﻿တိမောသေဟှို ပေါလုရဲ့ ဒုတိယပေးစာ.
1.
ယေရှုခရစ်တော်နှိုက်ရှိဟှူ သတ်နဆိုင်ဟှူ ဂဒိတော်တိုင်း ဘုရားသခင်ရဲ့ လိုတော်အားဖြင့် ယေရှုခရစ်ရဲ့ တမန်တော်ဖြစ်ဟှူ ငါပေါလုဟှာ — 
ငါရှစ်ရဟှူသား တိမောသေနားဟှို စာရေးလိုက်ပါဟှယ်၊ 
ငါဟှာ နေ့ရောညဉ့်ရော ဆုတောန်းဟှူ ခီမာ နန့်ဟှို မြဲဒမ်းဒိရဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ ငါဟှာ ငါ့ရဲ့ဘိုးဘေးလေမျိုး ကိုယ်တော်ရဲ့ မှုတော်ဟှို ကြည်လင်ဟှူသိစိန လောက်ဆောန်ဟှူသူ ဖြစ်ဟှယ်။ 
ငါဟှာ နန်မျစ်ရယ်က္လဟှူဇာဟှို အော့‑က်မေ့ဒိရဟှူကြောန့် ဝန်းသာဇာန ပ္လဲ့ဝဟှို့တွပ် နန့်နတွိနိုင်ဟှို့ တောန်းတနေပါဟှယ်။ 
နန်ဟှာ နန့်ရဲ့ဖွား လောဣန မိဖြစ်ဟှူ ဥနိတ်လေမျိုးဘဲ့ ဟန်ဆောန်မှုကင်းဟှူစိန ယောင်ကြည်ကြောန်းဟှို ငါဒိရပါဟှယ်။ သူးနို့လေရဲ့ ယောင်ကြည်မှုမျိုးဟှာ နန့်မာလည်းရှိဟှယ် ဆိုဘီး ငါစိခ္လပါဟှယ်။ 
အယ်ကြောန့် ငါလတ်တန်ဟှူ ဇာအားဖြင့် နန့်မာရှိဟှူ ဘုရားသခင်ရဲ့ ဆုကျေးဇူးတော်ဟှို ပ္လန်ဘီးလှုံ့ဆော်ဟှို့တွပ် နန့်ဟှို ငါဒိပေးပါဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ နို့လေဟှို ကြော့‑က်တတ်ဟှူစိဟှို ပေးဘဲန တဂိုးပါဟှူစိ၊ ရှစ်တတ်ဟှူစိ၊ ရှင်းလန်းဟှူစိဟှို ပေးတော်မူဟှယ်။ 
အယ်ကြောန့် နို့လေရဲ့ သခင်ဘုရားကြောန်းဟှို သတ်သေခံဟှူ ဇာဘဲ့ဖြစ်ဖြစ်၊ ခရစ်တော်တွပ် ကျဉ်းသားဖြစ်ဟှူသူ နို့လေတွပ်ဘဲ့ဖြစ်ဖြစ် ယှစ်ကြော့‑က်ဘဲန ဘုရားသခင် ပေးတော်မူဟှူ တဂိုးတော်ဟှို ရဟှူတိုင်း ကောန်းမြတ်ဟှူ ဒန်းကောန်းတွပ် ငါ့နတူးဒူ ဆင်းရဲဒေါက်ခဟှို ခံပါ။ 
ဘုရားသခင်ဟှာ နို့လေကျင့်ဟှူ ကျင့်ဟှို ထော့‑က်ထားတော် မှုဘဲန ရှေးကာလရော့‑က်ခန်ဂဒဲဟှ ယေရှုခရစ်အားဖြင့် နို့လေတွပ် ကိုယ်တော်တိုင်ဘဲ့ ကြံစည်တော်မူဟှူ ကျေးဇူးတော်တိုင်း နို့လေဟှို ကယ်တန်ဘီး သန့်ရှင်းဟှူသူရာမာ ခေါ်ဟှားတော်မူဟှယ်။ 
အယ်ကျေးဇူးတော်ဟှာ နို့လေရဲ့ကယ်တန်ရှင် ယေရှုခရစ်တော် ပေါ်ထွပ်တော်မူဟှူ ဇာအားဖြင့် ခု ထန်ရှားနေဟှယ်။ အယ်သခင်ဟှာ သေရှင်းဟှို ဖယ်ရှားဘီး သတ်နတူးဒူ ဖော့‑က်ပ္လန်ဇာမှေ့ဘဲဟှူ ဒန်းကောန်းအားဖြင့် ထန်ရှားစေတော်မူဘီ။ 
ငါဟှာ အယ်ဒန်းကောန်းဟှို ဟောပြောဟှူ ဆရာနေနဘဲ့ဖြစ်ဖြစ်၊ တမန်တော်နေနဘဲ့ဖြစ်ဖြစ် ခန့်အပ်ဟှားဇာဟှို ခံရဟှယ်။ 
အယ်ကြောန်းကြောန့် ငါဟှာ ဆင်းရဲဒေါက်ခဟှို ခံရပါဟှယ်။ အယ်ဘေမဲ့ ယှစ်ကြော့‑က်ရှင်း မှေ့ဟှ။ ဖယ်သူ့ဟှို ငါယောင်ကြည်ဟှယ် ဆိုဇာ ငါသိဟှယ်။ ကိုယ်တော်နားမာ ငါအပ်ဟှားဟှူ ရာဟှိုလည်း အယ်နေ့ရစ်ထိအောန် စောန့်ထီးပေးနိုင်တော်မူဟှယ် ဆိုဘီး ငါယောင်ကြည်စိခ္လဟှယ်။ 
နန်ဟှာ ယေရှုခရစ်တော် ထတ်မာရှိဟှူ ယောင်ကြည်မှုန ရှစ်ရှင်းမြစ်တာလေအားဖြင့် ငါ့နားဟှ ကြားနာရဟှူ မှန်ကန်ပ္လဲ့ဇောင်ဟှူ တရားစကားလေဟှို စံနမူနာဖြစ် ကိုင်ဆွဲဟှားပါ။ 
နန့်မာအပ်ဟှားဟှူ ကောန်းမြတ်ဟှူ ဇာလေဟှို နို့လေထဲမာ ကိန်းဝပ်တော်မူဟှူ သန့်ရှင်းဟှူဝိညာဉ်တော် တဂိုးအားဖြင့် စောန့်ရှော့‑က်ပါ။ 
နန်သိဟှူတိုင်းဘဲ့ အာရှိပြည်မာရှိဟှူ သူလေ ဂူလောင်းဟှာ ငါ့ဟှို စွန့်ပယ်ဂေ့ဘီ။ အယ်သူလေထဲမာ ဖုဂေလုန ဟေရမောဂင်လေလည်း ပါဟှယ်။ 
သခင်ဘုရားရဲ့ ကရုဏာတော်ဟှာ သြနေသိဖော်ရဲ့ အီမာ သက်ရော့‑က်ပါစေ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ ငါ့ဟှို ခါဘီးခါ သတ်သာစေပါဟှယ်။ ငါဟှာ သံကြိုးနခယ်ဘီး ဖမ်းဟှူဇာဟှို ခံရဟှူလည်းဘဲ့ သူဟှာ ယှစ်ကြော့‑က်မှုမှေ့ဘဲန 
ရောမဗြို့ဟှို ရော့‑က်လာဟှူ ခီမာ ငါ့ဟှို တွိတွိအောန် ကြိုးစားရှာဘီး လာတွိပါဟှယ်။ 
အယ်နေ့ရစ်ဟှ သူပြုဟှူဇာလေဟှို ဘုရားသခင်ဟှာ သခင်ဘုရား လတ်တော်ဟှနေ ကရုဏာတော်ဟှို ပေးသနားတော်မူပါစေ။ သူဟှာ ဧဖက်ဗြို့မာရှိဟှူ ခီဒူးဟှလည်း ငါ့ဟှို ဖယ်မျှလော့‑က် ပြုစုလောက်ကျွေးဟှယ် ဆိုဇာ နန်းနို့ ကောန်းကောန်း သိပါဟှယ်။ 
