﻿တမန်တော်.
8.
ရှောလုဟှာ သတေဖန် သတ်ခံရဟှူ မှုမာ သတ်သေ ဖြစ်ဟှယ်။ အယ်နေ့မာဘဲ့ ယေရုရှလင်ဗြို့ဟှ သင်းတော်မာ ပြင်းထန်ဟှူ ညှဉ်းဆဲဇာလေဟှာ စဘီး ဖြစ်လာဟှယ်။ အယ်ကြောန့် တမန်တော်လေဟှလွဲဘီး ယောင်ကြည်သူလေ ဂူလောင်းဟှာ ယုဒပြည်န ရှမာရိပြည်လေဟှို ထွပ်ပ္လေးဂေ့ဟှယ်။ 
ဘုရားတရားဟှို ရိုသေဟှူ လူတချို့ဟှာ သတေဖန်ဟှို သင်္ဂြိုဟ်ဘီး သူ့တွပ် ရရာတိုင်း ငိုဂေ့ဟှယ်။ 
အယ်ဘေမဲ့ ရှောလုဟှာ အီဘီးအီ ဝမ်ဘီးဟှာ ယောင်ကြည်သူ ယော့‑က်ကျားလေန မီးမလေဟှို ဆွဲထုဘီး ထောန်ထဲမာ ခ္လဟှားဘီး သင်းတော်ဟှို ဖျစ်ဆီးဟှို့တွပ် ကြိုးစားနေဟှယ်။ 
ဖ္လဲဖ္လဲစင်ဖြစ်ဟှားဟှူ ယောင်ကြည်သူလေဟှာ နေရာတိုင်းဟှို သွားဘီးဟှာ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။ 
ဖိလိပ္ပုဟှာ ရှမာရိပြည်ရဲ့ ဓိကဗြို့တော်ဟှို သွားဘီး ခရစ်တော်ကြောန်းဟှို ဟောပြောဟှယ်။ 
လူလေဟှာ ဖိလိပ္ပုပြဟှူ နိမိတ်လတ်ခဏာလေဟှို ဗြင်ဟှူ ခီမာ သူ့ရဲ့ တရားစကားဟှို အာရောင်စိုက်ဘီး နားထောန်ဂေ့ဟှယ်။ 
နတ်ဆိုးစွဲနေဟှူ လူလေဘောင်ဂီးထဲဟှနေ နတ်ဆိုးလေဟှာ သံက္လယ်ဂီးန အော်ဘီးဟှာ ထွပ်ဟှားဂေ့ဟှယ်။ လေဖြတ်ဟှူလူ၊ ခေလတ်သန်ဘဲ့ဟှူ လူလေဟှာ ရောဂါပျော့‑က်ဟှားဂေ့ဟှယ်။ 
အယ်ကြောန့် အယ်ဗြို့မာ ရရာတိုင်း ဝန်းသာဟှားဂေ့ဟှယ်။ 
အယ်ဗြို့မာ ရှိမုန် နာမယ်ရှိဟှူလူ တယော့‑က်ရှိဟှယ်။ သူဟှာ သူ့ရဲ့ နတ်ဝိဇ္ဇာပညာန ရှမာရိ လူမျိုးလေဟှို အံ့ဩစေဘီး သူ့ကိုယ်သူ ထူးမြတ်ဟှူလူ ဖြစ်ဟှယ် ဆိုဘီး ဝါကြွားလေဟှယ်။ 
အယ်ဗြို့မာရှိဟှူ လူတန်းစားလေ ဂူလောင်းဟှ သူ့ဟှို အာရောင်စိုက်ဘီး “အယ်လူဟှာ ဘုရားသခင်ရဲ့ ‘မဟာတဂိုးတော်’ ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ 
သူးနို့ဟှာ ရှိမုန်ဟှို အာရောင်စိုက်နေဇာဟှ သူဟှာ ခီကြာဂီး နတ်ဝိဇ္ဇာပညာန အံ့ဩစေဟှူကြောန့် ဖြစ်ဟှယ်။ 
အယ်ဘေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းန ယေရှုခရစ်တော်ကြောန်း ဒန်းကောန်းဟှို ဖိလိပ္ပုဟှ ဟောဟှူ ခီမာ အယ်လူလေဟှာ ယောင်ကြည်လာဂေ့ဘီးဟှာ ယော့‑က်ကျားလေရော မီးမလေပါ ဗတ္တိဇံဟှို ခံဂေ့ဟှယ်။ 
ရှိမုန် ကိုယ်တိုင်လည်း ယောင်ကြည်ဘီး ဗတ္တိဇံဟှို ခံဘီးန ဖိလိပ္ပုနားမာ နေနေဟှယ်။ သူဟှာ ကီးမားဟှူ အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို ဗြင်ရဟှူ ခီမာ အံ့ဩနေဟှယ်။ 
ရှမာရိပြည်သားလေဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို ခံယူဂေ့ဟှယ် ဆိုဇာဟှို ယေရုရှလင်ဗြို့မာရှိဟှူ တမန်တော်လေ ကြားရဟှူ ခီမာ ပေတရုန ယောဟန်လေဟှို သူးနို့နားဟှို လွှတ်လိုက်ဂေ့ဟှယ်။ 
တမန်တော်နှေ့ပါးဟှာ ရော့‑က်လာဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ယောင်ကြည်သူ လူသစ်လေ လတ်ခံရရှိဟှို့ ဆိုဘီး သူးနို့တွပ် ဆုတောန်းဂေ့ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ သခင်ယေရှု နာမတော်နှိုက် ဗတ္တိဇံဟှို ခံယောင်မျှဘဲ့ ရှိသေးဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ အယ်လူလေထဲဟှ ဖယ်လူထတ်မာလည်း ရော့‑က်လာသေးဟှ။ 
အယ်ဘီးန ပေတရုန ယောဟန်လေဟှာ သူးနို့ထတ်ဟှို လတ်တန်ဂေ့ဟှူ ခီမာ သူးနို့ဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ခံရဂေ့ဟှယ်။ 
တမန်တော်လေ လတ်တန်ဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို အယ်ယောင်ကြည်သူလေ ရရှိဟှားဟှယ် ဆိုဇာဟှို ရှိမုန်ဟှ ဗြင်ဟှားဟှူကြောန့် ကပ်ဟှို ယူလာဘီးဟှာ၊ 
“ကျွန်တော် လတ်တန်လိုက်ဟှူ လူတိုင်းဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ရဟှို့တွပ် တဂိုးအာဏာဟှို ကျွန်တော်ဟှိုလည်း ပေးပါ” ဆိုဘီး တောန်းလိုက်ဟှယ်။ 
ပေတရုဟှ “နန်ဟှာ ဘုရားသခင်ရဲ့ ဆုကျေးဇူးဟှို ကပ်န ဝယ်နိုင်ဟှယ် ဆိုဘီး ထန်မှတ်ဟှူကြောန့် နန့်ရဲ့ ကပ်ဟှာ နန့်နတူးဒူ ပျစ်စီးပါစေ။ 
ဘုရားသခင်ရှေ့မာ နန့်ရဲ့ စိနှလောင်းဟှာ ဖြောန့်ဘဲဟှူကြောန့် နို့လေရဲ့ လောက်ထဲမာ ပါဝမ်ခွမ့် မှေ့ဟှ။ နန့်ဝီစုလည်း မှေ့ဟှ။ 
အယ်မျိုး ဆိုးညစ်ဟှူ ကြံစည်ဟှို နောန်ဒရဘီး အယ်မျိုးစိနှလောင်းထဲမာ ကြံစည်မိဟှူဇာဟှို ပြစ်လွှတ်ခံရဟှို့တွပ် သခင်ဘုရားနားမာ ဆုတောန်းပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ဟှာ ရိုးသားဘဲဟှူစိန ပ္လဲ့နေဘီးဟှာ ပြစ်ရဲ့ ချောက်နှောန်ဇာထဲမာ ရှိနေဇာဟှို ငါဗြင်ဟှယ်” ဆိုဘီး ပြောဟှယ်။ 
ရှိမုန်ဟှ “သင်ပြောနေဇာလေ တခုလည်းဖြစ်ဘဲဟှို့တွပ် သခင်ဘုရားဟှို ကျွန်တော်တွပ် ဆုတောန်းပေးဂေ့ပါ” ဆိုဘီး တောန်းဗန်လေဟှယ်။ 
ပေတရုန ယောဟန်လေဟှာ သခင်ဘုရားရဲ့ စကားတော်ဟှို သတ်သေခံဘီးဟှာ ဟောပြောဘီးန ယေရုရှလင်ဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။ ပ္လန်ခရီးမာ သူးနို့ဟှာ ရှမာရိဝါလေမာ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။ 
ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ ဖိလိပ္ပုဟှို “နန်ဟှာ ထဘီးဟှာ ယေရုရှလင်ဗြို့ဟှနေ ဂါဇဗြို့ဟှို သွားဟှူလမ်းတိုင်း တောန်ဖတ်ဟှို သွားလိုက်” ဆိုဘီး ပြောလိုက်ဟှယ်။ ခုခီမာ အယ်လမ်းဟှို သောင်းဂေ့ဟှမ်း။ 
အယ်ကြောန့် ဖိလိပ္ပုဟှာ ထဘီးဟှာ သွားလေဟှယ်။ အယ်ဘီးန အဲသယောပိပြည်ဟှ မိဖုရား ကန္ဒက်ရဲ့ မှူးမတ်ဂီးဖြစ်ဘီး မိဖုရားရဲ့ ဘဏ္ဍာလေ ဂူလောင်းဟှို စီမံခန့်ခွဲရဟှူ အဲသယောပိပြည်သား တယော့‑က်ဟှာ ယေရုရှလင်ဗြို့ဟှို လာရော့‑က် ဝတ်ပြုကိုးကွယ်ဘီး 
ပ္လန်လမ်းမာ သူ့ရဲ့ ဗြင်းရထားထတ်မာ ထိုင်ဘီး ပရောဖက် ဟေရှာယရဲ့ ကျမ်းစာဟှို ဖတ်နေဟှယ်။ 
ဝိညာဉ်တော်ဟှာ ဖိလိပ္ပုဟှို “အယ်ဗြင်းလှည်းနားဟှို သွားလိုက်” ဆိုဘီး ပြောဟှယ်။ 
ဖိလိပ္ပုလည်း ပ္လေးဟှားဘီးဟှာ ပရောဖက်ဟေရှာယကျမ်းဟှို အယ်လူဟှာ ဖတ်နေဇာဟှို ကြားဟှူ ခီမာ “နန်ဖတ်နေဇာဟှို နားလည်ဘဲ့လော” ဆိုဘီး မေးလိုက်ဟှယ်။ 
အယ်ရာရှိဟှာ “ရှင်းပြပေးမယ့်လူ မှေ့ဘဲန ဖယ်မျိုးနားလည်ဟှို့နူး” ဆိုဘီး ပ္လန်ဖြေလေဟှယ်။ သူဟှာ ဖိလိပ္ပုဟှို ဗြင်းလှည်းထတ်ဟှို တတ်ခိုင်းဘီးဟှာ သူ့နတူးဒူ ထိုင်ဟှို့တွပ် တိုက်တွန်းလိုက်ဟှယ်။ 
အယ်လူဖတ်နေဟှူ ကျမ်းချစ်ဟှ “သတ်ခံရဟှို့တွပ် ဆွဲခေါ်ဟှားဟှူ သိုးမျိုးဘဲ့ သူ့ဟှို ယူဆောန်ဟှားဂေ့ဟှယ်။ မွီးညှပ်မားရှေ့မာ သိုးသားဂန်းဟှားဟှာ သူ့နှောက်ဟှို ပိဟှားမျိုး သူဟှာ သူ့နှောက်ဟှို ဖွမ့်ဘဲနေဟှယ်။ 
သူဟှာ ရှောက်ခ္လဇာဟှို ခံရဘီး တရားမျှတမှုတွပ် ငြင်းပယ်ခံရဟှယ်။ အယ်လောကဟှာ သူ့သတ်ဟှို ရောက်သီးဟှားကြောန့် ဖယ်လူလည်း သူ့ရဲ့ သားမ္လေးလေကြောန်းဟှို ပြောပြနိုင် ဂေ့ဟှ” ဆိုဘီး ပြောဟှယ်။ 
အယ်ရာရှိဟှ “နန့်ဟှို မေးအူးမယ်။ ပရောဖက်ဟှာ ဖယ်လူရဲ့ ကြောန်းဟှို ပြောနေနူး။ သူ့ကိုယ်သူ ပြောနေဇာလော။ တခြားလူ တယော့‑က် ကြောန်းလော” ဆိုဘီး ဖိလိပ္ပုဟှို မေးဟှယ်။ 
ဖိလိပ္ပုဟှာ အယ်ကျမ်းပိုဒ်နဘဲ့ စပြုဘီးဟှာ ယေရှုကြောန်း ဒန်းကောန်းဟှို ပြောလေဟှယ်။ 
သူးနို့ဟှာ ဆစ်ဘီးဟှာ ခရီးသွားနေဂေ့ဟှူ ခီမာ ရေရှိဟှူနေရာဟှို ရော့‑က်ဟှားဂေ့ဘီး အယ်ရာရှိဟှ “အယ်နေရာမာရေရှိဟှယ်။ ကျွန်တော် ဗတ္တိဇံခံဟှို့တွပ် တားဆီးမယ့် ဇာလေရှိလော” ဆိုဘီး ပြောဟှယ်။ 
ရာရှိဟှာ ဗြင်းလှည်းဟှို ရပ်ခိုင်းလိုက်ဟှယ်။ အယ်ဘီးန သူးနို့ နှေ့ယော့‑က်ဟှာ ရေထဲဟှို ဆင်းဟှားဂေ့ဘီးဟှာ ဖိလိပ္ပုဟှာ ရာရှိဟှို ဗတ္တိဇံပေးလိုက်ဟှယ်။ 
သူဟှာ ရေထဲဟှ ထလာဟှူ ခီမာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟှာ ဖိလိပ္ပုဟှို တခြားနေရာဟှို ယူဆောန်ဟှားလေဟှယ်။ ရာရှိဟှာ ဖိလိပ္ပုဟှို နော့‑က်ထပ် တွိရဟှမ်း။ သူဟှာ ဝန်းသာရှင်းပ္လဲ့န ခရီးဆစ်ဟှားလေဟှယ်။ 
ဖိလိပ္ပုဟှာ အာဇုတ်ဗြို့ဟှို ရော့‑က်ရှိနေဇာဟှို သိရဟှယ်။ အယ်ဘီးန ကဲသရိဗြို့ဟှို ရော့‑က်ဒဲ့ထိ ဗြို့တိုင်းမာ ဒန်းကောန်းဟှို ဟောပြောလေဟှယ်။ 
