﻿ဟေဗြဲ.
3.
အယ်ကြောန့် ကောန်းဂန်ဘောင်န စပ်ဆိုင်ဟှူ ခေါ်ယူရှင်းကျေးဇူးဟှို ခံရဟှူသူ သန့်ရှင်းဟှူ ညီကို မောန်နှမလေ၊ နို့လေဝန်ခံဟှူ တမန်တော်န ယဇ်ပုရောဟိတ်မန်းဖြစ်ဟှူ ယေရှုရဲ့ကြောန်းဟှို စေ့စေ့ဆင်ခြင်ဂေ့ပါ။ 
မောရှေဟှာ ဘုရားသခင်ရဲ့ အီတော်တအီလောင်းဟှို သစ်စာစောန့်ဟှူမျိုး ယေရှုဟှာ သူ့ဟှို ခန့်အပ်ဟှားဟှူသူရဲ့ မှုတော်ဟှို သစ်စာစောန့်တော်မူဟှယ်။ 
အီဟှိုဆော့‑က်ဟှူသူဟှာ အီထတ် ပိုဘီး ဂေါင်သရေရှိဟှူမျိုး ယေရှုဟှာ မောရှေထတ် ပိုဘီး မြင့်မြတ်ဟှူ ဖောင်းသရေတော်ဟှို ခံထိုက်ဟှူသူ ဖြစ်ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ အီဟှို ယော့‑က်ယော့‑က်ဟှ ဆော့‑က်ရဟှူဇာဖြစ်ဟှယ်။ ရှိမျှဂူလောင်းဟှို တည်ဆော့‑က်ဟှူသူဟှာ ဘုရားသခင်ဘဲ့ဖြစ်ဟှယ်။ 
မောရှေဟှာ နာဂတ်ကာလတွပ် ဟောပြောမယ့် ရာလေဟှို သတ်သေခံဟှို့တွပ် စေခံကျွန်တယာ့‑က်ဟှူမျိုး အီတော်တအီလောင်းဟှို သစ်စာစောန့်လေဟှယ်။ 
ခရစ်တော်ဟှာ ဘုရားသခင်ရဲ့ အီတော်ဟှို စိုးရဟှူ သားတော်နေန အောက်စိုးဘီး သစ်စာစောန့်တော်မူဟှယ်။ နို့လေဟှာ ရဲရင့်ရှင်း၊ မျှော်လင့်ရှင်းလေန ဝါကြွားဝန်းသာဘီး ဆောင်းထိ ယောင်ကြည်စိခ္လရှင်းရှိမယ် ဆိုဟှာ နို့လေဟှာ ကိုယ်တော်ရဲ့ အီတော်ဖြစ်လေဟှယ်။ 
အယ်ကြောန့် သန့်ရှင်းဟှူဝိညာဉ်တော် မိန့်တော်မူဟှူဇာဟှာ၊ “အယ်နေ့မာ နန်းနို့လေဟာ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်သံဟှို ကြားရဂေ့ဟှူကြောန့် 
စိနှလောင်း ခိုင်မာဂေ့န။ နန်းနို့ဘိုးဘေးလေဟှာ ကိုယ်တော့်ဟှို ပေါင်ကန်ဘီး တောကန္တာရမာ မျိုးမျိုး စောင်ဇမ်းဂေ့ဟှယ်။ သူးနို့လေ ခေါန်းမာဟှူမျိုး နန်းနို့ခေါန်းမာဂေ့န။ 
နန်းနို့ဘိုးဘေးလေဟှာ နှစ်လေးဆယ်လောင်းလောင်း ငါပြုဟှူ မှုရာလေဟှို ဗြင်ရဟှူလည်းဘဲ့ ငါ့ဟှိုဆန့်ကျင်ဘီး စောင်ဇမ်းဂေ့ဟှယ်။ 
အယ်မျိုးဖြစ်ဟှိ အယ်မျိုးဆစ်ဟှို ငါမျစ်ထွပ်ဘီး ‘သူးနို့လေဟှာ မြဲဒမ်းဘဲ့ စိသဘော မှားယွင်းတတ်ဂေ့ဟှယ်။ ငါ့ရဲ့ အလေ့လာ ငါ့ရဲ့ တရားလမ်းဟှို သိဂေ့ဟှ’ ဆိုဘီး ငါဆိုရဟှယ်။ 
အယ်ကြောန့် သူးနို့လေဟှာ ‘ငါ့ရဲ့ ငြီဝပ်ရှင်းထဲဟှို ဝမ်ရဂေ့ဟှို့ မှုဟှ’ ဆိုဘီး မျစ်ထွပ်ဟှူကြောန့် ငါကီဆိုဟှယ် ” ဆိုဘီး မိန့်တော်မူဟှူတိုင်း၊ 
ညီကို မောန်နှမလေ၊ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို ကျောခိုင်းဟှူဇာအားဖြင့် မယောင်ကြည်ဘဲ ဆိုးညစ်ဟှူစိနှလောင်း မှေ့ဘဲနေဟှို့တွပ် ဒိထားဂေ့ပါ။ 
ပြစ်ဒုစရိုက် လှည့်ဇားဟှူဇာအားဖြင့် နန်းနို့စိနှလောင်း ခိုင်မာဘဲနေဟှို့တွပ် အယ်နေ့ ဆိုဘီး ခေါ်ဟှူခီ ရှိဟှူမျှ ကာလပတ်လောင်း ရှင်းရှင်း တယော့‑က်ဟှိုတယော့‑က် အားပေးဘီး တိုက်တွန်းနှိုးဆော်ဂေ့ပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ စိစွဲလန်းရှင်းန စပြုဟှူမျိုး ဆောင်းထိ စိခ္လယောင်ကြည်မယ် ဆိုဟှာ ခရစ်တော်န စပ်ဆိုင်ဟှူသူလေ ဖြစ်ဟှယ်။ 
ကျမ်းစာတော်ဟှ “အယ်နေ့မာ နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်သံဟှို ကြားရဂေ့ဟှူကြောန့် ဆန့်ကျင်ဖတ်ပြုဟှူ ကာလမာရှိဟှူမျိုး စိနှလောင်းခိုင်မာဂေ့န” ဆိုဘီး ဖော်ပြလေဟှယ်။ 
အယ်မျိုး ကြားဘီးမှ ဆန့်ကျင် ပေါင်ကန်ဟှူသူလေဟှ ဖယ်သူလေနူး။ မောရှေနော့‑က်ဟှိုလိုက်ဘီး အဲဂုတ္တုပြည်ဟှ ထွပ်လာဟှူသူ ဂူလောင်းဟှာ အယ်မျိုးပြုဂေ့ဟှယ် မှုဟှလော။ 
နှစ်လေးဆယ်လောင်းလောင်း ဘုရားသခင်ရဲ့ မျစ်တော်ဟှို ခံရဟှူသူဟှာ ဖယ်သူလေနူး။ ဒုစရိုက်ပြစ်ဟှို ပြုဟှူကြောန့် တောကန္တာရထဲမာ လဲဘီး သေဂေ့ဟှူသူလေဘဲ့ မှုဟှလော။ 
“နန်းနို့လေဟှာ ငါ့ရဲ့ ငြီဝပ်ရှင်းထဲဟှို ဝမ်ရဂေ့ဟှ” ဆိုဘီး ကီဆိုခံရဟှူသူလေဟှာ ယောင်ကြည်ဘဲဟှူ သူဟှလွဲဘီး ဖယ်သူရှိနူး။ 
အယ်ကြောန့် သူးနို့လေဟှာ ယောင်ကြည်ဘဲဟှူကြောန့် ဝမ်နိုင်ဘဲဇာဟှို နို့လေသိရဂေ့ဟှယ်။ 
