﻿ရောမ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ.
1.
ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် တမန်တော်ဖြစ်န ဘုရားသခင်ဝီးကော့‑က်ဘီး ခန့်အပ်ခံရဟှူ ခရစ်တော်ယေရှုရဲ့ စေခံ ငါပေါလုဟှာ အယ်စာဟှို ရေးလိုက်ပါဟှယ်။ 
ရှေးခါဒူးဟှ ဘုရားသခင်ဟှာ သူ့ရဲ့ ပရောဖက်လေအားဖြင့် အယ်မူဒန်းကောန်းတွပ် ဂဒိထားဟှားကြောန်းဟှို သန့်ရှင်းဟှူ ကျမ်းစာအားဖြင့် ဖော်ပြဟှားလေဟှယ်။ 
အယ်မူဒန်းကောန်းဟှာ ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်တော်ရဲ့ ကြောန်းဘဲ့ ဖြစ်ပါဟှယ်။ သားတော်ဟှာ လူ့ဇာတိအားဖြင့် ဒါဝိဒ်မျိုးနွယ်ဟှနေ ပေါ်ထွပ်လာဘီး၊ 
သူ့ရဲ့ မြင့်မြတ် သန့်ရှင်းရှင်းအားဖြင့် ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှူကြောန်းဟှို ထန်ရှားစေဟှို့တွပ် ဘုရားသခင်ဟှာ မဟာတဂိုးတော်အားဖြင့် သခင်ယေရှုခရစ်ဟှို သေရှင်းဟှနေဘီး ထမြော့‑က်စေတော်မူဟှယ်။ 
အယ်သခင်ရဲ့ နာမတော်တွပ် လူမျိုးလေ ဂူလောင်းထဲမာ ယောင်ကြည်ရှင်းနဆိုင်ဟှူ နာခံမှုရှိစေဟှို့တွပ် ကျေးဇူးတော်န တမန်တော်ဖြစ်ဟှူခွမ့်ဟှို ကိုယ်တော်အားဖြင့် နို့လေရရှိဂေ့ဟှယ်။ 
နန်းနို့လေလည်း အယ်လူမျိုးထဲမာပါဘီး ယေရှုခရစ်တော်ရဲ့ တဗဲ့ဖြစ်ဟှို့တွပ် ဝီးကော့‑က်ခံရဟှူ သူလေဖြစ်ဂေ့ဟှယ်။ 
အယ်မျိုး ဘုရားသခင်ရဲ့ ရှစ်ရှင်းမြစ်တာတော်အားဖြင့် သူ့ရဲ့ လူမျိုးတော်ထဲဟှို ရော့‑က်စေဟှို့တွပ် ဝီးကော့‑က်ခံရဟှူ ရောမဗြို့ဟှ သန့်ရှင်းဟှူ သင်းဝမ်သူလေနားဟှို အယ်စာရေးလိုက်ပါဟှယ်၊ 
နန်းနို့လေရဲ့ ယောင်ကြည်ဟှူ ကြောန်းရာလေဟှာ တကမ္ဘာလောင်းဟှို ပ္လံ့နှံ့ဘီး ကျော်ကြားဟှူကြောန့် နန်းနို့လေ ဂူလောင်းဟှို ယေရှုခရစ်တော်အားဖြင့် ငါကိုးကွယ်ဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ 
သားတော်ရဲ့ကြောန်း ဒန်းကောန်းဟှို ဟောပြောဟှူဇာအားဖြင့် ငါဟှာ ဘုရားသခင်ရဲ့ မှုတော်ဟှို စိဝိညာဉ်နထပ်တူ လောက်ဆောန်နေဘီး၊ 
ငါဟှာ ဆုတောန်းဟှူ ခီတိုင်းမာ နန်းနို့လေဟှို မြဲဒမ်း ဒိရနေကြောန်းဟှို ငါကိုးကွယ်ဟှူ ဘုရားသခင်ဟှာ ငါ့ရဲ့သတ်သေဖြစ်ပါဟှယ်။ ဘုရားသခင်လိုတော်ရှိဟှယ် ဆိုဟှာ ကြာခန်မာ နန်းနို့လေနားဟှို လာနိုင်ဟှို့တွပ် လမ်းဖွမ့်ပေးမယ့်ကြောန်းဟှို ဆုတောင်းပါဟှယ်။ 
နန်းနို့လေ ဂူလောင်းဟှာ တည်ကြည်ဘီး ခိုင်ခံ့ဟှို့တွပ် ဝိညာဉ်ဆုကျေးဇူးလေဟှို ဝီမျှပေးရှင်ဟှူ ဆန္ဒရှိဟှူကြောန့် ငါဟှာ နန်းနို့လေဟှို ရရာတိုင်းဘဲ့ တွိရှင်ပါဟှယ်။ 
တနည်းအားဖြင့် အယ်မျိုးတွိဆောင်ဟှူ ခီမာ နန်းနို့လေန ငါဟှာ သီးသီးမာရှိဟှူ ယောင်ကြည်ရှင်းလေဟှို ပ္လန်လှန် သတ်သေခံဝီမျှဘီး ခွန်းအားယူနိုင်ဟှို့တွပ် ဖြစ်ပါဟှယ်။ 
ညီကို မောန်နှမလေ ငါဟှာ လူမျိုးခြားလေမာ သီးပွမ့်လေရဟှူမျိုး နန်းနို့လေမာလည်း သီးပွမ့်လေရဟှို့တွပ် နန်းနို့လေနားဟှို လာနိုင်အောန် ခါဘီးခါ စီစဉ်ဟှူလည်းဘဲ့ ခုခီထိ တားဆီးမှုဟှို ခံနေရဟှူကြောန်းဟှို နန်းနို့လေ သိစေရှင်ပါဟှယ်။ 
ငါဟှာ ဂရိလူမျိုးဘဲ့ဖြစ်ဖြစ်၊ ရိုင်းဟှူလူဘဲ့ဖြစ်ဖြစ်၊ ပညာရှိဘဲ့ဖြစ်ဖြစ်၊ ပညာမဲ့ဘဲ့ဖြစ်ဖြစ်၊ လူဘောန်းဇောင်ဟှို ဟောပြောရမယ့် ဒန်းကောန်းရဲ့ ကြွေးဟှာ ငါ့မာတန်နေပါဟှယ်။ 
အယ်ကြောန့် ရောမဗြို့မာရှိဟှူ နန်းနို့လေဟှိုလည်း အယ်ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် ငါဟှာ ရရာတိုင်း စိအားထတ်သန်နေပါဟှယ်။ 
ငါဟှာ ခရစ်တော်ရဲ့ ဒန်းကောန်းတွပ် လောင်းဝ ယှစ်ကြော့‑က်မှုမှေ့ဟှ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မူဒန်းကောန်းဟှာ ရင်ဦးဆောင်း ယုဒလူမျိုး၊ နော့‑က်မှ လူမျိုးခြားလေထဲမာ ယောင်ကြည်လတ်ခံလာမယ့် သူလေဂူလောင်းဟှို ကယ်တန်ပေးဟှူ ဘုရားသခင်ရဲ့ တဂိုးတော် ဖြစ်ပါဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ဖြောန့်မတ်ဟှူသူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်” ဆိုဘီး ကျမ်းစာမာရေးဟှားတိုင်း ယောင်ကြည်ရှင်းနှိုက်တည်ဟှူ ဘုရားသခင်ရဲ့ ဖြောန့်မတ်ရှင်းတရားဟှာ ယောင်ကြည်ရှင်းတွပ် အယ်ဒန်းကောန်းအားဖြင့် ထန်ရှားနေပါဟှယ်။ 
ဘုရားသခင်ရဲ့ မျစ်တော်ဟှာ ကောန်းဂန်ဘောင်ဟှနေ ထန်ရှားဘီး သမ္မာတရားဟှို တရားဘဲဟှူမှုန လူလေသိဘဲနေအောန် ဆီးတားပိပန်ဟှူ သူလေရဲ့ ဘုရားတရားမှေ့ရှင်းန တရားဘဲဟှူမှု ဂူလောင်းထတ်ဟှို သတ်ရောက်ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့န ပတ်သတ်ဘီး သိသင့်သိထိုက်ဟှူ ဇာလေဟှို ရှင်းရှင်းလန်းလန်းဟှား ဖော်ပြပေးဟှားကြောန့် ဖြစ်ဟှယ်။ အယ်မူကြောန်းလေဟှာ သူးနို့လေမှာ ထန်ရှားဘီး ရှိနေပါဟှယ်။ 
တနည်းအားဖြင့် အယ်လောကဟှို ဖန်ဆင်းဟှူခီဟှနေစဘီး ဘုရားသခင်ရဲ့ ဗြင်ရဘဲဟှူ ဂေါင်အင်္ဂါလေဖြစ်ဟှူ ကိုယ်တော်ရဲ့ ထာဝရ တဂိုးတော်န ဘုရားသခင်ရဲ့ ဖြစ်တော်လေဟှာ ဖန်ဆင်းတော်မူဟှူ ရာလေအားဖြင့် ရှင်းရှင်းလန်းလန်း သိနိုင်ဟှူကြောန့် သူးနို့လေဟှာ ကိုယ့်ပြစ်လေတွပ် ဆင်ခေပေးဟှိ ရနိုင်ဂေ့ဟှ! 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ ဘုရားသခင်ဟှို သိဂေ့ဟှူလည်းဘဲ့ ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ချီးမွမ်းသင့်ဟှူတိုင်း ချီးမွမ်းဘဲ၊ ကျေးဇူးတော်ဟှိုလည်း သိမှတ်ဘဲန ကျိုးမှေ့ဘဲဟှူ ဇာလေဟှိုဘဲ့ တွေးနေဂေ့ဟှူကြောန့် သူးနို့ရဲ့ သိတရားမဲ့ဟှူ စိနှလောင်းဟှို မှောန်မိုက် ဖောင်းလွှမ်းဟှားလေဟှယ်။ 
သူးနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပညာရှိဖြစ်ဟှယ် ဆိုဘီး ပြောဂေ့ဟှူလည်းဘဲ့ မိုက်မဲဟှူ သူလေဖြစ်လာဘီး၊ 
ဖော့‑က်ပ္လန် ပျစ်စီးရှင်းန ကင်းဟှူ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ပယ်ဘီး ဖော့‑က်ပ္လန်တတ်ဟှူ လူ့ရောက်ထု၊ ငှတ်ရောက်ထု၊ ခေလေးရှောန်း သတ္တဝါန တွားဘီးသွားတတ်ဟှူ လိဆန်လေရဲ့ ရောက်ထုဟှို ဘုရားသခင်နေရာမာ ချီးမြှော့‑က်ဂေ့ဟှယ်။ 
အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့ရှင်းရှင်း ကိုယ်ခန္ဓာရဲ့ အသရေဟှို ပျစ်စီးစေဟှို့တွပ် သူးနို့လေရဲ့ ကိလေသာစိ ညစ်ညူးရှင်းလတ်ဟှို အပ်လိုက်လေဟှယ်။ 
အယ်သူလေဟှာ ဘုရားသခင်ရဲ့ သမ္မာတရားဟှို မှားဟှူနေရာမာ ထားဂေ့ဘီး ဖန်ဆင်းရှင်ဟှို ကိုးကွယ်ရဟှို့စား ဖန်ဆင်းဟှားဟှူ ဇာလေဟှို ဝတ်ပြုကိုးကွယ်ဂေ့လေဟှယ်။ ဖန်ဆင်းရှင်ဟှာ ထာဝရမင်္ဂလာ ရှိတော်မူဟှယ်။ အာမင်။ 
အယ်မျိုးလောက်ဟှူကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို ယှစ်ဇာကောန်းဟှူ ကိလေသာလတ်ထဲဟှို အပ်လိုက်တော်မူလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ထဲဟှ မီးမလေဟှာ သဘာဝဆစ်ဆံမှုဟှို ပယ်ဘီးဟှာ သဘာဝန ဆန့်ကျင်ဖတ်ဖြစ်ဟှူ ဆစ်ဆံရှင်းနော့‑က်ဟှို လိုက်ဂေ့လေဟှယ်။ 
အယ်တိုင်းဘဲ့ ယော့‑က်ကျားလေလည်း မီးမန သဘာဝဆစ်ဆံမှုဟှို ပယ်ဘီးဟှာ ရှင်းရှင်း ရာဂမီးတော့‑က်လောန်ဂေ့ဘီး ယှစ်ဇာကောန်းဟှူဇာဟှို ယော့‑က်ကျားရှင်းရှင်း ပြုဂေ့ဟှူကြောန့် သူးနို့လေရဲ့ ဆိုးညစ်ဟှူကျင့်တွပ် ထိုက်သင့်ဟှူ ပြစ်ဒန်လေဟှို ခံရဂေ့ဟှယ်။ 
အယ်သူလေဟှာ ဘုရားသခင်ဟှို သိမှတ်ဘဲန လျစ်လျူရှုဂေ့ဟှူကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို ယောက်ညံ့ဟှူစိလတ်ဟှို အပ်လိုက်တော်မူဟှူကြောန့် သူးနို့လေဟှာ ပြုသင့်ဘဲဟှူဇာလေဟှို ပြုကျင့်ဂေ့လေဟှယ်။ 
အယ်သူလေဟှာ မျိုးမျိုးဖြစ်ဟှူ ဆိုးယောက်မိုက်မဲရှင်း၊ တရားဘဲဟှူ မေထုန်ပြုရှင်း၊ ညစ်ညမ်းရှင်း၊ လောဘတတ်မတ်ရှင်း၊ ကျင့်ပျစ်ရှင်း၊ မနာလိုရှင်း၊ လူ့သတ်ဟှို သတ်ရှင်း၊ ရန်ဖြစ်ရှင်း၊ လှည့်ဇားရှင်း၊ ရန်ငြိုးထားရှင်းန သူများတင်းပြောဆိုရှင်း၊ 
ပေါက်ခတ်ပြောဆိုရှင်း၊ ဘုရားသခင်ဟှို မူးရှင်း၊ မိုက်ရိုင်းရှင်း၊ မာန်မာနထောန်လွှားရှင်း၊ ဝါကြွားရှင်း၊ ကောန်းဘဲဟှူမှုလေဟှို တီထွမ်ရှင်း၊ မိဖစကားဟှို နားထောန်ဘဲနေရှင်း၊ 
သိတရားကင်းမဲ့သူ၊ ဂဒိတည်ဘဲဟှူသူ၊ ကြင်နာဟှူစိကင်းမဲ့သူ၊ သနားရှင်းစိကင်းမဲ့သူလေ ဖြစ်ဂေ့ဟှယ်။ 
အယ်မျိုး ကျင့်ဂေ့ဟှူသူလေဟှာ သေဒန်ဟှို ခံထိုက်ဟှယ်ဆိုဘီး ဘုရားသခင် စီရင်ဟှားဇာဟှို သိဂေ့ဟှူလည်းဘဲ့ သူးနို့ကိုယ်တိုင်လည်းကျင့်ဘီး အယ်မျိုး ကျင့်ဂေ့ဟှူသူလေဟှိုလည်း အားပေးဂေါင်ယူဂေ့လေဟှယ်။ 
