﻿၁ ကောရိန္သု.
14.
အယ်ကြောန့် ရှစ်ရှင်းမြစ်တာဟှို မှီအောန်လိုက်ဂေ့ပါ။ ဝိညာဉ်ဆုကျေးဇူးလေဟှို လိုရှင်တောန်းတရာမာ ပရောဖက်ပြုနိုင်ဟှူ ဆုကျေးဇူးဟှို ရရာတိုင်း လိုရှင်ဟှူစိရှိဂေ့ပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ထူးဆန်းဟှူ ဘာသာစကားဟှို ပြောဆိုဟှူသူဟှာ လူလေနပြောဟှူဇာမှုဘဲ ဘုရားသခင်န ပြောဟှူဇာဖြစ်ဟှယ်။ သူ့ရဲ့စကားဟှို ဖယ်သူလည်းနားလည်နိုင်ဟှ။ သူဟှာ ဝိညာဉ်တော်တဂိုးအားဖြင့် လျှို့ဝှပ်နတ်နဲဟှူကြောန်းရာလေဟှို ပြောဆိုဇာဖြစ်ဟှယ်။ 
ပရောဖက်ပြုသူဟှာ လူလေဟှို တည်ဆော့‑က်ပေးဟှူစကား၊ ခွန်အားပေးဟှူစကားန နှစ်သိမ့်ပေးဟှူစကားလေဟှိုဘဲ့ ပြောဟှယ်။ 
ထူးဆန်းဟှူ ဘာသာစကားဟှို ပြောဟှူသူဟှာ ကိုယ့်ကိုယ်ကိုယ်ဘဲ့ တည်ဆော့‑က်ဇာဖြစ်ဟှယ်။ ပရောဖက်ပြုသူဟှာ သင်းတော်ဟှို ပြုစုပေးဇာဖြစ်ဟှယ်။ 
နန်းနို့ဂူလောင်းဟှာ ထူးဆန်းဟှူဘာသာစကားဟှို ပြောဟှို့တွပ် ငါလိုရှိဟှယ်။ အယ်ဘေမဲ့ ပရောဖက်ပြုဘီး ဟောပြောဟှို့တွပ် ပိုဘီး လိုရှိဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ ထူဆန်းဟှူ ဘာသာစကားဟှို ပြောဟှူသူဟှာ သင်းတော်ဟှို တည်ဆော့‑က်ပေးဟှို့တွပ် နတ်ဟှိုဖော်ပြဘဲနေဟှာ၊ သူ့ထတ် ပရောဖက်ပြုဘီး ဟောပြောဟှူသူဟှာ ပိုဘီး မြတ်ဟှယ်။ 
အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ငါဟှာ နန်းနို့နားဟှို လာဘီး ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးလေန ဟောပြောဟှူလည်းဘဲ့ ငါဟောပြောဟှူ စကားလေဟှာ ဗျာဒိတ်တော်ဟှို ပ္လန်ဟှူဇာလေ၊ ပညာအတတ်ဟှို သင်ဟှူဇာလေ၊ ပရောဖက်ပြုဟှူဇာလေ၊ ဆောန်းမသွန်သန်ဟှူ ဇာလေဟှို တခုလည်း ပြုဘဲန နန်းနို့ဟှို ဟောပြောဟှယ် ဆိုဟှာ ဖြားကျိုးရှိမယ်နူး။ 
အယ်မျိုးဘဲ့ သတ်မဲ့ဖြစ်ဟှူ နှဲနစောန်းဟှူမျိုးဘဲ့ အယ်မူတီးမှုဟှူဇာလေဟှာ သံဟှိုပီးပီသသ ထွပ်လာဘဲနေဟှာ စောန်းသံမှန်း နှဲသံမှန်း ဖယ်မျိုးသိနိုင်မယ်နူး။ 
ဗှိုးမှုသံလည်းဘဲ့ ပီးပီသသန ဗြယ်ဟှ ဆိုဟှာ စစ်ပွဲဝမ်ဟှို့တွပ် ဖယ်မျိုးပြင်ဆင်မယ်နူး။ 
အယ်မျိုးဘဲ့ ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးလေန နန်းနို့ပြောဟှူစကားဟှာ ဓိပါယ်သိဘဲနေဟှာ ဖယ်သူနားလည်နိုင်မယ်နူး။ နန်းနို့လေဟှာ လေထဲမာ စကားပြောနေဟှူမျိုးဘဲ့ ဖြစ်လေ့မယ်! 
ကမ္ဘာမာ ဘာသာစကားလေ ဘောင်ဂီးရှိဟှူလည်းဘဲ့ ဖယ်စကားလည်းဘဲ့ ဓိပါယ်မှေ့ဘဲဟှူ စကားဆိုဇာ မှေ့ဟှ။ 
အယ်ကြောန့် ဘာသာစကားရဲ့ နတ်ဓိပါယ်ဟှို ငါနားလည်ဘဲနေဟှာ အယ်ဘာသာစကားဟှို ပြောဟှူသူဟှာ ငါ့တွပ်လူမျိုးခြား ဖြစ်ဟှယ်။ ငါလည်း သူ့တွပ် လူမျိုးခြား ဖြစ်ဟှယ်။ 
အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ဝိညာဉ်ဆုကျေးဇူးလေဟှို လိုရှင်တောန်းတဂေ့ဟှူတိုင်း သင်းတော်တည်ဆော့‑က်ရာမာ တိုးပွားလာဟှို့တွပ် အယ်ဆုကျေးဇူးအားဖြင့် ကြွယ်ဝပ္လဲ့ဇောင်ဟှို့တွပ် ကြိုးစားအားထုဂေ့ပါ။ 
အယ်ကြောန့် ထူးဆန်းဟှူ ဘာသာစကားပြောဟှူသူဟှာ နတ်ဓိပါယ်ဟှို ဖော်ပြပေးနိုင်ဟှို့တွပ် ဆုတောန်းရမယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ထူးဆန်းဟှူ ဘာသာစကားမျိုးမျိုးန ဆုတောန်းဟှူ ခီမာ ငါ့ရဲ့စိနှလောင်းဟှာ ဆုတောန်းနေဟှူလည်းဘဲ့ ငါ့သိဉာဏ်ဟှ ဖြားကျိုးလည်းပေးဟှ။ 
အယ်မျိုးဆိုဟှာ ဖယ်မျိုး ငါပြုရမယ်နူး။ ငါဟှာ စိနှလောင်းအားဖြင့်မှုဘဲန ဉာဏ်အားဖြင့်လည်း ဆုတောန်းမယ်။ စိနှလောင်းအားဖြင့်ဘဲ့ ချင်းဆိုဇာမှုဘဲန ဉာဏ်အားဖြင့်လည်း ချင်းဆိုမယ်။ 
အယ်မျိုးမှုဘဲ နန်းနို့လေဟှာ စိနှလောင်းအားဖြင့်ဘဲ့ ဘုရားသခင်ဟှို ချီးမွမ်းဘီး ဆုတောန်းဟှယ် ဆိုဟှာ ပရိသတ်ထဲမာ ဝတ်ပြုနေဟှူ သာမန်လူတယော့‑က်ဟှာ နန်းနို့ပြောဟှူစကားလေဟှို နားလည်ဘဲကြောန့် နန်းနို့လေ ဆုတောန်းဟှူဇာဟှို ဖယ်မျိုး “အာမင်” ဆိုဘီး ဝန်ခံနိုင်မယ်နူး။ 
ကျေးဇူးတော် ချီးမွမ်းဟှူ နန်းနို့ရဲ့ ဆုတောန်းရှင်းဟှာ ကောန်းနေဟှူလည်းဘဲ့ သူများလေတွပ် ဖြားကျိုးလည်း မှေ့ဟှ။ 
ငါဟှာ ထူးဆန်းဟှူ ဘာသာစကားဟှို နန်းနို့လေထတ် ပိုဘီး ပြောဆိုနိုင်ကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ 
အယ်ဘေမဲ့ သင်းတော်ဝတ်ပြုရှင်းမာ ထူးဆန်းဟှူဘာသာစကား ခွန်းပေါန်းထောန်သောန်းထတ်မက ဟောပြောဟှူဇာထတ် နားလည်နိုင်ဟှူစကားငါးခွန်းဟှိုဘဲ့ ပိုဘီး ပြောရှင်ပါဟှယ်။ 
ညီကို မောန်နှမလေ၊ နန်းနို့လေရဲ့ စဉ်းစားတွေးခေါ်ဟှူဇာဟှာ သားဂန်းဟှားလေမျိုး ဖြစ်ဂေ့န။ ကောန်းဘဲဟှူဇာလေမာ သားဂန်းဟှားလေမျိုး ဖြစ်ဂေ့ဘီး စဉ်းစားတွေးခေါ်ဟှူဇာမာ စောင်လင်ရင့်ကျတ်ဟှူသူ ဖြစ်ဂေ့ပါ။ 
ပညတ္တိကျမ်းစာမာ လာဟှူဇာဟှ “ငါ့ရဲ့လူစုဟှို ထူးဆန်းဟှူ ဘာသာစကားအားဖြင့် လူမျိုးခြားလေရဲ့နှောက်န ငါပြောမယ်။ အယ်ဘေမဲ့ ငါ့ရဲ့လူစုတော်ဟှာ ငါ့စကားဟှို နားထောန်ဟှို့ မှုဟှ ဆိုဘီး ဘုရားသခင် မိန့်တော်မူဟှယ်” ဆိုဘီး ဖော်ပြဟှားဟှယ်။ 
အယ်ကြောန့် ထူးဆန်းဟှူ ဘာသာစကားဟှို ဟောပြောရှင်းဟှာ ယောင်ကြည်သူလေတွပ် နိမိတ်လတ်ခဏာမှုဘဲန ယောင်ကြည်သူလေတွပ် နိမိတ်လတ်ခဏာသတ်သေ ဖြစ်ဟှယ်။ ပရောဖက်ပြုဘီး ဟောပြောဟှူ ဆုကျေးဇူးဟှာ ယောင်ကြည်ဘဲသူလေတွပ် နိမိတ်လတ်ခဏာမှုဘဲ ယောင်ကြည်သူလေတွပ် နိမိတ်လတ်ခဏာ ဖြစ်ဟှယ်။ 
အယ်ကြောန့် သင်းတော်တခုလောင်း စုဝေးဘီး ထူးဆန်းဟှူ ဘာသာစကား ပြောဆိုနေဟှူ ခီမာ သာမန်လူလေဘဲ့ဖြစ်ဖြစ် ယောင်ကြည်ဘဲသူလေဘဲ့ဖြစ်ဖြစ် ဝမ်လာဟှယ် ဆိုဟှာ နန်းနို့ဟှို ရူးလေ ဆိုဘီး ပြောဂေ့လေ့မယ် မှုဟှလော။ 
အယ်မျိုးမှုဘဲနေဟှာ သင်းဝမ်သူဂူလောင်းဟှာ ပရောဖက်ပြုနေဟှူ ခီမာ ယောင်ကြည်ဘဲဟှူသူ၊ နားလည်ဘဲသူလေ ဝမ်လာဟှယ် ဆိုဟှာ သင်းဝမ်ဟှူသူ ဂူလောင်းဟှာ သူ့ပြစ်ဟှို ဖော်ပြဘီး စစ်ဆေးစီရင်ခံရဟှူ ခီမာ 
အယ်သူရဲ့ စိနှလောင်းထဲမာ ထန်ရှားဘဲဇာလေဟှာ ထန်ရှားလာဟှူကြောန့် “ဘုရားသခင်ဟှာ နန်းနို့လေနတူးဒူ တကယ်ရှိတော်မူဟှယ်!” ဆိုဘီး ဝန်ခံဘီးဟှာ ဘုရားသခင်ဟှို ပျပ်ဝပ်ကိုးကွယ်လေ့မယ်။ 
ညီကို မောန်နှမလေ ဖယ်မျိုးပြောရဟှို့နူး။ နန်းနို့စုဝေးဂေ့ဟှူ ခီမာ ဆာလံချင်းဆိုဟှူသူ၊ သွန်သန်ပေးဟှူသူ၊ ဗျာဒိတ်တော်ဟှို ဟောပြောဟှူသူ၊ ထူးဆန်းဟှူ ဘာသာစကားဟှို ပြောဟှူသူ၊ နတ်ဓိပါယ်ဟှို ဖော်ပြပေးဟှူသူ သီးသီးရှိဂေ့ဟှူကြောန့် အယ်မူဇာ ဂူလောင်းဟှာ သင်းတော် တည်ဆော့‑က်ဟှို့တွပ်ဘဲ့ လောက်ဂေ့ပါ။ 
ထူးဆန်းဟှူ ဘာသာစကားဟှို ပြောမယ် ဆိုဟှာ နှေ့ယော့‑က်ဘဲ့ဖြစ်ဖြစ်၊ များဆောင်းသောင်းယော့‑က်ဘဲ့ဖြစ်ဖြစ် ယော့‑က်လှည့်ဇီ ပြောဘီး တယော့‑က်ဟှ နတ်ဓိပါယ်ဟှို ရှင်းပြပေးရမယ်။ 
တကယ်ဟှိကြောန့် နတ်ဟှိုဖော်ပြပေးဟှူသူ မှေ့ဟှ ဆိုဟှာ ထူးဆန်းဟှူ ဘာသာစကားပြောဟှူသူဟှာ သင်းတော်မာ တိတိဆိဆိနေဘီး ကိုယ့်ကိုယ်ကိုယ်ဘဲ့ဖြစ်ဖြစ် ဘုရားသခင်ဟှိုဘဲ့ဖြစ်ဖြစ် ပြောပါစေ။ 
ပရောဖက် နှေ့ယော့‑က်ဘဲ့ဖြစ်ဖြစ် သောင်းယော့‑က်ဘဲ့ဖြစ်ဖြစ် ဟောပြောဘီး ကျန်ဟှူသူလေဟှ သူးနို့ဟောဟှူကြောန်းရာလေဟှို စီရင်သောင်းသပ်ရမယ်။ 
အယ်ဘေမဲ့ ထိုင်နေဟှူတခြားတယော့‑က်ဟှို တခုခုဖွမ့်ပြရှင်းခံရဟှယ် ဆိုဟှာ ပထမလူဟှာ တိတိဆိဆိနေပါစေ။ 
ဖြားဖြစ်နူးဆိုဟှာ ရှိဟှူလူတိုင်း သွန်သန်ရှင်းခံရဘီး ရှိဟှူလူတိုင်း တိုက်တွန်းအားပေးခံရဟှို့တွပ်၊ နန်းနို့ဂူလောင်းဟှာ လှည့်က္လ ပရောဖက်ပြုရဟှူခွမ့်ရှိဟှယ်။ 
ပရောဖက်လေလည်း ကိုယ့်စိဝိညာဉ်ဟှိုကိုယ် ချောက်တီးနိုင်ဂေ့ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရောန်းရင်းဆန်ခတ်ဖြစ်ဟှူဇာနဆိုင်ဟှူ ဘုရားမှုဘဲ ငြီသတ်ရှင်းနဆိုင်ဟှူ ဘုရားဖြစ်တော်မူဟှယ်။ သန့်ရှင်းသူလေရဲ့ သင်းတော်တိုင်းမာ ကျင့်သောင်းဟှူတိုင်း၊ 
မီးမလေဟှာ သင်းတော်စည်းဝေးမာ တိတိဆိဆိနေရမယ်။ သူးနို့လေဟှာ ဟောပြောရဟှူခွမ့် မှေ့ဟှ။ ပညတ်တရားမာ ဖော်ပြဟှားတိုင်း သူးနို့ဟှာ ယော့‑က်ကျားရဲ့ အောက်စိုးမှုဟှို ဝန်ခံရဂေ့မယ်။ 
သူးနို့ဟှာ တခုခုဟှို သန်ယူရှင်ဟှာ အီမာ သူးနို့လန်ယော့‑က်ကျားဟှို မေးရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သင်းတော်မာ မီးမလေ ဟောပြောဟှူဇာဟှာ ယှစ်ဇာကောန်းဟှယ်။ 
ဘုရားသခင်ရဲ့ စကားတော်ဟှာ နန်းနို့လေနားဟှ ထွပ်လာဟှိကြောန့်လော။ အယ်မျိုးမှုဘဲနေဟှာ နန်းနို့လေနားဟှိုဘဲ့ ရော့‑က်လာဟှူကြောန့်လော။ 
ငါဟှာ နန်းနို့လေဟှို ရေးဘီးပေးလိုက်ဟှူ စကားလေဟှာ သခင်ဘုရားရဲ့ ပညတ်တော်ဖြစ်ဟှူ ကြောန်းဟှို ပရောဖက်ဖြစ်ဟှူသူန ဝိညာဉ်ဆုကျေးဇူးဟှို ခံရဟှူ သူမှန်ဟှာ သိမှတ်ပါစေ။ 
ဖယ်သူဘဲ့ဖြစ်ဖြစ် အယ်ဇာဟှို သိမှတ်ပြုဘဲနေဟှာ အယ်သူဟှိုလည်း သိမှတ်ပြုဂေ့န။ 
အယ်မျိုးဖြစ်ကြောန့် ညီကို မောန်နှမလေ၊ ပရောဖက်ပြုဟောပြောဇာဟှို လိုရှင်တောန်းတဂေ့ပါ။ ထူးဆန်းဟှူ ဘာသာစကားပြောဆိုမှုဟှို တားမြစ်ဂေ့န။ 
ဂူလောင်းဟှို တင့်တယ်လျောက်ပတ်အောန် လောက်ဆောန်ဂေ့ပါ။ 
