﻿ဖိလိပ္ပိ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ.
1.
ယေရှုခရစ်တော်ရဲ့ စေခံဖြစ်ဟှူ ပေါလုန တိမောသေလေဟှနေ — 
နန်းနို့ဟှာ နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န သခင်ယေရှုခရစ်တော်နားဟှနေ ကျေးဇူးတော်န ငြီသတ်ရှင်းလေဟှို ခံစားရပါစေ။ 
နန်းနို့ ကြောန်းလေဟှို ဒိရဟှူခီတိုင်းမာ ငါဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ 
ဝမ်းမြော့‑က်ဟှူစိန နန်းနို့တွပ် ငါဟှာ မြဲဒမ်း ဆုတောန်းပေးနေဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှာ ကောန်မြတ်ဟှူ ဒန်းကောန်းတွပ် ပထမနေ့ဟှစဘီး ခုတိုင်အောန် စုပေါန်းဘီးဟှာ ပါဝမ်ကြောန်းဟှို သိဟှူကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းဟှယ်။ 
နန်းနို့မာ အယ်မျိုးကောန်းမြတ်ဟှူမှုဟှို စဘီးလောက်ဟှူ ဘုရားသခင်ဟှာ ယေရှုခရစ်တော်ရဲ့ နေ့ရစ် ရော့‑က်လာခီထိ အယ်မှုဟှို ပီးအောန်လောက်မယ်ဆိုဇာဟှို ငါဟှာ ယောင်ကြည်စိခ္လဟှယ်။ 
နန်းနို့ဟှို ငါဟှာ ဒိရဟှယ်။ အယ်ကြောန့် ငါဟှာ နန်းနို့န ပတ်သတ်ဘီးဟှာ အယ်မျိုး စိသဘော ထားဟှားဟှယ်။ ခုငါဟှာ တောက်နှောန်ခံရဘီး နေရဟှူခီန ဒန်းကောန်းဟှို လွတ်လွတ်လပ်လပ်ဟှား သတ်သေခံခွမ့် ရဟှူခီဒူးဟှ နန်းနို့ဟှာ ငါ့နတူးဒူ ကျေးဇူးတော်ဟှိုတူးဒူ ဝီမျှခံစားဟှူ လူလေဖြစ်ဟှူကြောန့် နန်းနို့ဟှာ ငါ့ရဲ့ နှလောင်းထဲမာ စိစွဲလမ်းဘီး ရှိဂေ့ဟှယ်။ 
ငါဟှာ ယေရှုခရစ်တော်ရဲ့ မြစ်တာကရုဏာန နန်းနို့ဟှို ရရာတိုင်း လွမ်းဟှူကြောန်းဟှို ဘုရားသခင်ဟှာ ငါ့ရဲ့သတ်သေ ဖြစ်ဟှယ်။ 
နန်းနို့ဟှာ ကောန်းဆောင်းဟှို ဝီးကော့‑က်နိုင်ဟှို့တွပ် သိပညာန ပိုင်ခြားဝေဖန်တတ်ဟှူ စွမ်းရည်လေန ပ္လဲ့ဇောင်ဘီး မြစ်တာပါရမီလေဟှာ တိုးတတ်လာဂေ့ဟှို့ နန်းနို့လေတွပ် ငါဟှာ ဆုတောန်းဟှယ်။ 
မြင့်မြတ်ဟှူ ဇာလေဟှို နန်းနို့လေဟှာ ပိုင်းခြားဘီး သိနိုင်ဟှို့ကြောန်းန နန်းနို့ဟှာ ခရစ်တော်ကြွလာဟှူ နေ့ရစ်မာ ဖ္လူစင်ဘီး ပြစ်တန်ဇာဟှူမှေ့ဘဲ့ ညစ်ကြေးန ကင်းလေ့မယ်။ 
ဘုရားသခင်ရဲ့ ဖောင်းသရေတော် ထွန်းတော့‑က်ဟှို့တွပ်န ဂေါင်တော်ဟှို ချီးမွမ်းဂေ့ဟှို့တွပ် ယေရှုခရစ်တော်ကြောန့် ရနိုင်ဟှူ ဖြောန့်မတ်ဘီး စစ်မှန်ဟှူ ရည်သွေးကောန်းလေန ပ္လဲ့ဇောင်လေ့မယ်။ 
ညီကို မောန်နှမလေ ငါ့မာတွိကြောင်ရဟှူ ဖြစ်ပျစ်လေဟှာ ဒန်းကောန်းဟှို ကြေညာဟှူ ခီမာ တကယ်ဘဲ့ ထော့‑က်ကူပေးကြောန်းဟှို နန်းနို့ဟှို သိစေရှင်ဟှယ်။ 
ငါဟှာ ခရစ်တော်ရဲ့ စေခံဖြစ်တွပ်ကြောန့် ငါဟှာ တောက်နှောန်ခံရဘီး နေရဟှူကြောန်းဟှို နန်းတော်မာ စောန့်နေဟှူ တပ်သားလေန တခြားသူလေဟှာ သိဂေ့ဟှယ်။ 
အယ်မျိုး တောက်နှောန်ခံရဟှူကြောန့် ညီကို မောန်နှမလေဟှ သခင်ဘုရားဟှို ပိုဘီး ဟှာ ယောင်ကြည်စိခ္လလာဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ကြော့‑က်ဘဲန စကားတော်ဟှို ပိုဘီး ဟှာ ဟောပြောရဲဂေ့ဟှယ်။ 
တချို့လူလေဟှာ နာလိုဘဲ့ဟှူစိ၊ ရန်ရှာရှင်ဟှူစိလေန ခရစ်တော်ကြောန်းဟှို ဟောပြောဂေ့ဟှယ်။ အယ်ဘေမဲ့ တချို့လူလေဟှ စေတနာစိန ဟောပြောဂေ့ဟှယ်။ 
အယ်လူလေဟှာ သခင်ယေရှုကြောန်း ဒန်းကောန်းဟှို ကာကွယ်ဘီးဟောပြောတွပ် ငါ့ဟှို ဘုရားသခင်ဟှ ခန့်ဟှားဟှူကြောန်းဟှို သိဟှူကြောန့် မြစ်တာန ဟောပြောဂေ့ဇာ ဖြစ်ဟှယ်။ 
တခြားလူလေဟှ ခရစ်တော်ရဲ့ကြောန်းဟှို ရိုးသားမှုမှေ့ဘဲန ကျော်ကြားရှင်ဟှူစိန ဟောပြောဂေ့ဟှယ်။ သူးနို့ရဲ့ ကြံစည်လေဟှာ တောက်နှောန်ခံနေရဟှူ ငါ့ဟှို ပိုဘီး ဟှာ စိဒေါက်ခရော့‑က်စေဟှယ်။ 
ဖယ်မျိုးဟောပြောနူးဆိုဟှာ ရေးကီးဟှ။ မှားယွင်းဟှူ ရည်ရွယ်ချစ်န ဟောပြောရှင်းဖြစ်စေ၊ မှန်ကန်ဟှူ ရည်ရွယ်ချစ်န ဟောပြောရှင်းဖြစ်စေ ခရစ်တော်ကြောန်းဟှိုဘဲ့ ဟောပြောနေဟှူကြောန့် ငါဟှာ ဝန်းသာဟှယ်။ ဆစ်ဘီးဟှာ ဝန်းသာနေဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ဆုတောန်းရှင်းလေ၊ ယေရှုခရစ်ဝိညာဉ်တော်ရဲ့ ငါ့ဟှို ကူညီမဇပေးရှင်းအားဖြင့် အယ်ကြောန်းရာလေဟှာ ငါ့ဟှို ကယ်တန်ဟှူ ကြောန်းရာလေဖြစ်ဟှယ်။ 
ငါဟှာ ဖယ်ခါလည်း ကိုယ့်တာဝန်ဟှို ပြစ်ကွပ်ဘဲ့ ခီတိုင်းမာရော၊ ထူးသဖြင့် အယ်မျိုးခီမာရော ရဲရင့်ဟှူသတ်တိန ပ္လဲ့ဇောင်ဘီး ငါဟှာ သတ်ရှင်ဇာဖြစ်စေ၊ သေဇာဖြစ်စေ ငါ့ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားလာဟှို့တွပ် မျှော်လင့်ဟှယ်။ 
သတ်ရှင်ဇာဟှာ ဖယ်မျိုးနူး။ ငါသတ်ရှင်နေဇာဟှာ ခရစ်တော်ဘဲ့ဖြစ်ဟှယ်။ သေမယ် ဆိုဟှာ ပိုဘီး ဟှာ ကျိုးရှိဟှယ်။ 
အယ်ဘေမဲ့ ငါဟှာ ကိုယ်ခန္ဓာမာ ဆစ်ဘီးဟှာ သတ်ရှင်မယ် ဆိုဟှာ ကျိုးရှိဟှူမှုဟှို လောက်နိုင်ဟှယ်။ အယ်ခီမာ ဖယ်ဇာဟှို ဝီးကော့‑က်ရဟှို့နူး၊ ဆိုဇာဟှို ငါသိဟှ။ 
ငါ့မာ စိနှေ့ခွ ဖြစ်ဘီးနေဟှယ်။ ငါဟှာ အယ်ဘဝဟှို စွန့်ဘီးဟှာ ခရစ်တော်နတူးဒူ နေရှင်ဟှယ်။ အယ်မျိုးလောက်ဇာဟှာ ငါ့တွပ် ပိုဘီး ကျိုးရှိဟှယ်။ 
အယ်ဘေမဲ့ နန်းနို့လေရဲ့ကျိုးလေဟှို ထော့‑က်ဟှူကြောန့် ငါဟှာ အယ်ကိုယ်ခန္ဓာမာ သတ်ရှင်ဘီးနေဟှို့တွပ် ပိုဘီး ဟှာ ရေးကီးဟှယ်။ 
အယ်မျိုးဘဲ့ ယောင်ကြည်စိခ္လကြောန့် ငါဟှာ နန်းနို့နတူးဒူ နေမယ်၊ နန်းနို့ဟှို ကြီးပွားတိုးတတ် စေရှင်ဟှူကြောန့် ယောင်ကြည်ရှင်းမာ ဝန်းသာဟှို့တွပ် ငါဟှာ နန်းနို့နတူးဒူ နေမယ်။ 
ငါဟှာ နန်းနို့န နော့‑က်တခါ နေရမယ် ဆိုဟှာ ယေရှုခရစ်တော်န တလောင်းတဝဒဲ ဖြစ်ဂေ့ဟှူ နန်းနို့ဟှာ ငါ့တွပ်ကြောန့် ပိုဘီး ဟှာ ဂေါင်ယူဘီး ကြွားနိုင်ဂေ့လေ့မယ်။ 
ခုနန်းနို့တွပ် ရေးကီးဆောင်းဟှ ခရစ်တော်ရဲ့ တရားတော်နညီ သတ်ရှင်နေဘီး နေနိုင်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ နန်းနို့နားဟှို ပ္လန်လာဇာဖြစ်စေ၊ လာဘဲ့ဖြစ်စေ၊ နန်းနို့န ဝီးနေဘီး နန်းနို့ကြောန်းဟှို ကြားဇာဖြစ်စေ သာသနာတော်ဟှာ ခိုင်မြဲဘီး ကြီးပွားဟှို့တွပ် ခိုင်းခိုင်မားမာဟှားရပ်ဘီး တစိ တသဘောဒဲ၊ ရည်ရွယ်ချစ်တခုဒဲန ဒန်းကောန်းနဆိုင်ဟှူ ယောင်ကြည်ရှင်းတရားတွပ် နန်းနို့လေဟှာ တိုက်ပွဲဝမ်နေဂေ့ကြောန်းဟှို ငါဟှာ ကြားရှင်ဟှယ်။ 
နန်းနို့ရဲ့ ရန်သူလေဟှို ကြော့‑က်ဂေ့န။ မြဲဒမ်းဘဲ့ ရဲရဲရင့်ရင့်ဟှာ နေဂေ့ပါ။ အယ်မျိုးနေဇာဟှာ ရန်သူလေဟှ ရှောင်းဟှားဟှူကြောန်းန နန်းနို့ဟှ အောန်မြင်မယ်ဖြစ်ကြောန်း ရန်သူလေဟှို သတ်သေပြဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှို အောန်ဗွဲခံစေဟှူ သခင်ဟှာ ဘုရားသခင်ဘဲ့ ဖြစ်ဟှယ်။ 
နန်းနို့ဟှာ ခရစ်တော်ဟှို ယောင်ကြည်ရှင်းမျှဘဲ့ ကဘဲ့န ခရစ်တော်တွပ်ကြောန့် ဒေါက်ခ ခံရရှင်းနရော၊ ခရစ်တော်ရဲ့မှုတော်ဟှို လောက်ဟှို့တွပ်ရော ခွမ့်ရေးလေဟှို ရဂေ့ဟှယ်။ 
ခုနန်းနို့ဟှာ ငါ့နတူးဒူ တိုက်ပွဲဟှို ဝမ်နိုင်ဟှားဘီး ရင်းရင်ဒူးဟှ ငါဟှာ တိုက်ပွဲဝမ်ဇာဟှို နန်းနို့ဟှာ ဗြင်ရဂေ့ဟှယ်။ နန်းနို့ ကြားရဟှူတိုင်းဘဲ့ ခုလည်း ငါဟှာ တိုက်ပွဲဝမ်နေသေးဟှယ်။ 
