﻿သက်သာလောနိတ် သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာ.
1.
ပေါလု၊ သိလွာနုန တိမောသေလေဟှနေဘီး — 
နို့လေဟှာ နန်းနို့ဂူလောင်းတွပ် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို မြဲဒမ်း ချီးမွမ်းဘီး နို့လေ ဆုတောန်းဟှူ ခီတိုင်းမာ ဒိရဘီးဟှာ၊ 
နန်းနို့လေရဲ့ ယောင်ကြည်ရှင်းနဆိုင်ဟှူ လောက်ဆောန်မှုလေ၊ မြစ်တာန ကြိုးစားအားထုရှင်းလေန နို့လေရဲ့သခင် ယေရှုခရစ်တော်ဟှို မျှော်လင့်ရှင်းအားဖြင့် ဖြစ်ပေါ်လာဟှူ သီးခံမှုလေဟှို နို့လေရဲ့ဖ ဘုရားသခင်ရှေ့တော်မာ မြဲဒမ်း ဒိရအော့‑က်မေ့ဂေ့ပါဟှယ်။ 
ညီကို မောန်နှမလေ၊ ဘုရားသခင်ဟှ နန်းနို့ဟှိုရှစ်ဟှူကြောန့် ဝီးကော့‑က်ဟှားဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟောပြောဟှူ ကောန်းမြတ်ဟှူဒန်းကောန်းဟှာ စကားအားဖြင့်မှုဘဲန တဂိုးတော်အားဖြင့်ဘဲ့ဖြစ်ဖြစ်၊ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့်ဘဲ့ဖြစ်ဖြစ် ပ္လဲ့ဝဟှူစိခ္လမှုအားဖြင့် နန်းနို့လေနားဟှို ရော့‑က်လာရှင်းဖြစ်ဟှယ်။ နို့လေဟှာ နန်းနို့လေနတူးဒူ ရှိဟှူခီဒူးဟှ နန်းနို့လေတွပ် ဖယ်မျိုးဟှူသူလေ ဖြစ်ဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ပါဟှယ်။ 
နန်းနို့လေဟှာ ရရာတိုင်း ကီးမားဟှူ ဆင်းရဲမှုလေဟှို ခံရဟှူလည်းဘဲ့ သန့်ရှင်းဟှူဝိညာဉ်တော်နဆိုင်ဟှူ ဝန်းသာရှင်းလေနတူးဒူ စကားတော်ဟှို ခံယူဘီး နို့လေဟှူမျိုးသူ၊ သခင်ဘုရားမျိုးဟှူ သူလေဖြစ်ဂေ့ဟှယ်။ 
အယ်ကြောန့် နန်းနို့လေဟှာ မာကေဒေါနိပြည်၊ အခါယပြည်မာရှိဟှူ ယောင်ကြည်ဟှူသူ အားလောင်းတွပ် ပေါင်သတ်သေပေးဟှူသူလေ ဖြစ်ဂေ့ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှာ နန်းနို့နားဟှနေ မာကေဒေါနိပြည်န အခါယပြည်ထိ ကျော်ကြားဟှူမျှနမှုဘဲ ဘုရားသခင်ဟှို နန်းနို့ရဲ့ယောင်ကြည်ရှင်းဒန်းဟှာ နေရာတိုင်းမာ ပ္လံ့နှံ့နေရှင်းဖြစ်ကြောန့် နို့လေဟှာ ဖြားကြောန်းလေဟှိုလည်း ပြောဇာ မှေ့ဟှ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ နို့လေဟှို ဖယ်မျိုး လတ်ခံဂေ့ဟှူဆိုဇာန သတ်ရှင်တော်မူဘီး စစ်မှန်ဟှူ ဘုရားသခင်ဟှို စေခံဟှို့တွပ် 
က္လရော့‑က်လာမယ့် ဘေးဒန်ဟှ နို့လေဟှိုကယ်နှုပေးဟှူ ယေရှု တနည်းအားဖြင့် သေရှင်းဟှနေ ဘုရားသခင်ထမြော့‑က်စေတော်မူဟှူ သားတော်ဟှာ ကောန်းဂန်ဘောင်ဟှ ကြွလာတော်မူမယ့်ရာဟှို စောန့်မျှော်နိုင်ဟှို့တွပ် ရောက်တုလေဟှို ဖယ်ရှားဘီး ဘုရားသခင်နားဟှို ပ္လောန်းလဲဂေ့ဟှူ ကြောန်းရာလေဟှိုလည်း သူးနို့ကိုယ်တိုင် ပြောပြဂေ့ပါဟှယ်။ 
