﻿မဿဲ.
24.
ယေရှုဟှာ ဗိမာန်တော်ဟှနေ ထွပ်လာဟှူ ခီမာ တဗဲ့တော်လေဟှ ဗိမာန်တော်ရဲ့ ဆော့‑က်ဦးလေဟှို ပြဟှို့တွပ် ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ 
ကိုယ်တော်ဟှ “အယ်ဆော့‑က်ဦးလေဟှို နန်းနို့လေ ဗြင်ဂေ့ဟှယ် မှုဟှလော။ ငါ မှန်ပြောမယ်။ အယ်နေရာမာ ဖြိုခ္လဇာခံရဘဲန တခြားက္လော့‑က်ထတ်မာ ကျန်ရစ်ဟှူ က္လော့‑က်တလောင်းလည်းမှေ့အောန် က္လော့‑က်လေ ဂူလောင်းဟှို ဖြိုခ္လလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
ယေရှုဟှာ သံလွင်တောန်ထတ်မာ ထိုင်နေဟှူခီ တဗဲ့တော်လေဟှာ တခြားလူလေပါဘဲန ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ သူးနို့ဟှ “အယ်မူဇာလေဟှာ ဖယ်ခီမာ ဖြစ်မယ်နူး၊ ကိုယ်တော်ကြွလာဟှူခီန ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြားနိမိတ်လေ ဖြစ်ပေါ်လာမယ်နူး၊ ကျွန်တော်ဟှားလေဟှို မိန့်တော်မူပါ” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။ 
ယေရှုဟှ “နန်းနို့လေဟှို ဖယ်သူလည်း လှည့်ဇားဘဲနေအောန် ဒိထားဂေ့ပါ။ 
လူလေဘောင်ဂီးဟှ ‘ငါဟှာ ခရစ်တော်ဖြစ်ဟှယ်!’ ဆိုဘီး ငါ့နာမဟှို သောင်းဘီးဟှာ လူလေဟှို လှည့်ဇားဂေ့လေ့မယ်။ 
နန်းနို့လေဟှာ စစ်ပွဲလေန စစ်တိုက်ဟှူဒန်းလေဟှို ကြားရဂေ့လေ့မယ်။ အယ်ဘေမဲ့ ကြော့‑က်လန့်ဂေ့န။ အယ်မူဇာလေဟှာ ဖြစ်လာရမယ်။ အယ်ဘေမဲ့ ဆောင်းဟှို ရော့‑က်သေးဟှ။ 
လူမျိုးတမျိုးန တမျိုး၊ တနိုင်ငံန တနိုင်ငံ စစ်ဖြစ်ဂေ့လေ့မယ်။ နေရာနှံ့မာ စာရေဇာ ခေါန်းပါးဘီးဟှာ မ္လေငလျင်လှောက် လေ့မယ်။ 
အယ်မူဇာလေ အားလာင်းဟှာ သားမွီးမျိုး ခံစားရဟှူ နာကျင်မှုရဲ့ စဘဲ့ဖြစ်လေဟှယ်။ 
“အယ်ဘီးဟှာ နန်းနို့လေဟှာ ညှဉ်းဆဲခံရဟှို့ အပ်ခံရဂေ့ဘီး သေသတ်ရှင်းဟှို ခံရဂေ့လေ့မယ်။ နန်းနို့လေဟှာ ငါ့နာမကြောန့် လူမျိုးလေ ဂူလောင်းရဲ့ မူးတီးဂေ့ဇာဟှို ခံရလေ့မယ်။ 
အယ်ခီမာ လူဘောင်ဂီးဟှာ သူးနို့ရဲ့ ယောင်ကြည်မှုဟှို စွန့်ပစ်လေ့မယ်။ သူးနို့ဟှာ ယော့‑က်နယော့‑က် မူးတီးဂေ့ဘီး သစ်စာဖော့‑က်ဂေ့လေ့မယ်။ 
ပရောဖက် တုယောန်လေ ဘောင်ဂီး ပေါ်လာဂေ့လေ့မယ်။ အယ်ဘီးဟှာ လူလေဘောင်ဂီးဟှို လှည့်ဇားလေ့မယ်။ 
ဆိုးညစ်မှုလေ များပြားလာဟှိကြောန့် လူလေရဲ့ ရှစ်မြစ်တာဟှာ ခေါန်းဘားဟှားလေ့မယ်။ 
အယ်ဘေမဲ့ ဆောင်းထိ တည်ကြည်ဟှူသူဟှာ ကယ်တန်ရှင်းဟှို ခံရလေ့မယ်။ 
နိုင်ငံတော်ကြောန်း အယ်ဒန်းကောန်းဟှာ လူမျိုးတိုင်းဟှို သတ်သေဖြစ်ဟှို့တွပ် ကမ္ဘာတခုလောင်းမာ ဟောပြောဂေ့လေ့မယ်။ အယ်ဘီးမှ ဆောင်းဟှာ ရော့‑က်လာလေ့မယ်။ 
“အယ်ကြောန့် နန်းနို့လေဟှာ ပရောဖက်ဒံယေလ ပြောဟှားတိုင်းဘဲ့ ‘ဖျစ်ဆီးတတ်ဘီး ရွံဇာကောန်းဟှူဇာ’ ဟှို ဗြင်ရလေ့မယ်။ အယ်မူဇာဟှာ သန့်ရှင်းဟှူနေရာမာ ရပ်နေလေ့မယ်” (စာဖတ်သူဟှာ အယ်မူဓိပါယ်ဟှို နားလည်ပါစေ!) 
အယ်ဆိုဟှာ ယုဒပြည်မာရှိဟှူ လူလေဟှာ တောန်ထတ်ဟှို ပ္လေးရမယ်။ 
အီးခေါန်မိုးထတ်မာ ရှိနေဟှူသူဟှ အီထဲဟှ ပစ်စီးလေဟှို ယူဟှို့တွပ် အော့‑က်ဟှို ဆင်းစေန။ 
လယ်ထဲမာရှိဟှူသူဟှာ သူ့ရဲ့ဝတ်လောင်ဟှို ယူဟှို့တွပ် အီဟှို ပ္လန်စေန။ 
အယ်မူနေ့ရစ်လေဟှာ ဗိုက်ရှင်မလေန သားရှင်မိလေဟှာ ရရာတိုင်း ကြော့‑က်လန့်ဂေ့လေ့မယ်! 
နန်းနို့လေ ထွပ်ပ္လေးရဟှို့ခီဟှာ ဆောန်းကာလန ဒန်းနေ့မာ ဖြစ်ဘဲဟှို့တွပ် ဆုတောန်းဂေ့ပါ! 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကမ္ဘာဦးဟှနေဘီး ခုခီထိ ဖြစ်ဖူးဘဲဟှူ ဆင်းရဲဒေါက်ခလေဟှာ အယ်ကာလမာ က္လရော့‑က်လာလေ့မယ်။ အယ်မျိုးလည်း နော့‑က်တခါဖြစ်လေ့ဟှို့မှုဘီ။ 
ဘုရားသခင်ဟှာ အယ်နေ့ရစ်လေဟှို တိုစေဘဲဟှ ဆိုဟှာ တယော့‑က်လည်းဘဲ့ သတ်ဘေးဟှလွတ်ဟှို့ မှုဟှ။ အယ်ဘေမဲ့ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ လူလေတွပ် အယ်နေ့ရစ်လေဟှို တိုစေတော်မူလေ့မယ်။ 
“အယ်ဘီးဟှာ ယော့‑က်ယော့‑က်ဟှ နန်းနို့ဟှို အယ်မျိုးပြောမယ် ဆိုဟှာ ‘ကေ့ကေ့ပါ။ အယ်နေရာမာ ခရစ်တော်ရှိဟှယ်!’ အယ်မျိုးမှုဘဲနေဟှာ ‘ဟှိုနေရာမာ ခရစ်တော်ရှိဟှယ်!’ ဆိုဟှာ ယောင်ကြည်ဂေ့န။ 
ဖြားဖြစ်နူးဆိုဟှာ မေရှိယ တုယောန်လေန ပရောဖက် တုယောန်လေဟှာ ပေါ်လာဘီး သူးနို့ဟှာ ဖြစ်နိုင်မယ် ဆိုဟှာ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ လူလေဟှိုလည်း လှည့်ဇားဟှို့တွပ် ကီးမားဟှူ နိမိတ်လတ်ခဏာလေန အံ့ဩဘွယ်လေဟှို ပြဂေ့လေ့မယ်။ 
နားထောန်ဂေ့! အယ်မူဇာလေဖြစ်ခန် နန်းနို့လေဟှို ငါပြောဟှားဘီ။” 
“အယ်ကြောန့် လူလေဟှ ‘ကေ့ကေ့ပါ။ မေရှိယဟှာ တောထဲမာရှိဟှယ်!’ ဆိုဘီး ပြောမယ် ဆိုဟှာ အယ်နေရာဟှို သွားဂေ့န။ ‘အီခန်းထဲမာရှိဟှယ်!’ ဆိုဘီး ပြောမယ် ဆိုဟှာလည်း ယောင်ကြည်ဂေ့န။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ လျှပ်စီးဟှာ ရှေ့ဟှနေဘီး နော့‑က်ထိလာလန်းမျိုးဘဲ့ လူ့ရဲ့သားဟှာ ကြွလာလေ့မယ်။” 
“သေကောန်ရှိဟှူ နေရာတိုင်းမာ လင်းတလေ စုဝေးနေဂေ့လေ့မယ်။” 
“အယ်နေ့ရစ်လေရဲ့ ဆင်းရဲဒေါက်ခလေ က္လရော့‑က်လာဘီးန ရှစ်ရှင်းဘဲ့ နေဟှာ မှောန်မိုက်လေ့မယ်။ လဟှလည်း လန်းရောန်ပေးဟှို့ မှုဟှ။ ကြယ်လေလည်း ကောန်းဂန်ဟှ ကွီက္လလေ့မယ်။ ကောန်းဂန်တဂိုးလေဟှာ လှောက်ခါဂေ့လေ့မယ်။ 
အယ်ဘီးန လူ့သားရဲ့ နိမိတ်လတ်ခဏာဟှာ ကောန်းဂန်မာ ပေါ်ထွပ်လာလေ့မယ်။ လူ့ရဲ့သားဟှာ မိုးတီဟှို စီးဘီး ကီးမားဟှူ ဖောင်းတဂိုးန ကြွလာဟှူဇာဟှို ကမ္ဘာမ္လေမာရှိဟှူ လူမျိုးလေ ဂူလောင်းဟှာ ဗြင်ဂေ့ဟှူ ခီမာ ငိုကြွေးဂေ့လေ့မယ်။ 
အယ်ဘီးဟှာ လူ့ရဲ့သားဟှာ သံက္လယ်ဟှူ တံပိုးသံနတူးဒူ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို ရပ်လေးမျစ်နှာဟှို စေလွှတ်လေ့မယ်။ အယ်ဘီးဟှာ သူးနို့ဟှာ ကိုယ်တော် ဝီးကော့‑က်ဟှားဟှူ သူလေဟှို မ္လေဂီး တဖတ်စွန်းဟှနေဘီး မ္လေဂီး တဖတ်စွန်းထိအောန် စုသီးတော်မူလေ့မယ်။” 
“သဖန်းဗန်ဟှနေ အယ်သင်ဂန်းဇာယူဂေ့။ သဖန်းဗန်လေမာ ခတ်လတ်လေဟှာ စီးစိုဘီး ဝပ်နုလေ ထွပ်လာခီဟှာ နွီကာလနီးလာဘီ ဆိုဇာဟှို နန်းနို့သိဂေ့လေဟှယ်။ 
အယ်မျိုးဘဲ့ နန်းနို့လေဟှာ အယ်မူဇာလေ ဂူလောင်းဟှို ဗြင်ရခီမာ လူ့ရဲ့သားဟှာ ခွဗော့‑က်ဝနားဟှို ရော့‑က်နေဘီဆိုဇာဟှို သိမှတ်ဂေ့ပါ။ 
ငါ မှန်ပြောမယ်၊ ခု သတ်ရှင်နေဟှူ လူလေ ဂူလောင်း သေခန်မာ အယ်မူဇာလေ ဂူလောင်းဟှာ ဖြစ်လာလေ့မယ်။ 
ကောန်းဂန်န မ္လေဂီးဟှာ ကွယ်ပျော့‑က်ဟှားလေ့မယ်။ အယ်ဘေမဲ့ ငါ့စကားဟှာ လောင်းဝ ကွယ်ပျော့‑က်ဟှားလေ့မယ် မှုဟှ။” 
“အယ်ဘေမဲ့လည်း အယ်နေ့ရစ်၊ အယ်ခီနာရီန ပတ်သတ်ဘီး ဖယ်သူလည်း သိဟှ။ ကောန်းဂန်တမန်လေ သိဟှ။ သားတော်လည်း သိဟှ။ ဖတပါးဒဲဘဲ့ သိတော်မူလေဟှယ်။ 
လူ့ရဲ့သား ကြွလာဟှူ ခီဟှာ နောဧရဲ့ နေ့ရစ်လေမျိုးဘဲ့ ဖြစ်လေ့မယ်။ 
ရေကီးရှင်း ဖြစ်ခန် နေ့ရစ်လေမာ နောဧဟှာ သန်းဖောထဲဟှို ဝမ်ဟှူ နေ့ထိ လူလေဟှာ စားသော့‑က်ရင်း၊ မင်္ဂလာဆောန်နေဂေ့ဘီး၊ 
ရေကီးလာဘီး သူးနို့လေ ဂူလောင်းဟှို သေကြေ ပျစ်စီးဟှားထိတိုင် သူးနို့ဟှာ ဒိလတ်လွတ် နေဂေ့လေဟှယ်။ လူ့ရဲ့သား ကြွလာဟှူ ခီမာလည်း အယ်မျိုးဘဲ့ဖြစ်လေ့မယ်။ 
အယ်ခီမာ လဲဗ္လန်ထဲမာ လောက်လောက်နေဟှူ လူနှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှို သီးယူဘီးဟှာ တယော့‑က်ဟှ ကျန်ရစ်လေ့မယ်။ 
က္လိဆောင်က္လိနေဟှူ မီးမ နှေ့ယော့‑က်ထဲဟှ တယော့‑က်ဟှို သီးယူဘီး တယော့‑က်ဟှ ကျန်ရစ်လေ့မယ်။ 
အယ်ကြောန့် ဒိနစောန့်နေဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ သခင်ဟှာ ဖယ်နေ့ရစ်မာ ရော့‑က်လာမယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှ။ 
အီဇရှင်ဟှာ ခိုးလာဟှို့ခီဟှို သိနေဟှယ် ဆိုဟှာ အိဘဲန စောန့်နေဘီး သူ့ရဲ့ အီဟှို ဖော့‑က်ထွမ်းဟှို့တွပ် ခွမ့်ပြုဟှို့ မှုဟှ။ 
အယ်ကြောန့် နန်းနို့လေလည်း ဆင်သင့်ဖြစ်နေဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ ထန်မှတ်ဘဲဟှူ ခီနာရီမာ လူ့ရဲ့သားဟှာ ကြွလာလေ့မယ်။” 
“အယ်ဆိုဟှာ သစ်စာန ပညာရှိဟှူ စေခံဟှ ဖယ်သူနူး။ တခြားစေခံလေဟှို အောက်ချောက်ဟှို့တွပ်န ခီတန်ဟှာ စားဇာလေ ထုပေးဟှို့ သူ့သခင် ခန့်ဟှားဟှူ သူဖြစ်ဟှယ်။ 
သူ့သခင်ပ္လန်လာဟှူ ခီမာ အယ်မူတိုင်းဘဲ့ လောက်ဆောန်နေဇာဟှို သခင်တွိမယ် ဆိုဟှာ အယ်စေခံဟှာ မင်္ဂလာရှိဟှယ်! 
ငါ မှန်ပြောမယ်၊ သခင်ဟှာ သူ့ရဲ့ ပစ်စီးအောက်စာလေ ဂူလောင်းဟှို စီမံအောက်ချောက်ဟှို့တွပ် အယ်စေခံဟှို ခန့်ဟှားလေ့မယ်။ 
အယ်ဘေမဲ့ ဆိုးဟှူစေခံဟှ သူ့ရဲ့စိထဲမာ ‘ငါ့သခင်ဟှာ တော်တော်န လာဟှို့ မှုဟှ’ ဆိုဘီး ပြောဘီးန၊ 
တခြားကျွန်လေဟှို ရိုက်ဘီးဟှာ ရစ်သမားလေန သော့‑က်စားနေလေဟှယ်။ 
အယ်ကျွန်ရဲ့ သခင်ဟှာ သူမျှော်လင့်ဘဲဟှူ နေ့ရစ်၊ ကြားသိဘဲဟှူ ခီနာရီမာ ရော့‑က်လာလေ့မယ်။ 
အယ်စေခံဟှို ကီးမားဟှူ ပြစ်ဒန်ပေးဘီးဟှာ သူတော်ကောန်း ယောန်ဆောန်ဟှူ သူလေနတူးဒူ နေရလေ့မယ်။ အယ်နေရာမာ သူဟှာ ငိုကြွေးဘီး၊ အံသွားခဲက္လိဘီးဟှာ နေရလေ့မယ်။” 
