﻿မဿဲ.
7.
“နန်းနို့လေဟှာ ကိုယ်ကိုယ်တိုင် စစ်ကြောစီရင်ရှင်းဟှနေ လွတ်ရှင်ဟှယ် ဆိုဟှာ သူများလေဟှိုလည်း စစ်ကြောစီရင်ဂေ့န။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ သူများလေဟှို စစ်ကြောစီရင်ဟှူတိုင်းဘဲ့ နန်းနို့လည်းဘဲ့ ဘုရားသခင်ဟှ စစ်ကြောစီရင်လေ့မယ်။ နန်းနို့ဟှာ သူများလေဟှို ပေးဟှူ ပမာဏတိုင်း ဘုရားသခင်ဟှ နန်းနို့ဟှို ပေးလေ့မယ်။ 
နန်ဟှာ ကိုယ့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုရဲ့ မျစ်စိထဲဟှ သစ်မုဟှို ဖြားဖြစ်ကြောန့် ဗြင်ရနူး။ 
နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ဗြင်ဘဲန နန့်ညီကိုဟှို ‘နန့်မျစ်စိထဲဟှ သစ်မုဟှားဟှို ထုပစ်ပေးပါရစေ’ ဆိုဘီး ဖြားဖြစ်ကြောန့် ပြောရနူး။ 
သူတော်ကောန်းယောန်ဆောန်ဟှူသူ! နန့်မျစ်စိထဲဟှ သစ်တောင်းဟှို ရင်ဦးဆောင်းထုပစ်လိုက်ပါ။ အယ်ဆိုဟှာ ညီကိုမျစ်စိထဲဟှ သစ်မုဟှို ထုပစ်ပေးဟှို့တွပ် ရှင်းရှင်းလန်းလန်းဟှား ဗြင်ရလေ့မယ်။ 
“သန့်ရှင်းဟှူဇာလေဟှို ခွီးလေဟှို ပေးဂေ့န။ အယ်မျိုးလောက်ဆိုဟှာ နန်းနို့ဟှို ကိုက်ဂေ့လေ့မယ်။ ပုလဲလေဟှိုလည်း ဝပ်လေရှေ့မာ ထားဂေ့န။ အယ်မျိုးလောက်မယ် ဆိုဟှာ နန်းနို့လေဟှို ကျော်ဘီးနန်းဂေ့လေ့မယ်။ 
“တောန်းဂေ့။ တောန်းမယ် ဆိုဟှာ ရဂေ့လေ့မယ်။ ရှာဂေ့။ ရှာမယ် ဆိုဟှာ တွိဂေ့လေ့မယ်။ ခွဗော့‑က်ဟှို ခေါ့‑က်ဂေ့။ ခေါ့‑က်မယ် ဆိုဟှာ ဖွမ့်ပေးလေ့မယ်။ 
တောန်းဟှူသူဟှာ ရလေဟှယ်။ ရှာဟှူသူဟှာ တွိလေဟှယ်။ ခွဗော့‑က်ဟှို ခေါ့‑က်ဟှူသူဟှာ ခွဗော့‑က်ဟှို ဖွမ့်ပေးလေ့မယ်။ 
နန်းနို့ရဲ့ သားမီးလေဟှ မုဟှို တောန်းဟှူ ခီမာ က္လော့‑က်ခဲဟှို ပေးမယ့်ဖလေ ရှိဂေ့ဘဲ့လော။ 
ငါးဟှို တောန်းဟှူ ခီမာ ဗွီဟှို ပေးမယ့်ဖလေ ရှိဂေ့ဘဲ့လော။ 
နန်းနို့လေဟှာ ဆိုးဖြစ်ရဲ့န နန်းနို့ရဲ့ သားမီးလေဟှို ကောန်းဟှူဇာလေဟှိုဘဲ့ ပေးတတ်ဟှယ် ဆိုဟှာ ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ နန်းနို့ရဲ့ ဖလည်း ဆုတောန်းဟှူ သူလေဟှို အယ်ထတ်မက ကောန်းဟှူဇာလေဟှိုဘဲ့ ပိုဘီး ပေးလေ့မယ် မှုဟှလော။ 
“နန်းနို့လေဟှို သူများလေဟှ ပြုမူဆစ်ဆံစေရှင်မျိုး သူများလေဟှိုလည်း ပြုမူဆစ်ဆံဂေ့ပါ။ အယ်ပညတ်ဟှ မောရှေရဲ့ ပညတ်တရားကျမ်းန ပရောဖက်ကျမ်းလေရဲ့ ချောက်ခြာ ဖြစ်လေဟှယ်။ 
“ခွဗော့‑က်ကျဉ်းထဲဟှို ဝမ်ဂေ့ပါ။ ပျစ်စီးရှင်းထဲဟှို ရော့‑က်ဟှူလမ်းန ခွဗော့‑က်ဟှာ ရရာတိုင်း က္လယ်ကြောန့် ဘောင်ဂီးဝမ်ဂေ့လေဟှယ်။ 
သတ်ရှင်ရှင်းဟှို ရော့‑က်ဟှူလမ်းန ခွဗော့‑က်ဟှာ ရရာတိုင်း ကျဉ်းဘီး ကြမ်းဟှူကြောန့် တွိဟှူသူလေန ဝမ်ဟှူသူလေဟှာ နဲဂေ့လေဟှယ်။ 
“ကော့‑က်ကျစ်ယောက်မာဘီး ကြမ်းထန်းဟှူ ဝံပုလွေလေမျိုး သိုးရေဟှို ခြောင်ဘီးဟှာ နန်းနို့လေနားဟှို လာမယ့် ပရောဖက်တုယောန်လေဟှို ဒိထားဂေ့ပါ။ 
သူးနို့လေရဲ့ကျင့်ဟှို ကေ့လိုက်န သူးနို့လေရဲ့ စိသဘောဟှို သိရလေ့မယ်။ ဆူးဗန်ဘောန်းဇောင်မာ စဗျစ်သီးန သန်းဖောသဖန်းသီးဟှို ဆွတ်ယူရနိုင်ဘဲ့လော။ 
အယ်မျိုးဘဲ့ ကောန်းဟှူသစ်ပန်မာ ကောန်းဟှူသီးဟှို သီးဘီးဟှာ ကောန်းဘဲဟှူပန်မာ ကောန်းဘဲဟှူသီးလေဟှိုဘဲ့ သီးတတ်လေဟှယ်။ 
ကောန်းဟှူ သစ်ပန်တဗန်မာ ကောန်းဘဲဟှူသီး၊ ကောန်းဘဲဟှူ သစ်ပန်တဗန်မာ ကောန်းဟှူသီးဟှို သီးနိုင်ဟှ။ 
ကောန်းဟှူသီး သီးဘဲဟှူ သစ်ပန်လေဟှို ခွတ်လှဲဘီးဟှာ မီးထဲဟှို ပစ်ခ္လတတ်လေဟှယ်။ 
အယ်ကြောန့် အယ်ပရောဖက်တုယောန်လေရဲ့ ကျင့်ဟှို ကေ့လိုက်န သူးနို့လေရဲ့ စိသဘောဟှို သိရလေ့မယ်။ 
“ငါ့ဟှို ‘သခင်၊ သခင်’ ဆိုဘီး ခေါ်ဟှူသူတိုင်း ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်ရဟှို့ မှုဟှ။ ကောန်းဂန်ဘောင်မာ ရှိဟှူ ငါ့ဖရဲ့လိုဟှို ဆောန်ဟှူသူဘဲ့ ဝမ်ရလေ့မယ်။ 
တရားစီရင်ဟှူနေ့ ရော့‑က်ဟှူ ခီမာ ‘သခင်၊ သခင်! ကျွန်တော်ဟှားလေဟှာ ကိုယ်တော်ရဲ့ နာမန ပရောဖက်ပြု ဟောပြောဟှယ်။ ကိုယ်တော်ရဲ့ နာမတော်န နတ်ဆိုးလေဟှို နှန်ထုဟှယ်။ ကိုယ်တော်ရဲ့ ခွမ့်အာဏာန အံ့သြဘွယ်တဂိုး နိမိတ်လတ်ခဏာလေဟှို ဘောင်ဂီးပြရဟှယ် မှုဟှလော’ ဆိုဘီးဟှာ လူလေဘောင်ဂီးဟှ လျှော့‑က်ဂေ့လေ့မယ်။ 
အယ်ခီမာ ‘နန်းနို့လေဟှို ငါလောင်းဝသိဟှ။ အဓမ္မကောန်လေ၊ ငါ့နားဟှဖယ်ဂေ့!’ ဆိုဘီး သူးနို့လေဟှို ငါပြောမယ်။ 
“အယ်ကြောန့် ငါဟောပြောဟှူ တရားစကားဟှို ကြားဘီး နားထောန်ဟှူသူဟှာ က္လော့‑က်ထတ်မာ အီဆော့‑က်ဟှူ ပညာရှိန တူဟှယ်။ 
မိုးဝါဟှူကြောန့် ရေစီးလာဟှူန လေလာဘီးဟှာ အယ်အီဟှို ပြင်းပြင်းထန်ထန် တိုက်ဟှူ ခီမာ က္လော့‑က်ထတ်မာ အုပြစ်ခ္လဟှားဟှူကြောန့် ပြိုလဲဘဲန နေလေဟှယ်။ 
“အယ်ဘေမဲ့ ငါစကားဟှို ကြားဘီးဟှာ နားထောန်ဘဲဟှူသူဟှာ သဲထတ်မာ အီဆော့‑က်ဟှူ လူမိုက်န တူဟှယ်။ 
မိုးဝါဟှူကြောန့် ရေစီးလာဟှူန လေလာဘီးဟှာ အယ်အီဟှို ပြင်းပြင်းထန်ထန် တိုက်ဟှူ ခီမာ ပြိုက္လ ပျစ်စီးဟှားလေဟှယ်!” ဆိုဘီး ဟောပြောလေဟှယ်။ 
ယေရှုဟှာ အယ်မျိုးဟောပြောဘီးဟှူ ခီမာ လူလေဟှ ကိုယ်တော်ရဲ့ သွန်သန်ဟှူဇာလေဟှို ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းတတ်ဆရာလေမျိုးမှုဘဲန ခွမ့်အာဏာရှိဟှူသူမျိုး သွန်သန်ဟှူကြောန့် ဖြစ်ဟှယ်။ 
