﻿မဿဲ.
4.
အယ်ဘီးန မာရ်နတ်ရဲ့ စောင်ဇမ်းသွီးဆောန်ရှင်းဟှို ခံဟှို့တွပ် ဝိညာဉ်တော်ဟှာ ယေရှုဟှို တောကန္တာရထဲဟှို ပို့ဆောန်လေဟှယ်။ 
ယေရှုဟှာ နေ့ရောညဉ့်ပါ ရစ်လေးဆယ် လောင်းလောင်း စာရှောန်ဘီးန ရရာတိုင်း ဗိုက်ဆာတော်မူဟှယ်။ 
အယ်ခီမာ မာရ်နတ်ဟှ ယေရှုနားဟှို ချဉ်းကပ်လာဘီး “သင်ဟှာ ဘုရားသခင်ရဲ့ သားဖြစ်ဟှယ် ဆိုဟှာ အယ်က္လော့‑က်ခဲလေဟှို မုဖြစ်လာအောန် မိန့်ပေးကေ့” ဆိုဘီး ပြောလေဟှယ်။ 
အယ်ဘေမဲ့ ယေရှုဟှ “‘လူဟှာ စားဇာတခုဒဲန သတ်ရှင်ရဟှို့ မှုဟှ။ ဘုရားသခင်ရဲ့ စကားတော်အားဖြင့်ဘဲ့ သတ်ရှင်ရမယ်’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။ 
အယ်ဘီးန မာရ်နတ်ဟှာ ယေရှုဟှို သန့်ရှင်းဟှူ ယေရုရှလင်ဗြို့ဟှို ခေါ်ဆောန်ဘီးဟှာ ကိုယ်တော့်ဟှို ဗိမာန်တော်ရဲ့ ထိဖျားမာ တန်ဟှားလိုက်ဘီး 
“ဘုရားသခင်ဟှ ကိုယ်တော့်ဟှို စောန့်ရှော့‑က်ဟှို့တွပ် ကောန်းဂန်တမန်လေဟှို “ ‘မိန့်မှာဟှားကြောန့် သူးနို့လေဟှာ ကိုယ်တော်ရဲ့ ခေဟှို က္လော့‑က်န ထိခိုက်ဘဲနနေအောန် ကိုယ်တော့်ဟှို လတ်န ခီမဟှားလေ့မယ် ဆိုဘီး ကျမ်းစာဟှ ပြောဟှားဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ သားမှန်ဟှယ် ဆိုဟှာ အော့‑က်ဟှို ခူခ္လလိုက်’ ” ဆိုဘီး ပြောလေဟှယ်။ 
ယေရှုဟှ “နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စောင်ဇမ်းန ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
နော့‑က်တခါ မာရ်နတ်ဟှာ ကိုယ်တော့်ဟှို ရရာတိုင်း ဗြစ်ဟှူ တောန်ထတ်ဟှို ခေါ်ဆောန်ဟှားဘီး အယ်လောကမာရှိဟှူ တိုင်းနိုင်ငံလေရှိဟှူမျှန အယ်တိုင်းနိုင်ငံလေမာရှိဟှူ ဖောင်းစည်းဇိမ်လေဟှို ပြလေဟှယ်။ 
မာရ်နတ်ဟှ “ကိုယ်တော်ဟှာ ငါ့ဟှို ပျတ်ဝပ်ဘီး ကိုးကွယ်မယ် ဆိုဟှာ အယ်မူဇာလေ ဂူလောင်းဟှို ငါပေးမယ်” ဆိုဘီး ပြောလေဟှယ်။ 
ယေရှုဟှလည်း “ဝှေ့ စာတန် ငါ့နားဟှထွပ်ဟှား! ‘နန့်ရဲ့ဘုရားသခင် တပါးဒဲဟှိုဘဲ့ ကိုးကွယ်ရမယ်! အယ်မူ ဘုရားသခင် တပါးဒဲဟှိုဘဲ့ စေခံရမယ်’ ဆိုဇာ ကျမ်းစာဟှ ပြောဟှားဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
အယ်ဘီးန မာရ်နတ်ဟှာ ယေရှုနားဟှနေဘီး ထွပ်ဟှားလေဟှယ်။ အယ်ခီမာ ကောန်းဂန်တမန်လေဟှာ ရော့‑က်လာဘီးဟှာ ကိုယ်တော့်ဟှို လောက်ကျွေးဂေ့ဟှယ်။ 
ယောဟန် ထောန်ခ္လခံနေရဟှယ် ဆိုဇာဟှို ကြားရဟှူကြောန့် ယေရှုဟှာ ဂါလိလဲပြည်ဟှို ထွပ်ဟှားလေဟှယ်။ 
ကိုယ်တော်ဟှာ နာဇရက်ဗြို့မာ နေဘဲန ဇာဗုလုန်နယ် နဿလိနယ်စပ်ကြားဟှ ဂါလိလဲအိုင်နားမာရှိဟှူ ကပေရနောင်ဗြို့ဟှို သွားဘီးနေလေဟှယ်။ 
အယ်ကြောန်းရာဟှာ ပရောဖက် ဟေရှာယဟှို ဘုရားသခင်ပေးဟှားဟှူ ဗျာဒိတ်တော် ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လေဟှယ်။ ပရောဖက် ဟေရှာယဟှ 
“အို၊ ဇာဗုလုန်နယ်န နဿလိနယ်၊ ယော်ဒန်မ္လစ်ဟှိုဖတ်ကမ်း၊ အိုင်လမ်းတရှော့‑က်န၊ လူမျိုးခြားလေနေထိုင်ဟှူ ဂါလိလဲပြည်! 
မှောန်ထဲမာ နေထိုင်ဟှူ သူလေဟှာ တော့‑က်ပဟှူ လန်းရောန်ဟှို ဗြင်ရလေ့မယ်။ သေမန်းရဲ့ ရိအော့‑က်မာ နေဂေ့ဟှူ လူလေထတ်ဟှို တော့‑က်ပဟှူ လန်းရောန် ရော့‑က်လာလေ့မယ်” ဆိုဘီး ဟောပြောဟှားလေဟှယ်။ 
အယ်ခီဟှနေစဘီး ယေရှုဟှာ “နောန်ဒရဂေ့။ ကောန်းဂန်နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ!” ဆိုဘီးဟှာ ကြေညာဟှယ်။ 
ယေရှုဟှာ ဂါလိလဲအိုင်နား ဖြတ်ဘီး သွားဟှူ ခီမာ ညီကိုနှေ့ယော့‑က်ဖြစ်ဟှူ၊ ပေတရု ဆိုဘီး နာမယ်ခေါ်ဟှူ ရှိမုန်န သူ့ညီအန္ဒြေလေဟှာ ပိုက်ကွန်ပစ်နေဇာဟှို ဗြင်လေဟှယ်။ 
ယေရှုဟှ အယ်သူလေဟှို “ငါ့နော့‑က်လိုက်ဂေ့။ နန်းနို့လေဟှို လူလေဟှိုဖမ်းဟှူ ငါးဖမ်းမားဖြစ်စေမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
သူးနို့လေလည်း တခါဒဲဘဲ့ ပိုက်ကွန်လေဟှို ထားရစ်ဘီးန နော့‑က်တော်ဟှို လိုက်ဂေ့ဟှယ်။ 
ကိုယ်တော်ဟှာ ဆစ်ဘီးသွားခီမာ တခြားညီကို နှေ့ယော့‑က်ဖြစ်ဟှူ ဇေဗေဒဲရဲ့သား ယာကုပ်န သူ့ညီယောဟန်ဟှို သူ့ဖနတူးဒူ လှေထတ်မာ ပိုက်ကွန်လေ ဖာနေဇာဟှို ဗြင်တော်မူလေဟှယ်။ ကိုယ်တော်ဟှ အယ်သူလေဟှို ခေါ်ဟှူ ခီမာ 
သူးနို့လေလည်း လှေန သူးနို့ဖဟှို ထားရစ်ဘီးဟှာ ယေရှုနော့‑က်ဟှို တခါဒဲ လိုက်ဟှားဂေ့လေဟှယ်။ 
ယေရှုဟှာ ဂါလိလဲပြည် တပြည်လောင်းဟှို လှည့်လည် သွားလာဘီးဟှာ နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို ဝါလယ်ဇရပ်လေမာ သွန်သန် ဟောပြောဘီး နေကောန်းဘဲဟှူ သူလေဟှို ကျန်းမာစေလေဟှယ်။ 
ယေရှုရဲ့ ဒန်းဟှာ ရှုရိပြည် တပြည်လောင်းဟှို ပ္လံ့နှံ့ဟှားကြောန့် နတ်ဆိုးပူးခံရဟှူ လူလေ၊ ဝပ်ရူးစွဲဟှူ လူလေ၊ ခေလတ်သေနေဟှူ လူလေန ရောဂါဘောင်းဇောင်စွဲဟှူလူလေ ဂူလောင်းဟှို ယေရှုနားဟှို ခေါ်လာဂေ့လေဟှယ်။ ခေါ်လာဂေ့ဟှူ လူနာလေ ဂူလောင်းလည်း ရောဂါပျော့‑က်ဂေ့လေဟှယ်။ 
ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ယေရုရှလင်ဗြို့၊ ယုဒပြည်န ယော်ဒန်မ္လစ်ရဲ့ ဟှိုဖတ်ကမ်းဟှ လာဟှူ သူလေလည်း ကိုယ်တော်နော့‑က်ဟှို လိုက်ဂေ့ဟှယ်။ 
