﻿ပေတရုဟှနေ ပထမပေးစာ.
1.
ယေရှုခရစ်တော်ရဲ့ တမန်တော် ငါပေတရုဟှာ — 
ယေရှုခရစ်တော်ရဲ့ စကားတော်ဟှို နားထောန်ဟှို့တွပ်န ကိုယ်တော်ရဲ့ သွီးတော်န ဖျန်းရှင်းကျေးဇူးဟှို ခံရဟှို့တွပ် ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေရှင်းဟှို ခံရဘီး နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်ရဲ့ ကြိုတန်သိဗြင်ဟှူ ဉာဏ်တော်တိုင်း ဝီးကော့‑က်ခံရဟှူ သူလေနားဟှို စာရေးလိုက်ပါဟှယ်၊ 
နို့လေ သခင်ယေရှုခရစ်ရဲ့ ဖ ဘုရားသခင်ဟှာ မင်္ဂလာရှိပါစေ။ ကိုယ်တော်ဟှာ သူ့ရဲ့ ကီးမြတ်ဟှူ ကရုဏာတော်န ယေရှုခရစ်တော်ဟှို သေရှင်းဟှနေ ရှင်ပ္လန်ထမြော့‑က် စေရှင်းအားဖြင့် နို့လေဟှို သတ်ရှင်ဟှူ မျှော်လင့်ရှင်းန 
နန်းနို့လေတွပ် ကောန်းဂန်ဘောင်မာ ထီးသီးဟှားဟှူ ယိုယွင်းပျစ်စီးမှုလေ၊ ညစ်ညူးမှုလေန မှေးမှိန်မှုလေ မှေ့ဘဲဟှူ မွီတော်ထဲဟှို ပ္လန်ဘီး သစ်မွီးဖွား စေတော်မူဟှယ်။ 
နန်းနို့လေဟှာ နော့‑က်ဆောင်းကာလမာ ဖော်ပြဟှို့တွပ် ဆင်သင့်ပြင်ဆင်ဟှားဟှူ ကယ်တန်ရှင်းတွပ် ဘုရားသခင်ရဲ့ တဂိုးတော်နှိုက် ယောင်ကြည်မှုအားဖြင့် စောန့်ရှော့‑က်ရှင်းဟှို ခံရဂေ့ဟှယ်။ 
နန်းနို့လေဟှာ ခုခီမာ စောင်ဇမ်းနှော့‑က်ယှစ်ရှင်း ဘောန်းဇောင်ကြောန့် ရှစ်ဟှား ဝန်းနဲရဟှူလည်းဘဲ့ ရင်းရင်ဒူးဟှ ပြောဟှားဟှူ ကြောန်းရာလေအားဖြင့် ရွှင်လန်းဟှူစိ ရှိဂေ့ပါ။ 
ရယ်ကျိုဘီး စောင်ဇမ်းရှင်းဟှို ခံနိုင်ဟှူလည်းဘဲ့ ပျစ်စီးတတ်ဟှူ ရွှေထတ် ရရာတိုင်း ဖိုးကီးဟှူ နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှို စစ်ကြောစောင်ဇမ်းရှင်းဟှာ ယေရှုခရစ်တော် ပေါ်ထွပ်တော်မူဟှူ ခီမာ ချီးမွမ်းရှင်း၊ ဖောင်းသရေတော်န ဂေါင်သရေဖြစ်ဟှို ရော့‑က်ဟှို့တွပ် ဖြစ်ဟှယ်။ 
နန်းနို့လေဟှာ အယ်သခင်ဟှို ဗြင်ဖူးဘဲနေဟှူလည်းဘဲ့ ရှစ်ဂေ့ဟှယ်။ ခုလည်း ဗြင်ဘဲန ယောင်ကြည်ရှင်းအားဖြင့် ဖောင်းသရေတော်န စပ်ဆိုင်ဟှူ ပြောဟှို့မှီနိုင်ဘဲဟှူ ရွှင်လန်းရှင်းန ဝန်းသာဂေ့ဟှယ်။ 
အယ်ဇာဟှ စိဝိညာဉ်ဟှို ကယ်တန်ရှင်းဖြစ်ဟှူ ယောင်ကြည်ရှင်းရဲ့ ကျိုးဟှို ခံစားရရှင်း ဖြစ်ဟှယ်။ 
အယ်ကယ်တန်ဟှူ ကြောန်းရာဟှို ပရောဖက်လေဟှာ သေးသေချားချာ စောင်ဇမ်းရှာဖွေဘီး နန်းနို့ခံစားရမယ့် ကျေးဇူးတော်ကြောန်းဟှို ဟောပြောဂေ့ဟှယ်။ 
ခရစ်တော်ခံရမယ့် ဆင်းရဲရှင်းန ဆင်းရဲခံဘီးမှ ဝမ်စားရမယ့် ဖောင်းစည်းဇိမ်ကြောန်းဟှို သူးနို့ထဲမာရှိဟှူ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟှာ သက်သေခံဟှူ ခီမာ ဖယ်သူဖယ်ဝါ ဖယ်ခီကာလဟှို ဆိုလိုဟှူကြောန်းဟှို မေးမြန်းရှာဖွေဂေ့ဟှယ်။ 
ကိုယ်ဟောပြော ပြုစုရှင်းလေဟှာ သူးနို့လေတွပ်မှုဘဲန နန်းနို့လေတွပ် ဖြစ်ဟှယ် ဆိုဇာဟှို အယ်သူလေဟှို ဖွမ့်ပြတော်မူဟှယ်။ ကောန်းဂန်ဘောင်ဟှနေ စေလွှတ်တော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ကောန်းမြတ်ဟှူ ဒန်းကောန်းဟှို ဟောပြောဟှူ သူလေဟှာ အယ်ရာလေဟှို ခု နန်းနို့လေဟှို ဟောပြောဂေ့ဘီ။ ကောန်းဂန်တမန်လေဟှဘဲ့ အယ်ရာလေဟှို ရရာတိုင်း ကေ့ရှင်ဂေ့ဟှယ်။ 
အယ်မျိုးဖြစ်ကြောန့် နန်းနို့ရဲ့ စိနှလောင်းဟှို သင့်ပြင်ဆင်ဘီးဟှာ သမ္မာဒိရှိဂေ့ပါ။ ယေရှုခရစ် ကြွလာဟှူ ခီမာ နန်းနို့နားဟှို ရော့‑က်လာမယ့် ကျေးဇူးတော်ဟှို ဆောင်းထိမျှော်လင့်ပါ။ 
စဟှ နန်းနို့လေ နားလည်ဘဲဟှူ ခီဒူးဟှ တတ်မတ်မှု နော့‑က်ဟှို လိုက်ဟှားမျိုး ခုလိုက်ဂေ့ဘဲန နာခံမှုရှိဟှူ သားမီးလေမျိုး၊ 
နန်းနို့ဟှို ခေါ်တော်မူဟှူ သခင်ဟှာ သန့်ရှင်းတော်မူဟှူမျိုး နန်းနို့လေလည်း ပြုမူကျင့်ကြံရှင်းလေမာ သန့်ရှင်းမှုရှိဂေ့ပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ငါဟှာ သန့်ရှင်းတော်မူဟှူကြောန့် နန်းနို့လေဟှာ သန့်ရှင်းရှင်း ရှိဂေ့ရမယ်” ဆိုဘီး ရေးဟှားလေဟှယ်။ 
နန်းနို့လေဟှာ လူ့မျစ်နှာဟှို ထော့‑က်ဘဲန လူလေ ဂူလောင်းရဲ့ ကျင့်တိုင်း စီရင်တော်မူဟှူ ဖဟှို နန်းနို့ဆုတောန်း ကိုးကွယ်ဟှယ် ဆိုဟှာ ဧည့်သည်ဖြစ်ဟှူ ကာလပတ်လောင်းမာ ကြော့‑က်ရွံ့ရိုသေဟှူ စိန နေထိုင်ဂေ့ပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ မိစဉ်ဖဆစ် ကျင်လည်ဟှူ ချည်းနှီးကျင့်ကြံ ပြုမူရှင်းဟှနေဘီး ရွှေလေ၊ ငွေလေ ဖော့‑က်ပ္လန် ပျစ်စီးတတ်ဟှူ အောက်စာလေန နန်းနို့လေဟှို ဝီးနှုဘီး လွတ်မြော့‑က်လာရှင်းမှုဘဲ 
ဖြားပြစ်လည်းမှေ့ဘဲ ညှစ်ကြေးလေန ကင်းစင်ဟှူ သိုးသားဂန်းဟှားဟှူမျိုး ခရစ်တော်ရဲ့ သွီးတော်မြတ်န ဝီးတော်မူဟှူ ကြောန်းဟှို နန်းနို့လေ သိဂေ့ပါဟှယ်။ 
အယ်ခရစ်တော်ဟှာ အယ်ကမ္ဘာလောက မှေ့ခန်ဂဒဲဟှ ဘုရားသခင် သတ်မှတ် ဝီးကော့‑က်ရှင်းဟှို ခံရဘီး အယ်နော့‑က်ဆောင်း ကာလမာ နန်းနို့လေရဲ့ ကျိုးတွပ် ပေါ်ထွပ်တော်မူဘီ။ 
ကိုယ်တော့်ဟှို သေဟှားသူလေထဲဟှနေ ထမြော့‑က်စေဘီး ဖောင်းသရေတော်ပေးတော်မူဟှူ ဘုရားသခင်ဟှို အယ်သခင်အားဖြင့် နန်းနို့ယောင်ကြည်ဂေ့ဟှယ်။ အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင်ဟှို မှီပြုဘီး ယောင်ကြည်မျှော်လင့်ရှင်း ရှိဂေ့ဟှယ်။ 
နန်းနို့လေဟှာ သမ္မာတရားဟှို လိုက်လျှော့‑က် ကျင့်သောင်းရှင်းအားဖြင့် နန်းနို့လေရဲ့ စိဝိညာဉ်ဟှို သန့်ရှင်း စင်ကြယ်စေဂေ့ဘီး ဟန်ဆောန်ရှင်းမှေ့ဘဲဟှူ ညီကိုရှင်း ရှစ်ဟှူ မြစ်တာဟှို ရဟှူကြောန့် ဖ္လူစင်ဟှူ စိနှလောင်းအားဖြင့် ရှင်းရှင်း ခိုင်းခိုင်မြဲမြဲ ရှစ်ဂေ့ပါ။ 
နန်းနို့လေဟှာ ဖော့‑က်ပ္လန် ပျစ်စီးတတ်ဟှူ မျိုးစေ့အားဖြင့် မှုဘဲန ဖော့‑က်ပ္လန် ပျစ်စီးမှုန ကင်းဟှူ မျိုးစေ့ဖြစ်ဟှူ သတ်ရှင်ဘီး မြဲတည်ဟှူ ဘုရားသခင်ရဲ့ စကားတော်အားဖြင့် ဒုတိယခါ ပ္လန်မွီးရှင်းဟှို ခံရဂေ့ဘီ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ “လူလေ ဂူလောင်းဟှာ ဗြစ်ပန်ဟှူမျိုး ဖြစ်ဘီး သူးနို့လေရဲ့ ဖောင်းသရေတော်ဟှာ ဗြစ်ပွမ့်ဟှူမျိုး ဖြစ်ဟှယ်။ ဗြစ်ပန်ဟှာ ညှိုးနွမ်းဘီး သွိခြော့‑က်ဟှားတတ်ဟှယ်။ ဗြစ်ပွမ့်လေလည်း ကွီတတ်လေဟှယ်။ 
ဘုရားသခင်ရဲ့ စကားတော်ဟှာ ကာလစဉ်ဆစ် တည်ဟှယ်။” အယ်စကားတော်ဟှာ နန်းနို့လေဟှို ဟောပြောဟှူ ဒန်းကောန်းဘဲ့ဖြစ်ပါဟှယ်။ 
