﻿မာကု ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်း.
1.
ဘုရားသခင်ရဲ့ သားတော် ယေရှုခရစ်တော်ကြောန်း ဒန်းကောန်းဟှာ အယ်မျိုးဖြစ်ဟှယ်။ 
ပရောဖက်ဟေရှာယ ရေးဟှားဟှူဇာဟှ၊ “ဘုရားသခင်ဟှ ပြောဟှားဟှယ်၊ ‘ငါဟှာ နန့်ရဲ့လမ်းဟှို ပြင်ဆင်ဟှို့တွပ် ငါ့ရဲ့တမန်ဟှို နန့်ရှေ့မာ စေလွှတ်မယ်။’ 
တောကန္တာရထဲမာ ယော့‑က်ယော့‑က်ဟှ အော်ပြောနေဇာဟှ ‘ဘုရားသခင်ရဲ့ လမ်းဟှို ပြင်ဆင်ဟှားဂေ့! အယ်သခင်တွပ် ဖြောန့်တန်းဟှူလမ်းဟှို လောက်ဟှားဂေ့!’ ” 
ယောဟန်ဟှာ ပေါ်လာဘီး၊ တောကန္တာရမာ ဟောပြောဘီးန ဗတ္တိဇံပေးနေဟှယ်။ “နောန်ဒရဘီး ဗတ္တိဇံခံဂေ့။ အယ်ဆိုဟှာ ဘုရားသခင်ဟှ နန်းနို့ရဲ့ ပြစ်လေဟှို ခွမ့်လွှတ်လေ့မယ်” ဆိုဘီး ကြေညာဟှယ်။ 
ယုဒပြည်ဟှ လူလေန ယေရုရှလင်ဗြို့ရဲ့လူလေ ဂူလောင်းဟှာ ယောဟန်နားဟှို ရော့‑က်လာဂေ့ဘီး သူးနို့ရဲ့ ပြစ်လေဟှို ဝန်ခံဂေ့ဟှူကြောန့် ယော်ဒန်မ္လစ်မာ ယောဟန်အားဖြင့် ဗတ္တိဇံခံဂေ့ဟှယ်။ 
ယောဟန်ဟှာ ကုလားအုတ်ရဲ့ မွီးန လောက်ဟှားဟှူဝတ်န သားရေခါးဗတ်ဟှို ခါးမာပတ်ဟှားဘီး ကျိုင်းကောန်န တောပျားရယ်ဟှို စားလေဟှယ်။ 
သူဟှာ လူလေဟှို ကြေညာဇာဟှ “ငါ့ထတ် ပိုဘီး ကီးမြတ်ဟှူလူဟှာ ငါ့နော့‑က်ဟှ ကြွလာလေ့မယ်။ ငါဟှာ ငေါက်ဘီးဟှာ သူ့ရဲ့ ခေနပ်ကြိုးဟှို ဖြေဟှို့ဟှိုမှ ထိုက်ဟှ။ 
ငါဟှ နန်းနို့လေဟှို ရေန ဗတ္တိဇံပေးဟှယ်။ အယ်ဘေမဲ့ သူဟှ နန်းနို့ဟှို သန့်ရှင်းဟှူဝိညာဉ်တော်န ဗတ္တိဇံပေးလေ့မယ်။” 
အယ်ခီမာ ယေရှုဟှ ဂါလိလဲပြည် နာဇရက်ဗြို့ဟှ လာဘီးဟှာ ယော်ဒန်မ္လစ်မာ ယောဟန်အားဖြင့် ဗတ္တိဇံခံလေဟှယ်။ 
ယေရှုဟှာ ရေထဲဟှထလိုက်ဟှူန ကောန်းဂန်ဘောင် ပွမ့်ဟှားဘီး ဝိညာဉ်တော်ဟှ ချိုးငှတ်မျိုး ကိုယ်တော်ထတ်ဟှို ဆင်းလာနေဇာဟှို ဗြင်လေဟှယ်။ 
“နန်ဟှာ ငါနှစ်သက်မြတ်နိုးဟှူ ငါ့ရဲ့ ရှစ်ရဟှူသား ဖြစ်ဟှယ်” ဆိုဘီး ကောန်းဂန်ဟှနေ သံတော်ထွပ်ပေါ်လာဟှယ်။ 
ဝိညာဉ်တော်ဟှ ကိုယ်တော့်ဟှို တောကန္တာရထဲဟှို ရှစ်ရှင်းပို့ဆောန်ဘီး 
ကိုယ်တော်ဟှာ တောကန္တာရထဲမာ ရစ်လေးဆယ် လောင်းလောင်း နေဘီး စာတန်ရဲ့ စောင်ဇမ်းသွီးဆောန်ရှင်းဟှို ခံတော်မူဟှယ်။ ကိုယ်တော်ဟှာ သားရဲလေနတူးဒူ ရှိတော်မူဘီး ကောန်းဂန်တမန်လေဟှာ ကိုယ်တော့်ဟှို လောက်ကျွေးဂေ့ဟှယ်။ 
ယောဟန် ထောန်ခ္လခံရဘီးန ယေရှုဟှာ ဂါလိလဲပြည်ဟှို သွားဘီး ဘုရားသခင်ရဲ့ ဒန်းကောန်းဟှို ကြေညာလေဟှယ်။ 
“ခီပ္လဲ့ဇောင်ဟှားဘီ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ! နောန်ဒရဘီးဟှာ ဒန်းကောန်းဟှို ယောင်ကြည်ဂေ့ပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
ယေရှုဟှ ဂါလိလဲအိုင်ဘေးမာ ရှော့‑က်သွားနေဒူးမာ ငါးဖမ်းမားလေဖြစ်ဟှူ ရှိမုန်န သူ့ညီ အန္ဒြေလေဟှာ အိုင်ထဲမာ ပိုက်ကွန်ပစ်နေဇာဟှို ဗြင်လေဟှယ်။ 
ယေရှုဟှ “ငါ့နော့‑က်လိုက်ဂေ့။ နန်းနို့လေဟှို လူလေဟှိုဖမ်းဟှူ ငါးဖမ်းမားဖြစ်စေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
သူးနို့လေဟှ ရှစ်ရှင်းဘဲ ပိုက်လေဟှို ထားရစ်ဘီးန နော့‑က်ဟှို လိုက်ဂေ့ဟှယ်။ 
ကိုယ်တော်ဟှာ နဲနဲဆစ်ဘီးသွားဟှူ ခီမာ ဇေဗေဒဲရဲ့သား ယာကုပ်န သူ့ညီယောဟန်ဟှို ဗြင်ဟှားဟှယ်။ သူးနို့ဟှာ လှေထဲမာ ပိုက်ကွန်လေ ဖာနေဂေ့ဟှယ်။ 
ယေရှုဟှ သူးနို့လေဟှို ရှစ်ရှင်းခေါ်လိုက်ဟှယ်။ သူးနို့လေဟှာ သူးနို့ဖ ဇေဗေဒဲဟှို လူငှားလေနတူးဒူ လှေထတ်မာ ထားရစ်ဘီးဟှာ ယေရှုနော့‑က်ဟှို လိုက်ဟှားဂေ့ဟှယ်။ 
ယေရှုန တဗဲ့တော်လေဟှာ ကပေရနောင်ဗြို့ဟှို ဝမ်ဂေ့ဘီး ဒန်းနေ့မာ ယေရှုဟှာ ဝါလယ်ဇရပ်ထဲဟှို ဝမ်ဟှားဘီးဟှာ စဘီးသွန်သန်လေဟှယ်။ 
လူလေဟှာ ကိုယ်တော်ရဲ့ သွန်သန်ဇာဟှို အံ့ဩဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သူးနို့ဟှို ကျမ်းတတ်ဆရာလေမျိုး မှုဘဲ့န ခွမ့်အာဏာရှိဟှူသူမျိုး သွန်သန်ဟှူကြောန့် ဖြစ်ဟှယ်။ 
အယ်ခီမာဘဲ့ ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူ လူတယော့‑က်ဟှာ ဝါလယ်ဇရပ်ထဲဟှို ဝမ်လာဘီးဟှာ အော်နေဇာဟှ 
“နာဇရက်ဗြို့သား ယေရှု၊ ကိုယ်တော်ဟှ ကျွန်တော့်လေန ဖြားဆိုင်ဟှယ်နူး။ ကျွန်တော့်လေဟှို ဖျစ်ဆီးဟှို့တွပ် ရော့‑က်လာဇာလော။ ကိုယ်တော်ဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာ ကျွန်တော်သိဟှယ်။ ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူသူ ဖြစ်ဟှယ်!” 
ယေရှုဟှာ အယ်နတ်ဟှို “တိတိဟှားနေဘီး အယ်လူထဲဟှ ထွပ်ဟှားဂေ့!” ဆိုဘီး ဆောင်းမလေဟှယ်။ 
ညစ်ညူးဟှူနတ်ဟှ အယ်လူဟှို ရရာတိုင်း တတ်စေဘီး သံက္လယ်ဂီး အော်ဘီးဟှာ ထွပ်ဟှားလေဟှယ်။ 
လူလေ ဂူလောင်းဟှ အံ့ဩဟှားဂေ့ဘီး “အယ်ဇာဟှ ဖယ်မျိုးနူး။ အယ်ဇာဟှ သွန်သန်မှု သစ်တမျိုးလော။ အယ်လူဟှာ ညစ်ညူးဟှူနတ်လေဟှို ခွမ့်အာဏာန မိန့်ပေးလိုက်ဇာ သူးနို့ဟှာ နာခံဂေ့ဟှယ်!” ဆိုဘီး ရှင်းရှင်း မေးနေဂေ့ဟှယ်။ 
အယ်ကြောန့် ယေရှုရဲ့ ဒန်းဟှာ ဂါလိလဲပြည် တခုလောင်းဟှို ရှစ်ရှင်း ပ္လန့်နှံ့ဟှားလေဟှယ်။ 
ယေရှုန တဗဲ့တော်လေဟှာ ဝါလယ်ဇရပ်ဟှနေ ထွပ်ဟှားဘီး ရှစ်ရှင်းဘဲ့၊ ယာကုပ်၊ ယောဟန်နတူးဒူး ရှိမုန်န အန္ဒြေရဲ့အီဟှို သွားဂေ့ဟှယ်။ 
ရှိမုန်ရဲ့ ယောက္ခမဟှာ ဖျားနာဘီး အိယာထတ်မာ လှဲနေကြောန်းဟှို ယေရှုဟှို ရှစ်ရှင်း တောန်းလျှော့က်လေဟှယ်။ 
အယ်ကြောန့် ကိုယ်တော်ဟှာ အယ်မီးမနားဟှို သွားဘီးဟှာ သူ့ရဲ့လတ်ဟှို ကိုင်ဘီး ဆွဲဒန်လိုက်ဟှယ်။ သူဟှာ ဖျားနာပျော့‑က်ဟှားကြောန့် သူးနို့ဟှို ဧည့်ဝတ်ပြုလေဟှယ်။ 
နေဝမ်ဟှားဘီး ညဉ့်ခန်းဇာရော့‑က်ဟှားခီမာ လူလေဟှာ ဖျားနာသူလေန နတ်ဆိုးဝမ်ပူးသူလေ ဂူလောင်းဟှို ယေရှုနားဟှို ခေါ်လာဂေ့ဟှယ်။ 
တဗြို့လောင်းဟှာ ခွဗော့‑က်ဝမာ စုဝီးလာဂေ့ဟှယ်။ 
ယေရှုဟှာ ရောဂါဘောန်းဇောင်ရှိဟှူ လူလေဘောင်ဂီးဟှို ကျန်းမာစေဘီး နတ်ဆိုးဘောင်ဂီးဟှို နှန်ထုဟှယ်။ နတ်ဆိုးလေဟှ ကိုယ်တော့်ဟှို သိဂေ့ဟှူကြောန့် သူးနို့ဟှို စကားပြောခွမ့်ပေးဟှ။ 
မိုးလန်းခန် စောစောဂီးမာ ယေရှုဟှ အိယာဟှထဘီးဟှာ အီဟှထွပ်ဟှားဟှယ်။ ကိုယ်တော်ဟှာ ဗြို့ထဲဟှနေ လူမှေ့သူမှေ့ဘဲဟှူ နေရာဟှို ထွပ်ဟှားဘီးဟှာ ဆုတောန်းလေဟှယ်။ 
ရှိမုန်န သူ့ရဲ့ ပေါန်းဖော်လေဟှာ ကိုယ်တော့်ဟှို လိုက်ရှာဂေ့ဘီး 
ကိုယ်တော့်ဟှို တွိဂေ့ဟှူ ခီမာ “လူတိုင်းဟှာ ကိုယ်တော့်ဟှို လိုက်ရှာနေဂေ့ဟှယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။ 
ယေရှုဟှ “နို့လေဟှာ နီးနားမာရှိဟှူ တခြား ဗြို့ဝါလေဟှို သွားရမယ်။ ငါဟှ သူးနို့ဟှိုလည်း ဟောပြောရအူးမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ အယ်တွပ်ဘဲ့ကြွလာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
အယ်ကြောန့် ကိုယ်တော်ဟှာ ဂါလိလဲပြည် တပြည်လောင်းဟှို ကြွတော်မူဘီး ဝါလယ်ဇရပ်လေမာ ဟောပြောဘီးဟှာ နတ်ဆိုးလေဟှို နှန်ထုလေဟှယ်။ 
နူနာသယ် တယော့‑က်ဟှာ ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ ဒူးထော့‑က်ဘီးဟှာ “ကိုယ်တော်လိုရှိဟှယ် ဆိုဟှာ ကျွန်တော့်ဟှို သန့်ရှင်းပေးပါ” ဆိုဘီး တောန်းဗန်လေဟှယ်။ 
ယေရှုဟှာ သနား တော်မူဟှားဘီး လတ်တော်ဟှို ဆန့်ဘီးဟှာ အယ်လူဟှို ထိလိုက်ဟှယ်။ “ငါလိုရှိဟှယ်။ သန့်ရှင်းစေ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့‑က်ဟှားဘီး သူဟှာ သန့်ရှင်းဟှားလေဟှယ်။ 
ယေရှုဟှာ သူ့ဟှို ရှစ်ရှင်းလွှတ်လိုက်ဘီး 
“နန်ဟှာ အယ်မူဇာဟှို ဖယ်သူ့ဟှိုလည်း ပြောန။ အယ်ဘေမဲ့ ယဇ်ပုရောဟိတ်နားဟှို သွားဘီး ကိုယ်ဟှိုပြလိုက်ပါ။ စင်ကြယ်ကြောန်းဟှု လူလေရှေ့မာ သတ်သေဖြစ်ဟှို့တွပ် မောရှေ ပညတ်ဟှားဟှူတိုင်း ပူဇော်သကာဟှို ဆစ်သပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
အယ်ဘေမဲ့ အယ်လူဟှ ထွပ်ဟှားဘီး အယ်ဒန်းဟှို အားရပါးရ ဟောပြောဘီး ပ္လံ့နှံ့စေလေဟှယ်။ အယ်ကြောန့် ယေရှုဟှ ဗြို့ထဲဟှို ထန်းထန်ရှားရှားဟှား ဝမ်နိုင်ဘဲန လူမှေ့သူမှေ့ဘဲဟှူ ဗြို့ပ္လန်နေရာမာဘဲ့ နေရဟှယ်။ အယ်ဘေမဲ့ နေရာတိုင်းဟှနေ လူလေဟှ ကိုယ်တော်နားဟှို ရော့‑က်လာဂေ့ဟှယ်။ 
