﻿ဂလာတိ.
3.
မိုက်မဲဟှူ ဂလာတိ သင်းသားလေ! နန်းနို့ဟှို ဖယ်လူဟှ ပြုစားဟှားနူး။ လတ်ဝါးကပ်တိုင် ထတ်မာ ယေရှုခရစ်တော် သေခံတော်မူဇာဟှို နန်းနို့မျစ်စိရှေ့မာ ရှင်းရှင်းလန်းလန်း ဖော်ပြဟှားပီးဘီ! 
ပညတ်တရားဟှို လိုက်ရှော့‑က်ဇာအားဖြင့် အယ်မျိုးမှုဘဲနေဟှာ ဧဝံဂေလိတရားဟှို ကြားဘီး ယောင်ကြည်ဇာအားဖြင့် ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှို လတ်ခံရရှိဇာလော။ အယ်မူဇာ တခုဟှိုဘဲ့ ငါသိရှင်ဟှယ်။ 
အယ်မျှလော့‑က် မိုက်မဲဂေ့လော! နန်းနို့ဟှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် စပြုဘီးန ခု ဇာတိန ဆောင်းသတ်ဟှို့လော။ 
နန်းနို့ဂူလောင်းရဲ့ တွိကြောင်ခံစားရဇာဟှာ ချည်းနှီး ဖြစ်ဟှားဘီလော။ မှန်ဆိုဟှာ ချည်းနှီး ဖြစ်နိုင်ဟှ! 
ဘုရားသခင်ဟှာ နန်းနို့ဟှို ဝိညာဉ်တော်ဟှို ပေးဘီး နန်းနို့ထဲမာ နိမိတ်လတ်ခဏာလေ လောက်နေဇာဟှာ ပညတ်တရားအားဖြင့် လောက်ဇာလော၊ အယ်မျိုးမှုဘဲနေဟှာ ဧဝံဂေလိတရားဟှို ကြားဘီး ယောင်ကြည်ရှင်းအားဖြင့် လောက်ဇာလော။ 
အာဗြဟံရဲ့ တွိကြောင်ခံစားမှုဟှို ကျမ်းစာမာ ပြောဟှားဇာဟှ “အာဗြဟံဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှူကြောန့် သူ့ရဲ့ ယောင်ကြည်ဇာအားဖြင့် ဘုရားသခင်ဟှာ သူ့ဟှို ဖြောန့်မတ်ဟှူမျိုး လတ်ခံတော်မူဟှယ်။” 
အယ်ကြောန့် ယောင်ကြည်ရှင်းရှိဟှူ လူလေဟှာ အာဗြဟံရဲ့ မ္လေးမ္လစ်စစ်ဖြစ်ဟှယ် ဆိုဇာဟှို နားလည်ဂေ့ပါ။ 
ဘုရားသခင်ဟှာ ယောင်ကြည်ရှင်းအားဖြင့် လူမျိုးခြားလေဟှို ဖြောန့်မတ်စေလေ့မယ် ဆိုဘီး ကျမ်းစာမာ ကြိုတန်ဘီး ပြောဟှားဟှယ်။ အယ်ကြောန့် ကျမ်းစာမာ အာဗြဟံဟှို ဟောဟှားဟှူ ဒန်းကောန်းဟှ “လူမျိုးဂူလောင်းဟှာ နန့်အားဖြင့် ကောန်းဂျီးမင်္ဂလာဟှို ခံစားရလေ့မယ်။” 
အယ်ကြောန့် ယောင်ကြည်ရှင်းရှိဟှူသူလေဟှာ ယောင်ကြည်ဟှူ အာဗြဟံနတူးဒူ ကောန်းဂျီးဟှို ခံစားရဟှယ်။ 
ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူ လူလေဟှာ ကီဇာန သတ်ဆိုင်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာဟှ “ပညတ်တရားမာ ပါဇာလေဂူလောင်းဟှို လိုက်ရှော့‑က်နိုင်ဘဲဟှူ လူတိုင်းဟှာ ဘုရားသခင်ရဲ့ ကီဇာဟှို ခံရမယ်” ဆိုဘီး ပြောဟှားဟှယ်။ 
ပညတ်တရားအားဖြင့် ဖယ်သူလည်း ဘုရားသခင်ရှေ့မာ ဖြောန့်မတ်ဟှ ဆိုဇာ ထန်ရှားဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာမာ “ဖြောန့်မတ်ဟှူသူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်” ဆိုဘီး ပြောဟှားဟှယ်။ 
ပညတ်တရားဟှာ ယောင်ကြည်ရှင်းထတ်မာ ခြေခံဟှားဇာမှုဟှ။ အယ်ဘေမဲ့ ကျမ်းစာဟှလည်း “ပညတ်တရားဟှို လိုက်ရှော့‑က်ဟှူလူဟှာ အယ်ပညတ်တရားအားဖြင့်ဘဲ့ သတ်ရှင်လေ့မယ်” ဆိုဘီး အယ်မျိုးဘဲ့ပြောဟှားဟှယ်။ 
“သစ်တိုင်မာ ခိဆွဲခံရဟှူသူဟှာ ဘုရားသခင်ရဲ့ ကီဇာဟှို ခံရဟှူသူဖြစ်ဟှယ်” ဆိုဘီး ကျမ်းစာမာ ပြောဟှားမျိုးဘဲ့ ခရစ်တော်ဟှာ နို့လေတွပ် ကီဇာဟှို ခံဘီးန နို့လေဟှို ပညတ်တရားရဲ့ ကီဇာဟှနေ ဝီးနှုတော်မူဟှယ်။ 
အယ်မျိုးလောက်ဇာဟှာ လူမျိုးခြားလေဟှာ ခရစ်တော်ယေရှုနှိုက် အမှီပြုဘီး အာဗြဟံခံစားရဟှူ ကောန်းဂျီးဟှို ခံစားရဘီး နို့လေဟှို ဘုရားသခင် ဂဒိပေးဟှားဟှူ ဝိညာဉ်တော်ဟှို ယောင်ကြည်ဇာအားဖြင့် လတ်ခံရရှိဟှို့ဖြစ်ဟှယ်။ 
ယောင်ကြည်သူလေ၊ နေ့တိုင်း တွိကြောန်နေဇာလေထဲဟှနေ ဥပမာတခုဟှို ပြောရမယ် ဆိုဟှာ လူနှေ့ယော့‑က်ဟှာ ကြောန်းရာတခုဟှို ပဋိညာဉ်ပြုဘီး လတ်မှတ်ရေးထိုးလိုက်ဘီးခီမာ ဖယ်လူလည်း ပယ်ဖျစ်ဟှို့လည်းမရ၊ ထပ်ဖ္လဲ့ဟှို့လည်းရဟှ။ 
ဘုရားသခင်ရဲ့ ဂဒိတော်လေဟှာ အာဗြဟံန သူ့ရဲ့ မ္လေးမ္လစ်တွပ် ဖြစ်ဟှယ်။ ကျမ်းစာမာ “မ္လေးမ္လစ်လေ” ဆိုဘီး များကိန်းဟှို သောင်းပြုဘဲန “နန့်ရဲ့မ္လေးမ္လစ်” ဆိုဘီး အနဲကိန်းဟှို သောင်းပြုဟှားကြောန့် လူတယော့‑က်ဟှိုဘဲ့ ဆိုလိုဇာဖြစ်ဘီး အယ်လူဟှာ ခရစ်တော်ဖြစ်ဟှယ်။ 
ငါဆိုလိုဇာဟှ ဘုရားသခင်ဟှာ အာဗြဟံန ပဋိညာဉ်ပြုဘီး ပဋိညာဉ်ဟှို စောန့်ထီးဟှို့ ဂဒိပေးဟှားတော်မူဟှယ်။ နှစ်ပေါန်း လေးရာသောင်းဆယ် ကြာဘီးမှ ပေးတော်မူဟှူ ပညတ်တရားဟှာ အယ်ပဋိညာဉ်ဟှို ပယ်နိုင်ဟှ။ ဘုရားသခင်ရဲ့ ဂဒိတော်ဟှို ပယ်နိုင်ဟှ။ 
ဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ မွီတော်ဟှာ ပညတ်တရားထတ်မာ တည်နေမယ် ဆိုဟှာ အယ်မွီတော်ဟှာ ဂဒိတော်ထတ်မာ တည်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ ဂဒိတော်အားဖြင့် အာဗြဟံဟှို အယ်မွီတော်ဟှို ပေးတော်မူဟှယ်။ 
အယ်ဆိုဟှာ ပညတ်တရားရဲ့ ရည်ရွယ်ချစ်ဟှ ဖြားဇာနူး။ ဂဒိတော်ခံရဟှူု အာဗြဟံမ္လေးမ္လစ် ရော့‑က်လာခန်ခီထိ ဒုစရိုက်လေဟှို ပြဟှို့တွပ် အယ်တရားဟှို ထပ်ပေးတော်မူဟှယ်။ အယ်ပညတ်တရားဟှို ကောန်းဂန်တမန်လေအားဖြင့် ကြားဝမ်စေ့စပ်မား တယော့‑က်မှတဆင့် ပေးတော်မူဟှယ်။ 
အယ်ဘေမဲ့ တယော့‑က်ဒဲဘဲ့ ပါဝမ်လောက်ဆောန်ခီမာ ကြားဝမ်စေ့စပ်မားဟှို လိုအပ်ဟှမ်း။ အယ်ဘီးဟှာ ဘုရားသခင်ဟှာ တပါးဒဲ ဖြစ်တော်မူဟှယ်။ 
အယ်မျိုးဆိုဟှာ ပညတ်တရားဟှ ဘုရားသခင်ရဲ့ ဂဒိတော်ဟှို ဆန့်ကျင်နေဇာလော။ လောင်းဝမှုဟှ! သတ်ရှင်စေနိုင်ဟှူ ပညတ်တရားဟှို လူသားလေ လတ်ခံရရှိမယ် ဆိုဟှာ အယ်ပညတ်တရားဟှို လိုက်ရှော့‑က်ဇာအားဖြင့် ဖြောန့်မတ်မှုဟှို ရလေ့မယ်။ 
အယ်ဘေမဲ့ ယေရှုခရစ်တော်ဟှို ယောင်ကြည်ရှင်းန စပ်ဆိုင်ဟှူ ဂဒိတော်ဟှို ယောင်ကြည်ဟှူ သူလေဟှို ပေးအပ်ဟှို့တွပ် ကျမ်းစာဟှ လူလေ ဂူလောင်းဟှို ပြစ်တရားအော့‑က်မာ ချောက်ဟှားလေဟှယ်။ 
အယ်ယောင်ကြည်မှုတရား လာခန်ထိ ပညတ်တရားဟှာ နို့လေဂူလောင်းဟှို ပညတ်တရားရဲ့ ကျဉ်းသားလို ချောက်နှောန်ဟှားဇာဟှို ခံရဟှယ်။ 
အယ်ကြောန့် နို့လေဟှာ ယောင်ကြည်မှုအားဖြင့် ဖြောန့်မတ်ဟှို့တွပ် ပညတ်တရားဟှာ ခရစ်တော် ကြွလာခီထိအောန် နို့လေရဲ့ အောက်ထီးမားဖြစ်ဟှယ်။ 
ခု အယ်ယောင်ကြည်မှု တရားဟှာ ရော့‑က်လာဘီ နို့လေဟှာ အောက်ထီးမားရဲ့ လတ်အော့‑က်ဟှ လွတ်ဟှားဂေ့ဟှယ်။ 
အယ်ကြောန့် နန်းနို့ဂူလောင်းဟှာ ခရစ်တော်ယေရှုနှိုက် ယောင်ကြည်မှုအားဖြင့် ဘုရားသခင်ရဲ့ သားမီးလေဖြစ်ဂေ့ဟှယ်။ 
ခရစ်တော်နှိုက် ဗတ္တိဇံခံဟှူ လူလေဂူလောင်းဟှာ ခရစ်တော်ဟှို ဝတ်ဆင်ဟှားဟှူ လူလေဖြစ်ဟှယ်။ 
အယ်ကြောန့် ယုဒလူမျိုးလေ၊ လူမျိုးခြားလေ၊ ကျွန်လေ၊ လွတ်လပ်ဟှူလူလေ၊ ယော့‑က်ကျားလေ မီးမလေ ဆိုဘီး ခွဲခြားဟှားဇာလေမှေ့ဘဲ နန်းနို့ဂူလောင်းဟှာ ခရစ်တော်ယေရှုနှိုက် တလောင်းတဝဒဲ ဖြစ်ဂေ့ဟှယ်။ 
နန်းနို့ဟှာ ခရစ်တော်ဟှို ပိုင်ဆိုင်ဟှယ် ဆိုဟှာ အာဗြဟံရဲ့ မ္လေးမ္လစ်လေဖြစ်ဘီး ဘုရားသခင်ရဲ့ ဂဒိတော်ဟှို လတ်ခံရရှိလေ့မယ်။ 
