﻿၂ တိမောသေ.
2.
ငါ့သား၊ နန်ဟှာ ယေရှုခရစ်တော်၌ ရှိဟှူ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မှုရှိပါ။ 
သတ်သေလေရှေ့မာ ငါ့နားဟှ ကြားနာရဟှူ ဇာလေဟှို သစ်စာရှိဘီး သူများလေဟှို ပ္လန်သွန်သန်ပေးနိုင်ဟှူ သူလေဟှို အပ်ပေးပါ။ 
နန်ဟှာ ယေရှုခရစ်တော်ရဲ့ စစ်သားကောန်းတယော့‑က်ဖြစ်န ငါ့နတူးဒူ ဆင်းရဲဒေါက်ခဟှို သီးခံပါ။ 
စစ်မှုထမ်းဟှူသူဟှာ ကိုယ့်ဟှို စစ်သားရာမာ ခန့်ဟှားသူ နှစ်သက်အောန် ဆိုဘီး လောကီရေးရာန ရောနှောရှောက်ထွေးဘီး နေတတ်ဟှ။ 
ဖယ်သူဘဲ့ဖြစ်ဖြစ် အားကစားဗွဲမာ ယှဉ်ပြိုင်မယ် ဆိုဟှာ စည်းမျဉ်းစည်းကမ်းတိုင်း ပြိုင်ဘဲနေဟှာ ဆုရဟှို့ မှုဟှ။ 
လယ်လောက်ဟှူ သူဟှလည်း ကြိုးစားဘီး ရင်ဦးဆောင်း လောက်ဆောန်ဘီးမှ သီးနှံဟှို ရဟှယ်။ 
ငါ့စကားဟှို ဆင်ခြင်ပါ။ သခင်ဘုရားဟှာ ရှိမျှဂူလောင်းဟှို နားလည်ဟှူ ဉာဏ်ပညာ နန့်ဟှို ပေးသနားတော်မူလေ့မယ်။ 
ဒါဝိဒ်မျိုးနွယ်ဖြစ်ဟှူ ယေရှုခရစ်တော်ဟှာ ငါဟောပြောဟှူ ဒန်းကောန်းတိုင်း သေရှင်းဟှနေ ထမြော့‑က်တော်မူဟှယ် ဆိုဇာဟှို ဒိရပါ။ 
ငါဟှာ အယ်မူဒန်းကောန်းတရားကြောန့် လူဆိုးတယော့‑က်ဟှူမျိုး တောက်နှောန်ခံရလော့‑က်ထိ ဆင်းရဲဒေါက်ခဟှို ခံရဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ စကားတော်ဟှာ တောက်နှောန်ရှင်းခံရဇာ မှုဟှ။ 
အယ်ကြောန့် ဝီးကော့‑က်ခံရဟှူ သူလေဟှာ ယေရှုခရစ်တော်နှိုက် ရှိဟှူ ကယ်တန်ရှင်းဟှို ထာဝရ ဖောင်းသရေတော်နတူးဒူ ရရှိနိုင်ဟှို့တွပ် ငါဟှာ သူးနို့လေတွပ် ရာရာမာ သီးခံပါဟှယ်။ 
အယ်စကားလေဟှာ သစ်စာစကား ဖြစ်ဟှယ်။ နို့လေဟှာ ကိုယ်တော်နတူးဒူ သေဟှယ် ဆိုဟှာ ကိုယ်တော်နတူးဒူ သတ်ရှင်လေ့မယ်။ 
နို့လေ သီးခံမယ် ဆိုဟှာ ကိုယ်တော်နတူးဒူ စိုးစံရဂေ့လေ့မယ်။ နို့လေဟှာ ကိုယ်တော့်ဟှို ငြင်းပယ်မယ် ဆိုဟှာ ကိုယ်တော်လည်း နို့လေဟှို ငြင်းပယ်လေ့မယ်။ 
နို့လေ ဟှာ သစ်စာမှေ့ဘဲနေဟှူလည်းဘဲ့ ကိုယ်တော်ရဲ့ သစ်စာတော်ဟှာ တည်တော်မူဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သူ့ရဲ့ သစ်စာတော်ဟှို ဖယ်မျိုးလည်း ပယ်ဖျစ်နိုင်ဘဲကြောန့် ဖြစ်ဟှယ်။ 
အယ်မူကြောန်းရာလေအားဖြင့် သူးနို့လေဟှို ဒိပေးနှိုးဆော်ပါ။ ဖယ်မျိုးလည်း ကျိုးမှေ့ဘဲန ကြားနာဟှူသူလေဟှို ပျစ်စီးစေတတ်ဟှူ စကားလောင်း သောင်းနှုံးလေအားဖြင့် ဂြင်းခူမှုလေ လောက်ဂေ့ဘဲန နေဟှို့တွပ် ဘုရားသခင်ရှေ့မာ သူးနို့လေဟှို လေးလေးနတ်နတ် တိုက်တွန်းပါ။ 
နန်ဟှာ ဘုရားသခင် ရှေ့တော်မာ ယောင်ကြည် စိခ္လရဟှူသူ၊ နှစ်သက်ဖွယ်ကောန်းဟှူသူ တယော့‑က်နေနဖြစ်ဖြစ်၊ သမ္မာတရားဟှို ပိုင်းခြားတတ်ဟှူ သူတယော့‑က်နေနဖြစ်ဖြစ် ယှစ်ကြော့‑က်မှုမှေ့ဘဲဟှူ လောက်သမား တယော့‑က်မျိုး ကိုယ့်ကိုယ်ကိုယ် ဆစ်သနိုင်ဟှို့တွပ် ကြိုးစားအားထုပါ။ 
အယ်ဘေမဲ့ တရားမှေ့ဘဲဟှူ ချည်းနှီးစကားလေဟှို ရှောန်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူစကားလေအားဖြင့် ဘုရားတရားန ပိုဘီး ဝီးကွာဟှားစေတတ်ဟှယ်။ 
သူးနို့လေရဲ့ စကားဟှာ သားဟှိုစားဘီး ပွားတတ်ဟှူ ခူနာနတူဟှယ်။ အယ်သူလေထဲမာ ဟုမေနဲန ဖိလက်လည်းပါဟှယ်။ 
သူးနို့ဟှ သေဘီးသူလေဟှာ ထမြော့‑က်ဟှားဂေ့ဘီ ဆိုဇာ ပြောဘီးဟှာ သမ္မာတရားလမ်းဟှ လွဲချော်ဟှားဂေ့ဘီး တချို့သူလေရဲ့ ယောင်ကြည်မှုဟှို မှော့‑က်လှန်တတ်ဂေ့ဟှယ်။ 
အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ခိုင်မာဟှူ အုပြစ်ဟှာ အယ်မူကမ္ပည်းစာအားဖြင့် ဇိခပ်ဟှားပါဟှယ်။ အယ်မူအုပြစ်ထတ်မာ “ဘုရားသခင်ဟှာ သူ့ရဲ့ လူလေဟှို သိတော်မူဟှယ်” ဆိုဟှူဇာန “သခင်ဘုရားရဲ့ နာမတော်ဟှို ဝန်ခံရဟှူ သူလေဟှာ ဒုစရိုက်တရားဟှနေ လွှဲရှောန်ရမယ်” ဆိုဘီး ဖြစ်ဟှယ်။ 
ရရာတိုင်း ကီးဟှူ အီမာ ရွှေနလောက်ဟှူ တန်ဆာ၊ ငွေနလောက်ဟှူ တန်ဆာလေဘဲ့ ရှိဟှူဇာ မှုဟှ။ သစ်သားနလောက်ဟှူ တန်ဆာ၊ မ္လေနလောက်ဟှူ တန်ဆာလည်းရှိဟှယ်။ အသရေရှိဟှူ တန်ဆာ၊ အသရေမှေ့ဘဲဟှူ တန်ဆာလည်းရှိဟှယ်။ 
အယ်မျိုးဖြစ်ကြောန့် ခုဖော်ပြဟှူ ကောန်းဘဲကျင့်လေဟှို ဖယ်ရှားဘီး ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေဟှူ သူဟှာ အသရေရှိဟှူတန်ဆာ၊ သန့်ရှင်းဘီး အီရှင်သောင်းဟှို့ ကောန်းဟှူတန်ဆာ၊ ကောန်းဟှူ ဇာလေတွပ် ပြင်ဆင်ဟှူ တန်ဆာဖြစ်လေ့မယ်။ 
အယ်ကြောန့် လူငယ်လေရဲ့ တတ်မတ်မှုလေဟှို ရှောန်ဘီး ဖြောန့်မတ်ရှင်း၊ ယောင်ကြည်ရှင်း၊ ရှစ်ရှင်း၊ ငြီသတ်ရှင်းန စင်ကြယ်ဟှူ စိရှိဘီး သခင်ဘုရားဟှို ဆုတောန်းဟှူ သူလေနတူးဒူ သင့်တင့်အောန်နေဟှူ ဇာဟှို မှီအောန်လိုက်ဂေ့ပါ။ 
မိုက်မဲဘီး ပညာမှေ့ဘဲဟှူ မေးခွန်းလေဟှာ ဂြင်းခူဘီး ရန်များတတ်ဟှူ ဇာဖြစ်ဟှယ် ဆိုဇာဟှို သိမှတ်ဘီး ရှောန်ရှားဂေ့ပါ။ 
သခင်ဘုရားရဲ့ စေခံဟှာ ရန်ဖြစ်ဟှိရဟှ။ သူဟှာ လူတိုင်းဟှို သနားတတ်ဘီး သီးခံတတ်ဟှူသူ ဖြစ်ရမယ်။ 
ဆန့်ကျင်ဟှူ သူလေဟှို နူးညံ့သီမွီဟှူစိန ဆောင်းမ သွန်သန်ရမယ်။ အယ်မျိုးပြုဟှယ် ဆိုဟှာ ဘုရားသခင်ဟှာ သူးနို့လေဟှို နောန်ဒရဟှူခွမ့်ဟှို ပေးတော်မူဟှူကြောန့် သူးနို့လေဟှာ သမ္မာတရားဟှို သိလာဘီး 
မာရ်နတ်ဟှ သူ့လိုတိုင်းပြုဟှို့တွပ် သူးနို့ဟှို ဖမ်းဟှားဟှူလည်းဘဲ့ သူးနို့ဟှာ မာရ်နတ်ရဲ့ ထောန်ချော့‑က်ထဲဟှ လွတ်မြော့‑က်ဘီး ဗြင်မှန်ရကောန်းရလေ့မယ်။ 
