﻿ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ဒုတိယပေးစာ.
1.
ဘုရားသခင်ရဲ့ လိုတော်ကြောန့် ယေရှုခရစ်တော်ရဲ့ တမန်တော်ဖြစ်န ခန့်ဟှားခံရဟှူ ပေါလုန နို့ညီ တိမောသေနားဟှနေ — 
နို့လေရဲ့ဖ ဖြစ်ဟှူ ဘုရားသခင်န သခင် ယေရှုခရစ်တော်နားဟှနေဘီး ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့ထတ်ဟှို ရော့‑က်လာပါစေ။ 
နှစ်သိမ့်ပေးဟှူ သခင်၊ ကရုဏာတော်လေန ပ္လဲ့ဇောင်ဘီး ကြွယ်ဝဟှူဖ ဖြစ်ဟှူ၊ နို့လေရဲ့ သခင် ယေရှုခရစ်တော်ရဲ့ဖ ဘုရားသခင်ဟှို နို့လေ ချီးမွမ်းဂေ့ဇို့။ 
နို့လေဟှာ ဆင်းရဲဒေါက်ခမျိုးမျိုး ခံရဂေ့ဟှူ ခီမာ ကိုယ်တော်ဟှာ နို့လေဟှို နှစ်သိမ့်မှုလေဟှို ပေးဟှယ်။ အယ်ကြောန့် နို့လေဟှလည်း ဘုရားသခင်နားဟှနေ အယ်မျိုးရဟှူ နှစ်သိမ့်မှုလေန ဒေါက်ခခံရဂေ့ဟှူ လူလေဟှို ပ္လန်ဘီးဟှာ အားပေးနိုင်ဟှယ်။ 
နို့လေဟှာ ခရစ်တော်ခံစားရဟှူ ရရာတိုင်းများဟှူ ဒေါက်ခဆင်းရဲလေဟှို ခံစားရမျိုးဘဲ့ ခရစ်တော်အားဖြင့် နှစ်သိမ့်မှုလေဟှို ခံရဂေ့ဟှယ်။ 
နို့လေဟှာ ဆင်းရဲဒေါက်ခ ခံရဇာဟှာ နန်းနို့တွပ် နှစ်သိမ့်မှုန ကယ်တန်ရှင်း ကျိုးတွပ်ဘဲ့ဖြစ်ဟှယ်။ နို့လေဟှာ နှစ်သိမ့်မှု ခံစားရဂေ့ဟှူ ခီမာ နန်းနို့လေရဲ့ နှစ်သိမ့်ဟှူရှင်း တွပ်ဘဲ့ဖြစ်ဘီး အယ်မျိုးနှစ်သိမ့်ဇာဟှာ နို့လေခံရဟှူ ဆင်းရဲဒေါက်ခလေမျိုးမာ နန်းနို့ဟှာ သီးခံနိုင်ဟှူ ခွန်အားဟှို ဖြစ်စေဟှယ်။ 
နန်းနို့တွပ် နို့လေရဲ့ မျှော်လင့်ဇာဟှာ ခိုင်မြဲဘီး ရှိနေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှာ နို့လေရဲ့ ဆင်းရဲဒေါက်ခလေဟှို မျှဝီခံစားရဟှူမျိုးဘဲ့ နို့လေရဲ့ နှစ်သိမ့်မှုလေဟှိုလည်း မျှဝီခံစားရမယ် ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။ 
ညီကို မောန်နှမလေ၊ အာရှိပြည်မာ နို့လေခံရဟှူ ဆင်းရဲဒေါက်ခ ကြောန်းလေဟှို နန်းနို့လေဟှို သိဘဲန နေစေရှင်ဟှ။ နို့လေဟှာ ကိုယ့်ရဲ့ ခံနိုင်ဟှူစွမ်းရည်ထတ် ပိုဘီး ဟှာ ရရာတိုင်းကီးဟှူ ဆင်းရဲဒေါက်ခဟှို ခံရဟှူကြောန့် သတ်ရှင်ဟှို့တွပ် မျှော်လင့်ချစ် မှေ့ဂေ့ဟှမ်း။ 
နို့လေဟှာ သေဒန်စီရင်ခံရဟှူ လူလေဖြစ်ဟှယ် ဆိုဘီး ကိုယ့်ကိုယ်ကိုယ် ထန်မှတ်ဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်မျိုးဖြစ်ပျစ်ဇာဟှာ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် အားကိုးဘဲန သေဟှားဟှူ လူလေဟှို ရှင်ပ္လန်ထမြော့‑က်စေဟှူ ဘုရားသခင်ဟှို အားကိုးဂေ့ဟှို့တွပ် ဖြစ်ဟှယ်။ 
ကိုယ်တော်ဟှာ အယ်မျိုး ကြော့‑က်ဇာကောန်းဟှူ သေဘေး ဟှနေဘီး နို့လေဟှို ကယ်တန်လိုက်ဟှယ်။ ကိုယ်တော်ဟှာ နို့လေဟှို နော့‑က်တခါလည်း ကယ်တန်မယ် ဆိုဇာဟှို နို့လေဟှာ ကိုယ်တော့်ဟှို မျှော်လင့်ဟှူကြောန့်၊ 
ဘုရားသခင်ဟှာ နန်းနို့ တောန်းလျှော့‑က်ဘီး ဆုတောန်းဇာလေဟှို နားထောန်ဘီး နို့လေဟှို ကောန်းဂျီးပေးလေ့မယ်။ လူလေဘောင်ဂီးဟှလည်း နို့လေတွပ် ကျေးဇူးတော် ချီးမွမ်းဂေ့လေ့မယ်။ 
နို့လေရဲ့ သိစိဟှို ထော့‑က်ခံဘီး ဝါကြွားဇာတခုဟှ အယ်လောကမာ သတ်ရှင်ဟှူ ခီကာလမာ နန်းနို့န ဆစ်ဆံဟှူ ခီမာ လူလေရဲ့ ဇာတိသိပညာလေဟှို မှီပြုဘဲန ဘုရားသခင်ရဲ့ ကျေးဇူးတော် တဂိုးဟှိုဘဲ့ မှီပြုဘီး နို့လေဟှာ ဘုရားသခင်ပေးသနားဟှားဟှူ စိရိုးသဘောရိုးန ပွမ့်ပွမ့်လန်းလန်းဟှား သတ်သေခံဘီးဟှား သတ်ရှင်ဂေ့ဟှယ်။ 
ခု နို့လေရေးပေးလိုက်ဟှူ စာလေဟှာ နန်းနို့လေဖတ်ဘီး နားလည်နိုင်ဟှူ ကြောန်းရာလေဘဲ့ ဖြစ်ဟှယ် ဆိုဇာဟှို နို့လေမျှော်လင့်ဟှယ်။ 
နို့လေရဲ့ သခင်ယေရှု ကြွလာဟှူနေ့ရစ်မာ နို့လေဟှာ နန်းနို့တွပ် ဂေါင်ယူဝါကြွားနိုင်ဟှို့မျိုးဘဲ့ နန်းနို့ဟှလည်း နို့လေတွပ် ဂေါင်ယူဘီး ဝါကြွားနိုင်ဟှို့တွပ် နန်းနို့ဟှာခု တစိတဒေသအားဖြင့် သိဘီး နားလည်ဂေ့ဟှူ ကြောန်းရာလေဟှို ပ္လဲ့ဝစောင်လင်ဘီး နားလည်လာဂေ့လေ့မယ် ဆိုဇာဟှို ငါမျှော်လင့်ဟှယ်။ 
အယ်မျိုး စိခ္လကြောန့် နန်းနို့ဟှာ ကျေးဇူးတော်ဟှို နှေ့ထပ်ကွမ်း ခံစားရစေဟှို့တွပ် နန်းနို့နားဟှို ဦးဆောင်းလာရှင်ဟှယ်။ 
အယ်ကြောန့် မာကေဒေါနိပြည်ဟှို သွားဟှူ ခီမာလည်း တခါ၊ အယ်ပြည်ဟှနေဘီး ပ္လန်လာဟှူ ခီမာလည်း တခါ နန်းနို့နားဟှို ဝမ်ဘီးန ယုဒပြည်ဟှို သွားနိုင်ဟှို့တွပ် နန်းနို့နားမာ ကူညီတောန်းဟှို့ ကြံရှိဟှယ်။ 
အယ်မျိုး ကြံစည်ဇာဟှာ ငါမာ စိနှေ့ခွရှိနေကြောန့်လော။ ငါဟှာ ကြံစည်ဘီး ဆောင်းဖြတ်ဟှူ ခီမာလည်း တကိုယ်ကောန်း သဘောန ဆောင်းဖြတ်နေလော။ တခီထဲမာဘဲ့ ဟောက်မှန်ဟှယ် ဆိုဇာရော၊ ဟောက်မှန်ဟှ ဆိုဇာရော စကားဟှာ နှေ့ခွဖြစ်နေလော 
ဘုရားသခင်ဟှာ သစ်စာန ပ္လဲ့ဇောင်ဟှူမျိုးဘဲ့ နို့လေပြောဟှူ စကားဟှလည်းနှေ့ခွ မှုဟှ။ 
သိလွာနု၊ တိမောသေန ငါအားဖြင့် နန်းနို့ထဲမာ ဟောပြောဟှားဟှူ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်ဟှာ “ဟောက်မှန်ဟှယ်” “ဟောက်မှန်ဟှ” ဆိုဇာဟှာ မှေ့ဟှ။ အယ်ဘေမဲ့ ကိုယ်တော်နှိုက် မြဲဒမ်း “ဟောက်မှန်ဟှယ်” ဆိုဇာဘဲ့ ရှိဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ဂဒိတော်လေ ဂူလောင်းဟှာ ခရစ်တော်နှိုက် “ဟောက်မှန်ဟှယ်။” အယ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ချီးမြှော့‑က်ဟှို့တွပ် ကိုယ်တော်အားဖြင့် “အာမင်” ဆိုဘီး ပြောဂေ့ဟှယ်။ 
နန်းနို့န နို့လေဟှို ခရစ်တော်န တလောင်းတဝဒဲ့ ဖြစ်စေဘီး ဘိသိပေးသူဟှာ ဘုရားသခင် ကိုယ်တိုင်ဘဲ့ ဖြစ်ဟှယ်။ 
သူ့ရဲ့ လူစုဝမ်လေဟှို တဇိခတ်လိုက်ဘီး၊ လာဟှို့ နာဂတ်ကာလမာ နို့လေတွပ် အာမခံချစ်ဖြစ် ဘုရားသခင်ဟှာ နို့လေရဲ့ စိနှလောင်းထဲမာ သန်းရှင်းဟှူဝိညာဉ်တော်ဟှို ထဲ့ဟှားဟှယ်။ 
ကောရိန့်ဗြို့ဟှို လာဘဲဟှို့တွပ် ဆောင်ဖြတ်ဇာဟှာ နန်းနို့ဟှို ညှာတာဟှူကြောန့် ဖြစ်ဟှယ် ဆိုဇာဟှို ဘုရားသခင်ဟှာ ငါ့ရဲ့ သတ်သေဖြစ်ဟှယ်။ 
နန်းနို့ဟှာ ဖြားဇာဟှို ယောင်ကြည်ရမယ်နူး၊ ဆိုဘီး နန်းနို့ဟှို မိန့်ပေးဟှို့တွပ် ငါဟှာ ကြိုးစားနေဇာ မှုဟှ။ နန်းနို့ရဲ့ ယောင်ကြည်ရှင်းဟှာ ခိုင်မာနေဇာဟှို နို့လေ သိဂေ့ဟှယ်။ အယ်ကြောန့် နို့လေဟှာ နန်းနို့လေဟှာ ရွှင်လန်းဘီး ဝန်းသာနေဟှို့တွပ် နန်းနို့လေရဲ့ လောက်ဖော်ဆောန်ဖတ်လေဘဲ့ ဖြစ်ဟှယ်။ 
