﻿လုကာ.
3.
ကဲသာမန်းဂီး တိဗေရိ အောက်စိုးဇာဟှာ ဆယ့်ငါးနှစ်မြော့‑က်ဟှူ ခီမာ ယုဒပြည်ဟှို အောက်ချောက်ဟှူ လူဟှာ ပုန္တိပိလတ်၊ ဂါလိလဲပြည်ဟှို အောက်ချောက်ဟှူ လူဟှာ ဟေရုဒ်၊ ဣတုရဲပြည်န တရာခေါနိပြည်လေဟှို အောက်ချောက်ဟှူ လူဟှာ ဟေရုဒ်ရဲ့နောန် ဖိလိပ္ပု၊ အဘိလင်ပြည်ဟှို အောက်ချောက်ဟှူ လူဟှာ လုသာနိန၊ 
အန္န၊ ကယာဖ လေဟှာ ယဇ်ပုရောဟိတ်ဂီးလေ ဖြစ်ဟှယ်။ အယ်ခီမာ တောကန္တာရထဲမာရှိဟှူ ဇာခရိရဲ့သား ယောဟန်နားဟှို ဘုရားသခင်ရဲ့ စကားတော် ရော့‑က်လာဟှယ်။ 
အယ်ကြောန့် ယောဟန်ဟှာ ယော်ဒန်မ္လစ်ရဲ့ ပတ်ဝန်းကျင် တခုလောင်းသွားဘီး “နောန်ဒရဘီး ဗတ္တိဇံခံဂေ့။ ဘုရားသခင်ဟှာ နန်းနို့ရဲ့ ပြစ်လေဟှို ခွမ့်လွှတ်လေ့မယ်” ဆိုဘီး ကြေညာဟှယ်။ 
ပရောဖက်ဟေရှာယရဲ့ ကျမ်းထဲမာ၊ “လူတယော့‑က်ဟှာ တောကန္တရထဲမာ အော်ဘီးပြောနေဇာဟှ ‘ဘုရားသခင်ရဲ့ လမ်းဟှို ပြင်ဆင်ဟှားဂေ့! ကိုယ်တော်ကြွဟှို့တွပ် လမ်းဟှို ဖ္လောန့်အောန်လောက်ဂေ့! 
ချိုင့်ဝှမ်းလေ ဂူလောင်းဟှို ဖ္လဲ့ဘီး၊ တောန်ဂီးတောန်ငယ် ဂူလောင်းဟှို ဖြိုခ္လရမယ်။ လမ်းကော့‑က်လေဟှို ဖ္လောန့်အောန်လောက်ဘီးန၊ လမ်းကြမ်းလေဟှို ချောအောန်လောက်ရမယ်။ 
လူ့သားမျိုးနွယ်စု တခုလောင်းဟှာ ဘုရားသခင်ရဲ့ ကယ်တန်တော်မူရှင်းဟှို ဗြင်ရလေ့မယ်!’ ” ဆိုဘီး ရေးဟှားဟှယ်။ 
ယောဟန်ဟှာ သူ့နားဟှို ဗတ္တိဇံခံဟှို့ ရော့‑က်လာဟှူ လူအောက်ဂီးဟှို “ဝှေ့ မွီဗွေးမျိုးလေ! က္လရော့‑က်လာမယ့် ဘေးဒန်ဟှ လွတ်ဟှို့တွပ် နန်းနို့လေဟှို ဖယ်သူဟှ ဒိပေးလိုက်နူး။ 
နောန်ဒန ထိုက်တန်ဟှူ ကျင့်ဟှို ကျင့်ဂေ့။ အာဗြဟံဟှ နို့လေရဲ့ ဖဖြစ်ဟှယ် ဆိုဘီး ပြောရောင်န နန်းနို့လေ ပြစ်ဒန်ဟှ လွှတ်လေ့မယ် ဆိုဘီး ထန်ဂေ့န။ နန်းနို့ဟှို ငါပြောမယ် ဘုရားသခင်ဟှာ အယ်က္လော့‑က်ခဲလေဟှနေဘီး အာဗြဟံရဲ့ မ္လေးမ္လစ်လေဟှို ဖန်ဆင်းနိုင်ဟှယ်! 
သစ်ပန်လေရဲ့ ပြစ်လေနားမာ ကတ်ပထားဟှားကြောန့် သီးကောန်းဟှို သီးဘဲဟှူ သစ်ပန်တိုင်းဟှို ခွတ်ပစ်ဘီးဟှာ မီးထဲဟှို ပစ်ခ္လလေ့မယ်” ဆိုဘီး ပြောလေဟှယ်။ 
လူလေဟှာ “အယ်ဆိုဟှာ နို့လေဟှ ဖြားဇာလေ လောက်ရနူး။” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။ 
သူဟှ “ဖယ်လူဘဲ့ဖြစ်ဖြစ် အန်းဂီနှေ့ထည်ရှိဟှယ် ဆိုဟှာ အန်းဂီမှေ့ဘဲဟှူ လူဟှို တထည်ပေးရမယ်။ ဖယ်လူဘဲ့ဖြစ်ဖြစ် စားဇာရှိဟှယ် ဆိုဟှာ အယ်စားဇာဟှို ဝီပေးရမယ်” ဆိုဘီး ဖြေလေဟှယ်။ 
ခွန်ကော့‑က်မားလေ တချို့ဟှာ ဗတ္တိဇံခံဟှို့ လာဘီးန သူးနို့ဟှာ “ဆရာ၊ ကျွန်တော့်ဟှားလေဟှ ဖြားဇာလောက်ရမယ်နူး။” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။ 
သူဟှ “ဥပဒေဟှ သတ်မှတ်ဟှားဇာထတ် ပိုဘီး ခွန်ဟှို ကော့‑က်ဂေ့န” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။ 
စစ်သားတချို့ဟှလည်း “ကျွန်တော့်ဟှားလေတွပ် ဟှမား။ ကျွန်တော်ဟှားလေဟှ ဖြားဇာလောက်ရနူး။” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။ “ဖယ်လူဟှိုလည်း မှုဘဲန စွပ်စွဲဂေ့န၊ ဖယ်လူနားဟှဘဲ့ဖြစ်ဖြစ် နိုင်ကျင့်ဘီး ကပ်ဟှို ယူဂေ့န။ နန်းနို့ရဲ့ လစာနဘဲ့ ရောန့်ရဲဂေ့” ဆိုဘီး သူးနို့ဟှို ဖြေလေဟှယ်။ 
လူလေရဲ့ မျှော်လင့်ချစ်လေ ဗြင့်လာဘီး ယောဟန်ဟှာ မေရှိယ ဖြစ်နိုင်ဟှယ် ဆိုဘီး သူးနို့ နှလောင်းထဲမာ အံ့ဩလာဂေ့ဟှယ်။ 
အယ်ကြောန့် ယောဟန်ဟှာ “ငါဟှာ နန်းနို့ဟှို ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ ငါ့ထတ် ရရာတိုင်း ကီးမြတ်ဟှူလူဟှာ လာနေဘီ။ ငါဟှာ အယ်လူရဲ့ ခေနပ်ကြိုးဟှို ဖြေဟှို့ဟှိုမှ ထိုက်ဟှ။ အယ်သူဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န၊ မီးန နန်းနို့ဟှို ဗတ္တိဇံပေးလေ့မယ်။ 
လတ်ထဲမာ ဂေါဟှို ကိုင်ဟှားဘီး သူ့ဗားလန်းပ္လန်ဟှို ရှင်းလန်းစေဘီး ဗားလေဟှို ဗားဂတ်ထဲဟှို ထဲ့ဘီးဟှာ ဗားဖျင်းလေဟှို သေနိုင်ဘဲဟှူမီးန ရှို့လေ့မယ်” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။ 
ယောဟန်ဟှာ နည်းလမ်းဘောန်းဇောင်န လူလေဟှို ဒန်းကောန်းဟောဘီး သူးနို့ရဲ့ နည်းလမ်းလေ ပ္လောန်းဟှားဟှို့ သူးနို့ဟှို တိုက်တွန်းလေဟှယ်။ 
ဟေရုဒ်ဟှာ သူ့နောန်ရဲ့ မီးမ ဟေရောဒိန ပတ်သတ်ဇာဟှိုရော၊ သူကိုယ်တိုင် ကျူးလွန်ဟှားဟှူ ကောန်းဘဲဟှူမှုလေ ဇာဟှိုရော ယောဟန်ဟှ သူ့ဟှို ဆောင်းမဟှားဟှယ်။ 
အယ်မျိုး ဆောင်းမလိုက်ကြောန့် ဟေရုဒ်ဟှာ ယောဟန်ဟှို ထောန်ထဲမာ လှောန်ဟှားလိုက်ဟှယ်။ အယ်မျိုး လောက်ရှင်းအားဖြင့် ပိုဘီး ဆိုးဝါးဟှူ ပြစ်ဟှို ထပ်လောက်လိုက်ဟှယ်။ 
လူလေ ဂူလောင်းဟှာ ဗတ္တိဇံခံဂေ့ဘီးန ယေရှုလည်း ဗတ္တိဇံခံတော်မူဟှယ်။ ကိုယ်တော်ဟှာ ဆုတောန်းနေဟှူ ခီမာ ကောန်းဂန်ဘောင် ပွမ့်ဟှားဘီး 
သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ ချိုးငှတ်မျိုး ခန္ဓာန ကိုယ်တော်ထတ်ဟှို ဆင်းလာဟှယ်။ အယ်ဘီးန ကောန်းဂန်ဘောင်ဟှနေ “အယ်သူဟှာ ငါနှစ်သက်မြတ်နိုးဟှူ ငါ့ရဲ့ ရှစ်ဟှူသား ဖြစ်ဟှယ်” ဆိုဘီး သံတော်ထွပ်လာဟှယ်။ 
ယေရှုဟှာ မှုတော်မြတ်ဟှို စဘီး လောက်ဟှူ ခီမာ ကိုယ်တော်ဟှာ သတ်တော်သောင်းဆယ်လော့‑က်ဘဲ့ ရှိဟှယ်။ အယ်ကြောန့် လူလေထန်ဇာဟှ ကိုယ်တော်ဟှာ ယောသပ်ရဲ့သား၊ ယောသပ်ဟှာ ဧလိရဲ့သား၊ 
ဧလိဟှာ မဿတ်ရဲ့သား၊ မဿတ်ဟှာ လေဝိရဲ့သား၊ လေဝိဟှာ မေလခိရဲ့သား၊ မေလခိဟှာ ယန္နရဲ့သား၊ ယန္နဟှာ ယောသပ်ရဲ့သား၊ 
ယောသပ်ဟှာ မတ္တသိရဲ့သား၊ မတ္တသိဟှာ အာမုတ်ရဲ့သား၊ အာမုတ်ဟှာ နာဟုံရဲ့သား၊ နာဟုံဟှာ ဧသလိရဲ့သား၊ ဧသလိဟှာ နဂ္ဂဲရဲ့သား၊ နဂ္ဂဲဟှာ မာအတ်ရဲ့သား၊ 
မာအတ်ဟှာ မတ္တသိရဲ့သား၊ မတ္တသိဟှာ ရှေမိရဲ့သား၊ ရှေမိဟှာ ယောသပ်ရဲ့သား၊ ယောသပ်ဟှာ ယုဒရဲ့သား၊ ယုဒဟှာ ယောဟန္နရဲ့သား၊ 
ယောဟန္နဟှာ ရေသရဲ့သား၊ ရေသဟှာ ဇေရုဗဗေလရဲ့သား၊ ဇေရုဗဗေလဟှာ ရှာလသေလရဲ့သား၊ ရှာလသေလဟှာ နေရိရဲ့သား၊ 
နေရိဟှာ မေလခိရဲ့သား၊ မေလခိဟှာ အဒ္ဒိရဲ့သား၊ အဒ္ဒိဟှာ ကောသံရဲ့သား၊ ကောသံဟှာ ဧလမောဒံရဲ့သား၊ ဧလမောဒံဟှာ ဧရရဲ့သား၊ 
ဧရဟှာ ယောရှုရဲ့သား၊ ယောရှုဟှာ ဧလျေဇာရဲ့သား၊ ဧလျေဇာဟှာ ယောရိမ်ရဲ့သား၊ ယောရိမ်ဟှာ မဿတ်ရဲ့သား၊ မဿတ်ဟှာ လေဝိရဲ့သား၊ 
လေဝိဟှာ ရှိမောင်ရဲ့သား၊ ရှိမောင်ဟှာ ယုဒရဲ့သား၊ ယုဒဟှာ ယောသပ်ရဲ့သား၊ ယောသပ်ဟှာ ယောနန်ရဲ့သား၊ ယောနန်ဟှာ ဧလျာကိမ်ရဲ့သား၊ 
ဧလျာကိမ်ဟှာ မေလေရဲ့သား၊ မေလေဟှာ မဲနန်ရဲ့သား၊ မဲနန်ဟှာ မတ္တသရဲ့သား၊ မတ္တသဟှာ နာသန်ရဲ့သား၊ နာသန်ဟှာ ဒါဝိဒ်ရဲ့သား၊ 
ဒါဝိဒ်ဟှာ ယေရှဲရဲ့သား၊ ယေရှဲဟှာ ဩဗက်ရဲ့သား၊ ဩဗက်ဟှာ ဗောဇရဲ့သား၊ ဗောဇဟှာ စာလမုန်ရဲ့သား၊ စာလမုန်ဟှာ နာရှုန်ရဲ့သား၊ 
နာရှုန်ဟှာ အမိနဒပ်ရဲ့သား၊ အမိနဒပ်ဟှာ အဒ်မိန်ရဲ့သား၊ အဒ်မိန်ဟှာ အာရံနိရဲ့သား၊ အာရံနိဟှာ ဟေဇရုံရဲ့သား၊ ဟေဇရုံဟှာ ဖာရက်ရဲ့သား၊ ဖာရက်ဟှာ ယုဒရဲ့သား၊ 
ယုဒဟှာ ယာကုပ်ရဲ့သား၊ ယာကုပ်ဟှာ ဣဇာက်ရဲ့သား၊ ဣဇာက်ဟှာ အာဗြဟံရဲ့သား၊ အာဗြဟံဟှာ တေရရဲ့သား၊ တေရဟှာ နာခေါ်ရဲ့သား၊ 
နာခေါ်ဟှာ စေရောက်ရဲ့သား၊ စေရောက်ဟှာ ရာဂေါရဲ့သား၊ ရာဂေါဟှာ ဖာလက်ရဲ့သား၊ ဖာလက်ဟှာ ဟေဗာရဲ့သား၊ ဟေဗာဟှာ ရှာလရဲ့သား၊ 
ရှာလဟှာ ကာဣနန်ရဲ့သား၊ ကာဣနန်ဟှာ အာဖာဇဒ်ရဲ့သား၊ အာဖာဇဒ်ဟှာ ရှေမရဲ့သား၊ ရှေမဟှာ နောဧရဲ့သား၊ နောဧဟှာ လာမက်ရဲ့သား၊ 
လာမက်ဟှာ မသုရှလရဲ့သား၊ မသုရှလဟှာ ဧနောက်ရဲ့သား၊ ဧနောက်ဟှာ ယာရက်ရဲ့သား၊ ယာရက်ဟှာ မဟာလေလရဲ့သား၊ မဟာလေလဟှာ ကာဣနန်ရဲ့သား၊ 
ကာဣနန်ဟှာ ဧနုတ်ရဲ့သား၊ ဧနုတ်ဟှာ ရှေသရဲ့သား၊ ရှေသဟှာ အာဒံရဲ့သား၊ အာဒံဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ်။ 
