﻿ယာကုပ်ဟှနေ ပေးစာ.
1.
ဘုရားသခင်န သခင်ယေရှုခရစ်ရဲ့ စေခံ ယာကုပ်ဟှာ၊ 
ငါ့ညီကို မောန်နှမလေ၊ နန်းနို့လေဟှာ စောင်ဇမ်းနှောက်ရှစ်ဇာ မျိုးမျိုးဟှို တွိရဟှူ ခီမာ ဝန်းသာဇာဘဲ့ဖြစ်ဟှယ် ဆိုဇာ ခံယူဂေ့ပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ရဲ့ ယောင်ကြည်ရှင်းဟှို စောင်ဇမ်းဇာဟှာ ခံနိုင်ရည်ဟှို တိုပွားစေဟှယ် ဆိုဇာ နန်းနို့ သိဂေ့ဟှယ်။ 
နန်းနိုဟှာ ဖယ်ဇာလည်း ချို့တတ်ဇာမှေ့ဘဲ့ ပ္လဲ့ဝစောင်လင်ဂေ့ဟှို့တွပ် ဆောင်းထိ ခံနိုင်ရည်ရှိရမယ်။ 
နန်းနို့ထဲမာ ယော့‑က်ယော့‑က်ဟှ ပညာဟှိုလိုရှင်ဟှယ် ဆိုဟှာ ကဲ့ရဲ့ပြစ်တန်ဘဲ့န၊ လူလေ ဂူလောင်းဟှို စေတနာစိန ပေးသနားဟှူ ဘုရားသခင်နားမာ တောန်းစေ။ တောန်းမယ် ဆိုဟှာ ရလေ့မယ်။ 
အယ်ဘေမဲ့ သံသယမှေ့ဘဲ့န ယောင်ကြည်ဟှူစိန တောန်းရမယ်။ ယောင်မှားဘီး သံသယစိရှိဟှူလူဟှာ လေတိုက်ဟှူ ခီမာ လှောက်ရှာနေဟှူ ပန်လယ်ဟှ ရေလှိုင်းနတူဟှယ်။ 
အယ်လူဟှာ ဘုရားသခင်နားဟှနေ ဖြားဇာခုလည်းရမယ် ဆိုဇာ ထန်မှတ်စေန။ 
အယ်မျိုးလူဟှာ စိနှေ့ခွရှိဟှူကြောန့် သူလောက်နေဟှူဇာလေမာ တည်ကြည်ရှင်းမှေ့ဘဲဟှူ သူဖြစ်ဟှယ်။ 
ညီကို ယော့‑က်ယော့‑က်ဟှာ နှိက္လနေဟှူ ခြေနေဟှနေဘီး ဘုရားသခင်ဟှ ချီးမြော့‑က်လိုက်ဟှူ ခီမာ ဝန်းသာပါစေ။ 
ကြွယ်ဝဟှူ ညီကိုဟှို ဘုရားသခင်ဟှ နှီခ္လဟှူ ခီမာ ဝန်းသာရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကြွယ်ဝဟှူ လူလေဟှာ တောထဲဟှ ဗြစ်ပန်မျိုးဘဲ့ ညှိုးဘီးဟှာ ပျော့‑က်ကွယ်ဟှားကြောန့် ဖြစ်ဟှယ်။ 
နေပူရှီဟှာ ဗြစ်ပန်ဟှို ခြော့‑က်ဟှားစေဘီးဟှာ ပွမ့်လည်း ကွီက္လဟှားစေဟှယ်။ အယ်ကြောန့် တင့်တယ်လှပရှင်းလေဟှာ ပျစ်စီဟှားဟှူမျိုးဘဲ ကြွယ်ဝဟှူ လူဟှာလည်း သူ့ရဲ့ စီပွားဟှို လောက်နေဒူးဟှူခိမာ ပျော့‑က်ကွယ်ဟှားလေ့မယ်။ 
စောင်ဇမ်းရှင်းဟှို သည်းခံနိုင်ဟှူလူဟှာ မင်္ဂလာရှိဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူဟှာ အယ်မျိုးခံဘီးမှ ဘုရားသခင်ဟှို ရှစ်ဟှူလူဟှို ကိုယ်တော်ဟှ ဒိထားဟှာတိုင်း သတ်သရဖူဟှို ရလေ့မယ်။ 
သွီးဆောန်ခံရဟှူလူဟှာ “ဘုရားသခင်ဟှာ ငါ့ဟှို သွီးဆောန်နေဟှယ်” ဆိုဇာ ဖယ်သူလဲ ပြောစေန။ ကောန်းဘဲ့ဟှူဇာလေဟှာ ဘုရားသခင်ဟှို သွီးဆောန်နိုင်ဟှ။ ကိုယ်တော်ဟှလည်း ဖယ်သူဟှိုလည်း သွီးဆောန်ဟှ။ 
လူဟှာ သွီးဆောန်ခံရဟှယ် ဆိုဇာဟှာ ကိုယ်စိဟှ ကောန်းဘဲဇာဖြစ်ဟှူ လိုရှင်ဟှူဆန္ဒဟှ ဆွဲဆောန်ဘီး လိုက်ပါဟှားဟှူကြောန့် ဖြစ်ဟှယ်။ 
အယ်မျိုးလိုရှင်ဟှူ ဆန္ဒလေဟှာ ကိုယ်ဝန်ဆောန်ဘီးဟှာ ဒုစရိုက်ဟှို မွီးဖွားစေဟှယ်။ ဒုစရိုက်ဟှာ ကီးလာဟှူ ခီမာ သေရှင်းဟှို မွီးဖွားစေဟှယ်။ 
ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ လွဲယူဂေ့န။ 
ကောန်းမြတ်စောင်လင်ဟှူ ဆုကျေးဇူးမှန်မျှဟှာ ကောန်းဂန်မာရှိဟှူ ဇာလေဟှို ဖန်ဆင်းဟှူ ဘုရားသခင်နားဟှနေ ရော့‑က်လာဟှယ်။ ကိုယ်တော်ဟှာ ပ္လောန်းလဲတတ်ဟှူ ရိနလည်းကင်းဟှယ်။ 
ကိုယ်တော်ဟှာ ဖန်ဆင်းဟှားဟှူ သတ္တဝါလေထဲမာ ဦးဆောင်းနေရာဟှို ရစေဟှို့တွပ် သမ္မာတရားအားဖြင့် သူ့ရဲ့ လိုတော်နတူးဒူ နို့လေဟှို မွီးဖွားစေဟှယ်။ 
ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ အယ်ချစ်ဟှို မှတ်ဟှားဂေ့ပါ။ နန်းနို့ ဂူလောင်းဟှာ ကြားရှင်းမာ ရရာတိုင်းဗြန်စေပါ။ စကားပြောရှင်းန ဒေါသထွပ်ရှင်းမာ နှေးဂေ့ပါ။ 
လူလေရဲ့ မျစ်ဒေါသဟှာ ဘုရားသခင်ရဲ့ ဖြောန့်မတ်ဟှူ ကြံစည်လေဟှို ရနိုင်ဟှ။ 
အယ်ကြောန့် နန်းနို့ဟှာ ညစ်ညူးရှင်းန ကောန်းဘဲဟှူကျင့်လေဟှို ဖယ်ပစ်ဂေ့ပါ။ နန်းနို့ရဲ့ စိထဲမာ ဘုရားသခင်ထဲပေးဟှားဟှူ တရားတော်ဟှာ နန်းနို့ဟှို ကယ်တန်နိုင်ဟှယ်။ တရားတော်ဟှို နူးညံ့သိမ့်မွေ့ဟှူစိန ခံယူဂေ့ပါ။ 
တရားတော်ဟှို ကြားနာရောင်ဘဲ့ ကြားနားရှင်းအားဖြင့် နန်းနို့ကိုယ် နန်းနို့ လှည့်ဇားဂေ့န။ တရားတော်ဟှို လတ်တွေ့ ကျင့်သောင်းဂေ့ပါ။ 
တရားတော်ဟှို လတ်တွေ့ ကျင့်သောင်းဘဲန ကြားနာရောင်ဘဲ ကြားနားရဟှူလူဟှာ ကိုယ့်ရဲ့ ပကတိမျစ်နှာဟှို မှန်မာကေ့ဟှူ လူနတူဟှယ်။ 
သူဟှာ အယ်မျိုး ကေ့ဘီးဟှာ ထွပ်ဟှားဟှူ ခီမာ သူ့ရဲ့ ပေါင်ဇံဟှို မေ့ဟှားတတ်ဟှယ်။ 
အယ်ကြောန့် လူလေဟှို ပြစ်ချည်နှောင်ရှင်းထဲဟှနေ လွတ်မြော့‑က်စေဘီး စောင်လင်ဟှူ ပညတ်တရားဟှို သေးသေချားချာဟှား လေ့လာကေ့ရှုဟှူလူဟှာ တရားဟှိုနာဘီးဟှာ မေ့ဟှားဇာမျိုးမှုဘဲန ဆစ်ဘီး အာရောင်ပြုဘီးဟှာ လတ်တွေကျင့်သောင်းလူ ဖြစ်ဟှူကြောန့် ဖြားမှုဘဲလောက်လောက် ဘုရားသခင်ရဲ့ ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်။ 
လူတယော့‑က်ဟှာ သူ့ကိုယ်သူ ဘုရားတရားဟှို ကြည်ညိုဟှယ် ဆိုဘီး ယူဆဘေမဲ့ သူ့ရဲ့ လျှာဟှို ထီးနိုင်ဟှ ဆိုဟှာ သူ့ရဲ့ စိနှလောင်းဟှို လှည့်ဇာဟှူလူ ဖြစ်ဟှယ်။ သူ့ရဲ့ ဘုရားတရား ကိုင်းရှိုင်းရှင်းဟှာ ချည်းနှီးဘဲဖြစ်ဟှယ်။ 
ဖဘုရားသခင်ရှေ့မာ စင်ကြယ်ဟှူတရားဟှို ကြည်ညိုဟှယ် ဆိုဇာ ဒေါက်ခရော့‑က်နေဟှူ၊ မိဖမှေ့ဘဲဟှူ သားဂန်းလေန မောက်ဆိုးမလေဟှို ကေ့ရှုစောန့်ရှောန်ရှင်း၊ လောကရဲ့ ညစ်ညူးရှင်းလေန ကင်းအောန် ကိုယ့်ကိုယ်ကိုယ် စောန့်ထီးရှင်းဘဲ ဖြစ်ဟှယ်။ 
