﻿တမန်တော်.
12.
အယ်ခီကာလမာ ဟေရုဒ်မန်းဂီးဟှာ သင်းတော်ဝမ်တချို့ဟှို စဘီးဟှာ ညှဉ်းဆဲဟှို့တွပ် ကြံစည်လေဟှယ်။ 
သူဟှာ ယောဟန်ရဲ့ နောန် ယာကုပ်ဟှို ထားန သတ်လိုက်ဟှယ်။ 
အယ်မူဇာဟှို ယုဒလူမျိုးလေဟှ နှစ်သက်ဂေ့ဟှယ်။ အယ်ကြောန့် သူဟှာ ပေတရုဟှိုလည်း ဖမ်းဟှားလေဟှယ်။ အယ်မူဇာဟှာ တဆေးမှေ့ဘဲ့ဟှူ မုပွဲတော်ခီမာ ဖြစ်ဟှားဟှယ်။ 
ဟေရုဒ်ဟှာ ပေတရုဟှို ဖမ်းဘီးန စစ်သားလေးယော့‑က်စီပါဟှူ တပ်စုလေးစုရဲ့ လတ်ထဲဟှို အပ်ဘီးဟှာ ကျဉ်းခ္လဟှားဟှယ်။ ပသခါပွဲပီးဟှားဘီးန သူ့ဟှို ယုဒလူမျိုးလေရဲ့ ရှေ့မာ စစ်ဆေးဘီးဟှာ စီရင်ဟှို့တွပ် ကြံစည်ဟှားဟှယ်။ 
အယ်ကြောန့် ပေတရုဟှာ ထောန်ထဲမာ ကျဉ်းခ္လခံရဟှယ်။ အယ်ခီမာ သင်းတော်ဟှ သင်းသားလေဟှာ ပေတရုတွပ် စိပါလတ်ပါန ဘုရားသခင်ဟှို ဆုတောန်းနေဂေ့ဟှယ်။ 
ဟေရုဒ်ဟှာ ပေတရုဟှို လူလေရှေ့ဟှို ခေါ်လာဘီး စစ်ဆေးဟှူ နေ့ရော့‑က်ခန် ညဉ့်ခန်းဇာမာ ပေတရုဟှာ စစ်သားနှေ့ယော့‑က်ကြားမာ အိမွိနေဟှယ်။ သူ့ဟှို သံကြိုးနှေ့ပန်န ခယ်ဟှားဟှယ်။ ထောန်ခွဗော့‑က်ရှေ့မာလည်း စောန့်တပ်သားလေဟှာ စောန့်နေဂေ့ဟှယ်။ 
ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ ရော့‑က်တရစ် ပေါ်လာဘီးဟှာ ချောက်ခန်းထဲမာ လန်းဟှားလေဟှယ်။ ကောန်းဂန်တမန်ဟှာ သူ့ရဲ့ခေါင်းဟှို လှောက်ဘီးဟှာ “ဗြန်းဗြန်ဟှားထလိုက်!” ဆိုဘီး နိုးဟှယ်။ ရှစ်ရှင်းဘဲ ခယ်ဟှားဟှူ သံကြိုးလေဟှာ ပေတရုရဲ့ လတ်ဟှနေ ကလွတ်ဟှားလေဟှယ်။ 
အယ်ဘီးန ကောန်းဂန်တမန်ဟှ “နန့်ရဲ့ ခါးဗတ်ဟှို ပတ်ဘီးဟှာ ခေနပ်ဟှို စီးလိုက်” ဆိုဘီး ပြောလိုက်ဟှယ်။ ပေတရုဟှာ ပြောဟှူတိုင်း လောက်လိုက်ဟှယ်။ ကောန်းဂန်တမန်ဟှ “ဝတ်လောင်ဟှို ချောင်ဘီးဟှာ ငါ့နတူးဒူလိုက်” ဆိုဘီး ပြောလိုက်ဟှယ်။ 
ပေတရုဟှာ ချောက်ခန်းဟှနေထွပ်ဘီး သူ့နော့‑က်ဟှို လိုက်ဟှားလေဟှယ်။ သူဟှာ ကောန်းဂန်တမန် လောက်ဟှူဇာလေဟှို မှန်ဖြစ်ဟှယ် ဆိုဇာ သိဟှ။ ရူပါရောင်ဟှို ဗြင်နေဟှယ် ဆိုဘီး ထန်နေဟှယ်။ 
သူးနို့ဟှာ စောန့်လေခ္လဟှားဟှူ နေရာနှေ့ခုဟှို ကျော်ဘီးဟှာ ထောန်ထဲဟှထွပ်ဟှူ သံခွဗော့‑က်နားဟှို ရော့‑က်ဟှားဂေ့ဟှယ်။ အယ်ခွဗော့‑က်ဟှာ သူ့လိုလို ပွမ့်နေဟှူကြောန့် သူးနို့ ထွပ်ဟှားဘီးဟှာ လမ်းတိုင်းသွားလိုက်ဂေ့ဟှယ်။ အယ်ဘီးန ကောန်းဂန်တမန်ဟှာ ပေတရုနားဟှနေ ရော့‑က်တရစ် ထွပ်ဟှားလေဟှယ်။ 
ပေတရုဟှာ ပ္လန်ဘီး ဒိရလာဟှူ ခီမာ “သခင်ဘုရားဟှာ သူ့ရဲ့ ကောန်းဂန်တမန်ဟှို လွှတ်ဘီးဟှာ ငါ့ဟှို ဟေရုဒ်ရဲ့ လတ်ထဲဟှရော၊ ယုဒလူမျိုးလေရဲ့ လတ်ထဲဟှို ငါ့ဟှို ရော့‑က်စေဘဲဟှို့တွပ် မျှော်နေဟှူဘေးဟှနေ ကယ်တန်ရှင်းဟှို ခု ငါစစ်မှန်သိဟှားဘီ ဆိုဘီး ပြောဟှယ်။” 
အယ်မျိုးသိဟှူ ခီမာ သူဟှာ မာကု ဆိုဘီး ခေါ်ဟှူ ယောဟန်ရဲ့မိ မာရိအီဟှို သွားဟှယ်။ အယ်အီမာ လူလေဘောင်ဂီးဟှ စုဘီးဟှာ ဆုတောန်းနေဂေ့ဟှယ်။ 
ပေတရုဟှာ အီခွဗော့‑က်ဟှို ခေါ့‑က်လိုက်ဟှူ ခီမာ ရောဒေနာမယ်ရှိဟှူ၊ စေခံ မီးမဂန်းဟှားဟှာ ခွဗော့‑က်ဖွမ့်ဟှို့ လာဟှယ်။ 
သူဟှာ ပေတရုသံဟှို မှတ်မိဟှူကြောန့် ရရာတိုင်း ဝန်းသာဘီးဟှာ ခွဗော့‑က်ဟှို ဖွမ့်ဘဲန အီထဲဟှို ပ္လေးဟှားဘီး ပေတရု ပ္လန်မာရော့‑က်နေဟှယ် ဆိုဘီး လူလေဟှို ပြောဟှယ်။ 
အယ်လူလေဟှ “နန်ဟှာ ရူးနေမား” ဆိုဘီး ပြောဟှယ်။ အယ်ဘေမဲ့ မီးမဂန်းဟှားဟှ သူပြောနေဇာဟှာ မှန်းမှန်ကန်းကန် ဖြစ်နေဟှူကြောန့် သေးသေချားချာဟှား ပြောဟှူ ခီမာ သူးနို့ဟှာ “ပေတရုရဲ့ ကောန်းဂန်တမန် ဖြစ်လေ့မယ်” ဆိုဘီး ပြောဂေ့ဟှယ်။ 
ပေတရုဟှာ ခွဗော့‑က်ဟှို ဆစ်ဘီးဟှာ ခေါ့‑က်နေဟှူ ခီမာ သူးနို့ဟှာ ခွဗော့‑က်ဟှို ဖွမ့်လိုက်ဂေ့ဟှူကြောန့် ပေတရုဟှို ဗြင်ဟှားဘီး အံ့ဩဟှားဂေ့ဟှယ်။ 
ပေတရုဟှာ တိတိဟှား နေဂေ့ဟှို့တွပ် လတ်နချစ်ပြဘီးဟှာ သခင်ဘုရားဟှာ သူ့ဟှို ထောန်ထဲဟှ ဖယ်မျိုးခေါ်ထုလာဟှယ် ဆိုဇာဟှို ပြောပြဟှယ်။ အယ်ဘီးန “အယ်ကြောန်းဟှို ယာကုပ်န တခြားညီကို မောန်နှမ လေဟှိုလည်း ပြောပြဂေ့ပါ” ဆိုဘီး တခြားနေရာဟှို ထွပ်ဟှားလိုက်ဟှယ်။ 
မိုးလန်းလာဟှူ ခီမာ “ပေတရုဟှ ဖယ်မာနူး” ဆိုဘီး စောန့်တပ်သားလေဟှာ ရရာတိုင်း ကြော့‑က်နေဂေ့ဟှယ်။ 
ဟေရုဒ်မန်းဂီးဟှာ ပေတရုဟှို ရှာခိုင်းဟှူ ခီမာ တွိဘဲ့ကြောန့် စောန့်တပ်သားလေဟှို စစ်ဆေးဘီးန သေဒန်ပေးဟှို့တွပ် မိန့်ခ္လလိုက်ဟှယ်။ အယ်ဘီးန ဟေရုဒ်မန်းဂီးဟှာ ယုဒပြည်ဟှနေ ထွပ်ဟှားဘီးဟှာ ကဲသရိဗြို့ထဲမာ ရှစ်ဟှားနေနေဟှယ်။ 
ဟေရုဒ်မန်းဂီးဟှာ တုရုဗြို့သားလေန ဇိဒုန်ဗြို့သားလေဟှို ရရာတိုင်း ဒေါသထွပ်ဟှူကြောန့် အယ်ဗြို့သားလေဟှာ စည်းရောင်းဘီးဟှာ မန်းဂီးနားဟှို ရော့‑က်လာဂေ့ဟှယ်။ နန်းတော်အောက် ဗလတ္တုရဲ့ ကူညီဟှို ယူဂေ့ဘီး ဟေရုဒ်မန်းဂီးနားဟှို ဝမ်ဘီးဟှာ ငြီသတ်ဟှို့တွပ် စကားကမ်းလှမ်းဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ပြည်ဟှာ ဟေရုဒ်မန်းဂီးရဲ့ ပြည်ဟှို မှီခိုစားသော့‑က်နေရဟှယ်။ 
ဟေရုဒ်ဟှာ ချီးချစ်ဟှားဟှူနေ့မာ မန်းဂီးအန်းဂီလေဟှို ဝတ်ဘီးဟှာ ရာဇပလ္လင်ထတ်မာ ထိုင်ဘီးဟှာ လူလေဟှို မိန့်ခွန်းပြောဟှယ်။ 
အယ်လူလေဟှ “အယ်သံဟှာ လူရဲ့သံ မှုဟှ။ ဘုရားသခင်ရဲ့ သံတော်ဖြစ်ဟှယ်” ဆိုဘီး ကြွေးကြော်ဂေ့ဟှယ်။ 
အယ်ခီမာ မန်းဂီးဟှာ ဘုရားသခင်ရဲ့ ဂေါင်တော်ဟှို ချီးမွမ်းဘဲကြောန့် ရှစ်ရှင်းဘဲ့ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ သူ့ဟှို ဒန်ခတ်လိုက်ဟှူကြောန့် သူဟှာ ပိုးလေစားခံရဘီး သေဟှားလေဟှယ်။ 
အယ်ခီမာ ဘုရားသခင်ရဲ့ စကားတော်ဟှာ နေရာတိုင်းဟှို ပ္လံ့နှံ့ဟှားဘီးဟှာ ယောင်ကြည်သူလေဟှာ တိုးပွားလာဟှယ်။ 
ဗာနဗန ရှောလုလေဟှာ သူးနို့ မှုကိစဟှို လောက်ဂေ့ဘီးန မာကု ဆိုဘီး ခေါ်ဟှူ ယောဟန်ဟှို သူးနို့နတူးဒူ ခေါ်ဘီးဟှာ ယေရုရှလင်ဗြို့ဟှနေ ပ္လန်လာဂေ့ဟှယ်။ 
