﻿မဿဲ.
2.
ယုဒပြည်ဗက်လင်ဗြို့ ဟေရုဒ်မန်းဂီး လတ်ထတ်မာ ယေရှုဟှို မွီးဖွားတော်မူဟှယ်။ မာဂုပညာရှိလေဟှာ ရှေ့တိုင်းပြည်ဟှနေ ယေရုရှလင်ဗြို့ဟှို ရော့‑က်လာဘီးဟှာ၊ 
“ခုမွီးဖွားလာဟှူ ယုဒမန်းဂီးဟှာ ဖယ်မာရှိနူး။ ရှေ့တိုင်းပြည်ဟှနေဘီး သူ့ရဲ့ ကြယ်ဟှို နို့လေ ဗြင်ရဂေ့ဟှူကြောန့် ရှိခိုးပူဇော်ဟှို့တွပ် ရော့‑က်လာဂေ့ဟှယ်” ဆိုဘီး မေးဂေ့လေဟှယ်။ 
အယ်မူစကားဟှို ကြားလိုက်ဟှူ ခီမာ ဟေရုဒ်မန်းဂီးန ယေရုရှလင်ဗြို့ဟှ လူလေ ဂူလောင်းဟှာ ပူပန်သောက ရော့‑က်ဂေ့ဟှယ်။ 
ယဇ်ပုရောဟိတ်ဂီးလေ၊ ဘာသာရေး ခေါန်းဆောန်လေန ကျမ်းပြုဆရာရှိမျှဟှို စုဝေးခေါ်ဘီးဟှာ “ခရစ်တော်ဟှာ ဖယ်ရပ်မာ မွီးဖွားလာမယ်နူး” ဆိုဘီး မေးလေဟှယ်။ 
ကျမ်းပြုဆရာလေဟှလည်း “ယုဒပြည်ဗက်လင်ဗြို့မာ မွီးဖွားပါလေ့မယ်။ ပရောဖက်တပါး ရေးဟှားဇာဟှ၊ 
“ ‘ယုဒပြည် ဗက်လင်ဗြို့၊ စိုးရဟှူ ယုဒဗြို့လေထဲမာ နန်ဟှာ ဗြို့ငယ်မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ရဲ့ဣသရေလလူမျိုးဟှို အောက်စိုးဟှို့သခင်ဟှာ နန်းနို့ထဲမာ ပေါ်ထွပ်လေ့မယ်’ ” ဆိုဘီး ပ္လန်ဖြေဂေ့လေဟှယ်။ 
အယ်ဘီးန ဟေရုဒ်မန်းဂီးဟှာ မာဂုပညာရှိလေဟှို တိတိဟှားခေါ်ဘီးဟှာ ကြယ်ပေါ်ထွပ်ဟှူ ခီကာလဟှို သေးသေချားချာဟှား သိဟှားလေဟှယ်။ 
“နန်းနို့လေသွားဘီးဟှာ အယ်သားဂန်းဟှို သေးသေချားချာရှာဂေ့။ တွိဟှယ် ဆိုဟှာ ငါလည်း ရှိခိုးပူဇော်ရှင်ကြောန့် ပ္လန်လာဘီး ပြောဂေ့ပါ” ဆိုဘီး ဗက်လင်ဗြို့ဟှို လွှတ်လိုက်လေဟှယ်။ 
မာဂုပညာရှိလေလည်း မန်းဂီးရဲ့ စကားဟှို နားထောန်ဘီးဟှာ ထွပ်လာဂေ့ဘီးန ရှေ့ပြည်မာ ဗြင်ဟှားဟှူကြယ်ဟှာ သူးနို့ရှေ့မာသွားဘီးဟှာ သားဂန်းဟှားရှိဟှူ နေရာထတ်ဟှို ရော့‑က်ဟှားခီမာ ရွေ့ဘဲန ရပ်ဘီးနေလေဟှယ်။ 
အယ်ကြယ်ဟှို ပ္လန်ဘီးဗြင်ရခီမာ မာဂုပညာရှိလေဟှာ ရရာတိုင်းဝန်းသာဂေ့ဟှယ်! 
သူးနို့ဟှာ အီထဲဟှို ဝမ်ဟှားဇာ မိခင်မာရိနတူးဒူ သားဂန်းဟှားဟှို ဗြင်ဟှားခီမာ ပျပ်ဝပ်ကိုးကွယ်လေဟှယ်။ သူးနို့ဟှာ ယူဆောန်လာဟှူ ဘဏ္ဍာသစ်တာလေဟှို ဖွမ့်ဘီး လောဗန်၊ မုရန်န ရွှေလေဟှို ပူဇော်ဂေ့လေဟှယ်။ 
အယ်ဘီးန ဟေရုဒ်မန်းဂီးနားဟှို ပ္လန်ဂေ့န ဆိုဘီး ဘုရားသခင်ဟှာ အိမတ်အားဖြင့် ဒိပေးဟှူကြောန့် သူးနို့ပြည်ဟှို တခြားလမ်းဟှနေဘီး ပ္လန်ဟှားဂေ့လေဟှယ်။ 
မာဂုပညာရှိလေ ပ္လန်ဘီးန ဘုရားသခင်ရဲ့ ကောန်းဂန်တမန်တပါးဟှို အိမတ်ထဲမာ ဗြင်တွိရဘီး ကောန်းဂန်တမန်ဟှ ယောသပ်ဟှို “နန်ထဝေါ့။ မိခင်န သားဂန်းဟှားဟှို ခေါ်ဘီးဟှာ အဲဂုတ္တုပြည်ဟှို ထွပ်ပ္လေးဘီး နော့‑က်ထပ် ငါပြောခန်ခီထိ အယ်မူပြည်မာဘဲ့ နေနေဂေ့။ ဟေရုဒ်မန်းဂီးဟှာ သားဂန်းဟှားဟှို သတ်ဟှို့ရှာလေ့မယ်” ဆိုဘီး ပြောလေဟှယ်။ 
အယ်ဘီးန ယောသပ်ဟှာ အိယာဟှထဘီး မိခင်န သားဂန်းဟှားဟှို ညဉ့်ရှင်းခေါ်ဘီး၊ အဲဂုတ္တုပြည်ဟှို ထွပ်ဟှားဘီး၊ 
ဟေရုဒ်မန်းဂီး သေဟှားခီထိ အယ်မူပြည်မာဘဲ့ နေနေလေဟှယ်။ အယ်ကြောန်းရာဟှာ “ငါ့သားဟှို အဲဂုတ္တုပြည်ဟှနေ ငါခေါ်ထုလာဘီ” ဆိုဘီးဟှာ ပရောဖက်လေအားဖြင့် ပြောဟှားဟှူ ဘုရားသခင်ရဲ့ ဗျာဒိတ်တော် ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လာလေဟှယ်။ 
အယ်ခီမာ ဟေရုဒ်မန်းဂီးဟှာ မာဂုပညာရှိလေဟှို သူမှာလိုက်ဟှူတိုင်း ပ္လန်လာဘီးပြောဘဲန လှည့်ဇားဘီး သွားလိုက်ဇာဟှို သိရဟှူ ခီမာ ရရာတိုင်း ဒေါသထွပ်လေဟှယ်။ အယ်ဘီးန သူ့လူလေဟှို ခေါ်ဘီးဟှာ မာဂုပညာရှိလေဟှို သေးသေချားချာ မေးဟှားဟှူတိုင်း ကြယ်ပေါ်ထွပ်ခီဟှို ခန့်မှန်းဘီးဟှာ ဗက်လင်ဗြို့န ကျေးဝါလေမာရှိဟှူ နှေ့နှစ်အော့‑က် ယော့‑က်ကျား သားဂန်းဟှားလေဟှို သတ်ဟှို့ခိုင်းလေဟှယ်။ 
ပရောဖက်ယေရမိ ဟောဟှားဇာလေ ပ္လဲ့ဇောင်လာဇာဟှ၊ 
“ရာမဗြို့မာ ရာရာတိုင်း ခါးသီးဟှူ ငိုသံလေဟှိုကြားဘီး ရာခေလဟှာ သူ့သားလေ သေဟှားကြောန့်၊ စိပြေဟှို့တွပ် အားပေးစကားပြောဟှူဇာဟှို ငြင်းဆိုလေဟှယ်” ဆိုဘီး ပြောဟှားစကားဟှာ အယ်ခီမာ တကယ်ဘဲ့ ဖြစ်လာလေဟှယ်။ 
ဟေရုဒ်မန်းဂီး သေဘီးန ယောသပ်ဟှာ အဲဂုတ္တုပြည်မာ အိမတ်ဟှို ထပ်ဘီးမတ်လေဟှယ်။ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှ၊ 
“နန်ထဘီး မိခင်န သားဂန်းဟှားဟှို ခေါ်ဘီးဟှာ ဣသရေလပြည်ဟှို သွားဂေ့။ သားဂန်းဟှားဟှို သတ်ဟှို့ရှာနေသူလေ သေကူဘီ” ဆိုဘီးဟှာ ပြောလေဟှယ်။ 
အယ်ခီမာ ယောသပ်ဟှာ ထဘီး မိခင်န သားဂန်းဟှားဟှို ခေါ်ဘီး ဣသရေလပြည်ဟှို ပ္လန်ဟှားလေဟှယ်။ 
အယ်ဘေမဲ့ ဟေရုဒ်မန်းဂီး နေရာမာ သူ့သားအာခေလဟှ ယုဒပြည်မာ မန်းဂီး ဖြစ်နေကြောန်းဟှို ကြားရဟှူ ခီမာ သူဟှာ အယ်နေရာဟှို သွားဟှို့ ကြော့‑က်နေဟှယ်။ သူဟှာ အီမတ်ထဲမာ အယ်နေရာဟှို သွားဘဲဟှို့တွပ် ကောန်းဂန်တမန်ရဲ့ ဒိပေးဇာဟှို ခံရကြောန့် သူဟှာ ဂါလိလဲပြည်ဟှို သွားဘီး၊ 
နာဇရက်ဗြို့ ဆိုဘီး နာမယ်ခေါ်ဟှူ ဗြို့မာ ကိုယ်တော်ဟှာ မြဲဒမ်း နေထိုင်လေဟှယ်။ အယ်ကြောန့် “ခရစ်တော်ဟှို နာဇရက်ဗြို့သား ဆိုဘီး ခေါ်ဂေ့လေ့မယ်” ဆိုဘီးဟှာ ပရောဖက်လေ ရေးဟှားတိုင်း ပ္လဲ့ဇောင်လာလေဟှယ်။ 
