှုတော်ဟှို လေးနတ်ထားတတ်ဟှယ်။ အယ်ဘေမဲ့ အီထောန်ရှင်မီးမဟှာ သူ့လန်နှစ်သက်အောန် စိဆန္ဒရှိကြောန့် လောကီမှုရာဟှိုဘဲ့ လေးနတ်ထားတတ်ဟှယ်။
1CO 7:35 အယ်မျိုး ငါပြောဇာဟှ နန်းနို့လေရဲ့ကျိုးဟှို လိုရှင်ကြောန့် ပြောဇာဖြစ်ဟှယ်။ နန်းနို့လေဟှို ချောက်ချယ်ရှင်ကြောန့် မှုဟှ။ နန်းနို့ဟှို မှန်းမှန်ကန်းကန် ပြုသင့်တိုင်း ပြုကျင့်ဟှို့တွပ်န သခင်ဘုရားရဲ့ မှုတော်ဟှို စိပါလတ်ပါ စေခံနိုင်ဂေ့ဟှို့တွပ် လိုလားကြောန့်ဖြစ်ဟှယ်။
1CO 7:36 စေ့စပ်ဟှားဘီးန အီထောန်ပြုဘဲန နေဟှို့တွပ် ဘောတူဘီး တိုင်တယ်ဟှားဟှူသူ နှေ့ယော့‑က်န ပတ်သတ်ဘီး ပြောရမယ် ဆိုဟှာ ယော့က်ကျားဟှာ မီးမပျိုဟှို သူ့ရဲ့ ပြုမူပေါင်စံ သင့်တော်ဟှ ဆိုဘီး သိဟှူ ခီမာဘဲ့ဖြစ်ဖြစ်၊ ကိုယ့်စိဟှို ထီးချောက်နိုင်ဘဲဟှူ ခီမာဘဲ့ဖြစ်ဖြစ် အီထောန်ပြုရဟှယ်။ အယ်မျိုးပြုမယ် ဆိုဟှာ ပြစ် မှေ့ဟှ။
1CO 7:37 အယ်ဘေမဲ့ ကိုယ့်စိနှလောင်း တည်ကြည်မှုရှိဘီး ပြုရှင်တိုင်း ပြုပိုင်ဟှူခွမ့်န ကိုယ်စိလိုဟှို ချောက်တီးနိုင်ဟှူ ခွမ့်ရှိဟှူကြောန့် အီထောန်ပြုဘဲန နေဟှို့တွပ် စိနှလေင်းထဲမာ စီရင်ဆောင်းဖြတ်ဟှူသူဟှာ ပိုဘီး ကောန်းလေဟှယ်။ သူဟှာ အယ်မီးမပျိုဟှို လတ်ထပ်ဟှို့ လောင်းဝ ဆောင်းဖြတ်ဟန်း။
1CO 7:38 အယ်ကြောန့် ကိုယ့်န စေ့စပ်ဟှားဟှူ မီးမပျိုဟှို လတ်ထပ်ဟှူသူဟှာ ကောန်းလေဟှယ်။ လတ်ထပ်ဘဲနနေဟှူ သူဟှာလည်း ပိုဘီး ကောန်းလေဟှယ်။
1CO 7:39 မီးမဟှာ သူ့ရဲ့လန် သတ်ရှင်နေဟှူ ခီကာလပတ်လောင်း တရားအားဖြင့် ချည်နှောန်မှုရှိနေဟှယ်။ လန်သေဟှားဟှယ် ဆိုဟှာ ကိုယ်လိုရှင်ဟှူတိုင်း သခင်ဘုရားအားဖြင့်ဘဲ့ တခြားသူရဲ့ မယားဖြစ်ဟှို့ ခွမ့်ရှိလေဟှယ်။
1CO 7:40 အယ်ဘေမဲ့ သူဟှာ အီထောန်ပြုဘဲနေဇာဟှ ပိုဘီး မင်္ဂလာရှိဟှယ်ဆိုဘီး ငါခံယူဟှယ်။ ငါနှိုက်လည်း ဘုရားသခင်ရဲ့ ဝိညာဉ်တော်ရှိဟှယ် ဆိုဘီး ငါမှတ်ယူဟှယ်။
1CO 8:1 ရောက်ထုဟှို ပူဇော်ဟှားဟှူရာလေနပတ်သတ်ဘီး၊ နန်းနို့လေ ပြောဟှူတိုင်း “နို့လေဂူလောင်းဟှာ သိပညာရှိဟှယ်” ဆိုဇာဟှို နို့လေသိဟှယ်။ အယ်ဘေမဲ့ သိပညာဟှာ လူဟှိုမာနထောန်လွှားစေတတ်ဟှယ်။ ရှစ်ရှင်းမြစ်တာဟှဘဲ့ တည်ဆော့‑က်တတ်ဟှယ်။
1CO 8:2 ကိုယ့်ကိုယ်ကိုယ် ပညာရှိဆိုဘီး ထန်မှတ်ဟှူသူဟှာ တကယ်ဘဲ့ အယ်သူဟှာ သိသင့်ဟှူတိုင်း သိသေးဟှ။
1CO 8:3 အယ်ဘေမဲ့ ဘုရားသခင်ဟှိုရှစ်ဟှူသူဟှာ ဘုရားသခင် သိမှတ်တော်မူဟှူဇာဟှို ခံရဟှယ်။
1CO 8:4 အယ်ကြောန့် ရောက်ထုဟှို ပူဇော်ဟှားဟှူ ယဇ်ကောန်ဟှို စားဟှူဇာဟှာ ရောက်ထုဟှာ အယ်လောကမာ ချည်းနှီးသတ်သတ် ဖြစ်ဟှယ် ဆိုဟှူဇာန တပါးဒဲရှိဟှူ ဘုရားသခင်ဟှလွဲဘီး ဖယ်ဘုရားသခင်လည်း မှေ့ဟှ ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။
1CO 8:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်န မ္လေဂီးထတ်မာ “ဘုရားလေ” “သခင်လေ” ဆိုဘီး နာမယ်မှတ်ခေါ်ဟှူ ဇာလေ ဘောင်ဂီးရှိဟှူလည်းဘဲ့
1CO 8:6 အယ်မူ ဘုရားသခင်ထဲဟှဘဲ့ ရာအားလောင်းဖြစ်လာဘီး၊ အယ်မူ ဘုရားသခင်တွပ်ဘဲ့ နို့လေဖြစ်ဂေ့ဟှယ်။ အယ်မူ ဖဘုရားသခင်တပါးဒဲဟှဘဲ့ နို့လေမာရှိဟှယ်။ အယ်မူသခင်အားဖြင့် နို့လေဟှနေစဘီး ရာအားလောင်းဖြစ်လာဂေ့ဟှယ်။ အယ်သခင် ယေရှုခရစ်တော်တပါးဒဲဟှဘဲ့ နို့လေမာ ရှိတော်မူဟှယ်။
1CO 8:7 အယ်ဘေမဲ့လည်း လူတိုင်း အယ်မူသိပညာရှိဂေ့ဟှူ ဇာမှုဟှ။ တချို့လူလေဟှာ ခုခီထိ ရောက်ထုရှေ့မာ ပူဇော်ဟှားဟှူစားဇာဟှို စားဟှူ ခီမာ ရောက်ထုဟှို ထော့‑က်ဟှူစိနစားဂေ့ဘီး ကိုယ့်ကိုယ်ကိုယ် သိဟှူ စိအားနဲဟှူကြောန့် ညစ်ညူးစေဟှယ် ဆိုဘီး ထန်ဂေ့လေဟှယ်။
1CO 8:8 စားဇာဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ နို့လေဟှို မျစ်နှာရစေဟှူဇာ မှုဟှ။ စားဘဲနနေဟှူလည်း ရှောင်းမှေ့ဘဲဟှူမျိုး စားဟှယ် ဆိုဟှာလည်း မ္လတ်မရဟှ။
1CO 8:9 အယ်ဘေမဲ့ နန်းနို့လေ အယ်မျိုး လွတ်လွတ်လပ်လပ် စားပိုင်ခွမ့်ရှိဟှူလည်းဘဲ့ ယောင်ကြည်မှုအားနဲဟှူသူလေတွပ် ထိမိဘီးလဲဇာ ဖြစ်ဘဲနေအောန် ဒိပြုဂေ့ပါ။
1CO 8:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သိပညာရှိဟှူနန်ဟှာ ရောက်ထုက္လောန်းထဲမာ ထိုင်ဘီး စားသော့‑က်နေဟှူဇာဟှို ယော့‑က်ယော့‑က်ဟှ တွိဟှယ် ဆိုဟှာ အယ်သူရဲ့ အားနဲဟှူ သိစိဟှာ ရောက်ထုဟှို ပူဇော်ဟှားဟှူ ဇာလေဟှို စားဟှိရဲတန်းလာမယ် မှုဟှလော။
1CO 8:11 အယ်မျိုးဖြစ်ဟှယ် ဆိုဟှာ အားနဲဟှူ ညီကိုတွပ် ခရစ်တော်ဟှာ သေခံပေးဟှူလည်းဘဲ့ နန့်ရဲ့ “သိပညာ” ကြောန့် အယ်သူဟှာ ပျစ်စီးမှုဟှို ရော့‑က်ရဟှယ်။
1CO 8:12 အယ်မျိုးဆိုဟှာ နန်းနို့လေဟှာ ညီကို မောန်နှမလေဟှို ပြစ်မှားဘီး သူးနို့လေရဲ့ သိစိဟှို ထိခိုက်စေရှင်းအားဖြင့် ခရစ်တော်ဟှို ပြစ်မှားရာ ရော့‑က်ဟှယ်။
1CO 8:13 အယ်ကြောန့် ငါ့ရဲ့ စားသော့‑က်ဟှူမှုဟှာ ညီကို မောန်နှမလေဟှို မှားယွင်းစေဟှယ် ဆိုဟှာ ညီကို မောန်နှမလေဟှို မှားယွင်းစေဘဲနေအောန် မဲသားဟှို စားဘဲန မြဲဒမ်းရှောန်မယ်။
1CO 9:1 ငါဟှာ လွတ်လပ်ဟှူလူဖြစ်ဟှယ် မှုဟှလော။ တမန်တော်တယော့‑က်ဖြစ်ဟှယ် မှုဟှလော။ နို့လေရဲ့ ယေရှုခရစ်ဟှို ဗြင်ရဘီ မှုဟှလော။ နန်းနို့လေဟှာ သခင်ဘုရားရဲ့ မှုတော်ဟှို ငါစေခံလောက်ဆောန်ဇာဟှနေဘီး ရလာဟှူသီးပွမ့်လေ မှုဟှလော။
1CO 9:2 ငါဟှာ တခြားသူလေထတ်မာ တမန်တော်ဖြစ်ဘဲနေဟှူလည်းဘဲ့ နန်းနို့လေတွပ် တမန်တော်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ သခင်ဘုရားရဲ့ တမန်တော်ဖြစ်ဟှယ် ဆိုဇာဟှို နန်းနို့လေဟှာ ဒဗဲ့တော်ဖြစ်ဟှူဇာအားဖြင့် ငါ့ဟှို တံဆိခတ်ဂေ့ဟှယ်။
1CO 9:3 ငါ့ဟှို စစ်ဆေးဝေဖန်ဟှူသူလေဟှို အယ်မျိုး ငါဖြေရှင်းပြောဆိုဟှယ်။
1CO 9:4 နို့လေရဲ့ လောက်ဆောန်မှုအားဖြင့် နို့လေမာ စားသော့‑က်ပိုင်ခွမ့် မှေ့ဟှလော။
1CO 9:5 နို့လေဟှာ ကေဖန သခင်ဘုရားရဲ့ ညီတော်လေ တခြားတမန်တော်လေဟှူမျိုး နို့လေခရီးထွပ်ဟှူ ခီမာ ယောင်ကြည်သူညီမဖြစ်ဟှူ မယားဟှို ခေါ်ဆောန်ပိုင်ခွမ့် မှေ့ဟှလော။
1CO 9:6 ငါန ဗာနဗဟှဘဲ့ လောက်မလောက်ဘဲ နေရဟှူခွမ့်မှေ့ဟှ ဆိုဘီး ပြောရလော။
1CO 9:7 ဖယ်စစ်သားလေဟှ ကိုယ်စရိနကိုယ် စစ်မှုထမ်းရကြောန့်နူး။ ဖယ်သူဟှ ကိုယ်စိုက်ဟှားဟှူ စဗျစ်ခြံဟှစဗျစ်သီးဟှို မစားဘဲနေနူး။ ဖယ်သိုးထီးမားလေဟှာ ကိုယ်ထီးဟှူ သိုးလေဟှ သိုးနို့ဟှို မသောင်းဆောန်ဘဲနေဂေ့နူး။
1CO 9:8 ငါဟှာ အယ်ကြောန်းရာဟှို လူ့သဘောန ပြောနေဟှူဇာလော။ ပညတ်တရားဟှလည်း အယ်မျိုးပြောဟှားဟှယ် မှုဟှလော။
1CO 9:9 မောရှေရဲ့ ပညတ္တိကျမ်းဟှ “ဗားနန်းဟှူ နွားရဲ့ဇပ်ပေါ့‑က်ဟှို ချောက်တီးန” ဆိုဘီး လာဟှယ်။ အယ်မျိုး မိန့်တော်မူဟှူဇာဟှ ဘုရားသခင်ဟှာ နွားဟှိုဘဲ့ ပြောရှင်ဇာလော။
1CO 9:10 အယ်မျိုးမှုဘဲနေဟှာ နို့လေတွပ်ဘဲ့ မိန့်တော်မူဟှားဇာလော။ တကယ်ဘဲ့ နို့လေတွပ် ရေးဟှားဇာ ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လယ်ထွန်မားန ရိသီးမားလေဟှာ ကိုယ့်ရဲ့ ရထိုက်ဟှူ လောက်ခဟှို မျှော်လင့်ဘီးဟှာ လောက်ဆောန်ဂေ့ဇာ ဖြစ်ဟှယ်။
1CO 9:11 နို့လေဟှာ ဝိညာဉ်ပိုင်းဆိုင်ရာ မျိုးစေ့အားဖြင့် နန်းနို့ဟှို စိုက်ပျိုးဘီးဟှာ နန်းနို့နားဟှ ရောက်ပိုင်းဆိုင်ရာလေဟှို ရိသီးဟှူဇာဟှာ လွန်ရာက္လလော။
1CO 9:12 နန်းနို့လေနားမာ တခြားသူလေ ခံယူပိုင်ခွမ့်ရှိဟှယ် ဆိုဟှာ နို့လေဟှာ ပိုဘီး ခံယူခွမ့်ရှိဟှယ် မှုဟှလော။ အယ်ဘေမဲ့လည်း နို့လေဟှာ အယ်မူခွမ့်ရေးဟှို ယူဂေ့ဟှ။ ခရစ်တော်ရဲ့ ဒန်းကောန်းဟှို ဆီးတားဖြစ်ဘဲအောန် တွိကြောင်ရဟှူ ခတ်ခဲလေဟှို ရာရာတိုင်းမာ သီးခံဘီး လောက်ဆောန်ဂေ့ဟှယ်။
1CO 9:13 ဗိမာန်တော်ရဲ့ မှုကိစလေဟှို လောက်ဆောန်ဟှူ သူလေဟှာ ဗိမာန်တော်န ဆိုင်ဟှူဇာလေဟှို စားရဂေ့ဘီး၊ ယဇ်ပလ္လင်နှိုက် ထမ်းဆောန်ဟှူ သူလေဟှလည်း ယဇ်ပလ္လင်န ဆိုင်ဟှူဇာလေဟှို မျှဝီခံစားခွမ့် ရှိဟှယ် ဆိုဇာ နန်းနို့လေ သိဂေ့ဟှလော။
1CO 9:14 အယ်မျိုးဘဲ့ ဒန်းကောန်းဟှို ဟောပြောသူလေလည်း ဒန်းကောန်းအားဖြင့် သတ်မွီးရမယ် ဆိုဘီး သခင်ဘုရား မိန့်မှာတော်မူဟှယ်။
1CO 9:15 အယ်ဘေမဲ့ နို့လေဟှာ အယ်ခွမ့်ရေးလေဟှို သောင်းဂေ့ဟှ။ အယ်မျိုးခွမ့်ဟှို တောန်းဆိုရှင်ကြောန့် အယ်စာဟှို ရေးဟှူဇာ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ရဲ့ ဝါကြွားဇာကြောန်းဟှို သူများလေဟှ ချည်းနှီးဖြစ်စေရှင်းထတ် သေဟှားဇာဘဲ့ ပိုကောန်းဟှယ်!
1CO 9:16 ငါဟှာ ဒန်းကောန်းဟှို ဟောပြောရောင်မျှန ဝါကြွားဇာကြောန်း မှေ့သေးဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဟောပြောဘဲန နေနိုင်ဟှ။ အယ်ဒန်းကောန်းဟှို ဟောပြောဘဲန နေမယ် ဆိုဟှာ အမင်္ဂလာရှိဟှယ်!
1CO 9:17 တကယ်ကြောန့် ငါဟှာ အယ်မှုတော်ဟှို ငါ့ရဲ့ ဆန္ဒတိုင်း ဆောန်ရွပ်မယ် ဆိုဟှာ ငါ့တွပ် ဆုလာဘ် ရှိဟှယ်။ အယ်ဘေမဲ့ ငါ့ရဲ့ ဆန္ဒတိုင်းမှုဘဲ ဆိုဟှာလည်း အယ်စီမံခန့်ခွဲမှုဟှို ငါ့နှိုက် ယောင်ကြည် အပ်ဟှားဘီး ဖြစ်ဟှယ်။
1CO 9:18 အယ်မျိုးဆိုဟှာ ငါ့တွပ် ဖြားကျိုးရှိနူး။ ငါခံစားရဟှူ ကျိုးဟှ ဒန်းကောန်းဟှို ခယူဘဲ ဟောပြောဟှူ ခွမ့်န အယ်မျိုး ဟောပြောဟှို့တွပ် ရပိုင်ခွမ့်လေဟှို သောင်းပြုဘဲန နေနိုင်ခွမ့်လေဘဲ့ ဖြစ်ဟှယ်။
1CO 9:19 ငါဟှာ ဖယ်သူ့ကျွန်လည်းမှုဘဲ လွတ်လပ်ဟှူသူ တယော့‑က် ဖြစ်ဟှူလည်းဘဲ့ ယောင်ကြည်လာဟှူ သူလေ ဘောင်ဂီးရဟှို့တွပ် လူတိုင်းရဲ့ ကျွန်ဖြစ်ဟှယ်။
1CO 9:20 ငါဟှာ ယုဒလူမျိုးလေဟှို ရဟှို့တွပ် ယုဒလူမျိုးလေနားမာ ယုဒလူမျိုးလေမျိုး ဖြစ်ဟှယ်။ ငါကိုယ်တိုင် ပညတ်တရားအော့‑က်မာ မှေ့ဘေမဲ့လည်း ပညတ်တရားအော့‑က်မာ ရှိဟှူသူလေဟှို ရဟှို့တွပ် ပညတ်တရားအော့‑က်မာ ရှိဟှူသူလေတွပ် ပညတ်တရားအော့‑က်မာ ရှိဟှူသူမျိုးဘဲ့ ဖြစ်ဟှယ်။
1CO 9:21 ငါဟှာ ဘုရားသခင်ရဲ့ ပညတ်တရားန ကင်းဝေးဟှူသူမှုဘဲ ခရစ်တော်ရဲ့ ပညတ်တရားအော့‑က်မာ ရှိဟှူလည်းဘဲ့ ပညတ်တရားန ကင်း‌ဝေးဟှူ လူမျိုးခြားလေဟှို ရဟှို့တွပ် ပညတ်တရားန ကင်းဝေးဟှူ သူလေထဲမာ ပညတ်တရားန ကင်းဝေးဟှူ သူလေမျိုး ဖြစ်ဟှယ်။
1CO 9:22 ငါဟှာ အားနဲဟှူသူဟှို ရဟှို့တွပ် အားနဲဟှူ သူလေထဲမာ အားနဲဟှူသူ ဖြစ်ဟှယ်။ လူတချို့ဟှို တနည်းနည်းန ကယ်တန်နိုင်ဟှို့တွပ် လူဘောန်းဇောင်ထဲမာ လူဘောန်းဇောင်မျိုးဘဲ့ ဖြစ်ဟှယ်။
1CO 9:23 ဒန်းကောန်းရဲ့ ကောန်းဂျီးမင်္ဂလာဟှို ဝီမျှနိုင်ဟှို့တွပ် ငါဟှာ ဒန်းကောန်းရဲ့ ကျိုးတွပ် အယ်မူဇာ ဂူလောင်းဟှို ပြုဟှူဇာ ဖြစ်ဟှယ်။
1CO 9:24 ပ္လေးပြိုင်ပွဲမာ လူလေ ဘောင်ဂီး ဝမ်ပြိုင် ဘေမဲ့လည်း တယော့‑က်ဟှားဘဲ့ ဆုဟှို ရဟှယ် ဆိုဇာဟှို နန်းနို့လေ သိဂေ့ဟှလော။ အယ်မျိုးဖြစ်ကြောန့် နန်းနို့လေ ဆုဟှို ရဟှို့တွပ် ပ္လေးဂေ့ပါ။
1CO 9:25 ပြိုင်ပွဲဝမ်ဟှို့တွပ် လေ့ကျင့်ဟှူ အားကစားသမားလေဟှာ ရာရာတိုင်းဟှို ချောက်တီးတတ်ဟှယ်။ အယ်သူလေဟှာ ညှိုးဘီး ပျစ်စီးတတ်ဟှူ ပန်းဦးရစ် သရဖူဟှို ရဟှို့တွပ် အယ်မျိုး ပြုနေဂေ့ဟှယ်။ နို့လေဟှာ ညှိုးဘီး ပျစ်စီးတတ်ဘဲဟှူ ပန်းဦးရစ် သရဖူဟှို ရဟှို့တွပ် အယ်မျိုး ပြုနေဂေ့ဇာ ဖြစ်ဟှယ်။
1CO 9:26 အယ်ကြောန့် ငါပ္လေးဟှူ ခီမာ ခေဦးတည့်ရာဟှို ပ္လေးဟှူဇာ မှုဟှ။ ငါဟှာ လတ်ဝှေ့ထိုးဟှူ ခီမာ ထိုးချစ်ဟှို ချည်းနှီးထိုးဘဲဟှူ လတ်ဝှေ့ထိုးမားမျိုး ဖြစ်ဟှယ်။
1CO 9:27 သူများလေဟှို သွန်သန်ဘီးမှ ငါကိုယ်တိုင် က္လရှောင်းဟှူသူ ဖြစ်ဘဲနေအောင် ငါဟှာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို နှိစစ်ဘီး ပြင်ဆင်လေဟှယ်။
1CO 10:1 ညီကို မောန်နှမလေ အယ်မူကြောန်းရာဟှို နန်းနို့လေသိဘဲန နေစေရှင်ဟှ။ နို့ဘိုးဘေးလေဟှာ မိုးတီအော့‑က်မာရှိဘီး ပန်လယ်လယ်မာ ရှော့‑က်သွားရဂေ့ဘီးဟှာ၊
1CO 10:2 မိုးတီနပန်လယ်ထဲမာ မောရှေနှိုက် ဗတ္တိဇံဟှို ခံယူဂေ့ဟှယ်။
1CO 10:3 သူးနို့လေ ဂူလောင်းဟှာ ဝိညာဉ်ရေးရာန ဆိုင်ဟှူ စာတမျိုးဒဲဟှိုဘဲ့ စားဂေ့ဘီး၊
1CO 10:4 ဝိညာဉ်ရေးရာနဆိုင်ဟှူ ရေဟှို သော့‑က်ရဂေ့ဟှယ်။ သူးနို့လေ ဂူလောင်းဘဲ့ ကိုယ့်န လိုက်ပါလာဟှူ ဓမ္မက္လော့‑က်ဟှ ရေဟှို သော့‑က်ရဂေ့ဟှယ်။ အယ်က္လော့‑က်ဟှာ ခရစ်တော်ဘဲ့ဖြစ်ဟှယ်။
1CO 10:5 အယ်ဘေမဲ့လည်း ဘုရားသခင်ဟှာ သူးနို့လေထဲဟှ လူများစုဟှို နှစ်သက်တော်မူဟှ။ အယ်ကြောန့် သူးနို့လေဟှာ တောကန္တာရထဲမာ သေကျေပျစ်စီးဂေ့ဟှယ်။
1CO 10:6 အယ်သူလေဟှာ ကောန်းဘဲဇာလေဟှို တတ်မတ်ဂေ့ဟှူမျိုး နို့လေ တတ်မတ်ဘဲနနေအောန် အယ်ကြောန်းရာလေဟှာ နို့လေတွပ် ပေါင်သတ်သေဖြစ်ဟှယ်။
1CO 10:7 “လူလေဟှာ စားသော့‑က်ဘီး ထိုင်နေဂေ့ဟှယ်။ နော့‑က်တခါ ထဘီး ကခူမြူးတူးဂေ့ဟှယ်” ဆိုဘီး ကျမ်းစာလာဟှူတိုင်း တချို့လူလေဟှာ ရောက်ထုဟှို ပူဇော်ပသဟှူမျိုး နို့လေ ပူဇော်ပသဘဲနေဟှို့တွပ် ဒိပေးဟှူဇာ ဖြစ်ဟှယ်။
1CO 10:8 သူးနို့ထဲဟှ တချို့လေဟှာ တရားဘဲဟှူ မေထုန်ဟှို ပြုဟှူမျိုး နို့လေပြုဘဲနေဂေ့ဇို့။ သူးနို့လေထဲဟှ လူတချို့ဟှာ တရားဘဲဟှူ မေထုန်ဟှို ပြုဟှူကြောန့် တရစ်ဒဲမာဘဲ့ လူ ၂၃,၀၀၀ လဲဘီးသေဟှားဂေ့ဟှယ်။
1CO 10:9 အယ်လူလေထဲဟှ တချို့လေဟှာ စောင်ဇမ်းရှင်းဟှို လောက်ဂေ့ဟှူကြောန့် ဗွီအားဖြင့် ပျစ်စီးဟှားဂေ့ဟှူမျိုး နို့လေပြုဘဲန ခရစ်တော်ဟှို စောင်ဇမ်းဘဲနေဂေ့ဇို့။
1CO 10:10 နန်းနို့လေဟှာ အယ်သူလေထဲဟှ တချို့ ညည်းညူဟှူမျိုး ညည်းညူဂေ့န။ အယ်မျိုး ညည်းညူဟှူ သူလေဟှာ ဖျစ်ဆီးရှင်း တမန်အားဖြင့် ဖျစ်ဆီးခံရဂေ့ဟှယ်။
1CO 10:11 အယ်သူလေ အယ်မျိုး ဖြစ်ရဟှူဇာဟှာ တခြားလူလေ သင်ဂန်းစာရဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ နို့လေဟှာ ကပ်ကာလ ကူဆောန်းခါနီးမာ သတ်ရှင်ရဟှူ သူလေဖြစ်ကြောန့် နို့လေဟှို ဒိပေးဟှူနေန အယ်ကြောန်းရာလေဟှို ကျမ်းစာမာ ရေးဟှားဇာ ဖြစ်ဟှယ်။
1CO 10:12 အယ်ကြောန့် ကိုယ့်ကိုယ်ကိုယ် ခိုင်းခိုင်ခန့်ခန့် ရပ်တည်နေဟှယ် ဆိုဘီး ထန်ဟှူသူဟှာ ယိုင်လဲဘဲနေအောန် ဒိပြုပါစေ။
1CO 10:13 လူမာ ဖြစ်တတ်ဟှူ စောင်ဇမ်း နှော့‑က်ယှစ်မှုလေဟှိုဘဲ့ နန်းနို့လေ ခံစားရဂေ့ဟှယ်။ ဘုရားသခင်ဟှာ သစ်စာန ပ္လဲ့ဇောင်ဟှူကြောန့် နန်းနို့ခံနိုင်ဘဲဟှူ စောင်ဇမ်း နှော့‑က်ယှစ်မှုလေဟှို နန်းနို့နားဟှို ရော့‑က်ဟှို့တွပ် ခွမ့်ပေးဟှို့ မှုဟှ။ နန်းနို့လေ ခံနိုင်ဟှို့တွပ် စောင်ဇမ်း နှော့‑က်ယှစ်ခံရဟှူ ကြောန်းရာန ထပ်တူ လွတ်မြော့‑က်ဟှူ လမ်းဟှိုလည်း စီရင်ပြုပြင်တော်မူလေ့မယ်။
1CO 10:14 အယ်မျိုးဖြစ်ကြောန့် ငါရှစ်ရဟှူ သူလေ၊ ရောက်ထု ကိုးကွယ်ဇာဟှို ရှောန်ဂေ့ပါ။
1CO 10:15 နန်းနို့လေဟှို ပညာရှိဟှူ သူလေနေန ငါပြောရှင်း ဖြစ်ဟှယ်။ ငါ့စကားဟှို ဆင်ခြင်စီရင်ဂေ့ပါ။
1CO 10:16 နို့လေဟှာ ကျေးဇူးတော် ချီးမွမ်းဟှူ မင်္ဂလာခွပ်ဖလားဟှာ၊ ခရစ်တော်ရဲ့ သွီးဟှို ဆစ်ဆံဟှူဇာ ဖြစ်ဟှယ် မှုဟှလော။ နို့လေဖဲ့ဟှူ မုဟှာ။ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာတော်ဟှို ဆစ်ဆံဘီး ဝီမျှသောင်းဆောန်ဂေ့ဟှူဇာ မှုဟှလော။
1CO 10:17 မုဟှာ တလောင်းဒဲ ဖြစ်ဟှူမျိုး ဘောင်ဂီးဖြစ်ဟှူ နို့လေဟှာလည်း ကိုယ်ခန္ဓာတခုဒဲ ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေ ဂူလောင်းဟှာ တလောင်းဒဲ ဖြစ်ဟှူမုဟှို ဆစ်ဆံဘီး သောင်းဆောန်ဂေ့ဟှူကြောန့် တလောင်းတကိုယ်ဒဲ ဖြစ်ဂေ့ဟှယ်။
1CO 10:18 ဇာတိအားဖြင့် ဣသရေလ လူမျိုးလေဖြစ်ဟှူ သူလေဟှို ကေ့ဘီး ဆင်ခြင်ဂေ့ပါ။ ယဇ်ပူဇော်ဟှားဟှူ ယဇ်ကောန်လေဟှို စားဟှူ သူးနို့လေဟှာ ယဇ်ပလ္လင်န ဆစ်ဆံဟှူ သူလေ ဖြစ်ဂေ့ဟှယ် မှုဟှလော။
1CO 10:19 အယ်မျိုးဆိုဟှာ ရောက်ထုဟှို ပူဇော်ဟှူရာဟှာ ရေးပါဟှူဇာ ဖြစ်ဟှယ်။ အယ်မျိုးမှုဘဲနေဟှာ ရောက်ထုဟှာ ရေးပါဟှူဇာ ဖြစ်ဟှယ် ဆိုဘီး ငါဆိုလိုဟှူဇာလော။
1CO 10:20 အယ်မျိုးငါဆိုလိုဇာ မှုဟှ။ သူးနို့ပူဇော်ဟှူ ယဇ်ကောန်ဟှာ ဘုရားသခင်ဟှို ပူဇော်ဇာမှုဘဲန နတ်ဆိုးလေဟှို ပူဇော်ဇာဖြစ်ဟှယ်။ နန်းနို့လေဟှို နတ်ဆိုးလေန ဆစ်ဆံဟှူဇာဟှို ငါမလိုရှင်ဟှ။
1CO 10:21 နန်းနို့လေဟှာ သခင်ဘုရားရဲ့ ခွပ်ဟှို သော့‑က်မယ် ဆိုဟှာ နတ်ဆိုးလေရဲ့ ခွပ်ဟှို သော့‑က်နိုင်ဟှ။ သခင်ဘုရားရဲ့ စားဗွဲမာ စားမယ် ဆိုဟှာ နတ်ဆိုးလေရဲ့ စားဗွဲမာ စားနိုင်ဂေ့ဟှ။
1CO 10:22 နို့လေဟှာ သခင်ဘုရားဟှို မျစ်ထွပ်အောန် ဆန့်ကျင်ဖတ် လောက်ရှင်ဂေ့ကြောန့်လော။ နို့လေဟှာ သခင်ဘုရားထတ် ပိုဘီး တဂိုးကီးဟှူကြောန့်လော။
1CO 10:23 “နို့လေဟှာ ဖယ်မှုဟှိုမဆို ပြုလောက်ခွမ့်ရှိဟှယ်” ဆိုဘီး ပြောဟှူတိုင်းမှန်ဟှူလည်းဘဲ့ ရာအားလောင်းကျိုးရှိဟှူဇာ မှုဟှ။ “နို့လေဟှာ ဖယ်မှုဟှိုမဆို ပြုခွမ့်ရှိဟှယ်” ဆိုဘီး ပြောဟှူလည်းဘဲ့ ရှိမျှဂူလောင်းဟှာ နို့လေဟှို ကျိုးပြုပေးဇာ မှုဟှ။
1CO 10:24 ဖယ်သူလည်း ကိုယ့်ကျိုးဟှိုမရှာစေန။ သူများကျိုးဟှိုဘဲ့ လူတိုင်းရှာပါစေ။
1CO 10:25 နန့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ထော့‑က်ရဟှူကြောန့် ဆေးမာ ရောန်းဇာလေ ဂူလောင်းဟှို စစ်ဆေးမေးမြန်းဘဲန စားဂေ့ပါ။
1CO 10:26 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “မ္လေဂီးနတူးဒူ မ္လေဂီးထတ်မာရှိဟှူ ရှိမျှဂူလောင်းဟှို ဘုရားသခင် ပိုင်တော်မူဟှယ်” ဆိုဘီး ကျမ်းစာဟှပြောဟှယ်။
1CO 10:27 တကယ်ဟှိ ယောင်ကြည်ဘဲသူ တယော့‑က်ဟှာ နန်းနို့လေဟှို ဧည့်ခံဘီး ကျွေးမွေးဟှို့ခေါ်ဟှူ ခီမာ နန်းနို့သွားဂေ့ဘီး သိစိဟှို ထော့‑က်ရဟှူကြောန့် ထဲ့ကျွေးဇာလေ ဂူလောင်းဟှို စစ်ဆေးမေးမြန်းဘဲန စားဂေ့ပါ။
1CO 10:28 အယ်ဘေမဲ့ လူယော့‑က်ယော့‑က်ဟှ “အယ်ဇာဟှာ ရောက်ထုဟှို ပူဇော်ဟှားဟှူ သားဖြစ်ဟှယ်” ဆိုဘီး ပြောဟှာ အယ်မျိုးပြောဟှူ သူန သိစိဟှို ထော့‑က်ဘီးဟှာ အယ်ဇာဟှို စားဂေ့န —
1CO 10:29 သိစိ ဆိုဘီး ပြောဟှူဇာဟှာ နန်းနို့ရဲ့သိစိဟှို ပြောဟှူဇာ မှုဟှ။ တခြားသူရဲ့ သိစိဟှို ပြောဟှူဇာဖြစ်ဟှယ်။ နန်းနို့လေထဲဟှ ယော့‑က်ယော့‑က်ဟှ “ငါ့ရဲ့လွတ်လပ်မှုဟှို ဖြားဖြစ်ကြောန့် သူများရဲ့သိစိဟှ လာဘီးစစ်ကြောစီရင်ရနူး။
1CO 10:30 ငါဟှာ ကိုယ်စားဟှူစားသော့‑က်တွပ် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဟှယ် ဆိုဟှာ အယ်မျိုး ကျေးဇူးတော်ဟှို ချီးမွမ်းဘီး စားဟှူစားဇာန ပတ်သတ်ဘီးဟှာ ငါ့ဟှို ဖြားဖြစ်ကြောန့် ကဲ့ရဲ့ပြစ်တန်ရနူး” ဆိုဘီး မေးလေ့မယ်။
1CO 10:31 နန်းနို့လေဟှာ စားဟှူဇာဘဲ့ဖြစ်ဖြစ်၊ သော့‑က်ဟှူဇာဘဲ့ဖြစ်ဖြစ်၊ ဖယ်မျိုးမှုဟှိုဘဲ့ပြုပြု ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထော့‑က်ဘီး မှုရှိမျှဂူလောင်းဟှို ပြုဂေ့ပါ။
1CO 10:32 ယုဒလူမျိုးဘဲ့ဖြစ်ဖြစ်၊ လူမျိုးခြားလေဘဲ့ဖြစ်ဖြစ်၊ ဘုရားသခင်ရဲ့ သင်းတော်ဝမ်ဟှူ သူလေဟှိုဘဲ့ဖြစ်ဖြစ် ကဲ့ရဲ့ဇာကြောန်း မှေ့ဘဲနေအောန် နေထိုင်ဂေ့ပါ။
1CO 10:33 အယ်မျိုးဘဲ့ ငါလည်း လူလေ ကယ်တန်ရှင်းရဟှို့တွပ် ကိုယ့်ကျိုးဟှို ငဲ့ဘဲန သူများလေရဲ့ကျိုးဟှို ငဲ့ကွပ်ဘီးဟှာ မှုရှိမျှဂူလောင်းဟှို လူလေနှစ်သက်အောန် ကြိုးစားနေဟှယ်။
1CO 11:1 အယ်မျိုးဖြစ်ကြောန့် ငါဟှာ ခရစ်တော်ဟှို တုယူဟှူမျိုး နန်းနို့လေလည်း ငါ့ဟှို တုယူဂေ့ပါ။
1CO 11:2 နန်းနို့လေဟှာ ငါ့ဟှို မြဲဒမ်း ဒိရဘီး ငါပေးဟှူ နည်းဥပဒေသလေဟှို လိုက်နာ ကျင့်သောင်းဂေ့ဟှူကြောန့် နန်းနို့လေဟှို ငါချီးကျူးပါဟှယ်။
1CO 11:3 အယ်ဘေမဲ့ နန်းနို့လေဟှို သိစေရှင်ဟှူဇာဟှ ခရစ်တော်ဟှာ ယော့‑က်ကျားတိုင်းရဲ့ ခေါန်းဖြစ်ဟှယ်။ မီးမရဲ့ခေါန်းဟှာ ယော့‑က်ကျားဖြစ်ဟှယ်။ ခရစ်တော်ရဲ့ ခေါန်းဟှာ ဘုရားသခင် ဖြစ်ဟှယ်။
1CO 11:4 အယ်မျိုးဖြစ်ကြောန့် ယော့‑က်ကျားဟှာ ကိုယ့်ခေါန်းဟှို ဖောင်းဘီး ဆုတောန်းဇာဘဲ့ဖြစ်ဖြစ်၊ ပရောဖက်ပြုဇာဘဲ့ဖြစ်ဖြစ် ကိုယ့်ခေါန်းရဲ့ အသရေဟှို ရှောက်ခ္လသူ ဖြစ်ဟှယ်။
1CO 11:5 မီးမဟှာ ကိုယ့်ရဲ့ခေါန်းဟှို ဖောင်းဘဲန ဆုတောန်းဇာဘဲ့ဖြစ်ဖြစ်၊ ပရောဖက်ပြုဇာဘဲဖြစ်ဖြစ် ကိုယ့်ခေါန်းရဲ့ အသရေဟှို ရှောက်ခ္လဟှူဇာ ဖြစ်ဟှယ်။ အယ်မျိုးပြုမယ် ဆိုဟှာ ခေါန်းရိဟှားဟှူသူန တူးဒူဘဲ့ဖြစ်ဟှယ်။
1CO 11:6 အယ်ကြောန့် မီးမဟှာ ကိုယ့်ရဲ့ခေါန်းဟှို ဖောင်းဘဲန နေမယ် ဆိုဟှာ ဆားဗန်ဟှို ဖြတ်ပါစေ။ အယ်ဘေမဲ့ ဆားဗန်ဖြတ်ဟှူဇာ၊ ခေါန်းရိဟှူဇာဟှာ မီးမလေတွပ် ယှစ်ဇာဖြစ်မယ် ဆိုဟှာ ခေါန်းဟှို ဖောင်းဟှားပါစေ။
1CO 11:7 ယော့‑က်ကျားဟှာ ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်တော်န ဖောင်းသရေတော်ဖြစ်ဟှူကြောန့် ကိုယ့်ရဲ့ခေါန်းဟှို ဖောင်းသင့်ဟှ။ အယ်ဘေမဲ့ မီးမဟှာ ယော့‑က်ကျားရဲ့ ဖောင်းသရေတော်ဖြစ်ဟှယ်။
1CO 11:8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယော့‑က်ကျားဟှာ မီးမအားဖြင့် ဖြစ်လာဟှူဇာ မှုဟှ။ မီးမဟှဘဲ့ ယော့‑က်ကျားအားဖြင့် ဖြစ်လာဟှူဇာဖြစ်ဟှယ်။
1CO 11:9 ယော့‑က်ကျားဟှို မီးမတွပ် ဖန်ဆင်းဟှူဇာ မှုဟှ။ မီးမဟှိုဘဲ့ ယော့‑က်ကျားတွပ် ဖန်ဆင်းဟှားဇာဖြစ်ဟှယ်။
1CO 11:10 အယ်မျိုးဖြစ်ကြောန့် ကောန်းဂန်တမန်လေဟှို ထော့‑က်ဘီးဟှာ မီးမဟှာ ကိုယ့်ဟှို ယော့‑က်ကျားအောက်စိုးဟှူဇာဟှို ဖော်ပြဟှူနေန ကိုယ့်ရဲ့ခေါန်းဟှို ဖောင်းသင့်ဟှယ်။
1CO 11:11 အယ်ဘေမဲ့ သခင်ဘုရားနှိုက် ယော့‑က်ကျားပါဘဲန မီးမဖြစ်ဟှူဇာ မှုဟှ။ မီးမပါဘဲန ယော့‑က်ကျားဖြစ်ဟှူဇာ မှုဟှ။
1CO 11:12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မီးမဟှာ ယော့‑က်ကျားကြောန့်ဖြစ်လာဟှူမျိုး ယော့‑က်ကျားဟှလည်း မီးမအားဖြင့် မွီးလာဟှူဇာဖြစ်ဟှယ်။ အယ်ဘေမဲ့ မှုရှိမျှဂူလောင်းဟှို ဖန်ဆင်းဟှူသူဟှာ ဘုရားသခင် ဖြစ်ဟှယ်။
1CO 11:13 မီးမဟှာ ခေါန်းဟှို ဖောင်းဘဲန ဘုရားသခင်ဟှို ဆုတောန်းဟှို့ သင့်လား သင့်ဟှလား ဆိုဇာဟှို နန်းနို့ကိုယ်တိုင် ဆင်ခြင်စီရင်ဂေ့ပါ။
1CO 11:14 ယော့‑က်ကျားဟှာ ဆားဗန်ရှယ်ထားဟှယ် ဆိုဟှာ သူ့တွပ် ယှစ်ဇာဖြစ်ဟှူကြောန်းဟှို သဘာဝတရားကိုယ်နှိုက်ဟှ နန်းနို့ဟှို သွန်သန်ဟှယ် မှုဟှလော။
1CO 11:15 မီးမဟှာ ရှယ်ဟှူဆားဗန်ရှိဟှယ် ဆိုဟှာ သူ့တွပ် ဖောင်းသရေတော်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဆားဗန်ဟှို သူ့တွပ်ခြောင်ထယ်ဖြစ် ပေးဟှားဇာဖြစ်ဟှယ်။
1CO 11:16 အယ်ဘေမဲ့လည်း အယ်ကိစန ပတ်သတ်ဘီး ယော့‑က်ယော့‑က်ဟှ ဂြင်းခူလောက်ရှင်ဟှယ် ဆိုဟှာ နို့လေနဘဲ့ဖြစ်ဖြစ် ဘုရားသခင်ရဲ့ သင်းတော်နဘဲ့ဖြစ်ဖြစ် အယ်မျိုး ထောင်းဇံ မှေ့ဟှ။
1CO 11:17 အယ်ဘေမဲ့ အယ်ညွှန်ကြားချစ်လေပေးရာမာ နန်းနို့ဟှို ငါချီးကျူးဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ဝတ်ပြုဟှူဇာဟှာ ကောန်းကျိုးထတ် ဆိုးကျိုးဟှ ပိုဘီး များဟှူကြောန့် ဖြစ်ဟှယ်။
1CO 11:18 ပထမဆောင်းနေန နန်းနို့လေရဲ့ သင်းတော်စည်းဝေးလေမာ စိဝန်းကွဲဇာလေရှိနေကြောန်းဟှို ငါကြားသိရဟှယ်။ ကြားရဟှူတိုင်းဘဲ့ တချို့မှန်မယ်ဆိုဇာ ငါယောင်ကြည်ဟှယ်။
1CO 11:19 (နန်းနို့လေ စိဝန်းကွဲဟှူဇာလေ ရှိရမယ်မှန်ဟှယ်။ အယ်မျိုးမှဘဲ့ မှန်တရားဖတ်မာ ရပ်တည်သူလေဟှို သိရမယ်။)
1CO 11:20 နန်းနို့ တူးဒူစုဝေးဂေ့ဟှူ ခီမာ သခင်ဘုရားရဲ့ ပွဲတော်မင်္ဂလာဝမ်ဟှို့တွပ် စုဝေးဇာ မှုဟှ။
1CO 11:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ စားသော့‑က်ဂေ့ခီမာ လူတိုင်းဟှ သူများလေဟှို စောန့်ဘဲန ကိုယ့်ညဉ့်ခန်းဇာဟှို စားဟှူကြောန့် မောဟှူသူဟှ မောဂေ့ဘီး ဆာဟှူသူဟှ ဆာနေဂေ့ဟှယ်။
1CO 11:22 နန်းနို့လေမာ စားသော့‑က်ဟှို့ အီမှေ့ဂေ့ဟှလော။ အယ်မျိုးမှုဘဲနေဟှာ ဘုရားသခင်ရဲ့ သင်းတော်ဟှို ထီမဲ့မြင်ပြုဘီး ဆင်းရဲသားလေဟှို ယှစ်ခွဲရှင်ကြောန့်လော။ နန်းနို့လေဟှို ငါဖယ်မျိုးပြောရဟှို့နူး။ နန်းနို့လေဟှို ငါချီးကျူးရဟှို့လော။ အယ်မှုရာဟှို ဖယ်မျိုးလည်း ချီးကျူးဟှို့ရဟှ!
1CO 11:23 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သခင်ဘုရားနားဟှ ငါခံယူရရှိဟှားဟှူ ဇာဟှို နန်းနို့လေဟှို ငါအပ်ပေးဟှယ်။ အယ်မူဇာဟှ သခင်ယေရှုဟှာ ရန်သူလေ လတ်ဟှို အပ်ရှင်းဟှို ခံတော်မူဟှူညဉ့်မာ မုဟှိုယူဘီး၊
1CO 11:24 ကျေးဇူးတော်ဟှို ချီးမွမ်းဘီးမှ မုဟှိုဖဲ့ဘီးဟှာ “အယ်မုဟှာ နန်းနို့တွပ် ခ္လိုးဖဲ့ဟှူ ငါ့ရဲ့ ကိုယ်ခန္ဓာ ဖြစ်ဟှယ်။ ငါ့ဟှို အော့‑က်မေ့ဟှို့တွပ် အယ်မျိုးပြုဂေ့ပါ” ဆိုဘီး မိန့်တော်မူဟှယ်။
1CO 11:25 အယ်တိုင်းဘဲ့ ညဉ့်ဇာစားဘီးန ခွပ်ဟှိုလည်း ယူဘီးဟှာ “အယ်ခွပ်ဟှာ ငါ့သွီးနတည်ဟှူ ပဋိညာဉ် တရားသစ် ဖြစ်ဟှယ်။ အယ်ခွပ်ဟှို သော့‑က်ဟှူ ခီတိုင်း ငါ့ဟှို အော့‑က်မေ့ဟှို့တွပ် အယ်မျိုးပြုဂေ့ပါ” ဆိုဘီး မိန့်တော်မူဟှယ်။
1CO 11:26 အယ်ကြောန့် နန်းနို့လေဟှာ အယ်မုဟှို စားဘီး အယ်ခွပ်ဟှိုသော့‑က်ဟှူခီတိုင်းမာ သခင်ဘုရားရဲ့ သေခံတော်မူဟှူကြောန်းဟှို ကြွလာဟှူခီထိ ကြေညာဟှူဇာဖြစ်ဟှယ်။
1CO 11:27 အယ်မျိုးဖြစ်ကြောန့် သခင်ဘုရားရဲ့ မုနခွပ်ဟှို ထိုက်တန်ဘဲန စားသော့‑က်ဟှူသူဟှာ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာတော်န သွီးတော်ဟှို ပြစ်မှားရာရော့‑က်ဟှယ်။
1CO 11:28 အယ်ကြောန့် လူတိုင်း ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဘီးမှ မုဟှို စားပါစေ။ အယ်တိုင်းဘဲ့ ခွပ်ဟှိုလည်း သော့‑က်ပါစေ။
1CO 11:29 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာဟှို ပိုင်းခြားဘီး နားလည်ဘဲန စားသော့‑က်ဟှူ သူဟှာ ကိုယ့်ထတ်ဟှို ပြစ်ဒန်ရော့‑က်အောန် စားသော့‑က်ဟှူသူ ဖြစ်ဟှယ်။
1CO 11:30 အယ်ကြောန့် နန်းနို့လေထဲဟှ တချို့ဟှာ အားနဲသူလေန ကျန်းမာရေးကောန်းဘဲသူ ဘောင်ဂီးရှိဂေ့ဟှယ်။ သေဟှားဂေ့ဟှူ သူလည်းရှိဟှယ်။
1CO 11:31 နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ရင်ဦးဆောင်း စစ်ဆေးမယ် ဆိုဟှာ အယ်မျိုး စီရင်ရှင်းဟှို ခံရဂေ့ဟှို့ မှုဟှ။
1CO 11:32 စီရင်ရှင်းခံရဟှယ် ဆိုဟှာလည်း လောကသားလေနတူးဒူ ပြစ်ဒန်စီရင်ဟှူဇာဟှို ခံရဘဲနေဟှို့တွပ် သခင်ဘုရားရဲ့ ဆောင်းမတော်မူဟှူဇာဟှို ခံရဂေ့ဟှယ်။
1CO 11:33 အယ်ကြောန့် ညီကို မောန်နှမလေ၊ သခင်ဘုရားရဲ့ ပွဲတော်မင်္ဂလာဟှို ဝမ်ဟှို့တွပ် စုဝေးဂေ့ခီမာ ယော့‑က်ဟှိုယော့‑က် စောန့်နေဂေ့ပါ။
1CO 11:34 ယော့‑က်ယော့‑က်ဟှ ရရာတိုင်း ဗိုက်ဆာနေဟှယ် ဆိုဟှာ ပြစ်ဒန်စီရင်ခံရမယ့် စုဝေးရှင်းမျိုးဖြစ်ဘဲနေအောန် အယ်သူဟှို သူ့အီမာ စားစေပါ။ ကျန်ဟှူကိစလေဟှို ငါလာဟှူခီမှ စီရင်မယ်။
1CO 12:1 ညီကို မောန်နှမလေ ဝိညာဉ်ဆုကျေးဇူးလေရဲ့ ကြောန်းရာလေဟှို နန်းနို့သိဘဲနနေဟှို့တွပ် ငါလိုမှေ့ဟှ။
1CO 12:2 နန်းနို့လေဟှာ စဒူးဟှ လူမျိုးခြားလေဖြစ်ဟှူကြောန့် သူများသွီးဆောန်ဟှူနော့‑က်ဟှို လိုက်ပါဘီး သတ်မှေ့ဘဲဟှူ ရောက်ထုလေဟှို ကိုးကွယ်ဂေ့ဟှူကြောန်းဟှို နန်းနို့လေ သိဘဲ့ဖြစ်ဟှယ်။
1CO 12:3 အယ်ကြောန့် နန်းနို့လေဟှို သိစေရှင်ဇာဟှ ဖယ်သူလေမှလည်း ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် “ယေရှုဟှာ ကီရှင်းခံရပါစေ!” ဆိုဘီး ပြောဟှို့မှုဟှ။ အယ်မျိုးဘဲ့ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် မှုဟှဆိုဟှာ “ယေရှုဟှာ သခင်ဖြစ်တော်မူဟှယ်” ဆိုဘီး ဖယ်သူလည်းဘဲ့ ဝန်ခံနိုင်ဘဲကြောန်းဟှို နန်းနို့ဟှို သိစေရှင်ဟှယ်။
1CO 12:4 ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးတော်ဟှာ မျိုးမျိုးရှိဟှူလည်းဘဲ့ ဝိညာဉ်တော်ဟှာ တပါးဒဲဘဲ့ရှိဟှယ်။
1CO 12:5 မှုတော်လောက်ငန်း မျိုးမျိုးရှိဟှူလည်းဘဲ့ သခင်ဘုရားဟှာ တပါးဒဲဘဲ့ရှိဟှယ်။
1CO 12:6 လောက်ဆောန်ချစ် ဘောန်းဇောင်ရှိလည်းဘဲ့ လူလေထတ်မာ ရှိမျှဂူလောင်းဟှို ပြုတော်မူဟှူ ဘုရားသခင်ဟှာ တပါးဒဲဘဲ့ ရှိဟှယ်။
1CO 12:7 ကောန်းဟှူကျိုးတွပ် ဝိညာဉ်တော်ဟှို လူသီးသီးဟှို ထန်ရှားအောန် ပေးတော်မူဟှယ်။
1CO 12:8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝိညာဉ်တော်အားဖြင့် တယော့‑က်ဟှို ပညာတရားဟှို ပေးတော်မူဟှယ်။ အယ်ဝိညာဉ်တော်အားဖြင့် တခြားတယော့‑က်ဟှို ထိုးထွင်းရှင်းပညာဟှို ပေးတော်မူဟှယ်။
1CO 12:9 အယ်ဝိညာဉ်တော်ဟှ တယော့‑က်ဟှို ယောင်ကြည်ရှင်း ဆုကျေးဇူးဟှိုဘဲ့ဖြစ်ဖြစ်၊ တခြားတယော့‑က်ဟှို ရောဂါပျော့‑က်ကင်းစေနိုင်ဟှူ တဂိုးဟှိုဘဲ့ဖြစ်ဖြစ်၊
1CO 12:10 တယော့‑က်ဟှို နိမိတ်လတ်ခဏာပြနိုင်ဟှူ တဂိုးဟှိုဘဲ့ဖြစ်ဖြစ်၊ တခြားတယော့‑က်ဟှို ပရောဖက်ပြုခွမ့်ဟှိုဘဲ့ဖြစ်ဖြစ်၊ နော့‑က်တယော့‑က်ဟှို စိဝိညာဉ်ဟှို ပိုင်းခြားဘီး သိနိုင်ဟှူ ခွမ့်ဟှိုဘဲ့ဖြစ်ဖြစ်၊ နော့‑က်တယော့‑က်ဟှိုလည်း ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးဟှို ပြောနိုင်ဟှူခွမ့်ဟှိုဘဲ့ဖြစ်ဖြစ်၊ နော့‑က်တယော့‑က်ဟှို အယ်ဘာသာစကားရဲ့ နတ်ဓိပါယ်ဟှို ဖော်ပြပေးနိုင်ဟှူခွမ့်ဟှိုဘဲ့ဖြစ်ဖြစ် ပေးတော်မူဟှယ်။
1CO 12:11 အယ်ဝိညာဉ်တော် တပါးဒဲဟှဘဲ့ အယ်မှုရှိမျှဂူလောင်းဟှို လောက်ဆောန်တော်မူဘီး လိုတော်ရှိဟှူတိုင်း အယ်ဆုကျေးဇူးလေဟှို ယော့‑က်စီတိုင်းဟှို သီးသီးခွဲဝီပေးတော်မူဟှယ်။
1CO 12:12 ခရစ်တော်ဟှာ အင်္ဂါစိပိုင်းလေဘောင်ဂီးရှိဟှူ ကိုယ်ခန္ဓာနတူဟှယ်။ ကိုယ်ခန္ဓာမာ အင်္ဂါစိပိုင်းလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ ကိုယ်တကိုယ်ဒဲဘဲ့ ဖြစ်ဟှယ်။
1CO 12:13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယုဒလူမျိုးဘဲ့ဖြစ်ဖြစ်၊ လူမျိုးခြားဘဲ့ဖြစ်ဖြစ်၊ ကျွန်ဘဲ့ဖြစ်ဖြစ်၊ လူလွတ်ဘဲ့ဖြစ်ဖြစ်၊ နို့လေ ဂူလောင်းဟှာ ဝိညာဉ်တော် တပါးဒဲအားဖြင့် ကိုယ်ခန္ဓာ တခုဒဲဟှို ဗတ္တိဇံခံယူဂေ့ဟှယ်။ နို့လေရှိဟှူ ဂူလောင်းဟှာ ဝိညာဉ်တော် တပါးဒဲဟှို သော့‑က်ဂေ့ရဟှယ်။
1CO 12:14 ကိုယ်ခန္ဓာမာ အင်္ဂါစိပိုင်းဟှာ တခုဒဲဘဲ့ရှိဟှူဇာ မှုဟှ။ ဘောင်ဂီးဘဲ့ ရှိဟှယ်။
1CO 12:15 ခေဟှ “ငါဟှာ လတ်မှုဘဲကြောန့် ကိုယ်ခန္ဓာန စပ်ဆိုင်ဟှ” ဆိုဘီး ပြောဟှူကြောန့် တကယ်ဘဲ့ ကိုယ်ခန္ဓာန စပ်ဆိုင်ဟန်းဘဲဇာ မှုဟှ။
1CO 12:16 နားဟှလည်း “ငါဟှာ မျစ်စိမှုဘဲကြောန့် ကိုယ်ခန္ဓာန စပ်ဆိုင်ဟှ” ဆိုဘီး ပြောဟှယ် ဆိုဟှာလည်း တကယ်ဘဲ့ ကိုယ်ခန္ဓာန စပ်ဆိုင်ဟန်းဘဲဇာ မှုဟှ။
1CO 12:17 ကိုယ်ခန္ဓာ တခုလောင်းဟှာ မျစ်စိဘဲ့ဖြစ်နေဟှယ် ဆိုဟှာ ဖယ်မျိုး ကြားနိုင်မယ်နူး။ ကိုယ်ခန္ဓာ တခုလောင်းဟှာ နားဘဲ့ဖြစ်နေဟှယ် ဆိုဟှာလည်း ဖယ်မျိုး နံ့ခံနိုင်ဟှို့နူး။
1CO 12:18 အယ်ဘေမဲ့ ဘုရားသခင်ဟှာ ကိုယ်ခန္ဓာမာရှိဟှူ အင်္ဂါစိပိုင်းလေဟှို သူ့လိုတော်ရှိဟှူတိုင်း သူ့နေရာနသူ ရှိစေတော်မူဟှယ်။
1CO 12:19 ဂူလောင်းဟှာ အင်္ဂါတခုဒဲဘဲ့ ဖြစ်ဟှယ် ဆိုဟှာ ကိုယ်ခန္ဓာဟှာ ဖယ်မာရှိဦးမယ်နူး။
1CO 12:20 ခုဟှ အင်္ဂါစိပိုင်းလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ ကိုယ်ခန္ဓာတခုဒဲဟှဘဲ့ရှိဟှယ်။
1CO 12:21 အယ်ကြောန့် မျစ်စိဟှ “နန့်ဟှို ငါမလိုဟှ” ဆိုဘီး လတ်ဟှိုပြောမရဟှ! ခေါန်းဟှလည်း “နန့်ဟှို ငါမလိုဟှ” ဆိုဘီးလည်း ခေဟှိုပြောမရဟှ!
1CO 12:22 အယ်လော့‑က်နကဟှ ကိုယ်ခန္ဓာမာ ပိုဘီး အားနဲဟှယ် ဆိုဘီး ထန်ရဟှူ အင်္ဂါစိပိုင်းလေဟှာ ပိုဘီး လိုအပ်ဟှူ အင်္ဂါလေဖြစ်ဟှယ်။
1CO 12:23 အသရေမဲ့ဟှယ် ဆိုဘီး ထန်ရဟှူ အင်္ဂါစိပိုင်းလေဟှို ပိုဘီး ကီးဟှူ အသရေအားဖြင့် ဆင်ယင်တတ်ဂေ့ဟှယ်။ တင့်တယ်မှုမှေ့ဘဲဟှူ ကိုယ်အင်္ဂါစိပိုင်းလေဟှို ပိုဘီး တင့်တယ်အောန် ဆင်ယင်တတ်ဂေ့ဟှယ်။
1CO 12:24 တင့်တယ်ဟှူ ကိုယ်အင်္ဂါစိပိုင်းလေဟှို မွန်းမံဇာလိုအပ်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ ဂေါင်ငယ်ဟှူ အင်္ဂါစိပိုင်းလေဟှို ပိုဘီး ကီးဟှူ ဂေါင်သရေဟှို ပေးဘီး ကိုယ်ခန္ဓာဟှို ပေါန်းစပ်ဖွဲ့စည်းဟှားတော်မူဟှယ်။
1CO 12:25 အယ်ကြောန့် ကိုယ်ခန္ဓာမာ ကွဲပြားမှုမှေ့ဘဲ အင်္ဂါစိပိုင်းလေ ရှင်းရှင်း ဂရုစိုက်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
1CO 12:26 တကယ်ကြောန့် ကိုယ်အင်္ဂါစိပိုင်းတခုဟှ ဝေဒနာခံစားနေရဟှယ် ဆိုဟှာ တခြားအင်္ဂါစိပိုင်းလေဟှာလည်း ဒန်းတူခံစားရဂေ့ဟှယ်။ အင်္ဂါစိပိုင်းတခုဟှ ချီးမြှော့‑က်ရှင်းခံရဟှယ် ဆိုဟှာ တခြားအင်္ဂါစိပိုင်းလေဟှလည်း တူးဒူဘဲ့ဝန်းသာဂေ့ဟှယ်။
1CO 12:27 နန်းနို့ဂူလောင်းဟှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာတော် ဖြစ်ဂေ့ဟှယ်။ နန်းနို့သီးသီးဟှာ ကိုယ်ခန္ဓာရဲ့ အင်္ဂါစိပိုင်းလေ ဖြစ်ဂေ့ဟှယ်။
1CO 12:28 ဘုရားသခင်ဟှာ ပထမအနေန တမန်တော်လေ၊ ဒုတိယနေန ပရောဖက်လေ၊ တတိယနေန ဆရာလေ၊ အယ်ဘီးန နိမိတ်လတ်ခဏာ တဂိုးပြဟှူသူလေ၊ ရောဂါပျော့‑က်စေနိုင်ဟှူ ဆုကျေးဇူးဟှို ရဟှူသူလေ၊ ကူညီမဇဟှူသူလေ၊ စီမံအောက်ချောက်ဟှူ သူလေ၊ ထူးဆန်းဟှူ ဘာသာစကား ဘောန်းဇောင်ဟှို ပြောနိုင်သူလေဟှိုဘဲဖြစ်ဖြစ် သင်းတော်မာ ခန့်ဟှားတော်မူဟှယ်။
1CO 12:29 ဂူလောင်းဟှာ တမန်တော်လေ ဖြစ်ဂေ့ကြောန့်လော။ ဂူလောင်းဟှာ ပရောဖက်လေ ဖြစ်ဂေ့ကြောန့်လော။ ဂူလောင်းဟှာ ဆရာလေ ဖြစ်ဂေ့ကြောန့်လော။ ဂူလောင်းဟှာ တဂိုးနိမိတ်လတ်ခဏာ ပြုနိုင်ကြောန့်လော။
1CO 12:30 ဂူလောင်းဟှာ ရောဂါပျော့‑က်စေနိုင်ဟှူ ဆုကျေးဇူးဟှို ရဟှူသူလေ ဖြစ်ကြောန့်လော။ ဂူလောင်းဘဲ့ ထူးဆန်းဟှူ ဘာသာစကားဟှို ပြောနိုင်ဟှူ သူလေ ဖြစ်ကြောန့်လော။ ဂူလောင်းဟှာ အယ်မူနတ်ဓိပါယ်ဟှို ဖော်ပြပေးနိုင်ဟှိကြောန့်လော။
1CO 12:31 အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ပိုဘီး မြတ်ဟှူ ဆုကျေးဇူးလေဟှို ရရာတိုင်း လိုရှင်ဟှူ စိရှိဂေ့ပါ။ ငါဟှာ နန်းနို့ဟှို ပိုဘီး ထူးမြတ်ဟှူလမ်းဟှို ပြအူးမယ်။
1CO 13:1 ငါဟှာ လူ့ဘာသာစကားန ကောန်းဂန်တမန်ဘာသာစကားဟှို ပြောနိုင်ဟှူလည်းဘဲ့ မြစ်တာမှေ့ဘဲနေဟှာ သံက္လယ်က္လယ်ဗြယ်ဘီး ဆူညံနေဟှူ ဗှိုးမှုဟှူသံန ချမ်းချမ်းဟှူမျိုးဘဲ့ ဖြစ်လေ့မယ်။
1CO 13:2 ငါဟှာ ဗျာဒိတ်တော်အားဖြင့် ဟောပြောနိုင်ဟှူဇာဘဲ့ဖြစ်ဖြစ်၊ နတ်နဲရာလေရှိဟှူမျှန တတ်ပညာမျိုးမျိုးလေဟှို နားလည်တတ်ကျွမ်းဇာဘဲ့ဖြစ်ဖြစ်၊ တောန်ဟှိုရွှေ့နိုင်ဟှူ ယောင်ကြည်ရှင်းရှိဟှူဇာဘဲ့ဖြစ်ဖြစ် မြစ်တာမှေ့ဘဲနေဟှာ ချည်းနှီးသတ်သတ်ဘဲ့ ဖြစ်ဟှယ်။
1CO 13:3 သူတပါးဟှို ငါကျွေးမွေးဘီး ငါ့မာရှိဟှူ ပစ်စီးအောက်စာလေ ဂူလောင်းဟှို စွန့်လွတ်ရုံမျှမက ကိုယ်ခန္ဓာဟှို မီးရှို့ခံဟှို့တွပ် ပေးအပ်ဟှူလည်းဘဲ့ မြစ်တာမှေ့ဘဲနေဟှာ ငါ့မာ ဖြာကျိုးလည်း မှေ့ဟှ။
1CO 13:4 မြစ်တာဟှာ စိရှယ်တတ်ဟှယ်။ သနားကြင်နာတတ်ဟှယ်။ မြစ်တာဟှာ နာလိုဘဲဟှူဇာ မှေ့ဟှ။ ဝါကြွားဟှူဇာ မှေ့ဟှ။ မာန်မာန မှေ့ဟှ။
1CO 13:5 ယဉ်ကျေးဘဲမှုဟှို ပြုတတ်ဟှ။ ကိုယ့်ရဲ့ကျိုးဟှို ရှာတတ်ဟှ။ ဒေါသမျစ်ထွပ်တတ်ဟှ။ သူများရဲ့ ပြစ်ဟှို မှတ်တတ်ဟှ။
1CO 13:6 တရားဘဲဟှူမှုမာ ဝန်းသာရှင်း မှေ့တတ်ဟှ။ သမ္မာတရားအားဖြင့်ဘဲ့ ဝန်းသာတတ်ဟှယ်။
1CO 13:7 ရှိမျှဂူလောင်းဟှို ဖောင်းအောက်ပေးတတ်ဟှယ်။ ရှိမျှဂူလောင်းဟှို ယောင်ကြည်တတ်ဟှယ်။ ရှိမျှဂူလောင်းဟှို မျှော်လင့်တတ်ဟှယ်။ ရှိမျှဂူလောင်းဟှို သီးခံတတ်ဟှယ်။
1CO 13:8 မြစ်တာဟှာ ဖော့‑က်ပ္လန်တတ်ဟှူ သဘောန မြဲကင်းစင်ဟှယ်။ ပရောဖက်ဉာဏ်ဘဲ့ဖြစ်ဖြစ်၊ ထူးဆန်းဟှူ ဘာသာစကားလေဟှို ပြောနိုင်ဇာဘဲ့ဖြစ်ဖြစ်၊ တီထွမ်ဖန်တီးနိုင်ဟှူ သိပ္ပံတတ်ဘဲ့ဖြစ်ဖြစ် ကွယ်ပျော့‑က်လေ့မယ်။
1CO 13:9 ခု နို့လေဟှာ စောင်လင်ဘဲန သိဂေ့ဟှယ်။ ပရောဖက်ဉာဏ်န စောင်လင်ဘဲန ဟောတတ်ဟှယ်။
1CO 13:10 အယ်ဘေမဲ့ စောင်လင်မှုရော့‑က်လာဟှူ ခီမာ စောင်လင်ဘဲဇာလေ ဂူလောင်းဟှာ ပျော့‑က်ကွယ်ဟှားလေ့မယ်။
1CO 13:11 ငါဟှာ သားဂန်းဟှားဖြစ်ဟှူ ခီမာ သားဂန်းဟှားမျိုးဘဲ့ စကားပြောဟှယ်။ သားဂန်းဟှားမျိုးဘဲ့ စဉ်းစားဟှယ်။ သားဂန်းဟှားမျိုးဘဲ့ တွေးတောဆင်ခြင်ဟှယ်။ ကီးလာဟှူ ခီမာ သားဂန်းဟှားရဲ့ ကျင့်ဓလေ့လေဟှို ငါဖယ်ရှားဟှယ်။
1CO 13:12 ခုခီမာ နို့လေဟှာ မှန်ရှေ့မာ မှုံဝါးဝါးပေါ်လာဟှူ ပေါင်သဏ္ဌာန်မျိုးဘဲ့ ထန်ရှားဘဲန တွိဗြင်ရဂေ့ဟှယ်။ အယ်မူခီမာ ဆိုဟှာ မျစ်ဝါးထန်ထန် တွိဗြင်ရလေ့မယ်။ ခုခီမာ ငါဟှာ စောင်းစောင်လင်းလင် သိဗြင်ရသေးဟှ။ အယ်ခီမာ ဆိုဟှာ ဘုရားသခင်ဟှ ငါ့ဟှို စောင်းစောင်လင်းလင် သိဗြင်တော်မူဟှူမျိုး ငါဟှာ စောင်းစောင်လင်းလင် သိဗြင်ရလေ့မယ်။
1CO 13:13 ခုမာ ပါရမီသောင်းပါးဖြစ်ဟှူ ယောင်ကြည်ရှင်း၊ မျှော်လင့်ရှင်း၊ ရှစ်ရှင်း အယ်သောင်းပါးတည်ဘီး ရှိနေဟှယ်။ အယ်သောင်းပါးမာ ရှစ်ရှင်းမြစ်တာဟှာ မြတ်ဆောင်း ဖြစ်ဟှယ်။
1CO 14:1 အယ်ကြောန့် ရှစ်ရှင်းမြစ်တာဟှို မှီအောန်လိုက်ဂေ့ပါ။ ဝိညာဉ်ဆုကျေးဇူးလေဟှို လိုရှင်တောန်းတရာမာ ပရောဖက်ပြုနိုင်ဟှူ ဆုကျေးဇူးဟှို ရရာတိုင်း လိုရှင်ဟှူစိရှိဂေ့ပါ။
1CO 14:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ထူးဆန်းဟှူ ဘာသာစကားဟှို ပြောဆိုဟှူသူဟှာ လူလေနပြောဟှူဇာမှုဘဲ ဘုရားသခင်န ပြောဟှူဇာဖြစ်ဟှယ်။ သူ့ရဲ့စကားဟှို ဖယ်သူလည်းနားလည်နိုင်ဟှ။ သူဟှာ ဝိညာဉ်တော်တဂိုးအားဖြင့် လျှို့ဝှပ်နတ်နဲဟှူကြောန်းရာလေဟှို ပြောဆိုဇာဖြစ်ဟှယ်။
1CO 14:3 ပရောဖက်ပြုသူဟှာ လူလေဟှို တည်ဆော့‑က်ပေးဟှူစကား၊ ခွန်အားပေးဟှူစကားန နှစ်သိမ့်ပေးဟှူစကားလေဟှိုဘဲ့ ပြောဟှယ်။
1CO 14:4 ထူးဆန်းဟှူ ဘာသာစကားဟှို ပြောဟှူသူဟှာ ကိုယ့်ကိုယ်ကိုယ်ဘဲ့ တည်ဆော့‑က်ဇာဖြစ်ဟှယ်။ ပရောဖက်ပြုသူဟှာ သင်းတော်ဟှို ပြုစုပေးဇာဖြစ်ဟှယ်။
1CO 14:5 နန်းနို့ဂူလောင်းဟှာ ထူးဆန်းဟှူဘာသာစကားဟှို ပြောဟှို့တွပ် ငါလိုရှိဟှယ်။ အယ်ဘေမဲ့ ပရောဖက်ပြုဘီး ဟောပြောဟှို့တွပ် ပိုဘီး လိုရှိဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ ထူဆန်းဟှူ ဘာသာစကားဟှို ပြောဟှူသူဟှာ သင်းတော်ဟှို တည်ဆော့‑က်ပေးဟှို့တွပ် နတ်ဟှိုဖော်ပြဘဲနေဟှာ၊ သူ့ထတ် ပရောဖက်ပြုဘီး ဟောပြောဟှူသူဟှာ ပိုဘီး မြတ်ဟှယ်။
1CO 14:6 အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ငါဟှာ နန်းနို့နားဟှို လာဘီး ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးလေန ဟောပြောဟှူလည်းဘဲ့ ငါဟောပြောဟှူ စကားလေဟှာ ဗျာဒိတ်တော်ဟှို ပ္လန်ဟှူဇာလေ၊ ပညာအတတ်ဟှို သင်ဟှူဇာလေ၊ ပရောဖက်ပြုဟှူဇာလေ၊ ဆောန်းမသွန်သန်ဟှူ ဇာလေဟှို တခုလည်း ပြုဘဲန နန်းနို့ဟှို ဟောပြောဟှယ် ဆိုဟှာ ဖြားကျိုးရှိမယ်နူး။
1CO 14:7 အယ်မျိုးဘဲ့ သတ်မဲ့ဖြစ်ဟှူ နှဲနစောန်းဟှူမျိုးဘဲ့ အယ်မူတီးမှုဟှူဇာလေဟှာ သံဟှိုပီးပီသသ ထွပ်လာဘဲနေဟှာ စောန်းသံမှန်း နှဲသံမှန်း ဖယ်မျိုးသိနိုင်မယ်နူး။
1CO 14:8 ဗှိုးမှုသံလည်းဘဲ့ ပီးပီသသန ဗြယ်ဟှ ဆိုဟှာ စစ်ပွဲဝမ်ဟှို့တွပ် ဖယ်မျိုးပြင်ဆင်မယ်နူး။
1CO 14:9 အယ်မျိုးဘဲ့ ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးလေန နန်းနို့ပြောဟှူစကားဟှာ ဓိပါယ်သိဘဲနေဟှာ ဖယ်သူနားလည်နိုင်မယ်နူး။ နန်းနို့လေဟှာ လေထဲမာ စကားပြောနေဟှူမျိုးဘဲ့ ဖြစ်လေ့မယ်!
1CO 14:10 ကမ္ဘာမာ ဘာသာစကားလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ ဖယ်စကားလည်းဘဲ့ ဓိပါယ်မှေ့ဘဲဟှူ စကားဆိုဇာ မှေ့ဟှ။
1CO 14:11 အယ်ကြောန့် ဘာသာစကားရဲ့ နတ်ဓိပါယ်ဟှို ငါနားလည်ဘဲနေဟှာ အယ်ဘာသာစကားဟှို ပြောဟှူသူဟှာ ငါ့တွပ်လူမျိုးခြား ဖြစ်ဟှယ်။ ငါလည်း သူ့တွပ် လူမျိုးခြား ဖြစ်ဟှယ်။
1CO 14:12 အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ဝိညာဉ်ဆုကျေးဇူးလေဟှို လိုရှင်တောန်းတဂေ့ဟှူတိုင်း သင်းတော်တည်ဆော့‑က်ရာမာ တိုးပွားလာဟှို့တွပ် အယ်ဆုကျေးဇူးအားဖြင့် ကြွယ်ဝပ္လဲ့ဇောင်ဟှို့တွပ် ကြိုးစားအားထုဂေ့ပါ။
1CO 14:13 အယ်ကြောန့် ထူးဆန်းဟှူ ဘာသာစကားပြောဟှူသူဟှာ နတ်ဓိပါယ်ဟှို ဖော်ပြပေးနိုင်ဟှို့တွပ် ဆုတောန်းရမယ်။
1CO 14:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးန ဆုတောန်းဟှူ ခီမာ ငါ့ရဲ့စိနှလောင်းဟှာ ဆုတောန်းနေဟှူလည်းဘဲ့ ငါ့သိဉာဏ်ဟှ ဖြားကျိုးလည်းပေးဟှ။
1CO 14:15 အယ်မျိုးဆိုဟှာ ဖယ်မျိုး ငါပြုရမယ်နူး။ ငါဟှာ စိနှလောင်းအားဖြင့်မှုဘဲန ဉာဏ်အားဖြင့်လည်း ဆုတောန်းမယ်။ စိနှလောင်းအားဖြင့်ဘဲ့ ချင်းဆိုဇာမှုဘဲန ဉာဏ်အားဖြင့်လည်း ချင်းဆိုမယ်။
1CO 14:16 အယ်မျိုးမှုဘဲ နန်းနို့လေဟှာ စိနှလောင်းအားဖြင့်ဘဲ့ ဘုရားသခင်ဟှို ချီးမွမ်းဘီး ဆုတောန်းဟှယ် ဆိုဟှာ ပရိသတ်ထဲမာ ဝတ်ပြုနေဟှူ သာမန်လူတယော့‑က်ဟှာ နန်းနို့ပြောဟှူစကားလေဟှို နားလည်ဘဲကြောန့် နန်းနို့လေ ဆုတောန်းဟှူဇာဟှို ဖယ်မျိုး “အာမင်” ဆိုဘီး ဝန်ခံနိုင်မယ်နူး။
1CO 14:17 ကျေးဇူးတော် ချီးမွမ်းဟှူ နန်းနို့ရဲ့ ဆုတောန်းရှင်းဟှာ ကောန်းနေဟှူလည်းဘဲ့ သူများလေတွပ် ဖြားကျိုးလည်း မှေ့ဟှ။
1CO 14:18 ငါဟှာ ထူးဆန်းဟှူ ဘာသာစကားဟှို နန်းနို့လေထတ် ပိုဘီး ပြောဆိုနိုင်ကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။
1CO 14:19 အယ်ဘေမဲ့ သင်းတော်ဝတ်ပြုရှင်းမာ ထူးဆန်းဟှူဘာသာစကား ခွန်းပေါန်းထောန်သောန်းထတ်မက ဟောပြောဟှူဇာထတ် နားလည်နိုင်ဟှူစကားငါးခွန်းဟှိုဘဲ့ ပိုဘီး ပြောရှင်ပါဟှယ်။
1CO 14:20 ညီကို မောန်နှမလေ၊ နန်းနို့လေရဲ့ စဉ်းစားတွေးခေါ်ဟှူဇာဟှာ သားဂန်းဟှားလေမျိုး ဖြစ်ဂေ့န။ ကောန်းဘဲဟှူဇာလေမာ သားဂန်းဟှားလေမျိုး ဖြစ်ဂေ့ဘီး စဉ်းစားတွေးခေါ်ဟှူဇာမာ စောင်လင်ရင့်ကျတ်ဟှူသူ ဖြစ်ဂေ့ပါ။
1CO 14:21 ပညတ္တိကျမ်းစာမာ လာဟှူဇာဟှ “ငါ့ရဲ့လူစုဟှို ထူးဆန်းဟှူ ဘာသာစကားအားဖြင့် လူမျိုးခြားလေရဲ့နှောက်န ငါပြောမယ်။ အယ်ဘေမဲ့ ငါ့ရဲ့လူစုတော်ဟှာ ငါ့စကားဟှို နားထောန်ဟှို့ မှုဟှ ဆိုဘီး ဘုရားသခင် မိန့်တော်မူဟှယ်” ဆိုဘီး ဖော်ပြဟှားဟှယ်။
1CO 14:22 အယ်ကြောန့် ထူးဆန်းဟှူ ဘာသာစကားဟှို ဟောပြောရှင်းဟှာ ယောင်ကြည်သူလေတွပ် နိမိတ်လတ်ခဏာမှုဘဲန ယောင်ကြည်သူလေတွပ် နိမိတ်လတ်ခဏာသတ်သေ ဖြစ်ဟှယ်။ ပရောဖက်ပြုဘီး ဟောပြောဟှူ ဆုကျေးဇူးဟှာ ယောင်ကြည်ဘဲသူလေတွပ် နိမိတ်လတ်ခဏာမှုဘဲ ယောင်ကြည်သူလေတွပ် နိမိတ်လတ်ခဏာ ဖြစ်ဟှယ်။
1CO 14:23 အယ်ကြောန့် သင်းတော်တခုလောင်း စုဝေးဘီး ထူးဆန်းဟှူ ဘာသာစကား ပြောဆိုနေဟှူ ခီမာ သာမန်လူလေဘဲ့ဖြစ်ဖြစ် ယောင်ကြည်ဘဲသူလေဘဲ့ဖြစ်ဖြစ် ဝမ်လာဟှယ် ဆိုဟှာ နန်းနို့ဟှို ရူးလေ ဆိုဘီး ပြောဂေ့လေ့မယ် မှုဟှလော။
1CO 14:24 အယ်မျိုးမှုဘဲနေဟှာ သင်းဝမ်သူဂူလောင်းဟှာ ပရောဖက်ပြုနေဟှူ ခီမာ ယောင်ကြည်ဘဲဟှူသူ၊ နားလည်ဘဲသူလေ ဝမ်လာဟှယ် ဆိုဟှာ သင်းဝမ်ဟှူသူ ဂူလောင်းဟှာ သူ့ပြစ်ဟှို ဖော်ပြဘီး စစ်ဆေးစီရင်ခံရဟှူ ခီမာ
1CO 14:25 အယ်သူရဲ့ စိနှလောင်းထဲမာ ထန်ရှားဘဲဇာလေဟှာ ထန်ရှားလာဟှူကြောန့် “ဘုရားသခင်ဟှာ နန်းနို့လေနတူးဒူ တကယ်ရှိတော်မူဟှယ်!” ဆိုဘီး ဝန်ခံဘီးဟှာ ဘုရားသခင်ဟှို ပျပ်ဝပ်ကိုးကွယ်လေ့မယ်။
1CO 14:26 ညီကို မောန်နှမလေ ဖယ်မျိုးပြောရဟှို့နူး။ နန်းနို့စုဝေးဂေ့ဟှူ ခီမာ ဆာလံချင်းဆိုဟှူသူ၊ သွန်သန်ပေးဟှူသူ၊ ဗျာဒိတ်တော်ဟှို ဟောပြောဟှူသူ၊ ထူးဆန်းဟှူ ဘာသာစကားဟှို ပြောဟှူသူ၊ နတ်ဓိပါယ်ဟှို ဖော်ပြပေးဟှူသူ သီးသီးရှိဂေ့ဟှူကြောန့် အယ်မူဇာ ဂူလောင်းဟှာ သင်းတော် တည်ဆော့‑က်ဟှို့တွပ်ဘဲ့ လောက်ဂေ့ပါ။
1CO 14:27 ထူးဆန်းဟှူ ဘာသာစကားဟှို ပြောမယ် ဆိုဟှာ နှေ့ယော့‑က်ဘဲ့ဖြစ်ဖြစ်၊ များဆောင်းသောင်းယော့‑က်ဘဲ့ဖြစ်ဖြစ် ယော့‑က်လှည့်ဇီ ပြောဘီး တယော့‑က်ဟှ နတ်ဓိပါယ်ဟှို ရှင်းပြပေးရမယ်။
1CO 14:28 တကယ်ဟှိကြောန့် နတ်ဟှိုဖော်ပြပေးဟှူသူ မှေ့ဟှ ဆိုဟှာ ထူးဆန်းဟှူ ဘာသာစကားပြောဟှူသူဟှာ သင်းတော်မာ တိတိဆိဆိနေဘီး ကိုယ့်ကိုယ်ကိုယ်ဘဲ့ဖြစ်ဖြစ် ဘုရားသခင်ဟှိုဘဲ့ဖြစ်ဖြစ် ပြောပါစေ။
1CO 14:29 ပရောဖက် နှေ့ယော့‑က်ဘဲ့ဖြစ်ဖြစ် သောင်းယော့‑က်ဘဲ့ဖြစ်ဖြစ် ဟောပြောဘီး ကျန်ဟှူသူလေဟှ သူးနို့ဟောဟှူကြောန်းရာလေဟှို စီရင်သောင်းသပ်ရမယ်။
1CO 14:30 အယ်ဘေမဲ့ ထိုင်နေဟှူတခြားတယော့‑က်ဟှို တခုခုဖွမ့်ပြရှင်းခံရဟှယ် ဆိုဟှာ ပထမလူဟှာ တိတိဆိဆိနေပါစေ။
1CO 14:31 ဖြားဖြစ်နူးဆိုဟှာ ရှိဟှူလူတိုင်း သွန်သန်ရှင်းခံရဘီး ရှိဟှူလူတိုင်း တိုက်တွန်းအားပေးခံရဟှို့တွပ်၊ နန်းနို့ဂူလောင်းဟှာ လှည့်က္လ ပရောဖက်ပြုရဟှူခွမ့်ရှိဟှယ်။
1CO 14:32 ပရောဖက်လေလည်း ကိုယ့်စိဝိညာဉ်ဟှိုကိုယ် ချောက်တီးနိုင်ဂေ့ဟှယ်။
1CO 14:33 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရောန်းရင်းဆန်ခတ်ဖြစ်ဟှူဇာနဆိုင်ဟှူ ဘုရားမှုဘဲ ငြီသတ်ရှင်းနဆိုင်ဟှူ ဘုရားဖြစ်တော်မူဟှယ်။ သန့်ရှင်းသူလေရဲ့ သင်းတော်တိုင်းမာ ကျင့်သောင်းဟှူတိုင်း၊
1CO 14:34 မီးမလေဟှာ သင်းတော်စည်းဝေးမာ တိတိဆိဆိနေရမယ်။ သူးနို့လေဟှာ ဟောပြောရဟှူခွမ့် မှေ့ဟှ။ ပညတ်တရားမာ ဖော်ပြဟှားတိုင်း သူးနို့ဟှာ ယော့‑က်ကျားရဲ့ အောက်စိုးမှုဟှို ဝန်ခံရဂေ့မယ်။
1CO 14:35 သူးနို့ဟှာ တခုခုဟှို သန်ယူရှင်ဟှာ အီမာ သူးနို့လန်ယော့‑က်ကျားဟှို မေးရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သင်းတော်မာ မီးမလေ ဟောပြောဟှူဇာဟှာ ယှစ်ဇာကောန်းဟှယ်။
1CO 14:36 ဘုရားသခင်ရဲ့ စကားတော်ဟှာ နန်းနို့လေနားဟှ ထွပ်လာဟှိကြောန့်လော။ အယ်မျိုးမှုဘဲနေဟှာ နန်းနို့လေနားဟှိုဘဲ့ ရော့‑က်လာဟှူကြောန့်လော။
1CO 14:37 ငါဟှာ နန်းနို့လေဟှို ရေးဘီးပေးလိုက်ဟှူ စကားလေဟှာ သခင်ဘုရားရဲ့ ပညတ်တော်ဖြစ်ဟှူ ကြောန်းဟှို ပရောဖက်ဖြစ်ဟှူသူန ဝိညာဉ်ဆုကျေးဇူးဟှို ခံရဟှူ သူမှန်ဟှာ သိမှတ်ပါစေ။
1CO 14:38 ဖယ်သူဘဲ့ဖြစ်ဖြစ် အယ်ဇာဟှို သိမှတ်ပြုဘဲနေဟှာ အယ်သူဟှိုလည်း သိမှတ်ပြုဂေ့န။
1CO 14:39 အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ပရောဖက်ပြုဟောပြောဇာဟှို လိုရှင်တောန်းတဂေ့ပါ။ ထူးဆန်းဟှူ ဘာသာစကားပြောဆိုမှုဟှို တားမြစ်ဂေ့န။
1CO 14:40 ဂူလောင်းဟှို တင့်တယ်လျောက်ပတ်အောန် လောက်ဆောန်ဂေ့ပါ။
1CO 15:1 ညီကို မောန်နှမလေ၊ နန်းနို့လေဟှို ငါဟောပြောဟှူ ဒန်းကောန်းဟှို နန်းနို့လတ်ခံဟှူမျှနမှုဘဲ အယ်ထတ်မာ နန်းနို့ရပ်တည်ဂေ့ဟှယ်။ နော့‑က်ထပ် အယ်ကောန်းမြတ်ဟှူ ဒန်းကောန်းဟှို နန်းနို့ဟှို သိစေရှင်ပါဟှယ်။
1CO 15:2 ငါဟောပြောဟှားဟှူ အယ်ဒန်းကောန်းဟှို စွဲစွဲမြဲမြဲ ယောင်ကြည်မယ် ဆိုဟှာ အယ်ဒန်းကောန်းအားဖြင့် နန်းနို့ဟှာ ကယ်တန်ရှင်းဟှို ခံရမယ်။ အယ်မျိုး ယောင်ကြည်ဘဲဟှ ဆိုဟှာ နန်းနို့ ယောင်ကြည်ဟှားဇာဟှာ ဖြားကျိုးလည်းမှေ့ဟှ။
1CO 15:3 ငါဟှာ ကိုယ်တိုင်ခံယူဘီး နန်းနို့လေဟှို ဦးဆောင်းပေးအပ်ဟှူ၊ ရေးကီးဆောင်းဖြစ်ဟှူ ကြောန်းရာဟှ ခရစ်တော်ဟှာ ကျမ်းစာလာဟှူတိုင်း နို့လေပြစ်တွပ် သေခံတော်မူဟှူကြောန်း၊
1CO 15:4 သင်္ဂြိုဟ်ခံဘီး ကျမ်းစာလာဟှူတိုင်း သောင်းရစ်မြော့‑က်ဟှူနေ့မာ ရှင်ပ္လန်ထမြော့‑က် တော်မူဟှူကြာန်း၊
1CO 15:5 ကေဖဟှာ ကိုယ်တော့်ဟှို ဗြင်ရဟှူကြောန်းန ဆယ့်နှေ့ပါးဖြစ်ဟှူ တဗဲ့တော်လေ ဗြင်ရဟှူကြောန်းလေဘဲ့ ဖြစ်ဟှယ်။
1CO 15:6 အယ်ဘီးန ခရစ်ယာန်ညီကို မောန်နှမ ငါးရာကျော်ဟှ တပြိုင်ဒဲ ဗြင်ရဂေ့ဟှယ်။ အယ်သူလေထဲဟှ တချို့လူလေဟှာ သေဟှားဂေ့ဘီ တော်တော်များများဟှ ခုထိရှိနေသေးဟှယ်။
1CO 15:7 အယ်ဘီးန ယာကုပ်ဗြင်ရဟှယ်။ နော့‑က်မှ တမန်တော်လေ အားလောင်းဗြင်ရဟှယ်။
1CO 15:8 နော့‑က်ဆောင်းမာ ခီတန်ဘဲန မွီးဟှူသူမျိုးဖြစ်ဟှူ ငါလည်း ဗြင်ရဟှယ်။
1CO 15:9 ငါဟှာ တမန်တော်လေထဲမာ ညံ့ဆောင်းဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ သင်းတော်ဟှို ညှဉ်းဆဲဟှူသူဖြစ်ဘီး တမန်တော် ဆိုဘီး ခေါ်ဟှူဇာဟှိုမှ ခံထိုက်ဟှ။
1CO 15:10 အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောန့် ငါဟှာ ခုခြေနေဟှို ရော့‑က်ရဇာဖြစ်ဟှယ်။ ငါခံရဟှူ ကျေးဇူးတော်ဟှိုလည်း ကျိုးမှေ့ဘဲန ခံရဟှူဇာ မှုဟှ။ ငါဟှာ တခြားတမန်တော်လေထတ် ပိုဘီး ကြိုးစားလောက်ဆောန်ဟှယ်။ အယ်မျိုးလောက်ဆောန်နိုင်ဇာလည်း ငါ့ရဲ့စွမ်းစကြောန့်မှုဘဲန ငါ့နတူးဒူလောက်ဆောန်ဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောန့် ဖြစ်ဟှယ်။
1CO 15:11 အယ်ကြောန့် ငါဘဲ့ဖြစ်ဖြစ်၊ သူးနို့လေဘဲ့ဖြစ်ဖြစ် အယ်တိုင်းဟောပြောဂေ့ဟှယ်။ နန်းနို့လေလည်း အယ်တိုင်းဘဲ့ ယောင်ကြည်ဂေ့ဟှယ်။
1CO 15:12 ခရစ်တော်ဟှာ သေရှင်းဟှနေဘီး ရှင်ပ္လန်ထမြော့‑က်ဟှူကြောန်းဟှို နို့လေဟောပြောနေရစ်န ဖြားဖြစ်ကြောန့် နန်းနို့လေထဲဟှ လူတချို့ဟှာ သေဘီးလူလေ ထမြော့‑က်ရှင်းမှေ့ဟှဆိုဘီး ပြောဆိုနေဂေ့နူး။
1CO 15:13 သေဟှားသူလေ ထမြော့‑က်ရှင်းမှေ့ဘဲနေဟှာ ခရစ်တော်လည်း ထမြော့‑က်ဟှားဟှို့ မှုဟှ။
1CO 15:14 ခရစ်တော်ဟှာ ထမြော့‑က်တော်မူဘဲနေဟှာ နို့လေဟောပြောဇာလည်း ဖြားကျိုးလည်း မှေ့ဟှ။ နန်းနို့လေ ယောင်ကြည်ဇာလည်း ဖြားကျိုးလည်း မှေ့ဟှ။
1CO 15:15 အယ်လော့‑က်နမကဟှ နို့လေဟှာ ဘုရားသခင်န ပတ်သတ်ဘီး မမှန်ဘဲဟှူသတ်သေခံလေ ဖြစ်ဟှားဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သေဟှားသူလေဟှို ထမြော့‑က်စေတော်မူဘဲနေဟှာ ဘုရားသခင်ထမြော့‑က်စေတော်မူဘဲဟှူ ခရစ်တော်ဟှို ဘုရားသခင် ထမြော့‑က်စေတော်မူဘီ ဆိုဘီး နို့လေ သတ်သေခံနေဟှူကြောန့် ဖြစ်ဟှယ်။
1CO 15:16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သေဟှားသူလေ ထမြော့‑က်ရှင်းမှေ့ဘဲနေဟှာ ခရစ်တော်လည်း ထမြော့‑က်တော်မူဟှားမယ် မှုဟှ။
1CO 15:17 ခရစ်တော်ဟှာ ထမြော့‑က်ဘဲနေဟှာ နန်းနို့ယောင်ကြည်ရှင်းဟှာ ချည်းနှီးသတ်သတ်ဖြစ်ဘီး နန်းနို့လေဟှာ ပြစ်ဒုစရိုက်အော့‑က်မာဘဲ့ ရှိနေသေးဂေ့ဟှယ်။
1CO 15:18 အယ်မျိုးဖြစ်ဟှယ် ဆိုဟှာ ခရစ်တော်နှိုက် အိမွိဟှားသူလေလည်း ဆောင်းရှောင်းမှုဟှို ရော့‑က်ဂေ့ရမယ်။
1CO 15:19 ခရစ်တော်နှိုက် နို့လေရဲ့ မျှော်လင့်ရှင်းဟှာ ခုဘဝ ကျိုးတွပ်ဘဲ့ ဖြစ်ဟှယ် ဆိုဟှာ ဖြားလည်းကျိုးထူးဟှ ဆိုဟှာ အယ်လောကမာ နို့လေလော့‑က် သနားဇာကောန်းဟှူလူ ရှိဟှို့မှုဟှ။
1CO 15:20 မှန်ဆိုဟှာ ခရစ်တော်ဟှာ သေဟှားသူလေထဲမာ ထမြော့‑က်တော်မူဘီး အိမွိဟှူ သူလေထဲမာ ဦးဆောင်းသီး ဖြစ်တော်မူဟှယ်။
1CO 15:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူတယော့‑က်အားဖြင့် အယ်လောကထဲမာ သေရှင်းတရားဖြစ်ပေါ်လာဟှူမျိုး လူတယော့‑က်အားဖြင့်ဘဲ့ သေရှင်းဟှ ရှင်ပ္လန်ထမြော့‑က်ရှင်းတရားဟှာလည်း ဖြစ်ပေါ်လာဟှယ်။
1CO 15:22 လူလေ ဂူလောင်းဟှာ အာဒံအားဖြင့် သေဂေ့ရဟှူမျိုး လူလေ ဂူလောင်းဟှာ ခရစ်တော်အားဖြင့် သတ်ရှင်ရှင်းဟှို ရော့‑က်ရလေ့မယ်။
1CO 15:23 အယ်ဘေမဲ့ လူသီးသီးဟှာ လှည့်က္လ ထမြော့‑က်ဂေ့လေ့မယ်။ ခရစ်တော်ဟှာ ရင်ဦးဆောင်း ထမြော့‑က်ဟှူ ဦးဆောင်းသီး ဖြစ်ဟှယ်။ ခရစ်တော် ကြွလာဟှူ ခီမာ တဗဲ့တော်ဖြစ်ဟှူ သူလေဟှာ ထမြော့‑က်ဂေ့လေ့မယ်။
1CO 15:24 အယ်ဘီးမှ ကပ်ကမ္ဘာ ကူဆောင်းဟှူခီ ရော့‑က်လေ့မယ်။ အယ်ခီမာ ခရစ်တော်ဟှာ အောက်ချောက်မှုရှိဟှူမျှ၊ တဂိုးန အာဏာစစ်ရှိဟှူမျှ ဂူလောင်းဟှို ဖျစ်ဆီးဘီးဟှာ နိုင်ငံတော်ဟှို ဖဘုရားသခင် လတ်ထဲဟှို အပ်တော်မူလေ့မယ်။
1CO 15:25 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရန်သူလေ ဂူလောင်းဟှို ခရစ်တော်ရဲ့ ခေဖွားအော့‑က်မာ ခ္လဟှားခန်ခီထိ ခရစ်တော်ဟှာ အောက်စိုးရမယ်။
1CO 15:26 ဖျစ်ဆီးခံရမယ့် နော့‑က်ဆောင်းဟှူ ရန်သူဟှာ သေမန်းဘဲ့ ဖြစ်ဟှယ်။
1CO 15:27 ကျမ်းစာဟှ “ဘုရားသခင်ဟှာ ဂူလောင်းဟှို ကိုယ်တော်ရဲ့ ခေဖွားအော့‑က်မာ ခ္လဟှားတော်မူဟှယ်” ဆိုဘီး ဖော်ပြဟှားဟှယ်။ “ဂူလောင်း” ထဲမာ ဘုရားသခင် ပါဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဂူလောင်းဟှို ခရစ်တော်ရဲ့ ခေဖွားအော့‑က်ဟှို ရော့‑က်စေဟှူသူဟှ ဘုရားသခင်ဘဲ့ ဖြစ်ဟှယ်။
1CO 15:28 ဂူလောင်းဟှို သားတော်ဟှာ အောက်စိုးတော်မူဟှူ ခီမာ သူ့ရဲ့ ခေဖွားအော့‑က်ဟှို ဂူလောင်းဟှို ခ္လဟှားတော်မူဟှူ ဘုရားသခင်ရဲ့ အောက်စိုးရှင်းဟှို သားတော် ကိုယ်တိုင် ဝန်ခံလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ လောင်းဇောင် ဖြစ်တော်မူဟှယ်။
1CO 15:29 သေဟှားဘီးသူလေ ကိုယ်စား ဗတ္တိဇံခံဟှူ သူလေဟှာ ဖြားကျိုးရှိဟှူကြောန့် အယ်မျိုးလောက်ဂေ့နူး။ သေဟှားဘီး သူလေဟှာ ရှင်ပ္လန်ထမြော့‑က်ရှင်းမှေ့ဟှ ဆိုဟှာ ဖြားဖြစ်ကြောန့် သူးနို့ကိုယ်စား ဗတ္တိဇံခံနေဂေ့နူး။
1CO 15:30 ဖြားဖြစ်ကြောန့် နို့လေဟှာ ဘေးအန္တရာယ်န မြဲဒမ်း တွိကြောင်ရဂေ့နူး။
1CO 15:31 ညီကို မောန်နှမလေ၊ နို့လေဟှာ သခင် ယေရှုခရစ်တော်နှိုက် နန်းနို့အားဖြင့် ငါရရှိဟှူ ဝါကြွားဝန်းသာရှင်းဟှို တိုင်တည်ဘီး ငါဟှာ နေ့တိုင်းသေရဟှယ် ဆိုဘီး ငါပြောဟှယ်။
1CO 15:32 တကယ်ဟှိ ငါဟှာ လူ့သဘောအားဖြင့် ဧဖက်ဗြို့မာ သားရဲလိဆန်လေန တိုက်ခိုက်ရဟှယ် ဆိုဟှာ ငါ့တွပ် ဖြားကျိုးရှိမယ်နူး။ သေဟှားဘီးသူလေ ရှင်ပ္လန်ထမြော့‑က်ရှင်း မှေ့ဘဲနေဟှာ “နန့်ကီးမိုးလန်းဟှာ သေရဂေ့မယ်ဖြစ်ကြောန့် နို့လေဟှာ စားရင်း၊ သော့‑က်ရင်း၊ ပျော်ပါးရင်းနေဂေ့ဇို့” ဆိုဘီး ဆိုဟှူတိုင်းဘဲ့ နေဂေ့ရအောန်။
1CO 15:33 တလွဲယူဂေ့န။ “ကောန်းဘဲဟှူ သူလေန ပေါန်းသင်းဟှူ ဇာအားဖြင့် ကောန်းဟှူ ကျင့်ဓလေ့ ပျစ်စီးတတ်ဟှယ်။”
1CO 15:34 ဗြင်မှန်ရဂေ့ပါ။ ပြစ်လောက်ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တချို့လူလေဟှာ ဘုရားသခင်ဟှို သိဂေ့ဟှ။ နန်းနို့လေ ယှစ်ကြော့‑က်အောန် အယ်မျိုးငါပြောဇာ ဖြစ်ဟှယ်။
1CO 15:35 အယ်ဘေမဲ့ လူတချို့ဟှ “သေဟှားသူလေဟှာ ဖယ်မျိုး ရှင်ပ္လန်ထမြော့‑က်မယ်နူး။ ဖယ်မျိုး ကိုယ်ခန္ဓာန ပေါ်လာမယ်နူး” ဆိုဘီး မေးဂေ့လေ့မယ်။
1CO 15:36 ဝှေ့ လူမိုက်! နန်စိုက်ဟှူ မျိုးစေ့ ရင်ဦးဆောင်း ပျစ်ဟှားဘဲနေဟှယ် ဆိုဟှာ ရှင်လာဟှို့ မှုဟှ။
1CO 15:37 မျိုးစေ့ဟှို မ္လေမာ စိုက်ဟှူ ခီမာ နော့‑က်မှ ဖြစ်လာဟှူ ကိုယ်ထည်ဟှို စိုက်ဟှူဇာ မှုဟှ။ ဂျောင်စေ့ဘဲ့ဖြစ်ဖြစ်၊ တခြား မျိုးစေ့ဘဲ့ဖြစ်ဖြစ် စေ့ဟှိုဘဲ့ စိုက်ဟှူဇာ ဖြစ်ဟှယ်။
1CO 15:38 အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူလိုတော်ရှိဟှူတိုင်း မျိုးစေ့ ကိုယ်ထည်ဟှို ပေးတော်မူဟှယ်။ မျိုးစေ့ သီးသီးဟှိုလည်း သူးနို့ရဲ့ မျိုးစားလိုက် ကိုယ်ထည်ဟှို ပေးတော်မူဟှယ်။
1CO 15:39 သတ်ရှိသတ္တဝါလေရဲ့ သားဟှလည်း တမျိုးဒဲရှိဇာ မှုဟှ။ လူလေရဲ့ သားဟှ တမျိုး၊ မဲသားဟှ တမျိုး၊ ငှတ်သားဟှ တမျိုး၊ ငါးသားဟှ တမျိုး ဖြစ်ဟှယ်။
1CO 15:40 ကောန်းဂန်ရဲ့ ကိုယ်ထည်လည်း တမျိုး၊ မ္လေဂီးရဲ့ ကိုယ်ထည်လည်း တမျိုး ရှိဟှယ်။ ကောန်းဂန်ကိုယ်ထည်ရဲ့ ဂေါင်သရေဟှ တမျိုး၊ မ္လေဂီးကိုယ်ထည်ရဲ့ ဂေါင်သရေဟှ တမျိုး ဖြစ်ဟှယ်။
1CO 15:41 နေရဲ့ ဂေါင်သရေ၊ လရဲ့ ဂေါင်သရေ၊ ကြယ်ရဲ့ ဂေါင်သရေဟှာ တမျိုးစီ ဖြစ်ဟှယ်။ ကြယ်ဟှာ လောင်းနလောင်းဟှိုဘဲ့ ဂေါင်သရေရှင်း တူဟှ။
1CO 15:42 သေဟှားသူလေရဲ့ ထမြော့‑က်ရှင်းဟှလည်း အယ်တိုင်းဘဲ့ ဖြစ်ဟှယ်။ ကိုယ်ခန္ဓာဟှို သင်္ဂြိုဟ်ဟှူ ခီမာ ပေါက်ပျစ်တတ်ဟှူ သဘောရှိဟှယ်။ ထမြော့‑က်ဟှူ ခီမာ ဆိုဟှာ ပေါက်ပျစ်နိုင်ဘဲဟှူ ဖြစ်နတည်ဟှယ်။
1CO 15:43 စိုက်ဟှူ ခီမာ ဂေါင်သရေပျစ်ဘီး ခွန်အားမှေ့ဟှ။ ထမြော့‑က်ဟှူ ခီမာ ဖောင်းသရေတော်ရှိဘီး တဂိုးန ပ္လဲ့ဇောင်လေ့မယ်။
1CO 15:44 စိုက်ဟှူ ခီမာ ကိုယ်ကာယခန္ဓာ ဖြစ်ဟှယ်။ ထမြော့‑က်ဟှူ ခီမာ ဝိညာဏကိုယ် ဖြစ်ဟှယ်။ ရောက်ပိုင်းဆိုင်ရာ ခန္ဓာရှိဟှူမျိုး ဝိညာဉ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာလည်း ရှိရဟှယ်။
1CO 15:45 အယ်ကြောန့် ကျမ်းစာလာဟှူဇာဟှ “ပထမ လူအာဒံဟှာ သတ်ရှင်ဟှူ သတ္တဝါ ဖြစ်ဟှယ်” ဆိုဘီး ရေးဟှားဟှယ်။ နော့‑က်ဆောင်းဖြစ်ဟှူ အာဒံဟှာ သတ်ရှင်စေတတ်ဟှူ ဝိညာဉ် ဖြစ်ဟှယ်။
1CO 15:46 ဝိညာဏကိုယ်ဟှာ ရင်ဦးဆောင်း ဖြစ်လာဇာ မှုဟှ။ ရောက်ခန္ဓာ ဖြစ်ဘီးမှ ဝိညာဏကိုယ် ဖြစ်လာဟှူဇာ ဖြစ်ဟှယ်။
1CO 15:47 ပထမအာဒံဟှာ မ္လေဂီးဟှ ဖန်ဆင်းဟှူကြောန့် မ္လေဂီးသား ဖြစ်ဟှယ်။ ဒုတိယ အာဒံဟှာ ကောန်းဂန်ဘောင်ဟှနေ လာဟှူသူ ဖြစ်ဟှယ်။
1CO 15:48 မ္လေဂီးသားလေဟှာ အယ်မ္လေဂီးသားမျိုးဘဲ့ ဖြစ်ဂေ့ဟှယ်။ ကောန်းဂန်ဘောင်န ဆိုင်ဟှူ သူလေဟှာ ကောန်းဂန်ဘောင်န ဆိုင်ဟှူသူန တူလေ့မယ်။
1CO 15:49 နို့လေဟှာ မ္လေဂီးသားရဲ့ ပေါင်သဏ္ဌာန်ဟှို ဆောန်ဟှူမျိုးဘဲ့ ကောန်းဂန်ဘောင်ဟှ ကြွလာဟှူသူရဲ့ ပေါင်သဏ္ဌာန်ဟှိုလည်း ဆောန်ဂေ့လေ့မယ်။
1CO 15:50 ညီကို မောန်နှမလေ၊ လူ့ရဲ့သွီးသားဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ခံယူနိုင်ဟှ။ ပေါက်ပျစ်တတ်ဟှူဇာဟှာ ပေါက်ပျစ်တတ်ဘဲဟှူဇာဟှို ခံယူနိုင်ဟှ။
1CO 15:51 နားထောန်ဂေ့ပါ။ လျှို့ဝှပ်နတ်နဲဟှူ ဇာတခုဟှို ငါပြောအူးမယ်။ နို့လေဂူလောင်းဟှာ သေဂေ့ရဟှို့ မှုဟှ။
1CO 15:52 အယ်ဘေမဲ့ နော့‑က်ဆောင်းဗှိုးမှုဟှူ ခီမာ မျစ်စိတမှိ ရှစ်ဟှားဒဲန ပ္လောန်းလဲဂေ့လေ့မယ်။ နော့‑က်ဆောင်းဗှိုးမှုဟှူ ခီမာ သေဟှားဘီးသူလေဟှာ ရှင်ပ္လန်ထမြော့‑က်ဘီး သေရှင်းန ထာဝရ ကင်းလွတ်လေ့မယ်။ နို့လေ အားလောင်းလည်း ပ္လောန်းလဲမှုဟှို ရော့‑က်ဂေ့လေ့မယ်။
1CO 15:53 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခုပေါက်ပျစ်တတ်ဟှူ ဇာဟှာ ပေါက်ပျစ်တတ်ဘဲဟှူ ဇာဖြစ်ဟှို ပ္လောန်းလဲရမယ်။ သေတတ်ဟှူ ဇာဟှာ သေနိုင်ဘဲဟှူ ဇာဖြစ်ဟှို ပ္လောန်းလဲရမယ်။
1CO 15:54 အယ်ကြောန့် အယ်ပေါက်ပျစ်တတ်ဟှူ ဇာဟှာ ပေါက်ပျစ်နိုင်ဘဲဟှူ ဇာဖြစ်န သေတတ်ဟှူ ဇာဟှာ သေနိုင်ဘဲဟှူ ဇာဖြစ်ဟှို ပ္လောန်းလဲဟှူ ခီမာ “သေရှင်းဟှာ အောန်မြင်ရှင်းနှိုက် နှစ်မ္လောက်ဘီ!” ဆိုဘီး ပြောဟှားဟှူ ကျမ်းစကားဟှာ ပ္လဲ့ဇောင်လေ့မယ်။
1CO 15:55 “အို၊ မရဏနိုင်ငံ၊ နန့်ရဲ့ အောန်မြင်ရှင်းဟှ ဖယ်မာရှိနူး။ အို၊ သေမန်း၊ နန့်ရဲ့ လတ်နတ်ဟှ ဖယ်မာရှိနူး။”
1CO 15:56 သေမန်းရဲ့ လတ်နတ်တဂိုးဟှာ ပြစ်ဒုစရိုက် ဖြစ်ဟှယ်။ ဒုစရိုက်ပြစ်ရဲ့ တဂိုးဟှာ ပညတ်တရား ဖြစ်ဟှယ်။
1CO 15:57 အယ်ဘေမဲ့ နို့လေရဲ့ သခင် ယေရှုခရစ်တော်အားဖြင့် အောန်မြင်မှုဟှို ပေးတော်မူဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ ကီးမားလှပါဟှယ်!
1CO 15:58 အယ်မျိုးဖြစ်ကြောန့် ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ နန်းနို့လေဟှာ သခင်ဘုရားရဲ့ မှုတော်ဟှို ကြိုးစား လောက်ဆောန်ဟှူဇာဟှာ ချည်းနှီး ဖြစ်ဘဲဟှူကြောန်းဟှို သိမှတ်ဘီးဟှာ တည်ကြည်ဟှူစိန ပ္လဲ့ဇောင်ဘီး ဖော့‑က်ပ္လန်ရှင်း မှေ့ဘဲန သခင်ဘုရားရဲ့ မှုတော်ဟှို မြဲဒမ်း ကြိုးစားဆောန်ရွပ်ဂေ့ပါ။
1CO 16:1 သန့်ရှင်းဟှူသူလေဟှို ထော့‑က်ပံ့ဟှို့တွပ် လှူငွေနပတ်သတ်ဘီးဟှာ ဂလာတိပြည်မာရှိဟှူ သင်းတော်လေဟှို ငါညွှန်ကြားဟှားတိုင်း နန်းနို့လေ လောက်ဂေ့ပါ။
1CO 16:2 ငါရော့‑က်လာဟှူ ခီမာ လှူငွေကော့‑က်ခံရဘဲနေအောန် နန်းနွေနေ့တိုင်း နန်းနို့ယော့‑က်ချင်းစီတိုင်းရဲ့ ဝမ်ငွေနဲများလိုက် လှူဒန်းဟှို့တွပ် စုဆောန်းဟှားဂေ့ပါ။
1CO 16:3 ငါရော့‑က်လာဟှူ ခီမာ စာရေးဘီး နန်းနို့လေ ဝီးကော့‑က်ဟှူသူလေဟှို အပ်ပေးဘီး အယ်လတ်ဆောန်ဟှို ယေရုရှလင်ဗြို့ဟှို ပို့ဆောန်ဟှို့တွပ် ငါလွှတ်မယ်။
1CO 16:4 တကယ်ဟှိ ငါကိုယ်တိုင်သွားဟှို့ လိုအပ်ဟှယ် ဆိုဟှာ သူးနို့လေနငါ တူးဒူသွားမယ်။
1CO 16:5 မာကေဒေါနိပြည်လမ်းဟှနေ ငါသွားမယ်ဖြစ်ဟှူကြောန့် မာကေဒေါနိပြည်ဟှို လှည့်လည်ဘီးမှ နန်းနို့နားဟှိုလာမယ်။
1CO 16:6 ငါဟှာ နန်းနို့လေနတူးဒူ ဆောန်းကာလပတ်လောင်း နေရှင်ဟှာနေမယ်။ နော့‑က်မှ ငါသွားရှင်ဟှူနေရာဟှို သွားဟှို့တွပ် နန်းနို့ကူညီလေ့မယ် ဆိုဇာဟှို ငါမျှော်လင့်ပါဟှယ်။
1CO 16:7 ငါဟှာ နန်းနို့လေနားဟှို ရှစ်ဟှားတည်းခိုမျှဒဲမှုဘဲန သခင်ဘုရားခွမ့်ပြုမယ် ဆိုဟှာ နန်းနို့လေနားမာ ကြားကြာနေဟှို့ မျှော်လင့်ဟှားပါဟှယ်။
1CO 16:8 ပင်တေကုတ္တေပွဲနေ့ထိ ဧဖက်ဗြို့မာ ငါနေအူးပါမယ်။
1CO 16:9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မှုတော်တွပ် ရရာတိုင်း ကီးဟှူခွဗော့‑က်ဟှာ ငါ့တွပ် ဆင်သင့်ဖွမ့်ဘီး ရှိနေပါဟှယ်။ တားဆီးဟှူသူလည်း ဘောင်ဂီးရှိပါဟှယ်။
1CO 16:10 နန်းနို့လေနားဟှို တိမောသေဟှာ ရော့‑က်လာဟှယ် ဆိုဟှာ သူဟှာ စိုးရိမ်မှုမှေ့ဘဲ နန်းနို့နတူးဒူနေထိုင်ဟှို့တွပ် ဂရုစိုက်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ငါ့ဟှူမျိုးဘဲ့ သခင်ဘုရားရဲ့မှုတော်ဟှို လောက်ဆောန်ဟှူသူ ဖြစ်ဟှယ်။
1CO 16:11 အယ်ကြောန့် သူ့ဟှို ဖယ်သူလည်းဘဲ့ ထီမဲ့မြင်ပြုစေန။ ငါဟှာ ယောင်ကြည်သူ ညီကို မောန်နှမလေနတူးဒူ သူရော့‑က်လာဟှို့ဇာဟှို စောန့်မျှော်နေဟှူကြောန့် သူဟှာ ငါ့နားဟှိုဘေးကင်းဘီး ရော့‑က်လာနိုင်ဟှို့တွပ် ကူညီဂေ့ပါ။
1CO 16:12 ငါ့ညီအာပေါလုန ပတ်သတ်ဘီး ပြောရမယ် ဆိုဟှာ သူဟှာ တခြားခရစ်ယာန် ညီကို မောန်နှမလေနတူးဒူ နန်းနို့လေနားဟှို လာလည်ဟှို့တွပ် သူ့ဟှို ငါအားပေးတိုက်တွန်းဟှယ်။ အယ်ဘေမဲ့ သူဟှာ အယ်ခီဒူးဟှ လာဟှို့ လောင်းဝ ဆန္ဒမှေ့ဟှ။ အယ်ဘေမဲ့လည်း ခွမ့်သာဟှူ ခီမာ သူလာလေ့မယ်။
1CO 16:13 နန်းနို့လေ နိုးနိုးကြားကြားနေဂေ့ပါ။ ယောင်ကြည်ရှင်းန ခိုင်းခိုင်မားမာရပ်တည်ဂေ့ပါ။ ရဲစွမ်းသတ္တိရှိဂေ့ပါ။ သန်မာဂေ့ပါ။
1CO 16:14 ဂူလောင်းဟှို မြစ်တာစိနပြုဂေ့ပါ။
1CO 16:15 ညီကို မောန်နှမလေ၊ သတေဖန်ရဲ့ အီသူအီသားလေဟှာ အခါယပြည်မာ ဦးဆောင်းခရစ်ယာန်လေဖြစ်ဘီး သန့်ရှင်းသူလေရဲ့မှုဟှို ကူညီဆောန်ရွပ်ဟှို့တွပ် သူးနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ဆစ်ကပ်ဟှားဟှူကြောန်းဟှို နန်းနို့လေသိဂေ့ဟှို့တွပ် ငါတိုက်တွန်းဟှယ်။
1CO 16:16 အယ်မျိုးသူလေဟှနေစဘီး သူးနို့နတူးဒူ မှုတော်ဟှို လောက်ဆောန်ဂေ့ဟှူ သူလေရဲ့ ဦးဆောန်မှုဟှို နာခံဂေ့ဟှို့တွပ် နန်းနို့လေဟှို မြစ်တာရပ်ခံဟှယ်။
1CO 16:17 သတေဖန်၊ ဖော်တုနက်န အခါယကုဟှားလေ ရော့‑က်လာဟှူကြောန့် ငါဝန်းသာဟှယ်။ သူးနို့လေဟှာ နန်းနို့ကိုယ်စား ငါ့ဟှိုပြုစုဂေ့ဟှယ်။
1CO 16:18 သူးနို့လေဟှာ နန်းနို့စိဟှို သတ်သာစေဟှူမျိုး ငါရဲ့စိဟှိုလည်း သတ်သာစေဂေ့ဟှယ်။ အယ်မျိုးသူလေဟှို သိမှတ်ပြုဂေ့ပါ။
1CO 16:19 အာရှပြည်မာရှိဟှူ သင်းတော်လေဟှာ နန်းနို့လေဟှို နှောက်ဆစ်ဂေ့ဟှယ်။ အာကုလန ပြစ်ကိလဟှနေစဘီး သူးနို့အီမာ ဝတ်ပြုကိုးကွယ်ဂေ့ဟှူ သင်းဝမ်သူလေဟှလည်း သခင်ဘုရားရဲ့ နာမတော်အားဖြင့် နှောက်ဆစ်ဂေ့ဟှယ်။
1CO 16:20 ညီကိုအားလောင်းဟှလည်း နန်းနို့ဟှို နှောက်ဆစ်ဂေ့ဟှယ်။ နန်းနို့ဟှ ယော့‑က်နယော့‑က် သန့်ရှင်းဟှူနမ်းန နှောက်ဆစ်ဂေ့ပါ။
1CO 16:21 အယ်နှောက်ဆစ်စကားဟှို ငါပေါလုကိုယ်တိုင် ငါ့လတ်န ရေးလိုက်ပါဟှယ်။
1CO 16:22 သခင်ဘုရားဟှို ရှစ်ဘဲဟှူ ဖယ်သူဘဲ့ဖြစ်ဖြစ် ကီရှင်းဟှို ခံရပါစေ! မာရာနာ သာ သခင်ဘုရား ကြွလာတော်မူပါ!
1CO 16:23 သခင်ယေရှုခရစ်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့လေမာရှိပါစေ။
1CO 16:24 ယေရှုခရစ်တော်နှိုက် တဗဲ့တော်ဖြစ်ဟှူ နန်းနို့လေမာ ငါရဲ့ရှစ်ရှင်းမြစ်တာရှိဟှယ်။ အာမင်။
2CO 1:1 ဘုရားသခင်ရဲ့ လိုတော်ကြောန့် ယေရှုခရစ်တော်ရဲ့ တမန်တော်ဖြစ်န ခန့်ဟှားခံရဟှူ ပေါလုန နို့ညီ တိမောသေနားဟှနေ —
2CO 1:2 နို့လေရဲ့ဖ ဖြစ်ဟှူ ဘုရားသခင်န သခင် ယေရှုခရစ်တော်နားဟှနေဘီး ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့ထတ်ဟှို ရော့‑က်လာပါစေ။
2CO 1:3 နှစ်သိမ့်ပေးဟှူ သခင်၊ ကရုဏာတော်လေန ပ္လဲ့ဇောင်ဘီး ကြွယ်ဝဟှူဖ ဖြစ်ဟှူ၊ နို့လေရဲ့ သခင် ယေရှုခရစ်တော်ရဲ့ဖ ဘုရားသခင်ဟှို နို့လေ ချီးမွမ်းဂေ့ဇို့။
2CO 1:4 နို့လေဟှာ ဆင်းရဲဒေါက်ခမျိုးမျိုး ခံရဂေ့ဟှူ ခီမာ ကိုယ်တော်ဟှာ နို့လေဟှို နှစ်သိမ့်မှုလေဟှို ပေးဟှယ်။ အယ်ကြောန့် နို့လေဟှလည်း ဘုရားသခင်နားဟှနေ အယ်မျိုးရဟှူ နှစ်သိမ့်မှုလေန ဒေါက်ခခံရဂေ့ဟှူ လူလေဟှို ပ္လန်ဘီးဟှာ အားပေးနိုင်ဟှယ်။
2CO 1:5 နို့လေဟှာ ခရစ်တော်ခံစားရဟှူ ရရာတိုင်းများဟှူ ဒေါက်ခဆင်းရဲလေဟှို ခံစားရမျိုးဘဲ့ ခရစ်တော်အားဖြင့် နှစ်သိမ့်မှုလေဟှို ခံရဂေ့ဟှယ်။
2CO 1:6 နို့လေဟှာ ဆင်းရဲဒေါက်ခ ခံရဇာဟှာ နန်းနို့တွပ် နှစ်သိမ့်မှုန ကယ်တန်ရှင်း ကျိုးတွပ်ဘဲ့ဖြစ်ဟှယ်။ နို့လေဟှာ နှစ်သိမ့်မှု ခံစားရဂေ့ဟှူ ခီမာ နန်းနို့လေရဲ့ နှစ်သိမ့်ဟှူရှင်း တွပ်ဘဲ့ဖြစ်ဘီး အယ်မျိုးနှစ်သိမ့်ဇာဟှာ နို့လေခံရဟှူ ဆင်းရဲဒေါက်ခလေမျိုးမာ နန်းနို့ဟှာ သီးခံနိုင်ဟှူ ခွန်အားဟှို ဖြစ်စေဟှယ်။
2CO 1:7 နန်းနို့တွပ် နို့လေရဲ့ မျှော်လင့်ဇာဟှာ ခိုင်မြဲဘီး ရှိနေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှာ နို့လေရဲ့ ဆင်းရဲဒေါက်ခလေဟှို မျှဝီခံစားရဟှူမျိုးဘဲ့ နို့လေရဲ့ နှစ်သိမ့်မှုလေဟှိုလည်း မျှဝီခံစားရမယ် ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။
2CO 1:8 ညီကို မောန်နှမလေ၊ အာရှိပြည်မာ နို့လေခံရဟှူ ဆင်းရဲဒေါက်ခ ကြောန်းလေဟှို နန်းနို့လေဟှို သိဘဲန နေစေရှင်ဟှ။ နို့လေဟှာ ကိုယ့်ရဲ့ ခံနိုင်ဟှူစွမ်းရည်ထတ် ပိုဘီး ဟှာ ရရာတိုင်းကီးဟှူ ဆင်းရဲဒေါက်ခဟှို ခံရဟှူကြောန့် သတ်ရှင်ဟှို့တွပ် မျှော်လင့်ချစ် မှေ့ဂေ့ဟှမ်း။
2CO 1:9 နို့လေဟှာ သေဒန်စီရင်ခံရဟှူ လူလေဖြစ်ဟှယ် ဆိုဘီး ကိုယ့်ကိုယ်ကိုယ် ထန်မှတ်ဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်မျိုးဖြစ်ပျစ်ဇာဟှာ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် အားကိုးဘဲန သေဟှားဟှူ လူလေဟှို ရှင်ပ္လန်ထမြော့‑က်စေဟှူ ဘုရားသခင်ဟှို အားကိုးဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
2CO 1:10 ကိုယ်တော်ဟှာ အယ်မျိုး ကြော့‑က်ဇာကောန်းဟှူ သေဘေး ဟှနေဘီး နို့လေဟှို ကယ်တန်လိုက်ဟှယ်။ ကိုယ်တော်ဟှာ နို့လေဟှို နော့‑က်တခါလည်း ကယ်တန်မယ် ဆိုဇာဟှို နို့လေဟှာ ကိုယ်တော့်ဟှို မျှော်လင့်ဟှူကြောန့်၊
2CO 1:11 ဘုရားသခင်ဟှာ နန်းနို့ တောန်းလျှော့‑က်ဘီး ဆုတောန်းဇာလေဟှို နားထောန်ဘီး နို့လေဟှို ကောန်းဂျီးပေးလေ့မယ်။ လူလေဘောင်ဂီးဟှလည်း နို့လေတွပ် ကျေးဇူးတော် ချီးမွမ်းဂေ့လေ့မယ်။
2CO 1:12 နို့လေရဲ့ သိစိဟှို ထော့‑က်ခံဘီး ဝါကြွားဇာတခုဟှ အယ်လောကမာ သတ်ရှင်ဟှူ ခီကာလမာ နန်းနို့န ဆစ်ဆံဟှူ ခီမာ လူလေရဲ့ ဇာတိသိပညာလေဟှို မှီပြုဘဲန ဘုရားသခင်ရဲ့ ကျေးဇူးတော် တဂိုးဟှိုဘဲ့ မှီပြုဘီး နို့လေဟှာ ဘုရားသခင်ပေးသနားဟှားဟှူ စိရိုးသဘောရိုးန ပွမ့်ပွမ့်လန်းလန်းဟှား သတ်သေခံဘီးဟှား သတ်ရှင်ဂေ့ဟှယ်။
2CO 1:13 ခု နို့လေရေးပေးလိုက်ဟှူ စာလေဟှာ နန်းနို့လေဖတ်ဘီး နားလည်နိုင်ဟှူ ကြောန်းရာလေဘဲ့ ဖြစ်ဟှယ် ဆိုဇာဟှို နို့လေမျှော်လင့်ဟှယ်။
2CO 1:14 နို့လေရဲ့ သခင်ယေရှု ကြွလာဟှူနေ့ရစ်မာ နို့လေဟှာ နန်းနို့တွပ် ဂေါင်ယူဝါကြွားနိုင်ဟှို့မျိုးဘဲ့ နန်းနို့ဟှလည်း နို့လေတွပ် ဂေါင်ယူဘီး ဝါကြွားနိုင်ဟှို့တွပ် နန်းနို့ဟှာခု တစိတဒေသအားဖြင့် သိဘီး နားလည်ဂေ့ဟှူ ကြောန်းရာလေဟှို ပ္လဲ့ဝစောင်လင်ဘီး နားလည်လာဂေ့လေ့မယ် ဆိုဇာဟှို ငါမျှော်လင့်ဟှယ်။
2CO 1:15 အယ်မျိုး စိခ္လကြောန့် နန်းနို့ဟှာ ကျေးဇူးတော်ဟှို နှေ့ထပ်ကွမ်း ခံစားရစေဟှို့တွပ် နန်းနို့နားဟှို ဦးဆောင်းလာရှင်ဟှယ်။
2CO 1:16 အယ်ကြောန့် မာကေဒေါနိပြည်ဟှို သွားဟှူ ခီမာလည်း တခါ၊ အယ်ပြည်ဟှနေဘီး ပ္လန်လာဟှူ ခီမာလည်း တခါ နန်းနို့နားဟှို ဝမ်ဘီးန ယုဒပြည်ဟှို သွားနိုင်ဟှို့တွပ် နန်းနို့နားမာ ကူညီတောန်းဟှို့ ကြံရှိဟှယ်။
2CO 1:17 အယ်မျိုး ကြံစည်ဇာဟှာ ငါမာ စိနှေ့ခွရှိနေကြောန့်လော။ ငါဟှာ ကြံစည်ဘီး ဆောင်းဖြတ်ဟှူ ခီမာလည်း တကိုယ်ကောန်း သဘောန ဆောင်းဖြတ်နေလော။ တခီထဲမာဘဲ့ ဟောက်မှန်ဟှယ် ဆိုဇာရော၊ ဟောက်မှန်ဟှ ဆိုဇာရော စကားဟှာ နှေ့ခွဖြစ်နေလော
2CO 1:18 ဘုရားသခင်ဟှာ သစ်စာန ပ္လဲ့ဇောင်ဟှူမျိုးဘဲ့ နို့လေပြောဟှူ စကားဟှလည်းနှေ့ခွ မှုဟှ။
2CO 1:19 သိလွာနု၊ တိမောသေန ငါအားဖြင့် နန်းနို့ထဲမာ ဟောပြောဟှားဟှူ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်ဟှာ “ဟောက်မှန်ဟှယ်” “ဟောက်မှန်ဟှ” ဆိုဇာဟှာ မှေ့ဟှ။ အယ်ဘေမဲ့ ကိုယ်တော်နှိုက် မြဲဒမ်း “ဟောက်မှန်ဟှယ်” ဆိုဇာဘဲ့ ရှိဟှယ်။
2CO 1:20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ဂဒိတော်လေ ဂူလောင်းဟှာ ခရစ်တော်နှိုက် “ဟောက်မှန်ဟှယ်။” အယ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ချီးမြှော့‑က်ဟှို့တွပ် ကိုယ်တော်အားဖြင့် “အာမင်” ဆိုဘီး ပြောဂေ့ဟှယ်။
2CO 1:21 နန်းနို့န နို့လေဟှို ခရစ်တော်န တလောင်းတဝဒဲ့ ဖြစ်စေဘီး ဘိသိပေးသူဟှာ ဘုရားသခင် ကိုယ်တိုင်ဘဲ့ ဖြစ်ဟှယ်။
2CO 1:22 သူ့ရဲ့ လူစုဝမ်လေဟှို တဇိခတ်လိုက်ဘီး၊ လာဟှို့ နာဂတ်ကာလမာ နို့လေတွပ် အာမခံချစ်ဖြစ် ဘုရားသခင်ဟှာ နို့လေရဲ့ စိနှလောင်းထဲမာ သန်းရှင်းဟှူဝိညာဉ်တော်ဟှို ထဲ့ဟှားဟှယ်။
2CO 1:23 ကောရိန့်ဗြို့ဟှို လာဘဲဟှို့တွပ် ဆောင်ဖြတ်ဇာဟှာ နန်းနို့ဟှို ညှာတာဟှူကြောန့် ဖြစ်ဟှယ် ဆိုဇာဟှို ဘုရားသခင်ဟှာ ငါ့ရဲ့ သတ်သေဖြစ်ဟှယ်။
2CO 1:24 နန်းနို့ဟှာ ဖြားဇာဟှို ယောင်ကြည်ရမယ်နူး၊ ဆိုဘီး နန်းနို့ဟှို မိန့်ပေးဟှို့တွပ် ငါဟှာ ကြိုးစားနေဇာ မှုဟှ။ နန်းနို့ရဲ့ ယောင်ကြည်ရှင်းဟှာ ခိုင်မာနေဇာဟှို နို့လေ သိဂေ့ဟှယ်။ အယ်ကြောန့် နို့လေဟှာ နန်းနို့လေဟှာ ရွှင်လန်းဘီး ဝန်းသာနေဟှို့တွပ် နန်းနို့လေရဲ့ လောက်ဖော်ဆောန်ဖတ်လေဘဲ့ ဖြစ်ဟှယ်။
2CO 2:1 အယ်ကြောန့် နန်းနို့နားဟှို ငါ နော့‑က်တခါ လာဟှူ ခီမာ နန်းနို့ဟှို ဝန်းနဲစေမယ် ဖြစ်ဟှူကြောန့် ငါလာဘဲဟှို့တွပ် စိဆောင်းဖြတ်လိုက်ဟှယ်။
2CO 2:2 ငါဟှာ နန်းနို့ဟှို ဝန်းနဲစေမယ် ဆိုဟှာ ငါ့ဟှို ဝန်းသာစေဟှူသူ ဖယ်မာရှိမယ်နူး။ ငါ့ကြောန့် ဝန်းနဲရဟှူ လူလေဟှလွှဲဘီး ဖယ်သူဟှာ ငါ့ဟှို ဝန်းသာစေဟှို့နူး။
2CO 2:3 ငါလာမယ် ဆိုဟှာ ငါ့ဟှို ဝန်းသာစေဟှူ လူလေဟှ ငါ့ဟှို ဝန်းနဲစေမာဟှို စိုးရိမ်ဟှူကြောန့် ရင်ဟှစာဟှို ငါရေးဘီး ပို့ပေးလိုက်ဇာ ဖြစ်ဟှယ်။ ငါဟှ ဝန်းသာမယ် ဆိုဟှာ နန်းနို့လေဟှလည်း ဝန်းသာဂေ့မယ် ဆိုဇာ ငါဟှာ ယောင်ကြည်ဟှယ်။
2CO 2:4 ငါဟှာ ရရာတိုင်း စိနှလောင်း ပူပန်သောက ရော့‑က်ဘီး မျစ်ရယ်ဘောင်ဂီး က္လဘီးဟှာ အယ်စာဟှို ရေးလိုက်ဇာဖြစ်ဟှယ်။ အယ်ကြောန့် နန်းနို့ဟှို ဝန်းနဲစေရှင်ကြောန့် မှုဘဲ နန်းနို့ဟှို ငါဟှာ ရရာတိုင်း ရှစ်ကြောန်းဟှို သိစေရှင်ဟှူကြောန့် ရေးလိုက်ဇာ ဖြစ်ဟှယ်။
2CO 2:5 လူတယော့‑က်ဟှ တယော့‑က်ဟှို ဝန်းနဲအောန် လောက်ဟှူ ခီမာ ငါ့ဟှိုဘဲ့မှုဘဲန နန်းနို့အားလောင်း အယ်မျိုးမှုဘဲနေဟှာ နန်းနို့ထဲဟှ တချို့ဟှို ဝန်းနဲစေဟှယ်။ (အယ်လူလေဟှို ကျပ်ကျပ်တဲတဲဟှား စီရင်ရှင်ဘဲကြောန့် အယ်မျိုးပြောဇာ ဖြစ်ဟှယ်။)
2CO 2:6 နန်းနို့ လူဘောင်ဂီးရဲ့ ဒန်ပေးဇာဟှို ခံရဇာဟှာ အယ်လူတွပ် လောင်လော့‑က်ဟှူ ပြစ်ဒန်ဖြစ်ဟှယ်။
2CO 2:7 အယ်ဘေမဲ့ အယ်လူဟှာ ခံနိုင်ဘဲဟှူ ဝန်းနဲမှု ဖြစ်ဘဲအောန် ခု နန်းနို့ဟှ သူ့ဟှို ပြစ်လွှတ်ဘီး အားပေးဂေ့ပါ။
2CO 2:8 အယ်ကြောန့် နန်းနို့ဟှာ သူ့ဟှို တကယ်ဘဲ့ မြစ်တာထားဟှယ် ဆိုဇာဟှို သူသိဟှို့တွပ် နန်းနို့ဟှို ငါဟှ တောန်းဗန်ဟှယ်။
2CO 2:9 ရင်ဟှ ငါဟှာ စာရေးရဟှူကြောန်းဟှ နန်းနို့ဟှာ စောင်ဇမ်းနှောက်ယှစ်ဇာဟှို ဖယ်မျှလော့‑က် ခံနိုင်ဟှယ် ဆိုဇာရော၊ ငါပြောဟှားဟှူ ဇာလေဟှို လိုက်နာဟှို့တွပ် နာခံမှု ရှိမရှိ ဆိုဇာဟှိုရော သိဟှိုတွပ်ဘဲ့ ဖြစ်ဟှယ်။
2CO 2:10 နန်းနို့ဟှာ ယော့‑က်ယော့‑က်ဟှို ပြစ်လွှတ်ဟှူ ခီမာ ငါဟှလည်း တခုခုဟှို ခွမ့်လွှတ်ဟှို့တွပ် လိုမယ် ဆိုဟှာ နန်းနို့ရဲ့ မျစ်နှာဟှို ထော့‑က်ဘီး ခရစ်တော်ရဲ့ရှေ့မာ အယ်လူရဲ့ ပြစ်ဟှို ငါလွှတ်ဟှယ်။
2CO 2:11 အယ်မျိုးလောက်မှ စာတန်ဟှ နို့လေဟှို နိုင်ဘဲဟှို့တွပ် တားဟှားနိုင်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ စာတန်ရဲ့ ကြံစည်လေဟှို သိဂေ့ကြောန့် ဖြစ်ဟှယ်။
2CO 2:12 ခရစ်တော်ရဲ့ ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် တရောဗြို့ဟှို ငါဟှာ ရော့‑က်ဟှူ ခီမာ မှုတော်ဟှို ထမ်းဆောန်နိုင်ဟှို့တွပ် ခွဗော့‑က်လေဟှို သခင်ဘုရားဟှ ဖွမ့်ပေးဟှားဟှယ်။
2CO 2:13 အယ်ဘေမဲ့ နို့လေရဲ့ညီ တိတုဟှို တွိဘဲ့ကြောန့် ငါဟှာ ရရာတိုင်း စိသောက ဖြစ်ဟှယ်။ အယ်ကြောန့် အယ်ဗြို့မာရှိဟှူ လူလေဟှို နှောက်ဆစ်ဘီးဟှာ ငါဟှာ မာကေဒေါနိပြည်ဟှို သွားဟှယ်။
2CO 2:14 အယ်ဘေမဲ့ နို့လေဟှို ခရစ်တော်အားဖြင့် မြဲဒမ်းအောန်ဗွဲဟှို ခံစေဘီးဟှာ ကိုယ်တော့်ဟှို သိရှင်းရဲ့ မွှီးနံ့ဟှာ နေရာတိုင်းဟှို နို့လေအားဖြင့် ပ္လံ့နှံ့စေဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဟှယ်။
2CO 2:15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ဘုရားသခင်ဟှို ခရစ်တော်ပူဇော်ဟှူ ရရာတိုင်း မွှီးဟှူနံသာနံ့ ဖြစ်ဟှယ်။ အယ်နံ့ဟှာ ကယ်တန်ရှင်း ခံရခါနီးဟှူ လူလေနားဟှိုရော၊ ပျစ်စီးဆောင်းရှောင်းခါနီးဖြစ်ဟှူ လူလေနားဟှိုရော ပ္လံ့နှံ့ဟှားဟှယ်။
2CO 2:16 ပျစ်စီးဆောင်းရှောင်းခါနီးဖြစ်ဟှူ လူလေတွပ် အယ်နံ့ဟှာ သေရှင်းရဲ့နံ့ ဖြစ်ဘီး ကယ်တန်ခံနေရဟှူ လူလေတွပ် သတ်ရှင်ရှင်းရဲ့နံ့ ဖြစ်ဟှယ်။ အယ်ကြောန့် အယ်မျိုးမှုဟှို ဖယ်သူဟှ လောက်နိုင်ဟှို့နူး။
2CO 2:17 နို့လေဟှာ တခြားလူဘောင်ဂီးလေမျိုး ဘုရားသခင်ရဲ့ စကားတော်ဟှို ပေါဇားကူပစ်စီးမျိုး ရောန်းဝယ်ဇာလေမျိုး လောက်ဂေ့ဟှ။ အယ်ဘေမဲ့ နို့လေဟှာ ဘုရားသခင် စေလွှတ်ဟှားဟှူ လူလေဖြစ်ဘီး ခရစ်တော်နှိုက် စေခံလေနေန ဘုရားသခင်ရဲ့ ရှေ့မာ စကားတော်ဟှို စိရှင်းရှင်းန ဟောပြောဂေ့ဟှယ်။
2CO 3:1 အယ်မျိုးပြောဇာဟှာ နို့လေဟှာ ဝါကြွားဇာဖြစ်ဟှားလော။ တချို့လူလေမျိုး နို့လေဟှာ ထော့‑က်ခံစာလေဟှို နန်းနို့ဟှို ပေးဟှို့တွပ် လိုဘဲ့လော။ အယ်မျိုးမှုဘဲနေဟှာ နန်းနို့နားမာ နို့လေဟှာ ထော့‑က်ခံစာလေဟှို တောန်းရဟှို့လော။
2CO 3:2 နန်းနို့ကိုယ်တိုင်ဘဲ့ နို့လေရဲ့ ထော့‑က်ခံစာလေ ဖြစ်ဂေ့ဟှယ်။ အယ်စာဟှို လူတိုင်းဖတ်နိုင်ဘီး သိနိုင်ဟှို့တွပ် နို့လေရဲ့ နှလောင်းသားထဲမာ ရေးဟှားဟှယ်။
2CO 3:3 အယ်စာဟှို ခရစ်တော်ကိုယ်တိုင်ဟှ ရေးဘီး ပေးပို့လိုက်ဇာဟှာ ထန်ရှားဟှယ်။ အယ်စာဟှာ မှန်ရယ်န ရေးဟှားဟှူစာ မှုဟှ။ အယ်ဘေမဲ့ သတ်ရှင်ဟှူဘုရားသခင်ရဲ့ ဝိညာဉ်တော်န ရေးဟှားဟှူစာ ဖြစ်ဟှယ်။ အယ်စာဟှို က္လော့‑က်ပ္လားထတ်မာ ရေးဘဲန လူ့နှလောင်းသား က္လော့‑က်ပ္လားထတ်မာ ရေးဘီး နို့လေပြုစုဟှားဟှူ ခရစ်တော်ဟှို ထန်ရှားစေဟှူ စာဖြစ်ဟှယ်။
2CO 3:4 နို့လေဟှာ ခရစ်တော်ဟှို မှီပြုဘီး ဘုရားသခင်ရဲ့ရှေ့မာ အယ်မျိုး ယောင်ကြည်စိခ္လမှုဟှို ရဂေ့ဟှယ်။
2CO 3:5 အယ်ကြောန့် နို့လေဟှာ အယ်မှုဟှို ထမ်းဆောန်နိုင်ဟှယ်ဆိုဇာ ပြောနိုင်ဟှို့တွပ် နို့လေမာ ဖြားစွမ်းရည် သတ်တိလေလည်း မှေ့ဟှ။ နို့လေမာရှိဟှူ စွမ်းရည်ဟှ ဘုရားသခင်နားဟှဘဲ့ ရလာဟှယ်။
2CO 3:6 နို့လေဟှာ ပဋိညာဉ်တရားသစ်တွပ် မှုဆောန်နိုင်ဟှို့တွပ် ဘုရားသခင်ဟှာ နို့လေဟှို စွမ်းသတ်တိလေဟှို ပေးဟှားဟှယ်။ အယ်ပဋိညာဉ် တရားသစ်ဟှ အက္ခရာတန်ဟှားဟှူ ပညတ်တရား မှုဟှ။ ဝိညာဉ်တော်တရား ဖြစ်ဟှယ်။ အက္ခရာတန်ဟှားဟှူ ပညတ်ဟှာ သတ်ဟှို သေစေတတ်ဘေမဲ့ ဝိညာဉ်တော်ဟှာ သတ်ရှင်စေဟှယ်။
2CO 3:7 က္လော့‑က်ပ္လားထတ်မာ အက္ခရာတန်ဟှားဟှူ သေတတ်ဟှူ မှုဟှာလည်း ဘုရားသခင်ရဲ့ ဖောင်းသရေတော်န ရော့‑က်လာဟှယ်။ အယ်ကြောန့် မောရှေရဲ့ မျစ်နှာမာ တော့‑က်ပမှုဟှာ ရောန်မှေးလာဘေမဲ့လည်း ဖောင်းသရေတော်ကြောန့် ဣသရေလ လူမျိုးလေဟှာ သူ့ဟှို စေ့စေ့ကေ့နိုင် ဂေ့ဟှ ဆိုဟှာ
2CO 3:8 ဝိညာဉ်တော်န ဆိုင်ဟှူ မှုဟှာ ပိုဘီး ဟှာ ဖောင်းသရေတော်န တော့‑က်ပလေ့မယ် မှုဟှလော။
2CO 3:9 ပြစ်ဒန်စီရင်ဇာန ဆိုင်ဟှူ ဇာဟှာ ဖောင်းသရေတော်န ပ္လဲ့ဇောင်ဟှယ် ဆိုဟှာ ဖြောန့်မတ်ရှင်းန ဆိုင်ဟှူ ဇာဟှာ ပိုဘီး ကီးမားဟှူ ဖောင်းသရေတော်န ပ္လဲ့ဇောင်လေ့မယ်။
2CO 3:10 ခုခါမာ ရရာတိုင်း မြတ်ဟှူ ဖောင်းသရေတော်ကြောန့် ရင်းရင်ဒူးဟှ ရရာတိုင်း တော့‑က်ပဟှူ ဖောင်းသရေတော်ဟှာ ပျော့‑က်ကွယ်ဟှားဟှယ်။
2CO 3:11 ရှစ်ဟှားဘဲ့ တည်ဟှူဇာဟှာ ရှိဖူးဟှယ် ဆိုဟှာ ထာဝရတည်ဟှူဇာမာ ဖယ်မျှထိ ပိုဘီး ဟှာ ဂေါင်သရေ ရှိလေ့မယ်နူး။
2CO 3:12 နို့လေဟှာ အယ်မျိုး မျှော်လင့်ဇာရှိဟှူကြောန့် ရရာတိုင်း ရဲရင့်ဂေ့ဟှယ်။
2CO 3:13 နို့လေဟှ မောရှေမျိုး မှုဟှ။ သူ့မျစ်နှာမာ ရရာတိုင်း တော့‑က်ပဟှူရောန်ဟှ မှေးဟှားဘီး ပျော့‑က်ဟှားဟှူဇာဟှို ဣသရေလလူမျိုးလေဟှ ဗြင်နိုင်ဘဲ့နေအောန် မျစ်နှာဟှို ပဝါန ဖောင်းဟှားရဟှယ်။
2CO 3:14 ဣသရေလလူမျိုးလေရဲ့ စိနှလောင်းဟှာ ထိုင်းမှိုင်းဘီးနေဟှယ်။ ခုခီထိဘဲ့ ပဋိညာဉ်တရားဟောန်းဟှို ဖတ်ဟှူခါတိုင်းမာ သူးနို့ စိနှလောင်းဟှာ အယ်ပဝါန ဖောင်းဟှားဘီး ရှိနေဟှယ်။ ခရစ်တော်နှိုက် ပဝါဟှို ဖယ်ပစ်နိုင်ဟှယ်။
2CO 3:15 ခုထတ်ထိဘဲ့ မောရှေရဲ့ ပညတ်ကျမ်းဟှို ဖတ်ဂေ့ဟှူ ခီမာလည်း သူးနို့ရဲ့ စိနှလောင်းဟှာ ပဝါန ဖောင်းဟှားမျိုးဘဲ့ ရှိသေးဟှယ်။
2CO 3:16 အယ်ဘေမဲ့ သူဟှာ သခင်ဘုရားနားဟှို ပ္လောန်းလဲလာဟှူ ခီမာ သူ့ရဲ့ ဖောင်းဟှားဟှူပဝါဟှာ ဖယ်ရှားခံလိုက်ရဟှယ်။
2CO 3:17 အယ်ကြောန့် “သခင်ဘုရား” ဆိုဘီး ခေါ်ဇာဟှာ ဝိညာဉ်တော်ဟှို ခေါ်ဇာဖြစ်ဟှယ်။ သခင်ဘုရားရဲ့ ဝိညာဉ်တော်ရှိဟှူ နေရာမာ လွတ်လပ်မှုရှိဟှယ်။
2CO 3:18 အယ်ကြောန့် နို့လေဂူလောင်းဟှာ မျစ်နှာဖောင်းမှေ့ဘဲန သခင်ဘုရားရဲ့ ဖောင်းသရေတော်ဟှို ရောန်ပ္လန်ဟပ်ဘီး ရှိဂေ့ဟှယ်။ ဝိညာဉ်တော်တရားဖြစ်ဟှူ သခင်ဘုရားလွှတ်လိုက်ဟှူ ဖောင်းသရေတော်ဟှာ နို့လေဟှို မြဲဒမ်းဖောင်းသရေတော် တိုးပွားစေဘီး ကိုယ်တော်ရဲ့ ပေါင်သဏ္ဌာန်တော်နတူးဒူ ပ္လောန်းလဲခံရဂေ့ဟှယ်။
2CO 4:1 ဘုရားသခင်ဟှာ သူ့ရဲ့ ကရုဏာတော်နညီ နို့လေဟှို အယ်မှုဆောန်လောက်ငန်းဟှို ပေးအပ်ဟှူ ခီမာ နို့လေဟှ စိပျစ်အားရော့‑က်ဇာ မှေ့ဟှ။
2CO 4:2 နို့လေဟှာ ယှစ်ဖွယ်ဖြစ်ဟှူ လျှို့ဝှက်ဇာလေဟှို စွန့်ပစ်ဂေ့ဟှယ်။ နို့လေဟှာ ကော့‑က်ကျစ်ဇာလည်း လောက်ဂေ့ဟှ။ ဘုရားသခင်ရဲ့ စကားတော်ဟှို မှောက်လှန်ဘီးလည်း ဟောပြောဟှ။ နို့လေဟှာ ဘုရားသခင်ရဲ့ မျစ်မှောက်တော်မာရော၊ သမ္မာတရားရဲ့ လန်းရောန်မာရော၊ သတ်ရှင်လှောက်ရှာဘီး လူလေရဲ့ သိစိဟှာ ရှင်းရှင်းလန်းလန်းဟှား ဖြစ်ဟှို့တွပ် လောက်ဆောန်ဂေ့ဟှယ်။
2CO 4:3 နို့လေ ဟောပြောဟှူ ဒန်းကောန်းဟှာ ဖောင်းအောက်ခံရမယ် ဆိုဟှာ သတ်ဝိညာဉ် ဆောင်းရှောင်းနေဟှူ လူလေတွပ်ဘဲ့ ဖောင်းအောက်ခံရဟှယ်။
2CO 4:4 အယ်လောကဟှို စိုးရဟှူ ဘုရားဟှာ အယ်လူလေရဲ့ စိဟှို မှောန်န ဖောင်းအောက်ဟှားဟှူကြောန့် သူးနို့ဟှာ ဒန်းကောန်းဟှို ယောင်ကြည်ဂေ့ဟှ။ အယ်ကြောန့် ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်ဖြစ်ဟှူ၊ ခရစ်တော်ရဲ့ ဖောင်းသရေတော်ဖြစ်ဟှူ ဒန်းကောန်းဟှနေ ထွပ်ပေါ်လာဘီး သူးနို့ထတ်ဟှို ရော့‑က်လာဟှူ လန်းရောန်ဟှို ဗြင်ရဂေ့ဟှ။
2CO 4:5 နို့လေဟှာ ကိုယ့်ကြောန်းလေဟှို ဟောပြောဇာ မှုဟှ။ ယေရှုခရစ်တော်ဟှာ သခင်ဖြစ်ကြောန်း၊ နို့လေဟှာ သခင်ယေရှုတွပ် နန်းနို့ရဲ့ စေခံလေဖြစ်ကြောန်းဟှို ဟောပြောဂေ့ဟှယ်။
2CO 4:6 ယေရှုခရစ်တော်ရဲ့ မျစ်နှာတော်ဟှနေဘီး ထွန်းတော့‑က်နေဟှူ ဖောင်းသရေတော်ကြောန်းဟှို သိဘီးဟှာ နားလည်နိုင်ဟှို့တွပ် နို့လေရဲ့ စိနှလောင်းထဲမာ လန်းရောန်ဟှို ထွန်းလန်းစေဟှို့ ဘုရားသခင်ဟှ “မှောန်ထဲဟှနေ လန်းရောန် ပေါ်ထွပ်လေ့မယ်” ဆိုဘီး ပြောဟှားဟှူ ဘုရားသခင်ဖြစ်ဟှယ်။
2CO 4:7 အယ်ကြောန့် နို့လေမာ ချောက်ချာ အာဏာတဂိုး မှေ့ဟှ။ ဘုရားသခင်မာဘဲ့ ရှိကြောန်းဟှို ထန်ရှားစေဟှို့တွပ် ဝိညာဉ်ဘဏ္ဍာဟှို ထီးသီးရဟှူ နို့လေဟှာ မ္လေအိုးလေမျိုး ဖြစ်ဂေ့ဟှယ်။
2CO 4:8 နို့လေဟှာ ခါဘီးခါ ဆင်းရဲဒေါက်ခ ရော့‑က်ဂေ့ဘေမဲ့လည်း ပ္လန်ထူဘဲနိုင်အောန် ဖြစ်ဟှ။ တခါတခါမာ စိရှောက်ထွေးဘေမဲ့လည်း ဖယ်ခါလည်း စိပြစ်ဟှ
2CO 4:9 နို့လေမာ ရန်သူဘောင်ဂီး ရှိဘေမဲ့လည်း မိဆွေမှေ့ဘဲဟှူသူ မှုဟှ။ လဲက္လအောန် ထိုးခံရဘေမဲ့လည်း သေဂေ့ဟှ။
2CO 4:10 သခင်ယေရှုဟှာ နို့လေရဲ့ ကိုယ်ခန္ဓာမာ သတ်ရှင်ကြောန်းဟှို ပေါ်စေဟှို့တွပ် နို့လေရဲ့ သေတတ်ဟှူ ကိုယ်ခန္ဓာမာ သခင်ယေရှုရဲ့ သေခံရဟှူဇာဟှို နို့လေ မြဲဒမ်း ဆောန်ဟှားရဟှယ်။
2CO 4:11 နို့လေရဲ့ ပျစ်စီးတတ်ဟှူ ကိုယ်ခန္ဓာမာ သခင်ယေရှု သတ်ရှင်ကြောန်းဟှို ပေါ်လာဟှို့တွပ် နို့လေဟှာ သတ်ရှင်နေဟှူ ခီကာလမာ သခင်ယေရှုတွပ် မြဲဒမ်းသေဘေးန ရင်ဆိုင်နေရဂေ့ဟှယ်။ အယ်ကြောန့် နို့လေမာ သေရှင်းဟှာ လောက်လောက်နေဘေမဲ့ နန်းနို့မာ သတ်ရှင်ရှင်းဟှာ လောက်လောက်နေဟှယ်။
2CO 4:12 အယ်ကြောန့် နို့လေမာ သေရှင်းဟှာ လောက်လောက်နေဘေမဲ့ နန်းနို့မာ သတ်ရှင်ရှင်းဟှာ လောက်လောက်နေဟှယ်။
2CO 4:13 အယ်မျိုး ယောင်ကြည်ရှင်းစိ ရှိဟှူကြောန့် ကျမ်းစာမာ “ငါဟှာ ယောင်ကြည်ဟှူကြောန့် ပြောဟှယ်” ဆိုဘီး ပါလာတိုင်းဘဲ့ နို့လေဟှလည်း အယ်မျိုးယောင်ကြည်ကြောန့် ပြောဂေ့ဟှယ်။
2CO 4:14 သခင်ယေရှုဟှို ရှင်ပ္လန်ထမြော့‑က်စေဟှူ ဘုရားသခင်ဟှာ နို့လေဟှိုလည်း သခင်ယေရှုနတူးဒူ ရှင်ပ္လန်ထမြော့‑က်စေဘီးဟှာ နန်းနို့လေနတူးဒူ ရှေ့တော်ဟှို ခေါ်ဆောန်ဟှားဟှူဇာဟှို နို့လေဟှာ သိဂေ့ဟှယ်။
2CO 4:15 အယ်မှုရာလေဟှာ နန်းနို့ရဲ့ ကျိုးတွပ်ဘဲ့ ဖြစ်ဂေ့ဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ခံစားရဟှူလူလေဟှ များလာလေလေ ဘုရားသခင်ရဲ့ ဖောင်းသရေတော်တွပ် ချီးမွမ်းဇန ဆုတောန်းဇာဟှာ ပိုများလာလေ့မယ်။
2CO 4:16 အယ်ကြောန့် နို့လေဟှာ ဖယ်ခါလည်း စိပျစ်ဟှ။ နို့လေရဲ့ ကိုယ်ခန္ဓာဟှာ တဖြေးဖြေးန ပျစ်စီးလာဘေမဲ့ နို့လေရဲ့ ဝိညာဉ်ဟှ နေ့ဘီးနေ့ သစ်ပြုပြင်ဇာဟှို ခံနေရဟှယ်။
2CO 4:17 နို့လေဟှာ ရှစ်ဟှားခံရဟှူ၊ ရရာတိုင်း ပေါ့ပါးဟှူ ဆင်းရဲဒေါက်ခဟှာ ရရာတိုင်း ကီးမြတ်ဟှူ ထာဝရ ဖောင်းသရေတော်ဟှို နို့လေတွပ် ဖြစ်စေမယ်။
2CO 4:18 နို့လေဟှာ မျစ်စိန ဗြင်ရဟှူဇာလေဟှို အာရောင်စိုက်ဘဲန မျစ်စိန ဗြင်ရဘဲ့ဟှူ ဇာလေဟှိုဘဲ အာရောင်စိုက်ဂေ့ဟှယ်။ မျစ်စိန ဗြင်ရဟှူဇာလေဟှာ ရှစ်ဟှားဘဲ့တည်ဘီး မျစ်စိန ဗြင်ရဘဲဟှူဇာလေဟှ ထာဝရတည်ဟှယ်။
2CO 5:1 နို့လေနေဟှူ မ္လေဂီးအီဖြစ်ဟှူ ကိုယ်ခန္ဓာ ယာယီတဲဟှာ ပျစ်ဟှူ ခီမာ ကောန်းဂန်ဘောင်မာ ဘုရားသခင်ကိုယ်တိုင် ဆော့‑က်ဟှားဟှူ ထာဝရအီ ရှိကြောန်းဟှို နို့လေသိဂေ့ဟှယ်။
2CO 5:2 အယ်ယာယီတဲမာ နေဟှူ ခီမာ ကောန်းဂန်ဘောင်မာရှိဟှူ အီဟှို ရရာတိုင်းဘဲ့ တောန်းတဟှူကြောန့် နို့လေဟှာ ညည်းတွားဘီး နေဂေ့ဟှယ်။
2CO 5:3 ကောန်းဂန်ဘောင်ဟှ အီဟှို ရော့‑က်ဟှူ ခီမာ နို့လေဟှာ ကိုယ်ခန္ဓာမှေ့ဘဲန ဖြစ်လေ့မယ် မှုဟှ။
2CO 5:4 ရောက်ကိုယ်ခန္ဓာတဲမာ နေရဟှူ ခီမာ နို့လေဟှာ ညည်းတွားဂေ့ဟှယ်။ အယ်မျိုး ညည်းတွားဂေ့ဇာဟှာ နို့လေရဲ့ ရောက်ခန္ဓာဟှို ဖယ်ရှားရှင်ကြောန့် မှုဟှ။ သေဘီးဟှာ ပျစ်စီးတတ်ဟှူဇာဟှို ထာဝရသတ်ရှင်ရှင်းဟှို ပ္လောန်းလဲဟှို့တွပ် ကောန်းဂန်ဘောင်ရဲ့ ကိုယ်ခန္ဓာဟှို ရရှင်ကြောန့် ဖြစ်ဟှယ်။
2CO 5:5 အယ်မျိုးပ္လောန်းလဲဟှို့တွပ် နို့လေဟှို ပြင်ဆင်ပေးဟှူ သခင်ဟှ ဘုရားသခင်ဘဲ့ ဖြစ်ဟှယ်။ နို့လေခံစားရဟှို့တွပ်န ကိုယ်တော်ရဲ့ ဆုကျေးဇူးတွပ် အာမခံချစ်ဖြစ်န ဝိညာဉ်တော်ဟှို နို့လေဟှို ပေးလေဟှယ်။
2CO 5:6 အယ်ကြောန့် နို့လေဟှာ မြဲဒမ်းဘဲ့ ရဲရင့်ဟှူစိ ရှိဂေ့ဟှယ်။ အယ်ကိုယ်ခန္ဓာ အီမာနေဟှူ ကာလပတ်လောင်း နို့လေဟှာ သခင်ဘုရားရဲ့ အီတော်န ဝီးဘီးဟှာ ရှိနေဂေ့ဟှယ်။
2CO 5:7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ဗြင်အားဖြင့် မှုဘဲ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်ဟှယ်။
2CO 5:8 နို့လေဟှာ ရဲရင့်ဟှူစီရှိဘီး အယ် ကိုယ်ခန္ဓာအီဟှနေဘီး ထွပ်ဟှားဘီးဟှာ သခင်ဘုရားနတူးဒူ နေဟှို့တွပ် ပိုလိုရှင်ဂေ့ဟှယ်။
2CO 5:9 နို့လေဟှာ အယ်နေရာမာ ရှိနေပါစေ၊ တခြားနေရာမာ ရှိနေပါစေ၊ နို့လေဟှာ သခင်ဘုရား နှစ်သက်ဟှူသူ ဖြစ်ဟှို့တွပ် ရရာတိုင်း လိုလာဂေ့ဟှယ်။
2CO 5:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဂူလောင်းဟှာ တရားစီရင်ခံရဟှို့တွပ် ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့ဟှို ရော့‑က်ရဂေ့လေ့မယ်။ ကိုယ်ခန္ဓာနေဟှူအီမာ ရှိနေဒူးဟှ ကောန်းမကောန်း ကျင့်လေတွပ် ကျိုးပြစ်ဟှို နို့လေဟှ သီးသီး ခံရဂေ့လေ့မယ်။
2CO 5:11 နို့လေဟှာ ဖြားဖြစ်ကြောန့် သခင်ဘုရားဟှို ကြော့‑က်ရဟှယ် ဆိုဇာဟှို သိဟှူကြောန့် လူလေဟှို စည်းရောင်းဘီး နှိုးဆော်ဟှယ်။ နို့လေရဲ့ ကြောန်းဟှိုလည်း ဘုရားသခင်ဟှ ဂူလောင်း သိဟှယ်။ နန်းနို့ရဲ့ သိစိထဲဟှနေ ငါ့ကြောန်းဟှိုလည်း ကောန်းကောန်းသိဂေ့မယ် ဆိုဇာဟှို ငါမျှော်လင့်ဟှယ်။
2CO 5:12 အယ်မျိုးပြောဇာဟှာ နို့လေဟှာ နော့‑က်တခါ ကိုယ့်ကိုယ်ကိုယ် ဂေါင်ဖော်ရှင်ကြောန့် မှုဟှ။ နို့လေဟှို နန်းနို့ဟှ ဝါကြွားနိုင်ဟှို့ခွမ့်ဟှို ရရှိဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ အယ်မျိုးဖြစ်မှဘဲ့ လူလေရဲ့ စိနှလောင်းဟှို ကေ့ဘဲန ပ္လန်ဟှဆင်းသဏ္ဍာန်ဟှိုဘဲ့ ကေ့ဘီး ဝါကြွားတတ်ဟှူ လူလေရဲ့ စကားဟှို နန်းနို့ဟှာ ပ္လန်ဘီးဟှာ ချေပနိုင်မယ်။
2CO 5:13 နို့လေဟှာ ရူးဟှာဘီလော။ နို့လေဟှာရူးမယ် ဆိုဟှာ ဘုရားသခင်တွပ်ဘဲ့ ဖြစ်ဟှယ်။ နို့လေဟှာ ရူးဟှ ဆိုဟှာ နန်းနို့တွပ်ဘဲ့ ဖြစ်ဟှယ်။
2CO 5:14 ယော့‑က်ယော့‑က်ဟှ လူလေ ဂူလောင်းတွပ် သေခံကြောန့် လူလေ ဂူလောင်းဟှာ အယ်လူနတူးဒူ သေခံဂေ့ကြောန်းဟှို နို့လေဟှာ ဆောင်းဖြတ်ဟှူကြောန့် နို့လေဟှို ခရစ်တော်ရဲ့ မြစ်တာတော်ဟှာ အောက်စိုးလိုက်ဟှယ်။
2CO 5:15 ကိုယ်တော်ဟှာ လူလေတွပ် သေခံဇာဟှ လူလေဟှာ သတ်ရှင်ဟှူ ခီမာ ကိုယ်ကျိုးတွပ် ဆစ်ဘီးဟှာ သတ်ရှင်ဂေ့ဘဲန သူးနို့တွပ် သတ်စွန့်ဘီးန သေဘီးဟှာ ရှင်ပ္လန်ထမြော့‑က်ဟှူ သခင်တွပ် သတ်ရှင်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
2CO 5:16 အယ်ကြောန့် နို့လေဟှာ ခုဟှစဘီး ဖယ်သူဟှို့လည်း လူရဲ့သွီးသား ဇာတိသဘောန ဆောင်းဖြတ်ဂေ့ဟှ။ ရင်ဟှ ခရစ်တော်ဟှို လူလေရဲ့သွီးသား ဇာတိသဘောန နို့လေဟှ ဆောင်းဖြတ်လာဂေ့ဘေမဲ့ ခုဟှ အယ်မျိုးလောက်ဟှမ်း။
2CO 5:17 ခရစ်တော်နှိုက် တလောင်းတဝဒဲ ရှိဟှူလူဟှာ သတ္တဝါသစ် ဖြစ်ဟှယ်။ သူဟှာ ဘဝဟောန်းဟှို စွန့်ဘီးဟှာ ဘဝသစ်ဟှို ဝမ်စားဟှယ်။
2CO 5:18 အယ်မှုလေဟှာ ဘုရားသခင်ရဲ့ တဂိုးကြောန့် ဖြစ်ဟှယ်။ ဘုရားသခင်ဟှာ နို့လေဟှို သူ့ရဲ့ ရန်သူဟှနေဘီးဟှာ ခရစ်တော်အားဖြင့် မိဆွေဖြစ်ဟှို့တွပ် ပ္လောန်းလဲပေးဘီး ကိုယ်တော်န ပ္လန်ဘီးဟှာ သင့်မြတ်စေဟှယ်။ အယ် သင့်မြတ်ဇာနဆိုင်ဟှူ မှုဆောန်ဟှိုတွပ် တာဝန်ဟှို နို့လေဟှို ပေးအပ်လေဟှယ်။
2CO 5:19 ဘုရားသခင်ဟှာ ခရစ်တော်အားဖြင့် လောကသား ဂူလောင်းဟှို သူ့ရဲ့ မိဆွေလေ ဖြစ်စေရှင်းဟှာ နို့လေရဲ့ တရားဖြစ်ဟှယ်။ ကိုယ်တော်ဟှာ လူသားလေရဲ့ ပြစ်လေဟှို မှတ်ဟှားဟှ။ လူသားလေဟှို ကိုယ်တော်နပ္လန်ဘီး သင့်မြတ်စေဟှူ တရားဟှို နို့လေဟှို အပ်ပေးဟှားဟှယ်။
2CO 5:20 အယ်ကြောန့် နို့လေဟှာ ခရစ်တော်ရဲ့ သံတမန်ဖြစ်န နန်းနို့လေဟှို မြစ်တာရပ်ခံဟှယ်။ ဘုရားသခင် ကိုယ်တိုင်ဘဲ့ နို့လေဟှနေဘီးတဆင့် နန်းနို့ဟှို မြစ်တာရပ်ခံမျိုးဘဲ့ မြစ်တာရပ်ခံဟှယ်။ နန်းနို့ဟှာ ဘုရားသခင်ရဲ့ရန်သူ ဖြစ်နေဇာဟှနေဘီး မိဆွေဖြစ်န ပ္လောန်းလဲဂေ့ပါ ဆိုဘီး ခရစ်တော်ရဲ့ ကိုယ်စား နို့လေဟှာ တောန်းဗန်ဟှယ်။
2CO 5:21 ဘုရားသခင်ဟှာ ပြစ်မှေ့ဘဲဟှူ သခင်ဟှို နို့လေတွပ်ကြောန့် ပြစ်ရှိဟှူသူ ဖြစ်ဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ အယ်လူအားဖြင့် ဘုရားသခင်ရှေ့မာ ဖြောန့်မတ်သူ ဖြစ်ဟှို့တွပ် ဖြစ်ဟှယ်။
2CO 6:1 နို့လေဟှာ ဘုရားသခင်ရဲ့ လောက်ဖော်ဆောန်ဖတ်လေ ဖြစ်ဂေ့ဟှူကြောန့် နန်းနို့ရဟှားဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချည်းနှီးဖြစ်စေဘဲဟှို့တွပ် နန်းနို့ဟှို တောန်းဗန်ပါဟှယ်။
2CO 6:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ “ငါဟှာ နန်းနို့ဟှို ကျေးဇူးပြုဟှို့တွပ် ခီရော့‑က်လာဟှူ ခီမာ နန်းနို့ရဲ့ စကားဟှို ငါ နားထောန်ဟှယ်။ ကယ်တန်ဟှို့နေ့ရစ် ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှို ကူညီဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။ နားထောန်ဂေ့! ဘုရားသခင်ရဲ့ ကျေးဇူးပြုဇာဟှို လတ်ခံဟှို့ခီဟှ ခုဘဲ့ဖြစ်ဟှယ်။ ကယ်တန်ခံရဟှို့ နေ့ဟှာလည်း အယ်နေ့ဘဲ့ဖြစ်ဟှယ်။
2CO 6:3 နို့လေရဲ့ မှုဆောန်လောက်ဟှို ဖယ်သူလည်း ပြစ်ရှာဇာဟှို လိုရှင်ဘဲ့ကြောန့် နို့လေဟှာ တခြားလူလေရဲ့ရှေ့မာ ထိမိဘီးလဲဇာဟှို ခုလည်းလောက်ဟှ။
2CO 6:4 အယ်မျိုး လောက်မယ့်စား ဆင်းရဲဒေါက်ခလေ၊ ခတ်ခဲဇာလေန ကျတ်တဲဇာလေဟှို စိရှယ်သီးခံဘီး ကိစဂူလောင်းဟှို နို့လေဟှာ ဘုရားသခင်ရဲ့စေခံလေ ဖြစ်ဟှူကြောန်းဟှို ပြဂေ့ဟှယ်။
2CO 6:5 နို့လေဟှာ ရိုက်ခံရရှင်းလေ၊ ထောန်ခ္လခံရရှင်းလေ၊ ရောင်းရင်းဆန်ခတ် လောက်ရှင်း ခံရရှင်းလေ၊ လောက်ကြိုးစားရှင်းလေ၊ အိရေးပျစ်ဟှူ ညဉ့်လေန စာငတ်ခံရရှင်းလေ၊
2CO 6:6 စင်ကြယ်သန့်ရှင်း၊ ပညာဒိရှိရှင်း၊ သီးခံရှင်းန ကြင်နာသနားရှင်းလေ၊ သန့်ရှင်းဟှူဝိညာဉ်တော်နရော၊ စစ်မှန်ဟှူ မြစ်တာလေနရော၊
2CO 6:7 သမ္မာတရားန ဘုရားသခင်ရဲ့ တဂိုးတော်ဟှိုရော၊ ဘယ်လတ်န ညာလတ်ထဲမာရှိဟှူ ဖြောန့်မတ်ရှင်းရဲ့ လတ်နတ်လေဟှိုရော၊
2CO 6:8 ချီးမြှော့‑က်ရှင်းန ရှောက်ခ္လရှင်း၊ ကဲ့ရဲ့ရှင်းန ချီးမွမ်းရှင်း၊ လူလီလူညာလေဖြစ် သတ်မှတ်ဂေ့ဘေမဲ့ ဟောက်မှန်ဟှူသူ၊
2CO 6:9 လူသိနဲဟှူလူဖြစ် သတ်မှတ်ဘေမဲ့ လူသိများဟှူလူ၊ လူသေမျိုးဖြစ်ဘေမဲ့ နို့လေဟှာ သတ်ရှင်နေဟှူလူ၊ ပြစ်ဒန်ခံရဘေမဲ့ သတ်ခံရဘဲဟှူလူ၊
2CO 6:10 ဝန်းနဲဘေမဲ့ မြဲဒမ်းဝန်းသာဟှူသူ၊ ဆင်းရဲသားမျိုး ဖြစ်ဘေမဲ့ လူလေဘောင်ဂီးဟှို ကြွယ်ဝစေဟှူသူ၊ ဖြားလည်းမှေ့ဘဲမျိုး ဖြစ်ဘေမဲ့ ဂူလောင်းဟှို ပိုင်ဟှူသူလေ ဖြစ်ဂေ့ဟှယ်။
2CO 6:11 ကောရိန္သုဗြို့မာရှိဟှူ မိဆွေလေ၊ နို့လေဟှာ နန်းနို့ဟှို ပွမ့်ပွမ့်လန်းလန်းဟှား ပြောဟှားဟှယ်။ နို့လေရဲ့ စိနှလောင်းဟှို နန်းနို့တွပ် က္လယ်ဂီး ဖွမ့်ဟှားဟှယ်။
2CO 6:12 စိနှလောင်းဟှို ပိဟှားဟှူလူဟှာ နို့လေမှုဟှ။ နန်းနို့ဟှဘဲ့ စိနှလောင်းဟှို နို့လေတွပ် ပိဟှားဂေ့ဟှယ်။ ခု ငါဟှာ သနားကြင်နာမှုန ငါ့ရဲ့ သားမီးလေမျိုး ပြောနေဟှယ်။
2CO 6:13 နို့လေဟှို ကျေးဇူးဆပ်ဟှူနေန နန်းနို့ရဲ့ စိနှလောင်းလေဟှို က္လယ်ဂီးဖွမ့်ဟှားဂေ့ပါ။
2CO 6:14 ယောင်ကြည်ဘဲဟှူ လူလေန တွဲဘီးဟှား လောက်ဂေ့န။ တွဲဘီးလောက်ဆောန်ဟှို့တွပ်လည်း ဖြစ်နိုင်ဟှ။ တရားဘဲဟှူဇာန ဖြောန့်မတ်ဟှူဇာဟှာ ဖယ်မျိုး မိတ်သဟာယ ဖွဲ့နိုင်ဟှို့နူး။ လန်းရောန်န မှောန်ဟှာ ဖယ်မျိုးတွဲဘီး နေနိုင်ဟှို့နူး။
2CO 6:15 ခရစ်တော်ဟှာ စာတန်န ဖယ်မျိုး ဘောတူနိုင်ဟှို့နူး။ ယောင်ကြည်ဟှူလူဟှာ ယောင်ကြည်ဘဲဟှူလူန ဖယ်မျိုး ဘောတူညီဘီး နေနိုင်ဟှို့နူး။
2CO 6:16 ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှာ ရောက်ထုလေန ဖယ်မျိုး ဘောတူညီချစ် ရနိုင်ဟှို့နူး။ နို့လေဟှာ သတ်ရှင်ဟှူ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ဟှ၊ “ငါဟှာ ငါ့ရဲ့ လူစုထဲမာ ကိန်းဝပ်မယ်။ သူးနို့နားမာ နေမယ်။ ငါဟှာ သူးနို့ရဲ့ ဘုရားသခင်ဖြစ်ဘီး သူးနို့ဟှလည်း ငါ့ရဲ့ လူမျိုးစု ဖြစ်ဂေ့လေ့မယ်၊”
2CO 6:17 အယ်ကြောန့် ဘုရားသခင်ဟှ “အယ်လူလေထဲဟှ ထွပ်လာဂေ့။ သူးနို့န ပေါန်းဂေ့န။ စင်ကြယ်ဘဲဟှူ ဇာလေဟှို လတ်န ထိဂေ့န။ အယ်မျိုးဆိုဟှာ ငါဟှာ နန်းနို့ဟှို လတ်ခံမယ်။
2CO 6:18 ငါဟှာ နန်းနို့ရဲ့ ဖဖြစ်မယ်။ နန်းနို့ဟှလည်း ငါ့ရဲ့ သားမီးလေ ဖြစ်ဂေ့လေ့မယ် ဆိုဘီး အနန္တတဂိုးရှင် ဘုရားသခင်ဟှ မိန့်တော်မူဟှယ်” ဆိုဘီး ပြောလေဟှယ်။
2CO 7:1 ရှစ်ရဟှူသူလေ၊ အယ်ဂဒိတော်လေဟှ နို့လေတွပ်ဘဲ့ ဖြစ်ဟှယ်။ အယ်ကြောန့် နို့လေဟှာ ကိုယ့်ရဲ့ ဇာတိညစ်ကြေးန ဝိညာဉ်ညစ်ကြေးရှိမျှန ကင်းစေဟှို့တွပ် ဘုရားသခင်ဟှို ကြော့‑က်ဘီး ရိုသေဇာန ကိုယ့်ကိုယ်ကိုယ် လောင်းဝသန့်ရှင်းဂေ့ဇို့။
2CO 7:2 နို့လေတွပ် နန်းနို့ဟှာ စိနှလောင်းဟှို ဖွမ့်ဟှားဂေ့ပါ။ နို့လေဟှာ ဖယ်သူဟှိုလည်း ပြစ်မှားဟှ။ ကျိုးနဲအောန်လည်း လောက်ဟှ။ ဖယ်သူ့မာလည်း ခွမ့်ရေးယူဟှ။
2CO 7:3 အယ်မျိုးပြောဇာဟှာ နန်းနို့ဟှို ပြစ်ဒန်စီရင်ရှင်ကြောန့် မှုဟှ။ ရင်ဟှဖော်ပြဟှားတိုင်းဘဲ့ နန်းနို့ဟှာ နို့လေရဲ့ စိနှလောင်းထဲမာ သေမယ် ဆိုဟှာ တူးဒူ၊ သတ်ရှင်နေမယ် ဆိုဟှာ ခွဲဘဲရှိနေဂေ့ဟှယ်။
2CO 7:4 ငါဟှာ နန်းနို့ဟှို ယောင်ကြည်စိခ္လဟှယ်။ နန်းနို့တွပ် ဂေါင်ယူဘီး ဝါကြွားဟှယ်။ သတ်သာဟှူဇာနလည်း ပ္လဲ့ဇောင်ဟှယ်။ ဆင်းရဲဒေါက်ခမျိုးမျိုး ခံရဘေမဲ့လည်း ငါဟှာ အားတတ်ဘီးဟှာ ရရာတိုင်းဝန်းသာဟှယ်။
2CO 7:5 မာကေဒေါနိပြည်ဟှို ရော့‑က်ဟှားဟှူ ခီမာ နို့လေဟှာ ကိုယ်ခန္ဓာ သတ်သာမှုလေဟှို ရဂေ့ဟှ။ နေရာတိုင်းမာ ခတ်ခဲမှုလေ ရှိဟှယ်။ ငြင်းပွားမှုလေလည်း ရှိဟှယ်။ နို့လေမာလည်း ကြော့‑က်စိရှိဟှယ်။
2CO 7:6 အယ်ဘေမဲ့ စိအားငယ်ဟှူ လူလေဟှို အားပေးဟှူ ဘုရားသခင်ဟှာ နို့လေနားဟှို ရော့‑က်လာဟှူ တိတုအားဖြင့် နို့လေဟှို နှစ်သိမ့်ဟှယ်။ တိတု ရော့‑က်လာဟှူ တွပ်ကြောန့်ရော၊ တိတုဟှို နန်းနို့ဟှ အားပေးဂေ့ဟှူ ဒန်းဟှို ကြားရဟှူ တွပ်ကြောန့်ရော နို့လေဟှာ အားတတ်ဟှားဟှယ်။
2CO 7:7 တိတု ရော့‑က်လာဟှူကြောန့် နှစ်သိမ့်မှုရဟှားဇာ မှုဟှ။ တိတုခံစားရဟှူ နှစ်သိမ့်မှုအားဖြင့်ကြောန့် နို့လေဟှို နှစ်သိမ့်ပေးဟှယ်။ နန်းနို့ဟှာ ငါဟှို ရရာတိုင်း စိအားကီးဘီး တွိရှင်ဂေ့ဟှူကြောန်းလေ၊ ရရာတိုင်း ဝန်းနဲဘီးဟှာ ရှိနေကြောန်းလေဟှို ပြောပြကြောန့် ငါဟှာ ပိုဘီး ဟှာ ဝန်းသာဟှယ်။
2CO 7:8 ငါပေးလိုက်ဟှူ စာဟှာ နန်းနို့ဟှို ဝန်းနဲစေကြောန့် ငါဟှာ ရင်းရင်ဒူးဟှ နောန်ဒရှိဘေမဲ့ ခုခီမာ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်စာဟှာ နန်းနို့ဟှို ရှစ်ဟှားဘဲ့ ဝန်းနဲစေမယ် ဆိုဇာဟှို ငါဗြင်ဟှယ်။
2CO 7:9 ခုဝန်းသာဟှယ်။ နန်းနို့ဟှို စိကောန်းဘဲနေအောန် လောက်ဇာမှုဟှ။ စိကောန်းဘဲနေဟှူ မှုလေဟှ နန်းနို့ဟှို နောန်ဒတရားဟှို ရစေဟှို့တွပ်ကြောန့် ဝန်းသာရဇာဖြစ်ဟှယ်။ ဘုရားသခင်ဟှာ စိကောန်းဘဲဟှူ ဇာလေဟှို သောင်းပြုဟှူကြောန့် နို့လေဟှာ နန်းနို့ဟှို ဖယ်မျိုးလည်း နစ်နာခိုင်းဟှ။
2CO 7:10 ဘုရားသခင်သောင်းပြုဟှူ ဝန်းနဲဇာဟှာ ကယ်တန်ဇာဟှို ရစေဟှူ နောန်ဒစိဟှို ဖြစ်ပေါ်စေဟှယ်။ အယ်ကြောန့် ပ္လောန်းလဲနိုင်ဘဲဟှူ နောန်ဒစိဟှို ပြုပြင်တတ်ဟှယ်။ အယ်ဘေမဲ့ လောကဝန်းနဲဇာဟှာ သေဇာဟှိုဘဲ့ ပြုပြင်တတ်ဟှယ်။
2CO 7:11 ဘုရားသခင်ဟှာ နန်းနို့လေရဲ့ ဝန်းနဲဇာလေဟှို သောင်းပြုဇာဟှို ကေ့ကေ့ပါ။ နန်းနို့ဟှာ စိအားကီးလာဂေ့ဟှယ်။ ကိုယ့်ရဲ့ ပြစ်လေ မှေ့ဘဲကြောန်းဟှို လိုရှင်ဂေ့ဟှယ်။ ဒေါသထွပ်ဂေ့ဟှူဇာ၊ ကြော့‑က်ဂေ့ဟှူဇာ၊ ရရာတိုင်း လိုရှင်ဂေ့ဟှူဇာ၊ စိအားထတ်သန်ဂေ့ဟှယ်။ ပြစ်ရှိနေဟှူလူဟှို ပြစ်ဒန်စီရင်ဟှို့တွပ် လိုရှင်ဂေ့ဟှယ်။ နန်းနို့လေဟှာ အယ်မှုမာ ကိုယ့်ကိုယ်ကိုယ် ပြစ်ကင်းစင်ဟှူ ကြောန်းဟှို ထန်ရှားရှင်ဂေ့ဟှယ်။
2CO 7:12 အယ်ဘေမဲ့ ရင်းရင်ဒူးဟှ နန်းနို့နားဟှို ရေးရဟှူစာဟှ ပြစ်မှားဟှူလူလေရဲ့ ကိစကြောန့် မှုဟှ။ ပြစ်မှားဇာဟှို ခံရဟှူ လူလေရဲ့ ကိစကြောန့်လည်း မှုဟှ။ ဘုရားသခင်ရဲ့ ရှေ့မာ နို့လေဟှို နန်းနို့ဟှာ ဖယ်မျှလော့‑က် စိအားထတ်သန်ဘီး ရှစ်ဟှယ် ဆိုဇာဟှို ကောန်းကောန်းဟှား သိစေရှင်ကြောန့် ရေးရဇာ ဖြစ်ဟှယ်။
2CO 7:13 အယ်ကြောန်းကြောန့် နို့လေဟှာ နှစ်သိမ့်မှုဟှို ခံစားရဂေ့ဟှယ်။ နို့လေဟှာ နှစ်သိမ့်မှု ရဟှူမျှမှုဘဲန ရရာတိုင်းလည်း ဝန်းသာဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှာ တိတုဟှို ဝန်းသာစေကြောန့် သူ့ရဲ့ စိနှလောင်းဟှာ ရရာတိုင်း ဝန်းသာနေဇာဟှို နို့လေအားလောင်းဟှ တွိရကြောန့် ဖြစ်ဟှယ်။
2CO 7:14 ငါဟှာ တိတုဟှို နန်းနို့ကြောန်းဟှို ကြွားဘီးပြောရစ်ဟှယ်။ အယ်မျိုးကြွားဟှားတိုင်းဘဲ့ မှန်ဘဲဖြစ်နေဇာဟှို နန်းနို့ ပြလိုက်ဟှယ်။ နို့လေဟှာ နန်းနို့ဟှို မှန်ဟှူဇာလေဟှိုဘဲ့ မြဲဒမ်းပြောဟှယ်။ တိတုဟှို နို့လေဟှာ ကြွားဘီးပြောဇာလေဟှာ ဟောက်မှန်နေဟှယ်။
2CO 7:15 သူ့ရဲ့စကားဟှို နန်းနို့ဟှ လိုက်နာဟှို့တွပ် ဆင်သင့်ရှိနေဇာန ရရာတိုင်း ကြော့‑က်ဘီးဟှာ သူ့ဟှို ကြိုဆိုလတ်ခံဂေ့ဇာဟှို ဒိရဟှူကြောန့် နန်းနို့ဟှို ပိုဘီး ရှစ်ဘီးဟှာ သနားကြင်နာလာဟှယ်။
2CO 7:16 ငါဟှာ နန်းနို့ဟှို လောင်းဝ စိခ္လနိုင်ဟှူကြောန့် ရရာတိုင်း ဝန်းသာဟှယ်။
2CO 8:1 ညီကို မောန်နှမလေ မာကေဒေါနိပြည်မာရှိဟှူ သင်းတော်လေဟှို ဘုရားသခင်ပေးဟှားဟှူ ကျေးဇူးတော်ကြောန်းဟှို နန်းနို့လေဟှို ငါပြောပြရှင်ဟှယ်။
2CO 8:2 သူးနို့လေဟှာ ဆင်းရဲဒေါက်ခလေဟှို ရရာတိုင်း ခံရဂေ့ဟှယ်။ အယ်ဘေမဲ့ ရရာတိုင်း ဝန်းသာဂေ့ဟှယ်။ သူးနို့ဟှာ ရရာတိုင်း ဆင်းရဲဘေမဲ့လည်း ပေးကမ်းဟှူမှုမာ ရရာတိုင်း ရစ်ရောဘီးပေးဂေ့ဟှယ်။
2CO 8:3 သူးနို့လေဟှာ စွမ်းစရှိမျှထတ် ပိုဘီး ဟှာ သူ့လိုလို ပေးကမ်းဂေ့ဟှယ် ဆိုဇာဟှို နန်းနို့ဟှို ငါသတ်သေခံနိုင်ဟှယ်။
2CO 8:4 သူးနို့ဟှာ ယုဒပြည်မာရှိဟှူ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ လူလေဟှို ကူညီမဇဟှူ မှုလေမာ စိအားထတ်သန်ဘီး ကူညီထော့‑က်ပံ့ဂေ့ဟှယ်။ အယ်မျိုး ကျေးဇူးပြုရဟှို့တွပ် သူးနို့ဇာ သူးနို့ ငါ့ဟှို တောန်းဗန်ဂေ့ဟှယ်။
2CO 8:5 အယ်မျိုးလောက်ဇာဟှာ နို့လေ မျှော်လင့်ဟှားဟှူထတ် ပိုဂေ့ဟှယ်။ သူးနို့ဟှာ ဦးဆောင်းပထမ သခင်ဘုရားဟှို သူးနို့ကိုယ်တိုင် ပေးကမ်းဂေ့ဟှယ်။ အယ်ဘီးန ဘုရားသခင်ရဲ့ လိုတော်တိုင်း နို့လေဟှိုလည်း သူးနို့ကိုယ်တိုင် ပေးကမ်းဂေ့ဟှယ်။
2CO 8:6 အယ်ကြောန့် စဘီးဟှာ တာဝန်ယူဟှူ တိတုဟှို အယ်ကျေးဇူးပြုဇာဟှို ပီးဟှားအောန် နန်းနို့လေဟှို ကူညီပေးဟှို့တွပ် ငါဟှာ သူ့ဟှို တိုက်တွန်းဟှယ်။
2CO 8:7 နန်းနို့ဟှာ ယောင်ကြည်ရှင်း၊ နှောက်သတ်တိ၊ ပညာဉာဏ်၊ ကူညီဟှူစေတနာ၊ နို့လေဟှို ရှစ်ဟှူ မြစ်တာလေန ကြွယ်ဝဂေ့ဟှယ်။ အယ်ကြောန့် နို့လေဟှာ ကျေးဇူးပြုဇာနဆိုင်ဟှူ ပေးကမ်းဇာမာလည်း ရစ်ရောဟှယ် ဆိုဇာဟှို ပြဂေ့ပါ။
2CO 8:8 အယ်မျိုးပြောဇာဟှာ မိန့်ပေးဇာ မှုဟှ။ တခြားသူလေရဲ့ စိအားထတ်သန်ဇာအားဖြင့် နန်းနို့ရဲ့ မြစ်တာဟှာ ဖယ်မျှလော့‑က် စစ်မှန်ဟှယ် ဆိုဇာဟှို သိရှင်ဟှူကြောန့် စစ်ဆေးဇာဖြစ်ဟှယ်။
2CO 8:9 နန်းနို့ဟှာ နို့လေရဲ့ သခင်ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟှို သိဂေ့ဟှယ်။ ကိုယ်တော်ဟှာ ကြွယ်ဝဘေမဲ့ နန်းနို့ရဲ့ကျိုးတွပ် ဆင်းရဲခံဟှယ်။ အယ်မျိုး ဆင်းရဲခံရဇာဟှာ နန်းနို့လေဟှ ကြွယ်ဝလာဟှို့တွပ် ဖြစ်ဟှယ်။
2CO 8:10 ရင်နှစ်ဟှ နန်းနို့ စပြုလာဟှူမှုဟှို ခုမှ ဆောင်းသတ်ဂေ့ဟှယ် ဆိုဇာ ငါထန်ဟှယ်။ နန်းနို့ဟှာ စေတနာန ပေးကမ်းဇာဟှို စလောက်ဂေ့ဟှယ်။
2CO 8:11 အယ်ကြောန့် အယ်မှုဟှို ဆစ်လောက်ဘီးဟှာ ဆောင်းသတ်ဂေ့ပါ။ နန်းနို့ဟှာ အယ်မှုဟှို ကြံစည်ဂေ့ဟှူ ခီမာ စိအားထတ်သန်မျိုးဘဲ့ လောက်ဟှူ ခီမာလည်း စိအားထတ်သန်ဂေ့ပါ။ နန်းနို့ဟှာ တတ်နိုင်မျှ ပေးကမ်းဂေ့ပါ။
2CO 8:12 နန်းနို့ဟှာ ပေးရှင်ဟှူ စေတနာစိရှိမယ် ဆိုဟှာ ဘုရားသခင်ဟှ နန်းနို့တတ်နိုင်ဘဲဟှူ မှုလေဟှို ကေ့ဘဲန တတ်နိုင်ဟှူ မှုလေဟှို ထော့‑က်ဘီး နန်းနို့လေရဲ့ မှုဟှို လတ်ခံလေ့မယ်။
2CO 8:13 အယ်မူဇာလေအားဖြင့် တခြားသူလေဟှို သတ်သာစေဘီး နန်းနို့ဟှို ဒေါက်ခရော့‑က်စေဟှို့ မှုဟှ။ ညီတူညီမျှဖြစ်ဟှို့တွပ် ပြောနေဇာ ဖြစ်ဟှယ်။
2CO 8:14 ခုလည်း နန်းနို့လေရဲ့ ကြွယ်ဝဇာလေဟှာ အယ်လူလေရဲ့ ဆင်းရဲဇာလေဟှို ဖ္လဲ့ပေးဟှူမျိုးဘဲ့ အယ်လူလေရဲ့ ကြွယ်ဝဇာဟှာ နန်းနို့လေရဲ့ ဆင်းရဲဇာလေဟှို ဖ္လဲ့ပေးနိုင်လေ့မယ်။
2CO 8:15 ကျမ်းစာဟှ “ဘောင်ဂီးရဟှူလူဟှ ပိုဟှ၊ ဒစ်သားရဟှူလူဟှ လိုဟှ” ဆိုဘီး ဖော်ပြဟှားဟှူမျိုးဘဲ့ ဖြစ်ဟှယ်။
2CO 8:16 နန်းနို့ဟှို ကူညီပေးဟှို့တွပ် နို့လေမာ စိအားထတ်သန်ဇာ ရှိဟှူမျိုးဘဲ့ တိတုမာလည်း ရှိနေဟှူကြောန့် ဘုရားသခင်ဟှို ကျေးဇူးတန်ဟှယ်။
2CO 8:17 တိတုဟှာ နို့လေရဲ့ မြစ်တာရပ်ခံချစ်ဟှို လတ်ခံဇာလေမျိုး မှုဘဲန ကူညီဟှို့တွပ် စေတနာစိရှိဟှူကြောန့် နန်းနို့နားဟှို သွားဟှို့တွပ် သူ့ကိုယ်သူ စိဆောင်းဖြတ်လိုက်ဟှယ်။
2CO 8:18 နို့လေဟှာ တိတုနတူးဒူ ယောင်ကြည်သူ တယော့‑က်ဟှို လွှတ်လိုက်ဟှယ်။ အယ်လူဟှာ ဒန်းကောန်းဟှို ဟောပြောဟှူ မှုတော်ဆောန် တယော့‑က်နေန သင်းတော်လေရဲ့ လေးစားကြည်ညိုဇာဟှို ခံရဟှူလူ ဖြစ်ဟှယ်။
2CO 8:19 သခင်ဘုရား ကိုယ်တော်တိုင်ရဲ့ ဖောင်းသရေတော်န နို့လေရဲ့ စေတနာစိလေဟှို ထန်ရှားစေဟှို့တွပ် နို့လေဟှာ ပြုစုနေဟှူကြောန့် အယ်မျိုး ကျေးဇူးပြုဟှူမှုမာ နို့လေနတူးဒူ လိုက်ဟှို့တွပ် သင်းတော်ဟှနေဘီး ခန့်ဟှားခံရဟှူ သူလည်းဖြစ်ဟှယ်။
2CO 8:20 အယ်မျိုး ပေးကမ်းဂေ့ဟှူ လှူငွေလေဟှို ကိုင်ဟှူ ခီမာ နို့လေဟှာ တခြားသူလေ ပြစ်တန်ဇာန လွတ်ဟှို့တွပ် ဒိနလောက်နေရဟှယ်။
2CO 8:21 သခင်ဘုရားရဲ့ ရှေ့မာကို မှုဘဲ့န လူလေရဲ့ ရှေ့မာလည်း မှန်ကန်ဟှူ မှုလေဟှိုဘဲ့ လောက်ဟှို့တွပ် ရည်ရွယ်ချစ် ရှိဂေ့ဟှယ်။
2CO 8:22 အယ်ကြောန့် နို့လေဟှာ အယ်လူနှေ့ယော့‑က်နတူးဒူ တခြားညီကို တယော့‑က်ဟှိုလည်း လွတ်လိုက်ဂေ့ဟှယ်။ အယ်လူဟှို နို့လေဟှာ သေးသေချားချာဟှား ကဲခတ်ဂေ့ဟှူ ခီမာ သူဟှာ မြဲဒမ်းဘဲ ကူညီတတ်ဟှူလူ ဖြစ်ကြောန်းဟှို တွိရဟှယ်။ သူဟှာ နန်းနို့ဟှို ဘောင်းဂီးယောင်ကြည်ကြောန့် သူ့ရဲ့ စိစေတနာဟှာ ပိုဘီး ဟှာ ထတ်သန်နေဟှယ်။
2CO 8:23 တိတုန ပတ်သတ်ဘီး ပြောရမယ် ဆိုဟှာ သူဟှာ နန်းနို့လေရဲ့ မှုကိစလေမာ ငါနတူးဒူ ဝိုင်းဘီးဟှာ ကူညီဟှူ ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ် ဖြစ်ဟှယ်။ သူ့နတူးဒူ လိုက်ပါလာဂေ့ဟှူ တခြားညီကိုလေဟှ သင်းတော်လေရဲ့ စေတမန်လေ ဖြစ်ဘီး ခရစ်တော်ဟှို ချီးမြှော့‑က်သူ ဖြစ်ဟှယ်။
2CO 8:24 အယ်ကြောန့် နန်းနို့ကြောန်းဟှို နို့လေဟှာ ဂေါင်ယူဘီး ကြွားဟှားတိုင်းဘဲ့ မှန်နေကြောန်းဟှို သူးနို့လေန သင်းတော်လေဟှို သိနိုင်ဟှို့တွပ် မြစ်တာပြဂေ့ပါ။
2CO 9:1 ယုဒပြည်မာရှိဟှူ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူလူမျိုးတော်လေဟှို ကူညီထော့‑က်ပံ့ဟှူ ကြောန်းဟှို နန်းနို့နားဟှို စာရေးဘီး ဖော်ပြဇာ လိုဟှ။
2CO 9:2 နန်းနို့ဟှာ ကူညီထော့‑က်ပံ့ဟှို့တွပ် စိအားထတ်သန်ဂေ့ဟှယ် ဆိုဇာဟှို ငါသိဟှယ်။ အယ်ကြောန့် နန်းနို့ကြောန်းဟှို မာကေဒေါနိပြည်သားလေဟှို ငါဟှာ ကြွားဟှယ်။ “အခါယပြည်မာရှိဟှူ ယောင်ကြည်သူလေဟှာ ရင်နှစ်ဟှဘဲ့ ပေးကမ်းဟှို့တွပ် ဆင်သင့်ရှိနေဂေ့ဟှယ်” ဆိုဘီး သူးနို့ဟှို ငါဟှ ပြောရစ်ဟှယ်။ နန်းနို့ဟှာ စိအားကီးဟှူကြောန့် အယ်လူလေ ဂူလောင်းလည်း စိအားထတ်သန်လာဂေ့ဟှယ်။
2CO 9:3 နန်းနို့ကြောန်းဟှို နို့လေဟှ ကြွားဘီးပြောဟှူစကားဟှာ ချည်းနှီးသတ်သတ်မှုဘဲ မှန်ကန်ဟှူကြောန်းဟှို သိရှင်တွပ်ကြောန့် အယ်ယောင်ကြည်သူလေဟှို နန်းနို့နားဟှို ငါဟှ လွှတ်လိုက်ဟှယ်။ ငါပြောပြဟှားဟှူတိုင်းဘဲ့ နန်းနို့လေရဲ့ လတ်ဆောန်လေဟှို ဆင်သင့်ပြင်ဆင်ဟှားဂေ့။
2CO 9:4 အယ်မျိုးမှုဘဲနေဟှာ ငါ့နတူးဒူ မာကေဒေါနိပြည်သား တချို့လေဟှ လိုက်လာကြောန့် နန်းနို့လေဟှာ ဆင်သင့်ပြင်ဆင်ဘဲန ဖြစ်နေဇာဟှို ဗြင်ရဟှူ ခီမာ နန်းနို့လေဘဲ့ ယှစ်ရလေ့မယ် မှုဟှ။ နို့လေဟှလည်း နန်းနို့ဟှို ရရာတိုင်း ယောင်ကြည်ဘီး စိခ္လမိတွပ်ကြောန့် ယှစ်ရဂေ့လေ့မယ်။
2CO 9:5 အယ်ကြောန့် နန်းနို့ဟှာ ဂဒိထားဟှားတိုင်းဘဲ့ အယ်လတ်ဆောန်ဟှို ပြင်ဆင်နိုင်ဟှို့တွပ် အယ်ယောင်ကြည်သူလေဟှို နန်းနို့နားဟှို ကြိုဘီးဟှာ လွှတ်ဟှို့တွပ် လိုအပ်ဟှယ် ဆိုဇာ ငါထန်ဟှယ်။ ငါဟှာ ရော့‑က်လာဟှူ ခီမာ လတ်ဆောန်လေဟှာ ဆင်သင့်ထားဟှားဟှူကြောန့် နန်းနို့ဟှ တိုက်တွန်းကြောန့်မှုဘဲ့ စေတနာနပေးဟှယ် ဆိုဇာ ထန်ရှားလေဟှယ်။
2CO 9:6 မျိုးစေ့နဲနဲဟှား ကြဲဟှူလူဟှ နဲနဲဟှားဘဲ့ ရိရလေ့မယ်။ မျိုးစေ့ဟှို ဘောင်ဂီးကြဲဟှူလူဟှ ဘောင်ဂီးဟှို ပ္လန်ဘီးဟှာ ရိရမယ် ဆိုဇာဟှို အော့‑က်မေ့ဂေ့ပါ။
2CO 9:7 လူတိုင်း စေတနာစိရှိတိုင်း ပေးကမ်းရဟှယ်။ ရရာဗြောဟှူစိနရော၊ ပေးကမ်းရဟှို့တွပ် ဝတ်တရားရှိဟှယ်ဆိုဟှူစိန ပေးကမ်းဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ စေတနာန ပေးကမ်းတတ်ဟှူလူဟှို နှစ်သက်ဟှယ်။
2CO 9:8 နန်းနို့ဟှာ လိုဇာမှန်မျှဟှို မြဲဒမ်းရဂေ့ဘီးဟှာ ကောန်းမှုဘောန်းဇောင်လေတွပ် ကူညီဘီး ကျေးဇူးပြုနိုင်ဟှူတွပ်ကြောန့် ဘုရားသခင်ဟှာ နန်းနို့ လိုအပ်ဟှူဇာလေထတ် ပေးဟှို့တတ်နိုင်ဟှယ်။
2CO 9:9 ကျမ်းစာထဲမာ၊ “သူဟှာ ဆင်းရဲဟှူလူလေဟှို ရစ်ရောဘီး ပေးကမ်းစွန့်ကြဲဟှယ်။ သူ့ရဲ့ ဖြောန့်မတ်ဟှူဇာဟှာ ထာဝရတည်ဟှယ်” ဆိုဘီး ရေးဟှားဟှယ်။
2CO 9:10 မျိုးစေ့ကြဲဟှူလူဟှို မျိုးစေ့န စားဇာလေဟှိုပေးဟှူ ဘုရားသခင်ဟှာ နို့လေ လိုအပ်မျှ မျိုးစေ့ဟှိုလည်း ပေးဘီး ပန်ပေါ့‑က်ဘီးဟှာ ရှင်ခိုင်းလေ့မယ်။ နန်းနို့ရဲ့ ရစ်ရောဇာနဆိုင်ဟှူ သီးပွမ့်လေဟှိုလည်း ဖြစ်စေလေ့မယ်။
2CO 9:11 နန်းနို့ဟှာ ခီတိုင်းမာ ရစ်ရောဘီး ပေးကမ်းနိုင်ဂေ့ဟှို့တွပ် ကိုယ်တော်ဟှာ နန်းနို့ဟှို မြဲဒမ်း ကြွယ်ဝ စေလေ့မယ်။ နို့လေဟှနေတဆင့် နန်းနို့ပေးကမ်းဟှူ လတ်ဆောန်လေဟှို ခံရဟှူလူလေဟှာ ဘုရားသခင်ဟှို ကျေးဇူးတန်ဂေ့လေ့မယ်။
2CO 9:12 နန်းနို့ဟှာ အယ်ကောန်းမှုလေန ဘုရားသခင်ရဲ့ သန့်ရှင်းဟှူလူစုလေ ဆင်ပြေဘဲဟှူ ခီမာ ကူညီဇာကဘဲန ဘုရားသခင်ဟှို ကျေးဇူးတန်ဇာလေလည်း ရရာတိုင်း တိုးပွားလာစေဟှယ်။
2CO 9:13 အယ်ကောန်းမှုဟှို ထော့‑က်ဘီးဟှာ လူဘောင်ဂီးဟှ ခရစ်တော်ရဲ့ ဒန်းကောန်းဟှို သစ်စာရှိရှိ ခံယူဘီးဟှာ ယောင်ကြည်ဂေ့ဟှို့တွပ်န နန်းနို့ဟှာ ရစ်ရစ်ရောရောန တခြားသူလေဟှိုပါ ကူညီထော့‑က်ပံ့ ပေးဟှူကြောန့် ဘုရားသခင်ဟှို ချီးမွမ်းဟှယ်။
2CO 9:14 နန်းနို့ဟှာ ထူးခြားဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ခံစားရဂေ့ဟှူကြောန့် သူးနို့လေဟှာ နန်းနို့ဟှို ရရာတိုင်း လွမ်းဟှူကြောန့် နန်းနို့တွပ် ဆုတောန်းဂေ့လေ့မယ်။
2CO 9:15 နို့လေဟှာ တန်းဖိုးဖြတ်နိုင်ဘဲဟှူ ဆုကျေးဇူးတော်တွပ် ဘုရားသခင်ဟှို ကျေးဇူးတန်ဂေ့ဇို့။
2CO 10:1 ခရစ်တော်ရဲ့ စိနိခ္လဇာန ကြင်နာဟှူ ဇာလေဟှို ထော့‑က်ဘီးဟှာ ငါဟှာ နန်းနို့ဟှို မြစ်တာရပ်ခံဟှယ်။ ငါပေါလုဟှာ နန်းနို့ရှေ့မာ နူးညံ့ဘေမဲ့ နန်းနို့ နော့‑က်ကွယ်မာ သတ်တိရှိဟှူသူ ဖြစ်ဟှယ်။
2CO 10:2 နို့လေဟှာ လောကီရဲ့ ကျိုးလေဟှို မျှော်ဘီးဟှာ လောက်ဆောန်လူလေ ဖြစ်ဟှယ် ဆိုဘီး စွပ်စွဲဝေဖန်ဂေ့ဟှူ လူလေဟှို ငါဟှာ ကိုယ့်ရဲ့ စွမ်းသတ်တိဟှို ပြနိုင်ဟှယ် ဆိုဇာဟှို သိစေရှင်ဟှယ်။ အယ်ကြောန့် နန်းနို့နားဟှို ငါရော့‑က်လာဟှူ ခီမာ အယ်စွမ်းသတ်တိလေဟှို ပြရဟှူဇာန တွိကြောင်ရစေန။
2CO 10:3 နို့လေဟှာ သွီးသားဇာတိန သတ်ရှင်နေဂေ့ဟှယ် ဆိုဇာ မှန်ဘေမဲ့ လောကီကျိုးဟှို မျှော်ဘီးဟှာ တိုက်ပွဲဝမ်နေဂေ့ဇာ မှုဟှ။
2CO 10:4 နို့လေ စွဲကိုင်ဟှားဟှူ လတ်နတ်လေဟှာ လူသားလေ စွဲကိုင်ဟှူ ဇာတိလတ်နတ်လေမျိုး မှုဟှ။ ခံတပ်လေဟှို ဖြိုနိုင်ဟှူ ဘုရားသခင်ရဲ့ တဂိုးန ပ္လဲ့ဇောင်ဟှူ လတ်နတ်လေ ဖြစ်ဟှယ်။ နို့လေဟှာ မှန်ဘဲန ဆွေနွေးဘီး ဂြင်းခူဇာလေန၊
2CO 10:5 ဘုရားသခင်ဟှို သိကျွမ်းဟှူ ပညာဟှို ဖောင်းဟှာဟှူ မာန်မာန မှန်မျှလေဟှိုရော၊ ဖြိုခ္လဘီး ဖျစ်ဆီးဟှယ်။ နို့လေဟှာ လူလေရဲ့ ကြံစည်ရှိမျှဟှို ဖမ်းချောက်ဘီးဟှာ ခရစ်တော်ဟှို နာခံခိုင်းဟှယ်။
2CO 10:6 နန်းနို့ဟှာ နားထောန်ရှင်းန ပ္လဲ့ဇောင်ဟှူ ခီမာ နားထောန်ဘဲဟှူသူ ရှိမျှဟှို တရားဟှူနည်းန စီရင်ဟှို့ နို့လေဟှာ ဆင်သင့် ရှိဂေ့ဟှယ်။
2CO 10:7 နန်းနို့ဟှာ ပ္လန်ဟှ လတ်ခဏာလေဟှိုဘဲ့ ကေ့ဂေ့ဟှယ်။ နန်းနို့လေမျှမှုဘဲန တခြားသူလေဟှလည်း ခရစ်တော်ဟှို အားကိုးဟှယ် ဆိုဘီး စိထန်ဟှူလူ ရှိဟှယ် ဆိုဟှာ အယ်လူဟှာ ခရစ်တော်ရဲ့ တဗဲ့ဖြစ်မျိုး နို့လေဟှလည်း ခရစ်တော်ရဲ့ တဗဲ့လေ ဖြစ်ဟှယ် ဆိုဇာဟှို စဉ်းစားသင့်ဟှယ်။
2CO 10:8 ငါဟှာ သခင်ဘုရားပေးဟှားဟှူ ခွမ့်အာဏာန ပတ်သတ်ဘီး ရရာတိုင်း ကြွားမိမယ် ဆိုဟှာ ယှစ်ဟှ။ အယ်ခွမ့်အာဏာဟှာ နန်းနို့ဟှို ဖျစ်ဆီးဟှို့တွပ် မှုဟှ။ တည်ဆော့‑က်ပေးဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။
2CO 10:9 ငါရေးလိုက်ဟှူ စာလေဟှာ နန်းနို့ဟှို ချီးချော့‑က်နေဟှယ် ဆိုဘီး ထန်ဂေ့န။
2CO 10:10 “ပေါလုရဲ့ စာလေဟှာ ပြင်းထန်ဘီးဟှာ လေးနတ်ဟှူ စာလေဖြစ်ဘေမဲ့ လူကိုယ်တိုင် တွိရဟှူ ခီမာ သတ်တိမှေ့ဘဲဟှူလူ၊ ဟောပြောဇာလေဟှ ထန်ကီးဇာ ကောန်းဘဲ့ဟှူလူဖြစ်ဟှယ်” ဆိုဘီး ပြောဟှူလူ ရှိဟှယ်။
2CO 10:11 နို့လေဟှာ ဝီးမာရှိနေဟှူ ခီမာ စာရေးဘီးပြောလိုက်ဟှူတိုင်းဘဲ့ လူကိုယ်တိုင် ရော့‑က်လာဟှူ ခီမာ လောက်ဆောန်ကြောန်းဟှို အယ်လူလေဟှို သိပေးလိုက်ဟှယ်။
2CO 10:12 ကိုယ့်ကိုယ်ကိုယ် ချီးမြှော‑က်ဘီးပြောနေဟှူ လူလေထဲမာ နို့လေပါဟှ။ နန်းနို့နလည်း နှိုင်းရှင်ဟှ။ ကိုယ့်ကိုယ်ကိုယ်ဘဲ့ နမူနာထားဘီးဟှာ ဆောင်းဖြတ်ဟှူလူဟှာ ရရာတိုင်း မိုက်ဟှူလူ ဖြစ်ဟှယ်။
2CO 10:13 နို့လေဟှ ဝါကြွားရှင်ဟှူ တိုင်းတာထတ် ကျော်ဘီးဟှာ ကြွားဟှို့မှုဟှ။ နန်းနို့မာ နို့လေ လောက်ဟှူလောက်ငန်းဟှို လောက်ဆောန်ဟှို့တွပ် ဘုရားသခင် ကိုယ်တိုင်ဘဲ့ သတ်မှတ်ပေးဟှားဟှူ လောက်ငန်းထဲမာဘဲ့ နို့လေဟှာ ကြွားဂေ့ဟှယ်
2CO 10:14 နန်းနို့ဟှာ နို့လေတွပ် ဘုရားသခင် သတ်မှတ်ပေးဟှားဟှူ လောက်ငန်းထဲမာ ပါဝမ်ဟှူကြောန့် နို့လေဟှာ ခရစ်တော်ကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို နန်းနို့နားဟှို ယူဆောန်လာရဟှယ်။
2CO 10:15 အယ်ကြောန့် နို့လေဟှာ ဘုရားသခင် သတ်မှတ်ပေးဟှာဟှူ လောက်ငန်းဟှနေ လွှဲဘီးဟှာ တခြားသူလေရဲ့ လောက်ဆောန်ဇာန ဂေါင်ယူဘီး ကြွားဟှ။ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းပါရမီဟှို ရင်းဘီးဟှာ နို့လေတွပ် ဘုရားသခင်ဟှ သတ်မှတ်ပေးဟှားဟှူ နယ်ပယ်ဖြစ်ဟှူ နန်းနို့နားမာ မှုတော်ဟှို ပိုဘီး ဟှာ လောက်နိုင်ဟှို့တွပ် မျှော်လင့်ဟှယ်။
2CO 10:16 အယ်ဘီးန နို့လေဟှာ နန်းနို့ရဲ့ ဒေသဟှို ကျော်ဘီးဟှာ တခြားဒေသလေမာ သခင်ယေရှုကြောန်းဖြစ်ဟှူ ဒန်းကောန်းဟှို ဟောပြောကြေညာ နိုင်ဟှူကြောန့် တခြားသူလေရဲ့ နယ်ပယ်ထဲမာ ပီအောန်လောက်ဟှူ ဇာလေတွပ် နို့လေဟှ ဂေါင်ယူဘီး ကြွားဇာလိုဟှမ်း။
2CO 10:17 အယ်ဘေမဲ့ ကျမ်းစာဟှ “ဝါကြားဟှူသူဟှာ ဘုရားသခင်အားဖြင့်ဘဲ့ ဝါကြွားပါစေ” ဆိုဘီး ပြောဟှားဟှယ်။
2CO 10:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သခင်ဘုရား နှစ်သက်ဟှူဇာဟှ ကိုယ့်ကိုယ်ကိုယ် ချီးမြှော‑က်လူ မှုဟှ။ ကိုယ်တော်ရဲ့ ချီးမြှော‑က်ခံရဟှူ လူဘဲ့ဖြစ်ဟှယ်။
2CO 11:1 ငါမိုက်မဲဟှူပြစ်ဟှို နန်းနို့ဟှာ သီးခံဂေ့လေ့မယ် ဆိုဇာဟှို ငါဟှာ မျှော်လင့်ဟှယ်။ ကျေးဇူးပြုဘီးဟှာ သီးခံဂေ့ပါ။
2CO 11:2 ဘုရားသခင်ဟှာ နန်းနို့ဟှို နာလိုဘဲ့စိ ရှိဟှူမျိုးဘဲ့ ငါဟှလည်း နန်းနို့ဟှို စိုးရိမ်ဟှူစိန၊ နန်းနို့ဟှို ခရစ်တော်တယော့‑က်တည်းန မင်္ဂလာဆောန်ပေးဟှို့တွပ် ငါဟှ ဂဒိပြုဟှားဟှူ၊ သန့်ရှင်းစင်ကြယ်ဟှူ ပျိုကညာန တူဂေ့ဟှယ်။
2CO 11:3 ဧဝဟှာ ဗွီရဲ့ကော့‑က်ကျစ်မှုန လှည့်ဇားခံရဟှူမျိုး နန်းနို့ဟှလည်း စိဖော့‑က်ပ္လန်ဘီးဟှာ ခရစ်တော်ဟှို ကြွင်းမဲ့ချစ်ဘီး စွဲလန်းဟှူစိ ပျော့‑က်ဟှားမာဟှို ငါစိုးရိမ်ဟှယ်။
2CO 11:4 လူတယော့‑က်ဟှာ နန်းနို့နားဟှို ရော့‑က်လာဘီး နို့လေပြောဖူးဘဲဟှူ တခြားတပါးဖြစ်ဟှူ ယေရှုရဲ့ကြောန်းဟှို ဟောပြောဟှူ ခီမာ နန်းနို့ဟှာ လတ်ခံဂေ့ဟှယ်။ နန်းနို့ဟှာ နို့လေနားဟှနေ ကြားရဟှူ ဒန်းကောန်းန လောင်းဝတူဘဲ့ဟှူ ဒန်းကောန်းဟှိုရော၊ ရင်းရင်ဒူးဟှ ခံယူဟှားဟှူ ဝိညာဉ်တော်န လောင်းဝတူဘဲ့ဟှူ ဝိညာဉ်တော်ဟှိုရော လတ်ခံဂေ့ဟှယ်။
2CO 11:5 ငါဟှာ နန်းနို့ရဲ့ ကီးဆောင်းဖြစ်ဟှူ တမန်တော်လေထတ် နိက္လဟှ ဆိုဇာဟှို ငါသိဟှယ်။
2CO 11:6 ငါဟှာ ဟောပြောဇာ ကောန်းဟှဘေမဲ့ သိပညာမာ ညံ့ဟှ။ နို့လေဟှာ အယ်ချစ်ဟှို ခြေနေဘောန်းဇောင်မာ နန်းနို့ဟှို ကောန်းကောန်းဟှား သိစေဟှယ်။
2CO 11:7 ငါဟှာ နန်းနို့ ချီးမြှော့‑က်ခံရဟှို့တွပ် ကိုယ့်ကိုယ်ကိုယ် နှိခ္လဘီးဟှာ ဘုရားသခင်ရဲ့ ဒန်းကောန်းဟှို နန်းနို့ဟှို အလဂါးဟောပြောဇာဟှာ ပြစ်ရှိလော။
2CO 11:8 ငါဟှာ နန်းနို့နားမာ မှုတော်ဆောန်ဟှူခီဒူးဟှ ကူဟှားဟှူ စရိလေဟှို တခြားသင်းတော်လေဟှို ကူညီခိုင်းဟှယ်။ နို့လေဟှာ နန်းနို့ဟှို ကူညီနိုင်ဟှို့တွပ် သင်းတော်လေမာ မ္လတိုက်ရဟှူမျိုးဘဲ့ဖြစ်ဟှယ်။
2CO 11:9 ငါဟှာ နန်းနို့နားမာ ရှိနေဟှူ ခီမာ ကပ်လိုနေဟှူ ခီမာ နန်းနို့ဟှို ငါဟှ ဒေါက်ခပေးဟှ။ မာကေဒေါနိပြည်ဟှနေ လာဂေ့ဟှူ ယောင်ကြည်သူလေဟှ ငါလိုရှင်မျှဟှို ယူလာဂေ့ဟှယ်။ ငါဟှာ ကိုယ့်တွပ်န ဖယ်သူဟှိုလည်း ဝန်လေးခိုင်းဟှ။ နော့‑က်မာလည်း ဝန်လေးခိုင်းဟှ။
2CO 11:10 အယ်မျိုး ငါဟှ ကြွားဘီးပြောဇာဟှို အခါယပြည် တရှော့‑က်လောင်းမာ ဖယ်သူလည်း တားဟှို့ရဘဲဟှူကြောန်းဟှို ငါ့မာရှိဟှူ ခရစ်တော်ရဲ့ သမ္မာတရားဟှို မှီပြုဘီးဟှာ ငါပြောဟှယ်။
2CO 11:11 ဖြားဖြစ်ကြောန့်နူး။ ငါဟှ နန်းနို့ဟှို ရှစ်ဘဲ့ကြောန့်လော။ ငါရှစ်ကြောန်းဟှို ဘုရားသခင်ဟှ သိဟှယ်။
2CO 11:12 အယ်ဘေမဲ့ နို့လေမျိုး လောက်ဆောန်ဟှယ် ဆိုဘီး ကြွားဘီးပြောဟှူဇာလေဟှို အယ်တမန်တော်လေဟှ ရနိုင်ဂေ့ဘဲတွပ် ငါဟှာ ခုတိုင်းဘဲ ဆစ်ဘီးဟှာ လောက်ဆောန်ဟှားမယ်။
2CO 11:13 အယ်လူလေဟှာ တမန်တော်တုယောန်လေဘဲ့ ဖြစ်ဂေ့ဟှယ်။ သူးနို့ကိုယ်သူးနို့ ခရစ်တော်ရဲ့ တမန်တော်လေဖြစ် ယောန်ဆောန်ဘီးဟှာ လှည့်ဇားဘီး လောက်ဆောန်ဟှူ လူလေဖြစ်ဟှယ်။
2CO 11:14 သူးနို့လေဟှာ အယ်မျိုးလောက်ဟှူဇာဟှာ အံ့ဩဇာ မှုဟှ။ စာတန်ကိုယ်တိုင်ဘဲ့ လန်းဟှူ ကောန်းဂန်တမန် ပေါင်ဇံန ယောန်ဆောန်နိုင်ဟှယ်။
2CO 11:15 အယ်ကြောန့် သူ့ရဲ့ တဗဲ့လေဟှာ ဖြောန့်မတ်ရှင်းရဲ့ စေခံဖြစ်န ယောန်ဆောန်ဂေ့ဇာဟှာ အံ့ဩဇာ မှေ့ဟှ။ နော့‑က်ဆောင်းမာ သူးနို့ဟှာ သူးနို့ ကျင့်ကြံပြုမူဟှားဟှူတိုင်းဘဲ့ ကျိုးပြစ်လေဟှို ခံစားရဂေ့လေ့မယ်။
2CO 11:16 နော့‑က်ထပ် ငါပြောမယ်။ ငါ့ဟှို လူမိုက် ဆိုဘီး ဖယ်သူလည်း ထန်မှတ်စေန။ အယ်ဘေမဲ့ နန်းနို့ဟှာ ထန်မှတ်ဂေ့မယ် ဆိုဟှာလည် လူမိုက်နေနဘဲ့ ငါဟှို လတ်ခံဂေ့ပါ။ အယ်မျိုးဖြစ်မှ ငါ့မာဝါကြွားဇာ နဲနဲဟှားရနိုင်မယ်။
2CO 11:17 ခု ငါဟှာ ရဲရင့်ဘီးဟှာ ကြွားဘီးပြောနေဇာဟှာ သခင်ဘုရားရဲ့ လိုတော်ရ မှုဟှ။ လူမိုက်မျိုးဘဲ့ ဝါကြွားနေဇာ ဖြစ်ဟှယ်။
2CO 11:18 အယ်ဘေမဲ့ လူလေဟှ လောကရာလေတွပ်ကြောန့် ဝါကြွားတတ်ဂေ့ကြောန့် ငါဟှလည်း ဝါကြွားဟှယ်။
2CO 11:19 နန်းနို့ဟှာ ပညာရှိဟှူလူလေ ဖြစ်ဟှူကြောန့် လူမိုက်လေဟှို ဝန်းသာဘီးဟှာ သီးခံဂေ့ဟှယ်။
2CO 11:20 တခြားလူလေဟှ နန်းနို့ဟှို ကျွန်ခံခိုင်းဇာ၊ ခွမ့်ရေးယူဇာ၊ မ္လတ်ထုဇာ၊ ထန်သေးဇာ၊ ပါးရိုက်ဟှူဇာလေဟှို သီးခံဂေ့ဟှယ်။
2CO 11:21 နို့လေဟှာ အယ်မျိုးမှုလေဟှို နန်းနို့ဟှိုလောက်ဟှို့ သတ်တိမှေ့ဘဲကြောန့် ယှစ်ယှစ်ကြော့‑က်ကြော့‑က်နဘဲ့ ဝန်ခံရဟှယ်။ အယ်ဘေမဲ့ လူမိုက်နေန ပြောရမယ် ဆိုဟှာ ယော့‑က်ယော့‑က်ဟှ တခုခုဟှို ဝါကြွားမယ် ဆိုဟှာ ငါဟှလည်း ဝါကြွားနိုင်ဟှယ်။
2CO 11:22 သူးနို့ဟှာ ဟေဗြဲလူမျိုး ဖြစ်ဟှယ် ဆိုဟှာ ငါလည်း ဖြစ်ဟှယ်။ သူးနို့ဟှာ ဣသရေလလူမျိုး ဖြစ်ဟှယ် ဆိုဟှာ ငါလည်း ဖြစ်ဟှယ်။ သူးနို့ဟှာ အာဗြဟံမျိုးနွယ် ဖြစ်ဟှယ် ဆိုဟှာ ငါလည်း ဖြစ်ဟှယ်။
2CO 11:23 သူးနို့လေဟှာ ခရစ်တော်ရဲ့ စေခံလေ ဖြစ်ဟှယ် ဆိုဟှာ ငါဟှာ ထူးသဖြင့် ဖြစ်ဟှယ် ဆိုဘီး ရူးတယော့‑က်မျိုး ငါပြောဟှယ်။ ငါဟှာ အယ်လူလေထတ် ပိုဘီး ဟှာ ပန်ဗန်းခံဘီးဟှာ မှုတော်ဆောန်ဟှယ်။ သူးနို့ထတ် ပိုဘီး ဟှာ ခါဘီးခါ ထောန်က္လဖူးဟှယ်။ ပိုဘီး ဟှာ ကီဒန်ခံရဟှယ်။ သေဘေးလေန ခါဘီးခါ ရင်ဆိုင်ရဟှယ်။
2CO 11:24 ယုဒလူမျိုးလေဟှာ ငါ့ဟှို သောင်းဆယ်ကိုးချစ် ရိုက်ခံရဟှူဇာဟှို ငါးခါတိတိ ခံရဟှယ်။
2CO 11:25 ရောမလူမျိုးလေနားမာ သောင်းခါတိတိ ကီဒန်ခံရဟှယ်။ က္လော့‑က်ခဲနလည်း တခါပစ်ခံရဟှယ်။ သန်းဖောပျစ်ဇာလည်း သောင်းခါလော့‑က် ဖြစ်ဟှယ်။ ပန်လယ်ပ္လန်မာလည်း တရစ်လောင်းလောင်း နေရဟှယ်။
2CO 11:26 ငါဟှာ ခါဘီးခါ ခရီးသွားဟှူ ခီမာ ရေကီးဟှူဘေး၊ မ္လတိုက်ခံရဟှူဘေး၊ ငါ့လူမျိုးလေဟှ လောက်ဟှူဘေး၊ လူမျိုးခြားလေဟှ လောက်ဟှူဘေး၊ ဗြို့ဂီးလေမာ တွိရဟှူဘေး၊ တောဝါလေမာ တွိရဟှူဘေး၊ ပန်လယ်ဘေး၊ မိဆွေယောင်ဆောန်ဟှူ ဘေးလေန တွိကြောင်ရဟှယ်။
2CO 11:27 လောက်လေဟှို ခတ်ခတ်ခဲခဲ လောက်ရဟှူဇာ၊ မကြာမကြာ အိပျစ်ဇာ၊ စာငတ်ခံရဟှူဇာ၊ ရေလည်းငတ်ဟှူဇာ၊ မကြာမကြာ စားဇာမှေ့ဘဲဟှူဇာ၊ အေးဒန်ခံရဟှူဇာ၊ ဝတ်ဇာမှေ့ဘဲန နေရဇာ၊ အယ်မျိုး ဆင်းရဲဟှူဇာလေဟှို ငါခံရဟှယ်။
2CO 11:28 အယ်မျိုး ဆင်းရဲဒေါက်ခရော၊ တခြား ဆင်းရဲဒေါက်ခလေနဟှို မှုဘဲန သင်းတော်တွပ်လည်း နေတိုင်း စိုးရိမ်ပူပန်နေရဟှယ်။
2CO 11:29 အားနဲဟှူလူ ရှိဟှူ ခီမာ ငါ့ဟှလည်း အားနဲရဟှယ်။ ယော့‑က်ယော့‑က်ဟှ ပြစ်လောက်ဆိုဟှာလည်း ငါဟှာ ပူပန်ရဟှယ်။
2CO 11:30 ငါဟှာ ကြွားရမယ် ဆိုဟှာ ငါ့ရဲ့အားနဲဟှူ ဇာလေဟှိုဘဲ့ ကြောန်းပြုဘီးဟှာ ကြွားရဟှယ်။
2CO 11:31 ငါဟှာ လီညာဘီး ပြောဘဲကြောန်းဟှို သခင်ယေရှုရဲ့ ဖ ဘုရားသခင်ဟှ သိဟှယ်။ အယ်သခင်ရဲ့ နာမတော်ဟှာ ထာဝရမင်္ဂလာ ရှိပါစေ။
2CO 11:32 ငါဟှာ ဒမာသက်ဗြို့မာ ရှိဟှူ ခီမာ အရေတမန်းဂီးရဲ့ လတ်အော့‑က်ခံဖြစ်ဟှူ လူဟှာ ငါ့ဟှို ဖမ်းဟှို့တွပ် ဗြို့ခွဗော့‑က်လေမာ တပ်သားလေဟှို စောန့်ခိုင်းဟှားဟှယ်။
2CO 11:33 တဗဲ့တော်လေဟှာ ငါ့ဟှို ခြင်းတောန်းထဲဟှို ထဲ့ဘီးဟှာ လတ်တန်ဗော့‑က်ဟှနေ တဆင့် ဗြို့ရိုးထတ်ဟှနေ ရှောခ္လဂေ့ကြောန့် ငါဟှာ အယ်လူလေ လတ်ဟှနေဘီး လွတ်ဟှားဟှယ်။
2CO 12:1 ကြွားရဟှူဇာဟှာ ကျိုးမှေ့ဘေမဲ့ ငါဟှာ ကြွားအူးမယ်။ သခင်ဘုရားဟှ ငါ့ဟှိုပြဟှူ ရူပါရောင်လေန ဗျာဒိတ်တော်ကြောန်းလေဟှို ပြောပြမယ်။
2CO 12:2 ခရစ်တော်နှိုက်ရှိဟှူ တဗဲ့တော် တယော့‑က်ဟှာ ပီးဟှားဟှူ ဆယ်လေးနှစ်လော့‑က်ဒူးဟှ ကောန်းဂန်ဘောင် တတိယထပ်ဟှို ခီဆောန်ခံရဟှယ် ဆိုဇာဟှို ငါသိဟှယ်။ အယ်မျိုး ခီဆောန်ခံရဟှူ ဇာဟှာ ကိုယ်ခန္ဓာပါလား၊ ပါဟှလား ဆိုဇာ ငါသိဟှ။ တကယ်ဘဲ့လား၊ အယ်မျိုးမှုဘဲနေဟှာ ရူပါရောင်ဘဲ့လား ဆိုဇာ ငါသိဟှ။ ဘုရားသခင်ဘဲ့ သိဟှယ်။
2CO 12:3 အယ်လူဟှာ ပရဒိသုဘောင်ဟှို ခီဆောန်ခံရဟှယ်။ အယ်မျိုး ခီဆောန်ခံရဟှူ ဇာဟှာ ကိုယ်ခန္ဓာပါဘီး ခီဆောန်ခံရဇာလော၊ အယ်မျိုးမှုဘဲနေဟှာ ကိုယ်ခန္ဓာပါဘဲန ခီဆောန်ခံရဇာလော၊ ငါသိဟှ။ ဘုရားသခင်ဟှဘဲ့ သိဟှယ်။
2CO 12:4 အယ်လူဟှာ လူလေပြောခွမ့် မှေ့ဟှ။ ပြောဟှို့လည်း ရနိုင်ဘဲဟှူ စကားလေဟှို ကြားဟှားရဟှယ်။
2CO 12:5 အယ်ကြောန့် အယ်လူရဲ့ ကြောန်းဟှို ငါကြွားမယ်။ အယ်ဘေမဲ့ ကိုယ့်ရဲ့ အားနဲချစ်လေန တခြားကြောန်းလေဟှို ကြွားဟှ။
2CO 12:6 ငါဟှ ကြွားရှင်ဟှယ် ဆိုဟှာ ရူးဖြစ်ဟှို့ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မှန်ကန်ဟှူ စကားဟှိုဘဲ့ ပြောဟှူကြောန့် ဖြစ်ဟှယ်။ အယ်ဘေမဲ့ ဖယ်သူလည်း ကိုယ့်ကိုယ်ကိုယ် ဗြင်ရကြားရဟှူ ဇာထတ် ပိုဘီး ငါ့ဟှို ထန်ကီးဘဲဟှို့တွပ် ငါဟှာ ဝါကြွားဟှ။
2CO 12:7 ငါဗြင်ရဟှူ အံ့ဩဘွယ် ရူပါရောင်ကြောန့် ကိုယ့်ကိုယ်ကိုယ် ထန်ကီးဘဲဟှို့တွပ် ငါ့ရဲ့ ကိုယ်ခန္ဓာမာ နာဟှူဝေဒနာတခုဟှို ခံစားနေရဟှယ်။ အယ်ဝေဒနာဟှာ စာတန်ရဲ့ တမန်မျိုးဖြစ်ဟှူ ငါ့ဟှို ဒန်ခတ်ဘီး ငါ့ရဲ့မာနဟှို နှိခ္လဟှားဟှယ်။
2CO 12:8 အယ်ဝေဒနာဟှို ဖယ်ရှားပစ်ပေးဟှို့တွပ် ငါဟှာ သခင်ဘုရားဟှို သောင်းခါတိတိ ဆုတောန်းဘီး သနားခံဟှယ်။
2CO 12:9 အယ်ဘေမဲ့ ငါ့ကျေးဇူးဟှာ နန့်တွပ် လောင်လော့‑က်ဟှယ်။ ငါ့တဂိုးဟှာ အားနဲဟှူ ခီမာ စောင်လင်ဟှယ် ဆိုဘီး ပြောဟှယ်။ အယ်ကြောန့် ခရစ်တော်ရဲ့ တဂိုးဟှာ ငါ့ထတ်မာ ကိန်းဝပ်ဟှို့တွပ် ငါ့ကိုယ်ခန္ဓာမာ အားနဲဟှူ ဇာဟှနေဘီး ဝန်းသာဟှူစိန ကြွားဟှူဇာဟှိုဘဲ့ ငါလိုရှင်ဟှယ်။
2CO 12:10 ငါဟှာ အားနဲနေဟှူ ခီမာ တဂိုးနပ္လဲ့ဇောင်ဘီး ခရစ်တော်တွပ်ကြောန့် အားနဲဇာလေ၊ စော်ကားခံရဇာလေ၊ ဆင်းရဲဇာလေ၊ နှိစစ်ညှဉ်းဆဲဇာလေ၊ နှောက်ရှစ်ဇာလေဟှို ခံရဟှူ ခီမာ သီးခံနိုင်ဟှယ်။
2CO 12:11 ငါဟှာ လူမိုက်မျိုးဖြစ်လော။ အယ်မျိုးမှုဘဲနေဟှာ နန်းနို့ဟှ ငါ့ဟှို လူမိုက်ဖြစ်အောန် လောက်ဂေ့ဟှယ်။ နန်းနို့ဟှာ ငါ့ဟှို ထော့‑က်ခံပေးသင့်ဟှူ လူလေဖြစ်ဟှယ်။ ငါဟှာ ရေရာဘဲဟှူလူ ဖြစ်ဘေမဲ့ နန်းနို့ရဲ့ ထူခြားဟှူ တမန်တော်လေထတ် ဖယ်မျိုးလည်း နိက္လဟှ။
2CO 12:12 ငါဟှာ တမန်တော်တပါး ဖြစ်ကြောန်းဟှို နမိတ်လတ်ခဏာလေ၊ အံ့ဩဘွယ်ရာလေန၊ ထူးဆန်ဟှူ တဂိုးလေအားဖြင့် နန်းနို့ဟှို ငါဟှာ စိရှယ်လတ်ရှယ်န သတ်သေပြဟှားဟှယ်။
2CO 12:13 နန်းနို့ဟှို ငါဟှာ ငွေကြေးကိစန တာဝန်ပေးဘဲဇာဟှလွှဲဘီး ငါဟှာ နန်းနို့ဟှို တခြားသင်းတော်လေန ဒန်းဒူထားဘီးဟှာ ဆစ်ဆံဟှယ်။ အယ်မျိုးတရားဘဲဟှူဇာ လောက်မိတွပ်လည်း ငါ့ဟှို ခွမ့်လွှတ်ပေးဂေ့ဟှို့တွပ် တောန်းဗန်ဟှယ်။
2CO 12:14 ငါဟှာခု နန်းနို့နားဟှို တတိယခါ ရော့‑က်လာဟှို့တွပ် ဆင်သင့်ရှိနေဟှယ်။ အယ်ဘေမဲ့ ငါ့တွပ် နန်းနို့ဟှို တာဝန်လေးခိုင်းဟှ။ နန်းနို့ရဲ့ ငွေကြေးအောက်စာလေဟှို ငါလိုဟှ။ နန်းနို့ဟှိုဘဲ့ ငါဟှာ လိုရှင်ဟှယ်။ သားမီးလေဟှ မိဖလေတွပ် ထော့‑က်ပံ့ရဇာ မှုဟှ။ မိဖလေဟှဘဲ့ သားမီးလေတွပ် ထော့‑က်ပံ့ဂေ့ရဟှယ်။
2CO 12:15 ငါဟှာ နန်းနို့လေဟှို ကူညီဟှို့တွပ် ဝန်းသာဘီး ကိုယ့်ရဲ့အောက်စာန အင်အားလေဟှို သောင်းပြုဟှယ်။ ငါဟှာ နန်းနို့လေဟှို အယ်မျှလော့‑က် ရှစ်ဟှယ် ဆိုဟှာ နန်းနို့ဟှ ငါဟှို နဲနဲဟှားဘဲ့ ရှစ်ဟှို့လော။
2CO 12:16 ငါဟှာ နန်းနို့ဟှို ဝန်လေးစေဟှ ဆိုဇာဟှို နန်းနို့ဟှာ ဝန်ခံဂေ့လေ့မယ်။ အယ်ဘေမဲ့ ငါဟှာ နန်းနို့ဟှို လှည့်ဇားဟှယ် ဆိုဘီး ယော့‑က်ယော့‑က်ဟှ စွပ်စွဲလေ့မယ်။
2CO 12:17 ဖယ်မျိုး ငါဟှာ ခွမ့်ရေးယူဟှို့နူး။ နန်းနို့နားဟှို ငါဟှာ လူတယော့‑က်ယော့‑က်ဟှို လွှတ်ဘီးဟှာ ခွမ့်ရေးယူဖူးဘဲ့လော။
2CO 12:18 ငါဟှာ တိတုဟှို နန်းနို့နားဟှို သွားဟှို့တွပ် တောန်းဗန်ဘီးဟှာ လွှတ်လိုက်ဟှယ်။ တခြားယောင်ကြည်သူ တယော့‑က်ဟှိုလည်း သူ့နတူးဒူ လွှတ်လိုက်ဟှယ်။ တိတုဟှာ နန်းနို့နားဟှ ခွမ့်ရေးယူဟှယ် ဆိုဘီး ပြောဟှို့လော။ သူ့နငါဟှာ စိဘောတူဘီး တလမ်းဒဲ လိုက်ရှော့‑က်ဘီးဟှာ ကျင့်နေဂေ့ဟှူဇာ မှုဟှလော။
2CO 12:19 နို့လေဟှာ တခီလောင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဘီးဟှာ ပြောနေဟှယ် ဆိုဇာဟှို နန်းနို့လေဟှာ ထန်ဂေ့လေ့မယ်။ နို့လေဟှာ အယ်မျိုးပြောနေဇာ မှုဟှ။ ခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့မာ ပြောနေဇာဖြစ်ဟှယ်။ ရှစ်ရဟှူ မိဆွေလေ၊ နို့လေ လောက်ဟှူဇာလေဟှာ နန်းနို့ဟှို တည်ဆော့‑က်ဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။
2CO 12:20 နန်းနို့နားဟှို ရော့‑က်လာဟှူ ခီမာ ငါဟှာ နန်းနို့ဟှို တွိရှင်ဇာတိုင်းဟှို တွိရဘဲနေမာဟှို စိုးရိမ်မျိုးဘဲ့ နန်းနို့ဟှလည်း ငါ့ဟှို တွိရှင်ဇာတိုင်းဘဲ့ တွိရဘဲနေမာဟှို ငါလည်း စိုးရိမ်ဟှယ်။ နန်းနို့ဟှာ ရန်တွိရှင်း၊ နာလိုရှင်း၊ ဒေါသထွပ်ရှင်း၊ ဂေါင်ပြိုင်ရှင်း၊ စော်ကားဘီးပြောရှင်း၊ ရှောက်ခ္လရှင်း၊ မော့‑က်မာရှင်း၊ ရောင်းရင်းဆန်ခတ် လောက်ရှင်းလေဟှို ငါဟှာ တွိရမာဟှို စိုးရိမ်ဟှယ်။
2CO 12:21 နော့‑က်တခါ နန်းနို့နားဟှို လာဟှူ ခီမာ ငါ့ရဲ့ ဘုရားသခင်ဟှာ ငါ့ဟှို နန်းနို့ရှေ့မာ နှိခ္လဘီးဟှာ ရင်ဟှပြစ်မှားဘီး ကိုယ့်ကိုယ်ကိုယ်ကျင့်နေဟှူ ညစ်ညူးရှင်း၊ တရားနညီဘဲဟှူ မေထုန်လောက်ရှင်း ကာမဂေါင်လိုက်စားရှင်းလေဟှို နောန်ဒရသေးဘဲ့ဟှူလူလေ ဘောင်ဂီးရှိဟှူကြောန့် ငါဟှာ ဝန်းနဲဘီး ကြေကွဲရဟှို့တွပ် ငါဟှာ စိုးရိမ်ဟှယ်။
2CO 13:1 ခုငါဟှာ တတိယခါ နန်းနို့နားဟှို လာမယ်။ ကျမ်းစာဟှ ဖော်ပြဟှားဟှူမျိုး “မှုကိစမှန်မျှဟှို သတ်သေနှေ့ယော့‑က် သောင်းယော့‑က်ရဲ့ စကားထွပ်ဆိုဇာန ဆောင်းဖြတ်ရဟှယ်။”
2CO 13:2 ဒုတိယခါမာ ရော့‑က်လာဒူးဟှ “နော့‑က်တခါ နန်းနို့နားဟှို လာမယ် ဆိုဟှာ ငါဟှာ ငဲ့ညှာဟှို့မှုဘီ” ရင်းရင်ဒူးဟှ ပြစ်ကျူးလွန်ဟှူလူလေန တခြားလူလေဟှို ငါဟှာ ကြိုတန်ဘီးဟှာ ဒိပေးဟှားဟှယ်။ ခုလည်း အယ်တိုင်းဘဲ့ ဝီးဂီးဟှနေဘီးဟှာ ငါထပ်ဘီး ဒိပေးလိုက်ဟှယ်။
2CO 13:3 ခရစ်တော်ဟှာ ငါ့အားဖြင့်ပြောဟှူ သတ်သေဟှို နန်းနို့တောန်းဆိုဂေ့တိုင်း ငါလာဟှူ ခီမာ ရစေမယ်။ ခရစ်တော်ဟှာ နန်းနို့န ပေါန်းဟှူ ခီမာ အားနဲတော်မူဘဲ သူ့ရဲ့ တဂိုးတော်ဟှို နန်းနို့ဟှို ပြလေ့မယ်။
2CO 13:4 ကိုယ်တော်ဟှာ လတ်ဝါးကပ်တိုင်မာ သတ်ခံရဟှူ ခီမာ စွမ်းအားမှေ့ဘဲဟှူမျိုး ရှိဘေမဲ့ ခုခါမာ ဘုရားသခင်ရဲ့ တဂိုးတော်ကြောန့် သတ်ရှင်ဘီးနေဟှယ်။ နို့လေဟှလည်း ကိုယ်တော်န တလောင်းတဝဒဲရှိကြောန့် စွမ်းအားနဲဂေ့ဟှယ်။ အယ်ဘေမဲ့ နို့လေဟှာ ဘုရားသခင်ရဲ့ တဂိုးတော်ကြောန့် ခရစ်တော်နတူးဒူ သတ်ရှင်ဘီး နန်းနို့န ပေါန်းဖော်ရဟှယ်။
2CO 13:5 နန်းနို့ဟှာ ယောင်ကြည်ရှင်းမာ တည်ဟှယ်၊ တည်ဟှ ဆိုဇာဟှို ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဂေ့။ အယ်မျိုး စစ်ဆေးဟှူ ခီမာ အောန်မြင်မယ် ဆိုဟှာ နန်းနို့ဟှာ ကိုယ့်စိနှလောင်းထဲမာ ယေရှုခရစ်တော်ဟှ ရှိနေဟှူကြောန်းဟှို သေးသေချားချာ သိဂေ့ဟှယ်။ အယ်မျိုးမှုဟှ ဆိုဟှာ နန်းနို့လေဟှာ စစ်ဆေးမှုမာ ရှောန်းနိလေ့မယ်။
2CO 13:6 နို့လေဟှာ စစ်ဆေးခံရဟှူ ခီမာ အောန်မြင်ဟှူ လူလေဖြစ်ကြောန်းဟှို နန်းနို့ဟှာ သိဂေ့မယ် ဆိုဇာဟှို ငါဟှာ မျှော်လင့်ဟှယ်။
2CO 13:7 နန်းနို့ဟှာ ကောန်းဘဲဟှူဇာလေဟှို ရှောန်ဟှို့တွပ် ဘုရားသခင်ဟှို နို့လေဟှာ ဆုတောန်းရဟှယ်။ အယ်မျိုးလောက်ဟှူဇာဟှာ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် အောန်မြင်ဟှူလူလေ ဖြစ်ဇာဟှို ပေါ်ရှင်ကြောန့် လောက်ဇာမှုဟှ။ နို့လေဟှာ အောန်မြင်ဘဲဟှူမျိုးဖြစ်ဘေမဲ့ နန်းနို့ဟှို ကောန်းမြတ်ဟှူမှုလေဟှို လောက်ဟှို့တွပ် ဆုတောန်းရဟှယ်။
2CO 13:8 နို့လေဟှာ သမ္မာတရားဟှို ဆန့်ကျင်ဘီးဟှာ ဖယ်မှုဟှိုလည်း လောက်နိုင်ဂေ့ဟှ။ သမ္မာတရားဖတ်မာနေမှဘဲ့ လောက်နိုင်ဂေ့ဟှယ်။
2CO 13:9 နို့လေဟှာ အားနဲဘီး နန်းနို့ဟှ အားကီးဟှူ ခီမာ နို့လေဟှ ဝန်းသာဟှယ်။ အယ်ကြောန့် နန်းနို့ဟှာ ပြစ်ပြောဇာ မှေ့ဘဲနေအောန် ဖြစ်လာဟှို့တွပ် နို့လေဟှာ ဆုတောန်းဂေ့ဟှယ်။
2CO 13:10 နန်းနို့န ဝီးနေဟှူ နေ့ရစ်လေမာ အယ်စာဟှို ရေးရဇာဟှာ ငါလာဟှူ ခီမာ သခင်ဘုရားဟှ ငါ့ဟှို ပေးဟှားဟှူ ခွမ့်အာဏာဟှို ပြင်းပြင်းထန်းထန်ဟှား သောင်းစေရှင်ဟှ။ အယ်ခွမ့်အာဏာဟှာ နန်းနို့ဟှို တည်ဆော့‑က်ပေးဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။ ဖြိုဖျစ်ဟှို့တွပ် မှုဟှ။
2CO 13:11 ယောင်ကြည်သူလေ၊ ဝန်းသာဂေ့ပါ! ပြစ်ပြောဇာမှေ့ဘဲ့နေအောန် ဆစ်ဘီးဟှာကြိုးစာဂေ့။ ငါရဲ့ မြစ်တာရပ်ခံဇာလေဟှို နာခံဘီးဟှာ ရှင်းရှင်းအားပေးဂေ့ဘီးဟှာ သင့်သင့်မြတ်မြတ်ဟှားနေဂေ့ပါ။ အယ်ဆိုဟှာ မြစ်တာတော်န ငြီသတ်မှုရဲ့သခင် ဘုရားသခင်ဟှာ နန်းနို့နတူးဒူ ရှိလေ့မယ်။
2CO 13:12 နန်းနို့ဟှာ ယော့‑က်နယော့‑က် သန့်ရှင်းဟှူနမ်းန နှောက်ဆစ်ဂေ့ပါ။
2CO 13:13 ဘုရားသခင်ရဲ့ လူလေ ဂူလောင်းဟှ နန်းနို့ဟှို နှောက်ဆစ်ဂေ့ဟှယ်။
2CO 13:14 သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ မြစ်တာတော်န၊ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ မိတ်သဟာယလေဟှာ နန်းနို့လေ ဂူလောင်းနတူးဒူ ရှိပါစေ။
GAL 1:1 ငါပေါလုဟှာ လူတယော့‑က်အားဖြင့်လည်းမှု၊ လူလေအားဖြင့်လည်းမှုဘဲန ယေရှုခရစ်တော်ရဲ့ ခွမ့်အားဖြင့်နရော၊ အယ်သခင်ဟှို သေရာဟှနေ ပ္လန်ရှင်စေဟှူ ဖဘုရားသခင်ရဲ့ ခွမ့်အားဖြင့်နရော တမန်တော်ရာဟှို ပေးအပ်ခံရသူဖြစ်ဟှယ်။
GAL 1:2 ငါ့နတူးဒူရှိနေဟှူ ယောင်ကြည်သူလေ အားလောင်းဟှာ၊
GAL 1:3 နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န သခင်ယေရှု ခရစ်တော် ထံတော်ဟှနေ ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့မာရှိပါစေ၊
GAL 1:4 နို့လေရဲ့ဖ ဘုရားသခင်ရဲ့ လိုတော်ဟှို နားထောန်ဘီး ခရစ်တော်ဟှာ နို့လေဟှို အယ်မူဆိုးရောက်ဟှူ ပစ္စုပ္ပန်ဘဝဟှ ကယ်တန်နိုင်ဟှို့ နို့လေရဲ့ ပြစ်လေတွပ် ကိုယ့်ကိုယ်ကိုယ် ပေးအပ်တော်မူဟှယ်။
GAL 1:5 အယ်ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
GAL 1:6 ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် နန်းနို့ဟှို ခေါ်တော်မူဟှူသူဟှို အယ်မျိုးဗြန်းဗြန် စွန့်ဘီးဟှာ တခြားဧဝံဂေလိတရားဟှို လတ်ခံလိုက်ဟှူကြောန့် ငါရရာတိုင်း အံ့ဩဟှယ်!
GAL 1:7 မှန်ဆိုဟှာ “တခြား ဧဝံဂေလိတရား” ဆိုဇာမှေ့ဟှ။ ဖြားဖြစ်ကြောန့် ငါအယ်မျိုးပြောရနူးဆိုဇာဟှ နန်းနို့ဟှို ရှုတ်ထွေးအောန်လောက်ဘီး ခရစ်တော်ရဲ့ ဧဝံဂေလိတရားဟှို မှော့‑က်လှန်ရှင်ဟှူလူတချို့ ရှိနေကြောန့်ဖြစ်ဟှယ်။
GAL 1:8 နို့လေဖြစ်ဖြစ်၊ ကောန်းဂန်ဘောင်ဟှနေလာဟှူ ကောန်းဂန်တမန်ဖြစ်ဖြစ် နန်းနို့ဟှို နို့လေဟောပြောဟှားဟှူ ဒန်းကောန်းန တူဘဲဟှူ ဒန်းကောန်းဟှို ဟောပြောမယ် ဆိုဟှာ ဟောပြောဟှူသူဟှာ ဘုရားသခင်ရဲ့ ကီရှင်းဟှို ခံရစေ!
GAL 1:9 နန်းနို့ခံယူဟှားဟှူ ဒန်းကောန်းနတူဘဲဟှူ ဒန်းကောန်းဟှို ဟောပြောမားဟှာ ဘုရားသခင်ရဲ့ ကီရှင်းဟှို ခံရစေ ဆိုဘီး နို့လေပြောဟှားဟှူတိုင်းဘဲ့ ခု ငါထပ်ဘီး ပြောဟှယ်။
GAL 1:10 ခု ငါဟှာ လူလေရဲ့ ထော့‑က်ခံမှုဟှို လိုက်ဇာလော။ ဘုရားသခင်ရဲ့ ထော့‑က်ခံမှုဟှို လိုက်ဇာလော။ ငါဟှာ လူလေကျေနပ်ဟှို့တွပ်ဘဲ့ စည်းရောင်းနေမယ် ဆိုဟှာ ငါဟှာ ခရစ်တော်ရဲ့ စေခံဖြစ်ဟှို့မှုဟှ။
GAL 1:11 ယောင်ကြည်သူလေ၊ နန်းနို့ဟှို ငါဟောပြောဟှူဒန်းကောန်းဟှာ လူလေတီထွမ်ဟှားဟှူ ဒန်းကောန်းမှုဟှ ဆိုဇာဟှို နန်းနို့ဟှို ငါသိစေရှင်ဟှယ်။
GAL 1:12 အယ်ဒန်းကောန်းဟှို ငါဟှာ ဖယ်သူ့ထံဟှလည်း လတ်ခံဟှားဇာမှုဟှ။ ဖယ်သူဟှလည်း ငါ့ဟှို သန်ပေးဟှားဇာမှုဟှ။ အယ်ဒန်းကောန်းဟှို ယေရှုခရစ်တော်ထံဟှနေ ဖွမ့်ပြမှုအားဖြင့် ငါလတ်ခံရရှိဇာဖြစ်ဟှယ်။
GAL 1:13 ရင်ဟှ ယုဒဘာသာထဲမာ ငါ့ရဲ့ သတ်ရှင်မှု နည်းလမ်းဟှို နန်းနို့ကြားဟှားပီးဘီ။ ငါဟှာ ဘုရားသခင်ရဲ့ သင်းတော်ဟှို ရရာတိုင်း ညှဉ်းဆဲဘီးဟှာ သင်းတော်ဟှို ဖျစ်ဆီးဟှို့ ကြိုးစားဟှားဟှယ်။
GAL 1:14 ငါ့ဘိုးဘေးလေရဲ့ ထောင်းဒမ်းစဉ်လာလေဟှို ရရာတိုင်း စိအားထတ်သန်ဘီး ငါ့နရွယ်ဒူ ယုဒလူမျိုးလေထတ် ငါဟှာ ယုဒဘာသာထဲမာ ပိုဘီး ကျင်လည်ဟှယ်။
GAL 1:15 အယ်ဘေမဲ့ ငါမွီးခန်ဂဒဲဟှ ဘုရားသခင်ဟှာ ကျေးဇူးတော်အားဖြင့် ငါ့ဟှို ခေါ်တော်မူဟှားဘီး မှုတော်ဆောန်ဟှို့ ဝီးကော့‑က်ဟှားဟှယ်။ အယ်ဘီးဟှာ
GAL 1:16 လူမျိုးခြားလေဟှို သားတော်ရဲ့ ဒန်းကောန်းဟှို ဟောပြောဟှို့ ကိုယ်တော်ရဲ့ လိုတော်တိုင်း သားတော်ဟှို ငါ့ဟှို ပြတော်မူဟှူ ခီမာ ငါဟှာ သွီးသားတော်စပ်ဟှူသူ ဖယ်သူနလည်း တိုင်ဗန်ဇာဟှို လောက်ဘဲန
GAL 1:17 ငါ့ထတ်စောဟှူ တမန်တော်လေန တွိဟှို့ ယေရုရှလင်ဗြို့ဟှိုလည်း သွားဘဲန ရှင်းရှင်းဘဲ့ အာရေဗျပြည်ဟှို သွားဘီး ဒမာသက်ဗြို့ဟှို ပ္လန်ဟှားလိုက်ဟှယ်။
GAL 1:18 သောင်းနှစ်ကြာဘီးန ငါဟှာ ပေတရုဟှို တွိဟှို့ ဆိုဘီး ယေရုရှလင်ဗြို့ဟှို တတ်ဟှားဘီးဟှာ သူ့နတူးဒူ ဆယ့်ငါးရစ် နေဟှားဟှယ်။
GAL 1:19 ငါဟှာ သခင်ဘုရားရဲ့ညီ ယာကုပ်ဟှလွဲဘီး တခြားတမန်တော်လေဟှို တွိဟှ။
GAL 1:20 ငါရေးလိုက်ဇာလေဟှာ တကယ် ဖြစ်ဟှယ်။ ငါဟှာ လီညာနေဇာမှုဟှ ဆိုဇာဟှို ဘုရားသခင် သိတော်မူဟှယ်။
GAL 1:21 အယ်ဘီးန ငါဟှာ ရှုရိပြည်န ကိလိကိပြည်လေဟှို သွားလိုက်ဟှယ်။
GAL 1:22 အယ်ခီဒူးဟှ ယုဒပြည်မာရှိဟှူ သင်းတော်လေရဲ့ သင်းဝမ်သူလေဟှာ ငါန ရရာတိုင်း ရင်းနှီးကျွမ်းဝမ်မှု မှေ့သေးဟှ။
GAL 1:23 “နို့လေဟှို ညှဉ်းဆဲဖူးဟှူ အယ်လူဟှာ ရင်းရင်ဒူးဟှ ဖျစ်ဆီးဟှို့ ကြိုးစားဟှားဟှူ ယောင်ကြည်မှု တရားဟှို ခု ဟောပြောနေဟှယ်” ဆိုဘီး သူးနို့ဟှာ တခြားလူလေ ပြောနေဇာဟှိုဘဲ့ ကြားဟှားဂေ့ဟှယ်။
GAL 1:24 အယ်ကြောန့် သူးနို့ဟှာ ငါ့ကြောန့် ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။
GAL 2:1 ဆယ့်လေးနှစ်ကြာဘီးန ငါဟှာ တိတုဟှို ခေါ်ဘီး ဗာနဗနတူးဒူ ယေရုရှလင်ဗြို့ဟှို ပ္လန်တတ်ဟှားလိုက်ဟှယ်။
GAL 2:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ ငါသွားရမယ် ဆိုဘီး ငါ့ဟှို ဖွမ့်ပြကြောန့် သွားလိုက်ဇာဖြစ်ဟှယ်။ ခေါန်းဆောန်လေန သီးသန့်တွိဆောန်ဘီး လူမျိုးခြားလေဟှို ငါဟောပြောဟှူ ဒန်းကောန်းဟှို ရှင်းလန်းပြဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လောက်ဆောန်ဟှားဘီးဟှူဇာလေန ခုလောက်ဆောန်နေဇာလေဟှို ချည်းနှီးဖြစ်ရှင်ဘဲကြောန့် ဖြစ်ဟှယ်။
GAL 2:3 ငါ့နတူးဒူ ပါလာဟှူ တိတုဟှာ ဂရိလူမျိုးဖြစ်ဘေမဲ့ ငါဟှာ ရေဖျားလှီးဇာဟှို အတင်းခံစေဟှ။
GAL 2:4 ယေရှုခရစ်တော်နှိုက် နို့လေရရှိဟှူ လွတ်လပ်မှုဟှို စောင်ဇမ်းဟှို့ နို့လေအောက်စုထဲ တိတိဟှားဝမ်လာဟှူ ယောင်ကြည်သူ တုယောန် တချို့ဟှာ အယ်မျိုး ရေဖျားလှီးဇာဟှို လိုရှင်ဂေ့ဟှယ်။ သူးနို့ဟှာ နို့လေဟှို ကျွန်ပ္လန်ဖြစ်စေရှင်ဘေမဲ့၊
GAL 2:5 မှန်ဟှူ ဧဝံဂေလိတရားဟှာ နန်းနို့ထဲမာ တည်ရှိနေကြောန့် နို့လေဟှာ သူးနို့ဟှို ရှစ်ဟှားမျှ လျှော့ပေးဟှ။
GAL 2:6 ခေါန်းဆောန်လေ ဆိုဘီး ထန်မှတ်ရဟှူ လူလေဟှာ ငါ့ရဲ့ ဟောပြောဇာလေဟှို ထပ်ဘီး ဖြားဇာလည်း ဆွေးနွေးဂေ့ဟှမ်း။ သူးနို့ဟှာ တကယ်ဘဲ့ ခေါန်းဆောန်လေ ဖြစ်ဟှယ်၊ ဖြစ်ဟှ ဆိုဇာ ငါ့တွပ်ရေးကီးဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ပြင်ပ လတ်ခဏာလေဟှို ကေ့ဘီး စီရင်တော်မူဘဲကြောန့် ဖြစ်ဟှယ်။
GAL 2:7 သူးနို့ဟှာ ဆွေးနွေးဟှို့စား ဘုရားသခင်ဟှာ ပေတရုဟှို ရေဖျားလှီးဟှားဟှူ လူလေထံဟှို ဒန်းကောန်းဟောပြောဟှို့ တာဝန်ပေးဟှားဟှယ် ဆိုဘီး ယောင်ကြည်ဂေ့မျိုးဘဲ့ ငါ့ဟှိုလည်း ရေဖျားလှီးဘဲဟှူ လူလေထံဟှို ဒန်းကောန်းဟောပြောဟှို့ တာဝန်ပေးဟှားဟှယ် ဆိုဘီး ဗြင်ဟှားဂေ့ဟှယ်။
GAL 2:8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ တဂိုးတော်အားဖြင့် ပေတရုဟှာ ရေဖျားလှီးဟှားဟှူ လူလေတွပ် တမန်တော်ရာနှိုက် မှုတော်ဆောန်ဘီး ငါဟှာ လူမျိုးခြားလေတွပ် တမန်တော်ဖြစ် မှုတော်ဆောန်ဟှို့ဖြစ်ဟှယ်။
GAL 2:9 မဏ္ဍိုင်မျိုးဖြစ်ဟှူ ယာကုပ်၊ ပေတရု၊ ယောဟန်လေဟှာ ငါ့ရဟှားဟှူ ကျေးဇူးတော်ဟှို သိဂေဟှူကြောန့် မိတ်သဟာယဖွဲဘီး နို့လေဂူလောင်းဟှာ လောက်ဖော်ဆောန်ဖတ်လေ ဖြစ်ဟှယ် ဆိုဇာဟှို လတ်ခဏာတခုဖြစ် သူးနို့ဟှာ ဗာနဗန ငါ့ဟှို လတ်ဆွဲနှုဆစ်ဂေ့ဟှယ်။ ဗာနဗန ငါဟှာ လူမျိုးခြားလေထဲမာ မှုတော်ဆောန်ဘီး သူးနို့ဟှာ ရေဖျားလှီးဟှူ လူလေထဲမာ မှုတော်ဆောန်ဟှို့ ဘောတူဂေ့ဟှယ်။
GAL 2:10 နို့လေဟှာ ဆင်းရဲသားလေဟှို ကူညီမဇဟှို့တွပ် သူးနို့လိုရှင်ဘီး အယ်မျိုး လောက်ဆောန်ဟှို့တွပ် ငါလည်း စိအားထတ်သန်မှု ရှိဟှယ်။
GAL 2:11 အန္တိအုတ်ဗြို့ဟှို ပေတရုရော့‑က်လာခီမာ သူ့ရဲ့အပြုမှုလေဟှာ မှားနေဇာထန်ရှားကြောန့် ငါဟှာ သူ့ဟှို လူလေရှေ့မာ ပြစ်တန်ဟှယ်။
GAL 2:12 ယာကုပ်စေလွှတ်လိုက်ဟှူ လူအချို့ ရော့‑က်လာခန်မာ ပေတရုဟှာ လူမျိုးခြားလေနတူးဒူ စားနေဂေ့ဟှယ်။ အယ်ဘေမဲ့ ယာကုပ်စေလွှတ်လိုက်ဟှူ လူလေရော့‑က်လာဘီးန သူဟှာ လူမျိုးခြားလေနတူးဒူ စားဘဲန ခပ်ခွာခွာဟှား နေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ရေဖျားလှီးဟှားဟှူ လူလေဟှို ကြော့‑က်ဟှူကြောန့် ဖြစ်ဟှယ်။
GAL 2:13 တခြားယုဒလူမျိုး ယောင်ကြည်သူလေလည်း ပေတရုမျိုးဘဲ့ ဟန်ဆောန်ဟှူ ပြုမူလေဟှို စဘီး လောက်ဆောန်လာဟှူ ခီမာ သူးနို့ရဲ့ သူရဲဘောကြောန်ဟှူ ပြုမူလေအားဖြင့် ဗာနဗလည်း သူးနို့ဖတ်ဟှို ပါဟှားဟှယ်။
GAL 2:14 သူးနို့ဟှာ မှန်ဟှူ ဧဝံဂေလိတရားန တည့်တည့်မတ်မတ် သွားဂေ့ဟှ ဆိုဇာဟှို ငါဗြင်ဟှားဟှူ ခီမာ ငါဟှာ ပေတရုဟှို လူလေရဲ့ ရှေ့မာ ပြောလိုက်ဇာဟှ “နန်ဟှာ ယုဒလူမျိုးတယော့‑က်ဖြစ်ဘီး ယုဒလူလေမျိုး သတ်ရှင်ဘဲန လူမျိုးခြားတယော့‑က်လို သတ်ရှင်ဟှယ်။ အယ်ဘီးဟှာ လူမျိုးခြားလေဟှို ယုဒလူမျိုးလို နေထိုင်ဟှို့ ဖြားဖြစ်ဟှိ ကြိုစားနေနူး”
GAL 2:15 နို့လေဟှာ မွီးဂဒဲဟှ ယုဒလူမျိုးလေဖြစ်ဘီး “လူမျိုးခြား ပြစ်သားလေ” မှုဟှ။
GAL 2:16 အယ်ဘေမဲ့ လူဟှာ ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူဇာအားဖြင့် ဖြောန့်မတ်ဟှားဇာမှုဟှ။ ယေရှုခရစ်ဟှို ယောင်ကြည်ရှင်းအားဖြင့်ဘဲ့ ဖြောန့်မတ်ဟှားဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။ အယ်ကြောန့် နို့လေလည်း ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူဇာအားဖြင့်မှုဘဲ ခရစ်တော်ဟှို ယောင်ကြည်ရှင်းအားဖြင့်ဘဲ့ ဖြောန့်မတ်ဟှို့တွပ် ခရစ်တော်ယေရှုဟှို ယောင်ကြည်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပညတ်တရားဟှို လိုက်ရှော့‑က်ရှင်းအားဖြင့် ဖယ်သူလည်း ဖြောန့်မတ်မှုဟှို ရနိုင်ဘဲကြောန့်ဖြစ်ဟှယ်။
GAL 2:17 အယ်ဆိုဟှာ နို့လေဟှာ ခရစ်တော်နှိုက် ဖြောန့်မတ်ဟှို့တွပ် ကြိုးစားနေခီမာ နို့လေလည်း လူမျိုးခြားလေလို ပြစ်သားလေဖြစ်ကြောန်း တွိရှိဟှားမယ် ဆိုဟှာ ခရစ်တော်ဟှာ နို့လေဟှို ပြစ်လောက်ဟှို့ စေခံဟှယ် ဆိုဘီး ဆိုနိုင်လော။ လောင်းဝ ဆိုနိုင်ဟှ။
GAL 2:18 ငါဖျစ်ဆီးဟှားဟှူဇာဟှို ပ္လန်တည်ဆော့‑က်မယ် ဆိုဟှာ ငါဟှာ ပညတ်တရားဟှို ခ္လိုးဖော့‑က်မားဖြစ်ဟှယ် ဆိုဇာဟှို ဖော်ပြနေဇာဖြစ်ဟှယ်။
GAL 2:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဘုရားသခင်နှိုက် သတ်ရှင်နိုင်ဟှို့တွပ် ပညတ်တရားအားဖြင့် ပညတ်တရားနှိုက် သေဟှားပီးဘီး။ ငါဟှာ ခရစ်တော်နတူးဒူ လတ်ဝါးကပ်တိုင်မာ သေခံဘီ။
GAL 2:20 အယ်ဘေမဲ့ သတ်ရှင်သေးဟှယ်။ အယ်မျိုးဆိုဟှာ ငါဟှာ ကိုယ်တိုင်ရှင်ဇာမှုဟှ ခရစ်တော်ဟှာ ငါနှိုက်ရှင်ဟှူ ဇာဖြစ်ဟှယ်။ ကိုယ်ခန္ဓာနှိုက် ခု ငါရှင်နေဟှူ သတ်ဟှာ ဘုရားသခင်ရဲ့ သားတော်ဟှို ယောင်ကြည်ဇာအားဖြင့် ရှင်နေဟှူ သတ်ဖြစ်ဟှယ်။ သားတော်ဟှာ ငါ့ဟှို ရှစ်ဟှူကြောန့် ငါ့တွပ် သတ်ဟှို စွန့်ပေးတော်မူဟှယ်။
GAL 2:21 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ငါပယ်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပညတ်တရားအားဖြင့် ဖြောန့်မတ်နိုင်မယ် ဆိုဟှာ ခရစ်တော်ဟှာ ချည်းနှီး သေခံတော်မူဘီ။
GAL 3:1 မိုက်မဲဟှူ ဂလာတိ သင်းသားလေ! နန်းနို့ဟှို ဖယ်လူဟှ ပြုစားဟှားနူး။ လတ်ဝါးကပ်တိုင် ထတ်မာ ယေရှုခရစ်တော် သေခံတော်မူဇာဟှို နန်းနို့မျစ်စိရှေ့မာ ရှင်းရှင်းလန်းလန်း ဖော်ပြဟှားပီးဘီ!
GAL 3:2 ပညတ်တရားဟှို လိုက်ရှော့‑က်ဇာအားဖြင့် အယ်မျိုးမှုဘဲနေဟှာ ဧဝံဂေလိတရားဟှို ကြားဘီး ယောင်ကြည်ဇာအားဖြင့် ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှို လတ်ခံရရှိဇာလော။ အယ်မူဇာ တခုဟှိုဘဲ့ ငါသိရှင်ဟှယ်။
GAL 3:3 အယ်မျှလော့‑က် မိုက်မဲဂေ့လော! နန်းနို့ဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် စပြုဘီးန ခု ဇာတိန ဆောင်းသတ်ဟှို့လော။
GAL 3:4 နန်းနို့ဂူလောင်းရဲ့ တွိကြောင်ခံစားရဇာဟှာ ချည်းနှီး ဖြစ်ဟှားဘီလော။ မှန်ဆိုဟှာ ချည်းနှီး ဖြစ်နိုင်ဟှ!
GAL 3:5 ဘုရားသခင်ဟှာ နန်းနို့ဟှို ဝိညာဉ်တော်ဟှို ပေးဘီး နန်းနို့ထဲမာ နိမိတ်လတ်ခဏာလေ လောက်နေဇာဟှာ ပညတ်တရားအားဖြင့် လောက်ဇာလော၊ အယ်မျိုးမှုဘဲနေဟှာ ဧဝံဂေလိတရားဟှို ကြားဘီး ယောင်ကြည်ရှင်းအားဖြင့် လောက်ဇာလော။
GAL 3:6 အာဗြဟံရဲ့ တွိကြောင်ခံစားမှုဟှို ကျမ်းစာမာ ပြောဟှားဇာဟှ “အာဗြဟံဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှူကြောန့် သူ့ရဲ့ ယောင်ကြည်ဇာအားဖြင့် ဘုရားသခင်ဟှာ သူ့ဟှို ဖြောန့်မတ်ဟှူမျိုး လတ်ခံတော်မူဟှယ်။”
GAL 3:7 အယ်ကြောန့် ယောင်ကြည်ရှင်းရှိဟှူ လူလေဟှာ အာဗြဟံရဲ့ မ္လေးမ္လစ်စစ်ဖြစ်ဟှယ် ဆိုဇာဟှို နားလည်ဂေ့ပါ။
GAL 3:8 ဘုရားသခင်ဟှာ ယောင်ကြည်ရှင်းအားဖြင့် လူမျိုးခြားလေဟှို ဖြောန့်မတ်စေလေ့မယ် ဆိုဘီး ကျမ်းစာမာ ကြိုတန်ဘီး ပြောဟှားဟှယ်။ အယ်ကြောန့် ကျမ်းစာမာ အာဗြဟံဟှို ဟောဟှားဟှူ ဒန်းကောန်းဟှ “လူမျိုးဂူလောင်းဟှာ နန့်အားဖြင့် ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်။”
GAL 3:9 အယ်ကြောန့် ယောင်ကြည်ရှင်းရှိဟှူသူလေဟှာ ယောင်ကြည်ဟှူ အာဗြဟံနတူးဒူ ကောန်းဂျီးဟှို ခံစားရဟှယ်။
GAL 3:10 ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူ လူလေဟှာ ကီဇာန သတ်ဆိုင်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှ “ပညတ်တရားမာ ပါဇာလေဂူလောင်းဟှို လိုက်ရှော့‑က်နိုင်ဘဲဟှူ လူတိုင်းဟှာ ဘုရားသခင်ရဲ့ ကီဇာဟှို ခံရမယ်” ဆိုဘီး ပြောဟှားဟှယ်။
GAL 3:11 ပညတ်တရားအားဖြင့် ဖယ်သူလည်း ဘုရားသခင်ရှေ့မာ ဖြောန့်မတ်ဟှ ဆိုဇာ ထန်ရှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာမာ “ဖြောန့်မတ်ဟှူသူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်” ဆိုဘီး ပြောဟှားဟှယ်။
GAL 3:12 ပညတ်တရားဟှာ ယောင်ကြည်ရှင်းထတ်မာ ခြေခံဟှားဇာမှုဟှ။ အယ်ဘေမဲ့ ကျမ်းစာဟှလည်း “ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူလူဟှာ အယ်ပညတ်တရားအားဖြင့်ဘဲ့ သတ်ရှင်လေ့မယ်” ဆိုဘီး အယ်မျိုးဘဲ့ပြောဟှားဟှယ်။
GAL 3:13 “သစ်တိုင်မာ ခိဆွဲခံရဟှူသူဟှာ ဘုရားသခင်ရဲ့ ကီဇာဟှို ခံရဟှူသူဖြစ်ဟှယ်” ဆိုဘီး ကျမ်းစာမာ ပြောဟှားမျိုးဘဲ့ ခရစ်တော်ဟှာ နို့လေတွပ် ကီဇာဟှို ခံဘီးန နို့လေဟှို ပညတ်တရားရဲ့ ကီဇာဟှနေ ဝီးနှုတော်မူဟှယ်။
GAL 3:14 အယ်မျိုးလောက်ဇာဟှာ လူမျိုးခြားလေဟှာ ခရစ်တော်ယေရှုနှိုက် အမှီပြုဘီး အာဗြဟံခံစားရဟှူ ကောန်းဂျီးဟှို ခံစားရဘီး နို့လေဟှို ဘုရားသခင် ဂဒိပေးဟှားဟှူ ဝိညာဉ်တော်ဟှို ယောင်ကြည်ဇာအားဖြင့် လတ်ခံရရှိဟှို့ဖြစ်ဟှယ်။
GAL 3:15 ယောင်ကြည်သူလေ၊ နေ့တိုင်း တွိကြောန်နေဇာလေထဲဟှနေ ဥပမာတခုဟှို ပြောရမယ် ဆိုဟှာ လူနှေ့ယော့‑က်ဟှာ ကြောန်းရာတခုဟှို ပဋိညာဉ်ပြုဘီး လတ်မှတ်ရေးထိုးလိုက်ဘီးခီမာ ဖယ်လူလည်း ပယ်ဖျစ်ဟှို့လည်းမရ၊ ထပ်ဖ္လဲ့ဟှို့လည်းရဟှ။
GAL 3:16 ဘုရားသခင်ရဲ့ ဂဒိတော်လေဟှာ အာဗြဟံန သူ့ရဲ့ မ္လေးမ္လစ်တွပ် ဖြစ်ဟှယ်။ ကျမ်းစာမာ “မ္လေးမ္လစ်လေ” ဆိုဘီး များကိန်းဟှို သောင်းပြုဘဲန “နန့်ရဲ့မ္လေးမ္လစ်” ဆိုဘီး အနဲကိန်းဟှို သောင်းပြုဟှားကြောန့် လူတယော့‑က်ဟှိုဘဲ့ ဆိုလိုဇာဖြစ်ဘီး အယ်လူဟှာ ခရစ်တော်ဖြစ်ဟှယ်။
GAL 3:17 ငါဆိုလိုဇာဟှ ဘုရားသခင်ဟှာ အာဗြဟံန ပဋိညာဉ်ပြုဘီး ပဋိညာဉ်ဟှို စောန့်ထီးဟှို့ ဂဒိပေးဟှားတော်မူဟှယ်။ နှစ်ပေါန်း လေးရာသောင်းဆယ် ကြာဘီးမှ ပေးတော်မူဟှူ ပညတ်တရားဟှာ အယ်ပဋိညာဉ်ဟှို ပယ်နိုင်ဟှ။ ဘုရားသခင်ရဲ့ ဂဒိတော်ဟှို ပယ်နိုင်ဟှ။
GAL 3:18 ဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ မွီတော်ဟှာ ပညတ်တရားထတ်မာ တည်နေမယ် ဆိုဟှာ အယ်မွီတော်ဟှာ ဂဒိတော်ထတ်မာ တည်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ ဂဒိတော်အားဖြင့် အာဗြဟံဟှို အယ်မွီတော်ဟှို ပေးတော်မူဟှယ်။
GAL 3:19 အယ်ဆိုဟှာ ပညတ်တရားရဲ့ ရည်ရွယ်ချစ်ဟှ ဖြားဇာနူး။ ဂဒိတော်ခံရဟှူု အာဗြဟံမ္လေးမ္လစ် ရော့‑က်လာခန်ခီထိ ဒုစရိုက်လေဟှို ပြဟှို့တွပ် အယ်တရားဟှို ထပ်ပေးတော်မူဟှယ်။ အယ်ပညတ်တရားဟှို ကောန်းဂန်တမန်လေအားဖြင့် ကြားဝမ်စေ့စပ်မား တယော့‑က်မှတဆင့် ပေးတော်မူဟှယ်။
GAL 3:20 အယ်ဘေမဲ့ တယော့‑က်ဒဲဘဲ့ ပါဝမ်လောက်ဆောန်ခီမာ ကြားဝမ်စေ့စပ်မားဟှို လိုအပ်ဟှမ်း။ အယ်ဘီးဟှာ ဘုရားသခင်ဟှာ တပါးဒဲ ဖြစ်တော်မူဟှယ်။
GAL 3:21 အယ်မျိုးဆိုဟှာ ပညတ်တရားဟှ ဘုရားသခင်ရဲ့ ဂဒိတော်ဟှို ဆန့်ကျင်နေဇာလော။ လောင်းဝမှုဟှ! သတ်ရှင်စေနိုင်ဟှူ ပညတ်တရားဟှို လူသားလေ လတ်ခံရရှိမယ် ဆိုဟှာ အယ်ပညတ်တရားဟှို လိုက်ရှော့‑က်ဇာအားဖြင့် ဖြောန့်မတ်မှုဟှို ရလေ့မယ်။
GAL 3:22 အယ်ဘေမဲ့ ယေရှုခရစ်တော်ဟှို ယောင်ကြည်ရှင်းန စပ်ဆိုင်ဟှူ ဂဒိတော်ဟှို ယောင်ကြည်ဟှူ သူလေဟှို ပေးအပ်ဟှို့တွပ် ကျမ်းစာဟှ လူလေ ဂူလောင်းဟှို ပြစ်တရားအော့‑က်မာ ချောက်ဟှားလေဟှယ်။
GAL 3:23 အယ်ယောင်ကြည်မှုတရား လာခန်ထိ ပညတ်တရားဟှာ နို့လေဂူလောင်းဟှို ပညတ်တရားရဲ့ ကျဉ်းသားလို ချောက်နှောန်ဟှားဇာဟှို ခံရဟှယ်။
GAL 3:24 အယ်ကြောန့် နို့လေဟှာ ယောင်ကြည်မှုအားဖြင့် ဖြောန့်မတ်ဟှို့တွပ် ပညတ်တရားဟှာ ခရစ်တော် ကြွလာခီထိအောန် နို့လေရဲ့ အောက်ထီးမားဖြစ်ဟှယ်။
GAL 3:25 ခု အယ်ယောင်ကြည်မှု တရားဟှာ ရော့‑က်လာဘီ နို့လေဟှာ အောက်ထီးမားရဲ့ လတ်အော့‑က်ဟှ လွတ်ဟှားဂေ့ဟှယ်။
GAL 3:26 အယ်ကြောန့် နန်းနို့ဂူလောင်းဟှာ ခရစ်တော်ယေရှုနှိုက် ယောင်ကြည်မှုအားဖြင့် ဘုရားသခင်ရဲ့ သားမီးလေဖြစ်ဂေ့ဟှယ်။
GAL 3:27 ခရစ်တော်နှိုက် ဗတ္တိဇံခံဟှူ လူလေဂူလောင်းဟှာ ခရစ်တော်ဟှို ဝတ်ဆင်ဟှားဟှူ လူလေဖြစ်ဟှယ်။
GAL 3:28 အယ်ကြောန့် ယုဒလူမျိုးလေ၊ လူမျိုးခြားလေ၊ ကျွန်လေ၊ လွတ်လပ်ဟှူလူလေ၊ ယော့‑က်ကျားလေ မီးမလေ ဆိုဘီး ခွဲခြားဟှားဇာလေမှေ့ဘဲ နန်းနို့ဂူလောင်းဟှာ ခရစ်တော်ယေရှုနှိုက် တလောင်းတဝဒဲ ဖြစ်ဂေ့ဟှယ်။
GAL 3:29 နန်းနို့ဟှာ ခရစ်တော်ဟှို ပိုင်ဆိုင်ဟှယ် ဆိုဟှာ အာဗြဟံရဲ့ မ္လေးမ္လစ်လေဖြစ်ဘီး ဘုရားသခင်ရဲ့ ဂဒိတော်ဟှို လတ်ခံရရှိလေ့မယ်။
GAL 4:1 ဆစ်ဘီးဖော်ပြရမယ် ဆိုဟှာ ဖရဲ့ အောက်စာလေ ဂူလောင်းဟှို မွီရဟှူသားဟှာ ပိုင်ဆိုင်သူတယော့‑က် ဖြစ်ဘေမဲ့လည်း ရွယ်ရော့‑က်ခန်ခီထိ ကျွန်တယော့‑က်မျိုး နေရဟှယ်။
GAL 4:2 သူဟှာ ငယ်ဟှူ ခီမာ သူ့ရဲ့ဖ သတ်မှတ်ဟှားဟှူ ခီရော့‑က်ခန်ခီထိ အောက်ထီးမားလေန ဘဏ္ဍာထီးလေရဲ့ လတ်အော့‑က်မာနေရဟှယ်။
GAL 4:3 အယ်မျိုးဘဲ့ နို့လေလည်း ဝိညာဉ်ရေးရာ ရင့်ကျတ်သေးဘဲဟှူ ခီမာ လောကရဲ့ ခြေခံတရားအော့‑က်မာ ကျွန်ဖြစ်ဂေ့ဟှယ်။
GAL 4:4 အယ်ဘေမဲ့ ခီပ္လဲ့ဇောင်ဟှားခီမာ ဘုရားသခင်ဟှာ သူ့ရဲ့ သားတော်ဟှို စေလွှတ်တော်မူဟှယ်။ ကိုယ်တော်ဟှာ ယုဒလူလေရဲ့ ပညတ်တရားအော့‑က်မာ လူမီးမဟှနေ မွီးဖွားဇာဟှို ခံဟှို့တွပ် ကြွလာတော်မူဘီး၊
GAL 4:5 ပညတ်တရား လတ်အော့‑က်မာရှိဟှူ လူလေ ဂူလောင်းဟှို ဝီးနှုတော်မူလိုက်ဟှူကြောန့်၊ နို့လေဟှာ ဘုရားသခင်ရဲ့ သားလေ ဖြစ်ခွမ့်ရဂေ့ဟှယ်။
GAL 4:6 နန်းနို့ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဇာဟှို ပြဟှို့တွပ် ဘုရားသခင်ဟှာ “အဗ္ဗ၊ ဖ” ဆိုဘီး ခေါ်ဟှူသားတော်ရဲ့ ဝိညာဉ်တော်ဟှို နို့လေရဲ့ စိနှလောင်းထဲဟှို စေလွှတ်တော်မူဟှယ်။
GAL 4:7 အယ်ကြောန့် နန်းနို့ဟှာ ကျွန်မှုဟှမ်း။ သားဖြစ်ဟှားဘီ။ အယ်ဘီးဟှာ နန်းနို့ဟှာ သားဖြစ်ဟှားကြောန့်၊ ဘုရားသခင်ဟှာ သူ့ရဲ့ သားလေတွပ် မွီဂူလောင်းဟှို ပေးတော်မူဟှယ်။
GAL 4:8 နန်းနို့ဟှာ ဘုရားသခင်ဟှို သိသေးဘဲဟှူခီဒူးဟှ နန်းနို့ဟှာ မှန်ဘဲဟှူ ဘုရားလေရဲ့ ကျွန်လေဖြစ်ဟှားဟှယ်။
GAL 4:9 ခု နန်းနို့ဟှာ ဘုရားသခင်ဟှို သိဟှားဘီ။ မှန်ဆိုဟှာ နန်းနို့ဟှို ဘုရားသခင်ဟှ သိဟှားဇာဖြစ်ဟှယ် ဆိုဘီး ငါပြောရမယ်။ အယ်ဆိုဟှာ နန်းနို့ဟှာ အားနဲဘီး သနားဇာကောန်းဟှူ လောကီတရားရဲ့ ဝိညာဉ်လေနားဟှို ဖယ်မျိုး ပ္လန်လှည့်ဟှားဂေ့နူး။ ဖြားဖြစ်ကြောန့် သူးနို့ရဲ့ကျွန်လေ ပ္လန်ဖြစ်ရှင်ဂေ့နူး။
GAL 4:10 နန်းနို့ဟှာ နေ့ဂီးရစ်ဂီးလေ၊ လလေ၊ နှစ်လေ၊ ရာသီလေဟှိုဘဲ့ ရရာတိုင်း ရေးပေးနေဂေ့ဟှယ်။
GAL 4:11 နန်းနို့တွပ် ငါလောက်ဆောန်ဟှားဇာလေဟှာ ချည်းနှီးဖြစ်ဟှားဘီလော၊ ဆိုဘီး ငါဟှာ နန်းနို့တွပ် စိုးရိမ်မိဟှယ်!
GAL 4:12 ယောင်ကြည်သူလေ နန်းနို့ဟှာ ငါ့မျိုးဖြစ်ဂေ့ဟှို့ ငါတောန်းဗန်ဟှယ်။ ငါဟှာ နန်းနို့မျိုးဘဲ့ဖြစ်ဟှယ်။ နန်းနို့ဟှာ ငါ့ဟှို ဖယ်မျိုး တရားဘဲဟှူ ဇာလည်း လောက်ဂေ့ဟှ။
GAL 4:13 နန်းနို့ဟှို ပထမခါ ဒန်းကောန်း ဟောပြောဒူးဟှ ငါ့ရဲ့ ခန္ဓာဟှာ နာမကျန်းဖြစ်နေဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ဟှယ်။
GAL 4:14 ငါ့ရဲ့ ခန္ဓာဟှာ ကျမ်းမာရေး ခြေနေကြောန့် နန်းနို့လေတွပ် နှော့‑က်ယှစ် ဖြစ်နေဟှူလည်းဘဲ့ နန်းနို့ဟှာ ငါ့ဟှို ထန်သေးဂေ့ဟှ။ ပစ်ပယ်ဂေ့ဟှ။ နန်းနို့ဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်မျိုး၊ ခရစ်တော်ယေရှုမျိုး ငါ့ဟှို လတ်ခံဂေ့ဟှယ်။
GAL 4:15 အယ်ခီဒူးဟှ နန်းနို့ဟှာ မင်္ဂလာရှိဘီး ပျော်ဂေ့ဟှယ်! ခု ဖြားမျိုးဖြစ်ဟှားဂေ့နူး။ အယ်ခီဒူးဟှ နန်းနို့ဟှာ ဖြစ်နိုင်မယ် ဆိုဟှာ၊ နန်းနို့ရဲ့ မျစ်စိလေထုဘီးဟှာ ငါ့ဟှို ပေးဟှို့ရမယ် ဆိုဟှာ ပေးရှင်ဂေ့ဟှယ် ဆိုဘီး ငါကိုယ်တိုင် သတ်သေခံဟှယ်။
GAL 4:16 ခု ငါဟှာ နန်းနို့ဟှို သမ္မာတရားပြောဟှူကြောန့် နန်းနို့ရဲ့ ရန်သူဖြစ်ဟှားဘီလော။
GAL 4:17 ငါ့ဟှို ဆန့်ကျင်ဟှူ လူလေဟှာ နန်းနို့ဟှို ရရာတိုင်း စိဝမ်စားနေဟှယ်။ အယ်ဘေမဲ့ ကောန်းဟှူစိဝမ်စားဇာမှုဟှ။ နန်းနို့ရဲ့ စိဝမ်စားဇာဟှို ရယူဘီး နန်းနို့ဟှို ငါ့န ဆစ်ဖြတ်စေရှင်ကြောန့် ဖြစ်ဟှယ်။
GAL 4:18 ကောန်းဟှူ ရည်ရွယ်ချစ်ရှိမယ် ဆိုဟှာ အယ်မျိုး စိဝမ်စားဇာဟှာ ကောန်းဟှယ်။ အယ်ဘေမဲ့ ငါဟှာ နန်းနို့နတူးဒူရှိနေဟှူ ခီမာဘဲ့ စိဝမ်စားဇာမှုဘဲ မြဲဒမ်း စိဝမ်စားဇာ ဖြစ်ရမယ်။
GAL 4:19 ငါ့ရဲ့ ချစ်သားမီးလေ! ခရစ်တော်ရဲ့ စိနေသဘောထားမျိုး နန်းနို့မရမရှင်း ငါဟှာ မွီးခါနီး နာကျင်မှု ခံစားနေရဟှူ မိခင်မျိုးဘဲ့ နော့‑က်တခါ နာကျင်မှုဟှို ခံစားနေရဟှယ်။
GAL 4:20 နန်းနို့ဟှို နူးညံ့ဟှူ စကားပြောဟှို့ ငါဟှာ ခုဘဲ့ နန်းနို့နတူးဒူ ရှိရှင်ဟှယ်။ ငါဟှာ နန်းနို့တွပ် ရရာတိုင်း စိုးရိမ်နေဟှယ်။
GAL 4:21 ပညတ်တရားအော့‑က်မာ နေရှင်ဟှူလူလေဟှို မေးရအူးမယ်။ နန်းနို့ဟှာ ပညတ်တော်ဟှ ပြောဟှားဇာလေဟှို ကြားဂေ့ဟှလော။
GAL 4:22 ကျမ်းစာမာပြောဟှားဇာဟှ အာဗြဟံမာ သားနှေ့ယော့‑က်ရှိဘီး တယော့‑က်ဟှ ကျွန်မီးမနရဟှူသား၊ တခြားတယော့‑က်ဟှ ကျွန်မှုဘဲဟှူ မီးမနရဟှူသားဖြစ်ဟှယ်။
GAL 4:23 ကျွန်မီးမနရဟှူသားဟှာ ဇာတိအားဖြင့် မွီးလာဘီး ကျွန်မှုဘဲဟှူ မီးမ နရဟှူသားဟှ ဘုရားသခင်ရဲ့ ဂဒိတော်အားဖြင့် မွီးလာဟှူသားဖြစ်ဟှယ်။
GAL 4:24 အယ်မူဇာလေဟှို ဥပမာန နားလည်အောန် ပြောပြဟှားဇာဟှ အယ်မီးမနှေ့ယော့‑က်ဟှာ ပဋိညာဉ်တရား နှေ့မျိုးဖြစ်ဟှယ်။ ဟာဂရဖြစ်ဟှူ မီးမတယော့‑က်ဟှ မွီးလာဟှူသားမီးလေဟှာ ကျွန်ဖြစ်ဂေ့ဟှယ်။ ဟာဂရဟှာ သိနတောန်မာ ပြုဟှူပဋိညာဉ်တရားဟှို ကိုယ်စားပြုဟှယ်။
GAL 4:25 ဟာဂရဟှာ အာရေဗျပြည်မာရှိဟှူ သိနတောန်ဟှို ကိုယ်စားပြုဘီး ခုကျွန်ခံနေရဟှူ ယေရုရှလင်ဗြို့န ဗြို့သူဗြို့သားလေဟှို ကိုယ်စားပြုဟှယ်။
GAL 4:26 အယ်ဘေမဲ့ ကောန်းဂန်ဘောင်ဟှ ယေရုရှလင်ဗြို့ဟှာ လွတ်လပ်ဘီး၊ အယ်မီးမှာ နို့လေရဲ့ မိခင်ဖြစ် ဟှယ်။
GAL 4:27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှ “မ္လုံနေဟှူမီးမ၊ ဝန်းသာဂေ့! သားမွီးဟှူ နာကျင်မှုဟှို လောင်းဝ မခံစားဖူးဘဲဟှူမီးမ ဝန်းသာအားရ အော်ဟစ်ဂေ့! ဖြားဖြစ်ကြောန့်နူးဆိုဟှာ လန်ထားရစ်ဟှူ မီးမဟှာ လန်ရှိဟှူ မီးမထတ် ပိုဘီး သားမီးလေဟှို မွီးလေ့မယ်” ဆိုဘီး ပြောဟှားဟှယ်။
GAL 4:28 ယောင်ကြည်သူလေ နန်းနို့ဟှာ ဣဇာက်မျိုးဘဲ့ ဘုရားသခင်ရဲ့ ဂဒိတော်နဆိုင်ဟှူ သားမီးလေဖြစ်ဟှယ်။
GAL 4:29 အယ်ခီဒူးဟှ ဇာတိအားဖြင့် မွီးဟှူသားဟှာ ဝိညာဉ်တော်အားဖြင့် မွီးဟှူသားဟှို နိုင်ကျင့်ဘီး ခုလည်း အယ်မျိုးဘဲ့ဖြစ်ဟှယ်။
GAL 4:30 အယ်ဘေမဲ့ ကျမ်းစာဟှ ဖြားမျိုးပြောဟှားနူး။ ကျမ်းစာမာ ပြောဟှားဇာဟှ “ကျွန်မီးမန သူ့ရဲ့သားဟှို နှံထုလိုက်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျွန်မရဲ့သားဟှာ လွတ်လပ်ဟှူ မီးမရဲ့သားနတူးဒူ မွီခံရဟှ။”
GAL 4:31 အယ်ကြောန့် ယောင်ကြည်သူလေ နို့လေဟှာ ကျွန်မီးမရဲ့ သားလေမှုဟှ။ ကျွန်မှုဘဲဟှမီးမရဲ့ သားလေဖြစ်ဟှယ်။
GAL 5:1 ခရစ်တော်ဟှာ နို့လေဟှို ကျွန်ဘဝဟှနေ လွတ်မြော့‑က်စေဟှူ လွတ်လပ်မှုဟှာ နို့လေမာရှိဟှယ်! အယ်ကြောန့် လွတ်လပ်ဟှူသူလေမျိုး မားမားမတ်မတ်ရပ်ဂေ့ဘီး ကျွန်ခံဟှူ ထမ်းဘိုးဟှို နော့‑က်တခါ ထမ်းဂေ့န။
GAL 5:2 နားထောန်ဂေ့ပါ! ငါပေါလု ပြောမယ် နန်းနို့ဟှာ ရေဖျားလှီးဇာဟှိုခံမယ် ဆိုဟှာ ခရစ်တော်အားဖြင့် ဖြားကျိုးလည်းရဂေ့မှုဟှ။
GAL 5:3 ရေဖျားလှီးဇာဟှို ခံဟှူလူလေဟှာ ပညတ်တရား ဂူလောင်းဟှို လိုက်ရှော့‑က်ရမယ် ဆိုဇာဟှို ခုထပ်ဘီး ဒိပေးဟှို့တွပ် ငါ့မာ တာဝန်ရှိဟှယ်။
GAL 5:4 ပညတ်တရားအားဖြင့် ဖြောန့်မတ်ရာဟှို ရော့‑က်ဟှူနန်းနို့ဟှာ ခရစ်တော်ဟှနေ ကွာဟှားဘီ။ နန်းနို့ဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတရား လတ်အော့‑က်မာမှေ့ဘီ။
GAL 5:5 နို့လေဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်တဂိုးဟှို အမှီပြုဘီး ယောင်ကြည်မှုအားဖြင့် ဖြောန့်မတ်ရာဟှို ရော့‑က်လေ့မယ် ဆိုဇာဟှို မျှော်လင့်နေဂေ့ဟှယ်။
GAL 5:6 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ယေရှုထဲမာ ရေဖျားလှီးဇာလည်း ရေးကီးဟှ။ ရေဖျားလှီးဘဲလည်း ရေးကီးဟှ။ ရေးကီးဇာဟှာ မြစ်တာတရားဟှို ဖော်ပြနိုင်ဟှူ ယောင်ကြည်မှုဘဲ့ဖြစ်ဟှယ်။
GAL 5:7 နန်းနို့ဟှာ ပ္လေးပြိုင်ပွဲမာ ကောန်းဆောင်းပ္လေးဂေ့ဟှယ်။ သမ္မာတရားဟှို ယောင်ကြည်ဘဲနေအောန် နန်းနို့ဟှို ဖယ်သူဟှ တားဆီးနူး။ အယ်သူဟှာ နန်းနို့ဟှို ဖယ်မျိုးသွီးဆောန်နူး။
GAL 5:8 အယ်မျိုးသွီးဆောန်ဇာဟှာ နန်းနို့ဟှို ခေါ်တော်မူဟှူ ဘုရားသခင်နားဟှနေ လာဇာမှုဟှ။
GAL 5:9 “တဆေးနဲနဲဟှာ မုညစ်တဗောင်းလောင်းဟှို ဖောန်းပွစေတတ်ဟှယ်” ဆိုဘီး ဆိုရိုးစကားရှိဟှယ်။
GAL 5:10 အယ်ဘေမဲ့ နန်းနို့ဟှာ တခြားလူလေရဲ့ ကွဲလွဲဟှူယူဟှို လတ်ခံလေ့မယ် မှုဟှ ဆိုဇာဟှို ငါဟှာ ခုထိ ယောင်ကြည်စိခ္လမှု ရှိဟှယ်။ ငါ့န နန်းနို့ဟှာ သခင်ဘုရားနှိုက် ရှိနေကြောန့် နန်းနို့ဟှာ ကွဲလွဲဟှူအယူဟှို လတ်ခံဂေ့လေ့မယ် မှုဟှ ဆိုဇာဟှို ငါယောင်ကြည်စိခ္လဘီး နန်းနို့ဟှို နှော့‑က်ယှစ်ဟှူ ဖယ်လူဘဲ့ဖြစ်ဖြစ် ဘုရားသခင်ရဲ့ ပြစ်ဒန်ပေးဇာဟှို ခံရလေ့မယ်။
GAL 5:11 ယောင်ကြည်သူလေ၊ ငါဟှာ ရေဖျားလှီးရှင်းတရားဟှို ဟောပြောနေသေးဟှယ် ဆိုဟှာ ဖြားဖြစ်ကြောန့် ညှဉ်းဆဲဇာဟှို ခံနေရသေးနူး။ တကယ်ကြောန့် အယ်မျိုးဟောပြောဇာ မှန်ဟှယ် ဆိုဟှာ ခရစ်တော်ရဲ့ လတ်ဝါးကပ်တိုင်ကြောန်းဟှို ငါဟောပြောဇာဟှာ ထိမိဘီး လဲဇာမှေ့ဟှ။
GAL 5:12 နန်းနို့ဟှို နှော့‑က်ယှစ်ဟှူ လူလေဟှာ ရေဖျားလှီးဇာဟှို ခံယူရောင်မျှမကဘဲ သူးနို့ကိုယ်တိုင် သင်းလိုက်ဇာဟှို ငါလိုရှင်ဟှယ်။
GAL 5:13 ယောင်ကြည်သူလေ၊ လွတ်လပ်မှုရစေဟှို့ ဘုရားသခင်ဟှာ နန်းနို့ဟှို ခေါ်ဟှားဇာဖြစ်ဟှယ်။ အယ်ဘေမဲ့ အယ်လွတ်လပ်မှုဟှို ကြောန်းပြဘီး လူ့ဇာတိလိုဟှို ခွမ့်ပေးဂေ့န။ နန်းနို့ဟှာ ရှင်းရှင်းရှစ်ဘီး စေခံဂေ့ပါ။
GAL 5:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုးဘဲ့ ရှစ်ဂေ့ပါ” ဆိုဘီး ပြောဟှားဟှူ ပညတ်ဟှာ ပညတ်တရား တခုလောင်းရဲ့ ချောက်ခြာ ဖြစ်ဟှယ်။
GAL 5:15 အယ်ဘေမဲ့ နန်းနိုဟှာ သားရဲလိဆန်လေ ရှင်းရှင်း ကိုက်သတ်ဂေ့မျိုး နန်းနို့ လောက်ဂေ့မယ် ဆိုဟှာ နန်းနို့ ရှင်းရှင်း ဖျစ်ဆီးရာ ရော့‑က်လေ့မယ် ဆိုဇာဟှို ဒိထားဂေ့ပါ။
GAL 5:16 ငါပြောမယ်။ ဝိညာဉ်တော် ညွှန်ကြားလိုက်တိုင်းဘဲ့ လိုက်ရှော့‑က်ဂေ့ပါ။ လူ့ဇာတိလိုဟှို လိုက်ဂေ့န။
GAL 5:17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူ့ဇာတိလိုဟှာ ဝိညာဉ်တော်လိုန ဆန့်ကျင်နေဘီး ဝိညာဉ်တော် လိုဟှာလည်း လူ့ဇာတိလိုန ဆန့်ကျင်နေဟှူ ကြောန့်ဖြစ်ဟှယ်။ လူ့ဇာတိလိုန ဝိညာဉ်တော်လိုဟှာ ရန်သူလေဖြစ်ကြောန့် နန်းနို့ဟှာ နန်းနို့လောက်ရှင်မျိုး လောက်နိုင်ဂေ့ဟှ။
GAL 5:18 အယ်ဘေမဲ့ ဝိညာဉ်တော်ဟှာ နန်းနို့ဟှို ဦးဆောန် လမ်းပြမယ် ဆိုဟှာ နန်းနို့ဟှာ ပညတ်တရား အော့‑က်မာ ရှိဟှို့မှုဘီ။
GAL 5:19 လူ့ဇာတိန ဆိုင်ဟှူ ပြုမူလေဟှာ သိသာထန်ရှားဟှယ်။ အယ်ပြုမူလေဟှ တရားဘဲဟှူ မေထုန်ပြုဇာ၊ ညစ်ညူးဇာ၊ ကိလေသာ လွန်ကျူးဇာ၊
GAL 5:20 ရောက်ထုလေ ကိုးကွယ်ဇာ၊ စုန်းပညာန ပြုစားဇာဖြစ်ဟှယ်။ လူလေဟှာ ရန်သူလေ ဖြစ်လာဘီး ရန်ဖြစ်ဇာ၊ နာလိုဇာလေဖြစ်လာဘီး ဒေါသထွပ်ဇာ၊ ဂေါင်ပြိုင်ဇာလေ ဖြစ်လာဟှယ်။ သူးနို့ဟှာ သင်းကွဲဇာ၊ ဂိုဏ်းကွဲဇာ၊
GAL 5:21 ငြူစူဇာ၊ ယစ်မောဇာ၊ သော့‑က်စားပျော်ပါးဇာလေ ဖြစ်ဟှယ်။ အယ်ပြုမူမျိုး လောက်ဟှူ လူလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ရဟှို့မှုဟှ ဆိုဇာဟှို ရင်းရင်ဒူးဟှ ငါဒိပေးဟှားတိုင်း ခုလည်း ငါဒိပေးဟှယ်။
GAL 5:22 ဝိညာဉ်တော်ရဲ့ ကျိုးကျေးဇူးလေဟှ ရှစ်ဟှူဇာ၊ ဝန်းသာဇာ၊ ငြီသတ်ဇာ၊ စိရှယ်ဇာ၊ သနားဇာ၊ ကောန်းမြတ်ဇာ၊ သစ်စာစောန့်ဇာ၊
GAL 5:23 နူးညံ့ဇာ၊ ကိုယ့်ကိုယ်ကိုယ် ထီးချောက်ဇာလေ ဖြစ်ဟှယ်။ အယ်မူဇာလေဟှို ဆန့်ကျင်ဟှူတရား မှေ့ဟှ။
GAL 5:24 ခရစ်တော်ယေရှုဟှို ပိုင်ဆိုင်ဟှူ လူလေဟှာ လူ့ဇာတိစိန ဖြစ်ရှင်ဟှူ ဆန္ဒလေဟှို လတ်ဝါးကပ်တိုင်ထတ်မာ သတ်လိုက်ဂေ့ဘီ။
GAL 5:25 ဝိညာဉ်တော်ဟှာ နို့လေဟှို သတ်ရှင်စေဘီး ဝိညာဉ်တော်ရဲ့ လမ်းပြဟှူမျိုးဘဲ့ လိုက်ရှော့‑က်ရမယ်။
GAL 5:26 နို့လေဟှာ မာန်မာနလေ၊ မျစ်ထွပ်ဇာလေန နာလိုဘဲဇာလေဟှို ရှောန်ရမယ်။
GAL 6:1 ယောင်ကြည်သူလေ၊ ယော့‑က်ယော့‑က်ဟှ ကောန်းဘဲဟှူ မှုတခုခု ကျူးလွန်နေဇာဟှို နန်းနို့တွိလိုက်ဟှယ် ဆိုဟှာ ဝိညာဉ်တော်အားဖြင့် သတ်ရှင်ဟှူ နန်းနို့ဟှာ နူးညံ့မှုန အယ်လူလေဟှို ပြုပြင်ပေးရမယ်။ အယ်ဘီးဟှာ နန်းနို့ကိုယ်တိုင်လည်း သွီးဆောန်ဇာနော့‑က်ဟှို ပါဘဲ့ဟှို့တွပ် ဒိထားဂေ့ပါ။
GAL 6:2 ရှင်းရှင်းရဲ့ ဝန်ထောက်လေဟှို ကူညီပေးဂေ့ပါ။ အယ်မျိုးလောက်ရှင်းဟှာ နန်းနို့ဟှာ ခရစ်တော်ရဲ့ ပညတ်တော်ဟှို ပ္လဲ့ဇောင်စေလေ့မယ်။
GAL 6:3 ယော့‑က်ယော့‑က်ဟှ ဖြားလည်းမှုဘဲန ကိုယ့်ကိုယ်ကိုယ် ရေးပါရာရော့‑က်ဟှယ် ဆိုဘီး ထန်မှတ်မယ် ဆိုဟှာ သူဟှာ ကိုယ့်ကိုယ်ကိုယ် လှည့်ဇားဟှူ လူဖြစ်ဟှယ်။
GAL 6:4 နန်းနို့လေယော့‑က်တိုင်းဟှာ ကိုယ့်ရဲ့ ပြုမူလေဟှို စစ်ဆေးရမယ်။ အယ်မျိုးဆိုဟှာ သူများဟှိုမှုဘဲ ကိုယ့်ရဲ့ ပြုမူဟှာ ကောန်းဟှယ် ဆိုဘီး နန်းနို့ဟှာ ဂေါင်ယူဝါကြွားနိုင်လေ့မယ်။
GAL 6:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ယော့‑က်တိုင်းဟှာ နန်းနို့ရဲ့ ဝန်ဟှို လောက်ဆောန်ရဟှို့ ဖြစ်ဟှယ်။
GAL 6:6 နန်းနို့ဟှာ တရားတော်ဟှို သန်ယူဟှူ လူလေဖြစ်ဟှယ် ဆိုဟှာ သန်ပေးဟှူ ဆရာဟှို ကောန်းဟှူ ရာရှိမျှဟှို ဝီမျှရမယ်။
GAL 6:7 လွဲယူဂေ့န။ ဘုရားသခင်ဟှာ ထီမဲ့မြင်ပြုဇာဟှို ခံတော်မူဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူဟှာ မျိုးစေ့ကြဲဟှူတိုင်း သီးနှံဟှို ရိရလေ့မယ်။
GAL 6:8 နန်းနို့ဟှာ လူ့ဇာတိမ္လေမာ မျိုးစေ့ကြဲမယ် ဆိုဟှာ ပေါက်ပျစ်ဟှူ သီးနှံဟှို ရိသီးရဘီးဟှာ ဝိညာဉ်တော်မ္လေမာ မျိုးစေ့ကြဲမယ် ဆိုဟှာ ထာဝရသတ်ရှင်ဟှူ သီးနှံဟှို ရိသီးရလေ့မယ်။
GAL 6:9 အယ်မျိုးလောက်မယ် ဆိုဟှာ နို့လေဟှာ အားငယ်စိပျစ်ဘဲ ကောန်းဟှူ လောက်ဆောန်မှုဟှို လောက်ဆောန်မယ် ဆိုဟှာ နို့လေဟှာ သီးနှံရိဟှို့ခီရော့‑က်လာခီမာ သီးနှံဟှို ရိသီးရလေ့မယ်။
GAL 6:10 အယ်ဘီဟှာ နို့လေဟှာ ခွမ့်ရေးရတိုင်း လူတိုင်းရဲ့ကောန်းကျိုးဟှို လောက်ဆောန်ဘီး ထူးအားဖြင့် ယောင်ကြည်သူဖြစ်ဟှူ မိသားစုဝမ်လေရဲ့ ကောန်းကျိုးဟှို လောက်ဆောန်ရမယ်။
GAL 6:11 ခု ဖယ်မျှကီးဟှူ စာလောင်းလေန နန်းနို့နားဟှို ငါ့လတ်န ရေးလိုက်ဇာဟှို နန်းနို့ကေ့ဂေ့။
GAL 6:12 နန်းနို့ဟှို ရေဖျားလှီးဇာခံဟှို့ တင်းတိုက်တွန်းဟှူ လူလေဟှာ ပြင်ပလတ်ခဏာလေဟှို ဝါကြွားရှင်ကြောန့် ဖြစ်ဟှယ်။ သူးနို့လေ အယ်မျိုးလောက်ဇာဟှာ ခရစ်တော်ရဲ့ လတ်ဝါးကပ်တိုင် တရားတော်ကြောန့် ညှဉ်းဆဲနှိစစ်ဇာဟှို ခံရှင်ဘဲကြောန့်ဖြစ်ဟှယ်။
GAL 6:13 ရေဖျားလှီးဟှားဟှူ လူလေဟှာ ပညတ်တရားဟှို သူးနို့ကိုယ်တိုင်လည်း လိုက်ရှော့‑က်ဂေ့ဟှ။ ရေဖျားလှီးဟှားဟှူ လူလေဟှာ ပြင်ပလက်ခဏာလေဟှို ဝါကြွားရှင်ကြောန့် နန်းနို့ဟှို ရေဖျားလှီးခံစေရှင်ဇာဖြစ်ဟှယ်။
GAL 6:14 ငါဟှာ သခင်ယေရှုခရစ်တော်ရဲ့ လတ်ဝါးကပ်တိုင်တော်ကြောန်း တခုဘဲ့ ဝါကြွားရလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ရဲ့ လတ်ဝါးကပ်တိုင်တော်မာ အယ်လောကဟှာ ငါ့တွပ်သေဟှားဘီ ငါဟှာလည်း အယ်လောကတွပ် သေခံဘီ။
GAL 6:15 အယ်ကြောန့် ရေဖျားလှီးလည်း ဖြားကျိုးလည်း မှေ့ဟှ။ ရေဖျားလှီးဘဲဇာလည်း ဖြားကျိုးလည်း မှေ့ဟှ။ သတ္တဝါသစ် ဖြစ်ဇာဘဲ့ကျိုး ရှိဟှယ်။
GAL 6:16 အယ်နည်းတိုင်း လိုက်ရှော့‑က် သတ်ရှင်ဟှူ လူလေန ဘုရားသခင်ရဲ့ လူမျိုးထတ်ဟှို ငြီသတ်မှုန ကရုဏာတော်ဟှာ သက်ရောက်ပါစေ!
GAL 6:17 နိဂေါင်းချောက်ရမယ် ဆိုဟှာ ငါ့ဟှို ဖယ်လူလည်း နော့‑က်ထပ် နှော့‑က်ယှစ်ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ကိုယ်မာရှိဟှူ ဒန်ရာလေဟှာ သခင်ယေရှုခရစ်တော်ရဲ့ ကျွန်ဖြစ်ဟှယ် ဆိုဇာဟှို ပြနေဇာဖြစ်ဟှယ်။
GAL 6:18 ယောင်ကြည်သူလေ၊ နို့လေသခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့ ဝိညာဉ်နတူးဒူ ရှိပါစေ။ အာမင်။
EPH 1:1 ဘုရားသခင်ရဲ့ လိုတော်အားဖြင့် ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်ဟှူ ငါပေါလုဟှာ —
EPH 1:2 နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န ယေရှုခရစ်တော်နားဟှနေ ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့လေဟှာ ခံစားရပါစေ။
EPH 1:3 နို့လေဟှာ သခင်ယေရှုခရစ်တော်ရဲ့ဖ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ဇို့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ကောန်းဂန်လောကနဆိုင်ဟှူ ဝိညာဉ်ကောန်းဂျီးမင်္ဂလာလေဟှို ယေရှုခရစ်တော်အားဖြင့် တလောင်းတဝဒဲ ဖြစ်ဟှူ နို့လေဟှို ပေးသနားဟှားကြောန့် ဖြစ်ဟှယ်။
EPH 1:4 နို့လေဟှာ ခရစ်တော်န တလောင်းတဝဒဲ ဖြစ်ဟှူကြောန့် ရှေ့တော်မာ သန့်ရှင်းဘီး ပြစ်တန်ဇာမှေ့ဘဲန လွတ်ကင်းဟှူ လူလေ ဖြစ်ဂေ့ဟှို့တွပ် အယ်ကမ္ဘာလောက မှေ့ခန်ဒူးဟှ နို့လေဟှို ဘုရားသခင်ဟှာ ဝီးကော့‑က်ဟှားဇာ ဖြစ်ဟှယ်။ ကိုယ်တော့် မြစ်တာကြောန့်
EPH 1:5 ဘုရားသခင်ဟှသူ့ရဲ့ သားမီးလေ ဖြစ်စေဟှို့တွပ် ယေရှုခရစ်တော်အားဖြင့် ကြိုတန်ဘီး သတ်မှတ်ဟှားရှင်း ဖြစ်ဟှယ် — အယ်မူဇာဟှာ ကိုယ်တော်ရဲ့ လိုတော်န ကြံစည်တော်လေဘဲ့ ဖြစ်ဟှယ်။
EPH 1:6 ကိုယ်တော်ဟှာ ရရာတိုင်း ရှစ်ဟှူ သားတော်အားဖြင့် နို့လေဟှို လတ်ဆောန်ပေးဟှူ ဖောင်းသရေတော်န ပ္လဲ့ဇောင်ဟှူ ကျေးဇူးတော်တွပ် နို့လေဟှာ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဇို့။
EPH 1:7 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ ကြွယ်ဝဟှူကြောန့် နို့လေဟှာ ခရစ်တော်ရဲ့ သွီးတော်အားဖြင့် ဝီးကော့‑က်ရှင်းဖြစ်ဟှူ လွန်ကျူးဟှူပြစ်လေ ခွမ့်လွှတ်ရှင်းကျေးဇူးဟှို အယ်သားတော်အားဖြင့် ရရှိဂေ့ဟှယ်။
EPH 1:8 ဘုရားသခင်ဟှာ အယ်ကျေးဇူးတော်ဟှို နို့လေမာ ကြွယ်ဝပ္လဲ့ဇောင်စေဘီး ဂူလောင်းဟှို သိဟှူ ဉာဏ်ပညာနရော၊ သိပညာလေနရော၊
EPH 1:9 သူ့ရဲ့ရည်ရွယ်ချစ်တိုင်း လောက်လိုက်ဟှယ်။ ခရစ်တော်ကြောန့် နတ်နဲဟှူ ကြံစည်လေဟှို နို့လေဟှို သိစေဟှယ်။
EPH 1:10 အယ်မျိုးကြံစည်လေဟှာ ခီက္လလာဟှူ ခီမာ ကောန်းဂန်ဘောင်မာရှိဟှူ ဇာလေရော၊ မ္လေဂီးထတ်မာရှိဟှူ ဇာလေရော ဂူလောင်းဟှို ခရစ်တော်အော့‑က်မာ ပေါန်းစည်းဟှို့တွပ် စီမံဘီးဟှာ ခွဲခန့်ဟှားဇာ ဖြစ်ဟှယ်။
EPH 1:11 ရှိမျှဂူလောင်းဟှို ဘုရားသခင်ရဲ့ ကြံစည်န ဆောင်းဖြတ်ဟှားတိုင်း ဖြစ်လာရဟှယ်။ ဘုရားသခင်ဟှာ သူ့ရဲ့လိုတော်ကြောန့် ရှေးရှေးဒူးဟှနေ စီရင်ဘီး ဆောင်းဖြတ်ဟှားဟှူတိုင်း နို့လေဟှို ခရစ်တော်န တလောင်းတဝဒဲ ဖြစ်စေဘီးဟှာ သူ့ရဲ့ လူမျိုးတော်ဖြစ်န ဝီးကော့‑က်ဟှားဇာ ဖြစ်ဟှယ်။
EPH 1:12 အယ်ကြောန့် ခရစ်တော်ဟှို ဦးဆောင်းပထမ မျှော်လင့်ဟှူနို့လေဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ချီးမွမ်းဂေ့ဇို့။
EPH 1:13 နန်းနို့လေဟှာ ကယ်တန်ရှင်းနဆိုင်ဟှူ ဒန်းကောန်းဖြစ်ဟှူ သမ္မာတရားဟှို ကြားရဟှူ ခီမာ ဘုရားသခင်ရဲ့ လူမျိုးလေ ဖြစ်လာဂေ့ဟှယ်။ နန်းနို့ဟှာ ခရစ်တော်ဟှို ယောင်ကြည်ဘီး ဘုရားသခင်ဟှာ သူ့ရဲ့ ဂဒိထားဟှားတိုင်း သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပေးဇာအားဖြင့် နန်းနို့ဟှို သူပိုင်ဟှူကြောန့် ဇိခတ်ဇာဟှို ခံရဂေ့ဟှယ်။
EPH 1:14 ဝိညာဉ်တော်ဟှာ ဘုရားသခင်ရဲ့ လူမျိုးတော်ဟှို ဂဒိထားဟှားတိုင်း နို့လေဟှား ခံစားရမယ်ဖြစ်ကြောန်း အာမခံချစ်ဖြစ်ဟှယ်။ အယ်ကြောန့် ဘုရားသခင်ဟှာ သူပိုင်ဟှူလူလေဟှို လွတ်မြော့‑က်စေမယ် ဖြစ်ဟှူကြောန့် နို့လေဟှာ ယောင်ကြည်စိခ္လနိုင်ဟှယ်။ နို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ချီးမွမ်းဂေ့ဇို့။
EPH 1:15 အယ်ကြောန့် နန်းနို့ဟှာ သခင်ယေရှုဟှို ယောင်ကြည်ဘီး သန့်ရှင်းသူလေဟှို ရှစ်ဟှူကြောန်းဟှို ကြားရဟှူခီဟှစဘီး၊
EPH 1:16 ငါဟှာ နန်းနို့ကြောန့်မြဲဒမ်း ကျေးဇူးတော်ဟှို ချီးမွမ်ဟှယ်။ နန်းနို့တွပ်လည်း ဆုတောန်းပေးနေဟှယ်။
EPH 1:17 နို့လေရဲ့ သခင်ယေရှုခရစ်တော်ရဲ့ ဘုရားသခင်ဖြစ်ဟှူ ဖောင်းသရေတော်န ပ္လဲ့ဇောင်ဟှူဖဟှာ သူ့ဟှိုသိဟှို့တွပ် ဉာဏ်ပညာဟှို ပေးဘီး ဗျာဒိတ်တော်နဆိုင်ဟှူ ဝိညာဉ်ဟှို နန်းနို့ဟှို ပေးဟှို့ကြောန်းန၊
EPH 1:18 ဘုရားသခင်ဟှာ နန်းနို့ရဲ့ စိနှလောင်းမျစ်စိဟှို ဖွမ့်ဟှို့တွပ်န ခေါ်ဟှားဟှူဇာနဆိုင်ဟှူ မျှော်လင့်ဇာဟှာ ဖယ်မျိုးဇာဖြစ်ဟှယ် ဆိုဇာရော၊ သန့်ရှင်းဟှူသူလေဟှ ခံရဟှူမွီဟှာ ဖောင်းသရေတော်န ဖယ်မျှလော့‑က် ကြွယ်ဝဟှူဇာရော၊
EPH 1:19 ကိုယ်တော်ရဲ့ စွမ်းသတ္တိန ပ္လဲ့ဇောင်ဟှူ တဂိုးရှီဝါရဲ့ လောက်ဆောန်ဇာအားဖြင့် ယောင်ကြည်ဟှူ နို့လေထတ်ဟှို ရော့‑က်လာဟှူတဂိုးဟှာ ဖယ်မျှလော့‑က်ထူးခြားဘီး ရရာတိုင်း ကီးဟှယ် ဆိုဇာဟှိုရော နန်းနို့လေဟှာ သိဟှို့တွပ် ငါဆုတောန်းဟှယ်။
EPH 1:20 ခရစ်တော်ဟှို သေရာဟှနေ ပ္လန်ရှင်စေဘီး ကောန်းဂန်ဘောင်မာ သူ့ရဲ့ ညာဖတ်မာ ထိုင်နေဟှူခီဒူးဟှ ဘုရားသခင်ဟှ သောင်းပြုလိုက်ဟှူ တဂိုးတော်ဘဲ့ ဖြစ်ဟှယ်။
EPH 1:21 အယ်ကောန်းဂန်ဘောင်မာ ခရစ်တော်ဟှာ ကောန်းဂန်လောကဟှို အောက်စိုးဟှူသူလေ၊ အာဏာပိုင်လေ၊ တဂိုးလေန သခင်ဂူလောင်းရဲ့ ဘွဲ့နာမလေထတ်မာ အောက်စိုးဘီး ကိုယ်တော်ရဲ့ နာမတော်ဟှာ ဗြင်နေရဟှူလောကန နာဂတ်လောကမာ ခေါ်နေဟှူဘွဲ့နာမ ဂူလောင်းထတ် ကီးမြတ်ဟှယ်။
EPH 1:22 ဘုရားသခင်ဟှာ ရှိမျှဂူလောင်းဟှိုလည်း ခရစ်တော်ရဲ့ ခေဖွားအော့‑က်မာ ခ္လဟှားဘီးဟှာ ကိုယ်တော့်ဟှို ရှိမျှဂူလောင်းရဲ့ထတ်မာ ဦးခေါန်းဖြစ်စေဘီး သင်းတော်ဟှို ပေးဟှယ်။
EPH 1:23 အယ်သင်းတော်ဟှာ ရှိမျှဂူလောင်းဟှို ပ္လဲ့ဝစောင်လင်စေဟှူ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာ ဖြစ်ဟှယ်။
EPH 2:1 တခီဒူးဟှ နန်းနို့ဟှာ နာခံဘဲဇာလေန ပြစ်လေကြောန့် ဝိညာဉ်ရေးမာ သေနေဂေ့ဟှယ်။
EPH 2:2 လောကရဲ့ ပြစ်လမ်းစဉ်တိုင်း သတ်ရှင်ဂေ့ဟှယ်။ အာကာသမာရှိဟှူ ဝိညာဉ်တဂိုးလေဟှို အောက်စိုးဟှူမန်းဟှို နာခံဟှူလူလေ ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့မိန့်ဟှို နာခံဘဲဟှူလူလေဟှာ ခုခီမာ အယ်သူရဲ့ အောက်ချောက်ဇာဟှို ခံနေရဂေ့ဟှယ်။
EPH 2:3 နို့လေအားလောင်းဟှလည်း တခီဒူးဟှ အယ်လူလေထဲမာ ပါဘီးဟှာ ကိုယ့်ရဲ့ ဇာတိသွီးသား တတ်မတ်မှုထဲမာ သတ်ရှင်လာဘီး၊ ကိုယ်ကာယန စိနှလောင်းရဲ့လိုတိုင်း လောက်ဂေ့ဘီး တခြားလူလေမျိုးဘဲ့ ဘုရားသခင်ရဲ့ ဆောင်းမဇာဟှို ခံရဟှူလူလေ ဖြစ်ဂေ့ဟှယ်။
EPH 2:4 အယ်ဘေမဲ့ ကရုဏာတော်န ရရာတိုင်း ကြွယ်ဝဟှူ ဘုရားသခင်ဟှာ နို့လေဟှိုရှစ်ဘီး ရရာတိုင်းကီးမားဟှူ မြစ်တာတော်ကြောန့်၊
EPH 2:5 လွန်ကျူးဟှူပြစ်လေမာ သေနေဟှူနို့လေဟှို ခရစ်တော်နတူးဒူ သတ်ရှင်စေဟှယ်။ နန်းနို့ဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောန့် ကယ်တန်ဇာဟှို ခံရဂေ့ဟှယ်။
EPH 2:6 အယ်ကြောန့် ခရစ်တော်ယေရှုအားဖြင့် နို့လေဟှို ကိုယ်တော်နတူးဒူ ထမြော့‑က်ခိုင်းဘီးဟှာ ထတ်ဟှ ကောန်းဂန်ဘောင်မာ ကိုယ်တော်နတူးဒူ ထိုင်ခိုင်းဟှယ်။
EPH 2:7 အယ်ဇာဟှာ ခရစ်တော်ယေရှုနှိုက် နို့လေဟှို ကရုဏာတော်န ကျေးဇူးပြုဟှူကြောန့် သူ့ရဲ့ ထူးခြားဟှူကျေးဇူးတော်ရဲ့ ကြွယ်ဝဟှူဇာလေဟှို နော့‑က်လာဟှို့ ကပ်ကာလလောကမာ မြဲဒမ်းပြဟှို့တွပ် ဖြစ်ဟှယ်။
EPH 2:8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှာ ကျေးဇူးတော်ကြောန့် ယောင်ကြည်ရှင်းအားဖြင့် ကယ်တန်ဇာဟှို ခံရဂေ့ဟှယ်။ အယ်မူဇာဟှာ နန်းနို့ကိုယ်တိုင်ကြောန့် မှုဟှ။ ဘုရားသခင် ပေးတော်မူဟှူ လတ်ဆောန်ဖြစ်ဟှယ်။
EPH 2:9 ကိုယ်လောက်ဟှူ မှုကြောန့် မှုဟှ။ အယ်ကြောန့် ဖယ်သူလည်း ဝါကြွားဇာကြောန်း မှေ့ဟှ။
EPH 2:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ကောန်းဟှူဇာလေဟှို လောက်ဟှို့တွပ် ခရစ်တော်ယေရှုနှိုက် ဖန်ဆင်းခံဟှားရဟှူ ဘုရားသခင်ရဲ့ လတ်ရာတော်လေ ဖြစ်ဂေ့ဟှယ်။ ကောန်းဟှူမှုလေမာ နို့လေဟှာ သတ်ရှင်ဂေ့ဟှို့တွပ် ဘုရားသခင်ဟှာ အယ်မှုလေဟှို ကြိုဘီးဟှာ ပြင်ဆင်ဟှားဟှယ်။
EPH 2:11 ဇာတိအားဖြင့် လူမျိုးခြားဖြစ်ဂေ့ဟှူ နန်းနို့ဟှို ရေဖျားလှီးဇာဟှို ခံဘဲဟှူသူလေ ဆိုဘီး ယုဒလူမျိုးလေဟှ ခေါ်ဂေ့ဟှယ်။ ယုဒလူမျိုးလေဟှ သူးနို့ကိုယ်သူးနို့ ရေးဖျားလှီးဇာဟှို ခံဟှူသူလေ ဆိုဘီး ခေါ်ဂေ့ဟှယ်။ ရေဖျားလှီးဇာ ဆိုဘီး ပြောဟှူဇာဟှာ ကိုယ်ကာယနဆိုင်ဟှူ မှုဖြစ်ဟှယ်။ ရင်းရင်ဒူးဟှ နန်းနို့ ခြေနေလေဟှို ဒိရဂေ့ပါ။
EPH 2:12 အယ်ခီဒူးဟှ နန်းနို့ဟှာ ခရစ်တော်န ဝီးနေဘီးဟှာ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ ဣသရေလလူမျိုး စာရင်းထဲမာလည်း ဝမ်ဟှ။ သူ့ရဲ့လူမျိုးဟှို ဘုရားသခင်ထားဟှားဟှူ ဂဒိတော်နဆိုင်ဟှူ ပဋိညာဉ်လေနလည်း ဆိုင်ဟှ၊ အယ်လောကမာ မျှော်လင့်ဇာမှေ့ဘဲ၊ ဘုရားတရားမှေ့ဘဲ ဖြစ်နေဂေ့ဟှယ်။
EPH 2:13 အယ်ခီမာ တခီဒူးဟှ ဝီးနေဟှူ နန်းနို့ဟှာ ခုခီမာ ခရစ်တော်ရဲ့ သွီးတော်အားဖြင့် ခရစ်တော်ယေရှုနှိုက် တလောင်းတဝဒဲဖြစ်ဘီး နီးဟှို ရော့‑က်ဟှားဂေ့ဟှယ်။
EPH 2:14 ခရစ်တော်ဟှာ ယုဒလူမျိုးလေန လူမျိုးခြားလေဟှို လူမျိုးတမျိုးဒဲ ဖြစ်စေဘီးဟှာ နို့လေဟှို ရန်ငြီးပေးဟှယ်။ ကိုယ်တော်ဟှာ သူ့ရဲ့ ကိုယ်ခန္ဓာအားဖြင့် နို့လေဟှို ရန်သူလေမျိုးခွဲဟှားဟှူ တံတိုင်းဟှို ဖြိုခ္လလိုက်ဟှယ်။
EPH 2:15 ကိုယ်တော်ဟှာ ဥပဒေစည်းမျဉ်းလေန ယုဒပညတ်တရားဟှို ပယ်လိုက်ဘီးဟှာ ယုဒလူမျိုးလေန လူမျိုးခြားလေဟှို သူ့ရဲ့ ကိုယ်ခန္ဓာအားဖြင့် တလောင်းတဝဒဲ ဖြစ်စေဘီး လူမျိုးသစ်ဖြစ်စေဘီး အယ်နည်းအားဖြင့် ရန်ငြီးမှုဟှို ဖြစ်စေဟှယ်။
EPH 2:16 ခရစ်တော်ဟှာ လတ်ဝါးကပ်တိုင်မာ သေခံဇာအားဖြင့် သူးနို့ရှင်းရှင်း ပ္လန်သင့်မြတ်စေဘီးဟှာ လတ်ဝါးကပ်တိုင်အားဖြင့် လူမျိုးနှေ့မျိုးဟှို ကိုယ်ခန္ဓာတခုဒဲ ဖြစ်စေဘီးဟှာ ဘုရားသခင်နားဟှို ပ္လန်ဘီးဟှာ ပို့ဆောန်ပေးလေဟှယ်။
EPH 2:17 အယ်ကြောန့် ဘုရားသခင်န ဝီးနေဟှူ လူမျိုးခြားလေန ဘုရားသခင်န နီးနေဟှူ ယုဒလူမျိုးလေနားဟှို ခရစ်တော်ဟှာ ကြွလာဘီးဟှာ ရန်ငြီးဇာနဆိုင်ဟှူ ဒန်းကောန်းဟှို ဟောပြောဟှယ်။
EPH 2:18 လူမျိုးခြားလေန ယုဒလူမျိုးဖြစ်ဂေ့ဟှူ နို့လေဟှာ ခရစ်တော်ကြောန့် တပါးဒဲဖြစ်ဟှူ ဝိညာဉ်တော်ဟှို အားကိုးဘီးဟှာ ဖဘုရားသခင်ရဲ့ ရှေ့ဟှို ဝမ်ခွမ့်ရဂေ့ဟှယ်။
EPH 2:19 အယ်ကြောန့် နန်းနို့ဟှာ လူမျိုးခြား မှုဟှ။ ဧည့်သည်လည်း မှုဟှ။ သန့်ရှင်းဟှူ လူလေရဲ့ မျိုးသားရှင်း ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ မိသားစုဝမ်လေလည်း ဖြစ်ဂေ့ဟှယ်။
EPH 2:20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တမန်တော်လေန ပရောဖက်လေအားဖြင့် တိုက်ထော့‑က် အုပြစ်ထတ်မာ နို့လေဟှာ တည်ဆော့‑က်ဟှားဟှယ်။ အယ်တိုက်ထော့‑က်အုပြစ်ဟှာ ခရစ်တော်ယေရှုကိုယ်တိုင်ဘဲ့ ဖြစ်ဟှယ်။
EPH 2:21 ကိုယ်တော်ဟှာ အယ်ဆော့‑က်ဦး တတိုက်လောင်းဟှို သေးသေချားချာဟှား ခိုင်ခံ့စေဘီး၊ ကီးထွားလာဘီးဟှာ သခင်ဘုရားတွပ် သန့်ရှင်းဟှူ ဗိမာန်တော်ဖြစ်ဟှယ်။
EPH 2:22 နန်းနို့ဟှလည်း ခရစ်တော်န တလောင်းတဝဒဲဖြစ်ဘီး တခြားလူလေနတူးဒူ တည်ဆော့‑က်ဇာဟှို ခံရဘီး ဝိညာဉ်တော်အားဖြင့် ဘုရားသခင် ကိန်းဝပ်ဟှူနေရာ ဖြစ်လာဂေ့ဟှယ်။
EPH 3:1 အယ်ကြောန်းကြောန့် ခရစ်တော်ယေရှုရဲ့ ကျဉ်းသားဖြစ်ဟှူ ငါပေါလုဟှာ လူမျိုးခြားဖြစ်ဟှူ နန်းနို့တွပ် ဘုရားသခင်ဟှို ဆုတောန်းဟှယ်။
EPH 3:2 ဘုရားသခင်ဟှာ သူ့ရဲ့ ကျေးဇူးတော်ကြောန့် နန်းနို့ကျိုးတွပ် အယ်မှုဟှို လောက်ဟှို့တွပ် ငါ့ဟှို အပ်ပေးဟှူကြောန်းဟှို နန်းနို့ဟှာ တကယ်ဘဲ့ ကြားသိရဂေ့ဟှယ်။
EPH 3:3 ဘုရားသခင်ဟှာ သူ့ရဲ့နတ်နဲဟှူ ကြံစည်လေဟှို ငါ့ဟှို ဖော်ပြဟှယ်။ အယ်ကြောန်းရာလေန ပတ်သတ်ဘီးဟှာ နန်းနို့ဟှို ငါဟှာ ကျဉ်းချောင်း ဖော်ပြပေးပီးဘီ။
EPH 3:4 နန်းနို့ဟှာ အယ် ဖော်ပြချစ်လေဟှို ဖတ်ဘီးဟှာ ခရစ်တော်ရဲ့ နတ်နဲဟှူဇာလေဟှို နားလည်ကြောန်းဟှို သိနိုင်ဂေ့ဟှယ်။
EPH 3:5 ဘုရားသခင်ဟှာ အယ် နတ်နဲဟှူဇာဟှို ရင်းရင်ဒူးဟှ လူလေဟှို ဖွမ့်ပြဟှားဘေမဲ့ ခုခါမာ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ သူလေဖြစ်ဂေ့ဟှူ တမန်တော်န ပရောဖက်လေဟှို ဝိညာဉ်တော်အားဖြင့် ဖွမ့်ပြလိုက်ဘီ။
EPH 3:6 အယ်မျိုး နတ်နဲဟှူဇာဟှာ ဒန်းကောန်းအားဖြင့် လူမျိုးခြားလေဟှာ ယုဒလူမျိုးနတူးဒူ ဘုရားသခင်ရဲ့ ကောန်းဂျီးမင်္ဂလာဟှို ခံစားခွမ့်ရဂေ့ဟှယ်။ သူးနို့ဟှာ ကိုယ်ခန္ဓာတော်ရဲ့ အင်္ဂါလေဖြစ်ဘီးဟှာ ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ပေးဟှားဟှူ ဂဒိတော်မာ ပါဝမ်ခံစားခွမ့် ရဂေ့ဟှယ်။
EPH 3:7 တဂိုးအားဖြင့် လောက်ဆောန်ဟှူကြောန့် နို့လေဟှို အပ်ပေးဟှားဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဆိုင်ဟှူ ကောန်းဂျီး လတ်ဆောန်နတူးဒူ ငါဟှာ အယ်မျိုး ကောန်းမြတ်ဟှူ ဒန်းနဆိုင်ဟှူ မှုဆောန်ဖြစ်လာဟှယ်။
EPH 3:8 ငါဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူလူလေ ဂူလောင်းထဲမာ ငယ်ဆောင်းထတ် ပိုဘီးငယ်ဟှူ ငါ့ဟှို အယ်ကျေးဇူးတော်ဟှို အပ်ပေးလိုက်ဟှူဇာဟှာ ခန့်မှန်းဟှို့ရနိုင်ဘဲဟှူ ခရစ်တော်ရဲ့ ကြွယ်ဝဟှူဇာဟှို လူမျိုးခြားလေဟှို ဒန်းကောန်းဟောဟှို့တွပ်န၊
EPH 3:9 ရှိမျှဂူလောင်းဟှို ဖန်ဆင်းဟှားဟှူ ဘုရားသခင်မာ ရှေးရှေးကာလဒူးဟှစဘီး ဝှပ်ဟှားခံရဟှူ လျှို့ဝှပ်နတ်နဲဟှူ ဇာနဆိုင်ဟှူ စီမံခွဲခန့်ဟှားဟှူဇာဟှာ ဖယ်မျိုးဇာဖြစ်နူးဆိုဟှာ လူလေဟှို သိသိသာသာဟှား ထန်ရှားဟှို့တွပ် ဖြစ်ဟှယ်။
EPH 3:10 အယ်မျိုးလောက်ဟှူဇာဟှာ ကောန်းဂန်ဘောင်ဟှို အောက်စိုးဟှူသူလေန အာဏာပိုင်လေဟှာ ဘုရားသခင်ရဲ့ ထူးခြားဟှူ ဉာဏ်ပညာလေဟှို ခုခီမာ သင်းတော်အားဖြင့် သိလာဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
EPH 3:11 ဘုရားသခင်ဟှာ သူ့ရဲ့ ထာဝရကြံစည်တိုင်းဘဲ့ နို့လေရဲ့ သခင်ခရစ်တော် ယေရှုအားဖြင့် အယ်မျိုးဘဲ့ ပ္လဲ့ဇောင်စေဟှယ်။
EPH 3:12 နို့လေဟှာ ခရစ်တော်န တလောင်းတဝဒဲဖြစ်ဇာန အယ်သခင်ဟှို ယောင်ကြည်ကြောန့် ဘုရားသခင်နားဟှို ရဲရဲရင့်ရင့်ဟှား ယောင်ကြည်စိခ္လဘီးဟှာ တိုးဝမ်ဟှူခွမ့် ရဂေ့ဟှယ်။
EPH 3:13 အယ်ကြောန့် နန်းနို့တွပ် ငါခံရဟှူ ဆင်းရဲဒေါက်ခကြောန့် နန်းနို့ဟှာ စိပျစ်ဂေ့န။ နန်းနို့ဟှို ချီးမြှော့‑က်တွပ်ဘဲ့ ငါခံရဟှူဇာဘဲ့ ဖြစ်ဟှယ်။
EPH 3:14 အယ်ကြောန်းကြောန့် ငါဟှာ ကောန်းဂန်ဘောင်န ကမ္ဘာမ္လေဂီးထတ်ဟှ အီထောန်စုဂူလောင်းရဲ့ နာမယ်ရင်းမြစ်ဖြစ်ဟှူ ဖဘုရားသခင်ရှေ့မာ ဒူးထော့‑က်ဘီး ဆုတောန်းဟှယ်။
EPH 3:16 ဘုရားသခင်ဟှာ ဖောင်းသရေတော်န ကြွယ်ဝဟှူဇာမျိုး သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် နန်းနို့ထဲဟှ ဝိညာဉ်လူဟှို တဂိုးနတူးဒူ ကြံ့ခိုင်သန်မာစေဘီး၊
EPH 3:17 ယောင်ကြည်ရှင်းအားဖြင့် နန်းနို့လေရဲ့ စိနှလောင်းထဲမာ ခရစ်တော်ဟှာ ကိန်းဝပ်ဟှူကြောန်းန နန်းနို့ဟှာ မြစ်တာတော်မာ အုပြစ်ခ္လဟှားဘီး၊
EPH 3:18 အယ်မြစ်တာတော်ရဲ့ လျား၊ နံ၊ ဗြစ်၊ နတ်လေဟှာ ဖယ်မျှလော့‑က် ရှိဟှယ် ဆိုဇာဟှို သန့်ရှင်းဟှူသူလေ ဂူလောင်းနတူးဒူ သဘောပေါ့‑က်နိုင်ဟှူစွမ်း ရှိဟှူကြောန့်၊
EPH 3:19 သိပညာထတ်ထူးခြားဟှူ ခရစ်တော်ရဲ့ ရှစ်ရှင်းမြစ်တာတော်ဟှို သိဘီး၊ နားလည်လာဂေ့ဘီး ဘုရားသခင်ဟှာ ပ္လဲ့ဇောင်မျိုးဘဲ့ ပ္လဲ့ဇောင်ဟှို့တွပ် ဆုတောန်းဟှယ်။
EPH 3:20 နို့လေထဲမာ လောက်ဆောန်နေဟှူ တဂိုးအားဖြင့် နို့လေ တောန်းလျှော့‑က်ကြံစည်ဟှူ ဇာလေထတ် ပိုဘီး ပေးနိုင်ဟှူ ဘုရားသခင်ဟှာ
EPH 3:21 သင်းတော်အားဖြင့်ရော၊ ခရစ်တော် ယေရှုအားဖြင့်ရော ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ! အာမင်။
EPH 4:1 အယ်ကြောန့် သခင်ဘုရားရဲ့မှုတော်ဟှို လောက်ဆောန်ကြောန့် ထောန်ခ္လခံရဟှူငါဟှာ နန်းနို့လေဟှို တိုက်တွန်းဟှယ်။ နန်းနို့ဟှာ ဘုရားသခင် ခေါ်ဟှားဇာန ထိုက်တန်မျိုး ကျင့်ကြံဂေ့ပါ။
EPH 4:2 မြဲဒမ်း စိနှလောင်းဟှို နှိခ္လဂေ့ပါ၊ သိမ်မွေ့နူးညံ့ဂေ့ပါ၊ စိရှယ်ဂေ့ပါ၊ ယော့‑က်နယော့‑က်သီးခံဘီး မြစ်တာပြဂေ့ပါ။
EPH 4:3 နန်းနို့ဟှို စည်းလောင်းစေဘီး ငြီသတ်ရှင်းအားဖြင့် ဝိညာဉ်တော်ဟှပေးဟှူ စည်းလောင်း ညီညွတ်ဇာဟှို ထီးသီးဂေ့ပါ။
EPH 4:4 နန်းနို့ဟှို ဘုရားသခင်ဟှ ဝီးကော့‑က်ဘီး ခေါ်ဟှားဟှူကြောန့် မျှော်လင့်ဇာ တပါးဘဲ့ရှိမျိုး ကိုယ်ခန္ဓာတပါးဒဲ၊ ဝိညာဉ်တော်တပါးဒဲ ရှိဟှယ်။
EPH 4:5 သခင်တပါးဒဲ၊ ယောင်ကြည်ရှင်းတပါးဒဲ၊ ဗတ္တိဇံတပါးဒဲ၊
EPH 4:6 လူလေ ဂူလောင်းရဲ့ ဖဘုရားသခင် တပါးဒဲရှိဟှယ်။ အယ်ကိုယ်တော်ဟှာ လူလေ ဂူလောင်းဟှို အောက်စိုးဘီး လူလေအားဖြင့် လောက်ဆောန်ဘီး လူလေထဲမာလည်း ရှိနေဟှယ်။
EPH 4:7 ခရစ်တော်ပေးဟှားတိုင်း နို့လေ တယော့‑က်ချင်းစီဟှာ ထူးခြားဟှူဆုကျေးဇူးဟှို ခံစားရဂေ့ဟှယ်။
EPH 4:8 ကျမ်းစာလာဟှားတိုင်း “ကိုယ်တော်ဟှာ ထတ်ဟှို တတ်ကြွဟှားဟှူ ခီမာ လူလေဘောင်ဂီးဟှို ဖမ်းဆီးခေါ်ဆောန်ဟှားဘီးဟှာ လူလေဟှို ဆုကျေးဇူးလေဟှို ပေးဟှယ်။”
EPH 4:9 တတ်ဟှားဟှယ် ဆိုဘီး ပြောဇာဟှာ မ္လေဂီးရဲ့ အော့‑က်ဆောင်းဟှို ဆင်းဟှားဟှယ် ဆိုဘီး ပြောဇာမှုဘဲနေဟှာ ဖြားဇာ ဖြစ်အူးမယ်နူး။
EPH 4:10 အယ်ကြောန့် ဆင်းဟှားဟှူ ကိုယ်တော်ဟှာ ရှိမျှဂူလောင်းဟှို ပ္လဲ့ဇောင်စေဟှို့တွပ် ကောန်းဂန်ဘောင်ဟှို တတ်ဟှားဟှူ ကိုယ်တော်လည်း ဖြစ်ဟှယ်။
EPH 4:11 အယ်ဘီးန ကိုယ်တော်ဟှာ တချို့လေဟှို တမန်တော်ဖြစ်၊ တချို့လေဟှို ပရောဖက်ဖြစ်၊ တချို့လေဟှို ဒန်းကောန်းဟောပြောသူဖြစ်၊ တချို့လေဟှို သင်းအောက်ဖြစ်န ဆရာဖြစ် ခန့်ဟှားလေဟှယ်။
EPH 4:12 အယ်မျိုးလောက်ဇာဟှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟှို တည်ဆော့‑က်ဟှို့တွပ် ဘုရားသခင်ရဲ့ သန့်ရှင်းဟှူလူလေဟှို ကူညီဟှို့တွပ် ပြင်ဆင်ဟှားဟှူဇာ ဖြစ်ဟှယ်။
EPH 4:13 အယ်ကြောန့် နို့လေရဲ့ ယောင်ကြည်ရှင်းအားဖြင့်ရော၊ ဘုရားသခင်ရဲ့ သားတော်ဟှို သိကျွမ်းရှင်းအားဖြင့်ရော၊ နို့လေ ရဂေ့ဟှူဇာဟှာ တလောင်းတဝဒဲဖြစ်ဂေ့ဘီး ခရစ်တော်ရဲ့ ပ္လဲ့ဇောင်မှုတိုင်း ရင့်ကျက်ဟှူ လူလေဖြစ်ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
EPH 4:14 အယ်ခီမာ နို့လေဟှာ လီညာဘီးဟှား လူလေဟှို လမ်းလွဲအောန်ပြောတတ်ဟှူ လူလေရဲ့ ဩဝါဒ လှိုင်းလောင်းလေထဲမာ ပါဟှားဟှူ သားဂန်ဟှားမျိုး ဖြစ်ဂေ့ဇာ မှုဟှ။
EPH 4:15 အယ်ဘေမဲ့ နို့လေဟှာ မြစ်တာန သမ္မာတရားဟှို ပြောဟှူကြောန့် သင်းတော်ရဲ့ ဦးခေါန်းဖြစ်ဟှူ ခရစ်တော်မာ စစရာရာမာ ကီးထွားရှင်းဟှို ရဂေ့ဟှယ်
EPH 4:16 ကိုယ်တော်ရဲ့ စီမံအောက်ချောက်ရှင်း အော့‑က်မာ ကိုယ်အင်္ဂါရှိမျှဟှာ တခုနခု ဆစ်ပိုင်းဟှားလေန ဆစ်စပ်ဘီးနေဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်အင်္ဂါတိုင်းဟှာ သူးနို့နဆိုင်ဟှူ လောက်တာဝန်ဟှို လောက်ဆောန်ဂေ့ဟှူ ခီမာ ကိုယ်ခန္ဓာတခုလောင်းဟှို မြစ်တာန တည်ဆော့‑က်ဟှားဘီးဟှာ ကီးထွားစေဟှယ်။
EPH 4:17 အယ်ကြောန့် နန်းနို့ဟှာ ဘုရားတရားမှေ့ဘဲဟှူ လူမျိုးခြားလေမျိုး ကျင့်ဂေ့ဘဲဟှို့တွပ် သခင်ဘုရားရဲ့ နာမတော်ဟှို မှီပြုဘီးဟှာ ငါဟှာ ဒိပေးရှင်ဟှယ်။ သူးနို့ကြံစည်လေဟှာ ချည်းနှီးဘဲ့ ဖြစ်ဟှယ်။
EPH 4:18 သူးနို့ဟှာ စိနှလောင်းမာဘီး ဉာဏ်ပညာမှေ့ဘဲ သိတရားလောင်းဝမှေ့ဘဲန ခေါန်းမာဟှူကြောန့် ဘုရားသခင် ပေးဟှားဟှူသတ်န ကွားဘီးဟှာ ရှိနေဂေ့ဟှယ်။
EPH 4:19 သူးနို့ဟှာ ရှစ်ကြော့‑က်ဟှူစိ မှေ့ဘဲ ညစ်ညူးဟှူဇာ မျိုးမျိုးဟှို ရရာတိုင်း တတ်မတ်ဟှူစိန လောက်ဟှူကြောန့် သူးနို့ဟှို ကာမဂေါင်လိုက်စားရှင်းရဲ့ လတ်ထဲဟှို အပ်လိုက်ဂေ့ဟှယ်။
EPH 4:20 ခရစ်တော်ရဲ့ လမ်းစဉ်ဟှာ အယ်မျိုးလမ်းစဉ် မှုဘဲကြောန်းဟှို နန်းနို့ဟှာ သွန်သန်ခံရပီးဘီ။
EPH 4:21 ကိုယ်တော်ရဲ့ကြောန်းဟှို မှန်ဘဲ့ နန်းနို့ဟှာ ကြားရဂေ့ပီးဘီ။ ကိုယ်တော်ရဲ့ တဗဲ့တော်လေနေန သခင်ယေရှုရဲ့ သမ္မာတရားကြောန်းဟှို နန်းနို့ ကြားရပီးဘီ။
EPH 4:22 အယ်ကြောန့် ရင်ဟှ သတ်ရှင်လာဟှူ လူဟောန်းဘဝဟှို လွှတ်ပစ်ဂေ့။ လှည့်ဇားတတ်ဟှူ စိဆန္ဒလေကြောန့် သောင်းဟှို့မျှဘဲဟှူ လူဟောန်းဟှို လွှတ်ပစ်ဂေ့ပါ။
EPH 4:23 နန်းနို့ဟှာ စိနှလောင်းသဘောဟှို သစ်ပြုပြင်ခံရဘီး၊
EPH 4:24 ဘုရားသခင်ရဲ့ ပေါင်သဏ္ဌန်တော်နညီ ဖန်ဆင်းဇာဟှိုခံရဘီး သမ္မာတရားနဆိုင်ဟှူ ဖြောန့်မတ်သန့်ရှင်းဟှူ လူသစ် ဖြစ်ရဂေ့ဟှယ်။
EPH 4:25 အယ်ကြောန့် မုသားစကားဟှို ပြောဂေ့န။ နို့လေ ဂူလောင်းဟှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာစိပိုင်းလေ ဖြစ်ဂေ့ဟှူကြောန့် ယောင်ကြည်သူ ရှင်းရှင်းဟှာ မှန်ဟှူ စကားဟှိုဘဲ့ ပြောဂေ့ပါ။
EPH 4:26 ဒေါသထွပ်ဘေမဲ့ ပြစ်လောက်ဂေ့န။ ဒေါသပြေဘဲန နေဝမ်စေန။
EPH 4:27 မာရ်နတ်ဟှိုလည်း ခွမ့်ပေးဂေ့န။
EPH 4:28 ခိုးတတ်ဟှူလူဟှာ နော့‑က်ထပ်ခိုးဘဲန လိုရှင်နေဟှူ လူလေဟှို ပေးဇာရှိဟှို့တွပ် သူ့ရဲ့လတ်န ကောန်းဟှူ လောက်လေဟှို အားထုဘီး လောက်စေ။
EPH 4:29 နန်းနို့နှောက်ထဲဟှ ကောန်းဘဲဟှူ စကားလေ တခွန်းလည်း ထွပ်စေန။ ကြားရဟှူ လူလေဟှာ ကျိုးရှိဟှူစကား၊ တည်ဆော့‑က်ဟှူစကားဟှိုဘဲ့ ပြောဂေ့ပါ။ အယ်မျိုးမှ နန်းနို့စကားဟှို ကြားရဟှူ လူလေဟှာ ကျိုးကျေးဇူးဟှို ခံရလေ့မယ်။
EPH 4:30 ဘုရားသခင်ရဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို စိနာစေန။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝိညာဉ်တော်ဟှာ နန်းနို့ဟှို ဘုရားသခင်ပိုင်ဟှူကြောန်းဟှို သတ်သေခံဟှူတဇိ မှတ်သားဖြစ်ဘီး နော့‑က်ဆောင်း နေ့ရစ်ကာလမာ နန်းနို့ဟှာ ကိုယ်တော်ရဲ့ ကယ်တန်ဇာဟှို ခံရလေ့မယ်ဖြစ်ဟှယ် ဆိုဇာဟှို အာမခံချစ် ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။
EPH 4:31 အယ်ကြောန့် နာကြည်းရှင်း၊ စိဆိုရှင်း၊ ဒေါသထွပ်ရှင်း၊ အော်ဘီးပြောရှင်း၊ တခြားသူဟှိုကဲ့ရဲ့ရှင်း၊ လူလေဟှိုမူးရှင်းလေဟှို ဖယ်ရှာဂေ့ပါ။
EPH 4:32 နန်းနို့ဟှာ ယော့‑က်နယော့‑က် ကရုဏာထားဘီး ရှစ်ဂေ့ပါ။ ဘုရားသခင်ဟှာ ခရစ်တော်အားဖြင့် နန်းနို့ဟှာ ပြစ်ခွမ့်လွှတ်ခံရမျိုး နန်းနို့ဟှာ ယော့‑က်နယော့‑က် ပြစ်ဟှို လွှတ်ဂေ့ပါ။
EPH 5:1 နန်းနို့ဟှာ ဘုရားသခင်ရဲ့ ရှစ်ရဟှူ သားမီးလေဖြစ်ဟှူကြောန့် ကိုယ်တော်န တူအောန် ကျင့်ဂေ့ပါ။
EPH 5:2 ခရစ်တော်ဟှာ နို့လေဟှို ရှစ်ဟှူကြောန့် နို့လေတွပ် သူ့ကိုယ်သူ ဘုရားသခင် ကြိုက်ဟှူ၊ ရရာတိုင်း မွှီးဟှူ နံ့ဖြစ်န ဘုရားသခင်ဟှို ဆစ်ကပ်အပ်မျိုးဘဲ့ နန်းနို့ဟှာ ရှစ်ရှင်းမြစ်တာနှိုက် သတ်ရှင်ဘီး ရှော့‑က်လှမ်းဂေ့ပါ။
EPH 5:3 နန်းနို့ဟှာ သန့်ရှင်းဟှူ လူလေဖြစ်ဟှူကြောန့် ကာမဂေါင်လိုက်စားရှင်း၊ ညစ်ညူးဘီး လောဘကီးဟှူကြောန်းလေ ဂူလောင်းဟှို နန်းနို့လေဟှာ ပြောဂေ့န။
EPH 5:4 ညစ်ညူးဟှူစကား၊ ယောက်မာဟှူစကား၊ ရိုင်းစိုင်းဟှူစကားလေဟှို ပြောဂေ့ဘဲ၊ ချီးမွမ်းဟှူ စကားလေဟှိုဘဲ့ ဘုရားသခင်ဟှို ပြောဂေ့ပါ။
EPH 5:5 ကာမဂေါင်လိုက်စားဇာ၊ ညစ်ညူးဟှူဇာ၊ လောဘကီးဟှူဇာလေဟှာ ရောက်ထုဟှို ကိုးကွယ်ဟှူမျိုးဘဲ့ ဖြစ်ဟှူကြောန့် ခရစ်တော်န ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲဟှို ဝမ်ရဟှို့မှုဟှ ဆိုဇာဟှို နန်းနို့ဟှ သိဂေ့ဟှယ်။
EPH 5:6 ကျိုးမှေ့ဘဲဟှူ စကားလေန ဖယ်သူလည်း နန်းနို့ဟှို လှည့်ဇားစေန။ အယ်မှုလေကြောန့် ဘုရားသခင်ရဲ့ မိန့်တော်ဟှို နာခံဘဲဟှူလူလေဟှာ မျစ်တော်ဟှို ခံရလေ့မယ်။
EPH 5:7 အယ်ကြောန့် နန်းနို့ဟှာ အယ်မျိုးလူလေန လောင်းဝ ဆစ်ဆံဂေ့န။
EPH 5:8 တခီဒူးဟှ နန်းနို့ဟှာ မှောန်ထဲမာ နေလာဂေ့ဟှယ်။ ခုခီမာ ဘုရားသခင်ရဲ့ လူမျိုးတော်လေ ဖြစ်လာဂေ့ဘီး လန်းရောန်ထဲဟှို ရော့‑က်လာဂေ့ဟှယ်။ အယ်ကြောန့် လန်းရောန်ထဲမာ ကျင်လည်ဟှူ လူလေမျိုးဘဲ့ ကျင့်ဂေ့ပါ။
EPH 5:9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လန်းရောန်ရဲ့ သီးလေဟှာ ကောန်းမြတ်ဇာလေ ဘောင်ဂီး၊ ဖြောန့်မတ်ဇာန မှန်တရားဟှို ဖြစ်စေဟှူကြောန့် ဖြစ်ဟှယ်။
EPH 5:10 သခင်ဘုရား ကြိုက်ဟှူဇာဟှာ ဖြားဇာလေဖြစ်ဟှယ် ဆိုဇာ ကြိုးစားဘီးဟှာ သန်ယူဂေ့ပါ။
EPH 5:11 ကျိုးမှေ့ဘဲဟှူ မှောန်ထဲဟှမှုလေန ဆစ်ဆံဘဲန အယ်မှုလေရဲ့ ပြစ်လေဟှို ပြဂေ့ပါ။
EPH 5:12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ လူနော့‑က်ကွယ်မာ လောက်ဟှူ မှုလေဟှို စကားပြောဟှူနဘဲ့ ညစ်ညူးဇာလေ ပါသေးဟှယ်။
EPH 5:13 ပြစ်ထန်ရှားဇာ ရှိမျှဟှာ လန်းရောန်အားဖြင့်ဘဲ့ ထန်ရှားဂေ့ဟှယ်။
EPH 5:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လန်းရောန်ဟှာ ရှိမျှဂူလောင်းဟှို ထန်ရှားစေကြောန့် ဖြစ်ဟှယ်။ အယ်ကြောန်းကြောန့် ကျမ်းစာထဲမာ၊ “အိမွိနေဟှူသူ နိုးလိုက်။ သေရာဟှနေ ပ္လန်ရှင်လိုက်။ ခရစ်တော်ဟှာ နန်းနို့ဟှို လန်းရောန်ပေးလေ့မယ်” ဆိုဘီး ပြောဟှယ်။
EPH 5:15 အယ်ကြောန့် နန်းနို့ကျင့်ဟှူ ဇာလေဟှို ဒိပြုဂေ့ပါ။ ပညာမှေ့ဘဲဟှူ လူလေမျိုး မှုဘဲန ပညာရှိဟှူ လူလေမျိုး ကျင့်ဂေ့ပါ။
EPH 5:16 အယ်ခု နေ့ရစ်ကာလဟှာ ဆိုးလာဟှူ ကာလဖြစ်ကြောန့် နန်းနို့ရဟှူ ခွမ့်ရေးရှိမျှဟှို ကျိုးရှိအောန် သောင်းခ္လဂေ့ပါ။
EPH 5:17 အယ်ကြောန့် နန်းနို့ဟှာ မိုက်မဲဘီး နေဂေ့ဘဲန သခင်ဘုရားရဲ့ လိုတော်ဟှို နားလည်ဂေ့ပါ။
EPH 5:18 နန်းနို့လေဟှို ဖျစ်စီးတတ်ဟှူ စဗျစ်ဝိုင်န မောယစ်ဇာဟှို ရှောန်ဘီး ဝိညာဉ်တော်န ပ္လဲ့ဝဂေ့ပါ။
EPH 5:19 ယော့‑က်နယော့‑က် စကားပြောဟှူ ခီမာ ဆာလံချင်း၊ ဓမ္မချင်းန ဝိညာဉ်ရေးနဆိုင်ဟှူ ချင်းလေဟှို ရှင်းရှင်းဆိုဂေ့ဘီး သခင်ဘုရားရှေ့မာ နန်းနို့ရဲ့ စိနှလောင်းထဲဟှနေ ချင်းဆိုဂေ့ပါ။
EPH 5:20 နို့လေ သခင် ယေရှုခရစ်တော်ရဲ့ နာမတော်ဟှို မှီပြုဘီး ရှိမျှဂူလောင်းတွပ် ဖဘုရားသခင်ဟှို မြဲဒမ်း ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။
EPH 5:21 ခရစ်တော်ဟှို ရိုသေလေစားဘီး ကြော့‑က်မျိုးဘဲ့ နန်းနို့ဟှာ တယော့‑က်လိုဟှို တယော့‑က် လိုက်ဂေ့ပါ။
EPH 5:22 မယားဖြစ်ဟှူသူလေ၊ နန်းနို့ဟှာ သခင်ဘုရားရဲ့ အောက်စိုးဇာဟှို ခံဂေ့မျိုး ကိုယ့်လန်ရဲ့ အောက်စိုးဇာဟှို ခံဂေ့ပါ။
EPH 5:23 ခရစ်တော်ဟှာ သင်းတော်ရဲ့ ဦးခေါန်းဖြစ်မျိုးဘဲ လန်လေဟှာ မယားလေရဲ့ ဦးခေါန်းဖြစ်ဟှယ်။ ခရစ်တော်ဟှာ သူ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှူ သင်းတော်ရဲ့ ကယ်တန်ရှင်ဖြစ်ဟှယ်။
EPH 5:24 အယ်ကြောန့် သင်းတော်ဟှာ ခရစ်တော်ရဲ့ အောက်စိုးဇာဟှို ခံယူမျိုးဘဲ့ မယားလေဟှာ နန်းနို့ လန်လေရဲ့ အောက်စိုးဇာဟှို ကြွင်းမဲ့ခံယူရမယ်။
EPH 5:25 လန်ဖြစ်ဟှူလူလေ၊ ခရစ်တော်ဟှာ သင်းတော်ဟှို ရှစ်ဟှူကြောန့် သင်းတော်တွပ် သူ့ရဲ့သတ်ဟှို စွန့်လွှတ်မျိုးဘဲ့ နန်းနို့ရဲ့ မယားလေဟှို ရှစ်ဂေ့ပါ။
EPH 5:26 ကိုယ်တော်ဟှာ သူ့ရဲ့သတ်ဟှို စွန့်ဇာဟှာ သင်းတော်ဟှို ရေနသန့်ရှင်းစေဘီး စကားတော်န ဘုရားသခင်ဟှို ဆစ်ကပ်ဟှူကြောန့်၊
EPH 5:27 သင်းတော်ဟှို သူဆစ်ကပ်ဇာဟှာ ညစ်ကြေးလေမှေ့ဘဲ သန့်ရှင်းဘီး ပြစ်တန်ဇာမှေ့ဘဲန လွတ်ကင်းဟှူ သူဖြစ်န ရရာတိုင်း လှဘီး သန့်ရှင်းဟှူအသရေန ပ္လဲ့ဇောင်စေဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။
EPH 5:28 လန်ဖြစ်ဟှူသူလေဟှာ ကိုယ့်ရဲ့ကိုယ်ခန္ဓာဟှို ရှစ်မျိုး မယားလေဟှို ရှစ်ဂေ့ပါ။ မယားလေဟှို ရှစ်ဟှူလူဟှာ ကိုယ့်ကိုယ်ကိုယ် ရှစ်ဟှူသူဖြစ်ဟှယ်။
EPH 5:29 ဖယ်သူလည်း ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို မူးဟှယ်ဆိုဇာ မှေ့ဟှ။ မူးဟှို့နေနေသာသာ သူ့ကိုယ်သူ စားကျွေးဘီး ပြုစုဟှယ်။ သင်းတော်ဟှို ခရစ်တော်ဟှာ စားကျွေးဘီး ပြုစုမျိုးဘဲ့၊
EPH 5:30 နို့လေဟှာ သူ့ကိုယ်ခန္ဓာရဲ့ အင်္ဂါလေဖြစ်ဂေ့ဟှယ်။
EPH 5:31 ကျမ်းစာထဲမာ၊ “အယ်ကြောန်းကြောန့် ယော့‑က်ကျားဟှာ မိဖနားဟှ ထွပ်ဘီးဟှာ မယားနနေဟှူကြောန့် သူးနို့လေဟှာ နှေ့ယော့‑က်မှုဟှ တသားတကိုယ်ဒဲ ဖြစ်ရဂေ့လေ့မယ်” ဆိုဘီး ဖော်ပြဟှားဟှယ်။
EPH 5:32 အယ်ဇာဟှာ ရရာတိုင်းနတ်နဲဟှူ သစ်စာစကားဖြစ်ဘီး ခရစ်တော်န သင်းတော်ဟှို ရည်ညွန်းဘီး ပြောဟှူစကားဖြစ်ဟှယ် ဆိုဘီး ငါပြောဟှယ်။
EPH 5:33 အယ်ကြောန့် နန်းနို့ တယော့‑က်စီနလည်း ဆိုင်ဟှယ်။ လန်ဖြစ်သူဟှာ မယားဟှို ကိုယ့်ကိုယ်ကိုယ် ရှစ်မျိုးဘဲ့ ရှစ်ရမယ်။ မယားဖြစ်ဟှူ သူဟှလည်း လန်ဟှို ရိုသေလေးစားရမယ်။
EPH 6:1 သားမီးလေ၊ သခင်ဘုရားရဲ့ လိုတော်တိုင်း မိဖစကားဟှို နားထောန်ဂေ့ပါ။ မိဖစကားဟှို နားထောန်ဇာဟှာ မှန်ဟှူမှု ဖြစ်ဟှယ်။
EPH 6:2 ဂဒိတော်မာပါဟှူ ပထမပညတ်ဟှ “နန့်ရဲ့ မိဖဟှို ရိုသေပါ၊
EPH 6:3 အယ်ဆိုဟှာ နန်ဟှာ ကောန်းဇားဘီး မ္လေဂီးထတ်မာ သတ်ရှယ်လေ့မယ်” ဆိုဘီး ဖြစ်ဟှယ်။
EPH 6:4 မိဖလေ၊ သားမီးလေဟှို စိဆိုးအောန် လောက်ဂေ့န။ သူးနို့လေဟှို သခင်ဘုရား လိုတော်တိုင်း ပြုစုပျိုးထောန်ဂေ့ပါ။
EPH 6:5 ကျွန်ဖြစ်ဟှူလူလေ၊ နန်းနို့ဟှာ ခရစ်တော်ရဲ့စေဟှို ခံဂေ့မျိုး ရရာတိုင်း ကြော့‑က်လန့်ဘီး ရိုးသားဟှူ စိနှလောင်းန နန်းနို့ရဲ့ လောကသခင်လေဟှို နာခံဂေ့ပါ။
EPH 6:6 သခင်လေနှစ်သက်ဟှို့တွပ် သူးနို့ရှေ့မာဘဲ့ နားထောန်ဇာမှုဘဲ့န ခရစ်တော်ရဲ့ ကျွန်နေန ဘုရားသခင်ရဲ့ လိုတော်တိုင်း စိပါလတ်ပါ စေခံဂေ့ပါ။
EPH 6:7 လူလေရဲ့စေဟှို ခံမျိုးမှုဘဲ့န ဘုရားသခင်ရဲ့ စေဟှိုခံမျိုး စေတနာစိန စေခံဂေ့ပါ။
EPH 6:8 ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ကောန်းဇာတခုခု လောက်ဟှူလူဟှာ သခင်ဘုရားနားဟှ ကျိုးခံစားခွမ့်ရမယ် ဆိုဇာ သိမှတ်ဟှားဂေ့ပါ။
EPH 6:9 သခင်လေ၊ နန်းနို့ဟှလည်း ကျွန်လေဟှို အယ်မျိုးဘဲ့လောက်ဂေ့။ သူးနို့ဟှို ချီးခြော့‑က်ဂေ့န။ နန်းနို့န သူးနို့လေရဲ့ သခင်ဟှာ ကောန်းဂန်ဘောင်မာရှိနေဘီး အယ်သခင်ဟှာ မျစ်နှာလိုက်ဟှ ဆိုဇာဟှို သိဟှားဂေ့ပါ။
EPH 6:10 နန်းနို့ဟှာ သခင်ဘုရားန တလောင်းတဝဒဲဖြစ်ဘီး ကိုယ်တော်ရဲ့ တဂိုးအားဖြင့် ခိုင်ခံ့ဟှို့တွပ် ငါဟှာ နော့‑က်ဆောင်းနေန မှာရှင်ပါဟှယ်။
EPH 6:11 မာရ်နတ်ရဲ့ လှည့်ဇာဟှူ ဇာလေဟှို ကာကွယ်နိုင်ဟှို့တွပ် ဘုရားသခင်ဟှ ပြင်ဆင်ဟှားဟှူ လတ်နတ်စောင်လေဟှို ဝတ်ဂေ့ပါ။
EPH 6:12 နို့လေဟှာ သွီးသားရှိဟှူလူလေန တိုက်ခိုက်ဂေ့ဇာ မှုဟှ။ ကောန်းဂန်မာနေဟှူ ရရာတိုင်းဆိုးဟှူ ဝိညာဉ်တဂိုးရှင်လေန၊ အယ်မှောန်လောကဟှို စိုးရဟှူ တဂိုးရှင်လေ၊ အာဏာပိုင်လေန တိုက်ခိုက်ဂေ့ရဟှယ်။
EPH 6:13 အယ်ကြောန့် ဘုရားသခင်ရဲ့ လတ်နတ်စောင်လေဟှို ကိုင်ဟှားဂေ့ပါ။ အယ်မျိုးလောက်မှ ဆိုးယောက်ဟှူ ကာလ ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှာ ရန်သူတိုက်လာဟှူဇာဟှို ကာကွယ်နိုင်လေ့မယ်။ ဆောင်းထိ တိုက်ခိုက်ဟှူ ခီမာ နန်းနို့ဟှာ ရပ်နိုင်လေ့မယ်။
EPH 6:14 အယ်ကြောန့် ဆင်သင့်ရှိဂေ့ပါ။ သမ္မာတရားဖြစ်ဟှူ ခါးဗတ်န၊ ဖြောန့်မတ်ရှင်းဖြစ်ဟှူ ရင်ဖတ်ကာဟှူဇာဟှိုရော၊
EPH 6:15 ငြီသတ်ရှင်းနဆိုင်ဟှူ ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် ပြင်ဆင်ဟှားဇာဖြစ်ဟှူ ခေနပ်စီးဘီး ခံရပ်ဟှားဂေ့ပါ။
EPH 6:16 ယောင်ကြည်ရှင်း ဒိုင်းလွှားဟှိုလည်း မြဲဒမ်းကိုင်ဟှားဂေ့ပါ။ နန်းနို့ဟှာ အယ်ဒိုင်းလွှားအားဖြင့် မာရ်နတ်ပစ်ဟှူ မီးမြှားလတ်နတ်ဟှို ကာကွယ်နိုင်လေ့မယ်။
EPH 6:17 ကယ်တန်ရှင်းဖြစ်ဟှူ သံခမှော့‑က်န ဝိညာဉ်တော်ဟှပေးဟှူ ဘုရားသခင်ရဲ့ စကားတော်ဖြစ်ဟှူ ဓားဟှိုရော ယူဆောန်ဂေ့ပါ။
EPH 6:18 နန်းနို့ဟှို ကူညီစောန့်ရှော့‑က်ဟှို့တွပ် ဘုရားသခင်ဟှို မြဲဒမ်းဆုတောန်းဂေ့ပါ။ ဝိညာဉ်တော်ပြောဟှားတိုင်း မြဲဒမ်းဆုတောန်းဂေ့ပါ။ အယ်ကြောန့် နိုးနိုးကြားကြားဟှား နေဂေ့ပါ။ ဇွဲသတ်တိလည်း ရှိဂေ့ပါ။ ခီတိုင်းမာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ လူမျိုးတော်တွပ် ဆုတောန်းဂေ့ပါ။
EPH 6:19 ငါဟောပြောဟှူ ခီမာ ဘုရားသခင်ဟှာ ငါ့ဟှို နှောက်သတ်တိဟှို ပေးဟှို့တွပ်ရော၊ ဒန်းကောန်းရဲ့ နတ်နဲဟှူ ဇာလေဟှို ရဲရဲရင့်ရင့်ဟှား ဖွမ့်ပြနိုင်အောန် ငါ့တွပ်လည်း ဆုတောန်းပေးဂေ့ပါ။
EPH 6:20 ငါဟှာ ကျဉ်းထောန်ထဲမာ နေရဘေမဲ့ အယ်ဒန်းကောန်းတွပ် သံတမန် ဖြစ်ဟှယ်။ အယ်ဒန်းကောန်းဟှို ဟောပြောသင့်တိုင်းဘဲ့ ငါဟှာ ရဲရဲရင့်ရင့်ဟှား ဟောပြောနိုင်ဟှို့တွပ် ဆုတောန်းဂေ့ပါ။
EPH 6:21 ငါ့နပတ်သတ်ဟှူ ကြောန်းလေဟှို နန်းနို့သိဟှို့တွပ် ဒန်းဂူလောင်းဟှို နန်းနို့လေဟှို တုခိတ်ဟှ ပြောပြလေ့မယ်။ သခင်ဘုရားရဲ့ မှုတော်ဆောန်ဟှူ ခီမာ သူဟှာ နို့လေဟှို သစ်စာရှိရှိန စေခံဟှူသူ၊ နို့လေရှစ်ရဟှူညီ ဖြစ်ဟှယ်။
EPH 6:22 အယ်ကြောန့် နို့လေနဆိုင်ဟှူ ဒန်းဂူလောင်းဟှို ပြောပြဟှို့တွပ်န သူဟှာ နန်းနို့ဟှို အားပေးကူညီဘီး နန်းနို့စိနှလောင်း သတ်သာစေဟှို့တွပ် ငါဟှာ လွှတ်လိုက်ဟှယ်။
EPH 6:23 ဖဘုရားသခင်န သခင်ယေရှု ခရစ်တော်ဟှာ ယောင်ကြည်သူလေဟှို ငြီသတ်ရှင်း၊ ရှစ်ရှင်း၊ ယောင်ကြည်ရှင်းလေဟှို ခ္လပေးပါစေ။
EPH 6:24 ဖယ်ခါလည်း ပျစ်စီးဘဲဟှူ မြစ်တာန နို့လေရဲ့ သခင်ယေရှု ခရစ်တော်ဟှို ရှစ်ဂေ့ဟှူ လူလေ ဂူလောင်းထတ်ဟှို ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ ရော့‑က်လာပါစေ။
PHI 1:1 ယေရှုခရစ်တော်ရဲ့ စေခံဖြစ်ဟှူ ပေါလုန တိမောသေလေဟှနေ —
PHI 1:2 နန်းနို့ဟှာ နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န သခင်ယေရှုခရစ်တော်နားဟှနေ ကျေးဇူးတော်န ငြီသတ်ရှင်းလေဟှို ခံစားရပါစေ။
PHI 1:3 နန်းနို့ ကြောန်းလေဟှို ဒိရဟှူခီတိုင်းမာ ငါဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။
PHI 1:4 ဝမ်းမြော့‑က်ဟှူစိန နန်းနို့တွပ် ငါဟှာ မြဲဒမ်း ဆုတောန်းပေးနေဟှယ်။
PHI 1:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှာ ကောန်မြတ်ဟှူ ဒန်းကောန်းတွပ် ပထမနေ့ဟှစဘီး ခုတိုင်အောန် စုပေါန်းဘီးဟှာ ပါဝမ်ကြောန်းဟှို သိဟှူကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းဟှယ်။
PHI 1:6 နန်းနို့မာ အယ်မျိုးကောန်းမြတ်ဟှူမှုဟှို စဘီးလောက်ဟှူ ဘုရားသခင်ဟှာ ယေရှုခရစ်တော်ရဲ့ နေ့ရစ် ရော့‑က်လာခီထိ အယ်မှုဟှို ပီးအောန်လောက်မယ်ဆိုဇာဟှို ငါဟှာ ယောင်ကြည်စိခ္လဟှယ်။
PHI 1:7 နန်းနို့ဟှို ငါဟှာ ဒိရဟှယ်။ အယ်ကြောန့် ငါဟှာ နန်းနို့န ပတ်သတ်ဘီးဟှာ အယ်မျိုး စိသဘော ထားဟှားဟှယ်။ ခုငါဟှာ တောက်နှောန်ခံရဘီး နေရဟှူခီန ဒန်းကောန်းဟှို လွတ်လွတ်လပ်လပ်ဟှား သတ်သေခံခွမ့် ရဟှူခီဒူးဟှ နန်းနို့ဟှာ ငါ့နတူးဒူ ကျေးဇူးတော်ဟှိုတူးဒူ ဝီမျှခံစားဟှူ လူလေဖြစ်ဟှူကြောန့် နန်းနို့ဟှာ ငါ့ရဲ့ နှလောင်းထဲမာ စိစွဲလမ်းဘီး ရှိဂေ့ဟှယ်။
PHI 1:8 ငါဟှာ ယေရှုခရစ်တော်ရဲ့ မြစ်တာကရုဏာန နန်းနို့ဟှို ရရာတိုင်း လွမ်းဟှူကြောန်းဟှို ဘုရားသခင်ဟှာ ငါ့ရဲ့သတ်သေ ဖြစ်ဟှယ်။
PHI 1:9 နန်းနို့ဟှာ ကောန်းဆောင်းဟှို ဝီးကော့‑က်နိုင်ဟှို့တွပ် သိပညာန ပိုင်ခြားဝေဖန်တတ်ဟှူ စွမ်းရည်လေန ပ္လဲ့ဇောင်ဘီး မြစ်တာပါရမီလေဟှာ တိုးတတ်လာဂေ့ဟှို့ နန်းနို့လေတွပ် ငါဟှာ ဆုတောန်းဟှယ်။
PHI 1:10 မြင့်မြတ်ဟှူ ဇာလေဟှို နန်းနို့လေဟှာ ပိုင်းခြားဘီး သိနိုင်ဟှို့ကြောန်းန နန်းနို့ဟှာ ခရစ်တော်ကြွလာဟှူ နေ့ရစ်မာ ဖ္လူစင်ဘီး ပြစ်တန်ဇာဟှူမှေ့ဘဲ့ ညစ်ကြေးန ကင်းလေ့မယ်။
PHI 1:11 ဘုရားသခင်ရဲ့ ဖောင်းသရေတော် ထွန်းတော့‑က်ဟှို့တွပ်န ဂေါင်တော်ဟှို ချီးမွမ်းဂေ့ဟှို့တွပ် ယေရှုခရစ်တော်ကြောန့် ရနိုင်ဟှူ ဖြောန့်မတ်ဘီး စစ်မှန်ဟှူ ရည်သွေးကောန်းလေန ပ္လဲ့ဇောင်လေ့မယ်။
PHI 1:12 ညီကို မောန်နှမလေ ငါ့မာတွိကြောင်ရဟှူ ဖြစ်ပျစ်လေဟှာ ဒန်းကောန်းဟှို ကြေညာဟှူ ခီမာ တကယ်ဘဲ့ ထော့‑က်ကူပေးကြောန်းဟှို နန်းနို့ဟှို သိစေရှင်ဟှယ်။
PHI 1:13 ငါဟှာ ခရစ်တော်ရဲ့ စေခံဖြစ်တွပ်ကြောန့် ငါဟှာ တောက်နှောန်ခံရဘီး နေရဟှူကြောန်းဟှို နန်းတော်မာ စောန့်နေဟှူ တပ်သားလေန တခြားသူလေဟှာ သိဂေ့ဟှယ်။
PHI 1:14 အယ်မျိုး တောက်နှောန်ခံရဟှူကြောန့် ညီကို မောန်နှမလေဟှ သခင်ဘုရားဟှို ပိုဘီး ဟှာ ယောင်ကြည်စိခ္လလာဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ကြော့‑က်ဘဲန စကားတော်ဟှို ပိုဘီး ဟှာ ဟောပြောရဲဂေ့ဟှယ်။
PHI 1:15 တချို့လူလေဟှာ နာလိုဘဲ့ဟှူစိ၊ ရန်ရှာရှင်ဟှူစိလေန ခရစ်တော်ကြောန်းဟှို ဟောပြောဂေ့ဟှယ်။ အယ်ဘေမဲ့ တချို့လူလေဟှ စေတနာစိန ဟောပြောဂေ့ဟှယ်။
PHI 1:16 အယ်လူလေဟှာ သခင်ယေရှုကြောန်း ဒန်းကောန်းဟှို ကာကွယ်ဘီးဟောပြောတွပ် ငါ့ဟှို ဘုရားသခင်ဟှ ခန့်ဟှားဟှူကြောန်းဟှို သိဟှူကြောန့် မြစ်တာန ဟောပြောဂေ့ဇာ ဖြစ်ဟှယ်။
PHI 1:17 တခြားလူလေဟှ ခရစ်တော်ရဲ့ကြောန်းဟှို ရိုးသားမှုမှေ့ဘဲန ကျော်ကြားရှင်ဟှူစိန ဟောပြောဂေ့ဟှယ်။ သူးနို့ရဲ့ ကြံစည်လေဟှာ တောက်နှောန်ခံနေရဟှူ ငါ့ဟှို ပိုဘီး ဟှာ စိဒေါက်ခရော့‑က်စေဟှယ်။
PHI 1:18 ဖယ်မျိုးဟောပြောနူးဆိုဟှာ ရေးကီးဟှ။ မှားယွင်းဟှူ ရည်ရွယ်ချစ်န ဟောပြောရှင်းဖြစ်စေ၊ မှန်ကန်ဟှူ ရည်ရွယ်ချစ်န ဟောပြောရှင်းဖြစ်စေ ခရစ်တော်ကြောန်းဟှိုဘဲ့ ဟောပြောနေဟှူကြောန့် ငါဟှာ ဝန်းသာဟှယ်။ ဆစ်ဘီးဟှာ ဝန်းသာနေဟှယ်။
PHI 1:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ဆုတောန်းရှင်းလေ၊ ယေရှုခရစ်ဝိညာဉ်တော်ရဲ့ ငါ့ဟှို ကူညီမဇပေးရှင်းအားဖြင့် အယ်ကြောန်းရာလေဟှာ ငါ့ဟှို ကယ်တန်ဟှူ ကြောန်းရာလေဖြစ်ဟှယ်။
PHI 1:20 ငါဟှာ ဖယ်ခါလည်း ကိုယ့်တာဝန်ဟှို ပြစ်ကွပ်ဘဲ့ ခီတိုင်းမာရော၊ ထူးသဖြင့် အယ်မျိုးခီမာရော ရဲရင့်ဟှူသတ်တိန ပ္လဲ့ဇောင်ဘီး ငါဟှာ သတ်ရှင်ဇာဖြစ်စေ၊ သေဇာဖြစ်စေ ငါ့ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားလာဟှို့တွပ် မျှော်လင့်ဟှယ်။
PHI 1:21 သတ်ရှင်ဇာဟှာ ဖယ်မျိုးနူး။ ငါသတ်ရှင်နေဇာဟှာ ခရစ်တော်ဘဲ့ဖြစ်ဟှယ်။ သေမယ် ဆိုဟှာ ပိုဘီး ဟှာ ကျိုးရှိဟှယ်။
PHI 1:22 အယ်ဘေမဲ့ ငါဟှာ ကိုယ်ခန္ဓာမာ ဆစ်ဘီးဟှာ သတ်ရှင်မယ် ဆိုဟှာ ကျိုးရှိဟှူမှုဟှို လောက်နိုင်ဟှယ်။ အယ်ခီမာ ဖယ်ဇာဟှို ဝီးကော့‑က်ရဟှို့နူး၊ ဆိုဇာဟှို ငါသိဟှ။
PHI 1:23 ငါ့မာ စိနှေ့ခွ ဖြစ်ဘီးနေဟှယ်။ ငါဟှာ အယ်ဘဝဟှို စွန့်ဘီးဟှာ ခရစ်တော်နတူးဒူ နေရှင်ဟှယ်။ အယ်မျိုးလောက်ဇာဟှာ ငါ့တွပ် ပိုဘီး ကျိုးရှိဟှယ်။
PHI 1:24 အယ်ဘေမဲ့ နန်းနို့လေရဲ့ကျိုးလေဟှို ထော့‑က်ဟှူကြောန့် ငါဟှာ အယ်ကိုယ်ခန္ဓာမာ သတ်ရှင်ဘီးနေဟှို့တွပ် ပိုဘီး ဟှာ ရေးကီးဟှယ်။
PHI 1:25 အယ်မျိုးဘဲ့ ယောင်ကြည်စိခ္လကြောန့် ငါဟှာ နန်းနို့နတူးဒူ နေမယ်၊ နန်းနို့ဟှို ကြီးပွားတိုးတတ် စေရှင်ဟှူကြောန့် ယောင်ကြည်ရှင်းမာ ဝန်းသာဟှို့တွပ် ငါဟှာ နန်းနို့နတူးဒူ နေမယ်။
PHI 1:26 ငါဟှာ နန်းနို့န နော့‑က်တခါ နေရမယ် ဆိုဟှာ ယေရှုခရစ်တော်န တလောင်းတဝဒဲ ဖြစ်ဂေ့ဟှူ နန်းနို့ဟှာ ငါ့တွပ်ကြောန့် ပိုဘီး ဟှာ ဂေါင်ယူဘီး ကြွားနိုင်ဂေ့လေ့မယ်။
PHI 1:27 ခုနန်းနို့တွပ် ရေးကီးဆောင်းဟှ ခရစ်တော်ရဲ့ တရားတော်နညီ သတ်ရှင်နေဘီး နေနိုင်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ နန်းနို့နားဟှို ပ္လန်လာဇာဖြစ်စေ၊ လာဘဲ့ဖြစ်စေ၊ နန်းနို့န ဝီးနေဘီး နန်းနို့ကြောန်းဟှို ကြားဇာဖြစ်စေ သာသနာတော်ဟှာ ခိုင်မြဲဘီး ကြီးပွားဟှို့တွပ် ခိုင်းခိုင်မားမာဟှားရပ်ဘီး တစိ တသဘောဒဲ၊ ရည်ရွယ်ချစ်တခုဒဲန ဒန်းကောန်းနဆိုင်ဟှူ ယောင်ကြည်ရှင်းတရားတွပ် နန်းနို့လေဟှာ တိုက်ပွဲဝမ်နေဂေ့ကြောန်းဟှို ငါဟှာ ကြားရှင်ဟှယ်။
PHI 1:28 နန်းနို့ရဲ့ ရန်သူလေဟှို ကြော့‑က်ဂေ့န။ မြဲဒမ်းဘဲ့ ရဲရဲရင့်ရင့်ဟှာ နေဂေ့ပါ။ အယ်မျိုးနေဇာဟှာ ရန်သူလေဟှ ရှောင်းဟှားဟှူကြောန်းန နန်းနို့ဟှ အောန်မြင်မယ်ဖြစ်ကြောန်း ရန်သူလေဟှို သတ်သေပြဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှို အောန်ဗွဲခံစေဟှူ သခင်ဟှာ ဘုရားသခင်ဘဲ့ ဖြစ်ဟှယ်။
PHI 1:29 နန်းနို့ဟှာ ခရစ်တော်ဟှို ယောင်ကြည်ရှင်းမျှဘဲ့ ကဘဲ့န ခရစ်တော်တွပ်ကြောန့် ဒေါက်ခ ခံရရှင်းနရော၊ ခရစ်တော်ရဲ့မှုတော်ဟှို လောက်ဟှို့တွပ်ရော ခွမ့်ရေးလေဟှို ရဂေ့ဟှယ်။
PHI 1:30 ခုနန်းနို့ဟှာ ငါ့နတူးဒူ တိုက်ပွဲဟှို ဝမ်နိုင်ဟှားဘီး ရင်းရင်ဒူးဟှ ငါဟှာ တိုက်ပွဲဝမ်ဇာဟှို နန်းနို့ဟှာ ဗြင်ရဂေ့ဟှယ်။ နန်းနို့ ကြားရဟှူတိုင်းဘဲ့ ခုလည်း ငါဟှာ တိုက်ပွဲဝမ်နေသေးဟှယ်။
PHI 2:1 နန်းနို့ဟှာ ခရစ်တော်ထဲမာ သတ်ရှင်ဟှူကြောန့် ခွန်အားလေ ရလာဂေ့ဟှယ်။ ကိုယ်တော်ရဲ့ မြစ်တာတော်ဟှာ နန်းနို့ဟှို နှစ်သိမ့်မှုဟှို ပေးဟှယ်။ နန်းနို့ဟှာ ဝိညာဉ်တော်န မိတ်သဟာယဖွဲ့ရဟှူ ခွမ့်ရဂေ့ဟှယ်။ နန်းနို့လေဟှာ သနားကြင်နာဟှူ စိရှိဂေ့ပါ။
PHI 2:2 အယ်ဘီးဟှာ နန်းနို့ဟှာ စိသဘောတူးဒူရှိရှင်း၊ နန်းနို့ရှင်းရှင်း ရှစ်ရှင်း၊ စိစွဲလမ်းဘီး တူးဒူရှိဂေ့ဇာအားဖြင့် ငါ့ဟှို ရရတိုင်း ဝန်းသာစေဂေ့ပါ။
PHI 2:3 ဝါကြွားရှင်ဟှူစိ၊ ကျော်ကြားရှင်ဟှူ စိဟှို တတ်မတ်ဘီးဟှာ ဖြားမှုလည်း လောက်ဂေ့န။ တခြားလူဟှ ကိုယ်ထတ်သာဟှယ် ဆိုဇာဟှို မြဲဒမ်း မှတ်ဟှားဘီးဟှာ စိနှိခ္လဂေ့ပါ။
PHI 2:4 ကိုယ်ကျိုးတွပ်ဘဲ့ ကေ့ဘဲ့န ရှင်းရှင်းလေရဲ့ ကျိုးဟှို ရှာဂေ့ပါ။
PHI 2:5 ယေရှုခရစ်တော်ထဲမာရှိဟှူ စိသဘောမျိုး နန်းနို့လေမာလည်း ရှိဂေ့ပါ။
PHI 2:6 ကိုယ်တော်ဟှာ ဘုရားဇာတိတော်န ထာဝရပ္လဲ့ဇောင်ဟှယ်။ ဘုရားသခင်န ဒန်းဒူဖြစ်ဟှို့တွပ် ကြိုးစားအားထုမှုမျိုး စဉ်းစားဟှ။
PHI 2:7 အယ်မျိုးလောက်ဟှို့ နေနေသာသာ ကိုယ့်ကိုယ်ကိုယ် ဖောင်းသရေတော်ဟှိုစွန့်ဘီး စေခံကျွန်ရဲ့ ပေါင်ဇံဟှို ခံယူလိုက်ဟှယ်။ ကိုယ်တော်ဟှာ လူပေါင်ဇံဟှို ဆောန်ဘီးဟှာ လူလေမျိုး မွီးဖွားလာဟှယ်။
PHI 2:8 သူ့ကိုယ်သူ နှိခ္လဘီးဟှာ လတ်ဝါးကပ်တိုင်ထတ်မာ သေခံဟှားဟှူထိ နာခံမှုလမ်းစဉ်ဟှို လိုက်လျှော့‑က်ဟှားဟှယ်။
PHI 2:9 အယ်ကြောန်းကြောန့် ဘုရားသခင်ဟှာ ကိုယ်တော့်ဟှို ရရာတိုင်း ချီးမြှော‑က်ဘီး၊ ဘွဲ့နာမဂူလောင်းထတ် ကီးမြတ်ဟှူ ဘွဲ့နာမဟှို ပေးဟှားဟှယ်။
PHI 2:10 အယ်ကြောန့် ကောန်းဂန်၊ မ္လေဂီးထတ်န မ္လေဂီးအော့‑က်မာ ရှိနေဟှူ သတ္တဝါဂူလောင်းဟှာ သခင်ယေရှုရဲ့ နာမတော်ဟှို ရိုသေဦးညွှတ်ဘီးဟှာ၊
PHI 2:11 ယေရှုခရစ်တော်ဟှာ သခင်ဖြစ်ဟှယ် ဆိုဇာဟှို နှောက်နဝန်ခံဘီး၊ ဖဘုရားသခင်ရဲ့ ဖောင်းတော်ဟှို ထန်ရှား စေဂေ့လေ့မယ်။
PHI 2:12 ရှစ်ရဟှူသူလေ၊ နန်းနို့န ငါဟှာ ရှိနေဟှူခီဒူးဟှ နန်းနို့ဟှာ ငါ့စကားဟှို မြဲဒမ်း နားထောန်မျိုးဘဲ့ ငါ့နော့‑က်ကွယ်မာလည်း မြဲဒမ်းနားထောန်ဘီးဟှာ ရရာတိုင်း ကြော့‑က်ဟှူစိန ကိုယ့်ကိုယ်ကိုယ် ကယ်တန်ဟှို့တွပ် ကိုယ်တိုင် ကြိုးစာအားထုဂေ့ပါ။
PHI 2:13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ စေတနာစိ ရှိဟှူတိုင်း ဆန္ဒရှိဟှို့န လောက်ဆောင်ဂေ့ဟှို့တွပ် နန်းနို့ထဲမာ လောက်ဆောင်တော်မူဟှူ သခင်ဟှာ ဘုရားသခင်ဖြစ်ဟှယ်။
PHI 2:14 နန်းနို့ဟှာ ဖြားဘဲ့လောက်လောက် ညီးတွားရှင်း၊ ဂြင်းခူရှင်း ရှိဘဲန လောက်ဆောန်ဂေ့ပါ။
PHI 2:15 အယ်မျိုးလောက်မှ နန်းနို့ဟှာ ဖော့‑က်ပ္လန်ဘီးဟှာ ပြစ်ကျူးလွန်နေဟှူ လူလေရှိဟှူ အယ်လောကမာ ဘုရားသခင်ရဲ့ ပြစ်တန်ဇာမှေ့ဘဲ့ဟှူ သားမီးနေန စိနှလောင်း ဖ္လူစင်သန့်ရှင်းဘီးဟှာ ပြစ်ကင်းဟှူလူလေ ဖြစ်ဂေ့လေ့မယ်။
PHI 2:16 နန်းနို့ဟှာ ထာဝရသတ်န ဆိုင်ဟှူ တရားတော်ဟှို ဟောပြောဘီးဟှာ အယ်လူလေလယ်မာ ကြယ်လေမျိုးဘဲ့ လန်းဘီးဟှာ တော့‑က်ပဂေ့လေ့မယ်။ အယ်မျိုးလောက်မယ် ဆိုဟှာ ငါဟှာ အားထုဘီးဟှာ လောက်ဆောန်ဇာမှန်မျှဟှာ ချည်းနှီးဖြစ်ဘဲန ခရစ်တော်ရဲ့ နေ့ရစ်မာ ငါ့မာ ဂေါင်ယူဝါကြွားဇာ ကြောန်းလေ ရှိလေ့မယ်။
PHI 2:17 နန်းနို့ရဲ့ ယောင်ကြည်ရှင်းဟှ ဘုရားသခင်ဟှို ပူဇော်ဟှူယဇ်ထတ်မာ ငါ့ရဲ့ သတ်နသွီးဟှို သွန်းလောင်းရမယ် ဆိုဟှာ ငါဟှာ ဝန်းသာဘီး နန်းနို့နတူးဒူ ဝန်းသာဟှယ်။
PHI 2:18 နန်းနို့ဟှာ ဝန်းသာဘီးဟှာ ငါ့နတူးဒူ ဝန်းသာဂေ့ပါ။
PHI 2:19 ငါဟှာ နန်းနို့ကြောန်း ဒန်းကောန်းဟှို ကြားဘီးဟှာ အားတတ်လာဟှို့ သခင်ယေရှုဟှာ လိုတော်ရှိမယ် ဆိုဟှာ တိမောသေဟှို နန်းနို့နားဟှို ကြာခန်မာ လွှတ်ဟှို့တွပ် ငါဟှာ မျှော်လင့်ဟှယ်။
PHI 2:20 တိမောသေ တယော့‑က်ဘဲ့ ငါ့နဘောတူဘီး နန်းနို့ရဲ့ ကျိုးဖြစ်ဟှို့တွပ် မှန်တကယ်လိုရှင်ဟှူ လူဖြစ်ဟှယ်။
PHI 2:21 တခြားလူလေဟှာ ကိုယ်ကျိုးဘဲ့ ရှာဂေ့ဟှယ်။ ယေရှုခရစ်တော်ရဲ့ကျိုးဟှို ရှာဂေ့ဟှ။
PHI 2:22 တိမာသေန ငါဟှာ သားဖမျိုးဘဲ့ တူးဒူ ဒန်းကောန်းဟှို ပ္လံ့နှံ့ဟှို့တွပ် မှုတော်ဟှို ဖယ်မျိုးစေခံဟှယ်နူး၊ ဆိုဇာဟှို နန်းနို့ဟှာ သိဂေ့ဟှယ်။
PHI 2:23 အယ်ကြောန့် ငါ့ရဲ့ မှုကိစလေဟှာ ဖယ်မျိုးဖြစ်နူး၊ ဆိုဇာဟှို သိဟှူ ခီမာ သူ့ဟှို နန်းနို့နားဟှို လွှတ်နိုင်ဟှို့တွပ် ငါဟှာ မျှော်လင့်နေဟှယ်။
PHI 2:24 သခင်ဘုရားဟှို ယောင်ကြည် ကိုးစားဘီး ငါကိုယ်တိုင်ဘဲ့ ကြာခန်မာ နန်းနို့နားဟှို လာနိုင်လေ့မယ်။
PHI 2:25 ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ်၊ ငါ့နတူးဒူ တိုက်ပွဲဝမ်ဟှူလူ၊ ငါ့ဟှို ပြုစုဟှို့တွပ် နန်းနို့လေ လွှတ်လိုက်ဟှူလူ၊ နို့လေရဲ့ညီ စေတမန်ဖြစ်ဟှူ ဧပဖြောဒိတ်ဟှို နန်းနို့နားဟှို လွှတ်ဟှို့တွပ် လိုအပ်နေဟှယ် ဆိုဇာဟှို ငါဟှ ယူဆဟှယ်။
PHI 2:26 သူဟှာ နန်းနို့ဂူလောင်းဟှို လွမ်းဘီးဟှာ မြဲဒမ်းဒိရနေဟှယ်။ သူဖျားနေဟှူ ဒန်းဟှို နန်းနို့ဟှ ကြားဟှူကြောန့် သူဟှာ စိကောန်းဘဲ ဖြစ်နေဟှယ်။
PHI 2:27 သူဟှာ တကယ်ဘဲ့ သေခါနီးဖြစ်အောန် ဖျားနေဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့ဟှို သနားလေဟှယ်။ သူ့ဟှိုဘဲ့ သနားဇာမှုဟှ။ ငါ့ဟှိုလည်း ထတ်ဘီးဟှာ ဝန်းနဲ့ဟှူ ဇာလေန တွိကြောင်ဘဲနေ ရဟှို့တွပ် သနားဟှယ်။
PHI 2:28 အယ်ကြောန့် နန်းနို့ဟှာ သူ့ဟှို နော့‑က်တခါ တွိရဟှူကြောန့် ဝန်းသာဂေ့ဟှိုတွပ်ရော၊ ငါ့ရဲ့ ဝန်းနဲဟှူ ဇာလေလည်း ပျော့‑က်ဟှားဟှို့တွပ်ရော သူ့ဟှို နန်းနို့နားဟှို လွှတ်ဟှို့တွပ် ငါဟှာ ပိုဘီး ဟှာ စိအားထတ်သန်ဘီး နေဟှယ်။
PHI 2:29 နန်းနို့ဟှာ သခင်ဘုရားဟှို ထော့‑က်ဘီး သူ့ဟှို ညီကိုတယော့‑က်နေန ဝန်းသာဘီးဟှာ ကြိုဆိုဂေ့ပါ။ အယ်မျိုးလူဟှိုလည်း ရိုသေဘီးဟှာ လေးစားဂေ့ပါ။
PHI 2:30 သူဟှာ နန်းနို့လေကိုယ်တိုင် ပေးနိုင်ဘဲ့ဟှူ ကူညီလေဟှို ငါ့ဟှို ပေးနိုင်ဘီးဟှာ သတ်စွန့်ဘီးဟှာ ခရစ်တော်ရဲ့မှုတော်ဟှို သေခါနီးထိ ကြိုးစားဘီးဟှာ ထမ်းဆောန်ဟှယ်။
PHI 3:1 ညီကို မောန်နှမလေ၊ နော့‑က်ဆောင်း ပြောရမယ် ဆိုဟှာ သခင်ဘုရားန တလောင်းတဝဒဲဖြစ်ဘီး ဝန်းသာဂေ့ပါ။ ရင်ဟှ ငါရေးဘီးဟှာ ဖော်ပြဟှားဟှူ ကြောန်းရာလေဟှို ခုလည်းထပ်ဘီးဟှာ ဖော်ပြရဟှူဇာဟှာ ဝန်လေးဟှ၊ နန်းနို့လေ ပိုဘီး ဟှာ လောင်ခြောင်ဟှို့တွပ်ဖြစ်ဟှယ်။
PHI 3:2 ခွီးဖြစ်ဟှူလူ၊ ကောန်းဘဲ့ဟှူကျင့်ဟှို ကျင့်ဟှူလူ၊ ကိုယ်အင်္ဂါဟှို လှီးဖြတ်ရမယ် ဆိုဘီး ပြောဟှူလူလေဟှို ဒိနရှောန်ဂေ့ပါ။
PHI 3:3 ရေဖျားလှီးရှင်းဟှို ခံရဟှူ လူလေဟှာ အယ်လူလေမှုဘဲ့န နို့လေဘဲ့ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ကိုယ်တော်ရဲ့ ဝိညာဉ်တော်ကြောန့် ဘုရားသခင်ဟှို ကိုးကွယ်ဝတ်ပြုဘီး ယေရှုခရစ်တော်န တလောင်းတဝဒဲ ဖြစ်ဟှူကြောန့် ရွှင်လန်းဘီး ဝန်းသာဟှူ လူလေ ဖြစ်ဟှယ်။ နို့လေဟှာ ပ္လန်ဟှ လတ်ခဏာလေဟှို ကိုးစားဟှ။
PHI 3:4 အယ်ဘေမဲ့ ဇာတိနှိုက် အားကိုးဇာလည်း ငါ့မာ ရှိဟှယ်။ ယော့‑က်ယော့‑က်ဟှ ပ္လန်ဟှ လတ်ခဏာလေဟှို အားကိုးဇာ ရှိမယ် ဆိုဟှာ ငါ့မာလည်း သူ့ထတ် ပိုဘီး ဟှာ အားကိုးနိုင်ဟှူ ကြောန်းလေရှိဟှယ်။
PHI 3:5 ငါဟှာ ရှစ်ရစ်မြော့‑က်နေ့မာ ရေဖျားလှီးရှင်းဟှို ခံဘီးဟှာ ဣသရေလလူမျိုး ဗင်္ယာမိန်နွယ်ဝမ်၊ ယုဒလူမျိုးဖြစ်ဟှူ မိဖလေဟှနေဘီးဟှာ မွီးလာဟှူလူ ဖြစ်ဟှယ်။ ပညတ်တရား စောန့်ထီးဟှူဇာန ပတ်သတ်ဘီး ပြောရမယ် ဆိုဟှာ ငါဟှာ ဖာရိရှဲ ဂိုဏ်းဝမ် ဖြစ်ဟှယ်။
PHI 3:6 ဘာသာရေး စိအားကီးဟှူ ဖတ်မာပြောမယ် ဆိုဟှာ သင်းတော်လေဟှို ညှဉ်းဆဲ နှိစစ်ဟှူလူ ဖြစ်ဟှယ်။ ပညတ်တရားဟှို လိုက်ရှော့‑က်ရှင်းအားဖြင့် ဖြောန့်မတ်မယ် ဆိုဟှာ ငါဟှာ ပြစ်တန်ဇာမှေ့ဘဲ့ဟှူ လူဖြစ်ဟှယ်။
PHI 3:7 အယ်ဘေမဲ့ အယ်ဇာလေဟှ ငါ့တွပ် မ္လတ်ဖြစ်ဟှယ် ဆိုဘီး ပြောနိုင်ဘေမဲ့ ခုဟှ ခရစ်တော်တွပ်ကြောန့် ရှောင်းဘဲ့ဖြစ်ဟှယ် ဆိုဘီး မှတ်လိုက်ဟှယ်။
PHI 3:8 အယ်မျှလော့‑က်ဘဲ့ မှုဘဲန ငါ့ရဲ့ သခင်ခရစ်တော်ဟှို သိကျွမ်းရဇာဟှာ အယ်ဇာလေနရော၊ ရှိမျှဂူလောင်းထတ် တဂိုးရှိဟှူကြောန့် အယ်ဇာလေဟှိုရော ရှောင်းဘဲ့ဖြစ်ဟှယ် ဆိုဘီး ငါမှတ်ဟှယ်။ ငါဟှာ ကိုယ်တော်တွပ် ရှိမျှဂူလောင်းဟှို ပစ်လိုက်ဟှယ်။ ယေရှုခရစ်တော်ဟှို မ္လတ်ရဟှို့ရော၊ ကိုယ်တော်န တလောင်းတဝဒဲ ဖြစ်နိုင်ဟှို့ရော အယ်ဇာလေဟှို မှိုက်လေမျိုးဘဲ့ ငါဟှာ သတ်မှတ်ဟှယ်။
PHI 3:9 ငါဟှာ ပညတ်တရားဟှို စောန့်ထီးဟှူကြောန့် ဖြောန့်မတ်ဟှူဇာဟှို ရဇာမှုဟှ ခရစ်တော်ဟှို ယောင်ကြည်ကြောန့်ဘဲ့ ဖြောန့်မတ်ရှင်းဟှို ရဟှယ်။ အယ်မျိုးဘဲ့ ဘုရားသခင်ပေးသနားဟှူ ဖြောန့်မတ်ရှင်းဟှာ ယောင်ကြည်ရှင်းမာဘဲ့ ခြေခံဟှယ်။
PHI 3:10 ငါဟှာ ခရစ်တော်ဟှို သိကျွမ်းဇာ၊ ရှင်ပ္လန်ထမြော့‑က်ဟှူ တဂိုးတော်ဟှို ခံစားရဟှူဇာ၊ ခရစ်တော်နတူးဒူ ဆင်းရဲဒေါက်ခခံရဟှူဇာ၊ ကိုယ်တော်သေခံဟှူဇာမာ ပါဝမ်နိုင်ဟှို့တွပ် လိုရှင်တောန်းတဟှယ်။
PHI 3:11 အယ်မျိုးမှုဘဲ ငါကိုယ်တိုင်သေဘီးဟှာ ရှင်ပ္လန်ထမြော့‑က်ဟှူခွမ့်ဟှို ရမယ် ဆိုဇာဟှို မျှော်လင့်နိုင်ဟှယ်။
PHI 3:12 ငါဟှာ အောန်မြင်ဘီးဟှာ ပြစ်မှေ့ဟှ ဆိုဇာဟှို ပြောရှင်ဇာ မှုဟှ။ အယ်ဘေမဲ့ အယ်ဆုဟှို ငါ့ဟှိုပေးဟှို့တွပ် ယေရှုခရစ်တော်ဟှာ ငါ့ဟှို ဆွဲခေါ်ဘီး ရဟှားဟှူကြောန့် ငါဟှာ အယ်ဆုဟှို ရနိုင်ဟှို့တွပ် ကြိုးစားဘီးနေဟှယ်။
PHI 3:13 ညီကို မောန်နှမလေ၊ ငါဟှာ အယ်ဆုဟှို ရဟှားဟှယ် ဆိုဘီး ထန်ဟှ၊ ငါလောက်ဟှူ တခုဒဲဖြစ်ဟှူဇာဟှ ငါ့နော့‑က်မာ ရှိနေဟှူဇာလေဟှို မေ့ပစ်ဘီးဟှာ ငါ့ရှေ့မာ ရှိနေဟှူဇာလေနားဟှို ရော့‑က်ဟှို့တွပ် စွမ်းဂူကြိုးစားဟှယ်။
PHI 3:14 အယ်ကြောန့် ငါဟှာ ဆုဟှိုရဟှို့တွပ် ပန်းတိုင်ဟှို ရှေ့ရှုဘီးဟှာ ပ္လေးဟှယ်။ အယ်ဆုဟှာ ထတ်ရပ်မာ သတ်ရှင်ဟှို့တွပ် ယေရှုခရစ်တော်ကြောန့် ဘုရားသခင်ဟှ ဖိခေါ်ဇာဘဲ့ ဖြစ်ဟှယ်။
PHI 3:15 အယ်ကြောန့် ဝိညာဉ်ရေးရာမာ ကီးထွားလူလေဟှာ အယ်မျိုးစိသဘောလေ ရှိသင့်ဟှယ်။ တချို့လေဟှ တူဘဲဟှူ စိသဘောရှိမယ် ဆိုဟှာ ဘုရားသခင်ဟှ အယ်ဇာဟှို ရှင်းရှင်းလန်းလန်းဟှား ဖော်ပြပေးလေ့မယ်။
PHI 3:16 ဖယ်မျိုးဘဲ့ဖြစ်ဖြစ် နို့လေဟှာ ခုထတ်ထိ ကိုယ်ရှော့‑က်လာဟှူ ပေါင်ဇံတိုင်းဘဲ့ ကျင့်ဂေ့ဇို့။
PHI 3:17 ညီကို မောန်နှမလေ၊ နန်းနို့လေဟှာ ငါ့နားမာ တုယူဂေ့။ နို့လေပြဟှူ စံနမူနာကောန်းလေဟှို သတ်ရှင်ဘီး လိုက်နာဂေ့ဟှူလူလေဟှို ရှုမှတ်ဂေ့ပါ။
PHI 3:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှို မကြာမကြာ ငါဟှာ ဖော်ပြဖူးဟှယ်။ ခုလည်း မျစ်ရယ်က္လဘီးဟှာ ဖော်ပြဟှယ်။ ခရစ်တော်ရဲ့ လတ်ဝါးကပ်တိုင်ထတ်မာ သေခံရှင်းတရားန ဆန့်ကျင်ဘီးကျင့်နေဟှူ လူလေဘောင်ဂီး ရှိနေဟှယ်။
PHI 3:19 အယ်လူလေဟှာ ငရဲမာလမ်းဆောင်းဘီး ပျစ်စီးဂေ့လေ့မယ်။ သူးနို့လေရဲ့ ဘုရားဟှ သူးနို့ဗိုက်ဘဲ့ ဖြစ်ဟှယ်။ သူးနို့ဟှာ ရှစ်ကြော့‑က်ရဟှူဇာလေဟှို ချီးမွမ်းဘီး ကြွားဂေ့ဟှယ်။ လောကဟှ ဇာလေဟှိုဘဲ့ စိစွဲလမ်းဂေ့ဟှယ်။
PHI 3:20 နို့လေဟှ ကောန်းဂန်နိုင်ငံသား ဖြစ်ဟှူကြောန့် ကောန်းဂန်ဘောင်မာ နို့လေရဲ့ ကယ်တန်ရှင် သခင်ယေရှုခရစ်တော် ကြွလာဟှူဇာဟှို စောန့်မျှော်ဘီး ရှိနေဂေ့ဟှယ်။
PHI 3:21 ကိုယ်တော်ဟှာ ရာအားလာင်းဂူဟှို သူ့ရဲ့ အာဏာစစ်အော့‑က်မာ ရော့‑က်စေဟှူ တဂိုးတော်ကြောန့် နို့လေရဲ့ သေတတ်ဟှူ ကိုယ်ခန္ဓာဟှို ဖောင်းသရေတော်န ပ္လဲ့ဇောင်ဟှူ ကိုယ်ခန္ဓာနတူအောန် ပ္လောန်းလဲပေးလေ့မယ်။
PHI 4:1 အယ်ကြောန့် ငါဝန်းသာဟှူဇာကြောန်းန ငါ့ရဲ့ သရဖူဖြစ်ဟှူ ငါ့ညီကို မောန်နှမလေ၊ နန်းနို့ဟှို ငါဟှာ ရရာတိုင်းရှစ်ဘီးဟှာ လွမ်းနေဟှယ်။ ငါဟှာ နန်းနို့လေကြောန်းကြောန့် ဂေါင်ယူဟှယ်။ ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ သခင်ဘုရားမာ ခိုင်ခိုင်မြဲမြဲဟှား ရပ်နေဂေ့ပါ။
PHI 4:2 ဧဝေါဒိန သုန္တုတ်လေ၊ သခင်ဘုရားရဲ့ တဗဲ့တော်မ ပီသဘီး စိသဘောညီညွတ်ဟှူဇာ ရှိဂေ့ဟှို့တွပ် ငါဟှာ တောန်းဗန်ဟှယ်။
PHI 4:3 ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ်ဖြစ်ဟှူ နန်ဟှာ အယ်မီးမလေဟှို ကူညီမဇပါ။ နန့်ဟှို ငါဟှာ တိုက်တွန်းဟှယ်။ သူးနို့လေဟှာ ဒန်းကောန်းပြောဟှူ ခီမာ ငါ့နတူးဒူ ကြိုးစားဘီး လောက်ဆောန်ဟှူ လောက်ဖော်ဆောန်ဖတ် ဖြစ်ဂေ့ဟှယ်။ အယ်မျိုး လောက်ဆောန်ဟှူ လူလေထဲမာ ကလေမန်းနတူးဒူ ဘုရားသခင်ရဲ့ သတ်စာစောန်မာ နာမယ်ပါဟှူ တခြား ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ်လေလည်း ပါဝမ်ဟှယ်။
PHI 4:4 နန်းနို့ဟှာ သခင်ဘုရားန တလောင်းတဝဒဲ ဖြစ်ဟှူကြောန့် ဝန်းသာဂေ့ပါ။ နော့‑က်တခါ ငါပြောမယ် ဝန်းသာဂေ့ပါ။
PHI 4:5 နန်းနို့လေရဲ့ နူးညံ့သိမ်မွေ့ဟှူ စိသဘောဟှို လူလေဟှို ဗြင်စေဂေ့ပါ၊ သခင်ဘုရား ပ္လန်ကြွလာဟှို့ခီ နီးနေဘီ။
PHI 4:6 ဖယ်မှုဟှိုလည်း စိုးရိမ်ဘဲ့န ဖြစ်လာဟှူ မှုရာလေတွပ် ကျေးဇူးတော် ချီးမွမ်းရှင်းန ဆုတောန်းဘီးဟှာ နန်းနို့ လိုရှင်ဇာလေဟှို ဘုရားသခင်မာ တောန်းလျှော့‑က်ဂေ့ပါ။
PHI 4:7 အယ်မျိုးလောက်မယ် ဆိုဟှာ ဖယ်သူလည်း ကြံစည်တတ်စွမ်းနိုင်ဟှို့ မှီဘဲ့ဟှူ ဘုရားသခင်ရဲ့ ငြီသတ်ရှင်းဟှာ ယေရှုခရစ်တော်န နန်းနို့ဟှာ တလောင်းတဝဒဲ ဖြစ်ဟှူကြောန့် နန်းနို့ရဲ့ စိနှလောင်းန ကြံစည်လေဟှို ကာကွယ် စောန့်ရှော့‑က်လေ့မယ်။
PHI 4:8 ညီကို မောန်နှမလေ၊ နိဂေါင်းချောက် ပြောရမယ် ဆိုဟှာ နန်းနို့ဟှာ ဖြောန့်မတ်ရှင်း၊ မှန်ကန်ရှင်း၊ မွန်မြတ်ရှင်း၊ စင်ကြယ်ရှင်း၊ နှစ်သက်ဇာကောန်းရှင်း၊ အသရေရှိရှင်းဖြစ်ဟှူ ကောန်းမြတ်ရှင်းလေန ချီးမွမ်းဇာဖြစ်ရှင်းလေ ရှိဟှူမျှလေဟှို နှလောင်းသွမ်းဂေ့ပါ။
PHI 4:9 ငါ့နားဟှနေ နန်းနို့ကြားဘီး ဗြင်ရဟှူဇာလေဟှို ကျင့်ဂေ့ပါ။ အယ်မျိုးကျင့်မယ် ဆိုဟှာ ငြီသတ်ရှင်းရဲ့သခင် ဘုရားသခင်ဟှာ နန်းနို့နတူးဒူ ရှိလေ့မယ်။
PHI 4:10 ခီလေဘောင်ဂီးကြာဘီးမှ နန်းနို့ဟှာ ငါဟှို လေးထားဘီးဟှာ စဉ်းစားပေးဟှူစိဟှာ နော့‑က်တခါ ပြဂေ့ဟှူကြောန့် ငါဟှာ သခင်ဘုရားန တလောင်းတဝဒဲ ဖြစ်ဟှူသူ တယော့‑က်နေန ရရာတိုင်း ဝန်းသာဟှယ်။ ရင်ခါဒူးဟှ နန်းနို့ဟှာ ငါဟှို မြစ်တာစေတနာ ထားဘဲ့နေဟှယ် ဆိုဘီး ငါပြောဟှ။ အယ်စေတနာမြစ်တာဟှို ပြနိုင်ဘဲ့ဟှူကြောန်းဘဲ့ ပြောဇာဖြစ်ဟှယ်။
PHI 4:11 ငါ့ဟှို နန်းနို့ဟှ ပယ်ဘီးဟှာ ထားဟှားဟှူကြောန့် ယူဆဘီးဟှာ အယ်စကားဟှို ပြောဟှူဇာလည်း မှုဟှ။ ငါဟှာ ကိုယ့်မာရှိဟှူဇာနဘဲ့ ရောက်ရဲဘီး နေနိုင်ဟှို့တွပ် သန်ယူဟှားဟှယ်။
PHI 4:12 ငါဟှာ ရရာတိုင်း ငတ်နေဇာဘဲ့ ဖြစ်စေ၊ ရရာတိုင်း စားရဟှူဇာဘဲ့ ဖြစ်စေ၊ ချို့ချို့တတ်တတ်ဘဲ့ ဖြစ်စေ၊ ပိုလျှံနေဟှူဇာဘဲ့ ဖြစ်စေ၊ ဖယ်မျိုးခြေနေ၊ ဖယ်မျိုးနေရာမာဘဲ့ ဖြစ်စေ၊ ကျေကျေနပ်နပ်ဟှား နေနိုင်ဟှို့တွပ် သန်ယူဟှားဟှယ်။
PHI 4:13 ခရစ်တော်နားဟှရဟှူ ခွန်အားကြောန့် ငါဟှာ ဖယ်မျိုးခြေနေမျိုးဘဲ့ ကြောင်ရကြောင်ရ ရင်ဆိုင်နိုင်ဟှယ်။
PHI 4:14 ဖယ်မျိုးဘဲ့ဖြစ်ဖြစ် ငါဟှာ ဆင်းရဲဒေါက်ခ တွိကြောင်ရဟှူ ခီမာ နန်းနို့ဟှာ မျှဝီခံစားဘီး ကောန်းကောန်းဟှား ပြုစုဂေ့ဟှယ်။
PHI 4:15 ဖိလိပ္ပိသင်းသားလေ၊ ငါဟှာ မာကေဒေါနိပြည်ဟှနေ ထွပ်ဟှားဘီး ဒန်းကောန်းဟှို စဘီးကြေညာဟှူ ခီမာ နန်းနို့သင်းတော်ဟှဘဲ ငါ့ဟှို ကူညီဟှူကြောန့် မှုတော်ဆောန်လောက်ငန်းမာ နန်းနို့ဘဲ့ ငါ့နတူးဒူတွဲဘီးဟှာ ပေးလှူရှင်းန လတ်ခံရှင်း ရှိဘီးဟှာ ဝီမျှဂေ့ဟှူကြောန်းဟှို နန်းနို့ ကိုယ်တိုင်ဘဲ့ ကောန်းကောန်းသိဟှယ်။
PHI 4:16 သက်သာလောနိတ်ဗြို့မာ ရှိဟှူခီဒူဟှ ငါလိုရှင်ဟှူကူညီဟှို နန်းနို့ဟှာ နှေ့ခါတိုင်အောန် ပို့ပေးဂေ့ဟှယ်။
PHI 4:17 အယ်မျိုးပြောဇာဟှာ ငါဟှာ လှူဟှို လိုရှင်ဟှူကြောန့် မှုဟှ။ နန်းနို့ရဲ့ ကပ်စာရင်းလေမာ မ္လတ်တိုးလာဇာဟှို ငါဟှာ လိုရှင်ဟှယ်။
PHI 4:18 နန်းနို့ပေးလိုက်ဟှူ လှူပစ်စီးဂူလောင်းဟှို ရဟှူကြောန်းဟှို အယ်မူဖော်ပြဟှားဟှယ်။ အယ်လှူ ပစ္စည်းလေဟှို ဧပဖြောဒိတ်ဟှ ယူလာပေးဟှူကြောန့် ငါလိုရှင်ဇာလေရဟှယ်။ အယ်ဇာလေဟှာ မွီးကြိုင်ဟှူပူဇော်သကာ၊ ဘုရားသခင်လတ်ခံဘီး နှစ်သက်ဟှူ ယစ်မျိုးဘဲဖြစ်ဟှယ်။
PHI 4:19 ငါ့ရဲ့ ဘုရားသခင်ဟှာ ဂေါင်သရေန စည်းဇိမ်အောက်စာ ကြွယ်ဝမျိုး၊ နန်းနို့ဟှို ယေရှုခရစ်တော်ကြောန့် နန်းနို့ လိုရှင်ဇာမှန်မျှဟှို ပေးသနားပါစေ။
PHI 4:20 နို့လေရဲ့ဖ ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
PHI 4:21 ယေရှုခရစ်တော်နှိုက် ရှိဟှူ သန့်ရှင်းသူလေဟှို နှောက်ဆစ်ပေးဂေ့ပါ။ ငါ့နတူးဒူ ရှိဂေ့ဟှူ ညီကို မောန်နှမလေဟှလည်း နန်းနို့ဟှို နှောက်ဆစ်လိုက်ဟှယ်။
PHI 4:22 ယေရှုခရစ်တော်နှိုက် ရှိဟှူ သန့်ရှင်းသူလေဟှို နှောက်ဆစ်ပေးဂေ့ပါ။ ထူးသဖြင့် ကဲသာမန်းဂီးရဲ့ အီမာရှိနေဟှူ ညီကိုမောန်နှလေဟှ နှောက်ဆစ်လိုက်ဟှယ်။
PHI 4:23 သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့ ဝိညာဉ်နတူးဒူ ရှိပါစေ။
COL 1:1 ဘုရားသခင်ရဲ့ လိုတော်အားဖြင့် ယေရှုခရစ်တော်ရဲ့ တမန်တော်ဖြစ်ဟှူ ငါပေါလုန နို့လေရဲ့ညီ တိမောသေဟှာ —
COL 1:2 ကောလောသဲဗြို့မာရှိဟှူ ခရစ်တော်ဟှို ယောင်ကြည်ဘီး သစ်စာရှိဟှူ သန့်ရှင်းသူ ညီကို မောန်နှမလေနားဟှို စာရေးလိုက်ပါဟှယ်၊
COL 1:3 နို့လေဟှာ နန်းနို့လေတွပ် ဆုတောန်းဟှူခီတိုင်းမာ သခင်ယေရှုခရစ်တော်ရဲ့ ဖဖြစ်ဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါဟှယ်။
COL 1:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ယေရှုခရစ်တော်ဟှို ယောင်ကြည်ဘီး သန့်ရှင်းသူလေဟှို ရှစ်ဂေ့ဟှူကြောန်းဟှို ကြားရဟှူကြောန့် ဖြစ်ဟှယ်။
COL 1:5 အယ်မူယောင်ကြည်ရှင်းန ရှစ်ရှင်းမြစ်တာလေဟှာ နန်းနို့လေတွပ် ကောန်းဂန်ဘောင်မာ သိုဟှားဟှူ မျှော်လင့်ရှင်းအားဖြင့် ဖြစ်ပေါ်လာဘီး အယ်မျှော်လင့်ရှင်းကြောန်းဟှာ နန်းနို့လေနားဟှို ရော့‑က်လာဟှူ ကောန်းမြတ်ဟှူ ဒန်းကောန်းနဆိုင်ဟှူ သမ္မာတရားရဲ့ နှောက်တော်ထွပ်စကားဟှို နန်းနို့လေ ကြားရဂေ့ဘီ။
COL 1:6 အယ်မူဒန်းကောန်းဟှာ တကမ္ဘာလောင်းဟှို ပ္လံ့နှံ့ဘီး တိုးပွားဟှူမျိုး အယ်ဒန်းကောန်းဟှို ကြားနာရဟှူ နန်းနို့လေလည်း ဘုရားသခင်ရဲ့ကျေးဇူးတော်ဟှို မှန်းမှန်ကန်းကန် သိဟှူနေ့ဟှနေစဘီး နန်းနို့ထဲမာလည်း သီးသီးဘီးဟှာ တိုးပွားနေဟှယ်။
COL 1:7 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို နန်းနို့လေဟှို သန်ပေးဟှူသူဟှာ နို့လေရဲ့ ကိုယ်စား ခရစ်တော်ရဲ့ မှုဆောန်ဟှူ နို့လေရှစ်ရဟှူ ဧပဖြဘဲ့ ဖြစ်ပါဟှယ်။ သူဟှာ နို့လေရဲ့ကိုယ်စား သစ်စာရှိရှိန ခရစ်တော်ရဲ့ မှုတော်ဟှို ထမ်းဆောန်ဟှူသူ ဖြစ်ဘီး၊
COL 1:8 ဝိညာဉ်တော်အားဖြင့်ရရှိဟှူ နန်းနို့လေရဲ့မြစ်တာကြောန်းဟှို နို့လေဟှို သူပြောပြဟှယ်။
COL 1:9 အယ်ကြောန့် နို့လေလည်း နန်းနို့လေဒန်းဟှို ကြားရဟှူနေ့ဟှစဘီး မြဲဒမ်းဘဲ့ ဆုတောန်းဘီးဟှာ နန်းနို့လေဟှာ ဝိညာဉ်တော်ပေးတော်မူဟှူ ဉာဏ်ပညာန တတ်သိနားလည်မှု စောင်လင်ရှင်းအားဖြင့် ဘုရားသခင်ရဲ့လိုတော်ဟှို သိဟှူဉာဏ်နပ္လဲ့ဝဘီး၊
COL 1:10 ကောန်းဟှူမှု မျိုးမျိုးဖြစ်ဟှူ သီးဟှိုသီးဘီးဟှာ ဘုရားသခင်ဟှို သိဟှူဉာဏ်န ကီးထွားလာရှင်းအားဖြင့် ရာရာတိုင်းမာ သခင်ဘုရား နှစ်သက်စေဘီး ကိုယ်တော်န ထိုက်ထိုက်တန်တန် သတ်ရှင်ရှော့‑က်လှမ်းနိုင်ဟှို့တွပ် တောန်းလျှော့‑က်ဂေ့ဟှယ်။
COL 1:11 နော့‑က်ဘီး နန်းနို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းတဂိုး အာနုဘော်တော်ဟှနေ ဆင်းသတ်လာဟှူ စွမ်းသတ်တိရှိဟှူမျှန အားဖ္လဲ့ဇာခံရဘီး သီးခံရှင်း၊ စိရှယ်ရှင်းန ပ္လဲ့ဝဘီးဟှာ၊
COL 1:12 နန်းနို့ဟှို လန်းရောန်နှိုက်ရှိဟှူ သန့်ရှင်းသူလေရဲ့ မွီတော်မာ ပါဝမ်ထိုက်ဟှူသူ ဖြစ်စေတော်မူဟှူ ဖဘုရားသခင်ဟှို ဝန်းသာဟှူ စိန ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။
COL 1:13 ဖဘုရားသခင်ဟှာ နို့လေဟှို မှောန်မိုက်ရဲ့တဂိုးဟှ ကယ်နှုတော်မူဘီးဟှာ သူရှစ်မြတ်နိုးတော်မူဟှူ သားတော်ရဲ့ နိုင်ငံတော်ထဲဟှို ခေါ်သွမ်းတော်မူဟှယ်။
COL 1:14 နို့လေဟှာ အယ်သားတော်အားဖြင့် ဝီးနှုရှင်းဖြစ်ဟှူ ပြစ်လေ ခွမ့်လွှတ်ရှင်း ကျေးဇူးဟှို ရရှိဂေ့ဟှယ်။
COL 1:15 သားတော်ဟှာ မျစ်စိနဗြင်နိုင်ဘဲဟှူ ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်တော်ဖြစ်ဘီး ဖန်ဆင်းတော်မူဟှူ ဝေနေယျသတ္တဝါလေ ဂူလောင်းထဲမာ သားဦးဖြစ်ဟှယ်။
COL 1:16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ထတ်န မ္လေဂီးထတ်မာ ရှိဟှူရာလေ ဂူလောင်းနတူးဒူ လူ့မျစ်စိန ဗြင်နိုင်ဟှူရာ၊ ဗြင်နိုင်ဘဲဟှူရာ၊ ရာဇပလ္လင်လေဖြစ်ဖြစ်၊ စိုးရဟှူ တဂိုးလေဖြစ်ဖြစ်၊ ထွဋ်မြတ်ခွမ့်အာဏာလေဖြစ်ဖြစ် ရှိဟှူမျှရာလေ ဂူလောင်းဟှို ဘုရားသခင်ဟှာ အယ်မူသားတော်အားဖြင့် ဖန်ဆင်းတော်မူဟှူကြောန့် ဖြစ်ဟှယ်။ ရှိမျှဂူလောင်းဟှာ အယ်သခင်အားဖြင့်န အယ်သခင်တွပ် ဖန်ဆင်းတော်မူလေဟှယ်။
COL 1:17 သားတော်ဟှာ ရှိမျှဂူလောင်း ဖြစ်ခန်ဒဲဟှ ရှိတော်မူဘီး ရှိမျှဂူလောင်းဟှိုလည်း တဂိုးတော်အားဖြင့် တည်နေဂေ့ဟှယ်။
COL 1:18 ကိုယ်တော်ဟှာ သင်းတော်ဖြစ်ဟှူ ကိုယ်ခန္ဓာရဲ့ ဦးခေါန်းဖြစ်တော်မူဟှယ်။ ရှိမျှဂူလောင်းမာ ထူးမြတ်ဟှူ နဂိုမူလရင်းမြစ်ဖြစ်ဘီး သေဟှားဟှူ သူလေထဲမာ သားဦးဖြစ်တော်မူလေဟှယ်။
COL 1:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရှိမျှဂူလောင်း ပ္လဲ့ဇောင်ရှင်းလေဟှို သားတော်ထဲမာ ကိန်းဝပ်စေဟှို့တွပ်န၊
COL 1:20 လတ်ဝါးကပ်တိုင်ထတ်မာ သွန်းဟှူ သားတော်ရဲ့ သွီးတော်အားဖြင့် ရန်ဟှို ငြီးစေဘီး ကောန်းဂန်ဘောင်မာ ရှိဟှူ ဇာလေရော၊ မ္လေဂီးထတ်မာ ရှိဟှူ ဇာလေရော ဂူလောင်းဟှို သားတော်အားဖြင့် သူ့န ပ္လန်သင့်မြတ်လာစေဟှို့တွပ် လိုတော်ရှိတော်မူဟှယ်။
COL 1:21 တခီဒူးဟှ နန်းနို့လေဟှာ ဆိုးညစ်ဟှူကျင့်န ကြံစည်လေကြောန့် ဘုရားသခင်န ဝီးကွာဟှားဘီး စိနှလောင်းနှိုက် ရန်သူဖြစ်ဂေ့ဟှယ်။
COL 1:22 အယ်ဘေမဲ့ ခုခီမာ သွီးသားနဆိုင်ဟှူ ကိုယ်ခန္ဓာနှိုက် သားတော်ဟှို သေခံစေရှင်းအားဖြင့် ဘုရားသခင်ဟှာ နန်းနို့လေဟှို သူ့န ပ္လန်သင့်မြတ်စေတော်မူဟှယ်။ အယ်မျိုးလောက်ရှင်းအားဖြင့် သန့်ရှင်းဘီး ပြစ်မှေ့ဘဲဟှူ နန်းနို့လေဟှို သူ့ရဲ့ ရှေ့တော်မာ ဆစ်သနိုင်ဟှို့တွပ် ဖြစ်ဟှယ်။
COL 1:23 အယ်ဘေမဲ့ နန်းနို့လေဟှာ ကြားနာရဟှူ ကောန်းမြတ်ဟှူ ဒန်းကောန်းရဲ့ မျှော်လင့်ရှင်းဟှနေ ယီးယိုင်သွားဘဲန ခိုင်းခိုင်မားမာ အုပြစ်ခ္လဟှားဟှူ ယောင်ကြည်ရှင်းမာ ဆစ်ဘီးတည်နေရမယ်။ ကောန်းဂန်အော့‑က်ဟှ ဖန်ဆင်းခံလောက တခုလောင်းဟှို ပ္လံ့နှံ့နေဟှူ အယ်မူဒန်းကောန်းဟှို ဟောပြောစေခံနေဟှူ သူဟှာ ငါပေါလုဘဲ့ ဖြစ်ဟှယ်။
COL 1:24 ငါဟှာ နန်းနို့လေတွပ် ခံရဟှူ ဆင်းရဲဒေါက်ခလေဟှို ခု ဝန်းသာခံယူဘီး ခရစ်တော်ရဲ့ ဆင်းရဲဒေါက်ခမာ လိုအပ်သေးဟှူ ပိုင်းလေဟှို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှူ သင်းတော်တွပ် ကျန်ရှိနေဟှူ ဆင်းရဲဒေါက်ခ ကြွင်းကျန်လေဟှို ငါ့ရဲ့ ကိုယ်ခန္ဓာမာ ပ္လဲ့ဇောင်စေဟှယ်။
COL 1:25 နန်းနို့ကျိုးတွပ် ဘုရားသခင်ဟှာ ငါ့ဟှို သင်းတော်ရဲ့ မှုဆောန်ဖြစ် ခန့်ဟှားဟှယ်။ ငါ့ဟှို ပေးအပ်တော်မူဟှူ တာဝန်ဟှာ စကားတော်ရှိဟှူမျှ ပ္လဲ့ပ္လဲ့ဝဝဟှို ဟောပြောဟှို့တွပ်ဖြစ်ဟှယ်။
COL 1:26 ကိုယ်တော်ဟှာ အယ်မူ နတ်နဲဟှူဇာလေဟှို လောကမာရှိဟှူ လူလေ ဂူလောင်းဟှို လွန်လာဘီးဟှူ ရှေးကာလလေမာ သိခွမ့်ပေးဘဲဟှူလည်းဘဲ့ ခုခီမာ သူ့ရဲ့သန့်ရှင်းသူလေဟှို ဖော်ပြပေးတော်မူဘီ။
COL 1:27 လူမျိုးခြားလေမာ အယ်မူနတ်နဲရာနဆိုင်ဟှူ မဟာစည်းဇိမ်ဟှာ ဖယ်မျှလော့‑က်ကီးဟှယ် ဆိုဇာဟှို သန့်ရှင်းဟှူသူလေ သိစေဟှို့တွပ် ဘုရားသခင် လိုရှိတော်မူဟှယ်။ အယ်မူစည်းဇိမ်ဟှ ဖောင်းသရေတော်ဟှို မျှော်လင့်ဟှို့ကြောန်းဖြစ်ဟှူ နန်းနို့ထဲမာ တည်တော်မူဟှူ ခရစ်တော်ဘဲ့ဖြစ်ဟှယ်။
COL 1:28 နို့လေဟှာ လူတိုင်းဟှို ခရစ်တော်နှုက် စောင်လင်ရင့်ကျတ်ဟှူ သူဖြစ် ဆစ်သနိုင်ဟှို့တွပ် လူတိုင်းဟှို ဒိပေး ဆောင်းမဘီးဟှာ ဉာဏ်ပညာရှိဟှူမျှန သွန်သန်ဘီး ခရစ်တော်ရဲ့ ကြောန်းဟှို ဟောပြောဂေ့ပါဟှယ်။
COL 1:29 အယ်မူတာဝန်ဟှို ငါကြိုးစား လောက်ဆောန်ဟှူ ခီမာ ခရစ်တော်ဟှာ ငါ့ဟှို ကီးမားဟှူ တဂိုးဟှို ပေးတော်မူဟှယ်။ အယ်မူတဂိုးဟှာ ငါ့ထဲမာ လောက်ဆောန်နေဟှယ်။
COL 2:1 ငါဟှာ နန်းနို့လေန လောဒိကိဗြို့သူဗြို့သားလေဟှနေစဘီး ငါ့ဟှို ဗြင်ဖူးသေးဘဲဟှူ တခြားလူလေတွပ် ဖယ်လော့‑က်ထိ ကြိုးစားဘီး လောက်ဆောန်ဟှူဇာလေဟှို နန်းနို့လေဟှို သိစေရှင်ပါဟှယ်။
COL 2:2 အယ်မျိုး ကြိုးစားဘီး လောက်ဆောန်ရဟှူကြောန်းဟှ နန်းနို့လေ ဂူလောင်းဟှာ စိအားထတ်သန်ဘီး ရှင်းရှင်း တယော့‑က်ဟှိုတယော့‑က် ရှစ်ရှင်းမြစ်တာန စည်းလောင်းစေဟှို့တွပ် စစ်မှန်ဟှူ သိနားလည်မှုအားဖြင့် စိခ္လမှုအာမခံချစ်ဟှို ပ္လဲ့ပ္လဲ့ဝဝ ရရှိဂေ့ဟှို့တွပ်န၊ ဘုရားသခင်ရဲ့ လျှို့ဝှပ်နတ်နဲဟှူရာဖြစ်ဟှူ ခရစ်တော်ဟှို သိရဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
COL 2:3 အယ်မူခရစ်တော်ထဲမာ ဘုရားသခင်ရဲ့ ဉာဏ်ပညာဘဏ္ဍာ၊ သိပညာဘဏ္ဍာရှိဟှူမျှဟှို ဝှက်ဟှားတော်မူဟှယ်။
COL 2:4 အယ်ကြောန့် ဖယ်သူလည်း နန်းနို့လေဟှို ဖြားရောန်းဟှူ စကားလေန လှည့်ဇားစေန။
COL 2:5 ငါဟှာ ကိုယ်ခန္ဓာအားဖြင့် နန်းနို့လေန ကွာဘီးနေရဟှူလည်းဘဲ့ စိဝိညာဉ်အားဖြင့် နန်းနို့လေနတူးဒူရှိပါဟှယ်။ နန်းနို့လေဟှာ တစည်းတလောင်းဒဲရှိဂေ့ဘီး ခရစ်တော်ဟှို ခိုင်းခိုင်မြဲမြဲန ယောင်ကြည်ဂေ့ဟှူဇာဟှို ငါဗြင်ရဟှူကြောန့် ရရာတိုင်းဘဲ့ ဝန်းသာပါဟှယ်။
COL 2:6 အယ်ကြောန့် နန်းနို့လေဟှာ ခရစ်တော် ယေရှုဟှို သခင်ဖြစ်န လတ်ခံဂေ့ဟှူကြောန့် ကိုယ်တော်န တလောင်းတဝဒဲ ဖြစ်ရှင်းအားဖြင့် သတ်ရှင်ဂေ့ပါ။
COL 2:7 သွန်သန်ဇာလေဟှို ခံရဟှူတိုင်း ကိုယ်တော်နှိုက် နတ်နတ်နဲနဲ ပြစ်စွဲဘီးဟှာ ကိုယ်တော်ထတ်မာ ကိုယ့်ရဲ့ ဘဝသတ်တာဟှို တည်ဆော့‑က်ဘီး နန်းနို့လေရဲ့ ယောင်ကြည်မှု ခိုင်မြဲစေရှင်းအားဖြင့် ကျေးဇူးတော် ချီးမွမ်းရှင်းန ပ္လဲ့ဇောင်ဂေ့ပါ။
COL 2:8 ခရစ်တော်ရဲ့ တရားဟှို ခြေပြုဘဲန လောကရဲ့ ခြေခံတရားလေ လူလေရဲ့ ဓလေ့ထောင်းဒမ်းလေဟှို ခြေပြုဟှားဟှူ တွေးခေါ်ပညာလေန နှစ်သာရမှေ့ဘဲဟှူ လှည့်ဇားမှုလေအားဖြင့် ဖယ်သူလည်း နန်းနို့လေဟှို လုယူဖျစ်ဆီးဘဲနေဟှို့တွပ် ဒိပြုဂေ့ပါ။
COL 2:9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားရဲ့ ဇာတိတော်ရဲ့ ရှိဟှူမျှ ပ္လဲ့ဇောင်ရှင်းလေဟှို ခရစ်တော်ထဲမာ ကိုယ်ထန်ရှားဘီး ကိန်းဝပ်တော်မူလေဟှယ်။
COL 2:10 နန်းနို့လေဟှာ အောက်ချောက်ရှင်း ခွမ့်အာဏာဂူလောင်းရဲ့ ဦးခေါန်းဖြစ်တော်မူဟှူ အယ်သခင်အားဖြင့် ပ္လဲ့ဇောင်ဂေ့ဟှယ်။
COL 2:11 ခရစ်တော်နဆိုင်ဟှူ ရေဖျားလှီးရှင်းအားဖြင့် သွီးသားဇာတိနဆိုင်ဟှူ ကိုယ်ခန္ဓာဟှို ခလွတ်ပယ်ဘီးဟှာ လူ့အားဖြင့်မှုဘဲဟှူ ရေဖျားလှီးရှင်းဟှို အယ်သခင်နှိုက် ခံယူဂေ့ဟှယ်။
COL 2:12 နန်းနို့လေ ဗတ္တိဇံခံဟှူ ဇာအားဖြင့် ကိုယ်တော်နတူးဒူ သင်္ဂြိုဟ်ဇာဟှို ခံဂေ့ဘီး ခရစ်တော်ဟှို သေရှင်းဟှနေ ရှင်ပ္လန်ထမြော့‑က်စေတော်မူဟှူ ဘုရားသခင်ရဲ့ တဂိုးတော်ဟှို ယောင်ကြည်ဂေ့ဟှူကြောန့် ကိုယ်တော်နတူးဒူ ရှင်ပ္လန်ထမြော့‑က်ဂေ့လေဟှယ်။
COL 2:13 နန်းနို့လေဟှာ စဟှ ပြစ်ကျူးလွန်ဟှူ သူလေဖြစ်ဂေ့ဘီး ကိုယ်ကာယရဲ့ ရေဖျားလှီးဘဲဟှူ ဖြစ်န သေနေဟှူ နန်းနို့ဟှို ဘုရားသခင်ဟှာ ခရစ်တော်နတူးဒူ သတ်ရှင်စေတော်မူဘီးဟှာ နို့လေကျူးလွန်ဟှူ ပြစ်ရှိဟှူမျှဟှို ခွမ့်လွှတ်ဘီး၊
COL 2:14 နို့လေရဲ့ ပြစ်ကြွေးစာရင်းန၊ အယ်ပြစ်စာရင်းနဆိုင်ဟှူ ဥပဒေစည်းမျဉ်းလေ ဂူလောင်းဟှို လတ်ဝါးကပ်တိုင်မာ ရိုက်ရှင်းအားဖြင့် ပယ်ဖျစ်တော်မူလေဟှယ်။
COL 2:15 အယ်လတ်ဝါးကပ်တိုင်ထတ်မာ ခရစ်တော်ဟှာ ဝိညာဉ်ရေးရာနဆိုင်ဟှူ တဂိုးရှင်လေန ခွမ့်အာဏာရှိဟှူမျှဟှို ဖယ်ရှားတော်မူဘီးဟှာ သူးနို့လေဟှို စစ်သုံးပန်းဖြစ် ဖမ်းဆီးခေါ်ဘီး အောင်ပွဲခံ လှည့်လည်ရာမာ လူလေ ဂူလောင်းဟှို ပြဟှို့တွပ် နော့‑က်ဟှနေ လိုက်ပါစေတော်မူလေဟှယ်။
COL 2:16 အယ်ကြောန့် စားသော့‑က်န ပတ်သတ်ဟှူ ဇာဘဲ့ဖြစ်ဖြစ်၊ ဘာသာရေးပွဲနေ့၊ လဆန်းနေ့၊ ဒန်းနေ့န ပတ်သတ်ဇာဘဲ့ဖြစ်ဖြစ် နန်းနို့လေဟှို ဖယ်သူလေဟှလည်းဘဲ့ စီရင်စေန။
COL 2:17 အယ်မူဇာလေဟှာ နော့‑က်တခီမာ ဖြစ်ပေါ်လာမယ့် ဇာလေရဲ့ ရိရောန်မျှဘဲ့ဖြစ်ဘီး ကိုယ်စစ်ဟှ ခရစ်တော်ဘဲ့ဖြစ်ဟှယ်။
COL 2:18 မှန်ဘဲဟှူ နှိခ္လမှုလေ၊ ကောန်းဂန်တမန်လေဟှို ဝတ်ပြုကိုးကွယ်မှုလေဟှို လေးနတ်ပြောဆိုဘီး သူးနို့တွိဗြင်ရဟှူ ဗျာဒိတ်ရူပါရောင်လေဟှို ကြောန်းပြုဘီးဟှာ သူးနို့ဟှ တခြားသူလေထတ် သာဟှယ်ဆိုဘီး ပြောဆိုတတ်ဟှူ သူလေဟှာ နန်းနို့လေဟှို ရှုံ့ခ္လဟှူခွမ့်ဟှို ပေးဂေ့န။ သူးနို့လေဟှာ လူ့သဘောအားဖြင့် စဉ်းစားဆင်ခြင်ဘီး ချည်းနှီးသတ်သတ် စိဘဝင်မြင့်နေဂေ့ဟှယ်။
COL 2:19 သူးနို့လေဟှာ ကိုယ်ခန္ဓာရဲ့ ဦးခေါင်းဖြစ်ဟှူ ခရစ်တော်ဟှို မှီခိုအားကိုးမှု မှေ့ဂေ့ဟှ။ ခရစ်တော်ရဲ့ ထီးသီးမှုအော့‑က်မာ ဆစ်လေန ရိုးရှင်းဆစ်ပေးဟှူ ရွတ်လေအားဖြင့် ကိုယ်ခန္ဓာ တခုလောင်းဟှာ အဟာရဟှိုခံယူဘီး ဘုရားသခင် လိုတော်ရှိဟှူတိုင်း ကီးထွားတတ်လေဟှယ်။
COL 2:20 နန်းနို့လေဟှာ ခရစ်တော်နတူးဒူ သေပီးဟှာ အယ်လောကရဲ့ ခြေခံတရားဟှနေဘီး ကင်းကွာဟှယ် ဆိုဟှာ ဖြားဖြစ်ကြောန့် လောကမာ သတ်ရှင်ဟှူမျိုး၊
COL 2:21 “ထိန” “ကိုင်န” “ဗြဲန” ဆိုဟှူ စည်းမျဉ်းလေဟှို လိုက်နာနေဂေ့နူး။
COL 2:22 အယ်မူရာ ဂူလောင်းဟှာ လူလေရဲ့ ပညတ်န သွန်သန်ချစ်လေ ဖြစ်ဟှူကြောန့် သောန်းပြုရင်းန ပျော့‑က်ကွယ် ပျစ်စီးဟှားမယ့် ရာလေဘဲ့ဖြစ်ဟှယ်။
COL 2:23 အယ်မျိုး ဘာသာတရား စည်းမျဉ်းလေဟှာ ကိုယ်ခန္ဓာကျိုးန ဆိုင်ဘဲ ကိုယ်လိုလျောက် ကိုးကွယ်ဟှူဇာလေ၊ မှန်ဘဲဟှူ စိနှိခ္လဟှူဇာလေ၊ ကိုယ်ကာယဟှို နှိစစ်ဟှူဇာလေန ပတ်သတ်ဘီး ပညာရှိဟန်ပေါ်ဟှူလည်းဘဲ့ သွီးသားဇာတိရဲ့ တတ်မတ်မှုဟှို ချောက်တီးရာမာ ဖယ်မျိုးလည်းကျိုးပြုဟှ။
COL 3:1 အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ခရစ်တော်နတူးဒူ ထမြော့‑က်ဂေ့ဟှယ် ဆိုဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်တော်မူဟှူ ခရစ်တော်ရှိဟှူနေရာ ထတ်ရပ်မာရှိဟှူဇာလေဟှို ရှာဂေ့ပါ။
COL 3:2 လောကမာ ရှိဟှူရာလေဟှို စိစွဲလန်းဘဲန ထတ်ရပ်မာ ရှိဟှူရာလေဟှိုဘဲ့ စိစွဲလန်းဂေ့ပါ။
COL 3:3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ သေဘီးဟှူသူလေ ဖြစ်ဟှူကြောန့် နန်းနို့သတ်ဟှာ ခရစ်တော်နတူးဒူ ဘုရားသခင်နှိုက် ဝှပ်ဟှားဟှူကြောန့် ဖြစ်ဟှယ်။
COL 3:4 နန်းနို့ရဲ့ သတ်ဖြစ်ဟှူ ခရစ်တော်ဟှာ ထန်ရှားတော်မူဟှူ ခီမာ နန်းနို့လေလည်း အယ်သခင်နတူးဒူ ဖောင်းကီးဘီး ထန်ရှားလာလေ့မယ်။
COL 3:5 အယ်ကြောန့် ကာမဂေါင်လိုက်စားရှင်းလေ၊ ကိလေသာ ပူပန်ရှင်းလေ၊ ညစ်ညူးရှင်းလေ၊ ရောက်ထုဟှို ကိုးကွယ်ရှင်းဖြစ်ဟှူ လောဘလွန်ကျူးရှင်းလေဟှို မ္လေဂီးထတ်မာရှိဟှူ နန်းနို့ရဲ့ ကိုယ်အင်္ဂါလေဟှို သေစေဂေ့ပါ။
COL 3:6 အယ်မာမျိုးလေကြောန့် ဘုရားသခင်ရဲ့ မျစ်တော်ဟှာ ငြင်းဆန်ဟှူ သူလေထတ်ဟှို သတ်ရော့‑က်လေဟှယ်။
COL 3:7 စဟှ နန်းနို့လေလည်း အယ်သူလေန ပေါန်းဖော်ဒူးဟှ အယ်မူမှုရာလေအားဖြင့် ကျင်လည်သတ်ရှင်ဂေ့ဟှယ်။
COL 3:8 အယ်ဘေမဲ့လည်း ခုခီမာ နန်းနို့လေဟှာ မျစ်ထွပ်ရှင်းလေ၊ စိဆိုးရှင်းလေ၊ မူးတီးရှင်းလေ၊ သူများရဲ့ အသရေဖျစ်ရှင်းလေ၊ ညစ်ညူးဟှူစကား ပြောဆိုရှင်းလေဟှို နန်းနို့လေရဲ့ နှောက်ဟှနေဘီး ဖယ်ရှားဂေ့ပါ။
COL 3:9 ယော့‑က်ဟှိုယော့‑က် မုသာသောင်းဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ လူဟောန်းရဲ့ကျင့်လေန လူဟောန်းရဲ့ကိုယ်ဟှို ခလွတ်ပယ်ဘီးဟှာ၊
COL 3:10 ဖန်ဆင်းတော်မူဟှူသူရဲ့ ပေါင်သဏ္ဌာန်တော်နညီ မှန်ဟှူသိပညာအားဖြင့် သစ်ပြုပြင်ဟှူ လူသစ်ဟှို ယူတန်ဝတ်ဆောန်ဟှူသူလေ ဖြစ်ဂေ့လေဟှယ်။
COL 3:11 အယ်မူ ဖန်ဆင်းတော်မူဟှူထဲမာ လူမျိုးခြားမှေ့ဟှ၊ ယုဒလူမှေ့ဟှ၊ ရေဖျားလှီးဟှားသူန လှီးဟှားဘဲဟှူသူမှေ့ဟှ၊ ယဉ်ကျေးဘဲဟှူသူမှေ့ဟှ၊ လူရိုင်းမှေ့ဟှ၊ ကျွန်မှေ့ဟှ၊ ကျွန်မှုဘဲဟှူလူမှေ့ဟှ၊ ခရစ်တော်ဟှာ လောင်းဇောင်ထဲဟှ လောင်းဇောင် ဖြစ်တော်မူလေဟှယ်။
COL 3:12 အယ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင် ဝီးကော့‑က်ဟှူသူ၊ သန့်ရှင်းဟှူသူ၊ ရှစ်အပ်ဟှူ သူမျိုးဘဲ့ သနားစောင်မတ်ရှင်း၊ ကျေးဇူးပြုရှင်း၊ စိနှိခ္လရှင်း၊ နူးညံ့သီမွိရှင်း၊ စိရှယ်ရှင်းလေဟှို ဝတ်ဆင်ဂေ့ပါ။
COL 3:13 ရှင်းရှင်းလေရဲ့ပြစ်ဟှို သီးခံဘီး ယော့‑က်နယော့‑က် ပြစ်တန်ဇာရှိဟှယ် ဆိုဟှာ သခင်ဘုရားဟှာ နန်းနို့လေရဲ့ပြစ်ဟှို ခွမ့်လွှတ်ဟှူမျိုး နန်းနို့လေလည်း ရှင်းရှင်း ခွမ့်လွှတ်ဂေ့ပါ။
COL 3:14 အယ်မူဇာဂူလောင်းထတ်မာ စောင်လင်ဟှူ ဖွဲ့စည်းဖြစ်ဟှူ ရှစ်ရှင်းမြစ်တာဟှို ထပ်ဘီးဟှာ ယူတန်ဝတ်ဆောန်ဂေ့ပါ။
COL 3:15 နန်းနို့လေရဲ့ စိနှလောင်းထဲမာ ခရစ်တော်ရဲ့ ငြီသတ်ရှင်း အောက်စိုးစေ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ အယ်မူငြီသတ်ရှင်း ခံစားရဟှို့တွပ် ကိုယ်ခန္ဓာ တခုဒဲထဲဟှို ခေါ်ဟှားတော်မူရှင်းဟှို ခံရဟှူကြောန့် ကျေးဇူးသိတတ်ဟှူ စိရှိဂေ့ပါ။
COL 3:16 ခရစ်တော်ရဲ့ စကားတော်ဟှာ ပညာဘောန်းဇောင်န နန်းနို့ထဲမာ ကြွယ်ဝဘီး တည်နေဟှူကြောန့် နန်းနို့လေဟှာ ဆာလံချင်းဟှနေစဘီး ဓမ္မချင်း၊ ဝိညာဉ်ရေးရာ ချင်းဘောန်းဇောင်အားဖြင့် ရှင်းရှင်းလေဟှို ဒိပေးဆောင်းမ သွန်သန်ဘီး နူးညွတ်ဟှူ စိနှလောင်းန ဘုရားသခင် ရှေ့တော်မာ တင့်တယ်လျောက်ပတ်အောန် ချီးမွမ်းဂေ့ပါ။
COL 3:17 စကားပြောရှင်းဖြစ်စေ၊ မှုဆောန်ရွက်ရှင်းဖြစ်စေ သခင်ယေရှုရဲ့ နာမတော်ဟှို ထော့‑က်ဘီး ရှိမျှဂူလောင်းဟှို လောက်ဘီးဟှာ ကျေးဇူးတော် ကီးလှပါဟှယ် ဆိုဘီး အယ်သခင်ဟှို မှီပြုဘီးဟှာ ဖဘုရားသခင်ရှေ့မာ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။
COL 3:18 မယားဖြစ်ဟှူသူလေ၊ သခင်ဘုရားနှိုက် လျောက်ပတ်ဟှူတိုင်း ကိုယ့်လန်ရဲ့ အောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။
COL 3:19 လန်ယော့‑က်ကျားလေ၊ ကိုယ့်ရဲ့မယားဟှို ရှစ်ဂေ့ပါ။ ကြမ်းကြမ်းထန်းထန်း လောက်ဂေ့န။
COL 3:20 သားမီးလေ၊ မိဖစကားဟှို ရာရာမာ နားထောန်ဂေ့ပါ။ မိဖစကားဟှို နားထောန်ဟှူဇာဟှာ သခင်ဘုရား နှစ်သက်တော်မူဟှူဇာ ဖြစ်ဟှယ်။
COL 3:21 မိဖလေ၊ ကိုယ့်သားမီးလေဟှို စိဆိုးအောန် ပြုဂေ့န။ အယ်မျိုးပြုဟှယ် ဆိုဟှာ သူးနို့လေဟှာ အားလျော့စိပျစ်ဂေ့လေ့မယ်။
COL 3:22 စေခံဟှူကျွန်လေ၊ နန်းနို့လေရဲ့ လောကီသခင်လေဟှို ရာရာမာ နာခံဂေ့ပါ။ မျစ်နှာလိုမျစ်နှာရ လောက်ဟှူသူလေမျိုး မျစ်မှော့‑က်မာဘဲ့ လောက်ဆောန်ရှင်းမျိုးမှုဘဲန သခင်ဘုရားဟှို ကြော့‑က်ရွံ့ဘီး ရိုးသားဟှူ စိနှလောင်းအားဖြင့် နာခံဂေ့ပါ။
COL 3:23 လူလေရဲ့မှုဟှိုဘဲ့ လောက်ဆောန်ဟှူမျိုးမှုဘဲန သခင်ဘုရားရဲ့မှုတော်ဟှို လောက်ဆောန်ဟှူမျိုး ရာရာဟှို စေတနာစိန လောက်ဂေ့ပါ။
COL 3:24 နန်းနို့လေဟှာ သခင်ခရစ်တော်ရဲ့ စေခံဟှူသူလေဖြစ်ဟှူကြောန့် မွီတော်ဖြစ်ဟှူ ကျိုးဟှို အယ်သခင်ဘုရားရဲ့ လတ်တော်ဟှ ခံရဂေ့လေ့မယ် ဆိုဘီး သိမှတ်ဂေ့ပါ။
COL 3:25 တရားဘဲဟှူမှုဟှို ပြုဟှူသူဟှာ ကိုယ်ပြုဟှူမှုရဲ့ ကျိုးပြစ်ဟှို ခံရလေ့မယ်။ ဖယ်သူ့ဟှိုလည်း မျစ်နှာလိုက်တော်မူဟှ။
COL 4:1 သခင်ဖြစ်ဟှူသူလေ၊ နန်းနို့လေရဲ့သခင်ဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှယ် ဆိုဇာဟှို သိမှတ်ဘီး ဖြောန့်မတ်ဟှူတရားတိုင်း မှန်ကန်မျှတမှုအားဖြင့် ကိုယ့်ကျွန်လေဟှို ပြုဂေ့ပါ။
COL 4:2 ဆုတောန်းရှင်းဟှို မြဲဒမ်းပြုဘီး ကျေးဇူးချီးမွမ်းရှင်းအားဖြင့် ဒိဝိရိယရှိဂေ့ပါ။
COL 4:3 ဘုရားသခင်ဟှာ စကားတော်တွပ် ခွဗော့‑က်ဟှို ဖွမ့်ပေးဟှားဘီး ခရစ်တော်ရဲ့ နတ်နဲဟှူရာလေဟှို ဟောပြောနိုင်ဟှို့ နို့လေတွပ်လည်း ဆုတောန်းပေးဂေ့ပါ။ ငါဟှာ အယ်မူနတ်နဲဟှူရာလေကြောန့် ထောန်က္လနေပါဟှယ်။
COL 4:4 အယ်မူနတ်နဲဟှူရာဟှို ဟောပြောသင့်ဟှူတိုင်း ရှင်းရှင်းလန်းလန်း ပြတ်ပြတ်သားသားန ငါဟောပြောနိုင်ဟှို့တွပ် ဆုတောန်းဂေ့ပါ။
COL 4:5 ယောင်ကြည်ဘဲဟှူသူလေရှေ့မာ ဉာဏ်ပညာရှိရှိန ကျင့်ဆောန်ဘီးဟှာ ခီခါဟှို ကောန်းကောန်းသောင်းခ္လဂေ့ပါ။
COL 4:6 လူသီးသီးဟှို ဖယ်မျိုး ပ္လန်ပြောရမယ်ဆိုဇာဟှို သိနိုင်ဟှို့တွပ် နန်းနို့လေပြောဟှူစကားဟှာ ဆားဟှူမျိုး ရသာရှိဟှို့တွပ် မြဲဒမ်းမျစ်နှာသာရဘီး တင့်တယ်မှုရှိပါစေ။
COL 4:7 သခင်ဘုရားနှိုက် သစ်စာရှိဟှူ မှုဆောန်၊ နို့လေရဲ့လောက်ဖော်ဆောန်ဖတ်ဖြစ်ဟှူ ငါရှစ်ရဟှူညီ တုခိတ်ဟှာ ငါ့နဆိုင်ဟှူ ကြောန်းရာရှိဟှူမျှဟှို နန်းနို့လေဟှို ပြောပြလေ့မယ်။
COL 4:8 သူ့ဟှို နန်းနို့နားဟှို လွှတ်လိုက်ဟှူကြောန်းရာဟှ နို့လေရဲ့ကြောန်းဟှို နန်းနို့သိရဟှို့တွပ်န သူဟှာ နန်းနို့လေရဲ့စိနှလောင်းဟှို နှစ်သိမ့်အားပေးဟှို့တွပ် ဖြစ်ဟှယ်။
COL 4:9 နန်းနို့ထဲဟှ တယော့‑က်ဖြစ်ဟှူ၊ သစ်စာရှိဟှူသူ နို့လေရှစ်ရဟှူညီ ဩနေသိမ်လည်း သူ့နတူးဒူပါလာဟှယ်။ သူးနို့လေဟှာ အယ်ရပ်မာဖြစ်ပျစ်နေဟှူ ကြောန်းရာလေ ဂူလောင်းဟှို နန်းနို့လေဟှို ပြောပြလေ့မယ်။
COL 4:10 ငါ့နတူးဒူ ချောက်က္လခံနေရဟှူ အာရိတ္တာခု၊ ဗာနဗရဲ့တူ မာကုဟှားလေဟှာ နန်းနို့လေဟှို နှောက်ဆစ်လိုက်ပါဟှယ်။ သူဟှာ နန်းနို့နားဟှိုရော့‑က်လာဟှူ ခီမာ ကြိုဆိုဂေ့ဟှို့တွပ် ညွှန်ကြားဟှူဇာလေဟှို နန်းနို့ရဂေ့ပီးဘီ ဖြစ်ဟှယ်။
COL 4:11 ယုတ္တုဆိုဘီးခေါ်ဟှူ ယေရှုဟှလည်း နန်းနို့လေဟှို နှောက်ဆစ်လိုက်ပါဟှယ်။ ရေဖျားလှီးဟှားဟှူသူလေထဲမာ အယ်လူသောင်းယော့‑က်ဟှာ ဘုရားသခင်ရဲ့နိုင်ငံတော်တွပ် ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ်ဖြစ်ဟှူ ယုဒလူမျိုး ယောင်ကြည်သူလေဖြစ်ဘီး၊ ငါ့ဟှို နှစ်သိမ့်အားပေးဟှူသူလေ ဖြစ်ဟှယ်။
COL 4:12 နန်းနို့လေထဲဟှဖြစ်ဟှူ ယေရှုခရစ်တော်ရဲ့ကျွန် ဧပဖြဟှာ နန်းနို့ဟှို နှောက်ဆစ်လိုက်ပါဟှယ်။ နန်းနို့လေဟှာ စောင်လင်ရင့်ကျတ်ဘီး၊ ဘုရားသခင်ရဲ့လိုတော်ဟှို ကူစင်အောန် လောက်ဆောန်နိုင်ဟှို့တွပ် သူဟှာ နန်းနို့တွပ် ခီတိုင်းမာ ကြိုးစားဘီးဟှာ ဆုတောန်းတတ်ပါဟှယ်။
COL 4:13 မှန်တကယ်ဘဲ့ သူဟှာ နန်းနို့လေဟှနေစဘီး လောဒိကိဗြို့န ဟေရပေါလိဗြို့မာရှိဟှူ သူလေတွပ် ရရာတိုင်း ကြိုးစားလောက်ဆောန်ဟှယ် ဆိုဇာဟှို ငါသတ်သေခံပါဟှယ်။
COL 4:14 နို့လေရှစ်ရဟှူ ဆေးဆရာလုကာန ဒေမဟှာ နန်းနို့လေဟှို နှောက်ဆစ်ဂေ့ဟှယ်။
COL 4:15 လောဒိကိဗြို့ဟှ ညီကိုလေဖြစ်ဟှူ၊ နို့ဖန သူ့အီမာရှိဟှူ သင်းတော်ဟှိုလည်း နှောက်ဆစ်ဂေ့ပါ။
COL 4:16 အယ်စာဟှို နန်းနို့လေဖတ်ဘီးမှ လောဒိကိဗြို့မာရှိဟှူ သင်းတော်ဟှိုလည်း ဖတ်စေဂေ့ပါ။ အယ်ဗြို့ဟှရဟှူ စာဟှိုလည်း နန်းနို့လေ ဖတ်ဂေ့ပါ။
COL 4:17 အာခိပ္ပုဟှို “သခင်ဘုရား ပေးအပ်ခံရဟှူ ဓမ္မဆရာရဲ့ မှုတော်ဟှို ဆောင်းထိ ပ္လဲ့ဇောင်အောန် လောက်ဆောန်ပါ” ဆိုဘီး ပြောဂေ့ပါ။
COL 4:18 ငါပေါလုဟှာ နန်းနို့တွပ် အယ်နှောက်ဆစ်စကားဟှို ငါ့လတ်န ရေးလိုက်ပါဟှယ်။ ငါခံရဟှူ တောက်နှောန်ရှင်းဟှို အော့‑က်မေ့ဂေ့ပါ! နန်းနို့လေမာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ရှိပါစေ။
1TH 1:1 ပေါလု၊ သိလွာနုန တိမောသေလေဟှနေဘီး —
1TH 1:2 နို့လေဟှာ နန်းနို့ဂူလောင်းတွပ် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို မြဲဒမ်း ချီးမွမ်းဘီး နို့လေ ဆုတောန်းဟှူ ခီတိုင်းမာ ဒိရဘီးဟှာ၊
1TH 1:3 နန်းနို့လေရဲ့ ယောင်ကြည်ရှင်းနဆိုင်ဟှူ လောက်ဆောန်မှုလေ၊ မြစ်တာန ကြိုးစားအားထုရှင်းလေန နို့လေရဲ့သခင် ယေရှုခရစ်တော်ဟှို မျှော်လင့်ရှင်းအားဖြင့် ဖြစ်ပေါ်လာဟှူ သီးခံမှုလေဟှို နို့လေရဲ့ဖ ဘုရားသခင်ရှေ့တော်မာ မြဲဒမ်း ဒိရအော့‑က်မေ့ဂေ့ပါဟှယ်။
1TH 1:4 ညီကို မောန်နှမလေ၊ ဘုရားသခင်ဟှ နန်းနို့ဟှိုရှစ်ဟှူကြောန့် ဝီးကော့‑က်ဟှားဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။
1TH 1:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟောပြောဟှူ ကောန်းမြတ်ဟှူဒန်းကောန်းဟှာ စကားအားဖြင့်မှုဘဲန တဂိုးတော်အားဖြင့်ဘဲ့ဖြစ်ဖြစ်၊ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့်ဘဲ့ဖြစ်ဖြစ် ပ္လဲ့ဝဟှူစိခ္လမှုအားဖြင့် နန်းနို့လေနားဟှို ရော့‑က်လာရှင်းဖြစ်ဟှယ်။ နို့လေဟှာ နန်းနို့လေနတူးဒူ ရှိဟှူခီဒူးဟှ နန်းနို့လေတွပ် ဖယ်မျိုးဟှူသူလေ ဖြစ်ဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ပါဟှယ်။
1TH 1:6 နန်းနို့လေဟှာ ရရာတိုင်း ကီးမားဟှူ ဆင်းရဲမှုလေဟှို ခံရဟှူလည်းဘဲ့ သန့်ရှင်းဟှူဝိညာဉ်တော်နဆိုင်ဟှူ ဝန်းသာရှင်းလေနတူးဒူ စကားတော်ဟှို ခံယူဘီး နို့လေဟှူမျိုးသူ၊ သခင်ဘုရားမျိုးဟှူ သူလေဖြစ်ဂေ့ဟှယ်။
1TH 1:7 အယ်ကြောန့် နန်းနို့လေဟှာ မာကေဒေါနိပြည်၊ အခါယပြည်မာရှိဟှူ ယောင်ကြည်ဟှူသူ အားလောင်းတွပ် ပေါင်သတ်သေပေးဟှူသူလေ ဖြစ်ဂေ့ဟှယ်။
1TH 1:8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှာ နန်းနို့နားဟှနေ မာကေဒေါနိပြည်န အခါယပြည်ထိ ကျော်ကြားဟှူမျှနမှုဘဲ ဘုရားသခင်ဟှို နန်းနို့ရဲ့ယောင်ကြည်ရှင်းဒန်းဟှာ နေရာတိုင်းမာ ပ္လံ့နှံ့နေရှင်းဖြစ်ကြောန့် နို့လေဟှာ ဖြားကြောန်းလေဟှိုလည်း ပြောဇာ မှေ့ဟှ။
1TH 1:9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ နို့လေဟှို ဖယ်မျိုး လတ်ခံဂေ့ဟှူဆိုဇာန သတ်ရှင်တော်မူဘီး စစ်မှန်ဟှူ ဘုရားသခင်ဟှို စေခံဟှို့တွပ်
1TH 1:10 က္လရော့‑က်လာမယ့် ဘေးဒန်ဟှ နို့လေဟှိုကယ်နှုပေးဟှူ ယေရှု တနည်းအားဖြင့် သေရှင်းဟှနေ ဘုရားသခင်ထမြော့‑က်စေတော်မူဟှူ သားတော်ဟှာ ကောန်းဂန်ဘောင်ဟှ ကြွလာတော်မူမယ့်ရာဟှို စောန့်မျှော်နိုင်ဟှို့တွပ် ရောက်တုလေဟှို ဖယ်ရှားဘီး ဘုရားသခင်နားဟှို ပ္လောန်းလဲဂေ့ဟှူ ကြောန်းရာလေဟှိုလည်း သူးနို့ကိုယ်တိုင် ပြောပြဂေ့ပါဟှယ်။
1TH 2:1 ညီကို မောန်နှမလေ နို့လေ နန်းနို့နားဟှိုလာဟှူဇာဟှာ ချည်းနှီးသတ်သတ် မဖြစ်ဟှ ဆိုဇာဟှို နန်းနို့လေ ကိုယ်တိုင်သိဂေ့ပါဟှယ်။
1TH 2:2 နို့လေဟှာ နန်းနို့နားဟှို ရော့‑က်လာခန်မာ ဖိလိပ္ပိဗြို့မာ ဆင်းရဲဒေါက်ခဘောန်းဇောင်န ညှဉ်းဆဲခံရဟှူလည်းဘဲ့ ရရာတိုင်းကီးဟှူ ဆန့်ကျင်တိုက်ခိုက်မှုထဲမာ ဘုရားသခင်ရဲ့ ကောန်းမြတ်ဟှူဒန်းကောန်းဟှို နို့လေရဲ့ ဘုရားသခင်အားဖြင့် နန်းနို့လေဟှို ရဲရဲရင့်ရင့်န ဟောပြောဂေ့ပါဟှယ်။
1TH 2:3 နို့လေဟှာ မှားယွင်းဟှူဇာလေ၊ ညစ်ညူးဟှူဇာလေ၊ လှည့်ဇားဟှူဇာလေအားဖြင့် နန်းနို့လေဟှို ဟောပြောတိုက်တွန်းဂေ့ဇာ မှုဟှ။
1TH 2:4 ဘုရားသခင်ဟှာ နို့လေဟှို သိမှတ်ပြုဘီး ကောန်းမြတ်ဟှူဒန်းကောန်းဟှို ယောင်းယောင်ကြည်ကြည်န အပ်ဟှားဟှူတိုင်း နို့လေဟှာ လူလေ နှစ်သက်စေဟှို့တွပ်မှုဘဲန နို့လေရဲ့ စိနှလောင်းဟှို စစ်ဆေးတော်မူဟှူ ဘုရားသခင်ဟှို နှစ်သက်စေဟှို့တွပ် ဟောပြောဂေ့ဟှယ်။
1TH 2:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ သိဂေ့ဟှူတိုင်းဘဲ့ နို့လေဟှာ မြော့‑က်ပင့်ဟှူ စကားဟှို တခါလည်း သောင်းဂေ့ဟှ။ ဖောင်းကွယ်ဟှားဟှူ လောဖစိလည်း လောင်းဝမှေ့ဘဲကြောန်းဟှို ဘုရားသခင်ဟှာ နို့လေရဲ့ သတ်သေဖြစ်ပါဟှယ်။
1TH 2:6 နို့လေဟှာ ခရစ်တော်ရဲ့ တမန်တော်နေန ခွမ့်အာဏာဟှို သောင်းပိုင်ဟှူလည်းဘဲ့ နန်းနို့နားဟှဘဲ့ဖြစ်ဖြစ်၊ တခြားလူလေနားဟှဘဲ့ဖြစ်ဖြစ်၊ ဂေါင်ပြုချီးမွမ်းဇာဟှို ခံရဟှို့တွပ် လောက်ဆောန်ဇာမှုဘဲ၊
1TH 2:7 ခရစ်တော်ရဲ့ တမန်တော်ဖြစ်ဟှူလည်းဘဲ့ နန်းနို့လေဟှို ရှစ်ဟှူကြောန့် နို့တိုက်ဟှူ မိခင်ဟှာ သူ့သားမီးလေဟှို ကြင်နာဟှူမျိုးဘဲ့ နန်းနို့လေထတ်မာ နူးညံ့သီမွေ့ဟှူ သူလေ ဖြစ်ဂေ့ဟှယ်။
1TH 2:8 နို့လေဟှာ နန်းနို့လေဟှို ဗြောစောင်မတ်ဘီး ရရာတိုင်း ရှစ်ရဟှူကြောန့် ဘုရားသခင်ရဲ့ ဒန်းကောန်းတရားတော် လော့‑က်နမကဘဲ ကိုယ့်သတ်ဟှိုဘဲ့ ပေးရှင်ဟှူ စေတနာစိ ရှိဂေ့ပါဟှယ်။
1TH 2:9 ညီကို မောန်နှမလေ နို့လေဟှာ ပန်ပန်ဘန်းဘန်း လောက်ဆောန်ဘီး ကြိုးစားအားထုဟှူ ကြောန်းဟှို နန်းနို့လေ မှတ်မိဂေ့ပါဟှယ်။ နို့လေဟှာ နန်းနို့လေဟှို တယော့‑က်မှလည်း ဝန်ထောက်ဝန်ဘိုး ဖြစ်ဘဲနေအောန် နေ့ရောညဉ့်ရော လောက်လောက်ဘီးဟှာ ဘုရားသခင်ရဲ့ ဒန်းကောန်းဟှို နန်းနို့လေဟှို ဟောပြောဂေ့ပါဟှယ်။
1TH 2:10 နို့လေဟှာ ယောင်ကြည်သူဖြစ်ဟှူ နန်းနို့လေဟှို ဖယ်မျိုး ဖ္လူစင်သန့်ရှင်းမှုန ဖြောန့်မတ်မှန်ကန်အောန် ပြုမူဘီးဟှာ ပြစ်တန်ဇာမှေ့ဘဲ နေအောန် နေထိုင်ဂေ့ဟှူဇာဟှို နန်းနို့လေသတ်သေ ဖြစ်ဟှယ်။ ဘုရားသခင်ဟှာလည်း နို့လေရဲ့ သတ်သေ ဖြစ်တော်မူဟှယ်။
1TH 2:11 မိဖဟှာ သူ့သားမီးလေဟှို ပြုမူဆစ်ဆံဟှူမျိုး နို့လေဟှာ နန်းနို့လေရှိဟှူမျှန ဖယ်မျိုး ပြုမူဆစ်ဆံဟှူ ကြောန်းဟှို နန်းနို့သိဂေ့ပါဟှယ်။
1TH 2:12 နန်းနို့လေဟှို သူ့ရဲ့ နိုင်ငံတော်န ဖောင်းသရေတော်ထဲဟှို ခေါ်တော်မူဟှူ ဘုရားသခင်န ထိုက်ထိုက်တန်တန် သတ်ရှင်ဘီး ကျင့်ကြံ နေထိုင်ဂေ့ဟှို့တွပ် နန်းနို့ ယော့‑က်ရှင်းစီတိုင်းဟှို တိုက်တွန်း နှိုးဆော်ဘီး နှစ်သိမ့်အားပေးရင်းန ဒိပေးဂေ့ပါဟှယ်။
1TH 2:13 နို့လေဟောပြောဟှူ ဘုရားသခင်ရဲ့ တရားဟှို နန်းနို့လေခံယူခီမာ လူ့ရဲ့ စကားဟှို ခံယူဟှူ ဇာမှုဘဲန ဘုရားသခင်ရဲ့ စကားစစ်မှန်ဖြစ်ဟှူတိုင်း ယောင်ကြည်ဟှူ နန်းနို့ထဲမာ ပြုပြင်ပေးဟှူ ဘုရားသခင်ရဲ့ တရား ဖြစ်ဟှယ် ဆိုဘီး ခံယူဂေ့ဟှူကြောန့် နို့လေဟှာ ခီတိုင်းမာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါဟှယ်။
1TH 2:14 ညီကို မောန်နှမလေ နန်းနို့တွိကြောင်ရဟှူ ဇာဟှ ယုဒပြည်ဟှ ယေရှုခရစ်တော်ရဲ့ ဘာသာဝမ်လေဖြစ်ဟှူ ဘုရားသခင်ရဲ့ သင်းတော်ဟှ သင်းဝမ်ဟှူသူလေ တွိကြောင်ရဟှူ တွိကြောင်န တူပါဟှယ်။ အယ်သူလေဟှာ ယုဒလူမျိုးရဲ့ လတ်မာ ဆင်းရဲဒေါက်ခ ရော့‑က်ဂေ့ဟှူမျိုး နန်းနို့လေလည်း ကိုယ့်လူမျိုးလေရဲ့ လတ်ထဲမာ ဆင်းရဲဒေါက်ခ ရော့‑က်ဂေ့ရပါဟှယ်။
1TH 2:15 ယုဒလူမျိုးလေဟှာ သခင်ယေရှုန ပရောဖက်လေဟှို သတ်ဂေ့ဘီး နို့လေဟှိုလည်း ညှဉ်းဆဲဂေ့ဟှယ်။ ဘုရားသခင်ရဲ့ လိုတော်ဟှို လိုက်ဘဲန လူလေရဲ့ ရန်သူလေ ဖြစ်ဂေ့ဟှယ်!
1TH 2:16 လူမျိုးခြားလေ ကယ်တန်ရှင်းရဟှို့တွပ် နို့လေ ဟောပြောဂေ့ဟှူဇာဟှို ဆီးတားဘီး ကိုယ့်ကိုယ်ကိုယ် ပြစ်ကီးလေးအောန် လောက်ဂေ့ဟှယ်။ အယ်ကြောန့် မျစ်တော်ဟှာ သူးနို့ထတ်ဟှို ကူစင်အောန် က္လရော့‑က်လေဟှယ်။
1TH 2:17 ညီကို မောန်နှမလေ နို့လေဟှာ နန်းနို့လေန စိနှလောင်းအားဖြင့်မှုဘဲ၊ ကိုယ်ခန္ဓာအားဖြင့် ရှစ်ဟှားခွဲခွာဘီး နေရဟှူလည်းဘဲ့ နန်းနို့လေဟှို ဖယ်ခီလည်းမေ့ဟှ၊ နို့လေဟှာ နန်းနို့လေဟှို ရရာတိုင်းအော့‑က်မေ့ဟှူကြောန့် နန်းနို့လေဟှို နော့‑က်တခါ ပ္လန်ဘီးတွိနိုင်ဟှို့တွပ် ကြိုးစားနေဂေ့ပါဟှယ်။
1TH 2:18 နို့လေဟှာ နန်းနို့လေနားဟှို နော့‑က်တခေါ့‑က် လာရှင်ပါဟှယ်။ ငါ ပေါလုကိုယ်တိုင်လည်း နန်းနို့လေနားဟှို လာဟှို့တွပ် နှေ့ခါကြိုးစားဟှူလည်းဘဲ့ စာတန်ဟှာ ငါ့ဟှို တာဆီးလေဟှယ်။
1TH 2:19 နို့လေရဲ့ သခင်ယေရှု ကြွလာတော်မူဟှူ ခီမာ ကိုယ်တော်ရဲ့ ရှေ့တော်မာ နို့လေရဲ့ မျှော်လင့်ရဟှူကြောန်း ဝမ်းမြော့‑က်ရဟှူကြောန်းန ဝါကြွားရဟှူ သရဖူဖြစ်ဟှူသူလေဟှာ ဖယ်သူနူး။ နန်းနို့လေဘဲ့ မှုဟှလော။
1TH 2:20 တကယ်ဘဲ့ နန်းနို့လေဟှာ နို့လေရဲ့ ဖောင်းသရေတော်န၊ နို့လေရဲ့ ဝန်းသာရှင်း ဖြစ်လေဟှယ်။
1TH 3:1 အယ်ကြောန့် နို့လေဟှာ အော့‑က်ဘီးနေနိုင်ဘဲဟှူကြောန့် အာသင်ဗြို့မာ နေရစ်ဟှို့တွပ် ဆောင်းဖြတ်ဘီးဟှာ၊
1TH 3:2 ခရစ်တော်ရဲ့ ကောန်းမြတ်ဟှူဒန်းကောန်းနှိုက် နို့လေရဲ့လောက်ဖော်ဆောန်ဖတ်ဖြစ်ဟှူ ဘုရားသခင်ရဲ့မှုတော်ဟှို စေခံလောက်ဆောန်ဟှူ နို့လေရဲ့ညီ တိမောသေဟှို နန်းနို့လေနားဟှို လွှတ်လိုက်ပါဟှယ်။ သူ့ဟှို လွှတ်ရဟှူကြောန်းရာဟှ နန်းနို့ရဲ့ ယောင်ကြည်မှုဟှို ခိုင်မြဲဟှို့န ခွန်အားပေးဟှို့တွပ်၊
1TH 3:3 အယ်မူဆင်းရဲဒေါက်ခအားဖြင့် ဖယ်သူလည်း ယီးယိုင်သွားဘဲန နေဟှို့တွပ်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူဆင်းရဲဒေါက်ခဟှို ခံရဟှူဇာဟှာ ဘုရားသခင်ရဲ့ လိုတော်ဖြစ်ဟှူကြောန်းဟှို နန်းနို့သိဂေ့ပါဟှယ်။
1TH 3:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေနတူးဒူ ရှိနေဟှူခီဟှ ညှဉ်းဆဲနှိစစ်မှုလေဟှို ခံရမယ် ဆိုဇာဟှို နို့လေ ဒိပေးဟှားပီးဘီဖြစ်ပါဟှယ်။ နို့လေဒိပေးဟှူတိုင်းဘဲ့ ခုဖြစ်နေဇာဟှို နန်းနို့သိဂေ့ပါဟှယ်။
1TH 3:5 အယ်ကြောန့် စောင်ဇမ်းသွီးဆောန်တတ်ဟှူသူဟှာ နန်းနို့ဟှို ဖြားယောင်းသွီးဆောန်ဟှူကြောန့် နို့လေ ပန်ပန်ဗန်းဗန်းလောက်ဆောန်ဟှူဇာဟှာ ချည်းနှီးသတ်သတ် ဖြစ်ဟှားမယ်ဆိုဇာဟှို စိပူဘီး နေနိုင်ဘဲခီမာ နန်းနို့လေရဲ့ယောင်ကြည်မှုဟှို သိနိုင်ဟှို့တွပ် သူ့ဟှို ငါလွှတ်လိုက်ပါဟှယ်။
1TH 3:6 အယ်ဘေမဲ့ ခုခီမာ တိမောသေဟှာ နန်းနို့လေနားဟှ ပ္လန်ရော့‑က်လာဘီး၊ သူဟှာ နန်းနို့လေရဲ့မြစ်တာန ယောင်ကြည်ရှင်းကြောန်း ဒန်းကောန်းဟှို နို့လေဟှို ပြောပြပါဟှယ်။ နန်းနို့လေဟှာ နို့လေဟှို မြဲဒမ်းဒိရဟှူကြောန်း၊ နန်းနို့လေဟှို နို့လေတွိရှင်ဟှူမျိုး နန်းနို့လေလည်း နို့လေဟှို တွိရှင်ဟှူကြောန်းလေဟှို တိမောသေဟှ ပြောပြပါဟှယ်။
1TH 3:7 အယ်ကြောန့် ညီကို မောန်နှမလေ နို့လေဟှာ ရာရာမာ ခတ်ခဲဘောန်းဇောင်န ဆင်းရဲဒေါက်ခလေ ခံရဟှူလည်းဘဲ့ နန်းနို့လေရဲ့ ယောင်ကြည်မှုအားဖြင့် နို့လေဟှာ သတ်သာမှုဟှို ခံစားရဂေ့ပါဟှယ်။
1TH 3:8 နန်းနို့လေဟှာ သခင်ဘုရားန တလောင်းတဝဒဲဖြစ်ဟှူရာမာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်ဂေ့ဟှူကြောန့် နို့လေ သတ်ရှင်ဟှို့တွပ် အားရှိဂေ့ပါဟှယ်။
1TH 3:9 နို့လေဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ နန်းနို့လေအားဖြင့် ခံစားရဟှူ အယ်မူဝန်းသာရှင်း ဂူလောင်းဟှို ထော့‑က်ဘီး နန်းနို့တွပ် ဘုရားသခင်ဟှို ဖယ်မျိုး ကျေးဇူးတုံ့ပ္လန်နိုင်မယ်နူး။
1TH 3:10 နို့လေဟှာ နန်းနို့လေန တွိဆောင်ဘီး နန်းနို့လေရဲ့ ယောင်ကြည်မှုမာ လိုအပ်ချစ်ရှိဟှူ ရာလေဟှို ဖ္လဲ့ဆည်းပေးနိုင်ဟှို့တွပ် နေ့ရောညဉ့်ပါ စိအားထတ်သန်ဘီး ဆုတောန်းနေဂေ့ပါဟှယ်။
1TH 3:11 နို့လေရဲ့ဖ ဘုရားသခင်န နို့လေရဲ့ သခင်ယေရှုဟှာ နန်းနို့လေနားဟှို နို့လေရော့‑က်လာနိုင်ဟှို့တွပ် လမ်းဖွမ့်ပေးတော်မူပါစေ။
1TH 3:12 နို့လေဟှာ နန်းနို့ဟှို ရှစ်ဟှူမျိုး နန်းနို့လည်း ရှင်းရှင်းရှစ်ဟှူ မြစ်တာနဖြစ်ဖြစ်၊ လူလေ ဂူလောင်းဟှို ရှစ်ဟှူ မြစ်တာနဖြစ်ဖြစ် တိုးပွားဘီး ကြွယ်ဝဟှို့တွပ် နန်းနို့လေဟှို သခင်ဘုရား ပြုတော်မူပါစေ။
1TH 3:13 အယ်သခင်ယေရှုဟှာ သူ့ရဲ့သန့်ရှင်းသူ ဂူလောင်းနတူးဒူ ကြွလာဟှူ ခီမာ နို့လေရဲ့ဖ ဘုရားသခင်ရှေ့တော်မာ နန်းနို့လေရဲ့ စိနှလောင်းဟှို ပြစ်တန်ခွမ့်န လွတ်ကင်းဘီး သန့်ရှင်းရှင်းန ခိုင်မြဲပါစေ။
1TH 4:1 နော့‑က်ဆောင်းပြောရှင်ဟှူဇာဟှ ညီကို မောန်နှမလေ နန်းနို့လေဟှာ ဘုရားသခင် နှစ်သက်စေဟှို့တွပ် ဖယ်မျိုး ပြုမူကျင့်ကြံရမယ် ဆိုဇာဟှို နို့လေသွန်သန်ဟှူတိုင်း နန်းနို့ ပြုကျင့်ဂေ့ဟှူမျိုး အယ်ထတ် ပိုဘီး ကြိုးစားအားထုဂေ့ဟှို့တွပ် သခင်ယေရှုနာမဟှို မှီပြုဘီး နို့လေ တိုက်တွန်းနှိုးဆော်ဘီးဟှာ တောန်းဗန်ပါဟှယ်။
1TH 4:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ သခင်ယေရှုအားဖြင့် နန်းနို့လေဟှို ဖယ်မျိုး ညွှန်ကြားဟှားဟှူဇာလေဟှို နန်းနို့သိဂေ့ဟှယ်။
1TH 4:3 ဘုရားသခင်ရဲ့လိုတော်ဟှ နန်းနိုလေဟှို တရားဘဲဟှူ မေထုန်ဟှို ရှောန်ဘီး သန့်ရှင်းစေဟှို့တွပ်န၊
1TH 4:4 နန်းနို့ယော့‑က်ရှင်းစီဟှာ သန့်ရှင်းရှင်း၊ ဂေါင်သရေရှိရှင်းလေန ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို ဖယ်မျိုး ထီးသီးရမယ် ဆိုဇာဟှို သိဘီးဟှာ
1TH 4:5 ဘုရားသခင်ဟှို သိဘဲဟှူ လူမျိုးခြားလေ ကိလေသာစိ တတ်မတ်ဟှူမျိုး တတ်မတ်ဘဲနေဟှို့တွပ်န၊
1TH 4:6 အယ်မျိုးဇာလေဟှို လွန်ကျူးဘီး ကိုယ့်ညီကို မောန်နှမလေဟှို ပရိယာယ်အားဖြင့် ပြစ်မှားဘဲနေဟှို့တွပ် လိုတော်ရှိပါဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ စစဒူးဟှ ဟောပြောဘီး ဒိပေးဟှားတိုင်း သခင်ဘုရားဟှာ အယ်မျိုးပြစ်မှားဇာဟှို ခံဟှူသူလေဟှို တရားစီရင်လေ့မယ်။
1TH 4:7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ညစ်ညူးစေဟှို့တွပ် နို့လေဟှို ခေါ်ဟှားဇာ မှုဟှ။ သန့်ရှင်းစေဟှို့တွပ် ခေါ်ဟှားဇာဖြစ်ဟှယ်။
1TH 4:8 အယ်ကြောန့် နို့လေဟှို ငြင်းပယ်ဟှူသူဟှာ လူဟှိုမျှဘဲ့ ငြင်းပယ်ရှင်းမှုဘဲန သူ့ရဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို နို့လေဟှိုပေးတော်မူဟှူ ဘုရားသခင်ဟှိုလည်း ငြင်းပယ်လိုက်ရှင်း ဖြစ်ဟှယ်။
1TH 4:9 ညီကိုမောင်နှမလေရှင်းရှင်းဟှာ ရှစ်ရှစ်ခင်ခင်နေဟှို့ကြောန်းနပတ်သတ်ဘီး နန်းနို့လေဟှို စာရေးဘီး ပေးလိုက်ဟှို့ကြောန်း မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ရှင်းရှင်း ရှစ်ရှစ်ခင်ခင်နေဟှို့တွပ် ဘုရားသခင်နားဟှ သွန်သန်ခံဟှားရဟှူ သူလေ ဖြစ်ဂေ့ဟှူကြောန့် ဖြစ်ဟှယ်။
1TH 4:10 အယ်လော့‑က်နမကဟှ နန်းနို့လေဟှာ မာကေဒေါနိပြည် တပြည်လောင်းမာရှိဟှူ ခရစ်ယာန်ညီကိုလေဟှို မြစ်တာပြဂေ့ပါဟှယ်။ အယ်ဘေမဲ့ ညီကိုမောင်နှမလေ နန်းနို့လေဟှာ အယ်ထတ်မက ပိုဘီး ရှစ်ရှင်းမြစ်တာပြဟှို့တွပ် ငါတိုက်တွန်းပါဟှယ်။
1TH 4:11 နန်းနို့လေဟှို ရင်းရင်ဒူးဟှ နို့လေမှာဟှားဟှူတိုင်း ငြီးငြီဝပ်ဝပ်န နေထိုင်နိုင်ဟှို့တွပ် ကိုယ့်မှုကိစဟှို အာရောင်စိုက်ဘီး ကိုယ့်လတ်န ကြိုးစားလောက်ကိုင်ဂေ့ဟှို့တွပ် နို့လေတိုက်တွန်းနှိုးဆော် ပါဟှယ်။
1TH 4:12 အယ်မူနည်းအားဖြင့် နန်းနို့လေဟှာ ယောင်ကြည်ဘဲဟှူ သူလေရဲ့ ကြည်ညိုလေးစားမှုဟှို ခံရဂေ့လေ့မယ်။ ဖယ်သူ့ဟှိုမှလည်း မှီခိုဇာလိုဟှို့ မှုဟှ။
1TH 4:13 ညီကို မောန်နှမလေ သေဟှားဘီးန မျှော်လင့်ရှင်းမှေ့ဘဲဟှူ သူလေမျိုး နန်းနို့လေ ကြေကွဲဝန်းနဲရှင်း ဖြစ်ဘဲဟှို့တွပ် နို့လေဟှာ သေဟှားဘီးသူလေနဆိုင်ဟှူ မှန်တရားဟှို နန်းနို့လေသိစေရှင်ပါဟှယ်။
1TH 4:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရှုဟှာ သေခံတော်မူဘီးန ရှင်ပ္လန်ထမြော့‑က်ရှင်းဟှို နို့လေယောင်ကြည်ဟှယ် ဆိုဟှာ ဘုရားသခင်ဟှ ယေရှုဟှို ယောင်ကြည်ဘီး သေဟှားသူလေဟှိုလည်း အယ်သခင်နတူးဒူ ပို့ဆောန်တော်မူလေ့မယ်။
1TH 4:15 သခင်ဘုရားရဲ့ ဗျာဒိတ်တော်အားဖြင့် နော့‑က်ထပ်ငါပြောဟှူဇာဟှ သခင်ဘုရားကြွလာဟှူ ခီမာ သတ်ရှင်ဘီး ရှိနေဟှူနို့လေဟှာ သေဟှားဘီးသူလေထတ် ရင်ဦးဆောန်း နေရာက္လလေ့မယ်မှုဟှ။
1TH 4:16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကြွေးကြော်ဟှူသံ၊ ကောန်းဂန်တမန်မန်းရဲ့သံ၊ ဘုရားသခင်ရဲ့ တံပိုးမှုဟှူသံလေနတူးဒူ သခင်ဘုရားကိုယ်တိုင် ကောင်းဂန်ဘောင်ဟှ ဆင်းကြွလာဘီး ခရစ်တော်နှိုက် သေဟှားဘီးသူလေဟှာ ရင်ဦးဆောင်း ထမြော့‑က်ဂေ့လေ့မယ်။
1TH 4:17 အယ်ခီမာ သတ်ရှင်ဘီး ကျန်နေဟှူနို့လေဟှာ အာကာသကောန်းဂန်ထတ်မာ သခင်ဘုရားန တွိဆောင်ဟှို့တွပ် အယ်သူလေနတူးဒူ မိုးတီထတ်ဟှို ခီဆောန်ခံရဘီး သခင်ဘုရားနတူးဒူ မြဲဒမ်းနေရဂေ့လေ့မယ်။
1TH 4:18 အယ်ကြောန့် အယ်မူစကားအားဖြင့် ယော့‑က်နယော့‑က် တိုက်တွန်းအားပေးဂေ့ပါ။
1TH 5:1 ညီကို မောန်နှမလေ အယ်မူမှုရာလေ ဖြစ်ပျစ်လာမယ့် ခီကာလကြောန်းဟှို နန်းနို့လေဟှို ရေးဘီးပေးလိုက်ဇာကြောန်းမှေ့ဟှ။
1TH 5:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခိုးဟှာ ညဉ့်ဖတ်ဟှို လာတတ်ဟှူမျိုး သခင်ဘုရားရဲ့ နေ့ရစ်ဟှာ လာလေ့မယ် ဆိုဇာဟှို နန်းနို့ ကောန်းကောန်းသိဂေ့ဟှယ်။
1TH 5:3 လူလေဟှာ “ငြီးချမ်းဟှားဘီ၊ လောင်ခြောင်ဟှားဘီ” ဆိုဘီး ပြောနေဟှူ ခီမာဘဲ့ ဗိုက်ပိုက်နေဟှူမီးမမာ သားမွီးဟှူဝေဒနာ က္လရော့‑က်လာဟှူမျိုး သူးနို့ထတ်မာ ရရာတိုင်း ဗြန်ဟှူပျစ်စီးမှုဟှာ ရောက်တရစ် က္လရော့‑က်လာဟှူကြောန့် သူးနို့လေဟှာ လောင်းဝလွတ်နိုင်ဟှို့ မှုဟှ။
1TH 5:4 အယ်ဘေမဲ့ ညီကို မောန်နှမလေ နန်းနို့လေဟှာ မှောန်မိုက်ထဲမာရှိနေဇာမှုဘဲကြောန့် အယ်နေ့ရစ်ဟှာ ခိုးလာဟှူမျိုး နန်းနို့နားဟှို ရော့‑က်လာဟှို့ကြောန်း မှေ့ဟှ။
1TH 5:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဂူလောင်းဟှာ လန်းရောန်ရဲ့ သားလေ၊ နေ့ရဲ့ သားလေ ဖြစ်ဂေ့ဟှယ်။ ညဉ့်ရဲ့ သားလေ၊ မှောန်မိုက်ရဲ့ သားလေ မှုဟှ။
1TH 5:6 အယ်ကြောန့် တခြားသူလေ အိမွိနေဂေ့ဟှူမျိုး နို့လေအိမွိဘဲ နိုးနိုးကြားကြားန သမ္မာဒိရှိရှိ စောန့်နေဂေ့ဇို့။
1TH 5:7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အိမွိဟှူ သူလေဟှာ ညဉ့်ဖတ်မာဘဲ့ အိမွိတတ်ဂေ့ဟှယ်။ ယစ်မော သော့‑က်စားသူလေလည်း ညဉ့်ဖတ်မာဘဲ့ ယစ်မောတတ်ဂေ့ဟှယ်။
1TH 5:8 အယ်ကြောန့် နို့လေဟှာ နေ့ရဲ့ သားလေဖြစ်ဟှူကြောန့် ယောင်ကြည်မှုန ရှစ်ရှင်းမြစ်တာဖြစ်ဟှူ ရင်ဖတ်ကာဟှို ဝတ်ဆင်ဘီးဟှာ ကယ်တန်ရှင်းဟှို ရော့‑က်ဟှို့တွပ် မျှော်လင့်ရှင်းဖြစ်ဟှူ သံခမှော့‑က်လောင်းဟှို ဝတ်ဆင်ဘီး သမ္မာဒိရှိရှိန နေဂေ့ဇို့။
1TH 5:9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မျစ်တော်ဟှို ခံရဟှို့တွပ် ဘုရားသခင်ဟှာ နို့လေဟှို ဝီးကော့‑က်ဟှားဇာ မှုဟှ။ နို့လေဟှာ သခင်ယေရှု ခရစ်တော်အားဖြင့် ကယ်တန်ရှင်းဟှို ပိုင်ရဟှို့တွပ် ဝီးကော့‑က်ခံရဇာဖြစ်ဟှယ်။
1TH 5:10 နို့လေဟှာ နိုးနေဟှူခီဖြစ်ဖြစ်၊ အိမွိနေဟှူခီဘဲဖြစ်ဖြစ် ကိုယ်တော်နတူးဒူ သတ်ရှင်ဟှို့တွပ် ကိုယ်တော်ဟှာ နို့လေတွပ် သေခံတော်မူဘီ။
1TH 5:11 အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ခုပြုနေဟှူမျိုး ယော့‑က်နယော့‑က် တိုက်တွန်းဘီး အားပေးတည်ဆော့‑က်ဂေ့ပါ။
1TH 5:12 ညီကို မောန်နှမလေ နန်းနို့လေထဲမာ မှုတော်ဟှိုလောက်ဆောန်ဘီး လမ်းပြသွန်သန်ဟှို့တွပ် သခင်ဘုရားခန့်ဟှားဟှူသူလေဟှို ကြည်ညိုလေစားဂေ့ဟှို့တွပ်န၊
1TH 5:13 သူးနို့ပြုဟှူမှုဟှိုထော့‑က်ဘီး သူးနို့လေဟှို မြစ်တာစိန ရှစ်ခင်ရိုသေဂေ့ဟှို့တွပ် နို့လေတောန်းဗန်ပါဟှယ်။ နန်းနို့လေရှင်းရှင်း သင့်သင့်မြတ်မြတ်နေဂေ့ပါ။
1TH 5:14 ညီကို မောန်နှမလေ နန်းနို့လေဟှို ငါတိုက်တွန်းနှိုးဆော်ရှင်ဟှူဇာဟှ တရားဘဲလောက်ဟှူလူလေဟှို ဒိပေးဆောင်းမဂေ့ပါ။ စိအားငယ်သူလေဟှို အားပေးဂေ့ပါ။ အားနဲဟှူသူလေဟှို ထော့‑က်မပေးဂေ့ပါ။ လူလေ ဂူလောင်းဟှို စိရှယ်သီးခံဂေ့ပါ။
1TH 5:15 ဖယ်သူလေဟှိုမှလည်း ဆိုးဟှိုဆိုးန တုံ့ပ္လန်ဘဲနေဟှို့တွပ် ဒိထားဂေ့ပါ။ ရှင်းရှင်းလေန လူလေ ဂူလောင်းဟှို ကောန်းကျိုးပြုဟှို့တွပ် ခီတိုင်းကြိုးစားအားထုဂေ့ပါ။
1TH 5:16 မြဲဒမ်း ဝန်းသာရွှင်လန်းဂေ့ပါ။
1TH 5:17 ခီတိုင်းမာ ဆုတောန်းဂေ့ပါ။
1TH 5:18 ရာရာမာ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ အယ်မျိုးကျင့်ဂေ့ဟှို့တွပ် ယေရှုခရစ်နှိုက် ဘုရားသခင်လိုတော်ရှိဟှယ်။
1TH 5:19 ဝိညာဉ်တော်ရဲ့ရှီဟှို ငြီးဟှားစေဂေ့န။
1TH 5:20 ပရောဖက်ပြုဇာဟှို ထီမဲ့မြင်ပြုဂေ့န။
1TH 5:21 အယ်ဘေမဲ့ ရှိမျှဂူလောင်းဟှို စစ်ကြောစောင်ဇမ်းဘီး ကောင်းဟှူဇာလေဟှို မြဲဒမ်းခံယူကိုင်စွဲဂေ့ပါ။
1TH 5:22 ကောန်းဘဲဟှူဇာ မျိုးမျိုးလေဟှို ရှောန်ဂေ့ပါ။
1TH 5:23 ငြီသတ်ရှင်းရဲ့ရှင် ဘုရားသခင်ကိုယ်တိုင် နန်းနို့လေဟှို ကူစင်အောန် သန့်ရှင်းစေတော်မူပါစေ။ နို့လေရဲ့ သခင်ယေရှုခရစ် ကြွလာဟှူ ခီမာ နန်းနို့လေရဲ့ ဝိညာဉ်၊ စိ၊ ကိုယ်ခန္ဓာဟှို ပြစ်တန်ခွမ့်နလွတ်ကင်းအောန် စောန့်မတော်မူပါစေ။
1TH 5:24 နန်းနို့လေဟှို ခေါ်တော်မူဟှူသူဟှာ သစ်စာန ပ္လဲ့ဇောင်တော်မူဟှူကြောန့် အယ်မျိုး ပြုတော်မူလေ့မယ်။
1TH 5:25 ညီကို မောန်နှမလေ၊ နို့လေတွပ်လည်း ဆုတောန်းပေးဂေ့ပါ။
1TH 5:26 ညီကို မောန်နှမလေ ဂူလောင်းဟှို သန့်ရှင်းဟှူနမ်းန နှောက်ဆစ်ဂေ့ပါ။
1TH 5:27 အယ်မူစာဟှို သန့်ရှင်းဟှူ ညီကိုမောန်နှလေ ဂူလောင်းဟှို ဖတ်စေဟှို့တွပ် သခင်ဘုရားဟှို တိုင်တည်ဘီးဟှာ နန်းနို့လေဟှို လေးလေးနတ်နတ်ဟှား တိုက်တွန်းရှင်ပါဟှယ်။
1TH 5:28 နို့လေသခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့လေနတူးဒူ ရှိပါစေ။
2TH 1:1 ပေါလု၊ သိလွာနု၊ တိမောသေလေဟှာ —
2TH 1:2 နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န ယေရှုခရစ်တော်နားဟှ နေဘီးဟှာ ကျေးဇူးတော်န ငြီသတ်ရှင်းလေဟှို နန်းနို့ဟှာ ခံစားရပါစေ။
2TH 1:3 ငါ့ညီကို မောန်နှမလေ၊ နန်းနို့တွပ်ကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို နို့လေဟှာ နေတိုင်း ချီးမွမ်းနေဂေ့ရဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှာ ရရာတိုင်းတိုးပွားဘီး ရှင်းရှင်း တယော့‑က်ဟှို တယော့‑က် ပိုဘီး ဟှာ ရှစ်နေဂေ့ကြောန့် ဖြစ်ဟှယ်။
2TH 1:4 အယ်ကြောန့် နို့လေကိုယ်တိုင်ဘဲ့ နန်းနို့ကြောန်းဟှို ဘုရားသခင်ရဲ့ သင်းတော်လေမာ ဂေါင်ယူဘီး ပြောဂေ့ဟှယ်။ နန်းနို့ဟှာ ညှဉ်းဆဲနှိစစ်ဟှူဇာန ဆင်းရဲဒေါက်ခလေဟှို ခံရဘေမဲ့ ခိုင်ခံ့ဘီး၊ ယောင်ကြည်ရှင်းခိုင်မြဲဘီး ရှိနေဇာဟှိုထော့‑က်ဘီး နို့လေဟှာ ဂေါင်ယူဘီးပြောဂေ့ဟှယ်။
2TH 1:5 အယ်ဇာဂူလောင်းဟှာ ဘုရားသခင်စီရင်ဇာဟှာ မှန်ကန်ဟှူကြောန်းဟှို ထန်ရှားဟှယ်။ အယ်ကြောန့် နန်းနို့ဟှာ ကိုယ်တော်ရဲ့ နိုင်ငံတော်န ထိုက်တန်ဟှူ လူလေဖြစ်လာဂေ့ဟှို့တွပ် နန်းနို့ဟှာ နိုင်ငံတော်တွပ်ကြောန့် ခုဆင်းရဲဒေါက်ခ ခံနေရဂေ့ဟှယ်။
2TH 1:6 ဘုရားသခင်ဟှာ ဖြောန့်မတ်ဟှူ တရားတိုင်းဘဲ့ စီရင်ဟှူ သခင်ဖြစ်မျိုးဘဲ့ နန်းနို့ဟှို ဆင်းရဲဒေါက်ခ ရော့‑က်ခိုင်းဟှူလူဟှို ဆင်းရဲဒေါက်ခ ရော့‑က်ခိုင်းလေ့မယ်။
2TH 1:7 ခု ဆင်းရဲဒေါက်ခရော့‑က်နေဟှူ နန်းနို့နတူးဒူ နို့လေဟှိုလည်း စိသတ်သာဇာဟှို ရဂေ့လေ့မယ်။ သခင်ယေရှုဟှာ တဂိုးကီးဟှူ ကောန်းဂန်တမန်လေနတူးဒူ ကောန်းဂန်ဘောင်ဟှနေ ကြွလာဟှူ ခီမာ
2TH 1:8 ဘုရားသခင်ဟှာ သူ့ဟှို ငြင်းပယ်ဟှူလူလေန နို့လေသခင်ယေရှုရဲ့ ဒန်းကောန်းဟှို နားထောန်ဘဲဟှူ လူလေဟှို မီးန တရားစီရင်လေ့မယ်။
2TH 1:9 အယ်သခင်ဟှာ သန့်ရှင်းသူလေန ဖောင်းသရေတော်နရော၊ ယောင်ကြည်ဟှူလူလေရဲ့ ကြည်ညိုလေးစားမှုလေဟှို ခံယူဟှို့တွပ်ရော တရားစီရင်ဟှူ နေ့ရစ်မာ ကြွလာဟှူ ခီမာ အယ်လူလေ ခံရဟှူပြစ်ဒန်ဟှာ ထာဝရပျစ်စီးဘီး ဆောင်းရှောင်းမှုဟှို ခံရမယ်။
2TH 1:10 သခင်ဘုရားရှေ့မာရော၊ ကိုယ်တော်ရဲ့ ကီးမြတ်ဟှူ ဖောင်းသရေတော်ရှေ့မာရော ငြင်းပယ်ဇာဟှို ခံရမယ်။ နန်းနို့ဟှာ နို့လေဟောပြောဟှူ သတ်သေခံချစ်ဟှို ယောင်ကြည်ဟှူကြောန့် ကိုယ်တော့်ဟှို ဂေါင်ပြုချီးမွမ်းဟှူ သန့်ရှင်းဟှူ လူမျိုးထဲမာ ပါရလေ့မယ်။
2TH 1:11 အယ်ကြောန့် နို့လေဟှာ နန်းနို့တွပ် မြဲဒမ်း ဆုတောန်းပေးနေဟှယ်။ နန်းနို့ဟှာ ဝီးကော့‑က်ခံရဟှူ ကျေးဇူးတော်နညီ ပြုမူကျင့်ကြံနေနိုင်ဟှို့တွပ် နို့လေရဲ့ ဘုရားသခင်ဟှို တောန်းလျှော့‑က်ဂေ့ဟှယ်။ ကိုယ်တော်ဟှာ တဂိုးတော်န နန်းနို့ရဲ့ ကောန်းမြတ်ဟှူ လိုအင်ဆန္ဒရှိမျှဟှို ပ္လဲ့ဇောင်စေဘီး နန်းနို့ရဲ့ ယောင်ကြည်ရှင်းန လောက်ဟှူမှုလေဟှို ပီးဟှို့တွပ် ခွမ့်ပေးပါစေ။
2TH 1:12 အယ်နည်းအားဖြင့် နို့လေ သခင်ယေရှုရဲ့ နာမတော်ဟှာ နန်းနို့အားဖြင့် ဖောင်းသရေတော် ထွန်းတော့‑က်လေ့မယ်။ နို့လေရဲ့ ဘုရားသခင်န သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့နတူးဒူး ရှိပါစေ။
2TH 2:1 ညီကို မောန်နှမလေ၊ နို့လေရဲ့ သခင်ယေရှုခရစ်တော်ဟှာ ကြွလာဘီး ကိုယ်တော်နတူးဒူ ရှိဟှို့တွပ် နို့လေဟှာ စုရောင်းရဂေ့ကြောန်းန ပတ်သတ်ဘီး နန်းနို့ဟှိုငါ တိုက်တွန်းဘီး ပြောရှင်ဟှယ်။
2TH 2:2 သခင်ဘုရား ကြွလာဟှို့နေ့ရစ် က္လလာဘီးဖြစ်ကြောန်းဟှို လူလေပြောဇာဟှို ကြားရဂေ့ဟှူ ခီမာ နန်းနို့ဟှာ ရောက်တရစ် စိရှောက်ထွေးဘီး မတည်မငြီဘဲ့ ဖြစ်ဂေ့န။ အယ်မျိုးပြောဇာဟှာ နို့လေဟှာ ပရောဖက်ပြုဘီး ပြောဟှူစကားဘဲ့ဖြစ်စေ၊ နို့လေ တရားဟောဟှူ ခီမာ ပြောဟှူစကားဘဲ့ဖြစ်စေ၊ နို့လေရဲ့ စာမာပါဟှူ စကားဘဲ့ဖြစ်စေ ဖြစ်ကောန်းဖြစ်မယ်။
2TH 2:3 အယ်ကြောန်းန ပတ်သတ်ဘီးဟှာ လူလေဟှာ မှားယွင်းဘီး ပြောနေဂေ့ဇာဟှို လောင်းဝယောင်ဂေ့န။ နော့‑က်ဆောင်း ပေါင်ကန်မှုဖြစ်ခန်မာ ငရဲဟှိုသွားရဟှို့ ပျစ်စီးမှုရဲ့သား ဖြစ်ဟှူ အယ်အဓမ္မလူပေါ်ခန် အယ်နေ့ရစ်ဟှာ ရော့‑က်လာဟှို့ မှုဟှ။
2TH 2:4 သူဟှာ လူလေကိုးကွယ်ဟှူ ဘုရားမှန်မျှဟှို ရန်ဖတ်ပြုဘီးဟှာ သူဟှာ ဘုရားလေ ဂူလောင်းထတ် တဂိုးကီးဟှယ် ဆိုဘီး ပြောလေ့မယ်။ သူဟှာ ဘုရားသခင်ဟှို ဝတ်ပြုဟှူ ဗိမာန်တော်ထဲမာ ဝမ်ထိုင်ဘီးဟှာ သူ့ကိုယ်သူ ဘုရားသခင်ဖြစ်ဟှယ် ဆိုဘီး ကြေညာလေ့မယ်။
2TH 2:5 ငါဟှာ နန်းနို့နတူးဒူ ရှိဟှူခါဒူးဟှ အယ်ကြောန်းရာလေဟှို နန်းနို့ဟှို ပြောပြရစ်ဟှယ်။ နန်းနို့ မှတ်မိဂေ့ဟှလော။
2TH 2:6 ခုခီမာ အယ်ကြောန်းရာလေ ဖြစ်သေးဘဲဇာဟှာ တားဟှားဟှူဇာ ရှိနေဟှူကြောန့် ဖြစ်ဟှယ်။ အယ်ဇာဟှာ ဖြားဇာဖြစ်နူးဆိုဟှာ နန်းနို့ဟှ သိဂေ့ဟှယ်။ အယ်ကြောန့် လူယောက်မာဂီးဟှာ ခီက္လလာဟှူ ခီမာ ပေါ်လာလေ့မယ်။
2TH 2:7 လျှို့ဝှက်ဘီးရှိဟှူ အဓမ္မမှုဟှာ ခုခီမာ လှောက်ရှားဘီး ရှိနေဟှယ်။ အယ်ဘေမဲ့ တားဟှားဟှူ သူဟှို ဖယ်လိုက်ဟှူ ခီမာ ဖြစ်လာရဟှူ ကြောန်းရာလေဟှာ ဖြစ်လာရလေ့မယ်။
2TH 2:8 အယ်ခီမာ အယ်အဓမ္မလူဟှာ ပေါ်လာလေ့မယ်။ အယ်ဘေမဲ့ သခင်ယေရှု ကြွလာဟှူ ခီမာ သူ့ရဲ့နှောက်ထွပ် ဝိညာဉ်တော်အားဖြင့် ဖျစ်ဆီးဘီး ဖောင်းတဂိုးတော်န ဖယ်ရှားလေ့မယ်။
2TH 2:9 အယ်အဓမ္မလူဟှာ စာတန်ရဲ့ တဂိုးဟှို ယူဘီးဟှာ ရော့‑က်လာဟှူ ခီမာ အံ့ဩဘွယ်ဇာလေန ထူးဆန်းဟှူ နိမိတ်လတ်ခဏာ တုယောန်မျိုးမျိုးဟှို ပြလေ့မယ်။
2TH 2:10 အယ်ဘီးန သေကြေပျစ်စီးဂေ့ဟှူ လူလေဟှို တရားဘဲဟှူနည်း မျိုးမျိုးန လှည့်ဇားလေ့မယ်။ အယ်လူလေဟှာ ကယ်တန်ရှင်းဟှို ရနိုင်ဟှို့တွပ် သမ္မာတရားဟှို ရှစ်ဘီး လတ်ခံဂေ့ဘဲကြောန့် အယ်မျိုးဘဲ့ သေကြေပျစ်စီးရဟှယ်။
2TH 2:11 အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို လှည့်ဇားရှင်းရဲ့ တဂိုးဟှို ခံခိုင်းဘီးဟှာ မှားနေဇာဟှိုမှန်ဟှယ် ဆိုဘီး ယောင်ကြည်စေဟှယ်။
2TH 2:12 သမ္မာတရားဟှို ယောင်ကြည်ဘဲန ပြစ်လောက်ဟှို့တွပ် နှစ်သက်ဂေ့ဟှူလူလေဟှာ ပြစ်ဒန်စီရင်ဇာဟှို လောင်းဝခံရမယ်။
2TH 2:13 ညီကို မောန်နှမလေ၊ သခင်ဘုရားရှစ်ဟှူ နန်းနို့ဟှို တိုင်တယ်ဘီး နို့လေဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို မြဲဒမ်း ချီးမွမ်းဂေ့ဟှယ်။ နန်းနို့ဟှာ သမ္မာတရားဟှို ယောင်ကြည်ဂေ့ဟှူကြောန့်၊ ဝိညာဉ်တော်တဂိုးန ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ လူစုဖွဲ့ဝမ်လေ ဖြစ်လာဂေ့ဟှူကြောန့်၊ ဘုရားသခင်ဟှာ ပထမဦးဆောင်း ဝီးကော့‑က်ဘီး ကယ်တန်ဟှားဟှူ လူစုထဲမာ နန်းနို့ ပါဝမ်ဂေ့ဟှူကြောန့် ကျေးဇူးတော်ဟှို ချီးမွမ်းရဟှယ်။
2TH 2:14 နန်းနို့ဟှာ အယ်မျိုး ကယ်တန်ဇာဟှို ခံရဘီး နို့လေရဲ့ သခင်ယေရှုခရစ်တော်နတူးဒူ ဖောင်းသရေတော်ဟှို ခံယူနိုင်ဂေ့ဟှို့တွပ် ဘုရားသခင်ဟှာ နို့လေ ဟောပြောကြေညာဟှူ ဒန်းကောန်းအားဖြင့် နန်းနို့ဟှို ဝီးကော့‑က်လိုက်ဟှယ်။
2TH 2:15 အယ်ကြောန့် ညီကို မောန်နှမလေ၊ နန်းနို့ဟှာ ခိုင်ခိုင်ခံ့ခံ့ဟှား ရပ်နေဂေ့ပါ။ ဟောပြောဇာနရော၊ စာအားဖြင့်နရော နန်းနို့ဟှို နို့လေသွန်သန်ရစ်ဟှူ သစ်စာတရားဟှို လတ်လွတ်ဂေ့န။
2TH 2:16 နို့လေရဲ့ ယေရှုခရစ်တော်ကိုယ်တိုင် နို့လေဟှို ရှစ်ဘီး ကျေးဇူးတော်အားဖြင့် ထာဝရနှစ်သိမ့်ရှင်းန ကောန်းမြတ်ဟှူ မျှော်လင့်ရှင်းဟှို ပေးသနားဟှူ နို့လေရဲ့ဖ ဘုရားသခင်ဟှာ၊
2TH 2:17 နန်းနို့ရဲ့ စိနှလောင်းဟှို သတ်သာစေဘီး ကောန်းမြတ်ဟှူစကားန၊ ကောန်းမြတ်ဟှူ မှုမျိုးမျိုးဟှို မြဲဒမ်းအားပေး ပြောဆိုဘီး ပြုမူနိုင်ဟှို့တွပ် နန်းနို့ဟှို ခိုင်ခံ့မြဲမြံပါစေ။
2TH 3:1 ညီကို မောန်နှမလေ၊ နော့‑က်ဆောင်းနေန ပြောရှင်ဟှယ်။ သခင်ဘုရားရဲ့ တရားတော်ဟှာ နန်းနို့နားဟှို ရော့‑က်လာမျိုး နေရာတိုင်းဟှို ဗြန်းဗြန်ဟှားပ္လံ့နှံ့ဘီး ဖောင်းသရေတော်ထန်ရှားနိုင်ဟှို့တွပ် နို့လေတွပ် ဆုတောန်းဂေ့ပါ။
2TH 3:2 ဘုရားသခင်ဟှာ နို့လေဟှို လူယောက်မာန ကောန်းဘဲဟှူလူလေရဲ့ အန္တရာယ်ဟှနေ ကယ်တန်နိုင်ဟှို့တွပ်လည်း ဆုတောန်းဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တရားတော်ဟှို လူတိုင်းဟှ ယောင်ကြည်ဘဲကြောန့် ဖြစ်ဟှယ်။
2TH 3:3 သခင်ဘုရားဟှာ သစ်စာရှိဟှူရှင် ဖြစ်ဟှူကြောန့် နန်းနို့လေဟှို ခိုင်ခံ့စေဘီး မာရ်နတ်ရဲ့ဘေးဟှ ကာကွယ်ပေးလေ့မယ်။
2TH 3:4 သခင်ဘုရားဟှာ နို့လေဟှို နန်းနို့လေထတ်မာ ယောင်ကြည်စိခ္လစေဟှယ်။ နန်းနို့ဟှာ နို့လေပြောဟှားတိုင်း ခုခီမာ ကျင့်ဂေ့ဟှူမျိုးဘဲ့ နော့‑က်မာလည်း ဆစ်ဘီးဟှာ ကျင့်မယ် ဆိုဇာဟှို နို့လေဟှာ ယောင်ကြည်စိခ္လဟှယ်။
2TH 3:5 သခင်ဘုရားဟှာ နန်းနို့ရဲ့ စိနှလောင်းဟှို ဘုရားသခင်ရဲ့ ရှစ်ရှင်းမြစ်တာတော်န ခရစ်တော်ရဲ့ သီးခံနိုင်ဟှူ မှုထဲဟှို နန်းနို့ဟှို လမ်းပြပါစေ။
2TH 3:6 ညီကို မောန်နှမလေ၊ ရရာတိုင်း ပျင်းဟှူလူလေန နို့လေပေးဟှူ ညွှန်ကြားချစ်လေဟှို လိုက်နာဘဲဟှူ လူလေဟှို ပေါန်းဂေ့ဘဲဟှို့တွပ် သခင်ယေရှုခရစ်တော်ရဲ့ နာမတော်ဟှို မှီပြုဘီးဟှာ နန်းနို့ဟှို ငါပညတ်ဟှယ်။
2TH 3:7 နန်းနို့ဟှာ နို့လေလောက်ဟှူ ပေါင်သတ်သေလေဟှို လိုက်ဘီး ကျင့်ရမယ် ဆိုဇာဟှို နန်းနို့ကိုယ်တိုင် ကောန်းကောန်းသိဂေ့ဟှယ်။ နန်းနို့န တူးဒူရှိနေဂဒဲဟှ နို့လေဟှာ လောက်လောက်ဘဲန နေဂေ့ဟှ။
2TH 3:8 နို့လေရဲ့ စားဇရိလေဟှို နို့လေဘဲ့ ကူက္လခံဟှယ်။ နန်းနို့ထဲဟှ တယော့‑က်ဟှိုမျှ နို့လေတွပ် တာဝန်ယူခိုင်းဘဲန နို့လေဟှာ လောက်ဟှို ပန်ဗန်းခံဘီးဟှာ နေ့ရောညဉ့်ရော လောက်လောက်ဂေ့ဟှယ်။
2TH 3:9 အယ်မျိုးလောက်ဂေ့ဇာဟှာ နို့လေမာ ခွမ့်အာဏာမှေ့ဘဲကြောန့် မှုဟှ။ နို့လေဟှို တုယူနိုင်ဟှို့တွပ် နို့လေကိုယ်တိုင်ဟှ နန်းနို့လေဟှို ပေါင်သတ်သေပြရှင်ဟှူကြောန့် ဖြစ်ဟှယ်။
2TH 3:10 နန်းနို့နတူးဒူ ရှိနေဟှူခီဒူးဟှ နို့လေဟှာ နန်းနို့ဟှို “လောက်လောက်ဘဲဟှူလူဟှာ စာလည်းစားန” ဆိုဘီး သွန်သန်ဟှယ်။
2TH 3:11 နန်းနို့ထဲမာ ရရာတိုင်း ပျင်းဘီးဟှာ လောက်လောက်ဘဲန တခြားသူလေရဲ့ကိစလေမာ ဝမ်ဘီးဟှာ ပါနေဟှူလူရှိဟှယ် ဆိုဇာဟှို တွိရဟှယ်။
2TH 3:12 အယ်မျိုးလူလေဟှို အေးအေးဆေးဆေးဟှား လောက်ဟှိုလောက်ဘီး သတ်မွီးဟှို့တွပ်၊ သခင်ယေရှုခရစ်တော်ရဲ့ နာမတော်ဟှို မှီပြုဘီး မိန့်ပေးဘီး တိုက်တွန်းဟှယ်။
2TH 3:13 ညီကို မောန်နှမလေ၊ နန်းနို့ဟှာ ဖယ်ခါလည်း စိပျစ်အားရှော့ဘဲန ကောန်းဟှူကျင့်ဟှို ကျင့်ဂေ့ပါ။
2TH 3:14 လူတယော့‑က်ဟှာ အယ်စာထဲမာ ပါနေဟှူ ညွှန်ကြားချစ်လေဟှို လိုက်နာဘဲန နေဟှယ် ဆိုဟှာ အယ်လူဟှို ဒိပြုဘီးဟှာ ယှစ်ရဟှို့တွပ် သူ့န ပေါန်းဂေ့န။
2TH 3:15 အယ်ဘေမဲ့ သူ့ဟှိုရန်သူမျိုး ဘောထားဘဲန ညီကို မောန်နှမမျိုး ဘောထားဘီး ဒိပေးဂေ့ပါ။
2TH 3:16 ငြီသတ်ရှင်းရဲ့ရှင် သခင်ဘုရားကိုယ်တိုင် နန်းနို့ဟှို ခီတိုင်းမာ နည်းမျိုးမျိုးန ငြီသတ်ရှင်းဟှို ပေးသနားပါစေ၊ သခင်ဘုရားဟှာ နန်းနို့နတူးဒူ ရှိပါစေ။
2TH 3:17 အယ်နှောက်ဆစ်စကားဟှို ငါ့လတ်န ရေးလိုက်ပါဟှယ်။ ငါပေါလုဟှာ နန်းနို့ဟှို နှောက်ဆစ်ဟှယ်။ ငါပို့ပေးဟှူ စာလေမာ အယ်မျိုးဘဲ့ လတ်မှတ်ထိုးဟှားဟှယ်။ အယ်မျိုးဘဲ့ ငါရေးဟှယ်။
2TH 3:18 နို့လေ သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့ ဂူလောင်းနတူးဒူ ရှိပါစေ။
1TI 1:1 နို့လေရဲ့ ကယ်တန်ရှင် ဘုရားသခင်န နို့လေရဲ့ မျှော်လင့်ရာဖြစ်တော်မူဟှူ ယေရှုခရစ်တော်ရဲ့ တမန်တော် ငါပေါလုဟှာ —
1TI 1:2 ယောင်ကြည်ရှင်းအားဖြင့် ငါ့သားစစ်စစ်ဖြစ်ဟှူ တိမောသေနားဟှို စာရေးလိုက်ပါဟှယ်၊
1TI 1:3 မာကေဒေါနိပြည်ဟှို နို့လေသွားဟှူခီဟှ နန့်ဟှို ငါတိုက်တွန်းနှိုးဆော်ဟှူတိုင်း ဧဖက်ဗြို့မာ နေရစ်ဘီး လူတချို့ဟှို လွဲမှားဟှူယူဝါဒလေဟှို ဟောပြောသွန်သန်ဘဲနေဟှို့တွပ်န
1TI 1:4 ပီးဆောင်းနိုင်ဘဲဟှူ ဒဏ္ဍာရီလေ ဆွေစဉ်မျိုးဆစ်စာရင်းလေဟှို အာရောင်စိုက်ဘဲ နေဂေ့ဟှို့တွပ် ညွှန်ကြားပါ။ အယ်မူမှုရာလေဟှာ ယောင်ကြည်ဇာနဆိုင်ဟှူ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုထတ် ဂြင်းခူဟှူဇာလေဟှိုဘဲ့ ဖြစ်စေတတ်ဟှယ်။
1TI 1:5 အယ်မျိုး ပညတ်ရဟှူကြောန်းဟှ စင်ကြယ်ကောန်းမြတ်ဟှူ စိနှလောင်း၊ ကြည်လင်ဟှူသိစိန မှန်ဟှူယောင်ကြည်ရှင်းဟှနေဘီး ဖြစ်ပေါ်လာဟှူ ရှစ်ရှင်းမြစ်တာ ဖြစ်လေဟှယ်။
1TI 1:6 တချို့လူလေဟှာ အယ်မူဇာလေဟှနေ လွဲချော်ဟှားဘီး ကျိုးမှေ့ဘဲဟှူ စကားပြောဆိုရှင်းအားဖြင့် လွဲဟှားဂေ့ဘီ။
1TI 1:7 အယ်သူလေဟှာ သူးနို့ပြောဆိုဟှူဇာလေန သူးနို့ ခိုင်းခိုင်မားမာ ခံယူရပ်တည်ဟှူဇာလေဟှို နားလည်ဘဲန ကျမ်းတတ်ဆရာလေ ဖြစ်ရှင်ဂေ့သေးဟှယ်။
1TI 1:8 ပညတ်တရားဟှို စည်းမျဉ်းတိုင်း သောင်းပြုမယ် ဆိုဟှာ ပညတ်တရားဟှာ ကောန်းမြတ်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။
1TI 1:9 ပညတ်တရားဟှာ လူကောန်းလေတွပ်မှုဘဲန တရားဘဲဟှူသူလေ၊ နာခံမှုမှေ့ဘဲဟှူသူလေ၊ ဘုရားတရားမှေ့ဘဲသူလေ၊ ပြစ်ကျူးလွန်သူလေ၊ ဘာသာတရား ကိုင်းရှိုင်းမှုမှေ့ဘဲသူလေ၊ မိဖဟှို သတ်ဟှူသူန လူသတ်သမားလေ၊
1TI 1:10 ကျင့်စာရိတ္တပျစ်ဟှူသူလေ၊ ယော့‑က်ကျားရှင်းရှင်း၊ မီးမရှင်းရှင်း မေထုန်ပြုဟှူသူလေ၊ လူကုန်ကူးဟှူသူလေ၊ လီလည်ပြောဟှူသူလေ၊ မှန်ဘဲဟှူသတ်သေဟှို ခံဟှူသူလေန မှန်ဟှူယူဝါဒန ဆန့်ကျင်တတ်ဟှူ သူလေတွပ်ဘဲ့ ပညတ်ဟှားဟှူကြောန်းဟှို နို့လေသိဂေ့ပါဟှယ်။
1TI 1:11 အယ်မူသွန်သန်ချစ်ဟှာ ဖောင်းသရေတော်နပ္လဲ့ဝဘီး မင်္ဂလာရှိတော်မူဟှူ ဘုရားသခင်နားဟှလာဟှူ ဒန်းကောန်းတိုင်းဘဲ့ ဖြစ်ပါဟှယ်။ အယ်မူဒန်းကောန်းဟှို ကြေညာဟှို့တွပ် ငါ့ဟှို ယောင်ကြည်အပ်ပေးတော်မူဘီ။
1TI 1:12 ငါ့ဟှို ခွန်အားန ပ္လဲ့ဇောင်စေတော်မူဟှူ နို့လေရဲ့သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှို ငါချီးမွမ်းဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ငါ့ဟှို မှုတော်လောက်ငန်းတွပ် ခွဲခန့်ဟှားဘီး သစ်စာရှိဟှူသူဖြစ်န မှတ်ယူတော်မူဟှူကြောန့်ဖြစ်ဟှယ်။
1TI 1:13 စဟှ ငါဟှာ စော်ကားပြောဆိုဟှူသူ၊ ကဲ့ရဲ့ဟှူသူ၊ ညှဉ်းဆဲကြမ်းကြုတ်ဟှူသူ၊ မိုက်ရိုင်းဟှူသူတယော့‑က် ဖြစ်ဟှူလည်းဘဲ့ ယောင်ကြည်ဘဲဟှူခီဒူးဟှ သိနားလည်ဘဲန ပြုမိဟှူကြောန့် ကရုဏာတော်ဟှို ခံစားရဟှူဇာဖြစ်ဟှယ်။
1TI 1:14 နို့လေသခင်ဘုရားရဲ့ ကျေးဇူးတော်ဟှာလည်း ယေရှုခရစ်တော်နှိုက်ရှိဟှူ ယောင်ကြည်ဇာလေ ရှစ်ရှင်းမြစ်တာလေဟှာ ရရာတိုင်း များပြားလေဟှယ်။
1TI 1:15 ယေရှုခရစ်တော်ဟှာ ပြစ်ရှိဟှူသူလေဟှို ကယ်တန်ဟှို့တွပ် အယ်လောကဟှို ကြွလာဟှယ် ဆိုဟှူစကားဟှာ သစ်စာစကားဖြစ်ဟှယ်။ ကြွင်းမဲ့ ယောင်ကြည်အပ်ဟှူ စကားလည်းဖြစ်ဟှယ်။ ပြစ်ရှိဟှူသူလေထဲမာ ငါဟှာ ဆိုးဆောင်းဖြစ်ဟှယ်။
1TI 1:16 အယ်ဘေမဲ့ ထာဝရသတ်ရဟှို့ ယောင်ကြည်လာမယ့် သူလေရှေ့မာ ပေါင်သတ်သေဖြစ်ဟှို့တွပ် ရရာတိုင်း ပြစ်ကီးဟှူငါ့ဟှို ယေရှုခရစ်တော်ဟှာ သီးခံတော်မူဇာဟှို ပြဟှို့တွပ် ငါ့ဟှို သနားတော်မူလေဟှယ်။
1TI 1:17 ထာဝရမန်းဂီး ဖြစ်တော်မူဟှူ၊ ဖော့‑က်ပ္လန်ဇာနကင်းဟှူ၊ လူ့မျစ်စိန ဗြင်နိုင်ဘဲ တပါးဒဲရှိဟှူ ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ! အာမင်။
1TI 1:18 ငါ့သား တိမောသေ၊ နန့်န ပတ်သတ်ဘီး စဟှ ပရောဖက်ပြုဟှားဟှူ ရာလေနထပ်တူ အယ်မူညွှန်ကြားဟှားဟှူ ဇာလေဟှို နန့်ဟှို ငါအပ်ပေးပါဟှယ်။ အယ်မူဇာဟှ နန်ဟှာ ယောင်ကြည်မှုန ကြည်လင်ဟှူသိစိဟှို ဆောက်ကိုင်ဘီးဟှာ အယ်မူ ပရောဖက်ပြု ဟောပြောဟှားဟှူ ဇာလေအားဖြင့် ကောန်းဟှူ တိုက်ပွဲဟှို တိုက်ခိုက်နိုင်ဟှို့တွပ်၊
1TI 1:19 တချို့လေဟှာ အယ်မူ ကောန်းမြတ်ဟှူ ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ပစ်ပယ်ဟှူကြောန့် ယောင်ကြည်ရှင်း သန်းဖော ပျစ်စီးဆောင်းရှောင်းဇာဟှို ခံရဂေ့လေဟှယ်။
1TI 1:20 အယ်သူလေထဲမာ ဟုမေနဲန အာလေဇန္ဒြုလေလည်း ပါဂေ့ဟှယ်။ သူးနို့လေဟှာ ဘုရားသခင်ဟှို ပြစ်မှားဘီး ကဲ့ရဲ့ပြောဆိုဟှူဇာ ပြုဘဲနေအောန် သင်ခန်းစာရဟှို့တွပ် သူးနို့လေဟှို စာတန်လတ်ထဲ ငါအပ်လိုက်ဘီ။
1TI 2:1 အယ်ကြောန့် လူလေ ဂူလောင်းတွပ် သနားခံဟှူမှု၊ ဆုတောန်းဟှူမှု၊ ကြားခံ တောန်းရှော့‑က်ပေးဟှူမှုန ကျေးဇူးတော်ဟှို ချီးမွမ်းရှင်းလေဟှို ပြုဟှို့တွပ် ပထမ ဦးဆောင်း ငါတိုက်တွန်း နှိုးဆော်ရှင်ပါဟှယ်။
1TI 2:2 နို့လေဟှာ ဘုရားဝတ်န မွေ့လျော်ဘီး ငြီးငြီးချမ်းချမ်း နေနိုင်ဟှို့တွပ်လည်း မန်းဂီးလေန အာဏာရှိဟှူသူလေ ဂူလောင်းတွပ် ဆုတောန်းပေးဂေ့ပါ။
1TI 2:3 အယ်မျိုးပြုဟှူဇာဟှာ ရရာတိုင်း ကောန်းဟှူ မှုဖြစ်ဘီး နို့လေရဲ့ ကယ်တန်ရှင်ဖြစ်ဟှူ ဘုရားသခင် ရှေ့တော်မာ နှစ်သက်ဇာကောန်းဟှူ မှုလည်းဖြစ်ဟှယ်။
1TI 2:4 လူလေဂူလောင်းဟှာ ကယ်တန်ရှင်းဟှို ရော့‑က်ဘီး သမ္မာတရားဟှို သိဟှို့တွပ် ဘုရားသခင် လိုတော်ရှိဟှယ်။
1TI 2:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ တပါးဒဲဘဲ့ ရှိတော်မူဘီး ဘုရားသခင်န လူလေကြားမာ အာမခံဖြစ်ဟှူ ယေရှုခရစ် တပါးဒဲဘဲ့ ရှိတော်မူဟှယ်။ အယ်သခင်ဟှာ လူဖြစ်ဟှူ ယေရှုခရစ်တော်ဘဲ့ ဖြစ်လေဟှယ်။
1TI 2:6 အယ်မူအာမခံဟှာ လူလေ ဂူလောင်းဟှို ဝီးနှုဟှို့တွပ် ဖိုးခနေန ကိုယ့်ကိုယ်ကိုယ် စွန့်တော်မူဟှယ်။ အယ်မူကြောန်းရာဟှာ ခီတန်လာဟှူ ခီမာ ပေးတော်မူဟှူ သတ်သေဖြစ်ဟှယ်။
1TI 2:7 ငါဟှာ အယ်မူကြောန်းရာဟှို သတ်သေခံ ဝီငှဟှို့တွပ် တမန်တော်ရာန ယောင်ကြည်ရှင်းန သမ္မာတရားဟှို လူမျိုးခြားလေဟှို ဟောပြော သွန်သန်ဟှူ ဆရာဖြစ်န ခန့်ဟှားသူဖြစ်ဟှယ် ဆိုဇာဟှာ မုသားစကားဟှို ပြောဟှူဇာမှုဘဲ မှန်ဟှူ စကားဟှို ပြောဟှူ ဇာဖြစ်ဟှယ်။
1TI 2:8 အယ်မျိုးဖြစ်ကြောန့် နေရာတိုင်းမာ ယော့‑က်ကျားလေဟှာ စိဆိုးဟှူဇာ၊ ဂြင်းခူဟှူ ဇာမှေ့ဘဲ သန့်ရှင်းဟှူ လတ်ဟှို ချီဘီးဟှာ ဆုတောန်းဂေ့ဟှို့တွပ် ငါလိုရှင်ပါဟှယ်။
1TI 2:9 အယ်မျိုးဘဲ့ မီးမလေလည်း ဆန်းဗန်ဟှို လှဆင်ဟှူ ဇာလေ၊ ရွှေတန်ဆာလေ၊ က္လော့‑က်မြတ်ပုလဲလေ၊ ဖိုးကီးဟှူ ဝတ်စားလေန ကိုယ့်ကိုယ်ကိုယ် ဆင်ဘဲန ယှစ်ကြော့‑က်ရှင်း၊ ဣန္ဒြေစောန့်ရှင်းအားဖြင့် တင့်တယ်ဟှူ ဝတ်န
1TI 2:10 ဘုရားသခင်ဟှို ရိုသေကြည်ညိုမှု ရှိမယ် ဆိုဘီး ဝန်ခံ ဂဒိပြုဟှူ မီးမလေ ဆင်သင့်ဟှူတိုင်း ကောန်းဟှူ ကျင့်အားဖြင့် ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ဟှို့တွပ် ငါလိုရှိပါဟှယ်။
1TI 2:11 မီးမလေဟှာ ရာရာမာ နာခံမှုရှိဘီး တိတိဆိဆိဟှား သန်ယူပါစေ။
1TI 2:12 မီးမလေဟှာ သွန်သန်ပေးဟှူဇာန ယော့‑က်ကျားလေဟှို စိုးတရပြုဟှူ ခွမ့်ဟှို ငါပေးဟှ။ မီးမလေဟှာ တိတိဆိဆိ နေရမယ်။
1TI 2:13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အာဒံဟှို ပထမဆောင်း ဖန်ဆင်းဘီးန ဧဝဟှို ဖန်ဆင်းတော်မူဟှယ်။
1TI 2:14 နော့‑က်ဘီး အာဒံဟှာ လှည့်ဇားဇာဟှို ခံဟှ။ မီးမလေဟှဘဲ့ လှည့်ဇားဇာဟှို ခံဘီး ဘုရားသခင်ရဲ့ ပညတ်တော်ဟှို ခ္လိုးဖော့‑က်ဟှယ်။
1TI 2:15 အယ်ဘေမဲ့လည်း မီးမလေဟှာ ဣန္ဒြေစောန့်ရှင်း၊ ယောင်ကြည်ရှင်း၊ ရှစ်ရှင်း၊ သန့်ရှင်းရှင်းန ဆစ်ဘီးဟှာ ရှိနေမယ် ဆိုဟှာ သားမီးလေ ရှိရှင်းအားဖြင့် ကယ်တန်ရှင်း ခံရလေ့မယ်။
1TI 3:1 သင်းအောက်ရာဟှို မျှော်လင့်ဟှူသူဟှာ ကောန်းဟှူမှုရာဟှို လိုလားတောန်းတဟှူသူ ဖြစ်ဟှယ် ဆိုဟှူစကားဟှာ မှန်ဟှူသစ်စာစကား ဖြစ်ဟှယ်။
1TI 3:2 အယ်ကြောန့် သင်းအောက်ဟှာ ပြစ်တန်ခွမ့်န လွတ်ကင်းရမယ်။ သူဟှာ မယားတယော့‑က်ဘဲ့ ရှိရမယ်။ သမ္မာဒိရှိသူ၊ ဣန္ဒြေစောန့်သူ၊ လျောက်ပတ်အောန် နေထိုင်ကျင့်ကြံသူ၊ ဧည့်ဝတ်ကျေသူ၊ ဆောင်းမဩဝါဒပေးနိုင်သူ ဖြစ်ရမယ်။
1TI 3:3 သော့‑က်တတ်စားတတ်ဟှူသူ၊ သူများဟှို ကိုယ်ထိလတ်ရော့‑က် စော်ကားဟှူသူ၊ စင်ကြယ်ဘဲဟှူ စီးပွားဟှို တတ်မတ်ဟှူသူမှုဘဲ၊ နူးညံ့သိမ်မွေ့ဘီး ရန်လိုဘဲန ကပ်ဟှို တတ်မတ်ရှင်း မှေ့ဘဲဟှူသူ၊
1TI 3:4 ကိုယ့်ရဲ့အီထောန် မိသားစုဟှို ကောန်းကောန်းမွန်မွန် အောက်ချောက်ဘီး သမ္မာဒိရှိရှိန ကိုယ့်သားမီးလေဟှို ဆောင်းမနိုင်ဟှူသူ ဖြစ်ရမယ်။
1TI 3:5 ကိုယ့်ရဲ့ အီထောန်ဟှို ကောန်းကောန်းမွန်မွန် အောက်ချောက်နိုင်ဘဲသူဟှာ ဘုရားသခင်ရဲ့ သင်းတော်ဟှို ဖယ်မျိုး ပြုစုဘီး အောက်ချောက်နိုင်မယ်နူး။
1TI 3:6 သူဟှာ ယောင်ကြည်ခါစ လူသစ်ဖြစ်ရဟှ။ အယ်မျိုးမှုဘဲနေဟှာ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်ဘီး မာရ်နတ်နတူးဒူ ပြစ်ဒန်စီရင်မှုထဲဟှို က္လခံရဟှို့တွပ် စိုးရိမ်ဇာရှိဟှယ်။
1TI 3:7 ကဲ့ရဲ့ပြစ်တန်ခံရဘီး မာရ်နတ်ရဲ့ ထောန်ချော့‑က်ထဲဟှို က္လရော့‑က်ဘဲနေဟှို့တွပ် သင်းတော်ပ္လန်ရဲ့ သိုင်းဝိုင်းမာလည်း အသရေရှိဟှူ သူဖြစ်န သိမှတ်ပြုခံရဟှူ သူဖြစ်ရမယ်။
1TI 3:8 အယ်မျိုးဘဲ့ သင်းထော့‑က်လေလည်း တည်းတည်ကြည်းကြည်န နေဟှူသူဖြစ်ရမယ်။ လျှာနှေ့ခွရှိဟှူသူ၊ သော့‑က်စား မောယစ်တတ်ဟှူသူ၊ ကပ်မတ်မားလေမှုဘဲန
1TI 3:9 ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကြည်လင်ဘီးဟှာ ယောင်ကြည်ရှင်းရဲ့ လျှို့ဝှပ်နတ်နဲဟှူ ရာလေဟှို စိစွဲလမ်းဟှူသူ ဖြစ်ရမယ်။
1TI 3:10 သူးနို့လေဟှာ ရင်ဦးဆောင်း စစ်ဆေးခံဘီးမှ ပြစ်တန်ခွမ့်နလွတ်ဟှာ သင်းထော့‑က်မှုဟှို လောက်ဆောန်ပါစေ။
1TI 3:11 သူးနို့လေရဲ့ မယားလေဟှာ တည်းတည်ကြည်းကြည် နေဟှူသူ ဖြစ်ရမယ်။ ဂူးတိုက်ဟှူသူ၊ သူများချင်းပြောဟှူသူ ဖြစ်ဘဲန ရှိမျှဂူလောင်းမာ သစ်စာရှိဟှူသူ ဖြစ်ရမယ်။
1TI 3:12 သင်းထော့‑က်လူဂီးလေဟှာ မယား တယော့‑က်ဘဲ့ ရှိရမယ်။ ကိုယ့်သားမီးလေန အီထောန်ဟှို ကောန်းကောန်း စီမံအောက်ချောက်နိုင်ဟှူသူ ဖြစ်ရမယ်။
1TI 3:13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သင်းထော့‑က်လောက်ဟှို ကောန်းကောန်း လောက်ဆောန်ဟှူသူဟှာ ကိုယ့်တွပ် ကောန်းဟှူ ဂေါင်သရေဟှို ရဘီးဟှာ ယေရှုခရစ်တော်ဟှို ယောင်ကြည်ဟှူ ရာမာလည်း ရဲရင့်ရှင်းဟှို ရလေဟှယ်။
1TI 3:14 ငါ အယ်စာဟှို ရေးရဟှူဇာဟှ နန့်နားဟှို ဗြန်းဗြန်လာဟှို့တွပ် မျှော်လင့်ဟှူလည်းဘဲ့
1TI 3:15 နော့‑က်က္လနေမယ် ဆိုဟှာ နန်ဟှာ ဘုရားသခင်ရဲ့ အီတော်မာ ဖယ်မျိုး ကျင့်ကြံ လောက်ဆောန်ရမယ် ဆိုဇာဟှို သိရဟှို့တွပ် အယ်စာဟှို ငါရေးဘီး ပေးလိုက်ဟှူဇာဖြစ်ဟှယ်။ အယ်အီတော်ဟှ သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ သင်းတော်ဖြစ်ပါဟှယ်။ အယ်သင်းတော်ဟှ သမ္မာတရားရဲ့ မှီတကဲဖြစ်ဟှူမျိုး သမ္မာတရားရဲ့ မဏ္ဍိုင်လည်း ဖြစ်ပါဟှယ်။
1TI 3:16 မှန်ဟှူကိုးကွယ်မှုရဲ့ နတ်နဲဟှူရာဟှာ ရရာတိုင်း ကီးမြတ်ဟှယ် ဆိုဇာဟှို ဂြင်းခူလောက်ဇာကြောန်း မှေ့ဟှ။ ကိုယ်တော်ဟှာ လူကိုယ်ခန္ဓာအားဖြင့် ထန်ရှားတော်မူဘီ။ မှန်ကန်ဟှယ် ဆိုဇာဟှို ဝိညာဉ်တော်အားဖြင့် ထန်ရှားစေတော်မူဘီ။ ကောန်းဂန်တမန်လေဟှာ ကိုယ်တော့်ဟှို ရှုဗြင်ရဂေ့ဘီ။ လူမျိုးခြားလေဟှာ ဒန်းကောန်းကြေညာဇာဟှို ကြားဂေ့ရဘီ။ လောကသားလေဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဘီ။ ကိုယ်တော်ဟှာ ဖောင်းသရေတော်နတူးဒူ ကောန်းဂန်ဘောင်ဟှို ဆောန်ယူဟှူဇာဟှို ခံတော်မူဘီ။
1TI 4:1 နော့‑က်လာမယ့် ခီကာလလေမာ လူတချို့ဟှာ လှည့်ဇားတတ်ဟှူ ဝိညာဉ်လေန နတ်ဆိုးလေရဲ့ သွန်သန်ချစ်လေဟှို အာရောင်စိုက်ဘီး ယောင်ကြည်မှုဟှို စွန့်ခွာဂေ့လေ့မယ် ဆိုဇာဟှို ဝိညာဉ်တော်ဟှာ ရှင်းရှင်းလန်းလန်း ဖော်ပြဟှားပါဟှယ်။
1TI 4:2 ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို သံပူန ခတ်ခံရဟှူမျိုး လှည့်ဇားတတ်ဟှူ သူလေရဲ့ လျှို့ဝှပ်ရှင်းအားဖြင့် အယ်မူဩဝါဒလေဟှို အားပေးဂေ့ဟှယ်။
1TI 4:3 သူးနို့လေဟှာ အီထောန်ပြုဟှူဇာဟှို တားမြစ်ဘီးဟှာ ယောင်ကြည်ဘီး သမ္မာတရားဟှို သိဟှူသူလေဟှာ ကျေးဇူးတော်ဟှို ချီးမွမ်းဘီး စားသောင်းဟှို့တွပ် ဘုရားသခင် ဖန်ဆင်းဟှားဟှူ ဇာလေဟှို ရှောန်ရမယ် ဆိုဘီး ပညတ်ဟှားလေ့မယ်။
1TI 4:4 ဘုရားသခင် ဖန်ဆင်းဟှားဟှူ ဇာလေရှိဟှူမျှဟှာ ကောန်းဟှူကြောန့် ကျေးဇူးတော်ဟှို ချီးမွမ်းဘီး ခံယူမယ် ဆိုဟှာ ဖယ်ဇာဟှိုလည်း ပစ်ပယ်ဇာလိုဟှ။
1TI 4:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ စကားအားဖြင့်ရော၊ ဆုတောန်းရှင်း အားဖြင့်ရော အယ်မူဇာလေဟှာ စင်ကြယ်ဟှားကြောန့် ဖြစ်လေဟှယ်။
1TI 4:6 အယ်ကြောန်းရာလေဟှို ညီကို မောန်နှမလေဟှို ကြားပြောမယ် ဆိုဟှာ နန်ဟှာ ကိုယ်လိုက်နာဟှူ ယောင်ကြည်ရှင်းန မှန်ကန်ဟှူ ယူဝါဒရဲ့ ပြုစုပျိုးထောန်ဇာခံရဟှူ ယေရှုခရစ်တော်ရဲ့ စေခံကောန်းတယော့‑က် ဖြစ်လေ့မယ်။
1TI 4:7 အယ်ဘေမဲ့ မီးမအိုပြောတတ်ဟှူ၊ တရားမှေ့ဘဲဟှူ ဒဏ္ဍာရီစကားလေဟှို ရှောန်ရှားဘီး ဘုရားဝတ်မာ ပျော်မွေ့ရှင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပေးပါ။
1TI 4:8 ကိုယ်ကာယနဆိုင်ဟှူ လေ့ကျင့်မှုဟှာ ကျိုးနဲနဲဟှားဘဲ့ ရဟှူလည်းဘဲ့ ဘုရားဝတ်န မွေ့လျော်ရှင်းဟှ ခုဘဝ၊ နော့‑က်ဘဝန စပ်ဆိုင်ဇာဟှူ ဂဒိတော်ဟှို ခံစားရဟှယ်။
1TI 4:9 အယ်မူစကားဟှာ သစ်စာစကားဖြစ်ဘီး ကြွင်းမဲ့ယောင်ကြည်ထိုက်ဟှူ စကားလည်းဖြစ်ဟှယ်။
1TI 4:10 အယ်ကြောန့် နို့လေဟှာ အယ်မူကျိုးဟှို မျှော်လင့်ဟှူကြောန့် ကြိုးစားအားထုဘီး လောက်ဆောန်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေ ဂူလောင်းရဲ့ ကယ်တန်ရှင် ထူးသဖြင့် ယောင်ကြည်သူလေရဲ့ ကယ်တန်ရှင်ဖြစ်ဟှူ၊ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို နို့လေ ကိုးစားဟှူကြောန့် ဖြစ်ဟှယ်။
1TI 4:11 အယ်မူဇာလေဟှို ညွှန်ကြားဘီး ဆောန်းမဩဝါဒပေးပါ။
1TI 4:12 နန့်ရဲ့ သတ်ရွယ်နုပျိုဟှူ ဇာဟှို ဖယ်သူဟှလည်း ထီမဲ့မြင်ပြုစေန။ စကားပြောဆိုဟှူဇာ၊ ကျင့်ကြံနေထိုင်ဟှူဇာ၊ သူတပါးဟှို ရှစ်ဟှူဇာ၊ ဝိညာဉ်သဘောရှိဟှူဇာ၊ သစ်စာစောန့်ဟှူ ဇာလေန သန့်ရှင်းဟှူ ဇာလေဟှို ယောင်ကြည်သူလေရှေ့မာ ပေါင်သတ်သေဖြစ်စေပါ။
1TI 4:13 ငါလာဟှူ ခီထိ ကျမ်းစာဖတ်ရှင်း၊ တိုက်တွန်း သွီးဆောန်ရှင်း၊ ဆောန်းမ ဩဝါဒပေးရှင်းလေဟှို ကြိုးစားဘီး လောက်ဆောန်ပါ။
1TI 4:14 သင်းတော်ကြီးကဲလေဟှ လတ်တန်မင်္ဂလာပေးဘီး ပရောဖက်ပြု ဟောပြောဟှူဇာအားဖြင့် နန့်ဟှို ပေးအပ်ဟှားဟှူ ဆုကျေးဇူးလေဟှို လျစ်လျှူရှုန။
1TI 4:15 နန့်ရဲ့ တိုးတတ်မှုဟှာ လူလေရှေ့မာ ထန်ရှားဟှို့တွပ် အယ်မူ မှုရာလေဟှို စိစွဲလန်းဘီး ကြိုးစားအားထုပါ။
1TI 4:16 ကိုယ့်ရဲ့ ဆောန်းမဩဝါဒန ကိုယ့်ကိုယ်ကိုယ် ဒိပြုဘီး မြဲတည်အောန်နေပါ။ အယ်မျိုးပြုဟှယ် ဆိုဟှာ နန့်ကိုယ်နန်လည်း ကယ်တန်ဘီး နားထောန်ဟှူ သူလေဟှိုလည်း ကယ်တန်လေ့မယ်။
1TI 5:1 သတ်ကီးဟှူသူဟှို ပြစ်တန်ဘီး ဆောန်းမရှင်းဟှို ပြုဘဲန ကိုယ့်ရဲ့ဖဟှူမျိုး သဘောထားဘီး တောန်းဗန်ပါ။ ကိုယ့်ထတ်သတ်ငယ်သူဟှို ညီတယော့‑က်ဟှူမျိုး၊
1TI 5:2 ကိုယ့်ထတ်သတ်ကီးဟှူ မီးမလေဟှို ကိုယ့်မိဟှူမျိုး၊ ကိုယ့်ထတ်သတ်ငယ်ဟှူ မီးမလေဟှို ဖ္လူစင်သန့်ရှင်းဟှူစိန ကိုယ့်ညီမဟှူမျိုး သဘောထားဘီး နှိုးဆော်ပါ။
1TI 5:3 မောက်ဆိုးမ တကယ်ဖြစ်ဟှူ မောက်ဆိုးမလေဟှို ရိုသေဂေ့ပါ။
1TI 5:4 အယ်ဘေမဲ့ မောက်ဆိုးမ ယော့‑က်ယော့‑က်မာ သားမ္လေးရှိဟှယ် ဆိုဟှာ အယ်မူ သားမ္လေးလေဟှာ ဘာသာရေး ကျင့်ဝတ်ဖြစ်ဟှူ ကိုယ့်ရဲ့ မိသားစုဟှို ပြုစုဟှူဇာန မိဖဖိုးဖွားလေဟှို ကျေးဇူးဆပ်ဟှို့တွပ် ရင်ဦးဆောင်း သန်ယူပါစေ။ အယ်မျိုး လောက်ဟှူမှုဟှာ ဘုရားသခင် ရှေ့တော်မာ နှစ်သက်တော်မူဟှူ မှုဖြစ်ဟှယ်။
1TI 5:5 မောက်ဆိုးမ တကယ်ဖြစ်ဘီး တယော့‑က်ဒဲ ကျန်ရစ်ဟှူ မီးမဟှာ ဘုရားသခင်ဟှို မျှော်လင့်ကိုးစားဘီး နေ့ညဉ့်မပြတ် ဆုတောန်းရှင်းအားဖြင့် တည်နေတတ်ဟှယ်။
1TI 5:6 ပျော်ပါးလိုက်စားဟှူ မောက်ဆိုးမဟှာ သတ်ရှင်ရဲ့န သေနေဟှူ မျိုးဘဲ့ဖြစ်ဟှယ်။
1TI 5:7 အယ်ကြောန့် အယ်သူလေ ပြစ်တန်ခွမ့်န လွတ်ကင်းဟှို့တွပ် အယ်ရာလေဟှို ညွှန်ကြားပါ။
1TI 5:8 ကိုယ့်ဆွေမျိုးလေဟှို ပြုစုဘဲဟှူသူ ထူးသဖြင့် ကိုယ့်ရဲ့ အီသူအီသားလေဟှို ပြုစုဘဲဟှူသူဟှာ ယောင်ကြည်ရှင်း တရားဟှို ငြင်းပယ်သူ ဖြစ်ဟှူကြောန့် ယောင်ကြည်ဘဲဟှူ သူလေထတ် ပိုဘီး ဆိုးယုတ်လေဟှယ်။
1TI 5:9 မောက်ဆိုးမ တယော့‑က်ဟှာ သတ်ခြော့‑က်ဆယ် ပ္လဲ့သေးဟှ ဆိုဟှာ မောက်ဆိုးမ စာရင်းဝမ်စေန။ အယ်မီးမဟှာ တခါဘဲ့ လတ်ထပ်ဟှားဘီး၊
1TI 5:10 ကောန်းဟှူကျင့်ဟှို ကျင့်ဟှူသူ၊ အသရေရှိဟှူသူ၊ သားဂန်းဟှားလေဟှို ကျွေးမွေးဟှူသူ၊ ဧည့်သယ်ဝတ်ဟှို ပြုဟှူသူ၊ သန့်ရှင်းသူလေဟှို ကူညီမဇဟှူသူ၊ ဆင်းရဲသားလေဟှို လောက်ကျွေးဟှူသူ၊ ကောန်းဟှူ မှုရှိဟှူမျှလေမာ ကြိုးစားလောက်ဆောန်မှုဟှို ပြုဖူးဟှူသူ ဖြစ်ဟှယ် ဆိုဟှာ မောက်ဆိုးမ စာရင်းဝမ်စေ။
1TI 5:11 သတ်ငယ်ဟှူ မောက်ဆိုးမလေဟှို စာရင်းသွမ်းန။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ ကိုယ့်ရဲ့ လိုဆန္ဒဟှို ထီးနိုင်ဘဲဟှူ ခီမာ အီထောန်ပြုရှင်ဟှူစိ ရှိလာဟှူကြောန့် ခရစ်တော်ဟှို ဥပေက္ခာပြုဘီး၊
1TI 5:12 ရင်းရင်ဒူးဟှ ပြုဟှားဟှူ သစ်စာဟှို ဖျစ်ဟှူကြောန့် ပြစ်စီရင်ရှင်းဟှို ခံရလေ့မယ်။
1TI 5:13 နော့‑က်ဘီး အီနအီ လည်ဘီးဟှာ ပျင်းကိုးဟှူစိ ရှိလာတတ်ဟှယ်။ အယ်မျိုး ပျင်းကိုးဟှူနမကဘဲ သူများချင်းပြောဘီး ကိုယ့်န ဆိုင်ဘဲဟှူ သူတပါး ကိစလေမာ ဝမ်ရောနှောတတ်ဟှယ်။
1TI 5:14 အယ်ကြောန့် သတ်ငယ်ဟှူ မောက်ဆိုးမလေဟှာ အီထောန်ပြုသားမွီးဘီး အီမှုကိစဟှို စီမံကွပ်ကဲဘီး ရန်သူဟှို ကဲ့ရဲ့ပြစ်တန်ဟှူခွမ့် ပေးဘဲနေဟှို့တွပ် ငါလိုရှင်ပါဟှယ်။
1TI 5:15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တချို့ မောက်ဆိုးမလေဟှာ လမ်းလွဲဘီး စာတန်နော့‑က်ဟှို လိုက်ဟှားဂေ့ဟှူကြောန့် ဖြစ်ဟှယ်။
1TI 5:16 ယောင်ကြည်ဟှူမီးမ တယော့‑က်ယော့‑က်မာ ဆွေမျိုးတော်စပ်ဟှူ မောက်ဆိုးမလေ ရှိဟှယ် ဆိုဟှာ သင်းတော်တွပ် ဝန်ထောက်ဝန်ဘိုးလေ ဖြစ်ဘဲနေအောန် သူကိုယ်တိုင် ကူညီစောန့်ရှော့‑က်ပေး ရမယ်။ အယ်မျိုးဆိုဟှာ အားကိုးရာမဲ့ဟှူ မောက်ဆိုးမလေဟှို သင်းတော်ဟှ ပြုစုကျွေးမွေးနိုင်လေ့မယ်။
1TI 5:17 ကောန်းကောန်းမွန်မွန်ဟှား အောက်ချောက်ဟှူ သင်းအောက်လေ ထူးသဖြင့် တရားဟောရှင်း၊ ဆောန်းမ သွန်သန်ရှင်းဟှို ကြိုးစားဘီး လောက်ဆောန်ဟှူ သူလေဟှာ လှူနှေ့ဆဟှို ခံထိုက်ဟှယ် ဆိုဘီး မှတ်ယူအပ်ဟှယ်။
1TI 5:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှ “ဗားနန်းဟှူ နွားရဲ့ ဇပ်ပေါ့‑က်ဟှို ချောက်တီးန” ဆိုဟှူဇာန “လောက်လောက်ဟှူ သူဟှာ လောက်ခဟှို ရထိုက်ဟှယ်” ဆိုဘီး ဖော်ပြဟှားကြောန့် ဖြစ်ဟှယ်။
1TI 5:19 သတ်သေခံ နှေ့ယော့‑က်၊ သောင်းယော့‑က် မှေ့ဘဲနေဟှာ သင်းအောက်ဟှို ပြစ်တန်စွပ်စွဲရှင်းဟှို လတ်ခံန။
1TI 5:20 ကျန်ဟှူ သူလေလည်း ကြော့‑က်ရွံ့မှုရှိဟှို့တွပ် ပြစ်လောက်ဟှူ သူလေဟှို လူလေရှေ့မာ ဆောင်းမပါ။
1TI 5:21 နန်ဟှာ အယ်မူဇာလေဟှို ခွဲခြားရှင်းမှေ့ဘဲ စောန့်ရှော့‑က်ဘီးဟှာ ဖြားဇာဟှိုမှ ဘက်လိုက်ဘဲန လောက်ဟှို့တွပ် ဘုရားသခင်န ယေရှုခရစ်တော် ရှေ့မာရော၊ ဝီးကော့‑က်ခံရဟှူ ကောန်းဂန်တမန်လေ ရှေ့မာရော ငါနန့်ဟှို လေးလေးနတ်နတ်ဟှား တိုက်တွန်းပါဟှယ်။
1TI 5:22 ဖယ်သူလေရဲ့ ထတ်မာဘဲ့ဖြစ်ဖြစ် လတ်ဟှို ဗြန်းဗြန်တန်န။ တခြားသူလေရဲ့ ပြစ်နှိုက် ဆစ်ဆံန။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်အောန် စောန့်ရှော့‑က်ပါ။
1TI 5:23 နန့်ရဲ့ စာအီန ခါဘီးခါ ဖြစ်တတ်ဟှူ ဖျားနာမှုလေကြောန့် ရေဟှို လော့‑က်ဘဲ့ သော့‑က်ဘဲန ဝိုင်နဲနဲဟှိုလည်း သောင်းဆောန်ပါ။
1TI 5:24 တချို့လူလေရဲ့ ပြစ်လေဟှာ တရားစီရင်ခန်ဟှ သိသာထန်ရှားတတ်ဟှယ်။ တချို့လူလေရဲ့ ပြစ်လေဟှာလည်း နော့‑က်မှဘဲ့ ထန်ရှားတတ်လေဟှယ်။
1TI 5:25 အယ်မျိုးဘဲ့ တချို့သူလေရဲ့ သုစရိုက်ဟှာ သိသာထန်ရှားတတ်ဟှယ်။ ထန်ရှားသေးဘဲဟှူ သုစရိုက်ဟှိုလည်း ဖောင်းကွယ်ဘီး ထားနိုင်ဟှ။
1TI 6:1 ဘုရားသခင်ရဲ့ နာမတော်န တရားတော်ဟှို ကဲ့ရဲ့ခံရဘဲနေအောန် စေခံဟှူ ကျွန်ထမ်းဘိုးအော့‑က်မာ ရှိဟှူသူလေဟှာ ကိုယ့်ရဲ့ သခင်လေဟှို ပ္လဲ့ပ္လဲ့ဝဝ ရိုသေထိုက်ဟှူသူ ဖြစ်ဟှယ် ဆိုဘီး မှတ်ယူဂေ့ပါ။
1TI 6:2 ကိုယ့်ရဲ့သခင်ဟှာ ယောင်ကြည်သူ ဖြစ်ဟှယ် ဆိုဟှာ သူးနို့လေဟှာ ညီကို မောန်နှမလေဘဲ့ ဖြစ်ဟှယ် ဆိုဘီး ထီမဲ့မြင်လောက်ဘဲန ပိုကောန်းအောန် စေခံဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းကောန်းစေခံရှင်းရဲ့ကျိုးဟှို ခံစားရဟှူသူဟှာ ကိုယ်ရှစ်ရဟှူ ယောင်ကြည်သူလေ ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။ နန်ဟှာ အယ်မူဇာလေဟှို သွန်သန်ဘီး တိုက်တွန်းနှိုးဆော်ပါ။
1TI 6:3 ခြားနားဟှူ ယူဝါဒဟှို သန်ပေးဘီး နို့လေရဲ့ သခင်ယေရှုခရစ်ရဲ့ မှန်ကန်ပ္လဲ့ဇောင်ဟှူ တရားစကားန ဘုရားဝတ်မာ မွေ့လျော်ရှင်းန ဆိုင်ဟှူ သွန်သန်ရှင်းလေဟှို လိုက်နာဘဲနေဟှူသူဟှာ
1TI 6:4 ဘဝင်မြင့်ဘီး ဖယ်ဇာဟှိုလည်း နားလည်ဘဲ ဂြင်းခူလော့‑က်ဟှူဇာန စကားလောင်း သောင်းနှုံးထတ်မာဘဲ့ အာရောင်စိုက်ဘီး ဂြင်းခူလောက်ဟှို့တွပ်ဘဲ့ စွဲလမ်းနေသူ ဖြစ်ဟှယ်။ အယ်ပြုမူကြောန့် နာလိုမူးထားဟှူ ဇာလေ၊ ငြင်းပွားတတ်ဟှူ ဇာလေ၊ စော်ကားတတ်ဟှူ ဇာလေ၊ ဆိုးဝါးဟှူ သံသယစိဖြစ်ဟှူ ဇာလေဟှိုဘဲ့ ဖြစ်စေတတ်ဟှယ်။
1TI 6:5 အယ်မျိုး စိနှလောင်းယိုယွင်းဘီး သမ္မာတရားဟှိုသိဘဲ ဘုရားဝတ်မာ မွေ့လျော်ဟှူဇာဟှ ရရာတိုင်း ကီးဟှူ ကျိုးစီးပွားဘဲ့ ဖြစ်ဟှယ် ဆိုဘီး ထန်တတ်ဟှူ လူလေကြားမာ ပီးဆောင်းနိုင်ဘဲဟှူ ဂြင်းခူမှုလေဟှို ဖြစ်စေတတ်ဟှယ်။
1TI 6:6 ရောင့်ရဲဟှူစိ ရှိမယ် ဆိုဟှာ ဘုရားဝတ်မာ မွေ့လျော်ရှင်းဟှ ကီးမားဟှူ ကျိုးစီးပွားဘဲ့ ဖြစ်ဟှယ်။
1TI 6:7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ အယ်လောကထဲဟှို ဖယ်ဇာဟှိုလည်း ယူလာဟှို့ရဘဲဟှူမျိုး ထွပ်ဟှူ ခီမာလည်း ဖယ်ဇာဟှိုလည်း ယူဟှားနိုင်ဂေ့ဟှ။
1TI 6:8 အယ်မျိုးဖြစ်ကြောန့် နို့လေဟှာ စားဇာန ဝတ်ဇာရှိဟှယ် ဆိုဟှာ ရှိဟှို့မျှန ကျေနပ်ရောင့်ရဲဂေ့ဇို့။
1TI 6:9 ကြွယ်ဝရှင်ဟှူ သူလေဟှာ ပြစ်သွီးဆောန်ရှင်းဟှို ခံရဘီး မိုက်မဲဖျစ်ဆီးတတ်ဟှူ တတ်မတ်မှုလေရဲ့ ထောန်ချော့‑က်ထဲဟှို က္လရော့‑က်တတ်ဂေ့ဟှယ်။ အယ်မျိုးအားဖြင့် လူလေဟှာ ကျိုးနဲရှင်းလေ၊ ပျစ်စီးရှင်းလေနဘဲ့ နစ်မွန်းတတ်ဂေ့ဟှယ်။
1TI 6:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကပ်မတ်ရှင်းဟှာ ကောန်းဘဲဇာလေ ဂူလောင်းရဲ့ ရင်းမြစ်ဖြစ်ဟှယ်။ လူတချို့ဟှာ ကပ်ဟှို မတ်ဂေ့ဟှူကြောန့် ယောင်ကြည်ရှင်း လမ်းဟှနေ လွဲဟှားဘီး ပူပန်ရှင်း ဝေဒနာလေန ကိုယ့်ကိုယ်ကိုယ် ထိုးဖော့‑က်ဘီး နာကျင်စေဂေ့ဘီ။
1TI 6:11 အယ်မျိုးဖြစ်ဟှူကြောန့် အို၊ ဘုရားသခင်ရဲ့လူ၊ နန်ဟှာ အယ်မူဇာ ဂူလောင်းဟှို ရှောန်ကြဉ်ဘီး ဖြောန့်မတ်ရှင်း၊ ဘုရားဝတ်မာ မွေ့လျော်ရှင်း၊ ယောင်ကြည်ရှင်း၊ ရှစ်ရှင်း၊ သီးခံရှင်း၊ နူးညံ့သိမ်မွေ့ရှင်းလေဟှို မှီအောန်လိုက်ပါ။
1TI 6:12 ယောင်ကြည်ရှင်းန ဆိုင်ဟှူ ကောန်းဟှူ တိုက်ပွဲဟှို တိုက်ဘီး ထာဝရသတ်ဟှို ရယူပါ။ နန်ဟှာ အယ်မူသတ်တွပ် ဘုရားသခင် ခေါ်ယူတော်မူရှင်းဟှို ခံရဘီး ရရာတိုင်း များဟှူ သတ်သေလေရှေ့မာ နန့်ရဲ့ ယောင်ကြည်ရှင်းဟှို ဝန်ခံလေဘီ။
1TI 6:13 ဂူလောင်းတွပ် သတ်ပေးတော်မူဟှူ ဘုရားသခင် ရှေ့တော်မာရော၊ ပုန္တိပိလတ်ရဲ့ ရှေ့မာ သတ်သေခံဟှူ ခီမာ ကောန်းဟှူ ဝန်ခံချစ်ဟှို ပေးတော်မူဟှူ ယေရှုခရစ် ရှေ့တော်မာရော နန့်ဟှို ညွှန်ကြားဟှူဇာဟှ
1TI 6:14 နန်ဟှာ နို့လေရဲ့ သခင်ယေရှုခရစ် ပေါ်ထွပ်လာဟှူ ခီထိ အယ်ပညတ်လေဟှို စွန်းထင်းကင်းဘီး ပြစ်တန်ဇာ မှေ့ဘဲနေအောင် စောန့်ထီးပါ။
1TI 6:15 မင်္ဂလာရှိတော်မူဟှူ တပါးဒဲဟှူသခင်၊ မန်းဂီးလေရဲ့ မန်းဂီး၊ သခင်လေရဲ့ သခင် ဖြစ်တော်မူဟှူ ဘုရားသခင်ဟှာ ခီကာလရော့‑က်ဟှူ ခီမာ ကိုယ်တော့်ဟှို ထန်ရှားပေါ်ထွပ် စေတော်မူလေ့မယ်။
1TI 6:16 ဘုရားသခင် တပါးဒဲဘဲ့ သေရှင်းန ကင်းတော်မူဟှယ်။ ကိုယ်တော်ဟှာ ဖယ်သူလည်း ချဉ်းကပ်နိုင်ဘဲဟှူ လန်းရောန်ထဲမာ ကိန်းဝပ်တော်မူဟှယ်။ ကိုယ်တော့်ဟှို ဖယ်သူလည်း ဗြင်ဖူးဘဲဟှူမျိုး ဗြင်လည်းဗြင်နိုင်ဟှ။ ကိုယ်တော်ဟှာ ဂေါင်တော်န ထာဝရ ဖောင်းသရေတော် ရှိတော်မူပါစေ။ အာမင်။
1TI 6:17 အယ်လောကမာ ကပ်ပေါဟှူ သူလေဟှာ မာန်မာနစိန ကင်းလွတ်ဘီး မြဲဘဲဟှူ စည်းဇိမ် အောက်စာလေဟှို ကိုးစားဘဲန နို့လေခံစားဟှို့တွပ် ရှိမျှဂူလောင်းဟှို ကြွယ်ကြွယ်ဝဝ ပေးသနားတော်မူဟှူ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို မျှော်လင့်ကိုးစားရဟှို့ ကြောန်းန၊
1TI 6:18 သူတပါးဟှို ကောန်းဟှူမှုဟှို ပြုဘီး ကောန်းဟှူ ကျင့်လေဟှို ကျင့်ရှင်းအားဖြင့် ကြွယ်ကြွယ်ဝဝ ရစ်ရစ်ရောရော ဝီငှပေးကမ်းတတ်ဟှို့တွပ် သူးနို့လေဟှို ဆောန်းမသွန်သန်ပါ။
1TI 6:19 အယ်နည်းအားဖြင့် သူးနို့လေဟှာ နော့‑က်ဘဝတွပ် ခိုင်ခံ့ဟှူ အုပြစ်ဖြစ်ဟှူ ဘဏ္ဍာဟှို စုဆောန်းရာ ရော့‑က်ဘီး စစ်မှန်ဟှူ သတ်ဟှို ရလေ့မယ်။
1TI 6:20 အို၊ တိမောသေ၊ နန့်မာ ငါအပ်ပေးဟှားဟှူ ရာဟှို စောန့်ရှော့‑က်ပါ။ ဘုရားတရားန ဆိုင်ဘဲ ကျိုးမှေ့ဘဲဟှူ စကားလေန သိပညာဆိုဘီး မှားယွင်းဘီးခေါ်ဟှူ ကွဲလွဲဆန့်ကျင်ဟှူ ရာလေဟှို ရှောန်ရှားပါ။
1TI 6:21 တချို့လူလေဟှာ သိပညာဟှို ဝန်ခံ ပြုစုရှင်းအားဖြင့် ယောင်ကြည်ရှင်း တရားလမ်းဟှနေ လွဲဟှားဂေ့ဘီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့လေ ဂူလောင်းနတူးဒူး ရှိဂေ့ပါစေ။
2TI 1:1 ယေရှုခရစ်တော်နှိုက်ရှိဟှူ သတ်နဆိုင်ဟှူ ဂဒိတော်တိုင်း ဘုရားသခင်ရဲ့ လိုတော်အားဖြင့် ယေရှုခရစ်ရဲ့ တမန်တော်ဖြစ်ဟှူ ငါပေါလုဟှာ —
2TI 1:2 ငါရှစ်ရဟှူသား တိမောသေနားဟှို စာရေးလိုက်ပါဟှယ်၊
2TI 1:3 ငါဟှာ နေ့ရောညဉ့်ရော ဆုတောန်းဟှူ ခီမာ နန့်ဟှို မြဲဒမ်းဒိရဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ ငါဟှာ ငါ့ရဲ့ဘိုးဘေးလေမျိုး ကိုယ်တော်ရဲ့ မှုတော်ဟှို ကြည်လင်ဟှူသိစိန လောက်ဆောန်ဟှူသူ ဖြစ်ဟှယ်။
2TI 1:4 ငါဟှာ နန်မျစ်ရယ်က္လဟှူဇာဟှို အော့‑က်မေ့ဒိရဟှူကြောန့် ဝန်းသာဇာန ပ္လဲ့ဝဟှို့တွပ် နန့်နတွိနိုင်ဟှို့ တောန်းတနေပါဟှယ်။
2TI 1:5 နန်ဟှာ နန့်ရဲ့ဖွား လောဣန မိဖြစ်ဟှူ ဥနိတ်လေမျိုးဘဲ့ ဟန်ဆောန်မှုကင်းဟှူစိန ယောင်ကြည်ကြောန်းဟှို ငါဒိရပါဟှယ်။ သူးနို့လေရဲ့ ယောင်ကြည်မှုမျိုးဟှာ နန့်မာလည်းရှိဟှယ် ဆိုဘီး ငါစိခ္လပါဟှယ်။
2TI 1:6 အယ်ကြောန့် ငါလတ်တန်ဟှူ ဇာအားဖြင့် နန့်မာရှိဟှူ ဘုရားသခင်ရဲ့ ဆုကျေးဇူးတော်ဟှို ပ္လန်ဘီးလှုံ့ဆော်ဟှို့တွပ် နန့်ဟှို ငါဒိပေးပါဟှယ်။
2TI 1:7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နို့လေဟှို ကြော့‑က်တတ်ဟှူစိဟှို ပေးဘဲန တဂိုးပါဟှူစိ၊ ရှစ်တတ်ဟှူစိ၊ ရှင်းလန်းဟှူစိဟှို ပေးတော်မူဟှယ်။
2TI 1:8 အယ်ကြောန့် နို့လေရဲ့ သခင်ဘုရားကြောန်းဟှို သတ်သေခံဟှူ ဇာဘဲ့ဖြစ်ဖြစ်၊ ခရစ်တော်တွပ် ကျဉ်းသားဖြစ်ဟှူသူ နို့လေတွပ်ဘဲ့ဖြစ်ဖြစ် ယှစ်ကြော့‑က်ဘဲန ဘုရားသခင် ပေးတော်မူဟှူ တဂိုးတော်ဟှို ရဟှူတိုင်း ကောန်းမြတ်ဟှူ ဒန်းကောန်းတွပ် ငါ့နတူးဒူ ဆင်းရဲဒေါက်ခဟှို ခံပါ။
2TI 1:9 ဘုရားသခင်ဟှာ နို့လေကျင့်ဟှူ ကျင့်ဟှို ထော့‑က်ထားတော် မှုဘဲန ရှေးကာလရော့‑က်ခန်ဂဒဲဟှ ယေရှုခရစ်အားဖြင့် နို့လေတွပ် ကိုယ်တော်တိုင်ဘဲ့ ကြံစည်တော်မူဟှူ ကျေးဇူးတော်တိုင်း နို့လေဟှို ကယ်တန်ဘီး သန့်ရှင်းဟှူသူရာမာ ခေါ်ဟှားတော်မူဟှယ်။
2TI 1:10 အယ်ကျေးဇူးတော်ဟှာ နို့လေရဲ့ကယ်တန်ရှင် ယေရှုခရစ်တော် ပေါ်ထွပ်တော်မူဟှူ ဇာအားဖြင့် ခု ထန်ရှားနေဟှယ်။ အယ်သခင်ဟှာ သေရှင်းဟှို ဖယ်ရှားဘီး သတ်နတူးဒူ ဖော့‑က်ပ္လန်ဇာမှေ့ဘဲဟှူ ဒန်းကောန်းအားဖြင့် ထန်ရှားစေတော်မူဘီ။
2TI 1:11 ငါဟှာ အယ်ဒန်းကောန်းဟှို ဟောပြောဟှူ ဆရာနေနဘဲ့ဖြစ်ဖြစ်၊ တမန်တော်နေနဘဲ့ဖြစ်ဖြစ် ခန့်အပ်ဟှားဇာဟှို ခံရဟှယ်။
2TI 1:12 အယ်ကြောန်းကြောန့် ငါဟှာ ဆင်းရဲဒေါက်ခဟှို ခံရပါဟှယ်။ အယ်ဘေမဲ့ ယှစ်ကြော့‑က်ရှင်း မှေ့ဟှ။ ဖယ်သူ့ဟှို ငါယောင်ကြည်ဟှယ် ဆိုဇာ ငါသိဟှယ်။ ကိုယ်တော်နားမာ ငါအပ်ဟှားဟှူ ရာဟှိုလည်း အယ်နေ့ရစ်ထိအောန် စောန့်ထီးပေးနိုင်တော်မူဟှယ် ဆိုဘီး ငါယောင်ကြည်စိခ္လဟှယ်။
2TI 1:13 နန်ဟှာ ယေရှုခရစ်တော် ထတ်မာရှိဟှူ ယောင်ကြည်မှုန ရှစ်ရှင်းမြစ်တာလေအားဖြင့် ငါ့နားဟှ ကြားနာရဟှူ မှန်ကန်ပ္လဲ့ဇောင်ဟှူ တရားစကားလေဟှို စံနမူနာဖြစ် ကိုင်ဆွဲဟှားပါ။
2TI 1:14 နန့်မာအပ်ဟှားဟှူ ကောန်းမြတ်ဟှူ ဇာလေဟှို နို့လေထဲမာ ကိန်းဝပ်တော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော် တဂိုးအားဖြင့် စောန့်ရှော့‑က်ပါ။
2TI 1:15 နန်သိဟှူတိုင်းဘဲ့ အာရှိပြည်မာရှိဟှူ သူလေ ဂူလောင်းဟှာ ငါ့ဟှို စွန့်ပယ်ဂေ့ဘီ။ အယ်သူလေထဲမာ ဖုဂေလုန ဟေရမောဂင်လေလည်း ပါဟှယ်။
2TI 1:16 သခင်ဘုရားရဲ့ ကရုဏာတော်ဟှာ သြနေသိဖော်ရဲ့ အီမာ သက်ရော့‑က်ပါစေ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ငါ့ဟှို ခါဘီးခါ သတ်သာစေပါဟှယ်။ ငါဟှာ သံကြိုးနခယ်ဘီး ဖမ်းဟှူဇာဟှို ခံရဟှူလည်းဘဲ့ သူဟှာ ယှစ်ကြော့‑က်မှုမှေ့ဘဲန
2TI 1:17 ရောမဗြို့ဟှို ရော့‑က်လာဟှူ ခီမာ ငါ့ဟှို တွိတွိအောန် ကြိုးစားရှာဘီး လာတွိပါဟှယ်။
2TI 1:18 အယ်နေ့ရစ်ဟှ သူပြုဟှူဇာလေဟှို ဘုရားသခင်ဟှာ သခင်ဘုရား လတ်တော်ဟှနေ ကရုဏာတော်ဟှို ပေးသနားတော်မူပါစေ။ သူဟှာ ဧဖက်ဗြို့မာရှိဟှူ ခီဒူးဟှလည်း ငါ့ဟှို ဖယ်မျှလော့‑က် ပြုစုလောက်ကျွေးဟှယ် ဆိုဇာ နန်းနို့ ကောန်းကောန်း သိပါဟှယ်။
2TI 2:1 ငါ့သား၊ နန်ဟှာ ယေရှုခရစ်တော်၌ ရှိဟှူ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မှုရှိပါ။
2TI 2:2 သတ်သေလေရှေ့မာ ငါ့နားဟှ ကြားနာရဟှူ ဇာလေဟှို သစ်စာရှိဘီး သူများလေဟှို ပ္လန်သွန်သန်ပေးနိုင်ဟှူ သူလေဟှို အပ်ပေးပါ။
2TI 2:3 နန်ဟှာ ယေရှုခရစ်တော်ရဲ့ စစ်သားကောန်းတယော့‑က်ဖြစ်န ငါ့နတူးဒူ ဆင်းရဲဒေါက်ခဟှို သီးခံပါ။
2TI 2:4 စစ်မှုထမ်းဟှူသူဟှာ ကိုယ့်ဟှို စစ်သားရာမာ ခန့်ဟှားသူ နှစ်သက်အောန် ဆိုဘီး လောကီရေးရာန ရောနှောရှောက်ထွေးဘီး နေတတ်ဟှ။
2TI 2:5 ဖယ်သူဘဲ့ဖြစ်ဖြစ် အားကစားဗွဲမာ ယှဉ်ပြိုင်မယ် ဆိုဟှာ စည်းမျဉ်းစည်းကမ်းတိုင်း ပြိုင်ဘဲနေဟှာ ဆုရဟှို့ မှုဟှ။
2TI 2:6 လယ်လောက်ဟှူ သူဟှလည်း ကြိုးစားဘီး ရင်ဦးဆောင်း လောက်ဆောန်ဘီးမှ သီးနှံဟှို ရဟှယ်။
2TI 2:7 ငါ့စကားဟှို ဆင်ခြင်ပါ။ သခင်ဘုရားဟှာ ရှိမျှဂူလောင်းဟှို နားလည်ဟှူ ဉာဏ်ပညာ နန့်ဟှို ပေးသနားတော်မူလေ့မယ်။
2TI 2:8 ဒါဝိဒ်မျိုးနွယ်ဖြစ်ဟှူ ယေရှုခရစ်တော်ဟှာ ငါဟောပြောဟှူ ဒန်းကောန်းတိုင်း သေရှင်းဟှနေ ထမြော့‑က်တော်မူဟှယ် ဆိုဇာဟှို ဒိရပါ။
2TI 2:9 ငါဟှာ အယ်မူဒန်းကောန်းတရားကြောန့် လူဆိုးတယော့‑က်ဟှူမျိုး တောက်နှောန်ခံရလော့‑က်ထိ ဆင်းရဲဒေါက်ခဟှို ခံရဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ စကားတော်ဟှာ တောက်နှောန်ရှင်းခံရဇာ မှုဟှ။
2TI 2:10 အယ်ကြောန့် ဝီးကော့‑က်ခံရဟှူ သူလေဟှာ ယေရှုခရစ်တော်နှိုက် ရှိဟှူ ကယ်တန်ရှင်းဟှို ထာဝရ ဖောင်းသရေတော်နတူးဒူ ရရှိနိုင်ဟှို့တွပ် ငါဟှာ သူးနို့လေတွပ် ရာရာမာ သီးခံပါဟှယ်။
2TI 2:11 အယ်စကားလေဟှာ သစ်စာစကား ဖြစ်ဟှယ်။ နို့လေဟှာ ကိုယ်တော်နတူးဒူ သေဟှယ် ဆိုဟှာ ကိုယ်တော်နတူးဒူ သတ်ရှင်လေ့မယ်။
2TI 2:12 နို့လေ သီးခံမယ် ဆိုဟှာ ကိုယ်တော်နတူးဒူ စိုးစံရဂေ့လေ့မယ်။ နို့လေဟှာ ကိုယ်တော့်ဟှို ငြင်းပယ်မယ် ဆိုဟှာ ကိုယ်တော်လည်း နို့လေဟှို ငြင်းပယ်လေ့မယ်။
2TI 2:13 နို့လေ ဟှာ သစ်စာမှေ့ဘဲနေဟှူလည်းဘဲ့ ကိုယ်တော်ရဲ့ သစ်စာတော်ဟှာ တည်တော်မူဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သူ့ရဲ့ သစ်စာတော်ဟှို ဖယ်မျိုးလည်း ပယ်ဖျစ်နိုင်ဘဲကြောန့် ဖြစ်ဟှယ်။
2TI 2:14 အယ်မူကြောန်းရာလေအားဖြင့် သူးနို့လေဟှို ဒိပေးနှိုးဆော်ပါ။ ဖယ်မျိုးလည်း ကျိုးမှေ့ဘဲန ကြားနာဟှူသူလေဟှို ပျစ်စီးစေတတ်ဟှူ စကားလောင်း သောင်းနှုံးလေအားဖြင့် ဂြင်းခူမှုလေ လောက်ဂေ့ဘဲန နေဟှို့တွပ် ဘုရားသခင်ရှေ့မာ သူးနို့လေဟှို လေးလေးနတ်နတ် တိုက်တွန်းပါ။
2TI 2:15 နန်ဟှာ ဘုရားသခင် ရှေ့တော်မာ ယောင်ကြည် စိခ္လရဟှူသူ၊ နှစ်သက်ဖွယ်ကောန်းဟှူသူ တယော့‑က်နေနဖြစ်ဖြစ်၊ သမ္မာတရားဟှို ပိုင်းခြားတတ်ဟှူ သူတယော့‑က်နေနဖြစ်ဖြစ် ယှစ်ကြော့‑က်မှုမှေ့ဘဲဟှူ လောက်သမား တယော့‑က်မျိုး ကိုယ့်ကိုယ်ကိုယ် ဆစ်သနိုင်ဟှို့တွပ် ကြိုးစားအားထုပါ။
2TI 2:16 အယ်ဘေမဲ့ တရားမှေ့ဘဲဟှူ ချည်းနှီးစကားလေဟှို ရှောန်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူစကားလေအားဖြင့် ဘုရားတရားန ပိုဘီး ဝီးကွာဟှားစေတတ်ဟှယ်။
2TI 2:17 သူးနို့လေရဲ့ စကားဟှာ သားဟှိုစားဘီး ပွားတတ်ဟှူ ခူနာနတူဟှယ်။ အယ်သူလေထဲမာ ဟုမေနဲန ဖိလက်လည်းပါဟှယ်။
2TI 2:18 သူးနို့ဟှ သေဘီးသူလေဟှာ ထမြော့‑က်ဟှားဂေ့ဘီ ဆိုဇာ ပြောဘီးဟှာ သမ္မာတရားလမ်းဟှ လွဲချော်ဟှားဂေ့ဘီး တချို့သူလေရဲ့ ယောင်ကြည်မှုဟှို မှော့‑က်လှန်တတ်ဂေ့ဟှယ်။
2TI 2:19 အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ခိုင်မာဟှူ အုပြစ်ဟှာ အယ်မူကမ္ပည်းစာအားဖြင့် ဇိခပ်ဟှားပါဟှယ်။ အယ်မူအုပြစ်ထတ်မာ “ဘုရားသခင်ဟှာ သူ့ရဲ့ လူလေဟှို သိတော်မူဟှယ်” ဆိုဟှူဇာန “သခင်ဘုရားရဲ့ နာမတော်ဟှို ဝန်ခံရဟှူ သူလေဟှာ ဒုစရိုက်တရားဟှနေ လွှဲရှောန်ရမယ်” ဆိုဘီး ဖြစ်ဟှယ်။
2TI 2:20 ရရာတိုင်း ကီးဟှူ အီမာ ရွှေနလောက်ဟှူ တန်ဆာ၊ ငွေနလောက်ဟှူ တန်ဆာလေဘဲ့ ရှိဟှူဇာ မှုဟှ။ သစ်သားနလောက်ဟှူ တန်ဆာ၊ မ္လေနလောက်ဟှူ တန်ဆာလည်းရှိဟှယ်။ အသရေရှိဟှူ တန်ဆာ၊ အသရေမှေ့ဘဲဟှူ တန်ဆာလည်းရှိဟှယ်။
2TI 2:21 အယ်မျိုးဖြစ်ကြောန့် ခုဖော်ပြဟှူ ကောန်းဘဲကျင့်လေဟှို ဖယ်ရှားဘီး ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေဟှူ သူဟှာ အသရေရှိဟှူတန်ဆာ၊ သန့်ရှင်းဘီး အီရှင်သောင်းဟှို့ ကောန်းဟှူတန်ဆာ၊ ကောန်းဟှူ ဇာလေတွပ် ပြင်ဆင်ဟှူ တန်ဆာဖြစ်လေ့မယ်။
2TI 2:22 အယ်ကြောန့် လူငယ်လေရဲ့ တတ်မတ်မှုလေဟှို ရှောန်ဘီး ဖြောန့်မတ်ရှင်း၊ ယောင်ကြည်ရှင်း၊ ရှစ်ရှင်း၊ ငြီသတ်ရှင်းန စင်ကြယ်ဟှူ စိရှိဘီး သခင်ဘုရားဟှို ဆုတောန်းဟှူ သူလေနတူးဒူ သင့်တင့်အောန်နေဟှူ ဇာဟှို မှီအောန်လိုက်ဂေ့ပါ။
2TI 2:23 မိုက်မဲဘီး ပညာမှေ့ဘဲဟှူ မေးခွန်းလေဟှာ ဂြင်းခူဘီး ရန်များတတ်ဟှူ ဇာဖြစ်ဟှယ် ဆိုဇာဟှို သိမှတ်ဘီး ရှောန်ရှားဂေ့ပါ။
2TI 2:24 သခင်ဘုရားရဲ့ စေခံဟှာ ရန်ဖြစ်ဟှိရဟှ။ သူဟှာ လူတိုင်းဟှို သနားတတ်ဘီး သီးခံတတ်ဟှူသူ ဖြစ်ရမယ်။
2TI 2:25 ဆန့်ကျင်ဟှူ သူလေဟှို နူးညံ့သီမွီဟှူစိန ဆောင်းမ သွန်သန်ရမယ်။ အယ်မျိုးပြုဟှယ် ဆိုဟှာ ဘုရားသခင်ဟှာ သူးနို့လေဟှို နောန်ဒရဟှူခွမ့်ဟှို ပေးတော်မူဟှူကြောန့် သူးနို့လေဟှာ သမ္မာတရားဟှို သိလာဘီး
2TI 2:26 မာရ်နတ်ဟှ သူ့လိုတိုင်းပြုဟှို့တွပ် သူးနို့ဟှို ဖမ်းဟှားဟှူလည်းဘဲ့ သူးနို့ဟှာ မာရ်နတ်ရဲ့ ထောန်ချော့‑က်ထဲဟှ လွတ်မြော့‑က်ဘီး ဗြင်မှန်ရကောန်းရလေ့မယ်။
2TI 3:1 နော့‑က်ဆောင်းကာလဟှာ ခတ်ခဲဟှူကာလဖြစ်မယ် ဆိုဇာဟှို သိမှတ်ပါ။
2TI 3:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေဟှာ ကိုယ့်ကိုယ်ကိုယ် ရှစ်ဟှူသူ၊ ကပ်ဟှို တတ်မတ်ဟှူသူ၊ ဝါကြွားဟှူသူ၊ မာနထောန်လွှားဟှူသူ စော်ကားပြောဆိုဟှူသူ၊ မိဖစကားဟှို နားထောန်ဘဲဟှူသူ၊ ကျေးဇူးသိတတ်ဘဲဟှူသူ၊ သန့်ရှင်းမှုမှေ့ဘဲဟှူသူ၊
2TI 3:3 ကြင်နာစိမှေ့ဘဲဟှူသူ၊ ရန်ငြိုးထားဟှူသူ၊ သူများအသရေဖျစ်ဟှူသူ၊ ကိုယ့်စိဟှိုကိုယ် ချောက်တီးနိုင်ဘဲသူ၊ ကြမ်းတမ်းဟှူသူ၊ ကောန်းဟှူမှုဟှို မူးဟှူသူ၊
2TI 3:4 သစ်စာဖော့‑က်ဟှူသူ၊ မဆင်မခြင်ပြုဟှူသူ၊ မောက်မာဟှူသူ၊ ဘုရားသခင်ဟှို နှစ်သက်ဟှူဇာထတ် ကာမဂေါင်ခံစားဟှူဇာဟှို ပိုဘီး နှစ်သက်ဟှူသူ၊
2TI 3:5 ဘုရားဝတ်မာ မွေ့လျော်ဟန်ရှိဟှူလည်းဘဲ့ ဘုရားဝတ်မာ မွေ့လျော်မှုတဂိုးဟှို ငြင်းပယ်ဟှူသူလေ ဖြစ်ဂေ့လေ့မယ်။ အယ်မျိုးလူလေဟှို ရှောန်ပါ။
2TI 3:6 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ထဲဟှ တချို့လေဟှာ အီလေဟှို မသိမသာဝမ်ဘီး တပ်မတ်ရှင်း‌ဘောန်းဇောင်ရဲ့ သွီးဆောန်မှုနော့‑က်ဟှို လိုက်ဘီး ပြစ်ဟှို ခါဘီးခါ လောက်ဟှူ မီးမလေဟှို သွီးဆောန်တတ်ဂေ့ဟှယ်။
2TI 3:7 အယ်မီးမလေဟှာ မြဲဒမ်း သန်ယူနေဟှူလည်းဘဲ့ သမ္မာတရားဟှို ဖယ်ခါလည်း နားလည်နိုင်စွမ်းမှေ့ဘဲဟှူ သူလေ ဖြစ်ဂေ့ဟှယ်။
2TI 3:8 ယန္နေန ယံဗြေဟှာ မောရှေဟှို ဆန့်ကျင်ဟှူမျိုး အယ်သူလေလည်း သမ္မာတရားဟှို ဆန့်ကျင်ဂေ့ဟှယ်။ အယ်သူလေဟှာ စိနှလောင်း ပျစ်စီးယိုယွင်းဘီး ယောင်ကြည်ရှင်းရာမာ က္လဆောင်းဟှူ သူလေ ဖြစ်ဂေ့ဟှယ်။
2TI 3:9 အယ်သူလေဟှာ နော့‑က်ထပ် တိုးတတ်ဘီး တတ်လှမ်းနိုင်ဂေ့ဟှို့ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေရဲ့ မိုက်မဲမှုဟှာ အယ်သူနှေ့ယော့‑က်ရဲ့ မိုက်မဲမှုဟှူမျိုး လူလေရှေ့မာ ထန်ရှားလာလေ့ဟှူကြောန့် ဖြစ်ဟှယ်။
2TI 3:10 အယ်ဘေမဲ့ နန်ဟှာ ငါ့ရဲ့ဆောန်းမသွန်သန်မှုလေ၊ ကျင့်ကြံနေထိုင်မှုလေ၊ ကြံစည်မှုလေ၊ ယောင်ကြည်မှုလေ၊ စိရှယ်မှုလေ၊ ရှစ်ရှင်းန သီးခံဟှူဇာလေဟှိုဖြစ်ဖြစ်၊
2TI 3:11 အန္တိအုတ်ဗြို့၊ ဣကောနိဗြို့၊ လုတ္တရဗြို့လေမာ ငါခံရဟှူ ညှဉ်းဆဲရှင်းန ဒေါက်ခလေဟှိုဘဲ့ဖြစ်ဖြစ် နန်ဗြင်တွိဟှားပါဟှယ်။ အယ်မျိုးညှဉ်းဆဲမှုလေဟှို ငါခံရဟှူလည်းဘဲ့ သခင်ဘုရားဟှာ အယ်မူဂူလောင်းထဲဟှ ငါ့ဟှို ကယ်နှုတော်မူဟှယ်။
2TI 3:12 ယေရှုခရစ်ရဲ့ တရားတော်တိုင်း ဘုရားဝတ်မာမွေ့လျော်ဘီး သတ်ရှင်လိုဟှူသူလေဟှာ ညှဉ်းဆဲမှုလေဟှို ခံရလေ့မယ်။
2TI 3:13 ဆိုးညစ်ဟှူသူလေန လှည့်ဇားဟှူသူလေဟှာ သူများဟှိုလည်း လှည့်ဇားဘီး၊ သူးနို့ကိုယ်တိုင်လည်း လှည့်ဇားခံရဘီး ဆိုးညစ်မှုထဲဟှို က္လဆင်းဟှားဂေ့လေ့မယ်။
2TI 3:14 နန်ဟှာ ကိုယ်တိုင်သန်ယူဘီး ခိုင်းခိုင်မားမာ ယောင်ကြည်ဟှူဇာထတ်မာ တည်နေပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ ဖယ်သူ့နားမာ သန်ယူဇာန၊
2TI 3:15 ယေရှုခရစ်တော်ဟှို ယောင်ကြည်ရှင်းအားဖြင့် ကယ်တန်ရှင်းဟှို ရော့‑က်စေဟှူပညာဟှို ပေးနိုင်ဟှူ သမ္မာကျမ်းစာဟှို ငယ်ငယ်ဂဒဲဟှနေ ရင်းနှီးလာဟှားဟှူဇာဟှို နန်သိပါဟှယ်။
2TI 3:16 အယ်မူကျမ်းစာထဲမာ ရှိဟှူဇာလေ ဂူလောင်းဟှာ ဘုရားသခင် မှုသွမ်းတော်မူရှင်းအားဖြင့် ဖြစ်ဘီး သြဝါဒပေးဟှို့တွပ်ရော၊ ပြစ်ဟှို ဖော်ပြဟှို့တွပ်ရော၊ မှားပြုပြင်ဟှို့တွပ်ရော၊ ဖြောန့်မတ်ရှင်းနှိုက် ဆောင်းမပဲ့ပြင်ဟှို့တွပ်ရော ကျိုးကျေးဇူးရှိလေဟှယ်။
2TI 3:17 အယ်ဇာဟှ ဘုရားသခင်ရဲ့လူဟှာ ကောန်းဟှူမှုလေ ဘောန်းဇောင်တွပ် ပြင်ဆင်ရှင်းဟှို ခံရဘီး ပ္လဲ့ဝစောင်လင်ဟှူသူ ဖြစ်ဟှို့တွပ်ဖြစ်ဟှယ်။
2TI 4:1 ကိုယ်တော်ဟှာ ပေါ်ထွပ်လာဘီး နိုင်ငံတော်ထန်ရှားဟှူကာလ၊ သေဟှူသူ၊ သတ်ရှင်ဟှူသူလေဟှို တရားစီရင်တော်မူဟှူ ယေရှုခရစ်တော်ရှေ့မာဘဲ့ဖြစ်ဖြစ်၊ ဘုရားသခင်ရှေ့တော်မာဘဲ့ဖြစ်ဖြစ် ငါဟှာ နန့်ဟှို သစ်စာပေးဟှူဇာဟှ၊
2TI 4:2 တရားတော်ဟှို ဟောပြောပါ။ ခီရှိဟှူဇာဘဲ့ဖြစ်ဖြစ်၊ ခီမှေ့ဘဲဟှူဇာဘဲ့ဖြစ်ဖြစ် ကြိုးစားအားထုပါ။ စိရှယ်ရှယ်နသွန်သန်ဘီး ပြစ်ဟှိုဖော်ပြဟှူဇာလေ၊ ဒိပေးဟှူဇာလေ၊ တိုက်တွန်းအားပေးဟှူဇာလေဟှို ပြုပါ။
2TI 4:3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နော့‑က်လာမယ့်ကာလမာ လူလေဟှာ မှန်ကန်ဟှူသြဝါဒဟှို နားထောန်ဘဲန သူးနို့ကြားကောန်းဟှူစကားဟှို ပြောဆိုဟှူသူလေ နော့‑က်ဟှို လိုက်ဘီး သူးနို့တတ်မတ်မှုတိုင်း ရရာတိုင်းများဟှူ ဆရာလေနော့‑က်ဟှို လိုက်ဂေ့လေ့မယ်။
2TI 4:4 သမ္မာတရားဟှို နားထောန်ဘဲန ဒဏ္ဍာရီစကားဟှို နားထောန်ဘီးဟှာ လွဲဟှားဂေ့လေ့မယ်။
2TI 4:5 နန်ဟှာ ရာရာမာ သမ္မာဒိရှိပါစေ။ ဆင်းရဲဒေါက်ခဟှို သီးခံဘီး သာသနာပြု ဆရာတယော့‑က်နေန လောက်ဆောန်ရမယ့် မှုဟှို လောက်ဆောန်ပါ။ ဘုရားသခင်ရဲ့ စေခံတယော့‑က်နေန နန့်ရဲ့တာဝန်ရှိဟှူမျှ ဂူလောင်းဟှို ပ္လဲ့ပ္လဲ့ဝဝ လောက်ဆောန်ပါ။
2TI 4:6 ငါဟှာ သွန်းလောင်းပူဇော်ရမယ့် ခီကာလ က္လရော့‑က်လာဘီ။ အယ်လောကဟှ ထွပ်ခွာရဟှို့ခီ နီးကပ်လာဘီ။
2TI 4:7 ကောန်းဟှူ တိုက်ပွဲဟှို ငါတိုက်ပီးဘီ။ ပ္လေးရမယ့်လမ်းဟှို ဆောင်းထိပ္လေးပီးဘီ။ ယောင်ကြည်ရှင်းဟှို စောန့်ထီးပီးဘီ။
2TI 4:8 ခုဟှနေစဘီး ဖြောန့်မတ်ရှင်း သရဖူဟှာ ငါ့တွပ် ဆင်သင့်ရှိနေဘီ။ အယ်မူနေ့ရစ်မာ ဖြောန့်မတ်ဟှူ တရားစီရင်သူ ဖြစ်တော်မူဟှူ သခင်ဘုရားဟှာ အယ်မူသရဖူဟှို ငါ့ဟှို ပေးအပ်တော်မူလေ့မယ်။ ငါ့ဟှိုမျှဘဲ့မှုဘဲန ကိုယ်တော် ပေါ်ထွပ်တော်မူဟှူဇာဟှို မျှော်လင့်တောန့်တဟှူ သူလေဂူလောင်းဟှိုလည်း ပေးတော်မူလေ့မယ်။
2TI 4:9 ငါ့နားဟှို ဗြန်းဗြန်လာဟှို့တွပ် ကြိုးစားပါ။
2TI 4:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဒေမဟှာ ခုဘဝဟှို နှစ်သက်ဟှူကြောန့် ငါ့ဟှို စွန့်ပစ်ဘီး သက်သာလောနိတ်ဗြို့ဟှို သွားလေဘီ။ ကရက္ကေဟှ ဂလာတိပြည်ဟှို သွားဘီး တိတုဟှ ဒါလမာတိပြည်ဟှို သွားဂေ့ဘီ။
2TI 4:11 လုကာတယော့‑က်ဟှားဘဲ့ ငါ့နတူးဒူ ရှိဟှယ်။ မာကုဟှို နန့်နတူးဒူ ခေါ်လာပါ။ သူဟှာ ငါ့တွပ် မှုတော်လောက်ငန်းမာ ကူညီပေးနိုင်ဟှူသူ ဖြစ်ဟှယ်။
2TI 4:12 ငါဟှာ တုခိတ်ဟှို ဧဖက်ဗြို့ဟှို စေလွှတ်လိုက်ပါဟှယ်။
2TI 4:13 နန်လာဟှူ ခီမာ တရောဗြို့ဟှ ကာပုနားမာ ငါအပ်ဟှားဟှူ ဝတ်လောင်န စာလိလေ ထူးသဖြင့် သားရေစာစောန်လေဟှို ယူလာပေးပါ။
2TI 4:14 ကြေးပန်းတိမ်ဆရာ အာလေဇန္ဒြုဟှာ ငါ့ဟှို ရရာတိုင်းဒေါက်ခပေးဟှယ်။ သူလောက်ဟှူ မှုတိုင်း သခင်ဘုရား ဆပ်ပေးတော်မူလေ့မယ်။
2TI 4:15 နန်လည်း သူ့ဟှို ဒိထားပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ နို့လေရဲ့စကားဟှို ရရာတိုင်း ဆန့်ကျင်ဟှယ်။
2TI 4:16 ငါ့ရဲ့မှုဟှို ပထမခီ စစ်ဆေးဒူးဟှ ဖယ်သူလည်း ငါ့ဖတ်မာနေဘဲန ဂူလောင်းဟှာ ငါ့ဟှို စွန့်ပစ်ဂေ့ဟှယ်။ အယ်မှုရာကြောန့် သူးနို့ရဲ့ပြစ်ဟှို မှတ်တော်မူပါစေန။
2TI 4:17 အယ်ဘေမဲ့ လူမျိုးခြားဂူလောင်းဟှို တရားတော်ဟှို ကူစင်အောန် ဟောပြောဟှို့တွပ် သခင်ဘုရားဟှာ ငါ့ဖတ်မာနေဘီး ငါ့ဟှို ခွန်အားန ပ္လဲ့ဇောင်စေဟှယ်။ အယ်မျိုးအားဖြင့် ခြင်္သေ့ဇတ်ပေါ့‑က်ထဲဟှနေ ကယ်နှုရှင်းဟှို ငါခံဟှယ်။
2TI 4:18 အယ်မျှလော့‑က်နမကဟှ သခင်ဘုရားဟှာ ကောန်းဘဲဟှူဇာ ဂူလောင်းဟှနေ ငါ့ဟှို ကယ်နှုတော်မူဘီး ထတ်ကောန်းဂန်ရပ်မာရှိဟှူ သူ့ရဲ့ နိုင်ငံတော်ထဲဟှို လောင်ခြောင်မှုပ္လဲ့ဝန ပို့ဆောန်တော်မူလေ့မယ်။ အယ်သခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
2TI 4:19 ပြစ်ကိလန အာကုလဟှနေစဘီး သြနေသိဖော်ရဲ့ အီသူအီသားလေဟှို နှောက်ဆစ်ပါ။
2TI 4:20 ဧရက္ကုဟှာ ကောရိန့်ဗြို့မာ နေရစ်ဟှယ်။ တရောဖိမ်ဟှာ နေကောန်းဘဲဖြစ်နေဟှူကြောန့် မိလက်ဗြို့မာ ငါထားရစ်ဟှယ်။
2TI 4:21 ဆောင်းကာလရော့‑က်ခန် လာနိုင်အောန်ကြိုးစားပါ။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိလေဟှနေစဘီး ညီကို မောန်နှမလေ ဂူလောင်းဟှာ နန့်ဟှို နှောက်ဆစ်ဂေ့ဟှယ်။
2TI 4:22 သခင်ဘုရားဟှာ နန့်ရဲ့ စိဝိညာဉ်နတူးဒူ ရှိပါစေ။ ကျေးဇူးတော်ဟှာ နန့်နတူးဒူရှိပါစေ။
TIT 1:1 ဘုရားသခင်ရဲ့ စေခံဖြစ်ဟှူ၊ ယေရှုခရစ်တော်ရဲ့ တမန်တော်ဖြစ်ဟှူ ငါပေါလုဟှာ စာရေးလိုက်ဟှယ်။
TIT 1:2 အယ်ဘာသာဟှာ ထာဝရသတ်ဟှို မျှော်လင့်ရှင်းမာ ဓိကခြေခံ ဖြစ်ဟှယ်။ လီညာရှင်းမှေ့ဘဲဟှူ ဘုရားသခင်ဟှာ ရှေးရှေးဒူးဟှ နေ့ရစ်ကာလလေ ဖြစ်ခန်မာ ထာဝရသတ်ဟှို နို့လေဟှိုပေးဟှို့တွပ် ဒိပေးဟှားဟှယ်။
TIT 1:3 အယ်ဘီးန ခီက္လလာဟှူ ခီမာ အယ်ထာဝရသတ်ဟှို တရားတော်အားဖြင့် ထန်ရှားစေဟှယ်။ နို့လေရဲ့ ကယ်တန်ရှင် ဘုရားသခင်ဟှာ နို့လေဟှို ယောင်ကြည်ဟှူကြောန့် အယ်မူတရားဟှို အပ်ပေးဘီးဟှာ ငါဟှာ ကိုယ်တော်ရဲ့ မိန့်တော်တိုင်း အယ်မူတရားဟှို ကြေညာဟှယ်။
TIT 1:4 နို့လေမျိုးဘဲ ယောင်ကြည်ရှင်းအားဖြင့် ငါသား စစ်စစ်ဖြစ်ဟှူ တိတုနားဟှို အယ်စာဟှိုငါရေးဘီး ပေးလိုက်ဟှယ်။
TIT 1:5 ကရေတေကျွန်းမာ လောက်ဇာရှိဟှူ မှုကိစလေဟှို လောက်ဆောန်ဟှို့တွပ်န ဗြို့လေမာ သင်းအောက်လေဟှို ခန့်ဟှားဟှို့တွပ် နန့်ဟှို ငါ ထားရစ်ဟှယ်။ ငါခုပေးဟှူ ညွန်ကြားချစ်လေဟှို မေ့န။
TIT 1:6 သင်းတော်လူဂီးဟှာ ပြစ်တန်ခွမ့်မှေ့ဘဲဟှူလူ ဖြစ်ရမယ်။ အယ်လူဟှာ မယားယော့‑က်ဘဲ့ ရှိရမယ်။ သူ့ရဲ့ သားလေမီးလေဟှာ ယောင်ကြည်သူဖြစ်ရမယ်။ ပျော်ပါးလေလွန်ကျူးဘီး စကားနားထောန်ဘဲ့ဟှူလူ ဖြစ်ဟှို့ရဟှ။
TIT 1:7 သင်းတော်ဟှို ဦးဆောန်ဟှူ သင်းတော်လူဂီးဟှာ ဘုရားသခင်ရဲ့ မှုတော်ဟှို တာဝန်ယူဘီးလောက်ဟှူလူ ဖြစ်ဟှူကြောန့် ဘဏ္ဍာထီးမျိုးဘဲ့ ပြစ်တန်ခွမ့်မှေ့ဘဲဟှူလူ ဖြစ်ရမယ်။ မာနကီးဟှူသူ၊ စိတိုဟှူသူ၊ ယစ်သော့‑က်ဟှူသူ၊ စိကြမ်းဟှူသူ၊ ကပ်ဟှို ရရာတိုင်း လိုရှင်ဟှူသူလည်း ဖြစ်ဟှို့ရဟှ။
TIT 1:8 ဧည့်ဝတ်ကျေဟှူသူ၊ ကောန်းဟှူဇာလေဟှို ကြိုက်ဟှူလူ ဖြစ်ရမယ်။ သူဟှာ ကိုယ့်ကိုယ်ကိုယ် ထီးချောက်နိုင်ရမယ်၊ ဖြောန့်မတ်ရမယ်၊ သန့်ရှင်းဟှူသူ၊ ဘုရားတရားဟှို ရိုသေဟှူလူ ဖြစ်ရမယ်။ စည်းကမ်းရှိရမယ်။
TIT 1:9 သူဟှာ မှန်ကန်ဟှူယူဝါဒဟှို စွဲစွဲမြဲမြဲဟှား ယောင်ကြည်ရမယ်၊ အယ်မျိုးနည်းနဘဲ့ သူဟှာ စစ်မှန်ဟှူ တရားဟှို အားပေး တိုက်တွန်းနိုင်လေ့မယ်။ စစ်မှန်ဟှူ တရားဟှို တိုက်ခိုက်ဟှူ လူလေရဲ့မှားဟှို ထော့‑က်ပြနိုင်လေ့မယ်။
TIT 1:10 အယ်မူတရားဟှို ဆန့်ကျင်ဘီး ကျိုးမှေ့ဘဲဟှူ စကားလေန လှည့်ဇားဟှူလူလေ ဘောင်ဂီးရှိဟှယ်။ ထူးသဖြင့် ရေဖျားလှီးဟှားဟှူ လူလေထဲဟှနေ ခရစ်ယာန် ဘာသာထဲဟှို ပ္လောန်းလဲလာဟှူ လူလေထဲမာ ရှိဟှယ်။
TIT 1:11 အယ်လူလေရဲ့ ဇပ်ပေါ့‑က်လေဟှို ပိရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ စင်ကြယ်ဘဲဟှူ စီးပွားလေဟှို တတ်မတ်ဟှူ ရည်ရွယ်ချစ်ကြောန့် ဟောပြောသင့်ဘဲဟှူ ဇာလေဟှို သွန်သန်ဘီးဟှာ အီထောန်ရေးလေဟှို ပြိုကွဲအောန် လောက်ဟှူကြောန့် ဖြစ်ဟှယ်။
TIT 1:12 သူးနို့ရဲ့ ပရောဖက်ဖြစ်ဟှူ ကရေတေ ကျွန်းသား တယော့‑က်ဟှ “ကရေတေ ကျွန်းသားလေဟှာ မြဲဒမ်းလီညာဟှူသူလေ၊ သားရဲဆိုးလေ၊ ရရာတိုင်း ပျင်းဘီးဟှာ စားကီးဟှယ်” ဆိုဘီး ပြောရစ်ဟှယ်။
TIT 1:13 အယ်လူပြောဇာဟှာ ရရာတိုင်း မှန်ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ တကယ် ယောင်ကြည်လာဟှို့တွပ်ရော၊
TIT 1:14 ယုဒဘာသာရဲ့ ဒဏ္ဍာရီစကားလေန သမ္မာတရားဟှို ပယ်ဘီး သူးနို့ရဲ့ ပညတ်ဟှို စွန်ပစ်ဂေ့ဟှို့တွပ်ရော၊ သူးနို့လေဟှို သေးသေးချားချာဟှာ ဆောင်းမရမယ်။
TIT 1:15 ကိုယ့်ကိုယ်ကိုယ် စိနှလောင်း သန့်ရှင်းစင်ကြယ်ဟှူ လူလေတွပ်ဟှ ဂူလောင်းဟှာ သန့်ရှင်းဟှယ်။ အယ်ဘေမဲ့ ကိုယ့်ကိုယ်ကိုယ် စင်ကြယ်ဟှ ဆိုဟှာ ယောင်ကြည်မှုမှေ့ဘဲဟှူ သူလေတွပ်ဟှ ဖြားဇာလည်း စင်ကြယ်သန့်ရှင်းဟှယ် ဆိုဇာ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေရဲ့ စိနှလောင်းန သိစိဟှာ ညစ်ညူးနေဟှူကြောန့် ဖြစ်ဟှယ်။
TIT 1:16 သူးနို့ဟှာ ဘုရားသခင်ဟှို သိဟှယ် ဆိုဘီး ဝန်ခံဘေမဲ့လည်း သူးနို့ရဲ့ကျင့်လေဟှ ထော့‑က်ခံဟှ။ သူးနို့လေဟှာ မူးဇာကောန်းဟှူလူ၊ နားထောန်းဘဲ့ဟှူလူ၊ ကောန်းဟှူဇာလေဟှို ခုလည်းလောက်ဟှို့ ထိုက်ဘဲ့ဟှူလူလေ ဖြစ်ဂေ့ဟှယ်။
TIT 2:1 နန်းနို့ဟှာ စင်ကြယ်ဟှူယူဝါဒန ကိုက်ညီရှင်းလေဟှို ဟောပြောရမယ်။
TIT 2:2 သတ်ကီးဟှူ ယော့‑က်ကျားလေဟှာ သမ္မာဒိရှိဟှူလူ၊ တည်ကြည်ဘီးဟှာ သိခါစောန့်ဟှူလူ၊ စစ်မှန်ဟှူ ယောင်ကြည်ရှင်းလေ၊ ရှစ်ရှင်းလေ၊ ခံနိုင်ရည်ရှိဟှူလူလေ ဖြစ်ဟှို့တွပ် သွန်သန်ရမယ်။
TIT 2:3 အယ်မျိုးဘဲ့ သတ်ကီးဟှူ မီးမဂီးလေဟှာ ဘုရားတရားဟှို ကြည်ညိုဟှူ လူလေဖြစ်ဟှို့တွပ် သွန်သန်ပါ။ သူးနို့ဟှာ တခြားလူလေရဲ့ အသရေဖျစ်ဟှူ လူလေန ယစ်ရဲ့ကျေးကျွန်ဖြစ်စေန။ ကောန်းဟှူ ဇာလေဟှို သန်ပေးဟှူ လူလေ ဖြစ်ရမယ်။
TIT 2:4 အယ်မျိုးဖြစ်မှ သူးနို့ဟှာ ကိုယ့်ထတ် သတ်ငယ်ဟှူ မီးမလေဟှာ ကိုယ့်ယော့‑က်ကျားန သားမီးလေဟှို ရှစ်ဘီးဟှာ၊
TIT 2:5 ဂေါင်သိခါ စောန့်ဟှူသူ၊ စင်ကြယ်ဟှူသူ၊ ကိုယ့်အီဟှို ပြုစုဟှူသူ၊ ကောန်းဟှူသူ၊ ကိုယ့်ယော့‑က်ကျားရဲ့ စကားဟှို နားထောန်ဟှူသူ ဖြစ်ဟှို့တွပ် သတ်ကီးဟှူ မီးမဂီးလေဟှ သန်ပေးရမယ်။ အယ်မျိုးဆိုဟှာ ဘုရားသခင်ရဲ့ တရားတော်ဟှို ကဲ့ရဲ့ဘီး ပြောနေဟှူလူလေ မှေ့ဟှို့မှုဘီ။
TIT 2:6 အယ်မျိုးဘဲ့ ကောန်သား ယော့‑က်ကျားလေဟှလည်း ဂေါင်သိခါလေဟှို ထီးနိုင်ဟှို့တွပ် တိုက်တွန်းဂေ့ပါ။
TIT 2:7 နေရာတိုင်းမာ နန်းနို့ကိုယ်တိုင် ပေါင်သတ်သေဟှို ပြဂေ့ပါ။ ဆောင်းမသွန်သန်ဟှူ ခီမာ သေးသေချားချာဟှား သန်ပေးပါ။
TIT 2:8 နန်းနို့ ရန်သူလေဟှ နန်းနို့လေဟှို ဖယ်မှုမာလည်း ပြစ်ရှာနိုင်ဘဲန ရှစ်ကွဲဘဲနေအောန် တခြားလူလေရဲ့ရှေ့မာ ပြစ်တန် ဝေဖန်နိုင်ဘဲနေအောန် ကောန်းဟှူ စကားလေဟှို ပြောဂေ့ပါ။
TIT 2:9 ကျွန်လေဟှာ သူ့သခင်လေရဲ့ စကားဟှို နားထောန်ရမယ်။ နေရာတိုင်းမာ သခင်ကြိုက်အောန် လောက်ရမယ်။
TIT 2:10 သူများပစ်စီးဟှို ခိုးဘဲန သူးနို့ဟှာ မြဲဒမ်းကောန်းဘီး သစ်စာရှိဟှူလူ ဖြစ်ရမယ်။ အယ်နည်းနဘဲ့ သူးနို့ဟှာ ကိုယ်လောက်ဟှူ မှုလေထဲမာ နို့လေရဲ့ ကယ်တန်ရှင် ဘုရားသခင်ရဲ့ တရားတော်ဟှို ပိုဘီး ဟှာ ထန်ရှားစေလေ့မယ်။
TIT 2:11 ဘုရားသခင်ဟှာ လူလေဂူလောင်းဟှို ကယ်တန်ဟှူ သူ့ရဲ့ ကျေးဇူးတော်ဟှို ထန်ရှားစေဟှယ်။
TIT 2:12 နို့လေဟှာ ဘုရားတရားမှေ့ဘဲန လောက တတ်မတ်ရှင်းလေဟှို ဖယ်ရှားဘီး အယ်လောကမာ ဘုရားဝတ်နှိုက် ပျော်မွေ့ရှင်း၊ တင့်တယ်လျောက်ပတ်ရှင်း၊ ဖြောန့်ဖြောန့်မတ်မတ် သတ်ရှင်ရှင်းန
TIT 2:13 ကီးမြတ်ဟှူ ဘုရားသခင်ဖြစ်ဟှူ နို့လေရဲ့ ကယ်တန်ရှင် ယေရှုခရစ်တော်ရဲ့ ဖောင်းသရေတော် ပေါ်လာရှင်းအားဖြင့် မင်္ဂလာရှိဟှူ မျှော်လင့်ရှင်းဟှို စောန့်နေဘီးဟှာ ဆောင်းမသွန်သန်ဘီး ရှိနေဟှယ်။
TIT 2:14 နို့လေဟှို ဆိုးညစ်ရှင်းလေ ဂူလောင်းထဲဟှနေဘီး လွတ်မြော့‑က်ဟှို့တွပ်န နို့လေဟှာ စိနှလောင်းဖြူစင် သန့်ရှင်းဘီး ကိုယ်တော်ဘဲ့ ပိုင်ဆိုင်ဟှူ လူဖြစ်ဘီး ကောန်းဟှူ ကျင့်လေမာ စိအားထတ်သန်ဂေ့ဟှို့တွပ် ခရစ်တော်ဟှာ နို့လေတွပ် သူ့ကိုယ်သူ စွန့်လိုက်ဟှယ်။
TIT 2:15 နန်ဟှာ အယ်ကြောန်းရာလေဟှို ဟောပြောသွန်သန်ပါ။ တိုက်တွန်းအားပေးဘီး သွန်သန်ဟှူ ခီမာ နန့်မာရှိဟှူ ခွမ့်အာဏာလေဟှို သောင်းပြုပါ။ နန့်ဟှို ဖယ်သူလည်း ထန်သေးစေန။
TIT 3:1 တိုင်းပြည်ဟှို အောက်ချောက်ဟှူ လူလေန အာဏာပိုင်လေရဲ့ အောက်စိုးရှင်းလေဟှို ဝန်ခံဘီး သူးနို့စကားဟှို နားထောန်ဂေ့ဟှိုတွပ်ရော၊ ကောန်းမြတ်ရှင်းကိစ မှန်မျှဟှို လောက်ဟှို့တွပ် ဆင်သင့်ဖြစ်နေဟှို့တွပ်ရော၊ ယောင်ကြည်သူလေဟှို ဒိပေးပါ။
TIT 3:2 ဖယ်သူကြောန်းဟှိုလည်း ကောန်းဘဲဟှူဇာဟှို ပြောဘဲန အေးအေးချမ်းချမ်းဟှား နေထိုင်ဂေ့ဟှို့တွပ်န ခီတိုင်းမာ လူလေဟှို နူးညံ့သိမ်မွေ့ဘီး ဆစ်ဆံဂေ့ဟှို့တွပ် သူးနို့လေဟှို ပြောပါ။
TIT 3:3 တခါဒူးဟှ နို့လေဟှာ နာခံဘဲန မိုက်မဲဘီးဟှာ လမ်းမှားဘီးနေဟှယ်။ ကာမဂေါင်ဘောန်း‌ဇောင်န ပျော်ပါးလိုက်စားရှင်းလေထဲမာ ကျွန်ဖြစ်လာဟှယ်။ နို့လေမာ မြဲဒမ်းဘဲ့ နာလိုဘဲဟှူစိ၊ မူးနေဟှူ သဘောလေလည်း ရှိဂေ့ဟှယ်။ တခြားသူလေဟှာ နို့လေဟှို မူးဂေ့ဟှယ်။ နို့လေဟှလည်း သူးနို့ဟှို မူးဂေ့ဟှယ်။
TIT 3:4 အယ်ဘေမဲ့ နို့လေရဲ့ ကယ်တန်ရှင် ဘုရားသခင်ရဲ့ ကရုဏာတော်န ရှစ်ရှင်းမြစ်တာတော်ဟှာ ထန်ရှားလာဟှူ ခီမာ၊
TIT 3:5 နို့လေဟှာ ကယ်တန်ရှင်းဟှို ခံရဂေ့ဟှယ်။ အယ်မျိုးကယ်တန်ရှင်း ခံရဟှူဇာဟှ နို့လေရဲ့ ဖြောန့်မတ်ဟှူ ကျင့်အားဖြင့်မှုဘဲ ကိုယ်တော်ဟှာ သူ့ရဲ့ ကရုဏာတော်နညီ သန့်ရှင်းဟှူဝိညာဉ်တော်ကြောန့် နို့လေဟှို နော့‑က်တခါ ပ္လန်မွီးဘီးဟှာ သစ်ဖြစ်ဟှူသက်တာန ဘဝသစ်ဟှို ပေးကြောန့်ဖြစ်ဟှယ်။
TIT 3:6 ဘုရားသခင်ဟှာ နို့လေဟှို ကယ်တန်ဟှူရှင် ယေရှုခရစ်တော်ကြောန့် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို နို့လေထတ်ဟှို ကြွယ်ဝစွာ လောန်းခ္လပေးဟှယ်။
TIT 3:7 အယ်မျိုးလောက်ဇာဟှာ နို့လေဟှာ ကိုယ်တော်ရဲ့ ကျေးဇူးတော်ကြောန့် ဖြောန့်မတ်ဟှယ် ဆိုဇာဟှို သိမှတ်ပြုခံရဘီးဟှာ ထာဝရသတ်ဟှို မျှော်လင့်ဘီး မွီခံလဲ ဖြစ်လာဂေ့ရဟှယ်။
TIT 3:8 အယ်စကားဟှာ သစ်စာစကားဖြစ်ဟှယ်။ ဘုရားသခင်ဟှို ယောင်ကြည်လူလေဟှာ ကောန်းဟှူကျင့်၊ လူလေဟှို ကျိုးပြုဟှူကျင့်လေ ရှိနေဂေ့ဟှို့တွပ် စစဒူးဟှ ပြောဟှားဟှူဇာလေဟှို ဂရုစိုက်ဘီးဟှာ နှိုးဆော်တိုက်တွန်းဂေ့ပါ။
TIT 3:9 အယ်ဘီးဟှာ ကျိုးမှေ့ဘဲနပြောရှင်း၊ ရရာတိုင်းရှည်ဟှူ ဆွေမျိုးစာရင်းလေလောက်ရှင်း၊ ရန်ဖြစ်ရှင်း၊ ပညတ်တရားန ပတ်သတ်ဘီးဟှာ စကားများရှင်းလေဟှို ရှောန်ဂေ့ပါ။ အယ်မျိုးလောက်ဇာလေဟှာ သောင်းဝမ်ဟှ။ ဖြားကျိုးလည်း မှေ့ဟှ။
TIT 3:10 စိဝန်းကွဲရှင်းလေဖြစ်အောန် လောက်ဟှူလူဟှို နဲဆောင်း နှေ့ခါလော့‑က် ဒိပေးဘီးန သူ့ဟှို ထပ်ဘီးဟှာ ပေါန်းဂေ့န။
TIT 3:11 အယ်မျိုးလူဟှာ ဖော့‑က်ပ္လန်ဟှူလူ ဖြစ်ကြောန်းဟှို နန်းနို့ဟှသိဟှယ်။ သူပြစ်ရှိကြောန်းဟှို သူ့ကိုယ်သူ သတ်သေပြဟှယ်။
TIT 3:12 အာတေမဟှိုဘဲ့ ဖြစ်ဖြစ်၊ တုခိတ်ဟှိုဘဲ့ ဖြစ်ဖြစ် နန်းနို့နားဟှို လွှတ်လိုက်ဟှူ ခီမာ ငါရှိနေဟှူ နိကောပလိဗြို့ဟှို ကြိုးစားဘီးဟှာလာဂေ့။ အယ်ဗြို့မာ ဆောင်းကာလမှာဘဲ့နေဟှို့ ငါဆောင်းဖြတ်ဟှားဟှယ်။
TIT 3:13 ရှေ့နေဖြစ်ဟှူဇေနန အာပေါလုလေဟှာ ခရီးသွားနိုင်ဟှို့တွပ် ကြိုးစားဘီးဟှာ ကူညီပေးပါ။ သူးနို့လေ လိုရှင်ဇာမှန်မျှဟှို ကူညီလိုက်ပါ။
TIT 3:14 စားဝတ်နေရေတွပ် တကယ် လိုအပ်ဇာလေဟှို ရဟှို့တွပ် နို့လေရဲ့လူလေဟှာ ကောန်းဇာနသတ်မွီးဟှို့တွပ် သွန်သန်ဂေ့ပါ။ ကိုယ့်ရဲ့လောက်အားဟှို ချည်းနှီးဖြစ်စေဂေ့န။
TIT 3:15 ငါနတူးဒူ နေဟှူလူလေဟှ နန့်ဟှို နှောက်ဆစ်လိုက်ဟှယ်။ ယောင်ကြည်ရှင်းတရားန နို့လေရှစ်ရဟှူ မိဆွေလေဟှို နှောက်ဆစ်လိုက်ဟှယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို နန်းနို့ဂူလောင်းဟှာ ခံစားရဂေ့ပါစေ။
PHM 1:1 ယေရှုခရစ်တော်ရဲ့ မှုတော်အားဖြင့် ကျဉ်းက္လခံနေရဟှူသူ ငါပေါလုန ငါ့ညီတိမောသေဟှာ —
PHM 1:2 နို့လေရှစ်ရဟှူညီမ အပ္ပိ၊ နို့လေရဲ့စစ်သူရဲလေဖြစ်ဟှူ အာခိပ္ပုဟှနေစဘီး နန့်ရဲ့အီမာ စုဝီးဟှူ သင်းတော်ဟှ သင်းဝမ်ဟှူသူလေ ဂူလောင်းနားဟှို စာရေးလိုက်ပါဟှယ်။
PHM 1:3 နို့လေရဲ့ဖ ဘုရားသခင်န ယေရှုခရစ်တော်နားဟှ ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့လေမာ ရှိဂေ့ပါစေ။
PHM 1:4 ငါဟှာ ငါ့ရဲ့ ဆုတောန်းချစ်လေမာ နန့်ဟှို မြဲဒမ်းဒိရဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။
PHM 1:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သခင်ယေရှုန သန့်ရှင်းသူလေ ဂူလောင်းဟှို နန်ထားဟှူ ရှစ်ရှင်းမြစ်တာန ယောင်ကြည်မှုကြောန်းဟှို နို့လေကြားသိရဟှယ်။
PHM 1:6 အယ်ကြောန့် ယောင်ကြည်သူလေဖြစ်ဟှူ နန်းနို့န နို့လေဟှာ ရှင်းရှင်း မိတ်သဟာယဖွဲ့ရှင်းအားဖြင့် ခရစ်တော်န တလောင်းတဝဖြစ်ဘီး နို့လေခံစားရဟှူ ကောန်းဂျီးမင်္ဂလာလေဟှို ပိုဘီး နတ်နတ်ရှိုင်းရှိုင်း သိနားလည်နိုင်ဂေ့ဟှို့တွပ် ငါဆုတောန်းပါဟှယ်။
PHM 1:7 ငါ့ညီ၊ နန်ဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းသူလေရဲ့ စိနှလောင်းဟှို သတ်သာစေဟှူကြောန့် နန့်ရဲ့မြစ်တာဟှို ထော့‑က်ဘီး နို့လေဟှာ ရရာတိုင်း ဝန်းသာဂေ့ပါဟှယ်။
PHM 1:8 အယ်ကြောန့် ငါဟှာ နန်လောက်ရဟှို့ဇာလေဟှို ပညတ်ဟှားဟှို့တွပ် ခရစ်တော်အားဖြင့် မိန့်ပေးခွမ့်ရှိဟှူလည်းဘဲ့၊
PHM 1:9 ရှစ်ရှင်းမြစ်တာအားဖြင့်ဘဲ့ နန့်ဟှို တောန်းဗန်ရှင်းမှုဟှို ပြုပါဟှယ်။ အယ်မျိုး သက်ကီးဟှူသူဖြစ်ဘီး ခုဆိုဟှာ ခရစ်တော်ယေရှုရဲ့ သံတမန်ဖြစ်ဟှူ၊ ကျဉ်းသားလည်းဖြစ်ဟှူ ငါပေါလုဟှာ၊
PHM 1:10 တောက်နှောန်ခံနေရဟှူ ခီမာ ခရစ်တော်နှိုက် ငါ့သားဖြစ်ဟှူ ဩနေသိမ်တွပ် မြစ်တာရပ်ခံပါဟှယ်။
PHM 1:11 သူဟှာ စဟှ နန့်တွပ် သောင်းဝမ်ဘဲဟှူလည်းဘဲ့ ခုခီမာ နန့်တွပ်ရော ငါ့တွပ်ပါ သောင်းဝမ်သူ ဖြစ်လာပါဘီ။
PHM 1:12 သူ့ဟှို နန့်နားဟှို ပ္လန်လွှတ်လိုက်ဟှူကြောန့် သူ့ဟှို ငါ့ရင်သွေးမျိုး လတ်ခံပေးပါ။
PHM 1:13 ငါဟှာ ဒန်းကောန်းဟှို ဟောပြောဟှူကြောန့် တောက်နှောန်ခံနေရဟှူ ခီမာ နန့်ရဲ့ကိုယ်စား ငါ့ဟှိုကူညီဟှို့တွပ် သူ့ဟှိုခေါ်ဟှားရှင်ပါဟှယ်။
PHM 1:14 အယ်ဘေမဲ့ နန်ပြုဟှူကောန်းမှုဟှာ လွှဲရှောန်ရဘဲဟှိ ပြုဟှူဇာမျိုးမှုဘဲန နန့်စေတနာအားဖြင့်ဘဲ့ ပြုစေရှင်ပါဟှယ်။
PHM 1:15 ဩနေသိမ်ဟှာ နန့်နမြဲဒမ်းနေရဟှို့တွပ် ရှစ်ဟှားခွဲခွာနေရဟှယ် ဆိုဘီး ထန်မှတ်ဇာရှိဟှယ်။
PHM 1:16 အယ်မျိုးပြောဟှူဇာဟှာ စေခံကျွန်ဟှိုရဟှူမျိုး ဆိုလိုဇာမှုဟှ။ ထူးသဖြင့် ငါ့တွပ်ဟှ ရှစ်ရဟှူညီ နန့်တွပ်ဟှ ဇာတိအားဖြင့်ဘဲ့ဖြစ်ဖြစ်၊ သခင်ဘုရားအားဖြင့်ဘဲ့ဖြစ်ဖြစ် ပိုဘီး ရှစ်ဟှူ ညီတယော့‑က်ဟှိုရဟှူမျိုး ဆိုလိုဇာဖြစ်ဟှယ်။
PHM 1:17 အယ်မျိုးဖြစ်ကြောန့် နန်ဟှာ ငါ့ဟှို လောက်ဖော်ဆောန်ဖတ်တယော့‑က်နေန မှတ်ယူဟှယ် ဆိုဟှာ ငါ့ဟှိုလတ်ခံမျိုးဘဲ့ သူ့ဟှိုလည်းလတ်ခံပါ။
PHM 1:18 တကယ်ကြောန့် သူဟှာ နန့်ဟှို ပြစ်မှားမိဟှူ ဇာဘဲ့ဖြစ်ဖြစ်၊ တန်ဟှူကြွေးဘဲ့ဖြစ်ဖြစ် တခုခုပေးဇာရှိမယ် ဆိုဟှာ ငါတာဝန်ယူပါဟှယ်။
PHM 1:19 ငါပေါလုဟှာ အယ်ကြွေးလေဟှို ဆပ်ပေးပါမယ် ဆိုဘီး ငါ့လတ်န ရေးလိုက်ပါဟှယ်။ နန်ကိုယ်တိုင် နန့်ရဲ့ဘဝသစ်တွပ် ငါ့ဟှို ပေးဆပ်ဇာရှိဟှယ် ဆိုဘီး ပြောရှင်ဇာ မှုဟှ။
PHM 1:20 အယ်ကြောန့် ငါ့ညီ၊ သခင်ဘုရားရဲ့ မျစ်နှာဟှို ထော့‑က်ဘီး ငါ့ဟှို ကျေးဇူးပြုစေရှင်ပါဟှယ်။ ခရစ်တော်နှိုက် ညီကိုတယော့‑က်နေန ငါ့စိနှလောင်းဟှို သတ်သာစေပါ။
PHM 1:21 နန်ဟှာ ငါမြစ်တာရပ်ခံဟှူတိုင်း လောက်လေ့မယ် ဆိုဇာဟှို စိခ္လယောင်ကြည်ဘီး အယ်စာဟှို ရေးလိုက်ပါဟှယ်။ တကယ်ဘဲ့ အယ်ထပ် ပိုဘီး လောက်လေ့မယ် ဆိုဇာ ငါသိပါဟှယ်။
PHM 1:22 နော့‑က်ဘီး ငါတည်းခိုဟှို့နေရာ ခန်းတခန်းဟှိုလည်း ဆင်သင့်ပြင်ဟှားပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ နန်းနို့လေရဲ့ ဆုတောန်းရှင်းဟှို နားညောန်းဟှူကြောန့် ငါ့ဟှို နန်းနို့နားဟှို ပ္လန်ဘီးပို့ဆောန်ပေးတော်မူလေ့မယ် ဆိုဘီး မျှော်လင့်ဟှူကြောန့်ဖြစ်ပါဟှယ်။
PHM 1:23 ခရစ်တော်ယေရှုကြောန့် ငါနတူးဒူ ကျဉ်းက္လခံရဟှူ ဧပဖြဟှနေစဘီး၊
PHM 1:24 ငါ့ရဲ့လောက်ဖော်ဆောန်ဖတ်လေဖြစ်ဟှူ မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာလေဟှလည်း နန့်ဟှို နှောက်ဆစ်ဂေ့ပါဟှယ်။
PHM 1:25 နို့လေသခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့ဝိညာဉ်နတူးဒူ ရှိပါစေ။
HEB 1:1 ရှေးကာလမာ ဘုရားသခင်ဟှာ ပရောဖက်လေအားဖြင့် နို့ဘိုးဘေးလေဟှို နည်းဘောန်းဇောင်န ခါဘီးခါ ဗျာဒိတ်ပေးတော်မူဟှယ်။
HEB 1:2 အယ်ဘေမဲ့ အယ်မူ နော့‑က်ဆောင်းဖြစ်ဟှူ ကာလမာ သားတော်အားဖြင့် နို့လေဟှို ဗျာဒိတ်ပေးတော်မူဟှယ်။ ဘုရားသခင်ဟှာ အယ်မူသားတော်ဟှို ရှိမျှဂူလောင်းရဲ့ မွီခံဖြစ်န ခန့်ဟှားဘီးဟှာ လောကဓာတ်လေဟှို သားတော်အားဖြင့် ဖန်ဆင်းတော်မူဟှယ်။
HEB 1:3 အယ်သားတော်ဟှာ ဘုရားသခင်ရဲ့ ဖောင်းရောန်ခြည်တော်န ဇာတိဖြစ်တော်ရဲ့ ပေါင်သဏ္ဌာန်ဖြစ်ဟှူကြောန့် တဂိုးတော်န ပ္လဲ့ဇောင်ဟှူ သူ့ရဲ့ စကားတော်အားဖြင့် ရှိမျှဂူလောင်းဟှို တည်စေတော်မူဘီး ပြစ်လေတွပ် စင်ကြယ်ရှင်းဝတ်ဟှို ပြုဘီးဟှာ ဗြင့်ဟှူရပ် ထတ်ကောန်းဂန်မာ အနန္တတဂိုးရှင် ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်နေတော်မူလေဟှယ်။
HEB 1:4 သားတော်ဟှာ ကောန်းဂန်တမန်လေထတ် ကီးမြတ်ဟှူ ဘွဲ့နာမတော်ဟှိုခံရဟှူမျိူး ကောန်းဂန်တမန်လေထတ် ကီးမြတ်ဟှူသူလည်း ဖြစ်တော်မူဟှယ်။
HEB 1:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ ဖယ်ကောန်းဂန်တမန်လေဟှိုမှ၊ “နန်ဟှာ ငါ့သား ဖြစ်ဟှယ်။ အယ်နေ့ဘဲ့ နန့်ဟှို ငါဖွားမြင်စေဘီ” ဆိုဟှူဇာန၊ “ငါဟှာ သူ့ဖ ဖြစ်မယ်။ သူလည်း ငါ့သား ဖြစ်လေ့မယ်” ဆိုဘီး ဖယ်ခါဒူးဟှ မိန့်တော်မူဖူးနူး။
HEB 1:6 နော့‑က်ဘီး ဘုရားသခင်ဟှာ သူ့ရဲ့ သားဦးဟှို အယ်လောကဟှို စေလွှတ်တော်မူဟှူ ခီမာ၊ “ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေ ဂူလောင်းဟှာ ပျပ်ဝပ်ကိုးကွယ်ရမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
HEB 1:7 နော့‑က်ဘီး ကောန်းဂန်တမန်လေန ပတ်သတ်ဘီး ဖော်ပြရာမာ၊ “ဘုရားသခင်ဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို ဝိညာဉ်မျိုးရော၊ သူ့ရဲ့ စေခံလေဟှို မီးလျှံမျိုးရော ဖြစ်စေတော်မူဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
HEB 1:8 အယ်ဘေမဲ့ သားတော်ဟှို မိန့်တော်မူဟှူ ခီမာ ကိုယ်တော်ဟှ၊ “အို၊ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရာဇပလ္လင်ဟှာ ကမ္ဘာဆစ်ဆစ် တည်လေ့မယ်။ ကိုယ်တော်ရဲ့နိုင်ငံဟှာ တရားသဖြင့်စီရင်ဟှူ နိုင်ငံဖြစ်ပါဟှယ်။
HEB 1:9 ကိုယ်တော်ဟှာ ဖြောန့်မတ်ဟှူ တရားဟှို ရှစ်မြတ်နိုးဘီး တရားဘဲဟှူ ဇာလေဟှို မူးတော်မူဟှယ်။ အယ်ကြောန့် အို၊ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ဘုရားသခင်ဟှာ ကိုယ်တော်ရဲ့ ပေါန်းဖော်လေထတ် ကိုယ်တော့်ဟှို ချီးမြော့‑က်ဘီး ရွှင်လန်းဝန်းသာဟှူ ဆီန ဘိသိက်ပေးတော်မူဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
HEB 1:10 နော့‑က်ဘီး၊ “အို၊ ဘုရားသခင်၊ ကိုယ်တော်ဟှာ ဦးဆောင်း မ္လေဂီးဟှို တည်တော်မူပါဟှယ်။ ကောန်းဂန်ဟှိုလည်း လတ်တော်န ဖန်ဆင်းတော်မူဟှူဇာ ဖြစ်ပါဟှယ်။
HEB 1:11 အယ်မူဇာလေဟှာ ပျစ်စီးသွားရဟှူလည်းဘဲ့ ကိုယ်တော်ဟှာ မြဲဒမ်း တည်တော်မူဟှယ်။ အယ်မူဇာလေ ရှိဟှူမျှဟှာ ဝတ်လေမျိုး ဟောန်းနွမ်းဟှားလေ့မယ်။
HEB 1:12 ကိုယ်တော်ဟှာ အယ်ဇာလေဟှို ဝတ်လောင်လိဟှူမျိုး လိတော်မူလေ့မယ်။ အယ်ဇာလေဟှာ ဝတ်လောင်ဟှူမျိုး ပ္လောန်းလဲဟှားလေ့မယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ ပ္လောန်းလဲတော်မူဟှ။ သတ်တော်လည်း ကူဆောင်းဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
HEB 1:13 နော့‑က်ဘီး ဘုရားသခင်ဟှ၊ “နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေဖွားအော့‑က်ဟှို ငါခ္လထားခန်ခီထိ၊ ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ” ဆိုဘီး ဖယ်ကောန်းဂန်တမန်လေဟှို မိန့်ဖူးဟှူကြောန့်နူး။
HEB 1:14 ကောန်းဂန်တမန်လေဟှာ ကယ်တန်ရှင်းမွီဟှို ခံရဟှို့ သူလေဟှို ပြုစုစောန့်ရှော့‑က်ဟှို့တွပ် ဘုရားသခင် စေလွှတ်တော်မူဟှူ စေခံဝိညာဉ်လေ ဖြစ်ဂေ့ဟှယ် မှုဟှလော။
HEB 2:1 အယ်ကြောန့် နို့လေဟှာ လွဲချော်သွားဘဲနေအောန် ကြားရဟှူ ဒေသနာတော်လေဟှို စိနှလောင်းထဲမာ မှတ်မိစွဲလန်းမှုရှိဂေ့ရမယ်။
HEB 2:2 ကောန်းဂန်တမန်လေအားဖြင့် ထားတော်မူဟှူ ဗျာဒိတ်တော်ဟှာ မှန်ကန်ဘီး ပြစ်မှားကျူးလွန်ဟှူမှု မျိုးမျိုးလေဟှာ ခံထိုက်ဟှူပြစ်ဒန်လေဟှို ခံရဟှို့မှန်မယ် ဆိုဟှာ၊
HEB 2:3 စဦးဟှနေဘီး သခင်ဘုရားဟောတော်မူဟှူ တရားစကားတော်ဟှို ကြားရဟှူသူလေဟှ ယောင်လော့‑က်ဟှူသတ်သေအားဖြင့် နို့လေဟှို ဟောပြောဟှူ အယ်မျှလော့‑က်ကီးမားဟှူ ကယ်တန်ရှင်းတရားဟှို နို့လေနားထောန်ဘဲနေဟှာ ပြစ်ဒန်န ဖယ်မျိုးလွတ်ဂေ့လေ့မယ်နူး။
HEB 2:4 အယ်မူသတ်သေခံဟှူ သူလေနတူးဒူ ဘုရားသခင်ဟှာ နိမိတ်လတ်ခဏာနဖြစ်ဖြစ်၊ အံ့ဩဘွယ်ဟှူ မှုလေနဖြစ်ဖြစ်၊ ထူးဆန်းဟှူတဂိုး ဘောန်းဇောင်နဘဲ့ဖြစ်ဖြစ်၊ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူ့ရဲ့ လိုတော်ရှိဟှူတိုင်း ဝီမျှပေးဟှူ ဆုကျေးဇူးလေနဖြစ်ဖြစ် သတ်သေခံတော်မူဟှယ်။
HEB 2:5 နို့လေပြောဆိုဟှူ နော့‑က်ကပ်ကမ္ဘာဟှို အောက်စိုးရဟှူခွမ့်ဟှို ကောန်းဂန်တမန်လေရဲ့ လတ်မာ အပ်ပေးဟှားဇာ မှုဟှ။
HEB 2:6 ကျမ်းစာတချစ်မာ၊ “လူဟှာ ဖယ်မျိုးသူဖြစ်ဟှူကြောန့် ကိုယ်တော်ဟှာ အော့‑က်မေ့လေးထားရပါနူး။ လူသားဟှာ ဖယ်မျိုးသူဖြစ်ဟှူကြောန့် ကေ့ရှုရပါနူး။
HEB 2:7 ကိုယ်တော်ဟှာ သူ့ဟှို ကောန်းဂန်တမန်လေထတ် နဲနဲဟှား နိက္လစေတော်မူဘီးဟှာ သူ့ရဲ့ ခေါန်းဟှို ဖောင်းသရေတော်န ပတ်ရစ်တော်မူဘီး၊
HEB 2:8 ရှိမျှဂူလောင်းဟှို ကိုယ်တော်ရဲ့ ခေဖွားအော့‑က်မာ ခ္လဟှားတော်မူဟှယ်” ဆိုဘီး ဖော်ပြဟှားလေဟှယ်။ “ဂူလောင်းဟှို ခ္လဟှားတော်မူဟှယ်” ဆိုဘီး သတ်သေခံဟှားဇာဟှာ ခ္လဟှားဘဲန ကျန်ရစ်ဟှူ ဇာလေ ဖြားဇာလည်း မှေ့ဟှ။ ခုဆိုဟှာ ဂူလောင်းဟှို ခ္လဟှားဇာလေဟှို နို့လေဗြင်ရသေးဟှ။
HEB 2:9 အယ်ဘေမဲ့ ယေရှုဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် လူလေ ဂူလောင်းတွပ် သေခံရဟှူခွမ့် ရှိစေဟှို့ ကောန်းဂန်တမန်လေထတ် နဲနဲဟှား နိက္လခံရဘီးမှ သေခံရဟှူကြောန့် ခေါန်းတော်မာ ဖောင်းသရေတော်န ပတ်ရစ်ဘီး ရှိနေဇာဟှို နို့လေဗြင်ရဂေ့ဟှယ်။
HEB 2:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သားမီးလေ ဘောင်ဂီးဟှို ကယ်တန်ဘီး ဖောင်းစည်းဇိမ် စံစားရာဟှို ပို့ဆောန်ဟှူ သခင်ဟှာ ဒေါက်ခဝေဒနာလေအားဖြင့် စောင်လင်ရှင်းဟှို ရော့‑က်ရဟှို့တွပ် ရှိမျှဂူလောင်းဟှို ဖန်ဆင်းဘီး အောက်စိုးတော်မူဟှူ ဘုရားသခင်ဟှာ စီရင်တော်မူလေဟှယ်။
HEB 2:11 သန့်ရှင်းပေးဟှူသူန သန့်ရှင်းခံရဟှူ သူဟှာ ဖတယော့‑က်ဒဲဘဲ့ ရှိဟှယ်။ အယ်ကြောန့် သန့်ရှင်းပေးဟှူ ယေရှုဟှာ သန့်ရှင်းခံရဟှူ သူလေဟှို ညီကို မောန်နှမလေ ဆိုဘီး ခေါ်ဟှူဇာဟှို ယှစ်ကြော့‑က်တော်မူဟှ။
HEB 2:12 ယေရှုဟှ၊ “ကျွန်တော်ဟှာ ကိုယ်တော်ရဲ့ နာမတော်ဟှို ကျွန်တော့်ရဲ့ ညီကို မောန်နှမလေဟှို ကြားပြောပါမယ်။ ပရိသတ်စည်းဝေးလယ်မာ ကိုယ်တော့်ဟှို ချီးမွမ်းဘီး ချင်းဆိုပါမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
HEB 2:13 နော့‑က်တချစ်ဟှ “ငါဟှာ ဘုရားသခင်ဟှို အားကိုးမယ်” ဆိုဘီး လာဟှယ်။ နော့‑က်ဘီး “ငါဟှနေစဘီး ငါ့ဟှို ဘုရားသခင်ပေးဟှားဟှူ သားမီးလေရှိဟှယ်” ဆိုဘီး လာလေဟှယ်။
HEB 2:14 အယ်သားမီးလေဟှာ သွီးသားဇာတိန ဆစ်ဆံဟှူ သူလေဖြစ်ဟှူကြောန့် ကိုယ်တော်ဟှာ သွီးသားဟှို ခံယူဘီး သေခံတော်မူဟှူ ဇာအားဖြင့် သေရှင်းတရားဟှို စိုးရဟှူသူဖြစ်ဟှူ မာရ်နတ်ရဲ့ တဂိုးဟှို ခ္လိုးဖဲ့ဖျစ်ဆီးဟှို့တွပ်န၊
HEB 2:15 တသတ်လောင်း သေဘေးဟှို ကြော့‑က်ဘီး ကျွန်ခံနေရဟှူ သူလေဟှို လွှတ်ရှင်းပေးဟှို့တွပ် ဖြစ်ဟှယ်။
HEB 2:16 တကယ်ဘဲ့ ကိုယ်တော်ဟှာ ကောန်းဂန်တမန်လေဟှို မဇဟှူဇာမှုဘဲ အာဗြဟံမျိုးနွယ်ဟှို မဇတော်မူဟှူဇာ ဖြစ်ဟှယ်။
HEB 2:17 အယ်ကြောန့် ကိုယ်တော်ဟှာ လူလေရဲ့ ပြစ်လေဟှို ဖြေလွှတ်ဟှို့တွပ် သစ်စာ၊ ကရုဏာနပ္လဲ့ဝဟှူ ယဇ်ပုရောဟိတ်မန်းဖြစ်န ဘုရားသခင်ရဲ့ မှုတော်ဟှို လောက်ဆောန်နိုင်ဟှို့တွပ် ရာရာမာ သူ့ရဲ့ ညီကိုလေန တူရဟှို့ကြောန်း ရှိလေဟှယ်။
HEB 2:18 အယ်ကြောန့် ကိုယ်တော်ဟှာ အယ်မျိုး စောင်ဇမ်းနှော့‑က်ယှစ်ရှင်းလေဟှို ကိုယ်တိုင်ခံဘီး ဆင်းရဲဒေါက်ခလေန ကျင်လည်ဖူးဟှူကြောန့် စောင်ဇမ်းနှော့‑က်ယှစ်ရှင်းမှုရာလေန တွိကြောင်ရဟှူသူလေဟှို ကူညီမဇဟှို့တွပ် တတ်နိုင်တော်မူလေဟှယ်။
HEB 3:1 အယ်ကြောန့် ကောန်းဂန်ဘောင်န စပ်ဆိုင်ဟှူ ခေါ်ယူရှင်းကျေးဇူးဟှို ခံရဟှူသူ သန့်ရှင်းဟှူ ညီကို မောန်နှမလေ၊ နို့လေဝန်ခံဟှူ တမန်တော်န ယဇ်ပုရောဟိတ်မန်းဖြစ်ဟှူ ယေရှုရဲ့ကြောန်းဟှို စေ့စေ့ဆင်ခြင်ဂေ့ပါ။
HEB 3:2 မောရှေဟှာ ဘုရားသခင်ရဲ့ အီတော်တအီလောင်းဟှို သစ်စာစောန့်ဟှူမျိုး ယေရှုဟှာ သူ့ဟှို ခန့်အပ်ဟှားဟှူသူရဲ့ မှုတော်ဟှို သစ်စာစောန့်တော်မူဟှယ်။
HEB 3:3 အီဟှိုဆော့‑က်ဟှူသူဟှာ အီထတ် ပိုဘီး ဂေါင်သရေရှိဟှူမျိုး ယေရှုဟှာ မောရှေထတ် ပိုဘီး မြင့်မြတ်ဟှူ ဖောင်းသရေတော်ဟှို ခံထိုက်ဟှူသူ ဖြစ်ဟှယ်။
HEB 3:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အီဟှို ယော့‑က်ယော့‑က်ဟှ ဆော့‑က်ရဟှူဇာဖြစ်ဟှယ်။ ရှိမျှဂူလောင်းဟှို တည်ဆော့‑က်ဟှူသူဟှာ ဘုရားသခင်ဘဲ့ဖြစ်ဟှယ်။
HEB 3:5 မောရှေဟှာ နာဂတ်ကာလတွပ် ဟောပြောမယ့် ရာလေဟှို သတ်သေခံဟှို့တွပ် စေခံကျွန်တယာ့‑က်ဟှူမျိုး အီတော်တအီလောင်းဟှို သစ်စာစောန့်လေဟှယ်။
HEB 3:6 ခရစ်တော်ဟှာ ဘုရားသခင်ရဲ့ အီတော်ဟှို စိုးရဟှူ သားတော်နေန အောက်စိုးဘီး သစ်စာစောန့်တော်မူဟှယ်။ နို့လေဟှာ ရဲရင့်ရှင်း၊ မျှော်လင့်ရှင်းလေန ဝါကြွားဝန်းသာဘီး ဆောင်းထိ ယောင်ကြည်စိခ္လရှင်းရှိမယ် ဆိုဟှာ နို့လေဟှာ ကိုယ်တော်ရဲ့ အီတော်ဖြစ်လေဟှယ်။
HEB 3:7 အယ်ကြောန့် သန့်ရှင်းဟှူဝိညာဉ်တော် မိန့်တော်မူဟှူဇာဟှာ၊ “အယ်နေ့မာ နန်းနို့လေဟာ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်သံဟှို ကြားရဂေ့ဟှူကြောန့်
HEB 3:8 စိနှလောင်း ခိုင်မာဂေ့န။ နန်းနို့ဘိုးဘေးလေဟှာ ကိုယ်တော့်ဟှို ပေါင်ကန်ဘီး တောကန္တာရမာ မျိုးမျိုး စောင်ဇမ်းဂေ့ဟှယ်။ သူးနို့လေ ခေါန်းမာဟှူမျိုး နန်းနို့ခေါန်းမာဂေ့န။
HEB 3:9 နန်းနို့ဘိုးဘေးလေဟှာ နှစ်လေးဆယ်လောင်းလောင်း ငါပြုဟှူ မှုရာလေဟှို ဗြင်ရဟှူလည်းဘဲ့ ငါ့ဟှိုဆန့်ကျင်ဘီး စောင်ဇမ်းဂေ့ဟှယ်။
HEB 3:10 အယ်မျိုးဖြစ်ဟှိ အယ်မျိုးဆစ်ဟှို ငါမျစ်ထွပ်ဘီး ‘သူးနို့လေဟှာ မြဲဒမ်းဘဲ့ စိသဘော မှားယွင်းတတ်ဂေ့ဟှယ်။ ငါ့ရဲ့ အလေ့လာ ငါ့ရဲ့ တရားလမ်းဟှို သိဂေ့ဟှ’ ဆိုဘီး ငါဆိုရဟှယ်။
HEB 3:11 အယ်ကြောန့် သူးနို့လေဟှာ ‘ငါ့ရဲ့ ငြီဝပ်ရှင်းထဲဟှို ဝမ်ရဂေ့ဟှို့ မှုဟှ’ ဆိုဘီး မျစ်ထွပ်ဟှူကြောန့် ငါကီဆိုဟှယ် ” ဆိုဘီး မိန့်တော်မူဟှူတိုင်း၊
HEB 3:12 ညီကို မောန်နှမလေ၊ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို ကျောခိုင်းဟှူဇာအားဖြင့် မယောင်ကြည်ဘဲ ဆိုးညစ်ဟှူစိနှလောင်း မှေ့ဘဲနေဟှို့တွပ် ဒိထားဂေ့ပါ။
HEB 3:13 ပြစ်ဒုစရိုက် လှည့်ဇားဟှူဇာအားဖြင့် နန်းနို့စိနှလောင်း ခိုင်မာဘဲနေဟှို့တွပ် အယ်နေ့ ဆိုဘီး ခေါ်ဟှူခီ ရှိဟှူမျှ ကာလပတ်လောင်း ရှင်းရှင်း တယော့‑က်ဟှိုတယော့‑က် အားပေးဘီး တိုက်တွန်းနှိုးဆော်ဂေ့ပါ။
HEB 3:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ စိစွဲလန်းရှင်းန စပြုဟှူမျိုး ဆောင်းထိ စိခ္လယောင်ကြည်မယ် ဆိုဟှာ ခရစ်တော်န စပ်ဆိုင်ဟှူသူလေ ဖြစ်ဟှယ်။
HEB 3:15 ကျမ်းစာတော်ဟှ “အယ်နေ့မာ နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်သံဟှို ကြားရဂေ့ဟှူကြောန့် ဆန့်ကျင်ဖတ်ပြုဟှူ ကာလမာရှိဟှူမျိုး စိနှလောင်းခိုင်မာဂေ့န” ဆိုဘီး ဖော်ပြလေဟှယ်။
HEB 3:16 အယ်မျိုး ကြားဘီးမှ ဆန့်ကျင် ပေါင်ကန်ဟှူသူလေဟှ ဖယ်သူလေနူး။ မောရှေနော့‑က်ဟှိုလိုက်ဘီး အဲဂုတ္တုပြည်ဟှ ထွပ်လာဟှူသူ ဂူလောင်းဟှာ အယ်မျိုးပြုဂေ့ဟှယ် မှုဟှလော။
HEB 3:17 နှစ်လေးဆယ်လောင်းလောင်း ဘုရားသခင်ရဲ့ မျစ်တော်ဟှို ခံရဟှူသူဟှာ ဖယ်သူလေနူး။ ဒုစရိုက်ပြစ်ဟှို ပြုဟှူကြောန့် တောကန္တာရထဲမာ လဲဘီး သေဂေ့ဟှူသူလေဘဲ့ မှုဟှလော။
HEB 3:18 “နန်းနို့လေဟှာ ငါ့ရဲ့ ငြီဝပ်ရှင်းထဲဟှို ဝမ်ရဂေ့ဟှ” ဆိုဘီး ကီဆိုခံရဟှူသူလေဟှာ ယောင်ကြည်ဘဲဟှူ သူဟှလွဲဘီး ဖယ်သူရှိနူး။
HEB 3:19 အယ်ကြောန့် သူးနို့လေဟှာ ယောင်ကြည်ဘဲဟှူကြောန့် ဝမ်နိုင်ဘဲဇာဟှို နို့လေသိရဂေ့ဟှယ်။
HEB 4:1 အယ်ကြောန့် ဘုရားသခင်ရဲ့ ငြီဝပ်ရှင်းထဲဟှို ဝမ်ရဟှူခွမ့်ဟှို ပေးဟှူ ဂဒိတော်ဟှာ နို့လေမာရှိနေရဲ့န နန်းနို့ထဲဟှ ဝမ်စားရဘဲဟှူသူ တယော့‑က်လည်း မှေ့ဘဲနေအောန် ဒိပြုဂေ့ဇို့။
HEB 4:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေလည်း အယ်သူလေမျိုး ဝန်းသာဇာ ဒန်းကောန်းဟှို ကြားရဂေ့ဘီ။ အယ်ဘေမဲ့ သူးနို့ကြားရဟှူ ဒန်းကောန်းဟှာ ယောင်ကြည်ရှင်းပါဘဲကြောန့် သူးနို့တွပ် ကျိုးမြဟှ။
HEB 4:3 ယောင်ကြည်ဟှူ နို့လေဟှာ ဘုရားသခင် ဂဒိထားတော်မူဟှူ ငြီဝပ်ရှင်းထဲဟှို ဝမ်ရဂေ့ဟှယ်။ အယ်မူတိုင်းဘဲ့ ဗျာဒိတ်တော်ဟှ၊ “သူးနို့လေဟှာ ငါ့ရဲ့ ငြီဝပ်ရှင်းထဲဟှို ဝမ်ရဂေ့ဟှ ဆိုဘီး မျစ်ထွပ်ဟှူကြောန့် ငါကီဆိုဟှယ်” ဆိုဘီး လာဟှယ်။ ငြီဝပ်ရှင်း ဆိုဇာဟှာ ကမ္ဘာဦးစဟှ ဖန်ဆင်းဟှူမှုရာလေ ပီးဆောင်းဘီး ငြီဝပ်နားယူဟှူ ငြီဝပ်ရှင်းဟှို ဆိုလိုဟှူဇာဖြစ်ဟှယ်။
HEB 4:4 ကျမ်းစာဟှ ခွန်နစ်ရစ်မြော့‑က်ဟှူ နေ့နပတ်သတ်ဘီး “ဘုရားသခင်ဟှာ ခွန်နစ်ရစ်မြော့‑က်ဟှူနေ့မာ သူ့ရဲ့မှုရာလေ ရှိဟှူမျှအားလောင်း ပီးစီးဟှူကြောန့် ငြီဝပ်ဘီး နေတော်မူဟှယ်” ဆိုဘီး လာလေဟှယ်။
HEB 4:5 နော့‑က်ဘီး “သူးနို့လေဟှာ ငါ့ရဲ့ ငြီဝပ်ရှင်းထဲဟှို ဝမ်ရဂေ့မယ် မှုဟှ” ဆိုဘီး အယ်နေရာမာ ဆိုဟှားဟှယ်။
HEB 4:6 အယ်ကြောန့် အယ်မူ ငြိမ်ဝပ်ရှင်းထဲဟှို ဝမ်ရဟှူခွမ့်ဟှာ တချို့လူလေတွပ် ရှိသေးဟှယ်။ ဝန်းသာဇာ ဒန်းကောန်းဟှို ပထမဦးဆောင်း ကြားရဟှူသူလေဟှာ ယောင်ကြည်ဂေ့ဘဲကြောန့် ဝမ်ရဂေ့ဟှ။
HEB 4:7 အယ်ကြောန့် ဘုရားသခင်ဟှာ နေ့တနေ့ဟှို “အယ်နေ့” ဆိုဘီး ဆစ်ဘီး ခ္လမှတ်တော်မူဘီးဟှာ နော့‑က်နှစ်ပေါန်း ကြာလာဟှူ ခီမာ စဟှ ဖော်ပြဟှားဟှူတိုင်း၊ “အယ်နေ့မာ နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်သံဟှို ကြားရဂေ့ဟှူကြောန့် ခိုင်မာဟှူ စိနှလောင်း ရှိဂေ့န” ဆိုဘီး ဒါဝိဒ်အားဖြင့် မိန့်တော်မူလေဟှယ်။
HEB 4:8 တကယ်ဟှိ ယောရှုပေးဟှူ ငြီဝပ်ရှင်းဟှာ ဘုရားသခင် ဂဒိထားတော်မူဟှူ ငြီဝပ်ရှင်း ဖြစ်ဟှယ် ဆိုဟှာ တခြား နေ့ရစ်တရစ်ကြောန်းဟှို မိန့်တော်မူဟှို့ မှုဟှ။
HEB 4:9 အယ်မျိုးဖြစ်ကြောန့် ဘုရားသခင်ရဲ့ လူမျိုးတော်တွပ် ငြီဝပ်ရှင်း တမျိုးကျန်ရှိသေးဟှယ်။
HEB 4:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ဖန်ဆင်းဟှူမှုရာလေ ပီးစီးဟှူကြောန့် ငြီဝပ်ဘီး နေဟှူမျိုး အယ်ငြီဝပ်ရှင်းထဲဟှို ဝမ်ရဟှူသူဟှလည်း ကိုယ့်ရဲ့မှုရာလေဟှို ပီးစီးဟှူကြောန့် ငြီဝပ်ဘီး နေရလေဟှယ်။
HEB 4:11 အယ်ကြောန့် သူးနို့ရဲ့ နာခံဘဲဟှူ ပေါင်ဇံဟှိုလိုက်ဘီး ဖယ်သူတယော့‑က်လည်း ပြိုလဲဘဲ အယ်ငြီဝပ်ရှင်းထဲဟှို ဝမ်ရဟှို့တွပ် ကြိုးစားအားထုဂေ့ဇို့။
HEB 4:12 ဘုရားသခင်ရဲ့ စကားတော်ဟှာ သတ်ရှင်ရှင်း၊ တဂိုးနပြုပြင်ရှင်း၊ သန်လျက်လေထတ် ထတ်ရှင်းမှုန ပ္လဲ့ဇောင်ဟှူကြောန့် သတ်န စိဝိညာဉ်ဟှိုဖြစ်ဖြစ်၊ ရိုးဆစ်န ခြင်ဆီဟှိုဖြစ်ဖြစ် ပိုင်းခြားဘီး ထောက်ချင်းခွမ်းတတ်ဟှယ်။ စိနှလောင်း ကြံစည်လေဟှိုလည်း ထိုးထွမ်းဘီး သိဗြင်နိုင်ဟှယ်။
HEB 4:13 ဘုရားသခင်ရဲ့ မျစ်မှော့‑က်တော်မာ ထန်ရှားဘဲဟှူဇာ ဖြားဇာလည်း မှေ့ဟှ။ ဖန်ဆင်းဟှားဟှူ ရှိမျှဂူလောင်းဟှို မျစ်မှော့‑က်တော်မာ ကွယ်ကာမှေ့ဘဲန လှန်ဟှားလေဟှယ်။ နို့လေဂူလောင်းဟှာ ကိုယ်ပြုဟှူ မှုရာလေရှိဟှူမျှ ကိုယ်တော်ရဲ့ စစ်ကြောစီရင်ဇာဟှို ခံရဂေ့လေ့မယ်။
HEB 4:14 အယ်ကြောန့် ကောန်းဂန်ဘောင်ထဲဟှို ကြွဝမ်တော်မူဟှူ ယဇ်ပုရောဟိတ် မန်းဂီးဖြစ်ဟှူ ဘုရားသခင်ရဲ့ သားတော်ယေရှုဟှာ နို့လေရဲ့ ယဇ်ပုရောဟိတ်မန်းဂီး ဖြစ်ဟှူကြောန့် နို့လေဟှာ ယောင်ကြည်ဝန်ခံဟှူ ရာလေဟှို စွဲစွဲမြမြဲ ကိုင်ဆွဲဟှားဂေ့ဇို့။
HEB 4:15 နို့လေရဲ့ ယဇ်ပုရောဟိတ် မန်းဂီးဟှာ နို့လေခံရဟှူ ဆင်းရဲ ဒေါက်ခလေကြောန့် ကြင်နာနိုင်ဘဲဟှူသူ မှုဟှ။ နို့လေခံရဟှူမျိုး စောင်ဇမ်း နှော့‑က်ယှစ်ရှင်း မျိုးမျိုးဟှို ခံစားဖူးဟှူသူ ဖြစ်ဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ ဒုစရိုက်ပြစ်န လွတ်ကင်းတော်မူဟှယ်။
HEB 4:16 အယ်ကြောန့် နို့လေဟှာ သနားကရုဏာတော်န မစရှင်းကျေးဇူးဟှို ခံရဟှို့တွပ် ရဲရင့်ဟှူစိန ကျေးဇူးပလ္လင်တော် ခေရင်းဟှို တိုးဝမ်ဂေ့ဇို့။
HEB 5:1 လူလေထဲဟှ ဝီးကော့‑က်ခံရဟှူ ယဇ်ပုရောဟိတ်မန်းလေဟှာ ပြစ်ဖြေဟှူယဇ်န ပူဇော်သက္ကာလေဟှို လူလေကိုယ်စား ဘုရားသခင်ဟှို ဆစ်ကပ်ပူဇော်ဟှို့တွပ် ခန့်အပ်ခံရဟှူ သူဖြစ်ဟှယ်။
HEB 5:2 သူဟှာ ကိုယ်တိုင်အားနဲချစ် ရှိဟှူကြောန့် မိုက်မဲဟှူသူ၊ မှားယွင်းဟှူသူလေဟှို သီးခံဟှို့တွပ် တတ်နိုင်လေဟှယ်။
HEB 5:3 အယ်ကြောန့်လည်းဘဲ့ သူများလေရဲ့ ပြစ်တွပ်ဘဲ့မှုဘဲန သူ့ပြစ်တွပ်လည်း ပြစ်ဖြေရာယဇ်ဟှို ပူဇော်ရဟှယ်။
HEB 5:4 အယ်မျိုး ဂေါင်သရေရှိဟှူ ရပ်ရာဟှို ဖယ်သူလည်း ကိုယ့်ကိုယ်ကိုယ် ခံယူရဟှူဇာ မှုဟှ။ အာရုန်ဟှူမျိုး ဘုရားသခင် ခေါ်ယူတော်မူဟှူ ဇာအားဖြင့်ဘဲ့ ခံယူရရှိနိုင်ဟှယ်။
HEB 5:5 အယ်မျိုးဘဲ့ ခရစ်တော်ဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ ရပ်ရာဟှို ကိုယ့်ကိုယ်ကိုယ် ချီးမြှော့‑က်ဟှူ ဇာမှုဘဲ့န “နန်ဟှာ ငါ့သား ဖြစ်ဟှယ်။ အယ်နေ့ဘဲ့ ငါဟှာ နန့်ရဲ့ဖ ဖြစ်လာဟှယ်” ဆိုဘီး မိန့်တော်မူဟှူ သခင်ဟှာ ခရစ်တော်ဟှို ချီးမြော့‑က်တော်မူဟှူဇာ ဖြစ်ဟှယ်။
HEB 5:6 တခြားကျမ်းလေမာလည်း “နန်ဟှာ မေလခိဇေဒက်ဟှူမျိုး ထာဝရ ယဇ်ပုရောဟိတ် ဖြစ်ဟှယ်” ဆိုဘီး ပြောဟှားဟှယ်။
HEB 5:7 ခရစ်တော်ဟှာ လူ့ဇာတိန သတ်တော်ထန်ရှား ရှိနေဟှူခီဟှ သူ့ဟှို သေရှင်းဟှနေ ကယ်တန်နိုင်ဟှူ ဘုရားသခင်နားဟှို ကြွေးကြော် မျစ်ရယ်က္လဘီး ဆုတောန်းသနားခံဟှူကြောန့် အယ်မူ ကြည်ညိုမှုအားဖြင့် ဘုရားသခင်ဟှာ နားထောန်တော်မူဟှယ်။
HEB 5:8 ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှူလည်းဘဲ့ ဆင်းရဲဒေါက်ခဟှို ခံဟှူဇာအားဖြင့် နားထောန်ရှင်း ကျိုးကြောန်းဟှို သန်ယူတော်မူဘီး၊
HEB 5:9 စောင်လင်ရှင်းဟှို ရော့‑က်ဘီးမှ ယောင်ကြည်နားထောင်ဟှူ သူလေဟှို ထာဝရကယ်တန်ရှင်း ကျေးဇူးဟှို ပြုဟှူသူ ဖြစ်တော်မူဘီး၊
HEB 5:10 မေလခိဇေဒက်ဟှူမျိုး ယဇ်ပုရောဟိတ်မန်း ဆိုဘီး ဘုရားသခင် သမုတ်ဇာဟှို ခံရလေဟှယ်။
HEB 5:11 အယ်မူ မေလခိဇေဒက်ရဲ့ ကြောန်းဟှို နို့လေ ပြောဇာဘောင်ဂီး ရှိဟှူလည်းဘဲ့ နန်းနို့လေဟှာ ဉာဏ်နဲဟှူကြောန့် ပြောပြရခတ်ဟှယ်။
HEB 5:12 တကယ်ဘဲ့ နန်းနို့လေဟှာ ခီကာလလေ ကြာလာဘီ ဖြစ်ဟှူကြောန့် ဆရာဖြစ်ဟှို ရော့‑က်သင့်ဟှူလည်းဘဲ့ ဘုရားသခင်ရဲ့ တရားတော်ဟှို ခြေခံဟှနေစဘီး သူများလေနားမာ သန်ယူရဟှို့ကြောန်း ရှိဟှူကြောန့် ကြေခဲဟှူစာဟှို စားနိုင်ဘဲန နို့ဟှိုဘဲ့ သော့‑က်ရဟှူသူ ဖြစ်ဂေ့ဟှယ်။
HEB 5:13 နို့ဟှို့ဘဲ့ သော့‑က်ဘီး သတ်ရှင်ဟှူသူဟှာ နို့စို့သားဂန်းဟှား ဖြစ်ဟှူကြောန့် ဖြောန့်မတ်ဟှူ တရားန ရင်းနှီးကျွမ်းဝမ်ရှင်း မှေ့ဟှ။
HEB 5:14 ကောန်းလော၊ ကောန်းဟှလော၊ ဆိုဇာဟှို ပိုင်းခြားဘီး သိဟှူဉာဏ်န လေ့ကျင့်ရှင်းရှိဘီး စောင်လင်ဟှူ ရွယ်ဟှာ ကြေခဲဟှူစားဇာဟှိုဘဲ့ စားဂေ့ဟှယ်။
HEB 6:1 အယ်ကြောန့် နို့လေဟှာ ခရစ်တော်န ဆိုင်ဟှူ ခြေခံသွန်သန်ချစ်လေဟှို ထားရစ်ဘီး စောင်လင်ရင့်ကျတ်ရှင်းဟှို တတ်လှမ်းဂေ့ဇို့။ သေရှင်းန ဆိုင်ဟှူကျင့်လေဟှ နောန်ဒရရှင်းလေ၊ ဘုရားသခင်ဟှို ယောင်ကြည်ရှင်းလေ၊
HEB 6:2 ဗတ္တိဇံန ဆိုင်ဟှူသွန်သန်ရှင်းလေ၊ လတ်တန်မင်္ဂလာလေ၊ သေဟှားဘီးသူလေ ရှင်ပ္လန်ထမြော့‑က်ဟှူကြောန်းလေ၊ ထာဝရပြစ်ဒန်စီရင်ဟှူ ကြောန်းရာလေဟှို ထပ်ဘီး ခြေပြုဘဲနေဂေ့ဇို့။
HEB 6:3 ဘုရားသခင် ခွမ့်ပေးမယ် ဆိုဟှာ နို့လေ အယ်မျိုးလောက်ဂေ့မယ်။
HEB 6:4 လန်းရောန်ထဲဟှို တခါရော့‑က်ဘီး၊ ကောန်းဂန် ဆုကျေးဇူးလေဟှို ဗြဲစမ်းရဘီး၊ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ခံယူဘီး၊
HEB 6:5 ဘုရားသခင်ရဲ့ ကောန်းမြတ်ဟှူ စကားတော်န နော့‑က်ကပ်ကာလ တဂိုးလေဟှို ဗြဲစမ်းရဘီးမှ၊
HEB 6:6 ရွေ့လျော့ဘီး ဖော့‑က်ပ္လန်ဟှူ သူလေဟှာ ဘုရားသခင်ရဲ့ သားတော်ဟှို သူးနို့ကိုယ်တိုင် လတ်ဝါးကပ်တိုင်မာ ကွပ်မျစ်ဘီး လူလေရှေ့မာ ကဲ့ရဲ့ရှုတ်ခ္လဟှူ သူလေဖြစ်ဟှူကြောန့် နော့‑က်ထပ် နောန်ဒရရှင်းဟှို ရော့‑က်စေနိုင်ဟှ။
HEB 6:7 ဥပမာ မ္လေဂီးဟှာ သူ့ထတ်ဟှို ခါဘီးခါ က္လဟှူ မိုးရေဟှို သော့‑က်ဘီး စိုက်ပျိုးဟှူသူလေတွပ် သီးနှံလေဟှို ဖြစ်ထွန်းစေတတ်ဟှယ် ဆိုဟှာ ဘုရားသခင်နားဟှ ကောန်းဂျီးမင်္ဂလာဟှို ခံစားရဟှယ်။
HEB 6:8 အယ်ဘေမဲ့ အယ်မ္လေဂီးဟှာ ဆူးဗန်မျိုးမျိုးဟှို ပေါက်စေဟှယ် ဆိုဟှာ သောင်းဇားမရဘဲ့ကြောန့် ကြာခန်မာ ကီရှင်းဟှိုခံရဘီး နော့‑က်ဆောင်းမာ မီးရှို့ရှင်းခံရလေဟှယ်။
HEB 6:9 ရှစ်ရဟှူ ညီကို မောန်နှမလေ နို့လေအယ်မျိုးပြောဟှူလည်းဘဲ့ နန်းနို့တွပ်ဟှ ကယ်တန်ရှင်းန ဆိုင်ဟှူဇာလေ၊ ပိုဘီး ကောန်းဟှူဇာလေန ဆိုင်ဟှယ် ဆိုဇာဟှို နို့လေ ယောင်ကြည်စိခ္လဂေ့ဟှယ်။
HEB 6:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ သန့်ရှင်းဟှူသူလေဟှို ရင်းရင်ဒူးဟှ လောက်ကျွေးပြုစုဟှူမျိုးဘဲ ခုလည်း လောက်ကျွေးပြုစုဘီး ကိုယ်တော်ရဲ့ နာမတော်ဟှို ထော့‑က်ဘီး နန်းနို့ပြဟှူ ရှစ်ရှင်းမြစ်တာလေဟှို မေ့ဟှားရလော့‑က်အောန် ဘုရားသခင်ဟှာ တရားဘဲဟှူသခင် မှုဟှ။
HEB 6:11 နန်းနို့ ယော့‑က်စီတိုင်းဟှာ မျှော်လင့်ရှင်းနဆိုင်ဟှူ စိခ္လမှု ပ္လဲ့ပ္လဲ့ဝဝရှိဂေ့ဟှို့တွပ်န အယ်မျိုး စိအားထတ်သန်ရှင်းဟှို ဆောင်းထိ ပြနိုင်ဟှို့တွပ် နို့လေလိုရှင်ပါဟှယ်။
HEB 6:12 အယ်မျိုး နန်းနို့လေဟှာ ပျင်းဂေ့ဘဲန ကြိုးစားအားထုဘီး ယောင်ကြည်ရှင်း၊ စိရှယ်ရှင်းအားဖြင့် ဂဒိတော်ဟှို မွီဆစ်ခံဟှူသူလေ ဖြစ်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
HEB 6:13 ဘုရားသခင်ဟှာ အာဗြဟံဟှို ဂဒိပေးဟှူ ခီမာ တိုင်တည်ကီဆိုဟှို့တွပ် သူ့ထတ်ကီးမြတ်ဟှူသူ မှေ့ဘဲဟှူကြောန့် ကိုယ့်ကိုယ်ကိုယ် တိုင်တည်ကီဆိုတော်မူဘီး၊
HEB 6:14 “ငါဟှာ နန့်ဟှို မြဲဒမ်းကောန်းဂျီးပေးဘီး နန့်ရဲ့ မျိုးနွယ်ဟှို ပွားများစေမယ်” ဆိုဘီး မိန့်တော်မူဟှယ်။
HEB 6:15 အယ်မျိုး အာဗြဟံဟှာ စိရှယ်ရှယ်န စောန့်နေဟှူကြောန့် ဂဒိတော်ဟှို ခံစားရလေဟှယ်။
HEB 6:16 လူလေဟှာ ကိုယ့်ထတ်ကီးမြတ်ဟှူ သူလေဟှို တိုင်တည်ကီဆိုလေ့ရှိဘီး အယ်မျိုး တည်ပြုပြောဆိုဟှူ ဂဒိသစ်စာဟှာ ရှင်းရှင်း ဂြင်းခူမှုဟှို ငြီးအေးစေတတ်ဟှယ်။
HEB 6:17 အယ်ကြောန့် ဂဒိတော်ဟှို မွီခံရဟှူသူလေဟှာ ဘုရားသခင်ရဲ့ ကြံစည်တော် ဖော့‑က်ပ္လန်ဘဲဟှူ ကြောန်းဟှို သိရဟှို့တွပ် ဘုရားသခင်ဟှာ ကီဆိုရှင်းအားဖြင့် အာမခံတော်မူလေဟှယ်။
HEB 6:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ မုသားသောင်းနိုင်ဘဲဟှူ ရာဖြစ်ဟှူ ဖော့‑က်ပ္လန်ဘီး ပ္လောန်းလဲနိုင်ဘဲဟှူ ရာနှေ့ပါးဟှို မှီပြုဘီး ကိုယ့်ရှေ့မာ ထားဟှားဟှူ မျှော်လင့်ရာဟှို ခိုလှုံဟှို့တွပ် ပ္လေးဟှူနို့လေဟှာ သတ်သာမှု ကီးကီးမားမား ရဟှို့တွပ် ဖြစ်ဟှယ်။
HEB 6:19 အယ်မျှော်လင့်ချစ်ဟှာ နို့လေရဲ့စိဝိညာဉ်တွပ် မြဲမြံ့ခိုင်ခန့်ဟှူ စိနှလောင်းရဲ့ က္လော့‑က်ဆူးဟှူမျိုး နို့လေမာရှိဘီး ဗိမာန်တော်လိုက်ကာထဲဖတ်ဟှို ဝမ်ရော့‑က်လေဟှယ်။
HEB 6:20 မေလခိဇေဒက်ဟှူမျိုး ထာဝရ ယဇ်ပုရောဟိတ်မန်းဖြစ်ဟှူ ယေရှုဟှာ နို့လေတွပ် အယ်ဌာနတော်ထဲဟှို ရှေ့ဆောန်ဘီး ဝမ်ဟှူသူဖြစ်လေဟှယ်။
HEB 7:1 အယ်မူ မေလခိဇေဒက်ဟှာ ရှာလင်မန်းဂီးဖြစ်ဘီး ဗြင့်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်ဖြစ်ဟှယ်။ သူဟှာ မန်းဂီးလေးပါးဟှို စစ်နိုင်ဘီး ပ္လန်လာဟှူ အာဗြဟံဟှို ခရီးဦးကြိုပြုဘီးဟှာ ကောန်းဂျီးပေးဟှူသူ ဖြစ်ဟှယ်။
HEB 7:2 အာဗြဟံဟှာ သူတိုက်ယူလာဟှူ အောက်စာပစ်စီးလေရဲ့ ဆယ်ဖို့တဖို့ဟှို သူ့ဟှို ပေးလှူလေဟှယ်။ (မေလခိဇေဒက် ဆိုဘီး ခေါ်ဟှူ နာမယ်ရဲ့ ဓိပါယ်ဟှာ “ဖြောန့်မတ်ရှင်းရဲ့ မန်းဂီး” ဖြစ်ဟှယ်။ သူဟှာ ရှာလင်ဗြို့ရဲ့ မန်းဂီးလည်း ဖြစ်ဟှူကြောန့် သူ့နာမယ်ဟှာ “ငြီသတ်ရှင်းရဲ့ မန်းဂီး” ဆိုဘီးလည်း ဓိပါယ်ရလေဟှယ်။)
HEB 7:3 သူ့မာ ဖလည်း မှေ့ဟှ။ မိလည်း မှေ့ဟှ။ ရှေးမျိုးရိုးစဉ်ဆစ်လည်း မှေ့ဟှ။ သတ်တာရဲ့ စလည်း မှေ့ဟှ။ ဆောင်းလည်း မှေ့ဘဲဟှ။ ဘုရားသခင်ရဲ့ သားတော်နတူဘီး ယဇ်ပုရောဟိတ်ရာမာ မြဲဒမ်း တည်လေဟှယ်။
HEB 7:4 နို့မျိုးနွယ်လေရဲ့ ထန်ရှားဟှူဖ အာဗြဟံဟှာ စစ်ပွဲဟှနေ သီးယူရလာဟှူ အောက်စာပစ်စီးလေဟှို ဆယ်ဖို့တဖို့လှူဟှူကြောန့် သူလှူဇာဟှို ခံယူဟှူ အယ်မန်းဂီးဟှာ ဖယ်လော့‑က် ကီးမြတ်မယ် ဆိုဇာဟှို ဆင်ခြင်ကေ့ဂေ့ပါ။
HEB 7:5 ယဇ်ပုရောဟိတ်ရပ်ရာဟှို ခံရဟှူ လေဝိသားလေဟှာ အာဗြဟံအမျိုးဖြစ်ဟှူ သူးနို့ရဲ့ ညီကို မောန်နှမလေလတ်ဟှ ပညတ်တရားတိုင်း ဆယ်ဖို့တဖို့ဟှို ခံယူရဟှူခွမ့် ရှိဂေ့ဟှယ်။
HEB 7:6 မေလခိဇေဒက်ဟှာ လေဝိမျိုးနွယ် မှုဘဲဟှူလည်းဘဲ့ အာဗြဟံနားဟှ ဆယ်ဖို့တဖို့လှူဟှို ခံယူဘီး ဘုရားသခင်ရဲ့ ဂဒိတော်ခံရဟှူ အာဗြဟံဟှိုလည်း ကောန်းဂျီးပေးလေဟှယ်။
HEB 7:7 ကီးဟှူသူဟှာ ငယ်ဟှူသူဟှို ကောန်းဂျီးပေးတတ်ဟှူဇာဟှို ဂြင်းခူဇာကြောန်းမှေ့ဟှ။
HEB 7:8 အယ်နေရာမာ သေတတ်ဟှူသူလေဟှာ ဆယ်ဖို့တဖို့ဟှို ခံယူလေ့ရှိဟှယ်။ အယ်မူခီမာဟှ သတ်ရှင်ဟှယ် ဆိုဘီး သတ်သေခံဟှူဇာဟှို ရဟှူသူဟှာ ဆယ်ဖို့တဖို့ဟှို ခံရဟှယ်။
HEB 7:9 အယ်ကြောန့် ဆယ်ဖို့တဖို့ခံယူဟှူ လေဝိဟှာ အာဗြဟံအားဖြင့် ဆယ်ဖို့တဖို့ဟှို ပေးလှူဟှယ် ဆိုဘီး ပြောဟှိရဟှယ်။
HEB 7:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အာဗြဟံဟှာ မေလခိဇေဒက်နတွိဟှူ ခီမာ မွီးဖွားလာမယ့်လေဝိဟှာ သူ့ဖအာဗြဟံရဲ့ ကိုယ်ထဲမာ ရှိနေဟှူကြောန့်ဖြစ်ဟှယ်။
HEB 7:11 လူလေဟှာ လေဝိနွယ်နဆိုင်ဟှူ ယဇ်ပုရောဟိတ် ရပ်ရာထတ်မာ ခြေခံဘီး ပညတ်တရားဟှို ခံရဂေ့ဟှူဖြစ်ကြောန့် အယ်မျိုးနွယ်အားဖြင့် စောင်လင်ရှင်းဟှိုရော့‑က်မယ် ဆိုဟှာ အာရုန်နတူဟှူ ယဇ်ပုယောဟိတ်မျိုးမှုဘဲန မေလခိဇေဒက်ဟှူမျိုး ယဇ်ပုရောဟိတ်ဟှာ နော့‑က်ထပ် ပေါ်ထွပ်လာဟှို့ ဖယ်မျိုးလိုအူးမယ်နူး။
HEB 7:12 ယဇ်ပုရောဟိတ်အမျိုး ပ္လောန်းလဲတတ်ဟှယ် ဆိုဟှာ ပညတ်တရားဟှာ ပ္လောန်းလဲဘဲန နေဟှ။
HEB 7:13 နို့လေရဲ့ သခင်ဘုရားဟှာ လေဝိနွယ်ဝမ် မှုဟှ၊ တခြားမျိုးနွယ်ဟှ ဆင်းသတ်ဟှူသူဖြစ်ဟှယ်။ အယ်ကြောန့် တခြားမျိုးနွယ်လေဟှာ ယဇ်ပလ္လင်ဝတ်ဟှို တယော့‑က်မှလည်း လောက်ဆောန်ဖူးဇာ မှုဟှ။
HEB 7:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့သခင်ဟှာ ယုဒမျိုးနွယ်ထဲဟှနေ ပေါ်ထွပ်လာဟှယ် ဆိုဇာ ထန်ရှားပါဟှယ်။ ယဇ်ပုရောဟိတ်ရာဟှာ ယုဒမျိုးနွယ်န စပ်ဆိုင်ဟှယ် ဆိုဇာဟှို မောရှေဟှာ တခွန်းလည်းဘဲ့ ပြောဟှ။
HEB 7:15 နော့‑က်ဘီး မေလခိဇေဒက်နတူဟှူ တခြားယဇ်ပုရောဟိတ်တပါး ပေါ်ထွပ်လာဟှယ် ဆိုဟှာ ယဇ်ပုရောဟိတ်အမျိုး ပ္လောန်းလဲဟှားဘီ ဆိုဇာ ပိုဘီး ထန်ရှားဟှယ်။
HEB 7:16 အယ်သခင်ဟှာ ကိုယ်ခန္ဓာနစပ်ဆိုင်ဟှူ ပညတ်တရားတိုင်း ခန့်ဟှားဇာမှုဘဲ ပျစ်စီးနိုင်ဘဲဟှူ ထာဝရသတ်ရဲ့ တဂိုးအာနုဘော်တော်အားဖြင့် ယဇ်ပုရောဟိတ်ရာမာ ခန့်ဟှားဇာဖြစ်ဟှယ်။
HEB 7:17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာတော်ဟှ “နန်ဟှာ မေလခိဇေဒက်ဟှူမျိုး ထာဝရ ယဇ်ပုရောဟိတ် ဖြစ်ဟှယ်” ဆိုဘီး သတ်သေခံဟှားလေဟှယ်။
HEB 7:18 ရင်းရင်ဒူးဟှ ပညတ်ဟောင်းဟှာ အားနဲဘီး ဖယ်သူ့ဟှိုမှလည်း စောင်လင်ရှင်းဟှို ရော့‑က်စေနိုင်ဘဲကြောန့် ပယ်ဖျစ်ဟှူ ဇာဟှို ခံရဟှယ်။
HEB 7:19 မောရှေရဲ့ ပညတ်တရားဟှာ အားမှေ့ဘဲ ကျိုးဟှိုပေးနိုင်ဘဲကြောန့် ဖယ်ရှားဟှူဇာဟှို ခံရဟှယ်။ အယ်ဘေမဲ့ ခုခီမာ နို့လေဟှာ အယ်ပညတ်တရားထတ် ပိုဘီး ကောန်းဟှူ မျှော်လင့်ရှင်းခွမ့် ရဘီဖြစ်ဟှူကြောန့် အယ်မူ မျှော်လင့်ရှင်းအားဖြင့် ဘုရားသခင် နားဟှို တိုးဝမ်ချဉ်းကပ်ဂေ့ဟှယ်။
HEB 7:20 အယ်လော့‑က်နမကဟှ အယ်မူမှုရာဟှာ ဂဒိသစ်စာ ပြုဟှူဇာပါဘဲန ဖြစ်လာဟှူဇာ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တခြား ယဇ်ပုရောဟိတ်လေဟှာ ဂဒိသစ်စာပြုဟှူ ဇာပါဘဲ ယဇ်ပုရောဟိတ်လေ ဖြစ်လာဂေ့ဟှယ်။
HEB 7:21 ကိုယ်တော့်ဟှို မိန့်တော်မူဟှူဇာဟှ “ ‘နန်ဟှာ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်ရမယ်’ ဆိုဘီး ဘုရားသခင် ဂဒိပေးတော်မူဟှူကြောန့် ကိုယ်တော်ဟှာ သူ့ရဲ့ ဂဒိဟှို ပ္လောန်းလဲလေ့မယ် မူဟှ” ဆိုဘီး ဂဒိသစ်စာပြုဘီး ကိုယ်တော့်ဟှို မိန့်တော်မူဟှူ ဇာအားဖြင့် ယဇ်ပုရောဟိတ် ဖြစ်လာဟှယ်။
HEB 7:22 အယ်မျိုး ကွာခြားမှုရှိဟှူကြောန့် ယေရှုဟှာ ပိုဘီး မြတ်ဟှူ ပဋိညာဉ်တရားသစ်ရဲ့ အာမခံ ဖြစ်တော်မူဟှယ်။
HEB 7:23 တခြား ယဇ်ပုရောဟိတ်လေဟှာ သေရှင်းတရားအားဖြင့် တာဝန်ဟှို ဆစ်ဘီး ထမ်းဆောန်နိုင်ဘဲဟှူကြောန့် ယဇ်ပုရောဟိတ်လေ တဘောင်ဂီး ဖြစ်လာဂေ့ဟှယ်။
HEB 7:24 အယ်ဘေမဲ့ ယေရှုဟှာ နိစ္စထာဝရ သတ်ရှင်ဟှူကြောန့် ပ္လောန်းလဲဘဲဟှူ ယဇ်ပုရောဟိတ်ရာဟှို ရရှိလေဟှယ်။
HEB 7:25 အယ်ကြောန့် ကိုယ်တော်ဟှာ သူ့အားဖြင့် ဘုရားသခင်နားဟှို ချဉ်းကပ်ဟှူ သူလေဟှို ပ္လဲ့ပ္လဲ့ဝဝ ကယ်တန်နိုင်လေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ အယ်သူလေတွပ် ဘုရားသခင်နားမာ သနားခံဟှို့တွပ် ထာဝရ သတ်ရှင်တော်မူဟှူကြောန့် ဖြစ်ဟှယ်။
HEB 7:26 အယ်မျိုး ယဇ်ပုရောဟိတ်မန်းဟှာ သန့်ရှင်းစင်ကြယ်ဘီး ညစ်ကျေးမှေ့ဘဲ ပြစ်ရှိဟှူ သူလေန ဆစ်ဆံဘဲဟှိ ကောန်းဂန်သားလေထတ် မြင့်မြတ်ဟှူ သူဖြစ်ဟှူကြောန့် နို့လေန သင့်တော်လေဟှယ်။
HEB 7:27 တခြား ယဇ်ပုရောဟိတ်မန်းလေဟှာ ကိုယ့်ပြစ်တွပ်န သူများပြစ်လေတွပ် နေ့တိုင်း ယဇ်ပူဇော်ရဟှူမျိုး အယ်သခင်ဟှာ ယဇ်ပူဇော်ဇာကြောန်း မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ကိုယ်ဟှိုသူ တခါဒဲန ပီးဆောင်းအောန် ယဇ်ပူဇော်ဟှူ ဇာအားဖြင့် အယ်မူ မှုဟှို ပီးစီးစေတော်မူဟှယ်။
HEB 7:28 မောရှေရဲ့ ပညတ်တရားဟှာ အားနဲဘီး စောင်လင်ဘဲဟှူ သူလေဟှို ယဇ်ပုရောဟိတ်ရာမာ ခန့်ဟှားဟှယ်။ အယ်ဘေမဲ့ ပညတ်တရားနော့‑က်မာ ထာဝရ ကာလပတ်လောင်း စောင်လင်တော်မူဟှူ သားတော်ဟှို ယဇ်ပုရောဟိတ်မန်းဖြစ် ကီဆိုတော်မူဟှူ ဗျာဒိတ်တော်အားဖြင့် ခန့်ဟှားတော်မူဟှယ်။
HEB 8:1 ခုပြောဟှူ ကြောန်းရာလေရဲ့ ဓိကချစ်ဟှ အယ်မျိုး ယဇ်ပုရောဟိတ်မန်းဟှာ နို့လေမာရှိဟှယ်။ ကောန်းဂန်ဘောင်မာ အနန္တတဂိုးရှင်ရဲ့ ပလ္လင်တော် ညာဖတ်မာ ထိုင်နေတော်မူဘီးဟှာ၊
HEB 8:2 လူလေဆော့‑က်ဟှူ ဇာမှုဘဲ ဘုရားသခင် ဆော့‑က်တော်မူဟှူ၊ တဲတော်စစ်မှန်ဖြစ်ဟှူ သန့်ရှင်းရာဌာနထဲမာ ကိုယ်တော်ဟှာ မှုဆောန်တော်မူလေဟှယ်။
HEB 8:3 ယဇ်ပုရောဟိတ်မန်းဆိုဇာဟှာ ပူဇော်သက္ကာန ယဇ်ဟှိုပူဇော်ဟှို့တွပ် ခန့်ဟှားသူဖြစ်ဟှူကြောန့် နို့လေရဲ့ ယဇ်ပုရောဟိတ်မန်းမာလည်း ပူဇော်ဆစ်သဟှို့တွပ် ယဇ်တခုခုရှိရဟှယ်။
HEB 8:4 ကိုယ်တော်ဟှာ အယ်လောက မ္လေဂီးထတ်မာရှိမယ် ဆိုဟှာ ယဇ်ပုရောဟိတ် လောက်ဇာကြောန်း မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပညတ်တရားတိုင်း ပူဇော်သက္ကာဟှို ဆစ်ကပ်ဟှူ ယဇ်ပုရောဟိတ်လေဟှာ လောကမာ တဘောင်ဂီး ရှိဂေ့ဟှူကြောန့်ဖြစ်ဟှယ်။
HEB 8:5 မောရှေဟှာ တဲတော်ဟှို ဆော့‑က်ဟှို့လောက်ဟှူခီဟှ “တောန်ထတ်မာ နန့်ဟှို ငါပြဟှူပေါင်စံတိုင်း ဂူလောင်းဟှို လောက်ဟှို့တွပ် ဒိပြုပါ” ဆိုဘီး ဗျာဒိတ်တော်ဟှို ခံရဟှူဇာဖြစ်ဟှူကြောန့် အယ်မူ ယဇ်ပုရောဟိတ်လေဟှာ ကောန်းဂန်ထတ်မာရှိဟှူ ရာလေရဲ့ နမူနာ ပေါင်ရိနဆိုင်ဟှူ ဝတ်ဟှို စေခံလောက်ဆောန်နေဂေ့ဇာ ဖြစ်ဟှယ်။
HEB 8:6 အယ်ဘေမဲ့ ခုခီမာ ယေရှုဟှာ ပိုဘီး မြတ်ဟှူ ဂဒိတော်လေနတည်ဘီး ပိုဘီး မြတ်ဟှူ ပဋိညာဉ်တရားရဲ့ အာမခံဖြစ်ဟှူကြောန့် ပိုဘီး မြတ်ဟှူ ယဇ်ပုရောဟိတ်ခွမ့်ရာဟှို ရတော်မူဟှယ်။
HEB 8:7 တကယ်ကြောန့် ပထမပဋိညာဉ်တရားဟှ ပြစ်တန်ခွမ့်န လွတ်ကင်းမယ် ဆိုဟှာ ဒုတိယပဋိညာဉ်တရားဟှာ တည်ဟှို့လိုအပ်ဟှ။
HEB 8:8 အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့လူမျိုးလေဟှို ပြစ်တန်ဘီး မိန့်တော်မူဟှူဇာဟှ “ဣသရေလမျိုးသားန ယုဒမျိုးသားလေတွပ် ပဋိညာဉ်တရားသစ်ဟှို ငါပြုဟှူခီကာလ ရော့‑က်လေ့မယ်။
HEB 8:9 အယ်ပဋိညာဉ်ဟှာ သူးနို့ဘိုးဘေးလေဟှို အဲဂုတ္တုပြည်ဟှနေ လတ်ဆွဲဘီး ငါခေါ်ဆောန်လာဟှူခီဟှ သူးနို့လေဟှို ပေးဖူးဟှူ ပဋိညာဉ်နတူဟှို့ မှုဟှ။ သူးနို့လေဟှာ ငါပေးဟှူပဋိညာဉ်န တည်ဂေ့ဘဲကြောန့် ငါ ဘုရားသခင်လည်း သူးနို့လေဟှို ကေ့ရှုဘဲနေဟှယ်။
HEB 8:10 နော့‑က်တခီမာ ဣသရေလမျိုးသားလေဟှို ငါပေးမယ့် ပဋိညာဉ်တရားဟှ ငါဘုရားသခင်ဟှာ ငါ့ပညတ်လေဟှို သူးနို့လေရဲ့စိဝိညာဉ်ထဲဟှို သွမ်းမယ်။ သူးနို့လေရဲ့ နှလောင်းမာ ရေးဟှားမယ်။ ငါဟှာ သူးနို့လေရဲ့ ဘုရားဖြစ်ဘီး သူးနို့လေဟှာ ငါ့ရဲ့လူမျိုးတော် ဖြစ်ဂေ့လေ့မယ်။
HEB 8:11 ဖယ်သူလေဟှမှ ကိုယ့်မျိုးသားရှင်းဘဲ့ဖြစ်ဖြစ်၊ ညီကိုရှင်းရှင်းဟှဘဲ့ဖြစ်ဖြစ်၊ ‘ဘုရားသခင်ဟှို သိဘဲ့လော’ ဆိုဘီး သွန်သန်ပေးဟှို့လိုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငယ်ဆောင်းဟှနေဘီး ကီးဆောင်းထိ အယ်သူလေ ဂူလောင်းဟှာ ငါ့ဟှို သိကျွမ်းဂေ့လေ့မယ်။
HEB 8:12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ သူးနို့ရဲ့ ပြစ်လေဟှို သီးခံမယ်။ သူးနို့လေရဲ့ တရားဘဲဟှူ ဇာလေဟှို အော့‑က်မေ့ဘဲန နေမယ်” ဆိုဘီး မိန့်တော်မူဟှယ်။
HEB 8:13 ဘုရားသခင်ဟှာ ပဋိညာဉ်သစ် ဆိုဘီး မိန့်တော်မူဟှူဇာဟှ ပထမပဋိညာဉ်တရားဟှို ဟောန်းစေတော်မူကြောန့် ဖြစ်ဟှယ်။ ရွေ့လျော့ဘီး ဟောန်းနွမ်းဟှားဟှူ ဇာဟှာ ကြာခန်မာ ပျော့‑က်ကွယ်ဟှားလေ့မယ်။
HEB 9:1 တနည်းဟှ ပထမပဋိညာဉ်တရားဟှာ ဝတ်ပြုရှင်းနဆိုင်ဟှူ စီရင်ပြဌာန်းချစ်ဘဲ့ဖြစ်ဖြစ်၊ လောကီ သန့်ရှင်းရာဌာနတော်နဖြစ်ဖြစ် စပ်ဆိုင်လေဟှယ်။
HEB 9:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တဲတော်ဟှို ပြင်ဆင်ရာမာ သန့်ရှင်းဆောင်းဌာန ဆိုဘီး ခေါ်ဟှူ ပထမခန်းထဲမာ ဆီမီးခေါင်၊ ဗွဲ၊ ရှေ့တော်မုန ပြင်ဆင်ဟှားလေဟှယ်။
HEB 9:3 ဒုတိယ လိုက်ကာနော့‑က်မာ ရရာတိုင်း သန့်ရှင်းဆောင်းတဲတော် ဆိုဘီး ခေါ်ဟှူ ခန်းရှိဟှယ်။
HEB 9:4 အယ်ထဲမာ နံ့သာလေဟှို မီးရှို့ဟှူ ရွှေယဇ်ပလ္လင်န ရွှေနမွန်းမံဟှားဟှူ ပဋိညာဉ်သစ်တာရှိဟှယ်။ အယ်သစ်တာထဲမာ မန္နမုထဲ့ဟှားဟှူ ရွှေအိုး၊ ဖူးထွပ်ဟှူ အာရုန်ရဲ့လှံတံန ပဋိညာဉ် က္လော့‑က်ပ္လားလေရှိဟှယ်။
HEB 9:5 အယ်မူ သစ်တာထတ်မာ ဖောင်းကီးဟှူ ခေရုဗိမ်လေဟှာ ပြစ်ဖြေရာပလ္လင်ဟှို အောက်မိုးဟှားဂေ့ဟှယ်။ အယ်ရာလေဟှို ခု သေးသေချားချာ ပြောပြဟှို့ မရဟှ။
HEB 9:6 အယ်မျိုး ရှိမျှဂူလောင်းလေဟှို ပြင်ဆင်ဘီးခီမာ ယဇ်ပုရောဟိတ်လေဟှာ တဲတော် ပထမခန်းထဲဟှိုဝမ်ဘီး ဝတ်ပြုဟှူမှုရာဟှို နေ့တိုင်း လောက်ဆောန်ရဂေ့ဟှယ်။
HEB 9:7 အယ်ဘေမဲ့ ဒုတိယခန်းထဲဟှို ယဇ်ပုရောဟိတ်မန်း တပါးဒဲဘဲ့ သူ့တွပ်န သူများလေရဲ့ပြစ်တွပ် ပူဇော်ဟှူ သွီးဟှိုယူဘီး တနှစ်မာ တခါဒဲဘဲ့ ဝမ်ရလေဟှယ်။
HEB 9:8 တဲတော်ရဲ့ ပထမခန်း ရှိနေဟှူ ကာလပတ်လောင်း သန့်ရှင်းဆောင်းဌာနတော်ဟှို သွားဟှူလမ်း ပွမ့်သေးဘဲကြောန်းဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ အယ်ဇာအားဖြင့် ရိဟှို ပေးလေဟှယ်။
HEB 9:9 အယ်တဲတော်ဟှာ မျစ်မှော့‑က်ကာလပတ်လောင်းတွပ် ပေါင်ဥပမာ ဖြစ်ဘီး ပူဇော်ဟှူ ပူဇော်သကာန ယဇ်လေဟှာ ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ထော့‑က်မယ် ဆိုဟှာ ဝတ်ပြုဟှူသူဟှို စောင်လင်ဟှူ ကျိုးဟှို ပေးနိုင်ဘဲကြောန်းဟှို ဖော်ပြဟှူဇာ ဖြစ်ဟှယ်။
HEB 9:10 အယ်မူဇာလေဟှာ စားဇာ၊ သော့‑က်ဇာန ဆေးကြောရှင်း ဘောန်းဇောင်ဖြစ်ဟှူ၊ ကိုယ်ခန္ဓာနဆိုင်ဟှူ စီရင်ထောင်းဖွဲ့လေနတူးဒူ သစ်ပြုပြင်ဟှူ ကာလထိဘဲ့ တည်ရှိနေဇာဖြစ်ဟှယ်။
HEB 9:11 ခုဆိုဟှာ လူ့လတ်န လောက်ဘဲ၊ အယ်လောကနဆိုင်ဘဲ ပိုဘီး ကောန်းမြတ် စောင်လင်ဟှူ တဲတော်မာ ရော့‑က်လာပီးဘီဖြစ်ဟှူ နော့‑က်မင်္ဂလာကျိုးလေရဲ့ ယဇ်ပုရောဟိတ် မန်းဂီးဖြစ်ဟှူ ခရစ်တော်ဟှာ၊
HEB 9:12 နို့လေတွပ် ဘဲ့သွီး၊ နွားသားဂန်းရဲ့ သွီးနမှုဘဲ သူ့ရဲ့ သွီးတော်န သန့်ရှင်းဆောင်း ဌာနထဲဟှို တခါဒဲ ဝမ်တော်မူဘီး ထာဝရ ဝီးနှုကယ်တန်ရှင်း ကျေးဇူးဟှို သတ်ရော့‑က်စေ လေဟှယ်။
HEB 9:13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ညစ်ကျေးရှိဟှူ သူလေဟှို ဖျန်းဟှူ နွားသွီး၊ ဘဲ့သွီး၊ နွားမဒန်းဟှားရဲ့ ပ္လာဟှာ သူးနို့လေရဲ့ ကိုယ်ကာယဟှို စင်ကြယ်သန့်ရှင်းမှု ပေးနိုင်မယ် ဆိုဟှာ၊
HEB 9:14 အယ်လော့‑က်နမကဟှ ပြစ်တန်ဇာမှေ့ဘဲဟှူ ကိုယ်တော့်ဟှို ထာဝရ ဝိညာဉ်တော်အားဖြင့် ဘုရားသခင် ရှေ့တော်နှိုက် တန်လှူပူဇော်ဟှူ ခရစ်တော်ရဲ့ သွီးတော်ဟှာ သေရှင်းန စပ်ဆိုင်ဟှူ ကျင့်ဟှို ပယ်ရှင်းဘီး နန်းနို့လေဟှာ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို ဝတ်ပြုဟှို့ကြောန်းကြောန့် ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကြည်လင် သန့်ရှင်းစေဟှို့တွပ် ပိုဘီး တတ်နိုင်တော်မူဟှယ် မှုဟှလော။
HEB 9:15 အယ်ကြောန့် ပထမ ပဋိညာဉ်တရား လတ်ထတ်မာ ပြစ်မှားဟှူ ပြစ်ဟှိုလည်း လွတ်ဟှို့တွပ် ခရစ်တော်ဟှာ ကြားဝမ်စေ့စပ်ဘီး သေခံတော်မူဟှူကြောန့် ခေါ်တော်မူဟှူ သူလေဟှာ ဂဒိတော်နယှဉ်ဟှူ ထာဝရမွီဟှို ခံရဟှို့တွပ် အယ်သခင်ဟှာ ပဋိညာဉ်တရားသစ်ရဲ့ အာမခံ ဖြစ်တော်မူဟှယ်။
HEB 9:16 မွီခံရဟှို့ ခွမ့်ဟှို ပေးဘီး စာချောက်ချောက်ဟှူ မူရာမာလည်း စာချောက်တည်ဟှယ် ဆိုဟှာ စာချောက်ချောက်ဟှူ သူဟှာ တကယ်သေဟှားဘီ ဖြင့်ဟှူကြောန်း ထော့‑က်ထားပြဟှို့ လိုအပ်ဟှယ်။
HEB 9:17 တကယ်ကြောန့် သတ်ရှင်နေသေးဟှာ အယ်စာချောက်ဟှာ တည်ဟှ သေမှဘဲ့ တည်ဟှူဇာ ဖြစ်ဟှယ်။
HEB 9:18 အယ်ကြောန့် ပထမ ပဋိညာဉ်တရားဟှိုမှ စီရင်ဟှူ ခီမာ သွီးန လွတ်ကင်းဘီး စီရင်ဟှူဇာ မှုဟှ။
HEB 9:19 တရားတော်မာပါဟှူ ပညတ်လေဟှို မောရှေဟှာ လူလေရှိဟှူမျှဟှို ဟောပြောဘီးမှ ရေနရောဟှားဟှူ နွားသားဂန်းသွီးန ဘဲ့သွီးဟှို ယူဘီး နီရောန်ဆိုးဟှားဟှူ သိုးမွီးန ဟုဿုပ်ဗန်ခတ်အားဖြင့် ကျမ်းစာလိန လူလေဟှို ဖျန်းဘီး၊
HEB 9:20 “အယ်သွီးဟှာ နန်းနို့ဟှို ဘုရားသခင် ဝန်ခံတော်မူဟှူ ပဋိညာဉ်ရဲ့ သွီးဖြစ်ဟှယ်” ဆိုဘီး ပြောဆိုဟှယ်။
HEB 9:21 အယ်ဘီးန တဲတော်န ဝတ်ပြုဟှူ တန်ဆာလေ ရှိဟှူမျှဟှိုလည်း အယ်မျိုးဘဲ့ သွီးန ဖျန်းလေဟှယ်။
HEB 9:22 ပညတ်တရားတိုင်းဘဲ့ ရှိမျှဂူလောင်းဟှို ကူအောန် သွီးအားဖြင့် စင်ကြယ်စေရဟှယ်။ သွီးသွန်းလောင်းရှင်း မှေ့ဘဲနေဟှာ ပြစ်လွှတ်ရှင်း မှေ့ဟှ။
HEB 9:23 အယ်ကြောန့် ကောန်းဂန်ဘောင်မာ ရှိဟှူဇာလေရဲ့ ပေါင်လေဟှို အယ်မျိုး ယဇ်ပူဇော်ဟှူ ဇာအားဖြင့် စင်ကြယ်စေရဟှူ ဖြစ်ကြောန့် ကောန်းဂန်မာရှိဟှူ ဇာလေဟှို ပိုဘီး မြတ်ဟှူ ယဇ်ပူဇော်ဟှူ ဇာအားဖြင့် စင်ကြယ်စေရဟှူ ဇာဖြစ်ဟှယ်။
HEB 9:24 အယ်မျိုးတိုင်းဘဲ့ စစ်မှန်ဟှူ သန့်ရှင်းဟှူ ဌာနလေရဲ့ ပေါင်ဖြစ်ဟှူ၊ လူ့လတ်န လောက်ဟှူ သန့်ရှင်းဆောင်း ဌာနထဲဟှို ခရစ်တော်ဝမ်ဘဲန နို့လေတွပ်ကြောန့် ခု ဘုရားသခင်ရဲ့ ရှေ့တော်မာ ကိုယ်ဟှို ပြဟှို့တွပ် ကောန်းဂန်ကိုယ်ထဲဟှို ဝမ်တော်မူဘီ။
HEB 9:25 ယဇ်ပုရောဟိတ်မန်းဟှာ သန့်ရှင်းဆောင်း ဌာနထဲဟှို လိဆန်လေရဲ့ သွီးန နှစ်စဉ်နှစ်တိုင်း ဝမ်ရဟှူမျိုး ခရစ်တော်ဟှာ သူ့ရဲ့ ကိုယ်ဟှို ခါဘီးခါ ပူဇော်ရဟှူဇာ မှုဟှ။
HEB 9:26 အယ်မျိုးဘဲ့ ပူဇော်ရမယ် ဆိုဟှာ ကမ္ဘာဦးဟှနေစဘီး ခါပေါန်းမြော့‑က်များစွာ သေခံရလေ့မယ်။ ခုဆိုဟှာ အယ်ကပ်ကာလဆောင်းမာ တခါဒဲ ကိုယ်ဟှို ပူဇော်ရှင်းအားဖြင့် ပြစ်ရှိဟှူမျှဟှို ဖယ်ရှားဟှို့တွပ် ပေါ်ထွပ်တော်မူလေဟှယ်။
HEB 9:27 လူဟှာ တခါဘဲ့ သေရဘီး အယ်ဘီးန တရားစီရင်ဇာဟှို ခံရဟှူမျိုး၊
HEB 9:28 ခရစ်တော်ဟှာ လူလေပြစ်ဟှို ဖြေလွှတ်ဟှို့တွပ် ကိုယ်ဟှို တခါဒဲပူဇော်ဘီးမှ နော့‑က်တခါ အယ်သခင်ဟှို မျှော်လင့်ဘီး နေဟှူသူလေဟှို ကယ်တန်ဟှို့တွပ် ပြစ်နဆိုင်ဘဲန ပေါ်ထွပ်တော်မူလေ့မယ်။
HEB 10:1 ပညတ်တရားဟှာ နော့‑က်ဖြစ်လာမယ့် ကောန်းကျိုးလေရဲ့ ရိလော့‑က်ဘဲ့ဖြစ်ဘီး အယ်မူဇာလေဟှာ ပေါင်သဏ္ဌာန် စစ်မှန်မှုဘဲဟှူကြောန့် နှစ်စဉ်မပြတ် ပူဇော်ဟှူ ယဇ်အားဖြင့် ကိုယ်တော်နားဟှို ချဉ်းကပ်ဟှူ သူလေဟှို စောင်လင်စေနိုင်ဟှ။
HEB 10:2 တကယ်ဟှိ စောင်လင်စေနိုင်ဟှယ် ဆိုဟှာ ဝတ်ပြုဟှူ သူလေဟှာ တခါဒဲန စင်ကြယ်ရှင်းဟှို ရော့‑က်ဘီးမှ နော့‑က်ထပ် ပြစ်ရှိနေသေးဟှယ် ဆိုဘီး သံဝေဂတရား ရဇာကြောန်း လောင်းဝမှေ့ဘဲကြောန့် အယ်ယဇ်လေဟှို တခါဒဲ ပူဇော်ဘီးဟှာ နော့‑က်ထပ် ပူဇော်ဘဲန နေမယ်မှုဟှလော။
HEB 10:3 ခုဆို ယဇ်ပူဇော်ရှင်းအားဖြင့် ပြစ်လေဟှိုဘဲ့ နှစ်စဉ်နှစ်တိုင်း ပ္လန်အော့‑က်မေ့ ဒိရစေဟှယ်။
HEB 10:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နွားသွီး၊ ဘဲ့သွီးဟှာ ပြစ်လေဟှို ဖယ်ရှားပေးနိုင်ဘဲကြောန့် ဖြစ်ဟှယ်။
HEB 10:5 အယ်ကြောန့် ခရစ်တော်ဟှာ အယ်လောကဟှို ဆင်းကြွလာဟှူ ခီမာ၊ “ကိုယ်တော်ဟှာ ယဇ်န ပူဇော်သကာဟှို လိုတော်မှေ့ဘဲကြောန့် ကျွန်တော့်တွပ် ကိုယ်ခန္ဓာဟှို ပြင်ဆင်တော်မူဘီ။
HEB 10:6 ကိုယ်တော်ဟှာ မီးရှို့ရာယဇ်န ပြစ်ဖြေရာယဇ် ရှိဟှူမျှဟှို နှစ်သက်တော်မူဟှ။
HEB 10:7 အယ်ခီမာ ကျွန်တော်ဟှ ကျမ်းစာလိမာ ကျွန်တော်ဟှို ရည်ရွယ်ဘီး ရေးဟှားတိုင်း ‘အို၊ ဘုရားသခင် ကျွန်တော်ဟှာ ကိုယ်တော်ရဲ့ လိုတော်ဟှို ဆောန်ဟှို့တွပ် ကျွန်တော် လာပါဟှယ်’ ကျွန်တော်ဝန်ခံပါဟှယ်” ဆိုဘီး လျှော့‑က်ဆိုလေဟှယ်။
HEB 10:8 ပထမနေန “ကိုယ်တော်ဟှာ ပညတ်တရားအရ ပူဇော်ဟှူ ရာလေဖြစ်ဟှူ ယဇ်ကောန်န ပူဇော်သကာလေ၊ မီးရှို့ရာယဇ်န ပြစ်ဖြေရာ ယဇ်လေရှိဟှူမျှဟှို လိုတော်မှေ့ဟှ နှစ်သက်တော်မူရှင်းလည်း မှေ့ဟှ” ဆိုဘီး ဆိုဟှယ်။
HEB 10:9 အယ်ဘီးန “အို၊ ဘုရားသခင် ကျွန်တော်ဟှာ ကိုယ်တော်ရဲ့ လိုတော်ဆောန်ဟှို့တွပ် လာပါဟှယ်” ဆိုဘီး ပြောရာမာ ဒုတိယ ယဇ်ပူဇော်ရှင်းဟှို တည်စေဟှို့တွပ် ပထမ ယဇ်ပူဇော်ရှင်းဟှို ပယ်လေဟှယ်။
HEB 10:10 အယ်လိုတော်တိုင်းဘဲ့ ယေရှုခရစ်ရဲ့ ကိုယ်ခန္ဓာဟှို တခါဒဲပူဇော်ဟှူ ဇာအားဖြင့် နို့လေဟှာ စင်ကြယ်ရှင်းဟှို ရော့‑က်ဂေ့လေဟှယ်။
HEB 10:11 ယဇ်ပုရောဟိတ် ဆိုဇာဟှ နေ့တိုင်းဝတ်ပြုဘီး ပြစ်လေဟှို ဖြေနိုင်ဘဲဟှူ ယဇ်ဟှို ခါဘီးခါ ပူဇော်နေရဟှယ်။
HEB 10:12 အယ်ဘေမဲ့ ခရစ်တော်ဟှာ ပြစ်ဟှိုဖြေဟှို့တွပ် ယဇ်တခုဒဲဟှို ပူဇော်ဘီးဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ မြဲဒမ်းထိုင်ဘီး
HEB 10:13 သူ့ရဲ့ ရန်သူလေဟှို သူ့ခေအော့‑က်ဟှို ခ္လဟှားခန်ခီထိ မျှော်လင့်ဘီး နေတော်မူဟှယ်။
HEB 10:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ကိုယ့်ကိုယ်ကိုယ် တခါဒဲပူဇော်ဟှူ ဇာအားဖြင့် သန့်ရှင်းရှင်းခံရဟှူ သူလေဟှို ထာဝရစောင်လင် စေတော်မူဟှယ်။
HEB 10:15 သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ နို့လေဟှို သတ်သေခံဟှူဇာဟှ၊
HEB 10:16 “နော့‑က်ကာလမာ သူးနို့လေဟှို ငါပေးဟှူ ပဋိညာဉ်တရားဟှ ငါဘုရားသခင်ဟှာ ငါ့ပညတ်လေဟှို သူးနို့လေရဲ့ စိနှလောင်းထဲဟှို သွမ်းပေးမယ်။ သူးနို့လေရဲ့ စိဝိညာဉ်ထတ်မာ ရေးဟှားမယ်” ဆိုဘီး မိန့်တော်မူဘီးန
HEB 10:17 နော့‑က်ထပ် “သူးနို့လေရဲ့ ပြစ်မှားရှင်းန လွန်ကျူးရှင်း ဘောန်းဇောင်ဟှို အော့‑က်မေ့ဘဲန နေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
HEB 10:18 အယ်ပြစ်လေဟှို လွှတ်ဘီးဟှာ နော့‑က်တခါ ပြစ်ဖြေဟှူ ပူဇော်သကာလေဟှို ဆစ်သဟှို့ လိုဟှမ်း။
HEB 10:19 အယ်ကြောန့် ညီကို မောန်နှမလေ ယေရှုရဲ့ သေခံတော်မူရှင်းအားဖြင့် နို့လေဟှာ သန့်ရှင်းဆောင်း ဌာနတော်ထဲဟှို သွီးတော်ဟှို မှီပြုဘီး ဆီးတားမှေ့ဘဲ ဝမ်ခွမ့်ရဂေ့ဟှယ်။
HEB 10:20 အယ်သွီးတော်အားဖြင့် ကိုယ်တော်ဟှာ သူ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှူ လိုက်ကာဟှနေဘီး ဘုရားသခင်ရဲ့ ရှေ့တော်ဟှို ရော့‑က်ဟှူ သတ်လမ်းသစ်ဟှို ဖွမ့်ပေးတော်မူဘီ။
HEB 10:21 အယ်လော့‑က်နမကဟှ နို့လေမာ ဘုရားသခင်ရဲ့ အီတော်ဟှို အောက်စိုးဟှူ ယဇ်ပုရောဟိတ်မန်း ရှိဟှူဖြစ်ကြောန့်
HEB 10:22 နို့လေရဲ့ စိနှလောင်းဟှို ဆိုးညစ်ဟှူ စိသဘောန ကင်းစေဟှို့တွပ် ပတ်ဖျမ်းရှင်းဟှို ခံယူဘီး ကိုယ်ခန္ဓာဟှိုလည်း စင်ကြယ်ဟှူ ရေအားဖြင့် ဆေးကြောဘီး ယောင်ကြည်ရှင်းနဆိုင်ဟှူ စိခ္လမှု ပ္လဲ့ပ္လဲ့ဝဝန မှန်ကန်ဟှူ စိနှလောင်းအားဖြင့် ဘုရားသခင်နားဟှို တိုးဝမ်ဂေ့ဇို့။
HEB 10:23 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဂဒိထားတော်မူဟှူ သူဟှာ သစ်စာန ပ္လဲ့ဇောင်တော်မူဟှူကြောန့် ဖော့‑က်ပ္လန်ဘီး ယီးယိုင်သွားဘဲ နို့လေဝန်ခံဟှူ မျှော်လင့်ရှင်းဟှို စွဲစွဲမြဲမြဲဆုပ်ကိုင်ဟှားဂေ့ဇို့။
HEB 10:24 နို့လေဟှာ မြစ်တာထားဟှို့န ကောန်းဟှူကျင့်ဟှို ကျင့်စေဟှို့တွပ် ယော့‑က်ဟှိုယော့‑က် ဖြားမျိုး တိုက်တွန်း နှိုးဆော်ရမယ် ဆိုဇာဟှို ဆင်ခြင်ဂေ့ဇို့။
HEB 10:25 လူတချို့ ထောင်းဇံရှိဟှူတိုင်း ရှင်းရှင်းစည်းဝေးရှင်းဟှို ရှောန်လွှဲဘဲနေဟှို့တွပ် ရှင်းရှင်း အားပေးဘီး တိုက်တွန်း နှိုးဆော်ဂေ့ဇို့။ ခီကာလ နီးလာဇာဟှို ထော့‑က်ဘီး ပိုဘီး ကြိုးစားဂေ့ဇို့။
HEB 10:26 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သမ္မာတရားဟှို သိဘီးမှ ကိုယ့်လိုဟှို လိုက်ဘီး ပ္လန်ပြစ်မှားမယ် ဆိုဟှာ နော့‑က်ထပ် ပြစ်ဖြေဟှို့ယဇ်ဟှို ပူဇော်ခွမ့်မှေ့ဘဲ၊
HEB 10:27 ရရာတိုင်း ပြင်းထန်ဟှူ ဒန်စီရင်ရှင်းဟှို ခံရမယ် ဆိုဘီး ကြော့‑က်ဇာကောန်းဟှူဇာဟှို မျှော်လင့်ရဟှူကြောန်း ရှိဟှူကြောန့် ငြင်းဆန်ဟှူ သူလေဟှို ဖျစ်ဆီးဟှို့တွပ် ဘုရားသခင်ရဲ့ မျစ်တော်မီးလောန်ဇာဟှို ခံရဟှို့ကြောန်းရှိဟှယ်။
HEB 10:28 မောရှေရဲ့ ပညတ်တရားဟှို ပယ်ဟှူသူဟှာ သတ်သေခံ နှေ့ယော့‑က်၊ သောင်းယော့‑က် ရှိဟှယ် ဆိုဟှာ သနားညှာတာရှင်းဟှို ခံရဘဲန သေခံရဟှယ်။
HEB 10:29 အယ်လော့‑က်နမကဟှ ဘုရားသခင်ရဲ့ သားတော်ဟှို ခေနနန်းဘီး ကိုယ့်ဟှို စင်ကြယ်စေဟှူ ပဋိညာဉ်တရားရဲ့ သွီးတော်ဟှို စင်ကြယ်ဘဲဟှူဇာ ဆိုဘီး ထန်မှတ်ဘီးဟှာ ဆုကျေးဇူးဟှို ပေးဟှူ ဝိညာဉ်တော်ဟှို ထီမဲ့မြင်ပြုဟှူ သူဟှာ ဖယ်မျှလော့‑က်ကီးဟှူ ဒန်ဟှို ခံရမယ်ဆိုဇာ နန်းနို့လေ ဖယ်မျိုးထန်ဂေ့နူး။
HEB 10:30 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ငါဟှာ ပြစ်တရားဟှို စီရင်ပိုင်ဟှယ်။ ပြစ်ရှိဟှူတိုင်း ငါဆပ်ပေးမယ်” ဆိုဟှူဇာန “ဘုရားသခင်ဟှာ သူ့ရဲ့ လူစုတော်လေတွပ် တရားစီရင်မယ်” ဆိုဘီး မိန့်တော်မူဟှူ သခင်ဟှို နို့လေသိဂေ့ဟှယ်။
HEB 10:31 သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ လတ်တော်ဟှို က္လရော့‑က်ဟှူ မှုဟှာ ကြော့‑က်ဇာကောန်းဟှူ မှုဖြစ်ဟှယ်။
HEB 10:32 နန်းနို့လေဟှာ ဘုရားသခင်ရဲ့ လန်းရောန်ဟှို ခံယူဘီးန ဆင်းရဲဒေါက်ခဟှို ခံစားရဘီး ပြင်းထန်ဟှူ တိုက်ခိုက်ရှင်းဟှို သီးခံဘီးဟှူ ရင်းရင်ဒူးဟှ နေ့ရစ်လေဟှို ဒိရဂေ့ပါ။
HEB 10:33 နန်းနို့လေဟှာ တခါတလေ လူလေရှေ့မာ ကဲ့ရဲ့ညှဉ်းဆဲဇာဟှို ခံရဂေ့ဟှယ်။ တခါတလေလည်း တခြားသူလေ ကဲ့ရဲ့ညှဉ်းဆဲဇာဟှို ခံရဟှူ ခီမာ နန်းနို့လည်း ထပ်တူထပ်မျှခံဟှို့တွပ် ဆင်သင့်ရှိဂေ့ဟှယ်။
HEB 10:34 နန်းနို့လေဟှာ ထောန်က္လနေဟှူ သူလေတွပ်ကြောန့် စာနာစိရှိဟှူမျှမှုဘဲ ကိုယ့်ပစ်စီး အောက်စာလေဟှို သူများဖျစ်ဆီးဟှူလည်းဘဲ့ ကိုယ်သောင်းစွဲဟှို့တွပ် ကောန်းဂန်ဘောင်မာ ပိုဘီး မြတ်ဘီး စဉ်မြဲတည်ဟှူ ဘဏ္ဍာရှိဟှယ် ဆိုဇာဟှို သိဟှူကြောန့် လုယူဖျစ်ဆီးခံရဇာဟှို ဝန်းသာဟှူ စိန သီးခံဂေ့ဟှယ်။
HEB 10:35 အယ်ကြောန့် ရရာတိုင်း ကီးမားဟှူ ကျိုးနယှဉ်ဟှူ နန်းနို့ရဲ့ ရဲရင့်မှုစိဟှို စွန့်လွှတ်ဂေ့န။
HEB 10:36 ဘုရားသခင်ရဲ့ လိုတော်ဟှို ဆောန်ဘီးမှ ဂဒိတော်တိုင်း ကျိုးဟှို ရဟှို့တွပ် သီးခံရှင်းစိရှိရမယ်။
HEB 10:37 ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ “ကြွလာမယ့် သူဟှာ ခီဆိုင်းဘဲ ကြာခန်မာ ရော့‑က်လာလေ့မယ်။
HEB 10:38 ဖြောန့်မတ်ဟှူ သူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်။ အယ်ဘေမဲ့ ရွေ့လျော့ဖော့‑က်ပ္လန်ဟှာ ငါ့စိဝိညာဉ်ဟှာ အယ်သူဟှို နှစ်သက်မှု မှေ့ဟှ” ဆိုဘီး ဘုရားသခင် မိန့်တော်ရှိဟှယ်။
HEB 10:39 နို့လေဟှာ ပျစ်စီးရှင်းဟှို ရော့‑က်ဟှို့တွပ် ရွေ့လျှော့ ဖော့‑က်ပ္လန်ဟှူ သူလေ မှုဟှ။ စိဝိညာဉ်ဟှာ ကယ်တန်ရှင်းဟှို ရော့‑က်ဟှို့တွပ် ယောင်ကြည်ဟှူ သူလေ ဖြစ်ဂေ့ဟှယ်။
HEB 11:1 ယောင်ကြည်ရှင်း ဆိုဇာဟှာ ကိုယ်မျှော်လင့်ဟှူ ဇာလေဟှို မျစ်မှော့‑က်ပြုဟှူဇာ ဖြစ်ဟှယ်။ ဗြင်ရသေးဘဲဇာလေဟှို သိမှတ်စွဲလန်းရှင်းကြောန်း ဖြစ်ဟှယ်။
HEB 11:2 အယ်မူ ယောင်ကြည်ရှင်း ပါရမီကြောန့် ရှေးလူဂီးလေဟှာ ဘုရားသခင်ရဲ့ ထော့‑က်ခံချီးကျူးဟှူဇာဟှို ခံရဂေ့ဟှယ်။
HEB 11:3 ခုဗြင်ရဟှူ ဇာလေဟှာ ရင်းရင်ဒူးဟှ ထန်ရှားဟှူ ဇာလေထဲဟှ ဖြစ်ဟှူဇာမှုဘဲ စကြဝဠာဟှာ ဘုရားသခင်ရဲ့ စကားတော်အားဖြင့် ဖြစ်လာဟှူဇာဟှို နို့လေဟှာ ယောင်ကြည်မှုအားဖြင့် သိဂေ့ဟှယ်။
HEB 11:4 အာဗေလဟှာ ကာဣန ပူဇော်ဟှူ ယဇ်ထတ် ပိုဘီး မြတ်ဟှူ ယဇ်ဟှို ယောင်ကြည်ရှင်းအားဖြင့် ဘုရားသခင်ဟှို ပူဇော်ဟှယ်။ အယ်မျိုးယဇ်ဟှို ပူဇော်ဟှူကြောန့် သူဟှာ ဖြောန့်မတ်ဟှယ် ဆိုဘီး သတ်သေခံဟှူဇာဟှို ရလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ပူဇော်သကာဟှို သိမှတ်ပြုတော်မူဟှယ်။ အယ်ကြောန့် အာဗေလဟှာ သေဟှားဘီ ဖြစ်ဟှူလည်းဘဲ့ အယ်မူ ယောင်ကြည်ရှင်းအားဖြင့် ခု တရားဟောနေသေးဟှယ်။
HEB 11:5 ဧနောက်ဟှာ ယောင်ကြည်ရှင်းအားဖြင့် သေရှင်းန လွတ်ဟှားဘီး ဘဝကူးပ္လောန်းခွမ့် ရဟှယ်။ ဘုရားသခင်ဟှာ သူ့ဟှို ဘဝပ္လောန်းစေဟှူကြောန့် နော့‑က်ထပ်ခါ သူ့ဟှို တွိရဟှမ်း။ သူဟှာ ဘဝပ္လောန်းခန် ဘုရားသခင်ရဲ့ စိတော်န တွိဟှူသူ ဖြစ်ဟှယ် ဆိုဘီး သတ်သေခံဟှူ ဇာဟှို ရလေဟှယ်။
HEB 11:6 ယောင်ကြည်ရှင်းမှေ့ဟှ ဆိုဟှာ ဘုရားသခင်ရဲ့ စိတော်န တွိနိုင်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်နားဟှို ချဉ်းကပ်ဟှူ သူဟှာ ဘုရားသခင် ရှိဟှယ် ဆိုဇာဟှိုရော၊ ကိုယ်တော့်ဟှို ရှာဟှူသူဟှို ကျိုးပေးတော်မူဟှယ် ဆိုဇာဟှိုရော ယောင်ကြည်ရမယ်။
HEB 11:7 နောဧဟှာ ဗြင်ရသေးဘဲဟှူ မှုရာလေဟှို ဖော်ပြဟှူ ဗျာဒိတ်တော်ဟှို ခံရဘီးမှ ယောင်ကြည်ရှင်းအားဖြင့် ကြော့‑က်ရွံ့ဟှူ စိရှိဟှူကြောန့် သူ့ရဲ့ အီသူအီသားလေဟှို ကယ်တန်ဟှို့တွပ် သန်းဖောဟှို ဆော့‑က်လေဟှယ်။ အယ်မူ ယောင်ကြည်ရှင်းအားဖြင့် လောကသားလေရဲ့ ပြစ်ဟှို စီရင်ဘီးဟှာ ယောင်ကြည်ရှင်းန ယှဉ်ဟှူ ဖြောန့်မတ်ရှင်းဟှို မွီခံရလေဟှယ်။
HEB 11:8 အာဗြဟံဟှာ သူမွီခံရမယ့် ပြည်ဟှို ထွပ်ဟှားဟှို့တွပ် ဘုရားသခင် ခေါ်တော်မူဟှူ ခီမာ သူသွားဟှူ ရပ်ဒေသဟှို သူကိုယ်တိုင် သိဘဲန ယောင်ကြည်ရှင်းအားဖြင့် နာခံဘီး ထွပ်ဟှားလေဟှယ်။
HEB 11:9 သူဟှာ ယောင်ကြည်ရှင်းအားဖြင့် ဂဒိထားတော်မူဟှူ ပြည်မာ ဧည့်သယ်ဖြစ်န နေလေဟှယ်။ သူ့မျိုးဘဲ့ ဂဒိတော်ဟှို မွီခံရဟှူ သူလေဖြစ်ဟှူ ဣဇာက်၊ ယာကုပ်ဟှူမျိုး တဲလေန နေလေဟှယ်။
HEB 11:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ဘုရားသခင် တည်ထောန် ပြုစုတော်မူဟှူ၊ ခိုင်ခံ့တည်မြဲဟှူ ဗြို့ဟှို မျှော်လင့်ဟှူကြောန့် ဖြစ်ဟှယ်။
HEB 11:11 သူ့ရဲ့မယား စာရာဟှလည်း ရွယ်လွန်ဘီး သားရနိုင်ဘဲဟှူ ခီမာ ဗိုက်ရနိုင်ဟှူ ခွမ့်တဂိုးဟှို ယောင်ကြည်ရှင်းအားဖြင့် ခံရလေဟှယ်။ သူ ဟှာ ဂဒိပေးဟှူ သူဟှို သစ်စာရှိဟှယ် ဆိုဘီး မှတ်ယူဟှူကြောန့် ဖြစ်ဟှယ်။
HEB 11:12 အယ်မူ မှုရာအားဖြင့် လူသေနတူဟှူ သူတယော့‑က်ဟှာ ရေတွပ်အားဖြင့် ကောန်းဂန်ဟှ ကြယ်ဟှူမျိုး၊ ပန်လယ်ကမ်းနားဟှ ရေတွပ်နိုင်ဘဲဟှူ သဲလောင်းလေမျိုး လူလေ ဂူလောင်းရဲ့ ဖတယော့‑က် ဖြစ်လေဟှယ်။
HEB 11:13 ခုပြောဟှူ လူလေဟှာ ဂဒိတော်န စပ်ဆိုင်ဟှူ ကျိုးကျေးဇူးလေဟှို ခံစားရဘဲ ဝီးဟှနေဘဲ့ဗြင်ဘီး စိနှလောင်းန ဖတ်ယမ်းဘီးဟှာ သူးနို့လေဟှာ မ္လေဂီးမာ ဧည့်သယ် ဖြစ်ဟှယ် ဆိုဇာဟှို ထန်းထန်ရှားရှား ဝန်ခံဘီး ယောင်ကြည်ရှင်းစိန သေလွန်ဟှားဂေ့လေဟှယ်။
HEB 11:14 အယ်မျိုး ဝန်ခံဟှူ သူလေဟှာ သူးနို့လေရဲ့ နေရင်းပြည်ဟှို ကြိုးစားရှာဂေ့ဟှယ် ဆိုဘီး ပြတ်ပြတ်သားသား ပြောဆိုဂေ့ဟှယ်။
HEB 11:15 အယ်သူလေဟှာ သူးနို့ထွပ်လာဟှူ ပြည်ဟှို တကယ် အော့‑က်မေ့မယ် ဆိုဟှာ ပ္လန်နိုင်ဟှူ ခွမ့်လမ်း ရှိဂေ့ဟှယ်။
HEB 11:16 အယ်ဘေမဲ့ အယ်ပြည်ဟှို အော့‑က်မေ့ဘဲ အယ်ပြည်ထတ် သာလွန်ဟှူ ကောန်းဂန်ရွှေပြည်ဟှို တောန်းတဂေ့လေဟှယ်။ အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့ရဲ့ ဘုရား ဆိုဘီး ခေါ်ဟှူဇာဟှို ယှစ်တော်မူဟှ။ သူးနို့နေဟှို့ ဗြို့ဟှိုလည်း တည်ထောန်တော်မူဘီ။
HEB 11:17 အာဗြဟံဟှာ စောင်ဇမ်းရှင်းဟှို ခံရဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် သားဣဇာက်ဟှို ပူဇော်လေဟှယ်။ ဂဒိတော်လေဟှို ရဟှူသူဟှာ တယော့‑က်ဒဲရှိဟှူ သားဟှို ပူဇော်ဟှို့တွပ် ပြင်ဆင်လေဟှယ်။
HEB 11:18 အယ်သားန ပတ်သတ်ဘီး “ဣဇာက်အားဖြင့်ဘဲ့ နန့်မျိုးနွယ် တည်ရမယ်” ဆိုဟှူ ဂဒိတော်လေဟှို ခံရဟှူသူဟှာ သူ့မာ တယော့‑က်ဒဲရှိဟှူ သားဟှို ပူဇော်လေဟှယ်။
HEB 11:19 အယ်မျိုး ပူဇော်ဟှူ ခီမာ သေရှင်းဟှနေ ပ္လန်ရှင်ဘီး ထမြော့‑က်ဟှို့တွပ် ဘုရားသခင် တတ်နိုင်ဟှယ် ဆိုဇာဟှို သူအော့‑က်မေ့လေဟှယ်။ အယ်သားဟှို ဆိုရိုးစကားအားဖြင့် သေဒွမ်းထဲဟှ ပ္လန်ရလေဟှယ်။
HEB 11:20 ဣဇာက်ဟှာလည်း ယောင်ကြည်ရှင်းအားဖြင့် နော့‑က်ဖြစ်လာမယ့် ရာလေဟှို ရည်ဇူးဘီး ယာကုပ်န ဧသောဟှို ကောန်းဂျီးပေးလေဟှယ်။
HEB 11:21 ယာကုပ်လည်း သေခီနီးလာဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် ယောသပ်သား နှေ့ယော့‑က်ဟှို ကောန်းဂျီးပေးဘီး သူ့တောန်အူးထိဟှို မှီဘီးဟှာ ဘုရားသခင်ဟှို ကိုးကွယ်လေဟှယ်။
HEB 11:22 ယောသပ်ဟှာ သေခါနီးဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် ဣသရေလ လူမျိုးလေ အဲဂုတ္တုပြည်ဟှ ထွပ်မြော့‑က်ဟှို့ ကြောန်းရာဟှို ပြောဘီး သူသေခါနီးမာ သူ့ရိုးန ပတ်သတ်ဘီး မှာဟှားလေဟှယ်။
HEB 11:23 မောရှေဟှို မွီးဖွားဘီးန ရှစ်ဇာကောန်းဟှူ သားဂန်းဟှားဖြစ်ဇာဟှို သူ့မိဖဗြင်ဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် မန်းဂီးရဲ့ မိန့်ဟှို ကြော့‑က်ဘဲ သောင်းလ လောင်းလောင်း သူ့ဟှို ဝှပ်ဟှားလေဟှယ်။
HEB 11:24 မောရှေဟှာ သတ်ရွယ်ကီးလာဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဖာရောမန်းဂီး သမီးတော်ရဲ့ သားဆိုဘီး ခေါ်ဟှူခွမ့်ဟှို ငြင်းပယ်ဘီးဟှာ၊
HEB 11:25 ပြစ်ရှိဟှူ ကာမဂေါင်ဟှို ရှစ်ဟှားခံစားရဟှူ ဇာထတ် ဘုရားသခင်ရဲ့ လူမျိုးတော်လေနတူးဒူ ဆင်းရဲဒေါက်ခခံရဟှူ ဇာဟှို ယောင်ကြည်ရှင်းအားဖြင့် ဝီးကော့‑က်လေဟှယ်။
HEB 11:26 သူဟှာ နော့‑က်ရလာမယ့် ကျိုးဟှို မျှော်လင့်ဟှူကြောန့် ခရစ်တော်တွပ် ခံရဟှူ ကဲ့ရဲ့ပြစ်တန်ရှင်းဟှို အဲဂုတ္တုပြည်ရဲ့ စည်းဇိမ်ထတ် ပိုဘီး မြတ်ဟှူ စည်းဇိမ်ဖြစ်ဟှယ် ဆိုဘီး ယောင်ကြည်ရှင်းအားဖြင့် မှတ်ယူလေဟှယ်။
HEB 11:27 ယောင်ကြည်ရှင်းအားဖြင့် မန်းဂီးရဲ့ မျစ်တော်ဟှို ကြော့‑က်ဘဲန အဲဂုတ္တုပြည်ဟှို စွန့်ဘီးသွားလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ မျစ်စိန ဗြင်ရဘဲဟှူ ဘုရားသခင်ဟှို ဗြင်ရဟှူမျိုး တည်ကြည်မှု ရှိလေဟှယ်။
HEB 11:28 သားဦးလေဟှို ဖျစ်ဆီးဟှူသူဟှာ ဣသရေလ လူမျိုးလေရဲ့ သားဦးလေဟှို ဒန်ခတ်ဘဲနေဟှို့တွပ် ယောင်ကြည်ရှင်းအားဖြင့် ပသခါပွဲဟှို စီမံဘီးဟှာ ခွဗော့‑က်တိုင်လေဟှို သွီးန ဖျန်းလေဟှယ်။
HEB 11:29 ဣသရေလ လူမျိုးလေဟှာ ကူးကြောန်းသွားရဟှူမျိုး ယောင်ကြည်ရှင်းအားဖြင့် ဧဒုံပန်လယ်ရဲ့ လယ်မာ ခေဂျင်ရှော့‑က်သွားရလေဟှယ်။ သူးနို့လေမျိုး အဲဂုတ္တုလူမျိုးလေ နော့‑က်ဟှ လိုက်ဟှူ ခီမာ ရေမ္လုပ်ဘီး သေဂေ့လေဟှယ်။
HEB 11:30 ယေရိခေါဗြို့ဟှို ခွန်နစ်ရစ် လောင်းလောင်း လှည့်ပတ်ဘီးမှ ယောင်ကြည်ရှင်းအားဖြင့် ဗြို့ရိုးပြိုလဲလေဟှယ်။
HEB 11:31 ကောန်းဘဲဟှူ မီးမ ရာခပ်ဟှာ ယောင်ကြည်ရှင်းအားဖြင့် ဣသရေလ သူလျှိုလေဟှို မိဆွေဖွဲ့ဘီး ငြီးချမ်းမှုအားဖြင့် လတ်ခံဟှူကြောန့် ယောင်ကြည်ဘဲဟှူ သူလေနတူးဒူ ပျစ်စီးရှင်းခံရဟှ။
HEB 11:32 နော့‑က်ထပ် ဖယ်မျိုး ကြောန်းရာလေဟှို ပြောပြရအူးမယ်နူး။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖေသ၊ ဒါဝိဒ်၊ ရှမွေလဟှနေစဘီး ပရောဖက်လေကြောန်းဟှို ပြောပြဟှို့ ကူဟှ။
HEB 11:33 အယ်သူလေဟှာ ယောင်ကြည်ရှင်းအားဖြင့် တခြား တိုင်းနိုင်ငံလေဟှို အောန်ဟှယ်။ ဖြောန့်မတ်ရှင်းအားဖြင့် အောက်ချောက်ဟှယ်။ ဘုရားသခင်ရဲ့ ဂဒိတော်ဟှို ဝမ်စားဟှယ်။ ခြင်္သေ့နှောက်ဟှို ပိဟှယ်။
HEB 11:34 တော့‑က်လောန်နေဟှူ မီးရှီဟှို ငြီးစေဟှယ်။ ထားလတ်နပ်ဘေးဟှ လွတ်ဟှယ်။ နာဟှနေ လွတ်မြော့‑က်ဘီး ကျမ်းမာရဟှယ်။ စစ်တိုက်ဟှူ ခီမာ စွမ်းရည်ခွန်အားန ပ္လဲ့ဝရဟှယ်။ တခြားလူမျိုးလေရဲ့ တပ်လေဟှို တိုက်ယူဖျစ်ဆီးရှင်း မှုရာလေဟှို ပြုဂေ့လေဟှယ်။
HEB 11:35 မီးမလေလည်း ယောင်ကြည်ရှင်းအားဖြင့် သေဟှားဘီးဟှူ သူးနို့သားလေ သတ်ပ္လန်ရှင်လာဇာဟှို ပ္လန်ရဂေ့ဟှယ်။ တချို့လူလေဟှာ ပိုဘီး မြတ်ဟှူ ထမြော့‑က်ရှင်းဟှို ရော့‑က်ရှင်ကြောန့် လွတ်မြော့‑က်ဟှူ ဇာဟှို ခံယူဘဲ ရစ်ရစ်ဆစ်ဆစ် ညှဉ်းဆဲဇာဟှို ခံဂေ့လေဟှယ်။
HEB 11:36 တချို့လူလေဟှာ ကဲ့ရဲ့ခံရဘီး၊ ရိုက်ခံရဘီး တချို့လူလေဟှာ ထောန်ထဲမာ သံကြိုးန ခယ်ဟှားဇာဟှို ခံရလေဟှယ်။
HEB 11:37 သူးနို့ လေဟှာ က္လော့‑က်ခဲန ပစ်ခံရရှင်းလေ၊ လွှန ပိုင်းပိုင်း တိုက်ဖြတ်ခံရရှင်းလေ၊ စောင်ဇမ်း နှော့‑က်ယှစ်ခံရရှင်းလေ၊ ထားန သတ်ခံရရှင်းလေ၊ ဆင်းရဲရှင်းလေ၊ ညှဉ်းဆဲနှိစစ်ခံရဘီး သိုးသရေလေ၊ ဘဲ့သရေလေဟှို ဝတ်ဘီး လှည့်လည် သွားလာရဂေ့ဟှယ်။
HEB 11:38 အယ်လောကဟှာ အယ်သူလေန ထိုက်တန်ဟှ။ သူးနို့လေဟှာ တောကန္တာရလေ၊ တောန်တန်းလေ၊ လှိုင်ဂူလေန မ္လေတွမ်းလေမာ လှည့်လည်ဘီး နေရလေဟှယ်။
HEB 11:39 အယ်လူလေ ဂူလောင်းဟှာ ယောင်ကြည်ရှင်းအားဖြင့် ထော့‑က်ခံ ချီးကျူးဟှူဇာဟှို ခံရဟှူလည်းဘဲ့ ဂဒိတော်တိုင်း ကျိုးကျေးဇူးလေဟှို ခံရဂေ့ဟှ။
HEB 11:40 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေဟှာ နို့လေပါဘဲ စောင်လင်ရှင်းဟှို ရော့‑က်ဘဲနေဟှို့တွပ် ဘုရားသခင်ဟှာ နို့လေတွပ်ကြောန့် ပိုဘီး မြတ်ဟှူ ကျေးဇူးဟှို ကြံစည်တော်မူလေဟှယ်။
HEB 12:1 အယ်ကြောန့် အယ်မျှလော့‑က်များဟှူ သတ်သေလေဟှာ နို့လေဟှို ဝိုင်းရံဟှားဟှူ ဖြစ်ကြောန့် နို့လေဟှာ ဝန်လေ ဂူလောင်းန နှော့‑က်ယှစ်တတ်ဟှူ ပြစ်လေဟှို ဖယ်ရှားဘီး နို့မျစ်မှော့‑က်ရှေ့မာ ထားဟှားဟှူ ပန်းတိုင်ဟှို ရော့‑က်ဟှို့တွပ် အားလျှော့ဘဲန ပ္လေးဂေ့ဇို့။
HEB 12:2 ယောင်ကြည်ရှင်းဟှို စပြုတည်စေဘီး စောင်လင်စေတော်မူဟှူ သခင်ယေရှုဟှို စေ့စေ့ထော့‑က်ရှုဂေ့ဇို့။ အယ်သခင်ဟှာ သူ့ရှေ့မာထားဟှူ ဝန်းသာရှင်း ကြောန်းကြောန့် ယှစ်ကြော့‑က်ဟှူ ဇာလေဟှို မှတ်ဘဲန လတ်ဝါးကပ်တိုင်မာ ခံဘီးမှ ဘုရားသခင်ရဲ့ ပလ္လင်တော် ညာဖတ်မာ ထိုင်နေတော်မူဟှယ်။
HEB 12:3 ပြစ်ရှိဟှူ သူလေ လတ်ထဲမာ အယ်မျှလော့‑က်ကီးဟှူ ဆီးတား နှော့‑က်ယှစ်ရှင်းဟှို ခံတော်မူဟှူ သခင်ဟှို ထော့‑က်ရှု ဆင်ခြင်ရှင်းအားဖြင့် အားလျှော့ စိပျစ်မှုလေန လွတ်ကင်းဟှို့တွပ် ကြိုးစားဂေ့ပါ။
HEB 12:4 နန်းနို့လေဟှာ ဒုစရိုက်ပြစ်ဟှို တွန်းလှန်ဟှူကြောန့် သွီးထွပ်အောန်ထိ ခံရဖူးသေးဟှ။
HEB 12:5 ကျမ်းစာတော်မာ ဘုရားသခင်ဟှ၊ “ငါ့သား၊ ဘုရားသခင် ဆောင်းမ ပဲ့ပြင်တော်မူဟှူ ဇာဟှို လေးထားဘဲနေန။ ဆောင်းမခံရဟှူ ခီမာ စိပျစ်န။
HEB 12:6 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရှစ်တော်မူဟှူ သားဟှို ဆောင်းမတတ်ဟှယ်။ သားဖြစ် လတ်ခံဟှူ သူရှိဟှူမျှဟှို ရိုက်ဘီး ဒန်ခတ်တော်မူတတ်ဟှယ်” ဆိုဘီး သားဂန်းဟှားလေဟှို ပြောဟှူမျိုး နန်းနို့လေဟှို ပြောဟှူ တိုက်တွန်း အားပေးစကားဟှို နန်းနို့မေ့ဟှားဂေ့ ဘီလော။
HEB 12:7 ဘုရားသခင်ဟှာ နန်းနို့ဟှို သားဟှူမျိုး ပြုမူတော်မူဟှူကြောန့် နန်းနို့လေဟှာ ဆောင်းမတော်မူဟှူ ဇာဟှို သီးခံဂေ့ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖဆောင်းမဘဲဟှူသား တဇောင်တယာ့‑က် ရှိဟှူကြောန့်လော။
HEB 12:8 လူတိုင်းခံရတတ်ဟှူ ဆောင်းမရှင်းဟှို နန်းနို့ခံရဘဲနေဟှာ သားရင်းမှုဘဲ တရားဝမ်ဘဲဟှူ သားလေဘဲ့ ဖြစ်ဂေ့ဟှယ်။
HEB 12:9 နော့‑က်ဘီး နို့လေဟှာ ကိုယ်ကာယနဆိုင်ဟှူ ဖခင်လေလတ်န ဆောင်းမဟှူဇာဟှို ခံရဟှူ ခီမာ သူးနို့လေဟှို ရိုသေလေးစားဂေ့ဟှယ်။ အယ်လော့‑က်နမကဟှ ဝိညာဉ်ရေးရာန ဆိုင်ဟှူ ဖခင်လေဟှို ပိုဘီး နာခံမယ် ဆိုဟှာ နို့လေဟှာ သတ်ချမ်းသာရာ ရဂေ့မယ် မှုဟှလော။
HEB 12:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဇာတိဖခင်လေဟှာ သူးနို့ကောန်းမယ်ဆိုဘီး ထန်ဟှူတိုင်း ရှစ်ဟှားဘဲ့ ဆောင်းမပေးတတ်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့ရဲ့ သန့်ရှင်းရှင်း ပါရမီတော်ဟှို နို့လေခံစားရဟှို့တွပ် နို့လေရဲ့ ကျိုးဟှို ထော့‑က်ဘီး ဆောင်းမပေးတော်မူဟှယ်။
HEB 12:11 ဆောင်းမခံရဟှူ ဇာလေဟှာ ခံရဟှူ ခီမာ ဝန်းသာရမယ့် ကြောန်းရာ ဖြစ်ဟှယ် ဆိုဘီး ထန်ဘဲန ဝန်းနဲဇာ ဖြစ်ဟှယ် ဆိုဘီး ထန်တတ်လေဟှယ်။ အယ်ဘေမဲ့လည်း ဆောင်းမခံရဟှူ သူလေဟှာ နော့‑က်မှ ငြီသတ်ရှင်းန စပ်ဆိုင်ဟှူ ဖြောန့်မတ်ရှင်း ကျိုးဟှို ခံစားရဂေ့လေဟှယ်။
HEB 12:12 အယ်ကြောန့် အားကူနေဟှူ လတ်လေန အားမှေ့ဘဲဟှူ ဒူးလေဟှို ခိုင်ခံ့စေပါ။
HEB 12:13 ခေသန်ဘဲဟှူ သူလေဟှာ ဆစ်လေပ္လုထွပ်ဘဲန ကောန်းတိုင်း ပ္လန်ဖြစ်လာစေဟှို့တွပ် နန်းနို့ရဲ့ ခေတွပ် ဖ္လောန့်ဟှူလမ်းဟှို ပြင်ဆင်ဂေ့ပါ။
HEB 12:14 လူလေန သင့်သင့်တင့်တင့်နေဘီး ငြီသတ်ရှင်းန သန့်ရှင်းရှင်း ပါရမီဟှို မှီအောန်လိုက်ဂေ့ပါ။ သန့်ရှင်းရှင်း ပါရမီ မှေ့ဘဲနေဟှာ ဖယ်သူလည်း ဘုရားသခင်ဟှို ဖူးဗြင်ရဟှို့ မှုဟှ။
HEB 12:15 နန်းနို့လေဟှာ တဇောင်တယော့‑က်လည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှနေ ကွာဟှားဘဲနေဟှို့တွပ်န၊ ခါးဟှူ ပန်ပြစ်ပေါ့‑က်ထွပ်ဘီး နန်းနို့လေဟှို နှော့‑က်ယှစ်ဟှူကြောန့် လူလေဟှာ အယ်ရာလေအားဖြင့် ပြစ်န ညစ်ညူးဘဲနေဟှို့တွပ် ဒိပြုဂေ့ပါ။
HEB 12:16 တရားဘဲဟှူ မေထုန်ပြုဟှူသူ မှေ့ဘဲနေဟှို့တွပ်န ဧသောဟှာ မှန်းတနပ်စာတွပ် သားဦးရပ်ရာဟှို ရောန်းဟှူမျိုး ဘုရားတရားဟှို ရိုသေဘဲဟှူ သူလေ ယော့‑က်လည်း မှေ့ဘဲနေဟှို့တွပ် ဒိပြုဂေ့ပါ။
HEB 12:17 နန်းနို့ သိဂေ့ဟှူတိုင်းဘဲ့ သူဟှာ နော့‑က်မှ ကောန်းဂျီးမင်္ဂလာဟှို မွီဆစ်ခံရှင်ဟှူလည်းဘဲ့ ငြင်းပယ်ဇာဟှို ခံရဘီး ကောန်းဂျီးမင်္ဂလာဟှို ရရာတိုင်း လိုရှင်ကြောန့် မျစ်ရယ်က္လဘီး တောန်းခံဟှူလည်းဘဲ့ သူ့ဖ စိပ္လောန်းလဲလာဇာဟှို ဗြင်ရဟှ။
HEB 12:18 နန်းနို့လေဟှာ လတ်န တို့ထိနိုင်ဟှူ တောန်ဟှိုဖြစ်ဖြစ်၊ လောန်ဟှူ မီးဟှိုဖြစ်ဖြစ်၊ မှောန်မဲဟှူ မိုးတီတိုက်ဟှိုဖြစ်ဖြစ်၊ မှောန်မိုက်ဟှိုဖြစ်ဖြစ်၊ မိုးသတ်မှောန်တိုင်းဟှိုဖြစ်ဖြစ်၊
HEB 12:19 တံပိုးမှုဟှူ သံဟှိုဘဲ့ဖြစ်ဖြစ်၊ စကားတော်ဟှိုဘဲ့ဖြစ်ဖြစ် ချည်းကပ်ဂေ့ဟှူဇာမှုဟှ။ အယ်မူသံဟှို ကြားဟှူလူလေဟှာ နော့‑က်ထပ် မိန့်တော်မူဘဲနေဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။
HEB 12:20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “လိဆန်ဖြစ်ဟှူလည်းဘဲ့ အယ်တောန်ဟှို ထိမိဟှယ် ဆိုဟှာ က္လော့‑က်ခဲနပစ်သတ်စေ” ဆိုဘီး မိန့်တော်မူဟှူ သံတော်ဟှို လူလေဟှာ နားခံနိုင်ဘဲကြောန့် ဖြစ်ဟှယ်။
HEB 12:21 အယ်မျိုး ထန်းထန်ရှားရှား ဗြင်ရဟှူဇာဟှာ ရရာတိုင်း ကြော့‑က်ဇာကောန်းဟှူကြောန့် မောရှေဟှ “ငါဟှာ ကြော့‑က်ရွံ့ တူလှောက်ဘီး နေရဟှယ်” ဆိုဘီး ပြောလေဟှယ်။
HEB 12:22 နန်းနို့လေဟှာ ဇိအုန်တောန်န သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ ဗြို့တော်ဖြစ်ဟှူ ကောန်းဂန် ယေရုရှလင်ဗြို့ဟှိုဘဲ့ဖြစ်ဖြစ်၊ တိုင်းမသိ ရရာတိုင်း များဟှူ ကောန်းဂန်တမန်လေရဲ့ စည်းဝေးရာဟှိုဘဲ့ဖြစ်ဖြစ်၊
HEB 12:23 ကောန်းဂန်စာရင်းဝမ်ဟှူ သားဦးလေရဲ့ သင်းတော်ဟှိုဘဲ့ဖြစ်ဖြစ်၊ လူလေ ဂူလောင်းဟှို တရားစီရင်တော်မူဟှူ ဘုရားသခင်နားဟှိုဘဲ့ဖြစ်ဖြစ်၊ စောင်လင်ရှင်းဟှိုရော့‑က်ဟှူ ဖြောန့်မတ်ဟှူ သူလေရဲ့ စိဝိညာဉ်လေဟှိုဘဲ့ဖြစ်ဖြစ်၊
HEB 12:24 ပဋိညာဉ်တရားသစ်ရဲ့ အာမခံဖြစ်ဟှူ ယေရှုနားဟှိုဘဲ့ဖြစ်ဖြစ်၊ အာဗေလရဲ့သွီး ပြောဆိုဟှူဇာထတ် ပိုဘီး မြတ်ဟှူရာဟှို ပြောဆိုဟှူ ပတ်ဖျန်းဟှူ သွီးတော်နားဟှိုဘဲ့ဖြစ်ဖြစ် ရော့‑က်ဂေ့ဟှယ်။
HEB 12:25 အယ်ကြောန့် နန်းနို့လေဟှာ မိန့်တော်မူဟှူ သူရဲ့ စကားတော်ဟှို ငြင်းဆန်မိဘဲနေဟှို့တွပ် ဒိပြုဂေ့ပါ။ မ္လေဂီးထတ်မာ ဗျာဒိတ်တော် ဆင့်ဆိုသူရဲ့ စကားဟှို ငြင်းဆန်ဟှူ သူလေဟှာ ပြစ်လွတ်ခွမ့်မှေ့ဘဲနေဟှာ အယ်လော့‑က်နမကဟှ ကောန်းဂန်ဘောင်ဟှ မိန့်တော်မူဟှူ သူရဲ့ စကားဟှို နို့လေ နားထောန်ဘဲနေဟှာ ပိုဘီး ကီးလေးဟှူ ပြစ်န ဖယ်မျိုး လွတ်ကင်းနိုင်မယ်နူး။
HEB 12:26 ရင်းရင်ဒူးဟှ ဗျာဒိတ်တော်သံဟှာ မ္လေဂီးဟှို လှောက်ဟှူ ဇာဖြစ်ကြောန့် ကိုယ်တော်ဟှ “နော့‑က်ထပ်ခါ ငါဟှာ မ္လေဂီးန ကောန်းဂန်ဟှို လှောက်အူးမယ်” ဆိုဘီး ဂဒိတော်ရှိဟှယ်။
HEB 12:27 “နော့‑က်ထပ်ခါ” ဆိုဘီး ပြောဟှူ စကားရဲ့ ဓိပါယ်ဟှာ လှောက်ဘဲဟှူ ဇာလေဟှို တည်စေဟှို့တွပ် လှောက်ဟှူရာလေဟှို လောကရာလေမျိုး ပယ်ဖျစ်လေ့မယ် ဆိုဘီး ဆိုလိုဇာဖြစ်ဟှယ်။
HEB 12:28 အယ်ကြောန့် နို့လေဟှာ လှောက်နိုင်ဘဲဟှူ နိုင်ငံဟှို ရဟှူသူလေဖြစ်ကြောန့် ခန့်ညား ကြော့‑က်ရွံ့ဟှူ သဘောန ဘုရားသခင် နှစ်သက်ဟှူ နည်းတိုင်း ဝတ်ပြုကိုးကွယ်ဟှို့တွပ် ကျေးဇူးတော်လေဟှို စွဲလန်းဂေ့ဇို့။
HEB 12:29 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ ဘုရားသခင်ဟှာ လောင်ဟှူမီး ဖြစ်တော်မူဟှယ်။
HEB 13:1 ညီကို မောန်နှမရှင်းရှင်း ရှစ်ရှင်းမြစ်တာန တည်နေဂေ့ပါ။
HEB 13:2 ဧည့်ဝတ်ပြုဟှူဇာဟှို မေ့ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တချို့လူလေဟှာ ဧည့်ဝတ်ပြုဟှူ ခီမာ ကောန်းဂန်တမန်လေဟှို မှတ်တမဲ့ ဧည့်ခံဂေ့ဟှယ်။
HEB 13:3 နန်းနို့လေဟှာ ကျဉ်းက္လခံနေရဟှူ သူလေနတူးဒူ ကိုယ်လည်းခံနေရဟှူမျိုး မှတ်ယူဘီး သူးနို့လေဟှို ဒိရဂေ့ပါ။ နန်းနို့လေဟှာ ကိုယ်ခန္ဓာန လွတ်ကင်းဘဲဟှူ သူလေဖြစ်ဟှူကြောန့် ညှဉ်းဆဲခံရဟှူသူလေဟှို အော့‑က်မေ့ဂေ့ပါ။
HEB 13:4 လူလေ ဂူလောင်းဟှာ သူးနို့ရဲ့မင်္ဂလာဆောန်ရှင်းန သစ်စာသံဝါသပြုဟှူ မှုရာဟှို ညစ်ညူးမှုမှေ့ဘဲန အသရေရှိစေပါ။ တရားဘဲဟှူ မေထုန်ဟှို ပြုဟှူသူလေန သူ့မယားဟှို ပြစ်မှားဟှူသူလေဟှို ဘုရားသခင် စစ်ကြောစီရင်တော်မူလေ့မယ်။
HEB 13:5 နန်းနို့လေရဲ့ ကျင့်ကြံပြုမူရှင်းဟှာ ကပ်ဟှို တတ်မတ်မှု မှေ့ဘဲန ကိုယ့်မာရှိဟှူ အောက်စာန ရောင့်ရဲမှု ရှိဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ငါဟှာ နန့်ဟှို စွန့်ဟှားဟှ။ နန့်ဟှို လောင်းဝ ပစ်ဟှားဟှ” ဆိုဘီး ဂဒိတော် ရှိဟှယ်။
HEB 13:6 အယ်ကြောန့်၊ “ဘုရားသခင်ဟှာ ငါ့ဟှို မစတော်မူဟှူ သခင် ဖြစ်ဟှူကြောန့် လူဟှာ ငါ့ဟှို ပြုနိုင်သမျှဟှို ငါကြော့‑က်ဟှ” ဆိုဘီး နို့လေဟှာ ရဲရင့်ဟှူ စိန ပြောဆိုရဟှူခွမ့် ရှိဂေ့ဟှယ်။
HEB 13:7 ဘုရားသခင်ရဲ့ စကားတော်ဟှို ဟောပြောဟှူ နန်းနို့လေရဲ့ ခေါန်းဆောန်လေဟှို အော့‑က်မေ့ဂေ့ပါ။ သူးနို့လေဟှာ ဖယ်မျိုး ကျင့်ကြံပြုမူဘီး သေဟှားဂေ့ဟှူ ဆိုဇာဟှို စေ့စေ့ဆင်ခြင်ဘီး သူးနို့လေရဲ့ ယောင်ကြည်ရှင်းဟှို မှီအောန်လိုက်ဂေ့ပါ။
HEB 13:8 ယေရှုခရစ်ဟှာ နန့်ကီး၊ အယ်နေ့၊ နော့‑က်ကာလစဉ်ဆစ် ပ္လောန်းလဲဘဲန နေတော်မူဟှယ်။
HEB 13:9 ထူးထူးပြားပြား ယူဝါဒသစ်လေ နော့‑က်ဟှို လိုက်ဘီး စိဖော့‑က်ပ္လန်ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ စာအားဖြင့်မှုဘဲ ကျေးဇူးတော်အားဖြင့် စိနှလောင်းဟှို တည်ကြည်စေဟှူဇာဟှ ပိုဘီး ကောန်းမြတ်ဟှယ်။ စာအားဖြင့် သတ်ရှင်ရှော့‑က်လှမ်းဟှူ သူဟှာ ကျိုးဟှိုရဂေ့ဟှ။
HEB 13:10 တဲတော်မာ ဝတ်ပြုဟှူ သူလေ စားပိုင်ခွမ့် မှေ့ဘဲဟှူ ယဇ်ပလ္လင်ဟှာ နို့လေမာ ရှိဟှယ်။
HEB 13:11 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယဇ်ပုရောဟိတ်မန်းဟှာ ပြစ်ဖြေဟှူ ယဇ်ကောန်ရဲ့ သွီးဟှို သန့်ရှင်းဆောင်းဌာနထဲဟှို ယူသွမ်းဆောန်ဘီးမှ ယဇ်ကောန်လေရဲ့ ကိုယ်ဟှို တပ်ပ္လန်မာ မီးရှို့ရဟှယ်။
HEB 13:12 အယ်မျိုးတိုင်းဘဲ့ ယေရှုဟှာ သူ့ရဲ့သွီးန လူလေဟှို စင်ကြယ်စေဟှို့တွပ် ဗြို့ခွဗော့‑က်ပ္လန်မာ သေခံတော်မူလေဟှယ်။
HEB 13:13 အယ်ကြောန့် နို့လေဟှာ အယ်သခင်နတူးဒူ ကဲ့ရဲ့ခံဘီး တပ်ပ္လန် ကိုယ်တော်နားဟှို ထွပ်ဟှားဂေ့ဇို့။
HEB 13:14 ဖြားဖြစ်ဟှူကြောန့်နူးဆိုဟှာ အယ်လောကဟှာ နို့လေတွပ် တည်မြဲဟှူဗြို့ မှေ့ဟှ။ နော့‑က်ဖြစ်လာမယ့်ဗြို့ဟှိုဘဲ့ မျှော်လင့်နေဂေ့ဇာ ဖြစ်ဟှယ်။
HEB 13:15 အယ်ကြောန့် နို့လေဟှာ နာမတော်ဟှို ဝန်ခံဘီး နှောက်ခမ်းသီးဖြစ်ဟှူ ချီးမွမ်းရှင်းယဇ်ဟှို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်မာ မြဲဒမ်း ပူဇော်ဂေ့ဇို့။
HEB 13:16 ကျေးဇူးပြုဟှူမှု အောက်စာဝီမျှဟှူ မှုလေဟှို မေ့ဂေ့န။ အယ်မျိုးပြုဟှူ ယဇ်ဟှို ဘုရားသခင်ဟှာ နှစ်သက်တော်မူဟှယ်။
HEB 13:17 နန်းနို့လေရဲ့ ခေါန်းဆောန်လေ စကားဟှို နှိခ္လဘီး နားထောန်ဂေ့ပါ။ သူးနို့လေဟှာ ကိုယ်တိုင် စစ်ကြောခံရဟှူ သူလေမျိုး နန်းနို့စိဝိညာဉ်ရဲ့ ကျိုးတွပ် စောန့်ရှော့‑က်နေဂေ့ဟှယ်။ နန်းနို့လေဟှာ သူးနို့စကားဟှို နားထောန်ဟှယ် ဆိုဟှာ သူးနို့လေ ဝန်းသာရှင်းန လောက်ဆောန်ဂေ့လေ့မယ်။ အယ်မျိုးမှုဘဲနေဟှာ သူးနို့လေ ဝန်းနဲရဟှူကြောန့် နန်းနို့လေ ဖယ်မျိုးလည်း ကျိုးရှိဟှို့ မှုဟှ။
HEB 13:18 နို့လေတွပ်လည်း ဆုတောန်းပေးဂေ့ပါ။ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကြည်လင်ဟှယ် ဆိုဇာဟှို ယောင်ကြည်ဘီး ရာရာတိုင်းမာ ကောန်းကောန်းမွန်မွန် ကျင့်ကြံနေဂေ့ဟှို့တွပ် လိုရှင်သူ ဖြစ်ဟှယ် ဆိုဇာ စိစွဲလမ်းမှု ရှိဂေ့ဟှယ်။
HEB 13:19 ငါဟှာ နန်းနို့လေနားဟှို ဗြန်းဗြန်ဟှား လာနိုင်ဟှို့တွပ် နို့လေဟှို ဆုတောန်းပေးဟှို့ ပိုဘီး နှိုးဆော်တောန်းဗန်ပါဟှယ်။
HEB 13:20 ထာဝရပဋိညာဉ်န ဆိုင်ဟှူ သူ့သွီးတော်အားဖြင့် သိုးလေရဲ့ သိုးထီးဂီးဖြစ်ဟှူ နို့လေရဲ့ သခင်ယေရှုဟှို သေရှင်းဟှ နှုဆောန်တော်မူဟှူ ငြီသတ်ရှင်းရဲ့သခင် ဘုရားသခင်ဟှာ၊
HEB 13:21 ရှေ့တော်မာ နှစ်သက်တော်မူဟှူ မှုရာလေဟှို ယေရှုခရစ်အားဖြင့် နန်းနို့လေဟှို ပြုတော်မူဘီး နန်းနို့လေဟှာ လိုတော်ဟှို လိုက်ရှော့‑က်ဂေ့ဟှို့တွပ် ကောန်းဟှူ ကျင့်ဘောန်းဇောင်လေန ပြုပြင်တော်မူပါစေ။ အယ်သခင်ယေရှုခရစ်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ! အာမင်။
HEB 13:22 ညီကို မောန်နှမလေ၊ ငါဟှာ နန်းနို့နားဟှို လိုရင်းတိုရှင်းအားဖြင့် ရေးပို့လိုက်ဟှူ အယ်မူ တိုက်တွန်း အားပေးစကားဟှို သီးခံဘီး ခံယူဟှို့တွပ် ငါတောန်းဗန်ပါဟှယ်။
HEB 13:23 နို့လေရဲ့ညီ တိမောသေဟှာ လွတ်လာဘီ ဖြစ်ဟှူကြောန်းဟှို နန်းနို့လေဟှို သိစေရှင်ပါဟှယ်။ သူဗြန်းဗြန် ရော့‑က်လာဟှယ် ဆိုဟှာ ငါဟှာ သူ့နတူးဒူ နန်းနို့လေဟှို လာတွိမယ်။
HEB 13:24 နန်းနို့ ခေါန်းဆာန်လေန သန့်ရှင်းသူလေ ဂူလောင်းဟှို နှောက်ဆစ်ပါဟှယ်။ ဣတလိ ပြည်သူပြည်သားလေဟှာ နန်းနို့လေဟှို နှောက်ဆစ်ဂေ့ပါဟှယ်။
HEB 13:25 နန်းနို့လေ ဂူလောင်းမာ ကျေးဇူးတော် ရှိပါစေ။
JAM 1:1 ဘုရားသခင်န သခင်ယေရှုခရစ်ရဲ့ စေခံ ယာကုပ်ဟှာ၊
JAM 1:2 ငါ့ညီကို မောန်နှမလေ၊ နန်းနို့လေဟှာ စောင်ဇမ်းနှောက်ရှစ်ဇာ မျိုးမျိုးဟှို တွိရဟှူ ခီမာ ဝန်းသာဇာဘဲ့ဖြစ်ဟှယ် ဆိုဇာ ခံယူဂေ့ပါ။
JAM 1:3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ရဲ့ ယောင်ကြည်ရှင်းဟှို စောင်ဇမ်းဇာဟှာ ခံနိုင်ရည်ဟှို တိုပွားစေဟှယ် ဆိုဇာ နန်းနို့ သိဂေ့ဟှယ်။
JAM 1:4 နန်းနိုဟှာ ဖယ်ဇာလည်း ချို့တတ်ဇာမှေ့ဘဲ့ ပ္လဲ့ဝစောင်လင်ဂေ့ဟှို့တွပ် ဆောင်းထိ ခံနိုင်ရည်ရှိရမယ်။
JAM 1:5 နန်းနို့ထဲမာ ယော့‑က်ယော့‑က်ဟှ ပညာဟှိုလိုရှင်ဟှယ် ဆိုဟှာ ကဲ့ရဲ့ပြစ်တန်ဘဲ့န၊ လူလေ ဂူလောင်းဟှို စေတနာစိန ပေးသနားဟှူ ဘုရားသခင်နားမာ တောန်းစေ။ တောန်းမယ် ဆိုဟှာ ရလေ့မယ်။
JAM 1:6 အယ်ဘေမဲ့ သံသယမှေ့ဘဲ့န ယောင်ကြည်ဟှူစိန တောန်းရမယ်။ ယောင်မှားဘီး သံသယစိရှိဟှူလူဟှာ လေတိုက်ဟှူ ခီမာ လှောက်ရှာနေဟှူ ပန်လယ်ဟှ ရေလှိုင်းနတူဟှယ်။
JAM 1:7 အယ်လူဟှာ ဘုရားသခင်နားဟှနေ ဖြားဇာခုလည်းရမယ် ဆိုဇာ ထန်မှတ်စေန။
JAM 1:8 အယ်မျိုးလူဟှာ စိနှေ့ခွရှိဟှူကြောန့် သူလောက်နေဟှူဇာလေမာ တည်ကြည်ရှင်းမှေ့ဘဲဟှူ သူဖြစ်ဟှယ်။
JAM 1:9 ညီကို ယော့‑က်ယော့‑က်ဟှာ နှိက္လနေဟှူ ခြေနေဟှနေဘီး ဘုရားသခင်ဟှ ချီးမြော့‑က်လိုက်ဟှူ ခီမာ ဝန်းသာပါစေ။
JAM 1:10 ကြွယ်ဝဟှူ ညီကိုဟှို ဘုရားသခင်ဟှ နှီခ္လဟှူ ခီမာ ဝန်းသာရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကြွယ်ဝဟှူ လူလေဟှာ တောထဲဟှ ဗြစ်ပန်မျိုးဘဲ့ ညှိုးဘီးဟှာ ပျော့‑က်ကွယ်ဟှားကြောန့် ဖြစ်ဟှယ်။
JAM 1:11 နေပူရှီဟှာ ဗြစ်ပန်ဟှို ခြော့‑က်ဟှားစေဘီးဟှာ ပွမ့်လည်း ကွီက္လဟှားစေဟှယ်။ အယ်ကြောန့် တင့်တယ်လှပရှင်းလေဟှာ ပျစ်စီဟှားဟှူမျိုးဘဲ ကြွယ်ဝဟှူ လူဟှာလည်း သူ့ရဲ့ စီပွားဟှို လောက်နေဒူးဟှူခိမာ ပျော့‑က်ကွယ်ဟှားလေ့မယ်။
JAM 1:12 စောင်ဇမ်းရှင်းဟှို သည်းခံနိုင်ဟှူလူဟှာ မင်္ဂလာရှိဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူဟှာ အယ်မျိုးခံဘီးမှ ဘုရားသခင်ဟှို ရှစ်ဟှူလူဟှို ကိုယ်တော်ဟှ ဒိထားဟှာတိုင်း သတ်သရဖူဟှို ရလေ့မယ်။
JAM 1:13 သွီးဆောန်ခံရဟှူလူဟှာ “ဘုရားသခင်ဟှာ ငါ့ဟှို သွီးဆောန်နေဟှယ်” ဆိုဇာ ဖယ်သူလဲ ပြောစေန။ ကောန်းဘဲ့ဟှူဇာလေဟှာ ဘုရားသခင်ဟှို သွီးဆောန်နိုင်ဟှ။ ကိုယ်တော်ဟှလည်း ဖယ်သူဟှိုလည်း သွီးဆောန်ဟှ။
JAM 1:14 လူဟှာ သွီးဆောန်ခံရဟှယ် ဆိုဇာဟှာ ကိုယ်စိဟှ ကောန်းဘဲဇာဖြစ်ဟှူ လိုရှင်ဟှူဆန္ဒဟှ ဆွဲဆောန်ဘီး လိုက်ပါဟှားဟှူကြောန့် ဖြစ်ဟှယ်။
JAM 1:15 အယ်မျိုးလိုရှင်ဟှူ ဆန္ဒလေဟှာ ကိုယ်ဝန်ဆောန်ဘီးဟှာ ဒုစရိုက်ဟှို မွီးဖွားစေဟှယ်။ ဒုစရိုက်ဟှာ ကီးလာဟှူ ခီမာ သေရှင်းဟှို မွီးဖွားစေဟှယ်။
JAM 1:16 ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ လွဲယူဂေ့န။
JAM 1:17 ကောန်းမြတ်စောင်လင်ဟှူ ဆုကျေးဇူးမှန်မျှဟှာ ကောန်းဂန်မာရှိဟှူ ဇာလေဟှို ဖန်ဆင်းဟှူ ဘုရားသခင်နားဟှနေ ရော့‑က်လာဟှယ်။ ကိုယ်တော်ဟှာ ပ္လောန်းလဲတတ်ဟှူ ရိနလည်းကင်းဟှယ်။
JAM 1:18 ကိုယ်တော်ဟှာ ဖန်ဆင်းဟှားဟှူ သတ္တဝါလေထဲမာ ဦးဆောင်းနေရာဟှို ရစေဟှို့တွပ် သမ္မာတရားအားဖြင့် သူ့ရဲ့ လိုတော်နတူးဒူ နို့လေဟှို မွီးဖွားစေဟှယ်။
JAM 1:19 ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ အယ်ချစ်ဟှို မှတ်ဟှားဂေ့ပါ။ နန်းနို့ ဂူလောင်းဟှာ ကြားရှင်းမာ ရရာတိုင်းဗြန်စေပါ။ စကားပြောရှင်းန ဒေါသထွပ်ရှင်းမာ နှေးဂေ့ပါ။
JAM 1:20 လူလေရဲ့ မျစ်ဒေါသဟှာ ဘုရားသခင်ရဲ့ ဖြောန့်မတ်ဟှူ ကြံစည်လေဟှို ရနိုင်ဟှ။
JAM 1:21 အယ်ကြောန့် နန်းနို့ဟှာ ညစ်ညူးရှင်းန ကောန်းဘဲဟှူကျင့်လေဟှို ဖယ်ပစ်ဂေ့ပါ။ နန်းနို့ရဲ့ စိထဲမာ ဘုရားသခင်ထဲပေးဟှားဟှူ တရားတော်ဟှာ နန်းနို့ဟှို ကယ်တန်နိုင်ဟှယ်။ တရားတော်ဟှို နူးညံ့သိမ့်မွေ့ဟှူစိန ခံယူဂေ့ပါ။
JAM 1:22 တရားတော်ဟှို ကြားနာရောင်ဘဲ့ ကြားနားရှင်းအားဖြင့် နန်းနို့ကိုယ် နန်းနို့ လှည့်ဇားဂေ့န။ တရားတော်ဟှို လတ်တွေ့ ကျင့်သောင်းဂေ့ပါ။
JAM 1:23 တရားတော်ဟှို လတ်တွေ့ ကျင့်သောင်းဘဲန ကြားနာရောင်ဘဲ ကြားနားရဟှူလူဟှာ ကိုယ့်ရဲ့ ပကတိမျစ်နှာဟှို မှန်မာကေ့ဟှူ လူနတူဟှယ်။
JAM 1:24 သူဟှာ အယ်မျိုး ကေ့ဘီးဟှာ ထွပ်ဟှားဟှူ ခီမာ သူ့ရဲ့ ပေါင်ဇံဟှို မေ့ဟှားတတ်ဟှယ်။
JAM 1:25 အယ်ကြောန့် လူလေဟှို ပြစ်ချည်နှောင်ရှင်းထဲဟှနေ လွတ်မြော့‑က်စေဘီး စောင်လင်ဟှူ ပညတ်တရားဟှို သေးသေချားချာဟှား လေ့လာကေ့ရှုဟှူလူဟှာ တရားဟှိုနာဘီးဟှာ မေ့ဟှားဇာမျိုးမှုဘဲန ဆစ်ဘီး အာရောင်ပြုဘီးဟှာ လတ်တွေကျင့်သောင်းလူ ဖြစ်ဟှူကြောန့် ဖြားမှုဘဲလောက်လောက် ဘုရားသခင်ရဲ့ ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်။
JAM 1:26 လူတယော့‑က်ဟှာ သူ့ကိုယ်သူ ဘုရားတရားဟှို ကြည်ညိုဟှယ် ဆိုဘီး ယူဆဘေမဲ့ သူ့ရဲ့ လျှာဟှို ထီးနိုင်ဟှ ဆိုဟှာ သူ့ရဲ့ စိနှလောင်းဟှို လှည့်ဇာဟှူလူ ဖြစ်ဟှယ်။ သူ့ရဲ့ ဘုရားတရား ကိုင်းရှိုင်းရှင်းဟှာ ချည်းနှီးဘဲဖြစ်ဟှယ်။
JAM 1:27 ဖဘုရားသခင်ရှေ့မာ စင်ကြယ်ဟှူတရားဟှို ကြည်ညိုဟှယ် ဆိုဇာ ဒေါက်ခရော့‑က်နေဟှူ၊ မိဖမှေ့ဘဲဟှူ သားဂန်းလေန မောက်ဆိုးမလေဟှို ကေ့ရှုစောန့်ရှောန်ရှင်း၊ လောကရဲ့ ညစ်ညူးရှင်းလေန ကင်းအောန် ကိုယ့်ကိုယ်ကိုယ် စောန့်ထီးရှင်းဘဲ ဖြစ်ဟှယ်။
JAM 2:1 ညီကို မောန်နှမလေ၊ နန်းနို့ဟှာ ဖောင်းတဂိုးကီးဟှူ သခင်ယေရှုခရစ်တော်ဟှို ယောင်ကြည်ဟှူ လူလေဖြစ်ဟှူကြောန့် လူလေဟှို မျစ်နှာလိုက်ဘီး ဆစ်ဆံဂေ့န။
JAM 2:2 နန်းနို့လေရဲ့ ဝါလယ်ဇရပ်ဟှို ဝမ်လာဟှူ လူနှေ့ယော့‑က်မာ ရွှေလတ်စွပ်ဝတ်ဟှားဘီး ရရာတိုင်းကောန်းဟှူ အန်းဂီလေဟှို ဝတ်ဟှားလေဟှယ်။ တခြားတယော့‑က်ဟှ ဆင်းရဲဟှူကြောန့် စုနေဟှူအန်းဂီဟှို ဝတ်ဟှားမယ် ဆိုဟှာ၊
JAM 2:3 နန်းနို့ဟှာ ကောန်းဟှူအန်းဂီဟှို ဝတ်ဟှားဟှူလူဟှို ဦးစားပေးဘီးဟှာ “အယ်နေရာကောန်းမာ ထိုင်ပါ” ဆင်းရဲသားဟှို “ငါရဲ့ ခေရင်းမာထိုင်ပါ” ဆိုဘီး ပြောမယ် ဆိုဟှာ၊
JAM 2:4 ရှင်းရှင်းဘဲ့ လူဒန်းဇားခွဲခြားဘီး ကောန်းဘဲဟှူကြံစည်ဟှို စီရင်ဂေ့ဇာ မှုဟှလော။
JAM 2:5 ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ နားထောန်ဂေ့ပါ။ ယောင်ကြည်ရှင်းမာ ကြွယ်ဝဟှူ လူလေဖြစ်ဂေ့ဟှို့တွပ်၊ ဒိထားဟှားဟှူ နိုင်ငံတော်ဟှို မွီခံရဟှူလူလေ ဖြစ်ဂေ့ဟှို့တွပ် ဘုရားသခင်ဟှာ လောကမာ ဆင်းရဲဟှူလူလေဟှို ဝီးကော့‑က်ဟှားဇာ မှုဟှလော။
JAM 2:6 အယ်ဘေမဲ့ နန်းနိုဟှာ ဆင်းရဲသားလေဟှို စော်ဂါးဂေ့ဟှယ် ကြွယ်ဝဟှူ လူလေဟှာ နန်းနို့လေဟှို နှိစစ်ဘီးဟှာ တရားသူဂီးလေရှေ့မာ ဆွဲခေါ်ဟှားဂေ့ဟှယ် မှုဟှလော။
JAM 2:7 နန်းနို့ဟှို ခေါ်ဟှားဘီး နာမတော်ဟှို ကဲ့ရဲ့ဂေ့ဇာ မှုဟှလော။
JAM 2:8 နန်းနို့ဟှာ “ကိုယ့်နဆိုင်ဟှူလူဟှို ကိုယ်နမျှရှစ်ပါ” ဆိုဘီး ကျမ်းစာမာပါဟှူ ရွှေပညတ်တော်ဟှို ကျင့်မယ် ဆိုဟှာ ကောန်းဟှူဇာဟှို ကျင့်ဟှူဇာ ဖြစ်ဟှယ်။
JAM 2:9 အယ်မျိုးမူဘဲနေဟှာ လူမျစ်နှာဟှို ထော့‑က်မယ် ဆိုဟှာ ပြစ်လောက်ဟှူလူ ဖြစ်ဟှယ် ဆိုဇာ အယ်ပညတ်အားဖြင့် ထန်ရှားဟှယ်။
JAM 2:10 ပညတ်တော်တခုဟှို ခ္လိုးဖော့‑က်ဟှူလူဟှာ ပညတ်တော် ဂူလောင်းဟှို ခ္လိုးဖော့‑က်ဇာန တူးဒူဘဲ့။
JAM 2:11 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “အီထောန်ရေးဖော့‑က်ပ္လန်န” ဆိုဘီး ပြောဟှားဟှူသခင်ဟှာ “လူသတ်ဟှိုလည်း သတ်န” ဆိုဇာလည်း ပြောဟှားကြောန့် ဖြစ်ဟှယ်။ နန်ဟှာ အီထောန်ရေး ဖော့‑က်ပ္လန်ဘေမဲ့ လူသတ်ဟှူသတ်ဟှယ် ဆိုဟှာ ပညတ်တော်ဟှို ခ္လိုးဖော့‑က်ဇာန တူးဒူဘဲ့ ဖြစ်ဟှယ်။
JAM 2:12 အယ်ကြောန့် နန်းနို့ဟှာ လွတ်မြော့‑က်ရှင်းနဆိုင်ဟှူ တရားတော်အားဖြင့် စီရင်ရှင်းဟှို ခံရမယ်သူလေမျိုးဘဲ ပြောဆိုကျင့်ကြံဂေ့ပါ။
JAM 2:13 ကရုဏာမှေ့ဘဲ့ဟှူ လူဟှာ ကရုဏာမှေ့နဟှူ တရားစီရင်ရှင်းဟှို ခံရလေ့မယ်။ အယ်ဘေမဲ့ ကရုဏာဟှာ တရားစီရင်ရှင်းထတ်မာ အောန်ဗွဲခံတတ်ဟှယ်။
JAM 2:14 ငါ့ညီကို မောန်နှမလေ၊ လူတယော့‑က်ဟှ ငါမာ ယောင်ကြည်ရှင်းရှိဟှယ် ဆိုဘီး ပြောဘေမဲ့လည်း ကျင့်အားဖြင့် သတ်သေပြနိုင်ဟှ ဆိုဟှာ ဖယ်ကျိုးရှိနူး။ အယ်လူရဲ့ ယောင်ကြည်ရှင်းဟှာ သူ့ဟှို ကယ်တန်နိုင်ဘဲ့လော။
JAM 2:15 ညီကို မောန်နှမလေဟှာ စားဝတ်နေရေး ဆင်းရဲနေဟှူ ခီမာ
JAM 2:16 နန်းနို့ဟှ “နန်းနို့လေဟှို ဘုရားသခင် ကောန်းဂျီးပေးပါစေ။ ငြီးငြီးချမ်းချမ်းဟှား နေဂေ့ပါ။ ဝဝဟှားစားဂေ့” ဆိုဘီး ပြောဘီးဟှာ သူးနို့ရဲ့ ကိုယ်ခန္ဓာတွပ် လိုအပ်နေဟှူ ဇာလေဟှို ပေးဘဲ့န နေမယ် ဆိုဟှာ ဖြာကျိုးရှိမယ်နူး။
JAM 2:17 ယောင်ကြည်ရှင်းဟှလည်း အယ်မျိုးဘဲ့ဖြစ်ဟှယ်။ ကျင့်မှေ့ဘဲ့ဟှူ ယောင်ကြည်ရှင်းဟှာ ခုဒဲဘဲဖြစ်ဟှူကြောန့် သေဖြစ်ဟှယ်။
JAM 2:18 အယ်ကြောန့် ယော့‑က်ယော့‑က်ဟှ “ငါ့မာ ယောင်ကြည်ရှင်းရှိဟှယ်” ဆိုဘီး ပြောမယ် ဆိုဟှာ “ကျင့်မှေ့ဘဲ့န နန့်ရဲ့ယောင်ကြည်ရှင်းဟှို ငါ့ဟှို ပြပါ။ ငါဟှကျင့်န ငါရဲ့ ယောင်ကြည်ရှင်းဟှို ပြမယ်” ဆိုဘီး ပြောဇာရှိဟှယ်။
JAM 2:19 ဘုရားသခင်တပါးဘဲ့ ရှိဟှယ် ဆိုဘီး ယောင်ကြည်ဇာဟှာ ကောန်းဟှယ်။ နတ်ဆိုးလေဟှလည်း အယ်မျိုးဘဲ့ ယောင်ကြည်ဘီးဟှာ ကြော့‑က်ဘီး တူနေဂေ့ဟှယ်။
JAM 2:20 အို၊ လူမိုက်၊ ကျင့်မှေ့ဘဲ့ဟှူ ယောင်ကြည်ရှင်းဟှာ ချည်းနှီးဖြစ်ဟှယ် ဆိုဇာဟှို သိရှင်လော။
JAM 2:21 နို့လေရဲ့ဖိုး အာဗြဟံဟှာ ဘုရားသခင်န မှန်းမှန်ကန်းကန် ပေါန်းသင်းဆစ်ဆံဇာဟှို ဖယ်မျိုးရဟှယ်နူး။ သူဟှာ သူ့သားဣဇာက်ဟှို ယဇ်ပလ္လင်ထတ်မာ တန်ဘီးဟှာ ပူဇော်ဟှူ ခီမာ ကျင့်ကြောန့် ဖြောန့်မတ်ရှင်းဟှို ရဟှယ်။
JAM 2:22 သူ့ရဲ့ယောင်ကြည်ရှင်းဟှာ ကျင့်နတွဲနေဇာဟှို နန်းနို့လေဟှာ ဗြင်ဂေ့ဟှလော။ ကျင့်ကြောန့်သူ့ရဲ့ ယောင်ကြည်ရှင်းဟှာ ပ္လဲ့ဝစောင်လင်လာဟှယ်။
JAM 2:23 အယ်ကြောန့် “အာဗြဟံဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှယ်။ သူ့ရဲ့ ယောင်ကြည်ရှင်းကြောန့် ဘုရားသခင်ဟှာ သူဟှို ဖြောန့်မတ်ဟှူသူနေန လတ်ခံလိုက်ဟှယ်” ဆိုဇာ ကျမ်းစကားဟှာ ပ္လဲ့ဇောင်လာဟှယ်။ အယ်ကြောန့် အာဗြဟံဟှာ ဘုရားသခင်ရဲ့ မိဆွေ ဆိုဘီး ခေါ်ခံရဟှယ်။
JAM 2:24 အယ်ကြောန့် လူဟှာ ယောင်ကြည်ရှင်း အားဖြင့်ဘဲ့ ဖြောန့်မတ်ရှင်းဟှို ရော့‑က်ဇာမှုဟှ။ ကျင့်အားဖြင့်ရော့‑က်ဟှယ် ဆိုဇာဟှို နန်းနို့ သိရဂေ့ဟှယ်။
JAM 2:25 ကောန်းဘဲ့ဟှူမီးမ ရာခပ်ရဲ့ကြောန်းဟှလည်း အယ်မျိုးဘဲ့ ဖြစ်ဟှယ်။ သူဟှာ ဣသရေလ တလျှိုလေဟှို လတ်ခံဘီးန တခြားလမ်းဟှနေ ထွပ်ဟှားဟှို့တွပ် ကူညီပေးဟှယ်။ အယ်မှုကြောန့်သူဟှာ ကျင့်ကြောန့် ဖြောန့်မတ်ရှင်းဟှို ရော့‑က်ဟှားဇာ မှုဟှလော။
JAM 2:26 အယ်ကြောန့် ဝိညာဉ်မှေ့ဘဲဟှူ ကိုယ်ခန္ဓာဟှာ သေဖြစ်ဟှူမျိုးဘဲ့ ကျင်မှေ့ဘဲ့ဟှူ ယောင်ကြည်ရှင်းဟှလည်း သေဖြစ်ဟှယ်။
JAM 3:1 ငါ့ညီကို မောန်နှမလေ၊ ဆရာဖြစ်ဂေ့ဟှူ နို့လေဟှာ တခြားလူလေထတ် ပိုဘီး ဟှာ စစ်ကြောစီရင်ရှင်းဟှို ခံရမယ် ဆိုဇာ နန်းနို့ဟှာ သိဟှူကြောန့် ဆရာလေ ဖြစ်ရှင်ဂေ့န။
JAM 3:2 နို့လေရှိမျှဟှာ မကြာမကြာ မှားဂေ့ဟှယ်။ ဖယ်ခါလည်း စကားမှားဘဲ့ဟှူလူဟှာ ပ္လဲ့ဝစောင်လင်ဟှူလူ ဖြစ်ဟှယ်။ အယ်မျိုးလူဟှာ ကိုယ့်ကိုယ်ကိုယ် ထီးချောက်နိုင်ဟှူလူ ဖြစ်ဟှယ်။
JAM 3:3 နို့လေဟှာ ဗြင်းဇတ်ပေါ့‑က်ဟှို ခယ်ဟှားဘီးဟှာ ဗြင်းတကိုယ်လောင်းဟှို လှည့်စေဟှို့တွပ် နို့လေရဲ့ စကားဟှို နားထောန်ခိုင်းဘီးဟှာ သွားရှင်ဟှူနေရာဟှို သွားခိုင်းနိုင်ဟှယ်။
JAM 3:4 ရရာတိုင်းကီးဟှူ သန်းဖော်လေဟှို လေတိုက်နေဟှူ ခီမာ ပဲ့ဟှိုကိုင်ဘီးဟှာ ထီးချောက်ဘီး ပဲ့ထီးဟှူလူဟှ သွားရှင်ဟှူနေရာဟှို လှည့်တတ်ဟှယ်။
JAM 3:5 လျှာဟှလည်း အယ်မျိုးတိုင်းဘဲ့ ဖြစ်ဟှယ်။ ကိုယ်ခန္ဓာမာ ငယ်ဆောင်းအင်္ဂါဖြစ်ဘေမဲ့ ရရာတိုင်းကီးဟှူဇာလေဟှို ဝါကြွားတတ်ဟှယ်။ ရရာတိုင်းကီးဟှူသစ်တောဟှို ရရာတိုင်းငယ်ဟှူမီးပွားဟှ လောန်နိုင်ဟှယ် ဆိုဇာ ကေ့ကေ့ပါ။
JAM 3:6 လျှာဟှာ မီးနတူဟှယ်။ ပြစ်ဒုစရိုက်လေန ပ္လဲ့ဝဟှူ လောကဖြစ်ဟှယ်။ အယ်မျိုးဘဲ့ ကိုယ်ခန္ဓာမာ အင်္ဂါတခုနေန ရှိနေဘီး နို့လေရဲ့ ကိုယ်ခန္ဓာ တခုလောင်းဟှို ပြစ်ဒုစရိုက်လေန ကူးစစ်ဘီး ပ္လံ့နှံ့စေဟှယ်။ လျှာဟှာ ငရဲမီးန နို့လေရဲ့ ဘဝဂူလောင်းဟှို လောန်စေဟှယ်။
JAM 3:7 လူဟှာ တခြားသတ္တဝါလေဖြစ်ဟှူ လိဆန်၊ ငှတ်၊ တွားတတ်ဟှူ သတ္တဝါန ပန်လယ်မှာနေဟှူ သတ္တဝါလေဟှို လူလေဟှာ ယဉ်အောန်လောက်နိုင်ဟှယ်။ လောက်လဲလောက်လာဟှယ်။
JAM 3:8 အယ်ဘေမဲ့ လျှာဟှို ဖယ်သူလည်း နိုင်အောန်လောက်နိုင်ဟှ။ လျှာဟှာ သေစေတတ်ဟှူ ဆိနပ္လဲ့ဝဘီး ထီးချောက်ဟှို့ မျှဘဲ့နေအောန် ဆိုးဟှယ်။
JAM 3:9 နို့လေဟှာ ဖဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဟှူ ခီမာ လျှာလေဟှို သောင်းဂေ့ဟှယ်။ ဘုရားသခင်ရဲ့ ပေါင်ဇံနတူးအောန် ဖန်ဆင်းဟှားဟှူ လူလေဟှို ကီဆဲဟှူ ခီမာလည်း သောင်းပြုဂေ့ဟှယ်။
JAM 3:10 နှောက်တခုထဲဟှ ကျေးဇူးတော်ဟှို ချီးမွမ်းရှင်းန ကီဆဲရှင်းလေ ထွပ်တတ်ဘဲ့လော။ ညီကို မောန်နှမလေ အယ်မျိုးဖြစ်သင့်ဟှ။
JAM 3:11 စမ်းရေ တပေါ့‑က်ထဲဟှ ရှိုဟှူရေန ခါးဟှူရေလေ ထွပ်တတ်ဘဲ့လော။
JAM 3:12 ညီကို မောန်နှမလေ၊ သဖန်းပန်မာ သံလွင်သီးဟှို သီးနိုင်ဘဲ့လော။ စဗျစ်နွယ်ဗန်မာ သဖန်းသီးဟှို သီးနိုင်ဘဲ့လော။ အယ်မျိုးဘဲ့ ငန်ဟှူရေဟှ ရှိုဟှူရေ ဖြစ်နိုင်ဟှ။
JAM 3:13 နန်းနို့ထဲမာ လိမာဟှူဉာဏ်နပ္လဲ့ဇောင်ဟှူ ပညာရှိတယော့‑က်ရှိမယ် ဆိုဟှာ သူဟှာ သူ့ရဲ့ ပညာရှိဟှူ ဉာဏ်ပညာန နှီခ္လဟှူစိန သတ်ရှင်ဘီး ကောန်းဟှူကျင့်လေဟှို သတ်သေပြပါစေ။
JAM 3:14 အယ်မျိုးမှုဘဲနေဟှာ နန်းနို့လေရဲ့ စိနှလောင်းထဲမာ မာနကီးဟှူစိ၊ နာလိုဘဲ့ဟှူစိ၊ တကိုယ်ကောန်ဆန်ဟှူစိလေ ရှိမယ် ဆိုဟှာ ဉာဏ်ပညာတွပ် ဝါးကြွားဘီ ပြောဟှူဇာန သမ္မာတရားဟှို ဆန့်ကျင်ဂေ့န။
JAM 3:15 အယ်မျိုးပညာဟှာ ထတ်ဟှရော့‑က်လာဟှူ ပညာမှုဟှ၊ လောကဆန်ဘီး ဇာတိသွီးသားနဆိုင်ဟှူ၊ နတ်ဆိုးလေန ပတ်သတ်ဟှူ ပညာဘဲ့ဖြစ်ဟှယ်။
JAM 3:16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နာလိုဘဲ့ဟှူစိ၊ တကိုယ်ကောန်ဆန်ဟှူ စိလေဟှာ အေးချမ်းဘဲန ရှောက်ရှစ်ခတ်ရှင်း၊ ကောန်းဘဲ့န ယောက်မာရှင်းလေ ဖြစ်စေတွပ်ကြောန့် ဖြစ်ဟှယ်။
JAM 3:17 အယ်ဘေမဲ့ ထတ်ဟှလာဟှူ ပညာဟှာ ဦးဆောင်းဟှ သန့်ရှင်းစင်ကြယ်ဟှယ်။ အယ်ဘီးန ငြီးချမ်းဘီးဟှာ သာယာရှင်း၊ နူးညံ့သိမ်မွေ့ရှင်း၊ ရှစ်ရှစ်ခင်ခင် ဖြစ်စေဟှယ်။ ကရုဏာန ကြွယ်ဝပ္လဲ့ဇောင်ဘီး ကောန်းမြတ်ဟှူ ကျင့်လေဖြစ်ဟှူ သီးပွမ့်လေဟှိုလည်း ဖြစ်စေဟှယ်။ မျစ်နှာလည်းလိုက်ဟှ။ ဟန်ဆောန်မှုလေလည်း မှေ့ဟှ။
JAM 3:18 ငြီးချမ်းမှုလေဟှို လောက်ဆောန်လူလေဟှာ ဖြောန့်မတ်ဟှူသီးရဲ့ မျိုးစေ့ဟှို ငြီးချမ်းစွာ ကြဲတတ်ဟှယ်။
JAM 4:1 နန်းနို့လေဟှာ ဖြားဖြစ်ကြောန့် ရန်ဖြစ်ရှင်းလေန ငြင်းပွားရှင်းလေဟှို ဖြစ်စေနူး။ နန်းနို့လေရဲ့ ကိုယ်ကာယရဲ့ လိုအပ်ဟှူ ဆန္ဒလေကြောန့် ဖြစ်ဇာ မှုဟှလော။
JAM 4:2 နန်းနို့လေဟှာ ကိုယ်လိုရှင်ဇာလေ ရဘဲ့ကြောန့် လူလေဟှို သတ်ဟှို့တွပ် ဆင်သင့်ရှိနေဂေ့ဟှယ်။ ရရာတိုင်း လိုရှင်ဇာလေဟှို ရနိုင်ဘဲ့ဟှူကြောန့် ဂြင်းနေဂေ့ဟှယ်။ ရန်လည်းဖြစ်ဂေ့ဟှယ်။ နန်းနို့လိုရှင်ဇာလေ ရဂေ့ဘဲ့ဇာဟှာ ဘုရားသခင်မာ တောန်းဂေ့ဘဲကြောန့် ဖြစ်ဟှယ်။
JAM 4:3 နန်းနို့ တောန်းရှော့‑က်ဇာဟှာ ရည်ရွယ်ချစ် လွှဲမှားဘီး ကိုယ့်ရဲ့ စည်းဇိမ်အောက်စာ ခံစားဟှို့တွပ်ဘဲ့ တောန်းရှော့‑က်ဂေ့ဟှူကြောန့် ဖြစ်ဟှယ်။
JAM 4:4 နန်းနို့ဟှာ သစ်စာမှေ့ဘဲန ဆိုးညစ်ဟှူလူလေ ဖြစ်ဂေ့ဟှယ်။ လောကန ခင်ရှင်ဟှူ လူလေဟှာ ဘုရားသခင်ဟှို ရန်ရှာဟှူလူ ဖြစ်ဟှယ် ဆိုဇာ နန်းနို့ သိဘီး နားလည်ဂေ့ဟှလော။ လောကန မိဆွေဖြစ်ရှင်ဟှူလူဟှာ ဘုရားသခင်ရဲ့ ရန်သူဖြစ်ဟှယ်။
JAM 4:5 ကျမ်းစာဟှ “နို့လေထဲဟှို ဘုရားသခင်ပေးဟှူ ဝိညာဉ်တော်ဟှာ သဝန်တိုဟှူဘောန တောန်းတတော်မူဟှယ်” ဆိုဘီး ကြောန်းမှေ့ဘဲန ဖော်ပြဟှားဟှယ် ဆိုဘီး နန်းနို့ ထန်နေဂေ့လော။
JAM 4:6 အယ်ဘေမဲ့ နို့လေဟှို ဘုရားသခင်ပေးဟှာဟှူ ကျေးဇူးတော်ဟှာ ပိုဘီး ဟှာ စွမ်းအားကီးဟှယ်။ “ဘုရားသခင်ဟှာ မာနကီးဟှူလူလေဟှို နှီခ္လဟှူ လူလေဟှို ကျေးဇူးတော်ဟှို ခ္လပေးဟှယ်” ဆိုဘီး ကျမ်းစာလာဟှူဇာန ညီဟှယ်။
JAM 4:7 အယ်ကြောန့် ဘုရားသခင်ရဲ့ လိုတော်ဟှို လိုက်ဂေ့ပါ။ မာရ်နတ်ဟှို ဆီးတာဂေ့ပါ။ အယ်မျိုးလောက်မယ် ဆိုဟှာ သူဟှာ နန်းနို့နားဟှနေဘီးဟှာ ထွပ်ပ္လေးဟှားလေ့မယ်။
JAM 4:8 ဘုရားသခင်နားဟှို သွားဂေ့။ အယ်မျိုးဆိုဟှာ ကိုယ်တော်ဟှာ နန်းနို့နားဟှို ကြွလာလေ့မယ်။ ပြစ်ကျူးလွန်ဟှူလူလေ၊ နန်းနို့လတ်လေဟှို ဆေးဂေ့ပါ။ မာနကီးဟှူလူလေ၊ နန်းနို့လေရဲ့ စိနှလောင်းဟှို သန့်ရှင်းစင်ကြယ်အောန်လောက်ဂေ့ပါ။
JAM 4:9 ဝန်းနည်းကြေကွဲဂေ့ပါ။ ငိုဘီးဟှာ ညီးတွားဂေ့ပါ။ နန်းနို့ ရယ်ဇာလေဟှို ငိုဇာဖြစ်စေဂေ့ပါ။ နန်းနို့ ဝန်းသာဇာဟှို ဝန်းနည်းဇာ ဖြစ်စေဂေ့ပါ။
JAM 4:10 နန်းနို့ဟှာ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရှေ့မာ နှိခ္လဂေ့ပါ။ အယ်မျိုးဆိုဟှာ ကိုယ်တော်ဟှာ နန်းနို့ဟှို ချီးမြှော့‑က်လေ့မယ်။
JAM 4:11 ညီကို မောန်နှမလေ၊ နန်းနို့ဟှာ ရှင်းရှင်း ယော့‑က်နယော့‑က် ပေါက်ခတ်ဘီး ဝေဖန်ရှင်းန စစ်ကြောစီရင်ရှင်းလေဟှာ ပညတ်တရားဟှို ပေါက်ခတ်ဘီး ပြောနေဇာနတူဟှယ်။ ပညတ်တရားဟှို စီရင်ဂေ့မယ် ဆိုဟှာ နန်းနို့ဟှာ အယ်မူတရားဟှို ကျင့်ဟှူလူမှုဘဲန စစ်ကြောစီရင်ဟှူ လူလေဘဲ့ ဖြစ်ဂေ့ဟှယ်။
JAM 4:12 ဘုရားသခင်တပါးဘဲ့ ပညတ်တရားဟှို ပေးဘီး စီရင်ပိုင်ဟှူ သခင်ဖြစ်ဟှယ်။ ကိုယ်တော် တပါးဒဲဘဲ့ ကယ်တန်နိုင်တွပ်ရော၊ ဖျစ်ဆီနိုင်ဟှို့တွပ် တတ်နိုင်ဟှယ်။ နန်ဟှ ဖယ်သူဖြစ်ကြောန့် အီဇနီးရှင်းဟှို စီရင်ရနူး။
JAM 4:13 “အယ်နေ့မှုဘဲနေဟှာ နတ်ကီးတိုင်ဟှာ အယ်ဗြို့ဟှို နို့လေသွားဘီး တနှစ်လော့‑က်နေဂေ့ဇို့။ အယ်ဗြို့မာ ကူသယ်လောက်ဘီး ကပ်လေဘောင်ဂီးရှာဂေ့ဇို့” ဆိုဘီး နန်းနို့ထဲဟှ တချို့ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ ငါပြောဇာဟှို နားထောန်ဂေ့။
JAM 4:14 နန်းနို့ဟှာ နတ်ကီးတိုင်ဟှာ ဖယ်မျိုးဖြစ်မယ် ဆိုဇာ သိနိုင်ဂေ့ဟှ။ နန်းနို့သတ်ဟှာ ရှစ်ဟှားပေါ်လာဘီးန ပျော့‑က်ဟှားတတ်ဟှူ မီးခိုးနတူဟှယ်။
JAM 4:15 “ဘုရားသခင် လိုတော်ရှိမယ် ဆိုဟှာ နို့လေဟှာ သတ်ရှင်ဘီး အယ်မှုလေဟှို အယ်မျိုးလောက်မယ်။ အယ်မျိုးလောက်ဂေ့ဇို့” ဆိုဘီး နန်းနို့ပြောဂေ့ဟှယ်။
JAM 4:16 ခုနန်းနို့ဟှာ မာန်မာနကီးဘီး ဝါကြွားတတ်ဂေ့ဟှယ်။ အယ်မျိုးဝါကြွားဇာဟှာ ပြစ်ဖြစ်ဟှယ်။
JAM 4:17 အယ်ကြောန့် ကောန်းဟှူကျင့်ဟှို သိဘီးဟှာ လောက်ဘဲနေဟှူလူဟှာ ပြစ်ရှိဟှယ်။
JAM 5:1 ကြွယ်ဝဟှူ လူလေ၊ ငါစကားဟှို နားထောန်ဂေ့ပါ။ နန်းနို့ဟှာ ကိုယ်တွိကြောင်ရဟှူ ဆင်းရဲဒေါက်ခလေတွပ် ငိုဘီးဟှာအော်ဟစ်ဂေ့။
JAM 5:2 နန်းနို့ရဲ့ စည်းဇိမ်အောက်စာဟှာ ဆွီးဟှားဘီ။ နန်းနို့ရဲ့ ဝတ်လေဟှာ ပိုးကိုက်စားလိုက်ဘီ။
JAM 5:3 နန်းနို့ရဲ့ ရွှေလေ၊ ငွေလေဟှလည်း သံခ္လေးတတ်နေဟှယ်။ အယ်သံခ္လေးဟှာ နန်းနို့ဖတ်မာ သတ်သေထော့‑က်ထားဖြစ်ဘီး မီးလေမျိုးဘဲ့ နန်းနို့သားလေဟှို လောန်ဘီးဟှာ ပျစ်စီးစေလေ့မယ်။ နော့‑က်ဆောင်းနေ့ရစ် ကာလမာ နန်းနို့ဟှာ အောက်စာဘဏ္ဍာလေဟှို စုဆောန်းနေဂေ့ဟှယ်။
JAM 5:4 နန်းနို့သီးနှံလေဟှို ရိပေးဟှူလူလေရဲ့ လောက်အားခဟှိုလည်း ပေးဂေ့ဟှ။ သူးနို့ တိုင်ပြောဟှူဇာလေဟှို နားထောန်ဂေ့ပါ။ သူးနို့ဟှာ သံက္လယ်က္လယ်န တောန်းဟှူဇာဟှို ကောန်းဂန်ဗိုလ်ခေ အနန္တတဂိုးရှင် ဘုရားသခင်ဟှ ကြားနေရဟှယ်။
JAM 5:5 နန်းနို့ဟှာ လောကမာ စည်းဇိမ်ခံစားဘီးဟှာ ပျော်နေဂေ့ဟှယ်။ သတ်ခံရဟှူနေ့တွပ် ကိုယ့်ကိုယ်ကိုယ် ဝလာအောန် ကျွေးဂေ့ဟှယ်။
JAM 5:6 ပြစ်မှေ့ဘဲန ဖြောန့်မတ်ဟှူ လူလေဟှို သေဒန်စီရင်ဘီး သတ်ဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့လေဟှာ နန်းနို့ဟှို တားဂေ့ဟှ။
JAM 5:7 အယ်ကြောန့် ညီကို မောန်နှမလေ၊ နန်းနို့ဟှာ သခင်ဘုရား ကြွလာဟှူခီထိ သည်းခံဘီးဟှာ စောန့်နေဂေ့ပါ။ လယ်သမားဟှာ သူ့ရဲ့ လယ်မာ ဖိုးကီးဟှူ သီးနှံလေ ထွပ်လာဟှို့တွပ် ရင်မိုးန နော့‑က်မှဝါဟှူ မိုးဟှို စောန့်မျှော်နေဟှယ်။
JAM 5:8 နန်းနို့ဟှာ သည်းခံဟှူစိန စောန့်နေဂေ့ပါ။ သခင်ဘုရား ကြွလာဟှူ နေ့ရစ်ကာလဟှာ နီးလာဘီ ဖြစ်ဟှူကြောန့် နန်းနို့လေ မျှော်လင့်ဇာလေဟှို ခိုင်းခိုင်မားမာ ထားဂေ့ပါ။
JAM 5:9 ညီကို မောန်နှမလေ၊ နန်းနို့ကိုယ်တိုင် ဘုရားသခင်ရဲ့ စစ်ကြောစီရင်ရှင်းန လွတ်ဟှို့တွပ် ရှင်းရှင်း တယော့‑က်ဟှိုယော့‑က် ပြစ်တန်ဂေ့န။ တရားစီရင်ပိုင်ဟှူ သခင်ဟှာ ရော့‑က်လာဘီး ခွဗော့‑က်ဝမာ ရပ်နေဟှယ်။
JAM 5:10 ညီကို မောန်နှမလေ၊ ဘုရားသခင်ရဲ့ နာမတော်ဟှို မှီပြုဘီး ဟောပြောရစ်ဟှူ ပရောဖက်လေရဲ့ ကြောန်းဟှို ဒိရဂေ့ပါ။ ဆင်းရဲ့ဒေါက်ခ ရော့‑က်ဟှူ ခီမာ သူးနို့လေရဲ့ သည်းခံရှင်းလေဟှို စံနမှုနာ ယူဂေ့ပါ။
JAM 5:11 သူးနို့လေဟှာ ခံနိုင်ရည်ရှိဟှူ လူလေဖြစ်ဟှူကြောန့် သူးနို့ဟှို မင်္ဂလာရှိဟှူလူလေ ဆိုဘီး နို့လေဟှ ခေါ်ဂေ့ဟှယ်။ ယောဘဟှာ ဖယ်မျိုးသည်းခံဟှယ် ဆိုဇာ နန်းနို့လေ ကြားရဂေ့ဟှယ်။ နော့‑က်ဆောင်းမာ သူ့ဟှို ဘုရားသခင်ဟှ ဖယ်မျိုးကေ့ရှုကြောန်းဟှို နန်းနို့လေ သိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ထာဝရဘုရားဟှာ သနားကြင်နာဘီး ကရုဏာတော်န ပ္လဲ့ဇောင်ဟှူ သခင်ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။
JAM 5:12 ငါ့ညီကို မောန်နှမလေ၊ ကီဆိုရှင်းဟှို လောက်ဂေ့န။ ကောန်းဂန်ဘောင်န မ္လေဂီးဟှို တိုင်တယ်ဘီး ကီဆိုဂေ့န။ ဖယ်ဇာဟှိုလည်း တိုင်တယ်ဘီးဟှာ ကီဆိုဂေ့န။ နန်းနို့စကားဟှာ “မှန်ဇာဟှို” မှန်ဖြစ်စေဘီး “မှုဘဲဇာဟှို” မှုဟှ ဆိုဘီး ဖြစ်စေဂေ့ပါ။ အယ်မျိုးဆိုဟှာ နန်းနို့ဟှာ ဘုရားသခင်ရဲ့ တရားစီရင်ရှင်းဟှနေ လွတ်ဂေ့လေ့မယ်။
JAM 5:13 နန်းနို့ထဲမာ ဒေါက်ခရော့‑က်နေဘီး အားငယ်နေဟှူလူဟှာ ဆုတောန်းစေ။ ဝန်းသာဟှူလူဟှာ ချင်းဆိုစေ။
JAM 5:14 ဖျားနေဟှူလူဟှာ သင်းတော်ဟှို အောက်ထီးဟှူ သင်းအောက် လူဂီးလေဟှို ခေါ်ဂေ့။ သူးနို့ဟှာ သခင်ဘုရားရဲ့ နာမတော်ဟှို မှီပြုဘီးဟှာ လူနာဟှို ဆီနလူးဘီးဟှာ ဆုတောန်းဂေ့ပါ။
JAM 5:15 ယောင်ကြည်ရှင်းန ဆုတောန်းရှင်းဟှာ လူနာဟှို ကျန်းမာစေလေ့မယ်။ သခင်ဘုရားဟှာ သူ့ဟှို ကျန်းမာစေဘီး သူလောက်ဟှားဟှူ ပြစ်လေဟှိုလည်း လွှတ်ပေးလေ့မယ်။
JAM 5:16 အယ်ကြောန့် နန်းနို့ရှင်းရှင်း ကိုယ်ပြစ်လေဟှို ဖော်ပြဝန်ခံဘီး ရှင်းရှင်းလေတွပ် ဆုတောန်းမယ် ဆိုဟှာ ရောဂါလေ ပျော့‑က်လေ့မယ်။ သူတော်ကောန်း ဆုတောန်းရှင်းဟှာ ရရာတိုင်း တဂိုးပါဟှယ်။
JAM 5:17 ဧလိယဟှာ နို့လေမျိုးဘဲ့ သာမန်လူဖြစ်ဟှယ်။ သူဟှာ မိုးဝါဘဲဟှို့တွပ် စိအားထတ်သန်ဘီး ဆုတောန်းဟှူ ခီမာ ကမ္ဘာမ္လေဂီးထတ်မာ သောင်းနှစ်န ခြော့‑က်လတိတိ မိုးဝါဘဲနေလေဟှယ်။
JAM 5:18 နော့‑က်တခါ ဧလိယ ဆုတောန်းဟှူ ခီမာ ကောန်းဂန်ဟှ မိုးဝါခ္လဘီး မ္လေဆီလွှာဟှာ သီးနှံလေဟှို ပိုဘီး သီးစေဟှယ်။
JAM 5:19 ညီကို မောန်နှမလေ၊ နန်းနို့ထဲမာ ယော့‑က်ယော့‑က်ဟှ သမ္မာတရားလမ်းဟှ လွဲဟှားဟှူ ခီမာ တခြားလူတယော့‑က်ဟှ လမ်းမှန်ဟှို ပ္လန်ခေါ်လာဟှယ် ဆိုဟှာ၊
JAM 5:20 ပြစ်ရှိဟှူ လူတယော့‑က်ဟှို မှားနေဟှူ လမ်းဟှနေ ပ္လန်ဘီး ခေါ်ဆောန်လာဟှူလူဟှာ အယ်ပြစ်သားရဲ့ ဝိညာဉ်ဟှို သေရဟှူမှုဟှနေ ကယ်တန်ဘီး ပြစ်ဘောင်ဂီးဟှနေ လွှတ်ခွမ့်ရဟှို့တွပ် လောက်ဆောန်ပေးဟှူလူ ဖြစ်လေ့မယ်။
1PE 1:1 ယေရှုခရစ်တော်ရဲ့ တမန်တော် ငါပေတရုဟှာ —
1PE 1:2 ယေရှုခရစ်တော်ရဲ့ စကားတော်ဟှို နားထောန်ဟှို့တွပ်န ကိုယ်တော်ရဲ့ သွီးတော်န ဖျန်းရှင်းကျေးဇူးဟှို ခံရဟှို့တွပ် ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေရှင်းဟှို ခံရဘီး နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်ရဲ့ ကြိုတန်သိဗြင်ဟှူ ဉာဏ်တော်တိုင်း ဝီးကော့‑က်ခံရဟှူ သူလေနားဟှို စာရေးလိုက်ပါဟှယ်၊
1PE 1:3 နို့လေ သခင်ယေရှုခရစ်ရဲ့ ဖ ဘုရားသခင်ဟှာ မင်္ဂလာရှိပါစေ။ ကိုယ်တော်ဟှာ သူ့ရဲ့ ကီးမြတ်ဟှူ ကရုဏာတော်န ယေရှုခရစ်တော်ဟှို သေရှင်းဟှနေ ရှင်ပ္လန်ထမြော့‑က် စေရှင်းအားဖြင့် နို့လေဟှို သတ်ရှင်ဟှူ မျှော်လင့်ရှင်းန
1PE 1:4 နန်းနို့လေတွပ် ကောန်းဂန်ဘောင်မာ ထီးသီးဟှားဟှူ ယိုယွင်းပျစ်စီးမှုလေ၊ ညစ်ညူးမှုလေန မှေးမှိန်မှုလေ မှေ့ဘဲဟှူ မွီတော်ထဲဟှို ပ္လန်ဘီး သစ်မွီးဖွား စေတော်မူဟှယ်။
1PE 1:5 နန်းနို့လေဟှာ နော့‑က်ဆောင်းကာလမာ ဖော်ပြဟှို့တွပ် ဆင်သင့်ပြင်ဆင်ဟှားဟှူ ကယ်တန်ရှင်းတွပ် ဘုရားသခင်ရဲ့ တဂိုးတော်နှိုက် ယောင်ကြည်မှုအားဖြင့် စောန့်ရှော့‑က်ရှင်းဟှို ခံရဂေ့ဟှယ်။
1PE 1:6 နန်းနို့လေဟှာ ခုခီမာ စောင်ဇမ်းနှော့‑က်ယှစ်ရှင်း ဘောန်းဇောင်ကြောန့် ရှစ်ဟှား ဝန်းနဲရဟှူလည်းဘဲ့ ရင်းရင်ဒူးဟှ ပြောဟှားဟှူ ကြောန်းရာလေအားဖြင့် ရွှင်လန်းဟှူစိ ရှိဂေ့ပါ။
1PE 1:7 ရယ်ကျိုဘီး စောင်ဇမ်းရှင်းဟှို ခံနိုင်ဟှူလည်းဘဲ့ ပျစ်စီးတတ်ဟှူ ရွှေထတ် ရရာတိုင်း ဖိုးကီးဟှူ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှို စစ်ကြောစောင်ဇမ်းရှင်းဟှာ ယေရှုခရစ်တော် ပေါ်ထွပ်တော်မူဟှူ ခီမာ ချီးမွမ်းရှင်း၊ ဖောင်းသရေတော်န ဂေါင်သရေဖြစ်ဟှို ရော့‑က်ဟှို့တွပ် ဖြစ်ဟှယ်။
1PE 1:8 နန်းနို့လေဟှာ အယ်သခင်ဟှို ဗြင်ဖူးဘဲနေဟှူလည်းဘဲ့ ရှစ်ဂေ့ဟှယ်။ ခုလည်း ဗြင်ဘဲန ယောင်ကြည်ရှင်းအားဖြင့် ဖောင်းသရေတော်န စပ်ဆိုင်ဟှူ ပြောဟှို့မှီနိုင်ဘဲဟှူ ရွှင်လန်းရှင်းန ဝန်းသာဂေ့ဟှယ်။
1PE 1:9 အယ်ဇာဟှ စိဝိညာဉ်ဟှို ကယ်တန်ရှင်းဖြစ်ဟှူ ယောင်ကြည်ရှင်းရဲ့ ကျိုးဟှို ခံစားရရှင်း ဖြစ်ဟှယ်။
1PE 1:10 အယ်ကယ်တန်ဟှူ ကြောန်းရာဟှို ပရောဖက်လေဟှာ သေးသေချားချာ စောင်ဇမ်းရှာဖွေဘီး နန်းနို့ခံစားရမယ့် ကျေးဇူးတော်ကြောန်းဟှို ဟောပြောဂေ့ဟှယ်။
1PE 1:11 ခရစ်တော်ခံရမယ့် ဆင်းရဲရှင်းန ဆင်းရဲခံဘီးမှ ဝမ်စားရမယ့် ဖောင်းစည်းဇိမ်ကြောန်းဟှို သူးနို့ထဲမာရှိဟှူ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟှာ သက်သေခံဟှူ ခီမာ ဖယ်သူဖယ်ဝါ ဖယ်ခီကာလဟှို ဆိုလိုဟှူကြောန်းဟှို မေးမြန်းရှာဖွေဂေ့ဟှယ်။
1PE 1:12 ကိုယ်ဟောပြော ပြုစုရှင်းလေဟှာ သူးနို့လေတွပ်မှုဘဲန နန်းနို့လေတွပ် ဖြစ်ဟှယ် ဆိုဇာဟှို အယ်သူလေဟှို ဖွမ့်ပြတော်မူဟှယ်။ ကောန်းဂန်ဘောင်ဟှနေ စေလွှတ်တော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ကောန်းမြတ်ဟှူ ဒန်းကောန်းဟှို ဟောပြောဟှူ သူလေဟှာ အယ်ရာလေဟှို ခု နန်းနို့လေဟှို ဟောပြောဂေ့ဘီ။ ကောန်းဂန်တမန်လေဟှဘဲ့ အယ်ရာလေဟှို ရရာတိုင်း ကေ့ရှင်ဂေ့ဟှယ်။
1PE 1:13 အယ်မျိုးဖြစ်ကြောန့် နန်းနို့ရဲ့ စိနှလောင်းဟှို သင့်ပြင်ဆင်ဘီးဟှာ သမ္မာဒိရှိဂေ့ပါ။ ယေရှုခရစ် ကြွလာဟှူ ခီမာ နန်းနို့နားဟှို ရော့‑က်လာမယ့် ကျေးဇူးတော်ဟှို ဆောင်းထိမျှော်လင့်ပါ။
1PE 1:14 စဟှ နန်းနို့လေ နားလည်ဘဲဟှူ ခီဒူးဟှ တတ်မတ်မှု နော့‑က်ဟှို လိုက်ဟှားမျိုး ခုလိုက်ဂေ့ဘဲန နာခံမှုရှိဟှူ သားမီးလေမျိုး၊
1PE 1:15 နန်းနို့ဟှို ခေါ်တော်မူဟှူ သခင်ဟှာ သန့်ရှင်းတော်မူဟှူမျိုး နန်းနို့လေလည်း ပြုမူကျင့်ကြံရှင်းလေမာ သန့်ရှင်းမှုရှိဂေ့ပါ။
1PE 1:16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ငါဟှာ သန့်ရှင်းတော်မူဟှူကြောန့် နန်းနို့လေဟှာ သန့်ရှင်းရှင်း ရှိဂေ့ရမယ်” ဆိုဘီး ရေးဟှားလေဟှယ်။
1PE 1:17 နန်းနို့လေဟှာ လူ့မျစ်နှာဟှို ထော့‑က်ဘဲန လူလေ ဂူလောင်းရဲ့ ကျင့်တိုင်း စီရင်တော်မူဟှူ ဖဟှို နန်းနို့ဆုတောန်း ကိုးကွယ်ဟှယ် ဆိုဟှာ ဧည့်သည်ဖြစ်ဟှူ ကာလပတ်လောင်းမာ ကြော့‑က်ရွံ့ရိုသေဟှူ စိန နေထိုင်ဂေ့ပါ။
1PE 1:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ မိစဉ်ဖဆစ် ကျင်လည်ဟှူ ချည်းနှီးကျင့်ကြံ ပြုမူရှင်းဟှနေဘီး ရွှေလေ၊ ငွေလေ ဖော့‑က်ပ္လန် ပျစ်စီးတတ်ဟှူ အောက်စာလေန နန်းနို့လေဟှို ဝီးနှုဘီး လွတ်မြော့‑က်လာရှင်းမှုဘဲ
1PE 1:19 ဖြားပြစ်လည်းမှေ့ဘဲ ညှစ်ကြေးလေန ကင်းစင်ဟှူ သိုးသားဂန်းဟှားဟှူမျိုး ခရစ်တော်ရဲ့ သွီးတော်မြတ်န ဝီးတော်မူဟှူ ကြောန်းဟှို နန်းနို့လေ သိဂေ့ပါဟှယ်။
1PE 1:20 အယ်ခရစ်တော်ဟှာ အယ်ကမ္ဘာလောက မှေ့ခန်ဂဒဲဟှ ဘုရားသခင် သတ်မှတ် ဝီးကော့‑က်ရှင်းဟှို ခံရဘီး အယ်နော့‑က်ဆောင်း ကာလမာ နန်းနို့လေရဲ့ ကျိုးတွပ် ပေါ်ထွပ်တော်မူဘီ။
1PE 1:21 ကိုယ်တော့်ဟှို သေဟှားသူလေထဲဟှနေ ထမြော့‑က်စေဘီး ဖောင်းသရေတော်ပေးတော်မူဟှူ ဘုရားသခင်ဟှို အယ်သခင်အားဖြင့် နန်းနို့ယောင်ကြည်ဂေ့ဟှယ်။ အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင်ဟှို မှီပြုဘီး ယောင်ကြည်မျှော်လင့်ရှင်း ရှိဂေ့ဟှယ်။
1PE 1:22 နန်းနို့လေဟှာ သမ္မာတရားဟှို လိုက်လျှော့‑က် ကျင့်သောင်းရှင်းအားဖြင့် နန်းနို့လေရဲ့ စိဝိညာဉ်ဟှို သန့်ရှင်း စင်ကြယ်စေဂေ့ဘီး ဟန်ဆောန်ရှင်းမှေ့ဘဲဟှူ ညီကိုရှင်း ရှစ်ဟှူ မြစ်တာဟှို ရဟှူကြောန့် ဖ္လူစင်ဟှူ စိနှလောင်းအားဖြင့် ရှင်းရှင်း ခိုင်းခိုင်မြဲမြဲ ရှစ်ဂေ့ပါ။
1PE 1:23 နန်းနို့လေဟှာ ဖော့‑က်ပ္လန် ပျစ်စီးတတ်ဟှူ မျိုးစေ့အားဖြင့် မှုဘဲန ဖော့‑က်ပ္လန် ပျစ်စီးမှုန ကင်းဟှူ မျိုးစေ့ဖြစ်ဟှူ သတ်ရှင်ဘီး မြဲတည်ဟှူ ဘုရားသခင်ရဲ့ စကားတော်အားဖြင့် ဒုတိယခါ ပ္လန်မွီးရှင်းဟှို ခံရဂေ့ဘီ။
1PE 1:24 ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ “လူလေ ဂူလောင်းဟှာ ဗြစ်ပန်ဟှူမျိုး ဖြစ်ဘီး သူးနို့လေရဲ့ ဖောင်းသရေတော်ဟှာ ဗြစ်ပွမ့်ဟှူမျိုး ဖြစ်ဟှယ်။ ဗြစ်ပန်ဟှာ ညှိုးနွမ်းဘီး သွိခြော့‑က်ဟှားတတ်ဟှယ်။ ဗြစ်ပွမ့်လေလည်း ကွီတတ်လေဟှယ်။
1PE 1:25 ဘုရားသခင်ရဲ့ စကားတော်ဟှာ ကာလစဉ်ဆစ် တည်ဟှယ်။” အယ်စကားတော်ဟှာ နန်းနို့လေဟှို ဟောပြောဟှူ ဒန်းကောန်းဘဲ့ဖြစ်ပါဟှယ်။
1PE 2:1 အယ်ကြောန့် နန်းနို့လေဟှာ ကောန်းဘဲဟှူမှု ဘောန်းဇောင်နတူးဒူ လှည့်ဇားမှု၊ ဟန်ဆောန်မှု၊ နာလိုမှုန ပေါက်ခတ်ပြောဆိုဟှူမှု ဘောန်းဇောင်ဟှို ဖယ်ရှားဂေ့ပါ။
1PE 2:2 သန့်ရှင်းဟှူ၊ ဝိညာဉ်ရေးရာနဆိုင်ဟှူ မှန်ဟှူ နို့စစ်အားဖြင့် ကယ်တန်ရှင်းနှိုက် ကီးထွားလာဟှို့တွပ် မွီးခါဇ သားဂန်းဟှားမျိုး အယ် တရားနို့ရယ်ဟှို မြဲဒမ်း လိုရှင်တောန်းတဂေ့ပါ။
1PE 2:3 ဘုရားသခင်ရဲ့ ကောန်းမြတ်ဟှူကြောန်းဟှို နန်းနို့လေ ဗြဲစမ်းကေ့ပီးဘီ ဖြစ်ဟှယ်။
1PE 2:4 လူလေရဲ့ ငြင်းပယ်ရှင်းဟှို ခံရဟှူလည်းဘဲ့ ဘုရားသခင် ဝီးကော့‑က်တော်မူဟှူ ဖိုးကီးဟှူ၊ သတ်ရှင်ဟှူက္လော့‑က် ဖြစ်တော်မူဟှူ အယ်သခင်နားဟှို လာဘီး၊
1PE 2:5 နန်းနို့လေလည်း သတ်ရှင်ဟှူက္လော့‑က်မျိုး ဝိညာဉ်ရေးရာ အီတော်ဖြစ် တည်ဆော့‑က်ရှင်းဟှို ခံယူဂေ့ပါ။ အယ်ဇာဟှ နန်းနို့လေဟှာ သန့်ရှင်းဟှူ ယဇ်ပုရောဟိတ်မျိုးဖြစ်ဘီး ဘုရားသခင် နှစ်သက်လတ်ခံတော်မူဟှူ ဓမ္မယဇ်လေဟှို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ဟှို့တွပ် ဖြစ်ဟှယ်။
1PE 2:6 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာတော်ဟှ၊ “ကေ့ရှုဂေ့ ဝီးကော့‑က်ဟှားဟှူ၊ ဖိုးကီးဟှူ တိုက်ထော့‑က်ဗြစ်က္လော့‑က်ဟှို ဇိအုန်တောန်ထတ်မာ ငါခ္လဟှားဟှယ်။ အယ်က္လော့‑က်ဟှို ယောင်ကြည်ဟှူသူဟှာ ယှစ်ကြော့‑က်မှုမှေ့ဟှ” ဆိုဘီး လာလေဟှယ်။
1PE 2:7 အယ်ကြောန့် အယ်က္လော့‑က်ဟှာ ယောင်ကြည်ဟှူ နန်းနို့တွပ်ဟှ ဖောင်းသရေတော်ရှိဟှယ်။ ယောင်ကြည်ဘဲဟှူ သူလေတွပ်ဟှ၊ “တိုက်ဆော့‑က်ဟှူသူလေ ဖယ်ဟှားဟှူက္လော့‑က်ဟှာ တိုက်ထော့‑က် ထိဖျားဟှို ရော့‑က်လာဟှူ ရေးကီးဟှူက္လော့‑က်” ဖြစ်ဘီး၊
1PE 2:8 စကားတော်ဟှို ယောင်ကြည်ဘဲကြောန့် ထိမိဘီး လဲဂေ့ဟှယ်။ “ထိမိဘီး လဲဟှူက္လော့‑က် မှားယွင်းစေဟှူက္လော့‑က် ဖြစ်ဟှယ်။” အယ်မျိုးဖြစ်ဟှို့တွပ် သူးနို့ဟှို သတ်မှတ်ဟှားဇာလည်း ဖြစ်ဟှယ်။
1PE 2:9 နန်းနို့လေဟှာ မှောန်မိုက်ထဲဟှနေဘီး အံ့ဘွယ်ဖြစ်ဟှူ လန်းရောန်ထဲဟှို ခေါ်သွမ်းပေးတော်မူဟှူ သူရဲ့ ဂေါင်ကျေးဇူးလေဟှို ဖော်ပြဟှို့တွပ် ဝီးကော့‑က်တော်မူဟှူ မျိုးဖြစ်ဂေ့ဟှယ်။ မန်းစည်းဇိမ်ရှိဟှူ ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းဟှူလူမျိုး၊ ပိုင်ထိုက်ဟှူ လူမျိုးတော် ဖြစ်ဂေ့ဟှယ်။
1PE 2:10 နန်းနို့လေဟှာ စစဒူးဟှ ဘုရားသခင်ရဲ့ လူမျိုးတော်မှုဘဲန ခုခီမာ ဘုရားသခင်ရဲ့ လူမျိုးတော် ဖြစ်ဂေ့ဘီ။ စစဒူးဟှ ကရုဏာတော်ဟှို ခံစားရဘဲန ခုခီမာ ကရုဏာတော်ဟှို ခံစားရဂေ့ဘီ။
1PE 2:11 ရှစ်ရဟှူသူလေ နန်းနို့လေဟှာ ဧည့်သည်လေဖြစ်ဟှူကြောန့် စိဝိညာဉ်ဟှို ဆန့်ကျင်တိုက်ခိုက်ဟှူ ကိုယ်ကာယရဲ့ တတ်မတ်မှုလေဟှို ရှောန်ကြဉ်ဂေ့ဟှို့တွပ် ငါတိုက်တွန်း နှိုးဆော်ပါဟှယ်။
1PE 2:12 ယောင်ကြည်ဘဲဟှူ လူမျိုးခြားလေဟှာ နန်းနို့လေဟှို ကောန်းဘဲဟှူမှုလေဟှို လောက်ဟှူသူလေ ဆိုဘီး ပြစ်တန်စွန့်စွဲဘီး နေဟှူလည်းဘဲ့ ဘုရားသခင်စီရင်တော်မူဟှူ နေ့ရစ်မာ နန်းနို့လေရဲ့ ကောန်းဟှူကျင့်ဟှို ဗြင်ဟှူကြောန့် ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှို့တွပ် သူးနို့ရှေ့မာ တင့်တယ်သင့်မြတ်အောန် ကျင့်နေဂေ့ပါ။
1PE 2:13 သခင်ဘုရားရဲ့ မျစ်နှာတော်ဟှို ထော့‑က်ဘီး အာဏာပိုင်လေရဲ့ အောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။ မန်းဂီးရဲ့ ချောက်ခြာအာဏာဟှိုဘဲ့ ဖြစ်ဖြစ်၊
1PE 2:14 ဒုစရိုက်လောက်ဟှူသူလေဟှို ပြစ်ဒန်ပေးဘီး ကောန်းဟှူကျင့်ဟှို ကျင့်ဟှူ လူကောန်းလေဟှို ချီးမွမ်းဂေါင်ပြုဟှို့တွပ် မန်းဂီးခန့်ဟှားဟှူ ဝန်ဂီးလေဟှို နာခံဂေ့ပါ။
1PE 2:15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဟှူကျင့်ဟှို ကျင့်ရှင်းအားဖြင့် မိုက်မဲသူလေရဲ့ သိဉာဏ်ကင်းမဲ့မှုဟှို ချေပဟှို့တွပ် ဘုရားသခင် လိုတော်ရှိဟှယ်။
1PE 2:16 လွတ်လပ်ဟှူသူလေဖြစ် သတ်ရှင်နေထိုင်ဂေ့ပါ။ အယ်ဘေမဲ့ အယ်လွတ်လပ်မှုဟှို ကောန်းဘဲဇာလေဟှို ဖောင်းကွယ်ရှင်းဖြစ် သောင်းခ္လဂေ့ဘဲန ဘုရားသခင်ရဲ့ ကျွန်လေအားဖြင့် ပြုမူနေထိုင်ဂေ့ပါ။
1PE 2:17 လူလေ ဂူလောင်းဟှို ရိုသေဂေ့ပါ။ ညီကို မောန်နှမလေဟှို ရှစ်ဂေ့ပါ။ ဘုရားသခင်ဟှို ကြော့‑က်ရွံ့ဘီး မန်းဂီးလေဟှို ရိုသေဂေ့ပါ။
1PE 2:18 စေခံဟှူသူလေ ကြော့‑က်ရွံ့ရိုသေဟှူစိ ပ္လဲ့ပ္လဲ့ဝဝန နန်းနို့ရဲ့ သခင်လေအောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။ သခင်ဟှာ စိသဘောကောန်းဘီး ညင်သာရှင်းဘဲ့ဖြစ်ဖြစ် ကြမ်းတမ်းဟှူ သဘောရှိရှင်းဘဲ့ဖြစ်ဖြစ် ဝန်ခံဂေ့ပါ။
1PE 2:19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှို ထော့‑က်ထားဘီး တရားဘဲဟှူ ညှဉ်းဆဲရှင်းလေဟှို သီးခံဟှယ် ဆိုဟှာ ကျေးဇူးရှိပါဟှယ်။
1PE 2:20 နန်းနို့လေဟှာ ကိုယ်ပြစ်ကြောန့် ဒန်ခံရဟှူ ခီမာ သီးခံဟှယ် ဆိုဟှာ ဖယ်မျိုး ချီးမွမ်းရအူးမယ်နူး။ အယ်ဘေမဲ့ ကောန်းဟှူမှုဟှိုပြုဘီး ဆင်းရဲခံရဟှူ ခီမာ သီးခံဟှယ် ဆိုဟှာ ဘုရားသခင်ရှေ့တော်မာ ကျေးဇူးရှိဟှယ်။
1PE 2:21 အယ်မျိုး ပြုမူဟှို့တွပ် နန်းနို့လေဟှို ဝီးကော့‑က်တော်မူဘီ။ ခရစ်တော် ကိုယ်တိုင်ဘဲ့ နန်းနို့တွပ် ဒေါက်ခဝေဒနာလေဟှို ခံတော်မူဟှူကြောန့် ခေတော်ရာဟှို လိုက်ရှော့‑က်ဟှို့တွပ် ပေါင်သတ်သေဟှို ထားတော်မူဘီ။
1PE 2:22 ကိုယ်တော်ဟှာ လောင်းဝ ပြစ်ဟှို လောက်ဟှ။ ဖယ်လူလည်း လောင်းဝ လီညာဟှ။
1PE 2:23 ပေါက်ခတ်ပြောဆို ခံရဟှူ ခီမာ ပ္လန်ဘီး ပေါက်ခတ်ပြောဆိုတော်မူဟှ။ ဒေါက်ခဝေဒနာ ခံဟှူ ခီမာ ချီးခြော့‑က်တော်မူဘဲန တရားသဖြင့် စီရင်တော်မူဟှူသူနှိုက် ကိုယ့်ကိုယ်ကိုယ် အပ်တော်မူလေဟှယ်။
1PE 2:24 နို့လေဟှာ ပြစ်နဆိုင်ဟှူဇာမာ သေဖြစ်ဘီး ဖြောန့်မတ်ရှင်းနဆိုင်ဟှူဇာမာ သတ်ရှင်ဟှို့တွပ် နို့ရဲ့ ပြစ်လေဟှို ကိုယ်တော်ကိုယ်တိုင် လတ်ဝါးကပ်တိုင်မာ ဝေဒနာခံတော်မူဘီ။ နို့လေဟှာ ကိုယ်တော်ရဲ့ ဒန်ချစ်တော်လေအားဖြင့် ရောဂါ ပျော့‑က်ဂေ့လေဟှယ်။
1PE 2:25 စစဒူးဟှ နန်းနို့လေဟှာ လမ်းလွဲဘီး ပျော့‑က်ဟှားဟှူ သိုးလေမျိုး ဖြစ်ဂေ့ဟှယ်။ ခုဟှ သိုးထီးဖြစ်တော်မူဟှူ နန်းနို့ရဲ့ စိဝိညာဉ်ဟှို ထီးသီးစောန့်ရှော့‑က်ဟှူ သခင်နားဟှို ပ္လန်ရော့‑က်ဂေ့ဘီ။
1PE 3:1 အယ်မျိုးဘဲ့ မယားဖြစ်ဟှူသူလေ ကိုယ့်လန်ရဲ့ အောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။ အယ်နည်းအားဖြင့် နန်းနို့လေမာ ဘုရားသခင်ရဲ့ စကားတော်ဟှို ယောင်ကြည်ဘဲဟှူ လန်လေရှိဟှယ် ဆိုဟှာ နန်းနို့လေရဲ့ ရိုသေကြော့‑က်ရွံ့မှုန သန့်ရှင်းစင်ကြယ်ဟှူ သတ်တာအားဖြင့် ယောင်ကြည်လာဂေ့လေ့မယ်။
1PE 3:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ သန့်ရှင်းစင်ကြယ်ဘီး ဖယ်လော့‑က် စိထားဖ္လူစင်ရှင်းန ဘုရားတရားဟှို ကြော့‑က်ရွံ့ရိုသေရှင်းဟှို သူးနို့လေ ဗြင်တွိရဟှူကြောန့် ဖြစ်ဟှယ်။
1PE 3:3 နန်းနို့လေရဲ့ လှပပြင်ဆင်ရှင်းဟှာ ဆားဗန်ကျစ်ရှင်း၊ ရွှေတန်ဆာဆင်ရှင်း၊ ဝတ်စားဆင်ရှင်းလေဖြစ်ဟှူ ပ္လန်ပန်းဆင်ရင်မှုလေ ဖြစ်စေဘဲန၊
1PE 3:4 နူးညံ့သီမွေ့ဘီး တည်ငြိမ်ဟှူ စိသဘောဖြစ်ဟှူ ဖော့‑က်ပ္လန်ပျစ်စီးရှင်းန ကင်းဟှူ၊ စိနှလောင်းနဆိုင်ဟှူ ထဲဟှဝိညာဉ်လူရဲ့ တန်ဆာဆင်ရှင်း ဖြစ်စေဂေ့ပါ။ အယ်မျိုးဇာဟှ ဘုရားသခင်ရဲ့ ရှေ့တော်မာ ရရာတိုင်း ဖိုးကီးဇာ ဖြစ်ဟှယ်။
1PE 3:5 ဘုရားသခင်ဟှို မျှော်လင့်ကိုးစားဟှူ ရှေးကာလဟှ သန့်ရှင်းဟှူ မီးမလေလည်း အယ်မျိုးဘဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ဘီး စာရာဟှာ အာဗြဟံဟှို သခင် ဆိုဘီး ခေါ်ဘီး နာခံဟှူမျိုး ကိုယ့်ရဲ့ လန်လေဟှို နာခံဂေ့ပါ။
1PE 3:6 နန်းနို့လေဟှာ ဖယ်မျိုးမှုရာလေဟှိုမှ ကြော့‑က်ရွံ့ဘဲန ကောန်းဟှူ ကျင့်ဟှို ကျင့်မယ် ဆိုဟှာ စာရာရဲ့ သားမီးလေ ဖြစ်ဂေ့လေ့မယ်။
1PE 3:7 လန်လေ နန်းနို့လေဟှာ ကိုယ့်မယားဟှ အားနွဲ့ဟှူသူ ဖြစ်ဇာဟှို စာနာထော့‑က်ထားဘီး သတ်နဆိုင်ဟှူ ကျေးဇူးတော်ဟှို တူးဒူ မွီဆစ်ခံဟှူသူဖြစ် တန်ဖိုးထားဘီး တူးဒူ ပေါန်းသင်းနေထိုင်ဂေ့ပါ။ အယ်မျိုးမှ နန်းနို့ ဆုတောန်းဟှူ ခီမာ တားဆီးဖြစ်ဘဲန နေလေ့မယ်။
1PE 3:8 နော့‑က်ဆောင်း ခြောင်ငုံဘီး ပြောရမယ် ဆိုဟှာ နန်းနို့ ဂူလောင်းဟှာ တစိတဝန်းဒဲရှိဂေ့ပါ။ ကြင်နာတတ်ဟှူသဘော၊ ညီကိုရှင်းရှင်း ရှစ်တတ်ဟှူသဘော၊ သနားစောင်မတ်တတ်ဟှူ သဘောန နှိခ္လဟှူ သဘော ရှိဂေ့ပါ။
1PE 3:9 နန်းနို့လေဟှာ ကောန်းဂျီးမင်္ဂလာဟှို မွီဆစ်ခံရဟှို့တွပ် ခေါ်တော်မူရှင်းဟှို ခံရဂေ့ဟှူကြောန့် ဆိုးဟှို ဆိုးန ကဲ့ရဲ့ပြစ်တန်ရှင်းဟှို ကဲ့ရဲ့ပြစ်တန်ရှင်းန တုံ့ပ္လန်ဘဲ ကောန်းဂျီးဟှိုဘဲ့ ပေးဂေ့ပါ။
1PE 3:10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာလာဟှူဇာဟှ၊ “သတ်ရှင်ဇာဟှို နှစ်သက်ဘီး ကောန်းဟှူနေ့ရစ်ဟှို ဗြင်တွိရှင်ဟှူ သူဟှာ ကိုယ့်ရဲ့လျှာဟှို ချောက်တီးရမယ်။ ကိုယ့်ရဲ့နှောက်ဟှိုလည်း ချောက်တီးဘီး မုသားဟှို ပြောဇေန။
1PE 3:11 ကောန်းဘဲဟှူ ဒုစရိုက်ဟှိုရှောန်ဘီး ကောန်းဟှူ သုစရိုက်ဟှို ပြုရမယ်။ သင့်သင့်တင့်တင့် နေထိုင်ဘီး ငြီးချမ်းမှုတွပ် ကြိုးစားရမယ်။
1PE 3:12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ဖြောန့်မတ်ဟှူသူဟှို ကေ့ရှု စောန့်ရှော့‑က်တော်မူဘီး သူးနို့လေရဲ့ ဆုတောန်းသံဟှို နားညောန်းတော်မူဟှယ်။ အယ်ဘေမဲ့ ဒုစရိုက်ပြုဟှူ သူလေနားဟှ ဘုရားသခင်ဟှာ မျစ်နှာလွှဲတော်မူဟှယ်။”
1PE 3:13 နန်းနို့လေဟှာ ကောန်းဟှူမှုလေမာ စိအားထတ်သန်ဟှူသူ ဖြစ်ဟှယ် ဆိုဟှာ ဖယ်သူ ညှဉ်းဆဲမယ်နူး။
1PE 3:14 အယ်ဘေမဲ့ ဖြောန့်မတ်ဟှူတရားကြောန့် ဆင်းရဲဒေါက်ခ ခံရဟှယ် ဆိုဟှာ နန်းနို့လေဟှာ မင်္ဂလာရှိလေဟှယ်။ ဖယ်သူ့ဟှိုလည်း ကြော့‑က်ဂေ့န။
1PE 3:15 နန်းနို့ စိနှလောင်းထဲမာ ခရစ်တော်ဟှို ရှင်သခင်ဖြစ် ရိုသေဂေ့ပါ။ နန်းနို့မျှော်လင့်ရှင်းရဲ့ ကြောန်းရာဟှို မေးဂေ့ဟှူသူ ရှိဟှူမျှဟှို လေးလေးစားစားန ဖြေရှင်းပြောဆို ပေးနိုင်ဟှို့တွပ် မြဲဒမ်း ဆင်သင့်ဖြစ်နေဂေ့ပါ။
1PE 3:16 အယ်ဘေမဲ့ နူးညံ့သီမွေ့ဟှူစိ ကြော့‑က်ရွံ့ ရိုသေဟှူစိန ကြည်လင်ဟှူ စိနှလောင်းအားဖြင့် ဖြေရှင်းပြောဆိုဂေ့ပါ။ အယ်မျိုးဆိုဟှာ ခရစ်တော်နှိုက်ရှိဟှူ နန်းနို့လေရဲ့ ကောန်းဟှူ သတ်ရှင်နေထိုင်မှုဟှို ကဲ့ရဲ့ ရှုတ်ခ္လဟှူသူလေဟှာ နန်းနို့ဟှို ပေါက်ခတ် ပြောဆိုဟှူတွပ်ကြောန့် ယှစ်ရဂေ့လေ့မယ်။
1PE 3:17 ဖြားဖြစ်ကြောန်နူးဆိုဟှာ ကောန်းဟှူသုစရိုက်ဟှို လောက်ဟှူကြောန့် ဆင်းရဲဒေါက်ခရော့‑က်ရှင်းဟှာ ဘုရားသခင်ရဲ့ လိုတော်ရ ဖြစ်ဟှယ် ဆိုဟှာ ကောန်းဘဲဟှူဇာဟှို လောက်ဘီး ခံရရှင်ထတ် ပိုဘီး ကောန်းပါဟှယ်။
1PE 3:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခရစ်တော်ဟှာ ကိုယ်ခန္ဓာတော်အားဖြင့် သေဟှားဘီး၊ ဝိညာဉ်တော်အားဖြင့် သတ်ရှင်ဇာဟှို ရော့‑က်တော်မူဟှူကြောန့် နို့လေဟှို ဘုရားသခင်နားဟှို ပို့ဆောန်ဟှို့တွပ် ဖြောန့်မတ်တော်မူဟှူ သူဟှာ ဖြောန့်မတ်ဘဲဟှူ သူလေတွပ် ဒုစရိုက်ပြစ်လေကြောန့် တခါဒဲ ခံတော်မူဟှယ်။
1PE 3:19 အယ် ဝိညာဉ်တော်အားဖြင့်လည်း ကြွဟှားတော်မူဘီး ခုထောန်ထဲမာ ချောက်ဟှားဟှူ ဝိညာဉ်လေဟှို တရားဟောလေဟှယ်။
1PE 3:20 အယ် ဝိညာဉ်လေဟှာ ရှေးကာလဟှ နောဧလတ်ထတ်မာ လူနဲစုဖြစ်ဟှူ လူရှစ်ယော့‑က်ဟှို ရေအားဖြင့် ကယ်ဆယ်ဟှူ သန်းဖောဟှို ဆော့‑က်လောက်ဟှူ ခီမာ ဘုရားသခင်ဟှာ စိရှယ်ရှယ်န စောန့်ဟှူလည်းဘဲ့ နားထောန်ဘဲဟှူ ဝိညာဉ်လေ ဖြစ်ဟှယ်။
1PE 3:21 အယ်မျိုး ဥပမာတိုင်းဘဲ့ ခုခီမာ ဗတ္တိဇံဟှာ ယေရှုခရစ် ထမြော့‑က်တော်မူရှင်းအားဖြင့် နို့လေဟှို ကယ်တန်လေဟှယ်။ ဗတ္တိဇံဆိုဟှူဇာဟှာ ကိုယ်ကာယရဲ့ ညစ်ကြေးဆေးရှင်းဟှို ဆိုလိုဇာမှုဟှ။ ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကောန်းကောန်းကြည်လင်ဘီး ဘုရားသခင်ရှေ့မာ ဝန်ခံရှင်းဟှို ဆိုလိုဇာဖြစ်ဟှယ်။
1PE 3:22 အယ်သခင်ဟှာ ကောန်းဂန်ဘောင်ဟှို ကြွဝမ်တော်မူဘီး ကောန်းဂန်တမန်လေ အာဏာစစ်တဂိုးလေဟှို အောက်စိုးဘီး ဘုရားသခင်ရဲ့ ညာဖတ်မာ ရှိနေတော်မူလေဟှယ်။
1PE 4:1 ခရစ်တော်ဟှာ ကိုယ်ခန္ဓာတော်နှိုက် နို့လေတွပ် ခံတော်မူဟှူကြောန့် နန်းနို့လေလည်း အယ်မျိုးသဘောဟှို လတ်နတ်ဖြစ် သောင်းစွဲဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်ခန္ဓာနှိုက် ဝေဒနာခံဟှူသူဟှာ ပြစ်နပြတ်စဲဟှားဘီ ဖြစ်ဟှယ်။
1PE 4:2 အယ်ဇာဟှ ကိုယ်ခန္ဓာနှိုက် သတ်ရှင်ရမယ့် ကျန်နေဟှူ ခီကာလဟှို လူလေရဲ့ တပ်မတ်ရှင်းအားဖြင့် မှုဘဲန ဘုရားသခင်ရဲ့ လိုတော်အားဖြင့် သတ်ရှင်နိုင်ဟှို့တွပ် ဖြစ်ဟှယ်။
1PE 4:3 လူမျိုးခြားလေရဲ့ လိုဟှိုလိုက်ဘီး ညစ်ညူးဟှူ ကာမလိုက်စားရှင်းလေ၊ တတ်မတ်ရှင်းလေ၊ ယစ်မောရှင်းလေ၊ ပျော်လွန်ကျူရှင်းလေ၊ သော့‑က်စားကြူးရှင်းလေ၊ အဓမ္မရောက်ထုဟှို ကိုးကွယ်ရှင်းလေဟှို ကျင်လည်ဘီးဟှူ ပီးဟှားဟှူ ခီကာလဟှာ နန်းနို့လေတွပ် တော်လောက်ပါဟှယ်။
1PE 4:4 ခုခီမာ နန်းနို့လေဟှာ သူးနို့လေနတူးဒူ ဆစ်ဆံဘဲန၊ ကာမဂေါင်မာ လွန်ကြူးညစ်ညူးမှု ပြုဘဲန နေဇာဟှို သူးနို့လေဟှာ အံ့သြဘီး ကဲ့ရဲ့တတ်ဂေ့ဟှယ်။
1PE 4:5 အယ်မျိုးလောက်ဟှူကြောန့် သူးနို့လေဟှာ သတ်ရှင်ဟှူ သူလေန သေဟှူသူလေဟှို တရားစီရင်ဟှို့တွပ် သင့်ရှိတော်မူဟှူ ဘုရားသခင်နားမာ စစ်ဆေးစီရင်ရှင်းဟှို ခံရဂေ့လေ့မယ်။
1PE 4:6 အယ်ကြောန်းကြောန့် အယ်သူလေဟှာ ကိုယ်ခန္ဓာန စပ်လျဉ်းဘီး လူ့စံနှုံးတိုင်း တရားစီရင်ရှင်းဟှို ခံရဟှူလည်းဘဲ့ ဘုရားသခင်ရဲ့ ရှေ့တော်မာ စိဝိညာဉ်အားဖြင့် သတ်ရှင်ရဟှို့တွပ်၊ သေဟှားဟှူသူလေဟှာ ဒန်းကောန်းဟှို ကြားရဂေ့ဟှယ်။
1PE 4:7 ရှိမျှဂူလောင်းဟှာ ဆောင်းဟှို ရော့‑က်ခါနီးဘီ ဖြစ်ဟှူကြောန့် ဆုတောန်းရှင်းမှုဟှို ပြုနိုင်ဟှို့တွပ် တည်ငြီမှန်ကန်ဟှူစိန သမ္မာဒိ ရှိဂေ့ပါ။
1PE 4:8 ရှစ်ရှင်းမြစ်တာဟှာ ရရာတိုင်းများဟှူ ပြစ်လေဟှို ဖောင်းအောက်ပေးတတ်ဟှူကြောန့် ရှိမျှဂူလောင်းထတ် ရှင်းရှင်းကြားမာ ခိုင်မြဲဟှူ ရှစ်ရှင်းမြစ်တာန ရှစ်ဂေ့ပါ။
1PE 4:9 ညည်းညူမှု မှေ့ဘဲန ရှင်းရှင်း ဧည့်သည်ဝတ်ဟှို ပြုဂေ့ပါ။
1PE 4:10 နန်းနို့ ယော့‑က်စီတိုင်းဟှာ ကိုယ်ခံစားရရှိဟှူ ဆုကျေးဇူးရှိဟှူတိုင်း ဘုရားသခင်ရဲ့ မျိုးမျိုးရှိဟှူ ကျေးဇူးတော်နဆိုင်ဟှူ ကောင်းဟှူဘဏ္ဍာထီးမျိုး အယ်ဆုကျေးဇူးအားဖြင့် ရှင်းရှင်း ကူညီဝီငှပေးဂေ့ပါ။
1PE 4:11 ဟောပြောမားဟှာ ဘုရားသခင်ရဲ့ စကားတော်တိုင်း ဟောပြောစေ။ စေခံဟှူသူဟှာ ဘုရားသခင် ပေးတော်မူဟှူ စွမ်းသတ်တိတိုင်း လောက်ဆောန်စေ။ အယ်ဆိုဟှာ လောက်ဆောန်ဇာလေဟှာ ယေရှုခရစ်အားဖြင့် ဘုရားသခင်ရဲ့ ဖောင်းသရေတော် ထွန်းလန်းလေ့မယ်။ သခင်ယေရှုခရစ်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
1PE 4:12 ရှစ်ရဟှူသူလေ၊ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှို စစ်ဆေးဟှို့တွပ် နန်းနို့ ခုခံရဟှူ ပြင်းပြဟှူ စောင်ဇမ်းနှော့‑က်ယှစ်ရှင်းလေ ခံနေရဇာဟှို အံ့သြဇာဖြစ်ဟှယ် ဆိုဘီး ထန်မှတ်ဟှူ အယ် မှုရာလေဟှို အံ့သြဂေ့န။
1PE 4:13 နန်းနို့လေဟှာ ခရစ်တော်ရဲ့ ဒေါက်ခဝေဒနာလေဟှို ဆစ်ဆံခွမ့် ရဟှူကြောန့် ဝန်းသာဂေ့ပါ။ အယ်ဇာဟှာ ဖောင်းသရေတော် ထန်ရှားပေါ်ထွပ်ဟှူ ခီမာ နန်းနို့လေဟှာ ရရာတိုင်း ဝန်းသာရဟှို့ကြောန်း ဖြစ်ဟှယ်။
1PE 4:14 နန်းနို့လေဟှာ ခရစ်တော်ရဲ့ နာမကြောန့် ကဲ့ရဲ့ပြစ်တန်ဇာဟှို ခံရဟှယ် ဆိုဟှာ မင်္ဂလာရှိပါဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖောင်းသရေတော်န ပ္လဲ့ဇောင်တော်မူဟှူ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့ထတ်မာ ကိန်းဝပ်တော်မူဟှူကြောန့် ဖြစ်ဟှယ်။
1PE 4:15 နန်းနို့လေဟှာ လူသတ်ဟှူမှု၊ ခိုးဟှူမှု၊ ရာဇဝတ်မှု၊ သူများကိစလေမာ ဝမ်စွက်ဖက်ဟှူမှုအားဖြင့် ယော့‑က်လည်း ပြစ်ဒန်ခံရစေန။
1PE 4:16 အယ်ဘေမဲ့ ခရစ်ယာန်ဖြစ်ဟှူကြောန့် ခံရဟှယ် ဆိုဟှာ ယှစ်ကြော့‑က်ရှင်း ရှိဂေ့န။ ခရစ်တော်ရဲ့ နာမကြောန့် ခံရဟှယ် ဆိုဟှာ ဘုရားသခင်ရဲ့ နာမတော်ဟှို ချီးမွမ်းပါစေ။
1PE 4:17 ဘုရားသခင်ရဲ့ အီတော်သားလေဟှို ရင်ဦးဆောင်း စစ်ကြောစီရင်ရဟှူခီ ရှိဘီး နို့လေဟှို ရင်ဦးဆောင်း စစ်ကြောစီရင်ဟှယ် ဆိုဟှာ ဘုရားသခင်ရဲ့ ဒန်းကောန်း တရားစကားဟှို နားထောန်ဘဲဟှူ သူလေရဲ့မှုဟှာ ဖယ်မျိုး ပီးလေ့မယ်နူး။
1PE 4:18 အယ်မျိုးဘဲ့ ဖြောန့်မတ်ဟှူသူဟှာ ခဲခဲယဉ်းယဉ်းန ကယ်တန်ရှင်း ခံရဟှယ် ဆိုဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဘဲဟှူ သူန ပြစ်ကျူးလွန်ဟှူ သူလေဟှာ ဖယ်မျိုးဖြစ်လေ့မယ်နူး။
1PE 4:19 အယ်ကြောန့် ဘုရားသခင်ရဲ့ လိုတော်တိုင်း ဆင်းရဲဒေါက်ခခံရဟှူ သူလေဟှာ ကောန်းဟှူကျင့်ဟှို ကျင့်ဘီး ကိုယ့်ဟှို ဖန်ဆင်းတော်မူဟှူရှင်၊ သစ်စာတည်တော်မူဟှူ ရှင်ရဲ့ လတ်တော်ဟှို ကိုယ့်စိဝိညာဉ်ဟှို အပ်ဂေ့စေ။
1PE 5:1 သင်းတော်လူဂီး တယော့‑က်ဖြစ်ဘီး ခရစ်တော်ရဲ့ ဆင်းရဲဒေါက်ခ ဝေဒနာလေဟှို တွိဗြင်ရဟှူ သတ်သေခံဟှူသူန ထန်ရှားလာမယ့် ဖောင်းသရေတော်ဟှို မျှဝီခံစားဟှူသူဖြစ်ဟှူ ငါပေတရုဟှာ နန်းနို့မာရှိဟှူ လောက်ဖော်ဆောန်ဖတ်လေဖြစ်ဟှူ သင်းတော်လူဂီးလေဟှို တိုက်တွန်းနှိုးဆော်ပါဟှယ်။
1PE 5:2 နန်းနို့မာရှိဟှူ ဘုရားသခင်ရဲ့ သိုးစုလေဟှို အောက်ထီးဟှူမှုမာ တာဝန်ရမှုဘဲ ဘုရားသခင်ရဲ့ လိုတော်တိုင်း စိအားထတ်သန်ဘီး ဝန်းသာရှင်းအားဖြင့် စောန့်ထီးဂေ့ပါ။ စင်ကြယ်ဘဲဟှူ ကျိုးစီးပွားဟှို တတ်မတ်ဟှူကြောန့်မှုဘဲ စေတနာစိအားဖြင့် ကေ့ရှုအောက်ထီးဂေ့ပါ။
1PE 5:3 နန်းနို့ သီးသီးအောက်ချောက်ဟှူ သင်းတော်လေဟှို အာဏာသောင်းဘီး စိုးတရပြုရှင်းမှုဘဲ၊ သိုးစုလေရှေ့မာ ပေါင်သတ်သေကောန်းဟှူသူ ဖြစ်စေဂေ့ပါ။
1PE 5:4 အယ်မျိုးဆိုဟှာ သိုးထီးဂီး ပေါ်ထွပ်လာဟှူ ခီမာ နန်းနို့လေဟှာ ညှိုးနွမ်းတတ်ဘဲဟှူ၊ ဖောင်းကီးဟှူ ပန်းဦးရစ်သရဖူဟှို ရဂေ့လေ့မယ်။
1PE 5:5 အယ်မျိုးဘဲ သတ်ငယ်ဟှူသူလေ၊ လူဂီးလေရဲ့ စကားဟှို နားထောန်ဂေ့ပါ။ နန်းနို့ရှင်းရှင်း တယော့‑က်အော့‑က်ယော့‑က် စိနှိခ္လရှင်းတန်ဆာဟှို ဆင်ယင်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ “မာနထောန်လွှားဟှူ သူလေဟှို ဘုရားသခင်ဟှာ ဆီးတားဘီး စိနှိခ္လဟှူသူလေဟှို ကျေးဇူးပြုတော်မူဟှယ်။”
1PE 5:6 အယ်ကြောန့် ခီတန်ဟှယ် ဆိုဟှာ နန်းနို့လေဟှို ချီးမြော့‑က်ဟှို့တွပ် ဘုရားသခင်ရဲ့ ဖောင်းကီးဟှူ လတ်တော်အော့‑က်မာ ကိုယ့်ကိုယ်ကိုယ် နှိခ္လဂေ့ပါ။
1PE 5:7 ဘုရားသခင်ဟှာ နန်းနို့လေဟှို စောန့်ရှော့‑က်တော်မူဟှူကြောန့် နန်းနို့လေရဲ့ စိုးရိမ်ပူပန်မှုလေ ရှိဟှူမျှဟှို ကိုယ်တော်နှိုက် အပ်ဂေ့ပါ။
1PE 5:8 သမ္မာဒိရှိရှိန အိဘဲန စောန့်နေဂေ့ပါ။ နန်းနို့လေရဲ့ ရန်သူဖြစ်ဟှူ မာရ်နတ်ဟှာ ဟောက်ဟှူ ခြင်္သေ့ဟှူမျိုး ဖယ်သူ့ဟှို မျိုရမယ်နူး၊ ဆိုဘီး လှည့်လည်ဘီး လိုက်ရှာနေဟှယ်။
1PE 5:9 အယ်ကြောန့် ယောင်ကြည်ရှင်းမာ ခိုင်းခိုင်ခန့်ခန့် ရပ်တည်ဘီး မာရ်နတ်ဟှို ဆီးတားဂေ့ပါ။ တကမ္ဘာလောင်းမာရှိဟှူ နန်းနို့လေရဲ့ ညီကို မောန်နှမလေလည်း အယ်မျိုး ဆင်းရဲဒေါက်ခလေန ရင်ဆိုင်ကျော်လွှား နေရဟှူကြောန်းဟှို သိမှတ်ဂေ့ပါ။
1PE 5:10 ယေရှုခရစ်တော်အားဖြင့် နို့လေဟှို ထာဝရ ဖောင်းသရေတော်ထဲဟှို ခေါ်တော်မူဟှူကျေးဇူး ဂူလောင်းဟှို ပြုတော်မူဟှူ ဘုရားသခင်ဟှာ ဆင်းရဲဒေါက်ခလေဟှို ရှစ်ဟှားခံစားရဟှူ နန်းနို့လေဟှို စောင်လင်စေဘီး တည်ကြည်ခိုင်ခံ့ မြဲမြံစေတော်မူလေ့မယ်။
1PE 5:11 ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
1PE 5:12 ငါဟှာ နန်းနို့လေဟှို တိုက်တွန်းနှိုးဆော်ဘီး နန်းနို့ မှီပြုဟှူ အယ်ဇာလေဟှာ ဘုရားသခင်ရဲ့ စစ်မှန်ဟှူ ကျေးဇူးတော်ဖြစ်ဟှယ် ဆိုဇာဟှို သတ်သေခံဘီး အယ်စာဟှို ရေးဘီးမှ ငါစိထန်ဟှူတိုင်း နန်းနို့မှုမာ သစ်စာရှိဟှူညီကို သိလွာနုလတ်န ခုပေးလိုက်ပါဟှယ်။
1PE 5:13 ငါ့သား မာကုဟှနေစဘီး ဗာဗုလုန်ဗြို့မာရှိဟှူ နန်းနို့နတူးဒူ ဝီးကော့‑က်ခံရဟှူသင်းတော်ဟှာ နန်းနို့လေဟှို နှောက်ဆစ်ဂေ့ပါဟှယ်။
1PE 5:14 ယော့‑က်နယော့‑က် မြစ်တာနမ်းန နှောက်ဆစ်ဂေ့ပါ။ ခရစ်တော်နှိုက်ရှိဂေ့ဟှူ နန်းနို့လေ ဂူလောင်းမာ ငြီသတ်ရှင်းရှိဂေ့ပါစေ။
2PE 1:1 ယေရှုခရစ်တော်ရဲ့ စေခံန တမန်တော်ဖြစ်ဟှူ ငါ ရှိမုန်ပေတရုဟှာ —
2PE 1:2 နို့လေရဲ့ဖ ဖြစ်ဟှူ ဘုရားသခင်န သခင်ယေရှုဟှို သိဟှူဉာဏ်အားဖြင့် ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့လေမာ တိုးပွားဂေ့ပါစေ။
2PE 1:3 နို့လေဟှို သူ့ရဲ့ ဖောင်းသရေတော်န ကောန်းမြတ်ရှင်းထဲဟှို ခေါ်ယူတော်မူဟှူ သခင်ဟှို နို့လေ သိရှင်းအားဖြင့် သတ်ရှင်မှုနတူးဒူ ဘုရားဝတ်န မွေ့လျော်ရှင်းအားဖြင့် စပ်ဆိုင်ဟှူရာလေ ဂူလောင်းဟှို ကိုယ်တော်နှိုက်ရှိဟှူ ဘုရားရဲ့ ဖောင်းတဂိုးတော်အားဖြင့် ပေးသနားတော်မူဘီ။
2PE 1:4 အယ်မျိုးအားဖြင့် ရရာတိုင်း ကောန်းမြတ်ဘီး ဖိုးကီးဟှူ ဂဒိတော်လေဟှို နို့လေဟှို အပ်ပေးတော်မူဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ဂဒိတော်လေဟှို မှီပြုဘီး နန်းနို့လေဟှာ လောကီတပ်မတ်မှုလေ၊ ညစ်ကြေးလေန လွတ်ကင်းဘီးဟှာ ဘုရားပကတိဟှို ဆစ်ဆံရဟှူသူလေ ဖြစ်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
2PE 1:5 အယ်ကြောန်းကြောန့် နန်းနို့လေဟှာ ယောင်ကြည်ရှင်းနှိုက် ကောန်းမြတ်ရှင်းဟှို၊ ကောန်းမြတ်ရှင်းနှိုက် ပညာဟှို၊
2PE 1:6 ပညာနှိုက် ကာမဂေါင် ချောက်တီးရှင်းဟှို၊ ကာမဂေါင် ချောက်တီးရှင်းနှိုက် သီးခံရှင်းဟှို၊ သီးခံရှင်းနှိုက် ဘုရားဝတ်နှိုက် မွေ့လျော်ရှင်းဟှို၊
2PE 1:7 ဘုရားဝတ်မာ မွေ့လျော်ရှင်းနှိုက် ညီကိုစောင်မတ်ရှင်းဟှို၊ ညီကိုစောင်မတ်ရှင်းနှိုက် ရှစ်ရှင်းမြစ်တာလေဟှို စွမ်းကူကြိုးစားဘီး ထပ်ဆစ်ဂေ့ပါ။
2PE 1:8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ပါရမီလေဟှာ နန်းနို့လေမာရှိဘီး တိုးပွားနေဟှယ် ဆိုဟှာ နန်းနို့လေဟှာ နို့လေရဲ့ သခင် ယေရှုခရစ်ဟှို သိကျွမ်းရှင်းနှိုက် ပျင်းဘဲနေဟှို့တွပ်ရော၊ ကျိုးမှေ့ဘဲဇာလေ ဖြစ်ဘဲနေဟှို့တွပ်ရော ပြုပြင်တတ်ဂေ့ဟှယ်။
2PE 1:9 အယ်ပါရမီ မှေ့ဘဲဟှူ သူလေဟှာ မျစ်စိကန်းဟှူသူ၊ မျစ်စိမှုန်ဟှူသူ ဖြစ်ဟှယ်။ ကိုယ့်ပြစ်ဟောန်း ဆေးကြောခံရကြောန်းဟှို မေ့နေဂေ့ဟှယ်။
2PE 1:10 အယ်ကြောန့် ညီကို မောန်နှမလေ နန်းနို့ခံရဟှူ ခေါ်တော်မူရှင်းန ဝီးကော့‑က်တော်မူရှင်းဟှို တည်မြဲစေဟှို့တွပ် ပိုဘီး ကြိုးစားအားထုဂေ့ပါ။ အယ်မျိုးပြုနေမယ် ဆိုဟှာ ထိမိဘီးလဲဇာန မြဲဒမ်း ကင်းလွတ်လေ့မယ်။
2PE 1:11 နော့‑က်ဘီး နို့လေဟှို ကယ်တန်တော်မူဟှူ သခင်ယေရှုခရစ်ရဲ့ ထာဝရ နိုင်ငံတော်ထဲဟှို ဝမ်စားဟှူခွမ့်ဟှို နန်းနို့လေဟှို ကြွယ်ဝအောန် ပေးသနားတော် မူလေ့မယ်။
2PE 1:12 အယ်ကြောန့် ခုဟောပြောဟှူ သမ္မာတရားဟှို နန်းနို့လေ နားလည်ဘီး တည်ကြည်မှု ရှိဂေ့ဟှူလည်းဘဲ့ အယ်မျိုးစကားလေန နန်းနို့လေဟှို မြဲဒမ်း ဒိပေးနှိုးဆော်ဟှို့တွပ် ငါမေ့လျော့ဟှ။
2PE 1:13 အယ်ခန္ဓာတဲမာ ငါရှိနေဟှူမျှ ကာလပတ်လောင်း အယ်ကြောန်းရာလေဟှို နန်းနို့ဟှို ဒိပေးနှိုးဆော်သင့်ဟှယ် ဆိုဘီး ငါတကယ်ဘဲ့ မှတ်ယူဟှားပါဟှယ်။
2PE 1:14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ သခင် ယေရှုခရစ်တော်ဟှာ ငါ့ဟှို ဖော်ပြတော်မူဟှူတိုင်း ငါ့ရဲ့ ခန္ဓာတဲဟှို ကြာခန်မာ စွန့်ပယ်ရမယ် ဆိုဇာဟှို ငါသိဟှယ်။
2PE 1:15 အယ်မျိုးဖြစ်ကြောန့် ငါဟှာ အယ်လောကဟှနေ ထွပ်ဟှားဘီးန နန်းနို့လေဟှာ အယ်ကြောန်းရာလေဟှို မြဲဒမ်း မှတ်မိနေဟှို့တွပ် ငါကြိုးစားမယ်။
2PE 1:16 နို့လေရဲ့သခင် ယေရှုခရစ် တဂိုးတော်န ကြွလာတော်မူမယ် ဆိုဇာဟှို နန်းနို့ဟှို ဖော်ပြရာမာ နို့လေဟှာ ပရိယာယ်န တီထွင်ဟှားဟှူ ဒဏ္ဍာရီ ပေါင်ပြင်လေဟှို ပြောနေဂေ့ရှင်း မှုဟှ။ နို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ကိုယ်တိုင် ဗြင်ဖူးဟှူသူလေ ဖြစ်ဂေ့ဟှယ်။
2PE 1:17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “အယ်သူဟှာ ငါမြတ်နိုးဟှူ ငါ့ရဲ့ ရှစ်သား ဖြစ်ဟှယ်” ဆိုဟှူ သံတော်ဟှာ ထူးမြတ်ဟှူ ရောန်တော်ထဲဟှ အယ်သခင်နားဟှို ရော့‑က်လာဟှူ ခီမာ ဖ ဘုရားသခင်နားဟှ ဂေါင်တော်န ဖောင်းသရေတော်ဟှို ကိုယ်တော်ဟှာ ခံရတော်မူဟှယ်။
2PE 1:18 အယ်ခီမာ နို့လေ ကိုယ်တိုင်ဘဲ့ သန့်ရှင်းဟှူ တောန်ထတ်မာ ကိုယ်တော်နတူးဒူ ရှိနေဟှူခီ ကောန်းဂန်ဟှနေ ရော့‑က်လာဟှူ အယ်သံတော်ဟှို ကြားရဂေ့ဟှယ်။
2PE 1:19 နော့‑က်ဘီး ပိုဘီး ခိုင်လောင်ဟှူ ပရောဖက်လေရဲ့ စကားဟှာ နို့လေမာရှိဟှယ်။ နန်းနို့လေရဲ့ စိနှလောင်းထဲမာ အာရောင်တတ်ဘီး ကြယ်နီပေါ်ထွပ်ဟှူ ကာလထိအောန် အယ်စကားတော်ဟှို မှောန်မိုက်ဟှူ နေရာမာ ထွန်းလန်းဟှူ ဆီမီးဟှူမျိုး ထန်မှတ်ဘီး မှီပြုသင့်ပါဟှယ်။
2PE 1:20 ကျမ်းစာမာပါဟှူ ပရောဖတ်ပြု ဟောပြောချစ်လေဟှာ ကိုယ့်ဖာသာ နတ်ဓိပါယ်ပေါ်ဘဲဟှူ ကြောန်းဟှို ရင်ဦးဆောင်း သိမှတ်ဂေ့ပါ။
2PE 1:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပရောဖတ်ပြု ဟောပြောချစ်လေဟှာ ဖယ်ခါမှ လူ့ရဲ့ လိုဆန္ဒအားဖြင့် ဖြစ်ပေါ်လာရှင်း မှုဟှ။ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ သူလေဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ တိုက်တွန်းတော်မူရှင်းဟှို ခံရဟှူကြောန့် ဟောပြောဂေ့ရှင်း ဖြစ်ဟှယ်။
2PE 2:1 အယ်ဘေမဲ့ ပရောဖက် တုယောန်လေဟှာ ယုဒလူမျိုးလေထဲမာ ပေါ်လာဂေ့ဟှူမျိုး နန်းနို့လေထဲမာလည်း ပရောဖက် တုယောန်လေ ပေါ်လာဂေ့လေ့မယ်။ အယ်သူလေဟှာ ပျစ်စီးရှင်းဟှို ရော့‑က်စေမယ့် မှားယွင်းဟှူ ယူဝါဒလေဟှို ခိုးခိုးဝှပ်ဝှပ်န ယူဆောန်လာဂေ့ဘီး ကိုယ့်ဟှို ဖိုးခန ဝီးဝယ်တော်မူဟှူ သခင်ဟှို ပစ်ပယ်ဘီး ကိုယ့်ထတ်ဟှို ရရာတိုင်း ဗြန်ဟှူ ပျစ်စီးမှုဟှို ရော့‑က်စေဟှူ ပရောဖက် တုယောန်လေဟှာ နန်းနို့လေမာ ရှိဂေ့လေ့မယ်။
2PE 2:2 ရရာတိုင်းများဟှူ လူလေလည်း သူးနို့လေရဲ့ ညစ်ညူးဟှူ ကောန်းဘဲဟှူ ကျင့်ဓလေ့နော့‑က်ဟှို လိုက်ပါရှင်းအားဖြင့် သမ္မာတရားလမ်း အသရေဟှာ ပျစ်စီးလေ့မယ်။
2PE 2:3 သူးနို့လေဟှာ လောဘစိန ချော့မော့ဟှူ စကားလေဟှို ပြောဘီး နန်းနို့လေဟှို မ္လတ်ထုလေ့မယ်။ ရှေးကာလဟှနေဘီး သူးနို့ဟှို ပြစ်ဒန်စီရင်မယ့် သခင်ဟှာ ဆင်သင့်ရှိနေတော်မူဟှယ်။ သူးနို့ဟှို သုတ်သင်ဖျစ်ဆီးမယ့် သခင်ဟှာ အိငိုက်တော်မူဟှ။
2PE 2:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ပြစ်မှားဟှူ ကောန်းဂန်တမန်လေဟှို ဗြောဘဲန ငရဲထဲမာ ထီးသီးဟှားဘီး တရားစီရင်ဟှို့တွပ် မှောန်မိုက်ထဲမာ သံကြိုးန ခယ်ဟှားတော်မူလေဟှယ်။
2PE 2:5 ရှေးလောကဓာတ်ဟှိုလည်း ဗြောတော်မူဟှ။ ဖြောန့်မတ်ရှင်းတရားဟှို ဟောဟှူ နောဧန လူခွန်နစ်ယော့‑က်ဟှို ကယ်တန်တော်မူဘီး ဘုရားဟှို ကိုးကွယ်ဘဲဟှူ လောကီသား ဂူလောင်းဟှို ရေလွှမ်းမိုးစေတော်မူဟှယ်။
2PE 2:6 သောဒုံန ဂေါမောရဗြို့ဟှို ပြစ်ဒန်စီရင်တော်မူဘီး မီးလောန်စေရှင်းအားဖြင့် နော့‑က်တခီမာ တရားဘဲဟှူကျင့်ဟှို ကျင့်ဟှူ သူလေတွပ် ပေါင်သတ်သေဟှို ထားတော်မူလေဟှယ်။
2PE 2:7 အယ်ခီမာ တရားဘဲဟှူ သူလေရဲ့ ညစ်ညူးဟှူ ကျင့်အားဖြင့် စိနှော့‑က်ယှစ်ခံရဟှူသူ ဖြောန့်မတ်ဟှူ လောတဟှို ကယ်နှုတော်မူဟှယ်။
2PE 2:8 အယ်ဖြောန့်မတ်ဟှူသူဟှာ တရားဘဲဟှူ သူလေနတူးဒူ နေရဟှူ ခီမာ သူးနို့လေရဲ့ အဓမ္မမှုရာလေဟှို ဗြင်ရကြားရဟှူကြောန့် သူ့ရဲ့ ဖြောန့်မတ်ဟှူ စိဝိညာဉ်မာ ရရာတိုင်း ညှဉ်းဆဲခံရလေဟှယ်။
2PE 2:9 အယ်ကြောန့် ဘုရားဝတ်မာ မွေ့လျော်ဟှူသူလေဟှို စောင်ဇမ်း နှော့‑က်ယှစ်မှုထဲဟှ ကယ်နှုဟှို့တွပ်န တရားဘဲဟှူ သူလေဟှို တရားစီရင်ဟှူ နေ့ရစ်မာ ပြစ်ဒန်ခံစေဟှို့ ချောက်နှောင်ဟှားဟှို့တွပ် ဘုရားသခင် တတ်နိုင်တော်မူလေဟှယ်။
2PE 2:10 ထူးသဖြင့် ညစ်ညူးဟှူ တတ်မတ်မှုအားဖြင့် သွီးသားဇာတိ နော့‑က်ဟှို လိုက်ဘီး အာဏာစစ်ဟှို ထီမဲ့မြင်ပြုဟှူ သူလေဟှို အယ်မျိူး ချောက်ဟှားတော်မူလေ့မယ်။ အယ်သူလေဟှာ တင့်ရဲဟှူသူ မာန်မာနထောန်လွှားဟှူ သူလေဖြစ်ဘီး ကြော့‑က်ရွံ့မှုမှေ့ဘဲ ဖောင်းတဂိုးကီးဟှူ သူလေဟှို ကဲ့ရဲ့စော်ကားတတ်လေဟှယ်။
2PE 2:11 ကောန်းဂန်တမန်လေဟှာ သူးနို့လေထတ် ခွန်အား တဂိုးကီးဟှူလည်းဘဲ့ ဘုရားသခင် ရှေ့တော်မာ သူးနို့လေဟှို ကဲ့ရဲ့ပြစ်တန်ဘီး စီရင်ရှင်းဟှို ပြုဂေ့ဟှ။
2PE 2:12 သူးနို့လေဟှာ ဖမ်းဆီးဖျစ်ဆီးဟှို့တွပ် ပေါ့‑က်ဖွားလာဟှူ၊ သိပညာမဲ့ဘီး ဆင်ခြင်တုံတရား မှေ့ဘဲဟှူ လိဆန်လေမျိုး ဖြစ်ဂေ့ဘီး ကိုယ်နားလည်ဘဲဟှူ ဇာလေဟှို ကဲ့ရဲ့ဘီး ပြောဆိုတတ်ဂေ့ဟှယ်။ သူးနို့လေဟှာ သိဉာဏ်မှေ့ဘဲဟှူ လိဆန်လေ ပျစ်စီးဟှူမျိုး ပျစ်စီးရဂေ့လေ့မယ်။
2PE 2:13 တရားဘဲဟှူဇာရဲ့ ဖိုးခနေန တရားဘဲဟှူ ပြုရှင်းဟှို ခံရဂေ့လေ့မယ်။ သူးနို့လေဟှာ နေ့ဖတ်မာ သော့‑က်စားယစ်မောရှင်းလေဟှို ပျော်ရွှင်ရှင်း ဖြစ်ဟှယ် ဆိုဘီး ထန်မှတ်ဂေ့တတ်ဟှယ်။ နန်းနို့နတူးဒူ စားသော့‑က်ဟှူ ခီမာ ကိုယ့်ရဲ့ မှားယွင်းဟှူ သဘောန မွေ့လျော်ဂေ့ဘီး နန်းနို့လေမာ ညစ်ကြေးစွန်းကွက်ဟှူမျိုး ဖြစ်ဂေ့ဟှယ်။
2PE 2:14 သူးနို့ဟှာ ဖော့‑က်ပ္လန်ဟှူ ကိလေသာန ပ္လဲ့ဝဟှူ မျစ်စိကြောန့် ဒုစရိုက်ဟှို ပြုဘဲနေနိုင်ဂေ့ဟှ။ သူးနို့လေဟှာ တည်ကြည်မှု စိနှလောင်းမှေ့ဘဲဟှူ သူလေဟှို ပြစ်ထဲဟှို သွီးဆောန်တတ်ဂေ့ဟှယ်။ လောဘလွန်ကြူးမှုမာ ကျင်လည်ဘီး ကီရှင်းခံရဟှူ သားမီးလေဖြစ်ဂေ့ဟှယ်။
2PE 2:15 သူးနို့လေဟှာ ဖြောန့်မတ်ဟှူလမ်းဟှ ထွပ်ဟှူကြောန့် လမ်းလွဲဟှားဘီး တရားဘဲဟှူ နည်းလမ်းအားဖြင့် ရဟှားဟှူ ဖိုးခဟှို နှစ်သက်ဟှူ ဗောသော်ရဲ့သား ဗာလမ်ရဲ့ လမ်းစဉ်ဟှို လိုက်ဂေ့ဟှယ်။
2PE 2:16 အယ်ဘေမဲ့ ဗာလမ်ဟှာ တရားဘဲနရဟှူခဟှို တတ်မတ်ဟှူကြောန့် ကိုယ်ပြုဟှူ ဒုစရိုက်အားဖြင့် ဆောင်းမရှင်းဟှို ခံရဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မြည်းဟှာ လူ့ဘာသာအားဖြင့် စကားပြောဘီး အယ်ပရောဖက်ရဲ့ မိုက်မဲမှုဟှို တားမြစ်လေဟှယ်။
2PE 2:17 အယ်သူလေဟှာ ရေမှေ့ဘဲဟှူ ရေတွမ်းမျိုး၊ လေတိုက်ဟှူကြောန့် လွမ့်ပါဟှားဟှူ မိုးတီမျိုး ဖြစ်ဂေ့ဟှယ်။ သူးနို့လေတွပ် ထာဝရမှောန်မိုက်ဟှို သိုဟှားလေဟှယ်။
2PE 2:18 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ မှားယွင်းမှုထဲမာ ကျင်လည်ဂေ့ဟှူ သူလေထဲဟှ လွတ်မြော့‑က်ခါဇရှိဟှူ သူလေဟှို ဝါကြွားဟှူ ချည်းနှီးစကားလေဟှို သောင်းဘီး သွီးသားဇာတိတတ်မတ်ရှင်း၊ ကာမဂေါင် လိုက်စားရှင်းအားဖြင့် ပြစ်ထဲဟှို သွီးဆောန်တတ်ဂေ့ဟှယ်။
2PE 2:19 သူးနို့လေဟှာ လွှတ်ရှင်းခွမ့်ရှိဟှယ် ဆိုဘီး ဝန်ခံရဲ့န ကိုယ်ကိုယ်တိုင် ပျစ်စီးမှုရဲ့ ကျေးကျွန်လေ ဖြစ်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူဟှို နိုင်ဟှူဇာဟှာ လူ့ရဲ့သခင် ဖြစ်ဟှယ်။
2PE 2:20 နို့လေရဲ့ သခင်န ကယ်တန်ရှင်ဖြစ်ဟှူ ယေရှုခရစ်ဟှို သိကျွမ်းရှင်းအားဖြင့် လောကီညစ်ညူးမှုန လွတ်ကင်းဘီးမှ နော့‑က်ထပ်တခါ ထောန်ချော့‑က်မိဘီး ရှောင်းဟှယ် ဆိုဟှာ နော့‑က်ဖြစ်ဟှူဇာဟှာ ရှေ့ဖြစ်ဟှူ ဇာထတ် ပိုဘီး ဆိုးလေဟှယ်။
2PE 2:21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖြောန့်မတ်ဟှူ လမ်းဟှို သိရဲ့န ကိုယ့်ဟှို ပေးအပ်ဟှားဟှူ သန့်ရှင်းဟှူ ပညတ်တော်ဟှို စွန့်ပစ်ဟှူဇာထတ် အယ်မူတရားလမ်းဟှို သိဘဲနနေရဟှူဇာဟှ ပိုဘီး ကောန်းဟှယ်။
2PE 2:22 “ခွီးဟှာ ကိုယ့်ရဲ့ အန်ဖတ်ဟှို ပ္လန်စားတတ်ဟှယ်။ ရေချိုးပေးဟှားဟှူ ဝပ်ဟှာလည်း ဇီးဗ္လစ်အိုင်မာ ပ္လန်ဘီး လူးတတ်ဟှယ်” ဆိုဘီး ပြောဟှူ မှန်ဟှူ စကားပေါင်ဟှာ အယ်သူလေအားဖြင့် ပ္လဲ့ဇောင်လေဟှယ်။
2PE 3:1 ရှစ်ရဟှူသူလေ ခု အယ်စာဟှို ဒုတိယကြီ ငါရေးဘီးပေးလိုက်ပါဟှယ်။ ငါဟှာ အယ်စာနှေ့စောန်လောင်းမာ နန်းနို့လေရဲ့ ဖ္လူစင်ဟှူ စိဝိညာဉ်လေဟှို ဒိပေးနှိုးဆော်ဟှားပါဟှယ်။
2PE 3:2 သန့်ရှင်းဟှူ ပရောဖက်လေဟှာ ကြိုတန်ဘီး ပြောဟှားဟှူ စကားလေန နန်းနို့ရဲ့ တမန်တော်လေဟှနေတဆင့် ပေးအပ်ဟှားဟှူ ကယ်တန်ရှင် သခင်ဘုရားရဲ့ ပညတ်တော်လေဟှို နန်းနို့လေ ပ္လန်ဘီး ဒိရစေဟှို့တွပ် ဖြစ်ဟှယ်။
2PE 3:3 နန်းနို့လေ ရင်ဦးဆောင်း သိဟှားရဟှို့ချစ်မာ နော့‑က်ဆောင်းဟှူကာလမာ ပြစ်ရယ်ပြုတတ်ဟှူ လူလေဟှာ ကိုယ့်ရဲ့ တတ်မတ်မှုတိုင်း ကျင့်နေဘီး၊
2PE 3:4 “သခင်ဘုရား ကြွလာမယ်ဆိုဟှူ ဂဒိတော်ဟှာ ဖယ်မာရှိဟှိကြောန့်နူး။ နို့ဘိုးဘေးလေ သေဟှားဘီးဟှူ ခီဟှနေစဘီး ရှိမျှဂူလောင်းဟှာ ဖန်းဆင်းစဟှတိုင်းဘဲ့ ဆစ်ဘီးရှိနေဟှယ်” ဆိုဘီး ပြောဆိုဂေ့လေ့မယ်။
2PE 3:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရှေးကာလမာ ကောန်းဂန်န ရေထဲဟှထွပ်ဘီး ရေအားဖြင့်တည်ဟှူ မ္လေဂီးဟှို စကားတော်အားဖြင့် ဖန်ဆင်းဟှူကြောန်းန၊
2PE 3:6 ရှေးကမ္ဘာမ္လေဂီးဟှာ ရေလွှမ်းမိုးခံရဘီး ရေအားဖြင့် ဖျစ်ဆီးခံရဟှူကြောန်းဟှို သူးနို့လေဟှာ တမင်သတ်သတ် မေ့ဟှားဂေ့ဟှယ်။
2PE 3:7 ခုရှိနေဟှူ ကောန်းဂန်န မ္လေဂီးဟှာ အဓမ္မလူလေဟှို တရားစီရင်ဘီး ဖျစ်ဆီးဟှူ နေ့ရစ်ထိ အယ် စကားတော်အားဖြင့် သိုဟှားဘီး မီးရှို့ဟှို့တွပ် ထီးသီးဟှားလေဟှယ်။
2PE 3:8 အယ်ဘေမဲ့ ရှစ်ရဟှူသူလေ၊ ဘုရားသခင်တွပ် နေ့ရစ်တရစ်ဟှာ နှစ်တထောန်ဖြစ်ဟှူမျိုး နှစ်တထောန်ဟှာ နေ့ရစ်တရစ်ဟှူမျိုး ဖြစ်ဟှယ် ဆိုဇာဟှို မေ့ဂေ့န။
2PE 3:9 နှေးဟှယ် ဆိုဘီး တချို့လူလေ ထန်မှတ်နေဘေမဲ့ ဘုရားသခင်ဟှာ ဂဒိတော်ရာမာ နှေးတော်မူဟှ။ ဖယ်သူလည်း ပျစ်စီးဘဲန လူတိုင်းနောန်ဒရဟှို့တွပ် လိုတော်ရှိဟှူကြောန့် နန်းနို့လေဟှို သီးခံတော်မူလေဟှယ်။
2PE 3:10 ခိုးဟှာ ညဉ့်ဖတ်မာလာတတ်ဟှူမျိုး သခင်ဘုရားရဲ့ နေ့ရစ်ဟှာ လာလေ့မယ်။ အယ်နေ့ရစ်မာ ကောန်းဂန်ဟှာ ရရာတိုင်း က္လယ်ဟှူသံနတူးဒူ ပျော့‑က်ဟှားလေ့မယ်။ လောကဓာတ်လေဟှာ ရရာတိုင်းပူအာကီးဟှူကြောန့် ပျစ်စီးဟှားလေ့မယ်။ မ္လေဂီးဟှနေစဘီး မ္လေဂီးထတ်မာရှိဟှူဇာလေ ဂူလောင်းဟှာ လောန်ကျွမ်းကူလေ့မယ်။
2PE 3:11 အယ်ဇာလေ ဂူလောင်းဟှာ အယ်မျိုး ပျစ်စီးဟှားမယ် ဖြစ်ဟှူကြောန့် နန်းနို့လေဟှာ ဖယ်မျိုးဟှူသူလေ ဖြစ်ဟှို့သင့်ဟှယ်နူး။ နန်းနို့လေဟှာ သန့်ရှင်းဟှူကျင့်ဟှို ကျင့်ဘီး ဘုရားဝတ်န မွေ့လျော်ရှင်းအားဖြင့်
2PE 3:12 ဘုရားသခင်ရဲ့ နေ့ရစ်ဟှို စောန့်မျှော်ဘီး အယ်နေ့ရစ် ဗြန်းဗြန်းရော့‑က်လာဟှို့ မျှော်လင့်သင့်ဟှယ်။ အယ်နေ့မာ ကောန်းဂန်ဟှာ မီးလောန်ကျွမ်းဘီး ပျစ်စီးဟှားလေ့မယ်။ လောကဓာတ်လေလည်း ရရာတိုင်း ပြင်းထန်ဟှူ ပူရှီအားဖြင့် ရယ်ပျော်ဟှားဂေ့လေ့မယ်။
2PE 3:13 အယ်ဘေမဲ့ နို့လေဟှာ ဘုရားသခင် ဂဒိထားတော်မူဟှူ ဖြောန့်မတ်ရှင်းတရားရဲ့ တည်ဟှူနေရာ ကောန်းဂန်သစ်န မ္လေဂီးသစ်ဟှို စောန့်မျှော်နေဂေ့ဟှယ်။
2PE 3:14 အယ်မျိုးဖြစ်ကြောန့် ရှစ်ရဟှူသူလေ၊ အယ်နေ့ရစ်ဟှို စောန့်မျှော်နေဂေ့ဟှူကြောန့် ပြစ်ကင်းဘီး ဖြားစွန်းထင်းလည်းမှေ့ဘဲဟှူ သူဖြစ်န ကိုယ်တော်ရဲ့ ရှေ့တော်ဟှို ငြီးငြီဝပ်ဝပ် ရော့‑က်နိုင်ဟှို့တွပ် ကြိုးစားအားထုဂေ့ပါ။
2PE 3:15 နို့လေရှစ်ရဟှူ ညီကိုပေါလုဟှာ ဘုရားသခင်ပေးဟှူ ဉာဏ်ပညာအားဖြင့် နန်းနို့လေဟှို ရေးဘီးပေးလိုက်ဟှူတိုင်း နို့လေရဲ့ သခင်ဘုရား သီးခံတော်မူရှင်းဟှာ နန်းနို့လေ ကယ်တန်ရှင်းခံရဟှို့တွပ် ခွမ့်ရေးပေးရှင်း ဖြစ်ဟှယ် ဆိုဇာဟှို မှတ်ယူဂေ့ပါ။
2PE 3:16 သူဟှာ အယ်ကြောန်းရာလေန ပတ်သတ်ဘီး စီရင်ရေးဟှားဟှူ စာစောန်လေမာ နားလည်ရ ခတ်ခဲမှုလေ ရှိဟှယ်။ သိပညာမှေ့ဘဲဟှူ၊ တည်ကြည်မှုမှေ့ဘဲဟှူ သူလေဟှာ အယ်စာစောန်ဟှနေစဘီး ကျန်ဟှူ ကျမ်းစာလေရဲ့ နတ်ဓိပါယ်ဟှို မှော့‑က်လှန်ဘီး ကိုယ့်ကိုယ်ကိုယ် ဖျစ်စီးတတ်ဂေ့ဟှယ်။
2PE 3:17 အယ်ကြောန့် ရှစ်ရဟှူသူလေ အယ်ကြောန်းရာလေဟှို နန်းနို့သိဟှားပီးဘီ ဖြစ်ဟှူကြောန့် တရားဘဲဟှူသူလေရဲ့ ပရိယာယ်အားဖြင့် သွီးဆောန်ရှင်းနော့‑က်ဟှို လိုက်ပါဟှားဘီး နန်းနို့လေရဲ့ တည်ကြည်မှုဟှို ဆောင်းရှောန်းဘဲ နေဟှို့တွပ် ကိုယ့်ကိုယ်ကိုယ် စောန့်ရှော့က်ဂေ့ပါ။
2PE 3:18 နို့လေရဲ့သခင်န ကယ်တန်ရှင် ဖြစ်တော်မူဟှူ ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်နရော၊ ကိုယ်တော့်ဟှို သိကျွမ်းဟှူ ပညာနရော ကီးထွားဂေ့ပါ။ အယ်သခင်ဟှာ ခုဟှနေစဘီး ထာဝရ ကာလပတ်လောင်း ဖောင်းသရေတော်ရှိပါစေ! အာမင်။
1JO 1:1 သတ်ရှင်ဟှူ စကားတော်ကြောန်းဟှို နို့လေဟှ စာရေးလိုက်ဟှယ်။ အယ်စကားတော်ဟှာ စစဒူးဟှ ရှိနေဟှယ်။ အယ်စကားတော်ဟှို နို့လေဟှာ ကြားရဂေ့ဟှယ်။ နို့လေ ကိုယ်တိုင်ဟှ မျစ်စိန ဗြင်ရဂေ့ဟှယ်။ နို့လေရဲ့လတ်န စမ်းသပ်ဘီး ကေ့ရှုဂေ့ဟှယ်။
1JO 1:2 အယ်သတ်ဟှာ ပေါ်လာဟှူ ခီမာ နို့လေဗြင်ရဂေ့ဟှယ်။ အယ်ကြောန့် အယ်ကြောန်းဟှို နို့လေဟှ ဟောပြောဂေ့ဟှယ်။ ဖန တူးဒူရှိနေဟှူ သတ်ဟှာ နို့လေမာ ထန်ရှားဟှူကြောန့် နို့လေဟှာ အယ်ထာဝရသတ်ကြောန်းဟှို နန်းနို့ဟှို သတ်သေခံဘီး ကြေညာဂေ့ဟှယ်။
1JO 1:3 နို့လေဟှာ ဖနရော၊ သားတော် ယေရှုခရစ်နရော၊ မိတ်သဟာယဖွဲ့ရဂေ့ဟှူကြောန့် နန်းနို့ဟှလည်း နို့လေနတူးဒူ အယ်မိတ်သဟာယမာ ပါဝမ်ခွမ့် ရဂေ့ဟှို့တွပ် နို့လေ ဗြင်ရကြားရဟှူ ဇာလေဟှို နန်းနို့ဟှို ဖော်ပြဟှယ်။
1JO 1:4 နို့လေရဲ့ ဝန်းသာရှင်းဟှို ပ္လဲ့ဝ ခံစားနိုင်ဂေ့ဟှို့တွပ် အယ်ကြောန်းရာလေဟှို စာရေးလိုက်ဟှယ်။
1JO 1:5 ဘုရားသခင်ဟှာ လန်းရောန်ဖြစ်ဟှယ်။ ကိုယ်တော်မာ မှောန်လောင်းဝ မှေ့ဟှ ဆိုဘီး တရားစကားဟှို နို့လေဟှာ ကိုယ်တော်ရဲ့ သားတော်နားဟှနေ ကြားရသိရဟှူကြောန့် နန်းနို့ဟှို ကြေညာဟှယ်။
1JO 1:6 အယ်ကြောန့် နို့လေဟှာ ကိုယ်တော်န မိတ်သဟာယဖွဲ့ ရဂေ့ဟှယ် ဆိုဘီး မှောန်ထဲမာ ကျင်လည်နေဂေ့ဇာဟှာ နို့လေဟှာ လီညာပြောဆိုဟှူ သူဖြစ်ဘီး သမ္မာတရားဟှို ကျင့်နေဂေ့ဇာ မှုဟှ။
1JO 1:7 ကိုယ်တော်ဟှာ လန်းရောန်ထဲမာ ရှိနေမျိုးဘဲ့ နို့လေဟှာ လန်းရောန်ထဲမာ ကျင်လည်ဂေ့ဟှူကြောန့် ရှင်းရှင်း ယော့‑က်နယော့‑က် မိတ်သဟာယ ဖွဲ့ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ သားတော် သခင်ယေရှုရဲ့ သွီးတော်ဟှာ နို့လေရဲ့ ပြစ်ဂူလောင်းဟှနေ စင်ကြယ်စေဟှယ်။
1JO 1:8 နို့လေဟှာ ပြစ်သားလေ မှုဟှ ဆိုဘီး ပြောမယ် ဆိုဟှာ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် လှည့်ဇားဂေ့ဟှယ်။ နို့လေမာ သမ္မာတရားလည်း မှေ့ဟှ။
1JO 1:9 ကိုယ်ပြစ်လေဟှို ဝန်ခ္လ တောန်းဗန်မယ် ဆိုဟှာ ဘုရားသခင်ဟှာ ဒိသစ်စာတည်ဘီး ဖြောန့်မတ်ဟှူရှင် ဖြစ်ဟှူကြောန့် နို့လေရဲ့ ပြစ်လေဟှို လွှတ်ပေးဘီး နို့လေဟှို ဒုစရိုက်ညစ်ကြေး ဂူလောင်းဟှနေ စင်ကြယ်စေဟှယ်။
1JO 1:10 နို့လေဟှာ ပြစ်ကျူးလွန်ဟှူလူလေ မှုဟှ ဆိုဘီး ပြောမယ် ဆိုဟှာ ဘုရားသခင်ဟှို မုသားပြစ်တန်ဂေ့ဟှယ်။ ဘုရားစကားဟှလည်း နို့လေမာ မှေ့ဟှ။
1JO 2:1 ငါ့သားမီးလေ၊ နန်းနို့ဟှို ပြစ်လောက်စေရှင်ဘဲကြောန့် အယ်စာဟှို ငါရေးပေးလိုက်ဟှယ်။ ယော့‑က်ယော့‑က်ဟှာ ပြစ်လောက်မိမယ် ဆိုဟှာ ဖနားမာ နို့လေတွပ် ကူညီဖြေရှင်းပေးဟှူ ဖြောန့်မတ်ဟှူ သခင်ယေရှုခရစ်တော် ရှိနေဟှယ်။
1JO 2:2 ကိုယ်တော်ဟှာ နို့လေပြစ်မျှ မကဘဲန ကမ္ဘာသူ ကမ္ဘာသား ဂူလောင်းရဲ့ ပြစ်ဖြေဇာကြောန်း ပူဇော်ဆစ်ကပ်ဟှားဟှူ သခင်ဖြစ်တော်မူဟှယ်။
1JO 2:3 နို့လေဟှာ ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို စောန့်ထီးနိုင်မှဘဲ့ ကိုယ်တော့်ဟှို သိကျွမ်းဟှူ လူလေဖြစ်ဂေ့ကြောန်းဟှို သေးသေချားချာဟှား သိနိုင်ဟှယ်။
1JO 2:4 ကိုယ်တော့်ဟှို ငါသိဟှယ် ဆိုဘီး ပညတ်တော်လေဟှို စောန့်ဘဲ့ဟှူလူဟှာ လူလီလူညာဖြစ်ဘီး သူ့မာလည်း သမ္မာတရား မှေ့ဟှ။
1JO 2:5 ကိုယ်တော်ရဲ့ စကားတော်ဟှို နားထောန်လူဟှာ တကယ်ဘဲ့ ဘုရားသခင်ရဲ့ ရှစ်ရှင်းမြစ်တာဟှာ အယ်သူမာ မှန်တိုင်းဘဲ့ ပ္လဲ့ဇောင်ဟှယ်။ အယ်မျိုးမှ ကျွန်တော့်လေဟှာ ဘုရားသခင်န တလောင်းတဝဒဲ ဖြစ်ဟှူကြောန်းဟှို သေးသေချားချာဟှား သိဂေ့ဟှယ်။
1JO 2:6 ဘုရားသခင်န တလောင်းတဝဒဲ ဖြစ်ဟှူကြောန်းဟှို သေးသေချားချာ သိဟှူလူဟှာ သခင်ယေရှု ကျင့်မျိုး လိုက်ကျင့်ဟှူလူ ဖြစ်ဟှယ်။
1JO 2:7 ရှစ်ရဟှူသူလေ၊ နန်းနို့နားဟှို ငါရေးလိုက်ဟှူစာလေဟှာ ပညတ်တော်သစ် မှုဟှ။ စစဒူးဟှ နန်းနို့ရဟှားဟှူ ပညတ်ဟောန်းဘဲ့ ဖြစ်ဟှယ်။ အယ်ပညတ်တော်ဟောန်းဟှာ နန်းနို့ကြားရဟှူ တရားတော်ဘဲ့ ဖြစ်ဟှယ်။
1JO 2:8 အယ်ဘေမဲ့ ခုနန်းနို့ဟှို ငါရေးပေးလိုက်ဟှူ ပညတ်တော်ဟှာ သစ်ဖြစ်ဟှယ်။ အယ်မျိုး မှန်ဖြစ်ဟှူကြောန်း ခရစ်တော်နရော၊ နန်းနို့နရော၊ သစ်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မှောန်ဟှာရွေ့လျားကွယ်ပျော့‑က်ဟှားဘီး စစ်မှန်ဟှူ လန်းရောန်ဟှ ပေါ်လာကြောန့် ဖြစ်ဟှယ်။
1JO 2:9 လန်းရောန်မာ ကျင်လည်ဟှယ် ပြောဘီး ကိုယ့်ရဲ့ ညီကို မောန်နှမဟှို မူးနေဟှူလူဟှာ ခုထိမှောန်မာ ကျင်လည်နေဟှူလူ ဖြစ်ဟှယ်။
1JO 2:10 ညီကို မောန်နှမဟှို ရှစ်ဟှူလူဟှာ လန်းရောန်မာ ကျင်လည်ဟှူလူ ဖြစ်ဟှယ်။ သူဟှာ ဖယ်သူ့ဟှိုလည်း မှားယွင်းစေဟှို့ မှုဟှ။
1JO 2:11 အယ်ဘေမဲ့ ညီကို မောန်နှမဟှို မူးနေဟှူ လူဟှာ မှောန်မာနေဟှူလူ ဖြစ်ဟှယ်။ မှောန်မာနေဟှူကြောန့် သူဟှာ ဖယ်နေရာဟှို သွားဟှယ် ဆိုဇာ သိဟှ။
1JO 2:12 သားမီးလေ၊ နန်းနို့ဟှာ ခရစ်တော်ရဲ့ နာမတော်ကြောန့် ပြစ်လွတ်ဟှားဘီ ဆိုဇာ နန်းနို့နားဟှို ငါစာရေးလိုက်ဟှယ်။
1JO 2:13 ဖခင်လေ၊ နန်းနို့လေဟှာ စစဒူးဟှ ရှိနေဟှူသခင်ဟှို သိဟှူလူလေ ဖြစ်ဟှူကြောန့် နန်းနို့လေနားဟှို စာရေးလိုက်ဟှယ်။ ပျိုလူပျိုလေ၊ နန်းနို့ဟှာ မာရ်နတ်ဟှို အောန်နိုင်ဟှူကြောန့် နန်းနို့နားဟှို ငါစာရေးလိုက်ဟှယ်။
1JO 2:14 သားမီးလေ၊ နန်းနို့ဟှာ ဖဟှို သိဟှူလူလေ ဖြစ်ဟှူကြောန့် နန်းနို့နားဟှို ငါဟှာ စာရေးလိုက်ဟှယ်။ နန်းနို့လေဟှာ စစဒူးဟှ ရှိနေဟှူ သခင်ဟှို သိဟှူလူလေ ဖြစ်ဟှူကြောန့် နန်းနို့နားဟှို ငါစာရေးလိုက်ဟှယ်။ ပျိုလူပျိုလေ၊ နန်းနို့ဟှာ ခွန်အားရှိဘီး ဘုရားသခင်ရဲ့ စကားတော်ဟှို နန်းနို့လေဟှာ မှီဝဲဆည်းကပ်ဘီး၊ မာရ်နတ်ဟှို အောန်ဟှူကြောန့် နန်းနို့နားဟှို ငါစာရေးလိုက်ဟှယ်။
1JO 2:15 နန်းနို့ဟှာ လောကန လောကီမာ ရှိဇာလေဟှို ရှစ်ဂေ့န။ လောကဟှို ရှစ်ဟှူလူဟှာ ဖဟှို ရှစ်ဟှ။
1JO 2:16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လောကီမာ ရှိဟှူဇာလေဖြစ်ဟှူ ကိုယ်ကာယ တတ်မတ်စွဲလန်းရှင်းလေ၊ မျစ်စိနဗြင်ဘီး လိုရှင်တတ်မတ်ရှင်းလေ၊ စည်းဇိမ်အောက်စာ ဝါကြွားရှင်းလေဟှာ ဖန ဆိုင်ဟှ။ လောကနဘဲ့ ဆိုင်ဟှယ်။
1JO 2:17 လောကနတူးဒူ လူလေ တတ်မတ်ဟှူဇာလေဟှာ ပျော့‑က်ဟှားလေဟှယ်။ ဘုရားသခင်ရဲ့လိုတော်ဟှို ဆောန်ဟှူလူဟှာ ထာဝရတည်ဟှယ်။
1JO 2:18 သားမီးလေ၊ နော့‑က်ဆောင်းကာလမာ ခရစ်တော်ရဲ့ ရန်သူ ပေါ်လာဟှူကြောန်းဟှို နန်းနို့ ကြာရဂေ့ဟှယ်။ ခုဘဲ့ ခရစ်တော်ရဲ့ရန်သူ ဘောင်ဂီးပေါ်လာဟှယ်။ အယ်ချစ်ဟှို ကေ့ဟှူ ခီမာ ခုကာလဟှာ နော့‑က်ဆောင်းကာလ ရော့‑က်လာကြောန်းဟှို နို့လေ သိဂေ့ဟှယ်။
1JO 2:19 အယ်လူလေဟှာ ဖယ်ခါလည်း နို့လေန မိတ်သဟာယထဲမာ ပါဂေ့ဘဲန နို့လေ နားဟှနေ ထွပ်ဟှားဂေ့ဟှယ်။ တကယ်ဟှိ နို့လေန ဆိုင်မယ် ဆိုဟှာ နို့လေန တူးဒူ ရှိနေဂေ့လေ့မယ်။ သူးနို့ဟှာ မှန်ဘဲ့ နို့လေန ဆိုင်ဘဲဇာဟှို ထန်ရှားဟှို့တွပ် သူးနို့ဟှာ နို့လေနားဟှနေ ထွပ်ဟှားဂေ့ဟှယ်။
1JO 2:20 ခရစ်တော်ဟှာ နန်းနို့ထတ်ဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှို လောန်းခ္လလိုက်ဟှူကြောန့် နန်းနို့ ဂူလောင်းဟှာ သမ္မာတရားဟှို သိဂေ့ဟှယ်။
1JO 2:21 နန်းနို့နားဟှို ငါစာရေးရဟှူကြောန်းဟှ သမ္မာတရားဟှို နန်းနို့ သိဂေ့ဘဲကြောန့် မှုဟှ။ သမ္မာတရားဟှိုရော၊ မုသားစကားဟှာ သမ္မာတရားန ဖယ်မျိုးလည်း ဆိုင်ဘဲ့ဇာဟှို နန်းနို့ သိဂေ့ဟှူကြောန့် ဖြစ်ဟှယ်။
1JO 2:22 အယ်ကြောန့် ဖယ်သူဟှာ မုသားစကားဟှို ပြောနူး။ သခင်ယေရှုဟှာ ခရစ်တော်မှုဟှ ဆိုဘီး ပြောဟှူလူဟှာ မုသားစကားဟှို ပြောဟှူသူဖြစ်ဟှယ်။ အယ်မျိုးလူဟှာ ခရစ်တော်ရဲ့ရန်သူ ဖြစ်ဟှယ်။ သူဟှာ ဖန သားတော်ဟှို ငြင်းပယ်ဟှူလူ ဖြစ်ဟှယ်။
1JO 2:23 သားတော်ဟှို ငြင်းပယ်လူဟှာ ဖဟှို သိဟှ။ သားတော်ဟှို ဝန်ခံဟှူလူဘဲ့ ဖဟှို သိဟှယ်။
1JO 2:24 အယ်ကြောန့် နန်းနို့ဟှာ စစဒူးဟှ ကြားရဟှူ တရားတော်ဟှို စိနှလောင်းထဲမာ ထီးသီးဟှားဂေ့ပါ။ အယ်မျိုးလောက်မယ် ဆိုဟှာ သားတော်နရော၊ ဖနရော၊ တလောင်းတဝဒဲ ရှိဂေ့လေ့မယ်။
1JO 2:25 အယ်ဇာဟှ နို့လေဟှို ခရစ်တော်ကိုယ်တိုင် ဒိထားဟှားဟှူ ထာဝရသတ်ဘဲ့ ဖြစ်ဟှယ်။
1JO 2:26 နန်းနို့ဟှို လမ်းမှားအောန် ကြိုးစားနေဂေ့ဟှူ လူလေရဲ့ ကြောန်းနပတ်သတ်ဘီး နန်းနို့နားဟှို ငါစာရေးလိုက်ဟှယ်။
1JO 2:27 နန်းနို့ဟှို ခရစ်တော်ဟှ သူ့ရဲ့ ဝိညာဉ်တော်ဟှို နန်းနို့ထတ်ဟှို လောန်းခ္လဟှယ်။ ဝိညာဉ်တော်ဟှာ နန်းနို့စိနှလောင်းထဲမာ ကိန်းဝပ်နေဟှူ ကာလပတ်လောင်း နန်းနို့ဟှို တခြားဖြားဇာလည်း သွန်သန်ပေးဇာ လိုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ရဲ့ ဝိညာဉ်တော်ဟှာ နန်းနို့ဟှို ရှိမျှဂူလောင်းဟှို သွန်သန်ပေးဟှူကြောန့် ဖြစ်ဟှယ်။ ဝိညာဉ်တော်ရဲ့ သွန်သန်ရှင်း ဂူလောင်းဟှာ မှန်ကန်ဘီး လီညာဟှားဇာ မှေ့ဟှ။ အယ်ကြောန့် နန်းနို့ဟှာ ဝိညာဉ်တော်ဟှ သွန်သန်ဟှားဟှူတိုင်း လိုက်နာဘီး လောက်ဆောန်ဂေ့ပါ။ ခရစ်တော်န တလောင်းတဝဒဲ ရှိဂေ့ပါ။
1JO 2:28 သားမီးလေ၊ ကိုယ်တော်ကြွလာဟှူနေ့မာ နို့လေဟှာ ရှစ်ကြော့‑က်ရှင်းမှေ့ဘဲ့ ရှေ့တော်မာ ရဲရဲရင့်ရင့်ဖြစ်ဟှို့တွပ် ကိုယ်တော်န တလောင်းတဝဒဲ ရှိနေဂေ့ပါ။
1JO 2:29 ဘုရားသခင်ဟှာ ဖြောန့်မတ်ဟှယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှယ်။ အယ်ကြောန့် ဖြောန့်မတ်ရှင်းတရားဟှို ကျင့်ဟှူလူဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်ဟှူကြောန်းဟှို နန်းနို့သိဂေ့ဟှယ်။
1JO 3:1 နို့လေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဆိုဘီး ခေါ်ခံရဟှူခွမ့်ဟှို ရဂေ့ဟှူကြောန့် နို့လေဟှို ဖဘုရားဟှာ ဖယ်မျှလော့‑က် ရှစ်နူးဆိုဟှာ ဆင်ခြင်ဂေ့ပါ။ နို့လေဟှာ တကယ်ဘဲ့ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်ဂေ့ဟှယ်။ အယ်ကြောန့် အယ်လောကသားလေဟှ နို့လေဟှို သိဟှ။ ဖဟှိုလည်း သိဟှ။
1JO 3:2 ရှစ်ရဟှူသူလေ၊ ခုဟှ နို့လေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်ဂေ့ဟှယ်။ နော့‑က်မှ ဖယ်မျိုးဖြစ်မယ် ဆိုဇာ သေးသေချားချာဟှာ သိဟှဘေမဲ့ ခရစ်တော်ကြွလာဟှူ ခီမာ ကိုယ်တော်ဖြစ်နေတိုင်း ဖူးဗြင်ရမယ် ဖြစ်ဟှူကြောန့် နို့လေဟှာ ကိုယ်တော်န တူဂေ့မယ် ဆိုဇာ သိရဂေ့ဟှယ်။
1JO 3:3 ခရစ်တော်ဟှို မှီပြုဘီး အယ်မျိုးမျှော်လင့်ဘီး တောန်းတလူဟှာ ခရစ်တော်စင်ကြယ်မျိုးဘဲ ကိုယ့်ကိုယ်ကိုယ် စင်ကြယ်အောန် နေတတ်ဟှယ်။
1JO 3:4 ပြစ်ဒုစရိုက်ဟှို လောက်ရှင်းဟှာ ပညတ်တော်ဟှို ခ္လိုးဖော့‑က်ရှင်း ဖြစ်ဟှူကြောန့် ပြစ်လွန်ကျူလူ မှန်မျှဟှာ ပညတ်တရားဟှို ခ္လိုးဖော့‑က်ဟှူလူ ဖြစ်ဟှယ်။
1JO 3:5 ကိုယ်တော်ဟှာ ပြစ်ဟှိုယူဆောန်ဟှားဟှို့တွပ် ပေါ်လာဟှူကြောန်းဟှို နန်းနို့သိဂေ့ဟှယ်။ ကိုယ်တော်နှိုက် ပြစ် မှေ့ဟှ။
1JO 3:6 ကိုယ်တော်န တလောင်းတဝဒဲ တည်နေဟှူ လူတိုင်းဟှာ ပြစ်လောက်တတ်ဟှ။ ပြစ်လောက်နေဟှူ လူတိုင်းဟှာ ကိုယ်တော့်ဟှို သိဗြင်သေးဟှ။
1JO 3:7 သားမီးလေ၊ ဖယ်သူလည်း နန်းနို့ဟှို လှည့်ဇားစေန။ ခရစ်တော်ဟှာ ဖြောန့်မတ်ဟှူမျိုးဘဲ့ ဖြောန့်မတ်ရှင်းတရားဟှို ကျင့်သောင်းဟှူ လူဟှာ ဖြောန့်မတ်ဟှူလူ ဖြစ်ဟှယ်။
1JO 3:8 ပြစ်လောက်ဟှူလူဟှာ မာရ်နတ်န ဆိုင်ဟှူလူ ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မာရ်နတ်ဟှာ စစဒူးဟှ ပြစ်လွန်ကျူဟှူသူ ဖြစ်ဟှယ်။ ဘုရားသခင်ရဲ့ သားတော်ပေါ်လာရှင်းဟှ မာရ်နတ်လောက်ဟှားဟှူ မှုလေဟှို ဖျစ်ပစ်ဟှို့တွပ် ဖြစ်ဟှယ်။
1JO 3:9 ဘုရားသခင်ဟှနေ မွီးလာဟှူ သားမီးလေဖြစ်ဟှူကြောန့် ပြစ်လောက်တတ်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့မာ ဘုရားသခင်ရဲ့ ဇာတိသဘောလေ ပါနေဟှူကြောန့် ဖြစ်ဟှယ်။ သူဟှာ ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေဖြစ်ဟှူကြောန့် ပြစ်ဟှိုလောက်နိုင်ဟှ။
1JO 3:10 အယ်မျိုးလတ်ခဏာဟှို ကေ့မယ် ဆိုဟှာ ဘုရားသခင်ရဲ့ သားမီးလေန မာရ်နတ်ရဲ့ သားမီးဟှာ ကွာခြားရှင်းဟှို သိရဟှယ်။ ဖြောန့်မတ်ရှင်းတရားဟှို ကျင့်ဘဲ့ဟှူလူ၊ ကိုယ့်ရဲ့ ညီကို မောန်နှမလေဟှို ရှစ်ဘဲ့ဟှူလူဟှာ ဘုရားသခင်ရဲ့ သားမီး မှုဟှ။
1JO 3:11 နို့လေဟှာ ရှင်းရှင်းရှစ်ရမယ် ဆိုဟှားဟှူ တရားတော်ဟှို စစဒူးဟှ နန်းနို့ဟှာ ကြားရဟှူ ဒန်းစကားဖြစ်ဟှယ်။
1JO 3:12 မာရ်နတ်နဆိုင်ဟှူ သူ့ညီ အားဗေလဟှို သတ်ဟှူ ကာဣနမျိုး ဖြစ်ဂေ့န။ ကာဣနဟှာ သူ့ညီဟှို ဖြားဖြစ်ကြောန့်သတ်နူး။ သူ့ကျင့်ဟှ ကောန်းဘဲဟှူကြောန့် သူ့ညီကျင့်ဟှ ဖြောန့်မတ်ဟှူကြောန့် ဖြစ်ဟှယ်။
1JO 3:13 အယ်ကြောန့် ညီကို မောန်နှမလေ၊ လောကသားလေဟှ နန်းနို့ဟှို မူးဂေ့ဟှူ ခီမာ အံ့ဩဂေ့န။
1JO 3:14 နို့လေဟှာ ကိုယ့်ရဲ့ ညီကို မောန်နှမလေဟှို ရှစ်ဂေ့ဟှူကြောန့် သေရှင်းဟှနေ သတ်ရှင်ဟှူနေရာဟှို ကူးရဂေ့ကြောန်းဟှို နို့လေဟှ သိဂေ့ဟှယ်။ ကိုယ့်ရဲ့ ညီကို မောန်နှမလေဟှို ရှစ်ဘဲ့ဟှူလူဟှာ သေနေဟှူ ဘဝမာဘဲ့ ရှိနေသေးဟှယ်။
1JO 3:15 ကိုယ့်ရဲ့ ညီကို မောန်နှမဟှို မူးနေဟှူလူဟှာ လူသတ်မားဖြစ်ဟှယ်။ လူသတ်မားဟှာ ထာဝရသတ်ဟှို ရဘဲ့ကြောန်းဟှို သိဂေ့ဟှယ်။
1JO 3:16 ခရစ်တော်ဟှာ နို့လေတွပ် သတ်စွန့်ဟှူ မြစ်တာကြောန်းဟှို နို့လေဟှာ သိဂေ့ဟှယ်။ နို့လေဟှလည်း ကိုယ့်ရဲ့ ညီကို မောန်နှမလေတွပ် သတ်ဟှို စွန့်ရဂေ့ဟှယ်။
1JO 3:17 လောကီစည်းဇိမ် အောက်စာလေ ကြွယ်ဝဟှူလူဖြစ်ဘီး ကိုယ့်ရဲ့ ညီကို ယော့‑က်ယော့‑က်ဟှ ဆင်းရဲရှင်းဟှို ဗြင်ဟှူ ခီမာ သနားကြင်နာမှု မှေ့ဘဲနေဆိုဟှာ ဖယ်မျိုး ဘုရားသခင်ရဲ့ မြစ်တာတော်ဟှ ရှိနိုင်ဟှို့နူး။
1JO 3:18 သားမီးလေ၊ နို့လေရဲ့ မြစ်တာဟှာ နှောက်ဖြားမာဘဲ့ရှိဟှူ ရှစ်ရှင်းမြစ်တာမျိုး ဖြစ်သင့်ဟှ။ လတ်တွိ ဖော်ပြရဟှူ မြစ်တာစစ်မြစ်တာမှန် ဖြစ်ရမယ်။
1JO 3:19 အယ်မျိုးနည်းအားဖြင့် နို့လေဟှာ သမ္မာတရားနဆိုင်ဟှူ လူဖြစ်ဟှူကြောန်းဟှို သိနိုင်ဟှယ်။ ဘုရားသခင်ရဲ့ ရှေ့မာလည်း ကိုယ့်ရဲ့ စိနှလောင်းဟှ သတ်သာဂေ့လေ့မယ်။
1JO 3:20 နန့်စိနှလောင်းဟှ နန့်ဟှို ပြစ်တန်ခံရဟှူ ခီမာ ဘုရားသခင်ဟှာ နို့လေရဲ့ စိနှလောင်းထတ် ကီးမြတ်ကြောန်း၊ ကိုယ်တော်ဟှာ မှုရှိမျှဂူလောင်းဟှို သိကြောန်းဟှို နို့လေဟှ သိဂေ့ဟှယ်။
1JO 3:21 အယ်ကြောန့် ရှစ်ရဟှူသူလေ၊ နို့လေရဲ့ စိနှလောင်းဟှ နို့လေဟှို ပြစ်တန်ဘဲန နေမယ် ဆိုဟှာ နို့လေဟှာ ဘုရားသခင်ရှေ့မာ ရဲရင့်ဟှူခွမ့်ဟှို ရဂေ့ဟှယ်။
1JO 3:22 နို့လေဟှာ ကိုယ်တော်ရဲ့ ပညတ်တော်ဟှို စောန့်ဟှူလူလေ၊ ကိုယ်တော် နှစ်သက်ဟှူမှုလေဟှို လောက်ဟှူလူလေ ဖြစ်ဟှူကြောန့် နို့လေ တောန်းရှော့‑က်ရှင်း မှန်မျှဟှာ ဘုရားသခင်နားဟှ ရဂေ့ဟှယ်။
1JO 3:23 ကိုယ်တော်ရဲ့ ပညတ်တော်ဟှ နို့လေဟှာ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်ရဲ့ နာမတော်ဟှို ယောင်ကြည်ရမယ်။ အယ်သခင် ပြောဟှားဟှူတိုင်းဘဲ့ ရှင်းရှင်း တယော့‑က်ဟှိုယော့‑က် ရှစ်ရမယ် ဆိုဘီး ပြောဟှားဟှယ်။
1JO 3:24 ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို စောန့်ဟှူလူဟှာ ဘုရားသခင်န တလောင်းတဝဒဲဖြစ်ဘီး ဘုရားသခင်ဟှလည်း အယ်လူန တလောင်းတဝဒဲ ဖြစ်ဟှယ်။ အယ်မျိုး ဖြစ်ဟှူကြောန်းဟှို ကိုယ်တော်ပေးဟှားဟှူ ဝိညာဉ်တော်ကြောန့် နို့လေ သိဂေ့ဟှယ်။
1JO 4:1 ရှစ်ရဟှူသူလေ၊ ရရာတိုင်းများဟှူ ပရောဖက်တုယောန်လေဟှာ အယ်လောကမာ ပေါ်လာဂေ့ဘီ ဖြစ်ဟှူကြောန့် ဝိညာဉ်တိုင်းဟှို ယောင်ကြည်ဘဲန အယ်ဝိညာဉ်လေဟှာ ဘုရားသခင်န ဆိုင်လား၊ ဆိုင်ဟှလား ဆိုဇာ စစ်ဆေးဂေ့ပါ။
1JO 4:2 ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟောက်လော၊ ဟောက်ဟှလော၊ ဆိုဇာ နန်းနို့ဟှာ အယ်မျိုးနည်းအားဖြင့် သိနိုင်ဟှယ်။ သခင်ယေရှုခရစ်ဟှာ လူဇာတိခံယူဘီးဟှာ ကြွလာဟှယ် ဆိုဇာဟှို ဝန်ခံဟှူလူဟှာ ဘုရားသခင်နားဟှနေ ကြွလာဟှူ ဝိညာဉ်တော်ဟှို ခံရဟှူလူ ဖြစ်ဟှယ်။
1JO 4:3 လူဇာတိအားဖြင့် ကြွလာဟှူ ယေရှုခရစ်ဟှို ဝန်ခံဘဲဟှူလူဟှာ ဘုရားသခင်နားဟှ ကြွလာဟှူ ဝိညာဉ်တော်ဟှို ခံရဟှားဟှူလူ မှုဟှ။ အယ်လူထဲမာ ကိန်းဝပ်နေဟှူဝိညာဉ်ဟှာ ခရစ်တော်ရဲ့ ရန်သူဖြစ်ဟှယ်။ ခရစ်တော်ရဲ့ရန်သူ ဝိညာဉ်ဟှာ အယ်လောကဟှို ရော့‑က်လာဟှို့ကြောန်းဟှို နန်းနို့ဟှာ ကြားရဟှားဘီး ဖြစ်ဟှူကြောန့် သူဟှာ ခုဘဲ့ ရော့‑က်လာနေဘီ ဖြစ်ဟှယ်။
1JO 4:4 သားမီးလေ၊ နန်းနို့ဟှာ ဘုရားသခင်န ဆိုင်ဂေ့ဟှူကြောန့် အယ်လူလေဟှိုလည်း အောန်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဖတ်မာ ရှိနေဟှူသူဟှာ လောကဖတ်မာ ရှိနေဟှူလူထတ် ပိုဘီး ဟှာ အားကီးဟှယ်။
1JO 4:5 အယ်လူလေဟှာ လောကနဆိုင်ဟှူ လူလေဖြစ်ဂေ့ဟှယ်။ အယ်ကြောန့် လောကရဲ့ ကြောန်းရာလေဟှိုဘဲ ပြောဂေ့ဟှယ်။ လောကသားလေဟှလည်း သူးနို့စကားဟှိုဘဲ နားထောန်ဂေ့ဟှယ်။
1JO 4:6 နို့လေဟှ ဘုရားသခင်န ဆိုင်ဟှယ်။ ဘုရားသခင်ဟှို သိဟှူလူဟှာ နို့လေရဲ့ စကားဟှို နားထောန်တတ်ဟှယ်။ ဘုရားသခင်န ဆိုင်ဘဲဟှူလူဟှာ နို့လေရဲ့ စကားဟှို နားထောန်တတ်ဟှ။ အယ်ကြောန့် သမ္မာတရားဝိညာဉ်န မိဆာဝိညာဉ်ဟှို ပိုင်းခြားဘီး သိဂေ့ဟှယ်။
1JO 4:7 ရှစ်ရဟှူသူလေ၊ နို့လေဟှာ ရှင်းရှင်းရှစ်ဂေ့ဇို့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရှစ်ရှင်းမြစ်တာဟှာ ဘုရားသခင်န ဆိုင်ဟှူကြောန့် ရှစ်တတ်ဟှူလူဟှာ ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေဖြစ်ဟှယ်။ ဘုရားသခင်ဟှိုသိဟှူ လူလည်းဖြစ်ဟှယ်။
1JO 4:8 ရှစ်ရှင်းမြစ်တာ မှေ့ဘဲဟှူလူဟှာ ဘုရားသခင်ဟှို သိဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရှစ်ရှင်းမြစ်တာဖြစ်တော်မူဟှယ်။
1JO 4:9 နို့လေဟှာ သားတော်အားဖြင့် သတ်ရှင်ဟှို့တွပ် ဘုရားသခင်ဟှာ သူ့ရဲ့ တပါးဒဲဖြစ်ဟှူ သားတော်ဟှို အယ်လောကဟှို စေလွှတ်လိုက်ဇာဟှာ နို့လေဟှို ရရာတိုင်းရှစ်ဟှူ မြစ်တာတော်ဟှာ ထန်ရှားနေဟှယ်။
1JO 4:10 နို့လေဟှာ ဘုရားသခင်ဟှိုရှစ်ဇာ မှုဟှ။ ဘုရားသခင်ဟှဘဲ့ နို့လေဟှို ရှစ်ဘီးဟှာ နို့လေဟှာ ပြစ်ဖြေလွှတ်ခံရဘီး ပူဇော်ဆစ်ကပ်ဟှူဖြစ်န သူ့ရဲ့ သားတော်ဟှို စေလွှတ်လိုက်ဇာမာ ရှစ်ရှင်းမြစ်တာရှိဟှယ်။
1JO 4:11 ရှစ်ရဟှူသူလေ၊ ဘုရားသခင်ဟှာ နို့လေဟှို အယ်မျှလော့‑က်ရှစ်ဟှယ် ဆိုဇာဟှို မှန်ဟှယ် ဆိုဟှာ နို့လေဟှလည်း ရှင်းရှင်းရှစ်ရမယ်။
1JO 4:12 ဘုရားသခင်ဟှို ဖယ်သူလည်း ဗြင်ရဘေမဲ့ နို့လေဟှာ ရှင်းရှင်းရှစ်မယ် ဆိုဟှာ ဘုရားသခင်ဟှာ နို့လေမာတည်နေဘီး ဘုရားသခင်ရဲ့ ရှစ်ရှင်းမြစ်တာဟှာ နို့လေမာလည်း ပ္လဲ့ဇောင်လေဟှယ်။
1JO 4:13 ဘုရားသခင်ဟှာ သူ့ရဲ့ ဝိညာဉ်တော်ဟှို နို့လေဟှို ပေးဟှူကြောန့် နို့လေဟှာ ဘုရားသခင်မာတည်ဘီး ဘုရားသခင်ဟှလည်း နို့လေမာ တည်နေဟှူကြောန်းဟှို နို့လေ သိဂေ့ဟှယ်။
1JO 4:14 ဖဟှာ သားတော်ဟှို လောကရဲ့ ကယ်တန်ရှင်နေန လွှတ်လိုက်ဇာဟှို နို့လေဟှ ဗြင်ဘီး သတ်သေခံဂေ့ဟှယ်။
1JO 4:15 ဖယ်သူမဆို ယေရှုဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှူကြောန်းဟှို ဝန်ခံမယ် ဆိုဟှာ ဘုရားသခင်ဟှာ အယ်လူမာတည်ဘီး အယ်လူဟှလည်း ဘုရားသခင်မာ တည်နေဟှယ်။
1JO 4:16 နို့လေမာ ဘုရားသခင်ထားဟှားဟှူ ရှစ်ရှင်းမြစ်တာဟှိုသိဘီး ယောင်ကြည်ဂေ့ဟှယ်။ ဘုရားသခင်ဟှာ ရှစ်ရှင်းမြစ်တာဖြစ်တော်မူဟှယ်။ ရှစ်ရှင်းမြစ်တာနှိုက် ရှိဟှူလူဟှာ ဘုရားသခင်နှိုက်ရှိဟှယ်။ ဘုရားသခင်ဟှာလည်း အယ်လူနှိုက်ရှိတော်မူဟှယ်။
1JO 4:17 နို့လေမာ ကိုယ်တော်ရဲ့ မြစ်တာဟှာ ပ္လဲ့ဝစောင်လင်ဟှူကြောန့် တရားစီရင်ဟှူနေ့မာ နို့လေဟှာ ရဲရင့်တည်ကြည်ဇာဟှို ရဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လောကမာ နို့လေဟှာ ခရစ်တော်မျိုးဘဲ့ သတ်ရှင်ဂေ့ကြောန့်ဖြစ်ဟှယ်။
1JO 4:18 ရှစ်ရှင်းမြစ်တာမာ ကြော့‑က်စိ မှေ့ဟှ။ ပ္လဲ့ဝစောင်လင်ဟှူ မြစ်တာဟှာ ကြော့‑က်စိဟှို ဖယ်ရှားပေးဟှယ်။ ကြော့‑က်စိဟှာ ပြစ်ဒန်ခံရဇာဟှို စောန့်မျှော်တတ်ဟှူကြောန့် ကြော့‑က်စိရှိဟှူသူမာ မြစ်တာနပ္လဲ့ဇောင်ဇာ မှေ့ဟှ။
1JO 4:19 ဘုရားသခင်ဟှာ နို့လေဟှို ရင်ဦးဆောင်း ရှစ်ဟှူကြောန့် နို့လေဟှာ ကိုယ်တော့်ဟှို ရှစ်ဂေ့ဟှယ်။
1JO 4:20 ဘုရားသခင်ဟှို ရှစ်ဟှယ် ဆိုဘီး ညီကိုဟှို မူးနေဟှူလူဟှာ လီညာဟှူလူ ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မျစ်စိန ဗြင်ရဟှူ ညီကိုဟှို ရှစ်နိုင်ဘဲ့ဟှူလူဟှာ မျစ်စိန ဗြင်ရဘဲ့ဟှူ ဘုရားသခင်ဟှို ဖယ်မျိုးရှစ်နိုင်ဟှို့နူး။
1JO 4:21 ဘုရားသခင်ဟှို ရှစ်ဟှူလူဟှာ ကိုယ့်ရဲ့ ညီကိုဟှို ရှစ်ရမယ် ဆိုဘီး ပညတ်တော်ဟှို နို့လေဟှာ ခရစ်တော်နားဟှ ခံရဂေ့ဟှယ်။
1JO 5:1 ယေရှုဟှာ ခရစ်တော်ဖြစ်ဟှယ် ဆိုဇာဟှို ယောင်ကြည်ဟှူလူဟှာ ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေဘဲ့ ဖြစ်ဟှယ်။ ဖဟှို ရှစ်ဟှူလူဟှာ သားဟှိုလည်း ရှစ်တတ်ဟှယ်။
1JO 5:2 နို့လေဟှာ ဘုရားသခင်ဟှို ရှစ်ဘီး ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို လိုက်နာဘီးကျင့်မယ် ဆိုဟှာ အယ်မှုရာလေအားဖြင့် နို့လေဟှာ ဘုရားသခင်ရဲ့ သားမီးလေဟှို ရှစ်ကြောန်းဟှို နို့လေ သိဂေ့ဟှယ်။
1JO 5:3 ဘုရားသခင်ဟှို ရှစ်ဟှယ် ဆိုဇာဟှာ ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို လိုက်ရှော့‑က်ရှင်းဘဲ့ ဖြစ်ဟှယ်။ ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို လိုက်ရှော့‑က်ရှင်းဟှာ ခတ်ခဲဇာ မှုဟှ။
1JO 5:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေဟှာ လောကဟှို အောန်နိုင်ဂေ့ဟှယ်။ နို့လေရဲ့ ယောင်ကြည်ရှင်းကြောန့် လောကဟှို အောန်ဂေ့ဟှယ်။
1JO 5:5 သခင်ယေရှုဟှာ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ် ဆိုဇာဟှို ယောင်ကြည်ဟှူသူမှ တပါး ဖယ်သူဟှ လောကဟှို အောန်နိုင်နူး။
1JO 5:6 ယေရှုခရစ်ဟှာ ရေအားဖြင့် ဗတ္တိဇံဟှိုခံဘီး၊ သွီးတော်ဟှို သွန်းဘီး၊ သေခံဘီး ကြွလာဟှူသခင် ဖြစ်ဟှယ်။ ကိုယ်တော်ဟှာ ရေအားဖြင့်ဘဲ့ ကြွလာရှင်း မှုဟှ။ ရေနရော၊ သွီးနရော ကြွလာဟှယ်။ ဝိညာဉ်တော်ဟှာ သမ္မာတရားဖြစ်ဘီး ကြွလာဟှူကြောန်းဟှို သတ်သေခံဟှယ်။
1JO 5:7 သတ်သေခံ သောင်းပါး ရှိလေဟှယ်။
1JO 5:8 အယ်သောင်းပါးဟှာ ဝိညာဉ်တော်၊ ရေ၊ သွီးလေဖြစ်ဂေ့ဘီး အယ်သောင်းပါးဟှာ တလောင်းတဝဒဲ ဖြစ်ဂေ့ဟှယ်။
1JO 5:9 နို့လေဟှာ လူလေရဲ့ သတ်သေခံဇာဟှို လတ်ခံတတ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ သတ်သေခံချစ်ဟှာ လူလေရဲ့ သတ်သေခံချစ်ထတ် ပိုဘီး ဟှာ ခိုင်လောင်ဟှယ်။ ဘုရားသခင်ဟှလည်း သားတော်ကြောန်းဟှို သတ်သေခံရှင်း ဖြစ်ဟှယ်။
1JO 5:10 ဘုရားသခင်ရဲ့ သားတော်ဟှို ယောင်ကြည်လူဟှာ အယ်သတ်သေခံချစ်ဟှို စိနှလောင်းထဲမာ ရဟှားဟှယ်။ ဘုရားသခင်ဟှို ယောင်ကြည်ဘဲ့ဟှူ လူဟှာ ဘုရားသခင်ဟှို မုသားသောင်းဘီး ပြစ်တန်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ သားတော်န ပတ်သတ်ဘီး သတ်သေခံရှင်းလေဟှို အယ်လူဟှာ ယောင်ကြည်ဘဲကြောန့် ဖြစ်ဟှယ်။
1JO 5:11 အယ်သတ်သေခံချစ်ဟှ ဘုရားသခင်ဟှာ နို့လေဟှို ထာဝရသတ်ဟှိုပေးဘီး အယ်သတ်ဟှာ သားတော်မာပါဟှယ်။
1JO 5:12 သားတော်ဟှို ရဟှူလူဟှာ သတ်ဟှိုရဟှယ်။ ဘုရားသခင်ရဲ့ သားတော်ဟှို ရဘဲ့ဟှူလူဟှာ သတ်ဟှိုရဟှ။
1JO 5:13 ဘုရားသခင်သားတော်ရဲ့ နာမတော်ဟှို ယောင်ကြည်ဟှူ နန်းနို့ဟှာ ထာဝရသတ်ဟှို ကိုယ်တိုင်ရဟှယ် ဆိုဇာဟှို သိစေဟှို့တွပ် အယ်ဇာလေဟှို နန်းနို့လေဟှို ငါရေးပေးလိုက်ဟှယ်။
1JO 5:14 ဘုရားသခင်မာ နို့လေထားဟှားဟှူ ယောင်ကြည်စိခ္လမှုဟှာ နို့လေဟှာ လိုတော်နညီဟှူဇာ တခုခုဟှို တောန်းမယ် ဆိုဟှာ ဘုရားသခင်ဟှာ နားထောန်လေ့မယ်။
1JO 5:15 နို့လေ ဆုတောန်းဇာမှန်မျှဟှို နားထောန်ဟှယ် ဆိုဘီး နို့လေသိဟှယ် ဆိုဟှာ ဘုရားသခင်နားဟှ တောန်းလျှော့‑က်ဇာလေဟှို နို့လေရပီးဘီ ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။
1JO 5:16 ညီကိုတယော့‑က်ဟှာ သတ်ဝိညာဉ် ဆောင်းရှောင်းရှင်းဟှလွဲဘီး တခြားပြစ် တခုခုဟှို လွန်ကျူးမယ် ဆိုဟှာ သူ့တွပ်ဘုရားသခင်မာ တောန်းလျှော့‑က်လိုက်။ ကိုယ်တော်ဟှာ သူ့ဟှို သတ်ပေးလေ့မယ်။ အယ်ဘေမဲ့ သတ်ဝိညာဉ်ဆောင်းရှောင်းဟှူ ပြစ်ဆိုဇာရှိဟှယ်။ အယ်ပြစ်မျိုးဟှို လွန်ကျူးဟှူ လူလေတွပ် ဆုတောန်းရမယ် ဆိုဘီး ငါဆိုလိုဟှ။
1JO 5:17 ဒုစရိုက်မှန်မျှဟှာ ပြစ်ဖြစ်ဟှယ်။ အယ်ဘေမဲ့ သတ်ဝိညာဉ်ဟှို ဆောင်းရှောင်းနိုင်ဘဲဟှူ ပြစ်လည်းရှိဟှယ်။
1JO 5:18 ဘုရားသခင်ဟှနေ ပေါ့‑က်လာဟှူ သားမီးလေ ဖြစ်ဟှူကြောန့် ပြစ်လောက်တတ်ဘဲဟှူကြောန်းဟှို နို့လေသိဂေ့ဟှယ်။ သူ့ဟှို ဘုရားသခင်ဟှ စောန့်ထီးပေးဟှူကြောန့် မာရ်နတ်ဟှာ အယ်လူဟှို ထိခိုက်နိုင်ဟှ။
1JO 5:19 ကမ္ဘာလောက တခုလောင်းဟှာ မာရ်နတ်ရဲ့တဂိုးလေ လွှမ်းမိုးဟှားကြောန့် နို့လေဟှာ ဘုရားသခင်န ဆိုင်ဟှူကြောန်းဟှို နို့လေဟှ သိဂေ့ဟှယ်။
1JO 5:20 ဘုရားသခင်ရဲ့ သားတော်ဟှာ လောကဟှို ကြွလာဘီးဟှာ နို့လေဟှို ဘုရားစစ်ဘုရားမှန်ဟှို သိနိုင်ဟှူဉာဏ်ဟှို ပေးဟှူကြောန့် နို့လေဟှ သိရဟှယ်။ နို့လေဟှာ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်နရော၊ ဘုရားစစ် ဘုရားမှန်ဖြစ်ဟှူ ဘုရားသခင်နရော၊ တလောင်းတဝဒဲ ရှိဂေ့ဟှယ်။ ကိုယ်တော်ဟှာ ဘုရားစစ်ဘုရားမှန် ဖြစ်ဟှယ်။ ထာဝရသတ်လည်း ဖြစ်ဟှယ်။
1JO 5:21 သားမီးလေ၊ နန်းနို့ဟှာ ဘုရားတုယောန်လေဟှို ရှောန်ဂေ့ပါ! ယောဟန်ရဲ့ ပေးစာပီးဘီ။
2JO 1:1 သတ်ကီးဟှူ သူဖြစ်ဟှူ ငါဟှာ —
2JO 1:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သမ္မာတရားဟှာ နို့လေရဲ့ စိနှလောင်းမာတည်ဘီး နို့လေနတူးဒူ ကာလစဉ်ဆစ် ရှိနေဟှူကြောန့် ဖြစ်ပါဟှယ်။
2JO 1:3 နို့လေရဲ့ဖ ဖြစ်ဟှူ ဘုရားသခင်နားဟှရော၊ ဖရဲ့ သားတော် ယေရှုခရစ်တော်နားဟှရော ကျေးဇူးတော်၊ ကရုဏာတော်န ငြီသတ်ရှင်းဟှာ သမ္မာတရားဟှို သိဘီး ရှင်းရှင်းရှစ်ဂေ့ဟှူ နို့လေထတ်ဟှို သတ်ရော့‑က်ပါစေ။
2JO 1:4 နို့လေဟှာ ဖဘုရားနားမာ ပညတ်တော်ဟှို ခံရဟှူတိုင်း နန့်ရဲ့ သားမီးတချို့ဟှာ သမ္မာတရားထဲမာ ကျင်လည်နေဂေ့ရှင်းဟှို ငါတွိရဟှူ ခီမာ ရရာတိုင်း ဝန်းသာရပါဟှယ်။
2JO 1:5 အယ်ကြောန့် ဂေါင်သရေရှိဟှူ မီးမဂီး ခု ပညတ်တော်သစ်ဟှို ရေးဘဲန နို့လေမာ ရင်ဂဒဲဟှရှိနေဟှူ ပညတ်တော်တိုင်း နို့လေရှင်းရှင်း ရှစ်ရှင်းမြစ်တာ ရှိဂေ့ဟှို့တွပ် နန့်ဟှို ငါ တိုက်တွန်းပါဟှယ်။
2JO 1:6 ရှစ်ရှင်းမြစ်တာ ဆိုဇာဟှာ ကိုယ်တော်ရဲ့ ပညတ်တော်တိုင်း သတ်ရှင်ရှော့‑က်လှမ်းရှင်း ဖြစ်ဟှယ်။ အယ်ပညတ်တော်ဟှ စဦးဟှနေဘီး နန်းနို့ကြားရဟှူတိုင်း ရှစ်ရှင်းမြစ်တာဟှို ကျင့်သောင်းရမယ် ဆိုဘီး ဆိုလိုရှင်း ဖြစ်ဟှယ်။
2JO 1:7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူသားဖြစ်န ကြွလာတော်မူဟှူ ယေရှုခရစ်တော်ဟှို ငြင်းပယ်ဘီး လှည့်ဇားတတ်ဟှူ လူလေဟှာ အယ်လောကမာ ပေါ်လာဂေ့ဘီ။ အယ်လူဟှာ လှည့်ဇားဟှူ လူဖြစ်ဘီး ခရစ်တော်ဟှို ဆန့်ကျင်ဟှူ ခရစ်တော်ရဲ့ ရန်သူလည်း ဖြစ်ဟှယ်။
2JO 1:8 နို့လေဟှာ ကိုယ်ပြုစုဟှူ ဇာလေဟှို ပျော့‑က်ပျစ်ဘဲန စောင်လင်ဟှူ ကျိုးဟှို ရဟှို့တွပ် နန်းနို့လေ ကိုယ့်ကိုယ်ကိုယ် ဒိပြုဘီး စောန့်ရှော့‑က်ဂေ့ပါ။
2JO 1:9 ခရစ်တော်ရဲ့ တရားတော်နတည်ဘဲ လွန်ကြူးဟှူလူ ဆိုဟှာ ဘုရားသခင်ဟှို ရဟှ။ ခရစ်တော်ရဲ့ တရားတော်မာ တည်ဟှူလူ ဆိုဟှာ ဖန သားတော်ဟှို ရဟှယ်။
2JO 1:10 အယ်ဒေသနာတော် ပါဘဲသူဟှာ နန်းနို့နားဟှို လာဟှယ် ဆိုဟှာ သူ့ဟှို နန်းနို့အီမာ လတ်ခံဂေ့န။ မင်္ဂလာပါ ဆိုဘီးလည်း နှောက်ဆစ်ဂေ့န။
2JO 1:11 မင်္ဂလာပါ ဆိုဘီး အယ်လူဟှို နှောက်ဆစ်ဟှယ် ဆိုဟှာ သူ့ရဲ့ ဆိုးရောက်ဟှူ ကျင့်လေန ဆစ်ဆံရာရော့‑က်ဟှယ်။
2JO 1:12 နန်းနို့ဟှို ငါပြောဇာလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ မှန်ရယ်န စက္ကူမာရေးဘဲန နို့လေရဲ့ ဝန်းမြော့-က်ရွှင်လန်းရှင်း စောင်လင်ဟှို့တွပ် ငါဟှာ နန်းနို့လေနားဟှို ငါလာဘီး နန်းနို့န မျစ်နှာရှင်းဆိုင်ဘီး တွိဆောင်ပြောဆိုဟှို့တွပ် မျှော်လင့်ဟှားပါဟှယ်။
2JO 1:13 ဝီးကော့‑က်ခံရဟှူ နန့်ညီမရဲ့ သားမီးလေ ဟှာ နန့်ဟှို နှောက်ဆစ်ဂေ့ပါဟှယ်။
3JO 1:1 သတ်ကီးဟှူ သူဟှာ —
3JO 1:2 ရှစ်ရဟှူမိဆွေ၊ နန့်စိနှလောင်း ကောန်းစားဟှူမျိုး နန်ဟှာ ရာရာမာ ကောန်းစားဘီး ကျန်းမာဟှို့တွပ် ငါဆုတောန်းပါဟှယ်။
3JO 1:3 နန်ဟှာ သမ္မာတရားန ကျင်လည်သတ်ရှင်ဟှူတိုင်း နန့်မာရှိဟှူ သမ္မာတရားကြောန်းဟှို ညီကို မောန်နှမလေ လာဘီးဟှာ သတ်သေခံဟှူ ခီမာ ငါဟှာ ရရာတိုင်း ဝန်းသာရဟှယ်။
3JO 1:4 ငါ့သားမီးလေဟှာ သမ္မာတရားန ကျင်လည်နေဟှယ် ဆိုဇာဟှို ငါကြားရဟှူကြောန့် ဝန်းမြော့-က်ရှင်းထတ်သာဟှူ ဝန်းမြော့-က်ရှင်းမျိုးမှေ့ဟှ။
3JO 1:5 ရှစ်ရဟှူမိဆွေ၊ နန်ဟှာ ညီကို မောန်နှမလေန တခြားသူလေဟှို ပြုမူဆစ်ဆံရာမာလည်း သစ်စာန ပြုတတ်ဟှယ်။
3JO 1:6 အယ်သူလေဟှာ နန့်ရဲ့ ရှစ်ရှင်းမြစ်တာကြောန်းဟှို သင်းတော်လေရှေ့မာ သတ်သေခံဂေ့ဟှယ်။ နန်ဟှာ အယ်သူလေဟှို ရှေ့ဆစ်ဘီး ခရီးဆစ်နိုင်ဟှို့တွပ် ဘုရားသခင် လိုတော်ရှိဟှူတိုင်း ကူညီမဇမယ် ဆိုဟှာ ကောန်းဟှူမှုဟှို ပြုရှင်းဖြစ်လေ့မယ်။
3JO 1:7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်သူလေဟှာ နာမတော်ဟှို ထော့‑က်ဘီး ဘုရားသိဘဲဟှူ လူလေနားဟှနေဘီး ဖယ်ဇာဟှိုလည်း လှူခံဘဲန သွားဂေ့ဟှယ်။
3JO 1:8 အယ်ကြောန့် နို့လေဟှာ သမ္မာတရား ပ္လန့်ပွားလာအောန် ကူညီမဇဟှူသူ ဖြစ်ဟှို့တွပ် လောက်ဖော်ဆောန်ဖတ်ရှင်းဖြစ်ဟှူ အယ်သူလေဟှို ကူညီထော့‑က်ပံ့သင့်ဟှယ်။
3JO 1:9 ငါဟှာ သင်းတော်ဟှို စာရေးဘီး ပေးလိုက်ဟှူလည်းဘဲ့ ခေါန်းဆောန်လောက်ရှင်ဟှူ ဒယောတရပ်ဟှာ နို့လေဟှို ခွမ့်ပေးဘဲန ငြင်းပယ်ဟှယ်။
3JO 1:10 အယ်ကြောန့် ငါလာဟှူ ခီမာ သူပြုဟှူမှုရာဟှို သူသိရအောန် ငါထော့‑က်ပြမယ်။ အယ်သူဟှာ ဆန့်ကျင်ဟှူ စကားန နို့လေဟှို ကဲ့ရဲ့လော့‑က်န စိပြေဟှ။ ညီကို မောန်နှမလေဟှို ကိုယ်တိုင်လတ်ခံဟှ။ လတ်ခံဟှူ သူလေဟှိုလည်း တားဘီးဟှာ သင်းတော်ဟှနေ နှန်ထုတတ်ဟှယ်။
3JO 1:11 ရှစ်ရဟှူမိဆွေ ကောန်းဘဲဇာဟှို တုယူန။ ကောန်းဟှူဇာဟှိုသာ တုယူပါ။ ကောန်းဟှူကျင့်ဟှို ကျင့်ဟှူသူဟှာ ဘုရားသခင်န စပ်ဆိုင်ဟှယ်။ ကောန်းဘဲကျင့်ဟှို ကျင့်ဟှူသူဟှာ ဘုရားသခင်ဟှို သိဗြင်ရသေးဘဲသူ ဖြစ်ဟှယ်။
3JO 1:12 လူတိုင်းဟှာ ဒေမေတရိရဲ့ သတ်သေ ဖြစ်ဂေ့ဟှယ်။ သမ္မာတရားဟှာလည်း သူ့ရဲ့သတ်သေ ဖြစ်ဟှယ်။ နို့လေလည်းဘဲ့ အယ်သူဖတ်မာ သတ်သေခံ ဖြစ်ဂေ့ဟှယ်။ နို့လေရဲ့ သတ်သေခံရှင်းဟှာ မှန်ကန်ဟှယ် ဆိုဇာဟှို နန်သိပါဟှယ်။
3JO 1:13 နန်းနို့ဟှို ငါပြောဇာလေ ဘောင်ဂီးရှိဟှူ လည်းဘဲ့ မှန်ရယ်န မှန်တံအားဖြင့် စာရေးဟှို့တွပ် လိုရှင်ဘဲကြောန့်
3JO 1:14 ငါဟှာ နန့်နားဟှို ကြာခန်ရော့‑က်လာဘီး နန့်န မျစ်နှာချင်းဆိုင် စကားပြောဆိုနိုင်လေ့မယ် ဆိုဘီး မျှော်လင့်ဟှယ်။
3JO 1:15 နန့်မာ ငြီသတ်ရှင်းရှိပါစေ။ အယ်ရပ်မာရှိဟှူ မိဆွေလေဟှာ နန့်ဟှို နှောက်ဆစ်ဂေ့ဟှယ်။ နန့်နားမာရှိဟှူ မိဆွေလေ နာမယ်ဟှို ခေါ်ဘီးနှောက်ဆစ်ပါ။
JUD 1:1 ယေရှုခရစ်တော်ရဲ့စေခံန ယာကုပ်ရဲ့ ညီဖြစ်ဟှူ ယုဒနားဟှ —
JUD 1:2 ကရုဏာတော်၊ ငြီသတ်ရှင်းန မြစ်တာတော်ဟှာ နန်းနို့လေမာ တိုးပွားဂေ့ပါစေ။
JUD 1:3 ရှစ်ရဟှူမိဆွေလေ၊ နို့လေအားလောင်း ဝီမျှနေဂေ့ဟှူ ကယ်တန်ရှင်းကြောန်းဟှို ငါဟှာ နန်းနို့နားဟှို စာရေးဟှို့တွပ် ကြိုးစားဟှားဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူသူလေဟှို ဘုရားသခင်ဟှ ပိုင်ပေးဟှားဟှူ ယောင်ကြည်ရှင်းဟှို သေးသေချားချာဟှား ကာကွယ်ဂေ့ဟှို့တွပ် နန်းနို့နားဟှို ရှစ်ရှင်းဘဲ့ စာရေးအားပေးဘီး တိုက်တွန်းနှိုးဆော်ဟှို့တွပ် လိုအပ်လာဟှယ်။
JUD 1:4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တရားမှေ့ဘဲ့ဟှူ လူတချို့ဟှာ နန်းနို့လေထဲဟှို ဝမ်ရော့‑က်လာကြောန့် ဖြစ်ဟှယ်။ သူးနို့ဟှာ ဘုရားတရားမှေ့ဘဲ့ဟှူ လူလေဖြစ်ဘီး နို့လေဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို သူးနို့လေရဲ့ ပျော်ပါးလိုက်စားဟှူမှုတွပ်ဘဲ့ လွဲသောင်းစာ လောက်ဂေ့ဘီးဟှာ နို့လေရဲ့ တပါးဒဲဖြစ်ဟှူ သခင်ယေရှုခရစ်တော်ဟှို ပယ်ဂေ့လေ့မယ်။ အယ်လူလေဟှာ ရင်းရင်ဂဒဲဟှဘဲ့ ပြစ်ဒန်စီရင်ဟှို့တွပ် သတ်မှတ်ခံဟှားရဟှူ လူလေဘဲ့ဖြစ်ဟှယ်။
JUD 1:5 ဘုရားသခင်ဟှာ ဣသရေလူမျိုးလေဟှို ကယ်တန်ဘီး အဲဂုတ္တုပြည်ဟှနေ ခေါ်ဆောန်လာဘီးန သူ့ဟှို ယောင်ကြည်ဘဲဟှူ လူလေဟှာ ပျစ်စီးဟှားဟှယ် ဆိုဇာဟှို နန်းနို့လေဟှာ သိဂေ့ဘေမဲ့ နန်းနို့ဟှို ငါဟှာ ပ္လန်ဘီးဟှာ ဒိရစေရှင်ဟှယ်။
JUD 1:6 ကိုယ်ရဟှားဟှူ အာဏာန ရောက်ရဲဘဲ မူရင်းနေရာဟှို စွန့်ဟှားဂေ့ဟှူ ကောန်းဂန်တမန်လေကြောန်းဟှိုလည်း ဒိရဂေ့ပါ။ ဘုရားသခင်ဟှာ သူတရားစီရင်ဟှူနေ့မာ သူးနို့လေဟှို ပြစ်ဒန်ပေးဟှို့တွပ် မှောန်မိုက်နေဟှူ အော့‑က်ရပ်မာ ထာဝရ သံကြိုးန ခယ်ဟှားလေဟှယ်။
JUD 1:7 သောဒုံဗြို့န ဂေါမောရဗြို့လေဟှိုရော၊ အယ်ဗြို့ရဲ့ ပတ်ဝန်ကျင်မာရှိဟှူ ဗြို့လေဟှိုရော ဒိရဂေ့ပါ။ အယ်ဗြို့ဟှ ဗြို့သူဗြို့သားလေဟှာ ပြောဟှားဟှူ ကောန်းဂန်တမန်လေမျိုး ကာမဂေါင်လိုက်စားဘီး သဘာဝန ဆန့်ကျင်ဖတ်ဖြစ်ဟှူ ပျော်ပါးလေဟှို လိုက်စားဂေ့ဟှယ်။ လူလေဟှို ရှင်းရှင်းလန်းလန်းဟှာ ဒိပေးဟှူနေန သူးနို့ဟှာ ထာဝရတော့‑က်လောန်နေဟှူ မီးထဲမာ ပြစ်ဒန်ဟှို ခံရဂေ့လေ့မယ်။
JUD 1:8 ဘုရားတရားမှေ့ဘဲဟှူ လူလေဟှာလည်း အယ်မျိုးဘဲ့ ဖြစ်ဂေ့မယ်။ သူးနို့ဟှာ သူးနို့ဗြင်ဂေ့ဟှူ ရူပါရောင်လေကြောန့် သူးနို့ရဲ့ ကိုယ်ခန္ဓာလေဟှို ညစ်ညူးစေဂေ့ဟှယ်။ ဘုရားသခင်ရဲ့ အာဏာဟှို ထီလေးစားလောက်ဘီး ထတ်ဟှ ဖောင်းတဂိုးကီးဟှူ သူလေဟှို ကဲ့ရဲ့ဂေ့ဟှယ်။
JUD 1:9 ကောန်းဂန်တမန်မန်း မိက္ခေလဟှ မာရ်နတ်န ဂြင်းဂေ့ဘီးဟှာ မောရှေရဲ့ ကိုယ်ခန္ဓာန ပတ်သတ်ဘီးဟှာ ချေတင်ပြောဂေ့ဟှူ ခီမာ ပြစ်တန်ကဲ့ရဲ့ဘီးဟှာ ပြောဘဲန “ဘုရားသခင်ဟှာ နန့်ဟှို တရားစီရင်ပါစေ” ဆိုဘီး ပြောဟှယ်။
JUD 1:10 သူးနို့လေဟှာ ကိုယ်နားလည်ဘဲဟှူ ဇာလေဟှို ပြစ်မှားကဲ့ရဲ့ဂေ့ဘီး ဆင်ခြင်ဉာဏ်မှေ့ဘဲန လိဆန်လေမျိုးဘဲ့ သဘာဝရ သိဟှားဇာလေနဘဲ့ ပျစ်စီးရှင်းဟှို ရော့‑က်တတ်ဂေ့ဟှယ်။
JUD 1:11 သူးနို့ဟှာ အမင်္ဂလာရှိဂေ့ဟှယ်။ သူးနို့ဟှာ ကာဣနရဲ့ လမ်းစဉ်ဟှို လိုက်ဂေ့ဟှယ်။ ကပ်ဟှို လိုရှင်ဘီး ဗာလမ်ရဲ့ မှားမျိုးဟှို လောက်ဂေ့ဟှယ်။ ကောရမျိုးဘဲ့ ပေါင်ကန်ဂေ့ဟှူကြောန့် ဆောင်းရှောင်းပျစ်စီးဂေ့ဟှယ်။
JUD 1:12 သူးနို့ဟှာ ရှစ်ကြော့‑က်လေမှေ့ဘဲ ပျော်ပါးစားသော့‑က်ဂေ့ဘီး သူးနို့လေရဲ့ မိတ်သဟာယ စားဗွဲလေမာ သူးနို့လေရဲ့ ဂေါင်သိက္ခာဟှို ညစ်ညူးစေဟှယ်။ အယ်လူလေဟှာ သူးနို့ကျိုးဟှိုဘဲ့ ကေ့တတ်ဟှူလူလေ ဖြစ်ဟှယ်။ သူးနို့ဟှာ မိုးရေပါဘဲ့ဟှူ မိုးတီန ဆောင်းဦးကာလမာ သီးသီးဘဲဟှူ၊ ပြစ်ဟှနေဘီး ဆွဲနုဟှားဟှူ၊ နှေ့ခါသေဟှားဟှူ သစ်ပန်နတူဟှယ်။
JUD 1:13 သူးနို့ရဲ့ ယှစ်ကြော့‑က်ရှင်းလေဟှို ပွမ့်စေတတ်ဟှူ လှိုင်းလေမျိုး၊ ကြယ်ပျံလေမျိုး ဖြစ်ဂေ့ဟှယ်။ အယ်ကြယ်ပျံလေတွပ် ရောက်တရစ် ထာဝရမှောန်မိုက်ဟှို သိုဟှားလေဟှယ်။
JUD 1:14 အာဒံဟှနေဘီး ခွန်နစ်ဆစ်မြော့‑က်ဖြစ်ဟှူ ဧနောက်ဟှလည်း သူးနို့လေန ပတ်သတ်ဘီးဟှာ ပရောဖက်ပြုဘီး ပြောဟှားဇာဟှ “ကေ့ကေ့၊ ဘုရားသခင်ဟှာ ရေတွပ်နိုင်ဘဲ့ဟှူ သူ့ရဲ့သန့်ရှင်းသူလေနတူးဒူ ကြွလာလေ့မယ်။
JUD 1:15 အယ်ဇာဟှာ လူလေ ဂူလောင်းဟှို တရားစီရင်ဟှို့တွပ်န၊ ဘုရားတရားမှေ့ဘဲန သတ်ရှင်ဟှူလူလေတွပ်န၊ ဘုရားတရားမှေ့ဘဲဟှူ ပြစ်သားလေတွပ်န၊ ဘုရားသခင်ဟှို ကဲ့ရဲ့ဆန့်ကျင်ဘီး ပြောဟှူ စကားအားလောင်းတွပ်န သူးနို့လေ ဂူလောင်းရဲ့ ပြစ်လေဟှို ဖော်ပြဟှို့တွပ် ဖြစ်ဟှယ်” ဆိုဘီး ပြောဟှားဟှယ်။
JUD 1:16 အယ်လူလေဟှာ မြဲဒမ်းညစ်ညူဘီး တခြားသူလေဟှို ပြစ်တန်ဘီးဘဲ့နေဟှယ်။ သူးနို့ရဲ့ ဆိုးညစ်ဟှူ လိုအင်ဆန္ဒဟှို လိုက်ဘီး ကျင့်နေဂေ့ဟှယ်။ သူးနို့ကြောန်းဟှို ကြွားဂေ့ဟှယ်။ ကိုယ်ကျိုးလေဟှို ရဟှို့တွပ် တခြားသူဟှို မြှော့‑က်ဘီး ပြောတတ်ဟှယ်။
JUD 1:17 ရှစ်ရဟှူမိဆွေလေ၊ နို့လေ သခင်ယေရှုခရစ်တော်ရဲ့ တမန်တော်လေဟှ ကြိုဘီးဟှာ ပြောဟှားရစ်ဟှူ စကားလေဟှို ဒိရဂေ့ပါ။
JUD 1:18 သူးနို့ဟှ “နော့‑က်ဆောင်းကာလာမာ ကိုယ့်ကိုယ်ကိုယ် ဘုရားတရားမှေ့ဘဲန တတ်မတ်ရှင်းလေတိုင်း သတ်ရှင်ဘီးဟှာ ပြစ်ရယ်ပြုတတ်ဟှူ လူလေဟှာ ပေါ်လာလေ့မယ်” ဆိုဘီး နန်းနို့လေဟှို ပြောဟှားရစ်ဟှယ်
JUD 1:19 အယ်လူလေဟှာ သင်းတော်မာ စိဝန်းကွဲစေဟှူလူလေ၊ ဇာတိနဆိုင်ဟှူလူလေ၊ ဝိညာဉ်တော်ဟှို ရဂေ့ဘဲဟှူလူလေ ဖြစ်ဂေ့ဟှယ်။
JUD 1:20 ရှစ်ရဟှူမိဆွေလေ၊ နန်းနို့ဟှာ ကိုယ့်ကိုယ်ကိုယ် ရရာတိုင်း သန့်ရှင်းဟှူ ယောင်ကြည်ရှင်းထတ်မာ ကိုယ့်ကိုယ်ကိုယ် တည်ဆော့‑က်ဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှို မှီပြုဘီး ဆုတောန်းဂေ့ပါ။
JUD 1:21 ဘုရားသခင်ရဲ့ မြစ်တာတော်န ကိုယ့်ကိုယ်ကိုယ် စောန့်ထီးဘီးဟှာ ထာဝရသတ်ဟှို ပို့ဆောန်ဟှူ နို့လေ သခင်ယေရှုခရစ်ရဲ့ ကရုဏာဟှို စောန့်မျှော်ဂေ့ပါ။
JUD 1:22 ယောင်မှားဘီး သံသယရှိနေဟှူ လူလေဟှို သနားကရုဏာထားဂေ့ပါ၊
JUD 1:23 တချို့လေဟှို မီးထဲဟှနေ ဆွဲထုဘီးဟှာ ကယ်တန်ဂေ့ပါ။ တချို့လေဟှို ကြော့‑က်ဟှူစိန သနားကရုဏာပြဂေ့ပါ။ ဇာတိသွီးသားရဲ့ ကာမဂေါင်ညစ်ကြေးန စွန်းနေဟှူ အန်းဂီလေဟှို မူးဘီးဟှာ ရွံ့ရှာဂေ့ပါ။
JUD 1:24 နန်းနို့လေဟှို မှားယွင်းရှင်းန လွတ်စေဟှို့တွပ် နန်းနို့ဟှို စောန့်ရှော့‑က်ပေးဘီး ပြစ်တန်ဇာမှေ့ဘဲ ဝန်းသာရှင်းန ပ္လဲ့ဇောင်စေဘီး နန်းနို့ဟှို ဖောင်းသရေတော်ရှေ့မာ ဆစ်သဟှို့တွပ် တတ်နိုင်ဟှူသူဖြစ်ဟှူ —
JUD 1:25 နို့လေရဲ့ ကယ်တန်ရှင် တဆူဒဲဖြစ်ဟှူ ဘုရားသခင်ဟှာ နို့လေရဲ့ သခင်ယေရှုခရစ်တော်အားဖြင့် ဖောင်းသရေတော်၊ အာနုဘော်၊ တဂိုးရှိန်ဝါန ခွမ့်အာဏာစစ်လေဟှာ ရင်ကာလဟှနေဘီး ခုကာလန နော့‑က်ကမ္ဘာဆစ်ဆစ်ထိ ရှိပါစေ! အာမင်။
REV 1:1 အယ်ကျမ်းစာမာ ယေရှုခရစ်တော် ဖွမ့်ပြဟှားဟှူ ဗျာဒိတ်တော်ကြောန်းဟှို မှတ်တမ်းတန်ဟှားဟှယ်။ ဘုရားသခင်ဟှာ ခရစ်တော်ဟှို အယ်ဗျာဒိတ်တော်ဟှို ပေးရရှင်းဟှာ ကြာခန်မာဖြစ်ရဟှူ ဇာလေဟှို သူရဲ့ စေခံလေဟှို သိစေရှင်ဟှူကြောန့် ဖြစ်ဟှယ်။ အယ်ကြောန့် ခရစ်တော်ဟှာ သူ့ရဲ့စေခံ ယောဟန်နားဟှို ကောန်းဂန်တမန်ဟှို လွှတ်လိုက်ဘီးဟှာ အယ်ဗျာဒိတ်တော်ဟှို ပ္လန်ဘီးဖော်ပြစေဟှယ်။
REV 1:2 ယောဟန်ဟှလည်း သူဗြင်ရ ကြားရဟှူဇာ မှန်မျှန ဘုရားသခင်ရဲ့ စကားတော်န ယေရှုခရစ်တော်နဆိုင်ဟှူ သတ်သေခံချစ်လေဟှို အယ်စာစောန်မှာ ရေးဟှားပေးဟှယ်။
REV 1:3 ခီဟှ ရရာတိုင်း နီးလာဘီ ဖြစ်ဟှူကြောန့် ပရောဖက်ပြုဘီး ဟောပြောဟှားဟှူစကားဟှို ဖတ်ဟှူသူန အယ်စကားဟှို ကြားရဘီး ရေဟှားဟှူဇာ မှန်မျှဟှို လိုက်နာဘီး စောန့်ထီးဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
REV 1:4 ငါယောဟန်ဟှာ၊
REV 1:5 သစ်စာရှိဟှူသတ်သေ၊ သေဟှူလူလေထဲမာ ဦးဆောင်းမွီးလာဟှူသူ၊ မ္လေဂီးရဲ့ မန်းဂီးလေဟှို အောက်ချောက်သူဖြစ်ဟှူ ယေရှုခရစ်တော်နားဟှ ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့လေမာ ရှိပါစေ။ နို့လေဟှို ရှစ်ဘီး၊ သူ့ရဲ့သွီးတော်အားဖြင့် နို့လေရဲ့ ပြစ်လေဟှနေ ဖြေလွှတ်ပေးဘီး
REV 1:6 နို့လေဟှို နိုင်ငံတော်သားဖြစ်စေဘီး သူ့ရဲ့ဖ ဘုရားသခင်ရဲ့ မှုတော်ဟှို လောက်ဆောန်နိုင်ဟှို့တွပ် နို့လေဟှို မန်းဂီးရာနရော၊ ယဇ်ပုရောဟိတ်ရာနရော ပေးတော်မှုဟှူ ယေရှုခရစ်တော်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
REV 1:7 “ကေ့ကေ့။ ကိုယ်တော်ဟှာ မိုးတီဟှို စီးဘီးဟှာ ကြွလာလေ့မယ်” “ကိုယ်တော့်ဟှို ထိုးဖော့‑က်လိုက်ဟှူ လူလေန လူလေ ဂူလောင်းဟှာ ဗြင်ရဂေ့လေ့မယ်။” ကမ္ဘာမာ လူမျိုးလေရှိမျှဟှာ “ဝန်းနဲ ကြေကွဲဂေ့လေ့မယ်။”
REV 1:8 ခုလည်းရှိဘီး၊ ရင်းရင်ဒူးဟှလည်း ရှိဘီး နော့‑က်တခါမာ ကြွလာဟှို့ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ထာဝရဘုရားသခင်ဟှ “ငါဟှာ စနဆောင်းဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မှုဟှယ်။
REV 1:9 ငါဟှာ နိုင်ငံတော်သားလေခံရဟှူ ဆင်းရဲဒေါက်ခဟှို နန်းနို့နတူးဒူ ခံနေရဘီး လောက်ဖော်ကိုင်ဖတ်ဖြစ်ဟှူ နန်းနို့လေရဲ့ ညီကို ယောဟန်ဖြစ်ဟှယ်။ ငါဟှာ ဘုရားသခင်ရဲ့ စကားတော်န ယေရှုနဆိုင်ဟှူ သမ္မာတရားလေဟှို ဟောပြောကြေညာဟှို့တွပ် ပတ်မုကျွန်းဟှို ပိုခံရဟှယ်။
REV 1:10 သခင်ဘုရားရဲ့ နေ့မာ ဝိညာဉ်တော်ဟှာ ငါ့ထတ်ဟှို ရော့‑က်လာဘီး ငါဟှာ တံပိုးခရာသံနတူဟှူ သံတခုဟှာ ငါ့နော့‑က်မာ ကြားရဟှယ်။
REV 1:11 အယ်သံဟှ “နန်ဗြင်ရဟှူ ဇာလေဟှို စာစောန်မာရေးဘီးဟှာ ဧဖက်ဗြို့၊ စမုနရဗြို့၊ ပေရဂံဗြို့၊ သွာတိရဗြို့၊ သာဒိဗြို့၊ ဖိလဒေလဖိဗြို့၊ လောဒိကိဗြို့လေမာရှိဟှူ သင်းတော် ခွန်နစ်ပါးနားဟှို ပေးလိုက်ပါ” ဆိုဘီး ပြောဟှယ်။
REV 1:12 အယ်ခီမာ ငါဟှို ပြောဟှူသံဟှာ ဖယ်သူရဲ့သံဖြစ်နူး။ ဆိုဇာဟှို လှည့်ဘီးဟှာ ကေ့လိုက်ဟှူ ခီမာ ရွှေမီးခွပ် ခွန်နစ်လောင်းန၊
REV 1:13 အယ်မီးခွပ်လေရဲ့ လယ်မာ လူသားနတူဟှူ သူတယော့‑က်ဟှိုလည်း တွီဟှယ်။ အယ်လူဟှာ ခေဖျားထိ ရော့‑က်အောန် ဝတ်လောင်ဟှို ဝတ်ဘီးဟှာ ရင်ဖတ်မာ ရွှေခါးဗတ်ဟှိုလည်း ဝတ်ဟှားလေဟှယ်။
REV 1:14 အယ်လူရဲ့ ခေါန်းဟှ ဆံဗန်ဟှာ ဖ္လူဟှူသိုးမွီးမျိုး၊ နှမ်းပွမ့်မျိုး ဖ္လူဘီးဟှာ သူ့ရဲ့ မျစ်စိလေဟှာ မီးလျှံမျိုး ဖြစ်နေဟှယ်။
REV 1:15 သူ့ရဲ့ ခေလေဟှာ ရရာတိုင်း ပြင်းဟှူ မီးဖိုမာ သန့်စင်ဟှားဘီး ရရာတိုင်း လန်းဟှူ ကြေးဝါစစ်စစ်န တူဟှယ်။ သူ့သံဟှလည်း ရရာတိုင်း ကီးဟှူ ရေလှိုင်းသံန တူဟှယ်။
REV 1:16 သူဟှာ ညာလတ်မာ ကြယ်ခွန်နစ်လောင်းဟှို ကိုင်ဟှားဟှယ်။ သူ့ရဲ့ ဇပ်ပေါ့‑က်ထဲဟှ သွားနှေ့ဖတ်ပါဟှူ သန်လျက် ထွပ်လာဟှယ်။ သူ့ရဲ့ မျစ်နှာဟှာ ရှီတဂိုးန တော့‑က်နေဟှူ၊ ရရာတိုင်း လန်းဟှူ နေမျိုးဖြစ်နေဟှယ်။
REV 1:17 ငါဟှာ အယ်လူဟှို ဗြင်ဟှူ ခီမာ သူ့ရဲ့ ခေရင်းမာ လဲက္လဘီး လူသေမျိုး ဖြစ်ဟှားဟှယ်။ အယ်ခီမာ သူဟှာ ငါ့ထတ်ဟှို သူ့ရဲ့ညာလတ်ဟှို တန်ဘီးဟှာ “ကြော့‑က်န။ ငါဟှာ ဦးဆောင်းန နော့‑က်ဆောင်းဖြစ်ဟှယ်။
REV 1:18 ငါဟှာ သတ်ရှင်ဟှူသူလည်း ဖြစ်ဟှယ်။ ငါဟှာ ရင်သေဟှားဟှယ်။ အယ်ဘေမဲ့ ကေ့ကေ့ ငါဟှာ ကမ္ဘာဆစ်ဆစ် သတ်ရှင်နေဟှယ်။ ငါဟှာ သေရှင်းတရားန မရဏာနိုင်ငံရဲ့ သော့‑က်လေဟှိုလည်း ကိုင်ဟှားဘီး စိုးရဟှယ်။
REV 1:19 “အယ်ကြောန့် နန်ဗြင်ရဟှူဇာလေ၊ ခုဖြစ်နေဟှူဇာလေန နော့‑က်မာဖြစ်လာရဟှို့ ဇာလေဟှို ရေးဟှားလိုက်။
REV 1:20 ငါ့ရဲ့ ညာဖတ်လတ်မာ နန်ဗြင်ရဟှူ ကြယ်ခွန်နစ်လောင်းန ရွှေမီးခွပ် ခွန်နစ်လောင်းလေရဲ့ နတ်နဲဟှူဓိပါယ်ဟှ ကြယ်ခွန်နစ်လောင်းဟှာ သင်းတော်ခွန်နစ်ပါးရဲ့ စေတမန်လေ ဖြစ်ဂေ့ဘီး ဆီမီးခွပ် ခွန်နစ်လောင်းဟှာ သင်းတော်ခွန်နစ်ပါး ဖြစ်ဂေ့ဟှယ်။
REV 2:1 “ဧဖက်ဗြို့မာရှိဟှူ သင်းတော်ရဲ့ စေတမန်ဟှို အယ်မျိုးရေးလိုက်ဟှယ်။ “ညာလတ်မာ ကြယ်ခွန်နစ်လောင်းဟှို ကိုင်ဟှားဟှူသူ၊ ရွှေမီးခွပ် ခွန်နစ်လောင်းရဲ့ လယ်မာ သွားလာနေဟှူသူဟှ အယ်မျိုးမိန့်တော်မူဟှယ်။
REV 2:2 နန့်ရဲ့ လောက်ဆောန်ရှင်းလေ၊ နန်ရဲ့ ကြိုးစာအားထုမှုန သီးခံရှင်းလေဟှို ငါသိဟှယ်။ နန်ဟှာ ရရာတိုင်း ဆိုးဟှူ လူလေဟှို လတ်ခံဘဲဟှူကြောန်းန ကိုယ့်ကိုယ်ကိုယ် တမန်တော် ဆိုဘီး ခေါ်ဂေ့ဘေမဲ့ တမန်တော်မှုဘဲဟှူ လူလေဟှို စမ်းသပ်စစ်ဆေးဘီး သူးနို့လေဟှာ လီညာဟှူသူလေ ဖြစ်ဂေ့ဟှယ် ဆိုဇာဟှို နန်ဟှာ တွိရဟှူ ကြောန်းဟှိုလည်း ငါသိဟှယ်။
REV 2:3 နန်ဟှာ သီးခံဘီး ငါ့ရဲ့ နာမတွပ် ပန်ဗန်းဘေမဲ့ အားလျော့ဟှ။
REV 2:4 အယ်ဘေမဲ့ နန့်ဟှို ငါ့ဟှာ ပြစ်ပြောဇာရှိဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ စစဒူးဟှဖြစ်ဟှူ ရှစ်ရှင်းမြစ်တာဟှို စွန့်ဟှားဘီ။
REV 2:5 အယ်ကြောန့် နန်ဟှာ ဖယ်မျှလော့‑က် က္လဆင်းလာဟှယ် ဆိုဇာဟှို ဒိရဂေ့ဘီး၊ နောန်ဒရဂေ့ဘီး စစဒူးဟှ ကျင့်ဟှူတိုင်းဘဲ့ ပ္လန်ကျင့်ပါ။ အယ်မျိုးမှုဘဲနေဟှာ နန်ရှိဟှူနေရာဟှို ငါလာမယ်။ နန်ဟှာ နောန်ဒရဘဲနေမယ် ဆိုဟှာ နန်ရဲ့ မီးခွပ်ဟှို နေရာဟှနေ ငါဟှာ ဖယ်ပစ်မယ်။
REV 2:6 အယ်ဘေမဲ့ နိကောလ တဗဲ့လေရဲ့ ကျင့်ကြံရှင်းလေဟှို ငါဟှာမူးမျိုး နန်လည်း မူးဟှူကြောန့် နန့်ဟှို ချီးမွမ်းဇာရှိဟှယ်။
REV 2:7 “ဝိညာဉ်တော်ဟှ သင်းတော်ဟှို မိန့်တော်မူဟှူ ဇာလေဟှို နားရှိဟှူသူလေ ကြားပါစေ! “အောန်မြင်ဟှူသူဟှို ဘုရားသခင်ရဲ့ ပရဒိသုဘောင်မာ သတ်ပန်ရဲ့သီးဟှို စားရဟှူခွမ့်ဟှို ငါပေးမယ်။
REV 2:8 “စမုနရဗြို့မာရှိဟှူ သင်းတော်ရဲ့ စေတမန်ဟှို အယ်မျိုးရေးလိုက်ဟှယ်။ “ဦးဆောင်းန နော့‑က်ဆောင်းဖြစ်ဟှူသူ၊ သေဘီးမှ သတ်ပ္လန်ရှင်လာဟှူသူဟှ အယ်မျိုးမိန့်တော်မူဟှယ်။
REV 2:9 နန့်ရဲ့ ဒေါက်ခဝေဒနာန ဆင်းရဲရှင်းလေဟှို ငါသိဟှယ်။ မှန်ဆိုဟှာ နန်ဟှာ ကြွယ်ဝဟှယ်။ ကိုယ့်ကိုယ်ကိုယ် ယုဒလူမျိုးဖြစ်ဟှယ် ဆိုဘီး ပြောဂေ့ဟှူ၊ ယုဒလူမျိုးမှုဘဲဟှူ၊ စာတန်ရဲ့ သင်းဝမ်လေဖြစ်ဂေ့ဟှူ သူလေနားဟှနေ ကဲ့ရဲ့ဘီး ပြောခံရရှင်းလေဟှိုလည်း ငါသိဟှယ်။
REV 2:10 နန်ခံစားရဟှို့ ဒေါက်ခဝေဒနာလေဟှို ကြော့‑က်န။ နန်ဟှာ စောင်ဇမ်းနှော့‑က်ယှစ်ရှင်းဟှို ခံရဟှို့ကြောန်း မာရ်နတ်ဟှာ နန်းနို့ထဲမာ တချို့လေဟှို ထောန်ထဲမာ ထဲ့ဟှားဟှယ်။ နန်နို့ဟှာ ဆယ်ရစ်လောင်းလောင်း ဆင်းရဲဒေါက်ခဟှို ခံရဂေ့လေ့မယ်။ သေဒဲ့ထိ သစ်စာစောန့်ပါ။ အယ်မျိုးဆိုဟှာ သတ်သရဖူဟှို နန့်ဟှို ငါပေးမယ်။
REV 2:11 “ဝိညာဉ်တော်ဟှ သင်းတော်ဟှို မိန့်တော်မူဇာလေဟှို နားရှိဟှူသူလေ ကြားပါစေ! “အောန်မြင်ဟှူသူဟှို ဒုတိယသေရှင်းဟှာ ညှဉ်းဆဲဟှို့ရဟှ။
REV 2:12 “ပေရဂံဗြို့မာရှိဟှူ သင်းတော်ရဲ့ စေတမန်ဟှို အယ်မျိုးရေးလိုက်ဟှယ်။ “သွားနေဖတ်ပါဟှူ၊ ရရာတိုင်းထတ်ဟှူ၊ သန်လျက်ရှိဟှူသူဟှ အယ်မျိုး မိန့်တော်မူဟှယ်။
REV 2:13 နန်ဟှာ ဖယ်နေရာမာ ထိုင်နေဟှယ် ဆိုဇာဟှို ငါသိဟှယ်။ အယ်နေရာမှာ စာတန်ရဲ့ ပလ္လင်ရှိဟှယ်။ ငါ့ဟှို သစ်စာရှိဟှူ ငါ့ရဲ့သတ်သေ အန္တိပဟှာ စာတန်ရဲ့နေရာဖြစ်ဟှူ နန်နို့နားမာ သတ်ခံရဟှူ ခီမာ နန်ဟှာ ငါ့ရဲ့နာမဟှို စွဲကိုင်ဘီး ငါ့မှာဟှားဟှူ ယောင်ကြည်ရှင်းဟှို စွန့်ပစ်ဟှ။
REV 2:14 အယ်ဘေမဲ့ နန်းနို့ဟှို ငါဟှာ ပြစ်ပြောဇာ နဲနဲရှိဟှယ်။ ဖြားဖြစ်ကြောန်းနူးဆိုဟှာ နန်းနို့မာ ဗာလရဲ့ ယူဝါဒဟှို ခံယူဘီးဟှာ ကျင့်နေဂေ့ဟှူ သူလေရှိနေဟှယ်။ ဣသရေလလူမျိုးလေဟှာ ရောက်ထုဟှို ပူဇော်ဟှားဟှူဇာလေဟှို စားဂေ့ဟှို့တွပ်ရော၊ တရားဘဲဟှူ မေထုန်ဟှို လောက်ဂေ့ဟှို့တွပ်ရော သူးနို့ရှေ့မာ မှားယွင်းဂေ့ဟှူ ဇာလေဟှို ခ္လဟှားဟှို့ကြောန်း ဗာလမ်ဟှာ ဗာလက်မန်းဟှို သန်ပေးဟှယ်။
REV 2:15 အယ်မျိုးဘဲ့ နန်းနို့မာ နိကောလ တဗဲ့လေရဲ့ ယူဝါဒဟှို ခံယူဘီး ကျင့်နေဂေ့ဟှူ သူလေလည်း ရှိနေဟှယ်။
REV 2:16 အယ်ကြောန့် နောန်ဒရပါ။ အယ်မျိုးမှုဘဲနေဟှာ ငါဟှာ နန်းနို့နားဟှို ဗြန်းဗြန်ဟှားလာဘီး ငါ့ဇပ်ပေါ့‑က်ထဲဟှ သန်လျက်န နန်းနို့ဟှို တိုက်ခိုက်မယ်။
REV 2:17 “ဝိညာဉ်တော်ဟှ သင်းတော်ဟှို မိန့်တော်မူဇာလေဟှို နားရှိဟှူသူလေ ကြားပါစေ! “အောန်မြင်ဟှူသူဟှာ ဖွပ်ဟှားဟှူ မန္နဟှို ငါပေးမယ်။ က္လော့‑က်ဖ္လူဟှိုလည်း ငါပေးမယ်။ အယ်က္လော့‑က်ဟှို ရဟှူသူဟှလွဲဘီး ဖယ်သူလည်း အယ်နာမယ်သစ်ဟှို သိဂေ့ဟှ။
REV 2:18 “သွာတိရဗြို့မာရှိဟှူ သင်းတော်ရဲ့ စေတမန်ဟှို အယ်မျိုးရေးလိုက်ဟှယ်။ “မီးလျှံမျိုး မျစ်စိန ရရာတိုင်း တော့‑က်ဟှူ၊ ကြေးဝါနတူဟှူ၊ ခေရှိဟှူ ဘုရားသခင်ရဲ့ သားတော်ဟှ အယ်မျိုးမိန့်တော်မူဟှယ်။
REV 2:19 နန့်ရဲ့ လောက်ဆောန်ရှင်းလေန နန့်ရဲ့ရှစ်ရှင်း၊ ယောင်ကြည်ရှင်း၊ မှုတော်ဆောန်ရှင်း၊ သီးခံရှင်းလေဟှို ငါသိဟှယ်။ နန်ဟှာ နော့‑က်ဆောင်းလောက်ဆောန်ရှင်းလေဟှာ ရင်ဟှလောက်ဆောန်ရှင်းထတ် သာနေဟှူကြောန်းဟှိုလည်း ငါသိဟှယ်။
REV 2:20 အယ်ဘေမဲ့ နန့်ဟှို ငါဟှာ ပြစ်ပြောဇာရှိဟှယ်။ ဖြားဖြစ်ကြောန်းဆိုဟှာ နန်ဟှာ ကိုယ့်ကိုယ်ကိုယ် ပရောဖက်မ ဆိုဘီး ခေါ်ဟှူမီးမ ယေဇဗေလဟှို လောက်ရှင်ဟှူမျိုး လောက်ဟှို့ ခွမ့်ပေးဟှားဟှယ်။ အယ်ကြောန့် သူဟှာ ငါ့ရဲ့ စေခံလေဟှို တရားဘဲဟှူ မေထုန်ပြုဟှို့တွပ် ရောက်ထုဟှို ပူဇော်ဟှားဟှူဇာလေဟှို စားဂေ့ဟှို့တွပ် သွန်သန်ဘီးဟှာ သူးနို့လေဟှို လှည့်ဇားနေဟှယ်။
REV 2:21 ငါဟှာ သူ့ဟှို နောန်ဒရဟှို့တွပ် ခီပေးဘေမဲ့ သူဟှာ တရားဘဲဟှူ မေထုန်ဟှို နောန်ဒရရှင်ဟှူစိ မှေ့ဟှ။
REV 2:22 အယ်ကြောန့် ငါဟှာ သူ့ဟှို အိယာထတ်မာ လဲစေဟှယ်။ သူ့န အီထောန်ရေးဖော့‑က်ပ္လန်ဘီး ပြစ်မှားဟှူ လူလေဟှိုလည်း သူးနို့လောက်ဟှူ မှုလေတွပ် နောန်ဒရဘဲနေဟှာ ရရာတိုင်း ကီးဟှူ ဆင်းရဲဒေါက်ခဟှို ရော့‑က်စေမယ်။
REV 2:23 သူ့ရဲ့ သားမီးလေဟှိုလည်း သေဘေးန ငါစီရင်မယ်။ အယ်ခီမာ ငါဟှာ စိနှလောင်းဟှို သိဟှူသူဖြစ်ဟှယ် ဆိုဇာ သင်းတော်ဂူလောင်းဟှာ သိရဂေ့လေ့မယ်။ နန်းနို့ ဂူလောင်းဟှိုလည်း ကိုယ်လောက်ဟှားဟှူတိုင်းဘဲ့ ကျိုးပြစ်ဟှို ငါဟှာပေးမယ်။
REV 2:24 “အယ်ဘေမဲ့ အယ်မီးမရဲ့ ယူဝါဒန စာတန်ရဲ့ နတ်နဲရှင်းဖြစ်ဟှူ၊ သူးနို့ ခေါ်ဂေ့ဟှူဇာလေ သိဘဲန သွာတိရဗြို့မာ ကျန်နေဟှူလူလေဟှို ငါပြောရှင်ဟှူဇာဟှ နန်းနို့ထတ်မာ တခြားဝန်ထောက်လေဟှို ငါတန်ဟှ။
REV 2:25 နန်နို့လေမာ ရှိဟှူဇာလေဟှိုဘဲ့ ငါကြွလာဟှူခီထိ စွဲကိုင်ဟှားဂေ့။
REV 2:26 အောန်မြင်ဟှူ သူလေန ငါ့ရဲ့မှုဟှို ဆောင်းထိစောန့်ထီးဟှူ သူလေဟှာ လူမျိုးဂူလောင်းဟှို အောက်စိုးရဟှူ ခွမ့်ဟှို ငါပေးမယ်။
REV 2:27 အယ်လူလေဟှာ ငါကိုယ်တိုင် ငါ့ရဲ့ ဖနားဟှရဟှူ အောက်စိုးခွမ့်နတူဟှူ မ္လေအိုးလေဟှို ရိုက်ခွဲမျိုးဘဲ့ သံလှံတံန သူးနို့ဟှို အောက်စိုးရလေ့မယ်။
REV 2:28 ငါဟှာ မိုးသော့‑က်ကြယ်ဟှိုလည်း အယ်လူလေဟှို ပေးမယ်။
REV 2:29 “ဝိညာဉ်တော်ဟှ သင်းတော်ဟှို မိန့်တော်မူဇာလေဟှို နားရှိဟှူသူလေ ကြားပါစေ။
REV 3:1 “သာဒိဗြို့မာရှိဟှူ သင်းတော်ရဲ့ စေတမန်ဟှို အယ်မျိုးရေးလိုက်ဟှယ်။ “ဘုရားသခင်ရဲ့ဝိညာဉ် ခွန်နစ်ပါးန ကြယ်ခွန်နစ်လောင်းရှိဟှူသူဟှ အယ်မျိုးမိန့်တော်မူဟှယ်။ နန့်ရဲ့ လောက်ဆောန်ရှင်းလေဟှို ငါသိဟှယ်။ နန်ဟှာ သတ်ရှင်နေဟှယ် ဆိုဘီး နာမယ်ခံဘေမဲ့ သေနေဟှူလူ ဖြစ်ဟှယ်။
REV 3:2 ဒိနစောန့်နေပါ။ သေခါနီးဖြစ်နေဘီး ကျန်နေဟှူသူလေဟှို ခိုင်ခံ့စေပါ။ ဖြားဖြစ်ကြောန်းနူးဆိုဟှာ နန့်ရဲ့ လောက်ဆောန်ရှင်းလေဟှာ ငါ့ရဲ့ ဘုရားသခင်ရှေ့မာ ပြစ်ပြောဇာရှိသေးဟှယ် ဆိုဇာ ငါဗြင်ရဟှယ်။
REV 3:3 အယ်ကြောန့် နန်ဟှာ ဖယ်မျိုးခံယူဘီး ကြားနာရဟှူဇာလေဟှို ဒိရဘီး အယ်ဇာလေဟှို စောန့်ထီးပါ။ နောန်ဒရပါ။ နန်ဟှာ ဒိနစောန့်ဘဲနေဟှာ ခိုးလာဟှူမျိုး နန့်နားဟှို ငါလာဇာဟှို နန်ဟှာ လောင်းဝသိဟှို့ မှုဟှ။
REV 3:4 အယ်ဘေမဲ့ သာဒိဗြို့မာ ကိုယ့်ရဲ့ဝတ်ဟှို ညစ်ညူးစေဘဲဟှူသူ နဲနဲဟှား ရှိသေးဟှယ်။ အယ်လူလေဟှာ ထိုက်တန်ဟှူသူလေ ဖြစ်ဂေ့ဟှူကြောန့် ဝတ်ဖ္လူဟှိုဝတ်ဘီး ငါ့နာမနတူးဒူး သွားလာရလေ့မယ်။
REV 3:5 အောန်မြင်ဟှူသူဟှာ အယ်မျိုးဘဲ့ ဝတ်ဖ္လူဟှို ဝတ်ရလေ့မယ်။ ငါဟှလည်း သူ့ရဲ့နာမယ်ဟှို သတ်စာစောန်မာ လောင်းဝဖျစ်ပစ်ဟှ။ ငါဟှာ သူ့ရဲ့နာမယ်ဟှို ငါ့ဖရှေ့မာရော၊ ကောန်းဂန်တမန် ရှေ့မာရော ဝန်ခံမယ်။
REV 3:6 “ဝိညာဉ်တော်ဟှ သင်းတော်ဟှို မိန့်တော်မူဟှူ ဇာလေဟှို နားရှိဟှူသူလေ ကြားပါစေ။
REV 3:7 “ဖိလဒေလဖိဗြို့မာရှိဟှူ သင်းတော်ရဲ့ စေတမန်ဟှို အယ်မျိုးရေးလိုက်ဟှယ်။ “သန့်ရှင်းဟှူသူ၊ ရရာတိုင်း မှန်ဟှူသူ၊ ဒါဝိဒ်ရဲ့သော့‑က်ဟှို ကိုင်ဟှားဟှူသူ၊ ဖယ်သူလည်း ပိနိုင်ဘဲနေအောန် ဖွမ့်ဟှားဟှူသူ၊ ဖယ်သူလည်း ဖွမ့်နိုင်ဘဲနေအောန် ပိဟှားဟှူသူဟှ အယ်မျိုးမိန့်တော်မူဟှယ်။
REV 3:8 နန့်ရဲ့ လောက်ဆောန်းရှင်းလေဟှို ငါသိဟှယ်။ ကေ့ကေ့။ ဖယ်သူလည်း ပိနိုင်ဘဲဟှူ ခွဗော့‑က်ဟှို နန့်ရှေ့မာ ငါဖွမ့်ဟှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ စွမ်းရည်နဲနဲဟှားဘဲ ရှိဘေမဲ့ ငါ့ရဲ့ စကားတော်ဟှို လိုက်နာစောန့်ထီးဘီး ငါ့ရဲ့နာမဟှိုလည်း ပယ်ဟှ။
REV 3:9 ကေ့ကေ့။ ကိုယ့်ကိုယ်ကိုယ် ယုဒလူမျိုးဖြစ်ဟှယ် ဆိုဘီး ယုဒလူမျိုးမှုဘဲန စာတန်ရဲ့ ပေါန်းသင်းဝမ်လေဖြစ်ဂေ့ဟှူ၊ လီညာဘီးပြောဂေ့ဟှူ လူလေဟှို နန့်ရဲ့ခေရင်းမာ လာဘီး ရှိခိုးစေဘီးဟှာ ငါဟှာ နန်းနို့ဟှို ရှစ်ဟှယ် ဆိုဇာဟှို သူးနို့ဟှို သိစေမယ်။
REV 3:10 နန်ဟှာ သီးခံရှင်းနဆိုင်ဟှူ ငါ့ရဲ့ စကားတော်ဟှို လိုက်နာဘီး စောန့်ထီးဟှူကြောန့် မ္လေဂီးထတ်မာ နေထိုင်ဂေ့ဟှူ သူလေဟှို စမ်းသပ်စစ်ဆေးဟှို့ ရော့‑က်လာဟှူ ခီမာ ငါဟှာ နန့်ဟှို စောန့်ရှော့‑က်မယ်။
REV 3:11 ငါဟှာ ဗြန်းဗြန်ဟှားလာမယ်။ နန့်ရဲ့ သရဖူဟှို ဖယ်သူလည်း လုယူဘဲဟှို့တွပ် နန့်မာရှိဟှူဇာလေဟှို စွဲကိုင်းဟှားပါ။
REV 3:12 ငါဟှာ အောန်မြင်ဟှူသူဟှို ငါ့ရဲ့ ဘုရားသခင် ဗိမာန်တော်မာ တိုင်ဖြစ်စေမယ်။ သူဟှာ ဖယ်ခါလည်း ပ္လန်ဟှိုထွပ်ဟှားရဟှို့ မှုဘီ။ ငါဟှာ ငါ့ဘုရားသခင်ရဲ့ နာမတော်ဟှိုရော၊ ငါ့ဘုရားသခင်ရဲ့ ဗြို့တော်ဖြစ်ဟှူ ကောန်းဂန်ဘောင်ဟှနေ ဆင်းလာဘီး ယေရုရှလင်ဗြို့သစ်ရဲ့ နာမဟှိုရော၊ ငါ့ရဲ့ နာမသစ်ဟှိုရော သူ့ထတ်မာ ရေးဟှားမယ်။
REV 3:13 “ဝိညာဉ်တော်ဟှ သင်းတော်ဟှို မိန့်တော်မူဟှူ ဇာလေဟှို နားရှိဟှူသူလေ ကြားပါစေ။
REV 3:14 “လောဒိကိဗြို့မာရှိဟှူ သင်းတော်ရဲ့ စေတမန်ဟှို အယ်မျိုးရေးလိုက်ဟှယ်။ “အာမင်ဖြစ်ဟှူသူ၊ သစ်စာရှိဘီး ဖြောန့်မတ်ဟှူသတ်သေ၊ ဘုရားသခင်ရဲ့ ဖန်ဆင်းဟှားဟှူထဲမာ ဦးဆောင်းဖြစ်ဟှူသူဟှ အယ်မျိုးမိန့်တော်မူဟှယ်။
REV 3:15 နန့်ရဲ့လောက်ဆောန်ရှင်းလေဟှို ငါသိဟှယ်။ နန်ဟှာ အေးလည်း မှုဟှ။ ပူလည်း မှုဟှ။ ငါဟှာ နန့်ဟှို အေးဆိုဟှာအေး၊ ပူဆိုဟှာပူ တခုခုဟှိုဘဲ ဖြစ်စေရှင်ဟှယ်။
REV 3:16 နန်ဟှာ ပူလည်းမှုဘဲန၊ အေးလည်းမှုဘဲန၊ မပူမအေး ဖြစ်နေဟှူကြောန့် နန့်ဟှို ငါ့ဇပ်ပေါ့‑က်ထဲဟှ ထွီးထုမယ်။
REV 3:17 နန်ဟှ ‘ငါဟှာ ရရာတိုင်း ကြွယ်ဝဟှူကြောန့် ဖြားဇာလည်း လိုဟှ ဆိုဘီး’ ပြောနေဟှယ်။ အယ်ဘေမဲ့ နန်ဟှာ ရရာတိုင်း စိပြစ်ဇာကောန်းဟှူသူ၊ နားဇာကောန်းဟှူသူ၊ ဆင်းရဲဟှူသူ၊ မျစ်စိကန်းနေဟှူသူန ခ္လေးပ္လန်းဗ္လန်း ဖြစ်နေဟှယ် ဆိုဇာဟှို နန်သိဟှ။
REV 3:18 နန်ဟှာ ကြွယ်ဝဟှို့တွပ် မီးနသန့်စင်ဟှားဟှူ ရွှေဟှိုရော၊ နန်ဟှာ ခ္လေးပ္လန်းဗ္လန်း ဖြစ်နေဘီး ယှစ်လေပေါ်ဘဲနေအောန် နန့်ဝတ်ဟှို့ ဖ္လူဟှူ ဝတ်ရောင်ဟှိုရော၊ နန့်ရဲ့ မျစ်စိ ပ္လန်ဘီးဗြင်လာဟှို့တွပ် မျစ်စဉ်ခတ်ဟှို့ ဆေးဟှိုရော၊ ငါ့နားမာ ဝယ်ဟှို့တွပ် နန့်ဟှို ငါဟှာ ကြံပေးရှင်ဟှယ်။
REV 3:19 ငါဟှာ ငါရှစ်ဟှူသူ မှန်မျှရဲ့ ပြစ်လေဟှို ဖော်ပြဘီးဟှာ ဆောင်းမတတ်ဟှယ်။ အယ်ကြောန့် ကိုယ့်စိကိုယ် နှိုးဆော်ဘီး နောန်ဒရပါ။
REV 3:20 နားထောန်ဂေ့။ ငါဟှာ ခွဗော့‑က်ရှေ့မာ ရပ်ဘီး ခေါ့‑က်ဘီးနေဟှယ်။ ဖယ်သူမဆို ငါ့ရဲ့သံဟှို ကြားဘီး ခွဗော့‑က်ခွမ့်မယ် ဆိုဟှာ အယ်လူရှိဟှူ နေရာဟှို ဝမ်ဘီး သူ့နတူးဒူ စာစားမယ်။ သူဟှလည်း ငါ့နတူးဒူ စားသော့‑က်ရလေ့မယ်။
REV 3:21 ငါဟှာ အောန်မြင်ဘီး ငါ့ဖနတူးဒူ ပလ္လင်ထတ်မာ ထိုင်ရမျိုးဘဲ အောန်မြင်ဟှူ သူဟှာ ငါ့ရဲ့ ပလ္လင်ထတ်မာ ငါ့နတူးဒူ ထိုင်ရဟှို့ ခွမ့်ဟှို ငါပေးမယ်။
REV 3:22 “ဝိညာဉ်တော်ဟှ သင်းတော်ဟှို မိန့်တော်မူဟှူ ဇာလေဟှို နားရှိဟှူသူလေ ကြားပါစေ” ဆိုဘီး မိန့်တော်မူလေဟှယ်။
REV 4:1 အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ ကောန်းဂန်မာဖွမ့်ဟှားဟှူ ခွဗော့‑က်တဗော့‑က်ရှိဟှယ်။ အယ်ခီမာ ပထမဆောင်း ငါ့ဟှို မိန့်တော်မူဇာဟှို ကြားရဟှူ၊ တံပိုးခရာသံမျိုးဖြစ်ဟှူ သံဟှ “အယ်နေရာဟှို တတ်လာလိုက်။ အယ်ဖြစ်ပျစ်လေရဲ့ နော့‑က်မာ ဖြစ်ရဟှို့ဇာလေဟှို နန့်ဟှို ငါပြမယ်။” ဆိုဘီး ပြောဟှယ်။
REV 4:2 အယ်ခီမာ ရှစ်ရှင်းဘဲ ဝိညာဉ်တော်ဟှာ ငါ့ထတ်ဟှို ရော့‑က်လာလေဟှယ်။ ကောန်းဂန်ဘောင်မာ ပလ္လင်တခုရှိဟှယ်။ ပလ္လင်ထတ်မာထိုင်နေဟှူသူ တပါးရှိဟှယ်။
REV 4:3 ထိုင်နေဟှူသူဟှာ နဂါးသွဲ့န ပတ္တမြားက္လော့‑က်နီမျိုး ရောန်ရှိဘီး ပလ္လင်ပတ်ပတ်လည်မာ မြမျိုးဆင်းရောန်ရှိဟှူ သက်တံ့ရှိဟှယ်။
REV 4:4 ပလ္လင်ရဲ့ ပတ်ပတ်လည်မာ တခြားပလ္လင် နှေ့ဆယ်လေးခုရှိဘီး အယ်ပလ္လင်လေထတ်မာ ဖ္လူဟှူဝတ်ရောင်ဟှို ဝတ်ဟှားဘီး ခေါန်းထတ်မာ ရွှေသရဖူဟှို ဆောန်းဟှားဟှူ သတ်ကီးဝါဂီး နှေ့ဆယ့်လေးပါးဟှာ ထိုင်နေဂေ့ဟှယ်။
REV 4:5 ပလ္လင်ထဲဟှ လန့်စစ်ဖ္လတ်ရှင်း၊ မိုးချောင်းသံလေ၊ မိုးကြိုးသံလေ ထွပ်လာဟှယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်ခွန်နစ်ပါးဖြစ်ဟှူ မီးခွပ်ခွန်နစ်လောင်းဟှာ ပလ္လင်ရှေ့မာ တော့‑က်လောန်ဘီး ရှိနေဟှယ်။
REV 4:6 အယ်ဘီးဟှာ ပလ္လင်ရှေ့မာ က္လော့‑က်သလင်းနတူဟှူ ဖန်ရေကန်မျိုးရှိဟှယ်။ ပလ္လင်ရဲ့လယ်နရော၊ ပတ်ပတ်လည်မာရော၊ ရှေ့ဖတ်န နော့‑က်ဖတ်လေမာရော မျစ်စိလေနပ္လဲ့နေဟှူ သတ္တဝါလေးပါးရှိဟှယ်။
REV 4:7 ပထမ သတ္တဝါဟှာ ခြင်္သေ့နတူဘီး ဒုတိယ သတ္တဝါဟှာ နွားသားဂန်းနတူဟှယ်။ တတိယ သတ္တဝါဟှာ လူနတူဟှူ မျစ်နှာရှိဘီး စတုတ္ထ သတ္တဝါဟှာ ပ္လန်နေဟှူ လင်းယောင်နတူဟှယ်။
REV 4:8 အယ်သတ္တဝါ လေးပါးလောင်းဟှာ တောန်ပံခြော့‑က်ခုစိရှိဘီး ပတ်ပတ်လည်န ထဲဖတ်မာ မျစ်စိလေန ပ္လဲ့ဘီးရှိနေဟှယ်။ သူးနို့ဟှာ နေ့ရောညဉ့်ရော နားဘဲန “ထာဝရ ဘုရားသခင်ဟှာ သန့်ရှင်းတော်မူဟှယ်။ သန့်ရှင်းတော်မူဟှယ်။ သန့်ရှင်းတော်မူဟှယ်။ ကိုယ်တော်ဟှာ ခုရှိဘီး ရင်ဟှလဲရှိဟှူ နော့‑က်တခီမာ ကြွလာဟှို့ အနန္တတဂိုးနပ္လဲ့ဇောင်ဟှူ သခင်ဖြစ်ဟှယ်” ဆိုဘီး ပြောဆိုဂေ့ဟှယ်။
REV 4:9 အယ်မျိုး ပလ္လင်ထတ်မာထိုင်ဘီး ကမ္ဘာဆစ်ဆစ်သတ်ရှင်ဟှူ သခင်ရဲ့ ဖောင်းသရေတော်၊ ဂေါင်တော်န ကျေးဇူးတော်လေဟှို သတ္တဝါလေးပါးဟှာ ချီးမွမ်းဂေ့ဟှူ ခီမာ
REV 4:10 သတ်ကီးဟှူသူ နှေ့ဆယ့်လေးပါးဟှာ ပလ္လင်ထတ်မာထိုင်ဟှူ သခင်ရဲ့ရှေ့မာ ပျပ်ဝပ်ဘီးဟှာ ကမ္ဘာဆစ်ဆစ်သတ်ရှင်ဟှူ သခင်ဟှို ကိုးကွယ်ဘီးဟှာ သူးနို့လေရဲ့ သရဖူလေဟှို ပလ္လင်ရှေ့မာ ခ္လဟှားဘီးဟှာ၊
REV 4:11 “ကျွန်တော့်ဟှားလေရဲ့သခင် ဘုရားသခင်ဟှာ ကိုယ်တော်ဟှာ ရှိမျှဂူလောင်းဟှို ဖန်ဆင်းဟှူကြောန့် ကိုယ်တော်ရဲ့ လိုတော်ကြောန့်ဘဲ့ ရှိမျှဂူလောင်းဟှာ သတ်ရှင်ရဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ ဖောင်းသရေတော်၊ ဂေါင်တော်၊ တဂိုးတော်လေဟှို ခံထိုက်ဟှယ်” ဆိုဘီး ပြောဆိုဂေ့ဟှယ်။
REV 5:1 အယ်ဘီးန ပလ္လင်ထတ်မာ ထိုင်ဟှူသခင်ရဲ့ ညာဖတ်လတ်မာ ထဲရောပ္လန်ရော နှေ့ဖတ်လောင်း စာလောင်းလေ ရေးဟှားဘီး၊ မှတ်လတ်ခဏာတန်ဘီး တဇိခွန်နစ်ခုန ပိဟှားဟှူ စာစောန်တစောန် ရှိနေဇာဟှို ငါဟှာ ဗြင်ရဟှယ်။
REV 5:2 အယ်ခီမာ ရရာတိုင်း ခွန်အားကီးဟှူ ကောန်းဂန်တမန်တပါးဟှာ “ဖယ်သူဟှာ အယ်စာစောန်ဟှို ဖွမ့်ဘီး အယ်တဇိလေဟှို ခွာထိုက်နူး” ဆိုဘီး သံက္လယ်ဂီးန ကြေညာနေဇာဟှို ငါဟှာ ဗြင်ရဟှယ်။
REV 5:3 အယ်ဘေမဲ့ ကောန်းဂန်မာဖြစ်စေ၊ မ္လေဂီးထတ်မာဖြစ်စေ၊ မ္လေဂီးအော့‑က်မာဘဲ့ဖြစ်စေ စာစောန်ဟှိုဖွမ့်ဘီး ကေ့နိုင်ဟှူသူ ဖယ်သူလည်း မှေ့ဟှ။
REV 5:4 အယ်စာစောန်ဟှို ဖွမ့်ဘီးဟှာကေ့ဟှို့တွပ် ထိုက်တန်ဟှူသူ ယော့‑က်လည်း တွိဘဲဟှူကြောန့် ငါဟှာ ရရာတိုင်း ငိုဟှယ်။
REV 5:5 အယ်ခီမာ သတ်ကီးဟှူသူ တပါးဟှာ “ငိုန၊ ကေ့ကေ့။ ယုဒမျိုးနွယ်ဟှနေ ပေါ်လာဟှူခြင်္သေ့၊ ဒါဝိဒ်ရဲ့ မူလရင်းမြစ်ဖြစ်ဟှူ သခင်ဟှာ အောန်မြင်ဟှူကြောန့် အယ်စာစောန်န တဇိခွန်နစ်ချစ်ဟှို ဖွမ့်နိုင်ဟှယ်။” ဆိုဘီး ငါ့ဟှိုပြောဟှယ်။
REV 5:6 အယ်ဘီးန သေသတ်ခံဟှားရဟှူ ပေါင်ဖြစ်နေဟှူ သိုးသားဂန်းဟှားဟှာ ပလ္လင်န သတ္တဝါလေးပါးရဲ့ ကြားထဲဟှ သတ်ကီးဟှူ သူလေရဲ့လယ်မာ ရပ်နေဇာဟှို ငါဗြင်ရဟှယ်။ အယ်သိုးသားဂန်းဟှားမာ ချိုခွန်နစ်ရှောန်းန မျစ်စိခွန်နစ်လောင်းရှိဟှယ်။ အယ်မျစ်စိလေဟှာ မ္လေဂီးတဗ္လန်လောင်းဟှို လွှတ်လိုက်ခံရဟှူ ဘုရားသခင်ရဲ့ ဝိညာဉ်ခွန်နစ်ပါး ဖြစ်ဟှယ်။
REV 5:7 သိုးသားဂန်းဟှားဟှာ လာဘီး ပလ္လင်ထတ်မာ ထိုင်နေဟှူသခင်ရဲ့ ညာဖတ်လတ်မာရှိဟှူ စာစောန်ဟှို ယူလိုက်ဟှယ်။
REV 5:8 အယ်စာစောန်ဟှို ယူလိုက်ဟှူ ခီမာ သတ္တဝါလေးပါးန သတ်ကီးဟှူသူ နှေ့ဆယ့်လေးပါးဟှာ သန့်ရှင်းသူလေရဲ့ ဆုတောန်းချစ်လေဖြစ်ဟှူ မီးရှို့ဟှူ နံ့သာပေါန်းန ပ္လဲ့နေဟှူ ရွှေဖလားလေဟှိုရော၊ စောန်းလေဟှိုလည်း ကိုင်ဟှားဂေ့ဘီး သိုးသားဂန်းဟှားရှေ့မာ ပျပ်ဝပ်ဘီး၊
REV 5:9 ကိုယ်တော်ရှင်ဟှာ သေသတ်ရှင်းဟှို ခံရဟှူကြောန့် “တိုင်းနိုင်ငံ ဂူလောင်းမာရှိဟှူ သာသာစကားလေ မျိုးမျိုးပြောဂေ့ဟှူ လူမျိုးလေထဲဟှနေဘီး ကျွန်တော့်ဟှားလေဟှို ယူဘီး၊ သွီးတော်န ဘုရားသခင်တွပ် ဖိုးခပေးဘီး ဝီးကော့‑က်လိုက်ဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ အယ်စာစောန်ဟှို ယူဘီး တဇိလေဟှို ဖွမ့်ထိုက်ဟှူသူ ဖြစ်ပါဟှယ်။
REV 5:10 ကျွန်တော့်ဟှားလေရဲ့ ဘုရားသခင်ရှေ့မာ မန်းဂီးနေနရော၊ ယဇ်ပုရောဟိတ်နေနရော ခန့်ဟှားဘီး၊ မ္လေဂီးထတ်မာ အောက်ချောက်ရဟှူခွမ့်ဟှို ပေးဟှယ်” ဆိုဘီး ချင်းသစ်ဟှို ဆိုဂေ့ဟှယ်။
REV 5:11 အယ်ခီမာ ငါဟှာ ကေ့လိုက်ဟှူ ခီမာ ပလ္လင်ပတ်ပတ်လည်မာရော၊ သတ္တဝါလေးပါးန သတ်ကီးဟှူလူလေရဲ့ ပတ်ပတ်လည်မာရော၊ ရပ်ဘီးနေဟှူ ကောန်းဂန်တမန်လေရဲ့ သံဟှို ကြားရဟှယ်။ အယ်ကောန်းဂန်တမန်လေဟှာ သီးသန်းကုဋေ ကဘဲန ဘောင်ဂီးဘဲ့ရှိဟှယ်။
REV 5:12 သူးနို့ဟှာ “သေသတ်ခံရဟှူ သိုးသားဂန်းဟှားဟှာ တဂိုး၊ စည်းဇိမ်၊ ဉာဏ်ပညာ၊ ခွန်အားစွမ်းရည်၊ ဖောင်းသရေတော်၊ ဖောင်းအာနုဘော်၊ ချီးမွမ်းရှင်းဟှို ခံထိုက်ဟှယ်” ဆိုဘီး သံက္လယ်ဂီးန ပြောဆိုဂေ့ဟှယ်။
REV 5:13 နော့‑က်ထပ် ကောန်းဂန်၊ မ္လေဂီး၊ မ္လေဂီးအော့‑က်ဟှ ပန်လယ်ရဲ့ နေရာတိုင်းမာ သတ္တဝါဂူလောင်းဟှ “ပလ္လင်ထတ်မာ ထိုင်နေဟှူသခင်န သိုးသားဂန်းဟှားဟှာ ကမ္ဘာဆစ်ဆစ် ချီးမွမ်းရှင်းဟှို ခံရပါစေ။ ဖောင်းကီးတော်မူပါစေ” ဆိုဘီး သံက္လယ်ဂီးန ပြောဂေ့ဇာဟှို ငါဟှာ ကြားဟှယ်။
REV 5:14 သတ္တဝါလေးပါးဟှ “အာမင်” ဆိုဘီး ပ္လန်ပြောဂေ့ဟှယ်။ သတ်ကီးဝါဂီးလေဟှလည်း ပျပ်ဝပ်ဘီး ကိုးကွယ်ဂေ့ဟှယ်။
REV 6:1 သိုးသားဂန်းဟှားဟှာ တဇိခွန်နစ်ချစ်မာ ပထမတချစ်ဟှို ဖွမ့်ဟှူ ခီမာ ငါကေ့လိုက်ဟှူ ခီမာ မိုးကြိုးသံနတူဟှူ သံမျိုးန သတ္တဝါလေးပါးထဲမာ တပါးဟှ “လာဂေ့” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 6:2 အယ်ခီမာ ငါကေ့လိုက်ဟှူ ခီမာ ဗြင်းဖ္လူတကောန်ဟှို တွိရဟှယ်။ ဗြင်းစီဟှူသူဟှာ လေးဟှို ကိုင်ဟှားဟှယ်။ သူ့ဟှို သရဖူဟှို ပေးဟှယ်။ သူဟှာ အောန်ဗွဲခံဘီးဟှူသူ နေန အောန်ဗွဲခံဟှို့တွပ် ထွပ်ဟှားဟှယ်။
REV 6:3 သိုးသားဂန်းဟှားဟှာ ဒုတိယတဇိဟှို ဖွမ့်လိုက်ဟှူ ခီမာ ဒုတိယသတ္တဝါဟှ “လာဂေ့” ဆိုဘီး ပြောဇာဟှို ငါကြားဟှယ်။
REV 6:4 အယ်ခီမာ ဗြင်းနီတကောန်ဟှာ ထွပ်လာဘီး စီးဟှူသူဟှာ လူလေဟှို ရှင်းရှင်းသတ်ဂေ့ဟှို့တွပ် မ္လေဂီးထတ်မာ ငြီဝပ်ရှင်းဟှို ရောက်သီးဟှူ ခွမ့်ဟှိုရဟှယ်။ ရရာတိုင်း ကီးဟှူ ထားတလတ်ဟှိုလည်း သူ့ဟှို ပေးလေဟှယ်။
REV 6:5 သိုးသားဂန်းဟှားဟှာ တတိယတဇိဟှို ဖွမ့်လိုက်ဟှူ ခီမာ တတိယသတ္တဝါဟှ “လာဂေ့” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။ ငါဟှာ ကေ့လိုက်ဟှူ ခီမာ ဗြင်းမဲတကောန်ဟှို တွိရဟှယ်။ အယ်ဗြင်းထတ်မာ စီးနေဟှူသူဟှာ သူ့ရဲ့လတ်မာ ခီခွမ်ဟှို ကိုင်ဟှားဟှယ်။
REV 6:6 အယ်ဘီးန သတ္တဝါလေးပါးလယ်ဟှ ထွပ်လာဟှူ စကားသံနတူဟှူ သံဟှ “ဂျောင်ဆန်တခွပ် ဆိုဟှာ ဒေနာရိတပြား၊ မုယောဆန်သောင်းခွပ် ဆိုဟှာ ဒေနာရိတပြားဖြစ်ဟှယ်။ ဆီန စဗျစ်ဝိုင်ဟှို ပျစ်စီးစေန” ဆိုဇာဟှို ငါကြားရဟှယ်။
REV 6:7 သိုးသားဂန်းဟှားဟှာ စတုတ္တတဇိဟှို ဖွမ့်လိုက်ဟှူ ခီမာ စတုတ္တသတ္တဝါဟှ “လာဂေ့” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 6:8 ငါကေ့လိုက်ဟှူ ခီမာ ဗြင်းမွဲတကောန်ဟှို တွိရဟှယ်။ အယ်ဗြင်းထတ်မာ စီးနေဟှူသူဟှာ သေမန်း ဆိုဘီး နာမယ်ဖြစ်ဟှယ်။ သူ့ရဲ့နော့‑က်မာ မရဏာနိုင်ငံဟှာ လိုက်လာဟှယ်။ သူးနို့ဟှာ ထားဘေးနရော၊ ငတ်မွတ်ခေါန်ပါးဟှူ ဘေးနရော၊ သေဘေးနရော၊ မ္လေဂီးထတ်မာရှိဟှူ သားရဲလိဆန်ဘေးနရော လူလေဟှို သတ်ဟှို့တွပ် မ္လေဂီးရဲ့ လေးပေါင်တပေါင် ခွမ့်အာဏာဟှို ရဂေ့ဟှယ်။
REV 6:9 သိုးသားဂန်းဟှားဟှာ ပဉ္စမတဇိဟှို ဖွမ့်လိုက်ဟှူ ခီမာ ဘုရားသခင်ရဲ့ စကားတော်နရော၊ သစ်စာရှိဟှူ သတ်သေခံချစ်နရော၊ သေသတ်ခံရဟှူ သူလေရဲ့ ဝိညာဉ်လေဟှို ယဇ်ပလ္လင်အော့‑က်မာ ငါဗြင်ရဟှယ်။
REV 6:10 အယ်လူလေဟှာ “သန့်ရှင်း ဖြောန့်မတ်မှန်ကန်ဘီး စိုးပိုင်တော်မူဟှူ သခင်၊ ကျွန်တော့်လေရဲ့ သွီးတွပ် မ္လေဂီးထတ်မာ နေဂေ့ဟှူလူလေဟှို တရားစီရင်ဘဲန၊ ကလဲ့စားချေဘဲန ဖယ်မျှထိကြာအောန် နေဟှို့နူး” ဆိုဘီး သံက္လယ်ဂီးန အော်ပြောဂေ့ဟှယ်။
REV 6:11 အယ်ခီမာ သူးနို့လေဟှို ဝတ်လောင်ဖ္လူဟှို ပေးဘီးဟှာ သူးနို့မျိုးဘဲ့ သေသတ်ခံရဟှို့ မှုဆောန်ဟှူ ညီကို မောန်နှမလေ ရေတွပ်တိုင်း ပ္လဲ့ဇောင်ဟှို့ခီထိ ရှစ်ဟှားနားယူဂေ့ဟှို့တွပ် သူးနို့လေဟှို မိန့်တော်မူဟှယ်။
REV 6:12 သိုးသားဂန်းဟှားဟှာ ဆဋ္ဌမ တဇိဟှို ဖွမ့်လိုက်ဟှူ ခီမာ ငလျင်ဟှာ ပြင်းပြင်ထန်းထန်ဟှား လှောက်ဟှူကြောန့် နေဟှာ ဘဲ့မွီးန လောက်ဟှားဟှူ ဝတ်ကြမ်းမျိုး မဲဟှားဘီး လဟှလည်း သွီးမျိုး ဖြစ်ဟှားဟှယ်။
REV 6:13 ကောန်းဂန်ဟှ ကြယ်လေဟှာ ရရာတိုင်း ပြင်းဟှူလေ လှောက်ဟှူ ခီမာ သဖန်းဗန်ဟှ သီးစီးလေဟှ ကွီက္လမျိုးဘဲ့ မ္လေဂီးထတ်ဟှို က္လဂေ့ဟှယ်။
REV 6:14 ကောန်းဂန်ဟှလည်း စာစောန်ဟှို လိလိုက်ဟှူမျိုး ပျော့‑က်ဟှားဘီး တောန်န ကျွန်းရှိမျှဟှာ သူးနို့နေရာဟှနေဘီး ဝိဟှားဂေ့ဟှယ်။
REV 6:15 အယ်ခီမာ မ္လေဂီးမာရှိဟှူ မန်းဂီးလေ၊ အာဏာပိုင်လေ၊ စစ်ဗိုလ်ချူပ်လေ၊ ဌေးလေ၊ ခွန်အားကီးဟှူ သူလေန ကျွန်န လွတ်လတ်ဟှူ သူလေ ရှိမျှဟှာ လှိုင်ဂူလေမာရော၊ တောန်လေထတ်မာ က္လော့‑က်ဆောန် ကြားလေမာရော ပူးနေဘီးဟှာ
REV 6:16 တောန်လေန က္လော့‑က်ဆောန်လေဟှို “နို့လေထတ်ဟှို ပြိုက္လဘီးဟှာ ပလ္လင်ထတ်မာ ထိုင်ဟှူ သခင်ရဲ့ မျစ်နှာတော်န သိုးသားဂန်းဟှားရဲ့ မျစ်ဒေါသဟှနေဘီး နို့လေဟှို ဖောင်းဘီးကွယ်ဂေ့ပါ။
REV 6:17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်သခင်လေရဲ့ မျစ်ဒေါသ ထန်ရှားဟှူ နေ့ရစ်ဂီးဟှာ က္လလာဘီး ဖြစ်ဟှူကြောန့် ဖယ်သူဟှ ခံနိုင်ဟှို့နူး” ဆိုဘီး ပြောဂေ့ဟှယ်။
REV 7:1 အယ်ဘီးန ကောန်းဂန်တမန် လေးပါးဟှာ မ္လေဂီးရဲ့ ဒေါ့‑က်လေးဒေါ့‑က်မာ ရပ်ဘီးဟှာ မ္လေဂီးထတ်ဟှိုရော၊ ပန်လယ်ထတ်ဟှိုရော၊ သစ်ပန်ရှိမျှ ထတ်ဟှိုရော၊ လေတိုက်ဘဲဟှို့တွပ် မ္လေဂီးလေးဖတ်ဟှ လေဟှို ထီးချောက်ဟှားဟှူ ဇာဟှို ငါဗြင်ရဟှယ်။
REV 7:2 နော့‑က်တခါ တခြား ကောန်းဂန်တမန် တပါးဟှာ သတ်ရှင်ဟှူ ဘုရားသခင်ရဲ့ တဇိဟှို ကိုင်ဘီးဟှာ နေထွပ်လာဟှူ နေရာဟှနေဘီး တတ်လာဇာဟှို ငါဗြင်ရဟှယ်။ အယ်ဘီးန ကောန်းဂန်တမန် တပါးဟှ မ္လေဂီးန ပန်လယ်လေဟှို ဘေးရော့‑က်စေဟှို့တွပ် ခွမ့်ရဟှားဟှူ ကောန်းဂန်တမန် လေပါးဟှို၊
REV 7:3 “နို့လေရဲ့ ဘုရားသခင်ဟှို စေခံဟှူ သူလေရဲ့ ဖူးမာ တဇိခတ်ဇာ မပီးမချင်း မ္လေဂီး၊ ပန်လယ်န သစ်ပန်လေဟှို ဘေးဒေါက်ခ ဖြစ်စေန” ဆိုဘီး သံက္လယ်ဂီးန အော်ပြောဟှယ်။
REV 7:4 အယ်ဘီးန တဇိခတ်ခံရဟှူ သူလေရဲ့ ရေတွပ်ဟှို ငါကြားဟှယ်။ ဣသရေလ လူမျိုးလေရဲ့ မျိုးနွယ်ထဲမာ ၁၄၄,၀၀၀ လေဟှာ တဇိခတ်ရှင်းဟှို ခံရဂေ့ဟှယ်။
REV 7:5 ယုဒမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ တဇိခတ်ခံရဘီး၊ ရုဗင်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ ဂဒ်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊
REV 7:6 အာရှာမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ နဿလိမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ မနာရှေမျိုးနွယ်ထဲမာ ၁၂,၀၀၀၊
REV 7:7 ရှိမောင်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ လေဝိမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ ဣသခါမျိုးနွယ်ထဲမာ ၁၂,၀၀၀၊
REV 7:8 ဇာဗုလုန်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ ယောသပ်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ ဗင်္ယာမိန်မျိုးနွယ်ထဲမာ ၁၂,၀၀၀ လေဟှာ တဇိခတ်ဇာဟှို ခံရဂေ့ဟှယ်။
REV 7:9 အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ လူမျိုးလေန ဘာသာစကား ဘောန်းဇောင်ပြောဟှူ သူလေထဲဟှနေဘီး ဖယ်သူလည်း ရေဟှို့နိုင်ဘဲဟှူ လူအောက်ဂီးဟှာ ဝတ်လောင်ဖ္လူဟှို ဝတ်ဟှားဘီး သူးနို့လတ်မာ စွန်ပလွံခတ်လေဟှိုလည်း ကိုင်ဟှားဂေ့ဘီးဟှာ ပလ္လင်န သိုးသားဂန်းဟှားရှေ့မာ ရပ်နေဂေ့ဟှယ်။
REV 7:10 သူးနို့ဟှ၊ “ကယ်တန်ရှင်း ကျေးဇူးဟှာ ပလ္လင်ထတ်မာ ထိုင်ဟှူ နို့လေရဲ့ ဘုရားသခင်န သိုးသားဂန်းမာ ရှိဟှယ်” ဆိုဘီး ရရာတိုင်း က္လယ်ဟှူ သံန အော်ပြောဂေ့ဟှယ်။
REV 7:11 ကောန်းဂန်တမန် ဂူလောင်းဟှ ပလ္လင်မာရော၊ သတ်ကီးဝါဂီးလေန သတ္တဝါ လေးပါးလေရဲ့ ပတ်ပတ်လည်မာရော ရပ်နေဂေ့ဟှယ်။ သူးနို့လေဟှာ ပလ္လင်ရှေ့မာ ဘုရားသခင်ဟှို ပျပ်ဝပ်ကိုးကွယ်ဘီး၊
REV 7:12 သူးနို့ဟှာ၊ “အာမင် ကောန်းဂျီးမင်္ဂလာ၊ ဖောင်းသရေတော်၊ ဉာဏ်ပညာ၊ ကျေးဇူးတော် ချီမွမ်းရှင်း၊ ဂေါင်တော်၊ တဂိုးန စွမ်းသတ်တိလေဟှာ နို့လေ ဘုရားသခင်မာ ကမ္ဘာဆစ်ဆစ် ရှိပါစေ။ အာမင်!” ဆိုဘီး ပြောဆိုဂေ့ဟှယ်။
REV 7:13 အယ်ဘီးန သတ်ကီးဝါဂီးလေထဲဟှ တပါးဟှာ “ဝတ်လောင်ဖ္လူဟှို ဝတ်ဟှားဟှူ သူလေဟှာ ဖယ်သူလေနူး။ ဖယ်နေရာဟှ လာဂေ့နူး” ဆိုဘီး ငါ့ဟှို မေးဟှယ်။
REV 7:14 ငါဟှလည်း “သခင်၊ ကိုယ်တော်ဟှဘဲ့ သိဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်ဟှူ ခီမာ အယ်သူဟှ၊ “အယ်လူလေဟှာ ရရာတိုင်း ကီးဟှူ ဆင်းရဲဒေါက်ခထဲဟှ ထွတ်လာဟှူ သူလေ ဖြစ်ဂေ့ဟှယ်။ သူးနို့လေဟှာ ကိုယ့်ရဲ့ ဝတ်လောင်လေဟှို သိုးသားဂန်းဟှားရဲ့ သွီးအားဖြင့် လျှော်ဘီးဟှာ ဖ္လူစေဟှားဂေ့ဟှယ်။
REV 7:15 အယ်ကြောန့်၊ “သူးနို့လေဟှာ ဘုရားသခင်ရဲ့ ပလ္လင်ရှေ့မာ နေရာရဘီး ဗိမာန်တော်မာ ဘုရားသခင်ရဲ့ ဝတ်ဟှို နေ့ညမပြတ်ဘဲ စေခံဂေ့ဟှယ်။ ပလ္လင်ထတ်မာ ထိုင်နေဟှူ သူဟှာ သူးနို့လေနတူးဒူး ရှိဘီး ကာကွယ် စောန့်ရှော့‑က်လေ့မယ်။
REV 7:16 သူးနို့ဟှာ နော့‑က်တခါ ရေလေ၊ စားဇာလေ ငတ်ရဟှို့ မှုဟှ။ နေရောန်လည်း ထိရဟှို့ မှုဟှ၊ ဖြားပူဒန်ဟှိုလည်း ခံရဂေ့ဟှ။
REV 7:17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပလ္လင်လယ်မာ ရှိဟှူ သိုးသားဂန်းဟှားဟှာ သူးနို့လေဟှို လောက်ကျွေးဘီး သတ်စမ်းရေဒွမ်းဟှို လမ်းပြလေ့မယ်။ ဘုရားသခင်ဟှလည်း သူးနို့လေရဲ့ မျစ်စိမာရှိဟှူ မျစ်ရယ်ရှိမျှဟှို သုပေးမယ်” ဆိုဘီး ပြောလေဟှယ်။
REV 8:1 သိုးသားဂန်းဟှား သတ္တမဇိဟှို ဖွမ့်လိုက်ဟှူ ခီမာ ကောန်းဂန်ဘောင်မာ နာရီဝပ်လော့‑က် တိတိဆိဆိဟှား ဖြစ်ဟှားဟှယ်။
REV 8:2 အယ်ဘီးန ဘုရားသခင်ရဲ့ ရှေ့မာ ရပ်နေဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးဟှို ငါဗြင်ဟှယ်။ သူးနို့လေဟှို တံပိုးခရာ ခွန်နစ်လောင်းဟှို ပေးဟှယ်။
REV 8:3 တခြား ကောန်းဂန်တမန် တပါးဟှာ လာဘီးဟှာ ရွှေလန်းဗန်းဟှို ကိုင်ဘီး ယဇ်ပလ္လင်နားမာ ရပ်နေဟှယ်။ ပလ္လင်ရှေ့မာ ရှိဟှူ ရွှေယဇ်ပလ္လင်ထတ်မာ သန့်ရှင်းဟှူ သူလေဟှာ ဆုတောန်းရှင်းနတူးဒူ ဆစ်ကပ်ဘီး မီးရှို့ဟှူ နံ့သာပေါန်းလေဟှို ပေးလိုက်ဟှယ်။
REV 8:4 နံ့သာပေါန်းရဲ့ မီးခီုးလေဟှာ သန့်ရှင်းသူလေရဲ့ ဆုတောန်းရှင်းနတူးဒူ ကောန်းဂန်တမန်ရဲ့ လတ်ထဲဟှနေဘီး ဘုရားသခင်ရဲ့ ရှေ့ဟှို တတ်ဟှားလေဟှယ်။
REV 8:5 အယ်ဘီးန ကောန်းဂန်တမန်ဟှာ လန်းဗန်းဟှို ယူဘီး ယဇ်ပလ္လင်ရဲ့ မီးန ပ္လဲ့စေဘီး မ္လေဂီးထတ်ဟှို ခ္လလိုက်ဟှူ ခီမာ သံဗြယ်ရှင်း၊ မိုးချောင်းရှင်း၊ လန့်စစ်ဖ္လတ်ရှင်း၊ မ္လေဂီးလှောက်ရှင်းလေ ဖြစ်ဂေ့ဟှယ်။
REV 8:6 အယ်ဘီးန တံပိုးခွန်နစ်လောင်းရှိဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးဟှာ တံပိုးမှုဟှို့တွပ် ပြင်ဆင်ဂေ့ဟှယ်။
REV 8:7 ပထမ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ မိုးသီးလေ ဖြစ်ဟှားဟှယ်။ သွီးန ရောနေဟှူ မီးမျိုးဖြစ်ဟှယ်။ မ္လေဂီးထတ်ဟှို ခ္လလိုက်ဟှူ ခီမာ မ္လေသောင်းစုတစု၊ သစ်ပန် သောင်းစုတစု၊ စီးဟှူ ဗြစ်ပန် ရှိမျှလေဟှာ လောန်ဟှားလေဟှယ်။
REV 8:8 ဒုတိယ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ မီးလောန်နေဟှူ၊ ရရာတိုင်း ကီးဟှူ တောန်ဟှို ပန်လယ်ထဲဟှို ခ္လလိုက်ဟှူ ခီမာ ပန်လယ် သောင်းစု တစုဟှာ သွီးဖြစ်ဟှားဟှယ်။
REV 8:9 ပန်လယ်မာ သတ်ရှင်ဟှူ သတ္တဝါ သောင်းစု တစုဟှာ သေဟှားဟှယ်။ သန်းဖော သောင်းစု တစုလည်း ပျစ်စီးဟှားဟှယ်။
REV 8:10 တတိယ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ မီးတိုင်မျိုး ရရာတိုင်း လန်းဟှူ ကြယ်ဂီး တလောင်းဟှာ ကောန်းဂန်ဟှ က္လဘီး မ္လစ်သောင်းစု တစုဟှိုရော၊ စမ်းရေဒွမ်းလေနားဟှိုရော ရော့‑က်ဟှားဟှယ်။
REV 8:11 အယ်ကြယ်ဟှာ ဒေါန ဆိုဘီး နာမယ်ရှိဟှယ်။ ရေသောင်းစု တစုဟှာ ဒေါနဖြစ်ဘီး အယ်ခါးဟှူ ရေဟှို သော့‑က်ဟှူကြောန့် လူလေဟှာ သေဂေ့ဟှယ်။
REV 8:12 စတုတ္ထ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ နေသောင်းစု တစု၊ လသောင်းစု တစု၊ ကြယ်သောင်းစု တစုဟှာ ကြတ်ဟှားဘီး မိုက်ဟှားဟှယ်။ နေ့သောင်းစု တစုန ညဉ့်သောင်းစု တစုဟှလည်း လန်းရောန်ဟှို ရဂေ့ဟှမ်း။
REV 8:13 အယ်ဘီးန ငါကေ့ဟှူ ခီမာ လင်းယောင် တကောန်ဟှာ ကျန်နေဟှူ ကောန်းဂန်တမန် သောင်းပါးရဲ့ တံပိုးမှုဟှူ သံကြောန့် မ္လေဂီးသားလေဟှာ အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ ရှိဂေ့ဟှယ် ဆိုဘီး ကောန်းဂန်လယ်မာ ပ္လန်နေဘီး သံက္လယ်ဂီးန ပြောနေဇာဟှို ငါကြားရဟှယ်။
REV 9:1 ပဉ္စမ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ ကြယ်တလောင်းဟှာ ကောန်းဂန်ဟှနေ မ္လေဂီးထတ်ဟှို က္လလာဇာဟှို ငါဗြင်ဟှယ်။ သူ့ဟှို နတ်ဆောင်းတွမ်းရဲ့ သော့‑က်ဟှို ပေးလိုက်ဟှယ်။
REV 9:2 သူဟှာ နတ်ဆောင်းတွမ်းရဲ့ သော့‑က်ဟှို ဖွမ့်လိုက်ဟှူ ခီမာ မီးဖိုဂီးတခုရဲ့ မီးခိုးလေမျိုး အယ်တွမ်းထဲဟှ တတ်လာဘီး အယ်နတ်ဆောင်းတွမ်းဟှ မီးခိုးလေကြောန့် နေန အာကာသလေဟှာ မှောန်ဟှားလိုက်ဟှယ်။
REV 9:3 အယ်ဘီးန အယ်မီးခိုးလေထဲမာ ကျိုင်းကောန်လေဟှာ မ္လေဂီးထတ်ဟှို ထွပ်လာဂေ့ဟှယ်။ သူးနို့ဟှာ မ္လေဂီးမာရှိဟှူ ကန်းမီးဂေါ့‑က်လေရဲ့ တဂိုးလေမျိုး ရဂေ့ဟှယ်။
REV 9:4 မ္လေဂီးထတ်မာရှိဟှူ ဗြက်ပန်လေန စီးဟှူသစ်ပန်ဂီ၊ သစ်ပန်ငယ် ရှိမျှလေဟှို ဘေးလေဖြစ်စေဘဲ ဖူးမာ ဘုရားသခင်ရဲ့ ဇိမှေ့ဘဲ့ဟှူ သူလေဟှိုဘဲ့ ဘေးဖြစ်စေဟှို့တွပ် သူးနို့ဟှို မှာဟှားဟှယ်။
REV 9:5 အယ်လူလေဟှို သေသတ်ဘဲန ငါးလလောင်းလောင်း ညှဉ်းဆဲဟှို့ခွမ့်ဟှို ပေးဟှားဟှယ်။ အယ်ကျိုင်းကောန်ရဲ့ ညှဉ်းဆဲရှင်းကြောန့် ခံရဟှူ ဝေဒနာဟှာ လူဟှို ကန်းမီးဂေါ့‑က် ထိုးခံရဟှူ ခီမာ နာဟှူဝေဒနာန တူဟှယ်။
REV 9:6 အယ်နေ့ရစ်လေမာ လူလေဟှာ သေမန်းဟှို ရှာဂေ့လေ့မယ်။ အယ်ဘေမဲ့ တွိရဂေ့ဟှ။ ရရာတိုင်း သေရှင်ဘေမဲ့ သေရှင်းဟှာ သူးနို့နားဟှနေ ထွပ်ပ္လေးဟှားလေ့မယ်။
REV 9:7 အယ်ကျိုင်းကောန်လေရဲ့ သဏ္ဌာန်ဟှာ စစ်ပွဲတွပ် ပြင်ဟှားဟှူ စစ်ဗြင်းနတူဟှယ်။ သူးနို့ရဲ့ ခေါန်းထတ်မာ ရွှေသရဖူလေ ဆောန်းဟှားဟှူဇာနတူဘီး သူးနို့ရဲ့ မျစ်နှာလေဟှာ လူမျစ်နှာနတူဟှယ်။
REV 9:8 သူးနို့မာ မီးမဆန်းဗန်နတူဟှူ ဆန်းဗန်ရှိဘီး သူးနို့သွားဟှာ ခြင်္သေ့သွားမျိုး ဖြစ်ဟှယ်။
REV 9:9 သူးနို့မာ သံရင်အောက်တဇာနတူဟှူ ရင်အောက်တဇာရှိဘီး သူးနို့ရဲ့ တောန်ပံခတ်လိုက်ဟှူသံဟှာ စစ်ပွဲဟှိုပ္လေးဟှားဟှူ ရရာတိုင်းများဟှူ ဗြင်းရထားရဲ့ သံနတူဟှယ်။
REV 9:10 သူးနို့လေမာ ကန်းမီးဂေါ့‑က်မျိုး ဆူးပါဟှူဗွီးရှိဘီး အယ်ဗွီးန လူလေဟှို ငါးလလောင်းလောင်း ဘေးဖြစ်စေနိုင်ဟှူ တဂိုးရှိဟှယ်။
REV 9:11 သူးနို့ရဲ့ မန်းဂီးဟှာ နတ်ဆောင်းတွမ်းရဲ့ စေတမန်ဖြစ်ဟှယ်။ အယ်သူရဲ့ နာမယ်ဟှာ ဟေဗြဲစကားအားဖြင့် အဗဒ္ဒုန် (ဓိပါယ်ဟှ “ဖျစ်ဆီးရှင်း”) ဖြစ်ဘီး ဂရိစကားအားဖြင့် အပေါလျူန် (ဓိပါယ်ဟှ “ဖျစ်ဆီးမား”) ဆိုဘီး ဖြစ်ဟှယ်။
REV 9:12 ပထမ အမင်္ဂလာဟှာ လွန်ဟှားဘီ။ နော့‑က်ထပ် အမင်္ဂလာ နှေ့ပါးလာအူးမယ်။
REV 9:13 ဆဋ္ဌမ ကောန်းဂန်တမန်ဟှာ တံပိုးမှုလိုက်ဟှူ ခီမာ ဘုရားသခင်ရဲ့ ရှေ့မာရှိဟှူ ရွှေယဇ်ပလ္လင်ရဲ့ ချိုလေးရှောန်းနားဟှ ထွပ်လာဟှူ သံဟှ၊
REV 9:14 အယ်တံပိုးရှိဟှူ ဆဋ္ဌမ ကောန်းဂန်တမန်ဟှို “ရရာတိုင်း ကီးဟှူ ဥဖရတ်မြစ်နားဟှ ခယ်ဟှားဟှူ ကောန်းဂန်တမန်လေးပါးဟှို လွှတ်လိုက်ပါ” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 9:15 အယ်ခီမာ အယ်နှစ်၊ အယ်လ၊ အယ်ရစ်၊ အယ်နာရီတွပ် ပြင်ဆင်ဟှားဟှူ ကောန်းဂန်တမန်လေးပါးဟှာ လူသောင်းစုတစုဟှို သတ်ဟှို့တွပ် လွှတ်ပေးရှင်းဟှို ခံရဟှယ်။
REV 9:16 ဗြင်းစီးသူ ဦးရေဟှ ကုဋေပေါန်းနှေ့ဆယ် ဖြစ်ဟှယ် ဆိုဘီး သူးနို့လေဟှ ရေနေဇာဟှို ငါကြားရဟှယ်။
REV 9:17 ဗျာဒိတ်ရူပါရောင်မာ ငါဗြင်ရဟှူ ဗြင်းစီးဟှူ သူရဲလေဟှာ မီးတော့‑က်နေဟှူရောန်၊ နတ်ပြာရောန်၊ ကန့်မျိုးဖြစ်ဟှူ ဝါရောန် ရင်အောက်တဇာလေ ရှိဂေ့ဟှယ်။ ဗြင်းလေရဲ့ခေါန်းဟှ ခြင်္သေ့ခေါန်းနတူဘီး သူးနို့လေရဲ့ ဇပ်ပေါ့‑က်ထဲဟှ မီးတော့‑က်နေဟှူ မီးခိုးန ကန့်လေထွပ်နေဟှယ်။
REV 9:18 သူးနို့ရဲ့ ဇပ်ပေါ့‑က်ထဲဟှထွပ်ဟှူ မီး၊ မီးခိုးန ကန့်လေဟှနေဖြစ်လာဟှူ ဘေးဒန်သောင်းခုကြောန့် လူလေ သောင်းစုတစု သေဂေ့ဟှယ်။
REV 9:19 ဗြင်းလေရဲ့ တဂိုးဟှာ သူးနို့လေရဲ့ ဇပ်ပေါ့‑က်န ဗွီးမာရှိဟှယ်။ သူးနို့ရဲ့ ဗွီးဟှာ ဗွီနတူဟှူ ခေါန်းရှိဘီးဟှာ အယ်ခေါန်းနဘဲ့ လူလေဟှို ဘေးဒန်ရော့‑က်စေဟှယ်။
REV 9:20 အယ်ဘေးဒန်လေကြောန့် သေဘဲန ကျန်နေဟှူ သူလေဟှာ နတ်ဆိုးလေဟှိုရော၊ ရွှေ၊ ငွေ၊ ကြေးနီ၊ က္လော့‑က်၊ သစ်သားလေန လောက်ဟှားဟှူ ဗြင်နိုင်ဘဲ၊ ကြားနိုင်ဘဲ၊ လမ်းရှော့‑က်နိုင်ဘဲဟှူ ရောက်ထုလေဟှိုရော၊ ကိုယ့်လတ်န လောက်ဟှားဟှူဇာလေဟှို ကိုးကွယ်ဘဲန နေဟှို့တွပ် နောန်ဒရဂေ့ဟှ။
REV 9:21 လူသတ်ရှင်း၊ ပြုစားရှင်း၊ တရားဘဲဟှူ မေထုန်လောက်ရှင်းန ခိုးရှင်းလေတွပ်လည်း နောန်ဒရဘဲန နေဂေ့ဟှယ်။
REV 10:1 အယ်ဘီးန ခွန်အားကီးဟှူ ကောန်းဂန်တမန်တပါးဟှာ မိုးတီဟှို ခြောင်ဘီး ကောန်းဂန်ဟှ ဆင်းလာဇာဟှို ငါဗြင်ရဟှယ်။ သူ့ရဲ့ ခေါန်းထတ်မာ သက်တံ့ရှိဘီး သူ့ရဲ့ မျစ်နှာဟှာ နေမျိုးဖြစ်ဘီး သူ့ရဲ့ ခေဟှာလည်း မီးခဲတိုင်မျိုး ဖြစ်ဟှယ်။
REV 10:2 သူ့ရဲ့လတ်မာ ဖွမ့်ဟှားဟှူ စာစောန်ငယ်ဟှား တခုရှိဟှယ်။ သူ့ရဲ့ ဘယ်ခေဒေါ့‑က်ဟှို ပန်လယ်ထတ်မာန ညာခေဒေါ့‑က်ဟှို ကူးထတ်မာ ခ္လဟှားဟှယ်။
REV 10:3 ခြင်္သေ့ဟောန်မျိုး ရရာတိုင်း က္လယ်ဟှူသံန ကြွေးကြော်ဟှယ်။ အယ်မျိုး ကြွေးကြော်ဟှူ ခီမာ မိုးချောက်ဟှူသံ ခွန်နစ်ချစ်ဟှာ ဗြယ်လေဟှယ်။
REV 10:4 မိုးချောက်ဟှူသံ ခွန်နစ်ချစ် ဗြယ်ဟှူ ခီမာ၊ ငါဟှာ ရေးဘီးမှတ်ဟှို့ လောက်နေဟှူ ခီမာ ကောန်းဂန်ဟှ သံဟှ “မိုးချောက်ဟှူသံ ခွန်နစ်ချစ် ဗြယ်ဟှူဇာဟှို ဇိခတ်ဟှား။ အယ်ဇာလေဟှို ရေးဟှားန” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 10:5 အယ်ခီမာ ပန်လယ်န ကူးထတ်မာ ရပ်နေဟှူဇာဟှို ငါဗြင်ရဟှူ ကောန်းဂန်တမန်ဟှ သူ့ရဲ့ ညာလတ်ဟှို ကောန်းဂန်ဟှို မ္လောက်ဘီး၊
REV 10:6 ကမ္ဘာဆစ်ဆစ် သတ်ရှင်ဘီး ကောန်းဂန်န ကောန်းဂန်မာ ရှိဟှူဇာလေဟှိုရော၊ မ္လေဂီးန မ္လေဂီးမာရှိဟှူ ဇာလေဟှိုရော ဖန်ဆင်းဟှူ သခင်ဟှို တိုင်တယ်ဘီး “ခီကာလဟှာ ကြာဟှို့ မှုဘီ။
REV 10:7 သတ္တမ ကောန်းဂန်တမန် မှုရဟှို့ တံပိုးမှုသံဗြယ်ဟှူ နေ့ရစ်ကာလမာ ဘုရားသခင်ရဲ့ နတ်နဲဟှူဇာဟှာ သူ့ရဲ့ စေခံ ပရောဖက်လေဟှို ပြောဟှားဟှူ ဒန်းကောန်းတိုင်းဘဲ့ ပီးဟှားလေ့မယ်” ဆိုဘီး ပြောဟှယ်။
REV 10:8 အယ်ဘီးန ငါကြားရဟှူ ကောန်းဂန်ဟှ သံဟှ “ပန်လယ်န ကူးထတ်မာ ရပ်နေဟှူ ကောန်းဂန်တမန်ရဲ့ လတ်မာရှိဘီး ဖွမ့်ဟှားဟှူ စာစောန်ဟှို သွားယူလိုက်” ဆိုဘီး ငါ့ဟှို ပ္လန်ဘီးပြောဟှယ်။
REV 10:9 အယ်ကြောန့် ငါဟှာ ကောန်းဂန်တမန်နားဟှို သွားဘီး စာစောန်ငယ်ဟှို ငါ့ဟှို ပေးဟှို့တွပ် တောန်းလိုက်ဟှူ ခီမာ သူဟှ “စာစောန်ဟှို ယူဘီး စားလိုက်ပါ။ အယ်ဇာဟှာ နန့်ရဲ့ ဝန်းထဲမာ ခါးဘေမဲ့ နန့်ရဲ့ ဇပ်ပေါ့‑က်ထဲမာ ပျားရယ်မျိုး ရှိုလေ့မယ်” ဆိုဘီး ငါ့ဟှို ပြောဟှယ်။
REV 10:10 ငါဟှလည်း ကောန်းဂန်တမန်ရဲ့ လတ်ဟှ စာစောန်ငယ်ဟှို ယူဘီး စားလိုက်ဟှူ ခီမာ ငါ့ရဲ့ ဇပ်ပေါ့‑က်ထဲမာ ပျားရယ်မျိုးရှိုဘေမဲ့ စားဘီးန ငါ့ရဲ့ဝန်းထဲမာ ခါးလေဟှယ်။
REV 10:11 အယ်ခီမာ နန်ဟှာ ရရာတိုင်း များဟှူလူမျိုး၊ တိုင်းနိုင်ငံလေ၊ ဘာသာစကား ဘောန်းဇောင်ပြောဟှူ လူမျိုးလေ၊ မန်းဂီးလေန ပတ်သတ်ဘီး နော့‑က်ထပ် ပရောဖက်ပြုဘီး ဟောပြောရမယ် ဆိုဘီး ငါဟှို ပြောလေဟှယ်။
REV 11:1 အယ်ဘီးန တောန်အူးန တူဟှူတိုင်းဇာ ကျူးရိုးတရှောန်းဟှို ငါ့ဟှို ပေးဘီးဟှာ “ထဘီး ဘုရားသခင်ရဲ့ ဗိမာန်တော်န ယဇ်ပလ္လင်ဟှို တိုင်းဘီးဟှာ အယ်နေရာမာ ဝတ်ပြုကိုးကွယ်နေဟှူ သူလေဟှို ရေလိုက်ပါ။
REV 11:2 အယ်ဘေမဲ့ ဗိမာန်တော်ရဲ့ ခြံဝမ်း ပ္လန်ဖတ်မာရှိဟှူ တံဒိုင်းဟှာ လူမျိုးခြားလေဟှို ပေးဟှားဟှူကြောန့် တိုင်းဘဲန ချန်ဟှားလိုက်။ အယ်သူလေဟှာ သန့်ရှင်းဟှူ ဗြို့ဟှို လေးဆယ်နှေ့လ လောင်းလောင်း ခေန နန်းဂေ့လေ့မယ်။
REV 11:3 အယ်ခီမာ ငါဟှာ ငါ့ရဲ့ သတ်သေခံနှေ့ပါးဟှို လွှတ်မယ်။ သူးနို့ဟှာ ဝတ်ကြမ်းဟှို ဝတ်ဘီးဟှာ ရစ်ပေါန်း ၁,၂၆၀ လောင်းလောင်း ပရောဖက်ပြုဘီးဟှာ ဟောပြောဂေ့လေ့မယ်” ဆိုဘီး ပြောဟှယ်။
REV 11:4 အယ်လူလေဟှာ မ္လေဂီးရဲ့ သခင်ရှေ့မာ ရှိဟှူ သံလွင်ပန်နှေ့ပန်န ဆီမီးခွပ် နှေ့လောင်းဖြစ်ဂေ့ဟှယ်။
REV 11:5 တယော့‑က်ယော့‑က်ဟှာ သူးနို့ဟှို ညှဉ်းဆဲပေးဟှို့ လောက်ဟှယ် ဆိုဟှာ သူးနို့ရဲ့ ဇပ်ပေါ့‑က်ထဲဟှ မီးထွတ်လာဘီးဟှာ သူးနို့ရဲ့ ရန်သူလေဟှို လောန်စေဟှယ်။ တယော့‑က်ယော့‑က်ဟှ သူးနို့ဟှို ညှဉ်းဆဲဟှယ် ဆိုဟှာ သေသတ်ဇာဟှို ခံရမယ်။
REV 11:6 သူးနို့ ပရောဖက်ပြုဘီး ဟောပြောဟှူ နေ့ရစ်လေမာ မိုးဝါဘဲဟှို့တွပ် ကောန်းဂန်ဟှို ပိဟှားနိုင်ဟှူ ခွမ့်ရှိဘီး ရေဟှို သွီးမျိုး ဖြစ်ဟှို့တွပ် ပ္လောန်းလဲနိုင်ဟှို့ ခွမ့်ရဘီး သူးနို့လိုရှင်ဟှူ ခီတိုင်း မ္လေဂီးဟှို ဘေးဒန်ဘောန်းဇောင်န ဒန်ခတ်နိုင်ဟှူ ခွမ့်လေရှိဂေ့ဟှယ်။
REV 11:7 သူးနို့လေဟှာ သတ်သေခံဘီးန နတ်ဆောင်းတွမ်းထဲဟှ တတ်လာဟှူ သားရဲလိဆန်ဟှာ သူးနို့န စစ်တိုက်ဟှူကြောန့် အောန်မြင်ဘီး သူးနို့ဟှို သတ်လေ့မယ်။
REV 11:8 သူးနို့ရဲ့ လောန်းလေဟှာ ဗြို့ဂီးလေရဲ့ လမ်းမထတ်မာ ကျန်ရစ်ဂေ့လေ့မယ်။ အယ်ဗြို့ဟာ သူးနို့ရဲ့ သခင်ဟှို လက်ဝါးကပ်တိုင်ထတ်မာ တန်ဘီးသတ်ခံရဟှူဗြို့ ဖြစ်ဟှယ်။ အယ်ဗြို့ဟှာ သောဒုံန အဲဂုတ္တုပြည်ဟှို ပေါန်ဆောန်ဟှားဟှူ ဗြို့ဖြစ်ဟှယ်။
REV 11:9 အယ်ခီမာ လူမျိုးနွယ်စုလေ၊ ဘာသာစကား ဘောန်းဇောင်ပြောဟှူ လူမျိုးလေန၊ တိုင်းနိုင်ငံ ဂူလောင်းဟှ လူလေဟှာ သူးနို့ရဲ့ လောန်းဟှို သောင်းရစ်ခွဲ လောင်းလောင်း ကေ့ဂေ့ဘီးဟှာ အယ်လောန်းလေဟှို သန်းခ္လိုင်းမာ သင်္ဂြိုဟ်ခွမ့် ပေးဘဲန နေဂေ့လေ့မယ်။
REV 11:10 မ္လေဂီးထတ်မာ နေဂေ့ဟှူ သူလေဟှာ အယ်လူလေရဲ့ ဖျစ်ပျစ်ကြောန့် ဝန်းသာဂေ့ဘီး၊ ပျော်ဂေ့ဘီးဟှား ယော့‑က်နယော့‑က် လတ်ဆောန်လေဟှို ပို့ပေးဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ပရောဖက် နှေ့ယော့‑က်ဟှာ မ္လေဂီးထတ်မာ နေဂေ့ဒူးဟှ သူးနို့လေဟှို ညှဉ်းဆဲဟှားကြောန့် ဖြစ်ဟှယ်။
REV 11:11 အယ်ဘီးန သောင်းရစ်ခွဲ ကြာဟှားဟှူ ခီမာ ဘုရားသခင်နားဟှ သတ်ဝိညာဉ်ဟှာ အယ်သူလေထဲဟှို ဝမ်ဟှားဘီး သူးနို့ဟှာ ထဘီးဟှာ မတ်တတ်ရပ်ဂေ့ဟှယ်။ အယ်လူလေဟှို ဗြင်ရဟှူ သူလေဟှာ ရရာတိုင်း ကြော့‑က်ဂေ့ဟှယ်။
REV 11:12 အယ်ခီမာ ကောန်းဂန်ဟှ ရရာတိုင်း ကီးဟှူ သံဟှာ “အယ်နေရာဟှို တတ်လာဂေ့ပါ” ဆိုဘီး အယ်လူ နှေ့ယော့‑က်ဟှို ပြောဇာဟှူ ကြားဟှူ ခီမာ သူးနို့ဟှာ မိုးတီန ကောန်းဂန်ဘောင်ဟှို တတ်ဟှားဂေ့ဟှယ်။ သူးနို့ရဲ့ ရန်သူလေဟှာ သူးနို့ဟှို ကေ့နေဂေ့ဟှယ်။
REV 11:13 အယ်ခီနာရီမာဘဲ ရရာတိုင်း ကြမ်းဟှူ မ္လေဂီးလှောက်ဟှူ ခီမာ ဗြို့ဆယ်ပေါင် တပေါင်ဟှာ ပြိုက္လဟှားဟှယ်။ အယ်မျိုး မ္လေဂီလှောက်ရှင်းကြောန့် လူ ၇,၀၀၀ သေဂေ့ဟှယ်။ ကျန်ရစ်ဟှူ သူလေဟှာ ရရာတိုင်း ကြော့‑က်ဘီး ကောန်းဂန်ဘောင်ဟှ ဘုရားသခင်ရဲ့ နာမတော်န ဂေါင်တော်ဟှို ချီးမွမ်းဂေ့ဟှယ်။
REV 11:14 ဒုတိယ အမင်္ဂလာ လွန်ဟှားဘီ။ တတိယ အမင်္ဂလာ ဗြန်းဗြန်ဟှား ရော့‑က်လာလေ့မယ်။
REV 11:15 သတ္တမ ကောန်းဂန်တမန်ဟှာ တံပိုးမှုလိုက်ဟှူ ခီမာ ကောန်းဂန်ဘောင်မာ ရရာတိုင်း က္လယ်ဟှူ သံဟှာ ပေါ်လာဘီး၊ “ကမ္ဘာလောကဟှာ နို့လေရဲ့ ဘုရားသခင်န ခရစ်တော် ပိုင်ဟှူဇာ ဖြစ်ဟှားဘီ။ ကိုယ်တော်ဟှလည်း ကမ္ဘာဆစ်ဆစ် အောက်ချောက်လေ့မယ်” ဆိုဘီး ပြောဟှယ်။
REV 11:16 အယ်ခီမာ ဘုရားသခင်ရှေ့မာ ပလ္လင်ထတ်မာ ထိုင်နေဂေ့ဟှူ သတ်ကီးဟှူသူ ၂၄ ပါးဟှာ ဘုရားသခင်ဟှို ပျပ်ဝပ်ကိုးကွယ်ဘီး၊
REV 11:17 “ခုရှိဘီး ရင်းရင်ဒူးဟှလည်းရှိဟှူ အနန္တတဂိုးရှင် ဘုရားသခင်! ကိုယ်တော်ဟှာ မဟာတဂိုးတော်ဟှို သောင်းပြုဘီးဟှာ လောကဟှို အောက်စိုးဟှူကြောန့် ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။
REV 11:18 ကိုယ်တော်ရဲ့ မျစ်ဒေါသ ရော့‑က်လာဟှူ ကာလရော၊ သေဟှားဟှူ သူလေဟှို တရားစီရင်ဟှူ ကာလရော၊ ခုခီမာ က္လရော့‑က်လာဘီ ဖြစ်ဟှူကြောန့် လူမျိုးခြား ဂူလောင်းဟှာ မျစ်ဒေါသထွပ် ဂေ့ဟှယ်။ ကိုယ်တော်ရဲ့ စေခံ ပရောဖက်လေ၊ ကိုယ်တော်ရဲ့ သန့်ရှင်းဟှူ သူလေ၊ ကိုယ်တော်ရဲ့ နာမတော်ဟှို ကြော့‑က်ဘီး ရိုသေဟှူသူ ကီးလေ ငယ်လေဟှာ ဆုလာဘ်ဟှို ယူဟှို့တွပ် ခီကာလရော၊ မ္လေဂီးဟှို ဖျစ်စီးဟှူ သူလေဟှို ဖျစ်ဆီးဟှို့ ခီကာလရော ရော့‑က်လာဘီ” ဆိုဘီး ဘုရားသခင်ဟှို လျှော့‑က်ဟှားဂေ့ဟှယ်။
REV 11:19 အယ်ဘီးန ကောန်းဂန်ဘောင်မာ ရှိဟှူ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှာ ပွမ့်ဟှားဘီး ဗိမာန်တော်ထဲမာ ကိုယ်တော်ရဲ့ ပဋိညာဉ် သစ်တာဟှို ဗြင်ရဟှယ်။ လန့်စစ်ဖ္လတ်ဇာ၊ သံဗြယ်ဇာ၊ မိုးချောင်းဇာ၊ မ္လေဂီးလှောက်ဇာန ရရာတိုင်း ကီးဟှူ မီုးသီးက္လဇာလေ ဖြစ်လေဟှယ်။
REV 12:1 အယ်ဘီးန ကောန်းဂန်မာ ရရာတိုင်း ကီးဟှူ နိမိတ်လတ်ခဏာ တွိရဟှယ်။ မီးမတယော့‑က်ဟှာ နေဟှို ဝတ်ဘီး လဟှို ခေအော့‑က်မာ နန်းဟှားဘီး ခေါန်းထတ်မာ ကြယ်ဆယ့်နှေ့လောင်းပါဟှူ သရဖူဟှို ဆောန်းဟှားဟှယ်။
REV 12:2 အယ်မီးမဟှာ ဗိုက်ပိုက်နေဘီး သားမွီးဟှူ ဝေဒနာကြောန့် အော်ဘီး သားမွီးဟှို့တွပ် ရရာတိုင်း ခံစားနေရဟှယ်။
REV 12:3 ကောန်းဂန်မာ တခြား နိမိတ်လတ်ခဏာဟှို ဗြင်ရဟှယ်။ ခေါန်းခွန်နစ်လောင်းန ချိုဆယ်ရှောန်းရှိဘီး သူ့ရဲ့ ခေါန်းထတ်မာ သရဖူ ခွန်နစ်ခုဟှို ဆောန်းဟှားဘီး နီရဲနေဟှူ နဂါးဂီး တကောန်ရှိဟှယ်။
REV 12:4 သူ့ရဲ့ ဗွီးဟှာ ကောန်းဂန်မာ ရှိဟှူကြယ် သောင်းစုတစုဟှို ဆွဲဘီး မ္လေဂီးထတ်ဟှို ပစ်ခ္လလိုက်ဟှယ်။ နဂါးဟှာ သားမွီးခါနီး ဖြစ်နေဟှူ မီးမရှေ့မာရပ်ဘီး သားမွီးဟှူ ခီမာ သူ့ရဲ့သားဟှို မျိုဟှို့တွပ် စောန့်နေဟှယ်။
REV 12:5 အယ်မီးမဟှာ လူမျိုးဘောန်းဇောင်ဟှို သံလှံတံန အောက်စိုးရဟှူ ယော့‑က်ကျားသားဟှို မွီးဟှယ်။ အယ်သားဟှာ ဘုရားသခင်နားဟှိုရော၊ ပလ္လင်နားဟှိုရော၊ ခီဆောန်ရှင်းဟှို ခံရဟှယ်။
REV 12:6 အယ်မီးမဟှလည်း တောကန္တရထဲဟှို ထွပ်ပ္လေးရဟှယ်။ အယ်တောထဲမာ ရစ်ပေါန်း ၁,၂၆၀ လောင်းလောင်း သူ့ဟှို ကေ့ဘီး စောန့်ရှော့‑က်ဟှို့တွပ် ဘုရားသခင် ပြင်ဆင်ဟှားဟှူ နေရာ တနေရာ ရှိဟှယ်။
REV 12:7 အယ်ဘီးန ကောန်းဂန်မာ စစ်ဖြစ်ဟှယ်။ မိက္ခေလန သူ့ရဲ့ ကောန်းဂန်တမန်လေဟှာ နဂါးဟှို တိုက်ဂေ့ဟှယ်။ နဂါးနသူရဲ့ စေတမန်လေဟှာ ပ္လန်ဘီးတိုက်ဂေ့ဟှူ ခီမာ
REV 12:8 နိုင်ဂေ့ဟှ။ ကောန်းဂန်မာလည်း သူးနို့တွပ်နေရာ မှေ့ဟှမ်း။
REV 12:9 အယ်ခီမာ တကမ္ဘာလောင်းဟှို လှည့်ဇားဘီး စာတန်မာရ်နတ် နာမယ်ရှိဟှူ ရှေးဗွီဟောန်းဖြစ်ဟှူ နဂါးဂီးဟှို မ္လေဂီးထတ်ဟှို ပစ်ခ္လရှင်းဟှို ခံရဟှယ်။ သူ့နတူးဒူ သူ့ရဲ့ စေတမန်လေဟှလည်း ပစ်ခ္လရှင်းဟှို ခံရဂေ့ဟှယ်။
REV 12:10 အယ်ဘီးန ကောန်းဂန်ဘောင်မာ ရရာတိုင်း က္လယ်ဟှူသံဟှ “နို့လေဘုရားသခင်ရဲ့ ကယ်တန်ရှင်း၊ တဂိုး၊ နိုင်ငံတော်န ခရစ်တော်မာရှိဟှူ အာဏာစစ်လေဟှာ ခုပေါ်လေဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ ညီကိုလေဟှို စွပ်စွဲဟှူသူဖြစ်ဟှူ နို့လေရဲ့ ဘုရားသခင်ရှေ့မာ နေရောညဉ့်ရော သူးနို့ဟှို စွပ်စွဲဟှူ သူဟှာ ပစ်ခ္လရှင်းဟှို ခံရလေဟှယ်။
REV 12:11 ညီကို မောန်နှမလေဟှာ သိုးသားဂန်းဟှားရဲ့ သွီးတော်အားဖြင့်ရော၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခံဟှူ စကားတော်အားဖြင့်ရော သူ့ဟှို အောန်နိုင်ဂေ့ဟှယ်။ သူးနို့ဟှာ သေခံရအောန်ထိ သူးနို့ရဲ့ သတ်ဟှို ဗြောဂေ့ဟှ။
REV 12:12 အယ်ကြောန့် ကောန်းဂန်ဘောင်န ကောန်းဂန်ဘောင်မာ စံမြန်းဟှူ သူလေ ရရာတိုင်း ဝန်းသာဂေ့ပါ။ မ္လေဂီးန ပန်လယ်လေဟှာ အမင်္ဂလာရှိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မာရ်နတ်ရဲ့ခီဟှာ ရှစ်ဟှားဘဲရှိဟှူ ကြောန်းဟှို သိဟှူကြောန့် ရရာတိုင်း ဒေါသန နန်းနို့နားဟှို ဆင်းလာဘီ” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 12:13 နဂါးဟှာ မ္လေဂီးထတ်ဟှို ပစ်ခ္လခံရရှင်းဟှို သိဟှူ ခီမာ ယော့‑က်ကျားသားဟှို မွီးဟှူ မီးမဟှို ရှာဘီးဟှာ ညှဉ်းဆဲလေဟှယ်။
REV 12:14 အယ်ဘေမဲ့ အယ်မီးမဟှာ တောကန္တာရထဲမာ ရှိဟှူ သူ့ရဲ့ နေရာဟှို ပ္လန်ဘီး သွားနိုင်ဟှို့တွပ် ရရာတိုင်း ကီးဟှူ လင်းယောင်ရဲ့ တောန်နှေ့ခုဟှို ရဟှားဟှယ်။ သူဟှာ အယ်နေရာမာ ဗွီလတ်ဟှနေ လွတ်ဟှို့တွပ် သောင်းနှစ်ခွဲ လောင်းလောင်း ပြုစုစောန့်ရှော့‑က်ရှင်းဟှို ခံရဟှယ်။
REV 12:15 ဗွီဟှာ အယ်မီးမဟှို ရေန မျောပါဟှို့တွပ် သူ့ရဲ့ ဇပ်ပေါ့‑က်ထဲဟှနေ ရေဟှို မ္လစ်ရေစီးမျိုး သူ့ရဲ့ ဇပ်ပေါ့‑က်ထဲဟှ မှုထုလိုက်ဟှယ်။
REV 12:16 အယ်ဘေမဲ့ မ္လေဂီးဟှာ အယ်မီးမဟှို ကူညီပေးဟှယ်။ မ္လေဂီးဟှာ သူ့ရဲ့ ဇပ်ပေါ့‑က်ဟှို ဖွမ့်ဘီး နဂါးရဲ့ ဇပ်ပေါ့‑က်ထဲဟှ မှုထုလိုက်ဟှူ မ္လစ်ရေဟှို မျိုခ္လလိုက်ဟှယ်။
REV 12:17 အယ်ခီမာ နဂါးဟှာ အယ်မီးမဟှို ဒေါသထွပ်ဘီး ဘုရားသခင်ရဲ့ ပညတ်တော်လေဟှို စောန့်ထီးဟှူ သူလေန ယေရှုန ဆိုင်ဟှူ၊ သတ်သေခံချစ်လေဟှို ရဟှားဟှူ သူလေ ဖြစ်ဂေ့ဟှူ၊ အယ်မီးမရဲ့ မျိုးနွယ်ထဲဟှ ကျန်နေဟှူ သူလေဟှို စစ်တိုက်ဟှို့တွပ် ထွပ်ဟှားဘီး၊
REV 12:18 နဂါးဟှာ ပန်လယ်ရဲ့ သဲပ္လန်မာ ရပ်နေဟှယ်။
REV 13:1 အယ်ဘီးန ချိုဆယ်ရှောန်းန ခေါန်းခွန်နစ်လောင်းရှိဟှူ သားရဲတကောန်ဟှာ ပန်လယ်ထဲဟှ တတ်လာဇာဟှို ငါဗြင်ရဟှယ်။ အယ်ချိုလေထတ်မာ သရဖူဆယ်ခုရှိဘီး သူ့ရဲ့ ခေါန်းတလောင်းစီမာ ဘုရားသခင်ဟှို စော်ကားတတ်ဟှူ နာမယ်လေရှိဟှယ်။
REV 13:2 ငါဗြင်ရဟှူ အယ်သားရဲဟှာ က္လားသစ်တကောန်နတူဟှယ်။ သူ့ရဲ့ ခေဟှာ ဝပ်ဝံခေမျိုးဖြစ်ဘီး သူ့ရဲ့ ဇပ်ပေါ့‑က်ဟှာ ခြင်္သေ့ဇပ်ပေါ့‑က်မျိုး ဖြစ်ဟှယ်။ နဂါးဟှာ သူ့ရဲ့ တဂိုးလေ၊ ပလ္လင်လေ ရရာတိုင်းကီးဟှူ ခွမ့်အာဏာလေဟှို သူ့ဟှို ပေးလေဟှယ်။
REV 13:3 အယ်သားရဲရဲ့ ခေါန်းတလောင်းဟှာ သေအောန်သတ်ခံရဟှူမျိုး ဖြစ်ဘေမဲ့ သေစေတတ်ဟှူ နာပျော့‑က်ဟှားလေဟှယ်။ အယ်ခီမာ တကမ္ဘာလောင်းဟှာ အံ့ဩဘီး အယ်သားရဲနော့‑က်ဟှို လိုက်ဂေ့ဟှယ်။
REV 13:4 နဂါးတကောန်ဟှာ သားရဲဟှို ခွမ့်အာဏာပေးဟှူကြောန့် သူးနို့ဟှာ နဂါးဟှို ကိုးကွယ်ဂေ့ဟှယ်။ သူးနို့ဟှ “ဖယ်သူဟှာ သားရဲနတူနူး။ ဖယ်သူဟှ သူဟှို တိုက်နိုင်ဟှို့နူး” ဆိုဘီး သားရဲဟှိုလည် ကိုးကွယ်ဂေ့ဟှယ်။
REV 13:5 အယ်သားရဲဟှာ ရရာတိုင်းကြွားဘီး ဘုရားသခင်ဟှို စော်ကားတတ်ဟှူ ဇာတ်ပေါ့‑က်ရှိဘီး လေးဆယ့်နှေ့လ လောင်းလောင်း အောက်စိုးဟှူခွမ့်ဟှို ရဟှားဟှယ်။
REV 13:6 အယ်ခီမာ သူ့ရဲ့ ဇာတ်ပေါ့‑က်ဟှို ဖွမ့်ဘီး ဘုရားသခင်ဟှို စော်ကားဟှူ စကားဟှိုပြောဘီး ကိုယ်တော်ရဲ့ နာမတော်ဟှိုရော၊ ကိုယ်တော်ရဲ့ တဲတော်ဟှိုရော၊ ကောန်းဂန်ဘောင်မာ စံမြန်းဟှူ သူလေဟှိုရော ပြစ်မှားဘီး ပြောဟှယ်။
REV 13:7 သူဟှာ သန့်ရှင်းဟှူသူလေဟှို စစ်တိုက်ဘီး အောန်နိုင်ဟှားဟှူကြောန့် မျိုးနွယ်စုလေ၊ လူမျိုးလေ၊ ဘာသာစကားန တိုင်းနိုင်ငံတိုင်းမာရှိဟှူ လူလေဟှို အောက်စိုးဟှူ ခွမ့်ဟှိုလည်း ရဂေ့ဟှယ်။
REV 13:8 သေသတ်ရှင်းဟှို ခံရဟှူ သိုးသားဂန်းဟှားရဲ့ သတ်စာစောန်မာ ကမ္ဘာဦးဟှနေစဘီး နာမယ်ရေးဟှားဘဲဟှူ၊ မ္လေဂီးထတ်မာ နေဂေ့ဟှူသူလေ ဂူလောင်းဟှာ အယ်သားရဲဟှို ကိုးကွယ်ဂေ့လေဟှယ်။
REV 13:9 “နားရှိဟှူသူလေ ကြားပါစေ။
REV 13:10 ဖမ်းခံရဟှူသူဟှာ ဖမ်းခံရဟှို့ဘဲ ဖြစ်ဟှယ်။ ထားနသတ်ခံရဟှူသူဟှာ ထားနသတ်ခံရဟှို့ဘဲ ဖြစ်ဟှယ်။ အယ်နေရာမာ သန့်ရှင်းသူလေရဲ့ သီးခံရှင်းန သစ်စာစောန့်ရှင်းလေ ရှိဂေ့ဟှယ်။”
REV 13:11 အယ်ဘီးန မ္လေဂီးထဲဟှ ထွပ်လာဟှူ တခြားသားရဲတကောန်ဟှို ငါဗြင်ရဟှယ်။ သူဟှာ သိုးသားဂန်းဟှားရဲ့ ချိုနတူဟှူ ချိုနှေ့ရှောန်းရှိဘီး နဂါးမျိုးဘဲ့ စကားပြောဟှယ်။
REV 13:12 အယ်သားရဲဟှာ ပထမသားရဲရဲ့ တဂိုးရှိမျှဟှို သူ့ရဲ့ရှေ့မာသောင်းဘီး သေတတ်ဟှူ၊ နာပျော့‑က်ဟှားဟှူ ပထမသားရဲတကောန်ဟှို မ္လေဂီးထတ်မာ နေဂေ့ဟှူ သူလေဟှာ ကိုးကွယ်ဟှို့တွပ် လောက်ဟှယ်။
REV 13:13 ရရာတိုင်းကီးဟှူ နိမိတ်လတ်ခဏာလေဟှို လောက်ဘီး လူလေရှေ့မာ ကောန်းဂန်ဟှနေ မ္လေဂီးထတ်ဟှို မီးဟှိုက္လစေဟှယ်။
REV 13:14 သူဟှာ ပထမသားရဲတကောန်ရှေ့မာ လောက်ခွမ့်ရဟှားဟှူ နိမိတ်လတ်ခဏာလေန မ္လေဂီးထတ်မာနေဂေ့ဟှူ သူလေဂူလောင်းဟှို လှည့်ဖြားဘီး ထားဒန်ရာရဘေမဲ့ သေဘဲနသတ်ရှင်နေဟှူ သားရဲရဲ့ရောက်ထုဟှို လောက်ဟှို့တွပ် မ္လေဂီးထတ်မာ နေဂေ့ဟှူသူလေဟှို လောက်ခိုင်းဟှယ်။
REV 13:15 သားရဲရဲ့ ရောက်ထုဟှာ စကားပြောနိုင်ဟှို့တွပ်န သားရဲရဲ့ရောက်ထုဟှို ကိုးကွယ်ဘဲဟှူသူ ရှိမျှဟှို သတ်နိုင်ဟှို့တွပ်ရော၊ သားရဲရဲ့ရောက်ထုဟှို သတ်သွမ်းပေးနိုင်ဟှူခွမ့်ဟှို ရလေဟှယ်။
REV 13:16 လူဂီးရော၊ လူငယ်ရော၊ ကြွယ်ဝဟှူသူရော၊ ဆင်းရဲဟှူသူရော၊ လွတ်လတ်ဟှူသူရော၊ ကျွန်ဖြစ်ဟှူသူရော၊ လူလေ ဂူလောင်းဟှို သူးနို့ရဲ့ ညာလတ်မာရော၊ ဖူးထတ်မာရော ဇိခတ်ခိုင်းဘီး
REV 13:17 သားရဲရဲ့နာမယ် အယ်မျိုးမှုဘဲနေဟှာ ကိုယ်စားပြုဟှူ ဂဏန်းဟှို ဇိခတ်ရှင်း မှေ့ဘဲဟှူသူဟှို ရောန်းဝယ်လောက်ဘဲဟှို့တွပ် စီရင်ဟှားဟှယ်။
REV 13:18 အယ်နေရာမာ ဉာဏ်ပညာရှိဟှို့တွပ် လိုအပ်ဟှယ်။ ထိုးထွင်းဟှူ ဉာဏ်ရှိဟှူသူဟှာ သားရဲရဲ့ ကိန်းဂဏန်းဟှို တွပ်ချစ်ပါစေ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ဇာဟှာ လူတယော့‑က်ရဲ့ ကိန်းဂဏန်းဖြစ်ဘီး အယ်ကိန်းဂဏန်းဟှာ ၆၆၆ ဖြစ်ဟှယ်။
REV 14:1 အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ သိုးသားဂန်းဟှားဟှာ ဇိအုန်တောန်ထတ်မာ ရပ်နေဟှယ်။ သိုးသားဂန်ဟှားရဲ့ နာမန ဖဘုရားသခင်ရဲ့ နာမလေဟှို သူးနို့ရဲ့ ဖူးမာရေးဟှားဟှူသူ ၁၄၄,၀၀၀ လေဟှာ သိုးသားဂန်းဟှားန တူးဒူရှိနေဂေ့ဟှယ်။
REV 14:2 အယ်ဘီးန ရေကဒန်ဟှက္လဟှူ ရေသံနရော၊ ရရာတိုင်းက္လယ်ဟှူ မိုးကြိုးသံနတူဟှူ ကောန်းဂန်ဟှသံဟှို ငါကြားရဟှယ်။ ငါကြားရဟှူ အယ်သံဟှာ စောန်းသမားလေဟှာ သူးနို့လေရဲ့ စောန်းလေဟှို တီးနေဟှူ သံနလည်းတူဟှယ်။
REV 14:3 သူးနို့ဟှာ ပလ္လင်ရှေ့မာရော၊ သတ္တဝါလေးပါးန သတ်ကီးဝါဂီးလေရဲ့ ဇာတ်ပေါ့‑က်လေ ရှေ့မာရော ချင်းသစ်ဟှို ဆိုဂေ့ဟှယ်။ မ္လေဂီးထတ်မာ ဝီးကော့‑က်ဘီး ကယ်တန်ခံရဟှူသူ ၁၄၄,၀၀၀ ဟှ လွှဲဘီးဟှာ ဖယ်သူလည်း အယ်ချင်းဟှို သန်ယူနိုင်ဟှ။
REV 14:4 အယ်သူလေဟှာ မီးမလေန ညစ်ညူးစေဘဲဟှူ သူလေဖြစ်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ လူပျိုစစ်စစ်ဖြစ်ဂေ့ဟှယ်။ သူးနို့ဟှာ သိုးသားဂန်းဟှား သွားဟှူနေရာဟှို လိုက်ဂေ့ဟှူသူလေ ဖြစ်ဂေ့ဘီး ဘုရားသခင်န သိုးသားဂန်းဟှားတွပ် ဦးသီးဖြစ်ဘီး လူလေထဲမာ ဝီးကော့‑က်ခံရဟှူ သူလေဖြစ်ဂေ့ဟှယ်။
REV 14:5 သူးနို့ရဲ့ ဇပ်ပေါ့‑က်မာ လီညာရှင်း မှေ့ဟှ။ သူးနို့ဟှာ ပြစ်တန်ဇာမှေ့ဘဲသူလေ ဖြစ်ဂေ့ဟှယ်။
REV 14:6 အယ်ဘီးန တခြားကောန်းဂန်တမန် တပါးဟှာ ကောန်းဂန်လယ်မာ ပ္လန်နေဇာဟှို ငါဗြင်ရဟှယ်။ သူဟှာ မ္လေဂီးထတ်မာနေဂေ့ဟှူ သူလေဖြစ်ဟှူ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကား ဘောန်းဇောင်ပြောဂေ့ဟှူ လူမျိုးလေဟှို ဟောပြောဟှို့တွပ် ထာဝရတည်ဟှူ၊ ကောန်းမြတ်ဟှူ ဒန်းကောန်းဟှို ယူဆောန်လာဟှယ်။
REV 14:7 အယ်ကောန်းဂန်တမန်ဟှ “ဘုရားသခင်တရားစီရင်ဟှူ ခီဟှာ က္လလာဘီးဖြစ်ဟှူကြောန့် ကိုယ်တော့်ဟှို ကြော့‑က်ဂေ့ဘီး ဂေါင်သရေဟှို ချီးမွမ်းဂေ့ပါ။ ကောန်းဂန်၊ မ္လေဂီး၊ ပန်လယ်န စမ်းရေလေဟှာ ဖန်ဆင်းရှင်ဟှို ကိုးကွယ်ဂေ့ပါ” ဆိုဘီး ရရာတိုင်းက္လယ်ဟှူသံန ကြွေးကြော်လေဟှယ်။
REV 14:8 အယ်ဘီးန ဒုတိယကောန်းဂန်တမန်ဟှာ လိုက်လာဘီး “တရားဘဲဟှူမေထုန် မှားယွင်းဟှူကြောန့် ရရာတိုင်း ပြင်းထန်ဟှူ ဒေါသစဗျစ်ဝိုင်ဟှို လူမျိုးဂူလောင်းဟှို တိုက်ဟှူ ဗာဗုလုန်ဗြို့ဂီးဟှာ ပြိုက္လဟှားဘီ၊ ပြိုက္လဟှားဘီ!” ဆိုဘီး ကြွေးကြော်လေဟှယ်။
REV 14:9 နော့‑က်ထပ် တတိယ ကောန်းဂန်တမန်ဟှာ သူးနို့နော့‑က်ဟှ လိုက်လာဘီး၊ “သားရဲန သူးနို့ရဲ့ ရောက်ထုဟှို ကိုးကွယ်ဘီး သူးနို့ရဲ့ ဖူးမာဖြစ်စေ၊ လတ်မာဘဲ့ဖြစ်စေ သူ့ရဲ့ဇိဟှို ခံဟှူသူလေဟှာ
REV 14:10 ဘုရားသခင်ရဲ့ မျစ်တော်ဖလားဟှ ရရာတိုင်း ပြင်းထန်ဟှူ မျစ်တော် စဗျစ်ဝိုင်ဟှို သော့‑က်ရလေ့မယ်။ အယ်သူလေဟှာ သန့်ရှင်းဟှူ ကောန်းဂန်တမန်လေန သိုးသားဂန်းဟှားရဲ့ ရှေ့မာ ကန့်နရောဟှားဟှူ မီးထဲမာ ညှဉ်းဆဲရှင်းဟှို ခံရလေ့မယ်။
REV 14:11 သူးနို့ ညှဉ်းဆဲခံရရှင်းရဲ့ မီးခိုးဟှာ ကမ္ဘာဆစ်ဆစ် တတ်ဘီးနေဟှယ်။ သားရဲန သူ့ရဲ့ ရောက်ထုဟှို ကိုးကွယ်ဘီး သူ့နာမယ်ရဲ့ ဇိဟှို ခံယူဟှူသူလေဟှာ နေ့ရောညဉ့်ရော သတ်သာရဟှို့ မှုဟှ” ဆိုဘီး သံက္လယ်ဂီးန ကြွေးကြော်လေဟှယ်။
REV 14:12 အယ်နေရာမာ ဘုရားသခင်ရဲ့ ပညတ်တော်လေဟှိုရော၊ ယေရှုဟှို ယောင်ကြည်ရှင်းဟှိုရော၊ စောန့်ထီးဟှူ သန့်ရှင်းသူလေရဲ့ သီးခံရှင်း ရှိဟှယ်။
REV 14:13 အယ်ဘီးန ကောန်းဂန်ဘောင်ဟှသံဟှာ “ရေးဟှားလိုက်။ ခုဟှစဘီး သခင်ဘုရားရဲ့ မှုဟှိုဆောန်ဘီး သေဟှားဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။ ဝိညာဉ်တော်ဟှလည်း “မှန်ဟှယ်! သူးနို့ဟှာ ဆင်းရဲပန်ဗန်းဘီး လောက်ဆောန်ရှင်းဟှနေဘီး နားယူရဟှူခွမ့်ဟှို ရဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လောက်ဆောန်ဟှူ ကျိုးလေဟှာ သူးနို့နတူးဒူ ပါလိုက်ဟှားကြောန့် ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
REV 14:14 နော့‑က်တခါ ငါကေ့လိုက်ဟှူခီမာ ဖ္လူဟှူမိုးတီရှိဘီး အယ်မိုးတီထတ်မာ ခေါန်းထတ်မာ ရွှေသရဖူဟှို ဆောန်းဘီး လတ်မာ ရရာတိုင်း ထတ်ဟှူဇင်ဟှို ကိုင်ဟှားဟှူ လူသားနတူဟှူ တယော့‑က်ဟှာ ထိုင်နေဟှယ်။
REV 14:15 အယ်ဘီးန တခြားကောန်းဂန်တမန် တပါးဟှာ ဗိမာန်တော်ထဲဟှ ထွပ်လာဘီး မိုးတီထတ်မာ ထိုင်နေဟှူသူဟှို “မ္လေဂီးထတ်မာ ရိရဟှို့ဇာလေဟှာ မှည့်ဟှားဘီဖြစ်ဟှူကြောန့် ရိသီးဟှို့တွပ် ခီက္လဟှားဘီး ဖြစ်ဟှူကြောန့် ကိုယ်တော်ရဲ့ ဇင်ဟှိုလွှတ်ဘီး ရိသီးပါ” ဆိုဘီး ရရာတိုင်း က္လယ်ဟှူသံန ကြွေးကြော်လေဟှယ်။
REV 14:16 အယ်ခီမာ မိုးတီထတ်မာ ထိုင်နေဟှူသူဟှာ သူ့ရဲ့ ဇင်ဟှို မ္လေဂီးဟှို သွမ်းလိုက်ဘီးဟှာ မ္လေဂီးဟှာ ရိသီးရှင်းဟှို ခံရလေဟှယ်။
REV 14:17 အယ်ဘီးန တခြားကောန်းဂန်တမန် တပါးဟှာ ကောန်းဂန်မာရှိဟှူ ဗိမာန်တော်ထဲဟှ ထွပ်လာဟှယ်။ သူ့မာလည်း ရရာတိုင်း ထတ်ဟှူဇင် ပါဟှယ်။
REV 14:18 အယ်ဘီးန မီးဟှိုအောက်စိုးဟှူ တခြားကောန်းဂန်တမန်တပါးဟှာ ယဇ်ပလ္လင်ထဲဟှ ထွပ်လာဘီး ရရာတိုင်း ထတ်ဟှူဇင်ပါဟှူသူဟှို “စဗျစ်သီးလေ မှည့်ဟှားဘီ ဖြစ်ဟှူကြောန့် နန့်ရဲ့ ရရာတိုင်း ထတ်ဟှူဇင်ဟှို လွှတ်ဘီး မ္လေဂီးထတ်မာရှိဟှူ စဗျစ်ခိုင်လေဟှို ရိသီးလိုက်” ဆိုဘီး ရရာတိုင်း က္လယ်ဟှူသံန ပြောလေဟှယ်။
REV 14:19 အယ်ကောန်းဂန်တမန်ဟှလည်း သူ့ရဲ့ဇင်ဟှို မ္လေဂီးထတ်မာ သွမ်းလိုက်ဘီး မ္လေဂီးထတ်ဟှ စဗျစ်ပန်လေဟှို ရိသီးဘီး ဘုရားသခင်ရဲ့ ရရာတိုင်းပြင်းဟှူ ဒေါသနဆိုင်ဟှူ၊ ရရာတိုင်းကီးဟှူ စဗျစ်သီးနယ်ဟှူ တွမ်းထဲဟှို လွန်းခ္လလိုက်ဟှယ်။
REV 14:20 ဗြို့ပ္လန်မာရှိဟှူ စဗျစ်သီးနယ်ဟှူ တွမ်းမာ နန်းလိုက်ဟှူ ခီမာ သွီးဟှာ အယ်စဗျစ်သီးနယ်ဟှူ တွမ်းထဲဟှ စီးထွပ်လာဘီး ဗြင်းရဲ့ ဇစ်ကြိုးထိမီဘီး ၁၈၄ မိုင်လော့‑က်ထိ ပံ့နှံ့ဟှားလေဟှယ်။
REV 15:1 အယ်ဘီးန ကောန်းဂန်မာ ရရာတိုင်း ကီးဘီး အံ့ဩဇာကောန်းဟှူ တခြားနိမိတ်လတ်ခဏာဖြစ်ဟှူ နော့‑က်ဆောင်းဘေးဒန် ခွန်နစ်မျိုးရှိဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးဟှို ငါဗြင်ရဟှယ်။ အယ်ဘေးဒန်လေအားဖြင့် ဘုရားသခင်ရဲ့ ရရာတိုင်း ပြင်းဟှူ ဒေါသဟှာ ပ္လဲ့ဇောင်လေ့မယ်။
REV 15:2 နော့‑က်ထပ် မီးနရောဟှားဟှူ ဖန်ပန်လယ်မျိုးဇာဟှိုရော၊ သားရဲတကောန်ဟှာ သူ့ရဲ့ ရောက်ထုန သူ့နာမယ်ရဲ့ ကိန်းဂဏန်းဟှို နိုင်ရဟှားဟှူ သူလေဟှာ ဘုရားသခင်ရဲ့ စောန်းလေဟှို ကိုင်ဆောန်ဘီးဟှာ အယ်ဖန်ပန်လယ်ထတ်မာ ရပ်နေဂေ့ဟှူဇာဟှိုရော ငါဗြင်ရဟှယ်။
REV 15:3 သူးနို့ဟှာ ဘုရားသခင်ရဲ့စေခံ မောရှေရဲ့ချင်းန သိုးသားဂန်းဟှားရဲ့ ချင်းဟှို ဆိုဘီး “အနန္တတဂိုးရှင်ဘုရားသခင်၊ ကိုယ်တော်လောက်ဟှူ မှုလေဟှာ ရရာတိုင်း ကီးမြတ်ဘီး အံ့ဩဘွယ် ကောန်းပါဟှယ်။ လူမျိုးဘောန်းဇောင်လေရဲ့ မန်းဂီး၊ ကိုယ်တော်ရဲ့ နည်းလမ်းလေဟှာ ရရာတိုင်း မှန်ပါဟှယ်။
REV 15:4 အို၊ ဘုရားသခင်၊ ကိုယ်တော့်ဟှို ကြော့‑က်ဘီး ရိုသေဘဲန နာမတော်ဟှို ချီးမွမ်းဘဲ ဖယ်သူဟှ နေနိုင်ဟှို့နူး။ ကိုယ်တော်တပါးဘဲ့ သန့်ရှင်းစင်ကြယ်ပါဟှယ်။ ကိုယ်တော်စီရင်ဟှူ မှုလေဟှာ တရားမျှတကြောန်းဟှို ထန်ရှားနေဟှူကြောန့် လူမျိုးဂူလောင်းဟှာ ရှေ့တော်ဟှို လာဘီးဟှာ ပျပ်ဝပ်ကိုးကွယ် ဂေ့လေ့မယ်” ဆိုဘီး ပြောနေဂေ့ဟှယ်။
REV 15:5 အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ ကောန်းဂန်ဘောင်မာရှိဟှူ သတ်သေခံချစ် တဲတော်ရှိဟှူ ဗိမာန်တော်ဟှာ ဖွမ့်ဘီးရှိနေဟှယ်။
REV 15:6 ဘေးဒန်ခွန်နစ်မျိုးဟှို ယူဆောန်လာဟှူ ကောန်းဂန်တမန်ခွန်နစ်ပါးဟှာ အယ်ဗိမာန်တော်ထဲဟှ ထွပ်လာဂေ့ဟှယ်။ သူးနို့ဟှာ စင်ကြယ်တော့‑က်ပဟှူ ပိချောဟှို ဝတ်ဟှားဘီး ရင်ဖတ်မာ ရွှေရင်စည်းဟှို စည်းဟှားဟှယ်။
REV 15:7 အယ်ဘီးန သတ္တဝါလေးပါးထဲဟှ တပါးဟှာ ကမ္ဘာဆစ်ဆစ် သတ်ရှင်ဟှူ ဘုရားသခင်ရဲ့ ရရာတိုင်း ပြင်းဟှူဒေါသန ပ္လဲ့နေဟှူ ရွှေဖလား ခွန်နစ်လောင်းဟှို အယ်ကောန်းဂန်တမန်လေဟှို ပေးလေဟှယ်။
REV 15:8 ဗိမာန်တော်ဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်န တဂိုးတော်လေဟှနေ ထွပ်လာဟှူ မီးခိုးလေန ပ္လဲ့နေဟှူကြောန့် ကောန်းဂန်တမန် ခွန်နစ်ပါးဟှာ ဘေးဒန်ခွန်နစ်မျိုး မပီးမရှင်း ဖယ်သူလည်း ဗိမာန်တော်ထဲဟှို ဝမ်နိုင်ဂေ့ဟှ။
REV 16:1 အယ်ဘီးန ဗိမာန်တော်ထဲဟှ ရရာတိုင်း က္လယ်ဟှူသံဟှ “သွားဂေ့ပါ။ ဘုရားသခင်ရဲ့ ရရာတိုင်း ပြင်းဟှူ မျစ်တော်ဖလား ခွန်နစ်လောင်းဟှို မ္လေဂီးထတ်ဟှို လွန်းခ္လလိုက်ပါ” ဆိုဘီး ကောန်းဂန်တမန် ခွန်နစ်ပါးဟှို ပြောဇာဟှို ငါကြားရဟှယ်။
REV 16:2 ပထမကောန်းဂန်တမန်ဟှာ သွားဘီး သူ့ရဲ့ ဖလားဟှို မ္လေဂီးထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ သားရဲတကောန်ရဲ့ ဇိရှိဟှူသူန သူ့ရဲ့ ရောက်ထုဟှို ကိုးကွယ်ဟှူသူလေမာ ရရာတိုင်း ဆိုးဟှူ အိုင်းနာလေ ပေါ့‑က်လေဟှယ်။
REV 16:3 ဒုတိယကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို ပန်လယ်ထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ ရေဟှာ သေဟှားဟှူလူလေရဲ့ သွီးမျိုးဖြစ်ဘီး ပန်လယ်ထဲမာရှိဟှူ သတ်ရှိဟှူ လိဆန်ဂူလောင်း သေဂေ့ဟှယ်။
REV 16:4 တတိယကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို မ္လစ်လေန စမ်းရေလေထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ ရေဟှာ သွီးဖြစ်ဟှားလေဟှယ်။
REV 16:5 အယ်ခီမာ ရေနဆိုင်ဟှူ ကောန်းဂန်တမန်ဟှ “ခုရှိဘီး ရင်ဟှလည်းရှိဟှူ သန့်ရှင်းဟှူ သခင်၊ အယ်ဇာလေဟှို ကိုယ်တော်စီရင်ဟှူကြောန့် ကိုယ်တော်ဟှာ ဖြောန့်မတ်ပါဟှယ်။
REV 16:6 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်သူလေဟှာ သန့်ရှင်းသူလေန ပရောဖက်လေရဲ့ သွီးဟှို လွန်းဟှားဂေ့ဟှူကြောန့် ကိုယ်တော်ဟှာ အယ်သွီးလေဟှို သူးနို့ဟှို သော့‑က်ဟှို့တွပ် ပေးတော်မူဟှယ်။ သူးနို့ဟှာ အယ်မျိုးခံဟှို့တွပ် ထိုက်တန်ဟှယ်” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 16:7 အယ်ဘီးန ယဇ်ပလ္လင်ဟှလည်း “မှန်ပါဟှယ်။ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ဘုရားသခင်၊ ကိုယ်တော်ရဲ့ စီရင်ရှင်းလေဟှာ မှန်ကန်ဘီး တရားမျှတပါဟှယ်” ဆိုဘီး ပြောဟှူဇာဟှို ငါကြားရဟှယ်။
REV 16:8 စတုတ္ထကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို နေထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ နေဟှာ လူလေဟှို မီးနလောန်းရဟှူ ခွမ့်ဟှိုရဟှယ်။
REV 16:9 လူလေဟှာ ရရာတိုင်းပြင်းဟှူ ပူရှီကြောန့် နေလောန်ဒန်ဟှို ခံရဘီး အယ်ဘေးဒန်လေမာ ခွမ့်အာဏာရှိဟှူ ဘုရားသခင်ရဲ့ နာမတော်ဟှို ကီဆဲဘီး နောန်ဒလည်းရဂေ့ဟှ။ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှိုလည်း ချီးမွမ်းဂေ့ဟှ။
REV 16:10 ပဉ္စမကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို သားရဲရဲ့ ပလ္လင်ထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ သားရဲရဲ့ နိုင်ငံဟှာ မှောန်မိုက်ဟှားဘီး လူလေဟှာ နာကျင်ဟှူဝေဒနာကြောန့် သူးနို့ရဲ့ လျှာလေဟှို ကိုက်ဂေ့ဟှယ်။
REV 16:11 လူလေဟှာ သူးနို့ခံရဟှူ နာကျင်ဟှူဝေဒနာန သူးနို့ရဲ့ အိုင်းနာလေကြောန့် ကောန်းဂန်ဘောင်ရဲ့ ဘုရားသခင်ဟှို ကီဆဲဂေ့ဘီး သူးနို့ လောက်ဟှူမှုလေတွပ် နောန်ဒရဂေ့ဟှ။
REV 16:12 ဆဋ္ဌမကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို ရရာတိုင်း ကီးဟှူ ဥဖရတ်မ္လစ်ထတ်ဟှို လွန်းခ္လလိုက်ဟှူ ခီမာ ရှေ့ပြည်ဟှ မန်းဂီးလေတွပ် လမ်းဟှို ပြင်ဆင်ပေးဟှို့တွပ် မ္လစ်ရေဟှာ ခန်းဟှားလေဟှယ်။
REV 16:13 အယ်ဘီးန နဂါးဇပ်ပေါ့‑က်ထဲဟှရော၊ သားရဲတကောန်ရဲ့ ဇပ်ပေါ့‑က်ထဲဟှရော၊ ပရောဖက်တုယောန် ဇပ်ပေါ့‑က်ထဲဟှရော၊ ဖားနတူဘီး ညစ်ညူးဟှူ ဝိညာဉ်သောင်းပါး ထွပ်လာဇာဟှို ငါဗြင်ရဟှယ်။
REV 16:14 အယ်ဝိညာဉ်လေဟှာ နိမိတ်လတ်ခဏာလေ လောက်ဟှူ နတ်ဆိုးလေရဲ့ ဝိညာဉ်လေ ဖြစ်ဂေ့ဟှယ်။ အယ်ဝိညာဉ်လေဟှာ ကမ္ဘာမာရှိဟှူ မန်းဂီးလေဟှို အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ဘုရားသခင်ရဲ့ နေ့ရစ်ဂီးမာ စစ်ပွဲတွပ် စုဂေ့ဟှို့ အယ်မန်းဂီးလေနားဟှို ထွပ်ဟှားဂေ့ဟှယ်။
REV 16:15 “ကေ့ကေ့။ ငါဟှာ ခိုးလာဟှူမျိုး လာမယ်။ ခ္လေးဗ္လန်းဗ္လန်း သွားနေဘီး ကိုယ့်ရဲ့ယှစ်ဟှို လူလေဗြင်ရဘဲနေအောန် ကိုယ့်ရဲ့ဝတ်ဟှို ထီးသီးဘီး ဒိနစောန့်နေဟှူသူဟှာ မင်္ဂလာရှိဟှယ်!”
REV 16:16 အယ်ဘီးန ဝိညာဉ်လေဟှာ မန်းဂီးလေဟှို ဟေဗြဲစကားန အာမဂေဒုန်ခေါ်ဟှူ နေရာမာ စုဝီးဂေ့လေ့မယ်။
REV 16:17 သတ္တမကောန်းဂန်တမန်ဟှာ သူ့ရဲ့ ဖလားဟှို အာကာသထဲဟှို လွန်းခ္လလိုက်ဟှူ ခီမာ ဗိမာန်တော်ထဲမာရှိဟှူ ပလ္လင်ထဲဟှ ရရာတိုင်း က္လယ်ဟှူသံဟှ ပေါ်လာဘီး “မှုပီးဟှားဘီ” ဆိုဘီး ပြောဟှယ်။
REV 16:18 အယ်ခီမာ လန့်စီးလတ်ရှင်း၊ သံဗြယ်ရှင်းန မိုးချောက်ရှင်းလေ ဖြစ်လာဘီး ငလျင်လေလည်း ရရာတိုင်း ပြင်းထန်ဘီး လှောက်လေဟှယ်။ မ္လေဂီးထတ်မာ လူဖြစ်လာဟှူ ခီဟှစဘီး အယ်မျှလော့‑က်ကီးဘီး ရာရာတိုင်း ပြင်းထန်ဟှူ ငလျင်မျိုးဖြစ်ဖူးဟှ။
REV 16:19 ဗြို့ဂီးလေဟှာ သောင်းပိုင်းကွဲဟှားဘီး လူဘောန်းဇောင်နေဟှူ တိုင်းနိုင်ငံလေရဲ့ ဗြို့လေဟှာလည်း ပြိုဟှားဂေ့ဟှယ်။ ဘုရားသခင်ဟှာ သူ့ရဲ့ မျစ်တော်နဆိုင်ဟှူ ပြင်းထန်ဟှူ ဒေါသ စဗျစ်ဝိုင်ခွပ်ဟှိုပေးဘီး ဗာဗုလုန်ဗြို့ဂီးဟှို ဒိရစေဟှယ်။
REV 16:20 ကျွန်းရှိမျှဟှာ ပျော့‑က်ဟှားဘီး တောန်လေလည်း တွိရဂေ့ဟှမ်း။
REV 16:21 ကောန်းဂန်ဟှလည်း ပေါန်တရာလော့‑က်လေးဟှူ မိုးသီးလေဟှာ လူလေထတ်ဟှို က္လလေဟှယ်။ အယ်ဘေးဒန်ဟှာ ရရာတိုင်း ပြင်းထန်ဟှူကြောန့် လူလေဟှာ အယ်မိုးသီးဘေးဒန်ကြောန့် ဘုရားသခင်ဟှို ကီဆဲဂေ့ဟှယ်။
REV 17:1 အယ်ဘီးန ဖလားခွန်နစ်လောင်းရှိဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးထဲဟှ တပါးဟှာလာဘီး၊ ငါနစကားပြောဘီး “လာပါ၊ ရရာတိုင်းများဟှူ ရေထတ်မာထိုင်ဟှူ ကောန်းဘဲဟှူမီးမဂီး ခံရမယ့် တရားစီရင်ရှင်းဟှို နန့်ဟှို ငါပြမယ်။
REV 17:2 မ္လေဂီးရဲ့ မန်းဂီးလေဟှာ သူ့နတူးဒူ တရားဘဲဟှူ မေထုန်ဟှို လောက်ဂေ့ဘီး မ္လေဂီးထတ်မာ နေဂေ့ဟှူသူလေလည်း သူ့န တရားဘဲဟှူ မေထုန်ဟှို လောက်ဟှူ စဗျစ်ဝိုင်န မောဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
REV 17:3 ငါ့ဟှို ဝိညာဉ်တော်အားဖြင့် တောကန္တာရထဲဟှို ခေါ်ဆောန်ဟှားလေဟှယ်။ အယ်ခီမာ ခေါန်းခွန်နစ်လောင်းန ချိုဆယ်ရှောန်းရှိဘီး ဘုရားသခင်ဟှို စော်ကားဟှူ နာမယ်န ပ္လဲ့နေဘီး နီနေဟှူ သားရဲ တကောန်ထတ်မာ ထိုင်နေဟှူ မီးမ တယော့‑က်ဟှို ငါဗြင်ရဟှယ်။
REV 17:4 အယ်မီးမဟှာ နီရောန်န ခရမ်းရောန်ဟှို ဝတ်ဟှားဘီး ရွှေတန်ဆာ၊ က္လော့‑က်မြတ်ရတနာန ပုလဲတန်ဆာလေဟှို ဆင်ဟှားဘီး သူ့ရဲ့လတ်မာ ရွံဇာကောန်းဟှူ ဇာလေန တရားဘဲဟှူ မေထုန်လောက်ဘီး ညစ်ညူးရှင်းလေန ပ္လဲ့နေဟှူ ရွှေခွပ်ဟှို ကိုင်ဟှားဟှယ်။
REV 17:5 သူ့ရဲ့ ဖူးထတ်မာ ရေးဟှားဟှူ လျှို့ဝှက်နတ်နဲဟှူ နာမဟှာ၊ “ဗာဗုလုန်ဗြို့ဂီး ကောန်းဘဲဟှူ မီးမလေန မ္လေဂီးထတ်မာ ရွံဇာကောန်းဟှူ ဇာလေရဲ့ မိ” ဆိုဘီး ဖြစ်ဟှယ်။
REV 17:6 အယ်မီးမဟှာ သန့်ရှင်းဟှူ သူလေရဲ့ သွီးန၊ ယေရှုရဲ့ သတ်သေခံလေရဲ့ သွီးန ယစ်မောနေဇာဟှို ငါဗြင်ရဟှယ်။ ငါဟှာ သူ့ဟှို ဗြင်ရဟှူ ခီမာ ရရာတိုင်း အံ့ဩဟှားဟှယ်။
REV 17:7 အယ်ခီမာ ကောန်းဂန်တမန်ဟှ “နန်ဟှာ ဖြားဖြစ်ကြောန့် အံ့ဩနူး” အယ်မီးမန သူ့ဟှို သယ်ဆောန်ဟှူ ခေါန်းခွန်နစ်လောင်းန ချိုဆယ်ရှောန်းရှိဟှူ သားရဲတကောန်ရဲ့ လျှို့ဝှက်နတ်နဲချစ်ဟှို နန့်ဟှို ငါပြောပြမယ်။
REV 17:8 နန်ဗြင်ရဟှူ သားရဲ တကောန်ဟှာ ရင်ဟှရှိဘီး ခုမှေ့ဘဲဟှူ ကြာခန်မာ နတ်ဆောင်းတွမ်းထဲဟှ တတ်လာဘီး ဖျစ်ဆီးရှင်းဟှို ခံရလေ့မယ်။ မ္လေဂီးထတ်မာ နေဂေ့ဟှူ သူလေထဲမာ ကမ္ဘာတည်ဟှူ ခီဟှစဘီး သတ်စာစောန်မာ နာမယ် စာရင်းဝမ်ဘဲဟှူ သူလေဟှာ ရင်ဟှရှိဘီး ခုမှေ့ဘဲဟှူ ကြာခန်မာ ရော့‑က်လာဟှို့ အယ်သားရဲဟှို ဗြင်ဘီးဟှာ အံ့ဩဂေ့လေ့မယ်။
REV 17:9 အယ်နေရာမာ ဉာဏ်ပညာန သိတရားရှိဟှို့တွပ် လိုအပ်ဟှယ်။ ခေါန်းခွန်နစ်လောင်းဟှာ အယ်မီးမထိုင်နေဟှူ တောန်ခွန်နစ်လောင်းဖြစ်ဘီး မန်းဂီးခွန်နစ်ပါးလည်း ဖြစ်ဟှယ်။
REV 17:10 ငါးပါးဟှာ က္လဆောင်းဟှားဘီ။ တပါးဟှာ ခုရှိဟှယ်။ ကျန်ဟှူတပါးဟှာ ပေါ်သေးဟှ။ ပေါ်လာဟှူ ခီမာလည်း ရှစ်ဟှားဘဲ ခံလေ့မယ်။
REV 17:11 ရင်ဟှရှိဘီး ခုမှေ့ဘဲဟှူ သားရဲတကောန်ဟှာ အဋ္ဌမ မန်းဂီးဖြစ်ဟှယ်။ သူဟှာ အယ်ခွန်နစ်ပါးထဲမာ တပါးလည်းဖြစ်ဘီး ဖျစ်ဆီးရှင်းဟှို ခံရလေ့မယ်။
REV 17:12 “နန်ဗြင်ရဟှူ ချိုဆယ်ရှောန်းဟှာ တိုင်းနိုင်ငံဟှို ရသေးဘဲဟှူ မန်းဂီးဆယ်ပါး ဖြစ်ဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ သားရဲ တကောန်နတူဒူး မန်းဂီးလေမျိုး ခွမ့်အာဏာဟှို ရရာတိုင်း တိုဟှူ ခီကာလတခုမာ အောက်စိုးရဂေ့လေ့မယ်။
REV 17:13 အယ်မန်းဂီးလေဟှာ တလောင်းတဝဒဲ ရှိဂေ့ဘီး သူးနို့လေရဲ့ တဂိုးလေဟှို သားရဲဟှို အပ်ဂေ့လေ့မယ်။
REV 17:14 သူးနို့ဟှာ သိုးသားဂန်းဟှားန စစ်တိုက်ဂေ့လေ့မယ်။ အယ်ဘေမဲ့ သိုးသားဂန်းဟှားဟှာ သူးနို့ဟှို နိုင်ရလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သခင်လေရဲ့ သခင်၊ မန်းဂီးလေရဲ့ မန်းဂီး ဖြစ်တော်မူဟှယ်။ ကိုယ်တော်န တူဒူးရှိနေဟှူ သူလေဟှလည်း ကိုယ်တော်ခေါ်ယူဘီး ဝီးကော့‑က်ခံရဟှူ သူလေန သစ်စာရှိဟှူ သူလေဖြစ်ဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
REV 17:15 အယ်ဘီးန အယ်ကောန်းဂန်တမန်ဟှာ နန်ဗြင်ရဟှူ ကောန်းဘဲဟှူမီးမ ထိုင်နေဟှူရေဟှာ တိုင်းနိုင်ငံလေ၊ ဘာသာစကားဘောန်းဇောင် ပြောဂေ့ဟှူ လူမျိုးလေန ပြည်သူပြည်သားလေ ဖြစ်ဂေ့ဟှယ်။
REV 17:16 နန်ဗြင်ရဟှူ ချိုဆယ်ရှောန်းန သားရဲလေဟှာ အယ်ကောန်းဘဲဟှူ မီးမဟှို မူးဘီး၊ သူ့ဟှို ပျစ်စီးစေဘီး သူ့ရဲ့ ဝတ်ဟှို ခလွတ်ပစ်ဂေ့ဘီး သူ့ရဲ့ သားဟှို ကိုက်စားဘီး သူ့ဟှို မီးရှို့ဂေ့လေ့မယ်။
REV 17:17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ စကားတော်ဟှာ ပ္လဲ့ဇောင်ရှင်းဟှို ရော့‑က်ဟှို့ထိ သူးနို့ဟှာ တလောင်းတဝဒဲ ဖြစ်ဘီး သူးနို့ရဲ့ နိုင်ငံလေဟှို သားရဲတကောန်ရဲ့ လတ်ထဲဟှို အပ်လိုက်ရှင်းအားဖြင့် ဘုရားသခင်ရဲ့ ကြံစည်တိုင်း သူးနို့ရဲ့ စိနှလောင်းထဲဟှို ထဲ့သွမ်းလိုက်ဟှယ်။
REV 17:18 “နန်ဗြင်ရဟှူ မီးမဟှာ ကမ္ဘာလောကရဲ့ မန်းဂီးလေဟှို အောက်စိုးဟှူဗြို့ဂီး ဖြစ်ဟှယ်” ဆိုဘီး ငါဟှို ပြောဟှယ်။
REV 18:1 အယ်ဘီးန ရရာတိုင်း ကီးဟှူ ခွမ့်အာဏာန ကောန်းဂန်ဟှ ဆင်းလာဟှူ တခြား ကောန်းဂန်တမန်တပါးဟှို ငါဗြင်ရဟှယ်။ မ္လေဂီးဟှာ သူ့ရဲ့ ဖောင်းသရေတော်ကြောန့် လန်းဘီးတော့‑က်ပလေဟှယ်။
REV 18:2 သူဟှာ ရရာတိုင်း က္လယ်ဟှူသံန ကြွေးကြော်ဘီး “ဗာဗုလုန်ဗြို့ဂီးဟှာ ပြိုက္လဟှားဘီ! ပြိုက္လဟှားဘီး! အယ်ဗြို့ဟှာ နတ်ဆိုးနေဟှူ နေရာ၊ ညစ်ညူးဟှူနတ်လေ နေဟှူနေရာ၊ ညစ်ညူးဟှူ ငှတ်ဘောန်းဇောင် မှီခိုဟှူနေရာန ညစ်ညူးဘီး ရွံဇာကောန်းဟှူ လိဆန်လေဂူလောင်း မှီခိုဟှူနေရာ ဖြစ်ဟှားဘီ။
REV 18:3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူမျိုးဂူလောင်းဟှာ သူ့ရဲ့ တရားဘဲဟှူ မေထုန်နဆိုင်ဟှူ ဒေါသ စဗျစ်ဝိုင်ဟှို သော့‑က်ဂေ့ဘီး မ္လေးဂီးရဲ့ မန်းဂီးလေဟှာ သူ့နတူးဒူ တရားဘဲဟှူ မေထုန်လောက်ဂေ့ဘီး ကမ္ဘာ့ကူသယ်လေဟှာ သူ့ရဲ့ လွန်ကျူးဟှူ ဇိမ်ခံရှင်း ရှီဝါကြောန့် ကြွယ်ဝလာဂေ့ဟှယ်” ဆိုဘီး ပြောဟှယ်။
REV 18:4 အယ်ဘီးန ကောန်းဂန်ဘောင်ဟှ တခြားသံတခုဟှို ငါကြားရဟှယ်။ အယ်သံဟှ “ထွပ်လာဂေ့။ ငါ့ရဲ့ လူစုလေ၊ သူ့နားဟှနေ ထွပ်လာဂေ့ပါ။ သူ့ရဲ့ ပြစ်လေထဲဟှို ဆစ်ဆံဘီး ပါဝမ်ဂေ့န။ သူ့နတူးဒူ ပြစ်ဒန်ဟှို ခံဂေ့န။
REV 18:5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ရဲ့ ပြစ်လေဟှာ ကောန်းဂန်ဘောင်ထိ ရော့‑က်ဘီး သူ့ရဲ့ တရားဘဲဟှူမှုလေဟှာ ဘုရားသခင်ဟှို ဒိရစေဟှူကြောန့် ဖြစ်ဟှယ်။
REV 18:6 သူပေးဟှားတိုင်း သူ့ဟှို ပ္လန်ပေးဂေ့ပါ။ သူလောက်ဟှားဇာလေဟှို နှေ့ဆတိုးဘီး ပ္လန်ပေးဂေ့ပါ။ သူရောစပ်ဟှားဟှူ ခွပ်မာ သူ့တွပ်နှေ့ဆ ရောစပ်ပေးဂေ့ပါ။
REV 18:7 သူဟှာ ကိုယ့်ကိုယ်ကိုယ် ချီးမြှော့‑က်ဘီး စည်းဇိမ်ခံစားဟှားမျှ သူ့ဟှို ညှဉ်းဆဲရှင်းန ဝန်းနဲကြေကွဲရှင်းလေဟှို ပေးဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ မိဖုရားဖြစ်ဟှယ်။ မောက်ဆိုးမ မှုဟှ။ ငါဟှာ ဝန်းနဲကြေကွဲရှင်းလေဟှို ဖယ်ခါလည်း တွိကြောင်ရဟှို့ မှုဟှ ဆိုဘီး သူ့စိထဲမာ ပြောဟှူကြောန့်ဖြစ်ဟှယ်။
REV 18:8 အယ်ကြောန်းကြောန့် ရောဂါဘေး၊ ဝန်းနဲကြေကွဲဟှူဘေး၊ စာရေဇာ ရရာတိုင်း ခေါန်းပါးဟှူဘေးလေဟှာ သူ့ရဲ့ထတ်မာ တရစ်ဒဲ ရော့‑က်လာလေ့မယ်။ သူဟှာ မီးရှို့ရှင်းဟှိုလည်း ခံရလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ဟှို တရားစီရင်ဟှူ ဘုရားသခင်ဟှာ တဂိုးကီးဟှူကြောန့် ဖြစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
REV 18:9 သူ့နတူးဒူ တရားဘဲဟှူမေထုန် လောက်ဂေ့ဘီး စည်းဇိမ်ခံစားဂေ့ဟှူ မ္လေဂီးရဲ့ မန်းဂီးလေဟှာ သူ့ဟှို လောန်နေဟှူမီးခိုးဟှို ဗြင်ဂေ့ဟှူ ခီမာ သူ့တွပ် ရရာတိုင်း ငိုဂေ့ဟှယ်။
REV 18:10 အယ်လူလေဟှာ သူခံရဟှူညှဉ်းဆဲရှင်းဟှို ကြော့‑က်ဂေ့ဟှူကြောန့် ဝီးဟှရပ်ဘီး “ရရာတိုင်း ကီးဟှူဗြို့၊ အားကီးဟှူ ဗာဗုလုန်ဗြို့! နန်ဟှာ ဖြစ်မှဖြစ်ရလေ! ဖြစ်မှဖြစ်ရလေ! ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ခံရဟှူ တရားစီရင်ရှင်းဟှာ ရရာတိုင်း တိုဟှူ ခီတခုမာ ပြစ်ဒန်စီရင်ရှင်းဟှို ခံရလေဘီ!” ဆိုဘီး ပြောဂေ့ဟှယ်။
REV 18:11 မ္လေဂီးထတ်မာရှိဟှူ ကူသယ်လေဟှလည်း သူ့ရဲ့ ကူပစ်စီးလေဟှို ဝယ်ဟှို့သူ ယော့‑က်လည်း မှေ့ဘဲဟှူကြောန့် သူ့တွပ် ဝန်းနဲကြေကွဲဘီး ငိုဂေ့ဟှယ်။
REV 18:12 သူးနို့လေရဲ့ ကူပစ်စီးလေဟှာ ရွှေ၊ ငွေ၊ က္လော့‑က်မြတ်ရတနာ၊ ပုလဲ၊ ပိချော၊ ခရမ်းရောန်ဝတ်ထည်၊ ပိုးထည်၊ နီဟှူထည်၊ သစ်မွှီးဘောန်းဇောင်၊ ဆင်စွယ်ပစ်စီးဘောန်းဇောင်၊ ဖိုးကီးဟှူသစ်သား၊ ကြေးသံ၊ က္လော့‑က်ဖ္လူလေန လောက်ဟှားဟှူ ပစ်စီးဘောန်းဇောင်၊
REV 18:13 သစ်ကြံပိုး၊ ဟမ်းရှစ်ဟှူမွှီးကြိုင်၊ နံ့သာပေါန်း၊ ဆီမွှီး၊ လောဗန်၊ စဗျစ်ဝိုင်၊ ဆီ၊ မုညစ်၊ ဂျောင်ဆန်၊ ကွဲနွားလိဆန်၊ သိုး၊ ဗြင်း၊ ဗြင်းရထား၊ လူ့ကိုယ်ခန္ဓာန လူလေရဲ့ သတ်လေဘဲ ဖြစ်ဂေ့ဟှယ်။
REV 18:14 ကူသယ်လေဟှ “နန်းနို့ရဲ့ စိနှလောင်းတတ်မတ်ဟှူ ရရာတိုင်း ကောန်းဟှူ သစ်သီးလေလည်း ပျော့‑က်ဟှားဘီ။ စည်းဇိမ် ဂေါင်သရေလေလည်း ပျော့‑က်ဟှားဘီ။ အယ်ဇာလေဟှာ ဖယ်ခါလည်းရဟှို့ မှုဘီ” ဆိုဘီး ပြောဟှယ်။
REV 18:15 သူ့အားဖြင့် ကြွယ်ဝလာဂေ့ဘီး အယ်ကူပစ်စီးလေဟှို ပိုင်ဂေ့ဟှူ သူလေဟှာ သူခံရဟှူ ညှဉ်းဆဲရှင်းဟှို ကြော့‑က်ဂေ့ဟှူကြောန့် ဝီးဟှရပ်ဘီးဟှာ ငိုဘီး၊ ရရာတိုင်း ဝန်းနဲဘီး
REV 18:16 “ပိချော၊ ခရမ်းရောန်ထည်န နီရောန်ထည်ဟှို ဝတ်ဟှားဘီး ရွှေတန်ဆာ၊ က္လော့‑က်မြတ်ရတနာန ပုလဲလေဟှို ဆင်ဟှားဟှူဗြို့ဂီး! နန်ဟှာ ဖြစ်မှဖြစ်ရလေ! ဖြစ်မှဖြစ်ရလေ!
REV 18:17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မျှလော့‑က် များဟှူစည်းဇိမ်ဟှာ တနာရီထဲမာ လောင်းဝ ဖျစ်ဆီးရှင်းဟှို ခံရဟှယ်” ဆိုဘီး ပြောလေ့မယ်။ ရေယာဉ်မှူးန ခရီးသယ်လေဂူလောင်း၊ သန်းဖောသားလေန ရေလမ်းမာ ကူသယ်လောက်နေဂေ့ဟှူ လူလေ ဂူလောင်းဟှာ ဝီးဟှရပ်ဘီး
REV 18:18 သူ့ဟှို လောန်နေဟှူမီးဟှ မီးခီုးလေဟှို ဗြင်ဘီး “ဖယ်ခါဒူးဟှလည်း အယ်ဗြို့ထတ် ခမ်းနားဟှူဗြို့ ရှိဖူးဟှ!” ဆိုဘီး အော်ပြောဂေ့ဟှယ်။
REV 18:19 သူးနို့ဟှာ မ္လေမုဟှို သူးနို့ခေါန်းထတ်ဟှို ပစ်တန်ဘီး၊ ဝန်းနဲကြွေကွဲဘီး၊ ငိုဂေ့ဘီးဟှာ “သူးနို့ရဲ့ ဖိုးတန်ဟှူ ပစ်စီးလေကြောန့် ပန်လယ်ထဲမာရှိဟှူ သန်းဖောလေဟှို ပိုင်ဂေ့ဟှူသူ ရှိမျှဟှို ကြွယ်ဝစေဟှူ ရရာတိုင်း ကီးဟှူဗြို့! နန်ဟှာ တနာရီထဲမာဘဲ လောင်းဝ ဖျစ်ဆီးရှင်းဟှို ခံရဟှူကြောန့် ဖြစ်မှဖြစ်ရလေ! ဖြစ်မှဖြစ်ရလေ!” ဆိုဘီး အော်ဘီးပြောဂေ့ဟှယ်။
REV 18:20 ကောန်းဂန်ဘောင်ဟှစဘီး သန့်ရှင်းဟှူသူလေ၊ တမန်တော်လေန ပရောဖက်လေ၊ အယ်ဗြို့ရဲ့ ဖြစ်ပျစ်ကြောန့် ဝန်းသာဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ နန်းနို့ ဖတ်မာနေဘီး အယ်ဗြို့ထတ်ဟှို ပြစ်ဒန်စီရင်ရှင်းဟှို ရော့‑က်စေဟှယ် ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 18:21 အယ်ဘီးန ခွန်အားကီးဟှူ ကောန်းဂန်တမန်တပါးဟှာ ရရာတိုင်း ကီးဟှူ က္လိဆောင်မျိုး က္လော့‑က်တောင်း တတောင်းဟှို ခီဘီးဟှာ ပန်လယ်ထဲဟှို ခ္လဘီး “ဗာဗုလုန်ဗြို့ဂီးဟှာ အယ်မျိုးဘဲ ပစ်ခ္လရှင်းဟှို ခံရဘီး လောင်းဝ တွိရဟှို့ မှုဘီ။
REV 18:22 စောန်းသမား၊ ဂီတသမား၊ ပလွေသမား၊ တံပိုးခရာမှုမားလေရဲ့ တီးမှုသံဟှို နန်းနို့ထဲမာ လောင်းဝ တွိရဟှို့ မှုဘီ။ က္လိဆောင်သံဟှိုလည်း လောင်းဝ ကြားရဟှို့ မှုဘီ။
REV 18:23 ဆီမီးရဲ့ လန်းရောန်ဟှိုလည်း နန်းနို့ထဲမာ လောင်းဝ လန်းဟှို့ မှုဘီ။ ဒို့သားန ဒို့သမီးလေရဲ့ သံဟှိုလည်း နန်းနို့ထဲမာ လောင်းဝ ကြားရဟှို့ မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန့်ရဲ့ ကူသယ်လေဟှာ မ္လေဂီးရဲ့ အာဏာကီးမားဟှူ သူလေ ဖြစ်ဂေ့ဟှယ်။ လူမျိုးဂူလောင်းဟှာ နန်းနို့ရဲ့ ပြုစားရှင်းန လှည့်ဇားဇာဟှို ခံရဂေ့ဟှယ်” ဆိုဘီး ပြောလေဟှယ်။
REV 18:24 ပရောဖက်လေ၊ သန့်ရှင်းဟှူသူလေန မ္လေဂီးထတ်မာ သေသတ်ခံရဟှူ လူလေ ဂူလောင်းရဲ့ သွီးလေဟှိုလည်း အယ်ဗြို့မာတွိရဟှယ်။
REV 19:1 အယ်ဘီးန ကောန်းဂန်မာရှိဟှူ လူလေဘောင်ဂီးရဲ့ ရရာတိုင်း က္လယ်ဟှူ သံမျိုး ငါကြားရဟှယ်။ သူးနို့ဟှ “ဟာလေလုယာ! ကယ်တန်ရှင်း၊ ဖောင်းသရေတော်န တဂိုးတော်လေဟှာ နို့လေရဲ့ ဘုရားသခင်န ဆိုင်ဟှယ်။
REV 19:2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ရဲ့ တရားစီရင်ရှင်းလေဟှာ ဖြောန့်မတ်မှန်ကန်ဟှယ်။ တရားဘဲဟှူမေထုန် လောက်ရှင်းလေန မ္လေးဂီးဟှို ပျစ်စီးစေဟှူ ကောန်းဘဲဟှူမီးမဟှို ကိုယ်တော်ဟှာ စီရင်ဘီး သူ့ရဲ့ လတ်မာမွဲနေဟှူ ကိုယ်တော်စေခံလေရဲ့ သွီးတွပ် ဒန်ခတ်လိုက်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
REV 19:3 အယ်ဘီးန သူးနို့လေဟှာ “ဟာလေလုယာ! မီးခိုးဟှာ ကမ္ဘာဆစ်ဆစ် တတ်ဘီးရှိနေဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
REV 19:4 သတ်ကီးဝါဂီးလေ ၂၄ ပါးန သတ္တဝါလေးပါးဟှလည်း ပျပ်ဝပ်ဘီးဟှာ ပလ္လင်ထတ်မာ ထိုင်နေဟှူ ဘုရားသခင်ဟှို ကိုးကွယ်ဘီးဟှာ “အာမင်! ဟာလေလုယာ!” ဆိုဘီး ပြောဂေ့ဟှယ်။
REV 19:5 ပလ္လင်ထဲဟှ ထွပ်လာဟှူ သံဟှလည်း “ဘုရားသခင်ရဲ့ စေခံလေန ဘုရားသခင်ဟှို ကြော့‑က်ဂေ့ဟှူ လူဂီးလူငယ်လေ ဂူလောင်းဟှ နို့လေရဲ့ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ပါ” ဆိုဘီး ပြောဟှယ်။
REV 19:6 အယ်ဘီးန လူဘောင်ဂီးရဲ့ သံလေနရော၊ ရေကဒန်ဟှနေ က္လဟှူရေသံနရော၊ ပြင်းထန်ဟှူ မိုးကြိုးသံနရော တူဟှူသံဟှ “ဟာလေလုယာ! အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ နို့လေရဲ့ ဘုရားသခင်ဟှာ စိုးစံတော်မူဟှယ်။
REV 19:7 နို့လေဟှာ ဝန်းသာရွှင်လန်းဘီး ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ချီးမွမ်းဂေ့ဇို့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သိုးသားဂန်းဟှားရဲ့ အီတတ်ဗွဲဟှာ ခီက္လလာဟှူကြောန့် သူ့ရဲ့ ဒို့သမီးဟှာ သူ့ကိုယ်သူ သင့်ပြင်ဆင်လေဘီ။
REV 19:8 အယ်ဒို့သမီးဟှာ စင်ကြယ်တော့‑က်ပဟှူ ပိချောထည်ဟှို ဝတ်ဆင်ခွမ့်ရဟှယ်။ အယ်ပိချောဟှာ သန့်ရှင်းသူလေရဲ့ ဖြောန့်မတ်ဟှူကျင့် ဖြစ်ဟှယ်” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 19:9 အယ်ဘီးန ကောန်းဂန်တမန်ဟှ “သိုးသားဂန်းဟှားရဲ့ အီတတ်ဗွဲဟှို ဖိခေါ်ခံရဟှူ သူလေဟှာ မင်္ဂလာရှိဂေ့ဟှယ် ဆိုဘီး ရေးဟှားပါ” ဆိုဘီး ငါ့ဟှို ပြောဘီးဟှာ “အယ်ဇာဟှာ ဘုရားသခင်ရဲ့ ဖြောန့်မတ်မှန်ကန်ဟှူ စကားတော်ဖြစ်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
REV 19:10 အယ်ခီမာ ငါဟှာ အယ်ကောန်းဂန်တမန်ဟှို ကိုးကွယ်ဟှို့တွပ် ပျပ်ဝပ်ဟှူ ခီမာ သူဟှ “အယ်မျိုးလောက်န။ ငါဟှာ နန်ဟှနေစဘီး ယေရှုနဆိုင်ဟှူ သတ်သေခံချစ်ဟှို ရဟှားဟှူ နန်းနို့လေရဲ့ ညီကို၊ လောက်ဖော်ဆောန်ဖတ် စေခံဘဲ့ ဖြစ်ဟှယ်။ ဘုရားသခင်ဟှိုဘဲ့ ကိုးကွယ်ပါ” ဆိုဘီး ပြောဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရှုနဆိုင်ဟှူ သတ်သေခံချစ်ဟှာ ပရောဖက်ပြုဘီး ဟောပြောဟှူဝိညာဉ် ဖြစ်ဟှယ်။
REV 19:11 အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ ကောန်းဂန်ဟှာ ပွမ့်နေဘီး ဗြင်းဖ္လူတကောန် ရှိဟှယ်။ ဗြင်းထတ်မာ ထိုင်နေဟှူသူဟှာ သစ်စာရှိဟှူသူ၊ မှန်ကန်ဟှူသူ ဆိုဘီး ခေါ်ရှင်းဟှို ခံရဟှယ်။ သူဟှာ ဖြောန့်ဖြောန့်မတ်မတ်ဟှား တရားစီရင်ဘီး စစ်တိုက်လေဟှယ်။
REV 19:12 သူ့ရဲ့ မျစ်စိလေဟှာ မီးလျှံမျိုးဖြစ်ဘီး သူ့ရဲ့ ခေါန်းထတ်မာ သရဖူလေ ဆောန်းဟှားဟှယ်။ သူ့မာရေးဟှားဟှူ နာမတခုရှိဘီး အယ်ဇာဟှို သူကိုယ်တိုင်ဘဲ့သိဘီး ဖယ်သူလည်းသိဟှ။
REV 19:13 သူဟှာ သွီးန နှစ်ဟှားဟှူဝတ်ဟှို ဝတ်ဟှားဘီး သူ့ရဲ့နာမယ်ဟှာ ဘုရားသခင်ရဲ့ စကားတော် ဆိုဘီး ခေါ်ဟှယ်။
REV 19:14 ကောန်းဂန် ဗိုလ်ခေလေဟှာ စင်ကြယ်ဟှူ ပိချောထည်ဟှို ဝတ်ဟှားဂေ့ဘီး ဗြင်းဖ္လူဟှို စီးဘီးဟှာ သူ့နော့‑က်ဟှို လိုက်ဂေ့ဟှယ်။
REV 19:15 လူမျိုးဘောန်းဇောင်ဟှို နှိမ်နင်းဟှို့တွပ် ထတ်ဟှူ သန်လျက်ဟှာ သူ့ရဲ့ ဇပ်ပေါ့‑က်ထဲဟှ ထွပ်နေဟှယ်။ သူဟှာ အယ်သူလေဟှို သံလှံတံန အောက်စိုးလေ့မယ်။ သူဟှာ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ဘုရားသခင်ရဲ့ မျစ်တော်န ဆိုင်ဘီး ပြင်းထန်ဟှူ စဗျစ်ဝိုင်န စဗျစ်သီးနယ်ဟှူ တွမ်းဟှို တတ်နန်းလေ့မယ်။
REV 19:16 သူ့ရဲ့ဝတ်န ပေါန်မာ မန်းဂီးလေရဲ့ မန်းဂီး၊ သခင်လေရဲ့ သခင် ဆိုဘီး ရေဟှားဟှူ ဘွဲ့နာမရှိဟှယ်။
REV 19:17 အယ်ဘီးန နေထဲမာရပ်နေဟှူ ကောန်းဂန်တမန် တပါးဟှို ငါဗြင်ရဟှယ်။ သူဟှာ ကောန်းဂန်လယ်မာ ပ္လံနေဟှူ ငှတ်ဂူလောင်းဟှို “ဘုရားသခင်ရဲ့ ညဉ့်ဇာစားဗွဲဟှို လာဘီးစုဂေ့ပါ။
REV 19:18 မန်းဂီးလေရဲ့ သား၊ တပ်မှူးလေရဲ့ သား၊ စစ်သားလေရဲ့ သား၊ ဗြင်းန ဗြင်းစီးဟှူ သူလေရဲ့ သား၊ လူလွတ်န ကျွန်လေဟှစဘီး လူဂီးလူငယ်ရှိမျှလေရဲ့ သားဟှို လာဘီးစားဂေ့ပါ” ဆိုဘီး ရရာတိုင်းက္လယ်ဟှူသံန ကြွေးကြော်ဂေ့ဟှယ်။
REV 19:19 အယ်ခီမာ သားရဲတကောန်ဟှစဘီး မ္လေဂီးရဲ့ မန်းဂီးလေန သူးနို့ရဲ့ ဗိုလ်ခေလေဟှာ ဗြင်းစီးဟှူသူန သူ့ရဲ့ ဗိုလ်ခေလေဟှို စစ်တိုက်ဟှို့တွပ် စုနေဇာဟှို ငါဗြင်ရဟှယ်။
REV 19:20 သားရဲန ပရောဖက် တုယောန်လေဟှာ ဖမ်းခံရဟှယ်။ အယ်ပရောဖက် တုယောန်ဟှာ သားရဲရဲ့ရှေ့မာ နိမိတ်လတ်ခဏာလေဟှို လောက်ဘီး၊ အယ်နိမိတ်လတ်ခဏာအားဖြင့် သားရဲရဲ့ဇိဟှို ယူဘီး သူ့ရဲ့ရောက်ထုဟှို ကိုးကွယ်ဟှူ သူလေဟှို လှည့်ဇားဟှူ သူဖြစ်ဟှယ်။ သတ်ရှင်ဘီးရှိနေဟှူ အယ်သူ နှေ့ယော့‑က်လောင်းဟှာ ကန့်နရောဘီး လောန်နေဟှူ မီးအိုင်ထဲဟှို ရှင်လတ်လတ် ပစ်ခ္လရှင်းဟှိူ ခံရဂေ့ဟှယ်။
REV 19:21 ကျန်ရစ်ဟှူ သူလေဟှ ဗြင်းစီးဟှူသူရဲ့ ဇပ်ပေါ့‑က်ထဲဟှထွပ်ဟှူ သန်လျက်န သတ်ပစ်ရှင်းဟှို ခံရဘီး ငှတ်ဂူလောင်းဟှာ သူးနို့လေရဲ့ သားဟှို ဗိုက်ဝအောန် စားရဂေ့ဟှယ်။
REV 20:1 အယ်ဘီးန ကောန်းဂန်တမန်တပါးဟှာ နတ်ဆောင်းတွမ်းရဲ့ သော့‑က်န ရရာတိုင်း ကီးဟှူ သံကြိုးလေဟှို သူ့ရဲ့လတ်မာ ကိုင်ဟှားဘီး ကောန်းဂန်ဘောင်ဟှ ဆင်းလာဇာဟှို ငါဗြင်ရဟှယ်။
REV 20:2 သူဟှာ စာတန်မာရ်နတ်ဖြစ်ဟှူ၊ ရှေးဗွီဟောန်းဖြစ်ဟှူ နဂါးဟှို ဖမ်းဘီး နှစ်တထောန်ခယ်ဟှားဟှယ်။
REV 20:3 နှစ်တထောန်ကူဟှူခီထိ လူလေဟှို နော့‑က်ထပ် လှည့်ဇားနိုင်ဘဲနေအောန် သူ့ဟှို နတ်ဆောင်းတွမ်းထဲဟှို ပစ်ခ္လဘီး၊ ပိဟှားလိုက်ဘီး ဇိနခတ်ဟှားလေဟှယ်။ အယ်ခီကာလကူဘီးမှ သူ့ဟှို ရှစ်ဟှားလွတ်ပေးရဟှယ်။
REV 20:4 အယ်ဘီးန ပလ္လင်လေန အယ်ပလ္လင်ထတ်မာ ထိုင်နေဟှူ သူလေဟှို ငါဗြင်ရဟှယ်။ အယ်သူလေဟှာ တရားစီရင်ဟှို့ ခွမ့်အာဏာဟှို ရဂေ့ဟှယ်။ အယ်ဘီးဟှာ ယေရှုနဆိုင်ဟှူ သတ်သေခံချစ်တွပ်ရော၊ ဘုရားသခင်ရဲ့ စကားတော်တွပ်ရော၊ ခေါန်းဖြတ်ခံရဟှူ သူလေရဲ့ ဝိညာဉ်လေန သားရဲန သားရဲရဲ့ရောက်ထုဟှို ကိုးကွယ်ဘဲ သူ့ရဲ့ဇိဟှိုရော၊ သူးနို့လေရဲ့ ဖူးမာ အယ်မျိုးမှုဘဲဟှာ လတ်မာ ခံဘဲဟှူ သူလေဟှိုရော ငါဗြင်ရဟှယ်။ သူးနို့ဟှာ သတ်ပ္လန်ရှင်ဘီး နှစ်တထောန်လောင်းလောင်း ခရစ်တော်နတူးဒူ အောက်စိုးရဂေ့ဟှယ်။
REV 20:5 ရင်ဟှသေဟှားဟှူ သူလေဟှာ နှစ်တထောန်ကူခန်ထိ သတ်ရှင်ရဂေ့ဟှ။ အယ်ဇာဟှာ ပထမ ထမြော့‑က်ရှင်း ဖြစ်ဟှယ်။
REV 20:6 ပထမ ထမြော့‑က်ရှင်းမာ ပါဟှူသူဟှာ မင်္ဂလာရှိဟှူသူ၊ သန့်ရှင်းဟှူသူ ဖြစ်ဟှယ်။ ဒုတိယ သေရှင်းဟှာ သူးနို့လေထတ်မာ တဂိုးမှေ့ဟှမ်း။ သူးနို့ဟှာ ဘုရားသခင်န ခရစ်တော်ရဲ့ ယဇ်ပုရောဟိတ်လေ ဖြစ်ဂေ့ဘီး ခရစ်တော်နတူးဒူ နှစ်တထောန် အောက်စိုးဂေ့လေ့မယ်။
REV 20:7 အယ်နှစ်တထောန် ကူဟှားဟှူ ခီမာ စာတန်ဟှာ သူခယ်ဟှားခံရဟှူ တွမ်းထဲဟှနေ လွတ်ပေးရှင်းဟှိုခံရဘီး
REV 20:8 မ္လေဂီးလေးမျစ်နှာမာရှိဟှူ လူမျိုးလေဖြစ်ဂေ့ဟှူ ဂေါဂ၊ မာဂေါဂဟှို လှည်းဖြားဟှို့တွပ်န စစ်ပွဲတွပ်၊ သူးနို့ဟှို စုဝီးဂေ့ဟှို့တွပ် ထွပ်ဟှားလေ့မယ်။ သူးနို့လေဟှာ ပန်လယ်သဲလောင်းလော့‑က် များဂေ့ဟှယ်။
REV 20:9 သူးနို့လေဟှာ မ္လေဂီးရဲ့ ရရာတိုင်း က္လယ်ဟှူနေရာဟှို တတ်လာဂေ့ဘီး သန့်ရှင်းသူလေရဲ့ တပ်စခန်းန ရှစ်ဇာကောန်းဟှူဗြို့ဟှို ဝိုင်းဟှားဂေ့ဟှယ်။ အယ်ခီမာ ကောန်းဂန်ဘောင်းဟှ မီးဟှာ က္လလာဘီး သူးနို့လေဟှာ လောန်ဘီးဟှာ ဖျစ်ဆီးခံရဂေ့ဟှယ်။
REV 20:10 သူးနို့ဟှို လှည့်ဇားဟှူ မာရ်နတ်ဟှိုလည်း သားရဲ့န ပရောဖက်တုယောန်ရှိဟှူ၊ ကန့်နရောဟှားဟှူ မီးအိုင်ထဲဟှို ပစ်ခ္လရှင်းဟှို ခံရဟှယ်။ သူးနို့လေဟှာ နေ့ရောညဉ့်ရော ကမ္ဘာဆစ်ဆစ် ညှဉ်းဆဲရှင်းဟှို ခံရဂေ့လေ့မယ်။
REV 20:11 အယ်ဘီးန ဖ္လူဟှူပလ္လင်ဂီးန အယ်ပလ္လင်ထတ်မာ ထိုင်နေဟှူ သခင်ဟှို ငါဟှာ ဗြင်ရဟှယ်။ ကောန်းဂန်န မ္လေဂီးဟှာ အယ်သခင်ရဲ့ရှေ့မာ ပျော့‑က်ဟှားဘီးဟှာ နေဟှို့နေရာ မှေ့ဟှမ်း။
REV 20:12 ရင်ဟှသေဟှားဂေ့ဟှူ ကီးငယ်လေဟှာ ပလ္လင်ရှေ့မာ ရပ်နေရှင်းဟှို ငါဗြင်ရဟှယ်။ စာစောန်လေဟှို ဖွမ့်ဟှားဘီး သတ်စာစောန်န တခြားစာစောန်ဟှိုလည်း ဖွမ့်ဟှားဟှယ်။ ရင်ဟှသေဟှားဟှူ သူလေဟှာ အယ်စာစောန်လေမာ ရေးဟှားတိုင်း သူးနို့လေရဲ့ လောက်ဟှူမှုလေတိုင်းဘဲ တရားစီရင်ရှင်းဟှို ခံရဂေ့ဟှယ်။
REV 20:13 ပန်လယ်ဟှာ သူမာရှိဟှူ လူသေလေဟှို ပေးလေဟှယ်။ သေရှင်းန မရဏာနိုင်ငံလေဟှလည်း သူ့မာရှိဟှူ လူသေလေဟှို ပေးလေဟှယ်။ အယ်ခီမာ လူလေ ဂူလောင်းဟှာ သူးနို့ လောက်ဟှားဟှူတိုင်း တရားစီရင်ရှင်းဟှို ခံရဂေ့ဟှယ်။
REV 20:14 အယ်ဘီးန သေရှင်းန မရဏာနိုင်ငံဟှလည်း မီးအိုင်ထဲဟှို ပစ်ခ္လရှင်းဟှို ခံရဂေ့လေ့မယ်။ (အယ်မီးအိုင်ဟှာ ဒုတိယ သေရှင်း ဖြစ်ဟှယ်။)
REV 20:15 သတ်စာစောန်မာ စာရင်းဝမ်ဘဲဟှူသူ ရှိမျှဟှိုလည်း မီးအိုင်ထဲဟှို ပစ်ခ္လရှင်းဟှို ခံရဂေ့ဟှယ်။
REV 21:1 အယ်ဘီးန ကောန်းဂန်သစ်န မ္လေဂီးသစ်ဟှို ငါဗြင်ရဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရင်ဟှ ကောန်းဂန်န မ္လေဂီးဟှာ ပျော့‑က်ဟှားဘီး ပန်လယ်လေလည်း မှေ့ဟှမ်း။
REV 21:2 အယ်ဘီးဟှာ သန့်ရှင်းဟှူ ယေရုရှလင်ဗြို့သစ်ဟှာ ဒို့သားတွပ် တန်ဆာဆင်ဟှားဟှူ ဒို့သမီးမျိုး ပြင်ဆင်ဘီး ဘုရားသခင်နားဟှ ကောန်းဂန်ဘောင်ဟှ ဆင်းလာဇာဟှို ငါဗြင်ရဟှယ်။
REV 21:3 အယ်ဘီးန ပလ္လင်ထဲဟှ ရရာတိုင်း က္လယ်ဟှူသံဟှ “ကေ့ကေ့ပါ။ ဘုရားသခင်နေဟှူ တဲတော်ဟှာ လူလေထဲမာရှိဘီး ကိုယ်တော်ဟှာ သူးနို့နတူးဒူ စံမြန်းမယ်။ သူးနို့ဟှလည်း ကိုယ်တော်ရဲ့ လူမျိုးတော်ဖြစ်ဂေ့ဘီး၊ ဘုရားသခင်ကိုယ်တိုင် သူးနို့လေနရှိဘီး သူးနို့လေရဲ့ ဘုရားသခင် ဖြစ်တော်မူမယ်။
REV 21:4 ကိုယ်တော်ဟှာ သူးနို့လေရဲ့ မျစ်စိဟှ မျစ်ရယ်ရှိမျှဟှို သုပေးလေ့မယ်။ သေရှင်းလည်း ရှိဟှို့မှုဘီ။ ဝန်းနဲကြွေကွဲဇာ၊ ငိုဇာန နာကျင်ဟှူ ဝေဒနာလေလည်း ရှိဟှို့မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရင်းရင်ဒူးဟှ ဖြစ်ဟှားဟှူ ဇာလေဟှာ ပျော့‑က်ဟှားဘီ” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
REV 21:5 ပလ္လင်ထတ်မာ ထိုင်နေဟှူ သခင်ဟှလည်း “ကေ့ကေ့ပါ။ ငါဟှာ ဂူလောင်းဟှို သစ်ဖြစ်စေဟှယ်” ဆိုဘီး မိန့်တော်မူဘီးန အယ်စကားဟှာ သစ်စာစကား၊ မှန်ဟှူစကား ဖြစ်ဟှူကြောန့် ရေးဟှားပါ ဆိုဘီး မိန့်တော်မူလေဟှယ်။
REV 21:6 မှုပီးဘီ။ “ငါဟှာ အာလဖန ဩမေဃဖြစ်ဟှယ်။ စနဆောင်းလည်းဖြစ်ဟှယ်။ ရေငတ်ဟှူသူဟှို သတ်စမ်းရေဟှို ဖိုးယူဘဲနပေးဟှယ်။
REV 21:7 အောန်မြင်ဟှူသူဟှာ အယ်ဇာလေဟှို မွီဆစ်ခံရလေ့မယ်။ ငါဟှာ သူ့ရဲ့ ဘုရားသခင်ဖြစ်မယ်။ သူဟှလည်း ငါရဲ့ သားမီးလေ ဖြစ်လေ့မယ်။
REV 21:8 အယ်ဘေမဲ့ ကြော့‑က်တတ်ဟှူသူလေ၊ ယောင်ကြည်ဘဲဟှူသူလေ၊ ရွံဇာကောန်းဟှူသူလေ၊ လူသတ်ဟှူသူလေ၊ တရားဘဲဟှူမေထုန် လောက်ဟှူသူလေ၊ ပြုစားဟှူသူလေ၊ ရောက်ထုဟှို ကိုးကွယ်ဟှူသူလေန လီညာဟှူသူ ဂူလောင်းဟှာ ကန့်နလောန်နေဟှူ မီးအိုင်ထဲဟှို ရော့‑က်ရဂေ့လေ့မယ်။ အယ်ဇာဟှာ ဒုတိယ သေရှင်းဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
REV 21:9 အယ်ဘီးန နော့‑က်ဆောင်းဘေးဒန် ခွန်နစ်ခုနပ္လဲ့နေဟှူ ဖလားခွန်နစ်လောင်းဟှို ကိုင်ဟှားဟှူ ကောန်းဂန်တမန် ခွန်နစ်ပါးထဲဟှ တပါးဟှာလာဘီး ငါ့နစကားပြောဘီး “လာပါ။ သိုးသားဂန်းဟှားရဲ့ မီးမဖြစ်ဟှူ ဒို့သမီးဟှို ငါပြမယ် ဆိုဘီး” ငါ့ဟှို ပြောဟှယ်။
REV 21:10 အယ်ကောန်းဂန်တမန်ဟှ ရရာတိုင်း ကီးဘီး ဗြစ်ဟှူတောန်ထတ်ဟှို ဝိညာဉ်တော်အားဖြင့် ငါ့ဟှို ခေါ်ဆောန်ဟှားဘီး ဘုရားသခင်နားဟှ ကောန်းဂန်ထတ်ဟှ ဆင်းလာဟှူ သန့်ရှင်းဟှူ ယေရုရှလင်ဗြို့ဟှို ငါ့ဟှို ပြလေဟှယ်။
REV 21:11 အယ်ဗြို့ဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်န ပ္လဲ့ဇောင်ဘီး လန်းရောန်ဟှာ က္လော့‑က်မြတ်ရတနာနတူဘီး က္လော့‑က်သလင်းမျိုး ရရာတိုင်း လန်းနေဟှူ နဂါးသွဲ့က္လော့‑က်မျိုး ဖြစ်ဟှယ်။
REV 21:12 အယ်ဗြို့မာ ရရာတိုင်း ကီးဘီး ဗြစ်ဟှူဗြို့ရိုးရှိဘီး ခွဗော့‑က်ဆယ်နှေ့ပေါ့‑က် ရှိဟှယ်။ ခွဗော့‑က်လေမာ ကောန်းဂန်တမန် ဆယ့်နှေ့ပါးရှိဘီး အယ်ခွဗော့‑က်ထတ်မာ ဣသရေလလူမျိုးလေရဲ့ မျိုးနွယ်စု ဆယ့်နှေ့နွယ်လေရဲ့ နာမယ်လေဟှို ရေးဟှားဟှယ်။
REV 21:13 ရှေ့ဖတ်မာ ခွဗော့‑က်သောင်းပေါ့‑က်၊ မြော့‑က်ဖတ်မာ ခွဗော့‑က်သောင်းပေါ့‑က်၊ တောန်ဖတ်မာ ခွဗော့‑က်သောင်းပေါ့‑က်၊ နော့‑က်ဖတ်မာ ခွဗော့‑က်သောင်းပေါ့‑က် ရှိဟှယ်။
REV 21:14 ဗြို့ရိုးဟှာ အုပြစ်ဆယ့်နှေ့ခုရှိဘီး အယ်ထတ်မာ သိုးသားဂန်းဟှားရဲ့ တမန်တော် ဆယ့်နှေ့ပါးလေရဲ့ နာမယ်ဆယ့်နှေ့ခုဟှို ရေးဟှားဟှယ်။
REV 21:15 ငါန စကားပြောဟှူ ကောန်းဂန်တမန်မာ အယ်ဗြို့ဟှိုရော၊ ဗြို့ရဲ့ခွဗော့‑က်န ဗြို့ရိုးဟှိုရော တိုင်းဟှို့တွပ် တိုင်းဇာ ရွှေကျူလောင်းရှိဟှယ်။
REV 21:16 အယ်ဗြို့ဟှာ လေးထောန့်ပေါင်ရှိဘီး လျားနနံဟှာ တူဟှယ်။ ကောန်းဂန်တမန်ဟှာ ရွှေကျူလောင်းန ဗြို့ဟှိုတိုင်းဟှူ ခီမာ မိုင်ပေါန်း ၁,၃၈၀ လော့‑က် ရှိဘီး လျား၊ နံ၊ ဗြစ်လေဟှာ တူဂေ့ဟှယ်။
REV 21:17 ဗြို့ရိုးဒုဟှိုလည်း တိုင်းဟှူ ခီမာ ကောန်းဂန်တမန် တိုင်းဟှူဇာရော၊ လူလေတိုင်းဟှူဇာအားဖြင့် ဗြစ် ၂၁၆ ပေ ရှိဟှယ်။
REV 21:18 အယ်ဗြို့ရိုးဟှို နဂါးသွဲ့က္လော့‑က်န ဆော့‑က်ဟှားဘီး ဗြို့ဟှာ ရရာတိုင်း လန်းဟှူ ဖန်သားမျိုး ကြည်လင်ဘီး ရွှေစင်ဖြစ်ဟှယ်။
REV 21:19 ဗြို့ရိုးရဲ့ အုပြစ်ဟှို က္လော့‑က်မြတ်ရတနာ ဘောန်းဇောင်န တန်ဆာဆင်ဟှားဟှယ်။ ပထမ အုပြစ်ဟှာ နဂါးသွဲ့၊ ဒုတိယ အုပြစ်ဟှာ နီလာ၊ တတိယ အုပြစ်ဟှာ မဟူရာ၊ စတုတ္ထဟှာ မြ၊
REV 21:20 ပဉ္စမ ပြစ်ဟှာ ကြောင်၊ ဆဋ္ဌမ ပြစ်ဟှာ ပတ္တမြား၊ သတ္တမ ပြစ်ဟှာ သလင်းဝါ၊ အဋ္ဌမ ပြစ်ဟှာ မျက်ရွဲ၊ နဝမ ပြစ်ဟှာ ဥဿဖရား၊ ဒသမ ပြစ်ဟှာ မဟူရာစိမ်း၊ ဧကဒသမ ပြစ်ဟှာ နီလာသွီး၊ ဒွါဒသမ ပြစ်ဟှာ နီလာခရမ်းလေ ဖြစ်ဂေ့ဟှယ်။
REV 21:21 ဗြို့ခွဗော့‑က် ဆယ့်နှေ့ပေါ့‑က်လေဟှာ ပုလဲဆယ့်နှေ့လောင်းဖြစ်ဂေ့ဘီး ခွဗော့‑က်တဗော့‑က်မာ ပုလဲတလောင်းစီန လောက်ဟှားဟှယ်။ ဗြို့ရဲ့ လမ်းမဟှာ ရရာတိုင်း စင်ကြယ်ဟှူ ဖန်သားနတူဟှူ ရွှေစင်ဖြစ်ဟှယ်။
REV 21:22 အယ်ဗြို့မာ ဗိမာန်တော်ဟှို ငါတွိရဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ဘုရားသခင်န သိုးသားဂန်းဟှားဟှာ အယ်ဗြို့ရဲ့ ဗိမာန်တော်ဖြစ်ဟှယ်။
REV 21:23 ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှာ အယ်ဗြို့ဟှို လန်းစေဘီး သိုးသားဂန်းဟှားဟှာ အယ်ဗြို့ရဲ့ ဆီမီးဖြစ်ဟှူကြောန့် အယ်ဗြို့ဟှို လန်းစေဟှူကြောန့် နေန လလေဟှို လိုအပ်ဟှ။
REV 21:24 လူမျိုးဘောန်းဇောင်ဟှာ အယ်ဗြို့ရဲ့ လန်းရောန်ဟှို မှီပြုဘီး သွားလာဂေ့လေ့မယ်။ မ္လေဂီးမာရှိဟှူ မန်းဂီးလေဟှာ သူးနို့လေရဲ့ ဖောင်းသရေတော်ဟှို အယ်ဗြို့ထဲဟှို ယူဆောန်လာဂေ့လေ့မယ်။
REV 21:25 အယ်နေရာမာ ညဉ့်မှေ့ဘဲဟှူကြောန့် ဗြို့ခွဗော့‑က်လေဟှို ဖယ်ခါလည်း ပိဟှားဟှ။
REV 21:26 လူမျိုးဘောန်းဇောင်ဟှာ ဖောင်းသရေတော်န ဂေါင်သရေလေဟှို အယ်ဗြို့ထဲဟှို ယူလာဂေ့လေ့မယ်။
REV 21:27 စင်ကြယ်ဘဲဟှူဇာ ခုလည်း အယ်ဗြို့ထဲဟှို ဝမ်ရဟှို့ မှုဟှ။ ရွံဇာကောန်းသူန လီညာသူလေလည်း ဝမ်ရဟှို့ မှုဟှ။ သိုးသားဂန်းဟှားရဲ့ သတ်စာစောန်မာ စာရင်းဝမ်ဟှူ သူလေဟှဘဲ့ ဝမ်ရဂေ့လေ့မယ်။
REV 22:1 အယ်ဘီးန ကောန်းဂန်တမန်ဟှာ က္လော့‑က်သလင်းမျိုး ရရာတိုင်း လန်းဘီး တော့‑က်ပနေဟှူ သတ်ရေစီးဟှူမ္လစ်ဟှို ငါ့ဟှို ပြလေဟှယ်။ အယ်မ္လစ်ဟှာ ဘုရားသခင်န သိုးသားဂန်းဟှားရဲ့ ပလ္လင်ဟှထွပ်ဘီး
REV 22:2 ဗြို့ရဲ့ လမ်းမလယ် တရှော့‑က်လောင်းဟှို စီးဆင်းနေဟှယ်။ မ္လစ်ရဲ့ တဖတ်မာ ဆယ့်နှေ့မျိုးသီးဟှူ၊ တလဟှို တခါသီးဟှူ၊ ဆယ့်နှေ့ခါသီးဟှူ သတ်ပန်ရှိဟှယ်။ အယ်ပန်ရဲ့ ဝပ်ဟှ လူမျိုးဘောန်းဇောင်ဟှို ကျန်းမာစေဟှယ်။
REV 22:3 ကီဆဲခံရဇာ ခုလည်း ရှိဟှို့မှုဘီ။ ဘုရားသခင်န သိုးသားဂန်းဟှားရဲ့ ပလ္လင်ဟှာ အယ်ဗြို့မာရှိဘီး ကိုယ်တော်ရဲ့ စေခံလေဟှာ ကိုယ်တော့်ဟှို ကိုးကွယ်ဂေ့လေ့မယ်။
REV 22:4 သူးနို့ဟှာ ကိုယ်တော်ရဲ့ မျစ်နှာဟှို ဗြင်ရဂေ့လေ့မယ်။ ကိုယ်တော်ရဲ့ နာမတော်ဟှလည်း သူးနို့ဖူးမာ ရှိဂေ့လေ့မယ်။
REV 22:5 ညဉ့်လည်းရှိဟှို့ မှုဘီ။ ဘုရားသခင်ဟှာ သူးနို့ဟှို လန်းရောန်ပေးဟှားဟှူကြောန့် ဆီမီးရဲ့ လန်းရောန်န နေရဲ့ လန်းရောန်လေဟှိုလည်း လိုအပ်ဟှို့ မှုဘီ။ သူးနို့ဟှာ ကမ္ဘာဆစ်ဆစ် အောက်စိုးဂေ့လေ့မယ်။
REV 22:6 အယ်ဘီးန ကောန်းဂန်တမန်ဟှ “အယ်စကားဟှာ သစ်စာစကား၊ မှန်ကန်ဟှူ စကားဖြစ်ဟှယ်။ ပရောဖက်လေရဲ့ ဝိညာဉ်လေဟှို ပိုင်ဟှူ ဘုရားသခင်ဟှာ ကြာခန်မာ ဖြစ်ရဟှို့ ဇာလေဟှို သူ့ရဲ့ စေခံလေဟှို ပြဟှို့တွပ် သူ့ရဲ့ ကောန်းဂန်တမန်ဟှို လွှတ်လိုက်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
REV 22:7 ယေရှုဟှ “နားထောန်ပါ။ ငါဟှာ ဗြန်းဗြန်ဟှားလာမယ်။ အယ်စာစောန်ထဲမာ ပရောဖက်ပြုဘီး ဟောပြောဟှူ စကားလေဟှို လိုက်နာဘီး စောန့်ထီးဟှူသူဟှာ မင်္ဂလာရှိဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
REV 22:8 ငါယောဟန်ဟှာ အယ်ကြောန်းရာလေဟှို ဗြင်ရကြားရဟှူသူ ဖြစ်ဟှယ်။ ငါဟှာ ဗြင်ရကြားရဟှူ ခီမာ အယ်ဇာလေဟှိုပြဟှူ ကောန်းဂန်တမန်ဟှို ကိုးကွယ်ဟှို့တွပ် သူ့ရဲ့ခေရင်းမာ ပျပ်ဝပ်ဟှူ ခီမာ၊
REV 22:9 သူဟှ “အယ်မျိုးလောက်န။ ငါဟှာ နန်ဟှနေစဘီး နန့်ရဲ့ညီကိုလေ ဖြစ်ဂေ့ဟှူ ပရောဖက်လေန အယ်စာစောန်မာပါဟှူ စကားလေဟှို လိုက်နာစောန့်ထီးဟှူ သူလေရဲ့ စေခံဖြစ်ဟှယ်။ ဘုရားသခင်ဟှို ကိုးကွယ်ပါ” ဆိုဘီး ပြောဟှယ်။
REV 22:10 အယ်ဘီးန ကောန်းဂန်တမန်ဟှ “အယ်စာစောန်ထဲမာ ပရောဖက်ပြုဟှူ စကားလေဟှို ဇိခပ်န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခီဟှာ နီးကပ်လာဘီ။
REV 22:11 တရားဘဲဟှူသူဟှာ ဆစ်ဘီးဟှာ တရားဘဲဟှူဇာဟှို လောက်ပါစေ။ ညစ်ညူးဟှူသူဟှာ ညစ်ညူးဘီး နေပါစေ။ ဖြောန့်မတ်ဟှူသူဟှာ ဆစ်ဘီးဟှာ ဖြောန့်မတ်ဟှူမှုဟှို လောက်ပါစေ။ သန့်ရှင်းဟှူသူဟှာ ဆစ်ဘီးဟှာ သန့်ရှင်းပါစေ” ဆိုဘီး ငါ့ဟှိုပြောဟှယ်။
REV 22:12 ယေရှုဟှ “နားထောန်ပါ။ ငါဟှာ ဗြန်းဗြန်ဟှားလာမယ်။ ငါပေးဟှို့ ကျိုးပြစ်လေဟှို ယူလာဘီး လူလေ ဂူလောင်းဟှို သူးနို့လောက်ဟှူ ဇာလေတိုင်း ငါပေးမယ်။
REV 22:13 ငါဟှာ အာလဖန ဩမေဃလည်း ဖြစ်ဟှယ်။ ဦးဆောင်းန နော့‑က်ဆောင်းဖြစ်ဘီး စနဆောင်းလည်း ဖြစ်ဟှယ်။
REV 22:14 “ကိုယ့်ရဲ့ ဝတ်လောင်ဟှို လျှော်ဘီး ဖ္လူအောန်လောက်ဟှူ သူဟှာ သတ်ပန်ရဲ့သီးဟှို စားရဟှူခွမ့်န ခွဗော့‑က်ဟှနေဘီး ဗြို့ထဲဟှို ဝမ်ရဟှူခွမ့်ဟှို ရဂေ့ဟှူ သူလေဟှာ မင်္ဂလာရှိဂေ့ဟှယ်။
REV 22:15 ပ္လန်မာဟှ ခွီးဖြစ်ဟှူသူ၊ ပြုဇားတတ်ဟှူသူ၊ တရားဘဲဟှူ မေထုန်လောက်ဟှူသူ၊ လူဟှိုသတ်ဟှူသူ၊ ရောက်ထုဟှို ကိုးကွယ်ဟှူသူန မုသားဟှို နှစ်သက်ဘီး ကျင့်ဂေ့ဟှူသူလေ ရှိဂေ့ဟှယ်။”
REV 22:16 “ငါယေရှုဟှာ သင်းတော်လေတွပ် အယ်ကြောန်းရာလေဟှို နန်းနို့ဟှို သတ်သေခံဟှို့တွပ် ငါ့ရဲ့ ကောန်းဂန်တမန်ဟှို လွှတ်လိုက်ဟှယ်။ ငါဟှာ ဒါဝိဒ်ရဲ့မ္လစ်န မျိုးနွယ်ဖြစ်ဘီး ရရာတိုင်း လန်းဟှူ မိုးသော့‑က်ကြယ် ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
REV 22:17 ဝိညာဉ်တော်န ဒို့သမီးလေဟှာ “လာဂေ့ပါ” ဆိုဘီး ပြောဟှယ်။ ကြားရဟှူသူဟှလည်း “လာဂေ့ပါ” ဆိုဘီး ပြောဂေ့စေ။ ရေငတ်ဟှူသူဟှာ လာပါစေ။ သတ်ရေဟှို လိုရှင်ဟှူသူဟှာ အလဂါး ယူပါစေ။
REV 22:18 အယ်စာစောန်မာပါဟှူ ပရောဖက်ပြုဘီး ဟောပြောဟှူ စကားလေဟှို ကြားရဟှူ သူတိုင်းဟှို ငါ့သတ်သေခံရှင်းလေဟှို ဖယ်သူဘဲ့ဖြစ်ဖြစ် သစ်ပ္လန်ထဲ့မယ် ဆိုဟှာ ဘုရားသခင်ဟှာ အယ်စာစောန်မာ ရေးဟှားဟှူ ဘေးဒန်လေဟှို အယ်သူထတ်မာ ရော့‑က်စေလေ့မယ်။
REV 22:19 ဖယ်သူဘဲ့ဖြစ်ဖြစ် အယ်ပရောဖက်ပြုဘီး ဟောပြောဟှားဟှူ စာစောန်ထဲမာ စကားလေဟှို ဖယ်ပစ်မယ် ဆိုဟှာ အယ်စာစောန်မာ ရေးဟှားဟှူ သတ်ပန်နရော၊ သန့်ရှင်းဟှူဗြို့ဟှိုရော၊ အယ်သူနဆိုင်ဟှူ ဇာလေဟှိုရော ဘုရားသခင်ဟှာ နုပစ်လေ့မယ်။
REV 22:20 အယ်ကြောန်းရာလေဟှို သတ်သေခံဟှူ သခင်ဟှာ “မှန်ပါဟှယ်! ငါဟှာ ဗြန်းဗြန်ဟှားလာမယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။ အာမင်! သခင်ယေရှု ကြွလာတော်မူပါ!
REV 22:21 သခင်ယေရှုရဲ့ ကျေးဇူးတော်ဟှာ သန့်ရှင်းဟှူသူ ဂူလောင်းနတူးဒူ ရှိပါစေ။ အာမင်။
