﻿ဗျာဒိတ်တော်.
7.
အယ်ဘီးန ကောန်းဂန်တမန် လေးပါးဟှာ မ္လေဂီးရဲ့ ဒေါ့‑က်လေးဒေါ့‑က်မာ ရပ်ဘီးဟှာ မ္လေဂီးထတ်ဟှိုရော၊ ပန်လယ်ထတ်ဟှိုရော၊ သစ်ပန်ရှိမျှ ထတ်ဟှိုရော၊ လေတိုက်ဘဲဟှို့တွပ် မ္လေဂီးလေးဖတ်ဟှ လေဟှို ထီးချောက်ဟှားဟှူ ဇာဟှို ငါဗြင်ရဟှယ်။ 
နော့‑က်တခါ တခြား ကောန်းဂန်တမန် တပါးဟှာ သတ်ရှင်ဟှူ ဘုရားသခင်ရဲ့ တဇိဟှို ကိုင်ဘီးဟှာ နေထွပ်လာဟှူ နေရာဟှနေဘီး တတ်လာဇာဟှို ငါဗြင်ရဟှယ်။ အယ်ဘီးန ကောန်းဂန်တမန် တပါးဟှ မ္လေဂီးန ပန်လယ်လေဟှို ဘေးရော့‑က်စေဟှို့တွပ် ခွမ့်ရဟှားဟှူ ကောန်းဂန်တမန် လေပါးဟှို၊ 
“နို့လေရဲ့ ဘုရားသခင်ဟှို စေခံဟှူ သူလေရဲ့ ဖူးမာ တဇိခတ်ဇာ မပီးမချင်း မ္လေဂီး၊ ပန်လယ်န သစ်ပန်လေဟှို ဘေးဒေါက်ခ ဖြစ်စေန” ဆိုဘီး သံက္လယ်ဂီးန အော်ပြောဟှယ်။ 
အယ်ဘီးန တဇိခတ်ခံရဟှူ သူလေရဲ့ ရေတွပ်ဟှို ငါကြားဟှယ်။ ဣသရေလ လူမျိုးလေရဲ့ မျိုးနွယ်ထဲမာ ၁၄၄,၀၀၀ လေဟှာ တဇိခတ်ရှင်းဟှို ခံရဂေ့ဟှယ်။ 
ယုဒမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ တဇိခတ်ခံရဘီး၊ ရုဗင်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ ဂဒ်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ 
အာရှာမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ နဿလိမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ မနာရှေမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ 
ရှိမောင်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ လေဝိမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ ဣသခါမျိုးနွယ်ထဲမာ ၁၂,၀၀၀၊ 
ဇာဗုလုန်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ ယောသပ်မျိုးနွယ်ထဲမာ ၁၂,၀၀၀၊ ဗင်္ယာမိန်မျိုးနွယ်ထဲမာ ၁၂,၀၀၀ လေဟှာ တဇိခတ်ဇာဟှို ခံရဂေ့ဟှယ်။ 
အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ လူမျိုးလေန ဘာသာစကား ဘောန်းဇောင်ပြောဟှူ သူလေထဲဟှနေဘီး ဖယ်သူလည်း ရေဟှို့နိုင်ဘဲဟှူ လူအောက်ဂီးဟှာ ဝတ်လောင်ဖ္လူဟှို ဝတ်ဟှားဘီး သူးနို့လတ်မာ စွန်ပလွံခတ်လေဟှိုလည်း ကိုင်ဟှားဂေ့ဘီးဟှာ ပလ္လင်န သိုးသားဂန်းဟှားရှေ့မာ ရပ်နေဂေ့ဟှယ်။ 
သူးနို့ဟှ၊ “ကယ်တန်ရှင်း ကျေးဇူးဟှာ ပလ္လင်ထတ်မာ ထိုင်ဟှူ နို့လေရဲ့ ဘုရားသခင်န သိုးသားဂန်းမာ ရှိဟှယ်” ဆိုဘီး ရရာတိုင်း က္လယ်ဟှူ သံန အော်ပြောဂေ့ဟှယ်။ 
ကောန်းဂန်တမန် ဂူလောင်းဟှ ပလ္လင်မာရော၊ သတ်ကီးဝါဂီးလေန သတ္တဝါ လေးပါးလေရဲ့ ပတ်ပတ်လည်မာရော ရပ်နေဂေ့ဟှယ်။ သူးနို့လေဟှာ ပလ္လင်ရှေ့မာ ဘုရားသခင်ဟှို ပျပ်ဝပ်ကိုးကွယ်ဘီး၊ 
သူးနို့ဟှာ၊ “အာမင် ကောန်းဂျီးမင်္ဂလာ၊ ဖောင်းသရေတော်၊ ဉာဏ်ပညာ၊ ကျေးဇူးတော် ချီမွမ်းရှင်း၊ ဂေါင်တော်၊ တဂိုးန စွမ်းသတ်တိလေဟှာ နို့လေ ဘုရားသခင်မာ ကမ္ဘာဆစ်ဆစ် ရှိပါစေ။ အာမင်!” ဆိုဘီး ပြောဆိုဂေ့ဟှယ်။ 
အယ်ဘီးန သတ်ကီးဝါဂီးလေထဲဟှ တပါးဟှာ “ဝတ်လောင်ဖ္လူဟှို ဝတ်ဟှားဟှူ သူလေဟှာ ဖယ်သူလေနူး။ ဖယ်နေရာဟှ လာဂေ့နူး” ဆိုဘီး ငါ့ဟှို မေးဟှယ်။ 
ငါဟှလည်း “သခင်၊ ကိုယ်တော်ဟှဘဲ့ သိဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်ဟှူ ခီမာ အယ်သူဟှ၊ “အယ်လူလေဟှာ ရရာတိုင်း ကီးဟှူ ဆင်းရဲဒေါက်ခထဲဟှ ထွတ်လာဟှူ သူလေ ဖြစ်ဂေ့ဟှယ်။ သူးနို့လေဟှာ ကိုယ့်ရဲ့ ဝတ်လောင်လေဟှို သိုးသားဂန်းဟှားရဲ့ သွီးအားဖြင့် လျှော်ဘီးဟှာ ဖ္လူစေဟှားဂေ့ဟှယ်။ 
အယ်ကြောန့်၊ “သူးနို့လေဟှာ ဘုရားသခင်ရဲ့ ပလ္လင်ရှေ့မာ နေရာရဘီး ဗိမာန်တော်မာ ဘုရားသခင်ရဲ့ ဝတ်ဟှို နေ့ညမပြတ်ဘဲ စေခံဂေ့ဟှယ်။ ပလ္လင်ထတ်မာ ထိုင်နေဟှူ သူဟှာ သူးနို့လေနတူးဒူး ရှိဘီး ကာကွယ် စောန့်ရှော့‑က်လေ့မယ်။ 
သူးနို့ဟှာ နော့‑က်တခါ ရေလေ၊ စားဇာလေ ငတ်ရဟှို့ မှုဟှ။ နေရောန်လည်း ထိရဟှို့ မှုဟှ၊ ဖြားပူဒန်ဟှိုလည်း ခံရဂေ့ဟှ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပလ္လင်လယ်မာ ရှိဟှူ သိုးသားဂန်းဟှားဟှာ သူးနို့လေဟှို လောက်ကျွေးဘီး သတ်စမ်းရေဒွမ်းဟှို လမ်းပြလေ့မယ်။ ဘုရားသခင်ဟှလည်း သူးနို့လေရဲ့ မျစ်စိမာရှိဟှူ မျစ်ရယ်ရှိမျှဟှို သုပေးမယ်” ဆိုဘီး ပြောလေဟှယ်။ 
