﻿၂ သက်သာလောနိတ်.
3.
ညီကို မောန်နှမလေ၊ နော့‑က်ဆောင်းနေန ပြောရှင်ဟှယ်။ သခင်ဘုရားရဲ့ တရားတော်ဟှာ နန်းနို့နားဟှို ရော့‑က်လာမျိုး နေရာတိုင်းဟှို ဗြန်းဗြန်ဟှားပ္လံ့နှံ့ဘီး ဖောင်းသရေတော်ထန်ရှားနိုင်ဟှို့တွပ် နို့လေတွပ် ဆုတောန်းဂေ့ပါ။ 
ဘုရားသခင်ဟှာ နို့လေဟှို လူယောက်မာန ကောန်းဘဲဟှူလူလေရဲ့ အန္တရာယ်ဟှနေ ကယ်တန်နိုင်ဟှို့တွပ်လည်း ဆုတောန်းဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တရားတော်ဟှို လူတိုင်းဟှ ယောင်ကြည်ဘဲကြောန့် ဖြစ်ဟှယ်။ 
သခင်ဘုရားဟှာ သစ်စာရှိဟှူရှင် ဖြစ်ဟှူကြောန့် နန်းနို့လေဟှို ခိုင်ခံ့စေဘီး မာရ်နတ်ရဲ့ဘေးဟှ ကာကွယ်ပေးလေ့မယ်။ 
သခင်ဘုရားဟှာ နို့လေဟှို နန်းနို့လေထတ်မာ ယောင်ကြည်စိခ္လစေဟှယ်။ နန်းနို့ဟှာ နို့လေပြောဟှားတိုင်း ခုခီမာ ကျင့်ဂေ့ဟှူမျိုးဘဲ့ နော့‑က်မာလည်း ဆစ်ဘီးဟှာ ကျင့်မယ် ဆိုဇာဟှို နို့လေဟှာ ယောင်ကြည်စိခ္လဟှယ်။ 
သခင်ဘုရားဟှာ နန်းနို့ရဲ့ စိနှလောင်းဟှို ဘုရားသခင်ရဲ့ ရှစ်ရှင်းမြစ်တာတော်န ခရစ်တော်ရဲ့ သီးခံနိုင်ဟှူ မှုထဲဟှို နန်းနို့ဟှို လမ်းပြပါစေ။ 
ညီကို မောန်နှမလေ၊ ရရာတိုင်း ပျင်းဟှူလူလေန နို့လေပေးဟှူ ညွှန်ကြားချစ်လေဟှို လိုက်နာဘဲဟှူ လူလေဟှို ပေါန်းဂေ့ဘဲဟှို့တွပ် သခင်ယေရှုခရစ်တော်ရဲ့ နာမတော်ဟှို မှီပြုဘီးဟှာ နန်းနို့ဟှို ငါပညတ်ဟှယ်။ 
နန်းနို့ဟှာ နို့လေလောက်ဟှူ ပေါင်သတ်သေလေဟှို လိုက်ဘီး ကျင့်ရမယ် ဆိုဇာဟှို နန်းနို့ကိုယ်တိုင် ကောန်းကောန်းသိဂေ့ဟှယ်။ နန်းနို့န တူးဒူရှိနေဂဒဲဟှ နို့လေဟှာ လောက်လောက်ဘဲန နေဂေ့ဟှ။ 
နို့လေရဲ့ စားဇရိလေဟှို နို့လေဘဲ့ ကူက္လခံဟှယ်။ နန်းနို့ထဲဟှ တယော့‑က်ဟှိုမျှ နို့လေတွပ် တာဝန်ယူခိုင်းဘဲန နို့လေဟှာ လောက်ဟှို ပန်ဗန်းခံဘီးဟှာ နေ့ရောညဉ့်ရော လောက်လောက်ဂေ့ဟှယ်။ 
အယ်မျိုးလောက်ဂေ့ဇာဟှာ နို့လေမာ ခွမ့်အာဏာမှေ့ဘဲကြောန့် မှုဟှ။ နို့လေဟှို တုယူနိုင်ဟှို့တွပ် နို့လေကိုယ်တိုင်ဟှ နန်းနို့လေဟှို ပေါင်သတ်သေပြရှင်ဟှူကြောန့် ဖြစ်ဟှယ်။ 
နန်းနို့နတူးဒူ ရှိနေဟှူခီဒူးဟှ နို့လေဟှာ နန်းနို့ဟှို “လောက်လောက်ဘဲဟှူလူဟှာ စာလည်းစားန” ဆိုဘီး သွန်သန်ဟှယ်။ 
နန်းနို့ထဲမာ ရရာတိုင်း ပျင်းဘီးဟှာ လောက်လောက်ဘဲန တခြားသူလေရဲ့ကိစလေမာ ဝမ်ဘီးဟှာ ပါနေဟှူလူရှိဟှယ် ဆိုဇာဟှို တွိရဟှယ်။ 
အယ်မျိုးလူလေဟှို အေးအေးဆေးဆေးဟှား လောက်ဟှိုလောက်ဘီး သတ်မွီးဟှို့တွပ်၊ သခင်ယေရှုခရစ်တော်ရဲ့ နာမတော်ဟှို မှီပြုဘီး မိန့်ပေးဘီး တိုက်တွန်းဟှယ်။ 
ညီကို မောန်နှမလေ၊ နန်းနို့ဟှာ ဖယ်ခါလည်း စိပျစ်အားရှော့ဘဲန ကောန်းဟှူကျင့်ဟှို ကျင့်ဂေ့ပါ။ 
လူတယော့‑က်ဟှာ အယ်စာထဲမာ ပါနေဟှူ ညွှန်ကြားချစ်လေဟှို လိုက်နာဘဲန နေဟှယ် ဆိုဟှာ အယ်လူဟှို ဒိပြုဘီးဟှာ ယှစ်ရဟှို့တွပ် သူ့န ပေါန်းဂေ့န။ 
အယ်ဘေမဲ့ သူ့ဟှိုရန်သူမျိုး ဘောထားဘဲန ညီကို မောန်နှမမျိုး ဘောထားဘီး ဒိပေးဂေ့ပါ။ 
ငြီသတ်ရှင်းရဲ့ရှင် သခင်ဘုရားကိုယ်တိုင် နန်းနို့ဟှို ခီတိုင်းမာ နည်းမျိုးမျိုးန ငြီသတ်ရှင်းဟှို ပေးသနားပါစေ၊ သခင်ဘုရားဟှာ နန်းနို့နတူးဒူ ရှိပါစေ။ 
အယ်နှောက်ဆစ်စကားဟှို ငါ့လတ်န ရေးလိုက်ပါဟှယ်။ ငါပေါလုဟှာ နန်းနို့ဟှို နှောက်ဆစ်ဟှယ်။ ငါပို့ပေးဟှူ စာလေမာ အယ်မျိုးဘဲ့ လတ်မှတ်ထိုးဟှားဟှယ်။ အယ်မျိုးဘဲ့ ငါရေးဟှယ်။ 
နို့လေ သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့ ဂူလောင်းနတူးဒူ ရှိပါစေ။
