﻿ဗျာဒိတ်တော်.
9.
ပဉ္စမ ကောန်းဂန်တမန်ဟှာ တံပိုးမှုဟှူ ခီမာ ကြယ်တလောင်းဟှာ ကောန်းဂန်ဟှနေ မ္လေဂီးထတ်ဟှို က္လလာဇာဟှို ငါဗြင်ဟှယ်။ သူ့ဟှို နတ်ဆောင်းတွမ်းရဲ့ သော့‑က်ဟှို ပေးလိုက်ဟှယ်။ 
သူဟှာ နတ်ဆောင်းတွမ်းရဲ့ သော့‑က်ဟှို ဖွမ့်လိုက်ဟှူ ခီမာ မီးဖိုဂီးတခုရဲ့ မီးခိုးလေမျိုး အယ်တွမ်းထဲဟှ တတ်လာဘီး အယ်နတ်ဆောင်းတွမ်းဟှ မီးခိုးလေကြောန့် နေန အာကာသလေဟှာ မှောန်ဟှားလိုက်ဟှယ်။ 
အယ်ဘီးန အယ်မီးခိုးလေထဲမာ ကျိုင်းကောန်လေဟှာ မ္လေဂီးထတ်ဟှို ထွပ်လာဂေ့ဟှယ်။ သူးနို့ဟှာ မ္လေဂီးမာရှိဟှူ ကန်းမီးဂေါ့‑က်လေရဲ့ တဂိုးလေမျိုး ရဂေ့ဟှယ်။ 
မ္လေဂီးထတ်မာရှိဟှူ ဗြက်ပန်လေန စီးဟှူသစ်ပန်ဂီ၊ သစ်ပန်ငယ် ရှိမျှလေဟှို ဘေးလေဖြစ်စေဘဲ ဖူးမာ ဘုရားသခင်ရဲ့ ဇိမှေ့ဘဲ့ဟှူ သူလေဟှိုဘဲ့ ဘေးဖြစ်စေဟှို့တွပ် သူးနို့ဟှို မှာဟှားဟှယ်။ 
အယ်လူလေဟှို သေသတ်ဘဲန ငါးလလောင်းလောင်း ညှဉ်းဆဲဟှို့ခွမ့်ဟှို ပေးဟှားဟှယ်။ အယ်ကျိုင်းကောန်ရဲ့ ညှဉ်းဆဲရှင်းကြောန့် ခံရဟှူ ဝေဒနာဟှာ လူဟှို ကန်းမီးဂေါ့‑က် ထိုးခံရဟှူ ခီမာ နာဟှူဝေဒနာန တူဟှယ်။ 
အယ်နေ့ရစ်လေမာ လူလေဟှာ သေမန်းဟှို ရှာဂေ့လေ့မယ်။ အယ်ဘေမဲ့ တွိရဂေ့ဟှ။ ရရာတိုင်း သေရှင်ဘေမဲ့ သေရှင်းဟှာ သူးနို့နားဟှနေ ထွပ်ပ္လေးဟှားလေ့မယ်။ 
အယ်ကျိုင်းကောန်လေရဲ့ သဏ္ဌာန်ဟှာ စစ်ပွဲတွပ် ပြင်ဟှားဟှူ စစ်ဗြင်းနတူဟှယ်။ သူးနို့ရဲ့ ခေါန်းထတ်မာ ရွှေသရဖူလေ ဆောန်းဟှားဟှူဇာနတူဘီး သူးနို့ရဲ့ မျစ်နှာလေဟှာ လူမျစ်နှာနတူဟှယ်။ 
သူးနို့မာ မီးမဆန်းဗန်နတူဟှူ ဆန်းဗန်ရှိဘီး သူးနို့သွားဟှာ ခြင်္သေ့သွားမျိုး ဖြစ်ဟှယ်။ 
သူးနို့မာ သံရင်အောက်တဇာနတူဟှူ ရင်အောက်တဇာရှိဘီး သူးနို့ရဲ့ တောန်ပံခတ်လိုက်ဟှူသံဟှာ စစ်ပွဲဟှိုပ္လေးဟှားဟှူ ရရာတိုင်းများဟှူ ဗြင်းရထားရဲ့ သံနတူဟှယ်။ 
သူးနို့လေမာ ကန်းမီးဂေါ့‑က်မျိုး ဆူးပါဟှူဗွီးရှိဘီး အယ်ဗွီးန လူလေဟှို ငါးလလောင်းလောင်း ဘေးဖြစ်စေနိုင်ဟှူ တဂိုးရှိဟှယ်။ 
သူးနို့ရဲ့ မန်းဂီးဟှာ နတ်ဆောင်းတွမ်းရဲ့ စေတမန်ဖြစ်ဟှယ်။ အယ်သူရဲ့ နာမယ်ဟှာ ဟေဗြဲစကားအားဖြင့် အဗဒ္ဒုန် (ဓိပါယ်ဟှ “ဖျစ်ဆီးရှင်း”) ဖြစ်ဘီး ဂရိစကားအားဖြင့် အပေါလျူန် (ဓိပါယ်ဟှ “ဖျစ်ဆီးမား”) ဆိုဘီး ဖြစ်ဟှယ်။ 
ပထမ အမင်္ဂလာဟှာ လွန်ဟှားဘီ။ နော့‑က်ထပ် အမင်္ဂလာ နှေ့ပါးလာအူးမယ်။ 
ဆဋ္ဌမ ကောန်းဂန်တမန်ဟှာ တံပိုးမှုလိုက်ဟှူ ခီမာ ဘုရားသခင်ရဲ့ ရှေ့မာရှိဟှူ ရွှေယဇ်ပလ္လင်ရဲ့ ချိုလေးရှောန်းနားဟှ ထွပ်လာဟှူ သံဟှ၊ 
အယ်တံပိုးရှိဟှူ ဆဋ္ဌမ ကောန်းဂန်တမန်ဟှို “ရရာတိုင်း ကီးဟှူ ဥဖရတ်မြစ်နားဟှ ခယ်ဟှားဟှူ ကောန်းဂန်တမန်လေးပါးဟှို လွှတ်လိုက်ပါ” ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။ 
အယ်ခီမာ အယ်နှစ်၊ အယ်လ၊ အယ်ရစ်၊ အယ်နာရီတွပ် ပြင်ဆင်ဟှားဟှူ ကောန်းဂန်တမန်လေးပါးဟှာ လူသောင်းစုတစုဟှို သတ်ဟှို့တွပ် လွှတ်ပေးရှင်းဟှို ခံရဟှယ်။ 
ဗြင်းစီးသူ ဦးရေဟှ ကုဋေပေါန်းနှေ့ဆယ် ဖြစ်ဟှယ် ဆိုဘီး သူးနို့လေဟှ ရေနေဇာဟှို ငါကြားရဟှယ်။ 
ဗျာဒိတ်ရူပါရောင်မာ ငါဗြင်ရဟှူ ဗြင်းစီးဟှူ သူရဲလေဟှာ မီးတော့‑က်နေဟှူရောန်၊ နတ်ပြာရောန်၊ ကန့်မျိုးဖြစ်ဟှူ ဝါရောန် ရင်အောက်တဇာလေ ရှိဂေ့ဟှယ်။ ဗြင်းလေရဲ့ခေါန်းဟှ ခြင်္သေ့ခေါန်းနတူဘီး သူးနို့လေရဲ့ ဇပ်ပေါ့‑က်ထဲဟှ မီးတော့‑က်နေဟှူ မီးခိုးန ကန့်လေထွပ်နေဟှယ်။ 
သူးနို့ရဲ့ ဇပ်ပေါ့‑က်ထဲဟှထွပ်ဟှူ မီး၊ မီးခိုးန ကန့်လေဟှနေဖြစ်လာဟှူ ဘေးဒန်သောင်းခုကြောန့် လူလေ သောင်းစုတစု သေဂေ့ဟှယ်။ 
ဗြင်းလေရဲ့ တဂိုးဟှာ သူးနို့လေရဲ့ ဇပ်ပေါ့‑က်န ဗွီးမာရှိဟှယ်။ သူးနို့ရဲ့ ဗွီးဟှာ ဗွီနတူဟှူ ခေါန်းရှိဘီးဟှာ အယ်ခေါန်းနဘဲ့ လူလေဟှို ဘေးဒန်ရော့‑က်စေဟှယ်။ 
အယ်ဘေးဒန်လေကြောန့် သေဘဲန ကျန်နေဟှူ သူလေဟှာ နတ်ဆိုးလေဟှိုရော၊ ရွှေ၊ ငွေ၊ ကြေးနီ၊ က္လော့‑က်၊ သစ်သားလေန လောက်ဟှားဟှူ ဗြင်နိုင်ဘဲ၊ ကြားနိုင်ဘဲ၊ လမ်းရှော့‑က်နိုင်ဘဲဟှူ ရောက်ထုလေဟှိုရော၊ ကိုယ့်လတ်န လောက်ဟှားဟှူဇာလေဟှို ကိုးကွယ်ဘဲန နေဟှို့တွပ် နောန်ဒရဂေ့ဟှ။ 
လူသတ်ရှင်း၊ ပြုစားရှင်း၊ တရားဘဲဟှူ မေထုန်လောက်ရှင်းန ခိုးရှင်းလေတွပ်လည်း နောန်ဒရဘဲန နေဂေ့ဟှယ်။ 
