﻿တိမောသေဟှို ပေါလုရဲ့ ပထမပေးစာ.
1.
နို့လေရဲ့ ကယ်တန်ရှင် ဘုရားသခင်န နို့လေရဲ့ မျှော်လင့်ရာဖြစ်တော်မူဟှူ ယေရှုခရစ်တော်ရဲ့ တမန်တော် ငါပေါလုဟှာ — 
ယောင်ကြည်ရှင်းအားဖြင့် ငါ့သားစစ်စစ်ဖြစ်ဟှူ တိမောသေနားဟှို စာရေးလိုက်ပါဟှယ်၊ 
မာကေဒေါနိပြည်ဟှို နို့လေသွားဟှူခီဟှ နန့်ဟှို ငါတိုက်တွန်းနှိုးဆော်ဟှူတိုင်း ဧဖက်ဗြို့မာ နေရစ်ဘီး လူတချို့ဟှို လွဲမှားဟှူယူဝါဒလေဟှို ဟောပြောသွန်သန်ဘဲနေဟှို့တွပ်န 
ပီးဆောင်းနိုင်ဘဲဟှူ ဒဏ္ဍာရီလေ ဆွေစဉ်မျိုးဆစ်စာရင်းလေဟှို အာရောင်စိုက်ဘဲ နေဂေ့ဟှို့တွပ် ညွှန်ကြားပါ။ အယ်မူမှုရာလေဟှာ ယောင်ကြည်ဇာနဆိုင်ဟှူ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုထတ် ဂြင်းခူဟှူဇာလေဟှိုဘဲ့ ဖြစ်စေတတ်ဟှယ်။ 
အယ်မျိုး ပညတ်ရဟှူကြောန်းဟှ စင်ကြယ်ကောန်းမြတ်ဟှူ စိနှလောင်း၊ ကြည်လင်ဟှူသိစိန မှန်ဟှူယောင်ကြည်ရှင်းဟှနေဘီး ဖြစ်ပေါ်လာဟှူ ရှစ်ရှင်းမြစ်တာ ဖြစ်လေဟှယ်။ 
တချို့လူလေဟှာ အယ်မူဇာလေဟှနေ လွဲချော်ဟှားဘီး ကျိုးမှေ့ဘဲဟှူ စကားပြောဆိုရှင်းအားဖြင့် လွဲဟှားဂေ့ဘီ။ 
အယ်သူလေဟှာ သူးနို့ပြောဆိုဟှူဇာလေန သူးနို့ ခိုင်းခိုင်မားမာ ခံယူရပ်တည်ဟှူဇာလေဟှို နားလည်ဘဲန ကျမ်းတတ်ဆရာလေ ဖြစ်ရှင်ဂေ့သေးဟှယ်။ 
ပညတ်တရားဟှို စည်းမျဉ်းတိုင်း သောင်းပြုမယ် ဆိုဟှာ ပညတ်တရားဟှာ ကောန်းမြတ်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။ 
ပညတ်တရားဟှာ လူကောန်းလေတွပ်မှုဘဲန တရားဘဲဟှူသူလေ၊ နာခံမှုမှေ့ဘဲဟှူသူလေ၊ ဘုရားတရားမှေ့ဘဲသူလေ၊ ပြစ်ကျူးလွန်သူလေ၊ ဘာသာတရား ကိုင်းရှိုင်းမှုမှေ့ဘဲသူလေ၊ မိဖဟှို သတ်ဟှူသူန လူသတ်သမားလေ၊ 
ကျင့်စာရိတ္တပျစ်ဟှူသူလေ၊ ယော့‑က်ကျားရှင်းရှင်း၊ မီးမရှင်းရှင်း မေထုန်ပြုဟှူသူလေ၊ လူကုန်ကူးဟှူသူလေ၊ လီလည်ပြောဟှူသူလေ၊ မှန်ဘဲဟှူသတ်သေဟှို ခံဟှူသူလေန မှန်ဟှူယူဝါဒန ဆန့်ကျင်တတ်ဟှူ သူလေတွပ်ဘဲ့ ပညတ်ဟှားဟှူကြောန်းဟှို နို့လေသိဂေ့ပါဟှယ်။ 
အယ်မူသွန်သန်ချစ်ဟှာ ဖောင်းသရေတော်နပ္လဲ့ဝဘီး မင်္ဂလာရှိတော်မူဟှူ ဘုရားသခင်နားဟှလာဟှူ ဒန်းကောန်းတိုင်းဘဲ့ ဖြစ်ပါဟှယ်။ အယ်မူဒန်းကောန်းဟှို ကြေညာဟှို့တွပ် ငါ့ဟှို ယောင်ကြည်အပ်ပေးတော်မူဘီ။ 
ငါ့ဟှို ခွန်အားန ပ္လဲ့ဇောင်စေတော်မူဟှူ နို့လေရဲ့သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှို ငါချီးမွမ်းဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ငါ့ဟှို မှုတော်လောက်ငန်းတွပ် ခွဲခန့်ဟှားဘီး သစ်စာရှိဟှူသူဖြစ်န မှတ်ယူတော်မူဟှူကြောန့်ဖြစ်ဟှယ်။ 
စဟှ ငါဟှာ စော်ကားပြောဆိုဟှူသူ၊ ကဲ့ရဲ့ဟှူသူ၊ ညှဉ်းဆဲကြမ်းကြုတ်ဟှူသူ၊ မိုက်ရိုင်းဟှူသူတယော့‑က် ဖြစ်ဟှူလည်းဘဲ့ ယောင်ကြည်ဘဲဟှူခီဒူးဟှ သိနားလည်ဘဲန ပြုမိဟှူကြောန့် ကရုဏာတော်ဟှို ခံစားရဟှူဇာဖြစ်ဟှယ်။ 
နို့လေသခင်ဘုရားရဲ့ ကျေးဇူးတော်ဟှာလည်း ယေရှုခရစ်တော်နှိုက်ရှိဟှူ ယောင်ကြည်ဇာလေ ရှစ်ရှင်းမြစ်တာလေဟှာ ရရာတိုင်း များပြားလေဟှယ်။ 
ယေရှုခရစ်တော်ဟှာ ပြစ်ရှိဟှူသူလေဟှို ကယ်တန်ဟှို့တွပ် အယ်လောကဟှို ကြွလာဟှယ် ဆိုဟှူစကားဟှာ သစ်စာစကားဖြစ်ဟှယ်။ ကြွင်းမဲ့ ယောင်ကြည်အပ်ဟှူ စကားလည်းဖြစ်ဟှယ်။ ပြစ်ရှိဟှူသူလေထဲမာ ငါဟှာ ဆိုးဆောင်းဖြစ်ဟှယ်။ 
အယ်ဘေမဲ့ ထာဝရသတ်ရဟှို့ ယောင်ကြည်လာမယ့် သူလေရှေ့မာ ပေါင်သတ်သေဖြစ်ဟှို့တွပ် ရရာတိုင်း ပြစ်ကီးဟှူငါ့ဟှို ယေရှုခရစ်တော်ဟှာ သီးခံတော်မူဇာဟှို ပြဟှို့တွပ် ငါ့ဟှို သနားတော်မူလေဟှယ်။ 
ထာဝရမန်းဂီး ဖြစ်တော်မူဟှူ၊ ဖော့‑က်ပ္လန်ဇာနကင်းဟှူ၊ လူ့မျစ်စိန ဗြင်နိုင်ဘဲ တပါးဒဲရှိဟှူ ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ! အာမင်။ 
ငါ့သား တိမောသေ၊ နန့်န ပတ်သတ်ဘီး စဟှ ပရောဖက်ပြုဟှားဟှူ ရာလေနထပ်တူ အယ်မူညွှန်ကြားဟှားဟှူ ဇာလေဟှို နန့်ဟှို ငါအပ်ပေးပါဟှယ်။ အယ်မူဇာဟှ နန်ဟှာ ယောင်ကြည်မှုန ကြည်လင်ဟှူသိစိဟှို ဆောက်ကိုင်ဘီးဟှာ အယ်မူ ပရောဖက်ပြု ဟောပြောဟှားဟှူ ဇာလေအားဖြင့် ကောန်းဟှူ တိုက်ပွဲဟှို တိုက်ခိုက်နိုင်ဟှို့တွပ်၊ 
တချို့လေဟှာ အယ်မူ ကောန်းမြတ်ဟှူ ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ပစ်ပယ်ဟှူကြောန့် ယောင်ကြည်ရှင်း သန်းဖော ပျစ်စီးဆောင်းရှောင်းဇာဟှို ခံရဂေ့လေဟှယ်။ 
အယ်သူလေထဲမာ ဟုမေနဲန အာလေဇန္ဒြုလေလည်း ပါဂေ့ဟှယ်။ သူးနို့လေဟှာ ဘုရားသခင်ဟှို ပြစ်မှားဘီး ကဲ့ရဲ့ပြောဆိုဟှူဇာ ပြုဘဲနေအောန် သင်ခန်းစာရဟှို့တွပ် သူးနို့လေဟှို စာတန်လတ်ထဲ ငါအပ်လိုက်ဘီ။ 
