﻿ဧဖက်.
6.
သားမီးလေ၊ သခင်ဘုရားရဲ့ လိုတော်တိုင်း မိဖစကားဟှို နားထောန်ဂေ့ပါ။ မိဖစကားဟှို နားထောန်ဇာဟှာ မှန်ဟှူမှု ဖြစ်ဟှယ်။ 
ဂဒိတော်မာပါဟှူ ပထမပညတ်ဟှ “နန့်ရဲ့ မိဖဟှို ရိုသေပါ၊ 
အယ်ဆိုဟှာ နန်ဟှာ ကောန်းဇားဘီး မ္လေဂီးထတ်မာ သတ်ရှယ်လေ့မယ်” ဆိုဘီး ဖြစ်ဟှယ်။ 
မိဖလေ၊ သားမီးလေဟှို စိဆိုးအောန် လောက်ဂေ့န။ သူးနို့လေဟှို သခင်ဘုရား လိုတော်တိုင်း ပြုစုပျိုးထောန်ဂေ့ပါ။ 
ကျွန်ဖြစ်ဟှူလူလေ၊ နန်းနို့ဟှာ ခရစ်တော်ရဲ့စေဟှို ခံဂေ့မျိုး ရရာတိုင်း ကြော့‑က်လန့်ဘီး ရိုးသားဟှူ စိနှလောင်းန နန်းနို့ရဲ့ လောကသခင်လေဟှို နာခံဂေ့ပါ။ 
သခင်လေနှစ်သက်ဟှို့တွပ် သူးနို့ရှေ့မာဘဲ့ နားထောန်ဇာမှုဘဲ့န ခရစ်တော်ရဲ့ ကျွန်နေန ဘုရားသခင်ရဲ့ လိုတော်တိုင်း စိပါလတ်ပါ စေခံဂေ့ပါ။ 
လူလေရဲ့စေဟှို ခံမျိုးမှုဘဲ့န ဘုရားသခင်ရဲ့ စေဟှိုခံမျိုး စေတနာစိန စေခံဂေ့ပါ။ 
ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ကောန်းဇာတခုခု လောက်ဟှူလူဟှာ သခင်ဘုရားနားဟှ ကျိုးခံစားခွမ့်ရမယ် ဆိုဇာ သိမှတ်ဟှားဂေ့ပါ။ 
သခင်လေ၊ နန်းနို့ဟှလည်း ကျွန်လေဟှို အယ်မျိုးဘဲ့လောက်ဂေ့။ သူးနို့ဟှို ချီးခြော့‑က်ဂေ့န။ နန်းနို့န သူးနို့လေရဲ့ သခင်ဟှာ ကောန်းဂန်ဘောင်မာရှိနေဘီး အယ်သခင်ဟှာ မျစ်နှာလိုက်ဟှ ဆိုဇာဟှို သိဟှားဂေ့ပါ။ 
နန်းနို့ဟှာ သခင်ဘုရားန တလောင်းတဝဒဲဖြစ်ဘီး ကိုယ်တော်ရဲ့ တဂိုးအားဖြင့် ခိုင်ခံ့ဟှို့တွပ် ငါဟှာ နော့‑က်ဆောင်းနေန မှာရှင်ပါဟှယ်။ 
မာရ်နတ်ရဲ့ လှည့်ဇာဟှူ ဇာလေဟှို ကာကွယ်နိုင်ဟှို့တွပ် ဘုရားသခင်ဟှ ပြင်ဆင်ဟှားဟှူ လတ်နတ်စောင်လေဟှို ဝတ်ဂေ့ပါ။ 
နို့လေဟှာ သွီးသားရှိဟှူလူလေန တိုက်ခိုက်ဂေ့ဇာ မှုဟှ။ ကောန်းဂန်မာနေဟှူ ရရာတိုင်းဆိုးဟှူ ဝိညာဉ်တဂိုးရှင်လေန၊ အယ်မှောန်လောကဟှို စိုးရဟှူ တဂိုးရှင်လေ၊ အာဏာပိုင်လေန တိုက်ခိုက်ဂေ့ရဟှယ်။ 
အယ်ကြောန့် ဘုရားသခင်ရဲ့ လတ်နတ်စောင်လေဟှို ကိုင်ဟှားဂေ့ပါ။ အယ်မျိုးလောက်မှ ဆိုးယောက်ဟှူ ကာလ ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှာ ရန်သူတိုက်လာဟှူဇာဟှို ကာကွယ်နိုင်လေ့မယ်။ ဆောင်းထိ တိုက်ခိုက်ဟှူ ခီမာ နန်းနို့ဟှာ ရပ်နိုင်လေ့မယ်။ 
အယ်ကြောန့် ဆင်သင့်ရှိဂေ့ပါ။ သမ္မာတရားဖြစ်ဟှူ ခါးဗတ်န၊ ဖြောန့်မတ်ရှင်းဖြစ်ဟှူ ရင်ဖတ်ကာဟှူဇာဟှိုရော၊ 
ငြီသတ်ရှင်းနဆိုင်ဟှူ ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် ပြင်ဆင်ဟှားဇာဖြစ်ဟှူ ခေနပ်စီးဘီး ခံရပ်ဟှားဂေ့ပါ။ 
ယောင်ကြည်ရှင်း ဒိုင်းလွှားဟှိုလည်း မြဲဒမ်းကိုင်ဟှားဂေ့ပါ။ နန်းနို့ဟှာ အယ်ဒိုင်းလွှားအားဖြင့် မာရ်နတ်ပစ်ဟှူ မီးမြှားလတ်နတ်ဟှို ကာကွယ်နိုင်လေ့မယ်။ 
ကယ်တန်ရှင်းဖြစ်ဟှူ သံခမှော့‑က်န ဝိညာဉ်တော်ဟှပေးဟှူ ဘုရားသခင်ရဲ့ စကားတော်ဖြစ်ဟှူ ဓားဟှိုရော ယူဆောန်ဂေ့ပါ။ 
နန်းနို့ဟှို ကူညီစောန့်ရှော့‑က်ဟှို့တွပ် ဘုရားသခင်ဟှို မြဲဒမ်းဆုတောန်းဂေ့ပါ။ ဝိညာဉ်တော်ပြောဟှားတိုင်း မြဲဒမ်းဆုတောန်းဂေ့ပါ။ အယ်ကြောန့် နိုးနိုးကြားကြားဟှား နေဂေ့ပါ။ ဇွဲသတ်တိလည်း ရှိဂေ့ပါ။ ခီတိုင်းမာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ လူမျိုးတော်တွပ် ဆုတောန်းဂေ့ပါ။ 
ငါဟောပြောဟှူ ခီမာ ဘုရားသခင်ဟှာ ငါ့ဟှို နှောက်သတ်တိဟှို ပေးဟှို့တွပ်ရော၊ ဒန်းကောန်းရဲ့ နတ်နဲဟှူ ဇာလေဟှို ရဲရဲရင့်ရင့်ဟှား ဖွမ့်ပြနိုင်အောန် ငါ့တွပ်လည်း ဆုတောန်းပေးဂေ့ပါ။ 
ငါဟှာ ကျဉ်းထောန်ထဲမာ နေရဘေမဲ့ အယ်ဒန်းကောန်းတွပ် သံတမန် ဖြစ်ဟှယ်။ အယ်ဒန်းကောန်းဟှို ဟောပြောသင့်တိုင်းဘဲ့ ငါဟှာ ရဲရဲရင့်ရင့်ဟှား ဟောပြောနိုင်ဟှို့တွပ် ဆုတောန်းဂေ့ပါ။ 
ငါ့နပတ်သတ်ဟှူ ကြောန်းလေဟှို နန်းနို့သိဟှို့တွပ် ဒန်းဂူလောင်းဟှို နန်းနို့လေဟှို တုခိတ်ဟှ ပြောပြလေ့မယ်။ သခင်ဘုရားရဲ့ မှုတော်ဆောန်ဟှူ ခီမာ သူဟှာ နို့လေဟှို သစ်စာရှိရှိန စေခံဟှူသူ၊ နို့လေရှစ်ရဟှူညီ ဖြစ်ဟှယ်။ 
အယ်ကြောန့် နို့လေနဆိုင်ဟှူ ဒန်းဂူလောင်းဟှို ပြောပြဟှို့တွပ်န သူဟှာ နန်းနို့ဟှို အားပေးကူညီဘီး နန်းနို့စိနှလောင်း သတ်သာစေဟှို့တွပ် ငါဟှာ လွှတ်လိုက်ဟှယ်။ 
ဖဘုရားသခင်န သခင်ယေရှု ခရစ်တော်ဟှာ ယောင်ကြည်သူလေဟှို ငြီသတ်ရှင်း၊ ရှစ်ရှင်း၊ ယောင်ကြည်ရှင်းလေဟှို ခ္လပေးပါစေ။ 
ဖယ်ခါလည်း ပျစ်စီးဘဲဟှူ မြစ်တာန နို့လေရဲ့ သခင်ယေရှု ခရစ်တော်ဟှို ရှစ်ဂေ့ဟှူ လူလေ ဂူလောင်းထတ်ဟှို ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ ရော့‑က်လာပါစေ။
