﻿တမန်တော်လေရဲ့ လောက်ဆောန်ရှင်း.
1.
ရှစ်ရဟှူ သော်ဖိလု၊ ယေရှုဟှာ မှုတော်ဆောန်ရှင်းန သွန်သန်ရှင်းလေဟှို စလောက်ဟှူခီဟှနေ၊ 
ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှားဟှူနေ့ထိ လောက်ဆောန်ဟှားဇာလေ ဂူလောင်းဟှို ပထမစာစောန်မာ ကျွန်တော်ရေးဟှားဟှယ်။ ကိုယ်တော်ဟှာ ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှားခန်မာ ဝီးကော့‑က်ဟှားဟှူ တမန်တော်လေဟှို သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ တဂိုးန မိန့်တော်မူဟှားဟှယ်။ 
ကိုယ်တော်ဟှာ သေခံဘီးန ရစ်လေးဆယ် လောင်းလောင်း ခီဘောင်ဂီး ကိုယ်ထန်ရှားပြဘီး မိမိသတ်ရှင်ကြောန်းဟှို ခိုင်လောင်ဟှူ သတ်သေပြလေဟှယ်။ တမန်တော်လေဟှာ ကိုယ်တော့်ဟှို ဗြင်ရဂေ့ဘီး ကိုယ်တော်ဟှလည်း သူးနို့ဟှို ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းဟှို ပြောပြလေဟှယ်။ 
သူးနို့လေဟှာ စုလာဂေ့ဟှူ ခီမာ ကိုယ်တော်ဟှ “ယေရုရှလင်ဗြို့ဟှနေ ထွပ်ဟှားဂေ့ဘဲ့န ငါ့ဖရဲ့ ဂဒိဟှို စောန့်နေဂေ့။ ငါဟှာ အယ်ဂဒိကြောန်းဟှို နန်းနို့ဟှို ပြောပြဟှားပီးဘီ။ 
ယောဟန်ဟှာ ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ ရစ်နဲနဲ ကြာဘီးဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ဗတ္တိဇံဟှို ခံရဂေ့လေ့မယ်” ဆိုဘီး ပြောလေဟှယ်။ 
တမန်တော်လေဟှာ စုလာဟှူ ခီမာ ကိုယ်တော့်ဟှို “သခင်၊ ကိုယ်တော်ဟှ အယ်ခီမာ ဣသရေလ လူမျိုးတွပ် နိုင်ငံဟှို ပ္လန်ပေးဟှို့လော” ဆိုဘီး မေးဂေ့ဟှယ်။ 
ယေရှုဟှ “ငါ့ဖရဲ့ ခွမ့်အာဏာန စီရင်ဟှားဟှူ နေ့ရစ်ခီလေဟှို နန်းနို့ဟှာ သိခွမ့် မှေ့ဟှ။ 
အယ်ဘေမဲ့ နန်းနို့ထတ်ဟှို သန့်ရှင်းဟှူဝိညာဉ်တော် ကြွလာဟှူ ခီမာ နန်းနို့ဟှာ တဂိုးဟှို ရဂေ့လေ့မယ်။ အယ်ဘီးမှ နန်းနို့ဟှာ ယေရုရှလင်ဗြို့၊ ယုဒနယ်န ရှမာရိနယ် တနယ်လောင်းဟှနေ မ္လေဂီးဆောင်းထိ ငါ့ရဲ့ သတ်သေလေ ဖြစ်ဂေ့လေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ 
အယ်မျိုး ပြောဘီးန သူးနို့လေဟှာ ကေ့နေဒူးမာ ကိုယ်တော်ဟှာ ကောန်းဂန်ဘောင်ဟှို ယူဆောန်ခံရလေဟှယ်။ အယ်ဘီးမှ မိုးတီဟှာ ကိုယ်တော့်ဟှို သူးနို့ရဲ့ မျစ်စိရှေ့ဟှနေ ဖောင်းဟှားလေဟှယ်။ 
ကိုယ်တော် တတ်ကြွဟှားဇာဟှို သူးနို့လေဟှာ ကောန်းဂန်ဟှို စေ့စေ့ကေ့နေဂေ့ဟှယ်။ အယ်ခီမာ ဝတ်ဖ္လူစင်ကြယ်န လူနှေ့ယော့‑က်ဟှာ ရောက်တရစ် သူးနို့ရဲ့ နားမာ ရပ်နေဘီး 
အယ်လူလေဟှာ “ဂါလိလဲနယ်သားလေ၊ နန်းနို့ဟှ ဖြားဖြစ်ကြောန့် ရပ်ဘီးဟှာ ကောန်းဂန်ဟှို ကေ့နေဂေ့နူး။ နန်းနို့နားဟှနေ ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှားဟှူ အယ်ယေရှုဟှာ ကောန်းဂန်ဟှို တတ်ကြွဟှားဇာဟှို နန်းနို့ ဗြင်ရမျိုးဘဲ့ ပ္လန်ဘီး ကြွလာလေ့မယ်” ဆိုဘီး ပြောဂေ့ဟှယ်။ 
အယ်ဘီးန တမန်တော်လေဟှာ သံလွင် ဆိုဘီး ခေါ်ဟှူ တောန်ဟှနေဘီး ယေရုရှလင်ဗြို့ဟှို ပ္လန်ဟှားဂေ့ဟှယ်။ အယ်တောန်ဟှာ ယေရုရှလင်ဗြို့န မိုင်ဝပ်လော့‑က်ဘဲ့ ဝီးဟှယ်။ 
သူးနို့လေဟှာ ဗြို့ထဲဟှို ဝမ်ဘီးဟှာ သူးနို့လေ တဲနေဟှူ အီရဲ့ ထတ်ခန်းဟှို သွားဂေ့ဟှယ်။ အယ်လူလေဟှ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲရဲ့သားယာကုပ်၊ မျိုးရှစ်ပေါက်ကို ရှိမုန်န ယာကုပ်ရဲ့သား ယုဒလေဖြစ်ဟှယ်။ 
သူးနို့ဟှာ မီးမဂီးလေ၊ ယေရှုရဲ့မိ မာရိန ကိုယ်တော်ရဲ့ ညီလေဟှာ ခါဘီးခါ စုဝီးဘီး ဆုတောန်းဂေ့ဟှယ်။ 
ရစ်နဲနဲ ကြာဘီးန ၁၂၀ လော့‑က်ရှိဟှူ ညီကိုလေဟှာ စည်းဝေးနေဟှူ ခီမာ ပေတရုဟှာ အယ်လူအောက် လယ်နှိုက် စကားပြောဟှို့တွပ် ထဘီးဟှာ၊ 
“ညီကို မောန်နှမလေ၊ ယေရှုဟှို ဖမ်းဟှူ လူလေဟှို လမ်းပြပေးမား ယုဒရှကာရုတ်ကြောန်းဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှ ဒါဝိဒ်အားဖြင့် ကြိုတန်ဘီး ပြောဟှားဟှူ ကျမ်းစာဟှာ ပ္လဲ့ဇောင်ရမယ်။ 
ယုဒဟှာ မှုတော်ဆောန် တယော့‑က်နေန ဝီးကော့‑က်ခံရဟှူ လူဖြစ်ဘီး နို့လေရဲ့ ဖွဲ့ဝမ်လည်း ဖြစ်ဟှယ်။” 
သူဟှာ တရားဘဲဟှူ မှုကြောန့် ရဟှူကပ်န လယ်ဂွပ်ဟှို ဝယ်ဘီးန အယ်လယ်ဂွပ်မာ လဲက္လဘီး သေဟှားလေဟှယ်။ သူဟှာ ဗိုက်ပေါ့‑က်ဟှားဘီး သူ့အူလေလည်း ထွပ်က္လလေဟှယ်။ 
ယေရုရှလင်ဗြို့မာ နေဟှူလူလေဟှာ အယ်ကြောန်းဟှို ကြားဟှားဂေ့ဘီး အယ်လယ်ဂွပ်ဟှို သူးနို့စကားန “အကေလဒမ” ဆိုဘီး ခေါ်ဂေ့ဟှယ်။ “သွီးမ္လေ” ဆိုဘီး ဓိပါယ်ရဟှယ်။ 
“ဆာလံကျမ်းမာ “ ‘သူ့ရဲ့ အီဟှာ လူလေတိဆိဟှူ နေရာဖြစ်ပါစေ။ အယ်အီမာ ဖယ်လူလည်း နေရစေန’ ဆိုဘီး ရေးဟှားဟှယ်။” “ ‘အယ်လူရဲ့ ရာထူးဟှိုလည်း တခြားတယော့‑က်ဟှ ယူပါစေ။’ 
“အယ်ကြောန့် သခင်ယေရှုဟှာ နို့လေနားမာ ဝမ်ထွပ်သွားလာဟှူ တခီလောင်း 
ယောဟန်ရဲ့ ဗတ္တိဇံတရားဟှို ဟောဟှူ ခီဟှစဘီး နို့လေနားဟှနေ ခွာဟှားဘီး ထတ်ဟှို ဆောန်ယူဟှားရှင်းဟှို ခံတော်မူဟှူ နေ့ရစ်ထိ နို့လေန လိုက်ပါသူလေထဲဟှ ယော့က်ယော့က်ဟှာ အယ်သခင် ထမြော့‑က်ရှင်းကြောန်းဟှို နို့လေနတူးဒူ သတ်သေခံဟှူလူ ဖြစ်ရမယ်” ဆိုဘီး ပြောလေဟှယ်။ 
အယ်ကြောန့် သူးနို့လေဟှာ ယုတ္တု ဆိုဘီး ခေါ်ဟှူ ဗာရှဗ (ခေါ်) ယောသပ်န မဿိလေ နှေ့ယော့‑က်ဟှို ဆိုပြုဂေ့ဟှယ်။ 
အယ်ဘီးန တဗဲ့တော်လေဟှာ ဝီးကော့‑က်ဇာဟှို လောက်ဟှို့တွပ် “သခင်၊ ကိုယ်တော်ဟှာ လူလေရဲ့ စိနှလောင်းဟှို သိဟှားဟှူကြောန့် ဆုတောန်းဂေ့ဇာဟှ 
ယုဒဟှာ သူ့န ထိုက်တန်ဟှူ နေရာဟှို သွားဟှို့တွပ် ထွပ်ဟှားဟှူကြောန့် ယုဒနေရာမာ တမန်တော်ဖြစ်န မှုတော်ဆောန်ဟှို့တွပ် အယ်လူ နှေ့ယော့‑က်ထဲဟှ ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ လူဟှို ပြတော်မူပါ” ဆိုဘီး ဖြစ်ဟှယ်။ 
အယ်ဘီးန အယ်လူ နှေ့ယော့‑က်တွပ် မဲလိဆွဲဘီး ဝီးကော့‑က်ဂေ့ဟှူ ခီမာ မဿိဟှာ တမန်တော် ဆယ့်တပါးနတူးဒူ တမန်တော်ဖြစ် ဝီးကော့‑က်ခံရလေ့ဟှယ်။ 
