﻿ယောဟန်.
15.
“ငါဟှာ စစ်မှန်ဟှူ စဗျစ်နွယ်ဗန် ဖြစ်ဟှယ်။ ငါ့ဖဟှာ ဥယျာဉ်မှူးဖြစ်ဟှယ်။ 
ငါ့ထဲမာ သီးသီးဘဲဟှူ ခတ်လေဟှို ဖဟှာ ခွတ်ပစ်မယ်။ သီးသီးဟှူ ခတ်လေဟှိုလည်း ပိုဘီး သီးစေဟှို့တွပ် ရှင်းလန်းလေ့မယ်။ 
ငါဟောပြောဟှူ တရားစကားအားဖြင့် ခု နန်းနို့ဟှာ သန့်ရှင်းဟှားဘီ။ 
ငါ့နှိုက် ရှိနေဂေ့။ အယ်ဆိုဟှာ ငါဟှလည်း နန်းနို့ထဲမာ ရှိနေလေ့မယ်။ ခတ်ဟှာ သူ့ကိုယ်သူ သီးသီးနိုင်ဟှ။ စဗျစ်နွယ်ဗန်မာရှိနေမယ် ဆိုဟှာ အယ်ခတ်ဟှာ သီးသီးနိုင်ဟှယ်။ အယ်မျိုးဘဲ့ နန်းနို့ဟှာ ငါနှိုက်မှေ့ဟှ ဆိုဟှာ သီးသီးနိုင်ဂေ့ဟှ။” 
“ငါဟှာ စဗျစ်နွယ်ဗန်ဖြစ်ဟှယ်။ နန်းနို့ဟှာ ခတ်လေဖြစ်ဟှယ်။ ငါ့နှိုက် နန်းနို့ရှိနေဘီး နန်းနို့နှိုက် ငါရှိနေမယ် ဆိုဟှာ နန်းနို့လေဟှာ သီးလေဘောင်ဂီး သီးဂေ့လေ့မယ်။ နန်းနို့ဟှာ ငါနှိုက်မှေ့ဟှ ဆိုဟှာ နန်းနို့ ဖြားဇာလည်း လောက်နိုင်ဂေ့ မှုဟှ။ 
ငါ့နှိုက် မှေ့ဘဲ့ဟှူ လူလေဟှာ ပ္လန်ဟှို ပစ်လိုက်ဟှူ သစ်ခတ်ခြော့‑က်မျိုးဘဲ့ ဖြစ်ဟှယ်။ အယ်ခတ်ခြော့‑က်လေဟှို စုသီးဘီးဟှာ မီးထဲဟှို ပစ်ခ္လလိုက်ဟှူကြောန့် လောန်ကျွမ်းဟှားဂေ့ဟှယ်။ 
နန်းနို့ဟှာ ငါ့နှိုက်ရှိနေဘီး ငါ့စကားတော်လေဟှာလည်း နန်းနို့နှိုက်ရှိနေမယ် ဆိုဟှာ နန်းနို့ တောန်းဇာဂူလောင်းဟှို ရလေ့မယ်။ 
နန်းနို့ဟှာ သီးလေဘောင်ဂီးဟှို သီးဟှူအားဖြင့် ငါ့ဖရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဘီး အယ်နည်းလမ်းအားဖြင့် ငါ့တဗဲ့တော်လေ ဖြစ်လာဂေ့ဟှယ်။ 
ဖဟှာ ငါ့ဟှို ရှစ်မျိုးဘဲ နန်းနို့ဟှိုလည်း ငါရှစ်ဟှယ်။ အယ်ကြောန့် ငါ့ရဲ့မြစ်တာထဲမာရှိဂေ့ပါ။ 
ငါဟှာ ဖရဲ့ ပညတ်တော်လေဟှို လိုက်နာဘီး ဖရဲ့ မြစ်တာထဲမာရှိနေမျိုးဘဲ့ နန်းနို့ဟှာလည်း ငါ့ရဲ့ ပညတ်တော်လေဟှို လိုက်နာမယ် ဆိုဟှာ ငါ့ရဲ့ မြစ်တာထဲမာ ရှိလေ့မယ်။” 
“နန်းနို့ထဲမာ ငါ့ရဲ့ ဝန်းသာမှုလေ ရှိနေဘီး နန်းနို့ရဲ့ ဝန်းသာမှုလေ ပ္လဲ့ဇောင်လာဟှို့တွပ် အယ်မူဇာဟှို နန်းနို့ဟှို ငါပြောဟှယ်။ 
ငါ့ပညတ်ဟှ နန်းနို့ဟှို ငါရှစ်မျိုးဘဲ နန်းနို့ရှင်းရှင်း ရှစ်ဂေ့။ 
မိမိရဲ့ မိဆွေလေတွပ် နန်းနို့ရဲ့ သတ်ဟှို ပေးလိုက်ဇာဟှာ ကီးမားဆောင်းဟှူ မြစ်တာဖြစ်ဟှယ်။ 
နန်းနို့ဟှာ ငါ့ပညတ်ဟှားဇာလေဟှို လောက်မယ် ဆိုဟှာ နန်းနို့ဟှာ ငါ့ရဲ့မိဆွေလေဖြစ်ဟှယ်။ 
ငါဟှာ နန်းနို့ဟှို စေခံ ဆိုဘီး ခေါ်ဟှို့မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ စေခံဟှာ သူးနို့သခင် လောက်ဇာလေဟှို သိရဂေ့ဟှ။ ငါ့ဖနားဟှနေ ကြားဟှားဇာလေ ဂူလောင်းဟှို နန်းနို့ဟှို ငါ့ပြောပြနေဟှူကြောန့် နန်းနို့ဟှို မိဆွေလေ ဆိုဘီး ငါခေါ်ဟှယ်။ 
နန်းနို့ဟှာ ငါ့ဟှို ဝီးကော့‑က်ဟှားဇာ မှုဟှ။ သွားဘီးဟှာ တည်မြဲဟှူသီးလေ ဘောင်ဂီးသီးဟှို့တွပ် နန်းနို့ဟှို ဝီးကော့‑က်ဘီး ခန့်အပ်ဟှားဟှယ်။ အယ်ကြောန့် ငါ့နာမအားဖြင့် နန်းနို့တောန်းဇာလေ ဂူလောင်းဟှို ဖဟှ ပေးတော်မူလေ့မယ်။ 
အယ်ကြောန့်ဘဲ့ နန်းနို့ရှင်းရှင်း ရှစ်ဂေ့ ဆိုဘီး ငါပညတ်ဟှားဟှယ်။” 
“လောကသားလေဟှာ နန်းနို့ဟှို မူးတီးဂေ့မယ် ဆိုဟှာ နန်းနို့ဟှို မူးတီးခန်မာ ငါ့ဟှို ရင်ဦးဆောင်း မူးတီးဂေ့ဟှယ် ဆိုဇာဟှို သိမှတ်ဂေ့။ 
နန်းနို့ဟှာ အယ်လောကနဆိုင်မယ် ဆိုဟှာ လောကသားလေဟှာ သူးနို့နဆိုင်ဟှူ နန်းနို့ဟှို ရှစ်လေ့မယ်။ အယ်ဘေမဲ့ ငါဟှာ နန်းနို့ဟှို အယ်လောကထဲဟှနေ ဝီးကော့‑က်ဟှားဟှူကြောန့် နန်းနို့ဟှာ အယ်လောကနဆိုင်ဟှ။ အယ်ကြောန့် လောကသားလေဟှာ နန်းနို့ဟှို မူးတီးဂေ့ဟှယ်။ 
‘ကျွန်လေဟှာ သူးနို့သခင်ထတ် ကီးမြတ်ဟှ’ ဆိုဘီး နန်းနို့ဟှို ငါပြောဟှားဇာလေဟှို မှတ်ဟှားဂေ့။ လူလေဟှာ ငါ့ဟှို ညှဉ်းဆဲဂေ့မယ် ဆိုဟှာ နန်းနို့ဟှိုလည်း ညှဉ်းဆဲဂေ့လေ့မယ်။ သူးနို့ဟှာ ငါ့ရဲ့သွန်သန်ချစ်ဟှို လိုက်နာမယ် ဆိုဟှာ နန်းနို့သွန်သန်ချစ်ဟှိုလည်း လိုက်နာဂေ့လေ့မယ်။ 
အယ်ဘေမဲ့ သူးနို့ဟှာ ငါ့ဟှို စေလွှတ်ဟှူသူဟှို သိဘဲဟှူတွပ် ငါ့နာမကြောန့် နန်းနို့ဟှို ညှဉ်းဆဲဂေ့လေ့မယ်။ 
ငါဟှာ လာဘီး သူးနို့ဟှို ပြောဟှဆိုဟှာ သူးနို့မာ ပြစ် မှေ့ဟှ။ အယ်ဘေမဲ့ ခု သူးနို့ဟှာ သူးနို့ရဲ့ ပြစ်တွပ် ကြောန်းပြဇာမှေ့ဘီ။ 
ဖယ်လူဘဲ့ဖြစ်ဖြစ် ငါ့ဟှို မူးတီးမယ် ဆိုဟှာ ငါ့ဖဟှိုလည်း မူးတီးလေဟှယ်။ 
ငါဟှာ တခြားလူလေ လောက်ဖူးဘဲဟှူဇာလေဟှို သူးနို့ရှေ့မာ ပြုလောက်ဟှ ဆိုဟှာ သူးနို့မာ ပြစ်ရှိလေ့မယ် မှုဟှ။ ခုဆိုဟှာ ငါပြုလောက်ဇာလေဟှို သူးနို့ဗြင်ဟှားဘီးဟှူကြောန့် ငါ့န ငါ့ဖဟှို မူးတီးဂေ့ဘီ။ 
အယ်မျိုး ဖြစ်လာရဇာဟှ သူးနို့ရဲ့ ပညတ်တော်မာ ‘သူးနို့ဟှာ ကြောန်းပြချစ်မှေ့ဘဲန ငါ့ဟှို မူးတီးဂေ့ဟှယ်’ ” ဆိုဘီး ရေးဟှားဇာဟှာ ပ္လဲ့ဇောင်စေဟှို့ဖြစ်ဟှယ်။ 
“ဖနားဟှနေ ကြွလာတော်မူဘီး ဘုရားသခင်န ဆိုင်ဟှူ သမ္မာတရားဟှို ဖွမ့်ပြပေးဟှို့တွပ် ကူညီမဇသူဖြစ်ဟှူ သန့်ရှင်းဟှူဝိညာဉ်တော် ကြွလာလေ့မယ်။ ငါ့ဖနားဟှနေ နန်းနို့နားဟှို သူ့ဟှို ငါစေလွှတ်ပေးလိုက်ဘီး သူဟှာ ငါ့ကြောန်းဟှို သတ်သေခံလေ့မယ်။ 
နန်းနို့လည်းဘဲ့ ရင်ဂဒဲဟှ ငါ့နတူးဒူရှိနေဟှူကြောန့် ငါ့ကြောန်းဟှို သတ်သေခံလေ့မယ်။” 
