﻿ပေတရုဟှနေ ဒုတိယပေးစာ.
1.
ယေရှုခရစ်တော်ရဲ့ စေခံန တမန်တော်ဖြစ်ဟှူ ငါ ရှိမုန်ပေတရုဟှာ — 
နို့လေရဲ့ဖ ဖြစ်ဟှူ ဘုရားသခင်န သခင်ယေရှုဟှို သိဟှူဉာဏ်အားဖြင့် ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့လေမာ တိုးပွားဂေ့ပါစေ။ 
နို့လေဟှို သူ့ရဲ့ ဖောင်းသရေတော်န ကောန်းမြတ်ရှင်းထဲဟှို ခေါ်ယူတော်မူဟှူ သခင်ဟှို နို့လေ သိရှင်းအားဖြင့် သတ်ရှင်မှုနတူးဒူ ဘုရားဝတ်န မွေ့လျော်ရှင်းအားဖြင့် စပ်ဆိုင်ဟှူရာလေ ဂူလောင်းဟှို ကိုယ်တော်နှိုက်ရှိဟှူ ဘုရားရဲ့ ဖောင်းတဂိုးတော်အားဖြင့် ပေးသနားတော်မူဘီ။ 
အယ်မျိုးအားဖြင့် ရရာတိုင်း ကောန်းမြတ်ဘီး ဖိုးကီးဟှူ ဂဒိတော်လေဟှို နို့လေဟှို အပ်ပေးတော်မူဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ဂဒိတော်လေဟှို မှီပြုဘီး နန်းနို့လေဟှာ လောကီတပ်မတ်မှုလေ၊ ညစ်ကြေးလေန လွတ်ကင်းဘီးဟှာ ဘုရားပကတိဟှို ဆစ်ဆံရဟှူသူလေ ဖြစ်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ 
အယ်ကြောန်းကြောန့် နန်းနို့လေဟှာ ယောင်ကြည်ရှင်းနှိုက် ကောန်းမြတ်ရှင်းဟှို၊ ကောန်းမြတ်ရှင်းနှိုက် ပညာဟှို၊ 
ပညာနှိုက် ကာမဂေါင် ချောက်တီးရှင်းဟှို၊ ကာမဂေါင် ချောက်တီးရှင်းနှိုက် သီးခံရှင်းဟှို၊ သီးခံရှင်းနှိုက် ဘုရားဝတ်နှိုက် မွေ့လျော်ရှင်းဟှို၊ 
ဘုရားဝတ်မာ မွေ့လျော်ရှင်းနှိုက် ညီကိုစောင်မတ်ရှင်းဟှို၊ ညီကိုစောင်မတ်ရှင်းနှိုက် ရှစ်ရှင်းမြစ်တာလေဟှို စွမ်းကူကြိုးစားဘီး ထပ်ဆစ်ဂေ့ပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ပါရမီလေဟှာ နန်းနို့လေမာရှိဘီး တိုးပွားနေဟှယ် ဆိုဟှာ နန်းနို့လေဟှာ နို့လေရဲ့ သခင် ယေရှုခရစ်ဟှို သိကျွမ်းရှင်းနှိုက် ပျင်းဘဲနေဟှို့တွပ်ရော၊ ကျိုးမှေ့ဘဲဇာလေ ဖြစ်ဘဲနေဟှို့တွပ်ရော ပြုပြင်တတ်ဂေ့ဟှယ်။ 
အယ်ပါရမီ မှေ့ဘဲဟှူ သူလေဟှာ မျစ်စိကန်းဟှူသူ၊ မျစ်စိမှုန်ဟှူသူ ဖြစ်ဟှယ်။ ကိုယ့်ပြစ်ဟောန်း ဆေးကြောခံရကြောန်းဟှို မေ့နေဂေ့ဟှယ်။ 
အယ်ကြောန့် ညီကို မောန်နှမလေ နန်းနို့ခံရဟှူ ခေါ်တော်မူရှင်းန ဝီးကော့‑က်တော်မူရှင်းဟှို တည်မြဲစေဟှို့တွပ် ပိုဘီး ကြိုးစားအားထုဂေ့ပါ။ အယ်မျိုးပြုနေမယ် ဆိုဟှာ ထိမိဘီးလဲဇာန မြဲဒမ်း ကင်းလွတ်လေ့မယ်။ 
နော့‑က်ဘီး နို့လေဟှို ကယ်တန်တော်မူဟှူ သခင်ယေရှုခရစ်ရဲ့ ထာဝရ နိုင်ငံတော်ထဲဟှို ဝမ်စားဟှူခွမ့်ဟှို နန်းနို့လေဟှို ကြွယ်ဝအောန် ပေးသနားတော် မူလေ့မယ်။ 
အယ်ကြောန့် ခုဟောပြောဟှူ သမ္မာတရားဟှို နန်းနို့လေ နားလည်ဘီး တည်ကြည်မှု ရှိဂေ့ဟှူလည်းဘဲ့ အယ်မျိုးစကားလေန နန်းနို့လေဟှို မြဲဒမ်း ဒိပေးနှိုးဆော်ဟှို့တွပ် ငါမေ့လျော့ဟှ။ 
အယ်ခန္ဓာတဲမာ ငါရှိနေဟှူမျှ ကာလပတ်လောင်း အယ်ကြောန်းရာလေဟှို နန်းနို့ဟှို ဒိပေးနှိုးဆော်သင့်ဟှယ် ဆိုဘီး ငါတကယ်ဘဲ့ မှတ်ယူဟှားပါဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ သခင် ယေရှုခရစ်တော်ဟှာ ငါ့ဟှို ဖော်ပြတော်မူဟှူတိုင်း ငါ့ရဲ့ ခန္ဓာတဲဟှို ကြာခန်မာ စွန့်ပယ်ရမယ် ဆိုဇာဟှို ငါသိဟှယ်။ 
အယ်မျိုးဖြစ်ကြောန့် ငါဟှာ အယ်လောကဟှနေ ထွပ်ဟှားဘီးန နန်းနို့လေဟှာ အယ်ကြောန်းရာလေဟှို မြဲဒမ်း မှတ်မိနေဟှို့တွပ် ငါကြိုးစားမယ်။ 
နို့လေရဲ့သခင် ယေရှုခရစ် တဂိုးတော်န ကြွလာတော်မူမယ် ဆိုဇာဟှို နန်းနို့ဟှို ဖော်ပြရာမာ နို့လေဟှာ ပရိယာယ်န တီထွင်ဟှားဟှူ ဒဏ္ဍာရီ ပေါင်ပြင်လေဟှို ပြောနေဂေ့ရှင်း မှုဟှ။ နို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ကိုယ်တိုင် ဗြင်ဖူးဟှူသူလေ ဖြစ်ဂေ့ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ “အယ်သူဟှာ ငါမြတ်နိုးဟှူ ငါ့ရဲ့ ရှစ်သား ဖြစ်ဟှယ်” ဆိုဟှူ သံတော်ဟှာ ထူးမြတ်ဟှူ ရောန်တော်ထဲဟှ အယ်သခင်နားဟှို ရော့‑က်လာဟှူ ခီမာ ဖ ဘုရားသခင်နားဟှ ဂေါင်တော်န ဖောင်းသရေတော်ဟှို ကိုယ်တော်ဟှာ ခံရတော်မူဟှယ်။ 
အယ်ခီမာ နို့လေ ကိုယ်တိုင်ဘဲ့ သန့်ရှင်းဟှူ တောန်ထတ်မာ ကိုယ်တော်နတူးဒူ ရှိနေဟှူခီ ကောန်းဂန်ဟှနေ ရော့‑က်လာဟှူ အယ်သံတော်ဟှို ကြားရဂေ့ဟှယ်။ 
နော့‑က်ဘီး ပိုဘီး ခိုင်လောင်ဟှူ ပရောဖက်လေရဲ့ စကားဟှာ နို့လေမာရှိဟှယ်။ နန်းနို့လေရဲ့ စိနှလောင်းထဲမာ အာရောင်တတ်ဘီး ကြယ်နီပေါ်ထွပ်ဟှူ ကာလထိအောန် အယ်စကားတော်ဟှို မှောန်မိုက်ဟှူ နေရာမာ ထွန်းလန်းဟှူ ဆီမီးဟှူမျိုး ထန်မှတ်ဘီး မှီပြုသင့်ပါဟှယ်။ 
ကျမ်းစာမာပါဟှူ ပရောဖတ်ပြု ဟောပြောချစ်လေဟှာ ကိုယ့်ဖာသာ နတ်ဓိပါယ်ပေါ်ဘဲဟှူ ကြောန်းဟှို ရင်ဦးဆောင်း သိမှတ်ဂေ့ပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပရောဖတ်ပြု ဟောပြောချစ်လေဟှာ ဖယ်ခါမှ လူ့ရဲ့ လိုဆန္ဒအားဖြင့် ဖြစ်ပေါ်လာရှင်း မှုဟှ။ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ သူလေဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ တိုက်တွန်းတော်မူရှင်းဟှို ခံရဟှူကြောန့် ဟောပြောဂေ့ရှင်း ဖြစ်ဟှယ်။ 
