﻿မဿဲ.
25.
“အယ်မူခီမာ ကောန်းဂန်နိုင်ငံတော်ဟှာ ဒို့သားဟှို ကြိုဟှို့တွပ် သူးနို့ရဲ့ မီးခွပ်လေယူဘီး ထွပ်ဟှားဟှူ ဒို့သမီးဆယ်ယော့‑က်န တူလေဟှယ်။ 
သူးနို့ထဲဟှ ငါးယော့‑က်ဟှာ မိုက်မဲဟှူသူလေဖြစ်ဘီး ငါးယော့‑က်ဟှာ ပညာရှိလေဖြစ်ဂေ့ဟှယ်။ 
မိုက်မဲဟှူသူလေဟှာ မီးခွပ်လေဟှိုဘဲ့ယူဘီး ဆီဟှို ယူဂေ့ဟှ။ 
ပညာရှိဟှူသူလေဟှာ မီးခွပ်လေနတူးဒူ ဆီဟှိုလည်း ယူဂေ့ဟှယ်။ 
ဒို့သားဟှာ လာသေးဘဲနနေဟှူကြောန့် သူးနို့လေဂူလောင်းဟှာ အိငိုက်လာဘီး အိမွိဟှားလေ့ဟှယ်။ 
“ညဉ့်နတ်သန်းဂေါန်မာ ‘ဒို့သားရော့‑က်လာဘီ! ကြိုဟှို့ထွပ်လာဂေ့ပါ!’ ဆိုဘီး အော်သံထွပ်ပေါ်လာလေဟှယ်။ 
အယ်ခီမာ ဒို့သမီးလေဟှာ ထဘီးဟှာ သူးနို့လေရဲ့ မီးခွပ်လေဟှို ပြင်ဆင်ဂေ့ဟှယ်။ 
မိုက်မဲဟှူသူလေဟှ ‘နို့လေရဲ့မီးခွပ် မီးသေဟှမယ်။ အယ်ကြောန့် နန်းနို့ရဲ့ ဆီဟှို နဲနဲပေးပါ’ ဆိုဘီး ပညာရှိဟှူ သူလေဟှို တောန်းဂေ့ဟှယ်။ 
ပညာရှိဟှူ သူလေဟှ ‘အယ်မျိုးလောက်မယ် ဆိုဟှာ နန်းနို့န နို့လေတွပ် ဆီလော့‑က်ဟှို့ မှုဟှ။ အယ်ကြောန့် ဆီရောန်းမားနားဟှို သွားဘီး ဝယ်ဂေ့ပါ’ ဆိုဘီး ပ္လန်ပြောလေဟှယ်။ 
မိုက်မဲဟှူသူလေဟှာ ဆီဝယ်သွားနေဒူးမာ ဒို့သားဟှာ ရော့‑က်လာဟှယ်။ ဆင်သင့်ရှိနေဟှူ ဒို့သမီးလေဟှာ ဒို့သားနတူးဒူ အီတတ်ဗွဲဟှို ဝမ်ဘီးဟှာ ခွဗော့‑က်ဟှို ပိဟှားလိုက်ဟှယ်။” 
“မိုက်မဲဟှူ ဒို့သမီးလေလည်း ရော့‑က်လာဘီးဟှာ ‘သခင်၊ သခင်! ကျွန်မဟှားလေဟှို ခွဗော့‑က်ဖွမ့်ပေးပါ!’ ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။ 
အယ်ဘေမဲ့ ဒို့သားဟှ ‘နန်းနို့လေဟှို ငါမှန်ပြောမယ်၊ နန်းနို့လေဟှို ငါသိဟှ!’ ဆိုဘီး ပ္လန်ပြောဟှယ်။” 
“အယ်ကြောန့် နန်းနို့လေလည်း အယ်နေ့အယ်ခီဟှို သိဘဲဟှူကြောန့် ဒိနစောန့်နေဂေ့ပါ။” 
“ကောန်းဂန်နိုင်ငံတော်ဟှာ ခရီးထွပ်ဟှို့ လူတယော့‑က်ဟှ သူ့စေခံလေဟှို ခေါ်ဘီးဟှာ သူ့ရဲ့ ပစ်စီးအောက်စာလေဟှို အပ်ပေးရစ်ဟှူ သူနတူလေဟှယ်။ 
အယ်သူဟှာ တယော့‑က်ဟှို ရွှေဒန်းဂါး ၅,၀၀၀၊ တယော့‑က်ဟှို ရွှေဒန်းဂါး ၂,၀၀၀၊ တယော့‑က်ဟှို ရွှေဒန်းဂါး ၁,၀၀၀ ဟှို ရည်ချင်းရှိဟှူတိုင်း အပ်ပေးလေဟှယ်။ 
ရွှေဒန်းဂါး ၅,၀၀၀ ဟှို ရဟှူသူဟှ ပ္လန်ဘီးရင်းနှီးလောက်ဟှူကြောန့် နော့‑က်ထပ် ရွှေဒန်းဂါး ၅,၀၀၀ ဟှို မ္လတ်ရလေဟှယ်။ 
အယ်မျိုးဘဲ့ ရွှေဒန်းဂါး ၂,၀၀၀ ဟှို ရဟှူသူဟှလည်း ပ္လန်ရင်းနှီးလောက်ဟှူကြောန့် ရွှေဒန်းဂါး ၂,၀၀၀ ဟှို မ္လတ်ပ္လန်ရလေဟှယ်။ 
အယ်ဘေမဲ့ ရွှေဒန်းဂါး ၁,၀၀၀ ဟှို ရဟှူသူဟှ သူ့သခင်ရဲ့ ကပ်လေဟှို တွမ်းတူးဘီးဟှာ မ္လေထဲမာ မ္လောက်ဟှားလေဟှယ်။” 
“နှစ်ကာလကြာဘီးန အယ်စေခံလေရဲ့ သခင်ဟှာ ပ္လန်လာဘီး သူးနို့လေန စာရင်းရှင်းလေဟှယ်။ 
ရွှေဒန်းဂါး ၅,၀၀၀ ဟှို ရဟှူသူဟှ မ္လတ်ရဟှူ ရွှေဒန်းဂါး ၅,၀၀၀ ဟှိုလည်း ယူလာဟှယ်။ သူဟှ ‘သခင်၊ ကိုယ်တော်ဟှာ ကျွန်တော်ဟှို ရွှေဒန်းဂါး ၅,၀၀၀ ဟှို အပ်ပေးဟှားပါဟှယ်။ ကေ့ကေ့ပါ! နော့‑က်ထပ် ရွှေဒန်းဂါး ၅,၀၀၀ ဟှိုလည်း မ္လတ်ရပါဟှယ်’ ဆိုဘီး လျှော့‑က်လေဟှယ်။ 
သူ့ရဲ့ သခင်ဟှ ‘ကောန်းလေဟှယ်။ နန်ဟှာ သစ်စာရှိဟှူ စေခံကောန်း! နန်ဟှာ သေးငယ်ဟှူ မှုမာ သစ်စာရှိလေဟှယ်။ အယ်ကြောန့် ကီးမားဟှူ မှုလေဟှိုလည်း နန့်ဟှို ငါအပ်ပေးအူးမယ်။ နန့်ရဲ့ သခင်နတူးဒူ စည်းဇိမ်ဟှို ဝမ်ဇားပါ!’ ဆိုဘီး ပြောလေဟှယ်။ 
ရွှေဒန်းဂါး ၂,၀၀၀ ဟှို ရဟှူ သူဟှလည်း လာဘီးဟှာ ‘သခင်၊ ကိုယ်တော်ဟှာ ရွှေဒန်းဂါး ၂,၀၀၀ ဟှို ကျွန်တော်ဟှို အပ်ပေးဟှားပါဟှယ်။ ကေ့ကေ့ပါ! နော့‑က်ထပ် ရွှေဒန်းဂါး ၂,၀၀၀ ဟှိုလည်း မ္လတ်ရပါဟှယ်’ ဆိုဘီး လျှော့‑က်လေဟှယ်။ 
သခင်ဟှ ‘ကောန်းလေဟှယ်။ သစ်စာရှိဟှူ စေခံကောန်း! နန်ဟှာ သေးငယ်ဟှူမှုမာ သစ်စာရှိလေဟှယ်။ အယ်ကြောန့် ကီးမားဟှူ မှုလေဟှိုလည်း နန့်ဟှို ငါအပ်ပေးအူးမယ်။ နန့်ရဲ့ သခင်နတူးဒူ စည်းဇိမ်ဟှို ဝမ်ဇားပါ!’ ဆိုဘီး မိန့်တော်မူလေဟှယ်။ 
အယ်ဘီးန ရွှေဒန်းဂါး ၁,၀၀၀ ဟှို ရဟှူသူဟှလည်း လာဘီးဟှာ ‘သခင်၊ သခင်ဟှာ ခက်ထန်ဟှူ သူဖြစ်ဘီး ကိုယ်စိုက်ဘဲဟှူ နေရာမာ ရိသီးဘီး ကိုယ်ကြဲဘဲဟှူ နေရာမာ စုသီးတတ်ဟှူဇာဟှို ကျွန်တော်သိဟှယ်။ 
ကျွန်တော်ဟှာ ကြော့‑က်ဟှူကြောန့် သွားဘီး သခင့်ရဲ့ ကပ်ဟှို မ္လေထဲမာ မ္လောက်ဟှားပါဟှယ်။ ကေ့ကေ့ပါ! ခု သခင်ရဲ့ အောက်စာရှိပါဟှယ်’ ဆိုဘီး လျှော့‑က်လေဟှယ်။ 
သခင်ဟှ ‘ပျင်းရိဆိုးယောက်ဟှူ စေခံ! ငါဟှာ စိုက်ဘဲဟှူ နေရာမာ ရိသီးတတ်ဘီး ကြဲဘဲဟှူ နေရာမာ စုသီးတတ်ဟှယ် ဆိုဇာဟှို နန်သိဟှယ် မှုဟှလော။ 
အယ်ဆိုဟှာ နန်ဟှာ ငါ့ကပ်ဟှို ပွဲဇားလတ်မာ အပ်ဟှားသင့်ဟှယ်။ အယ်မျိုးမှဘဲ့ ငါပ္လန်လာဟှူ ခီမာ ငါ့ကပ်ဟှို တိုးန ရလေ့မယ်။ 
အယ်ကြောန့် သူ့နားဟှ ရွှေဒန်းဂါး ၁,၀၀၀ ဟှို ယူဘီးဟှာ ရွှေဒန်းဂါး ၁၀,၀၀၀ ရှိဟှူလူဟှို ပေးဂေ့။ 
ရှိဟှူလူဟှို ထပ်ပေးဘီး သူ့ဟှို ကြွယ်ဝစေလေ့မယ်။ မှေ့ဘဲဟှူ လူနားဟှ ရှိဟှူမျှဟှို နှုလေ့မယ်။ 
သောင်းက္လဘဲဟှူ အယ်စေခံဟှို ပ္လန်ရပ် မှောန်မိုက်ထဲဟှို ပစ်ခ္လဂေ့။ အယ်နေရာမာ သူဟှာ အံသွားခဲက္လိဘီး ငိုကြွေးနေရလေ့မယ်’ ဆိုဘီး ပြောလေဟှယ်။” 
“လူ့ရဲ့သားဟှာ ကောန်းဂန်တမန်လေနတူးဒူ မန်းဂီးဖြစ်န ကြွလာခီမာ သူဟှာ ဖောင်းသရေတော်ရှိဟှူ ပလ္လင်တော်ထတ်မာ ထိုင်တော်မူဘီး 
လူမျိုးလေ ဂူလောင်းဟှို ရှေ့တော်မာ စုဝီးစေလေ့မယ်။ အယ်ဘီးမှ သိုးထီးမားဟှ သိုးနဘဲ့ဟှို ခွဲဟှားမျိုးဘဲ့ လူ့ရဲ့သားဟှလည်း လူလေဟှို နှေ့စုခွဲလေ့မယ်။ 
သိုးလေဟှို ညာဖတ်မာ ထားဘီး ဘဲ့လေဟှို ဘယ်ဖတ်မာ ထားလေ့မယ်။ 
အယ်ဘီးန မန်းဂီးဟှ ညာဖတ်ဟှ လူလေဟှို ‘ငါ့ဖအားဖြင့် ကောန်းဂျီးခံရဟှူ သူလေ! ကမ္ဘာတည်ဂဒဲဟှ နန်းနို့လေတွပ် ပြင်ဆင်ဟှားဟှူ နိုင်ငံတော်ဟှို လာဘီး မွီယူဂေ့ပါ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဗိုက်ဆာဟှူ ခီမာ နန်းနို့လေဟှာ ငါ့ဟှို စားဇာပေးဂေ့လေဟှယ်။ ငါရေငတ်ဟှူ ခီမာ နန်းနို့လေဟှာ သော့‑က်ဇာပေးလေဟှယ်။ ငါဟှာ ဧည့်သယ်ဖြစ်ဟှူ ခီမာ နန်းနို့လေဟှာ ငါ့ဟှို နန်းနို့ရဲ့ အီလေမာ လတ်ခံဂေ့ဘီး၊ 
ငါဟှာ ခ္လေးပ္လန်းဗ္လန်းဖြစ်နေဟှူ ခီမာ နန်းနို့လေဟှာ ဝတ်ဇာဟှို ပေးလေဟှယ်။ ငါဟှာ ဖျားနေဟှူ ခီမာ နန်းနို့လေဟှာ ပြုစုဂေ့ဟှယ်။ ငါဟှာ ထောန်က္လနေဟှူ ခီမာ နန်းနို့လေဟှာ ငါ့နားဟှို လာဂေ့ဟှယ်’ ဆိုဘီး မိန့်တော်မူလေ့မယ်။ 
ဖြောန့်မတ်ဟှူသူလေဟှ ‘သခင်၊ ကျွန်တော်ဟှားလေဟှ ဖယ်ခီဒူးဟှ ကိုယ်တော် ဗိုက်ဆာနေဇာဟှို ဗြင်ဘီး ကျွေးမွေးပါဟှယ်နူး၊ ရေငတ်နေဇာဟှို ဗြင်ဘီး သော့‑က်ဟှူဇာဟှို ပေးဟှားပါဟှယ်နူး၊ 
ကိုယ်တော်ဟှာ ဧည့်သယ်ဖြစ်တော်မူဟှယ် ဆိုဇာဟှို ကျွန်တော်ဟှားလေဗြင်ဘီး ကျွန်တော်ဟှားလေရဲ့ အီမာ ဖယ်ခီဒူးဟှ လတ်ခံဟှားဟှယ်နူး။ ကိုယ်တော်ဟှာ ခ္လေးပ္လန်းဗ္လန်းန နေတော်မူဟှယ် ဆိုဇာဟှို ကျွန်တော်ဟှားလေဗြင်ဘီး ဖယ်ခီဒူးဟှ ဝတ်ဟှူဇာလေ ပေးဟှားဟှယ်နူး၊ 
ကိုယ်တော် ဖျားနာတော်မူဇာလေ၊ ထောန်က္လနေဇာလေဟှို ကျွန်တော်ဟှားလေဗြင်ဘီး ဖယ်ခီဒူးဟှ ကိုယ်တော်နားဟှို ရော့‑က်လာပါဟှယ်နူး’ ဆိုဘီး ပ္လန်လျှော့‑က်ဂေ့လေ့မယ်။ 
မန်းဂီးဟှ ‘ငါ မှန်ပြောမယ်၊ အယ်မူ ငါ့ညီကို မောန်နှမလေထဲဟှ ငယ်ဆောင်းသူ တယော့‑က်ဟှို နန်းနို့ပြုစုဇာလေဟှာ ငါ့ဟှို ပြုစုဟှူဇာဘဲ့!’ ဆိုဘီး ပ္လန်မိန့်တော်မူလေ့မယ်။” 
“အယ်ဘီးမှ ဘယ်ဖတ်ဟှ သူလေဟှို မန်းဂီးဟှ ‘ကီဆဲခံရဟှူသူလေ၊ ငါ့နားဟှ ထွပ်ဟှားဂေ့! မာရ်နတ်န သူ့ရဲ့ တမန်လေတွပ် ပြင်ဆင်ဟှားဟှူ ထာဝရ ငရဲမီးအိုင်ထဲဟှို သွားဂေ့! 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဗိုက်ဆာဟှူ ခီမာ နန်းနို့လေ ငါ့ဟှို ကျွေးဂေ့ဟှ။ ငါဟှာ ရေငတ်ဟှူ ခီမာ နန်းနို့လေ ငါ့ဟှို သော့‑က်ဟှူ ဇာပေးဂေ့ဟှ။ 
ငါဟှာ ဧည့်သယ်ဖြစ်နေဟှူ ခီမာ နန်းနို့လေရဲ့ အီလေမာ ငါ့ဟှို လတ်ခံဂေ့ဟှ။ ငါဟှာ ခ္လေးပ္လန်းဗ္လန်းဖြစ်နေဟှူ ခီမာ နန်းနို့လေဟှာ ငါ့ဟှို ဝတ်စားပေးဂေ့ဟှ။ ငါဟှာ ဖျားနာနေဘီး ထောန်က္လနေဘေမဲ့လည်း နန်းနို့လေဟှာ ငါ့နားဟှို လာဂေ့ဟှ’ ဆိုဘီး မိန့်တော်မူလေ့မယ်။ 
အယ်သူလေဟှ ‘သခင်၊ ကျွန်တော့်ဟှားလေဟှ ဖယ်ခီဒူးဟှ ကိုယ်တော် ဗိုက်ဆာတော်မူဇာလေ၊ ရေငတ်တော်မူဇာလေ၊ ဧည့်သယ်ဖြစ်တော်မူဇာလေ၊ ခ္လေးပ္လန်းဗ္လန်းနေတော်မူဇာလေ၊ ဖျားနာတော်မူဇာလေ၊ ထောန်က္လနေဇာလေဟှို ဗြင်ဘီး လောက်ကျွေးပြုစုဘဲန နေပါဟှယ်နူး’ ဆိုဘီး ပ္လန်လျှော့‑က်ဂေ့လေ့မယ်။ 
မန်းဂီးဟှ ‘ငါ မှန်ပြောမယ်။ နန်းနို့လေဟှာ အယ်သူလေထဲမာ အငယ်ဆောင်းသူ တယော့‑က်ဟှို ပြုစုဘဲနနေဇာဟှာ ငါ့ဟှို ပြုစုဘဲနနေဇာ ဖြစ်ဟှယ်’ ဆိုဘီး မိန့်တော်မူလေ့မယ်။ 
အယ်ကြောန့် သူးနို့လေဟှာ ထာဝရ ပြစ်ဒန်ခံရာဟှို သွားဂေ့လေ့မယ်။ အယ်ဘေမဲ့ ဖြောန့်မတ်ဟှူ သူလေဟှာ ထာဝရ သတ်ရှင်ရာဟှို သွားဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
