﻿ဂလာတိ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ.
1.
ငါပေါလုဟှာ လူတယော့‑က်အားဖြင့်လည်းမှု၊ လူလေအားဖြင့်လည်းမှုဘဲန ယေရှုခရစ်တော်ရဲ့ ခွမ့်အားဖြင့်နရော၊ အယ်သခင်ဟှို သေရာဟှနေ ပ္လန်ရှင်စေဟှူ ဖဘုရားသခင်ရဲ့ ခွမ့်အားဖြင့်နရော တမန်တော်ရာဟှို ပေးအပ်ခံရသူဖြစ်ဟှယ်။ 
ငါ့နတူးဒူရှိနေဟှူ ယောင်ကြည်သူလေ အားလောင်းဟှာ၊ 
နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န သခင်ယေရှု ခရစ်တော် ထံတော်ဟှနေ ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့မာရှိပါစေ၊ 
နို့လေရဲ့ဖ ဘုရားသခင်ရဲ့ လိုတော်ဟှို နားထောန်ဘီး ခရစ်တော်ဟှာ နို့လေဟှို အယ်မူဆိုးရောက်ဟှူ ပစ္စုပ္ပန်ဘဝဟှ ကယ်တန်နိုင်ဟှို့ နို့လေရဲ့ ပြစ်လေတွပ် ကိုယ့်ကိုယ်ကိုယ် ပေးအပ်တော်မူဟှယ်။ 
အယ်ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။ 
ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် နန်းနို့ဟှို ခေါ်တော်မူဟှူသူဟှို အယ်မျိုးဗြန်းဗြန် စွန့်ဘီးဟှာ တခြားဧဝံဂေလိတရားဟှို လတ်ခံလိုက်ဟှူကြောန့် ငါရရာတိုင်း အံ့ဩဟှယ်! 
မှန်ဆိုဟှာ “တခြား ဧဝံဂေလိတရား” ဆိုဇာမှေ့ဟှ။ ဖြားဖြစ်ကြောန့် ငါအယ်မျိုးပြောရနူးဆိုဇာဟှ နန်းနို့ဟှို ရှုတ်ထွေးအောန်လောက်ဘီး ခရစ်တော်ရဲ့ ဧဝံဂေလိတရားဟှို မှော့‑က်လှန်ရှင်ဟှူလူတချို့ ရှိနေကြောန့်ဖြစ်ဟှယ်။ 
နို့လေဖြစ်ဖြစ်၊ ကောန်းဂန်ဘောင်ဟှနေလာဟှူ ကောန်းဂန်တမန်ဖြစ်ဖြစ် နန်းနို့ဟှို နို့လေဟောပြောဟှားဟှူ ဒန်းကောန်းန တူဘဲဟှူ ဒန်းကောန်းဟှို ဟောပြောမယ် ဆိုဟှာ ဟောပြောဟှူသူဟှာ ဘုရားသခင်ရဲ့ ကီရှင်းဟှို ခံရစေ! 
နန်းနို့ခံယူဟှားဟှူ ဒန်းကောန်းနတူဘဲဟှူ ဒန်းကောန်းဟှို ဟောပြောမားဟှာ ဘုရားသခင်ရဲ့ ကီရှင်းဟှို ခံရစေ ဆိုဘီး နို့လေပြောဟှားဟှူတိုင်းဘဲ့ ခု ငါထပ်ဘီး ပြောဟှယ်။ 
ခု ငါဟှာ လူလေရဲ့ ထော့‑က်ခံမှုဟှို လိုက်ဇာလော။ ဘုရားသခင်ရဲ့ ထော့‑က်ခံမှုဟှို လိုက်ဇာလော။ ငါဟှာ လူလေကျေနပ်ဟှို့တွပ်ဘဲ့ စည်းရောင်းနေမယ် ဆိုဟှာ ငါဟှာ ခရစ်တော်ရဲ့ စေခံဖြစ်ဟှို့မှုဟှ။ 
ယောင်ကြည်သူလေ၊ နန်းနို့ဟှို ငါဟောပြောဟှူဒန်းကောန်းဟှာ လူလေတီထွမ်ဟှားဟှူ ဒန်းကောန်းမှုဟှ ဆိုဇာဟှို နန်းနို့ဟှို ငါသိစေရှင်ဟှယ်။ 
အယ်ဒန်းကောန်းဟှို ငါဟှာ ဖယ်သူ့ထံဟှလည်း လတ်ခံဟှားဇာမှုဟှ။ ဖယ်သူဟှလည်း ငါ့ဟှို သန်ပေးဟှားဇာမှုဟှ။ အယ်ဒန်းကောန်းဟှို ယေရှုခရစ်တော်ထံဟှနေ ဖွမ့်ပြမှုအားဖြင့် ငါလတ်ခံရရှိဇာဖြစ်ဟှယ်။ 
ရင်ဟှ ယုဒဘာသာထဲမာ ငါ့ရဲ့ သတ်ရှင်မှု နည်းလမ်းဟှို နန်းနို့ကြားဟှားပီးဘီ။ ငါဟှာ ဘုရားသခင်ရဲ့ သင်းတော်ဟှို ရရာတိုင်း ညှဉ်းဆဲဘီးဟှာ သင်းတော်ဟှို ဖျစ်ဆီးဟှို့ ကြိုးစားဟှားဟှယ်။ 
ငါ့ဘိုးဘေးလေရဲ့ ထောင်းဒမ်းစဉ်လာလေဟှို ရရာတိုင်း စိအားထတ်သန်ဘီး ငါ့နရွယ်ဒူ ယုဒလူမျိုးလေထတ် ငါဟှာ ယုဒဘာသာထဲမာ ပိုဘီး ကျင်လည်ဟှယ်။ 
အယ်ဘေမဲ့ ငါမွီးခန်ဂဒဲဟှ ဘုရားသခင်ဟှာ ကျေးဇူးတော်အားဖြင့် ငါ့ဟှို ခေါ်တော်မူဟှားဘီး မှုတော်ဆောန်ဟှို့ ဝီးကော့‑က်ဟှားဟှယ်။ အယ်ဘီးဟှာ 
လူမျိုးခြားလေဟှို သားတော်ရဲ့ ဒန်းကောန်းဟှို ဟောပြောဟှို့ ကိုယ်တော်ရဲ့ လိုတော်တိုင်း သားတော်ဟှို ငါ့ဟှို ပြတော်မူဟှူ ခီမာ ငါဟှာ သွီးသားတော်စပ်ဟှူသူ ဖယ်သူနလည်း တိုင်ဗန်ဇာဟှို လောက်ဘဲန 
ငါ့ထတ်စောဟှူ တမန်တော်လေန တွိဟှို့ ယေရုရှလင်ဗြို့ဟှိုလည်း သွားဘဲန ရှင်းရှင်းဘဲ့ အာရေဗျပြည်ဟှို သွားဘီး ဒမာသက်ဗြို့ဟှို ပ္လန်ဟှားလိုက်ဟှယ်။ 
သောင်းနှစ်ကြာဘီးန ငါဟှာ ပေတရုဟှို တွိဟှို့ ဆိုဘီး ယေရုရှလင်ဗြို့ဟှို တတ်ဟှားဘီးဟှာ သူ့နတူးဒူ ဆယ့်ငါးရစ် နေဟှားဟှယ်။ 
ငါဟှာ သခင်ဘုရားရဲ့ညီ ယာကုပ်ဟှလွဲဘီး တခြားတမန်တော်လေဟှို တွိဟှ။ 
ငါရေးလိုက်ဇာလေဟှာ တကယ် ဖြစ်ဟှယ်။ ငါဟှာ လီညာနေဇာမှုဟှ ဆိုဇာဟှို ဘုရားသခင် သိတော်မူဟှယ်။ 
အယ်ဘီးန ငါဟှာ ရှုရိပြည်န ကိလိကိပြည်လေဟှို သွားလိုက်ဟှယ်။ 
အယ်ခီဒူးဟှ ယုဒပြည်မာရှိဟှူ သင်းတော်လေရဲ့ သင်းဝမ်သူလေဟှာ ငါန ရရာတိုင်း ရင်းနှီးကျွမ်းဝမ်မှု မှေ့သေးဟှ။ 
“နို့လေဟှို ညှဉ်းဆဲဖူးဟှူ အယ်လူဟှာ ရင်းရင်ဒူးဟှ ဖျစ်ဆီးဟှို့ ကြိုးစားဟှားဟှူ ယောင်ကြည်မှု တရားဟှို ခု ဟောပြောနေဟှယ်” ဆိုဘီး သူးနို့ဟှာ တခြားလူလေ ပြောနေဇာဟှိုဘဲ့ ကြားဟှားဂေ့ဟှယ်။ 
အယ်ကြောန့် သူးနို့ဟှာ ငါ့ကြောန့် ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။ 
