﻿လုကာ.
6.
ဒန်းနေ့မာ ယေရှုဟှာ ဂျောင်စဗားလယ်ဂွမ့်လေဟှို ဖြတ်ကြွဟှားတော်မူဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ ဂျောင်စဗားနှံလေဟှို ဆွတ်ဘီး၊ လတ်နပွတ်ဘီး စားဂေ့ဟှယ်။ 
ဖာရိရှဲတချို့ဟှ “ဒန်းနေ့မာ နန်းနို့ဟှို လောက်န ဆိုဘီး နို့လေရဲ့ ပညတ်တရားမာ ပြောဟှားဇာဟှို ဖြားဖြစ်ကြောန့် နန်းနို့ လောက်ဂေ့ရနူး” ဆိုဘီး မေးဂေ့ဟှယ်။ 
ယေရှုဟှာ သူးနို့ဟှို “ဒါဝိဒ်ဟှာ သူ့ရဲ့ ပေါန်းဖော်လေ ဗိုက်ဆာလာခီမာ ဖယ်မျိုးလောက်ဟှားဟှယ် ဆိုဇာဟှို နန်းနို့ ဖတ်ဖူးဂေ့ဟှလော။ 
သူဟှာ ဘုရားသခင်ရဲ့ အီတော်ဟှို ဝမ်ဘီး ဘုရားသခင်ဟှို ပူဇော်ဟှားဟှူ မုဟှို ယူဘီးစားဟှယ်။ အယ်ဘီးဟှာ သူ့ရဲ့ ပေါန်းဖော်လေဟှို ကျွေးဟှယ်။ ယဇ်ပုရောဟိတ်လေမှတပါး ဖယ်သူလည်း စားခွမ့်မှေ့ဟှူ အယ်မုဟှို ယူစားဟှယ် ဆိုဇာဟှာ နို့လေရဲ့ ပညတ်တရားဟှို ဆန့်ကျင်ဘဲ့” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
ယေရှုဟှ “လူ့ရဲ့သားဟှာ ဒန်းနေ့ရဲ့ သခင် ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
တခြားဒန်းနေ့မာ ယေရှုဟှာ ဝါလယ်ဇရပ်ဟှို ဝမ်ဘီး သွန်သန်တော်မူဟှယ်။ အယ်နေရာမာ ညာလတ်တဖတ် သေနေဟှူ လူတယော့‑က် ရှိဟှယ်။ 
ကျမ်းတတ်ဆရာ တချို့န ဖာရိရှဲ တချို့ဟှာ ယေရှုဟှို ပြစ်တန်ရှင်ကြောန့် ဒန်းနေ့မာ ကိုယ်တော်ဟှာ အယ်လူဟှို နာပျော့‑က်စေဟှို့လော၊ ပျော့‑က်စေဟှလော ဆိုဇာဟှို သူးနို့ဟှာ သေးသေချားချာ စောန့်ကေ့နေဟှယ်။ 
အယ်ဘေမဲ့ ယေရှုဟှာ သူးနို့ရဲ့ ကြံစည်ဟှို သိကြောန့် အယ်လူဟှို “ထဒန်ဘီး ရှေ့ဟှို ထွပ်လာဟှား” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်လူဟှာ ထဒန်ဘီး မတ်တတ်ရပ်နေဟှယ်။ 
အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို “နန်းနို့ဟှို ငါမေးမယ်၊ နို့လေရဲ့ ပညတ်တရားဟှာ ဒန်းနေ့မာ ဖြားဇာလေ လောက်ဟှို့ ခွမ့်ပြုဟှားနူး။ ကောန်းဇာလောက်ရလော။ ဆိုးဇာလောက်ရလော။ လူတယော့‑က်ရဲ့ သတ်ဟှို ကယ်အပ်လော။ သတ်အပ်လော” ဆိုဘီး မေးတော်မူလေဟှယ်။ 
ကိုယ်တော်ဟှာ သူးနို့လေ ဂူလောင်း ပတ်လည်ဟှို ကေ့ရှုဘီးန ကိုယ်တော်ဟှာ အယ်လူဟှို “နန့်ရဲ့ လတ်ဟှို ဆန့်လိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်လူဟှာ လတ်ဟှို ဆန့်လိုက်ဟှူ ခီမာ သူ့လတ်ဟှာ ကောန်းတိုင်း ပ္လန်ဖြစ်ဟှားဟှယ်။ 
ဖာရိရှဲလေဟှာ ဒေါသထွပ်ဟှားဘီး ယေရှုဟှို ဖယ်မျိုးလောက်ရဟှို့ ဆိုဘီးဟှာ သူးနို့ရှင်းရှင်း တိုင်ဗန်ဂေ့ဟှယ်။ 
အယ်နေ့ရစ်မာ ယေရှုဟှာ ဆုတောန်းဟှို့ တောန်ထတ်ဟှို တတ်ကြွဟှားဘီး တညဉ့်လောင်း ဘုရားသခင်ဟှို ဆုတောန်းဘီး နေတော်မူဟှယ်။ 
မိုးလန်းလာဟှူုခီမာ တဗဲ့တော်လေဟှို ကိုယ်တော်နားဟှို ခေါ်ဘီး သူးနို့ထဲဟှ ဆယ့်နှေ့ပါးဟှို ဝီးကော့‑က်ဘီး တမန်တော် ဆိုဘီး နာမယ် ပေးတော်မူဟှယ်။ 
ကိုယ်တော်ဟှ ပေတရု ဆိုဘီး နာမယ် ပေးဟှားဟှူ ရှိမုန်န သူ့ညီအန္ဒြေ၊ ယာကုပ်န ယောဟန်၊ ဖိလိပ္ပုန ဗာသောလမဲ၊ 
မဿဲန သောမ၊ အာလဖဲရဲ့သား ယာကုပ်န မျိုးရှစ်ပေါက်ကို ရှိမုန်၊ 
ယာကုပ်ရဲ့သား ယုဒန ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှူ ယုဒရှကာရုတ် ဖြစ်ဟှယ်။ 
ယေရှုဟှာ တမန်တော်လေနတူးဒူ တောန်ထတ်ဟှနေ ဆင်းလာဘီး တဗဲ့တော်လေဘောင်ဂီးန မ္လေညီးညီနေရာမာ ရပ်လိုက်ဟှယ်။ အယ်နေရာမာရှိနေဟှူ လူအောက်ဂီးဟှာ ယုဒပြည်န ယေရုရှလင်ဗြို့ဟှနေ လာဟှူ လူလေန ပန်လယ်ကမ်းနား တုရုဗြို့န ဇိဒုန်ဗြို့ဟှနေ လာဟှူ လူလေဖြစ်ဘီး 
သူးနို့ဟှာ ကိုယ်တော်ရဲ့ တရားဟှို ကြားနာရဟှို့န သူးနို့ရဲ့ နာပျော့‑က်ဟှို့ လာဂေ့ဟှယ်။ ညစ်ညူးဟှူနတ်ဟှ ဒေါက်ခပေးရှင်းဟှို ခံနေရဟှူ လူလေလည်း နာပျော့‑က်ဟှားဂေ့ဟှယ်။ 
ကိုယ်တော်နားဟှနေ တဂိုးတော်ထွပ်ဘီးဟှာ သူးနို့လေ ဂူလောင်းဟှို နာပျော့‑က်စေကြောန့် လူလေ ဂူလောင်းဟှာ ကိုယ်တော့်ဟှို ထိဟှို့ ကြိုးစားဂေ့ဟှယ်။ 
ယေရှုဟှာ တဗဲ့တော်လေဟှို ကေ့ဘီး “ဆင်းရဲသားလေ၊ နန်းနို့ဟှာ မင်္ဂလာရှိဟှယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ နန်းနို့ရဲ့ နိုင်ငံဖြစ်ဟှယ်!” 
“ခု ငတ်ပြတ်နေဟှူ နန်းနို့ဟှာ မင်္ဂလာရှိဟှယ်။ ဖြားဖြစ်ကြောန်းနူးဆိုဟှာ နန်းနို့ဟှာ ဗိုက်ပ္လဲ့ရဂေ့လေ့မယ်!” “ခု ငိုနေဟှူ နန်းနို့ဟှာ မင်္ဂလာရှိဘီး၊ နန်းနို့ဟှာ ရယ်ရလေ့မယ်!” 
“လူ့ရဲ့သားကြောန့် နန်းနို့ဟှို လူလေမူးဟှူဇာဘဲ့ဖြစ်ဖြစ်၊ ငြင်းပယ်ဟှူ ဇာဘဲ့ဖြစ်ဖြစ်၊ နန်းနို့နာမယ် ပျစ်အောန်လောက်ဟှူ ဇာဘဲ့ဖြစ်ဖြစ် နန်းနို့ဟှာ မင်္ဂလာရှိဟှယ်! 
အယ်မျိုးဖြစ်ဟှူ ခီမာ ဝန်းသာဘီးဟှာ ကခူဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ နန်းနို့တွပ် ရရာတိုင်း ကီးဟှူ ဆုလာဘ် ရှိဟှယ်။ သူးနို့ရဲ့ ဘိုးဘေးလေဟှာ ပရောဖက်လေဟှို အယ်မျိုးဘဲ့ ညှဉ်းဆဲဟှားဂေ့ဟှယ်။” 
“အယ်ဘေမဲ့ ကပ်ရှိဟှူ နန်းနို့ဟှာ အမင်္ဂလာရှိဘီး၊ နန်းနို့ဟှာ ခုခီမာ သတ်သာဟှူ ဘဝဟှို ရဂေ့ဟှယ်!” 
“ခု ဗိုက်ပ္လဲ့အောန်စားရဟှူ နန်းနို့ဟှာ အမင်္ဂလာရှိဘီး၊ နန်းနို့ဟှာ ဗိုက်ဆာရလေ့မယ်!” “ခု ရယ်နေဟှူ နန်းနို့ဟှာ အမင်္ဂလာရှိဘီး၊ နန်းနို့ဟှာ ရရာတိုင်း ငြီးတွားဘီး ငိုရလေ့မယ်!” 
“လူလေ ဂူလောင်းဟှာ နန်းနို့ဟှို ချီးမွမ်းစကားပြောမယ် ဆိုဟှာ နန်းနို့ဟှာ အမင်္ဂလာရှိဘီး သူးနို့ရဲ့ ဘိုးဘေးလေဟှာလည်း ပရောဖက်တုယောန်လေဟှို အယ်မျိုးဘဲ့ ချီးမွမ်းဟှားဟှယ်။ 
“အယ်ဘေမဲ့ ငါ့စကားဟှို ကြားရဟှူ နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ရဲ့ ရန်သူလေဟှို ရှစ်ဂေ့။ နန်းနို့ဟှို မူးဟှူလူလေဟှို ကျေးဇူးပြုဂေ့။ 
နန်းနို့ဟှို ကီဆဲဟှူ လူလေဟှို ကောန်းဂျီးပေးဂေ့။ နန်းနို့ဟှို နှော့‑က်ယှစ်ဟှူ လူလေတွပ် ဆုတောန်းဂေ့။ 
ယော့‑က်ယော့‑က်ဟှ နန့်ပါးတဖတ်ဟှို ရိုက်ဟှယ် ဆိုဟှာ ကျန်ဟှူ ပါးတဖတ်ဟှိုလည်း ရိုက်ဟှို့ လှည့်ပေးလိုက်ပါ။ နန့်ဝတ်လောင်ဟှို လိုရှင်ဟှူ သူလေဟှို နန့်အန်းဂီဟှိုလည်း ပေးလိုက်ပါ။ 
နန့်နားမာ တောန်းဟှူလူဟှို ပေးလိုက်ပါ။ နန့်အောက်စာဟှို သီးယူဟှူ လူနားမာ ပ္လန်ဘီး တောန်းန။ 
နန်းနို့လေဟှို သူများလေဟှ ပြုမူဆစ်ဆံစေရှင်မျိုး သူများလေဟှိုလည်း ပြုမူဆစ်ဆံဂေ့ပါ။ 
“နန်းနို့ဟှို ရှစ်ဟှူ သူလေဟှိုဘဲ့ ပ္လန်ရှစ်မယ် ဆိုဟှာ ဖယ်မျိုးလောက်ဘီး ကောန်းဂျီးမင်္ဂလာဟှို နန်းနို့ ခံစားရဟှို့နူး။ ပြစ်သားလေလည်းဘဲ့ သူးနို့ဟှို ရှစ်ဟှူ သူလေဟှိုဘဲ့ ပ္လန်ရှစ်ဟှယ်! 
နန်းနို့ဟှို ကောန်းဇာလောက်ဟှူ လူလေဟှိုဘဲ့ ကျေးဇူးပြုမယ် ဆိုဟှာ ဖယ်မျိုးလောက်ဘီး ကောန်းဂျီးမင်္ဂလာဟှို နန်းနို့ ခံစားရဟှို့နူး။ ပြစ်သားလေလည်း အယ်မျိုးဘဲ့ လောက်ဟှယ်! 
နန်းနို့ဟှို ပ္လန်ဘီး ဆပ်ပေးလေ့မယ် ဆိုဘီး မျှော်လင့်နေဟှူ လူလေဟှိုဘဲ့ နန်းနို့ ချေးငှါးမယ် ဆိုဟှာ ဖယ်မျိုးလောက်ဘီး ကောန်းဂျီးမင်္ဂလာဟှို နန်းနို့ ခံစားရဟှို့နူး။ ပြစ်သားလေလည်းဘဲ့ ပ္လန်ဘီး ဆပ်ပေးလေ့မယ် ဆိုဇာဟှို ယောင်ကြည်ဘီး ရှင်းရှင်း ချေးငှားဂေ့ဟှယ်! 
နန်းနို့ရဲ့ ရန်သူဟှို ရှစ်ဘီး သူးနို့ဟှို ကောန်းဇာလောက်ဂေ့။ တခုခု ပ္လန်ရမယ် ဆိုဘီး မြော်လင့်ဘဲန ချေးငှါးဂေ့။ အယ်မျိုးလောက်မှ နန်းနို့ရဲ့ ကျိုးဟှာ ကီးမားဘီး နန်းနို့ဟှာ ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ကျေးဇူးကန်းဟှူ သူလေန ဆိုးဟှူ သူလေဟှိုလည်း ကျေးဇူးပြုကြောန့် ဖြစ်ဟှယ်။ 
နန်းနို့ ဖဟှာ ကရုဏာရှိမျိုးဘဲ့ နန်းနို့လည်း ကရုဏာရှိဂေ့ပါ။ 
“သူတပါးဟှို စစ်ကြောစီရင်ဂေ့န။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှလည်း နန်းနို့ဟှို စစ်ကြောစီရင်လေ့ မှုဟှ။ သူတပါးဟှို ရှုတ်ခ္လဂေ့န။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှလည်း နန်းနို့ဟှို ရှောက်ခ္လဟှို့ မှုဟှ။ သူတပါးဟှို ပြစ်လွှတ်ဂေ့။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှလည်း နန်းနို့ဟှို ပြစ်လွှတ်လေ့မယ်။ 
သူတပါးဟှို ပေးဂေ့။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှလည်း နန်းနို့ဟှို ပေးလေ့မယ်။ နန်းနို့ဟှာ ပ္လဲ့လျှံလတ်ခံရလေ့မယ်။ နန်းနို့ဟှာ သူတပါးဟှို ပေးဟှူ ပမာဏတိုင်း ဘုရားသခင်ဟှ နန်းနို့ဟှို ပေးလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို ပေါင်ဥပမာန “မျစ်ကန်းတယော့‑က်ဟှ တခြားမျစ်ကန်းတယော့‑က်ဟှို လမ်းပြနိုင်ဟှ။ လမ်းပြမယ် ဆိုဟှာ နှေ့ယော့‑က်လောင်း တွမ်းထဲဟှို က္လလေ့မယ်။ 
တဗဲ့လည်း ဆရာထတ် သာဟှ။ အယ်ဘေမဲ့ သူးနို့ရဲ့ ပညာသန်ယူဇာ ပီးဆောင်းဟှားဟှူ ခီမာ တဗဲ့ဂူလောင်းဟှာ သူးနို့ရဲ့ ဆရာမျိုးဘဲ့ ဖြစ်လေ့မယ်။ 
“နန်ဟှာ ကိုယ့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုရဲ့ မျစ်စိထဲဟှ သစ်မုဟှို ဖြားဖြစ်ကြောန့် ဗြင်ရနူး။ 
နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုဟှို ‘ညီကို၊ နန့်မျစ်စိထဲဟှ သစ်မုဟှားဟှို ထုပစ်ပေးပါရစေ’ ဆိုဘီး ဖြားဖြစ်ကြောန့် ပြောရနူး။ သူတော်ကောန်း ယောန်ဆောန်ဟှူသူ! နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ရင်ဦးဆောင်း ထုပစ်လိုက်ပါ။ အယ်ဆိုဟှာ ညီကိုမျစ်စိထဲဟှ သစ်မုဟှို ထုပစ်ပေးဟှို့တွပ် ရှင်းရှင်းလန်းလန်းဟှား ဗြင်ရလေ့မယ်။ 
“သစ်ပန်ကောန်းဟှာ သီးညံ့ဟှို သီးဂေ့ဟှ။ အယ်မျိုးဘဲ့ သစ်ပန်ညံ့ဟှာလည်း သီးကောန်းဟှို သီးဂေ့ဟှ။ 
သစ်ပန်တိုင်းဟှာ သီးဟှို ကေ့လိုက်ဟှူန သစ်ပန်ရဲ့ ကြောန်းဟှို သိရလေဟှယ်။ နန်းနို့ဟှာ ဆူးဗန်ဟှနေ သန်းဖောသဖန်းသီးဟှို ဆွတ်ဟှို့ ရဂေ့ဟှမျိုးဘဲ့ ဆူးချောင်ဟှနေ စဗျစ်သီးဟှို ဆွတ်ဟှို့ ရဂေ့ဟှ။ 
လူကောန်းဟှာ သူ့ရဲ့ စိနှလောင်း ဘဏ္ဍာတိုက်ထဲဟှ ကောန်းဟှူဇာလေဟှို ထောက်ဖော်တတ်ဘီး လူဆိုးဟှာ ဆိုးဟှူ ဇာလေဟှို ထောက်ဖော်တတ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နှောက်ဟှာ စိနှလောင်းပ္လဲ့ ရှိဒဲ့တိုင်း ပြောတတ်ဟှယ်။ 
“ငါဖြားဘဲ့ပြောပြော လောက်ဂေ့ဘဲ့န နန်းနို့ဟှ ငါ့ဟှို ‘သခင်၊ သခင်’ ဆိုဘီး ဖြားဖြစ်ကြောန့် ခေါ်နေရနူး။ 
ငါ့နားဟှိုလာဘီး ငါ့စကားဟှို ကြားဒဲ့တိုင်း နားထောန်ဟှူ သူဟှာ ဖယ်သူန တူဟှယ် ဆိုဇာ နန်းနို့ဟှို ငါပြမယ်။ 
အယ်လူဟှာ မ္လေဂီးဟှို နတ်နတ်တူးဘီး က္လော့‑က်ထတ်မာ အုပြစ်ခ္လဘီးမှ အီဆော့‑က်မားန တူဟှယ်။ ရေကီးတတ်လာဘီးန အယ်အီဟှို တိုက်ခတ်ဟှူ ခီမာ က္လော့‑က်ထတ်မာ ဆော့‑က်ဟှားဟှူကြောန့် တူခါနိုင်ဟှ။ 
အယ်ဘေမဲ့ ငါ့စကားဟှို ကြားဘီးဟှာ နားထောန်ဘဲဟှူသူဟှာ အုပြစ်ခ္လဘဲန မ္လေဂီးထတ်မာ အီဆော့‑က်မားနတူဘီး ရေကီးတတ်လာန အယ်အီဟှို တိုက်ခတ်လိုက်ဟှူ ခီမာ အီဟှာ ရှစ်ရှင်းပြိုက္လဟှားဘီး ဂူလောင်းဟှာ ပျစ်စီးဟှားဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
