﻿၂ ကောရိန္သု.
4.
ဘုရားသခင်ဟှာ သူ့ရဲ့ ကရုဏာတော်နညီ နို့လေဟှို အယ်မှုဆောန်လောက်ငန်းဟှို ပေးအပ်ဟှူ ခီမာ နို့လေဟှ စိပျစ်အားရော့‑က်ဇာ မှေ့ဟှ။ 
နို့လေဟှာ ယှစ်ဖွယ်ဖြစ်ဟှူ လျှို့ဝှက်ဇာလေဟှို စွန့်ပစ်ဂေ့ဟှယ်။ နို့လေဟှာ ကော့‑က်ကျစ်ဇာလည်း လောက်ဂေ့ဟှ။ ဘုရားသခင်ရဲ့ စကားတော်ဟှို မှောက်လှန်ဘီးလည်း ဟောပြောဟှ။ နို့လေဟှာ ဘုရားသခင်ရဲ့ မျစ်မှောက်တော်မာရော၊ သမ္မာတရားရဲ့ လန်းရောန်မာရော၊ သတ်ရှင်လှောက်ရှာဘီး လူလေရဲ့ သိစိဟှာ ရှင်းရှင်းလန်းလန်းဟှား ဖြစ်ဟှို့တွပ် လောက်ဆောန်ဂေ့ဟှယ်။ 
နို့လေ ဟောပြောဟှူ ဒန်းကောန်းဟှာ ဖောင်းအောက်ခံရမယ် ဆိုဟှာ သတ်ဝိညာဉ် ဆောင်းရှောင်းနေဟှူ လူလေတွပ်ဘဲ့ ဖောင်းအောက်ခံရဟှယ်။ 
အယ်လောကဟှို စိုးရဟှူ ဘုရားဟှာ အယ်လူလေရဲ့ စိဟှို မှောန်န ဖောင်းအောက်ဟှားဟှူကြောန့် သူးနို့ဟှာ ဒန်းကောန်းဟှို ယောင်ကြည်ဂေ့ဟှ။ အယ်ကြောန့် ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်ဖြစ်ဟှူ၊ ခရစ်တော်ရဲ့ ဖောင်းသရေတော်ဖြစ်ဟှူ ဒန်းကောန်းဟှနေ ထွပ်ပေါ်လာဘီး သူးနို့ထတ်ဟှို ရော့‑က်လာဟှူ လန်းရောန်ဟှို ဗြင်ရဂေ့ဟှ။ 
နို့လေဟှာ ကိုယ့်ကြောန်းလေဟှို ဟောပြောဇာ မှုဟှ။ ယေရှုခရစ်တော်ဟှာ သခင်ဖြစ်ကြောန်း၊ နို့လေဟှာ သခင်ယေရှုတွပ် နန်းနို့ရဲ့ စေခံလေဖြစ်ကြောန်းဟှို ဟောပြောဂေ့ဟှယ်။ 
ယေရှုခရစ်တော်ရဲ့ မျစ်နှာတော်ဟှနေဘီး ထွန်းတော့‑က်နေဟှူ ဖောင်းသရေတော်ကြောန်းဟှို သိဘီးဟှာ နားလည်နိုင်ဟှို့တွပ် နို့လေရဲ့ စိနှလောင်းထဲမာ လန်းရောန်ဟှို ထွန်းလန်းစေဟှို့ ဘုရားသခင်ဟှ “မှောန်ထဲဟှနေ လန်းရောန် ပေါ်ထွပ်လေ့မယ်” ဆိုဘီး ပြောဟှားဟှူ ဘုရားသခင်ဖြစ်ဟှယ်။ 
အယ်ကြောန့် နို့လေမာ ချောက်ချာ အာဏာတဂိုး မှေ့ဟှ။ ဘုရားသခင်မာဘဲ့ ရှိကြောန်းဟှို ထန်ရှားစေဟှို့တွပ် ဝိညာဉ်ဘဏ္ဍာဟှို ထီးသီးရဟှူ နို့လေဟှာ မ္လေအိုးလေမျိုး ဖြစ်ဂေ့ဟှယ်။ 
နို့လေဟှာ ခါဘီးခါ ဆင်းရဲဒေါက်ခ ရော့‑က်ဂေ့ဘေမဲ့လည်း ပ္လန်ထူဘဲနိုင်အောန် ဖြစ်ဟှ။ တခါတခါမာ စိရှောက်ထွေးဘေမဲ့လည်း ဖယ်ခါလည်း စိပြစ်ဟှ 
နို့လေမာ ရန်သူဘောင်ဂီး ရှိဘေမဲ့လည်း မိဆွေမှေ့ဘဲဟှူသူ မှုဟှ။ လဲက္လအောန် ထိုးခံရဘေမဲ့လည်း သေဂေ့ဟှ။ 
သခင်ယေရှုဟှာ နို့လေရဲ့ ကိုယ်ခန္ဓာမာ သတ်ရှင်ကြောန်းဟှို ပေါ်စေဟှို့တွပ် နို့လေရဲ့ သေတတ်ဟှူ ကိုယ်ခန္ဓာမာ သခင်ယေရှုရဲ့ သေခံရဟှူဇာဟှို နို့လေ မြဲဒမ်း ဆောန်ဟှားရဟှယ်။ 
နို့လေရဲ့ ပျစ်စီးတတ်ဟှူ ကိုယ်ခန္ဓာမာ သခင်ယေရှု သတ်ရှင်ကြောန်းဟှို ပေါ်လာဟှို့တွပ် နို့လေဟှာ သတ်ရှင်နေဟှူ ခီကာလမာ သခင်ယေရှုတွပ် မြဲဒမ်းသေဘေးန ရင်ဆိုင်နေရဂေ့ဟှယ်။ အယ်ကြောန့် နို့လေမာ သေရှင်းဟှာ လောက်လောက်နေဘေမဲ့ နန်းနို့မာ သတ်ရှင်ရှင်းဟှာ လောက်လောက်နေဟှယ်။ 
အယ်ကြောန့် နို့လေမာ သေရှင်းဟှာ လောက်လောက်နေဘေမဲ့ နန်းနို့မာ သတ်ရှင်ရှင်းဟှာ လောက်လောက်နေဟှယ်။ 
အယ်မျိုး ယောင်ကြည်ရှင်းစိ ရှိဟှူကြောန့် ကျမ်းစာမာ “ငါဟှာ ယောင်ကြည်ဟှူကြောန့် ပြောဟှယ်” ဆိုဘီး ပါလာတိုင်းဘဲ့ နို့လေဟှလည်း အယ်မျိုးယောင်ကြည်ကြောန့် ပြောဂေ့ဟှယ်။ 
သခင်ယေရှုဟှို ရှင်ပ္လန်ထမြော့‑က်စေဟှူ ဘုရားသခင်ဟှာ နို့လေဟှိုလည်း သခင်ယေရှုနတူးဒူ ရှင်ပ္လန်ထမြော့‑က်စေဘီးဟှာ နန်းနို့လေနတူးဒူ ရှေ့တော်ဟှို ခေါ်ဆောန်ဟှားဟှူဇာဟှို နို့လေဟှာ သိဂေ့ဟှယ်။ 
အယ်မှုရာလေဟှာ နန်းနို့ရဲ့ ကျိုးတွပ်ဘဲ့ ဖြစ်ဂေ့ဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ခံစားရဟှူလူလေဟှ များလာလေလေ ဘုရားသခင်ရဲ့ ဖောင်းသရေတော်တွပ် ချီးမွမ်းဇန ဆုတောန်းဇာဟှာ ပိုများလာလေ့မယ်။ 
အယ်ကြောန့် နို့လေဟှာ ဖယ်ခါလည်း စိပျစ်ဟှ။ နို့လေရဲ့ ကိုယ်ခန္ဓာဟှာ တဖြေးဖြေးန ပျစ်စီးလာဘေမဲ့ နို့လေရဲ့ ဝိညာဉ်ဟှ နေ့ဘီးနေ့ သစ်ပြုပြင်ဇာဟှို ခံနေရဟှယ်။ 
နို့လေဟှာ ရှစ်ဟှားခံရဟှူ၊ ရရာတိုင်း ပေါ့ပါးဟှူ ဆင်းရဲဒေါက်ခဟှာ ရရာတိုင်း ကီးမြတ်ဟှူ ထာဝရ ဖောင်းသရေတော်ဟှို နို့လေတွပ် ဖြစ်စေမယ်။ 
နို့လေဟှာ မျစ်စိန ဗြင်ရဟှူဇာလေဟှို အာရောင်စိုက်ဘဲန မျစ်စိန ဗြင်ရဘဲ့ဟှူ ဇာလေဟှိုဘဲ အာရောင်စိုက်ဂေ့ဟှယ်။ မျစ်စိန ဗြင်ရဟှူဇာလေဟှာ ရှစ်ဟှားဘဲ့တည်ဘီး မျစ်စိန ဗြင်ရဘဲဟှူဇာလေဟှ ထာဝရတည်ဟှယ်။ 
