﻿ယောဟန်ရဲ့ တတိယပေးစာ.
1.
သတ်ကီးဟှူ သူဟှာ — 
ရှစ်ရဟှူမိဆွေ၊ နန့်စိနှလောင်း ကောန်းစားဟှူမျိုး နန်ဟှာ ရာရာမာ ကောန်းစားဘီး ကျန်းမာဟှို့တွပ် ငါဆုတောန်းပါဟှယ်။ 
နန်ဟှာ သမ္မာတရားန ကျင်လည်သတ်ရှင်ဟှူတိုင်း နန့်မာရှိဟှူ သမ္မာတရားကြောန်းဟှို ညီကို မောန်နှမလေ လာဘီးဟှာ သတ်သေခံဟှူ ခီမာ ငါဟှာ ရရာတိုင်း ဝန်းသာရဟှယ်။ 
ငါ့သားမီးလေဟှာ သမ္မာတရားန ကျင်လည်နေဟှယ် ဆိုဇာဟှို ငါကြားရဟှူကြောန့် ဝန်းမြော့-က်ရှင်းထတ်သာဟှူ ဝန်းမြော့-က်ရှင်းမျိုးမှေ့ဟှ။ 
ရှစ်ရဟှူမိဆွေ၊ နန်ဟှာ ညီကို မောန်နှမလေန တခြားသူလေဟှို ပြုမူဆစ်ဆံရာမာလည်း သစ်စာန ပြုတတ်ဟှယ်။ 
အယ်သူလေဟှာ နန့်ရဲ့ ရှစ်ရှင်းမြစ်တာကြောန်းဟှို သင်းတော်လေရှေ့မာ သတ်သေခံဂေ့ဟှယ်။ နန်ဟှာ အယ်သူလေဟှို ရှေ့ဆစ်ဘီး ခရီးဆစ်နိုင်ဟှို့တွပ် ဘုရားသခင် လိုတော်ရှိဟှူတိုင်း ကူညီမဇမယ် ဆိုဟှာ ကောန်းဟှူမှုဟှို ပြုရှင်းဖြစ်လေ့မယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်သူလေဟှာ နာမတော်ဟှို ထော့‑က်ဘီး ဘုရားသိဘဲဟှူ လူလေနားဟှနေဘီး ဖယ်ဇာဟှိုလည်း လှူခံဘဲန သွားဂေ့ဟှယ်။ 
အယ်ကြောန့် နို့လေဟှာ သမ္မာတရား ပ္လန့်ပွားလာအောန် ကူညီမဇဟှူသူ ဖြစ်ဟှို့တွပ် လောက်ဖော်ဆောန်ဖတ်ရှင်းဖြစ်ဟှူ အယ်သူလေဟှို ကူညီထော့‑က်ပံ့သင့်ဟှယ်။ 
ငါဟှာ သင်းတော်ဟှို စာရေးဘီး ပေးလိုက်ဟှူလည်းဘဲ့ ခေါန်းဆောန်လောက်ရှင်ဟှူ ဒယောတရပ်ဟှာ နို့လေဟှို ခွမ့်ပေးဘဲန ငြင်းပယ်ဟှယ်။ 
အယ်ကြောန့် ငါလာဟှူ ခီမာ သူပြုဟှူမှုရာဟှို သူသိရအောန် ငါထော့‑က်ပြမယ်။ အယ်သူဟှာ ဆန့်ကျင်ဟှူ စကားန နို့လေဟှို ကဲ့ရဲ့လော့‑က်န စိပြေဟှ။ ညီကို မောန်နှမလေဟှို ကိုယ်တိုင်လတ်ခံဟှ။ လတ်ခံဟှူ သူလေဟှိုလည်း တားဘီးဟှာ သင်းတော်ဟှနေ နှန်ထုတတ်ဟှယ်။ 
ရှစ်ရဟှူမိဆွေ ကောန်းဘဲဇာဟှို တုယူန။ ကောန်းဟှူဇာဟှိုသာ တုယူပါ။ ကောန်းဟှူကျင့်ဟှို ကျင့်ဟှူသူဟှာ ဘုရားသခင်န စပ်ဆိုင်ဟှယ်။ ကောန်းဘဲကျင့်ဟှို ကျင့်ဟှူသူဟှာ ဘုရားသခင်ဟှို သိဗြင်ရသေးဘဲသူ ဖြစ်ဟှယ်။ 
လူတိုင်းဟှာ ဒေမေတရိရဲ့ သတ်သေ ဖြစ်ဂေ့ဟှယ်။ သမ္မာတရားဟှာလည်း သူ့ရဲ့သတ်သေ ဖြစ်ဟှယ်။ နို့လေလည်းဘဲ့ အယ်သူဖတ်မာ သတ်သေခံ ဖြစ်ဂေ့ဟှယ်။ နို့လေရဲ့ သတ်သေခံရှင်းဟှာ မှန်ကန်ဟှယ် ဆိုဇာဟှို နန်သိပါဟှယ်။ 
နန်းနို့ဟှို ငါပြောဇာလေ ဘောင်ဂီးရှိဟှူ လည်းဘဲ့ မှန်ရယ်န မှန်တံအားဖြင့် စာရေးဟှို့တွပ် လိုရှင်ဘဲကြောန့် 
ငါဟှာ နန့်နားဟှို ကြာခန်ရော့‑က်လာဘီး နန့်န မျစ်နှာချင်းဆိုင် စကားပြောဆိုနိုင်လေ့မယ် ဆိုဘီး မျှော်လင့်ဟှယ်။ 
နန့်မာ ငြီသတ်ရှင်းရှိပါစေ။ အယ်ရပ်မာရှိဟှူ မိဆွေလေဟှာ နန့်ဟှို နှောက်ဆစ်ဂေ့ဟှယ်။ နန့်နားမာရှိဟှူ မိဆွေလေ နာမယ်ဟှို ခေါ်ဘီးနှောက်ဆစ်ပါ။
