﻿ယောဟန်ဟှို ဖွမ့်ပြဟှူ ဗျာဒိတ်တော်.
1.
အယ်ကျမ်းစာမာ ယေရှုခရစ်တော် ဖွမ့်ပြဟှားဟှူ ဗျာဒိတ်တော်ကြောန်းဟှို မှတ်တမ်းတန်ဟှားဟှယ်။ ဘုရားသခင်ဟှာ ခရစ်တော်ဟှို အယ်ဗျာဒိတ်တော်ဟှို ပေးရရှင်းဟှာ ကြာခန်မာဖြစ်ရဟှူ ဇာလေဟှို သူရဲ့ စေခံလေဟှို သိစေရှင်ဟှူကြောန့် ဖြစ်ဟှယ်။ အယ်ကြောန့် ခရစ်တော်ဟှာ သူ့ရဲ့စေခံ ယောဟန်နားဟှို ကောန်းဂန်တမန်ဟှို လွှတ်လိုက်ဘီးဟှာ အယ်ဗျာဒိတ်တော်ဟှို ပ္လန်ဘီးဖော်ပြစေဟှယ်။ 
ယောဟန်ဟှလည်း သူဗြင်ရ ကြားရဟှူဇာ မှန်မျှန ဘုရားသခင်ရဲ့ စကားတော်န ယေရှုခရစ်တော်နဆိုင်ဟှူ သတ်သေခံချစ်လေဟှို အယ်စာစောန်မှာ ရေးဟှားပေးဟှယ်။ 
ခီဟှ ရရာတိုင်း နီးလာဘီ ဖြစ်ဟှူကြောန့် ပရောဖက်ပြုဘီး ဟောပြောဟှားဟှူစကားဟှို ဖတ်ဟှူသူန အယ်စကားဟှို ကြားရဘီး ရေဟှားဟှူဇာ မှန်မျှဟှို လိုက်နာဘီး စောန့်ထီးဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။ 
ငါယောဟန်ဟှာ၊ 
သစ်စာရှိဟှူသတ်သေ၊ သေဟှူလူလေထဲမာ ဦးဆောင်းမွီးလာဟှူသူ၊ မ္လေဂီးရဲ့ မန်းဂီးလေဟှို အောက်ချောက်သူဖြစ်ဟှူ ယေရှုခရစ်တော်နားဟှ ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့လေမာ ရှိပါစေ။ နို့လေဟှို ရှစ်ဘီး၊ သူ့ရဲ့သွီးတော်အားဖြင့် နို့လေရဲ့ ပြစ်လေဟှနေ ဖြေလွှတ်ပေးဘီး 
နို့လေဟှို နိုင်ငံတော်သားဖြစ်စေဘီး သူ့ရဲ့ဖ ဘုရားသခင်ရဲ့ မှုတော်ဟှို လောက်ဆောန်နိုင်ဟှို့တွပ် နို့လေဟှို မန်းဂီးရာနရော၊ ယဇ်ပုရောဟိတ်ရာနရော ပေးတော်မှုဟှူ ယေရှုခရစ်တော်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။ 
“ကေ့ကေ့။ ကိုယ်တော်ဟှာ မိုးတီဟှို စီးဘီးဟှာ ကြွလာလေ့မယ်” “ကိုယ်တော့်ဟှို ထိုးဖော့‑က်လိုက်ဟှူ လူလေန လူလေ ဂူလောင်းဟှာ ဗြင်ရဂေ့လေ့မယ်။” ကမ္ဘာမာ လူမျိုးလေရှိမျှဟှာ “ဝန်းနဲ ကြေကွဲဂေ့လေ့မယ်။” 
ခုလည်းရှိဘီး၊ ရင်းရင်ဒူးဟှလည်း ရှိဘီး နော့‑က်တခါမာ ကြွလာဟှို့ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ထာဝရဘုရားသခင်ဟှ “ငါဟှာ စနဆောင်းဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မှုဟှယ်။ 
ငါဟှာ နိုင်ငံတော်သားလေခံရဟှူ ဆင်းရဲဒေါက်ခဟှို နန်းနို့နတူးဒူ ခံနေရဘီး လောက်ဖော်ကိုင်ဖတ်ဖြစ်ဟှူ နန်းနို့လေရဲ့ ညီကို ယောဟန်ဖြစ်ဟှယ်။ ငါဟှာ ဘုရားသခင်ရဲ့ စကားတော်န ယေရှုနဆိုင်ဟှူ သမ္မာတရားလေဟှို ဟောပြောကြေညာဟှို့တွပ် ပတ်မုကျွန်းဟှို ပိုခံရဟှယ်။ 
သခင်ဘုရားရဲ့ နေ့မာ ဝိညာဉ်တော်ဟှာ ငါ့ထတ်ဟှို ရော့‑က်လာဘီး ငါဟှာ တံပိုးခရာသံနတူဟှူ သံတခုဟှာ ငါ့နော့‑က်မာ ကြားရဟှယ်။ 
အယ်သံဟှ “နန်ဗြင်ရဟှူ ဇာလေဟှို စာစောန်မာရေးဘီးဟှာ ဧဖက်ဗြို့၊ စမုနရဗြို့၊ ပေရဂံဗြို့၊ သွာတိရဗြို့၊ သာဒိဗြို့၊ ဖိလဒေလဖိဗြို့၊ လောဒိကိဗြို့လေမာရှိဟှူ သင်းတော် ခွန်နစ်ပါးနားဟှို ပေးလိုက်ပါ” ဆိုဘီး ပြောဟှယ်။ 
အယ်ခီမာ ငါဟှို ပြောဟှူသံဟှာ ဖယ်သူရဲ့သံဖြစ်နူး။ ဆိုဇာဟှို လှည့်ဘီးဟှာ ကေ့လိုက်ဟှူ ခီမာ ရွှေမီးခွပ် ခွန်နစ်လောင်းန၊ 
အယ်မီးခွပ်လေရဲ့ လယ်မာ လူသားနတူဟှူ သူတယော့‑က်ဟှိုလည်း တွီဟှယ်။ အယ်လူဟှာ ခေဖျားထိ ရော့‑က်အောန် ဝတ်လောင်ဟှို ဝတ်ဘီးဟှာ ရင်ဖတ်မာ ရွှေခါးဗတ်ဟှိုလည်း ဝတ်ဟှားလေဟှယ်။ 
အယ်လူရဲ့ ခေါန်းဟှ ဆံဗန်ဟှာ ဖ္လူဟှူသိုးမွီးမျိုး၊ နှမ်းပွမ့်မျိုး ဖ္လူဘီးဟှာ သူ့ရဲ့ မျစ်စိလေဟှာ မီးလျှံမျိုး ဖြစ်နေဟှယ်။ 
သူ့ရဲ့ ခေလေဟှာ ရရာတိုင်း ပြင်းဟှူ မီးဖိုမာ သန့်စင်ဟှားဘီး ရရာတိုင်း လန်းဟှူ ကြေးဝါစစ်စစ်န တူဟှယ်။ သူ့သံဟှလည်း ရရာတိုင်း ကီးဟှူ ရေလှိုင်းသံန တူဟှယ်။ 
သူဟှာ ညာလတ်မာ ကြယ်ခွန်နစ်လောင်းဟှို ကိုင်ဟှားဟှယ်။ သူ့ရဲ့ ဇပ်ပေါ့‑က်ထဲဟှ သွားနှေ့ဖတ်ပါဟှူ သန်လျက် ထွပ်လာဟှယ်။ သူ့ရဲ့ မျစ်နှာဟှာ ရှီတဂိုးန တော့‑က်နေဟှူ၊ ရရာတိုင်း လန်းဟှူ နေမျိုးဖြစ်နေဟှယ်။ 
ငါဟှာ အယ်လူဟှို ဗြင်ဟှူ ခီမာ သူ့ရဲ့ ခေရင်းမာ လဲက္လဘီး လူသေမျိုး ဖြစ်ဟှားဟှယ်။ အယ်ခီမာ သူဟှာ ငါ့ထတ်ဟှို သူ့ရဲ့ညာလတ်ဟှို တန်ဘီးဟှာ “ကြော့‑က်န။ ငါဟှာ ဦးဆောင်းန နော့‑က်ဆောင်းဖြစ်ဟှယ်။ 
ငါဟှာ သတ်ရှင်ဟှူသူလည်း ဖြစ်ဟှယ်။ ငါဟှာ ရင်သေဟှားဟှယ်။ အယ်ဘေမဲ့ ကေ့ကေ့ ငါဟှာ ကမ္ဘာဆစ်ဆစ် သတ်ရှင်နေဟှယ်။ ငါဟှာ သေရှင်းတရားန မရဏာနိုင်ငံရဲ့ သော့‑က်လေဟှိုလည်း ကိုင်ဟှားဘီး စိုးရဟှယ်။ 
“အယ်ကြောန့် နန်ဗြင်ရဟှူဇာလေ၊ ခုဖြစ်နေဟှူဇာလေန နော့‑က်မာဖြစ်လာရဟှို့ ဇာလေဟှို ရေးဟှားလိုက်။ 
ငါ့ရဲ့ ညာဖတ်လတ်မာ နန်ဗြင်ရဟှူ ကြယ်ခွန်နစ်လောင်းန ရွှေမီးခွပ် ခွန်နစ်လောင်းလေရဲ့ နတ်နဲဟှူဓိပါယ်ဟှ ကြယ်ခွန်နစ်လောင်းဟှာ သင်းတော်ခွန်နစ်ပါးရဲ့ စေတမန်လေ ဖြစ်ဂေ့ဘီး ဆီမီးခွပ် ခွန်နစ်လောင်းဟှာ သင်းတော်ခွန်နစ်ပါး ဖြစ်ဂေ့ဟှယ်။ 
