﻿ကောလောသဲ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ.
1.
ဘုရားသခင်ရဲ့ လိုတော်အားဖြင့် ယေရှုခရစ်တော်ရဲ့ တမန်တော်ဖြစ်ဟှူ ငါပေါလုန နို့လေရဲ့ညီ တိမောသေဟှာ — 
ကောလောသဲဗြို့မာရှိဟှူ ခရစ်တော်ဟှို ယောင်ကြည်ဘီး သစ်စာရှိဟှူ သန့်ရှင်းသူ ညီကို မောန်နှမလေနားဟှို စာရေးလိုက်ပါဟှယ်၊ 
နို့လေဟှာ နန်းနို့လေတွပ် ဆုတောန်းဟှူခီတိုင်းမာ သခင်ယေရှုခရစ်တော်ရဲ့ ဖဖြစ်ဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ယေရှုခရစ်တော်ဟှို ယောင်ကြည်ဘီး သန့်ရှင်းသူလေဟှို ရှစ်ဂေ့ဟှူကြောန်းဟှို ကြားရဟှူကြောန့် ဖြစ်ဟှယ်။ 
အယ်မူယောင်ကြည်ရှင်းန ရှစ်ရှင်းမြစ်တာလေဟှာ နန်းနို့လေတွပ် ကောန်းဂန်ဘောင်မာ သိုဟှားဟှူ မျှော်လင့်ရှင်းအားဖြင့် ဖြစ်ပေါ်လာဘီး အယ်မျှော်လင့်ရှင်းကြောန်းဟှာ နန်းနို့လေနားဟှို ရော့‑က်လာဟှူ ကောန်းမြတ်ဟှူ ဒန်းကောန်းနဆိုင်ဟှူ သမ္မာတရားရဲ့ နှောက်တော်ထွပ်စကားဟှို နန်းနို့လေ ကြားရဂေ့ဘီ။ 
အယ်မူဒန်းကောန်းဟှာ တကမ္ဘာလောင်းဟှို ပ္လံ့နှံ့ဘီး တိုးပွားဟှူမျိုး အယ်ဒန်းကောန်းဟှို ကြားနာရဟှူ နန်းနို့လေလည်း ဘုရားသခင်ရဲ့ကျေးဇူးတော်ဟှို မှန်းမှန်ကန်းကန် သိဟှူနေ့ဟှနေစဘီး နန်းနို့ထဲမာလည်း သီးသီးဘီးဟှာ တိုးပွားနေဟှယ်။ 
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို နန်းနို့လေဟှို သန်ပေးဟှူသူဟှာ နို့လေရဲ့ ကိုယ်စား ခရစ်တော်ရဲ့ မှုဆောန်ဟှူ နို့လေရှစ်ရဟှူ ဧပဖြဘဲ့ ဖြစ်ပါဟှယ်။ သူဟှာ နို့လေရဲ့ကိုယ်စား သစ်စာရှိရှိန ခရစ်တော်ရဲ့ မှုတော်ဟှို ထမ်းဆောန်ဟှူသူ ဖြစ်ဘီး၊ 
ဝိညာဉ်တော်အားဖြင့်ရရှိဟှူ နန်းနို့လေရဲ့မြစ်တာကြောန်းဟှို နို့လေဟှို သူပြောပြဟှယ်။ 
အယ်ကြောန့် နို့လေလည်း နန်းနို့လေဒန်းဟှို ကြားရဟှူနေ့ဟှစဘီး မြဲဒမ်းဘဲ့ ဆုတောန်းဘီးဟှာ နန်းနို့လေဟှာ ဝိညာဉ်တော်ပေးတော်မူဟှူ ဉာဏ်ပညာန တတ်သိနားလည်မှု စောင်လင်ရှင်းအားဖြင့် ဘုရားသခင်ရဲ့လိုတော်ဟှို သိဟှူဉာဏ်နပ္လဲ့ဝဘီး၊ 
ကောန်းဟှူမှု မျိုးမျိုးဖြစ်ဟှူ သီးဟှိုသီးဘီးဟှာ ဘုရားသခင်ဟှို သိဟှူဉာဏ်န ကီးထွားလာရှင်းအားဖြင့် ရာရာတိုင်းမာ သခင်ဘုရား နှစ်သက်စေဘီး ကိုယ်တော်န ထိုက်ထိုက်တန်တန် သတ်ရှင်ရှော့‑က်လှမ်းနိုင်ဟှို့တွပ် တောန်းလျှော့‑က်ဂေ့ဟှယ်။ 
နော့‑က်ဘီး နန်းနို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းတဂိုး အာနုဘော်တော်ဟှနေ ဆင်းသတ်လာဟှူ စွမ်းသတ်တိရှိဟှူမျှန အားဖ္လဲ့ဇာခံရဘီး သီးခံရှင်း၊ စိရှယ်ရှင်းန ပ္လဲ့ဝဘီးဟှာ၊ 
နန်းနို့ဟှို လန်းရောန်နှိုက်ရှိဟှူ သန့်ရှင်းသူလေရဲ့ မွီတော်မာ ပါဝမ်ထိုက်ဟှူသူ ဖြစ်စေတော်မူဟှူ ဖဘုရားသခင်ဟှို ဝန်းသာဟှူ စိန ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။ 
ဖဘုရားသခင်ဟှာ နို့လေဟှို မှောန်မိုက်ရဲ့တဂိုးဟှ ကယ်နှုတော်မူဘီးဟှာ သူရှစ်မြတ်နိုးတော်မူဟှူ သားတော်ရဲ့ နိုင်ငံတော်ထဲဟှို ခေါ်သွမ်းတော်မူဟှယ်။ 
နို့လေဟှာ အယ်သားတော်အားဖြင့် ဝီးနှုရှင်းဖြစ်ဟှူ ပြစ်လေ ခွမ့်လွှတ်ရှင်း ကျေးဇူးဟှို ရရှိဂေ့ဟှယ်။ 
သားတော်ဟှာ မျစ်စိနဗြင်နိုင်ဘဲဟှူ ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်တော်ဖြစ်ဘီး ဖန်ဆင်းတော်မူဟှူ ဝေနေယျသတ္တဝါလေ ဂူလောင်းထဲမာ သားဦးဖြစ်ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ထတ်န မ္လေဂီးထတ်မာ ရှိဟှူရာလေ ဂူလောင်းနတူးဒူ လူ့မျစ်စိန ဗြင်နိုင်ဟှူရာ၊ ဗြင်နိုင်ဘဲဟှူရာ၊ ရာဇပလ္လင်လေဖြစ်ဖြစ်၊ စိုးရဟှူ တဂိုးလေဖြစ်ဖြစ်၊ ထွဋ်မြတ်ခွမ့်အာဏာလေဖြစ်ဖြစ် ရှိဟှူမျှရာလေ ဂူလောင်းဟှို ဘုရားသခင်ဟှာ အယ်မူသားတော်အားဖြင့် ဖန်ဆင်းတော်မူဟှူကြောန့် ဖြစ်ဟှယ်။ ရှိမျှဂူလောင်းဟှာ အယ်သခင်အားဖြင့်န အယ်သခင်တွပ် ဖန်ဆင်းတော်မူလေဟှယ်။ 
သားတော်ဟှာ ရှိမျှဂူလောင်း ဖြစ်ခန်ဒဲဟှ ရှိတော်မူဘီး ရှိမျှဂူလောင်းဟှိုလည်း တဂိုးတော်အားဖြင့် တည်နေဂေ့ဟှယ်။ 
ကိုယ်တော်ဟှာ သင်းတော်ဖြစ်ဟှူ ကိုယ်ခန္ဓာရဲ့ ဦးခေါန်းဖြစ်တော်မူဟှယ်။ ရှိမျှဂူလောင်းမာ ထူးမြတ်ဟှူ နဂိုမူလရင်းမြစ်ဖြစ်ဘီး သေဟှားဟှူ သူလေထဲမာ သားဦးဖြစ်တော်မူလေဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရှိမျှဂူလောင်း ပ္လဲ့ဇောင်ရှင်းလေဟှို သားတော်ထဲမာ ကိန်းဝပ်စေဟှို့တွပ်န၊ 
လတ်ဝါးကပ်တိုင်ထတ်မာ သွန်းဟှူ သားတော်ရဲ့ သွီးတော်အားဖြင့် ရန်ဟှို ငြီးစေဘီး ကောန်းဂန်ဘောင်မာ ရှိဟှူ ဇာလေရော၊ မ္လေဂီးထတ်မာ ရှိဟှူ ဇာလေရော ဂူလောင်းဟှို သားတော်အားဖြင့် သူ့န ပ္လန်သင့်မြတ်လာစေဟှို့တွပ် လိုတော်ရှိတော်မူဟှယ်။ 
တခီဒူးဟှ နန်းနို့လေဟှာ ဆိုးညစ်ဟှူကျင့်န ကြံစည်လေကြောန့် ဘုရားသခင်န ဝီးကွာဟှားဘီး စိနှလောင်းနှိုက် ရန်သူဖြစ်ဂေ့ဟှယ်။ 
အယ်ဘေမဲ့ ခုခီမာ သွီးသားနဆိုင်ဟှူ ကိုယ်ခန္ဓာနှိုက် သားတော်ဟှို သေခံစေရှင်းအားဖြင့် ဘုရားသခင်ဟှာ နန်းနို့လေဟှို သူ့န ပ္လန်သင့်မြတ်စေတော်မူဟှယ်။ အယ်မျိုးလောက်ရှင်းအားဖြင့် သန့်ရှင်းဘီး ပြစ်မှေ့ဘဲဟှူ နန်းနို့လေဟှို သူ့ရဲ့ ရှေ့တော်မာ ဆစ်သနိုင်ဟှို့တွပ် ဖြစ်ဟှယ်။ 
အယ်ဘေမဲ့ နန်းနို့လေဟှာ ကြားနာရဟှူ ကောန်းမြတ်ဟှူ ဒန်းကောန်းရဲ့ မျှော်လင့်ရှင်းဟှနေ ယီးယိုင်သွားဘဲန ခိုင်းခိုင်မားမာ အုပြစ်ခ္လဟှားဟှူ ယောင်ကြည်ရှင်းမာ ဆစ်ဘီးတည်နေရမယ်။ ကောန်းဂန်အော့‑က်ဟှ ဖန်ဆင်းခံလောက တခုလောင်းဟှို ပ္လံ့နှံ့နေဟှူ အယ်မူဒန်းကောန်းဟှို ဟောပြောစေခံနေဟှူ သူဟှာ ငါပေါလုဘဲ့ ဖြစ်ဟှယ်။ 
ငါဟှာ နန်းနို့လေတွပ် ခံရဟှူ ဆင်းရဲဒေါက်ခလေဟှို ခု ဝန်းသာခံယူဘီး ခရစ်တော်ရဲ့ ဆင်းရဲဒေါက်ခမာ လိုအပ်သေးဟှူ ပိုင်းလေဟှို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှူ သင်းတော်တွပ် ကျန်ရှိနေဟှူ ဆင်းရဲဒေါက်ခ ကြွင်းကျန်လေဟှို ငါ့ရဲ့ ကိုယ်ခန္ဓာမာ ပ္လဲ့ဇောင်စေဟှယ်။ 
နန်းနို့ကျိုးတွပ် ဘုရားသခင်ဟှာ ငါ့ဟှို သင်းတော်ရဲ့ မှုဆောန်ဖြစ် ခန့်ဟှားဟှယ်။ ငါ့ဟှို ပေးအပ်တော်မူဟှူ တာဝန်ဟှာ စကားတော်ရှိဟှူမျှ ပ္လဲ့ပ္လဲ့ဝဝဟှို ဟောပြောဟှို့တွပ်ဖြစ်ဟှယ်။ 
ကိုယ်တော်ဟှာ အယ်မူ နတ်နဲဟှူဇာလေဟှို လောကမာရှိဟှူ လူလေ ဂူလောင်းဟှို လွန်လာဘီးဟှူ ရှေးကာလလေမာ သိခွမ့်ပေးဘဲဟှူလည်းဘဲ့ ခုခီမာ သူ့ရဲ့သန့်ရှင်းသူလေဟှို ဖော်ပြပေးတော်မူဘီ။ 
လူမျိုးခြားလေမာ အယ်မူနတ်နဲရာနဆိုင်ဟှူ မဟာစည်းဇိမ်ဟှာ ဖယ်မျှလော့‑က်ကီးဟှယ် ဆိုဇာဟှို သန့်ရှင်းဟှူသူလေ သိစေဟှို့တွပ် ဘုရားသခင် လိုရှိတော်မူဟှယ်။ အယ်မူစည်းဇိမ်ဟှ ဖောင်းသရေတော်ဟှို မျှော်လင့်ဟှို့ကြောန်းဖြစ်ဟှူ နန်းနို့ထဲမာ တည်တော်မူဟှူ ခရစ်တော်ဘဲ့ဖြစ်ဟှယ်။ 
နို့လေဟှာ လူတိုင်းဟှို ခရစ်တော်နှုက် စောင်လင်ရင့်ကျတ်ဟှူ သူဖြစ် ဆစ်သနိုင်ဟှို့တွပ် လူတိုင်းဟှို ဒိပေး ဆောင်းမဘီးဟှာ ဉာဏ်ပညာရှိဟှူမျှန သွန်သန်ဘီး ခရစ်တော်ရဲ့ ကြောန်းဟှို ဟောပြောဂေ့ပါဟှယ်။ 
အယ်မူတာဝန်ဟှို ငါကြိုးစား လောက်ဆောန်ဟှူ ခီမာ ခရစ်တော်ဟှာ ငါ့ဟှို ကီးမားဟှူ တဂိုးဟှို ပေးတော်မူဟှယ်။ အယ်မူတဂိုးဟှာ ငါ့ထဲမာ လောက်ဆောန်နေဟှယ်။ 
