MAT 1:1 အာဗြဟံ၏အနွယ် ဒါဝိဒ်၏အမျိုးမှ ဆင်းသက်လာသော ယေသျှု ခရစ်တော်၏ ဆွီစဉ်မျိုးဆက်စာရင်းမှာ ဤသို့ဖြစ်၏။
MAT 1:2 အာဗြဟံသည် ဣဇာက်၏ အဖ ဖြစ်၏၊ ဣဇာက်သည် ယာကုပ်၏ အဖ၊ ယာကုပ်သည် ယုဒနှင့် သူ့ညီအစ်ကို မောင်နှမတစ်စု၏ အဖ၊
MAT 1:3 ယုဒသည် မယားတမာနှင့် မွီးသောသား ဖာရက်နှင့် ဇာရရို့၏ အဖ၊ ဖာရက်သည် ဟေဇရုံ၏ အဖ၊ ဟေဇရုံသည် အာရံ၏ အဖ၊
MAT 1:4 အာရံသည် အမိနဒပ်၏ အဖ၊ အမိနဒပ်သည် နာရှုန်၏ အဖ၊ နာရှုန်သည် စာလမုန်၏ အဖ၊
MAT 1:5 စာလမုန်သည် မယားရာခပ်နှင့် မွီးသော ဗောဇ၏ အဖ၊ ဗောဇသည် မယားရုသနှင့် မွီးသော သြဗက်၏ အဖ၊ သြဗက်သည် ယေသျှဲ၏ အဖ၊
MAT 1:6 ယေသျှဲသည် ဒါဝိဒ်မင်းကြီး၏ အဖ ဖြစ်၏။ ဒါဝိဒ်မင်းကြီးသည် မယားဥရိယနှင့် မွီးသော သျှောလမုန်၏ အဖ၊
MAT 1:7 သျှောလမုန်သည် ရောဗောင်၏ အဖ၊ ရောဗောင်သည် အဘိယ၏ အဖ၊ အဘိယသည် အာသ၏ အဖ၊
MAT 1:8 အာသသည် ယောသျှဖတ်၏ အဖ၊ ယောသျှဖတ်သည် ယဟောရံ၏ အဖ၊ ယဟောရံသည် ဩဇိ၏ အဖ၊
MAT 1:9 ဩဇိသည် ယောသံ၏ အဖ၊ ယောသံသည် အာခတ်၏ အဖ၊ အာခတ်သည် ဟေဇကိ၏ အဖ၊
MAT 1:10 ဟေဇကိသည် မနာသျှေ၏ အဖ၊ မနာသျှေသသည် အာမုန်၏အဖ၊ အာမုန်သည် ယောသျှိ၏ အဖ၊
MAT 1:11 ဗာဗုလုန်ပြည်သို့ ဣသရေလအမျိုးသားတိအား ဖမ်းဆီးခေါ်ဆောင်လားချိန်၌ ယောသျှိသည် ယေခေါနိနှင့် သူ၏ညီအစ်ကိုများ၏ အဖ ဖြစ်ကြ၏။
MAT 1:12 ဗာဗုလုန်ပြည်မှ ဣသရေလလူမျိုးတိ ပြန်လာပြီးနောက်၊ ယေခေါနိသည် သျှာလသေလ၏ အဖ ဖြစ်၏။ သျှာလသေလသည် ဇေရုဗဗေလ၏ အဖ၊
MAT 1:13 ဇေရုဗဗေလသည် အာဗျုဒ်၏ အဖ၊ အာဗျုဒ်သည် ဧလျှာကိမ်၏ အဖ၊ ဧလျှာကိမ်သည် အာဇော်၏ အဖ၊
MAT 1:14 အာဇော်သည် ဇာဒုတ်၏ အဖ၊ ဇာဒုတ်သည် အာခိမ်၏ အဖ၊ အာခိမ်သည် ဧလုဒ်၏ အဖ၊
MAT 1:15 ဧလုဒ်သည် ဧလာဇာ၏ အဖ၊ ဧလာဇာသည် မဿန်၏ အဖ၊ မဿန်သည် ယာကုပ်၏ အဖ
MAT 1:16 ယာကုပ်သည် မာရိ၏ လင်ယောက်ျား ယောသပ်၏ အဖ၊ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေသျှုကို မွီးသော အမိ ဖြစ်၏။
MAT 1:17 ဤကား အာဗြဟံမှ ဒါဝိဒ်အထိ ဆွီစဉ်မျိုးဆက် တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဗာဗုလုန်ပြည်သို့ ဣသရေလလူမျိုးတိကို အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အချိန်ထိ တစ်ဆယ့်လေးဆက်၊ ဗာဗုလုန်ပြည်မှ ထွက်လားသော အချိန်မှ ခရစ်တော်မွီးဖွားသည့် အချိန်ထိ ဆွီစဉ်မျိုးဆက် တစ်ဆယ့်လေးဆက် ဖြစ်၏။
MAT 1:18 ယေသျှု ခရစ်တော်၏ ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ယောသပ်နှင့် စိ့စပ်ပြီးနောက် ပေါင်းသင်းနီထိုင်ခြင်း မပြုခင် မယ်တော်မာရိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲနိန်၏။
MAT 1:19 ယောသပ်သည် ဖြောင့်မတ်သောသူ ဖြစ်သည်နှင့်အညီ မာရိကို လူပုံအလည်၌ အသရေမပျက်စီလို၍ လူသိသျှင်ကြား စိ့စပ်ထားသည်ကို တိတ်တဆိတ် ဖျက်သိမ်းရန် ကြံစည်နိန်၏။
MAT 1:20 ထိုသို့ ကြံစည်နိန်စဉ်တွင် အိပ်မက်ထဲ၌ သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ပေါ်လာ၍ “ဒါဝိဒ်အမျိုး ယောသပ်၊ မာရိကို မယားအဖြစ် ပေါင်းသင်းနီထိုင်ဖို့ရန် မကြောက်ကေ့။ သူမ၏ကိုယ်ဝန်သည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်၏။
MAT 1:21 သူမသည် သားယောက်ျားကို ဖွားမြင်လိမ့်မည် — သူ၏လူတိကို အပြစ်မှ ကယ်တင်မည့်သူဖြစ်သောကြောင့် — သူ့ကို ယေသျှုဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု ကောင်းကင်တမန်က ပြောလေ၏။
MAT 1:22 အကြောင်းမူကား၊ ထာဝရဘုရားသည် ပရောဖက်အားဖြင့် မိန့်မှာထားသော ဗျာဒိတ်တော်အားလုံး ပြည့်စုံရန် ဖြစ်လေ၏။
MAT 1:23 ဗျာဒိတ်တော်သည်ကား “အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား “ငါရို့နှင့်အတူဟိသော ဘုရားသခင်” ဖြစ်၏)။
MAT 1:24 ယောသပ်သည် အိပ်ပျော်ရာမှ နိုးလာပြီးလျှင် သခင်ဘုရား၏ ကောင်းကင်တမန် မှာထားသည့်အတိုင်း မာရိကို လက်ထပ်ထိမ်းမြားလေ၏။
MAT 1:25 သို့ရာတွင် သားကို ဖွားမြင်ပြီးသည့်တိုင်အောင် ယောသပ်သည် မာရိနှင့် ယှက်တင်ခြင်းကို မပြုဘဲ နိန်လေ၏။ ထို့နောက် ယောသပ်သည် ထိုသားကို ယေသျှု ဟူ၍ နာမည်မှည့်လေ၏။
MAT 2:1 ဟေရုဒ်မင်းကြီး နန်းစံကာလ၊ ယုဒပြည် ဗက်လင်မြို့၌ ယေသျှုကို ဖွားမြင်ခလေ၏။ ဖွားမြင်တော်မူပြီးနောက် အရှိ့အရပ်မှ နက္ခတ်ပညာဟိတချို့သည် ယေရုဆလင်မြို့သို့ ရောက်လာကြပြီးလျှင်
MAT 2:2 “ဖွားမြင်တော်မူသော ယုဒလူမျိုးတိ၏ သျှင်ဘုရင်သည် ဇာနီရာမှာဟိလဲ။ ငါရို့သည် အရှိ့အရပ်၌ သူ၏မွီးနက္ခတ်နှင့်ဆိုင်သော ကြယ်ကို မြင်ရ၍ သူ့ကို ဖူးမြော်ရန် လာကြသည်” ဟု ပြောကြ၏။
MAT 2:3 ဤအကြောင်းကို ဟေရုဒ်မင်းကြားသော် မင်းကြီးနှင့်အတူ ယေရုဆလင်မြို့၌ ဟိသော အပေါင်းအဖော်များသည် အလွန်စိတ်နှလုံးမငြိမ်မသက် ဖြစ်ကြ၏။
MAT 2:4 ဟေရုဒ်မင်းသည် ယဇ်ပုရောဟိတ်အကြီးတိနှင့် ကျမ်းတတ်ဆရာတိအားလုံးကို ခေါ်၍ “ခရစ်တော်ကို ဇာအရပ်မှာ ဖွားမြင်လိမ့်မည်နည်း” ဟု မိန်း၏။
MAT 2:5 “ယုဒပြည် ဗက်လင်မြို့၌ ဖြစ်ပါ၏၊ အကြောင်းမူကား၊ ပရောဖက် ရီးထားခသည်မှာ၊
MAT 2:6 “ ‘အို၊ ယုဒပြည် ဗက်လင်မြို့၊ သင်သည် ယုဒပြည်၏မြို့များထဲမှာ သိမ်ငယ်သောမြို့ တစ်မြို့ မဟုတ်။ ငါ၏ဣသရေလလူမျိုးတိကို လမ်းပြမည့် ခေါင်းဆောင်တစ်ယောက်သည် သင်၏အထဲမှ ပေါ်ထွန်းလာလိမ့်မည် ဟူ၍ ဖြစ်သည်’ ” ဟု သူရို့က ဖြေကြ၏။
MAT 2:7 ထိုစကားကို ကြားသည်နှင့် ဟေရုဒ်မင်းကြီးသည် အရှိ့အရပ်က နက္ခတ်ပညာဟိများကို တိတ်တိတ်ချေ ခေါ်ပြီးလျှင် ကြယ်ပေါ်ချိန် အတိအကျကို မိန်းလေ၏။
MAT 2:8 “သင်ရို့သည် လား၍ သူငယ်ကို စိ့စိ့စပ်စပ် ရှာကတ်၊ ငါလည်း သူ့ကို လား၍ ဖူးမြော်ချင်သည်ဖြစ်၍ တွိ့လျှင် ငါ့ကို ပြောကြလော့” ဟု ပြောကာ မင်းကြီးက နက္ခတ်ပညာဟိရို့ကို ဗက်လင်မြို့သို့ ရွှတ်လိုက်၏။
MAT 2:9 ထိုသူရို့သည် မင်းကြီးစကားကို နာခံပြီးနောက် ထွက်လာကြ၏၊ အရှိ့အရပ်၌ သူရို့ မြင်ခသည့် ကြယ်သည် သူရို့၏ရှိ့က လားလေ၏၊ သူငယ်ဟိရာအရပ်၏ အထက်တည့်တည့်သို့ ရောက်သောအခါ ထိုကြယ်သည် တန့်နိန်၏။
MAT 2:10 သူရို့သည် ထိုကြယ်ကို မြင်ကြသောအခါ အလွန် ဝမ်းမြောက်ကြ၏။
MAT 2:11 ကြယ်ပညာဟိရို့သည် အိမ်ထဲသို့ ဝင်ကြသောအခါ မိခင်မာရိနှင့်အတူ သူငယ်ကို တွိ့ကြသဖြင့် သူငယ်ကို ပျပ်ဝပ်လျက် ကိုးကွယ်ကြ၏။ သူရို့ယူလာသော လောဗန်၊ မုရန်၊ ရွှီ စသော လက်ဆောင်များကို ထုတ်၍ သူငယ်ကို ပူဇော်ကြ၏။
MAT 2:12 ဘုရားသခင်က ဟေရုဒ်မင်းကြီးထံပါးသို့ ပြန်၍ မလားကြရန် အိပ်မက်ထဲ၌ နက္ခတ်ပညာဟိရို့ကို ပြောထားပြီးဖြစ်သောကြောင့် သူရို့သည် မိမိတိုင်းပြည်သို့ အခြားသောလမ်းဖြင့် ပြန်လားကြ၏။
MAT 2:13 နက္ခတ်ဗေဒပညာဟိရို့ ထွက်လားပြီးနောက် သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးက ယောသပ်အား “ဟေရုဒ်မင်းကြီးသည် ဤသူငယ်ကို သတ်ခြင်းငှာ လိုက်ရှာနိန်၏။ ယေဇူးနန့် ထလော့၊ သူငယ်နှင့် သူ၏အမိကို ခေါ်၍ အဲဂုတ္တုပြည်သို့ ထွက်ဗြီးလားလီ၊ သင့်ကို ငါ တစ်ခုခု မပြောမချင်း အဲဂုတ္တုပြည်မှ ထွက်မလာကတ်ကေ့” ဟု အိပ်မက်ပီး၏။
MAT 2:14 ထို့ကြောင့် ယောသပ်သည် ချက်ချင်း ထ၍ သူငယ်နှင့် အမိကို ခေါ်၍ ညတွင်းချင်း အဲဂုတ္တုပြည်သို့ ထွက်ဗြီးကြလေ၏။
MAT 2:15 ဟေရုဒ် အနိစ္စရောက်သည့်တိုင်အောင် အဲဂုတ္တုပြည်၌ နီထိုင်ကြလေ၏။ ဤကား “ငါ့သားသျှေကို အဲဂုတ္တုပြည်မှ ငါ ကိုယ်တိုင် ခေါ်ထုတ်လာမည်” ဟူသော ထာဝရဘုရားက ပရောဖက်အားဖြင့် ဟောထားခသောစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။
MAT 2:16 ဟေရုဒ်သည် နက္ခတ်ပညာဟိရို့က မိမိအား လှည့်ဖျားလားခသည်ကို သိသောအခါ အလွန်ဒေါသဖြစ်လေ၏။ သို့ဖြစ်၍ သူသည် နက္ခတ်ပညာဟိရို့ပါးမှာ မိန်းမြန်းလေ့လာထားသော အချိန်ကာလအရ ဗက်လင်မြို့နှင့် အနီးတဝိုက်၌ ဟိကြသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက် ယောက်ျားသူငယ်တိအားလုံးကို သတ်ရန် အမိန့်ထုတ်လေ၏။
MAT 2:17 ထိုအခါ ပရောဖက် ယေရမိအားဖြင့် ဟောထားခစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ သူ၏စကားမှာ၊
MAT 2:18 “ရာမအရပ်၌ ကြီးစွာသော ငိုကျွီးမြည်တမ်းသံကို ကြားရ၍၊ ရာခေလမှာ မိမိ၏သူငယ်တိအတွက် ငိုနိန်ရ၏၊ သို့ဖြစ်၍ ဖြေမဆည်နိုင် ဖြစ်ရလေ၏၊ အကြောင်းမူကား၊ သူငယ်တိအားလုံး သီကျလား၍ ဖြစ်၏” ဟူ၍ ဖြစ်လေ၏။
MAT 2:19 ဟေရုဒ် အနိစ္စရောက်ပြီးနောက် အဲဂုတ္တုပြည်တွင် ယောသပ်၏အိပ်မက်ထဲ၌ သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါး ပေါ်လာ၍
MAT 2:20 “ယောသပ်၊ ထလော့၊ သူငယ်နှင့် သူ၏အမိကို ခေါ်ပြီးလျှင်၊ ဣသရေလပြည်သို့ ပြန်လားကတ်လီ၊ သူငယ်၏အသက်ကို သတ်ဖို့လူတိ သီကျလားပြီးယာ” ဟု ပြောလေ၏။
MAT 2:21 ထိုအခါ ယောသပ်သည် သားအမိနှစ်ယောက်ကို ခေါ်၍ ဣသရေလပြည်သို့ ပြန်လာလေ၏။
MAT 2:22 ထိုအချိန်၌ ဟေရုဒ်၏သား အာခေလသည် ယုဒပြည်၏ဘုရင်အဖြစ် ခမည်းတော်နန်းရာကို ဆက်ခံနိန်သည်ကို ကြားသဖြင့် ယောသပ်သည် ယင်းပြည်သို့ ပြန်လားဖို့ရန် ကြောက်နိန်၏။ အိပ်မက်ထဲ၌ ဗျာဒိတ်တော်ကို မြင်ပြီးခါမှသာ၊ ဂါလိလဲနယ်ထဲသို့ ဝင်ရောက်ကာ
MAT 2:23 နာဇရက်ဟုခေါ်သော မြို့တစ်မြို့တွင် နီထိုင်လေ၏။ ထို့ကြောင့် “ကိုယ်တော်အား နာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တိအားဖြင့် ဟောထားခသောစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။
MAT 3:1 ထိုအချိန်၌ ဗတ္တိဇံယောဟန်သည် ယုဒပြည်၏ တောကန္တာရတွင် တရားတော်ကို စတင်ဟောပြောလျက်ဟိ၏။
MAT 3:2 သူဟောပြောသည်မှာ “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြပါ” ဟူ၍ ဖြစ်၏။
MAT 3:3 ပရောဖက်ဟေသျှာယက “တောကန္တာရထဲ၌ အော်ဟစ်နိန်သော သူ၏အသံမှာ၊ ‘ထာဝရဘုရား အတွက် လမ်းကို ပျင်ဆင်ကြလော့၊ ကိုယ်တော်အတွက် လမ်းကို ဖြောင့်စီကြလော့’” ဟူ၍ ဟောပြောခသည်မှာ ထိုယောဟန်ကို ဆိုလိုသတည်း။
MAT 3:4 ယောဟန်သည် ကုလားအုတ်အမွှီးနှင့် ရက်လုပ်ထားသော ဝတ်ရုံကိုဝတ်၍ ခါး၌ သားရီခါးပတ်ကို ပတ်ပြီးလျှင် ကျိုင်းကောင်နှင့် တောပျားရည်ကို စားသောက်လျက်နိန်၏။
MAT 3:5 ယော်ဒန်မြစ်ဝှမ်းဒေသအားလုံးမှစ၍ ယေရုဆလင်မြို့အပါအဝင် ယုဒပြည်တဝှမ်းလုံးမှ လူအပေါင်းရို့သည် ယောဟန်ပါးသို့ ရောက်လာကြ၏။
MAT 3:6 သူရို့သည် မိမိ အပြစ်တိကို ဝန်ခံကြပြီးနောက် ယောဟန်သည်လည်း သူရို့အား ယော်ဒန်မြစ်၌ ဗတ္တိဇံကို ပီး၏။
MAT 3:7 ဖာရိယှဲရို့နှင့် ဇဒ္ဒုကဲရို့သည် ဗတ္တိဇံခံရန် လာကြသည်ကို ယောဟန် မြင်လျှင် “မြွီဆိုးအမျိုးတိ၊ သင်ရို့သည် ရောက်လတ္တံ့သော ဘုရားသခင်၏ အပြစ်စီရင်ခြင်းမှ လွတ်လိမ့်မည်ဟု ဇာသူက ပြောသနည်း။
MAT 3:8 သင်ရို့သည် နောင်တရကြောင်းကို သင်ရို့အကျင့်နှင့် သက်သီ ပြကြလော့။
MAT 3:9 သင်ရို့သည် အာဗြဟံအမျိုးဖြစ်၍ အပြစ်စီရင်ခြင်းမှ လွတ်လိမ့်မည်ဟု မထင်ကတ်ကေ့။ ငါဆိုသည်ကား ဘုရားသခင်သည် ဤကျောက်တုံးတိကို ပင်လျှင် အာဗြဟံ အမျိုးဖြစ်အောင် ဖန်ဆင်းနိုင်၏။
MAT 3:10 ကောင်းသောအသီးကို မသီးသောအပင်ဟိသမျှကို ခွတ်ပြီးလျှင် မီးထဲသို့ ချလိုက်ခြင်းငှာ ပေါက်ဆိန်ကို အပင်ခြီရင်း၌ အဆင်သင့် ထားလျက်ဟိ၏။
MAT 3:11 သင်ရို့ နောင်တရကြောင်းကို ပြသည့်အနိန်ဖြင့် ငါသည် သင်ရို့အား ရီ၌ ဗတ္တိဇံကို ပီး၏။ ငါ့နောက်မှ ကြွလာမည့်သူသည် ငါ့ထက်ကြီးမြတ်သူဖြစ်၍ ထိုသူသည် သင်ရို့အား သန့်ယှင်းသော ဝိညာဉ်တော်၌ လည်းကောင်း၊ မီး၌ လည်းကောင်း ဗတ္တိဇံကို ပီးလိမ့်မည်။ သူ၏ခြီနင်းတော်ကို ကိုင်ဆောင်ခြင်းငှာ ငါသည် မထိုက်တန်။
MAT 3:12 ထိုသူသည် မိမိ၏ ကောက်နယ်တလင်းကို ယှင်းလင်းရန် လက်၌ ဆန်ကောကို ကိုင်ထားတော်မူသည်ဖြစ်၍ ဂျုံစပါးတိကို ပုတ်ထဲတွင် စုသိမ်းပြီးလျှင် အဖျင်းတိကိုမူကား မငြိမ်းနိုင်သောမီးထဲ၌ လောင်ကျွမ်းစီတော်မူလိမ့်မည်” ဟု သူရို့ကို ပြောဆို၏။
MAT 3:13 ထိုအချိန်၌ ယေသျှုသည် ယောဟန်ထံပါးတွင် ဗတ္တိဇံကို ခံယူရန် ဂါလိလဲနယ်မှ ယော်ဒန်မြစ်နားသို့ ရောက်လာ၏။
MAT 3:14 “အကျွန်သည်သာ ကိုယ်တော့်ထံ၌ ဗတ္တိဇံကို ခံယူထိုက်သည်ဖြစ်၍ အကျွန့်ပါးသို့ ကိုယ်တော်ကြွလာခြင်းသည် အကျွန်နှင့် မထိုက်တန်ပါ” ဟု ယောဟန်က ဟန့်တားရန် ကြိုးစားလေ၏။
MAT 3:15 သို့သော် ယေသျှုက “ငါရို့သည် ဘုရားသခင် အလိုတော်ဟိသမျှတိကို လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အဂုပင် လုပ်ခွင့်ပီးပါ” ဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
MAT 3:16 ယေသျှုသည် ဗတ္တိဇံကို ခံယူပြီး၊ ရီထဲမှ ထလာစဉ်တွင် ကောင်းကင်ဖွင့်လှစ်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် မိမိအထက်၌ ဂြိုးငှက်ကဲ့သို့ ဆင်းသက်လာသည်ကို ကိုယ်တော်သည် မြင်လေ၏။
MAT 3:17 ထို့နောက် “ဤသူကား ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော ကောင်းကင်မှ အသံတော် ထွက်လာလေ၏။
MAT 4:1 ထို့နောက် ဝိညာဉ်တော်သည် ယေသျှုကို တောကန္တာရထဲသို့ ပို့ဆောင်ပြီးလျှင် မာရ်နတ်၏ စုံစမ်းခြင်းကို ခံတော်မူ၏။
MAT 4:2 ယေသျှုသည် ရက်လေးဆယ်ပတ်လုံး အစာယှောင်ပြီးနောက် အလွန်ဆာမွတ်လျက်ဟိ၏။
MAT 4:3 ထိုအခါ မာရ်နတ်သည် ရောက်လာပြီးလျှင် “သင်သည် ဘုရားသခင်၏ သားမှန်လျှင် ဤကျောက်ခဲတိကို မုန့်ဖြစ်အောင် အမိန့်ပီးတော်မူပါ” ဟု ဆို၏။
MAT 4:4 ယေသျှုက “ကျမ်းစာလာသည်ကား၊ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့်သာ အသက်ရှင်ရမည်’” ဟု ပြန်၍ မိန့်တော်မူ၏။
MAT 4:5 ထို့နောက် မာရ်နတ်သည် ယေသျှုကို သန့်ယှင်းသောမြို့တော် ယေရုဆလင်သို့ ခေါ်ဆောင်၍ ဗိမာန်တော်၏ အမြင့်ဆုံးအထွဋ်၌ တင်ထားပြီးလျှင်
MAT 4:6 ကျမ်းစာလာသည်ကား၊ “ဘုရားသခင်က သူ၏ကောင်းကင်တမန်တိကို သင့်အဖို့ မိန့်မှာတော်မူထားသည်ဖြစ်၍၊ သူရို့သည် မိမိရို့၏လက်များဖြင့် သင့်ကို ပင့်ချီထားကြလိမ့်မည်၊ ထို့ကြောင့် သင်၏ခြီကို ကျောက်နှင့် မထိမခိုက်စီရ၊ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏သားမှန်လျှင် ခုန်ချလိုက်ပါ” ဟု ဆိုလေ၏။
MAT 4:7 ယေသျှုက “သင်၏ဘုရားသခင် ထာဝရဘုရားကို စုံစမ်းခြင်း မပြုရဟူ၍ ကျမ်းစာ၌ ရီးထား၏” ဟု ပြန်၍ မိန့်တော်မူ၏။
MAT 4:8 ထို့နောက် မာရ်နတ်သည် ယေသျှုကို အလွန်မြင့်မားသော တောင်ထိပ်သို့ ခေါ်ဆောင်၍ လောကီနိုင်ငံအသီးသီးနှင့်တကွ ထိုနိုင်ငံများ၏ ကြီးကျယ်ခန့်နားမှုများကို ပြလေ၏။
MAT 4:9 မာရ်နတ်က “သင်သည် ငါ့ကို ပျပ်ဝပ်လျက် ကိုးကွယ်လျှင် ဤအရာ အားလုံးတိကို သင့်အား ငါပီးမည်” ဟု ပြောလေ၏။
MAT 4:10 ထိုအခါ ယေသျှုက “အချင်း စာတန်၊ ငါနှင့် ဝီးရာသို့ ထွက်လားလီ။ ကျမ်းစာက မိန့်မှာထားသည်မှာ သင်၏ဘုရားသခင် ထာဝရဘုရားသခင်ကိုသာ ကိုးကွယ်ရမည်၊ ထိုဘုရားသခင်၏ အမှုကိုသာ ဆောင်ရွက်ရမည်” ဟု မိန့်တော်မူ၏။
MAT 4:11 ထို့နောက် မာရ်နတ်သည် ယေသျှုထံပါးမှ ထွက်လားလေ၏။ ထိုအခါ ကောင်းကင်တမန်တိ ရောက်လာ၍ ကိုယ်တော့်ကို ပြုစုကြလေ၏။
MAT 4:12 ယောဟန်သည် ထောင်ထဲ၌ ချထားခြင်းကို ခံနိန်ရသည်ကို ယေသျှု ကြားလျှင် ဂါလိလဲပြည်သို့ ကြွလားတော်မူ၏။
MAT 4:13 နာဇရက်မြို့ကို ကျော်ဖြတ်ကာ ဇာဗုလုန်ဒေသနှင့် နဿလိဒေသကြား၊ ဂါလိလဲအိုင်နား၌ဟိသော ကပေရနောင်မြို့၌ နီထိုင်ရန် ကြွတော်မူ၏။
MAT 4:14 ဤကား ပရောဖက် ဟေသျှာယအားဖြင့် ဟောထားခသောစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ ထိုစကားမှာ၊
MAT 4:15 “အို၊ ဇာဗုလုန်ဒေသနှင့် နဿလိဒေသတည်းဟူသော ယော်ဒန်မြစ်တစ်ဖက်ကမ်း ပင်လယ်သို့ ထွက်ရာလမ်းတလျှောက်၌ဟိသော တခြားလူမျိုးတိနီထိုင်ရာ ဂါလိလဲပြည်၊
MAT 4:16 မှောင်မိုက်ထဲ၌ နီထိုင်ကြသောသူတိသည် ကြီးစွာသောအလင်းတစ်ခုကို မြင်ရကြလိမ့်မည်။ သီမင်း၏အရိပ်ဖြစ်သော ထိုပြည်၌ နီထိုင်ကြသော သူရို့တွင် ထိုအလင်းသည် ထွန်းလင်းလာလိမ့်မည်” ဟူ၍ ဖြစ်၏။
MAT 4:17 ထိုအချိန်မှစ၍ ယေသျှုက “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြလော့” ဟူသော တရားတော်ကို စတင်၍ ဟောကြားတော်မူ၏။
MAT 4:18 ယေသျှုသည် ဂါလိလဲအိုင်ကမ်းနား၌ ကြွတော်မူစဉ် တံငါညီအစ်ကို နှစ်ယောက်ဖြစ်သော သျှိမုန်ဟု ခေါ်သော ပေတရုနှင့် သူ၏ညီ အန္ဒြေရို့သည် ပိုက်တစ်လက်ဖြင့် အိုင်ထဲမှာ ငါးဖမ်းနိန်သည်ကို တွိ့တော်မူ၏။
MAT 4:19 ယေသျှုက “ငါနှင့်အတူ လိုက်ကတ်၊ ငါသည် သင်ရို့အား လူတိကို ဖမ်းဖို့ သင်ပီးမည်” ဟု မိန့်တော်မူ၏။
MAT 4:20 သူရို့သည် ပိုက်တိကို ချက်ချင်း ပစ်ထားခပြီးလျှင် ကိုယ်တော်နောက်သို့ လိုက်ကြ၏။
MAT 4:21 တဖန် ကိုယ်တော်သည် ဆက်လက်၍ ကြွတော်မူလျှင်၊ ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်သော ယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူရို့သည် ဖခင်ဇေဗေဒဲနှင့်အတူ ငါးဖမ်းရန် လောင်းထဲ၌ ပိုက်တိကို ပျင်ဆင်နိန်ကြ၏။ ယေသျှုသည် ထိုသူရို့အား နောက်တော်သို့ လိုက်ရန် ခေါ်တော်မူ၏။
MAT 4:22 သူရို့သည် ဖခင်နှင့် သူရို့၏လောင်းကို ထားပစ်ခပြီးလျှင် ချက်ချင်း ယေသျှုနောက်သို့ လိုက်ကြ၏။
MAT 4:23 ယေသျှုသည် ဂါလိလဲပြည်တစ်ခုလုံးသို့ ကြွတော်မူပြီးလျှင် တရားဇရပ်များ၌ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားတော်မူလျက်၊ မကျန်းမာသူများကို ကျန်းမာစီ၏။ ရောဂါအမျိုးမျိုးကို ခံစားနိန်ကြရသော လူတိကိုလည်း ရောဂါပျောက်ကင်းစီတော်မူ၏။
MAT 4:24 ယေသျှု၏သတင်းတော်သည် ယှုရိပြည် တစ်ဝှမ်းလုံးသို့ ပြန့်နှံ့လား၏။ လူတိက သွက်ရှာပါဒရောဂါသည်၊ ဝက်ရူးပြန်ရောဂါသည်၊ နတ်ဆိုးဝင်ပူးနိန်သည့်သူများနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်သူများကို ကိုယ်တော့်ထံပါးသို့ ခေါ်ဆောင်လာကြ၏။ ယေသျှုသည် ထိုသူအားလုံး၏ အနာရောဂါတိကို ပျောက်ကင်းစီတော်မူ၏။
MAT 4:25 ဂါလိလဲပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေရုဆလင်မြို့၊ ယုဒပြည်နှင့် ယော်ဒန်မြစ်တစ်ဘက်ကမ်းမှ လူအပေါင်းရို့သည်လည်း ကိုယ်တော်၏နောက်တော်သို့ လိုက်လာကြ၏။
MAT 5:1 ယေသျှုသည် လူအုပ်ကြီးကို မြင်တော်မူလျှင် တောင်ကုန်းထက်သို့ တက်ကြွတော်မူပြီး ထိုနီရာ၌ ထိုင်တော်မူ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော်၏ပတ်လည်၌ ဝိုင်း၍ ထိုင်ကြ၏။
MAT 5:2 ထို့နောက် ဆုံးမဩဝါဒများကို ပီးတော်မူ၏။
MAT 5:3 “မိမိရို့သည် ဝိညာဉ်ရေးရာ၌ အားနည်းသူများ ဖြစ်ကြောင်း သိသောသူရို့သည် မင်္ဂလာဟိကြ၏၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူရို့အတွက် ဖြစ်၏။
MAT 5:4 စိတ်မသာ ညည်းတွားလျက်ဟိသော သူရို့သည် မင်္ဂလာဟိကြ၏၊ ဘုရားသခင်သည် သူရို့ကို နှစ်သိမ့်ပီးတော်မူလိမ့်မည်။
MAT 5:5 စိတ်နှလုံးနှိမ့်ချသောသူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် ဘုရားသခင်ပီးထားသော ကတိတော်ကို ခံစားရလိမ့်မည်။
MAT 5:6 ဘုရားသခင်အလိုတော်ကို လုပ်ဆောင်လိုစိတ် ပြင်းပြသောသူရို့သည် မင်္ဂလာဟိကြ၏။ ဘုရားသခင်သည် သူရို့၏လိုအင်ဆန္ဒကို ပြည့်စုံစီလိမ့်မည်။
MAT 5:7 သူတစ်ပါးကို သနားကရုဏာထားသော သူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် ဘုရားသခင်၏ သနားခြင်းကရုဏာကို ခံစားရကြလိမ့်မည်။
MAT 5:8 စိတ်နှလုံး သန့်ယှင်းဖြူစင်သော သူရို့သည် မင်္ဂလာဟိကြ၏။ သူရို့သည် ဘုရားသခင်ကို မြင်တွိ့ကြရလိမ့်မည်။
MAT 5:9 ရန်အပေါင်းကို ငြိမ်းချမ်းစီသောသူရို့သည် မင်္ဂလာဟိ၏၊ ထိုသူရို့သည် ဘုရားသခင်၏ သားသမီးများဟု အခေါ်ခံရလိမ့်မည်။
MAT 5:10 ဘုရားသခင်အလိုတော်ကို လိုက်နာသောကြောင့် ညှဉ်းပန်းနှိပ်စက် ခံရသောသူရို့သည် မင်္ဂလာဟိကြ၏၊ ထိုသူရို့သည် ကောင်းကင်နိုင်ငံတော်ကို အမွီခံရကြလိမ့်မည်။
MAT 5:11 “သင်ရို့သည် ငါ့တပည့်ဖြစ်သောကြောင့် လူတိက မဟုတ်မမှန် စွပ်စွဲ၍ အပြစ်ရှာလျက် ညှဉ်းပန်းနှိပ်စက်လာကြသောအခါ သင်ရို့သည် မင်္ဂလာဟိကြ၏။
MAT 5:12 အကြောင်းမူကား၊ သင်ရို့အတွက် ကောင်းကင်ဘုံ၌ ပျင်ဆင်ထားသောဆုကျေးဇူးသည် ကြီးမြတ်သည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ သင်ရို့ရှိ့က ပေါ်ထွန်းခသော ပရောဖက်တိလည်း ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခရကြ၏။
MAT 5:13 “သင်ရို့သည် ဤလောက၏ ဆား ဖြစ်ကြ၏။ ဆားသည် အငန်ဓာတ်ကင်းပျောက်လားလျှင် ၎င်းကို တဖန်ဇာပိုင် ပြန်ရဖို့သိမ့်လဲ။ အပြင်သို့ ဝေးပစ်ခြင်းခံရပြီး လူတိ ကျော်နင်းခြင်းမှတစ်ပါး တစ်ခုလည်း အသုံးမဝင်ယာ။
MAT 5:14 “သင်ရို့သည် ဤလောက၏အလင်း ဖြစ်ကြ၏၊ တောင်ထိပ်၌ တည်ထားသောမြို့ကို ကွယ်ဝှက်၍ မရနိုင်။
MAT 5:15 မီးခွက်ထွန်းပြီး တောင်းနှင့် အုပ်ထားသောသူဟူ၍ မဟိ၊ တစ်အိမ်လုံးကို အလင်းရစီခြင်းငှာ မီးခွက်စင်ထက်မှာသာ တင်၍ ထွန်းထားလေ့ဟိကြ၏။
MAT 5:16 ထိုနည်းတူ လူတိုင်းသည် သင်ရို့ပြုသော ကောင်းသောအကျင့်တိကို မြင်၍ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကို ချီးမွမ်းစီခြင်းငှာ သင်ရို့၏အလင်းကို လူတိရှိ့မှာ လင်းကြလော့။
MAT 5:17 “မောသျှေ၏ပညတ်ကျမ်းနှင့် ပရောဖက်များ၏ကျမ်းတိကို ပယ်ဖျက်ခြင်းငှာ ငါလာသည် မဟုတ်။ ထိုကျမ်းတိကို ပယ်ဖျက်ခြင်းငှာ ငါလာသည် မဟုတ်၊ ပြည့်စုံစီခြင်းငှာ ငါလာ၏။
MAT 5:18 ငါသည် သင်ရို့အား အမှန်ဆိုသည်ကား ကောင်းကင်နှင့် မြီကြီး တည်သရွေ့ကာလပတ်လုံး ပညတ်ကျမ်း၏ အငယ်ဆုံးသောစာလုံးနှင့် အငယ်ဆုံးသော ဝစ္စတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်ခင် မပျက်စီးစီရ။
MAT 5:19 ယေဇူးနန့် အငယ်ဆုံးသောပညတ်ကို လွှဲမှားစွာခံယူပြီး၊ သူတစ်ပါးကိုလည်း လွဲမှားစွာ သွန်သင်သောသူသည် ကောင်းကင်နိုင်ငံ၌ အငယ်ဆုံးသောသူ တစ်ယောက်သာ ဖြစ်လိမ့်မည်။ ထိုကျမ်းများကို တစ်လုံးမကျန် ကိုယ်တိုင် အတိအကျ နာခံပြီး တခြားလူတိကိုလည်း တိကျမှန်ကန်စွာ သင်ပီးသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးဆုံးသောသူ ဖြစ်လိမ့်မည်။
MAT 5:20 ထို့အပြင်၊ ငါဆိုသည်ကား သင်ရို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရာ၌ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာတိ ကျင့်သောအကျင့်ထက် မသာလွန်လျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင့်ရကြလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
MAT 5:21 “သင်ရို့သည် ‘လူ့အသက်ကို မသတ်ရ၊ သတ်သောသူကား တရားစီရင်ခြင်းကို ခံရမည်’ ဟူသော ရှီးစကားကို ကြားဖူးကြပြီး ဖြစ်ကြ၏။
MAT 5:22 သို့သော်၊ သင်ရို့ကို ငါဆိုသည်ကား၊ မိမိညီအစ်ကိုအား စိတ်ဆိုးဒေါသဖြစ်သူသည် တရားရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်၏၊ မိမိ၏ညီအစ်ကိုတစ်ယောက်ကို ‘အသုံးမကျသောသူ’ ဟု ပြောဆိုသောသူသည် လွှတ်တော်ရုံးရှိ့၌ တရားစီရင်ခြင်းကို ခံထိုက်၏။ မိမိညီအစ်ကိုအား တန်ဖိုးမဟိသောသူ၊ အရူးဟု ပြောဆိုသောသူသည် ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံထိုက်၏။
MAT 5:23 ထို့ကြောင့် သင်သည် ဘုရားသခင်ကို ပူဇော်သကာပြုခြင်းငှာ ယဇ်ပလ္လင်သို့ လာစဉ်၊ သင်၏ညီအစ်ကို တစ်ယောက်သည် သင်၌ အပြစ်တင်စရာ တစ်စုံတစ်ခု ဟိသည်ဟု သတိရလျှင်
MAT 5:24 သင်၏ပူဇော်သကာကို ယဇ်ပလ္လင်ရှိ့မှာ ချထားခပြီးလျှင် ထိုညီအစ်ကို ပါးသို့ ချက်ချင်း လား၍ အသင့်အတင့်ဖြစ်အောင် လုပ်ပြီးခါမှ ယဇ်ပလ္လင်သို့ ပြန်လာပြီး ထိုပူဇော်သကာကို ဆက်သလော့။
MAT 5:25 “တစ်စုံတစ်ယောက်က သင်ရို့ကို တရားစွဲရန် တရားရုံးသို့ ဆွဲခေါ်လားမည်ဆိုလျှင် တရားရုံးကို မရောက်ခင် လမ်းမှာ ထိုသူကို အချိန်မီ ကြေနပ်အောင် လုပ်လိုက်ပါ။ ထိုသို့ မဟုတ်လျှင် ထိုသူသည် သင့်ကို တရားသူကြီးလက်သို့ အပ်လိမ့်မည်။ တရားသူကြီးက သင့်အား ရဲလက်သို့ အပ်လိမ့်မည်။ ရဲတိက သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။
MAT 5:26 သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ လျော်ပြစ်ငွီဟိသမျှကို မပီးမချင်း သင်သည် ထောင်ထဲက လွှတ်လိမ့်မည် မဟုတ်။
MAT 5:27 “သင်ရို့သည် ‘သူ့မယားကို မပြစ်မှားရ’ ဆိုသည့် စကားကို ကြားဖူးကြပြီးဖြစ်၏။
MAT 5:28 သို့သော်၊ အဂု ငါဆိုသည်ကား၊ ကိလေသာစိတ်နှင့် မိန်းမတစ်ယောက်ကို ကြည့်သောသူသည် ထိုသူ၏စိတ်ထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီးပြီ။
MAT 5:29 အကယ်၍ သင်၏ညာဖက်မျက်စိက သင့်အား အပြစ် ဖြစ်စီလျှင် ယင်းမျက်စိကို ဖောက်ထုတ်၍ ဝေးပစ်လိုက်။ သင်၏ခန္ဓာတစ်ခုလုံး ငရဲထဲသို့ ကျသည်ထက် အင်္ဂါတစ်ခု ပျက်လားသည်က သာ၍ ကောင်းပေ၏။
MAT 5:30 အကယ်၍ သင်၏ညာဖက်လက်က သင့်ကို အပြစ် ဖြစ်စီလျှင် ထိုလက်ကို ဖြတ်၍ ဝေးပစ်လိုက်။ သင်၏ခန္ဓာတစ်ခုလုံး ငရဲထဲသို့ ကျသည်ထက် အင်္ဂါတစ်ခု ပျက်လားသည်က သာ၍ ကောင်းပါ၏။
MAT 5:31 “ ‘မိမိမယားနှင့် ကွာယှင်းလိုသောသူသည် မယားကို ကွာယှင်းစာ ပီးရမည်’ ဟု ရှီးအဆိုဟိ၏။
MAT 5:32 သို့သော်၊ အဂုသင်ရို့ကို ငါ ဆိုလိုသည်ကား၊ ဖောက်ပြန်တတ်သော မိန်းမကလွဲ၍ ဇာအကြောင်းနှင့်မဆို မိမိမယားကို ကွာသောသူသည် မိမိမယားကို ပြစ်မှားခြင်းဖြစ်၏။ လင်ကွာထားသောမိန်းမနှင့် ပေါင်သင်းသော ယောက်ျားသည်လည်း သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။
MAT 5:33 “သင်ရို့သည် ‘ဘုရားသခင်ရှိ့၌ ကျိန်ဆိုထားသည့် သစ္စာကတိကို မဖျက်ရ၊ ကျိန်ဆိုထားသည့်အတိုင်း လုပ်ရမည်’ ဟု အယင်က လူတိပြောခသောစကားကို ကြားဖူးကြ၏။
MAT 5:34 သို့သော်၊ အဂု သင်ရို့ကို ငါဆိုသည်ကား၊ ဘုရားသခင်ရှိ့၌ ကျိန်ဆိုသစ္စာပြုခြင်း လုံးဝမလုပ်ရ။ ကောင်းကင်ဘုံသည် ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သောကြောင့် ကောင်းကင်ဘုံကိုလည်းကောင်း၊
MAT 5:35 ထိုနည်းတူ ဤကမ္ဘာမြီကြီးသည် ဘုရားသခင်၏ ခြီတင်ရာခုံ ဖြစ်သောကြောင့် မြီကြီးကိုလည်းကောင်း၊ ထိုနည်းတူ ယေရုဆလင်မြို့သည် မဟာမင်းကြီး၏ မြို့တော်ဖြစ်သောကြောင့် ဤမြို့ကိုလည်းကောင်း တိုင်တည်၍ မကျိန်ဆိုရ။
MAT 5:36 ထိုနည်းတူ သင်ရို့သည်ကား၊ ဆံချည်တစ်မျှင်ကိုတောင်မှ ဖြူအောင်၊ မဲအောင် မလုပ်နိုင်ကြသည်ဖြစ်၍ မိမိဦးဂေါင်းကိုပင်လျှင် တိုင်တည်၍ မကျိန်ဆိုရ။
MAT 5:37 ဟုတ်သည်ကို ‘အဟုတ်’ မဟုတ်သည်ကို ‘မဟုတ်’ ဟူ၍သာ ပြောရမည်၊ ဤထက်ပိုသောစကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်၏။
MAT 5:38 “သင်ရို့သည် ‘မျက်စိအစား မျက်စိကိုလည်းကောင်း၊ သွားအစား သွားကိုလည်းကောင်း ပီးရမည်’ ဟူသော စကားကို ကြားဖူးကြ၏။
MAT 5:39 သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်မှာ၊ သင်ရို့ကို ပြစ်မှားသော ဇာသူ့ကို မဆို လက်တုံ့မပြန်ကတ်ကေ့။ တစ်စုံတစ်ယောက်က သင်၏ညာဖက်ပါးကို သတ်လျှင် ဘယ်ဖက်ပါးကိုပါ လှည့်၍ ပီးလိုက်။
MAT 5:40 တစ်စုံတစ်ယောက်က သင်၏အင်္ကျီကို လိုချင်လို့ တရားစွဲလာလျှင် သင်၏ ဝတ်ရုံကိုပါ ချွတ်ပီးလိုက်။
MAT 5:41 တစ်စုံတစ်ယောက်က သင့်အား သူ၏ဝန်ထုပ်ကို ထမ်း၍ မိုင်တိုင်တစ်တိုင် အကွာအဝီးသို့ အနိုင်အထက်ပြု၍ လိုက်ပို့ခိုင်းလျှင် မိုင်တိုင်နှစ်တိုင်ခရီးထိ လိုက်ပို့ပီးလိုက်။
MAT 5:42 သင်ရို့ကို တောင်းသောသူအား ပီးကတ်ပါ၊ သင်ရို့ပါးက ချီးငှားလိုသောသူကိုလည်း မငြင်းပယ်ကတ်ကေ့။
MAT 5:43 “သင်ရို့သည် ‘မိတ်ဆွီကို ချစ်ကြပါ၊ ရန်သူကို မုန်းကြပါ’ ဟူသော အဆုံးအမကို ကြားဖူးပြီးဖြစ်ကြ၏။
MAT 5:44 သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်ကား၊ ရန်သူကို ချစ်ကတ်ပါ။ သင်ရို့ကို ညှဉ်းပန်းနှိပ်စက်သော သူတိအတွက် ဆုတောင်းပီးကတ်ပါ။
MAT 5:45 သို့မှသာ ကောင်းကင်ဘုံ၌ဟိသော သင်ရို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် ကောင်းသောသူ၊ မကောင်းသောသူတိ အထက်မှာ နီရောင်ခြည်ကို ထွန်းလင်းပီးတော်မူ၏။ သုစရိုက် ပြုသောသူနှင့် ဒုစရိုက် ပြုသောသူတိ အထက်မှာလည်း မိုးကို ရွာသွန်းပီးတော်မူ၏။
MAT 5:46 သင်ရို့အား ချစ်သောသူတိကိုသာ ချစ်ကြမည်ဆိုလျှင် ဘုရားသခင်၏ဆုလာဘ်နှင့် ဇာပိုင် ထိုက်တန်မည်နည်း။ အခွန်ကောက်ခံသောသူရို့တောင်မှ ဤသို့ ပြုကြသည် မဟုတ်လား။
MAT 5:47 သင်၏မိတ်ဆွီတိကိုသာ ပေါင်းသင်းဆက်ဆံလျှင် ဇာပိုင် ထူးမြတ်မည်နည်း။ သာသနာပလူတိတောင်မှ ထိုသို့ ပြုကြသည် မဟုတ်လား။
MAT 5:48 သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖသည် ပြည့်စုံသည့်နည်းတူ — သင်ရို့သည်လည်း ပြည့်စုံခြင်း ဟိကြလော့။
MAT 6:1 “သင်ရို့သည် ဘာသာရေးဆိုင်ရာ ဝတ္တရားများကို လူအများ မြင်သာအောင် လူမြင်ကွင်းမှာ မလုပ်ဆောင်ကြဖို့ အထူး သတိထားကတ်ပါ။ ယင်းပိုင် လူမြင်ကွင်းမှာ လုပ်ပြလျှင် ကောင်းကင်ဘုံသျှင် သင်ရို့အဖထံတော်ပါးက ဇာဆုကျေးဇူးကိုလည်း ရလိမ့်မည် မဟုတ်။
MAT 6:2 “ထို့ကြောင့် သင်သည် လိုအပ်နိန်သောသူတစ်ယောက်ကို တစ်စုံတစ်ခု ပီးကမ်းစွန့်ကြဲကြသောအခါ လမ်းဆုံလမ်းဝ၌ လည်းကောင်း၊ တရားဇရပ်၌ လည်းကောင်း၊ သူတော်ကောင်းယောင် ဆောင်သောသူရို့ကဲ့သို့ လူမြင်ကောင်းအောင် လုပ်ပြမနိန်ကတ်ကေ့။ သူတော်ကောင်းယောင် ဆောင်သောသူရို့သည် သူရို့ကို လူတိက ချီးမွမ်းစီချင်လို့ ထိုသို့ လုပ်ပြနိန်ကြခြင်း ဖြစ်၏။ ငါ အမှန်ဆိုသည်ကား ထိုသူရို့ လိုချင်စွာကို ရထားကြပြီး ဖြစ်၏။
MAT 6:3 သို့ဖြစ်၍ သင်သည် လိုအပ်နိန်သောသူ တစ်ယောက်ကို ကူညီကြသောအခါ သင်၏ အရင်းနီးဆုံး မိတ်ဆွီတစ်ယောက်ကိုတောင်မှ ထိုအကြောင်းကို မသိစီကေ့။
MAT 6:4 ထိုအမှုသည် ထိုသူ တစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်သောကိစ္စဖြစ်ရမည်။ သို့မှသာ ဆိတ်ကွယ်ရာ၌ သင်ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင်အား အကျိုးကို ထင်ရှားစွာ ပီးတော်မူလိမ့်မည်။
MAT 6:5 “သင်သည် ဆုတောင်းကြသောအခါ သူတော်ကောင်း ယောင်ဆောင်သောသူတိပိုင် မတောင်းကတ်ကေ့။ သူရို့သည် လမ်းဆုံလမ်းခွ၌ လည်းကောင်း၊ တရားဇရပ်များ၌ လည်းကောင်း သူရို့ကို လူတိုင်းမြင်ကြစီရန် မတ်တပ်ရပ်၍ ဆုတောင်းခြင်းကို နှစ်သက်ကြ၏။ ငါ အမှန်ဆိုသည်ကား သူရို့အလို ပြည့်စုံပြီးဖြစ်ကြ၏။
MAT 6:6 သို့ဖြစ်၍ သင်သည် ဆုတောင်းသည့်အခါ အခန်းထဲသို့ ဝင်၍ တန်းခါးကို ပိတ်ပြီးလျှင် လူတိမမြင်နိုင်သော သင်၏အဖကို တောင်းကြလော့။ ဆိတ်ကွယ်ရာအရပ်၌ သင်ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင့်အား ပီးတော်လိမ့်မည်။
MAT 6:7 “သင်သည် ဆုတောင်းသောအခါ သာသနာပလူတိကဲ့သို့ အဓိပ္ပာယ်မဟိသည့် စကားတိနှင့် အထပ်ထပ်မြွတ်ဆို၍ တောင်းမနိန်ကတ်ကေ့၊ သူရို့သည် ဆုအရှည်ကြီးတောင်းလျှင် တောင်းသမျှကို သူရို့ဘုရားတိက ကြားကတ်လိမ့်မည်ဟု ထင်ကြ၏။
MAT 6:8 သူရို့ပိုင် မတောင်းကတ်ကေ့။ သင်မတောင်းခင်ကပင် သင်လိုအပ်သည်ကို သင်၏အဖက သိထားပြီးဖြစ်၏။
MAT 6:9 ထို့ကြောင့် သင်ရို့ ဆုတောင်းရမည်မှာ၊ “ ‘ကောင်းကင်ဘုံသျှင် အကျွန်ရို့၏အဖ၊ ကိုယ်တော်၏ သန့်ယှင်းသောနာမတော်အား ရိုသီလေးမြတ်ခြင်း ဟိကြပါစီသောဝ်။
MAT 6:10 နိုင်ငံတော် တည်ထောင်ပါစီသောဝ်။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြုသကဲ့သို့ မြီကြီးပေါ်၌ ပြုပါစီသောဝ်။
MAT 6:11 အကျွန်ရို့လိုအပ်သောအစာကို ဤနိ့ ပီးသနားတော်မူပါ။
MAT 6:12 သူတစ်ပါးသည် အကျွန်ရို့၌ ပြုမှားမိသောအပြစ်တိကို အကျွန်ရို့သည် ခွင့်ရွှတ်သကဲ့သို့ အကျွန်ရို့ ပြုမှားမိသော အပြစ်တိကိုလည်း ခွင့်ရွှတ်တော်မူပါ။
MAT 6:13 အကျွန်ရို့၌ ကြီးမားသော စုံစမ်းသွီးဆောင်ခြင်းကို မကျရောက်စီဘဲ၊ မကောင်းသောအမှုမှလည်း ကယ်နုတ်တော်မူပါ။’ ဟူ၍ ဆုတောင်းကြလော့။
MAT 6:14 “သင်ရို့သည် သူတစ်ပါးက သင်ရို့ကို ပြုမှားမိသောအပြစ်တိကို ခွင့်ရွှတ်မှသာလျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖက သင်ရို့ကို ခွင့်ရွှတ်လိမ့်မည်။
MAT 6:15 သို့သော် သင်ရို့သည် သူတပါးအပြစ်ကို ခွင့်မရွှတ်လျှင် သင်ရို့ ပြုမှားမိသော အပြစ်တိကိုလည်း သင်ရို့အဖက ခွင့်ရွှတ်လိမ့်မည် မဟုတ်ပေ။
MAT 6:16 “သင်ရို့သည် အစာယှောင်ကြသည့်အခါ သူတော်ကောင်းယောင်ဆောင်သောသူတိကဲ့သို့ မျက်နှာညှိုးငယ်ခြင်း မဟိကတ်ကေ့၊ ထိုသူရို့သည် သူရို့အစာယှောင်သည်ကို လူတိုင်းမြင်ကြစီရန် သူရို့၏သရုပ်မှန်ကို ကွယ်ဝှက်ထားတတ်ကြ၏။ ငါ အမှန်ဆိုသည်ကား သူရို့သည် မိမိရို့၏အကျိုးကို ခံစားရပြီးဖြစ်၏။
MAT 6:17 သင်သည် အစာယှောင်ကြသောအခါ မျက်နှာကိုသစ်၍ ဂေါင်းကိုလည်း ဖြီးထားကတ်၊
MAT 6:18 သင်အစာယှောင်နိန်သည်ကို တခြားလူတိအား မသိစီဘဲ မမြင်နိုင်သော သင်ရို့၏အဖကို သာလျှင် သိမြင်စီပါ။ သို့ပြုလျှင် ဆိတ်ကွယ်ရာအရပ်၌ သင်ရို့ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင်အား ကောင်းချီးများစွာကို ပီးတော်မူလိမ့်မည်။
MAT 6:19 “သံချီး၊ ပိုးရွ ဖျက်ဆီး၍ ဒါးပြတိ ထွင်းဖောက်ခိုးယူနိုင်သော မြီကြီးထက်မှာ မိမိအတွက် ဘဏ္ဍာကို မစုဆောင်းကတ်ကေ့။
MAT 6:20 သို့သော်လည်း သံချီး၊ ပိုးရွ မဖျက်ဆီးနိုင်၊ ဒါးပြတိ မထွင်းဖောက်နိုင်သော ကောင်းကင်ဘုံ၌ မိမိအတွက် ဘဏ္ဍာကို စုဆောင်းကတ်။
MAT 6:21 အကြောင်းမူကား သင်၏စိတ်နှလုံးသည် သင်၏ဘဏ္ဍာဟိသောအရပ်သို့ အစဉ်အမြဲ ရောက်တတ်၏။
MAT 6:22 “မျက်စိသည် ခန္ဓာ၏မီးခွက်ဖြစ်၏။ မျက်စိကြည်လင်လျှင် သင်၏ခန္ဓာတစ်ကိုယ်လုံး လင်းလိမ့်မည်။
MAT 6:23 သို့သော် သင်၏မျက်စိမကောင်းလျှင် သင်၏ခန္ဓာသည် မှောင်မိုက်ထဲ၌ ဟိနိန်လိမ့်မည်။ ထို့ကြောင့် သင်ရို့အထဲ၌ ဟိသော အလင်းသည် မှောင်မိုက်နိန်မည်ဆိုလျှင် ထိုမှောင်မိုက်သည် အလွန် ကြောက်စရာကောင်းပါ၏။
MAT 6:24 “ဇာသူလည်း သခင်နှစ်ယောက်၏ကျွန် မဖြစ်နိုင်။ သခင်တစ်ယောက်ကို မုန်း၍ တစ်ယောက်ကို ချစ်မည်၊ တစ်ယောက်ကို သစ္စာဟိ၍ တစ်ယောက်ကို ငြင်းပယ်မည်။ သင်ရို့သည် ဘုရားသခင်အမှုကိုလည်းကောင်း၊ လောကီစည်းစိမ်အမှုကိုလည်းကောင်း တစ်ပြိုင်တည်း မဆောင်ရွက်နိုင်ကြ။
MAT 6:25 “ထို့ကြောင့် သင်ရို့ကို ငါဆိုသည်ကား အသက်ရှင်ရန် သင်ရို့လိုအပ်သော အစားအသောက်အတွက် သော်လည်းကောင်း၊ သင်ရို့ခန္ဓာအတွက် လိုအပ်သော အဝတ်အတွက် သော်လည်းကောင်း မစိုးရိမ်ကတ်ကေ့။ အစာထက် အသက်က သာ၍ မြတ်ပြီး၊ အဝတ်ထက် ကိုယ်က သာ၍ မြတ်သည် မဟုတ်လော။
MAT 6:26 ငှက်တိကို ကြည့်ကတ်ပါ။ သူရို့သည် မျိုးစိ့လည်းမကြဲ၊ စပါးလည်းမရိတ်၊ ပုတ်ထဲ၌လည်း မစုဆောင်းကတ်၊ သို့သော်လည်း ဤသို့သော ငှက်တိကို တောင်မှ သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖက ကျွေးမွီးထားလျှင် သင်ရို့သည် ငှက်တိထက် သာ၍ မြင့်မြတ်ကြသည် မဟုတ်လော။
MAT 6:27 စိုးရိမ်ပူပန်ခြင်းအားဖြင့် ဇာသူက မိမိ၏အသက်ကို တစိကေလောက် ရှည်စီနိုင်သနည်း။
MAT 6:28 “ဇာကြောင့် အဝတ်အဖို့ စိုးရိမ်နိန်ကြသနည်း။ တောနှင်းပန်းများကို ကြည့်ကတ်ပါ။ ဤတောပန်းပွင့်များသည် မိမိရို့အတွက် ခြည်လည်းမငင်၊ ဗိုင်းလည်းမဝင့်ကြ။
MAT 6:29 သို့သော်လည်း သင်ရို့ကို ငါ ဆိုသည်ကား ဘုန်းကြီးသော သျှောလမုန်တောင်မှ ဤတောပန်းပွင့် တစ်ပွင့်ကဲ့သို့ မဆင်မြန်းနိုင်ခပေ။
MAT 6:30 ယုံကြည်ခြင်း အားနည်းသူရို့၊ ဤနိ့မြင်၍ နက်ဖြန်ခါ မီးဖိုထဲသို့ ချရမည့် မြက်ရိုင်းပန်းတိကိုတောင်မှ ဤသို့သောအဝတ်နှင့် ဝတ်ဆင်ပီးသော ဘုရားသခင်သည် သာ၍ လှပသောအဝတ်များနှင့် သင်ရို့ကို ဝတ်ဆင်ပီးလိမ့်မည် မဟုတ်ပါလား။
MAT 6:31 “ထို့ကြောင့် ‘ငါ ဇာပိုင်စားရဖို့လဲ၊ ဇာပိုင် သောက်ရဖို့လဲ၊ ဇာပိုင် ဝတ်ရဖို့လဲ’ ဆိုသည်ကို မစိုးရိမ်ကတ်ကေ့။
MAT 6:32 (သာသနာပလူတိကသာ ဤအရာများအတွက် စွဲလမ်းတတ်ကြ၏။) ကောင်းကင်ဘုံသျှင် သင်ရို့၏အဖသည် သင်ရို့ လိုအပ်ချက်ကို သိတော်မူပြီးဖြစ်၏။
MAT 6:33 သို့ရာတွင် ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှီးဦးစွာ ရှာကတ်ပါ။ နောက်မှ ဤအရာအားလုံးကို သင်ရို့အား ထပ်၍ ပီးတော်မူလိမ့်မည်။
MAT 6:34 နက်ဖြန်ခါအတွက် မစိုးရိမ်ကတ်ကေ့။ နက်ဖြန်နိ့က နက်ဖြန်နိ့အတွက် စိုးရိမ်လိမ့်မယ်။ ဤနိ့၌ဟိသော မကောင်းသောမှုအရာများသည် ဤနိ့အဖို့ လုံလောက်ပေ၏။
MAT 7:1 “တခြားလူတိကို တရားမစီရင်ကတ်ကေ့၊ ထိုသို့ပြုလျှင် သင်ရို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းမှ ကင်းလွတ်လိမ့်မည်။
MAT 7:2 သင်ရို့သည် တခြားလူတိကို တရားစီရင်သည့်နည်းတူ သင်ရို့ကိုလည်း ဘုရားသခင်က တရားစီရင်လိမ့်မည်။ သင်ရို့သည် တခြားလူတိကို ပြုသည့်နည်းတူ ဘုရားသခင်က သင်ရို့ကို ပြုလိမ့်မည်။
MAT 7:3 သင်၏မျက်စိထဲ၌ ဟိသော သစ်စကို အာရုံမစိုက်ဘဲ၊ သင်၏ညီအစ်ကိုမျက်စိထဲ၌ ဟိသော အမှုန်ကို ဇာဖြစ်လို့ ကြည့်နိန်လဲ။
MAT 7:4 သင်၏မျက်စိထဲ၌ သစ်စ ဟိပါလျက်နှင့် ‘သင်၏ညီအစ်ကို မျက်စိထဲမှာဟိသော အမှုန်ကို ထုတ်ပီးပါရစီ’ ဟု ဇာကြောင့် ပြောဝံ့လဲ။
MAT 7:5 သူတော်ကောင်းယောင် ဆောင်သောသူရို့၊ သင်ရို့မျက်စိထဲမှ သစ်စကို အယင် ထုတ်ပြီးခါမှ သင်၏ညီအစ်ကို မျက်စိထဲမှ အမှုန်ကို ယှင်းလင်းစွာ မြင်ရ၍ ထုတ်ပီးနိုင်လိမ့်မည်။
MAT 7:6 “သန့်ယှင်းသောအရာကို ခွီးတိကို မပီးကတ်ကေ့။ သူရို့သည် သင့်ကိုလှည့်၍ ကိုက်ကတ်လိမ့်မည်။ ပုလဲရတနာကို ဝက်တိရှိ့မှာ မချထားကတ်ကေ့။ သူရို့သည် ထိုအရာကို ကျော်နင်း၍ လားကတ်လိမ့်မည်။
MAT 7:7 “တောင်းကတ်ပါ၊ တောင်းလျှင် ရလိမ့်မည်။ ရှာကတ်ပါ၊ ရှာလျှင် တွိ့လိမ့်မည်။ ခေါက်ကတ်ပါ၊ သင်ရို့အဖို့ တန်းခါး ပွင့်လာလိမ့်မည်။
MAT 7:8 တောင်းသောသူတိုင်း ရလိမ့်မည်။ ရှာသောသူတိုင်း တွိ့လိမ့်မည်။ ခေါက်သောသူတိုင်းလည်း တန်းခါးကို ဖွင့်ပီးလိမ့်မည်။
MAT 7:9 သားသည် မုန့်ကိုတောင်းလျှင် ကျောက်ခဲကို ပီးသောအဖ သင်ရို့၌ ဟိကြသလား။
MAT 7:10 ထိုနည်းတူ ငါးကို တောင်းကေ မြွီကို ပီးသောသူ သင်ရို့၌ ဟိကြသလား။
MAT 7:11 သင်ရို့သည် အဆိုးဖြစ်လျက်ပင် သားသမီးတိ တောင်းကြသည့်အခါ ကောင်းသောအရာတိကိုသာ ပီးတတ်ကြ၏။ ထိုသို့ဖြစ်လျှင် ကောင်းကင်ဘုံသျှင် သင်ရို့အဖက တောင်းသောသူတိအား သာ၍ ကောင်းသောအရာများကို ပီးလိမ့်မည် မဟုတ်ပါလား။
MAT 7:12 “သင်ရို့သည် မိမိကိုယ်ကို ပြုစုလိုသည့်အတိုင်း သူတစ်ပါးကို ပြုစုကတ်ပါ။ ဤတရားသည် မောသျှေ၏ပညတ်တရားနှင့် ပရောဖက်ရို့၏ သွန်သင်ချက်များ၌ အဓိကအချက် ဖြစ်၏။
MAT 7:13 “ကျဉ်းသောတန်းခါးကို ဝင်ကတ်ပါ။ အကြောင်းမူကား၊ ငရဲသို့ ဝင်သောတန်းခါးဝသည် ကျယ်ဝန်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် လွယ်ကူ၏၊ ထို့ကြောင့် ထိုလမ်း၌ လားသောသူလည်း အလွန် များပြား၏။
MAT 7:14 သို့သော်လည်း အသက်ရှင်ခြင်းသို့ ရောက်သောတန်းခါးဝသည် အလွန်ကျဉ်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် အလွန် ခက်ခဲ၏။ ထို့ကြောင့် ထိုလမ်းကို တွိ့၍ လားသောသူ အလွန် နည်း၏။
MAT 7:15 “မိစ္ဆာပရောဖက်တိကို သတိထားကတ်ပါ။ သူရို့သည် အတွင်း၌ ကြမ်းတမ်းသောမြီခွီး ဖြစ်သော်လည်း အပြင်ဖက်က သိုးကဲ့သို့ အယောင်ဆောင်၍ သင်ရို့ပါးကို လာကြလိမ့်မည်။
MAT 7:16 သင်ရို့သည် သူရို့ပြုသောအမူအားဖြင့် သူရို့ကို သိကြလိမ့်မည်။ ဆူးပင်များသည် စပျစ်သီးကို သီးလေ့မဟိ၊ ထိုနည်းတူ ဆူးလေးပင်များသည် သဖန်းသီးကို သီးလေ့မဟိ။
MAT 7:17 ထို့အတူ ကောင်းသောအပင်သည် ကောင်းသောအသီးများကို သီးတတ်၏၊ သို့သော်လည်း မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။
MAT 7:18 ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်၊ ထိုနည်းတူ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။
MAT 7:19 ကောင်းသောအသီးကို မသီးသော ဇာအပင်ကိုမဆို ခွတ်၍ မီးထဲသို့ ချပစ်ကြ၏။
MAT 7:20 ထိုသို့ဖြစ်လျှင် သူရို့ပြုသောအမှုအားဖြင့် မိစ္ဆာပရောဖက်တိကို သင်ရို့သည် သိကြလိမ့်မည်။
MAT 7:21 “ငါ့ကို ‘အသျှင်ဘုရား၊ အသျှင်ဘုရား’ ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံသို့ ဝင်ရလိမ့်မည် မဟုတ်။ သို့သော် ကောင်းကင်ဘုံသျှင် ငါ့အဖ၏ အလိုတော်အတိုင်း လုပ်ဆောင်သော သူရို့သာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။
MAT 7:22 တရားစီရင်သောနိ့ ရောက်သောအခါ လူတိက ငါ့ကို ‘အသျှင်ဘုရား၊ အသျှင်ဘုရား၊ အကျွန်ရို့သည် ကိုယ်တော်၏နာမ၌ ဘုရားသခင်၏ သတင်းစကားကို ဟောပြောခကြ၏၊ အကျွန်ရို့သည် ကိုယ်တော်၏နာမဖြင့် နတ်ဆိုးတိကို မောင်းထုတ်ကြပြီးလျှင် နိမိတ်လက္ခဏာများစွာကို ပြခကြ၏’ ဟု ပြောကြလိမ့်မည်။
MAT 7:23 ထိုအခါ ငါက ထိုသူရို့အား ‘သင်ရို့ကို ငါ လုံးဝမသိ။ မတရားသောသူရို့၊ ငါ့နံပါးက ထွက်လားကတ်’ ဟု ပြောလိမ့်မည်။
MAT 7:24 “ထို့နောက် ငါ့စကားတိကို ကြား၍ လိုက်နာသောသူတိုင်းသည် မိမိ၏အိမ်ကို ကျောက်ထက်မှာ တည်ဆောက်ထားသော ပညာဟိနှင့် တူ၏။
MAT 7:25 မိုးရွာ၍ မြစ်ရီကြီးပြီး လီပြင်းတိုက်သော်လည်း ထိုအိမ်သည် ပြိုလဲကျလားခြင်းမဟိ၊ အကြောင်းမှာ ကျောက်ထက်မှာ တည်ဆောက်ထားသောကြောင့် ဖြစ်၏။
MAT 7:26 “သို့သော်လည်း ငါ့စကားကို ကြား၍ မလိုက်နာသောသူသည် မိမိ၏အိမ်ကို သဲထက်မှာ တည်ဆောက်ထားသော ပညာမဟိသောသူနှင့် တူ၏။
MAT 7:27 မိုးရွာ၍ မြစ်ရီကြီးပြီး လီပြင်းတိုက်ခိုက်သောအခါ ထိုအိမ်သည် ပြိုလဲလားခ၏။ ထိုသို့ဖြစ်လျှင် ထိုအိမ်သည် ကြီးစွာသော ပြိုလဲခြင်းဖြစ်လေ၏။”
MAT 7:28 ယေသျှုသည် ဤအရာများကို ဟောပြောပြီးသောအခါ လူအပေါင်းရို့သည် ကိုယ်တော်၏ဆုံးမသြဝါဒပီးခြင်းကို အလွန်အံ့သြကြ၏။
MAT 7:29 အကြောင်းမူကား ကိုယ်တော်သည် ကျမ်းတတ်ဆရာကဲ့သို့ မဟုတ်ဘဲ၊ အခွင့်အာဏာဟိသောသူ တစ်ယောက်ကဲ့သို့ ဆုံးမသြဝါဒပီးတော်မူ၏။
MAT 8:1 ယေသျှုသည် တောင်ထက်မှ ဆင်းလာသောအခါ လူအုပ်ကြီးသည် ကိုယ်တော်နောက်သို့ လိုက်လာကြ၏။
MAT 8:2 ထိုအခါ နူနာရောဂါ ခံစားနိန်ရသော လူတစ်ယောက်သည် ကိုယ်တော်ထံပါးသို့ ရောက်လာပြီး ကိုယ်တော်ရှိ့မှာ ဒူးထောက်၍ “ဆရာ၊ အလိုတော်ဟိလျှင် အကျွန့်ကို သန့်ယှင်းစီတော်မူပါ” ဟု လျှောက်ထားလေ၏။
MAT 8:3 ယေသျှုသည် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူပြီးလျှင် “ငါ အလိုဟိသည်ဖြစ်၍ သန့်ယှင်းခြင်းသို့ ရောက်စီ” ဟု မိန့်တော်မူသောအခါ ထိုသူသည် ချက်ချင်း နူနာရောဂါ ပျောက်ကင်းလား၏။
MAT 8:4 ထို့နောက် ယေသျှုက “နားထောင်၊ သင်သည် ဤအကြောင်းကို တစ်ယောက်ကိုလေ့ မပြောလီကေ့၊ ယဇ်ပုရောဟိတ်ပါးသို့ လား၍ သင့်ကိုယ်ကို ပြလော့။ ထို့နောက် သင့်ရောဂါကို ပျောက်ကင်းစီသည့်အကြောင်း လူတိုင်းရှိ့မှာ သက်သီဖြစ်ခြင်းငှာ မောသျှေမိန့်မှာထားခသည့်အတိုင်း ပူဇော်သကာကို ဘုရားသျှင်အား ဆက်ကပ်လော့” ဟု ထိုသူအား မိန့်တော်မူ၏။
MAT 8:5 ယေသျှုသည် ကပေရနောင်မြို့သို့ ရောက်လာသောအခါ ရောမစစ်ဗိုလ်တစ်ယောက်သည် ကိုယ်တော်ပါးသို့ ရောက်လာပြီးလျှင် ကူညီရန် တောင်းပန်သည်မှာ၊
MAT 8:6 “ဆရာ၊ အကျွန့်တပည့်တစ်ယောက်သည် အဖျားရောဂါကို ပြင်းထန်စွာ ခံစားနိန်ရ၍ အိမ်၌ အိပ်ရာထက်မှာ တုံးလုံးလှဲနိန်ပါ၏” ဟု ဆိုလေ၏။
MAT 8:7 ယေသျှုကလည်း “ငါလား၍ သူ့ကို ကျန်းမာစီမည်” ဟု မိန့်တော်မူ၏။
MAT 8:8 ရောမစစ်ဗိုလ်က “ဤသို့ မဟုတ်ရပါ ဆရာ၊ ကိုယ်တော်တိုင် အကျွန့်အိမ်သို့ ကြွလာခြင်းငှာ အကျွန်နှင့် မထိုက်တန်ပါ။ အမိန့်ပီးလိုက်ရုံမျှဖြင့် အကျွန်၏တပည့်သည် နီကောင်းလားပါလိမ့်မည်။
MAT 8:9 အကြောင်းမူကား အကျွန်သည် အထက်အရာဟိတိ အမိန့်အာဏာအောက်၌ နီရသောသူတစ်ယောက် ဖြစ်ပါ၏။ အကျွန်မှာလည်း စစ်သားတိ အများကြီး ဟိပါ၏။ စစ်သားတစ်ယောက်ကို အကျွန်က ‘လား’ ဟု အမိန့်ပီးလိုက်လျှင် သူသည် လားရပါ၏၊ ‘လာ’ ဟု အမိန့်ပီးလိုက်လျှင် လာရပါ၏။ အကျွန့် အစီအပါအား ‘ဤအရာကို လုပ်ပါ’ ဟု အကျွန်က ဆိုလျှင် သူသည် လုပ်ရပါ၏” ဟု သူက လျှောက်လေ၏။
MAT 8:10 ယေသျှုသည် ထိုစကားကို ကြားသောအခါ လွန်စွာအံ့သြတော်မူ၍ ကိုယ်တော်၏နောက်သို့ လိုက်လာကြသောလူများကို ဤသို့ မိန့်တော်မူ၏။ “ငါဆိုသည်ကား၊ ဤသို့သောယုံကြည်ခြင်းကို ဣသရေလလူမျိုးထဲ၌ပင်လျှင် ငါ မတွိ့ဖူးသိမ့်။
MAT 8:11 သင်ရို့ကို ငါအမှန်ဆိုသည်ကား၊ လူရို့သည် အရှိ့ရပ်၊ အနောက်ရပ်က ရောက်လာကြပြီးလျှင် ကောင်းကင်နိုင်ငံ၏ပွဲတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့နှင့်အတူ ထိုင်ကြလိမ့်မည်။
MAT 8:12 သို့သော်လည်း နိုင်ငံတော်သား ဖြစ်ထိုက်သောသူများသည် ငိုကြွေးမြည်တမ်း၍ အံသွားကြိတ်နိန်ရမည့် မှောင်မိုက်ထဲသို့ ပစ်ချခြင်းကို ခံရကြလိမ့်မည်။”
MAT 8:13 ထို့နောက် ယေသျှုသည် ရောမစစ်ဗိုလ်အား၊ “သင့်အိမ်သို့ ပြန်လော့၊ သင်ယုံကြည်သည့်အတိုင်း ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးသည်နှင့် ရောမစစ်ဗိုလ်၏တပည့်သည် အဖျားရောဂါ ပျောက်ကင်းလေ၏။
MAT 8:14 ယေသျှုသည် ပေတရုအိမ်သို့ ရောက်သောအခါ ဖျား၍ အိပ်ရာထက်မှာ လှဲနိန်သော ပေတရု၏ယောက္ခမကို တွိ့၏။
MAT 8:15 ကိုယ်တော်က ထိုမိန်းမ၏ လက်ကို တို့လိုက်သည်နှင့် ထိုမိန်းမသည် အဖျားရောဂါပျောက်၍ အိပ်ရာမှ ထပြီးလျှင် ကိုယ်တော့်အား အာဂန္တုဝတ်ကို ပြုလေ၏။
MAT 8:16 ညအချိန်ရောက်သောခါ၌ နတ်ဆိုးပူးနိန်သောသူတိကို ယေသျှုပါးသို့ ခေါ်ယူလာကြ၏။ ယေသျှုသည် နတ်ဆိုးတိကို စကားတစ်ခွန်းတည်းဖြင့် အမိန့်ပီး မောင်းထုတ်လိုက်သည်နှင့် ထိုသူအားလုံး ကျန်းမာကြလေ၏။
MAT 8:17 “အကျွန်ရို့၌ ဟိသော ဖျားနာခြင်းတိကို သူကိုယ်တိုင် နုတ်ယူ၍ အကျွန်ရို့၏ ရောဂါတိကိုလည်း ဖယ်ယှားပစ်လိမ့်မည်” ဟု ပရောဖက်ဟေသျှာယ ဟောထားခသော ကျမ်းစကားသည် ပြည့်စုံလာခြင်းသို့ ရောက်လေ၏။
MAT 8:18 ယေသျှုသည် မိမိကို ဝိုင်းရံထားသော လူအစုအဝေးကို မြင်သောအခါ သူ၏တပည့်တိအား အိုင်တစ်ဖက်ကမ်းသို့ ကူးရန် မိန့်တော်မူ၏။
MAT 8:19 ကျမ်းတတ်ဆရာတစ်ယောက်သည် ကိုယ်တော်ပါးသို့ ရောက်လာပြီးလျှင်၊ “ဆရာ၊ ကိုယ်တော်လားရာနောက်သို့ ကိုယ်တော်နှင့်အတူ အကျွန်လည်း လိုက်ပါမည်” ဟု ခွင့်တောင်း၏။
MAT 8:20 ယေသျှုက “မြီခွီးတိမှာ တွင်းဟိ၏၊ ငှက်တိမှာလည်း အသိုက်ဟိ၏၊ သို့သော် လူသားမှာ လဲလျှောင်းအနားယူဖို့ရန်ပင် နီရာမဟိ” ဟူ၍ မိန့်တော်မူ၏။
MAT 8:21 အခြားသော တပည့်တော်တစ်ယောက်က “ဆရာ၊ အကျွန်၏အဖကို ရှီးဦးစွာ သင်္ဂြိုဟ်ခြင်းငှာ ပြန်လားခွင့်ပီးပါ” ဟု လျှောက်သော်၊
MAT 8:22 ယေသျှုက “ငါ့နောက်သို့ လိုက်လော့၊ လူသီတိက မိမိရို့၏လူသီတိကို သင်္ဂြိုလ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 8:23 ယေသျှုသည် လောင်းတစ်စင်းထဲသို့ တက်တော်မူလျှင် သူ၏တပည့်တော်တိလည်း ကိုယ်တော်နှင့်အတူ လိုက်ပါကြ၏။
MAT 8:24 ထိုအခါ အိုင်ထဲတွင် လီပြင်းမုန်တိုင်းတစ်ခုသည် ရုတ်တရက် ထလာသောကြောင့် လောင်းသည် မြုပ်လုမြုပ်ချင် ဖြစ်နိန်၏။ သို့သော်လည်း ယေသျှုသည် အိပ်ပျော်နိန်၏။
MAT 8:25 တပည့်တော်ရို့သည်လည်း ကိုယ်တော်ပါးသို့ လာ၍ ကိုယ်တော့်ကို နှိုးကြ၏။ “အသျှင်ဘုရား၊ အကျွန်ရို့ သီဖို့ယာ၊ အကျွန်ရို့ကို ကယ်တော်မူပါ” ဟု လျှောက်ကြ၏။
MAT 8:26 ယေသျှုကလည်း “သင်ရို့သည် ဇာဖြစ်လို့ အကြောက်လွန်နိန်ကတ်လဲ၊ အလွန် ယုံကြည်ခြင်း နည်းကတ်တေကား” ဟု ဆိုပြီးနောက် အိပ်ရာမှ ထ၍ မုန်တိုင်းနှင့် ရီလှိုင်းကို ရပ်တန့်ရန် အမိန့်ပီးလိုက်သဖြင့် လီပြင်းမုန်တိုင်သည် ငြိမ်သက်လားလေ၏။
MAT 8:27 လူတိသည် အလွန်အံ့ဩကြသည်ဖြစ်၍ “ဤသူကား ဇာပိုင်လူလဲ၊ လီနှင့် လှိုင်းတိတောင် သူ့အမိန့်ကို နာခံကတ်တေကား” ဟု ပြောကြ၏။
MAT 8:28 ယေသျှုသည် အိုင်တစ်ဖက်ကမ်း၊ ဂါဒရနယ်စပ်ကို ရောက်သောအခါ နတ်ဆိုးဝင်ပူးနိန်သော သူနှစ်ယောက်သည် သင်္ချိုင်းဂူများကြားက ထွက်လာပြီး ကိုယ်တော့်ကို လာ၍ တွိ့ကြ၏။ လူများသည် ထိုနတ်ဆိုးပူးသော လူနှစ်ယောက်ကို အလွန်ကြောက်လန့်ကြသဖြင့် ထိုလမ်းမှ မလားဝံ့ကြ။
MAT 8:29 ချက်ချင်းပင်လျှင် ထိုသူနှစ်ယောက်က “ဘုရားသခင်၏သားတော် ယေသျှု၊ အကျွန်ရို့ကို ဇာလုပ်ပါဖို့လဲ၊ အချိန်မရောက်ခင် အကျွန်ရို့ကို အပြစ်ပီးဖို့ လာယာလား” ဟု အော်ဟစ်ကြ၏။
MAT 8:30 ထိုအရပ်နှင့် မနီးမဝီးတွင် ဝက်အုပ်ကြီးတစ်အုပ် အစာစားနိန်ကြ၏။
MAT 8:31 “အကျွန်ရို့ကို နှင်ထုတ်မည် ဆိုလျှင် ထိုဝက်အုပ်ထဲသို့ ဝင်ခွင့်ပီးပါ” ဟု နတ်ဆိုးတိက ယေသျှုအား တောင်းပန်ကြ၏။
MAT 8:32 ထိုသို့ဆိုလျှင် “ဝင်ကတ်လီ” ဟု ယေသျှုက မိန့်တော်မူလိုက်သောကြောင့် နတ်ဆိုးများသည် ထိုသူရို့ထဲမှ ထွက်၍ ဝက်များထဲသို့ ဝင်ကြ၏။ ထိုဝက်အားလုံးသည် အိုင်ကမ်းထောင်းစောက်မှ ရီအိုင်ထဲသို့ တစ်ဟုန်ထိုး ဗြီးဆင်းကြပြီးလျှင် ရီထဲ၌ သီကြလေ၏။
MAT 8:33 ဝက်ကျောင်းသားများသည်လည်း မြို့ထဲသို့ ဗြီး၍ ဝင်ကြပြီးလျှင် နတ်ဆိုးပူးနိန်သောသူတိ၌ ဖြစ်ခသည့်အကြောင်းစုံကို ပြောပြကြ၏။
MAT 8:34 ထိုမြို့တွင် ဟိသမျှသော လူတိသည် ယေသျှုအား တွိ့ရန် ထွက်လာကြ၏။ ထို့နောက် သူရို့သည် ကိုယ်တော့်ကို တွိ့ကြသောအခါ သူရို့နယ်မှ ထွက်လားရန် တောင်းပန်ပြောဆိုကြလေ၏။
MAT 9:1 ယေသျှုသည် လောင်းစီး၍ အိုင်ကို ဖြတ်ပြီးလျှင် မိမိ၏ဇာတိမြို့သို့ တဖန် ကြွတော်မူ၏။
MAT 9:2 လူတချို့သည် ခြီ၊ လက်သီနိန်၍ အိပ်ရာထက်၌ တုံးလုံးလှဲနိန်သောသူတစ်ယောက်ကို အထံတော်သို့ ထမ်းယူလာကြ၏။ ယေသျှုသည် ထိုသူရို့၏ကြီးမားသော ယုံကြည်ခြင်းကို မြင်သောအခါ ခြီ၊ လက်သီနိန်သူအား “ငါ့သား၊ မစိုးရိမ်ကေ့၊ သင်၏အပြစ်အားလုံးကို ခွင့်ရွှတ်ပြီးယာ” ဟု မိန့်တော်မူ၏။
MAT 9:3 ထို့နောက် တချို့ကျမ်းတတ်ဆရာတိက “ဤသူသည် ဘုရားသခင်ကို ပြစ်မှား ခြင်းဖြစ်သည်” ဟု မိမိရို့၏စိတ်ထဲ၌ ထင်မှတ်နိန်ကြ၏။
MAT 9:4 ယေသျှုက သူရို့သည် ဇာကို စဉ်းစားနိန်ကြသည်ကို သိမြင်သောကြောင့် “သင်ရို့သည် ဇာကြောင့် အေပိုင် မကောင်းသောအမှုအရာတိကို စဉ်းစားနိန်ကတ်စွာလဲ၊
MAT 9:5 ‘သင့်အပြစ်ကို ခွင့်ရွှတ်ပြီးယာလို့ ပြောစွာက သာ၍ လွယ်ကူမည်လော’ သို့မဟုတ် ‘ထပြီးကေ လမ်းလျှောက်လိုက်’ ဟု ပြောစွာက သာ၍ လွယ်ကူမည်လော။
MAT 9:6 လူသားသည် မြီကြီးထက်တွင် အပြစ်ရွှတ်ပိုင်ခွင့် အာဏာဟိသည်ကို ငါ သက်သီပြမည်။” ထို့ကြောင့် ကိုယ်တော်က ခြီလက်သီနိန်သူအား “ထ၍ သင့်အိပ်ရာကို ယူဆောင်ပြီးလျှင် အိမ်သို့ ပြန်လီ” ဟု မိန့်တော်မူ၏။
MAT 9:7 ထိုအခါ ခြီ၊ လက်သီနိန်သောသူသည် ထ၍ အိမ်သို့ ပြန်လားလေ၏။
MAT 9:8 လူတိက ဤအရာကို မြင်ကြသောခါ အလွန်ကြောက်ရွံ့ကြ၏။ ဤသို့သော အခွင့်အာဏာကို လူတိအား ပီးတော်မူသော ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
MAT 9:9 ယေသျှုသည် ထိုအရပ်မှ ထွက်၍ လမ်းလျှောက်လာသောအခါ မဿဲဟုခေါ်သော အခွန်ကောက်ခံသူ တစ်ယောက်သည် သူ၏ရုံး၌ ထိုင်နိန်သည်ကို မြင်လျှင် “ငါ့နောက်ကို လိုက်ခ” ဟု မိန့်တော်မူ၏။ မဿဲသည်လည်း ထ၍ ယေသျှုနောက်သို့ လိုက်လေ၏။
MAT 9:10 ယေသျှုသည် မဿဲ၏အိမ်၌ ထမင်းစားနိန်စဉ်တွင် အခွန်ကောက်ခံသောသူတိ၊ အပယ်ခံထားရသောသူတိသည်လည်း ယေသျှုနှင့် တပည့်တော်တိစားပွဲ၌ ဝင်ရောက်ကာ စားသောက်နိန်ကြ၏။
MAT 9:11 ထိုအမှုအရာကို ဖာရိယှဲရို့သည် မြင်သောအခါ “သင်ရို့ဆရာသည် ဤသို့သောသူတိနှင့်အတူ ဇာကြောင့် စားသောက်နိန်သနည်း” ဟု တပည့်တော်ရို့အား မိန်းကြ၏။
MAT 9:12 ယေသျှုသည် ထိုအကြောင်းကို ကြားတော်မူလျှင် “ကျန်းမာသောသူတိသည် ဆီးသမားကို အလိုမဟိ၊ မကျန်းမာသောသူတိကသာ ဆီးသမားကို အလိုဟိကြ၏။
MAT 9:13 ‘တိရစ္ဆာန်နှင့် ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားကရုဏာထားခြင်း အကျင့်ကို ငါ ပို၍ နှစ်သက်၏’ ဟူသော ကျမ်းစကားကို နားလည်စီခြင်းငှာ သင်ရို့သည် လား၍ သင်ယူကြလော့။ ငါမူကား ဖြောင့်မတ်သောသူတိကို ခေါ်ခြင်းငှာ လာသည် မဟုတ်၊ အပြစ်သားတိကို ခေါ်ခြင်းငှာ ကြွလာခြင်းဖြစ်၏။”
MAT 9:14 ထိုအခါ ဗတ္တိဇံယောဟန်၏တပည့်များသည် ယေသျှုထံပါးသို့ ရောက်လာကြပြီးလျှင် “အကျွန်ရို့နှင့် ဖာရိယှဲရို့သည် မကြာခဏ အစာယှောင်ကြပါ၏။ သို့ရာတွင် ကိုယ်တော်၏ တပည့်တော်ရို့သည်ကား ဇာကြောင့် အစာမယှောင်ကြသနည်း” ဟု မိန်းလျှောက်ကြ၏။
MAT 9:15 ယေသျှုကလည်း “မင်္ဂလာဆောင်ပွဲ၌ အာဂန္တုရို့သည် မင်္ဂလာဆောင်သတို့သားနှင့် အတူဟိနိန်ကြစဉ်တွင် သူရို့သည် ဝမ်းနည်းကြမည်ဟု သင်ရို့ထင်ကြသလား။ ထိုသို့ မဟုတ်၊ မင်္ဂလာဆောင်သတို့သားကို သူရို့ထံပါးမှ ခွဲယူလားသောနိ့ ရောက်လာသောအခါ သူရို့သည် အစာယှောင်ကြလိမ့်မည်။
MAT 9:16 “ဇာသူလည်း အင်္ကျီဟောင်းကို အထည်သစ်နှင့် ဖာလေ့မဟိ။ ထိုသို့ပြုလျှင် အထည်သစ်က စားသဖြင့် အင်္ကျီအပေါက်သည် သာ၍ ကျယ်တတ်၏။
MAT 9:17 ထိုနည်းတူ ဇာသူလည်း သားရီဘူးအဟောင်းထဲမှာ စပျစ်ရည်အသစ်ကို ထည့်လေ့မဟိ။ ထိုသို့ ထည့်လျှင် သားရီဘူးအဟောင်းသည် ကွဲထွက်၍ စပျစ်ရည်သည်လည်း ယိုထွက်လားပြီးလျှင် သားရီဘူးလည်း ပျက်စီးတတ်၏။ သို့ဖြစ်၍ စပျစ်ဝိုင်အသစ်ကို သားရီဘူးအသစ်ထဲ၌သာ ထည့်ကြ၏၊ ယေမှရာ နှစ်ခုစလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်လိမ့်မည်။”
MAT 9:18 ယေသျှုသည် ဤအကြောင်းအရာများကို မိန့်တော်မူနိန်စဉ် ယုဒလူမျိုး အရာဟိတစ်ယောက်သည် ကိုယ်တော်ပါးသို့ ရောက်လာ၍ ကိုယ်တော်ရှိ့တော်၌ ပျပ်ဝပ်လျက် “အကျွန့်သမီး သီကျလားသည်မှာ မကြာသိမ့်ပါ၊ သို့သော်လည်း ကိုယ်တော်သည် ကြွလာ၍ သူမထက်မှာ လက်ကို တင်ပီးတော်မူပါ၊ သူမသည် အသက်ရှင်လာလိမ့်မည်” ဟု လျှောက်လေ၏။
MAT 9:19 ထို့ကြောင့် ယေသျှုသည် ထ၍ သူ့နောက်သို့ လိုက်လေ၏၊ ကိုယ်တော်၏တပည့်တော်တိလည်း ကိုယ်တော်နှင့်အတူ လိုက်ပါကြ၏။
MAT 9:20 ထိုအခါ တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး သွီးသွန်နာစွဲနိန်သော မိန်းမတစ်ယောက်သည် ယေသျှုနောက်သို့ လိုက်လာပြီး ကိုယ်တော်၏ဝတ်ရုံအနားပန်းဖွားကို တို့ထိလေ၏။
MAT 9:21 သူမက “အကျွန်သည် ကိုယ်တော်၏ဝတ်ရုံအနားပန်းဖွားကို တို့ထိခွင့်ရလျှင် တောင်မှ ကျန်းမာလားလိမ့်မည်” ဟု မိမိကို မိမိ ပြောဆိုနိန်၏။
MAT 9:22 ယေသျှုသည် နောက်သို့ ပြန်လှည့်ကြည့်၍ သူမကိုမြင်ပြီး “မစိုးရိမ်ကေ့ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီယာ” ဟု မိန့်တော်မူ၏။ ယင်းအချိန်၌ပင် ထိုမိန်းမ၏အနာသည် ပျောက်ကင်းလားလေ၏။
MAT 9:23 ထိုနောက် ယေသျှုသည် အရာဟိအိမ်သို့ ရောက်လေ၏။ ကိုယ်တော်သည် အသုဘအခမ်းအနားအတွက် တီးမှုတ်နိန်ကြသူများနှင့် ရုတ်ရုတ်တ်သဲသဲ ဖြစ်နိန်ကြသောလူအုပ်ကြီးကို မြင်သောအခါ
MAT 9:24 ကိုယ်တော်က “အားလုံး အပြင်သို့ ထွက်ကတ်၊ ဤမိန်းမသျှေသည်ကား သီလားစွာ မဟုတ် — အိပ်ပျော်နိန်စွာရာဖြစ်သည်” ဟု မိန့်တော်မူလိုက်၏။ ထိုအခါ သူရို့အားလုံးက ကိုယ်တော့်ကို ပျက်ရယ်ပြုကြ၏။
MAT 9:25 သို့သော် လူတိ ထွက်လားကြသည်နှင့်တပြိုင်နက်၊ ယေသျှုသည် မိန်းမသျှေ၏အခန်းထဲသို့ ဝင်ပြီးလျှင် သူမ၏လက်ကို ကိုင်၍ ဆွဲထူလိုက်သောခါ သူမသည် မတ်တတ်ထလေ၏။
MAT 9:26 ဤသတင်းသည် ထိုဒေသတစ်ခုလုံး၌ ပြန့်နှံ့လားလေ၏။
MAT 9:27 ယေသျှုသည် ထိုအရပ်မှ ထွက်၍ လမ်းလျှောက်လာစဉ်တွင် မျက်ကန်းနှစ်ယောက်သည်လည်း ကိုယ်တော်၏နောက်မှ လိုက်လာကြ၏။ သူရို့က “ဒါဝိဒ်၏သားတော်၊ အကျွန်ရို့ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။
MAT 9:28 ယေသျှုသည် အိမ်ထဲသို့ ဝင်သောအခါ မျက်ကန်းနှစ်ယောက်သည်လည်း ကိုယ်တော်၏နောက်က ဝင်လာကြသဖြင့် ကိုယ်တော်က “ငါသည် သင်ရို့ကို ကျန်းမာအောင် လုပ်နိုင်သည်ဟု သင်ရို့ ယုံကြည်ကတ်လား” ဟု သူရို့အား မိန်းတော်မူ၏။ သူရို့ကလည်း “ဟုတ်ပါရေ၊ ဆြာ” ဟု လျှောက်ကြ၏။
MAT 9:29 ထိုအခါ ယေသျှုသည် သူရို့၏မျက်စိကို တို့တော်မူပြီးလျှင် “သင်ရို့ ယုံကြည်သည့်အတိုင်း သင်ရို့၌ ဖြစ်ကတ်စီ” ဟု မိန့်တော်မူသည်နှင့် —
MAT 9:30 သူရို့သည် မျက်စိပြန်မြင်ကြလေ၏။ ယေသျှုက “ဤအကြောင်းကို တစ်ယောက်ကိုလည်း မပြောကတ်ကေ့” ဟု ထိုသူရို့အား တင်းကြပ်စွာ မိန့်မှာတော်မူလေ၏။
MAT 9:31 သို့သော်လည်း သူရို့ ထွက်လားပြီးနောက် ယေသျှု၏ သတင်းသည် ထိုဒေသတစ်ခုလုံးသို့ ပြန့်နှံ့လေ၏။
MAT 9:32 ထိုသူနှစ်ယောက် ထွက်လားကြသောအခါ လူတချို့သည် နတ်ဆိုးဝင်ပူးနိန်သောကြောင့် စကားမပြောနိုင်သော လူအ တစ်ယောက်ကို ယေသျှုပါးသို့ ခေါ်ဆောင်လာကြ၏။
MAT 9:33 သို့သော် နတ်ဆိုးကို မောင်းထုတ်လိုက်သည်နှင့်တပြိုင်နက်၊ ထိုသူသည် စကားပြောနိုင်သည်ဖြစ်၍ လူတိုင်းက အံ့သြကြလေ၏။ သူရို့က “ဣသရေလလူမျိုးထဲ၌ ဤသို့သော အရာတိကို ငါရို့ တစ်ခါမျှ မတွိ့ဖူးပါကား” ဟု အံ့ဩကြ၏။
MAT 9:34 သို့ရာတွင် ဖာရိယှဲရို့က “နတ်ဆိုးတိကို မောင်းထုတ်ဖို့အတွက် နတ်ဆိုးခေါင်းဆောင်က ယေသျှုကို တန်ခိုးပီးထားခြင်း ဖြစ်သည်” ဟု ပြောဆိုကြ၏။
MAT 9:35 ယေသျှုသည် အားလုံးသော မြို့များနှင့် ကျေးလက်တောရွာများကို လှည့်လည်၍ ကြွချီတော်မူ၏။ ကိုယ်တော်သည် တရားဇရပ်များ၌ ဆုံးဩဝါဒ ပီးတော်မူ၍ နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားပြီးလျှင် မကျန်းမာသောသူတိနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်ရသောသူရို့ကို ကျန်းမာစီတော်မူ၏။
MAT 9:36 ကိုယ်တော်သည် လူစုလူဝေးကြီးကို မြင်သောအခါ သူ၏နှလုံးသားထဲ၌ ထိုသူများကို အလွန်သနားစိတ်ဝင်လေ၏။ ဇာကြောင့်ဆိုသော် သူရို့သည် သိုးထိန်းမဟိသော သိုးများကဲ့သို့ ကူညီသူမဟိဘဲ စိုးရိမ်စိတ် ဝင်နိန်ကြသောကြောင့်ဖြစ်၏။
MAT 9:37 ထို့ကြောင့် ကိုယ်တော်က “ရိတ်စရာစပါးတိ အများကြီးဟိသော်လည်း ရိတ်သိမ်းသောသူ အလွန်နည်းကြသည်ဖြစ်၍
MAT 9:38 စပါးရိတ်သိမ်းမည့်သူများကို စီရွှတ်ပီးရန်၊ စပါးသျှင်ပါးမှာ ဆုတောင်းကြပါ” ဟု တပည့်တော်တိအား မိန့်တော်မူ၏။
MAT 10:1 ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ယောက်ကို အတူတကွ ခေါ်ပြီးလျှင် ဝိညာဉ်ဆိုးတိကို နှင်ထုတ်နိုင်ခြင်းငှာ လည်းကောင်း၊ အနာရောဂါအမျိူးမျိူးကို ပျောက်ကင်းစီခြင်းငှာ လည်းကောင်း၊ သူရို့အား အခွင့်အာဏာများကို ပီးတော်မူ၏။
MAT 10:2 ထိုတမန်တော်ဆယ့်နှစ်ယောက်၏ နာမည်များမှာ ပထမဆုံးအားဖြင့် သျှိမုန်ဟု ခေါ်သော ပေတရုနှင့် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်သော ယာကုပ်နှင့် သူ၏ညီ ယောဟန်၊
MAT 10:3 ဖိလိပ္ပု၊ ဗာသောလမဲ၊ သောမ၊ အခွန်ကောက်ခံသူ မဿဲ၊ အာလဖဲ၏သား ယာကုပ် နှင့် သဒ္ဒဲ၊
MAT 10:4 မျိုးချစ်ပုဂ္ဂိုလ် သျှိမုန်နှင့် ကိုယ်တော့်ကို သစ္စာဖောက်သောသူ ယုဒသျှာကာရုတ် ဟူ၍ ဖြစ်ကြ၏။
MAT 10:5 ယေသျှုက တပည့်တော် ဆယ့်နှစ်ယောက်ကို ဩဝါဒပီး၍ စီရွှတ်လိုက်တော်မူသည်မှာ၊ “သင်ရို့သည် ယှာမာရိ မြို့ရွာများနှင့် တစ်ပါးအမျိုးသားတိ အရပ်ဒေသသို့ မလားကတ်ကေ့။
MAT 10:6 ထိုသို့လားကြမည့်အစား၊ ဣသရေလလူမျိုး၌ ပျောက်ဆုံးနိန်သော သိုးတိ ဟိရာအရပ်သို့ လားကြပြီးလျှင်၊
MAT 10:7 ‘ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ’ ဟု ဟောပြောကြလော့။
MAT 10:8 မကျန်းမာသောသူတိကို ကျန်းမာစီကြလော့၊ သီနိန်သောသူတိကို ထမြောက်စီကြလော့၊ နူနာစွဲနိန်သောသူတိကို ပျောက်ကင်းစီကြလော့၊ ပြီးနောက် နတ်ဆိုးတိကို နှင်ထုတ်ကြလော့။ သင်ရို့သည် အဖိုးအခမပီးဘဲ ရထားကြသည်ဖြစ်သောကြောင့်၊ အဖိုးအခမယူဘဲ ပြန်ပီးကြလော့။
MAT 10:9 သင်ရို့၏အိတ်ထဲ၌ ရွှီဒင်္ဂါး၊ ငွီဒင်္ဂါး၊ ကြီးဒင်္ဂါးတိကို ယူမလားကတ်ကေ့။
MAT 10:10 လမ်းခရီးအတွက် ခရီးဆောင်အိတ်နှင့်တကွ အင်္ကျီအပို၊ ဖိနပ်အပိုနှင့် တောင်မွိ့တိကိုလည်း ယူမလားကတ်ကေ့။ အကြောင်းမူကား လုပ်ဆောင်သောသူသည် ကျွေးမွီးခြင်းကို ခံထိုက်မည်။
MAT 10:11 “သင်ရို့သည် မြို့တစ်မြို့ သို့တည်းမဟုတ် ရွာတစ်ရွာသို့ ဝင်ကြသောအခါ သင်ရို့အား လက်ခံလိုသောသူတိကို ရှာပြီးလျှင် ထိုအရပ်မှ ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။
MAT 10:12 သင်ရို့သည် အိမ်တစ်အိမ်သို့ ဝင်သောအခါ ‘သာလီစွပါ’ ဟု အယင်ဆုံး နှုတ်ဆက်ကြလော့။
MAT 10:13 ထိုအိမ်သည် ထိုက်တန်လျှင် သင်ရို့၏မင်္ဂလာစကားသည် ထိုအိမ်၌ ကျန်ခလိမ့်မည်။ သို့ရာတွင် ထိုအိမ်သည် မထိုက်တန်လျှင် သင်ရို့၏မင်္ဂလာစကားသည် သင်ရို့ပါးသို့ ပြန်လာလိမ့်မည်။
MAT 10:14 ပြီးနောက် တချို့အိမ် သို့မဟုတ် မြို့တိက သင်ရို့စကားကို နားမထောင်၊ သင်ရို့ကို လက်မခံလျှင် သင်ရို့ခြီဖဝါးက မြီမှုန့်ကို ခါချပြီးလျှင် ထိုအရပ်မှ ပြန်ထွက်လာကြလော့။
MAT 10:15 ငါ အမှန်ဆိုသည်ကား တရားစီရင်သောနိ့ရက်၌ ဘုရားသခင်သည် ထိုမြို့၏လူများထက် သောဒုံနှင့် ဂေါမောရ မြို့သူမြို့သားတိကို သာ၍ သနားကရုဏာကို ပြလိမ့်မည်။
MAT 10:16 “နားထောင်ကတ်၊ မြီခွီးအုပ်စုထဲသို့ သိုးတိကို စီရွှတ်လိုက်သကဲ့သို့ သင်ရို့အား ငါ စီရွှတ်လိုက်၏။ ထို့ကြောင့် သင်ရို့သည် မြွီကဲ့သို့ လိမ္မာ၍ ဂြိုးငှက်ကဲ့သို့ အဆိပ်ကင်းကြလော့။
MAT 10:17 သတိထားကတ်ပါ၊ သင်ရို့ကို ဖမ်းဆီး၍ တရားရုံးသို့ အပ်နှံကြလိမ့်မည်၊ ထိုသူရို့သည် တရားဇရပ်များထဲ၌ သင်ရို့အား သတ်ပုတ်ကြလိမ့်မည်။
MAT 10:18 ငါ့ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်များ၏ရှိ့မှောက်၌ စစ်ဆီးမိန်းမြန်းရန်လည်းကောင်း၊ ထိုသူရို့နှင့်တကွ တခြားလူမျိုးတိကို သတင်းကောင်းတရား ဟောကြားခြင်းငှာလည်းကောင်း သင်ရို့ကို ဖမ်းဆီးခေါ်ဆောင်လားကတ်လိမ့်မည်။
MAT 10:19 ထိုသူရို့က သင်ရို့ကို စစ်ဆီးမိန်းမြန်းရန် ခေါ်ဆောင်လားကြသောအခါ ဇာကိုပြောရမည် သို့မဟုတ် ဇာပိုင် ပြောရမည်ကို မစိုးရိမ်ကတ်ကေ့၊ အချိန်ရောက်လာသောအခါ သင်ရို့ ဇာကိုပြောရမည် ဆိုသည်ကို သိလာကတ်လိမ့်မည်။
MAT 10:20 အကြောင်းမူကား၊ သင်ရို့ပြောရမည့်စကားသည် သင်ရို့ စကား မဟုတ်၊ ထိုစကားကို သင်ရို့အဖ၏ဝိညာဉ်တော်က သင်ရို့အားဖြင့် ပြောလိမ့်မည်။
MAT 10:21 “ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အသီသတ်ကတ်လိမ့်မည်။ အဖက သားသမီးတိကိုလည်းကောင်း၊ သားသမီးက မိဖကိုလည်းကောင်း၊ အသီ သတ်ကတ်လိမ့်မည်။
MAT 10:22 ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကတ်လိမ့်မည်။ သို့သော် အဆုံးထိတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရ လိမ့်မည်။
MAT 10:23 မြို့တစ်မြို့၌ သင်ရို့ကို ညှဉ်းဆဲကြလျှင် တခြားမြို့ တစ်မြို့သို့ ထွက်ဗြီးကြလော့။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် ဣသရေလမြို့ရွာအားလုံး၌ သင်ရို့၏အလုပ် မပြီးစီးခင် လူသားသည် ကြွလာလိမ့်မည်။
MAT 10:24 “ဆရာထက် သာသော တပည့် ဟူ၍ မဟိ၊ အသျှင်ထက် သာသော ကျွန်ဟူ၍ မဟိ။
MAT 10:25 ထို့ကြောင့် တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် အသျှင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် ကြေနပ်လောက်ပေ၏။ အိမ်ထောင်ဦးစီးကို ဗေလဇေဗုလ ဟူ၍ ခေါ်ကြလျှင် အိမ်သူအိမ်သားတိကို ဤထက်ဆိုးသောနာမည်ဖြင့် ခေါ်ကြလိမ့်မည်။
MAT 10:26 “ထို့ကြောင့် ထိုသူရို့ကို မကြောက်ကတ်ကေ့။ အဂု ဖုံးထားသည့်အရာဟူသမျှသည် ပေါ်လာကြလိမ့်မည်။ လျှို့ဝှက်ထားသောအရာအားလုံးသည်လည်း ထင်ရှားလာကြလိမ့်မည်။
MAT 10:27 ငါသည် သင်ရို့အား မှောင်မိုက်ထဲ၌ ပြောသောအရာများကို သင်ရို့သည် အလင်းထဲ၌ ပြန်ပြောကြရလိမ့်မည်။ ဆိတ်ကွယ်ရာ၌ သင်ရို့ကြားရသောစကားကို သင်ရို့သည် အိမ်ခေါင်မိုးထိပ်က ကြွေးကြော်ရလိမ့်မည်။
MAT 10:28 ခန္ဓာကိုယ် ကိုသာ အသီသတ်နိုင်ပြီး စိတ်ဝိညာဉ်ကို အသီမသတ်နိုင်သော သူတိကို မကြောက်ကတ်ကေ့။ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုလုံးကို ငရဲထဲမှာ ဖျက်ဆီးနိုင်သော ဘုရားသခင် ကိုသာ ကြောက်ကြလော့။
MAT 10:29 စာငှက်နှစ်ကောင်ကို ဒင်္ဂါးတစ်ပြားနှင့် ဝယ်ရသည် မဟုတ်လား၊ သင်ရို့အဖ အလိုမဟိလျှင် ထိုစာငှက်တစ်ကောင်မျှ မြီကြီးထက်သို့ မကျစီရ။
MAT 10:30 ထို့အပြင် သင်ရို့ဂေါင်းက ဆံပင်တိကို တောင်မှ တစ်ပင်မကျန် ရွီထားတော်မူ၏။
MAT 10:31 ထို့ကြောင့် ဇာသူ့ကိုလေ့ မကြောက်ကတ်ကေ့၊ သင်ရို့သည် များစွာသော စာငှက်တိထက် သာ၍ တန်ဖိုးဟိကြ၏။
MAT 10:32 “ငါ့အား လူအများတိရှိ့၌ ဝန်ခံသောသူကို ကောင်းကင်ဘုံသျှင် ငါ၏အဖရှိ့၌လည်း ငါ ဝန်ခံလိမ့်မည်။
MAT 10:33 သို့ရာတွင် ငါ့ကို လူအများတိရှိ့မှာ ငြင်းပယ်သောသူကို ကောင်းကင်ဘုံသျှင် ငါ့အဖ၏ရှိ့၌လည်း ငါ ငြင်းပယ်လိမ့်မည်။
MAT 10:34 “ဤလောကကြီးသို့ ငြိမ်သက်ခြင်းကို ယူဆောင်၍ ငါ ကြွလာသည် ဟု မထင်ကတ်ကေ့။ ငြိမ်သက်ခြင်းကို ယူဆောင်၍ ငါ ကြွလာသည် မဟုတ်၊ ပဋိပက္ခဖြစ်စီရန် ငါ ကြွလာခြင်းဖြစ်၏။
MAT 10:35 သားက အဖကို ဆန့်ကျင်ဖက်ပြုခြင်းငှာ လည်းကောင်း၊ သမီးက အမိကို ဆန့်ကျင်ဖက်ပြုခြင်းငှာ လည်းကောင်း၊ ခြုပ်မက ယောက္ခမကို ဆန့်ကျင်ဖက်ပြုခြင်းငှာ လည်းကောင်း ငါ ကြွလာ၏။
MAT 10:36 သင်၏မိသားစု ဝင်များသည် သင်၏အဆိုးဆုံးရန်သူများ ဖြစ်လာကြလိမ့်မည်။
MAT 10:37 “မိမိ၏ အမိ အဖတိကို ငါ့ထက် သာ၍ ချစ်သောသူတိသည် ငါ၏တပည့် မဖြစ်နိုင်၊ မိမိ၏သားသမီးတိကို ငါ့ထက် သာ၍ ချစ်သောသူတိသည်လည်း ငါ၏တပည့် မဖြစ်နိုင်။
MAT 10:38 မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ၏ခြီရာနောက်သို့ မလိုက်သောသူတိသည် ငါ့တပည့် မဖြစ်နိုင်။
MAT 10:39 မိမိအသက်ကို ရခြင်းငှာ ကြိုးစားသောသူသည် အသက်ယှုံးလိမ့်မည်။ သို့သော်လည်း ငါ၏အကျိုးအလို့ငှာ မိမိအသက်ကို စွန့်သောသူသည်ကား အသက်ကို ရလိမ့်မည်။
MAT 10:40 “သင်ရို့ကို ကြိုဆိုလက်ခံသောသူသည် ငါ့ကို ကြိုဆိုလက်ခံသောသူ ဖြစ်၏၊ ငါ့ကို ကြိုဆိုလက်ခံသောသူသည်လည်း ငါ့ကို စီရွှတ်သောသူတစ်ယောက်ကို ကြိုဆိုလက်ခံသူဖြစ်၏။
MAT 10:41 ပရောဖက်တစ်ပါးကို ကြိုဆိုလက်ခံသောသူမည်သည်ကား ထိုသူသည် ပရောဖက်ဖြစ်သောကြောင့် ပရောဖက်၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ထို့အပြင် သူတော်ကောင်းတစ်ယောက်ကို ကြိုဆိုလက်ခံသောသူ မည်သည်ကား ထိုသူသည် သူတော်ကောင်းဖြစ်သောကြောင့် သူတော်ကောင်းကပီးသော ကောင်းကျိုးကို ခံစားကြရလိမ့်မည်။
MAT 10:42 ငါ၏တပည့်များထဲက အငယ်ဆုံးသောသူတစ်ယောက်ကို၊ သူသည် ငါ၏တပည့်ဖြစ်ခြင်းကြောင့် ရီအီးတစ်ခွက်ကို ပီးသောသူသည် ထိုရီတစ်ခွက်၏အကျိုးကို ဧကန်အမှန် ခံစားရပါလိမ့်မည်ဟု သင်ရို့အား ငါ အမှန်ဆို၏” ဟု မိန့်တော်မူ၏။
MAT 11:1 ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ပါးကို ဆုံးမဩဝါဒ ပီးပြီးလျှင် ထိုနီရာမှ ထွက်ခွာ၍ အနီးအနားမြို့ ရွာများသို့ ဆုံးမဩဝါဒပီးလျက် တရားဟောခြင်းငှာ ကြွတော်မူ၏။
MAT 11:2 ခရစ်တော်ပြုတော်မူသည့် အရာများကို ဗတ္တိဇံယောဟန်သည် ထောင်ထဲမှ ကြားသောခါ သူ၏တပည့်တချို့ကို ကိုယ်တော့်ပါးသို့ စီရွှတ်လိုက်၏။
MAT 11:3 သူရို့က “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ဟောထားသော ကြွလာတော်မူမည့် အသျှင်ဟုတ်ပါလား၊ ထိုသို့ မဟုတ်လျှင် အကျွန်ရို့သည် နောက်တစ်ပါးကို စောင့်နိန်ရပါဖို့သိမ့်လား၊ အကျွန်ရို့ကို ပြောပါ” ဟု ယေသျှုအား မိန်းကြ၏။
MAT 11:4 ယေသျှုကလည်း “ပြန်လားကြပြီးလျှင် သင်ရို့ ကြားသမျှ မြင်သမျှတိကို ယောဟန်အား ပြန်ပြောကြလော့၊
MAT 11:5 မျက်စိကန်းသောသူများ ပြန်မြင်ကြပြီ၊ ခြီထောက်ကျိုးသောသူတိလည်း လမ်းလျှောက်နိုင်ကြပြီ၊ နူနာစွဲနိန်သည့်သူတိလည်း နူနာပျောက်ကင်းကြပြီ၊ နားပင်းသောသူတိလည်းနားကြားနိန်ကြပြီးလျှင် သီသောသူတိလည်း ထမြောက်ကြပြီ၊ ဆင်းရဲသားတိလည်း သတင်းကောင်းကို ကြားရကြပြီ၊
MAT 11:6 ငါ့အကြောင်းကို စိတ်မပျက်သောသူများသည် မင်္ဂလာဟိကြ၏” ဟု မိန့်တော်မူ၏။
MAT 11:7 ယောဟန်၏တပည့်များ ပြန်လားကြသောအခါ ယေသျှုက ယောဟန်နှင့် ပတ်သက်၍ လူထုပရိတ်သတ်အား မိန့်တော်မူသည်မှာ၊ “သင်ရို့သည် ယောဟန်နီထိုင်ရာ တောကန္တာရထဲသို့ လားကြသောအခါ ဇာချင့်ကို မြင်တွိ့ဖို့ မျှော်လင့်၍ လားကတ်ပါလဲ၊ လီတိုက်၍ လှုပ်နိန်သော ကျူပင်ကို မြင်တွိ့ဖို့ လားကတ်စွာလား၊
MAT 11:8 သို့တည်းမဟုတ်၊ သင်ရို့သည် ဇာကို မြင်တွိ့ဖို့ လားကတ်စွာလဲ၊ ကောင်းမွန်သော အဝတ်တန်ဆာကို ဝတ်ဆင်ထားသော သူတစ်ယောက်ကို မြင်တွိ့ဖို့ လားကတ်စွာလား၊ ထိုသို့သော အဝတ်တန်ဆာတိကို ဝတ်ဆင်လေ့ဟိသူများသည် နန်းတော်တွင်း၌သာ နီထိုင်ကြသည် မဟုတ်ပါလား၊
MAT 11:9 ထို့အပြင် သင်ရို့သည် ဇာကို မြင်တွိ့ဖို့ ထွက်လားကတ်စွာလဲ၊ ပရောဖက်ကို မြင်တွိ့ဖို့ လားကတ်စွာလား၊ ငါ့ကို ပြောကြလော့။ ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် ပရောဖက်ထက် ကြီးမြတ်သောသူကို မြင်တွိ့ ကြပြီးယာ။
MAT 11:10 ကျမ်းစာ၌ ‘သင်၏လမ်းခရီးကို ပျင်ဆင်မည့် ငါ၏တမန်တော်တစ်ယောက်ကို သင်၏ရှိ့မှ ငါ စီရွှတ်လိုက်မည်’ ဟူ၍ ဖော်ပြထားသောသူမှာ ယောဟန်ပင်ဖြစ်၏။
MAT 11:11 ငါ အမှန်ဆိုသည်ကား မိန်းမမွီးသော သူတိထဲမှာ ဗတ္တိဇံယောဟန်လောက် ကြီးမြတ်သောသူ တစ်ယောက်မျှ မဟိခသိမ့်။ သို့ရာတွင် ကောင်းကင်နိုင်ငံ၌ အငယ်ဆုံးသောသူတစ်ယောက်သည် ယောဟန်ထက် သာ၍ ကြီးမြတ်၏။
MAT 11:12 ယောဟန် လက်ထက်ကစ၍ အဂုကာလတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုနိန်ကြ၏၊ ထိုသို့သော ရက်စက်ယုတ်မာသောသူတိသည် ကောင်းကင်နိုင်ငံတော်ကို လုယူရန် ကြိုးစားလျက်ဟိကြ၏။
MAT 11:13 ဗတ္တိဇံယောဟန်၏ကာလ ရောက်သည့်တိုင်အောင် မောသျှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်အားလုံးသည် ကောင်းကင်နိုင်ငံတော်အကြောင်းကို ဟောပြောနိန်ခကြ၏။
MAT 11:14 တဖန် သင်ရို့သည် ထိုပရောဖက်ရို့၏သတင်းစကားကို လက်ခံလိုစိတ် ဟိကြမည်ဆိုလျှင် ယောဟန်သည် ကြွလာတော်မူမည့် ဧလိယ ဖြစ်၏။
MAT 11:15 နားဟိသောသူရို့ ကြားကတ်ပါစီ။
MAT 11:16 “ဤခေတ်ကာလလူတိကို ဇာဥပမာနှင့် နှိုင်းပြရဖို့လဲ၊ သူရို့သည် ပွဲလမ်းသဘင်၌ ထိုင်နိန်ကြသော သူငယ်တိနှင့် တူ၏။ သူငယ်တစ်စုက အခြားတစ်စုကို လှမ်း၍ အော်ကြသည်မှာ၊
MAT 11:17 ‘ငါရို့သည် သင်ရို့အတွက် နှဲကို ပျော်ရွှင်ဖွယ် တီးမှုတ်ကြသော်လည်း သင်ရို့သည် လိုက်၍ မကကြ။ ငါရို့သည် သင်ရို့အတွက် အလွမ်းတေးခြင်းကို ဆိုပီးနိန်ကြသော်လည်း သင်ရို့သည် မငိုတတ်ကြ’ ဟူ၍ ဖြစ်၏။
MAT 11:18 ဗတ္တိဇံယောဟန်သည် မစားမသောက်ဘဲ လာသောအခါ လူတိုင်းက ‘ဤသူသည် နတ်ဆိုးစွဲနိန်သောသူပါတကား’ ဟု ပြောကြ၏။
MAT 11:19 လူသားသည် စားသောက်လျက် လာသောအခါ၌လည်း လူတိုင်းက ‘ကြည့်ကတ်၊ ဤသူသည် အစားကြီးသောသူ၊ စပျစ်ရည်သောက်ကြူးသောသူပါတကား၊ အခွန်ကောက်ခံသောသူ၊ အပြစ်သားတိ၏ အပေါင်းအသင်းပါတကား’ ဟု ပြောကြပြန်၏။ သို့သော်လည်း ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာကို မိမိဖန်ဆင်းထားသော အရာများဖြင့် အမှန်ပင် ဖော်ပြလျက်ဟိ၏။”
MAT 11:20 ထို့နောက် ယေသျှုသည် မိမိ၏နိမိတ်လက္ခဏာကို အများဆုံး ပြတော်မူခသောမြို့များမှ လူရို့သည် နောင်တမရကြသောကြောင့် ထိုမြို့ များကို အပြစ်တင်တော်မူ၏။
MAT 11:21 “အို၊ ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာဟိ၏။ အို၊ ဗက်ဇဲဒမြို့ သင်သည် အမင်္ဂလာဟိ၏။ သင်ရို့အား ငါ ပြခသော နိမိတ်လက္ခဏာတိကို တုရုနှင့် ဇိဒုန်မြို့၌သာ ငါ ပြခလျှင် ထိုမြို့သူမြို့သားများသည် ထိုကာလ၌ လျှော်တေအဝတ်ကို ဝတ်ကာ ပြာမှာ လူးလျက် မိမိရို့အပြစ်မှ နောင်တရကြောင်းကို ဖော်ပြကြလိမ့်မည်။
MAT 11:22 ငါအမှန်ဆိုသည်ကား၊ တရားစီရင်မည့်နိ့ရက်၌ တုရုမြို့နှင့် ဇိဒုန်မြို့မှ လူရို့သည် ဘုရားသခင်၏ သနားကရုဏာကို သင်ရို့ထက် သာ၍ ခံစားရကြလိမ့်မည်။
MAT 11:23 အို၊ ကပေရနောင်မြို့ သင်သည် မိမိကိုယ်ကို ကောင်းကင်နိုင်ငံထိတိုင်အောင် ချီးမြှောက်လိုသော်လည်း သင်သည် ငရဲထဲသို့ ပစ်ချခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ သင်၌ ငါ ပြခသော နိမိတ်လက္ခဏာကို သောဒုံမြို့၌သာ ပြခလျှင် ထိုမြို့သည် အဂုကာလတိုင်အောင် တည်နိန်လိမ့်မည်။
MAT 11:24 တရားစီရင်သောနိ့ရက်၌ ဘုရားသခင်သည် သောဒုံအရပ်ဒေသကို သင်ရို့ထက် သနားခြင်းကရုဏာပြလိမ့်မည်မှာ အမှန်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
MAT 11:25 ထိုအခါ ယေသျှုက “ကောင်းကင်နှင့် မြီကြီး၏အသျှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာဟိတိအား ဝှက်ထားသောအရာများကို အသျှေတိအား ဖွင့်ပြကာ သွန်သင်တော်မူသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
MAT 11:26 မှန်ပါ၏ အဖ၊ ဤသို့ ဖြစ်လာခြင်းသည် အဖ၏ အလိုတော်ကြောင့်သာ ဖြစ်ရပါ၏။
MAT 11:27 “ငါ၏အဖသည် အရာခပ်သိမ်းကို သားတော်အား ပီးထားပြီးဖြစ်၏။ အဖက လွဲ၍ သားတော်ကို တစ်ယောက်လည်း မသိကြ။ ထိုနည်းတူ သားတော်နှင့် သားတော်က ဖွင့်ပြရန် ရွီးချယ်သောသူရို့မှလွဲ၍ ခမည်းတော်ကို တစ်ယောက်လည်း မသိကြ။
MAT 11:28 “လေးသောဝန်ကို ထမ်း၍ ပင်ပန်းနိန်ကြသော သူအပေါင်းရို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်ရို့ကို ချမ်းသာပီးမည်။
MAT 11:29 ငါ့ထမ်းပိုးကို ယူ၍ သင်ရို့ထက်မှာ တင်ကြလော့၊ ငါ့ထံ၌ သင်ခန်းစာ ယူကြလော့၊ ငါသည် နူညံ့သိမ်မွိ့၍ စိတ်နှလုံးနှိမ့်ချသောသူ ဖြစ်သဖြင့် သင်ရို့သည် စိတ်သက်သာခြင်း ရကြလိမ့်မည်။
MAT 11:30 အကြောင်းမူကား သင်ရို့ကို ငါပီးမည့် ထမ်းပိုးသည် ထမ်းရလွယ်၍ သင်ရို့ထက်မှာ ငါတင်ပီးမည့်ဝန်သည်လည်း ပေါ့၏။”
MAT 12:1 ထိုနောက် ယေသျှုသည် ဥပုသ်နိ့တစ်နိ့၌ သီးနှံခင်းများကို ဖြတ်၍ ကြွတော်မူစဉ်၊ သူ၏တပည့်တော်တိသည် ဝမ်းဆာသောကြောင့် သီးနှံများကို စားရန် ခူးဆွတ် ကြ၏။
MAT 12:2 ထိုအခြင်းအရာကို ဖာရိယှဲရို့သည် မြင်ကြသောအခါ သူရို့က “ကြည့်လိုက်ပါ၊ ဥပုသ်နိ့၌ ကိုယ်တော်၏တပည့်တော်တိ ဤသို့ ပြုခြင်းသည် ငါရို့၏ပညတ်တရားကို ဆန့်ကျင်နိန်ကြခြင်း ဖြစ်၏” ဟု ယေသျှုကို ပြောကြ၏။
MAT 12:3 ယေသျှုက “ဒါဝိဒ်သည် သူနှင့် သူ့အဖော်တိ ဝမ်းဆာလာကြသောအခါ ဇာပိုင် လုပ်ခသည်ကို သင်ရို့ တစ်ခါမျှ မဖတ်ဖူးကြလော။
MAT 12:4 သူသည် ဘုရားသခင်၏အိမ်တော်ထဲသို့ ဝင်၍ ယဇ်ပုရောဟိတ်တိသာ စားခွင့်ဟိသော ဘုရားသခင်အား ပူဇော်ထားသည့်မုန့်ကို ယူ၍ သူနှင့် သူ့လူတိသည် ပညတ်တရားကို ချိုးဖောက်လျက် စားခကြ၏။
MAT 12:5 ဤတင်မကသိမ့်၊ ဗိမာန်တော်၌ဟိသော ယဇ်ပုရောဟိတ်များသည် ဥပုသ်နိ့တိုင်းတွင် ၎င်းဥပုသ်နိ့နှင့် ပတ်သက်သောပညတ်တရားများကို ချိုးဖောက်ကြသော်လည်း သူရို့သည် အပြစ်မကျ၊ ဟု မောသျှေ၏ပညတ်ကျမ်း၌ ရီးထားသည်ကို သင်ရို့သည် မဖတ်ဖူးကတ်လား။
MAT 12:6 ငါဆိုသည်ကား၊ ဗိမာန်တော်ထက် ကြီးမြတ်သောအရာသည် ဤအရပ်၌ ဟိ၏။
MAT 12:7 ‘တိရစ္ဆာန်နှင့် ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားကရုဏာထားခြင်းအကျင့်ကို ငါ အလိုဟိ၏’ ဟု ကျမ်းစာက ပြောထား၏။ ဤကျမ်းစာ ဆိုလိုချက်ကို သင်ရို့သည် အမှန်အကန် နားလည်ကြမည်ဆိုလျှင် အပြစ်မဟိသောသူကို အပြစ်တင်ကြလိမ့်မည် မဟုတ်ပေ။
MAT 12:8 လူသားသည် ဥပုသ်နိ့၏ အသျှင်သခင် ဖြစ်၏။”
MAT 12:9 ယေသျှုသည် ထိုနီရာမှထွက်၍ တရားဇရပ်တစ်ခုသို့ ဝင်ရောက်လေ၏၊
MAT 12:10 ထိုနီရာ၌ လက်တစ်ဖက်သီနိန်သော လူတစ်ယောက်ဟိ၏။ ယေသျှုကို အမှားရှာ၍ အပြစ်တင်စွပ်စွဲလိုသော လူအချို့သည်လည်း ထိုနီရာ၌ ဟိနိန်ကြ၏၊ ထို့ကြောင့် ထိုသူရို့က “ဥပုသ်နိ့မှာ အနာရောဂါပျောက်စီခြင်းသည် ငါရို့၏ ပညတ်တရားကို ဆန့်ကျင်သည် မဟုတ်ပါလား” ဟု မိန်းကြ၏။
MAT 12:11 ယေသျှုက “အကယ်၍ သင်ရို့ထဲက တစ်ယောက်ယောက်မှာ သိုးတစ်ကောင်ဟိ၏၊ ထိုသိုးသည် ဥပုသ်နိ့၌ တွင်းနက်ကြီးတစ်ခုထဲသို့ ကျနိန်လျှင် သင်ရို့သည် ထိုသိုးကို တွင်းထဲက ဆယ်တင်ကြမည်လော၊ မဆယ်တင်ဘဲ နီကြမည်လော။
MAT 12:12 လူတစ်ယောက်သည် သိုးတစ်ကောင်ထက် သာ၍ တန်ဖိုးကြီး၏၊ သို့ဖြစ်၍ ဥပုသ်နိ့၌ တစ်စုံတစ်ယောက်ကို ကူညီခြင်းငှာ ငါရို့၏ပညတ်တရားက ငါရို့ကို ခွင့်ပြုထား၏” ဟု မိန့်တော်မူ၏။
MAT 12:13 ထို့နောက် ယေသျှုက လက်တစ်ဖက်သီနိန်သောသူအား “သင်၏လက်ကို ဆန့်လိုက်” ဟု မိန့်တော်မူသည့်အတိုင်း၊ ထိုသူသည် လက်ကို ဆန့်လိုက်လျှင် ထိုလက်သည် အခြားလက်တစ်ဖက်ကဲ့သို့ အကောင်းပကတိ ဖြစ်လားလေ၏။
MAT 12:14 ထိုအခါ ဖာရိယှဲရို့သည် တရားဇရပ်မှ ထွက်လား ကြပြီးလျှင် ယေသျှုကို သတ်ရန် ကြံစည်ကြလေ၏။
MAT 12:15 ယေသျှုသည် သူ့အား လျှို့ဝှက်ကြံစည် နိန်ကြသည့်အကြောင်းကို ကြားသောခါ၊ ထိုအရပ်မှ ကြွတော်မူ၏။ လူအုပ်ကြီးကလည်း ကိုယ်တော်နောက်သို့ လိုက်လာကြ၏။ ကိုယ်တော်သည် မကျန်းမာသူအားလုံးကို ကျန်းမာစီတော်မူပြီးလျှင်၊
MAT 12:16 သူ၏အကြောင်းကို တခြားလူတိအား မပြောကြရန် မိန့်မှာတော်မူ၏။
MAT 12:17 ဤသို့ ပြုတော်မူခြင်းမှာ ပရောဖက် ဟေသျှာယအားဖြင့် ပြောထားခသည့်ကျမ်းစကားတိ မှန်လာခြင်း ဖြစ်၏။ ကျမ်းစာလာသည်ကား၊
MAT 12:18 “ဤသူကား ငါ ရွီးချယ်ထားသော ငါ၏ကျွန် ဖြစ်၏။ ဤသူသည် ငါ့ကို ရွှင်လန်းစီ၍ ငါချစ်ရသောသူ ဖြစ်၏။ ငါ၏ဝိညာဉ်ကို သူ၌ တည်စီမည်။ သူသည် လူအမျိုးမျိုးတိအား ငါ၏တရားစီရင်ခြင်းအကြောင်းကို ဟောပြောလိမ့်မည်။
MAT 12:19 သူသည် အော်ဟစ်ခြင်း၊ ငြင်းခုံခြင်းကို မပြုသည်ဖြစ်၍ သူ၏အသံကို လမ်းများ၌ မည်သူမျှ မကြားစီရ။
MAT 12:20 ကောက်နိန်သော ကျူပင်ချေတစ်ပင်ကို မချိုး၊ မီးတောက်ငယ်တစ်ခုကို မမှုတ်သတ်၊ တရားမျှတမှုကို အောင်မြင်သည့်တိုင်အောင် မဆုတ်မနစ်ဆက်လက် ဆောင်ရွက်လိမ့်မည်ဖြစ်၍
MAT 12:21 လူမျိုးအားလုံးက သူ့ကို မျှော်လင့်နိန်ကတ်လိမ့်မည်” ဟူ၍ ဖြစ်သတည်း။
MAT 12:22 ထို့နောက် လူအချို့သည် နတ်ဆိုးဝင်ပူးသောကြောင့် မျက်စိကန်း၍ စကားအ နိန်သော သူတစ်ယောက်ကို ယေသျှုပါးသို့ ယူလာကြ၏။ ယေသျှုသည် ထိုသူအား ကျန်းမာစီတော်မူသဖြင့် ထိုသူသည် မျက်စိမြင်၍ စကားပြောနိုင်လေ၏။
MAT 12:23 ယေသျှုပြုတော်မူသောအမှုကို လူအပေါင်းရို့သည် အံ့သြကြလေ၏။ “ဤသူသည် ဒါဝိဒ်၏သား ဖြစ်သလော” ဟူ၍ သူရို့က မိန်းမြန်းကြ၏။
MAT 12:24 ဤအကြောင်းကို ဖာရိယှဲတိကြားသောခါ၊ “သူသည် နတ်ဆိုးတိကို မောင်းထုတ်နိုင် သည်မှာ နတ်ဆိုးခေါင်းဆောင် ဗေလဇေဗုလက တန်ခိုးပီးထားသောကြောင့်ဖြစ်၏” ဟု ပြန်ပြောကြ၏။
MAT 12:25 ယေသျှုသည် ထိုသူရို့၏စိတ်ကို သိသောကြောင့် “တိုင်းနိုင်ငံတစ်ခု၌ အုပ်စုကွဲပြီး အချင်းချင်း တိုက်ခိုက်နိန်ကြလျှင် ထိုနိုင်ငံသည် မရပ်တည်နိုင်။ မိသားစုတစ်စု၊ မြို့ရွာတစ်ခုသည်လည်း အချင်းချင်း ကွဲပြားနိန်ကြလျှင် ထိုမိသားစု၊ ထိုမြို့ရွာတိသည်လည်း မရပ်တည်နိုင်။
MAT 12:26 စာတန်က စာတန်ကို မောင်းထုတ်နိန်လျှင် သူသည် မိမိကိုယ်တိုင် ကွဲပြားအောင်လုပ်နိန်ခြင်းဖြစ်၏။ ထိုသို့ ဆိုသော် သူ၏နိုင်ငံသည် ဇာပိုင် ရပ်တည်နိုင်မည်နည်း။
MAT 12:27 ငါသည် ဗေလဇေဗုလ၏တန်ခိုးကို အမှီပြု၍ နတ်ဆိုးတိကို မောင်းထုတ်နိန်သည်ဟု သင်ရို့က ဆိုလျှင် သင်ရို့၏တပည့်တိသည် ဇာသူ့တန်ခိုးဖြင့် နတ်ဆိုးတိကို မောင်းထုတ်နိန်ကတ်စွာလဲ။ သင်ရို့တပည့်တိက သင်ရို့၏အမှားကို သက်သီပြနိန်ကြ၏။
MAT 12:28 ငါသည် ဗေလဇေဗုလနတ်ဆိုး၏တန်န်ခိုးနှင့် လုပ်နိန်သည် မဟုတ်၊ ဘုရားသခင်ဝိညာဉ်တော်တန်ခိုးဖြင့် နတ်ဆိုးတိကို နှင်ထုတ်နိန်ခြင်းဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်နိုင်ငံတော်သည် သင်ရို့ပါးသို့ ရောက်နိန်ယာ။
MAT 12:29 “ခွန်အားကြီးသော လူတစ်ယောက်၏ အိမ်သို့ ဝင်၍ ထိုသူ၏ပစ္စည်းများကို လုယူမည်ဆိုလျှင် ထိုသူကို ဦးစွာ ချိုင်ထားပြီးမှ သူ၏အိမ်၌ ဟိသောပစ္စည်းများကို ရယူနိုင်လိမ့်မည်။
MAT 12:30 “ငါ့ဖက်၌ မဟိသောသူသည် ငါ့ကို ဆန့်ကျင်ဘက် ပြုနိန်သောသူ ဖြစ်၏။ ငါနှင့်အတူ တစ်စုတည်း မဟိသောသူသည် ပြန့်ကြဲနိန်သောသူ ဖြစ်၏။
MAT 12:31 သို့ဖြစ်၍ ငါဆိုသည်ကား လူတိသည် နှုတ်ဖြင့် ပြစ်မှားမိသော အပြစ်နှင့် အပြစ်အမျိုးမျိုးမှ ခွင့်ရွှတ်ခြင်းရနိုင်ကြ၏၊ သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားမိသောသူသည် အပြစ်မှ ခွင့်ရွှတ်ခြင်း မရနိုင်။
MAT 12:32 ဇာသူမဆို လူသားကို ဆန့်ကျင်ပြောဆိုမိသောသူသည် အပြစ်မှ ခွင့်ရွှတ်ခြင်း ရနိုင်၏။ သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူတိုင်းသည် အဂုဘဝ၊ နောင်ဘဝ အပြစ်မှ ခွင့်ရွှတ်ခြင်း မရနိုင်။
MAT 12:33 “အပင်ကောင်းလျှင် ထိုအပင်၏အသီးသည် ကောင်းလိမ့်မည်၊ အပင်မကောင်လျှင် ထိုအပင်၏အသီးသည် ကောင်းလိမ့်မည် မဟုတ်။ အသီးအားဖြင့် အပင်၏သဘောကို သိရ၏။
MAT 12:34 မြွီဆိုးအမျိုးရို့၊ သင်ရို့ကဲ့သို့ လူဆိုးလူယုတ်တိ၏နှုတ်ထဲက ကောင်းသောစကားတိ ဇာပိုင် ထွက်လာနိုင်ဖို့လဲ။ စိတ်နှလုံးထဲ၌ ပြည့်လျှံလာသောကြောင့် နှုတ်မှ ထွက်လာခြင်းဖြစ်၏။
MAT 12:35 ကောင်းသောသူသည် ကောင်းသောဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတိကိုသာ ထုတ်ဖော်တတ်၏၊ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတိကိုသာ ထုတ်ဖော်တတ်၏။
MAT 12:36 “သို့ရာတွင် သင်ရို့ကို ငါဆိုသည်ကား တရားစီရင်သည့်နိ့ရက်၌ လူတိုင်းသည် မိမိပြောသမျှသော အကျိုးမဟိသည့်စကားအတွက် ပီးဆပ်ကြရလိမ့်မည်။
MAT 12:37 အကြောင်းမူကား သင်ရို့၏စကားအားဖြင့် သင်ရို့သည် အပြစ်လွတ်ကြလိမ့်မည်၊ ပြီးနောက် သင်ရို့၏စကားဖြင့် သင်ရို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်။”
MAT 12:38 ထို့နောက် ကျမ်းတတ်ဆရာတချို့နှင့် ဖာရိယှဲတချို့က “ဆရာ၊ အကျွန်ရို့သည် ကိုယ်တော်ပြသော နိမိတ်လက္ခဏာတစ်ခုကို မြင်ချင်ပါ၏” ဟု ကိုယ်တော့်ကို တောင်းလျှောက်ကြ၏။
MAT 12:39 ယေသျှုက “ဆိုးယုတ်ပြီး ဘုရားတရားမဲ့နိန်ကြသော ဤခေတ်လူရို့၊ သင်ရို့သည် ငါ့အား နိမိတ်လက္ခဏာကို တောင်းဆိုနိန်ကတ်တေလား။ မဖြစ်နိုင်။ သင်ရို့ကို ပြမည့်နိမိတ်လက္ခဏာမှာ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမျှသာ ဖြစ်၏။
MAT 12:40 ယောနသည် ငါးကြီးဝမ်းခေါင်းထဲ၌ သုံးရက်နှင့် သုံးည ကြာနိန်ခသည့်နည်းတူ လူသားသည် မြီကြီးထဲမှာ သုံးရက်နှင့် သုံးည နီရလိမ့်မည်။
MAT 12:41 တရားစီရင်သည့်နိ့ရက်၌ နိနေဝေမြို့သူမြို့သားတိသည် သင်ရို့တစ်ဘက်မှာရပ်လျက် သင်ရို့ကို အပြစ်တင်ကဲ့ရဲ့ကြလိမ့်မည်။ အကြောင်းမူကား သူရို့သည် ယောန ဟောသောတရားကို ကြားသောအခါ အပြစ်မှ နောင်တရကြသောကြောင့်ဖြစ်၏။ ငါအမှန်ဆိုသည်ကား၊ ယောန ထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ဟိ၏။
MAT 12:42 တရားစီရင်သည့်နိ့ရက်၌ တောင်ပြည်ကို အုပ်စိုးရသည့်မိဖုရားသည် သင်ရို့တစ်ဖက်၌ ရပ်၍ သင်ရို့ကို ပြစ်တင်ကဲ့ရဲ့လိမ့်မည်။ အကြောင်းမူကား ထိုမိဖုရားကြီးသည် သျှောလမုန်မင်းကြီး၏ ပညာတရားကို နာယူလို၍ ခရီးအဝီးကြီးက လာရောက်လေ့ဟိ၏။ ငါအမှန်ဆိုသည်ကား၊ သျှောလမုန်ထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ဟိ၏။
MAT 12:43 “ဝိညာဉ်ဆိုးတစ်ကောင်သည် လူတစ်ယောက်ထဲက ထွက်လာသောအခါ အလွန်ခြောက်သွိ့သော အရပ်ဒေသတစ်ခုလုံးကို လှည့်လည်လျက် နားခိုမည့်နီရာတစ်ခုကို လိုက်ရှာ၏။ တစ်နီရာ မတွိ့လျှင်
MAT 12:44 ‘ငါ ထွက်လာသည့် အိမ်သို့ ပြန်လားရဖို့’ ဟု သူ့ကိုသူ ပြောလျက်၊ ထိုအိမ်သို့ ပြန်လာ၍ ထိုအိမ်၌ နီထိုင်သူ တစ်ယောက်လည်း မဟိဘဲ၊ သန့်ယှင်း သပ်ယပ်လျက်ဟိသည်ကို တွိ့ရ၏၊
MAT 12:45 ထိုအခါ ဝိညာဉ်ဆိုးသည် ထွက်လားပြီးနောက် မိမိထက်ဆိုးသော တခြား ဝိညာဉ်ဆိုး ခုနစ်ကောင်ကို ခေါ်၍ ထိုအိမ်သို့ ပြန်လာကာ ဝင်ရောက်နီထိုင်လေ၏။ ထိုအခါ ထိုသူ၏ နောက်မှဖြစ်လာသောအခြေအနေသည် ရှိ့ကဖြစ်ခသည့်အခြေအနေထက် သာ၍ ဆိုးလေ၏။ ဤခေတ်ကာလ၏ ဆိုးသောသူတိသည်လည်း ဤသို့ ဖြစ်လာကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 12:46 ယေသျှုသည် ပရိသတ်တိနှင့် စကားပြောနိန်သောအခါ သူ့အမိနှင့် သူ၏ညီအစ်ကိုတိ ရောက်လာကြ၏။ သူရို့သည် သူနှင့် စကားပြောချင်၍ အပြင်က ရပ်စောင့်နိန်ကြ၏။
MAT 12:47 ပရိသတ်ထဲမှ တစ်ယောက်က “ကြည့်လိုက်ပါ၊ ကိုယ်တော်၏အမိနှင့် ညီအစ်ကိုရို့သည် ကိုယ်တော်နှင့် စကားပြောချင်၍ အပြင်မှာ ရပ်စောင့်နိန်ကြ၏” ဟု ပြော၏။
MAT 12:48 ယေသျှုက “ငါ့အမိသည် ဇာသူနည်း၊ ငါ့ညီအစ်ကိုတိကား ဇာသူရို့ဖြစ်သနည်း” ဟူ၍ မိန်း၏။
MAT 12:49 ထို့နောက် ကိုယ်တော်က သူ၏တပည့်တော်တိကို လက်ညှိုးထိုးပြပြီးလျှင် “ကြည့်ကတ်ပါ၊ ဤနီရာ၌ ဟိသောသူတိသည် ငါ့အမိနှင့် ငါ့ညီအစ်ကိုတိ ဖြစ်ကြ၏။
MAT 12:50 ကောင်းကင်ဘုံသျှင် ငါ့အဖ၏ အလိုတော်ကို လုပ်ဆောင်သောသူသည် ငါ့အမိ၊ ငါ့ညီအစ်ကိုနှင့် ငါ့ညီမဖြစ်ကြ၏” ဟု မိန့်တော်မူ၏။
MAT 13:1 ထိုနိ့၌ ယေသျှုသည် အိမ်မှထွက်၍ အိုင်ဘေးနားသို့ လားပြီးလျှင် တရားဟောခြင်းငှာ ထိုင်တော်မူ၏။
MAT 13:2 လူအုပ်ကြီးသည် ကမ်းခြီ၌ ရပ်နိန်ကြစဉ်တွင် ကိုယ်တော်၏ပတ်လည်၌ စုရုံးရောက်လာကြသည့်လူတိသည် အလွန်များလာကြသဖြင့် ကိုယ်တော်သည် လောင်းတစ်စင်းထက်သို့ တက်၍ ထိုင်လေ၏။
MAT 13:3 ကိုယ်တော်သည် ပုံဥမာတိနှင့် ခိုင်းနှိုင်းကာ သူရို့အား ဆုံးမသြဝါဒ ပီးတော်မူ၏။ တစ်ခါက လူတစ်ယောက်သည် မျိုးစိကြဲရန်လားခ၏။
MAT 13:4 မျိုးစိတိကို လယ်ထဲ၌ ကြဲသည့်အခါ မျိုးစိတချို့သည် လမ်းမှာကျသဖြင့် ငှက်တိ လာ၍ ကောက်စားပလိုက်ကြ၏။
MAT 13:5 တချို့မျိုးစိတိသည် မြီဆီလွှာနည်းသော ကျောက်တောမှာ ကျကြ၏။ ထိုမျိုးစိတိသည် မြီဆီလွှာပါးသောကြောင့် ချက်ချင်း အညှောက်ပေါက်ကြ၏။
MAT 13:6 သို့သော်လည်း အမြစ်များသည် ကျောက်ခဲတိကို မထိုးဖောက်နိုင်သောကြောင့်၊ နီထွက်လာသောအခါ အပင်ချေတိကို နီပူလောင်သဖြင့် ထိုအပင်ချေတိသည် ချက်ချင်း ခြောက်လားကြ၏။
MAT 13:7 အချို့မျိုးစိတိသည် ဆူးပင်များကြား၌ ကျသဖြင့်၊ ဆူးပင်တိသည် ကြီးထွားကာ ထိုအပင်ချေတိကို ဖိစီးထားကြ၏။
MAT 13:8 သို့သော် မျိုးစိတချို့သည် ကောင်းသောမြီဆီလွှာမှာ ကျသဖြင့် အပင်များသည် အသီးသီးကြပြီးလျှင် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ စသည်ဖြင့် ပွားများကြလေ၏။
MAT 13:9 ယေသျှုက “နားဟိသောသူတိ ကြားကတ်ပါစီ” ဟူ၍ အဆုံးသတ်လေ၏။
MAT 13:10 ထို့နောက် တပည့်တော်ရို့သည် ယေသျှုပါးသို့ ချဉ်းကပ်၍ “ကိုယ်တော်သည် လူတိကို ပြောသည့်အခါ ပုံဥမာတိကို ဇာကြောင့် အသုံးပြုပါလဲ” ဟု မိန်းကြ၏။
MAT 13:11 ယေသျှုကလည်း “သင်ရို့သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော နက်နဲခက်ခဲသည့် လျှို့ဝှက်ချက်တိကို သိရသောအခွင့်ဟိကြသော်လည်း ထိုသူရို့မူကား သိခွင့်မဟိကြ။
MAT 13:12 ထို့ကြောင့် ရတတ်သောသူကို သာ၍ ပြည့်စုံစီခြင်းငှာ တဖန်ထပ်၍ ပီးလိမ့်မည်၊ ဆင်းရဲသောသူ၌ သူ့မှာဟိသမျှကို နုတ်ယူလိမ့်မည်။
MAT 13:13 ငါသည် သူရို့ကို ပုံဥမာတိသုံး၍ ပြောရသည့်အကြောင်းရင်းမှာ၊ ဤသူရို့သည် ကြည့်သော်လည်း မမြင်၊ နားထောင်သော်လည်း မကြား၊ နားမလည်ကြသည့်အတွက်ကြောင့်ဖြစ်၏။
MAT 13:14 ထို့ကြောင့် ပရာဖက်ဟေသျှာယက သူရို့ကို ဤသို့ ဟောထားခ၏၊ “ ‘ဤသူရို့သည် နားထောင်ပြီးယင်း နားထောင်သော်လည်း နားမလည်ကတ်၊ သူရို့သည် ကြည့်ပြီးယင်း ကြည့်သော်လည်း မမြင်ကတ်၊
MAT 13:15 ဇာကြောင့်လဲဆိုကေ၊ သူရို့၏စိတ်နှလုံးသည် အမှောင်ဖုံးနိန်သောကြောင့်ဖြစ်၏။ သူရို့၏နားသည် ပင်းနိန်ကတ်၏။ သူရို့၏မျက်စိသည်လည်း ကန်းနိန်ကတ်၏။ ထိုသို့ မဟုတ်လျှင် သူရို့မျက်စိသည် မြင်ကတ်လိမ့်မည်။ နားသည်လည်း ကြားကတ်လိမ့်မည်။ သူရို့၏အသိစိတ်ထဲမှာ နားလည်သဘောပေါက်ကြလျှင် သူရို့သည် ငါ့ပါးသို့ ပြန်လှည့်လာကြလိမ့်မည်ဟု ဘုရားသခင်က မိန့်တော်မူ၏၊ ငါသည်လည်း သူရို့ကို ကျန်းမာစီမည်။’
MAT 13:16 “သို့သော် သင်ရို့၏မျက်စိတိသည် မြင်သောကြောင့်၊ သင်ရို့၏နားတိသည် ကြားသောကြောင့် မင်္ဂလာဟိကြ၏။
MAT 13:17 သင်ရို့ကို ငါ အမှန်ဆိုသည်ကား ပရောဖက်တိနှင့် ဘုရားသခင်၏လူတိသည် သင်ရို့မြင်သည့်အရာများကို အလွန် မြင်ချင်ခသော်လည်း မမြင်ခရကတ်။ သင်ရို့ကြားသည့်အရာများကို အလွန် ကြားချင်ခသော်လည်း မကြားခရကတ်။
MAT 13:18 “မျိုးစိကြဲသူ ပုံဥပမာ၏ ဆိုလိုရင်းကို နားထောင်၍ သင်ခန်းစာယူကြလော့။
MAT 13:19 နိုင်ငံတော်၏တရားစကားကို ကြားသော်လည်း နားမလည်သောသူသည် လမ်းတလျှောက်မှာ ကျနိန်ခသည့် မျိုးစိများနှင့် တူ၏။ နတ်ဆိုးသည် လာ၍ သူရို့၏စိတ်နှလုံးထဲ၌ ဟိသောတရားစကားကို လုယူဖယ်ယှားတတ်၏။
MAT 13:20 ကျောက်ခံမြီမှာ ကျသည့် မျိုးစိများသည်ကား တရားစကားကို ကြားသည်နှင့် ဝမ်းမြောက်စွာ လက်ခံတတ်သောသူကို ဆိုလိုခြင်းဖြစ်၏။
MAT 13:21 သို့သော်လည်း ထိုတရားစကားသည် သူရို့၏ စိတ်နှလုံးထဲ၌ အမြစ်မစွဲသဖြင့် ကြာရှည်စွာမခံ၊ ထိုတရားစကားကြောင့် အမှုအခင်း သို့မဟုတ် နှိပ်စက်ညှဉ်းဆဲခြင်းနှင့် ကြုံတွိ့ရသောအခါ သူရို့သည် ချက်ချင်း ဖောက်ပြန်လားတတ်ကြ၏။
MAT 13:22 ဆူးပင်များကြား၌ ကျသောမျိုးစိဟူသည်ကား တရားစကားကို ကြားသော်လည်း ဤဘဝအတွက် စိုးရိမ်စိတ်များနှင့် လောကီတပ်မက်မှုများက တရားစကားကို လွှမ်းမိုးကြီးစိုးထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလိုခြင်းဖြစ်၏။
MAT 13:23 ထို့နောက် ကောင်းသောမြီမှာ ကျသောမျိုးစိ တိသည်ကား တရားစကားကို ကြား၍ သဘောပေါက်နားလည်ပြီး အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ၊ စသည်ဖြင့် ပွားများကာ အသီးကို သီးတတ်သောသူတိကို ဆိုလိုခြင်းဖြစ်သည်” ဟု မိန့်တော်မူ၏။
MAT 13:24 ယေသျှုသည် သူရို့အား အခြားသောပုံဥမာကို ဆောင်၍ မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် ဤပုံဥပမာနှင့် တူ၏။ လူတစ်ယောက်သည် မိမိလယ်၌ ကောင်းသောမျိုးစိကို ကြဲထားခ၏။
MAT 13:25 တစ်ညတွင် လူတိ အိပ်နိန်ကြသောအခါ ရန်သူတစ်ဦးသည် လာ၍ ဂျုံမျိုးစိများကြားထဲ၌ မြက်ရိုင်းမျိုးစိများကို ကြဲထားခပြီး၊ အဝီးကို ထွက်လားခ၏။
MAT 13:26 အပင်တိကြီးထွားလာပြီး ကောက်နှံထွက်လာချိန်တွင် ဂျုံပင်တိနှင့်အတူ မြက်ရိုင်းပင်တိလည်း ပေါ်ထွက်လာ၏။
MAT 13:27 ယင်းအခါ အခိုင်းအစီတိက ပိုင်သျှင်ပါးသို့ ရောက်လာကာ ‘ဆရာ၊ လယ်ကွက်ထဲ၌ ကောင်းသောဂျုံမျိုးစိများကိုသာ ကြဲခသည် မဟုတ်ပါလား၊ ဤမြက်ရိုင်းပင်တိသည်ကား ဇာက ရောက်လာကတ်ပါလဲ’ ဟု မိန်းကြ၏။
MAT 13:28 ပိုင်သျှင်က ‘ဤသည်ကား ရန်သူတချို့ ကြဲထားခစွာ ဖြစ်တေ’ ဟု ပြန်ပြော၏၊ ‘အကျွန်ရို့သည် ဤမြက်ရိုင်းပင်တိကို လား၍ နုတ်ပစ်ခီရပါဖို့လား’ ဟု သူရို့က မိန်းကြ၏။
MAT 13:29 ပိုင်သျှင်က ‘နုတ်စရာမလို၊ ဇာကြောင့်လဲဆိုကေ မြက်ရိုင်းပင်တိကို နုတ်လိုက်လျှင် ထိုအပင်တိနှင့်အတူ ဂျုံပင်တိပါ ရောပါလားလိမ့်မည်။
MAT 13:30 ရိတ်သိမ်းချိန်ရောက်သည့်တိုင်အောင် မြက်ရိုင်းပင်တိသည် ဂျုံပင်တိနှင့်အတူ ကြီးထွားနိန်ကတ်ပါစီ။ ရိတ်သိမ်းချိန်ရောက်ခါမှသာ မြက်ရိုင်းပင်တိကို ဦးစွာ ရွီးနုတ်ပြီး စုစည်းကာ မီးရှို့ပစ်လိုက်ကတ်၊ ဂျုံနှံတိကိုမူကား ရိတ်သိမ်း၍ ပုတ်ထဲမှာ စုထားလိုက်ကတ်ဟု ကောက်ရိတ်သမားတိကို ငါ မှာထားမည်’ ဟု မိန့်တော်မူ၏။”
MAT 13:31 ယေသျှုသည် အခြားသော ပုံဥပမာတစ်ခုကို သူရို့အား ပြောပြသည်မှာ “ကောင်းကင်နိုင်ငံတော်သည် ဤပုံဥပမာနှင့် တူ၏။ လူတစ်ယောက်သည် မုန်ညှင်းစိ တစ်စိကို ယူ၍ သူ၏လယ်ထဲ၌ ကြဲလိုက်၏။
MAT 13:32 မှန်ညှင်းစိသည် မျိုးစိအားလုံးထဲမှာ အသေးငယ်ဆုံးဖြစ်သော်လည်း အပင်ပေါက်၍ ကြီးလာသောခါ သီးနှံပင်အားလုံးထဲမှာ အကြီးဆုံး အပင်တစ်ပင် ဖြစ်လာ၏။ အပင်ကြီးတစ်ပင် ဖြစ်လာသောအခါတွင် ငှက်တိ လာ၍ ထိုအပင်၏ အကိုင်းအခက်များ၌ မိမိရို့၏အသိုက်များကို တည်ဆောက်တတ်ကြ၏” ဟူ၍ မိန့်တော်မူ၏။
MAT 13:33 ယေသျှုသည် တပည့်တော်တိအား အခြားသော ပုံဥမာတစ်ခုဖြင့် မိန့်တော်မူသည်မှာ၊ “ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့ဖြစ်၏။ မိန်းမတစ်ယောက်သည် တဆီးအချို့ကို ယူ၍ မုန့်ညက်သုံးတောင်းနှင့် ရောနယ်လိုက်သောအခါ ထိုတဆီးသည် မုန့်ညက်အားလုံးကို ဖောင်းပွလားစီတတ်၏” ဟု မိန့်တော်မူ၏။
MAT 13:34 ယေသျှုသည် လူထုပရိသတ်များအား ဟောပြောသောခါတိုင်း၌ ပုံဥမာများကို အသုံးပြုတော်မူ၏၊ ကိုယ်တော်သည် သူရို့အား ပုံဥပမာမသုံးဘဲ ဇာအကြောင်းကိုမျှ ဟောပြောတော်မမူ။
MAT 13:35 ဤသို့ ဟောပြောရသည့်အကြောင်းမှာ ပရောဖက် ဟောထားခသော ကျမ်းစကား ပြည့်စုံလာခြင်းဖြစ်၏။ ထိုကျမ်းစကားများမှာ၊ “သူရို့ကို ငါ ပြောသောအခါ ပုံဥပမာများကိုသာ အသုံးပြုမည်။ ဤလောကကို ဖန်ဆင်းစဉ်ကတည်းကပင် သူရို့မသိယောင် ဝှက်ထားသောအရာများကို ငါသည် ဖော်ထုတ်၍ ပြောရလိမ့်မည်” ဟု ဖြစ်သတည်း။
MAT 13:36 ယေသျှုသည် လူစုလူဝေးကို ထားခပြီး အိမ်ထဲသို့ ဝင်ရောက်လာ၏။ သူ၏တပည့်တော်ရို့သည်လည်း နောက်တော်သို့ လိုက်လာလျက်၊ “အကျွန်ရို့အား မြက်ရိုင်းပင်၏ ပုံဥပမာအကြောင်းကို ယှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
MAT 13:37 ယေသျှုကလည်း “လူသားသည် ကောင်းသောမျိုးစိကို ကြဲသောသူဖြစ်၏။
MAT 13:38 လယ်ကွက်သည်ကား လောကဖြစ်၏။ ကောင်းသောမျိုးစိ ဟူမူကား နိုင်ငံတော်သားတိ ဖြစ်ကြပြီး၊ မြက်ရိုင်းပင်များမှာ နတ်ဆိုး၏သားများ ဖြစ်ကြ၏။
MAT 13:39 မြက်ရိုင်းမျိုးစိကို ကြဲသောရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းသောကာလသည်ကား ကပ်ကမ္ဘာကုန်ဆုံးချိန် ဖြစ်၍ ကောက်ရိတ်သမားများမှာ ကောင်းကင်တမန်များဖြစ်ကြ၏။
MAT 13:40 မြက်ရိုင်းပင်တိကို စုသိမ်း၍ မီးရှို့သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ထိုသို့ ဖြစ်လိမ့်မည်။
MAT 13:41 လူသားသည် မိမိ၏ကောင်းကင်တမန်တိကို စီရွှတ်ပြီး မကောင်းမှုကို ပြုသောသူတိနှင့် အပြစ်သို့ သွီးဆောင်သောသူ အားလုံးကို သူ၏နိုင်ငံတော်ထဲက ရွီးထုတ်ရန် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊
MAT 13:42 ထို့နောက် ထိုကောင်းကင်တမန်များသည် ထိုသူရို့ကို မီးအိုင်ထဲသို့ ပစ်ချလိမ့်မည်၊ ထိုသူရို့သည် ထိုမီးအိုင်ထဲ၌ အံသွားခဲကြိတ်ကာ ငိုကျွီးရကြလိမ့်မည်။
MAT 13:43 ထို့နောက် ဘုရားသခင်၏ လူတိသည်ကား သူရို့အဖ၏နိုင်ငံတော်၌ နီကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားဟိသောသူရို့ ကြားကတ်ပါစီ” ဟု မိန့်တော်မူ၏။
MAT 13:44 “ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့ ဖြစ်၏။ လူတစ်ယောက်သည် လယ်ကွက်တစ်ခု၌ ဝှက်ထားသော ပစ္စည်းဥစ္စာကို တွိ့၏။ ထိုသူသည် ထိုပစ္စည်းဥစ္စာကို တဖန် ဖုံးအုပ်ထားခပြီးလျှင် ဝမ်းမြောက်သောစိတ်ဖြင့် ပြန်လားကာ သူ၌ ဟိသမျှ ပစ္စည်းကို ရောင်း၍ ထိုလယ်ကို ဝယ်၏။
MAT 13:45 “ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့လည်း ဖြစ်၏။ လူတစ်ယောက်သည် ကောင်းသော ပုလဲကို ရှာနိန်၏။
MAT 13:46 ထိုသူသည် ထူးဆန်းသောပုလဲကို တွိ့သောအခါ သူသည် ပြန်လား၍ မိမိ၌ ဟိသမျှကို ရောင်းချပြီးလျှင် ထိုပုလဲကို ဝယ်ယူလေ၏။
MAT 13:47 “ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့လည်း ဖြစ်၏။ တံငါသည် တချို့သည် သူရို့၏ငါးဖမ်းပိုက်ကို အိုင်၌ ချကာ ငါးမျိုးစုံတိကို ဖမ်းကြ၏။
MAT 13:48 ငါးမျိုးစုံတိ ပိုက်မှာ ကျနိန်ကြသောအခါ ထိုတံငါများသည် ပိုက်ကို သောင်ပြင်သို့ ဆွဲတင်၍ ငါးရွီးရန် ထိုင်ကြ၏၊ ကောင်းသောငါးများကို ပလိုင်းထဲသို့ ထည့်ကြပြီးလျှင် မကောင်းသောငါးများကိုမူကား ဝေးပစ်လိုက်ကြ၏။
MAT 13:49 ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ဤကဲ့သို့ ဖြစ်လာလိမ့်မည်၊ ကောင်းကင်တမန်တိ ဆင်းလာကြပြီးလျှင် ဖြောင့်မတ်သောသူရို့အထဲမှ ဆိုးသောသူတိကို ရွီးထုတ်ကာ
MAT 13:50 မီးအိုင်ထဲသို့ ပစ်ချကြလိမ့်မည်၊ ထိုသူရို့သည် ထိုမီးအိုင်ထဲ၌ အံသွားခဲကြိတ်၍ ငိုကျွီးရကြလိမ့်မည်။
MAT 13:51 “သင်ရို့သည် ဤအရာများကို နားလည်ကတ်လား” ဟု ယေသျှုက မိန်းတော်မူသောအခါ၊ တပည့်တော်ရို့က “နားလည်ပါရေ” ဟု ပြန်၍လျှောက်ကြ၏။
MAT 13:52 ထိုအခါ ကိုယ်တော်ကလည်း “ကောင်းကင်နိုင်ငံတော်၌ တပည့်တော် တစ်ယောက်ဖြစ်လာသော ကျမ်းတတ်ဆရာသည်ကား မိမိအိမ်၏စတိုခန်းထဲက ပစ္စည်းအဟောင်းနှင့် အသစ်များကို ထုတ်ယူသုံးစွဲတတ်သော အိမ်သျှင်နှင့် တူ၏” ဟု မိန့်တော်မူ၏။
MAT 13:53 ယေသျှုသည် ဤပုံဥပမာများကို ပြောပြီးနောက် ထိုအရပ်မှ ထွက်ခွါပြီးလျှင်
MAT 13:54 သူ၏ဇာတိမြို့သို့ ပြန်ကြွတော်မူ၏။ တရားဇရပ်၌ ဆုံးမဩဝါဒများကို သွန်သင်တော်မူ၍ ကြားနာသောသူများသည် အလွန်အံ့သြကြ၏။ “ဤသူကား ဤသို့သောပညာကို ဇာနီရာက ရလာစွာလဲ။ သူသည် ဤနိမိတ်လက္ခဏာတိကို ဇာကြောင့် လုပ်နိုင်စွာလဲ။
MAT 13:55 သူသည် လက်သမား၏သားဖြစ်သည် မဟုတ်လား။ သူ့အမိသည် မာရိဖြစ်ပြီး ယာကုပ်၊ ယောဟန်၊ သျှိမုန် နှင့် ယုဒရို့သည် သူ၏ညီအစ်ကိုတိ ဖြစ်ကြသည် မဟုတ်လား။
MAT 13:56 သူ၏ညီမတိလည်း ဤအရပ်၌ နီထိုင်ကြသည် မဟုတ်ပါလား။ သူသည် ဤအရာတိကို ဇာနီရာက ရလာစွာလဲ” ဟု အချင်းချင်း ပုတ်ခတ်ပြောဆိုလျက်
MAT 13:57 ကိုယ်တော့်ကို ငြင်းပယ်ကြ၏။ ထို့ကြောင့် ယေသျှုက သူရို့အား “ပရောဖက်တစ်ယောက်သည် မိမိဇာတိမြို့နှင့် မိမိ၏မိသားစု ကလွဲ၍ နီရာတိုင်းမှာ အရိုအသီခံရ၏” ဟူ၍ မိန့်တော် မူ၏။
MAT 13:58 သူရို့သည် မယုံကြည်ကြသောကြောင့် ကိုယ်တော်သည်လည်း ထိုအရပ်၌ နိမိတ်လက္ခဏာများစွာကို ပြတော်မမူခပေ။
MAT 14:1 ထိုအချိန်၌ ဂါလိလဲပြည်ကို အုပ်ချုပ်သည့် ဟေရုဒ်မင်းသည် ယေသျှုအကြောင်းကို ကြားလေ၏။
MAT 14:2 ထိုအခါ သူက “ဤသူသည် သီခြင်းက ထမြောက်လာသော ဗတ္တိဇံယောဟန် အမှန်ပင်ဖြစ်၏။ ထို့ကြောင့် နိမိတ်လက္ခဏာတိကို ပြရန် တန်ခိုးဟိ၏” ဟု မိမိအရာဟိတိကို ပြော၏။
MAT 14:3 ဟေရုဒ်မင်းသည် မိမိ၏ညီ ဖိလိပ္ပု၏မယား ဟေရောဒိနှင့် ပတ်သက်၍ ယောဟန်ကို သံကြိုးနှင့် ချိုင်၍ ဖမ်းဆီးကာ ထောင်ထဲ၌ ချထားခ၏။
MAT 14:4 အကြောင်းမူကား၊ ဗတ္တိဇံယောဟန်က “သင်သည် ဟေရောဒိကို လက်ထပ်ခြင်းသည်ကား တရားတော်နှင့် မကိုက်ညီ” ဟု မကြာမကြာ ပြောဆိုခြင်းကြောင့် ဖြစ်၏။
MAT 14:5 ဟေရုဒ်သည် ယောဟန်ကို သတ်လိုသော်လည်း ယုဒလူများက သူသည် ပရောဖက်တစ်ပါးဖြစ်သည် ဟု သိနိန်ကြသောကြောင့် ထိုသူရို့ကို ကြောက်နိန်ကြ၏။
MAT 14:6 ဟေရုဒ်၏မွီးနိ့ပွဲတွင် ဟေရောဒိ၏သမီးသည် ပရိသတ်တိရှိ့တွင် ကပြဖျော်ဖြေ၏။ ဟေရုဒ်မင်းသည် အလွန်စိတ်ရွှင်လန်းသည်ဖြစ်၍
MAT 14:7 “သင်တောင်းသမျှကို ငါ ပီးမည်ဟု သင့်ကို ငါ ကျိန်ပြော၏” ဟု သူမအား ကတိပီးလိုက်၏။
MAT 14:8 ထိုမိန်းမငယ်ကလည်း သူမ၏မိခင် အကြံပီးထားသည့်အတိုင်း “ဗတ္တိဇံယောဟန်၏ဦးဂေါင်းကို ဤဗျ့ထက်၌ အဂုပင်လျှင် ပီးတော်မူပါ” ဟု တောင်းလေ၏။
MAT 14:9 ထိုအခါ မင်းကြီးသည် အလွန် စိတ်ထိခိုက်သော်လည်း ဧည့်ပရိသတ်ရှိ့တွင် ကတိပီးထားပြီးဖြစ်သောကြောင့်၊ သူမ၏ဆန္ဒအတိုင်း လုပ်ပီးရန် အမိန့်ပီးလိုက်၏။
MAT 14:10 ယေဇူးနန့် ထောင်ထဲ၌ ချထားသော ယောဟန်၏ဦးဂေါင်းကို ဖြတ်ပြီးလျှင်
MAT 14:11 ဗျ့၌ ထည့်၍ သူမအား ပီးလိုက်၏။ သူမသည် ယောဟန်၏ဦးဂေါင်းကို မိခင်၏လက်သို့ အပ်လေ၏။
MAT 14:12 ယောဟန်၏တပည့်များသည်လည်း ယောဟန်၏ အလောင်းကို သယ်ယူ၍ သင်္ဂြိုလ်ကြ၏။ ထို့နောက် သူရို့သည် လား၍ ယေသျှုအား ပြောကြလေ၏။
MAT 14:13 ယေသျှုသည် ယောဟန်၏သတင်းကို ကြားသောခါ၊ ထိုအရပ်မှ လောင်းတစ်စီးဖြင့် လူသူကင်းမဲ့ရာအရပ်သို့ တစ်ယောက်တည်း ကြွတော်မူ၏။ ဤသတင်းကို လူတိကြားသောအခါ မိမိရို့မြို့ရွာအသီးသီးမှ ထွက်၍ ကုန်းကြောင်းခရီးဖြင့် ကိုယ်တော်၏နောက်သို့ လိုက်ကြ၏။
MAT 14:14 ယေသျှုသည် လောင်းထက်မှ ဆင်းပြီးနောက် လူအုပ်ကြီးကို မြင်သောအခါ စိတ်နှလုံးထဲ၌ အလွန် သနားတော်မူသည်ဖြစ်၍ မကျန်းမာသောသူများကို ကျန်းမာစီတော်မူ၏။
MAT 14:15 ထိုနိ့ညစာဖက်၌ တပည့်တော်တိသည် ကိုယ်တော်အပါးသို့ ရောက်လာကြပြီးလျှင် “မိုးချုပ်ပြီဖြစ်၍ လူသူကင်းမဲ့သည့် အရပ်ဖြစ်၏။ ဤသူရို့အဖို့ စားစရာဝယ်ခြင်းငှာ လူအချို့ကို ကျေးရွာများသို့ စီရွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
MAT 14:16 ယေသျှုကလည်း “သူရို့လားစရာမလို၊ သင်ရို့ကိုယ်တိုင် သူရို့ကို စားစရာ တစ်စုံတစ်ခု ပီးကတ်ရဖို့” ဟု မိန့်တော်မူ၏။
MAT 14:17 ထိုအခါ တပည့်တော်တိက “အကျွန်ရို့အားလုံးမှာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရာ ဟိပါ၏” ဟု ပြန်လျှောက်ကြ၏။
MAT 14:18 ကိုယ်တော်ကလည်း “ထိုသို့ဆိုသော်၊ သင်ရို့မှာ ဟိသောအရာများကို ငါ့ပါးသို့ ယူလာကတ်” ဟု မိန့်တော်မူ၏။
MAT 14:19 ကိုယ်တော်သည် လူပရိသတ်တိကို မြက်ခင်းပြင်ထက်မှာ ထိုင်ခိုင်းလိုက်၏။ ထို့နောက် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်တိကို ပီး၏၊ တပည့်တော်တိသည် ထိုမုန့်ကို လူတိအား ဝီငှပီးကြ၏။
MAT 14:20 လူအားလုံး ဝစွာစားကြပြီးမှ၊ စားကြွင်းစားကျန်တိကို လိုက်၍ ကောက်သိမ်းသောအခါ တောင်းနှင့် တစ်ဆယ့်နှစ်တောင်း အပြည့် ရ၏။
MAT 14:21 စားသုံးကြသောလူဦးရေမှာ မိန်းမနှင့် အသျှေတိမပါဘဲ၊ ယောက်ျားတိချည်း သီးသန့် ၅,၀၀၀ ခန့် ဟိလေ၏။
MAT 14:22 ယေသျှုသည် လူတိကို ပြန်ရွတ်တော်မူစဉ်၊ တပည့်တော်ရို့ကိုလည်း လောင်းထဲသို့ ဝင်ခိုင်းကာ အိုင်တစ်ဘက်ကမ်းသို့ သူ၏ရှိ့က ကူးခိုင်းလိုက်၏။
MAT 14:23 လူတိကို ပြန်ရွှတ်လိုက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ကုန်းထက်သို့ တက်လား၏။ ညအချိန်ရောက်သောအခါ ကိုယ်တော်သည် ထိုအရပ်၌ တစ်ယောက်တည်း ဟိလေ၏။
MAT 14:24 ထိုအချိန်၌ လောင်းသည် ကမ်းနှင့် ဝီးကွာလာသောခါ၊ လီဆန်ဖြစ်သောကြောင့် လှိုင်းထသဖြင့် လောင်းသည် လူးလွန့်လျက် ဟိ၏။
MAT 14:25 မိုးသောက်ဘက် သုံးချက်တီးချိန်နှင့် ခြောက်ချက်တီးအချိန်ကြားတွင် ယေသျှုသည် ရီထက်၌ လမ်းလျှောက်၍ တပည့်တော်တိပါးသို့ လာ၏။
MAT 14:26 ထိုသို့ ကိုယ်တော်သည် ရီထက်က လမ်းလျှောက်လာသည်ကို တပည့်တော်ရို့သည် မြင်ကြသောအခါ ထိန့်လန့်တုန်လှုပ်လျက်၊ “ဆစ်စီ” ဟု ကြောက်ရွံ့စွာ အော်ဟစ်ကြ၏။
MAT 14:27 ယေသျှုလည်း ချက်ချင်းပင် “မကြောက်ကတ်ကေ့။ တည်ကြည်ကြလော့။ ငါရာဖြစ်၏” ဟု ပြန်ပြောလေ၏။
MAT 14:28 ထိုအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်သာမှန်လျှင် အကျွန်လည်း ရီထက်က လမ်းလျှောက်၍ ကိုယ်တော်ပါးသို့ လာစီခြင်းငှာ မိန့်တော်မူပါ” ဟု လှမ်း၍ ပြော၏။
MAT 14:29 ယေသျှုကလည်း “လာလော့” ဟု အမိန့် ပီးလိုက်သည်နှင့် ပေတရုသည် လောင်းထဲက ဆင်းကာ ရီထက်မှာ လမ်းလျှောက်၍ ယေသျှုပါးသို့ လား၏။
MAT 14:30 သို့သော် သူသည် လီကြမ်းတိုက်သည်ကို သတိထားမိသဖြင့် ကြောက်စိတ်ဝင်လာ၍ ရီထဲသို့ မြုပ်လုသည်ဟိသော် “အသျှင်၊ အကျွန့်ကို ကယ်တော်မူပါ” ဟု အော်ဟစ်လေ၏။
MAT 14:31 ယေသျှုသည် ချက်ချင်း လက်ကို ဆန့်၍ ပေတရုကို ဆွဲကိုင်ပြီးလျှင် “ယုံကြည်ခြင်းအားနည်းသောသူ ဇာကြောင့် မယုံသင်္ကာဖြစ်နိန်လဲ” ဟု မိန့်တော်မူ၏။
MAT 14:32 သူရို့နှစ်ယောက်သည် လောင်းထက်သို့ ရောက်သောအခါ လီသည်လည်း ငြိမ်လေ၏။
MAT 14:33 ထိုအခါ လောင်းထဲ၌ ဟိသောတပည့်တော်တိက ယေသျှုကို ကိုးကွယ်လျက် “ကိုယ်တော်သည် ဘုရားသား အမှန်ပင် ဖြစ်၏” ဟု လျှောက်ကြလေ၏။
MAT 14:34 ယေသျှုနှင့် တပည့်တော်ရို့သည် အိုင်ကို ဖြတ်၍ ဂင်္နေသရက်အရပ်သို့ ရောက်လာကြ၍
MAT 14:35 ထိုအရပ်၌ နီထိုင်ကြသော လူများက ကိုယ်တော့်ကို သိကြ၏။ ထို့ကြောင့် သူရို့သည် ပတ်ဝန်းကျင်အနီးအနားမှ မကျန်းမာသောသူများကို ယေသျှုထံသို့ ခေါ်ဆောင်လာကြ၏။
MAT 14:36 ထိုမကျန်းမာသောသူများက ကိုယ်တော်၏ဝတ်ရုံအနားပန်းဖွားကို တို့ခွင့်ရစီခြင်းငှာ တောင်းဆိုကြ၏။ ဝတ်ရုံအစွန်အဖျားချေကို တို့ရုံမျှဖြင့် လူမမာတိအားလုံး ကျန်းမာကြလေ၏။
MAT 15:1 ထိုအခါ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာတချို့သည် ယေရုဆလင်မြို့မှ ယေသျှုပါးသို့ ရောက်လာကြပြီးလျှင်
MAT 15:2 “ကိုယ်တော်၏တပည့်တော်တိသည် အစာမစားခင် လက်ကို မဆီးကြသည်မှာ အကျွန်ရို့အဖိုးအဖီးတိ၏ ရိုးရာအစဉ်လာကို ချိုးဖျက်နိန်ကတ်၏၊ ဇာကြောင့်ပါလဲ” ဟု ကိုယ်တော့်ကို မိန်းကြ၏။
MAT 15:3 ယေသျှုကလည်း “သင်ရို့သည် ဘုရားသခင်၏ပညတ်တော်တိကို ချိုးဖျက်၍ သင်ရို့ ဖိုးဖီးများ၏သွန်သင်မှုနောက်ကို လိုက်နိန်ကြသည်မှာ ဇာကြောင့်လဲ ဟု မိန့်တော်မူ၏။
MAT 15:4 ဘုရားသခင် မိန့်တော်မူသည်ကား ‘သင်ရို့၏ အမိနှင့် အဖကို ရိုသီစွာ ပြုကြပါ’ ထို့နောက် ‘သင်ရို့သည် သင်ရို့၏အမိ သို့မဟုတ် အဖကို ကျိန်ဆဲသောသူသည် အသီသတ်ခြင်းကို ခံထိုက်၏။’
MAT 15:5 သို့ရာတွင်၊ လူတစ်ယောက်၌ သူ၏အမိ သို့မဟုတ် အဖအား ထောက်ပံ့ရန် ပစ္စည်းတစ်စုံတစ်ခု ဟိသော်လည်း ‘ဤအရာသည် ဘုရားသခင်နှင့် သက်ဆိုင်တော်မူ၏။’
MAT 15:6 မိမိ၏အဖအား ကန်တော့ရန် မလို ဟူ၍ ပြောဆိုလျက် သင်ရို့သည် သွန်သင်နိန်ကြ၏။ ဤနည်းအားဖြင့် သင်ရို့သည် ဖိုးဖီးရို့၏သွန်သင်မှုနောက်ကို လိုက်နာရန် ဘုရားသခင်၏ပညတ်တော်ကို ပယ်ထားကြ၏။
MAT 15:7 သူတော်ကောင်းယောင်ဆောင်သောသူရို့၊ ပရောဖက် ဟေသျှာယသည် သင်ရို့အတွက် ဟောထားခသည်မှာ ကောင်းကောင်း မှန်နိန်၏။
MAT 15:8 “ ‘ဤလူတိကား ငါ့ကို နှုတ်ဖြင့်သာ ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် အမှန်ပင် ဝီးကွာလျက် ဟိကြ၏။
MAT 15:9 ငါ့အား ဝတ်ပြုခြင်းသည် သူရို့အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား သူရို့သည် လူ၏ကျင့်ဝတ်ကို ငါ၏ ပညတ်ကဲ့သို့ သွန်သင်နိန်ကြ၏။’ ”
MAT 15:10 ထို့နောက် ယေသျှုသည် လူအပေါင်းရို့ကို မိမိထံပါးသို့ ခေါ်ပြီးလျှင်၊ “နားထောင်၍ သဘောပေါက်ကြလော့။
MAT 15:11 လူတစ်ယောက်၏ ခံတွင်းထဲသို့ ဝင်သောအရာများသည် ထိုသူကို ညစ်ညမ်းစီသည်မဟုတ်။ ထိုသူ၏ခံတွင်းထဲမှ ထွက်လာသောအရာများကသာ ထိုသူကို ညစ်ညမ်းစီ၏” ဟု မိန့်တော် မူ၏။
MAT 15:12 ထို့နောက် တပည့်တော်ရို့သည် ကိုယ်တော်ထံပါးသို့ လာ၍ “ကိုယ်တော် ပြောသောစကားကြောင့် ဖာရိယှဲရို့သည် အလွန် စိတ်နာကြသည်ကို ကိုယ်တော်သိပါလား” ဟု လျှောက်ကြ၏။
MAT 15:13 ယေသျှုကလည်း “ကောင်းကင်ဘုံသျှင် အကျွန့်အဖ စိုက်တော်မမူသော အပင်ဟိသမျှသည် အမြစ်ပါ မကျန်ယောင် နုတ်ပစ်ခြင်းခံရလိမ့်မည်။
MAT 15:14 ဖာရိယှဲတိကို စိုးရိမ်စရာမလို။ သူရို့သည် မျက်စိကန်းနိန်သောသူရို့ကို လမ်းပြနိန်ကြသော မျက်ကမ်းလမ်းပြများသာ ဖြစ်ကြ၏။ အကန်းကို အကန်းက လမ်းပြလျှင် ထိုသူနှစ်ယောက်စလုံးသည် ချောက်ထဲသို့ ကျလားကတ်လိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 15:15 ပေတရုကလည်း “ဤပုံဥပမာကို အကျွန်ရို့အား ယှင်းပြပီးပါ” ဟု လျှောက်ဆို၏။
MAT 15:16 ယေသျှုက “သင်ရို့သည် အခြားလူတိထက် သာလွန်သောဉာဏ်ပညာ မဟိကြသိမ့်ပါကား။
MAT 15:17 လူတစ်ယောက်၏ခံတွင်းထဲသို့ ဝင်သောအရာဟူသမျှသည် သူ၏အစာအိမ်ထဲသို့ ဝင်လားပြီးနောက် ခန္ဓာကိုယ်၏ပြင်ပ ရီအိမ်ထဲသို့ ထွက်လားသည်ကို သင်ရို့ မသိကတ်သိမ့်လား။
MAT 15:18 သို့သော်လည်း ခံတွင်းမှ ထွက်သောအရာများသည် စိတ်နှလုံးထဲမှ လာကြသောကြောင့် ကိုယ်ကျင့်သီလနှင့်ပတ်သက်၍ လူကို ညစ်ညမ်းစီတတ်၏။
MAT 15:19 အဘယ်ကြောင့်ဆိုသော်၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသောမေထုန်မှီဝဲခြင်း၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ မမှန်သောသက်သီခံခြင်း၊ သူတစ်ပါးကို အတင်းပြောခြင်း စသောအရာတိကို ပြုခြင်းငှာ ထိုသူအား ဦးဆောင်နိန်သော မကောင်းသည့် အကြံအစည်များမှာ စိတ်နှလုံးထဲမှ ထွက်လာကြခြင်းဖြစ်၏။
MAT 15:20 ဤအရာများသည် လူတစ်ယောက်ကို ညစ်ညမ်းစီသည့်အရာများ ဖြစ်ကြ၏။ သို့ရာတွင် သူရို့ပြောသည့်အတိုင်း လက်မဆီးဘဲ အစာစားခြင်းသည်ကား လူတစ်ယောက်ကို ညစ်ညမ်းစီသည် မဟုတ်” ဟု မိန့်တော်မူ၏။
MAT 15:21 ယေသျှုသည် ထိုအရပ်မှ ထွက်ခွါပြီး တုရုနှင့် ဇိဒုန်မြို့ အနီးဝန်းကျင်ဒေသသို့ ကြွတော်မူ၏။
MAT 15:22 ထိုဒေသ၌ နီထိုင်သော ခါနာန်မိန်းမ တစ်ယောက်သည် ယေသျှုပါးသို့ ရောက်လာပြီး “ဒါဝိဒ်၏သားတော် အကျွန့်ကို သနားတော်မူပါ အသျှင်၊ အကျွန်၏သမီးသည် နတ်ဆိုး ဝင်ပူး၍ ပြင်းထန်စွာ ဝေဒနာခံစားနိန်ရပါ၏” ဟု ငိုယို၍ လျှောက်လေ၏။
MAT 15:23 သို့သော်လည်း ယေသျှုသည် သူမအား စကားတစ်ခွန်းမျှ ပြန်ပြောတော်မမူ။ ကိုယ်တော်၏တပည့်တော်ရို့သည် ကိုယ်တော့်ပါးသို့ လာရောက်ကာ “သူမကို ပြန်ခိုင်းလိုက်ပါ၊ သူမသည် နားပူနားဆာ လုပ်ကာ အကျွန်ရို့နောက်က လိုက်နိန်ပါရေ” ဟု တောင်းပန်ကြ၏။
MAT 15:24 ယေသျှုကလည်း “ဣသရေလအမျိုးထဲမှ ပျောက်နိန်ကြသောသိုးများ အတွက်သာ ငါ့ကို စီရွှတ်လိုက်၏” ဟု မိန့်တော်မူ၏။
MAT 15:25 သို့သော်လည်း ထိုအမျိုးသမီးသည် ကိုယ်တော်၏ ခြီတော်ရင်းသို့ လာ၍ ပျပ်ဝပ်လျက် “ဆရာ၊ အကျွန့်ကို ကူညီတော်မူပါ” ဟု လျှောက်၏။
MAT 15:26 ယေသျှုကလည်း “သားသမီးတိ စားမည့်အစာကို ခွီးတိကို မချပီးအပ်” ဟု ပြန်ပြောတော်မူ၏။
MAT 15:27 မိန်းမကလည်း “မှန်ပါ၏ အသျှင်၊ သို့သော်လည်း ခွီးတိတောင်မှ မိမိသခင်၏စားပွဲက ကျလာသော စားကြွင်းစားကျန်တိကို စားရခွင့်ဟိပါ၏” ဟု လျှောက်လေ၏။
MAT 15:28 ထို့နောက် ယေသျှုက “အချင်းမိန်းမ၊ သင်သည် ယုံကြည်ခြင်းကြီးမားသော သူတစ်ယောက် ဖြစ်၏။ သင် လိုသမျှ ပြည့်စုံပါစီ” ဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် ထိုမိန်းမ၏သမီးသည် ကျန်းမာခြင်းသို့ ပြန်ရောက်လေ၏။
MAT 15:29 ယေသျှုသည် ထိုအရပ်မှ ထွက်၍ ဂါလိလဲအိုင်နားတလျှောက် ကြွတော်မူ၏။ ကိုယ်တော်သည် တောင်ကုန်းထက်သို့ တက်၍ ထိုင်တော်မူ၏။
MAT 15:30 လူအပေါင်းရို့သည် ခြီမစွမ်းသူ၊ မျက်စိကန်းသူ၊ ကိုယ်အင်္ဂါချို့တဲ့သူ၊ ဆွံ့အသူများနှင့် တခြားရောဂါစွဲသူများကို ခေါ်ဆောင်လာကြပြီးလျှင် ကိုယ်တော်၏ခြီတော်ရင်း၌ ချထားကြ၏။ ကိုယ်တော်ကလည်း ထိုသူအပေါင်းရို့ကို ကျန်းမာစီတော်မူ၏။
MAT 15:31 သူရို့သည် ဆွံ့အ သူများ စကားပြောနိုင်သည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ ပကတိ ကျန်းမာခြင်း ရကြသည်ကိုလည်းကောင်း၊ ခြီမစွမ်းသူများ လမ်းလျှောက်နိုင်ကြသည်ကိုလည်းကောင်း၊ မျက်စိကန်းသူများ ပြန်မြင်နိုင်ကြသည်ကိုလည်းကောင်း တွိ့မြင်ရသောအခါ အံ့ဩကြသည်ဖြစ်၍ ဣသရေလလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းကြလေ၏။
MAT 15:32 ယေသျှုသည် တပည့်တော်တိကို မိမိထံပါးသို့ ခေါ်ပြီးလျှင် “ငါသည် ဤလူတိကို သနားမိပါ၏၊ ဇာကြောင့်လဲဆိုကေ ဤသူရို့သည် သုံးရက်ကြာ ငါနှင့် အတူနီထိုင်ကြပြီးပြီဖြစ်၍ ဂုအချိန်၌ သူရို့မှာ စားစရာတစ်ခုလေ့ မဟိကတ်ယာ။ ငါသည် သူရို့ကို တစ်ခုလည်း မကျွေးဘဲ ပြန်မရွှတ်ချင်၊ သူရို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 15:33 တပည့်တော်ရို့ကလည်း “ဤကန္တာရတော၌ ဤမျှလောက် များစွာသောလူရို့ကို ကျွေးမွီးခြင်းငှာ လုံလောက်သောအစာကို ဇာနီရာမှာ အကျွန်ရို့ ရှာရပါဖို့လဲ” ဟု လျှောက်တော်မူကြ၏။
MAT 15:34 ယေသျှုက “သင်ရို့၌ မုန့် ဇာလောက်ဟိလဲ” ဟု မိန်းတော်မူလျှင်၊ တပည့်တော်ရို့က “မုန့်ခုနစ်လုံးနှင့် ငါးချေ အနည်းငယ် ဟိပါ၏” ဟု လျှောက်ကြလေ၏။
MAT 15:35 ထိုအခါ ယေသျှုကလည်း လူတိကို မြီကြီးထက်မှာ ထိုင်ကြရန် မိန့်တော်မူ၏။
MAT 15:36 ထို့နောက် ကိုယ်တော်သည် မုန့်ခုနစ်လုံးနှင့် ငါးများကို ယူ၍ ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းပြီးမှ၊ မုန့်နှင့် ငါးကို ဖဲ့ပြီးလျှင် တပည့်တော်တိအား ပီးလေ၏၊ တပည့်တော်တိကလည်း ထိုမုန့်နှင့် ငါးကို လူတိအား ဝီပီးကြ၏။
MAT 15:37 လူအပေါင်းရို့သည် ဝစွာ စားကြလေ၏။ ပြီးနောက် တပည့်တော်ရို့သည် စားကြွင်းစားကျန်များကို ကောက်သိမ်းကြသောအခါ တောင်းခုနစ်လုံး အပြည့် ရလေ၏။
MAT 15:38 စားသုံးသောသူများတွင် မိန်းမနှင့် သူငယ်တိ မပါဘဲ ယောက်ျားချည်းသက်သက် ၄,၀၀၀ ဟိလေ၏။
MAT 15:39 ထိုနောက် ယေသျှုသည် လူတိကို ပြန်ရွှတ်လိုက်ပြီးလျှင် လောင်းထက်သို့ တက်ကာ မာဂဒါလနယ်သို့ ကြွတော်မူ၏။
MAT 16:1 ယေသျှုထံပါးသို့ ရောက်လာကြသော ဖာရိယှဲနှင့် ဇဒ္ဒုကဲအချို့သည် ကိုယ်တော့်ကို စုံစမ်းလိုစိတ်ဟိကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ဖက်မှာဟိကြောင်း ထင်ရှားစီခြင်းငှာ နိမိတ်လက္ခဏာ တစ်ခုကို သူရို့အားလားပြရန် တောင်းဆိုကြ၏။
MAT 16:2 သို့သော်၊ ယေသျှုက “နီဝင်ချိန်၌ ‘အာကာပြင်သည် အနီရောင်တောက်ပနိန်သောကြောင့် ရာသီဥတု သာယာမည်’ ဟု သင်ရို့သည် ပြောဆိုတတ်ကြ၏။
MAT 16:3 မိုးထစောစော၌ ‘အာကာပြင်သည် နီ၍ မည်းမှောင်နိန်သောကြောင့် မိုးရွာမည်’ ဟု သင်ရို့သည် ပြောဆိုတတ်ကြ၏။ သင်ရို့သည် အာကာပြင်ကို ကြည့်၍ ရာသီဥတုကို ခန့်မှန်းနိုင်သော်လည်း မျက်မှောက်ကာလ၌ ဖြစ်နိန်သော အမှတ်လက္ခဏာများ၏ အဓိပ္ပာယ်ကို မသိနိုင်ကတ်ပါတကား။
MAT 16:4 အဂုကာလ၌ ဆိုးမိုက်၍ ဖောက်ပြန်နိန်ကြသောသူရို့၊ သင်ရို့သည် ငါ့အား နိမိတ်လက္ခဏာ တစ်ခုကို တောင်းဆိုနိန်ကတ်တေလား။ မဖြစ်နိုင်။ သင်ရို့ကိုပြမည့် နိမိတ်လက္ခဏာသည် ယောန၏နိမိတ်လက္ခဏာမျှသာဖြစ်သည်” ဟု ပြောဆိုပြီး၊ ကိုယ်တော်သည် သူရို့ကို ထားခပြီးလျှင် ထွက်ခွါလားတော်မူလေ၏။
MAT 16:5 တပည့်တော်ရို့သည် အိုင်တစ်ဘက်ကမ်းသို့ ရောက်ကြသောအခါ သူရို့သည် မည်သည့်စားစရာကိုမျှ မယူလာမိခပေ။
MAT 16:6 ယေသျှုက တပည့်တော်ရို့အား “သင်ရို့သည် ဖာရိယှဲနှင့် ဇဒ္ဒုကဲရို့၏ တဆီးကို အထူး သတိထားကြလော့” ဟု မိန့်တော်မူ၏။
MAT 16:7 တပည့်တော်ရို့ကလည်း “ငါရို့သည် စားစရာတစ်ခုမျှ မယူလာခသောကြောင့် ကိုယ်တော်သည် ဤသို့ ပြောခြင်းဖြစ်သည်” ဟု အချင်းချင်း ပြောဆိုကြ၏။
MAT 16:8 ယေသျှုသည် သူရို့ပြောဆိုနိန်ကြသည်ကို သိတော်မူ၏၊ ထို့ကြောင့် ကိုယ်တော်က “သင်ရို့သည် စားစရာမဟိသည်ကို ဇာကြောင့် အချင်းချင်း ပြောဆိုနိန်ကတ်လဲ။ ကောင်းကောင်း ယုံကြည်ခြင်း အားနည်းတက်တေကား။
MAT 16:9 သင်ရို့သည် ဂုထိတောင် နားမလည်ကတ်သိမ့်လား။ ငါသည် မုန့်ငါးလုံးနှင့် လူ ၅,၀၀၀ ကို ကျွေးမွီးခစွာကို သင်ရို့ သတိမရကတ်ယာလား။ စားကြွင်းစားကျန်ကို သင်ရို့ ဇာနှစ်တောင်း ကောက်သိမ်းရခလဲ။
MAT 16:10 ထို့အပြင် မုန့်ခုနစ်လုံးနှင့် လူ ၄,၀၀၀ ကို ကျွေးခသိမ့်ရေမလား၊ စားကြွင်းစားကျန် ဇာနှစ်တောင်း သင်ရို့ ကောက်သိမ်းရခလဲ။
MAT 16:11 အစားအစာနှင့် ပတ်သက်၍ သင်ရို့ကို ငါပြောနိန်ခြင်း မဟုတ်သည်ကို ဇာပိုင် နားမလည်ကတ်စွာလဲ။ ဖာရိယှဲနှင့် ဇဒ္ဒုကဲရို့၏ တဆီးကို သင်ရို့ကိုယ်တိုင် သတိထားကြလော့” ဟု မိန့်တော်မူ၏။
MAT 16:12 ထို့နောက် တပည့်တော်ရို့သည် မုန့်၌ ထည့်သောတဆီးကို ယှောင်ကြဉ်ရန် ကိုယ်တော်က သူရို့ကို သတိပီးနိန်ခြင်း မဟုတ်၊ ဖာရိယှဲနှင့် ဇဒ္ဒုကဲရို့၏ သွန်သင်မှုကို ယှောင်ကြဉ်ရန် သတိပီးနိန်ခြင်းဖြစ်ကြောင်းကို နားလည်လာကြ၏။
MAT 16:13 ယေသျှုသည် ဖိလိပ္ပုကဲသရိမြို့အနီး ကျေးလက်ဒေသသို့ ရောက်သောအခါ “လူတိက လူသားကို ဇာသူလို့ ပြောနိန်ကတ်လဲ” ဟု တပည့်တော်တိအား မိန်းတော်မူ၏။
MAT 16:14 တပည့်တော်ရို့ကလည်း “တချို့က ဗတ္တိဇံယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ တချို့က ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ တချို့က ပရောဖက်ယေရမိဖြစ်သည် ဟူ၍လည်းကောင်း၊ တချို့က တခြားပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ပြောနိန်ကြ၏” ဟု လျှောက်ကြ၏။
MAT 16:15 ကိုယ်တော်က “သင်ရို့သည် ငါ့ကို ဇာသူဖြစ်သည် ဟု ပြောကြသနည်း” ဟု တပည့်တော်တိအား မိန်းလျှင်၊
MAT 16:16 သျှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် မေသျှိယ ဖြစ်တော်မူ၏” ဟု ပြန်လျှောက်၏။
MAT 16:17 ယေသျှုကလည်း “ယောန၏သား၊ သျှိမုန် သင်သည် မင်္ဂလာဟိ၏။ အကြောင်းမူကား ဤအမှန်တရားသည် လူအားဖြင့် မဟုတ်၊ ကောင်းကင်ဘုံ၌ဟိတော်မူသော ငါ၏အဖသည် သင့်အား တိုက်ရိုက် ဖော်ပြတော်မူခြင်းဖြစ်၏။”
MAT 16:18 ထို့အပြင် ငါဆိုသည်ကား “သင်သည် ပေတရု ဖြစ်၏။ ငါသည် ဤကျောက်ထက်၌ ငါ၏အသင်းတော်ကို တည်ထောင်မည်။ ဤအသင်းတော်သည် မရဏာနိုင်ငံ၏တန်းခါးကို ကျော်လွှားနိုင်လိမ့်မည်။
MAT 16:19 ငါသည် သင့်အား ကောင်းကင် နိုင်ငံတော်၏ သော့များကို ပီးမည်။ သင်က မြီကြီးထက်၌ တားမြစ်သည့်အရာများကို ကောင်းကင်ဘုံတွင်လည်း တားမြစ်လိမ့်မည်။ သင်က မြီကြီးထက်၌ ခွင့်ပြုသမျှကို ကောင်းကင်ဘုံ၌လည်း ခွင့်ပြုလိမ့်မည်။”
MAT 16:20 ဤသို့ တပည့်တော်တိအား ဆုံးမသွန်သင်ပြီးနောက် ယေသျှုက သူသည် မေသျှိယဖြစ်ကြောင်းကို ဇာသူ့ကိုမျှ မပြောစီခြင်းငှာ တပည့်တော်တိအား မိန့်မှာတော်မူ၏။
MAT 16:21 ထိုအချိန်မှစ၍ ယေသျှုက “ငါသည် ယေရုဆလင်ကို လားရမည်။ ဘာသာရေးခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်တိ၊ ကျမ်းတတ်ဆရာတိ လက်ထဲ၌ ဒုက္ခဝေဒနာကို ပြင်းစွာခံစားရမည်။ အသီသတ်ခြင်းကိုလည်း ခံရလိမ့်မည်။ သို့သော်လည်း ငါသည် သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ထမြောက်လာလိမ့်မည်” ဟု တပည့်တော်တိအား ပွင့်လင်းထင်ရှားစွာ မိန့်ကြားတော်မူ၏။
MAT 16:22 ပေတရုက ကိုယ်တော့်ကို ဘေးနားသို့ ခေါ်ယူကာ “သခင်ဘုရား၊ ဘုရားသခင်သည် ထိုအမှုကို တားဆီးတော်မူ၏၊ ထိုအမှုသည် ကိုယ်တော်၌ လုံးဝ မဖြစ်စီရ” ဟု တားမြစ်ပြောဆို၏။
MAT 16:23 ယေသျှုကလည်း ပေတရုဘက်သို့ လှည့်ကြည့်ပြီးလျှင် “အချင်းစာတန်၊ ငါ့အနားက ထွက်လားလီ။ သင်သည် ငါ၏လမ်းခရီး၌ အတားအဆီး ဖြစ်၏။ သင်၏အတွေးကား ဘုရားသခင်ထံမှ လာသည် မဟုတ်၊ လူ၏အတွေးသာ ဖြစ်၏” ဟု မိန့်တော်မူ၏။
MAT 16:24 ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “ဇာသူမဆို ငါနှင့်အတူ လိုက်ချင်လျှင် မိမိကိုယ်ကို ငြင်းပယ်ရမည်၊ မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ လိုက်ကြရမည်။
MAT 16:25 ဇာသူမဆို မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးယှုံးရလိမ့်မည်။ ဇာသူမဆို ငါ့အတွက်ကြောင့် မိမိအသက်ကို ဆုံးယှုံးခံသောသူသည် အသက်ကိုရ လိမ့်မည်။
MAT 16:26 လူသည် လောကတစ်ခုလုံးကို အစိုးရသော်လည်း မိမိအသက်ဆုံးယှုံးလျှင် ဇာမှာ အကျိုး ဟိပါဖို့သိမ့်လဲ။ မိမိအသက်ကို ဇာအရာနှင့် လှဲနိုင်ပါဖို့လဲ။
MAT 16:27 အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။
MAT 16:28 သင်ရို့ကို ငါ အမှန်ဆိုသည်ကား လူသားသည် သျှင်ဘုရင်အဖြစ်ဖြင့် ကြွလာတော်မူသည်ကို မြင်ကြရသည့်တိုင်အောင် ဤအရပ်၌ ဟိနိန်ကြသော လူတချို့သည် မသီကြရသိမ့်” ဟု မိန့်တော်မူ၏။
MAT 17:1 ခြောက်ရက်ကြာသောအခါ ယေသျှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်ရို့ကို မိမိနှင့် အတူ ခေါ်ယူပြီးလျှင် လူသူကင်းမဲ့သော တောင်ကုန်းမြင့်ထက်သို့ ကြွတော်မူ၏။
MAT 17:2 ထိုအရပ်၌ တပည့်တော်ရို့ ရှိ့တွင် ယေသျှုသည် အဆင်းသဏ္ဌာန်ပြောင်းလဲလာ၏၊ ကိုယ်တော်၏မျက်နှာတော်သည် နီကဲ့သို့ ထွန်းလင်းနိန်ပြီး၊ ဝတ်ရုံတော်သည် ငွီရောင်ကဲ့သို့ လင်းလက်တောက်ပနိန်၏။
MAT 17:3 ထို့နောက် သူရို့ရှိ့၌ မောသျှေနှင့် ဧလိယသည် ပေါ်လာ၍ ယေသျှုနှင့် စကားပြောနိန်ကြ၏။
MAT 17:4 ထိုအခါ ပေတရုက “အသျှင်ဘုရား၊ ဤအရပ်သည် အကျွန်ရို့အတွက် နီစရာကောင်းပါ၏။ သို့ဖြစ်၍ ကိုယ်တော်အလိုဟိလျှင် အကျွန်သည် ကိုယ်တော်အတွက် တဲတစ်ဆောင်၊ မောသျှေအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်၊ တဲသုံးဆောင် ဆောက်ပါမည်” ဟု ယေသျှုအား ပြောလေ၏။
MAT 17:5 ပေတရု စကားပြောနိန်ချိန်မှာ တလက်လက်တောက်ပနိန်သော မိုးတိမ်တိုက်တစ်ခုသည် သူရို့ထက်၌ ပေါ်လာပြီး “ဤသူသည် ငါ နှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံဖြင့် ထိုမိုးတိမ်မှ မိန့်တော်မူ၏။
MAT 17:6 တပည့်တော်ရို့သည် ထိုအသံကို ကြားသောအခါ အလွန်ကြောက်ရွံ့တုန်လှုပ်လျက် မိမိရို့၏မျက်နှာကို မြီကြီးပြင်၌ ကပ်ထားကြ၏။
MAT 17:7 ထိုအခါ ယေသျှုသည် ရောက်လာ၍ သူရို့ကို လက်နှင့် ပုတ်ပြီးလျှင် “ထ၊ ကြောက်မနိန်ကတ်ကေ့” ဟု ပြောလေ၏။
MAT 17:8 တပည့်တော်ရို့က မော့ကြည့် လိုက်သည့်အခါ ယေသျှုမှတပါး တခြားမည်သူမျှ မဟိ။
MAT 17:9 သူရို့သည် တောင်ထက်မှ ဆင်းလာကြသောအခါ ယေသျှုက “လူသားသည် သီခြင်းမှ ထမြောက်လာသောအချိန်ထိ သင်ရို့ မြင်တွိ့ခသည့်အရာကို ဇာသူ့ကိုလည်း ဖွင့်မပြောကတ်ကေ့ဦး” ဟု တပည့်တော်တိကို မိန့်မှာတော်မူ၏။
MAT 17:10 ထိုအခါ တပည့်တော်တိက “ဧလိယအယင်ဆုံး ရောက်လာလိမ့်မည်ဟု ကျမ်းတတ်ဆရာတိက ဇာအကြောင်းကြောင့် ပြောနိန်ကတ်ပါလဲ” ဟု ယေသျှုအား မိန်းလျှောက်ကြ၏။
MAT 17:11 ယေသျှုက “ဧလိယ အယင်ရောက်လာမည်မှာ အမှန်ပင်ဖြစ်၏။ သူသည် အရာအားလုံးကို အဆင်သင့်ပျင်ဆင်လိမ့်မည်။
MAT 17:12 သို့သော်၊ သင်ရို့ကို ငါဆိုသည်ကား ဧလိယ ရောက်လာခပြီးပြီ၊ သို့သော်လည်း လူတိ မသိလိုက်ကြ။ ထို့ကြောင့် သူ့ကို လူတိက စိတ်တိုင်းကျ နှိက်စက်ကြ၏။ ထိုနည်းတူ သူရို့သည် လူသားကို နှိက်စက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 17:13 ထိုအခါမှ ကိုယ်တော်သည် ဗတ္တိဇံယောဟန်အကြောင်း သူရို့အား ပြောပြနိန်သည်ကို တပည့်တော်တိက နားလည်ကြ၏။
MAT 17:14 ယေသျှုနှင့် တပည့်တော်ရို့သည် လူထုပရိသတ်ပါးသို့ ပြန်ရောက်လာကြသောအခါ လူတစ်ယောက်သည် ကိုယ်တော်ထံပါးသို့ ရောက်လာပြီး ရှိ့မှာ ဒူးထောက်လျက်၊
MAT 17:15 “အသျှင်ဘုရား၊ အကျွန့်သားကို သနားတော်မူပါ။ သူသည် ဝက်ရူးပြန်ရောဂါကို ပြင်းထန်စွာ ခံစားနိန်ရပြီးလျှင် မီးထဲ၌လည်းကောင်း၊ ရီထဲ၌လည်းကောင်း မကြာမကြာ လဲကျတတ်ပါ၏။
MAT 17:16 အကျွန်သည် ကိုယ်တော်၏တပည့်တိပါးသို့ သူ့ကို ပို့ဆောင်ပြီးပါပြီ။ သို့သော် သူရို့သည် သူ့ကို ကျန်းမာစီခြင်းငှာ မတတ်နိုင်ကတ်ပါ” ဟု လျှောက်၏။
MAT 17:17 ထိုအခါ ယေသျှုက “သင်ရို့သည် ယုံကြည် ခြင်းမဟိ၊ ဖောက်ပြန်တတ်သောအမျိုးပါကား၊ ငါသည် သင်ရို့နှင့်အတူ ဇာလောက်ကြာကြာ နီရပါဖို့လဲ။ ငါသည် သင်ရို့ကို ဇာလောက်ကြာကြာ သည်းခံနိန်ရပါဖို့လဲ။ သူငယ်ကို ငါ့ပါးသို့ ယူလာခ” ဟု မိန့်တော်မူ၏။
MAT 17:18 ယေသျှုက နတ်ဆိုးကို အမိန့်တစ်ချက် ပီးလိုက်သည်နှင့် ထိုနတ်ဆိုးသည် သူငယ်ပါးမှ ထွက်လားသဖြင့်၊ သူငယ်သည် ချက်ချင်း ကျန်းမာလား၏။
MAT 17:19 ထို့နောက် တပည့်တော်ရို့သည် ယေသျှုပါးသို့ သီးသန့် လာတွိ့ကြပြီးလျှင် “အကျွန်ရို့သည် နတ်ဆိုးကို ဇာဖြစ်လို့ မမောင်းထုတ်နိုင်ကတ်ပါလဲ” ဟု မိန်းလျှောက်ကြ၏။
MAT 17:20 ကိုယ်တော်က “သင်ရို့၌ ယုံကြည်ခြင်း အလွန် အားနည်းသောကြောင့်ဖြစ်၏။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် မုန်ညှင်းစိလောက်မျှ ယုံကြည်ခြင်းဟိမည်ဆိုလျှင် ဤတောင်ကို ‘ဤနီရာက ထိုနီရာသို့ ရွှိ့လော့’ ဟု ဆိုလျှင် တောင်သည် ရွှိ့လားမည်ဖြစ်၏။ သင်ရို့မလုပ်နိုင်သောအရာသည်မဟိ” ဟု မိန့်တော်မူ၏။
MAT 17:21 
MAT 17:22 ဂါလိလဲဒေသ၌ အားလုံးသော တပည့်တော်တိနှင့် အတူကြွတော်မူစဉ်၊ ယေသျှုက “လူသားကို လူရို့လက်သို့ အပ်နှံကြလိမ့်မည်၊
MAT 17:23 ထိုသူရို့က သူ့ကို သီယောင် သတ်ကတ်လိမ့်မည်။ သို့သော်လည်း သုံးရက်မြောက်သောနိ့မှာ သူသည် သီခြင်းက ထမြောက်လာလိမ့်မည်” ဟု သူရို့အား မိန့်မှာတော်မူ၏။ ထိုအခါ တပည့်တော်ရို့သည် အလွန်ဝမ်းနည်းကြ၏။
MAT 17:24 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ကပေရနောင်မြို့သို့ ရောက်လာကြသောအခါ ဗိမာန်တော် အခွန်ကောက်သူများသည် ပေတရုပါးသို့ ရောက်လာကြပြီးလျှင် “သင်ရို့ဆရာသည် ဗိမာန်တော်အခွန်ကို ပီးပါလား” ဟု မိန်းကြ၏။
MAT 17:25 “ပီးပါရေ” ဟု ပေတရုက ပြန်ပြော၏။ ပေတရုသည် အိမ်ထဲသို့ ဝင်လာသောအခါ ယေသျှုက “သျှိမုန်၊ သင်၏ထင်မြင်ယူဆချက်က ဇာပိုင်လဲ။ လောကီ သျှင်ဘုရင်တိကို ဇာသူတိက အခွန်ပီးကတ်ရလဲ။ တပါးအမျိုးသားတိက ပီးကတ်ရလား၊ မိမိနိုင်ငံသားတိက ပီးကတ်ရလား” ဟု ဦးစွာ မိန်းတော်မူ၏။
MAT 17:26 “တပါးအမျိုးသားတိကသာ အခွန် ပီးကတ်ရပါရေ” ဟု ပေတရုက ဖြေ၏။ ထိုအခါ ယေသျှုက “ကောင်းပြီ၊ ဆိုလိုသည်မှာ မိမိနိုင်ငံသားတိက ပီးစရာမလို။
MAT 17:27 သို့သော်လည်း ငါရို့သည် အခွန်ကောက်သောသူရို့ကို စော်ကားပြစ်မှားခြင်းငှာ အလိုမဟိ။ ထို့ကြောင့် အိုင်သို့ လား၍ ငါးမျှားခီ။ သင်သည် ပထမဆုံး မျှားလို့ရသည့်ငါးကို ဆွဲတင်၍ ထိုငါး၏ ပါးစပ်ကို ဖွင့်လိုက်လျှင် ငါနှင့် သင်ရို့၏ ဗိမာန်တော်အခွန်အတွက် လုံလောက်သော ဒင်္ဂါးတစ်ပြားကို တွိ့လိမ့်မည်။ ထိုဒင်္ဂါးကို ယူ၍ ငါ့ရို့အတွက် အခွန်ကို သူရို့အား ပီးလိုက်ကြ” ဟု မိန့်တော်မူ၏။
MAT 18:1 ထိုအချိန်၌ တပည့်တော်ရို့သည် ယေသျှုထံပါးသို့ ရောက်လာကြပြီးလျှင် “ကောင်းကင်နိုင်ငံတော်မှာ ဇာသူသည် အကြီးဆုံးဖြစ်ပါလဲ” ဟု မိန်းကြ၏။
MAT 18:2 ယေသျှုက သူငယ်တစ်ယောက်ကို ခေါ်၍ တပည့်တော်တိရှိ့မှာ ရပ်ခိုင်းထားပြီးလျှင်
MAT 18:3 “သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့သည် သူငယ်တိကဲ့သို့ မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံသို့ လုံးဝ ဝင်ရကြလိမ့်မည် မဟုတ်။
MAT 18:4 ဤသူငယ်ကဲ့သို့ မိမိကိုယ်ကို နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးဆုံးသောသူ ဖြစ်၏။
MAT 18:5 ပြီးနောက် ဇာသူမဆို ငါ၏ နာမည်ကို ထောက်၍ ဤကဲ့သို့သော သူငယ်တစ်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံသောသူ ဖြစ်၏။
MAT 18:6 “သို့ရာတွင် မည်သူမဆို ငါ့ကို ယုံကြည်သော ဤသူငယ်များထဲက တစ်ဦးတစ်ယောက်ကို ပြစ်မှားစီသောသူဖြစ်လျှင် ထိုသူသည် ကြိတ်ဆုံကျောက်တုံးကြီးကို မိမိလိုင်ပင်းမှာ ချိုင်ဆွဲကာ ပင်လယ်နက်ထဲမှာ နှစ်မြုပ်ခြင်းကို ခံရသည်က သာ၍ ကောင်း၏။
MAT 18:7 လူတိကို ပြစ်မှားစီတတ်သော အရာများသည် ဤလောက၌ ဟိနိန်ကြသောကြောင့် ဤလောကသည် အမင်္ဂလာဟိ၏။ ဤသို့သော အရာများသည် ဟိနိန်ကြရမည်။ သို့သော်လည်း ထိုသို့ ပြစ်မှားစီသောသူသည် အမင်္ဂလာဟိ၏။
MAT 18:8 “သင်၏လက် သို့မဟုတ် သင်၏ခြီက သင့်ကို ပြစ်မှားစီလျှင် ၎င်းကို ဖြတ်၍ ဝေးပစ်လိုက်။ ခြီစုံ၊ လက်စုံနှင့် ငရဲမီးထဲကို ပစ်ချခံရသည်ထက် ခြီ၊ လက် မပါဘဲ အသက်ရှင်ရခြင်းသည် သာ၍ ကောင်း၏။
MAT 18:9 သင်၏ မျက်စိက သင့်ကို ပြစ်မှားစီလျှင် ၎င်းကို ထုတ်၍ ဝေးပစ်လိုက်။ မျက်စိအစုံနှင့် ငရဲမီးထဲသို့ ပစ်ချ ခံရသည်ထက် မျက်စိတစ်ဘက်နှင့် အသက်ရှင်ရခြင်းသည် သာ၍ ကောင်း၏။
MAT 18:10 “သင်ရို့သည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုစီခြင်းငှာ သတိထားကတ်ပါ။ သင်ရို့ကို ငါဆိုသည်ကား သူရို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ငါ့အဖ၏ရှိ့မှာ အမြဲတမ်း ခစားနိန်ကြ၏။
MAT 18:11 
MAT 18:12 “သင်ရို့ ဇာပိုင် စဉ်းစားကတ်ဖို့လဲ၊ လူတစ်ယောက်၌ သိုးအကောင် ၁၀၀ ဟိ၏၊ ထိုအထဲက တစ်ကောင် ပျောက်လားသော်၊ ထိုသူသည် သိုး ၉၉ ကောင်ကို စားကျက်ကောင်းသည့် တောင်ကုန်းထက်မှာ ထားခပြီးလျှင် ပျောက်သည့်သိုးတစ်ကောင်ကို လား၍ ရှာလိမ့်မည်။
MAT 18:13 သင်ရို့ကို ငါ ဆိုသည်ကား၊ ထိုသူသည် သူ၌ဟိသော သိုး ၉၉ ကောင်ကို မြင်၍ ဝမ်းမြောက်သည်ထက် ပျောက်လားသည့် သိုးတစ်ကောင်ကို ပြန်တွိ့သောအခါ သာ၍ ဝမ်းမြောက်၏၊
MAT 18:14 ထိုနည်းတူစွာ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့၏အဖသည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ ဆုံးယှုံးရန် အလိုမဟိပေ။
MAT 18:15 “သင်၏ညီအစ်ကို တစ်ယောက်သည် သင့်ကို ပြစ်မှား မိလျှင် သူ့ပါးသို့ လား၍ သူ၏အမှားကို သူ့အား ဖော်ပြပါ။ သို့ရာတွင် ထိုအမှုကို နှစ်ယောက်တည်း တိတ်ဆိတ်စွာ ဆောင်ရွက်ပါ။ သူသည် သင့်စကားကို နားထောင်လျှင် သင်သည် သင့်ညီအစ်ကိုအား ပြန်ရယာ။
MAT 18:16 သို့သော် သူက သင့်စကားကို နားမထောင်လျှင် သင်နှင့်အတူ လူတစ်ယောက် နှစ်ယောက်ကို ခေါ်၍ သူ့အား ပြောပြလော့။ အကြောင်းမူကား ကျမ်းစာလာသည့်အတိုင်း သင်၏စွပ်စွဲချက်များကို နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော သက်သီတိဖြင့် အတည်ပြုရန် ဖြစ်၏။
MAT 18:17 သူသည် ထိုသူရို့၏စကားကိုလည်း နားမထောင်လျှင် ဖြစ်သမျှအားလုံးကို အသင်းတော်အား တိုင်ကြားလော့။ နောက်ဆုံးအနေဖြင့် သူသည် အသင်းတော်၏စကားကိုလည်း နားမထောင်လျှင် ထိုသူကို ဘုရားတရားမဲ့ သာသနာပလူ သို့မဟုတ် အခွန်ခံကဲ့သို့ ပြုကြလော့။
MAT 18:18 “တဖန် သင်ရို့အားလုံးကို ငါ ဆိုသည်ကား၊ သင်ရို့သည် မြီကြီးထက်မှာ တားဆီးပိတ်ပင်သမျှတိကို ကောင်းကင်ဘုံမှာ တားဆီးပိတ်ပင်လိမ့်မည်။ သင်ရို့သည် မြီကြီးထက်မှာ ခွင့်ပြုသမျှကို ကောင်းကင်ဘုံမှာလည်း ခွင့်ပြုလိမ့်မည်။
MAT 18:19 “တဖန်၊ သင်ရို့ကို ငါ ဆိုသည်ကား၊ သင်ရို့သည် မြီကြီးထက်မှာ စိတ်သဘော တစ်ညီတစ်ညွတ်တည်း နှစ်ယောက်အတူ ဆုတောင်းလျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော ငါ၏အဖက သင်ရို့ တောင်းသည့်အရာကို ပီးလိမ့်မည်။
MAT 18:20 အကြောင်းမူကား လူနှစ်ယောက် သို့မဟုတ် သုံးယောက်သည် ငါ၏နာမ၌ အတူစုရုံးကြလျှင် ငါသည်လည်း ထိုနီရာ၌ သူရို့နှင့် အတူဟိ၏။”
MAT 18:21 ထိုအခါ ပေတရုသည် ယေသျှုပါးသို့ လာပြီးလျှင် “အသျှင်ဘုရား၊ အကျွန့်ကို အပြစ်လုပ်နိန်သော အကျွန်၏ညီအစ်ကို တစ်ယောက်ကို ဇာနှစ်ကြိမ်၊ ဇာနှစ်ခါ ခွင့်ရွှတ်ရပါဖို့လဲ၊ ခုနစ်ကြိမ်လား” ဟု မိန်း၏။
MAT 18:22 “ခုနစ်ကြိမ်မက ခုနစ်ဆယ့်ခုနစ်ကြိမ် ခွင့်ရွှတ်ရမည်” ဟု ယေသျှုက မိန့်တော်မူ၏။
MAT 18:23 အကြောင်းမှာ၊ ကောင်းကင်နိုင်ငံတော်သည်ကား ဤဥပမာနှင့် တူ၏။ တစ်ခါက မိမိ၏အခိုင်းအစီများနှင့် အကြွီးစာရင်းကို ယှင်းလိုသော သျှင်ဘုရင်တစ်ပါး ဟိ၏။
MAT 18:24 ထိုသျှင်ဘုရင်သည် အမှုထမ်းအားလုံးထဲက ဖဲသာအများကြီး အကြွီးတင်နိန်သော သူတစ်ယောက်ကို ခေါ်၍ အကြွီးစာရင်းယှင်းသည့်အခါ
MAT 18:25 ထိုသူ၌ အကြွီးဆပ်ရန် ဖဲသာမဟိသောကြောင့် ဘုရင်ကြီးက သူနှင့်တကွ သူ၏မယား၊ သားသမီးမှစ၍ ဟိသမျှအားလုံးကို ရောင်းချပြီးလျှင် ထိုအကြွီးအာလုံးကို ပြန်ပီးရန် အမိန့်ထုတ်လိုက်၏။
MAT 18:26 ထိုအခါ ထိုအမှုထမ်းသည် မင်းကြီးရှိ့မှာ ပျပ်ဝပ်လျက် “အကျွန့်ကို သည်းခံတော်မူပါ၊ အကြွီးအားလုံးကို အသျှင်အား အကျွန် ပြန်ဆပ်ပါမည်” ဟု တောင်းပန်သောအခါ
MAT 18:27 မင်းကြီးက သူ့အား အလွန် သနားတော်မူသည်ဖြစ်၍ ထိုအခိုင်းအစီ၏ အကြွီးအားလုံးကို ရွှတ်ပီးလိုက်ကာ သူ့ကို ပြန်ခွင့်ပြုလိုက်၏။
MAT 18:28 ထိုသူသည် မင်းကြီးထံပါးမှ ထွက်လာ၍ သူ့ပါးမှာ ဖဲသာ စိတ်ကေချေ အကြွီးတင်နိန်သော သူ၏အမှုထမ်းတစ်ယောက်ကို တွိ့၏။ သူက ထိုသူအား လှမ်းဆွဲကာ လိုင်စိ့ကို ဖျစ်လျက် “မင်း ငါ့ကို ပီးစရာဟိရေ အကြွီးကို ပြန်ပီး” ဟု တောင်းလေ၏။
MAT 18:29 သူ၏အမှုထမ်းက “အကျွန်ကို သည်းခံပီးပါ။ အကျွန်ပီးစရာဟိသော အကြွီးကို ပြန်ပီးပါ့မယ်” ဟု ပျပ်ဝပ်လျက် တောင်းပန်လေ၏။
MAT 18:30 သို့သော်လည်း သူသည် လက်မခံဘဲ၊ ထိုသူအား အကြွီးတိကို မပီးမချင်း ထောင်ထဲမှာ ချထားလိုက်၏။
MAT 18:31 ထိုအဖြစ်အပျက်ကို အခြားအမှုထမ်းတိ မြင်ကြသောအခါ သူရို့သည် အကြီးအကျယ် ဒေါသဖြစ်လျက် အကြောင်းစုံကို အသျှင်မင်းကြီးအား လျှောက်တိုင်ကြ၏။
MAT 18:32 ထိုအခါ အသျှင်မင်းကြီးသည် ထိုအမှုထမ်းကို ခေါ်ပြီးလျှင် “အသုံးမကျသည့် ကျွန်စုတ် သင်တောင်းပန်သည့်အတိုင်း ငါ့အား ပီးစရာဟိသော အကြွီးအားလုံးကို ငါသည် ခွင့်ရွှတ်ထားခ၏။
MAT 18:33 ငါသည် သင့်ကို သနားကြင်နာသကဲ့သို့ သင်သည်လည်း သင်၏အခိုင်းအစီတိကို သနားကရုဏာ ထားသင့်ပေ၏”
MAT 18:34 ဟူ၍ အသျှင်မင်းကြီးက အလွန်စိတ်ဆိုးဒေါသထွက်ကာ သူ၏အကြွီးအားလုံးကို မကျီမချင်း ထိုအမှုထမ်းကို အပြစ်ပီးရန် အကျဉ်းထောင်ထဲသို့ ပို့လိုက်၏။
MAT 18:35 ဤပုံပြင်ကို အဆုံးသတ်ပြီးလျှင် ယေသျှုက “သင်သည် သင့်နှလုံးသားထဲ၌ သင်၏ညီအစ်ကိုအား ခွင့်မရွှတ်လျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော ငါ၏အဖသည် သင့်ကို ခွင့်ရွှတ်လိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
MAT 19:1 ယေသျှုသည် ဤတရားတော်များကို ဟောပြောပြီးသောအခါ ဂါလိလဲပြည်မှ ထွက်ခွါပြီး ယော်ဒန်မြစ် တစ်ဖက်ကမ်း ယုဒနယ်သို့ ကြွတော်မူ၏။
MAT 19:2 လူစုလူဝေးကြီးသည်လည်း ကိုယ်တော်နောက်သို့ လိုက်ပါလာကြ၏။ ကိုယ်တော်သည် ထိုနီရာ၌ သူရို့ကို ကျန်းမာစီတော်မူ၏။
MAT 19:3 ဖာရိယှဲတချို့သည် ကိုယ်တော်ထံပါးသို့ ရောက်လာကြပြီးလျှင် “မိမိ၏ ဆန္ဒသဘောဖြင့် ဇာအကြောင်းပြချက်နှင့်မဆို မိမိမယားနှင့် ကွာချင်သောသူကို ပညတ်တရားက ကွာခွင့်ပြုပါလား” ဟု ကိုယ်တော့်ကို ပရိယာယ်ဆင်၍ မိန်းမြန်းကြ၏။
MAT 19:4 ယေသျှုက “ဖန်ဆင်းသျှင်သည် အစကတည်းက ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူခသည်ဟူသော ကျမ်းစာကို သင်ရို့ မဖတ်ဖူးကတ်လားဟု မိန့်တော်မူ၏။
MAT 19:5 ‘ဤအကြောင်းကြောင့် ယောက်ျားသည် သူ၏အမိ အဖကို စွန့်၍ သူ၏မယားနှင့် တစ်လုံးတစ်ဝတည်း ပေါင်းသင်း နီထိုင်လိမ့်မည်၊ သို့ဖြစ်၍ သူရို့နှစ်ယောက်သည် ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်လာလိမ့်မည်’ ဟု ဘုရားသခင် မိန့်တော်မူခ၏။
MAT 19:6 ထို့ကြောင့် သူရို့သည် ခန္ဓာနှစ်ခု မဟုတ်၊ တစ်ခန္ဓာတည်း ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင် အတူတကွ ပေါင်းဖက်ထားသည်ကို လူသည် ခွဲခွါခွင့်မဟိ” ဟု မိန့်တော်မူ၏။
MAT 19:7 “ဤသို့ဆိုလျှင် လူတစ်ယောက်သည် သူ၏မယားကို ကွာယှင်းစာပီး၍ ကွာလို့ ရသည်ဟု မောသျှေက ပညတ်ထားခသည်မှာ ဇာကြောင့်ပါလဲ” ဟု ဖာရိယှဲတိက ကိုယ်တော့်ကို မိန်းကြပြန်၏။
MAT 19:8 ယေသျှုက “သင်ရို့သည် စိတ်နှလုံးခက်ထန်မာကျောသူများ ဖြစ်သောကြောင့် မောသျှေက သင်ရို့ကို သင်ရို့မယားနှင့် ကွာခွင့် ပီးထားခ၏။ အစဦးက ထိုသို့ မဟုတ်။
MAT 19:9 သင်ရို့ကို ငါ ဆိုသည်ကား၊ မည်သူမဆို ကာမဖောက်ပြန်ခြင်းကလွဲ၍ မိမိမယားကို ကွာပြီး တခြားမိန်းမနှင့် ပေါင်းသင်းသောသူသည် သူတစ်ပါးမယားကို ပြစ်မှားခြင်းဖြစ်၏။”
MAT 19:10 “လင်နှင့်မယားကိစ္စသည် ဤသို့ ဖြစ်နိန်လျှင် လက်မထပ်ပါက သာ၍ ကောင်းပါဖို့သိမ့်” ဟု တပည့်တော်တိက ကိုယ်တော့်ကို လျှောက်ကြ၏။
MAT 19:11 ထိုအခါ ယေသျှုက “ဤစကားကို လူတိုင်းလက်မခံနိုင်၊ အခွင့်ပီးထားသောသူရို့သာလျှင် လက်ခံနိုင်၏။
MAT 19:12 အကြောင်းမူကား တချို့မှာ မွီးကတည်းက မယူမများ ဖြစ်ကြ၏၊ တချို့မှာ မယူမဖြစ်ယောင် ပြုလုပ်ခြင်းခံကြရ၏။ တချို့မှာ ကောင်းကင်နိုင်ငံတော်အကျိုးကို ထောက်၍ အိမ်ထောင်မပြုကြ။ ဤစကားကို လက်ခံနိုင်သောသူသာလျှင် လက်ခံကြပါ” ဟူ၍ ဖြေကြားတော်မူ၏။
MAT 19:13 လူအချို့သည် လက်တင်၍ ဆုတောင်းပီးခြင်းငှာ သငယ်တိကို ယေသျှုပါးသို့ ခေါ်လာကြ၏။ တပည့်တော်တိက ထိုသူရို့ကို အပြစ်တင်၍ တားမြစ်ကြ၏။
MAT 19:14 ယေသျှုက “သငယ်တိကို ငါ့ပါးသို့ လာခွင့်ပြုလိုက်ပါ၊ သူရို့ကို မတားဆီးကတ်ကေ့။ ဇာကြောင့်လဲဆိုကေ၊ ကောင်းကင်နိုင်ငံတော်သည် သူရို့အတွက် ဖြစ်တေ” ဟု မိန့်တော်မူ၏။
MAT 19:15 ထို့နောက် ကိုယ်တော်သည် သူငယ်တိဂေါင်းထက်၌ မိမိ၏လက်ကို တင်တော်မူပြီးလျှင် ထိုအရပ်မှ ထွက်ခွာလားလေ၏။
MAT 19:16 တစ်နိ့တွင် လူတစ်ယောက်သည် ယေသျှုပါးသို့ လာ၍ “ဆရာ၊ ထာဝရအသက်ကို ရခြင်းငှာ ဇာကုသိုလ်ကောင်းမှုကို အကျွန် လုပ်ရပါဖို့လဲ” ဟု မိန်းလေ၏။
MAT 19:17 ယေသျှုက “ဇာအရာသည် ကောင်းမြတ်ပါလဲလို့ ငါ့ကို ဇာကြောင့် လာမိန်းနိန်လဲ။ ကောင်းမြတ်သောအသျှင် တစ်ပါးတည်းသာ ဟိ၏။ သင်သည် အသက်ရှင်ခြင်းသို့ ဝင်ရောက်လိုလျှင် ပညတ်တရားတိကို စောင့်ထိန်းလော့” ဟု မိန့်တော်မူ၏။
MAT 19:18 “ဇာပညတ်တိကို စောင့်ထိန်းရပါဖို့လဲ” ဟု သူက လျှောက်ပြန်၏။ ယေသျှုက “လူ့အသက်ကို မသတ်ကေ့။ မတရားသောမေထုန်ကို မပြုကေ့။ သူ့ဥစ္စာကို မခိုးကေ့။ ဇာသူ့ကိုမဆို မမှန်သော သက်သီကို မခံကေ့။
MAT 19:19 သင်၏အမိနှင့် အဖကို ရိုသီစွာပြုလော့။ ပြီးနောက် မိမိနှင့် အတူ နီထိုင်ကြသောသူရို့ကို မိမိကဲ့သို့ ချစ်ပါ” ဟုမိန့်တော်မူ၏။
MAT 19:20 ထိုလူငယ်က “အကျွန်သည် ဤပညတ်အားလုံးကို စောင့်ထိန်းပါ၏။ တခြား ဇာတိကို အကျွန် လုပ်ရပါဖို့သိမ့်လဲ” ဟု မိန်းလျှောက်ပြန်၏။
MAT 19:21 ထိုအခါ ယေသျှုက “သင်သည် ပြည့်စုံသောသူတစ်ယောက်ဖြစ်ချင်လျှင် သခင်၏ဥစ္စာဟိသမျှကို ရောင်းချပြီး၊ ဆင်းရဲသားတိကို ပီးလိုက်ပါ။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ပြီးမှ ပြန်လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
MAT 19:22 ထိုလူငယ်သည် ဤစကားကို ကြားသောအခါ ဝမ်းနည်းစွာဖြင့် ထွက်လား၏။ အကြောင်းမှာ သူသည် များစွာသောစည်းစိမ်ဥစ္စာတိကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။
MAT 19:23 ထို့နောက် ယေသျှုသည် တပည့်တော်တိကို မိန့်မှာတော်မူသည်မှာ၊ “သင်ရို့ကို ငါ အမှန်ဆိုသည်ကား စည်းစိမ်ဥစ္စာ ကြွယ်ဝသောသူတိသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လွန်စွာ ခဲယင်း၏။
MAT 19:24 တဖန်ငါဆိုသည်ကား စိည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသူများသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်အလို့ငှာ ကုလားအုတ်တစ်ကောင်ကို အပ်နဖားပေါက်ထဲသို့ မောင်းသွင်းရသည်ထက် သာ၍ ခက်ပေ၏။”
MAT 19:25 တပည့်တော်ရို့သည် ဤစကားကို ကြားသောခါ လွန်စွာ အံ့အားသင့်ကြလေ၏။ “ဤသို့ဆိုလျှင် ကယ်တင်ခြင်းကို ဇာသူ ရနိုင်ပါဖို့လဲ” ဟု သူရို့က မိန်းလျှောက်ကြ၏။
MAT 19:26 ယေသျှုက သူရို့ကို စိုက်ကြည့်ပြီးလျှင် “ကယ်တင်ခြင်းရရန် လူ့အနေဖြင့် မတတ်နိုင်သော်လည်း ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
MAT 19:27 ထိုအခါ ပေတရုက “အကျွန်ရို့သည် ဟိသမျှကို စွန့်၍ အသျှင်ဘုရားနောက်ကို လိုက်လာကြပါ၏။ အကျွန်ရို့မှာ ဇာအကျိုး ဟိပါဖို့လဲ” ဟု ကိုယ်တော့်ကို လျှောက်၏။
MAT 19:28 ယေသျှုက “ခပ်သိမ်းသောအရာများသည် အသစ်ဖြစ်လာသောကာလ၌ လူသားသည် မိမိ၏ ဘုန်းတန်ခိုးပလ္လင်တော်ထက်၌ စိုးစံတော်မူသောအခါ ငါ၏ တပည့်တိဖြစ်ကြသော သင်ရို့သည် ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးကို တရားစီရင်လျက် ပလ္လင်တစ်ဆယ့်နှစ်လုံးထက်၌ ထိုင်ကတ်ရလိမ့်မည်ဟု သင်ရို့ကို ငါ အမှန်ပြောလိုက်၏။
MAT 19:29 ငါ၏အကျိုးကို ထောက်ရှု၍ မိမိရို့၏အိမ်၊ ညီအစ်ကိုမောင်နှမ၊ အမိအဖ၊ သားသမီး၊ လယ်ယာကိုင်းကျွန်း တစ်ခုခုကို စွန့်ထားခသောသူသည် ထိုထက်မက အဆတစ်ရာများပြားစွာ ခံစားရလိမ့်မည်၊ ထိုမျှမက ထာဝရအသက်ကို အမွီခံရလိမ့်မည်။
MAT 19:30 သို့သော် အဂုတွင် ရှိ့ဆုံးက ရောက်သောသူတိသည် နောက်ဆုံး၌ ဟိကြလိမ့်မည်။ နောက်ဆုံး ရောက်လာသော သူရို့သည် ရှိ့ဆုံး၌ ဟိကြလိမ့်မည်” ဟု ယေသျှုက တပည့်တော်တိကို မိန့်တော်မူ၏။
MAT 20:1 “ကောင်းကင်နိုင်ငံတော်သည် ဤဥပမာ နှင့်တူ၏။ တစ်ခါက လူတစ်ယောက်သည် မိမိ၏စပျစ်ဥယျာဉ်၌ အလုပ်လုပ်ရန် လူတချို့ကို ငှားဖို့ မိုးထစောစော ထွက်လာ၏။
MAT 20:2 တစ်ရက်လျှင် လုပ်ခ ငွီဒင်္ဂါး တစ်ပြားစီဖြင့် သဘောတူကြပြီးလျှင် အလုပ်သမားများကို ဥယျာဉ်ထဲသို့ ရွှတ်လိုက်၏။
MAT 20:3 သူသည် ကိုးနာရီလောက်တွင် ဈီးသို့ တဖန် လားသည့်အခါ အလုပ်လက်မဲ့ ရပ်နိန်ကြသည့်လူတချို့ကို တွိ့၏။
MAT 20:4 ထိုအခါ သူက ‘သင်ရို့သည်လည်း ငါ၏စပျစ်ဥယျာဉ်သို့ လား၍ အလုပ်လုပ်ကြ၊ ငါသည် သင်ရို့အား သင့်တော်သောလုပ်ခကို ပီးမည်’ ဟု သူရို့ကို ပြော၏။
MAT 20:5 ထို့ကြောင့် သူရို့သည်လည်း ထိုဥယျာဉ်သို့ လား၍ အလုပ်လုပ်ကြ၏။ သူသည် ထိုနည်းတူ နောက်ထပ် ဆယ့်နှစ်နာရီမှာ တစ်သုတ်၊ သုံးနာရီမှာ တစ်သုတ်၊ အလုပ်လုပ်ရန် ဥယျာဉ်ထဲသို့ စီရွှတ်လိုက်၏။
MAT 20:6 သူသည် ငါးနာရီလောက်တွင် ဈီးသို့ တဖန်လားသောအခါ အလုပ်လက်မဲ့ရပ်နိန်ကြသည့်လူတိကို တဖန်တွိ့ပြန်သဖြင့် ‘သင်ရို့သည် ဇာဖြစ်လို့ တစ်ရက်လုံး အလုပ်လက်မဲ့ အချိန်ဖြုန်းနိန်ကတ်လဲ’ ဟု သူရို့ကို မိန်း၏။
MAT 20:7 ‘အကျွန်ရို့ကို ငှားမည့်သူ မဟိလို့ပါ’ ဟု သူရို့က ပြောကြသောအခါ ဥယျာဉ်သျှင်က ‘ကောင်းပြီ ဤသို့ဆိုလျှင် သင်ရို့သည်လည်း ငါ၏ဥယျာဉ်သို့ လား၍ အလုပ်လုပ်ကတ်ပါ’ ဟု သူရို့ကို ပြော၏။
MAT 20:8 “ညစာဘက်ချိန်ရောက်သောအခါ ပိုင်သျှင်က ‘နောက်ဆုံးငှားလာသော အလုပ်သမားမှစ၍ ပထမဆုံးငှားသည့် အလုပ်သမားများထိ၊ အလုပ်သမားအားလုံးကို လုပ်ခပီးဖို့ ခေါ်လိုက်’ ဟု သူ၏အလုပ်ကြပ်ကို ပြော၏။
MAT 20:9 “ငါးနာရီမှစ၍ အလုပ်လုပ်ကြသော အလုပ်သမားများကို ငွီဒင်္ဂါးတစ်ပြားစီ ပီး၏။
MAT 20:10 ပထမငှားခသော အလုပ်သမားတိက သူရို့ကို ငွီဒင်္ဂါး ပို၍ ပီးလိမ့်မည် ဟု စိတ်အထင်ဖြင့် လာကြ၏၊ သို့ရာတွင် သူရို့ကိုလည်း ငွီဒင်္ဂါး တစ်ပြားစီသာ ပီးလေ၏။
MAT 20:11 ထို့ကြောင့် သူရို့သည် ထိုငွီကို ရသောအခါ အလုပ်သျှင်ကို မကြေနပ်ကြောင်း ပြောကြ၏။
MAT 20:12 ‘နောက်ဆုံး ငှားလာသောသူရို့သည် တစ်နာရီမျှသာ အလုပ်လုပ်ကြ၏၊ အကျွန်ရို့မှာ နီပူထဲ၌ တစ်ရက်လုံး လုပ်ကြရ၏၊ သို့သော်လည်း သင်သည် ငါရို့ကို ပီးသလောက် သူရို့ကို ပီးပါရေကား’ ဟု သူရို့က ပြောကြ၏။
MAT 20:13 “ထိုအခါ ဥယျာဉ်ပိုင်သျှင်က ‘အဆွီ၊ ငါ့စကားကို နားထောင်၊ သင့်ကို ငါ မဟုတ်မမှန် လုပ်သည် မဟုတ်။ သင်သည် တစ်ရက်လုပ်ခ ငွီဒင်္ဂါးတစ်ပြားနှင့် အလုပ်လုပ်ဖို့ သဘောတူခသည် မဟုတ်လား။
MAT 20:14 နောက်ဆုံး အငှားသားကိုလည်း သင့်ကို ပီးသည့်နည်းတူ ငါပီးလို၏၊ သို့ဖြစ်၍ သင်သည် မိမိလုပ်ခကို ယူပြီးလျှင် အဂုပင် အိမ်သို့ ပြန်လော့၊
MAT 20:15 ငါ့ငွီကို ငါ့ဆန္ဒအတိုင်း လုပ်ရသော အခွင့်မဟိပါလား၊ သို့မဟုတ် ငါ သဘောကောင်းသည်ကို သင်ရို့သည် မနာလိုဖြစ်သလော’ ” ဟု သူရို့ထဲက တစ်ယောက်ကို ပြော၏။
MAT 20:16 ယေသျှုက “သို့ဖြစ်၍ နောက်ကျသောသူများသည် အဦးဆုံး ဖြစ်ကြလိမ့်မည်။ အဦးကျသောသူများသည် နောက်ဆုံး ဖြစ်ကြလိမ့်မည်” ဟု နောက်ဆုံးမိန့်တော်မူ၏။
MAT 20:17 ယေသျှုသည် ယေရုဆလင်မြို့သို့ ကြွတော်မူစဉ်၊ တပည့်တော် တစ်ဆယ့်နှစ်ပါးကို ဘေးနားက ခေါ်ဆောင်လျက် လမ်းလျှောက်ယင်း သူရို့အား သီးသန့် မိန့်မှာတော်မူသည်မှာ၊
MAT 20:18 “နားထောင်ကတ်။ ငါရို့သည် ယေရုဆလင်မြို့သို့ လားကြပြီ။ ထိုနီရာ၌ လူသားကို ယဇ်ပရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိ လက်ထဲသို့ အပ်နှံကြလိမ့်မည်။ သူရို့သည် လူသားကို အသက်သီယောင်ထိ ပြစ်ဒဏ်ပီးကတ်လိမ့်မည်။
MAT 20:19 ထို့နောက် သူရို့သည် လူသားကို လူမျိုးခြားတိလက်သို့ အပ်ကြလိမ့်မည်၊ ထိုသူရို့သည် လူသားကို လှောင်ပြောင်ခြင်းကိုပြု၍ ကြာပွတ်နှင့် သတ်ကြလိမ့်မည်။ နောက်ဆုံး၌ လူသားကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ သို့သော်လည်း လူသားသည် သုံးရက်မြောက်သောနိ့မှာ သီခြင်းက ထမြောက်လိမ့်မည်” ဟု ပြော၏။
MAT 20:20 ထိုအခါ ဇေဗေဒဲ၏မယားသည် သူမ၏သား နှစ်ယောက်နှင့်အတူ ယေသျှုထံပါးသို့ ရောက်လာ၍ ယေသျှုရှိ့မှာ ပျပ်ဝပ်ကာ သူမ လိုချင်သောအရာတစ်ခုကို တောင်းဆို၏။
MAT 20:21 ယေသျှုက၊ “သင်သည် ဇာကို လိုချင်ပါလဲ” ဟု သူမအား မိန်း၏။ “အသျှင်ဘုရားသည် သျှင်ဘုရင်ဖြစ်လာသောအချိန်မှာ အကျွန့်သားနှစ်ယောက်ကို အသျှင်ဘုရား၏ လက်ယာရံ၊ လက်ဝဲရံ အဖြစ်စံမြန်းရပါမည့်အကြောင်း ကတိစကားတစ်ခွန်းကို အကျွန့်အား ပီးတော်မူပါ” ဟု ထိုမိန်းမက တောင်းလျှောက်၏။
MAT 20:22 ယေသျှုကလည်း “သင်ရို့ ဇာကို တောင်းနိန်သည်ကို သင်ရို့ မသိကတ်။ ငါ သောက်ရမည့် ခွက်ကို သင်ရို့ သောက်နိုင်ကတ်ဖို့လား” ဟု သူမ၏ သားနှစ်ယောက်ကို မိန့်တော်၏။ သူရို့ကလည်း “အကျွန်ရို့ သောက်နိုင်ပါ၏” ဟု လျှောက်ကြ၏။
MAT 20:23 ယေသျှုက “သင်ရို့သည် ငါ၏ခွက်ကို အမှန်ပင် သောက်ရကြလိမ့်မည်။ သို့သော် ငါ၏လက်ယာဖက်၊ လက်ဝဲဖက်မှာ ထိုင်မည့်သူတိကို ငါသည် ရွီးချယ်ပိုင်ခွင့် မဟိ။ ငါ၏အဖက ရွီးချယ်ထားသောသူရို့သာ ဤနီရာကို ပိုင်ထိုက်တော်မူ၏” ဟု သူရို့အား မိန့်တော်မူ၏။
MAT 20:24 ကျန်သော တပည့်တော်ဆယ်ယောက်က ဤအကြောင်းကို ကြားကြသောအခါ ထိုညီအစ်ကို နှစ်ယောက်ကို စိတ်ဆိုးကြ၏။
MAT 20:25 ထို့ကြောင့် ယေသျှုက တပည့်တော်အားလုံးကို ခေါ်ပြီးလျှင်၊ “လောကီမင်းတိမှာ လူထုကို အုပ်ချုပ်ရန် အာဏာသုံးကြ၏၊ အစိုးရခေါင်းဆောင်တိမှာလည်း အခွင့်အာဏာကို ကျင့်သုံးကြသည်ကို သင်ရို့ သိကြ၏။
MAT 20:26 သို့သော်လည်း သင်ရို့တွင် ဤသို့ မဟုတ်၊ အကြီးအကဲ လုပ်ချင်သောသူသည် အားလုံး၏ အခိုင်းအစီဖြစ်ရမည်။
MAT 20:27 သင်ရို့တွင် အမြင့်ဆုံးမှာ နီချင်သောသူသည် အားလုံး၏အစီခံကျွန် ဖြစ်ရမည်။
MAT 20:28 လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်း မဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။
MAT 20:29 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ယေရိခေါမြို့က ထွက်လာကြသောအခါ လူအုပ်ကြီးလည်း နောက်မှ လိုက်လာကြ၏။
MAT 20:30 လမ်းဘေးမှာ ထိုင်နိန်သော မျက်မမြင်နှစ်ယောက်က ယေသျှု ဖြတ်လားသည်ကို ကြားသောအခါ “ဒါဝိဒ်၏သားတော် အကျွန်ရို့ကို သနားတော်မူပါ၊ အသျှင်” ဟု အော်ဟစ်၍ လျှောက်ကြ၏။
MAT 20:31 လူအုပ်ကြီးက သူရို့ကို ဆူပူကြိမ်းမောင်းလျက် တိတ်ဆိတ်စွာ နီကြရန်ပြောကြ၏။ သို့သော်လည်း သူရို့က “ဒါဝိဒ်၏သားတော် အကျွန်ရို့ကို သနားတော်မူပါ၊ အသျှင်” ဟု သာ၍ ကျယ်သောအသံနှင့် အော်ဟစ်ကြ၏။
MAT 20:32 ထိုအခါ ယေသျှုက ရပ်တော်မူလျက် သူရို့ကို ခေါ်၍ “သင်ရို့အဖို့ ငါ ဇာလုပ်ပီးရဖို့လဲ” ဟု မိန်း၏။
MAT 20:33 သူရို့က “အသျှင်၊ အကျွန်ရို့ မျက်စိမြင်ချင်ပါရေ” ဟု တောင်းလျှောက်ကြ၏။
MAT 20:34 ယေသျှုသည် လွန်စွာ သနားစိတ်ဝင်၍ သူရို့၏မျက်စိကို တို့တော်မူလျှင် သူရို့သည် ချက်ချင်း မျက်စိမြင်လာကြပြီး ကိုယ်တော်နောက်သို့ လိုက်လားကြ၏။
MAT 21:1 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ လာကြရာ၊ သံလွင်တောင်ခြီရင်း၌ဟိသော ဗက်ဖာဂေရွာနားသို့ ရောက်လာကြ၏။ ထိုနီရာ၌ ယေသျှုသည် တပည့်တော်နှစ်ယောက်ကို၊
MAT 21:2 “သင်ရို့သည်ကား ရှိ့က ရွာကို လားကတ်လီ။ ရောက်လျှင် ဘေးနားမှာ သားချေတစ်ကောင်နှင့် တွဲ၍ ချိုင်ထားသော မြည်းမတစ်ကောင်ကို တွိ့လိမ့်မည်။ ယင်း မြည်းမနှင့် မြည်းချေကို ကြိုးဖြီပြီးလျှင် ငါ့ပါးသို့ ယူလာကတ်။
MAT 21:3 သို့သော် တစ်ယောက်ယောက်က တစ်ခုခုပြောလျှင် ‘သခင်က ဤမြည်းမနှင့် မြည်းချေကို အလိုဟိလို့ပါ’ ဟု သူ့ကို ပြန်ပြောလိုက်ပါ၊ သူသည် ချက်ချင်း ယူခွင့်ပီးလိမ့်မည်” ဟု ညွန်ကြားကာ ရှိ့က စီရွှတ်လိုက်၏။
MAT 21:4 ဤအကြောင်းအရာကား ပရောဖက် ဟောထားချက်တိ ပြည့်စုံလာခြင်းဖြစ်၏။
MAT 21:5 “ကြည့်ကတ်ပါ၊ သင်ရို့၏ သျှင်ဘုရင်သည် မြည်းမနှင့် မြည်းချေကို စီး၍ စိတ်နှလုံးကို နှိမ့်ချလျက် သင်ရို့ပါးသို့ ရောက်လာယာ ဟု ဇိအုန်သတို့သမီးကို ပြောကတ်ပါ” ဟူ၍ ဖြစ်၏။
MAT 21:6 တပည့်တော်ရို့သည် ထွက်လားကြပြီးလျှင် ယေသျှု စီခိုင်းသည့်အတိုင်း လုပ်ဆောင်ကြ၏။
MAT 21:7 သူရို့သည် သားချေတစ်ကောင်နှင့် မြည်းမကို ယူဆောင်လာကြပြီးလျှင် ထိုမြည်းထက်၌ သူရို့၏ဝတ်ရုံများကို ခင်းပြီးနောက် ယေသျှုသည် စီးတော်မူ၏။
MAT 21:8 များစွာသောလူရို့သည် မိမိရို့၏ဝတ်ရုံများကို လမ်းမထက်မှာ ဖြန့်ခင်းထားကြ၏။ တချို့သည် သစ်ပင်မှ အကိုင်းအခက်များကို ခွတ်၍ လမ်းမထက်မှာ ဖြန့်ခင်းထားကြ၏။
MAT 21:9 ယေသျှု၏ ရှိ့မှလည်းကောင်း၊ နောက်မှလည်းကောင်း လမ်းလျှောက် လာကြသော လူတိက “ဒါဝိဒ်သားတော်အား ဟောသျှဏ္ဏ ဖြစ်ပါစီ။ ထာဝရဘုရားသခင်၏ နာမတော်နှင့် ကြွလာသော သူသည် မင်္ဂလာဟိပါစီ။ အမြင့်ဆုံးသောကောင်းကင်၌ ဟောသျှဏ္ဏ ဖြစ်ပါစီ” ဟု ကြွေးကြော်ကြ၏။
MAT 21:10 ယေသျှုသည် ယေရုဆလင်မြို့သို့ ဝင်လာသောအခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကြပြီးလျှင် “ဤသူက ဇာသူလဲ” ဟု အချင်းချင်း မိန်းမြန်းကြ၏။
MAT 21:11 လူအုပ်ကြီးက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့သား ပရောဖက် ယေသျှု ဖြစ်၏” ဟု ပြောကြ၏။
MAT 21:12 ယေသျှုသည် ဗိမာန်တော်သို့ ဝင်လာပြီး၊ ဗိမာန်တော်ထဲ၌ အရောင်းအဝယ် လုပ်နိန်ကြသောသူ အားလုံးကို မောင်းထုတ်၏။ ငွီလှဲကောင်တာစားပွဲတိ ဂြိုးငှက်ရောင်းသူများ၏ ထိုင်ခုံ စားပွဲတိကို တွန်းလှဲကာ မှောက်လှန်ပစ်လိုက်၏။
MAT 21:13 ကိုယ်တော်က “ဘုရားသခင်နှုတ်ကပတ်တော်ကျမ်းစာ၌ ရီးထားသည်မှာ ‘ငါ၏အိမ်တော်ကို ဆုတောင်းပတ္ထနာပြုရာ အိမ်တော်ဟု ခေါ်ဆိုရလိမ့်မည်’ ဟု ဖော်ပြထား၏။ သို့ရာတွင် သင်ရို့သည် ဤဗိမာန်တော်ကို သူခိုးဓါးပြ ပုန်းအောင်းသည့် နီရာအဖြစ် လုပ်နိန်ကြသည်တကား” ဟု မိန့်တော်မူ၏။
MAT 21:14 ယေသျှုသည် ဗိမာန်တော်ထဲမှာ ဟိနိန်သောအခါ မျက်မမြင်များနှင့် ခြီထောက်မသန်စွမ်းသူများသည် ကိုယ်တော်အပါးသို့ ရောက်လာကြ၏။ ကိုယ်တော်က သူရို့၏ရောဂါများကို ပျောက်ကင်းစီတော်မူ၏။
MAT 21:15 ယဇ်ပရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများသည် ကိုယ်တော်ပြုတော်မူသော အံ့သြဘွယ်အရာများကို မြင်၍ လည်းကောင်း၊ ဗိမာန်တော်ထဲမှာ ဟိနိန်ကြသောသူငယ်တိက “ဒါဝိဒ်၏သားတော်အဖို့ ဟောသျှဏ္ဏဖြစ်ပါစီ” ဟု ကြွေးကြော်နိန်ကြသည်ကို မြင်ရ၍လည်းကောင်း၊ ဒေါသထွက်လာကြ၏။
MAT 21:16 ထို့ကြောင့် သူရို့က “ဤသူငယ်တိ၊ ဇာပိုင် အော်နိန်ကြသည်ကို သင်ကြားသလား” ဟု ယေသျှုကို မိန်းကြ၏။ ယေသျှုက “ငါ အမှန်ပင် ကြား၏၊ ‘ကိုယ်တော်သည် နိ့စို့သူငယ်တိနှင့် အချေတိကို ကျေးဇူးတော် ချီးမွမ်းတတ်စီရန် သင်ကြားပီးလေပြီ’ ဟု ကျမ်းစာမှာ ရီးထားသည်ကို သင်ရို့ မဖတ်ဖူးကတ်လား” ဟု ယေသျှုက ပြော၏။
MAT 21:17 ယေသျှုသည် သူရို့ကို ထားခပြီးလျှင် မြို့မှ ထွက်ခွါ၍ ဗေသနိရွာသို့ ကြွတော်မူကာ ထိုရွာ၌ ညအိပ်တော်မူ၏။
MAT 21:18 ယေသျှုသည် နောက်တစ်နိ့ မိုးထစောစော မြို့သို့ ပြန်ကြွတော်မူသောအခါ လမ်းမှာ ဝမ်းဆာတော်မူ၏။
MAT 21:19 ကိုယ်တော်သည် လမ်းဘေးမှာ သဖန်းပင်တစ်ပင်ကို မြင်၍ လားကြည့်တော်မူ၏၊ သို့ရာတွင် အရွက်များသာဟိပြီး အသီးတစ်လုံးမျှ မတွိ့သဖြင့် ကိုယ်တော်က “ဤအပင်သည် နောက်တစ်ခါမျှ အသီးမသီးပါစီကေ့” ဟု မိန့်တော်မူလိုက်သည်နှင့် သဖန်းပင်သည် ချက်ချင်း ခြောက်သွိ့လားလေ၏။
MAT 21:20 တပည့်တော်ရို့သည် ဤအခြင်းအရာတိကို မြင်ကြသောအခါ အလွန်အံ့အားသင့်ကြ၏။ “ဤသဖန်းပင်သည် ချက်ချင်း ဇာပိုင် ခြောက်လခလဲ” ဟု သူရို့က မေးကြ၏။
MAT 21:21 ယေသျှုက “သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့မှာ သံသယကင်းသည့်ယုံကြည်ခြင်းသာ ဟိမည်ဆိုလျှင် ဤသဖန်းပင်ကို ငါ လုပ်ရေပိုင် လုပ်နိုင်သည်သာမက ဤတောင်ကုန်းကို ‘ပင်လယ်ထဲသို့ ကျလီ’ ဟု ဆိုလျှင် သင်ရို့ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။
MAT 21:22 သင်ရို့သည် ယုံကြည်ခြင်း ဟိကြလျှင် သင်ရို့ တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 21:23 ယေသျှုသည် ဗိမာန်တော်သို့ ဝင်ရောက်၍ ဆုံးမဩဝါဒကို ပီးတော်မူစဉ်တွင် ယဇ်ပရောဟိတ် အကြီးအကဲရို့နှင့် ဘာသာရေးခေါင်းဆောင်ရို့သည် ကိုယ်တော်ပါးသို့ ရောက်လာကြ၏။ သူရို့က “သင်သည် ဤရာတိကို ဇာအခွင့်အာဏာနှင့် လုပ်နိန်ပါလဲ။ ယေပြီးကေ သင့်အား ဤအခွင့်အာဏာကို ဇာသူက ပီးထားလဲ” ဟု မိန်းကြ၏။
MAT 21:24 ယေသျှုက “ငါလည်း သင်ရို့ကို မိန်းခွန်းတစ်ခု မိန်းမေ။ သင်ရို့ ငါ့ကို အဖြေပီးနိုင်လျှင် ငါသည်လည်း ဤအရာတိကို ဇာအခွင့်အာဏာနှင့် လုပ်နိန်လည်းဆိုစွာကို သင်ရို့အား ငါ ပြောပြမည်။
MAT 21:25 ဗတ္တိဇံပီးခြင်းငှာ ယောဟန်၏အခွင့်အာဏာသည် ဇာက လာလဲ၊ ဘုရားပါးက လာလား သို့တည်းမဟုတ် လူပါးကလား” ဟု မိန်းလေ၏။ “ငါရို့ ဇာပိုင် ဖြေရပါဖို့လဲဟု သူရို့အချင်းချင်း ငြင်းခုံကြ၏။ ‘ဘုရားပါးက’ ဟု ငါရို့ ဖြေလျှင် ‘သင်ရို့သည် ယောဟန်ကို ဇာကြောင့် မယုံကတ်လဲ’ ဟု သူက ငါရို့ကို မိန်းမည်။
MAT 21:26 သို့တည်းမဟုတ် ‘လူပါးက’ ဟု ဖြေလျှင် သူရို့အားလုံး ယောဟန်ကို ပရောဖက်တစ်ပါးလို့ ယုံကြည်ထားရေ အတွက်ကြောင်း လူထုပရိသတ်ကို ငါ့ရို့ ကြောက်ရ၏”
MAT 21:27 ထို့ကြောင့် သူရို့က “အကျွန်ရို့မသိပါ” ဟု ပြန်ပြောကြ၏။ ထိုအခါ ယေသျှုက “ငါသည်လည်း ဤအရာတိကို ဇာအခွင့်အာဏာနှင့် လုပ်နိန်သည်ကို သင်ရို့အား ပြောလိမ့်မည် မဟုတ်” ဟု သူရို့အား မိန့်တော်မူ၏။
MAT 21:28 “အဂု သင်ရို့ ဇာကို စဉ်းစားနိန်ကတ်လဲ။ တစ်ခါက လူတစ်ယောက်မှာ သားနှစ်ယောက် ဟိ၏။ သူသည် သားကြီးပါးသို့ လားပြီးလျှင် ‘သားကြီး၊ ဤနိ့ စပျစ်ဥယျာဉ်မှာ အလုပ် လားလုပ်ခီ’ ဟု ရွှတ်လိုက်၏။
MAT 21:29 သားကြီးက ‘အကျွန် မလားချင်ပါ’ ဟု ပြောသော်လည်း သူသည် တဖန် စိတ်ပြောင်းလဲကာ ဥယျာဉ်သို့ လား၍ အလုပ်လုပ်၏။
MAT 21:30 သူသည် သားငယ်ပါးသို့ လား၍ ထိုနည်းတူပြောသောခါ သားငယ်က ‘အကျွန် လား၍ လုပ်ခိမေ’ ဟု ပြောသော်လည်း မလားဘဲနိန်၏။
MAT 21:31 ထိုသားနှစ်ယောက်တွင် ဇာသူက သူ့အဖ၏အလိုတော်ကို လုပ်ဆောင်လဲ” ဟု ယေသျှုက မိန်း၏။ “သားကြီးပါ” ဟု သူရို့က ဖြေကြားကြ၏။ ယေသျှုက “သင်ရို့ကို ငါ အမှန်ဆိုသည်ကား အခွန်ကောက်သောသူတိနှင့် ပြည့်တန်ဆာမတိသည် သင်ရို့ထက် ရှိ့က ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိန်ကတ်ယာ” ဟု သူရို့အား မိန့်တော်မူ၏။
MAT 21:32 အကြောင်းမူကား ဗတ္တိဇံယောဟန်သည် သင်ရို့အား ဖြောင့်မတ်ခြင်းတရားလမ်းကို ညွှန်ပြရန် သင်ရို့ပါးသို့ ရောက်လာခယာ။ သင်ရို့သည် သူ့ကို မယုံခကတ်။ အခွန်ကောက်သောသူတိနှင့် ပြည့်တန်ဆာမတိက သူ့ကို ယုံကတ်တေ။ သင်ရို့သည် ဤအကြောင်းအရာကို မြင်တွိ့ခသော်လည်း သူ့ကို ယုံကြည်ရန် သင်ရို့သည် နောက်တဖန် စိတ်ပြောင်းလဲခြင်း မဟိကတ်ပါတကားဟု မိန့်တော်မူ၏။
MAT 21:33 ယေသျှုက “နောက် ပုံဥပမာတစ်ခုကို နားထောင်ကတ်။ တစ်ခါက စပျစ်ဥယျာဉ်စိုက်ပျိုးသော မြီပိုင်သျှင်တစ်ယောက်ဟိ၏။ သူသည် ဥယျာဉ်ဝင်းပတ်လည်ကို ခြံစည်းရိုး ကာပြီး၊ ခြံထဲ၌ စပျစ်သီးနယ်ရန် တွင်းကို တူး၍ လင့်စင်တစ်ခုကို ဆောက်၏။ ပြီးလျှင် သူသည် ထိုစပျစ်ဥယျာဉ်ကို ဥယျာဉ်စိုက်ပျိုးသူတချို့ကို ငှားထားခပြီးနောက် ခရီးလားခလေ၏။
MAT 21:34 စပျစ်သီးခူးချိန် ရောက်သောအခါ သူသည် သူ၏ခြံငှားခရမည့် သီးနှံဝီစုကို တောင်းရန် သူ၏ကျွန်တိကို ခြံငှားတိပါးသို့ ရွှတ်လိုက်၏။
MAT 21:35 ခြံငှားတိက သူ၏ ကျွန်တိကို ဖမ်းဆီးကာ တစ်ယောက်ကို ရိုက်ပုတ်ကြ၏။ တစ်ယောက်ကိုကား အသီသတ်ကြ၏၊ တစ်ယောက်ကို ကျောက်ခဲနှင့် ပစ်ကြ၏။
MAT 21:36 ခြံပိုင်သျှင်က ပထမအကြိမ်ထက်များသော ကျွန်တိကို နောက်ထပ်တစ်ခါ ရွှတ်လိုက်၏။ ခြံငှားတိက ထိုနည်းအတိုင်း ပြု၍ ရွှတ်လိုက်ကြပြန်၏။
MAT 21:37 နောက်ဆုံး၌ ပိုင်သျှင်က ‘သူရို့သည် ငါ၏သားကို အမှန် ရိုသီကြလိမ့်မည်’ ဟု ဆိုကာ သူ့သားကို သူရို့ပါးသို့ ရွှတ်လိုက်၏။
MAT 21:38 သို့ရာတွင် သီးစားအငှားသားတိက သူ၏သားကို မြင်သောအခါ ‘ဤသူသည် ခြံပိုင်သျှင်သား ဖြစ်တေ၊ လာကတ်၊ သူ့ကို သတ်ပြီးကေ သူ့အမွီကို ငါရို့ ယူကတ်မေ’
MAT 21:39 ဟု ခြံငှားတိက ပိုင်သျှင်၏သားကို ဖမ်းဆီးကာ ခြံပြင်သို့ ထုတ်၍ သတ်ပစ်လိုက်ကြ၏။
MAT 21:40 “သို့ဖြစ်လျှင် စပျစ်ခြံပိုင်သျှင် လာသောအခါ သူသည် ထိုခြံငှားတိကို ဇာပိုင် လုပ်လိမ့်မည်နည်း” ဟု ယေသျှုက မိန်းတော်မူ၏၊
MAT 21:41 “သူရို့က သူသည် ထိုဆိုးယုတ်သောသူတိကို ဧကန်မုချ သတ်ပစ်လိမ့်မည်၊ သူ၏စပျစ်ဥယျာဉ်ကိုလည်း အသီးပေါ်ချိန်မှာ သီးစားခပီးသော တခြားလူတိကို ငှားပစ်လိမ့်မည်” ဟု ဖြေကြ၏။
MAT 21:42 ယေသျှုက သမ္မာကျမ်းစာကို သင်ရို့ တစ်ခါလည်း မဖတ်ဖူးကတ်လား၊ “ ‘တိုက်အိမ်ကို ဆောက်သောသူတိက အသုံးမဝင်၍ ပယ်ထားသော ကျောက်တုံးသည် အဆောက်အဦးတစ်ခုလုံး၏ အရေးအကြီးဆုံးနီရာ၌ ပြန်ရောက်လာ၏။ ဤကား ဘုရားသခင် ပြုတော်မူသောအမှု ဖြစ်၏။ ငါရို့ အမြင်မှာ အလွန်အံ့သြဖို့ ကောင်း၏’ ဟု မိန့်တော်မူ၏။
MAT 21:43 “ထို့ကြောင့် ယေသျှုက သင်ရို့ကို ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်ရို့ပါးက သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးမည့် လူတိပါးသို့ ပီးအပ်လိမ့်မည်” ဟု ထပ်၍ မိန့်တော်မူ၏။
MAT 21:44 
MAT 21:45 ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိယှဲများသည် ယေသျှုပြောသည့် ပုံဥမာကို ကြားကြသောအခါ မိမိရို့၏အကြောင်းကို ပြောနိန်သည်ဟု သိကြ၏။
MAT 21:46 ထို့ကြောင့် သူရို့သည် ယေသျှုကို ဖမ်းဆီးရန် ကြိုးစားကြ၏။ သို့သော်လည်း လူအများက ယေသျှုသည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် လူထုပရိသတ်ကို ကြောက်နိန်ကြ၏။
MAT 22:1 ယေသျှုသည် လူတိကို ပုံဥပမာကို သုံး၍ တဖန် မိန့်တော်မူပြန်၏။
MAT 22:2 “ကောင်းကင်နိုင်ငံတော်သည် ဤဥပမာနှင့် တူ၏။ အယင်က သျှင်ဘုရင်တစ်ပါးသည် မိမိသားတော်အတွက် မင်္ဂလာပွဲတစ်ခုကို ပျင်ဆင်ကျင်းပ၏။
MAT 22:3 ထိုမင်းကြီးသည် မိမိ၏အခိုင်းအစီများအား မင်္ဂလာပွဲသို့ ဖိတ်ထားသော ဧည့်သည်တော်များကို ခေါ်ခိုင်းလိုက်၏။ သို့သော်လည်း သူရို့သည် မလာဘဲနိန်ကြ၏။
MAT 22:4 မင်းကြီးက ‘ငါ၏နွားထီးတိ၊ နွားချေတိကို သတ်ပြီး အားလုံးကို အဆင်သင့်ပျင်ထားပြီးယာ၊ သို့ဖြစ်၍ မင်္ဂလာပွဲတော်သို့ လာရောက်ရန် ဖိတ်ကြားထားသောသူတိကို လားပြောကတ်ခီ’ ဟု သာ၍များသော အခိုင်းအစီတိကို စီရွှတ်လိုက်၏။
MAT 22:5 သို့သော်လည်း ဖိတ်ကြားထားသောသူများသည် ဂရုမစိုက်ဘဲ မိမိရို့၏စီးပွားရေးအလုပ်သို့သာ လားကြ၏၊ တစ်ယောက်က လယ်တောသို့ လား၏၊ တခြားတစ်ယောက်က ဈီးရောင်းဖို့ ထွက်လား၏၊
MAT 22:6 တခြားလူတိက အခိုင်းအစီတိကို ဖမ်းဆီး၍ ထုထောင်းကာ သတ်ဖြတ်ကြ၏။
MAT 22:7 ထို့ကြောင့် ဘုရင်မင်းကြီးသည် လွန်စွာစိတ်ဆိုးလျက် သူ၏ စစ်တပ်ကို စီရွှတ်၍ ထိုလူသတ်သမားတိကို သတ်ဖြတ်ပြီးလျှင် သူရို့၏ မြို့ကိုလည်း မီးတိုက်ပစ်လိုက်လေ၏။
MAT 22:8 ထိုအခါ ဘုရင်မင်းကြီးက အခိုင်းအစီကျွန်တိကို ခေါ်ပြီးလျှင် ‘ငါ၏ မင်္ဂလာပွဲသည် အဆင်သင့် ဖြစ်နိန်ပြီ သို့သော်လည်း ငါ ဖိတ်ထားသောသူတိသည် မင်္ဂလာပွဲသို့ လာရောက်ခြင်းငှာ မထိုက်တန်။
MAT 22:9 ထို့ကြောင့် သင်ရို့သည် အဂုပင် လမ်းဆုံ လမ်းခွများသို့ လား၍ တွိ့သမျှ လူတိကို မင်္ဂလာပွဲသို့ ဖိတ်ခေါ်ကတ်ခီ’ ဟု စီရွှတ်လိုက်၏။
MAT 22:10 ထို့ကြောင့် အခိုင်းအစီများသည် လမ်းကြိုလမ်းကြားသို့ ဝင်၍ လူဆိုးလူကောင်းမကျန် တွိ့သမျှ လူတိကို စုလိုက်ကြသဖြင့် မင်္ဂလာခန်းမတစ်ခုလုံး လူတိ ပြည့်လျှံလားလေ၏။
MAT 22:11 “သို့သော်လည်း မင်းကြီးသည် ဧည့်သည်တိကို ကြည့်ရှုရန်ဝင်လာသောခါ မင်္ဂလာအခမ်းအနားဝတ်စုံ မဝတ်ထားသော လူတစ်ယောက်ကို မြင်တွိ့၏။
MAT 22:12 မင်းကြီးက ‘အဆွီ၊ သင်သည် မင်္ဂလာအခမ်းအနားဝတ်စုံ မဝတ်ဘဲ ဤနီရာကို ဇာပိုင် ရောက်လာလဲ’ ဟု ထိုသူအား မိန်းလေ၏။ သို့ရာတွင် ထိုသူက တစ်ခုလည်း ပြန်မပြောဘဲ နိန်၏။
MAT 22:13 ထိုအခါ ဘုရင်မင်းကြီးက ‘ဤသူ၏ ခြီလက်တိကို တုတ်ချိုင်ပြီးလျှင် ပွဲအပြင်ဖက် မှောင်မိုက်ထဲသို့ ဝေးထုတ်ပစ်လိုက်ကတ်။ ယင်းသူသည် ယင်းနီရာမှာ အံကြိတ်၍ ငိုကျွီးလျက် နိန်ရလိမ့်မည်’ ဟု အခိုင်းအစီတိကို မိန့်တော်မူ၏။”
MAT 22:14 ယေသျှုက “ဖိတ်ခေါ်ထားသောသူ များစွာဟိသော်လည်း ရွီးကောက်ခံရသူ အလွန်နည်း၏” ဟု ပြော၍ ပုံပြင်ကို အဆုံးသတ်လိုက်၏။
MAT 22:15 ဖာရိယှဲများ ထွက်လားပြီးနောက် ယေသျှုကို မိန်းခွန်းများ မိန်း၍ အပြစ်ရှာခြင်းငှာ စီမံကြ၏။
MAT 22:16 ထို့ကြောင့် သူရို့သည် မိမိ၏တပည့်တိနှင့် ဟေရုဒ်၏လူရို့ကို ကိုယ်တော်ပါးသို့ စီရွှတ်လိုက်ကြ၏။ သူရို့က “ဆရာ ကိုယ်တော်သည် ဇာသူတစ်ယောက်၏ အဆင့်အတန်းကိုလည်း စိတ်မဝင်းစားသည်ဖြစ်၍ တခြားလူတိ၏ ထင်မြင်ချက်ကို စိုးရိမ်စိတ် မဟိဘဲ လူတိအား ဘုရားသခင်အလိုတော်နှင့် ဆိုင်သော သမ္မာတရားကို သွန်သင်ပီးပါ၏။ ကိုယ်တော်သည် သမ္မာတရားကို ဟောကြားတော်မူသည်ကို အကျွန်ရို့ သိကြပါ၏။
MAT 22:17 သို့ဖြစ်၍ ရောမဧကရာဇ်ဘုရင်ကို လူခွန်ပီးခွင့် ဟိပါသလား၊ ကိုယ်တော်၏ ထင်မြင်ချက်က ဇာပိုင်လဲ၊ အကျွန်ရို့အား မိန့်ကြားတော်မူပါ” ဟု လျှောက်ကြ၏။
MAT 22:18 သို့သော်လည်း ယေသျှုသည် သူရို့၏ယုတ်ညံ့သော အစီအစဉ်ကို သတိမူ၍ “သူတော်ကောင်းယောင်ဆောင်သောသူတိ၊ ငါ့ကို အပြစ်ရောက်စီခြင်းငှာ ဇာကြောင့် ကြိုးစားနိန်ကတ်လဲ၊
MAT 22:19 သင်ရို့ အခွန်ပီးသော ဒင်္ဂါးပြားကို ငါ့ကို ပြကတ်ပါ” ဟု မိန့်တော်မူ၏။ သူရို့သည် ဒင်္ဂါးပြားကို ယေသျှုပါးသို့ ယူလာကြသောအခါ၊
MAT 22:20 ကိုယ်တော်က “ဤဒင်္ဂါးပြားမှာ ဇာသူ၏မျက်နှာပုံနှင့် နာမည်ပါလဲ” ဟု သူရို့ကို မိန်း၏။
MAT 22:21 သူရို့က “ဧကရာဇ်မင်းကြီး၏ မျက်နှာပုံနှင့် နာမည်ပါ၏” ဟု လျှောက်ကြ၏။ ထို့ကြောင့် ယေသျှုက “ကောင်းယာ၊ ဧကရာဇ်မင်းကြီးပိုင်သောအရာကို ဧကရာဇ်မင်းကြီးအား ပီးကြ။ ဘုရားသခင်ပိုင်သောအရာကို ဘုရားသခင်အား ပီးကြ” ဟူ၍ မိန့်တော်မူလိုက်၏။
MAT 22:22 သူရို့သည် ဤစကားကို ကြားကြသောအခါ အလွန်အံ့သြလျက် ကိုယ်တော်ပါးက ထွက်ခွါလားကြ၏။
MAT 22:23 ထိုနိ့၌ ဇဒ္ဒုကဲရို့သည် ယေသျှုပါးသို့ ရောက်လာကြ၏။ ထိုသူရို့က လူသည် သီပြီးလျှင် သီခြင်းက ထမြောက်ခြင်းမဟိဟု အခိုင်အမာ ယုံကြည်ကြ၏။
MAT 22:24 သူရို့က “ဆရာ၊ မောသျှေက အကျွန်ရို့ကို ပြောထားခသည်မှာ အချေမရဘဲ သီကျလားသည့် လူတစ်ယောက်အတွက် မျိုးဆက်မပြတ်စီခြင်းငှာ၊ ကျန်နိန်ခသော မုဆိုးမကို သူ၏ညီ တစ်ယောက်ယောက်နှင့် ပီးစပ်ရမည်ဟူ၍ ပြောကြ၏။
MAT 22:25 ဂုအချိန်မှာ ဤအရပ်၌ ညီအစ်ကို ခုနစ်ယောက်ဟိပါ၏။ အစ်ကိုအကြီးဆုံးသည် လက်ထပ်ပြီး၍ အချေမရဘဲ သီလားခ၏၊ ထို့ကြောင့် ကျန်နိန်ခသည့် မုဆိုးမကို ဒုတိယညီဖြစ်သူက လက်ထပ်ယူ၏။
MAT 22:26 သူသည်လည်း သူမကို လက်ထပ်ပြီးနောက် သားသမီးမရဘဲ သီလားခသဖြင့် တတိယညီက ထိုမိန်းမကို လက်ထပ်ပြန်၏။ နောက်ဆုံး ညီအစ်ကို ခုနစ်ယောက်လုံးနှင့် လက်ထပ်ပြီးသော်လည်း သားသမီးမရဘဲ ညီအစ်ကိုအားလုံး သီကျလားကြ၏။
MAT 22:27 နောက်ဆုံး၌ ထိုမိန်းမပါ သီကျလား၏။
MAT 22:28 ဤသို့ဖြစ်လျှင် ထိုသူအားလုံးသည် သီခြင်းက ထမြောက်လာကြသည့်အခါ ထိုမိန်းမသည် လက်ထပ်ကြသောညီအစ်ကို ခုနစ်ယောက်ထဲက ဇာသူ့မယား ဖြစ်လီပါဖို့လဲ” ဟု မိန်းကြ၏။
MAT 22:29 ယေသျှုက “သင်ရို့သည် ဘုရားသခင်၏တန်ခိုးကိုလည်းကောင်း ကျမ်းစာကိုလည်းကောင်း မသိကြသောကြောင့် အလွန် လွဲမှားနိန်ကြ၏။
MAT 22:30 သီခြင်းက ထမြောက်ကြသောသူများသည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြပြီးလျှင် လက်ထပ်ထိမ်းမြားခြင်းကို မပြုကတ်ယာ။
MAT 22:31 သင်ရို့သည် သီခြင်းက ထမြောက်ခြင်းနှင့် ပတ်သက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို တစ်ခါလည်း မဖတ်ဖူးကတ်ပါလား။”
MAT 22:32 “ငါသည် အာဗြဟံဘုရား၊ ဣဇာက်ဘုရား၊ ယာကုပ်ဘုရား ဖြစ်၏” ဟု မိန့်တော်မူခသည့်အတိုင်း “ဘုရားသခင်သည် သီကျလားသူရို့၏ဘုရား မဟုတ်။ အသက်ရှင်နိန်သောသူရို့၏ဘုရား ဖြစ်၏” ဟု မိန့်တော်မူ၏။
MAT 22:33 လူအုပ်ကြီးက ဤအကြောင်းကို ကြားကြသောအခါ သူ၏ဆုံးမဩဝါဒကို အလွန် ချီးမွမ်းအံသြကြ၏။
MAT 22:34 ယေသျှုသည် ဇဒ္ဒုကဲရို့ ပြန်မပြောနိုင်လောက်အောင် သြဝါဒ ပီးတော်မူသည်ကို ဖာရိယှဲရို့ ကြားကြသည့်အခါ သူရို့သည် အတူတကွ စုရုံးကြ၏၊
MAT 22:35 ထိုအခါ သူရို့အထဲက ကျမ်းတတ်ဆရာတစ်ယောက်သည် မိန်းခွန်းတစ်ခုကို မိန်းကာ ကိုယ်တော့်ကို အပြစ်ရှာရန် ကြိုးစားလေ၏။
MAT 22:36 “ဆရာ၊ ပညတ်တရားထဲမှာ ဇာပညတ်သည် အကြီးမြတ်ဆုံးပါလဲ” ဟု သူက မိန်း၏။
MAT 22:37 ယေသျှုက “‘သင်ရို့၏အသျှင် ထာဝရဘုရားကို မိမိ၏ စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ဟိသမျှနှင့် ချစ်ကြလော့။’
MAT 22:38 ဤပညတ်သည် ပထမဆုံးနှင့် အကြီးမြတ်ဆုံး ပညတ်ဖြစ်၏။
MAT 22:39 ထို့နောက် ဒုတိယပညတ်မှာ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏၊ ပထမပညတ်နှင့် တူ၏။
MAT 22:40 ဤပညတ်နှစ်ပါးသည် မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများ၏ အချုပ်ဖြစ်၏” ဟု မိန့်တော်မူ၏။
MAT 22:41 ဖာရိယှဲရို့ အတူတကွ စုရုံးနိန်ကြသောအခါ ယေသျှုက၊
MAT 22:42 “သင်ရို့သည် မေသျှိယအကြောင်းကို ဇာပိုင် စဉ်းစားနိန်ကတ်လဲ၊ သူသည် ဇာသူ၏သားလဲ” ဟု သူရို့ကို မိန်း၏။ သူရို့က “သူသည် ဒါဝိဒ်၏သား” ဟု ဖြေကြ၏။
MAT 22:43 ယေသျှုက “ယင်းပိုင်ဆိုကေ ဒါဝိဒ်သည် ဝိညာဉ်တော်အားဖြင့် မေသျှိယကို ‘သခင်’ ဟု ခေါ်သည်ကို ဇာပိုင် ဟိကတ်ဖို့လဲ။ အကြောင်းမူကား ဒါဝိဒ်က ပြောသည်မှာ
MAT 22:44 “ ‘ထာဝရဘုရားသည် ငါ၏သခင်အား မိန့်တော်မူသည်မှာ ငါသည် သင်၏ရန်သူအားလုံးကို သင်၏ခြီဖဝါးအောက်၌ ချထားသည့်တိုင်အောင် သင်သည် ငါ၏လက်ယာဖက်၌ ထိုင်နိန်လော့’ ဟူ၍ ဖြစ်၏။
MAT 22:45 ထိုသို့ ဒါဝိဒ်က မေသျှိယကို ‘သခင်’ ဟု ခေါ်ခလျှင် မေသျှိယသည် ဒါဝိဒ်၏သား ဇာပိုင် ဖြစ်နိုင်ဖို့လဲ” ဟု ဖာရိယှဲရို့ကို မိန်း၏။
MAT 22:46 ယေသျှု၏ မိန်းခွန်းကို တစ်ယောက်လည်း မဖြေနိုင်ကြ။ ထိုနိ့မှစ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေသျှုအား မိန်းမြန်းစုံစမ်းခြင်း မလုပ်ဝံ့ကတ်ယာ။
MAT 23:1 ထို့နောက် ယေသျှုသည် မိမိ၏တပည့်တော်ရို့နှင့် လူထုပရိသတ်တိကို မိန့်တော်မူသည်မှာ
MAT 23:2 “ကျမ်းတတ်ဆရာနှင့် ဖာရိယှဲရို့သည် မောသျှေ၏ပညတ်တရားများကို ဘာသာပြန်ခွင့်ဟိသူများ ဖြစ်ကြ၏၊
MAT 23:3 ထို့ကြောင့် သင်ရို့သည် သူရို့ ပြောသမျှကို နာခံ၍ လိုက်လျှောက်ကတ်။ သို့သော်လည်း သူရို့ကျင့်သည့်အတိုင်း မကျင့်ကတ်ကေ့၊ အကြောင်းမူကား သူရို့သည် မိမိရို့ဟောပြောသည့်အတိုင်း မကျင့်ကတ်။
MAT 23:4 ထိုသူရို့သည် အလွန်လေး၍ ထမ်းရန်ခက်ခဲသောဝန်ထုပ်များကို သူတစ်ပါး ပက်ကုန်းထက်မှာ တင်တတ်ကြ၏၊ သို့သော်လည်း သူရို့မူကား ထိုဝန်ထုပ်များကို ထမ်းခြင်းငှာ သူရို့ကိုယ်တိုင် လက်ဖျားနှင့်တောင် မတို့ချင်ကြ၊
MAT 23:5 သူရို့သည် မိမိရို့ပြုသမျှကို လူအများ မြင်စီခြင်းငှာ ပြုတတ်ကြ၏။ သူရို့သည် ပန်းဖွားအရှည်ကြီး ထိုးထားသည့် ဝတ်ရုံများကို ဝတ်ဆင်၍ မိမိရို့၏နဖူးနှင့် လက်မောင်းများတွင် သမ္မာကျမ်းစာပါသော အဆောင်လက်ဖွဲ့များကို ပတ်စည်းကာ
MAT 23:6 စားသောက်ပွဲများ၌ ဂုဏ်သိက္ခာဟိသော နီရာများကိုလည်းကောင်း တရားဇရပ်များ၌ ထည်ဝါခန်းနားသော ထိုင်ခုံများကိုလည်းကောင်း ကြိုက်တတ်ကြ၏၊
MAT 23:7 သူရို့သည် လူစည်ကားရာအရပ်၌ ရိုသီစွာဖြင့် နှုတ်ဆက်ခြင်းကိုလည်းကောင်း ‘အသျှင်ဘုရား’ ဟူ၍ ခေါ်ဝေါ်ခြင်းကိုလည်းကောင်း အလွန် နှစ်သက်ကြ၏။
MAT 23:8 သို့ရာတွင် သင်ရို့သည် ‘ဆရာ’ ဟူ၍ ခေါ်ဝေါ်ခြင်းကို မခံကတ်ကေ့၊ အကြောင်းမူကား သင်ရို့အားလုံးသည် ညီအစ်ကိုတိ ဖြစ်ကြ၏၊ သင်ရို့တွင် ဆရာ ဟူ၍ တစ်ဆူတည်းသာ ဟိ၏။
MAT 23:9 မြီကြီးပေါ်၌ ဇာသူ့ကိုလေ့ ‘အဖ’ ဟု မခေါ်ကတ်ကေ့၊ သင်ရို့တွင် ကောင်းကင်ဘုံ၌ အဖ တစ်ပါးတည်းသာ ဟိ၏။
MAT 23:10 သင်ရို့သည် ‘ဥပဇ္ဈာယ်ဆရာ’ ဟူ၍ ခေါ်ဝေါ်ခြင်းကို မခံကတ်ကေ့၊ အကြောင်းမူကား သင်ရို့၌ ဥပဇ္ဈာယ်ဆရာတည်းဟူသော မေသျှိယ တစ်ပါးတည်းသာ ဟိ၏။
MAT 23:11 သင်ရို့၌ အကြီးဆုံးဖြစ်သောသူသည် သင်ရို့အားလုံး၏အခိုင်းအစီ ဖြစ်ရမည်။
MAT 23:12 ဇာသူမဆို မိမိကိုယ်ကို ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရမည်၊ မိမိကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည် ဟူ၍ မိန့်တော်မူ၏။
MAT 23:13 “ကျမ်းတတ်ဆရာတိနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် ကောင်းကင်နိုင်ငံတန်းခါးပေါက်ကို လူတိရှိ့က ပိတ်ထားကြ၏၊ သင်ရို့သည် ကိုယ်တိုင်လည်းမဝင်၊ ဝင်ဖို့ ကြိုးစားနိန်သော သူတိကိုလည်း ဝင်ခွင့်မပြုကြ။
MAT 23:14 
MAT 23:15 “ကျမ်းတတ်ဆရာနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် လူတစ်ယောက်ကို ဘာသာသွင်းခြင်းငှာ ရီ မြီအနှံ့ လှည့်လည်ကြ၏၊ သင်ရို့သည် ဘာသာသွင်းပြီးသောအခါ၌လည်း သူရို့ကို မိမိရို့ထက် နှစ်ဆသောငရဲကို ခံစီကြ၏။
MAT 23:16 “မျက်ကန်းလမ်းပြတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ ‘မည်သူမဆို ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုလို့ မရ၊ ဗိမာန်တော်ထဲ၌ ဟိသောရွှီကို တိုင်တည်၍ ကျိန်ဆိုမှရာ ရ၏’ ဟု သင်ရို့သည် သွန်သင်နိန်ကြ၏။
MAT 23:17 မျက်ကန်းလမ်းပြတိ၊ ရွှီက ကြီးမြတ်လား၊ ရွှီကို သန့်ယှင်းစီတော်မူသော ဗိမာန်တော်က သာ၍ ကြီးမြတ်သလား။
MAT 23:18 သင်ရို့က ‘မည်သူမဆို ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုလျှင် မရ။ ယဇ်ပလ္လင်ထက်မှာ ဟိသော ယဇ်ပူဇော်သကာကို တိုင်တည်၍ ကျိန်ဆိုမှရာ ရ၏’ ဟု သွန်သင်နိန်ကြ၏။
MAT 23:19 သင်ရို့သည် မျက်ကန်းတိပါကား။ ယဇ်ပူဇော်သကာက ကြီးမြတ်တော်မူသလော၊ ယဇ်ပူဇော်သကာကို သန့်ယှင်းစီတော်မူသော ယဇ်ပလ္လင်က သာ၍ ကြီးမြတ်တော်မူသလော။
MAT 23:20 ထို့ကြောင့် ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုသောသူသည် ယဇ်ပလ္လင်နှင့်တကွ ယဇ်ပလ္လင်ထက်မှာ ဟိသမျှတိကို တိုင်တည်၍ ကျိန်ဆိုခြင်း ဖြစ်၏။
MAT 23:21 သို့ဖြစ်၍ ဗိမာန်တော်ကို တိုင်တည်ပြီး ကျိန်ဆိုသောသူသည် ဗိမာန်တော်နှင့်တကွ ဗိမာန်တော်၌ ကိန်းဝပ်တော်မူသောအသျှင်ကို တိုင်တည်၍ ကျိန်ဆိုခြင်း ဖြစ်၏။
MAT 23:22 ကောင်းကင်ဘုံကို တိုင်တည်၍ ကျိန်ဆိုသောသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင်တော်၌ စံနိန်တော်မူသော အသျှင်ကို တိုင်တည်၍ ကျိန်ဆိုခြင်း ဖြစ်၏။
MAT 23:23 “ကျမ်းတတ်ဆရာနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် နှုန်း၊ စမုစပါး၊ ဇီယာ အစဟိသည့် ဟင်းမွှီးမဆလာတိမှာတောင်မှ ဘုရားသခင်ကို ဆယ်ဖို့တစ်ဖို့ ပီးကြ၏။ သို့ရာတွင် သင်ရို့သည် တရားမျှတမှု၊ သနားကရုဏာထားမှု၊ သစ္စာဟိမှုတည်းဟူသော သာ၍ အရေးကြီးသည့် ပညတ်တရားများကို ဘေးဖယ်ထားကတ်ပါကား။ ဦးစွာဖော်ပြသော ပညတ်တရားများကို ဘေးဖယ်မထားဘဲ နောက်ဖော်ပြသော ပညတ်တရားများကိုလည်း လက်တွိ့လိုက်နာအပ်၏။
MAT 23:24 မျက်ကန်းလမ်းပြတိ၊ သင်ရို့သည် ခြင်ချေတစ်ကောင်မျှ မပါရယောင် ရီကို စစ်ကြပြီးလျှင် ကုလားအုတ်ကို အကောင်လိုက် မျိုချနိန်ကတ်ပါကား။
MAT 23:25 “ကျမ်းတတ်ဆရာနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် သင်ရို့၏လောင်ပွန်း၊ ခွက်ဖလားတိကို အပြင်ဖက်က စင်ကြယ်အောင် ဆီးကြောကြသော်လည်း သင်ရို့၏အတွင်း၌ကား အတ္တမာနနှင့် အနိုင်ကျင့်မှုတိ ပြည့်နိန်ကြ၏။
MAT 23:26 မျက်ကန်းဖာရိယှဲ၊ ခွက်ဖလားအတွင်းကို အလျှင် စင်ကြယ်အောင် ဆီးကြောကတ်ပါ။ ထိုသို့ ပြုလျှင် အပြင်၌လည်း သန့်ယှင်းစင်ကြယ်လိမ့်မည်။
MAT 23:27 “ကျမ်းတတ်ဆရာတိနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် ထုံးဖြူသုတ်ထားသည့်သင်္ချိုင်းအုတ်ဂူနှင့် တူ၏။ သင်္ချိုင်းအုတ်ဂူသည် အပြင်ဖက်က လှပသယောင်ဟိသော်လည်း အတွင်း၌ကား လူသီကောင်ရို့၏အရိုးတိ၊ အညစ်အကြေးတိနှင့် ပြည့်နိန်၏။
MAT 23:28 ထိုနည်းတူစွာ သင်ရို့သည် အပြင်သဏ္ဌာန်အားဖြင့် လူတိကို သူတော်ကောင်းယောင်ဆောင်ပြပြီးလျှင် အတွင်း၌ကား ဟန်ဆောင်မှု၊ မတရားမှုတိနှင့် ပြည့်နိန်ကြ၏။
MAT 23:29 “ကျမ်းတတ်ဆရာတိနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် ပရောဖက်များ၏သင်္ချိုင်းဂူကို ကောင်းစွာပြုလုပ်၍ သူတော်ကောင်းရို့၏သင်္ချိုင်းဂူကို အလှဆင်ကြ၏။
MAT 23:30 တဖန် သင်ရို့က ငါရို့သည် ငါရို့၏ ဘိုးဘွားလက်ထက်က ဟိခလျှင် ပရောဖက်ရို့၏အသွီးကို သွန်းခြင်း၌ သူရို့နှင့်အတူ ပါဝင်ကြလိမ့်မည် မဟုတ်ဟု ပြောဆိုလေ့ဟိကြ၏။
MAT 23:31 ထိုသို့ ပြောဆိုခြင်းသည်ကား သင်ရို့သည် ပရောဖက်တိကို သတ်သောအမျိုး ဖြစ်ကြောင်း သင်ရို့ကိုယ်တိုင် သက်သီခံနိန်ကြခြင်းဖြစ်၏။
MAT 23:32 သင်ရို့သည် သင်ရို့အဖိုးအဖီးတိက စ၍ လုပ်ခသည့်အလုပ်ကို ပြီးဆုံးသည့်တိုင်အောင် ဆက်ပြီး လုပ်ကတ်ပါ။
MAT 23:33 အသင်မြွီတိနှင့် မြွီဆိုးအမျိုးတိ၊ သင်ရို့သည် ပြစ်ဒဏ်ခံရမည့်ငရဲက လွတ်လိမ့်မည်ဟု ထင်နိန်ကတ်လား။
MAT 23:34 သင်ရို့ပါးသို့ ပရောဖက်တိ၊ ပညာဟိတိနှင့် ကျမ်းတတ်ဆရာတိကို ငါ ရွှတ်လိုက်၏။ သင်ရို့သည် သူရို့ထဲက တချို့ကို သတ်ကြလိမ့်မည်၊ တချို့ကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ တချို့ကို တရားဇရပ်ထဲ၌ သတ်ပုတ်ကြလိမ့်မည်၊ တစ်မြို့ ပြီး တစ်မြို့ လိုက်၍ ဖမ်းကြလိမ့်မည်၊
MAT 23:35 ဖြောင့်မတ်သော အာဗေလမှစ၍ ဗာရခိသား ဇာခရိတိုင်အောင် ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား မြီကြီးထက်မှာ သင်ရို့သတ်ထားခသော အပြစ်မဲ့လူတိ၏ အသွီးနှင့်ပတ်သက်သော အပြစ်အားလုံးသည် သင်ရို့ထက်သို့ ပုံ၍ ကျကတ်လိမ့်မည်။
MAT 23:36 ငါသည် အမှန်အတိုင်း သင်ရို့ကို ပြောရလျှင် ဤအပြစ်အားလုံးသည် အဂုဟိနိန်ကြသော လူတိထက်မှာ ကျလာကတ်လိမ့်မည်။
MAT 23:37 “ယေရုဆလင်မြို့၊ ယေရုဆလင်မြို့ သင်သည် ပရောဖက်တိကို သတ်မြဲ သတ်နိန်ပါရေကား၊ သင့်ပါးသို့ ဘုရားသခင်စီရွှတ်လိုက်သော တမန်တော်တိကို ကျောက်ခဲနှင့်ပစ်၍ မောင်းထုတ်မြဲ မောင်းထုတ်နိန်ကတ်ပါရေကား။ ကြက်မသည် ကြက်ချေတိကို မိမိ၏ အတောင်အောက်မှာ စုသိမ်းလျက် အုပ်ထိန်းထားသကဲ့သို့ ငါသည် သင်ရို့အားလုံးကို စုသိမ်းလျက် အုပ်ထိန်းထားချင်ပါ၏။ သို့သော်လည်း သင်ရို့သည် မလိုလားကတ်ပါကား။
MAT 23:38 သို့ဖြစ်၍ သင်ရို့၏ ဗိမာန်တော်သည် စွန့်ပစ်ခြင်းကို ခံရသဖြင့် လူသူကင်းမဲ့လျက်ဟိလိမ့်မည်။
MAT 23:39 ထို့ကြောင့် သင်ရို့ကို ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်ဖြင့် ကြွလာသောသူအား ဘုရားသခင် ကောင်းကြီးပီး ပါစီ’ ဟု သင်ရို့နှုတ်က မပြောသည့်တိုင်အောင် သင်ရို့သည် အဂုအချိန်မှစ၍ ငါ့ကို နောက်တဖန် မြင်ကြရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
MAT 24:1 ယေသျှုသည် ဗိမာန်တော်ထဲမှ ထွက်လာတော်မူပြီးနောက် တပည့်တော်တိက ဗိမာန်တော်အဆောက်အဦးကို ကြည့်ရန် လာ၍ခေါ်ကြ၏။
MAT 24:2 ထိုအခါ ယေသျှုက “သင်ရို့သည် ဤအဆောက်အဦးများကို မြင်ကြသလား။ သင်ရို့ကို ငါ အမှန် ဆိုသည်ကား ဤဗိမာန်တော်နီရာ၌ ကျောက်ခဲတစ်လုံးထက်မှာ တစ်လုံး မကျန်ဘဲ အားလုံးကို ဖြိုဖျက်ခြင်း ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 24:3 ယေသျှုသည် သံလွင်တောင်ထက်မှာ ထိုင်နိန်သောအခါ တပည့်တော်ရို့သည် တိတ်တဆိတ် လာတွိ့ကြပြီးလျှင် “ဤအရာအားလုံးသည် မည်သည့် အချိန်ခါတွင် ဖြစ်လာမည်ကိုလည်းကောင်း၊ ကိုယ်တော်ပြန်ကြွလာမည့် အချိန်နှင့် ကပ်ကာလကုန်ဆုံးချိန်ကို သိနိုင်ရန် ဇာပိုင် နိမိတ်လက္ခဏာတိ ဖြစ်လာမည် ကိုလည်းကောင်း အကျွန်ရို့အား မိန့်တော်မူပါ” ဟု မိန်းလျှောက်ကြ၏။
MAT 24:4 ယေသျှုက “သင်ရို့သည် လိမ်လည်လှည့်ဖျားခြင်းကို မခံရစီရန် အထူးသတိပြုနိန်ကတ်ပါ။
MAT 24:5 အကြောင်းမူကား လူများစွာရို့က ‘ငါသည် မေသျှိယဖြစ်၏’ ဟု ဆိုလျက် ငါ၏နာမဖြင့် ရောက်လာကြပြီးလျှင် လူများစွာတိကို လှည့်စားကြလိမ့်မည်။
MAT 24:6 သင်ရို့သည် စစ်ဖြစ်နိန်ကြသည့်အကြောင်းကိုလည်းကောင်း၊ စစ်ဖြစ်နိန်ကြကြောင်း ကောလာဟလသတင်းစကားတိကိုလည်းကောင်း ကြားကတ်ရလိမ့်မည်၊ သို့သော်လည်း စိုးရိမ်ထိန့်လန့်ခြင်း မဖြစ်ကြစီခြင်းငှာ သတိထားကြလော့။ ထိုသို့သောအရာများသည် ဖြစ်လာရမည်၊ သို့သော်လည်း နောက်ဆုံးအချိန်ကား မရောက်သိမ့်။
MAT 24:7 လူတစ်မျိုးက တခြားလူမျိုးတစ်မျိုးကိုလည်းကောင်း နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကိုလည်းကောင်း ရန်ပြုလာကြလိမ့်မည်။ နီရာများစွာ၌ ငတ်မွတ်ခေါင်းပါးခြင်း၊ မြီငလျှင်လှုပ်ခြင်းတိ ဖြစ်လာလိမ့်မည်။
MAT 24:8 ဤအရာအားလုံးသည် သားဖွားခြင်းဝေဒနာ၏အစဦးသာ ဖြစ်သိမ့်၏။
MAT 24:9 “ထိုအခါ လူတိက သင်ရို့ကို နှိပ်စက်ညှဉ်းဆဲခြင်းငှာလည်းကောင်း၊ အသီသတ်ခြင်းငှာလည်းကောင်း အပ်နှံကြလိမ့်မည်။ ငါ့ကြောင့် သင်ရို့ကို လူမျိုးအားလုံးက မုန်းကြလိမ့်မည်။
MAT 24:10 ထိုကာလ၌ လူအများသည် ယုံကြည်မှုလွဲမှားကာ အချင်းချင်း သစ္စာဖောက်လျက် မုန်းကြလိမ့်မည်။
MAT 24:11 မိစ္ဆာပရောဖက် များစွာ ပေါ်လာပြီး လူများစွာကို လှည့်ဖျားကြလိမ့်မည်။
MAT 24:12 ဆိုးယုတ်မှုတိ များပြားလာသောကြောင့် မေတ္တာတရား ခေါင်းပါးလာလိမ့်မည်။
MAT 24:13 သို့သော်လည်း အဆုံးထိ အခိုင်အမာရပ်တည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
MAT 24:14 နိုင်ငံတော်နှင့်ပတ်သက်သော ဤသတင်းကောင်းကို လူမျိုးအပေါင်းရို့အား သက်သီခံ၍ တစ်ကမ္ဘာလုံး၌ ဟောပြောကတ်လိမ့်မည်။ ထို့နောက် ကပ်ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
MAT 24:15 “ထို့ကြောင့် ပရောဖက်ဒံယေလ ပြောခဖူးသည့် ပျက်စီးမှုကို ဖြစ်စီသော ‘ဆိုးရွားသည့် စက်ဆုပ်ရွံစာဖွယ်ရာ’ သည် သန့်ယှင်းမြင့်မြတ်သောနီရာ၌ ရောက်နိန်ကြသည်ကို မြင်ရလိမ့်မည်။” (ဇာကို ဆိုလိုသည်ကို ကျမ်းစာဖတ်သောသူသည် သေသေချာချာ နားလည်ကြစီ။)
MAT 24:16 ထိုအခါ ယုဒပြည်မှာ ဟိသောသူတိ တောင်ထက်သို့ တက်ဗြီးကတ်လီ။
MAT 24:17 အိမ်ခေါင်မိုးထက်မှာ ဟိသောသူတိ၊ အိမ်ထဲကပစ္စည်းတိကို ယူဖို့ ဆင်းမနိန်ကတ်ကေ့။
MAT 24:18 လယ်ထဲမှာ ဟိသောသူသည် မိမိ၏ဝတ်ရုံကို ယူခြင်းငှာ ပြန်မလားစီကေ့။
MAT 24:19 ထိုနိ့ရက်ကာလ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့စို့သူငယ်ဟိသော မိခင်ရို့အတွက် အလွန် ခက်ကတ်လိမ့်မည်။
MAT 24:20 သင်ရို့၏ ထွက်ဗြီးရမည့်အချိန်သည် ဥပုသ်နိ့ သို့မဟုတ် ဆောင်းရာသီကာလမှာ မဖြစ်ဖို့ ဆုတောင်းကတ်။
MAT 24:21 ဤမျှလောက် ကြောက်စရာကောင်းသည့် ဒုက္ခကပ်ဆိုးကြီးသည်ကား ကမ္ဘာဦးအစကပင် ဂနိ့ထိတိုင်အောင် တစ်ခါမျှ မဖြစ်ဖူးခသိမ့်။ နောင်တွင်လည်း ဤကဲ့သို့ တစ်ခါမျှ ဖြစ်လိမ့်မည် မဟုတ်။
MAT 24:22 သို့သော်လည်း ဤနိ့ရက်ကာလကို တိုတောင်းစီတော်မမူလျှင် တစ်ယောက်လည်း အသက်ရှင်ကတ်လိမ့်မည် မဟုတ်၊ ရွီးကောက်ထားသူတိအတွက် ဤကာလကို တိုတောင်းစီလိမ့်မည်။
MAT 24:23 “ထိုကာလ၌ တစ်စုံတစ်ယောက်သောသူက ‘ကြည့်လော့၊ ဤအရပ်၌ မေသျှိယ ဟိ၏၊ ထိုအရပ်၌ မေသျှိယ ဟိ၏’ ဟု ပြောကြသော်လည်း ထိုစကားကို မယုံကတ်လီကေ့။
MAT 24:24 အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။
MAT 24:25 ဤအချိန်မရောက်ခင် သင်ရို့အား ငါ ပြောထားခသောစကားတိကို နားထောင်ထားကတ်။
MAT 24:26 “လူတိက ‘မေသျှိယသည် တောထဲ၌ ပွင့်တော်မူနိန်ယာ’ ဟု ပြောကြသော်လည်း မလားကတ်လီကေ့။ ‘မေသျှိယသည် ဤအရပ်၌ လျှို့ဝှက်စွာ ကိန်းဝပ်နိန်တော်မူ၏’ ဟု ပြောကြသော်လည်း မယုံကတ်လီကေ့။
MAT 24:27 အကြောင်းမူကား အရှိ့အရပ်မှ အနောက်အရပ်ထိ အာကာတစ်ပြင်လုံးကို ဖြတ်၍ လျှပ်ပြက်သကဲ့သို့ လူသားသည် ကြွလာတော်မူလိမ့်မည်။
MAT 24:28 “အသီကောင်ဟိသောအရပ်၌ လင်းတငှက်တိ စုလာကတ်လိမ့်မည်။
MAT 24:29 “ဤဒုက္ခကပ်ဆိုးကြီးကာလ ကုန်ဆုံးလားပြီးနောက် မကြာခင်မှာ နီကို မိုက်လားစီပြီးလျှင် လသည် မိမိ၏အလင်းရောင်ကို ပီးလိမ့်မည် မဟုတ်။ ကြယ်တိသည် အာကာပြင်မှ ကြွီကျကြပြီးလျှင် ကောင်းကင်တန်ခိုးများကို တုန်လှုပ်စီလိမ့်မည်။
MAT 24:30 ထို့နောက် လူသား၏နိမိတ်လက္ခဏာသည် အာကာပြင်၌ ပေါ်ထွန်းလာလိမ့်မည်။ ကောင်းကင်တိမ်တိုက်များထက်တွင် ကြီးမြတ်သောဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူသော လူသားကို မြင်ကြသောအခါ မြီကြီးထက်၌ဟိသော လူမျိုးနွယ်စုအားလုံးသည် ဝမ်းနည်းကြီကွဲကြလိမ့်မည်။
MAT 24:31 ထို့နောက် လူသားသည် ကျယ်လောင်သော တံပိုးမှုတ်သံဖြင့် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ ထိုအခါ ကောင်းကင်တမန်များသည် မိမိရွီးကောက်ထားသောသူတိကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုသိမ်းကြလိမ့်မည်။
MAT 24:32 “ဤအချိန်၌ သဖန်းပင်မှ ဤသင်ခန်းစာကို သင်ယူကြလော့။ ဤအပင်၏အကိုင်းအခက်များ နုလာ၍ အရွက်များထွက်လာသည်နှင့် နွီရာသီရောက်ခါနီးယာ ဆိုသည်ကို သင်ရို့ သိကတ်ပါ။
MAT 24:33 ထိုနည်းတူ သင်ရို့သည် ဤအရာအားလုံးကို မြင်တွိ့ကြရသောအခါ၌ လူသားသည် တန်းခါးဝတိုင်ယောင် အနီးသို့ ရောက်နိန်ယာ ဆိုသည်ကို သင်ရို့သိကတ်ပါ။
MAT 24:34 သင်ရို့ကို ငါ အမှန်ဆိုသည်ကား အဂုအသက်ရှင်လျက်ဟိသောလူတိ မသီခင် ဤအရာများအားလုံးသည် ဖြစ်လာကြလိမ့်မည်ကို မှတ်ထားကြလော့။
MAT 24:35 ကောင်းကင်နှင့် မြီကြီး ပျောက်ကွယ်လားသော်လည်း၊ ငါ့စကားသည် တစ်ခါလည်း ကွယ်ပျောက်လားလိမ့်မည် မဟုတ်ချေ။
MAT 24:36 “သို့သော်လည်း ထိုနိ့ရက်ကာလနှင့် ပတ်သက်၍ ဇာသူလည်း မသိ — ကောင်းကင်တမန်များသော်လည်းကောင်း၊ သားတော်သော်လည်းကောင်း မသိကြ၊ သို့သော်လည်း အဖ တစ်ပါးတည်းသာ သိတော်မူ၏။
MAT 24:37 လူသားကြွလာသောအခါတွင် နောဧလက်ထက်၌ ဖြစ်ခသကဲ့သို့ ဖြစ်လိမ့်မည်။
MAT 24:38 အကြောင်းမူကား ရီလွှမ်းမိုးခြင်းမဖြစ်ခင် နိ့များ၌၊ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နိ့တိုင်အောင် လူများသည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်ခြင်းကို ပြုလျက်နိန်ခကြ၏။
MAT 24:39 ထိုအခါ ရီလွှမ်းမိုးခြင်းသည် ရောက်လာ၍ သူရို့အားလုံးကို သုတ်သင်ဖယ်ရှားလားသည့်တိုင်အောင် သူရို့သည် မည်သို့ ဖြစ်ခသည်ကို မသိခကတ်။ လူသားကြွလာသည့်အခါ၌ ထိုကဲ့သို့ ဖြစ်လိမ့်မည်။
MAT 24:40 ထိုအချိန်တွင် လယ်တောထဲ၌ ဟိသောသူ နှစ်ယောက်တွင်၊ တစ်ယောက်ကို ယူလားပြီး တစ်ယောက်သည် ကျန်ခလိမ့်မည်။
MAT 24:41 ဆန်ဖွတ်နိန်သော မိန်းမနှစ်ယောက်တွင်၊ တစ်ယောက်ကို ယူလားပြီး တစ်ယောက်သည် ကျန်ခလိမ့်မည်။
MAT 24:42 “ထို့ကြောင့် သင်ရို့၏သခင်ဘုရားသည် ဇာနိ့မှာ ကြွလာမည်ကို မသိသောကြောင့် သင်ရို့သည် သတိနှင့် စောင့်ကြည့်နိန်ကြလော့။
MAT 24:43 သူခိုးလာမည့်အချိန်ကို အိမ်သျှင် သိလျှင် သူသည် သတိနှင့် စောင့်ကြည့်နိန်သောကြောင့် ထိုသူခိုးသည် မိမိအိမ်ကို ဖောက်ထွင်းခွင့် ရလိမ့်မည် မဟုတ်ချေ။
MAT 24:44 ထို့ကြောင့် သင်ရို့ မမျှော်လင့်သောအချိန်မှာ လူသားသည် ကြွလာမည်ဖြစ်၍ သင်ရို့သည်လည်း အဆင်သင့် ဖြစ်နိန်ကြရမည်။
MAT 24:45 “ထို့နောက် သခင်သည် မိမိအိမ်ထောင်စု၌ဟိသော အစီခံတိကို အချိန်တန်လျှင် သူရို့အတွက် စားနပ်ရိက္ခာများကို ပီးကမ်းရန် အအုပ်အချုပ် ခန့်ထားသည့် သစ္စာဟိ၍ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော အစီခံဟူသည်ကား ဇာသူလဲ။
MAT 24:46 ထိုအစီခံသည် သခင်ပြန်လာသောအခါ၌ ဤသို့ ပြုလျက်ဟိသည်ကို သခင်သည်တွိ့၏၊ ထိုအစီခံသည် မင်္ဂလာဟိလိမ့်မည်။
MAT 24:47 သင်ရို့ကို ငါ အမှန်ဆိုသည်ကား သခင်သည် ထိုအစီခံအား သူပိုင်ဆိုင်သောအရာအားလုံး၏ အအုပ်အချုပ်အဖြစ် ခန့်အပ်လိမ့်မည်။
MAT 24:48 သို့ရာတွင် ဆိုးယုတ်သောအစီခံသည်ကား ငါ၏သခင် ပြန်လာရန် ကြာဖို့သိမ့်ဟု စိတ်ထင်ဖြင့်၊
MAT 24:49 အရက်သမားတိနှင့် သောက်စားမူးယစ်ကာ မိမိ၏လက်အောက်ငယ်သားတိကို ထုထောင်းသတ်ပုတ်ရန် စတင်လိမ့်မည်။
MAT 24:50 မိမိ မျှော်လင့်မထားသောနိ့ရက်၊ မိမိ သတိမထားမိသောအချိန်၌ ထိုအစီခံ၏သခင်ပြန်လာသောအခါ
MAT 24:51 ထိုဆိုးယုတ်သောအစီခံကို ပြင်းထန်စွာ ပြစ်ဒဏ်ပီးပြီးနောက် သူတော်ကောင်းယောင်ဆောင်သောသူများနှင့်အတူ နီရာချလိမ့်မည်။ သူသည် ထိုနီရာ၌ အံကြိတ်၍ ငိုကျွီးနိန်ရလိမ့်မည်။
MAT 25:1 “ထိုအခါ ကောင်းကင်နိုင်ငံတော်သည် မင်္ဂလာဆောင်သတို့သားကို ကြိုဆိုရန် မိမိရို့၏ဆီမီးခွက်များကို ယူဆောင်လျက် ထွက်လာကြသည့် အပျိုရံဆယ်ယောက်နှင့် တူ၏။
MAT 25:2 ထိုသူရို့ ထဲက ငါးယောက်သည် ပညာအမြော်အမြင် မဟိကြ။ ကျန်ငါးယောက်ကား ပညာအမြော်အမြင် ဟိကြ၏။
MAT 25:3 ပညာအမြော်အမြင် မဟိသောသူများသည် မိမိရို့၏ဆီမီးခွက်များကို ယူလာကြသော်လည်း မိမိရို့နှင့်အတူ ဆီကို မယူခကြ။
MAT 25:4 သို့သော်လည်း ပညာအမြော်မြင်ဟိသောသူရို့သည် မိမိရို့နှင့်အတူ ဖန်ဘူးများဖြင့် ဆီကိုပါ ယူလာကြ၏။
MAT 25:5 မင်္ဂလာဆောင်သတို့သားသည် အလာနောက်ကျနိန်သည်ဖြစ်၍ သူရို့အားလုံးသည် ငိုက်မျဉ်းကာ အိပ်ပျော်လားကြ၏။
MAT 25:6 “ညဉ့်သန်းခေါင်ယံချိန်၌ ‘မင်္ဂလာဆောင်သတို့သား ရောက်လာယာ၊ ကြိုဆိုဖို့ ထွက်လာကတ်’ ဟု အော်ခေါ်သံကို ကြားလျှင်၊
MAT 25:7 အပျိုရံအားလုံးသည် နိုးလာကြပြီး မိမိရို့၏ဆီမီးခွက်များကို ပျင်ဆင်ကြ၏။
MAT 25:8 ထိုအခါ ဉာဏ်အမြော်အမြင် မဟိသော သူရို့က ‘ငါ့ရို့မီးခွက် မီးသီလားခယာ၊ နင်ရို့ပါးက ငါ့ရို့ကို ဆီ ဆိတ်ကေချေလောက် ပီးကတ်ပါ’ ဟု ဉာဏ်အမြော်အမြင်ဟိသောသူရို့၌ တောင်းကြ၏။
MAT 25:9 ဉာဏ်အမြော်အမြင်ဟိသော သူရို့က ‘ငါရို့အတွက်ရော နင်ရို့အတွက်ပါဆိုကေ ဆီလောက်ဖို့ မဟုတ်၊ သို့ဖြစ်၍ နင်ရို့မှာ ဆီရောင်းသူရို့ပါးသို့ လားလို့ ဝယ်ကတ်ခီ’ ဟု ပြန်ပြောကြ၏။
MAT 25:10 သို့ရာတွင် သူရို့သည် ဆီဝယ်ဖို့ လားနိန်စဉ်၊ မင်္ဂလာဆောင်သတို့သားသည် ရောက်လာ၏။ အဆင်သင့်ဖြစ်နိန်ကြသော အပျိုရံများသည် သူနှင့်အတူ မင်္ဂလာခန်းမထဲသို့ ဝင်ကြ၏၊ ပြီးနောက် တန်းခါးကို ပိတ်လိုက်ကြ၏။
MAT 25:11 “ထို့နောက် ဆီဝယ်လားကြသော သူရို့သည်လည်း ပြန်လာ၍ ‘ဆရာ၊ ဆရာ၊ အကျွန်ရို့ကို တန်းခါးဖွင့်ပီးပါ’ ဟု ပြောကြ၏။
MAT 25:12 သို့သော် မင်္ဂလာဆောင်သတို့သားက ‘သင်ရို့ကို ငါ အမှန်ဆိုသည်ကား ငါသည် သင်ရို့ကို မသိ’ ဟု ပြန်ပြောလိုက်၏။”
MAT 25:13 “ထို့ကြောင့် သင်ရို့သည် ထိုနိ့ရက်ကာလကို မသိကြသောကြောင့် သတိနှင့် စောင့်နိန်ကြလော့” ဟု မိန့်တော်မူလျက် ယေသျှုက ပုံပြင်ကို အဆုံးသတ်လိုက်၏။
MAT 25:14 “တဖန်၊ ကောင်းကင်နိုင်ငံတော်သည်ကား မိမိ၏အစီခံတိကို ခေါ်၍ မိမိဥစ္စာများကို အပ်နှံကာ ခရီးတစ်ခုသို့ ထွက်လားသော လူတစ်ယောက်နှင့် တူ၏။
MAT 25:15 ထိုသူက တစ်ယောက်ကို ရွှီဒင်္ဂါး အပြား ၅,၀၀၀၊ နောက်တစ်ယောက်ကို ၂,၀၀၀၊ နောက်တစ်ယောက်ကို ၁,၀၀၀ စသည်ဖြင့် တစ်ဦးစီတိုင်းအား မိမိရို့ စွမ်းရည်ဟိကြသည့်အတိုင်း ပီးအပ်ပြီး ခရီးထွက်လား၏။
MAT 25:16 ရွှီဒင်္ဂါး ၅,၀၀၀ ရသောသူသည် ချက်ချင်း ထွက်လား၍ မိမိ၏ဥစ္စာကို အရင်းအနှီးလုပ်သဖြင့် ၅,၀၀၀ ထက်ပိုသော ရွှီဒင်္ဂါးများကို ရ၏။
MAT 25:17 ထိုနည်းတူ လုပ်ဆောင်သဖြင့် ရွှီဒင်္ဂါး ၂,၀၀၀ ရသောသူမှာလည်း ၂,၀၀၀ ထက်ပိုသော ရွှီဒင်္ဂါးများကို ရ၏။
MAT 25:18 သို့ရာတွင် ဒင်္ဂါး ၁,၀၀၀ ရသောသူသည် ထွက်လားပြီးလျှင် မြီကြီးထဲမှာ တွင်းတူး၍ သူ့သခင်၏ဒင်္ဂါးတိကို မြှုပ်ထားလေ၏။
MAT 25:19 “ကာလအတန်ကြာပြီးနောက် သူရို့၏သခင်သည် ပြန်ရောက်လာ၍ သူရို့နှင့် စာရင်းယှင်းကြ၏။
MAT 25:20 ရွှီဒင်္ဂါးငါးထောင်ရသောသူသည် နောက်ထပ် ၅,၀၀၀ ကိုပါ ယူလာခပြီးလျှင် ‘သခင် သင်သည် အကျွန်အား ရွှီဒင်္ဂါး ၅,၀၀၀ ကို ပီးအပ်ခ၏၊ ကြည့်ပါ၊ အကျွန်သည် ၅,၀၀၀ ထက်ပို၍ အမြတ်ရထားပြီးဖြစ်၏’ ဟု ပြော၏။
MAT 25:21 သခင်က ‘ကောင်းယာ၊ သင်သည် သစ္စာဟိသော အစီခံကောင်းတစ်ယောက် ဖြစ်၏၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာဟိခ၏၊ များစွာသောအရာတိကို စီမံခန့်ခွဲသူအဖြစ် သင့်အား ငါ ခန့်အပ်မည်၊ မိမိသခင်၏ချမ်းသာသုခကို လာ၍ ခံစားလော့’ ဟု သခင်က ဆို၏။
MAT 25:22 “ရွှီဒင်္ဂါး ၂,၀၀၀ ရသောသူသည်လည်း ရောက်လာပြီးလျှင် ‘သခင်၊ သင်သည် အကျွန်အား ရွှီဒင်္ဂါး ၂,၀၀၀ ကို ပီးအပ်ခ၏၊ ကြည့်ပါ၊ အကျွန်သည် ၂,၀၀၀ ထက်ပို၍ အမြတ်ရထားပြီးဖြစ်၏’ ဟု ပြော၏။
MAT 25:23 ‘ကောင်းယာ၊ သင်သည်လည်း သစ္စာဟိသော အစီခံကောင်းတစ်ယောက် ဖြစ်၏။ သင်သည် အနည်းငယ်သောအရာ၌ သစ္စာဟိခသောကြောင့် များစွာသောအရာတိကို စီမံခန့်ခွဲသူအဖြစ် သင့်အား ငါ ခန့်ထားမည်၊ မိမိသခင်၏ချမ်းသာသုခကို လာ၍ ခံစားလော့’ ဟု သခင်က ဆို၏။
MAT 25:24 “ထို့နောက် ဒင်္ဂါး ၁,၀၀၀ ရသော သူသည်လည်း ရောက်လာပြီး ‘သခင်၊ သခင်သည် မိမိမျိုးစိ့မချသော မြီ၌ သီးနှံကို ရိတ်တတ်သော၊ မိမိမျိုးစိ့မကြဲသော မြီ၌ သီးနှံကို စုသိမ်းတတ်သော အလွန် ခက်ထန်သည့် သူတစ်ယောက် ဖြစ်သည်ကို အကျွန် သိပါ၏။
MAT 25:25 ထို့ကြောင့် အကျွန်သည် သခင့်ကိုကြောက်၍ သခင်၏ရွှီဒင်္ဂါးတိကို မြီကြီးထဲမှာ ဝှက်ထားခပါ၏။ ကြည့်ပါ၊ ဤကား သခင့်ဥစ္စာဖြစ်၏’ ဟု ဆိုလျှင်၊
MAT 25:26 “သူ၏သခင်က ‘ဆိုးယုတ်ပျင်းရိသော ကျွန်၊ ငါသည် မိမိမျိုးစိ့မချသော မြီ၌ သီးနှံကို ရိတ်တတ်သော၊ မိမိမျိုးစိ့မကြဲသော မြီ၌ သီးနှံများကို စုသိမ်းတတ်သော သူတစ်ယောက်ဖြစ်သည်ဟု သင် သိသလော။
MAT 25:27 ဟုတ်ယာ၊ ယင်းပိုင်ဆိုကေ ငါ ပြန်လာသည့်အခါ ဘဏ်တိုးသော်လည်း ရစီခြင်းငှာ သင်သည် ငါ့ဒင်္ဂါးများကို ဘဏ်၌ အပ်ထားသင့်၏။
MAT 25:28 အဂုပင်လျှင် သူ့ပါးက ဒင်္ဂါးများကို ယူ၍ ဒင်္ဂါး ၁၀,၀၀၀ ရသောသူကို ပီးလိုက်ကတ်။
MAT 25:29 အကြောင်းမူကား ရတတ်သောသူကို သာ၍ ပီးလိမ့်မည်၊ ထို့နောက် သူသည် ကြွယ်ဝပြည့်စုံခြင်း ဟိလိမ့်မည်။ မရတတ်သောသူပါးက ထိုသူ၌ ဟိသမျှကိုပင် နုတ်ယူလိမ့်မည်။
MAT 25:30 ထို့ကြောင့် အသုံးမကျသော ထိုအခိုင်းအစီကို အပြင်ဘက် မှောင်မိုက်ထဲသို့ နှင်ထုတ်ပစ်လိုက်ကတ်၊ သူသည် ထိုနီရာ၌ အံကြိတ်၍ ငိုကျွီးနိန်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
MAT 25:31 “လူသားသည် ကောင်းကင်တမန်အားလုံးနှင့်အတူ မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ကြွလာတော်မူသောအခါ၊ မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံတော်မူသော ပလ္လင်တော်ထက်၌ စိုးစံတော်မူလိမ့်မည်။
MAT 25:32 လူမျိုးအပေါင်းရို့သည် ကိုယ်တော်၏ရှိ့တော်၌ စုရုံးရကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် ဆိတ်များထဲက သိုးများကို ခွဲထုတ်သကဲ့သို့ ကိုယ်တော်သည် လူတိကို အုပ်စုနှစ်ခု ခွဲခြားတော်မူလိမ့်မည်။
MAT 25:33 ကိုယ်တော်သည် ဖြောင့်မတ်သောသူတိကို မိမိ၏လက်ယာဘက်၌လည်းကောင်း၊ တခြားသူများကို လက်ဝဲဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။
MAT 25:34 ထို့နောက် သျှင်ဘုရင်က မိမိ၏လက်ယာဘက်၌ ဟိသောသူများကို ‘ငါ့အဖ ကောင်းချီးပီးခြင်းကို ခံရသောသူအပေါင်းရို့၊ လောကကို ဖန်ဆင်းကတည်းက သင်ရို့အတွက် ပျင်ဆင်ထားသော နိုင်ငံတော်၏အမွီကို လာ၍ ယူကြလော့။
MAT 25:35 အကြောင်းမူကား ငါသည် ဝမ်းဆာသောအခါ သင်ရို့သည် ငါ့အား စားစရာကို ပီးခကြ၏။ ငါသည် ရီသောက်ငတ်သောအခါ သင်ရို့သည် ငါ့အား သောက်စရာကို ပီးခ၏။ ငါသည် အာဂန္တု ဖြစ်နိန်ခစဉ်က သင်ရို့သည် ငါ့ကို ခေါ်ဖိတ်လက်ခံကြ၏။
MAT 25:36 ငါသည် အဝတ်လိုအပ်သောအခါ၊ သင်ရို့သည် ငါ့အား အဝတ်ကို ဝတ်ပီးခကြ၏၊ ငါ ဖျားနာနိန်စဉ်က သင်ရို့သည် ငါ့အား ပြုစုစောင့်ယှောင့်ကြ၏။ ငါသည် ထောင်ကျခံနိန်ရစဉ်က သင်ရို့သည် ငါ့ကို လာတွိ့ကြ၏။’
MAT 25:37 “ထိုအခါ ဖြောင့်မတ်သောသူရို့က ‘အသျှင်ဘုရား၊ အကျွန်ရို့သည် ဇာအချိန်အခါ၌ အသျှင်ဘုရား ဝမ်းဆာနိန်သည်ကို မြင်၍ ကျွေးမွီးခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား ရီသောက်ငတ်နိန်သည်ကို မြင်၍ သောက်စရာကို ပီးဖူးခပါလဲ။
MAT 25:38 ဇာအချိန်အခါ၌ အသျှင်ဘုရား ဧည့်သည် ဖြစ်နိန်ခသည်ကို မြင်၍ အကျွန်ရို့သည် ကိုယ်တော့်ကို ဖိတ်ခေါ်ခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား အဝတ် လိုအပ်သည်ကို မြင်၍ အကျွန်ရို့သည် ကိုယ်တော့်ကို အဝတ် ဝတ်ပီးခပါလဲ။
MAT 25:39 ဇာအချိန်အခါ၌ အသျှင်ဘုရား ဖျားနာနိန်ခသည်ကိုလည်းကောင်း၊ ထောင်ကျနိန်ခသည်ကိုလည်းကောင်း ကျွန်ရို့သည် မြင်၍ လာတွိ့ဖူးပါလဲ’ ဟု လျှောက်ကြသောအခါ
MAT 25:40 သျှင်ဘုရင်က ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ ဤသို့သော ငါ၏ညီအစ်ကို မောင်နှမတိထဲက အငယ်ဆုံးသောသူတစ်ယောက်ကို ပြုစုခြင်းသည် ငါ့အား ပြုစုခြင်းဖြစ်၏’ ဟု မိန့်တော်မူလိမ့်မည်။
MAT 25:41 “ထို့နောက် မိမိ၏လက်ဝဲဘက်မှာ ဟိသောသူတိကိုကား၊ ‘ကျိန်ခြင်းကို ခံရသောသူရို့ ငါ့အနားက ထွက်လားကတ်။ သင်ရို့သည် မာရ်နတ်နှင့် သူ၏စီတမန်များအတွက် ပျင်ဆင်ထားသော ထာဝရမီးအိုင်ထဲသို့ ဆင်းကြလော့။
MAT 25:42 အကြောင်းမူကား ငါသည် ဝမ်းဆာနိန်စဉ်က သင်ရို့သည် ငါ စားဖို့ တစ်ခုလည်း မပီးခကတ်၊ ငါသည် ရီသောက်ငတ်နိန်စဉ်က ငါ့အား သောက်စရာကို မပီးခကက်၊
MAT 25:43 ငါသည် အာဂန္တု ဖြစ်နိန်ခစဉ်က သင်ရို့သည် ငါ့ကို မဖိတ်ခေါ်ခကတ်၊ ငါသည် အဝတ် လိုအပ်နိန်န်စဉ်က သင်ရို့သည် ငါ့ကို အဝတ် ဝတ်မပီးခကတ်၊ ငါသည် ဖျားနာနိန်စဉ်ကသော်လည်းကောင်း ထောင်ကျခံနိန်စဉ်ကသော်လည်းကောင်း သင်ရို့သည် ငါ့အား မပြုစုခကတ်ပါကား။’
MAT 25:44 “သူရို့ကလည်း ‘အသျှင်ဘုရား အကျွန်ရို့သည် ဇာအချိန်အခါ၌ ကိုယ်တော် ဝမ်းဆာနိန်ခသည်ကိုလည်းကောင်း၊ ရီသောက်ငတ်နိန်ခသည်ကိုလည်းကောင်း၊ အာဂန္တုဖြစ်နိန်ခသည်ကိုလည်းကောင်း၊ အဝတ်လိုအပ်နိန်ခသည်ကိုလည်းကောင်း၊ ဖျားနာနိန်ခသည်ကိုလည်းကောင်း၊ ထောင်ချခံထားရသည်ကိုလည်းကောင်း အကျွန်ရို့သည် မြင်၍ မပြုစုခပါလဲ’ ဟု ပြန်၍ လျှောက်ကြ၏။
MAT 25:45 ထိုအခါ မင်းကြီးက ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား ဤသို့သော ငါ၏ညီအစ်ကို မောင်နှမများထဲက အငယ်ဆုံးသောသူတစ်ယောက်ကို မပြုစုခခြင်းသည် ငါ့ကို မပြုစုခခြင်းဖြစ်၏’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
MAT 25:46 ထို့ကြောင့် ဤသူရို့သည် ထာဝရပြစ်ဒဏ်စီရင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ သို့သော်လည်း ဖြောင့်မတ်သောသူရို့သည် ထာဝရအသက်ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 26:1 ယေသျှုသည် အလုံးစုံသော ဤတရားတော်များကို ဟောပြောပြီးသောအခါ၊ ကိုယ်တော်က မိမိ၏တပည့်တော်ရို့အား
MAT 26:2 “သင်ရို့သိကြသည့်အတိုင်း နောက်နှစ်ရက်ကြာလျှင် ပသခါပွဲတော် ကျင်းပကြမည်။ လူသားကို လက်ဝါးကပ်တိုင်မှာတင်၍ သတ်ခြင်းငှာ အပ်နှံကြလိမ့်မည်၏” ဟု မိန့်တော်မူခ၏။
MAT 26:3 ထို့နောက်တွင် ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် လူရို့၌ အကြီးအကဲရို့သည် ယဇ်ပုရောဟိတ်မင်းကြီး ကယာဖ၏ အိမ်ဝင်းထဲ၌ စုရုံးကာ
MAT 26:4 ယေသျှုကို လျှို့ဝှက်စွာ ဖမ်းဆီး၍ သတ်ပစ်ရန် စီစဉ်ကြ၏။
MAT 26:5 သို့သော်လည်း “ပသခါပွဲတော်ရက်အတွင်းမှာ မလုပ်ကတ်ကေ့။ ထိုသို့ပြုလျှင် လူတိက ရုံးရင်းဆန်ခတ်ဖြစ်ကတ်လိမ့်မည်” ဟူ၍ တိုင်ပင်ကြ၏။
MAT 26:6 ယေသျှုသည် ဗေသနိရွာ၌ နူနာရောဂါဖြစ်ခဖူးသော သျှိမုန်၏ အိမ်၌ ဟိတော်မူစဉ်၊
MAT 26:7 ကိုယ်တော်သည် အစားအစာကို သုံးဆောင်နိန်သောအခါ၊ မိန်းမတစ်ယောက်သည် အလွန်တန်ဖိုးကြီးသည့် ဆီမွှီးကို ဖြည့်ထားသော ကျောက်ဖြူအိုးတစ်လုံးကို ကိုယ်တော်ပါးသို့ ယူလာကာ ကိုယ်တော်၏ဦးဂေါင်းကို ထိုဆီမွှီးနှင့် လောင်း၏။
MAT 26:8 ထိုသို့ ပြုသည်ကို တပည့်တော်ရို့ မြင်ကြသောအခါ၊ မခံမရပ်နိုင်ဖြစ်လျက် “ဇာဖြစ်လို့ အေပိုင် ဖြုန်းတီးနိန်လဲ၊
MAT 26:9 ဤဆီမွှီးကို အဖိုးများစွာနှင့် ရောင်း၍ ဒင်္ဂါးများကို ဆင်းရဲသားတိအား ပီးသင့်၏” ဟု ပြောကြ၏။
MAT 26:10 သူ၏တပည့်တိ ပြောနိန်ကြသည်ကို သိတော်မူသောအခါ ယေသျှုက “သင်ရို့သည် ဤမိန်းမကို ဇာကြောင့် စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နိန်ကတ်လဲ။ သူသည် ငါ့အား ကောင်းသောအမှုကို ပြုခြင်း ဖြစ်၏။
MAT 26:11 ဆင်းရဲသားတိကား သင်ရို့နှင့် အမြဲတမ်း ဟိကြမည်။ ငါသည်ကား သင်ရို့နှင့် အမြဲဟိလိမ့်မည် မဟုတ်။
MAT 26:12 ဤမိန်းမသည် ဤဆီမွှီးကို ငါ၏ခန္ဓာမှာ သွန်းလောင်းခြင်းသည် ငါ့ကို သင်္ဂြိုဟ်ခြင်းငှာ ပျင်ဆင်ခြင်းဖြစ်၏။
MAT 26:13 သင်ရို့ကို ငါ အမှန် ဆိုသည်ကား ကမ္ဘာမြီကြီးအနှံ ဤသတင်းကောင်းကို ဟောကြားသော နီရာတိုင်း၌ ဤမိန်းမကို အောက်မိ့သတိရခြင်းဖြင့် သူပြုခသောအရာများကိုလည်း ပြောကြားရလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 26:14 ထိုအခါ တပည့်တော် ဆယ့်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်သော ယုဒသျှာကာရုတ်သည် ယဇ်ပုရောဟိတ်ကြီးအကဲတိပါးသို့ လားပြီးလျှင်၊
MAT 26:15 “ယေသျှုကို သင်ရို့လက်ထဲသို့ အပ်မည်ဆိုလျှင် သင်ရို့သည် အကျွန့်ကို ဇာလောက် ပီးပါဖို့လဲ” ဟု မိန်း၏။ ယဇ်ပုရောဟိတ်အကြီးအကဲတိက ငွီဒင်္ဂါး အပြားသုံးဆယ် သတ်မှတ်ပီးကြ၏။
MAT 26:16 ထိုအချိန်မှစ၍ ယုဒသည် ယေသျှုကို အပ်နှံရန် အခွင့်ကောင်းကို စောင့်ကြည့်နိန်၏။
MAT 26:17 တဆီးမပါသောမုန့်ဖြင့် ပွဲတော်တည်ရသော ပွဲတော်၏ပထမနိ့တွင် တပည့်တော်တိသည် အသျှင်ယေသျှုထံပါးသို့ ရောက်လာကြပြီး “ကိုယ်တော်သည် ပသခါပွဲ သုံးဆောင်ခြင်းငှာ အကျွန်ရို့ကို ဇာအရပ်၌ ပျင်ဆင်လိုပါလဲ” ဟု မိန်းလျှောက်ကြ၏။
MAT 26:18 ကိုယ်တော်က “မြို့ထဲသို့ဝင်၍ စိတ်ချရသောသူတစ်ယောက်ပါးကို လားပြီး ‘ဆရာက မိန့်မှာလိုက်သည်မှာ၊ ငါ၏သတ်မှတ်ထားသောအချိန် ရောက်ခါနီးယာ၊ ငါသည် သင်၏အိမ်၌ ငါ၏တပည့်တိနှင့် ပသခါပွဲတော်ကို ကျင်းပမည်’ ဟူ၍ပြော” ဟု ပြန်၍ မိန့်တော်မူ၏။
MAT 26:19 ထို့ကြောင့် ယေသျှု ညွှန်ကြားလိုက်သည့်အတိုင်း တပည့်တော်ရို့သည် ပသခါပွဲကို ပျင်ဆင်ကြ၏။
MAT 26:20 ညစာဘက်ရောက်သည့်အခါ ယေသျှုသည် တပည့်တော် ဆယ့်နှစ်ယောက်နှင့်အတူ စားပွဲနား၌ ထိုင်တော်မူ၏။
MAT 26:21 သူရို့သည် စားနိန်ကြစဉ်တွင် ကိုယ်တော်က “သင်ရို့ကို ငါ အမှန်ဆိုသည်ကား၊ သင်ရို့ထဲက တစ်ယောက်သည် ငါ့အား သစ္စာဖောက်လိမ့်မယ်” ဟု ပြော၏။
MAT 26:22 တပည့်တော်တိသည် အလွန် စိတ်မချမ်းမသာဖြစ်ကြပြီး “အသျှင်ဘုရား၊ ကိုယ်တော်သည် အကျွန့်ကို ဆိုလိုခြင်း မဟုတ်သည်မှာ သေချာပါ၏လော” ဟု တစ်ယောက်ပြီး တစ်ယောက် ကိုယ်တော့်ကို မိန်းလျှောက်ကြ၏။
MAT 26:23 ယေသျှုက “ဤခွက်၌ ငါနှင့်အတူ လက်ဆုံကျသောသူသည် ငါ့ကို သစ္စာဖောက်မည့်သူ ဖြစ်၏။
MAT 26:24 လူသားသည် ကျမ်းစာ ပြောသည့်အတိုင်း လားရလိမ့်မည်။ သို့သော်လည်း လူသားကို သစ္စာဖောက်သောသူသည်ကား အမင်္ဂလာဟိ၏။ ထိုသူကို မမွီးဖွားလျှင် သာ၍ ကောင်းလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
MAT 26:25 ထိုအချိန်တွင် ကိုယ်တော့်ကို သစ္စာဖောက်မည့်သူတစ်ယောက်ဖြစ်သော ယုဒက “အသျှင်ဘုရား၊ ကိုယ်တော်သည် အကျွန့်ကို ဆိုလိုခြင်း မဟုတ်သည်မှာ သေချာပါ၏လော” ဟု မိန်းလျှောက်၏။ ယေသျှုက “သင်ပြောသည့်အတိုင်း ဖြစ်၏” ဟု မိန့်တော်မူ၏။
MAT 26:26 သူရို့သည် စားနိန်ကြစဉ်တွင်၊ ယေသျှုသည် မုန့်ကို ယူ၍ ကျေးဇူးတော် ချီးမွမ်းပြီးမှ ထိုမုန့်ကို ဖဲ့ပြီးလျှင် “ဤမုန့်ကား ငါ၏ခန္ဓာကိုယ် ဖြစ်၏၊ ယူ၍ စားကြလော့” ဟု ပြောလျက် မိမိ၏တပည့်တော်တိကို ပီး၏။
MAT 26:27 ထို့နောက် ကိုယ်တော်သည် ခွက်ကို ယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ “သင်ရို့ အားလုံးသည် ဤခွက်ကို သောက်ကြလော့” ဟု မိန့်တော်မူ၏။
MAT 26:28 “ဤသည်ကား အပြစ်များမှ လွတ်ခြင်းငှာ လူအများကို သွန်းလောင်းသည့် ပဋိညာဉ်တရားနှင့်ဆိုင်သောငါ၏သွီး ဖြစ်၏။
MAT 26:29 သင်ရို့ကို ငါဆိုသည်ကား ငါသည် ငါ့အဖ၏နိုင်ငံတော်၌ သင်ရို့နှင့်အတူ အသစ်သောစပျစ်ရည်ကို သောက်ရသောနိ့တိုင်အောင် အဂုမှစ၍ ဤစပျစ်ရည်ကို နောက်တစ်ခါ မသောက်ရယာ” ဟု မိန့်တော်မူ၏။
MAT 26:30 ထို့နောက် သူရို့သည် ဓမ္မတေးခြင်းတစ်ပုဒ် ဆိုပြီးမှ သံလွင်တောင်သို့ တက်လားကြ၏။
MAT 26:31 ယေသျှုက တပည့်တော်ရို့ကို မိန့်တော်မူသည်မှာ၊ “ ‘ငါသည် သိုးထိန်းကို သတ်၍ သိုးများကို သိုးအုပ်ထဲမှ ကွဲလားစီလိမ့်မည်’ ဟု ကျမ်းစာပြောထားသည့်အတိုင်း၊ ဤနိ့ည၌ပင် သင်ရို့အားလုံးသည် ငါ့ကို ထားခပြီးလျှင် ထွက်ဗြီးလားကြလိမ့်မည်။
MAT 26:32 သို့သော်လည်း ငါသည် သီခြင်းက ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်ရို့ရှိ့က ရောက်နိန်လိမ့်မည်” ဟူ၍ ဖြစ်၏။
MAT 26:33 ပေတရုက “အားလုံးသောသူရို့သည် ကိုယ်တော့်ကို ထား၍ ထွက်ဗြီးလားကြသော်လည်း အကျွန်သည် လုံးဝ ထွက်မဗြီးပါ” ဟု ပြန်၍ လျှောက်၏။
MAT 26:34 ယေသျှုက “သင့်ကို ငါ အမှန် ဆိုသည်ကား၊ ဤနိ့ည ကြက်မတွန်ခင် သင်သည် ငါ့ကို သုံးကြိမ် ငြင်းလိမ့်မည်” ဟု မိန့်တော်မူ၏။
MAT 26:35 သို့ရာတွင် ပေတရုက “အကျွန်သည် ကိုယ်တော်နှင့်အတူ သီရမည်ဟု ဆိုလျှင်တောင်မှ ကိုယ်တော့်ကို လုံးဝ ငြင်းမည် မဟုတ်ပါ” ဟု ဆို၏။ ထို့နောက် အခြားသော တပည့်တော်တိကလည်း ထိုနည်းတူ ပြောကြ၏။
MAT 26:36 ထိုအခါ ယေသျှုသည် တပည့်တော်တိနှင့်အတူ ဂေသယျှေမန် ဟု ခေါ်သော ဥယျာဉ်သို့ ရောက်တော်မူ၏။ ကိုယ်တော်က “ငါသည် ထိုနီရာသို့ လား၍ ဆုတောင်းနိန်စဉ်၊ သင်ရို့ ဤနီရာ၌ ထိုင်နိန်ကတ်” ဟု မိန့်တော်မူပြီး၊
MAT 26:37 ပေတရုနှင့် ဇေဗေဒဲသားနှစ်ယောက်ကို သူနှင့်အတူ ခေါ်လား၏။ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့် စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။
MAT 26:38 ထိုအခါ ကိုယ်တော်က “ငါ၏စိတ်နှလုံးထဲ၌ သီဖို့လောက် ဝမ်းနည်းလျက် ဟိ၏၊ ဤနီရာက နီ၍ ငါ့ကို စောင့်နိန်ကတ်” ဟု သူရို့ကို မိန့်တော်မူ၍၊
MAT 26:39 ရှိ့သို့ အနည်းငယ်ကြွတော်မူပြီး၊ ပြပ်ဝပ်လျက်၊ “အကျွန်၏အဖ၊ ဖြစ်နိုင်မည်ဆိုလျှင် ဤခွက်ကို အကျွန့်ပါးက ဖယ်ယှားပီးတော်မူပါ။ သို့သော်လည်း အကျွန်၏အလိုအတိုင်း မဖြစ်စီဘဲ၊ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
MAT 26:40 ပြီးလျှင် ကိုယ်တော်သည် မိမိ၏တပည့်တော်တိအပါးသို့ ပြန်လာသောအခါ သူရို့ကို အိပ်ပျော်လျက် တွိ့၏။ ထိုအခါ ကိုယ်တော်က ပေတရုအား “သင်ရို့သည် တစ်နာရီလောက်တောင်မှ ငါ့ကို မစောင့်နိုင်ကတ်ပါကား” ဟု မိန့်တော်မူ၏။
MAT 26:41 ကိုယ်တော်က “စုံစမ်းခြင်းထဲသို့ မကျရောက်စီခြင်းငှာ ဆုတောင်း၍ စောင့်နိန်ကတ်။ စိတ်အလိုသို့ ကိုယ်မလိုက်နိုင်” ဟု မိန့်တော်မူ၏။
MAT 26:42 ကိုယ်တော်သည် ဒုတိယအကြိမ် ထွက်ကြွတော်မူပြီးလျှင် “အကျွန်၏အဖ၊ အကျွန်မသောက်ဘဲ ဤခွက်ကို ဖယ်ယှားပီးခြင်းငှာ မဖြစ်နိုင်လျှင်၊ ကိုယ်တော်၏အလိုတော် ပြည့်စုံတော်မူပါစီသောဝ်” ဟု ဆုတောင်းတော်မူ၏။
MAT 26:43 ကိုယ်တော်သည် ပြန်လာသောအခါ တပည့်တော်ရို့ သည် မိမိရို့၏မျက်စိလေးလံသဖြင့် သူရို့သည် အိပ်ပျော်နိန်ကြသည်ကို တဖန် တွိ့ရပြန်၏။
MAT 26:44 ထို့ကြောင့် ကိုယ်တော်သည် သူရို့ကို ထားခပြီး နောက်တဖန်လား၍ မိမိတောင်းခသည့်အတိုင်း တတိယအကြိမ် ဆုတောင်းပြန်၏။
MAT 26:45 ထို့နောက် ကိုယ်တော်သည် တပည့်တော်ရို့ပါးသို့ ပြန်လာ၍ “သင်ရို့သည် အိပ်စက်နားခိုနိန်ကတ်တုန်းလား။ ကြည့်လော့၊ လူသားကို အပြစ်သားတိလက်သို့ အပ်နှံရန် အချိန်ရောက်လာယာ။
MAT 26:46 ကြည့်လော့၊ ငါ့ကို သစ္စာဖောက်သောသူသည် ဤနီရာသို့ ရောက်လာယာ။ ထကတ်၊ လားကတ်မေ” ဟု မိန့်တော်မူ၏။
MAT 26:47 ကိုယ်တော် စကားပြောနိန်စဉ်မှာပင်၊ တပည့်တော် တစ်ဆယ့်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်သည့် ယုဒသျှကာရုဒ်သည် ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် လူ့အဖွဲ့အစည်းခေါင်းဆောင်တိက ရွှတ်လိုက်သော တုတ်၊ ဓါး ကိုင်ဆောင်ထားသည့် လူအုပ်ကြီးနှင့်အတူ ရောက်လာကြ၏။
MAT 26:48 ဤအချိန်၌ သစ္စာဖောက်သောသူက “ငါ နမ်းသောသူသည် ထိုသူ ဖြစ်၏။ သူကို ဖမ်းကြလော့” ဟု သူရို့နှင့် စီစဉ်ထားသည့် အမှတ်အသား အတိုင်း၊
MAT 26:49 ချက်ချင်း ယေသျှုပါးသို့ ရောက်လာ၍ ယုဒက “အသျှင်ဘုရား၊ သာလီစွပါ” ဟု နှုတ်ဆက်ပြီး ကိုယ်တော့်ကို နမ်း၏။
MAT 26:50 ယေသျှုက “မိတ်ဆွီ၊ သင်လာရင်းကိစ္စကိုသာ လုပ်ပါ” ဟု မိန့်တော်မူ၏။ ထိုအခါ ထိုလူများသည် ရှိ့သို့တိုးလာပြီး၊ ကိုယ်တော့်ကို ချုပ်ကိုင်ကာ ဖမ်းဆီးကြလေ၏။
MAT 26:51 ထိုစဉ် ယေသျှု၏အပေါင်းအဖော်များထဲမှ တစ်ယောက်က မိမိဓါးကို ဆွဲထုတ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲ၏ကျွန်တစ်ယောက်ကို ခွတ်လိုက်သဖြင့် သူ၏နားရွက်သည် ပြတ်ထွက်လား၏။
MAT 26:52 “သင်၏ဓါးကို ဓါးနီရာမှာ ထားလိုက်။ ဓါးကို အသုံးပြုသောသူသည် ဓါးနှင့် သီရလိမ့်မည်” ဟု ယေသျှုက တားမြစ်တော်မူ၏။
MAT 26:53 ငါ၏အဖသည် ငါ့ကို ကူညီခြင်းငှာ တပ်ကြီး ဆယ့်နှစ်တပ်ထက် များပြားသော ကောင်းကင်တမန်တပ်ကြီးကို ချက်ချင်း ရွှတ်လိုက်မည်အကြောင်း ငါ မတောင်းနိုင်ဟု သင်ရို့ ထင်ကတ်လား။
MAT 26:54 ထိုသို့ဆိုလျှင် ဤသို့ဖြစ်ရမည်ဟု မိန့်တော်မူထားသော သမ္မာကျမ်းစာသည် ဇာပိုင် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်နည်း။
MAT 26:55 ထိုအချိန်တွင် ယေသျှုသည် လူအုပ်ကြီးကို မိန့်တော်မူသည်မှာ “သင်ရို့သည် ငါ့အား ဓါးပြ တစ်ယောက်ကို ဖမ်းသကဲ့သို့ တုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်လျက် ဖမ်းဆီးရန် ရောက်လာကြသလော။ ငါသည် နိ့တိုင်း ဗိမာန်တော်၌ ထိုင်လျက် သွန်သင်ဆုံးမနိန်သောအခါ သင်ရို့ ငါ့ကို လာ၍ မဖမ်းကတ်ပါကား။
MAT 26:56 ဤသို့ ဖြစ်ရခြင်းမှာ ပရောဖက်တိ ရီးထားခသည့်ကျမ်းစာ ပြည့်စုံလာခြင်းဖြစ်၏။” ထိုအခါ တပည့်တော်တိသည် ကိုယ်တော့်ကို စွန့်ခွါ၍ ထွက်ဗြီးလားကြ၏။
MAT 26:57 ထိုသူရို့သည် ယေသျှုကို ဖမ်းဆီး၍ ဘာသာရေးခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ စုရုံးလျက်ဟိသော ယဇ်ပုရောဟိတ်မင်း ကယာဖ၏အိမ်သို့ ခေါ်ဆောင်လာကြ၏။
MAT 26:58 ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်ဝင်းခြံပေါက်ဝထိ၊ မျက်စိတစ်မြင်အကွာကနီ၍ လိုက်လာပြီးလျှင် အမှု၏အဆုံးကိုသိလိုသဖြင့် အိမ်တော်ဝင်းအတွင်းသို့ဝင်၍ ကိုယ်ရံတော်တပ်သားတိနှင့်အတူ ထိုင်နိန်၏
MAT 26:59 ယဇ်ပုရောဟိတ်မင်းများနှင့် ယုဒတရားလွှတ်တော် အဖွဲ့ဝင်အားလုံးက ယေသျှုကို သီဒဏ်ပီးနိုင်အောင် မမှန်သောသက်သီများကို ကြိုးစား၍ ရှာကြံထားကြ၏။
MAT 26:60 ထိုသို့ မမှန်သောသက်သီများဖြင့် ကြိုးစား၍ အပြစ်ရှာကြသော်လည်း အပြစ်တစ်စုံတစ်ခုချေမျှ မတွိ့ကြချေ။ နောက်ဆုံး၌ လူနှစ်ယောက် ထွက်လာပြီးလျှင်
MAT 26:61 “ဤသူကား ‘ငါသည် ဘုရားသခင်ဗိမာန်တော်ကို ဖြိုချ၍ သုံးရက်အတွင်းမှာ ပြန်ဆောက်နိုင်သည်’ ဟု ပြောသောသူဖြစ်၏” ဟု ဆို၏။
MAT 26:62 ထိုအခါ ယဇ်ပုရောဟိတ်မင်းတစ်ယောက်က ထ၍ “ဤသူရို့က သင့်ကို ဤသို့သော သက်သီထွက်ဆိုချက်သည်ကား ဇာပိုင်ဟိလဲ၊ သင့်မှာ ချေပဖို့ အဖြေ မဟိယာ မလား” ဟု ယေသျှုကို မိန်း၏။
MAT 26:63 သို့ရာတွင် ယေသျှုသည်ကား စကားတစ်ခွန်းမျှ ပြန်မပြောဘဲနိန်၏။ ယဇ်ပုရောဟိတ်မင်းက “ငါသည် အသက်ရှင်တော်မူသောဘုရားသခင်၌ ကျမ်းကျိန်လျက် သင့်ကို မိန်း၏၊ သင်သည် ဘုရားသခင်၏သားတော် မေသျှိယ ဟုတ်လား၊ မဟုတ်လားဆိုသည်ကို ငါရို့ကို ပြောပါ” ဟု ကိုယ်တော့်ကို မိန်း၏။
MAT 26:64 ယေသျှုက “သင်ပြောသည့်အတိုင်းပင် ဖြစ်၏။ သို့သော် သင်ရို့အားလုံးကို ငါ ဆိုသည်ကား၊ လူသားသည် အနန္တတန်ခိုးသျှင်၏ လက်ယာဖက်၌ ထိုင်လျက် ကောင်းကင်မိုးတိမ်ထက်က ကြွလာတော်မူသည်ကို သင်ရို့သည် အဂုမှစ၍ မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
MAT 26:65 ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အင်္ကျီကို ဆုတ်ဖြဲကာ “သူသည် ဘုရားသခင်ကို ပြစ်မှားပြောဆို၏။ ငါရို့မှာ နောက်ထပ်သက်သီ ဇာပိုင် လိုဖို့သိမ့်လဲ။ ကြည့်ကတ်၊ ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်းကို သင်ရို့ အဂုပင် ကြားကြ၏။
MAT 26:66 သင်ရို့ ဇာပိုင် ထင်ကတ်လဲ” ဟု ဆိုသော်၊ “သူသည် သီထိုက် ပါရေ” ဟု သူရို့က ပြောကြ၏။
MAT 26:67 ထိုအခါ သူရို့သည် ကိုယ်တော်၏မျက်နှာကို တန်းထွီးနှင့် ထွီးကာ ခန္ဓာကို လက်သီးနှင့် ထိုးကြ၏။ တချို့က ပါးကို သတ်ကြ၏။
MAT 26:68 ထို့နောက် “မေသျှိယ၊ သင့်ကို ဇာသူ လက်သီးနှင့်ထိုးလဲ၊ ငါရို့ကို ပရောဖက်ဉာဏ်နှင့် ဟော” ဟု ဆိုကြ၏။
MAT 26:69 ပေတရုသည် ယဇ်ပုရောဟိတ် အိမ်တော်ဝင်းပြင်ဖက်၌ ထိုင်နိန်သောအခါ ယဇ်ပုရောဟိတ်အကြီးအကဲ၏အစီခံမိန်းမချေတစ်ယောက်သည် သူ့နံပါးသို့ ရောက်လာပြီး၊ “သင်သည်လည်း ဂါလိလဲပြည်သား ယေသျှုနှင့်အတူ ဟိခသောသူတစ်ယောက် ဖြစ်တေ” ဟုဆို၏။
MAT 26:70 သို့ရာတွင် ပေတရုက “သင်ပြောစွာကို ငါ မသိပါကား” ဟု သူရို့အားလုံး ရှိ့မှာ ငြင်းလိုက်၏။
MAT 26:71 ထို့နောက် သူသည် အိမ်ဝင်းတန်းခါးပေါက်ဖက်သို့ ထွက်လာရာ၊ တခြားအစီခံမိန်းမချေ တစ်ယောက်သည် သူ့ကိုတွိ့၍ “ဤသူသည် နာဇရက်မြို့သား ယေသျှုနှင့် အတူဟိခသော သူတစ်ယောက် ဖြစ်၏” ဟု ထိုနီရာ၌ ဟိသောလူတိကို ပြော၏။
MAT 26:72 ပေတရုက “ထိုသူကို အကျွန်မသိပါ” ဟု ကျိန်ဆိုလျက် တဖန် ငြင်းလိုက်၏။
MAT 26:73 တအောင့်ချေလောက် ကြာသောအခါ၊ ထိုနီရာမှာ ရပ်နိန်သောသူရို့သည် ပေတရု နံပါးသို့ လာ၍ “သင်ပြောဆိုသည့် စကားလီသံကိုထောက်၍ သင်သည် သူရို့ထဲက တစ်ယောက်ဖြစ်သည်မှာ သေချာ၏” ဟု သူရို့က ပြောကြ၏။
MAT 26:74 ထိုအခါ ပေတရုက “ထိုသူကို အကျွန် မသိပါ၊ အကျွန်သည် အမှန်ကို ပြော၍ ကျိန်ဆိုပါ၏၊ အကျွန်ပြောသည့်စကား မမှန်လျှင် အကျွန်သည် ဘုရားသခင်ပီးသောအပြစ်ကို ခံရပါစီ” ဟု ပြောလိုက်၏။ ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း ကြက် တွန်၏။
MAT 26:75 ထိုအခါ၌ ပေတရုသည် “သင်သည် ကြက်မတွန်ခင် ငါ့ကို သုံးကြိမ် ငြင်းလိမ့်မည်” ဟု မိမိအား ယေသျှု ပြောခသောစကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ အလွန်ဝမ်းနည်းစွာ ငိုကြွီးလေ၏။
MAT 27:1 မိုးထစောစော၌ အားလုံးသော ယဇ်ပုရောဟိတ်မင်းတိနှင့် လူရို့တွင် အကြီးအကဲဖြစ်သောသူရို့သည် စုရုံးကြပြီးလျှင် ယေသျှုကို ဇာပိုင် အသီသတ်ရန် အစီအစဉ်များကို ချမှတ်ကြ၏။
MAT 27:2 သူရို့သည် ကိုယ်တော့်ကို ကြိုးနှင့် ချိုင်၍ ခေါ်ဆောင်ကာ ရောမဘုရင်ခံ ပိလတ်မင်းလက်သို့ အပ်လိုက်ကြ၏။
MAT 27:3 ယေသျှုကို သစ္စာဖောက်သော ယုဒသျှကာရုဒ်သည် ယေသျှုအား ပြစ်ဒဏ်စီရင်ကြသည်ကို မြင်သောအခါ၊ အလွန်နောင်တရစိတ် ပေါ်ပေါက်လာပြီး ငွီဒင်္ဂါး သုံးဆယ်ကို ယဇ်ပုရောဟိတ်မင်းတိနှင့် လူအကြီးအကဲရို့လက်သို့ ပြန်ပီး၏။
MAT 27:4 သူက “ငါ ပြစ်မှားမိယာ၊ အပြစ်မဟိသောသူ၏ အသွီးကို အပ်မိယာ” ဟု ပြော၏။ ထိုသူရို့က “ယင်းစွာ ငါရို့နှင့် ဇာဆိုင်လဲ၊ သင့်တာဝန်ရာ ဖြစ်တေ” ဟု သူရို့က ပြန်ပြောကြ၏။
MAT 27:5 ထိုအခါ ယုဒသည် ယင်းငွီကို ဗိမာန်တော်၌ ပစ်ချထားခ၏။ ထို့နောက် သူသည် ထွက်လားပြီးလျှင် မိမိကိုယ်ကို ကြိုးဆွဲချ၍ သီလေ၏။
MAT 27:6 ယဇ်ပုရောဟိတ်အကြီးအကဲတိသည် ယင်းငွီဒင်္ဂါးတိကို ကောက်ယူပြီးလျှင် “ဤကား သွီးစွန်းသောငွီဖြစ်သောကြောင့် ဗိမာန်တော်၏ဘဏ္ဍာငွီထဲသို့ ထည့်လိုက်လျှင် ငါရို့၏ ပညတ်တရားနှင့် ဆန့်ကျင်၏” ဆိုကြ၏။
MAT 27:7 ထို့ကြောင့် သူရို့သည် တစ်ပါးအမျိုးသားရို့အတွက် သင်္ချိုင်းမြီလုပ်ရန် အိုးလုပ်သမား၏ မြီကွက်ကို ထိုငွီနှင့် ဝယ်ရန် ဆုံးဖြတ်ကြ၏။
MAT 27:8 ထို့ကြောင့် ၎င်းမြီကွက်ကို ဂနိ့တိုင်အောင် “သွီးမြီ” ဟုခေါ် ကြ၏။
MAT 27:9 ထို့ကြောင့် ပရောဖက်ယေရမိ ဟောခသော အနာဂတ္တိစကားသည် ပြည့်စုံခြင်းသို့ ရောက်လာ၏။ သူ၏ အနာဂတ္တိစကားမှာ၊ “သူရို့သည် ဣသရေလအမျိုးသားများက သူ့အား တန်ဖိုးဖြတ်ထားသော ငွီဒင်္ဂါးသုံးဆယ်ကို ယူ၍
MAT 27:10 ထာဝရဘုရားက ငါ့အား မှာထားတော်မူသည့်အတိုင်း ထိုငွီဖြင့် အိုးထိန်းသည်၏မြီကွက်ကို ဝယ်ကြ၏” ဟူ၍ ဖြစ်သတည်း။
MAT 27:11 ထိုအချိန်၌ ယေသျှုသည် ရောမဘုရင်ခံ ရှိ့၌ ရပ်နိန်၏။ ရောမဘုရင်ခံက ကိုယ်တော့်ကို “သင်သည် ယုဒလူမျိုးတိ သျှင်ဘုရင်လား” ဟု မိန်း၏။ ယေသျှုက “မင်းကြီးပြောသည့်အတိုင်း ဖြစ်၏” ဟု ပြန်ပြော၏။
MAT 27:12 ယဇ်ပုရောဟိတ်မင်းတိနှင့် လူအကြီးအကဲရို့၏ စွပ်စွဲမိန်းမြန်းချက်များကိုမူကား ကိုယ်တော်သည် လုံးဝ ပြန်ပြောတော်မမူ။
MAT 27:13 ထို့ကြောင့် ပိလတ်မင်းက “သူရို့က သင့်ကို စွပ်စွဲနိန်ကြသည်ကို မကြားလား” ဟု ကိုယ်တော့်ကို မိန်း၏။
MAT 27:14 ယေသျှုသည် စကားတစ်ခွန်းမျှ ပြန်မပြောတော်မူသည်ဖြစ်၍ ပိလတ်မင်းသည် လွန်စွာ အံ့သြတော်မူ၏။
MAT 27:15 ထိုစဉ်က ပွဲတော်ချိန်၌ လူထုက တောင်းဆိုသော အကျဉ်းသားတစ်ယောက်ကို ရွှတ်ပီးသည့် ရောမဘုရင်ခံ၏ထုံးတမ်းစဉ်လာတစ်ခု ဟိ၏။
MAT 27:16 ထိုအချိန်၌ သူရို့တွင် “ယေသျှု ဗာရဗ္ဗ” ဟု ခေါ်သော နာမည်ကြီး အကျဉ်းသားတစ်ယောက် ဟိ၏။
MAT 27:17 ထိုသို့အလို့ငှာ လူရို့သည် စုရုံးရောက်လာကြသောအခါ ပိလတ်မင်းက သူရို့အား “သင်ရို့သည် ယေသျှု ဗာရဗ္ဗနှင့် မေသျှိယဟု ခေါ်သော ယေသျှု ရို့တွင် သင်ရို့အတွက် ဇာသူ့ကို ရွှတ်ပီးလိုကတ်လဲ” ဟု မိန်း၏။
MAT 27:18 အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းတိနှင့် လူအကြီးအကဲရို့က မနာလိုစိတ်ဖြင့် ယေသျှုကို မိမိလက်သို့ လာရောက်အပ်နှံကြကြောင်းကို ပိလတ်မင်း သိထားပြီးဖြစ်၏။
MAT 27:19 ပိလတ်မင်းသည် တရားပလ္လင်ထက်၌ ထိုင်နိန်စဉ်တွင် မိမိ၏ဇနီးက “အပြစ်ကင်းသောဤသူနှင့် တစ်ခုလည်း ပတ်သက်မှု မဟိစီကေ့၊ ဇာကြောင့်လဲဆိုကေ အကျွန်သည် ညက အိပ်မက်ထဲမှာ ဤသူကြောင့် အလွန် စိတ်ဒုက္ခ ရောက်ခရပါ၏” ဟု သတင်း ပို့လိုက်၏။
MAT 27:20 ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် လူအကြီးအကဲရို့က ဗာရဗ္ဗကို ရွှတ်ပီးပြီး ယေသျှုကို အသီသတ်ရန် ပိလတ်မင်းအား တောင်းဆိုကြဖို့ လူထုကို တိုက်တွန်းလှုံ့ဆော် ကြ၏။
MAT 27:21 ပိလတ်မင်းက “ငါသည် ဤသူနှစ်ယောက်ထဲက ဇာသူ့ကို သင်ရို့အတွက် ရွှတ်ပီးစီချင်ပါလဲ” ဟု မိန်းသောအခါ၊ “ဗာရဗ္ဗကို ရွှတ်ပီးပါ” ဟု သူရို့က ဖြေကြ၏။
MAT 27:22 ထို့နောက် ပိလတ်မင်းက “မေသျှိယဟု ခေါ်သော ယေသျှုကို ငါ ဇာပိုင် လုပ်ရပါဖို့လဲ” ဟု မိန်း၏။ သူရို့အားလုံးက “သူ့ကို လက်ဝါးကပ်တိုင်မှာ တင်၍ အသီသတ်လိုက်ပါ” ဟု တောင်းဆိုကြ၏။
MAT 27:23 ပိလတ်မင်းက “သူသည် ဇာအပြစ်ကို ကျူးလွန်ထားပါလဲ” ဟု မိန်း၏။ သို့ရာတွင် သူရို့က “ဤသူကို လက်ဝါးကပ်တိုင်မှာ တင်၍ အသီသတ်လိုက်ပါ” ဟူ၍ အသံကုန် ဟစ်အော်လာကြ၏။
MAT 27:24 ပိလတ်မင်းက မိမိသည် ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်။ သို့ရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်စပြုလာသည်ကို မြင်သောအခါ၊ ရီကို ယူ၍ လူထုပရိတ်သတ်ရှိ့၌ မိမိလက်ကို ဆီးကာ “ဤသူ၏အသွီးသည် ငါနှင့် မဆိုင်၊ သင်ရို့ ပြုလုပ်ခြင်းသာဖြစ်သည်” ဟု ဆိုလေ၏။
MAT 27:25 လူထုပရိတ်သတ်အားလုံးက “ဤသူ၏ အသွီးသည် ငါရို့ ထက်သို့ လည်းကောင်း၊ ငါရို့ သားသမီးထက်သို့ လည်းကောင်း ကျပါစီ” ဟူ၍ အော်ဟစ်ကြ၏။
MAT 27:26 ထိုအခါ ပိလတ်မင်းက လူဆိုး ဗာရဗ္ဗကို ရွှတ်လိုက်၏။ ယေသျှုကိုမူကား ကြာပွတ်ဖြင့် ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ရန် သူရို့၏ လက်ထဲသို့ အပ်လိုက်၏။
MAT 27:27 ထို့နောက် ပိလတ်မင်း၏စစ်သားများသည် ယေသျှုကို အိမ်တော်ဝင်းထဲသို့ ယူဆောင်လာကြ၏။ ခြီလျှင်တပ်ခွဲ တစ်ခွဲလုံးဖြင့် ကိုယ်တော့်ကို ပတ်လည်ဝိုင်းထားကြ၏။
MAT 27:28 စစ်သားများသည် ကိုယ်တော်၏အဝတ်တော်ကို ချွတ်ကာ ကြက်သွီးရောင်နီနီရဲရဲဝတ်ရုံကို ဝတ်ပီးကြ၏။
MAT 27:29 ထို့နောက် ကိုယ်တော်၏ဂေါင်းထက်တွင် ဆူးခက်များနှင့် ရက်လုပ်ထားသော ဂေါင်းပေါင်းသရဖူကို ဆောင်းပီးထားကြ၏။ လက်ယာလက်၌ တုတ်ချေတစ်ချောင်းကို ကိုင်ထားစီပြီးလျှင် “ယုဒလူမျိုးတိ သျှင်ဘုရင် သက်တော်ရာကျော် ရှည်ပါစီ” ဟု ကိုယ်တော်၏ရှိ့မှာ ဒူးထောက်ခစားလျက် ပြက်ရယ်ပြုကြ၏။
MAT 27:30 သူရို့သည် ကိုယ်တော့်ကို တန်းထွီးနှင့် ဝိုင်းထွီးကြ၏။ ကိုယ်တော်၏လက်ထဲမှ တုတ်ကို ယူ၍ ဦးဂေါင်းကို သတ်ကြ၏။
MAT 27:31 ထိုသို့ ကိုယ်တော့်ကို လှောင်ပြောင်၍ ပြက်ရယ်ပြုကြပြီးလျှင် အနီရောင်ဝတ်ရုံကို ပြန်ချွတ်၍ ကိုယ်တော်၏ဝတ်ရုံကို တဖန် ဝတ်စီကြပြန်၏။ ပြီးလျှင် လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ရန် ယူဆောင်လားကြ၏။
MAT 27:32 သူရို့သည် ယေသျှုကို သတ်ရန် ယူဆောင်လာကြစဉ် လမ်း၌ သျှိမုန်ဟု ခေါ်သော ကုရေနေပြည်သား တစ်ယောက်ကို တွိ့သဖြင့် စစ်သားများက သူ့ကို အနိုင်ကျင့်၍ ယေသျှု၏လက်ဝါးကပ်တိုင်ကို ထမ်းခိုင်းကြ၏။
MAT 27:33 သူရို့သည် ဂေါလဂေါသဟု ခေါ်တွင်၍ ဦးဂေါင်းခွံအရပ်ဟု အဓိပ္ပာယ်ရသော အရပ်သို့ ရောက်သောအခါ၊
MAT 27:34 ယေသျှုအား ဆီးခါးနှင့်ရောထားသည့် စပျစ်ရည်ကို တိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းရုံသာ မြည်းစမ်းသော်လည်း သောက်ခြင်းငှာ ငြင်းဆန်တော်မူ၏။
MAT 27:35 ထို့နောက် သူရို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်မှာ တင်၍ ရိုက်ထားကြ၏။ ဝတ်ရုံတော်ကိုလည်း မဲခွဲ၍ ဝီယူကတ်၏။
MAT 27:36 ထို့နောက် ရောမစစ်သားများသည် ထိုနီရာတွင် ထိုင်ကာ ကိုယ်တော့်ကို စောင့်ကြည့်နိန်ကတ်၏။
MAT 27:37 သူရို့က “ဤသူကား ယုဒလူမျိုးရို့၏ သျှင်ဘုရင် ယေသျှု ဖြစ်သတည်း” ဟု ရီးထားသော ကမ္ပည်းစာကို ကိုယ်တော်၏ ဦးဂေါင်းထက်တွင် ထားကြ၏။
MAT 27:38 ကိုယ်တော်နှင့်အတူ ဓါးပြ နှစ်ယောက်ကိုလည်း ကိုယ်တော်၏ လက်ယာဘက်၌ တစ်ယောက်၊ လက်ဝဲဘက်၌ တစ်ယောက် လက်ဝါးကပ်တိုင်တွင် တင်၍ ရိုက်ထားကြ၏။
MAT 27:39 လမ်းလားလမ်းလာလူတိက ဂေါင်းတညိတ်ညိတ်ဖြင့် ကိုယ်တော့်ကို ကဲ့ရဲ့ဆဲဆိုလားကြ၏။
MAT 27:40 သူရို့က “သင်သည် ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်တည်းဖြင့် ပြန်ဆောက်ပီးနိုင်သည်ဟု ပြော၏၊ သင်သည် ဘုရားသခင်သားမှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်း၍ မိမိကိုယ်ကို ကယ်တင်လိုက်ပါ” ဟူ၍ ပြောလားကတ်၏။
MAT 27:41 ယဇ်ပုရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိနှင့် လူရို့တွင် အကြီးအကဲဖြစ်သောသူရို့ကလည်း ကိုယ်တော့်ကို ထိုနည်းတူ ကဲ့ရဲ့လှောင်ပြောင်ကတ်၏။
MAT 27:42 သူရို့က “ဤသူကား သူတစ်ပါးကို ကယ်တင်ခ၏၊ သို့သော်လည်း မိမိကိုယ်ကို မကယ်တင်နိုင်ပါကား၊ သူသည် ဣသရေလလူမျိုးရို့ သျှင်ဘုရင်ဖြစ်၏၊ လက်ဝါးကပ်တိုင်က သူ့ကို အဂု ဆင်းခိုင်းလိုက်ပါ၊ ယေဆိုကေ သူ့ကို ငါရို့ ယုံကတ်ပါဖို့၊
MAT 27:43 သူသည် ဘုရားသခင်ကို ယုံကြည်ကိုးစား၏၊ သူက ‘ငါသည် ဘုရားသခင်၏သားတော် ဖြစ်သည်’ ဟု ပြောခ၏၊ ဘုရားသခင် အလိုဟိလျှင် အဂုပင် သူ့ကို ကယ်တင်ပါစီ” ဟူ၍ ပြောဆိုကြ၏။
MAT 27:44 ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ တင်၍ ရိုက်ထားခြင်းခံရသော ဓါးပြတိကလည်း ကိုယ်တော့်ကို ထိုနည်းတူ ကဲ့ရဲ့အပြစ်တင်ကြ၏။
MAT 27:45 မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးချက်တီးချိန်ထိတိုင်အောင် မြီကြီးတစ်ပြင်လုံး မှောင်မိုက်အတိ ဖြစ်လားလေ၏။
MAT 27:46 မွန်းလွဲ သုံးချက်တီးချိန်လောက်တွင် ယေသျှုက “ဧလိ၊ ဧလိ၊ လာမ ရှာဗခသာနိ” ဟု ကျယ်လောင်သောအသံနှင့် အော်ဟစ်တော်မူ၏။ အဓိပ္ပာယ်မှာ “အကျွန်၏ဘုရားသခင်၊ အကျွန်၏ဘုရားသခင် ကိုယ်တော်သည် အကျွန့်ကို ဇာဖြစ်လို့ စွန့်ပစ်ထားခပါလဲ” ဟူ၍ ဖြစ်၏။
MAT 27:47 ထိုအရပ်၌ ရပ်နိန်ကြသည့် တချို့သော သူရို့က ကိုယ်တော်၏စကားကို ကြားကြသောအခါ “ဤသူသည် ဧလိယကို ခေါ်နိန်၏” ဟု ပြောကြ၏။
MAT 27:48 သူရို့ထဲက လူတစ်ယောက်သည် ချက်ချင်း ဗြီးထွက်လာပြီးလျှင် ရီမြုပ်တစ်ခုကို ယူ၍ ချဉ်သောဝိုင်ထဲ၌ နှစ်မြှုပ်ကာ တုတ်ဖျားမှာတပ်၍ ယေသျှုအား သောက်ခြင်းငှာ ပီးလေ၏။
MAT 27:49 တခြားလူတိက “အဂု သူ့ကို လုံးချင်းတည်း ထားခ၊ သူ့ကို ကယ်ဖို့ ဧလိယ လာဖို့ မလာဖို့ကို စောင့်ကြည့်နိန်ကတ်မေ” ဟု ပြောကြ၏။
MAT 27:50 ထို့နောက် ယေသျှုသည် ကျယ်သောအသံနှင့် နောက်တဖန် အော်ဟစ်ပြီးသောအခါ သူသည် မိမိ၏အသက်ကို စွန့်တော်မူ၏။
MAT 27:51 ထိုအချိန်၌ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်း ကွဲလေ၏။ မြီကြီးတုန်လှုပ်သဖြင့် ကျောက်ဆောင်တိ ပြိုကွဲကြ၏။
MAT 27:52 သင်္ချိုင်းဂူများလည်း ပွင့်ထွက်ကာ သီနိန်ပြီးသော သန့်ယှင်းသူများစွာ၏အလောင်းများသည် ထမြောက်ခြင်းသို့ ရောက်ကြလေ၏။
MAT 27:53 ယေသျှုသည် သီခြင်းက ထမြောက်လာပြီးနောက် ထိုသူရို့သည် သင်္ချိုင်းဂူများကို စွန့်ခွါပြီး သန့်ယှင်းမြင့်မြတ်သောမြို့တော်သို့ ဝင်လားကြပြီးလျှင် လူများစွာရို့အား ထင်ရှားစီ၏။
MAT 27:54 ယေသျှုကို စောင့်ကြည့်နိန်ကြသော တပ်မှူးနှင့်တကွ ရောမစစ်သားများသည် ငလျှင်လှုပ်ခြင်းမှစ၍ ဖြစ်ပျက်သမျှအားလုံးကို မြင်တွိ့ကြသည့်အခါ ကြောက်ရွံ့တုန်လှုပ်ကြပြီးလျှင် “ယေသျှုသည် ဘုရားသခင်၏သား အမှန်ပင် ဖြစ်သည်” ဟု ဝန်ခံပြောဆိုကြ၏။
MAT 27:55 ထိုနီရာ၌ မလှမ်းမကမ်းမှ ကြည့်နိန်ကြသော မိန်းမများလည်း ဟိကြ၏။ သူရို့သည် ကိုယ်တော့်ကို အလုပ်အကျွေးပြုရန် ဂါလိလဲပြည်မှ ကိုယ်တော့်နောက်ကို လိုက်လာကြလေ၏။
MAT 27:56 သူရို့အထဲ၌ မာဂဒလမြို့သူ မာရိ၊ ယာကုပ်နှင့် ယောသပ်အမိ မာရိ၊ ဇေဗေဒဲ၏ ဇနီးမယားရို့လည်း ပါကြ၏။
MAT 27:57 ညစာဘက်သို့ရောက်သောအခါ အရိမဿဲမြို့မှ လူချမ်းသာ တစ်ယောက် ရောက်လာ၏။ သူ၏နာမည်မှာ ယောသပ်ဖြစ်ပြီး သူသည်လည်း ယေသျှု၏တပည့်တော် တစ်ယောက် ဖြစ်၏။
MAT 27:58 သူသည် ပိလတ်မင်း ထံပါးသို့ ဝင်ရောက်ကာ ယေသျှု၏အလောင်းကို တောင်းလေ၏။ ပိလတ်မင်းကလည်း အလောင်းတော်ကို ယောသပ်အား ပီးရန် မိန့်တော်မူလိုက်၏။
MAT 27:59 ယောသပ်သည် အလောင်းတော်ကို ယူ၍ ဖြူစင်သော ပိတ်စအသစ်ဖြင့် ပတ်ရစ်ပြီး၊
MAT 27:60 ကျောက်ဆောင်၌ ထွင်းထားသည့် မိမိပိုင် အသစ်သော ကျောက်ဂူသင်္ချိုင်းအတွင်း၌ ယေသျှု၏အလောင်းကို ထည့်သွင်းကာ သင်္ချိုင်းဂူအပေါက်ဝတွင် ကျောက်တုံးကြီးတစ်တုံးကို တွန်းလှိမ့်၍ ထားခပြီးမှ ထွက်လားလေ၏။
MAT 27:61 မာဂဒလမြို့သူ မာရိနှင့် အခြားသောမာရိရို့သည် ထိုအရပ်၌ သင်္ချိုင်းဂူ၏ ရှိ့မှာ ထိုင်နိန်ခကြ၏။
MAT 27:62 နောက်တစ်နိ့ ဥပုသ်နိ့ရောက်လာသောအခါ ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် ဖာရိယှဲတိသည် ပိလတ်မင်းထံသို့ လား၍
MAT 27:63 “အသျှင်မင်းကြီး၊ ထိုလှည့်ဖျားတတ်သောသူက ‘ငါသည် သုံးရက်မြောက်သောနိ့တွင် ထမြောက်လိမ့်မည်’ ဟု ထိုသူ အသက်ရှင်နိန်ခသောအချိန်၌ ပြောခသည်ကို အကျွန်ရို့ သတိရပါ၏။
MAT 27:64 ထိုသို့ အလို့ငှာ ထိုသူ၏တပည့်များသည် သူ၏အလောင်းကို လာ၍ ခိုးယူပြီးလျှင် ထိုသူသည် သီခြင်းက ထမြောက်ပြီဟု လူတိကို ပြောကြလိမ့်မည်။ ဤသို့သော နောက်ဆုံး လှည့်ဖျားခြင်းသည် ပထမလှည့်ဖျားခြင်းထက် သာ၍ ဆိုးလိမ့်မည်။ ထို့ကြောင့် သင်္ချိုင်းဂူကို လုံခြုံစီခြင်းငှာ သုံးရက်မြောက်သည့်တိုင်အောင် စောင့်ကြည့်နိန်ခွင့်ပီးပါ” ဟု သူရို့က တောင်းလျှောက်ကြ၏။
MAT 27:65 ပိလတ်မင်းက “အစောင့်တပ် တစ်တပ်ကို ခေါ်၍ သင်္ချိုင်းဂူ လုံခြုံစီခြင်းငှာ သင်ရို့တတ်နိုင်သမျှ လား၍ စောင့်နိန်ကတ်” ဟု ခွင့်ပြုလိုက်၏။
MAT 27:66 ထို့ကြောင့် သူရို့သည် လား၍ သင်္ချိုင်းဂူလုံခြုံစီခြင်းငှာ ကျောက်တုံးတွင် တံဆိပ်ရိုက်ပြီး အစောင့်တပ်ကို ချထားကြ၏။
MAT 28:1 ဥပုသ်နိ့လွန်ပြီးနောက် တလင်္ဂနီနိ့ အရုဏ်တက်ချိန်တွင် မာဂဒလမြို့သူ မာရိနှင့် တခြားမာရိ ရို့သည် သင်္ချိုင်းဂူသို့ ကြည့်ရန် လားကြ၏။
MAT 28:2 ထိုနီရာ၌ ပြင်းထန်သော မြီငလျင်တစ်ခု လှုပ်လေ၏။ အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန် တစ်ပါးသည် ကောင်းကင်မှ ဆင်းလာ၍ သင်္ချိုင်းဂူ၌ ပိတ်ထားသော ကျောက်တုံးကို လှိမ့်ဖယ်၍ ထိုကျောက်တုံးထက်တွင် ထိုင်လေ၏။
MAT 28:3 သူ၏ အဆင်းသဏ္ဌာန်သည် လျှပ်ပြက်သကဲ့သို့ လင်းလက်ကာ သူ၏အဝတ်သည်လည်း နှင်းပွင့်ကဲ့သို့ ဖြူဖွေးလျက်ဟိ၏။
MAT 28:4 အစောင့်တပ်သားများသည် ထိုကောင်းကင်တမန်အား အလွန်ကြောက်လန့်ကြပြီး သူရို့သည် တုန်လှုပ်လျက် အသီကောင်ကဲ့သို့ ဖြစ်လားကြ၏။
MAT 28:5 ကောင်းကင်တမန်က “မကြောက်ကတ်ကေ့၊ သင်ရို့သည် လက်ဝါးကပ်တိုင်မှာ တင်၍ အသတ်ခံရသော ယေသျှုကို ရှာနိန်ကြသည်ကို ငါသိ၏။
MAT 28:6 သူသည် ဤအရပ်၌ မဟိယာ၊ သူပြောထားခသည့်အတိုင်း သီခြင်းက ထမြောက်လားယာ၊ ဤနီရာသည် သူလဲလျောင်းနိန်ခသော နီရာ ဖြစ်၏၊ လာ၍ ကြည့်ကြလော့။
MAT 28:7 အဂုပင်လျှင် သူ၏ တပည့်တော်တိပါးသို့ အလျှင်အမြန် လားပြောကတ်ခီ။ ‘ကိုယ်တော်သည် သီခြင်းက ထမြောက်တော်မူ၍ ဂါလိလဲပြည်သို့ သင်ရို့ရှိ့က ကြွတော်မူပြီ။ သင်ရို့သည် ထိုနီရာ၌ သူ့ကို တွိ့ကြလိမ့်မည်။’ အဂုပင် ငါသည် သင်ရို့အား ပြော၏” ဟု ထိုမိန်းမများကို ပြော၏။
MAT 28:8 ထိုကြာင့် မိန်းမရို့သည် ကြောက်ရွံ့သော်လည်း ဝမ်းမြောက်ဝမ်းသာစိတ်နှင့် သင်္ချိုင်းဂူမှ အလျှင်အမြန် ထွက်လာကြပြီးလျှင် ကိုယ်တော်၏တပည့်တော်တိပါးသို့ ပြောရန် လားကြ၏။
MAT 28:9 ယေသျှုသည် ရုတ်တရက် သူရို့ကို တွိ့ဆုံ၍ “သာလီစွပါ” ဟု နှုတ်ဆက်၏။ မိန်းမများသည် ကိုယ်တော်အပါးသို့ ချဉ်းကပ်ပြီး ကိုယ်တော်၏ခြီကို ဖက်၍ ကိုယ်တော့်ကို ကိုးကွယ်ဝတ်ပြုကြ၏။
MAT 28:10 ယေသျှုက “မကြောက်ကတ်ကေ့၊ ငါ့ညီအစ်ကိုတိကို ဂါလိလဲပြည်သို့ လားကြရန် ပြောလိုက်ပါ၊ ထိုအရပ်၌ ငါ့ကို တွိ့ကြလိမ့်မည်” ဟု ထိုမိန်းမတိကို မိန့်တော်မူလိုက်၏။
MAT 28:11 ထိုမိန်းမရို့သည် ထွက်လားကြသည့်အခါ အစောင့်စစ်သားတိထဲက တချို့သည် မြို့ထဲသို့ ဝင်လာ၍ ဖြစ်ခသည့်အကြောင်းစုံကို ယဇ်ပုရောဟိတ်အကြီးအကဲရို့အား ပြောကြားကြ၏။
MAT 28:12 ယဇ်ပုရောဟိတ်အကြီးအကဲတိသည် ဘာသာရေးခေါင်းဆောင်ရို့နှင့်တွိ့ဆုံ၍ တိုင်ပင်ကြပြီးမှ အစောင့်စစ်သားများကို ငွီအမြောက်အမြား ပီး၍၊
MAT 28:13 “သူ၏တပည့်တော်တိသည် ညဉ့်အခါ၌ ရောက်လာကြပြီးလျှင် အကျွန်ရို့ အိပ်နိန်ကြသောအချိန်တွင် သူ၏အလောင်းကို ခိုးယူလားကတ်တေဟု ပြောကတ်။
MAT 28:14 အကယ်၍ ဤသတင်းသည် ဘုရင်ခံပါးသို့ ရောက်လားသော်လည်း သင်ရို့၌ ပြဿနာ မဟိစီခြင်းငှာ ငါရို့သည် ဘုရင်ခံအား စိတ်ကြေနပ်စီခြင်းငှာ ပြောဆိုပီးထားမည်” ဟု ပြောကြ၏။
MAT 28:15 အစောင့်စစ်သားများသည် ငွီကို ယူ၍ သူရို့ကို ညွှန်ကြားထားသည့်အတိုင်း ပြောကြ၏။ ထို့ကြောင့် ဤသတင်းသည် ယုဒလူမျိုး အသိုင်းအဝိုင်းထဲမှာ ဂနိ့တိုင်အောင် ပြန့်နှံ့လျက်ဟိ၏။
MAT 28:16 ထိုအခါ တပည့်တော်ဆယ့်တစ်ယောက်သည် ဂါလိလဲပြည်သို့ လား၍ ယေသျှု မှာထားခသည့် တောင်ကုန်းထက်သို့ တက်လားကြ၏။
MAT 28:17 သူရို့သည် ကိုယ်တော့်ကို တွိ့မြင်၍ ကိုးကွယ်ဝတ်ပြုကြ၏။ သို့သော်လည်း တပည့်တော်တချို့သည်ကား သံသယစိတ်ဟိနိန်ကြ၏။
MAT 28:18 ထို့ကြောင့် ယေသျှုသည် မိမိ၏တပည့်တော်တိပါးသို့ လာ၍ မိန့်မှာတော်မူသည်မှာ၊ “ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြီကြီးပေါ်၌လည်းကောင်း အုပ်စိုးပိုင်သော တန်ခိုးအာဏာကို ရထားပြီးပြီ။
MAT 28:19 ထို့ကြောင့် သင်ရို့သည် လား၍ လူမျိုးအားလုံးကို ငါ့တပည့် ဖြစ်စီလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ယှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပီးကြလော့။
MAT 28:20 ငါသည် သင်ရို့အား ပီးထားသမျှသော ပညတ်တော်တိကို စောင့်ထိန်းကြစီခြင်းငှာ သူရို့အား ဆုံးမဩဝါဒ ပီးကြလော့။ ငါသည် ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်ရို့နှင့်အတူ အမြဲတမ်း ဟိနိန်လိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 1:1 ဘုရားသခင်၏သားတော် ယေသျှုခရစ်တော်၏ သတင်းကောင်းတရားတော် စတင်ပုံကို ဆိုပေအံ့။
MAR 1:2 ပရောဖက် ဟေသျှာယ၏ ကျမ်းစာ၌၊ “ဘုရားသခင် မိန့်တော်မူသည်ကား၊ ‘သင်ရို့၏ လမ်းခရီးကို ပျင်ဆင်ခြင်းငှာ၊ ငါ၏တမန်ကို သင်ရို့အရှိ့၌ ငါ စီရွှတ်မည်။’
MAR 1:3 တောကန္တာရ၌ ဟစ်ကြော်သောသူ၏အသံကား ‘ထာဝရဘုရား ကြွတော်မူရာလမ်းကို ပျင်ဆင်ကြလော့၊ ထိုအသျှင်၏ လမ်းခရီးတော်ကို ပြောင့်တန်းစီကြလော့’” ဟု ရီးထားသည်နှင့်အညီ၊
MAR 1:4 ဗတ္တိဇံဆရာယောဟန်သည် တောကန္တာရ၌ ပေါ်ထွန်းလာ၍ တရားဟောလျက်၊ ဗတ္တိဇံပီးလျက် နိန်၏။ ထိုသူသည် လူရို့အား “နောင်တရပြီး၊ ဗတ္တိဇံကို ခံယူကြ။ ယင်းမှသာ ဘုရားသခင်သည် သင်ရို့၏အပြစ်များကို ခွင့်ရွှတ်လိမ့်မည်” ဟု ဟောပြောလေ၏။
MAR 1:5 ယုဒပြည် ကျေးလက်ဒေသနှင့် ယေရုဆလင်မြို့မှ လူအပေါင်းရို့သည် ယောဟန်ပါးသို့ လာပြီးလျှင်၊ မိမိရို့၏အပြစ်များကို ဝန်ခံကြသည်ဖြစ်၍ ယောဟန်သည် ထိုသူရို့အား ယော်ဒန်မြစ်၌ ဗတ္တိဇံကို ပီးလေ၏။
MAR 1:6 ယောဟန်သည် ကုလားအုတ်အမွီးနှင့် ရက်လုပ်ထားသော အဝတ်ကိုဝတ်ပြီး၊ ခါး၌ သားရီဖြင့် လုပ်ထားသောခါးပတ်ကို ပတ်ထားလျက်၊ ကျိုင်းကောင်နှင့် တော၌ ဟိသောပျားရည်ကို မှီဝဲလို့နိန်၏။
MAR 1:7 ယောဟန်က “ငါ့နောက်၌ ကြွလာသောသူကား၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူဖြစ်၏။ ငါသည် ထိုသူ၏ ခြီနင်းကြိုးကိုတောင်မှ ငုံ့၍ ဖြီဖို့ မထိုက်။
MAR 1:8 ငါကား၊ ရီ၌ ဗတ္တိဇံကို ပီး၏။ သို့ရာတွင် ထိုသူသည် သင်ရို့အား သန့်ယှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ပီးလိမ့်မည်” ဟု ဟောပြောလေ၏။
MAR 1:9 ထိုအခါ ယေသျှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာပြီးလျှင် ယော်ဒန်မြစ်၌ ယောဟန်အားဖြင့် ဗတ္တိဇံကို ခံတော်မူ၏။
MAR 1:10 ယေသျှုသည် ရီထဲမှ ပေါ်ထလာစဉ်တွင် ကောင်းကင်ဖွင့်၍ သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်ကဲ့သို့ မိမိအထက်၌ ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
MAR 1:11 ထို့နောက် ကောင်းကင်မှလည်း “သင်ကား ငါ နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားဖြစ်၏” ဟု အသံထွက်ပေါ်လာ၏။
MAR 1:12 ထို့နောက် သန့်ယှင်းသောဝိညာဉ်တော်သည် ယေသျှုအား တောကန္တာရသို့ ချက်ချင်းပို့ဆောင်တော်မူ၏။
MAR 1:13 ထိုအရပ်၌ စာတန်မာရ်နတ်သည် ယေသျှုအား ရက်ပေါင်းလေးဆယ်ပတ်လုံး စုံစမ်းသွီးဆောင်တော်မူ၏။ ထိုအရပ်၌ သားရဲတိရစ္ဆာန်တိလည်း ဟိ၏၊ သို့သော် ကောင်းကင်တမန်ရို့သည် ထိုအသျှင်အား စောင့်ရှောက်တော်မူ၏။
MAR 1:14 ယောဟန်သည် ထောင်၌ အကျဉ်းချခံရပြီးနောက် ယေသျှုသည် ဂါလိလဲပြည်သို့ လားပြီးလျှင် ဘုရားသခင်၏ သတင်းကောင်းတရားကို ဟောပြောတော်မူ၏။
MAR 1:15 ထိုသတင်းကောင်းတရားဟူမူကား “ချိန်းချက်တော်မူသော အချိန်ရောက်ယာ၊ ဘုရားသခင်၏ နိုင်ငံတော်သည် အနီးအပါး၌ ဟိယာ။ နောင်တရ၍၊ သတင်းကောင်းတရားကို ယုံကြည်ကြလော့” ဟူ၍ ဖြစ်၏။
MAR 1:16 ယေသျှုသည် ဂါလိလဲအိုင် ကမ်းခြီတလျှောက်၌ ကြွတော်မှုစဉ်၊ သျှိမုန်နှင့် သူ၏ ညီအန္ဒြေရို့သည် ပိုက်ဖြင့် ငါးဖမ်းနိန်သည်ကို မြင်တော်မူ၏။
MAR 1:17 ယေသျှုကလည်း ထိုသူရို့အား “လာကြ၊ ငါ့နောက်သို့ လိုက်ကြ။ သင်ရို့အား လူကို မျှားသောတံငါ ဖြစ်စီခြင်းငှာ ငါ သင်ပီးမည်” ဟု မိန့်တော်မူ၏။
MAR 1:18 ထိုသူရို့သည် ချက်ချင်းပင် မိမိရို့၏ ငါးဖမ်းပိုက်ကို စွန့်ပစ်ပြီး ကိုယ်တော်၏နောက်သို့ လိုက်ကြ၏။
MAR 1:19 ထိုမှ အနည်းချေလွန်လားလျှင် ကိုယ်တော်သည် အခြားညီကိုနှစ်ယောက်ဖြစ်သော ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ရို့သည် လောင်းထဲ၌ ငါးဖမ်းပိုက်အား အဆင်သင့်ဖြစ်စီခြင်းငှာ ပြုပျင်နိန်သည်ကို တွိ့မြင်တော်မူ၏။
MAR 1:20 ကိုယ်တော်သည် သူရို့ကို မြင်၍ ချက်ချင်း ခေါ်တော်မှုလျှင် သူရို့က ဖခင်ဖြစ်သူ ဇေဗေဒဲကို လူငှားတိနှင့်အတူ လောင်းထဲတွင် ထားခပြီး နောက်တော်သို့ လိုက်ကြလေ၏။
MAR 1:21 ယေသျှုနှင့် တပည့်တော်ရို့သည် ကပေရနောင်မြို့သို့ ရောက်လာကြပြီး၊ နောက်တစ်နိ့ ဥပုသ်နိ့၌ တရားဇရပ်သို့ လား၍ ဆုံးမဩဝါဒ ပီးလေ၏။
MAR 1:22 ထိုအသျှင်၏ ဆုံးမဩဝါဒကို ကြားရသောသူရို့သည် အံ့ဩခြင်းသို့ ရောက်ကြ၏။ အကြောင်းမူကား ကျမ်းတတ်ဆရာတိကဲ့သို့ မဟုတ်ဘဲ အခွင့်အာဏာဟိသောသူကဲ့သို့ ဆုံးမဩဝါဒကို ပီးတော်မူသောကြောင့်ဖြစ်၏။
MAR 1:23 ထိုအချိန်၌ တရားဇရပ်တွင် ဝိညာဉ်ဆိုးပူးသော လူတစ်ယောက်ဟိ၏။ ထိုသူသည် အော်ဟစ်ကြောက်လန့်၍၊
MAR 1:24 “နာဇရက်မြို့သားယေသျှု၊ ကိုယ်တော်သည် အကျွန်ရို့နှင့် ဇာသို့ ဆိုင်သနည်း။ အကျွန်ရို့ကို ဖျက်ဆီးဖို့ ရောက်လာသည်လော။ ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ယှင်းသော သူဖြစ်သည်ကို — အကျွန်သိပါ၏” ဟု ဟစ်ကြော်လေ၏။
MAR 1:25 ယေသျှုကလည်း “တိန်း၍ နီပြီးလျှင် ထိုသူအထဲက ထွက်လားလော့” ဟု ဝိညာဉ်ဆိုးကို အမိန့်ပီးတော်မူလျှင်၊
MAR 1:26 ဝိညာဉ်ဆိုးသည် ထိုသူကို တက်စီပြီး ကြီးသောအော်ဟစ်ခြင်းကို ပြုပြီးမှ ထွက်လားလေ၏။
MAR 1:27 ထိုအခြင်းအရာကို တွိ့မြင်သောသူရို့သည် မိန်းမောတွေဝေ၍ “ဤချင့်ကား ဇာသို့နည်း။ ဤဆုံးမခြင်းမျိုးက ဇာပိုင်မျိုးနည်း။ အာဏာဖြင့် အမိန့်ပီးသည်နှင့် ဝိညာဉ်ဆိုးရို့ နားထောင်ကြ၏” ဟု အချင်းချင်း ပြောဆိုနိန်ကြ၏။
MAR 1:28 ကိုယ်တော်၏ သတင်းတော်သည်လည်း ဂါလိလဲပြည်တလျှောက်၌ လျင်မြန်စွာ ပြန့်လားလေ၏။
MAR 1:29 ထို့နောက် ယေသျှုနှင့်တပည့်တော်ရို့သည် တရားဇရပ်မှ ထွက်လာ၍ သျှိမုန်နှင့် အန္ဒြေရို့၏အိမ်သို့ ကြွတော်မူ၏။ ယောဟန်နှင့် ယာကုပ်ရို့လည်း အတူလိုက်လားကြ၏။
MAR 1:30 သျှိမုန်၏ယောက္ခမသည် အိပ်ရာထဲ၌ ဖျားနာ၍ တုံးလုံးလှဲနိန်သည်ကို ထိုအိမ်သို့ ရောက်လျှင်ရောက်ချင်း ယေသျှုအား လျှောက်ထားလေ၏။
MAR 1:31 ယေသျှုသည် သူမအနားသို့ လားပြီးလျှင် လက်ကိုကိုင်ဆွဲ၍ ထူမတော်မူ၏။ ထိုအခါ သူမသည် ဖျားနာပျောက်၍ အာဂန္တုဝတ်ကို ပြုလေ၏။
MAR 1:32 နီဝင်၍ ညချမ်းအချိန်ရောက်သောအခါ လူရို့သည် မကျန်းမာသောသူရို့နှင့် နတ်ဆိုးပူးသောသူရို့ကို အထံတော်သို့ ခေါ်ဆောင်လာကြ၏။
MAR 1:33 တစ်မြို့လုံးမှ လူရို့သည် အိမ်ရှိ့၌ လာရောက်စုရုံးလျက်ဟိကြ၏။
MAR 1:34 ကိုယ်တော်သည် ရောဂါအမျိုးမျိုး ခံစားနိန်ကြသောလူတိကို ကျန်းမာစီတော်မူလျက် နတ်ဆိုးတိကိုလည်း မောင်းထုတ်တော်မူ၏။ ကိုယ်တော်သည် နတ်ဆိုးတိအား စကားတစ်ခွန်းကိုမျှ ပြောခွင့်ပီးတော်မမူ။ အကြောင်းမူကား နတ်ဆိုးရို့သည် ကိုယ်တော့်ကို မည်သူဖြစ်ကြောင်းကို သိသောကြောင့်ဖြစ်၏။
MAR 1:35 နောက်တစ်နိ့ မိုးထစောစော၌ ယေသျှုသည် အိပ်ရာမှထကာ အိမ်မှထွက်၍ တိတ်ဆိတ်ရာအရပ်သို့ ကြွလားတော်မူပြီးလျှင်၊ ထိုအရပ်၌ ဆုတောင်းပတ္ထနာ ပြုတော်မူ၏။
MAR 1:36 သျှိမုန်နှင့် သူ၏အပေါင်းအပါရို့သည် ကိုယ်တော့်ကို လိုက်ရှာကြ၏။
MAR 1:37 ကိုယ်တော့်ကို တွိ့သောအခါ သူရို့သည် “လူတိက ကိုယ်တော့်ကို ရှာနိန်ကတ်ရေ” ဟု လျှောက်ကြ၏။
MAR 1:38 ကိုယ်တော်ကလည်း “ဤအရပ်မှ နီးစပ်ရာ အခြားရွာများသို့ တရားဟောခြင်းငှာ ငါရို့ လားကြမည်။ ယင်းအတွက်နန့် ငါ ကြွလာရခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 1:39 ကိုယ်တော်သည် ဂါလိလဲပြည် အရပ်ရပ်၌ဟိသော တရားဇရပ်များတွင် တရားဟောခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်းတိကို ပြုတော်မူ၏။
MAR 1:40 အနူရောဂါသည် တစ်ယောက်သည် ကိုယ်တော်၏ ရှိ့တော်သို့ ရောက်လာပြီး၊ ဒူးထောက်လျက် “ကိုယ်တော် အလိုတော်ဟိလျှင် အကျွန့်ကို သန့်ယှင်းစီပါ” ဟု တောင်းပန်လေ၏။
MAR 1:41 ယေသျှုသည် သနား တော်မူသဖြင့်၊ လက်တော်ကိုဆန့်၍ ထိုသူကို တို့ပြီး “ငါ အလိုဟိ၏၊ သန့်ယှင်းစီလော့” ဟု မိန့်တော်မူ၏။
MAR 1:42 ထိုသူသည် ချက်ချင်း နူနာပျောက်၍ သန့်ယှင်းခြင်းသို့ ရောက်လေ၏။
MAR 1:43 ထို့နောက် ယေသျှုက “ဤအကြောင်းအရာတိကို ဇာသူကိုမျှ မပြောကေ့၊ သို့သော် ယဇ်ပုရောဟိတ်ပါးသို့ လား၍ သင်၏ကိုယ်ကိုပြပြီး၊ သင်၌ သန့်ယှင်းသည်ကို လူရို့၌ သက်သီဖြစ်စီခြင်းငှာ မောသျှေစီရင်မှာထားခသော ပူဇော်သကာကို ပြုလော့” ဟု ထိုသူအား ကြပ်တည်းစွာ မှာထား၍ ရွှတ်လိုက်လေ၏။
MAR 1:45 ထိုသူသည် မိန့်မှာထားတော်မှုသည့်အတိုင်း ဝီးရာသို့ ထွက်လားလေ၏။ သို့သော် မိမိ၌ ဖြစ်ပျက်သမျှအကြောင်းအား ပြောကြားခြင်းဖြင့် ထိုသတင်းသည် နီရာအနှံ့အပြားသို့ ရောက်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် ဇာမြို့၊ ဇာရွာကိုမျှ ထင်ရှားစွာ မဝင်ဘဲ၊ ဆိတ်ငြိမ်ရာ တောအရပ်၌သာ နိန်တော်မူ၏။ သို့သော် အရပ်ရပ်မှ လူရို့သည် ကိုယ်တော်ပါးသို့ ရောက်လာကြ၏။
MAR 2:1 ရက်အနည်းချေ လွန်ပြီးနောက် ယေသျှုသည် ကပေရနောင်မြို့သို့ ရောက်လာ၏။ ကိုယ်တော်သည် အိမ်၌ ဟိတော်မူသည့်အကြောင်း သတင်းတော်သည် ပြန့်နှံ့လေ၏။
MAR 2:2 ထို့ကြောင့် လူအပေါင်းရို့သည် စုရုံးရောက်လာကြသဖြင့် အိမ်ခန်းမှစ၍ အိမ်ရှိ့၌ပင် ခြီချစရာ နီရာမဟိပေ။ ယေသျှုသည်လည်း ထိုလူအပေါင်းရို့ကို တရားဟောတော်မူ၏။
MAR 2:3 ထိုစဉ် လူလေးယောက်ရို့သည် လီဖြတ်သော လူတစ်ယောက်ကို ကိုယ်တော့်အထံတော်ပါးသို့ သယ်ယူလာကြ၏။
MAR 2:4 သို့သော် လူအပေါင်းရို့သည် ပြည့်ကျပ်နိန်သဖြင့် ကိုယ်တော့်ထံသို့ တိုး၍ မပေါက်နိုင်ကြ။ ထို့ကြောင့် ကိုယ်တော်ဟိသည့် နီရာအထက်မှ အိမ်ခေါင်မိုးကိုဖွင့်ပြီး၊ လူမမာအား လှဲနိန်သောဖျာနှင့်တကွ လျောချကြ၏။
MAR 2:5 ယေသျှုကလည်း ထိုသူရို့၏ ယုံကြည်ခြင်းကို မြင်လျှင် လီဖြတ်သောလူအား “ငါ့သား၊ သင်၏အပြစ်ကို ခွင့်ရွှတ်ယာ” ဟု မိန့်တော်မူ၏။
MAR 2:6 ထိုအရပ်၌ ထိုင်နိန်ကြသော ကျမ်းတတ်ဆရာအချို့က၊
MAR 2:7 “ဤသူသည် ဇာကြောင့် ဤပိုင် ပြောရသနည်း။ ဤသည်ကား ဘုရားကို ပြစ်မှားခြင်းဖြစ်၏။ ဘုရားသခင် တစ်ပါးတည်းရာ အပြစ်ကို ရွှတ်နိုင်သောသူဖြစ်၏” ဟူ၍ တွေးတောနိန်ကြ၏။
MAR 2:8 ထိုသူရို့သည် မိမိရို့၏စိတ်နှလုံးထဲ၌ ထိုသို့ တွေးတောနိန်သည်ကို ယေသျှုသည် မိမိဉာဏ်တော်အားဖြင့် ချက်ချင်း သိတော်မူသဖြင့် “သင်ရို့ ဇာတွက် ယင်းပိုင် တွေးတောကြသနည်း။
MAR 2:9 လီဖြတ်နိန်သော သူအား ‘သင်၏ အပြစ်ကို ခွင့်ရွှတ်ယာ’ ဟု ပြောသည်က ပို၍ လွယ်သလော၊ ထိုသို့ မဟုတ် ‘ထပြီးလျှင် သင့်ဖျာကို လိပ်ကာ ပြန်လားလော့’ ဟု ပြောသည်က ပို၍ လွယ်သလော။
MAR 2:10 လူသားသည် ဤလောက၌ အပြစ်ရွှတ်ပိုင်ခွင့် တန်ခိုးအာဏာဟိသည်ကို သင်ရို့သည် တွိ့မြင်ရလိမ့်မည်” ဟု ပြောဆိုပြီးလျှင် လီဖြတ်သောသူအား
MAR 2:11 “သင့်အား ငါ ဆိုသည်ကား၊ ထပြီးလျှင် သင်၏ဖျာကို ကောက်၍ အိမ်သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
MAR 2:12 ထိုသူသည်လည်း မိမိ၏ဖျာကို ကောက်ပြီးလျှင် လူအပေါင်းရို့ရှိ့မှ ထွက်လားလေ၏။ ထိုအမှုအရာကို တွိ့မြင်သောလူရို့သည် အလွန်တရာအံ့ဩကြပြီး “ဤပိုင် ငါရို့တစ်သက်မှာ တခါမှ မမြင်ဖူးပါ” ဟု ဆိုလျက် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
MAR 2:13 တဖန်၊ ယေသျှုသည် ဂါလိလဲကမ်းခြီသို့ ကြွတော်မူ၏။ လူအစုအဝေးရို့သည် ကိုယ်တော်ပါးသို့ ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုသူရို့အား ဟောပြောသွန်သင်တော်မူ၏။
MAR 2:14 ထိုမှ ကြွတော်မူစဉ် အကောက်ခွန်ရုံး၌ အာလဖဲ၏သား လေဝိထိုင်နိန်သည်ကို မြင်တော်မူလျှင်၊ ကိုယ်တော်က “ငါ့နောက်သို့ လိုက်လော” ဟု မိန့်တော်မူ၏။ ထိုသူသည် ချက်ချင်းထပြီး ကိုယ်တော်၏ နောက်တော်သို့ လိုက်လေ၏။
MAR 2:15 ထို့နောက် ယေသျှုသည် လေဝိ၏အိမ်၌ တပည့်တော်ရို့နှင့်အတူ စားသောက်လျက်နိန်စဉ်၊ အခွန်ခံများနှင့် အပယ်ခံသောသူများသည် လိုက်လာကြသဖြင့် တပည့်တော်ရို့နှင့်အတူ ဝင်ရောက်စားသောက်ကြ၏။
MAR 2:16 ထိုသို့ ကိုယ်တော်သည် ထိုသူရို့နှင့် စားသောက်လျက်နိန်သည်ကို ကျမ်းပြုဆရာအချို့နှင့် ဖာရိယှဲအချို့သည် မြင်ကြလျှင် “ဤသူကား ဇာဖြစ်လို့ အခွန်ခံသောလူ၊ အပယ်ခံသောလူတိနှင့်အတူ စားသောက်နိန်သနည်း” ဟု တပည့်တော်ရို့အား မိန်းတော်မူ၏။
MAR 2:17 ကိုယ်တော်သည် ထိုစကားကို ကြားလျှင် “ကျန်းမာသောသူရို့သည် ဆီးသမားကို အလိုမဟိ၊ မကျန်းမာသော လူတိရာ အလိုဟိကြ၏။ ငါ ကြွလာသည်ကား၊ အရိုအသီခံရသော လူတိအတွက် လာသည် မဟုတ်၊ အပယ်ခံရသောလူတိနှင့် ဆိုးသွမ်းသောလူတိအတွက် ငါ ကြွလာခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 2:18 တစ်နိ့၌ ဗတ္တိဇံဆရာယောဟန်၏ တပည့်ရို့နှင့် ကျမ်းပြုဆရာရို့သည် အစာယှောင်နိန်ကြ၏။ လူတချို့က၊ ကိုယ်တော်ထံတော်ပါးသို့ ရောက်လာပြီးလျှင် “ဗတ္တိဇံဆရာယောဟန်၏ တပည့်ရို့နှင့် ဖာရိယှဲတပည့်ရို့က အစာယှောင်ကြ၏။ သို့သော် ကိုယ်တော်၏ တပည့်ရို့က ဇာကြောင့် အစာမယှောင်ကြသနည်း” ဟု မိန်းလျှောက်ကြ၏။
MAR 2:19 ယေသျှုကလည်း၊ “မင်္ဂလာဆောင်သတို့သား၏ အပေါင်းအပါရို့သည် မင်္ဂလာပွဲ၌ သတို့သားနှင့်အတူ ဟိနိန်ကြသောအခါ၊ ယင်းသူရို့ အစာယှောင်နိန်ကြသလော။ သတို့သားနှင့်အတူ ဟိသောအချိန်ကာလပတ်လုံး သူရို့သည် အစာမယှောင်တတ်ကြ။
MAR 2:20 သို့သော် သတို့သားကို ထိုသူရို့ပါးက ခွဲယူလားသောနိ့ ရောက်လိမ့်မည်၊ သို့ပြီးမှသာ သူရို့သည် အစာယှောင်ကြလိမ့်မည်။
MAR 2:21 “ပိတ်စအသစ်ဖြင့် အထည်ဟောင်းကို ဇာသူမျှ ဖာသားမချ။ ထိုသို့ ဖာသားချသော်လည်း ပိတ်စအသစ်သည် ရုန်း၍ ပိုပြီး စုတ်ပြဲလိမ့်မည်။
MAR 2:22 ယင်းနည်းတူ သားရီဘူးအဟောင်းထဲ၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မဟိ၊ ထိုသို့ထည့်သော် စပျစ်ရည်အသစ်ကြောင့် သားရီဘူးသည် ပေါက်ကွဲတတ်သည်ဖြစ်၍ နှစ်ခုစလုံး ပျက်စီးလိမ့်မည်။ ယင်းကြောင့် စပျစ်ရည်အသစ်ကို သားရီဘူးအသစ်၌ရာ ထည့်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။
MAR 2:23 ဥပုသ်နိ့၌ ကိုယ်တော်သည် ဂျုံခင်းကို ဖြတ်၍လားစဉ်၊ တပည့်တော်ရို့သည် ဂျုံနှံများကို ခြွီယူကြ၏။
MAR 2:24 ထိုအခါ ဖာရိယှဲရို့က “ကြည့်ပါ၊ ငါရို့၏ပညတ်ကျမ်းအရ ဥပုသ်နိ့၌ မပြုအပ်သောအမှုတိကို သူရို့က ဇာကြောင့် ပြုကြသနည်း” ဟု ကိုယ်တော့်ကို မိန်းလျှောက်ကြ၏။
MAR 2:25 ယေသျှုကလည်း “ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် ဝမ်းဆာနိန်သောအချိန်တွင် မိမိအဖော်တိနှင့်အတူ၊
MAR 2:26 ဘုရားသခင်၏ အိမ်တော်သို့ ဝင်ပြီးလျှင် အကျွန်ရို့၏ပညတ်ကျမ်းအရ ယဇ်ပုရောဟိတ်တိမှတစ်ပါး ဇာသူမျှ မစားအပ်သော ရှိ့တော်မုန့်ကို စားပြီး — မိမိ၏အဖော်ရို့ကိုလည်း ပီးကြောင်းကို ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော” ဟု မိန်းတော်မူ၏။
MAR 2:27 ထို့နောက် ကိုယ်တော်က “ဥပုသ်နိ့အဖို့ လူကို ဖန်ဆင်းထားသည် မဟုတ်။ လူ့အဖို့ရာ ဥပုသ်နိ့ကို သတ်မှတ်ထားခြင်းဖြစ်၏။
MAR 2:28 ယင်းကြောင့် လူသားသည် ဥပုသ်နိ့၏ အသျှင်သခင် ဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 3:1 ထို့နောက် ယေသျှုသည် တရားဇရပ်သို့ ကြွတော်မူပြန်လျှင်၊ ထိုတရားဇရပ်၌ လက်တစ်ဖက် သီနိန်သောသူ တစ်ယောက်ဟိ၏။
MAR 3:2 ထိုအရပ်၌ ဟိသောလူအချို့သည် ကိုယ်တော့်ကို ပြစ်တင်စွပ်စွဲခွင့် ရခြင်းငှာ ဥပုသ်နိ့၌၊ ထိုသူ၏ရောဂါကို ကိုယ်တော်သည် ပျောက်ကင်းစီတော်မူမည်၊ မမူမည်ကို အနီးကပ် စောင့်ကြည့်နိန်ကြ၏။
MAR 3:3 ယေသျှုသည် ထိုသူအား “ရှိ့သို့လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။
MAR 3:4 ထို့နောက် ကိုယ်တော်က လူရို့အား “ငါရို့ပညတ်ကျမ်းအရ ဥပုသ်နိ့၌ ကောင်းသောအရာကို ပြုသင့်သလော၊ သို့မဟုတ် ဆိုးသောအရာကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော၊ သို့မဟုတ် သတ်သင့်သလော” ဟု မိန်းတော်မူလျှင်၊ လူရို့သည် တိန်းနိန်ကြ၏။
MAR 3:5 ထိုအခါ ကိုယ်တော်သည် အမျက်ထန်တော်မူ၍ လှည့်ပတ်ကြည့်ပြီး ထိုသူရို့၏စိတ်နှလုံးသည် မိုက်မဲသောကြောင့် ကိုယ်တော်သည် ဝမ်းနည်းတော်မူ၏။ ကိုယ်တော်ကလည်း “သင်၏လက်ကို ဆန့်လော့” ဟု လက်သီနိန်သောသူအား မိန့်တော်မူ၏။ ထိုသူသည် မိမိလက်ကို ဆန့်လျှင် အကောင်းပကဓိ ဖြစ်လေ၏။
MAR 3:6 ထို့ကြောင့် ဖာရိယှဲရို့သည် တရားဇရပ်မှ ချက်ချင်းထွက်ကြပြီးလျှင် ကိုယ်တော့်ကို သတ်ခြင်းငှာ ဟေရုဒ်၏တပည့်ရို့နှင့် ဆွေးနွေးတိုင်ပင်ကြ၏။
MAR 3:7 ယေသျှုနှင့် တပည့်တော်ရို့သည် ဂါလိလဲအိုင်နားသို့ ကြွတော်မူ၏။ ဂါလိလဲပြည်၊ ယုဒပြည်မှ လည်းကောင်း၊
MAR 3:8 ယေရုဆလင်မြို့မှစပြီး ဣဒုမဲပြည်နှင့် ယော်ဒန်မြစ် အရှိ့ဖက်ကမ်းမှ လူတိနှင့် တုရုမြို့၊ ဇိဒုန်မြို့ပတ်ဝန်းကျင်အရပ်မှ များစွာသောလူရို့သည် ကိုယ်တော်ပြုတော်မူသော အမှုအရာများကို ကြားတော်မူလျှင် ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြ၏။
MAR 3:9 ကိုယ်တော်သည် မိမိကို လူအုပ်ကြီး မနင်းမိစီမည့်အကြောင်း လောင်းတစ်စင်းကို အသင့်ထားခြင်းငှာ တပည့်တော်ရို့အား မိန့်မှာတော်မူ၏။
MAR 3:10 အကြောင်းမူကား ကိုယ်တော်သည် မကျန်းမာသော လူတိကို ကျန်းမာစီတော်မူသဖြင့် ရောဂါခံစားနိန်ရသော လူရို့သည် ကိုယ်တော့်ကို တို့ခြင်းငှာ တိုးလာကြ၏။
MAR 3:11 ဝိညာဉ်ဆိုးတိစွဲသော လူရို့သည်လည်း ကိုယ်တော့်ကို မြင်သောအခါ ရှိ့တော်၌ ပျပ်ဝပ်၍ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်၏” ဟု ဟစ်အော်ကြ၏။
MAR 3:12 ကိုယ်တော်က မိမိသည် မည်သူဖြစ်ကြောင်းကို မည်သူ့ကိုမျှ ထုတ်ဖော်၍ မပြောစီခြင်းငှာ ဝိညာဉ်ဆိုးများအား တင်းကြပ်စွာ ပညတ်တော်မူ၏။
MAR 3:13 ထို့နောက် ယေသျှုသည် တောင်ထက်သို့ ကြွတော်မူပြီး အလိုတော်ဟိသော သူရို့ကိုသာ ခေါ်တော်မူ၍ သူရို့သည် အထံတော်ပါးသို့ ရောက်လာကြ၏။
MAR 3:14 ကိုယ်တော်သည် တစ်ဆယ့်နှစ်ယောက်သော လူရို့ကို ရွီးချယ်တော်မူပြီးလျှင် တမန်တော်များဟူ၍ ခေါ်ဝေါ်သမုတ်တော်မူ၏။ ထို့နောက် ထိုသူရို့အား “သင်ရို့ကို ငါ ရွီးချယ်သည်ကား ငါနှင့်အတူ နီစီခြင်းငှာလည်းကောင်း၊ တရားဟောထွက်စီခြင်းငှာ လည်းကောင်း၊
MAR 3:15 နတ်ဆိုးတိကို မောင်းထုတ်ဖို့ အခွင့်အာဏာ ဟိစီခြင်းငှာ လည်းကောင်း ဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 3:16 ကိုယ်တော် ရွီးချယ်ထားသော တပည့်တော် တစ်ဆယ့်နှစ်ပါး၏ နာမည်ကား၊ (ပေတရုဟု ခေါ်သူ) သျှိမုန်၊
MAR 3:17 (မိုးကြိုး၏သားများဟု အနက်ကို ရ၍ ဗောနေရဂက်ဟု အမည်သစ်ကိုရသော) ဇေဗေဒဲ၏ သားနှစ်ယောက် ယာကုပ်နှင့် ယောဟန်၊
MAR 3:18 အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ သျှိမုန်နှင့်
MAR 3:19 ကိုယ်တော့်ကို သစ္စာဖောက်သူ ယုဒသျှာကာရုတ် ရို့ဖြစ်ကြ၏။
MAR 3:20 ထို့နောက် ယေသျှုသည် အိမ်သို့ဝင်လျှင်၊ လူအပေါင်းရို့သည် တဖန် စုရုံးလာကြသဖြင့် ကိုယ်တော်နှင့် တပည့်တော်ရို့သည် အစားအစာသုံးဆောင်ရန်ပင် အချိန်မရကြ။
MAR 3:21 လူတချို့က “ကိုယ်တော်ကား စိတ်ဖောက်လားယာ” ဟု ပြောဆိုကြ၏။ ထိုအကြောင်းကို ကိုယ်တော်၏ မိသားစုရို့သည် ကြားကြလျှင် ကိုယ်တော့်ကို စောင့်ရှောက်ခြင်းငှာ အထံတော်သို့ လိုက်လာကြ၏။
MAR 3:22 ယေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာရို့က “ဤသူကား ဗေလဇေဗုလဟုခေါ်သော နတ်ဆိုးခေါင်းဆောင် ဝင်ပူးခြင်းပင်ဖြစ်၏။ ထိုနတ်ဆိုးဘုရင်ကို အမှီပြု၍သာ နတ်ဆိုးတိကို မောင်းထုတ်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
MAR 3:23 ယေသျှုသည် ထိုသူရို့ကို ခေါ်ပြီးလျှင် ပုံဥပမာကို ဆောင်၍ “စာတန်မာရ်နတ်က စာတန်မာရ်နတ်ကို ဇာပိုင် မောင်းထုတ်နိုင်မည်နည်း။
MAR 3:24 အုပ်စုကွဲပြားနိန်သော နိုင်ငံကား မတည်မရပ်နိုင်။
MAR 3:25 မိသားစု၌လည်း အချင်းချင်းစိတ်ဝမ်းကွဲနိန်လျှင် ယင်းအိမ်ထောင်သည် ရပ်တည်နိုင်မည် မဟုတ်။
MAR 3:26 ယင်းနည်းတူ စာတန်မာရ်နတ်သည်လည်း အချင်းချင်းမသင့် စိတ်ဝမ်းကွဲလျှင် ထိုသူရို့၏ နိုင်ငံသည် မရပ်မတည်နိုင်ဖြစ်ပြီး ပျက်စီးခြင်းသာ ဖြစ်လိမ့်မည်။
MAR 3:27 “အားကြီးသောသူကို အယင်မတုပ်ဘဲနှင့် ထိုသူ၏အိမ်သို့ ဝင်၍ ပစ္စည်းဥစ္စာများကို ဇာသူလေ့ မလုယူနိုင်။ တုပ်ပြီးမှရာ လုယူနိုင်၏။
MAR 3:28 “သင်ရို့အား ငါ အမှန်ဆိုသည်ကား လူတိက မိမိရို့ လွန်ကျူးသော အပြစ်ဟိသမျှကိုလည်းကောင်း၊ လိမ်လည်သော စကားအမျိုးမျိုးအတွက်လည်းကောင်း အပြစ်ရွှတ်ခွင့်ရနိုင်၏။
MAR 3:29 သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို ပြစ်မှားသောသူကား တစ်ခါမျှ အပြစ်မှ လွတ်ခွင့်မရ။ ထိုသူကား ထာဝရအပြစ်ကို ပြုသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ (
MAR 3:30 ဤသို့ မိန့်တော်မူရခြင်းမှာ လူအချို့သည် ကိုယ်တော့်ကို “ဝိညာဉ်ဆိုး ပူးသောသူဟု စွပ်စွဲကြသောကြောင့်ဖြစ်၏။”)
MAR 3:31 ထို့နောက် ယေသျှု၏မိခင်နှင့် ညီတော်ရို့သည် ရောက်လာလျှင် အိမ်အပြင်၌ ရပ်လျက်၊ ရောက်နိန်ကြောင်းကို ကိုယ်တော့်ကို ကြားပြောခိုင်း၏။
MAR 3:32 လူအပေါင်းရို့သည် ကိုယ်တော့်ကို ခြံရံလျက် ထိုင်နိန်ကြ၏။ သူရို့က “ကိုယ်တော်၏ အမိနှင့် ညီတိ၊ ညီမတိ အိမ်အပြင်၌ ရောက်နိန်ပါ၏၊ ထိုသူရို့သည် ကိုယ်တော့်ကို ရှာနိန်ကြ၏” ဟု လျှောက်ကြ၏။
MAR 3:33 ကိုယ်တော်က “ငါ့အမိ၊ ငါ့ညီတိကား ဇာသူရို့နည်း” ဟု မိန်းတော်မူပြီး၊
MAR 3:34 မိမိပတ်လည်တွင် ထိုင်နိန်ကြသောသူရို့အား ကြည့်တော်မူလျက် “ငါ့အမိ၊ ငါ့ညီတိကား၊ ဤသူရို့ပင် ဖြစ်၏။
MAR 3:35 ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 4:1 တဖန် ယေသျှုသည် ဂါလိလဲအိုင်ကမ်းဘေးတွင် ဆုံးမဩဝါဒ ပီးတော်မူစဉ် များစွာသောလူရို့သည် အထံတော်သို့ ရောက်လာကြ၏။ ထိုသို့ လူများသဖြင့် ကိုယ်တော်သည် အိုင်ထဲ၌ဟိသော လောင်းတစ်စင်းထဲသို့ ဝင်၍ ထိုင်တော်မူပြီး ထိုလောင်းကိုလည်း ကမ်းမှ ခွာစီတော်မူ၏။ လူအပေါင်းရို့သည်လည်း ကမ်းခြီရီစပ်နားအထိ ရပ်နိန်ကြ၏။
MAR 4:2 ထို့နောက် ကိုယ်တော်သည် ပုံဥပမာကိုဆောင်၍ များစွာသော အကြောင်းအရာတိဖြင့် သွန်သင်တော်မူသည်မှာ၊
MAR 4:3 “နားထောင်ကြလော့။ မျိုးစိ့ကြဲသောသူသည် မျိုးစိ့ကြဲခြင်းငှာ ထွက်လားလေ၏။
MAR 4:4 ယင်းမျိုးစိ့ကို ကြဲသောအခါ၊ အချို့မျိုးစိ့တိက လမ်း၌ ကျသဖြင့် ငှက်များသည် လာ၍ ကောက်စားကြ၏။
MAR 4:5 အချို့မျိုးစိ့တိက မြီသားနည်းပြီး ကျောက်ရောမြီ၌ ကျသဖြင့် မြီသားတိမ်သောကြောင့် ထိုမျိုးစိ့သည် အယင် အညှောက်ပေါက်သော်လည်း၊
MAR 4:6 အမြစ်မစွဲနိုင်သောကြောင့် နီပူသောခါ၊ ချက်ချင်း ညှိုးနွမ်းခြောက်သွိ့လားလေ၏။
MAR 4:7 အချို့မျိုးစိ့တိက ဆူးတော၌ ကျသဖြင့် ဆူးပင်တိကြီးထွား၍ ညဉ်းဆဲသောကြောင့် ယင်းအပင်ရို့သည် အသီးကိုမသီးနိုင်ကြ။
MAR 4:8 အချို့မျိုးစိ့တိက ကောင်းသောမြီ၌ ကျသဖြင့် အပင်ပေါက်၍ ကြီးထွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ပွါးများပြီးလျှင် အသီးကို သီးကြ၏။”
MAR 4:9 “ကြားစရာနား ဟိသောသူမည်သည်ကား ကြားပါစီ” ဟု မိန့်တော်မူ၏။
MAR 4:10 ယေသျှုတစ်ပါးတည်းသာ ဟိနိန်ချိန်၌ တစ်ဆယ့်နှစ်ပါးသော တပည့်တော်နှင့်တကွ ကြားနာသော သူရို့သည် ထိုပုံဥပမာ၏ အဓိပ္ပာယ်ကို မိန်းလျှောက်ကြ၏။
MAR 4:11 ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်နိုင်ငံတော်၏ နက်နဲသောအရာတိကို သိရသောအခွင့်ဟိကြ၏။ သို့သော် အပြင်၌ ဟိသောသူတိကား ပုံဥပမာအားဖြင့်သာ ကြားရကြ၏။
MAR 4:12 အကြောင်းမူကား၊ “ ‘သူရို့သည် ကြည့်လျက်နှင့်ပင် မမြင်ကတ်။ နားထောင်နှင့်လျက်ပင် နားမလည်ကတ်။ အကယ်၍ သူရို့သည် မြင်၍ နားလည်ပြီး၊ ဘုရားသခင်ထံသို့ ပြန်လာကြလျှင်၊ ဘုရားသခင်သည် သူရို့၏အပြစ်ကို ရွှတ်လိမ့်မည်’” ဟု မိန့်တော်မူ၏။
MAR 4:13 ကိုယ်တော်က “သင်ရို့သည် ဤဥပမာတောင်မှ နားမလည်လျှင် အခြားဥပမာများကို ဇာပိုင် နားလည်နိုင်မည်နည်း။
MAR 4:14 မျိုးစိ့ကြဲသောသူသည် ဘုရားသခင်၏ တရားစကားကို ကြဲ၏။
MAR 4:15 တချို့လူတိကား လမ်း၌ကျသော မျိုးစိ့နှင့်တူ၏။ ဘုရားသခင်၏ တရားစကားတော်ကို ကြားကြားချင်းပင် စာတန်မာရ်နတ်သည် လာ၍ ထိုတရားစကားကို နုတ်ယူလား၏။
MAR 4:16 ထိုသို့ တချို့လူတိကား ကျောက်ခံမြီ၌ ကျသောမျိူးစိ့နှင့်တူ၏။ သူရို့သည် တရားစကားကို ကြားကြားချင်း ဝမ်းမြောက်ဝမ်းသာခံယူကြ၏။
MAR 4:17 သို့သော် ထိုတရားစကားသည် သူရို့အထဲ၌ အမြစ်မစွဲ၊ တစ်အောင့်ချေရာ တည်၏။ ထိုတရားစကားကြောင့် ဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ကြုံတွိ့ရသောအခါ သူရို့သည် ဖောက်ပြန်လားတတ်၏။
MAR 4:18 တချို့လူတိကား ဆူးတောမြီ၌ ကျသော မျိုးစိ့နှင့်တူ၏။ သူရို့လည်း တရားစကားကို ကြားရကြ၏။
MAR 4:19 သို့သော်လည်း သူရို့သည် ဘဝရပ်တည်နိုင်ဖို့အတွက် စိုးရိမ်ကြောင့်ကြစရာများ၊ စည်းစိမ်ချမ်းသာ ခံစားလိုမှုများနှင့် အခြားသော ဆန္ဒလိုအပ်ချက်များ ထွက်ပေါ်လာပြီးလျှင် တရားတော်ကို လွှမ်းမိုးသောကြောင့် ထိုသူရို့၌ အသီးမသီးနိုင်ကြ။
MAR 4:20 အခြားသော လူတိကား ကောင်းသောမြီ၌ ကျသောမျိုးစိ့နှင့်တူ၏။ ထိုသူရို့တိကား တရားစကားကို ကြား၍ ခံယူကြသောကြောင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ တိုးပွါးပြီးလျှင် အသီးကို သီးလေ၏” ဟု မိန့်တော်မူ၏။
MAR 4:21 ယေသျှုက “ဆီမီးခွက်ကို တောင်းဖြင့် အုပ်ထားလေ့မဟိ။ ကုတင်အောက်၌ ထားလေ့မဟိ။ ဆီမီးခွက်ကို ဆီမီးခုံထက်မှာသာ တင်ထားရမည် မဟုတ်လော။
MAR 4:22 ဖုံးအုပ်လျက် ဟိသမျှသော အရာများသည် ပေါ်လာပြီးလျှင် ကွယ်ဝှက်၍ ထားသမျှသောအရာများသည် ပွင့်လာလိမ့်မည်။
MAR 4:23 ကြားစရာနားဟိသောသူသည်ကား ကြားကြစီ” ဟု မိန့်တော်မူ၏။
MAR 4:24 ထိုမှတစ်ပါး ကိုယ်တော်က “သင်ရို့ ကြားသောအရာကို ဂရုစိုက်၍ နားထောင်ကြလော့။ သင်ရို့က အခြားသောသူတိကို စစ်ကြောသည်အတိုင်း ဘုရားသခင်သည် သင်ရို့ကို စစ်ကြောစီရင်လိမ့်မည် — ထိုထက်မက ပို၍ ပြင်းစွာသောစစ်ကြောခြင်းကို ခံရလိမ့်မည်။
MAR 4:25 ရတတ်သောသူကို ပို၍ ပီးလိမ့်မည်။ မဟိသောသူပါးမှလည်း သူရို့၌ ဟိသမျှကိုပင် နုတ်ယူလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 4:26 ယေသျှုက “ဘုရားသခင်၏ နိုင်ငံတော်ကား ဤအရာနှင့်တူ၏။ လူတစ်ယောက်သည် မိမိလယ်၌ မျိုးစိ့ကိုကြဲ၏။
MAR 4:27 ယင်းပြီးမှ မကြည့်မမှတ်ဘဲ နိ့နှင့်ည အိပ်လျက်၊ နိုးလျက်နိန်၏။ ထိုစဉ် မျိုးစိ့သည် အညှောက်ထွက်၍ အပင်ပေါက်ကာ ကြီးထွားလေ၏။ ထိုသို့ ဖြစ်လာပုံကို လယ်သျှင်သည် မသိ။
MAR 4:28 မြီကြီးသည် အလိုအလျောက်အပင်တိကို ကြီးထွားစီ၍ ကောက်နှံကို ဦးစွာ ဖြစ်စီပြီးလျှင် ကောက်ဆံအောင်သော အသီးများကို သီးစီ၏။
MAR 4:29 ယင်းနောက် အသီးမှည့်၍ ရိတ်သိမ်းချိန်ရောက်သောအခါ လယ်သျှင်က တန်းစဉ်ဖြင့် ရိတ်သိမ်းလေ၏” ဟု မိန့်တော်မူ၏။
MAR 4:30 ထို့နောက် ယေသျှုက၊ “ဘုရားသခင်၏ နိုင်ငံတော်ကို ဇာပိုင် ပြောရမည်နည်း။ ဇာပုံဥပမာနှင့် နှိုင်းပြရအံ့နည်းဟူမူကား၊
MAR 4:31 ဘုရားသခင်၏ နိုင်ငံတော်သည် ဤအရာနှင့်တူ၏။ လူတစ်ယောက်သည် မုန်ညှင်းစိ့တစ်စိ့ကို မြီ၌ စိုက်ပျိုးသောအခါ အစိ့ဟိသမျှထဲတွင် အငယ်ဆုံးဖြစ်၏။
MAR 4:32 စိုက်ပျိုးပြီးနောက် ကြီးထွားလာသောအခါ အခြားသော သီးနှံပင်တိထက် ပို၍ ကြီးထွား၏။ ယင်းအပင်၌ ငှက်တိပင် အရိပ်ခို၍ အသိုက်ဆောက်နိုင်လောက်အောင် အကိုင်းအခက်တိကို ဖြစ်စီတတ်၏” ဟုမိန့်တော်မူ၏။
MAR 4:33 ထိုသို့သော ပုံဥပမာများအားဖြင့် ကိုယ်တော်သည် ပရိသတ်ရို့ နားလည်နိုင်သည့်အတိုင်း တရားတော်ကို ဟောပြောတော်မူ၏။
MAR 4:34 ပုံဥပမာများနှင့်ကင်း၍ ဇာချင့်တရားကိုမျှ ဟောတော်မမူ။ ကိုယ်တော်သည် တပည့်တော်ရို့အား လူပရိသတ်များ ကင်းယှင်းချိန်၌ ဟောခသမျှသော အရာတိကို ယှင်းပြတော်မူ၏။
MAR 4:35 ထိုနိ့ ညနီချမ်းအချိန်တွင် ကိုယ်တော်က တပည့်တော်ရို့အား “အိုင်ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့” ဟု မိန့်တော်မူလျှင်၊
MAR 4:36 တပည့်တော်ရို့သည် လူစုလူဝေးမှ ထွက်ကာ ကိုယ်တော်ဟိနှင့်ပြီးသော လောင်းထက်သို့ တက်၍ ကိုယ်တော်နှင့်အတူ ရွက်ရွှင့်ကြ၏။ အခြားသော လောင်းများလည်း လိုက်ပါကြ၏။
MAR 4:37 ထိုအခါ ရုတ်တရက် ပြင်းထန်သော လီမုန်တိုင်းတိုက်ခတ်လာ၍ လှိုင်းများထသောကြောင့် လောင်းထဲ၌ ရီပြည့်လုပြည့်ချင် ဖြစ်လေ၏။
MAR 4:38 ကိုယ်တော်မူကား လောင်း၏ပဲ့ပိုင်း၌ ခေါင်းအုံးထက်တွင် ကျိန်းစက်လျက် နီတော်မူ၏။ တပည့်တော်ရို့သည် ကိုယ်တော့်ကို နှိုးပြီးလျှင် “ဆရာ၊ အကျွန်ရို့ သီဘေးနှင့် ကြုံနိန်ရသည်ကို ဥပေက္ခာပြုတော်မူပါသည်လော” ဟု မိန်းလျှောက်ကြ၏။
MAR 4:39 ကိုယ်တော်သည် ထ၍ လီနှင့်လှိုင်းများအား “တိတ်ဆိတ်ငြိမ်ဝပ်စွာ နီလော့” ဟု အမိန့်ပီးတော်မူလျှင် လီသည်ငြိမ်၍ လှိုင်းသည် မထလီယာ။
MAR 4:40 ထို့နောက် ကိုယ်တော်သည် တပည့်တော်ရို့အား “ဇာတွက်နှင့် ဤမျှလောက် ကြောက်ကြသနည်း။ ဇာကြောင့် ယုံကြည်ခြင်း မဟိသနည်း” ဟု မိန့်တော်မူ၏။
MAR 4:41 ထိုအခါ သူရို့သည် အလွန်ကြောက်လန့်၍ “ဤလူကား ဇာပိုင်လူလဲ၊ လီနှင့်လှိုင်းတောင်မှ ဤလူ၏ အမိန့်ကို လိုက်နာကြ၏” ဟု အချင်းချင်း ပြောဆိုနိန်ကြ၏။
MAR 5:1 ယေသျှုနှင့် တပည့်တော်ရို့သည် ဂါလိလဲအိုင် တစ်ဖက်ကမ်းဟိ ဂါရစဒေသသို့ ရောက်ကြ၏။
MAR 5:2 ယေသျှုသည် လောင်းမှ ဆင်းတော်မူသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ဆိုးပူးသော သူတစ်ယောက်သည် ကိုယ်တော့်ကို တွိ့ခြင်းငှာ သင်္ချိုင်းမှ ထွက်လာလေ၏။
MAR 5:3 ထိုသူသည် သင်္ချိုင်းအုတ်ဂူများကြား၌ နိန်တတ်ပြီး၊ သူ့ကို ဇာသူတစ်ယောက်မျှ သံကြိုးနှင့်တုပ်၍ မထားနိုင်။
MAR 5:4 ထိုသူအား လက်ထိတ်၊ ခြီကျဉ်းရို့ကို သံကြိုးများဖြင့် အကြိမ်ကြိမ်တုပ်ထားခဖူး၏။ သို့သော် ထိုကြိုးများသာ ပြတ်လား၏။ ဇာသူမျှ သူ့ကို ထိန်းချုပ်၍ မရ။ ထိုသူသည် ခွန်အားကြီးသောသူဖြစ်၏။
MAR 5:5 ထိုသူသည် သင်္ချိုင်းအုတ်ဂူများကြား၌ သော်လည်းကောင်း၊ တောင်ကုန်းများအထက်၌ သော်လည်းကောင်း နိ့၊ ညမပြတ် ဟစ်အော်၍ လှည့်ပတ်လားလာကာ ကျောက်စောင်းနှင့် ကိုယ်ကို ပြတ်စီ၏။
MAR 5:6 ထိုသူသည် အဝီးမှ ယေသျှုကို မြင်လျှင် ဗြီးလာကာ ရှိ့တော်၌ ပျပ်ဝပ်လျက်၊
MAR 5:7 “အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ယေသျှု၊ ကိုယ်တော်သည် အကျွန်နှင့် ဇာသို့ ဆိုင်သနည်း။ အကျွန့်အား မညှဉ်းဆဲပါကေ့။ ဘုရားသခင်ကို တိုင်တည်၍ တောင်းဆိုပါ၏” ဟု ကျယ်သောအသံဖြင့် အော်ဟစ်တောင်းပန်လေ၏။
MAR 5:8 ထိုသို့ လျှောက်ထားသည့်အကြောင်းကား ယေသျှုသည် ထိုသူအား “ဆိုးညစ်သောဝိညာဉ်၊ ဤလူထဲက ထွက်လော့” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
MAR 5:9 ကိုယ်တော်က “သင်၏နာမည်ကား မည်သို့နည်း” ဟု မိန်းတော်မူလျှင်၊ ထိုဝိညာဉ်ဆိုးက၊ “အကျွန်၏အမည်ကား၊ ‘လေဂေါင်’ ဖြစ်ပါ၏ — အကျွန်ရို့က အများဖြစ်ပါ၏” ဟု လျှောက်ထားပြီးမှ၊
MAR 5:10 မိမိရို့အား ထိုအရပ်မှ နှင်ထုတ်တော် မမူစီခြင်းငှာ အကြိမ်ကြိမ်တောင်းပန်လေ၏။
MAR 5:11 ထိုအချိန်၌ တောင်ခါးစောင်း၌ ကျက်စားနိန်သော ဝက်အုပ်တစ်အုပ်ဟိ၏။
MAR 5:12 ထိုဝိညာဉ်ဆိုးတိက “အကျွန်ရို့အား ထိုဝက်တိပါးသို့ ဝင်ပူးရသော အခွင့်ကို ပီးတော်မူပါ” ဟု တောင်းပန်ကြလျှင်၊
MAR 5:13 ကိုယ်တော်သည် ချက်ချင်း အခွင့်ပီးတော်မူ၏။ ထိုဝိညာဉ်ဆိုးရို့သည် ထိုသူပါးမှ ထွက်၍ ဝက်တိ၌ ဝင်ကြ၏။ အကောင်ရွီအားဖြင့် ၂,၀၀၀ ခန့် ဟိသော ဝက်အုပ်သည် — အိုင်ကမ်းထောင်းစောက်သို့ တစ်ဟုန်ထိုးဗြီးဆင်း၍ အိုင်၌ နစ်မွမ်းသီဆုံးကြ၏။
MAR 5:14 ဝက်ကျောင်းသော သူရို့သည် မြို့၊ ရွာများသို့ ဗြီး၍ သတင်းတော်ကို ပြောကြသဖြင့်၊ လူရို့သည် ထိုအမှုအရာများအား ကြည့်ရှုအံ့သောငှာ လာရောက်ကြ၏။
MAR 5:15 ထိုသူရို့သည် ယေသျှုထံပါးသို့ ရောက်လာသောအခါ နတ်ဆိုးရို့ဝင်ပူးသောသူသည် အဝတ်ကို ဝတ်လျက် လူကောင်းပကတိအတိုင်း ထိုင်နိန်သည်ကို မြင်လျှင် အလွန်ကြောက်ရွံ့ကြ၏။
MAR 5:16 ထိုအဖြစ်ပျက်ကို မျက်မြင်တွိ့ရသောသူရို့က နတ်ဆိုးပူးသောသူနှင့် ဝက်အုပ်၌ ဖြစ်ပျက်ခသောအရာများကို နောက်ရောက်ဟိလာကြသော လူတိအား ပြောပြကြ၏။
MAR 5:17 ထို့ကြောင့် ထိုသူရို့သည် ကိုယ်တော့်ကို မိမိရို့ဒေသမှ ထွက်လားရန် တောင်းပန်ကြ၏။
MAR 5:18 ကိုယ်တော်သည် လောင်းထက်သို့ တက်တော်မူစဉ် နတ်ဆိုးပူးခဖူးသောသူသည် ကိုယ်တော်နှင့်အတူ လိုက်ပါခွင့်ပြုစီခြင်းငှာ တောင်းပန်လေ၏။
MAR 5:19 သို့သော်လည်း ကိုယ်တော်သည် ခွင့်ပြုတော်မမူဘဲ၊ “သင့်အိမ်သို့ လားပြီးလျှင် သခင်ဘုရားသည် သင်၌ သနားခြင်းကရုဏာနှင့် ဇာလောက်ကျေးဇူးပြုသည်ကို ဆွီမျိုးသားချင်းရို့အား ပြောပြလော့” ဟု မိန့်တော်မူ၏။
MAR 5:20 ထို့ကြောင့် ထိုသူသည် ထွက်လား၍၊ ယေသျှုသည် မိမိ၌ ဇာမျှလောက် ကျေးဇူးပြုတော်မူကြောင်းကို၊ မြို့ဆယ်မြို့ဟိသော ဒေကာပေါလိပြည် တလျှောက်လုံးတွင် အနှံ့အပြား ပြောကြားရာ ကြားရသောသူရို့သည် အံ့ဩကြ၏။
MAR 5:21 ထို့နောက် ယေသျှုသည် ကမ်းတစ်ဖက်သို့ ပြန်ကူး၍ အိုင်နား၌ ဟိတော်မူစဉ် များစွာသောလူရို့သည် အထံတော်သို့ စုရုံးလာကြ၏။
MAR 5:22 ထိုအခါ ယာဣရုဟု အမည်ဟိသူ တရားဇရပ်မှူးတစ်ယောက်သည် လာ၍ ယေသျှုကို မြင်လျှင် ခြီတော်ရင်း၌ ပျပ်ဝပ်လျက်၊
MAR 5:23 “အကျွန်၏သမီးသျှေ သီဖို့ ဖြစ်နိန်ယာ။ ထိုအသျှေကို အသက်ရှင်ကျန်းမာစီခြင်းငှာ ကိုယ်တော်ကြွပြီးလျှင် အသျှေထက်မှာ လက်တော်ကို တင်ပီးတော်မူပါ” ဟု ကိုယ်တော့်ကို အနူးအညွှတ်တောင်းပန်လေ၏။
MAR 5:24 ထို့ကြောင့် ယေသျှုသည် ထိုသူနှင့်လိုက်လား၏။ များစွာသောလူရို့သည် ဝိုင်းအုံလျက် လိုက်သဖြင့် ကိုယ်တော့်ကို တို့မိ၊ ထိမိကြ၏။
MAR 5:25 ထိုအခါ မိန်းမတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးသွန်နာခံစားရ၍၊
MAR 5:26 ဆီးသမားပေါင်းစုံ၌ ကုသမှုကို ခံယူသောကြောင့် မိမိ၌ ဟိသမျှသောဥစ္စာများပင် ကုန်ဆုံးသော်လည်း သက်သာခြင်းမဟိသည့်အပြင် အခြေအနေပို၍ ဆိုးဝါးလာ၏။
MAR 5:27 သူမသည် ယေသျှု၏ သတင်းတော်ကို ကြားသည်ဟိသော်၊ “ထိုသူ၏အဝတ်တော်ကို အကျွန်သည် တို့ထိခွင့်ရလျှင် ဤရောဂါမှ ပကတိကျန်းမာလားမည်” ဟု ဆိုလျက်၊ လူအပေါင်းရို့ကြားမှ တိုးဝင်းကာ ကိုယ်တော်၏ နောက်တော်သို့ ရောက်လာ၍ အဝတ်တော်ကို တို့လေ၏။
MAR 5:29 ထိုသို့ တို့ပြီးသည်နှင့် ချက်ချင်း သွီးသွန်ခြင်း တန့်လားသည်ဖြစ်၍ မိမိကိုယ်ခန္ဓာ၌ ထိုရောဂါ ပျောက်ကင်းသည်ကို သိလေ၏။
MAR 5:30 ယေသျှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင်၊ နောက်တော်သို့ လှည့်၍ “ငါ့ အဝတ်ကို ဇာသူ တို့သနည်း” ဟု မိန်းတော်မူ၏။
MAR 5:31 တပည့်တော်တိကလည်း “ကိုယ်တော်၊ ဤမျှလောက် လူတိကြိတ်ကြိတ်တိုးကာ လိုက်နိန်ကြသည်ကို မြင်လျက်နှင့်ပင် ‘ငါ့ကို ဇာသူ တို့သနည်း’ ဟု မိန်းတော်မူသိမ့်လော” ဟု မိန်းလျှောက်ကြ၏။
MAR 5:32 သို့ရာတွင် ကိုယ်တော်သည် မိမိအား မည်သူ တို့သည်ကို သိတော်မူခြင်းငှာ လှည့်ပတ်ကြည့်တော်မူ၏။
MAR 5:33 ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက်၊ ရှိ့တော်သို့ လာရောက်ပျပ်ဝပ်၍ ဖြစ်သမျှသော အကြောင်းအရာတိကို အဟုတ်အမှန် ကြားလျှောက်လေ၏။
MAR 5:34 ယေသျှုကလည်း “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီယာ၊ စိတ်ချလက်ချရာ ပြန်လားလီ၊ သင်၏အနာရောဂါပျောက်ကင်းစီ” ဟု မိန့်တော်မူ၏။
MAR 5:35 ထိုသို့ မိန့်တော်မူစဉ် ယာဣရု၏အိမ်မှ လူသည် ရောက်လာ၍ “သင်၏ သမီးကား သီယာ။ ဤဆရာကို ဇာတွက် ဒုက္ခပီးနိန်သိမ့်သနည်း” ဟု ဆိုကြ၏။
MAR 5:36 ယေသျှုသည် ထိုသူရို့၏စကားကို ကြားသော်လည်း၊ စိတ်နှလုံးထဲ၌ မထားဘဲ ထိုသူအား “မကြောက်ကေ့။ ယုံကြည်ခြင်းသာ ဟိလော့” ဟု တရားဇရပ်မှူးအား မိန့်တော်မူ၏။
MAR 5:37 ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်ညီ ယောဟန်ရို့ မှတစ်ပါး မည်သူကိုမျှ မလိုက်စီဘဲ၊
MAR 5:38 ယာဣရု၏အိမ်သို့ကြွ၍ ရောက်လျှင် လူရို့သည် အုတ်အုတ်သဲသဲ ပြုနိန်ကြသည်ကိုလည်းကောင်း၊ လွန်စွာ မြည်တမ်းငိုကြွီးနိန်ကြသည်ကိုလည်းကောင်း မြင်တော်မူလျှင်၊
MAR 5:39 ကိုယ်တော်သည် အိမ်ထဲသို့ ဝင်၍ “ဇာကြောင့် ဝိုင်းအုံ၍ ငိုနိန်ကြသနည်း။ ဤသူငယ်မသျှေ သီကျလားသည် မဟုတ် — အိပ်ပျော်နိန်ခြင်းသာ ဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 5:40 ထိုအခါ လူရို့သည် ကိုယ်တော့်ကို လှောင်ပြောင်ကြ၏။ ကိုယ်တော်သည် ထိုသူရို့ကို အပြင်သို့ ထွက်ခိုင်းစီပြီးမှ သူငယ်မ၏ မိဘတိနှင့် တပည့်တော်သုံးယောက်ကို ခေါ်၍ သူငယ်မသျှေဟိရာ အခန်းသို့ ဝင်တော်မူ၏။
MAR 5:41 ကိုယ်တော်သည် သူငယ်မသျှေ၏ လက်ကိုဆုပ်ကိုင်ကာ “တလိသကုမိ” ဟု မိန့်တော်မူ၏။ အနက်ကား “မိန်းမငယ် ထလော၊ ငါ ဆို၏” ဟု ဆိုလိုသတည်း။
MAR 5:42 ထိုသို့ မိန့်တော်မူပြီးနောက် သူငယ်မသျှေသည် ချက်ချင်းထ၍ လမ်းလျှောက်လေ၏။ ထိုသူငယ်မသျှေကား တစ်ဆယ့်နှစ်နှစ် သမီးအရွယ် ဖြစ်၏။ ထိုအခါ လူရို့သည် အလွန်အံ့သြကြ၏။
MAR 5:43 ကိုယ်တော်ကလည်း ထိုအမှုအရာကို မည်သူ့ကိုမျှ မပြောစီခြင်းငှာ ထိုသူရို့အား တင်းကြပ်စွာမိန့်တော်မှုပြီးလျှင် “ဤသူငယ်မသျှေကို စားစာရာ တစ်စုံတစ်ခု ကျွေးလော့” ဟု မိန့်တော်မူ၏။
MAR 6:1 ယေသျှုသည် တပည့်တော်ရို့နှင့်အတူ ထိုအရပ်မှကြွ၍ မိမိနီသောမြို့သို့ ရောက်တော်မူ၏။
MAR 6:2 ဥပုသ်နိ့ ရောက်သောအခါ ကိုယ်တော်သည် တရားဇရပ်၌ ဟောပြောသွန်သင်တော်မူ၏။ လူအပေါင်းရို့သည် ကိုယ်တော်၏ သွန်သင်တော်မူချက်ကို ကြားရလျှင် အံ့သြကြသည်ဖြစ်၍ “ဤသူကား ဤပညာကို ဇာကရသနည်း။ ဤသူရဟိသော ပညာကား ဇာမျိုး ပညာနည်း။ ဇာပိုင် ဤနိမိတ်လက္ခဏာတိကို ပြနိုင်သနည်း။
MAR 6:3 ဤသူကား လက်သမား မဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့် သျှိမုန်ရို့၏ အစ်ကို မဟုတ်လော။ သူ့နှမလည်း ဤအရပ်၌ နီသည် မဟုတ်လော” ဟု ပြောဆိုကြ၏။ သို့ဖြစ်၍ သူရို့သည် ကိုယ်တော့်ကို လက်မခံကြပေ။
MAR 6:4 ယေသျှုကလည်း “ပရောဖက်မည်သည်ကား မိမိနီရင်းမြို့၊ ဆွီမျိုး၊ မိသားစုမှတစ်ပါး ဇာအရပ်မှာမဆို ဂုဏ်အသရေဟိ၏” ဟု မိန့်တော်မူ၏။
MAR 6:5 ကိုယ်တော်သည် ထိုမြို့တွင် ဖျားနာသူ တချို့ကိုသာ လက်တော်တင်၍ ကျန်းမာစီတော်မူသည် မှတစ်ပါး မည်သည့် နိမိတ်လက္ခဏာကိုမျှ ပြုတော်မမူ။
MAR 6:6 ကိုယ်တော်သည် ထိုသူရို့၏ ယုံကြည်ခြင်းကင်းမဲ့သည်ကို အံ့သြတော်မူ၏။ ထို့နောက်၊ ယေသျှုသည် အနီးအနား၌ဟိသော ကျေးရွာများသို့ လား၍ ဟောပြောသွန်သင်တော်မူ၏။
MAR 6:7 ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးရို့အား အထံတော်သို့ ခေါ်ပြီးလျှင် နှစ်ယောက်စီတွဲ၍ စီရွှတ်ကာ သူရို့အား ဝိညာဉ်ဆိုးများကို နိုင်ရသောအခွင့်ကိုလည်း ပီးတော်မူ၏။
MAR 6:8 ကိုယ်တော်က “သင်ရို့၊ လမ်းခရီးအတွက် တောင်မွိ့မှအပ ဇာတစ်ခုကိုမျှ ယူမလားကေ့ — ရိက္ခာ၊ လွယ်အိတ်နှင့် သင်၏ခါး၌ ဖေသာဒင်္ဂါးတိကို ကျိတ်ယူမလားကေ့။
MAR 6:9 ခြီနင်းကို စီးကြလော့။ အင်္ကျီအပိုလည်း မယူကေ့။
MAR 6:10 ဇာမြို့၌မဆို သင်ရို့ကိုလက်ခံသော အိမ်တွင် ယင်းအရပ်မှ မထွက်ခွာသည်ထိတိုင်အောင် တည်းနိန်ကြလော့။
MAR 6:11 မြို့တစ်မြို့သို့ ဝင်သောအခါ ယင်းအရပ်မှ လူတိက သင်ရို့ကို လက်မခံ၊ ဟောပြောသမျှကို နားမထောင်လျှင်၊ ယင်းနီရာက ထွက်လာကြလော့။ ယင်းသို့ ထွက်လာသောခါ သူရို့တစ်ဖက်၌ သက်သီဖြစ်စီခြင်းငှာ သင်ရို့ခြီဖဝါးက မြီမှုန့်ကို ခါချပစ်ခလော့” ဟု မိန့်တော်မူ၏။
MAR 6:12 တပည့်တော်ရို့သည် ထွက်လား၍ လူရို့အား၊ နောင်တနှင့်ဆိုင်သော သတင်းစကားကို ဟောပြောကြ၏။
MAR 6:13 သူရို့သည် များစွာသောနတ်ဆိုးတိကို နှင်ထုတ်ပြီးလျှင်၊ ဖျားနာသောသူတိကို ဆီနှင့်လူး၍ ကျန်းမာစီကြ၏။
MAR 6:14 ယေသျှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြီး၏ နားတော်သို့ ရောက်လားလေ၏။ လူတချို့က “ဗတ္တိဇံဆရာယောဟန်သည် သီရာကနိန် ပြန်ရှင်လာယာ။ ယင်းကြောင့် နိမိတ်လက္ခဏာများကို ပြနိုင်ခြင်းဖြစ်၏” ဟု ဆိုကြ၏။
MAR 6:15 လူတချို့က “ထိုသူသည် ဧလိယဖြစ်၏” ဟု ဆိုကြ၏။ တချို့ကလည်း “အယင်က ပရောဖက်ကဲ့သို့ ပရောဖက် တစ်ပါးဖြစ်၏” ဟု ဆိုကြ၏။
MAR 6:16 ထိုအကြောင်းအရာများကို ဟေရုဒ်မင်းကြီးကြားလျှင် “ဤသူကား၊ ငါ ဂေါင်းဖြတ်သတ်ခသော ယောဟန်သည် အဂု အသက်ပြန်ရှင်လာယာ” ဟု ဆို၏။
MAR 6:17 အထက်က ဟေရုဒ်မင်းသည် ညီဖြစ်သူ ဖိလိပ္ပု၏မယား၊ ဟေရောဒိကို သိမ်းယူသောအမှုနှင့် ပတ်သက်၍ ယောဟန်ကို ဖမ်းဆီးပြီးလျှင် ထောင်၌ ချုပ်ထားစီ၏။
MAR 6:18 အကြောင်းမူကား ယောဟန်သည် ဟေရုဒ်အား “သင့်ညီ၏မယားကို မသိမ်းယူအပ်” ဟု အကြိမ်ကြိမ်ပြောသောကြောင့်ဖြစ်၏။
MAR 6:19 ထို့ကြောင့် ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့၍ သတ်လိုသော်လည်း ဟေရုဒ်ကြောင့် အခွင့်မရနိုင်။
MAR 6:20 အကြောင်းမူကား ယောဟန်သည် ကောင်းမြတ်ပြီး၊ သန့်ယှင်းသူဖြစ်ကြောင်းကို ဟေရုဒ် သိသဖြင့် ကြောက်၍ စောင့်ရှောက်လျက် ထား၏။ ယောဟန်၏ ဟောပြော သွန်သင်ချက်များကို ကြားနာရသောအခါ၌ စိတ်အနှောက်အယှက်ဖြစ်သော်လည်း ဝမ်းမြောက်စွာနှင့်ပင် ကြားနာလေ့ ဟိသောကြောင့်ဖြစ်၏။
MAR 6:21 ထို့နောက် ဟေရုဒ်၏ မွီးနိ့ပွဲ၌ ဟေရောဒိအတွက် အခါအခွင့် ရောက်လာ၏။ ဟေရုဒ်သည် မိမိ၏ မွီးနိ့ပွဲ၌ ဂါလိလဲပြည်မှ ခေါင်းဆောင်ကြီးတိ၊ စစ်သူကြီးတိ၊ မှူးမတ်တိကို ဖိတ်ကြား၍ ကျွေးမွေးတော်မူစဉ်၊
MAR 6:22 ဟေရောဒိ၏ သမီး သည် ဝင်၍ ကပြဖျော်ဖြေသဖြင့် ဟေရုဒ်နှင့် ဧည့်သည်တော်အပေါင်းရို့၏ စိတ်ကို ရွှင်လန်းစီ၏။ ဟေရုဒ်မင်းက သူမအား “သင် ဇာကို လိုချင်သနည်း။ သင် နှစ်သက်သည်ကို တောင်းလော့၊ သင့်အား ငါ ပီးမည်။
MAR 6:23 ငါ၏နိုင်ငံ တစ်ဝက်တိုင်အောင် သင် တောင်းသမျှကို ငါ ပီးမည်” ဟု ကျိန်ဆို၍ ပြောလေ၏။
MAR 6:24 သူမသည် မင်းကြီးထံပါးမှ ထွက်၍ မိခင်အား “အကျွန်၊ ဇာကို တောင်းရပါမည်နည်း” ဟု မိန်း၏။ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ ဦးဂေါင်းကိုသာ တောင်းလော့” ဟု ဆို၏။
MAR 6:25 သူမသည် ချက်ချင်း မင်းကြီးထံပါးသို့ တဖန်ဝင်ပြီးလျှင် “ဗတ္တိဇံဆရာ ယောဟန်၏ ဦးဂေါင်းကို ဗျ့ထက်မှာ တင်ပြီးလျှင် အဂု ပီးတော်မူပါ” ဟု လျှောက်၏။
MAR 6:26 ထိုအခါ မင်းကြီးသည် လွန်စွာဝမ်းနည်းသော်လည်း အာဂန္တုရို့ အရှိ့၌ မိမိကျိန်ဆိုပီးခသော ကတိကို ထောက်၍ သူမ တောင်းလျှောက်သည်ကို မငြင်းပယ်လိုပေ။
MAR 6:27 ထို့ကြောင့် ယောဟန်၏ ဦးဂေါင်းကို ယူလာစီခြင်းငှာ အစောင့်တစ်ယောက်အား ချက်ချင်း အမိန့်ပီးလေ၏။ ထိုသူသည် အကျဉ်းထောင်သို့ လား၍ ယောဟန်၏ ဦးဂေါင်းကို ဖြတ်ပြီးလျှင်၊
MAR 6:28 ဗျ့၌ ထည့်၍ ယူဆောင်လာကာ ထိုမိန်းမငယ်အား ပီးလေသော်၊ သူမသည် ယူ၍ မိခင်အား ပီးလေ၏။
MAR 6:29 ယောဟန်၏ တပည့်ရို့သည် ထိုသတင်းတော်ကို ကြားသောအခါ လာ၍ ယောဟန်၏အလောင်းကို သယ်ဆောင်လားပြီးလျှင် ဂူသွင်းသင်္ဂြိုလ်ကြ၏။
MAR 6:30 တမန်တော်ရို့သည် ယေသျှုထံတော်သို့ ပြန်လာပြီးလျှင်၊ မိမိရို့ လုပ်ဆောင်ခသမျှသောအရာနှင့် သွန်သင်ခသမျှသောအရာများကို လျှောက်တင်ကြ၏။
MAR 6:31 များစွာသောလူရို့သည် ဝင်ထွက်လားလာလျက် ဟိကြသည်ဖြစ်၍၊ ကိုယ်တော်နှင့် တပည့်တော်ရို့သည် အစားအစာ သုံးဆောင်ခြင်းငှာ အချိန်ပင် မရကြပေ။ ထို့ကြောင့် ကိုယ်တော်က “ငါရို့၊ ဆိတ်ငြိမ်ရာ နီရာသို့ လားပြီးလျှင် တအောင့်ချေလောက် အနားယူကြကုန်အံ့” ဟု မိန့်တော်မူ၏။
MAR 6:32 ထို့ကြောင့် ကိုယ်တော်နှင့်အတူ တပည့်တော်ရို့သည် လောင်းစီး၍ ဆိတ်ငြိမ်ရာ အရပ်သို့ လားကြ၏။
MAR 6:33 ထိုသို့ ထွက်လားသည်ကို လူရို့သည်မြင်၍ ကိုယ်တော်ဖြစ်သည်ကို သိကြလျှင် အမြို့မြို့၊ အရွာရွာမှ လူအပေါင်းရို့သည် ကိုယ်တော်လားရာ အရပ်သို့ ကုန်းကြောင်းဖြင့် အယင် လားကြသည်ဖြစ်၍ ကိုယ်တော်နှင့်တပည့်တော်ရို့ မရောက်ခင် ရောက်နှင့်နိန်ကြ၏။
MAR 6:34 ကိုယ်တော်သည် လောင်းမှ တက်လာတော်မူသောအခါ လူထုကြီးကို မြင်လျှင်၊ ထိုသူရို့သည် ထိန်းသူမဟိသော သိုးများကဲ့သို့ ဖြစ်သောကြောင့် သူရို့ကို သနားတော်မူသဖြင့် များစွာသောတရားစကားကို ဟောပြောသွန်သင်တော်မူ၏။
MAR 6:35 ယင်းနိ့ နီဝင်စပြုသောအခါ တပည့်တော်ရို့သည် အထံတော်ပါးသို့ ချဉ်းကပ်ပြီးလျှင် “ဤအရပ်ကား၊ လူသူမဟိသော အရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ယာ။
MAR 6:36 ဤလူတိကို ပတ်ဝန်းကျင်ဟိ တောရွာများနှင့် ယာတောများသို့ စားစရာဝယ်စီခြင်းငှာ စီရွှတ်တော်မူပါ” ဟု လျှောက်ထားကြ၏။
MAR 6:37 ကိုယ်တော်က “သူရို့အား စားစရာတစ်စုံတစ်ခုကို သင်ရို့ပီးကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တိက “အကျွန်ရို့သည် ငွီဒင်္ဂါးပြား ၂၀၀ ဖို့ အစားအစာဝယ်ပြီးလျှင် ဤသူရို့ကို ကျွေးရမည်လော” ဟု လျှောက်ထားကြ၏။
MAR 6:38 ကိုယ်တော်ကလည်း၊ “သင်ရို့၌ မုန့်ဇာလောက်ဟိသည်ကို လား၍ကြည့်လော့” ဟု မိန့်တော်မူ၏။ တပည့်တော်ရို့သည် ရှာ၍တွိ့သောအခါ “မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ဟိပါ၏” ဟု လျှောက်ကြ၏။
MAR 6:39 ထိုအခါကိုယ်တော်သည် လူအပေါင်းရို့ကို စိမ်းလန်းသောမြက်ခင်းထက်၌ အုပ်စုလိုက်ထိုင်စီခြင်းငှာ တပည့်တော်ရို့အား စီခိုင်းတော်မူ၏။
MAR 6:40 လူရို့သည် တစ်ရာစု၊ ငါးဆယ်စုဖြင့် စီတန်း၍ထိုင်ကြ၏။
MAR 6:41 ထို့နောက် ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကို ဖဲ့တော်မူပြီးလျှင် လူတိကို ဝီငှစီခြင်းငှာ တပည့်တော်ရို့အား ပီးတော်မူ၏။ ထိုနည်းတူ ငါးနှစ်ကောင်ကိုလည်း ခွဲဝီပီးတော်မူ၏။
MAR 6:42 လူအပေါင်းရို့သည် ဝစွာစားကြပြီးမှ၊
MAR 6:43 မုန့်နှင့်ငါး အကြွင်းအကျန်ကို ကောက်သိမ်းကြရာတွင် တစ်ဆယ့်နှစ်တောင်း အပြည့်ရကြ၏။
MAR 6:44 မုန့်ကိုစားသော ယောက်ျားအရီအတွက်ကား လူ ၅,၀၀၀ မျှလောက် ဟိ၏။
MAR 6:45 ထို့နောက် ကိုယ်တော်သည် လူအပေါင်းရို့ကို ပြန်စီတော်မူစဉ်၊ တပည့်တော်ရို့အား လောင်းထက်သို့ ချက်ချင်း တက်စီပြီး အိုင်တစ်ဖက်ကမ်း၌ဟိသော ဗက်ဇဲဒရွာသို့ ဦးစွာ ကူးနှင့်စီတော်မူ၏။
MAR 6:46 ကိုယ်တော်သည် လူအပေါင်းရို့ကို နှုတ်ဆက်ပြီးမှ ဆုတောင်းပတ္ထနာပြုခြင်းငှာ တောင်ထက်တစ်နီရာသို့ တက်ကြွတော်မူ၏။
MAR 6:47 ညအချိန်ရောက်သောအခါ လောင်းသည် အိုင်အလယ်၌ ဟိနိန်၏။ ကိုယ်တော်မူကား ကုန်းထက်၌ တစ်ယောက်တည်းဟိနိန်တော်မူ၏။
MAR 6:48 တပည့်တော်ရို့သည် လီမသင့်သောကြောင့် တက်ဖြင့်လှော်ခတ်၍ ညောင်းရိ့ကြသည်ကို ကိုယ်တော်သည်မြင်လျှင် ရီထက်မှ စက်တော်ဖြန့်၍ တပည့်တော်ရို့ပါးသို့ ကြွလာတော်မူ၏။ ထိုအချိန်ကား မိုးသောက်ယံဖြစ်၏။ ကိုယ်တော်သည် သူရို့အနားမှ ကျော်ဖြတ်ခြင်းငှာ ပြု၏။
MAR 6:49 ထိုသို့ ရီထက်မှာ စက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူရို့သည် မြင်လျှင် “စစ္ဆီ” ဟု ထင်မှတ်ပြီး အော်ကျွီးကြ၏။
MAR 6:50 ထိုသူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်သောအခါ ထိတ်လန့်ကြောက်ရွံ့ကြ၏။ ကိုယ်တော်သည် ချက်ချင်းနှုတ်ဆက်၍ “မစိုးရိမ်ကတ်ကေ့။ မကြောက်ကတ်ကေ့။ ငါ ရာဖြစ်၏” ဟု သူရို့အား မိန့်တော်မူ၏။
MAR 6:51 ထို့နောက် ကိုယ်တော်သည် တပည့်တော်ရို့ဟိရာ၊ လောင်းထက်သို့ တက်တော်မူလျှင် လီသည် ငြိမ်းလေ၏။ ထိုသူရို့လည်း လွန်စွာအံ့သြကြ၏။
MAR 6:52 အကြောင်းမှာ သူရို့၏စိတ်နှလုံးသည် မာကြောလျက် ဟိသောကြောင့် လူ ၅,၀၀၀ ကို ကျွေးမွေးခြင်းနှင့်ပတ်သက်၍ ပြသောတန်းခိုးတော်၏ အဓိပ္ပာယ်ကို နားမလည်ကြ။
MAR 6:53 ကိုယ်တော်နှင့် တပည့်တော်ရို့သည် အိုင်တစ်ဖက်သို့ ကူးပြီး ဂင်္နေသရက်မြို့သို့ ရောက်ကြလျှင် လောင်းကို ကပ်ကြ၏။
MAR 6:54 လောင်းထက်မှ ဆင်းလျှင်ဆင်းချင်း လူရို့သည် ယေသျှုကို မှတ်မိကြသည်ဖြစ်၍၊
MAR 6:55 ကိုယ်တော်သည် မည်သည့်အရပ်၌ ဟိတော်မူကြောင်းကို ကြားကြသောအခါ ပတ်ဝန်းကျင်အရပ်ရပ်သို့ ဗြီးပြီးလျှင် လူနာတိကို သူရို့၏ အိပ်ရာများဖြင့် ထမ်းလာခကြ၏။
MAR 6:56 ကိုယ်တော်ကြွတော်မူရာ မြို့၊ ရွာနှင့် ယာတောများမှ လူနာတိကို ဈီးများ၌ ချထားကြ၏။ ကိုယ်တော်၏ အဝတ်တော်ပန်းဖွားကိုမျှ လူနာရို့အား တို့၊ ထိခွင့် ရစီခြင်းငှာ တောင်းပန်ကြ၏။ ထိုသို့ တို့၊ ထိခွင့်ရသမျှသော လူရို့သည် ကျန်းမာလာကြ၏။
MAR 7:1 ထိုအခါ ယေရုဆလင်မြို့မှ လာသော ဖာရိယှဲတချို့နှင့် ကျမ်းတတ်ဆရာတချို့သည် ယေသျှုအပါး၌ လာရောက်စုဝေးကြ၏။
MAR 7:2 ယေသျှု၏ တပည့်တော်တချို့သည် မစင်ကြယ်သော လက်တည်းဟူသော ရီမဆီးသောလက်ဖြင့် အစာစားကြသည်ကို တွိ့မြင်ကြ၏။
MAR 7:3 ဖာရိယှဲရို့နှင့် ယုဒအမျိုးသားရို့သည် ရှီးလူကြီးရို့၏ သွန်သင်ချက်နှင့်အညီ လက်မဆီးဘဲ အစာစားလေ့ မဟိကြ။
MAR 7:4 ဈီးမှဝယ်လာသမျှ အရာအားလုံးကိုလည်း အယင် မဆီးကြောဘဲ မစားကြ။ အိုး၊ ခွက်၊ ကြီးဖလားနှင့် အိပ်ရာများကို ဆီးကြောလျှော်ဖွတ်ပြီးမှ အသုံးပြုကြ၏။ အခြားသော ဓလေ့အစဉ်အလာများကိုလည်း သူရို့သည် လိုက်နာကျင့်သုံးကြ၏။
MAR 7:5 ထို့ကြောင့် ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က၊ “ကိုယ်တော်၏တပည့်ရို့သည် ရှီးလူကြီးရို့၏ ထုံးတမ်းအစဉ်အလာကို ဇာကြောင့် လိုက်နာကျင့်သုံးခြင်းမဟိဘဲ၊ မစင်ကြယ်သောလက်ဖြင့် စားကြသနည်း” ဟု ကိုယ်တော့်ကို မိန်းလျှောက်ကြ၏။
MAR 7:6 ယေသျှုကလည်း “သင်ရို့အဖို့ ပရောဖက်ဟေသျှာယ ဟောပြောသည်ကား ကောင်းကောင်းမှန်၏။ သင်ရို့က သူတော်ကောင်း ယောင်ဆောင်သောသူတိဖြစ်၏။ ယင်းကြောင့် ဟေသျှာယက သင်ရို့ကို ရည်မှတ်၍ ရီးထားသည်ကား၊ “ ‘ဤလူမျိုးသည် နှုတ်ခမ်းနှင့်သာ ငါ့ကို ရိုသီကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝီးကြ၏။
MAR 7:7 လူ့ပညတ်တိကို ငါ၏ ပညတ်တရားကဲ့သို့ သွန်သင်ကြပြီးလျှင်၊ ငါ့ကို အချည်နှီး ကိုးကွယ်ကြ၏။’
MAR 7:8 “သင်ရို့သည် ဘုရားသခင်၏ ပညတ်ကို ပယ်၍ လူရို့၏ဓလေ့ ထုံးတမ်းကိုသာ လိုက်နာကြ၏” ဟု မိန့်တော်မူ၏။
MAR 7:9 တဖန် ကိုယ်တော်က၊ “သင်ရို့သည် မိမိရို့၏ ထုံးတမ်းအစဉ်အလာတိကို ကျင့်သုံးနိုင်ဖို့အတွက် ဘုရားသခင်၏ပညတ်ကို လိမ္မာပါးနပ်စွာ ပယ်ကြ၏။
MAR 7:10 သင်၏မိဘကို ရိုသီစွာပြုလော့။ မိဘကို ကျိန်ဆဲသောသူသည် အသီသတ်ခြင်းကို ခံစီဟု မောသျှေက ပညတ်ထားခ၏။
MAR 7:11 သို့သော် သင်ရို့က အကြင်သူ၌ မိဘကိုကူညီခြင်းငှာ ပစ္စည်းတစ်စုံတစ်ခု ဟိလျက်နှင့် ယင်းပစ္စည်းကို ‘ကော်ဘန်’ ဟုခေါ်သော ဘုရားသခင်အဖို့ လှူထားပြီးသော ပစ္စည်းဖြစ်၏ဟု ဆို၏။
MAR 7:12 ထိုသူသည် သားသမီးရို့ ပြုအပ်သောဝတ်ကို ပြုဖို့မလိုဟု သွန်သင်၏။
MAR 7:13 ယင်းပိုင် သင်ရို့ လက်ဆင့်ကမ်းပီးသော ထုံးတမ်းစဉ်လာတိနှင့် ဘုရားသခင်၏ နှုတ်ကပက်တော်ကို ပယ်ကြ၏။ ထိုသို့ အခြားသော အကျင့်ဓလေ့များကိုလည်း သင်ရို့သည် ပြုကြ၏” ဟု မိန့်တော်မူ၏။
MAR 7:14 ထို့နောက် ကိုယ်တော်သည် လူပရိသတ်ရို့အား တဖန်ခေါ်တော်မူပြီးလျှင်၊ “သင်ရို့အားလုံး ငါ့စကားကို နာယူ၍ နားလည်သိမှတ်ကြလော့။
MAR 7:15 လူ၏ပြင်ပမှ ဝင်သောအရာ တစ်စုံတစ်ခုမျှ လူကို မညစ်ညမ်းစီနိုင်။ လူ၏အတွင်းမှ ထွက်သောအရာကသာ လူကို ညစ်ညမ်းစီနိုင်၏။”
MAR 7:16 
MAR 7:17 ကိုယ်တော်သည် ပရိသတ်အစုအဝေးဟိရာမှ ထ၍ အိမ်ထဲသို့ ကြွတော်မူသောအခါ တပည့်တော်ရို့သည် ကိုယ်တော်မိန့်တော်မူခသော ပုံဥပမာများ၏ အဓိပ္ပာယ်များကို မိန်းလျှောက်ကြ၏။
MAR 7:18 ကိုယ်တော်က “သင်ရို့သည် ဤမျှပင် အသိဉာဏ် မဟိကြသလော။ အပြင်မှ လူ၏အတွင်းသို့ ဝင်သမျှသည် စိတ်နှလုံးထဲသို့မဝင်၊ အစာအိမ်ထဲသို့ ဝင်ပြီးလျှင် ရီအိမ်ထဲသို့ ဆင်းလားသောကြောင့် လူ၏ကိုယ် အတွင်းသို့ ဝင်သောအရာတိကား လူကို မညစ်ညမ်းစီနိုင်ကြောင်းကို နားမလည်ကြသလော” ဟု မိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းမှာ မသန့်ယှင်းသော အစားအစာ မဟိကြောင်းကို ဆိုလိုသတည်း။)
MAR 7:20 တဖန် ကိုယ်တော်က “လူအတွင်းမှ ထွက်လာသော အရာများသာ လူကို ညစ်ညမ်းစီသော အရာဖြစ်၏။
MAR 7:21 လူ၏အတွင်း စိတ်နှလုံးထဲက ထွက်လာသော ညစ်ညမ်းသော အကြံအစည်၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ တရားမဲ့ပြုမူခြင်း၊
MAR 7:22 သူ့ဥစ္စာကို ခိုးခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်ခြင်း၊ မနာလိုခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ မာနထောင်ခြင်း၊ လျှပ်ပေါ်ခြင်း —
MAR 7:23 စသော ဤအရာအားလုံးရို့သည် လူ၏ကိုယ်အတွင်းမှ ထွက်လာ၍ လူကို ညစ်ညမ်းစီသော အရာများဖြစ်ကြ၏” ဟု မိန့်တော်မူ၏။
MAR 7:24 ထို့နောက် ယေသျှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နယ်သို့ ကြွတော်မူ၏။ ရောက်လျှင်၊ အိမ်တစ်အိမ်တွင် ဝင်၍ တည်းခိုတော်မူ၏။ မိမိရောက်ကြောင်းကို ဇာသူ့ကိုမျှ မသိစီလိုသော်လည်း ပုန်းအောင်း၍ မနိန်နိုင်ပေ။
MAR 7:25 ဝိညာဉ်ဆိုးပူးသော မိန်းမသျှေတစ်ယောက်၏ အမိသည် ယေသျှု ရောက်သည်ကို ကြားလျှင် ချက်ချင်း ရောက်လာ၍ ခြီတော်ရင်း၌ ပျပ်ဝပ်ပြီးနိန်၏။
MAR 7:26 သူမသည် တစ်ပါးအမျိုး၊ ယှုရိပြည် ဖိနိတ်နယ်သူ ဖြစ်၏။ မိမိ၏သမီးပါးမှ နတ်ဆိုးကို နှင်ထုတ်ပီးတော်မူခြင်းငှာ ကိုယ်တော့်ကို တောင်းပန်၏။
MAR 7:27 ကိုယ်တော်ကလည်း၊ “သားသမီးတိကို ဦးစွာ ဝအောင်ကျွေးရ၏။ သားသမီးတိအဖို့ ကောင်းသောအစာကို ယူပြီးလျှင် ခွီးတိအား မကျွေးအပ်” ဟု သူမအား မိန့်တော်မူ၏။
MAR 7:28 ထိုအမျိုးသမီးကလည်း “မှန်ပါ၏အသျှင်၊ ထိုသို့ဆိုသော်လည်း သားသမီးရို့၏ စားကြွင်း၊ စားကျန်တိကို စားပွဲအောက်မှ ခွီးတိစားရကြပါ၏” ဟု ပြန်၍ လျှောက်လေ၏။
MAR 7:29 ထိုအခါ ယေသျှုက “သင်သည် ဤသို့ လျောက်ပတ်စွာ လျှောက်ထားသောကြောင့် အိမ်သို့ ပြန်လားလော့၊ နတ်ဆိုးသည် သင်၏သမီး အထဲက ထွက်လားယာ” ဟု မိန့်တော်မူ၏။
MAR 7:30 ထိုအမျိုးသမီးသည် မိမိအိမ်သို့ ပြန်၍ အိပ်ရာထဲ၌ လဲနိန်သော သူမ၏သမီးပါးမှ နတ်ဆိုးထွက်လားကြောင်းကို တွိ့ရလေ၏။
MAR 7:31 တုရုဒေသမှ အပြန်တွင် ယေသျှုသည် ဇိဒုန်မြို့ကိုလည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကိုလည်းကောင်း ဖြတ်၍ ဂါလိလဲအိုင်သို့ ကြွတော်မူ၏။
MAR 7:32 ထိုအခါ လူတချို့သည် ဆွံ့အ၍၊ နားပင်းနိန်သော လူတစ်ယောက်ကို အထံတော်သို့ ခေါ်ဆောင်ခပြီး၊ ထိုသူ၏အထက်တွင် လက်တော်ကို တင်ပါမည့်အကြောင်း၊ ကိုယ်တော့်ကို တောင်းပန်ကြ၏။
MAR 7:33 ယေသျှုသည် ထိုသူအား လူပရိသတ်အထဲမှ ခေါ်ထုတ်ပြီးလျှင် ထိုသူ၏ နားနှစ်ဖက်လုံးကို လက်ညှိုးတော်ဖြင့် တို့တော်မူ၏။ တန်းတွီးထွီး၍ ထိုသူ၏လျှာကိုလည်း တို့တော်မူ၏။
MAR 7:34 ထို့နောက် ကောင်းကင်သို့ မျှော်ကြည့်ပြီး သက်ပြင်းချကာ၊ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်ကား “ပွင့်စီ” ဟူ၍ ဖြစ်၏။
MAR 7:35 ချက်ချင်းပင် ထိုသူ၏နားသည် ပွင့်၍၊ လျှာသည်လည်း သွက်လက်လာသဖြင့် ထိုသူသည် စကားပီသစွာ ပြောလေ၏။
MAR 7:36 ကိုယ်တော်သည် လူတိအား ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောကြားစီခြင်းငှာ တားမြစ်တော်မူ၏။ ထိုသို့ တားမြစ်သော်လည်း လူရို့သည် ထိုသတင်းတော်ကို သာ၍ ကြားပြောလေ၏။
MAR 7:37 ထိုအဖြစ်အပျက်၊ အကြောင်းအရာများကို ကြားရသောသူရို့သည် လွန်စွာအံ့သြကြလျက် “ကိုယ်တော်သည် ခပ်သိမ်းသော အမှုအရာများကို လျောက်ပတ်စွာ ပြုတော်မူယာ။ နားမကြားသော သူတိကို ကြားစီတော်မူပြီး၊ စကားအသော သူတိကိုလည်း စကားပြောနိုင်စီ၏” ဟု ပြောဆိုကြ၏။
MAR 8:1 ထိုအခါ အခြားသောလူရို့လည်း လာရောက်စုရုံးကြ၏။ သူရို့၌ စားစရာတစ်ခုမျှ မဟိသဖြင့်၊ ယေသျှုသည် တပည့်တော်ရို့ကို ခေါ်၍၊
MAR 8:2 “ဤသူရို့ကို ငါသည် သနား၏။ အကြောင်းမူကား သူရို့သည် သုံးရက်ပတ်လုံး ငါနှင့်အတူ ဟိနိန်ကြ၏။ အဂု သူရို့၌ စားစရာတစ်ခုလေ့ မဟိ။
MAR 8:3 တချို့က ခရီးဝီးကနိန် လာကြသည်ဖြစ်၍ သူရို့ကို မကျွေးမမွီးဘဲနှင့် အိမ်သို့ ပြန်ရွှတ်လိုက်လျှင်၊ ဝမ်းဆာသောကြောင့် လမ်း၌ မူးလဲကျလားလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 8:4 တပည့်တော်ရို့ကလည်း ကိုယ်တော့်ကို “ဤတောကန္တာရတွင် ဤလူတိကို ဇာပိုင် ဝအောင်ကျွေးနိုင်မည်နည်း” ဟု မိန်းလျှောက်ကြ၏။
MAR 8:5 ယေသျှုက “သင်ရို့၌ မုန့်ဇာလောက် ဟိသနည်း” ဟု မိန်းတော်မူလျှင်၊ တပည့်တော်ရို့က “မုန့်၊ ခုနစ်လုံး ဟိပါ၏” ဟု လျှောက်ထားလေ၏။
MAR 8:6 ကိုယ်တော်သည် လူရို့ကို မြီထက်၌ ထိုင်စီခြင်းငှာ မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် မုန့်ခုနစ်လုံးကို ယူပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူအပေါင်းရို့အား ဝီပီးစီခြင်းငှာ တပည့်တော်ရို့ကို စီခိုင်းတော်မူသဖြင့် တပည့်တော်ရို့လည်း မိန့်တော်မူသည့်အတိုင်း ပြုတော်မူ၏။
MAR 8:7 သူရို့၌ ငါးသျှေ အနည်းချေ ဟိကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူအပေါင်းရို့အား ဝီပီးစီခြင်းငှာ တပည့်တော်ရို့အား စီခိုင်းတော်မူ၏။
MAR 8:8 လူအပေါင်းရို့သည်လည်း ဝစွာစားကြပြီးမှ — စားကြွင်းစားကျန်များပင်လျှင် တောင်းဖြင့် ခုနစ်တောင်းအပြည့် ကောက်သိမ်းရကြ၏။
MAR 8:9 မုန့်စားသောသူ အရီအတွက်ကား ၄,၀၀၀ မျှ ဟိသတည်း။ ယေသျှုသည် လူအပေါင်းရို့ကို ထိုအရပ်မှ ပြန်ရွှတ်တော်မူပြီးမှ၊
MAR 8:10 တပည့်တော်ရို့နှင့်အတူ လောင်းထက်သို့ တက်၍ ဒါလမနုသဒေသသို့ ကြွတော်မူ၏။
MAR 8:11 ထိုအခါ ဖာရိယှဲတချို့သည် ယေသျှုထံသို့ လာ၍ ဆွေးနွေးငြင်းခုံကြ၏။ သူရို့သည် အပြစ်ရှာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို ဘုရားသခင်သည် နှစ်သက်တော်မူကြောင်းကို သက်သီဖြစ်စီခြင်းငှာ ကောင်းကင်မှဖြစ်သော နိမိတ်လက္ခဏာ တစ်ပါးပါးကို ပြတော်မူရန် တောင်းဆိုကြ၏။
MAR 8:12 သို့ရာတွင် ယေသျှုသည် သက်ပြင်းချတော်မူပြီး “အဂုခေတ်လူရို့သည် ဇာကြောင့် နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ ငါ အမှန်အကန်ဆိုသည်ကား ဤသူရို့ကို ဇာနိမိတ်လက္ခဏာကိုမျှ ငါ မပြ” ဟု မိန့်တော်မူပြီးလျှင်၊
MAR 8:13 ထိုသူရို့ပါးမှ ထွက်ကြွတော်မူ၍ လောင်းထက်သို့ တဖန်တက်ကာ အိုင်တစ်ဖက်သို့ ကူးတော်မူ၏။
MAR 8:14 တပည့်တော်ရို့သည် အစားအစာ လုံလောက်စွာ ယူလာခြင်းငှာ မိ့ကျန်ကြသည်ဖြစ်၍ လောင်းထက်တွင် သူရို့၌ မုန့်တစ်လုံးသာ ဟိ၏။
MAR 8:15 ယေသျှုက “သင်ရို့သည် ဖာရိယှဲရို့၏ တဆီးနှင့် ဟေရုဒ်၏တဆီးကို သတိဖြင့် ယှောင်ကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
MAR 8:16 တပည့်တော်ရို့ကလည်း “ငါရို့၌ မုန့် တစ်ခုမျှ မဟိသောကြောင့် ကိုယ်တော်သည် ဤသို့ ပြောခြင်းဖြစ်၏” ဟု ပြောဆိုနိန်ကြ၏။
MAR 8:17 ထိုသို့ ပြောဆိုနိန်ကြသည်ကို ယေသျှုသည် သိတော်မူလျှင် “သင်ရို့၌ မုန့်တစ်ခုမျှ မဟိသည်ကို ဇာကြောင့် ပြောနိန်ကြသနည်း။ အဂုထိတောင် မသိ၊ နားမလည်ကြသိမ့်သလော။ သင်ရို့သည် ဇာကြောင့် အသိဉာဏ်နည်းကြသနည်း။
MAR 8:18 သင်ရို့တွင် မျက်စိဟိယင့်နှင့်ပင် — မမြင်၊ နားဟိယင့်နှင့်ပင် — မကြားကြသလော။
MAR 8:19 ငါသည် မုန့်ငါးလုံးကို ဖဲ့၍ လူ ၅,၀၀၀ ကို ဝစွာကျွေးပြီးမှ အကြွင်းအကျန်ကို ကောက်သိမ်းရာတွင် တောင်းအပြည့် ဇာနှစ်တောင်း ရသည်ကို သင်ရို့ မမှတ်မိကြသလော” ဟု မိန်းတော်မူလျှင်၊ တပည့်တော်ရို့က “တစ်ဆယ့်နှစ်တောင်းအပြည့် ကောက်သိမ်းရပါ၏” ဟု ပြန်လျှောက်ကြ၏။
MAR 8:20 တဖန် ယေသျှုကလည်း “ငါသည် မုန့်ခုနစ်လုံးကို ဖဲ့ပြီးလျှင် လူပေါင်း ၄,၀၀၀ ကို ဝစွာကျွေးပြီးမှ အကြွင်းအကျန်ကို ကောက်သိမ်းရာတွင် အပိုတောင်းအပြည့် ဇာနှစ်တောင်း ရသနည်း” ဟု မိန်းတော်မူလျှင်၊ “ခုနစ်တောင်းအပြည့် ကောက်သိမ်းရပါ၏” ဟု တပည့်တော်ရို့က ပြန်၍ လျှောက်လေ၏။
MAR 8:21 ကိုယ်တော်ကလည်း “သို့ပင်သျှောင် သင်ရို့က နားမလည်ကြသိမ့်သလော” ဟု တပည့်တော်ရို့အား မိန်းတော်မူ၏။
MAR 8:22 သူရို့သည် ဗက်ဇဲဒမြို့သို့ ရောက်လာကြသည်ဟိသော် လူတချို့သည် မျက်မမြင်တစ်ဦးကို ယေသျှုထံသို့ ခေါ်ဆောင်လာပြီးလျှင် ထိုသူအား တို့ထိခြင်းကို ပြုတော်မူစီမည့်အကြောင်း တောင်းပန်ကြ၏။
MAR 8:23 ယေသျှုသည် မျက်စိမမြင်သောသူ၏ လက်ကိုဆွဲ၍ ရွာပြင်သို့ ခေါ်လားတော်မူပြီးလျှင် ထိုသူ၏မျက်စိကို တန်းထွီးဖြင့်ထွီးကာ ထိုသူအထက်မှာ လက်တော်ကို တင်လျက် “သင် တစ်ခုခုကို မြင်ရသလော” ဟု မိန်းတော်မူ၏။
MAR 8:24 ထိုသူသည် အထက်သို့ မောကြည့်၍ “လူတိကို မြင်ရပါ၏။ သို့ပင်သျှောင်လည်း ထိုသူရို့သည် သစ်ပင်ပိုင် ဖြစ်ပြီးလျှင် လမ်းလျှောက်နိန်ကြပါ၏” ဟု လျှောက်လေ၏။
MAR 8:25 ထိုအခါ၊ ယေသျှုသည် ထိုသူ၏မျက်စိ၌ လက်တော်ကို တဖန် တင်တော်မူ၍ ကြည့်စီတော်မူပြန်၏။ ထိုသူသည်လည်း အားစိုက်၍ကြည့်ရာ မျက်စိအလင်းကိုရ၍ အရာခပ်သိမ်းကို ယှင်းလင်းစွာမြင်လေ၏။
MAR 8:26 ယေသျှုကလည်း “ရွာထဲသို့ ပြန်မဝင်ကေ့” ဟု ပညတ်တော်မူ၍ သူ၏အိမ်သို့ ရွှတ်လိုက်လေ၏။
MAR 8:27 ထို့နောက် ယေသျှုနှင့် တပည့်တော်ရို့သည် ဖိလိပ္ပုကဲသရိမြို့ အနီးအနား၌ဟိသော ကျေးရွာများသို့ ကြွတော်မူစဉ် လမ်းခရီး၌ “ငါ့ကို ဇာသူဖြစ်သည်ဟူ၍ လူတိက ပြောနိန်ကြသနည်း” ဟု တပည့်တော်တိအား မိန်းတော်မူ၏။
MAR 8:28 တပည့်တော်ရို့ကလည်း “တချို့က ကိုယ်တော့်ကို ဗတ္တိဇံဆရာယောဟန် ဖြစ်ကြောင်းကို ပြောကြ၏၊ တချို့က ဧလိယဖြစ်သည်ဟု ပြောနိန်ကြ၏၊ တချို့က အသျှင်ကို ပရောဖက် တစ်ပါးဖြစ်သည်ဟု ဆို၏” ဟု လျှောက်ထားကြ၏။
MAR 8:29 ထိုအခါ ကိုယ်တော်က “သင်ရို့က ငါ့ကို ဇာသူဖြစ်သည်ဟု ပြောမည်နည်း” ဟု မိန်းတော်မူလျှင်၊ ပေတရုက “ကိုယ်တော်သည် မေသျှိယဖြစ်၏” ဟု လျှောက်တင်လေ၏။
MAR 8:30 ထိုအခါ ယေသျှုက “ငါသည် ဇာသူဖြစ်ကြောင်းကို တစ်ယောက်ကိုမျှ မပြောကတ်ကေ့” ဟု တပည့်တော်ရို့အား ပညတ်တော်မူ၏။
MAR 8:31 ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “လူသားသည် ဒုက္ခကြီးစွာ ခံရလိမ့်မည်။ ဘာသာရေးခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် ကျမ်းတတ်ဆရာတိက လူသားကို ငြင်းပယ်ကြလိမ့်မည်။ ထိုသူသည် အသီသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနိ့၌ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 8:32 ကိုယ်တော်သည် ဤသွန်သင်ချက်အား လျှို့ဝှက်ခြင်း အလျှင်းမဟိဘဲ မိန့်ကြားတော်မူသဖြင့် ပေတရုသည် ကိုယ်တော့်ကို မိမိနှင့်အတူ ဘေးနားသို့ ပင့်ခေါ်၍ အပြစ်တင်သောစကားကို လျှောက်လေ၏။
MAR 8:33 ယေသျှုသည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်ရို့ကို ကြည့်တော်မူလျှက် ပေတရုအား “အချင်း မာရ်နတ်၊ ငါ့ထံပါးက ထွက်လားလော့။ သင်၏အတွေးကား ဘုရားသခင်ထံပါးက လာခြင်း မဟုတ်၊ လူ၏အတွေးသာ ဖြစ်၏” ဟု ဆုံးမတော်၏။
MAR 8:34 ယေသျှုသည် တပည့်တော်ရို့နှင့် လူပရိသတ်ရို့ကို မိမိထံပါးသို့ ခေါ်တော်မူပြီးလျှင် “ငါ့တပည့် ဖြစ်လိုသောသူသည် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။
MAR 8:35 မိမိအသက်ကို ကယ်လိုသောသူကား အသက်ဆုံးယှုံးလိမ့်မည်။ ငါ့ကြောင့် သော်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့် သော်လည်းကောင်း မိမိ၏အသက်ကို ဆုံးယှုံးသောသူကား အသက်ကိုရလိမ့်မည်။
MAR 8:36 လူသည် ဤလောကတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိ၏အသက်ကို ဆုံးယှုံးလျှင် ဇာချင့် အကျိုးဟိမည်နည်း။
MAR 8:37 မိမိအသက်ကို ဆုံးယှုံးလျှင် ဇာနှင့်မျှ မရွီးယူနိုင်။
MAR 8:38 ဖောက်ပြန်၍၊ ဒုစရိုက်တိနှင့် ပြည့်နိန်သော ဤလောက၌ အကြင်သူသည် ငါနှင့် ငါ၏သြဝါဒကို ရှက်လျှင်၊ လူသားသည်လည်း အဖခမည်းတော်၏ ဘုန်းတန်ခိုးတော်ကို ဆောင်၍ သန့်ယှင်းသော ကောင်းကင်တမန်ရို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်လိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 9:1 ထို့နောက် ကိုယ်တော်က “သင်ရို့ကို ငါ အမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးအာဏာနှင့်တကွ တည်သည်ကို ဤအရပ်၌ဟိသော လူတချို့သည် မမြင်ရဘဲ၊ မသီဆုံးရကြ” ဟု မိန့်တော်မူ၏။
MAR 9:2 ခြောက်ရက်လွန်သောအခါ ယေသျှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်ရို့မှတစ်ပါး အခြားတစ်ယောက်မှ မပါဘဲ မြင့်သောတောင်တစ်ခုထက်သို့ ခေါ်ဆောင်လားတော်မူ၏။ ထိုအခါ ယေသျှုသည် သူရို့၏ရှိ့၌ အဆင်းသဏ္ဌာန်တော် ပြောင်းလဲ၍၊
MAR 9:3 အဝတ်တော်လည်း တောက်ပြောင်လျက် — ဤလောက၌ မည်သည့်ခဝါသည်မှ မတတ်နိုင်အောင် ဖြူဖွီးလျက်ဟိ၏။
MAR 9:4 တပည့်တော် သုံးပါးရို့ရှိ့တွင် ဧလိယနှင့် မောသျှေရို့သည် ပေါ်လာ၍ ယေသျှုနှင့် စကားပြောနိန်ကြသည်ကို မြင်လေ၏။
MAR 9:5 ထိုအခါ ပေတရုက ယေသျှုအား၊ “ဆရာ၊ ဤအရပ်၌ နီဖို့ကောင်းပါ၏။ ယင်းကြောင့် အသျှင်ဖို့ တဲတစ်ဆောင်၊ မောသျှေအဖို့ တဲတစ်ဆောင်နှင့် ဧလိယအဖို့ တဲတစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ရို့ဆောက်ပါရစီ” ဟု လျှောက်လေ၏။
MAR 9:6 အကြောင်းမူကား တပည့်တော်ရို့သည် အလွန်ကြောက်ရွံ့သောကြောင့် ပေတရုသည် ထိုသို့ ယောင်းယမ်း၍ လျှောက်ထားခြင်းပင် ဖြစ်၏။
MAR 9:7 ထိုအခါ မိုးတိမ်တိုက်သည် ပေါ်လာပြီး သူရို့အား အုပ်မိုး၍ “ဤသူကား ငါ နှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားဖြစ်ပေ၏ — သူ၏စကားကို နားထောင်ကြလော့” ဟု မိုးတိမ်တိုက်မှ အသံတော် ထွက်ပေါ်လာ၏။
MAR 9:8 ထိုအခါ တပည့်တော်ရို့သည် ချက်ချင်း မိမိရို့ပတ်လည်သို့ လှည့်ပတ်ကြည့်ရှုလျှင် ယေသျှုမှတစ်ပါး အခြားမည်သူ့ကိုမျှ မတွိ့ကြပေ။
MAR 9:9 ထို့နောက် ကိုယ်တော်နှင့် တပည့်တော်ရို့သည် တောင်ထက်မှ ဆင်းလာစဉ် ကိုယ်တော်က “သင်ရို့ တွိ့မြင်ခသော အမှုအရာများကို လူသားသည် သီခြင်းမှ မထမြောက်မီတိုင်အောင် ဇာသူ့ကိုမျှ မပြောကတ်ကေ့” ဟု တပည့်တော်ရို့အား ပညတ်တော်မူ၏။
MAR 9:10 တပည့်တော် တစ်ဆယ့်နှစ်ပါးရို့သည် ထိုပညတ်ချက်ကို လိုက်နာကြသော်လည်း “သီခြင်းမှ ထမြောက်သည်ဟု ဆိုသည်ကား မည်သို့နည်း” ဟု အချင်းချင်း ဆွေးနွေးမိန်းမြန်းကြ၏။
MAR 9:11 ထို့နောက် သူရို့သည် ယေသျှုအား “ကျမ်းတတ်ဆရာရို့က ဧလိယသည် အယင်ကြွလာလိမ့်မည်ဟု ဇာတွက် ပြောဆိုကြသနည်း” ဟု မိန်းလျှောက်ကြ၏။
MAR 9:12 ကိုယ်တော်ကလည်း “အမှုအရာ အားလုံးကို အသင့်ပျင်ဆင်ဖို့ ဧလိယသည် အယင်ကြွလာရသည်ကား မှန်ပေ၏။ သို့ရာတွင် ကျမ်းစာတော်မြတ်၌ ‘လူသားသည် များစွာသော ဒုက္ခဆင်းရဲခြင်းကိုလည်းကောင်း၊ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်’ ဟု ရီးထားသည်ကား ဇာပိုင်နည်း။
MAR 9:13 သို့သော် သင်ရို့အား ငါ အမှန်ဆိုသည်ကား ဧလိယသည် ကြွလာခပြီးယာ။ သူ၏အကြောင်းကို ကျမ်းစာ၌ ရီးထားသည်ကား ‘လူရို့သည် သူ့အား ပြုချင်သမျှကို ပြုခယာ’ ” ဟု မိန့်တော်မူ၏။
MAR 9:14 သူရို့သည် အခြားသောတပည့်တော်များ ဟိရာသို့ ရောက်လာကြသောအခါ လူပရိသတ်ရို့သည် သူရို့ပတ်လည်၌လည်းကောင်း၊ ကျမ်းပြုဆရာရို့သည်လည်း သူရို့နှင့် အငြင်းအခုံ ပြောဆိုနိန်ကြသည်ကိုလည်းကောင်း မြင်တော်မူ၏။
MAR 9:15 စုဝေးလျက်ဟိကြသော လူရို့သည် ယေသျှုကိုမြင်လျှင် အံသြခြင်းဟိလျက် အထံတော်သို့ ဗြီး၍ နှုတ်ဆက်ကြ၏။
MAR 9:16 ယေသျှုသည် တပည့်တော်ရို့အား “သင်ရို့သည် ဤသူရို့နှင့် ဇာအကြောင်းကို ငြင်းခုံ ပြောဆိုနိန်ကြသနည်း” ဟု မိန်းတော်မူ၏။
MAR 9:17 လူစုလူဝေးထဲမှ လူတစ်ယောက်က “ဆရာ၊ ဝိညာဉ်ဆိုးဝင်ပူးပြီး စကားအနိန်သော အကျွန်၏သားသျှေကို ကိုယ်တော်ထံသို့ ခေါ်လာပါ၏။
MAR 9:18 ဝိညာဉ်ဝင်ပူးသည့်အခါတိုင်း သားသျှေသည် မြီကြီးထက်မှာ လဲကျတတ်ပါ၏။ ပါးစပ်မှလည်း အမြှုပ်ထွက်၍ အံသွားကြိတ်ကာ ခန္ဓာကိုယ်ကိုလည်း မာတောင့်စီပါ၏။ ဆရာတပည့်တိကို ယင်းဝိညာဉ်အား နှင်ထုတ်ပီးစီခြင်းငှာ တောင်းပန်သော်လည်း သူရို့သည် မတတ်နိုင်ကြပါ” ဟု ကိုယ်တော့်ကို လျှောက်ထား၏။
MAR 9:19 ကိုယ်တော်က “အို၊ ယုံကြည်ခြင်း မဟိသောအမျိုး၊ ငါသည် သင်ရို့နှင့် ဇာလောက်ကြာကြာနီရမည်နည်း။ ဇာလောက်ကြာကြာ သင်ရို့ကို သည်းခံရမည်နည်း။ ယင်းသူငယ်ကို ငါ့ပါးသို့ ယူလာကြလော့” ဟု မိန့်တော်မူသည်အတိုင်း၊
MAR 9:20 သူရို့သည် သူငယ်အား ယေသျှုထံသို့ ယူလာကြ၏။ ထိုဝိညာဉ်သည် ယေသျှုကို မြင်လျှင်မြင်ချင်း သူငယ်အား ပြင်းစွာတုန်တတ်စီပြီး မြီထက်သို့ လဲကျကာ လူးလိမ့်လျက် သူငယ်၏ပါးစပ်မှ အမြှုပ်ထွက်လျက် နိန်၏။
MAR 9:21 ယေသျှုကလည်း “ဤပိုင် ဖြစ်နိန်သည်ကား ကြာယာလော့” ဟု သူငယ်၏ဖခင်အား မိန်းတော်မူလျှင်၊ ဖခင်က “အသျှေကတည်းမှစ၍ ဖြစ်နိန်ပါ၏။
MAR 9:22 ယင်းဝိညာဉ်ဆိုးသည် သားသျှေကို သီစီခြင်းငှာ မီးထဲ၌ လည်းကောင်း၊ ရီထဲ၌ လည်းကောင်း အလီလီ လဲစီတတ်ပါ၏။ ကိုယ်တော် တတ်နိုင်သည်ဆိုလျှင် အကျွန်ရို့ကို သနား၍ ကယ်မတော်မူပါ” ဟု ပြန်၍ လျှောက်ထား၏။
MAR 9:23 ယေသျှုက “ဇာကြောင့် ‘တတ်နိုင်တော်မူလျှင်’ ဟူ၍ ပြောသနည်း။ ယုံကြည်ခြင်းဟိသောသူအဖို့ ခပ်သိမ်းသော အမှုအရာကို တတ်စွမ်းနိုင်သည်” ဟု ထိုသူအား မိန့်တော်မူ၏။
MAR 9:24 ထိုအခါ သူငယ်၏ဖခင်က “အကျွန် ယုံကြည်ပါ၏။ သို့သော် အကျွန်၌ဟိသော ယုံကြည်ခြင်းကို ပိုပြီးဟိဖို့ မစတော်မူပါ” ဟု အသံကျယ်စွာ အော်ဟစ်၍ လျှောက်ထားလေ၏။
MAR 9:25 လူစုလူဝေးရို့သည် စုရုံး၍ ဗြီးလာကြသည်ကို ယေသျှုသည် မြင်တော်မူလျှင် “ဆွံ့အ၍ နားပင်းစီသော နတ်၊ ယင်းအသျှေပါးက ထွက်လော့။ ဇာခါမျှ ပြန်ဝင်မပူးကေ့၊ ငါ အမိန့်ပီး၏” ဟု ဝိညာဉ်ဆိုးအား မိန့်တော်မူ၏။
MAR 9:26 ထိုဝိညာဉ်သည် အော်ဟစ်ပြီးလျှင် သူငယ်အား ပြင်းစွာတက်စီပြီးမှ ထွက်လားလေ၏။ သူငယ်သည်လည်း လူသီကဲ့သို့ ဖြစ်နိန်သဖြင့် လူအပေါင်းရို့က “အသျှေ သီယာ” ဟု ပြောကြ၏။
MAR 9:27 သို့ရာတွင် ယေသျှုသည် သူငယ်၏လက်ကို ကိုင်၍ ထူမတော်မူလျှင် သူငယ်သည် ထလာ၏။
MAR 9:28 ကိုယ်တော်သည် အိမ်ထဲသို့ ဝင်တော်မူပြီးမှ တပည့်တော်ရို့က “အကျွန်ရို့သည် ယင်းနတ်ကို မောင်းထုတ်၍ ဇာအတွက် မရနိုင်ပါသနည်း” ဟု မိန်းလျှောက်ကြ၏။
MAR 9:29 ကိုယ်တော်က “ဆုတောင်းခြင်းမှတစ်ပါး အခြားဇာနည်းနှင့်မျှ ထိုနတ်မျိုးကို နှင်ထုတ်လို့မရနိုင်” ဟု မိန့်တော်မူ၏။
MAR 9:30 ယေသျှုနှင့် တပည့်တော်ရို့သည် ထိုအရပ်မှထွက်၍ ဂါလိလဲပြည်ကို ဖြတ်လားကြ၏။ ထိုသို့ ဖြတ်လားကြောင်းကို ကိုယ်တော်သည် မည်သူ့ကိုမျှ မသိစီလို။
MAR 9:31 အကြောင်းမူကား ကိုယ်တော်သည် တပည့်တော်ရို့အား “လူသားကို လူတိလက်သို့ အပ်နှံကြပြီးလျှင်၊ အသီသတ်ကြလိမ့်မည်။ သို့ရာတွင် သုံးရက်ကြာသောအခါ လူသားသည် ရှင်ပြန်ထမြောက်လိမ့်မည်” ဟူ၍ သွန်သင်နိန်သောကြောင့် ဖြစ်၏။
MAR 9:32 တပည့်တော်ရို့သည် ကိုယ်တော်၏ သွန်သင်ခြင်းကို နားမလည်ကြသော်လည်း ကိုယ်တော့်ကို ကြောက်ရွံ့၍ မမိန်းလျှောက်ဝံ့ကြ။
MAR 9:33 ကိုယ်တော်နှင့် တပည့်တော်ရို့သည် ကပေရနောင်မြို့သို့ ရောက်ကြ၏။ အိမ်ထဲသို့ ဝင်ပြီးနောက် ကိုယ်တော်က “သင်ရို့သည် လမ်း၌ ဇာအကြောင်းကို ငြင်းခုံနိန်ကြသနည်း” ဟု တပည့်တော်ရို့အား မိန်းတော်မူ၏။
MAR 9:34 သို့သော် တပည့်တော်ရို့သည် နှုတ်ဆိတ်နိန်ကြ၏။ အကြောင်းမူကား မိမိရို့အထဲ၌ ဇာသူသည် အကြီးမြတ်ဆုံးဖြစ်သည်ကို လမ်းတွင် ဆွေးနွေးငြင်းခုံကြသောကြောင့် ဖြစ်၏။
MAR 9:35 ထိုအခါ ယေသျှုသည် ထိုင်လျက် တစ်ဆယ့်နှစ်ပါးသော တပည့်တော်ရို့အား ခေါ်၍ “အမြင့်ဆုံး ဖြစ်လိုသောသူသည် အားလုံး၏ အောက်ဆုံးဖြစ်ရမည်။ လူတိုင်း၏ အစီခံလည်း ဖြစ်ရမည်” ဟု မိန့်တော်မူ၏။
MAR 9:36 ထို့နောက် ကိုယ်တော်သည် အသျှေတစ်ယောက်အား ခေါ်၍ သူရို့ရှိ့၌ ထားပြီးမှ၊ ထိုအသျှေကို ဖက်လျက်၊
MAR 9:37 “ငါ၏နာမကို ထောက်၍ ဤပိုင် အသျှေရို့ထဲက တစ်ယောက်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံ၏။ ငါ့ကို လက်ခံသောသူက ငါ့ကိုသာ လက်ခံသည် မဟုတ်၊ ငါ့ကို စီရွှတ်တော်မူသော အသျှင်ကိုလည်း လက်ခံခြင်း ဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 9:38 ယောဟန်က “ဆရာ၊ ဆရာ၏နာမကို အမှီပြု၍ နတ်ဆိုးတိကို မောင်းထုတ်နိန်သော လူတစ်ယောက်အား အကျွန်ရို့ မြင်တွိ့ခပါ၏။ ယင်းသူကား အကျွန်ရို့နှင့် အပေါင်းအပါ မဟုတ်သောကြောင့် ကိုယ်တော်၏နာမကို အသုံးမပြုဖို့ တားမြစ်ခပါ၏” ဟု ကိုယ်တော့်ကို လျှောက်လျှင်၊
MAR 9:39 ယေသျှုက “ထိုသူ့ကို မတားကေ့၊ ငါ့နာမကို အမှီပြုကာ အံ့ဖွယ်သောအမူကို ပြုပြီးလျှင် ငါ့အား ပုတ်ခတ်ပြောဆိုနိုင်မည့် လူတစ်ယောက်မျှ မဟိ။
MAR 9:40 ငါရို့ကို မဆန့်ကျင်သောသူသည် ငါရို့ ဘ ဖက်သားဖြစ်၏။
MAR 9:41 သင်ရို့အား ငါ အမှန်ဆိုသည်ကား၊ ငါ့လူ ဖြစ်ကြောင့်ကို ထောက်၍ သင်ရို့အား သောက်ရီတစ်ခွက်ကို တိုက်သောသူကား ယင်းရီတစ်ခွက်၏အကျိုးကို ခံစားရလိမ့်မည်။
MAR 9:42 “ငါ့ကို ယုံကြည်သော ဤအသျှေတစ်ယောက်ယောက်ကို မှောက်မှားလမ်းလွဲစီသောသူသည် မိမိ၏လိုင်ပင်း၌ ကြီးသောကြိတ်ဆုံကျောက်ကို ဆွဲလျက် ပင်လယ်ထဲမှာ ပစ်ချခံရသည်က ယင်းသူ့အဖို့ ပို၍ကောင်း၏။
MAR 9:43 သင်၏လက်သည် သင်၏ယုံကြည်ခြင်းကို ပျက်ပြားစီမည်ဆိုလျှင် ယင်းလက်ကို ဖြတ်ပစ်လော့။ လက်နှစ်ဖက် အစုံအလင်နှင့် ပိုးမသီ၊ မီးမငြိမ်းနိုင်သော ငရဲ၌ ကျသည်ထက်၊ လက်တစ်ဖက်မဟိဘဲ ထာဝရအသက်ကို ရခြင်းက ပို၍ ကောင်း၏။
MAR 9:44 
MAR 9:45 သင်၏ခြီက သင်၏ယုံကြည်ခြင်းကို ပျက်ပြားစီမည်ဆိုလျှင် ယင်းခြီကို ဖြတ်ပစ်လော့။ ခြီနှစ်ဖက် အစုံအလင်နှင့် ငရဲ၌ ကျသည်ထက် ခြီတစ်ဖက် မဟိဘဲနှင့် ထာဝရအသက်ကို ရသည်က ပို၍ကောင်း၏။
MAR 9:46 
MAR 9:47 သင်၏မျက်စိက သင့်ယုံကြည်ခြင်းကို ပျက်ပြားစီသည်ဆိုလျှင် ယင်းမျက်စိကို ထုတ်ပစ်လော့။
MAR 9:48 ‘မျက်စိအစုံနှင့် ပိုးမသီ၊ မီးမငြိမ်းနိုင်သော ငရဲ၌ကျစွာထက် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မျက်လုံးတစ်ဖက်မဟိဘဲနှင့် ဝင်ခွင့်ရသည်က ပို၍ကောင်း၏။’
MAR 9:49 “ယဇ်ကောင်ကို ဆားအားဖြင့် သန့်စင်သည့်နည်းတူ လူတိုင်းသည် မီးအားဖြင့် သန့်စင်ခြင်းကို ခံရလိမ့်မည်။
MAR 9:50 “ဆားသည် အသုံးဝင်၏၊ သို့သော် ယင်းဆားသည် အငံဓာတ်ပျောက်ကင်းလားလျှင် အငံဓာတ်ကို ပြန်ရအောင် ဇာပိုင်ပြုနိုင်မည်နည်း။ “သင်ရို့တွင် မိတ်ဖွဲ့ခြင်း၌ ဆားဟိစီကြလော့၊ သင်ရို့သည်လည်း အချင်းချင်း သင့်မြတ်စွာ နိန်ကြလော့” ဟု မိန့်တော်မူ၏။
MAR 10:1 ထို့နောက်၊ ယေသျှုသည် ထိုအရပ်မှ ထွက်ပြီးလျှင်၊ ယော်ဒန်မြစ်ကမ်းတစ်ဖက်သို့ ကူး၍ ယုဒနယ်သို့ ကြွတော်မူ၏။ လူအပေါင်းရို့သည် ကိုယ်တော်ထံ၌ တဖန် လာရောက်စုဝေးကြ၍ ကိုယ်တော်သည် ပြုလေ့ဟိသည့်အတိုင်း လူရို့ကို ဆုံးမသြဝါဒ ပီးတော်မူ၏။
MAR 10:2 ဖာရိယှဲတချို့သည် ကိုယ်တော့်ထံသို့ ရောက်လာပြီးလျှင် “အကျွန်ရို့၏ ဥပဒေအရ လူသည် မိမိမယားနှင့် ကွာယှင်းသင့်ပါသလား၊ အကျွန်ရို့ကို ပြောပါ” ဟု ပရိယာယ်ဖြင့် မိန်းလျှောက်ကြလျှင်၊
MAR 10:3 ယေသျှုကလည်း၊ “မောသျှေသည် သင်ရို့ကို ဇာပိုင် ပညတ်ထားခသနည်း” ဟု ပြန်၍ မိန်းတော်မူ၏။
MAR 10:4 သူရို့က “မိမိမယားကို ကွာစာပီး၍ ကွာယှင်းရသည်ဟု မောသျှေက ပညတ်ထားပါ၏” ဟု ပြန်၍ လျှောက်လေ၏။
MAR 10:5 ယေသျှုကလည်း “သင်ရို့သည် စိတ်နှလုံးခိုင်မာသော လူတိဖြစ်သောကြောင့် မောသျှေသည် ယင်းပညတ်ကို ရီးသားခခြင်း ဖြစ်၏။
MAR 10:6 ကျမ်းစာ၌ လာသည်ကား၊ ဘုရားသခင်သည် ဖန်ဆင်းတော်မူစ၌ ယောက်ျားနှင့် မိန်းမကိုသာ ဖန်ဆင်းခ၏။
MAR 10:7 ဤအကြောင်းကြောင့်၊ ယောက်ျားသည် ကိုယ့်မိဘကို ထား၍၊ မိမိ၏မယားနှင့် ပေါင်းသင်းနီထိုင်သဖြင့်၊
MAR 10:8 ထိုနှစ်ယောက်သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထို့ကြောင့် ယင်းသူရို့သည် နှစ်ယောက် မဟုတ် တစ်ယောက်တည်းသာ ဖြစ်၏။
MAR 10:9 ယင်းကြောင့် ဘုရားသခင် စုံဖက်ပီးသောအရာကို လူက မခွဲမခွါစီကေ့” ဟု မိန့်တော်မူ၏။
MAR 10:10 တပည့်တော်ရို့သည် အိမ်၌ ဟိကြသောအခါ၊ အထက်က အကြောင်းအရာများကို ယေသျှုအား တဖန် မိန်းလျှောက်ကြ၏။
MAR 10:11 ကိုယ်တော်က “လူတစ်ယောက်သည် မိမိမယားကို ကွာ၍ အခြားမိန်းမနှင့် အိမ်ထောင်ပြုလျှင်၊ ယင်းသူသည် မိမိမယားကို ပြစ်မှားယာ။
MAR 10:12 ယင်းနည်းတူ မိန်းမတစ်ယောက်သည် ကိုယ့်လင်ယောက်ျားကို ကွာ၍ အခြားသော ယောက်ျားတစ်ယောက်နှင့် အိမ်ထောင်ပြုလျှင် ယင်းမိန်းမသည် မိမိလင်ယောက်ျားကို ပြစ်မှားယာ” ဟု မိန့်တော်မူ၏။
MAR 10:13 ထိုအခါ လူတချို့သည် အသျှေရို့ကို ယေသျှု၏ လက်တော်ဖြင့် တို့ထိတော်မူစီခြင်းငှာ အထံတော်သို့ ခေါ်ဆောင်ခကြ၏။ ထို့ကြောင့် တပည့်တော်ရို့သည် ထိုသူရို့ကို အပြစ်တင်ကြ၏။
MAR 10:14 ယေသျှုသည် ထိုအခြင်းအရာတိကို မြင်တော်မူလျှင် အမျက်တော်ထွက်၍ “အသျှေတိ၊ ငါ့ပါးသို့ လာကတ်ပါစီ။ မတားကတ်ကေ့။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူရို့၏ နိုင်ငံဖြစ်၏။
MAR 10:15 ငါ အမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အသျှေတစ်ယောက်ပိုင် မခံယူတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ မရောက်” ဟု မိန့်တော်မူ၏။
MAR 10:16 ထို့နောက် ကိုယ်တော်သည် အသျှေရို့ကို ပွိ့ဖက်ပြီးလျှင်၊ သူရို့ထက်၌ လက်တော်ကို တင်လျက် ကောင်းကြီးပီးတော်မူ၏။
MAR 10:17 တဖန်၊ ယေသျှုသည် လမ်း၌ ကြွတော်မူစဉ် လူတစ်ယောက်သည် အထံတော်သို့ ဗြီးလာ၍ ရှိ့တော်၌ ဒူးထောက်လျက် “ကောင်းမြတ်သောဆရာ၊ အကျွန်သည် ထာဝရအသက်ကို ရစီခြင်းငှာ မည်သို့ လုပ်ရပါမည်နည်း” ဟု မိန်းလျှောက်လေ၏။
MAR 10:18 ယေသျှုကလည်း “ငါ့ကို ကောင်းမြတ်သည်ဟု ဇာကြောင့် ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှ လွဲ၍ ကောင်းမြတ်သောသူ တစ်စုံတစ်ယောက်မျှမဟိ။
MAR 10:19 ‘လူ့အသက်ကို မသက်ကေ့၊ သူ့မယားကို မပြစ်မှားကေ့၊ သူ့ဥစ္စာကို မခိုးကေ့၊ မမှန်သောသက်သီကို မခံကေ့၊ မုသာမသုံးကေ့၊ သင်၏မိဘကို ရိုသေစွာပြုလော့’ ဟူသောပညတ်တိကို သင်သိသည် မဟုတ်လော” ဟုမိန်းတော်မူလျှင်၊
MAR 10:20 “ဆရာ၊ အကျွန်သည် အသျှေကတည်းကနိန် ဤဟိသမျှပညတ်တိကို စောင့်ထိန်းခပါယာ” ဟု ပြန်၍ လျှောက်ထား၏။
MAR 10:21 ယေသျှုသည် ထိုသူကို စိစိကြည့်ကာ ချစ်သောစိတ် ဟိသည်ဖြစ်၍ “သင့်၌ တစ်ခု လိုသိမ့်၏။ လားပြီးလျှင်၊ သင်၏ဥစ္စာတိကို ရောင်းချ၍ ဆင်းရဲသောလူရို့ကို ပီးကမ်းစွန့်ကြဲလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ယင်းပြီးမှသာ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
MAR 10:22 ထိုသူကား ဥစ္စာပစ္စည်းများစွာ ကြွယ်ဝသောသူဖြစ်သဖြင့် ထိုစကားကို ကြားသောအခါ မျက်နှာညှိုးငယ်၍ စိတ်မချမ်းမသာဖြစ်လျက် ထွက်လားလေ၏။
MAR 10:23 ယေသျှုကလည်း တပည့်တော်ရို့ကို လှည့်ကြည့်တော်မူလျက်၊ “ဥစ္စာကြွယ်ဝသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ဖို့အတွက် အလွန်ခက်၏” ဟု မိန့်တော်မူ၏။
MAR 10:24 တပည့်တော်ရို့သည် ကိုယ်တော်၏စကားတော်ကို ကြားလျှင် လွန်စွာ မိန်းမောတွေဝေကြ၏။ ယေသျှုက “ချစ်သားရို့၊ ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ဖို့ရန် ဇာမျှလောက် ခက်သည်မှာ၊
MAR 10:25 အပ်နဖားပေါက်ထဲသို့ ကုလားအုတ်လျှိုဝင်၍ လွယ်ကောင်းလွယ်လိမ့်မည်။ ဥစ္စာရတတ်သောသူကား ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ဖို့ရန် အလွန်ခက်၏” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
MAR 10:26 တပည့်တော်ရို့သည် သာ၍ မိန့်မောတွေဝေကြသဖြင့် “ယင်းသို့ဆိုလျှင် ဇာသူသည် ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
MAR 10:27 ယေသျှုသည် ထိုသူရို့ကို စိစိကြည့်ပြီးလျှင် “ဤအမှုကို လူတိ မတတ်နိုင်သော်လည်း ဘုရားသခင် တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတိကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
MAR 10:28 ထိုအခါ ပေတရုက “အကျွန်ရို့သည် အားလုံးကို စွန့်၍ ကိုယ်တော်၏ နောက်တော်သို့ လိုက်လာကြပါ၏” ဟု လျှောက်ထားလျှင်၊
MAR 10:29 ယေသျှုက “ငါ အမှန်ဆိုသည်ကား ငါ့အတွက် သော်လည်းကောင်း၊ ဧဝံဂေလိတရားအတွက် သော်လည်းကောင်း၊ အိမ်၊ မြီ၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး တည်းဟူသော တစ်ပါးပါးကို စွန့်သောသူသည်၊
MAR 10:30 အဂုကာလ၌ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်တကွ အဆတစ်ရာဟိသော အိမ်၊ မြီ၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီးတိကို ရဟိလိမ့်မည် — ယင်းထက်မက နောင်ဘဝ မှာလည်း ထာဝရအသက်ကိုပါ ရဟိလိမ့်မည်။
MAR 10:31 သို့ရာတွင် အယင်ကျသောသူရို့သည် နောက်ကျလိမ့်မည်။ နောက်ကျသောသူရို့သည် အယင်ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 10:32 ယေသျှုနှင့် တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ လားကြရာလမ်း၌ ယေသျှုသည် တပည့်တော်ရို့၏အရှိ့မှ ကြွတော်မူ၏။ သူရို့သည်လည်း ထိတ်လန့်တုန်လှုပ်၍ ကြောက်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ တစ်ကျိပ်နှစ်ပါးသော တပည့်တော်ရို့ကို ခေါ်၍၊
MAR 10:33 “နားထောင်၊ ငါရို့ ခရီးပြုနိန်သော ယေရုဆလင်မြို့၌ လူသားသည် ယဇ်ပုရောဟိတ် အကြီးအကဲတိနှင့် ကျမ်းတတ်ဆရာတိလက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်။ ထိုသူရို့သည် လူသားကို သီဒဏ်စီရင်ကာ တခြားလူမျိုးတိလက်သို့ အပ်နှံကြလိမ့်မည်။
MAR 10:34 သူရို့လည်း လူသားကို ပျက်ရယ်ပြုလျက် သတ်ပုတ်ခြင်း၊ တန်းထွီးနှင့် ထွီးခြင်း၊ အသီသတ်ခြင်းကို ပြုကြလိမ့်မည်။ သို့ရာတွင် သုံးရက်မြောက်သောနိ့၌ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု မိမိကြုံတွိ့ရမည့် အမှုအရာများကို မိန့်တော်မူ၏။
MAR 10:35 ထို့နောက် ဇေဗေဒဲ၏သားများဖြစ်သော ယာကုပ်နှင့် ယောဟန်ရို့သည် အထံတော်ပါးသို့ ချဉ်းကပ်၍ “ဆရာ၊ အကျွန်ရို့တောင်းသော ဆုကို ပြုစီလိုပါသည်” ဟု လျှောက်ထားလေ၏။
MAR 10:36 ကိုယ်တော်ကလည်း “ငါသည် သင်ရို့ကို ဇာပိုင် ပြုစီလိုသနည်း” ဟု မိန်းတော်မူလျှင်၊
MAR 10:37 သူရို့က “ကိုယ်တော်သည် ကောင်းကင်နိုင်ငံတော်၏ ရာဇပလ္လင်ထက်၌ ဘုန်းတန်ခိုးတော်နှင့် စိုးစံတော်မူသောအခါ အကျွန်ရို့ ညီအစ်ကိုနှစ်ယောက်ကို အသျှင်၏ လက်ယာဖက်၌ တစ်ယောက်၊ လက်ဝဲဖက်၌ တစ်ယောက်စီ အသျှင်နှင့်အတူ ထိုင်ရသောအခွင့်ကို ပီးတော်မူပါ” ဟု လျှောက်ထားကြ၏။
MAR 10:38 ယေသျှုကလည်း “သင်ရို့တောင်းနိန်သော ဆုကို သင်ရို့မသိသလော။ ငါ သောက်ရမည့် ဒုက္ခခွက်ဖလားကို သောက်ခြင်းငှာ လည်းကောင်း၊ ငါ ခံရမည့် ဗတ္တိဇံကို ခံခြင်းငှာ လည်းကောင်း သင်ရို့ တတ်စွမ်းနိုင်သလော” ဟု မိန်းတော်မူ၏။
MAR 10:39 ထိုသူရို့ကလည်း “အကျွန်ရို့ တတ်နိုင်ပါ၏” ဟု ပြန်၍ လျှောက်ထားကြ၏။ ယေသျှုက၊ “သင်ရို့သည် ငါ သောက်ရမည့် ဖလားကိုသောက်၍၊ ငါ ခံရမည့် ဗတ္တိဇံကိုလည်း ခံရလိမ့်မည်။
MAR 10:40 သို့သော်၊ ငါ၏လက်ယာဖက်၊ လက်ဝဲဖက်၌ ထိုင်ရသောအခွင့်ကိုကား ငါ၌ ပီးပိုင်ခွင့်မဟိ။ ဤအခွင့်သည် ဘုရားသခင် ပျင်ဆင်ပီးထားသော သူတိအဖို့သာ ဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 10:41 ဤအကြောင်းအရာကို အခြားသောတပည့်တော် ဆယ်ယောက်ရို့သည် ကြားကြလျှင်၊ ယာကုပ်နှင့် ယောဟန်ရို့ကို ဒေါသထွက်ကြ၏။
MAR 10:42 ထိုအခါ ယေသျှုသည် သူရို့အားလုံးကို ခေါ်၍ “လောကီမင်းတိက ပြည်သူတိကို အစိုးတရပြုကြ၏၊ အကြီးအကဲတိကလည်း တန်ခိုးအာဏာကို သုံးကြ၏။
MAR 10:43 သို့သော်၊ သင်ရို့၌ကား ထိုသို့ မဟုတ်။ သင်ရို့အထဲက အကြီးအကဲ ဖြစ်လိုသောသူသည် လူတိုင်း၏ အခိုင်းအစီကို ခံစီ။
MAR 10:44 သင်ရို့ထဲက အကြီးမြတ်ဆုံး လုပ်လိုသောသူသည် အားလုံး၏ အခိုင်းအစီဖြစ်ရမည်။
MAR 10:45 အကြောင်းမူကား လူသားပင်လျှင် သူတစ်ပါးကို ခိုင်းစီဖို့ရန် လာသည် မဟုတ်၊ သူတစ်ပါး၏ အခိုင်းအစီကို ခံခြင်းငှာ လည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူတိကို ရွီးနုတ်ခြင်းငှာလည်းကောင်း ကြွလာခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 10:46 ကိုယ်တော်နှင့် တပည့်တော်ရို့သည် ယေရိခေါမြို့သို့ ရောက်ကြ၏။ ထို့နောက် များစွာသော လူရို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ် တိမဲ၏သား ဗာတိမဲဆိုသူ မျက်မမြင် သူတောင်းစားတစ်ယောက်သည် လမ်းနားတွင် ထိုင်နိန်၏။
MAR 10:47 ထိုသူသည် နာဇရက်မြို့သား ယေသျှု ရောက်ဟိလာကြောင်းကို ကြားသောအခါ “ဒါဝိဒ်၏သားတော် ယေသျှု၊ အကျွန့်ကို သနားတော်မူပါ” ဟု ဟစ်အော်လေ၏။
MAR 10:48 လူရို့က ထိုသူကို တိတ်ဆိတ်စွာ နိန်စီခြင်းငှာ အော်ငေါက်၍ ပြောဆိုသော်လည်း၊ “ဒါဝိဒ်၏သားတော် ယေသျှု၊ အကျွန့်ကို သနားတော်မူပါ” ဟု သာ၍ ကျယ်လောင်စွာ အော်လေ၏။
MAR 10:49 ထိုအခါ ယေသျှုသည် ရပ်တန့်တော်မူ၍ “ယင်းသူကို ခေါ်လာလော့” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုသူရို့သည် မျက်စိမမြင်သောသူအား “အားမငယ်ကေ့။ ထ၊ သင့်ကို ကိုယ်တော် ခေါ်နိန်၏” ဟု ပြောကြ၏။
MAR 10:50 ထိုသူသည် မိမိ၏အဝတ်ကို ဘေးသို့ ပစ်ချပြီးလျှင် ထ၍ ယေသျှုထံပါးသို့ လာ၏။
MAR 10:51 ယေသျှုက၊ “သင့်အဖို့ ငါ ဇာလုပ်ပီးရမည်နည်း” ဟု ထိုသူအား မိန်းတော်မူလျှင်၊ ထိုသူက “ဆရာ၊ အကျွန့်မျက်စိ ပြန်မြင်ချင်ပါ၏” ဟု ကိုယ်တော့်ကို လျှောက်လေ၏။
MAR 10:52 ယေသျှုက၊ “သင်၏ယုံကြည်ခြင်းက သင့်ကို အကောင်းပကတိ ဖြစ်စီယာ။ ပြန်လားလော့” ဟု မိန့်တော်မူပြီးနောက်၊ ချက်ချင်းပင် ထိုသူသည် မျက်စိမြင်၍ ကိုယ်တော်ကြွတော်မူရာနောက်သို့ လိုက်လေ၏။
MAR 11:1 ယေသျှုနှင့် တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ ကြွလာကြရာ သံလွင်တောင်ခြီရင်း အနီး၌ဟိသော ဗေသနိရွာနှင့် ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။
MAR 11:2 ထိုအခါ ကိုယ်တော်သည် တပည့်တော်နှစ်ယောက်အား “သင်ရို့၏ရှိ့၌ ဟိသောရွာသို့ လားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ဇာသူမျှ မစီးဖူးသိမ့်သော မြည်းသျှေတစ်ကောင်အား ကြိုးနှင့်ချိုင်ထားသည်ကို သင်ရို့ တွိ့လိမ့်မည်။ ယင်းမြည်းကို ကြိုးဖြီ၍ ယူလာလော့။
MAR 11:3 တစ်ယောက်ယောက်က သင်ရို့ကို ဇာလုပ်နိန်သနည်း ဟူ၍ မိန်းလျှင် အကျွန်ရို့သခင်က အလိုဟိပါ၏။ ပြီးလျှင်၊ ချက်ချင်း ပို့ပီးပါမည် ဟူ၍ ပြောလော့” ဟု မိန့်မှာ၍ စီရွှတ်တော်မူ၏။
MAR 11:4 ထိုတပည့်တော်နှစ်ယောက်ရို့သည် လားကြ၍ လမ်းဘေး၌ဟိသော အိမ်တန်းခါးနား၌ ကြိုးနှင့် ချိုင်ထားသော မြည်းချေတစ်ကောင်ကို တွိ့လျှင် ကြိုးကိုဖြီကြ၏။
MAR 11:5 ထိုအခါ အနီးအနား၌ ဟိသောလူတချို့က “မြည်းချေကို ဇာလုပ်ဖို့ ကြိုးဖြီကြသနည်း” ဟု တပည့်တော်ရို့ကို မိန်းကြ၏။
MAR 11:6 တပည့်တော်ရို့သည် ယေသျှုမိန့်မှာထားသည့်အတိုင်း ပြောပြကြသောအခါ မြည်းချေကို ကြိုးဖြီခွင့် ပြုကြ၏။
MAR 11:7 တပည့်တော်ရို့သည် မြည်းချေကို ယေသျှုပါးသို့ ဆွဲလာပြီးလျှင် ထိုမြည်းချေထက်၌ မိမိရို့၏ ဝတ်ရုံတိကို တင်ကြ၏။ ထို့နောက် ကိုယ်တော်သည် မြည်းကို စီးတော်မူ၏။
MAR 11:8 များစွာသောလူရို့သည် မိမိရို့၏ ဝတ်ရုံတိကို လမ်း၌ ဖြန့်ခင်းကြ၏။ အချို့မူကား ကွင်းပြင်မှ သစ်ရွက်သစ်ခက်များကို လမ်း၌ ဖြန့်ခင်းထားကြ၏။
MAR 11:9 ကိုယ်တော်၏ရှိ့တော်မှ လည်းကောင်း၊ နောက်တော်မှ လည်းကောင်း လိုက်ပါလာကြသော လူရို့က “ဟောသျှဏ္ဏ ဖြစ်စီသတည်း။ သခင်ဘုရား၏ နာမတော်၌ ကြွလာသောအသျှင်သည် မင်္ဂလာဟိပါစီသတည်း။
MAR 11:10 တည်လုသော ငါရို့အဖ ဒါဝိဒ်မင်းကြီး၏နိုင်ငံတော်သည် မင်္ဂလာဟိပါစီ။ အမြင့်ဆုံးသောအရပ်၌ ဟောသျှဏ္ဏ ဖြစ်စီသတည်း” ဟု ကြွေးကြော်ကြ၏။
MAR 11:11 ယေသျှုသည် ယေရုဆလင်မြို့သို့ ရောက်သောအခါ ဗိမာန်တော်သို့ ဝင်ပြီးလျှင် ဟိသမျှသောအရာတိကို လှည့်လည်၍ ကြည့်တော်မူ၏။ ထို့နောက် နီဝင်ချိန်နီးသဖြင့် တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ကြွတော်မူ၏။
MAR 11:12 နောက်တစ်နိ့၌ ယေသျှုနှင့် တပည့်တော်ရို့သည် ဗေသနိရွာမှ ပြန်လာကြစဉ်တွင် ကိုယ်တော်သည် ဆာလောင်မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
MAR 11:13 ကိုယ်တော်သည် အရွက်တိဖုံးနိန်သော သဖန်းပင်တစ်ပင်ကို အဝီးမှ မြင်တော်မူလျှင် အသီးကို တွိ့လိုတွိ့ငြား လား၍ ကြည့်တော်မူ၏။ သို့ရာတွင် သဖန်းသီး သီးချိန် မဟုတ်သောကြောင့် အသီးကို မတွိ့ဘဲ အရွက်တိကိုသာ တွိ့တော်မူ၏။
MAR 11:14 ထိုအခါ ကိုယ်တော်က သဖန်းပင်ကို “နောက်အစဉ်အဆက် သင်၏အသီးကို တစ်ယောက်မှ မစားစီရ” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသည်ကို တပည့်တော်ရို့သည် ကြားကြ၏။
MAR 11:15 ကိုယ်တော်နှင့် တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ ရောက်ကြသောအခါ၊ ကိုယ်တော်သည် ဗိမာန်တော်သို့ ကြွတော်မူ၍ ဗိမာန်တော်အတွင်း၌ ရောင်းဝယ်နိန်ကြသော သူရို့ကို နှင်ထုတ်တော်မူ၏။ ဖေသာဒင်္ဂါး လဲလှယ်နိန်သော သူရို့၏ စားပွဲကိုလည်း မှောက်လှန်၍ ဂြိုးငှက်ရောင်းသော သူရို့၏ ထိုင်ခုံတိကိုလည်း တွန်းလှဲတော်မူ၏။
MAR 11:16 ဗိမာန်တော်ဝင်းကို ဖြတ်၍ သယ်ဆောင်ခြင်းငှာ မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။
MAR 11:17 ထိုသူရို့အား ကိုယ်တော်က “ ‘ငါ၏ဗိမာန်ကို လူမျိုးတကာရို့၏ ဆုတောင်းရာအိမ်တော်ဟူ၍ ခေါ်ဆိုကြလိမ့်မည်’ ဟု ကျမ်းစာတော်မြတ်၌ ရီးသားထားသည် မဟုတ်လော။ သို့ရာတွင်၊ ဤနီရာကို သူခိုးဒါးပြတိ ခိုအောင်းသောနီရာ ဖြစ်စီသည်တကား” ဟု ဆုံးမသွန်သင်တော်မူ၏။
MAR 11:18 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ကျမ်းတတ်ဆရာရို့သည် ထိုစကားကို ကြားကြလျှင် ယေသျှုကို သတ်ခြင်းငှာ နည်းလမ်းရှာကြ၏။ သို့ရာတွင် လူအပေါင်းရို့သည် ကိုယ်တော်၏သွန်သင်မူကို လွန်စွာအံ့သြလျက် ဟိကြသောကြောင့် ထိုသူရို့သည် ကိုယ်တော့်ကို ကြောက်ကြ၏။
MAR 11:19 ညနီစောင်းအချိန်ရောက်သောအခါ ကိုယ်တော်နှင့် တပည့်တော်ရို့သည် ထိုမြို့မှ ထွက်လားကြ၏။
MAR 11:20 နောက်တစ်နိ့ မိုးထက်စောစောအချိန်၌ ကိုယ်တော်နှင့် တပည့်တော်ရို့သည် လမ်း၌ လျှောက်လားကြစဉ်၊ သဖန်းပင်ကို မြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍ တစ်ပင်လုံး ခြောက်သွိ့ညှိုးနွမ်းလျက် ဟိ၏။
MAR 11:21 ပေတရုသည် သတိရ၍ “ဆရာ၊ ကြည့်တော်မူပါ၊ ကိုယ်တော် ဒဏ်ခတ်ခသော သဖန်းပင်သည် ညှိုးနွမ်းခြောက်သွိ့လားခယာ” ဟု လျှောက်ထား၏။
MAR 11:22 ယေသျှုက “ဘုရားသခင်ကို ယုံကြည်ကြလော့။
MAR 11:23 ငါ အမှန်ဆိုသည်ကား၊ အကြင်သူသည် စိတ်နှလုံးထဲ၌ သံသယမဟိဘဲ၊ ‘မိမိပြောဆိုသည်အတိုင်း ဖြစ်မည်ဟု’ ယုံကြည်ခြင်း ဟိသောသူသည် ‘ဤတောင်ကို နီရာမှ ရွိ့လော့။ ပင်လယ်၌ ကျလော့ ဟုဆိုလျှင် ထိုသူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။’
MAR 11:24 ထို့ကြောင့် ငါ ဆိုသည်ကား သင်ရို့သည် မိမိတောင်းလျှောက်သော အရာကို မုချရယာဟု ယုံကြည်ကြလျှင် တောင်းသမျှကို ရကြလိမ့်မည်။
MAR 11:25 သင်ရို့ ဆုတောင်းသောအခါ သူတစ်ပါး၏ အပြစ်တိကို ခွင့်ရွှတ်ရမည်။ ထိုမှသာ၊ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖသည် သင်ရို့၏အပြစ်တိကို ခွင့်ရွှတ်တော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 11:26 
MAR 11:27 တဖန် ယေသျှုနှင့် တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ ရောက်တော်မူလျှင်၊ ကိုယ်တော်သည် ဗိမာန်တော်၌ လမ်းလျှောက်တော်မူ၏။ ယဇ်ပုရောဟိတ် အကြီးအကဲတိ၊ ကျမ်းတတ်ပုဂ္ဂိုလ်တိနှင့် ဘာသာရေးခေါင်းဆောင်ရို့သည် အထံတော်သို့ ချဉ်ကပ်၍၊
MAR 11:28 ကိုယ်တော့်ကို “သင်သည် ဤအမှုအရာတိကို ဇာအခွင့်ဖြင့် ပြုသနည်း။ ဇာသူက ဤအခွင့်ကို ပီးသနည်း” ဟု မိန်းလျှောက်ကြလျှင်၊
MAR 11:29 ယေသျှုက “သင်ရို့ကို ငါ မိန်းခွန်းတစ်ခု မိန်းမည်။ သင်ရို့ဖြေကြလော့၊ သို့ပြုလျှင် ဤအမှုအရာတိကို ဇာသူ့အခွင့်ဖြင့် ပြုသည်ကို သင်ရို့အား ငါ ပြောပြမည်။
MAR 11:30 ယောဟန်သည် ဗတ္တိဇံကို ပီးသောအခါ ဘုရားသခင်ပါးက အခွင့်ဖြင့်လော၊ လူပါးက အခွင့်ဖြင့်လော။ ထိုအရာကို ငါအား ပြောလော့” ဟု မိန်းတော်မူ၏။
MAR 11:31 ထိုသို့ မိန်းတော်မူလျှင် သူရို့က “ငါရို့ ဇာပိုင် ပြောရမည်နည်း။ အကယ်၍ ‘ဘုရားအခွင့်ဖြင့် ပြုသည်’ ဟု ဖြေလျှင် ‘ယောဟန်ကို ဇာတွက် မယုံကြည်ကြသနည်း’ ဟု ဤသူက ငါရို့ကို မိန်းဖို့။
MAR 11:32 ယင်းပုံစံ ‘လူပါးက အခွင့်နှင့် ပြုသည်ဟု ဖြေရဖို့လား’ လူတိက ယောဟန်ကို ပရောဖက်အမှန်ဖြစ်သည်ဟု မှတ်ယူထားကြ၏” ဟူ၍ အချင်းချင်း ဆွေးနွေးကြပြီး လူတိကို ကြောက်ရွံ့ကြသောကြောင့်၊
MAR 11:33 “အကျွန်ရို့ မသိပါ” ဟု ကိုယ်တော့်ကို လျှောက်ကြ၏။ ထိုအခါ ယေသျှုက၊ “ထို့အတူ ဤအမူတိကို ဇာသူ့အခွင့်ဖြင့် ငါ ပြုနိန်သည်ကို သင်ရို့အား ငါလည်း မပြော” ဟု သူရို့အား မိန့်တော်မူ၏။
MAR 12:1 ထို့နောက်၊ ယေသျှုသည် သူရို့အား ပုံဥပမာဖြင့် “တစ်ခါက လူတစ်ယောက်သည် စပျစ်ဥယျာဉ်၌ စပျစ်ပင်တိစိုက်ပြီးလျှင် ခြံစည်းရိုးကာထား၏။ စပျစ်သီးနယ်ခြင်းငှာ တွင်းကို တူး၍ လင့်စင်ကိုလည်း ဆောက်ထား၏။ ထို့နောက် ထိုသူသည် စပျစ်ဥယျာဉ်ကို သီးစား အငှားချထားပြီးလျှင် အခြားအရပ်သို့ ခရီးထွက်လားခ၏။
MAR 12:2 စပျစ်သီးခူးသောအချိန် ရောက်သောအခါ မိမိရမည့် ဝီစုကို ယူခြင်းငှာ မိမိ၏ အခိုင်းအစီတစ်ယောက်ကို သီးစားအငှားသမားရို့ပါးသို့ စီရွှတ်လိုက်၏။
MAR 12:3 သီးစားအငှားသမားရို့ပါးသို့ ရောက်သောခါ ထိုအခိုင်းအစီကို သတ်ပုတ်ပြီးလျှင် လက်ချည်းသက်သက် ပြန်ရွှတ်လိုက်၏။
MAR 12:4 ဥယျာဉ်သျှင်က နောက်တဖန် အခိုင်းအစီတစ်ယောက်ကို စီရွှတ်လိုက်ပြန်၏။ သီးစားသမားရို့က ယင်းအခိုင်းအစီ၏ အဂေါင်းကို ရိုက်ပုတ်ကာ အရှက်ကွဲ အကျိုးနည်းဖြစ်အောင် လုပ်ပြီးပြန်ရွှတ်လိုက်၏။
MAR 12:5 ဥယျာဉ်သျှင်ကလည်း အခြားကျွန်တစ်ယောက်ကို စီရွှတ်ပြန်၏။ သီးစားသမားရို့ကလည်း ယင်းအခိုင်းအစီကို အသီသတ်လိုက်ကြ၏။ အခြားသောကျွန်တိကိုလည်း တချို့ကိုသတ်ပြီး၊ တချို့ကို ရိုက်ပုတ်ကြ၏။
MAR 12:6 ထို့ကြောင့် ဥယျာဉ်သျှင်က ‘ငါ၌ တစ်ဦးတည်းသာ ဟိသော၊ ငါ၏ချစ်သောသားကို စီရွှတ်လိုက်လျှင် ထိုသူရို့သည် ငါ့သားကို အားနာကြမည်’ ဟု ဆို၍ မိမိသားကို စီရွှတ်လိုက်၏။
MAR 12:7 သို့ရာတွင် သီးစားသမားရို့က ဥယျာဉ်သျှင်၏ သားကိုမြင်သောအခါ ‘ဤသူကား ဥယျာဉ်သျှင်၏ အမွီခံမည့်သူ ဖြစ်၏။ လာကတ်၊ သူ့ကို သတ်ကြကုန်အံ့။ ယင်းမှရာ ဤဥယျာဉ်သည် ငါရို့အပိုင်ဖြစ်မည်’ ဟု အချင်းချင်းပြောဆို၍၊
MAR 12:8 ထိုစပျစ်ဥယျာဉ်သျှင်၏သားကို ဖမ်းကာ သတ်ပြီးလျှင် ဥယျာဉ်အပြင်သို့ ထုတ်ပစ်ကြ၏။
MAR 12:9 “ယင်းပိုင်ဆိုလျှင် ဥယျာဉ်သျှင်က ဥယျာဉ်ကို ဇာပိုင် လုပ်လိမ့်မည်နည်း။ ထိုသူသည် ဥယျာဉ်သို့ လာ၍ သီးစားသမားရို့ကို သတ်ပြီးလျှင်၊ စပျစ်ဥယျာဉ်ကို အခြားသူရို့လက်သို့ အပ်လိမ့်မည်။
MAR 12:10 ကျမ်းစာတော်မြတ်၌ “ ‘တိုက်ကိုဆောက်သောသူရို့ ပယ်ထားသောကျောက်သည်၊ အားလုံးထက်၊ အရေးကြီးဆုံးသောနီရာ၌ သုံးရသောကျောက်ဖြစ်လာရ၏။
MAR 12:11 ဤအမှုကား သခင်ဘုရားပြုတော်မူသော အမှုဖြစ်၏၊ ငါရို့ မျက်စိရှိ့၌ပင် အံ့ဖွယ်ဖြစ်လီစွတကား’ ဟူ၍ ရီးသားထားသည်ကို သင်ရို့ မဖတ်ဖူးကြသလော” ဟု မိန်းတော်မူ၏။
MAR 12:12 ယုဒခေါင်းဆောင်ရို့သည် မိမိရို့အား ရည်ရွယ်၍ ထိုပုံဥပမာကို မိန့်တော်မူကြောင်း သိသဖြင့် ယေသျှုအား ဖမ်းဆီးခြင်းငှာ ကြိုးစားကြ၏။ သို့ရာတွင် လူအစုအဝေးကို ကြောက်ကြသဖြင့် အထံတော်မှ ထွက်လားလေ၏။
MAR 12:13 ယေသျှုအား အပြစ်တင်ခွင့်ကို ရခြင်းငှာ မိန်းခွန်းများကို မိန်းစီရန် ဖာရိယှဲ တချို့နှင့် ဟေရုဒ်၏တပည့်တိကို ယေသျှုထံသို့ စီရွှတ်လိုက်ကြ၏။
MAR 12:14 သူရို့သည် အထံတော်သို့ လာကြပြီးလျှင် “ဆရာ၊ ဆရာက လူတိ ဇာပိုင် ထင်မှတ်ထင်မှတ်၊ ဂရုမစိုက်ဘဲ၊ မှန်သောစကားကိုသာ ပြောတတ်ပါ၏။ လူ့မျက်နှာကို မထောက်ဘဲ၊ ဘုရားသခင်၏တရားလမ်းကို အမှန်အတိုင်း သွန်သင်တော်မူကြောင့်ကို အကျွန်ရို့ သိကြပါ၏။ ယင်းအတွက်ကြောင့် အကျွန်ရို့သည် ရောမဧကရာဇ်မင်းအား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော ဆိုသည်ကို ပြောပြပါ” ဟု ပရိယာယ်ဆင်၍ မိန်းလျှောက်တော်မူ၏။
MAR 12:15 ယေသျှုသည် ထိုသူရို့၏ ပရိယာယ်ကို သိတော်မူလျှင် “သင်ရို့က ငါ့ကို ဇာဖြစ်လို့ အပြစ်ရှာချင်ကြသနည်း။ ငွီဒင်္ဂါးပြား တစ်ပြားကို ယူခ၊ ငါ ကြည့်မည်” ဟု မိန့်တော်မူလျှင်၊
MAR 12:16 သူရို့သည် ယူလာကြ၏။ ကိုယ်တော်က “ဤဒင်္ဂါးပြား၌ ဇာသူ့ရုပ်ပုံနှင့် ဇာသူ့နာမည် ပါသနည်း” ဟု မိန်းတော်မူလျှင်၊ သူရို့က “ဧကရာဇ်မင်း၏ရုပ်ပုံနှင့် သူ၏နာမည်ပါ၏” ဟု ပြန်လျှောက်ကြ၏။
MAR 12:17 ယေသျှုကလည်း “ဧကရာဇ်မင်းနှင့် သက်ဆိုင်သောအရာတိကို ဧကရာဇ်မင်းအား ဆက်သလော့။ ဘုရားသခင်နှင့် သက်ဆိုင်သောအရာကို ဘုရားအား ဆက်သလော့” ဟု မိန့်တော်မူလျှင်၊ သူရို့သည် အံ့သြကြ၏။
MAR 12:18 သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမဟိဟု ခံယူထားကြသော ဇဒ္ဒုကဲတချို့သည် အထံတော်ပါးသို့ ချဉ်းကပ်၍
MAR 12:19 “ဆရာ၊ ‘လူတစ်စုံတစ်ယောက်က သားသမီးမရဘဲ သီလားခလျှင် အသက်ရှင်ကျန်ခသည့် အစ်ကို၏မယားကို ညီဖြစ်သောသူက ဆက်ခံရမည်’ ဟု အကျွန်ရို့ကို မောသျှေက မိန့်မှာခပါ၏။
MAR 12:20 တစ်ခါက ညီအစ်ကိုခုနစ်ယောက် ဟိပါ၏။ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး သားသမီး မရဘဲ သီကျလားပါ၏။
MAR 12:21 ထိုအခါ ဒုတိယအစ်ကိုက သူ့မရီးကို ဆက်ခံသိမ်းပိုက်ပါ၏။ ထိုအစ်ကိုသည်လည်း သားသမီးမရဘဲ သီကျလားပြန်၏။ ယင်းနည်းတူ တတိယအစ်ကိုလည်း သားသမီးမရဘဲ သီကျလားပြန်၏။
MAR 12:22 ယင်းနည်းတူ ညီအစ်ကို ခုနစ်ယောက်လုံးသည် ထိုမိန်းမကို လက်ထပ်၍ သားသမီးမရဘဲ သီကျလားပါ၏။ အဆုံးမှာ ယင်းမိန်းမလေ့ သီကျလား၏။
MAR 12:23 ညီအစ်ကို ခုနစ်ယောက်လုံး ယင်းမိန်းမနှင့် အိမ်ထောင်ပြုခသည်ဖြစ်၍ ရှင်ပြန်ထမြောက်ရာနိ့မှာ ယင်းမိန်းမသည် ဇာသူ၏ မယားဖြစ်ပါမည်နည်း” ဟု မိန်းလျှောက်လေ၏။
MAR 12:24 ယေသျှုက “သင်ရို့တိ ကျမ်းစာတော်မြတ်ကို နားမလည်၊ ဘုရားသခင်၏ တန်ခိုးတော် အကြောင်းကိုလည်း မသိကတ်။ ထို့ကြောင့် အယူလွဲနိန်ကြ၏။
MAR 12:25 လူသည် သီခြင်းက ထမြောက်ကြသောအခါ ထိမ်းမြားပေါင်းသင်းခြင်းကို မပြု၊ စုံဖက်ခြင်းကို မပြုဘဲ ကောင်းကင်ဘုံ၌ ကောင်းကင်တမန်တိပိုင် ဖြစ်ကြ၏။
MAR 12:26 သီလွန်သောလူတိ ရှင်ပြန်ထမြောက်သည့် အကြောင်းကို မောသျှေကျမ်း၌ မဖတ်ဖူးကြသလော။ မီးလောင်နိန်သော ခြုံပုတ်အကြောင်းကို ဖော်ပြထားသည့် ကျမ်းပိုဒ်၌ ဘုရားသခင်က ‘ငါကား အာဗြဟံ၊ ဣဇက်၊ ယာကုပ်ရို့၏ ဘုရားပေတည်း’ ဟု မောသျှေအား မိန့်တော်မူကြောင်း ဖော်ပြထား၏။
MAR 12:27 ထိုအသျှင်သည် သီလွန်လားခသော လူရို့၏ ဘုရားသခင် မဟုတ်၊ အသက်ရှင်သောလူရို့၏ ဘုရားသခင်ဖြစ်၏။ သင်ရို့တိ ကကောင်းကို အယူလွဲနိန်ကြသည်တကား” ဟု မိန့်တော်မူ၏။
MAR 12:28 ထိုသို့ မိန့်တော်မူနိန်စဉ် သူရို့အပါး၌ ကျမ်းတတ်ဆရာတစ်ယောက်ဟိ၏။ ထိုသူသည် ဇဒ္ဒုကဲရို့အား ကိုယ်တော်၏ လျောက်ပတ်စွာ ဖြေကြားတော်မူချက်ကို ကြားသဖြင့် ရှိ့တော်သို့ လာပြီးလျှင် “ပညတ်ဟိသမျှ၌ ဇာပညတ်က အကြီးမြတ်ဆုံးနည်း” ဟု ကိုယ်တော့်ကို မိန်းလျှောက်လေ၏။
MAR 12:29 ယေသျှုက၊ “အို၊ ဣသရေလ အမျိုးသားရို့ နားထောင်ကြလော့။ ငါရို့၏အသျှင် ဘုရားသခင်သည် တစ်ဆူတည်းသော သခင်ဘုရားဖြစ်တော်မူ၏။
MAR 12:30 ‘သင်ရို့၏ အသျှင်ဘုရားသခင်ကို စိတ်နှလုံးအကြွင့်မဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဉာဏ်စွမ်းဟိသမျှ၊ ကိုယ်စွမ်းဟိသမျှနှင့် ချစ်ရမည်’ ဟူသော ပညတ်သည် အကြီးမြတ်ဆုံးသော ပညတ်ဖြစ်၏။
MAR 12:31 ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်’ ဟူသော ပညတ်သည် ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက် သာ၍ ကြီးမြတ်သော ပညတ်မဟိ” ဟု ဖြေကြားတော်မူ၏။
MAR 12:32 ကျမ်းတတ်ဆရာကလည်း “ဆရာ၊ ဆရာ ဖြေကြားတော်မူချက်ကား သင့်မြတ်လှပါ၏။ ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်တော်မူ၏။ ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားမဟိပါ။
MAR 12:33 ‘ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ကိုယ်စွမ်းဟိသမျှ၊ ဉာဏ်စွမ်းဟိသမျှနှင့် ချစ်ရမည်။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်’ ဟူသော ပညတ်တော်ကို လိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သော မီးယှို့ရာယဇ်နှင့် အခြားယဇ်အပေါင်းတိထက် သာ၍ မြတ်ပါ၏” ဟု လျှောက်လေ၏။
MAR 12:34 ထိုသူသည် ဤသို့အသိပညာနှင့် လျှောက်ထားသည်ကို ယေသျှုသည် သိမြင်လျှင် “သင်သည် ဘုရားသခင်၏ နိုင်ငံတော်နှင့်မဝီး” ဟု မိန့်တော်မူ။ ထို့နောက် မည်သူမျှ ကိုယ်တော့်ကို ထပ်၍ မမိန်းလျှောက်ဝံ့ကြပေ။
MAR 12:35 ယေသျှုသည် ဗိမာန်တော်၌ ဟောပြောသွန်သင်လျက် နိန်တော်မူစဉ် “မေသျှိယကား ဒါဝိဒ်၏မျိုးနွယ်မှ ဆင်းသက်လာလိမ့်မည်ဟု ကျမ်းတတ်ဆရာရို့က ဇာကြောင့် ပြောကြသနည်း။
MAR 12:36 သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ် မြွက်ဆိုသည်ကား၊ “ ‘သင်၏ရန်သူတိကို သင်၏ခြီဖဝါးအောက်သို့ ငါ ရောက်စီမည်။ ယင်းသို့ မရောက်မီကာလတိုင်အောင် ငါ၏လက်ယာဖက်၌ ထိုင်နိန်လော့’ ဟု ထာဝရဘုရားက ငါ၏အသျှင်အား မိန့်တော်မူ၏။
MAR 12:37 ယင်းပိုင် ဒါဝိဒ်ကိုယ်တိုင်က ‘အသျှင်’ လို့ခေါ်သည်ဖြစ်၍ မေသျှိယသည် ဇာပိုင် ဒါဝိဒ်၏သား ဖြစ်မည်နည်း” ဟု မိန့်တော်မူ၏။ လူအပေါင်းရို့သည်လည်း ကိုယ်တော်၏ တရားဒေသနာတော်ကို ဝမ်းမြောက်စွာဖြင့် နာယူကြ၏။
MAR 12:38 ထိုသို့ သွန်သင်လျက်နိန်တော်မူစဉ် ကိုယ်တော်က “ကျမ်းတတ်ဆရာရို့ကို သတိနှင့် ယှောင်ကြလော့။ ယင်းသူရို့က ဝတ်ရုံရှည်တိကို ဝတ်ပြီးလျှင် လမ်းလျှောက်တတ်ကြ၏။ ဈီးတိမှာ ရိုသီစွာ နှုတ်ဆက်သည်ကို ခံလိုကြ၏။
MAR 12:39 တရားဇရပ်တိ၌လည်း သီးသန့်ထားသည့် နီရာများကိုလည်းကောင်း၊ ပွဲလမ်းသဘင်တိမှာ အကောင်းဆုံးသောနီရာထိုင်ခင်းများကိုလည်းကောင်း ကြိုက်နှစ်သက်ကြ၏။
MAR 12:40 မုဆိုးမရို့၏အိမ်တိကို မတရားသိမ်းယူကာ လူတိရှိ့၌ နားကြားကောင်းအောင် ရှည်လျားစွာ ဆုတောင်းခြင်းကို ပြုတတ်ကြ၏။ ထိုသူရို့သည် ပိုပြီး ကြီးလေးသော ပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 12:41 ယေသျှုသည် ဗိမာန်တော်၏ အလှူခံသေတ္တာအနားတွင် ထိုင်လျက်၊ သေတ္တာထဲသို့ ဖေသာဒင်္ဂါး ထည့်ဝင်လှူဒါန်းကြသည်ကို ကြည့်ရှုလျက် နိန်တော်မူ၏။ ဖေသာဒင်္ဂါး ရတတ်သောသူရို့သည် များစွာ ထည့်ဝင်လှူဒါန်းကြ၏။
MAR 12:42 ဆင်းရဲသော မုဆိုးမတစ်ယောက်သည် လာ၍၊ ကြီးဒင်္ဂါးနှစ်ပြားကို အလှူခံသေတ္တာထဲသို့ ထည့်၏။
MAR 12:43 ထိုအခါ ကိုယ်တော်က တပည့်တော်ရို့ကို ခေါ်၍ “‘ဤဆင်းရဲသော မုဆိုးမသည် ဗိမာန်တော်၏ အလှူခံသေတ္တာထဲတွင် ထည့်ဝင်လှူဒါန်းကြသော လူအပေါင်းရို့ထက် သာ၍ လှူဒါန်းခယာ’ ဟု သင်ရို့အား ငါအမှန် ဆို၏။
MAR 12:44 အကြောင်းမူကား ထိုသူရို့က ပိုလျှံသော ဖေသာဒင်္ဂါးတိကိုသာ ထည့်လှူကြ၏။ သို့ရာတွင် ဤမုဆိုးမကား ဆင်းရဲလျက်နှင့်ပင် — မိမိ၏ချွေးနဲစာ ဟိသမျှကို ပီးလှူခ၏” ဟု မိန့်တော်မူ၏။
MAR 13:1 ယေသျှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူစဉ် တပည့်တော်တစ်ယောက်က “ဆရာ၊ ကြည့်ပါ။ ဧရာမကျောက်တုံးတိနှင့် ခန်းနားထည်ဝါသော အဆောက်အဦးတိပါတကား” ဟု လျှောက်လျှင်၊
MAR 13:2 ယေသျှုက “ဤအဆောက်အဦးကြီးတိကို သင်သည် အဂု မြင်ရ၏။ ဤအဆောက်အဦးတိမှာ ကျောက်တုံးတိ တစ်တုံးမျှမကျန် ဖြိုချခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 13:3 ယေသျှုသည် သံလွင်တောင်ထက်၌ ဗိမာန်တော်ဖက်သို့ မျက်နှာမူ၍ ထိုင်နိန်တော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေရို့သည် ကိုယ်တော့်ထံသို့ သီးသန့်ချဉ်းကပ်ပြီးလျှင်၊
MAR 13:4 “ကိုယ်တော် မိန့်တော်မူသောအရာတိကား ဇာကာလ၌ ဖြစ်ပျက်မည်နည်း။ ထိုအမှုအရာများ ဖြစ်ပျက်ချိန်၌ ဇာပိုင် နိမိတ်လက္ခဏာတိ ဖြစ်လာမည်ကို အကျွန်ရို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
MAR 13:5 ယေသျှုက “သူတစ်ပါးလှည့်စားခြင်းကို သင်ရို့မခံရဖို့ သတိပြုကြလော့။
MAR 13:6 လူအများက၊ ငါ၏အကွန်ကို ဆောင်ပြီး လာကြလိမ့်မည်။ ‘ငါကား၊ မေသျှိယ ဖြစ်၏’ ဟု ဆိုပြီးလျှင် လူတိကို လှည့်ဖြားကြလိမ့်မည်။
MAR 13:7 သင်ရို့သည် အဝီး၊ အပါးမှ စစ်တိုက်သောသတင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းကိုလည်းကောင်း ကြားသောအခါ မထိတ်လန့်ကတ်ကေ့။ ထိုအမှုအရာတိကား ဖြစ်လာရမည်။ သို့သော်လည်း ကပ်ကမ္ဘာကုန်ဆုံးချိန်ကား မရောက်သိမ့်။
MAR 13:8 လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နီရာအနှံ့တွင် ငလျှင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်လိမ့်မည်။ ထိုအမှုအရာတိကား ရောက်လာမည့် ဆင်းရဲဒုက္ခများ၏ ရှိ့ဗြီးဖြစ်၏။
MAR 13:9 “သင်ရို့ကို သင်ရို့ သတိနှင့်နိန်ကြလော့။ လူတချို့က သင်ရို့ကို တရားရုံးသို့ ပို့ဆောင်ကြလိမ့်မည်။ တရားဇရပ်များ၌ သင်ရို့ကို ရိုက်နှက်ကြလိမ့်မည်။ သင်ရို့သည် ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်ရို့၏ရှိ့မှောက်သို့ ရောက်ပြီးလျှင် သတင်းကောင်းဟောပြောရသော အခွင့်ကို ရကြလိမ့်မည်။
MAR 13:10 သို့ရာတွင် ကပ်ကမ္ဘာကုန်ဆုံးချိန် မရောက်လာမီ သတင်းကောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောရကြမည်။
MAR 13:11 သင်ရို့ကို ဖမ်း၍ တရားရုံးသို့ ပို့သောအခါ မည်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကတ်ကေ့။ ထိုခဏချင်းတွင် သင်ရို့၏စိတ်ထဲ၌ ပေါ်လာသော စကားတိကိုသာ ပြောလော့။ ယင်းစကားတိကား သင်ရို့၏စကား မဟုတ်၊ သန့်ယှင်းသောဝိညာဉ်တော်၏ စကားတိရာဖြစ်၏။
MAR 13:12 ထိုကာလ၌ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သီစီခြင်းငှာ အပ်ကြလိမ့်မည်။ ဖခင်က သားကို အပ်သည်နည်းတူ သားသမီးတိကလည်း မိဘတိကို ရန်ပြုကာ သီစီကြလိမ့်မည်။
MAR 13:13 ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကြလိမ့်မည်။ သို့ရာတွင် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
MAR 13:14 “ဖျက်ဆီးတတ်သော ရွံစာရာကောင်းသောအရာသည် မဟိအပ်သောနီရာ၌ ဟိနိန်သည်ကို သင်ရို့မြင်ရကြလိမ့်မည်။ ကျမ်းစာဖတ်သောသူကား ဤအချက်တိကို နားလည်လိမ့်မည်။ ယင်းပိုင် မြင်သည့်အခါ ယုဒပြည်၌ဟိသောလူတိ တောင်ထက်သို့ ဗြီးကြလော့။
MAR 13:15 ခေါင်မိုးထက်၌ ဟိသောသူတိ၊ အောက်သို့ဆင်းပြီးလျှင် တစ်စုံတစ်ခု ယူခြင်းငှာ အိမ်ထဲသို့ မဝင်စီကေ့။
MAR 13:16 လယ်၌ ဟိသောသူကိုလည်း မိမိ၏အဝတ်ကို ယူဖို့ အိမ်သို့ မပြန်စီကေ့။
MAR 13:17 ထိုနိ့ရက်ကာလ၌ ပဋိသန္ဓေလွယ်သော မိန်းမနှင့် နို့စို့သူငယ်ဟိသော မိခင်ရို့သည်ကား ကကောင်းကို ခက်ခဲကြလိမ့်မည်။
MAR 13:18 ယင်းအမှုအရာများသည် ဆောင်းရာသီတွင် မဖြစ်မည်အကြောင်း ဆုတောင်းကြလော့။
MAR 13:19 အကြောင်းမူကား လောကကြီးကို ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးအချိန်မှစ၍ အဂု မျက်မှောက်ကာလထိတိုင်ယောင် လူရို့တိ မကြုံဖူး။ နောင်ကာလ၌လည်း ကြုံရလိမ့်မည် မဟုတ်သော ထိုဆင်းရဲဒုက္ခမျိုးသည် ယင်းနိ့ရက်၌ ဖြစ်ပျက်လိမ့်မည်။
MAR 13:20 သခင်ဘုရားသည် ယင်းနိ့ရက်ကာလကို တိုတောင်းစီတော်မမူလျှင် ဇာသူမျှ ထိုဖီးဒဏ်နှင့် ကင်းလွတ်နိုင်လိမ့်မည် မဟုတ်။ သို့သော်လည်း၊ ဘုရားသခင်သည် မိမိရွီးချယ်ထားသော လူတိအဖို့ ယင်းနိ့ရက်ကာလကို တိုတောင်းစီတော်မူမည်။
MAR 13:21 “ယင်းအချိန်ကာလ၌ တစ်စုံတစ်ယောက်သောသူက၊ ‘ကြည့်လော့။ ဤအရပ်၌ မေသျှိယ ဟိ၏၊ ထိုအရပ်၌ မေသျှိယ ဟိ၏’ ဟု ပြောဆိုသော်လည်း — မယုံကြည်ကတ်ကေ့။
MAR 13:22 အကြောင်းမှုကား၊ မေသျှိယ အကွန်ဆောင်နှင့် မိစ္ဆာပရောဖက်များသည် ပေါ်လာကြလိမ့်မည်။ သူရို့သည် ဖြစ်နိုင်လျှင် ဘုရားသခင် ရွီးချယ်ထားသော သူရို့ကိုပင် လှည့်စားနိုင်ခြင်းငှာ အံ့ဖွယ်သော အမှုအရာတိနှင့် နိမိတ်လက္ခဏာတိကို ပြကြလိမ့်မည်။
MAR 13:23 သင်ရို့ သတိနှင့် နီကြလော့။ ဤအမှုအရာအားလုံး မဖြစ်လာမီ သင်ရို့အား ငါ ကြိုတင်ဖော် ပြထားယာ။
MAR 13:24 “ထိုကာလ၌ ဆင်းရဲဒုက္ခရောက်လာပြီးနောက် နီသည် မှောင်မိုက်အတိ ဖြစ်ပြီးလျှင်၊ လသည်လည်း အလင်းရောင်ကို မပီး။
MAR 13:25 ကြယ်တိလည်း ကောင်းကင်မှ ကြွီကျလိမ့်မည်။ ကောင်းကင်တန်းခိုးတိလည်း တုန်လှုပ်ကြလိမ့်မည်။
MAR 13:26 ယင်းအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်ထဲက ကြွလာသည်ကို မြင်ရကြလိမ့်မည်။
MAR 13:27 ယင်းနောက် လူသားသည် မြီကြီးတစ်ပြင်လုံး၌ မိမိရွီးချယ်ထားသော လူတိကို စုရုံးစီခြင်းငှာ ကောင်းကင်တမန်တိကို မြီကြီးအရပ်လေးမျက်နှာသို့ စီရွှတ်တော်မူလိမ့်မည်။
MAR 13:28 “သဖန်းပင်ကိုကြည့်၍ ကာလအချိန်ကို သိမှတ်ကြလော့။ ယင်းအပင်၏ အခက်အလက်တိက ရွက်နုထွက်လာလျှင် နွီကာလ ရောက်လုနီးသည်ကို သင်ရို့သိကြ၏။
MAR 13:29 ယင်းနည်းတူ ဖော်ပြခသော အမှုအရာများ ဖြစ်ပျက်နိန်သည်ကို တွိ့မြင်ရသောခါ၊ လူသားသည် သင်ရို့၏ အနီးအပါး၊ တန်းခါးဝနားသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။
MAR 13:30 ငါ အမှန်ဆိုသည်ကား၊ အဂု အသက်ရှင်နိန်သောလူတိ မသီဆုံးမီ ဤအမှု အရာအားလုံးသည် ဖြစ်ပျက်ရလိမ့်မည်။
MAR 13:31 ကောင်းကင်နှင့် မြီကြီး မတည်သော်လည်း ငါ့စကားသည် တည်လိမ့်မည်။
MAR 13:32 “သို့သော်၊ ယင်းအမှုအရာများ ဖြစ်ပျက်မည့် ကာလအချိန်ကိုကား — ခမည်းတော်မှတစ်ပါး ဇာသူမျှမသိ၊ ကောင်းကင်တမန်တိလည်း မသိ၊ သားတော်လည်းမသိ။
MAR 13:33 ထိုကာလအချိန်သည် ဇာအချိန်ရောက်လာမည်ကို သင်ရို့ မသိကြသောကြောင့်၊ သတိဖြင့် စောင့်နိန်ကြလော့။
MAR 13:34 ဥပမာကား၊ လူတစ်ယောက်သည် မိမိအိမ်မှ အခြားသောအရပ်သို့ ခရီးလားသောအခါ မိမိအိမ်ကို အခိုင်းအစီရို့လက်သို့ အပ်ထားခ၏။ သူရို့အား၊ ကိုယ်စီလုပ်ဆောင်ရန် လုပ်ငန်းတာဝန်များကို ပီးအပ်ခပြီး၊ တန်းခါးစောင့်ကိုလည်း သတိနှင့်စောင့်နိန်ဖို့ မှာထားခ၏။
MAR 13:35 အိမ်သျှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်တွန်ချိန်၊ မိုးထဖက် အချိန်များတွင် — ဇာအချိန်၌ ပြန်လာမည်ကို သင်ရို့မသိသောကြောင့် စောင့်နိန်ကြလော့။
MAR 13:36 အိမ်သျှင်သည် ရုတ်တရက် ရောက်လာသောအခါ သင်ရို့ အိပ်ပျော်နိန်သည်ကို မတွိ့စီခြင်းငှာ သတိဖြင့် စောင့်နိန်ကြလော့။
MAR 13:37 သင်ရို့ သတိဖြင့် စောင့်နိန်ကြလော့ဟု ငါ ဆိုသည်အတိုင်း ခပ်သိမ်းသော သူရို့ကိုလည်း ငါ သတိပီး၏။ ယင်းကြောင့် သတိဖြင့် စောင့်နိန်ကြလော့” ဟု မိန့်တော်မူ၏။
MAR 14:1 ပသခါပွဲနှင့် တဆီးမဲ့မုန့်ပွဲတော်မကျမီ နှစ်ရက်အလိုတွင် ကျမ်းတတ်ဆရာရို့နှင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် ယေသျှုအား တိတ်တဆိတ်ဖမ်းဆီးပြီး၊ သတ်ခြင်းငှာ နည်းလမ်းရှာကြ၏။
MAR 14:2 ထိုသူရို့သည် ပွဲတော်ကာလအတွင်း၌ ဖမ်းဆီးလျှင် လူရို့သည် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် “မဖမ်းကေ့သိမ့်” ဟု ဆိုကြ၏။
MAR 14:3 ယေသျှုသည် ဗေသနိရွာ၌ အရီပြားရောဂါ ခံစားခဖူးသော သျှိမုန်၏အိမ်၌ အစားအစာသုံးဆောင်နိန်တော်မူစဉ်၊ မိန်းမတစ်ယောက်သည် အလွန်အဖိုးထိုက်သော နာဒုဆီမွှီးအစစ်နှင့်ပြည့်သော ကျောက်ဖြူဘူးကို ခွဲ၍ ယေသျှု၏ဂေါင်းထက်မှာ သွန်းလောင်းလေ၏။
MAR 14:4 လူတချို့က မာန်ပါ၍ “ဇာကြောင့် ဆီမွှီးကို ဤပိုင်အကျိုးမဟိ ဖြုန်းတီးရသနည်း။
MAR 14:5 ယင်းဆီမွှီးအား ငွီဒင်္ဂါးအပြား ၃၀၀ ကျော်ဖြင့် ရောင်းပြီးလျှင် ဆင်းရဲသောလူတိကို ပီးသင့်၏” ဟု အချင်းချင်း ပြောဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။
MAR 14:6 သို့ရာတွင် ယေသျှုက၊ “ထိုမိန်းမကို ထားလိုက်။ ယင်းမိန်းမကို ဇာကြောင့် နှောက်ယှက်ကြသနည်း။ ငါ၌ သူမ ပြုသောအမှုကား လျောက်ပတ်သောအရာနှင့် ကောင်းသောအမှုအရာဖြစ်၏။
MAR 14:7 ဆင်းရဲသောလူတိကား သင်ရို့နှင့် အမြဲဟိနိန်ကြ၏။ သင်ရို့ အလိုဟိသည့်အခါ၌ သူရို့ကို ကူညီနိုင်၏။ ငါမူကား သင်ရို့နှင့် အမြဲဟိမနိန်။
MAR 14:8 ဤမိန်းမသည် သူမ တတ်နိုင်သမျှနှင့် ငါ့ကို ပြုစုလီယာ။ ငါ၏ရုပ်ခန္ဓာကို သင်္ဂြိုဟ်ခြင်းငှာ ဆီမွှီးနှင့် ကြိုတင်လိမ်းကျန်လီယာ။
MAR 14:9 သင်ရို့အား ငါ အမှန်ဆိုသည်ကား သတင်းကောင်းတရားကို ဟောပြောဝီငှသော လောကတစ်ခုလုံး၌ ဤမိန်းမအား အောက်မိ့သတိရစီခြင်းငှာ သူမ ပြုခသောကောင်းမှုကို ပြောကြားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 14:10 ထို့နောက် တပည့်တော်တစ်ဆယ့်နှစ်ပါး အပါအဝင်ဖြစ်သော ယုဒသျှာကာရုတ်သည် ယေသျှုအား ယဇ်ပုရောဟိတ်အကြီးအကဲရို့၏လက်သို့ အပ်ခြင်းငှာ လားလေ၏။
MAR 14:11 ထိုသူရို့သည် ယုဒ လာကြောင်းကို ကြားသိလျှင် ဝမ်းမြောက်ကြသဖြင့် သူ့အား ဖေသာပီးခြင်းငှာ ကတိကဝတ် ပြုကြ၏။ ထို့ကြောင့် ယုဒသည် ကိုယ်တော့်ကို ရန်သူ့လက်သို့ အပ်ခြင်းငှာ အခါအခွင့်ကောင်းကို ရှာကြံလျက် နိန်၏။
MAR 14:12 ပသခါသိုးသူငယ်ကို သတ်ပြီး၊ ပူဇော်ရသောနိ့တည်းဟူသော တဆီးမဲ့မုန့်ပွဲတော် ပထမနိ့၌ တပည့်တော်တိက “ကိုယ်တော်အဖို့၊ ပသခါညစာပွဲကို အကျွန်ရို့သည် ဇာအရပ်သို့ လားပြီးလျှင် ပျင်ဆင်ရပါမည်နည်း” ဟု ကိုယ်တော့်ကို မိန်းလျှောက်တော်မူလျှင်၊
MAR 14:13 ကိုယ်တော်သည် တပည့်တော်နှစ်ယောက်အား “သင်ရို့၊ မြို့ထဲသို့ လား၍ ရီအိုးထမ်းလာသောသူကို တွိ့လိမ့်မည်။ ထိုသူ့နောက်သို့ လိုက်လား၍၊
MAR 14:14 ထိုသူ ဝင်သောအိမ်သို့ ဝင်ပြီးလျှင် အိမ်သျှင်အား ‘ငါနှင့် ငါ၏တပည့်တော်ရို့သည် ပသခါညစာ စားပွဲကို စားမည့် အခန်းကား၊ ဇာမှာနည်း’ ဟု ဆရာက မိန်းကြောင်းကို ပြောကြလော့။
MAR 14:15 ထိုအခါ ထိုသူက အထက်ဆုံးအထပ်၌ဟိသော အသင့်ပျင်ဆင် ခင်းကျင်းထားသောအခန်းကို ပြလိမ့်မည်။ ထိုအခန်း၌ ငါရို့အဖို့ ညစာကို ပျင်ကြလော့” ဟု မိန့်မှာ၍ စီရွှတ်တော်မူ၏။
MAR 14:16 ထိုတပည့်တော် နှစ်ယောက်ရို့သည် ထွက်လား၍၊ မြို့ထဲသို့ ရောက်သောအခါ ကိုယ်တော်မိန့်မှာသည်အတိုင်း တွိ့၍ ပသခါညစာကို အသင့်ပျင်ကြ၏။
MAR 14:17 ညချမ်းအချိန်ရောက်လျှင် ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ပါးရို့နှင့်အတူ ကြွလာတော်မူ၏။
MAR 14:18 ကိုယ်တော်နှင့် တပည့်တော်ရို့သည် စားပွဲ၌ စားသောက်နိန်စဉ် ယေသျှုက၊ “သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့အထဲ၌ — ငါနှင့်အတူ စားသောသူတစ်ယောက်သည် — ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 14:19 တပည့်တော်တိကလည်း စိတ်မကောင်းဖြစ်ကြပြီးလျှင် “ထိုသူကား အကျွန်လော” ဟု ကိုယ်တော့်ကို တစ်ယောက်ပြီးတစ်ယောက် မိန်းလျှောက်ကြ၏။
MAR 14:20 ယေသျှုကလည်း၊ “ထိုသူကား တစ်ကျိပ်နှစ်ပါးရို့တွင် တစ်ယောက် အပါအဝင်ဖြစ်၏။ ထိုသူကား ငါနှင့်အတူ လောင်ပွန်း၌ လက်နှိုက်သောသူဖြစ်၏။
MAR 14:21 ကျမ်းစာလာသည်အတိုင်း၊ လူသားသည် အသီခံရမည်။ သို့ရာတွင် လူသားကို ရန်သူ့လက်ထဲသို့ အပ်သောသူကား အမင်္ဂလာဟိ၏။ ထိုသူသည် မွီးဖွားခြင်းကို မခံရလျှင်၊ သူ့အတွက် ပိုပြီး ကောင်းသိမ့်၏” ဟု မိန့်တော်မူ၏။
MAR 14:22 ကိုယ်တော်နှင့် တပည့်တော်ရို့သည် ညစာစားပွဲကို သုံးဆောင်လျက် နီကြစဉ်၊ ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထို့နောက် မုန့်ကို ဖဲ့၍ “ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူပြီးလျှင် စားကြလော့” ဟု မိန့်တော်မူပြီး တပည့်တော်ရို့အား ပီးတော်မူ၏။
MAR 14:23 ထို့နောက် စပျစ်ရည်ခွက်ကို ယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်ရို့အား ပီးတော်မူလျှင် သူရို့အားလုံးသည်လည်း သောက်ကြ၏။
MAR 14:24 ယေသျှုကလည်း “ဤစပျစ်ရည်ကား လူတိအဖို့ သွန်းသော ဘုရားသခင်၏ပဋိညာဉ်တော်ကို တံဆိပ်ခတ်နှိပ်ထားသော ငါ၏အသွီးပင် ဖြစ်၏။
MAR 14:25 သင်ရို့အား ငါ အမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်၌ အသစ်သောစပျစ်ရည်ကို သောက်ရသည့်နိ့မတိုင်မီ ငါသည် ဤစပျစ်ရည်ကို နောက်တဖန် မသောက်” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
MAR 14:26 ထို့နောက်တွင် ကိုယ်တော်နှင့် တပည့်တော်ရို့သည် ဓမ္မတေးခြင်းကို ဆိုလျက် သံလွင်တောင်သို့ ထွက်လားကြ၏။
MAR 14:27 ယေသျှုက တပည့်တော်ရို့အား၊ “ကျမ်းစာတော်မြတ်၌ ‘ငါသည် သိုးထိန်းကို ရိုက်သတ်သဖြင့် သိုးများသည် ကစဉ့်ကလျား ဖြစ်ကြလိမ့်မည်’ ဟု လာသည်နှင့်အညီ သင်ရို့သည် ငါ့ကို စွန့်ပစ်ပြီး၊ ထွက်ဗြီးလားကြလိမ့်မည်။
MAR 14:28 သို့သော်လည်း၊ ငါသည် သီခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်ရို့ထက် အယင်လားနှင့်မည်” ဟု မိန့်တော်မူ၏။
MAR 14:29 ပေတရုကလည်း “တခြားလူရို့သည် ကိုယ်တော့်ကို စွန့်ပစ်ကြသော်လည်း၊ အကျွန် မစွန့်ပါ” ဟု လျှောက်လျှင်၊
MAR 14:30 ယေသျှုက “သင့်ကို ငါ အမှန်ပြောမည်။ ဤနိ့ညဉ့်၌ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု ပေတရုအား မိန့်တော်မူ၏။
MAR 14:31 ပေတရုကလည်း “အကျွန်ကား ကိုယ်တော်နှင့်အတူ သီရသော်လည်း ကိုယ်တော့်ကို မသိဟု မငြင်းပါ” ဟူ၍ တည်ကြည်စွာ လျှောက်ထား၏။ အခြားသောတပည့်တော်ရို့သည်လည်း ထိုနည်းတူ လျှောက်ထားကြ၏။
MAR 14:32 ထို့နောက် ယေသျှုနှင့် တပည့်တော်ရို့သည် ဂေသယှေမန်ဟု တွင်သောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က “ငါ ဆုတောင်းနိန်စဉ် သင်ရို့သည် ဤနီရာ၌ ထိုင်နိန်ကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူပြီးလျှင်၊
MAR 14:33 ပေတရု၊ ယာကုပ်နှင့် ယောဟန်ရို့ကို မိမိနှင့်အတူ ခေါ်လားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် စိတ်ဆင်းရဲခြင်းနှင့် ပူပန်ခြင်းသို့ ရောက်တော်မူသဖြင့်၊
MAR 14:34 “ငါသည် သီမတတ် စိတ်နှလုံး ညှိုးငယ်ရ၏။ ဤအရပ်မှ သတိဖြင့် စောင့်နိန်ကြလော့” ဟု တပည့်တော်သုံးယောက်အား မိန့်တော်မူ၏။
MAR 14:35 ထို့နောက် ကိုယ်တော်သည် ရှိ့သို့ အနည်းငယ် ကြွတော်မူ၍ မြီထက်၌ ပျပ်ဝပ်တော်မူပြီးလျှင်၊
MAR 14:36 “ဖခမည်းတော်၊ ကိုယ်တော်သည် ခမ်းသိမ်းသောအမှုအရာတိကို တတ်နိုင်တော်မူပါ၏။ ယင်းကြောင့် ဤဒုက္ခဝေဒနာခွက်ကို အကျွန်ပါးက လွှဲဖယ်ပီးတော်မူပါ။ သို့သော် အကျွန်၏ အလိုဆန္ဒအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆိုလျက် မိမိခံရမည့် ဝေဒနာကို ဖြစ်နိုင်တော်မူလျှင် လွှဲဖယ်ပီးတော်မူခြင်းငှာ ဆုတောင်းတော်မူ၏။
MAR 14:37 ထို့နောက် ကိုယ်တော်သည် တပည့်တော်သုံးယောက် ပါးသို့ ပြန်လာတော်မူရာတွင် သူရို့သည် အိပ်ပျော်နိန်ကြသည်ကို တွိ့တော်မူ၍ “သျှိမုန်၊ သင်သည် အိပ်ပျော်နိန်သလော။ မအိပ်ဘဲနှင့် တစ်နာရီလောက်တောင် စောင့်၍ မနိန်နိုင်သလော” ဟု ပေတရုအား မိန်းတော်မူ၏။
MAR 14:38 ထို့နောက် ကိုယ်တော်က “သင်ရို့သည် စုံစမ်းသွီးဆောင်ရာသို့ မလိုက်မပါစီရန် ဆုတောင်း၍ စောင့်နိန်ကြလော့။ စိတ်ဝိညာဉ်ကား စေတနာဟိသော်လည်း၊ ကိုယ်မူကား အားနည်း၏” ဟု သူရို့အား မိန့်တော်မူ၏။
MAR 14:39 ကိုယ်တော်သည် တဖန် ကြွတော်မူ၍ အယင်နည်းတူ ဆုတောင်းတော်မူ၏။
MAR 14:40 ယင်းနောက် တပည့်တော်သုံးယောက်ပါးသို့ ကြွလာတော်မူသောအခါ သူရို့သည် မျက်စိလီးလံသဖြင့် တဖန် အိပ်ပျော်နိန်ကြသည်ကို တွိ့မြင်တော်မူ၏။ သူရို့သည် ကိုယ်တော့်ကို မည်သို့ လျှောက်ထားရမည်ကို မသိကြ။
MAR 14:41 ကိုယ်တော်သည် သူရို့ထံပါးသို့ တတိယအကြိမ် ကြွလာပြီးလျှင်၊ “သင်ရို့၊ အဂုထိတိုင် အိပ်ပျော်နိန်တုန်း၊ နားနိန်တုန်းလော့။ ကောင်းယာ။ ထကြလော့။ လူသားကို ဆိုးသောသူရို့၏ လက်ထဲသို့ အပ်နှံမည့်အချိန် အဂုရောက်လာယာ။
MAR 14:42 ထကြ။ ငါရို့ လားကတ်မေ။ ငါ့ကို ရန်သူ၏လက်သို့ အပ်မည့်သူသည် ရောက်လာဗျာယ်” ဟု မိန့်တော်မူ၏။
MAR 14:43 ယေသျှုသည် ထိုသို့ မိန့်တော်မူစဉ်တွင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒနှင့်အတူ လူရို့သည် တုတ်၊ ဓားကို ကိုင်ဆောင်၍ ရောက်လာကြ၏။ ထိုသူရို့သည် ယဇ်ပုရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိနှင့် ဘာသာရေးခေါင်းဆောင်တိက စီရွှတ်သောကြောင့် ရောက်လာကြ ခြင်းဖြစ်၏။
MAR 14:44 ယုဒကလည်း “ငါ နမ်းသောသူကား ယေသျှုပင်ဖြစ်၏။ ယင်းသူကို ဖမ်းဆီးပြီးလျှင် အစောင့်တိနှင့် ခေါ်လားကြ” ဟု သူရို့အား အမှတ်ပီးထားခ၏။
MAR 14:45 ယုဒသည် ရောက်လာလျှင် ချက်ချင်းပင် ယေသျှု အပါးသို့ ကပ်၍ “ဆရာ” ဟု ဆိုလျက် ကိုယ်တော့်ကို နမ်းလေ၏။
MAR 14:46 ထို့နောက် လူတိက ယေသျှုကို ဖမ်းဆီးချုပ်ကိုင် ထားကြ၏။
MAR 14:47 ထိုအခါ အနား၌ ရပ်နိန်သော သူတစ်ယောက်သည် ဓားကို ဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ အခိုင်းအစီတစ်ယောက်ကို ခွတ်လိုက်ရာ၊ ထိုသူသည် နားရွက်ပြတ်လေ၏။
MAR 14:48 ယေသျှုက “သင်ရို့သည်၊ ဒါးပြတစ်ယောက်ကို ဖမ်းသည့်နည်းတူ ငါ့ကို ဖမ်းဖို့ တုတ်၊ ဒါးတိနှင့် လာကြသလော။
MAR 14:49 ငါသည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်လျက် သင်ရို့နှင့်အတူ ဟိနိန်သောအခါ သင်ရို့သည် ငါ့ကို မဖမ်းကတ်။ သို့သော်၊ ကျမ်းစာလာသည်အတိုင်း ဖြစ်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။
MAR 14:50 ထိုအခါ တပည့်တော်ရို့သည် ကိုယ်တော့်ကို စွန့်၍ ထွက်ဗြီးကြ၏။
MAR 14:51 ပိတ်စလွှာတစ်ခုကိုဝတ်ထားသော လူငယ်တစ်ယောက်သည် ကိုယ်တော်၏ နောက်မှ လိုက်လာ၏။ လူအချို့က ထိုသူကို ဖမ်းဆီးခြင်းငှာ ပြုသောအခါ
MAR 14:52 ထိုသူသည် ပိတ်စလွှာကို စွန့်ပစ်၍ အဝတ်မပါဘဲ ထွက်ဗြီးလေ၏။
MAR 14:53 ထိုသူရို့သည် ယေသျှုအား ယဇ်ပုရောဟိတ်မင်းထံသို့ ခေါ်ဆောင်လားကြ၏။ ထိုနီရာ၌ ယဇ်ပုရောဟိတ်အကြီးအကဲရို့၊ လူအကြီးအကဲရို့နှင့် ကျမ်းတတ်ဆရာရို့သည် စုရုံးလျက် ဟိနိန်ကြ၏။
MAR 14:54 ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ကျောင်းတော်ဝင်းအတွင်းထိတိုင် ကိုယ်တော်နှင့် မနီးမဝီးမှ လိုက်လာပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကိုယ်ရံတော်တပ်သားတိနှင့်အတူ မီးလှုံ၍ နိန်၏။
MAR 14:55 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့်တကွ ယုဒတရားလွှတ်တော် အဖွဲ့ဝင်အပေါင်းရို့သည် ယေသျှုအား သီဒဏ်ပီးနိုင်ခြင်းငှာ သက်သီအထောက်အထားများကို ရှာကြသော်လည်း မတွိ့နိုင်ကြ။
MAR 14:56 လူရို့သည် မမှန်သောသက်သီများကို ပြုကြ၏။ သို့သော် သူရို့၏ ထွက်ဆိုချက်များသည် ကိုက်ညီမှုမဟိကြပေ။
MAR 14:57 ထို့နောက် လူတချို့သည် ထ၍ မမှန်သောသက်သီဖြင့် ယေသျှုတစ်ဖက်၌ ပြောကြသည်မှာ၊
MAR 14:58 “ဤသူကား၊ လူ့လက်ဖြင့် ဆောက်လုပ်ထားသော ဤဗိမာန်တော်ကို ငါ ဖြိုဖျက်ပြီးလျှင် လူ့လက်ဖြင့် မဆောက်ရသော ဗိမာန်တော်ကို သုံးရက်အတွင်း ငါ တည်ဆောက်မည်ဟု ပြောသည်ကို အကျွန်ရို့ကိုယ်တိုင် ကြားပါ၏” ဟု မမှန်သော သက်သီကို ထွက်ဆိုကြ၏။
MAR 14:59 သို့ရာတွင် သူရို့၏ ထွက်ဆိုချက်များသည် အချင်းချင်းပင်လျှင် မကိုက်ညီကြပေ။
MAR 14:60 ယဇ်ပုရောဟိတ်မင်းသည် လူရို့ရှိ့၌ ရပ်ပြီးလျှင် ယေသျှုအား “ယင်းသူရို့က သင့်အား စွပ်စွဲပြောဆိုနိန်ကြသည်ကို သင်သည် ပြန်ပြောဖို့ ဇာတစ်ခုမျှ မဟိသလော” ဟု မိန်း၏။
MAR 14:61 သို့သော် ကိုယ်တော်က ဇာတစ်ခွန်းမျှ မဖြေဘဲ တိန်းနိန်တော်မူ၏။ တဖန် ယဇ်ပုရောဟိတ်မင်းက ကိုယ်တော့်ကို “သင်ကား မင်္ဂလာဟိတော်မူသော ဘုရားသခင်၏ သားတော် မေသျှိယလော” ဟု မိန်း၏။
MAR 14:62 ယေသျှု ကလည်း “မှန်ပေ၏။ သင် ပြောသည့်အတိုင်း ငါ ဖြစ်၏။ လူသားသည် အနန္တတန်ခိုးသျှင်၏ လက်ယာဖက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို သင်ရို့သည် မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 14:63 ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆွဲဖြဲ၍ “ငါရို့ ဇာသက်သီကို လိုသိမ့်သနည်း။
MAR 14:64 ဤသူသည် ဘုရားသခင်အား ပြစ်မှားပြောဆိုသည်ကို သင်ရို့ ကြားရကြဗျာယ်။ သင်ရို့ ဇာပိုင် စီရင်ချက် ချမှတ်မည်နည်း” ဟု ဆို၏။ ထိုအခါ သူရို့သည် ယေသျှုအား သီဒဏ်ပီးရန် သဘောတူကြ၏။
MAR 14:65 လူတချို့က ယေသျှုကို တန်းထွီးနှင့်ထွီးကြ၏။ မျက်နှာတော်ကို ဖုံးအုပ်ပြီးလျှင် ရိုက်နှက်ကြ၏။ “သင့်အား ဇာသူ ရိုတ်နှက်သည်ကို ဟောပြောပါ” ဟု ပြောဆိုကြ၏။ ထို့နောက် ယဇ်ပုရောဟိတ်မင်း၏ ကိုယ်ရံတော်တပ်သားရို့သည် ကိုယ်တော့်ကို ခေါ်ဆောင်လားကြ၏။ သူရို့သည် ကိုယ်တော်၏ ပါးကိုလည်း သတ်ကြ၏။
MAR 14:66 ပေတရုသည် ကျောင်းတော်ဝင်းအတွင်း၌ ဟိနိန်စဉ် ယဇ်ပုရောဟိတ်မင်း၏ အစီခံမိန်းမသျှေ တစ်ယောက်သည် ရောက်လာ၍၊
MAR 14:67 ပေတရု မီးလှုံနိန်သည်ကို မြင်သောအခါ သူ့ကို စိ့စိ့ကြည့်လျက် “သင်သည်လည်း နာဇရက်မြို့သား ယေသျှု၏ အပေါင်းအပါ ဖြစ်၏” ဟု ဆိုလျှင်၊
MAR 14:68 ပေတရုက “သင် ပြောနိန်စွာကို ငါ မသိ၊ ငါ နားမလည်” ဟု ငြင်းဆိုပြီးလျှင် ခြံဝင်း၏ ဝင်ပေါက်သို့ လားလေ၏။ ထိုအချိန်၌ ကြက်တစ်ကြိမ် တွန်လေ၏။
MAR 14:69 အစီခံမိန်းမသျှေသည် ပေတရုကို တဖန် မြင်ပြန်လျှင် အနား၌ ရပ်နိန်ကြသောသူရို့အား “ဤသူကား ထိုသူရို့နှင့် အပေါင်းအပါဖြစ်၏” ဟု ဆိုပြန်၏။
MAR 14:70 ပေတရုကလည်း မဟုတ်ကြောင်းကို ငြင်းဆိုပြန်၏။ ထို့နောက် အနား၌ ရပ်နိန်သောသူရို့က “သင်သည် ဂါလိလဲပြည်သားဖြစ်၍ သူရို့နှင့် အပေါင်းအပါ အမှန်ပင်ဖြစ်မည်” ဟု ပေတရုအား ဆိုကြ၏။
MAR 14:71 ပေတရုကလည်း “သင်ရို့ပြောသောသူကို ငါ အမှန်မသိကြောင်းကို ငါကျိန်ဆို၏။ ငါ ပြောသောအရာ မမှန်လျှင် ဘုရားသခင်သည် ငါ့အား ဒဏ်ခတ်ပါစီ” ဟု ပြောလေ၏။
MAR 14:72 ထိုသို့ ပြောဆိုပြီးခဏချင်းတွင် ဒုတိယအကြိမ် ကြက်တွန်လေ၏။ ထိုအခါ “ကြက်နှစ်ကြိမ်မတွန်ခင် သင်သည် ငါ့ကို မသိဟူ၍ သုံးကြိမ်တိုင်တိုင် ငြင်းလိမ့်မည်” ဟု ယေသျှု မိန့်တော်မူခသောစကားကို ပြန်သတိရသဖြင့် ပေတရုသည် ပြင်းစွာ ငိုကြွီးလေ၏။
MAR 15:1 မိုးထစောစော၌ ယဇ်ပုရောဟိတ်အကြီးအကဲသည် ကျမ်းပြုဆရာတိ၊ လူအကြီးအကဲတိ၊ ယုဒတရားလွှတ်တော် အဖွဲ့ဝင်တိနှင့် အလျင်အမြန် တွိ့ဆုံကာ စည်းဝေးတိုင်ပင်ကြ၏။ ထို့နောက် ယေသျှုအား ကြိုးဖြင့်တုပ်ပြီးလျှင် ပိလတ်မင်းထံသို့ ပို့ဆောင်၍ အပ်လိုက်ကြ၏။
MAR 15:2 ပိလတ်မင်းက “သင်သည် ယုဒသျှင်ဘုရင်ဆိုသည်မှာ မှန်သလော” ဟု ကိုယ်တော့်ကို မိန်းလေ၏။ ယေသျှုက “မင်းကြီးပြောသည့်အတိုင်း အမှန်ပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
MAR 15:3 ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် ယေသျှုကို အမျိုးမျိုး ပြစ်တင်စွပ်စွဲကြ၏။
MAR 15:4 ထို့ကြောင့် ပိလတ်မင်းသည် ကိုယ်တော့်ကို “သင်သည် တစ်ခွန်းမျှမဖြေဘဲ နိန်ပါသည်တကား။ သင့်ကို ဇာလောက် အပြစ်တင်စွပ်စွဲ နိန်ကြသည်ကို ကြည့်ပါ” ဟု ဆို၏။
MAR 15:5 ယေသျှုသည် စကားတစ်ခွန်းကိုမျှ ပြန်၍ ဖြေတော်မမူသဖြင့် ပိလတ်မင်းသည် အံ့သြလေ၏။
MAR 15:6 ပိလတ်မင်းသည် ပသခါပွဲအချိန်ကျတိုင်း လူရို့တောင်းဆိုသော ထောင်သားတစ်ယောက်ကို လွတ်ငြိမ်းခွင့် ပီးလေ့ဟိ၏။
MAR 15:7 ထိုအချိန်တွင် ဗာရဗ္ဗအမည်ဟိသော သူတစ်ယောက်သည် ဆူပူအုံကြွမှု၌ ပုန်ကန်မှု နှင့် လူသတ်မှုဖြင့် အခြားသောပုန်ကန်သူများနှင့်အတူ ထောင်ကျလျက် ဟိ၏။
MAR 15:8 လူအပေါင်းရို့သည် ပွဲတော်အချိန်အခါ၌ ပြုလေ့ဟိသည့်အတိုင်း ပြုစီခြင်းငှာ ပိလတ်မင်းထံ စုရုံးပြီး တောင်းဆိုကြ၏။
MAR 15:9 ထိုအခါ ပိလတ်မင်းက “သင်ရို့၊ ယုဒသျှင်ဘုရင်ကို လွတ်စီချင်သလော” ဟု မိန်း၏။
MAR 15:10 ထိုသို့ မိန်းရသည့်အကြောင်းမှာ ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် ယေသျှုအား မနာလိုသောစိတ်နှင့် မိမိထံသို့ အပ်နှံကြကြောင်းကို သိသောကြောင့်ဖြစ်၏။
MAR 15:11 သို့ရာတွင် ယဇ်ပုရောဟိတ်အကြီးအကဲရို့က ယေသျှုကို မလွတ်စီဘဲ၊ ဗာရဗ္ဗကိုသာ လွတ်စီခြင်းငှာ ပိလတ်မင်းအား တောင်းဆိုကြရန် လူစုလူဝေးကို ပို၍လှုံ့ဆော်ကြ၏။
MAR 15:12 တဖန် ပိလတ်မင်းက “သင်ရို့ ‘ယုဒသျှင်ဘုရင်’ ဟု ခေါ်သောသူကို ဇာပိုင်လုပ်ရမည်နည်း” ဟု ပြန်၍မိန်းလျှင်၊
MAR 15:13 လူအုပ်ကြီးက “ယင်းသူကို လက်ဝါးကပ်တိုင်ထက်မှာ တင်၍ထားပါ” ဟု အော်ကြ၏။
MAR 15:14 ပိလတ်မင်းကလည်း “ဤသူ ဇာအပြစ်ကို လုပ်ထားသနည်း” ဟု မိန်းတော်မူလျှင်၊ ထိုသူအပေါင်းရို့သည် “ယင်းသူကို လက်ဝါးကပ်တိုင်ထက်မှာ တင်ထားပါ” ဟု ပို၍ အော်ဟစ်ကြ၏။
MAR 15:15 ပိလတ်မင်းသည်လည်း လူအပေါင်းရို့၏စိတ်ကို ကြေနပ်စီလို၍ သူရို့အဖို့ ဗာရဗ္ဗကို လွတ်စီပြီးလျှင် ယေသျှုကိုမူ ကြာပွတ်ဖြင့် ရိုက်စီပြီး လက်ဝါးကပ်တိုင်ထက်၌ သတ်ခြင်းငှာ အပ်လိုက်လေ၏။
MAR 15:16 ထိုအခါ စစ်သားရို့သည် ယေသျှုအား အိမ်ဝင်းအတွင်းသို့ ခေါ်ဆောင်လားပြီးလျှင် စစ်သားတိကို စုရုံးစီပြီးမှ၊
MAR 15:17 ကိုယ်တော့်ကို နီမောင်းသောအဝတ်ကို ဝတ်စီပြီးလျှင် ဆူးဖြင့် ရက်သောသရဖူကို ဆောင်းစီ၏။
MAR 15:18 ထို့နောက် “ယုဒသျှင်ဘုရင် အသက်တော်ရှည်ပါစီ” ဟု ပျက်ရယ်ပြုလျက်၊ အရိုအညွှတ် ပြုကြ၏။
MAR 15:19 ဦးဂေါင်းတော်ကို ကျူလုံးနှင့် ရိုက်ပုတ်ပြီးလျှင်၊ တန်းထွီးဖြင့် ထွီးကာ ရှိ့တော်၌ ဒူးထောက်လျက် ဦးညွှတ်ရှိခိုးကြ၏။
MAR 15:20 ထိုသို့ သရော်ကြပြီးလျှင် နီမောင်းသောအဝတ်ကို ချွတ်၍၊ ကိုယ်တော်၏အဝတ်ကို ပြန်၍ ဝတ်စီပြီး၊ လက်ဝါးကပ်တိုင်ထက်၌ သတ်ခြင်းငှာ ထုတ်လားကြ၏။
MAR 15:21 ထိုအချိန်၌ အာလေဇန္ဒြုနှင့် ရုဖုရို့၏အဖ သျှိမုန်အမည်ဟိသော ကုရေနေပြည်သား တစ်ယောက်သည် တောရွာမှ မြို့သို့လာ၏။ စစ်သားရို့ကလည်း ထိုသူအား အတင်းခေါ်၍ ယေသျှုထမ်းသော လက်ဝါးကပ်တိုင်ကို ထမ်းစီကြ၏။
MAR 15:22 ထို့နောက် ယေသျှုကို ဦးဂေါင်းခွံအရပ်ဟု ခေါ်တွင်သော ဂေါလဂေါသအရပ်သို့ ခေါ်ဆောင်လားကြ၏။
MAR 15:23 သူရို့သည် မုရန်နှင့် ရောစပ်ထားသော စပျစ်ရည်ကို ကိုယ်တော့်ကို သောက်စီခြင်းငှာ တိုက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် သောက်တော်မမူ။
MAR 15:24 ထို့နောက် သူရို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်ထက်၌ ရိုက်ထားကြ၏။ အဝတ်တော်ကိုကား မဲနှိုက်၍ ခွဲဝီယူကြ၏။
MAR 15:25 ကိုယ်တော့်ကို လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားသောအချိန်ကား မိုးထဖက် ကိုးနာရီအချိန်၌ ဖြစ်၏။
MAR 15:26 အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာဟူမူကား “ယုဒသျှင်ဘုရင်” ဟု ရီးထားကာ၊ ကိုယ်တော်၏ဦးဂေါင်းတော်ထက်၌ ကပ်ထား၏။
MAR 15:27 ကိုယ်တော်နှင့်အတူ ဒါးပြနှစ်ယောက်ကိုလည်း လက်ယာတော်ဖက်၌ တစ်ယောက်၊ လက်ဝဲတော်ဖက်၌ တစ်ယောက် ထား၍ လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြ၏။
MAR 15:28 
MAR 15:29 လမ်း၌ လား၊ လာနိန်ကြသောသူ များကလည်း “လွန်း၊ ဗိမာန်တော်ကို ဖြိုဖျက်ပြီး၊ သုံးရက်အတွင်းမှာ ပြန်ပြီးတည် ဆောက်ပြမည့်သူ၊
MAR 15:30 ကိုယ့်ကိုယ်ကို ကယ်တင်ပါလား၊ လက်ဝါးကပ်တိုင်ထက်က ဆင်းလာပါလား” ဟု ခေါင်းတညိတ်ညိတ်ဖြင့် ကဲ့ရဲ့ကာ အော်ဟစ်ပြောဆိုကြ၏။
MAR 15:31 ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ကျမ်းတတ်ဆရာရို့ကလည်း “ဤသူသည် သူတစ်ပါးကို ကယ်တင်တတ်ပြီးလျှင် ကိုယ့်ကိုယ်ကို မကယ်တင်နိုင်ပါတကား၊
MAR 15:32 ဣသရေလသျှင်ဘုရင်၊ မေသျှိယသည် ကိုယ့်ကိုယ်ကို ကယ်တင်ကာ လက်ဝါးကပ်တိုင်ထက်မှ အဂု ဆင်းလာပါ။ ယင်းပိုင် ဆင်းလာလျှင် ငါရို့ယုံကြည်မည်” ဟု အချင်းချင်း ပြောဆို၍ လှောင်ပြောင်သရော်ကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်၌ ရိုက်ထားခြင်းကို ခံရသူတိကလည်း ထိုသို့ သရော်ကြ၏။
MAR 15:33 မွန်းတည့်အချိန်မှ စ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြီကြီးတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။
MAR 15:34 မွန်းလွဲ သုံးနာရီအချိန်၌ ယေသျှုသည် “ဧလိ၊ ဧလိ၊ လာမ ရှာဗခသာနိ” ဟု အသံကျယ်စွာ အော်ကြွီးတော်မူ၏။ အဓိပ္ပာယ်ကား “အကျွန့် ဘုရားသခင်၊ အကျွန့် ဘုရားသခင်၊ အကျွန့်ကို ဇာကြောင့် စွန့်ပစ်သနည်း” ဟူ၍ဖြစ်၏။
MAR 15:35 အနီးအပါး၌ ရပ်နိန်သော လူတချို့သည် ထိုစကားကို ကြားလျှင် “နားထောင်လော့၊ သူသည် ဧလိယကို ခေါ်သည်” ဟု ဆိုကြ၏။
MAR 15:36 လူတစ်ယောက်သည် ဗြီးလာ၍ ပုံးရည်ကို ရီမြုပ်ဖြင့် စုပ်ယူပြီးနောက် ထိုရီမြုပ်ကို ကျူလုံးဖျား၌ တပ်၍ ကိုယ်တော့်ကို သောက်စီခြင်းငှာ ပီးလျက်၊ “ဧလိယက လက်ဝါးကပ်တိုင်မှ သူ့ကိုကယ်ဖို့လာမည်၊ မလာမည်ကို ငါရို့ ကြည့်နိန်ကြကုန်အံ့” ဟု ဆိုကြ၏။
MAR 15:37 ယေသျှုသည် ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးနောက် အသက်တော်ကို စွန့်လေ၏။
MAR 15:38 ထိုအချိန်၌ ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းထိတိုင် နှစ်ခြမ်းကွဲလေ၏။
MAR 15:39 ကိုယ်တော်၏ရှိ့တွင် ရပ်နိန်သောတပ်မှူးသည် ကိုယ်တော်၏ အသက်တော်ချုပ်ပုံကို မြင်သဖြင့် “ဤသူကား၊ စင်စစ် ဘုရားသခင်၏ သားတော်ဖြစ်၏” ဟု ဆိုလေ၏။
MAR 15:40 မိန်းမတချို့သည် အဝီးမှ ရပ်၍ ကြည့်နိန်ကြ၏။ ထိုမိန်းမရို့တွင် မာဂဒလမြို့သူ မာရိ၊ လူငယ်ယာကုပ်နှင့် ယောသေ ရို့၏အမိ မာရိနှင့် သျှာလုံ ရို့လည်းပါ၏။
MAR 15:41 ထိုမိန်းမရို့ကား၊ ကိုယ်တော်သည် ဂါလိလဲပြည်၌ ဟိတော်မူခစဉ် နောက်တော်သို့ လိုက်၍ အလုပ်အကျွေးပြုကြသူများ ဖြစ်ကြ၏။ သူမရို့သာမက ကိုယ်တော်နှင့်အတူ ယေရုဆလင်မြို့သို့ လိုက်ပါလာသော အခြားမိန်းမများလည်း ထိုအရပ်၌ ဟိနိန်ကြ၏။
MAR 15:42 ထိုနိ့ကား အဖိတ်နိ့ဖြစ်၏။ ညအချိန် ရောက်သောအခါ၊ အသရေဟိသော လွှတ်အရာဟိ၊ အရိမဿဲမြို့သား ယောသပ်သည် ဘုရားသခင်၏ နိုင်ငံတော်ကို မျှော်လင့်နိန်သော သူဖြစ်သည်အလျောက်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာ ဝင်ပြီးလျှင် ယေသျှု၏အလောင်းတော်ကို တောင်းလေ၏။
MAR 15:44 ကိုယ်တော်၏ အသက်ချုပ်တော်မူကြောင်းကို ပိလတ်မင်းကြားလျှင် အံ့ဩခြင်းဟိသဖြင့် တပ်မှူးကို ခေါ်၍ ယေသျှုသီလားသည်ကား ကြာဗျာလောဟု မိန်းလေ၏။
MAR 15:45 သီကြောင်းကို တပ်မှူးအားဖြင့် သိရလျှင် အလောင်းတော်ကို ယောသပ်အား ပီးလေ၏။
MAR 15:46 ယောသပ်သည် ပိတ်ချောထည်ကို ဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ထက်မှ ချ၍ ပိတ်စထည်ဖြင့်ပတ်၏။ ထို့နောက် ကျောက်၌ထွင်းထားသော သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ပြီးလျှင် ဂူဝ၌ ကျောက်တုံးကြီးကို လှိမ့်၍ ပိတ်ထားလေ၏။
MAR 15:47 မာဂဒလမြို့သူ မာရိနှင့် ယောသေ၏အမိ မာရိ ရို့သည် အလောင်းတော်အား သင်္ဂြိုဟ်သောနီရာကို တွိ့မြင်ကြ၏။
MAR 16:1 ဥပုသ်နိ့ လွန်ပြီးနောက် မာဂဒလမြို့သူ မာရိ၊ ယာကုပ်၏အမိ မာရိနှင့် သျှာလုံ ရို့သည် ယေသျှု၏အလောင်းတော်ကို လိမ်းကျန်ခြင်းငှာ အမွှီးနံ့သာများကို ဝယ်ယူကြ၏။
MAR 16:2 တလင်းဂနီနိ့ မိုးထစောစော၊ နီထွက်ချိန်၌ သင်္ချိုင်းသို့ လားကြ၏။
MAR 16:3 ထိုသို့ လားကြစဉ်တွင် လမ်း၌ သူမရို့သည် “ဂူဝမှာ ပိတ်ထားသောကျောက်ကို အကျွန်ရို့အတွက် ဇာသူက လှိမ့်ဖယ်ပီးမည်နည်း” ဟု အချင်းချင်း ပြောဆိုကြ၏။ အကြောင်းမူကား ထိုကျောက်တုံးသည် အလွန်ကြီးမားသောကြောင့်ဖြစ်သတည်း။ သို့ရာတွင် သင်္ချိုင်းဂူဝသို့ ရောက်၍ ကြည့်လိုက်သောအခါ ကျောက်တုံးမှာ လှိမ့်ဖယ်ထားပြီးသား ဟိသည်ကို တွိ့ကြ၏။
MAR 16:5 ထိုမိန်းမရို့သည် ဂူထဲသို့ ဝင်ကြလျှင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လုလင်တစ်ယောက်သည် လက်ယာဖက်၌ ထိုင်နိန်သည်ကို မြင်ကြသဖြင့် — ကြောက်လန့်ကြ၏။
MAR 16:6 ထိုသူကလည်း “မကြောက်ကတ်ကေ့။ သင်ရို့သည် လက်ဝါးကပ်တိုင်ထက်မှာ တင်၍ အသတ်ခံရသော နာဇရက်မြို့သား ယေသျှုကို လာရှာကြသည် မဟုတ်လော။ ထိုအသျှင်ကား ဤအရပ်တွင် မဟိ — သီခြင်းမှ ထမြောက်အသက်ရှင်တော်မူဗျာ။ ကြည့်ကြလော့။ ဤနီရာကား ထိုအသျှင်၏ အလောင်းတော်ကို ထားသောနီရာဖြစ်၏။
MAR 16:7 သင်ရို့က ပေတရုနှင့်တကွ အခြားသောတပည့်တော်တိပါးသို့ အဂုလား၍ အယင်က သင်ရို့ကို မိန့်တော်မူခသည့်အတိုင်း၊ ကိုယ်တော်သည် ဂါလိလဲပြည်သို့ သင်ရို့ထက် အယင် ကြွလားတော်မူကြောင်းကို ပြောပြကြလော့။ ထိုပြည်တွင် ကိုယ်တော့်ကို တွိ့လိမ့်မည်” ဟု ပြောဆို၏။
MAR 16:8 ထိုမိန်းမရို့သည် ထိန့်လန့်တုန်လှုပ်၍ သင်္ချိုင်းဂူမှ ထွက်ဗြီးကြ၏။ သူမရို့သည် ကြောက်လန့်သောကြောင့် မည်သူ့ကိုမျှ မပြောပြကြပေ။ သတင်းကောင်း၏ နည်းဟောင်းအဆုံးသတ်တစ်မျိုး [
MAR 16:9 ယေသျှုသည် သီခြင်းမှ ထမြောက်တော်မူပြီးနောက် တလင်းဂနီနိ့ မိုးထစောစောအချိန်၌ မာဂဒလမြို့သူ မာရိအား ဦးစွာကိုယ်ထင်ပြတော်မူ၏။ ကိုယ်တော်သည် သူမထံပါးမှ နတ်ဆိုးခုနစ်ကောင်ကို နှင်ထုတ်ပီးခဖူး၏။
MAR 16:10 ထိုမာရိသည် ညည်းတွားငိုကြွီးလျက် ဟိနိန်ကြသော တပည့်တော်ရို့ပါးသို့ လား၍ ထိုသတင်းတော်ကို ကြားပြောလေ၏။
MAR 16:11 ယေသျှုသည် အသက်ရှင်တော်မူကြောင်းကိုလည်းကောင်း၊ မာရိသည် ယေသျှုကို တွိ့မြင်ခရသည်ကိုလည်းကောင်း၊ သူရို့သည် ကြားကြသော်လည်း မယုံကြပေ။
MAR 16:12 ထို့နောက်၊ တပည့်တော်နှစ်ပါးရို့သည် တောရွာသို့ လားကြစဉ်တွင် ယေသျှုသည် ထူးခြားသောအသွင်ဖြင့် သူရို့အား ကိုယ်ထင်ပြတော်မူ၏။
MAR 16:13 သူရို့သည် အခြားသော တပည့်တော်ရို့ပါးသို့ လား၍ ထိုသတင်းကို ပြောကြ၏။ သို့ရာတွင် သူရို့သည်လည်း မယုံကြည်ကြပေ။
MAR 16:14 ထို့နောက်၊ တစ်ကျိပ်တစ်ပါးသော တပည့်တော်ရို့သည် စားပွဲ၌ ထိုင်၍ စားသောက်နိန်ကြစဉ်၊ ကိုယ်တော်သည် ကိုယ်ထင်ပြတော်မူ၏။ သူရို့သည် ကိုယ်တော် ထမြောက်တော်မူကြောင်းကို မြင်သောသူရို့၏စကားကို ကြားကြသော်လည်း၊ စိတ်နှလုံးခိုင်မာ၍ မယုံကြည်ကြသောကြောင့် ကိုယ်တော်သည် သူရို့အား ပြစ်တင်ဆုံးမတော်မူ၏။
MAR 16:15 ထို့နောက် ကိုယ်တော်က၊ “သင်ရို့သည် လောကီနိုင်ငံအရပ်ရပ်သို့ လားပြီးလျှင် လူသတ္တဝါအပေါင်းရို့အား ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောကြလော့။
MAR 16:16 ယုံကြည်၍ ဗတ္တိဇံမင်္ဂလာကို ခံယူသောသူတိုင်း ကယ်တင်တော်မူခြင်းကို ခံရမည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။
MAR 16:17 ယုံကြည်လက်ခံသောသူရို့၌ကား၊ ငါ၏နာမကို အမှီပြု၍ အံ့သြဖွယ်နိမိတ်လက္ခဏာတိကို ပြနိုင်ကြလိမ့်မည်။ နတ်ဆိုးတိကို နှင်ထုတ်လိမ့်မည်။ ထူးခြားသောဘာသာစကားတိကို ပြောဆိုကြလိမ့်မည်။
MAR 16:18 မြွီဆိုးများကို ကိုင်ဖမ်းသော်လည်းကောင်း၊ သီစီတတ်သော အဆိပ်အတောက်ကို သောက်သော်လည်းကောင်း၊ သူရို့သည် ဘေးဥပါဒ်နှင့် ကင်းလွတ်ကြလိမ့်မည်။ နာမကျန်းသော သူရို့အထက်မှာ လက်ကိုတင်၍ ကျန်းမာစီကြလိမ့်မည်” ဟု မိန့်တော်မူ၏။
MAR 16:19 ထိုသို့ တပည့်တော်ရို့အား မိန့်တော်မူပြီးသောအခါ အသျှင်ယေသျှုသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီး၊ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ထိုင်နိန်တော်မူ၏။
MAR 16:20 တပည့်တော်ရို့လည်း အရပ်ရပ်သို့လား၍ တရားတော်ကို ဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူရို့နှင့်အတူ လုပ်ဆောင်၍ ဟောပြောသော တရားတော်သည် မှန်ကန်ကြောင်းကို ပြုတော်မူသော နိမိတ်လက္ခဏာများအားဖြင့် သက်သီပြတော်မူ၏။] အခြား နည်းဟောင်း အဆုံးသတ် [
MAR 16:21 ထိုမိန်းမများသည် ပေတရုနှင့် သူ၏အပေါင်းအပါရို့ပါးသို့ လား၍ မိမိရို့ တွိ့မြင်ခရသမျှသော အရာများကို ပြောပြကြ၏။
MAR 16:22 ထို့နောက်၊ ယေသျှုကိုယ်တော်တိုင် မိမိ၏တပည့်တော်ရို့အားဖြင့် မြင့်မြတ်ပြီး ထာဝရအသက်နှင့်ဆိုင်သော ကယ်တင်ခြင်း သတင်းစကားကို ကမ္ဘာကြီး၏ အရှိ့စွန်းမှ အနောက်စွန်းတိုင်အောင် ပြန့်နှံ့စီတော်မူ၏။]
LUK 1:1 မြတ်သော သော်ဖိလု၊ အကျွန်ရို့ကြား၌ ဖြစ်ခသည့် အကြောင်းအရာများကို ကောင်းစွာ ရီးသားပြုစုသော လူများစွာ ဟိခပါ၏။
LUK 1:2 အစအဦးမှ မျက်မြင်သက်သီများနှင့် အမှုတော်ကို ဆောင်ရွက်သောသူရို့က ငါရို့အား ပြောကြားသည့်အတိုင်း သူရို့သည် ရီးသားပြုစုခပါသည်။
LUK 1:3 ထို့ကြောင့် အကျွန်ကလည်း ထိုအကြောင်းအရာအားလုံးကို အစဦးမှ သေသေချာချာဂရုစိုက် လေ့လာခသူဖြစ်သည့်အလျောက်၊ သင် ဖတ်ရှု နိုင်ခြင်းငှာ စနစ်တစ်ကျ ပြုစုရသော် ကောင်းမည်ဟု ယူဆရပါသည်။
LUK 1:4 သင်အား သင်ကြားပီးခသော အကြောင်းအရာများသည် ဧကန်အမှန်ဖြစ်ကြောင်းကို သင်သည် သိစီခြင်းငှာ ဤအရာများကို ရီးလိုက်ပါ၏။
LUK 1:5 ယုဒသျှင်ဘုရင် ဟေရုဒ်လက်ထက်၌ ဇာခရိဟု နာမည်ဟိသော ယဇ်ပုရောဟိတ်တစ်ပါးဟိ၏။ ထိုသူသည် အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်ပြီး သူ၏မယားက ဧလိဇဗက်ဟု နာမည်ဟိ၏။ ဧလိဇဗက်ကလည်း ယဇ်ပရောဟိတ်အာရုန် အနွယ်ဝင်ဖြစ်၏။
LUK 1:6 ထိုသူနှစ်ဦးမှာ ဘုရားသခင်၏ ရှိ့တော်မှောက်တွင် သူတော်ကောင်းဖြစ်ပြီးလျှင် သခင်ဘုရား၏ ပညတ်တော်ဟိသမျှနှင့် မိန့်တော်မူချက်အားလုံးကို လိုက်နာကြ၏။
LUK 1:7 သို့ရာတွင် ဧလိဇဗက်သည် အမြုံမဖြစ်သည့်အတွက် သူရို့မှာ အချေ မဟိပါ၊ သူရို့နှစ်ဦးလုံးသည် အသက်အိုမင်း နိန်ပြီဖြစ်၏။
LUK 1:8 တစ်နိ့၌ ဇာခရိသည် မိမိ၏အလှည့်ကျလာသည့်အတွက် ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ဝတ္တရားကို ဆောင်ရွက်နိန်၏။
LUK 1:9 ယဇ်ပုရောဟိတ်ရို့၏ ထုံးတမ်းစဉ်လာအရ ယဇ်ပလ္လင်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် စာရီးတံချ၍ ရွီးခြယ်ခြင်းခံရလေ၏။ ထို့ကြောင့် သခင်ဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင်ပြီးလျှင်၊
LUK 1:10 မီးယှို့ပူဇော်နိန်သည့် အချိန်တွင် လူစုလူဝေးရို့သည် အပြင်ဖက်တွင် ဆုတောင်းနိန်ကြ၏။
LUK 1:11 ထိုအချိန်၌ သခင်ဘုရား၏ ကောင်းကင်တမန်သည် ဇာခရိ ရှိ့တွင် ပေါ်လာပြီးလျှင် နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်၏ လက်ယာဖက်တွင် ရပ်နိန်၏။
LUK 1:12 ဇာခရိကလည်း ကောင်းကင်တမန်ကို မြင်သောအခါ စိုးရိမ်၍ ကြောက်ရွံ့တုန်လှုပ်လေ၏။
LUK 1:13 သို့သော်လည်း ကောင်းကင်တမန်က “ဇာခရိ၊ မကြောက်ကေ့၊ ဘုရားသခင်သည်၊ သင်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူဗျာယ်၊ သင်၏မယား ဧလိဇဗက်သည်လည်း သားရတနာကို ဖွားမြင်လိမ့်မည်။ သင်သည် ထိုသားကို ယောဟန်ဟု နာမည်ပီးရမည်။
LUK 1:14 သင်လည်း ဝမ်းမြောက်ပျော်ရွှင် ရလိမ့်မည်၊ ထိုသို့ သားမွီးဖွားလာသည့်အတွက် အခြားသော လူအပေါင်းရို့လည်း ပျော်ရွှင်ကြလိမ့်မည်။
LUK 1:15 သူသည် သခင်ဘုရား၏ ရှိ့တော်မှောက်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ ထိုသူသည် စပျစ်ရည်နှင့် သီရည်သီရက်ကို သောက်လိမ့်မည် မဟုတ်။ အမိဝမ်းထဲကပင် သူသည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
LUK 1:16 များစွာသော ဣသရေလလူမျိုးတိကိုလည်း မိမိရို့ အသျှင် ဘုရားသခင် အထံတော်ပါးသို့ ပြန်လည်ပို့ဆောင်ပီးလိမ့်မည်။
LUK 1:17 သူသည် သခင်ဘုရား၏ ရှိ့တော်ဗြီးဖြစ်ပြီးလျှင် ပရောဖက်ဧလိယကဲ့သို့ ခွန်အားတန်ခိုး ကြီးလိမ့်မည်။ ထိုသူသည် အဖတိနှင့် သားသမီးတိကို ပြန်လည်သင့်မြတ်စီလိမ့်မည်၊ နားမထောင်သောသူရို့အား ဖြောင့်မတ်ခြင်းတရားကို ပြန်လည်ရစီလိမ့်မည်၊ ကိုယ်တော်အတွက် အဆင်သင့်ဖြစ်စီခြင်းငှာ သခင်ဘုရား၏ လူစုကို ပျင်ဆင်ပီးလိမ့်မည်” ဟု ဇာခရိအား မိန့်တော်မူ၏။
LUK 1:18 ဇာခရိက “ဤပိုင်ဖြစ်လာဖို့ကို ဇာပိုင် အကျွန် သိရပါမည်နည်း။ အကျွန်ကလည်း အိုဗျာယ်၊ အကျွန်၏မယားလဲ အိုဗျာယ်” ဟု ကောင်းကင်တမန်အား ပြန်ပြော၏။
LUK 1:19 ကောင်းကင်တမန်ကလည်း “ငါကား ဘုရားသခင်၏ မျက်မှောက်တော်၌ ခစားနိန်သော ဂါဗြေလဖြစ်၏။ သင့်အား ဤသတင်းကောင်းကို ပြောကြားဖို့ ငါ့ကို ရွှတ်လိုက်တော်မူ၏။
LUK 1:20 သင်သည် ငါ့ပြောသောစကားကို မယုံကြည်သော်လည်း အချိန်တန်သောအခါ ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ငါ့စကားကို မယုံကြည်သောကြောင့်၊ သင်၌ ငါ၏ကတိတော် ပြည့်စုံလာသည့်နိ့ တိုင်အောင် စကားမပြောနိုင်ဘဲ တိတ်ဆိတ်စွာ နိန်ရလိမ့်မည်” ဟုဆို၏။
LUK 1:21 လူတိက ဇာခရိကို စောင့် နိန်ကြသော်လည်း ဗိမာန်တော်ထဲ၌ ကြန့်ကြာနိန်သည်ကို အံ့သြနိန်ကြ၏။
LUK 1:22 ဇာခရိသည် ဗိမာန်တော်မှ ထွက်လာသောအခါ သူရို့ကို စကားမပြောနိုင် ဖြစ်နိန်သောကြောင့် ဗိမာန်တော်ထဲ၌ ဗျာဒိတ်ရူပါရုံ မြင်ခရကြောင်းကို သူရို့ ရိပ်မိကြ၏။ ဇာခရိကလည်း စကားမပြောနိုင်သောကြောင့် ကိုယ်လက်အမူအရာဖြင့် ပြ၍သာ နိန်၏။
LUK 1:23 ဇာခရိလည်း ဗိမာန်တော်ထဲ၌ အမှုပြီးဆုံးသောအချိန်တွင် အိမ်သို့ ပြန်လားလေ၏။
LUK 1:24 ကာလအတန်ကြာသောအခါ သူ၏မယား ဧလိဇဗက်က ပဋိသန္ဓေတည်၍ သူသည် ငါးလပတ်လုံး အိမ်ထဲ၌ အောင်းနိန်၏။
LUK 1:25 သူမကလည်း “ယခုတွင် ငါ့ကို သခင်ဘုရား ကျေးဇူးပြုတော်မူဗျာယ်၊ ငါ့ကို လူတိက ကဲ့ရဲ့ကြသည်ကိုလည်း ကိုယ်တော်က ဖယ်ယှားစီဗျာယ်” ဟု ဆို၏။
LUK 1:26 ဧလိဇဗက်၏ကိုယ်ဝန် ခြောက်လသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့သို့ ရွှတ်လိုက်တော်မူ၏။
LUK 1:27 ထိုကောင်းကင်တမန်၏ သတင်းစကားသည် ဒါဝိဒ်အမျိုးဖြစ်သော ယောသပ်နှင့် စိ့စပ်ထားသူ သတို့သမီးကညာအဖို့ ဖြစ်၏။ သူမ၏နာမည်မှာ မာရိဖြစ်၏။
LUK 1:28 ကောင်းကင်တမန်က သူမပါးသို့ လာပြီးလျှင် “သင်သည် ကြီးစွာသောမင်္ဂလာကို ခံစားရသူဖြစ်၏။ သင်၌ ငြိမ်သက်ခြင်း ဟိပါစီ။ သခင်ဘုရားသည် သင်နှင့်အတူ ဟိ၏” ဟု ဆို၏။
LUK 1:29 ကောင်းကင်တမန် စကားကို ကြားသောအခါ မာရိသည် လွန်စွာပူပင်သောက ရောက်လျက်၊ ဤနှုတ်ဆက်စကားက ဇာပိုင်ဖြစ်မည်နည်းဟု အံ့သြနိန်၏။
LUK 1:30 ကောင်းကင်တမန်က “မာရိ၊ မကြောက်ကေ့၊ သင်သည် ဘုရားသခင်ရှိ့တော်မှာ မျက်နှာရဗျာယ်။
LUK 1:31 သင်သည် ပဋိသန္ဓေယူပြီးလျှင် သားရတနာကို မွီးဖွားလိမ့်မည်။ ထိုသားကို ယေသျှုဟု နာမည်မှည့်ခေါ်ရမည်။
LUK 1:32 ထိုသားသည် ကြီးမြတ်သောသူ ဖြစ်ပြီးလျှင် အမြင့်မြတ်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ထာဝရအသျှင် ဘုရားသခင်သည် သူ၏အဖဒါဝိဒ်၏ ရာဇပလ္လင်ကို သူ့အား ပီးတော်မူလိမ့်မည်။
LUK 1:33 ထိုသူသည် ယာကုပ်၏အမျိုးအနွယ်ရို့ကို အစဉ်အမြဲအုပ်စိုးပြီးလျှင် သူ၏ နိုင်ငံတော်လည်း အဆုံး ဟိလိမ့်မည် မဟုတ်” ဟု ဆို၏။
LUK 1:34 မာရိကလည်း “အကျွန်သည် ယောက်ျားနှင့် မဆက်ဆံဖူး၍ ဤအမှုအရာသည် ဇာပိုင်ဖြစ်နိုင်ပါမည်နည်း” ဟု ကောင်းကင်တမန်အား ဆို၏။
LUK 1:35 ကောင်းကင်တမန်ကလည်း “သန့်ယှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်ပြီးလျှင် ဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွမ်းခြုံလိမ့်မည်။ ထို့ကြောင့် သန့်ယှင်းမြင့်မြတ်သောသူငယ်ကို ဖွားမြင်လာပြီးလျှင် သူ့ကို ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်။
LUK 1:36 သင်၏ ဆွီမျိုးဖြစ်သော ဧလိဇဗက်ကိုလည်း သတိရပါ။ သူမသည် အသက်ကြီးခါမှ ပဋိသန္ဓေလွယ်နိန်ရဗျာယ်။ အမြုံမဟု အခေါ်ခံနိန်ရသောသူသည် အဂုဆိုကေ ပဋိသန္ဓေခြောက်လ ဟိနိန်ဗျာယ်။
LUK 1:37 ဘုရားသခင် မတတ်နိုင်သောအရာ တခုလည်းမဟိ” ဟု ဆို၏။
LUK 1:38 မာရိကလည်း “အကျွန်သည် ဘုရားသခင်၏ အခိုင်းအစီဖြစ်၏။ အသျှင် ဖော်ပြသည်အတိုင်း ဖြစ်ပါစီ” ဟု ပြန်ပြော၏။ ထိုအခါ ကောင်းကင်တမန်ကလည်း သူမပါးမှ ထွက်လားလေ၏။
LUK 1:39 များမကြာခင် မာရိသည် အသင့်ပျင်ဆင်ပြီးလျှင် ယုဒပြည် တောင်ပေါ်ဒေသ၌ဟိသော မြို့တစ်မြို့သို့ အယင်လားလေ၏။
LUK 1:40 သူမသည် ဇာခရိအိမ်သို့ ဝင်ပြီးလျှင် ဧလိဇဗက်ကို နှုတ်ဆက်လေ၏။
LUK 1:41 မာရိ၏ နှုတ်ဆက်စကားကို ဧလိဇဗက်သည် ကြားသောအခါ သူမ၏ဝမ်းထဲက အချေကလည်း လှုပ်လေ၏။ ဧလိဇဗက်ကလည်း သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင်၊
LUK 1:42 ကျယ်သောအသံဖြင့် “သင်သည် ဟိသမျှသော မိန်းမတိထက် မင်္ဂလာဟိ၏။ သင်မွီးဖွားလာမည့်သားလည်း မင်္ဂလာဟိ၏။
LUK 1:43 အကျွန့်သခင်၏မိခင်သည် အကျွန့်ပါးကို လာရသော အခွင့်ထူးကို ဇာကြောင့် ခံစားရပါမည်နည်း။
LUK 1:44 သင်၏ နှုတ်ဆက်စကားကို အကျွန် ကြားသောအခါ အကျွန့်ဝမ်းထဲက အချေလည်း ဝမ်းမြောက်လို့ ခုန်ပါ၏။
LUK 1:45 သခင်ဘုရားပီးတော်မူသော ဗျာဒိတ်တော်အတိုင်း ဖြစ်လိမ့်မည်ဟု သင်ယုံကြည်သည့်အတွက် ဇာလောက် ဝမ်းမြောက်လိမ့်မည်နည်း” ဟု ပြောလေ၏။
LUK 1:46 မာရိက၊ “ငါ၏ စိတ်နှလုံးသည် သခင်ဘုရားကို ချီးမွမ်းပါ၏။
LUK 1:47 ငါ၏ကယ်တင်သျှင် ဘုရားသခင်ကြောင့် ငါ၏စိတ်ဝိညာဉ်သည် ဝမ်းမြောက်ရွှင်လန်းပါ၏။
LUK 1:48 ကိုယ်တော်သည် မိမိအခိုင်းအစီ၏ နိမ့်ကျသောအဖြစ်ကို အောက်မိ့သတိရပြီးလျှင်၊ အဂုမှစ၍ လူအပေါင်းရို့သည် ငါ့ကိုမင်္ဂလာဟိသူဟု ခေါ်ကြလိမ့်မည်။
LUK 1:49 အကြောင်းမူကား အနန္တတန်ခိုးသျှင် ဘုရားသခင်သည် ငါ့အတွက် ကြီးမြတ်တော်မူသော အကြောင်းအရာတိကို ပြုတော်မူခ၍ ဖြစ်၏။ ကိုယ်တော်၏နာမတော်သည် သန့်ယှင်းပါ၏။
LUK 1:50 ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီကြသောသူရို့ကို သားစဉ်မြီးဆက် ကရုဏာထားတော်မူ၏။
LUK 1:51 တန်ခိုးကြီးသော လက်ရုံးတော်နှင့် တားဆီးပြီးလျှင် အတွင်းစိတ်သဘော၌ မာနကြီးသောသူရို့ကို ကွဲလွင့်စီပါ၏။
LUK 1:52 တန်ခိုးကြီးသော ဘုရင်တိကို ရာဇပလ္လင်ထက်မှ ဆွဲချပြီးလျှင် နိမ့်ကျသောသူရို့ကို ချီးမြှောက်တော်မူပါ၏။
LUK 1:53 ငတ်မွတ်သောသူရို့ကို ကောင်းသောအရာတိနှင့် ပြည့်ဝစီပြီး၊ ချမ်းသာကြွယ်ဝသောသူရို့ကို လက်ဗလာဖြင့် ရွှတ်လိုက်တော်မူ၏။
LUK 1:54 အကျွန်ရို့ အဖိုးအဖီးတိကို ကိုယ်တော်ပီးခသည့် ကတိတော်နှင့်အညီ မိမိ၏အခိုင်းအစီ ဣသရေလလူမျိုးတိကို မစတော်မူပြီ။
LUK 1:55 အာဗြဟံနှင့် သူ၏မျိုးနွယ်များအတွက် ထားတော်မူခသော ကရုဏာတော်နှင့်အညီ အစဉ်အမြဲပြုခြင်းငှာ သတိရတော်မူပြီ” ဟု ဆို၏။
LUK 1:56 ထို့နောက် မာရိသည် ဧလိဇဗက်ပါးတွင် သုံးလလောက်နီပြီးလျှင် အိမ်သို့ ပြန်လားလေ၏။
LUK 1:57 ဧလိဇဗက်သည် အချိန်စိ့သောအခါ သားရတနာကို ဖွားမြင်လေ၏။
LUK 1:58 ထိုကဲ့သို့ သူမအား သခင်ဘုရားသည် အံ့သြရလောက်အောင် ကျေးဇူးပြုသည်အကြောင်းကို ကြားကြသောအခါ အိမ်နီးချင်းနှင့် ဆွီမျိုးသားချင်းတိကလည်း သူမနှင့်အတူ ဝမ်းမြောက်ကြ၏။
LUK 1:59 ထို့နောက် သျှစ်ရက်မြောက်သော နိ့တွင် သူရို့သည် သူငယ်အား အရီဖျားလှီးရန် လာကြပြီး သူငယ်ကို အဖနာမည်ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်ကြ၏။
LUK 1:60 သို့သော် သူငယ်၏ မိခင်က၊ “ယင်းနာမည်ကို မမှည့်ပါကေ့၊ ယောဟန်ဟု နာမည်မှည့်ခေါ်ရမည်” ဟု ဆိုလျှင်၊
LUK 1:61 သူရို့ကလည်း၊ “သင်ရို့အမျိုး၌ ထိုနာမည် တစ်ယောက်လေ့ မဟိ” ဟု သူမကို ပြန်ပြောကြ၏။
LUK 1:62 ထို့နောက် သူငယ်ကို နာမည်ပီးရန် သူ၏ဖခင်အား လက်ဟန်အမူအရာဖြင့် မိန်းကြ၏။
LUK 1:63 ဇာခရိကလည်း သင်းပုန်းတစ်ချပ်ကို တောင်းယူပြီးလျှင် “သူငယ်၏နာမည်က ယောဟန်ဖြစ်သည်” ဟု ရီးလိုက်သောအခါ သူရို့အားလုံး အလွန်အံ့သြကြ၏။
LUK 1:64 ထိုခဏချင်းတွင် ဇာခရိကလည်း စကားပြန်ပြောနိုင်သဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
LUK 1:65 အိမ်နီးချင်းတိကလည်း ကြောက်ရွံ့ကြပြီး၊ ထိုသတင်းသည်လည်း ယုဒပြည် တောင်တန်းဒေသ တလျှောက်လုံးကို ပြန့်နှံ့လေ၏။
LUK 1:66 ဤသတင်းကို ကြားသောသူအပေါင်းရို့သည် စဉ်းစားလျက် “ဤသူငယ်ကား ဇာပိုင်ဖြစ်လာမည်နည်း” ဟု ဆိုကြ၏။ အကြောင်းမူကား သခင်ဘုရား၏ တန်ခိုးတော်သည် သူငယ်အထက်၌ သက်ရောက်လျက် ဟိလေ၏။
LUK 1:67 ယောဟန်၏အဖ ဇာခရိသည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကို ဟောပြောသည်မှာ၊
LUK 1:68 “ဣသရေလအမျိုးသားရို့၏အသျှင် ဘုရားသခင်သည် မင်္ဂလာဟိစီသတည်း။ အကြောင်းမူကား ကိုယ်တော်သည် သူ၏လူမျိုးကို ကူညီမစဖို့ရန် ကြွလာတော်မူ၍ သူရို့ကို ရွီးနုတ်တော်မူဗျာယ်။
LUK 1:69 ကိုယ်တော်သည် အကျွန်ရို့အဖို့ တန်ခိုးကြီးမားသော ကယ်တင်သျှင်ကို မိမိအစီခံ ဒါဝိဒ်အမျိုးအနွယ်ထဲမှ ပေါ်ထွန်းစီတော်မူပြီ။
LUK 1:70 ရှီးသန့်ယှင်းသူ ပရောဖက်တိမှတဆင့် ကတိတော် ထားခသည်နှင့်အညီ၊
LUK 1:71 ကိုယ်တော်က အကျွန်ရို့ကို အကျွန်ရို့၏ ရန်သူတိနှင့်၊ အကျွန်ရို့အား မုန်းတီးသောသူရို့လက်မှ ကယ်ထုတ်လေ၏။
LUK 1:72 အကျွန်ရို့ အဖိုးအဖီးတိကို ကရုဏာထားတော်မူကြောင်းနှင့်၊ မိမိ၏ သန့်ယှင်းသော ပဋိညာဉ်တော်ကို အောက်မိ့တော်မူကြောင်း မိန့်တော်မူခ၏။
LUK 1:73 အကျွန်ရို့ အဖိုးအဖီး အာဗြဟံအား ဂတိသစ္စာ ပြုတော်မူခသည်နှင့်အညီ၊ အကျွန်ရို့တိကို ရန်သူရို့လက်မှ ကယ်ပြီးလျှင်၊ ကြောက်ရွံ့ခြင်းမဟိဘဲ ကိုယ်တော်၏ အမှုတော်ကို ဆောင်ရွက်စီမည်။
LUK 1:75 ယင်းအတွက်ကြောင့် အကျွန်ရို့လည်း ကိုယ်တော်၏ မျက်မှောက်တော်၌ သန့်ယှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့် တစ်သက်လုံး ရှင်သန်ဖို့ဖြစ်၏။
LUK 1:76 “ငါ့သား၊ သင်သည် အမြင့်ဆုံးသော ဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်၊ သင်သည် ထိုသခင်ဘုရားအတွက် လမ်းကို ပျင်ဆင်ခြင်းငှာ သခင်ဘုရား၏ ရှိ့တော်ဗြီး ဖြစ်လိမ့်မည်။
LUK 1:77 ကိုယ်တော်၏ လူတိကိုလည်း သူရို့၏ အပြစ်မှ ခွင့်ရွှတ်ပြီးလျှင် ကယ်တင်တော်မူမည့်အကြောင်း ပြောကြားရလိမ့်မည်။
LUK 1:78 အကျွန်ရို့ ဘုရားသခင်သည် သနားခြင်းကရုဏာနှင့် ပြည့်ဝတော်မူ၏။ ကိုယ်တော်၏ ကယ်တင်ခြင်း ကျေးဇူးတော်သည် ကောင်းကင်မှ နီ၏အရောင်ကဲ့သို့ အကျွန်ရို့အထက်၌ ထွန်းလင်းစီတော်မူပြီးလျှင်၊
LUK 1:79 သီမင်းအရိပ်၏ မှောင်မိုက်ထဲ၌ နီထိုင်သူရို့၌ အလင်းသည် ပေါ်ထွန်းလျက်၊ အကျွန်ရို့ကို ငြိမ်သက်ခြင်းလမ်းသို့ ညွှန်ပြတော်မူလိမ့်မည်” ဟု ဆိုလေ၏။
LUK 1:80 သူငယ်သည် ကြီးပြင်းလာပြီးလျှင် ဝိညာဉ်အရာ၌ တိုးပွါးလေ၏။ သူသည် ဣသရေလလူမျိုးတိရှိ့တွင် ထင်ရှားမည့် နိ့ရက်တိုင်အောင် တောကန္တာရ၌ နီထိုင်လေ၏။
LUK 2:1 ထိုကာလ၌ ဧကရာဇ်ဘုရင် သြဂုတ္တုသည် ရောမအင်ပါယာတစ်ခုလုံးကို သန်းခေါင်စာရင်း ကောက်ယူရန် အမိန့်တော်ထုတ်လေ၏။
LUK 2:2 ဤသည်ကား ကုရေနိသည် ယှုရိဘုရင်ခံဖြစ်သောအခါ ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခြင်း ဖြစ်၏။
LUK 2:3 သို့ဖြစ်၍ လူတိုင်းသည် စာရင်းသွင်းရန် မိမိရို့၏ဇာတိမြို့ရွာသို့ လားကြ၏။
LUK 2:4 ထို့ကြောင့် ယောသပ်သည်လည်း ဒါဝိဒ်၏အမျိုးအနွယ် ဖြစ်သောကြောင့် ဂါလိလဲနယ် နာဇရက်မြို့မှ ဒါဝိဒ်၏မြို့ဖြစ်သည့် ယုဒပြည် ဗက်လင်မြို့သို့ လားကြ၏။
LUK 2:5 သူသည် ထိမ်းမြားရန် စိ့စပ်ထားသော မာရိနှင့်အတူ စာရင်းသွင်းရန် လားလေ၏။ သူမ၌ ကိုယ်ဝန်လွယ်ထားလျက် ဟိ၏။
LUK 2:6 သူရို့သည် ဗက်လင်မြို့တွင် ဟိနိန်စဉ် အချေ မွီးဖွားချိန် ရောက်လာ၍၊
LUK 2:7 သူမသည် မိမိ၏သားဦးကို ဖွားမြင်လေ၏။ တည်းခိုသည့်အိမ်တွင် သူရို့အတွက် နီရာမဟိသောကြောင့် သူမသည် သူငယ်ကို အဝတ်စနှင့်ပတ်ကာ နွားစာခွက်တွင် သိပ်ထားလေ၏။
LUK 2:8 ထိုအခါ ထိုပြည်၌ သိုးထိန်းရို့သည် ညဉ့်အခါ ကွင်းပြင်၌ မိမိရို့၏သိုးအုပ်ကို စောင့်ရှောက်နိန်ကြ၏။
LUK 2:9 သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် သူရို့၌ ပေါ်လာပြီး၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်သည် သူရို့ပတ်လည်တွင် ထွန်းလင်းတောက်ပလေ၏။ ထိုသူရို့သည် အလွန် ကြောက်လန့်ကြလေ၏။
LUK 2:10 သို့ရာတွင် ကောင်းကင်တမန်က “မကြောက်ကတ်ကေ့၊ ငါသည် လူတိအားလုံးအတွက် အလွန်ဝမ်းမြောက်စရာ သတင်းကောင်းကို သင်ရို့ပါးသို့ ယူလာ၏။
LUK 2:11 ဤနိ့တွင် ဒါဝိဒ်မြို့၌ အသျှင်ခရစ်တော်တည်းဟူသော ကယ်တင်သျှင်သည် သင်ရို့အဖို့အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူဗျာယ်။
LUK 2:12 သင်ရို့အတွက် ဤအကြောင်းအရာ၏ နိမိတ်လက္ခဏာဟူမူကား၊ မွီးကင်းစအချေ တစ်ယောက်ကို အဝတ်စနှင့် ရစ်ပတ်ပြီးလျှင် နွားစာခွက်၌ သိပ်ထားသည်ကို တွိ့မြင်ရလိမ့်မည်” ဟု မြွက်ဆို၏။
LUK 2:13 ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအပေါင်းရို့သည် ရုတ်တရက်ပေါ်လာကြပြီးလျှင်၊
LUK 2:14 “အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဟိတော်မူသော ဘုရားသခင်သည် ဘုန်းကြီးတော်မူပါစီသောဝ်။ မြီကြီးထက်မှာလည်း ကိုယ်တော် နှစ်သက်တော်မူသော လူအပေါင်းရို့၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်” ဟု ဘုရားသခင်ကို ချီးမွမ်းမြွတ်ဆိုကြ၏။
LUK 2:15 ကောင်းကင်တမန်ရို့သည် သူရို့ပါးမှ ထွက်ခွါ၍ ကောင်းကင်ဘုံသို့ ပြန်ကြသောအခါ သိုးထိန်းရို့က “ထာဝရဘုရားသည် ငါရို့အား ပြောကြားတော်မူသော ဤအမှုအရာများကို ဗက်လင်မြို့သို့ လား၍ ကြည့်ကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြ၏။
LUK 2:16 ထို့ကြောင့် သူရို့သည် အယင်လားကြပြီးလျှင် မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစာခွက်၌ သိပ်ထားလျက်ဟိသော သူငယ်တော်ကိုလည်းကောင်း မြင်တွိ့ကြလေ၏။
LUK 2:17 သူငယ်ကို မြင်တွိ့သောအခါ သူရို့သည် သူငယ်တော်နှင့်ပတ်သက်၍ ကောင်းကင်တမန် ပြောပြသော အကြောင်းအရာများကို ပြောပြကြ၏။
LUK 2:18 သိုးထိန်းတိပြောသော စကားကို ကြားရသောသူ အပေါင်းရို့သည် အလွန်အံ့သြကြ၏။
LUK 2:19 မာရိကလည်း ထိုအကြောင်းအရာအားလုံးကို မှတ်ထားပြီးလျှင် အလေးအနက် စဉ်းစားဆင်ခြင်လျက် နိန်၏။
LUK 2:20 သိုးထိန်းရို့က ကောင်းကင်တမန် ဖော်ပြသည့်အတိုင်း ကြားရ၊ မြင်ရသဖြင့် ဘုရားသခင်ကို ချီးမွမ်းမြွက်ဆိုလျက် ပြန်လားကြလေ၏။
LUK 2:21 သျှစ်ရက်မြောက်သောနိ့တွင် သူငယ်အား အရီဖျားလှီးခြင်းမင်္ဂလာကို ပီးသောအခါ၊ သူငယ်ပဋိသန္ဓေမယူခင် ကောင်းကင်တမန်ကပီးသော နာမည်ဖြစ်သည့် ယေသျှုဟူသောနာမည်ဖြင့် မှည့်ကြလေ၏။
LUK 2:22 မောသျှေ၏ ပညတ်တရားအရ ယောသပ်နှင့်မာရိသည် စင်ကြယ်ခြင်းဝတ်ကို ပြုရမည့် အချိန်ရောက်သောအခါ ဘုရားသခင် ရှိ့တော်၌ ဆက်ကပ်ရန် သူငယ်ကို ယေရုဆလင်မြို့သို့ ခေါ်ဆောင်လား၏။
LUK 2:23 “သားဦးယောက်ျားမှန်သမျှကို ဘုရားသခင်အား ဆက်ကပ်ရမည်” ဟူ၍ ဘုရားသခင်၏ ပညတ္တိကျမ်း၌ ဖော်ပြထား၏။
LUK 2:24 သူရို့သည်လည်း “ဂြိုးချေ နှစ်ကောင်ကို ဖြစ်စီ၊ ခိုနှစ်ကောင်ကို ဖြစ်စီ ပူဇော်ရမည်” ဟူ၍ လည်းကောင်း ဘုရားသခင်၏ ပညတ္တိကျမ်းတွင် ဖော်ပြပါဟိသည့်အတိုင်း ဆက်ကပ်ပူဇော်ကြ၏။
LUK 2:25 ထိုအချိန်၌ သျှုမောင်ဟု ခေါ်သော လူတစ်ယောက်သည် ယေရုဆလင်မြို့တွင် နီထိုင်လျက်ဟိ၏။ သူသည် ဖြောင့်မတ်သောသူဖြစ်၍ ဘာသာတရားကိုင်းယှိုင်းသောသူဖြစ်၏။ သူသည် ဣသရေလလူမျိုးတိ ကယ်တင်ခြင်းရဖို့ရန် စောင့်မျှော်နိန်သောသူလည်း ဖြစ်ပြီး သန့်ယှင်းသောဝိညာဉ်တော်သည် သူ၌ တည်တော်မူ၏။
LUK 2:26 သူသည် ဘုရားသခင်၏ မေသျှိယကို မဖူးရခင်မသီရဟု သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ကို ရထားသူလည်းဖြစ်၏။
LUK 2:27 ထိုအခါ သျှုမောင်သည် ဝိညာဉ်တော်၏ ဦးဆောင်မှုအားဖြင့် ဗိမာန်တော်ထဲသို့ ဝင်လေ၏။ ပညတ်တရားအတိုင်း ဆောင်ရွက်ရန် မိဖနှစ်ပါးရို့သည် သူငယ် ယေသျှုကို ဗိမာန်တော်ထဲသို့ ခေါ်လာကြသောအခါ၊
LUK 2:28 သျှုမောင်သည် သူငယ်ကို သူ့လက်ဖြင့် ပွိ့ချီ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေသည်မှာ၊
LUK 2:29 “ဘုရားသခင်၊ ကိုယ်တော်၏ ကတိတော်သည် အဂု ပြည့်စုံ နိန်ပြီ ဖြစ်သည့်အတွက်၊ ကိုယ်တော်၏ အခိုင်းအစီကို ငြိမ်သက်စွာ လားရသောအခွင့်ကို ပီးတော်မူပါ။
LUK 2:30 တစ်ပါးအမျိုးသားတိအတွက် ကိုယ်တော်၏အလင်းကို လင်းစီရန်နှင့် ကိုယ်တော့်လူမျိုးတော် ဣသရေလ၏ ဘုန်းအသရေ ထွန်းလင်းလာစီရန်၊ လူမျိုးအပေါင်းရို့ရှိ့၌ ကိုယ်တော်သျှင် ပျင်ဆင်ထားသော၊ ကယ်တင်ခြင်းကို အကျွန့်မျက်စိနန့် တပ်အပ်မြင်ရဗျာယ်” ဟု မြွက်ဆို၏။
LUK 2:33 သူငယ်၏မိဖရို့သည် သူငယ်နှင့်ပတ်သက်၍ သျှုမောင် ပြောဆိုသောစကားကို ကြားသောအခါ အံ့သြကြ၏။
LUK 2:34 သျှုမောင်သည် သူရို့ကို ကောင်းကြီးပီး၍ သူ၏မိခင် မာရိအား၊ “များစွာသော ဣသရေလလူမျိုး၌ ဖျက်ဆီးခံရသူများနှင့် ကယ်တင်ခြင်းခံရသူများ အတွက် ဤသူငယ်ကို ဘုရားသခင်သည် ရွီးခြယ်ခန့်ထားတော်မူဗျာယ်။ ဤသူသည် ဘုရားသခင်ထံပါးမှ အမှတ်လက္ခဏာဖြစ်ပြီးလျှင် သူ့ကို လူတိက ဆန့်ကျင်ပြောဆိုခြင်းဖြင့်၊
LUK 2:35 သူရို့၏ စိတ်နှလုံးအကြံအစီတိကို ပေါ်လွင်စီကြလိမ့်မည်။ သင်၏နှလုံးကို သံလျက်ဓါးနန့် ထိုးဖေါက်ခံရသကဲ့သို့ နာကြင်စွာခံစားရလိမ့်မည်” ဟု ပြောဆို၏။
LUK 2:36 အာသျှာအမျိုးအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နအမည်ဟိသည့် အသက်ကြီးရင့်သော ပရောဖက်မတစ်ယောက် ဟိ၏။ သူမသည် အိမ်ထောင်ပြု၍ ခုနစ်နှစ်သာ ပေါင်းသင်းခရပြီး၊
LUK 2:37 အဂု အသက် ၈၄ နှစ်တိုင်တိုင် မုဆိုးမဘဝနှင့် နီထိုင်ရ၏။ သူမသည် အစာယှောင်၍ ဆုတောင်းလျက် နိ့ညမလပ် ဘုရားဝတ်ပြုကာ ဗိမာန်တော်မှမခွါဘဲ နိန်၏။
LUK 2:38 သူမသည်လည်း ထိုအချိန်၌ ရောက်လာပြီးလျှင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် ယေရုဆလင်မြို့ ရွီးနုတ်ကယ်တင်ခံရမည့်အကြောင်းကို စောင့်မျှော်နိန်သော လူအပေါင်းရို့အား သူငယ်အကြောင်းကို ပြောဆို၏။
LUK 2:39 ယောသပ်နှင့် မာရိရို့သည် ဘုရားသခင်၏ ပညတ်တော်ဟိသမျှကို ဆောင်ရွက်ပြီးလျှင် သူရို့၏ မြို့ဖြစ်သော ဂါလိလဲပြည်၊ နာဇရက်မြို့သို့ ပြန်လာကြ၏။
LUK 2:40 သူငယ်သည် ကြီးထွားသန်မာလာပြီး ဉာဏ်ပညာနှင့် ပြည့်စုံကာ ဘုရားသခင်၏ ကျေးဇူးတော်သည် သူ့အထက်၌ တည်လျက်ဟိ၏။
LUK 2:41 ယေသျှု၏မိဖရို့သည် နှစ်စဉ်နှစ်တိုင်း ပသခါပွဲတော်ကိုခံယူရန် ယေရုဆလင်မြို့သို့ လားကြလေ၏။
LUK 2:42 ယေသျှုသည် အသက်တစ်ဆယ့်နှစ်နှစ် ဟိသောအခါ သူရို့သည် ထုံးစံဟိသည်အတိုင်း ပွဲတော်သို့ လားကြ၏။
LUK 2:43 သူ၏မိဖရို့သည် ပွဲတော်ပြီးဆုံးချိန်၌ အိမ်သို့ပြန်ကြသော်လည်း သူငယ်ယေသျှုသည် ယေရုဆလင်မြို့တွင် ကျန်ခလေ၏။ ထိုသို့ ကျန်ခသည်ကို သူ၏မိဖရို့သည် မသိကြ။
LUK 2:44 ထို့ကြောင့် သူ၏မိဖရို့က သူသည် သူရို့၏ အပေါင်းအဖော်များထဲတွင် ဟိလိမ့်မည်ဟု ထင်မှတ်လျက် တစ်နိ့တာခရီး လားပြီးမှ မိမိရို့၏ မိတ်ဆွီတိနှင့် ဆွီမျိုးသားချင်းတိကြားတွင် သူ့ကို ရှာကြ၏။
LUK 2:45 သူရို့သည် သူ့ကို မတွိ့သောအခါ ယေရုဆလင်မြို့သို့ ပြန်လား၍ ရှာကြ၏။
LUK 2:46 တတိယမြောက်နိ့တွင် သူရို့သည် သူငယ်ကို ဗိမာန်တော်ထဲတွင် တွိ့ကြ၏။ သူသည် ယုဒဆရာများနှင့် အတူထိုင်ကာ သူရို့၏တရားစကားများကို ကြားနာလျက် သူရို့နှင့် ဆွေးနွေး မိန်းမြန်းလျက် နိန်၏။
LUK 2:47 သူ၏စကားကို ကြားသောသူတိုင်းကလည်း သူ၏ဉာဏ်စွမ်းနန့် ဖြေကြားချက်ကို အံ့သြကြ၏။
LUK 2:48 သူ၏မိဖရို့သည် သူ့ကို တွိ့သောအခါ အံ့မောကျ၍၊ သူ၏ မိခင်က “ငါ့သား၊ ဇာဖြစ်လို့ ငါရို့ကို ဤသို့ ပြုသနည်း၊ မေမေနှင့်ဘာဘာကလည်း ကောင်းကောင်း စိတ်ပူပြီးလျှင် သားချေကို ရှာခရသည်” ဟု ပြော၏။
LUK 2:49 သူက၊ “ဇာဖြစ်လို့ အကျွန့်ကို ရှာကြပါသနည်း။ အကျွန့်အဖအိမ်တော်၌ ဟိ နိန်ရမည် ဆိုသည်ကို မသိကြသလား” ဟု မိဖရို့အား ပြန်ပြော၏။
LUK 2:50 သို့ရာတွင် သူရို့က သူသည် မိမိရို့အား ဇာကို ပြောနိန်သည်ကို နားမလည်ကြ။
LUK 2:51 ထို့ကြောင့် ယေသျှုသည် မိဖရို့နှင့်အတူ နာဇရက်မြို့သို့ လိုက်လာပြီး မိဖရို့၏စကားကို နာခံလျက်နိန်၏။ သူ၏မိခင်သည်ကား ဖြစ်ပျက်ခသမျှကို မိမိစိတ်နှလုံးထဲတွင် မှတ်သားထားလေ၏။
LUK 2:52 ယေသျှုသည်လည်း ခန္ဓာနှင့် ဉာဏ်ပညာပိုင်းတွင် တိုးတက်ကြီးထွားလျက် ဘုရားသခင်နှင့် လူရှိ့၌ မျက်နှာပွင့်လန်းလျက် ဟိလေ၏။
LUK 3:1 ဧကရာဇ်ဘုရင် တိဗေရိ နန်းစံနှစ် တစ်ဆယ့်ငါးနှစ်ဟိသောအခါ ယုဒပြည်တွင် ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣတုရဲနယ်နှင့် တြာခေါနိတ်နယ်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်နယ်တွင် လုသာနိရို့သည် အသီးသီး နယ်စားများ ဖြစ်ကြ၏။
LUK 3:2 အန္နနှင့် ကယာဖရို့က ယဇ်ပုရောဟိတ်မင်းများ ဖြစ်ကြ၏။ ထိုအချိန်တွင် တောကန္တာရ၌ဟိသော ဇာခရိ၏သား ယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။
LUK 3:3 ထို့ကြောင့် ယောဟန်သည် ယော်ဒန်မြစ်ဝှမ်းတလျှောက် လားပြီးလျှင် “အပြစ်မှ နောင်တရပြီးလျှင် ဗတ္တိဇံကို ခံယူကတ်ပါ၊ သို့မှသာ ဘုရားသခင်သည် သင်ရို့အပြစ်ကို လွှတ်တော်မူလိမ့်မည်” ဟု ဟောပြောလေ၏။
LUK 3:4 ပရောဖက် ဟေသျှာယကျမ်းစာ၌ ရီးသားထားသည်မှာ၊ “တောကန္တာရတွင် ဟစ်ကြော်သောသူ၏ အသံမှာ၊ ‘ထာဝရဘုရား ကြွတော်မူရာလမ်းကို အသင့်ပျင်ဆင်ကြလော့၊ ကိုယ်တော်၏လမ်းကို ပြောင့်တန်းအောင် ပြုလုပ်ကြလော့၊
LUK 3:5 ချိုင့်ဝှမ်းဟိသမျှကို ဖို့ပြီးလျှင် တောင်ကြီးတောင်ငယ်တိကို ဖြိုကြလော့။ ကောက်သောလမ်းကို ပြောင့်တန်းစီပြီးလျှင်၊ ကြမ်းတမ်းသောလမ်းကိုလည်း ချောမွတ်စီကြလော့၊
LUK 3:6 လူအပေါင်းရို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို တွိ့မြင်ရလိမ့်မည်’” ဟု ဖြစ်၏။
LUK 3:7 ယောဟန်သည် မိမိထံ၌ ဗတ္တိဇံခံယူရန် ရောက်လာကြသော လူအပေါင်းရို့အား “အချင်း မြွီဆိုးအမျိုးရို့၊ ကျရောက်လတ္တံသော အမျက်တော်၏ ဖီးမှ ယှောင်ဗြီးရန် သင်ရို့ကို ဇာသူက သတိပီးသနည်း။
LUK 3:8 နောင်တရခြင်းနှင့်ဆိုင်သော အသီးကို သီးကြလော့။ အာဗြဟံသည် ငါရို့အဖ ဖြစ်သည်ဟု မပြောကတ်ကေ့။ ဘုရားသခင်သည် ဤကျောက်ခဲတိကို အာဗြဟံ၏ အမျိုးအနွယ်တိဖြစ်လာအောင် ဖန်ဆင်းနိုင်တော်မူသည် ဟု သင်ရို့ကို ငါပြောဆို၏။
LUK 3:9 ပေါက်ဆိန်ကို သစ်ပင်အရင်း၌ အသင့် ပျင်ထားသည်ဖြစ်သဖြင့် ကောင်းသောအသီးကို မသီးသော အပင်ဟိသမျှကို ခွတ်ပစ်ပြီး မီးအိုင်ထဲသို့ ဝေးပစ်ခြင်း ခံရလိမ့်မည်” ဟု ဆို၏။
LUK 3:10 လူအပေါင်းရို့က “ထိုသို့ဆိုလျှင် အကျွန်ရို့ ဇာပိုင်လုပ်ရပါမည်နည်း” ဟု မိန်းကြလျှင်၊
LUK 3:11 ယောဟန်က “အင်္ကျီနှစ်ထည် ဟိသောသူက အင်္ကျီမဟိသောသူအား အင်္ကျီတစ်ထည်ကို ပီးလော့၊ စားစရာဟိသောသူကလည်း ထိုနည်းအတိုင်း မျှဝီပီးလော့” ဟု ပြန်ပြော၏။
LUK 3:12 တချို့သော အခွန်ခံသူရို့ကလည်း ဗတ္တိဇံကို ခံယူရန် လာကြ၍ သူရို့က “ဆရာ၊ အကျွန်ရို့ ဇာလုပ်ရပါဖို့လဲ” ဟု မိန်းကြ၏။
LUK 3:13 ယောဟန်ကလည်း “တရားဝင်သတ်မှတ်ထားသည်ထက် အခွန်ကို ပိုမကောက်ကတ်ကေ့” ဟု ပြန်ပြော၏။
LUK 3:14 ထို့နောက် တချို့သော စစ်သားတိကလည်း “အကျွန်ရို့ ဇာပိုင်လုပ်ရပါမည်နည်း” ဟု မိန်းကြ၏။ ယောဟန်က “သင်ရို့သည် ဇာသူ့ကိုလည်း မတရား မစွပ်စွဲကတ်ကေ့၊ ဇာသူ့ဖဲသာကိုလည်း အားဓမ္မ မယူကေ့။ သင်ရို့ရသည့် လစာနှင့် ရောင့်ရဲကြလော့” ဟု ပြန်ပြော၏။
LUK 3:15 လူတိက မေသျှိယ ကြွလာဖို့ယာ ဟု စောင့်မျှော်နိန်ချိန်ဖြစ်ရာ ယောဟန်သည် မေသျှိယပင် ဖြစ်နိန်သလောဟု စိတ်နှလုံးထဲ၌ တွေးတောလျက်နိန်ကြ၏။
LUK 3:16 သို့ဖြစ်၍ ယောဟန်က “ငါက သင်ရို့ကို ရီအားဖြင့် ဗတ္တိဇံမင်္ဂလာကို ပီး၏။ ငါ့ထက်ကြီးမြတ်သောသူသည် ငါ့နောက်၌ ပေါ်ထွန်းလာလိမ့်မည်။ ငါသည် ထိုအသျှင်၏ ခြီနင်းကြိုးကိုတောင် မဖြီထိုက်။ ထိုအသျှင်သည် သင်ရို့ကို သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ မီးနှင့် လည်းကောင်း ဗတ္တိဇံမင်္ဂလာကို ပီးတော်မူလိမ့်မည်။
LUK 3:17 ထိုသူသည် မိမိ၏ ကောက်နယ်တလင်းကို ယှင်းလင်းရန် လက်၌ ဆန်ကောကို ကိုင်ထားတော်မူသည်ဖြစ်၍ ဂျုံစပါးတိကို ပုတ်ထဲတွင် စုသိမ်းပြီးလျှင် အဖျင်းတိကို မငြိမ်းနိုင်သော မီးထဲ၌ လောင်ကျွမ်းစီတော်မူလိမ့်မည်” ဟု သူရို့ကို ပြောဆို၏။
LUK 3:18 ယောဟန်သည် ခြားနားသော နိုးဆော်ချက်များနှင့် ထိုသူရို့၏ အကျင့်တိကိုလည်း ပြောင်းလဲစီရန် လူတိကို တိုက်တွန်း၍ သတင်းကောင်းကို သူရို့အား ဟောပြောတော်မူ၏။
LUK 3:19 သို့သော် ယောဟန်သည် နယ်စားဟေရုဒ်အား၊ သူ့ညီ၏မယားဖြစ်သော ဟေရောဒိကို သိမ်းပိုက်ခြင်းနှင့် အခြားသော မကောင်းမှုများကို ကျူးလွန်ခသောကြောင့် ဆုံးမခ၏။
LUK 3:20 ထို့နောက် ယောဟန်ကို ထောင်ထဲတွင် ချုပ်ထားစီခြင်းဖြင့် ဟေရုဒ်သည် ပို၍ ဆိုးရွားသော အပြစ်ကို ကျူးလွန်လေ၏။
LUK 3:21 လူအပေါင်းရို့သည် ဗတ္တိဇံကို ခံယူကြပြီးသောအခါ ယေသျှုသည်လည်း ဗတ္တိဇံမင်္ဂလာကို ခံယူတော်မူ၏။ ကိုယ်တော်သည် ဆုတောင်းတော်မူစဉ် ကောင်းကင်ပွင့်ဟ၍၊
LUK 3:22 သန့်ယှင်းသော ဝိညာဉ်တော်သည် ဂြိုးငှက်အသွင်ဖြင့် ကိုယ်ထင်ရှား၍ ကိုယ်တော်၏အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှအသံတော်ကား “သင်သည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားဖြစ်သည်” ဟု ထွက်ပေါ်လာ၏။
LUK 3:23 အမှုတော်ကို စတင်ဆောင်ရွက်ချိန်၌ ယေသျှုသည် အသက်သုံးဆယ်ခန့် ဟိတော်မူ၏။ လူများအထင်မှာ ကိုယ်တော်သည် ယောသပ်၏သား ဖြစ်၏။ ယောသပ်သည် ဧလိ၏ သားတည်း။
LUK 3:24 ဧလိသည် မဿတ်၏သား၊ မဿတ်သည် လေဝိ၏သား၊ လေဝိသည် မေလခိ၏သား၊ မေလခိသည် ယန္န၏သား၊ ယန္နသည် ယောသပ်၏သား ဖြစ်၏။
LUK 3:25 ယောသပ်သည် မတ္တသိ၏သား၊ မတ္တသိသည် အာမုတ်၏သား၊ အာမုတ်သည် နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည် နဂ္ဂဲ၏သားဖြစ်၏။
LUK 3:26 နဂ္ဂဲသည် မာအတ်၏သား၊ မာအတ်သည် မတ္တသိ၏သား၊ မတ္တသိသည် သျှေမိ၏သား၊ သျှေမိသည် ယောသပ်၏သား၊ ယောသပ်သည် ယုဒ၏သား ဖြစ်၏။
LUK 3:27 ယုဒသည် ယောဟန္န၏သား၊ ယောဟန္နသည် ရေသ၏သား၊ ရေသသည် ဇေရုဗဗေလ၏သား၊ ဇေရုဗာဗေလသည် သျှာလသေလ၏သား၊ သျှာလသေလသည် နီရဲ၏သား ဖြစ်၏။
LUK 3:28 နေရဲသည် မေလခိ၏သား၊ မေလခိသည် အဒ္ဒိ၏သား၊ အဒ္ဒိသည် ကောသံ၏သား၊ ကောသံသည် ဧလမောဒံ၏သား၊ ဧလမောဒံသည် ဧရ၏သား ဖြစ်၏။
LUK 3:29 ဧရသည် ယောသျှု၏သား၊ ယောသျှုသည် ဧလျေဇာ၏သား၊ ဧလျေဇာသည် ယောရိမ်၏သား၊ ယောရိမ်သည် မဿတ်၏သား၊ မဿတ်သည် လေဝိ၏သား ဖြစ်၏။
LUK 3:30 လေဝိသည် သျှိမောင်၏သား၊ သျှိမောင်သည် ယုဒ၏သား၊ ယုဒသည် ယောသပ်၏သား၊ ယောသပ်သည် ယောနန်၏သား၊ ယောနန်သည် ဧလျာကိမ်၏သား ဖြစ်၏။
LUK 3:31 ဧလျာကိမ်သည် မေလေ၏သား၊ မေလေသည် မဲနန်၏သား၊ မဲနန်သည် မတ္တသ၏သား၊ မတ္တသသည် နာသန်၏သား၊ နာသန်သည် ဒါဝိဒ်၏သား ဖြစ်၏။
LUK 3:32 ဒါဝိဒ်သည် ယေသျှဲ၏သား၊ ယေသျှဲသည် သြဗက်၏သား၊ သြဗက်သည် ဗောဇ၏သား၊ ဗောဇသည် စာလမုန်၏သား၊ စာလမုန်သည် နာရှုန်၏သားဖြစ်၏။
LUK 3:33 နာရှုန်သည် အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည် အာရံနိ၏သား၊ အာရံနိ့သည် ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည် ယုဒ၏သား ဖြစ်၏။
LUK 3:34 ယုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် ဣဇာက်၏သား၊ ဣဇာက်သည် အာဗြဟံ၏သား၊ အာဗြဟံသည် တေရ၏သား၊ တေရသည် နာခေါ်၏သားဖြစ်၏။
LUK 3:35 နာခေါ်သည် စေရောက်၏သား၊ စေရောက်သည် ရာဂေါ၏သား၊ ရာဂေါသည် ဖာလက်၏သား၊ ဖာလက်သည် ဟေဗာ၏သား၊ ဟေဗာသည် သျှာလ၏သား ဖြစ်၏။
LUK 3:36 သျှာလသည် ကာဣနန်၏သား၊ ကာဣနန်သည် အာဖာဇဒ်၏သား၊ အာဖာဇဒ်သည် သျှေမ၏သား၊ သျှေမသည် နောဧ၏သား၊ နောဧသည် လာမက်၏သား ဖြစ်၏။
LUK 3:37 လာမက်သည် မသုသျှလ၏သား၊ မသုသျှလသည် ဧနောက်၏သား၊ ဧနောက်သည် ယာရက်၏သား၊ ယာရက်သည် မဟာလေလ၏သား၊ မဟာလေလသည် ကာနန်၏သား ဖြစ်၏။
LUK 3:38 ကာနန်သည် ဧနုတ်၏သား၊ ဧနုတ်သည် သျှေသ၏သား၊ သျှေသသည် အာဒံ၏သား၊ အာဒံသည် ဘုရားသခင်၏သား ဖြစ်သတည်း။
LUK 4:1 ယေသျှုသည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီး ယော်ဒန်မြစ်မှ ပြန်ကြွလာတော်မူစဉ် ဝိညာဉ်တော်သည် ကိုယ်တော့်ကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။
LUK 4:2 ထိုအရပ်၌ ရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်းသွီးဆောင်ခြင်းကို ခံတော်မူ၏။ ထိုနိ့ရက်များအတွင်း မည်သည့်အစားအစာကိုမျှ သုံးဆောင်တော်မမူသောကြောင့် ထိုအချိန်လွန်သောအခါ ကိုယ်တော်သည် ဆာမွတ်တော်မူ၏။
LUK 4:3 ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားဖြစ်သည်ဟု ဆိုလျှင်၊ ဤကျောက်ခဲကို မုန့်ဖြစ်စီဖို့ အမိန့်ပီးပါ” ဟု လျှောက်၏။
LUK 4:4 ယေသျှုကလည်း၊ “လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည် မဟုတ် ဟူ၍ ကျမ်းစာ၌လာ၏” ဟု မိန့်တော်မူ၏။
LUK 4:5 ထို့နောက် မာရ်နတ်သည် ကိုယ်တော့်ကို တောင်ထက်သို့ ခေါ်ဆောင်လားပြီးနောက် လောကီနိုင်ငံဟိသမျှကို ချက်ချင်း ညွှန်ပြလေ၏။
LUK 4:6 ထိုအခါ မာရ်နတ်က “ဤဘုန်းတန်ခိုးစည်းစိမ် ဟိသမျှတိကို သင့်အားပီးမည်။ ဤအရာတိကို ငါ့အား ပီးအပ်ထားသည်ဖြစ်၍ ငါသည် ပီးချင်သောသူကို ပီးနိုင်၏။
LUK 4:7 သို့ဖြစ်၍ သင်သည် ငါ့ကို ကိုးကွယ်သည်ဟိသော် ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်လိမ့်မည်” ဟု ပြော၏။
LUK 4:8 ယေသျှုကလည်း၊ “ကျမ်းစာလာသည်ကား၊ ‘သင်ရို့၏အသျှင် ဘုရားသခင်ကိုသာ ကိုးကွယ်၍ ထိုအသျှင်၏ အမှုကိုသာ ဆောင်ရွက်ရမည်’ ” ဟု မိန့်တော်မူ၏။
LUK 4:9 မာရ်နတ်သည် ယေသျှုကို ယေရုဆလင်မြို့သို့ ခေါ်လားပြီး ဗိမာန်တော်အထွဋ်ထိပ်၌ ထားပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော် ဖြစ်သည်မှန်လျှင်၊ သင်ကိုယ်တိုင် ဤနီရာမှ အောက်သို့ ခုန်ချလိုက်ပါ။
LUK 4:10 ကျမ်းစာတော်မြတ်တွင် ‘သင့်ကို စောင့်ရှောက်ဖို့ ကောင်းကင်တမန်တိကို ဘုရားသခင်က မိန့်မှာထားတော်မူ၏၊’
LUK 4:11 ထို့အပြင် ‘သင်၏ခြီကို ကျောက်နန့် မထိခိုက်စီခြင်းငှာ သူရို့လက်နှင့် သင့်ကို ကိုင်ထားကြလိမ့်မည်’” ဟူ၍လည်း ဆို၏။
LUK 4:12 ယေသျှုကလည်း “ ‘သင်၏ ဘုရားသခင် ထာဝရဘုရားကို စုံစမ်းခြင်းမပြုရ’ ဟု ကျမ်းစာ၌လာ၏” ဟူ၍ မိန့်တော်မူ၏။
LUK 4:13 မာရ်နတ်သည် စုံစမ်းသွီးဆောင်ခြင်း အားလုံးကို ပြုပြီးသောအခါ ကိုယ်တော်ထံပါးမှ အဝီးသို့ ထွက်လားပြီးလျှင် အခါအခွင့်ကောင်းကို စောင့်နိန်၏။
LUK 4:14 ထို့နောက် ယေသျှုသည် သန့်ယှင်းသော ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက် ဂါလိလဲပြည်သို့ ပြန်ကြွလာတော်မူ၏။ ကိုယ်တော်၏ သတင်းတော်သည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပြန့်လားလေ၏။
LUK 4:15 ကိုယ်တော်သည် တရားဇရပ်များ၌ ဟောပြောသွန်သင်သောကြောင့် လူတိုင်းက ကိုယ်တော့်ကို ချီးမွမ်းကြ၏။
LUK 4:16 ထို့နောက် ယေသျှုသည် မိမိကြီးပြင်းရာ နာဇရက်မြို့သို့ ကြွတော်မူပြီးလျှင် ဥပုသ်နိ့၌ ထုံးစံဟိသည်အတိုင်း တရားဇရပ်သို့ ဝင်တော်မူ၏။ ကိုယ်တော်သည် ကျမ်းစာကို ဖတ်ခြင်းငှာ ထတော်မူလျှင်၊
LUK 4:17 ပရောဖက်ဟေရှာယ ကျမ်းစာကို ကိုယ်တော်အား ပီးတော်မူ၏။ ကိုယ်တော်သည် ကျမ်းစာကို ဖွင့်၍ တွိ့တော်မူသော ကျမ်းစာ၌ ရီးထားသည်မှာ၊
LUK 4:18 “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အထက်၌ တည်တော်မူပြီးလျှင်၊ ဆင်းရဲသားရို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကို ရွီးခြယ်တော်မူပြီ။ အချုပ်အနှောင်ခံရသူများကို လွတ်မြောက်စီရန်အကြောင်းနှင့် မျက်စိကန်းသူရို့ကို မျက်စိပြန်မြင်စီရန်၊ ညှည်းပန်းနှိပ်စက်ခံရသူရို့ကို ကယ်မရန်နှင့်၊
LUK 4:19 ထာဝရဘုရားသည် မိမိလူရို့ကို ကယ်တင်ခြင်းငှာ အချိန်ရောက်ပြီဖြစ်ကြောင်း ကြေငြာရန် ငါ့ကို ရွှတ်လိုက်တော်မူ၏” ဟူ၍ ဖြစ်၏။
LUK 4:20 ထို့နောက် ယေသျှုက ကျမ်းစာလိပ်ကိုလိပ်၍ တရားဇရပ်မှူးအား ပြန်ပီးပြီးနောက် ထိုင်တော်မူ၏။ တရားဇရပ်ထဲ၌ဟိသော လူအပေါင်းရို့သည် ကိုယ်တော့်ကို စိုက်ကြည့်နိန်ကြ၏။
LUK 4:21 ကိုယ်တော်က “ဤကျမ်းစာ၌ပါသော အကြောင်းအရာများသည် သင်ရို့ကြားသည်အတိုင်း ဤနိ့ ပြည့်စုံလီဗျာယ်” ဟု သူရို့အား မိန့်တော်မူ၏။
LUK 4:22 လူအပေါင်းရို့သည် ကိုယ်တော်၏အကြောင်းကို ချီးကျူးပြောဆိုပြီး နှုတ်တော်ထွက်စကားများကို အံ့သြကြ၏။ သူရို့က “ဤသူသည် ယောသပ်သား မဟုတ်လား” ဟုပြောကြ၏။
LUK 4:23 ကိုယ်တော်ကလည်း၊ “သင်ရို့သည် ‘အချင်း ဆီးဆရာ၊ သင့်ရောဂါကို သင်ပျောက်အောင် ကုလော့’ ဆိုသည့် ဆိုရိုးစကားကို အသုံးပြု၍ ငါ့အား ဧကန်အမှန် ဆိုလိမ့်မည်။ ‘ကပေရနောင်မြို့၌ အသျှင်ပြုခသည့် အမှုကို အကျွန်ရို့ ကြားသည်အတိုင်း အသျှင်နီထိုင်ရာမြို့၌လည်း ပြုတော်မူပါ’ ဟု ငါ့ကို ပြောကြလိမ့်မည်။”
LUK 4:24 ယေသျှုကလည်း “ငါအမှန်ဆိုသည်ကား၊ ပရောဖက်ရို့သည် မိမိနီရပ်မြို့၌ မျက်နှာမရတတ်။” ဟု ထပ်၍ မိန့်တော်မူ၏။
LUK 4:25 “ငါအမှန်ဆိုသည်ကား၊ ဧလိယလက်ထက် ဣသရေလ နိုင်ငံတွင် သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးခေါင်ပြီးလျှင် ကြီးစွာသော အစာငတ်မွတ်ခြင်းဖီး ကျရောက်သောအခါ၌ ဣသရေလအမျိုး မုဆိုးမတိ ဟိကြ၏။
LUK 4:26 သို့သော်လည်း ပရောဖက်ဧလိယအား ဇာသူတစ်ယောက်ပါးကိုမျှ ရွှတ်လိုက်တော်မမူ။ ဇိဒုံပြည်၊ ဇရတ္တမြို့သူ မုဆိုးမပါးသို့သာ ရွှတ်တော်မူ၏။
LUK 4:27 ပရောဖက်ဧလိသျှဲ လက်ထက်တွင်လည်း ဣသရေလအမျိုးသားရို့သည် နူနာရောဂါသည် အများဟိသော်လည်း ဇာသူတစ်ယောက်မျှ ကျန်းမာခြင်းကို မရကတ်၊ ယှုရိပြည်သား နေမန်သာလျှင် ကျန်းမာခြင်းကို ရ၏” ဟု သူရို့အား မိန့်တော်မူ၏။
LUK 4:28 တရားဇရပ်၌ဟိသော လူအပေါင်းရို့သည် ထိုစကားကို ကြားသောအခါ အလွန် ဒေါသ ထွက်ကြ၏။
LUK 4:29 သူရို့သည် ထ၍၊ ယေသျှုအား တောင်ကမ်းပါးမှ တွန်းချရန် မြို့တည်ရာ တောင်ထိပ်စွန်းသို့ ခေါ်ဆောင်လားကြ၍ ကိုယ်တော့်ကို တောင်ကမ်းပါးစွန်းမှ တွန်းချရန် ရည်ရွယ်ကြ၏။
LUK 4:30 သို့ရာတွင် ကိုယ်တော်သည် ပရိသတ်အလယ်မှ လျှောက်၍ ကြွလားတော်မူ၏။
LUK 4:31 ထို့နောက် ယေသျှုသည် ဂါလိလဲပြည်၊ ကပေရေနောင်မြို့သို့ ရောက်သောအခါ ဥပုသ်နိ့၌ လူတိကို ဟောပြောသွန်သင်တော်မူ၏။
LUK 4:32 ကိုယ်တော်၏ ဟောပြောချက်များသည် အခွင့်အာဏာ ပါဟိသောကြောင့် သူရို့သည် အံ့သြကြ၏။
LUK 4:33 တရားဇရပ်ထဲတွင် ညစ်ညူးသောနတ်ဆိုး ဝင်ပူးခံရသူတစ်ဦး ဟိ၏။ မိစ္ဆာနတ်ဆိုးက၊
LUK 4:34 “အို၊ နာဇရက်မြို့သား ယေသျှု၊ ကိုယ်တော်သည် အကျွန်ရို့နှင့် ဇာဆိုင်လဲ၊ အကျွန်ရို့ကို ပျက်စီးစီရန်အတွက် ကြွလာသလား၊ ကိုယ်တော်သည် ဇာသူဖြစ်သည်ကို အကျွန် သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ယှင်းသောသူဖြစ်ပါ၏” ဟု ကျယ်လောင်စွာ ဟစ်အော်လေ၏။
LUK 4:35 ယေသျှုကလည်း၊ “တိတ်ဆိတ်စွာ နိန်၍ သူ့အထဲက ထွက်လားလော” ဟု မိန့်တော်မူ၏။ ထို့နောက် နတ်ဆိုးသည် ထိုသူကို လူအများရှိ့၌ လှဲချပြီးလျှင် အနာတရ မဖြစ်စီဘဲ သူ့အထဲမှ ထွက်လားလေ၏။
LUK 4:36 လူအပေါင်းရို့သည် အံ့သြလျက် “ဤစကားက ဇာပိုင်မျိုးလဲ၊ ဤသူသည် ဝိညာဉ်ဆိုးတိကို ထွက်လားရန် တန်ခိုးအာဏာဖြင့် အမိန့်ပီး၍ သူရို့ ထွက်လားကြပါသည်တကား” ဟု အချင်းချင်း ပြောဆိုကြ၏။
LUK 4:37 ယေသျှု၏ သတင်းတော်သည် ပတ်ဝန်းကျင်ဒေသ တလျှောက်တွင် ပြန့်လေ၏။
LUK 4:38 ယေသျှုသည် တရားဇရပ်မှ ထွက်ကြွပြီး သျှိမုန်၏အိမ်သို့ ကြွတော်မူ၏။ သျှိမုန်၏ယောက္ခမသည် အဖျားဝေဒနာကို ပြင်းစွာ ခံစားနိန်သည်ဖြစ်၍ သူရို့သည် ထိုအကြောင်းကို ကိုယ်တော်အား လျှောက်ထားကြ၏။
LUK 4:39 သို့ဖြစ်၍ ကိုယ်တော်သည် သူမ၏အနားတွင် ရပ်ပြီးလျှင် အဖျားပျောက်စီရန် အမိန့်ပီးတော်မူလျှင် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူရို့အား အာဂန္တုဝတ်ကို ပြုလေ၏။
LUK 4:40 နီဝင်ပြီးနောက် လူတိက ရောဂါအမျိုးမျိုးဟိသောသူ အပေါင်းရို့ကို ယေသျှုထံတော်သို့ ခေါ်ဆောင်ခသည်ဖြစ်၍ ကိုယ်တော်သည် ထိုသူရို့၏ ဂေါင်းထက်မှာ လက်ကိုတင်၍ ရောဂါများကို ပျောက်စီတော်မူ၏။
LUK 4:41 မိစ္ဆာနတ်ဆိုးရို့က “အသျှင်သည် ဘုရားသခင်၏သားတော်ဖြစ်၏” ဟု အော်ဟစ်လျက် လူတိထဲမှ ထွက်လားကြ၏။ ယေသျှုသည် နတ်ဆိုးတိအား စကားတစ်ခွန်းကိုမျှ ပြောခြင်းကို မပြုခြင်းငှာ အမိန့်ပီးတော်မူ၏။ အကြောင်းမူကား သူရို့သည် ကိုယ်တော်အား မေသျှိယဖြစ်ကြောင်းကို သိသောကြောင့် ဖြစ်၏။
LUK 4:42 မိုးလင်းသောအခါ ယေသျှုသည် လူသူကင်းဝီးသော အရပ်သို့ ကြွတော်မူ၏။ လူရို့သည် ကိုယ်တော့်ကိုရှာ၍ တွိ့သောအခါ မိမိရို့ပါးမှ ထွက်ကြွမလားစီရန် ကြိုးစားကြ၏။
LUK 4:43 သို့စေကာမူ ကိုယ်တော်က၊ “ငါသည် အခြားမြို့များကိုလည်း ဘုရားသခင်၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောရမည်။ အကြောင်းမူကား ဤအတွက်ကြောင့် ငါ့ကို ရွှတ်လိုက်ခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
LUK 4:44 ထို့ကြောင့် ကိုယ်တော်သည် ယုဒပြည် တရားဇရပ်များတွင် လှည့်လည်၍ တရားဟောတော်မူ၏။
LUK 5:1 တစ်နိ့၌ ယေသျှုသည် ဂင်္နေသရက်အိုင်ကမ်းခြီတွင် ရပ်နိန်တော်မူစဉ် လူတိက ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားနာခြင်းငှာ ကိုယ်တော်ထံပါးသို့ တိုးဝင်လာကြ၏။
LUK 5:2 ထိုအခါ ကိုယ်တော်သည် ကမ်းနား၌ ကပ်ထားသော လောင်းနှစ်စင်းကို မြင်၏။ တံငါသည်ရို့သည် လောင်းထက်ကဆင်းပြီးနောက် ပိုက်များကို ဆီးကြောလျက်နိန်ကြ၏။
LUK 5:3 ယေသျှုသည် လောင်းများအနက် သျှိမုန်၏ လောင်းထက်သို့ တက်တော်မူပြီးလျှင် လောင်းကို ကမ်းမှအနည်းချေခွါရန် သျှိမုန်အား ပြော၏။ ထို့နောက် ယေသျှုသည် ထိုင်ပြီးလျှင် လူပရိတ်သတ်ရို့အား ဟောပြောသွန်သင်တော်မူ၏။
LUK 5:4 ထိုသို့ ဟောပြောပြီးသောအခါ၊ ကိုယ်တော်က “ရီနက်ရာသို့ ရွှိ့လား၍ သင့်အဖော်တိနှင့်အတူ ပိုက်ကိုချပြီး ငါးဖမ်းကြလော့” ဟု သျှိမုန်အား မိန့်တော်မူ၏။
LUK 5:5 သျှိမုန်က၊ “သခင်၊ အကျွန်ရို့ တစ်ညလုံးကြိုးစား၍ ငါးရှာကြသော်လည်း ငါးချေ တစ်ကောင်တောင် မရ။ သို့သော် ကိုယ်တော် မိန့်တော်မူသောကြောင့် ပိုက်တိကို ချပါမည်” ဟုလျှောက်ထား၏။
LUK 5:6 သူရို့သည် ပိုက်တိကို ချပြီးနောက် အုပ်မိသောငါး များလွန်းသဖြင့် ပိုက်များပင် စုတ်ပြဲလုမတက်ဖြစ်၏။
LUK 5:7 ထို့ကြောင့် လာရောက်ကူညီခြင်းငှာ အခြားသော လောင်းတွင်ဟိသော အဖော်များကို အချက်ပြ၍ ခေါ်ကြ၏။ ထိုသူရို့သည် လာ၍ လောင်းနှစ်စင်း၌ ထည့်ကြရာ ငါးနှင့်ပြည့်သဖြင့် လောင်းများ နစ်မြုပ်လုနီးပါး ဖြစ်လေ၏။
LUK 5:8 ထိုအခြင်းအရာကို သျှိမုန်ပေတရုမြင်သောအခါ ယေသျှု၏ ခြီတော်ရင်းတွင် ပျပ်ဝပ်လျက် “အသျှင်၊ အကျွန်သည် အပြစ်များသောသူဖြစ်၍ အကျွန်ရို့ပါးမှ ကြွလားတော်မူပါ” ဟုလျှောက်၏။
LUK 5:9 ထိုသို့လျှောက်ရသည်မှာ ဖမ်းမိသော ငါးများပြားသဖြင့် သျှိမုန်နှင့် သူ့အပေါင်းအဖော်ရို့သည် အံ့သြကြသောကြောင့် ဖြစ်၏။
LUK 5:10 သျှိမုန်၏ လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသော ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည်လည်း အံ့သြကြ၏။ ယေသျှုက သျှိမုန်အား “မကြောက်ကတ်ကေ့၊ သင်ရို့သည် အဂုအချိန်ကစပြီးလျှင် လူကိုမျှားသော တံငါဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 5:11 ထိုသူရို့သည် လောင်းကို ကမ်းနားမှာ ကပ်ထားပြီးလျှင် ဟိသမျှကိုစွန့်၍ နောက်တော်သို့ လိုက်ကြ၏။
LUK 5:12 တစ်နိ့တွင် ယေသျှုသည် မြို့တစ်မြို့၌ ဟိတော်မူစဉ် ထိုမြို့၌ တစ်ကိုယ်လုံး နူနာစွဲသူတစ်ယောက်သည် ဟိ၏။ သူသည် ယေသျှုကို မြင်လျှင် ပျပ်ဝပ်လျက် “အသျှင်၊ အလိုတော်ဟိလျှင် အကျွန့်ကို သန့်ယှင်းနိုင်ပါ၏” ဟု လျှောက်တင်၏။
LUK 5:13 ယေသျှုသည် လက်ကိုဆန့်၍ ထိုသူကို တို့တော်မူပြီးလျှင် “ငါအလိုဟိ၏။ သန့်ယှင်းစီ” ဟု မိန့်တော်မူလျှင် ချက်ချင်းပင် ထိုသူသည် ရောဂါပျောက်လေ၏။
LUK 5:14 ယေသျှုက “ဤအကြောင်းအရာကို တစ်ယောက်ကိုလေ့ မပြောကေ့” ဟု တားမြစ်ပြီး “သင်သည် ယဇ်ပုရောဟိတ်ပါးကို လားပြီးလျှင် ကိုယ်ကိုပြလော့၊ သင့်ရောဂါ ပျောက်ကင်းကြောင်း လူတိရှိ့၌ သက်သီဖြစ်ဖို့အတွက် မောသျှေ မိန့်မှာထားသော ပူဇော်သကာကို ဆက်သလော့” ဟု မိန့်တော်မူ၏။
LUK 5:15 သို့ရာတွင် ယေသျှု၏သတင်းတော်သည် ပို၍ ပြန့်လားသဖြင့် လူအပါင်းရို့သည် ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့် မိမိရို့၏အနာရောဂါများမှ ကျန်းမာခြင်းရစီရန် လာကြ၏။
LUK 5:16 သို့သော်လည်း ကိုယ်တော်သည် လူသူကင်းဝီးရာအရပ်၌ ဆုတောင်းရန် ကြွလားလေ့ဟိ၏။
LUK 5:17 တစ်နိ့၌ ယေသျှုသည် ဟောပြောသွန်သင်တော်မူစဉ် ဖာရိယှဲတိနှင့် ကျမ်းတတ်ဆရာတချို့သည် ထိုင်နိန်ကြ၏။ သူရို့သည် ယုဒပြည်နှင့် ဂါလိလဲပြည် မြို့ရွာအသီးသီးမှလည်းကောင်း၊ ယေရုဆလင်မြို့မှလည်းကောင်း လာရောက်ကြသောသူများ ဖြစ်ကြ၏။ ရောဂါများကို ပျောက်ကင်းစီရန် ထာဝရဘုရား၏ တန်ခိုးတော်သည် ယေသျှု၌ဟိ၏။
LUK 5:18 လူတချို့သည် လီဖြတ်သူတစ်ယောက်ကို အိပ်ရာနန့်မ၍ ယူလာကြပြီးလျှင် ယေသျှု ရှိ့တော်မှောက်၌ ချထားရန်အတွက် အိမ်ထဲသို့ ဝင်နိုင်ခြင်းငှာ ကြိုးစားကြ၏။
LUK 5:19 လူထုပရိသတ်ကြောင့် သူရို့သည် လူနာကို သယ်ယူရန် လမ်းကို ရှာမတွိ့နိုင်ကြပေ။ ထို့ကြောင့် လူနာကို အိပ်ရာနှင့်တကွ အိမ်ခေါင်ထက်သို့ မတင်လာပြီးလျှင် အိမ်ခေါင်ကို ဖွင့်၍ လူအုပ်အလယ်၌ဟိသော ယေသျှု၏ ရှိ့မှောက်သို့ လျောချကြ၏။
LUK 5:20 ယေသျှုသည် ထိုသူရို့၏ ယုံကြည်ခြင်းကို မြင်သောအခါ၊ လူနာအား “အဆွီ၊ သင်၏အပြစ်ကို ရွှတ်ဗျာယ်” ဟု မိန့်တော်မူ၏။
LUK 5:21 ကျမ်းတတ်ဆရာတိနှင့် ဖာရိယှဲတိက “ဤသူကား ဇာသူလဲ၊ ဘုရားသခင်ကို ပြစ်မှား ပြောဆိုပါသည်တကား၊ ဘုရားသခင်မှလွဲ၍ အပြစ်ကို ဇာသူက ရွှတ်ပီးနိုင်မည်နည်း” ဟု တွေးတော နိန်၏။
LUK 5:22 ယေသျှုသည် သူရို့ တွေးတောနိန်သည်ကို သိတော်မူသဖြင့် “သင်ရို့ ဇာဖြစ်လို့ ယင်းပိုင် တွေးတော နိန်ကြသနည်း၊
LUK 5:23 ‘သင်၏အပြစ်ကို ရွှတ်ဗျာယ်’ ဟု ပြောသည်က ပို၍ လွယ်မည်လား၊ ထိုသို့ မဟုတ်လျှင် ‘ထ၍ လှမ်းလားလော့’ ဟု ပြောသည်က ပို၍ လွယ်မည်လား၊
LUK 5:24 လူသားသည် ဤလောက၌ အပြစ်လွှတ်ပိုင်သည်ကို သင်ရို့ကို သက်သီပြမည်” ဟု ဆိုလျက် လီဖြတ်သူအား “သင့်ကို ငါပြောမည်၊ ‘ထ’ အိပ်ရာလိပ်ကို ထမ်းပြီးလျှင် အိမ်သို့ပြန်လော့” ဟု မိန့်တော်မူ၏။
LUK 5:25 ချက်ချင်းပင် ထိုသူသည် လူတိရှိ့တွင် ထရပ်လျက် မိမိလဲလျောင်းနိန်ခသော အိပ်ရာကို ထမ်းပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် အိမ်သို့ ပြန်လေ၏။
LUK 5:26 လူအပေါင်းရို့သည် အလွန်ပင် အံ့သြလျက် “ငါရို့သည် အံ့သြစရာတိကို ဤနိ့တွင် တွိ့မြင်ရဗျာယ်” ဟု ထိတ်လန့်စွာ ပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
LUK 5:27 ထို့နောက် ယေသျှုသည် ထွက်ကြွတော်မူ၍ လေဝိအမည်ဟိသော အခွန်ခံတစ်ယောက်သည် အခွန်ရုံး၌ ထိုင်နိန်သည်ကို မြင်တော်မူလျှင် လေဝိအား၊ “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူလျှင်၊
LUK 5:28 လေဝိသည် ထ၍ ဟိသမျှကို စွန့်ပြီး နောက်တော်သို့ လိုက်လေ၏။
LUK 5:29 ထို့နောက် လေဝိသည် မိမိ၏အိမ်၌ ယေသျှုအတွက် ဧည့်ခံပွဲကြီးကို ကျင်းပရာ များစွာသော အခွန်ခံတိနှင့် အခြားသောသူရို့သည် သူရို့နှင့်အတူ စားသောက်ကြ၏။
LUK 5:30 တချို့သော ဖာရိယှဲနှင့် သူရို့၏ ကျမ်းတတ်ဆရာတချို့က “ဇာဖြစ်လို့ သင်ရို့သည် အခွန်ခံတိ၊ အခြားအပယ်ခံသူရို့တိနှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်ရို့အား ကဲ့ရဲ့ပြစ်တင်ကြ၏။
LUK 5:31 ထိုအခါ ယေသျှုက “ကျန်းမာသူသည် ဆီးဆရာကို အလိုမဟိ၊ ဖျားနာနိန်သောသူသာ အလိုဟိ၏။
LUK 5:32 ဖြောင့်မတ်သောလူတိကို ခေါ်ဖို့ ငါလာသည် မဟုတ်၊ အပြစ်လုပ်သောလူတိကို နောင်တရဖို့အတွက်သာ ခေါ်ဖို့ ငါလာ၏” ဟု မိန့်တော်မူ၏။
LUK 5:33 လူတချို့က “ယောဟန်တပည့်တိက အစာယှောင်ခြင်း၊ ဆုတောင်းခြင်းတိကို မကြာမကြာ ပြုလေ့ဟိ၏။ ထို့နည်းတူ ဖာရိယှဲတပည့်တိလည်း ပြုကြ၏။ သို့သော်လည်း ကိုယ်တော်တပည့်တော်ရို့က စားသောက်၍ နိန်ကြသည်တကား” ဟု ကိုယ်တော့်ကို လျှောက်ထားကြ၏။
LUK 5:34 ယေသျှုကလည်း၊ “မင်္ဂလာဆောင်ပွဲ၌ သတို့သားနှင့်အတူ ဟိကြသော အပေါင်းအဖော်ရို့ကို အစာယှောင်ခိုင်း နိုင်မည်လော။
LUK 5:35 သို့သော်လည်း သတို့သားကို သူရို့အပါးမှ ဆောင်ယူမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူရို့သည် အစာယှောင်ကြလိမ့်မည်။” ဟု မိန့်တော်မူ၏။
LUK 5:36 ယေသျှုသည် ပုံဥပမာဆောင်လျက် “ဇာသူတစ်ယောက်မှ အထည်သစ်က အစတစ်စကို ဆုတ်ပြီးလျှင် အထည်ဟောင်းနှင့် စပ်ဖာထည်းလေ့မဟိ။ ထိုသို့ ဖာထည်းခလျှင် အထည်သစ်သည် ပျက်စီးလားရုံမျှမက၊ အထည်ဟောင်းနှင့်လည်း လိုက်ဖက်လိမ့်မည် မဟုတ်။
LUK 5:37 ထိုနည်းတူ၊ စပျစ်ရည်သစ်ကို သားရီဘူးအဟောင်း၌ ထည့်လေ့မဟိ၊ ထည့်ခသည်ဟိသော် သားရီဘူးပေါက်ကွဲပြီးလျှင် စပျစ်ရည် ယိုထွက်လာလိမ့်မည်၊ သားရီဘူးလည်း ပျက်စီးလိမ့်မည်။
LUK 5:38 စပျစ်ရည်အသစ်ကို သားရီဘူးအသစ်တွင် ထည့်ရမည်။
LUK 5:39 ပြီးလျှင် စပျစ်ရည်အဟောင်းကို သောက်သူက စပျစ်ရည်အသစ်ကို သောက်ချင်မည် မဟုတ်။ ‘စပျစ်ရည်အဟောင်းက သာ၍ ကောင်းသည်’ ဟု ဆိုတတ်သည်” ဟူ၍ မိန့်တော်မူ၏။
LUK 6:1 ဥပုသ်နိ့၌ ယေသျှုသည် ဂျုံစပါးခင်းများကို ဖြတ်၍ ကြွတော်မူစဉ် တပည့်တော်ရို့သည် ဂျုံစပါးများကို ခြွီယူပြီးလျှင် လက်ဖြင့် ပွတ်နယ်လျက် စားကြ၏။
LUK 6:2 ဖာရိယှဲတချို့က “ဥပုသ်နိ့၌ မလုပ်အပ်သောအရာကို သင်ရို့ ဇာကြောင့် လုပ်ကြသနည်း” ဟု မိန်းကြ၏။
LUK 6:3 ယေသျှုက “ဒါဝိဒ်သည် သူနန့် သူ၏လူတိ ဝမ်းဆာသောအချိန်တွင် ဇာပိုင် ပြုခကြောင်းကို သင်ရို့ မဖတ်ဖူးကြသလော။
LUK 6:4 သူသည် ဘုရားသခင်၏ အိမ်တော်သို့ဝင်ပြီး ပညတ်တော်အရ ယဇ်ပုရောဟိတ်မှတစ်ပါး ဇာသူမျှ မစားထိုက်သော ရှိ့တော်မုန့်ကို ယူစားပြီးလျှင် သူ၏ လူတိကိုလည်း ပီးခ၏။”
LUK 6:5 ထို့နောက် ယေသျှုက “လူသားသည် ဥပုသ်နိ့၏ အသျှင်ဖြစ်သည်” ဟု သူရို့အား မိန့်တော်မူ၏။
LUK 6:6 အခြားသော ဥပုသ်နိ့ တစ်နိ့တွင် ယေသျှုသည် တရားဇရပ်ထဲသို့ ဝင်ပြီးလျှင် ဟောပြောသွန်သင်တော်မူ၏။ ထိုနီရာ၌ လက်ျာဖက် လက်သီသူတစ်ဦးဟိ၏။
LUK 6:7 တချို့သော ကျမ်းတတ်ဆရာရို့နှင့် ဖာရိယှဲရို့သည် ယေသျှုကို အပြစ်ရှာလိုသဖြင့် ဥပုသ်နိ့၌ ထိုသူအား ကျန်းမာခွင့်ပီးမည်၊ မပီးမည်ကို စောင့်ကြည့်ကြ၏။
LUK 6:8 သို့သော် ယေသျှုသည် ထိုသူရို့၏ အကြံအစည်ကို သိသောအခါ လက်သီသောသူအား “ထလာပြီးလျှင် ရှိ့တွင်လာရပ်ပါ” ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည် ထ၍ မတ်တပ်ရပ် နိန်၏။
LUK 6:9 ထိုအခါ ယေသျှုက “သင်ရို့ကို ငါမိန်းမေ။ ပညတ်တရားအရ ဥပုသ်နိ့၌ ကျေးဇူးပြုသင့်သလား၊ သူ့အကျိုးကို ဖျက်ဆီးသင့်သလား။ လူတစ်ယောက်၏အသက်ကို ကယ်သင့်သလား၊ ဖျက်ဆီးသင့်သလား” ဟု မိန့်တော်မူ၏။
LUK 6:10 ကိုယ်တော်သည် ထိုသူရို့အား လှည့်ပတ်၍ ကြည့်တော်မူပြီးလျှင် လက်သီသောသူအား “သင့်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည် လက်ကို ဆန့်လိုက်သောအခါ အကောင်းပကတိ ဖြစ်လေ၏။
LUK 6:11 ထိုသူရို့သည် အလွန်ဒေါသထွက်သဖြင့် ယေသျှုအား မည်သို့ပြုရမည်ကို အချင်းချင်းဆွေးနွေးကြ၏။
LUK 6:12 ထိုနိ့ရက်ကာလ၌ ယေသျှုသည် ဆုတောင်းပတ္ထနာပြုရန် တောင်ထက်သို့ တက်ကြွတော်မူပြီးလျှင် တစ်ညလုံး ဘုရားသခင်ထံတော်၌ ဆုတောင်းပတ္ထနာပြုလျက် နိန်တော်မူ၏။
LUK 6:13 မိုးလင်းသောအခါ တပည့်တော်တိကို ကိုယ်တော့်ထံသို့ ခေါ်တော်မူပြီးလျှင် ထိုသူရို့အထဲမှ တစ်ဆယ့်နှစ်ပါးကို ရွီးချယ်၍ တမန်တော်များဟု နာမည်ပီးလေ၏။
LUK 6:14 ထိုတစ်ဆယ့်နှစ်ပါးကား ပေတရုအမည်သစ်ကိုရသော သျှိမုန်နှင့် သူ၏ညီ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊
LUK 6:15 မဿဲနှင့် သောမ၊ အာလဖဲ၏သား ယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူ သျှိမုန်၊
LUK 6:16 ယာကုပ်၏သား ယုဒ၊ သစ္စာဖောက်သူ ယုဒသျှကာရုတ်ရို့ဖြစ်ကြ၏။
LUK 6:17 ယေသျှုသည် တမန်တော်တိနှင့်အတူ တောင်ထက်မှ ဆင်းကြွတော်မူပြီးလျှင် များစွာသော တပည့်တော်တိနှင့်အတူ မြီညီရာအရပ်၌ ရပ် နိန်တော်မူ၏။ ထိုနီရာ၌ ယုဒပြည်၊ ယေရုဆလင်မြို့အပြင် ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော တုရုမြို့နှင့် ဇိဒုန်မြို့များမှ လူအစုအဝေးရို့သည် ဟိကြ၏။
LUK 6:18 ထိုသူရို့သည် ကိုယ်တော်၏ တရားတော်ကို နာကြားရန်နှင့် မိမိရို့၏ အနာရောဂါများ ပျောက်ကင်းစီရန် လာရောက်ကြခြင်း ဖြစ်၏။ နတ်ဆိုး၏ နှိပ်စက်မှုကို ခံရသောသူတိလည်း အနာပျောက်ကင်းခြင်းကို ခံရကြ၏။
LUK 6:19 ကိုယ်တော်အထံတော်မှ တန်ခိုးထွက်၍ အနာရောဂါပျောက်စီသောကြောင့် လူအပေါင်းရို့သည် ကိုယ်တော့်ကို တို့ထိရန် ကြိုးစားကြ၏။
LUK 6:20 ယေသျှုသည် တပည့်တော်ရို့ကို ကြည့်တော်မူပြီးလျှင် “ဆင်းရဲသားရို့၊ သင်ရို့သည် မင်္ဂလာဟိကြ၏၊ အကြောင်းမူကား ဘုရားသခင် နိုင်ငံတော်သည် သင်ရို့၏ နိုင်ငံဖြစ်၏။”
LUK 6:21 “အဂု ဆာမွတ်နိန်သောသူရို့၊ သင်ရို့သည် မင်္ဂလာဟိကြ၏။ အကြောင်းမူကား သင်ရို့သည် ဝပြောရလိမ့်မည်။” အဂု ငိုကြွီးနိန်သောသူရို့၊ သင်ရို့သည် မင်္ဂလာဟိကြ၏။ အကြောင်းမူကား သင်ရို့သည် ရယ်မောရလိမ့်မည်။
LUK 6:22 “လူသားကြောင့် သင့်ကို လူတိက မုန်းတီးခြင်း၊ ငြင်းပယ်ခြင်း၊ မထီလေးစားပြုခံရခြင်းနှင့် အသရေရှုံ့ချ ခံရသောအခါ မင်္ဂလာဟိကြ၏။”
LUK 6:23 “ထိုသို့ တွိ့ကြုံရသောအခါ ဝမ်းမြောက်ကြပါ။ ရွှင်မြူး ကခုန်ကတ်ပါ။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်ရို့ရဖို့အကျိုးသည် ကြီးမားကြ၏။ ထိုအတိုင်းပင် သူရို့ အဖိုးအဖီးတိကလည်း ပရောဖက်တိကို ပြုခ၏။”
LUK 6:24 “ယေဒါလည်း အဂုဘဝ၌ ချမ်းသာသောသူရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ အကြောင်းမူကား သင်ရို့သည် သက်သာစွာ နီထိုင်ရကြ၏။”
LUK 6:25 “အဂု ဝစွာစားရသောသူရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏၊ အကြောင်းမူကား သင်ရို့သည် ဆာမွတ်ရလိမ့်မည်။ အဂု ရယ်မောရသူရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏၊” အကြောင်းမူကား သင်ရို့သည် ငြီးတွားငိုကြွီးရလိမ့်မည်။
LUK 6:26 “လူအပေါင်းရို့က သင့်ကို ချီးမွမ်းကြသောအခါ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ ထိုသို့အတိုင်းပင် သူရို့အဖိုးအဖီးတိကလည်း မိစ္ဆာပရောဖက်တိကို ချီးမွမ်းခကြ၏” ဟု မိန့်တော်မူ၏။
LUK 6:27 “သို့ရာတွင် ငါ၏ တရားစကားကို နာကြားသောသူရို့၊ သင်ရို့အား ငါဆိုသည်မှာ သင်ရို့၏ ရန်သူကို ချစ်လော့။ သင်ရို့အား မုန်းသောသူရို့ကို ကျေးဇူးပြုကြလော့။”
LUK 6:28 သင်ရို့အား ကျိန်ဆဲသောသူကို မေတ္တာပို့ကြလော့။ နှောက်ယှက်သောသူတိအတွက် ဆုတောင်းပီးကြလော့။
LUK 6:29 သင်၏ပါးတစ်ဖက်ကို သတ်သူကို၊ ကျန်သောတစ်ဖက်ကိုလည်း သတ်စီလော့။ သင်၏ဝတ်ရုံကို ယူလားသောသူအား အင်္ကျီကိုလည်း ပီးလိုက်လော့။
LUK 6:30 သင့်ပါး၌ တောင်းခံသောသူကို ပီးလော့၊ တစ်စုံတစ်ယောက်က သင်၏ပစ္စည်းကို ယူလားကေ ပြန်မတောင်းကေ့။
LUK 6:31 သင်ရို့သည် မိမိ၌ သူတစ်ပါး ပြုစီချင်သည့်အတိုင်း သူတစ်ပါးကိုလည်း ပြုကြလော့။
LUK 6:32 သင်ရို့ကို ချစ်သောသူတိကိုသာ ချစ်တုံ့ပြန်လျှင် ဇာပိုင် ကောင်းကြီးမင်္ဂလာကို ခံစားရမည်နည်း။ အပြစ်သားတိပင်လျှင် မိမိကို ချစ်သောလူတိကို ပြန်ချစ်တတ်ကြ၏။
LUK 6:33 သင်ရို့အား ကျေးဇူးပြုသောသူကို သာလျှင် ကျေးဇူးတုံ့ပြန်လျှင် ဇာပိုင် ကောင်းကြီးမင်္ဂလာကို ခံရမည်နည်း။ အပြစ်သားတိပင် ဤသို့ ပြုလုပ်တတ်ကြ၏။
LUK 6:34 ပြန်ဆပ်နိုင်မည်ဟု မျှော်လင့်ရသူကိုသာ ချီးငှားလျှင် ဇာပိုင် ကောင်းကြီးမင်္ဂလာကို ခံစားရမည်နည်း။ အပြစ်သားတိပင်လျှင် ပြန်ဆပ်ပီးမည်ဟု အချင်းချင်း မျှော်လင့်ပြီးလျှင် ချီးငှားတတ်ကြ၏။
LUK 6:35 ထိုသို့မဟုတ်၊ သင်ရို့၏ရန်သူကို ချစ်လော့။ ကျေးဇူးပြုလော့။ တစ်စုံတစ်ခုပြန်ရဖို့ကို မမျှော်လင့်ဘဲ ချီးငှားကြလော့။ ထိုသို့ဆိုလျှင် သင်ရို့သည် ကြီးမြတ်သောဆုကို ရရုံသာမက အမြင့်ဆုံးသော ဘုရား၏သား ဖြစ်လိမ့်မည်။ ထိုအသျှင်သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးမိုက်သောသူရို့ကို ကျေးဇူးပြုတော်မူ၏။
LUK 6:36 သင်ရို့၏ အဖဘုရားသည် သနားကြင်နာတော်မူသည့်အတိုင်း သင်ရို့လည်း သနားကြင်နာခြင်း ဟိကြလော့။
LUK 6:37 “သူတစ်ပါးတိကို မစစ်ကြောမစီရင်ကတ်ကေ့၊ သို့မှသာ ဘုရားသခင်သည် သင်ရို့ကို မစစ်ကြောမစီရင်ဘဲ နိန်လိမ့်မည်။ သူတစ်ပါးကို မကဲ့ရဲ့ကတ်ကေ့၊ သို့မှသာ ဘုရားသခင်သည် သင်ရို့ကို မကဲ့ရဲ့ဘဲ နိန်လိမ့်မည်။ သူတစ်ပါးကို ခွင့်ရွှတ်လော့။ သို့မှသာ ဘုရားသခင်က သင်ရို့ကို ခွင့်ရွှတ်လိမ့်မည်။
LUK 6:38 သူတစ်ပါးကို ပီးကမ်းလော့၊ သို့မှသာ ဘုရားသခင်သည် သင်ရို့ကို ပီးတော်မူလိမ့်မည်။ လှုပ်လျက်၊ သိပ်လျက်၊ ပြည့်လျှံသည့် တောင်းပမာဏနှင့် သင်ရို့လက်ထဲကို ပီးတော်မူလိမ့်မည်။ သင်ရို့သည် သူတစ်ပါးအား ချိန်တွယ်ပီးသည့် တောင်းပမာဏအတိုင်း ဘုရားသခင်သည် သင်ရို့ကို ပီးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 6:39 ထို့နောက် ယေသျှုသည် ထိုသူရို့အား ပုံဥပမာဆောင်၍ “လူကန်းတစ်ယောက်သည် အခြားလူကန်းတစ်ယောက်ကို လမ်းပြ နိုင်မည်လော၊ သူရို့ လားလို့ဟိလျှင် နှစ်ယောက်စလုံး တွင်းထဲသို့ ကျလိမ့်မည် မဟုတ်လော။
LUK 6:40 တပည့်တိုင်းသည် ဆရာထက် မသာနိုင်၊ သို့သော်လည်း ပညာသင်၍ ပြီးဆုံးသောအခါ တပည့်တိုင်းသည် မိမိရို့၏ဆရာကဲ့သို့ ဖြစ်လိမ့်မည်။”
LUK 6:41 သင်ရို့သည် ဇာကြောင့် ကိုယ့်မျက်စိ၌ဟိသော သစ်သားစကိုမမြင်ဘဲ၊ ညီအစ်ကိုမျက်စိ၌ဟိသော ငြောင့်ချေကို ဇာအတွက်နန့် မြင်ကြသနည်း။
LUK 6:42 “မိမိ၏မျက်စိ၌ဟိသော သစ်သားစကို မမြင်ဘဲ ဇာကြောင့် သင်၏ညီအစ်ကိုအား ‘သင်၏မျက်စိ၌ဟိသော ငြောင့်ချေကို ထုတ်ပီးမည်’ ဟု ပြောကြသနည်း။ သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိ၌ဟိသော သစ်သားစကို ဦးစွာထုတ်ပစ်ပါ။ ပြီးမှ သင့်ညီအစ်ကို မျက်စိ၌ဟိသော ငြောင့်ချေကို ကောင်းစွာမြင်၍ ထုတ်ယူ နိုင်လိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 6:43 “ကောင်းသောအပင်သည် ဖျင်းသောအသီးကို မသီးနိုင်သကဲ့သို့ သိမ်လှီသောအပင်ကလည်း ကောင်းသောအသီးကို မသီးနိုင်”
LUK 6:44 “အသီးသီးသည်ကို ကြည့်ခြင်းအားဖြင့် အပင်တိုင်း၏ အကြောင်းကို သိရ၏။ သဖန်းသီးကို ဆူးပင်မှ မဆွတ်ခူးနိုင်သကဲ့သို့ စပျစ်သီးကို ဆူးခြုံပင်က သင်ရို့ မဆွတ်ခူးနိုင်ကတ်။”
LUK 6:45 “ကောင်းသောလူရို့သည် ကောင်းသောအရာတိနှင့် ပြည့်နိန်သော စိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကိုသာ ထုတ်ဖော်တတ်ကြ၏။ သူယုတ်သည်ကား သူ၏ဘဏ္ဍာတိုက်ထဲက ဆိုးယုတ်သောအရာများကိုသာ ထုတ်ဖော်ကြ၏။ ဇာကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ဟိသမျှသောအရာတိကို နှုတ်ကပြောထုတ်တတ်ကြ၏” ဟု မိန့်တော်မူ၏။
LUK 6:46 “သင်ရို့သည် ငါပြောသော အရာကို မကျင့်သုံးဘဲ ငါ့ကို ‘သခင်၊ သခင်’ ဟု ဇာဖြစ်လို့ ခေါ်ကြသနည်း။
LUK 6:47 ငါ့ထံသို့ လာပြီး ငါ့စကားကို နားထောင်၍ လိုက်နာသောသူသည် ဇာသူနှင့်တူကြောင်းကို ဖော်ပြမည်။
LUK 6:48 ထိုသူသည် မြီကြီးကို အနက်ကြီးတူးပြီးလျှင် ကျောက်ထက်မာ အုတ်မြစ်ချ၍ အိမ်ဆောက်သောလူနှင့် တူ၏။ ရီကြီးသောအခါ မြစ်ရီသည် ထိုအိမ်ကို တိုက်သော်လည်း ထိုအိမ်သည် မလှုပ်နိုင်။ ဇာကြောင့်ဆိုသော် အိမ်ကို ခိုင်ခန့်စွာ ဆောက်ထားသောကြောင့် ဖြစ်၏။
LUK 6:49 သို့သော်လည်း ငါ့တရားစကားကို ကြားပြီး နားမထောင်သောသူကား အုတ်မြစ်မချဘဲ မြီကြီးထက်၌ အိမ်ဆောက်သောလူနှင့် တူ၏။ မြစ်ရီကြီးပြီး ထိုအိမ်ကို တိုက်သောအခါ ချက်ချင်းပြိုလဲလား၏။ ထိုအိမ်ပျက်စီးမှုက ကြောက်ရွံ့ဖွယ် ကောင်းလွန်းပါသည်တကား” ဟု မိန့်တော်မူ၏။
LUK 7:1 ယေသျှုသည် လူတိအား ထိုသို့ ဟောပြောသွန်သင်ပြီးနောက် ကပေရနောင်မြို့သို့ ကြွတော်မူ၏။
LUK 7:2 ထိုမြို့၌ ရောမတပ်မှူးတစ်ဦးတွင် အလွန်အားထားရသော အခိုင်းအစီတစ်ယောက်သည် ဖျားနာလျက် သီလုမျောပါးဖြစ် နိန်၏။
LUK 7:3 တပ်မှူးသည် ယေသျှု၏သတင်းတော်ကို ကြားသောအခါ ယုဒအ​မျိုး အ​ကြီး​အ​ကဲ​တိကို ကိုယ်တော့်ထံသို့ ရွှတ်လိုက်ပြီး၊ ကိုယ်တော်ကြွ၍ မိမိ၏အခိုင်းအစီအား ကျန်းမာစီရန် တောင်းလျှောက်စီ၏။
LUK 7:4 သူရို့သည် ယေသျှုထံသို့ ရောက်လာ၍ “ထိုသူသည် ကိုယ်တော်၏ ကျေးဇူးပြုခြင်းကို ခံထိုက်သူဖြစ်ပါ၏။
LUK 7:5 သူသည် အကျွန်ရို့လူမျိုးတိကိုချစ်လို့ အကျွန်ရို့အတွက် တရားဇရပ်တစ်ဆောင်ကို ဆောက်လုပ်ပီးသူလည်း ဖြစ်ပါ၏” ဟု လေးနက်စွာလျှောက်လေ၏။
LUK 7:6 ယေသျှုသည် ထိုသူရို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့် မနီးမဝီးသို့ ရောက်သောအခါ တပ်မှူးသည် မိတ်ဆွီများကို ကိုယ်တော်ထံသို့ ရွှတ်လိုက်၍ “အသျှင်ဘုရား၊ ဒုက္ခမရှာပါကေ့။ ကိုယ်တော်သည် အကျွန့်အိမ်ထဲသို့ ဝင်ခြင်းကိုပင် အကျွန် မခံယူထိုက်ပါ။
LUK 7:7 ယင်းနည်းတူ အကျွန်ကလည်း ကိုယ်တော်ထံပါးကို လာထိုက်သူ မဟုတ်ဟု ယူဆပါ၏။ အမိန့်တော်ကိုသာ ပီးတော်မူပါလျှင် အကျွန်၏ အခိုင်းအစီသည် ကျန်းမာလာပါလိမ့်မည်။
LUK 7:8 အကျွန်ကိုယ်တိုင်ပင် အထက်အရာဟိ အောက်၌ အမှုထမ်းသူဖြစ်ပြီးလျှင် အကျွန့် လက်အောက်၌လည်း စစ်သားများ ဟိပါ၏။ တစ်ဦးကို ‘လားလော့’ ဟု ဆိုလျှင် လား၍၊ တစ်ဦးကို ‘လာလော’ ဟု ဆိုလျှင် လာကြပါ၏။ အခိုင်းအစီတိကို ‘ဤအလုပ်ကို လုပ်လိုက်’ ဟု ဆိုလျှင် လုပ်ကြပါ၏” ဟု လျှောက်ထားစီ၏။
LUK 7:9 ယေသျှုသည် ထိုစကားကိုကြားတော်မူလျှင် အံ့သြတော်မူ၍ နောက်တော်မှလိုက်လာကြသော လူထုပရိသတ်ဖက်သို့ လှည့်ကြည့်တော်မူပြီးလျှင်၊ “ငါဆိုသည်ကား၊ ဤပိုင်ယုံကြည်ခြင်းကို ဣသရေလလူမျိုးထဲ၌ပင် တစ်ခါလေ့ ငါမတွိ့သိမ့်” ဟု မိန့်တော်မူ၏။
LUK 7:10 တပ်မှူး ရွှတ်လိုက်သော သူရို့သည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအခိုင်းအစီသည် ကျန်းမာလျက်ဟိသည်ကို တွိ့ကြ၏။
LUK 7:11 ထိုမှ အနည်းငယ်လွန်သော် ယေသျှုသည် နာဣန ဟု ခေါ်သောမြို့သို့ ကြွတော်မူသော် တပည့်တော်ရို့နှင့် လူထုပရိသတ်ကြီးလည်း လိုက်လာကြ၏။
LUK 7:12 မြို့တံခါးနားသို့ ရောက်သော အချိန်တွင် လူရို့သည် အလောင်းကို သင်္ဂြိုဟ်ရန် မြို့ပြင်သို့ ထမ်းထုတ်ကာ စီတန်း၍ လာကြ၏။ ထိုသူသည် မုဆိုးမ၏ တစ်ဦးတည်းသောသား ဖြစ်၏။ ထိုမုဆိုးမနှင့်အတူ မြို့သူမြို့သားတိလည်း လိုက်ပို့ကြ၏။
LUK 7:13 သခင်ဘုရားသည် ထိုမိန်းမကိုမြင်သောအခါ အလွန် သနားသောစိတ်ဟိတော်မူ၍၊ “မငိုကေ့” ဟု သူမအား မိန့်တော်မူ၏။
LUK 7:14 ထို့နောက် အနားသို့ ကြွတော်မူပြီးလျှင် တလားကို လက်တော်ဖြင့် တို့တော်မူလျှင် တလားထမ်းသူရို့သည် ရပ်နိန်ကြ၏။ ကိုယ်တော်က၊ “အချင်းလူငယ်၊ ထလော့၊ သင့်ကို ငါဆို၏” ဟု မိန့်တော်မူလျှင်၊
LUK 7:15 သီသောသူသည် ထ၍ ထိုင်ပြီးလျှင် စကားပြောလေ၏။ ထို့နောက် ကိုယ်တော်သည် သူ့ကို မိခင်ပါးသို့ အပ်တော်မူ၏။
LUK 7:16 လူအပေါင်းရို့သည် ကြောက်ရွံ့လျက် ဘုရားသခင်ကို ချီးမွမ်းကြ၏။ သူရို့က “ငါရို့ထဲ၌ ပရောဖက်ကြီးတစ်ပါး ပေါ်ထွန်းယာ၊ ဘုရားသခင်သည် သူ့လူတိကို ကယ်တင်ဖို့ ကြွလာတော်မူယာ” ဟု ပြောဆိုကြ၏။
LUK 7:17 ယေသျှု၏သတင်းတော်သည် ယုဒပြည်တလျှောက်လုံးနှင့် ပတ်ဝန်းကျင်ဒေသအားလုံး၌ ပျံ့နှံ့လားလေ၏။
LUK 7:18 ယောဟန်တပည့်ရို့သည် ဖြစ်ပျက်သမျှသော အကြောင်းအရာအားလုံးကို ယောဟန်အား ပြောကြားကြ၏။ ထိုအခါ သူသည် သူရို့အထဲက တပည့်နှစ်ဦးကို ခေါ်ပြီးလျှင်၊
LUK 7:19 သူရို့ကို သခင်ဘုရားထံသို့ ရွှတ်၍ “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ပြောသည့် ကြွလာတော်မူမည့်သူလား၊ ယေပိုင် မဟုတ်ကေ အခြားပုဂ္ဂိုလ်တစ်ဦးကို စောင့် နိန်ရအုံးမည်လော” ဟု မိန်းလျှောက်စီ၏။
LUK 7:20 ထိုသူနှစ်ဦးသည် ယေသျှုထံပါးသို့ လာပြီးလျှင် “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ပြောသည့် ကြွလာတော်မူမည့်သူလား၊ ထိုသို့ မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးကို စောင့် နိန်ရအုံးမည်လော။ ဤသို့ မိန်းလျှောက်ရန် ဗတ္တိဇံယောဟန်က အကျွန်ရို့ကို ရွှတ်လိုက်ပါ၏” ဟု လျှောက်ထားကြ၏။
LUK 7:21 ထိုအချိန်၌ ယေသျှုသည် လူအပေါင်းရို့၏ ရောဂါဝေဒနာများကို ပျောက်ကင်းစီခြင်းနှင့် ဝိညာဉ်ဆိုးတိကို နှင်ထုတ်၍ မျက်မမြင်တိကို မျက်စိမြင်စီတော်မူ၏။
LUK 7:22 ကိုယ်တော်က “သင်ရို့မြင်ရ၊ ကြားရသောအရာတိကို ယောဟန်ပါးသို့ ပြန်လားပြီးလျှင် ပြောပြကြလော့။ မျက်စိကန်းသူတိ မြင်ရဗျာယ်၊ ခြီကျိုးနိန်သောလူတိ လမ်းလျှောက်နိုင်ဗျာယ်၊ နူနာရောဂါသည်တိ စင်ကြယ်ခြင်း ရဗျာယ်၊ နားမကြားသောလူတိ ကြားရဗျာယ်၊ သီသောလူ အသက်ပြန်ရှင်ဗျာယ်၊ ဆင်းရဲသားရို့ သတင်းကောင်းကိုကြားရဗျာယ်။
LUK 7:23 ငါ့အကြောင်းကို ယုံမှားခြင်းကင်းသူသည် မင်္ဂလာဟိ၏” ဟု ယောဟန်၏ စီတမန်တိအား မိန့်တော်မူ၏။
LUK 7:24 ယောဟန်၏ စီတမန်များသည် အထံတော်မှ ထွက်လားကြပြီးနောက် ယေသျှုသည် ယောဟန်အကြောင်းနှင့် ပတ်သတ်၍ လူအစုအဝေးအား၊ “သင်ရို့သည် ဇာကို ကြည့်ရှုခြင်းငှာ တောကန္တရသို့ လားကြသနည်း၊ လေတိုက်၍ လှုပ်သည့် ကျူပင်ကို ကြည့်ရန် လားကြသလော၊
LUK 7:25 သို့တည်း မဟုတ် ဝတ်ကောင်းစားကောင်း ဝတ်ထားသောလူကို ကြည့်ခြင်းငှာ လားကြသလော၊ ဝတ်ကောင်းစားကောင်း ဝတ်ပြီးလျှင် စည်းစိမ်ခံစားနိန်သော လူတိကား မင်းစိုးရာဇာအိမ်တိတွင် နီထိုင်ကြ၏။
LUK 7:26 ငါ့ကို ပြောလော့၊ ပရောဖက်ကို ကြည့်ရန် လားကြသလော၊ မှန်ပါ၏။ ပရောဖက်ထက် သာ၍ ကြီးမြတ်သူကို ကြည့်ဖို့ လားကြခြင်းဖြစ်၏။
LUK 7:27 ကျမ်းစာလာသည်ကား၊ ‘သင်၏လမ်းကို အသင့်ဖြစ်စီရန် ငါ့၏ စီတမန်ကို သင်၏ ရှိ့၌ ငါစီရွှတ်မည်’ ဟု ဆိုရာ၌ ယောဟန်ကို ဆိုလိုခြင်းဖြစ်၏။
LUK 7:28 ငါဆိုသည်ကား၊ မိန်းမမွီးသော လူတိထဲ၌ ယောဟန်ထက်ကြီးမြတ်သော လူတစ်ယောက်မှ မဟိ။ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ယောဟန်ထက် သာ၍ ကြီးမြတ်သည်” ဟု မိန့်တော်မူ၏။
LUK 7:29 အခွန်ခံသောသူတိမှစ၍ လူအပေါင်းရို့သည် ယောဟန်၏ဗတ္တိဇံကို ခံယူခသဖြင့် ကိုယ်တော်၏စကားကို ကြားသောအခါ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို အသိမှတ်ပြုကြ၏။
LUK 7:30 သို့စေကာမူ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က၊ မိမိရို့အတွက် ဘုရားသခင်ထားတော်မူသော အကြံအစည်တော်ကို ငြင်းပယ်သူများ ဖြစ်ကြသောကြောင့် ယောဟန်ပါးတွင် ဗတ္တိဇံကို မခံယူကြ။
LUK 7:31 ထို့ကြောင့် ယေသျှုက၊ “အဂု လူတိကို ဇာချင့်နန့် ခိုင်းနှိုင်းပြရမည်နည်း။ သူရို့သည် ဇာချင့်နှင့် တူသနည်း။
LUK 7:32 သူရို့ကား ဈီး၌ထိုင်နိန်သော အချေတိနှင့် တူ၏။ ‘ငါရို့သည် သာယာစွာတီးမှုတ်သော်လည်း၊ သင်ရို့ မကခုန်ကတ်။ ငါရို့ ငိုခြင်းကို ဆိုသော်လည်း သင်ရို့ မငိုကတ်’ ဟု အချင်းချင်း အော်ဟစ်ပြောဆိုကြ၏။
LUK 7:33 ဗတ္တိဇံယောဟန်က အစားအစာမစား၊ စပျစ်ရည်ကို မသောက်ဘဲ လာသောခါ သင်ရို့က ‘ဤသူသည် နတ်ဆိုးဝင်ပူးသူ’ ဟု ဆိုတတ်ကြ၏။
LUK 7:34 လူသားသည် စားသောက်၍ လာသည့်အခါ သင်ရို့က ‘ဤသူကို ကြည့်လော့။ သူသည် စားသောက်ကြူးသူ ဖြစ်၏။ အခွန်ခံ၊ အပယ်ခံရို့နှင့် မိတ်ဖွဲ့သူဖြစ်သည်’ ဟု ဆိုကြ၏။
LUK 7:35 သို့စေကာမူ ဘုရားသခင်၏ ဉာဏ်ပညာကို လက်ခံသူသောသူအပေါင်းရို့က ထိုပညာ မှန်ကန်ကြောင်းကို ပြသကြသည်” ဟု မိန့်တော်မူ၏။
LUK 7:36 ဖာရိယှဲတစ်ဦးသည် ယေသျှုအား မိမိနှင့်အတူ ညစာသုံးဆောင်ရန် ပင့်ဖိတ်တော်မူသောကြောင့် ယေသျှုသည် ဖာရိယှဲအိမ်သို့ဝင်၍ စားပွဲတွင်ထိုင်၍ သုံးဆောင်တော်မူ၏။
LUK 7:37 ထိုမြို့တွင် အပြစ်များသော မိန်းမတစ်ယောက်ဟိ၏။ သူမသည် ဖာရိယှဲအိမ်၌ ယေသျှုသည် ညစာသုံးဆောင်နိန်သည်ကို ကြားလျှင် ဆီမွှီးအပြည့်ပါသော ကျောက်ဖြူဘူး တစ်လုံးကိုယူ၍၊
LUK 7:38 ယေသျှု၏ ခြီတော်ရင်းနောက်တွင် ရပ်လျက် ငိုယိုကာ နိန်၏။ သူမ၏မျက်ရည်သည် ကိုယ်တော်၏ ခြီတော်တွင်ကျသဖြင့် မိမိဆံပင်ဖြင့် သုတ်လေ၏။ ထိုမိန်းမသည် ကိုယ်တော်၏ခြီတိကို နမ်းပြီး ဆီမွှီးဖြင့် သုတ်လိမ်းလျက် နိန်၏။
LUK 7:39 ထိုအခြင်းအရာကို ဖာရိယှဲသည်မြင်လျှင် “ဤသူသည် ပရောဖက်တစ်ပါး အမှန် ဖြစ်သည်ဆိုလျှင် သူ၏ခြီကို ကိုင်နိန်သော မိန်းမသည် ဇာသူဖြစ်ကြောင်းကိုလည်းကောင်း၊ ဇာအပြစ်ကို လုပ်နိန်သည်ကိုလည်းကောင်း သိလိမ့်မည်” ဟု ရေရွတ်နိန်၏။
LUK 7:40 ထိုအခါ ယေသျှုက ထိုသူအား၊ “သျှိမုန်၊ သင့်ကို ငါပြောစရာ တစ်ခုဟိသည်” ဟု မိန့်တော်မူလျှင်၊ သျှိမုန်က “ဟုတ်ပါ၏ ဆရာ၊ အမိန့်ဟိပါ” ဟု လျှောက်လေ၏။
LUK 7:41 ယေသျှုက “ငွီချီးစားသူတစ်ယောက်၌ အကြွီးတင်သူ နှစ်ယောက်ဟိ၏၊ တစ်ယောက်က ငွီဒင်္ဂါး ၅၀၀၊ အခြားတစ်ယောက်မှာကား ငါးဆယ် အကြွီးတင်၏။
LUK 7:42 သူရို့သည် အကြွီးမဆပ်နိုင်၍ အကြွီးသျှင်က ထိုအကြွီးတိကို လျော်ပစ်လိုက်၏။ သူရို့နှစ်ယောက်ထဲက ဇာသူက အကြွီးသျှင်ကို ပိုပြီးချစ်မည်နည်း” ဟု မိန်းတော်မူ၏။
LUK 7:43 သျှိမုန်က “ပို၍ ငွီလျော်ပစ်ခြင်းခံရသူသည် သာ၍ ချစ်မည်ဟု ထင်ပါ၏” ဟု လျှောက်၏။ ကိုယ်တော်က “သင်မှန်၏” ဟု မိန့်တော်မူ၏။
LUK 7:44 ထို့နောက် ကိုယ်တော်သည် မိန်းမဖက်သို့လှည့်၍ သျှိမုန်အား၊ “သင်သည် ဤမိန်းမကို မြင်သလော၊ ငါသည် သင့်အိမ်ထဲသို့ ဝင်သောအခါ သင်သည် ငါ့ကို ခြီဆီးဖို့အတွက် ရီကိုမပီး၊ သို့သော်လည်း သူမက မျက်ရည်နှင့် ငါ၏ခြီကို ဆီးပြီးလျှင် သူ၏ဆံပင်နှင့် သုတ်ပီး၏။
LUK 7:45 သင်က ငါ့ကို ကြိုဆိုသည့် အနမ်းဖြင့် မနမ်း၊ ဤမိန်းမသည် အိမ်ထဲသို့ ဝင်သောအချိန်ကစ၍ ငါ၏ခြီကို အဆက်မပြတ် နမ်းလီဗျာယ်။
LUK 7:46 သင်သည် ငါ့ဂေါင်းကို ဆီနန့် မလိမ်း၊ သူမမူကား ငါ့ခြီကို ဆီမွှီးနန့် လိမ်းပီးဗျာယ်။
LUK 7:47 ထို့ကြောင့် ငါဆိုသည်ကား၊ ဤမိန်းမသည် များစွာသောအပြစ်တိမှ ခွင့်ရွှတ်ခြင်း ရကြောင်းကို သူမ၏ ကြီးမားသော မေတ္တာက သက်သီပြနိန်၏။ အပြစ်အနည်းချေရာ ခွင့်ရွှတ်ခံရသူက အနည်းချေရာ ချစ်တတ်၏” ဟု မိန့်တော်မူ၏။
LUK 7:48 ထို့နောက် ယေသျှုက၊ “သင်၏အပြစ်ကို ခွင့်ရွှတ်ဗျာယ်” ဟု မိန်းမအား မိန့်တော်မူ၏။
LUK 7:49 စားပွဲ၌ ထိုင် နိန်ကြသော တခြားလူတိက “အပြစ်ကိုပင် လွှတ်နိုင်သော ဤသူကား ဇာသူလဲ” ဟု အချင်းချင်းပြောဆိုကြ၏။
LUK 7:50 သို့စေကာမူ ကိုယ်တော်က ထိုမိန်းမအား၊ “သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ဗျာယ်၊ ငြိမ်းဝပ်စွာလားလီ” ဟု မိန့်တော်မူ၏။
LUK 8:1 ကာလအတန်ကြာသောအခါ ယေသျှုသည် မြို့ရွာများကို ကြွတော်မူ၍ ဘုရားသခင် နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောကြားတော်မူ၏။ ကိုယ်တော်နှင့်အတူ တပည့်တော်တစ်ဆယ့်နှစ်ပါးသည်လည်း လိုက်ကြ၏။
LUK 8:2 အနာရောဂါဖီး၊ ဝိညာဉ်ဆိုးဖီးမှ ကင်းလွတ်ကျန်းမာခွင့်ရခသော မိန်းမတချို့လည်း လိုက်လာကြ၏။ ထိုသူရို့ထဲတွင် နတ်ဆိုးခုနစ်ကောင် ထွက်လားသော မာဂဒလရွာသူ မာရိ၊
LUK 8:3 ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယား ယောဟန္န၊ သျှုယှန္နနှင့် အခြားမိန်းမများလည်းပါ၏။ ထိုအမျိုးသမီးရို့သည် မိမိရို့စရိတ်ဖြင့် ယေသျှုနှင့် တပည့်တော်ရို့အား လုပ်ကျွေးသမှု ပြုကြ၏။
LUK 8:4 ယေသျှုထံပါးသို့ အမြို့မြို့မှလာကြသော လူအပေါင်းရို့သည် စုရုံးလျက် နိန်ကြစဉ် ကိုယ်တော်သည် ပုံဥပမာဆောင်၍၊
LUK 8:5 “မျိုးစိ့ကြဲသောသူသည် မျိုးစိ့ကိုကြဲဖို့ရန် ထွက်လားလေ၏။ မျိုးစိ့ကြဲသောအခါ တချို့မျိုးစိ့ရို့သည် လမ်း၌ကျသဖြင့် လူတိက ကျော်နင်းပြီးလျှင် ငှက်တိက ကောက်စားကြ၏။
LUK 8:6 တချို့မျိုးစိ့ရို့သည် ကျောက်ခံမြီ၌ကျသဖြင့် အပင်ပေါက်သော်လည်း မြီဆီအစိုဓာတ် မဟိသောကြောင့် ညှိုးနွမ်းခြောက်သွိ့လေ၏။
LUK 8:7 တချို့အစိ့တိကား ဆူးတော၌ကျသဖြင့် အပင်ပေါက်သော်လည်း ဆူးပင်များသည် ညှည်းဆဲသောကြောင့် မကြီးထွားနိုင်။
LUK 8:8 တချို့အစိ့ရို့သည် ကောင်းသောမြီဆီလွှာ၌ကျသဖြင့် အပင်ပေါက်ပြီးလျှင် အဆတစ်ရာအသီးနှံကို ဖြစ်ထွန်းလေ၏” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုက “ကြားစရာနား ဟိသောလူတိကား၊ ကြားပါစီ” ဟု မိန့်တော်မူ၏။
LUK 8:9 တပည့်တော်ရို့သည် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို ယေသျှုအား မိန်းလျှောက်ကြ၏။
LUK 8:10 ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော နက်နဲသည့် အရာတိကို သိရခြင်းငှာ အခွင့်ဟိကြ၏။ သို့သော် အခြားသော လူတိအား ‘ကြည့်လျက်နန့် မမြင်၊ ကြားလျက်နန့် နားမလည်’ သည့်အတွက် ပုံဥပမာကိုသာ ဟောရခြင်းဖြစ်၏။
LUK 8:11 “ဤပုံဥပမာ၏ အနက်အဓိပ္ပာယ်ကား ဤသို့တည်း၊ မျိုးစိ့က ဘုရားသခင်၏ တရားစကားဖြစ်၏။
LUK 8:12 လမ်း၌ကျသည့် မျိုးစိ့ကား တရားစကားကို ကြားရသော်လည်း နတ်ဆိုးတိက ထိုသူရို့သည် ယုံကြည်၍ ကယ်တင်ခြင်းသို့ မရောက်စီရန် လာပြီးလျှင် သူရို့စိတ်နှလုံးထဲက နှုတ်ကပါတ်တရားတော်ကို နုတ်ယူလားကြ၏။
LUK 8:13 ကျောက်ခံမြီ၌ ကျသောမျိုးစိ့ကား နှုတ်ကပတ်တရားတော်ကို ကြားသောအခါ ဝမ်းမြောက်စွာ ခံယူသူကို ဆိုလို၏။ သို့သော်လည်း သူရို့၏ စိတ်နှလုံး၌ အမြစ်မစွဲ၊ ကာလအနည်းချေရာ ယုံကြည်လက်ခံကြ၏။ စုံစမ်းနှောက်ယှက်ခြင်းနှင့်တွိ့သောအခါ သူရို့သည် ဖောက်ပြန်လားကြ၏။
LUK 8:14 ဆူးတော၌ ကျသောမျိုးစိ့ကား နှုတ်ကပတ်တရားတော်ကို ကြား၏၊ သို့သော် စိုးရိမ်ပူပန်မှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှုများ လွှမ်းမိုးနိန်သည့်အတွက် အသီးကောင်းကို မသီးနိုင်။
LUK 8:15 ကောင်းသောမြီဆီလွှာ၌ ကျသောမျိုးစိ့ကား တရားစကားကို ကြား၍ ဖြောင့်မတ်နာခံတတ်သော နှလုံးသားနှင့် နှုတ်ကပါတ်တရားတော်ကို စွဲမြဲစွာ ခံယူပြီးလျှင် သည်းခံသောအားဖြင့် အသီးသီးသောသူကို ဆိုလိုသတည်း။”
LUK 8:16 “ဆီးမီးကိုထွန်းပြီး တောင်းနှင့်အုပ်ထားခြင်း၊ ကုတင် အောက်၌ထားခြင်းကို ဇာသူလေ့ မပြုတတ်။ ဝင်လာသောလူတိ အလင်းကိုမြင်စီဖို့ ဆီးမီးခုံထက်၌ တင်ထားလေ့ ဟိ၏။”
LUK 8:17 “အကြောင်းမူကား ကွယ်ဝှက်ထားသောအရာတိ ပေါ်လာပြီးလျှင် ဖုံးအုပ်ထားသော အရာမှန်သမျှသည်လည်း ထင်ရှားလာပြီး အလင်းထဲသို့ ယူဆောင်လာလိမ့်မည်။”
LUK 8:18 “ထို့ကြောင့် သင်ရို့ ဇာပိုင်ကြားနာရမည်ကို သတိပြုကြလော့။ အကြောင်းမူကား ဟိသောသူကို ထပ်၍ ပီးလိမ့်မည်။ မဟိသူပါးက ဟိသည်ဟု ထင်သောအရာတိကိုပင် သိမ်းယူလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 8:19 ယေသျှု၏မယ်တော်နှင့် ညီတော်ရို့သည် ကိုယ်တော်ထံသို့ လာကြ၏။ သို့စေကာမူ လူပရိသတ်တိအား တိုးမပေါက်နိုင်သဖြင့် တွိ့ခွင့်မရ နိုင်ကြ။
LUK 8:20 လူတစ်ယောက်က ယေသျှုအား “ကိုယ်တော်၏ မယ်တော်နှင့် ညီတော်တိက ကိုယ်တော့်ကို တွိ့ချင်သောကြောင့် အပြင်မှာ စောင့်နိန်ကြပါ၏” ဟု လျှောက်ကြ၏။
LUK 8:21 ထိုအခါ ယေသျှုက “ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားနာလိုက်လျှောက်သော လူတိကား ငါ့အမိ၊ ငါ့ညီပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
LUK 8:22 တစ်နိ့၌ ယေသျှုနှင့် တပည့်တော်ရို့သည် လောင်းထက်သို့ တက်ကြ၏။ ထို့နောက်ကိုယ်တော်က၊ “အိုင်တစ်ဖက်ကို ကူးကြကုန်အံ့” ဟု မိန့်တော်မူသဖြင့် တပည့်တော်ရို့သည် ရွက်ရွှင့်ကြ၏။
LUK 8:23 သူရို့ ရွက်ရွှင့်ကြစဉ် ယေသျှုသည် အိပ်လျက် နိန်တော်မူ၏။ ရုတ်တရက် အိုင်တွင် လီမုန်တိုင်းကျလာသဖြင့် လောင်းသည် ရီနှင့်ပြည့်လုပြည့်ချင် ဟိသောကြောင့် တပည့်တော်ရို့သည် ကြီးစွာသော ဒုက္ခဖီးနှင့် ကြုံရလေ၏။
LUK 8:24 တပည့်တော်ရို့သည် ချဉ်းကပ်ပြီး ယေသျှုကို နှိုးပြီးလျှင် “သခင်၊ သခင်၊ အကျွန်ရို့ သီရပါဖို့ ဗျာယ်” ဟု ဆိုကြ၏။ ယေသျှုသည် ထတော်မူပြီးလျှင် လီနှင့်လှိုင်းတိကို အမိန့်ပီးတော်မူသဖြင့် လီနှင့်လှိုင်းသည် ငြိမ်သက်လေ၏။
LUK 8:25 ထို့နောက် ကိုယ်တော်က၊ “သင်ရို့ ယုံကြည်ခြင်းက ဇာမာလဲ” ဟု တပည့်တော်တိအား မိန်းတော်မူ၏။ သို့သော် သူရို့သည် ကြောက်ရွံ့အံ့သြလျက် “ဤသူကား ဇာပိုင်မျိုးလူလဲ၊ လီနှင့်လှိုင်းတိကိုပင် အမိန့်ပီးသောအခါ သူရို့သည် အမိန့်နာခံကြသည်တကား” ဟု အချင်းချင်း ပြောဆိုကြ၏။
LUK 8:26 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ဂါလိလဲပြည်နှင့် အိုင်တစ်ဖက်ဖြစ်သော ဂါရစနယ်သို့ ရွက်ရွှင့်ကြ၏။
LUK 8:27 ယေသျှုသည် ကမ်းထက်သို့ တက်သည်နှင့် နတ်ဆိုးတိပူးသောသူ တစ်ယောက်သည် မြို့မှလာ၍ ကိုယ်တော့်ကို လာရောက် တွိ့ဆုံလေ၏။ ထိုသူသည် အဝတ်ကိုမဝတ်၊ အိမ်တွင်မနီဘဲ သင်္ချိုင်းကုန်းများတွင်သာ နီသည်မှာ ကြာပြီဖြစ်၏။
LUK 8:28 ယေသျှုကိုမြင်လျှင် သူသည် အော်ဟစ်ကာ ရှိ့တော်၌ပျပ်ဝပ်လျက် “ယေသျှု၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားတော်၊ အကျွန့်ပါးက ဇာအလိုဟိပါသလဲ၊ အကျွန့်ကို မနှိပ်စက်ပါကေ့၊ တောင်းပန်ပါ၏” ဟု ကျယ်သောအသံဖြင့် အော်ဟစ် လျှောက်ထားလေ၏။
LUK 8:29 ထိုသို့ လျှောက်ထားရသည့်အကြောင်းမှာ ယေသျှုသည် ဝိညာဉ်ဆိုးအား ထိုသူအထဲမှ ထွက်လားရန် အမိန့်ပီးလိုက်သောကြောင့်ဖြစ်၏။ ဝိညာဉ်ဆိုးသည် ထိုသူအား ကြိမ်ဖန်များစွာ ဝင်ပူးခ၏။ သူ၏ခြီ၊ လက်တိကို သံကြိုးများနှင့် တုတ်နှောင်ဖမ်းချုပ် စောင့်ကြပ်ထားသော်လည်း ထိုသူသည် သံကြိုးများကို ချိုးဖြတ်ကာ တောကန္တာရသို့ ထွက်ပြီးတတ်၏။
LUK 8:30 ယေသျှုက နတ်ဆိုးအား “သင့်နာမည်က ဇာလဲ” ဟု မိန်းတော်မူလျှင်၊ “အကျွန့်နာမည် လေဂေါင်ဖြစ်ပါ၏” ဟု ပြန်လျှောက်လေ၏။ အကြောင်းမှာ ထိုသူအား နတ်ဆိုးရို့သည် ပူးကပ်နိန်သောကြောင့်ဖြစ်၏။
LUK 8:31 နတ်ဆိုးရို့က “အကျွန်ရို့ကို အဆုံးမဟိသော တွင်းနက်ထဲ၌ လားဖို့ အမိန့်မပီးပါကေ့” ဟု ယေသျှုအား တောင်းပန်ကြ၏။
LUK 8:32 ထိုအရပ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ခါးစောင်းနားတွင် ကျက်စားလျက်ဟိ၏။ နတ်ဆိုးရို့သည် ထိုဝက်တိထဲသို့ ဝင်ပူးခွင့်ပြုရန် ယေသျှုကို တောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း ထိုသူရို့အား အခွင့်ပီးတော်မူလေ၏။
LUK 8:33 နတ်ဆိုးရို့သည် လူမှခွါ၍ ဝက်တိထဲသို့ ဝင်ပူးကြ၏။ ထိုအခါ ဝက်တစ်အုပ်လုံးသည် အိုင်ကမ်းထောင်းစောက်သို့ တဟုန်ထိုး ဗြီးဆင်းလျက် အိုင်ထဲ၌ ရီနစ်သီဆုံးကြ၏။
LUK 8:34 ဤသို့ဖြစ်ပျက်သည့် အကြောင်းအရာများကို ဝက်ထိန်းသားရို့သည် မြင်လျှင် ဗြီး၍ မြို့ရွာများသို့ လားကာ ထိုအခြင်းအရာကို ပြောကြ၏။
LUK 8:35 လူတိကလည်း ထိုအဖြစ်အပျက်ကို ကြည့်ရန်ထွက်လာကြ၏။ ယေသျှုထံပါးသို့ ရောက်သောအခါ နတ်ဆိုး ထွက်လားသောသူသည် အဝတ်ကိုဝတ်၍ ယေသျှု၏ ခြီတော်ရင်းတွင် အကောင်းပကတိ ထိုင်နိန်သည်ကို မြင်လျှင် သူရို့အားလုံးသည် ကြောက်ရွံ့ကြ၏။
LUK 8:36 ထိုအရာကို မြင်သောလူတိက ထိုသူသည် မည်သို့ ပြန်ကောင်းလာကြောင်းကို အခြားလူတိအား ပြန်ပြောကြ၏။
LUK 8:37 ထိုအခါ ဂါရစနယ်မှ လူအပေါင်းရို့သည် အလွန်ကြောက်လန့်သဖြင့် မိမိရို့အရပ်မှ ထွက်လားရန် ယေသျှုအား တောင်းပန်ကြ၏။ ထိုအခါ ယေသျှုသည် လောင်းထက်သို့တက်၍ ထိုအရပ်မှ ထွက်ခွါတော်မူ၏။
LUK 8:38 နတ်ဆိုး ထွက်လားသောသူသည် ယေသျှုအား “ကိုယ်တော်နှင့်အတူ လိုက်ခွင့်ပြုပါ” ဟု တောင်းပန်၏။ သို့သော် ယေသျှုက၊
LUK 8:39 “အိမ်ကို ပြန်ပြီးလျှင် ဘုရားသခင်က သင့်ကို ဇာလောက်ထိ ကျေးဇူးပြုတော်မူသည်ကို ပြောပြပါ” ဟု မိန့်တော်မူ၍ သူ့ကိုပြန်လားစီ၏။ ထိုသူသည် အထံတော်မှ ထွက်လားပြီးလျှင် ယေသျှုသည် မိမိအား မည်သို့ကျေးဇူးပြုကြောင်းကို မြို့အနှံ့ ပြောကြားလေ၏။
LUK 8:40 ယေသျှု ပြန်ကြွလာတော်မူသောအခါ လူအပေါင်းရို့သည် ကမ်းတစ်ဖက်တွင် ကိုယ်တော့်ကို စောင့်မျှော်ကြလျက် ခရီးဦးကြိုပြုကြ၏။
LUK 8:41 ထိုအခါ တရားဇရပ်မှူး ယာဣရုဆိုသောသူသည် ကိုယ်တော်ထံသို့ ရောက်လာ၍ ယေသျှု၏ ခြီတော်ရင်းတွင် ပြပ်ဝပ်လျက် သူ၏အိမ်သို့ ကြွတော်မူရန် ကိုယ်တော့်ကို တောင်းပန်တော်မူ၏။
LUK 8:42 အကြောင်းမှာ သူ၌ တစ်ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးသည် သီခါနီး ဖြစ်နိန်သောကြောင့် ဖြစ်၏။ ယေသျှုသည် သူနှင့်အတူ လိုက်လားကြသောအခါ လူအပေါင်းရို့သည် ကိုယ်တော့်ကို တိုက်မိကြ၏။
LUK 8:43 တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးသွန်နာ စွဲနိန်သော မိန်းမတစ်ယောက်သည် မိမိ၌ဟိသော ငွီကြေးများ အကုန်ခံပြီး ဆီးဆရာများနှင့် ကုသသော်လည်း မည်သည့်ဆီးဆရာမှ ရောဂါကို ပျောက်နိုင်စွမ်း မဟိကြ။
LUK 8:44 ထိုမိန်းမသည် ယေသျှု၏ နောက်တော်သို့ ချဉ်းကပ်၍ ကိုယ်တော်၏ ဝတ်ရုံပန်းဖွားတော်ကို တို့လေ၏။ ထိုခဏချင်းတွင် သွီးသွန်နာ ပျောက်ကင်းလေ၏။
LUK 8:45 ယေသျှုကလည်း၊ “ငါ့ကို ဇာသူ တို့သနည်း” ဟု မိန်းတော်မူလျှင်၊ လူအပေါင်းရို့သည် ငြင်းလတ်သော်၊ ပေတရုက “သခင်၊ လူတိက သခင့်ကို ဝိုင်းရံ နိန်ကြပါလျက်နှင့် ‘ငါ့ကို ဇာသူ တို့သနည်း’ ဟု မိန့်တော်မူပါသည်တကား” ဟုလျှောက်ကြ၏။
LUK 8:46 သို့သော်လည်း ယေသျှုက “တစ်ယောက်ယောက်က ငါ့ကို တို့၏။ ငါ့ကိုယ်က တန်ခိုးထွက်လားသည်ကို ငါသိရ၏” ဟု မိန့်တော်မူ၏။
LUK 8:47 ထိုမိန်းမသည် မိမိပြုခသည့်အမှုကို ဖုံးကွယ်ထား၍ မရကြောင်း သိလာသောအခါ တုန်လှုပ်လျက် ရှိ့တော်သို့လာပြီး ပျပ်ဝပ်ကာ ယေသျှုအား တို့ထိရသည့်အကြောင်းကိုလည်းကောင်း၊ ချက်ချင်းပင် မိမိ၏ရောဂါ ပျောက်ကင်းကြောင်းကိုလည်းကောင်း လူအပေါင်းရို့၏ရှိ့တွင် လျှောက်လေ၏။
LUK 8:48 ယေသျှုကလည်း၊ “ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီဗျာယ်၊ ငြိမ်ဝပ်စွာလားလော” ဟု မိန့်တော်မူ၏။
LUK 8:49 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တရားဇရပ်မှူးအိမ်မှ လူတစ်ယောက်လာ၍ “သခင်၏သမီး သီဗျာယ်၊ ဆရာကို မနှောင့်ယှက်ကေ့ဖိ” ဟု ယာဣရုအား ပြော၏။
LUK 8:50 ထိုစကားကို ယေသျှုကြားတော်မူလျှင် ယာကုရုအား၊ “မစိုးရိမ်ကေ့၊ ယုံကြည်ခြင်း တစ်ခုရာ ဟိလော၊ သူငယ်မချေ ကျန်းမာလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 8:51 တရားဇရပ်မှူးအိမ်သို့ ရောက်သောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် သူငယ်မ၏ မိဖနှစ်ပါးမှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ ဝင်စီတော်မမူ။
LUK 8:52 သူငယ်မချေ သီဆုံးသည့်အတွက် လူတိုင်းသည် ငိုကြွီးမြည်တမ်းလျက် ဟိကြ၏။ ယေသျှုက “မငိုကတ်ကေ့၊ သူငယ်မချေ သီစွာ မဟုတ်၊ အိပ်ပျော် နိန်ခြင်းသာဖြစ်၏” ဟု မိန့်တော်မူ၏။
LUK 8:53 ထိုအခါ သူရို့သည် သူငယ်မချေ သီဆုံးပြီးကြောင်းကို သိကြသည်ဖြစ်၍ ကိုယ်တော့်ကို လှောင်ပြောင်ကြ၏။
LUK 8:54 သို့သော် ယေသျှုသည် သူငယ်မ၏လက်ကို ဆုပ်ကိုင်ကာ “ကလိန့်မေချေ၊ ထလော့” ဟု ခေါ်တော်မူ၏။
LUK 8:55 သူငယ်မသည် အသက်ပြန်ရှင်လာ၍ ချက်ခြင်းပင် ပြန်ထလေ၏။ ယေသျှုသည် သူငယ်မအား အစားအစာကျွေးမွေးရန် မိန့်မှာတော်မူ၏။
LUK 8:56 မိဖရို့သည် များစွာအံ့သြကြ၏။ ယေသျှုက ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောစီရန် သူရို့အား ပညတ်တော်မူ၏။
LUK 9:1 ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ပါးကို ခေါ်တော်မူပြီးလျှင် နတ်ဆိုးအပေါင်းကို နှင်ထုတ်ရန်နှင့် အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးအာဏာကို ပီးအပ်တော်မူ၏။
LUK 9:2 ထို့နောက် ကိုယ်တော်သည် သူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရန်နှင့် ဖျားနာသူများကို ကျန်းမာစီရန် ရွှတ်တော်မူပြီးလျှင်၊
LUK 9:3 ထိုသူရို့အား “လမ်းခရီးအတွက် သင်ရို့သည် ဇာတစ်ခုကိုလည်း မယူကေ့။ တောင်မွိ့၊ လွယ်အိတ်၊ စားစရာ၊ ဖေသာဒင်္ဂါးတိကို မယူကေ့။ အင်္ကျီတစ်လုံးတောင် အပိုမပါကတ်ကေ့။”
LUK 9:4 “ဇာအိမ်ကမဆို သင်ရို့ကို လက်ခံလို့ဟိကေ ထိုမြို့က ထွက်လားသောအချိန်ထိ ထိုအိမ်၌ တည်းနိန်ပါ။”
LUK 9:5 “သင်ရို့ကို လက်မခံသော လူတိကို သတိပီးသည့်အနိန်နန့် ထိုမြို့ကနိန် ထွက်လားသောအချိန်၌ သင့်ခြီဖဝါးမှ ခြီမှုန့်ကို ခါချပစ်ခလော့” ဟု မိန့်တော်မူ၏။
LUK 9:6 တပည့်တော်ရို့သည်လည်း ထွက်လားပြီးလျှင် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်လျက် သတင်းကောင်းကို ဟောပြောပြီး နီရာတိုင်း၌ လူတိ အနာရောဂါများကို ပျောက်ကင်းစီကြ၏။
LUK 9:7 ဂါလိလဲနယ်စား ဟေရုဒ်သည် ထိုဖြစ်ပျက်နိန်သော အမှုအရာ အားလုံးကို ကြားသောအခါ အလွန် စိတ်မွိ့လျက်ဟိ၏။ အကြောင်းမှာ လူတချို့က ဗတ္တိဇံယောဟန် “သီရာမှ ပြန်ရှင်လာဗျာယ်” ဟု ပြောဆိုသောကြောင့် လည်းကောင်း၊
LUK 9:8 လူတချို့က “ဧလိယ ပေါ်ထွန်းလာဗျာယ်” ဟူ၍ လည်းကောင်း၊ တချို့က ရှိ့ပရောဖက်တစ်ပါးပါး “အသက် ပြန်ရှင်လာဗျာယ်” ဟူ၍ လည်းကောင်း ပြောဆိုကြသောကြောင့် ဖြစ်၏။
LUK 9:9 ဟေရုဒ်ကလည်း “ယောဟန်ဂေါင်းကို ငါဖြတ်ခပြီးဗျာယ်။ သို့သော်လည်း ငါသတင်းကြားရသော ဤသူကား ဇာသူလဲ” ဟု ပြောဆိုပြီး ယေသျှုကို တွိ့မြင်ခြင်းငှာ ကြိုးစားလျက် နိန်၏။
LUK 9:10 တမန်တော်ရို့သည် ယေသျှုထံသို့ ပြန်လာကြပြီးလျှင် မိမိရို့ လုပ်ဆောင်သမျှကို ပြန်ပြောကြ၏။ ကိုယ်တော်သည် သူရို့ကိုခေါ်၍ ဗက်ဇဲဒဟုခေါ်သော မြို့သို့ ကြွတော်မူ၏။
LUK 9:11 လူထုပရိသတ်ရို့သည် ကိုယ်တော် ကြွလားကြောင်းကို ကြားကြသောအခါ နောက်တော်သို့ လိုက်ကြ၏။ ကိုယ်တော်သည် သူရို့ကို လက်ခံကြိုဆိုလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောပြီးလျှင် မကျန်းမာသောသူတိကိုလည်း ကျန်းမာစီတော်မူ၏။
LUK 9:12 နီဝင်စပြုသောအခါ တပည့်တော် တစ်ဆယ့်နှစ်ပါးသည် ကိုယ်တော်ထံသို့ လာ၍ “ဤလူတိကို ပတ်ဝန်းကျင်၌ဟိသော ကျေးရွာဇာနပုဒ်များနှင့် ယာတောများသို့လားပြီး တည်းခိုဖို့နီရာနှင့် အစားအစာကို ရှာစီပါ။ ဇာကြောင့်ဆိုသော် ဤနီရာသည် လူသူဝီးသောအရပ် ဖြစ်ပါ၏” ဟု လျှောက်ထားကြ၏။
LUK 9:13 သို့သော် ယေသျှုကလည်း “သူရို့ စားစရာဖို့ သင်ရို့ကိုယ်တိုင် ပီးလော့” ဟု မိန့်တော်မူ၏။ သူရို့က “အကျွန်ရို့က ဤလူတိအတွက် စားစရာကို လားပြီး ဝယ်ရပါမည်လော။ အကျွန်ရို့၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရာ ဟိပါ၏” ဟု ပြန်လည် လျှောက်ထားကြ၏။
LUK 9:14 (ထိုသို့ လျှောက်ထားရခြင်းမှာ ထိုနီရာ၌ လူကြီး အယောက် ၅,၀၀၀ ခန့် ဟိသောကြောင့်ဖြစ်၏။) ယေသျှုက “ဤလူတိကို လူငါးဆယ်ခန့်စီ အစုလိုက် ထိုင်စီလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
LUK 9:15 တပည့်တော်ရို့သည် ကိုယ်တော် မိန့်တော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီးနောက်၊
LUK 9:16 ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူတော်မူကာ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူပြီးမှ မုန့်နှင့်ငါးကို ဖဲ့တော်မူ၍ လူတိအား ဝီငှစီခြင်းငှာ တပည့်တော်ရို့အား ပီးအပ်တော်မူ၏။
LUK 9:17 သူရို့အားလုံးသည် ဝစွာစားကြပြီးနောက် တပည့်တော်ရို့သည် စားကြွင်းများကို စုသိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်း အပြည့်ရ၏။
LUK 9:18 တစ်နိ့သောခါ ယေသျှုသည် လုံးချင်းတည်း ဆုတောင်းလျက်နိန်သောအခါ တပည့်တော်ရို့သည် ကိုယ်တော်ထံပါးသို့ လာကြ၏။ “လူတိက ငါ့ကို ဇာသူလို့ ပြောကြသနည်း” ဟု ကိုယ်တော်က မိန်းတော်မူ၏။
LUK 9:19 တပည့်တော်ရို့ကလည်း “တချို့က ဗတ္တိဇံယောဟန်ဖြစ်သည်ဟု ဆိုကြပါ၏။ တချို့က ဧလိယဟု ဆိုပါ၏။ တချို့က ရှီးပရောဖက်တစ်ပါး အသက်ပြန်ရှင်လာခြင်းဖြစ်သည်ဟု ပြောဆိုကြပါ၏” ဟု လျှောက်ထားကြ၏။
LUK 9:20 ထိုအခါ ကိုယ်တော်က “သင်ရို့က ငါ့ကို ဇာသူလို့ ဆိုကြမည်နည်း” ဟု မိန်းတော်မူလျှင်၊ ပေတရုက “ကိုယ်တော်သည် ဘုရားသခင်၏ မေသျှိယဖြစ်ပါ၏” ဟု လျှောက်လေ၏။
LUK 9:21 ယေသျှုကလည်း ဤအကြောင်းကို ဇာသူ့ကိုမှ မပြောမိစီရန် ကြပ်တည်းစွာ ပညတ်တော်မူ၏။
LUK 9:22 ကိုယ်တော်က “လူသားသည် ဒုက္ခဝေဒနာတိကို ပြင်းစွာခံရမည်။ အသက်ကြီးသောသူတိ၊ ယဇ်ပုရောဟိတ် အကြီးအကဲတိနှင့် ကျမ်းတတ်ဆရာတိက ငြင်းပယ်ကြလိမ့်မည်။ လူသားသည် အသီခံရမည်။ သို့သော်လည်း သုံးရက်မြောက်သော နိ့၌ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
LUK 9:23 ထို့နောက် ကိုယ်တော်က ထိုသူရို့အား၊ “ငါ့နောက်ကို လိုက်လိုသောသူသည် ကိုယ့်ကိုကိုယ် ငြင်းပယ်ရမည်၊ ကိုယ့်လက်ဝါးကပ်တိုင်ကို နိ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။
LUK 9:24 အကြောင်းမူကား မိမိအသက်ကို ကယ်တင်လိုသူသည် အသက်ဆုံးယှုံးလိမ့်မည်။ ငါ့ကြောင့် အသက်ဆုံးယှုံးသူသည် မိမိအသက်ကို ကယ်တင်လိမ့်မည်။
LUK 9:25 လူသည် လောကတစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရသော်လည်း မိမိအသက်ဆုံးယှုံးလျှင် ဇာအကျိုး ဟိမည်နည်း။
LUK 9:26 အကြင်သူသည် ငါနန့် ငါ၏ တရားစကားကြောင့် ရှက်လျှင် လူသားသည် မိမိ၏ ဘုန်းတန်ခိုးတော်၊ ခမည်းတော်၏ ဘုန်းတန်ခိုးတော်၊ သန့်ယှင်းသော ကောင်းကင်တမန်ရို့၏ ဘုန်းတန်ခိုးကိုဆောင်ပြီး ကြွလာသောအခါ ထိုသူကို ရှက်တော်မူလိမ့်မည်။
LUK 9:27 ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ဟိသော လူတချို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရခင် မသီရ” ဟု မိန့်တော်မူ၏။
LUK 9:28 ဤသို့ မိန့်တော်မူပြီးနောက် သျှစ်ရက်ခန့် ကြာသောအခါ ယေသျှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်ရို့ကို ခေါ်၍ ဆုတောင်းခြင်းငှာ တောင်ထက်သို့ တက်ကြွတော်မူ၏။
LUK 9:29 ဆုတောင်းတော်မူစဉ် မျက်နှာတော်၏ အဆင်းသဏ္ဌာန်သည် ပြောင်းလဲလာ၍ အဝတ်တော်သည်လည်း ဖြူဖွေးတောက်ပလာ၏။
LUK 9:30 လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ ကိုယ်တော်နှင့် စကားပြောလျက် နိန်၏။ ထိုသူရို့ကား မောသျှေနှင့် ဧလိယပင်ဖြစ်၏။
LUK 9:31 သူရို့သည် ဘုန်းတန်ခိုးတော်နှင့်တကွ ပေါ်လာ၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ မကြာမီ ယေရုဆလင်မြို့၌ အသက်တော် စွန့်ရမည့်အကြောင်းကို ယေသျှုနှင့် ပြောနိန်ကြ၏။
LUK 9:32 ပေတရုနှင့် အဖော်များသည် ငိုက်မျဉ်းလျက် နိန်ကြ၏။ သို့ရာတွင် သူရို့ နိုးလာသောအခါ ယေသျှုသည် ဘုန်းတန်ခိုးတော်နှင့် လည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နိန်သူနှစ်ဦးကိုလည်းကောင်း မြင်ကြ၏။
LUK 9:33 ထိုသူနှစ်ဦးရို့သည် ယေသျှုထံမှ ထွက်ခွါလားကြစဉ် ပေတရုက “သခင်၊ ဤနီရာ၌ နီစရာကောင်းပါ၏။ ကိုယ်တော်အတွက် တဲတစ်ဆောင်၊ မောသျှေအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ရို့ ဆောက်ပီးပါမည်။” ဟု (ပြောမိပြောရာ ပြောသည်) လျှောက်ထား၏။
LUK 9:34 ဤသို့ လျှောက်ထားစဉ် မိုးတိမ်တိုက်တစ်ခုသည် ပေါ်လာ၍ သူရို့အထက်၌ တိမ်ရိပ် အုပ်မိုးလေ၏။ မိုးတိမ်တိုက်သည် သူရို့အထက်သို့ ရောက်လာသောအခါ သူရို့သည် ကြောက်လန့်ကြ၏။
LUK 9:35 မိုးတိမ်ထဲမှ အသံတော်ကား “ဤသူသည် ငါရွီးချယ်ထားသော ငါ့၏သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့” ဟု ထွက်ပေါ်လာ၏။
LUK 9:36 အသံတော် တိတ်လားသောအခါ ထိုနီရာ၌ ယေသျှုတစ်ပါးတည်းကိုသာ တွိ့ရ၏။ ထိုနိ့ရက်ကာလ၌ တပည့်တော်ရို့သည် မိမိရို့ မြင်တွိ့ရသော အကြောင်းအရာများကို ဇာသူကိုမှမပြောဘဲ တိတ်ဆိတ်စွာနိန်ကြ၏။
LUK 9:37 နောက်တစ်နိ့၌ ယေသျှုနှင့် တပည့်တော်သုံးဦးရို့သည် တောင်ပေါ်မှဆင်းလာကြသောအခါ များစွာသော လူထုပရိသတ်ရို့သည် ကိုယ်တော့်ကို ခရီးဦးကြိုပြုကြ၏။
LUK 9:38 ပရိသတ်ထဲမှ လူတစ်ယောက်က “ဆရာ၊ အကျွန်၏ တစ်ဦးတည်းသောသားကို ကြည့်ရှုတော်မူပါ၊ တောင်းပန်ပါ၏။
LUK 9:39 နတ်ဝင်ပူးလို့ ရုတ်တရက် အော်ဟစ်တတ်ပါ၏။ နတ်က သူ့ကိုလှဲချ၍ မာတောင့်စီပြီးလျှင် ပါးစပ်မှအမြှုပ် ထွက်လာပါ၏။ နတ်ဆိုးက သူ့ကို နာကြင်အောင် နှိပ်စက်ပြီး ထွက်လားပါ၏။
LUK 9:40 အကျွန်ကလည်း ကိုယ်တော်၏တပည့်တော်တိကို နှင်ထုတ်ပီးဖို့ တောင်းပန်သော်လည်း သူရို့ မတတ် နိုင်ကြပါ” ဟု အော်၍ လျှောက်ထား၏။
LUK 9:41 ယေသျှုက “ယုံကြည်ခြင်းမဟိ၊ ဖောက်ပြန်တတ်သောလူတိ၊ ငါသည် သင်ရို့နှင့်အတူ ဇာအချိန်ထိကြာအောင် နီရမည်နည်း။ ဇာလောက်ထိ သည်းခံရမည်နည်း” ဟု မိန့်တော်မူ၏။ ထို့နောက် ထိုသူအား “သင်၏သားကို မ၍ ဤနီရာသို့ ယူလာလော့” ဟု မိန့်တော်မူ၏။
LUK 9:42 ထိုလူငယ် လာစဉ်မှာပင် နတ်ဆိုးသည်သူ့အား မြီကြီးထက်၌လှဲချပြီး မာတောင့်စီ၏။ ယေသျှုသည် နတ်ဆိုးအား အမိန့်ပီး၍ လူငယ်ကို ကျန်းမာစီတော်မူပြီးနောက် ဖခင်အား ပြန်လည် အပ်ပီးတော်မူ၏။
LUK 9:43 လူအပေါင်းရို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်ရ၍ အံ့သြကြကုန်၏။ လူရို့သည် ယေသျှုပြုတော်မူခသော အမှုအရာများကြောင့် အံ့သြနိန်ကြစဉ်၊ ကိုယ်တော်က၊
LUK 9:44 “ငါပြောသော အကြောင်းကို သင်ရို့ ဂရုတစိုက် နားထောင်ကြလော့။ လူသားသည် လူတိလက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
LUK 9:45 သို့ရာတွင် တပည့်တော်ရို့သည် ထိုစကားအဓိပ္ပာယ်ကို မသိကြ။ ထိုသို့ သူရို့သည် နားမလည်ကြစီရန် ထိုအရာတိကို ကွယ်ဝှက်ထားလျက်ဟိ၏။ သူရို့သည်လည်း ကိုယ်တော့်ကို မိန်းလျှောက်ရန်လည်း ကြောက်ရွံ့ကြ၏။
LUK 9:46 ထိုအခါ တပည့်တော်ရို့သည် မိမိရို့ထဲတွင် ဇာသူသည် အကြီးမြတ်ဆုံးနည်း ဟု အချင်းချင်း ငြင်းခုန် ပြောဆိုကြ၏။
LUK 9:47 ယေသျှုသည် ထိုသို့ ငြင်းခုန် နိန်ကြသည်ကို သိတော်မူသဖြင့် သူငယ်တစ်ယောက်ကိုယူ၍ မိမိဘေးနားတွင် ရပ်စီတော်မူ၏။
LUK 9:48 ထို့နောက် ကိုယ်တော်က သူရို့အား “ငါ၏နာမကိုထောက်၍ ဤအချေ တစ်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စီရွှတ်တော်မူသော အသျှင်ကို လက်ခံခြင်းဖြစ်၏။ အကြောင်းမူကား သင်ရို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူဖြစ်သည်” ဟု မိန့်တော်မူ၏။
LUK 9:49 ယောဟန်က “သခင်၊ ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတိကို နှင်ထုတ်နိန်သော လူတစ်ယေက်ကို အကျွန်ရို့ တွိ့မြင်ခပါ၏။ ထိုသူသည် အကျွန်ရို့အဖွဲ့ဝင် မဟုတ်သောကြောင့် အကျွန်ရို့သည် ထိုသူအား တားမြစ်ခပါသည်” လျှောက်ထား၏။
LUK 9:50 ယေသျှုကလည်း “ထိုသူကို မတားမြစ်ကတ်ကေ့၊ သင်ရို့ကို မဆန့်ကျင်သောသူသည် သင်ရို့ဖက်သားဖြစ်၏” ဟု ယောဟန်အား မိန့်တော်မူ၏။
LUK 9:51 ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူမည့်အချိန် နီးလာသောအခါ ယေသျှုသည် ယေရုဆလင်မြို့သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူလေ၏။
LUK 9:52 ထိုအခါ ကိုယ်တော်သည် စီတမန်များကို မိမိအဖို့ အဆင်သင့်ဖြစ်စီခြင်းငှာ ယှာမာရိနယ်၏ ရွာတစ်ရွာသို့ ကြိုတင် ရွှတ်လိုက်တော်မူ၏။
LUK 9:53 သို့သော်လည်း ရွာသားရို့သည် လက်မခံကြ။ အကြောင်းမူကား ကိုယ်တော်သည် ယေရုဆလင်မြို့သို့ ဦးတည်လျက် ခရီးပြုနိန်သောကြောင့်ဖြစ်၏။
LUK 9:54 ဤအချင်းအရာများကို တပည့်တော်များဖြစ်ကြသော ယာကုပ်နှင့် ယောဟန်သည် မြင်ကြသောအခါ “သခင်ဘုရား၊ အကျွန်ရို့သည် ကောင်းကင်က မီးကျစီ၍ ယင်းသူရို့ကို လောင်ကျွမ်းစီဖို့ အလိုတော်ဟိပါ၏လော” ဟု လျှောက်ကြ၏။
LUK 9:55 သို့သော် ကိုယ်တော်သည် လှည့်၍ သူရို့အား ဆုံးမတော်မူ၏။
LUK 9:56 ထို့နောက် ယေသျှုနှင့် တပည့်တော်ရို့သည် အခြားရွာသို့ ထွက်လားကြ၏။
LUK 9:57 ထိုသို့ သူရို့သည် ခရီးပြုနိန်ကြစဉ် လူတစ်ယောက်က “အကျွန်သည်၊ ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ လိုက်ပါမည်” ဟု ကိုယ်တော့်ကို လျှောက်ထား၏။
LUK 9:58 ယေသျှုက “မြီခွီးမှာ တွင်းဟိ၏။ ငှက်မှာလဲ အသိုက်ဟိ၏။ သို့သော် လူသားမှာကား ဂေါင်းချစရာ နီရာတောင်မဟိ” ဟု မိန့်တော်မူ၏။
LUK 9:59 ကိုယ်တော်သည် အခြားလူတစ်ယောက်အား “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။ သို့သော်လည်း ထိုသူက “အသျှင်၊ အကျွန့်အဖ၏အလောင်းကို အယင် လား၍ သင်္ဂြိုဟ်ခွင့် ပီးတော်မူပါ” ဟု လျှောက်၏။
LUK 9:60 ယေသျှုကလည်း “လူသီရို့က မိမိရို့လူသီအား သင်္ဂြိုဟ်ကတ်ပါစီ၊ သင်မူကား လား၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောလော့” ဟု ထိုသူအား မိန့်တော်မူ၏။
LUK 9:61 အခြားသောသူတစ်ယောက်က “အသျှင်၊ အကျွန်သည် ကိုယ်တော့်နောက်သို့ လိုက်ပါမည်။ သို့သော် အကျွန်၏ အိမ်သူအိမ်သားတိကို လား၍ ဦးစွာ နှုတ်ဆက်ခွင့် ပြုတော်မူပါ” ဟု လျှောက်လေ၏။
LUK 9:62 ယေသျှုကလည်း “ထွန်ကိုင်းကိုကိုင်လျက် နောက်လှည့်ကြည့်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်အတွက် အသုံးမဝင်” ဟု ပြန်၍ မိန့်တော်မူ၏။
LUK 10:1 ထို့နောက် သခင်ဘုရားသည် အခြားသောတပည့်တော် ၇၂ ဦး ကို ရွီးခြယ်၍ နှစ်ယောက်တစ်တွဲစီတွဲလျက် ကိုယ်တော် ကြွတော်မူမည့် မြို့ရွာအသီးသီးသို့ မိမိ ရှိ့က စီရွှတ်လိုက်တော်မူ၏။
LUK 10:2 ကိုယ်တော်က သူရို့အား “ရိတ်စရာစပါး များစွာဟိ၏။ သို့သော် ရိတ်သိမ်းသောသူ နည်း၏။ စပါးရိတ်သူတိကို စပါးခင်းထဲသို့ စီရွှတ်နိုင်ရန် စပါးပိုင်သျှင်ထံ ဆုတောင်းကြလော့။
LUK 10:3 လားကတ်၊ တောခွီးစုထဲသို့ သိုးသငယ်များကို စီရွှတ်သည့်နည်းတူ သင်ရို့ကို ငါ ရွှတ်လိုက်၏။
LUK 10:4 ဖဲသာအိတ်၊ လွယ်အိတ်၊ ခြီနင်းတိကို ယူမလားကတ်ကေ့။ လမ်းမာရပ်ပြီး တစ်ယောက်ကိုလေ့ နှုတ်မဆက်ကတ်ကေ့။
LUK 10:5 သင်ရို့သည် အိမ်တစ်အိမ်သို့ ဝင်သောအခါ၌ ‘ဤအိမ်၌ ငြိမ်သက်ခြင်းဟိပါစီ’ ဟု ဦးစွာ မေတ္တာပို့ကြလော့။
LUK 10:6 ထိုအိမ်၌ ငြိမ်သက်ခြင်းကို လိုလားသူဟိလျှင်၊ သင်ရို့ ပို့သသည့် မေတ္တာကို ခံစားရလိမ့်မည်။ ထိုကဲ့သို့သောသူ တစ်ယောက်မှ မဟိလျှင် သင်ရို့ပို့သသော မေတ္တာသည် ပြန်လာလိမ့်မည်။
LUK 10:7 သင်ရို့သည် သူရို့ကျွေးမွေးသော အစာကို စားသောက်လျက် ထိုအိမ်၌ တည်းခိုနိန်ကြလော့၊ ဇာကြောင့်ဆိုသော် အလုပ်သမားများသည် မိမိရို့၏လုပ်ခကို ခံစားထိုက်၏။ တစ်အိမ်မှ အခြားတစ်အိမ်သို့ လှည့်လည်၍ မလားကတ်ကေ့။
LUK 10:8 မြို့တစ်မြို့သို့ ဝင်သောအခါ သင်ရို့အား ကြိုဆိုပြီး ကျွေးမွေးသောအရာတိကို စားကြလော့။
LUK 10:9 ထိုမြို့၌ဟိသော လူမမာတိကို ကျန်းမာစီပြီးလျှင် ထိုအရပ်၌ဟိသော လူရို့အား ဘုရားသခင်၏ နိုင်ငံတော်တည်ချိန် နီးပြီဖြစ်ကြောင်း ဟောပြောကြလော့။
LUK 10:10 သို့သော် သင်ရို့သည် မြို့တစ်မြို့သို့ ဝင်၍ ကြိုဆို လက်ခံခြင်းမဟိလျှင် လမ်းတိ၌ ထွက်ပြီးလျှင် ဤသို့ ပြောလော့။
LUK 10:11 ‘ငါရို့သည် သင်ရို့ကို ဆန့်ကျင်သည့်အနေဖြင့် ငါရို့ခြီမှာ ကပ်ပါလာသော သင်ရို့မြို့က မြီမှုန့်ကို ငါရို့ ခါချလိုက်ဗျာယ်။ ယေဒါလေ့ ဘုရားသခင်၏ နိုင်ငံတော်သည် သင်ရို့အနားတွင် ရောက်နိန်ပြီးဖြစ်ကြောင်းကို သိမှတ်ကြလော့။’
LUK 10:12 သင်ရို့အား ငါ အမှန်ဆိုသည်ကား၊ တရားစီရင်တော်မူရာနိ့၌ ဘုရားသခင်သည် ထိုမြို့ထက် သောဒုံမြို့ကို ပို၍ ကရုဏာထားတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 10:13 “အို၊ ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာဟိ၏။ အို၊ ဗက်ဇဲဒမြို့၊ သင်သည်လည်း အမင်္ဂလာဟိ၏။ သင်ရို့ထံ၌ ပြုခသော အံ့ဖွယ်အမှုအရာတိကို တုရုမြို့နှင့် ဇိဒုန်မြို့၌သာ ပြုခပါမူ သူရို့သည် ရှီးပဝေသဏီကပင် လျှော်တေအဝတ်ကို ဝတ်ပြီး ပြာပုံ၌ ထိုင်၍ နောင်တရကြလိမ့်မည်။
LUK 10:14 ဘုရားသခင်သည် တရားစီရင်တော်မူရာကာလ၌ သင်ရို့ထက် တုရုမြို့နှင့် ဇိဒုန်မြို့ကို ပို၍ ကရုဏာထားတော်မူလိမ့်မည်။
LUK 10:15 အို၊ ကပေရနောင်မြို့၊ သင်သည် ကိုယ့်ကိုကိုယ် ကောင်းကင်ဘုံထိ ချီးမြှောက်ခြင်းကို ခံလိုသလော။ မရဏာနိုင်ငံထိ နှိမ့်ချခြင်းကို ခံရလိမ့်မည်။”
LUK 10:16 ယေသျှုသည် တပည့်တော်ရို့အား၊ “သင်ရို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်သူဖြစ်၏။ သင်ရို့ကို ငြင်းပယ်သူသည် ငါ့ကို ငြင်းပယ်သူဖြစ်၏။ ငါ့ကို ငြင်းပယ်သောသူသည်လည်း ငါ့ကို ရွှတ်လိုက်တော်မူသောသူကို ငြင်းပယ်သူဖြစ်၏” ဟု မိန့်တော်မူ၏။
LUK 10:17 တပည့်တော် ၇၂ ဦး ရို့သည် အလွန်ဝမ်းမြောက်စွာ ပြန်လာပြီးလျှင် “အသျှင်၊ ကိုယ်တော်၏ နာမတော်၌ နတ်ဆိုးတိပင် အကျွန်ရို့ကို နာခံကြပါ၏” ဟု လျှောက်ကြ၏။
LUK 10:18 ယေသျှုကလည်း “ကောင်းကင်က လျှပ်စစ်ကျသကဲ့သို့ စာတန် ကျလာစွာကို ငါ မြင်ရ၏။
LUK 10:19 နားထောင်ကတ်၊ မြွီဆိုးတိ၊ ကင်းမီးကောက်တိကို နင်းလားနိုင်ခြင်းငှာ လည်းကောင်း၊ ရန်သူ၏တန်ခိုးအားလုံးကို အောင်နိုင်ခြင်းငှာလည်းကောင်း အခွင့်အာဏာကို သင်ရို့အား ငါ ပီးအပ်ထားပြီးဖြစ်၏။ သို့ဖြစ်၍ သင်ရို့အား ဇာအရာကလည်း နာကြင်အောင် မလုပ်နိုင်။
LUK 10:20 သို့သော် ဝိညာဉ်ဆိုးရို့သည် သင်ရို့ကို နာခံကြသောကြောင့် ဝမ်းမသာကတ်ကေ့။ သင်ရို့နာမည်များသည် ကောင်းကင်၌ စာရင်းဝင်ရသည်ကို ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
LUK 10:21 ထိုအချိန်၌ ယေသျှုသည် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် ရွှင်လန်းဝမ်းမြောက်တော်မူသည်ဖြစ်၍ “ကောင်းကင် မြီကြီး၏အသျှင် ဖြစ်တော်မူသော အဖ၊ ကိုယ်တော်သည် ပညာဟိသူနှင့် ပညာတတ်သူတိကို ထိမ်ဝှက်ထားသော အရာတိကို ပညာမဲ့သူရို့အား ဖော်ပြပီးသည့်အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။ မှန်ပါ၏၊ အဖ၊ ဤအရာသည်ကား ကိုယ်တော်၏ ကောင်းမြတ်သော အလိုတော် ဖြစ်ပါ၏” ဟု ဆို၏။
LUK 10:22 “ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။
LUK 10:23 ထို့နောက် ကိုယ်တော်သည် တပည့်တော်တိဖက်သို့ လှည့်၍ “အဂု မြင်သမျှသောအရာများကို မြင်ရသော သင်ရို့၏ မျက်စိများသည် မင်္ဂလာဟိ၏။
LUK 10:24 အကြောင်းမူကား ပရောဖက်တိနှင့် သျှင်ဘုရင်တိက သင်ရို့ မြင်သောအရာတိကို မြင်ချင်ခသော်လည်း၊ မမြင်ခရ။ သင်ရို့ ကြားရသည့်အရာတိကို ကြားချင်ခသော်လည်း မကြားခရဟု သင်ရို့ကို ငါ ဆို၏။” ဟု မိန့်တော်မူ၏။
LUK 10:25 ကျမ်းတတ်ဆရာတစ်ယောက်သည် ရောက်လာပြီးလျှင် ယေသျှုကို စုံစမ်းခြင်းငှာ ကြိုးစားလေ၏။ သူက “ဆရာ၊ ထာဝရအသက်ကို ရရန်အတွက် အကျွန် ဇာလုပ်ရပါဖို့လဲ” ဟု မိန်း၏။
LUK 10:26 ယေသျှုက “မောသျှေ၏ ပညတ္တိကျမ်း၌ ဇာပိုင် ဖော်ပြထားသလဲ၊ သင်သည် ထိုကျမ်းစာတိကို ဇာပိုင် အဓိပ္ပာယ်ကောက်ယူလဲ” ဟု သူ့အား မိန့်တော်မူ၏။
LUK 10:27 ထိုသူက “‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ဟိသမျှ၊ အစွမ်းသတ္တိဟိသမျှ၊ ဉာဏ်ဟိသမျှနှင့် ချစ်လော့၊’ ပြီးလျှင် ‘ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့’ ” ဟု လျှောက်၏။
LUK 10:28 ယေသျှုကလည်း “သင်၏ အဖြေမှန်၏။ ထိုသို့ပြုလျှင် သင်သည် အသက်ရှင်လိမ့်မည်” ဟု ပြန်ပြောတော်မူ၏။
LUK 10:29 သို့သော် ကျမ်းတတ်ဆရာသည် မိမိကိုယ်ကို သူတော်ကောင်းဖြစ်ကြောင်း ဖော်ပြလိုသဖြင့် “ဇာသူသည် ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ ဖြစ်ပါသလဲ” ဟု မိန်းတော်မူ၏။
LUK 10:30 ယေသျှုက “လူတစ်ယောက်သည် ယေရုဆလင်မြို့မှ ယေရခေါမြို့သို့ လားသည့်လမ်း၌ ဒါးပြတိုက်ခံရ၏။ ထိုဓါးပြတိက သူ၏အဝတ်အစားများကို ချွတ်ယူ၍ သူ့ကို သတ်ပုတ်ပြီးလျှင် သီခါနီးမှ ပစ်ထားခ၏။
LUK 10:31 ယဇ်ပုရောဟိတ်တစ်ဦးသည် ထိုလမ်းအတိုင်း လာသောအခါ ထိုသူကို မြင်သော်လည်း အခြားတစ်ဖက်မှ လားလေ၏။
LUK 10:32 ထိုနည်းတူ လေဝိအမျိုးသားတစ်ယောက်သည်လည်း ယင်းလမ်းအတိုင်းလာ၍ ထိုသူကို မြင်သောအခါ အခြားတစ်ဖက်မှ ကျော်လားခပြန်၏။
LUK 10:33 သို့သော်လည်း ခရီးလားသော ယှာမာရိ အမျိုးသားတစ်ယောက်သည် ထိုသူအနားသို့ ရောက်သောအခါ ထိုသူကို ကြည့်၍ ကရုဏာစိတ်ဟိသဖြင့်၊
LUK 10:34 ထိုသူအနားသို့ တိုးလာပြီးလျှင် သူ၏ဒဏ်ရာတိကို ဆီနှင့် စပျစ်ရည်ဖြင့် လိမ်းပြီး အဝတ်စနှင့် ပတ်စည်းပီးလေ၏။ ထို့နောက် မြည်းထက်၌ လူနာကို တင်၍ တည်းခိုခန်းတစ်ခုသို့ သယ်ဆောင်လားကာ ပြုစုလေ၏။
LUK 10:35 နောက်တစ်နိ့၌ သူသည် ငွီဒင်္ဂါးနှစ်ပြားကို တည်းခိုခန်း ပိုင်သျှင်အား ပီးပြီးလျှင် ‘ဤသူ့ကို စောင့်ရှောက်ပြုစုပီးပါ၊ နောက်ထပ် ကုန်ကျသမျှကို အကျွန်ပြန်လာသောအခါ ပီးပါမည်’” ဟု ဆို၏။
LUK 10:36 ယေသျှုက “ယင်းသူရို့သုံးဦးထဲက ဇာသူက ဒါးပြတိုက်ခံရသူနှင့် စပ်ဆိုင်သောသူ ဟု သင် ထင်လဲ” ဟု မိန်းတော်မူ၏။
LUK 10:37 ကျမ်းတတ်ဆရာကလည်း “သူ့ကို သနားကြင်နာစွာ ပြုစုသောသူဖြစ်ပါ၏” ဟု လျှောက်လျှင်၊ ယေသျှုကလည်း “သင်လားပြီးလျှင်၊ ထိုနည်းတူ ပြုပါ” ဟု မိန့်တော်မူ၏။
LUK 10:38 ယေသျှုနှင့် တပည့်တော်ရို့သည် ခရီးလားကြစဉ် ရွာတစ်ရွာသို့ ဝင်တော်မူသောအခါ မာသအမည်ဟိသောမိန်းမသည် မိမိ၏အိမ်တွင် ကိုယ်တော့်ကို ကြိုဆို၍ အာဂန္တုဝတ်ကို ပြုလေ၏။
LUK 10:39 သူမ၌ မာရိဟုခေါ်သော ညီမတစ်ယောက်ဟိ၏။ သူမသည် ယေသျှု၏ ခြီတော်ရင်းတွင်ထိုင်ပြီး ကိုယ်တော်၏ တရားစကားကို နားထောင်လျက်နိန်၏။
LUK 10:40 မာသမူကား အာဂန္တုဝတ်ဖြင့် ပျာယာခတ်နိန်၍ ကိုယ်တော်ထံသို့ ချဉ်းကပ်ပြီးလျှင်၊ “သူမသည် အကျွန့်ကို တစ်ယောက်တည်း အလုပ်လုပ်ခြင်းငှာ ချန်ထားခသည်ကို အသျှင်က လစ်လျူယှုနိန်သလား၊ အကျွန့်ကို ကူညီပီးဖို့ သူမကို ပြောပီးတော်မူပါ” ဟု လျှောက်လေ၏။
LUK 10:41 သခင်ဘုရားကလည်း “မာသ၊ မာသ၊ သင်သည် များစွာသော အမှုကိစ္စကြောင့် စိတ်ပူပန်သောက ရောက်နိန်၏။
LUK 10:42 သို့ရာတွင် လိုအပ်ချက်တစ်ခုသာ ဟိ၏။ မာရိက ကောင်းမြတ်သောအရာကို ရွီးချယ်လီဗျာယ်။ ထိုအရာတိကို သူမပါးမှ နုတ်ယူလို့မရ” ဟု မိန့်တော်မူ၏။
LUK 11:1 တစ်နိ့၌ ယေသျှုသည် တစ်ခုသောအရပ်တွင် ဆုတောင်းလျက်နိန်တော်မူ၏။ ဆုတောင်းပြီးသောအခါ တပည့်တော်တစ်ဦးက “အသျှင်ဘုရား၊ ယောဟန်က မိမိတပည့်တိကို ဆုတောင်းနည်း သင်ပီးစွာပိုင် အကျွန်ရို့ကိုလည်း သင်ပီးပါ” ဟု လျှောက်ထား၏။
LUK 11:2 ယေသျှုကလည်း ထိုသူရို့အား၊ “သင်ရို့ ဆုတောင်းသောအခါ၊ “ ‘အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသီလေးမြတ်ခြင်း ဟိပါစီသောဝ်၊ နိုင်ငံတော် တည်ထောင်ပါစီသောဝ်။
LUK 11:3 အကျွန်ရို့ လိုအပ်သော အစားအစာကို နိ့တိုင်း ပီးသနားတော်မူပါ။
LUK 11:4 သူတစ်ပါးက အကျွန်ရို့အား ပြစ်မှားသော အပြစ်တိကို၊ အကျွန်ရို့ ခွင့်ရွှတ်ပီးစွာပိုင်၊ အကျွန်ရို့ အပြစ်တိကိုလည်း ခွင့်ရွှတ်တော်မူပါ။ အကျွန်ရို့၌ ကြီးစွာသော စုံစမ်းသွီးဆောင်ခြင်းကို မရောက်ပါစီကေ့ ဟူ၍ မြွက်ဆိုကြလော့’ ” ဟု မိန့်တော်မူ၏။
LUK 11:5 တဖန် ယေသျှုက တပည့်တော်ရို့အား မိန့်တော်မူသည်ကား “သင်ရို့ထဲမှ တစ်ယောက်ယောက်က သန်းခေါင်ချိန်၌ မိတ်ဆွီတစ်ဦး၏ အိမ်သို့ လား၍ ‘အဆွီ၊ ကျေးဇူးပြု၍ အကျွန့်ကို မုန့်သုံးလုံး ချီးပီးပါ။
LUK 11:6 အကျွန်၏ အဆွီသည် ခရီးလားယင်း အကျွန့်ပါးမာ ရောက်နိန်ပါသဖြင့် သူ့ကို ကျွေးစရာ တစ်ခုလေ့ မဟိ’ ဟု ဆိုသော်၊
LUK 11:7 ထိုသူက ‘အကျွန့်ကို မနှောက်ယှက်ကေ့၊ တန်းခါး ပိတ်ထားဗျာယ်၊ အကျွန်နှင့် အကျွန့် သားသမီးရို့သည် အိပ်ယာဝင် နိန်ဗျာယ်။ အကျွန် ထပြီးလျှင် သင့်ကို တစ်ခုလေ့ မပီးနိုင်’ ဟု အိမ်ထဲက ပြောလိမ့်မည်။
LUK 11:8 ငါပြောမည်၊ မိတ်ဆွီတစ်ဦးအနိန်နှင့် ထပြီး သင့်ကို မပီးကေလည်း၊ ရှက်ကြောက်ခြင်းမဟိဘဲ ဆက်တိုက် တောင်းနိန်သည်ဖြစ်၍ အိမ်သျှင်က ထပြီးလျှင် လိုအပ်သလောက် မုန့်တိကို ပီးလိမ့်မည်။
LUK 11:9 “သင်ရို့ကို ငါပြောမည်။ တောင်းကြလော့၊ တောင်းလျှင် ရကြလိမ့်မည်။ ရှာကြလော့၊ ရှာလျှင် တွိ့ရလိမ့်မည်။ တန်းခါးကို ခေါက်ကြလော့၊ ခေါက်လျှင် တန်းခါးကို ဖွင့်လိမ့်မည်။
LUK 11:10 အကြောင်းမူကား တောင်းသောသူတိုင်း ရလိမ့်မည်၊ ရှာသောသူ တွိ့လိမ့်မည်၊ တန်းခါးကို ခေါက်သောသူအား တန်းခါးကို ဖွင့်ပီးလိမ့်မည်။
LUK 11:11 သင်ရို့၌ အဖဖြစ်သူသည် မိမိသားက ငါးတောင်းသောအခါ မြွီကို ပီးမည်လော။
LUK 11:12 ကြက်ဥ တောင်းစွာကို ကင်းမီးကောက်ကို ပီးမည်လော။
LUK 11:13 သင်ရို့သည် အဆိုးဖြစ်လျက်ပင် သားသမီးရို့အား ကောင်းသောအရာများ ပီးရမည်ကို သိကြလျှင်၊ ထိုမျှမက ကောင်းကင်ဘုံသျှင် အဖသည် တောင်းသောသူရို့အား သန့်ယှင်းသောဝိညာဉ်တော်ကို သာ၍ ပီးတော်မူမည် မဟုတ်လော” ဟု မိန့်တော်မူ၏။
LUK 11:14 ယေသျှုသည် ဆွံ့အသော နတ်ဆိုးကို နှင်ထုတ်တော်မူ၏။ နတ်ဆိုး ထွက်လားပြီးနောက် ဆွံ့အသောသူသည် စကားပြောလေ၏၊ ထို့ကြောင့် လူထုပရိသတ်ရို့သည် အံ့သြကြ၏။
LUK 11:15 သို့သော် လူတချို့က “ဤသူသည် နတ်ဆိုးဘုရင် ဗေလဇေဗုလက ပီးသောတန်ခိုးဖြင့် နတ်ဆိုးတိကို နှင်ထုတ်နိန်သည်” ဟု ဆိုကြ၏။
LUK 11:16 အခြားသော သူရို့က ကောင်းကင်က နိမိတ်လက္ခဏာတစ်ခုကို တောင်းခံ၍ ကိုယ်တော့်ကို စုံစမ်းကြ၏။
LUK 11:17 သို့သော် ယေသျှုသည် ထိုသူရို့၏ အကြံအစည်ကို သိတော်မူသဖြင့်၊ ထိုသူရို့အား “မိမိအတွင်းမှာ ဆန့်ကျင်ကွဲပြားနိန်သော ဇာတိုင်းနိုင်ငံ မဆို ပျက်စီးလားဖို့ရာ ဖြစ်တေ။ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနိန်သော အိမ်ထောင်စု တစ်ခုသည်လည်း ကျဆုံးလားဖို့ရာ ဖြစ်တေ။
LUK 11:18 ယေဇူးနန့် စာတန်၏နိုင်ငံသည်လည်း အချင်းချင်း ဆန့်ကျင်တိုက်ခိုက်နိန်ကြသော အုပ်စုများ ဟိလျှင် ထိုနိုင်ငံသည် ဇာပိုင် ရပ်တည်နိုင်ဖို့လဲ။ သင်ရို့က ငါသည် ဗေလဇေဗုလက ပီးသောတန်ခိုးဖြင့် နတ်ဆိုးတိကို နှင်ထုတ်နိန်သည်ဟု ဆိုကတ်တေ။
LUK 11:19 အကယ်၍ ငါသည် ဗေလဇေဗုလက ပီးသောတန်ခိုးဖြင့် နတ်ဆိုးတိကို နှင်ထုတ်နိန်သည်ဟု ဆိုလျှင်၊ သင်ရို့၏ တပည့်ရို့သည် နတ်ဆိုးကို ဇာပိုင် နှင်ထုတ်ကတ်စွာလဲ။ ယင်းကြောင့် သူရို့သည် မှားယွင်းနိန်ကြောင်းကို သင်ရို့၏တပည့်ရို့က သက်သီပြလျက်ဟိ၏။
LUK 11:20 သို့ရာတွင် ငါသည် ဘုရားသခင်၏လက်တော်ဖြင့် နတ်ဆိုးတိကို နှင်ထုတ်နိန်၏၊ ထို့ကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် သင်ရို့ပါးသို့ ရောက်နိန်ဗျာယ်။
LUK 11:21 “ခွန်အားကြီးသောသူတစ်ယောက်သည် လက်နက်အစုံအလင်နှင့် မိမိအိမ်ကို စောင့်ကြပ်နိန်သောအခါ သူ၏ ဥစ္စာပစ္စည်းများသည် လုံခြုံလျက်ဟိ၏။
LUK 11:22 သို့သော်လည်း သူ့ထက် ခွန်အားကြီးသောသူတစ်ယောက်သည် သူ့ကို တိုက်ခိုက်၍ အနိုင်ရသောအခါ သူသည် ထိုသူအားကိုးသည့် လက်နက်များကို သိမ်းယူပြီး၊ ထိုသူ၏ ဥစ္စာပစ္စည်းတိကိုလည်း ခွဲဝီကြလိမ့်မည်။”
LUK 11:23 “ငါနန့်အတူ မဟိသောသူသည် ငါ့ကို ဆန့်ကျင်သောသူဖြစ်၏။ ငါနန့်အတူ တစ်စုတည်း မဟိသောသူသည်လည်း ဖြန့်ကြဲနိန်သောသူဖြစ်၏” ဟု မိန့်တော်မူ၏။
LUK 11:24 “နတ်ဆိုး တစ်ကောင်သည် လူထဲက ထွက်လားပြီးလျှင် ခြောက်သွိ့သောအရပ်၌ လှည့်လည်ကာ နားခိုရာ ရှာနိန်၏။ ရှာလို့ မတွိ့သောအခါ ‘ငါ ထွက်လာခသည့်အိမ်ကို ပြန်လားရဖို့’ ဟု ဆို၏။
LUK 11:25 ထိုနတ်ဆိုးသည် ထိုအိမ်သို့ ရောက်လာသည့်အခါ အိမ်သည် သန့်ယှင်းလျက်ဟိသည်ကို တွိ့ရ၍၊
LUK 11:26 သူသည် လား၍ မိမိထက် သာ၍ ဆိုးရွားသော တခြားနတ်ဆိုး ခုနစ်ကောင်ကို ခေါ်လာပြီးလျှင် သူရို့သည် ထိုနီရာ၌ ဝင်ရောက် နီထိုင်ကြလေ၏။ ဤသို့ဖြင့် ထိုလူ၏ နောက်မှ ဖြစ်လာသော အခြေအနေသည် ရှိ့က ဖြစ်ခသော အခြေအနေထက် သာ၍ ဆိုးလေ၏” ဟု မိန့်တော်မူ၏။
LUK 11:27 ယေသျှုသည် ဤအကြောင်းအရာကို ဟောပြောနိန်စဉ် လူအုပ်ထဲမှ မိန်းမကြီးတစ်ယောက်က “အသျှင့်ကို မွီးဖွား၍ ပြုစုစောင့်ရှောက်သော မိခင်သည် မင်္ဂလာဟိပါ၏” ဟု ဟစ်အော်ပြောလေ၏။
LUK 11:28 သို့ရာတွင် ယေသျှုက “ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားရ၍ လိုက်နာသောသူသည် သာ၍ မင်္ဂလာဟိ၏” ဟု မိန့်တော်မူလေ၏။
LUK 11:29 လူထုပရိသတ်ရို့သည် များပြားလာကြသောအခါ ယေသျှုက “ဤသူရို့သည် ဆိုးယုတ်သောအမျိုး ဖြစ်ကြ၏၊ သူရို့သည် နိမိတ်လက္ခဏာတစ်ခုကို တောင်းဆိုကြ၏။ ယေဒါလည်း ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး ဇာနိမိတ်လက္ခဏာကိုမှ သူရို့ကို ပြလိမ့်မည် မဟုတ်။
LUK 11:30 ယောနသည် နိနေဝေမြို့သားတိအတွက် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤသူရို့အတွက် နိမိတ်လက္ခဏာ ဖြစ်လိမ့်မည်။
LUK 11:31 တရားစီရင်တော်မူရာ နိ့၌ ယှေဘပြည်က ဘုရင်မသည် ထရပ်ပြီးလျှင် ဤသူရို့ကို ပြစ်ဒဏ်စီရင်လိမ့်မည်။ ဇာကြောင့်ဆိုသော် ယှေဘပြည်က ဘုရင်မသည် သျှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ရန် အလွန်ကွာဝီးလျက်ဟိသောမိမိ၏ တိုင်းပြည်မှ လာရောက်လေ၏။ သျှောလမုန်ထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ဟိ၏။
LUK 11:32 တရားစီရင်တော်မူရာ နိ့ရက်၌ နိနေဝေမြို့သားတိက ထရပ်ပြီး ဤလူတိကို ပြစ်ဒဏ်စီရင်ကြလိမ့်မည်။ ဇာကြောင့်ဆိုသော် ယောနသည် ဟောပြောစဉ်တွင် နိနေဝေမြို့သားတိသည် နောင်တရကြလေ၏။ ယောနထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ဟိ၏ဟု မိန့်တော်မူ၏။
LUK 11:33 “ဆီမီးခွက်ကို ထွန်း၍ တောင်း အောက်၌ ထားလေ့မဟိ၊ ဝင်လာသောသူတိ အလင်းကို မြင်စီခြင်းငှာ မီးတင်ခုံထက်၌သာ တင်ထားလေ့ဟိ၏။
LUK 11:34 သင်၏မျက်စိသည် သင့်ခန္ဓာကိုယ်၏ မီးခွက်ဖြစ်၏။ သင့်မျက်စိကြည်လင်လျှင် သင့်တစ်ကိုယ်လုံးသည်လည်း လင်းလျက်ဟိ၏။ သို့ရာတွင် သင်၏ မျက်စိမကောင်းလျှင်မူကား သင့်တစ်ကိုယ်လုံးသည် မှောင်လျက်ဟိ၏။
LUK 11:35 ထို့ကြောင့် သင်ရို့၌ဟိသော အလင်းသည် အမှောင်မဖြစ်စီဖို့ သတိပြုကတ်ပါ။
LUK 11:36 အကယ်၍ သင့်ခန္ဓာတစ်ကိုယ်လုံးသည် အလင်း၌ ဟိလျှင် မှောင်မိုက်ဟူ၍ မဟိဘဲ ဆီမီးခွက်၏အလင်းသည် လင်းလက်နိန်သကဲ့သို့ သင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လင်းလက်နိန်လိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 11:37 ယေသျှုသည် မိန့်တော်မူပြီးသောအခါ၊ ဖာရိယှဲတစ်ယောက်သည် ကိုယ်တော့်ကို မိမိနှင့်အတူ စားသောက်တော်မူရန် ပင့်ဖိတ်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် သူ၏အိမ်သို့ကြွ၍ စားပွဲ၌ ထိုင်တော်မူ၏။
LUK 11:38 ယေသျှုသည် အစာကို မသုံးဆောင်မှီ လက်ကိုဆီးကြောခြင်း ပြုတော်မမူသည်ကို ဖာရိယှဲသည် မြင်သောအခါ အံ့သြလေ၏။
LUK 11:39 ထို့ကြောင့် သခင်ဘုရားက၊ “သင်ရို့ ဖာရိယှဲတိက လောင်ဗွန်း၊ ခွက်တိကို အပြင်ဖက်၌သာ စင်ကြယ်အောင် ဆီးကြောသော်လည်း အတွင်း၌မူကား သင်ရို့သည် လောဘကြီးခြင်း၊ ဆိုးညစ်ခြင်းများဖြင့် ပြည့်နှက်လျက်ဟိ၏။
LUK 11:40 အချင်းလူမိုက်ရို့၊ အပြင်ဖက်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် အတွင်းဖက်ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။
LUK 11:41 ယေဒါလည်း သင်ရို့၏ လောင်ဗွန်းနှင့် ခွက်တိ၌ဟိသော အရာတိကို ဆင်းရဲသားရို့အား ပီးကမ်းကြလော့။ ထိုသို့ပြုလျှင် အရာအားလုံးသည် သင်ရို့အတွက် သန့်ယှင်းလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 11:42 “ဖာရိယှဲရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် ဟင်းသီးဟင်းရွက်များနှင့် အခြားဆီးဖက်ဝင် အရွက်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ ပီးလှူကြသော်လည်း တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်အား ချစ်ခြင်းတိကို ဥပေက္ခာပြုထားကြ၏။ အခြားအရာတိကို ဥပေက္ခာမပြုဘဲ၊ ဤအရာတိကို ကျင့်သုံးသင့်၏။”
LUK 11:43 “ဖာရိယှဲရို့၊ သင်ရို့သည် အမင်္ဂလာဟိ၏။ သင်ရို့သည် တရားဇရပ်တိ၌ မြင့်မြတ်သောနီရာတိကိုလည်းကောင်း၊ စျီးထဲ၌ ရိုသီစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
LUK 11:44 သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် အမှတ်အသားမဟိသော သင်္ချိုင်းတွင်းနှင့် တူကြ၏။ လူရို့သည် ထိုတွင်းထက်မှ လားလာကြသော်လည်း သင်္ချိုင်းတွင်းမှန်း မသိကြ” ဟု မိန့်တော်မူ၏။
LUK 11:45 ကျမ်းတတ်ဆရာတိထဲမှ တစ်ယောက်က၊ “ဆရာ၊ ဤသို့ မိန့်တော်မူသည်ကား အကျွန်ရို့ကိုလည်း စော်ကားရာ ကျပါ၏” ဟု လျှောက်၏။
LUK 11:46 ယေသျှုကလည်း၊ “ကျမ်းတတ်ဆရာရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ ထမ်းရခက်သော ဝန်ထုပ်တိကို လူတိကို ထမ်းစီပြီးလျှင်၊ သင်ရို့ကိုယ်တိုင်က ထိုဝန်ထုပ်တိကို လက်ဖျားနှင့်တောင် မတို့ကတ်။
LUK 11:47 သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် မိမိရို့အဖိုးအဖီးတိ သတ်ခသော ပရောဖက်တိအတွက် တင့်တယ်သော အုတ်ဂူတိကို တည်ဆောက်ပီးကြ၏။
LUK 11:48 ထို့ကြောင့် သင်ရို့၏ အဖိုးအဖီးတိ ကျူးလွန်ခသောအမှုတိ၌ သင်ရို့က အလိုတူအလိုပါ ဖြစ်ကြ၏။ သင်ရို့ အဖိုးအဖီးရို့က ပရောဖက်တိကိုသတ်ပြီး သင်ရို့က အုတ်ဂူတိကို တည်ဆောက်ပီးကြ၏။
LUK 11:49 ယင်းအတွက်ကြောင့် ဘုရားသခင်သည် မိမိ၏ ဉာဏ်ပညာအားဖြင့် ‘ငါသည် ပရောဖက်တိ၊ တမန်တော်တိကို ဤလူတိပါးသို့ စီရွှတ်မည်။ သူရို့သည်ကား တချို့ကို ညှည်းဆဲပြီးလျှင်၊ တချို့ကို သတ်ကြလိမ့်မည်’ ဟု မိန့်တော်မူ၏။
LUK 11:50 ထို့ကြောင့် အာဗေလမှစ၍ သန့်ယှင်းရာဌာနနှင့် ယဇ်ပလ္လင်ကြားတွင် အသတ်ခံခရသော ဇာခရိအထိ၊ ကမ္ဘာတည်ချိန်မှစပြီး အသတ်ခံခရသော ပရောဖက်ရို့၏ အသွီးကြောင့် ဤလူမျိုးရို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်။ ငါဆိုသည်ကား၊ ဤလူမျိုးရို့သည် ယင်းအမှုအရာအားလုံးအတွက် အပြစ်စီရင်ခြင်းကို ခံရကြလိမ့်မည်။
LUK 11:52 “ကျမ်းတတ်ဆရာရို့၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် အသိပညာအိမ်တန်းခါးကို ဖွင့်သော သော့ကို သိမ်းထားကြပြီးကေ ကိုယ်တိုင်လည်းမဝင်၊ ဝင်ဖို့ကြိုးစားနိန်ကြသော သူရို့ကိုလည်း ဆီးတားထားကြ၏” ဟု မိန့်တော်မူ၏။
LUK 11:53 ထိုအရပ်မှ ယေသျှုသည် ထွက်ကြွတော်မူသောအခါ၊ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့သည် ကိုယ်တော်အား ခါးသီးစွာ ဝေဖန်ပြောဆိုခြင်းကို စတင်ကြလေ၏၊ အကြောင်းအရာ များစွာကိုလည်း မိန်းမြန်းကာ၊
LUK 11:54 နှုတ်တော်ထွက်စကားတွင် အမှားရှာ၍ ဖမ်းဆီးရန် ကြိုးစားကြလေ၏။
LUK 12:1 ထိုအခါ ထောင်ပေါင်းများစွာသော လူရို့သည် စုဝေးလာကြသဖြင့် အချင်းချင်း နင်းမိကြ၏။ ယေသျှုသည် တပည့်တော်ရို့အား ဦးစွာ မိန့်တော်မူသည်မှာ၊ “ဖာရိယှဲရို့၏ တဆီးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်ခြင်းကို သတိပြုကတ်ပါ။
LUK 12:2 ဖုံးထားသောအရာများတွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့် အရာ​တစ်စုံတစ်ခု​မျှ​မ​ဟိ။ ထိမ်ဝှက်ထားသော အရာတိတွင် ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ​လည်း တစ်စုံတစ်ခု​မျှ​မ​။
LUK 12:3 သို့ဖြစ်၍ မှောင်မိုက်၌ သင်ရို့ ပြောသောစကားတိကို အလင်း၌ ကြားကြလိမ့်မည်။ အိမ်ခန်းထဲ၌ သင်ရို့ တီးတိုးပြောသော စကားတိကို အိမ်ခေါင်ထက်မှ ကြွေးကြော်ကြလိမ့်မည်။”
LUK 12:4 “ငါ့အဆွီရို့၊ သင်ရို့ကို ငါဆိုသည်ကား ကိုယ်ခန္ဓာကို သတ်ခြင်းမှတစ်ပါး အခြားတစ်ခုကိုမျှ အန္တရာယ်မပြုနိုင်သူတိကို မကြောက်ကတ်ကေ့။
LUK 12:5 သင်ရို့ ကြောက်သင့်သောသူကို ငါဖော်ပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီး သင်ရို့ကို ငရဲ၌ ချပစ်နိုင်သော တန်ခိုးဟိသည့် ဘုရားသခင်ကို ကြောက်ကြလော့။ မှန်ပါ၏၊ ထိုအသျှင်ကို ကြောက်ရမည်ဟု သင်ရို့အား ငါဆို၏။”
LUK 12:6 “စာချေငါးကောင်ကို ဖဲသာနှစ်ပြားနှင့် ရောင်းရသည် မဟုတ်လော။ သို့ရာတွင် ဘုရားသခင်က စာချေတစ်ကောင်ကိုတောင် မိ့ထားတော်မမူ။
LUK 12:7 သင်ရို့ဂေါင်းက ဆံပင်တိကိုပင် တစ်ခုမကျန် ရီတွက်ထားတော်မူ၏။ ထို့ကြောင့် မကြောက်ကတ်ကေ့။ သင်ရို့က စာငှက်တိထက် သာ၍ မြတ်ကြ၏။”
LUK 12:8 “ငါအမှန်ဆိုသည်ကား၊ ဇာသူမဆို လူတိရှိ့၌ ငါ့အား ဝန်ခံသောသူကို လူသားကလည်း ဘုရားသခင်၏ ကောင်းကင်တမန်တိရှိ့၌ ထိုသူ့ကို ဝန်ခံမည်။
LUK 12:9 ငါ့ကို လူတိရှိ့၌ ငြင်းပယ်သူကို လူသားသည် ဘုရားသခင်၏ ကောင်းကင်တမန်တိရှိ့၌ ထိုသူကို ငါ ငြင်းပယ်မည်။
LUK 12:10 “လူသားကို နှုတ်ဖြင့် ပြစ်မှားသောသူ အားလုံးသည် အပြစ်ခွင့်ရွှတ်ခြင်း ရနိုင်သော်လည်း သန့်ယှင်းသောဝိညာဉ်တော်ကို ပြစ်မှားပြောဆိုသူကား အပြစ်ခွင့်ရွှတ်ခြင်း ရနိုင်လိမ့်မည် မဟုတ်။
LUK 12:11 “လူတိက သင်ရို့ကို တရားဇရပ်တိထဲသို့ လည်းကောင်း၊ အုပ်ချုပ်သူနှင့် အစိုးရအာဏာပိုင်တိရှိ့၌ လည်းကောင်း ခေါ်လားကြသောအခါ ဇာပိုင် ချေပရမည်၊ ဇာပိုင် ပြောဆိုရမည်ကို မစိုးရိမ်ကတ်ကေ့။
LUK 12:12 အကြောင်းမူကား၊ ထိုအချိန်၌ သင်ရို့ ဇာပိုင်ပြောရမည်ဆိုသည်ကို သန့်ယှင်းသောဝိညာဉ်တော်က သွန်သင်တော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 12:13 ပရိသတ်ထဲမှ လူတစ်ယောက်က “ဆရာ၊ အကျွန်၏အဖ ထားခသောအမွီကို အကျွန်အား ခွဲပီးခြင်းငှာ အကျွန့်အစ်ကိုအား မိန့်တော်မူပါ” ဟု ကိုယ်တော့်ကို လျှောက်ထား၏။
LUK 12:14 ယေသျှုကလည်း၊ “အဆွီ၊ ငါ့ကို တရားသူကြီးအဖြစ် လည်းကောင်း၊ သင်ရို့ နှစ်ယောက်ကြားတွင် အမွီခွဲဝီပီးသူအဖြစ် လည်းကောင်း၊ ဇာသူက ခန့်ထားသနည်း” ဟု ပြန်၍ မိန်းတော်မူ၏။
LUK 12:15 ထို့နောက် လူတိအား၊ “လောဘလွန်ကြူးခြင်း အမျိုးမျိုးကို သတိနန့် ယှောင်ကြည်ကြလော့။ အကြောင်းမူကား လူ့အသက်သည် ဥစ္စာပစ္စည်းကြွယ်ဝမှု၌ မတည်” ဟု မိန့်တော်မူ၏။
LUK 12:16 ထို့နောက် ယေသျှုသည် ဤပုံဥပမာကို သူရို့အား၊ “သူဌေးတစ်ဦး၌ မိမိ၏လယ်ယာမှ အသီးအနှံ အများကြီးထွက်သည်ဖြစ်၍၊
LUK 12:17 ‘ငါ၏ သီးနှံတိကို သိုထားဖို့ နီရာမဟိ။ ငါ ဇာပိုင် လုပ်ရမည်နည်း’ ဟု တစ်ယောက်တည်း တွေးတောနိန်၏။
LUK 12:18 ‘ငါ ဤပိုင်လုပ်မည်၊ စပါးရိုင် အဟောင်းတိကို ဖျက်၍ ပို၍ ကြီးသော စပါးရိုင်ကြီးတိကို တည်ဆောက်မည်။ ငါ၏ဂျုံစပါးတိနှင့် အခြားအသီးအနှံတိကို ရိုင်သစ်ကြီး၌ သိုထားမည်။
LUK 12:19 သို့ဖြစ်၍ သင်သည် နှစ်ပေါင်းများစွာ စားသောက်ဖို့ သီးနှံတိကို သိုထားပြီဖြစ်၍ စိတ်ချမ်းသာစွာ နီထိုင်လော့။ စားသောက်ပျော်ပါးပြီးလျှင် ပျော်ရွှင်စွာနီထိုင်လော့’ ဟု ငါ့ကိုငါ ပြောမည်ဟု ဆို၏။
LUK 12:20 သို့သော် ဘုရားသခင်က ‘အသင် လူမိုက်၊ ဤည၌ သင့်၏အသက် ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍ သင်စုဆောင်းထားသော ဥစ္စာပစ္စည်းတိက ဇာသူ့ ဥစ္စာ ဖြစ်လိမ့်မည်နည်း’” ဟု မိန့်တော်မူ၏။
LUK 12:21 ယေသျှုက၊ “မိမိအဖို့ ဥစ္စာများကို သိုထားသော်လည်း ဘုရားသခင်၏ ရှိ့တော်မှောက်၌ ကြွယ်ဝခြင်း မဟိသောသူသည် အဆိုပါ သူဌေးနှင့် တူ၏” ဟု မိန့်တော်မူ၏။
LUK 12:22 ထို့နောက် ယေသျှုကလည်း တပည့်တော်ရို့အား၊ “ယင်းအတွက်ကြောင့် ငါဆိုသည်ကား၊ သင်ရို့သည် အသက်ရှင်ဖို့အတွက် ဇာပိုင် စားရဖို့လဲ ဆိုပြီးကေ မစိုးရိမ်ကတ်ကေ့။ ကိုယ်ခန္ဓာအတွက် ဇာပိုင် ဝတ်ရမည် ဆိုသည်ကိုလည်း မစိုးရိမ်ကတ်ကေ့။
LUK 12:23 အကြောင်းမူကား အစာထက် အသက်က သာ၍ အရေးကြီးသကဲ့သို့ အဝတ်ထက် ခန္ဓာက သာ၍ အရေးကြီး၏။
LUK 12:24 တောကျီးကန်းတိကို ကြည့်ရှု ဆင်ခြင်ကြလော့။ သူရို့သည် မျိုးစိ့မကြဲ၊ အသီးနှံတိကို မရိတ်မသိမ်း။ သိုထားစရာ အခန်းတိ၊ စပါးရိုင်တိမဟိ။ သို့သော်လည်း သူရို့တိကို ဘုရားသခင် ကျွေးမွေးတော်မူ၏။ သင်ရို့က ငှက်တိထက် အများကြီး မြတ်သည် မဟုတ်လော။
LUK 12:25 ဇာသူက စိုးရိမ်ခြင်းအားဖြင့် မိမိ၏ အသက်ကို အနည်းချေလောက် ပို၍ ရှည်စီနိုင်သနည်း။
LUK 12:26 ဤသို့ သေးငယ်သောအမှုကိုတောင် မတတ်နိုင်လို့ဟိလျှင် ဇာဖြစ်လို့ အခြားအမှုတိအတွက် စိုးရိမ်ကြသနည်း။
LUK 12:27 တောနှင်းပင်တိ ဇာပိုင် ကြီးထွားလာလဲ ဆိုသည်ကို ကြည့်ရှုဆင်ခြင်ကတ်ပါ။ ထိုပန်းပင်တိသည် အလုပ်မလုပ်၊ ခြည်ဖြစ်စီဖို့အတွက် ဗိုင်းမငင်။ သို့သော်လည်း ဘုန်းကြီးသော သျှောလမုန်မင်းကြီးတောင် ထိုပန်းကဲ့သို့ မဝတ်ဆင်နိုင်ဟု ငါပြောဆို၏။
LUK 12:28 ယုံကြည်ခြင်း အားနည်းသောသူရို့၊ ဤနိ့ အသက်ရှင်ပြီးလျှင် နက်ဖြန်ခါ မီးဖိုထဲသို့ ရောက်သည့်မြက်ပင်ကို ဘုရားသခင်သည် ဤလောက်ထိ အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင် သင်ရို့ကို ဤထက်မက အဝတ်နှင့် ဝတ်ဆင်ပီးတော်မူလိမ့်မည် မဟုတ်လော။
LUK 12:29 “ထို့ကြောင့် ဇာပိုင်စားရဖို့၊ သောက်ရဖို့လဲ ဆိုပြီးလျှင် စိုးရိမ်ပူပန်မှု မဟိကတ်ကေ့။
LUK 12:30 ထိုအရာတိကို သာသနာပလူတိကသာ ရှာဖွီတတ်ကြ၏။ ထိုအရာတိကို သင်ရို့ လိုအပ်ကြောင်း သင်ရို့အဖ သိတော်မူ၏။
LUK 12:31 သင်ရို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာတိကိုလည်း ထပ်၍ ပီးတော်မူလိမ့်မည်။”
LUK 12:32 သိုးစုချေ၊ မကြောက်ကတ်ကေ့။ အကြောင်းမူကား သင်ရို့အဖသည် သင်ရို့အား နိုင်ငံတော်ကိုပီးဖို့ အလိုဟိ၏။
LUK 12:33 သင်ရို့၌ ဟိသည့် အရာအားလုံးကို ရောင်း၍ ဆင်းရဲသားတိကို ပီးကမ်းစွန့်ကြဲလော့။ မဆွီးနိုင်သော ဖဲသာအိတ်တိကို ဆောင်ကြလော့။ သူခိုး မကပ်၊ ပိုးရွလည်း မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သော ဘဏ္ဍာကို ဆည်းပူးကြလော့။
LUK 12:34 အကြောင်းမူကား သင်ရို့၏ ဘဏ္ဍာဟိသောအရပ်၌ သင်ရို့၏ စိတ်နှလုံးရောက်ကြ၏။
LUK 12:35 “သင်ရို့သည် ခါးကိုစည်းပြီး၊ မီးခွက်တိကိုထွန်း၍ အဆင်သင့် ဟိနိန်ကြလော့။
LUK 12:36 မိမိရို့သခင်က မင်္ဂလာဆောင်ပွဲမှ ပြန်လာသောအခါ တန်းခါးကိုခေါက်လျှင် ချက်ချင်းဖွင့်ပီးရန် စောင့်မျှော်နိန်ကြသော အခိုင်းအစီကဲ့သို့ ဖြစ်ကြလော့။
LUK 12:37 ထိုအခိုင်းအစီတိ စောင့်မျှော်နိန်ကြသည်ကို သခင်ပြန်ရောက်ချိန်၌ တွိ့ရလျှင် ယင်းအခိုင်းအစီရို့သည် မင်္ဂလာဟိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းကိုစည်းပြီးလျှင် အခိုင်းအစီတိကို စားပွဲ၌ ထိုင်ခိုင်းစီပြီး ကျွေးမွေးလိမ့်မည်။
LUK 12:38 သခင်သည် သန်းခေါင်အချိန်၌ ဖြစ်စီ၊ မိုးသောက်အချိန်၌ ဖြစ်စီ ကြွလာသောအခါ၊ စောင့်မျှော် နိန်ကြသော အခိုင်းအစီရို့သည် မင်္ဂလာဟိကြ၏။
LUK 12:39 အိမ်သျှင်သည် သူခိုးလာမည့်အချိန်ကို သိထားလျှင် မိမိအိမ်ကို သူခိုး ဖောက်ထွင်းခံလိမ့်မည် မဟုတ်ကြောင်း သိမှတ်ကြလော့။
LUK 12:40 သင်ရို့သည်လည်း အသင့်ပျင်ဆင်ထားကြလော့။ အကြောင်းမူကား လူသားသည် သင်ရို့ မထင်မှတ်ထားသောအချိန်၌ ကြွလာလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 12:41 ပေတရုက “အသျှင်၊ ဤဥပမာကို အကျွန်ရို့အတွက် မိန့်တော်မူပါသလော။ သို့မဟုတ် လူတိုင်းအတွက် မိန့်တော်မူသလော” ဟု မိန်းလျှောက်လျှင်၊
LUK 12:42 သခင်ဘုရားက၊ “သခင်သည် အခိုင်းအစီတိကို အုပ်ချုပ်ရန်နှင့် အချိန်တန်လျှင် အစားအသောက်တိကို ခွဲဝီပီးစီခြင်းငှာ ခန့်ထားသည့် သစ္စာဟိပြီး လိမ္မာသော အခိုင်းအစီကား ဇာသူလဲ။
LUK 12:43 ထိုအရာကို ကောင်းစွာ ပြုနိန်သည်ကို သူ၏သခင် ပြန်လာချိန်၌ တွိ့ရလို့ဟိလျှင် ထိုအခိုင်းအစီသည် မင်္ဂလာဟိ၏။
LUK 12:44 သင်ရို့အား ငါအမှန်ဆိုသည်ကား၊ သခင်သည် ကိုယ့်ဥစ္စာဟိသမျှတိကို စီမံအုပ်ချုပ်ဖို့ ထိုအခိုင်းအစီကို အပ်လိမ့်မည်။
LUK 12:45 သို့သော်လည်း၊ ထိုအခိုင်းအစီက၊ ‘ငါ့သခင် ပြန်လာဖို့ ကြာဖို့သိမ့်’ ဟု စိတ်ထဲ၌ အောက်မိ့ပြီးလျှင် အခိုင်းအစီ ယောက်ျား၊ မိန်းမတိကို သတ်ပုတ်၍ သောက်စားမူးယစ် နိန်၏။
LUK 12:46 ထိုသူ ထင်မထားသောနိ့၊ မသိသောအချိန်တွင် သခင်သည် ပြန်လာပြီးလျှင် ထိုကျွန်ကို ပြင်းထန်စွာ ဆုံးမ၍ သစ္စာမဟိသူရို့ လားရာ ပျက်စီးခြင်းလမ်း၌ နီရာကျလိမ့်မည်။
LUK 12:47 “သခင်၏အလိုကို သိလျက်နှင့် အဆင်သင့်မထား၊ သခင်၏ အလိုအတိုင်း မလုပ်ဆောင်ဘဲနိန်သော အခိုင်းအစီသည် ပြင်းစွာသော ကြိမ်ဒဏ်ဖြင့် အပြစ်ပီး ခံရလိမ့်မည်။
LUK 12:48 သို့သော်လည်း သခင်၏ အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ခံရမည့်အမှုကို ပြုသော အခိုင်းအစီကား ကြိမ်ဒဏ်အပြစ် အနည်းချေကိုသာ ခံရမည်။ ကျေးဇူးပြုခြင်း များစွာခံရသောသူသည်၊ များစွာပီးဆပ်ရမည်။ သာ၍ များသော ကျေးဇူးကို ခံရသောသူကား သာ၍ များသည့်အရာကို ပီးရလိမ့်မည်။
LUK 12:49 “ဤမြီကြီးကို မီးလောင်စီခြင်းငှာ ငါလာ၏။ မီးလောင်စီခြင်းငှာလည်း အလိုဟိ၏။
LUK 12:50 ငါခံရမည့် ဗတ္တိဇံတစ်ပါးဟိ၏။ ထိုအမှုကို မဆောင်ရွက်မချင်း ငါသည် စိတ်ဒုက္ခရောက်ရ၏။
LUK 12:51 ဤလောကကို ငြိမ်သက်ခြင်းပီးရန် ငါလာသည်ဟု ထင်ကြသလော။ ထိုသို့ မဟုတ်၊ ကွဲပြားစီခြင်းငှာ ငါလာခြင်း ဖြစ်၏။
LUK 12:52 ယခုမှစ၍ ငါးယောက်ဟိသော မိသားစု၌ သုံးယောက်သည် နှစ်ယောက်ကိုလည်းကောင်း၊ နှစ်ယောက်သည် သုံးယောက်ကိုလည်းကောင်း ဆန့်ကျင်ကြ၍ ကွဲပြားလိမ့်မည်။
LUK 12:53 အဖသည် သားကိုလည်းကောင်း၊ သားသည် အဖကိုလည်းကောင်း၊ အမိသည် သမီးကိုလည်းကောင်း၊ သမီးသည် အမိကိုလည်းကောင်း၊ ယောက္ခမသည် ခြုပ်မကိုလည်းကောင်း၊ ခြုပ်မသည်လည်း ယောက္ခမကိုလည်းကောင်း အချင်းချင်း ဆန့်ကျင်၍ ကွဲပြားလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 12:54 ထို့နောက် ကိုယ်တော်သည်၊ “အနောက်အရပ်မှ မိုးတိမ် တက်လာသည်ကိုမြင်လျှင် ‘မိုးရွာဖို့ဗျာယ်’ ဟု ချက်ချင်း ပြောတတ်ကြ၏။ သင်ရို့ ပြောသည်အတိုင်းလည်း ဖြစ်တတ်၏။
LUK 12:55 တောင်လီ လာသောအခါ နီပူလိမ့်မည်ဟု သင်ရို့ ပြောတတ်ကြ၏။ သင်ရို့ ပြောသည်အတိုင်းလည်း ဖြစ်တတ်၏။
LUK 12:56 သူတော်ကောင်းယောင်ဆောင်သောသူရို့၊ သင်ရို့တိက မိုး၊ မြီ အရိပ်အခြေကို ကြည့်၍ ရာသီဥတုအခြေအနေကို ပိုင်းခြား သိနိုင်ကြပါလျက်နှင့် အဂုခေတ်ကာလကို ဇာဖြစ်လို့ ပိုင်းခြား၍ မသိနိုင်ကြသနည်း။
LUK 12:57 “ထိုမှတစ်ပါး မှန်သောအမှုကိုပြုရန် ဇာကြောင့် သင်ရို့ကိုယ်တိုင် မဆင်ခြင်ကြသနည်း။
LUK 12:58 သင်၏ တရားတွိ့ဖက်နှင့်အတူ တရားသူကြီးပါးသို့ လားကြသောအခါ လမ်း၌ သူနန့် ကြေအီးအောင် ဆွေးနွေးကြလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးရှိ့သို့ ဆွဲခေါ်လားလိမ့်မည်။ တရားသူကြီးကလည်း သင့်ကို မင်းမှုထမ်းလက်၌ အပ်လိမ့်မည်။ မင်းမှုထမ်းကလည်း သင့်ကို ထောင်ချလိမ့်မည်။
LUK 12:59 လျော်ပီး ငွီအားလုံး မပီးမချင်း သင်သည် ထိုနီရာ၌ နီရလိမ့်မည်ဟု ငါဆိုသည်” ဟု ပရိတ်သတ်ရို့အား မိန့်တော်မူ၏။
LUK 13:1 ထိုအချိန်၌ လူတချို့သည် ယေသျှုထံပါးသို့လာ၍ ပိလတ်မင်းသည် ဂါလိလဲလူရို့၏ အသွီးကို သူရို့ပူဇော်နိန်သော ယဇ်တိနှင့် ရောနှောခကြောင်းကို လျှောက်ထားကြ၏။
LUK 13:2 ယေသျှုက “သူရို့သည် ထိုကဲ့သို့ အသီသတ်ခံရ၍ အခြားသော ဂါလိလဲလူတိထက် ပိုပြီး အပြစ်များသည်ဟု သင်ရို့ ထင်ကြသလော။
LUK 13:3 သင်ရို့အား ငါဆိုသည်ကား၊ သူရို့က သာ၍ အပြစ်များသည် မဟုတ်။ သင်ရို့လည်း နောင်တမရလျှင် ထိုသူရို့နည်းတူ သီကြီပျက်စီးလိမ့်မည်။
LUK 13:4 သျှိလောင်းပြအိုး ပြိုကျသဖြင့် ပိ၍ သီသောသူ တစ်ဆယ့်သျှစ်ယောက်သည် အခြားသော ယေရုဆလင်မြို့၌ နီထိုင်သော လူတိထက် ပိုပြီး အပြစ်များသည်ဟု သင်ရို့ ထင်ကြသလော။
LUK 13:5 ထိုသို့ မဟုတ်။ သင်ရို့အား ငါဆိုသည်ကား၊ သင်ရို့အားလုံးလည်း နောင်တမရလျှင် ထိုသူရို့ကဲ့သို့ သီကြီပျက်စီးလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 13:6 ယေသျှုသည် လူအပေါင်းရို့အား ပုံဥပမာကိုဆောင်၍၊ “လူတစ်ယောက်သည် စပျစ်ဥယျာဉ်ထဲ၌ သင်္ဘောသဖန်းပင်တစ်ပင်ကို စိုက်ပျိုးထား၏။ ဥယျာဉ်သျှင်သည် သဖန်းပင်အနားကို လား၍ အသီးကိုရှာသော်လည်း အသီးကိုမတွိ့ရ။
LUK 13:7 ထို့ကြောင့် ဥယျာဉ်မှူးအား ‘ငါသည် ဤသဖန်းပင်သို့ လာ၍ သဖန်းသီးရှာသည်မှာ သုံးနှစ်တောင်ဟိဗျာယ်။ ယေဒါလေ့ တစ်လုံးတောင် မတွိ့ရ။ ဤသစ်ပင်ကို ခွတ်ပလိုက်၊ ဇာဖြစ်လို့ မြီဆီလွှာကို အကျိုးမဟိ ဖြစ်စီဖို့လဲ’ ဟု ဆို၏။
LUK 13:8 ထိုအခါ ဥယျာဉ်မှူးက ‘ဆရာ၊ ထိုအပင်ကို ဤနှစ် တစ်နှစ်ထားပါဦး။ အပင်အရင်းကိုတူးဆွ၍ မြီသြဇာ ထည့်ပါဦးမည်။
LUK 13:9 ထိုသို့ပြုလျှင် နောင်နှစ်ခါ အသီးသီးကောင်း သီးပါလိမ့်မည်။ အသီးမသီးခသည်ဟိသော် ခွတ်ပလိုက်ပါမည်’ ဟု ပြန်လျှောက်လေ၏” ဟု မိန့်တော်မူ၏။
LUK 13:10 တစ်နိ့သော ဥပုသ်နိ့၌ ယေသျှုသည် တရားဇရပ်တစ်ခုတွင် ဟောပြောသွန်သင်လျက်ဟိရာ၊
LUK 13:11 တစ်ဆယ့်သျှစ်နှစ်ပတ်လုံး နတ်ဆိုးပူး၍ ရောဂါနှိပ်စက်ခြင်းကို ခံနိန်ရသော မိန်းမတစ်ယောက်ဟိ၏။ သူမသည် ကျောကုန်း၍ မိမိခါးကို လုံးဝမဆန့်နိုင်။
LUK 13:12 ယေသျှုသည် သူမကို မြင်သောအခါ အထံတော်သို့ ခေါ်တော်မူလျက်၊ “အချင်းမိန်းမ၊ သင်၏ရောဂါမှ လွတ်မြောက်ဗျာယ်” ဟု မိန့်တော်မူ၏။
LUK 13:13 ကိုယ်တော်သည် သူမ၏အထက်၌ လက်ကို တင်တော်မူသဖြင့် သူမသည် ချက်ချင်းပင် ခါးဆန့်လားပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
LUK 13:14 ထိုသို့ ဥပုသ်နိ့၌ ယေသျှုသည် အနာရောဂါကို ပျောက်ကင်းစီတော်မူ၍ တရားဇရပ်မှူးသည် စိတ်ဆိုးသဖြင့် “အလုပ်လုပ်ရသောရက် ခြောက်ရက်ဟိ၏။ ထိုနိ့တိ၌ လာပြီး ရောဂါပျောက်ကင်းခြင်း ကျေးဇူးကို ခံယူကတ်ပါ။ ဥပုသ်နိ့၌ကား မလုပ်ကတ်ပါကေ့” ဟု လူတိအား ဆို၏။
LUK 13:15 သခင်ဘုရားက၊ “သူတော်ကောင်းယောင်ဆောင်သောသူတိ၊ သင်ရို့သည် ဥပုသ်နိ့၌ သင်ရို့၏ နွားတိ၊ မြည်းတိကို တင်းကုတ်က ကြိုးကို ဖြီပြီးလျှင် ရီတိုက်ဖို့ ခေါ်ယူလားကြသည် မဟုတ်လော။
LUK 13:16 အဂုတွင် အာဗြဟံ၏သမီးဖြစ်သည့် ဤမိန်းမသည် တစ်ဆယ့်သျှစ်နှစ်ပတ်လုံး စာတန်၏တုပ်နှောင်ခြင်းကို ခံနိန်ရ၏။ သူမကို ဥပုသ်နိ့၌ ထိုတုပ်နှောင်ခြင်းမှ မလွှတ်အပ်သလော” ဟု မိန့်တော်မူ၏။
LUK 13:17 ဤသို့ မိန့်တော်မူလိုက်သောအခါ ကိုယ်တော့်ကို ရန်ဖက်ပြုသူရို့သည် အရှက်ရကြ၏။ လူထုပရိတ်သတ် အပေါင်းရို့သည် ကိုယ်တော်ပြုတော်မူသော အံ့သြစရာများကြောင့် ရွှင်လန်းဝမ်းမြောက်ကြ၏။
LUK 13:18 ယေသျှုက၊ “ဘုရားသခင်၏ နိုင်ငံတော်သည် ဇာနန့်တူသလဲ၊ ဇာချင့်နှင့် နှိုင်းပြရဖို့လဲ ဟူမူကား၊
LUK 13:19 ဤသို့သော အရာနှင့်တူ၏။ လူတစ်ယောက်သည် မုံညှင်းစိ့ကိုယူ၍ မိမိဥယျာဉ်၌ စိုက်လေ၏။ ထိုအစိ့သည် အပင်ပေါက်လာ၍ ကြီးထွားပြီးလျှင် အပင်ကြီးဖြစ်လာပြီး အကိုင်းအခက်တိတွင် ငှက်တိ အသိုက်လုပ်နိန်ကြ၏” ဟု မိန့်တော်မူ၏။
LUK 13:20 တဖန် ယေသျှုက၊ “ဘုရားသခင်၏ နိုင်ငံတော်ကို ဇာအရာနှင့် နှိုင်းပြရဖို့လဲ။
LUK 13:21 မိန်းမတစ်ယောက်သည် တဆီးအချို့ကိုယူပြီး မုန့်မှုန့်သုံးစိတ်၌ ရောထည့်လိုက်သောအခါ မုန့်မှုန့်အားလုံးကို ဖောင်းပွစီသော တဆီးနန့် တူ၏” ဟု မိန့်တော်မူ၏။
LUK 13:22 ထို့နောက် ယေသျှုသည် မြို့ရွာများကို လှည့်လည်၍ လူအပေါင်းရို့အား ဟောပြောသွန်သင်တော်မူလျက် ယေရုဆလင်မြို့သို့ ကြွတော်မူ၏။
LUK 13:23 လူတစ်ယောက်က၊ “အသျှင်ဘုရား၊ ကယ်တင်ခြင်း ခံရသူရို့သည် အရီအတွက်အားဖြင့် နည်းပါ၏လော့” ဟု မိန်းလျှောက်ကြ၏။ ယေသျှုက ထိုသူရို့အား၊
LUK 13:24 “သင်ရို့သည် ကျဉ်းမြောင်းသော တန်းခါးပေါက်သို့ ဝင်ဖို့ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား လူများစွာရို့သည် ဝင်ဖို့ ကြိုးစား နိန်ကြသော်လည်း မတတ်နိုင်ကတ်။
LUK 13:25 အိမ်သျှင်သည်ထ၍ တန်းခါးကို ပိတ်လိုက်ခါမှ၊ သင်ရို့သည် အိမ်အပြင်မှရပ်၍ တန်းခါးကိုခေါက်လျက် ‘ဆရာ၊ အကျွန်ရို့ကို တန်းခါး ဖွင့်ပီးတော်မူပါ’ ဟု တောင်းလျှောက်သော်လည်း၊ အိမ်သျှင်က၊ ‘သင်ရို့တိ ဇာကလာလဲ ဆိုစွာကို ငါမသိ’ ဟု ဆိုလိမ့်မည်။
LUK 13:26 ထိုအခါ သင်ရို့က၊ ‘အကျွန်ရို့သည် အသျှင်နန့်အတူ စားသောက်ခပါ၏။ ကိုယ်တော်သည် အကျွန်ရို့မြို့၌လည်း ဟောပြောခပါ၏။’
LUK 13:27 ယေဒါလေ့ အိမ်သျှင်က၊ ‘သင်ရို့ ဇာကလာသည်ကို ငါမသိ၊ မတရားသောလူတိ ငါ့နားက ထွက်လားကတ်’ ဟု ပြန်၍ ပြောလိမ့်မည်။
LUK 13:28 အဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းရို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ရောက်ခသည်ကို မြင်လျက်ပင် သင်ရို့သည် အပြင်ဖက်ကို နှင်ထုတ်ခြင်းခံရသောအခါ ငိုကြွီးခြင်း၊ အံသွားခဲကြိတ်ခြင်း ဟိကြလိမ့်မည်။
LUK 13:29 လူရို့သည် အရှိ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ လာ၍ ဘုရားသခင်၏ နိုင်ငံတော်ပွဲ၌ ဝင်ကြရလိမ့်မည်။
LUK 13:30 ထိုအခါ အဂု နောက်ကျသောလူတိသည် အယင်ကျပြီး အယင်ကျသော လူတိ နောက်ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 13:31 ထိုအချိန်တွင် ဖာရိယှဲတချို့သည် ယေသျှုထံပါးကို လာပြီးလျှင်၊ “ဟေရုဒ်သည် ကိုယ်တော့်ကို အသီသတ်လိုသည် ဖြစ်၍ ဤအရပ်မှ ထွက်လားပြီး အခြားသော အရပ်သို့ ကြွတော်မူပါ” ဟု ကိုယ်တော့်ကို လျှောက်ကြ၏။
LUK 13:32 ယေသျှုက “ငါသည် ဤနိ့နှင့် နက်ဖြန်နိ့၌ နတ်ဆိုးတိကို နှင်ထုတ်ပြီးလျှင် အနာရောဂါတိကို ပျောက်စီမည်။ သုံးရက်မြောက်သော နိ့၌ကား ငါ့အလုပ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း၊ လား၍ ထိုမြီခွီးကို ပြောလော့။
LUK 13:33 သို့သော်လည်း ဤနိ့၊ နက်ဖြန်၊ သန်ဘက်ခါနိ့တိ၌ ငါခရီးလားရဦးမည်။ ပရောဖက်ဟူသည် ယေရုဆလင်မြို့မှတစ်ပါး အခြားအရပ်၌ အသီမခံရ။
LUK 13:34 “အို၊ ယေရုဆလင်မြို့၊ ယေရုဆလင်မြို့၊ သင်သည် ပရောဖက်တိကို အသီသတ်သည့်မြို့၊ ဘုရားသခင် ရွှတ်လိုက်သော တမန်တိကိုလည်း ကျောက်ခဲနန့် ပစ်သည့်မြို့၊ ကြက်မက ကြက်ချေတိကို မိမိအတောင် အောက်၌ စုသိမ်းထားသကဲ့သို့ ငါလည်း သင်၏လူတိကို စုသိမ်းထားလိုသည်မှာ အကြိမ်ပေါင်း များလီဗျာယ်။ သို့သော်လည်း သင်ကား ငါ့ကို ဤသို့ မပြုစီချင်။
LUK 13:35 သို့ဖြစ်၍ သင်ရို့၏ ဗိမာန်ကို ဘုရားသခင် စွန့်တော်မူလိမ့်မည်။ သင့်အား ငါဆိုသည်ကား၊ ‘ဘုရားသခင်၏ နာမတော်နှင့် ကြွလာတော်မူသော အသျှင်သည် မင်္ဂလာဟိစီသတည်း’ ဟု သင်မြွက်ဆိုသည့် နိ့မတိုင်ခင် သင်သည် ငါ့ကို မြင်ရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
LUK 14:1 ဥပုသ်နိ့တစ်နိ့၌ ယေသျှုသည် အစားအစာ သုံးဆောင်တော်မူရန် ဖာရိယှဲ အကြီးအကဲတစ်ဦး၏ အိမ်သို့ ဝင်တော်မူ၏။ ထိုအခါ လူအပေါင်းရို့သည် ယေသျှုကို အနီးကပ် စောင့်ကြည့်နိန်ကြ၏။
LUK 14:2 လက်နှင့်ခြီတွင် ရီဖျဉ်းနာ စွဲနိန်သူတစ်ယောက်သည် ယေသျှု၏ရှိ့တော်၌ ဟိ၏။
LUK 14:3 ထိုအခါ ယေသျှုကလည်း “ဥပုသ်နိ့၌ အနာပျောက်ကင်းခြင်းသည် တရားတော်နန့် ညီသလော၊ မညီသလော” ဟု ကျမ်းတတ်ဆရာရို့နှင့် ဖာရိယှဲရို့ကို မိန်းတော်မူ၏။
LUK 14:4 သို့သော်လည်း သူရို့သည် တိတ်တိတ်နိန်ကြ၏။ ယေသျှုက လူနာကိုခေါ်လျက် ရောဂါကို ပျောက်စီပြီးလျှင် သူအား ပြန်လားစီတော်မူ၏။
LUK 14:5 ထို့နောက် ကိုယ်တော်က “သင်ရို့အထဲက ဇာသူမဆို ကိုယ့်သားဖြစ်စီ၊ နွားဖြစ်စီ ဥပုသ်နိ့၌ ရီတွင်းထဲသို့ ကျလားခလျှင် ချက်ချင်းမဆွဲတင်ဘဲ နိန်ကြမည်လော့” ဟု မိန်းတော်မူ၏။
LUK 14:6 သို့သော်လည်း သူရို့သည် ဤအကြောင်းအရာနှင့်ပတ်သတ်၍ အဖြေမပီးနိုင်ကြပေ။
LUK 14:7 ခေါ်ဖိတ်ထားသော သူရို့သည် အကောင်းဆုံးသော နီရာများ ရွီးချယ်နိန်ကြကြောင်းကို ယေသျှုသည် သတိထားမိ့တော်မူသောအခါ၊ ထိုသူရို့အား ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူသည်ကား၊
LUK 14:8 “သင်သည် မင်္ဂလာဆောင်ပွဲ၌ ဖိတ်ခေါ်ခြင်းခံရသောအခါ အကောင်းဆုံးသောနီရာတွင် မထိုင်ကေ့။ မထင်မှတ်ဘဲ သင့်ထက် ဂုဏ်အသရေဟိသော လူတစ်ယောက်ကို ဖိတ်ခေါ်ထားလို့ဟိလျှင်၊
LUK 14:9 သင်ရို့နှစ်ဦးလုံးကို ဖိတ်ခေါ်ထားသော ပွဲသျှင်သည် သင်ရို့ပါးကိုလာပြီး ‘ဤသူ့ကို နီရာပီးလိုက်ပါ’ ဟု ပြောလိမ့်မည်။ ထိုအခါ သင်သည် အရှက်ရပြီး အနိမ့်ဆုံးနီရာတွင် ထိုင်ရလိမ့်မည်။
LUK 14:10 ထို့ကြောင့် သင်သည် ဖိတ်ခေါ်ခြင်းကို ခံရလျှင် လားပြီး အနိမ့်ဆုံးနီရာ၌ ထိုင်ပါ။ ထိုသို့ ထိုင်လို့ဟိလျှင် ပွဲသျှင်သည်လာ၍ ‘အဆွီ၊ ကောင်းသောနီရာသို့ ကြွပါ’ ဟု သင့်အား ဆိုလိမ့်မည်။ ထိုအခါ သင်သည် ဖိတ်ထားခံရသော လူတိရှိ့၌ ဂုဏ်သရေ ဟိလိမ့်မည်။
LUK 14:11 အကြောင်းမူကား ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူရို့သည် နှိမ့်ချခြင်းကို ခံရပြီး ကိုယ့်ကိုကိုယ် နှိမ့်ချသောသူရို့သည် ချီးမြှောက်ခြင်း ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 14:12 ထို့နောက် ယေသျှုက အိမ်သျှင်အား၊ “သင်သည် မိုးသောက်စာဖြစ်စီ၊ ညစာဖြစ်စီ ကျွေးမွေးဖို့လုပ်သောအခါ အဆွီခင်ပွန်း၊ ညီအစ်ကို၊ ဆွီမျိုးတိ၊ ချမ်းသာသော အိမ်နီးချင်းတိကို မဖိတ်ခေါ်ကေ့။ ဖိတ်ခေါ်ခကေကား သင့်ကို ပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။
LUK 14:13 သို့သော် သင်သည် ဧည့်ခံပွဲ ပြုလုပ်သောအခါ၌ ဆင်းရဲသူ၊ မသန်စွမ်းသူ၊ ဒုက္ခိတ၊ မျက်ကန်းတိကို ဖိတ်ခေါ်လော့။
LUK 14:14 ထိုသို့ ဖိတ်ခေါ်လျှင် သင်သည် မင်္ဂလာဟိလိမ့်မည်။ အကြောင်းမူကား သူရို့သည် သင့်ကို ပြန်ပြီး ကျေးဇူးမဆပ်နိုင်သဖြင့် ဖြောင့်မတ်သောသူရို့၏ ရှင်ပြန်ထမြောက်သော နိ့၌ သင်သည် ကျေးဇူးဆပ်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 14:15 ယေသျှုနှင့်အတူ စားပွဲ၌ထိုင်နိန်သော လူတစ်ယောက်သည် စကားတော်ကိုကြားလျှင် ယေသျှုအား၊ “ဘုရားသခင်၏ နိုင်ငံတော်၌ ပွဲဝင်ရသောသူသည် မင်္ဂလာဟိပါ၏” ဟု လျှောက်၏။
LUK 14:16 ယေသျှုကလည်း၊ “လူတစ်ယောက်သည် ကျွေးမွေးဧည့်ခံပွဲကြီးကို ကျင်းပရန် လူအများကြီးကို ခေါ်ဖိတ်ခလေ၏။
LUK 14:17 ပွဲခံချိန်ရောက်သောအခါ ဖိတ်ခေါ်ထားသော လူတိပါးကို အခိုင်းအစီတစ်ယောက်အား ရွှတ်လိုက်ပြီးလျှင် ‘လာကတ်ပါ၊ အားလုံးအဆင်သင့် ဖြစ်နိန်ဗျာယ်’ ဟု ပြောကြားစီ၏။
LUK 14:18 သို့သော်လည်း သူရို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခွင့်တောင်းကြ၏။ ပထမလူက ‘အကျွန်သည် လယ်တစ်ကွက် ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို လား၍ ကြည့်ခြင်းငှာ အကျွန့်ကို ခွင့်ပီးဖို့ တောင်းပန်ပါ၏’ ဟု ဆို၏။
LUK 14:19 နောက်တစ်ယောက်က ‘အကျွန်က နွားငါးရှဉ်းကို ဝယ်ထားလို့ လားပြီး ကျင့်ခိုင်းရပါမည်၊ အကျွန့်ကို ခွင့်ပီးဖို့ တောင်းပန်ပါ၏’ ဟု ဆို၏။
LUK 14:20 အခြားတစ်ယောက်က ‘အကျွန်က အဂု အိမ်ထောင်ပြုခါစဖြစ်လို့ မလာနိုင်ပါ’ ဟု ဆို၏။
LUK 14:21 အခိုင်းအစီသည် မိမိသခင်ထံပါးသို့ ပြန်လာပြီးလျှင် ထိုအကြောင်းအရာတိကို လျှောက်လေ၏။ ထိုအခါ အိမ်သျှင်သည် စိတ်ဆိုးပြီးလျှင် ‘မြို့၏လမ်းမ၊ လမ်းကြားကို အယင်လား၍ ဆင်းရဲသူ၊ မသန်စွမ်းသူ၊ မျက်စိကန်းသူ၊ ဒုက္ခိတတိကို ခေါ်လာလော့’ ဟု အခိုင်းအစီအား စီခိုင်းလိုက်၏။
LUK 14:22 မကြာခင် အခိုင်းအစီသည် ‘သခင် ခိုင်းလိုက်သည်အတိုင်း ဆောင်ရွက်ပြီးပါဗျာယ်။ ယေဒါလေ့ နီရာလပ်ဟိပါသိမ့်၏’ ဟု လျှောက်လေ၏။
LUK 14:23 ထို့ကြောင့် သခင်က ‘တောလမ်း၊ လမ်းမတိကို လားပြီး အိမ်ပြည့်အောင် လူတိကို ရအောင် ခေါ်လာလော့။
LUK 14:24 အထက်က ငါဖိတ်ခေါ်ထားသောလူ တစ်ယောက်မျှ ငါ၏ စားသောက်ပွဲကို မြည်းစမ်းရမည် မဟုတ်ဟု သင်ရို့အား ငါဆို၏’” ဟု မိန့်တော်မူ၏။
LUK 14:25 များစွာသော လူထုပရိသတ်အပေါင်းရို့သည် ယေသျှုနှင့်အတူ လိုက်လားကြ၍ ကိုယ်တော်သည် ထိုသူရို့အား လှည့်ကြည့်တော်မူပြီးလျှင်၊
LUK 14:26 “ငါ့ထံသို့ လာသောသူသည် ငါ့ကို ချစ်သည်ထက် မိဖ၊ သားမယား၊ ညီအစ်ကိုမောင်နှမနှင့် ကိုယ့်ကိုကိုယ် ချစ်သောသူသည် ငါ့တပည့် မဖြစ်နိုင်။
LUK 14:27 ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့် မဖြစ်နိုင်။
LUK 14:28 သင်ရို့ထဲမှ လူတစ်ယောက်သည် တိုက်တစ်လုံးတည်ဆောက်ရန် အကြံဟိလျှင်၊ ပြီးစီးအောင် ဆောက်ဖို့အတွက် ငွီအလုံလောက်ဟိသည်၊ မဟိသည်ကိုသိဖို့ အယင်ထိုင်ပြီး မတွက်ချက်ဘဲ နိန်မည်လော။
LUK 14:29 ထိုသို့ တွက်ချက်မကြည့်ဘဲ တိုက်မြစ်ချ၍ အဆုံးသတ်နိုင်စွမ်း မဟိလျှင် မြင်ကြသောလူတိက ထိုလူကို လှောင်ပြောင်ကြလိမ့်မည်။
LUK 14:30 ‘ဤသူကား တည်ဆောက်မှုကို အစပြု၏။ သို့သော်လည်း အဆုံးသတ်နိုင်စွမ်း မဟိပါတကား’ ဟု ဆိုကြလိမ့်မည်။
LUK 14:31 တနည်းကား သျှင်ဘုရင်တစ်ပါးသည် အခြားဘုရင်တစ်ပါးနှင့် စစ်ပြိုင်ဖို့ အကြံဟိလျှင်၊ စစ်သည် ၂၀,၀၀၀ နှင့် ချီလာသောဘုရင်ကို စစ်သည် ၁၀,၀၀၀ နှင့် ခုခံ နိုင်မည်လော ဆိုသည်ကို အယင်ထိုင်၍ မစဉ်းစားဘဲ နိန်မည်လော။
LUK 14:32 အကယ်၍ မခုခံနိုင်လျှင် စစ်ချီလာသောဘုရင် အဝီး၌ဟိနိန်စဉ် တမန်တိကို ရွှတ်၍ စစ်ပြေငြိမ်းရေးစကားကို ကမ်းလှမ်းရလိမ့်မည်။
LUK 14:33 ထိုနည်းအတိုင်း၊ သင်ရို့ထဲက ဇာသူမဆို ကိုယ့်၌ဟိသမျှတိကို မစွန့်လျှင် ငါ့တပည့် မဖြစ်နိုင်။”
LUK 14:34 “ဆားသည် ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို ပြန်၍ မရနိုင်။
LUK 14:35 မြီဖို့ဖြစ်စီ၊ မြီသြဇာဖို့ဖြစ်စီ အသုံးမဝင်သဖြင့် အပြင်သို့ ဝေးပစ်လိုက်ကြ၏။ “ကြားစရာနားဟိသော လူကား ကြားပါစီ” ဟု မိန့်တော်မူ၏။
LUK 15:1 တစ်နိ့၌ အခွန်ခံသူများနှင့် အပြစ်သားအပေါင်းရို့သည် ယေသျှု၏တရားစကားကို နားထောင်ရန် အထံတော်သို့ လာကြသောအခါ၊
LUK 15:2 ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က “ဤသူသည် အပြစ်သားတိကို လက်ခံပြီးလျှင် သူရို့တိနှင့်အတူ စားသောက် နိန်ပါသည်တကား” ဟု စတင်၍ ညည်းတွားပြောဆိုကြ၏။
LUK 15:3 ထို့ကြောင့် ယေသျှုသည် သူရို့အား ပုံဥပမာဆောင်လျက် ပြောကြားတော်မူသည်မှာ၊
LUK 15:4 “သင်ရို့ထဲက တစ်ယောက်သောသူ၌ သိုးအကောင်တစ်ရာဟိပြီး၊ တစ်ကောင်ပျောက်လားလျှင် ဇာပိုင် လုပ်ကြမည်နည်း။ သူသည် သိုးကိုးဆယ်ကိုးကောင်ကို စားကျက်တွင်ထားခပြီး ပျောက်လားသော သိုးတစ်ကောင်ကို လား၍ ရှာလိမ့်မည်။
LUK 15:5 ထိုသိုးကို တွိ့သောအခါ သူသည် ပျော်ရွှင်စွာဖြင့် မိမိ၏ပခုံးထက်တွင် ထမ်းလာလိမ့်မည်။
LUK 15:6 သူသည် အိမ်သို့ ပြန်ရောက်သောအခါ မိမိ၏အဆွီခင်ပွန်းတိနှင့် အိမ်နီးချင်းတိကို ခေါ်၍ ‘ငါသည် ပျောက်လားခသောသိုးကို ပြန်တွိ့သည်ဖြစ်၍ ငါနန့်အတူ ဝမ်းမြောက်ပျော်ရွှင်ကြလော့’ ဟု ဆိုလိမ့်မည်။
LUK 15:7 ယင်းနည်းတူ နောင်တမရသော ဂုဏ်သရေဟိသောလူ ကိုးဆယ်ကိုးယောက်ထက် နောင်တရသော အပြစ်သားတစ်ယောက်အတွက် ကောင်းကင်ဘုံ၌ သာ၍ ဝမ်းမြောက်ရွှင်လန်းစရာဖြစ်လိမ့်မည်ဟု သင်ရို့ကို ငါဆို၏” ဟူ၍ ဖြစ်သတည်း။
LUK 15:8 “မိန်းမတစ်ယောက်မှာ ငွီဒင်္ဂါးဆယ်ပြားဟိစွာထဲက တစ်ပြားပျောက်လားခလျှင်၊ သူမသည် ဆီမီးခွက်ထွန်းလျက် မိမိ၏အိမ်ကို လှဲကျင်းကာ မတွိ့မချင်း စိ့စိ့စပ်စပ် ရှာမည် မဟုတ်လော။
LUK 15:9 သူမသည် ဒင်္ဂါးပြားကို တွိ့သောအခါ မိမိ၏အဆွီခင်ပွန်း၊ အိမ်နီးချင်းတိကို ခေါ်၍ ‘ပျောက်လားခသောဒင်္ဂါးကို ငါပြန်တွိ့ဗျာယ်၊ ငါနန့်အတူ ဝမ်းမြောက်ကြလော့’ ဟု ဆိုလိမ့်မည်။
LUK 15:10 ယင်းနည်းတူ အပြစ်သားတစ်ယောက် နောင်တရခြင်းသည် ဘုရားသခင်၏ ကောင်းကင်တမန်ရို့ရှိ့၌ ဝမ်းမြောက်ရွှင်လန်းစရာဖြစ်၏ဟု သင်ရို့ကို ငါဆိုသတည်း” ဟု မိန့်တော်မူ၏။
LUK 15:11 ယေသျှုက “လူတစ်ယောက်မှာ သားနှစ်ယောက် ဟိ၏။
LUK 15:12 သားငယ်က မိမိ၏ဖခင်အား ‘အဘာ၊ အကျွန်၏ အမွီရပိုင်ခွင့်ကို ခွဲဝီပီးပါ’ ဟု ဆို၏။ ထို့ကြောင့် ဖခင်က မိမိ၏ဥစ္စာကို သားနှစ်ယောက်အား ခွဲဝီပီးလိုက်၏။
LUK 15:13 ထို့နောက် ရက်အနည်းချေ ကြာသောအခါ သားငယ်သည် မိမိဥစ္စာပစ္စည်းအားလုံးကို ရောင်းချပြီးလျှင် ရသောဖဲသာတိကို ယူ၍ ဝီးသောတိုင်းပြည်သို့ ထွက်လားလေ၏။ သူသည် ထိုပြည်တွင် အပျော်အပါးလိုက်စားကာ ဖဲသာတိကို ဖြုန်းတီးပစ်၏။
LUK 15:14 ဟိသမျှဖဲသာ ကုန်လားသောအခါ ထိုတိုင်းပြည်တစ်ပြည်လုံး၌ အလွန်အစာခေါင်းပါးခြင်း ဖြစ်သဖြင့် သူလည်း ငတ်ပြတ်လေ၏။
LUK 15:15 ထိုအခါ သူသည် ထိုပြည်သားတစ်ယောက်ပါးသို့ လား၍ အငှားခံလေ၏။ အလုပ်သျှင်က သူ့အား မိမိ၏လယ်ထဲသို့ ဝက်စာပီးရန် ရွှတ်လိုက်၏။
LUK 15:16 သူသည် ဝက်တိစားနိန်သော ပဲတောင့်ကိုပင် စားချင်လောက်အောင် ငတ်မွတ်သော်လည်း ဇာသူမှလည်း သူအား အစာကို မကျွေးကြ။
LUK 15:17 ထိုအခါ သူသည် အမြင်မှန်ရပြီးလျှင်၊ ‘ငါ့အဖ၏ အငှားသားတိတောင်မှ အစာကို ဝမ်းဝအောင် စားကြရ၏။ ငါမူကား ဤနီရာ၌ သီလောက်အောင် ငတ်မွတ်နိန်ယာ။
LUK 15:18 ငါသည် ဤအရပ်မှ ထွက်ခွါ၍ ငါ့အဖပါးသို့ ပြန်လားပြီးလျှင်၊ အဘာ၊ အကျွန်သည် ဘုရားသခင်ကိုလည်းကောင်း အဖကိုလည်းကောင်း ဆန့်ကျင်၍ ပြစ်မှားမိပါဗျာယ်။
LUK 15:19 အကျွန်သည်ကား အဖ၏သားဟူ၍ ခေါ်ခြင်းငှာ မထိုက်တန်ယာ၊ အဖ၏အငှားသားတစ်ယောက်ကဲ့သို့ အကျွန့်ကို မှတ်တော်မူပါ’ ဟု ပြောမည့်အကြံဖြင့်၊
LUK 15:20 သူသည် ထ၍ မိမိ၏အဖပါးသို့ ပြန်လားလေ၏။ “သို့ရာတွင် သူ၏ဖခင်သည် အဝီးကပင် သူ့ကို မြင်လျှင် အလွန်သနားသော စိတ်ဖြင့် မိမိသားပါးသို့ ဗြီးလားပြီးလျှင် သားကို ဖက်၍ နမ်းလေ၏။
LUK 15:21 သားဖြစ်သူက ‘ဘာဘာ၊ အကျွန်သည် ဘုရားသခင်ကိုလည်းကောင်း အဘာကိုလည်းကောင်း ဆန့်ကျင်၍ ပြစ်မှားမိပါဗျာယ်၊ အဘာ၏သားဟူ၍ ခေါ်ခြင်းငှာ မထိုက်တန်ယာ’ ဟု ဖခင်အား ပြော၏။
LUK 15:22 သို့ရာတွင် ဖခင်က မိမိ၏အခိုင်းအစီတိအား ‘အယင်လာကတ်၊ အကောင်းဆုံးဝတ်ရုံကို ယူလာပြီးလျှင် သူ့အား ဝတ်ပီးကတ်။ သူ့လက်၌ လက်စွပ်ကို ဝတ်ပီးပြီးလျှင် သူ့ခြီထောက်မှာ ဖိနပ်ကိုလည်း စီးပီးကတ်။
LUK 15:23 ပြီးလျှင် ဆူဖြိုးအောင် ကျွေးထားသော နွားပေါက်ချေကို သတ်ပြီးလျှင် ငါရို့တိ ပျော်ပွဲစားကြကုန်အံ့။
LUK 15:24 အကြောင်းမူကား ငါ၏သားသည် သီကျလားပြီး တဖန်ပြန်၍ အသက်ရှင်လာ၏။ ပျောက်ဆုံးလားခပြီး ပြန်တွိ့ရ၏’ ဟု ဆိုလေ၏။ ထို့နောက် သူရို့သည် ပျော်ပွဲစားကြလေ၏။
LUK 15:25 “ယင်းအချိန်၌ သားကြီးဖြစ်သူသည် လယ်ထဲ၌ ရောက်နိန်၏။ သူသည် ပြန်လာ၍ အိမ်နားသို့ ရောက်သောအခါ တီးမှုတ် ကခုန်သံကို ကြားရ၏။
LUK 15:26 ထို့ကြောင့် သူသည် အခိုင်းအစီတစ်ယောက်ကို ခေါ်ပြီး ‘ဇာတိ လုပ်နိန်ကတ်လဲ’ ဟု သူ့အား မိန်း၏။
LUK 15:27 ‘သခင်၏ညီသည် အိမ်ကို ပြန်ရောက်လာဗျာယ်၊ သို့ဖြစ်၍ သခင်၏အဖသည် ဘေးမသီ ရန်မခ မိမိသားကို ပြန်ရသောကြောင့် ဝအောင် ကျွေးထားသော နွားပေါက်ချေကို ပေါ်လိုက်ပါ၏’ ဟု အခိုင်းအစီက ပြန်ပြော၏။
LUK 15:28 သားကြီးသည် စိတ်ဆိုး၍ အိမ်ထဲသို့ မဝင်ဘဲနိန်၏။ ထို့ကြောင့် သူ၏ဖခင်သည် အပြင်ကို ထွက်လာပြီးလျှင် သားဖြစ်သူကို အိမ်ထဲသို့ဝင်ရန် ဖျောင်းဖျလေ၏။
LUK 15:29 သို့သော်လည်း သားကြီးက ‘စဉ်းစားကြည့်ပါ၊ အကျွန်သည် နှစ်ပေါင်းများစွာ အဖကို အလုပ်အကျွေးပြုလျက် အဖ၏ စီခိုင်းချက်များကိုလည်း တစ်ခါချေတောင်မှ မလွန်ဆန်ခပါ။ သို့သော်လည်း အဖသည် အကျွန်၏သူငယ်ချင်းတိနှင့်အတူ ပျော်ပွဲစားခြင်းငှာ ဆိတ်တစ်ကောင်တောင် အကျွန့်အတွက် မပီးဖူးပါကား။
LUK 15:30 သို့ရာတွင် အဖ၏ဥစ္စာတိကို မိန်းမပျက်တိနှင့် ပျော်ပါးကာ ဖြုန်းတီးပစ်ခသော အဖ၏သား အိမ်သို့ ပြန်လာသောအခါ အဖသည် သူ့အတွက် ဝအောင် ကျွေးထားသော နွားပေါက်ချေကို ပေါ်ပီးပါသည်တကား’ ဟု ဆို၏။
LUK 15:31 အဖက ‘ငါ့သား၊ သင်သည် ငါနန့်အတူ အမြဲနီ၏။ ငါမှာ ဟိသမျှသောအရာသည် သင်၏ဥစ္စ္စာဖြစ်၏။
LUK 15:32 သို့ရာတွင် ငါရို့မှာ ပျော်ပွဲစား၍ ဝမ်းသာစရာအကြောင်း ဟိ၏၊ အကြောင်းမူကား သင်၏ညီသည် သီကျလားခပြီးလျှင် အသက်ပြန်ရှင်လာ၏။ ပျောက်ဆုံးလားခပြီးလျှင် ပြန်တွိ့ရ၏၊’” ဟူ၍ မိန့်တော်မူ၏။
LUK 16:1 ယေသျှုသည် တပည့်တော်ရို့အား၊ “တစ်ခါက သူဌေးတစ်ဦး၌ အခိုင်းအစီ ဘဏ္ဍာစိုး တစ်ယောက်ဟိ၏။ ထိုသူသည် သခင်၏ ဥစ္စာပစ္စည်းတိကို သုံးဖြုန်းနိန်ကြောင်းကို လူတိက သူဌေးအား တိုင်တန်းကြ၏။
LUK 16:2 သူဌေးသည် သူ့ကို ခေါ်ပြီး ‘သင်၏အကြောင်းကို ငါကြားရသည်မှာ ဇာပိုင်လဲ။ သင့်လက်ထဲ၌ဟိသော ငါ့ဥစ္စာတိကို တင်ပြပါ။ သင်သည် ဆက်ပြီး ငါ၏ဘဏ္ဍာစိုး လုပ်ရလိမ့်မည် မဟုတ်’ ဟု ဆို၏။
LUK 16:3 ဘဏ္ဍာစိုးက၊ ‘ငါ ဇာပိုင် လုပ်ရမည်နည်း၊ ငါ့သူဌေးက ဘဏ္ဍာစိုးအရာကို နုတ်လားခဗျာယ်။ လယ်လုပ်ဖို့ ခွန်အားလည်း ငါ့မှာမဟိ၊ တောင်းစားဖို့လည်း ရှက်ဖို့ကောင်း၏။
LUK 16:4 ရာထူးပြုတ်ပြီးနောက် မိတ်ဆွီတိက ငါ့ကို သူရို့အိမ်၌ လက်ခံစီခြင်းငှာ ဇာပိုင်လုပ်ရမည်ကို ငါသိ၏’ ဟူ၍ တကိုယ်တည်း ပြောဆိုကာ။
LUK 16:5 သူ၏ သခင်ကို အကြွီးပီးရမည့်သူ အားလုံးကို ခေါ်၍ ပထမလူအား ‘ငါ့သူဌေးကို သင်ပီးဖို့ အကြွီး ဇာလောက်ဟိသနည်း၊’ ဟု မိန်း၏။
LUK 16:6 ထိုသူက ‘သံလွင်ဆီ ဂါလံ ၈၀၀ ဟိပါ၏’ ဟု ပြန်ပြော၏။ ထိုအခါ ဘဏ္ဍာစိုးက၊ ‘သင်၏စာရင်းကို ယူလိုက်၊ ဂါလံ ၄၀၀ လို့ ထိုင်ပြီးလျှင် မှတ်လိုက်’ ဟု ဆို၏။
LUK 16:7 ထို့နောက် အခြားတစ်ယောက်အား ‘သင်သည်လည်း အကြွီးဆပ်ဖို့ ဇာလောက်ဟိသနည်း’ ဟု မိန်း၏။ ထိုသူက ‘ဂျုံစပါးတင်း ၁,၀၀၀ ဟိပါ၏’ ဟု ဆိုလျှင်၊ ‘သင်၏စာရင်းတွင် တင်း ၈၀၀ လို့ မှတ်လိုက်’ ဟု ဆို၏။
LUK 16:8 ထိုအခါ သူဌေးသည် သစ္စာမဟိသော ဘဏ္ဍာစိုး၏ လိမ္မာပါးနပ်စွာပြုသော လုပ်ဆောင်ချက်အတွက် သူ့ကို ချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောကသားတိသည် လောကီကိစ္စဆောင်ရွက်ရာ၌ အလင်း၏ သားသမီးတိထက် လိမ္မာပါးနပ်ကြ၏။”
LUK 16:9 “တဖန် ငါဆိုသည်ကား၊ လောကီစည်းစိမ်ချမ်းသာအားဖြင့် အဆွီခင်ပွန်းရအောင် ပြုကြလော့။ သို့ပြုလျှင် စည်းစိမ်ချမ်းသာကုန်ဆုံးသောအခါ သင်ရို့ကို ထာဝရအိမ်တော်၌ ကြိုဆိုလက်ခံလိမ့်မည်။
LUK 16:10 သေးငယ်သည့်အမှု၌ သစ္စာဟိသူသည် ကြီးသောအမှု၌လည်း သစ္စာဟိလိမ့်မည်။ သေးငယ်သောအမှု၌ သစ္စာမဟိသူကား ကြီးသောအမှု၌လည်း သစ္စာမဟိနိုင်။
LUK 16:11 သို့ဖြစ်၍ သင်ရို့သည် လောကီစည်းစိမ်ကို အသုံးပြုရာတွင် သစ္စာမဟိလျှင် သင်ရို့ကို မှန်သော စည်းစိမ်ချမ်းသာကို အပ်ဖို့ ဇာသူက ယုံနိုင်မည်နည်း။
LUK 16:12 သင်ရို့သည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့်ပတ်သတ်၍ သစ္စာမဟိလျှင် ဇာသူက သင်ရို့ကို အပိုင်ပီးမည်နည်း။
LUK 16:13 “မည်သည့် အခိုင်းအစီတစ်ယောက်မျှ သခင်နှစ်ဦး၏ အခိုင်းအစီကို မခံနိုင်။ သခင်တစ်ဦးကို မုန်း၍ တစ်ဦးကို ချစ်လိမ့်မည်။ တစ်ဦးကို သစ္စာဟိပြီး တစ်ဦးကို မလိ့မခန့် ပြုလိမ့်မည်။ သင်ရို့သည် တစ်ချိန်တည်း၌ ဘုရားသခင်၏ အခိုင်းအစီနှင့် လောကစည်းစိမ်၏ အခိုင်းအစီကို မခံနိုင်ကတ်” ဟု မိန့်တော်မူ၏။
LUK 16:14 ငွီကို တပ်မက်သော ဖာရိယှဲရို့သည် ထိုစကားကိုကြားလျှင် ယေသျှုကို ပြက်ရယ်ပြုကြ၏။
LUK 16:15 ယေသျှုက “သင်ရို့သည် လူတိရှိ့၌ မိမိကိုယ်ကို ဖြောင့်မတ်ယောင်ဆောင်သော်လည်း၊ ဘုရားသခင်က သင်ရို့စိတ်နှလုံးကို သိတော်မူ၏။ လူတိ အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ ရှိ့တော်၌ စက်ဆုပ်ဖွယ်ဖြစ်၏။
LUK 16:16 “ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများသည် ဗတ္တိဇံဆရာ ယောဟန်လက်ထက် တိုင်အောင် သက်ရောက်လျက် ဟိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောပြောလျက်ဟိ၏။ လူအပေါင်းရို့သည် နိုင်ငံတော်သို့ အနိုင်အထက် တိုးဝင်ကြ၏။
LUK 16:17 သို့ရာတွင် ပညတ္တိကျမ်း၌ ဗိန္ဓုတစ်လုံး ပျက်စီးမည်ထက် ကောင်းကင်နှင့် မြီကြီး ပျက်စီးရန် ပိုလွယ်၏။
LUK 16:18 “အကြင်သူသည် မိမိမယားနှင့် ကွာ၍ အခြားသောမိန်းမနှင့် လက်ထပ်လျှင် ကာမဖောက်ပြားသောသူ ဖြစ်၏။ ကွာယှင်းထားသော မိန်းမနှင့် လက်ထပ်သောသူကလည်း ကာမဖောက်ပြားသောသူ ဖြစ်၏။
LUK 16:19 “တစ်ခါက သူဌေးတစ်ဦးသည် ကမ္ဗလာနီနှင့် ပိတ်ချောကို နိ့တိုင်းဝတ်ဆင်၍ စည်းစိမ်ခံစားနိန်၏။
LUK 16:20 လာဇရုနာမည်ဟိသော သူဆင်းရဲတစ်ယောက်သည် ခန္ဓာတစ်ခုလုံး သွီးစုနာပေါက်၍ သူဌေး၏ အိမ်တန်းခါးနား၌ တုံးလုံးလဲ နိန်၏။
LUK 16:21 သူသည် သူဌေးစားပွဲမှကျသော စားကြွင်းစားကျန်တိကို စားရဖို့ တောင့်တနိန်၏။ ခွီးတိကလည်း သူ၏ သွီးစုနာတိကို လာ၍ လျက်နိန်ကြ၏။
LUK 16:22 “ဆင်းရဲသားသည် သီလွန်၍ ကောင်းကင်တမန်ရို့သည် သူ့ကို အာဗြဟံ၏ ရင်ခွင်ပါးသို့ ယူဆောင်လားကြ၏။ သူဌေးကလည်း သီဆုံး၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။
LUK 16:23 သူသည် မရဏာနိုင်ငံတွင် ဝေဒနာကို ပြင်းစွာ ခံစားနိန်သောကြောင့် အထက်သို့ မျှော်ကြည့်လိုက်သောအခါ အဗြဟံကိုလည်းကောင်း၊ အာဗြဟံရင်ခွင်၌ လာဇရုကိုလည်းကောင်း မြင်ရလေ၏။
LUK 16:24 ထို့ကြောင့် သူဌေးကလည်း၊ ‘အဖအာဗြဟံ၊ အကျွန့်ကို သနားပါ။ အကျွန်သည် ဤမီးတောက်ထဲ၌ ဝေဒနာကို ပြင်းထန်စွာ ခံစားနိန်ရပါ၏။ လာဇရု၏ လက်ဖျားကို ရီမှာနှိုက်ပြီး အကျွန့်လျှာကို အီးစီဖို့ သူ့ကို အကျွန်ပါးသို့ ရွှတ်ပီးပါ’ ဟု အော်ဟစ် ပြောဆိုလေ၏။
LUK 16:25 “သို့သော်လည်း အာဗြဟံက၊ ‘ငါ့သား၊ သင်သည် အသက်ရှင်နိန်စဉ်က သုခချမ်းသာ ခံစားရပြီး လာဇရုက ဆင်းရဲဒုက္ခ ခံခရသည်ကို အောက်မိ့ပါ။ အဂုမှာ သူသည် သက်သာခြင်းကို ခံစားရပြီး သင်ကား ဒုက္ခဝေဒနာ ခံစားနိန်ရ၏။
LUK 16:26 ထိုမျှမက သင်နှင့် ငါရို့စပ်ကြားတွင် အသူရာချောက်ကြီးတစ်ခု ဟိသဖြင့် သင်ရို့ဖက်မှ ငါရို့ဖက်သို့ လည်းကောင်း၊ ငါရို့ဖက်မှ သင်ရို့ဖက်သို့ လည်းကောင်း ကူးချင်သော်လည်း မကူးနိုင်ကြ’ ဟု ပြန်ပြော၏။
LUK 16:27 သူဌေးက၊ ‘အဖအာဗြဟံ၊ ဤသို့ဆိုလျှင် လာဇရုကို အကျွန့်အဖအိမ်သို့ ရွှတ်ပီးဖို့ တောင်းပန်ပါ၏။
LUK 16:28 အကြောင်းမူကား အကျွန့်မှာ ညီငါးယောက် ဟိပါ၏။ သူရို့သည်လည်း ဝေဒနာခံစားရသော ဤအရပ်သို့ မရောက်စီရန် သူ့ကို သတိပီးခိုင်းလိုက်ပါ’ ဟု တောင်းဆိုလေ၏။
LUK 16:29 “အာဗြဟံကလည်း၊ ‘သင်၏ ညီအစ်ကိုတိကို သတိပီးရန် မောသျှေမှစ၍ ပရောဖက်တိ ဟိကြ၏။ ထိုသူရို့စကားကို နားထောင်ကတ်ပါစီ’ ဟု ဆို၏။
LUK 16:30 သူဌေးကလည်း၊ ‘အဖအာဗြဟံ၊ ထိုသို့ မဟုတ်ပါ။ သီလားခသောလူထဲက တစ်ယောက်သည် ထမြောက်၍ သူရို့ပါးသို့ လားလျှင် သူရို့သည် အပြစ်မှ နောင်တရကြပါလိမ့်မည်’ ဟု ပြောလေ၏။
LUK 16:31 အာဗြဟံကလည်း ‘သူရို့သည် မောသျှေနန့် ပရောဖက်စကားတိကို နားမထောင်လျှင်၊ တစ်ယောက်သောသူသည် သီဆုံးခြင်းမှ ထမြောက်သော်လည်း သူရို့ ယုံကြည်ကြလိမ့်မည် မဟုတ် ဟု ဆိုလေ၏’” ဟူ၍ မိန့်တော်မူလေ၏။
LUK 17:1 ယေသျှုက၊ “လူသည် အပြစ်ပြုလုပ်နိုင်သည့်အကြောင်း မုချဟိ၏။ သို့သော်လည်း အပြစ်ပြုလုပ်ခြင်းကို ဖြစ်စီသူသည် အမင်္ဂလာဟိ၏။
LUK 17:2 ဤသူသည် သူငယ်တစ်ယောက်ကို လမ်းလွဲစီသည်ထက် မိမိလိုင်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲပြီး ပင်လယ်ထဲသို့ ပစ်ချခံရသည်ကား ပို၍ ကောင်း၏။
LUK 17:3 သို့ဖြစ်၍ ကိုယ့်ကိုကိုယ် သတိပြုကြလော့။ “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ့ကို ခွင့်ရွှတ်လော့။
LUK 17:4 တစ်နိ့တည်းတွင် ခုနစ်ကြိမ်တိုင်တိုင် သင့်ကိုပြစ်မှားပြီး ခုနစ်ကြိမ်တိုင်တိုင် သင့်ပါးသို့လာ၍ ‘ငါနောင်တရပါဗျာယ်’ ဟုဆိုလျှင် သင်သည် သူ၏အပြစ်ကို ခွင့်ရွှတ်ရမည်” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
LUK 17:5 တမန်တော်ရို့က သခင်ဘုရားအား “အကျွန်ရို့၏ ယုံကြည်ခြင်းကို တိုးပွါးစီတော်မူပါ” ဟု လျှောက်ထားကြ၏။
LUK 17:6 သခင်ဘုရားက၊ “သင်ရို့သည် မုံညှင်းစိ့မျှသာ ယုံကြည်ခြင်းဟိလျှင် ဤပိုးစာပင်ကို ‘အမြစ်ပါကျွတ်ပြီး ပင်လယ်ထဲစိုက်နိန်လော့’ ဟု ဆိုလျှင် သင်ရို့စကားကို နားထောင်လိမ့်မည်။
LUK 17:7 “သင်ရို့တွင် လယ်ထွန်သားဖြစ်စီ၊ သိုးကျောင်းသားဖြစ်စီ အခိုင်းအစီတစ်ယောက်ဟိသည်ဟု ဆိုပါစို့။ ထိုသူသည် လယ်ထဲက ပြန်လာသောအခါ ညစာစားဖို့ရန် အယင်လာထိုင် ဟု သင်ရို့ထဲက ဇာသူက ပြောမည်နည်း။
LUK 17:8 ထိုသို့မဆိုဘဲ၊ ‘ငါ့အတွက် ညစာကိုပျင်လိုက်၊ ငါစားသောက်နိန်စဉ် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေးလော့။ ပြီးမှ သင်စားသောက်လော့’ ဟု ဆိုမည် မဟုတ်လော။
LUK 17:9 အခိုင်းအစီသည် မိမိအသျှင် စီခိုင်းသည့်အတိုင်း ဆောင်ရွက်သောကြောင့် သခင်သည် သူ့အား ကျေးဇူးတင်မည်လော။
LUK 17:10 ထိုနည်းတူ သင်ရို့ကလည်း မိမိရို့အား စီခိုင်းသောအရာအားလုံးကို ဆောင်ရွက်ပြီးစီးချိန်၌ ‘ငါရို့သည်လည်း သာမန်အခိုင်းအစီများပင် ဖြစ်ကြ၏။ ငါရို့ဆောင်ရွက်စရာ တာဝန်ဝတ္တရားကို ဆောင်ရွက်ခြင်းသာဖြစ်သည်’ ဟု ဆိုကြလော” ဟူ၍ မိန့်တော်မူ၏။
LUK 17:11 ယေသျှုသည် ယေရုဆလင်မြို့သို့ ခရီးပြုတော်မူစဉ် ယှာမာရိနယ်နှင့် ဂါလိလဲနယ်စပ်ကြားတလျှောက် ကြွတော်မူ၏။
LUK 17:12 ရွာတစ်ရွာသို့ ဝင်သောအခါ နူနာသည်ဆယ်ယောက်သည် ကိုယ်တော့်ကို ခရီးဦးကြိုပြုကြ၏။ သူရို့သည် အဝီးတွင်ရပ်လျက်၊
LUK 17:13 “ယေသျှု၊ အကျွန်ရို့ကို သနားတော်မူပါ” ဟု ဟစ်အော်ကြ၏။
LUK 17:14 ယေသျှုသည် ထိုသူရို့ကို မြင်တော်မူလျှင်၊ “သင်ရို့သည် ယဇ်ပုရောဟိတ်တိပါးသို့ လား၍ ကိုယ်ကိုပြကြလော့” ဟု မိန့်တော်မူ၏။ သူရို့သည် လားနိန်စဉ် သန့်ယှင်းခြင်းသို့ ရောက်ကြ၏။
LUK 17:15 သူရို့အထဲက တစ်ယောက်သည် ရောဂါပျောက်ကင်းကြောင်းကို သိမြင်သောအခါ အထံတော်သို့ ပြန်လာ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ကျယ်သောအသံဖြင့် ချီးမွမ်းလေ၏။
LUK 17:16 ထို့နောက် ယေသျှု၏ ခြီတော်ရင်းတွင် ပြပ်ဝပ်လျက် ကျေးဇူးတော် ချီးမွမ်းလေ၏။ ထိုသူကား ယှာမာရိအမျိုးသားဖြစ်၏။
LUK 17:17 ယေသျှုက “တစ်ကျိပ်သောလူရို့သည် သန့်ယှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကျန်သော ကိုးယောက်ကား ဇာမှာ ဟိကြသနည်း။
LUK 17:18 ဤတစ်ပါးအမျိုးသား မှတစ်ပါး ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းရန် ပြန်လာသောသူ တစ်ယောက်မျှ မဟိသလော” ဟု မိန်းတော်မူ၏။
LUK 17:19 ထို့နောက် ယေသျှုက “သင်ထ၍ လားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ရောဂါကို ပျောက်စီ ဗျာယ်” ဟု ထိုသူအား မိန့်တော်မူ၏။
LUK 17:20 ဖာရိယှဲတချို့က၊ ဘုရားသခင်၏ နိုင်ငံတော်သည် ဇာအချိန်၌ တည်မည်နည်း၊ ဟု ယေသျှုအား မိန်းလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က “ဘုရားသခင်၏ကောင်းကင် နိုင်ငံတော်သည် မြင်နိုင်သည့်အရပ်၌ မတည်။
LUK 17:21 ဤအရပ်၌ကြည့်လော့၊ ထိုအရပ်၌လည်း ကြည့်လော့ဟု မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် သင်ရို့အထဲ၌ တည်လျက်ဟိသည်” ဟု မိန့်တော်မူ၏။
LUK 17:22 ကိုယ်တော်က တပည့်တော်ရို့အား “လူသား၏ နိ့ရက်တစ်ရက်ကို မြင်တွိ့ချင်သော်လည်း မမြင်တွိ့ရသော အချိန်ကာလ ရောက်လိမ့်မည်။
LUK 17:23 လူတိက ‘လူသားသည် ဤအရပ်၌ ဟိ၏။ ထိုအရပ်၌ ဟိ၏’ ဟု ဆိုသော်လည်း လိုက်ပြီး မရှာကတ်ကေ့။
LUK 17:24 ကောင်းကင်တစ်ဖက်မှ လျှပ်ပြက်သော အလင်းရောင်သည် ကောင်းကင်တစ်ခွင်လုံး ထွန်းတောက်သကဲ့သို့ လူသားသည် မိမိနိ့ရက်၌ ဖြစ်တော်မူလိမ့်မည်။
LUK 17:25 သို့သော်လည်း လူသားသည် များစွာသော ဒုက္ခဝေဒနာတိကိုလည်းကောင်း၊ ဤခေတ် လူတိ ငြင်းပယ်ခြင်းကိုလည်းကောင်း ဦးစွာခံရလိမ့်မည်။
LUK 17:26 နောဧလက်ထက်၌ ဖြစ်ပျက်သကဲ့သို့ လူသားလက်ထက်တွင်လည်း ဖြစ်လိမ့်မည်။
LUK 17:27 သင်္ဘောထဲသို့ နောဧဝင်ပြီးနောက် ရီလွှမ်းမိုးလာသဖြင့် လူအားလုံး သီကြီပျက်စီးသည့်နိ့ တိုင်အောင် လူအပေါင်းရို့သည် စားသောက်လျက်၊ အိမ်ထောင်ပြုလျက်နိန်ကြ၏။
LUK 17:28 ယင်းနည်းတူ လောတလက်ထက်၌ လူအပေါင်းရို့သည် စားသောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နိန်ကြ၏။
LUK 17:29 သောဒုံမြို့မှ လောတ ထွက်ခွါလားသောနိ့တွင် ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာ၍ သူရို့အားလုံးသည် သီကြီပျက်စီးကြ၏။
LUK 17:30 လူသား ပေါ်ထွန်းတော်မူသော နိ့တွင်လည်း ဤကဲ့သို့ ဖြစ်လိမ့်မည်။
LUK 17:31 “ယင်းနိ့ရက်၌ အိမ်ခေါင်ထက်တွင် ဟိသောသူသည် အိမ်ထဲ၌ဟိသော ဥစ္စာပစ္စည်းကို ယူဖို့ မဆင်းစီကေ့။ ယင်းနည်းတူ လယ်ထဲ၌ဟိသောသူသည် အိမ်မပြန်စီကေ့။
LUK 17:32 လောတ၏မယားကို အောက်မိ့ကြလော့။
LUK 17:33 မိမိအသက်ကို ကယ်လိုသောသူသည် အသက်ယှုံးလိမ့်မည်။ ကိုယ့်အသက်ကို ဆုံးယှုံးရသောသူမူကား အသက်ကို ကယ်ဆယ်လိမ့်မည်။
LUK 17:34 သင်ရို့ကို ငါဆိုသည်ကား၊ ယင်းနိ့ည၌ အိပ်ရာတစ်ခုထဲတွင် အိပ်နိန်သူ လူနှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်ကို ထားခလတ္တံ့။
LUK 17:35 ကြိတ်ဆုံကြိတ်နိန်သော မိန်းမနှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူပြီး တစ်ယောက်ကို ထားခလတ္တံ့” ဟု မိန့်တော်မူ၏။
LUK 17:36 
LUK 17:37 တပည့်တော်ရို့က “အသျှင်၊ ဇာအရပ်တွင် ဤအရာတိ ဖြစ်ပျက်ပါမည်နည်း” ဟု မိန်းလျှောက်ကြလျှင်၊ ယေသျှုက “အသီကောင်ဟိသောအရပ်၌ လင်းတတိ စုရုံးလာကြလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 18:1 ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား စိတ်အားမလျော့ဘဲ အမြဲတမ်းဆုတောင်းပတ္ထနာ ပြုသင့်ကြောင်းကို ပုံဥပမာဆောင်၍ သွန်သင်တော်မူ၏။
LUK 18:2 “မြို့တစ်မြို့၌ ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက်သော တရားသူကြီးတစ်ယောက် ဟိ၏။
LUK 18:3 ထိုမြို့၌ဟိသော မုဆိုးမတစ်ယောက်သည် တရားသူကြီးပါးသို့ အကြိမ်ကြိမ်လားပြီး ‘အကျွန့်ဖက်ကနိန်၍ အကျွန့်ကို တရားသဖြင့် စီရင်တော်မူပါ’ ဟု လျှောက်ထား၏။
LUK 18:4 တရားသူကြီးသည် မုဆိုးမ၏လျှောက်ထားချက်ကို အချိန်ကြာကြာ ငြင်းဆန်နိန်ခ၏။ တရားသူကြီးက ‘ငါသည် ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကို မထောက်တတ်၊
LUK 18:5 သို့သော်လည်း ဤမုဆိုးမသည် ငါ့ကို နှောက်ယှက်နိန်သည်ဖြစ်၍ သူမအတွက် တရားမျှတမှုဟိစီရန် သူမ၏အမှုကို ငါစီရင်မည်။ သို့မဟုတ်လျှင် သူမသည် ငါ့အား ဆက်လက်နှောက်ယှက်လျှင် နောက်ဆုံး၌ ငါပင်ပန်းလိမ့်မည်’ ဟု စိတ်ထဲ၌ ရေရွတ်နိန်၏” ဟု မိန့်တော်မူ၏။
LUK 18:6 ထိုအခါ သခင်ဘုရားက၊ “အကျင့်ပျက်သော တရားသူကြီးပြောဆိုပုံကို နားထောင်ကြလော့။
LUK 18:7 ရွီးကောက်တော်မူသည့် လူတိက တရားမျှတမှုအတွက် နိ့ညမပြတ် အော်ဟစ် တောင်းလျှောက်နိန်ကြလျှင် ဘုရားသခင်သည် သူရို့ကိုကူညီရန် နှောင့်နှေးတော်မူမည်လော။
LUK 18:8 သင်ရို့အား ငါဆိုသည်ကား၊ သူရို့ဖက်၌ အလျင်အမြန် တရားစီရင်တော်မူလိမ့်မည်။ သို့သော်လည်း လူသားကြွလာတော်မူသောအခါ ယုံကြည်ခြင်းကို ဤလောက၌ တွိ့နိုင်မည်လော” ဟု မိန့်တော်မူ၏။
LUK 18:9 ကိုယ့်ကိုကိုယ်ကောင်းမြတ်သည်ဟု ထင်မှတ်လျက် သူတစ်ပါးကို မထီလေးစားပြုတတ်သော လူတချို့အား ယေသျှုသည် ပုံဥပမာကိုဆောင်၍၊
LUK 18:10 “တစ်ခါက လူနှစ်ယောက်သည် ဆုတောင်းရန် ဗိမာန်တော်သို့ လားကြ၏။ တစ်ယောက်က ဖာရိယှဲဖြစ်ပြီး အခြားတစ်ယောက်က အခွန်ခံဖြစ်၏။
LUK 18:11 ဖာရိယှဲသည် တစ်ယောက်တည်းရပ်၍ ဆုတောင်း သည်မှာ ‘အိုဘုရားသခင် အကျွန်သည် အခြားတိလူကဲ့သို့ လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့မယားကို ပြစ်မှားသူနှင့် ဤအခွန်ခံကဲ့သို့ မဟုတ်၍ ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။
LUK 18:12 အကျွန်သည် တစ်ပတ်တွင် နှစ်ရက် အစာယှောင်ပါ၏။ အကျွန်၏ ဝင် ငွီအားလုံးထဲက ဆယ်ဖို့တစ်ဖို့ကို ပီးလှူပါ၏’ ဟူ၍ ဖြစ်၏။
LUK 18:13 သို့သော်လည်း အခွန်ခံမူကား အဝီးကရပ်လျက် ကောင်းကင်ကို မော်မကြည့်ဝံ့ဘဲ ‘အို ဘုရားသခင်၊ အပြစ်သားဖြစ်သော အကျွန့်ကို သနားတော်မူပါ’ ဟု ရင်ဖတ်တီးပြီးလျှင် ဆုတောင်းလေ၏။”
LUK 18:14 “သင်ရို့ကို ငါဆိုသည်ကား၊ အခွန်ခံသည် ဘုရားသခင်၏ အပြစ်လွှတ်ခြင်းကို ခံရပြီးလျှင် အိမ်ကိုပြန်လေ၏။ ဖာရိယှဲက အပြစ်လွှတ်ခြင်းမခံရ။ အကြောင်းမူကား ကိုယ့်ကိုကိုယ်ချီးမြောက်သောသူသည် နှိမ့်ချခြင်းခံရပြီးလျှင်၊ ကိုယ့်ကိုကိုယ် နှိမ့်ချသောသူကား ချီးမြောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 18:15 လူတချို့သည် မိမိရို့၏ အချေတိကို ယေသျှု၏လက်တော်နှင့် တို့ထိနိုင်စီရန်အတွက် ကိုယ်တော့်ထံပါးသို့ ခေါ်ဆောင်လာကြသည်ကို တပည့်တော်ရို့မြင်လျှင် ထိုသူရို့အား အပြစ်တင်ကြ၏။
LUK 18:16 သို့ရာတွင် ယေသျှုသည် အချေတိကို အထံတော်သို့ ခေါ်လျက် “အချေတိ ငါ့ပါးကို လာကတ်ပါစီ။ မတားဆီးကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူရို့၏ နိုင်ငံဖြစ်၏။
LUK 18:17 ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို အချေကဲ့သို့ မခံယူလျှင် နိုင်ငံတော်ကို ဝင်ရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
LUK 18:18 ယုဒအမျိုးသား ခေါင်းဆောင်တစ်ယောက်က “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရဖို့ အကျွန်သည် ဇာချင့်ကို လုပ်ရပါမည်နည်း” ဟု ယေသျှုအား မိန်းလျှောက်၏။
LUK 18:19 ယေသျှုကလည်း “သင်သည် ငါ့ကိုဇာကြောင့် ကောင်းမြတ်သောသူဟု ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး ကောင်းမြတ်သောသူ တစ်ယောက်လေ့ မဟိ။
LUK 18:20 သင်သည် ပညတ်တော်တိကို သိသည် မဟုတ်လော။ ‘သူ့မယားကို မပြစ်မှားကေ့။ လူ့အသက်ကို မသတ်ကေ့။ သူ့ဥစ္စာကို မခိုးကေ့။ မမှန်သောသက်သီကို မခံကေ့။ မိဖကို ရိုသီစွာပြုလော့’” ဟု မိန့်တော်မူ၏။
LUK 18:21 ထိုသူက “ဤပညတ်တိကို အကျွန်သည် ငယ်ရွယ်စဉ်ကတည်းက စောင့်ထိန်းခပါ၏” ဟု ပြန်လျှောက်လေ၏။
LUK 18:22 ထိုစကားကို ကြားတော်မူလျှင် ယေသျှုက “သင်၌ တစ်ခုလိုသိမ့်၏။ သင်၌ ဥစ္စာဟိသမျှကို ရောင်းပြီး ဆင်းရဲသားတိကို ပီးကမ်းစွန့်ကြဲလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ထို့နောက်မှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
LUK 18:23 သို့သော် ထိုသူသည် အလွန်ဥစ္စာကြွယ်ဝသူ ဖြစ်သောကြောင့် ကိုယ်တော်၏ စကားတော်ကို ကြားသောအခါ အလွန်ပင် စိတ်မချမ်းသာဖြစ်လေ၏။
LUK 18:24 ထိုအခြင်းအရာကို ယေသျှုမြင်သောအခါ “ဥစ္စာရတတ်သူရို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ခက်ခဲ၏။
LUK 18:25 ဥစ္စာရတတ်သူက ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရမည်ထက် ကုလားအုတ်သည် အပ်နဖားကို လျှိုဝင်ရန် ပိုလွယ်၏” ဟု မိန့်တော်မူ၏။
LUK 18:26 စကားတော်ကို ကြားသောလူတိကလည်း “သို့ဖြစ်လျှင် ဇာသူက ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်း” ဟု မိန်းလျှောက်ကြ၏။
LUK 18:27 ယေသျှုက “လူမတတ်နိုင်သော အရာကို ဘုရားသခင် တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
LUK 18:28 ထိုအခါ ပေတရုသည်၊ “ကြည့်ပါ၊ အကျွန်ရို့သည် ကိုယ့်အိမ်ကို စွန့်ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့ လိုက်လာကြပါသည်” ဟု လျှောက်၏။
LUK 18:29 ကိုယ်တော်က “ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိအိမ်၊ မယား၊ ညီအစ်ကိုမောင်နှမ၊ မိဖ၊ သားသမီးတိကို စွန့်သောသူသည်၊
LUK 18:30 ဤဘဝ၌ အဆပေါင်းများစွာ အကျိုးကို ခံစားရပြီးလျှင် နောင်ဘဝ၌လည်း ထာဝရအသက်ကို ရလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 18:31 ယေသျှုသည် တပည့်တော်တစ်ကျိပ်နှစ်ပါးကို ခေါ်ပြီးလျှင် “နားထောင်ကြလော့၊ ငါရို့သည် ယေရုဆလင်မြို့သို့ လားကြမည်။ လူသားအကြောင်းနှင့်ပတ်သတ်ပြီးလျှင် ပရောဖက်တိ ရီးသားထားသောအရာအားလုံး ထိုနီရာ၌ ပြည့်စုံလိမ့်မည်။
LUK 18:32 လူသားကို လူမျိုးခြားလက်ထဲသို့ အပ်နှံလိမ့်မည်။ သူ့ကို လှောင်ပြောင်စော်ကားပြီးလျှင် တံထွီးနှင့် ထွီးကြလိမ့်မည်။
LUK 18:33 လူသားကို ကြာပွတ်နန့်ရိုက်၍ အသီသတ်ကြလိမ့်မည်။ သို့သော်လည်း သုံးရက်မြောက်သောနိ့၌ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 18:34 သို့ရာတွင် တပည့်တော်ရို့သည် ကိုယ်တော်၏ စကားတော်တစ်ခွန်းကိုမျှ နားမလည်ခကြ။ ထိုစကား၏ အနက်အဓိပ္ပာယ်သည် ကွယ်ဝှက်ထားခြင်း ခံရသည်ဖြစ်၍ ကိုယ်တော်၏ မိန့်တော်မူချက်ကို သူရို့နားမလည်ခကြ။
LUK 18:35 ယေသျှုသည် ယေရိခေါမြို့နားသို့ ရောက်တော်မူစဉ် မျက်မမြင်တစ်ဦးသည် လမ်းဘေးနားတွင်ထိုင်၍ တောင်းစားလျက် နိန်၏။
LUK 18:36 သူသည် လူထုပရိသတ်ကြီး လားကြသံကို ကြား၍ အကြောင်းကို စုံစမ်းမိန်းမြန်း၏။
LUK 18:37 လူတိက “နာဇရက်မြို့သား ယေသျှု ကြွလာတော်မူလျက်ဟိကြောင်း” ကို ပြောကြ၏။
LUK 18:38 ထိုသူက “ဒါဝိဒ်၏ သားတော် ယေသျှု၊ အကျွန့်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
LUK 18:39 ရှိ့တွင် ဟိနိန်သည့် လူတိက သူ့အား တိတ်တိတ်နီရန် ငေါက်ငန်းပြောဆိုကြ၏။ သို့သော်လည်း သူသည် “ဒါဝိဒ်၏ သားတော်၊ အကျွန့်ကို သနားတော်မူပါ” ဟု ပို၍ပင် ကျယ်လောင်စွာ ဟစ်အော်လေ၏။
LUK 18:40 သို့ဖြစ်၍ ယေသျှုသည် တန့်တော်မူလျက် မျက်မမြင်အား ခေါ်ခပါဟု မိန့်တော်မူ၏။ ထိုသူသည် အနားသို့ရောက်လျှင်၊ ယေသျှုက၊
LUK 18:41 “သင်သည် ငါ့အား ဇာအမှုကို ပြုစီလိုသနည်း” ဟု မိန်းတော်မူလျှင်၊ “သခင်ဘုရား၊ အကျွန် မျက်စိပြန်မြင်ချင်ပါ၏” ဟု မျက်မမြင်က လျှောက်လေ၏။
LUK 18:42 ယေသျှုကလည်း၊ “သင်၏ မျက်စိမြင်စီ၊ သင်၏ ယုံကြည်ခြင်းသည် သင့်မျက်စိကို မြင်စီ ဗျာယ်” ဟု မိန့်တော်မူ၏။
LUK 18:43 ထိုခဏအတွင်း သူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက် ကိုယ်တော်၏နောက်သို့ လိုက်လေ၏။ လူထုပရိသတ်ရို့သည် ထိုအခြင်းအရာကို မြင်လျှင် ဘုရားသခင်ကို ချီးမွမ်းကြကုန်၏။
LUK 19:1 ယေသျှုသည် ယေရိခေါမြို့ကို ဖြတ်၍ ကြွတော်မူ၏။
LUK 19:2 ထိုအရပ်တွင် ဇက္ခဲဟု နာမည်ဟိသော ချမ်းသာကြွယ်ဝသူ အခွန်ခေါင်းတစ်ယောက်ဟိ၏။
LUK 19:3 သူက ယေသျှုသည် ဇာသူဖြစ်ကြောင်းကို တွိ့မြင်လိုသဖြင့် ကြိုးစား၍ ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သဖြင့် လူထုပရိသတ်ကြောင့် ကိုယ်တော့်ကို မမြင်နိုင်။
LUK 19:4 ထို့ကြောင့် ယေသျှုကို တွိ့မြင်နိုင်ရန် ကြွတော်မူမည့်လမ်းအတိုင်း ရှိ့သို့ ဗြီး၍ သဖန်းပင်တစ်ပင်ထက်သို့ တက်လေ၏။
LUK 19:5 ယေသျှုသည် ထိုနီရာသို့ ရောက်သောအခါ မော်၍ ကြည့်တော်မူပြီးလျှင်၊ “ဇက္ခဲ၊ အယင် ဆင်းလာ၊ ဤနိ့ သင့်အိမ်၌ ငါတည်းခိုမည်” ဟု မိန့်တော်မူ၏။
LUK 19:6 ဇက္ခဲသည် အယင်ဆင်းလာပြီးလျှင် ကိုယ်တော့်ကို ဝမ်းမြောက်စွာဖြင့် ကြိုဆိုလေ၏။
LUK 19:7 ဤအခြင်းအရာကို လူတိက မြင်သောအခါ “ဤသူသည် အပြစ်သားတစ်ယောက်၏အိမ်၌ တည်းခိုရန် လားပါသည်တကား” ဟု စတင်၍ ကဲ့ရဲ့ပြစ်တင်ကြ၏။
LUK 19:8 ဇက္ခဲသည်ရပ်လျက် သခင်ဘုရားအား၊ “အသျှင်၊ နားထောင်ပါ၊ အကျွန်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသားရို့အား ပီးကမ်းပါမည်။ တဦးတစ်ယောက်ပါးက မတရား တောင်းယူထားမိ့သော ငွီ ဟိပါလျှင် ထို ငွီ၏ လေးဆကို ပြန်ပီးပါမည်” ဟု လျှောက်လေ၏။
LUK 19:9 ယေသျှုကလည်း၊ “အာဗြဟံ၏ သားဖြစ်ခြင်းကို သူ၏ အပြုအမူအားဖြင့် ပြသောကြောင့် ကယ်တင်ခြင်းသည် ဤနိ့ပင် ဤအိမ်ထက်သို့ သက်ရောက်လီဗျာယ်။
LUK 19:10 လူသားသည် ပျောက်ဆုံးသူတိကို ရှာဖို့နန့် ကယ်တင်ဖို့ရန် ကြွလာခြင်းဖြစ်သည်” ဟု ဇက္ခဲအား မိန့်တော်မူ၏။
LUK 19:11 ကိုယ်တော်သည် ဤအကြောင်းအရာတိကို နားထောင်နိန်ကြသော သူရို့အား ပုံဥပမာတစ်ခုကို ထပ်၍ မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ယေရုဆလင်မြို့အနားသို့ ရောက်လာတော်မူသဖြင့် ဘုရားသခင်၏ နိုင်ငံတော် ချက်ချင်းပေါ်ထွန်းမည်ဟု ထင်မှတ်ကြသောကြောင့် ဖြစ်၏။
LUK 19:12 ထို့ကြောင့် ကိုယ်တော်က “အမတ်တစ်ယောက်သည် ဝီးသောတိုင်းပြည်တစ်ခုကို ထွက်လားပြီးလျှင် ဘုရင်အရာကိုခံယူပြီး ကိုယ့်တိုင်းပြည်ကို ပြန်လာရန် အကြံဟိ၏။
LUK 19:13 ခရီးမထွက်ခင် မိမိ၏အခိုင်းအစီ ဆယ်ယောက်ကိုခေါ်ပြီး ‘ငါပြန်လာသည့်အချိန်ထိ ကုန်သွယ်မှုကို ပြုပြီးနီကြလော့’ ဟု ဆို၍ ရွှီဒင်္ဂါးတစ်ပြားစီ ပီးလိုက်၏။
LUK 19:14 သို့သော် သူ၏ ပြည်သူပြည်သားရို့သည် သူ့ကို မုန်းကြသဖြင့်၊ ‘ထိုသူသည် ဘုရင်အဖြစ် အုပ်ချုပ်မှုကို ငါရို့မခံလို’ ဟု တမန်တစ်ယောက်ကို ထိုသူနောက်သို့ စီရွှတ်ပြီးလျှင် လျှောက်ထားစီ၏။
LUK 19:15 “ထိုအမတ်သည် ဘုရင်အရာကို ခံယူပြီး ပြန်လာ၏။ သူသည် ချက်ချင်းပင် စီးပွါးရှာရန် ပီးထားခသော ရွှီဒင်္ဂါးဖြင့် ဇာလောက် အမြတ်ရထားသည်ကို သိချင်၍ အခိုင်းအစီတိကို ခေါ်စီ၏။
LUK 19:16 ပထမတစ်ဦးသည် လာ၍ ‘ဆရာ၊ ဆရာပီးခသော ရွှီဒင်္ဂါးတစ်ပြားနှင့် အမြတ်ဆယ်ပြားရပါ၏’ ဟု လျှောက်လေ၏။
LUK 19:17 သခင်က ‘သာဓု၊ သင်သည် ငယ်သားကောင်းဖြစ်၏။ ငယ်သောအမှု၌ သစ္စာဟိသူဖြစ်၍ သင်သည် မြို့ကြီးဆယ်မြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
LUK 19:18 ဒုတိယ အခိုင်းအစီကလည်း လာပြီးလျှင် ‘အသျှင်၊ အသျှင်ပီးခသော ရွှီဒင်္ဂါးတစ်ပြားနှင့် အမြတ် ငါးပြားရပါ၏’ ဟု လျှောက်လေ၏။
LUK 19:19 အသျှင်က ‘သင်သည်လည်း မြို့ကြီးငါးမြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
LUK 19:20 အခြားသော အခိုင်းအစီသည် လာပြီးလျှင် ‘အသျှင်၊ အသျှင်ပီးခသော ရွှီဒင်္ဂါး ဤမှာဟိပါ၏။ ထို ရွှီဒင်္ဂါးကို အကျွန်သည် ပုဝါနှင့်ထုပ်၍ သိမ်းထားပါ၏။
LUK 19:21 အသျှင်သည် ပြတ်သားသောသူ ဖြစ်သောကြောင့် အကျွန်ကြောက်ပါ၏။ အသျှင်သည် မိမိမပိုင်သောအရာတိကို သိမ်းယူတတ်ပြီးလျှင်၊ မိမိမစိုက်မပျိုးသော သီးနှံတိကိုလည်း ရိတ်သိမ်းတတ်ပါ၏’ ဟု လျှောက်လေ၏။
LUK 19:22 မင်းကြီးက ‘အခိုင်းအစီဆိုး၊ သင်၏ နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် ပြတ်သားသောသူဖြစ်ပြီး ကိုယ်မပိုင်သောအရာတိကို သိမ်းယူတတ်၍ ကိုယ်မစိုက်မပျိုးသော အသီးအနှံတိကို ရိတ်သိမ်းတတ်သည်ကို သိပါလျက်နှင့်၊
LUK 19:23 ငါပီးထားသော ငွီကို ငါပြန်လာသော အချိန်တွင် အတိုးနှင့်တကွ ပြန်ပီးနိုင်ဖို့ ဇာကြောင့် ဘဏ်၌ အပ်မထားသနည်း’ ဟု မိန်း၏။
LUK 19:24 ထို့နောက် မင်းကြီးက အနားတွင် ရပ်နိန်သောသူရို့အား ‘ထိုသူပါးက ရွှီဒင်္ဂါးကိုယူ၍ ရွှီဒင်္ဂါးဆယ်ပြားဟိသူကို ပီးလိုက်လော့’ ဟု မိန့်တော်မူ၏။
LUK 19:25 ယေဒါလည်း လူတိက ‘အသျှင်၊ ထိုသူ၌ ရွှီဒင်္ဂါးဆယ်ပြား ဟိပြီးဖြစ်ပါ၏’ ဟု လျှောက်ကြ၏။
LUK 19:26 မင်းကြီးက ‘သင်ရို့အား ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏။ သူအား သာ၍ ပီးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ သူ့ပါးမှ ဟိသမျှကိုပင် သိမ်းယူခြင်းခံရမည်။
LUK 19:27 ထိုမှတစ်ပါး ဘုရင်အဖြစ် ငါ၏ အုပ်ချုပ်မှုကို မခံလိုသော ငါ၏ရန်သူတိကို ငါ့ရှိ့တွင် ယူလာ၍ အသီသတ်လိုက်ကြလော့’ ဟု စီရင်တော်မူသည်” ဟု မိန့်တော်မူ၏။
LUK 19:28 ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုသည် တပည့်တော်တိရှိ့က ကြွတော်မူ၍ ယေရုဆလင်မြို့သို့ တက်ကြွတော်မူ၏။
LUK 19:29 သံလွင်တောင်၌ဟိသော ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနားသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ယောက်ကို အယင် ရွှတ်လိုက်၍၊
LUK 19:30 “သင်ရို့ရှိ့၌ဟိသောရွာသို့ လားကြလော့။ ထိုရွာကို ဝင်သောအခါ တစ်ယောက်လေ့ မစီးဖူးသော မြည်းပေါက်ချေတစ်ကောင် ချည်ထားသည်ကို တွိ့လိမ့်မည်။ မြည်းကြိုးကိုဖြီ၍ ဆွဲလာကြလော့။
LUK 19:31 လူတစ်ယောက်က ‘ဇာဖြစ်လို့ ကြိုးကို ဖြီသနည်း’ ဟု သင်ရို့အား မိန်းလျှင် ‘အသျှင် အလိုဟိသည်’ ဟု ပြန်ပြောကြလော့” ဟူ၍ မှာကြား၍ ရွှတ်လိုက်တော်မူ၏။
LUK 19:32 ရွှတ်လိုက်ခြင်းခံရသော သူရို့သည်လည်း ထွက်လားကြသောအခါ ယေသျှု မိန့်တော်မူသည့်အတိုင်း အားလုံးကို တွိ့မြင်ကြ၏။
LUK 19:33 သူရို့သည် မြည်းကြိုးကို ဖြီနိန်စဉ် မြည်းပိုင်သျှင်က “သင်ရို့ဇာကြောင့် မြည်းကြိုးကို ဖြီသနည်း” ဟု မိန်း၏။
LUK 19:34 သူရို့ကလည်း “အသျှင် အလိုဟိသည်” ဟု ပြန်ပြောကြ၏။
LUK 19:35 ထို့နောက် သူရို့သည် မြည်းကို ယေသျှုထံပါးသို့ ယူလာကြ၏။ မြည်း၏နောက်ကုန်းထက်တွင် မိမိရို့၏အဝတ်များကို တင်ပြီး ကိုယ်တော့်ကို စီးစီကြ၏။
LUK 19:36 ကိုယ်တော် မြည်းစီး၍ ကြွတော်မူစဉ် လူအပေါင်းရို့သည် မိမိရို့၏အဝတ်ကို လမ်းထက်၌ ဖြန့်ခင်းကြ၏။
LUK 19:37 ယေရုဆလင်မြို့အနားသို့ ရောက်လာစဉ် သံလွင်တောင်အဆင်းလမ်းတွင် သူ၏တပည့်တော် လူအပေါင်းရို့သည် မိမိရို့ တွိ့မြင်ခရသည့် အံ့သြဖွယ်အမှုအရာများအတွက် ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင်အား ကျယ်သောအသံနှင့် ချီးမွမ်းကြ၏။
LUK 19:38 “ထာဝရဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော ဘုရင်သည် မင်္ဂလာဟိစီသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်း ဟိစီသတည်း။ ဘုရားသခင်သည် ဘုန်းကြီးတော်မူစီသတည်း” ဟု ကြွေးကြော်ကြ၏။
LUK 19:39 ထိုအခါ လူပရိသတ်ထဲမှ ဖာရိယှဲတချို့က “ဆရာ၊ ဆရာ၏တပည့်တော်တိကို တိတ်ဆိတ်စွာနိန်ဖို့ အမိန့်ပီးပါ” ဟု ကိုယ်တော့်ကို လျှောက်ထားကြ၏။
LUK 19:40 ယေသျှုက “သင်ရို့အား ငါဆိုသည်ကား၊ ဤသူရို့သည် တိတ်တိတ်နိန်ကြလျှင် ကျောက်ခဲတိက ကြွေးကြော်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 19:41 ကိုယ်တော်သည် ယေရုဆလင်မြို့အနားသို့ ရောက်တော်မူ၍ ကြည့်တော်မူလျှင် ထိုမြို့အတွက် ငိုကြွီးလျက်၊
LUK 19:42 “သင်သည် ငြိမ်သက်ခြင်းအတွက် လိုအပ်သည့်အရာကို ဤနိ့ သိမြင်စီခြင်းငှာ ငါအလိုဟိ၏။ သို့သော်လည်း သင်သည် ထိုအရာကို မသိမမြင်နိုင်။
LUK 19:43 ရန်သူရို့သည် သင့်ပတ်လည်၌ တပ်ချ၍ အဖက်ဖက်မှ ဝန်းရံပိတ်ဆို့နိန်သည့် အချိန်ရောက်လာလိမ့်မည်။
LUK 19:44 သူရို့သည် သင်နှင့် သင်၏မြို့ရိုးအတွင်း၌ဟိသော လူတိကို ဖျက်ဆီးကြလိမ့်မည်။ ကျောက်တစ်တုံးအထက်မှာ တစ်တုံး တင်ကျန်ရလိမ့်မည် မဟုတ်။ အကြောင်းမူကား သင်ရို့ကို ကယ်တင်ဖို့ ဘုရားသခင်ကြွလာသော အချိန်ကာလကို မသိမမြင်လို့ ဖြစ်၏” ဟု မိန့်တော်မူ၏။
LUK 19:45 ထို့နောက် ယေသျှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ရောင်းဝယ်သောသူရို့ကို နှင်ထုတ်တော်မူပြီး၊
LUK 19:46 ထိုသူရို့အား “ဘုရားသခင်က၊ ‘ငါ၏ဗိမာန်တော်သည် ဆုတောင်းရာအိမ် ဖြစ်၏’ ဟု ကျမ်းစာ၌ ရီးထားသည်ဟု မိန့်တော်မူထားသော်လည်း သင်ရို့က ငါ၏ဗိမာန်တော်ကို သူခိုးတွင်း ဖြစ်စီဗျာယ်” ဟု မိန့်တော်မူ၏။
LUK 19:47 ကိုယ်တော်သည် နိ့တိုင်း ဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနှင့် လူအကြီးအကဲရို့သည် ကိုယ်တော့်ကို အသီသတ်ရန် အခွင့်ရှာကြသော်လည်း၊
LUK 19:48 လူအပေါင်းရို့သည် တရားစကားများကို အာရုံစိုက်၍ နာယူနိန်ကြသောကြောင့် သူရို့သည် ကိုယ်တော်အား သတ်ရမည့်အခွင့်ကို ရှာ၍ မရနိုင်ကြ။
LUK 20:1 တစ်နိ့၌ ယေသျှုသည် ဗိမာန်တော်တွင် လူတိအား ဆုံးမသြဝါဒပီး၍ သတင်းကောင်းကို ဟောပြောလျက်နိန်စဉ် ယဇ်ပုရောဟိတ် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် လူအကြီးအကဲရို့သည် ကိုယ်တော်ထံသို့ လာကြ၏။
LUK 20:2 သူရို့က “ကိုယ်တော်သည် ဤအမှုအရာများကို ဇာအခွင့်နှင့် ပြုတော်မူသနည်း။ ဤအခွင့်ကို ဇာသူက ပီးတော်မူသနည်း။ အကျွန်ရို့ကို ပြောပြပါ” ဟု မိန်းမြန်းကြ၏။
LUK 20:3 ယေသျှုက “ငါလည်း သင်ရို့အား မိန်းခွန်းတစ်ခုကို မိန်းဦးမည်။
LUK 20:4 ယောဟန်၏ဗတ္တိဇံသည် ဘုရားသခင်ထံမှ လာသလော။ သို့မဟုတ် လူတိပါးမှ လာသလော ငါ့ကိုပြောလော” ဟု မိန်းတော်မူ၏။
LUK 20:5 သူရို့သည် “‘ဘုရားသခင်ထံမှ လာသည်’ ဟု ငါရို့ဆိုကေ ‘ယောဟန်အား သင်ရို့ဇာကြောင့် မယုံကြည်ကြသနည်း’ ဟု မိန်းလာလိမ့်မည်။
LUK 20:6 သို့သော်လည်း ‘လူတိပါးမှ လာသည်’ ဟု ဆိုလျှင် လူတိက ယောဟန်အား ပရောဖက်တစ်ပါး ဖြစ်ကြောင်းကို အမှန်ယုံကြည်ကြ၍ ငါရို့ကို ကျောက်ခဲနန့် ပစ်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ကြ၏။
LUK 20:7 ထို့ကြောင့် သူရို့က၊ “ဇာသူ့ပါးက လာသည်ကို အကျွန်ရို့မသိပါ” ဟု ဖြေကြားကြ၏။
LUK 20:8 ထိုအခါ ယေသျှုကလည်း၊ “ငါသည်လည်း ဇာအခွင့်အာဏာနန့် ဤအရာများကို ပြုနိန်သည်ကို သင်ရို့အား ပြောလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
LUK 20:9 ထို့နောက် ယေသျှုက လူတိအား မိန့်တော်မူခသော ပုံဥပမာကား၊ “လူတစ်ယောက်သည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီး သီးစားချထားကာ အခြားပြည်သို့ လား၍ ကာလအတန်ကြာ နီထိုင်လေ၏။
LUK 20:10 အသီးပေါ်ချိန် ရောက်သောအခါ ကျွန်တစ်ယောက်ကို ခြံသမားထံပါးသို့ စီရွှတ်ပြီးလျှင် သီးစားခကို တောင်းစီ၏။ သို့သော်လည်း ခြံသမားတိက ထိုကျွန်ကို သတ်ပုတ်၍ လက်ခစီး ပြန်ရွှတ်လိုက်ကြ၏။
LUK 20:11 ထို့ကြောင့် ဥယျာဉ်သျှင်သည် အခြားကျွန်တစ်ယောက်ကို စီရွှတ်ပြန်၏။ သို့သော်လည်း ခြံသမားရို့သည် သူ့ကိုလည်း သတ်ပုတ်ပြီးလျှင် အရှက်ခွဲ၍ လက်ခစီး ပြန်ရွှတ်လိုက်ပြန်၏။
LUK 20:12 ထို့နောက် ဥယျာဉ်သျှင်သည် တတိယကျွန်ကို စီရွှတ်လိုက်သော်လည်း ခြံသမားတိက ထိုကျွန်အား ရိုက်ပုတ်လျက် ဒဏ်ရာရစီပြီးလျှင် အပြင်ဖက်သို့ နှင်ထုတ်လိုက်ကြ၏။
LUK 20:13 စပျစ်ဥယျာဉ်ပိုင်သျှင်က ‘ငါ ဇာပိုင် လုပ်ရမည်နည်း၊ ငါ၏ ချစ်သောသားကို ရွှတ်လိုက်လျှင် သူရို့က ရိုသီလေးစားလောက်သည်’ ဟု ဆို၏။
LUK 20:14 သို့သော်လည်း ခြံသမားရို့သည် ဥယျာဉ်သျှင်၏သားကို မြင်သောခါ ‘ဤသူသည် အမွီခံဖြစ်၏။ ငါရို့သည် ထိုသူ့အမွီကိုရအောင် သူ့ကို အသီသတ်ပစ်လိုက်ကြမည်’ ဟု အချင်းချင်း တိုင်ပင်ပြီးလျှင်၊
LUK 20:15 စပျစ်ဥယျာဉ်ပိုင်သျှင်၏သားကို ဥယျာဉ်၏ အပြင်ကိုထုတ်၍ အသီသတ်ပစ်ကြ၏။ “ထို့ကြောင့် ဥယျာဉ်ပိုင်သျှင်သည် ခြံသမားတိအား ဇာပိုင်လုပ်မည်နည်း” ဟု ယေသျှုက မိန်းတော်မူ၏။
LUK 20:16 ထိုအခါ ယေသျှုက “စပျစ်ဥယျာဉ်သျှင်သည် လာပြီးလျှင် သူ့ရို့ကို အသီသတ်ပြီး ဥယျာဉ်ကို အခြားသော သီးစားခြံသမားတိပါးသို့ အပ်လိမ့်မည်” ဟု မိန့်တော်မူ၏။ ထိုစကားကို ကြားသောအခါ သူရို့က၊ “ထိုသို့ မဖြစ်ပါစီကေ့” ဟု ဆိုကြ၏။
LUK 20:17 ယေသျှုက လူတိအား ကြည့်ရှုတော်မူပြီးလျှင်၊ “သို့ဖြစ်၍ ကျမ်းစာ၌ ဖော်ပြသည်ကား မည်သို့နည်း။ “ ‘တိုက်ကိုဆောက်သောလူတိ ပယ်ထားသောကျောက်သည်၊ အရေးကြီးဆုံးဖြစ်သော တိုက်ထောင့်ကိုချုပ်သော ကျောက်ဖြစ်လာရ၏။’
LUK 20:18 ထိုကျောက်ထက်၌ ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက် ကျခြင်းခံရသည့် သူသည်လည်း အမှုန့်ကြိတ်ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 20:19 ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် မိမိရို့အား ရည်ညွှန်း၍ ဤပုံဥပမာဖြင့် မိန့်တော်မူကြောင်းကို သိကြသဖြင့် ယေသျှုကို ဖမ်းဆီးကြရန် ရှာကြံလေ၏။ သို့သော်လည်း လူတိကို ကြောက်ကြ၏။
LUK 20:20 ထို့ကြောင့် အခွင့်ကောင်းကို စောင့်ကြည့်လျက် ယေသျှုစကားတွင် အမှားကိုရှာပြီးလျှင် ကိုယ်တော်အား ရောမဘုရင်ခံ၏လက်သို့ အပ်နိုင်ရန် လူတချို့ကို အခငွီပီးပြီး သူတော်ကောင်းယောင်ဆောင်စီကာ သူလျှိုအဖြစ် ကိုယ်တော်ထံသို့ စီရွှတ်ကြ၏။
LUK 20:21 သူလျှိုတိက၊ “ဆရာ၊ ဆရာ ဟောပြောသွန်သင်တော်မူသော အရာအားလုံး မှန်ကန်ကြောင်းကို အကျွန်ရို့သိပါ၏။ ဆရာသည် လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဖြောင့်မတ်စွာ သွန်သင်တတ်ပါ၏။
LUK 20:22 အကျွန်ရို့သည် ကဲသာဘုရင်ကို အခွန်ဆက်သခြင်းသည် ပညတ္တိကျမ်းနှင့် ညီပါသလား၊ မညီသလား” ဟု မိန်းလျှောက်ကြ၏။
LUK 20:23 ယေသျှုသည် သူရို့၏ ပရိယာယ်ကို သိတော်မူသဖြင့်၊ သူရို့အား
LUK 20:24 “ငွီဒင်္ဂါးတစ်ပြားကို ငါ့အားပြလော၊ ဤ ငွီဒင်္ဂါး၌ ဇာသူ့ပုံ၊ ဇာသူ့နာမည် ပါသနည်း” ဟု မိန်းတော်မူ၏။ သူရို့က “ကဲသာဘုရင်၏ ပုံနှင့် သူ၏ နာမည်ဟိပါ၏” ဟု ပြန်လျှောက်ကြ၏။
LUK 20:25 ထို့ကြောင့် ယေသျှုက “ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အား ဆက်သကြလော၊ ဘုရားသခင်ပိုင်သည့်အရာကို ဘုရားသခင်အား ဆက်သကြလော” ဟု မိန့်တော်မူ၏။
LUK 20:26 သူရို့သည် လူတိရှိ့တွင် ကိုယ်တော်၏စကား၌ အပြစ်မတွိ့သဖြင့် ကိုယ်တော်၏ ဖြေကြားတော်မူပုံကို အံ့သြလျက် တိတ်ဆိတ်နိန်ကြ၏။
LUK 20:27 ထို့နောက် လူသည် သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမဟိဟု ယုံကြည်ကြသော ဇဒ္ဒုကဲတချို့သည် ယေသျှုထံသို့ ချဉ်းကပ်၍၊
LUK 20:28 “ဆရာ၊ ‘မယားဟိသောသူ တစ်ယောက်သည် သားသမီးမထွန်းကားဘဲ သီဆုံးလားလျှင် ကျန်ခသည့် မုဆိုးမကို ညီဖြစ်သောသူက လက်ထပ်ယူ၍ အစ်ကိုမျိုးဆက်ကို တိုးပွားစီရမည်’ ဟု အကျွန်ရို့ကို မောသျှေ စီရင်ခပါ၏။
LUK 20:29 တစ်ခါက ညီအစ်ကိုခုနစ်ယောက် ဟိပါ၏။ အစ်ကိုကြီးသည် အိမ်ထောင်ကျသော်လည်း သားသမီးမထွန်းကားဘဲ သီဆုံးလေ၏။
LUK 20:30 ပြီးလျှင် ဒုတိယညီသည် သူ့မရီးအား လက်ထပ်လိုက်သော်လည်း သားသမီးမထွန်းကားဘဲ သီဆုံးလားပြန်၏။
LUK 20:31 တတိယညီကလည်း လက်ထပ်ပြန်၏။ ထိုနည်းတူ ညီအစ်ကိုခုနစ်ယောက်စလုံးသည် သားသမီးမထွန်းကားဘဲ သီဆုံးလားလေ၏။
LUK 20:32 နောက်ဆုံး၌ မိန်းမကြီးလည်း သီဆုံးလားလေ၏။
LUK 20:33 ထို့ကြောင့် ရှင်ပြန်ထမြောက်သောနိ့၌ ထိုမိန်းမသည် ဇာသူမယား ဖြစ်မည်နည်း။ ထိုသူ ခုနစ်ယောက်စလုံးသည် သူမနှင့် လက်ထပ်ထားသူများ ဖြစ်ကြ၏” ဟု မိန်းလျှောက်ကြ၏။
LUK 20:34 ယေသျှုကလည်း “ဤဘဝ၌ လူသည် အိမ်ထောင်ပြုကြ၏။
LUK 20:35 သို့သော်လည်း သီခြင်းမှ ရှင်ပြန်ထမြောက်ပြီး နောင်ဘဝကို ဝင်ရသည့် လူတိမှာကား အိမ်ထောင်ပြုခြင်းမဟိ။
LUK 20:36 ထိုသူရို့သည် သီဆုံးခြင်းမဟိဘဲ ကောင်းကင်တမန်ပိုင် ဖြစ်ကြလိမ့်မည်။ သူရို့သည် သီဆုံးခြင်းမှ ရှင်ပြန်ထမြောက်သောသူများဖြစ်၍ ဘုရားသခင်၏သား ဖြစ်ကြ၏။
LUK 20:37 မီးလောင်နိန်သော ခြုံပုတ်အကြောင်း ဖော်ပြရာ၌ မောသျှေက သခင်ဘုရားသည် ‘အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားဖြစ်သည်’ ဟုဆိုရာ၌ သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ကြောင်းကို ယှင်းလင်းစွာ ဖော်ပြခြင်းပင်ဖြစ်၏။
LUK 20:38 ထိုသူရို့သည် ဘုရားသခင်၏ရှိ့၌ အသက်ရှင်သော သူတိဖြစ်သည့်အတွက် ဘုရားသခင်သည် သီသောလူတိ ဘုရား မဟုတ်။ အသက်ရှင်သော သူရို့၏ ဘုရားဖြစ်တော်မူ၏” ဟု မိန့်တော်မူ၏။
LUK 20:39 ကျမ်းတတ်ဆရာတချို့က၊ “ဆရာ၊ ဆရာ၏စကားသည် အလွန်လျှောက်ပတ်ပါ၏” ဟု လျှောက်ကြ၏။
LUK 20:40 သူရို့က နောက်ထပ် မိန်းခွန်းများကို ကိုယ်တော့်အား မမိန်းလျှောက်ဝံ့ကြ။
LUK 20:41 ယေသျှုက ထိုသူရို့အား၊ “မေသျှိယသည် ဒါဝိဒ်၏သားမြီးဖြစ်သည်ဟု ဇာကြောင့်ပြောကြသနည်း။
LUK 20:42 ဒါဝိဒ်ကိုယ်တိုင် ဆာလံကျမ်း၌ “ ‘ထာဝရဘုရားက ငါသည် သင်ရို့၏
LUK 20:43 ရန်သူတိကို သင်သည် ခြီတင်ရန် သင်၏ခြီ အောက်၌ ငါ မချထားခင်တိုင်အောင်၊ ငါ၏ လက်ယာဖက်၌ ထိုင်နိန်လော့၊ ဟု ငါ့အသျှင်အား မိန့်တော်မူသည်’ ဟု ဆို၏။
LUK 20:44 ဒါဝိဒ်သည် မေသျှိယအား၊ ‘အသျှင်’ ဟုခေါ်လျှင် ဇာကြောင့် မေသျှိယသည် ဒါဝိဒ်၏သား ဖြစ်နိုင်မည်နည်း” ဟု မိန်းတော်မူ၏။
LUK 20:45 လူအပေါင်းရို့သည် နားထောင်လျက် နိန်ကြစဉ် ကိုယ်တော်သည် တပည့်တော်ရို့အား၊
LUK 20:46 “ကျမ်းတတ်ဆရာတိကို သတိနန့်ယှောင်ကြလော့။ သူရို့သည် ဝတ်ရုံရှည်ကို ဝတ်၍ လမ်းလျှောက်ခြင်းကို နှစ်သက်ကြ၏။ စျီးနီရာတိ၌ ရိုသီစွာ နှုတ်ဆက်ခြင်းနှင့် တရားဇရပ်၊ ပွဲသဘင်များတွင် မြင့်မြတ်သောနီရာ၌ ထိုင်ခြင်းငှာ နှစ်သက်ကြ၏။
LUK 20:47 မုဆိုးမအိမ်တိကို လိမ်လည်လှည့်ဖြားကာ သိမ်းယူပြီးလျှင် လူအထင်ကြီးအောင် အကြာကြီး ဆုတောင်းတတ်ကြ၏။ သူရို့သည် မှားယွင်းမှုကြောင့် ပို၍ ကြီးမားသောအပြစ်ကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 21:1 ယေသျှုသည် မျှော်ကြည့်သောအခါ ချမ်းသာသောသူများသည် ဗိမာန်တော်၏ ဘဏ္ဍာတိုက်ထဲသို့ ထည့်ဝင်နိန်ကြသည်ကို မြင်တော်မူ၏။
LUK 21:2 ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း သေးငယ်သော ကြေးဒင်္ဂါးနှစ်ပြား လှူဒါန်းနိန်သည်ကို မြင်တော်မူ၏။
LUK 21:3 ကိုယ်တော်ကလည်း၊ “သင်ရို့အား ငါဆိုသည်ကား၊ ဆင်းရဲသော မုဆိုးမသည် အခြားသော လူတိထက် ပို၍ ထည့်ဝင်လှူဒါန်းလေ၏။
LUK 21:4 ချမ်းသာသောလူတိက သူရို့၏ ငွီပိုငွီလျှံထဲက ထည့်ဝင်လှူဒါန်းကြ၏။ ဤဆင်းရဲသော မုဆိုးမသည် ဆင်းရဲသော်လည်း သူမ၌ဟိသော ဝမ်းစာအားလုံးကိုပင် ပီးလှူ ဗျာယ်” ဟု မိန့်တော်မူ၏။
LUK 21:5 တပည့်တော်တချို့က ဗိမာန်တော်သည် လှပသောကျောက်တုံးများ၊ ဘုရားသခင်အား ပူဇော်လှူဒါန်းထားသော ဝတ္ထုပစ္စည်းများနှင့် အလွန်တင့်တယ်လျက်ဟိကြောင်းကို ပြောဆိုကြ၏။
LUK 21:6 ယေသျှုက “သင်ရို့မြင်ရသော အရာများသည် ကျောက်ခဲတစ်တုံးတောင်မှ မူလနီရာ၌ တင်၍ မဟိအောင် ပြိုပျက်သည့်အချိန် ရောက်လာလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 21:7 ထိုသူရို့က “ဆရာ၊ ဤအမှုအရာများသည် ဇာအချိန်၌ ဖြစ်ပျက်ပါမည်နည်း။ ထိုအမှုအရာများ ဖြစ်ပျက်ချိန်၌ ဇာနိမိတ်လက္ခဏာတိ ပေါ်ထွန်းလာမည်နည်း” ဟု မိန်းလျှောက်ကြ၏။
LUK 21:8 ယေသျှုကလည်း၊ “သင်ရို့သည် လှည့်စားခြင်း မခံရစီခြင်းငှာ သတိထားကြလော့။ လူတိက ငါ့အယောင်ဆောင်၍ ‘ငါသည် မေသျှိယဖြစ်သည်’ ဟု ဆို၍ လည်းကောင်း၊ ‘အချိန်ရောက်လာဗျာယ်’ ဟု ဆို၍ လည်းကောင်း၊ သင်ရို့ပါးကို ရောက်လာကြလိမ့်မည်။ ထိုသူရို့နောက်ကို မလိုက်ကတ်ကေ့။
LUK 21:9 သင်ရို့သည် စစ်တိုက်ခြင်းအကြောင်းနှင့် တော်လှန်ပုန်ကန်ခြင်းအကြောင်း သတင်းကို ကြားကြသောအခါ ကြောက်ရွံ့စိုးရိမ်ခြင်း မဟိကတ်ကေ့။ ဤအမှုအရာတိသည် အယင်ဦးစွာ ဖြစ်ပျက်ရမည်။ သို့သော်လည်း နောက်ဆုံးသော အချိန်ကား မရောက်သိမ့်” ဟု မိန့်တော်မူ၏။
LUK 21:10 ထို့ပြင် ကိုယ်တော်က၊ “လူတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ကြလိမ့်မည်။
LUK 21:11 နီရာအနှံ့တွင် မြီငလျင် ပြင်းထန်စွာလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကပ်ရောဂါ ကျရောက်ခြင်းများ ဖြစ်လိမ့်မည်။ ကောင်းကင်မှလည်း ကြောက်မက်ဖွယ်သော အရာများနှင့် ပုဗ္ဗနိမိတ်များ ဖြစ်ပေါ်လာကြလိမ့်မည်။
LUK 21:12 ဤအမှုအရာတိ မဖြစ်ခင် ငါ၏နာမကြောင့် သင်ရို့ကို လူတိက ဖမ်းဆီးညှဉ်းဆဲပြီးလျှင် တရားဇရပ်များတွင် လည်းကောင်း၊ အကျဉ်းထောင်များတွင် လည်းကောင်း အပ်နှံကြလိမ့်မည်။ သျှင်ဘုရင်၊ အုပ်ချုပ်သူတိပါးသို့ ပို့ဆောင်ကြလိမ့်မည်။
LUK 21:13 ဤသို့အားဖြင့် သင်ရို့သည် သတင်းကောင်းကို ပြောရသောအခွင့် ရကြလိမ့်မည်။
LUK 21:14 ထို့ကြောင့် သင်ရို့ကိုယ်တိုင် ဇာပိုင် ပြန်ပြောရမည်ကို ကြိုတင်၍ မစိုးရိမ်ကြစီခြင်းငှာ စိတ်ကိုခိုင်ခန့်စီကြလော့။
LUK 21:15 အကြောင်းမူကား သင်ရို့၏ ရန်သူတစ်ဦးတစ်ယောက်မျှ မငြင်းခုံ၊ မဟန့်တားနိုင်အောင် သင်ရို့အား နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပီးမည်။
LUK 21:16 သင်ရို့ကို မိဖ၊ ညီအစ်ကို၊ ဆွီမျိုးသားချင်း၊ အဆွီခင်ပွန်းတိက ရန်သူ့လက်ကို အပ်နှံကြပြီးလျှင် တချို့ကို အသီသတ်ကြလိမ့်မည်။
LUK 21:17 လူတိုင်းက ငါ၏နာမကြောင့် သင်ရို့ကို မုန်းတီးကြလိမ့်မည်။
LUK 21:18 သို့သော်လည်း သင်ရို့၏ဂေါင်းမှ ဆံချည်တစ်မျှင်တောင်မျှ ပျက်စီးလိမ့်မည် မဟုတ်။
LUK 21:19 သင်ရို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့” ဟု မိန့်တော်မူ၏။
LUK 21:20 “ယေရုဆလင်မြို့ကို စစ်တပ်များ ပတ်လည်ဝိုင်းရံထားသည်ကို သင်ရို့မြင်သောအချိန်ကား ထိုမြို့သည် မကြာမီ ပျက်စီးလိမ့်မည်ကို သင်ရို့သိထား၏။
LUK 21:21 ထိုအချိန်၌ ယုဒပြည်၌ဟိသော လူတိက တောင်ထက်သို့ ဗြီးကြစီ။ မြို့ထဲ၌ ဟိနိန်သော လူရို့သည် မြို့ပြင်ကို ထွက်လားစီ။ တောရွာ၌ ဟိနိန်ကြသောသူသည် မြို့ထဲကို မဝင်စီကတ်ကေ့။
LUK 21:22 အကြောင်းမူကား၊ ထိုနိ့ရက်ကာလများသည် ကျမ်းစာ၌ ဖော်ပြထားသောအရာအားလုံး ပြည့်စုံမည့် ‘ပြစ်ဒဏ်စီရင်သော နိ့ရက်ကာလ’ ပင် ဖြစ်၏။
LUK 21:23 ထိုနိ့ရက်ကာလ၌ ကိုယ်ဝန်လွယ်ထားသော မိန်းမတိနှင့် နို့စို့ချေဟိသော မိခင်တိအတွက် အလွန်ခက်ခဲလိမ့်မည်။ ယုဒပြည်သည် အတိဒုက္ခရောက်ပြီးလျှင် တိုင်းသူပြည်သားရို့သည် အမျက်တော် သင့်ကြလိမ့်မည်။
LUK 21:24 လူတချို့သည် ဒါးဖီးနှင့် သီရပြီးလျှင် တချို့က သုံးပန်းအဖြစ် အတိုင်းတိုင်းအပြည်ပြည်သို့ ဖမ်းလားခြင်း ခံရလိမ့်မည်။ တစ်ပါးအမျိုးသားရို့သည် မိမိရို့အချိန်ကာလ ပြည်စုံသည်အထိ ယေရုဆလင်မြို့ကို နင်းခြီကြလိမ့်မည်။
LUK 21:25 “နီ၊ လ၊ ကြယ်နက္ခတ်များ၌ ပုဗ္ဗနိမိတ်တိ ထင်ရှားလိမ့်မည်။ မြီကြီးထက်၌လည်း လူမျိုးအသီးသီးရို့သည် သမုဒ္ဒရာလှိုင်းတံပိုး ကြီးခြင်းကြောင့် မငြိမ်မသက်ဖြစ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်ကြလိမ့်မည်။
LUK 21:26 လူတိက ကမ္ဘာမြီကြီး၌ ကျရောက်လတ္တံ့သော ကပ်ဖီးများကို မျှော်ကြည့်၍ ကြောက်လန့်ကာ မိ့မောကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်တန်ခိုးများ တုန်လှုပ်ကြသောကြောင့် ဖြစ်၏။
LUK 21:27 ထိုအချိန်၌ လူသားသည် တိမ်ကိုစီးပြီး ကြီးစွာသော ဘုန်းတန်ခိုးကိုဆောင်၍ ကြွလာတော်မူသည်ကို သူရို့သည် မြင်ကြလိမ့်မည်။
LUK 21:28 ဤအမှုအရာများ ဖြစ်ပျက်လာသောအခါ သင်ရို့အား ရွီးနုတ်ကယ်တင်တော်မူခြင်းငှာ အချိန်နီးကပ် နိန်ပြီဖြစ်၍ သင်ရို့၏ဂေါင်းကို မော့၍ အထက်ကို မျှော်ကြည့်ကြလော့” ဟု မိန့်တော်မူ၏။
LUK 21:29 ထို့နောက် ကိုယ်တော်သည် သူရို့အား ပုံဥပမာဆောင်၍၊ “သင်္ဘောသဖန်းပင်နှင့် အခြားသော သစ်ပင်တိကို မှတ်ကြလော့။
LUK 21:30 ထိုအပင်များ ရွက်နုထွက်သည်ကို သင်ရို့မြင်သောအခါ နွီကာလ နီးပြီဖြစ်ကြောင်း သိကြ၏။
LUK 21:31 ထိုနည်းတူ ဖော်ပြခသော အမှုအရာများ ဖြစ်ပျက်နိန်သည်ကို မြင်ရလျှင် ဘုရားသခင်၏ နိုင်ငံတော်တည်ချိန် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။
LUK 21:32 “ငါအမှန်ကန်ဆိုသည်ကား၊ အဂု အသက်ရှင်နိန်သော လူများမသီဆုံးခင် ဤအကြောင်းအရာအားလုံး ဖြစ်ပျက်ရလိမ့်မည်။
LUK 21:33 ကောင်းကင်နှင့်မြီကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
LUK 21:34 “သင်ရို့သည် သောက်စားမူးယစ်ခြင်း၊ လောကီမှုအတွက် စိုးရိမ်ပူပန်ခြင်းများနှင့် အချိန်မကုန်စီရန် သတိနန့် နိန်ကြလော့။ သို့မဟုတ် ငါပြန်ကြွလာမည့် ထိုနိ့ရက်သည် ထောင်ချောက်ပိုင် သင်ရို့ပါးသို့ ရုတ်တရက် ရောက်လာလိမ့်မည်။
LUK 21:35 အကြောင်းမူကား ထိုနိ့ရက်သည် လောက၌ဟိသော လူသားအားလုံးကို အုပ်မိလိမ့်မည်။
LUK 21:36 နိုးနိုးကြားကြားနီ၍ အစဉ်မပြတ် ဆုတောင်းကြလော့။ အကြောင်းမူကား ကျရောက်လာမည့်ဖီးနှင့် ကင်းလွတ်ပြီး လူသား၏ရှိ့တော်မှောက်၌ မတ်မတ်ရပ်နိုင်မည် အကြောင်းတည်း” ဟု မိန့်တော်မူ၏။
LUK 21:37 ကိုယ်တော်သည် နိ့အခါ၌ ဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ၌ သံလွင်တောင်သို့လား၍ ညဉ့်ကို လွန်စီတော်မူ၏။
LUK 21:38 လူအပေါင်းရို့သည် ဗိမာန်တော်၌ တရားတော်နားထောင်ကြရန် နံနက်စောစောထ၍ ကိုယ်တော့်ထံသို့လာကြ၏။
LUK 22:1 ပသခါပွဲဟု ခေါ်သော တဆီးမဲ့မုန့် ပွဲတော်အချိန် နီးလာလေ၏။
LUK 22:2 ယဇ်ပုရောဟိတ်ကြီးရို့နှင့် ကျမ်းတတ်ဆရာရို့သည် လူတိကို ကြောက်သောကြောင့် ကိုယ်တော့်ကို လျှို့ဝှက်စွာသတ်ရန် နည်းလမ်း ရှာဖွီလျက်နိန်ကြ၏။
LUK 22:3 ထိုအခါ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်ထဲသို့ ဝင်လေ၏။
LUK 22:4 ထို့ကြောင့် ယုဒသည် ယဇ်ပုရောဟိတ်ကြီးရို့နှင့် ဗိမာန်တော်မှူးရို့ပါးသို့ လား၍ ကိုယ်တော့်ကို မည်သည့်နည်းဖြင့် အပ်ရန် ဆွေးနွေးတိုင်ပင်ကြ၏။
LUK 22:5 သူရို့သည် ဝမ်းမြောက်ကြ၍ ဖဲသာပီးမည်ဟု ဝန်ခံကြ၏။
LUK 22:6 ယုဒသည် သဘောတူညီလျက် လူများမသိအောင် ယေသျှုအား သူရို့လက်သို့ အပ်ရန် အချိန်ကောင်းကို ရှာကြံလျက် နိန်၏။
LUK 22:7 တဆီးမဲ့မုန့် ပွဲတော်တွင် ပသခါသိုးသူငယ်ကိုသတ်၍ ပူဇော်ရာနိ့ရက် ကျရောက်လာ၏။
LUK 22:8 ယေသျှုက ပေတရုနှင့် ယောဟန်ရို့အား “ငါရို့စားရန် ပသခါပွဲညစာကို လားပြီး ပျင်ဆင်ကြလော” ဟု ဆို၍ စီရွှတ်တော်မူ၏။
LUK 22:9 သူရို့က “ဇာအရပ်တွင် ပျင်ဆင်ရပါမည်နည်း” ဟု မိန်းလျှောက်ကြ၏။
LUK 22:10 ကိုယ်တော်က “သင်ရို့သည် မြို့တွင်းကို ဝင်သောအခါ ရီအိုးကို ထမ်းလာသော လူတစ်ယောက်က သင်ရို့ကို ကြိုဆိုလိမ့်မည်။ သူ့နောက်ကိုလိုက်ပြီး သူဝင်လားသော အိမ်ထဲသို့ ဝင်ကြလော့။
LUK 22:11 အိမ်သျှင်အား ‘ငါနန့် ငါ့တပည့်တော်တိ ပသခါပွဲညစာကိုစားဖို့ အခန်းကား ဇာမာလဲ၊ ဆရာက မိန်းသည်’ ဟု ပြောပါ။
LUK 22:12 ထိုသူက ပျင်ဆင်ထားသော ကျယ်ဝန်းသော အထက်ခန်းကို ပြလိမ့်မည်။ ထိုအခန်း၌ အသင့် ပျင်ဆင်ကြလော” ဟု မိန့်တော်မူ၏။
LUK 22:13 သူရို့သည် ထွက်လားပြီးနောက် ကိုယ်တော် မိန့်မှာတော်မူသည့်အတိုင်း တွိ့ရကြသဖြင့် ပသခါပွဲတော်ကို အသင့်ပျင်ဆင်ကြ၏။
LUK 22:14 ထိုအချိန် ရောက်လာသောအခါ ယေသျှုသည် တမန်တော်ရို့နှင့်အတူ စားပွဲတွင် ထိုင်တော်မူ၏။
LUK 22:15 ကိုယ်တော်က၊ “ငါသည် အသီမခံရခင် ဤပသခါပွဲညစာကို သင်ရို့နှင့်အတူစားဖို့ အလွန်အလိုဟိ၏။
LUK 22:16 ငါဆိုသည်ကား၊ ပသခါပွဲ၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ နိုင်ငံတော်၌ ပြည့်စုံခြင်းသို့ မရောက်ခင်အထိ နောက်တဖန် ငါစားလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
LUK 22:17 ထို့နောက် ယေသျှုသည် ခွက်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတော်မူပြီးလျှင် “ဤခွက်ကိုယူပြီး အချင်းချင်း မျှဝီကြလော့။
LUK 22:18 သင်ရို့အား ငါဆိုသည်ကား၊ အဂုမှစ၍ ဘုရားသခင်၏ နိုင်ငံတော်မတည်မချင်း ဤစပျစ်ရည်ကို နောက်တဖန် ငါသောက်လိမ့်မည် မဟုတ်” ဟု မိန့်တော်မူလျက်၊
LUK 22:19 ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်ရို့အား ပီးတော်မူပြီးလျှင် “ဤမုန့်ကား သင်ရို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့ဖို့ ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
LUK 22:20 ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကို ယူတော်မူလျက် “ဤခွက်ကား သင်ရို့အဖို့ သွန်းသော ငါ၏အသွီးနှင့်ပြုသည့် ပဋိညာဉ်တရားသစ်ဖြစ်၏။
LUK 22:21 “သို့သော်လည်း ကြည့်ရှုကြလော့။ ငါ့ကို ရန်သူလက်သို့ အပ်မည့်သူသည် ငါနန့်အတူ စားပွဲ၍ ဟိ၏။
LUK 22:22 လူသားသည် ဘုရားသခင် ခန့်ခွဲမှတ်သားတော်မူသည်အတိုင်း အသီခံရန် အမှန်ပင်လားရမည်။ သို့သော်လည်း လူသားကို ရန်သူလက်သို့ အပ်နှံသူသည် အမင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။
LUK 22:23 တပည့်တော်ရို့သည် မိမိရို့အထဲမှ ဇာသူက ဤအမှုကို ပြုလိမ့်မည်နည်းဟု အချင်းချင်း မိန်းမြန်းကြ၏။
LUK 22:24 တပည့်တော်ရို့သည် မိမိရို့ထဲတွင် ဇာသူက အကြီးမြတ်ဆုံးဖြစ်သနည်းဟု ငြင်းခုံကြ၏။
LUK 22:25 ယေသျှုက၊ “လောကီမင်းရို့သည် တိုင်းသူပြည်သားတိအထက်၌ သြဇာအာဏာဟိကြ၏။ အာဏာပိုင်တိကလည်း မိမိရို့ကို ‘ကျေးဇူးသျှင်များ’ ဟု အခေါ်ခံတတ်ကြ၏။”
LUK 22:26 သင်ရို့သည် ထိုသို့ မဖြစ်သင့်။ သင်ရို့ထဲ၌ အကြီးမြတ်ဆုံး ဖြစ်သောသူက အငယ်ဆုံးသောသူကဲ့သို့ ဖြစ်ရလိမ့်မည်။ ခေါင်းဆောင်ဖြစ်သောသူက အစီခံကဲ့သို့ ဖြစ်ရမည်။
LUK 22:27 စားပွဲ၌ထိုင်နိန်သူနှင့် လုပ်ကျွေးသောသူထဲက ဇာသူက သာ၍ ကြီးမြတ်သူ ဖြစ်သနည်း။ စားပွဲ၌ ထိုင်သူ မဟုတ်လော။ သို့သော်လည်း ငါက သင်ရို့ထဲ၌ လုပ်ကျွေးသူပိုင်ဖြစ်၏။
LUK 22:28 “သင်ရို့သည် ငါနန့်အတူ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ခသူတိ ဖြစ်ကြ၏။
LUK 22:29 ခမည်းတော်က ငါ့အား အုပ်စိုးခွင့်ကို ပီးအပ်တော်မူသကဲ့သို့ ငါသည်လည်း သင်ရို့အား အုပ်စိုးခွင့်ကို ပီး၏။
LUK 22:30 သင်ရို့သည် နိုင်ငံတော်ထဲတွင် ငါ့စားပွဲဝိုင်း၌ စားသောက်ရကြလိမ့်မည်။ ပြီးလျှင် ပလ္လင်ထက်၌ ထိုင်၍ ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရကြလိမ့်မည် ဟု မိန့်တော်မူ၏။”
LUK 22:31 ယေသျှုကလည်း၊ “သျှိမုန်၊ သျှိမုန်၊ နားထောင်လော့။ လယ်သမားသည် ကောင်းသောဂျုံစပါးမှ မကောင်းသော ဂျုံစပါးကို ဆန်ခါနှင့် ချသကဲ့သို့ သင်ရို့အားလုံးကို စုံစမ်းရန် စာတန်က အခွင့်ရလီဗျာယ်။
LUK 22:32 ယေကေလေ့ သျှိမုန်၊ သင်၏ ယုံကြည်ခြင်း မပျက်စီးစီရန် ငါဆုတောင်းနိန်၏။ သင်သည် သတိပြန်ရကြသောအခါ သင်၏ ညီအစ်ကိုတိကို ခိုင်ခန့်စီလော” ဟု မိန့်တော်မူ၏။
LUK 22:33 ပေတရုက၊ “သခင်ဘုရား၊ အကျွန်သည် ထောင်ထဲ၌ဖြစ်စီ၊ သီရဖို့ပင်ဖြစ်စီ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ဟိပါ၏” ဟု လျှောက်၏။
LUK 22:34 ကိုယ်တော်က၊ “ပေတရု၊ ငါပြောမည်၊ ဤနိ့ည ကြက်မတွန်ခင် သင်သည် ငါ့ကို မသိဟု ဆိုပြီး သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
LUK 22:35 ထို့နောက် ယေသျှုက “ငါသည် သင်ရို့အား ဖဲသာအိတ်၊ လွယ်အိတ်နှင့် ဖိနပ်ကိုမယူဘဲ စီရွှတ်ခသောအခါ တခုခုလိုသိမ့်လား” ဟု မိန်းလျှင်၊ “တစ်ခုလေ့ မလိုပါ” ဟု တပည့်တော်ရို့က လျှောက်ကြ၏။
LUK 22:36 ယေသျှုက “အဂုကား ဖဲသာအိတ်၊ လွယ်အိတ်ဟိလျှင် ယူလာလိုက်။ ဒါးမဟိလျှင် အဝတ်ကိုရောင်း၍ ဒါးကိုဝယ်ကတ်။
LUK 22:37 သင်ရို့အား ငါဆိုသည်ကား၊ ‘ထိုသူသည် ပြစ်မှုကျူးလွန်သူများနှင့် ရီတွက်ခြင်းခံရ၏’ ဟု ကျမ်းစာက ပြောသည်အတိုင်း ငါခံရမည်။ ဇာကြောင့်ဆိုသော် ငါ့အကြောင်းကို ရီးသားထားသော ကျမ်းစာအတိုင်း ဖြစ်ပျက်နိန်သောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
LUK 22:38 တပည့်တော်ရို့က “သခင်ဘုရား၊ ကြည့်တော်မူပါ၊ ဤမှာ ဒါးနှစ်လက် ဟိပါ၏” ဟု လျှောက်သော်၊ ကိုယ်တော်က “လုံလောက်ပြီ” ဟု မိန့်တော်မူ၏။
LUK 22:39 ယေသျှုသည် မြို့မှထွက်လာပြီးနောက် ပြုလေ့ဟိသည်အတိုင်း သံလွင်တောင်သို့ ကြွတော်မူ၏။ တပည့်တော်ရို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။
LUK 22:40 ထိုအရပ်သို့ ရောက်တော်မူလျှင် ကိုယ်တော်က “သင်ရို့သည် စုံစမ်းသွီးဆောင်ရာသို့ မကျရောက်စီရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
LUK 22:41 ထို့နောက် တပည့်တော်ရို့နှင့် ကျောက်ခဲ တစ်ပစ်စာလောက် ဝီးသောအရပ်သို့ ကြွတော်မူပြီး ဒူးထောက်လျက်၊
LUK 22:42 “အိုအဖ၊ အလိုတော်ဟိလျှင် ဤဒုက္ခဝေဒနာခွက်ကို အကျွန်နှင့် ဝီးစီတော်မူပါ။ သို့သော်လည်း အကျွန့်အလိုတိုင်း မဖြစ်ပါစီကေ့။ အဖ၏အလိုတော်တိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
LUK 22:43 ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော့်ကို အားပီးလေ၏။
LUK 22:44 ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကို ခံစားပြီး အထူးကြိုးစား၍ ဆုတောင်းတော်မူသောကြောင့် ကိုယ်တော်၏ချွေးပေါက်များသည် မြီကြီးတွင်ကျသော သွီးစက်ကဲ့သို့ဖြစ်၏။
LUK 22:45 ကိုယ်တော်သည် ဆုတောင်းရာမှ ထတော်မူပြီးလျှင် တပည့်တော်ရို့ဟိရာသို့ ပြန်ကြွတော်မူသောအခါ သူရို့သည် ညှိုးငယ်သောစိတ်နှင့် အိပ်ပျော် နိန်ကြသည်ကို မြင်တော်မူ၏။
LUK 22:46 ကိုယ်တော်က၊ “သင်ရို့ဇာကြောင့် အိပ်ပျော် နိန်ကြသနည်း။ ထကြလော့။ စုံစမ်းသွီးဆောင်ခြင်းသို့ မကျရောက်စီရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
LUK 22:47 ထိုသို့ ယေသျှုသည် မိန့်တော်မူစဉ် တပည့်တော် တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်သည် လူထုကြီးကို ဦးဆောင်၍ ရောက်လာပြီး၊ ယေသျှုအား နမ်းခြင်းငှာ ချဉ်းကပ်လာ၏။
LUK 22:48 ယေသျှုက “ယုဒ၊ သင်သည် နမ်းခြင်းကိုပြု၍ လူသားအား ရန်သူလက်သို့ အပ်သလော” ဟု မိန်းတော်မူ၏။
LUK 22:49 တပည့်တော်ရို့သည် အခြေအနေကို မြင်သောအခါ ယေသျှုအား “သခင်ဘုရား၊ အကျွန်ရို့ဓါးနှင့် ခွတ်ရပါမည်လော” ဟု မိန်းတော်မူ၏။
LUK 22:50 တပည့်တော်တစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခွတ်လိုက်လျှင် ထိုသူ၏ ညာဖက်နားရွက် ပြတ်လေ၏။
LUK 22:51 ထိုအခါ ယေသျှုက “တန်ဖိ” ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ထိုသူ၏နားရွက်ကို လက်တော်နှင့် တို့တော်မူ၍ အနာကို ပျောက်စီတော်မူ၏။
LUK 22:52 ထို့နောက် ယေသျှုက မိမိအားဖမ်းဆီးရန် ရောက်လာကြသည့် ယဇ်ပုရောဟိတ်အကြီးအကဲတိ၊ ဗိမာန်တော်စောင့်တပ်မှူးတိ၊ လူအကြီးအကဲတိအား “သင်ရို့သည် ဒါးပြကို ဖမ်းစွာပိုင် ငါ့ကိုဖမ်းဖို့ ဒါးတိ၊ တုတ်တိနှင့် လာကြသလော။
LUK 22:53 ငါသည် ဗိမာန်တော်ထဲ၌ နိ့တိုင်းဟိသောအခါ သင်ရို့သည် ငါ့ကို မဖမ်းဆီးကတ်။ ယေဒါလည်း ဤအချိန်ကား သင်ရို့၏ အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုး ကြီးစိုးရာ အချိန်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။
LUK 22:54 ထိုသူရို့သည် ယေသျှုကို ဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ ခေါ်ဆောင်လားကြ၏။ ပေတရုသည် မနီးမဝီးမှနိန်၍ လိုက်လာ၏။
LUK 22:55 အိမ်တော်ဝင်းအလယ်၌ လူအပေါင်းရို့သည် မီးဖို၍ ထိုင်နိန်ကြ၍ ပေတရုကလည်း သူရို့အထဲ၌ ထိုင်နိန်၏။
LUK 22:56 ထိုသို့ ပေတရုထိုင်နိန်သည်ကို မြင်သော အစီခံမိန်းမတစ်ယောက်သည် စိ့စိ့ကြည့်၍ “ဤသူသည် ယေသျှု၏ အပေါင်းအပါဖြစ်သည်” ဟု ဆို၏။
LUK 22:57 သို့ရာတွင် ပေတရုက “အချင်းမိန်းမ ထိုသူကိုငါမသိ” ဟု ငြင်းဆို၏။
LUK 22:58 ထို့နောက် တအောင့်ကြာပြီးမှ လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် “သင်လည်း ထိုသူရို့ထဲက တစ်ယောက်ဖြစ်၏” ဟု ဆိုသော်၊ ပေတရုက၊ “အချင်းလူ၊ ငါသည် သူရို့ထဲက မဟုတ်” ဟု ဆို၏။
LUK 22:59 ထို့နောက် တစ်နာရီလောက် ကြာပြီးသောအခါ အခြားသော လူတစ်ယောက်က “ဤသူသည် ဂါလိလဲလူဖြစ်ပြီး ယေသျှု၏ အပေါင်းအပါဖြစ်သည်ကို ယုံမှားစရာမဟိ” ဟု အခိုင်အမာဆို၏။
LUK 22:60 သို့သော်လည်း ပေတရုက “အချင်းလူ၊ သင်ပြောသည့်အကြောင်းကို ငါမသိ” ဟု ဆို၏။ ဤသို့ ပေတရုပြောနိန်စဉ် ကြက်တွန်လေ၏။
LUK 22:61 သခင်ဘုရားသည်လည်း လှည့်၍ ပေတရုကို စိ့စိ့ကြည့်တော်မူ၏။ ထိုအခါ ပေတရုသည် “ဤနိ့ည ကြက်မတွန်ခင် သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင် ဆိုလိမ့်မည်” ဟူသော သခင်ဘုရား ပြောခသည်ကို ပြန်၍ သတိရသဖြင့်၊
LUK 22:62 ပေတရုသည် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွီးလေ၏။
LUK 22:63 ယေသျှုကို စောင့်ကြပ်နိန်သူရို့က လှောင်ပြောင်၍ ရိုက်ပုတ်ကြ၏။
LUK 22:64 သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖုံးပြီးလျှင် “သင့်အား ဇာသူ ရိုက်ပုတ်ကြောင်းကို ပြောပါ” ဟု ဆိုကြ၏။
LUK 22:65 သူရို့သည် ကိုယ်တော့်ကို အခြားသော စကားများဖြင့်လည်း စော်ကားကြ၏။
LUK 22:66 မိုးလင်းသောအခါ ယုဒခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်ကြီးတိနှင့် ကျမ်းတတ်ဆရာရို့သည် စုဝေးကြ၍ ကိုယ်တော့်ကို တရားလွှတ်တော်သို့ ခေါ်ဆောင်လားကြ၏။
LUK 22:67 သူရို့က “သင်သည် မေသျှိယဖြစ်သလော၊ ငါရို့ကိုပြောပါ” ဟု ဆိုကြ၏။ ကိုယ်တော်က “ငါပြောလျှင် သင်ရို့ ယုံကြမည် မဟုတ်။
LUK 22:68 သင်ရို့အား ငါ မိန်းသော်လည်း သင်ရို့ဖြေမည် မဟုတ်။
LUK 22:69 အဂုကစပြီး လူသားသည် အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာဖက်၌ ထိုင်တော်မူလတ္တံ” ဟု မိန့်တော်မူ၏။
LUK 22:70 ထိုသူရို့ကလည်း “ထိုသို့ဆိုသော် သင်သည် ဘုရားသခင်၏ သားတော်ဖြစ်ပါသလော” ဟု မိန်းကြလျှင်၊ ကိုယ်တော်ကလည်း၊ “သင်ရို့ ပြောသည့်အတိုင်း မှန်၏” ဟု မိန့်တော်မူ၏။
LUK 22:71 ထိုအခါ သူရို့က၊ “ဇာသက်သီ လိုသိမ့်လဲ၊ ငါရို့ကိုယ်တိုင် သူ၏စကားကို ကြားရဗျာယ်” ဟု ဆိုကြ၏။
LUK 23:1 တရားလွှတ်တော်၌ စုဝေးသောသူအပေါင်းရို့သည် ထ၍ ယေသျှုကို ပိလတ်ထံသို့ ယူဆောင်လားကြ၏။
LUK 23:2 ထို့နောက် ထိုသူရို့က “ဤသူသည် ပြည်သူပြည်သားတိကို လှည့်ဖြား၍ ကဲသာဘုရင်အား အခွန်တော်မဆက်ကေ့ဟု တားမြစ်သည်ကိုလည်းကောင်း၊ မိမိသည် မေသျှိယဆိုသော ဘုရင်တပါးဖြစ်ကြောင်း ပြောဆိုသည်ကိုလည်းကောင်း အကျွန်ရို့ တွိ့ရပါ၏” ဟု ဆို၍ ကိုယ်တော့်ကို စတင်၍ စွပ်စွဲကြ၏။
LUK 23:3 ထိုအခါ ပိလတ်ကလည်း “သင်သည် ယုဒသျှင်ဘုရင်မှန်သလော” ဟု ယေသျှုအား မိန်းတော်မူလျှင်၊ ယေသျှုက “သင် ပြောသည့်အတိုင်း ဖြစ်၏” ဟု ဖြေတော်မူ၏။
LUK 23:4 ထို့နောက် ပိလတ်က “ဤသူကို စွဲချက်တင်ရန် အကြောင်းတစ်စုံတစ်ခုကိုမျှ ငါမတွိ့” ဟု ယဇ်ပုရောဟိတ်ကြီးများနှင့် လူအပေါင်းရို့အားဆို၏။
LUK 23:5 သို့သော် ထိုသူရို့က “သူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်ဒေသထိတိုင်အောင် ယုဒပြည်အနှံ့အပြား၌ ဟောပြောပြီးလျှင် ပြည်သူတိကို ရုန်းရင်းဆန်ခတ်ဖြစ်အောင် လှုံ့ဆော် နိန်ပါ၏” ဟု ပို၍ ကျယ်သောအသံဖြင့် တိုက်တွန်းပြောဆိုကြ၏။
LUK 23:6 ပိလတ်သည် ထိုစကားကို ကြားသောအခါ “ဤသူကား ဂါလိလဲပြည်သားလော” ဟု မိန်း၏။
LUK 23:7 ယေသျှုသည် ဟေရုဒ်အုပ်ချုပ်သော ဂါလိလဲပြည်သားဖြစ်ကြောင်းကို သိလျှင် ကိုယ်တော့်ကို ဟေရုဒ်ထံသို့ ပို့လေ၏။ ထိုအချိန်တွင် ဟေရုဒ်သည် ယေရုဆလင်မြို့၌ ရောက်နိန်ချိန်ဖြစ်၏။
LUK 23:8 ဟေရုဒ်သည် ယေသျှုကို မြင်သောအခါ အလွန်ဝမ်းမြောက်ခြင်းဟိ၏။ ကိုယ်တော်၏သတင်းတော်ကို များစွာ ကြားခရသဖြင့် ကိုယ်တော့်ကို တွိ့မြင်လိုသည်မှာ ကြာဗျာယ်။ ကိုယ်တော်ပြသည့် နိမိတ်လက္ခဏာတစ်ခုခုကို မြင်ရလိမ့်မည်ဟု မျှော်လင့်နိန်၏။
LUK 23:9 ထို့ကြောင့် ဟေရုဒ်က ယေသျှုကို မိန်းခွန်းများစွာ မိန်းသော်လည်း ယေသျှုက ဖြေကြားတော်မူခြင်းမဟိ။
LUK 23:10 ယဇ်ပုရောဟိတ်ကြီးရို့နှင့် ကျမ်းတတ်ဆရာရို့သည် ရှိ့သို့လာ၍ ယေသျှုကို ပြင်းထန်စွာ စွပ်စွဲပြောဆိုကြ၏။
LUK 23:11 ဟေရုဒ်နှင့် သူ၏စစ်သားရို့သည် ယေသျှုအား မထီလေးစားပြု၍ သရော်ကြ၏။ ထို့နောက် ကိုယ်တော့်အား တင့်တယ်သောဝတ်ရုံကို ဝတ်ပီးပြီးလျှင် ကိုယ်တော့်ကို ပိလတ်ထံသို့ ပြန်ပို့စီ၏။
LUK 23:12 အယင်က ရန်သူဖြစ်ခသော ပိလတ်နှင့် ဟေရုဒ်ရို့သည် ထိုနိ့တွင် သင့်မြတ်လားကြ၏။
LUK 23:13 ပိလတ်က ယဇ်ပုရောဟိတ်ကြီးတိ၊ ယုဒခေါင်းဆောင်တိနှင့် လူတိကိုခေါ်၍၊
LUK 23:14 ထိုသူရို့အား “ဤသူသည် ပုန်ကန်ဖို့ တိုင်းသူပြည်သားတိကို လှုံ့ဆော်သူဖြစ်သည်ဆို၍ သင်ရို့က ဤသူ့ကို ငါ့အပါးသို့ ခေါ်လာကြ၏။ သင်ရို့ရှိ့၌ ငါ စစ်ဆေးခဗျာယ်။ ယေကေလေ့ သင်ရို့ဆိုသည်အတိုင်း ထိုသူ့ကို စွပ်စွဲနိုင်ရန် အပြစ်တစ်စုံတစ်ခုမျှ ငါမတွိ့။
LUK 23:15 ဟေရုဒ်လည်း အပြစ်မတွိ့၍ ငါရို့ပါးသို့ ပြန်ပို့ခြင်းဖြစ်၏။ ဤသူသည် သီဒဏ်ထိုက်သည့်အပြစ် တစ်စုံတစ်ခုကိုတောင် မကျူးလွန်ခ။
LUK 23:16 ယေဇူးနန့် ဤသူ့ကို ကြိမ်ဒဏ်ပီးပြီးကေ လွှတ်လိုက်မည်” ဟု ဆို၏။
LUK 23:17 
LUK 23:18 လူထုပရိသတ်အားလုံးက “သူ့ကို သီဒဏ်ပီးပါ။ အကျွန်ရို့အတွက် ဗာရဗ္ဗကို လွှတ်ပီးပါ” ဟု တညီတညွတ်တည်း အော်ဟစ်ကြ၏။
LUK 23:19 (ဗာရဗ္ဗကား မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူသတ်ခြင်း အပြစ်များကြောင့် ထောင်ကျခံနိန်ရသူ ဖြစ်၏။)
LUK 23:20 ပိလတ်သည် ယေသျှုအား လွှတ်စီချင်သောကြောင့် လူတိအား တဖန် ပြောဆိုလေ၏။
LUK 23:21 သို့သော် လူတိက “သူ့ကို လက်ဝါးကပ်တိုင်၌ တင်၍ အသီသတ်ပါ၊ လက်ဝါးကပ်တိုင်၌ တင်၍ အသီသတ်ပါ” ဟု ပြန်၍ အော်ဟစ်ကြ၏။
LUK 23:22 ပိလတ်က “သူသည် ဇာအပြစ်ကို ကျူးလွန်ထားလဲ။ ဤသူ့ကို သီဒဏ်ပီးသင့်သည့်အကြောင်း တစ်စုံတစ်ခုကိုမျှ ငါမတွိ့။ ယင်းအတွက်ကြောင့် သူ့ကို ကြိမ်ဒဏ်ပီးပြီးကေ လွှတ်လိုက်မည်” ဟု ထိုသူရို့အား တတိယအကြိမ်ဆို၏။
LUK 23:23 ယေဒါလည်း လူတိက ယေသျှုကို လက်ဝါးကပ်တိုင်၌ တင်သတ်ရန် အသံကုန် အော်ဟစ်တောင်းဆိုကြသဖြင့် နောက်ဆုံး၌ တောင်းဆိုချက် အနိုင်ရလေ၏။
LUK 23:24 ပိလတ်သည် သူရို့ တောင်းဆိုသည့်အတိုင်း ယေသျှုအား စီရင်ချက် ချမှတ်လိုက်၏။
LUK 23:25 ပုန်ကန်ထကြွမှုနှင့် လူသတ်မှုတိအတွက် ထောင်ကျသူအား သူရို့တောင်းဆိုသည့်အတိုင်း လွတ်ငြိမ်းခွင့် ပီးလိုက်ပြီး ယေသျှုကိုကား သူရို့အလိုအတိုင်း လက်ထဲသို့ အပ်လိုက်လေ၏။
LUK 23:26 စစ်သားရို့သည် ယေသျှုကို ခေါ်ထုတ်လားကြစဉ် သျှိမုန်နာမည်ဟိသော ကုရေနေမြို့သားတစ်ယောက်သည် တောရွာမှလာသည်ကို သူရို့တွိ့ကြသော် ဖမ်းဆီး၍ လက်ဝါးကပ်တိုင်ကို ထမ်းစီပြီး ယေသျှုနောက်တော်သို့ လိုက်စီ၏။
LUK 23:27 နောက်တော်၌ လိုက်ကြသော လူအုပ်ထဲတွင် ကိုယ်တော်အတွက် ငိုကြွီးမြီတမ်းနိန်သော မိန်းမတချို့လည်းပါ၏။
LUK 23:28 ယေသျှုက ထိုမိန်းမတိဖက်သို့လှည့်၍ “ယေရုဆလင်မြို့သူရို့ ငါ့အတွက် မငိုကြွီးကတ်ကေ့။ သင်နှင့် သင်ရို့သားသမီးတိအတွက် ငိုကြွီးကြလော့။
LUK 23:29 ‘မြုံသောမိန်းမ၊ ပဋိသန္ဓေ မယူဖူးသော ဝမ်းနှင့် အချေ နို့မစို့ဖူးခသော သားမြတ်များသည် မင်္ဂလာဟိ၏’ ဟု ဆိုရသောနိ့ရက် ရောက်လာလိမ့်မည်။
LUK 23:30 ထိုအချိန်၌ လူတိက တောင်များအား ‘အကျွန်ရို့အထက်၌ ပြိုကျပါ’ ဟူ၍ လည်းကောင်း၊ တောင်ကုန်းများအား ‘အကျွန်ရို့ကို ဖုံးလိုက်ပါ’ ဟူ၍ လည်းကောင်း ဆိုကြလိမ့်မည်။
LUK 23:31 အကြောင်းမူကား စိမ်းသောသစ်ပင်ကို ဤသို့ပြုလျှင် ခြောက်သောအပင်ကိုကား ဇာကဲ့သို့ ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။
LUK 23:32 သူရို့သည် လူဆိုးနှစ်ယောက်ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်လားကြ၏။
LUK 23:33 “ဦးဂေါင်းခွံအရပ်” ဟု နာမည်ဟိသော အရပ်သို့ ရောက်သောအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ဦးကို လက်ယာဖက်တစ်ယောက် လက်ဝဲဖက်တစ်ယောက်ထား၍ လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြ၏။
LUK 23:34 ယေသျှုက “အိုအဖ၊ သူရို့၏ အပြစ်ကို ခွင့်ရွှတ်တော်မူပါ။ သူရို့သည် ကိုယ်ပြုနိန်သောအမှုကို မသိကတ်ပါ” ဟု မြွက်ဆိုတော်မူ၏။ ထိုသူရို့သည် ကိုယ်တော်၏အဝတ်တော်ကို မဲချ၍ ဝီယူကြ၏။
LUK 23:35 လူအပေါင်းရို့သည် ရပ်လျက် ကြည့်နိန်ကြစဉ်၊ ယုဒခေါင်းဆောင်ရို့က “ဤသူသည် အခြားသူတိကို ကယ်တင်၏။ အကယ်၍ ဘုရားသခင် ရွီးချယ်တော်မူသော မေသျှိယ ဖြစ်သည်ဆိုလျှင် ကိုယ့်ကိုကိုယ် ကယ်တင်ပါစီ” ဟု ဆို၍ လှောင်ပြောင်ကြ၏။
LUK 23:36 စစ်သားတိကလည်း ကိုယ်တော့်ကို လှောင်ပြောင်ကြပြီး ပုံးရည်ကို တိုက်လျက်၊
LUK 23:37 “သင်သည် ယုဒသျှင်ဘုရင် ဖြစ်သည်ဆိုလျှင် သင့်ကိုသင် ကယ်တင်ပါ” ဟု ဆိုကြ၏။
LUK 23:38 ကိုယ်တော်၏ ဦးဂေါင်းထက်တွင် “ဤသူကား ယုဒသျှင်ဘုရင်ပေတည်း” ဟု ကမ္ပည်း ရီးထိုးထား၏။
LUK 23:39 လက်ဝါးကပ်တိုင်တွင် ရိုက်ဆွဲထားသော လူဆိုးနှစ်ဦးထဲက တစ်ယောက်က “သင်သည် မေသျှိယမှန်လျှင် မိမိကိုယ်ကိုလည်းကောင်း၊ အကျွန်ရို့ကိုလည်းကောင်း ကယ်တင်ပါ” ဟု ကိုယ်တော့်ကို ကဲ့ရဲ့ပြောဆို၏။
LUK 23:40 အခြားလူဆိုးတစ်ယောက်က ထိုသူအား “သင်သည် ဘုရားသခင်ကို မကြောက်သလော၊ အကြောင်းမူကား သင်သည် ဤသူနည်းတူ အပြစ်စီရင်ခြင်းကို ခံရ၏။
LUK 23:41 ငါရို့ကား မိမိအပြစ်အလျှောက် ထိုက်သင့်သည့် အပြစ်ဒဏ်ကို ခံရကြ၏။ သို့ရာတွင် ဤအသျှင်ကား ဇာအပြစ်ကိုလည်း မကျူးလွန်ခ” ဟု ပြောဆိုဆုံးမ၏။
LUK 23:42 ထို့နောက် ယေသျှုအား၊ “အသျှင်သည် သျှင်ဘုရင်အဖြစ် ကြွလာသောအခါ အကျွန့်ကို သတိရတော်မူပါ” ဟု လျှောက်၏။
LUK 23:43 ယေသျှုက “ဤနိ့ပင် သင်သည် ငါနန့်အတူ ပရဒိသုဘုံ၌ ဟိလိမ့်မည်ဟု ငါ ကတိပီး၏” ဟု မိန့်တော်မူ၏။
LUK 23:44 ထိုအချိန်သည် မွန်းတည့်အချိန်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြီတပြင်လုံး၌ အလင်းကွယ်ပျောက်၍ မှောင်မိုက်အတိ ဖြစ်လေ၏။ ဗိမာန်တော်ကန့်လန့်ကာသည်လည်း နှစ်ခြမ်းကွဲလေ၏။
LUK 23:46 ယေသျှုသည် “အိုအဖ၊ အကျွန်၏ ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်သို့ အပ်ပါ၏” ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးလျှင် အသက်ချုပ်လေ၏။
LUK 23:47 တပ်မှူးသည် ဤအဖြစ်အပျက်ကို မြင်သောအခါ “အမှန်စင်စစ် ဤသူသည် ဖြောင့်မတ်သောသူဖြစ်၏” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။
LUK 23:48 ထိုအမှုကို ကြည့်ရှုရန် စုရုံးလာကြသော လူအပေါင်းရို့သည် ထိုအခြင်းအရာကိုမြင်လျှင် ဝမ်းနည်းစွာဖြင့် ရင်ဘတ်ကိုတီးလျက် အိမ်သို့ပြန်ကြ၏။
LUK 23:49 ဂါလိလဲပြည်မှ ကိုယ်တော်၏ နောက်သို့လိုက်ကြသော မိန်းမတိအပါအဝင် ယေသျှုကို သိကျွမ်းသူအပေါင်းရို့သည် အဝီးကရပ်ပြီး ကြည့်ရှုနိန်ကြ၏။
LUK 23:50 ထိုအခါ ယုဒပြည်၌ ယောသပ်အမည်ဟိသော အရိမဿဲမြို့သားဖြစ်၍ လူကောင်းလူဖြောင့်တစ်ယောက် ဖြစ်သည်နှင့်အညီ ဘုရားသခင်၏ နိုင်ငံတော် တည်လာမည့်အချိန်ကို စောင့်မျှော်နိန်သူဖြစ်၏။ သူသည် လွှတ်တော်အဖွဲ့ဝင် တစ်ယောက်ဖြစ်သော်လည်း တရားလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်ကို သဘောမတူခပေ။
LUK 23:52 သူသည် ပိလတ်ထံသို့ဝင်၍ ယေသျှု၏အလောင်းတော်ကို တောင်းလေ၏။
LUK 23:53 အလောင်းတော်ကို အောက်သို့ချပြီး ပိတ်ချောဖြင့်ပတ်ရစ်ပြီးလျှင် တစ်ခါမှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းကျောက်ဂူ၌ သင်္ဂြိုဟ်လေ၏။
LUK 23:54 ထိုနိ့ကား သောကြာနိ့ဖြစ်၍ ဥပုသ်နိ့ကိုကူးရန် အချိန်နီးပေ၏။
LUK 23:55 ဂါလိလဲပြည်မှ ယေသျှုနှင့်အတူလာသော မိန်းမရို့သည် ယောသပ်နှင့်အတူ သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို မည်သို့ထားသည်ကိုလည်းကောင်း တွိ့မြင်ခြင်းငှာ လာကြ၏။
LUK 23:56 ထို့နောက် သူရို့သည် အိမ်သို့ပြန်၍ အလောင်းတော်အတွက် ဆီမွှီးနန့် အမွှီးနံ့သာကို အသင့်ပျင်ထား၏။ သူရို့သည် ပညတ်တော်ဟိသည့်အတိုင်း ဥပုသ်နိ့၌ အနားယူကြ၏။
LUK 24:1 တလင်းဂနီနိ့ မိုးထက်စောစောအချိန်၌ မိန်းမရို့သည် အသင့်ပျင်ဆင်ထားသော ဆီမွှီးကိုယူ၍ သင်္ချိုင်းတော်သို့ လားကြ၏။
LUK 24:2 သင်္ချိုင်းဂူဝမှ ကျောက်တုံးအား လှိမ့်ဖယ်ထားသည်ကို တွိ့မြင်သဖြင့်၊
LUK 24:3 သူရို့သည် အတွင်းသို့ ဝင်ကြသောအခါ အသျှင်ယေသျှု၏ အလောင်းတော်ကို မတွိ့ရပေ။
LUK 24:4 ထိုအခြင်းအရာတိကို တွေးမရဖြစ်နိန်ကြစဉ် တောက်ပသည့်ဝတ်ရုံကို ဝတ်ထားသော လူနှစ်ယောက်သည် ရုတ်တရက်ပေါ်လာ သူရို့အနား၌ ရပ်နိန်၏။
LUK 24:5 မိန်းမရို့သည် ကြောက်လန့်၍ ပျပ်ဝပ်နိန်ကြစဉ် ထိုသူနှစ်ယောက်က “သင်ရို့သည် ဇာအတွက်ကြောင့် အသီကောင်ဟိသောအရပ်၌ အသက်ရှင်သူကို ရှာကြသနည်း။
LUK 24:6 ကိုယ်တော်သည် ဤအရပ်၌ မဟိဗျာယ်၊ ရှင်ပြန်ထမြောက်တော်မူလားခဗျာယ်။ ကိုယ်တော်က ဂါလိလဲပြည်၌ ဟိတော်မူခစဉ်က၊
LUK 24:7 ‘လူသားသည် အပြစ်သားတိလက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်။ အသီသတ်ခြင်းကို ခံရ ပြီးလျှင် သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်လိမ့်မည်’ ဟု ပြောခသောစကားကို အောက်မိ့ကြပါ” ဟုဆို၏။
LUK 24:8 ထိုအခါ မိန်းမရို့သည် ကိုယ်တော်ပြောခသောစကားကို ပြန်သတိရ၍၊
LUK 24:9 သင်္ချိုင်းတော်မှ မိမိအိမ်သို့ ပြန်လာကြပြီးလျှင် တစ်ကျိပ်တစ်ပါးသောသူမှစ၍ တပည့်တော်အပေါင်းအား အကြောင်းစုံကို ပြောပြကြ၏။
LUK 24:10 ထိုအကြောင်းအရာကို တမန်တော်တိအား ပြောပြသူရို့မှာ မာဂဒလရွာသူ မာရိ၊ ယောဟန္န၊ ယာကုပ်၏အမိ မာရိမှစသော အခြားသော မိန်းမတိ ဖြစ်ကြ၏။
LUK 24:11 သို့ရာတွင် သူရို့ ပြောသောစကားများသည် တမန်တော်တိအတွက် ယုတ္တိမဟိသောကြောင့် သူရို့သည် မယုံကြပေ။
LUK 24:12 သို့သော်လည်း ပေတရုသည် သင်္ချိုင်းတော်သို့ဗြီးလား၍ ရောက်သောအခါ ငုံ့ကြည့်လိုက်ရာ ပိတ်စကိုသာ တွိ့ရလေ၏။ ထို့ကြောင့် ထိုအကြောင်းအရာကို အံ့သြလျက် မိမိအိမ်သို့ ပြန်လေ၏။
LUK 24:13 ထိုနိ့၌ပင် တပည့်တော်နှစ်ယောက်သည် ယေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ကွာဝီးသော ဧမောက်ရွာသို့ ခရီးလားကြ၏။
LUK 24:14 ထိုသူနှစ်ဦးသည် ဖြစ်ပျက်ခသော အကြောင်းအရာအလုံးစုံတိကို ပြောဆိုနိန်ကြ၏။
LUK 24:15 ထိုသို့ ဆွေးနွေးပြောဆိုနိန်ကြစဉ် ယေသျှုကိုယ်တိုင် အနားသို့ကပ်လာပြီး သူရို့နှင့်အတူ ကြွတော်မူ၏။
LUK 24:16 သို့သော်လည်း သူရို့သည် အကြောင်းတစ်စုံတခုကြောင့် မျက်စိမှောက်၍ ကိုယ်တော်ဖြစ်သည်ကို မမှတ်မိကြ။
LUK 24:17 ယေသျှုက သူရို့အား “သင်ရို့ ခရီးလားယင်းနန့် ဇာအကြောင်းကို ပြောနိန်ကြသနည်း” ဟု မိန်းတော်မူ၏။ သူရို့သည် မျက်နှာညှိုးငယ်လျက် ထိုနီရာတွင် ရပ်နိန်ကြ၏။
LUK 24:18 သူရို့ထဲမှ ကလောဖဆိုသူက “ဤနိ့အတောအတွင်း ဖြစ်ပျက်ခသော အကြောင်းအရာတိကို ယေရုဆလင်မြို့၌ လာလည်သော အာဂန္တုထဲက သင်တစ်ယောက်တည်းသာ မသိဘဲနိန်သလော” ဟု ဆို၏။
LUK 24:19 ကိုယ်တော်က “ဇာအမှုအရာတိလဲ” ဟု မိန်းတော်မူလျှင်၊ သူရို့က “နာဇရက်မြို့သား ယေသျှုနှင့် ပတ်သတ်သော အကြောင်းအရာများပင် ဖြစ်ပါ၏။ ထိုသူစွာ ဘုရားသခင်ရှိ့၊ လူအပေါင်းရို့ရှိ့၌ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်တစ်ပါးဖြစ်၏။
LUK 24:20 ငါရို့၏ ယဇ်ပရောဟိတ်အကြီးတိနန့် အာဏာပိုင်တိက ထိုသူ့ကို သီဒဏ်စီရင်ဖို့ အပ်နှံ့ပြီးကေ လက်ဝါးကပ်တိုင်မှာ တင်သတ်လိုက်ကတ်ဗျာယ်။
LUK 24:21 ထိုအသျှင်က ဣသရေလလူမျိုးတိကို လွတ်မြောက်စီနိုင်သောအသျှင် ဖြစ်သည်ဟု ငါရို့ မျှော်လင့်ခပါ၏။ ထိုအကြောင်းအရာ ဖြစ်ပျက်ခစွာကား သုံးရက်ဟိပါဗျာယ်။
LUK 24:22 ငါရို့အပေါင်းအဖော်ထဲက မိန်းမတချို့သည် မိုးထက်စောစော သင်္ချိုင်းတော်သို့ လားကြသောအခါ ငါရို့ကို အံ့သြစီပါ၏။
LUK 24:23 အကြောင်းမှာ ကိုယ်တော်၏ အလောင်းတော်ကို မတွိ့ခသောကြောင့်ဖြစ်၏။ ယေသျှုက အသက်ရှင်လျက် ဟိတော်မူကြောင်း ပြောပြသော ကောင်းကင်တမန်တိကို ရူပါရုံ၌ မြင်တွိ့ခသည်ကို သူရို့ ပြန်လာပြီး အကျွန်ရို့အား ပြောပြကြ၏။
LUK 24:24 ငါရို့ထဲက လူတချို့ကလည်း သင်္ချိုင်းတော်သို့ လားကြသောအခါ ထိုမိန်းမတိပြောသည့်အတိုင်း ကိုယ်တော့်ကို မတွိ့ခပါ” ဟု ဆိုကြ၏။
LUK 24:25 ထိုအခါ ယေသျှုက သူရို့အား၊ “ပရောဖက်တိ ဟောကြားခသမျှကို ယုံကြည်ရန် အားနည်းနိန်သော အို... လူမိုက်တိ၊
LUK 24:26 မေသျှိယသည် ဘုန်းတန်ခိုးတော်ကို မခံယူခင် ဤကဲ့သို့ ဒုက္ခဝေဒနာတိကို ခံစားရန် လိုအပ်သည် မဟုတ်လော” ဟု မိန့်တော်မူ၏။
LUK 24:27 ထို့နောက် ယေသျှုသည် မောသျှေ ကျမ်းမှစ၍ ပရောဖက်ကျမ်းအားလုံးတွင် မိမိအားရည်မှတ်၍ ရီးထားသမျှသော ကျမ်းချက် အနက်အဓိပ္ပာယ်တိကို ထိုသူရို့အား ယှင်းလင်းဖော်ပြတော်မူ၏။
LUK 24:28 ထိုသူရို့လားသည့် ရွာအနီးသို့ရောက်ကြလျှင် ယေသျှုသည် ရှိ့သို့ ဆက်လားမည့်ဟန်ပြု၏။
LUK 24:29 သို့သော် သူရို့က “တစ်နိ့တာကုန်၍ မှောင်စပြုနိန်လို့ အကျွန်ရို့နှင့်အတူ လာတည်းပါ” ဟု ကိုယ်တော့်ကို မရမက ဖိတ်ခေါ်၏။ ကိုယ်တော်ကလည်း သူရို့နှင့်အတူ တည်းခိုရန် လိုက်လားတော်မူ၏။
LUK 24:30 စားပွဲတွင် သူရို့နှင့်အတူ ထိုင်တော်မူလျက် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် သူရို့အား ပီးတော်မူ၏။
LUK 24:31 ထိုအခါ သူရို့၏မျက်စိအမြင်သည် ပွင့်လာပြီးလျှင် ကိုယ်တော်မှန်းသိကြသော်လည်း ကိုယ်တော်သည် သူရို့ရှိ့မှ ကွယ်ပျောက်လေ၏။
LUK 24:32 သူရို့ကလည်း “ကိုယ်တော်သည် လမ်း၌ ငါရို့ကို စကားပြောသည့်အခါ၌ လည်းကောင်း၊ ကျမ်းစာ၏အနက်ကို ဖွင့်ပြတော်မူသောအခါ၌ လည်းကောင်း၊ ငါရို့၏ စိတ်နှလုံးထဲတွင် မီးထတောက်သကဲ့သို့ ဖြစ်နိန်ခသည် မဟုတ်ပါလော” ဟု အချင်းချင်း ပြောဆိုကြ၏။
LUK 24:33 သူရို့သည် ချက်ချင်းထ၍ ယေရုဆလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်၌ တစ်ကျိပ်တစ်ပါးသော တပည့်တော်ရို့နှင့် အခြားသောတပည့်တော်ရို့ အတူတကွ စုဝေးနိန်ကြသည်ကို တွိ့ရကြ၏။
LUK 24:34 ထိုသူရို့ကလည်း “အမှန်ပင် သခင်ဘုရား ထမြောက်ဗျာယ်။ ကိုယ်တော်သည် သျှိမုန်အား ကိုယ်ထင်ပြဗျာယ်” ဟု ဆိုကြ၏။
LUK 24:35 ထို့နောက် ထိုသူနှစ်ယောက်သည် လမ်းတွင် ဖြစ်ပျက်ခသည့် အကြောင်းအရာကိုလည်းကောင်း၊ မုန့်ကိုဖဲ့ချိန်ကျမှ ကိုယ်တော်ဖြစ်မှန်း သိလာခြင်းကိုလည်းကောင်း ယှင်းပြကြ၏။
LUK 24:36 ထိုအကြောင်းအရာကို တပည့်တော်နှစ်ယောက်ရို့သည် ပြောပြနိန်စဉ် ယေသျှုသည် သူရို့အလယ်၌ ရုတ်တရက်ပေါ်လာပြီး ရပ်လျက် “သင်ရို့၌ ငြိမ်သက်ခြင်း ဟိစီသတည်း” ဟု မိန့်တော်မူ၏။
LUK 24:37 သူရို့သည် စစ္ဆီခြောက်သည်ဟု ထင်မှတ်သဖြင့် ကြောက်ရွံ့တုန်လှုပ်နိန်ကြ၏။
LUK 24:38 ကိုယ်တော်ကလည်း “ဇာကြောင့် ကြောက်လန့် နိန်ကြသနည်း၊ ဇာကြောင့် ယုံမှားသံသယ ဟိကြသနည်း။
LUK 24:39 ငါ့လက်တိ၊ ခြီတိကိုကြည့်ပါ။ သင်ရို့မြင်ရသည့်အတိုင်း ငါပင်ဖြစ်၏။ ငါ့ကို စမ်းသပ်ကြည့်ကြလော့။ သင်ရို့မြင်ရသည်အတိုင်း ငါ့၌အရိုးအသားနှင့် ပြည့်စုံ၏။ စစ္ဆီ၌ကား အရိုးအသားမဟိ” ဟု မိန့်တော်မူ၏။
LUK 24:40 ကိုယ်တော်သည် မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်၊ ခြီတော်တိကို တပည့်တော်ရို့အား ပြတော်မူ၏။
LUK 24:41 သူရို့သည် အလွန် ဝမ်းမြောက်အံ့သြလျက် ဟိကြသော်လည်း မယုံနိုင်ကြသဖြင့်၊ ကိုယ်တော်က “သင်ရို့၌ စားစရာတစ်ခုခု ဟိသလော” ဟု မိန်းတော်မူလျှင်၊
LUK 24:42 သူရို့က ငါးကင်တစ်ပိုင်းကို ပီးကြ၏။
LUK 24:43 ကိုယ်တော်သည် ယူ၍ သူရို့ရှိ့တွင် သုံးဆောင်တော်မူ၏။
LUK 24:44 ထို့နောက် ကိုယ်တော်ကလည်း သူရို့အား “မောသျှေ ပညတ္တိကျမ်း၊ ပရောဖက်ကျမ်းနှင့် ဆာလံကျမ်းတွင် ငါ့အကြောင်းကို ရီးသားထားသော အမှုအရာအားလုံးသည် ဖြစ်ပျက်ရမည်ဟု သင်ရို့နှင့်အတူ ဟိသောအခါက ငါပြောခသည့်အတိုင်း အဂု ဖြစ်ပျက်လျက်ဟိ၏” ဟု မိန့်တော်မူ၏။
LUK 24:45 ထို့နောက် တပည့်တော်ရို့သည် ကျမ်းစာကို နားလည်ကြစီရန် သူရို့၏ အသိဉာဏ်ကို ဖွင့်ပီးတော်မူ၏။
LUK 24:46 ကိုယ်တော်ကလည်း တပည့်တော်ရို့အား၊ “ကျမ်းစာတော်မြတ်၌ မေသျှိယသည် ဒုက္ခခံ၍ အသီခံတော်မူပြီးမှ သုံးရက်မြောက်သောနိ့၌ ထမြောက်တော်မူရမည်။
LUK 24:47 နာမတော်ကိုအမှီပြု၍ နောင်တရခြင်းတရားနှင့် အပြစ်လွှတ်ခြင်းတရားတိကို ယေရုဆလင်မြို့မှစ၍ လူမျိုးတကာရို့ကို ဟောပြောရမည်။
LUK 24:48 သင်ရို့သည် ဤအကြောင်းအရာများ၏ သက်သီများ ဖြစ်ကြ၏။
LUK 24:49 ငါ့ခမည်းတော် ကတိထားတော်မူသည့်အတိုင်း သင်ရို့အထက်သို့ ငါ စီရွှတ်လိုက်မည်။ သို့သော်လည်း သင်ရို့အထက်သို့ ကောင်းကင်ကတန်ခိုး ရောက်လာသည်အထိ ယေရုဆလင်မြို့၌ စောင့်နိန်ကြလော” ဟု မိန့်တော်မူ၏။
LUK 24:50 ထို့နောက် ကိုယ်တော်သည် တပည့်တော်တိကို ဗေသနိရွာသို့ ခေါ်ဆောင်လားတော်မူပြီးလျှင် လက်တော်ကိုဆန့်၍ ကောင်းကြီးပီးတော်မူ၏။
LUK 24:51 ဤသို့ ကောင်းကြီးပီးတော်မူစဉ် ကိုယ်တော်သည် တပည့်တော်ရို့ပါးမှ ခွာလျက် ကောင်းကင်သို့ ချီဆောင်ခြင်းကို ခံတော်မူ၏။
LUK 24:52 တပည့်တော်ရို့သည် ကိုယ်တော့်ကို ပြပ်ဝပ်ကိုးကွယ်ကြပြီးလျှင် အလွန်ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ယေရုဆလင်မြို့သို့ ပြန်လာ၍၊
LUK 24:53 ဘုရားသခင်၏ ဗိမာန်တော်၌ အမြဲမပြတ် ကျေးဇူးတော်ကို ချီးမွမ်းလျက်နိန်ကြ၏။
JOH 1:1 အစအဦး၌ နှုတ်ကပတ်တော် ဟိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ဟိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။
JOH 1:2 အစအဦးမှစ၍ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ဟိတော်မူ၏။
JOH 1:3 ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၏။ ထိုနှုတ်ကပတ်တော်နှင့် ကင်း၍ ဖန်ဆင်းထားသည့်အရာ တစ်ခုမျှမဟိ။
JOH 1:4 ထိုနှုတ်ကပတ်တော်သည် အသက်၏ အရင်းအမြစ်ဖြစ်၏။ ထို အသက်သည်ကား လူသားရို့အဖို့ အလင်းကို ယူဆောင်လာ၏။
JOH 1:5 ထိုအလင်းသည် မှောင်မိုက်၌ ထွန်းလင်း၍၊ မှောင်မိုက်သည် ဇာခါမျှ မကွယ်နိုင်။
JOH 1:6 ဘုရားသခင်သည် ယောဟန်ဟု နာမည်ခေါ်သော မိမိ၏ စီတမန်ကို စီရွှတ်တော်မူ၏။
JOH 1:7 ထိုသူသည် အလင်းတော်အကြောင်းကို လူအပေါင်းရို့သည် ကြား၍ ယုံကြည်ခြင်းငှာ ဟောပြောသက်သီခံရန် ကြွလာသောသူဖြစ်၏။
JOH 1:8 ထိုသူသည် အလင်းတော်မဟုတ်၊ အလင်းတော်၏အကြောင်းကို ဟောပြောသက်သီခံခြင်းငှာ လာ၏။
JOH 1:9 ထိုအလင်းတော်သည် လောကသို့ ကြွလာပြီးလျှင် လူသားအပေါင်းရို့တွင် ထွန်းလင်းပြီး — စစ်မှန်သောအလင်း ဖြစ်တော်မူ၏။
JOH 1:10 ထိုနှုတ်ကပတ်တော်သည် လောက၌ ဟိတော်မူ၏။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် လောကကို ဖန်ဆင်းတော်မူသော်လည်း လောကသည် ထိုသူကို မသိ။
JOH 1:11 ထိုသူသည် မိမိလူမျိုးရို့ပါးသို့ ကြွတော်မူသော်လည်း မိမိလူရို့က လက်မခံကြ။
JOH 1:12 သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။
JOH 1:13 ထိုသူရို့သည် လူ့အသွီးအသားအားဖြင့် မွီးသောသားသမီးတိ မဟုတ်၊ သို့သော် ဘုရားသခင် ဖြစ်ပွားစီတော်မူသော သားသမီးတိ ဖြစ်ကြ၏။
JOH 1:14 နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။
JOH 1:15 ယောဟန်သည် ထိုသူ၏ အကြောင်းကို ဟောပြောသက်သီခံသည်ကား၊ “ ‘ထိုသူသည် ငါ့နောက် ကြွလာမည်၊ သို့သော် ငါမမွီးမီကပင် ဟိနှင့်နိန်သည် ဖြစ်သောကြောင့် ငါ့ထက် ကြီးမြတ်သောသူ ဖြစ်သည်’ ဟု ဆိုရာတွင် ထိုသူကို ဆိုလိုခြင်းဖြစ်၏” ဟု ကြွေးကြော်လေ၏။
JOH 1:16 ထိုသူသည် ကျေးဇူးတော်နှင့် ပြည့်စုံသည်ဖြစ်၍ ငါရို့အား ကောင်းကြီးတစ်ခုပြီးတစ်ခု ပီးတော်မူ၏။
JOH 1:17 ဘုရားသခင်သည် ပညတ်တရားကို မောသျှေအားဖြင့် ပီးတော်မူ၏။ သို့သော် ကျေးဇူးတော်နှင့် သစ္စာတော်မူကား ယေသျှုခရစ်တော်အားဖြင့် ရောက်လာ၏။
JOH 1:18 ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။
JOH 1:19 ယေရုဆလင်မြို့၌ ဩဇာဟိသော ယုဒလူရို့သည် ယဇ်ပုရောဟိတ်ရို့နှင့် လေဝိရို့ကို ယောဟန်ပါးသို့ စီရွှတ်၍ “သင်ကား ဇာသူနည်း” ဟု သူရို့သည် မိန်းကြလျှင်၊
JOH 1:20 ယောဟန်က “မေသျှိယကား ငါ မဟုတ်” ဟု ထိမ်ဝှက်ခြင်းမဟိဘဲ ပွင့်လင်းစွာ ဟောပြော သက်သီခံတော်မူလေ၏။
JOH 1:21 ထိုသူရို့ကလည်း “ထိုသို့ဆိုလျှင် သင်ကား ဇာသူနည်း။ ဧလိယ ဖြစ်သလော” ဟု မိန်းလျှင်၊ ယောဟန်က၊ “ငါသည် ဧလိယ မဟုတ်” ဟု ဆို၏။ တဖန် သူရို့က “သင်သည် ပရောဖက်တစ်ပါး ဖြစ်သလော” ဟု မိန်းပြန်၏။ ယောဟန်ကလည်း “မဟုတ်” ဟု ဆို၏။
JOH 1:22 ထိုသူရို့ကလည်း “သင်ကား ဇာသူနည်း။ ငါရို့ကို စီရွှတ်လိုက်သော သူရို့အား ပြန်ပြောပြနိုင်ခြင်းငှာ သင့်ကိုယ်သင် ဇာသူဖြစ်သည်ဟု ပြောမည်နည်း” ဟု မိန်းကြ၏။
JOH 1:23 ယောဟန်က “ငါကား ‘ပရောဖက်ဟေသျှာယ ဟောပြောခသည်အတိုင်း သခင်ဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စီကြလော့’ ဟူ၍ တောကန္တာရ၌ ဟစ်အော်နိန်သောသူ၏ အသံဖြစ်၏” ဟု ဆို၏။
JOH 1:24 ထိုသူရို့သည် ဖာရိယှဲရို့ပါးမှ စီရွှတ်လိုက်သောသူတိ ဖြစ်ကြ၏။
JOH 1:25 တဖန် ထိုသူရို့က “သင်သည် မေသျှိယ မဟုတ်၊ ဧလိယလည်း မဟုတ်၊ ပရောဖက်တစ်ပါးလည်း မဟုတ်ဘဲနှင့် ဇာကြောင့် ဗတ္တိဇံမင်္ဂလာကို ပီးသနည်း” ဟု မိန်းကြ၏။
JOH 1:26 ယောဟန်ကလည်း “ငါသည် ရီ၌ ဗတ္တိဇံကို ပီး၏။ သို့သော် သင်ရို့အထဲတွင် သင်ရို့ မသိသောသူတစ်ယောက် ဟိ၏။
JOH 1:27 ထိုသူသည် ငါ့နောက်မှ ကြွလာသော်လည်း ငါသည် သူ၏ခြီနင်းကြိုးကို ဖြီပီးဖို့ရန်ပင် မထိုက်တန်” ဟု ပြန်ပြော၏။
JOH 1:28 ဤအမှုအရာများသည် ယောဟန် ဗတ္တိဇံပီးနိန်သော ယော်ဒန်မြစ် အရှိ့ဖက်ကမ်း၊ ဗေသနိရွာ၌ ဖြစ်ပျက်သော အမှုအရာများဖြစ်သတည်း။
JOH 1:29 နောက်တစ်နိ့၌ ယောဟန်သည် မိမိထံသို့ ယေသျှုကြွလာသည်ကို မြင်သော်၊ “လောကသားရို့၏ အပြစ်ကို ယူဆောင်လားတော်မူမည့် ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့။
JOH 1:30 ငါ မမွီးခင်ကပင် ဟိနိန်သောသူဖြစ်၍ ငါ့ထက် ကြီးမြတ်သောသူသည် ငါ့နောက်မှ ကြွလာလိမ့်မည်ဟု ငါဆိုခသည်မှာ ထိုသူကို ဆိုလိုသတည်း။
JOH 1:31 ထိုသူသည် ဇာသူဖြစ်သည်ကို ငါ မသိခ။ သို့ပင်သျှောင် ဣသရေလလူရို့သည် ထိုသူအား သိနိုင်ကြစီရန် ငါသည် ရီဖြင့် ဗတ္တိဇံကိုပီး၏” ဟု ဆို၏။
JOH 1:32 ထို့နောက် ယောဟန် သက်သီခံသည်ကား၊ “ဝိညာဉ်တော်သည် ဂြိုးငှက်ကဲ့သို့ ကောင်းကင်မှဆင်းသက်၍ ကိုယ်တော်အထက်၌ နားနိန်သည်ကို ငါမြင်ရ၏။
JOH 1:33 ကိုယ်တော်သည် ဇာသူဖြစ်ကြောင်းကို ငါမသိ။ သို့ပင်သျှောင် ရီဖြင့်ဗတ္တိဇံကို ပီးဖို့အတွက် ငါ့ကို စီရွှတ်တော်မှုသော ဘုရားသခင်က ‘ဝိညာဉ်တော်သည် ဆင်းသက်၍ လူသားတစ်ယောက်အထက်၌ နားတော်မူသည်ကို သင်မြင်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ပီးလိမ့်မည်’ ဟု အကျွန့်အား မိန့်တော်မူ၏။
JOH 1:34 ထိုသို့ မိန့်တော်မှုသည်အတိုင်း ငါတွိ့မြင်ရသည်ဖြစ်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို ငါသည် သက်သီခံ၏” ဟု ဆို၏။
JOH 1:35 နောက်တစ်နိ့၌ ယောဟန်သည် မိမိ၏တပည့်တော် နှစ်ယောက်နှင့်အတူ ထိုအရပ်၌ တဖန် ရပ်လျက်နိန်စဉ်၊
JOH 1:36 ယေသျှု ကြွတော်မှုသည်ကို မြင်လျှင် “ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့” ဟု ဆို၏။
JOH 1:37 တပည့်တော်နှစ်ယောက်ရို့သည် ထိုစကားကို ကြားလျှင် ယေသျှုနောက်သို့ လိုက်လားကြ၏။
JOH 1:38 ယေသျှုသည် နောက်တော်သို့ လှည့်၍ ထိုသူရို့သည် နောက်မှ လိုက်နိန်သည်ကို မြင်တော်မူလျှင် “သင်ရို့ ဇာအရာကို ရှာဖွီနိန်ကြသနည်း” ဟု မိန်းတော်မူ၏။ ထိုသူရို့ကလည်း “ရဗ္ဗိ၊ ကိုယ်တော်သည် ဇာမှာနီတော်မူသနည်း” ဟု မိန်းလျှောက်ကြ၏။ ရဗ္ဗိ၏ အနက်ကား “ဆရာ” ဟူ၍ဖြစ်၏။
JOH 1:39 ကိုယ်တော်ကလည်း “လာ၍ ကြည့်ကြလော့” ဟု မိန့်တော်မှု၏။ ထိုအချိန်ကား ညနီလေးနာရီခန့် အချိန်ဖြစ်၏။ ထိုသူရို့သည် ကိုယ်တော်နှင့်အတူ လိုက်၍ နီထိုင်တော်မူရာ အရပ်ကို ကြည့်မြင်ပြီးလျှင် ထိုနိ့ကို ကိုယ်တော်နှင့်အတူ ကုန်လွန်ကြ၏။
JOH 1:40 ထိုသူနှစ်ယောက်ထဲမှ ယောဟန်၏ စကားကို ကြားသောသူကား သျှိမုန်ပေတရု၏ညီ အန္ဒြေဖြစ်၏။
JOH 1:41 ထိုသူသည် မိမိအစ်ကို သျှိမုန်အား တွိ့လျှင်တွိ့ချင်း “အကျွန်ရို့သည် မေသျှိယကို တွိ့ပါယာ” ဟု ဆို၏။ (မေသျှိယ၏အနက်ကား “ခရစ်တော်” ဖြစ်သတည်း။)
JOH 1:42 ထို့နောက် သူသည် သျှိမုန်အား ယေသျှုထံသို့ ခေါ်ဆောင်လားလေ၏။ ယေသျှုသည် ထိုသူကို ကြည့်လျက် “သင်သည် ယောဟန်၏သား သျှိမုန်ဖြစ်၏။ သို့ရာတွင် သင့်ကို ‘ကေဖ’ ဟူ၍ ခေါ်လိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ၏အနက်ကား ပေတရုနာမည်နှင့်တူသော “ကျောက်” ဟူ၍ ဖြစ်၏)။
JOH 1:43 နောက်တစ်နိ့၌ ယေသျှုသည် ဂါလိလဲပြည်သို့ ကြွခြင်းငှာ အလိုဟိ၏။ ဖိလိပ္ပုကို တွိ့လျှင် “ငါ့နောက်သို့ လိုက်လော့” ဟု ထိုသူအား မိန့်တော်မူ၏။ (
JOH 1:44 ဖိလိပ္ပုသည် ဗက်ဇဲဒမြို့သား ဖြစ်၏။ ထိုမြို့သည် အန္ဒြေနှင့် ပေတရုရို့ နီထိုင်ရာမြို့ ဖြစ်သတည်း။)
JOH 1:45 ဖိလိပ္ပုသည်လည်း နာသနေလအား တွိ့လျှင် “မောသျှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများတွင် ရီးသားဖော်ပြထားသူကို အကျွန်ရို့ တွိ့ရယာ။ ထိုသူသည် နာဇရက်မြို့မှ ယောသပ်၏သား ယေသျှုဖြစ်၏” ဟု ဆို၏။
JOH 1:46 နာသနေလကလည်း “နာဇရက်မြို့က ကောင်းသောအရာ တစ်စုံတစ်ခု ထွက်နိုင်သလော” ဟု မိန်းလျှင်၊ ဖိလိပ္ပုက “လာ၍ ကြည့်ပါ” ဟု ဖြေလေ၏။
JOH 1:47 ယေသျှုသည် မိမိထံသို့ နာသနေလ လာနိန်သည်ကို မြင်တော်မူလျှင် “ဤအရပ်၌ ဖောက်ပြန်ခြင်းနှင့် ကင်းသောသူဖြစ်ပြီး စစ်မှန်သော ဣသရေလအမျိုးသားကို ကြည့်ကြလော့” ဟု ထိုသူအား ရည်ရွယ်၍ မိန့်တော်မူ၏။
JOH 1:48 နာသနေလကလည်း “ကိုယ်တော်သည် အကျွန့်ကို မည်သို့ သိသနည်း” ဟု မိန်းလျှောက်လေ၏။ ယေသျှုကလည်း “ဖိလိပ္ပုသည် သင့်ကို မခေါ်မီ သဖန်းပင်အောက်၌ ဟိနိန်စဉ်ကပင် သင့်ကို ငါမြင်၏” ဟု မိန့်တော်မူ၏။
JOH 1:49 နာသနေလကလည်း “ဆရာ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလလူမျိုးရို့၏ ဘုရင်ဖြစ်ပါ၏” ဟု လျှောက်လေ၏။
JOH 1:50 ယေသျှုက “သဖန်းပင်အောက်တွင် သင်ဟိနိန်ချိန်ကပင် သင့်ကို ငါမြင်ယာဟု ဆိုသောကြောင့် သင်ယုံကြည်သလော။ ယင်းချင့်ထက်ကြီးသော အမှုအရာတိကို သင်မြင်ရလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 1:51 ထို့နောက် ကိုယ်တော်က “ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် ကောင်းကင်ဖွင့်လှစ်၍ ဘုရားသခင်၏ ကောင်းကင်တမန်ရို့သည် လူသားအထက်မှာ ဆင်းလျက်၊ တက်လျက်ဟိနိန်သည်ကို မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 2:1 နောက်နှစ်ရက်ကြာသောအခါ ဂါလိလဲပြည်၊ ကာနမြို့၌ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပရာ ယေသျှု၏မယ်တော်သည် ထိုနီရာ၌ ဟိတော်မူ၏။
JOH 2:2 ယေသျှုနှင့် တပည့်တော်ရို့ကိုလည်း ဖိတ်ကြ၏။
JOH 2:3 စပျစ်ရည်ကုန်လားသောအခါ ယေသျှု၏မယ်တော်က “သူရို့မှာ စပျစ်ရည် ကုန်လားယာ” ဟု ကိုယ်တော့်ကို ပြောလေ၏။
JOH 2:4 ယေသျှုကလည်း “မယ်တော်၊ ဇာအမှုကို ပြုရမည်ကို ငါ့အား မပြောပါကေ့။ ငါ့အချိန်မရောက်သိမ့်” ဟု မိန့်တော်မူ၏။
JOH 2:5 ထိုအခါ မယ်တော်ကလည်း “သူစီခိုင်းသမျှကို လုပ်ဆောင်ကြလော့” ဟု အခိုင်းအစီတိအား မှာထားလေ၏။
JOH 2:6 ထိုနီရာ၌ ယုဒအမျိုးသားရို့၏ ဘာသာဓလေ့အရ စင်ကြယ်ခြင်းအဖို့အလို့ငှာ ရီနှစ်ထမ်း သုံးထမ်းခန့် ဝင်သောကျောက်ရီအိုး ခြောက်အိုးဟိ၏။
JOH 2:7 ယေသျှုက “ဤရီအိုးများတွင် ရီအပြည့်ဖြည့်လော့” ဟု အခိုင်းအစီရို့အား မိန့်တော်မူလျှင်၊ သူရို့သည် ရီအိုး နှုတ်ခမ်းအထိ ရီအပြည့်ဖြည့်ကြ၏။
JOH 2:8 ထို့နောက် ကိုယ်တော်သည် ထိုသူရို့အား “အဂု၊ ရီအချို့ကို ခပ်ပြီးလျှင် ပွဲအုပ်ပါးသို့ ယူလားကြလော့” ဟု မိန့်တော်မူသည့်အတိုင်း သူရို့သည်လည်း ပြုကြ၏။
JOH 2:9 ပွဲအုပ်သည် ရီမှ စပျစ်ရည်အဖြစ်သို့ ပြောင်းလဲလားသော ရီကို မြည်းကြည့်လေ၏။ ရီခပ်ယူလာသော အခိုင်းအစီရို့သည် ထိုစပျစ်ရည်ကို ဇာပိုင်ရကြသည်ကို သိသော်လည်း ပွဲအုပ်မူကား မသိပေ။ ထို့ကြောင့် သတို့သားအား ခေါ်ပြီးလျှင်၊
JOH 2:10 “လူတိုင်းက အကောင်းဆုံးသော စပျစ်ရည်နှင့် ဦးစွာ ဧည့်ခံကြ၏။ လူတိ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ဧည့်ခံလေ့ဟိကြ၏။ သို့သော်လည်း သင်မူကား အကောင်းဆုံးသော စပျစ်ရည်ကို အဂုထက်ထိ ထုတ်ပီးပါသည်တကား” ဟု ဆို၏။
JOH 2:11 ယေသျှုသည် ဂါလိလဲပြည်၊ ကာနမြို့၌ ထိုသို့ ပထမဆုံးသော နိမိတ်လက္ခဏာကို ပြတော်မူလျက် မိမိ၏ဘုန်းတန်ခိုးတော်ကို ထွန်းတောက်စီ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော့်ကို ယုံကြည်ကြ၏။
JOH 2:12 ဤအမှုအရာပြီးလျှင် ယေသျှုသည် မယ်တော်မှစ၍ ညီတော်၊ တပည့်တော်ရို့နှင့် ကပေရနောင်မြို့သို့ လားကြပြီး ရက်အနည်းချေ တည်းခိုကြ၏။
JOH 2:13 ယုဒအမျိုးသားရို့၏ ပသခါပွဲတော်နီးကပ်လာသောအခါ ယေသျှုသည် ယေရုဆလင်မြို့သို့ ကြွတော်မူ၏။
JOH 2:14 ကိုယ်တော်သည် ဗိမာန်တော်အထဲတွင် နွားများ၊ သိုးများ၊ ဂြိုးငှက်များကို ရောင်းသောသူများထိုင်နိန်သည်ကိုလည်းကောင်း ငွီလဲလှယ်နိန်သော သူရို့သည် သူရို့၏စားပွဲများ၌ ထိုင်နိန်သည်ကိုလည်းကောင်း တွိ့တော်မူ၏။
JOH 2:15 ထို့ကြောင့် ကိုယ်တော်သည် ကြိုးဖြင့် ကြာပွတ်ကိုလုပ်ပြီး သိုး၊ နွားမှစ၍ အားလုံးသောတိရစ္ဆာန်တိကို ဗိမာန်တော်ထဲမှ မောင်းထုတ်တော်မူ၏။ ငွီလဲလှယ်နိန်သောသူရို့၏ စားပွဲကိုလည်း မှောက်လှန်တော်မူ၍ သူရို့၏ ဒင်္ဂါးများသည် ပြန့်ကြဲလေ၏။
JOH 2:16 ကိုယ်တော်သည် ဂြိုးငှက်ရောင်းသော သူတိကိုလည်း “ဤချင့်တိကို ဤနီရာမှ ယူလားကြလော့။ ငါ့အဖ၏အိမ်တော်ကို စျီးနီရာ မဖြစ်စီကတ်ကေ့” ဟု မိန့်တော်မူ၏။
JOH 2:17 ထိုအခါ တပည့်တော်ရို့သည် “အို၊ ဘုရားသခင်၊ ကိုယ်တော်၏အိမ်တော်အဖို့ ပြင်းပြသော ငါ၏စိတ်သည် ငါ့ကိုယ်၌ မီးတောက်သဖွယ် လောင်ကျွမ်းလျက် ဟိပါ၏” ဟူသော ကျမ်းစာလာသည်ကို သတိရကြ၏။
JOH 2:18 ယုဒအာဏာပိုင်ရို့ကလည်း “သင်သည် ဤအမှုအရာတိအား လုပ်ပိုင်ခွင့်ဟိကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့အား ဇာနိမိတ်လက္ခဏာကို ပြမည်နည်း” ဟု ပြန်လျှောက်ကြလေ၏။
JOH 2:19 ယေသျှုကလည်း “ဤဗိမာန်တော်ကို ဖြိုချလော့။ သုံးရက်အတွင်း၌ ပြန်၍ ငါတည်ဆောက်မည်” ဟု မိန့်တော်မူ၏။
JOH 2:20 သူရို့ကလည်း “ဤဗိမာန်တော်ကို လေးဆယ်ခြောက်နှစ်တိုင်တိုင် တည်ဆောက်ခရ၏။ သင်မူကား သုံးရက်အတွင်း ပြန်တည်ဆောက်မည်လော” ဟု လျှောက်ကြလေ၏။
JOH 2:21 သို့သော် ယေသျှု ထိုသို့ မိန့်တော်သည်မှာ မိမိ၏ကိုယ်ခန္ဓာတည်းဟူသော ဗိမာန်တော်အကြောင်းကို ပြောဆိုခြင်းဖြစ်၏။
JOH 2:22 ထို့ကြောင့် တပည့်တော်ရို့သည် သီခြင်းမှ ကိုယ်တော် ရှင်ပြန်ထမြောက်တော်မူသောအခါ ဤသို့ ကိုယ်တော် မိန့်တော်မူခသောစကားကို သတိရကြ၍ ကျမ်းစာတော်မြတ်ကိုလည်းကောင်း၊ ယေသျှု မိန့်တော်မူခသော စကားတော်ကိုလည်းကောင်း ယုံကြည်ကြ၏။
JOH 2:23 ယေသျှုသည် ယေရုဆလင်မြို့၌ ကျင်းပသည့် ပသခါပွဲတော်အတွင်း ဟိနိန်စဉ် ကိုယ်တော်ပြုတော်မူသော နိမိတ်လက္ခဏာကို တွိ့မြင်သောသူရို့သည် ကိုယ်တော့်ကို ယုံကြည်ကြ၏။
JOH 2:24 သို့သော် ယေသျှုသည် ထိုသူရို့၏အကြောင်းကို သိတော်မူသောကြောင့် ထိုသူရို့အား မယုံပေ။
JOH 2:25 ကိုယ်တော်သည် သူရို့၏ စိတ်နှလုံးထဲ၌ ဟိသောအရာများကို သိသောကြောင့် မည်သူမျှ သူရို့၏ အကြောင်းကို ကိုယ်တော့်ကို ပြောပြရန် မလိုပေ။
JOH 3:1 နိကောဒင်ဟု နာမည်ဟိသော ယုဒအမျိုးသား ခေါင်းဆောင်တစ်ယောက်ဟိ၏။ ထိုသူသည် ဖာရိယှဲရို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏။
JOH 3:2 သူသည် ညဉ့်အခါ ကိုယ်တော့်ထံသို့ လာ၍ “ဆရာ၊ ကိုယ်တော်သည် ဘုရားသခင် စီရွှတ်တော်မူသော ဆရာတစ်ပါး ဖြစ်ကြောင်းကို အကျွန်ရို့ သိကြပါ၏။ ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာတိကို ဘုရားသခင်အတူ မပါဟိလျှင် မည်သူမျှ ပြနိုင်မည် မဟုတ်ပါ” ဟု လျှောက်လေ၏။
JOH 3:3 ယေသျှုကလည်း “ငါအမှန်ဆိုသည်ကား၊ တဖန် မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ” ဟု မိန့်တော်မူ၏။
JOH 3:4 နိကောဒင်ကလည်း “အသက်ကြီးသော သူသည် တဖန် မွီးဖွားခြင်းကို ဇာပိုင် ခံရမည်နည်း။ မိခင်ဝမ်းထဲသို့ တဖန် ဝင်ပြီးလျှင် ဒုတိယအကြိမ် မွီးဖွား၍ မရနိုင်သည်မှာ သေချာပါ၏” ဟု ဆို၏။
JOH 3:5 ယေသျှုကလည်း “သင်ရို့အား ငါအမှန် ဆိုသည်ကား၊ ရီ၌ လည်းကောင်း၊ ဝိညာဉ်တော်၌ လည်းကောင်း မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ။
JOH 3:6 အသွီးအသားအားဖြင့် မွီးဖွားသောသူသည် အသွီးအသားနှင့် ဆိုင်၏။ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသူသည် ဝိညာဉ်နှင့်သာ ဆိုင်၏။
JOH 3:7 လူတိုင်း တဖန် မွီးဖွားခြင်းကို ခံရမည်ဟု ငါ ပြောသည်ကို မအံ့ဩကေ့။
JOH 3:8 လီသည် မိမိ တိုက်လိုရာသို့ တိုက်တတ်၏။ လီ၏အသံကို ကြားရသော်လည်း ဇာအရပ်မှ တိုက်လာသည်ကိုလည်းကောင်း၊ ဇာအရပ်သို့ တိုက်လိမ့်မည်ကိုလည်းကောင်း မသိနိုင်။ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသူသည်လည်း ဤကဲ့သို့ ဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 3:9 နိကောဒင်ကလည်း “ဤအမှုအရာကား ဇာပိုင် ဖြစ်နိုင်မည်နည်း” ဟု မိန်းလေ၏။
JOH 3:10 ယေသျှုကလည်း “သင်သည် ဣသရေလအမျိုးသားရို့တွင် ဆရာတစ်ပါး ဖြစ်ပါလျက်၊ ဤအကြောင်းအရာကို နားမလည်သလော။
JOH 3:11 ငါအမှန် ဆိုသည်ကား၊ ငါရို့သည် ကိုယ်တိုင် သိသောအရာများကိုသာ ပြောကြ၏။ ကိုယ်မြင်သော အရာကိုသာ သက်သီခံကြ၏။ သို့သော်လည်း ငါရို့၏ သက်သီခံချက်တိကို သင်ရို့ လက်မခံသိမ့်သလော။
JOH 3:12 လောကနှင့် ဆိုင်သောအရာတိကို ငါ ပြောပြသော်လည်း သင်ရို့မယုံ၊ အထက်ကောင်းကင်နှင့် ဆိုင်သောအရာကို ငါ ပြောသော် သင်ရို့ ဇာပိုင် ယုံကြည်နိုင်မည်နည်း။
JOH 3:13 ကောင်းကင်ဘုံမှ ကြွဆင်းလာသော လူသားမှတစ်ပါး တစ်စုံတစ်ယောက်မျှ ကောင်းကင်ဘုံသို့ မရောက်ဖူးကြ” ဟု ဆို၏။
JOH 3:14 မောသျှေသည် တောကန္တာရ၌ ကြီးဝါမြွီရုပ်ကို တိုင်ထက်မှာ ဆွဲထားသကဲ့သို့ လူသားသည်လည်း ဆွဲထားခြင်းကို ခံရလိမ့်မည်။
JOH 3:15 အကြောင်းမူကား၊ ထိုသူအား ယုံကြည်သောသူ အပေါင်းရို့သည် ထာဝရအသက်ကို ရစီရန် ဖြစ်၏။
JOH 3:16 ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
JOH 3:17 ဘုရားသခင်သည် မိမိ၏သားတော်အား လောကသို့ စီရွှတ်တော်မူသည်မှာ အပြစ်စီရင်ခြင်းငှာ မဟုတ်။ လောကသားရို့အား ကယ်တင်ခြင်းငှာ ဖြစ်သတည်း။
JOH 3:18 ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းရို့သည် အပြစ်စီရင်ခြင်းကို မခံရ။ သို့သော်လည်း မယုံကြည်သော သူရို့မူကား ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် အဂုပင် အပြစ်စီရင်ခြင်းကို ခံရလျက်ဟိ၏။
JOH 3:19 တရားစီရင်ခြင်းကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကထဲသို့ ကြွလာ၏။ သို့သော် လူတိကား အလင်းထက် အမှောင်ကို သာ၍ နှစ်သက်ကြ၏။ အကြောင်းမူကား သူရို့၏ အကျင့်သီလသည် ဆိုးယုတ်သောကြောင့်ဖြစ်၏။
JOH 3:20 မကောင်းမှုကို ပြုသောသူအပေါင်းရို့သည် အလင်းကို မုန်းကြ၏။ ထိုသူရို့သည် အလင်းသို့ လာကြလိမ့်မည် မဟုတ်။ အကြောင်းမူကား သူရို့၏ မကောင်းသောအကျင့် ပေါ်လားမည်ကို အလိုမဟိကြ။
JOH 3:21 သို့ပင်သျှောင်လည်း သမ္မာတရားကို ကျင့်သောသူရို့မူကား မိမိရို့ကျင့်သော တရားသည် ဘုရားသခင်၏အလိုတော်နှင့် ညီသည်ကို ထင်ရှားစီခြင်းငှာ အလင်းသို့ လာကြ၏ဟု မိန့်တော်မူ၏။
JOH 3:22 ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုနှင့် တပည့်တော် ရို့သည် ယုဒအရပ်ဒေသသို့ ကြွတော်မူ၏။ ကိုယ်တော်သည် သူရို့နှင့်အတူ ထိုအရပ်၌ နီတော်မူပြီးလျှင် ဗတ္တိဇံမင်္ဂလာကို ပီးလေ၏။
JOH 3:23 ယောဟန်သည်လည်း ယှာလိန်မြို့နှင့်မဝီးသော အဲနုန်အရပ်တွင် ဗတ္တိဇံပီးလျက် နိန်၏။ အကြောင်းမူကား ထိုအရပ်၌ ရီပေါသီစွာ ဟိသောကြောင့်ဖြစ်၏။ လူအပေါင်းရို့သည် ယောဟန်ပါးသို့ လာကြပြီးလျှင် ဗတ္တိဇံမင်္ဂလာကို ခံယူကြ၏။
JOH 3:24 (ထိုအချိန်၌ ယောဟန်သည် အကျဉ်းမကျသိမ့်ပေ။)
JOH 3:25 ယောဟန်၏ တပည့်တချို့နှင့် ယုဒလူမျိုးတစ်ယောက်သည် ဘာသာတရားနှင့်ဆိုင်သော သန့်ယှင်းခြင်းအကြောင်းကို ဆွေးနွေးငြင်းခုံနိန်ကြ၏။
JOH 3:26 ထို့ကြောင့် သူရို့သည် ယောဟန်ပါးသို့ လာ၍ “ဆရာ၊ ယော်ဒန်မြစ် အရှိ့ဖက်ကမ်းမှာ ဆရာနှင့်အတူ နီခဖူးသော သူတစ်ယောက်ကို မှတ်မိပါသလော။ ထိုသူ၏အကြောင်းကို ဆရာပြောပြခဖူး၏။ ထိုသူသည် အဂု လူတိကို ဗတ္တိဇံပီးနိန်ယာ။ လူတိလည်း ထိုသူ့ထံသို့ လားနိန်ကြယာ” ဟု လျှောက်ကြ၏။
JOH 3:27 ယောဟန်ကလည်း “ဘုရားသခင် ပီးတော်မမူလျှင် လူသည် ဇာတစ်ခုကိုမျှ မခံမယူနိုင်။
JOH 3:28 ငါကား မေသျှိယ မဟုတ်။ သို့သော် ထိုအသျှင်၏ ရှိ့ဗြီးသာ ဖြစ်၏။ ထိုသို့ဖြစ်ကြောင်းကို ငါပြောသမျှဖြင့် သင်ရို့ကိုယ်တိုင် ငါ၏ သက်သီခံဖြစ်ကြ၏။
JOH 3:29 မင်္ဂလာဆောင်သတို့သမီးကို ပိုင်ဆိုင်သည့်လူကား မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့သား၏ မိတ်ဆွီကား ရပ်လျက် နားထောင်ပြီး နိန်၏။ သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်သကဲ့သို့ ငါသည်လည်း ဝမ်းမြောက်ခြင်းနှင့် ပြည့်လေ၏။
JOH 3:30 ထိုအသျှင်သည် တိုးပွားခြင်း ဟိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ဟိရမည်” ဟု ဆို၏။
JOH 3:31 အထက်မှ ကြွလာသောသူကား အလုံးစုံတိထက် ကြီးမြတ်သောသူဖြစ်၏။ မြီကြီးမှ လာသောသူသည် မြီကြီးနှင့်သာဆိုင်၏။ ထိုသူသည်လည်း မြီကြီးအကြောင်းကိုသာ ပြောတတ်၏။ သို့သော်လည်း ကောင်းကင်မှ လာသောသူကား အရာအားလုံးထက် ကြီးမြတ်သောသူဖြစ်၏။
JOH 3:32 ထိုသူသည် မိမိမြင်ခသမျှ၊ ကြားခသမျှကို ဟောပြော၏၊ သို့ရာတွင် ဇာသူမျှ ထိုသူ၏ သက်သီခံချက်တိကို လက်မခံကြ။
JOH 3:33 သို့သော် ထိုအသျှင်၏ သက်သီခံချက်များကို လက်ခံယုံကြည်သမျှသော သူရို့သည် ဘုရားသခင်သည် သစ္စာသျှင် ဖြစ်ကြောင်းကို သက်သီခံသောသူတိ ဖြစ်ကြ၏။
JOH 3:34 ဘုရားသခင် စီရွှတ်တော်မူသောသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို ပြည့်ဝစွာ ပီးတော်မူသောကြောင့်ဖြစ်၏။
JOH 3:35 ခမည်းတော်သည် မိမိသားတော်ကို ချစ်တော်မူသောကြောင့် ခပ်သိမ်းသော တန်ခိုးအာဏာကို သားတော်၌ ပီးအပ်လေ၏။
JOH 3:36 ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
JOH 4:1 ယေသျှုသည် ယောဟန်ထက် ပို၍များသောသူရို့ကို တပည့်တော်ဖြစ်စီပြီး ဗတ္တိဇံပီးကြောင်းကို ဖာရိယှဲရို့သည် ကြားသိကြ၏။
JOH 4:2 သို့ရာတွင် ယေသျှုသည် မိမိကိုယ်တိုင် ဗတ္တိဇံကို ပီးသည် မဟုတ်။ တပည့်တော်တိကသာ လုပ်ဆောင်ကြခြင်းဖြစ်၏။
JOH 4:3 ယေသျှုသည် ကြားတော်မူလျှင် ယုဒပြည်မှထွက်၍ ဂါလိလဲပြည်သို့ ကြွတော်မူ၏၊
JOH 4:4 လမ်းခရီး၌ ယှာမာရိပြည်ကို ဖြတ်၍လားရ၏။
JOH 4:5 ထို့ကြောင့် ယှာမာရိပြည်၌ ယှုခါ အမည်ဟိသောမြို့သို့ ရောက်တော်မူ၏။ ထိုမြို့ကား ယာကုပ်သည် မိမိ၏သား ယောသပ်အား ပီးသော မြီကွက်အနားတွင် တည်ဟိ၏။
JOH 4:6 ယာကုပ်၏ ရီတွင်းလည်း ထိုအရပ်၌ဟိ၏။ ယေသျှုသည် ခရီးပန်းသောကြောင့် ရီတွင်းအနား၌ ထိုင်တော်မူ၏။ ထိုအချိန်ကား နီမွန်းတည့် အချိန်၌ဖြစ်၏။
JOH 4:7 ယှာမာရိ မိန်းမတစ်ယောက်သည် ရီခပ်ခြင်းငှာ လာ၏။ ယေသျှုကလည်း ထိုမိန်းမအား “ငါ သောက်ဖို့ ရီတစ်ခွက် ပီးလော့” ဟု မိန့်တော်မူ၏။
JOH 4:8 ကိုယ်တော်၏ တပည့်တော်တိကား စားစရာဝယ်ခြင်းငှာ မြို့ထဲသို့ လားနိန်ခိုက်ဖြစ်၏။
JOH 4:9 မိန်းမကလည်း “သင်ကား ယုဒလူမျိုးတစ်ယောက် ဖြစ်၏။ အကျွန်ကား ယှာမာရိ လူမျိုးတစ်ယောက်ဖြစ်၏။ သို့ပင်သျှောင် ဇာအတွက်နှင့် အကျွန့်ပါးမှာ သောက်ဖို့ရီကို တောင်းရသနည်း” ဟုဆို၏။ အကြောင်းမူကား ယုဒလူမျိုးသည် ယှာမာရိလူမျိုး သုံးသော ရီခွက်၊ ဇလုံများကို အတူတကွ အသုံးမပြုကြပေ။
JOH 4:10 ယေသျှုကလည်း “ဘုရားသခင်ပီးသော အရာတိကိုလည်းကောင်း၊ သင့်ပါးမှ ရီသောက်ဖို့ တောင်းသောသူကိုလည်းကောင်း သိလျှင် သင်သည် ထိုသူပါးက တောင်းလိမ့်မည်၊ ထိုသူလည်း သင့်ကို အသက်ရီကို ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 4:11 မိန်းမက “ဆရာ၊ သင့်မှာ ရီဆွဲပုံးလည်း မဟိ။ ရီတွင်းကလည်း နက်၏။ သင်သည် အသက်ရီကို ဇာကနိန် ရနိုင်ပါမည်နည်း။
JOH 4:12 ဤရီတွင်းကား အကျွန်ရို့ အဖိုးအဖီးဖြစ်သော ယာကုပ်က အကျွန်ရို့ကို ပီးထားခသည့် ရီတွင်းဖြစ်၏။ သူနှင့် သူ၏သားသမီးများနှင့် သိုးတိရစ္ဆာန်အားလုံးသည် ဤက ရီကိုသောက်ကြ၏။ သင်သည် အကျွန်ရို့အဖိုးအဖီးဖြစ်သူ ယာကုပ်ထက် ကြီးမြတ်ပါသလော” ဟု မိန်းလေ၏။
JOH 4:13 ယေသျှုကလည်း “ဤရီကို သောက်သောသူတိုင်း တဖန် ရီဆာဖို့သိမ့်။
JOH 4:14 သို့သော်လည်း ငါ ပီးသောရီကို သောက်သောသူကား နောက်တဖန် ရီမမွတ်ယာ။ ထိုရီသည် ထိုသူရို့၏ အထဲ၌ အသက်စမ်းရီဖြစ်စီပြီး ထာဝရအသက်ကိုလည်း ပီးလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 4:15 ထိုမိန်းမကလည်း “အသျှင်၊ ထိုရီကို အကျွန်အား ပီးပါ။ ထိုမှသာ အကျွန်သည် ရီမွတ်ခြင်းနှင့် ကင်းလွတ်လိမ့်မည်။ ထိုသို့ မဟုတ်လျှင် အကျွန်သည် ဤနီရာသို့ လာ၍ ရီခပ်နိန်ရမည်” ဟု ဆို၏။
JOH 4:16 ယေသျှုသည် သူမအား “လား၍ သင်၏လင်ကို ခေါ်လာလော့” ဟု မိန့်တော်မူ၏။
JOH 4:17 ထိုမိန်းမကလည်း “အကျွန့်မှာ လင်မဟိပါ” ဟု လျှောက်လေ၏။ ယေသျှုကလည်း “သင်၌ လင်မဟိဟု ပြောသည်မှာ မှန်ပေ၏။
JOH 4:18 သင်သည် ယောက်ျားငါးယောက်နှင့် အိမ်ထောင်ပြုခဖူးယာ။ အဂု သင်နှင့်နီသော သူလည်း သင်၏ လင် မဟုတ်။ သင်သည် မှန်သောစကားကို ငါ့အား ပြောယာ” ဟု မိန့်တော်မူ၏။
JOH 4:19 ထိုမိန်းမက “အသျှင်၊ သင်သည် ပရောဖက်တစ်ပါးဖြစ်သည်ကို အကျွန် သိမြင်ပါ၏။
JOH 4:20 အကျွန်ရို့ အဖိုးအဖီးတိက ဘုရားသခင်ကို တောင်ထက်မှာသာ ကိုးကွယ်ကြ၏။ သို့ရာတွင် အသျှင်ရို့ ယုဒလူမျိုးတိက ‘ယေရုဆလင်မြို့၌သာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရမည်’ ဟူ၍ ဆိုကြပါ၏” ဟု ဆို၏။
JOH 4:21 ယေသျှုက “အသင် မိန်းမ၊ ငါ့ကို ယုံကြည်လော့။ ဤတောင်သို့မလာ၊ ယေရုဆလင်မြို့၌ မဟုတ်ဘဲ၊ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန် ရောက်လာလိမ့်မည်။
JOH 4:22 ယှာမာရိလူမျိုးဖြစ်သော သင်ရို့သည် မိမိရို့ မသိသောဘုရားကို ကိုးကွယ်ကြ၏။ သို့သော်လည်း ငါရို့ယုဒလူမျိုးတိက မိမိရို့ ကိုးကွယ်သောဘုရားကို သိကျွမ်းကြ၏။ အကြောင်းမူကား ကယ်တင်ခြင်းသည် ယုဒလူမျိုးပါးမှ ဆင်းသက်လာသောကြောင့် ဖြစ်၏။
JOH 4:23 သို့ပင်သျှောင် ခမည်းတော်ဘုရားအား ကိုးကွယ်သောသူ မှန်သမျှရို့သည် ဝိညာဉ်ဖြင့် လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။ အကြောင်းမူကား ထိုသို့ ကိုးကွယ်သောသူရို့ကို ခမည်းတော်သည် အလိုဟိတော်မူ၏။
JOH 4:24 ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူသည်အတိုင်း ကိုးကွယ်သောသူ မှန်သမျှရို့သည်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟု ဆို၏။
JOH 4:25 ထိုမိန်းမကလည်း “မေသျှိယ ကြွလာမည်ကို အကျွန် သိပါ၏။ ထိုအသျှင်ကြွလာသောအခါ အရာခမ်းသိမ်းကို အကျွန်ရို့အား ဖွင့်ပြလိမ့်မည်” ဟု လျှောက်လေ၏။
JOH 4:26 ယေသျှုလည်း “ထိုအသျှင်ကား သင်နှင့်စကားပြောနိန်သော ငါပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 4:27 ထိုအချိန်၌ တပည့်တော်ရို့သည် ပြန်ရောက်လာကြရာ ကိုယ်တော်နှင့် ထိုမိန်းမသည် စကားပြောနိန်သည်ကို တွိ့လျှင် လွန်စွာအံ့ဩကြ၏။ သို့သော်လည်း ထိုမိန်းမအား “ဇာအလိုဟိသည်ကိုလည်းကောင်း၊” ကိုယ်တော့်ကို “ထိုမိန်းမနှင့် ဇာကြောင့် စကားပြောတော်မူသည် လည်းကောင်း” ဇာသူမျှ မမိန်းဝံ့ကြပေ။
JOH 4:28 ထို့နောက် ထိုမိန်းမသည် သူမ၏ရီအိုးကို ထားခပြီးလျှင် မြို့ထဲသို့ ပြန်၍ လူအပေါင်းရို့အား၊
JOH 4:29 “အကျွန် ပြုလုပ်ခသောအရာများကို ပြန်ပြောပြနိန်သောသူအား လာ၍ ကြည့်ကြလော့။ ထိုသူသည် မေသျှိယ ဖြစ်နိုင်မည်လော” ဟု ပြောလေ၏။
JOH 4:30 ထို့ကြောင့် လူရို့သည် မြို့မှ ထွက်လာကြကာ ယေသျှုထံပါးသို့ လာကြ၏။
JOH 4:31 ထိုအချိန်အတောအတွင်း၌ တပည့်တော်ရို့က “ဆရာ၊ စားစရာတစ်ခုခုကို သုံးဆောင်ပါလော့” ဟု ယေသျှုအား တောင်းပန်လေ၏။
JOH 4:32 သို့ရာတွင် ကိုယ်တော်က “သင်ရို့ မသိသောအစာကို ငါသုံးဆောင်ပြီးယာ” ဟု မိန့်တော်မူ၏။
JOH 4:33 ထို့ကြောင့် တပည့်တော်ရို့သည် “တစ်စုံတစ်ယောက်က ကိုယ်တော့်အား အစားအစာကို ပီးလှူထားပြီလော” ဟု အချင်းချင်း မိန်းမြန်းကြ၏။
JOH 4:34 ယေသျှုလည်း “ငါ၏ စားစရာကား၊ ငါ့ကို စီရွှတ်သော အသျှင်၏အလိုတော်ကို နာခံခြင်းနှင့် ထိုအသျှင်က ငါ့ကို ပီးအပ်ထားသော လုပ်ငန်းတာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ခြင်းပင် ဖြစ်၏။
JOH 4:35 ‘တဖန်၊ လေးလလွန်လျှင် ကောက်ရိတ်သိမ်းချိန် ရောက်ယာ’ ဟု သင်ရို့က ပြောတတ်ကြ၏။ သို့သော်လည်း သင်ရို့ကို ငါပြောမည်၊ သင်ရို့မျက်စိဖွင့်ပြီး လယ်ပြင်တိကို ကြည့်လိုက်လော့။ ကောက်နှံတိ ဝင်းမှည့်ပြီး ရိတ်သိမ်းခြင်းငှာ အချိန်တန်နိန်ယာ။
JOH 4:36 ကောက်ရိတ်သောသူသည် ရိတ်သိမ်းခကို ယူ၍ ထာဝရအသက်နှင့်ဆိုင်သော သီးနှံများကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသောသူနှင့် ရိတ်သိမ်းသောသူရို့သည် အတူတကွ ဝမ်းမြောက်လိမ့်မည်။
JOH 4:37 ‘တစ်ယောက်က စိုက်ပျိုး၍ နောက်တစ်ယောက်က ရိတ်သိမ်းရ၏’ ဟူသော ဆိုရိုးစကားသည် မှန်ကန်လျက်ဟိ၏။
JOH 4:38 သင်ရို့ မစိုက်ပျိုးသောလယ်၌ ရိတ်သိမ်းခြင်းငှာ သင်ရို့အား ငါစီရွှတ်တော်မူ၏။ ထိုအရပ်၌ အခြားသောသူရို့သည် အလုပ်လုပ်ကြပြီး ထိုသူရို့၏အလုပ်မှ သင်ရို့သည် အကျိုးကို ရကြ၏” ဟု မိန့်တော်မူ၏။
JOH 4:39 ယှာမာရိမြို့သားအပေါင်းရို့သည် ယေသျှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ထိုယှာမာရိမိန်းမက “သူသည် အကျွန်ပြုခဖူးသမျှသော အမှုအရာများကို အကျွန်အား ပြောပြခပါ၏” ဟု ပြောဆိုသောကြောင့်ဖြစ်၏။
JOH 4:40 ထို့ကြောင့် ယှာမာရိ မြို့သားအပေါင်းရို့သည် ကိုယ်တော်ထံသို့ ရောက်လာကြသောအခါ မိမိရို့နှင့်အတူ တည်းခိုရန် တောင်းပန်သောကြောင့် ယေသျှုသည်လည်း နှစ်ရက် တည်းနိန်တော်မူလေ၏။
JOH 4:41 များစွာသောလူရို့သည်လည်း ကိုယ်တော်၏ တရားတော်ကြောင့် ယုံကြည်သူများ ဖြစ်လာကြ၏။
JOH 4:42 ထို့နောက် သူရို့က “အဂု အကျွန်ရို့ ယုံကြည်သည်မှာ သင်၏ ပြောပြခြင်းကြောင့် မဟုတ်၊ အကျွန်ရို့ကိုယ်တိုင် ကြားရပြီးလျှင် ထိုအသျှင်သည် လောက၏ စစ်မှန်သော ကယ်တင်သျှင်ဖြစ်ကြောင်းကို အကျွန်ရို့ သိသောကြောင့်ဖြစ်၏” ဟု ထိုမိန်းမအား ပြောဆိုကြ၏။
JOH 4:43 နှစ်ရက်လွန်ပြီးနောက် ယေသျှုသည် ထိုအရပ်မှ ထွက်၍ ဂါလိလဲပြည်သို့ လားလေ၏။
JOH 4:44 ယေသျှုကိုယ်တော်တိုင်၊ “ပရောဖက်မည်သည်ကား မိမိနီရင်းပြည်၌ ဂုဏ်အသရေမဟိ” ဟု မိန့်တော်မူ၏။
JOH 4:45 ကိုယ်တော်သည် ဂါလိလဲပြည်၌ ရောက်သောအခါ ထိုပြည်သားရို့သည် ကိုယ်တော့်ကို ကြိုဆိုကြ၏။ အကြောင်းမူကား သူရို့သည် ယေရုဆလင်မြို့၌ ပသခါပွဲတော်သို့ လားကြပြီး ထိုပွဲတော်အတွင်း ကိုယ်တော်ပြုခသော အရာခပ်သိမ်းကို တွိ့မြင်ခပြီးသောကြောင့် ဖြစ်၏။
JOH 4:46 ထို့နောက် ယေသျှုသည် ဂါလိလဲပြည် ကာနမြို့သို့ ပြန်ကြွလေ၏။ ထိုနီရာကား ရီကို စပျစ်ရည် ဖြစ်စီသောနီရာ ဖြစ်သတည်း။ ထိုမြို့၌အစိုးရသော အရာဟိတစ်ယောက်၏သားသည် ကပေရနောင်မြို့တွင် ဖျားနာလျက် ဟိ၏။
JOH 4:47 ယေသျှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွလာတော်မူကြောင်းကို ထိုသူသည် ကြားသိကြသောအခါ ကိုယ်တော်ထံသို့ လာပြီးလျှင် ကပေရနောင်မြို့သို့ ကြွ၍ သီလုနီးပါးဖြစ်နိန်သော မိမိ၏သားကို ကျန်းမာစီခြင်းငှာ တောင်းလျှောက်လေ၏။
JOH 4:48 ယေသျှုကလည်း “သင်ရို့သည် နိမိတ်လက္ခဏာနှင့် အံ့ဩဖွယ်များကို မမြင်ရလျှင် ယုံကြည်ကြမည် မဟုတ်” ဟု ထိုသူအား မိန့်တော်မူ၏။
JOH 4:49 အရာဟိကလည်း “ဆရာ၊ အကျွန့်သား သီဆုံးမလားခင် အကျွန်နှင့်အတူ လိုက်ပါလော့” ဟု ပြန်၍ လျှောက်လေ၏။
JOH 4:50 ယေသျှုကလည်း “ပြန်လားလော၊ သင်၏သား သက်သာလိမ့်မည်” ဟု ထိုသူအား မိန့်တော်မူ၏။ ထိုသူသည်လည်း ယေသျှု၏စကားကို ယုံကြည်သဖြင့် ပြန်လားလေ၏။
JOH 4:51 ထိုသူသည် အိမ်သို့ ပြန်သောလမ်း၌ မိမိ၏အခိုင်းအစီများနှင့် တွိ့လျှင် “သင်၏သားသည် သက်သာလားယာ” ဟု ပြောကြ၏။
JOH 4:52 ထိုသူကလည်း အခိုင်းအစီတိကို မိမိသားသည် မည်သည့်အချိန်၌ သက်သာလားသည်ကို မိန်းလေ၏။ ထိုသူရို့ကလည်း “ဖျားနာခြင်းမှ သက်သာလာသည်ကား ညက မွန်းလွဲ တစ်ချက်တီးအချိန်၌ ဖြစ်ပါ၏” ဟု ပြောလေ၏။
JOH 4:53 ထိုအခါ သူငယ်၏ဖခင်သည် မိမိသား၌ ဖြစ်ပျက်သောအချိန်သည် ယေသျှုက “သင့်သားသည် သက်သာလိမ့်မည်” ဟု မိန့်တော်မူသော အချိန်ပင်ဖြစ်ကြောင်းကို သတိရလေ၏။ ထို့ကြောင့် သူနှင့် သူ၏ မိသားစုအားလုံးသည် ယုံကြည်ကြ၏။
JOH 4:54 ဤသည်ကား ယေသျှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြုသော အံ့ဖွယ်နိမိတ်လက္ခဏာပင် ဖြစ်သတည်း။
JOH 5:1 ထို့နောက် ယေသျှုသည် ယုဒဘာသာရေးပွဲတော် ဟိသည်ဖြစ်၍ ယေရုဆလင်မြို့သို့ ကြွတော်မူ၏။
JOH 5:2 ယေရုဆလင်မြို့၌ ဟိသော သိုးတန်းခါးနားတွင် ရီကန်တစ်ကန် ဟိ၏။ ထိုရီကန်အား ဆင်ဝင်ငါးခုဖြင့် ကာရံထားပြီး ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ ဟု ခေါ်ဆို၏။
JOH 5:3 မျက်စိမမြင်သောသူ၊ ကိုယ်လက်မသန်စွမ်းသူနှင့် လီဖြတ်သောသူ — စသည့် လူမမာများစွာရို့သည် ထိုဆင်ဝင်များ၌ လဲလျောင်းလျက် နိန်ကြ၏။
JOH 5:4 
JOH 5:5 သုံးဆယ်သျှစ်နှစ်ပတ်လုံး ဖျားနာခြင်းဝေဒနာကို ခံစားနိန်ရသော လူတစ်ဦးသည်လည်း ထိုနီရာ၌ ဟိ၏။
JOH 5:6 ယေသျှုသည်လည်း လဲလျောင်းနိန်သော ထိုသူကို မြင်လျှင် ကာလကြာမြင့်စွာ ရောဂါခံစားနိန်ရကြောင်းကို သိတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူအား “သင်သည် ကျန်းမာခြင်း ရလိုသလော” ဟု မိန်းလေ၏။
JOH 5:7 ထိုဖျားနာနိန်သောသူကလည်း “ဆရာ၊ ရီလှုပ်ခတ်လာသောအခါ အကျွန့်အား ရီကန်ထဲသို့ ချပီးမည့်လူ တစ်ယောက်မျှ မဟိပါ။ အကျွန်သည် ရီကန်ထဲသို့ ဆင်းခြင်းငှာ ကြိုးစားနိန်စဉ် တခြားသူတစ်ယောက်သည် ဦးစွာ ရောက်လားတတ်ပါ၏” ဟု လျှောက်လေ၏။
JOH 5:8 ယေသျှုကလည်း “ထလော့၊ သင်၏ ဖျာကိုယူ၍ လှမ်းလားလော့” ဟု မိန့်တော်မူလျှင်၊
JOH 5:9 ထိုသူသည် ချက်ချင်းပင် ကျန်းမာလားသဖြင့် မိမိဖျာကို ယူ၍ လှမ်းလားလေ၏။ ထိုအမှုအရာ ဖြစ်ပျက်သောနိ့ကား ဥပုသ်နိ့၌ ဖြစ်၏။
JOH 5:10 ထို့ကြောင့် ယုဒအာဏာပိုင်ရို့သည် ကျန်းမာလားသောသူအား “ဤနိ့သည် ဥပုသ်နိ့ဖြစ်သောကြောင့် သင်၏ဖျာကို သယ်ယူခြင်းသည် ငါရို့၏ ပညတ်ကို ဆန့်ကျင်ခြင်းဖြစ်၏” ဟု ဆို၏။
JOH 5:11 ထိုသူကလည်း “အကျွန့်ကို ကျန်းမာစီသော သူသည် ဖျာကို ကောက်၍ လှမ်းလားစီခြင်းငှာ အကျွန့်အား မိန့်တော်မူခပါ၏” ဟု ပြောလေ၏။
JOH 5:12 ထိုအခါ သူရို့သည် “သင့်ကို ဤပိုင် လုပ်ခိုင်းသောသူကား ဇာသူနည်း” ဟု ထိုသူအား မိန်းလေ၏။
JOH 5:13 သို့ရာတွင် ထိုကျန်းမာလာသောသူသည် မိမိအား စီခိုင်းသောသူသည် ယေသျှုဖြစ်သည်ကို မသိပေ။ အကြောင်းမူကား ထိုနီရာ၌ လူများ၍ ယေသျှုသည်လည်း အဝီးသို့ မထင်မရှား ကြွလားတော်မူသောကြောင့် ဖြစ်၏။
JOH 5:14 ထို့နောက်မှ ယေသျှုသည် ထိုသူအား ဗိမာန်တော်၌ တွိ့လျှင် “နားထောင်၊ အဂု သင် နီကောင်းယာ။ ထို့ကြောင့် ဒုစရိုက်အပြစ်ပြုခြင်းကို ရပ်တန့်လော့၊ ထိုသို့ မဟုတ်လျှင် ဤထက်ဆိုးသော အရာတိ သင်၌ ဖြစ်လာလိမ့်မည်” ဟု မိန့်တော်မူလေ၏။
JOH 5:15 ထိုအခါ ကျန်းမာလာသောသူသည် ထွက်လား၍ ယုဒအာဏာပိုင်ရို့ကို မိမိအား ကျန်းမာစီသောသူသည် ယေသျှုဖြစ်ကြောင်းကို ပြောကြားလေ၏။
JOH 5:16 ထို့ကြောင့် ယုဒအာဏာပိုင်ရို့သည် ယေသျှုအား ညှဉ်းပန်းခြင်းငှာ စတင်လေ၏။ အကြောင်းမူကား ကိုယ်တော်သည် ဥပုသ်နိ့၌ ကျန်းမာခြင်းအမှုအား ပြုသောကြောင့်ဖြစ်၏။
JOH 5:17 ယေသျှုကလည်း “ငါ့ခမည်းတော်သည် အစဉ်မပြတ် အလုပ်လုပ်နိန်၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။
JOH 5:18 ဤသို့ မိန့်တော်မူသောကြောင့် လည်းကောင်း၊ ဥပုသ်နိ့၏ စည်းကမ်းကို ဖောက်ဖျက်ခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင်ကို မိမိ၏အဖဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားသခင်နှင့် တစ်တန်းတည်း ထားသောကြောင့် လည်းကောင်း ယုဒအာဏာပိုင်တိက ကိုယ်တော့်ကို အသီသတ်ခြင်းငှာ ပို၍ ကြံစည်ကြ၏။
JOH 5:19 ထို့ကြောင့် ယေသျှုသည် ယုဒအာဏာပိုင်ရို့အား “ငါအမှန်ဆိုသည်ကား၊ သားတော်သည် မိမိအလိုအတိုင်း ဇာတစ်ခုမျှ မပြုနိုင်။ သူ၏ခမည်းတော် ပြုတော်မူသမျှသော အရာတိကို မြင်၍သာ ပြု၏။ ခမည်းတော်ပြုသမျှကို သားတော်လည်း ပြု၏။
JOH 5:20 ခမည်းတော်သည် သားတော်ကို ချစ်သောကြောင့် မိမိပြုသမျှ အလုံးစုံတိကို သားတော်အား ဖွင့်ပြတော်မူ၏။ ခမည်းတော်သည် ဤအမှုအရာထက် ကြီးစွာသောအရားတိကို ပြုခြင်းငှာ သားတော်အား ဖွင့်ပြပီးဦးမည် ဖြစ်သောကြောင့် သင်ရို့သည် အံ့ဩခြင်း ဟိကြလိမ့်မည်။
JOH 5:21 ခမည်းတော်သည် သီသောသူကိုပင် ထမြောက်စီပြီး ထိုသူရို့အား အသက်ကို ပီးတော်မူ၏။ ထိုနည်းတူ သားတော်သည်လည်း မိမိအလိုဟိသော သူရို့အား အသက်ကို ပီးလိမ့်မည်။
JOH 5:22 ခမည်းတော်သည် ဇာသူ့ကိုမျှ တရားစီရင်တော်မူမည် မဟုတ်။ သားတော်အား တရားစီရင်ရသောအခွင့် အလုံးစုံကို ပီးအပ်ထားပြီးဖြစ်၏။
JOH 5:23 အကြောင်းမူကား လူရို့သည် ခမည်းတော်အား ရိုသီသည့်နည်းတူ သားတော်ကိုလည်း ရိုသီကြစီရန် ဖြစ်၏။ သားတော်အား မရိုသီသောသူ ဟိသမျှရို့သည် ထိုသားတော်အား စီရွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသီသောသူ ဖြစ်၏။
JOH 5:24 “ငါအမှန်ဆိုသည်ကား၊ ငါ့စကားကို ကြားလျက် ငါအား စီရွှတ်သောသူကို ယုံကြည်သော သူရို့သည် ထာဝရအသက်ကို ရ၏။ ထိုသူရို့သည် တရားစီရင်ခြင်းကို မခံရဘဲ သီခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူများ ဖြစ်ကြ၏။
JOH 5:25 ငါအမှန်ဆိုသည်ကား၊ သီသောသူရို့သည် ဘုရားသခင်သားတော်၏ အသံကို ကြားသောအခါ ပြန်၍ အသက်ရှင်လာမည့် အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။
JOH 5:26 အကြောင်းမူကား ခမည်းတော် ကိုယ်တိုင် အသက်၏ အရင်းအမြစ် ဖြစ်သကဲ့သို့ သားတော်ကိုလည်း ထိုသို့ ဖြစ်စီခြင်းငှာ အခွင့်ပီးတော်မူ၏။
JOH 5:27 ခမည်းတော်သည် သားတော်အား တရားစီရင်ပိုင်သော အခွင့်ကိုလည်း ပီးတော်မူ၏။ အကြောင်းမူကား ထိုသူသည် လူသား ဖြစ်တော်မူ၏။
JOH 5:28 ဤအမှုအရာကြောင့် မအံ့ဩကတ်ကေ့။ သီလွန်သောသူအားလုံးသည် သားတော်၏ အသံကိုကြား၍၊ သူရို့၏ အုတ်ဂူအသီးသီးမှ ထလာရမည့်အချိန်သည် အဂုပင် ရောက်လျက် ဟိ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူရို့သည် အသက်ကို ရ၍၊ မကောင်းသောအကျင့်ကို ကျင့်သောသူရိုသည် ထမြောက်ပြီး အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 5:30 ယေသျှုကလည်း “ငါသည် မိမိအခွင့်အာဏာဖြင့် ဇာအရာကိုမျှ မပြုနိုင်။ ဘုရားသခင် ဖော်ပြသမျှကိုသာ တရားစီရင်၏။ ထို့ကြောင့် ငါစီရင်ခြင်းသည် မှန်ကန်၏။ အကြောင်းမူကား ငါသည် ကိုယ့်အလိုသို့ လိုက်၍ ပြုခြင်းငှာ မကြိုးစားဘဲ၊ ငါ့အား စီရွှတ်တော်မူသော သူ၏အလိုသို့သာ လိုက်၍ ငါ ပြုသောကြောင့်ဖြစ်၏။
JOH 5:31 “ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံလျှင် ငါ၏သက်သီသည် လက်ခံနိုင်ဖွယ်မဟိ။
JOH 5:32 ငါ့ကိုယ်စား သက်သီခံသောသူ တစ်ပါးဟိ၏။ ငါ့အကြောင်းကို ထိုသူ၏ သက်သီခံချက်များသည် မှန်ကန်ကြောင်းကို ငါသိ၏။
JOH 5:33 သင်ရို့သည် ယောဟန်ပါးသို့ သင်ရို့၏တမန်ရို့ကို စီရွှတ်ခ၏။ ယောဟန်သည် သမ္မာတရားဖက်၌ သက်သီခံ၏။
JOH 5:34 လူတိဖက်မှ သက်သီခံပီးသည်ကို ငါ လို၍ မဟုတ်။ သို့ရာတွင် သင်ရို့ ကယ်တင်ခံရစီခြင်းငှာ ငါဆို၏။
JOH 5:35 ယောဟန်သည် ထွန်းလင်းတောက်ပသော ဆီမီးနှင့် တူ၏၊ သင်ရို့သည် ထိုသူ၏ အလင်း၌ ခဏသာပျော်မွိ့ရန် ဆန္ဒဟိကြ၏။
JOH 5:36 သို့ရာတွင် ယောဟန်၏ သက်သီထက် ကြီးမြတ်သောသက်သီတစ်ခုသည် ငါ၌ ဟိ၏။ ခမည်းတော်သည် ငါ့အား အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ရန် အပ်ပီးတော်မူသဖြင့် အဂု ငါ လုပ်ဆောင်လျက်ဟိသော အမှုအရာတိကား၊ ငါ့အား ခမည်းတော် စီရွှတ်တော်မူကြောင်းကို သက်သီခံခြင်းဖြစ်၏။
JOH 5:37 ထို့ကြောင့် ငါ့ကို စီရွှတ်သောခမည်းတော်ကိုယ်တိုင် ငါ၏အကြောင်းကို သက်သီခံတော်မူ၏။ သင်ရို့သည် ခမည်းတော်၏ အသံတော်ကို ဇာခါမျှ မကြားဖူး၊ မျက်နှာတော်ကိုလည်း မမြင်ဖူး။
JOH 5:38 ခမည်းတော် စီရွှတ်တော်မူသောသူကို သင်ရို့သည် မယုံကြည်သောကြောင့် နှုတ်ကပတ်တော်သည် သင်ရို့၏စိတ်နှလုံးထဲ၌ မတည်ကြ။
JOH 5:39 သင်ရို့သည် ကျမ်းစာတော်မြတ်ကို ကြိုးစား၍ လေ့လာကြ၏။ အကြောင်းမူကား သင်ရို့သည် ထိုအထဲ၌ ထာဝရအသက်ကို ရှာတွိ့လိမ့်မည်ဟု ထင်သောကြောင့်ဖြစ်၏။ ထိုကျမ်းစာတော်မြတ်ပင်လျှင် ငါ၏အကြောင်းကို သက်သီခံ၏။
JOH 5:40 သို့သော် သင်ရို့သည် အသက်ကို ရအံ့သောငှာ ငါ့ထံပါးသို့ မလာလိုကြပေ။
JOH 5:41 “ငါသည် လူတိ ချီးမွမ်းဂုဏ်ပြုခြင်းကို မရှာ။
JOH 5:42 သို့သော် သင်ရို့သည် ဇာပိုင် လူအမျိုးအစား ဖြစ်ခြင်းကိုလည်းကောင်း၊ သင်ရို့၏စိတ်နှလုံး၌ ဘုရားသခင်ကို ချစ်ခြင်းမဟိသည်ကိုလည်းကောင်း ငါသိ၏။
JOH 5:43 ငါ၏ ခမည်းတော် အခွင့်နှင့် ငါသည် ကြွလာသော်လည်း သင်ရို့သည် ငါ့ကို လက်မခံကြ။ သို့သော် အခြားသူတစ်ယောက်သည် မိမိအခွင့်နှင့် ကြွလာပါမူ သင်ရို့သည် ထိုသူအား လက်ခံကြလိမ့်မည်။
JOH 5:44 သင်ရို့သည် အချင်းချင်းပီးသော ချီးမြှောက်ခြင်းကို ခံလိုကြ၏။ သို့သော် တစ်ဆူတည်းဟိတော်မူသော သင်ရို့၏ ဘုရားသခင်ထံပါးမှ ချီးမြှောက်ခြင်းကိုမူ ရဟိခြင်းငှာ မကြိုးစားကြ။ သို့ဖြစ်၍ သင်ရို့သည် ငါ့ကို ဇာပိုင် ယုံကြည်နိုင်မည်နည်း။
JOH 5:45 သို့ရာတွင် ငါသည် သင်ရို့အား ငါ၏ ခမည်းတော်ရှိ့၌ အပြစ်တင်စွပ်စွဲလိမ့်မည် ဟူ၍ မထင်ကတ်ကေ့။ သင်ရို့အား အပြစ်တင်စွပ်စွဲမည့်သူကား သင်ရို့ မျှော်လင့်သော မောသျှေပင် ဖြစ်၏။
JOH 5:46 သင်ရို့သည် မောသျှေအား စစ်မှန်စွာ ယုံကြည်ခလျှင် ငါ့ကိုလည်း ယုံကြည်ခကြလိမ့်မည်။ အကြောင်းမူကား သူသည် ငါ့အကြောင်းကို ရီးသားထားသောကြောင့်ဖြစ်၏။
JOH 5:47 သို့သော်လည်း သင်ရို့သည် မောသျှေ ရီးသားထားသမျှကိုပင် မယုံကြည်လျှင် ငါပြောသောစကားကို ဇာပိုင် ယုံကြည်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
JOH 6:1 ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုကလည်း ဂါလိလဲအိုင် (တိဗေရိအိုင်ဟု လည်းခေါ်ကြ၏) ကို ဖြတ်ကူးတော်မူ၏။
JOH 6:2 ကြီးစွာသော လူအစုအဝေးရို့သည် နောက်တော်သို့ လိုက်လာကြ၏။ အကြောင်းမူကား သူရို့သည် မကျန်းမာသောသူရို့၌ ကျန်းမာစီခြင်းငှာ ကိုယ်တော်ပြုခသော နိမိတ်လက္ခဏာများကို တွိ့မြင်ခသောကြောင့်ဖြစ်၏။
JOH 6:3 ယေသျှုသည် တောင်ကုန်းတစ်ခုထက်သို့ တက်၍ တပည့်တော်ရို့နှင့်အတူ ထိုင်တော်မူ၏။
JOH 6:4 ထိုအချိန်ကား ယုဒလူမျိုးရို့၏ ပသခါပွဲတော် ကျရောက်မည့်အချိန် ရောက်လုနီးသတည်း။
JOH 6:5 ယေသျှုသည် လှည့်ပတ်ကြည့်ပြီး များစွာသော လူပရိသတ်ရို့သည် မိမိထံသို့ လာနိန်ကြသည်ကို မြင်လေ၏။ ထိုအခါ ယေသျှုသည် ဖိလိပ္ပုအား “ဤလူတိအားလုံးအဖို့ လုံလောက်အောင် ကျွေးခြင်းငှာ အစားအစာများကို ဇာမှာ ဝယ်လို့ ရပါဖို့လဲ” ဟု မိန်းတော်မူ၏။
JOH 6:6 ဤသို့ မိန်းရခြင်းမှာ ဖိလိပ္ပုအား အကဲခက်လိုသောကြောင့်ဖြစ်၏။ ယေသျှုက မိမိမည်သို့ ပြုရမည်ကို သိထားပြီး ဖြစ်၏။
JOH 6:7 ဖိလိပ္ပုကလည်း “လူတစ်ယောက်စီကို အစားအစာ တစိကေချေလောက်သာ ပီးမည်ဆိုလျှင်ပင် ငွီဒင်္ဂါးပြား ၂၀၀ အဖိုးနှင့် မလောက်ပါ” ဟု လျှောက်လေ၏။
JOH 6:8 ကိုယ်တော်၏ တပည့်တော်ထဲမှ တစ်ယောက်ဖြစ်သော သျှိမုန်ပေတရု၏ညီ အန္ဒြေကလည်း၊
JOH 6:9 “မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဟိသော အသျှေတစ်ယောက် ဤမှာ ဟိပါ၏။ သို့ရာတွင် ထိုမုန့်နှင့် ငါးများသည် ဤလူအားလုံးအတွက်မူ မလုံလောက်ပါ” ဟု လျှောက်လေ၏။
JOH 6:10 ယေသျှုကလည်း “လူတိကို ထိုင်ခိုင်းကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။ ထိုနီရာ၌ မြက်ပင်ထူထပ်လျက်ဟိ၏။ ထို့ကြောင့် ၅,၀၀၀ လောက်ဟိသော ယောက်ျားရို့သည် ထိုနီရာ၌ ထိုင်ကြ၏။
JOH 6:11 ထို့နောက် ယေသျှုသည် မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ ထိုင်နိန်သော လူအပေါင်းရို့အား ဝီငှပီးတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် ငါးကိုယူ၍ ဝီငှပီးပြီးလျှင် လူအပေါင်းရို့သည် ဝလင့်စွာစားကြ၏။
JOH 6:12 ထိုသို့ လူရို့သည် ဝလင့်စွာစားကြပြီးနောက် ကိုယ်တော်သည် တပည့်တော်ရို့အား “စားကြွင်းစားကျန်များ အလေအလွင့် မဖြစ်စီခြင်းငှာ စုသိမ်းကြလော့” ဟု မိန့်တော်မူ၏။
JOH 6:13 ထို့ကြောင့် လူအပေါင်းရို့က ဝလင့်စွာစားကြပြီး တပည့်တော်ရို့သည် မုယောမုန့်ငါးလုံးမှ စားကြွင်းစားကျန်တိကို စုသိမ်းကြရာတွင် တောင်းဖြင့် ဆယ့်နှစ်တောင်း အပြည့်ရလေ၏။
JOH 6:14 ယေသျှုပြုတော်မူသော နိမိတ်လက္ခဏာကို မြင်သောသူအပေါင်းရို့က “ဤသူသည် ဤလောကသို့ ကြွလာသော စစ်မှန်သော ပရောဖက်ဖြစ်၏” ဟု ဆိုကြ၏။
JOH 6:15 ယေသျှုက လူအပေါင်းရို့သည် လာ၍ မိမိအား အတင်းခေါ်ဆောင်ကာ သျှင်ဘုရင် မြှောက်ကြလိမ့်မည်ကို သိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ထက်သို့ ကြွတော်မူ။
JOH 6:16 ညချမ်းချိန် ရောက်သောအခါ ယေသျှု၏ တပည့်တော်ရို့သည် ဂါလိလဲအိုင်သို့ ဆင်းလားတော်မူ၏။
JOH 6:17 လောင်းထက်သို့ တက်ကြပြီးလျှင် အိုင်ကိုဖြတ်၍ ကပေရနောင်မြို့သို့ ပြန်လားကြ၏။ ညအချိန် ရောက်လာသော်လည်း ယေသျှုသည် တပည့်တော်ရို့ပါးသို့ မကြွလာသိမ့်။
JOH 6:18 ထိုအချိန်၌ လီပြင်းတိုက်သောကြောင့် အိုင်တွင် လှိုင်းထလာ၏။
JOH 6:19 တပည့်တော်ရို့သည် သုံး၊ လေးမိုင်ခန့် လှော်ခတ်ပြီးသောအခါ ယေသျှုသည် ရီထက်တွင် စက်တော်ဖြန့်၍ လောင်းအနားသို့ ကြွလာသည်ကို မြင်ကြသောကြောင့် သူရို့သည် ကြောက်လန့်ကြ၏။
JOH 6:20 ထိုအခါ ယေသျှုက “မကြောက်ကတ်ကေ့၊ ငါပင်ဖြစ်၏” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
JOH 6:21 ထိုအခါ သူရို့သည် ဝမ်းမြောက်စွာဖြင့် ကိုယ်တော့်ကို လောင်းထက်သို့ တက်စီကြပြီးနောက် တစ်ခဏချင်းတွင် လောင်းသည် မိမိရို့ ခရီးဦးတည်ရာ ကမ်းခြီသို့ ရောက်လေ၏။
JOH 6:22 နောက်တစ်နိ့တွင် အိုင်တစ်ဖက်ကမ်း၌ ကျန်ခသော လူပရိသတ်ရို့သည် ထိုအရပ်၌ လောင်းတစ်စီးသာ ဟိခသည်ကို သတိရကြ၏။ ယေသျှုသည် ထိုလောင်း၌ လိုက်ပါတော်မမူဘဲ တပည့်တော်ရို့သာ လားကြကြောင်းကို သိကြ၏။
JOH 6:23 သို့ရာတွင် တိဗေရိမြို့မှလာသော လောင်းအချို့ကား သခင်ဘုရားသည် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူအပေါင်းရို့ကို ကျွေးခသော အရပ်နားသို့ ရောက်လာကြ၏။
JOH 6:24 လူအစုအဝေးရို့သည် ထိုအရပ်၌ ယေသျှုနှင့် တပည့်တော်တိကို မတွိ့ကြသောအခါ ထိုလောင်းများထက်၌ တက်၍ ကိုယ်တော့်ကို ရှာခြင်းငှာ ကပေရနောင်မြို့သို့ လားကြ၏။
JOH 6:25 လူအပေါင်းရို့သည် အိုင်တစ်ဖက် ကမ်း၌ ယေသျှုကို တွိ့မြင်ကြသောအခါ သူရို့က “ဆရာ၊ ဇာအချိန်ကပင် ဤအရပ်သို့ ကြွလာတော်မူသနည်း” ဟု မိန်းလျှောက်ကြ၏။
JOH 6:26 ယေသျှုလည်း “သင်ရို့အား ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် ငါ့ကို ရှာကြသည်မှာ ငါပြသော နိမိတ်လက္ခဏာများကို နားလည်၍ မဟုတ်ဘဲ သင်ရို့လိုသမျှသော အစားအစာကို ဝစွာစားရသောကြောင့်ဖြစ်၏။
JOH 6:27 ပုပ်ပျက်တတ်သော အစားအစာဖို့ မလုပ်ဆောင်ကတ်ကေ့။ သို့သော် လူသားသည် သင်ရို့အား ပီးတော်မူမည့် ထာဝရအသက်ကို ရစီနိုင်ခြင်းငှာ မပုပ်ပျက်တတ်သော အစာအဖို့သာ လုပ်ဆောင်ကြလော့။ အကြောင်းမူကား အဖဘုရားသခင်သည် လူသားအား တံဆိပ်ခတ်ထားသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 6:28 ထို့ကြောင့် သူရို့ကလည်း ကိုယ်တော့်ကို “အကျွန်ရို့သည် ဘုရားသခင် အလိုတော်ဟိသော အရာကို ဆောင်ရွက်နိုင်စီခြင်းငှာ ဇာပိုင် ပြုရပါမည်နည်း” ဟု မိန်းလျှောက်ကြ၏။
JOH 6:29 ယေသျှုကလည်း “ဘုရားသခင် အလိုဟိတော်မူသည့် အရာကား ထိုအသျှင် စီရွှတ်တော်မူသောသူကို ယုံကြည်ရန်ဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 6:30 သူရို့ကလည်း “အကျွန်ရို့သည် ကိုယ့်မျက်စိနှင့် မြင်၍ ကိုယ်တော့်ကို ယုံကြည်နိုင်စီခြင်းငှာ ဇာနိမိတ်လက္ခဏာကို ပြပါမည်နည်း။ ဇာအမှုကို ကိုယ်တော်သည် ပြုပါမည်နည်း။
JOH 6:31 ကျမ်းစာလာသည်ကား၊ ‘ကိုယ်တော်သည် ထိုသူရို့၏ စားစာရာအဖို့ ကောင်းကင်မှ မုန့်ကို ချပီးတော်မူ၏’ ဟု ဆိုသည့်အတိုင်း အကျွန်ရို့၏ အဖိုးအဖီးများသည် တောကန္တာရ၌ မန္နမုန့်ကို စားကြရပါ၏” ဟု လျှောက်ကြ၏။
JOH 6:32 ယေသျှုကလည်း၊ “ငါအမှန်ဆိုသည်ကား၊ သင်ရို့အား မောသျှေ ပီးသောမုန့်သည် ကောင်းကင်မှ လာသည် မဟုတ်။ ငါ၏ခမည်းတော်သည် သင်ရို့အား ကောင်းကင်မှ စစ်မှန်သောမုန့်ကို ပီးတော်မူ၏။
JOH 6:33 ဘုရားသခင် ပီးတော်မူသော ထိုမုန့်ကား ကောင်းကင်ဘုံမှ ဆင်းသက်၍ ဤလောကီသားအား အသက်ကို ပီးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 6:34 ထိုသူရို့ကလည်း “ဆရာ၊ ထိုမုန့်ကို အကျွန်ရို့အား အစဉ်အမြဲ ပီးတော်မူပါ” ဟု ကိုယ်တော်ထံ တောင်းကြ၏။
JOH 6:35 ယေသျှုကလည်း ထိုသူရို့အား “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် ဇာခါမျှ ဆာမွတ်လိမ့်မည် မဟုတ်။ ငါ့ကို ယုံကြည်သောသူသည် တဖန် ဇာခါမျှ ရီငတ်လိမ့်မည် မဟုတ်။
JOH 6:36 သင်ရို့ကို ငါပြောနိန်စဉ် သင်ရို့သည် ငါ့ကိုမြင်၏။ သို့သော် ငါ့ကို ယုံကြည်လိမ့်မည် မဟုတ်။
JOH 6:37 ငါ၏ခမည်းတော်က ငါ့အား ပီးတော်မူသော သူတိုင်းသည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါသည်လည်း ငါ့ပါးသို့ လာသောသူကို ကြောခိုင်း၍မထား။
JOH 6:38 အကြောင်းမူကား၊ ကောင်းကင်မှ ငါ ကြွလာခြင်းသည် ကိုယ့်အလိုအတိုင်း လုပ်ဆောင်ခြင်းငှာ ငါ ကြွလာသည် မဟုတ်။ သို့သော် ငါ့ကို စီရွှတ်တော်မူသော သူ၏အလိုအတိုင်း လုပ်ဆောင်ခြင်းငှာ ကြွလာခြင်းဖြစ်၏။
JOH 6:39 ငါ့ကို စီရွှတ်တော်မူသော သူ၏အလိုတော်ကား၊ ငါ့အား ထိုအသျှင် ပီးအပ်ထားသော သူအပေါင်းရို့သည် ဆုံးယှုံးခြင်းသို့ မရောက်စီဘဲ နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီခြင်းငှာ ဖြစ်၏။
JOH 6:40 သားတော်ကို မြင်တွိ့၍ ယုံကြည်သောသူ အပေါင်းရို့သည် ထာဝရအသက်ကို ရစီခြင်းငှာ ခမည်းတော်သည် အလိုဟိ၏။ ငါသည်လည်း နောက်ဆုံးသောနိ့၌ ထိုသူရို့အား သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်” ဟု မိန့်တော်မူ၏။
JOH 6:41 ထိုအခါ ယုဒလူရို့သည် ကိုယ်တော့်ကို ညည်းညူကြ၏။ အကြောင်းမူကား ကိုယ်တော်က၊ “ငါသည် ကောင်းကင်မှ ဆင်းကြွလာသော မုန့်ဖြစ်သည်” ဟု ဆိုသောကြောင့်ဖြစ်၏။
JOH 6:42 ထိုသူရို့က၊ “ဤသူသည် ယောသပ်၏သား ယေသျှုဖြစ်သည် မဟုတ်လော၊ သူ့အမိနှင့်အဖကို ငါရို့သိကြ၏။ သို့ဖြစ်ပါလျက် ‘ငါသည် ကောင်းကင်ဘုံမှ ဆင်းကြွလာသည်’ ဟု ဆိုရသလော” ဟု ပြောဆိုကြ၏။
JOH 6:43 ထိုအခါ ယေသျှုက “သင်ရို့ အချင်းချင်း ညည်းညူမနိန်ကတ်ကေ့။
JOH 6:44 ခမည်းတော်သည် လူတိကို ငါ့ထံသို့ မပို့ဆောင်လျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်။ ငါသည်လည်း ထိုသူရို့အား နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီမည်။
JOH 6:45 ပရောဖက်ကျမ်းများ၌ လာသည်ကား၊ ‘ထိုသူအပေါင်းရို့သည် ဘုရားသခင်၏ သွန်သင်တော်မူချက်ကို ခံရလိမ့်မည်’ ဟူ၍ ဖြစ်၏။ ထို့ကြောင့် ခမည်းတော်၏ မိန့်တော်မူသောစကားကို ကြား၍ သင်ယူသောသူ အပေါင်းရို့သည် ငါ့ထံသို့ လာကြ၏။
JOH 6:46 ဤသို့ဆိုရာတွင် ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး ခမည်းတော်ကို မြင်ဖူးသောသူ တစ်စုံတစ်ယောက်ဟိသည်ဟု ငါမဆို။ ဘုရားသခင်ထံမှ ကြွလာသောသူသာလျှင် ခမည်းတော်ကို မြင်ဖူးသောသူ ဖြစ်၏။
JOH 6:47 သင်ရို့အား ငါအမှန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။
JOH 6:48 ငါသည် အသက်မုန့်ဖြစ်၏။
JOH 6:49 သင်ရို့၏ အဖိုးအဖီးရို့သည် တောကန္တာရ၌ မန္နမုန့်ကို စားခကြ၏။ သို့သော်လည်း သူရို့သည် သီဆုံးလားခရ၏။
JOH 6:50 သို့သော် ကောင်းကင်ဘုံမှ ဆင်းသက်လာသောမုန့်ကို စားသောသူမည်သည်ကား သီဆုံးရလိမ့်မည် မဟုတ်။
JOH 6:51 ငါသည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူသော အသက်ရှင်သော မုန့်ဖြစ်၏။ သင်ရို့သည် ထိုမုန့်ကို စားလျှင် ထာဝရ အသက်ရှင်လိမ့်မည်။ လောကသားရို့သည် အသက်ရှင်နိုင်မည့်အကြောင်း ငါပီးသောမုန့် ဟူမူကား ငါ၏အသွီးအသားပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 6:52 ထို့နောက် ယုဒလူရို့က “ဤသူသည် ငါရို့စားဖို့ သူ၏အသားကို ဇာပိုင် ပီးနိုင်ပါမည်နည်း” ဟု အချင်းချင်း ပြင်းစွာ စတင်ငြင်းခုံကြ၏။
JOH 6:53 ယေသျှုသည်လည်း ထိုသူရို့အား “ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် လူသား၏ အသားကို မစား၊ အသွီးကို မသောက်ကြလျှင် သင်ရို့၌ အသက်မဟိ။
JOH 6:54 ငါ့အသားကိုစား၍ ငါ့အသွီးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း ထိုသူရို့ကို နောက်ဆုံးသောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်။
JOH 6:55 ငါ့အသားသည် စစ်မှန်သောစားစရာ ဖြစ်၏။ ငါ၏အသွီးသည်လည်း စစ်မှန်သော သောက်စာရာ ဖြစ်ပေ၏။
JOH 6:56 ငါ့အသားကို စား၍၊ ငါ့အသွီးကို သောက်သောသူသည် ငါ၌ တည်၏။ ငါသည်လည်း ထိုသူ၌ တည်၏။
JOH 6:57 အသက်ရှင်သော ခမည်းတော်သည် ငါ့အား စီရွှတ်တော်မူ၏။ ငါသည်လည်း ခမည်းတော်အားဖြင့် အသက်ရှင်၏။ ထိုနည်းတူ ငါ၏အသွီးကို သောက်၍ အသားကို စားသောသူရို့သည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
JOH 6:58 ထို့ကြောင့် ဤမုန့်သည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်ရို့၏ အဖိုးအဖီးရို့သည် စားပြီး သီဆုံးလားသော မုန့်မျိုး မဟုတ်။ သို့သော် ဤမုန့်ကို စားသောသူသည် ထာဝရ အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 6:59 ယေသျှုသည် ကပေရနောင်မြို့၌ဟိသော တရားဇရပ်တွင် ဟောပြောသွန်သင်စဉ် ဤဩဝါဒများကို ပီးတော်မူ၏။
JOH 6:60 ထိုသွန်သင်ချက်များကို ကိုယ်တော်၏ တပည့်တော်ရို့သည် ကြားကြလျှင် “ဤသွန်သင်ချက်ရို့သည် ခက်ခဲလွန်းသောကြောင့် ဇာသူ လိုက်နာနိုင်ပါမည်နည်း” ဟု ပြောဆိုကြ၏။
JOH 6:61 ထိုသို့ တပည့်တော်တိ ပြောဆိုကြသည်ကို ယေသျှုသည် သိတော်မူသဖြင့် “ဤစကားကြောင့် သင်ရို့ ညည်းညူလျက် နိန်ကြသလော။
JOH 6:62 လူသားသည် မိမိ၏ အယင်နီရာသို့ တက်ကြွလားသည်ကို သင်ရို့မြင်တွိ့လျှင် ဇာပိုင် ထင်မှတ်ကြမည်နည်း။
JOH 6:63 ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် အသက်ကို ပီးနိုင်၏။ လူသားရို့၏ အစွမ်းတန်ခိုးမူကား အသက်ကို မပီးနိုင်။ သင်ရို့အား ငါပြောသောစကားသည် အသက်ရှင်စီသော ထိုဝိညာဉ်တော်နှင့်သာ သက်ဆိုင်၏။
JOH 6:64 သို့သော် သင်ရို့အထဲမှ တချို့သည် မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်မှာ ယေသျှုသည် မိမိအား မယုံကြည်သော သူများကိုလည်းကောင်း၊ သစ္စာဖောက်မည့်သူကိုလည်းကောင်း အစကတည်းကပင် သိတော်မူပြီးဖြစ်၏။
JOH 6:65 တဖန် ကိုယ်တော်ကလည်း “ဤအကြောင်းကြောင့် သင်ရို့အား ငါဆိုခသည့်အတိုင်း ခမည်းတော်သည် အခွင့်ပီးတော်မမူလျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်” ဟု မိန့်တော်မူ၏။
JOH 6:66 ထိုအချိန်မှ စ၍ များစွာသော ယေသျှု၏ နောက်လိုက်ရို့သည် အထံတော်ပါးမှ ဆုတ်ခွါလားကြပြီး ထပ်၍တစ်ကြိမ်တစ်ခါမျှ မလိုက်ကတ်လီယာ။
JOH 6:67 ထို့ကြောင့် ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးအား၊ “သင်ရို့သည်လည်း ငါ့ထံမှ ထွက်လားလိုကြသလော” ဟု မိန်းလေ၏။
JOH 6:68 ထိုအခါ သျှိမုန်ပေတရု ကလည်း “အသျှင်၊ အကျွန်ရို့ ဇာသူ့ပါးသို့ လားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သော တရားကို ကိုယ်တော် ဟောပါ၏။
JOH 6:69 ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ယှင်းသောသူ ဖြစ်ကြောင်းကို အကျွန်ရို့သည် ယုံကြည်သောကြောင့် သိကြပါ၏” ဟု လျှောက်လေ၏။
JOH 6:70 ထိုအခါ ယေသျှုက၊ “သင်ရို့ တစ်ဆယ့်နှစ်ပါးကို ငါ ရွီးချယ်သည် မဟုတ်သလော။ သို့သော် သင်ရို့၌ မာရ်နတ်တစ်ဦး ဟိ၏” ဟု မိန့်တော်မူ၏။
JOH 6:71 ကိုယ်တော်သည် သျှိမုန်သျှာကာရုတ်၏သား ယုဒကို ရည်မှတ်၍ ပြောဆိုခြင်းဖြစ်၏။ အကြောင်းမူကား ယုဒသည် တစ်ကျိပ်နှစ်ပါးသော တပည့်တော်တိ အဝင်ဖြစ်သော်လည်း မိမိအား ရန်သူ့လက်သို့ အပ်မည့်အကြောင်းကို သိတော်မူသောကြောင့်ဖြစ်၏။
JOH 7:1 ထို့နောက် ယေသျှုသည် ဂါလိလဲပြည်တလျှောက် ဒေသစာရီ လှည့်လည်တော်မူ၏။ ယုဒအာဏာပိုင်ရို့က ကိုယ်တော့်ကိုသတ်ရန် ကြံစည်နိန်ကြသဖြင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုမဟိပေ။
JOH 7:2 ယုဒအမျိုးသားရို့၏ သကေနေပွဲတော် ကျရောက်မည့်အချိန်ကား နီးကပ်လာလေ၏။
JOH 7:3 ထို့ကြောင့် ညီတော်များက ယေသျှုအား “သင်ပြုသော အမှုအရာတိကို သင်၏ နောက်လိုက်တိ တွိ့မြင်စီခြင်းငှာ ဂါလိလဲပြည်မှ ထွက်၍ ယုဒပြည်သို့ လားပါလော့။
JOH 7:4 ထင်ပေါ်ကျော်ကြားလိုသော သူသည် ဇာအမှုကိုမျှ ဆိတ်ကွယ်ရာ၌ ပြုလေ့မဟိ။ သင်သည် ဤသို့သောအမှုအရာများကို ပြုမည်ဆိုပါက လောကတစ်ခုလုံးက သိအောင် ပြုပါလော့” ဟု ဆိုကြ၏။
JOH 7:5 အကြောင်းမူကား ကိုယ်တော်၏ ညီတော်များသည်ပင်လျှင် ကိုယ်တော့်ကို မယုံကြည်ကြပေ။
JOH 7:6 သို့သော် ယေသျှုက “ငါ၏အချိန် မရောက်သိမ့်။ သင်ရို့၏အချိန်ကား ကာလအစဉ် အသင့်ဖြစ်၏။
JOH 7:7 လောကီသားတိက သင်ရို့ကို မမုန်းနိုင်ကြ။ သို့သော် ငါ့ကိုမူကား မုန်းကြ၏။ အကြောင်းမူကား ငါသည် သူရို့၏ မကောင်းသောအကျင့်များကို ထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။
JOH 7:8 ထိုပွဲသို့ သင်ရို့ လားကြလော့။ ငါမူကား မလား။ အကြောင်းမူကား ငါ၏အချိန် မရောက်သိမ့်သောကြောင့် ဖြစ်၏” ဟု ညီတော်များအား မိန့်တော်မူလေ၏။
JOH 7:9 ထိုသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်သည် ဂါလိလဲပြည်၌ နီတော်မူ၏။
JOH 7:10 ထိုပွဲတော်သို့ ကိုယ်တော်၏ညီတော်တိ လားပြီးမှ ယေသျှုသည်လည်း မထင်မရှား ကြွတော်မူ၏။
JOH 7:11 ယုဒအာဏာပိုင်ရို့သည် ထိုပွဲ၌ ကိုယ်တော့်ကို ရှာလျက် “ထိုသူကား ဇာမှာနည်း” ဟု မိန်းမြန်းကြ၏။
JOH 7:12 လူအစုအဝေးကလည်း ကိုယ်တော်အကြောင်းကို များစွာ တီးတိုးပြောဆိုနိန်ကြ၏။ တချို့လူရို့က “ထိုသူသည် သူတော်ကောင်းဖြစ်၏” ဟူ၍လည်းကောင်း၊ တခြားသောလူတိကလည်း “သူတော်ကောင်း မဟုတ်၊ လူတိကို မှောက်မှားစီသော သူသာဖြစ်၏” ဟူ၍ လည်းကောင်း ဆိုကြ၏။
JOH 7:13 သို့ပင်သျှောင် လူတိက ယုဒအာဏာပိုင်တိကို ကြောက်လန့်ကြသဖြင့် ကိုယ်တော့်အကြောင်းကို မည်သူမျှ ပွင့်လင်းစွာ မပြောဝံ့ကြပေ။
JOH 7:14 ထိုပွဲကျင်းပသောကာလ ထက်ဝက်ခန့်မျှ ရောက်လာသောအခါ ယေသျှုသည် ဗိမာန်တော်သို့ ကြွ၍ စတင်ဟောပြောသွန်သင်လျက် နိန်တော်မူ၏။
JOH 7:15 ထိုအရပ်၌ဟိကြသော ယုဒလူရို့သည်လည်း အံ့ဩကြ၍ “ဤသူသည် ဇာအတန်းပညာကိုမျှ မသင်ယူဖူးဘဲ ဤပညာများကို မည်သို့ရသနည်း” ဟု ပြောဆိုကြ၏။
JOH 7:16 ယေသျှုကလည်း “ငါသွန်သင်သော တရားသည် ငါ၏တရား မဟုတ်။ ငါ့ကို စီရွှတ်တော်မူသောသူ၏ တရားပင်ဖြစ်၏။
JOH 7:17 ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။
JOH 7:18 မိမိရို့၏တရားကို ဟောပြောသောသူသည် မိမိ၏ဘုန်းကို ရဟိ၏။ သို့သော် မိမိအား စီရွှတ်တော်မူသောသူ၏ ဘုန်းတန်ခိုးကို ရှာသောသူမူကား ရိုးသားစွာ ဟောပြောတတ်၏။ ထိုသူ၌ အမှားမဟိ။
JOH 7:19 မောသျှေသည် သင်ရို့အား ပညတ်တရားကို ပီးခသည် မဟုတ်လော။ သို့သော်လည်း သင်ရို့တစ်ယောက်မျှ ထိုပညတ်တရားကို မလိုက်လျှောက်ကြ။ သင်ရို့သည် ငါ့ကို ဇာကြောင့် သတ်ခြင်းငှာ ကြိုးစားနိန်ကြသနည်း” ဟု မိန့်တော်မူ၏။
JOH 7:20 လူအပေါင်းရို့ကလည်း “သင်သည် နတ်မိစ္ဆာ ဝင်ပူးခံရသောသူဖြစ်၏။ မည်သူသည် သင့်အား သတ်ရန် ကြိုးစားနိန်သနည်း” ဟု ဆိုကြ၏။
JOH 7:21 ယေသျှုကလည်း “ငါသည် နိမိတ်လက္ခဏာတစ်ခုကို ပြုသောအခါ သင်ရို့အားလုံးသည် အံ့ဩကြ၏။
JOH 7:22 မောသျှေသည် သင်ရို့၏ သားသျှေတိအား အရီဖျားလှီးခြင်းကို ပြုခြင်းငှာ ပညတ်ခ၏။ ထို့ကြောင့် သင်ရို့သည် ဥပုသ်နိ့၌ပင် အရီဖျားလှီးခြင်းကို ပြုကြ၏။ သို့သော် ထိုအရီဖျားလှီးခြင်းကို မောသျှေမှစတင်၍ ခံခသည် မဟုတ်၊ သင်ရို့၏ အဖိုးအဖီးတိမှ စတင်၍ ပြုခကြ၏။
JOH 7:23 မောသျှေ၏ပညတ်အား မချိုးဖောက်စီခြင်းငှာ သင်ရို့သည် ဥပုသ်နိ့တွင် ယောက်ျားသျှေတစ်ယောက်အား အရီဖျားလှီးခြင်းကို ပြုကြလျှင် ငါသည် လူတစ်ဦးအား ကျန်းမာစီသောအခါ သင်ရို့သည် ငါ့ကို ဇာကြောင့် အမျက်ထွက်ကြသနည်း။
JOH 7:24 အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်၍ အပြစ်စီရင်ခြင်း မပြုကတ်ကေ့။ မှန်ကန်သော တရားဖြင့်သာ အပြစ်စီရင်ကြလော့” ဟု မိန့်တော်မူ၏။
JOH 7:25 ထိုအခါ ယေရုဆလင်မြို့မှ လူတချို့က “ဤသူကို အာဏာပိုင်တိက သတ်ရန် ရှာနိန်ကြသည် မဟုတ်လော။
JOH 7:26 ကြည့်ပါ၊ ဤသူသည် ထင်ရှားစွာ ဟောပြောသွန်သင်လျက် နိန်၏။ သူရို့သည် ကိုယ်တော့်ကို စကားတစ်ခွန်းမျှ မပြောနိုင်ကြ။ ဤသူသည် မေသျှိယဖြစ်ကြောင်းကို အာဏာပိုင်များက အမှန်ပင် သိကြသလော။
JOH 7:27 မေသျှိယ ကြွလာသောအခါ ထိုအသျှင်သည် ဇာအရပ်မှ ကြွလာသည်ကို မည်သူမျှ သိလိမ့်မည် မဟုတ်။ သို့သော် ဤသူ၏ ဇာတိကို ငါရို့သိကြ၏” ဟု အချင်းချင်း ပြောဆိုကြ၏။
JOH 7:28 ယေသျှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒ ပီးတော်မူစဉ်၊ “သင်ရို့သည် ငါ့ကိုလည်းကောင်း၊ ငါသည် ဇာအရပ်မှ လာသည်ကိုလည်းကောင်း သိကြ၏။ ငါသည် ကိုယ့်အလိုဖြင့် လာသည် မဟုတ်။ ငါ့ကို စီရွှတ်တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ထိုအသျှင်ကို သင်ရို့ မသိကြသလော။
JOH 7:29 သို့ရာတွင် ငါမူကား ထိုအသျှင်ထံပါးမှ လာ၍ ထိုအသျှင်သည် ငါ့ကို စီရွှတ်တော်မူသောကြောင့် ငါသည် ထိုအသျှင်ကို သိ၏” ဟု ကျယ်သောအသံဖြင့် မိန့်တော်မူ၏။
JOH 7:30 ထို့နောက် ထိုသူရို့သည် ကိုယ်တော့်ကို ဖမ်းဆီးခြင်းငှာ အခွင့်ရှာကြ၏။ သို့သော် အချိန်မကျသိမ့်သောကြောင့် တစ်ဦးတစ်ယောက်ကမှ မဖမ်းဆီးနိုင်ကြ။
JOH 7:31 လူအစုအဝေးထဲမှ အများသောသူရို့သည် ကိုယ်တော့်ကို ယုံကြည်လာကြပြီးလျှင် “မေသျှိယ ကြွလာသောအခါ ဤသူပြုသော နိမိတ်လက္ခဏာထက် သာ၍ ပြုမည်လော” ဟု ဆိုကြ၏။
JOH 7:32 လူအစုအဝေးရို့သည် ယေသျှု၏အကြောင်းကို တိုးတိုးချေ ပြောဆိုနိန်ကြသည်ကို ဖာရိယှဲရို့သည် ကြားကြ၏။ ထို့ကြောင့် ဖာရိယှဲရို့နှင့် ယဇ်ပုရောဟိတ် အကြီးအကဲများသည် ကိုယ်တော့်ကို ဖမ်းဆီးခြင်းငှာ အစောင့်စစ်သည်များအား စီရွှတ်လိုက်၏။
JOH 7:33 ယေသျှုက “ငါသည် သင်ရို့နှင့်အတူ အချိန်အနည်းချေမျှသာ နီပြီးလျှင်၊ ငါ့ကို စီရွှတ်တော်မူသော သူ၏ထံသို့ လားရမည်။
JOH 7:34 သင်ရို့သည် ငါ့ကို ရှာကြသော်လည်း တွိ့ကြလိမ့်မည် မဟုတ်။ အကြောင်းမူကား ငါဟိမည့်အရပ်သို့ သင်ရို့သည် မလားနိုင်ကြ” ဟု မိန့်တော်မူ၏။
JOH 7:35 ယုဒအာဏာပိုင်ရို့က “ငါရို့ကို မတွိ့စီခြင်းငှာ ဤသူသည် ဇာအရပ်သို့ လားမည်နည်း။ ဤသူသည် ဟေလသမြို့များ၌ ကွဲလွင့်လျက်ဟိသော ငါရို့လူမျိုးပါးသို့ လားပြီး ဟေလသလူမျိုးရို့ကို ဩဝါဒပီး မည်လော။
JOH 7:36 သင်ရို့သည် ငါ့ကို ရှာသော်လည်း တွိ့လိမ့်မည် မဟုတ်။ ငါဟိရာ အရပ်သို့ သင်ရို့ မလားနိုင်ကြဟု ဆို၏။ ဤစကားများ၏ အနက်ကား မည်သို့နည်း” ဟု အချင်းချင်း မိန်းမြန်းကြ၏။
JOH 7:37 ပွဲတော်၏ နောက်ဆုံးနိ့ဖြစ်သော အရေးအကြီးဆုံးသောနိ့၌ ယေသျှုသည် ရပ်၍ “ရီငတ်သောသူသည် ငါ့ထံသို့လာ၍ သောက်ကြလော့၊
JOH 7:38 ငါ့ကို ယုံကြည်၍ ထိုရီကို သောက်သောသူသည် ကျမ်းစာလာသည်အတိုင်း ‘အသက်ရီစီးထွက်ရာ စမ်းရီတွင်း ဖြစ်လိမ့်မည်’” ဟု ကျယ်သောအသံနှင့် မိန့်တော်မူလေ၏။
JOH 7:39 ထိုသို့ မိန့်တော်မူသည်တွင် ယုံကြည်သောသူရို့၌ ခံရမည့် ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုအချိန်၌ ယေသျှုသည် ဘုန်းပွင့်တော် မမူသိမ့်သောကြောင့် ယုံကြည်သောသူရို့အား ဝိညာဉ်တော်ကို ပီးတော်မမူသိမ့်။
JOH 7:40 လူအစုအဝေးထဲမှ လူတချို့သည် ကိုယ်တော်၏ စကားတော်ကိုကြားကြလျှင် “ဤသူသည် အမှန်စင်စစ် ပရောဖက်ဖြစ်၏” ဟု ဆိုကြ၏။
JOH 7:41 တချို့ကလည်း “ဤသူသည် မေသျှိယ ဖြစ်၏” ဟု ဆိုကြ၏။ သို့ရာတွင် တချို့က “မေသျှိယသည် ဂါလိလဲပြည်မှ ပေါ်ထွန်းမည်လော။
JOH 7:42 ကျမ်းစာလာသည်ကား မေသျှိယသည် ဒါဝိဒ်၏အမျိုး၊ ဒါဝိဒ်၏မြို့တည်းဟူသော ဗက်လင်မြို့မှ ပေါ်ထွန်းလာလိမ့်မည်” ဟု ဆိုကြ၏။
JOH 7:43 လူအပေါင်းရို့သည် ယေသျှုနှင့် ပတ်သက်၍ စိတ်သဘောကွဲကြ၏။
JOH 7:44 လူတချို့သည် ကိုယ်တော့်ကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း ကိုယ်တော့်ကို ဇာသူမျှ မဖမ်းဆီးကြပေ။
JOH 7:45 အစောင့်စစ်သည်များသည် ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဖာရိယှဲရို့ထံပါးသို့ ပြန်လာကြသောအခါ ထိုသူရို့အား “ဇာကြောင့် ထိုသူကို ဖမ်းခေါ်မလာကြသနည်း” ဟု မိန်းကြ၏။
JOH 7:46 အစောင့်စစ်သည်များက “ထိုသူ ဟောပြောသည့်နည်းတူ ဇာသူမျှ မဟောဖူးပါ” ဟု ပြောကြ၏။
JOH 7:47 ထိုအခါ ဖာရိယှဲရို့က “သင်ရို့သည်လည်း ထိုသူ၏လှည့်စားခြင်းကို ခံရပြီလော။
JOH 7:48 အာဏာပိုင်ရို့၊ ဖာရိယှဲရို့ထဲက တစ်စုံတစ်ယောက်သည် ထိုသူ့ကို ယုံကြည်နိန်ပြီလော။
JOH 7:49 ဤလူစုလူဝေးက မောသျှေ၏ ပညတ်တရားကို မသိသောကြောင့် ဘုရားသခင်၏ ကျိန်ခြင်းအောက်၌သာ ဟိနိန်ကြ၏” ဟု ဆိုကြ၏။
JOH 7:50 ထိုဖာရိယှဲရို့အထဲတွင် နိကောဒင်ဆိုသူလည်းပါ၏။ ထိုသူသည် အယင်က ယေသျှုထံပါးသို့ လာဖူး၏။
JOH 7:51 နိကောဒင်ကလည်း ထိုသူရို့ပါးသို့လား၍ “ငါရို့ပညတ်အရ တစ်စုံတစ်ယောက်၏ ပြုမူခြင်းကို မတွိ့ရ၊ သူပြောသောစကားကို မကြားရခင် ထိုသူကို ငါရို့ အပြစ် မစီရင်နိုင်” ဟု ဆို၏။
JOH 7:52 ထိုသူရို့ကလည်း “သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ ကျမ်းစာတော်မြတ်ကို လေ့လာကြည့်ပါ၊ ဂါလိလဲပြည်က ဇာပရောဖက်မျှ မပေါ်ထွန်းဖူးသည်ကို သင်သိလိမ့်မည်” ဟု ဆိုကြ၏။ [
JOH 7:53 ထို့နောက် လူအပေါင်းရို့သည် မိမိအိမ်သို့ အသီးသီး ပြန်လားကြသော်လည်း၊
JOH 8:1 ယေသျှုက သံလွင်တောင်သို့ တက်ကြွတော်မူ၏။
JOH 8:2 နောက်တစ်နိ့ မိုးထက်စောစော ဗိမာန်တော်သို့ ပြန်ကြွလာသောအခါ လူအပေါင်းရို့သည် အထံတော်သို့ စုရုံးလာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူ၍ လူအပေါင်းရို့အား ဟောပြောသွန်သင်တော်မူ၏။
JOH 8:3 ကျမ်းတတ်ဆရာရို့နှင့် ဖာရိယှဲရို့သည် ဖောက်ပြန်ခြင်းအမှုကို ပြုနိန်သော မိန်းမတစ်ယောက်ကို ဖမ်းဆီးကာ ကိုယ်တော်ထံသို့ ဆောင်ယူလာ၍ သူရို့ရှိ့တွင် ရပ်ခိုင်းထားပြီးလျှင်၊
JOH 8:4 ယေသျှုအား၊ “ဆရာ၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုနိန်စဉ် ငါရို့ တွိ့၍ ဖမ်းလာခ၏။
JOH 8:5 မောသျှေစီရင်သော ငါရို့၏ ပညတ်တရား၌ ထိုသို့သော မိန်းမတိကို ကျောက်ခဲနှင့် ပစ်သတ်ရမည်ဟု အကျွန်ရို့အား ပညတ်ခပါ၏။ ကိုယ်တော်က အဂု မည်သို့ မိန့်တော်မူပါမည်နည်း” ဟု လျှောက်ကြ၏။
JOH 8:6 သူရို့သည် ယေသျှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့ အကွက်ဆင်၍ မိန်းကြခြင်းဖြစ်၏။ သို့သော်လည်း ကိုယ်တော်သည် ငုံ့၍ မြီကြီးထက်တွင် လက်ညှိုးတော်ဖြင့် ရီးခြစ်လျက် နိန်တော်မူ၏။
JOH 8:7 ထိုသူရို့သည် ထပ်ကာထပ်ကာ မိန်းလျှောက်ကြသောအခါ ကိုယ်တော်က မော့ကြည့်တော်မူလျက် “သင်ရို့အထဲက အပြစ်ကင်းသူသည် အယင်ဆုံး ဤမိန်းမကို ကျောက်ခဲနှင့် ပစ်ပါ” ဟု မိန့်တော်မူ၏။
JOH 8:8 ထို့နောက် တဖန် ငုံ့၍ မြီကြီးတွင် ရီးခြစ်လျက် နိန်တော်မူ၏။
JOH 8:9 ထိုသူရို့သည် မိန့်တော်မူချက်ကို ကြားလျှင် အသက်ကြီးသောသူမှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်လားကြ၏။ ယေသျှုသည် တစ်ယောက်တည်း ကျန်ခတော်မူ၍၊ မိန်းမသည် ရပ်နိန်သိမ့်၏။
JOH 8:10 ယေသျှုသည် မော်၍ ကြည့်တော်မူသောအခါ၊ “သူရို့ကား ဇာမာလဲ၊ သင့်ကို အပြစ်စီရင်မည့်သူ တစ်ယောက်လည်း မဟိကြသလော” ဟု သူမအား မိန်းတော်မူ၏။
JOH 8:11 ထိုမိန်းမကလည်း “တစ်ယောက်လည်း မဟိယာ၊ ဆရာ” ဟု လျှောက်လေ၏။ ယေသျှုက “ငါလည်း သင့်ကို အပြစ်မစီရင်၊ ပြန်လားလီ၊ နောက်တစ်ခါ အပြစ်မလုပ်လီကေ့” ဟု မိန့်တော်မူ၏။]
JOH 8:12 တဖန် ယေသျှုက ဖာရိယှဲရို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရကြပြီးလျှင် မှောင်မိုက်ထဲ၌ လုံးဝ လျှောက်လားရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
JOH 8:13 ဖာရိယှဲရို့က “သင်သည် ကိုယ့်အကြောင်းကိုသာ သက်သီခံခြင်း ဖြစ်၏။ သင်၏ သက်သီခံခြင်းသည် အထောက်အထားမဟိ” ဟု ဆိုကြ၏။
JOH 8:14 ယေသျှုက “ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံသော်လည်း ငါ၏ သက်သီခံချက်သည် မှန်၏။ အကြောင်းမူကား ငါသည် မည်သည့်အရပ်က လာသည်ကိုလည်းကောင်း၊ မည်သည့်အရပ်သို့ လားရမည်ကိုလည်းကောင်း ငါသိ၏။ သင်ရို့သည် ငါ မည်သည့်အရပ်က လာသည်ကိုလည်းကောင်း၊ ငါ မည်သည့်အရပ်သို့ လားရမည်ကိုလည်းကောင်း မသိကြ။
JOH 8:15 သင်ရို့သည် လူ့နည်းလမ်းအတိုင်းသာ တရားစီရင်တတ်ကြ၏။ ငါကား တစ်ယောက်ကိုလေ့ မစီရင်။
JOH 8:16 ငါသည် တရားစီရင်သော်လည်း ငါ၏စီရင်ခြင်းသည် မှန်ကန်၏။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း စီရင်သည် မဟုတ်။ ငါ့ကို စီရွှတ်တော်မူသော ဖခမည်းတော်က ငါနှင့်အတူ ဟိနိန်သောကြောင့်ဖြစ်၏။
JOH 8:17 သင်ရို့၏ ပညတ်တော်၌ သက်သီနှစ်ဦး ထွက်ဆိုလျှင် သင်ရို့ပြောသမျှ မှန်သည်ဟု ဖော်ပြထား၏။
JOH 8:18 ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံသည့်အပြင် ငါ့ကို စီရွှတ်တော်မူသော ခမည်းတော်ကလည်း ငါ့အကြောင်းကို သက်သီခံတော်မူ၏” ဟု မိန့်တော်မူ၏။
JOH 8:19 ထိုသူရို့ကလည်း “သင်၏ ခမည်းတော်က ဇာမာလဲ” ဟု မိန်းလျှောက်ကြ၏။ ယေသျှုက “သင်ရို့သည် ငါ့ကို မသိကြ။ ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကို သိလျှင်မူကား ငါ့ခမည်းတော်ကိုလည်း သိကြမည်” ဟု ဖြေကြားတော်မူ၏။
JOH 8:20 ကိုယ်တော်သည် ဤစကားတော်များကို ဗိမာန်တော်၏ အလှူခံသေတ္တာထားရာ အခန်း၌ ဟောပြောတော်မူ၏။ သို့သော် ကိုယ်တော်၏အချိန် မရောက်သိမ့်သောကြောင့် မည်သူမျှ ကိုယ်တော့်ကို မဖမ်းဆီးကြ။
JOH 8:21 တဖန် ယေသျှုက၊ “ငါသည် လားရမည်။ သင်ရို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့ရာတွင် သင်ရို့သည် ကိုယ့်အပြစ်များကြောင့် သီဆုံးကြလိမ့်မည်။ ငါလားမည့်အရပ်သို့ သင်ရို့မလားနိုင်ကြ” ဟု မိန့်တော်မူ၏။
JOH 8:22 ထို့ကြောင့် ယုဒအာဏာပိုင်များက “ငါလားမည့်အရပ်သို့ သင်ရို့ မလားနိုင်ကြဟု သူပြောယာ။ သူသည် သူ့ကိုယ်သူ သတ်သီလားမည်လော” ဟု ပြောဆိုကြ၏။
JOH 8:23 ယေသျှုက “သင်ရို့သည် အောက်အရပ်က ဖြစ်ကြသော်လည်း ငါကား အထက်အရပ်က ဖြစ်၏။ သင်ရို့ကား လောကသားတိ ဖြစ်ကြသော်လည်း ငါကား လောကသား မဟုတ်။
JOH 8:24 ထို့အတွက်ကြောင့် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးရလိမ့်မည်ဟု ငါဆို၏။ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကို သင်ရို့ မယုံကြည်ကြလျှင် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 8:25 ထိုသူရို့က “သင်ကား ဇာသူနည်း” ဟု မိန်းလျှင်၊ ယေသျှုကလည်း “ငါသည် ဇာသူဖြစ်သည်ကို အယင်က သင်ရို့ကို ငါပြောခယာ။
JOH 8:26 သင်ရို့အကြောင်းကို ငါပြောဆိုစရာ၊ အပြစ်စီရင်စရာများစွာ ဟိသိမ့်၏။ ငါ့ကို စီရွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ငါသည် ထိုအသျှင်ထံပါးက ကြားရသောအရာများကို ဤလောက၌ ငါဟောပြော၏” ဟု မိန့်တော်မူ၏။
JOH 8:27 ယေသျှုသည် ခမည်းတော်၏အကြောင်းကို ရည်မှတ်၍ မိန့်တော်မူသည်ကို သူရို့သည် မရိပ်မိကြ။
JOH 8:28 ထို့နောက် ယေသျှုက “သင်ရို့သည် လူသားကို မြီကြီးမှ မြှောက်ထားသောအခါ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကိုလည်းကောင်း၊ ငါသည် ကိုယ့်အခွင့်အာဏာနှင့် ဇာအမှုကိုမျှ မပြုဘဲ ခမည်းတော်က ငါ့ကို သွန်သင်တော်မူသည်အတိုင်း ငါဟောပြောသည်ကို သင်ရို့ သိကြလိမ့်မည်။
JOH 8:29 ငါ့ကို စီရွှတ်တော်မူသော အသျှင်သည် ငါနှင့်အတူ ဟိတော်မူ၏။ အကြောင်းမူကား ထိုအသျှင် နှစ်သက်သောအမှုကို ငါသည် အစဉ်မပြတ် လုပ်ဆောင်သည်ဖြစ်သောကြောင့် ငါ့အား တစ်ယောက်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
JOH 8:30 ဤသို့ မိန့်တော်မူချက်ကို ကြားရသောသူအပေါင်းရို့သည် ယေသျှုကို ယုံကြည်လာကြ၏။
JOH 8:31 ယေသျှုသည် ယုဒ ယုံကြည်သူရို့အား “သင်ရို့သည် ငါဟောပြောသော သွန်သင်ချက်အတိုင်း နာခံလိုက်လျှောက်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။
JOH 8:32 သင်ရို့သည် သမ္မာတရားကို သိပြီးလျှင် ထိုသမ္မာတရားက သင်ရို့အား လွတ်မြောက်စီလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 8:33 သူရို့က “ငါရို့သည် အာဗြဟံ၏အမျိုး ဖြစ်ကြ၏။ တစ်ခါမျှ သူတစ်ပါး၏ကျွန် မဖြစ်ခဖူးပါ။ ‘သင်ရို့ လွတ်မြောက်လိမ့်မည်’ ဟု ဇာကြောင့် ပြောဆိုသနည်း” ဟု မိန်းလျှောက်ကြ၏။
JOH 8:34 ယေသျှုက “သင်ရို့အား ငါအမှန်ဆိုသည်ကား၊ အပြစ်ကို ကျူးလွန်သော သူတိုင်းသည် အပြစ်၏ ကျွန်ဖြစ်၏။
JOH 8:35 ကျွန်သည် မိသားစုဝင် အစဉ်ဖြစ်သည် မဟုတ်၊ သားဖြစ်သူသာလျှင် အစဉ် ဖြစ်၏။
JOH 8:36 အကယ်၍ သင်ရို့အား သားတော်က လွတ်မြောက်ခွင့်ပီးလျှင် သင်ရို့သည် အမှန်ပင် လွတ်မြောက်ခြင်း ရကြလိမ့်မည်။
JOH 8:37 သင်ရို့သည် အာဗြဟံ၏အမျိုးဖြစ်ကြောင်း ငါသိ၏။ သို့သော်လည်း သင်ရို့သည် ငါ၏သွန်သင်ချက်ကို လက်ခံလိမ့်မည် မဟုတ်သောကြောင့် ငါ့အား သတ်ရန် ကြိုးစားကြ၏။
JOH 8:38 ငါသည် ငါ့ခမည်းတော် ဖော်ပြသမျှကိုသာ ငါဟောပြော၏။ သင်ရို့ကား သင်ရို့အဖ ညွှန်ကြားသည့်အတိုင်း ပြုကြ၏” ဟု မိန့်တော်မူ၏။
JOH 8:39 ထိုသူရို့ကလည်း “အာဗြဟံသည် ငါရို့ အဖဖြစ်ပါသည်” ဟု ဆိုကြ၏။ ယေသျှုက “သင်ရို့သည် အာဗြဟံ၏ သားသမီး အစစ်အမှန် ဖြစ်ခသည်ဆိုလျှင် အာဗြဟံကဲ့သို့ ကျင့်ကြလိမ့်မည်။
JOH 8:40 ဘုရားသခင်ထံပါးက ကြားနာရသမျှသော သမ္မာတရားကို သင်ရို့အား ဟောပြောသော ငါ့ကို သတ်ရန် သင်ရို့က ကြံစည်နိန်ကြ၏။ အာဗြဟံကား ဤသို့ မကျင့်ခ။
JOH 8:41 သင်ရို့သည် သင်ရို့အဖ ကျင့်ခသည်အတိုင်း ကျင့်တတ်ကြ၏” ဟု ပြန်၍ မိန့်တော်မူ၏။ ထိုသူရို့ကလည်း၊ “ငါရို့၌ ဘုရားသခင်တည်းဟူသော ခမည်းတော် တစ်ပါးတည်းသာ ဟိ၏။ ငါရို့သည် ထိုဘုရားသခင်၏ စစ်မှန်သော သားသမီးများဖြစ်ကြ၏” ဟု လျှောက်ဆိုကြ၏။
JOH 8:42 ယေသျှုကလည်း “ဘုရားသခင်သည် သင်ရို့၏အဖ ဖြစ်သည်ဆိုလျှင် သင်ရို့သည် ငါ့အား ချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်ပါးမှ လာပြီးလျှင် အဂု ဤနီရာ၌ ရောက်နိန်၏။ ငါသည် ကိုယ့်အခွင့်အာဏာနှင့် လာသည် မဟုတ်။ သို့သော် ဘုရာသခင်သည် ငါ့ကို စီရွှတ်တော်မူ၏။
JOH 8:43 သင်ရို့သည် ငါ့စကားကို နားမလည်ကြခြင်းအကြောင်းမှာ ငါ၏တရားကို နာယူနိုင်စွမ်း မဟိသောကြောင့် ဖြစ်၏။
JOH 8:44 သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။
JOH 8:45 ငါသည် မှန်သောစကားကို ပြောသော်လည်း သင်ရို့သည် ငါ့အား မယုံကြည်ကြ။
JOH 8:46 ငါသည် အပြစ်ဟိကြောင်း ဇာသူက သက်သီ ပြနိုင်မည်နည်း။ ငါသည် မှန်သောစကားကို ပြောသော်လည်း ဇာကြောင့် ငါ့ကို မယုံကြည်ကြသနည်း။
JOH 8:47 ဘုရားသခင်နှင့် စပ်ဆိုင်သူသည် ဘုရားသခင်၏စကားကို နားထောင်တတ်ကြ၏။ သင်ရို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သည့်အတွက် နားမထောင်ကြ” ဟု မိန့်တော်မူ၏။
JOH 8:48 ယုဒလူတိက ယေသျှုအား “သင်သည် ယှာမာရိလူဖြစ်ပြီး နတ်ဆိုး ဝင်ပူးခံရသူလည်း ဖြစ်သည်ဟု ငါရို့ ပြောသည်မှာ မှန်သလော” ဟု မိန်းကြ၏။
JOH 8:49 ယေသျှုကလည်း “ငါသည် နတ်ဆိုး ဝင်ပူးခံနိန်သူ မဟုတ်။ ငါသည် ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သို့သော်လည်း သင်ရို့က ငါ့ကို ရှုတ်ချကြ၏။
JOH 8:50 ငါသည် ကိုယ့်ဘုန်းကို မရှာ။ သို့ရာတွင် ငါ၏ဘုန်းကို ရှာ၍ စီရင်တော်မူသောသူ ဟိသိမ့်၏။
JOH 8:51 ငါ အမှန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သီဆုံးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 8:52 ယုဒလူတိကလည်း၊ “သင်သည် နတ်ဆိုး ပူးနိန်သူဖြစ်ကြောင်း အဂု ငါရို့သိရယာ။ အာဗြဟံလည်း သီလားခယာ။ ပရောဖက်တိလည်း သီလားခယာ။ ယေဒါလည်း ‘ငါ့စကားကို နားထောင်သောသူသည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်’ ဟု ဆိုသည်တကား။
JOH 8:53 သင်သည် သီလွန်ခသူ ငါရို့အဖ အာဗြဟံထက် ကြီးမြတ်သလော။ ပရောဖက်တိလည်း သီလွန်လားခယာ။ သင့်ကိုယ်သင် ဇာသူဟု ထင်မှတ်နိန်သနည်း” ဟု မိန်းကြ၏။
JOH 8:54 ယေသျှုကလည်း “ငါသည် ကိုယ့်ကိုကိုယ် ချီးမြှောက်သည်ဆိုလျှင် ငါ၏ဘုန်းသည် အလာကားပင်ဖြစ်၏။ ငါ့ကို ချီမြှောက်သူကား ငါ့ခမည်းတော်ဖြစ်၏။ ထိုအသျှင်ကို သင်ရို့သည် ငါရို့၏ ဘုရားသခင် ဟု ဆိုတတ်ကြ၏။
JOH 8:55 ယေဒါလည်း ထိုဘုရားသခင်ကို သင်ရို့ လုံးဝ မသိကြသော်လည်း ငါမူကား သိ၏။ အကယ်၍ ငါမသိဟု ဆိုလျှင် ငါသည် သင်ရို့ကို လိမ်ပြောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားကိုလည်း နားထောင်၏။
JOH 8:56 သင်ရို့အဖ အဗြဟံသည် ငါကြွလာမည့် အချိန်ကာလကို မြင်ခြင်းငှာ အလိုဟိ၏။ မြင်ရသောခါ၌လည်း ဝမ်းမြောက်ဝမ်းသာ ဟိ၏” ဟု မိန့်တော်မူ၏။
JOH 8:57 ယုဒလူရို့ကလည်း “သင်သည် အသက် ငါးဆယ်ပင် မဟိသိမ့်။ သို့ဖြစ်၍ သင်သည် အာဗြဟံကို မြင်ဖူးသလော” ဟု ဆိုကြ၏။
JOH 8:58 ယေသျှုက “ငါ အမှန်ဆိုသည်ကား၊ အာဗြဟံ မမွီးဖွားခင် ငါဟိ၏” ဟု မိန့်တော်မူ၏။
JOH 8:59 ထိုအခါ သူရို့သည် ကိုယ်တော့်အား ပစ်ရန် ကျောက်ခဲများကို ကောက်ယူကြ၏။ သို့သော်လည်း ယေသျှုသည် တိမ်းယှောင်၍ ဗိမာန်တော်မှ ထွက်လားတော်မူ၏။
JOH 9:1 ယေသျှုသည် လမ်း၌ကြွတော်မူစဉ် မွီးရာပါ မျက်ကန်းတစ်ယောက်ကို တွိ့မြင်တော်မူ၏။
JOH 9:2 တပည့်တော်ရို့က “ဆရာ၊ ဤသူသည် ဇာသူ့အပြစ်ကြောင့် မွီးရာပါ မျက်စိကန်းရသနည်း။ မိမိအပြစ်ကြောင့် ဖြစ်သလော၊ မိဘတိအပြစ်ကြောင့် ဖြစ်သလော” ဟု မိန်းလျှောက်ကြ၏။
JOH 9:3 ယေသျှုက “သူ၏ အပြစ်ကြောင့် မဟုတ်၊ မိဘ အပြစ်ကြောင့်လည်း မဟုတ်။ ဤသူ၌ ဖြစ်သောအရာကား ဘုရားသခင်၏ တန်ခိုးတော်ကို ထင်ရှားစီရန် ဖြစ်၏။
JOH 9:4 ငါ့ကို စီရွှတ်တော်မူသော အသျှင်၏ အမှုတော်မြတ်ကို နိ့အချိန်ဟိစဉ် ငါရို့ လုပ်ဆောင်ရမည်။ တစ်ယောက်လည်း မလုပ်နိုင်သော ညဉ့်အချိန် ရောက်လာလိမ့်မည်။
JOH 9:5 ငါသည် ဤလောကတွင် ဟိနိန်စဉ် လောက၏ အလင်းဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 9:6 ဤသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်သည် မြီကြီးကို တန်းထွီးဖြင့် ထွီးပြီးလျှင် ကျုတ်လုပ်၍၊ သူ၏မျက်စိကို လူးပီးတော်မူပြီး၊
JOH 9:7 “သျှိလောင်ရီကန်၌ မျက်နှာသစ်ရန် လားလော” ဟု မိန့်တော်မူ၏။ သျှိလောင်၏ အဓိပ္ပာယ်ကား “ရွှတ်လိုက်သည်” ဟု ဆိုလိုသတည်း။ ထိုသူသည် လား၍ မျက်နှာသစ်ပြီးနောက် မျက်စိမြင်လျက် ပြန်လာလေ၏။
JOH 9:8 သူသည် သူတောင်းစားဖြစ်သဖြင့် အယင်က သူ့ကို မြင်ဖူးသောသူများနှင့် အိမ်နီးချင်းများက “ဤသူသည် ထိုင်၍ တောင်းစားနိန်သူ မဟုတ်ပါလား” ဟု ဆိုကြ၏။
JOH 9:9 လူတချို့က၊ “ဤသူ ဟုတ်ပါ၏” ဟူ၍ လည်းကောင်း၊ တချို့က “ဤသူ မဟုတ်၊ သူနှင့် တူ၏” ဟူ၍ လည်းကောင်း ဆိုကြ၏။ သူကိုယ်တိုင်ကလည်း “ငါက ထိုသူပင် ဖြစ်ပါ၏” ဟု ဆို၏။
JOH 9:10 ထိုသူရို့က “သင်က ဇာပိုင် မျက်စိမြင်လာသနည်း” ဟု မိန်းကြ၏။
JOH 9:11 သူကလည်း “ယေသျှုဟု ခေါ်သော လူတစ်ယောက်က ကျုတ်တစိတ်ကေလုပ်၍ အကျွန့်မျက်စိကို လူးပြီးလျှင် သျှိလောင်ရီကန်သို့လား၍ အကျွန့်ကို မျက်နှာသစ်ခိုင်းပါ၏။ ထို့ကြောင့် အကျွန်သည် လား၍ မျက်နှာသစ်လိုက်သည့်အခါ မျက်စိမြင်လာပါ၏” ဟု ပြန်ပြော၏။
JOH 9:12 ထိုသူရို့ကလည်း၊ “ထိုသူကား ဇာမှာလဲ” ဟု မိန်းကြလျှင်၊ “အကျွန် မသိပါ” ဟု ပြန်ပြောလေ၏။
JOH 9:13 ထို့နောက် ထိုသူရို့သည်လည်း မျက်စိကန်းသောသူကို ဖာရိယှဲရို့ အပါးသို့ ခေါ်လာကြ၏။
JOH 9:14 ယေသျှုသည် ကျုတ်ဖြင့် မျက်စိမြင်စီသောနိ့ကား ဥပုသ်နိ့ဖြစ်၏။
JOH 9:15 ထို့ကြောင့် ဖာရိယှဲရို့သည် ထိုသူ မျက်စိပြန်မြင်လာပုံကို မိန်းမြန်းကြ၏။ ထိုသူက “သူသည် အကျွန့်မျက်စိကို ကျုတ်နှင့် လူးပီးပါ၏။ ပြီးလျှင် မျက်နှာသစ်လိုက်သည့်အခါ မျက်စိပြန်မြင်လာပါ၏” ဟု ဆို၏။
JOH 9:16 တချို့သော ဖာရိယှဲရို့က “ထိုသူသည် ဥပုသ်နိ့ကို မစောင့်သည့်အတွက် ဘုရားသခင်ထံပါးမှ လာသောသူ မဟုတ်” ဟု ပြောဆိုကြ၏။ တချို့က “ဒုစရိုက်ကိုပြုသောသူသည် ဤသို့သော နိမိတ်လက္ခဏာများကို ဇာကြောင့် လုပ်နိုင်ပါသနည်း” ဟု ဆိုကြ၏။ ထိုသို့ သူရို့သည် အချင်းချင်း စိတ်ဝမ်းကွဲပြားလျက် ဟိကြ၏။
JOH 9:17 ထို့ကြောင့် ဖာရိယှဲရို့က မျက်စိကန်းဖူးသူအား “သင့်ကို မျက်စိမြင်စီသောသူသည် ဇာပိုင်မျိုးလူဖြစ်သနည်း” ဟု မိန်းကြ၏။ ထိုသူက “သူသည် ပရောဖက်ဖြစ်ပါ၏” ဟု ဖြေကြားလေ၏။
JOH 9:18 သို့ရာတွင် ယုဒအာဏာပိုင်ရို့က သူသည် အယင်က မျက်စိကန်းသည်ကိုလည်းကောင်း၊ အဂု မျက်စိမြင်လာသည်ကိုလည်းကောင်း မယုံနိုင်သိမ့်သောကြောင့် သူ၏မိဘများကို ခေါ်၍ မိန်းကြ၏။
JOH 9:19 ထိုသူရို့ကလည်း “ဤသူသည် သင်ရို့၏ သားဖြစ်သလော၊ သင်ရို့ ပြောသည်အတိုင်း မွီးရာပါ မျက်စိမမြင်သောသူ ဖြစ်သလော။ ထို့ကြောင့် ဤသူသည် ဇာအတွက်ကြောင့် မျက်စိမြင်ရသနည်း” ဟု မိန်းကြ၏။
JOH 9:20 သူ၏မိဘရို့ကလည်း “ဤသူသည် အကျွန်ရို့သား မှန်ပါ၏။ မွီးရာပါ မျက်မမြင်တစ်ယောက်လည်း ဖြစ်ပါ၏။
JOH 9:21 သို့သော်လည်း ဇာကြောင့် မျက်စိမြင်လာသည်ကိုလည်းကောင်း၊ ဇာသူက မျက်စိမြင်စီသည်ကိုလည်းကောင်း အကျွန်ရို့ မသိပါ။ သူ့ကို မိန်းကြည့်ပါ။ သူသည်လည်း အရွယ်ရောက်သောသူဖြစ်၍ သူ့အကြောင်းကို သူကိုယ်တိုင် ပြောပြနိုင်ပါလိမ့်မည်” ဟု ဖြေကြား၏။
JOH 9:22 သူ၏မိဘများသည် ဤသို့ ဖြေကြားရခြင်းမှာ ယေသျှုအား မေသျှိယအဖြစ်နှင့် ယုံကြည်ကြောင်း ပြောဆိုသောသူတိုင်းကို တရားဇရပ်မှ နှင်ထုတ်ရန် သဘောတူ ဆုံးဖြတ်ထားသော ယုဒအာဏာပိုင်တိကို ကြောက်သောကြောင့် ဖြစ်၏။
JOH 9:23 ထို့ကြောင့် သူ၏မိဘရို့က “သူသည်လည်း အရွယ်ရောက်သောသူဖြစ်၍ သူ့အား မိန်းကြည့်ပါ” ဟု ဆိုခြင်းဖြစ်သည်။
JOH 9:24 ထိုသူရို့ကလည်း မျက်စိကန်းဖူးသူကို ဒုတိယအကြိမ် ပြန်ခေါ်၍ “ဘုရားသခင်၏ ဘုန်းတော်ရှိ့၌ အမှန်တိုင်းပြောပါ။ သင့်၏မျက်စိကို မြင်စီသူသည် ဒုစရိုက်ကို ပြုသောသူဖြစ်ကြောင်း ငါရို့သိ၏” ဟု ဆို၏။
JOH 9:25 ထိုသူကလည်း၊ “ထိုသူသည် ဒုစရိုက်ကိုပြုသောသူ ဟုတ်သည်၊ မဟုတ်သည်ကို အကျွန်မသိ။ အကျွန်သိသော အရာတစ်ခုမှာ အကျွန်သည် အယင်က မျက်စိကန်း၏။ အဂု မျက်စိမြင်လာသည့် အကြောင်းကိုသာ အကျွန်သိပါ၏” ဟု ပြန်ပြောလေ၏။
JOH 9:26 ထိုသူရို့ကလည်း “သူသည် သင့်အား မည်သို့ပြုနည်း။ သင်၏မျက်စိကန်းနိန်သည်ကို ဇာပိုင် ကုသမည်နည်း” ဟု မိန်းကြ၏။
JOH 9:27 ထိုသူက “အကျွန်က သင်ရို့ကို တစ်ကြိမ်ပြောပြီးယာ၊ သင်ရို့က နားမထောင်ကြ။ မည်သို့ဖြစ်သည်ကို ထပ်ကာထပ်ကာ ကြားချင်ကြသလော။ သင်ရို့ကလည်း သူ့တပည့် ဖြစ်ချင်ကြသလော” ဟု ပြန်၍ မိန်းလေ၏။
JOH 9:28 ထိုသူရို့ကလည်း ထိုသူအား ကြိမ်းမောင်းလျက် “သင်သာလျှင် သူ၏ တပည့်ဖြစ်၏။ ငါရို့မူကား မောသျှေတပည့်တိ ဖြစ်ကြ၏။
JOH 9:29 ဘုရားသခင်သည် မောသျှေအား ဗျာဒိတ်ပီးတော်မူခကြောင်းကို ငါရို့ သိကြ၏။ ဤသူသည် ဇာကလာသည်ကိုပင် ငါရို့မသိ” ဟု ဆိုကြ၏။
JOH 9:30 ထိုသူက၊ “သူသည် အကျွန့်မျက်စိကန်းနိန်သည်ကို ကုသခသောသူ ဖြစ်၏။ သို့သော်လည်း သင်ရို့က သူသည် ဇာကလာကြောင်းကို မသိသည်ကား အံ့သြဖို့ ကောင်းပါ၏။
JOH 9:31 ဘုရားသခင်သည် အပြစ်သားတိ ဆုတောင်းသည်ကို နားညောင်းတော်မမူပါ။ ဘုရားသခင်အား ရိုသီလေးမြတ်၍ အလိုတော်အတိုင်း လုပ်ဆောင်နိန်သောသူရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသည်ကို အကျွန်ရို့ သိပါ၏။
JOH 9:32 မွီးရာပါ မျက်စိကန်းသူအား မျက်စိပြန်မြင်စီနိုင်သည်ကို ရှီးကာလမှစ၍ တစ်ခါလေ့ မကြားဖူးသိမ့်။
JOH 9:33 ဤသူသည် ဘုရားသခင်ထံတော်မှ ကြွလာသူ မဟုတ်လျှင် ဤသို့သောအမှုကိုလည်း မတတ်နိုင်ပါ” ဟု ဆို၏။
JOH 9:34 ထိုသူရို့ကလည်း “သင်သည် မွီးရာပါအပြစ်နှင့် ကြီးပြင်းလာသူ ဖြစ်လျက်ပင် — ငါရို့ကို ဆုံးမခြင်းငှာ ကြိုးစားနိန်ပါသည်တကား” ဟု ဆို၍ တရားဇရပ်မှ နှင်ထုတ်ကြ၏။
JOH 9:35 ဤသို့ နှင်ထုတ်သည်အကြောင်းကို ယေသျှုသည် ကြားတော်မူပြီးမှ ထိုသူ့ကို တွိ့တော်မူလျှင်၊ “သင်သည် လူသားကို ယုံကြည်သလော” ဟု မိန်းတော်မူ၏။
JOH 9:36 ထိုသူကလည်း “ဆရာ၊ အကျွန် ယုံကြည်နိုင်ရန်အတွက် လူသားကား ဇာသူဖြစ်ကြောင်း အကျွန့်ကို ပြောပြပါ” ဟု လျှောက်လေ၏။
JOH 9:37 ယေသျှုက “သူ့ကို သင်မြင်ဖူး၏။ ထိုသူကား သင်နှင့် အဂု စကားပြောနိန်သူပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 9:38 ထိုသူကလည်း “ယုံကြည်ပါ၏ အသျှင်” ဟု လျှောက်၍ ယေသျှုအား ပျပ်ဝပ်ကိုးကွယ်လေ၏။
JOH 9:39 ယေသျှုက “မျက်စိကန်းနိန်သောသူသည် မျက်စိမြင်စီပြီးလျှင် မြင်သောသူတိ မျက်စိကန်းစီရန် ငါသည် ဤလောကသို့ တရားစီရင်ခြင်းငှာ ကြွလာခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 9:40 ကိုယ်တော်နှင့်အတူ ဟိနိန်သော ဖာရိယှဲတချို့သည် စကားတော်ကို ကြားရသဖြင့် “ငါရို့ကလည်း မျက်စိကန်းနိန်သောသူတိ ဖြစ်ကြသည်ဟု ဆိုလိုသလော” ဟု ပြောဆိုမိန်းမြန်းကြ၏။
JOH 9:41 ယေသျှုက “သင်ရို့သည် မျက်စိကန်းသောသူရို့ ဖြစ်သည်ဟုဆိုလျှင် အပြစ်ဟိသည် မဟုတ်။ အဂုကား သင်ရို့က ‘ငါရို့ မျက်စိမြင်ပါ၏’ ဟု ဆိုသည့်အတွက်ကြောင့် သင်ရို့၌ အပြစ်၌ ဟိနိန်တုန်းပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။
JOH 10:1 ယေသျှုက “ငါအမှန် ဆိုသည်ကား၊ သိုးခြံထဲသို့ တန်းခါးပေါက်မှ မဝင်ဘဲ အခြားသောလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးဒါးပြ ဖြစ်၏။
JOH 10:2 တန်းခါးပေါက်မှ ဝင်သောသူကား သိုးထိန်းဖြစ်၏။
JOH 10:3 ထိုသူအား တန်းခါးစောင့်သည် တန်းခါးကို ဖွင့်ပီး၏။ သိုးများသည် သူ့အသံကို နားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးများကို နာမည်ခေါ်၍ သိုးခြံမှ ထုတ်ပြီးလျှင် သိုးများကို ဦးဆောင်လားတတ်၏။
JOH 10:4 သိုးအားလုံးကို ထုတ်၍ ရှိ့ကနိန် ဦးဆောင်လားတတ်၏။ သိုးများသည်လည်း သူ၏အသံကို သိသောကြောင့် နောက်သို့လိုက်ကြ၏။
JOH 10:5 သိုးများသည် အခြားသောသူ၏နောက်သို့ မလိုက်တတ်ဘဲ အခြားသောသူ၏အသံကို မသိသောကြောင့် ထိုသူ့ထံပါးမှ ထွက်ဗြီးလားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 10:6 ယေသျှုသည် ဤပုံဥပမာကိုဆောင်၍ ထိုသူရို့အား မိန့်တော်မူသော်လည်း သူရို့သည် အနက်အဓိပ္ပာယ်ကို နားမလည်ကြ။
JOH 10:7 တဖန် ယေသျှုက၊ “ငါအမှန် ဆိုသည်ကား၊ ငါသည် သိုးဝင်သော တန်းခါးဝဖြစ်၏။
JOH 10:8 ငါမတိုင်မှီ ရောက်လာသော အခြားသောသူရို့သည် သူခိုးဒါးပြတိ ဖြစ်ကြ၏။ ယေဒါလည်း သိုးသည် ထိုသူရို့စကားကို နားမထောင်ကြ။
JOH 10:9 ငါသည် တန်းခါးဝဖြစ်၏။ ငါ့အားဖြင့် ဝင်သောသူသည် ဘေးကင်းစွာ ဝင်ထွက်လားလာ၍ စားကျက်ကို တွိ့ရလိမ့်မည်။
JOH 10:10 သူခိုးသည် ခိုးခြင်း၊ သတ်ခြင်းနှင့် ဖျက်ဆီးခြင်းငှာ လာ၏။ ငါမူကား သိုးတိကို အသက်ရှင်စီရုံသာမက ကြွယ်ဝပြည့်စုံသောအသက်နှင့် ရှင်သန်နိုင်ကြစီရန် လာခြင်းဖြစ်၏။
JOH 10:11 “ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတိအတွက် မိမိအသက်ကို စွန့်တတ်၏။
JOH 10:12 အငှားသမားမူကား သိုးထိန်း မဟုတ်။ သိုးသျှင်လည်း မဟုတ်။ တောခွီး လာသည်ကို မြင်သောအခါ သိုးတိကိုထား၍ ထွက်ဗြီးလားတတ်၏။ တောခွီးကလည်း သိုးတိကို ကိုက်ဖမ်းသောကြောင့် သိုးများသည် ဖရိုဖရဲ ကွဲလွင့်စီ၏။
JOH 10:13 အငှားသမားသည် အငှားသမားဖြစ်သောကြောင့် သိုးတိကို ဂရုမစိုက်ဘဲ ထွက်ဗြီးတတ်၏။
JOH 10:14 ငါသည် ကောင်းသောသိုးထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတိကို ငါသိ၏။ ငါ့သိုးတိကလည်း ငါ့ကိုသိကြ၏။ ငါသည် သိုးတိအတွက် အသက်ကိုစွန့်၏။
JOH 10:16 ဤသိုးခြံထဲသို့ မဝင်သော အခြားသိုးတိကိုလည်း ငါပိုင်သိမ့်၏။ ထိုသိုးတိကို ငါ ယူဆောင်ခရမည်။ သူရို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ထို့ကြောင့် သူရို့သည် သိုးထိန်းတစ်ပါးတည်းဟိသော သိုးအုပ်တစ်အုပ် ဖြစ်လာလိမ့်မည်။
JOH 10:17 “ငါသည် ကိုယ့်အသက်ကို အလိုလျောက် စွန့်တော်မူသည့်အတိုင်း နောက်တဖန် အသက်ကို ပြန်ယူဦးမည် ဖြစ်သောကြောင့်၊ ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
JOH 10:18 ဇာသူတစ်ယောက်မှ ငါ့ပါးမှ အသက်ကို မလုယူနိုင်။ ကိုယ့်အလိုအလျောက် စွန့်ခြင်းသာဖြစ်၏။ ငါသည် အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်ယူပိုင်ခွင့် ငါ့၌ ဟိ၏။ ဤသို့ ပြုနိုင်ရန် ခမည်းတော်သည် ငါ့ကို အမိန့်ပီးတော်မူ၏” ဟု မိန့်တော်မူ၏။
JOH 10:19 ထိုစကားတော်ကြောင့် ယုဒလူရို့သည် တဖန် ကွဲပြားကြပြန်၏။
JOH 10:20 သူရို့ထဲမှ လူအများက “ဤသူသည် နတ်ဆိုး ဝင်ပူးနိန်သော အရူးဖြစ်၏။ ဇာကြောင့် သူ့စကားကို သင်ရို့ နားထောင်ကြသနည်း” ဟု ဆိုကြ၏။
JOH 10:21 သို့ရာတွင် အခြားသူရို့က “နတ်ဆိုးဝင်ပူးသောလူသည် ဤသို့သော စကားကိုမပြောနိုင်။ နတ်ဆိုးသည် မျက်စိကန်းသောသူတိကို မြင်စီခြင်းငှာ တတ်နိုင်ပါမည်လော” ဟု ဆိုကြ၏။
JOH 10:22 ဆောင်းကာလဖြစ်၍ ယေရုဆလင်မြို့တွင် ဗိမာန်တော်အား ဆက်ကပ်သည့်ပွဲတော် ကျရောက်လျက်ဟိ၏။
JOH 10:23 ယေသျှုသည် ဗိမာန်တော်၌ဟိသော သျှောလမုန်ဆင်ဝင်တွင် စင်္ကြန်ကြွနိန်၏။
JOH 10:24 ထိုအခါ ယုဒလူရို့သည် ကိုယ်တော့်ကို ဝိုင်းရံလျက် “သင်သည် ဇာလောက်ကြာအောင် ငါရို့၏ စိတ်နှလုံးကို ဒွိဟ ဖြစ်စီမည်နည်း။ မေသျှိယ ဖြစ်သည်ဆိုလျှင် အတိအလင်း ပြောပြပါ” ဟု ဆို၏။
JOH 10:25 ယေသျှုက “သင်ရို့ကို ငါပြောပြီးယာ။ ယေဒါလည်း သင်ရို့က မယုံကြ။ ငါ့ခမည်းတော်အခွင့်နှင့် ငါပြုသော အမှုများသည် ငါ့အကြောင်းကို သက်သီခံနိန်ကြခြင်း ဖြစ်၏။
JOH 10:26 သို့ရာတွင် သင်ရို့သည် ငါ့သိုးမဟုတ်သောကြောင့် ငါ့ကို မယုံနိုင်ကြ။
JOH 10:27 ငါ့သိုးရို့သည် ငါ့စကားကို နားထောင်တတ်ကြ၏။ ငါသည် သူရို့ကို သိသည်ဖြစ်၍ သူရို့လည်း ငါ့နောက်သို့ လိုက်ကြ၏။
JOH 10:28 ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။
JOH 10:29 ထိုသိုးတိကို ငါ့ထံ၌ အပ်ပီးတော်မူသည့် ခမည်းတော်သည် ဟိသမျှသော သူတိထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ ဇာသူတစ်ယောက်မှ သိုးတိကို ခမည်းတော်လက်က မလုမယူနိုင်။
JOH 10:30 ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 10:31 ထိုအခါ ယုဒလူအပေါင်းရို့သည် ကိုယ်တော့်ကို ပစ်ရန် ကျောက်ခဲကို တဖန် ကောက်ယူကြ၏။
JOH 10:32 ယေသျှုက “ခမည်းတော် စီခိုင်းတော်မူသဖြင့် ငါသည် များစွာသော ကောင်းမြတ်သောအမှုတိကို ပြခယာ။ ထိုအမှုတိထဲက ဇာအမှုအတွက်ကြောင့် သင်ရို့က ငါ့ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသနည်း” ဟု မိန်းတော်မူ၏။
JOH 10:33 ယုဒလူတိကလည်း “ကောင်းမြတ်သောအမှုတိကို ပြခသည့်အတွက်ကြောင့် သင့်ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသည် မဟုတ်။ သင်သည် လူစင်စစ်ဖြစ်လျက်ပင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကို ပြစ်မှားသော စကားကြောင့် ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြခြင်း ဖြစ်သည်” ဟု ပြန်ပြောကြ၏။
JOH 10:34 ယေသျှုက “သင်ရို့၏ ပညတ်ကျမ်းထဲ၌ ဘုရားသခင်က ‘သင်ရို့သည် ဘုရားများ ဖြစ်ကြ၏’ ဟု ဖော်ပြထား၏။
JOH 10:35 ထိုကျမ်းစာ၌ ဖော်ပြထားသည့်အရာများ အမြဲမှန်ကန်ကြောင်းကို သင်ရို့ သိကြ၏။ ဘုရားသခင်၏ ဗျာဒိတ်တော် ခံရသော လူတိကို ‘ဘုရားများ’ ဟု ဖော်ပြ၏။
JOH 10:36 ခမည်းတော်သည် ငါ့ကို ရွီးချယ်၍ ဤလောကသို့ စီရွှတ်တော်မူ၏။ ထို့အတွက်ကြောင့် ‘ငါသည် ဘုရားသခင်၏ သားတော်ဖြစ်၏’ ဟု ဆိုသည်ကား ဘုရားသခင်ကို ပြစ်မှားသောစကားဟု ဇာကြောင့် သင်ရို့ ဆိုကြသနည်း။
JOH 10:37 ငါ့ခမည်းတော်၏ အလိုတော်အတိုင်း ငါ မဆောင်ရွက်လျှင် ငါ့ကို မယုံကတ်ကေ့။
JOH 10:38 ဆောင်ရွက်ခလျှင်မူကား ငါ့ကို မယုံသော်လည်း ငါဆောင်ရွက်ခသော အမှုတိကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ့အထဲ၌ ဟိတော်မူသကဲ့သို့၊ ငါလည်း ခမည်းတော်အထဲ၌ ဟိနိန်သည်ကို သင်ရို့ သိနားလည်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 10:39 ထိုအခါ သူရို့သည် ယေသျှုကို ဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင် ကိုယ်တော်သည် သူရို့လက်မှ လွတ်မြောက်၍ ထွက်ကြွတော်မူ၏။
JOH 10:40 ထို့နောက် ယေသျှုသည် ယော်ဒန်မြစ် တစ်ကမ်း၌ဟိသော အယင်က ယောဟန်သည် ဗတ္တိဇံမင်္ဂလာ ပီးရာအရပ်သို့ ပြန်လည် ကြွလားတော်မူ၍ ထိုအရပ်တွင် နီတော်မူ၏။
JOH 10:41 သူရို့က “ယောဟန်သည် အံ့ဖွယ်နိမိတ်လက္ခဏာ ဇာတစ်ခုကိုမှ မပြခသော်လည်း ဤသူအကြောင်းနှင့်ပတ်သတ်၍ ယောဟန်ပြောခသည်မှာ အားလုံးမှန်သည်” ဟု ဆိုကြ၏။
JOH 10:42 သို့ဖြစ်၍ ထိုအရပ်၌ဟိသော များစွာသောလူရို့သည် ယေသျှုကို ယုံကြည်လာကြ၏။
JOH 11:1 မာရိနှင့် သူမ၏ ညီမဖြစ်သူ မာသရို့ နီထိုင်ကြသော ဗေသနိရွာတွင် လာဇရုဆိုသူ လူတစ်ယောက်သည် ဖျားနာလျက်ဟိ၏။
JOH 11:2 ထိုမာရိကား သခင်ဘုရား၏ ခြီတော်ထက်မာ ဆီမွှီးလောင်း၍ မိမိ၏ဆံပင်နှင့် သုတ်ပီးသူဖြစ်၏။ ဖျားနာနိန်သော လာဇရုသည် သူမ၏မောင် ဖြစ်၏။
JOH 11:3 ညီအစ်မနှစ်ယောက်ရို့က “အသျှင်၊ အသျှင်ချစ်တော်မူသောသူသည် ဖျားနာနိန်ပါ၏” ဟု ယေသျှုထံတော်သို့ သတင်းပို့လိုက်ကြ၏။
JOH 11:4 ထိုသတင်းကို ယေသျှုကြားတော်မူလျှင် “လာဇရု၏ ဖျားနာခြင်းသည် သီနာ မဟုတ်။ ဘုရားသခင်၏ဘုန်းတော် ထင်ရှားရန် ဖြစ်၏။ ထိုဖျားနာခြင်းကြောင့် ဘုရားသခင်၏ သားတော်သည် ဘုန်းတော်ထင်ရှား လိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 11:5 ယေသျှုသည် မာသ၊ သူမ၏အစ်မနှင့် လာဇရုရို့ကို ချစ်တော်မူ၏။
JOH 11:6 လာဇရု ဖျားနာနိန်ကြောင်းကို ကိုယ်တော်သည် ကြားတော်မူလျှင်၊ ကိုယ်တော်သည် မိမိရောက်ရာ အရပ်တွင် နှစ်ရက် ဆက်၍ နီတော်မူ၏။
JOH 11:7 ထို့နောက် တပည့်တော်ရို့အား “ယုဒပြည်သို့ ပြန်လားကြမည်” ဟု မိန့်တော်မူ၏။
JOH 11:8 တပည့်တော်ရို့ကလည်း “ဆရာ၊ ယုဒလူတိက ဆရာကို မကြာသိမ့်သောအချိန်က ကျောက်ခဲနှင့် ပစ်ခြင်းငှာ အကြံဟိကြသည်ဖြစ်၍ ထိုအရပ်သို့ ပြန်ကြွဦးမည်လော” ဟု မိန်းလျှောက်ကြလျှင်၊
JOH 11:9 ယေသျှုက “တစ်နိ့တွင် တစ်ဆယ့်နှစ်နာရီ ဟိသည် မဟုတ်လော၊ ဇာသူမဆို လောက၌ နိ့အချိန်တွင် အလင်းရောင်ကို မြင်ရသောကြောင့် ခလုတ်မတိုက်ဘဲ ကောင်းမွန်စွာ လားလာနိုင်ကြ၏။
JOH 11:10 သို့သော်လည်း ညအချိန်၌ကား အလင်းရောင် မဟိသောကြောင့် လားလာကြသော လူတိသည် ခလုတ်တိုက်ပြီး လဲတတ်ကြ၏” ဟု မိန့်တော်မူ၏။
JOH 11:11 ကိုယ်တော်သည် ထိုသို့ မိန့်တော်မူပြီးနောက် “ငါရို့အဆွီ လာဇရုသည် အိပ်နိန်ခြင်းသာဖြစ်၍ သူ့ကို နှိုးခြင်းငှာ လားကြမည်” ဟု ထပ်၍ မိန့်တော်မူ၏။
JOH 11:12 တပည့်တော်ရို့က “အသျှင်၊ သူသည် အိပ်ပျော်နိန်သည်ဆိုလျှင် ကျန်းမာလာပါလိမ့်မည်” ဟု လျှောက်ကြ၏။
JOH 11:13 ယေသျှုကလည်း၊ လာဇရုသီဆုံးကြောင်းကို ရည်ရွယ်၍ မိန့်တော်မူသော်လည်း သာမန် အိပ်ပျော်ကြောင်းကို ဆိုလိုသည်ဟု တပည့်တော်ရို့က ထင်မှတ်ကြ၏။
JOH 11:14 ထို့ကြောင့် ယေသျှုသည်၊ “လာဇရုက သီလားခယာ။
JOH 11:15 ထိုအရပ်၌ ငါမဟိသည်ကို ထောက်၍ သင်ရို့အတွက် ငါ ဝမ်းမြောက်ခြင်း ဟိ၏။ ထို့ကြောင့် သူရို့ ယုံကြည်လာလိမ့်မည်။ သူ့ပါးသို့ လားကြကုန်အံ့” ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။
JOH 11:16 (အမြွှာပူးဟု ခေါ်သော) သောမက “အကျွန်ရို့လည်း ဆရာနှင့်အတူ အသီခံဖို့ လိုက်လားကြမည်” ဟု မိမိ၏ အပေါင်းအဖော်ဖြစ်သော တပည့်တော်ရို့အား ပြောဆို၏။
JOH 11:17 ယေသျှုသည် ရောက်တော်မူသောအခါ လာဇရုအား သဂြိုဟ်ခသည်မှာ လေးရက် ကြာပြီဖြစ်၏။
JOH 11:18 ဗေသနိရွာသည် ယေရုဆလင်မြို့နှင့် နှစ်မိုင်ခန့်သာ ဝီးသည်ဖြစ်၍၊
JOH 11:19 ယုဒလူရို့သည် မာရိနှင့် မာသရို့၏မောင် သီဆုံး၍ သူရို့ကို နှစ်သိမ့်ပီးရန် လာကြ၏။
JOH 11:20 ယေသျှုလာသည်ကို မာသသည် ကြားလျှင် ကိုယ်တော့်ကို ခရီးဦးကြိုပြုရန် ထွက်လားသော်လည်း မာရိကား အိမ်တွင် ကျန်ခ၏။
JOH 11:21 မာသက ယေသျှုအား၊ “အသျှင်၊ အသျှင်သာ ဤနီရာ၌ ဟိမည်ဆိုလျှင် အကျွန့်မောင် သီဆုံးလိမ့်မည် မဟုတ်ပါ။
JOH 11:22 ယေဒါလည်း အဂုပင်လျှင် အသျှင် တောင်းသမျှအရာတိအား ဘုရားသခင်က ပီးမည်ဆိုသည်ကို အကျွန်သိပါ၏” ဟု လျှောက်လေ၏။
JOH 11:23 ယေသျှုကလည်း “သင်၏မောင်သည် အသက်ပြန်ရှင်လိမ့်မည်” ဟု သူမအား မိန့်တော်မူ၏။
JOH 11:24 မာသက “နောက်ဆုံးနိ့ဖြစ်သော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ဆိုသည်ကို အကျွန်သိပါ၏” ဟု ပြန်လျှောက်လေ၏။
JOH 11:25 ယေသျှုကလည်း “ငါသည် ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သီလွန်သော်လည်း အသက်ရှင်လိမ့်မည်။
JOH 11:26 ငါ့ကို ယုံကြည်ပြီး အသက်ရှင်နိန်သည့် လူတိလည်း သီခြင်းတရားနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါစကားကို ယုံသလော” ဟု မိန်းတော်မူ၏။
JOH 11:27 မာသက၊ “ယုံပါ၏ အသျှင်။ အသျှင်သည် ဤလောကသို့ ကြွလာသော ဘုရားသခင်၏သားတော် မေသျှိယ ဖြစ်တော်မူကြောင်းကို အကျွန် ယုံပါ၏” ဟု လျှောက်၏။
JOH 11:28 ထိုသို့ လျှောက်ထားပြီးနောက် မာသသည် အိမ်သို့ပြန်၍ သူမ၏အစ်မ မာရိအား တိုးတိတ်စွာခေါ်၍ “ဆရာ ရောက်လာတော်မူယာ။ သင့်ကို မိန်းနိန်၏” ဟု ပြောလေ၏။
JOH 11:29 မာရိသည် ထိုစကားကြားလျှင် အယင် ထပြီးလျှင် ကိုယ်တော်ပါးသို့ လားလေ၏။
JOH 11:30 ယေသျှုသည် ရွာထဲကို မဝင်ရသိမ့်။ မာသ ခရီးဦးကြိုပြုသော အရပ်တွင်သာ ဟိသိမ့်၏။
JOH 11:31 မာရိအား နှစ်သိမ့်ခြင်းငှာ အိမ်သို့ ရောက်နိန်ကြသော ယုဒလူရို့သည် မာရိ အလျင်အမြန် ထလားသည်ကို မြင်လျှင် ငိုကြွီးရန် သင်္ချိုင်းသို့ လားသည်ဟု ထင်မှတ်ကြ၏။ သူရို့သည်လည်း မာရိနောက်သို့ လိုက်လာကြ၏။
JOH 11:32 မာရိသည် ယေသျှုဟိရာအရပ်သို့ ရောက်သောအခါ ကိုယ်တော့်ကို မြင်သဖြင့် ရှိ့တော်၌ ပျပ်ဝပ်လျက် “အသျှင်၊ အသျှင်သာ ဤအရပ်၌ ဟိတော်မူခလျှင် အကျွန့်မောင် သီရမည် မဟုတ်ပါ” ဟု လျှောက်လေ၏။
JOH 11:33 မာရိမှစ၍ သူမနှင့်အတူ လိုက်လာကြသော ယုဒလူအားလုံး ငိုကြွီးနိန်သည်ကို ယေသျှုသည် မြင်တော်မူလျှင် စိတ်တော်အလွန်ညှိုးငယ်၍ စိတ်မချမ်းမသာ ဖြစ်တော်မူ၏။
JOH 11:34 ကိုယ်တော်က “သူ့အလောင်းကို ဇာမှာ သင်္ဂြိုဟ်ကြသနည်း” ဟု မိန်းတော်မူလျှင်၊ ထိုသူရို့က၊ “အသျှင်၊ လာ၍ ကြည့်တော်မူပါ” ဟု လျှောက်ထားကြ၏။
JOH 11:35 ယေသျှုသည် မျက်ရည်ကျတော်မူ၏။
JOH 11:36 ယုဒလူအပေါင်းရို့က “ဤသူသည် လာဇရုကို ဇာလောက် ချစ်သည်ကို ကြည့်ကတ်ပါ” ဟု ဆိုကြ၏။
JOH 11:37 တချို့သော သူရို့က “မျက်ကန်းတိကို မျက်စိပြန်မြင်စီသောသူသည် လာဇရုကို မသီစီခြင်းငှာ မတတ်နိုင်လား” ဟု ဆိုကြ၏။
JOH 11:38 ယေသျှုသည် စိတ်နှလုံး အလွန်ညှိုးငယ်၍ သင်္ချိုင်းဂူသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူ အပေါက်ဝကိုလည်း ကျောက်တုံးဖြင့် ပိတ်ထား၏။
JOH 11:39 ယေသျှုကလည်း “ကျောက်တုံးကို ဖယ်လိုက်ကြ” ဟု အမိန့်ပီးတော်မူ၏။ သီဆုံးသူ၏ အစ်မဖြစ်သော မာသက “အသျှင်၊ သင်္ဂြိုဟ်ထားသည်မှာ လေးရက်ဟိနီပြီဖြစ်၍ အနံ့ထွက်နိန်ဖို့ယာ” ဟု လျှောက်၏။
JOH 11:40 ယေသျှုကလည်း “သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မြင်ရလိမ့်မည်၊ ငါပြောထားသည် မဟုတ်လော” ဟု သူမအား မိန့်တော်မူ၏။
JOH 11:41 သူရို့သည် ကျောက်တုံးကို ဖယ်လိုက်ကြ၏။ ယေသျှုသည် အထက်သို့ မျှော်ကြည့်တော်မူပြီးလျှင် “အဘ၊ ကိုယ်တော်သည် အကျွန့်စကားကို နားညောင်းတော်သောကြောင့် ကျေးဇူးတော်ကြီးမားလှပါ၏၊
JOH 11:42 ကိုယ်တော်သည် အကျွန့်စကားကို အစဉ်အမြဲ နားညောင်းတော်မူကြောင်းကို အကျွန်သိပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန့်ကို စီရွှတ်တော်မူကြောင်း၊ ဤလူအပေါင်းရို့ ယုံကြည်ကြရန် သူရို့အကျိုးကို ထောက်၍ လျှောက်ပါ၏” ဟု မြွက်ဆိုတော်မူ၏။
JOH 11:43 ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က “လာဇရု ထွက်လာလော့” ဟု ကျယ်သောအသံနှင့် ဟစ်ခေါ်တော်မူ၏။
JOH 11:44 ထိုအခါ သီလွန်သောသူသည် အသုဘအဝတ်ဖြင့် ခြီနှင့် လက်တိကို ရစ်ပတ်ထားပြီး၊ မျက်နှာ၌ အဝတ်ဖြင့် ပတ်ထားလျက် ထွက်လာလေ၏။ ယေသျှုကလည်း “သူ့ကို ဖြီပီး၍ လားခွင့်ပြုကြလော့” ဟု မိန့်တော်မူ၏။
JOH 11:45 ထိုအခါ မာရိပါးသို့ လာလည်ကြသော ယုဒလူအပေါင်းရို့သည် ယေသျှု ပြုတော်မူသောအမှုကို တွိ့မြင်ကြသဖြင့် ကိုယ်တော့်ကို ယုံကြည်လာကြ၏။
JOH 11:46 သို့ရာတွင် လူတချို့သည် ဖာရိယှဲရို့ပါးသို့လား၍ ယေသျှု ပြုတော်မူသည့်အကြောင်းကို ပြောပြကြ၏။
JOH 11:47 သို့ဖြစ်၍ ဖာရိယှဲရို့နှင့် ယဇ်ပုရောဟိတ် အကြီးအကဲရို့သည် ယုဒလွှတ်အရာဟိတိကို စည်းဝေးစီ၍ “ဤသူသည် အံဖွယ်နိမိတ်လက္ခဏာတိကို ပြနိန်၏။ ငါရို့ ဇာပိုင် လုပ်ကြရမည်နည်း။
JOH 11:48 သူ့ကို ဤသို့ ခွင့်ပြုထားလျှင် လူတိုင်းက သူ့ကို ယုံကြည်လာကြလိမ့်မည်။ ရောမ အာဏာပိုင်တိကလည်း လာပြီးလျှင် ငါရို့ ဗိမာန်တော်နှင့် ငါရို့ လူမျိုးတိကို ဖျက်ဆီးပစ်ပါလိမ့်မည်” ဟု ဆိုကြ၏။
JOH 11:49 သူရို့ထဲမှ ထိုနှစ်အတွက် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖဆိုသူက “သင်ရို့သည် ဇာကြောင့် ပညာကန်းနိန်ကြသနည်း၊
JOH 11:50 ယုဒတစ်မျိုးသားလုံး ပျက်စီးရသည်ထက်၊ လူအားလုံးအတွက် လူတစ်ယောက် သီရသည်ကား သာ၍ကောင်းသည်ကို မသိကြသလော” ဟု ဆို၏။
JOH 11:51 ထိုသို့ဆိုရာ၌ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဆိုသည် မဟုတ်။ ပရောဖက်ဉာဏ်ဖြင့် ထိုနှစ်အတွက် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ယေသျှုသည် ယုဒတစ်မျိုးသားလုံးအတွက် သီရမည် ဟူ၍လည်းကောင်း၊
JOH 11:52 ယုဒလူမျိုးတိအတွက်သာမက ကွဲလွင့်နိန်သော ဘုရားသခင်၏ လူမျိုးတော်များကို တစ်စုတစ်လုံးတည်း ဖြစ်စီရန် အသီခံရမည် ဟူ၍လည်းကောင်း ကြိုတင် ဟောကြားခြင်းဖြစ်၏။
JOH 11:53 ထိုနိ့မှစ၍ ယုဒအာဏာပိုင်ရို့သည် ယေသျှုကိုသတ်ရန် စီစဉ်ကြ၏။
JOH 11:54 ထို့ကြောင့် ယေသျှုသည် ယုဒပြည်တွင် ထင်ရှားစွာ လားလာခြင်းကို မပြုလီယာ။ သို့ရာတွင် ထိုအရပ်မှ ထွက်ခွါတော်မူ၍ တောကန္တာရအနား၊ ဧဖရိမ်အမည်ဟိသော မြို့သို့ ကြွတော်မူပြီးလျှင် တပည့်တော်ရို့နှင့်အတူ နီတော်မူ၏။
JOH 11:55 ပသခါပွဲတော်အခါ နီးလာပြီဖြစ်၍ အရပ်ရပ်မှ များစွာသော ယုဒလူရို့သည် မိမိရို့အား သန့်ယှင်းစင်ကြယ်စီရန် ပွဲတော်အခါမစခင် ယေရုဆလင်မြို့သို့ လာကြ၏။
JOH 11:56 ထိုသူရို့သည် ယေသျှုကိုရှာလျက် ဗိမာန်တော်တွင် စုရုံးလာကြသောအခါ “သူသည် ဤပွဲတော်ကို မလာမည်မှာ သေချာသလား။ သင်ရို့ မည်သို့ ထင်ကြသနည်း” ဟု အချင်းချင်း မိန်းမြန်းကြ၏။
JOH 11:57 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဖာရိယှဲရို့က ဇာသူမဆို ယေသျှုဟိသော အရပ်ကိုသိလျှင် သူရို့သည် ကိုယ်တော့်ကို ဖမ်းဆီးနိုင်ရန် အကြောင်းကြားရမည်ဟု အမိန့်ထုတ်ထားပြီး ဖြစ်လေ၏။
JOH 12:1 ယေသျှုသည် ပသခါပွဲတော် အခါမကျမီ ခြောက်ရက်အလို၌ သီပြီးမှပြန်၍ အသက်ရှင်လာသူ၊ ဗေသနိရွာ၌ဟိသော လာဇရုနီထိုင်ရာ အိမ်သို့ ကြွတော်မူ၏။
JOH 12:2 ကိုယ်တော့်ကို ညစာဖြင့် ဧည့်ခံရာ၌ မာသသည် အာဂန္တုဝတ်ကို ပြုလေ၏။ ယေသျှုနှင့်အတူ စားပွဲ၌ လျောင်းနိန်သော သူရို့ထဲတွင် လာဇရုလည်းပါ၏။
JOH 12:3 ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှီးစစ်စစ် နှစ်ဆယ်ကျပ်သားကို ယူ၍ ယေသျှု၏ ခြီတော်ကို လောင်းချပြီးနောက် မိမိဆံပင်ဖြင့် သုတ်လေ၏။ ဆီမွှီး၏အနံ့သည် တစ်အိမ်လုံးကို မွှီးကြိုင်လေ၏။
JOH 12:4 ယေသျှု၏ တပည့်တော်တစ်ဦးဖြစ်ပြီး ကိုယ်တော့်ကို အပ်နှံမည့်သူ ယုဒသျှာကာရုတ်က၊
JOH 12:5 “ဤဆီမွှီးကို ငွီဒင်္ဂါး ၃၀၀ နှင့်ရောင်း၍ ဆင်းရဲသားရို့အား ဇာကြောင့် မပီးသနည်း” ဟု ဆို၏။ ထိုငွီဒင်္ဂါး ၃၀၀ သည် လူတစ်ယောက်၏ တစ်နှစ်စာ လုပ်အားခနှင့် ညီမျှ၏။
JOH 12:6 ဤသို့ ပြောဆိုရာ၌ သူသည် ဆင်းရဲသားရို့အား ကြင်နာထောက်ထား၍ မဟုတ်၊ သူသည် ခိုးတတ်သောသူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖဲသာအိတ်ကို လွယ်ရသူဖြစ်ပြီး ဖဲသာများကို ကိုယ့်အဖို့ နှိုက်ယူ သုံးစွဲလေ့ ဟိ၏။
JOH 12:7 ယေသျှုကလည်း “ထိုမိန်းမကို မနှောက်ယှက်ကေ့။ သူမသည် ငါ့အလောင်းကို သင်္ဂြိုဟ်ခြင်းငှာ ပျင်ဆင်ရသော နိ့အတွက် ဤဆီမွှီးကို သိမ်းထားပါစီ။
JOH 12:8 ဆင်းရဲသားရို့ကား သင်ရို့နှင့်အတူ အစဉ်အမြဲ ဟိနိန်ကြ၏။ သို့သော်လည်း သင်ရို့မူကား ငါနှင့် အစဉ်အမြဲ ဟိလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
JOH 12:9 ဗေသနိရွာ၌ ယေသျှု ဟိတော်မူကြောင်းကို ကြားလျှင် များစွာသော ယုဒလူရို့သည် ထိုရွာသို့ ရောက်လာကြ၏။ သူရို့သည် ယေသျှုကြောင့်သာ လာကြခြင်း မဟုတ်ဘဲ၊ ကိုယ်တော်က သီခြင်းမှ အသက်ပြန်ရှင်စီသူ လာဇရုကိုလည်း တွိ့မြင်လို၍ လာကြခြင်းဖြစ်၏။
JOH 12:10 ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့က လာဇရုကိုလည်း သတ်ရန် ကြံစည်ခြင်း ဖြစ်ကြ၏။
JOH 12:11 အကြောင်းမူကား လာဇရုကြောင့် များစွာသော ယုဒလူရို့သည် ထိုသူရို့ကို စွန့်ခွာ၍ ယေသျှုကို ယုံကြည်သောကြောင့် ဖြစ်၏။
JOH 12:12 နောက်တစ်နိ့၌ ပသခါပွဲတော်သို့ လာကြသော လူစုလူဝေးကြီးသည် ယေရုဆလင်မြို့သို့ ယေသျှု ကြွလာတော်မူမည့် အကြောင်းကို ကြားသိကြလေ၏။
JOH 12:13 ထို့ကြောင့် သူရို့သည် စွန်ပလွံခက်များကို ယူ၍ “ဘုရားသခင်ကို ချီးမွမ်းကြလော့။ သခင်ဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာဟိစီသတည်း။ ဣသရေလ သျှင်ဘုရင်သည် မင်္ဂလာဟိစီသတည်း” ဟု ကြွေးကြော်လျက် ကိုယ်တော့်ကို ကြိုဆိုရန် ထွက်လာကြ၏။
JOH 12:14 ယေသျှုသည် မြည်းသျှေတစ်ကောင်ကို တွိ့၍ စီးတော်မူ၏။ ကျမ်းစာတော်မြတ်တွင်၊
JOH 12:15 “အို ဇိအုန်မြို့၊ မကြောက်ကေ့။ သင်ရို့၏ သျှင်ဘုရင်သည် မြည်းသျှေကိုစီး၍၊ ကြွလာသည်ကို ကြည့်ရှုကြလော” ဟု ဆိုထားသည်နှင့်အညီ ဖြစ်လေ၏။
JOH 12:16 ထိုအချိန်ခါက တပည့်တော်ရို့သည် ဤကျမ်းစာကို နားမလည်ကြ။ ယေသျှုသည် ဘုန်းတော်နှင့် ထမြောက်တော်မူသောအခါမှ ဤကျမ်းစာချက်ကား ကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ သူရို့သည် ကိုယ်တော်အတွက် ထိုသို့ပြုခသည်ကိုလည်းကောင်း မှတ်မိကြ၏။
JOH 12:17 ယေသျှုသည် လာဇရုအား သင်္ချိုင်းတွင်းထဲမှ ခေါ်ထုတ်၍ အသက်ပြန်ရှင်လာသောအခါက ကိုယ်တော်နှင့်အတူ လိုက်ကြသော သူရို့သည် ထိုအဖြစ်ပျက်ကို သက်သီခံကြ၏။
JOH 12:18 ကိုယ်တော်ပြုခသော အံ့ဖွယ်နိမိတ်လက္ခဏာအကြောင်းကို ကြားရသောကြောင့် များစွာသော လူရို့သည် ကိုယ်တော့်ကို ကြိုဆိုရန် လာကြ၏။
JOH 12:19 ဖာရိယှဲရို့ကလည်း “ငါရို့သည် အောင်မြင်ခြင်း မဟိသည်ကို မြင်သလော။ ကြည့်ကတ်၊ လောကကြီးတစ်ခုလုံးက သူ့နောက်သို့ လိုက်ပါလားကြပြီတကား” ဟု အချင်းချင်း ပြောဆိုကြ၏။
JOH 12:20 ပွဲတော်အတွင်း ဝတ်ပြုကိုးကွယ်ရန် ယေရုဆလင်မြို့သို့ လာကြသော လူထဲတွင် ဟေလသအမျိုးသား တချို့ပါ၏။
JOH 12:21 သူရို့သည် ဂါလိလဲပြည် ဗက်ဇဲဒမြို့သားဖြစ်သူ ဖိလိပ္ပုပါးသို့ လားကြ၍ “ဆရာ၊ အကျွန်ရို့သည် ယေသျှုကို မြင်ချင်ပါ၏” ဟု တောင်းဆိုကြ၏။
JOH 12:22 ဖိလိပ္ပုသည် ထိုအကြောင်းကို အန္ဒြေအား ပြောပြပြီးလျှင် သူရို့နှစ်ယောက်သည် ယေသျှုထံသို့ အတူတကွလား၍ လျှောက်ကြ၏။
JOH 12:23 ယေသျှုက သူရို့အား “လူသားသည် ကြီးမြတ်သော ဘုန်းပွင့်တော်မူရန် အချိန် အဂုပင် ရောက်လာပြီ။
JOH 12:24 မှန်သောစကားကို ငါပြောမည်၊ ဂျုံစိ့သည် မြီကြီးသို့မကျ၊ မပျက်စီးလျှင် အစိ့တစ်စိ့ထက် တိုးပွါးလိမ့်မည် မဟုတ်။ ပျက်စီးလျှင်မူကား အသီးအနှံများစွာ တိုးပွါးလိမ့်မည်။
JOH 12:25 ကိုယ့်အသက်ကို ချစ်သောသူသည် အသက်ဆုံးယှုံးလိမ့်မည်။ ဤလောက၌ မိမိအလိုသို့ မလိုက်သောသူသာလျှင် ထာဝရအသက်ကို စောင့်ရှောက်သူဖြစ်၏။
JOH 12:26 ငါ့အမှုကို ဆောင်ရွက်သောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုကို ဆောင်ရွက်သောသူဖြစ်သောကြောင့် ငါဟိသည့်အရပ်၌ ဟိလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သူကို ခမည်းတော်သည် ချီးမြောက်တော်မူလိမ့်မည်။
JOH 12:27 “အဂုတွင် ငါသည် စိတ်နှလုံး ပူပန်ခြင်းဟိ၏။ ဇာသို့ လျှောက်ရအံ့နည်း။ ‘အဖ အကျွန့်ကို စိတ်ပူပန်ခြင်းမှ ကင်းလွတ်စီတော်မူပါ’ ဟု မြွက်ဆိုရမည်လော။ ယေဒါလည်း ငါသည် ဤဒုက္ခဝေဒနာကို ခံစားရန် ယခုအချိန်နာရီသို့ ရောက်လာခြင်းဖြစ်၏။
JOH 12:28 အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းထင်ရှားစီတော်မူပါ” ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ ကောင်းကင်မှ အသံတော်ကား “ငါ၏ ဘုန်းတော်ကို ငါ့နာမ၌ ထွန်းတောက်စီယာ။ နောက်တဖန်လည်း ထွန်းတောက်စီဦးမည်” ဟု လာ၏။
JOH 12:29 ထိုနီရာတွင် ရပ်နိန်ကြသော လူအစုအဝေးရို့သည် ထိုအသံကိုကြား၍ လူတချို့က မိုးကြိမ်းသည်ဟု ဆိုကြ၏။ တချို့က “ကိုယ်တော့်ကို ကောင်းကင်တမန်က စကားပြောသည်” ဟု ဆိုကြ၏။
JOH 12:30 သို့သော် ယေသျှုက ထိုသူရို့အား “ဤအသံတော် ထွက်ပေါ်လာခြင်းက ငါ့အကျိုးတွက် မဟုတ်။ သင်ရို့အကျိုးတွက် ဖြစ်၏။
JOH 12:31 ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။
JOH 12:32 ငါသည် မြီကြီးမှခွါ၍ မြှောက်ထားခြင်းကို ခံရသည့်အခါ လူတိုင်းကို ငါ့ထံသို့ ငါဆွဲမည်” ဟု မိန့်တော်မူ၏။
JOH 12:33 ဤသို့ မိန့်တော်မူရသည်မှာ မိမိသည် ဒုက္ခဝေဒနာကိုခံရ၍ မည်သို့ အသီခံရမည်ကို အရိပ်အမြွက်အားဖြင့် ဖော်ပြတော်မူခြင်းဖြစ်၏။
JOH 12:34 လူအစုဝေးကလည်း၊ “မေသျှိယသည် အစဉ်အမြဲ အသက်ရှင်သည်ဟု အကျွန်ရို့ ပညတ္တိကျမ်း၌ ဆို၏။ သို့ဖြစ်လျှင် လူသားသည် မြီကြီးကခွါ၍ မြှောက်ထားခြင်းကို ခံရမည်ဟု ဇာပိုင် ပြောနိုင်သနည်း။ လူသားကား ဇာသူနည်း” ဟု မိန်းမြန်းကြ၏။
JOH 12:35 ယေသျှုကလည်း၊ “အလင်းသည် သင်ရို့၌ ခဏသာ ဟိလိမ့်မည်။ သင်ရို့အား အမှောင် မဖုံးလွှမ်းစီရန် အလင်းဟိစဉ်၌ လားလာကြလော့။ အမှောင်၌ လားလာနိန်သူသည် ဇာအရပ်သို့ လားလာသည်ကိုမသိ။
JOH 12:36 ထို့ကြောင့် အလင်းဟိနိန်ခိုက်တွင် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်ရို့သည် အလင်း၏သားသမီးတိ ဖြစ်လာကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူပြီးနောက် ယေသျှုသည် ထွက်ကြွ၍ ထိုသူရို့ကို တိမ်းယှောင်လျက်နိန်တော်မူ၏။
JOH 12:37 သူရို့မျက်မှောက်တွင် နိမိတ်လက္ခဏာများစွာကို ပြခသော်လည်း ကိုယ်တော့်ကို မယုံကြည်ကြ။
JOH 12:38 ပရောဖက်ဟေသျှာယ ဟောဖူးသည်ကား၊ “အို သခင်ဘုရား၊ ငါရို့ ဟောပြောသည့်စကားကို ဇာသူ ယုံပါမည်နည်း၊ သခင်ဘုရားသည် တန်ခိုးတော်ကို ဇာသူ့ထံပါးသို့ ထင်ရှားပါမည်နည်း” ဟူသော စကားသည် ပြည့်စုံခြင်းပင်ဖြစ်သတည်း။
JOH 12:39 ထိုစကားကြောင့် သူရို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။ အကြောင်းမှာ ဟေသျှာယက၊
JOH 12:40 “ဘုရားသခင်သည် သူရို့မျက်စိကို ကွယ်စီတော်မူ၏၊ သူရို့၏ စိတ်နှလုံးကို မိုက်စီသောကြောင့်၊ သူရို့မျက်စိသည် မမြင်နိုင်၊ သူရို့၏ စိတ်နှလုံးသည် နားမလည်နိုင်၊ သူရို့သည် နောင်တမရနိုင်ကြသောကြောင့်၊ သူရို့သည် ကျန်းမာခြင်းကို မရကြ ဟူ၍ ဘုရားသခင်မိန့်တော်မူ၏” ဟု ဆို၏။
JOH 12:41 ဟေသျှာယသည် ယေသျှု၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏ အကြောင်းကို ဤသို့ မြွက်ဆိုခြင်းဖြစ်၏။
JOH 12:42 သို့စေကာမူ များစွာသော ယုဒအာဏာပိုင်ရို့ကလည်း ယေသျှုကို ယုံကြည်ကြ၏။ သို့သော်လည်း ဖာရိယှဲရို့ကြောင့် တရားဇရပ်မှ နှင်ထုတ်ခံရမည်ကို ကြောက်၍ မိမိရို့ ယုံကြည်ကြကြောင်းကို ပွင့်လင်းစွာ ဝန်မခံကြပေ။
JOH 12:43 ထိုသူရို့က ဘုရားသခင်၏ ချီးမွမ်းခြင်းထက် လူရို့၏ ချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသူများ ဖြစ်ကြ၏။
JOH 12:44 ယေသျှုက အော်ဟစ်၍ “ငါ့ကို ယုံကြည်သူသည် ငါ့ကိုသာ မဟုတ် ငါ့ကို စီရွှတ်တော်မူသည့် သူကိုပင်လျှင် ယုံကြည်၏။
JOH 12:45 ငါ့ကို မြင်သောသူသည်လည်း ငါ့ကို စီရွှတ်တော်မူသော သူကိုလည်း မြင်၏။
JOH 12:46 ငါ့ကို ယုံကြည်သောသူတိုင်းကို မှောင်မိုက်ထဲ၌ မကျန်ခစီရန်အတွက် ငါသည် အလင်းအဖြစ်ဖြင့် လောကကို ကြွလာပြီ။
JOH 12:47 ငါ၏ သတင်းစကားကို ကြားလျက်နှင့် မနာခံသောသူကို ငါသည် တရားမစီရင်။ လောကသားတိကို အပြစ်စီရင်ရန် ငါလာသည် မဟုတ်၊ ကယ်တင်ဖို့ရန် လာခြင်းဖြစ်၏။
JOH 12:48 ငါ့ကိုပယ်၍ ငါဟောပြောသော သတင်းစကားကို နာမခံသောသူအား တရားစီရင်မည့်သူ ဟိသိမ့်၏။ ငါဟောပြောသည့်စကားပင် နောက်ဆုံးသောနိ့၌ ထိုသူရို့ကို တရားစီရင်လိမ့်မည်။
JOH 12:49 ဇာကြောင့်ဆိုသော် ငါသည် ကိုယ့်အခွင့်အာဏာနှင့် ဟောပြောသည် မဟုတ်။ သို့ရာတွင် ငါဟောပြောသော အရာအားလုံးသည် ငါ့ကို စီရွှတ်တော်မူသော ခမည်းတော်က ဟောပြောခိုင်းသည့်အတိုင်း ငါဟောပြောခြင်း ဖြစ်၏။
JOH 12:50 ခမည်းတော်၏ ပညတ်တော်သည် ထာဝရအသက် ယူဆောင်လာသည်ကို ငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာသည်ကား ခမည်းတော်သည် ငါ့အား ဟောပြောခိုင်းသည့်အတိုင်း ငါဟောပြောခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 13:1 အဂုအခါကား ပသခါပွဲတော်မတိုင်ခင် တစ်ရက်ဖြစ်၏။ ယေသျှုသည် ဤလောကမှ ထွက်ခွါ၍ ခမည်းတော်ထံပါးသို့ ကြွတော်မူရမည့် အချိန်ကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ဟိသော မိမိလူတိကို အစဉ်အမြဲ ချစ်သောကြောင့် အဆုံးတိုင်အောင် သူရို့ကို ချစ်တော်မူ၏။
JOH 13:2 ယေသျှုနှင့် တပည့်တော်ရို့သည် ညစာစားလျက်နိန်ကြ၏။ ယေသျှုကို ရန်သူ့လက်သို့ အပ်နှံရန် မာရ်နတ်သည်သျှိမုန်သျှာကာရုတ်၏သား ယုဒ၏ စိတ်နှလုံးထဲ၌ အကြံအစည်ကို ထည့်ထားပြီး ဖြစ်သတည်း။
JOH 13:3 ခမည်းတော်သည် မိမိအား အလုံးစုံသောတန်ခိုး အပ်တော်မူထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံပါးမှ ကြွလာ၍ ဘုရားသခင်ထံတော်ပါးသို့ ပြန်ကြွလားမည်ကိုလည်းကောင်း သိတော်မူ၏။
JOH 13:4 ထို့ကြောင့် ကိုယ်တော်သည် စားပွဲမှထ၍ ဝတ်ရုံတော်ကို ချွတ်တော်မူပြီးလျှင် ပုဝါပိုင်းကိုယူ၍ ခါး၌ ချိုင်ထား၏။
JOH 13:5 ထို့နောက် ကိုယ်တော်သည် ရီအချို့ကို အင်ဒုံ၌ လောင်းထည့်၍ တပည့်တော်ရို့၏ ခြီကို ဆီးတော်မူပြီးလျှင် ခါး၌ ပတ်ထားသော ပုဝါပိုင်းနှင့် သုတ်တော်မူ၏။
JOH 13:6 သျှိမုန်ပေတရုပါးသို့ ရောက်တော်မူလျှင်၊ ပေတရုက “အသျှင်၊ အကျွန့်ခြီကို ဆီးတော်မူပါမည်လော” ဟု မိန်းလျှောက်၏။
JOH 13:7 ယေသျှုကလည်း၊ “ငါပြုသောအမှုကို သင်သည် အဂု နားမလည်သိမ့်။ သို့ရာတွင် သင်ရို့သည် နောက်မှ နားလည်လာလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 13:8 ပေတရုက “ကိုယ်တော်သည် အကျွန်၏ခြီကို မည်သည့်အခါမှ မဆီးရပါ” ဟု လျှောက်ဆို၏။ ယေသျှုကလည်း “သင့်ခြီကို ငါမဆီးရလျှင်၊ သင်သည် ငါ၏တပည့် မဖြစ်နိုင်” ဟု မိန့်တော်မူ၏။
JOH 13:9 သျှိမုန်ပေတရုက၊ “အသျှင်၊ အကျွန်၏ ခြီကို မဆီးဘဲ လက်နှင့် ဦးဂေါင်းကိုသာ ဆီးပီးပါ” ဟု လျှောက်လေ၏။
JOH 13:10 ယေသျှုကလည်း၊ “ရီချိုးပြီးသောသူသည် တစ်ကိုယ်လုံး စင်ကြယ်သည်ဖြစ်၍ ခြီကိုဆီးကြောခြင်းမှလွဲ၍ တစ်ကိုယ်လုံး ဆီးကြောစရာမလို။ တစ်ယောက်သောသူမှတစ်ပါး သင်ရို့အားလုံးသည် စင်ကြယ်ကြ၏” ဟု မိန့်တော်မူ၏။
JOH 13:11 ယေသျှုသည် မိမိအား သစ္စာဖောက်မည်ကို သိသောကြောင့် ကိုယ်တော်က၊ “တစ်ယောက်သောသူမှတစ်ပါး သင်ရို့အားလုံးသည် စင်ကြယ်ကြ၏” ဟု မိန့်တော်မူခြင်းဖြစ်၏။
JOH 13:12 ကိုယ်တော်သည် တပည့်တော်ရို့၏ခြီကို ဆီးတော်မူပြီးမှ ဝတ်ရုံကို ပြန်၍ဝတ်ပြီး စားပွဲ၌ ထိုင်တော်မူ၏။ ကိုယ်တော်က၊ “သင်ရို့အတွက် ငါပြုခသည့်အမှုကို နားလည်ကြသလော။
JOH 13:13 သင်ရို့က ငါ့ကို ဆရာ ဟူ၍လည်းကောင်း၊ အသျှင် ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ အကြောင်းမူကား၊ သင်ရို့ ခေါ်သည်မှာ ဟုတ်မှန်သည်ဖြစ်၍ လျောက်ပတ်ပေ၏။
JOH 13:14 ငါကား သင်ရို့၏ ဆရာဖြစ်သကဲ့သို့ သင်ရို့၏သခင်ဘုရားလည်း ဖြစ်လျက်နှင့်ပင် သင်ရို့ခြီကို ဆီးပီး၏။ ထို့ကြောင့် သင်ရို့လည်း အချင်းချင်းခြီကို ဆီးပီးကြလော။
JOH 13:15 သင်ရို့၌ ငါပြုသကဲ့သို့ သင်ရို့ အချင်းချင်းလည်း ပြုကြစီရန် စံနမူနာကို ငါပြခယာ။
JOH 13:16 ငါအမှန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် မကြီးမြတ်နိုင်သကဲ့သို့ စီရွှတ်ခြင်းခံရသူတိလည်း စီရွှတ်သူထက် မကြီးမြတ်နိုင်။
JOH 13:17 ဤစကားကို သင်ရို့ အဂု သိကြပြီ။ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာ ဟိကြလိမ့်မည်။
JOH 13:18 “သင်ရို့အားလုံးကို ရည်မှတ်ပြီး ငါပြောသည် မဟုတ်၊ ငါရွီးချယ်ထားသော သူတိကို ငါသိ၏။ ယေဒါလည်း ကျမ်းစာတော်မြတ်၌ ‘ငါ့ထမင်းကို စားသောသူသည် ငါ့ကို ခြီနှင့် ပြန်ကျောက်သတည်း’ ဟု ဖော်ပြထားသည်အတိုင်း ပြည့်စုံလာရမည်။
JOH 13:19 ထိုအဖြစ်ပျက်တိ မဖြစ်ပျက်ခင် ‘ငါဖြစ်သည်အတိုင်း၊ ငါဖြစ်သည်’ ကို သင်ရို့ ယုံကြည်လာကြစီရန် အဂုပင်လျှင် ကြိုတင်၍ သင်ရို့အား ငါပြောထားပြီ။
JOH 13:20 ငါအမှန်ဆိုသည်ကား၊ ငါစီရွှတ်သောသူကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကို စီရွှတ်သော အသျှင်ကိုလက်ခံ၏” ဟု မိန့်တော်မူ၏။
JOH 13:21 ဤသို့ မိန့်တော်မူပြီးသောအခါ ယေသျှုသည် အလွန်စိတ်သောက ရောက်တော်မူ၍ “ငါအမှန် ဆိုသည်ကား၊ သင်ရို့အထဲက တစ်ယောက်သည် ငါ့အား ရန်သူ့လက်သို့ အပ်နှံလိမ့်မည်” ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။
JOH 13:22 ဇာသူ့ကို ရည်စူး၍ မိန့်တော်မူသည်ကို တပည့်တော်ရို့သည် စဉ်းစားမရနိုင်သဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြ၏။
JOH 13:23 ထိုသူရို့ထဲမှ ယေသျှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော့်နားကပ်၍ ထိုင်နိန်တော်မူ၏။
JOH 13:24 သျှိမုန်ပေတရုကလည်း “ကိုယ်တော်က ဇာသူ့ကို ရည်ရွယ်၍ မိန့်တော်မူပါသနည်း” ဟု မိန်းလျှောက်ရန် ထိုတပည့်တော်အား မျက်ရိပ်ပြ၍ မိန်းစီ၏။
JOH 13:25 ထို့ကြောင့် ထိုတပည့်တော်သည် ယေသျှုအနားသို့ ချဉ်းကပ်၍ “အသျှင်၊ ထိုသူကား ဇာသူဖြစ်သနည်း” ဟု လျှောက်၏။
JOH 13:26 ယေသျှုက “ဤမုန့်တစ်ဖဲ့ကို အချဉ်ရည်၌ တို့၍ ငါပီးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့နောက် မုန့်တစ်ဖဲ့ကို အချဉ်ရည်ခွက်ထဲ၌ တို့ပြီးလျှင် သျှိမုန်သျှာကာရုတ်၏သား ယုဒကို ပီးလေ၏။
JOH 13:27 ယုဒသည် ထိုမုန့်ကို ခံယူလိုက်သည်နှင့်တပြိုင်နက် စာတန်မာရ်နတ်သည် သူအထဲသို့ ဝင်လေ၏။ ယေသျှုကလည်း၊ “သင် ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့” ဟု မိန့်တော်မူ၏။
JOH 13:28 သို့ရာတွင် စားပွဲ၌ လျောင်းနိန်သောသူရို့က ယေသျှုသည် ဇာဖြစ်၍ ထိုသို့ မိန့်တော်မူကြောင်းကို နားမလည်ကြပေ။
JOH 13:29 ယုဒသည် ဖဲသာအိတ်ကို ကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက် လိုအပ်သည်များကို ဝယ်ယူရန် သော်လည်းကောင်း၊ ဆင်းရဲသားရို့အား ပီးကမ်းရန် သော်လည်းကောင်း ယေသျှုမှာထားသည်ဟု တပည့်တော်တချို့က ထင်မှတ်ကြ၏။
JOH 13:30 ယုဒသည် မုန့်တစ်ဖဲ့ကို ခံယူပြီးလျှင် ချက်ချင်း ထွက်လားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
JOH 13:31 ယုဒ ထွက်လားပြီးနောက် ယေသျှုက၊ “အဂုတွင် လူသားသည် ဘုန်းတော်ထင်ရှားလျက် ဟိသည်ဖြစ်၍၊ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်လည်း လူသားအားဖြင့် ထင်ရှားခြင်းဟိ၏။
JOH 13:32 ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတန်ခိုးတော် ထင်ရှားတော်မူလျှင်၊ ဘုရားသခင်သည် မိမိကိုယ်တိုင်အားဖြင့် သားတော်အား ဘုန်းထင်ရှားစီတော်မူ၍ သူ၏ဘုန်းတော်ကို ချက်ချင်း ထင်ရှားစီတော်မူလိမ့်မည်။
JOH 13:33 ချစ်သားရို့၊ ငါသည် သင်ရို့နှင့်အတူ ခဏသာ နီရ၏။ သင်ရို့ ငါ့ကို ရှာကြလိမ့်မည်။ ‘ငါလားမည့် နီရာသို့ သင်ရို့ မလိုက်နိုင်ကြ’ ဟု ယုဒအာဏာပိုင်တိကို ပြောခသည်အတိုင်း သင်ရို့ကိုလည်း အဂု ငါပြော၏။
JOH 13:34 ‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။
JOH 13:35 သင်ရို့ အချင်းချင်းချစ်ကြလျှင် လူတိုင်းက သင်ရို့သည် ငါ့တပည့်တိဖြစ်ကြောင်း သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 13:36 သျှိမုန်ပေတရုက “အသျှင်၊ ဇာအရပ်သို့ ကြွတော်မူပါမည်နည်း” ဟု လျှောက်သော်၊ ယေသျှုကလည်း “ငါလားမည့်နီရာသို့ သင်သည် အဂု မလိုက်နိုင်၊ နောက်မှ လိုက်ရလိမ့်မည်” ဟု ဖြေကြားတော်မူ၏။
JOH 13:37 ပေတရုက၊ “အသျှင်၊ အကျွန်သည် ဇာဖြစ်လို့ အဂု မလိုက်နိုင်ရသနည်း။ အကျွန်သည် ကိုယ်တော်အတွက် အသက်စွန့်ဖို့ အဆင်သင့်ဟိပါ၏” ဟု လျှောက်လေ၏။
JOH 13:38 ယေသျှုကလည်း၊ “သင်သည် ငါ့အတွက် အသက်စွန့်ရန် အဆင့်သင့်ဟိသည်ကား အမှန်လား။ ငါအမှန် ဆိုသည်ကား၊ သင်သည် ကြက်မတွန်ခင် ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 14:1 ယေသျှုက “သင်ရို့ စိတ်ပူပန်ခြင်း မဟိကတ်ကေ့။ ဘုရားသခင်ကို ယုံကြည်ပါ။ ငါ့ကိုလည်း ယုံကြည်ပါ။
JOH 14:2 ငါ့အဖအိမ်တော်၌ အခန်းများစွာဟိ၏။ သင်ရို့အတွက် နီရာကို ပျင်ဆင်ရန် ငါလားရဦးမည်။ ထိုသို့ မဟုတ်လျှင် မဟုတ်ကြောင်းကို သင်ရို့အား ငါမပြောဘဲမနိန်။
JOH 14:3 ငါလားပြီးလျှင် သင်ရို့အတွက် နီရာကို ပျင်ဆင်ပြီးမှ ငါသည် ပြန်လာ၍ ငါဟိသည့်အရပ်၌ သင်ရို့ ဟိကြစီရန်အတွက် သင်ရို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။
JOH 14:4 ငါလားသည့်အရပ်သို့ ရောက်စီမည့်လမ်းကို သင်ရို့ သိကြ၏” ဟု သူရို့အား မိန့်တော်မူ၏။
JOH 14:5 သောမက ကိုယ်တော့်ကို “အသျှင်၊ အသျှင်ဇာအရပ်သို့ လားမည်ဆိုသည်ကို အကျွန်ရို့ မသိသည်ဖြစ်၍ ထိုလမ်းခရီးကို အကျွန်ရို့ ဇာသို့ သိနိုင်ပါမည်နည်း” ဟု လျှောက်၏။
JOH 14:6 ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
JOH 14:7 အဂု သင်ရို့သည် ငါ့ကိုသိလျှင်၊ ငါ့ခမည်းတော်ကိုလည်း သိကြမည်၊ အဂုမှစပြီး ခမည်းတော်ကို သင်ရို့သည် သိမြင်ကြ၏” ဟု ထိုသူအား မိန့်တော်မူ၏။
JOH 14:8 ဖိလိပ္ပုက “အသျှင်၊ ခမည်းတော်ဘုရားကို အကျွန်ရို့အား ပြတော်မူပါ။ ထိုသို့ ပြတော်မူလျှင် အကျွန်ရို့အလို ပြည့်စုံပါမည်” ဟု လျှောက်လေ၏။
JOH 14:9 ယေသျှုကလည်း “ဖိလိပ္ပု၊ သင်ရို့အားလုံးသည် ငါနှင့်အတူ အချိန်အကြာကြီး ဟိနိန်ခလျက်ပင် ငါ့ကို သင်မသိသလော။ ငါ့ကို မြင်ရသောသူသည် ခမည်းတော်ဘုရားကို မြင်ရသောသူ ဖြစ်၏။ ‘ခမည်းတော်ဘုရားအား ငါရို့ကို ပြပါ’ ဟု ဇာကြောင့် ပြောရသနည်း။
JOH 14:10 ငါသည် ခမည်းတော်ဘုရား၌ တည်နိန်သည်ကိုလည်းကောင်း၊ ခမည်းတော်ဘုရားကလည်း ငါ၌ တည်နိန်သည်ကိုလည်းကောင်း သင် မယုံသလော။ သင်ရို့အား ငါပြောသောစကားသည် ငါ့စကား မဟုတ်။ သို့ရာတွင် ငါ့အထဲ၌ ဟိတော်မူသော ခမည်းတော်ဘုရား ပြုတော်မူသော အမှုတိပင်ဖြစ်၏။
JOH 14:11 ငါသည် ခမည်းတော်ဘုရား၌ တည်နိန်သကဲ့သို့ ခမည်းတော်ဘုရားသည်လည်း ငါ့အထဲ၌ တည်နိန်၏ဟု ငါပြောသည်ကို ယုံကြည်ကြသလော။ ငါ့စကားကိုမယုံလျှင် ငါပြုသည့် အမှုများကိုထောက်၍ ယုံကြည်ကြလော။
JOH 14:12 ငါအမှန် ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုကို ပြုလိမ့်မည်။ ထိုမျှမက ထိုအမှုတိထက် ကြီးမြတ်သောအမှုတိကိုပင် ပြုလိမ့်မည်။ ဇာကြောင့်ဆိုသော် ငါသည် ခမည်းတော်ထံသို့ လားရမည်။
JOH 14:13 ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားစီခြင်းငှာ ငါ့နာမကိုအမှီပြု၍ သင်ရို့ တောင်းလျှောက်သည်အတိုင်း ငါပြုမည်။
JOH 14:14 ငါ့နာမကို အမှီပြု၍ သင်ရို့ ဇာဆုကိုမဆို ငါ့ကိုတောင်းလျှင်၊ တောင်းသည့်အတိုင်း ငါပြုမည်။
JOH 14:15 “သင်ရို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်တိကို စောင့်ရှောက်လိမ့်မည်။
JOH 14:16 ငါသည် ခမည်းတော်ကို တောင်းလျှောက်လျှင် သင်ရို့နှင့်အတူ အစဉ်မပြတ်ဟိ၍ သင်ရို့ကို မစတော်မူရန် အခြားတစ်ပါးသော ကူညီမစသောသူကို ပီးတော်မူလိမ့်မည်။
JOH 14:17 ထိုအသျှင်သည် ဘုရားသခင်၏ သမ္မာတရားကို ဖော်ပြသော ဝိညာဉ်တော်ဖြစ်၏။ လောကီသားတိက ထိုဝိညာဉ်တော်ကို မသိမမြင်ကြသောကြောင့် မခံယူနိုင်ကြ။ သို့ရာတွင် ထိုအသျှင်ကို သင်ရို့ သိကြ၏။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် သင်ရို့ထဲ၌ ကိန်းဝပ်တော်မူသည်ဖြစ်၍ သင်ရို့၌ ဟိလိမ့်မည်။
JOH 14:18 “ငါလားသော်လည်း သင်ရို့ကို မိဘမဲ့ ဖြစ်စီမည် မဟုတ်။ သင်ရို့ထံပါးသို့ ငါပြန်လာဦးမည်။
JOH 14:19 ခဏကြာလျှင် ဤလောကသားတိ ငါ့ကို မမြင်ရသော်လည်း သင်ရို့ကား မြင်ရလိမ့်မည်။ ငါသည် အသက်ရှင်သည်ဖြစ်၍ သင်ရို့လည်း အသက်ရှင်ကြလိမ့်မည်။
JOH 14:20 ငါသည် ခမည်းတော်၌ တည်နိန်သည်ကိုလည်းကောင်း၊ သင်ရို့သည် ငါ့၌ တည်နိန်သည်ကိုလည်းကောင်း၊ ငါသည်လည်း သင်ရို့၌ တည်နိန်သည်ကိုလည်းကောင်း ထိုနိ့ရက်၌ သင်ရို့ သိကြလိမ့်မည်။”
JOH 14:21 “ငါ့ပညတ်တိကို ခံယူ၍ စောင့်ထိန်းသူရို့သည် ငါ့ကို ချစ်သောသူတိဖြစ်၏။ ငါ့ကို ချစ်သောသူကို ခမည်းတော်ကလည်း ချစ်တော်မူ၏။ ငါကလည်း သူရို့ကို ချစ်၍ သူရို့အား ငါကိုယ်တိုင် ထင်ရှားစီမည်” ဟု မိန့်တော်မူ၏။
JOH 14:22 ယုဒ (ယုဒသျှာကာရုတ် မဟုတ်သူ) က၊ “အသျှင်၊ လောကသားတိအား မဖော်ပြဘဲ ငါရို့အား ဇာကြောင့် အသျှင်ကိုယ်တိုင် ဖော်ပြတော်မူမည်နည်း” ဟု မိန်းလျှောက်လေ၏။
JOH 14:23 ယေသျှုကလည်း၊ “ငါ့ကိုချစ်သောသူသည် ငါ၏ သွန်သင်ချက်ကို ခံယူလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကို ချစ်တော်မူလိမ့်မည်။ ငါနှင့် ငါ့ခမည်းတော်သည်လည်း သူ့ထံသို့ လာပြီးလျှင် သူနှင့်အတူ ကိန်းဝပ်လိမ့်မည်။
JOH 14:24 ငါ့ကို မချစ်သောသူသည် ငါ၏သွန်သင်ချက်ကို မခံယူတတ်။ သင်ရို့ ကြားရသော သွန်သင်ချက်ကား ငါ၏ သွန်သင်ချက် မဟုတ်။ ငါ့ကို စီရွှတ်တော်မူသော ခမည်းတော်ထံပါးမှလာသော သွန်သင်ချက်ဖြစ်၏။
JOH 14:25 “ငါသည် သင်ရို့နှင့်အတူ ဟိနိန်စဉ် ဤအရာများကို ပြောပြပြီးဖြစ်၏။
JOH 14:26 ယေဒါလည်း ခမည်းတော်က ငါ၏ နာမကြောင့် စီရွှတ်တော်မူသော ကူညီမစသော သူတည်းဟူသော သန့်ယှင်းသော ဝိညာဉ်တော်သည် ဟိသမျှအရာတိကို ပြသသွန်သင်တော်မူ၍ ငါပြောသမျှသော စကားတိကို သင်ရို့အား ပြန်လည်သတိရစီတော်မူလိမ့်မည်။
JOH 14:27 “ငြိမ်သက်ခြင်းကို သင်ရို့နှင့်အတူ ငါထားခ၏။ ငါ၏ငြိမ်သက်ခြင်းကိုလည်း သင်ရို့ကို ငါပီး၏။ လောကသားတိ ပီးသကဲ့သို့ ငါပီးသည် မဟုတ်။ သင်ရို့ စိတ်မပူပန်ခြင်း၊ စိုးရိမ်ခြင်း မဟိကတ်ကေ့။
JOH 14:28 ‘ငါသည် အဂု လားသော်လည်း သင်ရို့ထံပါးသို့ ငါပြန်လာအုံးမည်’ ဟု ပြောခသည်ကို သင်ရို့ ကြားရကြပြီ။ ခမည်းတော်သည် ငါ့ထက် ကြီးမြတ်၏။ ထို့ကြောင့် သင်ရို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံပါးသို့ ငါလားသည်ကို ဝမ်းမြောက်ကြလိမ့်မည်။
JOH 14:29 ထိုအကြောင်းအရာတိ ဖြစ်ပျက်လာသောခါ သင်ရို့ ယုံကြည်ကြစီရန် ထိုအရာတိမဖြစ်ပျက်ခင် သင်ရို့အား အဂုပင် ငါ ပြောထားခြင်းဖြစ်၏။
JOH 14:30 လောကကို အုပ်ချုပ်သူသည် လာနိန်သောကြောင့် ငါသည် သင်ရို့နှင့် အချိန်အကြာကြီး စကားမပြောနိုင်ယာ။ သူသည် ငါ့ကို မည်သို့မျှ မပြုနိုင်။
JOH 14:31 ယေဒါလည်း ငါသည် ခမည်းတော်ကို ချစ်ကြောင်း လောကသားတိအား သိစီရန် လိုအပ်၏။ ထို့ကြောင့် ခမည်းတော်က ငါ့အား မိန့်မှာတော်မူသည့်အတိုင်း လိုက်နာဆောက်ရွက်ခြင်းဖြစ်၏။ “လာကြ၊ ဤနီရာမှ လားကြကုန်အံ့” ဟု မိန့်တော်မူ၏။
JOH 15:1 “ငါသည် မှန်သောစပျစ်နွယ်ပင် ဖြစ်၏။ ငါ၏ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်၏။
JOH 15:2 သူသည် ငါ၌ အသီးမသီးသော အကိုင်းအခက်ဟူသမျှကို ဖြတ်ထုတ်ပစ်၏။ အသီးသီးသော အကိုင်းအခက်တိကို သာ၍ သီးစီခြင်းငှာ သုတ်သင်ယှင်းလင်းလိမ့်မည်။
JOH 15:3 ငါသည် သင်ရို့ကို ငါ၏ နှုတ်ကပတ်တော်ဖြင့် သန့်ယှင်းထားပြီးဖြစ်၏။
JOH 15:4 ငါသည် သင်ရို့၌ တည်သကဲ့သို့ သင်ရို့သည်လည်း ငါ၌ တည်ကြလော့။ မည်သည့်အခက်မျှ ကိုယ့်အလိုအလျှောက် အသီးမသီးနိုင်။ စပျစ်ပင်၌ တည်မှသာလျှင် အသီးသီးနိုင်၏။ ထိုကဲ့သို့ပင် သင်ရို့သည်လည်း ငါနှင့် ကွာလျှင် အသီးမသီးနိုင်ကြပေ။
JOH 15:5 “ငါသည် စပျစ်ပင် ဖြစ်၏။ သင်ရို့သည်ကား အကိုင်းအခက်တိ ဖြစ်ကြ၏။ သင်ရို့သည် ငါ၌ တည်၍ ငါသည် သင်ရို့၌ တည်လျှင် များစွာသော အသီးကို သီးကြလိမ့်မည်။ သင်ရို့သည် ငါနှင့်ကွာလျှင် ဇာတစ်ခုကိုမျှ မလုပ်နိုင်ကြပေ။
JOH 15:6 ငါ၌ မတည်သော သူသည် ခြောက်သွိ့သော အကိုင်းအခက်များ ကဲ့သို့ အပြင်သို့ ရွှင့်ပစ်ခြင်းကို ခံရ၏။ ထိုသို့သော အကိုင်းအခက်များကို စုသိမ်း၍ မီးထဲသို့ ပစ်ချခြင်းကို ခံရသဖြင့် လောင်ကျွမ်းခြင်းကို ခံရ၏။
JOH 15:7 သင်ရို့သည် ငါ၌ တည်၍ ငါ၏စကားသည် သင်ရို့၌ တည်လျှင် သင်ရို့သည် လိုချင်သမျှကို တောင်း၍ ရကြလိမ့်မည်။
JOH 15:8 သင်ရို့သည် များစွာသောအသီးကို သီးခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားသောသူများ ဖြစ်ကြ၏။ ထိုသို့အားဖြင့် သင်ရို့သည် ငါ့တပည့် အမှန် ဖြစ်ကြ၏။
JOH 15:9 ငါ၏ခမည်းတော်သည် ငါ့ကို ချစ်သကဲ့သို့ ငါသည်လည်း သင်ရို့ကို ချစ်၏။ သင်ရို့သည် ငါ၏မေတ္တာ၌ တည်နိန်ကြလော့။
JOH 15:10 ငါသည် ငါ့ခမည်းတော်၏ ပညတ်တိကို စောင့်ထိန်း၍ ငါ့ခမည်းတော်၏ မေတ္တာ၌ တည်နိန်သကဲ့သို့ သင်ရို့သည်လည်း ငါ၏ပညတ်တိကို စောင့်ထိန်းလျှင် ငါ၏မေတ္တာ၌ တည်နိန်ကြလိမ့်မည်။
JOH 15:11 “ငါ၏ဝမ်းမြောက်ခြင်းသည် သင်ရို့၌ တည်စီခြင်းငှာလည်းကောင်း၊ သင်ရို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြစီခြင်းငှာ လည်းကောင်း ဤစကားများကို သင်ရို့အား ငါပြော၏။
JOH 15:12 ငါ၏ ပညတ်သည်ကား၊ ငါသည် သင်ရို့ကို ချစ်သကဲ့သို့ သင်ရို့သည်လည်း အချင်းချင်း ချစ်ကြလော့။
JOH 15:13 ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။
JOH 15:14 သင်ရို့သည် ငါ့ ပညတ်ကို ကျင့်လျှင် ငါ၏မိတ်ဆွီ ဖြစ်ကြ၏။
JOH 15:15 ငါသည် သင်ရို့ကို အခိုင်းအစီ ဟူ၍ မခေါ်။ အခိုင်းအစီဆိုသည်ကား မိမိ၏သခင် လုပ်သမျှကို သိရကြသည် မဟုတ်။ သို့သော် ငါသည် ငါ့ခမည်းတော်ထံမှ သင်ယူခသမျှတိကို သင်ရို့အား သိစီပြီးဖြစ်၍ သင်ရို့ကို မိတ်ဆွီများဟု ငါ ခေါ်၏။
JOH 15:16 သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။
JOH 15:17 ငါ၏ပညတ်သည်ကား သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ချစ်ကြလော့ ဟူ၍ ဖြစ်၏။
JOH 15:18 “လောကသားတိက သင်ရို့ကို မုန်းကြလျှင် သင်ရို့ကို မမုန်းခင်ကတည်းက ငါ့ကို မုန်းကြခြင်းဖြစ်သည်ဟု မှတ်ယူကြလော့။
JOH 15:19 သင်ရို့သည် လောကနှင့် သက်ဆိုင်လျှင် လောကသား အချင်းချင်းဖြစ်သောကြောင့် လောကသားများက သင်ရို့ကို ချစ်ကြလိမ့်မည်။ သို့ရာတွင် ငါသည် သင်ရို့ကို လောကထဲက ရွီးကောက်ထားသောကြောင့် လောကနှင့် မသက်ဆိုင်သည်ဖြစ်၍ လောကသားတိက သင်ရို့ကို မုန်းကြ၏။
JOH 15:20 ‘ကျွန်သည် သခင်ထက် ကြီးမြတ်သည် မဟုတ်’ ဟု သင်ရို့အား ငါပြောခသည်ကို မှတ်ထားကြလော့။ လူတိက ငါ့ကို ညှဉ်းဆဲကြလျှင် သင်ရို့ကိုလည်း သာ၍ ညှဉ်းဆဲကြလိမ့်မည်။ သူရို့သည် ငါ၏အဆုံးအမကို နာခံလျှင် သင်ရို့၏ အဆုံးအမကိုလည်း နာခံကြလိမ့်မည်။
JOH 15:21 ထိုသူရို့သည် ငါ့ကို စီရွှတ်လိုက်သော အသျှင်ကို မသိကြသည်ဖြစ်၍ ငါ၏နာမကြောင့် သင်ရို့ကိုလည်း ပြုကြလိမ့်မည်။
JOH 15:22 ငါသည် ကြွလာ၍ သူရို့ကို မဟောပြောခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည် မဟုတ်။ သို့ရာတွင် အဂုအခါ သူရို့သည် မိမိရို့၏အပြစ်ကို ဝှက်၍ မထားနိုင်ကြ။
JOH 15:23 ငါ့ကို မုန်းသောသူရို့သည်ကား ငါ့ခမည်းတော်ကိုလည်း မုန်းကြ၏။
JOH 15:24 ငါသည် တစ်စုံတစ်ယောက်မျှ မပြုဖူးသော အရာများကို သူရို့ ရှိ့မှာ မပြုလုပ်ခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည် မဟုတ်။ သို့ရာတွင် အဂု ငါပြုသောအမှုကို သူရို့သည် မြင်ကြလျက်ပင် ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြခြင်းဖြစ်၏။
JOH 15:25 ဤသို့ ဖြစ်ရခြင်းမှာ ‘သူရို့သည် အကြောင်းပြချက်မဟိဘဲ ငါ့ကို မုန်းကြလေ၏’ ဟူ၍ သူရို့၏ ပညတ္တိကျမ်း၌ ရီးထားသမျှသည် ပြည့်စုံလာခြင်းဖြစ်၏။
JOH 15:26 “ခမည်းတော်ထံပါးက လာသည့် ဘုရားသခင်နှင့် ပတ်သက်၍ သမ္မာတရားကို ထုတ်ဖော်ပြောကြားသော ဝိညာဉ်တော်တည်းဟူသော ကူညီမစသောသူသည် ရောက်လာလိမ့်မည်။ ထိုဝိညာဉ်တော်ကို ခမည်းတော်ထံမှ သင်ရို့ပါးသို့ ငါရွှတ်လိုက်သည်ဖြစ်၍ သူသည် ငါ့အကြာင်းကို ပြောပြလိမ့်မည်။
JOH 15:27 ထို့အပြင် သင်ရို့သည်လည်း ငါ့အကြောင်းကို ပြောကြလိမ့်မည်၊ အကြောင်းမူကား သင်ရို့သည် အစကတည်းကပင် ငါနှင့်အတူ ဟိခဖူးသောကြောင့် ဖြစ်၏။
JOH 16:1 “သင်ရို့သည် မိမိရို့၏ ယုံကြည်ခြင်း မပျက်စီခြင်းငှာ ဤစကားတိကို သင်ရို့အား ငါပြောထား၏။
JOH 16:2 သင်ရို့ကို တရားဇရပ်များထဲက နှင်ထုတ်ကြလိမ့်မည်။ သင်ရို့ကို အသီသတ်သောသူများသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထင်မှတ်ကြသောအချိန်သည် ရောက်လာလိမ့်မည်။
JOH 16:3 သူရို့သည် ငါ့ကို သို့မဟုတ် ခမည်းတော်ကို မသိကြသည်ဖြစ်၍ ဤသို့ ပြုမူကြခြင်းဖြစ်၏။
JOH 16:4 သို့ရာတွင် ထိုအချိန်ကာလ ရောက်လာသောအခါ သူရို့နှင့်ပတ်သက်၍ သင်ရို့အား ငါသတိပီးခသည်ကို သတိရကြစီခြင်းငှာ ငါသည် ဤအကြောင်းအရာများကို ပြောထားခြင်းဖြစ်၏။ “ငါသည် သင်ရို့နှင့်အတူ ဟိနိန်ခသောကြောင့် အစကတည်းကပင် ဤအကြောင်းအရာများကို သင်ရို့အား ငါမပြောခ။
JOH 16:5 သို့ရာတွင် အဂုအချိန်၌ ငါ့ကို စီရွှတ်လိုက်သော သူ၏ထံသို့ ငါလားရဖို့ယာ။ ‘ဇာနီရာသို့ လားပါမည်နည်း’ ဟု သင်ရို့ မည်သူတစ်ဦးတစ်ယောက်မျှ ငါ့ကို မမိန်းကြ။
JOH 16:6 အဂုအချိန်၌ ဤအကြောင်းအရာများကို သင်ရို့အား ငါ ပြောလိုက်သောကြောင့် သင်ရို့သည် အလွန်ဝမ်းနည်းကြရ၏။
JOH 16:7 ငါအမှန် ဆိုသည်ကား ငါ ထွက်ခွါလားခြင်းသည် သင်ရို့အတွက် သာ၍ ကောင်းပေ၏။ ငါ မလားလျှင် သင်ရို့ကို ကူညီမစမည့်အသျှင်သည် ရောက်လာလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ငါ လားမှသာလျှင် ကူညီမစမည့်အသျှင်ကို သင်ရို့ပါးသို့ ငါ စီရွှတ်လိမ့်မည်။
JOH 16:8 ထိုအသျှင် ရောက်လာသောအခါ အပြစ်တရားကို ပြုလျက် ဟိနိန်ကြကြောင်းကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ထိုလောကီသားတိကို ဖော်ပြလိမ့်မည်။
JOH 16:9 သူရို့သည် ငါ့ကို မယုံကြည်ကြသောကြောင့် အပြစ်နှင့်ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။
JOH 16:10 ငါသည် ခမည်းတော်ထံသို့ လားမည်ဖြစ်၍ သင်ရို့သည် ငါ့ကို မမြင်ရသောကြောင့် ဖြောင့်မတ်ခြင်းတရားကို ဖော်ပြမည်။
JOH 16:11 ဤလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းကို ခံရသောကြောင့် သူရို့သည် တရားစီရင်ခြင်းအကြောင်းနှင့် ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။
JOH 16:12 “ငါသည် သင်ရို့အား ပြောစရာအများကြီး ဟိသော်လည်း သင်ရို့သည် အဂုအခါ မှတ်ယူနိုင်ကြလိမ့်မည် မဟုတ်ပေ။
JOH 16:13 ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာတရားအကြောင်းကို ဖော်ပြသော ဝိညာဉ်တော်သည် ရောက်လာသောအခါ အလုံးစုံသော သမ္မာတရားထဲသို့ သင်ရို့ကို လမ်းပြပို့ဆောင်လိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိ၏သဘောအတိုင်း သင်ရို့ကို သွန်သင်လိမ့်မည် မဟုတ်၊ သူ ကြားသမျှကို ပြောလိမ့်မည်။ နောက်ဖြစ်လာမည့် အရာများကိုလည်း သင်ရို့အား ပြောပြလိမ့်မည်။
JOH 16:14 ထိုဝိညာဉ်တော်သည် ငါပြောသမျှတိကို ယူ၍ သင်ရို့အား ပြောပြသောကြောင့် ငါ၏ ဘုန်းတော်ကို ထင်ရှားစီလိမ့်မည်။
JOH 16:15 ငါ၏ခမည်းတော် ပိုင်ဆိုင်သောအရာခပ်သိမ်းသည် ငါပိုင်ဆိုင်သော အရာများဖြစ်၏။ ထိုဝိညာဉ်တော်သည် ငါပြောသမျှကို မှတ်ယူ၍ သင်ရို့အား ပြောပြပီးလိမ့်မည်ဟု ငါပြော၏။
JOH 16:16 “တအောင့်ကြာလျှင် သင်ရို့သည် ငါ့ကို မြင်တွိ့ရလိမ့်မည် မဟုတ်။ တအောင့်ကြာပြီးမှ သင်ရို့သည် ငါ့ကို တဖန် ပြန်၍ မြင်တွိ့ကြရလိမ့်မည်။”
JOH 16:17 ထိုအခါ တပည့်တော်တချို့က “တအောင့်ကြာလျှင် သင်ရို့သည် ငါ့ကို မြင်တွိ့ကြရလိမ့်မည် မဟုတ်ဟူ၍ လည်းကောင်း၊ သင်ရို့သည် တအောင့်ကြာပြီးမှ ငါ့ကို ပြန်၍ မြင်တွိ့ကြရလိမ့်မည်ဟူ၍ လည်းကောင်း၊ ‘အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ လားရဦးမည်’ ဟူ၍ လည်းကောင်း ကိုယ်တော်သည် ငါရို့အား မိန့်တော်မူသည်မှာ ဇာကို ဆိုလိုပါသနည်း။
JOH 16:18 ‘ခဏ’ ဟူသောစကားသည် ဇာကို ဆိုလိုပါသနည်း၊ ကိုယ်တော် မိန့်တော်မူသည်ကို အကျွန်ရို့ နားမလည်ကြပါ” ဟု အချင်းချင်း မိန်းမြန်းနိန်ကြ၏။
JOH 16:19 ယေသျှုက တပည့်တော်ရို့သည် ဤအကြောင်းကို မိန်းမြန်းလိုကြသည်ကို သိတော်မူသည်ဖြစ်၍ “‘တအောင့်ကြာလျှင် သင်ရို့သည် ငါ့ကို မြင်တွိ့ရကြလိမ့်မည် မဟုတ်။ တအောင့်ကြာပြီးမှ သင်ရို့သည် ငါ့ကို ပြန်၍ မြင်တွိ့ကြရလိမ့်မည်’ ဟု ငါပြောခသည်ကို သင်ရို့သည် အချင်းချင်း မိန်းမြန်းနိန်ကြသည် မဟုတ်လောဟု သူရို့အား မိန်းတော်မူ၏။
JOH 16:20 ငါအမှန် ဆိုသည်ကား၊ သင်ရို့ ဝမ်းနည်း ငိုကြွီးရလိမ့်မည်။ သို့ရာတွင် ထိုအချိန်၌ လောကသားတိ ဝမ်းမြောက်ကြလိမ့်မည်။ သင်ရို့သည်ကား ဝမ်းနည်း ရကြလိမ့်မည်။ သို့သော် သင်ရို့၏ ဝမ်းနည်းခြင်းသည် ဝမ်းသာခြင်း ဖြစ်လာလိမ့်မည်။
JOH 16:21 အသျှေမွီးဖွားမည့် မိန်းမတစ်ယောက်သည် မွီးချိန် ရောက်လာသောအခါ နာကျင်ခြင်းဝေဒနာကို ခံစားရသောအချိန် ရောက်လာမည်ဖြစ်သောကြောင့် ဝမ်းနည်းရ၏။ သို့ရာတွင် အသျှေကို မွီးဖွားသောအခါ၌မူကား လောကထဲသို့ အသျှေတစ်ယောက်ကို မွီးဖွားပီးလိုက်ပြီဟူသော ဝမ်းမြောက်ခြင်းဖြင့် ထိုမိန်းမသည် မိမိ၏နာကျင်ခြင်းဝေဒနာကို မိ့လျော့လားလေ၏။
JOH 16:22 ထိုနည်းတူ အဂုတွင် သင်ရို့သည် ဝမ်းနည်းပူဆွီးရကြ၏။ သို့သော်လည်း ငါသည် သင်ရို့ကို တဖန် မြင်တွိ့သောခါ၊ သင်ရို့၏စိတ်နှလုံးသည် ဝမ်းသာခြင်းနှင့် ပြည့်ဝကြလိမ့်မည်။ သင်ရို့၏ဝမ်းသာခြင်းကို မည်သူမျှ နုတ်ယူနိုင်လိမ့်မည် မဟုတ်ပေ။
JOH 16:23 “ထို နိ့ရောက်လာသောခါ သင်ရို့သည် ငါ၌ တောင်းလျှောက်ရန် မလိုယာ။ ငါ အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်ရို့တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။
JOH 16:24 အဂုအချိန်ထိ ငါ့နာမ၌ သင်ရို့သည် တစ်စုံတစ်ခုကိုမျှ မတောင်းကြသိမ့်။ သင်ရို့သည် ဝမ်းသာခြင်းနှင့် ပြည့်ဝကြစီခြင်းငှာ တောင်းကြလော့။ တောင်းလျှင် ရကြလိမ့်မည်။
JOH 16:25 “ဤအကြောင်းအရာတိကို သင်ရို့အား ပုံဥပမာသုံး၍ ငါဟောပြောရ၏။ ပုံဥပမာမသုံးဘဲ ဟောပြောရသောအချိန် ရောက်လာလိမ့်မည်။ ထိုအချိန်ရောက်သောအခါ ခမည်းတော်အကြောင်းကို သင်ရို့အား ယှင်းလင်းစွာ ငါပြောပြလိမ့်မည်။
JOH 16:26 ထိုနိ့ရောက်လာသောအခါ သင်ရို့သည် ငါ့နာမ၌ ခမည်းတော်ထံသို့ တောင်းလျှောက်ကြလိမ့်မည်။ သင်ရို့ကိုယ်စား ခမည်းတော်ထံပါး၌ ငါတောင်းပီးမည်ဟု သင်ရို့ကို ငါပြောသည် မဟုတ်။
JOH 16:27 ငါသည် ဘုရားသခင်ထံပါးက ဆင်းလာသည်ကို သင်ရို့သည် ယုံကြည်ကြပြီး ငါ့ကိုလည်း ချစ်ကြသောကြောင့် ခမည်းတော်ကိုယ်တိုင် သင်ရို့ကို ချစ်တော်မူ၏။
JOH 16:28 ငါသည် ခမည်းတော်ထံပါးမှ ဤလောကသို့ ဆင်းလာခြင်းဖြစ်၏၊ အဂုအချိန်၌ ငါသည် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံပါးသို့ ပြန်လားရမည်” ဟု ဆို၏။
JOH 16:29 ယေသျှု၏ တပည့်တော်တိက “အဂုအခါ ကိုယ်တော်သည် အကျွန်ရို့ကို ဥပမာမသုံးဘဲ ယှင်းလင်းစွာ ပြောလေပြီ။
JOH 16:30 ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူကြောင်းကိုလည်းကောင်း၊ မည်သူမျှ ကိုယ်တော့်ကို မိန်းလျှောက်ရန် မလိုအပ်ကြောင်းကိုလည်းကောင်း အကျွန်ရို့သည် အဂု သိကြပါ၏။ ဤအကြောင်းကို ထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံပါးမှ ဆင်းလာသည်ကို အကျွန်ရို့သည် ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
JOH 16:31 ယေသျှုက “အဂုအချိန်၌ သင်ရို့ ယုံကြည်ကြပြီလော။
JOH 16:32 သင်ရို့သည် တကွဲတပြားစီဖြစ်လျက် အသီးသီး မိမိရို့အိမ်သို့ ပြန်လားကြပြီးလျှင် ငါ့ကို တစ်ယောက်တည်း ထားပစ်ခမည့်အချိန်သည် ရောက်လာမည်ဖြစ်၍ အဂုပင် ရောက်လာလေပြီ။ သို့သော်လည်း ငါသည် တစ်ယောက်တည်း မဟုတ်၊ ခမည်းတော်သည် ငါနှင့်အတူ ဟိတော်မူ၏။
JOH 16:33 သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
JOH 17:1 ယေသျှုသည် ဤသို့ ဆုံးမသြဝါဒ ပီးတော်မူပြီးနောက် ကောင်းကင်သို့ မျှော်ကြည့်လျက် ဆုတောင်းပတ္ထနာ ပြုတော်မူသည်မှာ “အို အဖ၊ အချိန်ရောက်ပါပြီ၊ သားတော်သည် ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစီခြင်းငှာ သားတော်အား ဘုန်းတန်ခိုးတော်ကို ပီးသနားတော်မူပါ။
JOH 17:2 အကြောင်းမူကား ကိုယ်တော်သည် သားတော်ကို ပီးအပ်ထားသော သူရို့အား ထာဝရအသက်ကို ရစီခြင်းငှာ လူသားအားလုံးကို အစိုးရသောအခွင့်အာဏာကို သားတော်အား ပီးအပ်ထားပြီးဖြစ်ပါ၏။
JOH 17:3 ထာဝရအသက်ဟူသည်ကား စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော် စီရွှတ်လိုက်သော ယေသျှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းဖြစ်၏။
JOH 17:4 ကိုယ်တော်သည် အကျွန့်အား လုပ်ဆောင်စီသောအမှုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းအားဖြင့် အကျွန်သည် မြီကြီးထက်မှာ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို ထင်ရှားစီပြီးယာ။
JOH 17:5 အို အဖ၊ ဤကမ္ဘာ မတည်ခင်ကပင် ကိုယ်တော်နှင့်အတူ ဟိခဖူးသော ဘုန်းတော်ကို အဂု ကိုယ်တော်၏ မျက်မှောက်တော်၌ အကျွန်အား ထင်ရှားစီတော်မူပါ။
JOH 17:6 “ဤလောကထဲမှ အကျွန်အား ပီးတော်မူသောသူရို့အား ကိုယ်တော့်ကို သိမြင်စီခြင်းငှာ အကျွန်သည် ဖော်ပြပြီးဖြစ်ပါ၏။ ကိုယ်တော် ပိုင်တော်မူသော သူရို့ကို အကျွန်အား ပီးထားသည်ဖြစ်၍ သူရို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံကြပြီးဖြစ်ပါ၏။
JOH 17:7 အကျွန်အား ပီးသနားတော်မူသော ခပ်သိမ်းသောအရာအားလုံးသည် ကိုယ်တော်ထံပါးက လာသည်ကို သူရို့သည် အဂု သိကြပြီးဖြစ်ပါ၏။
JOH 17:8 အကြောင်းမူကား ကိုယ်တော်သည် အကျွန်အား ပီးတော်မူသော နှုတ်ကပတ်တော်ကို သူရို့အား အကျွန် ဟောပြောပြီးဖြစ်၍ သူရို့သည်လည်း လက်ခံကြပါ၏။ အကျွန်သည် ကိုယ်တော်ထံမှ လာသူဖြစ်ကြောင်းကို သူရို့သည် အမှန်သိကြပါ၏။ အကျွန်သည် ကိုယ်တော်စီရွှတ်သူဖြစ်ကြောင်းကို သူရို့သည် ယုံကြည်ကြပါ၏။
JOH 17:9 “သူရို့အတွက် အကျွန် ဆုတောင်းပါ၏။ လောကသားတိအတွက် ဆုတောင်းသည် မဟုတ်။ ကိုယ်တော်က အကျွန်အား ပီးအပ်ထားသော ကိုယ်တော်ပိုင်သောသူရို့အတွက် အကျွန် ဆုတောင်းပါ၏။
JOH 17:10 အကျွန်၌ ဟိသမျှသောအရာအားလုံးသည် ကိုယ်တော် ပိုင်တော်မူသောအရာများ ဖြစ်ကြသည်နှင့်အညီ ကိုယ်တော်၌ ဟိသမျှသော အရာအားလုံးသည်လည်း အကျွန်ပိုင်သောအရာများ ဖြစ်ကြသည်ဖြစ်၍ ထိုသူရို့အားဖြင့် အကျွန်၏ဘုန်းတော်ကို ထင်ရှားလျက် ဟိပါ၏။
JOH 17:11 အကျွန်သည် ကိုယ်တော်ထံသို့ လာနိန်ပြီဖြစ်သဖြင့် လောကထဲ၌ မဟိယာ။ သို့ရာတွင် သူရို့မူကား လောက၌ ကျန်နိန်ခကြ၏။ မြင့်မြတ်သန့်ယှင်းတော်မူသောအဖ၊ ကိုယ်တော်နှင့် အကျွန်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့ကိုလည်း တစ်လုံးတစ်ဝတည်း ဖြစ်စီခြင်းငှာ အကျွန်အား စောင့်ရှောက်တော်မူသော ကိုယ်တော်၏နာမတော် တန်ခိုးဖြင့် သူရို့ကို စောင့်ရှောက်တော်မူပါ။
JOH 17:12 အကျွန်သည် သူရို့နှင့်အတူ ဟိနိန်သောအချိန်မှာ ကိုယ်တော်၏နာမတော်တန်ခိုးဖြင့် အကျွန်အား ပီးထားသော သူရို့ကို အကျွန်သည် စောင့်ရှောက်ထားပါ၏။ ကျမ်းစာ ပြည့်စုံစီမည့်အကြောင်း တစ်ယောက်သောသူမှ လွဲ၍ သူရို့အားလုံးကို မပျက်စီးစီရန် အကျွန်စောင့်ရှောက်ထားပါ၏။
JOH 17:13 အဂုအချိန်၌ အကျွန်သည် ကိုယ်တော်ထံပါးသို့ လာနိန်ပြီဖြစ်၍ အကျွန်၏ဝမ်းမြောက်မှုသည် သူရို့၏ နှလုံးသားထဲ၌ အပြည့်အဝခံစားကြစီရန် အကျွန်သည် ဤလောက၌ ဟိနိန်စဉ် ဤအရာတိကို အကျွန် ပြောဆိုခပါ၏။
JOH 17:14 အကျွန်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သူရို့အား ဟောထားပြီးဖြစ်ပါ၏။ အကျွန်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ သူရို့သည်လည်း မဆက်ဆံကြသောကြောင့် လောကသားတိက သူရို့ကို မုန်းကြပါ၏။
JOH 17:15 အကျွန်သည် သူရို့ကို ဤလောကမှ နုတ်ယူပါစီကြောင်း တောင်းလျှောက်နိန်ခြင်း မဟုတ်ပါ၊ ဒုစရိုက်အပြစ်မှ ကင်းဝီးပါစီကြောင်း အကျွန် ဆုတောင်းပါ၏။
JOH 17:16 အကျွန်သည် လောကနှင့် မဆက်ဆံသကဲ့သို့ သူရို့လည်း မဆက်ဆံကြပါ။
JOH 17:17 သမ္မာတရားအားဖြင့် သူရို့ကို သန့်ယှင်းစီတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
JOH 17:18 ကိုယ်တော်သည် အကျွန်အား လောကထဲသို့ စီရွှတ်လိုက်သကဲ့သို့ သူရို့ကိုလည်း အကျွန်သည် ဤလောကထဲသို့ စီရွှတ်လိုက်ပါ၏။
JOH 17:19 သူရို့သည် အမှန် သန့်ယှင်းစင်ကြယ်စီခြင်းအလို့ငှာ အကျွန်သည် သူရို့အတွက် ကိုယ့်ကိုယ်ကို သန့်ယှင်းစင်ကြယ်ပါ၏။
JOH 17:20 “အကျွန်သည် သူရို့အတွက်သာ ဆုတောင်းသည် မဟုတ်ပါ၊ သူရို့၏ နှုတ်ကပတ်တော်အားဖြင့် အကျွန့်ကို ယုံကြည်လာကြမည့် သူရို့အတွက်လည်း ဆုတောင်းပါ၏။
JOH 17:21 အို အဖ၊ ကိုယ်တော်သည် အကျွန်၌ လည်းကောင်း၊ အကျွန်သည် ကိုယ်တော်၌ လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့အားလုံးသည်လည်း အကျွန်ရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ပါစီအကြောင်း အကျွန် ဆုတောင်းပါ၏။ အကျွန့်အား ကိုယ်တော်စီရွှတ်လိုက်ကြောင်းကို လောကသားတိ ယုံကြည်ကြစီရန် ထိုသူရို့ကို တစ်လုံးတစ်ဝတည်း ဖြစ်စီတော်မူပါ။
JOH 17:22 ကိုယ်တော်နှင့် အကျွန်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ သူရို့သည်လည်း တစ်လုံးတစ်ဝတည်း ဖြစ်ကြစီခြင်းငှာ အကျွန်သည် ကိုယ်တော်ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့အား ပီးထားပြီးဖြစ်ပါ၏။
JOH 17:23 သူရို့သည် တစ်လုံးတစ်ဝတည်း၌ စုံလင်ကြစီရန် ကိုယ်တော်သည် အကျွန်၌ ဟိတော်မူ၍ အကျွန်သည်လည်း သူရို့၌ ဟိတော်မူပါ၏။ ထိုသို့အားဖြင့် ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသကဲ့သို့ သူရို့ကိုလည်း ချစ်တော်မူကြောင်းကိုလည်းကောင်း ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကိုလည်းကောင်း လောကသားတိ သိကြပါလိမ့်မည်။
JOH 17:24 “အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။
JOH 17:25 ဖြောင့်မတ်တော်မူသောအဖ၊ လောကီသားရို့သည် ကိုယ်တော့်ကို မသိကြသော်လည်း အကျွန်သည် သိပါ၏။ ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို ဤသူရို့သည် သိကြပါ၏။
JOH 17:26 အကျွန့်ကို ချစ်တော်မူသော ကိုယ်တော်၏ မေတ္တာတော်သည် သူရို့၌ တည်၍ အကျွန်ကိုယ်တိုင်လည်း သူရို့၌ တည်စီခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူရို့အား ညွှန်ပြပြီးဖြစ်၏။ အစဉ်အမြဲ ညွှန်ပြပါဦးမည်” ဟု ဆုတောင်းတော်မူ၏။
JOH 18:1 ယေသျှုသည် ဤသို့ ဆုတောင်းတော်မူပြီးလျှင် တပည့်တော်ရို့နှင့်အတူ ထွက်ခွာလာပြီးနောက် ကေဒြုန်ချောင်းကို ဖြတ်ကြ၍ ထိုအရပ်၌ဟိသော ဥယျာဉ်တစ်ခုထဲသို့ ဝင်ကြ၏။
JOH 18:2 ထိုနီရာကား ယေသျှုသည် တပည့်တော်ရို့နှင့် အကြိမ်များစွာ တွိ့နိန်ကျ နီရာတစ်ခု ဖြစ်သောကြောင့် သစ္စာဖောက် ယုဒသျှာကာရုတ်သည်လည်း ထိုအရပ်ကို သိ၏။
JOH 18:3 ထို့ကြောင့် ယုဒသျှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဖာရိယှဲရို့က စီရွှတ်လိုက်သည့် ဗိမာန်တော်အစောင့်စစ်သားတချို့နှင့် ရောမစစ်သားများကို သူနှင့်အတူ ခေါ်လာကာ ထိုဥယျာဉ်သို့ ရောက်လာ၏။ သူရို့သည် မီးအိမ်၊ မီးတုတ်နှင့် လက်နက်များကို ကိုင်ဆောင်လာကြ၏။
JOH 18:4 ယေသျှုသည် မိမိ၌ ဖြစ်လာမည့် ဤအကြောင်းအရာအားလုံးကို ကြိုတင်၍ သိတော်မူပြီး ဖြစ်သောကြောင့် သူရို့ထံပါးသို့ လားကာ “သင်ရို့သည် ဇာသူ့ကို ရှာနိန်ကြသနည်း” ဟု မိန်းတော်မူ၏။
JOH 18:5 သူရို့က “နာဇရက်မြို့သား ယေသျှု” ဟု ပြောကြ၏။ ကိုယ်တော်က “ငါသည် ထိုသူပင် ဖြစ်၏” ဆိုလေ၏။ သစ္စာဖောက် ယုဒသျှကာရုတ်သည် ထိုအရပ်၌ဟိသောသူရို့နှင့်အတူ ရပ်လျက်ဟိ၏။
JOH 18:6 ယေသျှုက “ငါသည် ထိုသူဖြစ်၏” ဟု သူရို့ကို ပြောလိုက်သောအခါ သူရို့သည် နောက်သို့ လန်၍ မြီကြီးသို့ လဲကျလားကြ၏။
JOH 18:7 “သင်ရို့သည် ဇာသူ့ကို ရှာနိန်ကြသနည်း” ဟု ယေသျှုက တဖန် မိန်းပြန်၏။ “နာဇရက်မြို့သား ယေသျှု” ဟု သူရို့က ပြောကြပြန်၏။
JOH 18:8 “ငါသည် ထိုသူဖြစ်သည်ဟု သင်ရို့ကို ပြောပြီးပြီ။ သင်ရို့သည် ငါ့ကို ရှာနိန်ကြလျှင် တခြားလူတိကို ပြန်ရွှတ်လိုက်” ဟု ယေသျှုက ပြော၏။
JOH 18:9 ဤသို့ ပြောရခြင်းမှာ “အို အဖ၊ ငါ့ကို ပီးထားသောသူတိအားလုံး တစ်ယောက်မျှ မပျက်စီးပါစီကေ့” ဟု သူပြောထားသော စကားသည် ပြည့်စုံလာစီခြင်းငှာ ဖြစ်၏။
JOH 18:10 ဒါးကိုလွယ်ထားသည့် သျှိမုန်ဟု ခေါ်သော ပေတရုသည် ဒါးကို ဆွဲထုတ်ကာ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခွတ်လိုက်သဖြင့် သူ၏ လက်ယာဖက် နားရွက်သည် ပြတ်လားလေ၏။ ထိုကျွန်၏အမည်ကား မာလခု ဖြစ်၏။
JOH 18:11 ယေသျှုက “သင်၏ဒါးကို ဒါးအိမ်၌ ပြန်ထားလိုက်။ ငါ၏ခမည်းတော်ပီးသော ဒုက္ခခွက်ဖလားကို ငါသည် မသောက်ဘဲ နိန်ရမည်လော” ဟု ပေတရုအား ပြော၏။
JOH 18:12 ထို့နောက် ရောမစစ်သားတိနှင့် စစ်သူကြီးတိ၊ ယုဒလူမျိုး အစောင့်စစ်သားရို့သည် ယေသျှုကို ဖမ်းဆီး၍ ကြိုးနှင့်တုပ်ပြီးလျှင်
JOH 18:13 အန္နတ်မင်းရှိ့မှောက်သို့ ယူဆောင်လာကြ၏။ အန္နတ်မင်းကား ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းအဖြစ် ဆောင်ရွက်နိန်သည့် ကယာဖ၏ယောက္ခမ ဖြစ်၏။
JOH 18:14 ထိုကယာဖသည်ကား လူအားလုံးအတွက် လူတစ်ယောက်က အသီခံပီးလျှင် သာ၍ ကောင်းပေ၏ဟု ယုဒလူမျိုး ခေါင်းဆောင်ရို့အား အကြံပီးခဖူးသော သူတစ်ယောက် ဖြစ်လေ၏။
JOH 18:15 သျှိမုန် ပေတရုနှင့် အခြားသော တပည့်တော် တစ်ယောက်သည် ယေသျှုနောက်သို့ လိုက်ပါကြလေ၏။ ထိုအခြားသော တပည့်တော်သည် ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းသဖြင့် ယေသျှုနှင့်အတူ လိုက်၍ ယဇ်ပုရောဟိတ်မင်း၏ အိမ်ခြံဝင်းသို့ ဝင်လေ၏။
JOH 18:16 ပေတရုသည် ယဇ်ပုရောဟိတ်မင်း အိမ်ခြံဝင်း၏ တန်းခါးအပြင်၌ ရပ်လျက်နိန်စဉ် ထိုတပည့်တော်သည် ထွက်လာကာ တန်းခါးတွင် စောင့်နိန်သော အစီခံမိန်းမအား ပြောဆို၍ ပေတရုကို အိမ်ထဲသို့ ခေါ်သွင်းလာ၏။
JOH 18:17 တန်းခါးစောင့်မိန်းမက “သင်သည်လည်း ယေသျှု၏တပည့်တော် တစ်ယောက်ဖြစ်သည် မဟုတ်လော” ဟု မိန်းသောအခါ၊ ပေတရုက “ငါ မဟုတ်” ဟု ဖြေ၏။
JOH 18:18 ချမ်းအီးသောကာလ ဖြစ်သဖြင့် အစီခံများနှင့် အစောင့်စစ်သည်များသည် မီးသွီးမီးဖို တစ်ခုကို ဖို၍ ပတ်လည်ဝိုင်းကာ ရပ်လျက် မီးလှုံနိန်ကြ၏။ ပေတရုသည်လည်း သူရို့နှင့်အတူ မတ်တပ်ရပ်လျက် မီးလှုံလျက်နီ၏။
JOH 18:19 ယဇ်ပုရောဟိတ်မင်းက ယေသျှု၏ တပည့်တော်တိအကြောင်းကိုလည်းကောင်း၊ သူ၏ သွန်သင်မှုများအကြောင်းကိုလည်းကောင်း စစ်ဆီးမိန်းမြန်း၏။
JOH 18:20 ယေသျှုက “ငါသည် လောကလူအပေါင်းရို့ ရှိ့တွင် ထင်ရှားစွာ ဟောပြောခ၏။ ယုဒလူတိ စုဝေးကြသော ဗိမာန်တော်၌ သို့မဟုတ် တရားဇရပ်များ၌ အစဉ်မပြတ် ဟောပြောသွန်သင်ခ၏။
JOH 18:21 ဇာကြောင့် ငါ့ကို မိန်းနိန်ရသနည်း။ ငါဟောပြောခသော ငါ၏သွန်သင်မှုများကို ကြားထားပြီးသောသူတိအား မိန်းမြန်းကြည့်ကြလော့” ဟု ဆို၏။
JOH 18:22 ယေသျှုက ဤသို့ မိန့်တော်မူသောအခါ ထိုနီရာ၌ဟိသော အစောင့်စစ်သည်တစ်ယောက်က “သင်သည် ယဇ်ပုရောဟိတ်မင်းကြီးကို ဤသို့ ပြောဆိုရဲသလော” ဟု ဆို၍ ပါးကို သတ်လေ၏။
JOH 18:23 ယေသျှုက “ငါပြောသည့်စကား မှားသည်ဆိုလျှင် ဤအရပ်၌ဟိသော လူတိုင်းကို မိန်းကြည့်ကြလော့။ ငါပြောသည့်စကား မှန်လျက်သားနှင့် ငါ့ကို ဇာဖြစ်လို့ သတ်ရသနည်း” ဟု ပြန်ပြော၏။
JOH 18:24 ထို့နောက် အန္နတ်မင်းသည် ကိုယ်တော့်ကို တုပ်နှောင်ထားသည့်အတိုင်း တုပ်နှောင်ကာ ယဇ်ပုရောဟိတ်မင်းကြီး ကယာဖထံပါးသို့ ပို့လိုက်လေ၏။
JOH 18:25 သျှိမုန်ပေတရုသည် ထိုနီရာ၌ မတ်တပ်ရပ်ကာ မီးလှုံလျက်ဟိ၏။ “သင်သည်လည်း ထိုသူ၏ တပည့်တစ်ယောက် ဖြစ်သည် မဟုတ်လော” ဟု တခြားလူတိက သူ့ကို မိန်းကြ၏။ ပေတရုက “ငါ မဟုတ်ပါ” ဟု ငြင်းဆိုလေ၏။
JOH 18:26 ပေတရု ဒါးနှင့် ခွတ်၍ နားရွက် ပြတ်လားသောသူ၏ ဆွီမျိုးတစ်ယောက်ဖြစ်သည့် ယဇ်ပုရောဟိတ် ကျွန်တစ်ယောက်က “သင်သည် ဥယျာဉ်ထဲ၌ သူနှင့်အတူ ဟိသည်ကို ငါမြင်ခသည် မဟုတ်လော” ဟု မိန်း၏။
JOH 18:27 ပေတရုက “ငါ မသိ” ဟု တဖန်ထပ်၍ ငြင်းပြီးသည်နှင့် — ချက်ချင်း ကြက်တွန်လေ၏။
JOH 18:28 မိုးထစောစောတွင် ယေသျှုကို ကယာဖအိမ်မှ ဘုရင်ခံ၏ အိမ်တော်သို့ ယူဆောင်လားကြ၏။ ယုဒဘာသာရေး ခေါင်းဆောင်ရို့သည် ပသခါပွဲကို ခံယူခြင်းငှာ ဘာသာတရားဆိုင်ရာ ညစ်ညူးခြင်း မဖြစ်စီခြင်းငှာ အိမ်တော်ထဲသို့ သူရို့ကိုယ်တိုင် မဝင်ကြပေ။
JOH 18:29 ထို့ကြောင့် ပိလတ်သည် သူရို့ဟိရာ အိမ်အပြင်သို့ ထွက်ပြီးလျှင် “ဇာအပြစ်နှင့် စွပ်စွဲပြီးကေ ဤသူကို ခေါ်လာကြသနည်း” ဟု မိန်းသော်၊
JOH 18:30 “အကျွန်ရို့သည် ဤသူကို ပြစ်မှားခြင်း မဟိဘဲ ခေါ်လာကြသည် မဟုတ်ပါ” ဟု သူရို့က ပြောကြ၏။
JOH 18:31 ပိလတ်မင်းက “ဤသူကို သင်ရို့၏ ပညတ်တရားအတိုင်း သင်ရို့ကိုယ်တိုင် တရားစီရင်ကြလော့” ဟု ပြော၏။ ယုဒလူရို့က “အကျွန်ရို့သည် မည်သူ့ကိုမျှ အသီသတ်ပိုင်ခွင့် မဟိပါ” ဟု ပြန်ပြောကြ၏။
JOH 18:32 ဤသည်ကား မိမိသည် မည်သို့သော သီခြင်းမျိုးနှင့် သီရမည်ကို ယေသျှုပြောခသည့် စကားအတိုင်း ပြည့်စုံစီခြင်းငှာ ဖြစ်၏။
JOH 18:33 ပိလတ်သည် အိမ်တော်ထဲသို့ ပြန်ဝင်၍ ယေသျှုကို ခေါ်ပြီးလျှင် “သင်သည် ယုဒလူမျိုး၏ သျှင်ဘုရင်လား” ဟု မိန်း၏။
JOH 18:34 “ဤမိန်းခွန်းသည် မင်းကြီး၏ စကားလား သို့မဟုတ် တခြားလူတိက မင်းကြီးအား ငါ့အကြောင်းကို လျှောက်ကြသလော” ဟု ယေသျှုက မိန်းတော်မူ၏။
JOH 18:35 ပိလတ်မင်းက “သင် ငါ့ကို ယုဒလူမျိုးဟု ထင်မှတ်နိန်လား။ သင်ရို့လူမျိုးတိနှင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့က သင့်ကို ငါ့ပါးသို့ လာရောက်အပ်နှံကြ၏။ သင်သည် မည်သို့ ပြုလုပ်ခသနည်း” ဟု ပြန်ပြောလေ၏။
JOH 18:36 ယေသျှုက “ငါ၏ နိုင်ငံတော်သည် ဤလောကနှင့် မသက်ဆိုင်၊ ဤလောကနှင့် သက်ဆိုင်လျှင် ငါ၏လူရို့သည် ငါ့ကို ယုဒအာဏာပိုင်တိ လက်ထဲသို့ မရောက်ရအောင် တိုက်ခိုက်ကြလိမ့်မည်။ သို့ရာတွင် ငါ၏နိုင်ငံတော်သည် ဤအရပ်နှင့် မသက်ဆိုင်” ဟု မိန့်တော်မူလေ၏။
JOH 18:37 ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် သျှင်ဘုရင်တစ်ပါး ဖြစ်ပါသလော” ဟု မိန်းပြန်၏။ ယေသျှုက “ငါသည် သျှင်ဘုရင်တစ်ပါးဖြစ်သည်ဟု သင်ဆို၏။ ငါသည် သမ္မာတရားကို သက်သီခံခြင်းငှာ ဤလောကထဲ၌ မွီးဖွားခြင်းကိုခံ၍ ဆင်းသက်လာ၏။ သမ္မာတရားနှင့် သက်ဆိုင်သောသူတိုင်းသည် ငါ့စကားကို နားထောင်ကြ၏” ဟု မိန့်တော်မူ၏။
JOH 18:38 “သမ္မာတရားဆိုသည်မှာ ဇာလဲ” ဟု ပိလတ်မင်းက မိန်း၏။ ပိလတ်မင်းက ယုဒလူမျိုးတိပါးသို့ ပြန်လာပြီးလျှင် “ဤသူကို ပြစ်ဒဏ် ပီးစရာအကြောင်း ငါတစ်ခုမျှ မတွိ့။
JOH 18:39 သို့သော်လည်း ပသခါပွဲချိန်၌ ငါသည် သင်ရို့အတွက် အကျဉ်းသားတစ်ယောက်ကို လွှတ်ပီးသော သင်ရို့၌ ထုံးစံဟိသည်အတိုင်း ယုဒလူမျိုးများ၏ သျှင်ဘုရင်ကို သင်ရို့အတွက် ရွှတ်ပီးလိုကြသလော” ဟု မိန်းသော်၊
JOH 18:40 သူရို့က “ဤသူကို မလွှတ်ပီးပါကေ့။ ဗာရဗ္ဗကိုသာ ရွှတ်ပီးပါ” ဟု ပိလတ်အား အော်ဟစ်၍ တောင်းဆိုကြ၏။ ဗာရဗ္ဗသည်ကား လူဆိုးဒါးပြ တစ်ယောက်ဖြစ်လေ၏။
JOH 19:1 ထိုအခါ ပိလတ်မင်းက ယေသျှုကို ဆွဲယူကာ ကြာပွတ်ဖြင့် သတ်ခိုင်းလေ၏။
JOH 19:2 စစ်သားရို့သည် ဆူးခက်ဖြင့် ယက်လုပ်ထားသော သရဖူကို သူ၏ဂေါင်းမှာ ဆောင်းစီပြီးမှ နီမောင်းသောဝတ်ရုံကို ဝတ်စီပြီး၊
JOH 19:3 ကိုယ်တော်ထံသို့ ချဉ်းကပ်ကြပြီးလျှင် “ယုဒသျှင်ဘုရင် အသက် ရှည်ပါစီ” ဟု ပြောကာ ပါးကို သတ်ကြ၏။
JOH 19:4 ပိလတ်မင်းက လူအစုအဝေးဟိရာသို့ တဖန် ထွက်လာပြီးလျှင် “ဤသူကို ပြစ်ဒဏ်ပီးစရာအကြောင်း တစ်ခုမျှ မတွိ့သည်ကို သင်ရို့ မြင်စီခြင်းငှာ ထုတ်ပြမည်၊ ကြည့်ကတ်ပါ” ဟု ပြောပြီးနောက်
JOH 19:5 ယေသျှုသည် နီမောင်းသော ဝတ်ရုံကို ဝတ်ဆင်လျက်၊ ဆူးဖြင့် ယက်လုပ်ထားသည့် သရဖူကို ဆောင်း၍ ထွက်လာသောအခါ ပိလတ်မင်းက “ဤသူပင် ဖြစ်၏” ဟု သူရို့အား ဆိုလေ၏။
JOH 19:6 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဗိမာန်တော် အစောင့်စစ်သည်များက သူ့ကို မြင်ကြသောအခါ “ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ၊ ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ် တောင်းဆိုကြ၏။ ပိလတ်မင်းက “သင်ရို့သည် သူ့ကို ခေါ်ဆောင်ပြီးလျှင် လက်ဝါးကပ်တိုင်တွင် တင်ပြီး အသီသတ်လိုက်ကြ။ သူ့အား အပြစ်စီရင်ရန် အကြောင်းကို ငါသည် ရှာမတွိ့” ဟု ဆိုလေ၏။
JOH 19:7 ယုဒခေါင်းဆောင်ရို့က “ဤသူသည် သူ့ကိုယ်သူ ဘုရားသခင်၏သားဟု ပြောဆိုနိန်သောကြောင့် ငါရို့၏ ပညတ်တရားအတိုင်း အသီသတ်ပစ်ရပါမည်” ဟု ပြန်၍ ဖြေကြားကြ၏။
JOH 19:8 ပိလတ်သည် ထိုသို့တောင်းဆိုသံကို ကြားသောအခါ အလွန်ကြောက်ရွံ့လျက်၊
JOH 19:9 အိမ်တော်သို့ ပြန်ဝင်ပြီးလျှင် “သင်သည် ဇာအရပ်က လာသနည်း” ဟု ယေသျှုကို မိန်း၏။ သို့ရာတွင် ယေသျှုကလည်း ပြန်ပြောတော်မမူ။
JOH 19:10 ပိလတ်ကလည်း “သင်သည် ငါ့ကို စကားမပြောချင်သလား၊ ငါသည် သင့်ကို လွှတ်လိုက လွှတ်နိုင်သည်၊ လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်လိုက သတ်နိုင်သော အာဏာ အပြည့်အဝဟိသည်ကို သင်သည် မသိသလော” ဟု မိန်း၏။
JOH 19:11 ယေသျှုက “ဘုရားသခင် အခွင့် မပီးလျှင် မင်းကြီးသည် ငါ၌ မည်သည့် အခွင့်အာဏာမျှ မဟိပါ။ ငါ့ကို မင်းကြီးလက်သို့ အပ်နှံသော သူသည် သာ၍ အပြစ်ကြီးပါ၏” ဟု ဆို၏။
JOH 19:12 ဤစကားကို ပိလတ်ကြားသောခါ၊ သူသည် ယေသျှုကို ပြန်လွှတ်ရန် ကြိုးစားပြန်၏။ သို့ရာတွင် ယုဒလူမျိုး အပေါင်းရို့က “ထိုသူအား လွှတ်ပီးလိုက်လျှင် မင်းကြီးသည် ဧကရာဇ်မင်း၏ မိတ်ဆွီ မဟုတ်ယာ၊ မိမိကိုယ်ကို ဘုရင်ဟု ဆိုသူသည် ဧကရာဇ်မင်း၏ ရန်သူသာ ဖြစ်ပါ၏” ဟု အော်ဟစ်ပြောဆိုကြ၏။
JOH 19:13 ပိလတ်သည်လည်း ထိုစကားသံကို ကြားသောအခါ ယေသျှုကို အပြင်သို့ ထုတ်လာပြီးမှ ဟေဗြဲဘာသာစကားဖြင့် “ဂဗ္ဗသ” ဟု ခေါ်သည့် ကျောက်ပြား စင်္ကြံ၌ ဟိသော တရားပလ္လင်ထက်တွင် ထိုင်တော်မူ၏။
JOH 19:14 ထိုနိ့ကား ပသခါပွဲနိ့အတွက် ပျင်ဆင်နိန်ရသော အဖိတ်နိ့ မွန်းတည့်ချိန် ဖြစ်၏။ ပိလတ်က ယုဒလူအပေါင်းရို့အား “ဤသူကား သင်ရို့၏ သျှင်ဘုရင်” ဟု ပြော၏။
JOH 19:15 ထိုသူရို့က “သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ်၍ တောင်းဆိုကြ၏။ ပိလတ်မင်းက “သင်ရို့သည် ငါ့အား သင်ရို့၏ သျှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ခိုင်းနိန်ကြသလော” ဟု မိန်း၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများက “ငါရို့မှာ ဧကရာဇ်ဘုရင် တစ်ပါးတည်းသာ ဟိပါ၏” ဟု ပြန်ပြောကြ၏။
JOH 19:16 ထို့နောက် ပိလတ်က ယေသျှုကို လက်ဝါးကပ်တိုင်မှာ တင်ပြီး အသီသတ်ရန် ထိုသူရို့၏ လက်သို့ အပ်လိုက်လေ၏။ ထို့နောက် သူရို့သည် ယေသျှုကို ထုတ်ယူလာကြ၏။
JOH 19:17 ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို မိမိကိုယ်တိုင် ထမ်းရွက်ကာ “ဦးဂေါင်းခွံအရပ်” ဟု ခေါ်တွင်ကြသော အရပ်သို့ ထွက်လာကြ၏။ ထိုအရပ်ကို ဟေဗြဲဘာသာအားဖြင့် ဂေါလဂေါသ ဟု ခေါ်ကြ၏။
JOH 19:18 သူရို့သည် ထိုနီရာ၌ အခြားနှစ်ယောက်နှင့်အတူ ယေသျှုကို အလယ်၌ ထားကာ လက်ဝါးကပ်တိုင်မှာ တင်၍ သတ်လိုက်ကြ၏။
JOH 19:19 ပိလတ်က “ယုဒလူမျိုးများ၏သျှင်ဘုရင် နာဇရက်မြို့သား ယေသျှု” ဟု ကဗျည်းစာ တစ်ခုကို ရီးကာ လက်ဝါးကပ်တိုင်တွင် ချိတ်ဆွဲထားလေ၏။
JOH 19:20 ထိုကဗျည်းစာကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာ၊ ဟေလသဘာသာစကားများနှင့် ရီးထား၏။ ယေသျှုကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ထားသော နီရာသည် မြို့နှင့် မဝီးသောကြောင့် များစွာသော ယုဒလူမျိုးအပေါင်းရို့သည် ထိုစာကို ဖတ်ကြလေ၏။
JOH 19:21 ယဇ်ပုရောဟိတ်အကြီးအကဲတိက “‘ယုဒလူမျိုးများ၏ သျှင်ဘုရင်’ ဟု မရီးပါကေ့၊ ထိုသို့ ရီးမည့်အစား ‘ဤသူက ငါသည် ယုဒလူမျိုးတိ၏ သျှင်ဘုရင်ဖြစ်သည်ဟု ပြောဆို၏’ ဟူ၍ ရီးပါ” ဟု ပိလတ်အား လျှောက်ထားကြလေ၏။
JOH 19:22 သို့သော်လည်း ပိလတ်က “ငါရီးထားသည့်အတိုင်း ငါရီးထားပြီးပြီ” ဟု ပြန်၍ မိန့်တော်မူ၏။
JOH 19:23 စစ်သားရို့သည် ယေသျှုကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ထားပြီးနောက် သူ၏အပြင်ဝတ်ရုံကို လေးပိုင်းပိုင်းကာ တစ်ယောက်လျှင် တစ်ပိုင်းစီ ခွဲဝီ၍ ယူကြလေ၏။ ကိုယ်တော်၏အတွင်းခံ အဝတ်သည် အထက်မှ အောက်သို့ထိတိုင်အောင် ခြုပ်ရိုး လုံးဝမဟိဘဲ ရက်လုပ်ထားခြင်းဖြစ်၏။
JOH 19:24 စစ်သားတိက “ဤဝတ်ရုံကို မဆုတ်မဖြဲ ကတ်ကေ့။ ရထိုက်သောသူ ရယူစီခြင်းငှာ မဲနှိုက်၍ ဆုံးဖြတ်ကတ်မေ” ဟု အချင်းချင်း ပြောဆိုကြ၏။ ဤကား ကျမ်းစာ၌ ရီးထားသည့်အတိုင်း၊ “သူရို့သည် ငါ၏အဝတ်ကို ပိုင်းဖြတ်ကာ ခွဲဝီ၍ ယူကြပြီးလျှင် ငါ၏ဝတ်ရုံကိုကား မဲနှိုက်၍ ယူကြလေ၏” ဟူသော စကား ပြည့်စုံလာစီရန် ဖြစ်လာခြင်း ဖြစ်၏။ သို့ဖြစ်၍ စစ်သားရို့ ဤသို့ ပြုလုပ်ကြခြင်း ဖြစ်၏။
JOH 19:25 ယေသျှု၏အမိ မာရိ၊ မယ်တော်မာရိ၏ညီမဖြစ်သူ ကလောဖ၏မယား မာရိနှင့် မာဂဒလရွာသူ မာရိရို့သည် ယေသျှု၏ လက်ဝါးကပ်တိုင်နားတွင် ရပ်လျက်ဟိကြ၏။
JOH 19:26 ယေသျှုသည် ထိုနီရာ၌ မတ်တပ်ရပ်နိန်ကြသည့် သူ၏မိခင်နှင့် သူချစ်သော တပည့်တော် တစ်ယောက်ကို မြင်သောအခါ ကိုယ်တော်က မယ်တော်အား “သူသည် မယ်တော်၏သားဖြစ်၏” ဟု မိန့်တော်မူ၏။
JOH 19:27 ထို့နောက် ဤတပည့်တော်အား “ထိုမိန်းမသည် သင်၏အမိ ဖြစ်၏” ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ဤတပည့်တော်က မယ်တော်အား မိမိအိမ်၌ နီထိုင်ရန် ခေါ်ဆောင်လားလေ၏။
JOH 19:28 ယေသျှုသည် ကျမ်းစာပြည့်စုံစီခြင်းငှာ အလုံးစုံကို လုပ်ဆောင်ပြီးဖြစ်ကြောင်းကို သိတော်မူ၍ “ငါ ရီသောက်ငတ်တေ” ဟု မိန့်တော်မူ၏။
JOH 19:29 ထိုနီရာတွင် ပုံးရည် အပြည့်ထည့်ထားသော အိုးတစ်လုံး ဟိ၏။ ရီမြုပ်တစ်ခုကို ယူ၍ ထိုအနား၌ဟိသော ပုံးရည်အိုးထဲတွင် နှိုက်ပြီးလျှင် ထိုရီမြှုပ်ကို ဟုဿုပ်ပင် အကိုင်းဖျားမှာ တပ်၍ ကိုယ်တော်၏နှုတ်ခမ်းကို ကပ်၍ ထားကြ၏။
JOH 19:30 ယေသျှုသည် ထိုပုံးရည်ကို သောက်တော်မူပြီးမှ “အမှုပြီးပြီ” ဟု နှုတ်မှ မြွက်ဆိုလေ၏။ ထို့နောက် ဦးဂေါင်းကို ငိုက်စိုက်ချကာ မိမိ၏အသက်တော်ကို စွန့်တော်မူလေ၏။
JOH 19:31 ထိုနိ့သည် အဖိတ်နိ့ဖြစ်၏။ နောက်တစ်နိ့သည် မြင့်မြတ်သော ဥပုသ်နိ့ဖြစ်သဖြင့် ထိုနိ့တွင် လူသီအလောင်းများကို လက်ဝါးကပ်တိုင်၌ မဟိစီခြင်းငှာ ယုဒလူမျိုးအာဏာပိုင်များက လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ထားခြင်းခံရသောသူများ၏ ခြီထောက်ကို ချိုး၍ လက်ဝါးကပ်တိုင်မှ ချခွင့်ပီးရန် ပိလတ်မင်းထံ တောင်းလျှောက်ကြ၏။
JOH 19:32 ထို့ကြောင့် စစ်သားရို့သည် လာ၍ ယေသျှုနှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ထားသည့် လူနှစ်ယောက်အား တစ်ယောက်ပြီးတစ်ယောက် ခြီထောက်ကို သတ်၍ ချိုးကြ၏။
JOH 19:33 သူရို့သည် ယေသျှုအပါးသို့ ရောက်သည့်အခါ ကိုယ်တော်သည် သီနိန်ပြီးဖြစ်ကြောင်းကို မြင်တွိ့ကြသည်ဖြစ်၍ ကိုယ်တော်၏ခြီထောက်ကို မချိုးဘဲ ထားခကြ၏။
JOH 19:34 စစ်သားတစ်ယောက်သည် ယေသျှု၏နံဘေးကို လှံနှင့် ထိုးလိုက်သဖြင့် သွီးနှင့် ရီသည် ချက်ချင်း ထွက်ကျလာ၏။
JOH 19:35 သင်ရို့သည် ယုံကြည်စီခြင်းငှာ ဤအဖြစ်အပျက်ကို ကိုယ်တိုင် မြင်တွိ့ခသော သူတစ်ယောက်က ဤအကြာင်းကိုပြောခ၏။ သူသည် သမ္မာတရားအကြောင်းကို ပြောသည်ဖြစ်၍ သူ၏သက်သီခံချက်မှာ အမှန်ပင်ဖြစ်၏။
JOH 19:36 ဤသို့ ဖြစ်ပျက်ခသည်မှာ “သူ၏အရိုး တစ်ချောင်းကိုမျှ မကျိုးစီရ” ဟူသော ကျမ်းစာသည် အမှန်ပင် ပြည့်စုံလာခြင်းဖြစ်၏။
JOH 19:37 ပြီးနောက် အခြားကျမ်းစာ တစ်ပိုဒ်တွင် “ထိုသူရို့သည် သူရို့၏လှံဖြင့် ထိုးထားသောသူကို ကြည့်ကြလိမ့်မည်” ဟု ဟောထား၏။
JOH 19:38 ထို့နောက် အရိမဿဲမြို့သားတစ်ယောက်ဖြစ်သော ယောသပ်သည် ပိလတ်မင်းထံပါးသို့ ဝင်၍ ယေသျှု၏အလောင်းကို ယူခွင့် တောင်းလျှောက်လေ၏။ ပိလတ်မင်းက ယူခွင့်ပီးလိုက်သဖြင့် အလောင်းတော်ကို ယူလားလေ၏။ ယောသပ်သည် ယေသျှု၏ တပည့်တော်တစ်ယောက် ဖြစ်သော်လည်း ယုဒအာဏာပိုင်များကို ကြောက်၍ လျှို့ဝှက်စွာ နီထိုင်သူ တစ်ယောက် ဖြစ်သည်။
JOH 19:39 ယေသျှုနှင့် တွိ့ရန် ညဉ့်အခါ လာရောက်ဖူးသည့် နိကောဒင်သည်လည်း မုရန်နှင့် အကျော် ရောထားသော နံ့သာပေါင်း ပိဿာသုံးဆယ်ခန့်ကို ယူဆောင်ကာ ယောသပ်နှင့်အတူ လိုက်လား၏။
JOH 19:40 သူရို့နှစ်ယောက်သည် ယေသျှု၏ အလောင်းတော်ကို ယူ၍ သင်္ဂြိုဟ်သည့်အခါ ယုဒလူမျိုးတိ ဓလေ့ထုံးစံဟိသည့်အတိုင်း အမွှီးနံ့သာနှင့်အတူ ပိတ်ချောအဝတ်ဖြင့် ပတ်ရစ်ကြ၏။
JOH 19:41 ယေသျှုကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်သည့်နီရာ၌ ဥယျာဉ်တစ်ခု ဟိလေ၏။ ထိုဥယျာဉ်၌ မည်သူတစ်ဦးတစ်ယောက်ကိုမှ သင်္ဂြိုဟ်ခြင်း မပြုရသိမ့်သော သင်္ချိုင်းဂူအသစ် တစ်ခု ဟိလေ၏။
JOH 19:42 ယုဒလူမျိုး၏ အဖိတ်နိ့ဖြစ်သောကြောင့် သူရို့နှစ်ယောက်သည် ယေသျှု၏ အလောင်းတော်ကို ယူ၍ အနီးအနားတွင်ဟိသော ထိုသင်္ချိုင်းဂူထဲ၌ သွင်းထားကြလေ၏။
JOH 20:1 တလင်းဂနီနိ့ မိုးထက်ဖက် မိုးမလင်းခင်အချိန်တွင် မာဂဒလရွာသူ မာရိသည် သင်္ချိုင်းဂူသို့ ရောက်လားရာ၊ ဂူပေါက်ဝ၌ ပိတ်ထားသော ကျောက်တုံးသည် ရွိ့လျက်ဟိသည်ကို မြင်တွိ့လေ၏။
JOH 20:2 သူမသည် သျှိမုန်ပေတရုနှင့် ယေသျှုချစ်သော တပည့်တော်ပါးသို့ ဗြီးလား၍ “သူရို့သည် သခင်ဘုရားအလောင်းကို သင်္ချိုင်းဂူထဲက ထုတ်ယူလားခယာ၊ ဇာနီရာမှာ ထားကြသည်ကို အကျွန်ရို့ မသိပါ” ဟု ပြော၏။
JOH 20:3 ထို့နောက် ပေတရုနှင့် တခြားသော တပည့်တော်တစ်ယောက်သည် သင်္ချိုင်းဂူသို့ လားကြ၏။
JOH 20:4 နှစ်ယောက်သား အဗြီးအလွှား လားကြ၏။ သို့ရာတွင် ထိုအခြားသော တပည့်တော်တစ်ယောက်သည် သင်္ချိုင်းဂူသို့ ပေတရုထက် ရှိ့က ရောက်လေ၏။
JOH 20:5 သူသည် သင်္ချိုင်းဂူကို ငုံ့ကြည့်သောအခါ အလောင်းကို ပတ်ရစ်ထားသည့် ပိတ်ချောကိုသာ တွိ့မြင်၏။ သို့သော် ဂူအတွင်းသို့ မဝင်ဘဲနိန်၏။
JOH 20:6 သူ၏နောက်က ရောက်လာသော သျှိမုန်ပေတရုသည် ဂူထဲသို့ တန်း၍ ဝင်လေ၏။ သူသည် အလောင်းကို ပတ်ရစ်ထားသော ပိတ်ချောစကိုလည်းကောင်း၊
JOH 20:7 ယေသျှု၏ ဂေါင်းမှာ ပေါင်းထားသည့် အဝတ်သည် ပိတ်ချောစနှင့် အတူမဟိဘဲ တခြားစီ လိပ်လျက် ဟိသည်ကိုလည်းကောင်း တွိ့ရ၏။
JOH 20:8 သင်္ချိုင်းဂူသို့ အယင်ရောက်သော တပည့်တော်သည်လည်း ဂူထဲသို့ ဝင်ကြည့်သောအခါမှ မြင်ရသည်ဖြစ်၍ ယုံလေ၏။
JOH 20:9 ကိုယ်တော်သည် သီဆုံးခြင်းက ထမြောက်ရမည်ဆိုသော ကျမ်းစာကို သူရို့သည် နားမလည်ကြသိမ့်ပေ။
JOH 20:10 ထို့နောက် တပည့်တော်ရို့သည် အိမ်သို့ ပြန်လားကြ၏။
JOH 20:11 မာရိသည် သင်္ချိုင်းဂူအပြင်၌ ငိုလျက် ရပ်နိန်၏။ သူမသည် ငိုလျက် ဂူထဲသို့ ငုံ့ကြည့်သောအခါ
JOH 20:12 အဖြူရောင်ဝတ်ထားသော ကောင်းကင်တမန်နှစ်ပါးသည် ယေသျှု အလောင်းထားသည့်နီရာ၏ ဂေါင်းရင်း၌ တစ်ပါး၊ ခြီရင်း၌တစ်ပါး ထိုင်လျက် ဟိကြသည်ကို မြင်၏။
JOH 20:13 သူရို့က “အို မိန်းမ၊ သင်သည် ဇာကြောင့် ငိုနိန်သနည်း” ဟု မိန်းကြသော်၊ “အကျွန်၏ သခင်ဘုရားကို ယူလားကြသောသူရို့သည် ထိုအသျှင်အား ဇာနီရာမှာ ထားသည်ကို အကျွန် မသိလို့ပါ” ဟု သူမက ဆို၏။
JOH 20:14 ထို့နောက် သူမသည် လှည့်ကြည့်လိုက်သောအခါ မတ်တပ်ရပ်နိန်သော ယေသျှုကို မြင်လေ၏။ သို့သော်လည်း သူမက ယေသျှုဖြစ်သည်ကို မသိ။
JOH 20:15 “အသင် မိန်းမ၊ ဇာဖြစ်လို့ ငိုနိန်သနည်း၊ ဇာသူ့ကို ရှာနိန်သနည်း” ဟု ယေသျှုက မိန်း၏။ သူမသည် ကိုယ်တော့်ကို ဥယျာဉ်စောင့်တစ်ယောက်ဖြစ်သည်ဟု ထင်မှတ်လျက် “ဆရာ၊ သင်သည် သူ့ကို ယူလားသောသူဖြစ်လျှင် ဇာနီရာမှာ ထားသည်ကို အကျွန့်ကို ပြောပြပါ၊ အကျွန်သည် သူ့ကို လား၍ ယူပါမည်” ဟု ပြောလေ၏။
JOH 20:16 ယေသျှုက သူမအား “မာရိ” ဟု ခေါ်လိုက်၏။ မာရိကလည်း ကိုယ်တော်ဖက်သို့ လှည့်၍ ဟေဗြဲဘာသာစကားအားဖြင့် “ရဗ္ဗနိ့” ဟု ထူးလေ၏။ “ရဗ္ဗနိ့” ဆိုသည်မှာ “ဆရာ” ဟူ၍ အဓိပ္ပာယ်ရ၏။
JOH 20:17 “ငါသည် အဖထံပါးသို့ မတက်ရသိမ့်ဖြစ်၍ ငါ့ကို မဖက် ကေ့ဦး။ သို့သော်လည်း ငါသည် ငါ၏အဖတည်းဟူသော သင်ရို့၏အဖနှင့် ငါ၏ဘုရားသခင်တည်းဟူသော သင်ရို့၏ ဘုရားသခင်ပါးသို့ တက်ရဦးမည်အကြောင်းကို ငါ၏ညီအစ်ကိုတိပါးသို့ လား၍ ပြောပြလော့” ဟု ယေသျှုက မာရိအား ပြောလေ၏။
JOH 20:18 ထို့နောက် မာဂဒလရွာသူ မာရိသည် တပည့်တော်တိပါးသို့ လားပြီးလျှင် သူမသည် သခင်ဘုရားကို တွိ့မြင်ခသည်ကိုလည်းကောင်း၊ ကိုယ်တော်က သူမအား မည်သို့ မိန့်မှာလိုက်သည်ကိုလည်းကောင်း သူရို့ကို ပြောပြလေ၏။
JOH 20:19 အချိန်ကား တလင်းဂနီနိ့၏ မိုးချုပ်စချိန် ဖြစ်၏။ ယုဒအာဏာပိုင်တိကို ကြောက်၍ တပည့်တော်ရို့သည် တန်းခါး ပိတ်ကာ အတူတကွ စုရုံးလျက် နိန်ကြ၏။ ထိုအခါ ယေသျှုသည် ဝင်ရောက်လာ၍ တပည့်တော်တိကြား၌ မတ်တပ်ရပ်ပြီးလျှင် “သင်ရို့၌ ငြိမ်သက်ခြင်းဟိပါစီသောဝ်” ဟု နှုတ်ဆက်လေ၏။
JOH 20:20 ယေသျှုသည် ထိုသို့ မိန့်တော်မူပြီးနောက် သူ၏လက်ဝါးနှင့် သူ၏နံဘေးကို သူ၏တပည့်တော်တိအား ပြ၏။ တပည့်တော်ရို့သည် သခင်ဘုရားကို မြင်ရ၍ အလွန်ဝမ်းမြောက်ကြ၏။
JOH 20:21 ယေသျှုက “သင်ရို့၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်” ဟု တဖန် နှုတ်ဆက်ပြီးလျှင် “အဖ က ငါ့ကို စီရွှတ်သကဲ့သို့ သင်ရို့ကိုလည်း ငါစီရွှတ်လိုက်၏” ဟု မိန့်တော်မူ၏။
JOH 20:22 ထို့နောက် သူရို့အထက်၌ မှုတ်တော်မူလျက် “သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူကြလော့” ဟု မိန့်တော်မူ၏။
JOH 20:23 “သင်ရို့သည် လူရို့၏အပြစ်ကို လွှတ်လျှင် ထိုသူရို့သည် အပြစ်မှ လွှတ်ခြင်းကို ခံရလိမ့်မည်၊ သင်ရို့သည် လူရို့၏အပြစ်ကို မလွှတ်လျှင် ထိုသူရို့သည်လည်း အပြစ်မှ မလွတ်ကြ” ဟု မိန့်မှာတော်မူ၏။
JOH 20:24 ယေသျှု ကြွလာတော်မူသောအခါ တပည့်တော်တစ်ဆယ့်နှစ်ပါးထဲက တစ်ပါးဖြစ်သော အမြွှာဟုခေါ်သည့် သောမသည် သူရို့နှင့်အတူ မဟိပေ။
JOH 20:25 ထို့ကြောင့် “ငါရို့သည် သခင်ဘုရားကို တွိ့ပြီးပြီ” ဟု အခြားသောတပည့်တော်တိက သူ့ကို ပြောကြသောအခါ သောမ က “ကိုယ်တော်၏ လက်ဝါးနှစ်ဖက်၌ ဟိသော သံမှုတ်ဒဏ်ရာကို ငါ့လက်ဖျားနှင့် မထိရ၊ ကိုယ်တော်၏နံဘေးမှာဟိသော ဒဏ်ရာကို ကိုယ်တိုင် လက်နှင့် မစမ်းရလျှင် အကျွန်သည် ယုံကြည်လိမ့်မည် မဟုတ်ပါ” ဟု ပြော၏။
JOH 20:26 တစ်ပတ်ကြာပြီးနောက် တပည့်တော်ရို့သည် အိမ်ထဲ၌ တဖန် အတူတကွ စုရုံးကြ၏။ သူရို့နှင့်အတူ သောမလည်း ပါ၏။ အိမ်တန်းခါးများကို ပိတ်ထားကြသော်လည်း ယေသျှုသည် ဝင်ရောက်လာပြီးလျှင် သူရို့အလယ်တွင် မတ်တပ်ရပ်လျက်၊ “သင်ရို့၌ ငြိမ်သက်ခြင်းဟိပါစီသောဝ်” ဟု နှုတ်ဆက်တော်မူ၏။
JOH 20:27 ထို့နောက် ကိုယ်တော်က သောမအား “သင်၏လက်ချောင်းဖြင့် ငါ၏လက်ဖဝါးတိကို စမ်းကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ၏နံဘေးကို စမ်းကြည့်လော့။ သံသယကင်းစွာဖြင့် ငါ့ကို ယုံကြည်လော့” ဟု မိန့်တော်မူ၏။
JOH 20:28 ထိုအခါ သောမသည်လည်း “ကိုယ်တော်သည် အကျွန်၏အသျှင်၊ အကျွန်၏ ဘုရားသခင် ပါတကား” ဟု လျှောက်လေ၏။
JOH 20:29 ယေသျှုက သောမအား “သင်သည် ငါ့ကို မြင်ရသောကြောင့် ယုံကြည်သလော။ ငါ့ကို မမြင်ဘဲ ယုံကြည်သောသူသည် မင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။
JOH 20:30 ယေသျှုသည် ဤစာအုပ်၌ ရီးမထားသော တခြားသော နိမိတ်လက္ခဏာများစွာကို သူ၏တပည့်တော်တိ ရှိ့၌ ပြခ၏။
JOH 20:31 သို့သော်လည်း ယေသျှုသည် မေသျှိယတည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်သည်ကို ယုံကြည်ကြစီခြင်းငှာလည်းကောင်း၊ ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်မြတ်၌ အသက်ကို ရစီခြင်းငှာ လည်းကောင်း ဤအရာများကို ရီးထားခြင်းဖြစ်၏။
JOH 21:1 ထိုသို့ ဖြစ်ပျက်ပြီးနောက် ယေသျှုသည် တပည့်တော်တိအား တိဗေရိအိုင်တွင် နောက်တဖန် ကိုယ်ထင်ပြတော်မူခ၏။ ပြတော်မူသည်မှာ ဤသို့ဖြစ်၏။
JOH 21:2 သျှိမုန်ပေတရုနှင့် အမြွှာပူးဟု ခေါ်သည့် သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားများနှင့် အခြားသော ယေသျှု၏တပည့်တော်နှစ်ယောက်သည်လည်း အတူတကွ ဟိနိန်ကြ၏။
JOH 21:3 သျှိမုန်ပေတရုက “အကျွန် ငါးဖမ်း လားဖို့ယာ” ဟု ပြောသောအခါ၊ တခြားလူတိက “သင်နှင့်အတူ အကျွန်ရို့လည်း လိုက်ပါဖို့” ဟု ဆို၍ သူရို့သည် လောင်းတစ်စီးဖြင့် ထွက်လာကြ၏။ သို့ရာတွင် သူရို့သည် ထိုညတွင် ဇာတစ်ခုမျှ မရကြပေ။
JOH 21:4 မိုးလင်းလာသောအခါ ယေသျှုသည် ရီကမ်းစပ်နားတွင် ရပ်နိန်တော်မူ၏။ သို့သော်လည်း တပည့်တော်တိက ယေသျှုဖြစ်သည်ကို မသိကြ။
JOH 21:5 ထိုအခါ ကိုယ်တော်က “မိတ်ဆွီရို့ ငါး မရကြသလော” ဟု သူရို့အား မိန်း၏။ “တစ်ခုလည်း မရပါ” ဟု သူရို့က ပြန်ပြောကြ၏။
JOH 21:6 ကိုယ်တော်က “သင်ရို့၏ပိုက်ကို လောင်း၏ညာဖက်မှာ ချကြလော့၊ ငါးတိ ရလာလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း သူရို့သည် ပိုက်ကို ချကြသောအခါ များစွာသော ငါးတိကို ဖမ်းမိသောကြောင့် ပိုက်ကိုပင် ဆွဲ၍ မတင်နိုင်ကြပေ။
JOH 21:7 ယေသျှု ချစ်သောတပည့်တော်က “သခင်ဘုရား ဖြစ်ပေ၏” ဟု ပေတရုအား ပြောလေ၏။ “သခင်ဘုရား ဖြစ်ပေ၏” ဟူသောစကား သျှိမုန်ပေတရုသည် ကြားလျှင်ကြားချင်း အဝတ်မဝတ်ဘဲ၊ အပြင်အင်္ကျီကို မိမိကိုယ်၌ ပတ်စည်းကာ ရီထဲသို့ ခုန်ဆင်းလေ၏။
JOH 21:8 အခြားသော တပည့်တော်ရို့သည် ငါးများနှင့် ပြည့်နိန်သော ပိုက်ကို လက်လံငါးဆယ်လောက် ကွာဝီးသည့်နီရာက လောင်းဖြင့် ဆွဲ၍ ကမ်းခြီသို့ လာကြ၏။
JOH 21:9 သူရို့သည် ကမ်းခြီသို့ ရောက်ကြသောအခါ မီးကျီးခဲမီးဖိုကိုလည်းကောင်း၊ ကင်ထားသော ငါးများကိုလည်းကောင်း၊ မုန့်တချို့ကိုလည်းကောင်း တွိ့ကြလေ၏။
JOH 21:10 ယေသျှုကလည်း “သင်ရို့ အဂု ဖမ်းမိသော ငါးတချို့ကို ယူခကြလော့” ဟု သူရို့အား မိန့်တော်မူ၏။
JOH 21:11 သျှိမုန်ပေတရုသည် လောင်းထက်သို့ ပြန်၍ တက်ပြီးလျှင် ငါးကြီး ၁၅၃ ကောင်နှင့် ပြည့်နိန်သည့် ပိုက်ကွန်ကို ကုန်းထက်သို့ ဆွဲတင်လာ၏။ ငါးများသော်လည်း ပိုက်ကွန်သည် စုတ်ပြဲခြင်းမဟိပေ။
JOH 21:12 ယေသျှုက “လာ၍ စားကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။ တပည့်တော်တိကလည်း သခင်ဘုရား ဖြစ်တော်မူကြောင်းကို သိကြသောကြောင့် “သင်ကား ဇာသူဖြစ်သနည်း” ဟု မည်သူမျှ မမိန်းဝံ့ကြပေ။
JOH 21:13 ယေသျှုသည်လာ၍ မုန့်ကို ယူပြီးလျှင် တပည့်တော်တိကို ပီးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း ပီးတော်မူ၏။
JOH 21:14 ဤကား ယေသျှုသည် သီခြင်းက ထမြောက်ပြီးနောက် တပည့်တော်တိအား သုံးကြိမ်မြောက် ကိုယ်ထင်ပြတော်မူခြင်းဖြစ်၏။
JOH 21:15 သူရို့သည် စားပြီးကြသောအခါ ယေသျှုက သျှိမုန်ပေတရုအား “ယောဟန်၏သား သျှိမုန် သင်သည် ဤအရာတိထက် ငါ့ကို ပို၍ ချစ်သလော” ဟု မိန်းသော်၊ “ချစ်ပါ၏ အသျှင်၊ အကျွန်သည် ကိုယ်တော့်အား ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု ပြောလေ၏။ ယေသျှုက “ငါ၏သိုးငယ်တိကို စောင့်ရှောက်လော့” ဟု သျှိမုန်ပေတရုအား မိန့်မှာတော်မူ၏။
JOH 21:16 တဖန် ယေသျှုက “ယောဟန်၏သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု ဒုတိယအကြိမ် မိန်းတော်မူပြန်၏။ သျှိမုန်ပေတရုက “ချစ်ပါ၏ အသျှင်၊ အကျွန်သည် ကိုယ်တော့်အား ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်သော်၊ ယေသျှုက “ငါ့ သိုးတိကို စောင့်ရှောက်လော့” ဟု သျှိမုန်ပေတရုအား မိန့်မှာတော်မူ၏။
JOH 21:17 ယေသျှုက “ယောဟန်သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မိန်းတော်မူပြန်၏။ ယေသျှုက “သင်သည် ငါ့ကို ချစ်သလော” ဟု သူ့အား သုံးကြိမ် သုံးလီ မိန်းလာသောကြောင့် ပေတရုသည် ဝမ်းနည်းလာ၏။ ထို့ကြောင့် သူသည် ကိုယ်တော့်ကို “အသျှင်၊ ကိုယ်တော်သည် အလုံးစုံကို သိတော်မူ၏၊ ကိုယ်တော့်ကို အကျွန် ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်လေ၏။ ယေသျှုက “ငါ၏ သိုးတိကို စောင့်ရှောက်လော့။
JOH 21:18 ငါအမှန် ဆိုသည်ကား၊ သင်သည် အသက်အရွယ် နုပျိုသောအခါ သင်၏ ခါးပတ်ကို ပတ်စည်း၍ သင်လားချင်သော အရပ်ကို လားနိုင်သော်လည်း အသက်အရွယ် ကြီးလာသောအခါ သင်၏ လက်နှစ်ဖက်ကို ဆန့်၍ လူတချို့က သင့်ကို ပတ်စည်းပြီးလျှင် သင် မလားချင်သောအရပ်သို့ ပို့ဆောင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
JOH 21:19 ဤကား ပေတရုသည် မည်သို့ သီရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်ကို မည်သို့ ထင်ရှားလိမ့်မည်ကိုလည်းကောင်း မိန့်တော်မူခြင်းဖြစ်၏။ ထို့နောက် ယေသျှုက ပေတရုအား “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
JOH 21:20 ပေတရုသည် နောက်ကို လှည့်၍ ကြည့်လိုက်သောအခါ ယေသျှု ချစ်သော တပည့်တော်သည် သူရို့ နောက်မှ လိုက်လာသည်ကို မြင်လေ၏။ ထိုသူသည် တစ်ချိန်က ညစာ စားကြသောအခါ သခင်ဘုရား၌ မှီလျက် “သခင်ဘုရားကို ဇာသူက သစ္စာဖောက်လိမ့်မည်နည်း” ဟု မိန်းသော တပည့်တော်ဖြစ်၏။
JOH 21:21 ပေတရုက သူ့ကို မြင်သောအခါ “အသျှင်ဘုရား၊ ဤသူကား ဇာပိုင် ဖြစ်လိမ့်မည်နည်း” ဟု ယေသျှုအား မိန်းလျှောက်၏။
JOH 21:22 ယေသျှုက “ငါ ကြွလာသည့်တိုင်အောင် သူ့ကို အသက်ရှင်စီခြင်းငှာ ငါ အလိုဟိလျှင် သင်နှင့် ဇာဆိုင်လဲ၊ သင်မူကား ငါ့နောက်သို့ လိုက်လော့” ဟု ပေတရုအား မိန့်တော်မူ၏။
JOH 21:23 ထို့ကြောင့် ဤတပည့်တော်သည် မသီ ဟူသော သတင်းသည် ယေသျှု၏နောက်လိုက်တိပါးသို့ ပြန့်နှံ့လားလေ၏။ သို့သော် ထိုသူ မသီ ဟု ကိုယ်တော်က ပြောခြင်း မဟုတ်ပေ။ “ငါ ကြွလာသည့်တိုင်အောင် သူ့အား အသက်ရှင်စီခြင်းငှာ ငါအလိုဟိလျှင် သင်နှင့် ဇာဆိုင်လဲ” ဟု ကိုယ်တော်က မိန့်တော်မူခခြင်း ဖြစ်၏။
JOH 21:24 ထိုတပည့်တော်ကား ဤအကြောင်းအရာများကို သက်သီခံ၍ ရီးထားခသောသူ ဖြစ်၏။ သူ၏ သက်သီခံချက် မှန်သည်ကို ငါရို့ သိကြ၏။
JOH 21:25 အဂုတွင် ယေသျှုပြုတော်မူခသော အကြောင်းအရာများစွာ ဟိသိမ့်၏။ ဤအကြောင်းအရာ ဟိသမျှကို တစ်ခုပြီးတစ်ခု ရီးသားမည်ဆိုလျှင် စာအုပ်များသည် လောကတစ်ခုလုံး မဆန့်နိုင်အောင် များပြားပေလိမ့်မည်ဟု အကျွန် ထင်မြင်မိပါ၏။
ACT 1:1 အဆွီ သော်ဖိလု၊ ယေသျှုသည် အမှုတော်ဆောင်ရွက်ခြင်းနှင့် သွန်သင်ခြင်းတိကို အစပြုတော်မူသည့်အချိန်မှစ၍၊
ACT 1:2 ရွီးကောက်တော်မူသော တမန်တော်တိကို သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် မိန့်မှာတော်မူပြီးနောက် အထက်သို့ ဆောင်ယူခြင်း ခံတော်မူသောနိ့တိုင်အောင် ဖြစ်ပျက်သမျှတိကို ပထမစာစောင်၌ ငါရီးသားဖော်ပြခ၏။
ACT 1:3 ကိုယ်တော်သည် အသီခံတော်မူပြီးနောက် ရက်ပေါင်းလေးဆယ်တိုင်အောင် တမန်တော်ရို့အား မိမိအသက်ရှင်တော်မူကြောင်းကို ခိုင်လုံသော သက်သီအားဖြင့် အကြိမ်ပေါင်းများစွာ ဖော်ပြတော်မူ၏။ တမန်တော်ရို့သည် ကိုယ်တော့်ကို တွိ့မြင်ကြရပြီး၊ ကိုယ်တော်ကလည်း သူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်တော်မူ၏။
ACT 1:4 သူရို့သည် စုရုံးလာကြသောအခါ ကိုယ်တော်က “ယေရုဆလင်မြို့မှ ထွက်မလားကတ်ကေ့။ ငါ၏ခမည်းတော် ကတိပီးထားတော်မူခသော ဆုကျေးဇူးတိကို စောင့်မျှော်နိန်ကြလော့။ ထိုကတိတော်အကြောင်းကို အယင်က သင်ရို့ကို ငါဖော်ပြထားပြီးဖြစ်၏။
ACT 1:5 ယောဟန်က ရီ၌ ဗတ္တိဇံကို ပီး၏။ သို့သော် သင်ရို့သည် ရက်အင်တန်ကာလအတွင်း သန့်ယှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ACT 1:6 တမန်တော်ရို့သည် ယေသျှုနှင့် အတူတကွ တွိ့ဆုံကြသောအခါ “အသျှင်၊ ဤအချိန်၌ ဣသရေလလူမျိုးတိအတွက် နိုင်ငံတော်ကို ပြန်ပီးတော်မူပါမည်လော့” ဟု မိန်းလျှောက်ကြ၏။
ACT 1:7 ယေသျှုက “ခမည်းတော်က မိမိ၏ အခွင့်အာဏာဖြင့် ဖြစ်လာမည့် အချိန်ကာလနှင့် နိ့ရက်များကို သင်ရို့ သိပိုင်ခွင့်မဟိ။
ACT 1:8 သို့ရာတွင် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ၊ သင်ရို့သည် တန်ခိုးဖြင့် ပြည့်ဝပြီးလျှင် ယေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ခုလုံး၊ ယှာမာရိပြည်နှင့် ကမ္ဘာမြီကြီးအစွန်းတိုင်အောင် ငါ၏သက်သီဖြစ်ကြလိမ့်မည်” ဟု သူရို့အား မိန့်တော်မူ၏။
ACT 1:9 ဤသို့ မိန့်တော်မူပြီးနောက် တမန်တော်ရို့ ကြည့်လျက်နိန်ကြစဉ် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော့်ကို ဖုံးကွယ်သဖြင့် သူရို့ မမြင်ရပေ။
ACT 1:10 ထိုသို့ ကိုယ်တော် ကြွတော်မူစဉ် တမန်တော်ရို့သည် အာကာပြင်သို့ စိ့စိ့ကြည့်နိန်ကြ၏။ ထိုအခါ ဝတ်ဖြူစင်ကြယ်နှင့် လူနှစ်ယောက်သည် သူရို့အနားတွင် ရုတ်တရက် ရပ်လာပြီးလျှင်၊
ACT 1:11 “ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ပါးမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်” ဟု ဆိုကြ၏။
ACT 1:12 ထို့နောက် တမန်တော်ရို့သည် သံလွင်တောင်မှ မိုင်ဝက်ခန့်ဝီးသော ယေရုဆလင်မြို့သို့ ပြန်လာကြ၏။
ACT 1:13 သူရို့သည် မြို့ထဲသို့ဝင်၍ မိမိရို့တည်းခိုသော အိမ်အထက်ခန်းသို့ တက်ကြ၏။ ထိုသူရို့ကား သျှိမုန်ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သား ယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူသျှိမုန်နှင့် ယာကုပ်၏သား ယုဒရို့ဖြစ်ကြ၏၊
ACT 1:14 သူရို့သည် ယေသျှု၏ မယ်တော်မာရိ အပါအဝင် မိန်းမတချို့နှင့် လည်းကောင်း၊ ကိုယ်တော်၏ ညီတော်များနှင့် လည်းကောင်း၊ မကြာမကြာ စုရုံး၍ အတူတကွ ဆုတောင်းလျက်နိန်ကြ၏။
ACT 1:15 ရက်အင်တန်ကြာပြီးနောက် ၁၂၀ ခန့် ဟိသော ယုံကြည်သူရို့ စုဝေးနိန်ကြစဉ် ပေတရုသည် စကားပြောရန် ထ၍၊
ACT 1:16 “ညီအစ်ကိုမောင်နှမရို့၊ ယေသျှုကို ဖမ်းဆီးဖို့ လမ်းပြသူ ယုဒသျှာကရုတ်ကို ရည်မှတ်၍ သန့်ယှင်းသောဝိညာဉ်တော်က ဒါဝိဒ်အားဖြင့် ကျမ်းစာတော်မြတ်၌ ဖော်ပြခသည့်အတိုင်း အမှန်ပင် ပြည့်စုံရမည်။
ACT 1:17 ယုဒသျှာကရုတ်သည် ငါရို့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်ခ၏။ အကြောင်းမူကား သူသည် ငါရို့နှင့်အတူ အမှုတော်ဆောင်ရန် ရွီးချယ်ခံထားသူ ဖြစ်ခ၏” ဟု ဟောပြောလေ၏။
ACT 1:18 ယုဒသည် မတရားသဖြင့် ရသောငွီဖြင့် မြီတစ်ကွက်ကို ဝယ်ပြီးနောက် ထိုမြီကွက်တွင် လဲကျပြီး သီဆုံးကာ ဝမ်းပေါက်၍ အူများထွက်ကျလေ၏။
ACT 1:19 ယေရုဆလင်မြို့၌ နီထိုင်သမျှသောသူ အပေါင်းရို့သည် ထိုအကြောင်းကို ကြား၍ ထိုမြီကွက်ကို မိမိရို့ ဘာသာစကားဖြင့် အကေလဒမဟု ခေါ်ဆိုကြ၏။ ၎င်း၏အနက်ကား “သွီးမြီ” ဟူ၍ ဖြစ်၏။
ACT 1:20 “ဆာလံကျမ်းစာ၌၊ “ ‘သူ၏ အိမ်သည် လူကင်းမဲ့သောအိမ် ဖြစ်ပါစီ၊’ ‘ထိုအိမ်၌ နီထိုင်သူ တစ်ယောက်လည်း မဟိပါစီကေ့။’ ‘သူ၏ အရိုက်အရာကိုလည်း တခြားသူ ယူပါစီ’ ဟု ရီးသားထားပါ၏။
ACT 1:21 “ထို့ကြောင့်၊ အသျှင်ယေသျှုသည် ငါရို့ပါး၌ ဝင်ထွက်လားလာသည့် အချိန်တလျှောက်လုံး ငါရို့နှင့်အတူ နီထိုင်ခသူတစ်ဦး ဖြစ်ရမည်၊
ACT 1:22 ထိုသူသည် ယောဟန်၏ ဗတ္တိဇံတရားအကြောင်းကို ဟောပြောနိန်သည့် အချိန်မှစ၍ ယေသျှုကို အကျွန်ရို့ပါးမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူချိန်ထိတိုင်အောင် ငါရို့နှင့်အတူ နီထိုင်ခသူတစ်ဦး ဖြစ်ရမည်။ ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ငါရို့နှင့်အတူ သက်သီခံဖို့ရန် လူတစ်ယောက်ဖြစ်ရမည်” ဟု ဆို၏။
ACT 1:23 ထို့ကြောင့် တပည့်တော်ရို့သည် လူနှစ်ယောက်ကို အဆိုပြုကြ၏။ ထိုသူနှစ်ယောက်သည်ကား ဗာသျှဗဟု ခေါ်သော ယုတ္တု အမည်သစ်ကိုရသော ယောသပ်နှင့် မဿိရို့ ဖြစ်ကြ၏။
ACT 1:24 ထို့နောက် တပည့်တော်ရို့သည် “အို အသျှင်ဘုရား၊ ကိုယ်တော်သည် လူတိစိတ်နှလုံးကို သိတော်မူပါ၏။ ဤသူနှစ်ယောက်ထဲက ဇာသူ့ကို ကိုယ်တော်သျှင်က ရွီးချယ်ခန့်ထားတော်မူကြောင်းကို အကျွန်ရို့ကို ဖော်ပြပီးတော်မူပါ။
ACT 1:25 အကြောင်းမူကား မိမိနှင့် ထိုက်တန်သောအရပ်သို့ ထွက်ခွာလားသော ယုဒ၏နီရာ၌ တမန်တော်တစ်ပါးအဖြစ် အမှုတော်ကို ဆောင်ရွက်ရန် ဖြစ်ပါသည်” ဟု ဆုတောင်းကြ၏။
ACT 1:26 ထို့နောက် သူရို့နှစ်ယောက်ကို မဲဖြင့်ရွီးချယ်ကြရာ မဿိသည် မဲကျသဖြင့် သူ့အား တမန်တော် တစ်ကျိပ်တစ်ပါးရို့နှင့်အတူ တမန်တော်အဖြစ် ရွီးချယ်ခန့်ထားကြ၏။
ACT 2:1 ပင်တေကုတ္တေပွဲတော်နိ့ ရောက်သောအခါ ယုံကြည်သူအပေါင်းရို့သည် တစ်နီရာတည်းတွင် စုရုံးနိန်ကြ၏။
ACT 2:2 ထိုအခါ လီပြင်း တိုက်ခတ်သံနှင့်တူသော အသံသည် အာကာပြင်မှ ရုတ်တရက်ပေါ်လာပြီး တပည့်တော်တိ နီထိုင်ရာအိမ်တစ်ခုလုံးသည် ထိုအသံနှင့် ပြည့်လေ၏။
ACT 2:3 ထို့နောက် လျှာနှင့်တူသော မီးတောက်များသည် အဖြာဖြာကွဲလျက် သူရို့အသီးသီးအထက်၌ တည်နိန်သည်ကို မြင်ရကြ၏။
ACT 2:4 ထိုအခါ ထိုသူအပေါင်းရို့သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဝိညာဉ်တော်သည် ထိုသူရို့အား အခွင့်ပီးသောကြောင့် အခြားသော ဘာသာစကားများဖြင့် စတင်၍ ပြောဆိုကြ၏။
ACT 2:5 ထိုကာလတွင် လောက၌ဟိကြသော တိုင်းပြည်အသီသီးမှ လာကြသည့် ဘာသာတရား ကြည်ညိုသူ ယုဒလူမျိုးများသည် ယေရုဆလင်မြို့၌ တည်းခိုနိန်ကြ၏။
ACT 2:6 ထိုအသံကို ကြားသောအခါ လူအပေါင်းရို့သည် စုရုံးလာကြ၏။ တပည့်တော်ရို့ ဟောပြောချက်များကို လူတိုင်း မိမိဘာသာစကားအားဖြင့် ကြားရသည်ဖြစ်၍ သူရို့သည် အံ့မောကျကြ၏။
ACT 2:7 သူရို့သည် အံ့မောကျကြလျက်၊ “ဤကဲ့သို့ ဟောပြောနိန်ကြသော ဤလူတိကား ဂါလိလဲပြည်သားတိ မဟုတ်ပါလား။
ACT 2:8 သို့ဖြစ်၍ ငါရို့အသီးသီးသည် ငါရို့၏ ဇာတိဘာသာစကားအတိုင်း ကြားရသည်ကား ဇာပိုင်ဖြစ်သနည်း။
ACT 2:9 ငါရို့သည် ပါတိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာယှိပြည်၊
ACT 2:10 ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်နှင့် ကုရေနေမြို့အနား လိဗုနယ်ပယ်ဒေသတိမှ လာကြသူများ ဖြစ်ကြ၏။ ငါရို့ထဲက တချို့သော သူရို့ကား ရောမမြို့မှ ရောက်လာသော၊
ACT 2:11 ယုဒအမျိုးသားတိနှင့် ယုဒဘာသာသို့ ကူးပြောင်းလာကြသော တခြားလူမျိုးတိ ဖြစ်ကြပြီး၊ ငါရို့ထဲမှ တချို့သည် ကုရေတေပြည်သားနှင့် အာရပ်အမျိုးသားများ ဖြစ်ကြ၏။ သို့သော် ငါရို့သည် ဘုရားသခင်ပြုတော်မူသော ကြီးမြတ်သည့် အမှုများကို ငါရို့ဘာသာစကားဖြင့် သူရို့ ဟောပြောသည်ကို ကြားရယာ” ဟု ဆို၏။
ACT 2:12 သူရို့သည် အံ့မောကျလျက် ဝေခွဲမရဖြစ်ကာ “ဤအမှုအရာကား ဇာသို့သောအမှုအရာ ဖြစ်သနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
ACT 2:13 သို့သော် အခြားသူတိက ယုံကြည်သူရို့အား “ဤသူရို့ကား ယစ်မူးနိန်ကြသော သူများဖြစ်ကြ၏” ဟု ကဲ့ရဲ့ပြောဆိုကြ၏။
ACT 2:14 ထို့နောက် ပေတရုသည် တစ်ကျိပ်တစ်ပါးသော တမန်တော်ရို့နှင့်အတူ ရပ်လျက် ကျယ်သောအသံဖြင့် လူအစုအဝေးကြီးအား ပြောဆိုသည်မှာ “ယုဒအမျိုးသားရို့နှင့် ယေရုဆလင်မြို့၌ နီထိုင်သူအပေါင်းရို့၊ ငါ့စကားကို နားထောင်ကြလော့။ ဤအမှုအရာတိကို ငါယှင်းပြပါမည်။
ACT 2:15 အဂုအချိန်ကား မိုးထဖက် ကိုးချက်တီးအချိန်သာ ဟိသိမ့်သည်ဖြစ်၍ သင်ရို့ထင်သည်အတိုင်း ဤသူရို့သည် ယစ်မူးနိန်ကြသည် မဟုတ်။
ACT 2:16 ဤအရာသည် ပရောဖက်ယောလ ဟောပြောခသောအရာ အမှန်ပင်ဖြစ်၏။ ဟောပြောသော အကြောင်းအရာမူကား၊
ACT 2:17 “ ‘ဘုရားသခင် မိန့်တော်မူသည်ကား နောက်ဆုံးသောနိ့တွင်၊ ငါသည် လူအပေါင်းရို့အထက်၌ ငါ့ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်ရို့၏ သားသမီးရို့သည် ငါ့နှုတ်ကပါတ်တရားတော်ကို ဟောပြောကြလိမ့်မည်။ သင်ရို့၏ လူငယ်တိ ဗျာဒိတ်ရူပါရုံကို ရကြပြီးလျှင်၊ သင်ရို့၏ လူအိုတိလည်း အိပ်မက်တိကို မြင်မက်ရကြလိမ့်မည်။
ACT 2:18 ထိုနိ့ရက်၌ ငါ၏အခိုင်းအစီ ယောက်ျားနှင့် မိန်းမတိအထက်၌ ငါ့ဝိညာဉ်တော်ကို သွန်းလောင်းပြီးလျှင်၊ သူရို့သည် ပရောဖက်ဉာဏ်ဖြင့် ဟောပြောကြလိမ့်မည်။
ACT 2:19 အာကာပြင်ထက်၌ နိမိတ်လက္ခဏာတိကိုလည်းကောင်း၊ အောက်အရပ် မြီကြီးထက်၌ အံ့သြဖွယ်ရာတိ ဖြစ်ကြသော သွီး၊ မီးလျှံ၊ မီးခိုးလုံး စသည်ရို့ကိုလည်းကောင်း ငါပြမည်။
ACT 2:20 သခင်ဘုရား၏ ထူးမြတ်သောနိ့ မကျရောက်ခင်၊ နီမင်းသည် မှောင်မိုက်အတိ ဖြစ်၍ လသည်လည်း သွီးကဲ့သို့ နီလိမ့်မည်။
ACT 2:21 ထိုအခါ သခင်ဘုရားထံ ကူညီမစခြင်းကို တောင်းခံကြသောသူမှန်သမျှသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်’ ဟူ၍ ဟောပြောခ၏။
ACT 2:22 “အို၊ ဣသရေလအမျိုးသားရို့၊ ငါ့စကားကို နားထောင်ကြလော့။ နာဇရက်မြို့သား ယေသျှုသည် ဘုရားသခင်၏ အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြသခသော ဘုရားသခင်၏ အခွင့်အာဏာရသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို သင်ရို့အား ထင်ရှားစွာ သက်သီပြတော်မူခယာ။ ထိုအရာများသည် သင်ရို့ကြားမှာ ဖြစ်ပျက်ခသည်ကို သင်ရို့ကိုယ်တိုင် သိခကြ၏။
ACT 2:23 ဘုရားသခင်သည် ယေသျှုကို သင်ရို့လက်သို့ အပ်နှံလိမ့်မည်ဟု ဆုံးဖြတ်ထားသော မိမိ၏ အကြံအစည်တော်အတိုင်း သင်ရို့သည် မတရားသောသူရို့လက်သို့ အပ်နှံ၍ လက်ဝါးကပ်တိုင်၌ ထိုအသျှင်ကို တင်၍ ကွပ်မျက်ကြ၏။
ACT 2:24 သို့သော်လည်း ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းတရားမှ ထမြောက်စီတော်မူပြီး သီခြင်းတရား၏တန်ခိုးမှ လွတ်မြောက်စီတော်မူ၏။ ဇာကြောင့်ဆိုသော် သီခြင်းတရားသည် ထိုအသျှင်ကို အစဉ်အမြဲ ချုပ်နှောင်ထား၍ မရနိုင်။
ACT 2:25 ထိုအသျှင်နှင့်ပတ်သတ်၍ ဒါဝိဒ်က၊ “ ‘ငါသည် သခင်ဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ ဇာကြောင့်ဆိုသော် ငါသည် ဒုက္ခဆင်းရဲခြင်းမှ ကင်းလွတ်စီရန်၊ ကိုယ်တော်သည် ငါ့အနား၌ ဟိတော်မူ၏။
ACT 2:26 ထို့ကြောင့် ငါ၏ စိတ်နှလုံးသည် ပျော်ရွှင်၍၊ ငါ့စကားသည်လည်း ရွှင်မြူးခြင်းနှင့် ပြည့်ဝနိန်၏။ ငါ၏ ခန္ဓာသည်လည်း၊ မျှော်လင့်ခြင်း၌ ခိုလှုံလိမ့်မည်၊
ACT 2:27 ဇာကြောင့်ဆိုသော် ကိုယ်တော်သည် ငါရို့ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူသည် မဟုတ်။ ကိုယ်တော်၏ သန့်ယှင်းသူတိကိုလည်း သင်္ချိုင်းတွင်း၌ ပုပ်ပျက်စီတော်မူမည် မဟုတ်။
ACT 2:28 ကိုယ်တော်သည် ငါ့အား အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူပြီး၊ ရှိ့တော်၌ ငါ့ကို ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝစီတော်မူလိမ့်မည်’ ဟု ဆို၏။
ACT 2:29 “ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ ထင်ရှားသော ရှီးအဖိုးအဖီး ဒါဝိဒ်မင်းကြီးနှင့်ပတ်သတ်၍ ငါသည် သင်ရို့အား အတိအလင်း ပြောပြပါမည်။ သူသည် သီလွန်ပြီး သင်္ဂြိုဟ်ခြင်းကိုခံရလျှင်လည်း သူ၏ သင်္ချိုင်းဂူသည် ဤနိ့တိုင်အောင် ငါရို့အရပ်၌ ဟိသိမ့်၏။
ACT 2:30 သူသည် ပရောဖက်ဖြစ်၍ ဘုရားသခင်၏ ကတိတော်သည် သူ၌ ဟိကြောင်းကိုသိ၏။ ဘုရားသခင်သည် မိမိကို သျှင်ဘုရင်အဖြစ် ချီးမြှောက်သကဲ့သို့ မိမိ၏သားမြီးတစ်ယောက်ကို မိမိ၏ပလ္လင်ထက်၌ ထိုင်စီမည်ဟု ဘုရားသခင် ကျိန်ဆိုခသော ကတိတော်ကို သိခ၏။
ACT 2:31 နောင်အခါ၌ ဘုရားသခင်က ဇာသို့ပြုတော်မူမည်ကို ဒါဝိဒ်သည် မြင်ခပြီး ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်းနှင့်ပတ်သတ်၍၊ “ ‘ကိုယ်တော့်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မမူ၊ ကိုယ်တော်၏ ခန္ဓာတော်ကိုလည်း သင်္ချိုင်းထဲ၌ ပုပ်ပျက်စီတော်မူရန် မဟုတ်’ ဟု ဟောပြောခ၏။
ACT 2:32 ဘုရားသခင်က ထိုအသျှင်ယေသျှုအား သီခြင်းတရားမှ ထမြောက်စီတော်မူကြောင်းကို ငါရို့အားလုံးသည် ထိုအကြောင်းရင်း၏ သက်သီပင်ဖြစ်ကြ၏။
ACT 2:33 ကိုယ်တော့်ကို ဘုရားသခင်၏ လက်ယာတော်ဖက်၌ ချီးမြှောက်တော်မူပြီးနောက် ကတိထားတော်မူသည်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှ ခံယူလေ၏။ အဂုတွင် သင်ရို့ တွိ့မြင်ကြားသိနိန်သော ထိုဝိညာဉ်တော်ကို ငါရို့အထက်၌ သွန်းလောင်းတော်မူပြီ။
ACT 2:34 ဒါဝိဒ်သည် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းခံရသည် မဟုတ်။ သို့သော်လည်း ဒါဝိဒ်က၊ ‘သခင်ဘုရားသည် ငါ့အသျှင်ကို မိန့်တော်မူသည်ကား၊
ACT 2:35 သင်၏ရန်သူတိကို သင်၏ခြီအောက်၌ ခြီတင်ခုံဖြစ်စီရန် ငါ ပြုပီးသည်တိုင်အောင် ငါ့လက်ယာဖက်၌ ထိုင်နိန်လော့’ ဟု ဆို၏။
ACT 2:36 “ထို့ကြောင့် ဣသရေလလူမျိုးအပေါင်းရို့၊ သင်ရို့က လက်ဝါးကပ်တိုင်၌ တင်သတ်လိုက်သော ယေသျှုသည် သခင်အဖြစ်နှင့် လည်းကောင်း၊ မေသျှိယအဖြစ်နှင့် လည်းကောင်း ဘုရားသခင်က ခန့်ထားသောသူဖြစ်ကြောင်းကို စွဲမြဲစွာ သိမှတ်ကြလော့” ဟု ဟောလေ၏။
ACT 2:37 ထိုစကားကို ကြားရသောအခါ သူရို့၏စိတ်နှလုံးသည် လွန်စွာ ပူပင်သောကရောက်ကြလျက် ပေတရုနှင့် အခြားတမန်တော်ရို့အား “ညီအစ်ကိုရို့၊ ငါရို့ ဇာသို့ ပြုရပါမည်နည်း” ဟု မိန်းမြန်းကြ၏။
ACT 2:38 ပေတရုက၊ “သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။
ACT 2:39 အကြောင်းမူကား ဘုရားသခင်၏ ကတိတော်သည် သင်ရို့နှင့် သင်ရို့၏သားသမီးတိမှစ၍ အဝီး၌ဟိသောသူ အားလုံး၏အသျှင် ငါရို့၏ဘုရားသခင် ခေါ်တော်မူသော သူရို့အတွက်ဖြစ်၏” ဟု ဆိုလေ၏။
ACT 2:40 ပေတရုသည် အခြားသော စကားများဖြင့် သတိပီးလျက်၊ “သင်ရို့သည် မတရားသောသူရို့၌ ကျရောက်လာမည့် ပြစ်ဒဏ်မှ မိမိကိုယ်ကို ကယ်တင်ကြလော့” ဟု ထိုသူရို့အား တိုက်တွန်းလေ၏။
ACT 2:41 ထိုအခါ ပေတရု၏စကားကို လက်ခံယုံကြည်သော များစွာသော သူရို့သည် ဗတ္တိဇံကိုခံယူကြသဖြင့် ထိုနိ့၌ လူပေါင်း ၃,၀၀၀ ခန့် တိုးပွားလေ၏။
ACT 2:42 ထိုသူရို့သည် တမန်တော်ရို့၏ သွန်သင်ခြင်းကိုခံယူခြင်း၊ မိတ်ဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်း၊ ဆုတောင်းခြင်းများဖြင့် အချိန်ကုန်လွန်စီကြ၏။
ACT 2:43 တမန်တော်ရို့သည် များစွာသော အံ့ဩဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြကြသဖြင့် လူတိုင်းက အလွန်ကြောက်လန့်ကြကုန်၏။
ACT 2:44 ယုံကြည်သူ အားလုံးသည် အတူတကွ မိတ်ဖွဲ့နီထိုင်ကြ၍ မိမိဥစ္စာပစ္စည်းများကို အချင်းချင်း ဝီမျှသုံးဆောင်ကြလေ၏။
ACT 2:45 သူရို့သည် မိမိဥစ္စာများနှင့် ပိုင်ဆိုင်မှုများကိုရောင်းချ၍ ရဟိသောငွီများကို တစ်ဦးချင်း လိုအပ်မှုဟိသည်အတိုင်း ဝီမျှကြ၏။
ACT 2:46 သူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်၌ စုဝေးကြပြီးလျှင် သူရို့၏အိမ်များတွင် မုန့်ကိုဖဲ့လျက် စေတနာစိတ်နှင့် ဝမ်းမြောက်စွာ အတူတကွ အစားအစာများကို သုံးဆောင်ကြကာ၊
ACT 2:47 ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။
ACT 3:1 တစ်နိ့၌ ပေတရုနှင့် ယောဟန်ရို့သည် မွန်းလွဲ သုံးချက်တီး ဆုတောင်းသောအချိန်တွင် ဗိမာန်တော်သို့ လားကြ၏။
ACT 3:2 ထိုစဉ် လူတိက ဝမ်းတွင်းပါ ခြီမသန်စွမ်းသူ ယောကျ်ားတစ်ယောက်ကို ထမ်းလာကြ၏။ ဗိမာန်တော်ထဲသို့ လာကြသောသူတိပါးမှ ငွီကြေးတောင်းခံနိုင်ရန် နိ့စဉ်နိ့တိုင်း ထိုသူကို တင့်တယ်ဟု ခေါ်သော တန်းခါးအနားတွင် ချထားလေ့ဟိကြ၏။
ACT 3:3 ထိုသူသည် ပေတရုနှင့် ယောဟန်ရို့ ဗိမာန်တော်ထဲသို့ ဝင်လာသည်ကို မြင်လျှင် တစ်စုံတစ်ခုကို ပီးကမ်းစွန့်ကြဲရန် သူရို့အား တောင်းခံလေ၏။
ACT 3:4 သူရို့သည် သူ့ကို စိ့စိ့ကြည့်လျက်၊ ပေတရုက “ငါရို့ကို ကြည့်လော့” ဟု ဆိုလျှင်၊
ACT 3:5 ထို့ကြောင့် သူသည် သူရို့ပါးမှ တစ်စုံတစ်ခုရမည်ဟု မျှော်လင့်လျက် သူရို့ကိုကြည့်လေ၏။
ACT 3:6 သို့သော် ပေတရုက “ငါ၌ ငွီကြေးမဟိ၊ ယေဒါလေ့ ဟိသောအရာကို သင့်အား ပီးမည်။ နာဇရက်မြို့သား ယေသျှုခရစ်တော်၏ နာမတော်မြတ်အားဖြင့် ထ၍ လှမ်းလားလော့” ဟု ဆို၏။
ACT 3:7 ထို့နောက် ပေတရုသည် မိမိ၏ ညာဖက်လက်ဖြင့် ဆွဲကိုင်ကာ ထူမလိုက်သည်နှင့်တပြိုင်နက် သူ၏ခြီနှင့် ခြီဆစ်ရို့သည် ချက်ချင်း သန်မာလာသဖြင့်၊
ACT 3:8 ထိုသူသည် ထခုန်လျက် ရပ်ကာ လမ်းလျှောက်လေ၏။ ထို့နောက် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် ခုန်ပေါက်လမ်းလျှောက်ကာ ဗိမာန်တော်ထဲသို့ သူရို့နှင့်အတူ လိုက်လားလေ၏။
ACT 3:9 ထိုသူသည် လျှောက်လှမ်းစဉ် ဘုရားသခင်အား ချီးမွမ်းသည်ကို ထိုနီရာ၌ဟိသော လူအပေါင်းရို့သည် မြင်ကြ၏၊
ACT 3:10 ထိုသူသည် တင့်တယ်တန်းခါးတွင် ထိုင်လေ့ဟိသည့် သူတောင်းစားဖြစ်ကြောင်းကို မှတ်မိကြသဖြင့် သူရို့သည် ထိုသူ၌ ဖြစ်ပျက်သည့် အမှုအရာများကို အလွန်ပင် အံ့သြကြ၏။
ACT 3:11 ထိုသူသည် ပေတရုနှင့် ယောဟန်ရို့ကို ကပ်လျက်နီစဉ် လူအပေါင်းရို့သည် အံ့သြသဖြင့် ထိုသူရို့ဟိရာ သျှောလမုန်မုခ်ဟုခေါ်သော နီရာသို့ ဗြီး၍ လားကြ၏။
ACT 3:12 ပေတရုသည် ထိုသူရို့ကို မြင်သောအခါ “ဣသရေလအမျိုးသားရို့၊ ဇာဖြစ်လို့ ဤအမှုအရာကို အံ့သြနိန်ကြပြီး၊ ဇာကြောင့် ငါရို့ကို စိ့စိ့ကြည့်နိန်ကြသနည်း။ ငါရို့၏ တန်ခိုး၊ ငါရို့၏ အကျင့်သီလအားဖြင့် ဤလူကို လမ်းလျှောက်နိုင်အောင် လုပ်နိုင်သည်ဟု ထင်ကြသလော။
ACT 3:13 ငါရို့အဖိုးအဖီးတိ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့၏ ဘုရားသခင်သည် မိမိ၏အခိုင်းအစီ ယေသျှုအား ဘုန်းတန်ခိုးတော်ကို ပီးတော်မူခယာ။ သင်ရို့သည် ထိုအသျှင်ကို အာဏာဟိသောသူတိလက်၌ အပ်သော်လည်း သူ့ကို လွှတ်ပီးရန် ဆုံးဖြတ်ထားသော ပိလတ်၏ ရှိ့တော်၌ ငြင်းပယ်ခကြ၏။
ACT 3:14 သင်ရို့သည် သန့်ယှင်းဖြောင့်မတ်သည့် အသျှင်ကို ငြင်းပယ်၍ သင်ရို့အတွက် လူသတ်သမားကို လွှတ်ပီးရန် တောင်းဆိုလေ၏။
ACT 3:15 ထို့ကြောင့် အသက်ကို ပီးပိုင်သောသူကို ကွပ်မျက်လိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုသခင်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်မူ၏။ ငါရို့သည် ထိုအကြောင်းအရာ၏ သက်သီဖြစ်ကြ၏။
ACT 3:16 ယေသျှု၏နာမတော်၌ ယုံကြည်ခြင်းဖြင့် သင်ရို့ မြင်ရ၊ သိရသော ဤသူသည် သန်စွမ်းလားခယာ။ ထိုသို့ ဖြစ်ခြင်းသည် ယေသျှု၏နာမတော်ကို ယုံကြည်ခြင်းသည် ထိုအသျှင်အားဖြင့်လာ၍ သင်ရို့ မြင်သမျှအတိုင်း ထိုသူအား လုံးဝ ကျန်းမာလာစီခြင်းဖြစ်၏။
ACT 3:17 “ညီအစ်ကိုရို့၊ အဂုတွင် သင်ရို့သည် သင်ရို့၏ ခေါင်းဆောင်တိ လုပ်ဆောင်ခသည့်နည်းတူ အသိဉာဏ်မဲ့စွာ ပြုနိန်ကြကြောင်းကို ငါသိ၏။
ACT 3:18 မိမိ၏ မေသျှိယသည် ဒုက္ခဝေဒနာ ခံရမည်ဖြစ်ကြောင်းကို အားလုံးသော ပရောဖက်တိအားဖြင့် ကြိုတင်၍ ဘုရားသခင်က ဗျာဒိတ်ထားတော်မူခသော အရာတိကို ပြည့်စုံစီတော်မူယာ။
ACT 3:19 သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊
ACT 3:20 ဝိညာဉ်တန်ခိုး သွန်းလောင်းမည့်အချိန်သည် သခင်ဘုရားထံတော်မှ ရောက်လာလိမ့်မည်၊ ကိုယ်တော်သည် သင်ရို့အဖို့ ရွီးချယ်ထားတော်မူသော ကယ်တင်သျှင်ယေသျှုကို သင်ရို့ထံပါးသို့ စီရွှတ်တော်မူလိမ့်မည်။
ACT 3:21 ရှီးကာလက မိမိ၏ သန့်ယှင်းသူ ပရောဖက်တိမှတဆင့် ပီးတော်မူခသော ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ထိုအသျှင်သည် အရာအားလုံးကို အသစ်ပြုပျင်သောကာလ ရောက်လာသည့်တိုင်အောင် ကောင်းကင်ဘုံ၌ ဟိနိန်တော်မူမည်။
ACT 3:22 မောသျှေက၊ ‘သင်ရို့၏အသျှင် ဘုရားသခင်သည် ငါ့ကို စီရွှတ်တော်မူသည့်နည်းတူ ပရောဖက်တစ်ပါးကိုလည်း သင်ရို့ပါးသို့ စီရွှတ်တော်မူလိမ့်မည်။ ထိုအသျှင်သည် သင်ရို့၏ လူမျိုးထဲက ဖြစ်လိမ့်မည်။ ထိုအသျှင် ဟောပြောသမျှစကားတိကို သင်ရို့နာခံကြရမည်။
ACT 3:23 ဇာသူမဆို ထိုပရောဖက်စကားကို မနာခံသောသူသည် ဘုရားသခင်၏ လူမျိုးတော်ဖြစ်ခြင်းမှ ဖယ်ယှား၍ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်’ ဟု မိန့်မြွက်တော်မူခ၏။
ACT 3:24 သျှာမွေလမှစ၍ နောင်မှာပေါ်ထွန်းလာသည့် ပရောဖက်အားလုံးက ဗျာဒိတ်တော်အားဖြင့် အဂု နိ့ရက်ကာလ၌ ဖြစ်ပျက်နိန်သော အကြောင်းအရာတိကို ဟောပြောကြေညာခ၏။
ACT 3:25 ထိုပရောဖက်တိအားဖြင့် ဘုရားသခင်ပီးတော်မူသော ကတိတော်များသည် သင်ရို့နှင့် ဆိုင်၏။ သင်ရို့အဖိုးအဖီးတိနှင့် ဘုရားသခင်ပြုတော်မူခသော ပဋိညာဉ်တော်ကလည်း သင်ရို့နှင့်ဆိုင်၏။ ဘုရားသခင်က အာဗြဟံအား၊ ‘သင်၏ အမျိုးအနွယ်အားဖြင့် မြီကြီးသားအပေါင်းရို့သည် ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်’ ဟု မိန့်တော်မူခ၏။
ACT 3:26 ထို့ကြောင့် သင်ရို့တစ်ယောက်စီတိုင်းသည် မတရားသောလမ်းမှ နောင်တရခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားကြစီရန် ဘုရားသခင် ရွီးချယ်ထားသော မိမိအခိုင်းအစီအား သင်ရို့ပါးသို့ အဦးဆုံး စီရွှတ်တော်မူသည်” ဟု ဟောပြောလေ၏။
ACT 4:1 ပေတရုနှင့် ယောဟန်ရို့သည် လူအပေါင်းရို့အား ဟောပြောလျက်နီကြစဉ် တချို့သော ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်မှူးနှင့် ဇဒ္ဒုကဲတချို့သည် ရောက်လာကြ၏။
ACT 4:2 တမန်တော် နှစ်ပါးက ယေသျှု၌ သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းတရားအကြောင်းကို လူတိအား သွန်သင်ဟောပြောကြသောကြောင့် သူရို့သည် စိတ်အနှောက်အယှက်ဖြစ်ကြ၏။
ACT 4:3 ထို့ကြောင့် သူရို့သည် တမန်တော်ရို့ကို ဖမ်းဆီးကြပြီး မိုးချုပ်ပြီဖြစ်သောကြောင့် နောက်တစ်နိ့တိုင်အောင် အချုပ်ခန်းထဲ၌ ထည့်ထားကြ၏။
ACT 4:4 သို့သော် နှုတ်ကပတ်တရားတော်ကို ကြားနာကြသူရို့သည် ကိုယ်တော့်ကို ယုံကြည်သက်ဝင်လာကြပြီး အရီအတွက်အားဖြင့် ယုံကြည်သူ ၅,၀၀၀ ခန့် တိုးပွားလာသတည်း။
ACT 4:5 နောက်တစ်နိ့၌ ယုဒ ခေါင်းဆောင်တိ၊ အသက်ကြီးသူတိနှင့် ကျမ်းတတ်ဆရာရို့သည် ယေရုဆလင်မြို့တွင် စုဝေးကြလေ၏။
ACT 4:6 သူရို့သည် ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားနှင့် တခြားသော ယဇ်ပုရောဟိတ်မင်း၏ မိသားစုဝင်များ အစဟိသောသူအပေါင်းရို့နှင့် တွိ့ဆုံကြ၏။
ACT 4:7 ထိုသူရို့ရှိ့တွင် တမန်တော်နှစ်ပါးကို ရပ်စီလျက် “သင်ရို့သည် ဇာသူ့တန်ခိုး၊ ဇာသူ့နာမနှင့် ဤအမှုကိုပြုသနည်း” ဟု မိန်းမြန်းကြ၏။
ACT 4:8 ထိုအခါ ပေတရုသည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် “လူတိ ခေါင်းဆောင်တိနှင့် အသက်ကြီးသူရို့၊
ACT 4:9 ဤနိ့တွင် ငါရို့သည် ခြီမသန်စွန်းသူတစ်ယောက်ကို ကောင်းကျိုးပြုသည့်အကြောင်းနှင့် သူသည် အကောင်းပကတိဖြစ်လာပုံ အကြောင်းနှင့်ပတ်သတ်၍ စစ်ဆီးခံနိန်ရပါ၏၊
ACT 4:10 သင်ရို့သည် လက်ဝါးကပ်တိုင်ထက်၌ တင်၍ သတ်လိုက်ပြီး ဘုရားသခင်က ရှင်ပြန်ထမြောက်စီတော်မူသော နာဇရက်မြို့သား ယေသျှုခရစ်တော်၏ နာမတော်တန်ခိုးတော်အားဖြင့် ထိုသူသည် လုံးဝ ခြီသန်စွမ်းလာပြီးလျှင် အဂု သင်ရို့ရှိ့၌ ရပ်နိန်သည်ကို သင်ရို့နှင့်အတူ ဣသရေလလူမျိုးအပေါင်းရို့ သိအပ်ပေ၏။
ACT 4:11 ယေသျှုကို ရည်မှတ်၍ ကျမ်းစာ၌ ဖော်ပြထားသည်ကား၊ “ ‘တိုက်အိမ်ဆောက်သောသူတည်းဟူသော သင်ရို့က မသုံးလို၍ ပယ်ထားသောကျောက်သည်၊ အရေးအကြီးဆုံး အဓိကနီရာ၌ အသုံးဝင်လာရသည်’ ဟူ၍ ဖြစ်သတည်း။
ACT 4:12 ကယ်တင်ခြင်းသည် အခြားသော သူတစ်ယောက်၌မျှမဟိ၊ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါရို့ကို ကယ်တင်နိုင်သော အခြားသောနာမကို ကောင်းကင်အောက်၌ ဇာသူ့ကိုမျှ ပီး၍မထား” ဟု သူရို့အား ဖြေကြားတော်မူ၏။
ACT 4:13 ပေတရုနှင့် ယောဟန်ရို့သည် ပညာမတတ်သောသူ၊ သာမန်လူများသာ ဖြစ်လျက်ပင် ဤသို့ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင်များ မြင်တွိ့ကြသောအခါ အလွန်အံ့သြကြ၏။ ထိုသူရို့သည် ယေသျှု၏အပေါင်းအဖော်များ ဖြစ်ခကြသည်ကိုလည်း သတိပြုမိကြ၏။
ACT 4:14 သို့ရာတွင် အနာရောဂါပျောက်ကင်းခသူသည် ပေတရု၊ ယောဟန်ရို့နှင့်အတူ ရပ်နိန်သည်ကို မြင်သောကြောင့် သူရို့သည် မည်သို့မျှ ငြင်းဆိုမှုကို မပြုနိုင်ကြ။
ACT 4:15 ထို့ကြောင့် သူရို့သည် တမန်တော်ရို့အား တရားလွှတ်တော်ထဲမှ ထွက်လားခိုင်းပြီးလျှင် သူရို့သည် စတင်၍ ဤသို့ တိုင်ပင်ကြ၏။
ACT 4:16 “ဤသူရို့ကို ငါရို့ ဇာပိုင် လုပ်ရမည်နည်း။ ဤထူးခြားသော နိမိတ်လက္ခဏာတစ်ရပ်သည် သူရို့အားဖြင့် ဖြစ်ခသည်ကို ယေရုဆလင်မြို့၌ဟိသော လူတိုင်း ကောင်းစွာ သိကြသည် ဖြစ်၍ ဤအရာကို ငါရို့ ငြင်း၍ မရနိုင်။
ACT 4:17 သို့သော်လည်း လူတိကြား၌ ဤကိစ္စကို ထပ်၍ ပြန့်နှံ့မလားစီခြင်းငှာ နောက်တစ်ခါ ယေသျှုနာမကို အမှီပြု၍ ဇာသူ့ကိုမျှ မဟောပြောစီရန် ထိုသူရို့အား တင်းကြပ်စွာ သတိပီးကြမည်” ဟု ဆိုကြ၏။
ACT 4:18 ထို့နောက် သူရို့သည် တမန်တော်တိအား ပြန်၍ ခေါ်သွင်းပြီး ယေသျှုနာမတော်ကို အမှီပြု၍ နောက်တစ်ခါ ဟောပြောသွန်သင်ခြင်းကို မပြုရန် ပညတ်ထားကြ၏။
ACT 4:19 သို့ရာတွင် ပေတရုနှင့် ယောဟန်ရို့က “ဘုရားသခင်၏ စကားတော်ထက် သင်ရို့၏ စကားကို နားခံခြင်းသည် ဘုရားသခင်၏ ရှိ့တော်မှောက်၌ မှန်သလော ဆိုသည်ကို သင်ရို့ကိုယ်တိုင် စီရင်ပီးကြလော။
ACT 4:20 ငါရို့ကား ငါရို့ကိုယ်တိုင် ကြားရ၊ မြင်ရသည့် အမှုအရာတိကို မဟောပြောဘဲ မနိန်နိုင်” ဟု ပြန်ပြောကြ၏။
ACT 4:21 ထိုအခါ သူရို့သည် တမန်တော်ရို့အား တင်းကြပ်စွာ သတိပီး၍ ပြန်ရွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းရို့သည် ဖြစ်ပျက်ခသည့်အရာအတွက် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းနိန်ကြသည်ဖြစ်၍ တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် တမန်တော်ရို့အား အပြစ်ဒဏ်ပီးရန် နည်းလမ်းကို ရှာမတွိ့ပေ။
ACT 4:22 ဤနိမိတ်လက္ခဏာအားဖြင့် ရောဂါပျောက်ကင်းသူသည် အသက်လေးဆယ်ကျော်အရွယ်ဖြစ်၏။
ACT 4:23 ပေတရုနှင့် ယောဟန်ရို့သည် လွတ်မြောက်လာပြီးသည်နှင့် ချက်ချင်းပင် မိမိလူစုပါးသို့ ပြန်လာကြပြီးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် ဘာသာရေးခေါင်းဆောင်တိ ပြောကြားလိုက်သမျှကို ပြောပြကြ၏။
ACT 4:24 ထိုအကြောင်းကို ကြားကြသောအခါ ယုံကြည်သူရို့သည် ဘုရားသခင်အထံတော်သို့ တညီတညွတ်တည်း အသံကိုရွှင့်လျက်၊ “အစိုးရတော်မူသောအသျှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြီကြီး၊ ပင်လယ်သမုဒ္ဒရာနှင့် ထိုအရပ်၌ ဟိသမျှအရာတိကို ဖန်ဆင်းတော်မူသော အသျှင်ဖြစ်တော်မူ၏။
ACT 4:25 ကိုယ်တော်သျှင်သည် မိမိ၏အခိုင်းအစီဖြစ်သော အကျွန်ရို့၏ အဖိုးအဖီး ဒါဝိဒ်ကတစ်ဆင့် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်တော်မူသည်မှာ၊ “ ‘လူမျိုးခြားရို့သည် ဇာအတွက်ကြောင့် ရုန်းရင်းဆန်ခတ် ပြုကြသနည်း၊ လူတိလဲ ဇာအတွက်ကြောင့် အကျိုးမဟိဘဲ လျှို့ဝှက်ကြံစည်ကြသနည်း၊
ACT 4:26 လောကီသျှင်ဘုရင်ရို့သည် အသင့်ပျင်ဆင်ပြီး အုပ်ချုပ်သူတိနှင့် စုဝေးကြကာ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယကို ဆန့်ကျင်ကြ၏’ ဟူ၍ ဖြစ်၏။
ACT 4:27 ထိုနည်းတူစွာ ဟေရုဒ်နှင့် ပုန္တိပိလတ်ရို့သည် လူမျိုးခြားများ၊ ဣသရေလလူမျိုးများနှင့်အတူ ဤမြို့ထဲ၌ စုဝေးခပြီးလျှင် ယေသျှုအား ဆန့်ကျင်ကြ၏။ ထိုသူသည် ကိုယ်တော်၏ သန့်ယှင်းသော အခိုင်းအစီဖြစ်ပြီး မေသျှိယအဖြစ် ဘိသိက်ခံရသူဖြစ်၏။
ACT 4:28 ထိုသူရို့ စုဝေးကြခြင်းမှာ ကိုယ်တော်သျှင်၏ တန်ခိုးတော်နှင့် အလိုတော်အရ ခွဲခန့်မှတ်သားသော အရာများကို ဖြစ်ပျက်လာစီရန် လုပ်ဆောင်ခြင်းဖြစ်၏။
ACT 4:29 အို၊ သခင်ဘုရား၊ အဂုခါ ထိုသူရို့၏ ခြိမ်းခြောက်ခြင်းကို သိမှတ်တော်မူပါ။ ကိုယ်တော်သျှင်၏ အခိုင်းအစီတိအား အသျှင်၏တရားတော်ကို ရဲရင့်စွာ ဟောပြောနိုင်ခွင့် ပြုတော်မူပါ။
ACT 4:30 အနာရောဂါပျောက်ကင်းစီရန် ကိုယ်တော်၏လက်တော်ကို ဆန့်တော်မူပြီးလျှင် ကိုယ်တော်သျှင်၏ သန့်ယှင်းသောအခိုင်းအစီ ယေသျှု၏ နာမတော်မြတ်အားဖြင့် နိမိတ်လက္ခဏာနှင့် အံ့ဩဖွယ်သောအရာများကို ပြုခွင့်ပီးတော်မူပါ” ဟု ဆုတောင်းကြလေ၏။
ACT 4:31 ထိုသို့ ဆုတောင်းပြီးသောအခါ၌ သူရို့စုဝေးနိန်သောအရပ်သည် တုန်လှုပ်လေ၏။ သူရို့သည်လည်း သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် ဘုရားသခင်၏ တရားတော်ကို ရဲရင့်စွာ စတင်၍ ဟောပြောကြလေ၏။
ACT 4:32 ယုံကြည်သူရို့၏ အစုအဝေးသည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြ၍ သူရို့၏ပစ္စည်းဥစ္စာများကို မိမိပိုင်သည်ဟု မပြောဘဲ၊ ဟိသမျှသော ပစ္စည်းဥစ္စာများကို အချင်းချင်း ဝီမျှသုံးဆောင်ကြ၏။
ACT 4:33 တမန်တော်ရို့သည် အသျှင်ယေသျှု ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သီခံကြ၏။ ဘုရားသခင်သည် သူရို့အားလုံးကို ကြွယ်ဝသော ကောင်းကြီးမင်္ဂလာဖြင့် သွန်းလောင်းတော်မူ၏။
ACT 4:34 ထိုသူရို့အထဲတွင် ဆင်းရဲသောသူ တစ်ယောက်မျှမဟိ။ အကြောင်းမူကား မြီကွက် သို့မဟုတ် အိမ်ကို ပိုင်ဆိုင်ကြသူရို့သည် မိမိရို့ပိုင်ဆိုင်ကြသော ပစ္စည်းများကိုရောင်းချ၍ ရသည့်ငွီများကို ယူလာကာ၊
ACT 4:35 တမန်တော်ရို့အား ပီးအပ်ကြ၍ တစ်ဦးချင်း လိုအပ်မှုဟိသည်အတိုင်း အသီးသီးရို့အား ဝီပီးကြ၏။
ACT 4:36 ယောသပ် နာမည်ဟိ၍ နှစ်သိမ့်ခြင်း၏သားဟု ဆိုလိုသည့် ဗာနဗဟူ၍ နာမည်သစ်ဖြင့် တမန်တော်ရို့ မှည့်ခေါ်သော ကုပရုပြည်သား လေဝိလူမျိုးတစ်ယောက်သည်၊
ACT 4:37 မိမိပိုင်သောမြီကွက်ကို ရောင်း၍ ရလာသောငွီကို ယူလာပြီးလျှင် တမန်တော်ရို့အား ပီးအပ်လေ၏။
ACT 5:1 အာနနိဟု နာမည်ဟိသူနှင့် သူ၏မယား သျှာဖိရေရို့သည် မိမိရို့ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုတချို့ကို ရောင်းချကြ၏။
ACT 5:2 သို့ရာတွင် အာနနိသည် မိမိမယားနှင့် သဘောတူညီချက်အရ ရောင်း၍ရသော ငွီထဲမှ တချို့ကို မိမိအဖို့ဖယ်ထားပြီးမှ ကျန်ငွီတိကို တမန်တော်ရို့အား ပီးအပ်လေ၏။
ACT 5:3 ပေတရုက “အာနနိ၊ သင်သည် စာတန်မာရ်နတ်ကို ဇာကြောင့် သင့်စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပီးပြီးလျှင် သန့်ယှင်းသောဝိညာဉ်တော်ကို လိမ်လည်ပြီး မြီကွက်ရောင်းရသော ငွီထဲက တချို့ကို ဇာကြောင့် ဖယ်ထားသနည်း။
ACT 5:4 ထိုမြီကို မရောင်းခင် သင်ပိုင်သည် မဟုတ်လော။ ရောင်းပြီးလျှင်လည်း မြီကွက်ရောင်းရငွီကို သင်ပိုင်သည် မဟုတ်လော။ ဇာဖြစ်လို့ ထိုအကြံစည်ကို ကြံစည်သနည်း။ သင်သည် လူကို လိမ်လည်ခြင်း မဟုတ်ဘဲ ဘုရားသခင်ကို လိမ်လည်ခြင်းဖြစ်သည်” ဟု ဆို၏။
ACT 5:5 အာနနိသည် ထိုစကားကို ကြားသည်နှင့်တပြိုင်နက် လဲကျ သီဆုံးလေ၏။ ထိုအဖြစ်အပျက်ကို ကြားရသောသူအပေါင်းရို့သည် အလွန်ကြောက်လန့်ကြ၏။
ACT 5:6 လုလင်ရို့သည် ဝင်လာ၍ အာနနိ၏ရုပ်အလောင်းကို အဝတ်နှင့်ပတ်ပြီးလျှင် အပြင်သို့ထုတ်ယူလားပြီး သင်္ဂြိုဟ်ကြ၏။
ACT 5:7 သုံးနာရီခန့်ကြာသောအခါ ဖြစ်ပျက်ခသော အကြောင်းအရာကိုမသိဘဲ အာနနိ၏မယားသည် ဝင်ရောက်လာ၏။
ACT 5:8 ထိုအခါ ပေတရုက၊ “ငါ့ကို ပြောလော့၊ သင်ရို့၏မြီကွက်ကို ဤမျှလောက်သောတန်ဖိုးနှင့် ရောင်းသလော” ဟု သူမအား မိန်းလျှင်၊ “ဟုတ်ပါ၏။ ဤမျှလောက်သောတန်ဖိုးနှင့် ရောင်းပါ၏” ဟု ဆို၏။
ACT 5:9 ပေတရုကလည်း၊ “သင်ရို့သည်၊ သခင်ဘုရား၏ ဝိညာဉ်တော်ကို လိမ်လည်ရန် ဇာကြောင့် သဘောတူ ကြံစည်ကြသနည်း။ ကြည့်ပါ၊ သင်၏လင် အလောင်းကို သင်္ဂြိုဟ်ခသော လူတိ၏ခြီသည် တန်းခါးဝ၌ အဂုရောက်နီယာ။ သူရို့သည် သင့်ကိုလည်း ဆောင်ယူလားလိမ့်အုံးမည်” ဟု သူမအား ဆို၏။
ACT 5:10 ချက်ချင်းပင် ထိုမိန်းမသည် ပေတရု၏ခြီရင်းတွင် လဲကျ သီဆုံးလေ၏။ လုလင်ရို့သည် ဝင်လာကြသောအခါ ထိုမိန်းမသီဆုံးနီသည်ကို တွိ့ရသဖြင့် အလောင်းကို အပြင်သို့ထုတ်ဆောင်ပြီးလျှင် သူမ၏လင် ဘေးနားတွင် သင်္ဂြိုဟ်ကြ၏။
ACT 5:11 ထိုအဖြစ်ပျက်ကို အသင်းတော်တစ်ခုလုံးနှင့် ကြားရသော အခြားသောသူအပေါင်းရို့သည် အလွန် ကြောက်လန့်ကြကုန်၏။
ACT 5:12 တမန်တော်ရို့သည် လူအပေါင်းရို့ရှိ့တွင် များစွာသော အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြကြ၏။ ယုံကြည်သူအပေါင်းရို့သည် သျှောလမုန်ကနားပြင်တွင် အတူတကွ စုဝေးကြ၏။
ACT 5:13 လူရို့သည် ထိုသူရို့အား ချီးကျူးပြောဆိုကြသော်လည်း မည်သူတစ်ယောက်မှ ထိုသူရို့ကို မပေါင်းသင်းဝံ့ပေ။
ACT 5:14 သို့သော် သခင်ဘုရားကို သက်ဝင်ယုံကြည်သူ မိန်းမ၊ ယောက်ျား အရေအတွက်သည်လည်း ပို၍ပို၍ များပြားလာကြ၏။
ACT 5:15 တမန်တော်များသည် ထိုသို့ လုပ်ဆောင်မှု၏ အကျိုးရလဒ်ကြောင့် လူရို့သည် နာမကျန်းသောသူများကို လမ်းမထက်သို့ ယူဆောင်လာကြပြီး အိပ်ရာများ၊ ကုတင်များနှင့် ထားကြကာ ပေတရု ဖြတ်လားသောအခါ သူ၏အရိပ်ကိုပင် နာမကျန်းသောသူတချို့၌ ကျရောက်စီရန် ကြိုးစားကြ၏။
ACT 5:16 ထို့ပြင် ယေရုဆလင် ပတ်ဝန်းကျင်မြို့ရွာများမှ လူထုပရိသတ်ရို့သည် ဖျားနာသူများ၊ ဝိညာဉ်ဆိုး ဝင်ပူးနိန်သူများကို ခေါ်ဆောင်လာကြ၍ သူရို့အားလုံးသည်လည်း ကျန်းမာခြင်းသို့ ရောက်ကြ၏။
ACT 5:17 ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအဖော်များဖြစ်ကြသော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များသည် တမန်တော်ရို့ကို အလွန် မနာလိုဖြစ်ကြ၏၊ ထို့ကြောင့် သူရို့ကို အရေးယူရန် ဆုံးဖြတ်ကြ၏။
ACT 5:18 သူရို့သည် တမန်တော်ရို့ကို ဖမ်းဆီးပြီးလျှင် ထောင်၌ အကျဉ်းချထား၏။
ACT 5:19 သို့သော် ထိုည၌ သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တန်းခါးကို ဖွင့်၍ တမန်တော်တိကို အပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊
ACT 5:20 “သင်ရို့၊ ဗိမာန်တော်သို့ လားပြီးလျှင် လူအပေါင်းရို့အား အသစ်သော အသက်ရှင်ခြင်း အကြောင်းကို ဟောပြောကြလော့” ဟု ဆို၏။
ACT 5:21 တမန်တော်ရို့သည် ကောင်းကင်တမန်စကားကို နာခံ၍ အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်ပြီး စတင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအပါရို့သည် စုံညီတရားလွှတ်တော် အစည်းအဝေးကို ပြုလုပ်ရန် ယုဒခေါင်းဆောင်အားလုံး စုရုံးစီကြ၏။ ထို့နောက် တမန်တော်ရို့ကို သူရို့ရှိ့သို့ ခေါ်ထုတ်လာရန် အစောင့်တပ်သားရို့ကို အမိန့်ပီး၍ အကျဉ်းထောင်သို့ စီရွှတ်ကြ၏။
ACT 5:22 သို့သော် ထိုအစောင့်စစ်သည်ရို့သည် အကျဉ်းထောင်သို့ ရောက်ကြသောအခါ တမန်တော်ရို့ကို မတွိ့ကြသဖြင့် တရားလွှတ်တော်သို့ ပြန်လာကြပြီးလျှင်၊
ACT 5:23 “အကျွန်ရို့ အကျဉ်းထောင်သို့ ရောက်ကြသောအခါ၊ အကျဉ်းထောင်တန်းခါးကို သေချာစွာပိတ်ထားလျက် ဟိနိန်ပြီး ထောင်စောင့်တိလည်း တန်းခါးအပြင်ဖက်၌ ရပ်နိန်ကြသည်ကို အကျွန်ရို့ တွိ့ရပါ၏။ သို့သော် အကျွန်ရို့သည် တန်းခါးကို ဖွင့်လိုက်သောခါ အထဲ၌ တစ်ယောက်ကိုမျှ အကျွန်ရို့ မတွိ့ရပါ” ဟု တင်ပြကြ၏။
ACT 5:24 ဗိမာန်တော်မှူးနှင့် ယဇ်ပုရောဟိတ်မင်းရို့သည် ထိုစကားကိုကြားလျှင် ဤအရာကား မည်သို့ ဖြစ်လိမ့်မည်နည်းဟု တမန်တော်ရို့နှင့်ပတ်သတ်၍ အံ့သြနိန်ကြ၏။
ACT 5:25 ထိုအခါ လူတစ်ယောက်သည် ရောက်လာ၍ “နားထောင်ကတ်ပါ၊ အသျှင်ရို့ ထောင်ချထားသော လူရို့သည် ဗိမာန်တော်ထဲ၌ လူတိကို သွန်သင်နိန်ကြပါ၏” ဟု လျှောက်၏။
ACT 5:26 ထို့ကြောင့် ဗိမာန်တော်မှူးသည် မိမိအစောင့်စစ်သည်တိနှင့် လား၍ တမန်တော်တိကို ပြန်၍ခေါ်လာကြ၏။ သို့သော် မိမိရို့အား လူထုက ကျောက်ခဲနှင့် ပစ်မည်ကို ကြောက်သောကြောင့် တမန်တော်တိအား အနိုင်အထက်မပြုဘဲ ခေါ်လာကြ၏။
ACT 5:27 သူရို့သည် တမန်တော်တိကို ခေါ်သွင်းလာပြီးလျှင် တရားလွှတ်တော်ရှိ့တွင် ရပ်စီပြီးနောက် ယဇ်ပုရောဟိတ်မင်းက သူရို့ကို စစ်ဆီးလေ၏။
ACT 5:28 ယဇ်ပုရောဟိတ်မင်းက “ငါရို့သည် သင်ရို့အား ထိုသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် တင်းကြပ်စွာ အမိန့်ပီးခ၏။ သို့သော် သင်ရို့သည် ယေရုဆလင်တစ်မြို့လုံး၌ ပြန့်နှံ့စွာ ဟောပြောသွန်သင်ပြီး ထိုသူ သီဆုံးရသည်မှာ ငါရို့ကြောင့်ဖြစ်သည်ဟု အပြစ်တင်လိုပါသည်တကား” ဟု တမန်တော်ရို့အား ပြောကြားကြ၏။
ACT 5:29 ပေတရုနှင့် အခြားသောတမန်တော်ရို့က “ငါရို့သည် လူ၏အမိန့်ထက် ဘုရားသခင်၏အမိန့်ကို နားထောင်ရမည်။
ACT 5:30 ငါရို့အဖိုးအဖီးရို့၏ဘုရားသခင်သည် လက်ဝါးကပ်တိုင်ထက်၌ သံမှိုဖြင့်ရိုက်၍ သင်ရို့ သတ်ခသော ယေသျှုကို ရှင်ပြန်ထမြောက်စီတော်မူခယာ။
ACT 5:31 ဘုရားသခင်သည် ဣသရေလလူမျိုးရို့၏ အပြစ်တိကို နောင်တရခြင်းနှင့် အပြစ်ခွင့်ရွှတ်ခြင်းကို ပီးသနားတော်မူရန် ထိုအသျှင်ကို ကယ်တင်သျှင်နှင့် အုပ်စိုးပိုင်သောအသျှင်အဖြစ် မိမိလက်ယာဖက်၌ ချီးမြှောက်တော်မူခယာ။
ACT 5:32 ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါရို့သည် သက်သီများဖြစ်ကြပြီး ဘုရားသခင်သည် မိမိ၏စကားကို နာခံသူတိအတွက် ချပီးတော်မူသော သန့်ယှင်းသောဝိညာဉ်တော်ကလည်း သက်သီဖြစ်တော်မူ၏” ဟု ပြန်ဖြေကြ၏။
ACT 5:33 တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် ထိုစကားကို ကြားကြလျှင် အလွန် ဒေါသထွက်သောကြောင့် တမန်တော်ရို့အား အသီသတ်ရန် ကြံစည်ကြ၏။
ACT 5:34 သို့သော်လည်း လူအားလုံးက လေးစားကြသော ကျမ်းတတ်ဆရာတစ်ယောက်ဖြစ်သည့် ဂါမလျေလဟု နာမည်ဟိသော ဖာရိယှဲတစ်ယောက်သည် တရားလွှတ်တော်၌ ထရပ်၍ တမန်တော်ရို့အား တစ်အောင့်ချေလောက် အပြင်သို့ခေါ်ထုတ်လားရန် အမိန့်ပီးပြီးလျှင်၊
ACT 5:35 ထိုသူက တရားလွှတ်တော်အဖွဲ့ဝင်ရို့အား “ဣသရေလအမျိုးသားရို့၊ သင်ရို့သည် ဤသူရို့အား သတိနှင့် ပြုမူကြလော့။
ACT 5:36 အကြောင်းမူကား လွန်ခသောအချိန်က သုဒဟု ဆိုသူက မိမိကိုယ်ကို ကြီးမြတ်သည့်ဟု ဆိုလျက် ပေါ်ပေါက်ခပြီးလျှင် သူ့နောက်ကို လူ ၄၀၀ လောက် လိုက်ကြသည်ကို မှတ်မိကြသလော။ သို့သော် ထိုသူသည် အသီသတ်ခံရပြီးနောက်တွင် သူ၏နောက်လိုက်များသည် တကွဲတပြားစီ ဖြစ်လားပြီးလျှင် သူ၏လှုပ်ယှားမှုတိလည်း ပျောက်ကွယ်လားလေ၏။
ACT 5:37 ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ယုဒဆိုသော ဂါလိလဲလူတစ်ယောက် ပေါ်လာပြီးလျှင် လူထုကို ဆွဲဆောင်စည်းရုံးပြန်၏။ သို့ရာတွင် ထိုသူလည်း အသီသတ်ခံရပြီးလျှင် သူ၏နောက်လိုက် အားလုံးသည်လည်း တကွဲတပြားဖြစ်ကုန်၏။
ACT 5:38 ထို့ကြောင့် ဤကိစ္စနှင့်ပတ်သတ်၍ သင်ရို့ကို ငါပြောမည်။ ထိုသူရို့ကို အရေးမယူကြနှင့်။ ရွှတ်ထားလိုက်။ သူရို့ကြံစည်သော အမှုကိစ္စသည် လူ၏အမှုသာ ဖြစ်သည်ဆိုလျှင် ပျက်စီးရလိမ့်မည်။
ACT 5:39 သို့သော် ဘုရားသခင်က လာသည့် အမှုကိစ္စဖြစ်လျှင် ထိုသူရို့ကို သင်ရို့ မဖျက်ဆီးနိုင်ပေ။ သင်ရို့လည်း ဘုရားသခင်ကို ဆန့်ကျင်ဖက် ပြုရာကျမည်” ဟု ဆို၏။ တရားလွှတ်တော်ကလည်း ဂါမေလေလျ၏ အကြံပီးချက်ကို လက်ခံကြ၏။
ACT 5:40 ထို့နောက် သူရို့သည် တမန်တော်ရို့ကို ခေါ်သွင်း၍ ကြိမ်ဒဏ်ပီးပြီးလျှင် ယေသျှုနာမ၌ နောက်တစ်ခါ ဟောပြောသွန်သင်ခြင်းကို မပြုရန် အမိန့်ပီးကာ ပြန်ရွှတ်လိုက်ကြ၏။
ACT 5:41 တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။
ACT 5:42 ထို့နောက် ထိုသူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်တွင် လည်းကောင်း၊ လူရို့၏အိမ်များတွင် လည်းကောင်း ယေသျှုသည် မေသျှိယဖြစ်တော်မူကြောင်း သတင်းကောင်းကို အဆက်မပြတ် ဟောပြောသွန်သင်ကြ၏။
ACT 6:1 ကာလအင်တန်ကြာပြီးနောက် တပည့်တော် အရီအတွက် များပြားလာသဖြင့် ဟေလသစကားကို ပြောသော ယုဒလူမျိုးတိနှင့် ဒေသခံ ယုဒလူမျိုးရို့ကြား အငြင်းပွားကြ၏။ ဟေလသစကားကို ပြောသော ယုဒလူမျိုးရို့က မိမိရို့၏ မုဆိုးမများသည် နိ့စဉ်အစားအသောက် ထောက်ပံ့မှု၌ လစ်လျူရှု ခံထားရသောကြောင့် ပြစ်တင်ပြောဆိုကြ၏။
ACT 6:2 ထို့ကြောင့် တစ်ကျိပ်နှစ်ပါးသော တမန်တော်ရို့သည် ယုံကြည်သူအားလုံးကို စုဝေးစီပြီးလျှင်၊ “ငါရို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော် ဟောပြောမှုကို ဂရုမထူဘဲ ငွီကြေးကိစ္စကို စီမံဆောင်ရွက်ရန်မသင့်။
ACT 6:3 ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အထဲမှ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်း ပြည့်ဝပြီးလျှင် ဂုဏ်သရေဟိသော လူခုနစ်ယောက်ကို ရွီးချယ်ကြလော့။ ငါရို့သည် ထိုသူရို့ကို ဤတာဝန်အတွက် ခန့်ထားမည်။
ACT 6:4 ငါရို့ကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဟောပြောခြင်း အမှုကိုသာ အစဉ်တစိုက် ဆောင်ရွက်ကြမည်” ဟု ဆို၏။
ACT 6:5 တမန်တော်ရို့၏ စကားကို ယုံကြည်သူအားလုံးသည် နှစ်သက်ကြသဖြင့် သူရို့သည် ယုံကြည်ခြင်းနှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှ ယုဒဘာသာသို့ ပြောင်းလဲလာသော တစ်ပါးအမျိုးသားဖြစ်သူ နိကောလ ရို့ကို ရွီးချယ်ကြ၏။
ACT 6:6 ယုံကြည်သူများက ထိုသူရို့ကို တမန်တော်ရို့ရှိ့၌ ထားကြပြီးလျှင်၊ တမန်တော်ရို့က သူရို့ဂေါင်းထက်တွင် လက်ကိုတင်၍ ဆုတောင်းပီးကြ၏။
ACT 6:7 ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် ဆက်လက်၍ ပြန့်နှံ့လေ၏။ ယေရုဆလင်မြို့၌ တပည့်တော် အရီအတွက်သည်လည်း အလွန်တိုးပွားလာပြီး များစွာသော ယဇ်ပုရောဟိတ်ရို့သည် ယုံကြည်လက်ခံလာကြ၏။
ACT 6:8 သတေဖန်သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ကြွယ်ဝစွာ ခံစားရသောသူဖြစ်၍၊ တန်ခိုးတော်နှင့် ပြည့်ဝသူဖြစ်သောကြောင့် ကြီးမားသော အံ့ဩဖွယ်သောအမှုအရာများနှင့် နိမိတ်လက္ခဏာများကို လူတိကြားထဲ၌ ပြလေ၏။
ACT 6:9 သို့ရာတွင် လူတချို့သည် သူ့ကို အတိုက်အခံ ပြုကြ၏။ ထိုသူရို့ကား၊ ကုရေနေနှင့် အာလေဇန္ဒြိမြို့၌ဟိသော ယုဒလူမျိုးတိပါဝင်သော လွတ်လပ်သူများ (ဟုခေါ်သည့်) တရားဇရပ်အဖွဲ့ဝင်များ ဖြစ်ကြ၏။ ထိုသူရို့နှင့်တကွ ကိလိကိပြည်နှင့် အာယှိပြည်မှ ယုဒအမျိုးသားတချို့ရို့သည် သတေဖန်နှင့် စတင်ငြင်းခုံကြ၏။
ACT 6:10 သို့ရာတွင် သတေဖန်သည် ဝိညာဉ်တော်ကပီးသည့် အသိပညာနှင့် ဟောပြောသဖြင့် ထိုသူရို့ မချေပနိုင်ကြပေ။
ACT 6:11 ထို့ကြောင့် သူရို့သည် လူတချို့ကို လာဘ်ထိုး၍ “ဤသူသည် မောသျှေအား လည်းကောင်း၊ ဘုရားသခင်အားလည်းကောင်း စော်ကားပြောဆိုသည်ကို ငါရို့ကြားရယာ” ဟု ပြောစီကြ၏။
ACT 6:12 ဤသို့ဖြင့် သူရို့သည် လူများ၊ အကြီးအကဲများ၊ ကျမ်းပြုဆရာများကို နှိုးဆော်ပီးကြ၏။ သူရို့သည် သတေဖန်အား ဖမ်းဆီးကာ တရားလွှတ်တော်ရှိ့သို့ ခေါ်ဆောင်လားကြ၏။
ACT 6:13 ထို့နောက် သူရို့သည် သတေဖန်၏အကြောင်းကို မမှန်သော သက်သီထွက်ဆိုရန် လူတချို့ကိုခေါ်လာ၍ “ဤသူသည် သန့်ယှင်းသောဗိမာန်တော်နှင့် မောသျှေ၏ ပညတ်တော်ကို ဆန့်ကျင်သော စကားကို အစဉ်အမြဲ ပြောဆိုပါ၏။
ACT 6:14 ထိုစကားမှာ နာဇရက်မြို့သား ယေသျှုသည် ဗိမာန်တော်ကို ဖျက်ဆီးပြီးလျှင် မောသျှေက အကျွန်ရို့အား ပီးအပ်ခသော ထုံးတမ်းစဉ်လာတိကို ပြောင်းလဲစီလိမ့်မည် ဖြစ်ကြောင်း၊ ပြောဆိုသည်ကို အကျွန်ရို့ ကြားကြပါ၏” ဟု ထွက်ဆိုကြ၏။
ACT 6:15 တရားလွှတ်တော်တွင် ထိုင်နိန်ကြသော သူအပေါင်းရို့သည် သတေဖန်ကို စိ့စိ့ကြည့်ကြသောအခါ သူ၏မျက်နှာသည် ကောင်းကင်တမန်၏ မျက်နှာနှင့် တူသည်ကို တွိ့မြင်ရကြ၏။
ACT 7:1 ယဇ်ပုရောဟိတ်မင်းက သတေဖန်အား၊ “ဤစကား မှန်သလော” ဟု မိန်းသော်၊
ACT 7:2 သတေဖန်က “ညီအစ်ကိုရို့နှင့် ဖခင်ရို့၊ နားထောင်ကြလော့။ အကျွန်ရို့၏အဖ အာဗြဟံသည် ခါရန်မြို့သို့ လား၍ နီထိုင်ခြင်းမပြုခင် မေသောပေါတာမိပြည်၌ ဟိနိန်စဉ် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကို သူ၌ ထင်ရှားလာပြီးလျှင်၊
ACT 7:3 ထိုသူအား၊ ‘သင်၏ပြည်နှင့် ဆွီမျိုးသားချင်း ရို့ထံက ထွက်ပြီးလျှင် ငါ ပြမည့်ပြည်ကို လားလော’ ဟု မိန့်တော်မူ၏။
ACT 7:4 ထို့ကြောင့် အာဗြဟံသည် ခါလဒဲပြည်က ထွက်ပြီးလျှင် ခါရန်ပြည်သို့ လားပြီး နီထိုင်လေ၏။ သူ၏ဖခင် သီဆုံးပြီးနောက် ထိုမြို့မှ အဂု သင်ရို့နီထိုင်သောပြည်ကို ဘုရားသခင်က ရွှိ့ပြောင်းစီခိုင်း၏။
ACT 7:5 ထို့နောက် ကိုယ်တော်က အာဗြဟံအား ထိုပြည်၌ အမွီအဖြစ် ခြီဖဝါးတစ်နီရာစာကိုတောင် ပီးတော်မမူ။ သို့သော်လည်း သူနှင့် သူ၏ သားစဉ်မြီးဆက်အား ထိုပြည်ကို အပိုင်ပီးမည်ဟု သားသမီးတစ်ယောက်မျှ မဟိခင်ကပင် သူ့ကို ကတိပီးတော်မူခ၏။
ACT 7:6 ဘုရားသခင်က အာဗြဟံအား ‘သင်၏မျိုးနွယ်သည် အခြားသောတိုင်းပြည်၌ ကျွန်ဘဝနှင့် နီရပြီးလျှင် အနှစ် ၄၀၀ ပတ်လုံး နှိပ်စက်ခြင်းကို ခံရလိမ့်မည်။
ACT 7:7 သို့သော်လည်း သူရို့ကို ကျွန်ပြုသောလူမျိုးတိအား ငါ စီရင်မည်။ ထို့နောက် သင်၏မျိုးနွယ်သည် ထိုပြည်မှ ထွက်လာပြီးလျှင် ဤအရပ်၌ ငါ့အား ကိုးကွယ်ဝတ်ပြုကြလိမ့်မည်’ ဟု မိန့်တော်မူခ၏။
ACT 7:8 ထို့နောက် ဘုရားသခင်သည် ပဋိညာဉ်တော်၏ အမှတ်လက္ခဏာတစ်ခုအနိန်ဖြင့် အရီဖျားလှီးခြင်းမင်္ဂလာကို အာဗြဟံအား ပီးတော်မူခ၏။ ထို့ကြောင့် အာဗြဟံက သားဣဇာက်ကို ရပြီးနောက် သျှစ်ရက်မြောက်သောနိ့၌ အရီဖျားလှီးခြင်းမင်္ဂလာကို ပီး၏။ ထိုနည်းတူ ဣဇာက်က သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်က သားဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရီဖျားလှီးခြင်း မင်္ဂလာကို ပီး၏။ ယာကုပ်သား တစ်ဆယ့်နှစ်ယောက်သည်ကား ငါရို့လူမျိုး၏ အဖိုးအဖီး တစ်ဆယ့်နှစ်ပါးဖြစ်သတည်း။
ACT 7:9 “ယာကုပ်၏သား ယောသပ်အား အစ်ကိုဖြစ်သောသူတိက မနာလိုသဖြင့် အဲဂုတ္တုပြည်၌ ကျွန်ခံစီခြင်းငှာ ရောင်းလိုက်ကြ၏။ သို့သော်လည်း ဘုရားသခင်သည် သူနှင့်အတူ ဟိတော်မူသည်ဖြစ်၍၊
ACT 7:10 ဒုက္ခဆင်းရဲအပေါင်းမှ သူ့ကို ကယ်နုတ်တော်မူ၏။ ဘုရားသခင်သည် ယောသပ်ကို အဲဂုတ္တုဘုရင်ရှိ့၌ မျက်နှာပွင့်လန်းစီပြီးလျှင် ဉာဏ်ပညာကိုလည်း ပီးတော်မူ၏။ သျှင်ဘုရင်က သူ့အား အဲဂုတ္တုဘုရင်ခံအဖြစ်နှင့် လည်းကောင်း၊ နန်းတော်ဝန်အဖြစ်နှင့် လည်းကောင်း ခန့်ထားတော်မူလေ၏။
ACT 7:11 အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်တလျှောက်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသော ဆင်းရဲဒုက္ခရောက်၍ အကျွန်ရို့အဖိုးအဖီးတိသည် အစာရီစာကို မရနိုင်ကြပေ။
ACT 7:12 သို့သော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးဟိကြောင်းကို ယာကုပ်ကြားသောအခါ ငါရို့ အဖိုးအဖီးတိဖြစ်ကြသော သူ၏သားတိကို ထိုပြည်သို့ ပထမအကြိမ် စီရွှတ်လိုက်၏။
ACT 7:13 ဒုတိယအကြိမ် လာရောက်ကြသောခါ ယောသပ်က မိမိသည် ဇာသူဖြစ်ကြောင်းကို သူ၏အစ်ကိုရို့အား ပြောပြလိုက်၍ ယောသပ်၏ မိသားစုအကြောင်းကို အဲဂုတ္တုဘုရင်က သိလားခလေ၏။
ACT 7:14 ထို့နောက် ယောသပ်သည် မိမိ၏ဖခင်ယာကုပ်နှင့်အတူ စုစုပေါင်း ၇၅ ယောက်သော မိသားစုတိကို အဲဂုတ္တုပြည်သို့ လာစီခြင်းငှာ သတင်းစကား ပါးလိုက်လေ၏။
ACT 7:15 ထို့ကြောင့် ယာကုပ်သည် အဲဂုတ္တုပြည်သို့ လိုက်လားလေ၏။ ထိုပြည်၌ သူနှင့်သူ၏ သားရို့သည် သီဆုံးကြလေ၏။
ACT 7:16 သူရို့၏ ရုပ်အလောင်းတိကို ယှေခင်မြို့သို့ သယ်ယူလားပြီးလျှင် ဟာမော်သားတိပါးမှ အာဗြဟံက အဖိုးခပီး၍ ဝယ်ထားခသော သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခကြလေ၏။
ACT 7:17 “ဘုရားသခင်က အာဗြဟံအား ထားတော်မူခသည့် ကတိတော်ကို ပြည့်စုံစီဖို့ရန် အချိန်နီးလာသောခါ အဲဂုတ္တုပြည်၌ အကျွန်ရို့လူမျိုးများသည် အလွန်တိုးပွားလေ၏။
ACT 7:18 ထို့နောက်တွင် ယောသပ်ကိုမသိသော ဘုရင်တစ်ပါးသည် အဲဂုတ္တုပြည်၌ စတင်၍ အုပ်ချုပ်လေ၏။
ACT 7:19 ထိုဘုရင်က အကျွန်ရို့ အဖိုးအဖီးတိကို လှည့်စားပြီးလျှင် သူရို့တိကို နှိပ်စက်ညှဉ်းဆဲကြ၏။ သူရို့ကို အနိုင်အထက်ပြု၍ အသျှေတိကိုလည်း သီဆုံးစီခြင်းငှာ အိမ်အပြင်၌ ပစ်ထားစီကြ၏။
ACT 7:20 ထိုအချိန်ကာလကား အလွန်လှပသော အချေ မောသျှေကို ဖွားမြင်သော ကာလပင်ဖြစ်၏။ သူ့ကို သုံးလတိုင်အောင် သူ၏အိမ်၌ ပြုစုစောင့်ရှောက်ခြင်းကို ခံရခ၏။
ACT 7:21 သူသည် အိမ်ပြင်၌ ပစ်ထားခြင်းကိုခံရသောအခါ သျှင်ဘုရင်၏သမီးတော်က မိမိ၏သားအဖြစ် မွီးစားလေ၏။
ACT 7:22 မောသျှေအား အဲဂုတ္တုအမျိုးသားတိတတ်အပ်သော အတတ်ပညာအလုံးစုံကို ဆည်းပူးစီပြီးသောအခါ သူသည် နှလုံးရည် လက်ရုံးရည်တိနှင့် ပြည့်စုံသူတစ်ဦး ဖြစ်လာ၏။
ACT 7:23 “သူသည် အသက်လေးဆယ် ပြည့်သောအခါ၌ မိမိအမျိုးသားချင်းဖြစ်သော ဣသရေလ ညီအစ်ကိုတိ ပါးသို့ လည်ပတ်ရန် စိတ်ပိုင်းဖြတ်ထားလေ၏။
ACT 7:24 ထိုသို့ လည်ပတ်ချိန်၌ အဲဂုတ္တုအမျိုးသား တစ်ယောက်က ဣသရေလအမျိုးသား တစ်ယောက်အား နှိပ်စက်နိန်သည်ကို မြင်လျှင် မိမိလူဖက်မှ ဝင်ရောက်ကူညီပြီးလျှင် အဲဂုတ္တုလူကို လက်တုန့်ပြန်၍ အသီသတ်လိုက်လေ၏။
ACT 7:25 မောသျှေသည် မိမိလူတိကို ကယ်တင်ရန် မိမိအား ဘုရားသခင်က ရွှတ်လိုက်တော်မူခကြောင်းကို သူရို့နားလည်လိမ့်မည်ဟု ထင်မှတ်ခ၏။ သို့သော်လည်း သူရို့ နားမလည်ကြ။
ACT 7:26 နောက်တစ်နိ့၌ ဣသရေလလူနှစ်ယောက် ရန်ဖြစ်နိန်သည်ကိုမြင်၍ ငြိမ်းချမ်းစီလိုသဖြင့် မောသျှေက၊ ‘နားထောင်ကတ်ပါ။ သင်ရို့သည် ညီအစ်ကိုချင်းဖြစ်လျက်ပင် ဇာဖြစ်လို့ ရန်ဖြစ်နိန်ကြသနည်း’ ဟု သူရို့အား ဖြန်ဖြေရန် ကြိုးစားလေ၏။
ACT 7:27 သို့သော်လည်း အနိုင်ကျင့်သောလူက မောသျှေအား တိုးထုတ်လိုက်ပြီးလျှင် ‘ငါရို့ကို တရားစီရင်အုပ်ချုပ်ရန် သင့်အား ဇာသူက ခန့်ထားသနည်း။’
ACT 7:28 ‘တစ်နိ့က အဲဂုတ္တုလူတစ်ယောက်ကို အသီသတ်လိုက်သကဲ့သို့ ငါ့ကိုလည်း အသီသတ်ချင်သလော’ ဟု မိန်းလေ၏။
ACT 7:29 ထိုစကားကို မောသျှေကြားသောအခါ အဲဂုတ္တုပြည်မှ ထွက်ဗြီးလားပြီးလျှင် မိဒျန်ပြည်၌ နီထိုင်လေ၏။ ထိုပြည်၌ သားနှစ်ယောက်ကို ရလေ၏။
ACT 7:30 “နှစ် ၄၀ ကြာပြီးနောက် သိနာတောင်အနား တောကန္တာရ၌ ကောင်းကင်တမန်တစ်ပါးသည် မီးလောင်နိန်သော ခြုံပုတ်ထဲမှ မောသျှေကို ထင်ရှားပြလေ၏။
ACT 7:31 ထိုအခြင်းအရာကို မောသျှေမြင်သောအခါ အံ့သြသည်ဖြစ်၍ သေချာစွာကြည့်ရန် အနားသို့ ချဉ်းကပ်လေ၏။ သို့သော် သခင်ဘုရား၏ အသံတော်ကို ကြားရသည်ကား၊
ACT 7:32 ‘ငါသည် သင့်အဖိုးအဖီးရို့၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့၏ ဘုရားသခင်ဖြစ်သည်’ ဟု ကြားရသောကြောင့် မောသျှေသည် ကြောက်ရွံ့တုန်လှုပ်ပြီးလျှင် မကြည့်ဝံ့ဘဲနိန်၏။
ACT 7:33 သခင်ဘုရားက မောသျှေအား ‘သင် ရပ်နိန်သော နီရာသည် သန့်ယှင်းသော မြီဖြစ်သောကြောင့် သင့်၏ဖိနပ်ကို ချွတ်လော့။
ACT 7:34 ငါသည် အဲဂုတ္တုပြည်၌ ငါ၏လူမျိုးတိ ခံနိန်ရသော ဒုက္ခဆင်းရဲကို မြင်ယာ။ ငါသည် သူရို့၏ ညည်းတွားသံတိကိုလည်း ကြားရယာ။ ထို့ကြောင့် ငါသည် သူရို့အား ကယ်တင်ရန် ဆင်းလာယာ။ အဂု လာလော့။ ငါသည် သင့်ကို အဲဂုတ္တုပြည်သို့ စီရွှတ်မည်’ ဟု မိန့်တော်မူ၏။
ACT 7:35 “မောသျှေကား ဣသရေလလူမျိုးတိ ပစ်ပယ်ခြင်းကို ခံရသူဖြစ်၏။ သူရို့က ‘ငါရို့ကို အုပ်ချုပ်ဖို့နှင့် တရားစီရင်ဖို့ သင့်ကို ဇာသူခန့်ထားသနည်း’ ဟု မိန်းကြ၏။ သူသည် ခြုံပုတ်ထဲမှ မီးတောက်အားဖြင့် ထင်ရှားပြသော ကောင်းကင်တမန် အကူအညီအားဖြင့် ဣသရေလလူမျိုးတိကို အုပ်ချုပ်ရန်နှင့် လွတ်မြောက်စီရန် ဘုရားသခင် စီရွှတ်တော်မူသောသူဖြစ်၏။
ACT 7:36 သူသည် လူတိကို အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာ၍ အဲဂုတ္တုပြည်နှင့် ပင်လယ်နီ၌ လည်းကောင်း၊ အနှစ်လေးဆယ်ပတ်လုံး တောကန္တာရ၌ လည်းကောင်း၊ နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများကို ပြုခ၏။
ACT 7:37 မောသျှေသည် ဣသရေလ လူမျိုးရို့အား ‘ဘုရားသခင်သည် သင်ရို့ထံသို့ ငါ့ကို စီရွှတ်သကဲ့သို့ ပရောဖက်တစ်ပါးကို စီရွှတ်တော်မူလိမ့်မည်၊ ထိုသူသည် သင်ရို့ လူမျိုးထဲကတစ်ယောက် ဖြစ်လိမ့်မည်’ ဟု ပြောကြားခသူတစ်ယောက်ဖြစ်၏။
ACT 7:38 သူသည် ဣသရေလလူမျိုးတိနှင့် တောကန္တရ၌ စုဝေးခသော သူတစ်ယောက်ဖြစ်၏။ သူသည် သိနာတောင်၌ စကားပြောခသော ကောင်းကင်တမန်တိနှင့် လည်းကောင်း၊ ငါရို့အဖိုးအဖီးနှင့် လည်းကောင်း ထိုနီရာ၌ဟိခသောသူဖြစ်ပြီး ငါရို့အား ပီးအပ်ရန် ဘုရားသခင်၏ အသက်ရှင်သော ဗျာဒိတ်တော်ကို ခံယူခသူဖြစ်၏။
ACT 7:39 “သို့သော်လည်း ငါရို့အဖိုးအဖီးတိက သူ၏စကားကို နာမခံကြ။ သူ့ကိုဖယ်ထားပြီးလျှင် အဲဂုတ္တုပြည်ကို ပြန်လိုသောဆန္ဒ ဟိကြ၏။
ACT 7:40 ထို့ကြောင့် သူရို့က ‘ငါရို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ခသော မောသျှေသည် ဇာပိုင် ဖြစ်လားသည်ကို မသိ။ ထို့ကြောင့် ငါရို့ကို ဦးဆောင်တော်မူမည့် ဘုရားတိကို ပြုလုပ်ပီးပါ’ ဟု အာရုန်အား တောင်းဆိုကြ၏။
ACT 7:41 ထို့နောက် သူရို့သည် နွားပုံသဏ္ဌာန် ရုပ်တုကို သွန်းလုပ်ပြီး ပူဇော်သကာကို ယူဆောင်ကာ မိမိရို့လက်ဖြင့် ပြုလုပ်သော ထိုရုပ်တုကို ပူဇော်၍ ပျော်မြူးနိန်ကြ၏။
ACT 7:42 ထို့ကြောင့် ဘုရားသခင်သည် သူရို့ကို မျက်နှာလွှဲတော်မူ၍ ကောင်းကင်မှ ကြယ်တိကို ကိုးကွယ်စီရန် စွန့်ပစ်ထားတော်မူ၏။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ပရောဖက်ကျမ်းစာ၌ ရီးသားထားသည်ကား၊ “ ‘ဣသရေလအမျိုးရို့၊ သင်ရို့သည် တောကန္တာရ၌၊ အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်တိကို သတ်၍ ပူဇော်ခကြ၏။ ထိုပူဇော်ခြင်းသည်ကား ငါ့ကို ပူဇော်သည် မဟုတ်။
ACT 7:43 သင်ရို့ သယ်ဆောင်လားသော မောလုတ်ဘုရား၏ တဲတော်နှင့်၊ သင်ရို့၏ ရင်ဖန်ဘုရား၏ ကြယ်ရုပ်တုဖြစ်၏။ ထိုအရာတိသည် သင်ရို့ ဝတ်ပြုကိုးကွယ်ဖို့ ပြုလုပ်ထားသော ရုပ်တုတိသာဖြစ်ကြ၏။ ထို့ကြောင့် ငါသည် သင်ရို့ကို ဗာဗုလုန်မြို့ ကျော်လွန်အောင် ပြည်နှင်ဒဏ် ပီးလိမ့်မည်။’
ACT 7:44 “တောကန္တာရ၌ ငါရို့အဖိုးအဖီးတိနှင့်အတူ ဘုရားသခင်ကိန်းဝပ်ရာ တဲတော်ဟိ၏။ မောသျှေသည် သူမြင်ရသည့်ပုံစံနှင့်အညီ တဲတော်ကို ပြုလုပ်ရန် မြွက်ဆိုတော်မူသော ဘုရားသခင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသော တဲတော်ဖြစ်၏။ မောသျှေအား ဖော်ပြထားတော်မူသည့်ပုံနှင့်အညီ သက်သီခံတော်မူရာ တဲတော်ကို တည်ဆောက်ခ၏။
ACT 7:45 ငါရို့ အဖိုးအဖီးရို့သည် မိမိရို့အဖတိထံပါးမှ ထိုတဲတော်ကို ဆက်ခံပြီးလျှင် ဘုရားသခင် နှင်ထုတ်တော်မူသော အခြားလူမျိုးတိပြည်ကို ယောသျှုနှင့်အတူ ချီတက်သိမ်းပိုက်ကြသောခါ ထိုတဲတော်ကို သယ်ဆောင်လားကြ၏။ ထိုတဲတော်ကား ဒါဝိဒ်လက်ထက်တိုင် ဟိလေ၏။
ACT 7:46 သူသည် ဘုရားသခင်၏ရှိ့တော်၌ ကျေးဇူးတော် ခံစားရသူ ဖြစ်ပြီးလျှင် ယာကုပ်၏ဘုရား ကိန်းဝပ်တော်မူရာအရပ်ကို တည်ဆောက်ခွင့်ပြုရန် ဘုရားသခင်ထံတော်သို့ တောင်းလျှောက်လေ၏။
ACT 7:47 သို့သော်လည်း ဘုရားသခင်၏ အိမ်တော်ကို တည်ဆောက်ခွင့်ရသူကား သျှောလမုန် ဖြစ်၏။”
ACT 7:48 “သို့သော်လည်း အမြင့်ဆုံးသောဘုရားသခင်သည် လူ့လက်ဖြင့် တည်ဆောက်သည့် အိမ်တိ၌ ကိန်းဝပ်တော်မမူ။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပရောဖက်က၊
ACT 7:49 “ ‘သခင်ဘုရား မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့၏ပလ္လင်ဖြစ်၏၊ မြီကြီးသည်လည်း ငါ့၏ခြီတင်ခုံဖြစ်၏။ သင်သည် ဇာပိုင်မျိုး အိမ်ကို ငါ့အတွက် တည်ဆောက်မည်နည်း။ ငါ ကိန်းဝပ်မည့် အရပ်ကား ဇာမှာနည်း။
ACT 7:50 ဤအရာအားလုံးတိကို ငါကိုယ်တိုင် ဖန်ဆင်းသည် မဟုတ်လော’ ဟူ၍ ဆိုထားသည်အတိုင်း ဖြစ်၏။
ACT 7:51 “သတေဖန်က သင်ရို့သည် အလွန်ပင် ဂေါင်းမာကြ၏။ သင်ရို့၏ စိတ်နှလုံး၌ ဘုရားတရား ကင်းမဲ့ကြပြီးလျှင် ဘုရားသခင်၏ ဗျာဒိတ်စကားကို ကြားနာရန် နားပင်းနိန်ကြသည်တကား။ သင်ရို့သည် မိမိအဖိုးအဖီးတိကဲ့သို့ သန့်ယှင်းသောဝိညာဉ်တော်ကို အစဉ်အမြဲ ဆန့်ကျင်ဖက်ပြုကြ၏။
ACT 7:52 သင်ရို့အဖိုးအဖီးတိ နှိပ်စက်ခြင်းကို မခံရသော ပရောဖက်ဟူ၍ ဇာသူတစ်ယောက် ဟိခသနည်း။ သူရို့သည် ဘုရားသခင် ကြွလာမည့်အကြောင်းကို ကြိုတင်ဟောကြားမည့် ဖြောင့်မတ်သော အခိုင်းအစီတိကို အယင်ကပင်လျှင် အသီသတ်ခကြ၏။ အဂုလည်း သင်ရို့သည် ထိုအသျှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
ACT 7:53 သင်ရို့သည် ကောင်းကင်တမန်တိ အားဖြင့် ပီးအပ်တော်မူခသော ဘုရားသခင်၏ ပညတ်တော်ကို — ရလျှင်လည်း မလိုက်နာကြပေ” ဟု မြွက်ဆို၏။
ACT 7:54 သတေဖန်စကားကို ကြားသောအခါ ယုဒတရားလွှတ်တော် အဖွဲ့ဝင်ရို့သည် အလွန် ဒေါသထွက်ကြ၍ အံကြိတ်နိန်ကြ၏။
ACT 7:55 သို့သော် သတေဖန်သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် ကောင်းကင်သို့ မော်ကြည့်လိုက်သောအခါ ဘုရားသခင်၏ ဘုန်းတန်ခိုးတော် လည်းကောင်း၊ ဘုရားသခင်၏လက်ယာဖက်တွင် ယေသျှုရပ်နိန်သည်ကိုလည်းကောင်း မြင်လေ၏။
ACT 7:56 သူက “ကြည့်ပါ၊ ကောင်းကင်ပွင့်၍ လူသားသည် ဘုရားသခင်၏ လက်ယာဖက်၌ ရပ်နိန်သည်ကို ငါမြင်ရ၏” ဟု ဆို၏။
ACT 7:57 ကောင်စီဝင်အားလုံးသည် ကျယ်လောင်စွာ အော်ဟစ်လျက် နားကို လက်ဖြင့်ပိတ်ထားကြ၏။ ထိုအခါ ချက်ချင်း သတေဖန်ပါးသို့ တဟုန်ထိုး ဗြီးလာကြပြီး၊
ACT 7:58 သူ့ကို မြို့ပြင်သို့ ဆွဲထုတ်ပြီးလျှင် ကျောက်သီးဖြင့် ပစ်ကြ၏။ အသိသက်သီရို့သည် မိမိရို့၏ အဝတ်များကို သျှောလုဟု ဆိုသော လူငယ်တစ်ယောက်ထံ၌ အပ်ထားကြ၏။
ACT 7:59 ဤသို့ သူ့ကိုကျောက်သီးနှင့် ပစ်နိန်ကြစဉ် သတေဖန်က “အို၊ အသျှင်ယေသျှု၊ အကျွန့်ဝိညာဉ်ကို ရုပ်သိမ်းတော်မူပါ” ဟု သခင်ဘုရားကို ဆုတောင်းလေ၏။
ACT 7:60 သူသည် ဒူးထောက်၍ ကျယ်လောင်သော အသံဖြင့် “အသျှင်ဘုရား၊ ဤသူရို့ပြုသော ပြစ်မှားခြင်းတိကို မှတ်တော်မမူပါကေ့” ဟု ဆို၍ ကြွေးကြော်ပြီးလျှင် အသက်ချုပ်လေ၏။
ACT 8:1 သတေဖန်ကို သတ်သည့်အမှုတွင် သျှောလုသည် အလိုတူအလိုပါဖြစ်သတည်း။ ထိုနိ့မှစ၍ ယေရုဆလင်မြို့၌ဟိသော အသင်းတော်များသည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ပြင်းစွာခံရလေ၏။ ထို့ကြောင့် တမန်တော်ရို့မှတစ်ပါး ယုံကြည်သူအားလုံးရို့သည် ယုဒပြည်နှင့် ယှာမာရိပြည်တလျှောက်သို့ ပြန့်ကြဲလားကြကုန်၏။
ACT 8:2 ဘုရားကိုကြည်ညိုသော လူတချို့သည် ပြင်းစွာသော ငိုကြွီးခြင်းကို ပြုလျက် သတေဖန်ကို သင်္ဂြိုဟ်ကြ၏။
ACT 8:3 သျှောလုသည် အသင်းတော်ကို ဖျက်ဆီးရန် ကြိုးစား၍ ယုံကြည်သူ မိန်းမယောက်ျားတိကို တစ်အိမ်ဝင်တစ်အိမ်ထွက်လျက် ဆွဲငင်ကာ ထောင်ချထားလေ၏။
ACT 8:4 ပြန့်ကြဲလားသော ယုံကြည်သူရို့သည် သတင်းကောင်းကို အရပ်ရပ်သို့ လား၍ ဟောပြောကြ၏။
ACT 8:5 ဖိလိပ္ပုသည် ယှာမာရိပြည်၏မြို့တော်သို့ လား၍ မေသျှိယအကြောင်းကို ဟောပြောလေ၏။
ACT 8:6 လူအစုအဝေးရို့သည် ဖိလိပ္ပုပြောသောစကားကို အာရုံစိုက်၍ နားထောင်းနိန်ကြစဉ် သူပြုသော နိမိတ်လက္ခဏာများကို မြင်ရကြ၏။
ACT 8:7 ဝိညာဉ်ဆိုးရို့သည် ကျယ်လောင်စွာအော်ဟစ်လျက် များစွာသောလူထဲမှ ထွက်လားကြ၏။ လီဖြတ်သောသူ၊ ခြီလက်မသန်စွမ်းသော သူရို့သည်လည်း ကျန်းမာခြင်းသို့ ရောက်ကြ၏။
ACT 8:8 ထို့ကြောင့် မြို့သူမြို့သားအပေါင်းရို့သည် အလွန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။
ACT 8:9 ထိုမြို့တွင်နီထိုင်သည့် သျှိမုန်ဟု ခေါ်သော လူတစ်ယောက်သည် ယှာမာရိလူမျိုးတိအား မိမိ၏ မှော်အတတ်ဖြင့် အချိန်အင်တန်ကြာ အံ့သြစီလျက် ဟိ၏။ သူသည် မိမိကိုယ်ကို ကြီးမြတ်သည်ဟု ဝါကြွား၍၊
ACT 8:10 လူတန်းစား အသီးသီးမှ လူတိအားလုံးက “ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော် ဖြစ်သည်” ဟု ဆိုလျက် သူ၏စကားကို အာရုံစိုက်၍ နားထောင်ကြ၏။
ACT 8:11 သူရို့သည် သျှိမုန်အား ဤသို့ အာရုံစိုက်ကြခြင်းမှာ သူသည် ကာလကြာမြင့်စွာ မှော်အတတ်ဖြင့် သူရို့ကို အံ့သြစီခသောကြောင့်ဖြစ်၏။
ACT 8:12 သို့သော် ဖိလိပ္ပုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့် ယေသျှုခရစ်တော်၏ သတင်းကောင်းကို ဟောပြောသောအခါ သူရို့သည် ယုံကြည်လာကြသဖြင့် ယောက်ျားမိန်းမအပေါင်းရို့သည် ဗတ္တိဇံကိုခံယူကြ၏။
ACT 8:13 သျှိမုန်ကိုယ်တိုင်လည်း ယုံကြည်သဖြင့် ဗတ္တိဇံကို ခံယူပြီးနောက် ဖိလိပ္ပုထံတွင် ဆည်းကပ်၍ ကြီးစွာသော အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာများကို မြင်တွိ့ရသောအခါ လွန်စွာအံ့သြလေ၏။
ACT 8:14 ယေရုဆလင်မြို့၌ဟိသော တမန်တော်ရို့သည် ယှာမာရိပြည်သားတိ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လက်ခံလာကြကြောင်းကို ကြားသိရသောအခါ ပေတရုနှင့် ယောဟန်ရို့ကို သူရို့ပါးသို့ စီရွှတ်လိုက်ကြ၏။
ACT 8:15 တမန်တော်နှစ်ပါးသည် ရောက်လာကြသောအခါ၊ သူရို့သည် ယုံကြည်သူ လူသစ်များအား သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူနိုင်စီရန်အတွက် ဆုတောင်းပီးကြ၏။
ACT 8:16 ဇာကြောင့်ဆိုသော် ထိုသူရို့သည် အသျှင်ယေသျှု၏နာမ၌ ဗတ္တိဇံကို ခံယူမျှသာဖြစ်၍ ထိုသူရို့ထဲတွင် ဇာသူ့၌မျှ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်တော် မမူသိမ့်သောကြောင့်ဖြစ်၏။
ACT 8:17 ထိုအခါ ပေတရုနှင့် ယောဟန်ရို့သည် ထိုသူရို့အထက်၌ လက်ကိုတင်ကြသောအခါ ထိုသူရို့သည် သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူကြ၏။
ACT 8:18 သျှိမုန်သည် တမန်တော်ရို့၏ လက်တင်ခြင်းကို ခံရခြင်းအားဖြင့် ထိုသူရို့သည် ဝိညာဉ်တော်ကို ခံယူရဟိကြောင်းကို မြင်သောအခါ သူသည် တမန်တော်ရို့အား ငွီကို ယူလာ၍၊
ACT 8:19 “ဇာသူ့ကိုမဆို အကျွန်၏ လက်ကိုတင်လိုက်သောအခါ ထိုသူရို့၌ သန့်ယှင်းသောဝိညာဉ်တော်ကို ရစီခြင်းငှာ အကျွန်အား တန်ခိုးကို ပီးပါ” ဟု ဆိုလေ၏။
ACT 8:20 ပေတရုကလည်း “ဘုရားသခင်၏ ဆုကျေးဇူးတော်ကို ငွီနှင့် ဝယ်ယူရန် စိတ်အကြံဟိသောကြောင့် သင်၏ငွီသည် သင်နှင့်အတူ ပျက်စီးပါစီ။
ACT 8:21 ဘုရားသခင်ရှိ့တော်၌ သင်၏စိတ်ထား မမှန်ကန်သောကြောင့် ငါရို့၏ အပေါင်းအပါလည်းမဖြစ်နိုင်။ ငါရို့၏အလုပ်၌လည်း မပါဝင်နိုင်။
ACT 8:22 ထို့ကြောင့် သင်၏ ဆိုးညစ်မှုအတွက် နောင်တရပြီးလျှင် သင်၏စိတ်နှလုံးထဲ၌ ထိုသို့ ကြံစည်သဖြင့် ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ သခင်ဘုရားထံပါး၌ ဆုတောင်းလော့။
ACT 8:23 သင်သည် မနာလိုမုန်းတီးစိတ်မွန်းပြီးလျှင် ဒုစရိုက်အပြစ်၏ ကျွန်တစ်ယောက်ဖြစ်သည်ကို ငါမြင်သည်” ဟု ဆို၏။
ACT 8:24 သျှိမုန်ကလည်း ပေတရုနှင့် ယောဟန်အား၊ “သင်ရို့ပြောသော အမှုအရာတိ အကျွန်၌ မဖြစ်လာစီရန် အကျွန့်အတွက် သခင်ဘုရားထံ ဆုတောင်းပီးကြပါ” ဟု ဆိုလေ၏။
ACT 8:25 ပေတရုနှင့် ယောဟန်ရို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို သက်သီခံ၍ ဟောပြောကြပြီးနောက် ယေရုဆလင်မြို့သို့ ပြန်လာကြ၏။ အပြန်လမ်းခရီးတွင် များစွာသော ယှာမာရိ ရွာများတွင် သတင်းကောင်းကို ဟောပြောကြလေ၏။
ACT 8:26 သခင်ဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား၊ “သင်သည် အသင့်ပျင်၍ ယေရုဆလင်မြို့မှ ဂါဇာမြို့သို့ လားသောလမ်းအတိုင်း တောင်ဖက်သို့ လားလော့” ဟု ဆို၏။ (ထိုလမ်းကို ယခုခေတ်တွင် မသုံးယာ)။
ACT 8:27 ထို့ကြောင့် ဖိလိပ္ပုသည် အသင့်ပျင်၍ လားလေ၏။ ထိုစဉ် အဲသယောပိဘုရင်မ၏ အမတ်တစ်ဦးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အဲသယောပိပြည်သား မိန်းမစိုး အရာဟိ တစ်ယောက်သည် ယေရုဆလင်မြို့သို့ လားပြီး ဘုရားသခင်အား ဝတ်ပြုကိုးကွယ်လေ၏။ သူသည် အပြန်လမ်းခရီးတွင် မြင်းရထားထက်၌ ထိုင်လျက် ပရောဖက် ဟေသျှာယကျမ်းကို ဖတ်နိန်၏။
ACT 8:29 သန့်ယှင်းသော ဝိညာဉ်တော်က ဖိလိပ္ပုအား “ထိုမြင်းရထား အနားသို့ လားပြီး ကပ်၍လိုက်လော့” ဟု မိန့်တော်မူ၏။
ACT 8:30 ဖိလိပ္ပုသည် ဗြီးလား၍ ပရောဖက်ဟေသျှာယကျမ်းအား ဖတ်လျက်နိန်သည်ကို ကြားသဖြင့် “သင် ဖတ်နိန်သော အရာကို နားလည်သလော” ဟု ထိုသူအား မိန်းလေ၏။
ACT 8:31 ထိုအရာဟိက၊ “ငါ့ကို အနက်ဖွင့်ပြသူ မဟိဘဲ ဇာပိုင် နားလည်နိုင်ပါမည်နည်း” ဟု ပြန်ပြောပြီးနောက်၊ ဖိလိပ္ပုအား ရထားထက်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။
ACT 8:32 ထိုသူ ဖတ်နိန်သည့် ကျမ်းစာပိုဒ်ကား၊ “အသီသတ်ရန် ဆွဲယူလားသော သိုးကဲ့သို့၊ သူ့ကို ဆောင်ယူလားကြ၏။ သိုးချေသည် အမွီးညှပ်သူရို့ရှိ့၌ နှုတ်ဆိတ်၍နိန်သကဲ့သို့၊ မိမိနှုတ်ကို မဖွင့်ဘဲနိန်၏။
ACT 8:33 သူသည် ကဲ့ရဲ့ယှုတ်ချခြင်းကို ခံရစဉ် တရားမျှတမှု ဟိစီရန် သူ့အတွက် ဆောင်ရွက်ပီးသူမဟိ။ ဤလောကမှ သူ့အသက်ကို ရုပ်သိမ်းလားသည်ဖြစ်၍၊ ဇာသူသည် သူ၏သားမြီးတိကို ပြောပြနိုင်မည်နည်း” ဟူ၍ ဖြစ်၏။
ACT 8:34 ထိုအရာဟိက ဖိလိပ္ပုအား၊ “ငါ့ကို ပြောပြလော။ ထိုပရောဖက်က ဇာသူ့အကြောင်းကို ပြောဆိုနိန်ပါသနည်း။ မိမိအကြောင်းလား၊ အခြားတစ်ယောက် အကြောင်းလား” ဟု မိန်းမြန်းလေ၏။
ACT 8:35 ထို့ကြောင့် ဖိလိပ္ပုသည် ထိုကျမ်းစာပိုဒ်နှင့် အစပြု၍ ယေသျှုအကြောင်း သတင်းကောင်းကို ဟောပြောလေ၏။
ACT 8:36 သူရို့သည် ဆက်လက်ပြီး ခရီးပြုကြစဉ် ရီဟိသောအရပ်သို့ ရောက်ကြသဖြင့် အရာဟိက၊ “ဤအရပ်၌ ရီဟိပါ၏။ ငါသည် ဗတ္တိဇံမင်္ဂလာ ခံယူရန် တားဆီးနိုင်သည့်အရာ ဟိပါသလော” ဟု ဆို၏။
ACT 8:37 
ACT 8:38 အရာဟိသည် မြင်းရထားကို ရပ်တန့်စီပြီးနောက် သူရို့နှစ်ယောက်သည် ရီထဲသို့ ဆင်းလားကြပြီးလျှင် ဖိလိပ္ပုသည် အရာဟိအား ဗတ္တိဇံမင်္ဂလာကို ပီးလေ၏။
ACT 8:39 သူရို့သည် ရီထဲက တက်လာကြသောအခါ သခင်ဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုအား အဝီးသို့ ဆောင်ယူလားတော်မူသဖြင့် အရာဟိသည် ဖိလိပ္ပုကို နောက်တဖန် မတွိ့ရပေ။ သူသည်လည်း ဝမ်းမြောက်စွာဖြင့် ခရီးဆက်လေ၏။
ACT 8:40 ဖိလိပ္ပုသည် အာဇုတ်မြို့၌ ပေါ်လာ၍ ကဲသရိမြို့သို့ ရောက်သည့်တိုင်အောင် လမ်းတလျှောက်၌ဟိသော မြို့တိုင်း၌ သတင်းကောင်းကို ဟောပြော၍ ခရီးဆက်လေ၏။
ACT 9:1 ထိုအတောအတွင်း သျှောလုသည် သခင်ဘုရား၏တပည့်တော်ရို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နိန်၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ လားပြီးလျှင်၊
ACT 9:2 သခင်ဘုရား၏ လမ်းစဉ်ကို လိုက်လျှောက်သောမိန်းမ၊ ယောက်ျားတိကို တွိ့ပါက ဖမ်းဆီး၍ ယေရုဆလင်မြို့သို့ ခေါ်ဆောင်နိုင်ခြင်းငှာ ဒမာသက်မြို့၌ဟိသော တရားဇရပ်များသို့ ညွှန်ကြားစာ ပီးပါရန် တောင်းဆိုလေ၏။
ACT 9:3 သျှောလုသည် ဒမာသက်မြို့အနားသို့ ရောက်သောအခါ အာကာထက်မှ အလင်းသည် သူ့ပတ်လည်တွင် ရုတ်ကနဲ ထွန်းတောက်လေ၏။
ACT 9:4 သူသည် မြီကြီးထက်တွင် လဲကျလားပြီး၊ “သျှောလု၊ သျှောလု ငါ့ကို ဇာကြောင့် ညှဉ်းဆဲနှိပ်စက်သနည်း” ဟု မိမိအား မိန်းမြန်းနိန်သော အသံတစ်ခုကို ကြားရ၏။
ACT 9:5 သျှောလုက၊ “အသျှင်၊ အသျှင်ကား ဇာသူနည်း” ဟု မိန်းလျှောက်၏။ “ငါကား သင် ညှဉ်းဆဲနှိပ်စက်နိန်သူ ယေသျှုပင်ဖြစ်သည်” ဟု အသံတော်လာ၏။
ACT 9:6 “ယေဒါလေ့ ထပြီးလျှင် မြို့ထဲသို့ ဝင်လော့။ သင် ပြုရမည့်အရာကို ထိုအရပ်၌ သင့်အား ပြောကြားလိမ့်မည်” ဟု မိန့်တော်မူ၏။
ACT 9:7 သျှောလုနှင့်အတူ ခရီးပြုနိန်သော သူရို့သည် ထိုအသံကို ကြားရသော်လည်း လူတစ်ယောက်ကိုမျှ မတွိ့ရသဖြင့် အံ့မောကျလျက် ရပ်နိန်ကြ၏။
ACT 9:8 သျှောလုသည် မြီကြီးမှ ထပြီးလျှင် မျက်လုံးကို ဖွင့်လိုက်သောအခါ မည်သည့်အရာကိုမျှ မမြင်ရလီယာ။ ထို့ကြောင့် သူရို့သည် သူ၏လက်ကိုဆွဲ၍ ဒမာသက်မြို့သို့ ခေါ်ဆောင်လားကြ၏။
ACT 9:9 သူသည် သုံးရက်လုံးလုံး မျက်စိမမြင်ရ၍ ထိုကာလအတွင်း ဇာတစ်ခုကိုမျှ မစားမသောက်ဘဲနိန်၏။
ACT 9:10 ဒမာသက်မြို့တွင် အာနနိဟု ခေါ်သော တပည့်တော်တစ်ယောက် ဟိ၏။ သူ၏ဗျာဒိတ်ရူပါရုံထဲတွင် သခင်ဘုရားက “အာနနိ” ဟု ခေါ်တော်မူလျှင်၊ အာနနိက “အကျွန် ဤအရပ်၌ ဟိပါ၏၊ အသျှင်” ဟု ပြန်လျှောက်လေ၏။
ACT 9:11 သခင်ဘုရားကလည်း “သင်ထပြီးလျှင် လမ်းပြောင့်ဟု အမည်တွင်သော လမ်းသို့လားပြီးလျှင် တာယှုမြို့သား သျှောလုဟု ခေါ်သောသူကို ယုဒ၏ အိမ်၌ စုံစမ်းမိန်းမြန်းလော့။ သူသည် ဆုတောင်းလျက်နိန်၏။
ACT 9:12 ထိုသူသည်လည်း ဗျာဒိတ်ရူပါရုံ၌ အာနနိဟု ခေါ်သောသူသည် လာ၍ မိမိအထက်၌ လက်တင်ခြင်းဖြင့် မျက်စိအလင်း ပြန်ရသည်ကို မြင်ရလီယာ” ဟု မိန့်တော်မူ၏။
ACT 9:13 အာနနိက၊ “အသျှင်၊ ထိုသူသည် ယေရုဆလင်မြို့၌ဟိသော ကိုယ်တော်၏ သန့်ယှင်းသောလူတိအား ဇာလောက်ထိ ဒုက္ခပီးကြောင်း လူအများက ပြောကြသည်ကို အကျွန် ကြားပါ၏။
ACT 9:14 ထိုသူသည် ကိုယ်တော့်ကို ကိုးကွယ်ကြသောသူမှန်သမျှကို ဖမ်းဆီးရန် ယဇ်ပုရောဟိတ်အကြီးအကဲရို့ထံပါးက အခွင့်အာဏာဖြင့် ဤအရပ်သို့ ရောက်လာခြင်းဖြစ်ပါ၏” ဟု လျှောက်လေ၏။
ACT 9:15 သို့ရာတွင် သခင်ဘုရားက၊ “လားလော့၊ ဤသူကား ငါ ရွီးချယ်ထားသူဖြစ်ပြီးလျှင် တခြားလူမျိုးတိ၊ သျှင်ဘုရင်တိနှင့် ဣသရေလလူမျိုးတိရှိ့၌ ငါ့နာမကို ထင်ရှားစီမည့်သူ ဖြစ်၏။
ACT 9:16 ငါ၏နာမအဖို့အလို့ငှာ သူခံရမည့် ဒုက္ခဆင်းရဲခြင်း အကြောင်းကို အားလုံးကို ငါကိုယ်တိုင် သူ့ကိုဖော်ပြမည်” ဟု မိန့်တော်မူ၏။
ACT 9:17 ထို့ကြောင့် အာနနိသည် လား၍ သျှောလုဟိသည့်အိမ်သို့ ဝင်ပြီး သူ၏အထက်၌ လက်ကိုတင်ပြီးလျှင်၊ “ငါ့ညီ သျှောလု၊ သင်သည် မျက်စိပြန်မြင်စီဖို့နှင့် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလာစီဖို့အတွက် သင် ဤအရပ်သို့ လာနိန်စဉ် လမ်းခရီး၌ ထင်ရှားတော်မူသော သခင်ဘုရားတည်းဟူသော ယေသျှုက ငါ့ကို သင့်ပါးသို့ စီရွှတ်တော်မူလိုက်သည်” ဟု ဆို၏။
ACT 9:18 ထိုအခါ ခဏချင်းတွင် သျှောလုမျက်စိမှ ငါးအကြီးခွံများကဲ့သို့ သော အရာများ ကွာကျပြီး မျက်စိပြန်မြင်လီ၏။ သူသည်လည်း ထ၍ ဗတ္တိဇံကို ခံယူပြီးလျှင်၊
ACT 9:19 သူသည် အစားအစာ သုံးဆောင်ပြီးနောက် ခွန်အားနှင့် ပြည့်လာ၏။ သျှောလုသည် ဒမာသက်မြို့တွင် တပည့်တော်တိနှင့်အတူ ရက်အနည်းငယ် နီထိုင်ခ၏။
ACT 9:20 ထိုသူသည် ချက်ချင်းပင် တရားဇရပ်များသို့ လား၍ ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း စတင်၍ ဟောပြောလေ၏။
ACT 9:21 သူ၏စကားကို ကြားသောသူ အပေါင်းရို့သည် အံ့သြကြ၍ “ဤသူသည် ယေရုဆလင်မြို့၌ ယေသျှုနာမအား ဆုတောင်းပတ္ထနာပြုသော သူတိကို သတ်ဖြတ်ခသူ မဟုတ်ပါလော၊ ထို့ပြင် ထိုသူရို့အား ဖမ်းဆီး၍ ယဇ်ပုရောဟိတ်အကြီးအကဲတိထံပါးသို့ ပို့ဆောင်လားရန် ရည်ရွယ်ချက်များဖြင့် ရောက်လာသူ မဟုတ်ပါလော” ဟု ပြောဆိုကြ၏။
ACT 9:22 သို့သော် သျှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေသျှုသည် မေသျှိယဖြစ်တော်မူကြောင်းကို ယုံကြည်လောက်အောင် သက်သီပြ၍ ဟောပြောရာ ဒမာသက်မြို့တွင် နီထိုင်သူ ယုဒလူမျိုးရို့သည် မချေပနိုင်ကြပေ။
ACT 9:23 ထို့နောက် ရက်ပေါင်းများစွာ ကြာလာသောအခါ ယုဒလူမျိုးရို့သည် အတူတကွ တွိ့ဆုံပြီး၊ သျှောလုကို အသီသတ်ရန် ကြံစည်ကြ၏၊
ACT 9:24 သို့သော်လည်း သူရို့၏ အကြံစည်ကို သျှောလု သိလေ၏။ သူရို့သည် မြို့တန်းခါးတိတွင် နိ့၊ ညမပြတ် စောင့်ကြည့်ပြီး သျှောလုအား အသီသတ်ရန် မှာထားကြ၏။
ACT 9:25 သို့ရာတွင် သျှောလု၏ နောက်လိုက်ရို့သည် ညဉ့်အချိန်တွင် သူ့ကို ခေါ်ဆောင်လားကာ တောင်းထဲတွင်ထည့်၍ မြို့ရိုးထက်မှ အောက်သို့ လျှောချကြ၏။
ACT 9:26 သျှောလုသည် ယေရုဆလင်မြို့သို့ ရောက်သောအခါ တပည့်တော်ရို့နှင့် ဆက်သွယ်ရန် ကြိုးစားလေ၏။ သို့သော်လည်း သူသည် တပည့်တော်တစ်ဦးဖြစ်လာကြောင်းကို မယုံကြည်ကြသောကြောင့် ထိုသူရို့အားလုံးသည် သူ့ကို ကြောက်ကြ၏။
ACT 9:27 ထိုအခါ ဗာနဗသည် လာ၍ သူ့အား ကူညီရန် တမန်တော်တိပါးသို့ ခေါ်လားလေ၏။ သူက သျှောလုသည် လမ်းခရီးတွင် သခင်ဘုရားအား ဖူးမြင်ခပုံနှင့် သခင်ဘုရားက သူ့အား ဇာပိုင် အမိန့်ဟိခပုံကို ထိုသူရို့အား ယှင်းပြခ၏။ သူသည် ဒမာသက်မြို့တွင် ယေသျှု၏နာမကို အမှီပြု၍ ရဲရင့်စွာ ဟောပြောခပုံကိုလည်း ပြောပြလေ၏။
ACT 9:28 သျှောလုသည်လည်း တမန်တော်တိနှင့်အတူ နီထိုင်ပြီး ယေရုဆလင်တစ်မြို့လုံးသို့ လားလာလှုပ်ယှားလျက် သခင်ဘုရား၏ နာမကို အမှီပြု၍ ရဲရင့်စွာ ဟောပြောလေ၏။
ACT 9:29 သျှောလုသည် ဟေလသဘာသာစကားကို ပြောသော ယုဒအမျိုးသားရို့နှင့် အခြီအတင် ဆွေးနွေးလေ၏။ သို့သော် သူ့အား သတ်ဖြတ်ရန် ကြံစည်ကြ၏။
ACT 9:30 ထိုအကြောင်းကို ယုံကြည်သူရို့သည် ကြားသိကြသောအခါ သူ့ကို ကဲသရိမြို့သို့ ပို့ဆောင်ပြီးလျှင် တာယှုမြို့သို့ ရွှတ်လိုက်ကြ၏။
ACT 9:31 ထို့ကြောင့် ထိုကာလတွင် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ယှာမာရိပြည် အရပ်ရပ်၌ အသင်းတော်သည် ငြိမ်ဝပ်စွာနိန်ရလေ၏။ အသင်းတော်သည် သခင်ဘုရားအား ကြောက်ရွံ့ရိုသီသော စိတ်နှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ အားပီးတိုက်တွန်းအားဖြင့် လည်းကောင်း အသက်ရှင် နီထိုင်ကြသောကြောင့် အရီအတွက် တိုးပွားများပြား လာလေ၏။
ACT 9:32 ပေတရုသည် အရပ်ရပ်သို့ လှည့်လည်လျက် လုဒ္ဒမြို့တွင်နီထိုင်သော ဘုရားသခင်၏ သန့်ယှင်းသောလူများပါးသို့ ရောက်လာ၏။
ACT 9:33 ထိုမြို့တွင် လီဖြတ်၍ သျှစ်နှစ်ပတ်လုံး အိပ်ရာထဲတွင် တုံးတုံးလဲနိန်သူ အဲနေ ဟူ၍ နာမည်ဟိသော သူတစ်ယောက်ကို တွိ့၏။
ACT 9:34 ထိုအခါ ပေတရုက၊ “အဲနေ၊ ယေသျှုခရစ်တော်က သင့်ကို ကျန်းမာစီယာ။ ထရပ်ပြီးလျှင် ကိုယ့်အိပ်ရာကို သိမ်းလော့” ဟု ဆို၏။ အဲနေသည် ချက်ချင်း ထရပ်လေ၏။
ACT 9:35 လုဒ္ဒမြို့နှင့် ယှာရုန်လွင်ပြင်၌ နီထိုင်သော လူအပေါင်းရို့သည် သူ့ကိုတွိ့မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။
ACT 9:36 ယုပ္ပေမြို့၌ တဗိသ နာမည်ဟိသော ယုံကြည်သူတစ်ဦး ဟိ၏။ (သူမ၏နာမည်ကား ဟေလသ ဘာသာစကားဖြင့် ဒေါ်ကာ ဖြစ်၍ “ဒရယ်” ဟု ဆိုလိုသတည်း။) သူမသည် ကောင်းသောအလုပ်နှင့် စွန့်ကြဲပီးကမ်းခြင်းအမှုကို အစဉ်သဖြင့် လုပ်တတ်၏။
ACT 9:37 ထိုအချိန်၌ သူမသည် ဖျားနာ၍ သီဆုံးလေ၏။ သူမ၏အလောင်းကို ရီချိုးပီးကြပြီးနောက် အထက်ခန်းတွင် ထားကြ၏။
ACT 9:38 လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် မဝီးသဖြင့် လုဒ္ဒမြို့တွင် ပေတရုဟိကြောင်းကို ယုံကြည်သူရို့ ကြားသိကြလျှင် လူနှစ်ဦးကို သူ့ပါးသို့ ရွှတ်လိုက်ကာ “အကျွန်ရို့ပါးကို လျင်မြန်စွာ ကြွလာတော်မူပါ” ဟု တောင်းပန်ကြ၏။
ACT 9:39 ထို့ကြောင့် ပေတရုသည် ထိုသူရို့နှင့်အတူ လိုက်လာ၏။ သူသည် ရောက်လာသောအခါ ပေတရုကို အထက်ခန်းသို့ ခေါ်ဆောင်လားကြ၏။ မုဆိုးမရို့သည် ပေတရု၏အနားတွင် ဝိုင်းအုံလျက် ငိုယိုကာ ဒေါ်ကာ အသက်ထင်ရှားစဉ် ခြုပ်ထားခသော အပြင်ခံအင်္ကျီများနှင့် အတွင်းခံအင်္ကျီများကို ပြကြ၏။
ACT 9:40 ပေတရုသည် ထိုသူရို့ အားလုံးကို အခန်းတွင်းမှ ထွက်စီပြီးလျှင် ဒူးထောက်၍ ဆုတောင်းလေ၏။ ထို့နောက် အလောင်းဖက်သို့လှည့်၍ “တဗိသ၊ ထလော့” ဟု ဆိုလျှင် သူမသည် မျက်စိဖွင့်၍ ပေတရုကို မြင်သောအခါ ထ၍ ထိုင်လေ၏။
ACT 9:41 ပေတရုသည် သူမအား လက်ကိုကမ်းပြီးလျှင် ထရပ်နိုင်ရန် ဖေးမလေ၏။ ထို့နောက် မုဆိုးမများ အပါအဝင် ယုံကြည်သူများ အားလုံးကိုခေါ်၍ သူမ အသက်ရှင်လျက်ဟိကြောင်းကို ပြလေ၏။
ACT 9:42 ထိုသတင်းသည် ယုပ္ပေတစ်မြို့လုံးတွင် ပျံ့နှံ့လားသဖြင့် လူအပေါင်းရို့သည် သခင်ဘုရားကို ယုံကြည်သက်ဝင်ကြ၏။
ACT 9:43 ပေတရုသည် ယုပ္ပေမြို့၌ သားရီနယ်လုပ်သား သျှိမုန်ဆိုသူနှင့်အတူ ရက်ပေါင်းများစွာ တည်းခိုလေ၏။
ACT 10:1 ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်သော ရောမတပ်တွင် ကော်နေလိဟု ခေါ်သည့် တပ်မှူးတစ်ယောက်ဟိ၏။
ACT 10:2 သူသည် ဘာသာတရား ကြည်ညိုသောသူ တစ်ယောက်ဖြစ်၏။ သူနှင့် သူ၏မိသားစုအားလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြ၏။ ယုဒလူမျိုး ဆင်းရဲသူ ဆင်းရဲသားတိအား ရက်ရောစွာ ပီးကမ်းစွန့်ကြဲကာ ဘုရားသခင်အား အစဉ်ဆုတောင်းလျက်နိန်၏။
ACT 10:3 တစ်နိ့၌ မွန်းလွဲ သုံးချက်တီးခန့်အချိန်တွင် ဗျာဒိတ်ရူပါရုံတစ်ခု၌ သူ့အား “ကော်နေလိ” ဟု ခေါ်သည့် ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးကို ထင်ရှားစွာ မြင်လေ၏။
ACT 10:4 သူသည် ထိုကောင်းကင်တမန်အား ကြောက်ရွံ့စွာဖြင့် စိစိကြည့်ပြီးလျှင် “ဇာကိစ္စ ဟိပါလဲ၊ ဆရာ” ဟု မိန်းလေ၏။ ကောင်းကင်တမန်က “သင်၏ ဆုတောင်းခြင်းနှင့် ပီးကမ်းစွန့်ကြဲခြင်းကို ဘုရားသခင် နှစ်သက်တော်မူသည်ဖြစ်၍ သင်၏ဆုတောင်းခြင်းကို သိမှတ်တော်မူယာ။
ACT 10:5 အဂုပင်လျှင် ယုပ္ပေမြို့သို့ လူတချို့ကို စီရွှတ်၍ သျှိမုန် ပေတရုဟု ခေါ်သော လူတစ်ယောက် ကို ဖိတ်ခေါ်လော့။
ACT 10:6 ထိုသူသည် ပင်လယ်နားမှာ နီထိုင်သော သားရီနယ်လုပ်သား သျှိမုန်၏ အိမ်မှာ တည်းနိန်သော အာဂန္တုတစ်ယောက်ဖြစ်၏” ဟု ပြောဆို၏။
ACT 10:7 ထို့နောက် ကောင်းကင်တမန်သည် ထွက်ခွာလားလေ၏။ ထိုအခါ ကော်နေလိသည် မိမိ၏အစီခံနှစ်ယောက်နှင့်၊ သူ၏ကိုယ်ရံတော်တိထဲက ဘုရားတရားကို ရိုသီကိုင်းယှိုင်းသူ စစ်သားတစ်ယောက်ကို ခေါ်ပြီးလျှင်
ACT 10:8 အကြောင်းစုံကို ပြောပြကာ သူရို့အား ယုပ္ပေမြို့သို့ စီရွှတ်လိုက်၏။
ACT 10:9 နောက်တစ်ရက်တွင် သူရို့သည် ခရီးထွက်လာကြရာ ယုပ္ပေမြို့ အနီးသို့ ရောက်ကြလေ၏။ မွန်းတည့်ချိန်ခန့်တွင် ပေတရုသည် ဆုတောင်းခြင်းငှာ အိမ်ခေါင်ထက်သို့ တက်လေ၏။
ACT 10:10 သူသည် ဝမ်းဆာလာသည်ဖြစ်၍ တစ်စုံတစ်ခုကို စားလိုသဖြင့် အစားအစာကို ပျင်ဆင်စဉ်တွင် ရူပါရုံတစ်ခုကို မြင်လေ၏။
ACT 10:11 ထိုရူပါရုံ၌ ကောင်းကင်ဖွင့်လှစ်ကာ လေးထောင့်ပုံ ခြုံလွှာကြီးတစ်ခုနှင့်တူသော အရာတစ်ခုသည် မြီကြီးထက်သို့ ကျဆင်းလာသည်ကို မြင်ရလေ၏။
ACT 10:12 ထိုအထဲ၌ မြီကြီးထက်၌ တွား၍လားသည့် သတ္တဝါများမှစ၍ ခြီလေးချောင်းသတ္တဝါ အမျိုးမျိုးနှင့် လီထဲမှာ ကျင်လည်ကြသော ငှက်များ ဟိကြ၏။
ACT 10:13 “ပေတရု ထ၍ သတ်စားလော့” ဟု ပြောသောအသံကို ကြားလေ၏။
ACT 10:14 သို့ရာတွင် ပေတရုက “မဖြစ်နိုင်ပါ အသျှင်၊ ဘာသာတရားအရ မသန့်ယှင်း မစင်ကြယ်သော အစာကို အကျွန် စားလေ့ မဟိပါ” ဟု ပြန်လျှောက်သော်၊
ACT 10:15 တဖန်စကားသံက “ဘုရားသခင်က သန့်ယှင်းသည်ဟု မိန့်တော်မူထားပြီးသောအရာတိကို မသန့်ယှင်း ဟူ၍ ထင်မှတ်မနိန်ကေ့” ဟု လာပြန်၏။
ACT 10:16 ထိုသို့ သုံးကြိမ်၊ သုံးလီ ဖြစ်ပျက်ပြီးနောက် ထိုခြုံလွှာကြီးကို ကောင်းကင်သို့ ပြန်၍ ရုတ်သိမ်းလားလေ၏။
ACT 10:17 ပေတရုသည် ဤဗျာဒိတ်ရူပါရုံ၏ အဓိပ္ပာယ်ကို စဉ်းစားနိန်သောအခါ ကော်နေလိက စီရွှတ်လိုက်သော လူရို့သည် သျှိမုန်အိမ်ကို မိန်းမြန်းရှာဖွီကြပြီးလျှင် အဂုတွင် သူရို့သည် အိမ်တန်းခါးရှိ့၌ ရောက်လာ၍ မတ်တပ်ရပ်နိန်ကြ၏။
ACT 10:18 သူရို့က “သျှိမုန် ပေတရု ဟု ခေါ်သော အာဂန္တုတစ်ယောက် ဤအိမ်၌ ဟိပါလား” ဟု အော်၍ မိန်းကြ၏။
ACT 10:19 ပေတရုသည် ထိုဗျာဒိတ်ရူပါရုံ၏အဓိပ္ပာယ်ကို နားလည်ဖို့ ကြိုးစားနိန်စဉ်၊ ဝိညာဉ်တော်က “နားထောင်လော့၊ လူသုံးယောက်သည် ဤနီရာ၌ သင့်ကို လိုက်ရှာနိန်ကြ၏။
ACT 10:20 သူရို့သည် ငါ ရွှတ်လိုက်သော သူတိဖြစ်သောကြောင့် အဆင်သင့်ပျင်၍ ဆင်းပြီးလျှင် သံသယမဟိဘဲ သူရို့နှင့်အတူ လိုက်လားလီ” ဟု မိန့်တော်မူ၏။
ACT 10:21 ထို့ကြောင့် ပေတရုသည်လည်း အိမ်ထက်က ဆင်းလာပြီးလျှင် “ငါသည်ကား သင်ရို့ ရှာနိန်သောသူဖြစ်၏။ သင်ရို့သည် ဇာအကြောင်းကြောင့် ရောက်လာကတ်ပါလဲ” ဟု ထိုသူရို့အား မိန်း၏။
ACT 10:22 ထိုသူရို့က “ဘုရားသခင်ကို ကြည်ညို၍ ယုဒလူမျိုးအားလုံးက အလွန်လေးစားရသော၊ သူတော်ကောင်းတစ်ယောက်ဖြစ်သူ တပ်မှူး ကော်နေလိက အကျွန်ရို့ကို ရွှတ်လိုက်ပါ၏။ အကြောင်းမှာ သင်၏စကားကို ကြားနာခြင်းငှာ သင့်ကို သူ့အိမ်သို့ ခေါ်ဖိတ်ရန် ဘုရားသခင်၏ သန့်ယှင်းသောကောင်းကင်တမန်တစ်ပါးက သူ့အား ပြောသောကြောင့် အကျွန်ရို့ လာရခြင်းဖြစ်ပါ၏” ဟု ပြန်ပြောကြ၏။
ACT 10:23 ပေတရုသည် ထိုလူတိကို အိမ်ထဲသို့ ဖိတ်ခေါ်၍ ထိုအိမ်၌ ညအိပ်ရန် ပြော၏။ နောက်တစ်နိ့တွင် ပေတရုသည် အသင့်ပျင်ဆင်၍ ထိုသူရို့နှင့်အတူ လိုက်လားလေ၏။ ယုပ္ပေမြို့မှ ယုံကြည်သူတချို့လည်း ပေတရုနှင့်အတူ လိုက်ပါကြ၏။
ACT 10:24 နောက်တစ်ရက်၌ သူရို့သည် ကဲသရိမြို့သို့ ရောက်ကြ၏။ ကော်နေလိသည် မိမိ ဖိတ်ခေါ်ထားသော ဆွီမျိုး၊ မိတ်ဆွီအပေါင်းအသင်းတိနှင့် အတူတကွ ထိုမြို့၌ စောင့်ကြိုနိန်ကြ၏။
ACT 10:25 ပေတရု ရောက်လာသောအခါ ကော်နေလိသည် သူနှင့် တွိ့ဆုံ၍ သူ၏ခြီရင်း၌ ပျပ်ဝပ်လေ၏။
ACT 10:26 သို့ရာတွင် ပေတရုက “ထလော့၊ ငါသည် လူသားတစ်ယောက်သာ ဖြစ်ပါ၏” ဟု ပြောကာ သူ့အား ထခိုင်းလေ၏။
ACT 10:27 ပေတရုသည် ကော်နေလိအား စကားပြောဆိုလျက် အိမ်ထဲသို့ ဝင်သောအခါ စုရုံးနိန်ကြသော လူများကို တွိ့ရလေ၏။
ACT 10:28 ပေတရုက ထိုသူရို့အား “ယုဒလူမျိုးတစ်ယောက်သည် သူ၏ ဘာသာရေးအရ တခြားလူမျိုးတိပါးသို့ လည်ပတ်ခြင်း၊ မိတ်ဖွဲ့ခြင်း ထုံးစံမဟိသည်ကို သင်ရို့ကိုယ်တိုင် ကောင်းကောင်း သိကြပါ၏။ သို့ရာတွင် ဇာသူ့ကိုမျှ ဘာသာရေးအရ မသန့်ယှင်း၊ မစင်ကြယ် ဟူ၍ မထင်မှတ်ရဟု ဘုရားသခင်က ငါ့ကို သင်ပြထားပြီးဖြစ်၏။
ACT 10:29 ထို့ကြောင့် သင်သည် ငါ့အား ခေါ်ခိုင်းလိုက်သောအခါ ငါသည် ငြင်းဆန်ခြင်းမပြုဘဲ၊ လိုက်လာခြင်းဖြစ်၏၊ သင်သည် ငါ့ကို ဇာကြောင့် ခေါ်ခိုင်းသနည်း” ဟု ပေတရုက ကော်နေလိအား မိန်း၏။
ACT 10:30 ကော်နေလိကလည်း “လွန်ခသော သုံးရက်ခန့်က မွန်းလွဲသုံးချက်တီး ဤအချိန်တွင် အကျွန်သည် အကျွန့်အိမ်၌ ဆုတောင်းနိန်စဉ်၊ အရောင်တောက်ပသော အဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် အကျွန်၏ရှိ့မှာ အမှတ်မထင် လာရပ်ပြီးလျှင်
ACT 10:31 ‘ကော်နေလိ၊ သင်၏ ဆုတောင်းပတ္ထနာပြုခြင်းကို ဘုရားသခင် ကြားတော်မူ၍ သင်၏ပီးကမ်းစွန့်ကြဲခြင်းကိုလည်း အသိအမှတ်ပြုတော်မူယာ။
ACT 10:32 သို့ဖြစ်၍ တစ်စုံတစ်ယောက်သောသူအား ယုပ္ပေမြို့သို့ စီရွှတ်၍ သျှိမုန် ပေတရု ဟု နာမည်တွင်သော လူတစ်ယောက်ကို ခေါ်ခိုင်းလိုက်ပါ။ ထိုသူသည် ပင်လယ်ကမ်းနားမှာ နီထိုင်သည့် သားရီနယ်လုပ်သား သျှိမုန်၏အိမ်တွင် တည်းခိုနိန်သော အာဂန္တုတစ်ယောက်ဖြစ်သည်’ ဟု ပြောဆို၏။
ACT 10:33 ထို့ကြောင့် အကျွန်သည် ကိုယ်တော်ပါးသို့ ချက်ချင်း စီရွှတ်လိုက်သည် ဖြစ်၍ ကိုယ်တော်ကြွလာခြင်းအတွက် ကျေးဇူးတင်ပါ၏။ အဂုတွင် အကျွန်ရို့ အားလုံးသည် ကိုယ်တော့်အား သခင်ဘုရား သွန်သင်ထားသော ဩဝါဒစကားတိကို ကြားနားခြင်းငှာ စောင့်ဆိုင်းလျက် ဘုရားသခင်၏ရှိ့မှောက် ဤအရပ်၌ ရောက်နိန်ကြခြင်းဖြစ်ပါသည်” ဟု ပေတရုအား ဆို၏။
ACT 10:34 ပေတရုက စတင်၍ ဟောပြောသည်မှာ၊ “အကယ်စင်စစ် ဘုရားသခင်သည် လူတိုင်းကို အဆင့်အတန်းမခွဲခြားဘဲ တန်းတူ ဆက်ဆံတော်မူကြောင်းကို အကျွန်သည် အဂုမှ သဘောပေါက်လာ၏။
ACT 10:35 လူမျိုးသည် အဓိက မဟုတ်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူရို့အား ဘုရားသခင်သည် လက်ခံတော်မူ၏။
ACT 10:36 လူသားအားလုံး၏ အသျှင်ဖြစ်တော်မူသော ယေသျှုခရစ်တော်အားဖြင့် ငြိမ်းသက်ခြင်းဆိုင်ရာ သတင်းကောင်းကို ကြေညာတော်မူလျက်၊ ဣသရေလလူမျိုးတိပါးသို့ ဘုရားသခင် ပို့ဆောင်ပီးလိုက်သော သတင်းကောင်းတရားကို သင်ရို့ သိကြ၏။
ACT 10:37 ယောဟန်သည် မိမိ၏ ဗတ္တိဇံတရားကို ဟောကြားပြီးနောက် ဂါလိလဲပြည်မှစ၍ ယုဒပြည် တဝှမ်းလုံးမှာ ဖြစ်ပျက်ခသည့် ကြီးကျယ်သော အဖြစ်အပျက်ကို သင်ရို့ သိကြ၏။
ACT 10:38 နာဇရက်မြို့သား ယေသျှုအကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကိုလည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။
ACT 10:39 ငါရို့သည် ယေရုဆလင်မြို့နှင့် ဣသရေလနိုင်ငံ၌ ထိုအသျှင် ပြုတော်မူခသမျှသော အမှုအရာများ၏ အသိသက်သီတိ ဖြစ်ကြ၏။ သူရို့သည် ထိုအသျှင်ကို လက်ဝါးကပ်တိုင်မှာ သံမှိုဖြင့် ခတ်ကာ အသီသတ်ကြလေ၏။
ACT 10:40 သို့သော်လည်း ဘုရားသခင်သည် သုံးရက်မြောက်သောနိ့တွင် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူပြီးလျှင် ကိုယ်ထင်ပြစီတော်မူခ၏။
ACT 10:41 သို့ရာတွင် လူတိုင်းကို ပြတော်မမူ၊ ဘုရားသခင် ရွီးချယ်ထားတော်မူသော သက်သီခံများ ဖြစ်ကြသည့် သီခြင်းတရားက ထမြောက်ပြီးနောက် ကိုယ်တော်နှင့်အတူ စားသောက်ခကြသော ငါရို့ကိုသာ ပြတော်မူခ၏။
ACT 10:42 ထို့အပြင် ထိုအသျှင်က ငါရို့အား လူတိကို သတင်းကောင်းတရား ဟောကြားခြင်းငှာ လည်းကောင်း၊ သူသည် အသက်ရှင်သောသူ၊ သီသောသူတိကို တရားစီရင်ခြင်းငှာ ဘုရားသခင် ဘိသိက်ပီးထားသော အသျှင်တစ်ပါး ဖြစ်ကြောင်းကို သက်သီခံခြင်းငှာလည်းကောင်း မိန့်မှာတော်မူခ၏။
ACT 10:43 ထိုသခင်ကို ယုံကြည်သမျှသော သူတိသည် ထိုအသျှင်၏ နာမတော်တန်ခိုးအားဖြင့် မိမိရို့၏အပြစ်မှ လွတ်မြောက်ခြင်းကို ခံရကြလိမ့်မည်ဟု ပရောဖက်တိ အားလုံးက ထိုအသျှင်၏အကြောင်းကို ဟောပြောခကြ၏” ဟု ဆိုလေ၏။
ACT 10:44 ပေတရုသည် ထိုသို့ ဟောပြောနိန်စဉ်တွင် သူ၏နှုတ်ကပတ်တော်ကို နားထောင်နိန်ကြသော လူအားလုံးပါးသို့ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်လာတော်မူ၏။
ACT 10:45 ဘုရားသခင်သည် မိမိ၏သန့်ယှင်းသော ဝိညာဉ်တော် ဆုကျေးဇူးကို တခြားလူမျိုးတိကိုလည်း သွန်းလောင်းတော်မူသည်ကို ပေတရုနှင့်အတူ ယုပ္ပေမြို့မှ လိုက်ပါလာကြသော ယုဒလူမျိုး ယုံကြည်သူများသည်လည်း မြင်ကြရသည်ဖြစ်၍ အံ့သြကြရလေ၏။
ACT 10:46 အကြောင်းမူကား သူရို့သည် အခြားသော ဘာသာစကားဖြင့် ပြောကာ ဘုရားသခင်၏ ဂုဏ်တော်ကြီးမြတ်တော်မူခြင်းကို ချီးမွမ်းကြသည်ကို ကြားရသောကြောင့်ဖြစ်၏။ ထိုအခါ ပေတရုသည် ထ၍ ပြောသည်မှာ၊
ACT 10:47 “ဤသူရို့သည် ငါရို့ကဲ့သို့ သန့်ယှင်းသော ဝိညာဉ်တော်ကို ရကြပြီ၊ ဤသူရို့အား ရီဖြင့် ဗတ္တိဇံပီးခြင်းကို ဇာသူသည် တားဆီးနိုင်အံ့နည်း” ဟု ဆိုလျက်၊
ACT 10:48 ပေတရုက သူရို့ကို ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံပီးခြင်းငှာ စီစဉ်၏။ ထို့နောက် သူရို့က ပေတရုအား သူရို့နှင့်အတူ ရက်အတန်ကြာ နီထိုင်ရန် တောင်းပန်ကြ၏။
ACT 11:1 တခြားလူမျိုးတိလည်း ဘုရားသခင်၏နှုတ်ကပတ်တော် ခံယူကြသည်ကို ယုဒပြည်၌ ဟိကြသော တမန်တော်များနှင့် တခြားသော ယုံကြည်သူများသည်လည်း ကြားသိကြလေ၏။
ACT 11:2 ပေတရုသည် ယေရုဆလင်မြို့သို့ ရောက်သောအခါ အရီဖျားလှီးခြင်း ခံယူထားသော ယုံကြည်သူတိက
ACT 11:3 “သင်သည် အရီဖျားလှီးခြင်းကို မခံသော တခြားလူမျိုးတိ အိမ်၌ အဂန္တုတစ်ယောက်အဖြစ်ဖြင့် လည်ပတ်ပြီးလျှင် သူရို့နှင့် အတူ စားသောက်ပါသည်တကား” ဟု ပေတရုအား အပြစ်တင်ဝေဖန်ကြ၏။
ACT 11:4 ထို့ကြောင့် ပေတရုသည် ဖြစ်ပျက်ခသော အကြောင်းအရာ အလုံးစုံကို သူရို့အား တစ်ခုချင်းစီ ယှင်းပြသည်ကား၊
ACT 11:5 “ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နိန်စဉ် ဗျာဒိတ်ရူပါရုံ တစ်ခုကို မြင်လေ၏။ ထိုရူပါရုံ၌ လေးထောင့်စပ် ခြုံလွှာကြီးတစ်ခုနှင့်တူသော အရာတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာပြီးလျှင် ငါ့ပါးသို့ ရောက်လာ၏။
ACT 11:6 ငါသည် အနီးသို့ ကပ်၍ အတွင်းထဲကို ကြည့်လိုက်သောအခါ မြီကြီးထက်၌ တွား၍လားသည့် သတ္တဝါမှစ၍ ခြီလေးချောင်းသတ္တဝါ၊ သားရဲတိရစ္ဆာန်များ၊ လီထဲမှာ ကျင်လည်ကြသော ငှက်များကို မြင်တွိ့ရ၏။
ACT 11:7 ထိုအခါ ‘ပေတရု၊ ထ၍ သတ်စားလော့’ ဟု ငါ့အား ပြောသော အသံတော်ကို ကြားရ၏။
ACT 11:8 သို့သော် ငါကလည်း ‘မဖြစ်နိုင်ပါ အသျှင်၊ အကျွန်သည် မစင်ကြယ်သောအစာ၊ ညစ်ညူးသောအစာကို အကျွန့် ခံတွင်းထဲသို့ မသွင်းဖူးပါ’ ဟု ပြောလိုက်၏။
ACT 11:9 တဖန်ကောင်းကင်မှ အသံတော် လာသည်ကား ‘ဘုရားသခင်က သန့်ယှင်းသည်ဟု မိန့်တော်မူထားပြီးသော အရာတိကို မသန့်ယှင်းဟု ထင်မှတ်မနိန်ကေ့’ ဟူ၍ ဖြစ်၏။
ACT 11:10 ဤသို့ သုံးကြိမ် သုံးလီ ပေါ်လာပြီး၊ နောက်ဆုံး၌ ထိုအရာသည် ကောင်းကင်သို့ ပြန်၍ ရုတ်သိမ်းလား၏။
ACT 11:11 ထိုအချိန်၌ ကဲသရိမြို့က ငါ့ပါးသို့ ရွှတ်လိုက်သော လူသုံးယောက်သည် ငါတည်းခိုနိန်သည့်အိမ်သို့ ရောက်လာကြ၏။
ACT 11:12 ဝိညာဉ်တော်က ငါ့ကို သံသယမဟိဘဲ ထိုသူရို့နှင့် အတူလိုက်လားရန် ပြော၏။ ဤသို့ဖြင့် ငါသည် ယုပ္ပေမြို့မှ ယုံကြည်သူ ညီအစ်ကို ခြောက်ယောက်နှင့်အတူ ကဲသရိမြို့သို့ လိုက်ပါလားကြသဖြင့် ငါရို့အားလုံးသည် ကော်နေလိအိမ်သို့ ရောက်လားကြ၏။
ACT 11:13 ထိုကော်နေလိက ငါရို့ကို ပြောသည်မှာ ကောင်းကင်တမန်တစ်ပါးသည် သူ့အိမ်ထဲ၌ ရပ်လျက် ပေါ်လာပြီးလျှင် ‘သျှိမုန် ပေတရု ဟု ခေါ်သောသူတစ်ယောက်ကို ပင့်ခေါ်ခြင်းငှာ တစ်စုံတယောက်ကို ယုပ္ပေမြို့သို့ စီရွှတ်လိုက်ပါ’
ACT 11:14 သူသည် သင်နှင့်တကွ သင်၏မိသားစုအားလုံးကို ကယ်တင်ခြင်းရစီခြင်းငှာ သင်ရို့အား နှုတ်ကပတ်တရားတော်ကို ပြောကြားလိမ့်မည် ဟူ၍ ဖြစ်၏။
ACT 11:15 ထို့နောက် ငါသည် ဟောပြောရန် အစပြုစဉ်တွင် သန့်ယှင်းသောဝိညာဉ်တော်သည် အယင်က ငါရို့ပါးသို့ ဆင်းသက်တော်မူသကဲ့သို့ သူရို့ပါးသို့လည်း ဆင်းသက်လာတော်မူလေ၏။
ACT 11:16 ထိုအခါ ‘ယောဟန်သည် ရီနှင့် ဗတ္တိဇံပီးခ၏၊ သို့သော်လည်း သင်ရို့ကို သန့်ယှင်းသောဝိညာဉ်တော်နှင့် ဗတ္တိဇံပီးလိမ့်မည်’ ဟု သခင်ဘုရားက မိန့်မှာခသည်ကို ငါ သတိရလေ၏။
ACT 11:17 ငါရို့သည် အသျှင်ယေသျှုခရစ်တော်၌ ယုံကြည်သောအခါ ဘုရားသခင်သည် ငါရို့အား ဆုကျေးဇူးကို ပီးတော်မူသည့်နည်းတူ တခြားလူမျိုးတိကိုလည်း ပီးတော်မူသည်မှာ ထင်ရှားစွာ တွိ့ရ၏။ ငါသည်ကား ဇာပိုင်လူဖြစ်လို့ ဘုရားသခင်ကို တားဆီးနိုင်အံ့နည်း” ဟု ပေတရုက ပြော၏။
ACT 11:18 သူရို့သည် ပေတရု၏စကားကို ကြားကြသောအခါ ပြစ်တင်ဝေဖန်ခြင်းကို ရပ်ကြပြီးလျှင် “ဘုရားသခင်သည် လူမျိုးခြားတိကိုလည်း နောင်တရ၍ အသက်ရှင်ရန် အခွင့်ထူးကို ပီးတော်မူယာ” ဟု ဆို၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
ACT 11:19 သတေဖန်ကို ကွပ်မျက်လိုက်ပြီးနောက် နှိပ်စက်ညှဉ်းပန်းခြင်း ဖြစ်ပေါ်လာသောကြောင့် ကွဲပြားလားကြသော ယုံကြည်သူများထဲက တချို့သည် ယုဒလူမျိုးတိကိုသာ သတင်းကောင်းတရား ဟောပြောလျက်၊ ဖိနိတ်ပြည်၊ ကုပရုကျွန်းနှင့် အန္တိအုတ်မြို့များသို့ ရောက်လားကြ၏။
ACT 11:20 သို့ရာတွင် ထိုယုံကြည်သူများထဲမှ တချို့သည် ကုပရုနှင့် ကုရေနေပြည်သားများ ဖြစ်ကြ၏။ ထိုသူရို့သည် အန္တိအုတ်မြို့သို့ လားပြီး အသျှင်ယေသျှု၏အကြောင်း သတင်းကောင်းကို ထိုသူရို့အား ပြောဆိုယင်း တခြားလူမျိုးတိကိုပါ ထိုသတင်းကောင်းတရားကို ကြေညာကြလေ၏။
ACT 11:21 သခင်ဘုရား၏တန်ခိုးတော်သည် သူရို့နှင့်အတူ ဟိသောကြောင့် များစွာသောသူရို့သည် ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
ACT 11:22 ဤအကြောင်းနှင့်ပတ်၍ သတင်းစကားများသည် ယေရုဆလင်မြို့အသင်းတော်သို့ ရောက်လားသောအခါ သူရို့သည် ဗာနဗကို အန္တိအုတ်မြို့သို့ စီရွှတ်ကြ၏။
ACT 11:23 ဗာနဗသည် ထိုမြို့သို့ ရောက်သောအခါ ဘုရားသခင်ပီးထားသော ကျေးဇူးတော်ကို မြင်ရ၍ အားရဝမ်းသာဖြစ်ရလေ၏။ သို့ဖြစ်၍ သခင်ဘုရားအား မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ယုံကြည်ကိုးစားပြီး သစ္စာစောင့်ကြရန် သူရို့အားလုံးကို တိုက်တွန်းနှိုးဆော်လေ၏။
ACT 11:24 ဗာနဗသည် သူတော်ကောင်းတစ်ယောက်ဖြစ်၍ ယုံကြည်ခြင်း၌ လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်စုံသောကြောင့် များစွာသောသူတိကို သခင်ဘုရားထံသို့ ပို့ဆောင်လေ၏။
ACT 11:25 ထို့နောက် ဗာနဗသည် သျှောလုကို ရှာဖွီခြင်းငှာ တာယှုမြို့သို့ လားလေ၏။
ACT 11:26 သျှောလုကို တွိ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်လာပြီး၊ သူရို့နှစ်ယောက်သည် တစ်နှစ်ပတ်လုံး အသင်းတော်နှင့်အတူ နီထိုင်လျက် များစွာသောသူတိကို ဆုံးမသြဝါဒ ပီးကြ၏။ ယုံကြည်သူတိကို ခရစ်ယာန်ဟု အန္တိအုတ်မြို့၌ အစပြု၍ ခေါ်ဝေါ်ကြလေ၏။
ACT 11:27 ထိုအချိန်တွင် ပရောဖက်တချို့သည် ယေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ရောက်လာကြ၏။
ACT 11:28 သူရို့အထဲက အာဂဗုဟုခေါ်သော သူတစ်ယောက်သည် ထ၍ မြီကြီးတစ်ပြင်လုံးတွင် ကြီးစွာသော ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်လာမည်ဟု ဝိညာဉ်တော်တန်ခိုးဖြင့် ကြိုတင်ဟောလေ၏။ ထိုငတ်မွတ်ခေါင်းပါးခြင်းသည်ကား ကဲသာဘုရင် ကလောဒိ လက်ထက်၌ ဖြစ်ခလေ၏။
ACT 11:29 ထိုအချိန်၌ တပည့်တော်ရို့သည် ယုဒပြည်၌ နီထိုင်ကြသော မိမိရို့၏ယုံကြည်သူ ညီအစ်ကိုတိအား တတ်နိုင်သလောက် အကူအညီအထောက်အပံ့ ပို့ပီးရန် ဆုံးဖြတ်ကြ၏။
ACT 11:30 သူရို့သည် ဤသို့ ဆုံးဖြတ်ချက်ချပြီးနောက် သျှောလုနှင့် ဗာနဗအားဖြင့် အသင်းတော်လူကြီးတိပါးသို့ ငွီများကို ပို့ပီးလိုက်ကြ၏။
ACT 12:1 ထိုအချိန်၌ ဟေရုဒ်မင်းသည် အသင်းဝင်သူအချို့ကို ညှဉ်းဆဲနှိပ်စက်ရန် စတင်လေ၏။
ACT 12:2 သူသည် ယောဟန်၏အစ်ကို ယာကုပ်ကို ဓါးဖြင့် ကွပ်မျက်လိုက်၏။
ACT 12:3 ဤသို့ပြုခြင်းကို ယုဒလူမျိုးတိက ကြေနပ်အားရကြသည်ကို မြင်လျှင် သူသည် ပေတရုအား ဆက်လက်၍ ဖမ်းဆီး၏။ ဤကား တဆီးမပါသော မုန့်ပွဲတော်ကျင်းပသည့်ကာလ၌ ဖြစ်သတည်း။
ACT 12:4 သူသည် မိမိဖမ်းဆီးထားသော ပေတရုအား ထောင်ထဲမှာ လှောင်ထားကာ သူ့ကို စောင့်ကြပ်ရန် တပ်စု တစ်စုလျှင် စစ်သားလေးယောက်စီပါသော တပ်စုလေးစုအား အပ်နှံထား၏။ ဟေရုဒ်သည် ပသခါပွဲတော်ပြီးလျင် သူ့အား စစ်ဆီးရန် လူထုလက်သို့ အပ်မည်ဟု စီစဉ်ထား၏။
ACT 12:5 ထို့ကြောင့် ပေတရုသည် အကျဉ်းထောင်ထဲ၌ အကျဉ်းချခံနိန်ရ၏။ သို့ရာတွင် အသင်းတော်၏ယုံကြည်သူများသည် သူ့အတွက် ဘုရားသခင်ထံ၌ စိတ်အားထက်သန်စွာဖြင့် ဆုတောင်းပီးနိန်ကြ၏။
ACT 12:6 ဟေရုဒ်သည် ပေတရုကို လူထုလက်သို့ မအပ်နှံခင် ညဉ့်အခါ၌ သူ့ကို သံကြိုးနှစ်ပင်နှင့် တုပ်နှောင်ထား၏။ ပေတရုသည် အစောင့်စစ်သား နှစ်ယောက်ကြားတွင် အိပ်ပျော်နိန်၏။ အကျဉ်းထောင်၏ တန်းခါးဝတွင်လည်း အစောင့်စစ်သားများ စောင့်နိန်ကြ၏။
ACT 12:7 သခင်ဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ရုတ်တရက် ပေါ်လာ၍ အလင်းတန်းတစ်ခုသည် အချုပ်ခန်းထဲ၌ ထွန်းလင်းလာ၏။ ထိုကောင်းကင်တမန်က “အယင် ထလော့” ဟု ပေတရု၏ပခုံးကို လှုပ်၍ နှိုးသောအခါ သံကြိုးသည် ပေတရု၏လက်မှ ချက်ချင်း ကျွတ်လား၏။
ACT 12:8 ထို့နောက် ကောင်းကင်တမန်က “သင်၏ ခါးပတ်ကို ပတ်၍ ခြီနင်းကို စီးလော့” ဟု ဆိုသည့်အတိုင်း ပေတရုသည် ပြုလေ၏။ တဖန် ကောင်းကင်တမန်က “သင်၏ ဝတ်ရုံကို ဝတ်၍ ငါ့နောက်က လိုက်လော့” ဟု ဆို၏။
ACT 12:9 ထိုအခါ ပေတရုသည် အကျဉ်းထောင်ထဲမှ ထွက်၍ ထိုကောင်းကင်တမန်နောက်သို့ လိုက်လေ၏။ သို့သော်လည်း ထိုကောင်းကင်တမန် ပြုသောအမှုသည် မှား၏၊ မှန်၏ ဆိုသည်ကို မသိဘဲ၊ သူသည် ရူပါရုံတစ်ခုကို မြင်သည်ဟု ထင်မှတ်လေ၏။
ACT 12:10 သူရို့သည် ပထမကင်း၊ ဒုတိယကင်းများကို ကျော်ဖြတ်ပြီး၊ နောက်ဆုံး၌ မြို့ဝင် သံတန်းခါးဝသို့ ရောက်လာကြ၏။ ထိုတန်းခါးသည် သူရို့အဖို့အလို့ငှာ အလိုအလျောက် ပွင့်လာသည်ဖြစ်၍ သူရို့သည်လည်း ထိုသံတန်းခါးဝမှ ထွက်ကာ တစ်လမ်းတည်းအတူ လမ်းလျှောက်လာကြပြီးမှ ထိုကောင်းကင်တမန်သည် ပေတရုအနားမှ ရုတ်တရက် ထွက်ခွာလားလေ၏။
ACT 12:11 ထိုအခါ ပေတရုသည် သူ၌ ဖြစ်ခသည့် အမှုအရာတိကို သဘောပေါက်လာပြီး “သခင်ဘုရားသည် ဟေရုဒ်၏လက်မှ လည်းကောင်း၊ ယုဒလူမျိုးတိ မျှော်လင့်ထားသောအရာတိုင်းမှ လည်းကောင်း၊ ငါ့အား ကယ်တင်ခြင်းငှာ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်လိုက်သည်မှာ လုံးဝ မှန်ကန်သည်ကို အဂု ငါ သိရယာ” ဟု ဆိုလေ၏။
ACT 12:12 ပေတရုသည် မိမိရောက်နိန်သည့် နီရာကို သတိထားမိကာ ယောဟန် မာကု၏အမိ မာရိ အိမ်သို့ လားလေ၏။ ထိုအိမ်သည်ကား လူအများစုဝေးကာ ဆုတောင်းနိန်ကြသော နီရာဖြစ်၏။
ACT 12:13 ပေတရုသည် အပြင်မှ တန်းခါးကို ခေါက်လိုက်သောအခါ ရောဒေ ဟုခေါ်သော အစီခံမိန်းမချေ တစ်ယောက်သည် တန်းခါးကို ဖွင့်ခြင်းငှာ ရောက်လာ၏။
ACT 12:14 သူမသည် ပေတရု၏အသံကို မှတ်မိသည်ဖြစ်၍ အလွန်ဝမ်းမြောက်သောစိတ်ဖြင့် တန်းခါးကို မဖွင့်ခဘဲ အိမ်ထဲသို့ ပြန်၍ ဗြီးဝင်ကာ ပေတရုသည် အပြင်မှာ ရောက်နိန်ကြောင်းကို အံအားသင့်စွာ ပြောလေ၏။
ACT 12:15 သူရို့က “သင် ရူးနိန်ယာ” ဟု သူမအား ဆိုကြ၏။ သို့သော် သူမက မိမိပြောသည်မှာ အမှန်ပင်ဖြစ်သည်ဟု ပြန်၍ အခိုင်အမာဆိုလေ၏။ ထိုအခါ သူရို့က “ထိုသူကား ပေတရုကို စောင့်ရှောက်သော ကောင်းကင်တမန်သာ ဖြစ်ရမည်” ဟု ပြောကြပြန်၏။
ACT 12:16 ထိုအချိန်တွင် ပေတရုသည် တန်းခါးကို ဆက်လက်၍ ခေါက်နိန်သည်ဖြစ်၍ နောက်ဆုံး၌ သူရို့သည် တန်ခါးကို ဖွင့်ကြည့်လိုက်သော်၊ ပေတရုကို တွိ့မြင်ကြသဖြင့် သူရို့သည် အလွန် အံ့ဩကြရလေ၏။
ACT 12:17 ပေတရုသည် သူရို့အား တိတ်တိတ် နိန်ကြရန် လက်ရိပ်ပြလျက်၊ ပြီးမှ သခင်ဘုရားသည် အကျဉ်းထောင်ထဲက မိမိအား ဇာပိုင် ကယ်ထုတ်လိုက်ကြောင်း သူရို့ကို ယှင်းပြလေ၏။ “ဤအကြောင်းကို ယာကုပ်နှင့် ကျန်သော ယုံကြည်သူ တိကိုလည်း ပြောပြလိုက်ကြ” ဟု ဆိုကာ အခြားတစ်နီရာသို့ ထွက်လား၏။
ACT 12:18 မိုးလင်းသောအခါ ပေတရု၌ ဖြစ်ပျက်ခသည်နှင့် ပတ်သက်၍ အစောင့်စစ်သားများသည် ဝရုန်းသုန်းကား ဖြစ်နိန်ကြ၏။
ACT 12:19 ထို့ကြောင့် ဟေရုဒ်က ပေတရုကို ရှာဖွီရန် အမိန့်ပီးလိုက်၏။ သို့သော်လည်း စစ်သားတိက ပေတရုကို ရှာမတွိ့နိုင်ကြပေ။ ထိုအခါ ဟေရုဒ်သည် အစောင့်စစ်သားများကို မိန်းမြန်းစစ်ဆီးပြီးလျှင် သူရို့ကို အသီ သတ်ပစ်ရန် အမိန့်ပီးလိုက်လေ၏။ ထို့နောက် ဟေရုဒ်သည် ယုဒပြည်မှ ထွက်ခွာ၍ ကဲသရိမြို့၌ အချိန်အင်တန်ကြာ နန်းစံတော်မူလေ၏။
ACT 12:20 ဟေရုဒ်သည် တုရုနှင့် ဇိဒုန်မြို့သားတိကို အကြီးအကျယ် ဒေါသထွက်လေ၏။ ထို့ကြောင့် သူရို့သည် ဟေရုဒ်အား တွိ့ခြင်းငှာ အုပ်စုဖွဲ့၍ ရောက်လာကြ၏။ သူရို့က မိမိရို့အား အကူအညီပီးရန် နန်းရင်းဝန် ဗလတ္တုအား ဦးစွာ စည်းရုံးလေ၏။ ထို့နောက် သူရို့သည် ဟေရုဒ်ပါးသို့ ဝင်ရောက်ကာ မင်းကြီး၏ဒေါသစိတ်ကို ပြေငြိမ်းစီခြင်းငှာ တောင်းပန်ကြ၏။ အကြောင်းမူကား သူရို့၏နိုင်ငံသည် မင်းကြီး၏နိုင်ငံမှ အစားအစာ ထောက်ပံ့မှုများကို အမှီပြုနိန်ရသောကြောင့်ဖြစ်၏။
ACT 12:21 ချိန်းဆိုထားသော နိ့တစ်နိ့တွင် ဟေရုဒ်သည် မိမိ၏မင်းဝတ်တန်ဆာများကို ဝတ်ဆင်၍ တရားပလ္လင်ထက်မှာ ထိုင်ကာ လုထုကို မိန့်ခွန်းပြောလေ၏။
ACT 12:22 ထိုအခါ လူတိက “ဤအသံကား လူတစ်ယောက်၏စကားသံ မဟုတ်၊ နတ်ဘုရား တစ်ပါး၏ စကားသံသာ ဖြစ်တော်မူသည်တကား” ဟု ကြွေးကြော်ကြ၏။
ACT 12:23 ထိုမင်းသည် ဘုရားသခင်ကို ရိုသီချီးမွမ်းခြင်း မဟိသောကြောင့် သခင်ဘုရား၏ကောင်းကင်တမန်သည် ချက်ချင်း ဟေရုဒ်ကို ဒဏ်ခတ်တော်မူလေ၏။ ထို့နောက် သူ့ကို သန်ကောင်များ ကိုက်စားပြီးလျှင် အနိစ္စရောက်လေ၏။
ACT 12:24 ထိုအချိန်ကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ကား ဆက်လက်၍ ပြန့်ပွားသဖြင့် ယုံကြည်သူများလည်း သာ၍ တိုးပွားလာလေ၏။
ACT 12:25 ဗာနဗနှင့် သျှောလုသည်လည်း မိမိရို့၏ သာသနာပြုခြင်းအမှုကို ပြီးမြောက်ပြီဖြစ်သောကြောင့်၊ ယောဟန် မာကု ကို သူရို့နှင့်အတူ ခေါ်ဆောင်၍ ယေရုဆလင်မြို့မှ ပြန်လာကြလေ၏။
ACT 13:1 အန္တိအုတ်မြို့ အသင်းတော်၌ဟိကြသော တချို့သော ဆရာတိနှင့် ပရောဖက်များမှာ၊ ဗာနဗ၊ နိဂါဟု ခေါ်သော သျှုမောင်၊ ကုရေနေပြည်သား လုကိ၊ (ဟေရုဒ်မင်းနှင့်အတူ ကြီးပြင်းလာသူ တစ်ယောက်ဖြစ်သော) မာနင်နှင့် သျှောလု ရို့ဖြစ်ကြ၏။
ACT 13:2 သူရို့သည် အစာယှောင်လျက် သခင်ဘုရားကို ဝတ်ပြုကိုးကွယ်နိန်ကြစဉ်၊ သန့်ယှင်းသော ဝိညာဉ်တော်က “ငါ၏အမှုကို ဆောင်ရွက်ရန် ငါခေါ်ထားသော ဗာနဗနှင့် သျှောလုကို ရွီးချယ်၍ ခန့်အပ်ကြလော့” ဟု သူရို့အား ပြော၏။
ACT 13:3 သူရို့သည် အစာယှောင်၍ ဆုတောင်းပြီးမှ ဗာနာဗနှင့် သျှောလု၏ဂေါင်းထက်တွင် လက်ကိုတင်၍ စီရွှတ်လိုက်ကြ၏။
ACT 13:4 ထိုသို့ သန့်ယှင်းသောဝိညာဉ်တော် ပို့ဆောင်ခြင်းဖြင့် ဗာနဗနှင့် သျှောလုသည် သေလုကိမြို့သို့ ရောက်ကြ၏။ ထိုမြို့မှ တဖန် ကုပရုကျွန်းသို့ သင်္ဘောဖြင့် ရွက်ရွှင့်ကြ၏။
ACT 13:5 သူရို့သည် ယှာလမိမြို့သို့ ရောက်ကြသောအခါ ယုဒလူမျိုးရို့၏ တရားဇရပ်များ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ ယောဟန် မာကု သည်လည်း သူရို့ကို အလုပ်ကူညီခြင်းငှာ သူရို့နှင့်အတူ လိုက်လာ၏။
ACT 13:6 သူရို့သည် တစ်ကျွန်းလုံးကို လှည့်လည်ကြပြီးမှ ပါဖုမြို့သို့ ရောက်ကြ၏။ ထိုမြို့၌ သူရို့သည် မိမိကိုမိမိ ပရောဖက်တစ်ပါးဟု ကြွေးကြော်နိန်သည့် ယုဒလူမျိုး ဗာယေသျှုဟု ခေါ်သော မှော်ဆရာတစ်ယောက်နှင့် တွိ့ဆုံကြ၏။
ACT 13:7 ထိုသူသည် ဉာဏ်အမြော်အမြင်ဟိသော ကျွန်းပိုင်မင်း သေရဂိပေါလု၏ သူငယ်ချင်းတစ်ယောက် ဖြစ်၏။ ထိုကျွန်းပိုင်မင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာလိုသဖြင့် သျှောလုနှင့် ဗာနဗကို သူ၏ရှိ့မှောက်သို့ ဖိတ်ခေါ်လေ၏။
ACT 13:8 သို့ရာတွင် ကျွန်းပိုင်မင်းကို ယုံကြည်ခြင်းမှ လမ်းလွဲစီရန် ကြိုးစားသည့် ဟေလသဘာသာ စကားအားဖြင့် ဧလုမဟု ခေါ်သော ထိုမှော်ဆရာသည် တမန်တော်တိကို ဟန့်တားလေ၏။
ACT 13:9 ထိုအခါ ပေါလုဟု လူသိများသော သျှောလုသည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်လျက် ထိုမှော်ဆရာအား စိစိကြည့်ကာ
ACT 13:10 “သင်သည်ကား မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား ဟူသမျှ၏ ရန်သူ ဖြစ်၏။ သင်သည် ကောက်ကျစ်ယုတ်မာသော ပရိယာယ်အမျိုးမျိုးဖြင့် သခင်ဘုရား၏ သမ္မာတရား တိကို လှည့်ဖြားခြင်းငှာ အစဉ်မပြတ် ကြိုးစားနိန်သည်တကား။
ACT 13:11 အဂုတွင် သခင်ဘုရား၏လက်တော်သည် သင့်ပါးသို့ ကျရောက်၍ သင်သည် နိ့၏အလင်းကိုတောင် မမြင်နိုင်လောက်အောင် ကာလအတန်ကြာ မျက်စိကန်းနိန်လိမ့်မည်” ဟု ဆိုလေ၏။ ထိုသို့ ဆိုသည်နှင့် ဧလုမ၏မျက်စိသည် ချက်ချင်း ကန်းလားလေ၏။ ထိုအခါ သူသည် တဝဲလည်လည်ဖြင့် လက်ဆွဲခေါ်ဆောင်မည့်သူကို ရှာနိန်ရလေ၏။
ACT 13:12 ထိုအဖြစ်အပျက်ကို ကျွန်းပိုင်မင်းက မြင်သောခါ၊ သခင်ဘုရားနှင့် ပတ်သက်သော သွန်သင်ချက်ကို အကြီးအကျယ် အံ့ဩလားပြီးလျှင် သူသည် ယုံကြည်ခြင်းသို့ ရောက်လေ၏။
ACT 13:13 ပေါလုနှင့် သူ၏အပေါင်းအဖော်များသည် ပါဖုမြို့မှ ရွက်ရွှင့်၍ လာကြရာ ပမ်ဖုလိပြည် ပေရဂံမြို့သို့ ရောက်ကြ၏။ ယောဟန်သည် သူရို့ကို ထိုနီရာ၌ ထားခပြီးလျှင် ယေရုဆလင်မြို့သို့ ပြန်လာလေ၏။
ACT 13:14 သူရို့သည် ပေရဂံမြို့မှ ထွက်လာပြီးနောက် ပိသိဒိပြည် အန္တိအုတ်မြို့သို့ ရောက်ကြပြီးလျှင် သူရို့သည် ဥပုသ်နိ့၌ တရားဇရပ်သို့ လားရောက်၍ ဝင်ထိုင်ကြလေ၏။
ACT 13:15 မောသျှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ရွတ်ပြီးသောအခါ တရားဇရပ်မှူးများက တမန်တော်တိအား “ညီအစ်ကိုရို့၊ သင်ရို့မှာ လူတိကို အားပီးတိုက်တွန်းစကား ဟောပြောစရာဟိလျှင် သူရို့ကို ဟောပြောပီးကြပါရန် အကျွန်ရို့ လိုလားပါ၏” ဟု လူတစ်ယောက်ကို ရွှတ်၍ ပြောခိုင်းလိုက်၏။
ACT 13:16 ထိုအခါ ပေါလုသည် မတ်တတ်ထ၍ လက်ရိပ်ပြကာ စတင်၍ ဟောပြောလိုက်သည်မှာ၊ “ဤနီရာ၌ ဟိကြသော မိတ်ဆွီ ဣသရေလလူမျိုးတိနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသော တခြားလူမျိုးအပေါင်းရို့၊ ငါ့စကားကို နားထောင်ကြလော့၊
ACT 13:17 ဣသရေလလူမျိုး၏ ဘုရားသခင်သည် ငါရို့၏ အဖိုးအဖီးတိကို ရွီးကောက်တော်မူ၍ သူရို့သည် အဲဂုတ္တုပြည်၌ တိုင်းတစ်ပါးသားအဖြစ် နီထိုင်ကြစဉ်တွင် သူရို့ကို လူမျိုးကြီးအဖြစ် ချီးမြှောက်တော်မူခ၏။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သော တန်ခိုးတော်ဖြင့် ထိုသူရို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်တော်မူခ၏။
ACT 13:18 ထို့အပြင် ကိုယ်တော်သည် သူရို့ကို တောကန္တာရ၌ အနှစ်လေးဆယ် ကာလပတ်လုံး သည်းခံတော်မူခ၏။
ACT 13:19 ကိုယ်တော်သည် ခါနာန်ပြည်၌ ဟိသော လူမျိုး ခုနစ်မျိုးကို ဖျက်ဆီးပြီးလျှင် ထိုပြည်ကို မိမိလူမျိုးအား အပိုင်ပီးတော်မူခ၏။
ACT 13:20 ဤသို့ဖြစ်ပျက်ခသည်မှာ နှစ်ပေါင်း ၄၅၀ ခန့် ကြာခလေ၏။ “ဤသို့ ဖြစ်ပျက်ခပြီးနောက် ဘုရားသခင်သည် သူရို့ကို ပရောဖက် သျှာမွေလ ကာလတိုင်အောင် တရားသူကြီးများဖြင့် အုပ်ချုပ်စီခ၏။
ACT 13:21 ထို့နောက် သူရို့က သျှင်ဘုရင်တစ်ပါးကို တောင်းကြသောအခါ ဘုရားသခင်က ဗင်္ယာမိန်လူမျိုး ကိသျှ၏သား သျှောလု ကို သူရို့၏သျှင်ဘုရင်တစ်ပါးအဖြစ် အနှစ် ၄၀ ကြာ အုပ်ချုပ်စီတော်မူခ၏။
ACT 13:22 ဘုရားသခင်သည် သျှောလုကို ဖယ်ယှားပြီးနောက် ဒါဝိဒ်ကို သူရို့၏ သျှင်ဘုရင်အဖြစ် ချီးမြောက်တော်မူ၏။ ဘုရားသခင်က ဒါဝိဒ်နှင့်ပတ်သက်၍ ထောက်ခံပြောဆိုသည်မှာ ‘ယေသျှဲ၏သား ဒါဝိဒ်သည် ငါ နှစ်သက်သောသူ တစ်ယောက်ဖြစ်၏၊ သူသည်ကား ငါ့စိတ်အလိုဟိသည့် အရာအားလုံးကို လုပ်ဆောင်ပီးမည့်သူ တစ်ယောက်ဖြစ်သည်ကို ငါတွိ့ရ၏’ ဟု မိန့်တော်မူ၏။
ACT 13:23 ဘုရားသခင်သည် မိမိ ကတိပီးထားသည့်အတိုင်း ဣသရေလလူမျိုးများ၏ကယ်တင်သျှင်ကို ချီးမြှောက်ပီးတော်မူ၏။ ထိုသူမှာ ဒါဝိဒ်၏မျိုးမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သော ယေသျှုပင်ဖြစ်၏။
ACT 13:24 ယေသျှုသည် သူ၏သာသနာလုပ်ငန်းကို မစတင်ခင်၊ ယောဟန်သည် ဣသရေလလူမျိုး အပေါင်းရို့အား မိမိရို့အပြစ်မှ နောင်တရ၍ ဗတ္တိဇံကို ခံယူကြရန် ဟောပြောခ၏။
ACT 13:25 ထို့နောက် ယောဟန်သည် မိမိ၏သာသနာ လုပ်ငန်းကို အဆုံးသတ်မည့်အကြောင်း လူတိကို ပြောကြားသည်မှာ၊ ‘သင်ရို့က ငါသည် ဇာသူဖြစ်သည်ဟု ထင်ကြသနည်း၊ ငါသည်ကား သင်ရို့ စောင့်မျှော်နိန်သော သူတစ်ယောက် မဟုတ်၊ ထိုသူကား ငါ့နောက်မှ ကြွလာသောသူဖြစ်၏။ သူ၏ ခြီနင်းကြိုးကို ဖြီပီးဖို့ရန်ပင် ငါသည် မထိုက်တန်’ ဟု ဆို၏။
ACT 13:26 “အာဗြဟံမျိုးနွယ်ဖြစ်ကြသော ငါ၏ညီအစ်ကို ဣသရေလလူမျိုးများနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသော တခြားသောလူမျိုးအပေါင်းရို့၊ ဤကယ်တင်ခြင်း သတင်းကောင်းကို ပို့ဆောင်ပီးလိုက်သည်မှာ ငါရို့အတွက် ဖြစ်ပေ၏။
ACT 13:27 ယေရုဆလင်မြို့၌ နီထိုင်ကြသောသူတိနှင့် သူရို့၏ခေါင်းဆောင်တိ ကား ထိုအသျှင်သည် ကယ်တင်သျှင်ဖြစ်သည်ကို မသိကြ၊ ဥပုသ်နိ့တိုင်း ရွတ်ဖတ်ကြသော ပရောဖက်များ၏ စကားကိုလည်း နားမလည်ကြ။ ထို့ကြောင့် သူရို့သည် ယေသျှုကို ပြစ်ဒဏ်စီရင်ခြင်းအားဖြင့် ပရောဖက်တိ စကားကို ပြည့်စုံလာစီ၏။
ACT 13:28 သူရို့သည် ကိုယ်တော်၌ သီဒဏ်ပီးလောက်သောအပြစ် တစ်စုံတစ်ခုမျှ မတွိ့သော်လည်း ကိုယ်တော့်ကို အသီသတ်ခြင်းငှာ ပိလတ်မင်းထံ၌ တောင်းဆိုကြ၏။
ACT 13:29 သူရို့သည်ကား ကိုယ်တော့်ကို ရည်မှတ်၍ ရီးထားသောကျမ်းစာအတိုင်း လုပ်ဆောင်ကြပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်မှ ချ၍ သင်္ချိုင်းဂူ တစ်ခုထဲ၌ သွင်းထားကြ၏။
ACT 13:30 သို့သော်လည်း ဘုရားသခင်သည် ကိုယ်တော့်ကို သီခြင်းမှ ထမြောက်စီတော်မူပြီးလျှင်
ACT 13:31 ကိုယ်တော်သည် ဂါလိလဲပြည်မှ ယေရုဆလင်မြို့ထိတိုင် မိမိနှင့်အတူ ခရီးလားလာခသော သူတိကို နိ့ရက်များစွာ ကိုယ်ထင်ပြတော်မူခ၏။ ထိုသူရို့သည်ကား အဂုအခါ ဣသရေလလူမျိုးတိအတွက် ကိုယ်တော်၏မျက်မြင်သက်သီများ ဖြစ်ကြ၏။
ACT 13:32 ငါရို့သည် ဘုရားသခင်က ငါရို့ အဖိုးအဖီးတိအား ကတိပီးထားခသော သတင်းကောင်းတရားကို သင်ရို့အား ဟောပြောကြ၏။
ACT 13:33 ဘုရားသခင်သည် ယေသျှုကို သီခြင်းတရားက ထမြောက်စီခြင်းအားဖြင့် ထိုအဖိုးအဖီးရို့မှ ဆင်းသက်လာကြသော ငါရို့အတွက် ထိုဂတိတော်သည် ပြည့်စုံလာ၏။ ဆာလံကျမ်း၏ ဒုတိယအခန်း၌ ထိုကတိတော်အကြောင်းကို ရီးထားသည်မှာ၊ “ ‘သင်သည် ငါ၏သား ဖြစ်၏။ ဤနိ့၌ ငါသည်လည်း သင်၏အဖ ဖြစ်၏’ ဟူ၍ ဖြစ်လေ၏။
ACT 13:34 တဖန်ကိုယ်တော့်ကို သီခြင်းတရားက ထမြောက်တော်မူပြီး သင်္ချိုင်းတွင်း၌ ပုပ်ပျက်ခြင်းနှင့် အစဉ်ကင်းလွတ်စီမည့်အကြောင်း ဘုရားသခင် မိန့်တော်မူခသည်မှာ၊ ‘ငါသည် ဒါဝိဒ်အား ကတိပီးထားခသည့်အတိုင်း သန့်ယှင်းမြင့်မြတ်၍ စစ်မှန်သော ကောင်းကြီးမင်္ဂလာကို သင့်အား ပီးမည်’ ဟု ဆို၏။
ACT 13:35 ထို့ကြောင့် တခြားသော ဆာလံကျမ်းစာ၌ ဒါဝိဒ် ပြောထားသည်မှာ ‘ကိုယ်တော်သည် မိမိ၏သစ္စာဟိသော အခိုင်းအစီကို သင်္ချိုင်းတွင်း၌ ပုပ်ပျက်စီခြင်းငှာ အခွင့်ပီးတော်မမူ’ ဟု လာ၏။
ACT 13:36 ဒါဝိဒ်သည် သူ၏ဘဝတလျှောက်၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခ၏။ ထို့နောက် သူသည် အနိစ္စရောက်ပြီးလျှင် သူ၏အဖိုးအဖီးတိနှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရ၏၊ သူ၏ခန္ဓာသည်လည်း သင်္ချိုင်းတွင်း၌ ပုပ်ပျက်လေ၏။
ACT 13:37 သို့ရာတွင် ဘုရားသခင် သီခြင်းတရားက ထမြောက်စီတော်မူသော သူသည်ကား ပုပ်ပျက်ခြင်းသို့ မရောက်စီရ။
ACT 13:38 ထို့ကြောင့် ငါ၏ညီအစ်ကို ဣသရေလလူမျိုးရို့၊ သင်ရို့အား ဟောပြောခသော အပြစ်လွှတ်ခြင်းဆိုင်ရာ တရားတော်သည် ယေသျှုအားဖြင့် ဖြစ်သည်ကိုလည်းကောင်း၊ ယေသျှုကို ယုံကြည်သောသူတိုင်းသည် မောသျှေ၏ ပညတ်တရားအားဖြင့် သင်ရို့ မလွတ်နိုင်သော အပြစ်အားလုံးမှ လွတ်မြောက်ခွင့်ရသည်ကိုလည်းကောင်း ငါရို့သည် သင်ရို့အား သိစီလိုပါ၏။
ACT 13:40 ပရောဖက်ရို့ ဟောပြောခသည့်အတိုင်း သင်ရို့၌ မဖြစ်စီခြင်းငှာ သတိပြုကြလော့။ ထိုဟောပြောချက်မှာ၊
ACT 13:41 ‘ပျက်ရယ်ပြု လှောင်ပြောင်ကြသောသူရို့၊ ကြည့်ထားကြ၊ သင်ရို့သည် အံ့ဩ၍ ပျက်စီးဆုံးယှုံးခြင်းသို့ ရောက်ကြရမည်၊ အကြောင်းမူကား ဤနိ့၌ ငါ ပြုလုပ်နိန်သော အရာများကို သင်ရို့သည် ယုံကြည်ကြလိမ့်မည် မဟုတ်၊ သင်ရို့အား ထိုအမှုကို ယှင်းပြသောသူ ဟိသော်လည်း သင်ရို့သည် ယုံကြည်ကြလိမ့်မည် မဟုတ်’ ” ဟူ၍ ဖြစ်၏။
ACT 13:42 ပေါလုနှင့် ဗာနဗသည် တရားဇရပ်မှ ထွက်ခွာလာကြစဉ်တွင် လူများက ဤအကြောင်းအရာများကို သူရို့အား နောက်တစ်ပတ် ဥပုသ်နိ့တွင် ဤထက်မက ဟောကြားပီးပါရန် တောင်းပန်ကြ၏။
ACT 13:43 လူအပေါင်းရို့သည် ဝတ်ပြုစည်းဝေးပွဲမှ ထွက်ခွာလားကြပြီးနောက် ယုဒလူမျိုးတိနှင့် ယုဒဘာသာဝင်အဖြစ်သို့ ခံယူထားကြသော တခြားလူမျိုးများစွာရို့သည် ပေါလုနှင့် ဗာနဗ၏ နောက်သို့ လိုက်ပါလားကြ၏။ တမန်တော်တိက သူရို့အား ပြောဆို၍ ဘုရားသခင်၏ ကျေးဇူးတော်၌ အစဉ်အမြဲ ရှင်သန်ကြရန် သူရို့ကို အားပီးတိုက်တွန်းကြ၏။
ACT 13:44 နောက်တစ်နိ့ ဥပုသ်နိ့တွင် မြို့လုံးကျွတ်နီးပါးသော လူများစွာရို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းငှာ ရောက်လာကြလေ၏။
ACT 13:45 ယုဒလူမျိုးတိသည် ထိုလူစုလူဝေးကို မြင်သောအခါ မနာလိုစိတ်ဖြစ်ကြပြီးလျှင် ပေါလုပြောသမျှကို ဆန့်ကျင်လျက် ကဲ့ရဲ့ဆဲဆိုကြ၏။
ACT 13:46 ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။
ACT 13:47 သခင်ဘုရားက ငါရို့အား ပီးထားသော ပညတ်တရားမှာ၊ “ ‘ငါသည် သင်ရို့ကို တခြားသောလူမျိုးတိအတွက် အလင်း ဖြစ်စီခြင်းငှာ ခန့်ထားပြီးပြီ။ ထို့ကြောင့် လောကသားအားလုံး ကယ်တင်ခြင်းသို့ ရောက်စီခြင်းငှာ ဆောင်ရွက်ကြလော့’ ဟူ၍ ဖြစ်၏။”
ACT 13:48 လူမျိုးခြားတိက သခင်ဘုရား၏သတင်းစကားကို ကြားသောအခါ သူရို့သည် အလွန်ဝမ်းမြောက်ကြသည်ဖြစ်၍ သခင်ဘုရား၏တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကို ရစီခြင်းငှာ ရွီးချယ်ထားသော သူရို့သည်လည်း ယုံကြည်သူများ ဖြစ်လာကြ၏။
ACT 13:49 သခင်ဘုရား၏နှုတ်ကပတ်တော်သည် ထိုဒေသ၏နီရာတိုင်းသို့ ပြန့်နှံ့လားလေ၏။
ACT 13:50 သို့ရာတွင် ယုဒလူမျိုးရို့က မြို့မိမြို့ဖတိနှင့် ဘုရားသခင်ကို ကိုးကွယ်ကြသော ဂုဏ်အသရေဟိ လူမျိုးခြား မိန်းမတိကို သွီးထိုး လှုံ့ဆော်ကြ၏။ ထို့ကြောင့် ထိုသူရို့သည် ပေါလုနှင့် ဗာနဗ ကို စတင်၍ ညည်းပန်းနှိပ်စက်ကြပြီးလျှင် မိမိရို့၏အရပ်ဒေသမှ နှင်ထုတ်ကြလေ၏။
ACT 13:51 တမန်တော်တိကလည်း ထိုသူရို့ကို ဆန့်ကျင်သောအားဖြင့် မိမိရို့၏ ခြီဖဝါး၌ ကပ်နိန်သော မြီမှုန့်ကို ခါချပြီးလျှင် ဣကောနိမြို့သို့ ခရီးဆက်ကြ၏။
ACT 13:52 အန္တိအုတ်မြို့ ယုံကြည်သူများသည်လည်း ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝကြလေ၏။
ACT 14:1 ပေါလုနှင့် ဗာနဗ သည် ဣကောနိမြို့သို့ ရောက်လျှင် ယခင်နည်းတူ ယုဒတရားဇရပ်သို့ လားရောက်၍ ဟောပြောကြသဖြင့်၊ ယုဒလူမျိုးများနှင့် တခြားလူမျိုးများစွာရို့သည် ယုံကြည်သူများ ဖြစ်လာကြ၏။
ACT 14:2 သို့ရာတွင် ယုံကြည်ခြင်းကို ငြင်းပယ်သော ယုဒလူမျိုးတိက ယုံကြည်သူတိအား ဆန့်ကျင်တိုက်ခိုက်ရန် တခြားလူမျိုးရို့၏ စိတ်ကို လှုံ့ဆော်ပီးကြ၏။
ACT 14:3 တမန်တော်ရို့သည် သခင်ဘုရားအကြောင်းကို ရဲရင့်စွာဟောပြောလျက် ထိုနီရာ၌ အချိန်အတန်ကြာ တည်းခိုနိန်ခလေ၏။ အသျှင်ဘုရားကလည်း တမန်တော်တိအား နိမိတ်လက္ခဏာနှင့် အံဖွယ်သောအမှုအရာတိကို ပြနိုင်စီခြင်းငှာ တန်ခိုးပီးတော်မူသည်ဖြစ်၍ သူရို့ဟောပြောသော သတင်းကောင်းတရားသည် သခင်ဘုရား၏ကျေးဇူးတော် အမှန်ပင်ဖြစ်ကြောင်းကို သက်သီပြတော်မူ၏။
ACT 14:4 ထိုမြို့သူမြို့သားအပေါင်းရို့သည် ကွဲပြားကာ တချို့သည် ယုဒလူမျိုးရို့ဖက်၌ လည်းကောင်း၊ တချို့သည် တမန်တော်ရို့ဖက်၌လည်းကောင်း နီကြ၏။
ACT 14:5 ထို့နောက် တချို့သော ယုဒလူမျိုးတိနှင့် တချို့သော အခြားလူမျိုးရို့သည် မိမိရို့၏ခေါင်းဆောင်တိနှင့် ပူပေါင်းကာ တမန်တော်တိကို ညှဉ်းဆဲရန်နှင့် ကျောက်သီးနှင့် ပစ်ရန်ဆုံးဖြတ်ချက် ချထားကြ၏။
ACT 14:6 တမန်တော်ရို့က ထိုအကြောင်းကို သိလျှင် လုကောနိပြည်၌ဟိသော လုတ္တရမြို့၊ ဒေရဗေမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ ထွက်ဗြီးကြလေ၏။
ACT 14:7 ထိုအရပ်များ၌ သူရို့သည် သတင်းကောင်းတရားကို ဆက်လက်၍ ဟောပြောကြလေ၏။
ACT 14:8 လုတ္တရမြို့၌ လမ်းမလျှောက်နိုင်သော ဝမ်းတွင်းပါ ခြီမစွမ်းသူ တစ်ယောက်ဟိ၏။
ACT 14:9 ထိုသူသည် ပေါလုဟောပြောသည်ကို ထိုင်လျက် နားထောင်နိန်၏။ ပေါလုသည် ထိုသူ၌ ရောဂါပျောက်ကင်းနိုင်လောက်သော ယုံကြည်ခြင်းဟိသည်ကို မြင်လျှင် သူ့အား စိ့စိ့ ကြည့်လျက်၊
ACT 14:10 “ထ၍ မတ်တတ်ရပ်လော့” ဟု ကျယ်သောအသံဖြင့် ပြောလိုက်သဖြင့်၊ ထိုသူသည် ခုန်၍ ထပြီးလျှင် စတင်၍ လမ်းလျှောက်လေ၏။
ACT 14:11 ထိုအခါ လူအပေါင်းရို့သည် ပေါလု ပြုသောအမှုကို မြင်ကြသော် “နတ်ဘုရားတိ လူယောင်ဆောင်၍ ငါရို့ပါးသို့ ဆင်းလာကတ်ယာ” ဟု မိမိရို့၏လုကောနိ ဘာသာစကားဖြင့် အော်ဟစ်၍ ပြောဆိုကြ၏။
ACT 14:12 ပေါလုသည် အဓိကဟောပြောသောသူဖြစ်သောကြောင့် သူ့ကို ဟေရမေ ဟူ၍ လည်းကောင်း၊ ဗာနဗ အား ဇုသ ဟူ၍လည်းကောင်း သူရို့က နာမည်ပီးကြ၏။
ACT 14:13 ထိုမြို့၏ဝင်ဝ၌ ယဇ်ပလ္လင်တည်၍ ကိုးကွယ်ထားကြသော ဇုသ နတ်ဘုရား၏ ယဇ်ပုရောဟိတ်သည် နွားထီးများနှင့် ပန်းကုံးများကို မြို့တံခါးနားသို့ ယူဆောင်လာကြပြီးလျှင် သူနှင့် လူအပေါင်းရို့သည် တမန်တော်များအား ယဇ်ပူဇော်ရန် ပြုလုပ်နိန်ကြ၏။
ACT 14:14 သူရို့သည် ထိုသို့ပြုသည်ကို တမန်တော်များဖြစ်ကြသော ဗာနဗနှင့် ပေါလု ကြားသောအခါ မိမိရို့ အဝတ်ကို ဆုတ်၍ လူအုပ်ထဲသို့ ဗြီးဝင်ပြီးလျှင် အော်ဟစ်လျက်၊
ACT 14:15 “သင်ရို့သည် ဇာကြောင့် ဤအရာတိကို လုပ်နိန်ကတ်လဲ၊ ငါရို့သည် သင်ရို့ပိုင် လူသားတိရာ ဖြစ်ပါ၏။ ငါရို့သည် သတင်းကောင်းတရားကို ဟောပြောဖို့ ဤနီရာသို့ ရောက်လာခြင်းဖြစ်၏၊ အကြောင်းမှာ သင်ရို့သည် အကျိုးမဟိသော ဤအရာတိကို ဖယ်ယှားပြီးလျင်၊ ကောင်းကင်၊ မြီကြီး၊ ပင်လယ်နှင့်တကွ ခပ်သိမ်းသော အရာတိကို ဖန်ဆင်းတော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်ထံပါးသို့ ပြောင်းလဲကြစီခြင်းငှာ ဖြစ်ပါ၏။
ACT 14:16 အတိတ်ကာလ၌ ဘုရားသခင်သည် လူမျိုးအပေါင်းရို့အား မိမိရို့၏နည်းလမ်းအတိုင်း လိုက်လျှောက်ကြရန် အခွင့်ပီးခ၏။
ACT 14:17 သို့ရာတွင် ဘုရားသခင်သည် အာကာပြင်မှ မိုးရီကို ရွာသွန်းကာ အချိန်တန်လျှင် သင်ရို့အား ကောက်ပဲသီးနှံများကို ပီးလျက်၊ အစားအစာများကို ကျွေးမွေးတော်မူ၏။ ထို့ကြောင့် သင်ရို့၏နှလုံးသည် ရွှင်လန်းဝမ်းမြောက်မှုနှင့် ပြည့်စုံလျက်ဟိကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းသောအမှုအရာတိကို ပြုတော်မူလျက် မိမိဟိတော်မူကြောင်းကို အစဉ်အမြဲ ထင်ရှားစွာ ပြတော်မူ၏” ဟု ဆို၏။
ACT 14:18 ဤသို့ဖြင့် ယဇ်ပူဇော်ခြင်းကို မပြုကြရန် တမန်တော်တိက လူစုလူဝေးကြီးကို ခက်ခဲစွာ တားမြစ်လေ၏။
ACT 14:19 သို့ရာတွင် ပိသိဒိပြည် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ရောက်လာကြသော ယုဒလူမျိုးတချို့သည် လူစုလူဝေးကြီးကို မိမိဖက်သို့ ပါအောင် စည်းရုံးသိမ်းသွင်းပြီးလျှင် ပေါလုကို ကျောက်သီးနှင့် ပစ်၍ သီလားယာဟု စိတ်ထင်မှတ်သောကြောင့် မြို့ပြင်သို့ ဆွဲထုတ်ထားကြ၏။
ACT 14:20 သို့ရာတွင် ယုံကြည်သူတိက သူ့ကို ဝိုင်းရံထားကြစဉ်တွင် သူသည် ထ၍ မြို့ထဲသို့ ပြန်ဝင်လား၏။ နောက်တစ်ရက်တွင် သူသည် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်ခွာလား၏။
ACT 14:21 ပေါလုနှင့် ဗာနဗ ရို့သည် ဒေရဗေမြို့၌ သတင်းကောင်းတရားတော်မြတ်ကို ဟောပြောကြပြီးနောက် များစွာသောသူရို့သည် တပည့်တော်များဖြစ်လာကြ၏။ ထို့နောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် ပိသိဒိပြည် အန္တိအုတ်မြို့သို့ ပြန်လားခလေ၏။
ACT 14:22 သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။
ACT 14:23 သူရို့သည် အသင်းတော်တိုင်း၌ အသင်းတော်လူကြီးတိကို ခန့်ထားပြီးလျှင် အစာယှောင်၍ ဆုတောင်းပတ္ထနာ ပြုလျက်၊ သခင်ဘုရားကို ယုံကြည်ကိုးစားကြသူရို့အား သခင်ဘုရား၏ လက်တော်သို့ အပ်နှံကြ၏။
ACT 14:24 ပိသိဒိပြည် ဒေသတလျှောက် လားပြီးနောက် ပမ်ဖုလိပြည်သို့ လာကြ၏။
ACT 14:25 ထိုပြည်၌ဟိသော ပေရဂံမြို့၌ သူရို့သည် နှုတ်ကပတ် တရားတော်ကို ဟောပြောကြပြီးနောက် အတ္တလိမြို့သို့ လားကြ၏။
ACT 14:26 ထို့နောက် ထိုမြို့မှ သင်္ဘောဖြင့် ရွက်ရွှင့်ကာ အန္တိအုတ်မြို့သို့ ပြန်လာကြ၏။ ဤမြို့ကား သူရို့သည် အဂု ဆောင်ရွက်ပြီးခသော အမှုတော်မြတ်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့အား အပ်နှံခသော နီရာဖြစ်၏။
ACT 14:27 သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကိုလည်းကောင်း သူရို့အား ပြောပြကြ၏။
ACT 14:28 ထို့နောက် သူရို့သည် ယုံကြည်သူများနှင့်အတူ ထိုမြို့၌ အချိန်အတန်ကြာ နီထိုင်ခလေ၏။
ACT 15:1 ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာကြသော တချို့သောသူတိက “သင်ရို့သည် မောသျှေ၏ ပညတ်တရားအတိုင်း အရီဖျားလှီးခြင်းကို မခံလျှင် ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်” ဟု ယုံကြည်သူတိကို ဆုံးမဩဝါဒပီးကြ၏။
ACT 15:2 ဤကိစ္စနှင့်ပတ်သက်၍ ပေါလုနှင့် ဗာနဗ ရို့သည် ထိုသူရို့နှင့် ပြင်းထန်စွာ ငြင်းခုံကြ၏။ ထို့ကြောင့် ပေါလု၊ ဗာနဗနှင့်အတူ အန္တိအုတ်မြို့မှ ယုံကြည်သူတချို့သည် ဤပြဿနာကြောင့် ယေရုဆလင်မြို့သို့လား၍ တမန်တော်တိ၊ အသင်းတော်လူကြီးတိနှင့် တွိ့ဆုံသင့်ကြောင်း ဆုံးဖြတ်ကြ၏။
ACT 15:3 အသင်းတော်က သူရို့ကို ပို့ဆောင်ပီးသဖြင့် သူရို့သည် ဖိနိတ်ပြည်နှင့် ယှာမာရိပြည်ကို လျှောက်လားကြစဉ်တွင် လူမျိုးခြားတိ ဘုရားသခင်ထံသို့ ဇာပိုင် ပြောင်းလဲကြပုံကို ပြောပြကြသဖြင့် ယုံကြည်သူတိအားလုံး အလွန်ဝမ်းမြောက်ကြ၏။
ACT 15:4 သူရို့သည် ယေရုဆလင်မြို့သို့ ရောက်ကြသောအခါ တမန်တော်တိနှင့် အသင်းတော်လူကြီးတိ၊ အသင်းသူ အသင်းသားတိက သူရို့ကို ကြိုဆိုလက်ခံကြ၏။ သူရို့ကလည်း ဘုရားသခင်သည် မိမိရို့အားဖြင့် ပြုတော်မူခသော အရာအားလုံးကို ပြောပြကြ၏။
ACT 15:5 သို့ရာတွင် ဖာရိယှဲအုပ်စုထဲက ယုံကြည်သူတချို့သည် ထလျက် “လူမျိုးခြားတိ အရီဖျားလှီးခြင်းကို ခံယူပြီးလျှင် မောသျှေ၏ ပညတ်တရားကို လိုက်နာကြရမည်” ဟု ဆိုကြ၏။
ACT 15:6 ထိုအခါ ဤအမှုကို စဉ်းစားဆင်ခြင်ရန် တမန်တော်တိနှင့် အသင်းတော်လူကြီးရို့သည် အတူတကွ တွိ့ဆုံကြ၏။
ACT 15:7 အချိန်အင်တန်ကြာ အပြန်အလှန် ဆွေးနွေးငြင်းခုံကြပြီးနောက် ပေတရုသည် ထလျက် “ညီအစ်ကို မောင်နှမရို့၊ လူမျိုးခြားတိသည် သတင်းကောင်းတရားကို ကြားနာ၍ ယုံကြည်ခြင်းသို့ ရောက်ကြစီခြင်းငှာ ထိုတရားကို ဟောပြောရန်အတွက် ဘုရားသခင်သည် ရှိ့ဦးစွာအားဖြင့် သင်ရို့အထဲက ငါ့ကို ရွီးကောက်တော်မူသည်ကို သင်ရို့သိကြ၏။
ACT 15:8 ထို့ပြင် လူတိုင်း၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသော ဘုရားသခင်သည် သန့်ယှင်းသောဝိညာဉ်တော်ကို ငါရို့ အားပီးသည့်နည်းတူ သူရို့ကိုလည်း ပီးတော်မူကြောင်းကို ထိုလူမျိုးခြားတိအားဖြင့် သက်သီပြတော်မူ၏။
ACT 15:9 ကိုယ်တော်သည် သူရို့နှင့် ငါရို့ကို ခွဲခြားထားသည် မဟုတ်။ အကြောင်းမူကား သူရို့သည် ယုံကြည်ကြသောကြောင့် ကိုယ်တော်သည် သူရို့၏အပြစ်ကို လွှတ်တော်မူ၏။
ACT 15:10 သို့ဖြစ်၍ သင်ရို့သည် ငါရို့ကိုယ်တိုင်သာမက ငါရို့ အဖိုးအဖီးတိကိုယ်တိုင် မထမ်းနိုင်ခသော ထမ်းပိုးကို ယုံကြည်သူတိ၏ နောက်ကုန်းထက်မှာ တင်ပြီးလျှင် ဇာကြောင့် ဘုရားသခင်ကို မထီလေးစားလုပ်နိန်ကတ်စွာလဲ။
ACT 15:11 ယင်းပိုင် မလုပ်သင့်ပါကား။ အသျှင်ယေသျှု၏ ကျေးဇူးတော်ကြောင့် ငါရို့သည် ကယ်တင်တော်မူခြင်းကို ခံကြရသည်နည်းတူ၊ သူရို့သည်လည်း ခံကြရသည်ကို ငါရို့ ယုံကြည်ကြသည်” ဟူ၍ ပေတရုက ပြောဆို၏။
ACT 15:12 ဗာနဗနှင့် ပေါလုက မိမိရို့အားဖြင့် လူမျိုးခြားတိ၌ ဘုရားသခင်ပြုတော်မူသော နိမိတ်လက္ခဏာတိ၊ အံ့ဩဖွယ်သောအမှုအရာတိကို ပြန်လည်ပြောပြကြသည်ကို ကြားရသောအခါ လူအပေါင်းရို့သည် ဆိတ်ငြိမ်နိန်ကြ၏။
ACT 15:13 သူရို့ ပြောဆိုပြီးမှ၊ ယာကုပ်သည် ထ၍ “ငါ၏ညီအစ်ကို မောင်နှမရို့၊ ငါ့စကားကို နားထောင်ကတ်ပါ။
ACT 15:14 ဘုရားသခင်သည် ရှီးဦးစွာ တခြားလူမျိုးတိထဲက လူတချို့ကို မိမိအဖို့ ကယ်နုတ်တော်မူခြင်းဖြင့် ထိုလူမျိုးခြားတိကို ဇာပိုင် ဂရုစိုက်တော်မူကြောင်း ဖော်ပြသည်ကို သျှိမုန်သည် ဂုတင်က ပြောပြခပြီးယာ။
ACT 15:15 ထိုအကြောင်းအရာသည်လည်း ပရောဖက်တိ ပြောခသော စကားနှင့် လုံးဝ ကိုက်ညီပေ၏။ ကျမ်းစာလာသည်ကား၊
ACT 15:16 “ ‘သခင်ဘုရားမိန့်တော်မူသည်မှာ၊ ငါသည် ပြန်လာပြီးလျှင် ဒါဝိဒ်၏နိုင်ငံကို ပြန်လည် တည်ဆောက်မည်၊ ငါသည် ထိုနိုင်ငံ၏အပျက်အစီးတိကို ပြုပြင်၍ ထိုနိုင်ငံတော်ကို တဖန်ခိုင်ခံ့စီမည်။
ACT 15:17 ပြီးနောက် လူမျိုးအားလုံး ငါ့ပါးသို့ လာကြလိမ့်မည်။ ငါခေါ်ထားသော တခြားလူမျိုးတိအားလုံးသည် ငါ၏လူတိ ဖြစ်လာကြလိမ့်မည်။
ACT 15:18 ဤကား ရှီးကာလကပင် ဤအရာများကို သိတော်မူသော သခင်ဘုရား၏ မိန့်တော်မူချက် ဖြစ်သတည်း။’
ACT 15:19 “ထို့ကြောင့် ငါ့သဘောအတိုင်းဆိုလျှင် ဘုရားသခင်ပါးသို့ ပြောင်းလဲလာကြသည့် တခြားလူမျိုးတိကို ငါရို့က ဒုက္ခ မပီးသင့်ပေ၊
ACT 15:20 ဤသို့ ပြောမည့်အစား၊ ရုပ်တုဆင်းထုတိကို ပူဇော်ပသထားသည့် မစင်ကြယ်သော အစားအစာတိကိုလည်းကောင်း၊ မတရားသောမေထုန်လွန်ကျူးခြင်းကိုလည်းကောင်း၊ လိုင်ပင်းကို ညှစ်၍ သတ်ထားသောတိရစ္ဆာန်တိကိုလည်းကောင်း၊ အသွီးကိုလည်းကောင်း ယှောင်ကြဉ်ကြစီခြင်းငှာ စာရီး၍ သူရို့ကို မှာလိုက်သင့်၏။
ACT 15:21 အကြောင်းမူကား၊ မောသျှေ၏ပညတ္တိကျမ်းကို ဥပုသ်နိ့တိုင်း တရားဇရပ်များတွင် ရွတ်ဖတ်လာကြသည်မှာ အချိန်ကာလ ကြာညောင်းခယာ၊ ထို့အပြင် သူ၏တရားတော်မြတ်ကို မြို့တိုင်းမှာ ဟောပြောလျက်ဟိကြ၏” ဟု ယာကုပ်က ပြောလေ၏။
ACT 15:22 ထို့နောက် တမန်တော်တိ၊ အသင်းတော်လူကြီးတိနှင့် အသင်းတော် တစ်ခုလုံးက မိမိရို့အထဲမှ လူတချို့ကို ရွီးချယ်၍ ပေါလုနှင့် ဗာနဗ ရို့နှင့်အတူ အန္တိအုတ်မြို့သို့ စီရွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုအခါ ယုံကြည်သူများ အလွန်ရိုသီလေးစားကြသော ဗာသျှဗ ခေါ် ယုဒနှင့် သိလကို ရွီးချယ်၍
ACT 15:23 သူရို့နှင့်အတူ စာကို ပို့လိုက်ကြ၏။ ထိုစာ၌၊ “တမန်တော်တိ၊ အသင်းတော်လူကြီးတိနှင့်တကွ သင်ရို့၏ ညီအစ်ကိုတိက အန္တိအုတ်မြို့မှစ၍ ယှုရိပြည်၊ ကိလိကိပြည်၌ နီထိုင်ကြသည့် တခြားလူမျိုးတိဖြစ်သော ငါရို့ ညီအစ်ကို အားလုံးကို နှုတ်ဆက်လိုက်ပါ၏။
ACT 15:24 ငါရို့အထဲက လူတချို့သည် ငါရို့ပါးက ညွှန်ကြားချက် မပီးဘဲ သင်ရို့ပါးသို့ လား၍ သင်ရို့အား စိတ်အနှောင့်အယှက် ဖြစ်စီကြသည်ဟု ငါရို့ ကြားရ၏။
ACT 15:25 သို့ဖြစ်၍ ငါရို့သည် အတူတကွ ဆွေးနွေးတိုင်ပင်ကြပြီးလျှင် လူတချို့ကို ရွီးချယ်၍ သင်ရို့ပါးသို့ စီရွှတ်ရန် အားလုံးက သဘောတူကြ၏။ ထိုသူရို့သည် ငါရို့၏ မိတ်ဆွီဖြစ်သော ဗာနဗသည် ပေါလုနှင့်အတူ ရောက်လာကြလိမ့်မည်။
ACT 15:26 ထိုသူရို့ကား ငါရို့အသျှင် ယေသျှုခရစ်တော်၏ အမှုတော်ကို ဆောင်ခြင်းငှာ မိမိရို့၏အသက်ကို အပ်နှံထားသူများဖြစ်ကြ၏။
ACT 15:27 ထို့နောက် ငါရို့ ရီးပီးလိုက်သောစာအတိုင်း သင်ရို့အား နှုတ်ဖြင့် ပြောပြရန် ယုဒနှင့် သိလကို စီရွှတ်လိုက်၏။
ACT 15:28 သန့်ယှင်းသောဝိညာဉ်တော်သည် လည်းကောင်း၊ ငါရို့သည် လည်းကောင်း ဤသို့သော လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းမှတစ်ပါး အခြားသောဝန်ကို သင်ရို့ထက်မှာ တင်စီခြင်းငှာ မလိုလားအပ်ပေ။
ACT 15:29 ထိုလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများမှာ ရုပ်တုကို ပူဇော်ထားသော ယဇ်ကောင်ကိုလည်းကောင်း၊ အသွီးကိုလည်းကောင်း၊ လိုင်ပင်းညှစ်၍ သတ်ထားသော တိရစ္ဆာန်ကိုလည်း မစားရ။ မတရားသောမေထုန်လွန်ကျူးခြင်းကို ယှောင်ကြဉ်ကြရမည်။ သင်ရို့သည် ဤအရာတိကို မပြုလုပ်ဖို့ ဂရုစိုက်ကြမည်ဆိုလျှင် ကောင်းသောအမှုကို ပြုခြင်းဖြစ်၏။ လိုရာဆန္ဒ ပြည့်ဝကတ်ပါစီ” ဟူ၍ ဖြစ်၏။
ACT 15:30 ထိုစီတမန်များသည် စီရွှတ်လိုက်သည်နှင့်အညီ၊ အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ ယုံကြည်သူအားလုံးကို စုဝေးစီပြီးလျှင် ထိုစာကို သူရို့လက်သို့ ပီးအပ်ကြ၏။
ACT 15:31 ထိုသူရို့သည် စာကို ဖတ်ရသောအခါ ထိုစာ၌ပါသော အားပီးတိုက်တွန်းစကားကြောင့် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြလေ၏။
ACT 15:32 ယုဒနှင့် သိလသည် သူရို့ကိုယ်တိုင် ပရောဖက်တိ ဖြစ်ကြသည်နှင့်အညီ ယုံကြည်သူတိကို အားပီးတိုက်တွန်းကာ အချိန်ကြာမြင့်စွာ ဟောပြောနိန်ခကြ၏။
ACT 15:33 ထိုနီရာ၌ အချိန်အင်တန်ကြာ နီထိုင်ပြီးနောက် ယုံကြည်သူရို့က သူရို့အား ငြိမ်းချမ်းစွာ ပို့ဆောင်လိုက်ကြသဖြင့် သူရို့သည် မိမိရို့ကို စီရွှတ်လိုက်သော သူရို့ပါးသို့ ပြန်လားကြလေ၏။
ACT 15:34 
ACT 15:35 ပေါလုနှင့် ဗာနဗရို့သည် အန္တိအုတ်မြို့၌ အချိန်အင်တန်ကြာ နီထိုင်၍ တခြားသူတိနှင့်အတူ ဆုံးမဩဝါဒပီးခြင်း၊ သခင်ဘုရား၏သတင်းကောင်းတရားကို ဟောပြောခြင်းများကို လုပ်ဆောင်ကြလေ၏။
ACT 15:36 ကာလအင်တန်ကြာသောအခါ ပေါလုက ဗာနဗအား “ငါရို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြောခသည့် မြို့တိုင်းမှာ ဟိကြသော ငါရို့၏ ညီအစ်ကိုမောင်နှမတိ ဇာပိုင် ဟိနိန်ကြသည်ကို မြင်တွိ့လို၍ တဖန် အလည်လား ကြမည်” ဟု ပြော၏။
ACT 15:37 ဗာနဗက ယောဟန် မာကု ကို သူရို့နှင့်အတူ လိုက်စီလို၏။
ACT 15:38 သို့သော်လည်း ပေါလုက သူ့ကို မခေါ်လိုပေ။ အကြောင်းမူကား သူသည် မိမိရို့သာသနာလုပ်ငန်းမှာ မိမိရို့နှင့်အတူ ဆုံးခန်းတိုင်အောင် မလိုက်ဘဲ၊ ပမ်ဖုလိပြည်၌ မိမိရို့ကို ထားပစ်ခပြီး ပြန်လားသောကြောင့်ဖြစ်၏။
ACT 15:39 ထိုအကြောင်းအရာနှင့်ပတ်သက်၍ အချင်းချင်း ပြင်းထန်စွာ အငြင်းပွားကြပြီး သဘောထားကွဲပြားကာ ဗာနဗသည် မာကုကို ခေါ်၍ ကုပရုကျွန်းသို့ ရွက်ရွှင့်လေ၏။
ACT 15:40 ပေါလုသည် သိလကို ရွီးချယ်၍ ထွက်ခွာလားစဉ် ယုံကြည်သူတိက သခင်ဘုရား၏ကျေးဇူးတော်သည် သူရို့၌ တည်စီခြင်းငှာ ဆုတောင်း အပ်နှံကြ၏။
ACT 15:41 သူသည် အသင်းတော်တိကို ခွန်အားပီးလျက် ယှုရိပြည်နှင့် ကိလိကိပြည် တလျှောက် သိလနှင့်အတူ ထွက်ခွာလားလေ၏။
ACT 16:1 ပေါလုသည် ဒေရဗေမြို့သို့ ခရီးထွက်လာခပြီး တိမောသေ ဟုခေါ်သော တပည့်တော်တစ်ယောက် နီထိုင်သည့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုသူ၏အမိသည် ယုဒလူမျိုး ယုံကြည်သူ တစ်ယောက်ဖြစ်ပြီး သူ၏အဖသည်ကား၊ ဟေလသလူမျိုးဖြစ်၏။
ACT 16:2 လုတ္တရမြို့နှင့် ဣကောနိမြို့၌ ဟိသော ယုံကြည်သူ အားလုံး၌ တိမောသေ၏ ဂုဏ်သတင်းသည် ကျော်ဇောလျက်ဟိ၏။
ACT 16:3 ပေါလုသည် တိမောသေကို မိမိနှင့်အတူ ခေါ်လိုသည်ဖြစ်၍ ထိုအရပ်တွင် နီထိုင်ကြသော ယုဒလူမျိုးတိကြောင့် သူ့အား အရီဖျားလှီးခြင်းကို ပီးလေ၏။ အကြောင်းမူကား သူ၏အဖသည် ဟေလသလူမျိုး တစ်ယောက်ဖြစ်သည်ကို သူရို့အားလုံး သိကြ၏။
ACT 16:4 သူရို့သည် တစ်မြို့ဝင် တစ်မြို့ထွက် လှည့်လည်ကာ ယေရုဆလင်မြို့မှ တမန်တော်တိနှင့် အသင်းတော်လူကြီးတိက ဆုံးဖြတ်ချက်ချထားသော စည်းမျဉ်းစည်းကမ်းများကို ယုံကြည်သူတိအား ဖြန့်ဝီပီးကြပြီးလျှင် ဤစည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ကြရန် သူရို့အား နှိုးဆော်ကြ၏။
ACT 16:5 ထို့ကြောင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ သာ၍ ခိုင်မာလာကြပြီးလျှင် အရီအတွက်အားဖြင့်လည်း နိ့စဉ်နိ့တိုင်း တိုးပွားလာကြ၏။
ACT 16:6 အာယှိပြည်၌ နှုတ်ကပတ်တရားတော်ကို ဟောပြောရန် သန့်ယှင်းသောဝိညာဉ်တော်က သူရို့ကို ခွင့်ပြုတော်မမူသောကြောင့် ပေါလုနှင့် သူ၏အပေါင်းအဖော်ရို့သည် ဖြူဂိပြည်နှင့် ဂလာတိပြည်သို့ ခရီးဆက်ကြ၏။
ACT 16:7 သူရို့သည် မုသိနယ်စပ်သို့ ရောက်သောအခါ ဗိသုနိပြည်ထဲသို့ ဝင်ရောက်ဖို့ ကြိုးစားကြသော်လည်း ယေသျှု၏ဝိညာဉ်တော်က သူရို့ကို အခွင့်မပီးခပေ။
ACT 16:8 ထို့ကြောင့် သူရို့သည် မုသိပြည်ကို လျှောက်၍ တရောမြို့သို့ ဆင်းလာကြ၏။
ACT 16:9 ပေါလုသည် ညဉ့်အခါ၌ မာကေဒေါနိပြည်သား တစ်ယောက်က “မာကေဒေါနိပြည်သို့ ကူး၍ ငါရို့ကို ကူညီပါ” ဟု ရပ်လျက် သူအား တောင်းပန်နိန်သော ဗျာဒိတ်ရူပါရုံ တစ်ခုကို မြင်လေ၏။
ACT 16:10 ပေါလုသည် ဤရူပါရုံကို မြင်လျှင်မြင်ချင်း ငါရို့သည် မာကေဒေါနိပြည်သို့ ထွက်ခွာရန် အဆင်သင့်ပျင်ကြ၏။ အကြောင်းမူကား ထိုပြည်၌ဟိသော လူတိအား သတင်းကောင်းတရားကို ဟောကြားခြင်းငှာ ဘုရားသခင် ငါရို့ကို ခေါ်တော်မူသည်ဟု ငါရို့သည် ဆုံးဖြတ်ချက် ချလိုက်ကြသောကြောင့်ဖြစ်၏။
ACT 16:11 ငါရို့သည် တရောမြို့မှ သင်္ဘောဖြင့် ထွက်ခွာ၍ သာမောသရက်ကျွန်းသို့ တည့်တည့်ဖြတ်၍ ရွက်ရွှင့်လာကြရာ နောက်တစ်နိ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။
ACT 16:12 ငါရို့သည် ထိုမြို့မှ ကုန်းကြောင်းခရီးဖြင့် ထွက်လာကြပြီး ဖိလိပ္ပိမြို့သို့ ရောက်ကြ၏။ မာကေဒေါနိပြည်၏ ပထမဆုံး ခရိုင်မြို့ တစ်မြို့ဖြစ်သော ထိုမြို့သည် ရောမလက်အောက်ခံ မြို့တစ်မြို့ဖြစ်၏။ ငါရို့သည် ထိုမြို့၌ ရက်အင်တန်ကြာ နီခကြ၏။
ACT 16:13 ဥပုသ်နိ့၌ ငါရို့သည် ယုဒလူမျိုးများ ဆုတောင်းရန် စုဝေးကြသည့် နီရာတစ်ခု ဟိလိမ့်မည်ဟု စိတ်အထင်ဖြင့် မြို့အပြင်ဖက် မြစ်နားသို့ ထွက်လာကြ၏။ ငါရို့သည် ထိုနီရာ၌ ဝင်ထိုင်ကြပြီးလျှင် စုဝေးနိန်ကြသော မိန်းမတိအား ဟောပြောလေ၏။
ACT 16:14 နီမောင်းသောအထည်များကို ရောင်းချသည့် လုဒိဟုခေါ်သော သွာတိရမြို့သူ တစ်ယောက်သည်လည်း ငါရို့ဟောပြောသော တရားကို ကြားနာကြသောသူရို့ထဲက တစ်ယောက်ဖြစ်၏။ သူမသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော မိန်းမတစ်ယောက်ဖြစ်သည်နှင့်အညီ သခင်ဘုရားသည် ပေါလုဟောသော တရားကို အာရုံဝင်စားစီခြင်းငှာ ထိုမိန်းမ၏စိတ်နှလုံးကို ဖွင့်ပီးတော်မူ၏။
ACT 16:15 ထိုမိန်းမသည် မိမိ၏ အိမ်သူအိမ်သားတိနှင့်အတူ ဗတ္တိဇံကို ခံပြီးနောက် “အကျွန်သည် သခင်ဘုရား၏ စစ်မှန်သော ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု သင်ရို့ သတ်မှတ်လျှင် အကျွန့်အိမ်၌ လာ၍ တည်းကြပါ” ဟု တောင်းပန်၍ သူမသည် ငါရို့အား လိုက်ပါဖို့ရန် ဆွဲဆောင်ပြောဆိုလေ၏။
ACT 16:16 တစ်နိ့သ၌ ငါရို့သည် ဆုတောင်းရာနီရာသို့ လားကြစဉ်တွင် နတ်ဝင်၍ နောင်ဖြစ်လတံ့သောအရာတိကို ဟောပြောခြင်းအားဖြင့် မိမိ၏သခင်အား ဝင်ငွီများစွာ ရှာပီးနိန်သော အစီခံမိန်းမချေတစ်ယောက်သည် ငါရို့ကို တွိ့လေ၏။
ACT 16:17 ထိုအခါ ထိုမိန်းမချေက “ဤသူရို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ အမှုတော်ဆောင်များ ဖြစ်ကြပြီး၊ သင်ရို့အား ကယ်တင်ခြင်းလမ်းကို ဟောပြောနိန်သောသူများဖြစ်ကြ၏” ဟု အော်ဟစ်၍ ပေါလုနှင့် ငါရို့နောက်က လိုက်ပါလာ၏။
ACT 16:18 ထိုမိန်းမ‌ချေသည် ရက်ပေါင်းများစွာ ဤသို့ လုပ်လာသောအခါ ပေါလုသည် ခံပြင်းသောစိတ်ဖြင့် လှည့်ကြည့်ကာ “ယေသျှုခရစ်တော်၏ နာမတော်၌ သင့်ကို ငါ နှင်ထုတ်၏၊ အေမိန်းမချေ ပါးက ထွက်လား” ဟု နတ်ကို အမိန့်ပီးလိုက်သည်နှင့် ထိုနတ်သည် ထိုမိန့်မချေပါးက ချက်ချင်း ထွက်လားလေ၏။
ACT 16:19 ထိုမိန်းမချေ၏ သခင်ရို့က မိမိရို့၏ငွီရပေါက် ပိတ်လားကြောင်းကို သိလားကြသောအခါ ထိုသူရို့က ပေါလုနှင့် သိလကို ဖမ်းဆီး၍ ပြည်သူ့ရင်ပြင်၌ဟိသော အာဏာပိုင်တိပါးသို့ ဆွဲခေါ်လားကြ၏။
ACT 16:20 ရောမအရာဟိတိ ရှိ့သို့ ရောက်သောအခါ ထိုသူရို့က “ဤလူတိသည် ယုဒလူမျိုးတိဖြစ်ကြပြီး အကျွန်ရို့မြို့မှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်နိန်ကြပါ၏၊
ACT 16:21 သူရို့သည် အကျွန်ရို့ ဥပဒေနှင့် ဆန့်ကျင်သော ဓလေ့ထုံးစံတိကို သွန်သင်နိန်ကြပါ၏၊ အကျွန်ရို့သည် ရောမနိုင်ငံသားများဖြစ်၍ ဤဓလေ့ထုံးစံတိကို အကျွန်ရို့ လက်မခံနိုင်ပါ၊ ကျင့်လည်း မကျင့်နိုင်ကြပါ” ဟု လျှောက်ဆိုကြ၏။
ACT 16:22 ထိုအခါ လူအပေါင်းရို့သည် ပေါလုနှင့် သိလ ကို တိုက်ခိုက်ခြင်းငှာ စုဝေးလာကြ၏။ ထို့နောက် အရာဟိတိက ပေါလုနှင့် သိလ၏ အဝတ်ကို ဆွဲချွတ်၍ ကြာပွတ်နှင့် သတ်ခိုင်းကြ၏။
ACT 16:23 ပြင်းထန်စွာ သတ်ကြပြီးနောက် ပေါလုနှင့် သိလကို ထောင်ထဲသို့ သွင်းထားကာ တင်းကြပ်စွာ လှောင်ထားဖို့ရန် ထောင်မှူးကို အမိန့်ပီးထားလိုက်၏။
ACT 16:24 ဤအမိန့်အတိုင်း ထောင်မှူးသည် သူရို့ကို ထောင်အတွင်းခန်းထဲသို့ ဆွဲသွင်းပြီးလျှင် လေးလံသောသစ်သား ထိတ်တုံးဖြင့် သူရို့ခြီထောက်ကို ခတ်ထားလိုက်၏။
ACT 16:25 ညဉ့်သန်းခေါင်အချိန် ခန့်တွင် ပေါလုနှင့် သိလသည် ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြု၍ ချီးမွမ်းတေးခြင်းများကို ဆိုနိန်ကြ၏။ တခြားထောင်သားများကလည်း သူရို့တေးခြင်းကို နားထောင်နိန်ကြ၏။
ACT 16:26 ထိုအခါ ပြင်းထန်သော မြီငလျှင်တစ်ခုသည် ရုတ်တရက် လှုပ်သောကြောင့် ထောင်၏အုတ်မြစ် တုန်လှုပ်ကာ ထောင်တန်းခါးအားလုံးသည် ချက်ချင်း ပွင့်လာကြပြီးလျှင် ထောင်သားအားလုံးသည် ချိုင်ထားသော သံကြိုးမှ လွတ်မြောက်ကြလေ၏။
ACT 16:27 ထောင်မှူးသည် နိုးလာ၍ ထောင်တန်းခါးတိ ပွင့်နိန်သည်ကို မြင်လျှင် ထောင်သားတိ လွတ်မြောက်လားကြပြီဟု ထင်မှတ်ကာ မိမိ၏ဓါးကို ဆွဲထုတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန် ပြုလေ၏။
ACT 16:28 သို့ရာတွင် ပေါလုက “ကိုယ့်ကိုယ်ကို အန္တရာယ် မပြုကေ့။ ငါရို့ အားလုံး ဤနီရာ၌ပင် ဟိကြ၏” ဟု ကျယ်သောအသံနှင့် အော်ပြောလေ၏။
ACT 16:29 ထောင်မှူးသည် မီးခွက်တစ်ခုကို တောင်း၍ ထောင်ထဲသို့ ဗြီးဝင်ပြီးလျှင် ပေါလုနှင့် သိလရို့၏ခြီရင်း၌ တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။
ACT 16:30 ထို့နောက် ထောင်မှူးသည် သူရို့ကို အပြင်သို့ ခေါ်ထုတ်လာပြီးလျှင် “ဆရာရို့၊ အကျွန်သည် ကယ်တင်ခြင်းရရန် ဇာလုပ်ရပါဖို့လဲ” ဟု မိန်းလျှောက်၏။
ACT 16:31 ထိုအခါ သူရို့က “အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပြော၏။
ACT 16:32 ထို့နောက် ပေါလုနှင့် သိလသည် ထောင်မှူးနှင့် သူ၏အိမ်သူအိမ်သားအားလုံးကို သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
ACT 16:33 ထိုညဉ့်အချိန်၌ပင် ထောင်မှူးသည် ပေါလုနှင့်သိလကို ထုတ်ယူ၍ သူရို့၏ဒဏ်ရာများကို ဆီးကြောပီးလေ၏။ ထို့နောက် သူနှင့် သူ၏မိသားစုအားလုံးသည် ချက်ချင်း ဗတ္တိဇံကို ခံယူကြ၏။
ACT 16:34 ထို့နောက် ထောင်မှူးသည် ပေါလုနှင့် သိလကို မိမိအိမ် အထက်ခန်းသို့ ဖိတ်ခေါ်၍ အစားအစာကို ကျွေးမွေးလေ၏၊ အဂုတွင် သူနှင့် သူ့မိသားစုအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသောကြောင့် ဝမ်းမြောက်မှုနှင့် ပြည့်စုံကြလေ၏။
ACT 16:35 မိုးလင်းသောအခါ ရောမအာဏာပိုင်များသည် ရုံးလုလင်တိကို စီရွှတ်ကာ “ထိုသူရို့ကို ရွှတ်ပီးလိုက်” ဟု မိန့်မှာလိုက်၏။
ACT 16:36 ထို့ကြောင့် ထောင်မှူးက ပေါလုအား “အရာဟိတိက သင်နှင့် သိလအား ရွှတ်ရန် အမိန့်ပီးလိုက်၏၊ ထို့ကြောင့် သင်ရို့သည် ငြိမ်းချမ်းစွာဖြင့် ထွက်ခွာ၍ လားကတ်လီဖိ” ဟု ပြောလေ၏။
ACT 16:37 သို့ရာတွင် ပေါလုက “ငါရို့မှာ ဒုစရိုက်အပြစ် တစ်ခုမျှ မတွိ့သော်လည်း သူရို့သည် ရောမနိုင်ငံသားဖြစ်သော ငါရို့ကို လူသိသျှင်ကြား တုတ်ဖြင့် သတ်ကာ ထောင်ထဲမှာ လှောင်ထားကြ၏။ အဂုခါ သူရို့သည် ငါရို့ကို လျှို့ဝှက်စွာဖြင့် နှင်ထုတ်လိုကြ၏၊ ယင်းပိုင်လုပ်လို့မရ။ ရောမအရာဟိတိ ကိုယ်တိုင် ဤနီရာသို့ လာပြီးလျှင် ငါရို့ကို လွှတ်ပီးရမည်” ဟု ရုံးလုလင်တိအား ပြောလေ၏။
ACT 16:38 ဤစကားကို ရုံးလုလင်တိက ရောမအရာဟိတိပါးသို့ သတင်းပို့လိုက်သောအခါ ပေါလုနှင့် သိလရို့သည် ရောမနိုင်ငံသားတိဖြစ်ကြောင်းကို သူရို့သည် ကြားသိကြလျှင် သူရို့သည် ကြောက်လန့်ကြရလေ၏။
ACT 16:39 ထို့ကြောင့် သူရို့သည် ပေါလုနှင့် သိလပါးသို့ ရောက်လာကြပြီးလျှင် သူရို့ကို တောင်းပန်ပြီးနောက် ထောင်ထဲက ထုတ်ကာ ဤမြို့မှ ထွက်လားကြရန် မေတ္တာရပ်ခံကြလေ၏။
ACT 16:40 ထိုအခါ ပေါလုနှင့် သိလသည် ထောင်မှ ထွက်၍ လုဒိအိမ်သို့ လားကြ၏။ ထိုနီရာ၌ ဟိသော ယုံကြည်သူတိနှင့် တွိ့ဆုံပြီး၊ သူရို့ကို အားပီးစကားများ ပြောဆိုပြီးမှ ထိုအရပ်မှ ထွက်လားကြလေ၏။
ACT 17:1 ပေါလုနှင့် သိလသည် အံဖိပေါလိမြို့နှင့် အာပေါလောနိမြို့ကို လှည့်လည်လာကြပြီးလျှင် သက်သာလောနိတ်မြို့သို့ ရောက်လာကြ၏။ ထိုမြို့၌ ယုဒတရားဇရပ် တစ်ခု ဟိလေ၏။
ACT 17:2 ပေါလုသည် မိမိပြုလေ့ဟိသည့်အတိုင်း တရားဇရပ်သို့ လား၍ ခရစ်တော်သည် ဒုက္ခဝေဒနာကို ခံယူပြီးမှ အသီခံခြင်းက ထမြောက်တော်မူမည့်အကြောင်းကို ကျမ်းစာကို အမှီပြု၍ ယှင်းပြပြီး ဥပုသ် သုံးပတ်တိုင်တိုင် လူတိနှင့် ဆွေးနွေးလေ၏။ ပေါလုက “ငါသည် သင်ရို့အား ဟောပြောနိန်သော ယေသျှုသည်ကား ကယ်တင်သျှင်ဖြစ်၏” ဟူ၍ ဆိုလေ၏။
ACT 17:4 ထိုသူများအထဲမှ တချို့သည် ယုံကြည်လာကြသည်ဖြစ်၍ ပေါလုနှင့် သိလပါးသို့ လာရောက် ပေါင်းဖော်ကြ၏။ ဘုရားသခင်ကို ကိုးကွယ်ကြသော ဟေလသလူမျိုးအပေါင်းရို့နှင့် အမျိုးသမီးခေါင်းဆောင်ရို့လည်း ပါဝင်လာကြ၏။
ACT 17:5 သို့ရာတွင် ယုဒလူမျိုးတချို့သည် မနာလို ဖြစ်ကြသဖြင့်၊ လမ်းကြိုလမ်းကြားမှ အသုံးမကျသော ဆိုးသောသူအချို့ကို စုစည်းကာ ရုန်းရင်းဆန်ခတ်ပြုကြရန် ဖန်တီးကြသည်ဖြစ်၍ တစ်မြို့လုံးသည် ရုတ်ရုတ်သဲသဲဖြစ်လျက်ဟိ၏။ သူရို့သည် ယာသုန်၏အိမ်ကို ဝင်၍ ပေါလုနှင့် သိလကို လူတိရှိ့သို့ ဆွဲထုတ်ရန် ရှာဖွီကာ တိုက်ခိုက်ကြ၏။
ACT 17:6 သို့ရာတွင် သူရို့သည် ပေါလုနှင့် သိလကို ရှာမတွိ့ကြသောအခါ ယာသုန်နှင့် ယုံကြည်သူတချို့ကို မြို့အုပ်ချုပ်သူ အာဏာပိုင်တိရှိ့သို့ ဆွဲထုတ်ကာ “ဤလူတိသည် နီရာတိုင်းမှာ ပြဿနာ ဖြစ်စီခြင်းငှာ လုပ်ဆောင်ကြ၏။ အဂုတွင် ဤသူရို့သည် အကျွန်ရို့မြို့သို့ ရောက်လာကြပြီး
ACT 17:7 ယာသုန်သည် သူရို့ကို မိမိ၏အိမ်၌ လက်ခံထား၏။ သူရို့သည် ဧကရာဇ်မင်း၏ ဥပဒေများကို ချိုးဖောက်၍ ယေသျှုဟု နာမည်ဟိသည့် တခြားသော သျှင်ဘုရင်တစ်ပါး ဟိသိမ့်ကြောင်း ပြောဆိုနိန်ကြပါ၏” ဟု အော်ဟစ် ပြောဆိုကြ၏။
ACT 17:8 သူရို့သည် ဤသို့သော စကားများဖြင့် မြို့အုပ်ချုပ်သူ အာဏာပိုင်တိနှင့် လူအများကို အုတ်အုတ်သဲသဲဖြစ်စီရန် သိမ်းသွင်းကြလေ၏။
ACT 17:9 အာဏာပိုင်များက ယာသုန်နှင့် တခြားလူတိအား အာမခံငွီများကို ပီးဆောင်စီပြီးလျှင် ပြန်လွှတ်လိုက်ကြ၏။
ACT 17:10 ညဉ့်အချိန် ရောက်လျှင်ရောက်ချင်း၊ ယုံကြည်သူတိက ပေါလုနှင့် သိလကို ဗေရိမြို့သို့ ပို့ဆောင်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် သူရို့သည် ယုဒ တရားဇရပ်သို့ ဝင်ကြ၏။
ACT 17:11 ဗေရိ မြို့သူမြို့သားရို့သည် သက်သာလောနိတ် မြို့သူမြို့သားတိထက်မက သာ၍ ကြည်ညိုစိတ်ဟိကြသည်ဖြစ်၍ သူရို့သည် နှုတ်ကပတ်တရားတော်ကို စိတ်အားထက်သန်စွာ ခံယူကြပြီးလျှင် ပေါလုပြောသည်မှာ မှန်၏၊ မမှန်၏ကို သိခြင်းငှာ ကျမ်းစာကို နိ့စဉ်နိ့တိုင်း လေ့လာဆန်းစစ်ကြလေ၏။
ACT 17:12 ထို့ကြောင့်၊ သူရို့အထဲမှ များစွာသောလူရို့သည် ယုံကြည်လာကြ၏။ များစွာသော အထက်တန်းလွှာ ဟေလသမိန်းမနှင့် ယောက်ျားရို့သည်လည်း ယုံကြည်လာကြ၏။
ACT 17:13 သို့ရာတွင် ပေါလုသည် ဗေရိမြို့၌လည်း ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောနိန်သည်ကို သက်သာလောနိတ်မြို့သား ယုဒလူမျိုးများက ကြားသိကြလျှင် သူရို့သည် ဗေရိမြို့သို့ ရောက်လာ၍ လူအပေါင်းရို့အား သွီးထိုး၍ ဆူပူမှုဖြစ်စီရန် လှုံ့ဆော်ကြ၏။
ACT 17:14 ထို့ကြောင့် ယုံကြည်သူများက ပေါလုကို ပင်လယ်ကမ်းခြီသို့ ချက်ချင်း ပို့ဆောင်လိုက်ကြ၏။ သို့ရာတွင် သိလနှင့် တိမောသေ နှစ်ယောက်တည်း ဗေရိမြို့၌ ကျန်လိုက်ခ၏။
ACT 17:15 ပေါလုကို လိုက်ပို့သောသူရို့သည် အေသင်မြို့တိုင်အောင် လိုက်ပို့ကြပြီးနောက် သိလနှင့် တိမောသေအား မိမိပါးသို့ တတ်နိုင်သလောက် အလျင်အမြန် လိုက်လာကြရန် ပေါလု၏အမှာစာကို ယူဆောင်၍ သူရို့သည် ဗေရိမြို့သို့ ပြန်လာကြလေ၏။
ACT 17:16 ပေါလုသည် အေသင်မြို့၌ သိလနှင့် တိမောသေကို စောင့်နိန်စဉ်၊ ထိုမြို့ တစ်မြို့လုံး၌ ရုပ်တုများနှင့် ပြည့်လျက်ဟိသည်ကို မြင်လျှင် သူသည် အလွန် စိတ်ပျက်ရလေ၏။
ACT 17:17 ထို့ကြောင့် သူသည် တရားဇရပ်၌ ယုဒလူမျိုးရို့အပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသော တခြားလူမျိုးရို့နှင့် လည်းကောင်း၊ လူအများ စုဝေးရာအရပ်၌ နိ့တိုင်း တွိ့သမျှသော သူတိနှင့် လည်းကောင်း ဆွေးနွေးပြောဆိုခြင်းများ လုပ်ဆောင်လေ၏။
ACT 17:18 ဧပိကုရု၏တပည့်တိနှင့် သတောအိတ်ဟု ခေါ်သော အတွေးအခေါ်ပညာသျှင်ရို့သည်လည်း ပေါလုနှင့် ဆွေးနွေးငြင်းခုံခြင်းငှာ စတင်ကြလေ၏။ အချို့က “ဤစကားအိုးသည် ဇာအကြောင်းကို ပြောပြဖို့ ကြိုးစားနိန်စွာလဲ” ဟု ဆို၏။ အချို့ကလည်း “ဤသူသည် နိုင်ငံခြားနတ်ဘုရားတိ အကြောင်းကို ပြောဆိုနိန်ပုံရ၏” ဟု ဆိုကြ၏။ သူရို့က ဤသို့ ပြောဆိုရသည့်အကြောင်းမှာ၊ ပေါလုသည် ယေသျှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သတင်းကောင်းကို ဟောပြောနိန်ခြင်းကြောင့် ဖြစ်၏။
ACT 17:19 ထို့ကြောင့် ထိုသူရို့သည် အာရေတောင်၌ဟိသော မြို့တော်ကောင်စီရှိ့သို့ ပေါလုကို ခေါ်လာကြပြီးလျှင် “သင် ဟောပြောနိန်သော ဤအယူဝါဒသစ်ကို ငါရို့ သိချင်ပါ၏။
ACT 17:20 သင် ပြောနိန်သောအရာတိကို ငါရို့ ကြားရသည်မှာ တချို့သည် ငါရို့အတွက် အထူးအဆန်း ဖြစ်နိန်ပါ၏။ ထိုအရာတိကား ဇာကို ဆိုလိုသည်ကို ငါရို့ သိချင်ပါ၏” ဟု ဆိုကြ၏။
ACT 17:21 အေသင်မြို့သူမြို့သားအပေါင်းနှင့် ထိုမြို့၌ နီထိုင်ကြသော တပါးအမျိုးသားများသည် အသစ်သော သတင်းစကားများကို နားထောင်ယင်း၊ ပြောကြားယင်းဖြင့် မိမိရို့၏ အချိန်ကာလအားလုံးကို အသုံးချရန် လိုလားကြလေ၏။
ACT 17:22 ထိုအခါ ပေါလုသည် အာရေတောင် မြို့တော်ကောင်စီရှိ့၌ မတ်တပ်ရပ်လျက် “အေသင်မြို့သူမြို့သားအပေါင်းရို့၊ သင်ရို့သည် နည်းအမျိုးမျိုးနှင့် ဘာသာတရားတိကို အလွန်ကြည်ညိုကြသည်ကို ငါ သိမြင်ရပါ၏။
ACT 17:23 အကြောင်းမူကား ငါသည် သင်ရို့မြို့ကို လှည့်လည်ပြီး သင်ရို့ ကိုးကွယ်ဝတ်ပြုကြသည့်အရာတိကို ကြည့်သောအခါ၌ ‘ငါရို့မသိသောဘုရားသခင်အတွက်’ ဟူ၍ ကမ္ပည်းထိုးထားသော ယဇ်ပလ္လင်တစ်ခုကို တွိ့ပါ၏။ သင်ရို့သည် မသိဘဲလျက် ကိုးကွယ်နိန်ကြသော ဘုရားအကြောင်းကို အဂု ငါ ဟောပြောပါမည်။
ACT 17:24 လောကနှင့်တကွ လောက၌ ဟိသမျှတိကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့် မြီကြီး၏ အသျှင်သခင်လည်း ဖြစ်တော်မူ၏။ ထိုဘုရားသခင်သည် လူလက်ဖြင့် တည်ဆောက်သော ဗိမာန်တော်များ၌ ကိန်းဝပ်တော်မူသည် မဟုတ်။
ACT 17:25 ထို့နောက် ထိုဘုရားသခင်သည် လူတိအား အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတိကို ပီးတော်မူသော အသျှင်ဖြစ်သောကြောင့် ကိုယ်တော်သည် လူသားတိက ဆောင်ရွက်ပီးသော မည်သည့် အထောက်အပံ့ကိုမျှ မလိုအပ်ပေ။
ACT 17:26 ထိုဘုရားသခင်သည် လူတစ်ဦး တစ်ယောက်မှစ၍ မြီကြီးထက်မှာ ဟိသမျှသော လူမျိုးအားလုံးကို ဖန်ဆင်းတော်မူ၍ သူရို့ကို မြီကြီးတစ်ပြင်လုံး၌ အသက်ရှင်ခွင့် ပီးတော်မူ၏။ ဘုရားသခင်သည် သူရို့၏ အချိန်ကာလနှင့် နီရာဒေသ အပိုင်းအခြားကို သူကိုယ်တိုင် ကြိုတင်၍ သတ်မှတ်ပီးထားတော်မူ၏။
ACT 17:27 အကြောင်းမူကား ဘုရားသခင်သည် လူတိက ကိုယ်တော့်ကို ရှာဖွီ၍ အထံတော်သို့ ရောက်ဟိပြီးလျှင် ကိုယ်တော့်ကို တွိ့ကောင်းတွိ့နိုင်စီခြင်းငှာ ဤသို့ ပြုတော်မူခြင်း ဖြစ်၏။ အမှန်အားဖြင့် ဘုရားသခင်သည် ငါရို့ထဲက မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ဝီးတော်မမူပေ။
ACT 17:28 ထို့ကြောင့် ဆိုရိုးစကား ဟိသည်မှာ၊ “ ‘ငါရို့သည် ဘုရားသခင်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ဟိကြ၏။’ သင်ရို့၏ လင်္ကာဆရာများထဲက တစ်စုံတစ်ယောက် ဖွဲ့ဆိုထားသည်မှာ၊ ‘ငါရို့သည်ကား ဘုရားသားသမီးတိ ဖြစ်ကြ၏၊’ ဟူ၍ ဖြစ်၏။
ACT 17:29 ငါရို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် ဘုရားသခင်၏ ဇာတိတော်သည် လူ၏ အသိပညာ၊ အတတ်ပညာအားဖြင့် ထုလုပ်ထားသော ရွှီရုပ်တု သို့မဟုတ် ငွီရုပ်တု သို့မဟုတ် ကျောက်ရုပ်တု စသည့် မည်သည့် ရုပ်တုနှင့်မျှ တူတော်မူသည်ဟု မယူဆအပ်ပေ။
ACT 17:30 လူတိသည် အတိတ်ကာလက ဘုရားကို မသိခသည်ကို ဘုရားသခင်သည် အပြစ်မယူခပေ၊ သို့သော်လည်း အဂုတွင် မြီကြီးတစ်ပြင်လုံး၌ ဟိကြကုန်သော လူသားအားလုံးကို မိမိရို့၏အပြစ်မှ နောင်တရကြရန် ဘုရားသခင် မိန့်တော်မူလျက်ဟိ၏။
ACT 17:31 ဘုရားသခင်သည် သူရွီးချယ်ထားသော သူတစ်ယောက်အားဖြင့် လောကလူသားအာလုံးကို ဖြောင့်မတ်ခြင်း တရားတော်နှင့်အညီ တရားစီရင်မည့် နိ့ရက်ကို သတ်မှတ်ထားပြီးဖြစ်၏။ ထိုသူကို အသီခံခြင်းမှ ရှင်ပြန်ထမြောက် စီတော်မူသောအားဖြင့် လူတိုင်းအား ဤသက်သီကို ပြတော်မူပြီးပြီ” ဟု ပေါလုက ဟောပြောလေ၏။
ACT 17:32 သူရို့သည် ပေါလုပြောသည့် အသီခံခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားလျှင် အချို့က ပေါလုကို လှောင်ပြောင်သရော်ကြ၏။ အချို့က “သင်ပြောသည့် အကြောင်းအရာတိကို နောက်တစ်ခါ အကျွန်ရို့ နားထောင်ချင်သိမ့်၏” ဟု ဆိုကြ၏။
ACT 17:33 ထိုသို့ ပြောဆိုကြသောကြောင့် ပေါလုသည် ထိုအစည်းအဝေးပွဲမှ ထွက်လားလေ၏။
ACT 17:34 လူအချို့သည် ပေါလုနှင့် မိတ်ဖွဲ့၍ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတိမှာ ဒယောနုသိ ဟုခေါ်ကြသော အာရေတောင်ကောင်စီဝင် တစ်ယောက်နှင့် ဒမောရိ ဟုခေါ်ကြသော မိန်းမတစ်ယောက်အပြင် အခြားသူတိလည်း ပါကြ၏။
ACT 18:1 ထို့နောက် ပေါလုသည် အေသင်မြို့မှ ထွက်ခွာ၍ ကောရိန္သုမြို့သို့ ရောက်၏။
ACT 18:2 ထိုအခါ ကလောဒိမင်းက ယုဒလူမျိုးတိအားလုံး ရောမမြို့မှ ထွက်လားရမည်ဟု အမိန့်တော်ထုတ်လိုက်သောကြောင့် မိမိမယား ပြစ်ကိလနှင့်အတူ ဣတလိပြည်မှ မကြာခင်က ထွက်ခွာလာခသော ပုန္တုပြည်သား အာကုလ ဟုခေါ်သည့် ယုဒလူမျိုးတစ်ယောက်နှင့် သူသည် တွိ့ဆုံလေ၏။ ပေါလုသည် သူရို့နှင့်တွိ့ဆုံရန် သူရို့ပါးသို့ လားလေ၏၊
ACT 18:3 အကြောင်းမူကား သူသည် တဲရှင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိမိ၏အသက်မွီးဝမ်းကျောင်းအတွက် ဝင်ငွီရှာသူဖြစ်၍ အလုပ်ချင်း တူသောကြောင့် သူရို့နှင့်အတူ နီထိုင်ကာ အလုပ်လုပ်လေ၏။
ACT 18:4 ပေါလုသည် ယုဒနှင့် ဟေလသလူမျိုးတိကို ယုံကြည်လာကြစီရန် ဆွဲဆောင်သည့်အနေဖြင့် ဥပုသ်နိ့တိုင်း တရားဇရပ်၌ တရားဆွေးနွေးခြင်းများကို ကျင်းပလေ၏။
ACT 18:5 သိလနှင့် တိမောသေသည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် ယုဒလူမျိုးတိအား ယေသျှုသည် မေသျှိယ ဖြစ်ကြောင်းကို သက်သီခံလျက် မိမိအချိန်အားလုံး၌ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်လေ၏။
ACT 18:6 ယုဒလူမျိုးများက ပေါလုကို ကဲ့ရဲ့ပြောဆို၍ ဆန့်ကျင်ကြသောအခါ သူသည် မိမိ၏အဝတ်များမှ ဖုန်ကို ခါချလိုက်ပြီးလျှင် “သင်ရို့သည် ပျက်စီးခြင်းသို့ရောက်လျှင် သင်ရို့အပြစ်အတွက် သင်ရို့ကိုယ်တိုင် ခံယူကြရမည်၊ ငါ့မှာ တာဝန်မဟိယာ၊ အဂုမှစ၍ ငါသည် တခြားလူမျိုးတိ ပါးသို့ လားရဦးမည်” ဟု ဆိုလေ၏။
ACT 18:7 ထို့နောက် သူရို့ကို ထားခပြီးလျှင် ထာဝရဘုရားသခင်ကို ကိုးကွယ်သည့် တိတု ယုတ္တု ဟူ၍ အမည်ဟိသော တစ်ပါးအမျိုးသားတစ်ယောက်၏အိမ်၌ နီထိုင်ရန်လားလေ၏။ သူ၏အိမ်သည် တရားဇရပ်နှင့် ကပ်လျက်ဟိ၏။
ACT 18:8 တရားဇရပ်မှူး ကရိပ္ပုသည် မိမိ၏အိမ်သူအိမ်သားအားလုံးနှင့် အတူတကွ သခင်ဘုရား၌ ယုံကြည်ကြလေ၏။ ထို့အပြင် တခြားသော ကောရိန္သုမြို့သူ မြို့သားများ များစွာရို့သည်လည်း သတင်းကောင်းတရားကို ကြားနာရကြသည်ဖြစ်၍ ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် ဗတ္တိဇံကို ခံကြလေ၏။
ACT 18:9 တစ်ညတွင် ပေါလုသည် ဗျာဒိတ်ရူပါရုံတစ်ခုကို မြင်လေ၏၊ ထိုရူပါရုံ၌ သူ့အား အသျှင်ဘုရားက ပြောသည်မှာ “မကြောက်ကေ့၊ ဆက်လက်၍ ဟောပြောလော့၊ လက်မြှောက်အရှုံးမပီးကေ့၊
ACT 18:10 အကြောင်းမူကား ငါသည် သင်နှင့် အတူဟိ၏၊ မည်သူတစ်ဦး တစ်ယောက်မျှ သင့်ကို ညှဉ်းဆဲခြင်းငှာ မတတ်နိုင်၊ ဤမြို့၌ ငါ၏လူတိ များစွာ ဟိကြ၏” ဟူ၍ ဖြစ်၏။
ACT 18:11 ထို့ကြောင့် ပေါလုသည် ထိုမြို့၌ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူတိအား ဟောပြောသွန်သင်ကာ တစ်နှစ်ခွဲကြာ နီခလေ၏။
ACT 18:12 ဂါလျုန်ကို အခါယပြည်၏ ရောမဘုရင်ခံ မြှောက်လိုက်သောအခါ ယုဒလူမျိုးများသည် ကောရိန္သုမြို့သို့ စုရုံး၍ ရောက်လာကြပြီး ပေါလုကို ဖမ်းဆီး၍ တရားပလ္လင်ရှိ့သို့ ခေါ်ဆောင်လားကြ၏။
ACT 18:13 သူရို့က “ဤသူသည် ပညတ်တရားကို ဆန့်ကျင်၍ ဘုရားသခင်ကို ဝတ်ပြုခြင်းငှာ လူတိကို ဆွဲဆောင် သိမ်းသွင်းနိန်၏” ဟု လျှောက်တင်ကြ၏။
ACT 18:14 ပေါလု ပြောဖို့ လုပ်သောအခါ ဂါလျုန်က ယုဒလူမျိုးတိအား “ကျူးလွန်ခသော ရာဇဝတ်ပြစ်မှုတချို့ သို့တည်းမဟုတ် မှားယွင်းမှုတချို့ ဟိခလျှင် သင်ရို့ ယုဒလူမျိုးတိကို ငါ့အတွက် သည်းခံနိုင်စရာ အကြောင်းဟိလိမ့်မည်၊
ACT 18:15 သို့ရာတွင် သင်ရို့၏ယုဒဘာသာရေးနှင့်ဆိုင်သော စကားလုံးတိ၊ အမည်နာမတိ၊ ပညတ်တရားတိနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်သောကြောင့် သင်ရို့၏ကိစ္စကို သင်ရို့ရာ ဖြေယှင်းကြ၊ ငါသည် ဤကိစ္စကို တရားစီရင်လိမ့်မည် မဟုတ်” ဟု ဆိုလျက်၊
ACT 18:16 ယုဒလူမျိုးတိကို တရားပလ္လင်မှ မောင်းထုတ်လိုက်၏။
ACT 18:17 ထိုအခါ သူရို့အားလုံးသည် တရားဇရပ်မှူး သုဿင်ကို ဖမ်းဆီး၍ တရားရုံးရှိ့၌ သတ်ပုတ်ကြ၏။ ထိုသို့ ပြုကြသော်လည်း မြို့ဝန်မင်း ဂါလျုန်သည်ကား မျက်ကွယ်ပြုထားလေ၏။
ACT 18:18 ပေါလုသည် ကောရိန္သုမြို့၌ ယုံကြည်သူများနှင့် ရက်အတန်ကြာ နီထိုင်ပြီး ပြစ်ကိလနှင့် အာကုလနှင့်အတူ ယှုရိပြည်သို့ ရွက်ရွှင့်ကြလေ၏။ ကင်ခြေမြို့မှ ရွက်ရွှင့်မထွက်ခွာခင် သစ္စာကတိ ပြုထားခသည် နှင့်အညီ ပေါလုသည် မိမိဂေါင်းကို ရိတ်လေ၏။
ACT 18:19 သူရို့သည် ဧဖက်မြို့သို့ ရောက်သောအခါ ပေါလုသည် ပြစ်ကုလနှင့် အာကုလကို ထိုမြို့၌ ထားခပြီးလျှင် တရားဇရပ်သို့ ဝင်ရောက်၍ ယုဒလူမျိုးများနှင့် ဆွေးနွေးခြင်းကို ပြုလေ၏။
ACT 18:20 ထိုသူရို့က ပေါလုအား ကာလအတန်ကြာ နီစီခြင်းငှာ တောင်းပန်သော်လည်း သူက မလိုက်လျော့ခပေ။
ACT 18:21 သူထွက်ခွာချိန်၌ “ဘုရားသခင်အလိုတော်ဟိလျှင် သင်ရို့ပါးသို့ ငါ ပြန်လာဦးမည်” ဟူ၍ သူသည် ကတိပြုပြီးလျှင် ဧဖက်မြို့မှ ရွက်ရွင့်လေ၏။
ACT 18:22 သူသည် ကဲသရိမြို့သို့ ဆိုက်ကပ်ပြီးလျှင် ယေရုဆလင်မြို့သို့ တက်၍ အသင်းတော်ကို နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းလားလေ၏။
ACT 18:23 သူသည် ထိုမြို့၌ အင်တန်ကြာ နီထိုင်ပြီးနောက် ထွက်ခွာလာပြီးလျှင် ယုံကြည်သူအပေါင်းရို့အား ခွန်အားပီးယင်း ဂလာတိနယ်နှင့် ဖြူဂိနယ် တလျှောက်လုံး၌ လှည့်လည်ခလေ၏။
ACT 18:24 ထိုအချိန်၌ အာပေါလုဟု အမည်တွင်သော အာလေဇန္ဒြိမြို့၌ မွီးဖွားသည့် ယုဒလူမျိုး တစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ ထိုသူသည် စကားပြောကောင်းသူ တစ်ယောက်ဖြစ်သည့်အပြင် ကျမ်းစာ ဗဟုသုတ ကြွယ်ဝသောသူတစ်ယောက်လည်းဖြစ်၏။
ACT 18:25 သူသည် သခင်ဘုရား၏လမ်းစဉ်ကို နာခံထားပြီးလျှင် စိတ်အားထက်သန်စွာ ဟောပြောလျက် ယေသျှုအကြောင်း ဖြစ်ရပ်မှန်များကို မှန်ကန်စွာ သွန်သင်ပီး၏။ သို့သော်လည်း သူသည် ယောဟန်၏ ဗတ္တိဇံတရားကိုသာ သိ၏။
ACT 18:26 ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာဖြင့် ဟောပြောခြင်းငှာ စတင်လေ၏။ ပြစ်ကိလနှင့် အာကုလရို့သည် သူဟောပြောသည်ကို ကြားသောအခါ ထိုသူ့ကို မိမိရို့အိမ်သို့ ခေါ်ယူ၍ ဘုရားသခင်၏တရားလမ်းကို သာ၍ မှန်ကန်စွာ သိစီခြင်းငှာ သူ့အား ယှင်းပြကြ၏။
ACT 18:27 ထို့နောက် အာပေါလုက အခါယနယ်သို့ လားရန် ဆုံးဖြတ်လိုက်သောကြောင့် ဧဖက်မြို့မှ ယုံကြည်သူများက အခါယနယ်မှာ ဟိကြသော ယုံကြည်သူများပါးသို့ သူ့အား ကြိုဆိုလက်ခံကြစီခြင်းငှာ တိုက်တွန်းစာရီး၍ ထိုသူကို ကူညီလိုက်ကြ၏။ အာပေါလု ရောက်လားသောအခါ သူသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယုံကြည်သူ ဖြစ်လာကြသောသူများအတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်လေ၏။
ACT 18:28 အကြောင်းမူကား သူက ယေသျှုသည် မေသျှိယ ဖြစ်တော်မူကြောင်းကို ကျမ်းစာကို သက်သီပြုကာ မိမိ၏ခိုင်မာသော ချေပပြောဆိုမှုများဖြင့် ယုဒလူမျိုးများ၏ဝေဖန်ဆွေးနွေးမှုများကို လူအများရှိ့မှာ အနိုင်ရလေ၏။
ACT 19:1 အာပေါလုသည် ကောရိန္သုမြို့တွင် ဟိနိန်စဉ် ပေါလုသည် ကုန်းမြင့်ပိုင်းဒေသ တလျှောက်သို့ လှည့်လည်ပြီးနောက် ဧဖက်မြို့သို့ ရောက်ဟိလာ၏။ သူသည် ထိုမြို့၌ တပည့်တော် တချို့ကိုလည်း တွိ့၏။
ACT 19:2 ထိုအခါ ပေါလုက “သင်ရို့သည် ယုံကြည်သူများ ဖြစ်လာကြပြီးနောက် သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူယာလား” ဟု မိန်းလျှင်၊ သူရို့က “အကျွန်ရို့သည် သန့်ယှင်းသောဝိညာဉ်တော် ဟုဆိုသည်ကို တစ်ခါမျှ မကြားဖူးပါ” ဟု ပြောကြ၏။
ACT 19:3 ပေါလုကလည်း “သို့ဖြစ်လျှင်၊ သင်ရို့ ခံသော ဗတ္တိဇံကား ဇာပိုင် မျိုးနည်း” ဟု မိန်းလျှင်၊ သူရို့ကလည်း “ယောဟန်၏ ဗတ္တိဇံကို ခံယူပါ၏” ဟု ပြောဆိုကြ၏။
ACT 19:4 ထိုအခါ ပေါလုက “ယောဟန်၏ ဗတ္တိဇံသည် နောင်တတရားနှင့်ဆိုင်သော ဗတ္တိဇံ ဖြစ်၏။ ယောဟန်က၊ မိမိနောက်၌ ကြွလာတော်မူမည့် သူကို ယုံကြည်စီခြင်းငှာ ဣသရေလလူရို့အား ဟောပြောခ၏။ ထိုအသျှင်သည်ကား ယေသျှုပေတည်း” ဟု ဆို၏။
ACT 19:5 ထိုသူရို့သည် ထိုစကားကို ကြားလျှင် အသျှင်ယေသျှု၏ နာမ၌ ဗတ္တိဇံကို ခံယူကြ၏။
ACT 19:6 ပေါလုသည် သူရို့၏ ဂေါင်းထက်တွင် လက်ကို တင်လိုက်သောအခါ သန့်ယှင်းသောဝိညာဉ်တော်သည် သူရို့အထက်၌ သက်ရောက်လေ၏။ ထိုအခါ သူရို့သည် ထူးဆန်းသော ဘာသာစကားများဖြင့် ပြောကြပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကိုလည်း ဟောပြောကြေငြာကြ၏။
ACT 19:7 ထိုသူအပေါင်းရို့သည် တစ်ဆယ့်နှစ်ယောက်မျှ ဟိကြ၏။
ACT 19:8 ပေါလုသည် တရားဇရပ်သို့ ဝင်၍ ထိုနီရာ၌ လူရို့အား သုံးလပတ်လုံး ရဲ့ရင့်စွာ ဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ထိုသူရို့ နားလည်သဘောပေါက်စီခြင်းငှာ ဆွေးနွေးနှီးနှောလေ၏။
ACT 19:9 သို့ရာတွင် သူရို့အထဲက လူတချို့ရို့သည် ဂေါင်းမာပြီး မယုံကြည်သဖြင့် လူအပေါင်းရို့ရှိ့တွင် သခင်ဘုရား၏ သွန်သင်ချက်ကို လှောင်ပြောင်ပြောဆိုကြ၏။ သို့ဖြစ်၍ ပေါလုသည် ယုံကြည်သူရို့ကို ခေါ်၍ ထိုလူအပေါင်းရို့ ပါးမှ ထွက်ပြီး တုရန္နု၏စာသင်ခန်းမ၌ နိ့စဉ်နိ့တိုင်း ဆွေးနွေးခြင်းကို ပြုလျက်နိန်၏။
ACT 19:10 ဤသို့ဖြင့် နှစ်နှစ်ပတ်လုံး ဆွေးနွေးခြင်းကိုပြုရာ အာယှိပြည်တွင် နီထိုင်ကြသော ယုဒလူမျိုးရို့နှင့် တခြားလူမျိုးအပေါင်းရို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ကြားနာရကြ၏။
ACT 19:11 ဘုရားသခင်သည် ပေါလုအားဖြင့် ထူးဆန်းသော နိမိတ်လက္ခဏာများကို ပြုတော်မူလျက်ဟိ၏။
ACT 19:12 ပေါလု အသုံးပြုသည့် လက်ကိုင်ပဝါ၊ ခါးပန်း စသည်များကိုပင် မကျန်းမာသောသူရို့ ပါးသို့ ယူဆောင်လားခြင်းဖြင့် မကျန်းမာသော သူရို့သည် ရောဂါပျောက်ကင်း၍ ဝိညာဉ်ဆိုး ဝင်ပူးခံရသော သူရို့၌လည်း လွတ်မြောက်ခြင်းကို ရဟိလေ၏။
ACT 19:13 တချို့သော ယုဒလူမျိုး နယ်လှည့်ပယောဂဆရာရို့သည် အသျှင်ယေသျှု၏ နာမတော်ကို အသုံးပြု၍ ဝိညာဉ်ဆိုးကို နှင်ထုတ်ခြင်းငှာ ကြိုးစားကြ၏။ သူရို့က ဝိညာဉ်ဆိုးအား “ပေါလုဟောပြောသော ယေသျှု၏နာမကို တိုင်တည်၍ သင်ရို့ကို ငါ အမိန့်ပီး၏” ဟု ဆိုကြ၏။
ACT 19:14 ထိုပယောဂဆရာရို့ကား၊ ယုဒအမျိုး ယဇ်ပုရောဟိတ် အကြီးအကဲဖြစ်သော သကေဝ၏ သားခုနစ်ယောက်ဖြစ်သတည်း။
ACT 19:15 သူရို့သည် ထိုသို့ လုပ်ဆောင်ကြသော်လည်း ဝိညာဉ်ဆိုးက “ယေသျှုကို ငါသိ၏။ ပေါလု၏အကြောင်းကိုလည်း ငါသိ၏။ သို့သော် သင်ရို့ကား ဇာသူနည်း” ဟု သူရို့ကို မိန်းလေ၏။
ACT 19:16 ထို့နောက် ဝိညာဉ်ဆိုး ဝင်ပူးသောသူသည် ထိုသူရို့အား ပြင်းထန်စွာ သတ်ပုတ်တိုက်ခိုက်၍ နိုင်သဖြင့်၊ သူရို့သည် အနာတရ ရပြီး အဝတ်မပါဘဲ ထိုအိမ်မှ ထွက်ဗြီးရကြလေ၏။
ACT 19:17 ထိုအကြောင်းအရာများကို ဧဖက်မြို့၌ ဟိကြသော ယုဒလူရို့နှင့် ဟေလသ လူရို့သည် ကြားကြလျှင် သူရို့သည် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၍ အသျှင်ယေသျှု၏ နာမတော်ကို အလွန် ချီးမွမ်းကြကုန်၏။
ACT 19:18 ယုံကြည်လာသော သူရို့အထဲမှ များစွာသောသူရို့သည် လာကြ၍ မိမိရို့ပြုမူခသမျှသော အရာတိကို လူအပေါင်းရို့ရှိ့၌ ပွင့်လင်းစွာ ဝန်ခံကြ၏။
ACT 19:19 မှော်အတတ်ကို သုံးခသောသူများသည် ၎င်းနှင့်သက်ဆိုင်သော မိမိရို့၏စာလိပ်များကို ယူလာပြီး လူအပေါင်းရို့ရှိ့၌ မီးတိုက်ကြ၏။ သူရို့သည် ထိုစာလိပ်များ၏ တန်ဖိုးကို တွက်ကြည့်ရာ ငွီဒင်္ဂါးပြား ၅၀,၀၀၀ တန်ဖိုး ဟိ၏။
ACT 19:20 ထိုသို့ဖြင့် သခင်ဘုရား၏ သာသနာတော်သည် ပြန့်နှံ့လျက် တန်ခိုးတော်အားဖြင့် ကြီးထွားတိုးပွားလျက်ဟိ၏။
ACT 19:21 ဤအမှုအရာများ ဖြစ်ပျက်ပြီးနောက်၊ မာကေဒေါနိပြည်နှင့် အခါယပြည်ကို ဖြတ်၍ ယေရုဆလင်မြို့သို့ ခရီးပြုမည်ဟု ပေါလုသည် စိတ်ပိုင်းဖြတ်လေ၏။ “ငါသည် ထိုဒေသများသို့ လားပြီးနောက် ရောမမြို့ကို မြင်ရလိမ့်မည်” ဟု ပေါလု ဆို၏။
ACT 19:22 ထို့ကြောင့် သူသည် အာယှိပြည်၌ ကာလအင်တန် တည်းခိုနီစဉ်၊ မိမိအား အလုပ်အကျွေးပြုသောသူ တိမောသေနှင့် ဧရတ္တုရို့ကို မာကေဒေါနိပြည်သို့ စီရွှတ်လိုက်၏။
ACT 19:23 ထိုအချိန်၌ သခင်ဘုရား၏ သွန်သင်ချက်လမ်းစဉ်ကြောင့် ဧဖက်မြို့၌ ဆူပူအုံကြွမှုကြီး တစ်ရပ်ဖြစ်ပေါ်လာ၏။
ACT 19:24 ဒေမေတရိ ဟူ၍ နာမည်ဟိသော ငွီပန်းထိမ်ဆရာတစ်ယောက်သည် အာတေမိနတ်သမီး၏ ငွီနတ်ကွန်းပုံတူချေများကို ပြုလုပ်ခြင်းဖြင့် ပန်းထိမ်အလုပ်သမားရို့အတွက် ဝင်ငွီများစွာ တိုးပွားစီခ၏။
ACT 19:25 ထိုသူသည် ပန်းထိမ်သမားရို့အား စုဝေးစီကြပြီး “အချင်းလူရို့၊ ဤလုပ်ငန်းဖြင့် ဝင်ငွီတိုးသည်ကို သင်ရို့သိကြ၏။
ACT 19:26 အဂုတွင် ပေါလုက၊ ဧဖက်မြို့တွင်သာမက၊ အာယှိပြည်တလျှောက်လုံး၌ ‘လူ့လက်ဖြင့်လုပ်သော ဘုရားများသည် ဘုရားတိမဟုတ်’ ဟု ဆို၍ လူအပေါင်းရို့အား ဖြားယောင်းသည်ကို သင်ရို့ ကြားရ၊ မြင်ရကြ၏။
ACT 19:27 ထိုသို့ ငါရို့အလုပ်သည်လည်း နာမည်ပျက်ရုံသာမက ကြီးမြတ်သော နတ်ဘုရားမ အာတေမိ၏ ဗိမာန်တော်သည် ပျက်စီးလားမည်ဖြစ်၍ အာယှိပြည်နှင့် တစ်လောကလုံး ကိုးကွယ်သည့် နတ်ဘုရားမ၏ ကြီးမြတ်မှုသည်လည်း ဂုဏ်အသရေ ညှိုးနွမ်းလားမည် ဖြစ်ပါ၏” ဟု ပြောဆို၏။
ACT 19:28 ထိုစကားကိုကြားလျှင် ထိုသူရို့သည် ဒေါသထွက်၍ “ဧဖက်လူရို့၏ အာတေမိနတ်ဘုရားမသည် ကြီးမြတ်ပေ၏” ဟု ကြွေးကြော်ကြ၏။
ACT 19:29 တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်၍၊ လူအများရို့သည် ပေါလုနှင့်အတူ ခရီးလားဖော်တိဖြစ်သော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုရို့ကို ဖမ်းဆီး၍ ပွဲခံရာဇရပ်သို့ ဆွဲခေါ်လားကြ၏။
ACT 19:30 ပေါလုသည် မိမိကိုယ်တိုင် ထိုလူစုအရှိ့သို့ လားခြင်းငှာ အလိုဟိသော်လည်း၊ ယုံကြည်သူရို့က တားမြစ်ကြ၏။
ACT 19:31 ပေါလု၏ အဆွီဖြစ်ကြသော နယ်အာဏာပိုင် တချို့ရို့ကလည်း ပွဲခံရာဇရပ်ထဲသို့ ကိုယ့်ကိုကိုယ် မအပ်နှံရန် လူလွှတ်၍ တောင်းပန်ကြ၏။
ACT 19:32 ထိုစဉ် စုဝေးလျက်ဟိသော လူရို့သည် အုတ်အုတ်သဲသဲပြု၍ တစ်ယောက်တစ်မျိုးစီ အော်ဟစ်သဖြင့် ထိုလူရို့ထဲက အများစုသည် မိမိရို့စုဝေးရသည့်အကြောင်းကိုပင် မိမိရို့မသိကြပေ။
ACT 19:33 ယုဒလူမျိုးရို့သည် အာလေဇန္ဒြုကို လူအပေါင်းရို့ရှိ့သို့ ထွက်စီသဖြင့် လူထုအထဲမှ အချို့သည် ဖြစ်ပေါ်လျက်ဟိသော ပြဿနာ၏ အရင်းအမြစ်မှာ အာလေဇန္ဒြု ဖြစ်သည်ဟု ထင်မှတ်ကြ၏။ သူသည် လူထုပရိသတ်အား ဆိတ်ဆိတ်နိန်စီခြင်းငှာ လက်ရိပ်ပြပြီးလျှင် ချေပပြောဆိုရန် ကြိုးစား၏။
ACT 19:34 သို့ရာတွင် ထိုသူသည် ယုဒလူမျိုး ဖြစ်ကြောင်းကို လူအပေါင်းရို့သိကြသောအခါ “ဧဖက်မြို့၏ အာတေမိနတ်ဘုရားမသည် ကြီးမြတ်ပေ၏” ဟု နှစ်နာရီတိတိ သံပြိုင်ကြွေးကြော်ကြ၏။
ACT 19:35 နောက်ဆုံး၌ မြို့စာရေးသည် ထိုလူတိကို ဆိတ်ဆိတ်နိန်စီပြီးလျှင် “ဧဖက်မြို့သားရို့၊ ကြီးမြတ်သော အာတေမိနတ်ဘုရားမ၏ နတ်ကွန်းနှင့် ကောင်းကင်ဘုံမှ ကျလာသည့် သူမ၏ ရုပ်တုကို စောင့်ထိန်းသော သူများဖြစ်ကြောင်းကို လူတိုင်း သိကြ၏။
ACT 19:36 ဤအရာတိကို တစ်ယောက်မျှ မငြင်းနိုင်ရာ။ ထို့ကြောင့် သင်ရို့သည် တိတ်ဆိတ်စွာနီသင့်၏။ မဆင်ခြင်ဘဲ ဇာအမှုအရာကိုမျှ မပြုကေ့။
ACT 19:37 ဗိမာန်တော်အား လုယူဖျက်ဆီးခြင်း အမှုကိုလည်း မပြု၊ ငါရို့၏ဘုရားများကိုလည်း ကဲ့ရဲ့ပြစ်မှားခြင်း မပြုသော ထိုသူရို့ကို သင်ရို့သည် ဤနီရာသို့ ဆောင်ခကြ၏။
ACT 19:38 ဒေမေတရိမှစ၍ သူ၏အပေါင်းအပါရို့သည် လူတစ်စုံတစ်ယောက်ကို တရားတွိ့လိုလျှင် တရားရုံးလည်းဟိ၏။ အာဏာပိုင်များလည်း ဟိ၏။ တရားရုံး၌ အမှုသည် အချင်းချင်း တွိ့ကြစီ။
ACT 19:39 သို့ရာတွင် သင်ရို့၌ အခြားအမှုဟိလျှင် တရားဝင်အစည်းအဝေး၌ စီရင်ဆုံးဖြတ်ရမည်။
ACT 19:40 ဤနိ့ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းသည် ငါရို့ကြောင့်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်စရာဟိ၏။ ဤသို့ အုတ်အုတ်သဲသဲ ဖြစ်စရာ အကြောင်းမဟိ၊ ဤအကြောင်းအရာနှင့်ပတ်သတ်၍လည်း ဆင်ခြီပီးစရာ အကြောင်းမဟိ” ဟု ဆို၏။
ACT 19:41 ဤသို့ပြောပြီးလျှင် မြို့စာရေးသည် စုဝေးသောသူရို့ကို ထိုနီရာမှ ထွက်လားစီတော်မူ၏။
ACT 20:1 ထိုရုန်းရင်းခတ်သောအမှု ပြီးလားသည့်နောက် ပေါလုသည် ယုံကြည်သူရို့ကို ခေါ်၍ အားပီးစကားပြောပြီး နှုတ်ဆက်လေ၏။ ထို့နောက် သူသည် မာကေဒေါနိပြည်သို့ ထွက်ခွာလားလေ၏။
ACT 20:2 သူသည် ထိုဒေသတလျှောက်သို့လားကာ လူတိကို များစွာသော တရားစကားဖြင့် တိုက်တွန်းနှိုးဆော်ပြီးလျှင် အခါယပြည်သို့ လား၍၊
ACT 20:3 သူသည် ထိုပြည်၌ သုံးလတိုင်တိုင် တည်းခိုလေ၏။ ထို့နောက် ယှုရိပြည်သို့ သင်္ဘောဖြင့် ရွက်ရွှင့်မည်ပြုစဉ် ယုဒလူရို့သည် မိမိအား လုပ်ကြံရန် ကြံစည်နိန်သည်ကို သိသဖြင့်၊ မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု စိတ်ပိုင်းဖြတ်လေ၏။
ACT 20:4 ပေါလုနှင့်အတူ အာယှိပြည်သို့ လိုက်သောသူရို့မှာ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာယှိပြည်သား တုခိတ်နှင့် တရောဖိမ်ရို့ဖြစ်ကြ၏။
ACT 20:5 ထိုသူရို့သည် အရှိ့မှ လား၍ တရောမြို့တွင် ငါရို့ကို စောင့်နိန်ကြ၏။
ACT 20:6 ငါရို့မူကား အဇုမပွဲတည်းဟူသော တဆီးမဲ့မုန့်ပွဲ လွန်ပြီးနောက် ဖိလိပ္ပိမြို့မှ သင်္ဘောဖြင့် ရွက်ရွှင့်လာခရာ ငါးရက်ကြာပြီးနောက် သူရို့ဟိရာ တရောမြို့သို့ ရောက်၍ ထိုနီရာ၌ ခုနစ်ရက်တည်းခိုနိန်ကြ၏။
ACT 20:7 စနီနိ့ ညဇာဖက်၌ ငါရို့သည် အတူတကွ မိတ်ဆုံ စားသုံးခြင်းငှာ စုရုံးကြ၏။ နောက်တစ်နိ့တွင် ပေါလုသည် ထိုမြို့မှ ထွက်လားရန် အကြံဟိသဖြင့် သန်းခေါင်ယံတိုင်အောင် လူတိအား သွန်သင်လျက်ဟိ၏။
ACT 20:8 ငါရို့ စည်းဝေးရာ အထက်ခန်း၌ ထွန်းညှိထားသော မီးခွက်များစွာဟိ၏။
ACT 20:9 ပေါလုသည် ကြာမြင့်စွာ ဟောပြောသဖြင့် ဥတုခု ဟု နာမည်ဟိသော လူငယ်တစ်ယောက်သည် ပြတင်းပေါက်နား၌ ထိုင်၍ ငိုက်မျိုင်းအိပ်ပျော်နိန်၏။ နောက်ဆုံး သူသည် နှိုက်နှိုက်ချိုက်ချိုက် အိပ်မောကျသောကြောင့် အိမ်သုံးဆင့် အထက်မှ ပြုတ်ကျလေ၏။ သူရို့သည် သူ့ကို ထူမလိုက်သောအခါ သီဆုံးနိန်သည်ကို တွိ့ရ၏။
ACT 20:10 ပေါလုသည်လည်း အောက်သို့ဆင်း၍ ထိုသူ၏အထက်၌ ကိုယ်ကို လှဲချ၍ ဖက်ပြီးလျှင် “မစိုးရိမ်ကတ်ကေ့။ သူသည် အသက်ရှင်လျက် ဟိသည်” ဟု ဆိုလေ၏။
ACT 20:11 ထို့နောက် ပေါလုသည် အိမ်ထက်သို့ ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားလေ၏။ အစားအစာ သုံးဆောင်ပြီးနောက် ပေါလုသည် ထိုသူရို့နှင့်အတူ အရုဏ်တက်သည့်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးနောက် ထိုမြို့မှ ထွက်လားလေ၏။
ACT 20:12 သူရို့သည်လည်း ထိုအသက်ရှင်လျက် ဟိသောလူငယ်ကို အိမ်သို့ ဆောင်လားပြီးမှ အလွန်စိတ်သက်သာရာ ရကြ၏။
ACT 20:13 ငါရို့သည် သင်္ဘောထက်သို့ အယင်တက်၍ အဿုမြို့သို့ ရွက်ရွှင့်ကြ၏။ ထိုမြို့မှသာ ပေါလုကို သင်္ဘောဖြင့် လိုက်စီခြင်းငှာဖြစ်၏။ အကြောင်းမူကား ပေါလုသည် ထိုမြို့သို့ ကုန်းလမ်းဖြင့် လားသောကြောင့် ဤသို့ စီမံထားခခြင်းဖြစ်၏။
ACT 20:14 သူသည် အဿုမြို့၌ ငါရို့ကို တွိ့လျှင်၊ ငါရို့သည် သူ့ကို သင်္ဘောထက်သို့ ခေါ်တင်ပြီး မိတုလင်မြို့သို့ လားကြ၏။
ACT 20:15 ထိုမှ ရွက်ရွှင့်ကြရာ နောက်တစ်နိ့၌ ခိအုကျွန်းသို့ ရောက်ကြ၏။ နောက်တစ်ရက်ကြာသော် သာမုကျွန်းသို့ ရောက်ကြပြီးလျှင် ထိုမှတစ်ဆင့် နောက်တစ်ရက် ကြာသောအခါ မိလက်မြို့သို့ ရောက်ကြ၏။
ACT 20:16 ပေါလုသည် အာယှိနယ်၌ အချိန် မကုန်ဆုံးစီလိုသဖြင့် ဧဖက်မြို့နားမှဖြတ်၍၊ ဖြစ်နိုင်လျှင် ပင်တေကုတ္တေ ပွဲတော်နိ့အမီ ယေရုဆလင်မြို့သို့ စောလျင်စွာ ရောက်နိုင်ခြင်းငှာ ရွက်ရွှင့်ရန် စိတ်ပိုင်းဖြတ်လေ၏။
ACT 20:17 ပေါလုသည် ဧဖက်မြို့၌ဟိသော အသင်းတော်လူကြီးများအား မိမိနှင့် လာရောက်တွိ့ဆုံခြင်းငှာ မိလက်မြို့မှ သတင်းပါးလေ၏။
ACT 20:18 ထိုသူရို့ရောက်လာကြသောအခါ၊ ပေါလုက “ငါသည် အာယှိပြည်သို့ ရောက်သော ပထမနိ့မှစ၍ သင်ရို့နှင့်အတူ တစ်ချိန်လုံး ဇာပိုင် အသက်ရှင်ခသည်ကို သင်ရို့သိကြ၏။
ACT 20:19 ယုဒလူမျိုး တချို့၏ မကောင်းသော အကြံအစည်များကြောင့် ဆင်းရဲဒုက္ခ ခံရချိန်တွင် ငါသည် စိတ်နှလုံးနှိမ့်ချကာ မျက်ရည်ကျလျက် သခင်ဘုရား၏ အခိုင်းအစီအဖြစ် အမှုတော်မြတ်ကို ထမ်းဆောင်ခ၏။
ACT 20:20 သင်ရို့၏ အိမ်များ၌သော်လည်းကောင်း၊ လူထုပရိသတ်ရို့၏ ရှိ့၌သော်လည်းကောင်း ငါသည် ဟောပြောသွန်သင်ပီးသောအခါ သင်ရို့၌ အကျိုးဟိစီမည့် ဇာစကားကိုမျှ ချန်၍ မထားခသည်ကို သင်ရို့သိကြ၏။
ACT 20:21 ငါသည် ယုဒလူမျိုးရို့နှင့် ဟေလသလူရို့အား မိမိရို့အပြစ်မှ နောင်တရ၍ ဘုရားသခင်ပါးသို့ လှည့်လာစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှုကို ယုံကြည်ကြစီခြင်းငှာ လည်းကောင်း လေးနက်စွာ သတိပီးခ၏။
ACT 20:22 အဂုမှာ ငါသည် သန့်ယှင်းသောဝိညာဉ်တော်ကို နာခံ၍ ယေရုဆလင်မြို့သို့ လားရမည်။ ထိုမြို့တွင် ငါ၌ ဇာပိုင် ဖြစ်မည်ကို ငါမသိ။
ACT 20:23 သန့်ယှင်းသောဝိညာဉ်တော်သည် ငါအား သတိပီးသော အရာမူကား၊ ချုပ်နှောင်ခြင်းနှင့် ဒုက္ခဆင်းရဲများခြင်းသည် ငါ့အား မြို့အသီးသီးမှ စောင့်ကြိုနိန်သည် ဟူ၍ ဖြစ်၏။
ACT 20:24 သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကိုလည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။
ACT 20:25 “ငါသည် သင်ရို့ပါးသို့ လှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောခ၏။ သို့သော် အဂုကား ငါ့မျက်နှာကို နောက်တဖန် မြင်ရကြလိမ့်မည် မဟုတ်ကြောင်းကို ငါသိ၏။
ACT 20:26 သို့ဖြစ်၍ သင်ရို့ထဲမှ တစ်ဦးတစ်ယောက်သည် အသက်ဆုံးယှုံးလျှင် ငါနှင့် မသက်ဆိုင်ကြောင်းကို ငါသည် ဤနိ့ သင်ရို့ကို လေးနက်စွာပြော၏။
ACT 20:27 အကြောင်းမူကား၊ ငါသည် တွန့်ဆုတ်ခြင်းမဟိဘဲ သင်ရို့အား ဘုရားသခင်၏အကြံအစည်ကို အကုန်အစင် ဟောပြောကြေငြာရန်ဖြစ်၏။
ACT 20:28 ထို့ကြောင့် သင်ရို့သည် မိမိကိုယ်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော် ပီးထားသော သိုးစုရို့ကိုလည်းကောင်း ကြည့်ရှုစောင့်ရှောက်ကြလော့။ ဘုရားသခင့် အသင်းတော်၏ သိုးထိန်းများ ဖြစ်စီကြလော့။ ထိုအသင်းတော်မူကား ဘုရားသခင်သည် မိမိသားတော်၏ အသွီးတော်အားဖြင့် မိမိပိုင်ဆိုင်ရာ အသင်းတော် ဖြစ်စီ၏။
ACT 20:29 ငါမဟိသည့်နောက်၌ ရက်စက်ကြမ်းကြုတ်သော တောခွီးရို့သည် သင်ရို့ပါးသို့ လာ၍ သိုးစုတိကို ညှာတာလိမ့်မည် မဟုတ်သည်ကို ငါသိ၏။
ACT 20:30 သင်ရို့အထဲမှ တချို့သော လူတိက လိမ်ဝါပြောဆိုကာ ယုံကြည်သူများကို သူရို့နောက်သို့ ဆွဲဆောင်လားမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။
ACT 20:31 ထို့ကြောင့် သတိဖြင့် နီကြလော့။ ငါသည် နိ့၊ ညဉ့်မပြတ် သုံးနှစ်ပတ်လုံး မျက်ရည်ကျပြီး သင်ရို့ တစ်ယောက်ချင်းစီတိုင်းအား သွန်သင်ပီးခသည်ကို သတိရကြလော့။
ACT 20:32 “အဂု ငါသည် သင်ရို့အား ဘုရားသခင်၏ လက်တော်သို့ လည်းကောင်း၊ ကျေးဇူးတရားလက်သို့ လည်းကောင်း အပ်နှံ၏။ ထိုကျေးဇူးတရားသည် သင်ရို့ကို တည်ဆောက်လျက် မိမိ၏လူအားလုံးအဖို့ လျာထားသော ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို သင်ရို့အား ပီးလိမ့်မည်။
ACT 20:33 ငါသည် သူတစ်ပါး၏ ရွှီ၊ ငွီနှင့် အဝတ်အစားတိကို လိုချင်တပ်မက်ခြင်း မဟိ။
ACT 20:34 ငါနှင့် ငါ့အပေါင်းဖော်ရို့၏ လိုအပ်ချက်များအတွက် ငါသည် ငါ့လက်ဖြင့် အလုပ်လုပ်၍ ထောက်ပံ့ခကြောင်းကို သင်ရို့ကိုယ်တိုင် သိကြ၏။
ACT 20:35 သင်ရို့အား ငါ ပြသခသည့်အတိုင်း ခပ်သိမ်းသောအရာ၌ အလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး အားနည်းသောသူရို့ကို ကူညီမစ ကြလော့။ အသျှင်ယေသျှုကိုယ်တိုင် ပြောခသော ‘ပီးကမ်းခြင်းသည် ရယူခြင်းထက် သာ၍ မင်္ဂလာဟိ၏’ ဟူသော စကားကို အောက်မိ့ကြလော့” ဟု ဆို၏။
ACT 20:36 ပေါလုသည် ထိုသို့ပြောပြီးမှ ထိုသူရို့နှင့်အတူ ဒူးထောက်၍ ဆုတောင်းလေ၏။
ACT 20:37 ထိုသူအပေါင်းရို့သည် ငိုယိုလျက် ပေါလုအား ဖက်၍ နမ်းပြီးလျှင် နှုတ်ဆက်ကြ၏။
ACT 20:38 အကြောင်းမူကား ပေါလုသည် သင်ရို့ ငါ့မျက်နှာကို နောက်တဖန် မမြင်ရယာဟု ဆိုသောကြောင့် ထိုသူရို့ အလွန် ဝမ်းနည်းကြသောကြောင့် ဖြစ်၏။ ထို့နောက် ထိုသူရို့သည် ပေါလုအား သင်္ဘောသို့ လိုက်ပို့ကြ၏။
ACT 21:1 ငါရို့သည် ထိုသူရို့အား နှုတ်ဆက် ထွက်ခွာလာပြီးနောက် ကောသကျွန်းသို့ တည့်တည့်ရွက်ရွှင့်ရာ နောက်တစ်နိ့၌ ရောဒုကျွန်းသို့ ရောက်ကြပြီး ထိုကျွန်းမှ ပတရမြို့သို့ ခရီးဆက်ကြ၏။
ACT 21:2 ထိုမြို့၌ ဖိနိတ်ပြည်သို့ ကူးသော သင်္ဘောကိုတွိ့လျှင် ထိုသင်္ဘောထက်သို့ တက်၍ ရွက်ရွှင့်ကြ၏။
ACT 21:3 ငါရို့သည် ကုပရုကျွန်းကို မြင်ရသောအခါ ထိုကျွန်း၏တောင်ဖက်အရပ်မှ ဖြတ်၍ ယှုရိပြည်သို့ ရွက်ရွင့်ကြလေ၏။ တုရုမြို့၌ ကုန်ပစ္စည်းများကို ချရမည်ဖြစ်သောကြောင့် သင်္ဘောသည် ထိုမြို့တွင် ဆိုက်ကပ်လေ၏။
ACT 21:4 ထိုအရပ်တွင် ယုံကြည်သူတချို့ကို ငါရို့သည် တွိ့သဖြင့် ထိုသူရို့နှင့်အတူ ရက်သတ္တတစ်ပတ် တည်းခိုကြ၏။ ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ထိုသူရို့သည် ပေါလုအား ယေရုဆလင်မြို့သို့ မလားစီခြင်းငှာ ပြောကြ၏။
ACT 21:5 သို့ပိုင်သျှောင် ခုနစ်ရက်လွန်သောအခါ ငါရို့သည် ထိုအရပ်မှ ထွက်၍ ငါရို့၏ ခရီးစဉ်အတိုင်း ခရီးဆက်ကြ၏။ သူရို့သည်လည်း မိမိရို့၏မယားတိ၊ အချေတိနှင့်အတူ မြို့ပြင်ကမ်းခြီသို့ လိုက်ပို့ကြ၏။ ထိုနီရာတွင် ငါရို့အားလုံးသည် ဒူးထောက်ပြီး ဆုတောင်းကြ၏။
ACT 21:6 ထို့နောက် ငါရို့သည် အချင်းချင်း နှုတ်ဆက်ပြီး သင်္ဘောထက်သို့ တက်ကြ၏။ သူရို့သည်လည်း မိမိအိမ်သို့ ပြန်ကြ၏။
ACT 21:7 ငါရို့သည် တုရုမြို့မှ ခရီးဆက်ကြပြန်၍ ပတောလင်မြို့သို့ ရောက်ကြ၏။ ငါရို့သည် ထိုမြို့တွင် ယုံကြည်သူများနှင့် တွိ့၍ မိတ်ဆက်ပြီး ထိုသူရို့၌ တစ်ရက်တာ တည်းခိုကြ၏။
ACT 21:8 နောက်တစ်နိ့၌ ငါရို့သည် ထိုမြို့မှ ထွက်ခွာလျှင် ကဲသရိမြို့သို့ ရောက်ကြ၏။ ငါရို့သည် ထိုမြို့တွင် ဧဝံဂေလိဆရာ ဖိလိပ္ပု၏အိမ်၌ တည်းခိုကြ၏။ ထိုဖိလိပ္ပုမူကား၊ ယေရုဆလင် အသင်းတော်မှ ရွီးချယ်ထားသော ဆရာခုနစ်ပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်၏။
ACT 21:9 သူ၌ အိမ်ထောင်မပြုရသိမ့်သော သမီးလေးယောက် ဟိ၏။ သူမရို့သည် ဘုရားသခင်၏ သတင်းတော်ကို ဟောပြောကြေငြာသော သူများဖြစ်၏။
ACT 21:10 အကျွန်ရို့သည် ထိုအိမ်တွင် ရက်တာရှည်စွာ တည်းခိုကြသောအခါ၊ အာဂဗုဟု နာမည်ဟိသော ပရောဖက်တစ်ယောက်သည် ယုဒပြည်မှ ရောက်လာ၏။
ACT 21:11 ထိုသူသည် အကျွန်ရို့ပါးသို့ လာ၍ ပေါလု၏ ခါးပတ်ကြိုးကို ယူပြီးလျှင်၊ မိမိ၏ခြီနှင့် လက်တိကို တုပ်နှောင်ကာ “ဤခါးပတ်ကြိုး ပိုင်သျှင်သည် ယေရုဆလင်မြို့၌ ဟိသောယုဒလူမျိုးရို့၏ ဤပိုင် တုပ်နှောင်ခြင်းကို ခံရပြီးလျှင် တခြားလူမျိုးရို့၏ လက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်ဟု သန့်ယှင်းသောဝိညာဉ်တော် မိန့်တော်မူသည်” ဟူ၍ ဆိုလေ၏။
ACT 21:12 ထိုစကားကို ကြားကြသောအခါ အကျွန်ရို့နှင့် ထိုအရပ်၌ ဟိသောလူရို့သည် ပေါလုအား ယေရုဆလင်မြို့သို့ ဆက်မလားရန် တောင်းပန်ကြ၏။
ACT 21:13 သို့ရာတွင် ပေါလုက၊ “သင်ရို့သည် ဇာကြောင့် ဤပိုင် ငိုယိုပြီးလျှင် ငါ့နှလုံးကို ကြီကွဲအောင် လုပ်နိန်ကြသနည်း။ ငါသည် အသျှင်ယေသျှု၏ နာမအဖို့အလို့ငှာ ယေရုဆလင်မြို့၌ တုပ်နှောင်ခံရန် သာမက အသီခံရန်ပင် အသင့်ဟိ၏” ဟု ပြန်ပြောလေ၏။
ACT 21:14 အကျွန်ရို့လည်း ပေါလုအား ဖျောင်းဖျ၍ မရသောကြောင့် “သခင်ဘုရား၏ အလိုတော်အတိုင်း ဖြစ်ပါစီ” ဟု ဆို၍ လက်လျော့လိုက်ကြ၏။
ACT 21:15 ထိုနီရာ၌ ကာလအင်တန်ကြာပြီးနောက်၊ အကျွန်ရို့သည် ပစ္စည်းများကို ထုပ်ပိုးကြပြီး ယေရုဆလင်မြို့သို့ ခရီးဆက်ကြ၏။
ACT 21:16 ကဲသရိမြို့မှ တပည့်တော်တချို့သည်လည်း အကျွန်ရို့နှင့်အတူ လိုက်ကြပြီး ကုပရုကျွန်းသား ယုံကြည်သူ လူဟောင်းတစ်ဦးဖြစ်သူ မနာသုန်အိမ်၌ တည်းခိုခြင်းငှာ အကျွန်ရို့အား ခေါ်လားကြ၏။
ACT 21:17 ယေရုဆလင်မြို့သို့ အကျွန်ရို့ရောက်ကြသောအခါ၊ ယုံကြည်သူများက အကျွန်ရို့ကို နွီးထွီးစွာကြိုဆိုကြ၏။
ACT 21:18 နောက်တစ်နိ့၌ ပေါလုသည် အကျွန်ရို့နှင့်အတူ ယာကုပ်ပါးသို့ လားရောက်တွိ့ဆုံ၏။ အသင်းတော်လူကြီး အပေါင်းရို့လည်း သူ့ထံ၌ ရောက်နိန်ကြ၏။
ACT 21:19 ပေါလုသည် ထိုသူရို့အား မိတ်ဆက်ပြီးနောက် မိမိ၏အမှုတော်အားဖြင့် တခြားလူမျိုးရို့၌ ဘုရားသခင်ပြုတော်မူသော အမှုအရာအလုံးစုံတိကို ပြည့်စုံစွာ တင်ပြတော်မူ၏။
ACT 21:20 ထိုသို့ တင်ပြသမျှကို ကြားပြီးသည့်နောက်၊ သူရို့အားလုံးသည် ဘုရားသခင်အား ချီးမွမ်းကြ၏။ ထို့နောက် သူရို့အပေါင်းက “ညီအစ်ကို ပေါလု၊ သင်မြင်သည့်အတိုင်း ထောင်ပေါင်းများစွာသော ယုဒလူများသည် ယုံကြည်သူများ ဖြစ်လာကြပြီး ထိုသူအပေါင်းရို့သည်လည်း ပညတ်တရားကို ဆည်းကပ်စွဲလန်းသောသူတိ ဖြစ်ကြ၏။
ACT 21:21 သင်သည် တခြားလူမျိုးရို့ကြား၌ နီထိုင်ကြသော ယုဒလူမျိုးတိအား မောသျှေ၏တရားကို စွန့်ပစ်စီရန် လည်းကောင်း သူရို့၏ အချေတိအား အရီဖျားလှီးခြင်းကို မခံစီခြင်းငှာ လည်းကောင်း၊ ယုဒထုံးတမ်းကို မလိုက်နာကြစီရန် လည်းကောင်း သွန်သင်ပီးနီကြောင်းကို သူရို့သည် ကြားသိကြ၏။
ACT 21:22 သင် ရောက်လာကြောင်းကို ထိုသူရို့ ကြားကြမည်မှာ သေချာပါ၏။ သို့ဖြစ်၍ ဇာပိုင် လုပ်ရပါမည်နည်း။
ACT 21:23 ထို့ကြောင့် ငါရို့ပြောသည့်အတိုင်း လုပ်ပါလော။ သစ္စာပြုပြီးသော လူလေးယောက်သည် ဤအရပ်၌ ဟိပါ၏။
ACT 21:24 ထိုသူရို့ကို ခေါ်လားပြီးလျှင် စင်ကြယ်ခြင်း မင်္ဂလာကို သူရို့နှင့်အတူ ပြုပါလော့။ သူရို့သည် ဂေါင်းရိတ်ခြင်းကို ပြုနိုင်စီခြင်းငှာ သူရို့အတွက် ကုန်ကျစရိတ်ကို သင် ပီးပါလော့။ ထိုသို့ ပြုပါလျှင် သူရို့ ကြားခကြသော သင်၏အကြောင်းမှာ မှန်ကန်မှု မဟိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် မောသျှေ၏ ပညတ်တရားအတိုင်း အသက်ရှင်ကြောင်းကိုလည်းကောင်း သိကြပါလိမ့်မည်။
ACT 21:25 သို့ပိုင်သျှောင် တခြားလူမျိုးမှ ယုံကြည်သူ ဖြစ်လာသောလူရို့အတွက်ကား၊ ရုပ်တုကို ပူဇော်ထားသော အစားအစာများကိုလည်းကောင်း၊ အသွီးကိုလည်းကောင်း၊ လိုင်ပင်းကို လိမ်၍ သတ်သောအသားနှင့် မတရားသောမေထုန်ကိုလည်းကောင်း ယှောင်ကြရန် ငါရို့ စီရင်ဆုံးဖြတ်ချက်ကို စာရီး၍ ပို့ပြီးပါယာ” ဟု ဆိုကြ၏။
ACT 21:26 ထို့ကြောင့် နောက်တစ်နိ့၌ ပေါလုသည် ထိုလူလေးယောက်ရို့ကို ခေါ်ပြီးလျှင် သူရို့နှင့်အတူ စင်ကြယ်ခြင်းမင်္ဂလာကို ခံယူ၏။ ထို့နောက် သူသည် ဗိမာန်တော်ထဲသို့ ဝင်လား၍ သူရို့အတွက် တစ်ယောက်ချင်းစီ ပူဇော်သကာဆက်သရမည့် အချိန်တည်းဟူသော သန့်စင်ခြင်းကိုပြုရသော ပြီးဆုံးမည့်နိ့ရက်အချိန်ကို ပြောလေ၏။
ACT 21:27 ထိုခုနစ်ရက်တာ ကာလကုန်ဆုံး လုသောအခါ အာယှိမှ လာသော ယုဒလူအချို့သည် ဗိမာန်တော်၌ ပေါလုကို မြင်တော်မူ၏။ သူရို့သည် စုဝေးလျက်ဟိသော လူအပေါင်းရို့၏စိတ်ကို ထိုးဆွ၍ ပေါလုအား ဖမ်းဆီးကြ၏။
ACT 21:28 သူရို့က “ဣသရေလအမျိုးသားရို့၊ အကျွန်ရို့ကို ကူမကြပါ။ ဤသူသည် လားသောနီရာတိုင်းမှာ ငါရို့လူမျိုးကိုလည်းကောင်း၊ ပညတ်တရားနှင့် ဤအရပ်ကိုလည်းကောင်း ဆန့်ကျင်ပြီး သွန်သင်နိန်သောသူ ဖြစ်ပါ၏။ အဂုလည်း ဤသူသည် သန့်ယှင်းသော ဌာနတော်ကို ညစ်ညူးစီရုံသာမက ဤဗိမာန်တော်ထဲကိုလည်း တခြားလူမျိုးတချို့ကို ခေါ်သွင်းလီယာ” ဟု ဟစ်အော်ကြ၏။
ACT 21:29 ဤသို့ သူရို့ပြောရခြင်းကား၊ ပေါလုအား ဧဖက်မြို့မှ တရောဖိမ်ဟု အမည်ဟိသော သူနှင့်အတူ မြို့ထဲ၌ တွိ့မြင်ခသဖြင့် ထိုသူအား ပေါလုသည် ဗိမာန်တော်ထဲသို့ ခေါ်သွင်းသည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
ACT 21:30 တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ လူရို့သည်လည်း တညီတညွတ်တည်း ဗြီးလာကာ ပေါလုအား ဖမ်းဆီးပြီး ဗိမာန်တော်၏ အပြင်ဖက်သို့ ဆွဲခေါ်လားကြ၏။ ထို့နောက် ချက်ချင်းပင် ဗိမာန်တော်၏ တန်းခါးများကို ပိတ်လိုက်ကြ၏။
ACT 21:31 လူရို့သည် ပေါလုအား အသီသတ်ခြင်းငှာ ကြိုးစားနိန်စဉ်၊ ရောမတပ်မှူးသည် ယေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နိန်ကြောင်းကို သတင်းရလေ၏။
ACT 21:32 ရောမတပ်မှူးသည်လည်း စစ်သားတိနှင့် တပ်ခွဲမှူးတချို့ကို ချက်ချင်း ခေါ်၍ သူရို့ဟိရာသို့ ချက်ချင်းပင် ဗြီးလာကြ၏။ လူအပေါင်းရို့သည်လည်း ထိုသို့ ရောမတပ်မှူးနှင့် စစ်သားရို့ လာကြသည်ကို မြင်လျှင် ပေါလုကို မသတ်ဘဲ နီကြ၏။
ACT 21:33 ထိုအခါ တပ်မှူးသည် ပေါလု အနားသို့ရောက်လာ၍ ဖမ်းပြီး၊ သံကြိုးနှစ်ပင်ဖြင့် တုပ်နှောင်ကာ ထားစီ၏။ ထို့နောက် တပ်မှူးက “ဤသူကား ဇာသူနည်း၊ ဇာအမှုကို ပြုသနည်း” ဟု မိန်းမြန်းလေ၏။
ACT 21:34 လူအပေါင်းရို့ထဲမှ တချို့ကလည်း တစ်ယောက်တစ်မျိုးစီ ပြောဆိုနိန်ကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည် အဖြစ်မှန်ကို မသိနိုင်ဖြစ်၍၊ ပေါလုအား တပ်စခန်းထဲသို့ ခေါ်ဆောင်လားရန် မိမိလူရို့အား အမိန့်ပီးလေ၏။
ACT 21:35 လူရို့သည် ရုန်းရင်းဆန်ခတ်ဖြစ်သောကြောင့် လှီကားသို့ ရောက်သောအခါ စစ်သားရို့သည် ပေါလုကို ပွိ့မ၍ ယူရကြ၏။
ACT 21:36 လူအပေါင်းရို့သည်လည်း “ယင်းသူကို အသီသတ်ပါ” ဟု ဟစ်အော်လျက် နောက်မှ လိုက်လာကြ၏။
ACT 21:37 စစ်သားရို့က ပေါလုအား တပ်စခန်းထဲသို့ ခေါ်ယူမည်ပြုစဉ်၊ ပေါလုက တပ်မှူးအား “သင်နှင့် ငါ စကား စိကေချေ ပြောခွင့်ပီးပါ” ဟု တောင်းလျှင်၊ တပ်မှူးက “သင်သည် ဟေလသစကား ပြောတတ်သလော။
ACT 21:38 သင်သည် မကြာသိမ့်သော အချိန်က ပုန်ကန်မှုကို အစပြုခပြီး ဓားပြ ၄,၀၀၀ အား တောကန္တာရသို့ ခေါ်လားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လော” ဟု မိန်းလေ၏။
ACT 21:39 ထိုအခါ ပေါလုက “ငါသည် ကိလိကိပြည် တာယှုမြို့၌ မွီးဖွားသော ယုဒလူမျိုးဖြစ်ပြီး သာမည မြို့သား မဟုတ်ပါ။ ဤသူရို့အား စကားပြောရသောအခွင့် ပီးပါ” ဟု တောင်းပန်လေ၏။
ACT 21:40 တပ်မှူးသည်လည်း အခွင့်ပီးလေ၏။ ထိုအခါ ပေါလုသည် လှီကားထက်တွင် မတ်တပ်ရပ်၍ ဆိတ်ဆိတ်နိန်ရန် လက်ဖြင့် အချက်ပြလေ၏။ လူရို့သည် တိတ်ဆိတ်စွာ နီကြသောအခါ ပေါလုသည် ဟေဗြဲဘာသာစကားဖြင့် ပြောဆိုသည်မှာ၊
ACT 22:1 “ညီအစ်ကိုရို့နှင့် ဖခင်ရို့၊ ငါ၏ ဖြေယှင်းချက်ကို နားထောင်ကြပါ” ဟု ဆို၏။
ACT 22:2 ထိုသို့ ပေါလုသည် ဟေဗြဲဘာသာစကားနှင့် ပြောသည်ကို သူရို့သည် ကြားကြလျှင် သာ၍ တိတ်ဆိတ်စွာနီကြ၏။ ထိုအခါ ပေါလုက ဆက်လက်၍၊
ACT 22:3 “ငါသည် ကိလိကိပြည်၊ တာယှုမြို့တွင် မွီးဖွားသော ယုဒလူမျိုးဖြစ်ပါ၏။ ယေရုဆလင်မြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလထံတွင် ပညာဆည်းပူးလာသူ တစ်ယောက်ဖြစ်ပြီး ငါရို့ အဖိုးအဖီးရို့၏ နည်းဥပဒေသကို တိကျစွာ ခံယူလာသောသူ တစ်ယောက်ဖြစ်ပါ၏။ ဤနိ့ ဤနီရာ၌ ဟိသော လူအားလုံးကဲ့သို့ ဘုရားသခင်၏ အမှုတော်ဖက်၌ စိတ်အားကြီးသော သူဖြစ်ပါ၏။
ACT 22:4 ငါသည် ဤသွန်သင်ချက်ကို လိုက်လျှောက်သောသူရို့ကို သီဆုံးသည်ထိတိုင်အောင် ညှဉ်းဆဲခပြီးလျှင် ယောက်ျား၊ မိန်းမရို့ကိုလည်း ဖမ်းဆီး၍ ထောင်ထဲ၌ ချထားခပါ၏။
ACT 22:5 ငါပြောသောအရာသည် မှန်ကန်ကြောင်းကို ယဇ်ပုရောဟိတ်မင်းနှင့် လွှတ်တော်တစ်ရပ်လုံးက သက်သီခံနိုင်ကြပါ၏။ ငါသည် ထိုသူရို့ပါးမှ ဒမာသက်မြို့၌ နီသော ယုဒလူမျိုးညီအစ်ကိုရို့ကို ရီးလိုက်သောစာတိကို လက်ခံရဟိသောကြောင့် ထိုဘာသာ၌ ယုံကြည်သက်ဝင်သော သူရို့ကို ဖမ်းဆီးပြီး သံကြိုးများဖြင့် တုပ်၍ ယေရုဆလင်မြို့သို့ ပြစ်ဒဏ်ပီးခြင်းငှာ ခေါ်ဆောင်လာရန် ထိုမြို့သို့ လားခပါ၏။
ACT 22:6 “ငါသည် ခရီးလား၍ ဒမာသက်မြို့ အနားသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်ခန့်တွင် အာကာမှ တောက်ပသော အလင်းတန်းသည် ငါ၏ ပတ်လည်၌ ရုတ်ကနဲ ထွန်းတောက်လေ၏။
ACT 22:7 ငါသည်လည်း မြီထက်မှာ လဲကျပြီး ‘သျှောလု၊ သျှောလု၊ ငါ့ကို ဇာကြောင့် ညှဉ်းဆဲနိန်သနည်း’ ဟု ငါအား ပြောသောစကားသံကို ကြားရ၏။
ACT 22:8 ငါကလည်း ‘အသျှင်၊ သင်ကား ဇာသူနည်း’ ဟု မိန်းလျှင်၊ ‘ငါကား သင် ညှည်းဆဲနိန်သော နာဇရက်မြို့သား ယေသျှု ဖြစ်၏’ ဟု မိန့်တော်မူ၏။
ACT 22:9 ငါနှင့်အတူ လိုက်လာကြသောသူရို့ကလည်း ထိုအလင်းကို မြင်ကြ၏။ သို့သော် ငါ့ကို ပြောနိန်သော ထိုသူ၏စကားသံကိုကား သူရို့ တစ်ယောက်မျှ မကြားကြ။
ACT 22:10 ငါကလည်း ‘အသျှင်၊ အကျွန် ဇာချင့် လုပ်ရပါမည်နည်း’ ဟု မိန်းလျှင်၊ ထိုအသျှင်က ‘သင် ထပြီး ဒမာသက်မြို့ထဲသို့ လားလော့၊ သင်ဆောင်ရွက်စရာအဖို့ ဘုရားသခင်က ခွဲခန့်သတ်မှတ်ထားသော အမှုအရာတိကို ထိုမြို့၌ ပြောပြလိမ့်မည်’ ဟု မိန့်တော်မူ၏။
ACT 22:11 ထိုတောက်ပသော အလင်းတန်းကြောင့် ငါသည် မျက်စိကွယ်လေ၏။ ထို့ကြောင့် ငါနှင့်လိုက်လာသောသူရို့က ငါ့ကို လက်ဆွဲ၍ ဒမာသက်မြို့ထဲသို့ ခေါ်လား၏။
ACT 22:12 “ထို့နောက် အာနနိဆိုသူ တစ်ယောက်သည် ငါ့ပါးသို့ ရောက်လာ၏။ ထိုသူသည် ငါရို့၏ပညတ်တရားကို လိုက်လျှောက်၍ ဘုရားဝတ်၌ မွိ့ပျော်သောသူ ဖြစ်သည်နှင့်အညီ ထိုအရပ်၌ နီထိုင်ကြသော ယုဒလူအားလုံး၏ ရိုသီလေးစားခြင်းကို ခံရသော သူဖြစ်၏။
ACT 22:13 ထိုသူသည် ငါ့ပါးသို့ လာပြီး အနား၌ ရပ်ကာ ‘ငါ့ညီ သျှောလု၊ မျက်စိ ပြန်၍ မြင်စီ’ ဟု ဆိုသည်နှင့် တစ်ပြိုင်နက် ငါ၏မျက်စိသည် ပြန်မြင်၍ သူ့ကို ကြည့်လေ၏။
ACT 22:14 သူက၊ ‘ငါရို့အဖိုးအဖီးတိ ကိုးကွယ်သော ဘုရားသခင်သည် မိမိ၏ အလိုတော်ကို သိစီခြင်းငှာ လည်းကောင်း၊ မိမိ၏ ဖြောင့်မတ်သော အခိုင်းအစီကို တွိ့မြင်စီခြင်းငှာ လည်းကောင်း၊ မိမိ၏ နှုတ်တော်မှ ထွက်သောအသံတော်ကို ကြားစီခြင်းငှာ လည်းကောင်း သင့်အား ရွီးချယ်တော်မူယာ။
ACT 22:15 အကြောင်းမူကား သင်သည် မြင်သမျှ၊ ကြားသမျှတိကို လူအပေါင်းရို့အား ဟောပြောစီခြင်းငှာ ထိုအသျှင်၏ သက်သီခံဖြစ်လိမ့်မည်၏။
ACT 22:16 အဂု၊ သင်သည် ဇာကြောင့် ဆိုင်းငံ့နိန်သနည်း။ သင်ထ၍ ဗတ္တိဇံကို ခံယူလော့။ သင်၏အပြစ်ကို ဆီးကြောစီခြင်းငှာ ဘုရားသခင်၌ ဆုတောင်းပတ္ထနာပြုလော့’ ဟု ဆို၏။
ACT 22:17 “ထို့နောက် ငါသည် ယေရုဆလင်မြို့သို့ ပြန်၍၊ ဗိမာန်တော်၌ ဆုတောင်းနိန်စဉ် ရူပါရုံ တစ်ခုကို မြင်ရ သည်မှာ၊
ACT 22:18 သခင်ဘုရားက ‘သင်သည် ယေရုဆလင်မြို့မှ အလျင်အမြန် ထွက်လားလော့။ အကြောင်းမူကား ဤမြို့သားရို့သည် သင်သက်သီခံသော ငါ၏အကြောင်းကို လက်ခံကြမည် မဟုတ်’ ဟု မိန့်တော်မူ၏။
ACT 22:19 ငါကလည်း ‘သခင်ဘုရား၊ အကျွန်သည် တရားဇရပ်များသို့ လားပြီး၊ ကိုယ်တော့်ကို ယုံကြည်သောသူများအား ဖမ်းဆီး၍ သတ်ပုတ်ကြောင်းကို သူရို့သည် ကောင်းစွာ သိကြပါ၏။
ACT 22:20 ကိုယ်တော်၏ သက်သီခံဖြစ်သူ သတေဖန်ကိုလည်း အသီသတ်ခသောအခါ၊ အကျွန်ကိုယ်တိုင် ထိုအရပ်၌ ဟိပါ၏။ ထိုသူကို အသီသတ်သောလူရို့ကို ထောက်ခံပီးပြီး ထိုသူရို့၏ အဝတ်အစားများကို စောင့်ကြည့်နိန်ခပါ၏’ ဟု လျှောက်ဆို၏။
ACT 22:21 ထိုအခါ၊ သခင်ဘုရားကလည်း၊ ‘လားလော့။ သင့်ကို တခြားလူမျိုးရို့အဖို့ ဝီးသောအရပ်သို့ ငါစီရွှတ်ယာ’ ဟု ငါ့ကို မိန့်တော်မူ၏။”
ACT 22:22 လူရို့သည် ထိုမျှတိုင်အောင် ပေါလု၏ စကားကို နားထောင်ပြီးနောက်၊ သူရို့က “ဤသူကို မြီကြီးထက်မှာ ထားဖို့မသင့်၊ အသက်ရှင်ဖို့ မတန်၊ အသီသတ်ပစ်လိုက်” ဟု အသံကုန်အောင် အော်ဟစ်ကြ၏။
ACT 22:23 သူရို့သည် အော်ဟစ်၍ မိမိရို့၏ အဝတ်များကို လှုပ်ခါပြီး မြီမှုန့်တိကို အထက်သို့ ရွှင့်ပစ်ကြ၏။
ACT 22:24 ထိုအခါ တပ်မှူးက ပေါလုအား တပ်စခန်းထဲသို့ ခေါ်လားစီရန် စစ်သားရို့ကို အမိန့်ပီးလေ၏။ ပြီးလျှင် လူရို့သည် ဤကဲ့သို့ အော်ဟစ်ကြသည့် အကြောင်းရင်းကို သိစီခြင်းငှာ ပေါလုအား သတ်ပုတ်၍ စစ်ဆီးစီ၏။
ACT 22:25 သို့သော် စစ်သားရို့သည် ပေါလုအား သတ်ပုတ်၍ စစ်ဆီးရန် တုပ်နှောင်သောအခါ၊ ပေါလုက အနား၌ ရပ်နိန်သော တပ်ခွဲမှူးအား “ရောမနိုင်ငံသား တစ်ယောက်ကို စစ်ဆီးခြင်းကို မပြုဘဲ၊ ကြိမ်ဒါဏ်ပီးခြင်းသည် ဥပဒေနှင့် ကိုက်ညီသလော” ဟု မိန်းလေ၏။
ACT 22:26 ထိုစကားကို တပ်ခွဲမှူး ကြားလျှင်၊ သူသည် တပ်မှူးပါးသို့ လား၍ “ဤသူသည် ရောမနိုင်ငံသားဖြစ်ပါ၏။ ဤသူကို ဇာပိုင် လုပ်ရပါမည်နည်း” ဟု မိန်းလေ၏။
ACT 22:27 ထို့ကြောင့် တပ်မှူးသည် ပေါလုပါးသို့ လား၍ “သင်သည် ရောမနိုင်ငံသား မှန်သလော၊ ငါ့ကို ပြောလော” ဟု မိန်းလျှင်၊ ပေါလုကလည်း “မှန်ပါ၏” ဟု ဖြေလေ၏။
ACT 22:28 တပ်မှူးကလည်း “ငါသည် ငွီများစွာပီး၍ ရောမနိုင်ငံသား ဖြစ်ရ၏” ဟု ဆိုလျှင်၊ ပေါလုက “ငါမူကား၊ ဇာတိအားဖြင့် ရောမနိုင်ငံသားဖြစ်၏” ဟု ဆို၏။
ACT 22:29 ပေါလုအား စစ်ဆီးမည့်လူရို့လည်း ချက်ချင်းပင် နောက်သို့ ဆုတ်လားကြ၏။ တပ်မှူးသည်လည်း ပေါလုသည် ရောမနိုင်ငံသား စစ်စစ် ဖြစ်သည်ကိုလည်းကောင်း၊ ထိုရောမနိုင်ငံသား ဖြစ်သောသူကို သံကြိုးများဖြင့် တုပ်နှောင်၍ ထားသည်ကိုလည်းကောင်း ဆင်ခြင်မိသောအခါ ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်လေ၏။
ACT 22:30 တပ်မှူးသည် ယုဒလူမျိုးများက ပေါလုအား ဇာအမှုဖြင့် ပြစ်တင်စွပ်စွဲကြသည်ကို သေချာစွာ သိလို၏။ ထို့ကြောင့် နောက်တစ်နိ့၌ ပေါလုအား တုပ်နှောင်ထားသော သံကြိုးများကို ဖယ်စီပြီး ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ယုဒလွှတ်တော်အဖွဲ့ဝင်ရို့ကို စုရုံးစီခြင်းငှာ အမိန့်ပီးလေ၏။ ထို့နောက် ပေါလုကို ခေါ်၍ သူရို့အရှိ့၌ ရပ်စီ၏။
ACT 23:1 ထိုအခါ ပေါလုသည် ယုဒလွှတ်တော်အဖွဲ့ဝင်များကို စိ့စိ့ကြည့်လျက်၊ “ဣသရေလ ညီအစ်ကိုရို့၊ ငါသည် ဤနိ့အချိန်အထိ ဘုရားသခင်၏ရှိ့တွင် ငါ၏သိစိတ်သည် ကြည်လင်စွာဖြင့် ပြုမူနီထိုင်၏” ဟု ဆို၏။
ACT 23:2 ယဇ်ပုရောဟိတ်မင်း အာနာနိကလည်း အနား၌ ရပ်နိန်သော သူရို့အား ပေါလု၏ပါးစပ်ကို သတ်စီ၏။
ACT 23:3 ပေါလုကလည်း ထိုသူအား၊ “ထုံးဖြူသုတ်ထားသော အုတ်ရိုး၊ သင့်ကို ဘုရားသခင်က အမှန် သတ်လိမ့်မည်။ သင်သည် ဤနီရာ၌ တရားဥပဒေအရ တရားစီရင်ခြင်းငှာ ထိုင်လျက်ပင် ငါ့ကို သတ်ခြင်းငှာ အမိန့်ပီးသဖြင့် တရားဥပဒေကို ချိုးဖောက်၏” ဟု ပြောဆို၏။
ACT 23:4 အနား၌ ဟိနိန်သောလူတိက ပေါလုအား “သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကို စော်ကားပါသည်တကား” ဟု ဆိုသော်၊
ACT 23:5 ပေါလုကလည်း “ငါ့ညီအစ်ကိုရို့၊ ဤသူသည် ယဇ်ပုရောဟိတ်မင်း ဖြစ်သည်ကို ငါမသိ။ ကျမ်းစာ၌လာသည်ကား ‘သင်၏လူမျိုးကို အုပ်ချုပ်သောသူအား သင်သည် မကောင်းသောစကား မပြောရ’” ဟူ၍ ဖြစ်၏။
ACT 23:6 ထိုသူရို့အထဲတွင် လူတချို့က ဖာရိယှဲများဖြစ်ကြပြီး၊ တချို့က ဇဒ္ဒုကဲတိ ဖြစ်ကြသည်ကို ပေါလုသည် သိမြင်သောအခါ “ငါ၏ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် ဖာရိယှဲ ဖြစ်ပါ၏။ ဖာရိယှဲ၏သားလည်း ဖြစ်ပါ၏။ သီသောသူရို့သည် ရှင်ပြန်ထမြောက်မည် ဖြစ်ကြောင်းကို ငါသည် မျှော်လင့်နိန်သောကြောင့် ဤနီရာတွင် စစ်ဆီးခံနိန်ရခြင်း ဖြစ်ပါ၏” ဟု ဆိုလေ၏။
ACT 23:7 ပေါလုသည် ထိုသို့ပြောဆိုပြီးသောအခါ ဖာရိယှဲရို့နှင့် ဇဒ္ဒုကဲရို့သည် အချင်းချင်း ငြင်းခုံမှုကိုပြု၍ အုပ်စုကွဲလေ၏။
ACT 23:8 ထိုသို့ အုပ်စုကွဲရသည့် အကြောင်းကား၊ “ဇဒ္ဒုကဲရို့သည် သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမဟိ၊ ကောင်းကင်တမန် မဟိ၊ ဝိညာဉ် မဟိ” ဟု ခံယူထားကြပြီး၊ ဖာရိယှဲရို့မူကား ထိုအရာအားလုံးသည် ဟိကြောင်းကို လက်ခံထားကြသောကြောင့် ဖြစ်၏။
ACT 23:9 ထိုသို့ ငြင်းခုံပြောဆိုသံများ ပို၍ ကျယ်လောင်လာ၏။ တချို့သော ဖာရိယှဲအဖွဲ့ဝင်ရို့ထဲမှ ကျမ်းတတ်ဆရာရို့သည် ထ၍ “ဤသူ၌ ငါရို့သည် အပြစ်တစ်ခုမျှ ရှာမတွိ့။ ဝိညာဉ်တစ်ပါးက သော်လည်းကောင်း၊ ကောင်းကင်တမန်တစ်ပါးက သော်လည်းကောင်း သူ့အား အမှန်ပြောခြင်းပင် ဖြစ်၏” ဟူ၍ ပြင်းထန်စွာ ငြင်းခုံကြ၏။
ACT 23:10 ငြင်းခုံမှု ပြင်းထန်လာသောအခါ၊ ပေါလုအား အပိုင်းပိုင်းဆုတ်ဖြဲမည်ကို တပ်မှူးသည် စိုးရိမ်လေ၏။ ထို့ကြောင့် မိမိစစ်သားများအား ထိုလူအုပ်အထဲမှ ပေါလုကို မရမက ကယ်ထုတ်ပြီး၊ ရဲတိုက်သို့ ခေါ်လာစီခြင်းငှာ အမိန့်ပီးလေ၏။
ACT 23:11 ထိုည၌ သခင်ဘုရားသည် ပေါလု၏အနား၌ ရပ်လျက်၊ “မကြောက်ကေ့၊ သင်သည် ဤယေရုဆလင်မြို့၌ ငါ၏အကြောင်းကို သက်သီခံသည့်နည်းတူ၊ ရောမမြို့၌လည်း သက်သီခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ACT 23:12 နောက်တစ်နိ့ မိုးလင်းသောအခါ ယုဒလူတချို့ရို့သည် အတူတကွတွိ့ဆုံ၍ ပေါလုအား အသီမသတ်ရမချင်း အစာမစား၊ ရီမသောက်ဘဲ နီရန် သစ္စာဆိုကြ၏။
ACT 23:13 ထိုသို့ သစ္စာဆိုသော လူအရီအတွက်ကား လေးဆယ်ကျော် ဟိ၏။
ACT 23:14 ထိုသူရို့သည် ယဇ်ပုရောဟိတ်အကြီးကဲတိ၊ ယုဒလူမျိုး အကြီးအကဲတိ ပါးသို့ လား၍ “ငါရို့သည် ပေါလုကို အသီမသတ်ရမချင်း မစားမသောက်ဘဲ နီရန် အတူတကွ သစ္စာဆိုကြပါ၏။
ACT 23:15 ထို့ကြောင့်၊ သင်ရို့နှင့် ယုဒလွှတ်တော်အဖွဲ့ဝင်များက ပေါလုအား သေချာစွာ စစ်ဆီးလိုဟန်ပြုလျက် ရောမတပ်မှူးသည် ထိုသူကို သင်ရို့ထံပါးသို့ ပို့စီခြင်းငှာ ပြောကြပါ။ ပေါလုသည် သင်ရို့ပါးသို့ မရောက်မီ စပ်ကြား၌ အကျွန်ရို့သည် သူ့ကိုအသီသတ်ရန် အသင့်ဟိပါ၏” ဟု လျှောက်ကြလေ၏။
ACT 23:16 သို့သော် ထိုသို့ ကြံစည်နိန်ကြသည်ကို ပေါလု၏တူသည် ကြားလျှင်၊ ရဲတိုက်ထဲသို့ ဝင်၍ ပေါလုအား ပြောလေ၏။
ACT 23:17 ထို့နောက် ပေါလုသည် တပ်ခွဲမှူး တစ်ယောက်ကို ခေါ်၍ “ဤလူငယ်ကို တပ်မှူးပါးသို့ ခေါ်လားလီ။ အကြောင်းမူကား သူ၌ တင်ပြစရာ တစ်စုံတစ်ခု ဟိသည်” ဟု ဆို၏။
ACT 23:18 တပ်ခွဲမှူးကလည်း ထိုလူငယ်ကို တပ်မှူးပါးသို့ ခေါ်လားကာ “အကျဉ်းချခံနိန်ရသော ပေါလုသည် ဤလူငယ်အားဖြင့် တင်ပြစရာတစ်ခုဟိသည်ဟု တောင်းဆိုသောကြောင့် သူ့ကို ကိုယ်တော်ပါးသို့ လာပို့ခြင်းဖြစ်သည်” ဟု လျှောက်လေ၏။
ACT 23:19 ထိုအခါ တပ်မှူးက လူငယ်၏လက်ကို ဆွဲ၍ ဆိတ်ကွယ်ရာသို့ ခေါ်လားကာ “သင်သည် ငါ့ကို ဇာချင့် ပြောလိုသနည်း” ဟု မိန်းလျှင်၊
ACT 23:20 လူငယ်ကလည်း “ယုဒအာဏာပိုင်ရို့သည် ပေါလု၏အမှုကို ပို၍သေချာစွာ စစ်ဆီးလိုဟန်ဖြင့် နက်ဖန်ခါ ကိုယ်တော်ထံမှ ပေါလုအား ယုဒတရားလွှတ်တော်သို့ ခေါ်ဆောင်ခြင်းငှာ တောင်းဆိုကြမည်ဟု တိုင်ပင်ကြပါယာ။
ACT 23:21 သူရို့၏ တောင်းဆိုချက်ကို မလိုက်လျော့ပါကေ့။ အကြောင်းမူကား ယောကျ်ားအရီအတွက် လေးဆယ်ကျော်သည် ပုန်းကွယ်ချောင်းမြောင်း၍ ပေါလုအား စောင့်ဆိုင်းနိန်ကြပါ၏။ ထိုသူရို့သည် ပေါလုအား အသီမသတ်ရမချင်း အစာမစား၊ ရီမသောက်ဘဲ နီရန် သစ္စာဆိုထားကြ၏။ အဂုတွင် ထိုသူရို့သည် ကိုယ်တော်၏ ဆုံးဖြတ်ချက်ကို စောင့်၍ အသင့်ဟိနိန်ကြပါ၏” ဟု လျှောက်လေ၏။
ACT 23:22 ထိုအခါ တပ်မှူးက၊ “ငါ့ကို ပြောသော ဤစကားတိကို တစ်ယောက်ကိုမျှ မပြောကေ့” ဟု ပြောဆိုပြီး လူငယ်ကို အဝီးသို့ ထွက်လားစီ၏။
ACT 23:23 ထို့နောက် တပ်မှူးသည် မိမိ၏ တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ “ဤနိ့ည ကိုးချက်တီးအချိန်၌ ကဲသရိမြို့သို့ လားခြင်းငှာ စစ်သူရဲ ၂၀၀၊ မြင်းစီးသူရဲ ခုနစ်ဆယ်နှင့် လှံကိုင်သူရဲ ၂၀၀ ရို့ကို အသင့် ဟိစီကြလော့။
ACT 23:24 ပေါလု စီးရန် မြင်းများကိုလည်း အဆင်သင့် ပျင်ကြလော့။ သူ့ကိုလည်း ဘုရင်ခံဖေလဇ်မင်းထံသို့ လုံခြုံစွာ ပို့ပီးကြလော့” ဟု မိန့်မှာထား၏။
ACT 23:25 ထို့နောက် တပ်မှူးသည် စာတစ်စောင်ကိုလည်း ရီး၍ ပီးလိုက်၏။
ACT 23:26 ထိုစာ၌ “ကလောဒိလုသိသည် မြတ်တော်မူသော ဘုရင်ခံ ဖေလဇ်မင်းထံသို့ မေတ္တာနှင့် နှုတ်ခွန်းဆက်သ လိုက်ပါ၏။
ACT 23:27 ယုဒလူရို့သည် ဤသူအား ဖမ်းဆီး၍ အသီသတ်မည်ဟု ပြုကြပါ၏။ ဤသူသည် ရောမနိုင်ငံသားဖြစ်ကြောင်းကို ကြားသိသဖြင့် စစ်သူရဲတိနှင့်တကွ လား၍ သူ့အား ကယ်ထုတ်ယူခရပါ၏။
ACT 23:28 ယုဒလူရို့သည် သူ့ကို ဇာကြောင့်စွပ်စွဲကြသည်ကို အကျွန်သိလို၍ သူရို့၏တရားလွှတ်တော်သို့ ခေါ်လားခပါ၏။
ACT 23:29 ထိုအခါ သူ၌ သီထိုက်သောအပြစ်၊ ထောင်ချထိုက်သောအပြစ် တစ်စုံတစ်ခုကိုမျှ မတွိ့ရဘဲ ယုဒလူရို့သည် မိမိရို့၏ ပညတ်တရားဆိုင်ရာ ပြဿနာကြောင့်သာ ပြစ်တင်စွပ်စွဲကြသည်ကို တွိ့ရပါ၏။
ACT 23:30 ယုဒလူရို့သည် သူ့အား လျှို့ဝှက်စွာ လုပ်ကြံမည်ကို ငါသည် သတင်းရသောကြောင့် သူ့ကို ကိုယ်တော်ထံသို့ ချက်ချင်း ရွှတ်လိုက်ပါ၏။ စွပ်စွဲသောသူရို့ကိုလည်း မိမိရို့၏စွပ်စွဲသောအမှုကို ကိုယ်တော်၏ အရှိ့၌ လျှောက်လဲကြစီခြင်းငှာ ငါသည် ညွှန်ကြားထားပါ၏” ဟူ၍ ဖြစ်လေ၏။
ACT 23:31 စစ်သားရို့သည် တပ်မှူးမှာထားသည့်အတိုင်း ပေါလုကို ခေါ်၍ ထိုညတွင်းချင်း အန္တိပတရိမြို့သို့ ပို့ဆောင်ကြ၏။
ACT 23:32 နောက်တစ်နိ့၌ ခြီလျင်တပ်သားရို့သည် ပြန်လာကြပြီး၊ မြင်းတပ်သားရို့မူကား ပေါလုနှင့်အတူ ဆက်လက်၍ ခရီးပြုကြ၏။
ACT 23:33 သူရို့သည် ကဲသရိမြို့သို့ ရောက်ကြသောအခါ တပ်မှူး၏စာအား ဘုရင်ခံကို ပီးကာ ပေါလုကိုလည်း ရှိ့တော်သို့ သွင်းကြ၏။
ACT 23:34 ဘုရင်ခံသည် စာကို ဖတ်ပြီးမှ ပေါလုအား ဇာပြည်သားဖြစ်သည်ကို မိန်းလေ၏။ ပေါလုသည် ကိလိကိပြည်သားဖြစ်သည်ကို ကြားသိသောအခါ၊
ACT 23:35 ဘုရင်ခံက “ဤအရပ်၌ သင့်အား စွပ်စွဲသောသူတိ ရောက်လာသောအခါ သင်၏အမှုကို ငါ ကြားနာမည်” ဟု ဆို၍ ပေါလုအား ဟေရုဒ်၏ အိမ်တော်၌ အစောင့်အကြပ်များနှင့် ထားစီခြင်းငှာ အမိန့်ပီးလေ၏။
ACT 24:1 ငါးရက်လွန်သောအခါ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုဟု နာမည်ဟိသော ရှိ့နီမှစ၍ ယုဒလူမျိုး အကြီးအကဲတချို့နှင့်အတူ ကဲသရိမြို့သို့ ရောက်လာကြ၏။ သူရို့သည် ပေါလု အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံဖေလဇ်၏ ရှိ့တွင် စွဲချက်တင်ကြ၏။
ACT 24:2 ထို့နောက် ပေါလုကို ရှိ့တော်သို့ ခေါ်သွင်းကာ၊ ရှိ့နီတေရတုလုက စွပ်စွဲချက်ကို လျှောက်ဆိုသည်မှာ၊ “မြတ်သော ဖေလဇ်မင်း၊ ကိုယ်တော်၏ အုပ်ချုပ်မှုကြောင့် အကျွန်ရို့သည် အီးချမ်းသာယာစွာ နီထိုင်ကြရပါ၏။ ကိုယ်တော်သည် အကျွန်ရို့တိုင်းပြည်အတွက် လိုအပ်သော ပြုပျင်ပြောင်းလဲမှုကို လုပ်ဆောင်လျက် ဟိပါ၏။
ACT 24:3 ထိုအရာတိကို နီရာတိုင်းတွင် ကိုယ်တော် ပြုသမျှအတွက် အကျွန်ရို့သည် ဝမ်းမြောက်စွာဖြင့် ကြိုဆိုကြပါ၏။
ACT 24:4 အကျွန်သည် ကိုယ်တော်၏ အချိန်ကို များစွာ မယူလိုပါ။ သို့ဖြစ်၍ အကျွန်ရို့၏ လျှောက်လဲချက် အကျဉ်းချုပ်ကို ကျေးဇူးပြု၍ နားထောင်ပီးပါမည့်အကြောင်း တောင်းလျှောက်ပါ၏။
ACT 24:5 အကျွန်ရို့သည် ဤသူကို အလွန် အန္တရာယ်ဟိသောသူအဖြစ် တွိ့မြင်ရပါ၏။ အကြောင်းမူကား၊ သူသည် အရပ်ရပ်၌ ဟိသော ယုဒလူမျိုးအပေါင်းရို့တွင် ရုန်းရင်းဆန်ခတ်မှု ပြုစီခြင်းငှာ လှုံ့ဆော်ပီးနိန်သော နာဇရက်ဂိုဏ်း၏ ဦးစီးခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါ၏။
ACT 24:6 သူသည် ဗိမာန်တော်ကို ညစ်ညူးစီခြင်းငှာ ကြိုးစားသောသူလည်း ဖြစ်ပါ၏။ ထို့ကြောင့် အကျွန်ရို့သည် သူ့ကို ဖမ်းဆီးထားခြင်းဖြစ်ပါ၏။
ACT 24:7 
ACT 24:8 အသျှင်ကိုယ်တိုင် သူ့အား မိန်းကြည့်ပါလျှင် အကျွန်ရို့ စွပ်စွဲသောအမှု အလုံးစုံတိကို သူ့ပါးက ကြားသိရပါလိမ့်မည်” ဟု လျှောက်ကြ၏။
ACT 24:9 ယုဒလူရို့ကလည်း ထိုစွပ်စွဲချက်နှင့် ပြောစကားများအားလုံး မှန်ကန်ကြောင်းကို ထောက်ခံကြ၏။
ACT 24:10 ဘုရင်ခံမင်းသည်လည်း ပေါလုအား စကားပြောစီခြင်းငှာ လက်ရိပ် ပြလိုက်သောအခါ ပေါလုက၊ “ကိုယ်တော်သည် ဤလူမျိုးရို့ကို နှစ်ပေါင်းများစွာ တရားသဖြင့် စီရင်လျက် အုပ်စိုးနိန်သည်ကို အကျွန်သိပါ၏။ ထို့ကြောင့် အကျွန်သည် ကိုယ်တော်ရှိ့၌ လျှောက်ရသောအခွင့်ကို ရသောကြောင့် ဝမ်းမြောက်ပါ၏။
ACT 24:11 အကျွန်သည် ယေရုဆလင်မြို့သို့ ဝတ်ပြုကိုးကွယ်ခြင်းငှာ လားခသည်မှာ တစ်ဆယ့်နှစ်ရက်တောင် မဟိသိမ့်သည်ကို ကိုယ်တော်သည် သိနိုင်ပါ၏။
ACT 24:12 ဗိမာန်တော်၌ ဖြစ်စီ၊ တရားဇရပ်များ၌ ဖြစ်စီ၊ မြို့ထဲ၌ ဖြစ်စီ တစ်စုံတစ်ယောက်နှင့် ငြင်းခုံနိန်သည်ကိုလည်းကောင်း၊ လူတိအား မငြိမ်မသက်မှု ဖြစ်စီခြင်းငှာ လုပ်ဆောင်နိန်သည်ကိုလည်းကောင်း ဤယုဒလူရို့က အကျွန့်ကို မတွိ့ကြပါ။
ACT 24:13 အကျွန့်ကို အဂု စွပ်စွဲသောအမှုများတွင် အချက်အလက်ကိုလည်း သူရို့သည် အသျှင်အား သက်သီမပြနိုင်ကြပါ။
ACT 24:14 အကျွန်သည် အသျှင်၏ ရှိ့တော်၌ ဝန်ခံလိုသည်မှာ၊ သူရို့က လွဲမှားသည်ဟု ခံယူထားသော လမ်းစဉ်အတိုင်း အကျွန်ရို့အဖိုးအဖီးရို့၏ ဘုရားသခင်ကို ကိုးကွယ်ပါ၏။ သို့သော်လည်း အကျွန်သည် မောသျှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများတွင် ရီးသားထားသမျှကိုလည်း ယုံကြည်ပါ၏။
ACT 24:15 ဘုရားသခင်ကို အမှီပြု၍ ကောင်းသောသူ၊ မကောင်းသောသူ အားလုံးရို့သည် သီခြင်းမှ ရှင်ပြန်ထမြောက်မည်ကို သူရို့သည် မျှော်လင့်သကဲ့သို့ အကျွန်ကလည်း မျှော်လင့်ပါ၏။
ACT 24:16 သို့ဖြစ်၍ အကျွန်သည် ဘုရားရှိ့၊ လူရှိ့၌ မိမိ၏ အသိစိတ်ကို ကြည်လင်စီခြင်းငှာ အစဉ်အမြဲ အကောင်းဆုံး လုပ်ဆောင်လျက်ဟိပါ၏။
ACT 24:17 “ယေရုဆလင်မြို့မှ ထွက်ခွာလာပြီး နှစ်ပေါင်းများစွာ ကြာသောအခါ၊ အကျွန်သည် မိမိလူရို့အား ဖေသာတချို့ ပီးကမ်းကူညီဖို့နှင့် ဘုရားသခင်အား ပူဇော်သကာပြုခြင်းငှာ ထိုနီရာသို့ ရောက်လာခြင်းဖြစ်ပါ၏။
ACT 24:18 ဗိမာန်တော်ထဲ၌ အကျွန်သည် စင်ကြယ်ခြင်းကို ပြုပြီးနောက် ပူဇော်သကာကို ဆက်ကပ်နိန်စဉ် သူရို့သည် တွိ့ကြပါ၏။ ထိုနီရာ၌ အကျွန်နှင့်အတူ လူစုလူဝေးလည်းမဟိ၊ ဆူပူအုံကြွခြင်းလည်း မဟိပါ။
ACT 24:19 သို့သော် အာယှိပြည်မှလာသော ယုဒလူတချို့သည် ထိုနီရာ၌ ဟိကြပါ၏။ သူရို့သည် အကျွန်အား စွပ်စွဲစရာ ဟိလျှင် ဤအရပ်၌ လာ၍ ကိုယ်တော်ရှိ့တွင် စွပ်စွဲသင့်ပါ၏။
ACT 24:20 သို့မဟုတ် အကျွန်သည် တရားလွှတ်တော်၌ ဟိသောအခါ ဤအရပ်၌ ဟိသော ဤသူရို့သည် အကျွန်၌ ဇာချင့်ပြစ်မှုတွိ့ဟိကြောင်းကို ထွက်ဆိုကြပါစီ —
ACT 24:21 အကျွန်သည် သူရို့ရှိ့၌ ရပ်နိန်စဉ် ‘အကျွန်သည် သီလွန်သောသူရို့ ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သတ်၍ ဤနိ့ သင်ရို့ရှိ့၌ စစ်ဆီးခံနိန်ရပါသည်’ ဟူသော စကားတစ်ခွန်းတည်းကိုသာ ကြွေးကြော်ခပါ၏” ဟု ဆိုလေ၏။
ACT 24:22 ထို့နောက် ဖေလဇ်က၊ ထိုဘာသာ၏ လမ်းစဉ်ကို ကောင်းစွာ သိထားသောသူ ဖြစ်သဖြင့် ကြားနာမှုကို ရွိ့ဆိုင်းထား၏။ ထိုသူက “တပ်မှူးလုသိ ရောက်လာသောအခါ ငါသည် သင်ရို့အမှုကို စစ်ဆီးဆုံးဖြတ်မည်” ဟု သူရို့အား ပြောလေ၏။
ACT 24:23 ထို့နောက် သူသည် ပေါလုကို အစောင့်အကြပ်များဖြင့် အကျယ်ချုပ်ထားသော်လည်း သူအား လွတ်လပ်မှုအချို့ကို ပီး၍ သူ၏မိတ်ဆွီတိမှ သူ၏ လိုအပ်သည်များကို ထောက်ပံ့ခွင့် ပြုစီခြင်းငှာ တပ်ခွဲမှူးအား မှာထားလေ၏။
ACT 24:24 ရက်အင်တန်ကြာပြီးနောက်၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိမယား ဒြုသိလနှင့်အတူ ရောက်လာလေ၏။ ထိုအခါ ပေါလုကို ရှိ့မှောက်သို့ ခေါ်ပြီးလျှင် ပေါလုဟောပြောသော ခရစ်တော်ယေသျှုအား ယုံကြည်ခြင်းအကြောင်းကို နားထောင်လေ၏။
ACT 24:25 သို့သော် ပေါလုသည် ကောင်းမြတ်ခြင်းတရားကိုလည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းတရားကိုလည်းကောင်း၊ နောင်ဖြစ်လာမည့် တရားစီရင်ရာနိ့ အကြောင်းကိုလည်းကောင်း ဟောပြောရာတွင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍ ပေါလုအား “အဂု သင်လားလော့၊ ငါ အဆင်ပြေသောအခါ ပြန်ခေါ်လိုက်မည်” ဟု ဆိုလေ၏။
ACT 24:26 တစ်ချိန်တည်းတွင် ထိုမင်းက ပေါလုသည် ထိုအမှုမှ လွတ်ခြင်းငှာ မိမိအား ဖေသာပီးမည်ဟု ထင်မှတ်သောကြောင့် ခေါ်၍ မကြာမကြာ တွိ့လေ၏။
ACT 24:27 နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုသည် ဘုရင်ခံ ဖေလဇ်မင်းအရာကို ရ၍၊ ဖေလဇ်မင်းသည် ယုဒလူရို့၌ မျက်နှာရလိုသောကြောင့် ပေါလုအား အချုပ်ချထားစီ၏။
ACT 25:1 ဖေတ္တုသည် ထိုပြည်၌ ရောက်၍ သုံးရက်ကြာပြီးနောက် ကဲသရိမြို့မှ ယေရုဆလင်မြို့သို့ တက်လားလေ၏။
ACT 25:2 ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ယုဒခေါင်းဆောင်ရို့က ပေါလု ကျူးလွန်ခသော ပြစ်မှုအမျိုးမျိုးကို ဖေတ္တုထံတွင် လျှောက်ထားကြ၏။
ACT 25:3 သူရို့သည် ပေါလုအား လမ်း၌ အသီသတ်ခြင်းငှာ လျှို့ဝှက်ကြံစည်ထားပြီး ဖြစ်လေ၏။ သို့ဖြစ်၍ မိမိရို့အား ကျေးဇူးပြုသောအားဖြင့် ပေါလုကို ယေရုဆလင်မြို့သို့ စီရွှတ်ရန် ဖေတ္တုအား မေတ္တာရပ်ခံကြ၏။
ACT 25:4 ထိုအခါ ဖေတ္တုကလည်း “ပေါလုကား ကဲသရိမြို့၌ အချုပ်ချထားလျက် ဟိ၍ ငါကိုယ်တိုင်လည်း ထိုမြို့သို့ မကြာခင် လားရမည်။
ACT 25:5 သင်ရို့ခေါင်းဆောင်တိကို ကဲသရိမြို့သို့ ငါနှင့်အတူ လားစီပြီး၊ ထိုသူ၌ အပြစ်ဟိသည်ဆိုလျှင် စွပ်စွဲချက်များကို လျှောက်လဲထားစီ” ဟု ဆို၏။
ACT 25:6 ဖေတ္တုမင်းသည် သျှစ်ရက် သို့မဟုတ် ဆယ်ရက်ခန့် သူရို့နှင့်အတူ နီပြီးမှ ကဲသရိမြို့သို့ ပြန်လားလေ၏။ နောက်တစ်နိ့၌ ထိုမင်းသည် တရားခွင်၌ ထိုင်ပြီး ပေါလုကို တရားခွင်သို့ ခေါ်သွင်းစီ၏။
ACT 25:7 ပေါလု ရောက်လာသောအခါ၊ ယေရုဆလင်မြို့မှ လာသော ယုဒလူရို့သည် ပေါလု၏ပတ်လည်၌ ရပ်လျက်၊ သူ၌ ကြီးလေးသော ပြစ်မှုများဖြင့် စွပ်စွဲကြ၏။ သို့သော် ထိုစွပ်စွဲချက်တိအတွက် သက်သီ ဇာတစ်ခုကိုမျှ မပြနိုင်ကြ။
ACT 25:8 ထိုအခါ ပေါလုက “အကျွန်သည် ယုဒအမျိုးသားရို့၏ တရားကို သော်လည်းကောင်း၊ ဗိမာန်တော်ကို သော်လည်းကောင်း၊ ရောမ ဧကရာဇ်မင်းကို သော်လည်းကောင်း ဇာတစ်ခုကိုမျှ မပြစ်မှားပါ” ဟု ချေပပြောဆိုလေ၏။
ACT 25:9 သို့သော် ဖေတ္တုမင်းလည်း ယုဒလူမျိုးရို့၌ မျက်နှာရစီခြင်းငှာ ပေါလုအား “သင်သည် ယေရုဆလင်မြို့သို့ လား၍ ထိုမြို့၌ ငါ၏ရှိ့တွင် ဤစွပ်စွဲချက်တိကို စစ်ဆီးခံပါမည်လော” ဟု မိန်းလေ၏။
ACT 25:10 ပေါလုကလည်း “အကျွန်သည် ဧကရာဇ်ဘုရင်၏ တရားခုံရှိ့၌ ရပ်နိန်သည်ဖြစ်၍ ထိုတရားခုံ ရှိ့မှာ အမှုကို စစ်ဆီးအပ်ပါ၏။ အသျှင်ကိုယ်တိုင် ကောင်းစွာ သိတော်မူသည့်အတိုင်း အကျွန်သည် ယုဒအမျိုးသားရို့အား ဇာတစ်ခုမျှ မပြစ်မှားခပါ။
ACT 25:11 အကျွန်သည် ပညတ်တရားကို ချိုးဖောက်ခြင်းနှင့် အသီခံထိုက်သော အပြစ် တစ်ခုခုကို ပြုမှားမိလျှင်၊ ဤသီဘေးမှ အကျွန် မယှောင်လွှဲပါ။ သို့ရာတွင် သူရို့စွပ်စွဲချက်တိ မမှန်ကန်လျှင် အကျွန်အား ဇာသူမျှ သူရို့လက်သို့ လွှဲအပ်နိုင်မည် မဟုတ်ပါ။ အကျွန်သည် ဧကရာဇ်ဘုရင်၌ အယူခံပါမည်” ဟု လျှောက်၏။
ACT 25:12 ထိုအခါ ဖေတ္တုမင်းက အတိုင်ပင်ခံအရာဟိရို့နှင့် တိုင်ပင်ပြီးလျှင် ပေါလုအား “သင်သည် ဧကရာဇ်ဘုရင်ထံတွင် အယူခံပါမည်ဟု ဆိုသောကြောင့် ဧကရာဇ်ဘုရင်ထံပါးသို့ လားရလိမ့်မည်” ဟု ဆို၏။
ACT 25:13 ကာလအင်တန်ကြာသောအခါ၊ အဂြိပ္ပမင်းကြီးသည် ဗေရနိတ်နှင့်အတူ ဖေတ္တုမင်းအား နှုတ်ဆက်ခြင်းငှာ ကဲသရိမြို့သို့ ရောက်လာ၏။
ACT 25:14 ဤအရပ်၌ ရက်ကြာကြာ တည်းခိုနီပြီးနောက် ဖေတ္တုမင်းသည် ထိုမင်းကြီးအား ပေါလုအကြောင်းကို ပြောပြသည်ကား၊ “ဤမြို့၌ ဖေလဇ်မင်းက အချုပ်ချထားခသောသူ တစ်ယောက်ဟိ၏။
ACT 25:15 အကျွန်သည် ယေရုဆလင်မြို့သို့ လားခသောအခါ၊ ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ယုဒလူမျိုး အကြီးအကဲရို့က ထိုသူအား အပြစ်စီရင်ခြင်းငှာ အကျွန့်ထံ၌ တောင်းဆိုကြ၏။
ACT 25:16 သို့သော် အကျွန်က အစွပ်စွဲခံရသော တရားခံတစ်ယောက်အား စွပ်စွဲသောတရားလိုများနှင့် တရားခွင်၌ တွိ့ဆုံကာ မိမိ၌ စွပ်စွဲချက်များကို ချေပခွင့်မပီးဘဲ တရားစီရင်ခြင်းသည် အကျွန်ရို့ ရောမဓလေ့ထုံးစံ မဟုတ်ကြောင်းကို သူရို့အား ပြောဆိုခပါ၏။
ACT 25:17 ထိုသူရို့သည် ဤမြို့သို့ ရောက်လာကြသောအခါ၊ အကျွန်သည် မဆိုင်းမတွဘဲ နောက်တစ်နိ့၌ တရားခွင်၌ ထိုင်၍ ထိုသူ့ကိုခေါ်ရန် လူတစ်ယောက်ကို ရွှတ်လိုက်လေ၏။
ACT 25:18 ထိုသူ၌ စွပ်စွဲသော သူများသည် ထ၍ စွပ်စွဲပြောဆိုသော်လည်း အကျွန်ထင်မှတ်ထားသော ပြစ်မှုများဖြင့် မဟုတ်ပေ။
ACT 25:19 အကြောင်းမူကား သူရို့စွပ်စွဲမှုများသည် သူရို့၏ ဘာသာတရားနှင့်ပတ်သက်၍ သော်လည်းကောင်း၊ သီလွန်ပြီးသော ယေသျှု ဟု ခေါ်ဆိုသော သူတစ်ယောက်နှင့်ပတ်သက်၍ သော်လည်းကောင်း အငြင်းပွားမှုသာ ဖြစ်၏။ ထိုယေသျှုသည် သီလွန်လားသော်လည်း အသက်ရှင်လျက် ဟိသည်ဟု ပေါလုက ပြောဆို၏။
ACT 25:20 အကျွန်သည် ဤပြသနာကို ဖြေယှင်းခြင်းငှာ မဆုံးဖြတ်နိုင်သောကြောင့် ‘သင်သည် ဤစွပ်စွဲချက်များနှင့် ပတ်သက်၍ ယေရုဆလင်မြို့သို့ လားပြီး အစစ်ဆေးခံလိုသလော’ ဟု ပေါလုအား မိန်းပါ၏။
ACT 25:21 ထိုအခါ ပေါလုက မိမိအား အစောင့်အကြပ်များဖြင့် ချုပ်ထားပြီး ဧကရာဇ်ဘုရင်၏ အဆုံးအဖြတ်ကို ခံရစီခြင်းငှာ တောင်းဆိုလေ၏။ ထို့ကြောင့် ထိုသူ့ကို ဧကရာဇ်ဘုရင်၏ ရှိ့မှောက်သို့ ပို့ဆောင်သည်ထိတိုင်အောင် အစောင့်အကြပ်များဖြင့် ချုပ်ထားစီခြင်းငှာ အမိန့်ပီးခပါ၏” ဟု ပြောပြလေ၏။
ACT 25:22 အဂြိပ္ပမင်းကလည်း “ထိုသူ၏စကားကို ငါကိုယ်တိုင် နားထောင်ချင်ပါ၏” ဟု ဖေတ္တုမင်းအား ပြောလေ၏။ ထိုအခါ ဖေတ္တုမင်းကလည်း “သင်သည် မနက်ဖြန်နိ့၌ နားထောင်ရလိမ့်မည်” ဟု ပြောလေ၏။
ACT 25:23 နောက်တစ်နိ့တွင် အဂြိပ္ပမင်းနှင့် ဗေရနိတ်ရို့သည် ခမ်းနားသော ဂုဏ်အသရေကိုဆောင်လျက် တပ်မှူးတိ၊ ထိုမြို့၏ ခေါင်းဆောင်တိနှင့်တကွ ညီလာခံခန်းမထဲသို့ ဝင်လာကြ၏။ ထိုအခါ ဖေတ္တုသည် အမိန့်ပီးသဖြင့် ပေါလုအား ရှိ့မှောက်သို့ ခေါ်ဆောင်လာကြ၏။
ACT 25:24 ဖေတ္တုကလည်း “အဂြိပ္ပမင်းကြီးနှင့်တကွ ဤအခန်း၌ ဟိသော သူအားလုံးရို့၊ သင်ရို့မြင်တွိ့ရသော ဤသူအား ယေရုဆလင်မြို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ဟိကြသော ယုဒလူအပေါင်းရို့က ဤသူ့အကြောင်းကို ငါ့ထံ၌ လျှောက်လဲကြ၏။ ဤသူသည် အသက်ရှင်ခြင်းငှာ မထိုက်ဟု အော်ဟစ်၍ တောင်းဆိုကြ၏။
ACT 25:25 ငါသည် သူ၌ သီဒဏ်ခံထိုက်သော အပြစ်တစ်စုံတစ်ခုကို မတွိ့ရပေ။ သို့ရာတွင် သူသည် ဧကရာဇ်ဘုရင်ထံပါးသို့ အယူခံဝင်မည်ဟု ဆိုသောကြောင့် သူ့ကို အထံတော်သို့ ပို့ဆောင်ခြင်းငှာ အကျွန် စီရင်ဆုံးဖြတ်လေ၏။
ACT 25:26 သို့သော် သူနှင့်ပတ်သက်၍ ဧကရာဇ်ဘုရင်အား စာရီးပီးလိုက်ရန် တိကျသောအကြောင်းအရာ တစ်ခုမျှ အကျွန်၌ မဟိ။ ထို့ကြောင့် ထိုသူကို သင်ရို့၏ ရှိ့တော်၌ ခေါ်သွင်းခြင်းဖြစ်၏။ အထူးသဖြင့် အဂြိပ္ပမင်း၏ ရှိ့မှောက်သို့ ခေါ်ဆောင်လာပါ၏။ အကြောင်းမူကား သင်သည် သူ့အား စစ်ဆီးမိန်းမြန်းပြီးသောအခါ အကျွန်၌ ရီးမှတ်စရာတစ်စုံတစ်ခု ဟိကောင်းဟိနိုင်ပါ၏။
ACT 25:27 သူ၏ စွဲချက်ကို ယှင်းလင်းစွာ မဖော်ပြဘဲ အချုပ်သားတစ်ယောက်ကို ပို့လိုက်လျှင် မလျော်ကန် ဖြစ်မည်ဟု အကျွန်ထင်ပါသည်” ဟု ဆိုလေ၏။
ACT 26:1 ထိုအခါ အဂြိပ္ပမင်းက ပေါလုအား “သင့်အကြောင်းကို သင်ပြောဆိုရသော အခွင့်ဟိ၏” ဟု ဆိုလျှင် ပေါလုသည် မိမိလက်ကိုဆန့်၍ အောက်ပါအတိုင်း ချေပပြောဆိုလိုက်သည်မှာ၊
ACT 26:2 “အဂြိပ္ပမင်းကြီး၊ အကျွန့်အား ယုဒအမျိုးသားများ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ အသျှင်၏ ရှိ့မှောက်၌ လျှောက်လဲချေပခွင့်ကို ရသည်မှာ အကျွန့်အဖို့ ထူးမြတ်သော အခွင့်အရေးဖြစ်သည်ဟု ထင်မှတ်ပါ၏။
ACT 26:3 အသျှင်သည် အထူးသဖြင့် ယုဒအမျိုးသားရို့၏ ထုံးတမ်းဓလေ့တိနှင့် ငြင်းခုန်မှုများကိုလည်း ကောင်းစွာသိသော သူဖြစ်၏။ ထို့ကြောင့် အကျွန်၏ လျှောက်လဲချက်ကို သည်းခံ၍ နားထောင်ပီးခြင်းငှာ တောင်းပန်ပါ၏။
ACT 26:4 “အကျွန်သည် ငယ်သောအရွယ်မှ စ၍ ဇာပိုင် နီထိုင်ခကြောင်းကို ယုဒလူမျိုးအပေါင်းရို့သည် သိကြပါ၏။ မိမိ၏ဇာတိမြီ၌ လည်းကောင်း၊ ယေရုဆလင်မြို့၌ လည်းကောင်း အကျွန်၏ဘဝတလျှောက်လုံးကို ဇာပိုင် အသက်ရှင်ခကြောင်း သူရို့အားလုံးသည် သိကြပါ၏။
ACT 26:5 သူရို့သည် အကျွန့်ကို အယင်ကတည်းက သိထားပြီးဖြစ်၍ အကျွန်သည် အကျွန်ရို့ဘာသာတရား၌ အတင်းကျပ်ဆုံးသော စည်းကမ်းကို ကျင့်သုံးသည့် ဖာရိယှဲရို့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်ကို သူရို့သည် ဆန္ဒဟိလျှင် သက်သီခံနိုင်၏။
ACT 26:6 အဂုတွင် အကျွန်သည် ဤနီရာ၌ ရပ်၍ စစ်ဆီးခြင်းကို ခံရသည်မှာ ဘုရားသခင်သည် အကျွန်ရို့၏ အဖိုးအဖီးရို့အား ပီးတော်မူခသော ကတိတော်ကို မျှော်လင့်နိန်သည့်အတွက်ကြောင့် ဖြစ်ပါ၏ —
ACT 26:7 မျိုးနွယ်တစ်ဆယ့်နှစ်မျိုးနွယ်ဖြစ်သော ဣသရေလလူမျိုးရို့သည် နိ့၊ ညဉ့်မပြတ် ဘုရားဝတ်ပြုကာ ထိုကတိတော်အတိုင်း ပြည့်စုံလိမ့်မည်ဟု မျှော်လင့်လျက် ဟိကြပါ၏။ အသျှင်မင်းကြီး၊ အကျွန်သည် ထိုကဲ့သို့ မျှော်လင့်လျက် နိန်သောကြောင့် ယုဒလူမျိုးရို့သည် အကျွန့်ကို ဤသို့ စွပ်စွဲကြခြင်း ဖြစ်ပါ၏။
ACT 26:8 ဘုရားသခင်သည် သီလွန်သောသူရို့အား ပြန်၍ ထမြောက်စီတော်မူမည်ကို ဇာကြောင့် မဖြစ်နိုင်ဟု ထင်မှတ်ကြသနည်း” ဟု ပြောဆို၏။
ACT 26:9 အကျွန်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့သား ယေသျှု၏နာမတော်အား ဆန့်ကျင်ရန် ဖြစ်နိုင်သမျှအမှုအားလုံးကို ပြုသင့်သည်ဟု ယူဆခပါ၏။
ACT 26:10 ထိုအမှုကား ယေရုဆလင်မြို့၌ အကျွန် ပြုခသော အမှုဖြစ်ပါ၏။ အကျွန်သည် ယဇ်ပုရောဟိတ်အကြီးအကဲပါးမှ အခွင့်အာဏာဖြင့် များစွာသော ဘုရားသခင်၏လူတိကို ထောင်၌ အကျဉ်းချထားခ၏။ သူရို့အား အသီသတ်ခြင်းငှာ စီရင်သောအခါ၌ အကျွန်သည်လည်း သဘောတူခပါ၏။
ACT 26:11 တရားဇရပ်များတွင် အကျွန်သည် သူရို့အား အကြိမ်ပေါင်းများစွာ ပြစ်ဒဏ်ပီး၍ သူရို့၏အယူဝါဒကို စွန့်လွှတ်ကြစီရန် ကြိုးစားဆောင်ရွက်ခပါ၏။ အကျွန်သည် သူရို့ကို မုန်းတီးသဖြင့် တစ်ကျွန်းတစ်နိုင်ငံများသို့ပင် လား၍ သူရို့ကို ညှဉ်းဆဲနှိပ်စက်ခပါ၏။
ACT 26:12 “အကျွန်သည် ထိုရည်ရွယ်ချက်ဖြင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့ပါးမှ အခွင့်အာဏာနှင့် ဒမာသက်မြို့သို့ လားခ၏။
ACT 26:13 အသျှင်မင်းကြီး၊ ထိုလမ်းမထက်တွင် မွန်းတည့်အချိန်၌ အာကာမှ နီလုံးထက် ထွန်းတောက်သည့် အလင်းတန်းသည် အကျွန်မှစ၍ အကျွန်နှင့်အတူ ခရီးလားနိန်ကြသောသူရို့ ပတ်လည်တွင် ထွန်းတောက်သည်ကို အကျွန် မြင်ရပါ၏။
ACT 26:14 ထိုအခါ အကျွန်ရို့အားလုံးသည် မြီထက်တွင် လဲကျလားပြီးနောက် ‘သျှောလု၊ သျှောလု ဇာကြောင့် ငါ့ကို ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြီနှင့် ကျောက်လျှင် ခက်လှ၏’ ဟူ၍ ဟေဗြဲဘာသာအားဖြင့် ပြောသောစကားသံကို အကျွန်သည် ကြားရ၏။
ACT 26:15 ထိုအခါ အကျွန်ကလည်း ‘အသျှင်ကား ဇာသူနည်း’ ဟု မိန်း၏။ အသျှင်ကလည်း ‘ငါကား သင် ညှည်းဆဲနိန်သော ယေသျှုပင်ဖြစ်၏။
ACT 26:16 သို့သော် သင်ထ၍ သင့်ခြီထောက်ထက်မှာ သင်ရပ်လော့။ ငါသည် သင့်အား ငါ၏အမှုတော်ဆောင်အဖြစ် ခန့်အပ်ခြင်းငှာ ပေါ်လာရခြင်းဖြစ်၏။ သင်သည် ဤနိ့၌ ငါ့ကို မြင်သောအကြောင်းနှင့် နောင်အခါ၌ ငါသည် သင့်အား ဖော်ပြပီးမည့် အရာများကို အခြားလူရို့အား ပြောပြလော့။
ACT 26:17 ငါသည် သင့်အား ဣသရေလလူမျိုးရို့၏ လက်မှလည်းကောင်း၊ တခြားလူမျိုးရို့၏ လက်မှလည်းကောင်း ကယ်နုတ်မည်။ ထိုသူရို့ပါးသို့ သင့်ကို ငါ စီရွှတ်ပြီးလျှင်၊
ACT 26:18 သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။
ACT 26:19 “ထို့ကြောင့်၊ အဂြိပ္ပမင်းကြီး၊ အကျွန်သည် ကောင်းကင်မှ ဖြစ်သော ထိုဗျာဒိတ်တော်ကို မနာခံဘဲ နီလို့မရပါ။
ACT 26:20 ဦးစွာ ဒမာသက်မြို့မှစ၍ ယေရုဆလင်မြို့၌ လည်းကောင်း၊ ယုဒပြည်အရပ်ရပ်၌ လည်းကောင်း၊ တခြားလူမျိုးတိကြား၌ လည်းကောင်း၊ အကျွန်ဟောပြောသည်မှာ လူရို့သည် မိမိရို့၏ အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ လှည့်လာရမည်။ ထို့နောက် နောင်တရကြောင်းကို မိမိရို့၏ လုပ်ဆောင်ချက်ဖြင့် ပြသရမည် ဟူ၍ ဖြစ်ပါ၏။
ACT 26:21 ဤအကြောင်းကြောင့် ယုဒလူရို့သည် အကျွန့်ကို ဗိမာန်တော်၌ ဖမ်းဆီး၍ အသီသတ်ခြင်းငှာ ကြိုးစားကြပါ၏။
ACT 26:22 သို့ပင်သျှောင် ဘုရားသခင်၏ ကူညီမစခြင်းကို ခံရသောကြောင့် အကျွန်သည် ဤအရပ်၌ အသက်ကြီးသောသူနှင့် ငယ်ရွယ်သောသူ အားလုံးကို သက်သီခံရသော အခွင့်ကို ရဟိခြင်းဖြစ်ပါ၏။ အကျွန်၏ ဟောပြောချက်သည် ဖြစ်ပျက်လာမည့်အကြောင်းနှင့်ပက်သက်၍ မောသျှေနှင့် ပရောဖက်များ ဟောပြောခသည့် အတိုင်းပင်ဖြစ်၏။
ACT 26:23 ထိုအကြောင်းအရာကား၊ မေသျှိယသည် ဒုက္ခဝေဒနာခံရပြီး သီခြင်းမှ အယင်ဦးဆုံး ထမြောက်သောသူ ဖြစ်သည်နှင့်အညီ ယုဒလူမျိုးရို့နှင့် တခြားလူမျိုးရို့၌ ကယ်တင်ခြင်းအလင်းကို ပီးတော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။
ACT 26:24 ပေါလုသည် ထိုသို့ ခုခံချေပနိန်စဉ်၊ ဖေတ္တုမင်းကလည်း “ပေါလု၊ သင်သည် အရူးဖြစ်၏။ သင်သည် အတတ်လွန်၍ အရူးဖြစ်လေယာ” ဟု ဆို၏။
ACT 26:25 ပေါလုကလည်း “မြတ်သော ဖေတ္တုမင်း၊ အကျွန် အရူး မဟုတ်ပါ။ လေးနက်သော အမှန်တရားကိုရာ လျှောက်ထားခြင်းဖြစ်ပါ၏။
ACT 26:26 အဂြိပ္ပမင်းကြီး၊ အသျှင်သည် ဤအကြောင်းအရာတိကို သိထားပြီးဖြစ်၍ ရှိ့တော်၌ ရဲ့ဝံ့စွာ လျှောက်ထားခြင်း ဖြစ်ပါ၏။ ဤအမှုသည် ဆိတ်ကွယ်သော အရပ်၌ ဖြစ်ပျက်ခသည့်အရာ မဟုတ်သောကြောင့် ဤအမှုအားလုံးကို အသျှင်သည် သိမှတ်ပြီးဖြစ်ကြောင်း အကျွန် ယုံကြည်ပါ၏။
ACT 26:27 အဂြိပ္ပမင်းကြီး၊ အသျှင်သည် ပရောဖက်ကျမ်းတိကို ယုံကြည်သလော။ အသျှင် ယုံကြည်ကြောင်းကို အကျွန် သိပါ၏” ဟု လျှောက်လေ၏။
ACT 26:28 အဂြိပ္ပမင်းကြီးကလည်း ပေါလုအား “ဤမျှ အချိန်တိုတိုအတွင်းမှာ ငါ့ကို ခရစ်ယာန်တစ်ယောက် ဖြစ်နိုင်အောင် ဖျားယောင်းနိုင်လိမ့်မည်ဟု သင်သည် ထင်မိသလော” ဟု ဆို၏။
ACT 26:29 ထိုအခါ ပေါလုက “အချိန်ကာလသည် အဓိက မဟုတ်ပါ။ မင်းကြီးနှင့်တကွ ဤနိ့တွင် အကျွန်ပြောဆိုသမျှကို နားထောင်သောသူ အပေါင်းရို့သည် တုပ်နှောင်ခံရခြင်းမှတစ်ပါး အကျွန့်ပိုင် ဖြစ်လာစီခြင်းငှာ ဘုရားသခင်၌ ဆုတောင်းပီးပါ၏” ဟု ဆိုလေ၏။
ACT 26:30 ထို့နောက် မင်းကြီး၊ ဘုရင်ခံ၊ ဗေရနိတ်နှင့်အတူတကွ ထိုင်နိန်ကြသော အဖွဲ့ဝင်အပေါင်းရို့သည် ထလာကြ၏။
ACT 26:31 သူရို့သည် ထိုအခန်းမှ ထွက်လာပြီးနောက် သူရို့အချင်းချင်း “ဤသူသည် သီထိုက်သော အပြစ်ကိုသော်လည်းကောင်း၊ အကျဉ်းခံထိုက်သော အပြစ်ကိုသော်လည်းကောင်း မပြု” ဟု ပြောဆို ကြ၏။
ACT 26:32 ထို့နောက် အဂြိပ္ပကလည်း “ဤသူသည် ဧကရာဇ်ဘုရင်ထံသို့ အယူခံဝင်ရန် မလျှောက်လျှင် သူ့အား လွှတ်ပီးနိုင်၏” ဟု ဖေတ္တုမင်းအား ဆို၏။
ACT 27:1 ထိုအခါ အကျွန်ရို့အား ဣတလိပြည်သို့ သင်္ဘောဖြင့် ကူးရမည့်အကြောင်းကို ဆုံးဖြတ်ပြီးနောက်၊ ပေါလုနှင့် အကျဉ်းသားအချို့ကို “ဧကရာဇ်မင်း၏ တစ်ထောင်တပ်” ဟု ခေါ်သော တပ်မှ တပ်မှူး ယုလိလက်သို့ အပ်လိုက်၏။
ACT 27:2 အကျွန်ရို့သည် အာဒြမုတ္တိမြို့မှ လာသော သင်္ဘောဖြင့် ရွက်ရွှင့်ကြ၏။ ထိုသင်္ဘောသည် အာယှိပြည်တလျှောက်၌ဟိသော သင်္ဘောဆိပ်ကမ်းမြို့များသို့ လားမည့် သင်္ဘောဖြစ်၏။ ငါရို့နှင့်အတူ အာရိတ္တာခု အမည်ဟိသော မာကေဒေါနိပြည် သက်သာလောနိတ်မြို့သား တစ်ယောက်သည်လည်း လိုက်ပါလာ၏။
ACT 27:3 နောက်တစ်နိ့၌ ငါရို့သည် ဇိဒုန်မြို့သို့ ဆိုက်ရောက်လေ၏။ တပ်မှူးယုလိသည် ပေါလုကို သနားသောကြောင့် သူ၏မိတ်ဆွီရို့ပါးသို့ လား၍ သူရို့၏လုပ်ကျွေးခြင်းကို ခံယူရန် အခွင့်ပီးလေ၏။
ACT 27:4 ငါရို့သည် ထိုမြို့မှ ထွက်လာကြပြီးနောက် လီမသင့်သောကြောင့် ကုပရုကျွန်းဘေး လီကွယ်ရာအရပ်မှ ရွက်ရွှင့်ကြ၏။
ACT 27:5 ထို့နောက် ငါရို့သည် ကိလိကိနှင့် ပမ်ဖုလိပြည်၏ ပင်လယ်ပြင်ကိုဖြတ်၍ လုကိပြည် မုရမြို့သို့ ဆိုက်ရောက်ကြ၏။
ACT 27:6 ထိုမြို့၌ တပ်မှူးသည် အာလေဇန္ဒြိမြို့မှ ဣတလိပြည်သို့ ကူးမည့် သင်္ဘောတစ်စီးကို တွိ့သဖြင့် အကျွန်ရို့အား ထိုသင်္ဘောထက်သို့ တက်စီကြ၏။
ACT 27:7 အကျွန်ရို့သည် တရွိ့ရွိ့ဖြင့် ရက်ပေါင်းများစွာ ရွက်ရွှင့်ကြပြီး ကနိဒ်မြို့သို့ ခက်ခဲစွာဖြင့် ရောက်ကြ၏။ ထိုမှ လီမသင့်သောကြောင့် ရှိ့သို့ မလားနိုင်သဖြင့် အကျွန်ရို့သည် သာလမုန်အငူနားမှ ဖြတ်၍ ကရေတေကျွန်းကို အကာအကွယ်ပြု၍ ထိုကျွန်းဘေးမှ ရွက်ရွှင့်ကြ၏။
ACT 27:8 အကျွန်ရို့သည် ကမ်းရိုးတန်းတလျှောက်မှ ခက်ခဲစွာ ရွက်ရွှင့်ကြ၍ လာသဲမြို့အနီး ဆိပ်ကမ်းသာဟုခေါ်သော အရပ်သို့ ရောက်ကြ၏။
ACT 27:9 ထိုအရပ်၌ အကျွန်ရို့သည် အချိန်များစွာ ရပ်နားခကြရာ အပြစ်ဖြေရာနိ့ရက် လွန်လာပြီဖြစ်၍ ပင်လယ်ခရီးလားရာ၌ အန္တရာယ်များသောကာလ ရောက်လာလေ၏။ ထို့ကြောင့် ပေါလုသည် သူရို့အား၊
ACT 27:10 “အချင်းလူရို့၊ အဂုအခါ ပင်လယ်ခရီးပြုမည်ဆိုပါက ဘေးတွိ့မည်။ ထိုသို့ဖြစ်လျှင် သင်္ဘောနှင့် ကုန်ပစ္စည်းများ ဆုံးယှုံးခြင်းသာ မဟုတ်၊ ငါရို့ အသက်လည်း ဆုံးယှုံးစရာဟိကြောင်းကို ငါတွိ့မြင်၏” ဟု သတိပီးစကားကို ဆို၏။
ACT 27:11 သို့ပင်သျှောင် တပ်မှူးသည် ပေါလု၏ စကားထက် သင်္ဘောပိုင်သျှင်နှင့် တက်မကိုင်ရို့၏ စကားကိုသာ နားထောင်ကြ၏။
ACT 27:12 ထိုဆိပ်ကမ်းသည် ဆောင်းကာလ၌ မနီသင့်သောကြောင့်၊ လူအများစုမှာ ထိုဆိပ်ကမ်းမှ ထွက်ခွာ၍ ဖြစ်နိုင်လျှင် ဖိနိတ်မြို့သို့ ရောက်အောင်လားကာ ထိုအရပ်၌ ဆောင်းကာလကို ကုန်လွန်ခြင်းငှာ စိတ်ပိုင်းဖြတ်ကြ၏။ ဖိနိတ်မြို့ကား ကရေတေကျွန်း၏ ဆိပ်ကမ်းမြို့ဖြစ်ပြီး အနောက်တောင်ဖက်နှင့် အနောက်မြောက်ဖက်သို့ မျက်နှာမူလျက် တည်ဟိ၏။
ACT 27:13 တောင်လီသည် ဖြည်းညင်းစွာတိုက်လာသောအခါ သင်္ဘောသားရို့သည် မိမိရို့၏ အကြံအောင်မည်ဟု ထင်မှတ်သဖြင့် ကျောက်ဆူးကို ဆွဲတင်ပြီးလျှင် ကရေတေကျွန်း ကမ်းရိုးတန်းတလျှောက် ကမ်းနှင့် ကပ်နိုင်သမျှကပ်၍ ရွက်ရွှင့်ကြ၏။
ACT 27:14 သို့သော် များမကြာမီတွင် “အရှိ့မြောက်လီ” ဟု ခေါ်သော အားပြင်းသောလီသည် ကမ်းဖက်မှ တိုက်လာ၏။
ACT 27:15 သင်္ဘောသည် လီအဟုန်နှင့်တွိ့သဖြင့် ထိုလီကို ရင်ဆိုင်ခြင်းငှာ မတတ်နိုင်ပေ။ ထို့ကြောင့် အကျွန်ရို့သည် လက်လျော့၍ လီတိုက်ရာသို့ ရွင့်ပါကြ၏။
ACT 27:16 ကလောဒေကျွန်း၏ တောင်ဖက်ကို ရောက်သောအခါ အကျွန်ရို့သည် လီကွယ်ရာအရပ် တချို့ကို တွိ့ရကြ၏။ ထိုနီရာတလျှောက်၌ သင်္ဘောရွိ့လျားနိန်စဉ်၊ အသက်ကယ်လောင်းကို မပျက်စီးစီခြင်းငှာ ခက်ခဲစွာ စီမံလုပ်ဆောင်ကြ၏။
ACT 27:17 သူရို့သည် ထိုလောင်းကို ဆွဲတင်ပြီးလျှင် ကြိုးဖြင့် သင်္ဘောတိုင်များ၌ ချိုင်ထားကြ၏။ သူရို့သည် သုရတိသောင်တွင် တင်မည်ကို စိုးရိမ်သဖြင့် ရွက်ကိုရုပ်သိမ်းပြီး လီတိုက်ရာသို့ မျောပါကြ၏။
ACT 27:18 ပြင်းထန်သော လီမုန်တိုင်းသည်လည်း အဆက်မပြတ် တိုက်ခတ်လေ၏။ ထို့ကြောင့် နောက်တစ်နိ့တွင် သူရို့သည် သင်္ဘော၌ပါသောဝန်များကို စတင်၍ ထုတ်ပစ်ကြ၏။
ACT 27:19 သုံးရက်မြောက်သောနိ့၌ သင်္ဘောနှင့်ဆက်စပ်သော ကုန်တန်ဆာများကို ထုတ်ပစ်ကြ၏။
ACT 27:20 လီပြင်းသည် ဆက်၍အားကောင်းနိန်သိမ့်သဖြင့် အကျွန်ရို့သည် ရက်အတန်ကြာ နီကိုမမြင်ရ၊ နက္ခတ်ကြယ်များကိုလည်း မမြင်ရကြပေ။ နောက်ဆုံး၌ အကျွန်ရို့သည် ကယ်တင်ခံရမည့် မျှော်လင့်ခြင်းပင် ကင်းမဲ့လေ၏။
ACT 27:21 လူရို့သည် အစာမစားဘဲ အချိန်ကြာမြင့်စွာ နီကြပြီးနောက်၊ ပေါလုသည် သူရို့ရှိ့၌ မတ်တက်ရပ်၍ “သင်ရို့ ငါ့စကားကို နားထောင်၍ ကရေတေကျွန်းမှ မခွာဘဲနိန်လျှင် ဤပျက်စီးဆုံးယှုံးခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
ACT 27:22 သို့သော် အဂုမူကား အားတင်းထားကြလော့။ သင်္ဘော ပျက်စီးခြင်းမှတစ်ပါး သင်ရို့အထဲတွင် တစ်ယောက်မျှ အသက်ဆုံးယှုံးရမည် မဟုတ်။
ACT 27:23 အကြောင်းမူကား၊ ငါကိုးကွယ်သော ငါ့အသျှင် ဘုရားသခင်၏ ကောင်းကင်တမန် တစ်ပါးသည် လွန်ခသောည၌ ငါ့ပါးသို့ လာပြီး၊
ACT 27:24 ‘ပေါလု၊ မကြောက်ကေ့။ သင်သည် ဧကရာဇ်ဘုရင်၏ ရှိ့သို့ ရောက်ရမည်။ ဘုရားသခင်သည်လည်း သင့်ကို ထောက်ထား၍ သင်နှင့် အတူတကွ လိုက်လာသောသူအပေါင်းရို့အား အသက်ဘေးမှ လွတ်မြောက်စီလိမ့်မည်’ ဟု ဆို၏။
ACT 27:25 ထို့ကြောင့် အချင်းလူရို့၊ အားတင်းထားကြလော့။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သောကြောင့် ငါ့ကို ကောင်းကင်တမန် ဖော်ပြခသည့်အတိုင်း ဖြစ်လာလိမ့်မည်။
ACT 27:26 သို့ရာတွင်၊ ငါရို့ သင်္ဘောသည် ကျွန်းတချို့တွင် သောင်တင်လိမ့်မည်” ဟု ဆို၏။
ACT 27:27 တစ်ဆယ့်လေးရက်မြောက်သောည၌ အကျွန်ရို့သင်္ဘောသည် အာဒြိပင်လယ်ထဲတွင် လီတိုက်ရာသို့ မျောပါ နိန်၏။ ညဉ့်သန်းခေါင် အချိန်ခန့်တွင် သင်္ဘောသားရို့သည် ကမ်းနှင့် နီးလာသည်ဟု ထင်မှတ်ကြ၏။
ACT 27:28 ထို့ကြောင့် သူရို့သည် ရီအတိမ်အနက်ကို စမ်းကြည့်သောအခါ အနက်ပေ ၁၂၀ ဟိကြောင်းကို တွိ့ရကြ၏။ ထိုမှ အနည်းငယ်လွန်သောအခါ တဖန်တိုင်းကြည့်လျှင် အနက်ပေ ၉၀ ဟိသည်ကို တွိ့ကြ၏။
ACT 27:29 ထိုအခါ သူရို့က သင်္ဘောသည် ကျောက်ဆောင်များအား တိုက်မိမည်ကို စိုးရိမ်ကြ၏။ ထို့ကြောင့် သင်္ဘော၏ ပဲ့ပိုင်းမှ ကျောက်ဆူးလေးလက်ကို ချပြီး၊ မိုးလင်းပါစီဟု ဆုတောင်းကြ၏။
ACT 27:30 ထို့နောက် သင်္ဘောသားရို့သည် ထိုသင်္ဘော၏ ဦးပိုင်းသို့ လား၍ ကျောက်ဆူးတချို့ကို ချဟန်ပြုပြီး အသက်ကယ်လောင်းကို လျှောချကာ ထွက်ဗြီးခြင်းငှာ ကြိုးစားကြ၏။
ACT 27:31 သို့ရာတွင် ပေါလုသည် တပ်မှူးနှင့် စစ်သားတိအား၊ “သင်္ဘောသားရို့ သင်္ဘောထက်၌ မဟိလျှင် သင်ရို့သည် အသက်ချမ်းသာရခြင်းငှာ မျှော်လင့်ခြင်းမဟိ” ဟု ဆို၏။
ACT 27:32 ထိုအခါ စစ်သားရို့သည် အသက်ကယ်လောင်းကြိုးကို ဖြတ်၍ လောင်းကို အောက်သို့ ချလိုက်ကြ၏။
ACT 27:33 အရုဏ်မတက်မီ၊ ပေါလုသည် ထိုသူအပေါင်းရို့အား အစာ စားစီခြင်းငှာ တိုက်တွန်းလိုသောကြောင့် “သင်ရို့သည် ဇာပိုင်ဖြစ်မည်ကို အစာမစားဘဲ ဆက်တိုက် စောင့်မျှော်နိန်ကြသည်မှာ အဂုဆိုလျှင် တစ်ဆယ့်လေးရက်ပင် ဟိခပြီ။
ACT 27:34 ထို့ကြောင့် သင်ရို့သည် အစာကိုစားကြရန် ငါတိုက်တွန်း၏။ သင်ရို့သည် အသက်ရှင်ကျန်ရဖို့အလို့ငှာ လိုအပ်သောအရာဖြစ်၏။ သင်ရို့၏ ဦးဂေါင်းမှ ဆံခြီတစ်မျှင်မျှ ဆုံးယှုံးလိမ့်မည် မဟုတ်” ဟု ဆို၏။
ACT 27:35 ထိုသို့ ပြောဆိုပြီးနောက်၊ ပေါလုသည် ပေါင်မုန့်တချို့ကို ယူလာပြီး သူရို့အားလုံးရှိ့တွင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ဝီမျှစားသုံးကြ၏။
ACT 27:36 ထိုသူအပေါင်းရို့သည်လည်း စိတ်အားတက်လာပြီး အစားအစာတချို့ကိုယူ၍ စားကြ၏။
ACT 27:37 ထိုသင်္ဘော၌ လိုက်ပါလာသော အကျွန်ရို့သည် အရီအတွက်အားဖြင့် ၂၇၆ ယောက် ဟိကြ၏။
ACT 27:38 လူတိုင်း ဝလင်စွာ စားကြပြီးနောက် သင်္ဘောကို ပေါ့ပါးစီခြင်းငှာ ဂျုံစပါးဟိသမျှကို ပင်လယ်ထဲသို့ ချပစ်ကြ၏။
ACT 27:39 မိုးလင်းသောအခါ၊ သင်္ဘောသားရို့သည် မိမိရို့ မည်သည့်အရပ်ဒေသတွင် ရောက်နိန်ကြောင်းကို မသိကြသော်လည်း၊ ပင်လယ်ကွေ့ကမ်းခြီ တစ်ခုကို တွိ့မြင်သဖြင့် ဖြစ်နိုင်လျှင် သင်္ဘောကို ထိုကမ်းခြီသို့ ထိုးတင်မည်ဟု ဆုံးဖြတ်ကြ၏။
ACT 27:40 ထို့ကြောင့် သူရို့သည် ကျောက်ဆူးကြိုးများကို ပင်လယ်ထဲ၌ ဖြတ်ချထားခ၏။ တစ်ချိန်တည်း၌ ပဲ့ထိန်းတက်မ ကြိုးများကိုလည်း ဖြီကြကာ ဦးပိုင်းမှ သင်္ဘောရွက်ကိုလည်း ဖြန့်ဖွင့်ပြီး သင်္ဘောကို ကမ်းသို့ ရွက်တိုက်ပါလားစီ၏။
ACT 27:41 သို့ရာတွင် သင်္ဘောသည် သဲသောင်တစ်ခုထက်တွင် တင်၍ ဦးပိုင်းသည် လှုပ်၍ မရဘဲဟိလေ၏။ သင်္ဘော၏ ပဲ့ပိုင်းကား လှိုင်းပုတ်သောကြောင့် ကျိုးလေ၏။
ACT 27:42 ထိုအခါ စစ်သားတိက အကျဉ်းသားရို့သည် ကမ်းဖက်သို့ ရီကူး၍ ထွက်ဗြီးလွတ်မြောက်လားမည်ကို စိုးရိမ်သောကြောင့် သူရို့အားလုံးကို အသီသတ်မည်ဟု စီစဉ်ကြ၏။
ACT 27:43 သို့ရာတွင် တပ်မှူးသည် ပေါလုအား အသက်ချမ်းသာစီခြင်းငှာ အလိုဟိသောကြောင့် တပ်သားရို့၏ အစီစဉ်ကို တားမြစ်ပြီး၊ ရီကူးနိုင်သော သူရို့သည် ခုန်ဆင်း၍ ကမ်းဖက်သို့ အယင် ကူးစီခြင်းငှာလည်းကောင်း၊
ACT 27:44 ကျန်ခသောသူရို့သည် ပျဉ်ပြားမှစ၍ သင်္ဘော၏ အပိုင်းအစများကို စီး၍ ကူးစီခြင်းငှာလည်းကောင်း အမိန့်ပီးလေ၏။ ဤနည်းဖြင့် အကျွန်ရို့အားလုံးသည် အသက်ဘေးမှလွတ်၍ ကမ်းသို့ ရောက်ကြ၏။
ACT 28:1 အကျွန်ရို့သည် အသက်ဘေးမှလွတ်၍ ကမ်းထက်သို့ ရောက်သောအခါ ၎င်းကို မေလိတေကျွန်းဟု ခေါ်ကြောင်း သိရကြ၏။
ACT 28:2 ထိုကျွန်းသူကျွန်းသားရို့သည် အကျွန်ရို့အား အလွန်ရင်းနှီးစွာ ချစ်ခင်ကြင်နာမှုကို ပြသကြ၏။ မိုးရွာ၍ ချမ်းသောကြောင့် ထိုသူရို့သည် မီးပုံတစ်ပုံကို ဖိုပြီး အကျွန်ရို့အား ကြိုဆိုကြ၏။
ACT 28:3 ပေါလုသည် ထင်းကို စုသိမ်း၍ မီးထဲ၌ ထည့်လေ၏။ ထိုအခါ မြွီတစ်ကောင်သည် မီးအပူဟိန်ကြောင့် ထွက်လာ၍ ပေါလု၏လက်ကို တွယ်တက်လျက်နိန်၏။
ACT 28:4 ထိုအခါ ကျွန်းသားရို့က ပေါလုလက်၌ မြွီတွယ်တက်နိန်သည်ကို မြင်လျှင် “ဤသူသည် လူသတ်သမားဖြစ်မည်။ ပင်လယ်၌ အသက်ဘေးမှ လွတ်မြောက်လာသော်လည်း၊ ကံတရားက သူ့အား အသက်ရှင်ခြင်းငှာ အခွင့်မပီး” ဟု အချင်းချင်း ပြောဆိုကြ၏။
ACT 28:5 သို့သော် ပေါလု၌ ဇာဘေးမျှ မဖြစ်ဘဲ ထိုမြွီကို မီးထဲသို့ ခါချလိုက်၏။
ACT 28:6 ဒေသခံရို့မူကား ပေါလုခန္ဓာသည် ရောင်ရမ်းလာပြီး လဲကျကာ သီဆုံးလားမည်ဟု ထင်မှတ်၍ စောင့်ကြည့်နိန်ကြ၏၊ သို့ရာတွင် အချိန်ကြာမြင့်စွာ စောင့်ကြည့်နိန်သော်လည်း ပေါလု၌ ထူးခြားသော‌ဖီး တစ်ခုမျှ ဖြစ်မလာသည်ကို မြင်ကြသောအခါ သူရို့၏ထင်မှတ်ချက်သည် ပြောင်းလဲ၍ “ဤသူသည် နတ်ဘုရားတစ်ပါး ဖြစ်၏” ဟု ပြောဆိုကြ၏။
ACT 28:7 ထိုအရပ်နှင့် မနီးမဝီးတွင် ပုဗလိအမည်ဟိသော ကျွန်းသူကြီး ပိုင်ဆိုင်သော မြီယာများ ဟိ၏။ ထိုသူကြီးသည် အကျွန်ရို့ကို ချစ်ခင်ကြင်နာစွာ ကြိုဆိုပြီး၊ သုံးရက်ပတ်လုံး ကောင်းစွာ ဧည့်ခံကျွေးမွေးလေ၏။
ACT 28:8 ပုဗလိ၏ အဖသည် အပြင်းဖျားနှင့် ဝမ်းကိုက်ရောဂါများကို ခံစားရပြီး အိပ်ရာ၌ လဲနိန်၏။ ပေါလုသည်လည်း သူ၏အခန်းထဲသို့ လား၍ ဆုတောင်းပြီးနောက် သူ့အထက်၌ မိမိ၏လက်ကို တင်ကာ ကျန်းမာလာစီ၏။
ACT 28:9 ထိုအခြင်းအရာများကြောင့် ကျွန်းထက်၌ဟိသော တခြား မကျန်းမာသောသူ အားလုံးသည်လည်း ပေါလုပါးသို့ ရောက်လာကြ၍ ကျန်းမာခြင်းကို ရကြလေ၏။
ACT 28:10 သူရို့သည် များစွာသော လက်ဆောင်များကို အကျွန်ရို့အား ပီးကြလေ၏။ အကျွန်ရို့သည် ထိုမှ ရွက်ရွှင့်ကြသောအခါလည်း လမ်းခရီး၌ လိုအပ်သော စားနပ်ရိက္ခာများကို သင်္ဘောထက်သို့ တင်ပီးကြ၏။
ACT 28:11 သုံးလလွန်သောအခါ အကျွန်ရို့သည် “နတ်သားအမြွှာ” ဟု ခေါ်သော အာလေဇန္ဒြိမြို့မှ လာသော သင်္ဘောကို စီး၍ ရွက်ရွှင့်ကြ၏။ ထိုသင်္ဘောသည် ဆောင်းကာလပတ်လုံး ထိုကျွန်း၌ နီခဖူးသော သင်္ဘောဖြစ်၏။
ACT 28:12 အကျွန်ရို့သည် သုရကုတ်မြို့သို့ ရောက်လျှင် သုံးရက်မျှနီထိုင်ကြ၏။
ACT 28:13 ထိုမြို့မှ ရွက်ရွှင့်ပြန်ရာ ရီဂျုန်မြို့သို့ ရောက်ကြ၏။ နောက်တစ်နိ့တွင် တောင်လီသည် စတင် တိုက်ခတ်လာသောကြောင့်၊ နှစ်ရက်အကြာ၌ ပေါတယောလိမြို့သို့ ရောက်ကြ၏။
ACT 28:14 ထိုမြို့၌ တချို့သော ယုံကြည်သူများနှင့် တွိ့၍ အကျွန်ရို့အား တစ်ပတ်ခန့်မျှ သူရို့နှင့်အတူ နီထိုင်ပီးစီခြင်းငှာ တောင်းပန်သည့်အတိုင်း နီကြလေ၏။ ထို့နောက်မှ အကျွန်ရို့သည် ရောမမြို့သို့ ခရီးပြုကြ၏။
ACT 28:15 ရောမမြို့၌ ဟိသော ယုံကြည်သူများသည် အကျွန်ရို့၏ သတင်းကို ကြားကြလျှင်၊ ကြိုဆိုခြင်းငှာ တချို့သည် အပ္ပိဈီးတိုင်အောင်လည်းကောင်း၊ တချို့သည် ဧည့်ရိပ်သာသုံးဆောင်ဟု ခေါ်သော အရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူရို့ကို မြင်သောအခါ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ကြီးစွာ စိတ်အားတက်လေ၏။
ACT 28:16 အကျွန်ရို့သည် ရောမမြို့သို့ ရောက်သောအခါ၊ ပေါလုသည် မိမိအား အစောင့်စစ်သား တစ်ယောက်နှင့်အတူ နီရသောအခွင့်ကို ရ၏။
ACT 28:17 သုံးရက်လွန်သောအခါ၊ ပေါလုသည် ဒေသခံ ယုဒ ခေါင်းဆောင်တိကို တွိ့ဆုံခြင်းငှာ ခေါ်လေ၏။ ထိုသူရို့သည် စုရုံးလာကြသောအခါ ပေါလုက “ငါ၏ ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် မိမိအမျိုးသားရို့ကိုလည်းကောင်း၊ ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးခသော ထုံးတမ်းဓလေ့ကို သော်လည်းကောင်း မဆန့်ကျင်ခ သော်လည်း၊ ယုဒအမျိုးသားရို့သည် ငါ့ကို ယေရုဆလင်မြို့၌ ဖမ်းဆီးပြီး ရောမလူမျိုးရို့၏ လက်သို့ အပ်လိုက်ကြ၏။
ACT 28:18 သူရို့သည် ငါ့ကို စစ်ဆီးပြီးမှ ငါ၌ သီထိုက်သော အပြစ်တစ်စုံတစ်ခုမျှ မတွိ့သောကြောင့် လွတ်စီလိုကြ၏။
ACT 28:19 သို့ရာတွင် ယုဒလူမျိုးရို့က ဆန့်ကျင်သောကြောင့် ငါသည် ဧကရာဇ်ဘုရင်ထံ၌ အယူခံဝင်ပါမည်ဟု ဆိုရပါ၏။ ထိုသို့ ပြုရခြင်းမှာ မိမိလူမျိုးရို့ကို အပြစ်တင်စွပ်စွဲစရာ တစ်စုံတစ်ခု ဟိသောကြောင့် မဟုတ်။
ACT 28:20 ထို့ကြောင့် သင်ရို့အား တွိ့ဆုံခွင့်နှင့် ပြောဆိုခွင့်ကို ဤသို့ တောင်းရခြင်းဖြစ်ပါ၏။ ငါသည် ဤကဲ့သို့ သံကြိုးများဖြင့် တုပ်နှောင်ခြင်းကို ခံရသည်မှာ ဣသရေလအမျိုးသားရို့ မျှော်လင့်နိန်သော အသျှင်ကြောင့်သာ ဖြစ်၏” ဟု ပြောလေ၏။
ACT 28:21 သူရို့ကလည်း “သင်၏အကြောင်းကို ယုဒပြည်မှ ရီး၍ပီးလိုက်သော ဇာစာကိုမျှ အကျွန်ရို့ မရဘဲ၊ အကျွန်ရို့၏ လူတိလည်း သင်၏အကြောင်းနှင့်ပတ်သတ်၍ မကောင်းသောအရာ တစ်စုံတစ်ခုကိုမျှ သတင်းပို့သောသူ သို့မဟုတ် ပြောသောသူ တစ်ယောက်မျှ မဟိကြပါ။
ACT 28:22 သို့ပင်သျှောင် သင်၏ အယူအဆ အကြောင်းကိုမူ ငါရို့ နားထောင်လိုပါ၏။ အကြောင်းမူကား ဤဂိုဏ်းခွဲကို အရပ်ရပ်၌ ဟိသောလူတိက ဆန့်ကျင်ပြောဆိုနိန်ကြသည်ကို ငါရို့သိကြ၏” ဟု ဆိုကြ၏။
ACT 28:23 ထို့ကြောင့် သူရို့သည် ပေါလုကို ရက်ချိန်းပီးကြပြီး၊ ထိုနိ့ရက် ရောက်လာသောအခါ များစွာသောလူရို့သည် ပေါလုတည်းခိုရာသို့ ရောက်လာကြ၏။ ပေါလုကလည်း ထိုသူရို့အား မိုးထဖက်မှ စ၍ ညမိုးချုပ်သည်ထိတိုင်အောင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ယှင်းပြဟောပြောလေ၏။ ယေသျှု၏ အကြောင်းကို နားလည်ယုံကြည်စီခြင်းငှာ မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများမှ ကိုးကား၍ ကြိုးစားကာ ဟောပြောလေ၏။
ACT 28:24 လူတချို့သည် ပေါလုဟောပြောချက်ကို နားလည်သဘောပေါက် လာကြသော်လည်း၊ အချို့မူကား မယုံကြည်ကြ။
ACT 28:25 ထို့ကြောင့် သူရို့သည် အချင်းချင်း သဘောထားကွဲ၍ ထွက်လားကြသည်မှာ ပေါလု၏ နောက်ဆုံးသောစကားကို ကြားကြသောကြောင့် ဖြစ်၏။ ထိုစကားမူကား “သန့်ယှင်းသောဝိညာဉ်တော်သည် သင်ရို့၏ အဖိုးအဖီးရို့ကို ပရောဖက် ဟေသျှာယအားဖြင့် မိန့်တော်မူခသော စကားသည်ကား၊
ACT 28:26 “ ‘ဤလူမျိုးပါးသို့ လား၍ ဟောပြောကြလော။ သင်ရို့သည် နားထောင်ပြီးယင်း နားထောင်သော်လည်း၊ နားမလည်ကြ။ သင်ရို့သည် ကြည့်ပြီးယင်း ကြည့်ကတ်သော်လည်း၊ မတွိ့မြင်ကြ။
ACT 28:27 အကြောင်းမူကား ဤလူရို့၏စိတ်နှလုံးသည် မာကြောလျက်၊ နားသည်လည်း ထိုင်းလျက်၊ မျက်စိသည်လည်း ပိတ်လျက် ဟိကြ၏။ ထိုသို့ မဟုတ်ဘဲ၊ သူရို့မျက်စိသည် မြင်ကြလျက်၊ သူရို့၏ နားသည်လည်း ကြားကြပြီး၊ သူရို့၏ စိတ်နှလုံးသည် နားလည်ကြလျှင်၊ သူရို့သည် ငါ့ပါးသို့ လှည့်လာ၍ ငါသည်လည်း သူရို့၏ အနာရောဂါကို ကျန်းမာစီမည် ဟူ၍ ဘုရားသခင် မိန့်တော်မူ၏’ ဟု ဆိုလေ၏။”
ACT 28:28 ထို့နောက် ပေါလုကလည်း “သို့ဖြစ်၍ ငါသည် သင်ရို့ကို သိစီလိုသည်မှာ၊ ငါ့ဘုရားသခင်၏ ကယ်တင်ခြင်းတရားသည် တခြားလူမျိုးရို့အား ပီးလိုက်သည်ဖြစ်၍ သူရို့သည် နားထောင်ကြလိမ့်မည်” ဟု ဟောပြောကာ အဆုံးသတ်လေ၏။
ACT 28:29 
ACT 28:30 ပေါလုသည် ထိုမြို့တွင် မိမိ ငှားထားသောအိမ်၌ နှစ်နှစ်ပတ်လုံး နီ၍၊ မိမိအား လာရောက်တွိ့လိုသောသူ မှန်သမျှကို ကြိုဆိုလက်ခံလေ၏။
ACT 28:31 ထိုသူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့် အသျှင်ယေသျှုခရစ်တော်၏ အကြောင်းအလုံးစုံကို ရဲရင့်စွာ လွတ်လွတ်လပ်လပ် ဟောပြောသွန်သင်လေ၏။
ROM 1:1 ဘုရားသခင်၏ သတင်းကောင်း တရားကို ဟောပြောခြင်းငှာ ဘုရားသခင်ရွီးချယ်၍ ခေါ်တော်မူထားသော တမန်တော်တစ်ယောက်ဖြစ်သည့် ခရစ်တော်ယေသျှု၏အစီခံ ငါ ပေါလုသည် စာရီးလိုက်ပါ၏။
ROM 1:2 ကျမ်းစာတော်မြတ်၌ ရီးထားခသည့်အတိုင်း ဘုရားသခင်သည် ရှီးလွန်လေပြီးသော ကာလကပင် သူ၏ပရောဖက်များအားဖြင့် ကတိပီးထားခသော သတင်းကောင်းတရားဖြစ်သည်။
ROM 1:3 ထိုသတင်းကောင်းတရားသည်ကား ဒါဝိဒ်၏ အမျိုးတစ်ယောက်အဖြစ်ဖြင့် လူ့ဇာတိကို ခံယူမွီးဖွားလာသော ဘုရားသခင်၏သားတော် ငါရို့၏အသျှင် ယေသျှုခရစ်တော်အကြောင်း ဖြစ်၏။
ROM 1:4 သန့်ယှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူခြင်းဖြင့် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ဖွင့်ပြတော်မူ၏။
ROM 1:5 ဘုရားသခင်သည် ခရစ်တော်၏အကျိုးအလို့ငှာ တမန်တော်တစ်ယောက် ဖြစ်ရသောအခွင့်ထူးကို ထိုအသျှင်အားဖြင့် အကျွန့်အား ပီးတော်မူ၏။ အကြောင်းမှာ လူသားအားလုံးသည် ကိုယ်တော့်ကို ယုံကြည်၍ နာခံလိုက်လျှောက်ကြစီရန်ဖြစ်၏။
ROM 1:6 ဤသို့အလို့ငှာ ဘုရားသခင်က ယေသျှုခရစ်တော်ပါးသို့ ခေါ်ထားသောသူများထဲမှာ ရောမမြို့၌ ဟိကြသော သင်ရို့လည်း ပါဝင်ကြ၏။
ROM 1:7 ထို့ကြောင့် ဘုရားသခင်ချစ်တော်မူ၍ မိမိသန့်ယှင်းသူများဖြစ်စီခြင်းငှာ ခေါ်ထားတော်မူသော ရောမမြို့သူမြို့သား အားလုံးကို ငါစာရီးလိုက်ပါ၏၊
ROM 1:8 ပထမဦးဆုံးအနေဖြင့် ငါသည် သင်ရို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေသျှုခရစ်တော်အားဖြင့် ကျေးဇူးတင်ပါ၏။ အကြောင်းမူကား သင်ရို့၏ယုံကြည်ခြင်း အကြောင်းကို တစ်ကမ္ဘာလုံးက ကြားသိနိန်ကြသောကြောင့် ဖြစ်၏။
ROM 1:9 ငါသည် ဘုရားသခင်၏သားတော်အကြောင်း သတင်းကောင်းကို ဟောပြောလျက်၊ မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိန်သည်မှာ ဧကန် အမှန်ပင် ဖြစ်ကြောင်း ငါဆိုသည်မှာ ဘုရားသခင်သည် ငါ၏ သက်သီဖြစ်တော်မူ၏။ ငါသည် ဆုတောင်းသည့်အခါတိုင်း သင်ရို့ကို သတိရလျက်ဟိသည်ကို ဘုရားသခင် သိတော်မူ၏။
ROM 1:10 ဘုရားသခင်သည် မိမိ၏ကောင်းမြတ်သော အကြံအစည်တော်အားဖြင့် သင်ရို့ပါးသို့ အဂု အလည်လာနိုင်ခြင်းငှာ နောက်ဆုံးအနေဖြင့် ငါ့အား လုပ်ဆောင်ပီးပါရန် ငါသည် ဆုတောင်းလျက်ဟိ၏။
ROM 1:11 ငါသည် သင်ရို့ကို အလွန်တွိ့ချင်ပါ၏။ အကြောင်းမှာ သင်ရို့သည် ခိုင်ခန့်စီခြင်းငှာ ဝိညာဉ်ဆုကျေးဇူးတချို့ကို သင်ရို့အား ဝီငှရန် ဖြစ်၏။
ROM 1:12 ငါဆိုလိုသည်မှာ ငါ၏ယုံကြည်ခြင်း တရားကို သင်ရို့အားလည်းကောင်း သင်ရို့၏ယုံကြည်ခြင်းကို ငါ့အားလည်းကောင်း အချင်းချင်း အပြန်အလှန် အားပီးတိုက်တွန်းလို၍ ဖြစ်၏။
ROM 1:13 ညီအစ်ကို မောင်နှမရို့၊ ငါသည် တခြားလူမျိုးတိ ပြောင်းလဲလာသကဲ့သို့၊ သင်ရို့ကိုလည်း ပြောင်းလဲလာစီချင်သောကြောင့်၊ သင်ရို့ပါးသို့ လာဖို့ အကြိမ်ကြိမ် စီစဉ်ခသော်လည်း ထိုခရီး မထမြောက်အောင် အမြဲတမ်း တားဆီးခြင်းကို ခံနိန်ရသည်ကို သင်ရို့အား သိစီလိုပါ၏။
ROM 1:14 အကြောင်းမူကား လူယဉ်ကျေးဖြစ်စီ၊ လူရိုင်းဖြစ်စီ၊ ပညာဟိဖြစ်စီ၊ ပညာမဲ့ဖြစ်စီ၊ လူသားအားလုံးအတွက် ငါမှာ တာဝန်ဟိ၏။
ROM 1:15 သို့ဖြစ်၍ ငါသည် ရောမမြို့၌ နီထိုင်ကြသော သင်ရို့ကိုလည်း သတင်းကောင်းတရား ဟောပြောခြင်းငှာ စိတ်အားထက်သန်လျက် ဟိ၏။
ROM 1:16 ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။
ROM 1:17 အကြောင်းမူကား “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ကျမ်းစာက ပြောထားသည်နှင့်အညီ၊ အစမှ အဆုံးတိုင်အောင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် မိမိ၏မျက်မှောက်တော်တွင် ငါရို့အား ဖြောင့်မတ်ခြင်းတရား၌ ဇာပိုင် တည်နိုင်သည်ဆိုစွာကို ဤသတင်းကောင်းတရားတော်က ဖော်ပြထား၏။
ROM 1:18 လူသားတိ၏အပြစ်များနှင့် ဒုစရိုက်များကို ဆန့်ကျင်လျက် ဘုရားသခင်၏အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြလျက်ဟိ၏။ ထို့အပြင် လူတိသည် ဒုစရိုက်အပြစ်များကို ပြုခြင်းဖြင့် သမ္မာတရားကို သိခြင်းငှာ တားဆီးပိတ်ပင်ခြင်းကို ခံနိန်ကြရ၏။
ROM 1:19 အကြောင်းမူကား ဘုရားသခင်သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာများကို ထိုသူရို့အား ဖော်ပြတော်မူပြီဖြစ်၍ ထိုအရာများသည် သူရို့၌ ထင်ရှားလျက်ဟိ၏။
ROM 1:20 အကြောင်းမူကား ဖန်ဆင်းထားသောအရာများကို ထောက်ရှုခြင်းဖြင့် မျက်မြင်မရနိုင်သော အရာများဖြစ်ကြသည့် ဘုရားသခင်၏ထာဝရတန်ခိုးတော်နှင့် ဘုရား၏သဘောသဘာဝတိသည် လောကကို ဖန်ဆင်းတော်မူစဉ်ကပင် ထင်ရှားစွာ ဟိတော်မူပြီးဖြစ်၏။ ထို့ကြောင့် သူရို့သည် ကိုယ့်အပြစ်ကို မဖုံးနိုင်ရာ။
ROM 1:21 ထိုသူရို့သည် ဘုရားသခင်ကို သိကြသော်လည်း ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းမဟိကြသည့်အပြင် ကျေးဇူးတော်ကိုလည်း အသိအမှတ်မပြုကြ၊ အဓိပ္ပာယ်မဟိသော အရာတိကို တွီးတောလျက် သူရို့၏အသိဉာဏ်ကင်းမဲ့သောစိတ်နှလုံးကို အမှောင်ဖုံးလျက်ဟိကြ၏။
ROM 1:22 သူရို့သည် မိမိကို မိမိ ပညာဟိဟု ပြောဆိုလျက်ဟိကြသော်လည်း ပညာမဟိသော သူများသာ ဖြစ်ကြ၏။
ROM 1:23 အကြောင်းမူကား သူရို့သည် မဖောက်ပြန်၊ မပျက်စီးတတ်သော ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုမည့်အစား ဖေါက်ပြန်ပျက်စီးတတ်သော လူ သို့မဟုတ် ငှက် သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် တွားလားသတ္တဝါ ကဲ့သို့သော ရုပ်တုများကို ကိုးကွယ်ဝတ်ပြုလျက်ဟိကြ၏။
ROM 1:24 ထို့ကြောင့် ဘုရားသခင်သည် ထိုသူရို့အား မိမိရို့၏ကိလေသာစိတ် ညစ်ညူးခြင်းအမှုကို ပြုခြင်းငှာ စွန့်ပစ်ထားတော်မူ၏။ သို့ဖြစ်၍ သူရို့သည် အချင်းချင်း ရှက်ဖွယ်သော အမှုကို ပြုကြ၏။
ROM 1:25 သူရို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့် လှဲလှယ်၍ ထာဝရချီးမွမ်းဖွယ်ရာ ဖြစ်တော်မူသော ဖန်ဆင်းသျှင် ကိုယ်စား ဘုရားသခင် ဖန်ဆင်းထားသော အရာများကိုသာ ကိုးကွယ်ဝတ်ပြုလျက် ထိုအရာများ၏အမှုကိုသာ ဆောင်ရွက်နိန်ကြ၏။ အာမင်။
ROM 1:26 သူရို့သည် ဤအရာများကို ပြုမူနိန်ကြသောကြောင့် ဘုရားသခင်သည် သူရို့အား ရှက်ကြောက်ဖွယ်သော ကိလေသာလက်ထဲသို့ စွန့်ပစ်တော်မူ၏။ မိန်းမရို့သည် သဘာဝနှင့်လျှော်ညီသောဆက်ဆံခြင်း ထုံးစံကို စွန့်၍ ပကတိနှင့် ဆန့်ကျင်ဖက် ထုံးစံသို့ လိုက်ကြ၏။
ROM 1:27 ထို့အတူ၊ ယောက်ျားရို့သည်လည်း မိန်းမနှင့် သဘာဝနှင့်လျှော်ညီသောဆက်ဆံခြင်း ထုံးစံကို စွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင်လျက် ယောက်ျားအချင်းချင်း ရှက်ကြောက်ဖွယ်သော အမှုကို ပြုကြ၏။ သို့ဖြစ်၍ သူရို့သည် မိမိရို့ ပြုမှားသောအပြစ်အတွက် ခံထိုက်သောပြစ်ဒဏ်ကို မိမိရို့ထက်မှာ သွန်းလောင်းကြ၏။
ROM 1:28 ထိုသူရို့သည် စိတ်ထဲ၌ ဘုရားသခင်၏ မှန်သော အသိပညာကို လက်မခံကြသောကြောင့် ဘုရားသခင်သည် သူရို့အား မပြုအပ်သော အမှုကို ပြုစီခြင်းငှာ ယုတ်ညံ့သောစိတ်သို့ အပ်လိုက်တော်မူ၏။
ROM 1:29 သူရို့သည် ဒုစရိုက်အမျိုးမျိုးကို ကျင့်ခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ လူအသက်ကို သတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ လိမ်ညာလှည့်ပတ်ခြင်း၊ သူတစ်ပါးကို အမြင်ကပ်ခြင်း၊ အတင်းပြောခြင်း၊
ROM 1:30 ဆဲရေးတိုင်းထွာခြင်း၊ ဘုရားသခင်ကို မုန်းခြင်း၊ မောက်မာခြင်း၊ ဝါကြွားခြင်း၊ ဒုစရိုက်ပြုမည့် နည်းလမ်းတိကိုသာ တွီးတောကြံစည်ခြင်း၊ မိဘစကားကို နားမထောင်ခြင်း၊
ROM 1:31 ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၊ ကတိမတည်ခြင်း၊ သူတစ်ပါးကို သနားကြင်နာစိတ် ကင်းမဲ့ခြင်းများဖြင့် ပြည့်စုံလျက်ဟိကြ၏။
ROM 1:32 ထိုသို့သော ကျင့်သောသူရို့သည် သီပြစ်ကို ခံထိုက်သည်ဟု ဘုရားသခင်၏ပညတ်တရားက မိန့်မှာထားသည်ကို သူရို့သည် သိလျက်ပင်၊ ကိုယ်တိုင် ကျင့်ကြသည်သာမက ထိုသို့ ကျင့်သောသူတိကိုလည်း အားပီးအားမြှောက် ပြုလျက်ဟိကြ၏။
ROM 2:1 မိတ်ဆွီ၊ သင်သည် တခြားလူတိကို အပြစ်စီရင် ပါသလော၊ သင် ဇာပိုင်လူ ဖြစ်နိန်ပါစီ၊ တခြားလူတိကို အပြစ်စီရင်ပိုင်ခွင့် မဟိ။ အကြောင်းမူကား သင်သည် တခြားလူတိကို အပြစ်စီရင်ပြီးနောက် သူရို့ နည်းတူ အပြစ်လုပ်တတ်လေ့ဟိသောကြောင့် သင်သည် မိမိကိုယ်ကို အပြစ်စီရင်ခြင်းဖြစ်၏။
ROM 2:2 ဘုရားသခင်က ထိုကဲ့သို့ ပြုသူများကို အပြစ်စီရင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ငါရို့ သိကြ၏။
ROM 2:3 သို့ရာတွင် ငါ့ မိတ်ဆွီ၊ သင်သည် ထိုသို့သောအမှုကို ကိုယ်တိုင်ပြုလျက်နှင့်ပင် တခြားလူတိကို အပြစ်စီရင်သော သင်သည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လွတ်လိမ့်မည်ဟု ထင်မှတ်နိန်ပါသလား။
ROM 2:4 သို့တည်းမဟုတ် ဘုရားသခင်၏ မဟာကရုဏာတော်နှင့် သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းကို မထီမဲ့မြင် ပြုနိန်ပါသလား။ ဘုရားသခင်သည် သင့်ကို နောင်တသို့ သွီးဆောင်နိန်သောကြောင့် ကိုယ်တော်သည် ကရုဏာတော်သျှင် ဖြစ်တော်မူကြောင်းကို သင်သည် အသေအချာ သိကြ၏။
ROM 2:5 သို့ရာတွင် သင်ရို့သည် စိတ်နှလုံးခိုင်မာကြပြီး နောင်တမရကြ၊ ဘုရားသခင်၏အမျက်တော်ခံရာနိ့ရက်၌ မိမိရို့၏အပြစ်ကို သာ၍ ကြီးလေးအောင် လုပ်နိန်ကြသောကြောင့် ကိုယ်တော်၏ဖြောင့်မတ်သော တရားစီရင်ခြင်းသည် ထင်ရှားလာလိမ့်မည်။
ROM 2:6 အကြောင်းမူကား ဘုရားသခင်သည် လူအသီးသီးရို့အား မိမိရို့ ကျင့်သည့်အတိုင်း အကျိုးအပြစ်ကို ပီးတော်မူလိမ့်မည်။
ROM 2:7 ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကိုလည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကိုလည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။
ROM 2:8 သို့ရာတွင် တစ်ကိုယ်ကောင်းဆန်၍ မတရားသောအမှုကို ပြုခြင်းငှာ သမ္မာတရားကို ငြင်းပယ်သောသူရို့အား ဘုရားသခင်က မိမိ၏အမျက်ဒေါသကို သွန်းလောင်းတော်မူလိမ့်မည်။
ROM 2:9 ပထမဆုံး ယုဒလူ၊ ထို့နောက် တခြားလူမျိုးမှစ၍ ဆိုးယုတ်သောအကျင့်ကို ကျင့်သမျှသော သူရို့သည် ဆင်းရဲဒုက္ခဝေဒနာကို ခံစားကြရလိမ့်မည်။
ROM 2:10 သို့ရာတွင် ပထမဆုံး ယုဒလူ၊ ထို့နောက် တခြားလူမျိုးမှစ၍ ကောင်းသော အကျင့်ကို ကျင့်သမျှသော သူတိအား ဘုရားသခင်က ဘုန်းတန်ခိုး ဂုဏ်အသရေနှင့် ငြိမ်သက်ခြင်းကို ပီးတော်မူလိမ့်မည်။
ROM 2:11 အကြောင်းမူကား ဘုရားသခင်သည် လူတိုင်းကို တန်းတူထား၍ တရားစီရင်တော်မူ၏။
ROM 2:12 တခြားလူမျိုးတိမှာ မောသျှေ၏ပညတ်တရားဟူ၍ မဟိကြ၊ သူရို့သည် ဒုစရိုက်အပြစ် ကို ပြစ်မှား၍ ပညတ်တရားမဲ့ ပျက်စီးခြင်းသို့ ရောက်ကြရ၏။ ယုဒလူမျိုးတိမှာ မောသျှေ၏ပညတ်တရား ဟိကြ၏၊ သူရို့သည် ဒုစရိုက်အပြစ် ကို ပြစ်မှား၍ ပညတ်တရားဖြင့် အပြစ်စီရင်ခြင်းကို ခံရကြ၏။
ROM 2:13 အကြောင်းမူကား၊ တရားနာသောသူများသည် ဘုရားသခင်ရှိ့၌ ဖြောင့်မတ်သည် မဟုတ်၊ တရားကို ကျင့်သောသူတိသာလျှင် ဖြောင့်မတ်ရာ ရောက်၏။
ROM 2:14 အခြားလူမျိုးရို့မှာ ပညတ်တရားဟူ၍ မဟိကြ၊ သို့သော်လည်း သူရို့သည် ဇာအချိန်ခါမဆို မိမိသဘောဖြင့် ပညတ်တရား၏မိန့်မှာချက်များကို ကျင့်ကြသောအခါ သူရို့မှာ ပညတ်တရားမဟိသော်လည်း ထိုပညတ်တရား၏မိန့်မှာချက်များသည် သူရို့၏ ကိုယ်ပိုင်တရား ဖြစ်လာကြ၏။
ROM 2:15 ထို့ကြောင့် ပညတ်တရား၏မိန့်မှာချက်တိကို သူရို့၏နှလုံးသားထဲမှာ ရီးသားထားကြောင်းကို သူရို့၏အပြုအမူက ဖော်ပြနိန်၏။ သူရို့၏ အတွေးထဲမှာလည်း တစ်ခါတရံ ကိုယ့်ကိုကိုယ် အပြစ်တင်လျက် တစ်ခါတရံ ကိုယ့်ကို ကိုယ် ကာကွယ်လျက် ဤပညတ်တရားများသည် အမှန်ဖြစ်ကြောင်းကို သူရို့၏အသိစိတ်က ဖော်ပြလျက်ဟိ၏။
ROM 2:16 သို့ဖြစ်၍ ငါဟောပြောသော သတင်းကောင်းတရားသည်ကား ဘုရားသခင်သည် လူတိစိတ်နှလုံးထဲ၌ လျှို့ဝှက်ထားသမျှသောအကြံအစည်များကို ယေသျှုခရစ်တော်အားဖြင့် တရားစီရင်မည့်နိ့ရက်၌ ဇာပိုင်ဖြစ်လာမည်ကို ဟောပြောခြင်းဖြစ်၏။
ROM 2:17 သင်ရို့သည် မိမိကို မိမိ ယုဒလူဟု ပြောဆိုနိန်သောသူ၊ ပညတ်တရားကို အမှီပြုလျက် ဘုရားသခင်နှင့်ပတ်သက်၍ ဝါကြွားနိန်သောသူ၊
ROM 2:18 ဘုရားသခင်၏အလိုတော်ကို သိသောသူ၊ ဖြောင့်မတ်ခြင်းတရားကို ပညတ်တရားမှ သင်ယူထားသောသူ၊
ROM 2:19 လူကန်းတိကို လမ်းပြသောသူ၊ မှောင်မိုက်ထဲမှာ ဟိနိန်ကြသော လူတိအတွက် အလင်းဖြစ်သောသူ၊
ROM 2:20 လူမိုက်တိကို ဆုံးမတတ်သောသူ၊ ပညာမဲ့သောသူတိကို သွန်သင်ပီးတတ်သောသူ၊ ပညတ်တရားထဲ၌ဟိသော ပညာတရားနှင့် သမ္မာတရားဆိုင်ရာများကို သိသောသူဖြစ်သည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်လျှင်၊
ROM 2:21 သင်သည် တခြားလူတိကို ဆုံးမလျက်ပင် မိမိကိုယ်ကို ဇာကြောင့် မဆုံးမသနည်း။ သူ့ဥစ္စာကို မခိုးရဟု ဟောပြောလျက်ပင် မိမိကိုယ်တိုင် ခိုးနိန်ပါကား။
ROM 2:22 သူ့မယားကို မပြစ်မှားနှင့်ဟု ဆုံးမလျက်ပင် ကိုယ်တိုင် ပြစ်မှားနိန်ကတ်ပါကား။ ရုပ်တု ဆင်းတုများကို စက်ဆုပ်ရွံယှာလျက်ပင် ဗိမာန်တော်ကို လုယူနိန်ကတ်ပါကား။
ROM 2:23 သင်ရို့သည် ဘုရားသခင်၏ပညတ်တရား ဟိကြောင်းကို ဝါကြွားလျက်ဟိကြ၏၊ သို့သော်လည်း သင်ရို့သည် ဘုရားသခင်၏ပညတ်တရားကို လွန်ကျူးကာ ဘုရားသခင်ကို မရိုမသီပြုနိန်ပါသလော။
ROM 2:24 “သင်ရို့ ယုဒလူမျိူးကြောင့် တခြားလူမျိုးရို့သည် ဘုရားသခင်ကို ကဲ့ရဲ့ပြောဆိုကြ၏” ဟု ကျမ်းစာလာ၏။
ROM 2:25 သင်သည် ပညတ်တရားကို ကျင့်လျှင် သင်၏အရီဖျားလှီးခြင်းသည် အကျိုးဟိ၏။ သို့ရာတွင် သင်သည် ပညတ်တရားကို မကျင့်လျှင် သင်၏အရီဖျားလှီးခြင်းသည် အရီဖျား မလှီးသည်နှင့် အတူတူသာဖြစ်၏။
ROM 2:26 ထို့ပြင် အရီဖျားလှီးခြင်းကို မခံယူသော တခြားလူမျိုးတစ်ယောက်သည် ပညတ်တရား၏မိန့်ဆိုချက်များကို ကျင့်လျှင် ထိုသူသည် အရီဖျားလှီးခြင်းကို မခံယူသော်လည်း ဘုရားသခင်က သူ့ကို အရီဖျားလှီးခြင်းကို ခံယူထားသောသူဟူ၍ မှတ်ယူမည် မဟုတ်ပါလော။
ROM 2:27 ထို့အပြင် သင်ရို့ယုဒလူမျိုးတိသည် ပညတ်တရားဟိ၍ အရီဖျားလှီးခြင်းကို ခံယူထားသော်လည်း ပညတ်တရားကို လွန်ကျူးလျှင် အရီဖျားလှီးခြင်းကို မခံယူသော်လည်း ပညတ်တရားကို နာခံကြသော တခြားလူမျိုးတိ၏ အပြစ်စီရင်ခြင်းကို ခံရကြလိမ့်မည်။
ROM 2:28 အားလုံးကို ခြုံငုံပြောရလျှင် ဇာသူသည် အရီဖျားလှီးခြင်းကို ခံယူထားသော ယုဒလူ အစစ်အမှန် တစ်ယောက် ဖြစ်သနည်း။ အပြင်ပန်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အရီဖျား လှီးထားခြင်းသည် ယုဒလူမျိုးတစ်ယောက် မဟုတ်ပေ။
ROM 2:29 အမှန်ပြောရလျှင် အတွင်းနှလုံးသားအရီဖျားကို လှီးထားသော သူတစ်ယောက်သည်သာ စစ်မှန်သော ယုဒလူဖြစ်ပေ၏။ ဤအမှုသည်ကား ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်ခြင်းဖြစ်၏။ ပညတ်တရားနှင့် မသက်ဆိုင်။ ထိုသို့သောသူသည် လူအများ၏ချီးမွမ်းခြင်းကို မခံရသော်လည်း ဘုရားသခင်၏ချီးမွမ်းခြင်းကို ခံရပေ၏။
ROM 3:1 ထိုသို့ဖြစ်လျှင် ယုဒလူမျိုးတိသည် တခြားလူမျိုးတိထက် ဇာထူးခြားမှု ဟိပါသိမ့်လဲ။ သို့တည်းမဟုတ် အရီဖျားလှီးခြင်းကို ခံယူခြင်းအားဖြင့် ဇာအကျိုး ဟိပါလဲ။
ROM 3:2 အမှန်ဆိုရလျှင် အဖက်ဖက်၌ အကျိုးကျေးဇူး များစွာဟိပါ၏။ ဘုရားသခင်သည် မိမိ၏ဗျာဒိတ်တော်ကို ယုဒလူမျိုးများအား ပထမဦးစွာ ပီးအပ်ခ၏။
ROM 3:3 သို့ရာတွင် ယုဒလူမျိုးတချို့သည် သစ္စာမဟိခပါကား။ ဘုရားသခင်သည် သစ္စာမဟိဟု ဆိုပါမည်လော။
ROM 3:4 လုံးဝ မဆိုနိုင်ပါ။ လူတိုင်းသည် မုသာတရား၌ ကျင်လည်နိန်ကြသော်လည်း ဘုရားသခင်၏သစ္စာတော်သည် အစဉ်အမြဲ တည်တော်မူ၏။ သို့ဖြစ်၍ ကျမ်းစာလာသည်ကား၊ “ကိုယ်တော်သည် မိန့်တော်မူသောအခါ ဖြောင့်မတ်ကြောင်းကို ပြတော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် တရားစီရင်ခြင်းကို ရင်ဆိုင်သောအခါ မိမိအမှု၌ အောင်မြင်တော်မူ၏” ဟူ၍ ဖြစ်၏။
ROM 3:5 သို့ရာတွင် ငါရို့၏ပြစ်မှားခြင်းသည် ဘုရားသခင်ဖြောင့်မတ်တော်မူကြောင်းကို သာ၍ ထင်ရှားစီသလော။ ဘုရားသခင်သည် ငါရို့အား အပြစ်ပီးတော်မူသောအခါ မှားသည်ဟု ငါရို့က ပြောနိုင်မည်လော။ ထိုသို့ဆိုသော် လူ့ဇာတိသဘောအတိုင်း ငါဆိုခြင်း ဖြစ်လိမ့်မည်။
ROM 3:6 ထိုသို့ မဆိုနိုင်။ ဘုရားသခင်သည် တရားမျှတမှုမဟိလျှင် လောကသားတိကို ဇာပိုင် တရားစီရင်တော်မူမည်နည်း။
ROM 3:7 သို့သော် ငါ၏ မမှန်သော သဘောသည် ဘုရားသခင်၏ အမှန်တရားကို သာ၍ ထင်ရှားစီပြီး ဘုရားသခင်၏ဘုန်းတော်ကို တိုးပွားစီသလော။ ထိုသို့ဆိုလျှင် ငါ့အား အပြစ်သားတစ်ယောက်ကဲ့သို့ ဇာကြောင့် အပြစ်စီရင်နိန်ကြသနည်း။
ROM 3:8 ထိုအခါ လူတချို့က “ငါရို့သည် ကောင်းကျိုးဖြစ်လာဖို့ မကောင်းသော အကျင့်ကို ငါရို့ ကျင့်ကတ်မေ” လို့ ဇာကြောင့် မပြောလဲ ဟူ၍ ငါပြောသည့်စကားဖြင့် ငါ့ကို စွပ်စွဲပြီး ငါ့အား အပြစ်တင်ကြ၏။ ထိုသူရို့သည် မိမိရို့ ပြုသည့်အတိုင်း ထိုက်တန်သည့်ပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်။
ROM 3:9 သို့ဖြစ်လျှင် ငါရို့ ယုဒလူမျိုးတိသည် တခြားလူမျိုးတိထက် သာ၍ ကောင်းမြတ်သောသဘော ဟိသလော၊ လုံးဝ မဟိပါ။ အကြောင်းမူကား၊ ယုဒလူမျိုးနှင့် တခြားလူမျိုးအားလုံးသည် အပြစ်တရားအောက်မှာ အတူတူ ဟိနိန်ကြသည်ကို ငါဖော်ပြခပြီးဖြစ်၏။
ROM 3:10 ကျမ်းစာလာသည်ကား၊ “ဖြောင့်မတ်သောသူဟူ၍ တစ်ယောက်မျှ မဟိ၊
ROM 3:11 ပညာဟိသောသူဟူ၍ မဟိ၊ ဘုရားသခင်ကို ရှာသောသူ မဟိ။
ROM 3:12 လူတိအားလုံး ဘုရားသခင်ပါးမှ လမ်းလွဲလားကြပြီ၊ သူရို့အားလုံး မှားနိန်ကြပြီ၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူမဟိ၊ တစ်ယောက်မျှ မဟိ။
ROM 3:13 သူရို့၏စကားသည် ရွံမုန်းစရာကောင်းသော လှည့်ဖြားခြင်းနှင့် ပြည့်လျက်ဟိ၏။ သူရို့၏လျှာသည် မတရားသော လိမ်လည်လှည့်ဖြားခြင်း၌ ကျင်လည်ကြ၏၊ သူရို့၏နှုတ်ခမ်းများ၌ အန္တရာယ်ကြီးသော မြွီဆိုးအဆိပ်သည် ဟိကြ၏။
ROM 3:14 သူရို့၏စကားသည် ခါးသီးသော ကျိန်ဆဲခြင်းနှင့် ပြည့်လျက်ဟိကြ၏။
ROM 3:15 သူရို့သည် နာကျင်စီခြင်းငှာလည်းကောင်း အသီသတ်ခြင်းငှာလည်းကောင်း လျင်မြန်တတ်၏။
ROM 3:16 သူရို့ရောက်လေရာအရပ်၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများကို ထားခကြ၏။
ROM 3:17 သူရို့သည် ငြိမ်းချမ်းသောလမ်းကို မသိကြ။
ROM 3:18 သူရို့က ဘုရားသခင်သည် ကြောက်စရာမလိုဟု ခံယူထားကြ၏” ဟူ၍ ဖြစ်၏။
ROM 3:19 ပညတ်တရား၏ မိန့်မှာချက်ဟူသမျှသည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသောသူရို့၌ သက်ရောက်မှုဟိသည်ကို ငါရို့သည် အဂု သိကြသည်ဖြစ်၍ လူသားအားလုံးသည် စကားတခွန်းမျှ ပြောခွင့်မဟိဘဲ လောကတစ်ခုလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းအောက်၌ သက်ရောက်နိန်၏။
ROM 3:20 ထို့ကြောင့် ပညတ်တရားအလိုကို လိုက်လျှောက်ခြင်းဖြင့် ဘုရားသခင်၏မျက်မှောက်၌ မည်သူမျှ ဖြောင့်မတ်သောသူတစ်ယောက် မဖြစ်လာနိုင်။ ပညတ်တရားသည်ကား လူသားတိသည် အပြစ်ကျူးလွန်ကြကြောင်းကို သိကြစီခြင်းငှာ ဖော်ပြလျက်ဟိ၏။
ROM 3:21 သို့ရာတွင် အဂုအခါ၌ ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းတရားလမ်းကို ကိုယ်တော်တိုင် ဖော်ပြထား၏။ မောသျှေနှင့် ပရောဖက်များ၏ပညတ္တိကျမ်းသည် ထိုဖြောင့်မတ်ခြင်းတရားကို သက်သီခံ၍ ရီးထားခသည်ဖြစ်သော်လည်း ပညတ်တရားဖြင့် ကျင့်ကြရန် မပါဟိပေ။
ROM 3:22 ဘုရားသခင်သည် ယေသျှုခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် လူတိကို ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။ လူအားလုံးသည် ကွဲပြားခြားနားခြင်း လုံးဝမဟိသောကြောင့် ယေသျှုခရစ်တော်၌ ယုံကြည်သောသူအားလုံးကို ဤဖြောင့်မတ်ရာသို့ ရောက်စီတော်မူခြင်းဖြစ်၏။
ROM 3:23 အကြောင်းမူကား၊ လူအယောက်စီတိုင်းသည် ဒုစရိုက်အပြစ်ကို ပြုလုပ်ကြသည်ဖြစ်၍ ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ဝီးကွာလားရလေ၏။
ROM 3:24 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည်ကား ခရစ်တော်ယေသျှုအားဖြင့် လူတိကို အပြစ်မှ လွှတ်ပီးကာ ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။
ROM 3:25 ဘုရားသခင်သည် ခရစ်တော်ကို ပူဇော်တော်မူ၏။ အကြောင်းမှာ ထိုခရစ်တော်၌ ယုံကြည်ကြသော လူအပေါင်းရို့သည် ကိုယ်တော်၏အသွီး တော်အားဖြင့် မိမိရို့၏အပြစ်မှ လွတ်မြောက်ရန်ဖြစ်၏။ အတိတ်ကာလ၌ ဘုရားသခင်သည် သည်းခံတော်မူသည်ဖြစ်၍ လူတိ အပြစ်များကို မှတ်တော်မမူခပေ။
ROM 3:26 ဤသည်ကား အဂုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစီရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအသျှင်ဖြစ်တော်မူပြီး ယေသျှုကို ယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။
ROM 3:27 သို့ဖြစ်၍ ငါရို့မှာ ဝါကြွားစရာ အကြောင်း ဟိနိုင်ပါမည်လော။ လုံးဝမဟိနိုင်။ ဝါကြွားစရာအကြောင်း ဇာမှာဟိပါဖို့လဲ။ ငါရို့သည် ပညတ်တရားကို ကျင့်ကြသလော။ မကျင့်ကြ။ သို့ရာတွင် ငါရို့သည် ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။
ROM 3:28 ထို့ကြောင့် လူမည်သည်ကား၊ ပညတ်တရားမိန့်မှာချက်များကို ကျင့်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ရာသို့ ရောက်ကြ၏။
ROM 3:29 တဖန် ဘုရားသခင်သည် ယုဒလူမျိုးတိ ဘုရားမျှသာ ဖြစ်တော်မူသလော၊ တခြားလူမျိုးတိ ဘုရား မဟုတ်ပါလော၊ အမှန်မှာ လူသားအားလုံး၏ဘုရား ဖြစ်တော်မူ၏။
ROM 3:30 ဘုရားသခင် တစ်ဆူတည်းဟိတော်မူ၏။ ထိုဘုရားသခင်သည် ယုဒလူမျိုးတိကို ထိုသူရို့၏ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏၊ တခြားလူမျိုးတိကိုလည်း ထိုသူရို့၏ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။
ROM 3:31 သို့ဖြစ်လျှင် ငါရို့သည် ဤယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်ကြသည်ဟု ဆိုလိုသလော။ လုံးဝမပယ်သည့်အပြင် ငါရို့သည် ပညတ်တရားကို ထောက်ခံလျက် ဟိကြပေ၏။
ROM 4:1 ထိုသို့ဖြစ်လျှင် ငါရို့ အမျိုး၏အဖ အာဗြဟံနှင့် ပတ်သက်၍ ငါရို့ဇာပိုင် ပြောရပါမည်နည်း။ သူ၏အတွိ့အကြုံကား ဇာပိုင်ဟိခလဲ။
ROM 4:2 အာဗြဟံသည် မိမိကျင့်သော အကျင့်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ရာသို့ ရောက်ခလျှင် သူသည် ဝါကြွားစရာ အကြောင်းဟိလိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ မျက်မှောက်တော်၌ ထိုသို့ မဟုတ်။
ROM 4:3 ကျမ်းစာလာသည်ကား၊ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍ သူ၏ ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူကို ဖြောင့်မတ်သည်ဟု လက်ခံတော်မူခ၏”
ROM 4:4 အလုပ် လုပ်သောသူတိအား လုပ်ခကို ပီးကြရ၏၊ ထိုလုပ်ခကို လက်ဆောင်ဟု မသတ်မှတ်ကြပေ။ ထိုလုပ်ခသည် ထိုသူရို့ ရသင့်ရထိုက်သော လုပ်အားခသာ ဖြစ်၏။
ROM 4:5 သို့ရာတွင် မိမိရို့ကျင့်သည့်အကျင့်ကို အားမကိုးဘဲ အပြစ်ဟိသောသူတိကို အပြစ်မဟိဟု သဘောထားတော်မူသော ဘုရားသခင်ကို ယုံကြည် အားကိုး၏၊ ဘုရားသခင်သည် ထိုသူရို့၏ ယုံကြည်ခြင်းကို ဖြောင့်မတ်သည်ဟု မှတ်ယူတော်မူလေ၏။
ROM 4:6 လူ၏အကျင့်ကို မထောက်ဘဲ ဖြောင့်မတ်သောသူတစ်ယောက်အဖြစ် ဘုရားသခင်လက်ခံတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာဟိကြောင်းကို ဒါဝိဒ် မြွတ်ဆိုသည်ကား၊
ROM 4:7 “မိမိပြစ်မှားသော အပြစ်ကို ခွင့်ရွှတ်ခြင်းခံရ၍ အပြစ်မှ လွတ်မြောက်ခွင့်ရသော သူရို့သည် မင်္ဂလာဟိကြ၏။
ROM 4:8 ထာဝရဘုရားက မိမိ၏အပြစ်ကို မှတ်ယူခြင်းမခံရသော သူသည် မင်္ဂလာဟိ၏” ဟု ဆိုသတည်း။
ROM 4:9 တဖန် ဒါဝိဒ်မြွတ်ဆိုသော မင်္ဂလာတရား၌ အရီဖျားလှီးခြင်းခံသောသူတိသာ ပါဝင်သလော။ လုံးဝ မဟုတ်ပါ။ အရီဖျားလှီးခြင်းမခံသောသူတိလည်း ပါဝင်၏။ ကျမ်းစာကို ကိုးကား၍ ပြောဆိုရပါမူ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူ၏။”
ROM 4:10 ဤအရာသည် ဇာအချိန်က ဖြစ်ခသနည်း။ အာဗြဟံအား အရီဖျားလှီးခြင်းကို ခံယူပြီးမှ လက်ခံတော်မူခသလား၊ သို့မဟုတ် အရီဖျားလှီးခြင်းကို မခံယူခင်ကတည်းက လက်ခံတော်မူခသလား၊ အရီဖျားလှီးခြင်းကို ခံယူပြီးမှ သူ့အား လက်ခံတော်မူခသည် မဟုတ်၊ မခံယူခင်ကတည်းက လက်ခံတော်မူခ၏။
ROM 4:11 အာဗြဟံသည် အရီဖျားလှီးခြင်းကို မခံယူခင်ကတည်းက သူ၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူခ၏။ ထို့ကြောင့် အရီဖျားလှီးခြင်းသည်ကား ယုံကြည်ခြင်းကို ဖော်ပြသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်၏။ ထို့အပြင် အာဗြဟံသည် အရီဖျားလှီးခြင်း မခံယူဘဲ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သောသူ ဖြစ်လာသောသူအားလုံး၏ဖခင် ဖြစ်လေ၏။
ROM 4:12 ငါရို့အဖ အာဗြဟံသည် အရီဖျားလှီးခြင်းကို ခံယူထားသောသူများ၏ အဖ ဖြစ်၏။ ထို့အပြင် သူသည် အရီဖျားလှီးခြင်းကို မခံယူခင် ယုံကြည်ခြင်းဖြင့် အသက်ရှင်ခသည့်နည်းတူ ထိုသို့ ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြသောသူ အားလုံး၏ အဖလည်းဖြစ်၏။
ROM 4:13 ဘုရားသခင်က ဤလောကကို အမွီခံစီမည်ဟု အာဗြဟံနှင့် သူ၏အမျိုးအနွယ်တိအား ကတိပီးသောအခါ အာဗြဟံသည် ပညတ်တရားကို ကျင့်သောကြောင့် ပီးခသည် မဟုတ်၊ ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူသောကြောင့် ထိုကတိတော်ကို ပီးခခြင်းဖြစ်၏။
ROM 4:14 အကြောင်းမူကား၊ ပညတ်တရားကို ကျင့်သောသူများသာ ဘုရားသခင်၏ကတိတော်ကို ခံစားကြရမည်ဆိုလျှင် ယုံကြည်ခြင်းသည် အဓိပ္ပာယ်မဟိ၊ ဘုရားသခင်၏ ကတိတော်သည်လည်း အချည်းနှီးဖြစ်၏။
ROM 4:15 ပညတ်တရားသည် ဘုရားသခင်၏အမျက်တော်ကို ယူဆောင်လာ၏။ သို့ရာတွင် ပညတ်တရားမဟိလျှင် ထိုပညတ်တရားကို လွန်ကျူးစရာအကြောင်းမဟိပေ။
ROM 4:16 ထို့ကြောင့် ကတိတော်သည် အာဗြဟံ၏ အမျိုးအနွယ်အားလုံးကို ဘုရားသခင်၏အခမဲ့ လက်ဆောင်အဖြစ်ဖြင့် အာမခံဟိစီခြင်းငှာ ယုံကြည်ခြင်းပေါ်တွင် အခြေခံထားခြင်းဖြစ်၏။ ထိုကတိတော်သည် ပညတ်တရားကို ကျင့်သောသူတိ အတွက် မဟုတ်၊ အာဗြဟံကဲ့သို့ ယုံကြည်သောသူတိ အတွက် ဖြစ်၏။ အာဗြဟံသည်ကား ငါရို့ယုံကြည်သူအားလုံး၏ ယုံကြည်ခြင်းဖခင် ဖြစ်၏။
ROM 4:17 ကျမ်းစာ လာသည်ကား “ငါသည် သင့်ကို များစွာသော လူမျိုးအပေါင်း၏ အဖ ဖြစ်စီပြီ” ဟူ၍ ဖြစ်၏။ ထို့ကြောင့် ထိုအာဗြဟံသည်ကား၊ သီသောသူကို အသက်ရှင်စီတော်မူထသော၊ မဖြစ်သိမ့်သောအရာတိကို ဖြစ်စီတော်မူထသော၊ သူယုံကြည်သည့် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့၏ အဖဖြစ်လေ၏။
ROM 4:18 အာဗြဟံသည် မျှော်လင့်စရာအကြောင်း မဟိသော်လည်း ယုံကြည်၍ မျှော်လင့်လျက်နိန်သောကြောင့် သူအား “သင်၏အမျိုးအနွယ်ကို ဤသို့ ဖြစ်စီလိမ့်မည်” ဟု မိန့်တော်မူခသည့်အတိုင်း လူမျိုးအပေါင်း၏ အဖ ဖြစ်လာခ၏။
ROM 4:19 သူသည် အသက် ၁၀၀ ခန့် ပြည့်ပြီဖြစ်၍ မိမိသည် သီဆုံးခါနီးပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိ၏မယား စာရာသည် အချေမရနိုင်သည်ကိုလည်းကောင်း စဉ်းစားမိသော်လည်း သူ၏ ယုံကြည်ခြင်းကို မလျှော့ပေ။
ROM 4:20 သူသည် သံသယကင်းစွာဖြင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းသည် သူ့ကို တန်ခိုးနှင့် ပြည့်စုံစီပြီးလျှင် ဘုရားသခင်ကိုလည်း ချီးမွမ်းလေ၏။
ROM 4:21 ထို့ပြင် အာဗြဟံက ဘုရားသခင်သည် မိမိကတိပီးထားသည့်အတိုင်း လုပ်ဆောင်တော်မူသောဘုရားဖြစ်သည်ဟု အပြည့်အဝ ယုံကြည်ခလေ၏။
ROM 4:22 ထိုသို့ ယုံကြည်ခြင်းအားဖြင့် “ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူ၏။”
ROM 4:23 ထိုသို့ “သူ့အား ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူ၏၊” ဟူသော စကားရပ်သည် အာဗြဟံတစ်ယောက်တည်းအတွက်သာ ရီးသားထားသည် မဟုတ်။
ROM 4:24 ငါရို့ အသျှင်ယေသျှုအား သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရသည့် ငါရို့အတွက်ပါ ရီးထားခြင်းဖြစ်၏။
ROM 4:25 ထိုအသျှင်ယေသျှုသည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၍ ငါရို့ကို ဖြောင့်မတ်ရာသို့ ရောက်စီခြင်းငှာ သီခြင်းမှ ထမြောက်တော်မူလာခြင်း ဖြစ်၏။
ROM 5:1 အဂုတွင် ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခံရပြီးလျှင် ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့်အတူ ငြိမ်းသက်ခြင်းကို ရဟိကြ၏။
ROM 5:2 ငါရို့သည် အဂု အသက်ရှင်လျက်ဟိသော ဘဝ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသောအခွင့်ကို ထိုအသျှင်အားဖြင့် ရဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မျှော်လင့်ခြင်း၌ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။
ROM 5:3 ထိုမျှမက ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ဖြစ်စီတတ်၏ဟု သိသောကြောင့် ဒုက္ခဆင်းရဲခြင်း၌လည်း ငါရို့သည် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။ အကြောင်းမူကား
ROM 5:4 သည်းခံခြင်းသည် ဘုရားသခင်၏ သက်သီကို ဖြစ်စီတတ်၏။ ကိုယ်တော်၏သက်သီသည် မျှော်လင့်ခြင်းကို ဖြစ်စီတတ်၏။
ROM 5:5 ဤမျှော်လင့်ခြင်းသည် ငါရို့ကို အရှက်ရစီမည် မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် မိမိ၏မေတ္တာကို ငါရို့ စိတ်နှလုံးထဲသို့ သွန်းလောင်းပီးထားသောကြောင့် ဖြစ်၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်သည်ကား ငါရို့အတွက် ဘုရားသခင်၏ လက်ဆောင်ဖြစ်ပေ၏။
ROM 5:6 အကြောင်းမူကား ငါရို့သည် ကူညီမည့်သူ မဟိ ဖြစ်နိန်စဉ်တွင် ခရစ်တော်သည် ဘုရားသခင် သတ်မှတ်သားထားသော အချိန်တွင် အပြစ်သားတိအတွက် အသီခံပီးတော်မူခ၏။
ROM 5:7 သူတော်ကောင်းတစ်ယောက်အတွက် အသီခံပီးဝံ့သူ ဟိကောင်းဟိလိမ့်မည်။ ဖြောင့်မတ်သောသူ တစ်ယောက်အတွက် အသီခံပီးမည့်သူ ဟိခဲ၏။
ROM 5:8 သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။
ROM 5:9 သို့ဖြစ်၍ အဂုတွင် ငါရို့သည် ကိုယ်တော်၏ အသွီးတော်ဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြပြီဖြစ်၍ ထိုသခင်အားဖြင့် ငါရို့သည် ဘုရားသခင်၏ အမျက်တော်မှ ကယ်တင်ခြင်းကို ခံရလိမ့်မည်။
ROM 5:10 အကြောင်းမူကား၊ ငါရို့သည် ဘုရားသခင်၏ ရန်သူတိ ဖြစ်ခလျက်ပင်၊ သားတော်၏ အသီခံပီးတော်မူခြင်းအားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ပြန်လည်သင့်မြတ်ခွင့်ကို ရထားပြီးသော ငါရို့သည် သားတော်၏အသက်အားဖြင့် ကယ်တင်တော်မူခြင်းကို သာ၍ ခံရလိမ့်မည်။
ROM 5:11 ဤမျှမက အဂုအခါ၌ ငါရို့ကို ပြန်လည်သင့်မြတ်ခွင့် ရဟိစီတော်မူသော ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့သည်လည်း ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်လျက်ဟိကြ၏၊
ROM 5:12 အပြစ်တရားသည် လူတစ်ယောက်အားဖြင့် ဤလောကသို့ ဝင်ရောက်လာ၍ ထိုအပြစ်တရားအားဖြင့် သီခြင်းတရားသည် ဝင်ရောက်လာသည်နှင့်အညီ လူသားအားလုံးသည် အပြစ်ပြုကြသည်ဖြစ်သောကြောင့် လူသားအားလုံး၌ သီခြင်းတရားသည် သက်ရောက်ခ၏။
ROM 5:13 ပညတ်တရားကို မချပီးခင်ကတည်းကပင် အပြစ်တရားသည် ဤလောက၌ ဟိလေ၏။ သို့သော် ပညတ်တရား မဟိလျှင် အပြစ်တရားကို မှတ်ယူ၍ မရ။
ROM 5:14 သို့ရာတွင် အာဒံလက်ထက်မှစ၍ မောသျှေလက်ထက်တိုင်အောင် သီခြင်းတရားသည် လူသားအားလုံးကို အစိုးရလေ၏။ အာဒံ ပြစ်မှားခသည့်နည်းတူ ပညတ်တရား မိန့်မှာချက် တစ်ခုကိုပင် လွန်ကျူး၍ မပြစ်မှားသော သူရို့ကိုလည်း အစိုးရလေ၏။ ထိုအာဒံသည် နောက်လာမည့် အသျှင်၏ပုံကို ဆောင်ခြင်းဖြစ်၏။
ROM 5:15 သို့သော်လည်း အာဒံ၏ပြစ်မှားခြင်းနှင့် ဘုရားသခင်၏ အခမဲ့လက်ဆောင်သည် ကွာခြား၏။ အကြောင်းမူကား တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် များစွာသောလူအပေါင်းရို့သည် သီခြင်းသို့ ရောက်ကြရ၏။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ကြီးမြတ်တော်မူသည်ဖြစ်၍ ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ ကျေးဇူးအားဖြင့် ဘုရားသခင်၏ အခမဲ့ကျေးဇူးတော်ကို များစွာသောလူအပေါင်းရို့သည် ခံစားကြရ၏။
ROM 5:16 ထိုမှတပါး၊ လူတစ်ယောက် ပြစ်မှားသောအပြစ်နှင့် ဘုရားသခင်၏ကျေးဇူးတော်သည် ကွာခြား၏။ အကြောင်းမူကား အပြစ်တစ်ခု၏နောက်တွင် တရားစီရင်ခြင်းသည် ဝင်ရောက်လာ၏။ သို့ရာတွင် ဘုရားသခင်၏ လက်ဆောင်မူကား အပြစ်များလျက်ပင် ဖြောင့်မတ်သည်ဟု စီရင်လေ၏။
ROM 5:17 ထို့အပြင် လူတစ်ယောက်သည် ပြစ်မှားခြင်းဖြင့် ထိုတစ်ယောက်သောသူကြောင့် သီခြင်းတရားသည် စတင်၍ အစိုးရလျှင် ဘုရားသခင်၏ကြွယ်ဝသော ကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း လက်ဆောင်ကို ခံစားရသောသူရို့သည် ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူအားဖြင့် အသက်ရှင်ခြင်းတရားသည် သာ၍ အစိုးရပေလိမ့်မည်။
ROM 5:18 ထို့ကြောင့် တစ်ယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့် လူသားအားလုံးသည် အပြစ်စီရင်ခြင်းနှင့် တွိ့ကြုံရကြသည်နည်းတူ၊ တစ်ယောက်သောသူ၏ဖြောင့်မတ်ခြင်းအားဖြင့်၊ လူသားအားလုံးသည် အပြစ်မှ လွတ်မြောက်ကြပြီးလျှင် အသက်ကို ရကြ၏
ROM 5:19 အကြောင်းမူကား တစ်ယောက်သောသူ၏ မလိုက်နာခြင်းအားဖြင့် လူအားလုံးသည် အပြစ်သားများဖြစ်ကြရသည့်နည်းတူ၊ တစ်ယောက်သောသူ၏ လိုက်နာခြင်းအားဖြင့် လူအားလုံးသည် ဘုရားသခင်၏ဖြောင့်မတ်ရာသို့ ရောက်ကြရ၏။
ROM 5:20 အပြစ်လုပ်ခြင်းကို ထင်ရှားစီခြင်းငှာ ပညတ်တရားသည် ဝင်ရောက်လာရ၏။ သို့ရာတွင် အပြစ်တရား ထင်ရှားသောအရာ၌ ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ထင်ရှားလာ၏။
ROM 5:21 ထိုသို့ဖြစ်လျှင် အပြစ်တရားသည် သီခြင်းကို အုပ်စိုးသည့်နည်းတူ၊ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရစီခြင်းငှာ ဖြောင့်မတ်ခြင်းတရားသည် ငါရို့အား အုပ်စိုးလျက်ဟိ၏။
ROM 6:1 ထိုသို့ဖြစ်လျှင် ငါရို့သည် ဇာပိုင်ပြောရပါမည်နည်း။ ငါရို့သည် ဘုရားသခင်၏ကျေးဇူးတော် တိုးပွားခြင်းငှာ အပြစ်တရား၌ ဆက်လက်၍ အသက်ရှင်ရဖို့လား။
ROM 6:2 ထိုသို့ မဆိုလို။ အပြစ်တရား၌ သီဆုံးပြီးသော ငါရို့သည် ထိုအပြစ်တရား၌ ဇာပိုင်အသက် ရှင်နိုင်ပါမည်နည်း။
ROM 6:3 ယေသျှုခရစ်တော်၌ ဗတ္တိဇံခံယူထားကြသော ငါရို့အားလုံးသည် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံခံယူထားကြသည်ကို သင်ရို့ မသိကြသလော။
ROM 6:4 ထို့ကြောင့် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံကို ခံယူထားကြသည်ဖြစ်၍ ထိုအသျှင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံထားပြီးဖြစ်ကြ၏။ သို့ဖြစ်၍ ခရစ်တော်သည် အဖ၏ဘုန်းတန်ခိုးတော်ဖြင့် သီခြင်းမှ ထမြောက်လာသကဲ့သို့၊ ငါရို့သည်လည်း အသစ်သော အသက်တာတစ်ခုဖြင့် ရှင်သန်ရကြ၏။
ROM 6:5 ငါရို့သည် ထိုအသျှင်၏အသီခံခြင်း၌ ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိခသကဲ့သို့ ထိုအသျှင်သည် သီခြင်းမှ ထမြောက်သောအခါ၌လည်း ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိကြရလိမ့်မည်။
ROM 6:6 ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။
ROM 6:7 အကြောင်းမူကား သီလားပြီးသောသူမည်သည်ကား အပြစ်တရား၏လက်မှ လွတ်လေပြီ။
ROM 6:8 ငါရို့သည်လည်း ခရစ်တော်နှင့်အတူ အသီခံထားပြီးပြီဖြစ်၍ ထိုအသျှင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်ဟု ယုံကြည်လျက်ဟိကြ၏။
ROM 6:9 အကြောင်းမူကား ခရစ်တော်သည် သီခြင်းမှ ထမြောက်လာပြီးဖြစ်၍ ကိုယ်တော်သည် နောက်တဖန် မသီနိုင်ကြောင်းကိုလည်းကောင်း၊ သီခြင်းတရားသည်လည်း ကိုယ်တော့်ကို မအုပ်စိုးနိုင်ကြောင်းကိုလည်းကောင်း ငါရို့ သိကြ၏။
ROM 6:10 ထို့အပြင် ခရစ်တော်သည် အသီခံပြီးပြီဖြစ်၍ အပြစ်တရားသည် ကိုယ်တော့်ကို မအုပ်စိုးနိုင်ယာ။ အဂုတွင် ကိုယ်တော်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင် လျက်ဟိ၏။
ROM 6:11 ထိုနည်းတူ သင်ရို့သည်လည်း အပြစ်တရားနှင့် ဆိုင်သောအရာ၌ သီလျက်ဟိပြီး၊ ယေသျှု ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင်လျက်ဟိကြသည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်ကြလော့။
ROM 6:12 ထို့ကြောင့် သင်ရို့သည် သင်ရို့၏ ဇာတိခန္ဓာအလို နောက်သို့ လိုက်ပါကြရသည့်တိုင်အောင်၊ သီတတ်သောသင်ရို့၏ဇာတိခန္ဓာ၌ အပြစ်တရားကို အုပ်စိုးခွင့် မပီးကတ်ကေ့။
ROM 6:13 သင်ရို့၏ကိုယ်အင်္ဂါတိကို ဒုစရိုက် လက်နက်များအဖြစ်ဖြင့် အပြစ်တရားအတွက် မဆက်သကြနှင့်။ သီခြင်းမှ ထမြောက်၍ အသက်ရှင်သောသူများဖြစ်သောကြောင့် သင်ရို့၏ကိုယ်အင်္ဂါတိကို သုစရိုက်လက်နက်အဖြစ် ဖြောင့်မတ်ခြင်းတရားအတွက် ဘုရားသခင်အား ဆက်သကြလော့။
ROM 6:14 အကြောင်းမူကား သင်ရို့သည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသည် မဟုတ်၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ အသက်ရှင်နိန်ကြသော သူများဖြစ်သောကြောင့် အပြစ်တရားသည် သင်ရို့ကို အုပ်စိုးပိုင်ခွင့်မဟိယာ။
ROM 6:15 ငါရို့သည် ပညတ်တရားအောက်၌ မဟိ၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ ဟိကြသည်ဖြစ်၍ အပြစ်ကို ပြုသင့်သလော။ ထိုသို့ မပြုရ။
ROM 6:16 သင်ရို့သည် သီခြင်းတရားသို့ ပို့ဆောင်သော အပြစ်တရား၌ဖြစ်စီ၊ ဖြောင့်မတ်ခြင်းတရားသို့ ပို့ဆောင်သော နာခံခြင်းတရား၌ဖြစ်စီ ကျွန်အဖြစ်ဖြင့် အစီခံလျှင် ထိုသခင်၏အမိန့်ကို နာခံကြရမည်ကို မသိကြသလော။
ROM 6:17 သင်ရို့သည် တစ်ချိန်က အပြစ်တရား၏ ကျွန်တိ ဖြစ်ခဖူးသော်လည်း အဂုတွင် ခံယူထားသော ဩဝါဒစကား၌ တွိ့ရသော သမ္မာတရားများကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ROM 6:18 သင်ရို့သည် အပြစ်တရားမှ လွတ်မြောက်၍ ဖြောင့်မတ်ခြင်းတရား၏ကျွန်တိ ဖြစ်လာကတ်ယာ။
ROM 6:19 ဤသို့ ငါဆိုသော်၊ သင်ရို့၏ဇာတိခန္ဓာသည် ဉာဏ်နည်းသောကြောင့်၊ လောကီစကားအားဖြင့် ပြောဆိုခြင်းဖြစ်၏။ သင်ရို့သည် မိမိ ကိုယ်အင်္ဂါတိကို ညစ်ညူးသောအမှု မတရားသောအမှု၌ ကျွန်ခံဖူးကြသည့်နည်းတူ အဂုတွင် သန့်ယှင်းခြင်းသို့ ရောက်စီခြင်းငှာ သင်ရို့၏ ကိုယ်အင်္ဂါတိကို ဖြောင့်မတ်ခြင်းတရား၏ကျွန် ဖြစ်စီကြလော့။
ROM 6:20 သင်ရို့သည် အပြစ်တရား၏ကျွန် ဖြစ်ခစဉ်ကာလ၌ ဖြောင့်မတ်ခြင်းတရား၏ အုပ်ထိန်းမှုနှင့် ကင်းလွတ်လျက်ဟိကြ၏။
ROM 6:21 အဂုတွင် သင်ရို့အဖို့ ရှက်ကြောက်ဖွယ်ရာ ဖြစ်စီသော အရာများကို ပြုမူခြင်းအားဖြင့် ဇာအကျိုးကို ရခကြသနည်း။ ထိုသို့ ပြုမူခြင်း၏အကျိုးကား သီခြင်းဖြစ်၏။
ROM 6:22 သို့သော်လည်း အဂုမူကား သင်ရို့သည် အပြစ်တရား၏လက်မှ လွတ်မြောက်၍ ဘုရားသခင်၏ကျွန် ဖြစ်လာကြပြီး၊ သန့်ယှင်းခြင်းသို့ ရောက်စီသည့် အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
ROM 6:23 အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
ROM 7:1 ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့အားလုံးသည် ပညတ်တရားကို သိထားကြပြီးဖြစ်၍ ငါပြောသည့်စကားကို သေချာစွာ နားလည်ကြလိမ့်မည်။ ပညတ်တရားသည် အသက်ရှင်သည့် ကာလ၌သာ လူ၏အသက်တာကို အုပ်စိုးလျက်ဟိ၏။
ROM 7:2 ဥပမာကား လက်ထပ်ထားသော မိန်းမတစ်ယောက်သည် ထိုမိန်းမ၏လင် အသက်ရှင်သမျှ ကာလပတ်လုံး ပညတ်တရားအားဖြင့် သူမ၏လင်နှင့် ချိုင်နှောင်ထားလျက်ဟိ၏။ သို့ရာတွင် လင် သီဆုံးလားလျှင်မူကား ထိုမိန်းမသည် လင်နှင့် ချိုင်နှောင်ထားသော ပညတ်တရားမှ လွတ်မြောက်လား၏။
ROM 7:3 ထို့ကြောင့် မိမိလင် အသက်ရှင်နိန်စဉ်ကာလတွင် တခြားယောက်ျားနှင့် နီထိုင်ပေါင်းသင်းလျှင် ထိုမိန်းမကို ဖောက်ပြန်သောမိန်းမ ဟု ခေါ်ထိုက်၏။ လင်သီဆုံးလားလျှင်မူကား၊ ထိုပညတ်မှ လွတ်မြောက်လားပြီဖြစ်၍ တခြားသော ယောက်ျားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်သော်လည်း ဖောက်ပြန်သော မိန်းမ မဟုတ်။
ROM 7:4 ထို့ကြောင့် ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည်လည်း ဘုရားသခင်အတွက် အသီးကို သီးစီရန် သီခြင်းမှ ထမြောက်တော်မူသော အခြားသောသူတည်းဟူသော ကိုယ်တော်နှင့် သက်ဆိုင်စီခြင်းငှာ ပညတ်တရား၏အလိုအတွက် ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် အသီခံထားပြီးခယာ။
ROM 7:5 အကြောင်းမူကား ငါရို့သည် လူ့ဇာတိသဘောဖြင့် အသက်ရှင်ခစဉ် ပညတ်တရားအားဖြင့် ပြင်းပြသည့် အပြစ်ပြုလိုသောစိတ်သည် ငါရို့၏ကိုယ်ခန္ဓာထဲ၌ သီခြင်းတရားအတွက် အသီးကို သီးစီရန်ဖြစ်၏။
ROM 7:6 သို့သော်လည်း ယခင်က ငါရို့ကို ချုပ်နှောင်ထားသော ပညတ်တရားလက်၌ ငါရို့သည် အသီခံထားပြီးဖြစ်၍ အဂုမူကား ထိုပညတ်တရားမှ လွတ်မြောက်လျက်ဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ကျမ်းစာ၌ ရီးထားသော ပညတ်ဟောင်းအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ နည်းလမ်းသစ်အတိုင်း လုပ်ဆောင်လျက်ဟိကြ၏။
ROM 7:7 သို့ဖြစ်၍ ပညတ်တရားသည် အပြစ်ဟိသည်ဟု ငါရို့ ပြောရမည်လား။ ထိုသို့ မဆိုလို။ သို့ရာတွင် ပညတ်တရားကမဖော်ပြလျှင် အပြစ်သဘောကို ငါသိလိမ့်မည် မဟုတ်။ “သူတစ်ပါး ပိုင်ဆိုင်သောအရာကို လိုချင်တပ်မက်စိတ်မဟိရ” ဟု ပညတ်တရားက မပြောလျှင် ထိုတပ်မက်သော စိတ်သဘောကို ငါ သိလိမ့်မည် မဟုတ်။
ROM 7:8 သို့သော်လည်း ပညတ်တော်အားဖြင့် အပြစ်တရားသည် ငါ့အထဲ၌ဟိသော တပ်မက်စိတ်အမျိုးမျိုး၌ ကျင်လည်စီခြင်းငှာ အခွင့်ရသည်ကို တွိ့ရ၏။ ပညတ်တရားမဟိလျှင် အပြစ်တရားသည် အသီဖြစ်၏။
ROM 7:9 ယခင်က ငါသည် ပညတ်တရားမဟိဘဲ အသက်ရှင်ခ၏။ သို့ရာတွင် ပညတ်တော်သည် ရောက်လာသောအခါ အပြစ်တရားသည် အသက်ရှင်လာသဖြင့် ငါသည် သီရလေ၏။
ROM 7:10 ထို့ကြောင့် အသက်ရှင်ခြင်းတရားကို ယူဆောင်လာဟန်ဟိသော ပညတ်တော်သည် သီခြင်းသို့ ရောက်စီသည်ကို ငါ တွိ့ရလေ၏။
ROM 7:11 အပြစ်တရားသည် ပညတ်တော်အားဖြင့် အခွင့်ရ၍ ထိုပညတ်တော်အားဖြင့် ငါ့ကို လှည့်ဖြားကာ သီခြင်းတရားသို့ ငါ့ကို ပို့ဆောင်လေ၏။
ROM 7:12 ထို့နောက် ပညတ်တရား၏ပကတိသဘောသည် သန့်ယှင်း၏။ ပညတ်တော်သည်လည်း သန့်ယှင်း၊ ဖြောင့်မတ်၍ ကောင်းမြတ်တော်မူ၏။
ROM 7:13 သို့ရာတွင် ကောင်းမြတ်သောအရာသည် ငါအား သီခြင်းတရားသို့ ပို့ဆောင်နိန်သလား။ ထိုသို့ မဟုတ်။ အပြစ်တရားသည် မိမိ၏ပကတိသဘောကို ထင်ရှားစီခြင်းငှာ ကောင်းမြတ်သောအရာကို အသုံးချကာ ငါအား သီခြင်းသို့ ပို့ဆောင်နိန်၏။ ထို့ကြောင့် ပညတ်တော်သည် ဖော်ပြခြင်းအားဖြင့် အလွန်ကြောက်မက်ဖွယ်သော အပြစ်တရားများသည် ထင်ရှားလာရ၏။
ROM 7:14 ပညတ်တရားသည် ဝိညာဉ်တော်တရားနှင့် ဆက်စပ်လျက်ဟိသည်ကို ငါရို့ သိကြ၏။ သို့သော်လည်း ငါသည် ဇာတိပကတိ၌ ဟိသည်ဖြစ်၍ အပြစ်တရား၏ ကျွန်အဖြစ်သို့ ရောက်နိန်ရ၏။
ROM 7:15 အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော အကျင့်ကို မကျင့်၊ မကျင့်ချင်သော အကျင့်တိကို ကျင့်နိန်ရသောကြောင့် ငါပြုသောအမှုကို ငါသည်ပင် နားမလည်နိုင်။
ROM 7:16 ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်နိန်ရသည်မှန်လျှင် ပညတ်တရား ကောင်းမြတ်ကြောင်းကို ငါ ဝန်ခံခြင်း ဖြစ်၏။
ROM 7:17 ထို့ကြောင့် အမှန်အားဖြင့် ငါ မကျင့်ချင်သောအကျင့်ကို ငါ ကိုယ်တိုင် ကျင့်နိန်သည် မဟုတ်။ ငါ့အထဲ၌ ဟိနိန်သော အပြစ်တရားက ကျင့်နိန်ခြင်းဖြစ်၏။
ROM 7:18 ငါ့အထဲ၌ ငါ၏လူ့ဇာတိတွင် ကောင်းသောအရာ တစ်ခုမျှ မဟိသည်ကို ငါ သိ၏။ အကြောင်းမူကား၊ ငါသည် ကောင်းသောအကျင့်ကို ကျင့်ချင်စိတ် ဟိသော်လည်း ကျင့်နိုင်သောအစွမ်း ငါ၌ မဟိ။
ROM 7:19 အကြောင်းမူကား ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်ဘဲ၊ မကျင့်ချင်သောအကျင့်ဆိုးကို ကျင့်နိန်ရ၏။
ROM 7:20 ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်နိန်လျှင် ငါ ကိုယ်တိုင် ကျင့်သည် မဟုတ်။ ငါ့အထဲ၌ ဟိနိန်သော အပြစ်တရားက ကျင့်နိန်ခြင်းဖြစ်၏။
ROM 7:21 ထိုသို့ ငါသည် ကောင်းသောအကျင့်ကို ကျင့်ချင်သော်လည်း မကောင်းသောအကျင့်ကိုသာ ကျင့်စီတတ်သော သဘောတရားသည် ငါ့အထဲ၌ ဟိနိန်သည်ကို ငါတွိ့ရ၏။
ROM 7:22 ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။
ROM 7:23 သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ဟိသော အခြားသော တရားတစ်ပါးသည် ငါ့စိတ်နှလုံး၏တရားနှင့် ဆန့်ကျင်တိုက်လှန်ကာ ငါ၏ကိုယ်အင်္ဂါများ၌ဟိသော အပြစ်တရားလက်သို့ ငါ့ကို အပ်နှံလျက်ဟိသည်ကို ငါတွိ့ရ၏။
ROM 7:24 ငါသည် အလွန် သောကရောက်နိန်သော လူတစ်ယောက် ဖြစ်နိန်ပါသည်တကား။ သီခြင်းတရားသို့ ပို့ဆောင်နိန်သော ဤခန္ဓာမှ ဇာသူသည် ငါ့ကို ကယ်တင်ပါမည်နည်း။
ROM 7:25 ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ကယ်တင်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ထိုသို့ ငါသည် မိမိ၏စိတ်နှလုံးအားဖြင့် ဘုရားသခင်၏ ပညတ်တရားအလိုသို့ လည်းကောင်း၊ လူ့ဇာတိသဘောအားဖြင့် အပြစ်တရား၏အလိုသို့လည်းကောင်း လိုက်တတ်၏။
ROM 8:1 ထို့ကြောင့် အဂုတွင် ခရစ်တော်ယေသျှု၌ဟိသော သူရို့အတွက် အပြစ်စီရင်ခြင်းဟူ၍ မဟိ။
ROM 8:2 အကြောင်းမူကား ခရစ်တော်ယေသျှုအားဖြင့် အသက်ကို ပီးသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားနှင့် သီခြင်းတရားမှ ငါ့ကို လွတ်မြောက်စီတော်မူ၏။
ROM 8:3 လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။
ROM 8:4 အကြောင်းမူကား၊ လူ့ဇာတိအလိုအတိုင်းမကျင့်၊ ဝိညာဉ်တော်အလိုအတိုင်း ကျင့်သော ငါရို့သည် ပညတ်တရား၌ပါသော ဖြောင့်မတ်ခြင်းတရား၏အလိုနှင့် ပြည့်စုံစီခြင်းငှာ ဘုရားသခင်က ဤသို့ လုပ်ဆောင်ပီးခြင်းဖြစ်၏။
ROM 8:5 မိမိရို့လူ့ဇာတိအလိုအတိုင်း အသက်ရှင်သောသူရို့သည် လူ့ဇာတိအလိုကိုသာ စိတ်စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သော သူရို့သည်ကား၊ ဝိညာဉ်တော်အလိုနှင့်ဆိုင်သော အရာများကိုသာ စိတ်စွဲလမ်းတတ်ကြ၏။
ROM 8:6 ဇာတိပကတိသဘောသည် သီခြင်းတရားဖြစ်၏။ ဝိညာဉ်တော်၏အလိုကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းဖြစ်၏။
ROM 8:7 မိမိရို့၏ဇာတိပကတိစိတ်ဖြင့် အသက်ရှင်သောသူရို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာကြ၏။ အကြောင်းမူကား သူရို့သည် ဘုရားသခင်၏ပညတ်တော်အတိုင်း မလိုက်လျှောက်ကြ။ လိုက်လျှောက်ရန်လည်း မတတ်နိုင်ကြပေ။
ROM 8:8 ဇာတိပကတိနောက်သို့ လိုက်သောသူရို့သည် ဘုရားသခင်၏စိတ်တော်နှင့် မတွိ့နိုင်။
ROM 8:9 သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့သည် ဇာတိပကတိ၏အလိုအတိုင်း အသက်ရှင်ကြသည် မဟုတ်။ ဝိညာဉ်တော်၏အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ဝိညာဉ်တော်မဟိသော သူသည်ကား ခရစ်တော်နှင့် မဆိုင်။
ROM 8:10 သို့ရာတွင် ခရစ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့၏ခန္ဓာကိုယ်သည် အပြစ်ကြောင့် သီနိန်သော်လည်း သင်ရို့၏ဝိညာဉ်သည်ကား ဖြောင့်မတ်ခြင်းတရားကြောင့် အသက်ရှင်လျက်ဟိ၏။
ROM 8:11 ထိုမျှမက ယေသျှုကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်သည် သင်ရို့အထဲ၌ ဟိသော မိမိ၏ဝိညာဉ်တော်အားဖြင့် သီတတ်သော သင်ရို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်ရသောအခွင့်ကို ပီးတော်မူလိမ့်မည်။
ROM 8:12 သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ငါရို့မှာ လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြရန် တာဝန်ဟိကြသည် မဟုတ်။
ROM 8:13 အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။
ROM 8:14 ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်မှုကို လိုက်နာသမျှသော သူရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြ၏။
ROM 8:15 အကြောင်းမူကား၊ ဘုရားသခင်က သင်ရို့အား ပီးထားသော ဝိညာဉ်တော် တန်ခိုးတော်ကြောင့် သင်ရို့သည် ကြောက်ရွံ့တတ်သောကျွန်အဖြစ်သို့ ရောက်ကြရသည် မဟုတ်။ ထိုဝိညာဉ်တော်အားဖြင့် သင်ရို့သည် “အဗ္ဗ၊ အကျွန်၏အဖ” ဟု ခေါ်ခွင့်ရသော ဘုရားသခင်၏သား၊ သမီးများဖြစ်ရသော အကျိုးထူးကို ခံရကြ၏။
ROM 8:16 ငါရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြသည်ဟု ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်တိုင် ငါရို့ဝိညာဉ်နှင့်အတူ သက်သီခံတော်မူ၏။
ROM 8:17 ငါရို့သည် ဘုရားသခင်၏ သားသမီးတိဖြစ်ကြလျှင် အမွီခံတိလည်း ဖြစ်ကြ၏။ ငါရို့သည် ခရစ်တော်နှင့်အတူ ဘုန်းတော်ချီးမြှောက်ခြင်း ခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွီခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အမွီဆက်ခံသူများလည်း ဖြစ်ကြ၏။
ROM 8:18 အဂုမျက်မှောက်ကာလ၌ ငါရို့ ခံရသော ဆင်းရဲဒုက္ခသည်ကား ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်နှင့် မနှိုင်းယှဉ်အံ့ဟု ငါသည် ဆင်ခြင်မိ၏။
ROM 8:19 ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ပေါ်ထွန်းလာကြမည့် ဘုရားသခင်၏ သားသမီးတိကို အလွန်တောင့်တလျက် စောင့်မျှော် နိန်ကြ၏။
ROM 8:20 အကြောင်းမူကား ဖန်ဆင်းခံလောကသည် ပျက်ဆီးခြင်းတရား၌ သူ့သဘောနှင့်သူ တည်ဟိနိန်သည် မဟုတ်၊ ဘုရားသခင်၏ အလိုတော်အားဖြင့်သာ တည်ဟိနိန်ရ၏။ သို့ရာတွင် မျှော်လင့်စရာအကြောင်းကား ဟိနိန်၏။
ROM 8:21 အကြောင်းမှာ ဖန်ဆင်းခံလောက ကိုယ်တိုင် ပျက်စီးခြင်း၏ကျွန်အဖြစ်မှ လွတ်မြောက်၍ ဘုရားသခင်သားသမီးရို့၏ ဘုန်းတန်ခိုးတော်နှင့် လွတ်မြောက်ခြင်းချမ်းသာထဲသို့ ဝင်စားရမည်ဖြစ်သောကြောင့် ဖြစ်၏။
ROM 8:22 ဖန်ဆင်းခံအားလုံးသည် အဂုအချိန်ထိတိုင်အောင် အချေမွီးဖွားခြင်းကဲ့သို့ နာကျင်ခြင်းဝေဒနာကို ခံစားလျက် ညည်းတွားနိန်ကြသည်ကို ငါရို့ သိကြ၏။
ROM 8:23 သို့ရာတွင် ဖန်ဆင်းခံများသည်သာမက ဘုရားသခင်၏ဝိညာဉ်တော် လက်ဆောင်ကို အဦးဆုံး ခံရသော ငါရို့သည်လည်း ကိုယ်တော်၏သားသမီးများအဖြစ် ချီးမြှောက်ခြင်းကို ခံရပြီးလျှင် ကိုယ်ခန္ဓာ လွတ်မြောက်ခြင်းကို မျှော်လင့်ကာ စိတ်နှလုံးထဲ၌ ညည်းတွားလျက် နိန်ကြ၏။
ROM 8:24 အကြောင်းမူကား ငါရို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ သို့ရာတွင် ငါရို့သည် မျှော်လင့်သောအရာကို တွိ့မြင်ရလျှင် ထိုအရာသည် စစ်မှန်သောမျှော်လင့်ခြင်း မဟုတ်။ အကြောင်းမူကား ငါရို့၌ ဇာသူသည် တွိ့မြင်နိန်ရသော အရာကို မျှော်လင့်နိန်ကြသနည်း။
ROM 8:25 သို့ရာတွင် ငါရို့သည် မမြင်ရသိမ့်သောအရာကို မျှော်လင့်နိန်ကြလျှင် သည်းခံသောစိတ်နှင့် စောင့်မျှော်နိန်ခြင်း ဖြစ်၏။
ROM 8:26 တစ်နည်းအားဖြင့် ငါရို့၏ အားနည်းချက်ကို ကူညီမစခြင်းငှာ ဝိညာဉ်တော်သည် ဆင်းကြွလာတော်မူ၏။ ငါရို့သည် ဇာပိုင်ဆုတောင်း သင့်သည်ကိုပင် မသိကြ။ သို့သော်လည်း ဝိညာဉ်တော်သည် နှုတ်ဖြင့်မမြွက်ဆိုနိုင်သော အရာကို ညည်းတွားခြင်းနှင့် ငါရို့အတွက် ဘုရားသခင်ထံ ဆုတောင်းလျက်ဟိ၏။
ROM 8:27 ထို့အပြင် ငါရို့၏စိတ်နှလုံးကို သိမြင်တော်မူသော ဘုရားသခင်သည် ဝိညာဉ်တော်၏သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ယှင်းသူရို့အတွက် အသနားခံနိန်ခြင်းဖြစ်၏။
ROM 8:28 ဘုရားသခင်သည် မိမိ၏ အကြံအစည် ဟိတော်မူသည့်အတိုင်း ခေါ်တော်မူသောသူတည်းဟူသော ကိုယ်တော့်ကို ချစ်သောသူရို့နှင့်အတူ အရာခပ်သိမ်း၌ ကောင်းသောအမှုကို လုပ်ဆောင်ပီးလျက် ဟိသည်ကို ငါရို့ သိကြ၏။
ROM 8:29 များစွာသောညီအစ်ကို မောင်နှမရို့တွင် သားဦး ဖြစ်စီခြင်းငှာ ဘုရားသခင်သည် ရှီးမဆွက သိထားတော်မူသောသူတိကို သားတော်၏ ပုံသဏ္ဌာန်နှင့် တစ်ညီတည်း ဖြစ်စီခြင်းငှာ ခွဲခန့်မှတ်သားထားတော်မူ၏။
ROM 8:30 ထိုသို့ ခွဲခန့်မှတ်သားထားသော သူတိကို ခေါ်တော်မူ၏။ ထိုသို့ ခေါ်တော်မူသော သူတိကိုလည်း ဖြောင့်မတ်ရာ၌ တည်စီတော်မူ၏။ ထိုသို့ ဖြောင့်မတ်ရာ၌ တည်စီတော်မူသောသူတိအား မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ချီးမြှောက်တော်မူ၏။
ROM 8:31 သို့ဖြစ်၍ ငါရို့သည် ဤအရာတိကို ဇာပိုင် ပြောရပါမည်နည်း။ ဘုရားသခင်သည် ငါရို့ဘက်မှာ ဟိနိန်လျှင် ဇာသူသည် ငါရို့ကို ဆန့်ကျင်နိုင်ပါမည်နည်း။
ROM 8:32 မိမိသားတော်ရင်းကို တောင်မှ မနှမြောဘဲ ငါရို့အားလုံးအဖို့အလို့ငှာ စွန့်တော်မူသော ဘုရားသခင်သည် ခပ်သိမ်းသောအရာတိကို မပီးဘဲ ဇာပိုင် နိန်ပါဖို့လဲ။
ROM 8:33 ဇာသူသည် ဘုရားသခင် ရွီးချယ်ထားသောသူတိကို အပြစ်ရှာမည်နည်း။ ဖြောင့်မတ်စီတော်မူသောသူသည်ကား ဘုရားသခင် ဖြစ်တော်မူ၏။
ROM 8:34 အပြစ်စီရင်သောသူကား ဇာသူလဲ။ ငါရို့အတွက် အသီခံပီးသည်သာမက သီခြင်းက ထမြောက်၍ ဘုရားသခင်၏ လက်ယာဖက်မှာ နီတော်မူလျက်၊ ငါရို့ အတွက် ဆုတောင်းပီးနိန်သောသူကား ခရစ်တော်ယေသျှုပင် မဟုတ်ပါလား။
ROM 8:35 သို့ဖြစ်၍ ဇာသူသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်နည်း။ ဒုက္ခနှင့် ကြုံတွိ့ရခြင်း၊ အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း၊ ညှဉ်းဆဲခံရခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်း၊ အန္တရာယ်နှင့် ကြုံတွိ့ရခြင်း၊ အသီသတ်ခံရခြင်း စသည့်အရာများသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်လော။
ROM 8:36 ကျမ်းစာ၌၊ “ကိုယ်တော်အတွက် အကျွန်ရို့သည် အချိန်တိုင်း၌ အသီသတ်ခြင်းကို ခံနိန်ကြရပါ၏၊ သတ်ဖို့ရန်ထားသော သိုးကဲ့သို့ အကျွန်ရို့ကို ထင်မှတ်ကြပါ၏” ဟု လာသတည်း။
ROM 8:37 မကွာဝီးသည်သာမက၊ ငါရို့သည် ခပ်သိမ်းသောဤအမှုတိကို ကြုံတွိ့ရကြသောအခါ ငါရို့ကို ချစ်တော်မူသော အသျှင်အားဖြင့် လုံးဝ အောင်မြင်မှုကို ရဟိကြ၏။
ROM 8:38 အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊
ROM 8:39 ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။
ROM 9:1 ခရစ်တော်သည် ငါ့ကို ပိုင်တော်မူသည်ဖြစ်၍ သန့်ယှင်းသောဝိညာဉ်တော်သည်လည်း ငါ၏အသိစိတ်ကို လွှမ်းမိုးအုပ်စိုးနိန်သောကြောင့် ငါသည် မုသာကို မပြော၊ အမှန်တရားကိုသာ ပြောနိန်ခြင်း ဖြစ်သည်ကို ဝိညာဉ်တော်သည် ငါအား အာမခံ၏။
ROM 9:2 ငါသည် အလွန်ဝမ်းနည်းလျက် စိတ်နှလုံးထဲ၌ အတိုင်းမသိသော ပူပန်ခြင်းဝေဒနာကို ခံစားနိန်ရ၏။
ROM 9:3 အကြောင်းမှာ ငါ့အသွီးအသားဖြစ်သော ငါ၏လူမျိုးတိ အကျိုးအတွက် ငါ ကိုယ်တိုင် ခရစ်တော်နှင့် ကွဲကွာ၍ ဘုရားသခင်၏ကျိန်ခြင်းကိုပင် ခံလိုသော ဆန္ဒဟိ၏။
ROM 9:4 ဣသရေလလူမျိုးရို့သည် ဘုရားသခင်၏လူမျိုးတော်ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်သည် သူရို့ကို မိမိ၏သားသမီးအရာ၌ ချီးမြှောက်ခြင်းဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတန်ခိုးတော်တိကို ဖွင့်ပြခြင်းဖြင့်လည်းကောင်း၊ ပဋိညာဉ်များပြုခြင်းဖြင့်လည်းကောင်း၊ ပညတ်တရားကို ပီးထားခြင်းဖြင့် လည်းကောင်း ပြုတော်မူခ၏။ သူရို့သည်လည်း မှန်သောဝတ်ပြုခြင်းကို ပြုလျက်၊ ဘုရားသခင်၏ကတိတော်များကို ခံရကြ၏။
ROM 9:5 သူရို့သည် ထင်ရှားသောဟေဗြဲမျိုးနွယ်မှ ဆင်းသက်လာကြ၏။ ခရစ်တော်သည်လည်း လူ့ဇာတိအားဖြင့် သူရို့ထဲမှ ပေါ်ထွန်းလာတော်မူ၏။ ထိုအသျှင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ ထာဝရချီးမွမ်းထိုက်တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်။
ROM 9:6 သို့ရာတွင် ဘုရားသခင်၏ ကတိတော် မတည်ဟု ငါဆိုလိုခြင်း မဟုတ်။ ဣသရေလ လူမျိုးအားလုံးသည် ဘုရားသခင်၏သားသမီးများ မဟုတ်။
ROM 9:7 ထိုနည်းတူ အာဗြဟံ၏ အမျိုးအနွယ်အားလုံးသည်လည်း ဘုရားသခင်၏သားသမီးများ မဟုတ်။ “ဣဇာက်အားဖြင့်သာ သင်၏အမျိုးနွယ် တည်လိမ့်မည်” ဟု ဘုရားသခင်က အာဗြဟံအား ကတိတော်ပီးခ၏။
ROM 9:8 ထို့ကြောင့်၊ သမာရိုးကျ မွီးဖွားလာသော သားသမီး တိသည် ဘုရားသခင်၏သားသမီးတိ မဟုတ်။ ဘုရားသခင်၏ကတိတော်အားဖြင့် မွီးဖွားလာသော သားသမီးတိသာ မှန်သောအမျိုးအနွယ် ဖြစ်ကြသည်ဟု မှတ်တော်မူ၏။
ROM 9:9 ဘုရားသခင်သည် ကတိတော် ထားခသည်မှာ၊ “အခွင့်အခါသင့်သော အချိန်ကာလ ရောက်သောအခါ ငါသည် ကြွလာ၍ စာရာသည် သားကို ရလိမ့်မည်” ဟု လာသတည်း။
ROM 9:10 ထိုမျှမက ငါရို့အဖ ဣဇာက်အားဖြင့် ရေဗက္ကသည် တစ်ချိန်တည်းမှာပင် သားနှစ်ယောက်ကို ပဋိသန္ဓေတည်လေ၏။
ROM 9:11 သို့ရာတွင် ဘုရားသခင် ရွီးချယ်ထားသော သားတစ်ယောက်သာ ဘုရားသခင်၏ အလိုတော်နှင့် ဆိုင်၏။ “သားကြီးသည် သားငယ်၌ ကျွန်ခံရလိမ့်မည်” ဟု ထိုမိန်းမအား ဘုရားသခင် ဗျာဒိတ် ပီးထားတော်မူ၏။ သူရို့ကို မမွီးဖွားခင်၊ ထိုသားတိသည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်ခင်ကပင် ဘုရားသခင်က ဤသို့ မိန့်တော်မူထားပြီး ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ရွီးကောက်တော်မူခြင်းသည် ခေါ်တော်မူခြင်းနှင့်သာ ဆိုင်၏၊ သူရို့၏အကျင့်နှင့် မဆိုင်။
ROM 9:13 ယင်းပုံစံအတိုင်း “ယာကုပ်ကို ငါ ချစ်၏၊ သို့ရာတွင် ဧသောကို ငါ မုန်း၏” ဟု ကျမ်းစာလာ၏။
ROM 9:14 ထိုသို့ဆိုလျှင် ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသည်ဟု ငါရို့ ပြောသင့်ပါလား။ လုံးဝ မပြောသင့်။
ROM 9:15 ဘုရားသခင်က “ငါသည် သနားလိုသော သူကို သနားမည်။ ကရုဏာထားလိုသော သူကိုလည်း ကရုဏာထားမည်” ဟု မောသျှေအား မိန့်တော်မူ၏။
ROM 9:16 ထို့ကြောင့်၊ ဤသို့ပြုတော်မူခြင်းသည် လူ့အလိုဆန္ဒ သို့မဟုတ် လူ၏အကျင့် အားဖြင့် မဟုတ်။ ဘုရားသခင်၏ ကရုဏာတော်၌သာ တည်နိန်၏။
ROM 9:17 ကျမ်းစာ၌ အဲဂုတ္တုဘုရင်အား ပြောဆိုထားသည်မှာ၊ “ငါ၏တန်ခိုးကို ပြခြင်းငှာလည်းကောင်း၊ ငါ၏နာမကို မြီကြီးတပြင်လုံးသို့ ကျော်စောခြင်းငှာလည်းကောင်း၊ သင့်ကို ဘုရင်အရာ၌ ငါ ချီးမြှောက်ပြီ” ဟု ဆိုထား၏။
ROM 9:18 ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၏။ စိတ်ခိုင်မာစီလိုသော သူကိုလည်း စိတ်ခိုင်မာစီတော်မူ၏။
ROM 9:19 သင်ရို့ထဲက တစ်ယောက်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတစ်ဦး တစ်ယောက်ကို ဇာကြောင့် အပြစ်ရှာနိန်သိမ့်လဲ။ အကြောင်းမူကား ဇာသူသည် ဘုရားသခင်၏အလိုတော်ကို တားဆီးနိုင်ပါဖို့လဲ” ဟု ငါ့ကို ဆိုလိမ့်မည်။
ROM 9:20 သို့သော်လည်း ငါ၏မိတ်ဆွီ၊ ဘုရားသခင်ကို ပြန်ပြောရဲလောက်အောင် သင်သည် ဇာပိုင်လူလဲ။ မြီအိုးတစ်လုံးက အိုးလုပ်သူအား သင်သည် ငါ့ကို “ဇာကြောင့် ဤပုံစံ လုပ်ရလဲ” ဟု ဆိုရမည်လော။
ROM 9:21 အိုးလုပ်သူသည် အိုးမြီကို သူ့စိတ်ကြိုက် လုပ်နိုင်၏။ အိုးမြီတစ်ပုံတည်းဖြင့် ကောင်းမြတ်သောအိုး၊ သာမန်အိုး စသည်ဖြင့် သူလုပ်ချင်ပိုင် လုပ်ခွင့်ဟိသည် မဟုတ်ပါလား။
ROM 9:22 ဘုရားသခင်သည်လည်း ဤနည်းတူ ပြုတော်မူ၏။ ကိုယ်တော်သည် မိမိအမျက်တော်ကို ပြချင်၏။ မိမိတန်ခိုးတော်ကို သိမြင်စီချင်၏။ သို့သော်လည်း ဖျက်စီးပစ်ရန် ပျင်ဆင်ထားသော အမျက်တော်ခံအိုးတိကို အလွန်စိတ်ရှည်လျက် သည်းခံတော်မူခ၏။
ROM 9:23 ထို့ပြင် ဘုရားသခင်သည် မိမိ၏ ဘုန်းတန်ခိုးတော်ကို ခံစားစီခြင်းငှာ ပျင်ဆင်ထားသည့် မိမိ၏ ကရုဏာတော်ကို ခံရကြသော ငါရို့အား မိမိ၏အနှိုင်းမဲ့ ဘုန်းတန်ခိုးတော်ကို ဖော်ပြ လိုတော်မူ၏။
ROM 9:24 အကြောင်းမူကား ငါရို့သည် ဘုရားသခင်ခေါ်ထားသောသူတိ ဖြစ်ကြ၏။ ထိုသို့ ခေါ်တော်မူရာတွင် ယုဒလူမျိုးများထဲကသာ မဟုတ် တခြားလူမျိုးတိထဲကလည်း ပါကြ၏။
ROM 9:25 ဟောသျှေ၏ ကျမ်းစာက ဆိုထားသည်မှာ၊ “ငါ၏လူ မဟုတ်သော သူတိကို ‘ငါ၏လူ’ ဟူ၍ ငါခေါ်မည်။ ငါမချစ်သော လူမျိုးတိကိုလည်း ‘ငါ ချစ်သောသူ’ ဟူ၍ ငါခေါ်မည်။
ROM 9:26 ‘သင်ရို့သည် ငါ၏လူ မဟုတ်’ ဟု ပြောခဖူးသောအရပ်၌ နီထိုင်ကြသောသူတိသည်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားသမီးများဟု ခေါ်ဝေါ်ခြင်းကို ခံကြရလိမ့်မည်” ဟု လာသတည်း။
ROM 9:27 ထို့အပြင် ပရောဖက် ဟေသျှာယ ကလည်း ဣသရေလ အမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား “ဣသရေလလူမျိုးတိသည် သမုဒ္ဒရာသဲလုံးနှင့် အမျှ များပြားသော်လည်း အနည်းငယ်သောသူတိသာလျှင် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်။
ROM 9:28 အကြောင်းမူကား ဘုရားသခင်သည် မိမိ၏အလိုတော်ပြည့်စုံစီခြင်းငှာ လောကသားတိကို လျှင်မြန်စွာ တရားစီရင်တော်မူလိမ့်မည်” ဟု ဆိုသတည်း။
ROM 9:29 ယင်းပုံစံအတိုင်း၊ ဟေသျှာယကလည်း ယခင်က ဆိုခဖူးသည်မှာ၊ “တန်ခိုးတော်အသျှင် ထာဝရဘုရားသည် ငါရို့အဖို့ ငါရို့၏မျိုးဆက်ကို မချန်ထားလျှင် ငါရို့သည် သောဒုံမြို့ကဲ့သို့ လည်းကောင်း၊ ဂေါမောရမြို့ကဲ့သို့ လည်းကောင်း ဖြစ်ရလိမ့်မည်” ဟူ၍ ဖြစ်၏။
ROM 9:30 ထို့ကြောင့်၊ ဘုရားသခင်နှင့် မှန်ကန်ခြင်းငှာ မကြိုးစား၊ အားမထုတ်သော တခြားလူမျိုးရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်သောတရားကို ရကြ၏ဟု ငါရို့ ပြောဆိုခြင်းဖြစ်၏။
ROM 9:31 ဘုရားသခင်နှင့် မှန်ကန်ရန်အတွက် ပညတ်တရားကို ရှာနိန်ကြသော ဣသရေလလူမျိုးတိမှာကား ဘုရားသခင်နှင့် မှန်ကန်သောတရားလမ်းကို မတွိ့ကြ။
ROM 9:32 ဇာကြောင့်မတွိ့ကတ်စွာလဲ၊ အကြောင်းမူကား သူရို့သည် ယုံကြည်ခြင်းကို အမှီမပြု၊ သူရို့၏အကျင့်တရားကိုသာ အမှီပြု၍ ဖြစ်၏။ တစ်နည်းဆိုသော် သူရို့သည် တားဆီးထားသော ကျောက်တုံးကို တိုက်မိကြ၏။
ROM 9:33 ကျမ်းစာ၌ လာသည်ကား၊ “ကြည့်ရှုလော့၊ ငါသည် လူအများ တိုက်မိစီခြင်းငှာ ဇိအုန်တောင်ထက်၌ ကျောက်တုံးတစ်တုံးကို ချထား၏၊ ထိုကျောက်တုံးသည် သူရို့ကို လဲစီခြင်းငှာ ဖြစ်၏။ ကိုယ်တော်၌ ယုံကြည်သောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်း မဟိစီရ” ဟူ၍ ဖြစ်၏။
ROM 10:1 ငါ၏ညီအစ်ကို မောင်နှရို့၊ ငါ၏ ဣသရေလလူမျိုးရို့သည် ကယ်တင်ခြင်းသို့ ရောက်ကြစီခြင်းငှာ ငါ၏စိတ်နှလုံးသည် လိုလားတောင်းတလျက် ဘုရားသခင်ကို ဆုတောင်းလျက်ဟိပါ၏။
ROM 10:2 သူရို့သည် ဘုရားသခင်ကို အလွန်နက်ယှိုင်းစွာ ကြည်ညိုကြသည်ကို ငါ အသေအချာ ပြောရဲပါ၏။ သို့ရာတွင် သူရို့၏ ကိုးကွယ်ယုံကြည်မှုသည်ကား မှန်ကန်သော အသိတရား၌ အခြေပြုထားကြသည် မဟုတ်။
ROM 10:3 သူရို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားလမ်းကို မသိကြပေ။ ထို့ကြောင့် သူရို့၏ လူ့ဇာတိနည်းလမ်းကို တည်ဆောက်ရန် ကြိုးစားလျက် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားလမ်းကို လက်မခံဘဲ နိန်ကြ၏။
ROM 10:4 ခရစ်တော်သည်ကား ယုံကြည်သူတိုင်းကို ဖြောင့်မတ်သောသူတိ ဖြစ်လာစီခြင်းငှာ ပညတ်တရားကို ပြည့်စုံစီသောသူဖြစ်၏။
ROM 10:5 မောသျှေကလည်း ပညတ်တရားအားဖြင့် ရသော ဖြောင့်မတ်ခြင်းတရားအကြောင်းကို ရီးထားခသည်မှာ “ပညတ်တရားကို ကျင့်သောသူသည် ပညတ်တရားအားဖြင့် အသက်ရှင်လိမ့်မည်” ဟူ၍ ဖြစ်၏။
ROM 10:6 ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတရားအကြောင်းကို ကျမ်းစာက ဆိုထားသည်မှာ၊ “ဇာသူသည် ကောင်းကင်ဘုံသို့ တက်လိမ့်မည်နည်းဟု သင်၏စိတ်နှလုံးထဲမှာ မအောက်မိ့ကတ်ကေ့။” (ဤသည်ကား ခရစ်တော်ကို အောက်အရပ်သို့ ပို့ဆောင်ခြင်းကို ဆိုလို၏။)
ROM 10:7 “သို့တည်းမဟုတ်၊ ဇာသူသည် နက်နဲရာအရပ်သို့ ဆင်းသက်လိမ့်မည်နည်း” (ဤသည်ကား ခရစ်တော်ကို သီခြင်းမှ ထမြောက်စီခြင်းကို ဆိုလို၏)။
ROM 10:8 သို့ရာတွင် ကျမ်းစာက ဇာပြောထားလဲ ဆိုလျှင်။ “တရားတော်သည် သင်ရို့ အနားမှာ ဟိ၏။ သင်ရို့၏ နှုတ်၌လည်းကောင်း၊ သင်ရို့၏ စိတ်နှလုံးသားထဲ၌လည်းကောင်း ဟိတော်မူ၏” ဟူ၍ ဖြစ်၏။ ထိုသို့ဆိုထားသည်မှာ ငါရို့ ဟောပြောနိန်သော ယုံကြည်ခြင်းတရားကို ဆိုထားခြင်းဖြစ်၏။
ROM 10:9 သင်ရို့သည်ကား “ယေသျှုသည် အသျှင်သခင် ဖြစ်တော်မူ၏” ဟု မိမိ၏နှုတ်ဖြင့် မြွက်ဆို၍ ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူသည်ဟု မိမိ၏စိတ်နှလုံးထဲ၌ ယုံကြည်ကြလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
ROM 10:10 အကြောင်းမူကား သင်ရို့သည် စိတ်နှလုံးဖြင့် ယုံကြည်လျှင် ဖြောင့်မတ်ရာသို့ ရောက်ကြလိမ့်မည်။ မိမိ၏ယုံကြည်ခြင်းကို မိမိ၏နှုတ်ဖြင့် ဝန်ခံကြလျှင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
ROM 10:11 ကျမ်းစာလာသည်ကား၊ “ကိုယ်တော့်ကို ယုံကြည်သောသူတိုင်းသည် ရှက်ကြောက်ခြင်း လုံးဝမဟိစီရ” ဟူ၍ ဖြစ်၏။
ROM 10:12 ယုဒလူမျိုး၊ တခြားလူမျိုးဟူ၍ ခွဲခြားမှုမဟိ၊ ဘုရားသခင်သည် လူအားလုံး၏အသျှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်၌ ဆုတောင်းသမျှ သောသူတိအား ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ချပီးတော်မူ၏။
ROM 10:13 ကျမ်းစာလာသည်ကား၊ “ထာဝရဘုရားသည် ဆုတောင်းပတ္ထနာ ပြုသောသူ မှန်သမျှကို ကယ်တင်တော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။
ROM 10:14 သို့ရာတွင် ကိုယ်တော့်ကို ယုံကြည်မှုမဟိလျှင် ဇာပိုင် ဆုတောင်းပတ္ထနာ ပြုနိုင်မည်နည်း။ သတင်းကောင်းတရားကို မကြားလျှင် ဇာပိုင် ယုံကြည်နိုင် ဖို့လဲ။ သတင်းကောင်းတရားကို မဟောပြောလျှင် ဇာပိုင်ကြားနိုင်ဖို့လဲ။
ROM 10:15 ဟောပြောဖို့လူတိကို မပို့ပီးလျှင် သတင်းကောင်းတရားကို ဇာသူ ဟောပြောနိုင်ဖို့လဲ။ ကျမ်းစာက ဆိုထားသည်မှာ “သတင်းကောင်းတရားကို ယူဆောင်လာသောသူရို့သည် အလွန် ချီးမွမ်းအံ့ဩဖွယ် ကောင်းလီစွ” ဟူ၍ ဖြစ်၏။
ROM 10:16 သို့ရာတွင် သတင်းကောင်းတရားကို လူတိုင်း လက်မခံကြ။ ပရောဖက်ဟေသျှာယက သူကိုယ်တိုင် ပြောခသည်မှာ “ထာဝရဘုရားသျှင်၊ အကျွန်ရို့၏သတင်းစကားကို ဇာသူ ယုံကြည်ပါသနည်း” ဟူ၍ ဖြစ်၏။
ROM 10:17 သို့ဖြစ်၍ ယုံကြည်ခြင်းသည် သတင်းကောင်းတရားကို ကြားနာရခြင်းကြောင့် ဖြစ်၏။ ကြားနာခြင်းသည်ကား ခရစ်တော်အကြောင်းကို ဟောပြောခြင်းအားဖြင့် ဖြစ်၏။
ROM 10:18 သို့ရာတွင် လူအပေါင်းရို့သည် သတင်းကောင်းတရားကို မကြားရခသည်မှာ အမှန်ပင်ဖြစ်သလားဟု ငါမိန်းလို၏။ သူရို့သည် ကြားနာခွင့်ကို အမှန်ပင် ရကြ၏ — ကျမ်းစာတော်က “သတင်းကောင်းတရားကို ဟောပြောသူရို့၏ အသံသည် မြီကြီးတပြင်လုံးသို့ ပြန့်နှံ့လား၏။ သူရို့၏တရားစကားများသည် ကမ္ဘာ အဆုံးတိုင်အောင် ရောက်လား၏” ဟု ဆိုထား၏။
ROM 10:19 တဖန် ဣသရေလလူမျိုးရို့သည် နားမလည်ကတ်လားဟု ငါမိန်းလို၏။ မောသျှေက “ငါသည် ငါ၏လူတိ မနာလိုစိတ်ဝင်လာရန် မရေရာသောလူရို့ကို အသုံးပြုလိမ့်မည်။ ရူးသွပ်သောလူမျိုးအားဖြင့် ငါ့လူမျိုးတိ၏ အမျက်ကို နှိုးဆော်လိမ့်မည်” ဟု ဦးစွာပထမ ဖြေကြား၏။
ROM 10:20 ဟေသျှာယက “ငါ့ကို မရှာသောသူရို့သည် ငါ့ကိုတွိ့ခကြ၏။ ငါ၏အကြောင်းကို မမိန်းသော သူရို့အား ငါ ကိုယ်တိုင် ဖော်ပြခ၏” ဟု ထင်ရှားစွာ ပြောဆိုခ၏။
ROM 10:21 သို့ရာတွင် ဣသရေလလူမျိုးတိနှင့် ပတ်သက်၍ မူကား “ငါ့ကို ဆန့်ကျင်ပုန်ကန်၍ ငါ့စကားကို မနာခံသောလူမျိုးအား ငါသည် တစ်ချိန်လုံး မိမိ၏လက်ကို ကမ်းလျက်ဟိ၏” ဟု ဟေသျှာယက ဆိုထားခ၏။
ROM 11:1 သို့ဖြစ်လျှင် ဘုရားသခင်သည် သူ၏လူမျိုးတိကို ထားပစ်ခယာလားဟု ငါ မိန်းသော်၊ ထိုသို့မဆိုလို။ ငါသည်လည်း ဣသရေလလူမျိုး၊ အာဗြဟံ၏မျိုးဆက်၊ ဗင်္ယာမိန်မျိုးနွယ်ဖြစ်၏။
ROM 11:2 ဘုရားသခင်သည် အစကတည်းက သိမှတ်တော်မူသော မိမိလူတိကို ထားပစ်ခသည် မဟုတ်။ ဧလိယက ဣသရေလလူမျိုး တစ်ဖက်၌ ဘုရားသခင်အား တောင်းဆိုထားသည့် ကျမ်းစကားကို သင်ရို့ သိကြ၏။
ROM 11:3 ထိုကျမ်းစာ၌ “အို၊ ထာဝရဘုရား၊ သူရို့သည် ကိုယ်တော်၏ပရောဖက်တိကို သတ်ကြပြီးလျှင် ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါ၏။ အကျွန် တစ်ယောက်တည်းသာ ကျန်နိန်ခပြီဖြစ်၍ အကျွန့် အသက်ကိုပင် သတ်ဖို့ရန် ကြိုးစားနိန်ကြပါ၏၊” ဟူ၍ လျှောက်ထား၏။
ROM 11:4 ထိုအခါ ဘုရားသခင်က ဧလိယကို ပြန်၍ မိန့်တော်မူသည်မှာ၊ “ဗာလနတ်ဘုရားကို မကိုးကွယ်သော လူ ၇,၀၀၀ သည် ငါ့အတွက် ကျန်နိန်သိမ့်၏” ဟု မိန့်တော်မူ၏။
ROM 11:5 ထိုနည်းတူ အဂုကာလ၌ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ရွီးကောက်ထားသောသူ အနည်းချေရာ ကျန်ကြွင်းလျက်ဟိ၏။
ROM 11:6 ကိုယ်တော်၏ရွီးကောက်တော်မူခြင်းသည် လူ့အကျင့်ကို ထောက်၍ မဟုတ်၊ မိမိ၏ကျေးဇူးတော်အားဖြင့်သာဖြစ်၏။ အကြောင်းမူကား ဘုရားသခင်၏ရွီးကောက်တော်မူခြင်းသည် လူအကျင့်အားဖြင့်သာ ဖြစ်လျှင် ကိုယ်တော်၏ကျေးဇူးတော်သည် စစ်မှန်သော ကျေးဇူးတော်ဖြစ်လိမ့်မည် မဟုတ်။
ROM 11:7 ဇာပိုင်လဲဆိုကေ၊ ဣသရေလလူရို့သည် သူရို့ ရှာသောအရာကို သူရို့ မတွိ့ကြ။ ဘုရားသခင်ရွီးကောက်ထားသည့် လူအနည်းချေတိရာ တွိ့ကြရ၏။ ကျန်ကြွင်းသော သူရို့သည်ကား နားမကြားနိုင်ကတ်ယာ။
ROM 11:8 ထိုသို့နှင့်အညီ ကျမ်းစာက ပြောထားသည်မှာ၊ “ဘုရားသခင်သည် သူရို့အား မမြင်နိုင်၊ မကြားနိုင်အောင် သူရို့၏စိတ်နှလုံးကို ယနိ့တိုင်အောင် အမိုက်တရားဖြင့် ဖုံးလွှမ်းထား၏” ဟူ၍ ဖြစ်၏။
ROM 11:9 ပြီးနောက် ဒါဝိဒ်က ပြောထားခသည်မှာ၊ “သူရို့၏စားပွဲသည် သူရို့အတွက် ကျော့ကွင်းသော်လည်းကောင်း ထောင်ချောက်သော်လည်းကောင်း တိုက်မိ၍ လဲစရာအဖြစ်သော်လည်းကောင်း၊ ခံထိုက်သောအပြစ်သော်လည်းကောင်း ဖြစ်ပါစီ။
ROM 11:10 သူရို့၏မျက်စိသည်လည်း မမြင်နိုင်အောင် အမှောင်ဖုံး ပါစီ။ သူရို့နောက်ကုန်းသည် ထာဝရ ကုန်းနိန်ပါစီ” ဟူ၍ ဖြစ်၏။
ROM 11:11 သို့ဖြစ်လျှင် ဣသရေလလူရို့သည် ခြီလျှော်၍ လဲကျသောအခါ ပျက်စီးခြင်းသို့ ရောက်ကြရသလားဟု ငါ မိန်းသော်၊ ထိုသို့ လုံးဝ မဟုတ်။ သူရို့သည် အပြစ်လုပ်သောကြောင့် ကယ်တင်ခြင်းသည် တခြားလူမျိုးတိပါးသို့ ရောက်လားရ၏။ အကြောင်းမှာ သူရို့သည် တခြားလူမျိုးတိကို မနာလိုဖြစ်စီရန် ဖြစ်၏။
ROM 11:12 ဣသရေလလူမျိုးတိ အပြစ်လုပ်ခြင်းသည် လောကထဲသို့ ကောင်းကြီးမင်္ဂလာများစွာကို ယူဆောင်ပီးကြ၏။ တဖန် သူရို့၏ ကျယှုံးခြင်းသည် တခြားလူမျိုးတိ၌ ကောင်းကြီးမင်္ဂလာ ကြွယ်ဝခြင်းကို ဖြစ်စီတော်မူ၏။ ဣသရေလလူမျိုးအားလုံး ကယ်တင်ခြင်းခံကြသောအခါ ထိုကောင်းကြီးမင်္ဂလာသည် သာ၍ ကြွယ်ဝလာလိမ့်မည်ဖြစ်၏။
ROM 11:13 ငါသည် တခြားလူမျိုးတိနှင့်ဆိုင်သော တမန်တော်တစ်ယောက် ဖြစ်သည့်အားလျှော်စွာ ငါ၏အမှုတော်ဆောင်ခြင်းကို ငါသည် ဂုဏ်ယူလျက်ဟိကြောင်း လူမျိုးခြားဖြစ်သော သင်ရို့ကို အဂု ငါ ပြောလိုက်ပါ၏။
ROM 11:14 ငါသည် ငါ၏လူမျိုးရို့ကို မနာလိုစိတ် ဖြစ်လာစီရန် တစ်နည်းနည်းဖြင့် လှုံ့ဆော်၍ တချို့ကို ကယ်တင်ခြင်းရစီခြင်းငှာ မျှော်လင့်၏။
ROM 11:15 အကြောင်းမူကား သူရို့၏အပယ်ခံထားရခြင်းသည် လောကီသားတိအား ပြန်လည်သင့်မြတ်ခြင်းကို ဖြစ်စီလျှင်၊ သူရို့ကို ပြန်လည်လက်ခံခြင်းသည် ဇာဖြစ်လိမ့်မည်နည်း၊ သီခြင်းမှ ထမြောက်ခြင်းကို ဖြစ်စီလိမ့်မည် မဟုတ်ပါလား။
ROM 11:16 အဦးဆုံးအသီးများအဖြစ်ဖြင့် ပူဇော်သကာပြုသော မုန့်ညက်သည် သန့်ယှင်းလျှင် မုန့်တစ်ပုံလုံးသည် သန့်ယှင်းလျက်ဟိ၏။ ထို့အပြင် အမြစ်သန့်ယှင်းလျှင် အကိုင်းအခက်တိလည်း သန့်ယှင်းကြ၏။
ROM 11:17 တချို့သော အကိုင်းအခက်များကို ချိုးဖဲ့၍ ရိုင်းသောသံလွင်ပင်၏ အတက်ချေတစ်ခုဖြစ်သော သင့်ကို တခြားသောအကိုင်းအခက်များကြား၌ ကိုင်းကူးစိုက်ပျိုးထားခြင်းကို ခံရပြီးလျှင် အဂုအခါ၌ သံလွင်ပင်၏အမြစ်မှလာသော ဩဇာအဟာရဓာတ်များကို ခံစားနိန်ရလျှင်၊
ROM 11:18 သင်သည် တခြားသောအကိုင်းအခက်များထက် သာလွန်သည်ဟု မိမိကိုယ်ကို မထင်မှတ်နှင့်။ ထင်မှတ်လျှင်မူကား မိမိသည် အမြစ်ကို မထောက်ပံ့၊ အမြစ်သည် မိမိကို ထောက်ပံ့သည်ဟု ထင်မှတ်လော့။
ROM 11:19 ထို့နောက် သင်က “ငါ့ကို ကိုင်းကူးစိုက်ခြင်းငှာ အကိုင်းအခက်များသည် ချိုးဖဲ့ခြင်းကို ခံရကြ၏” ဟု သင်ဆိုလိမ့်မည်။
ROM 11:20 မှန်၏။ သို့ရာတွင် မယုံကြည်သောကြောင့် သူရို့သည် ချိုးဖဲ့ခြင်းကို ခံရကြပြီးလျှင် သင်သည် ယုံကြည်ခြင်းအားဖြင့် တည်၏။ မာနစိတ်မဝင်ကေ့။ ကြောက်စိတ်ဝင်လော့။
ROM 11:21 အကြောင်းမူကား ဘုရားသခင်သည် မူလအကိုင်းအခက်များကို အခွင့်မပီးလျှင် သင်ကိုလည်း အခွင့်ပီးလိမ့်မည် မဟုတ်။
ROM 11:22 ထို့ကြောင့် လဲသောသူရို့အား ပြင်းထန်စွာ စီရင်တော်မူတတ် သော်လည်း သင့်အား သနားတော်မူတတ်သောဘုရားသခင်၏ ပြင်းထန်သောစီရင်တော်မူခြင်းနှင့် သနားတော်မူခြင်းကို ဆင်ခြင်ထောက်ရှုလော့။ သင်သည် ကိုယ်တော်၌ ဆက်လက်၍ တည်နိန်လျှင် သနားတော်မူခြင်းကို ခံရလိမ့်မည်။ ထိုသို့ မဟုတ်လျှင် သင်သည်လည်း ခွတ်ပစ်ခြင်းကို ခံရလိမ့်မည်။
ROM 11:23 ထို့အပြင် ဣသရေလလူမျိုးရို့သည် မယုံကြည်မှုကို စွန့်ပယ်ကြလျှင် နဂိုမူလနီရာ၌ တဖန်ပြန်၍ စိုက်ပျိုးထားခြင်းကို ခံရကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူရို့အား တဖန်ပြန်၍ စိုက်ပျိုးခြင်းငှာ တတ်စွမ်းနိုင်တော်မူ၏။
ROM 11:24 နောက်ဆုံးပြောရလျှင် သင်ရို့သည် ပကတိအားဖြင့် ရိုင်းသောသံလွင်ပင်မှ ဖဲ့ယူ၍ အသီးသီးသောသံလွင်ပင်၌ မိမိ၏ပကတိကို ဆန့်ကျင်လျက် ကိုင်းဆက်စိုက်ပျိုးထားခြင်းကို ခံရကြလျှင် ပကတိအခက်များသည် မိမိရို့၏မူလသံလွင်ပင်၌ ဆက်၍ စိုက်ရခြင်းအခွင့်ကို သာ၍ ခံကြရလိမ့်မည်။
ROM 11:25 ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် မိမိကို မိမိ ပညာဟိဟူ၍ မထင်မှတ်စီမည့်အကြာင်း ဣသရေလလူမျိုးရို့၏ မာကျောခက်ထန်နိန်ကြခြင်းသည် ဘုရားသခင်ထံတော်သို့ ဝင်ရောက်လာကြသော တခြားလူမျိုးတိ အရေအတွက် ပြည့်စုံသည့်အချိန်ထိသာ ဖြစ်သည်ဟူသော ဤလျှို့ဝှက်ချက်ကို မသိဘဲနိန်ကြခြင်းကို ငါသည် အလိုမဟိ။
ROM 11:26 ဤသို့အားဖြင့် ဣသရေလလူမျိုးအားလုံး ကယ်တင်ခြင်း ခံရမည့် အကြောင်း ကျမ်းစာ လာသည်ကား၊ “ကယ်တင်သျှင်သည် ဇိအုန်တောင်မှ ကြွလာတော်မူ၍ မတရားမှုတိကို ယာကုပ်၏အမျိုးမှ ဖယ်ယှားလိမ့်မည်။
ROM 11:27 ငါသည် သူရို့အပြစ်ကို ဖယ်ယှားသောအခါ၊ ဤပဋိညာဉ်ကို သူရို့နှင့် ငါ ပြုလိမ့်မည်” ဟူ၍ ဖြစ်၏။
ROM 11:28 ဣသရေလလူမျိုးရို့သည် သင်ရို့ တခြားလူမျိုးအကျိုးကို ထောက်ရှု၍ သတင်းကောင်းတရားကို ငြင်းပယ်လျက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြရ၏။ သို့ရာတွင် ဘုရားသခင်ရွီးကောက်ထားသော မိမိရို့၏ဖိုးဖီးများကြောင့် သူရို့သည် ဘုရားသခင် ချစ်သောသူများ ဖြစ်ကြ၏။
ROM 11:29 အကြောင်းမူကား ဘုရားသခင်၏ ကျေးဇူးတော်သည်လည်းကောင်း၊ ကိုယ်တော်၏ ခေါ်ထားတော်မူခြင်းသည်လည်းကောင်း ပြောင်းလဲတော်မမူ။
ROM 11:30 သင်ရို့ တခြားလူမျိုးတိသည် အယင်က ဘုရားသခင်၏စကားကို မနာခံကြသော်လည်း ဣသရေလလူမျိုးတိ မနာခံခြင်းကြောင့် အဂုအခါမှာ သင်ရို့သည် ဘုရားသခင်၏ကရုဏာတော်ကို ခံစားကြရ၏။
ROM 11:31 ထိုနည်းတူ သင်ရို့ ခံစားရသော ကရုဏာတော်ကို ထောက်ရှု၍ အဂုတွင် သူရို့သည်လည်း ဘုရားသခင်၏ကရုဏာတော်ကို ခံစားရစီခြင်းငှာ အဂုအခါတွင် သူရို့သည် ဘုရားသခင်၏စကားကို မနာခံဘဲ နိန်ကြ၏။
ROM 11:32 အကြောင်းမူကား ဘုရားသခင်သည် လူတိုင်းကို မိမိ၏ကရုဏာတော်သက်ရောက်စီခြင်းငှာ အမိန့်မနာခံခြင်း၌ ချုပ်ထားတော်မူ၏။
ROM 11:33 ဘုရားသခင်သည် ဉာဏ်တော်အနန္တ၊ ပညာတော်အနန္တနှင့် ပြည့်စုံတော်မူပါ၏တကား။ ကိုယ်တော်၏တရားစီရင်တော်မူချက်တိကို ဇာသူသည် ရှင်းပြနိုင်အံ့နည်း။ ကိုယ်တော်ပြုတော်မူသောအရာများကို ဇာသူသည် နားလည်နိုင်အံ့နည်း။
ROM 11:34 ကျမ်းစာလာသည်ကား၊ “ထာဝရဘုရား၏စိတ်တော်ကို ဇာသူ သိသနည်း။ ဘုရားသခင်ကို အကြံဉာဏ် ပီးခြင်းငှာ ဇာသူ တတ်နိုင်ပါအံ့နည်း။
ROM 11:35 ဇာသူသည် မိမိအား ကျေးဇူးတုံ့ပြန်စီခြင်းငှာ ဘုရားသခင်ကို ကျေးဇူးပြုဖူးသနည်း။”
ROM 11:36 အကြောင်းမူကား ခပ်သိမ်းသောအရာများသည် ကိုယ်တော့်ထံမှ ဖြစ်၏။ ခပ်သိမ်းသောအရာများသည် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။ ခပ်သိမ်းသောအရာများသည် ကိုယ်တော်အဖို့အလို့ငှာ ဖြစ်ကြ၏။ ဘုန်းတန်ခိုးတော်သည် ကိုယ်တော်၌ ထာဝရတည်ပါစီသောဝ်။ အာမင်။
ROM 12:1 သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်ရာ၌လည်းကောင်း သင်ရို့၏ခန္ဓာကိုယ်ကို သန့်ယှင်း၍ ဘုရားသခင်နှစ်သက်တော်မူသော အသက်ရှင်သည့် ပူဇော်သကာအဖြစ် ဆက်ကပ်ပူဇော်ကြခြင်းငှာ ဘုရားသခင်၏ ကရုဏာတော်အားဖြင့် သင်ရို့ကို ငါ တောင်းပန်လိုက်ပါ၏။ ဤကား သင်ရို့ပြုရမည့် စစ်မှန်သော ကိုးကွယ်ဝတ်ပြုခြင်းဖြစ်၏။
ROM 12:2 သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။
ROM 12:3 ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သင်ရို့ကို ငါ ပြောလိုသည်မှာ၊ သင်ရို့သည် မိမိကိုယ်ကို မိမိ ထင်သင့်သည်ထက် သာလွန်၍ မထင်ဘဲ ဘုရားသခင်ပီးထားသော ယုံကြည်ခြင်း ဟိကြသည့်အတိုင်း ကိုယ့်ကိုယ်ကို စစ်ကြောစီရင်ပြီးမှသာလျှင် မိမိထင်သင့်သလောက်သာ ထင်ကြလော့။
ROM 12:4 လူတစ်ယောက်၏ခန္ဓာကိုယ်တွင် အင်္ဂါများစွာ ဟိကြသည်နှင့်အညီ ထိုအင်္ဂါများ၌ ဆောင်ရွက်စရာ လုပ်ငန်းကိုယ်စီ ဟိကြသည့်
ROM 12:5 နည်းတူ များစွာသော ငါရို့သည် ခရစ်တော်၌ ခန္ဓာတစ်ခုတည်းဖြစ်၍ အသီးသီးသောအင်္ဂါများ ဖြစ်ကြ၏။
ROM 12:6 ထို့ကြောင့် ငါရို့သည် ဘုရားသခင် ပီးထားသော ကျေးဇူးတော်နှင့်အညီ မတူညီသော ဆုကျေးဇူးများကို အသုံးပြုကြရမည်။ ငါရို့၏ ဆုကျေးဇူးသည် ဘုရားသခင်၏သတင်းကောင်းကို ဟောပြောဖို့ဖြစ်လျှင် ငါရို့မှာဟိသော ယုံကြည်ခြင်းအတိုင်း ထိုသတင်းကောင်းကို ပြောကြရမည်။
ROM 12:7 အမှုတော်ဆောင်ဖို့ ဆုကျေးဇူးဟိလျှင် အမှုတော်ကို ဆောင်ရွက်စီ။ ဆုံးမဩဝါဒပီးဖို့ ဟိလျှင် ထိုအမှုကို ဆောင်ရွက်စီ။
ROM 12:8 သူတစ်ပါးကို တိုက်တွန်းနှိုးဆော်တတ်သည့် ဆုကျေးဇူးဟိလျှင် ထိုအမှုကို ဆောင်ရွက်စီ။ ပီးကမ်းစွန့်ကြဲခြင်း ဆုကျေးဇူးဟိလျှင် ရက်ရောစွာဖြင့် ပီးကမ်းကြစီ။ အုပ်ချုပ်ဖို့ရန် ဆုကျေးဇူး ဟိသောသူသည် လုံ့လဝိရိယစိုက်၍ အုပ်ချုပ်စီ။ သူတစ်ပါးကို သနားကရုဏာထားခြင်းငှာ ဆုကျေးဇူး ဟိသောသူသည်လည်း ဝမ်းမြောက်သောစိတ်ဖြင့် ထိုအမှုကို ပြုကြစီ။
ROM 12:9 ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။
ROM 12:10 ခရစ်ယာန်များ ဖြစ်ကြသည့်အလျှောက် တစ်ယောက်ကို တစ်ယောက် နွီးထွီးစွာ ချစ်ကြလော့။ သူတစ်ပါးကို ကိုယ့်ထက် ချီးမြှောက်ကြလော့။
ROM 12:11 ပျင်းရိခြင်းမဟိဘဲ ကြိုးစားအားထုတ်ကြလော့။ စိတ်နှလုံးကို ဆက်ကပ်အပ်နှံ၍ သခင်ဘုရား၏အမှုတော်မြတ်ကို ဆောင်ရွက်ကြလော့။
ROM 12:12 ဆင်းရဲဒုက္ခရောက်စဉ်ခါ သည်းခံလျက် ဝမ်းမြောက်စိတ်နှင့် မျှော်လင့်၍ နိန်ကြလော့။ အမြဲမပြတ်ဆုတောင်းပတ္ထနာပြုလျက် နိန်ကြလော့။
ROM 12:13 မိမိရို့၏ ဥစ္စာပစ္စည်းများကို လိုအပ်သောခရစ်ယာန်ညီအစ်ကိုများကို ဝီမျှကြလော့။ အာဂန္တုဝတ်ကို ကျေပွန်စွာ ပြုကြလော့။
ROM 12:14 သင်ရို့ကို ညှဉ်းဆဲသောသူတိအား ကျိန်ဆဲခြင်းကို မပြုကြဘဲ၊ ကောင်းကြီးပီးကြလော့။
ROM 12:15 ဝမ်းမြောက်သောသူတိနှင့် အတူ ဝမ်းမြောက်ကြလော့၊ ငိုကြွီးနိန်ကြသောသူတိနှင့်အတူ ငိုကြွီးကြလော့။
ROM 12:16 အချင်းချင်း စိတ်သဘောတစ်ညီတစ်ညွတ်တည်းဖြင့် နီထိုင်ကြလော့။ ကြွားဝါခြင်း မဟိကြနှင့်။ နိမ့်ကျသော သူတိကို မိတ်ဆွီဖွဲ့ကြလော့။ ကိုယ့်ကိုကိုယ် ပညာဟိဟူ၍ မထင်ကတ်ကေ့။
ROM 12:17 သင်ရို့ကို ပြစ်မှားသောသူအား ပြန်၍ အပြစ်မပြုကတ်ကေ့။ လူတိုင်းရှိ့မှာ ဖြောင့်မတ်သောအမှုကို ပြုခြင်းငှာ ဂရုစိုက်ကြလော့။
ROM 12:18 သင်ရို့သည် တတ်နိုင်သမျှ လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ကြလော့။
ROM 12:19 ငါ့မိတ်ဆွီရို့၊ မည်သည့်အခါမျှ ရန်တုန့်ပြန်ခြင်း မပြုကတ်ကေ့၊ ဘုရားသခင်၏အမျက်တော်ကို အခွင့်ပီးကြလော။ ကျမ်းစာလာသည်ကား၊ “ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်ဟိသည့်အလျောက် ငါ ပြန်၍ ပီးဆပ်လိမ့်မည်” ဟု ထာဝရဘုရားက မိန့်တော်မူ၏။
ROM 12:20 ထို့ကြောင့် “သင်ရို့၏ရန်သူသည် ဆာလောင်မွတ်သိပ်၍ လာလျှင် လုပ်ကျွေးပြုစုကြလော့၊ ရီသောက်ငတ်လာလျှင် သောက်ဖို့ရန် ရီကို ပီးကြလော့။ ထိုသို့ ပြုခြင်းအားဖြင့် သူရို့သည် အရှက်ရလာကြလိမ့်မည်။”
ROM 12:21 အဆိုးအားဖြင့် အရှုံးမခံဘဲ၊ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။
ROM 13:1 အုပ်ချုပ်သူများ၏အမိန့်အာဏာကို လူတိုင်း လိုက်နာကြရမည်။ အကြောင်းမူကား၊ ဘုရားသခင်အခွင့်မပီးလျှင် ထိုအုပ်ချုပ်သူရို့၌ အာဏာ မဟိ။ အုပ်ချုပ်သောသူရို့၌ ဟိသောအခွင့်အာဏာသည် ဘုရားသခင် ပီးထားသောကြောင့်သာ တည်ရ၏။
ROM 13:2 ထို့ကြောင့်၊ အုပ်ချုပ်သူတိကို ဖီဆန်သူသည် ဘုရားသခင်ပီးထားသောအမိန့်ကို ဖီဆန်သောသူဖြစ်သဖြင့် ထိုသူသည် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်။
ROM 13:3 ကောင်းသောအကျင့်ကို ကျင့်သောသူသည်ကား အုပ်ချုပ်သူများကို ကြောက်စရာမလို။ မကောင်းသောအကျင့်ကို ကျင့်သောသူရို့သာလျှင် အုပ်ချုပ်သူများကို ကြောက်ကြရမည်။ သင်သည် အုပ်ချုပ်သူများကို မကြောက်ဘဲနိန်ချင်လား။ ထိုသို့ဆိုလျှင် ကောင်းသောအကျင့်ကို ကျင့်ရမည်။ အုပ်ချုပ်သူများကလည်း သင့်ကို ချီးမြှောက်လိမ့်မည်။
ROM 13:4 အကြောင်းမူကား အုပ်ချုပ်သူများသည် သင်ရို့၏ကောင်းကျိုးအလို့ငှာ ဘုရားသခင်၏ အစီခံဖြစ်ကြ၏။ သို့သော်လည်း သင်ရို့သည် မကောင်းသောအကျင့်ကို ကျင့်လျှင် ထိုသူရို့ကို ကြောက်ကြရမည်။ အကြောင်းမူကား သူရို့၏အာဏာသည် မကောင်းသောအကျင့်ကို ကျင့်သောသူများကို အပြစ်စီရင်ခြင်းငှာ ဖြစ်၏။ သူရို့သည် မကောင်းသောအကျင့်ကို ကျင့်သူတိကို အပြစ်စီရင်ခြင်းငှာ ဘုရားသခင်၏ အစီခံဖြစ်ကြ၏။
ROM 13:5 သို့ကြောင့် ဘုရားသခင်၏အပြစ်စီရင်ခြင်းကို ကြောက်၍သာ မဟုတ်ဘဲ၊ မိမိရို့၏အသိစိတ်ဖြင့် အုပ်ချုပ်သောသူရို့၏ အမိန့်အာဏာများကို နာခံကြရမည်။
ROM 13:6 အုပ်ချုပ်သောသူရို့သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်သောသူတိဖြစ်ကြသောကြောင့် သင်ရို့သည် သူရို့အား အကောက်ခွန်ကို ပီးကြလော့။
ROM 13:7 ထို့ကြောင့်သင်ရို့သည် မိမိရို့ပီးစရာဟိသောအကြွီးများကို ပီးဆပ်ကြလော့။ မိမိရို့ ပိုင်ဆိုင်ကြသည့်အလျှောက် အကောက်ခွန်ကို ပီးကြလော့။ ရိုသီထိုက်သောသူတိကို ရိုသီကြလော့၊ ဂုဏ်ပြုထိုက်သောသူတိကို ဂုဏ်ပြုကြလော့။
ROM 13:8 သင်ရို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာမှလွဲ၍ တခြား ဇာအကြွီးကိုမျှ မတင်စီကတ်ကေ့။ သူတစ်ပါးကို ချစ်သောသူသည် ပညတ်တရားကို နာခံလိုက်လျှောက်ပြီးဖြစ်၏။
ROM 13:9 “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ပညတ်တစ်ပါးကို စောင့်ထိန်းလျှင် “သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ သူတစ်ပါးပိုင်သောပစ္စည်းဥစ္စာကို လိုချင်စိတ်မဟိကေ့” ဟူသော ပညတ်တရားများနှင့် အခြားသောပညတ်အားလုံးကို စောင့်ထိန်းပြီးဖြစ်၏။
ROM 13:10 ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မဖျက်ဆီးတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာ ဖြစ်၏။
ROM 13:11 ငါရို့၏ကယ်တင်ခြင်းတရားသည် ငါရို့အစဦးယုံကြည်ခသည့်အချိန်ထက် အဂုအချိန်ခါ သာ၍ နီးလာပြီဖြစ်သောကြောင့် အိပ်ပျော်နိန်ရာမှ နိုးထကြရမည့်အချိန်ရောက်လာယာ။ ထို့ကြောင့် မျက်မှောက်ကာလကို ထောက်ရှု၍ ဤတရားတော်မြတ်ကို ကျင့်ကြလော့။
ROM 13:12 ညဉ့်အချိန် ကုန်ခါနီး၍ နိ့အချိန် ရောက်ခါနီးပြီဖြစ်သောကြောင့် မှောင်မိုက်ထဲမှာ ကျင့်သောအကျင့်တိကို ဖယ်ယှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ကြကုန်အံ့။
ROM 13:13 ငါရို့သည် နိ့အချိန်၌ ပြုမူသကဲ့သို့ လျောက်ပတ်စွာ ပြုမူကြကုန်ကြကုန်အံ့။ ပျော်ပွဲလုပ်ခြင်း၊ လွန်ကြူးစွာ သောက်စားမူးယစ်ခြင်း၊ မတရားသော မေထုန်မှီဝဲခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မနာလိုဝန်တိုခြင်းအမှုတိကို ယှောင်ကြဉ်ကြကုန်အံ့။
ROM 13:14 အပြစ်နှင့် ယှက်နွယ်နိန်သော ကိုယ်ကာယ၏ တပ်မက်စိတ်အလိုနောက်သို့ မလိုက်ကြဘဲ၊ အသျှင်ယေသျှုခရစ်တော်၏ လက်နက်စုံကို ယူဆောင်၍ ဝတ်ဆင်ထားကြလော့။
ROM 14:1 ယုံကြည်ခြင်း အားနည်းသော သူတိကို လက်ခံကြပါ။ သို့ရာတွင် သူရို့၏ပုဂ္ဂိုလ်ရေးရာ ထင်မြင်ယူဆချက်တိကို ထိုသူရို့နှင့် အငြင်းမပွားကတ်ကေ့။
ROM 14:2 လူတချို့က မည်သည့်အစာကိုမဆို စားအပ်သည်ဟု ယုံကြည်ကြ၏။ ယုံကြည်ခြင်း အားနည်းသောသူသည်ကား ဟင်းသီးဟင်းရွက်များကိုသာ စား၏။
ROM 14:3 မည်သည့်အစာကိုမဆို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုကတ်ကေ့။ ဟင်းသီးဟင်းရွက်ကိုသာ စားသောသူသည်လည်း မည်သည့်အစာကိုမဆို စားသောသူကို မစီရင်ကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်သည် သူရို့ကို လက်ခံတော်မူသောကြောင့်ဖြစ်၏။
ROM 14:4 သူတစ်ပါး၏ အခိုင်းအစီတိကို တရားစီရင်သော သင်သည် ဇာသူ ဖြစ်သနည်း။ ထိုအခိုင်းအစီများသည် ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စီ၊ မလုပ်ဆောင်သည်ဖြစ်စီ သူရို့၏သခင်နှင့် သာဆိုင်၏။ ထို့အပြင် ထာဝရဘုရားသည် သူ့ရို့ကိုကောင်းစွာ လုပ်ဆောင်နိုင်ခြင်းငှာ တတ်စွမ်းနိုင်တော်မူသည်ဖြစ်၍ သူရို့သည် ကောင်းစွာ လုပ်ဆောင်နိုင်ကြလိမ့်မည်။
ROM 14:5 လူတချို့က နိ့ရက်တစ်ရက်သည် တခြားနိ့ရက်ထက် သာ၍ မြတ်သည်ဟု ထင်မှတ်ကြ၏။ တခြားလူတိက နိ့ရက်အားလုံး အတူတူဖြစ်သည်ဟူ၍ ထင်မှတ်ကြ၏။ ငါရို့ တစ်ယောက်စီတိုင်း မိမိစိတ်သဘောအလျှောက် ခိုင်မာစွာ ထင်မှတ်ကတ်စီ။
ROM 14:6 နိ့ရက် တစ်ရက်သည် တခြားနိ့ရက်ထက် သာ၍ မြတ်သည်ဟု ထင်မှတ်သောသူသည် အသျှင်ဘုရားကို ရိုသီသောအားဖြင့် ထင်မှတ်ကတ်။ မည်သည့်အစားအစာကိုမဆို စားမည့်သူရို့သည်လည်း အသျှင်ဘုရားကို ရိုသီသောအားဖြင့် စားကတ်။ အကြောင်းမူကား သူရို့သည် ထိုအစားအစာအတွက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ မစားသောသူသည်လည်း အသျှင်ဘုရားကို ရိုသီသောစိတ်ဖြင့် မစားကတ်ကေ့။ သူရို့သည်လည်း ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
ROM 14:7 ငါရို့သည် မိမိအတွက် အသက်ရှင်နိန်ကြသည် မဟုတ်၊ မိမိအတွက် အသီခံနိန်ကြသည်မဟုတ်။
ROM 14:8 အသက်ရှင်လျှင် သခင်ဘုရားအတွက် ရှင်ကြ၏။ အသက်သီလျှင် သခင်ဘုရား အတွက် သီကြ၏။ ထို့ကြောင့် ငါရို့သည် အသက်ရှင်ခြင်းဖြစ်စီ၊ သီခြင်းဖြစ်စီ သခင်ဘုရားနှင့်သာ ဆိုင်တော်မူ၏။
ROM 14:9 အကြောင်းမူကား ခရစ်တော်သည် သီခြင်းနှင့် အသက်ရှင်ခြင်းနှစ်ခုစလုံး၏ အသျှင်သခင် ဖြစ်စီခြင်းငှာ အသီခံပြီးမှ ရှင်ပြန်ထမြောက်တော်မူ၏။
ROM 14:10 သင်သည် သင်၏ညီအစ်ကို မောင်နှမကို ဇာကြောင့် အပြစ်စီရင်နိန်လဲ။ သူရို့ကို ဇာကြောင့် မထီမဲ့မြင်ပြုနိန်လဲ။ အကြောင်းမူကား ငါရို့ အားလုံးသည် ဘုရားသခင်၏တရားပလ္လင်ရှိ့၌ ရပ်ကြရလိမ့်မည်။
ROM 14:11 ကျမ်းစာက မိန့်တော်မူထားသည်မှာ၊ “ငါသည် အမှန် အသက်ရှင်တော်မူသည်ဖြစ်၍ ငါ့ရှိ့၌ လူတိုင်း ဒူးထောက်ဦးချလျက် ဘုရားသခင်ဖြစ်ကြောင်းကို နှုတ်ဖြင့် ဝန်ခံကြလိမ့်မည်” ဟူ၍ ဖြစ်၏။
ROM 14:12 သို့ဖြစ်၍ ငါရို့အယောက်စီတိုင်းရို့သည် မိမိရို့၏အကြောင်းကို ဘုရားသခင်အား ယှင်းပြကြရလိမ့်မည်။
ROM 14:13 ထို့ကြောင့် ငါရို့သည် တစ်ယောက်ကို တစ်ယောက် အပြစ်မစီရင်ဘဲနိန်ကြကုန်အံ့။ သင်ရို့၏ ညီအစ်ကို မောင်နှမတစ်ယောက်ယောက်ကို တိုက်မိ၍ လဲစီခြင်းငှာ၊ သို့တည်းမဟုတ် လမ်းမှားစီခြင်းငှာ မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲနိန်ကြကုန်အံ့။
ROM 14:14 ပကတိသဘောအားဖြင့် မစင်ကြယ်သောအစားအစာဟူ၍ မဟိဟု အသျှင်ယေသျှုကို အမှီပြုလျက် ငါ အခိုင်အမာယုံကြည်ထား၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ဤအစာသည် မစင်ကြယ်ဟု ယူဆလျှင် ထိုအစာသည် ထိုသူအတွက် မစင်ကြယ်။
ROM 14:15 သင် စားသောအစာကြောင့် သင်၏ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ယောက်ကို စိတ်နာလားမည်ဆိုလျှင် သင်သည် မေတ္တာတရားနှင့် လုပ်ဆောင်သောသူ မဟုတ်။ သင်စားသောအစာအားဖြင့် ခရစ်တော် အသီခံပီးထားသောသူတစ်ယောက်ကို မဖျက်ဆီးကေ့။
ROM 14:16 ထို့ကြောင့် သင်ရို့အတွက် ကောင်းသောအရာ၌ အပြစ်ပြောစရာ မဟိစီကေ့။
ROM 14:17 အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ယှင်းသောဝိညာဉ်တော်ဖြင့် ဝမ်းမြောက်ခြင်း၌သာ တည်၏။
ROM 14:18 ဤသို့ဖြင့် ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူအား ဘုရားသခင် နှစ်သက်တော်မူသည့်အပြင် လူတိလည်း သဘောကျကြ၏။
ROM 14:19 ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် ငြိမ်းချမ်းစီခြင်းငှာလည်းကောင်း၊ အချင်းချင်း တည်ဆောက်မြှင့်တင်ခြင်းငှာလည်းကောင်း ငါရို့သည် အသီးသီး အားထုတ်ကြကုန်အံ့။
ROM 14:20 အစာအတွက်အလို့ငှာ ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးကတ်ကေ့။ အစာအားလုံးသည် စင်ကြယ်ကြ၏။ သို့သော်လည်း တစ်စုံတစ်ယောက်အား အပြစ်ရောက်စီမည့်အစာကို စားသုံးခြင်းသည်ကား မှားယွင်းသောသူဖြစ်၏။
ROM 14:21 အမဲသားစားခြင်း၊ ဝိုင်သောက်ခြင်းမှစ၍ သင်၏ညီအစ်ကို မောင်နှမတစ်ဦး တစ်ယောက်ကို အပြစ်ရောက်စီမည့် ဇာအရာကိုမျှ မပြုမူခြင်းသည် ကောင်း၏။
ROM 14:22 ထို့ကြောင့် သင်သည် မိမိယုံကြည်သမျှသောဤအရာများကို မိမိနှင့် ဘုရားသခင်ကြား၌သာ ဟိစီလော့။ မိမိသဘောဖြင့် မိမိကိုယ်ကို အပြစ်မစီရင်သောသူသည် မင်္ဂလာဟိ၏။
ROM 14:23 သို့ရာတွင် သံသယစိတ်ဖြင့် စားသောသူသည် ယုံကြည်သောစိတ်မဟိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရ၏။ ယုံကြည်ခြင်းအားဖြင့် မဟုတ်သော အမှုအရာအားလုံးသည် အပြစ်ဖြစ်၏။
ROM 15:1 ယုံကြည်ခြင်းအားကြီးသော ငါရို့သည် အားနည်းသောသူရို့၏ ထမ်းရွက်စရာဝန်များကို ကူညီ၍ ထမ်းပီးကြရမည်။ မိမိရို့၏အလိုကို ငြင်းပယ်၍
ROM 15:2 ငါရို့သည် တခြားယုံကြည်သူများကို ယုံကြည်ခြင်း၌ တည်စီခြင်းငှာ သူရို့၏ကောင်းကျိုးအတွက် သူရို့၏အလိုကို လိုက်ကြကုန်အံ့။
ROM 15:3 အကြောင်းမူကား “ကိုယ်တော့်ကို ပြောဆိုသောသူရို့၏ ကဲ့ရဲ့စကားသည် အကျွန့်ထက်မှာ ကျရောက်ပါ၏” ဟု ကျမ်းစာလာသည်အတိုင်း ခရစ်တော်သည် မိမိ၏အလိုကို ငြင်းပယ်တော်မူ၏။
ROM 15:4 ကျမ်းစာ၌ အယင်က ရီးထားသောအရာတိုင်းသည် ငါရို့ကို သွန်သင်ဖို့ရန် ရီးထားခြင်းဖြစ်၏။ အကြောင်းမှာ ကျမ်းစာ၌ သွန်သင်ထားသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါရို့၌ မျှော်လင့်စရာ ဟိစီရန်ဖြစ်၏။
ROM 15:5 သို့ဖြစ်၍ သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းကို ပီးတော်မူသော ဘုရားသခင်သည် ခရစ်တော်ယေသျှု၌ ဟိတော်မူသော အချင်းချင်း တစ်စိတ်တစ်သဘောတည်း ဟိရသောအခွင့်ကို သင်ရို့အား ပီးတော်မူပါစီသောဝ်။
ROM 15:6 အကြောင်းမူကား သင်ရို့သည် ငါရို့အသျှင် ယေသျှုခရစ်တော်၏ခမည်းတော် ဘုရားသခင်ကို စိတ်နှလုံးတညီတညွတ်တည်း၊ တစ်သံတည်းဖြင့် ဘုန်းတော်ကို ချီးမွမ်းနိုင်ခြင်းငှာ ဖြစ်၏။
ROM 15:7 ထို့အပြင် ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတန်ခိုးတော်အတွက် သင်ရို့ကို လက်ခံသကဲ့သို့ သင်ရို့သည်လည်း တစ်ယောက်ကိုတစ်ယောက် လက်ခံကြလော့။
ROM 15:8 သင်ရို့အား ငါဆိုသည်ကား ခရစ်တော်၏အမှုတော်ဆောင်ခြင်း အသက်တာသည် ယုဒလူမျိုးတိ အကျိုးအတွက်ဖြစ်၏၊ ထိုအကျိုးမူကား ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သူရို့၏ဖိုးဖီးတိအား ပီးထားခသော မိမိ၏ကတိတော် အမှန်ပင် ဖြစ်လာခြင်းကို ဖော်ပြရန်နှင့်၊
ROM 15:9 တခြားလူမျိုးတိပင်လျှင် ကိုယ်တော်၏ကရုဏာတော်ကြောင့် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းနိုင်ကြ၏။ ကျမ်းစာလာသည်ကား၊ “ထို့ကြောင့် အကျွန်သည် တခြားလူမျိုးတိ အလယ်၌ ကိုယ်တော့်အား ချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းသီဆိုပါမည်” ဟူ၍ ဖြစ်၏။
ROM 15:10 တဖန် “တခြားလူမျိုးတိ၊ သင်ရို့သည် ဘုရားသခင်၏လူတိနှင့်အတူ ဝမ်းမြောက်ကြလော့” ဟူ၍ ဆိုထား၏။
ROM 15:11 နောက်တဖန်၊ “တခြားလူမျိုးတိအားလုံး သခင်ဘုရားကို ချီးမွမ်းကြလော့။ ခပ်သိမ်းသောလူမျိုးအပေါင်းရို့၊ ကိုယ်တော့်ကို ချီးမွမ်းကြလော့” ဟု ဆိုထား၏။
ROM 15:12 တဖန်ဟေသျှာယကလည်း၊ “ယေသျှဲ၏မျိုးဆက်တစ်ဦးသည် ပေါ်ထွန်းလာလိမ့်မည်၊ သူသည် လူမျိုးခြားတိကို အုပ်စိုးရ၍ ထိုသူရို့၏မျှော်လင့်ချက်သည် သူ၌ တည်ကြလိမ့်မည်” ဟူ၍ ဆိုထား၏။
ROM 15:13 သန့်ယှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် သင်ရို့၏ မျှော်လင့်ခြင်းသည် ဆက်လက် ကြီးထွားပါမည်အကြောင်း မျှော်လင့်ခြင်း၏အသျှင် ဘုရားသခင်သည် ကိုယ်တော်၌ တည်သော သင်ရို့၏ယုံကြည်ခြင်းအားဖြင့် သင်ရို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း အပေါင်းနှင့် ပြည့်စုံကြပါစီသောဝ်။
ROM 15:14 ငါ၏ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ကောင်းသောအကျင့်များနှင့်လည်းကောင်း၊ အသိပညာဗဟုသုတနှင့်လည်းကောင်း တစ်ဦးကို တစ်ဦး သင်ကြားပီးနိုင်သော အရည်အချင်းနှင့်လည်းကောင်း ပြည့်စုံကြသည်ဟု ငါ ကိုယ်တိုင် အမှန် ယုံကြည်၏။
ROM 15:15 သို့သော်လည်း သင်ရို့သည် တဖန် သတိရကြစီခြင်းငှာ ငါသည် တချို့သောအချက်အလက်များ၌ ရဲဝံ့ပွင့်လင်းစွာ ရီးသားထား၏။ အကြောင်းမူကား
ROM 15:16 တခြားလူမျိုးတိအတွက် ယေသျှုခရစ်တော်၏အမှုတော်ဆောင် တစ်ယောက်ဖြစ်စီခြင်းငှာ ငါ့အား ဘုရားသခင်ပီးထားသော ဆုကျေးဇူးကြောင့် ဖြစ်၏။ တခြားလူမျိုးတိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် သန့်ယှင်းစင်ကြယ်လျက် ဘုရားသခင် လက်ခံတော်မူသော ပူဇော်သကာ ဖြစ်လာစီခြင်းငှာ ဘုရားသခင်သည် မိမိ၏သတင်းကောင်းကို ဟောပြောရန် ယဇ်ပုရောဟိတ်တာဝန်ကို ငါ့အား ပီးအပ်တော်မူ၏။
ROM 15:17 ထို့ကြောင့် ငါသည် ဘုရားသခင်အတွက် အမှုတော်ဆောင်ခြင်းကို ခရစ်တော်ယေသျှု၌ ဂုဏ်ယူဝင့်ကြွားလျက်ဟိ၏။
ROM 15:18 ဘုရားသခင်အား တခြားလူမျိုးတိ လိုက်နာလာရန် ခရစ်တော်သည် ငါ့အားဖြင့် ပြုတော်မူသမျှတိကိုသာ ငါသည် ရဲဝံ့စွာပြော၏။ ထိုသို့ လိုက်နာလာကြစီခြင်းငှာ ခရစ်တော်သည် ငါ့အား နှုတ်တော်ထွက် မိန့်တော်မူချက်များဖြင့်လည်းကောင်း၊ လက်တွိ့ လုပ်ဆောင်မှုများဖြင့်လည်းကောင်း၊
ROM 15:19 ဘုရားသခင်၏ဝိညာဉ်တော် တန်ခိုးအားဖြင့် အံ့ဩဖွယ်သောအရာများနှင့် နိမိတ်လက္ခဏာ တန်ခိုးတိကို ပြ၍ လည်းကောင်း ပြုတော်မူ၏။ ထိုသို့ ပြုတော်မူသောအားဖြင့် ငါသည် ယေရုဆလင်မြို့မှ ဣလုရိတ်ပြည်ထိ ခရီးလမ်းတလျှောက်လုံး၌ ခရစ်တော်၏သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောခပြီးဖြစ်၏။
ROM 15:20 ငါ၏ပြင်းပြသောဆန္ဒမှာ ခရစ်တော်၏သတင်းကောင်းကို မကြားဖူးသော နီရာများ၌ ထိုသတင်းကောင်းကို ဟောပြောရန်ဖြစ်၏။ လူတစ်ဦး တစ်ယောက် ချထားသော အုတ်မြစ်တစ်ခုထက်မှာ တည်ဆောက်ခြင်းငှာ ငါသည် အလိုမဟိ။
ROM 15:21 ကျမ်းစာက မိန့်မှာထားသည်မှာ၊ “ထိုသူအကြောင်းကို မပြောပြဖူးသော်လည်း သူရို့သည် သိမြင်လာကြလိမ့်မည်။ ထိုသူအကြောင်းကို မကြားဖူးသော်လည်း သူရို့သည် နားလည်လာကြလိမ့်မည်” ဟူ၍ ဖြစ်၏။
ROM 15:22 ထို့ကြောင့် သင်ရို့ပါးသို့ လာလည်ဖို့ စီစဉ်လိုက်တိုင်း ထိုခရီးစဉ်တိကို အကြိမ်ကြိမ် တားဆီးခံရ၏။
ROM 15:23 သို့သော်လည်း အဂုအချိန်မှာ ဤဒေသများ၌ ငါလုပ်ဆောင်စရာတိကို လုပ်ဆောင်ပြီးပြီဖြစ်၍ လွန်ခရေ နှစ်ပေါင်းများစွာကပင် သင်ရို့ကို တွိ့ရန် လာချင်သော ဆန္ဒဟိနိန်သည့်အတိုင်း၊
ROM 15:24 ငါသည် စပါနိပြည်သို့ လားသောအခါ သင်ရို့ပါးသို့ ဝင်ရောက်ကာ ခေတ္တမျှ တည်းခိုလည်ပတ်ပြီးနောက် သင်ရို့၏အကူအညီဖြင့် ထိုပြည်သို့ ခရီးဆက်ရန် မျှော်လင့်ပါ၏။
ROM 15:25 သို့ရာတွင် အဂုအချိန်တွင် ယေရုဆလင်မြို့၌ဟိသော သန့်ယှင်းသော လူစုတော်ရို့၏ အမှုကို ဆောင်ရွက်ရန် ထိုမြို့သို့ လားရဦးမည်။
ROM 15:26 အကြောင်းမူကား၊ မာကေဒေါနိပြည်နှင့် အခါယပြည်၌ ဟိသော အသင်းတော်များက ယေရုဆလင်မြို့၌ဟိသော သန်းယှင်းသော လူစုတော်ရို့ထဲက ဆင်းရဲသားတိကို အလှူဝတ္ထုတိ ပီးကမ်း၍ ကူညီမစရန် ဆုံးဖြတ်ကြသောကြောင့် ထိုအမှုများကို ငါသည် ဆောင်ရွက်ရန် ဖြစ်၏။
ROM 15:27 အမှန်အားဖြင့်ဆိုသော် ထိုသို့ သူရို့ကို ကူညီရန် မိမိရို့၏ တာဝန်ဖြစ်သည်ဟု မိမိရို့ကိုယ်တိုင် ဆုံးဖြတ်ကြခြင်း ဖြစ်၏။ အကြောင်းမူကား ယုဒလူမျိုးတိက မိမိရို့ခံစားရသည့် ဝိညာဉ်ဆုကျေးဇူးများကို တခြားလူမျိုးတိအား ဝီမျှပီးသည့်နည်းတူ တခြားလူမျိုးတိကလည်း မိမိရို့၏လောကီ အသုံးအဆောင်ပစ္စည်းများကို ယုဒလူမျိုးတိအား ကူညီကြခြင်း ဖြစ်၏။
ROM 15:28 သို့ဖြစ်၍ ငါသည် ဆောင်ရွက်စရာကိစ္စတိကို ဆောင်ရွက်ပြီးနောက် ကောက်ခံ၍ ရသမျှသော အလှူငွီတိကို ထိုသူရို့အား ပီးအပ်ရန် စပါနိပြည်သို့ လားမည်။ လမ်းကြုံသည်ဖြစ်၍ သင်ရို့ပါးသို့လည်း ဝင်ရောက်လည်ပတ်လိမ့်မည်။
ROM 15:29 သင်ရို့ပါးသို့ ငါလာသောအခါ ခရစ်တော်၏ ကောင်းကြီးမင်္ဂလာ စုံလင်စွာဖြင့် ရောက်လာလိမ့်မည်ဟု ငါ သိ၏။
ROM 15:30 ညီအစ်ကို မောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်က ပီးတော်မူသော ချစ်ခြင်းမေတ္တာအားဖြင့် လည်းကောင်း ငါ၏အဖို့အလို့ငှာ ငါနှင့်အတူ ဘုရားသခင်ကို စိတ်အားကြီးစွာဖြင့် ဆုတောင်းကူညီကြရန် သင်ရို့ကို ငါ တိုက်တွန်းနိုးဆော်လိုက်ပါ၏။
ROM 15:31 ငါသည် ယုဒပြည်၌ဟိသော မယုံကြည်သောသူရို့၏ အန္တရာယ်ပြုခြင်းမှ လွတ်မြောက်စီရန်နှင့် ငါ၏ကူညီဆောင်ရွက်မှုကို ယေရုဆလင်မြို့၌ဟိသော သန့်ယှင်းသော လူစုတော်တိက လက်ခံဖို့ရန် လည်းကောင်း၊
ROM 15:32 ထို့အပြင် ဘုရားသခင်အလိုဟိလျှင် ငါသည် ဝမ်းမြောက်သောစိတ်ဖြင့် သင်ရို့ပါးသို့ ရောက်လာပြီး သင်ရို့နှင့်အတူ သက်သာခြင်းကို ခံစားရဟိရန် လည်းကောင်း ဆုတောင်းပီးကြပါ။
ROM 15:33 ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။ အာမင်။
ROM 16:1 ကင်ခြေမြို့အသင်းတော်၌ အမှုတော်ကို ဆောင်ရွက်နိန်သော ငါရို့၏ ညီမ ဖိဗေ၊ ငါသည် သင့်ကို ထောက်ခံပါ၏။
ROM 16:2 သင်ရို့သည် ဘုရားသခင်၏ သန့်ယှင်းသောသူရို့ ပြုအပ်သည့်အတိုင်း သခင်ဘုရား၏ နာမတော်၌ သူမကို လက်ခံကြလော့။ ထို့နောက် သင်ရို့ပါးက သူမ လိုအပ်သော မည်သည့်အကူအညီကိုမဆို ပီးကြလော့။ အကြောင်းမူကား သူမသည် လူအများ၌ လည်းကောင်း၊ ငါ၌ လည်းကောင်း ကူညီမစသောသူ တစ်ယောက်ဖြစ်၏။
ROM 16:3 ခရစ်တော်ယေသျှု၏ အမှုတော်ကို ဆောင်ရွက်ရာ၌ ငါ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော ပြစ်ကိလနှင့် အာကုလ ရို့ကိုလည်း ငါနှုတ်ဆက်လိုက်ပါ၏။
ROM 16:4 သူရို့သည် ငါ့အတွက် မိမိရို့၏အသက်ကို စွန့်ပီးကြ၏။ ငါတစ်ယောက်တည်းသာမက တခြားလူမျိုးအသင်းတော် အားလုံးကလည်း သူရို့ကို ကျေးဇူးတင်လျက်ဟိကြ၏။
ROM 16:5 သူရို့အိမ်၌ ဟိသော အသင်းတော်ကိုလည်း ငါနှုတ်ဆက်လိုက်ပါ၏။ အာယှိပြည်တွင် ခရစ်တော်ကို ပထမဆုံး ယုံကြည်လာသောသူ တစ်ယောက်ဖြစ်သည့် ငါ၏ချစ်လှစွာသော မိတ်ဆွီ ဧပဲနက်ကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ROM 16:6 သင်ရို့အတွက် ကြိုးစားလုပ်ဆောင်ပီးသူ တစ်ယောက်ဖြစ်သော မာရိကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ROM 16:7 ငါနှင့်အတူ အကျဉ်းကျခံဖူးခသော ငါ၏ လူမျိုးချင်းဖြစ်သော ယုဒအမျိုးသားများဖြစ်ကြသည့် အန္ဒြောနိတ်နှင့် ယုနိ ကိုလည်း နှုတ်ဆက်လိုက်ပါ၏။ သူရို့သည် တမန်တော်များထဲ၌ ထင်ပေါ်သောသူများ ဖြစ်ကြသည့်အပြင် ငါ့ထက်အလျင် ခရစ်တော်ကို ယုံကြည်သူများလည်း ဖြစ်ကြ၏။
ROM 16:8 သခင်ဘုရား၏ အဖွဲ့ဝင်များထဲက ငါ၏ချစ်သောမိတ်ဆွီ အမ္ပလိကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ROM 16:9 ခရစ်တော်၏အမှုတော်၌ ငါရို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဥရဗန်နှင့် ငါချစ်သောမိတ်ဆွီ သတာခု ရို့ကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ROM 16:10 ခရစ်တော်၌ သစ္စာဟိကြောင်းကို သက်သီပြခသူဖြစ်သော အပေလေအား နှုတ်ဆက်လိုက်ပါ၏။ အာရိတ္တောဗုလု၏ အိမ်ထောင်မိသားစုထဲ၌ ပါဝင်ကြသောသူရို့ကိုလည်း ငါ နှုတ်ဆက်လိုက်ပါ၏။
ROM 16:11 ငါ့ကဲ့သို့ ယုဒလူမျိုးတစ်ယောက်ဖြစ်သော ဟေရောဒျုန် ကိုလည်း နှုတ်ဆက်လိုက်ပါ၏။ နာကိသု၏မိသားစုထဲ၌ ပါဝင်ကြသော ယုံကြည်သူတိကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ROM 16:12 သခင်ဘုရား၏အမှုတော်မြတ်၌ ကြိုးစားဆောင်ရွက်လျက်ဟိကြသော တရုဖဲနနှင့် တရုဖောသကိုလည်း နှုတ်ဆက်လိုက်ပါ၏။ သခင်ဘုရားအတွက် အလုပ် ကြိုးစားလုပ်ဆောင်သောသူ ငါချစ်သော အခြားသော မိန်းမဖြစ်သည့် ပေရသိကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ROM 16:13 သခင်ဘုရား၏အမှုတော်မြတ်၌ ရွီးချယ်ခြင်းခံရသော ရုဖုနှင့် ငါ့ကို သားတစ်ယောက်ကဲ့သို့ ပြုစုလေ့ဟိသော သူ၏မိခင်ကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ROM 16:14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေ နှင့်တကွ သူရို့နှင့်အတူ ဟိကြသော အခြားသော ညီအစ်ကို၊ မောင်နှမ ရို့ကိုလည်း နှုတ်ဆက်လိုက်ပါ၏။
ROM 16:15 ဖိလောလုပ်၊ ယုလိ၊ နီရု၊ သူ၏နှမနှင့် သြလုမ္ပ မှစ၍ သူရို့နှင့်အတူ ဟိကြသော ဘုရားသခင်၏ သန့်ယှင်းသောသူ အားလုံးကိုလည်း နှုတ်ဆက်လိုက်၏။
ROM 16:16 သင်ရို့သည်လည်း အချင်းချင်း တစ်ယောက်ကို တစ်ယောက် သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အားလုံးကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။
ROM 16:17 ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့ ခံယူထားသော သြဝါဒတိနှင့် ဆန့်ကျင်လျက် ယုံကြည်ခြင်းကို လွဲမှားစီပြီးလျှင် စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်လျက်ဟိကြသော သူရို့ကို သတိထားကြလော့။ ထိုသို့သော သူရို့ကို ယှောင်ယှားကြရန် သင်ရို့ကို ငါ တိုက်တွန်းနှိုးဆော်၏။
ROM 16:18 အကြောင်းမူကား ဤကဲ့သို့သော အရာများကို လုပ်ဆောင်လျက်ဟိသော သူရို့သည် ငါရို့၏အသျှင် ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်နိန်ကြသူများ မဟုတ်ဘဲ၊ မိမိရို့၏အလိုဆန္ဒ ပြည့်ဝစီခြင်းငှာ လုပ်ဆောင်နိန်ကြသော သူများသာ ဖြစ်ကြ၏။ သူရို့သည် ချိုသာသောစကား၊ မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတိကို လှည့်စားတတ်ကြ၏။
ROM 16:19 သင်ရို့သည် သတင်းကောင်းတရား၌ သစ္စာဟိကြသည်ကို လူတိုင်း ကြားသိထားပြီးဖြစ်ကြ၏။ ဤအကြောင်းကြောင့် ငါသည် သင်ရို့နှင့်ပတ်သက်၍ ဝမ်းမြောက်လျက်ဟိပါ၏။ သို့ရာတွင် သင်ရို့သည် ကောင်းသောအမှု၌ ပညာဟိဖြစ်ကြပြီး မကောင်းသောအမှု၌ အပြစ်ကင်းသောသူဖြစ်ရန် ငါအလိုဟိ၏။
ROM 16:20 မကြာခင်မှာ ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် စာတန်မာရ်နတ်အား သင်ရို့၏ခြီဖဝါး အောက်၌ နင်းကြိတ်တော်မူလိမ့်မည်။ ငါရို့အသျှင် ယေသျှုခရစ်၏ကျေးဇူးတော်သည် သင်ရို့၌ ဟိပါစီသောဝ်။
ROM 16:21 ငါ၏လုပ်ဖော်ကိုင်ဖက် တိမောသေနှင့် ငါ၏ ယုဒလူမျိုးတိဖြစ်ကြသော လုကိ၊ ယာသုန်နှင့် သောသိပတရု ရို့ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။
ROM 16:22 ဤစာကို ရီးသားသူ အကျွန် တေရတိသည်လည်း သခင်ဘုရား၌ သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။
ROM 16:23 ငါမှစ၍ မိမိ၏အိမ်အသင်းတော်၌ လာရောက်စုဝေးကြသော အသင်းတော်တစ်ခုလုံးကို ဧည့်ဝတ်ကျေပွန်သူ ဂါယု ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်း ဧရတ္တု နှင့် ငါရို့၏ညီအစ်ကို ကွာတု ရို့ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။
ROM 16:24 
ROM 16:25 ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။
ROM 16:26 သို့ရာတွင် အဂုအခါ၌ ထိုသမ္မာတရားသည် ပရောဖက်များ ရီးထားခသည်နှင့်အညီ ပေါ်ထွန်းခပြီးဖြစ်၏။ လူသားအားလုံးသည် ဘုရားသခင်ကို ယုံကြည်၍ နှုတ်ကပတ်တော်ကို နာခံလာကြရန် ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုသမ္မာတရားကို လူမျိုးအပေါင်းရို့အား ကြားသိစီတော်မူလေပြီ။
ROM 16:27 အလုံးစုံသောဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော တစ်ဆူတည်းသောဘုရားသခင်သည် ယေသျှုခရစ်တော်အားဖြင့် အစဉ်ထာဝရ ဘုန်းကြီးပါစီသောဝ်။ အာမင်။
1CO 1:1 ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ယေသျှုခရစ်တော်၏ တမန်တော်အဖြစ် ခေါ်ခြင်းခံရသောသူ ပေါလုနှင့် ငါရို့၏ညီ သုဿင်ပါးမှ —
1CO 1:2 ကောရိန္သုမြို့၌ဟိသော ဘုရားသခင်၏ အသင်းတော်သို့ လည်းကောင်း၊ အရပ်ရပ်မှ ငါရို့နှင့် သူရို့၏အသျှင် ဖြစ်တော်မူသော အသျှင်ယေသျှုခရစ်တော်ကို ကိုးကွယ်သောသူ အပေါင်းရို့နှင့်တကွ ခရစ်တော်ယေသျှုအားဖြင့် ဘုရားသခင်၏ သန့်ယှင်းသော လူများဟု ခေါ်ခြင်းကို ခံရကြသောသူ အပေါင်းရို့ထံသို့ လည်းကောင်း စာရီးလိုက်ပါ၏။
1CO 1:3 ငါရို့၏ အဖဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ပါးမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ သက်ရောက်ပါစီသောဝ်။
1CO 1:4 ငါသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့ကို ဘုရားသခင် ပီးတော်မူသော ကျေးဇူးတော်ကို ထောက်၍ သင်ရို့အဖို့အလို့ငှာ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်ချီးမွမ်းပါ၏။
1CO 1:5 အကြောင်းမူကား သင်ရို့သည် ခရစ်တော်၌ ဟိကြသဖြင့် နှုတ်သတ္တိ၊ ဉာဏ်သတ္တိနှင့်တကွ အစစအရာရာတွင် ကြွယ်ဝပြည့်စုံလျက် ဟိကြ၏။
1CO 1:6 ငါရို့ သက်သီခံဟောပြောသော ခရစ်တော်၏အကြောင်း သတင်းကောင်းသည် သင်ရို့အထဲတွင် တည်ဆောက်လျက် ဟိ၏။
1CO 1:7 သို့ဖြစ်၍ သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော် ပြန်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်နိန်စဉ် သင်ရို့မခံရသော ကောင်းကြီးမင်္ဂလာဟူ၍ မဟိ။
1CO 1:8 ငါရို့ အသျှင်ယေသျှုခရစ်တော်၏ တရားစီရင်တော်မူရာနိ့တွင် သင်ရို့သည် အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်စီရန် ကိုယ်တော်သည် သင်ရို့အား အဆုံးတိုင်အောင် ခိုင်ခံ့စီတော်မူလိမ့်မည်။
1CO 1:9 ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်ရို့အား မိမိ၏သားတော်တည်းဟူသော ငါရို့၏အသျှင် ယေသျှုခရစ်တော်နှင့် မိတ်သဟာယ ဖွဲ့စီခြင်းငှာ သင်ရို့ကို ရွီးကောက်တော်မူ၏။
1CO 1:10 ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။
1CO 1:11 ငါ့ညီအစ်ကိုမောင်နှမရို့၊ သင်ရို့၌ အချင်းချင်းခိုက်ရန်ဖြစ်လျက် ဟိကြကြောင်းကို ကလောဣ၏မိသားစုပါးမှ ငါ ကြားသိရ၏။
1CO 1:12 သင်ရို့တွင်၊ “ငါကား ပေါလု၏တပည့်ဖြစ်၏။ ငါသည်ကား အာပေါလု၏တပည့်ဖြစ်၏။ ငါသည် ကေဖ၏တပည့်ဖြစ်၏။ ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟု တစ်ယောက်တစ်မျိုးစီ ပြောဆိုနိန်ကြသောကြောင့် ငါဆိုလို၏။
1CO 1:13 ခရစ်တော်ကို ကွဲပြားစီသလော၊ ပေါလုသည် သင်ရို့အဖို့ လက်ဝါးကပ်တိုင်ထက်မှာ အသီခံပါသလော။ ထိုသို့မဟုတ် သင်ရို့သည် ပေါလု၏နာမကို အမှီပြု၍ ဗတ္တိဇံကို ခံယူခကြပါသလော။
1CO 1:14 ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ငါသည် ကရိပ္ပုနှင့် ဂါယုမှ လွဲ၍ သင်ရို့အထဲမှ ဇာသူ့ကိုမျှ ဗတ္တိဇံမပီးခပါ။
1CO 1:15 သို့ဖြစ်၍ သင်ရို့သည် ငါ၏နာမကို အမှီပြု၍ ဗတ္တိဇံခံယူကြသည်ဟု ဇာသူမျှ မပြောနိုင်။
1CO 1:16 ငါသည် သတေဖန်နှင့် သူ၏မိသားစုကိုလည်း ဗတ္တိဇံပီးခ၏။ ထိုသူရို့မှလွဲ၍ အခြားဇာသူ့ကို ဗတ္တိဇံပီးခသည်ကို ငါ မမှတ်မိ။
1CO 1:17 ခရစ်တော်သည် ငါ့အား စီရွှတ်တော်မူသည်မှာ ဗတ္တိဇံပီးခြင်းငှာ မဟုတ်၊ လက်ဝါးကပ်တိုင်ထက်တွင် ခရစ်တော်၏ အသီခံခြင်းတန်ခိုးသည် အ​ချည်း​နှီး​မဖြစ်စီခြင်းငှာ လူရို့၏ဉာဏ်ပညာနှင့် ယှဉ်သောစကားများကို အသုံးမပြုဘဲ သတင်းကောင်းတရားကို ဟောပြောရန်ပင် ဖြစ်၏။
1CO 1:18 အကြောင်းမူကား၊ ပျက်စီးခြင်းသို့ ရောက်သောသူရို့ဖို့ လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော်၏ အသီခံတော်မူခြင်းတရားသည် အဓိပ္ပာယ်မဟိသော တရားဖြစ်၏။ သို့ရာတွင် ကယ်တင်ခြင်းခံရသော ငါရို့အတွက်မူကား ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။
1CO 1:19 ဇာကြောင့်ဆိုသော် ကျမ်းစာ၌ လာသည်ကား၊ “ပညာဟိရို့၏ ဉာဏ်ပညာကို ငါဖျက်ဆီးမည်။ ပညာတတ်ရို့၏ အသိပညာကိုလည်း ငါပယ်ယှားမည်” ဟူ၍ ဖြစ်၏။
1CO 1:20 ထို့ကြောင့် ပညာဟိကား ဇာမှာနည်း။ ကျမ်းတတ်ဆရာရို့ကား ဇာမှာဟိသနည်း။ ဤလောက၌ ပညာအလိမ္မာဖြင့် စကားငြင်းခုံတတ်သောသူရို့ကား ဇာမှာဟိသနည်း။ ဘုရားသခင်သည် လောကီပညာကို အချည်းနှီး ဖြစ်စီတော်မူယာ။
1CO 1:21 အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။
1CO 1:22 ယုဒလူရို့သည် သက်သီအဖြစ် နိမိတ်လက္ခဏာများကို တောင်းကြ၏။ ဟေလသလူရို့မူကား ဉာဏ်ပညာကို ရှာဖွီကြ၏။
1CO 1:23 ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။
1CO 1:24 သို့ရာတွင် ယုဒလူဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ဘုရားသခင် ခေါ်ထားတော်မူခြင်းကို ခံရကြသော သူရို့၌ကား ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြစ်ပေ၏။
1CO 1:25 အကြောင်းမူကား ဘုရားသခင်၏ အချည်းနှီးဖြစ်သော ဉာဏ်ပညာသည် လူရို့၏ဉာဏ်ပညာဟိခြင်းထက် သာ၍ ကောင်း၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူရို့၏ခွန်အားကြီးခြင်းထက် သာ၍ ကြီး၏။
1CO 1:26 ညီအစ်ကိုမောင်နှမရို့၊ ဘုရားသခင်သည် သင်ရို့အား ခေါ်သောအခါ လူ့အမြင်အားဖြင့် သင်ရို့တွင် ပညာဟိသူ၊ တန်ခိုးအာဏာဟိသူ၊ မျိုးရိုးကြီးမြင့်သူဟူ၍ များစွာမပါသည်ကို အောက်မိကြလော့။
1CO 1:27 ဘုရားသခင်သည် ပညာဟိရို့ကို အရှက်ရစီခြင်းငှာ လောက၌ မိုက်မဲသောသူရို့ကို ရွီးကောက်တော်မူ၏။ လောက၌ ခွန်အားကြီးသောသူရို့ကို အရှက်ရစီခြင်းငှာ ခွန်အားနည်းသောသူရို့ကို ရွီးကောက်တော်မူ၏။
1CO 1:28 လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။
1CO 1:29 သို့ဖြစ်၍ ဘုရားသခင်၏ ရှိ့တော်၌ ဇာသူမျှ ဝါကြွားစရာမဟိ။
1CO 1:30 သို့ရာတွင် ဘုရားသခင်အားဖြင့် သင်ရို့သည် ခရစ်တော်ယေသျှု၌ တည်နိန်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အား ငါရို့အတွက် ဉာဏ်ပညာ ဖြစ်စီတော်မူ၏။ ထိုအရာကား ငါရို့အတွက် ဖြောင့်မတ်ခြင်း၊ သန့်ယှင်းခြင်းနှင့် ရွီးနုတ်ခြင်း ဖြစ်တော်မူ၏။
1CO 1:31 ထို့ကြောင့် ကျမ်းစာလာသည်ကား၊ “ဝါကြွားလိုသောသူသည် သခင်ဘုရားပြုတော်မူပြီးသော အမှု၌သာ ဝါကြွားစီ” ဟု လာ၏။
1CO 2:1 ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့ထံပါးသို့ ရောက်လာ၍ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသော သမ္မာတရား ကို ဟောပြောသောအခါ စကားလုံးကြီးများ၊ တတ်မြောက်ထားသော ပညာများနှင့် ယှဉ်၍ ဟောပြောသည်မဟုတ်။
1CO 2:2 အကြောင်းမူကား သင်ရို့နှင့်အတူ ဟိစဉ်က ငါသည် ယေသျှုခရစ်တော်၏ အကြောင်းနှင့် အထူးသဖြင့် လက်ဝါးကပ်တိုင်၌ ကိုယ်တော် အသီခံတော်မူသည့် အကြောင်းမှတစ်ပါး အခြားသောအရာ မှန်သမျှကို မိ့ပျောက်စီခြင်းငှာ စိတ်ပိုင်းဖြတ်ထား၏။
1CO 2:3 ထို့ကြောင့် ငါသည် သင်ရို့ထံပါးသို့ လာသောအချိန်၌ အားနည်း၍ ကြောက်ရွံ့တုန်လှုပ်လျက်၊
1CO 2:4 ငါ၏ ဟောပြောခြင်းနှင့် သတင်းစကားတွင် လူရို့၏ဉာဏ်ပညာဖြင့် ကျွမ်းကျင်သောစကားများကို အသုံးမပြုဘဲ ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးဖြင့် နားလည်သဘောပေါက်စီသော စကားများကိုသာ အသုံးပြု၏။
1CO 2:5 သို့ဖြစ်၍ သင်ရို့၏ ယုံကြည်မှုသည် လူရို့၏ ဉာဏ်ပညာ၌ အမှီမပြုဘဲ ဘုရားသခင်၏ တန်ခိုးတော်၌သာ အမှီပြုစီလို၏။
1CO 2:6 ငါသည် ဉာဏ်ပညာနှင့် ယှဉ်သောစကားကို ဝိညာဉ်ရေးရာ ရင့်ကျက်သော သူရို့အား ပြောဆိုပါ၏။ သို့ရာတွင် ထိုဉာဏ်ပညာကား ဤလောကနှင့် သက်ဆိုင်သည် မဟုတ်။ လောကီမင်းများနှင့်လည်း မသက်ဆိုင်။ လောကီမင်းရို့၏ တန်ခိုးအာဏာသည်လည်း ပျက်ပြယ်တတ်၏။
1CO 2:7 ငါဟောပြောသော ပညာသည်ကား ဘုရားသခင်၏ ကွယ်ဝှက်ထားသော အရာဖြစ်၏။ ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းတော်မမူမီကပင် ထိုဉာဏ်ပညာကို ငါရို့၏ ဘုန်းတန်ခိုးအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
1CO 2:8 လောကီမင်းတစ်ဦးတစ်ယောက်မျှ ဤဉာဏ်ပညာတော်အကြောင်းကို မသိနားမလည်ကတ်။ အကယ်၍ သိနားလည်ကြလျှင် သူရို့သည် ဘုန်းတန်ခိုးတော်၏ အသျှင်ကို လက်ဝါးကပ်တိုင်တွင် တင်၍ သတ်ကြလိမ့်မည် မဟုတ်။
1CO 2:9 သို့ရာတွင် ကျမ်းစာ၌ လာသည်အတိုင်း၊ “ဇာသူမျှ မမြင်ဖူး၊ မကြားဖူး၊ ဇာသူမျှ မဖြစ်နိုင်ဟု ထင်မှတ်ထားသောအရာကို၊ ဘုရားသခင်သည် မိမိအား ချစ်သောသူရို့အဖို့ ပျင်ဆင်ထားတော်မူ၏။”
1CO 2:10 သို့သော် ထိုကွယ်ဝှက်ထားသော အမှုအရာကို ဘုရားသခင်သည် ငါရို့အား မိမိ၏ ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူ၏။ ထိုဝိညာဉ်တော်သည် ခပ်သိမ်းသော အရာကို သာမက ဘုရားသခင်၏ ကွယ်ဝှက်ထားသည့် နက်နဲသော အကြံအစည်တော်များကိုပင်လျှင် ရှာဖွီတော်မူ၏။
1CO 2:11 ငါရို့၏ အကြောင်းအလုံးစုံကို ငါရို့အထဲ၌ ဟိသော စိတ်ဝိညာဉ်ကသာလျှင် သိ၏။ ထိုနည်းတူ ဘုရားသခင်၏အကြောင်း အလုံးစုံကို ဘုရားသခင်၏ ဝိညာဉ်တော်ကသာလျှင် သိတော်မူ၏။
1CO 2:12 ငါရို့သည် ဤလောကနှင့်ဆိုင်သော ဝိညာဉ်ကို ခံယူရဟိကြသည် မဟုတ်။ ငါရို့အား ဘုရားသခင် ပီးတော်မူသောအရာအားလုံးကို သိခြင်းငှာ ဘုရားသခင်ထံပါးမှ လာသော ဝိညာဉ်တော်ကိုသာ ခံယူရဟိကြ၏။
1CO 2:13 ထို့ကြောင့် ငါရို့သည် လူ၏ဉာဏ်ပညာအားဖြင့် သွန်သင်ဟောပြောခြင်းကို မပြုဘဲ၊ ဝိညာဉ်တော်ကို ခံယူရဟိကြသော သူရို့ အား ဝိညာဉ်ရေးရာနှင့်ဆိုင်သော အရာများကို ယှင်းပြသောအခါ ဝိညာဉ်တော်၏ သွန်သင်ပီးသော စကားများကိုသာ အသုံးပြုကြ၏။
1CO 2:14 ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် ချပီးသည့်ဆုကျေးဇူးများကို မခံယူနိုင်။ သို့သော် ထိုသူရို့သည် ထိုအရာများကို အချည်းနှီးသောအရာများဟု ထင်မှတ်တတ်ကြ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့်သာလျှင် ထိုအရာများကို သိနိုင်သည်ဖြစ်သောကြောင့် သူရို့သည် နားမလည်နိုင်ကြပေ။
1CO 2:15 ဝိညာဉ်တော်ကို ခံယူရဟိသောသူသည် အရာခပ်သိမ်းရို့ကို ပိုင်းခြား၍ သိနိုင်၏။ သို့ရာတွင် ထိုသူအား မည်သူမျှ ပိုင်းခြား၍ မသိနိုင်။
1CO 2:16 ကျမ်းစာ၌ လာသည်ကား၊ “ဇာသူသည် သခင်ဘုရား၏ စိတ်တော်ကို သိပါသနည်း။ ဇာသူသည် ကိုယ်တော့်ကို အကြံဉာဏ် ပီးနိုင်ပါမည်နည်း” ဟူ၍ ဖြစ်၏။ သို့ရာတွင် ငါရို့မူကား ခရစ်တော်၏ စိတ်သဘောကို ရဟိကြ၏။
1CO 3:1 ညီအစ်ကိုမောင်နှမရို့၊ အထက်က ငါသည် သင်ရို့အား ဝိညာဉ်တော်၌ အသက်ရှင်သော သူရို့ကို ဟောပြောသကဲ့သို့ ဟောပြော၍မဖြစ်။ လောကီသားရို့ ပြုမူကြသည့်အတိုင်း ပြုမူကြသော ခရစ်တော်၌ အသျှေတိကို ဟောပြောသကဲ့သို့ ဟောပြောရ၏။
1CO 3:2 ငါသည် သင်ရို့အား မာသောအစာကို ကျွေးသည် မဟုတ်၊ နို့ကိုသာ တိုက်၏။ အကြောင်းမူကား အဂုတိုင်အောင် သင်ရို့သည် အစာမကြီနိုင်ကတ်သိမ့်။
1CO 3:3 ဇာကြောင့်ဆိုသော်၊ သင်ရို့သည် လောကီသားများကဲ့သို့ အသက်ရှင်ကြသိမ့်သောကြောင့် ဖြစ်၏။ အချင်းချင်း မနာလိုဖြစ်ကာ၊ တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်နိန်ကြသည်မှာ လောကီသားများ၏ အသက်ရှင်ပုံ မဟုတ်ပါလော။ လောကီသားများကဲ့သို့ ပြုမူနီထိုင်ကြသည်ပင် မဟုတ်ပါလော။
1CO 3:4 သင်ရို့ အထဲက တစ်ယောက်က၊ “ငါသည် ပေါလု တပည့်ဖြစ်၏။ အခြားတစ်ယောက်က၊ ငါသည် အာပေါလု တပည့်ဖြစ်၏” ဟု ပြောနိန်ကြလျှင် သင်ရို့သည် လောကီသားများကဲ့သို့ ပြုမူခြင်းပင် မဟုတ်ပါလော။
1CO 3:5 အာပေါလုကား ဇာသူနည်း။ ထိုနည်းတူ ပေါလုကား ဇာသူနည်း။ ငါရို့သည် ဘုရားသခင်၏ အခိုင်းအစီများသာလျှင် ဖြစ်၍ သင်ရို့ ယုံကြည်လာစီခြင်းငှာ ပြုစုပီးကြသူတိသာ ဖြစ်၏။ ငါရို့ တစ်ယောက်စီတိုင်းသည် သခင်ဘုရား သတ်မှတ်ပီးတော်မူသော အလုပ်ကို ဆောင်ရွက်ကြ၏။
1CO 3:6 ငါသည် မျိုးစိ့ကို စိုက်ပျိုး၏။ အာပေါလုကား ရီလောင်း၏။ အပင်ကို ကြီးထွားစီတော်မူသော သူကား ဘုရားသခင်ပေတည်း။
1CO 3:7 မျိုးစိ့ကို စိုက်ပျိုးသောသူနှင့် ရီလောင်းသောသူသည် အဓိက မဟုတ်။ အပင်ကို ကြီးထွားစီတော်မူသော သူတည်းဟူသော ဘုရားသခင်သာလျှင် အဓိကဖြစ်တော်မူ၏။
1CO 3:8 မျိုးစိ့ကို စိုက်ပျိုးသောသူနှင့် ရီလောင်းသောသူရို့သည် ခြားနားမှုမဟိ။ ဘုရားသခင်သည် လူအသီးသီးရို့၏ လုပ်ဆောင်သည့်အတိုင်း အကျိုးကို ပီးတော်မူလိမ့်မည်။
1CO 3:9 ငါရို့သည် ဘုရားသခင်ထံတော်၌ အတူတကွ လုပ်ဆောင်ကြသော လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြ၏။ သင်ရို့သည်ကား ဘုရားသခင်၏ ဥယျာဉ် ဖြစ်ကြ၏။ သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်လည်းဖြစ်ကြ၏။
1CO 3:10 ငါသည် ဘုရားသခင်ပီးသနားတော်မူသော ဆုကျေးဇူးကို အသုံးပြုလျက် ကျွမ်းကျင်စွာ တည်ဆောက်သောသူကဲ့သို့ အုတ်မြစ်ကို ချခ၏။ တစ်စုံတစ်ယောက်ကလည်း ထိုအုတ်မြစ်ထက်တွင် တည်ဆောက်၏။ သို့သော် ထပ်ဆင့်၍ တည်ဆောက်သောသူတိုင်းသည် မိမိဇာပိုင် တည်ဆောက်သည်ကို သတိပြုရမည်။
1CO 3:11 အကြောင်းမူကား ဘုရားသခင်သည် ယေသျှုခရစ်တော်ကို တစ်ခုတည်းသော အုတ်မြစ်အဖြစ် ချနှင့်ထားပြီးဖြစ်၏။ ထိုအုတ်မြစ်မှတစ်ပါး အခြားသော အုတ်မြစ်ကို ဇာသူမျှ မချနိုင်။
1CO 3:12 လူတချို့သည် ထိုအုတ်မြစ်ထက်တွင် ရွှီ၊ ငွီ၊ တန်ဖိုးဟိသောကျောက်များဖြင့် ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ လူတချို့မူကား သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးဖြင့် ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။
1CO 3:13 ထိုသူရို့ တစ်ယောက်ချင်းစီ၏ တည်ဆောက်မှု အရည်အသွီးသည် ခရစ်တော်ကြွလာတော်မူရာနိ့၌ ထင်ရှားလာလိမ့်မည်။ ထိုနိ့၌ လူတစ်ယောက်ချင်းစီတိုင်း၏ အလုပ်ကို မီးအားဖြင့် ထင်ရှားစီလိမ့်မည်။ ထိုမီးသည် လူအသီးသီးရို့၏ အလုပ်ကို စစ်ဆီးပြီး၊ စစ်မှန်သော အရည်အသွီးကို ဖော်ပြလိမ့်မည်။
1CO 3:14 ထိုအုတ်မြစ်ထက်တွင် တည်ဆောက်သည့်အရာသည် ၎င်းမီး၏ဒဏ်ကို ခံနိုင်လျှင် တည်ဆောက်သောသူသည် ဆုလာဘ်ကို ရလိမ့်မည်။
1CO 3:15 သို့သော် ထိုသူတည်ဆောက်ထားသောအရာသည် လောင်ကျွမ်းလားလျှင် တည်ဆောက်သောသူသည် ဆုံးယှုံးမူကို ခံစားရလိမ့်မည်။ သို့ရာတွင် ထိုသူမူကား မီးဘေးမှ လွတ်မြောက်သောသူကဲ့သို့ ကယ်တင်ခြင်းကို ခံရလိမ့်မည်။
1CO 3:16 သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကိုလည်းကောင်း သိကြသည် မဟုတ်လော။
1CO 3:17 ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသောသူအား ဘုရားသခင်သည် ဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ယှင်းတော်မူ၏။ သင်ရို့ကိုယ်တိုင် ထိုဗိမာန်တော် ဖြစ်၏။
1CO 3:18 ဇာသူမျှ မိမိကိုယ်ကို မလှည့်စားကတ်ကေ့။ သင်ရို့အထဲမှ တစ်စုံတစ်ယောက်သောသူသည် ဤလောကတွင် မိမိကိုယ်ကို ပညာဟိသည်ဟု ထင်မှတ်လျှင်၊ ထိုသူသည် စစ်မှန်သောပညာဟိ ဖြစ်လာခြင်းငှာ မိုက်မဲသောသူဖြစ်ပါစီ။
1CO 3:19 အကြောင်းမူကား လောကီသားရို့ ထင်မှတ်ကြသော ဉာဏ်ပညာသည် ဘုရားသခင်၏ရှိ့တော်၌ မိုက်မဲသောအရာပင်ဖြစ်၏။ ကျမ်းစာ၌လာသည်ကား၊ “ဘုရားသခင်သည် ပညာဟိရို့အား မိမိရို့၏ ပရိယာယ်ထဲ၌ ထောင်ချောက်မိစီတော်မူ၏” ဟူ၍ ဖြစ်၏။
1CO 3:20 တဖန် ကျမ်းစာ၌ လာသည်ကား “ပညာဟိရို့၏ အကြံအစည်သည် အချည်းနှီးဖြစ်ကြောင်းကို သခင်ဘုရားသိတော်မူ၏” ဟူ၍ ဖြစ်၏။
1CO 3:21 သို့ဖြစ်၍ လူသားရို့၏ ပြုနိုင်သော အမှုအရာ၌ ဇာသူမျှ မကြွားဝါကတ်ကေ့။ အကြောင်းမူကား ခပ်သိမ်းသောအရာတိကို သင်ရို့ပိုင်ကြ၏။
1CO 3:22 ပေါလု၊ အာပေါလု၊ ပေတရုရို့ကိုလည်းကောင်း၊ ဤလောကကြီးကိုလည်းကောင်း၊ အသက်ရှင်ခြင်းတရားနှင့် သီခြင်းတရားကိုလည်းကောင်း၊ မျက်မှောက်ကာလနှင့် အနာဂတ်ကာလကိုလည်းကောင်း — သင်ရို့ပိုင်ကြ၏။
1CO 3:23 သင်ရို့ကို ခရစ်တော်ပိုင်တော်မူ၍ ခရစ်တော်ကို ဘုရားသခင် ပိုင်တော်မူ၏။
1CO 4:1 ငါရို့သည် ဘုရားသခင်၏ နက်နဲသော သမ္မာတရားတော်ကို စောင့်ထိန်းရသည့် ဘဏ္ဍာထိန်း ကဲ့သို့လည်းကောင်း၊ ခရစ်တော်၏ အခိုင်းအစီများကဲ့သို့လည်းကောင်း ဖြစ်သည်ဟု သင်ရို့ မှတ်ယူသင့်ကြ၏။
1CO 4:2 ထိုသို့သော သူရို့တွင် ဟိရမည့် အရည်အချင်းတစ်ခုကား မိမိသခင်၌ သစ္စာစောင့်ခြင်းပင် ဖြစ်ပေ၏။
1CO 4:3 ငါသည် သင်ရို့အားဖြင့် ဖြစ်စီ၊ လူ၏စံနှုန်းအားဖြင့် ဖြစ်စီ အစစ်ခံရသော်လည်း ငါသည် အမှုမထား။ ငါသည် မိမိကိုယ်ကိုပင်လျှင် မစစ်ကြောမစီရင်။
1CO 4:4 ငါ၏ သြတ္တပ္ပစိတ်သည် ကြည်လင်လျက်ဟိပါ၏။ ထိုသို့ ဆိုသော် ငါ၌ အပြစ်မဟိဟု သက်သီပြသည် မဟုတ်။ ငါ့ကို စစ်ကြောစီရင်သောသူကား သခင်ဘုရားပေတည်း။
1CO 4:5 သို့ဖြစ်၍ ချိန်းချက်တော်မူသောအချိန် မရောက်မီ ဇာသူကိုမျှ စစ်ကြောစီရင်ခြင်း မပြုကေ့။ သင်ရို့သည် နောက်ဆုံး တရားစီရင်တော်မူခြင်းငှာ သခင်ဘုရား ကြွလာတော်မူထိတိုင်အောင် စောင့်၍ နိန်ကြရမည်။ ကိုယ်တော်သည် မှောင်မိုက်ထဲ၌ ဝှက်ထားသောအရာများကို အလင်းတော်သို့ လည်းကောင်း၊ လူရို့၏စိတ်နှလုံး၌ ကွယ်ဝှက်ထားသော အကြံအစည်များကိုလည်းကောင်း ထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါ လူတစ်ဦးစီတိုင်း မိမိရို့ခံထိုက်သည့်အလျောက် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို ခံရကြလိမ့်မည်။
1CO 4:6 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အဖို့အလို့ငှာ ဤအကြောင်းအရာများတွင် အာပေါလုနှင့် ငါ့ကို ပုံဆောင်၍ ဖော်ပြထား၏။ ထိုသို့ ဖော်ပြရခြင်းမှာ “ကျမ်းစာကို မကျော်လွန်ကေ့” ဟု ပြောသောအရာများ၏ အနက်ကို ငါရို့ပါးမှ သင်ယူနိုင်ကြစီခြင်းငှာ ဖြစ်၏။ သင်ရို့သည် တစ်ဦးကို ချီးမွမ်းပြီး အခြားတစ်ဦးကို မထီလေးစားမပြုကတ်ကေ့။
1CO 4:7 ဇာသူသည် သင်ရို့ကို သူတစ်ပါးထက် ထူးကဲစီပါသနည်း။ သင်ရို့၌ ဟိသမျှသောအရာသည် ဘုရားသခင်ချပီးတော်မူသော အရာများပင် မဟုတ်ပါလော။ ယင်းသို့ဖြစ်လျက်ပင် ဘုရားသခင် ချပီးတော်မူသော ဆုကျေးဇူးတိ မဟုတ်သကဲ့သို့ သင်ရို့သည် ဇာကြောင့် ဝါကြွားကြသနည်း။
1CO 4:8 သင်ရို့သည် လိုအပ်သမျှ ပြည့်စုံကြပြီလော။ ချမ်းသာကြွယ်ဝကြပြီလော။ ငါရို့သည် ဘုရင်မဖြစ်ဘဲ သင်ရို့သည် ဘုရင်ဖြစ်ကြပြီလော။ သင်ရို့ ဘုရင် ဖြစ်မှသာလျှင် ငါရို့လည်း သင်ရို့နှင့်အတူ စိုးစံနိုင်ကြမည်ဖြစ်သောကြောင့် သင်ရို့သည် အမှန်ပင် ဘုရင်များဖြစ်ကတ်ပါစီဟု ငါသည် ဆန္ဒပြု၏။
1CO 4:9 လူထုရှိ့၌ အသီသတ်ဖို့ ထားသောသူများကဲ့သို့ တမန်တော်တိဖြစ်ကြသော ငါရို့ကို ဘုရားသခင်သည် လောကီသားများနှင့် ကောင်းကင်တမန်တိ ရှုစားကြစီခြင်းငှာ နောက်ဆုံး၌ ထုတ်ပြရန် ဖြစ်သည်ဟု ငါထင်မှတ်၏။
1CO 4:10 ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။
1CO 4:11 အဂုအချိန်ထိ ငါရို့သည် ငတ်မွတ်လျက်ဟိကြ၏။ ငါရို့၏ အဝတ်အစားများလည်း နွမ်းပါးစုတ်ပြဲလျက်ဟိကြ၏။ ရိုက်ပုတ်ညှဉ်းဆဲခြင်းကိုလည်း ခံရကြ၏။ တစ်နီရာမှ တစ်နီရာသို့ လှည့်လည်နိန်သော သူတိဖြစ်ကြ၏။
1CO 4:12 ငါရို့ကိုယ်တိုင် ကိုယ့်လက်ဖြင့် ပင်ပန်းစွာလုပ်ဆောင်ကြရ၏။ ငါရို့သည် ကျိန်ဆဲခြင်းကို ခံရသောအခါ ကောင်းကြီးပီးကြ၏။ ညှဉ်းဆဲခြင်းကို ခံရသောအခါ သည်းခံကြ၏။
1CO 4:13 ရိုင်းပြစော်ကားခြင်းကို ခံရသောအခါ တောင်းပန် ကြ၏။ ငါရို့သည် အဂုတိုင်အောင် ဤလောက၏အညစ်အကြေးများကဲ့သို့ လည်းကောင်း၊ မြီကြီးသားအပေါင်းရို့၏ လူညံ့လူဖျင်းကဲ့သို့ လည်းကောင်း ဖြစ်ကြ၏။
1CO 4:14 ငါသည် ဤသို့ ရီးပီးလိုက်ခြင်းမှာ သင်ရို့အား အရှက်ခွဲလို၍ မဟုတ်။ ငါ၏ချစ်သော သားသမီးများကဲ့သို့ မှတ်၍ သင်ရို့အား သွန်သင်ခြင်းဖြစ်၏။
1CO 4:15 သင်ရို့၏ယုံကြည်သူ အသက်တာ၌ သွန်သင်မည့်ဆရာ ၁၀,၀၀၀ ဟိသော်လည်း ဖခင် တစ်ဦးတည်းသာ ဟိ၏။ ငါသည် သတင်းကောင်းကို ယူဆောင်လာခြင်းအားဖြင့် သင်ရို့အသက်တာတွင် ခရစ်တော်ယေသျှု၌ သင်ရို့၏ဖခင် ဖြစ်လာ၏။
1CO 4:16 ထို့ကြောင့် ငါ၏စံနမူနာကို လိုက်ကြရန် ငါတိုက်တွန်းနှိုးဆော်၏။
1CO 4:17 ဤအကြောင်းကြောင့် ငါသည် တိမောသေအား သင်ရို့ပါးသို့ ရွှတ်လိုက်၏။ သူသည် သခင်ဘုရား၌ ငါ နှစ်သက်မြတ်နိုးပြီးလျှင် သစ္စာဟိသော သားပင်ဖြစ်၏။ ခရစ်တော်ယေသျှုနောက်ကို ငါ ဇာပိုင်လိုက်လျှောက်သည် ကိုလည်းကောင်း၊ အရပ်ရပ်၌ဟိသော အသင်းတော်အပေါင်းရို့အား ငါဟောပြောသွန်သင်ခသော အရာတိကိုလည်းကောင်း သူသည် သင်ရို့အား သတိရစီပါလိမ့်မည်။
1CO 4:18 သင်ရို့အထဲမှ အချို့သောသူရို့က ငါသည် သင်ရို့ပါးသို့ မလာယာ ဟု ထင်မှတ်၍ မာနထောင်လွှားလျက် ဟိကြ၏။
1CO 4:19 သို့ရာတွင် သခင်ဘုရားအလိုတော်ဟိလျှင် ငါသည် သင်ရို့ပါးသို့ မကြာမီ လာမည်။ ထိုအခါ ယင်းသို့ မာနထောင်လွှားသော သူရို့၏နှုတ်စကားကိုမျှသာ မဟုတ်ဘဲ၊ သူရို့၌ဟိသော တန်ခိုးကိုပင် ငါကိုယ်တိုင် သိရလိမ့်မည်။
1CO 4:20 ဘုရားသခင်၏ နိုင်ငံတော်သည် စကား၌ မတည်။ တန်ခိုး၌သာ တည်၏။
1CO 4:21 သင်ရို့သည် ဇာအရာကို အလိုဟိကြသနည်း။ ငါသည် ကြိမ်လုံးကိုကိုင်၍ သင်ရို့ပါးသို့ လာသည်ကို အလိုဟိကြသလော။ သို့တည်းမဟုတ် မေတ္တာနှင့်လည်းကောင်း၊ နူးညံ့သိမ်မွိ့သော စိတ်နှင့်လည်းကောင်း လာသည်ကို အလိုဟိကြသလော။
1CO 5:1 သာသနာပလူရို့ပင်လျှင် ကျင့်ကြမည့်အရာ မဟုတ်သော ကာမဂုဏ်လိုက်စားမှုသည် သင်ရို့တွင် ဟိနိန်ကြောင်းကို ငါ ကြားသိရ၏။ လူတစ်ယောက်သည် မိမိ၏ မိထွီးနှင့် အိပ်လျက် ဟိသည်ဟု ငါအား ပြောကြ၏။
1CO 5:2 သို့ဖြစ်၍ သင်ရို့သည် ဇာပိုင် ဝါကြွားနိုင်ကြသနည်း။ သင်ရို့သည် လွန်စွာဝမ်းနည်းပူဆွေး နိန်သင့်ကြ၏။ ထိုအမှုကို ပြုသောသူအား သင်ရို့အထဲမှ နှင်ထုတ်သင့်၏။
1CO 5:3 ငါ၏ခန္ဓာသည် သင်ရို့နှင့် ကွာဝီးသော်လည်း စိတ်ဝိညာဉ်မူကား သင်ရို့နှင့်အတူ ဟိ၏။ သင်ရို့နှင့်အတူဟိနိန်သကဲ့သို့ ထင်မှတ်လျက် ထိုကြောက်ရွံ့ဖွယ်သော အမှုကို ပြုသူအား ငါရို့၏ အသျှင်ယေသျှု၏နာမဖြင့် အဂုပင် ငါတရားစီရင်၏။
1CO 5:4 သင်ရို့ အတူတကွ စုဝေးကြစဉ် ငါသည် စိတ်ဝိညာဉ်အားဖြင့် သင်ရို့နှင့်အတူ ဟိနိန်၏။ ငါရို့၏အသျှင် ယေသျှု၏တန်ခိုးတော်သည်လည်း ငါရို့နှင့်အတူ ဟိ၏။
1CO 5:5 သခင်ဘုရား၏ နိ့ရက်၌ ထိုသူ၏ ဝိညာဉ်သည် ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ကိုယ်ခန္ဓာကို ဖျက်ဆီးစီခြင်းငှာ စာတန်မာရ်နတ်၏ လက်သို့ ပီးအပ်ကြလော့။
1CO 5:6 သင်ရို့သည် မာန်မာနထောင်လွှားနိန်ကြသည်မှာ မကောင်း။ “တဆီးအနည်းချေက မုန့်ညက် တစ်ပုံးလုံးကို ဖောင်းကြွစီ၏” ဟူသော ဆိုရိုးစကားကို သင်ရို့ မသိကတ်လား။
1CO 5:7 သင်ရို့သည် စင်ကြယ်စီခြင်းငှာ တဆီးဟောင်းတည်းဟူသော အပြစ်ဒုစရိုက်ကို ပယ်ကြလော့။ သို့မှသာလျှင် သင်ရို့သည် တဆီးမပါသော အသစ်သောမုန့်ညက်ကဲ့သို့ ဖြစ်လိမ့်မည်။ ငါရို့၏ ပသခါသိုးသူငယ်တည်းဟူသော ခရစ်တော်အား ယဇ်ပူဇော်ပြီးပြီ ဖြစ်သောကြောင့် ငါရို့အဖို့ ပသခါပွဲကျင်းပရန် အဆင့်သင့်ဟိ၏။
1CO 5:8 ထို့ကြောင့် အပြစ်ဒုစရိုက်နှင့် ယုတ်ညံ့သောအကျင့်တည်းဟူသော တဆီးဟောင်းပါသည့်မုန့်ဖြင့် မဟုတ်၊ သန့်ယှင်းစင်ကြယ်ခြင်းနှင့် သမ္မာတရားတည်းဟူသော တဆီးမပါသောမုန့်ဖြင့် ပသခါပွဲတော်ကို ကျင်းပကြကုန်အံ့။
1CO 5:9 သင်ရို့အား ကာမဂုဏ်လိုက်စားသော သူရို့နှင့် မပေါင်းဖော်စီခြင်းငှာ ယခင်က သင်ရို့ပါးသို့ ရီးလိုက်သောစာ၌ ငါမှာထားခ၏။
1CO 5:10 ထိုသို့ မှာကြားရာ၌ ဤလောက၌ ဟိသော မေထုန်လိုက်စားသောသူတိ၊ လောဘလွန်ကျူးသောသူတိ၊ သူခိုးတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိနှင့် မပေါင်းဖော်ရဟု မဆိုလို။ ထိုသူရို့ကို ယှောင်ရမည်ဆိုလျှင် သင်ရို့သည် ဤလောကမှ လုံးဝထွက်ခွာလားရပေလိမ့်မည်။
1CO 5:11 သင်ရို့ ယှောင်ရမည့်လူများမှာ မိမိကိုယ်ကို ယုံကြည်သူဟုဆိုလျက် မေထုန်လိုက်စားသောသူတိ၊ လောဘလွန်ကျူးသောသူတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိ၊ အတင်းပြောသောသူတိ၊ ယစ်မူးမျိုးကိုသောက် ကြူးသောသူတိ၊ သူခိုးတိ ကို ဆိုလို၏။ ထိုသို့သော လူရို့နှင့်အတူ စားသောက်ခြင်းကိုပင် မပြုကတ်ကေ့။
1CO 5:12 အသင်းတော်ပြင်ပ၌ ဟိသောသူရို့ကို စစ်ကြောစီရင်ရန်မှာ ငါ၏ အလုပ် မဟုတ်။ ထိုသူရို့ကို ဘုရားသခင်သာ စစ်ကြောစီရင်တော်မူလိမ့်မည်။ သို့ရာတွင် သင်ရို့၏ မိတ်သာဟာယ၌ အသင်းဝင်ရို့ကို စစ်ကြောစီရင်သင့်ကြသည် မဟုတ်ပါလော။ ထို့ကြောင့် ကျမ်းစာလာသည်အတိုင်း “သင်ရို့ အထဲမှ ဆိုးညစ်သောသူကို ပယ်ယှားကြလော့” ဟု ဖြစ်၏။
1CO 6:1 သင်ရို့အထဲမှ တစ်ယောက်ယောက်က အခြားသော ခရစ်ယာန်ညီအစ်ကိုနှင့် အမှုဖြစ်လျှင် ဘုရားသခင်၏လူများ၌ စီရင်ဆုံးဖြတ်ခြင်းကို မခံဘဲ ဇာကြောင့် ဘုရားတရားမဲ့သော တရားသူကြီးများပါးသို့ လားကြပါသနည်း။
1CO 6:2 ဘုရားသခင်၏လူများသည် ဤလောကကို တရားစီရင်ရမည်အကြောင်း သင်ရို့ မသိကြသလော။ သင်ရို့သည် ဤလောကကို တရားစီရင်မည့် သူများဖြစ်သည်ဆိုလျှင် ငယ်သောအမှုကိစ္စများကို မစီရင်နိုင်ပါသလော။
1CO 6:3 ငါရို့သည် ကောင်းကင်တမန်တိကို တရားစီရင်ရမည့်အကြောင်း သင်ရို့မသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို သာ၍ စီရင်ထိုက်သည် မဟုတ်လော။
1CO 6:4 ထိုအမှုကိစ္စမျိုး ပေါ်ပေါက်လာသောအခါ အသင်းတော်နှင့် မသက်ဆိုင်သော သူရို့ပါးသို့ လား၍ တရား စီရင်ဆုံးဖြတ်ခြင်းကို ခံယူမည်လော။
1CO 6:5 သင်ရို့သည် ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်း အမှုအခင်းဖြစ်ပွားကြသောအခါ သင်ရို့အသင်းတော်ထဲ၌ စီရင်ဆုံးဖြတ်နိုင်သည့် ပညာဟိသောသူ တစ်ယောက်မျှ မဟိသလော။
1CO 6:6 သို့ရာတွင် သင်ရို့သည် မယုံကြည်သူ တရားသူကြီးတိ ရှိ့၌ ညီအစ်ကို အချင်းချင်း တရား စီရင်ကြပါသည်တကား။
1CO 6:7 ထိုသို့ သင်ရို့ အချင်းချင်း တရားစွဲဆိုခြင်းသည် သင်ရို့အဖို့ ဆုံးယှုံးမှုဖြစ်စီ၏။ ထိုသို့​တရားစွဲ​မည့်​အစား မတရား​ပြု​ခြင်း​ကို​သာ ဇာကြောင့်​မ​ခံ​ကြ​သနည်း။ လိမ်ညာ​လုယူ​ခြင်း​ကို​သာ ဇာကြောင့်​မ​ခံ​ကြ​သနည်း။
1CO 6:8 အကယ်စင်စစ် သင်ရို့သည် ထိုသို့ ခံရမည့်အစား သင်ရို့ကိုယ်တိုင် ညီအစ်ကိုမောင်နှမ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မတရားပြုခြင်း၊ လုယက်ခြင်းများကို ပြုကြ၏။
1CO 6:9 ဆိုးညစ်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြောင်း သင်ရို့သိကြ၏။ သင်ရို့ကိုယ်တိုင် မရူးမိုက်ကတ်ကေ့။ မတရားသောကာမဂုဏ်လိုက်စားသောသူတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိ၊ သူတစ်ပါး သားမယားကို ပြစ်မှားသောသူတိ၊ ယောက်ျားအချင်းချင်းသော်လည်းကောင်း မိန်းမအချင်းချင်းသော်လည်းကောင်း မှားယွင်းသောသူတိ၊
1CO 6:10 သူတစ်ပါးဥစ္စာကို ခိုးသောသူတိ၊ လောဘလွန်ကြူးသောသူတိ၊ သီရည်သောက်ကြူးသော သူတိ၊ အတင်းပြောသောသူတိနှင့် လုယက်တိုက်ခိုက်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြ။
1CO 6:11 အယင်က သင်ရို့တွင် အချို့သောသူရို့သည် ထိုကဲ့သို့ ဆိုးယုတ်သောသူတိဖြစ်ခကြ၏။ သို့သော် အဂုတွင် သင်ရို့သည် အပြစ်မှ ဆီးကြောသန့်စင်ခြင်းကို ခံကြရသောသူများဖြစ်ပြီး၊ ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်ကြ၏။ အသျှင်ယေသျှုခရစ်တော်၏ နာမအားဖြင့် လည်းကောင်း၊ ငါရို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လည်းကောင်း သင်ရို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ ရောက်ကြယာ။
1CO 6:12 တစ်စုံတစ်ယောက်က “ငါသည် ဇာအမှုကိုမဆို ပြုခွင့်ဟိ၏” ဟု ဆိုလိမ့်မည်။ သင်ရို့ဆိုသည်အတိုင်း မှန်ပေ၏။ သို့ရာတွင် ခပ်သိမ်းသောအရာသည် သင်ရို့အဖို့ အကျိုးမဟိနိုင်။ ငါသည် ဇာအမှုကိုမဆို ပြုပိုင်ခွင့် ဟိသည်ဟု ဆိုသော်လည်း ငါသည် ဇာအမှု၌မျှ ကျွန်ခံလိမ့်မည် မဟုတ်။
1CO 6:13 “အစားအစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစားအစာအတွက်ဖြစ်၏” ဟု သင်ရို့ ဆိုလိမ့်မည်။ ထိုစကားသည် မှန်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ထိုနှစ်ခုလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသောမေထုန် လိုက်စားခြင်းငှာ မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းငှာ ဖြစ်၏။ သခင်ဘုရားသည်လည်း ခန္ဓာကိုယ်အဖို့ ထောက်ပံ့တော်မူ၏။
1CO 6:14 ဘုရားသခင်သည် မိမိတန်းခိုးတော်အားဖြင့် သခင်ဘုရားကို သီခြင်းမှ ထမြောက်စီတော်မူ၏။ ငါရို့ကိုလည်း ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ရှင်ပြန်ထမြောက်စီတော် မူလိမ့်မည်။
1CO 6:15 သင်ရို့၏ ကိုယ်ခန္ဓာများသည် ခရစ်တော်၏ ကိုယ်အင်္ဂါများဖြစ်သည်ကို သင်ရို့သိကြ၏။ ငါသည် ခရစ်တော်၏ကိုယ်အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏ ကိုယ်အင်္ဂါ ဖြစ်ရစီမည်လော။ ထိုသို့ မဖြစ်စီနိုင်။
1CO 6:16 ပြည့်တန်ဆာနှင့် ဆက်ဆံသောသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတည်းတစ်ကိုယ်တည်း ဖြစ်သည်ကို သင်ရို့မသိကြသလော။ ကျမ်းစာတော်၌ “ထိုသူနှစ်ယောက်ရို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်” ဟု လာ၏။
1CO 6:17 သို့ရာတွင် သခင်ဘုရားနှင့်ပေါင်းဖော်သော သူသည် ထိုသခင်နှင့် တစ်​စိတ်​တစ်​ဝိညာဉ်​တည်း ဖြစ်၏။
1CO 6:18 မတရားသောမေထုန် လိုက်စားခြင်းကို ယှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ ဖြစ်သော်လည်း မတရားသောမေထုန် လိုက်စားခြင်းအပြစ်ကိုပြုသော လူတစ်ယောက်ကား မိမိ၏ခန္ဓာကိုယ်ကို ပြစ်မှားသောသူ ဖြစ်၏။
1CO 6:19 သင်ရို့ ကိုယ်ခန္ဓာသည် သန့်ယှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ ဘုရားသခင် ပီးသနားတော်မူ၍ ဝိညာဉ်တော်သည် ကိန်းအောင်းတော်မူကြောင်းကိုလည်းကောင်း မသိကြသလော။ သင်ရို့သည် ကိုယ့်ကိုယ်ကို မပိုင်။ ဘုရားသခင်သာလျှင် ပိုင်တော်မူပြီး၊
1CO 6:20 ကိုယ်တော်သည် သင်ရို့အား အဖိုးအခဖြင့် ဝယ်ထားတော်မူ၏။ ထို့ကြောင့် သင်ရို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်၏ဘုန်းတော် အဖို့ အသုံးပြုကြလော့။
1CO 7:1 အဂု သင်ရို့ရီးသား၍ ပီးပို့လိုက်သော စာ၌ ပါဟိသော အကြောင်းအရာများနှင့် ပတ်သက်၍ ပြောရသောစကားမူကား၊ ယောက်ျားတစ်ယောက်သည် အိမ်ထောင်မပြုဘဲ နီနိုင်လျှင် ကောင်း၏။
1CO 7:2 သို့သော် မတရားသောမေထုန်ပြုခြင်း များပြားနိန်သောကြောင့် ယောကျ်ားတိုင်း၌ မယားဟိအပ်၏။ မိန်းမတိုင်း၌လည်း လင်ယောက်ျား ဟိအပ်၏။
1CO 7:3 လင်ယောက်ျားတစ်ယောက်သည် မိမိမယားအား ပြုအပ်သော ဝတ်ကိုလည်းကောင်း၊ မယားသည်လည်း မိမိလင်ယောက်ျားအား ပြုအပ်သောဝတ်ကိုလည်းကောင်း ပြည့်ဝစွာ ပြုလျက် တစ်ဦး၏အလိုကို တစ်ဦးက ဖြည့်ဆည်းပီးရမည်။
1CO 7:4 မယားသည် မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ လင်ယောကျ်ားသာလျှင် ပိုင်၏။ ထိုနည်းတူ လင်ယောကျ်ားသည်လည်း မိမိ၏ကိုယ်ခန္ဓာကို မိမိမပိုင်၊ မယားသာလျှင် ပိုင်၏။
1CO 7:5 သင်ရို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ သဘောတူညီစွာ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိရို့၏လင်မယားဝတ်ကို ပြုရန် မငြင်းပယ်ကတ်ကေ့။ သို့ရာတွင် မိမိရို့၏စိတ်ကို ချုပ်တည်းခြင်းအားဖြင့် စာတန်မာရ်နတ်၏ သွီးဆောင်ခြင်းကို မခံရစီရန် ဆုတောင်းပတ္ထနာပြုကြ ပြီးသောအခါ ပြန်၍ လင်မယားဝတ်ကို ပြုကြလော့။
1CO 7:6 ဤသို့ ဆိုရာ၌ ငါသည် သင်ရို့အား အမိန့်ပီးခြင်း မဟုတ်။ သို့သော် အခွင့်ပီးထားခြင်းသာ ဖြစ်၏။
1CO 7:7 အကယ်စင်စစ် ငါသည် လူတိုင်းကို ငါကဲ့သို့ပင် ဖြစ်စီလို၏။ သို့သော် လူတစ်ဦးစီ၌ ဘုရားသခင်ထံမှ မိမိရဟိသောဆုကျေးဇူး တစ်ယောက်တစ်မျိုးစီဟိ၏။
1CO 7:8 အဂု ငါပြောလိုသည်မှာ အိမ်ထောင်မပြုသောသူတိနှင့် မုဆိုးမရို့သည် ငါကဲ့သို့ တစ်ကိုယ်တည်းဆက်လက်၍ နီထိုင်နိုင်လျှင် သာ၍ကောင်း၏။
1CO 7:9 သို့သော် သင်ရို့၏စိတ်ဆန္ဒကို မချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြလော။ ကိလေသာစိတ်ပူလောင်ခြင်း ဟိသည်ထက် အိမ်ထောင်ပြုခြင်းက သာ၍ကောင်း၏။
1CO 7:10 အိမ်ထောင်သျှင်ရို့အဖို့ ငါ၌ ပညတ်တစ်ခုဟိ၏။ ယင်း ပညတ်သည်ကား ငါ့ပညတ် မဟုတ်။ သခင်ဘုရား၏ ပညတ်သာ ဖြစ်၏။ ထိုအရာကား၊ မယားသည် မိမိ၏လင်ယောကျ်ားကို မကွဲကွာရ။
1CO 7:11 သို့သော် ကွဲကွာလျှင် တစ်ဦးတည်းနီထိုင်ရမည်။ ထိုသို့မဟုတ် မိမိလင်ယောကျ်ားနှင့် ပြန်၍ ပေါင်းသင်းစီ။ လင်ယောကျ်ားသည်လည်း မိမိမယားကို မကွာယှင်းရ။
1CO 7:12 အခြားသူရို့အား သခင်ဘုရား ပညတ်တော်မမူသော်လည်း ငါပညတ်လိုသည်ကား၊ ခရစ်ယာန် ယောက်ျားတစ်ယောက်၌ ယုံကြည်သူ မဟုတ်သော မယားဟိ၍ ထိုမယားသည် မိမိလင်ယောက်ျားနှင့် ဆက်လက်ပေါင်းသင်းလိုလျှင် သူမအား မကွာယှင်းရ ဟူ၍ပင်ဖြစ်၏။
1CO 7:13 ထိုနည်းတူ ခရစ်ယာန်မိန်းမတစ်ယောက်၌ ယုံကြည်သူ မဟုတ်သော လင်ယောကျ်ားဟိ၍ ထိုယောကျ်ားသည် မိမိမယားနှင့် ဆက်လက်ပေါင်းသင်းလိုလျှင် သူ့အား မကွာယှင်းရ။
1CO 7:14 မယုံကြည်သော ယောက်ျားသည် ယုံကြည်သူဖြစ်သော မိမိ၏မယားနှင့် စုံဖက်သောအားဖြင့် လည်းကောင်း၊ ယုံကြည်သူ မဟုတ်သော မယားသည် ယုံကြည်သူဖြစ်သော မိမိ၏လင်ယောကျ်ားနှင့် စုံဖက်သောအားဖြင့် လည်းကောင်း၊ ထိုသူရို့သည် ဘုရားသခင်အား လက်ခံသူတိဖြစ်လာနိုင်ပေ၏။ အကယ်၍ ထိုသို့မဖြစ်လျှင် သင်ရို့၏သားသမီးများသည် ဘုရားတရားမဲ့သော သူတိကဲ့သို့ ဖြစ်ကြပေလိမ့်မည်။ သို့သော် အဂုတွင် ထိုသားသမီးရို့သည် ဘုရားသခင်အား လက်ခံသူတိဖြစ်ကြ၏။
1CO 7:15 သို့ရာတွင် မယုံကြည်သောသူသည် မိမိ၏ ယုံကြည်သူ အိမ်ထောင်ဖက်အား ကွာယှင်းလိုလျှင် ကွာယှင်းနိုင်၏။ ဤအမှုမျိုးတွင် ထိုယုံကြည်သူသည် လင်ယောကျ်ားဖြစ်စီ၊ မယားဖြစ်စီ အနှောင်အဖွဲ့ကင်းကြစီ။ ဘုရားသခင်သည် သင်ရို့အား သင့်တင့်အီးချမ်းစွာ နီထိုင်ကြရန် ခေါ်ထားတော်မူ၏။
1CO 7:16 ယုံကြည်သူဖြစ်သော အသင် အိမ်ထောင်သျှင်မ၊ သင်သည် မိမိ၏လင်ယောက်ျားဖြစ်သူကို ကယ်တင်နိုင်မည် မဟုတ်ဟု ဇာပိုင် သိနိုင်မည်နည်း။ ယုံကြည်သူဖြစ်သော အသင်အိမ်ထောင်သျှင်၊ သင်သည် မိမိ၏မယားကို ကယ်တင်နိုင်မည် မဟုတ်ဟု ဇာပိုင် သိနိုင်မည်နည်း။
1CO 7:17 လူအသီးသီးရို့သည် သခင်ဘုရားပီးတော်မူသော ဆုကျေးဇူးနှင့်အညီ ဘုရားသခင်သည် သင်ရို့အား ရွီးကောက်တော်မူစဉ်က ဟိခသည့်အခြေအနေအတိုင်း ဆက်လက်၍ အသက်ရှင်အပ်၏။ ဤပညတ်သည် အသင်းတော်အားလုံး၌ ငါဟောပြောသွန်သင်ခသော ပညတ်ဖြစ်၏။
1CO 7:18 အရီဖျားလှီးခြင်းမင်္ဂလာကို ခံယူပြီးသောသူသည် ရွီးကောက်တော်မူခြင်းကို ခံရလျှင် အရီဖျားလှီးခြင်း မင်္ဂလာနှင့်ဆိုင်သော အမှတ်အသားများကို မစွန့်ပယ်ကတ်ကေ့။ ထိုနည်းတူ အရီဖျားလှီးခြင်းမင်္ဂလာကို မခံယူသောသူသည် ရွီးကောက်တော်မူခြင်းကို ခံရလျှင် အရီဖျားလှီးခြင်း မင်္ဂလာကို ခံယူရန်မလို။
1CO 7:19 အရီဖျားလှီးခြင်း ခံယူသည် မခံယူသည်မှာ အဓိက မဟုတ်ပေ။ ဘုရားသခင်၏ ပညတ်ချက်များကို နာခံလိုက်လျှောက်ခြင်းသာ အဓိကဖြစ်၏။
1CO 7:20 လူတိုင်း ဘုရားသခင်၏ ခေါ်ယူတော်မူခြင်းကို ခံရသောအချိန်၌ မိမိလုပ်ဆောင်နိန်သည့် အလုပ်ကို ဆက်လက်၍ လုပ်ကိုင် အပ်၏။
1CO 7:21 ခေါ်ယူတော်မူခြင်းကို ခံရချိန်တွင် သင်သည် ကျွန်ဖြစ်နိန်သော်လည်း စိုးရိမ်ခြင်း မဟိကေ့။ သို့သော် သင်ရို့သည် ကျွန်အဖြစ်မှ လွတ်ခွင့်ရမည်ဆိုလျှင် ထိုအခွင့်ကို အသုံးပြုကြလော့။
1CO 7:22 အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၏ ခေါ်ယူတော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လွတ်လပ်သောသူဖြစ်၏။ ထိုနည်းတူ၊ လွတ်လပ်သောသူသည် ခရစ်တော်၏ ခေါ်ယူတော်မူခြင်းကို ခံရသောအခါ ခရစ်တော်၏ ကျွန်ဖြစ်လာ၏။
1CO 7:23 ဘုရားသခင်သည် သင်ရို့ကို အဖိုးအခပီး၍ ဝယ်ထားတော်မူသောကြောင့် လူတိကျွန် မဖြစ်လာကတ်ကေ့။
1CO 7:24 ရောင်းရင်းရို့၊ သင်ရို့သည် ခေါ်ယူတော်မူခြင်းကို ခံရစဉ်က ဟိခသောအခြေအနေ၌ပင် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လျက် ဆက်လက်၍ နီထိုင်အပ်၏။
1CO 7:25 အဂုတွင်ကား၊ အိမ်ထောင်မပြုဘဲ နိန်ကြသောလူတိအကြောင်းကို သင်ရို့ ရီးလိုက်သော စာနှင့် ပတ်သက်၍ သခင်ဘုရား၏ ပညတ်ချက်ကို ငါမရဟိပေ။ သို့သော် သခင်ဘုရား၏ ကရုဏာတော်ကြောင့် ယုံကြည်ထိုက်သူ တစ်ယောက်အဖြစ် ငါ၏ထင်မြင်ချက်ကို ပြောလိုက်ပါ၏။
1CO 7:26 မျက်မှောက် ကြုံတွိ့နိန်ရသော ခေတ်ဆိုးကာလ၌ ယောက်ျားတစ်ယောက်သည် ဟိမြဲ အခြေအနေအတိုင်း နီထိုင်သည်က သာ၍ ကောင်းသည်ဟု ငါထင်မှတ်၏။
1CO 7:27 သင်သည် အိမ်ထောင်သျှင်ဖြစ်လျှင် သင်၏မယားကို စွန့်ပယ်ခြင်းငှာ မကြိုးစားကေ့။ သင်သည် လူလွတ်ဖြစ်လျှင် မယားရှာခြင်းငှာ မကြံစည်ကေ့။
1CO 7:28 သို့သော် သင်သည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ကို ပြုခြင်း မဟုတ်။ အိမ်ထောင်မပြုသော မိန်းမသည် အိမ်ထောင်ပြုသော်လည်း အပြစ်ကို ပြုခြင်း မဟုတ်။ သို့ပိုင်သျှောင် ငါသည် သင်ရို့အား အိမ်ထောင်သျှင်များ နိ့တိုင်း ကြုံတွိ့ကြရမည့် ဆင်းရဲဒုက္ခများနှင့် ကင်းဝီးစီလို၍ ဤသို့ ပြောရခြင်းဖြစ်၏။
1CO 7:29 ညီအစ်ကိုမောင်နှမရို့၊ ငါဆိုလိုသည်ကား၊ ကျန်ကြွင်းသော အချိန်ကာလသည် အလွန် တိုတောင်းလှ၏။ အဂုမှစ၍ အိမ်ထောင်သည် ယောက်ျားများသည် လူလွတ်ကဲ့သို့ နီထိုင်အပ်၏။
1CO 7:30 ငိုကြွီးသောသူရို့သည် မငိုကြွီးသကဲ့သို့ လည်းကောင်း၊ ဝမ်းမြောက်သော သူများသည် ဝမ်းမြောက်ခြင်းမဟိသကဲ့သို့ လည်းကောင်း၊ ဥစ္စာပစ္စည်း ဝယ်ယူသော သူများသည် ထိုဥစ္စာပစ္စည်းကို မပိုင်ဆိုင်သကဲ့သို့ လည်းကောင်း၊
1CO 7:31 ဤလောက၏ ဥစ္စာပစ္စည်းကို သုံးသောသူရို့သည် မသုံးသကဲ့သို့လည်းကောင်း နီထိုင်အပ်၏။ အကြောင်းမူကား ဤလောကကြီး၏ ပုံသ​ဏ္ဌာန်သည် ရွိ့လျားကွယ်ပျောက်နိန်၏။
1CO 7:32 ငါသည် သင်ရို့အား ပူပန်သောကနှင့် ကင်းဝီးစီလို၏။ လူလွတ်ဖြစ်သော ယောက်ျားသည် သခင်ဘုရား နှစ်သက်တော်မူသော အမှုကို ပြုလိုသောကြောင့် သခင်ဘုရား၏ အမှုတော်ကို အလေးအနက် ထားတတ်၏။
1CO 7:33 သို့သော် အိမ်ထောင်ဟိသော ယောက်ကျ်ားမူကား မိမိ၏မယား နှစ်သက်စီခြင်းငှာ လောကီအမှုကို အလေးအနက် ထားတတ်၏။
1CO 7:34 ထို့ကြောင့် သူသည် စိတ်နှစ်ခွ ဖြစ်နိန်၏။ လူလွတ်ဖြစ်သော မိန်းမနှင့် အပျိုရို့သည် သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဆက်ကပ်လိုသဖြင့် သခင်ဘုရား၏ အမှုတော်ကို အလေးအနက်ထား တတ်၏။ သို့ရာတွင် အိမ်ထောင်ပြုသော မိန်းမမူကား မိမိ၏ လင်ယောက်ျား နှစ်သက်စီခြင်းငှာ လောကီအမှုကို အလေးအနက်ထားတတ်၏။
1CO 7:35 ဤသို့ ငါပြောရခြင်းမှာ သင်ရို့၏ အကျိုးကို လိုလား၍ ပြောခြင်းဖြစ်၏။ သင်ရို့အား တင်းကြပ်လိုသောကြောင့် မဟုတ်။ သင်ရို့အား မှန်ကန်လျောက်ပတ်စွာ ကျင့်ကြစီရန်နှင့် သခင်ဘုရား၏အမှုတော်ကို စိတ်ရှုပ်ထွီးခြင်း မဟိဘဲ အကြွင်းမဲ့ ဆောင်ရွှက်ကြစီခြင်းငှာ လိုလားသောကြောင့်ဖြစ်၏။
1CO 7:36 စိ့စပ်ထားပြီးနောက် အိမ်ထောင်မပြုရန် ဆုံဖြတ်ထားသော စုံတွဲတစ်တွဲ၌ ယောက်ျားသည် မိန်းမ၌ မိမိပြုမူပုံ မလျောက်ပတ်သည်ကို သိသောအခါ၌ သော်လည်းကောင်း၊ မိမိစိတ်ကို မထိန်းချုပ်နိုင်သောအခါ၌ သော်လည်းကောင်း ထိုသူပြုလိုသည့်အတိုင်း ထိမ်းမြားမင်္ဂလာပြုရာ၏။ ဤသို့ ပြုခြင်း၌ ဇာအပြစ်မျှမဟိ။
1CO 7:37 သို့ရာတွင် ယောကျ်ားသည် အိမ်ထောင်မပြုဘဲ နိန်ခြင်းငှာ စိတ်ပိုင်းဖြတ်၍ မိမိ၏ စိတ်ကိုလည်း တည်ကြည်ခိုင်မာစွာ လုံးဝချုပ်ထိန်းနိုင်သဖြင့် အိမ်ထောင်မပြုဘဲနိန်လျှင် သာ၍ကောင်း၏။ ထိုသူသည် မိန်းမပျိုနှင့် အိမ်ထောင်မပြုဘဲ နိန်ခြင်းသည်ကား ကောင်းသောအမှုကို ပြုခြင်းဖြစ်၏။
1CO 7:38 ထို့ကြောင့် အိမ်ထောင်ပြုသော ယောကျ်ားသည် ကောင်းသောအမှုကို ပြု၏။ သို့ရာတွင် အိမ်ထောင်မပြုဘဲနီသောယောကျ်ားသည် သာ၍ ကောင်းသောအမှုကို ပြုခြင်းဖြစ်၏။
1CO 7:39 အိမ်ထောင်ပြုသော မိန်းမသည် မိမိ၏ လင်ယောကျ်ား အသက်ရှင်သမျှ ကာလပတ်လုံး လွတ်လပ်မှုမဟိ။ သို့သော် လင်ယောကျ်ား သီဆုံးလားသောအခါတွင်မူ မိမိဆန္ဒအလျောက် ကြိုက်နှစ်သက်သောသူနှင့် လွတ်လပ်စွာ အိမ်ထောင်ပြုနိုင်၏။ သို့ပိုင်သျှောင် ထိုပေါင်းသင်းမှုသည် ယုံကြည်သူ အချင်းချင်း ပေါင်းသင်းမှုသာလျှင် ဖြစ်ရမည်။
1CO 7:40 အကယ်၍ ထိုမိန်းမသည် အိမ်ထောင်မပြုဘဲ နီထိုင်သောအမှုကို နှစ်သက်လျှင် ထိုသို့ နီထိုင်စီ။ ဤသည်ကား ငါ၏ထင်မြင်ယူဆချက်ဖြစ်၏။ ငါသည်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကို ခံယူရဟိသူဖြစ်သည်ဟု ထင်မှတ်ပါ၏။
1CO 8:1 အဂု၊ သင်ရို့စာရီး၍ ပီးလိုက်သည့် ရုပ်တုများအား ပူဇော်ထားသော အစားအစာနှင့်ပတ်သက်၍ ငါပြောရသော စကားမူကား၊ ထိုသူရို့ ပြောသည့်အတိုင်း “ငါရို့အားလုံးသည်ပင် အသိပညာ ဟိကြ၏” ဟု ဆိုသောစကားသည် မှန်ပေ၏။ သို့ရာတွင် အသိပညာသည် လူတိကို မာန်မာနထောင်လွှားစီတတ်၏။ မေတ္တာမူကား တည်ဆောက်ခြင်းကို ပြုတတ်၏။
1CO 8:2 ဇာသူမဆို တစ်စုံတစ်ရာ​ကို သိ​ပြီ​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် သိ​သင့်​သည့်​အတိုင်း​ပင် မ​သိ​သိမ့်။
1CO 8:3 သို့ပိုင်သျှောင် ဘုရားသခင်ကို ချစ်မြတ်နိုးသောသူအား ဘုရားသခင်သည် သိတော်မူ၏။
1CO 8:4 ထို့ကြောင့် ရုပ်တုကို ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ပြောရသော်၊ ရုပ်တုသည် ဘုရားအစစ်အမှန် မဟုတ်သည်ကိုလည်းကောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အခြားသောဘုရား မဟိကြောင်းကိုလည်းကောင်း ငါရို့ သိကြ၏။
1CO 8:5 အကြောင်းမူကား ကောင်းကင်နှင့် မြီကြီးထက်၌ “ဘုရားများ” ဟု ခေါ်ဆိုကြသော “နတ်ဘုရားများ” နှင့် “အသျှင်သခင်များ” ဟိစီကာမူ၊
1CO 8:6 ငါရို့အဖို့ ဘုရားသခင်တစ်ပါးတည်းသာလျှင် ဟိတော်မူ၏။ ထိုအသျှင်သည်ကား ခမည်းတော်ဖြစ်တော်မူ၏။ ထိုအသျှင်သည် ခပ်သိမ်းသောအရာများကို ဖန်ဆင်းတော်မူ၏။ ထိုအသျှင်အဖို့ ငါရို့သည် အသက်ရှင်ကြ၏။ ငါရို့အဖို့ အသျှင်သခင် တစ်ပါးတည်းသာလျှင် ဟိ၏။ ထိုအသျှင်သခင်ကား ယေသျှုခရစ်တော်ပင်ဖြစ်၏။ ထိုအသျှင်အားဖြင့် ခပ်သိမ်းသောအရာများသည် ဖန်ဆင်းခြင်းကို ခံကြရ၏။ ထိုအသျှင်အားဖြင့် ငါရို့သည် အသက်ရှင်ကြ၏။
1CO 8:7 သို့ရာတွင် လူတိုင်း ဤအသိပညာကို ရကြသည် မဟုတ်။ အချို့သောသူရို့သည် ရုပ်တု​ကိုးကွယ်​သည့်​အလေ့အထဟိခ​သည်​ဖြစ်၍ အဂုကာလ၌ပင် ရုပ်တုကို ပူဇော်ထားပြီးသော အစားအစာကို စားသောအခါ ရုပ်တုနှင့်သက်ဆိုင်သော အစားအစာဟု မှတ်ယူလျက် စားနိန်ကြ၏။ ထို့ကြောင့် သူရို့၏ အားနည်းသောအသိစိတ်သည် သူရို့ကို မသိုးမသန့်​ဖြစ်​ရ​၏။
1CO 8:8 အစားအစာသည် ငါရို့အား ဘုရားသခင်နှင့် သာ၍ နီးကပ်စီသည် မဟုတ်။ ထိုအစားအစာကို မစားဘဲနိန်လျှင် ငါရို့၌ ဆုံးယှုံးခြင်းသည် မဟိ၊ စားလျှင်လည်း အကျိုးမဟိ။
1CO 8:9 သို့ရာတွင် ဤသို့ သင်ရို့၏ လွတ်လပ်စွာ စားသောက်ခြင်းသည် ယုံကြည်ခြင်း အားနည်းသောသူများအဖို့ လွဲမှားစရာ မဖြစ်စီခြင်းငှာ သတိပြုကြလော့။
1CO 8:10 အကယ်၍ ဤကိစ္စရပ်၌ အသိစိတ် အားနည်းသောသူသည် အသိပညာ ဟိသောသင်ရို့အား နတ်ကွန်းအတွင်း၌ ထိုင်လျက် စားသောက်နိန်သည်ကို မြင်တွိ့ကြသောအခါ ရုပ်တုအား ဆက်သသည့် ပူဇော်သကာကို စားရဲလာမည် မဟုတ်လော။
1CO 8:11 သို့ဖြစ်၍ အားနည်းသော ညီအစ်ကိုအဖို့ ခရစ်တော်အသီခံတော်မူသော်လည်း သင်၏ အသိပညာကြောင့် ထိုသူသည် ပျက်စီးရလိမ့်မည်။
1CO 8:12 ဤနည်းအားဖြင့် သင်ရို့သည် ညီအစ်ကိုများအား ပြစ်မှား၍ သူရို့၏အသိစိတ်အားနည်းခြင်းကိုလည်း ထိခိုက်စီပြီး ခရစ်တော်ကို ပြစ်မှားရာရောက်၏။
1CO 8:13 ထို့ကြောင့် အစားအသောက်အားဖြင့် ညီအစ်ကိုအား လွဲမှားစီမည်ဆိုပါက ငါသည် ငါ၏ညီအစ်ကိုအား မလွဲမှားစီခြင်းငှာ အသားကို မစားဘဲနိန်မည်။
1CO 9:1 ငါသည် လွတ်လပ်သောသူ မဟုတ်လား၊ တမန်တော်တစ်ပါးလည်း မဟုတ်လား၊ ငါရို့၏ အသျှင်ယေသျှုကို မြင်ရယာ မဟုတ်လား။ သင်ရို့သည် သခင်ဘုရားအဖို့အလို့ငှာ ငါ၏လုပ်ဆောင်မှု အသီးအပွင့်တိ မဟုတ်လား။
1CO 9:2 အခြားသောသူများသည် ငါ့ကို တမန်တော်အဖြစ် လက်မခံကြသော်လည်း သင်ရို့သည် လက်ခံကြ၏။ ငါသည် တမန်တော်ဖြစ်ကြောင်းကို ပြသောသက်သီမှုကား သင်ရို့သည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်း အသက်ရှင်ကြသော သင်ရို့ကိုယ်တိုင်ပင် ဖြစ်ပေ၏။
1CO 9:3 ငါ့အား ဝေဖန်ပြစ်တင်ကြသောသူရို့ကို ငါပြောသည်ကား၊
1CO 9:4 ငါ၏ လုပ်ဆောင်မှုအဖို့ ငါ၌ စားသောက်ခွင့် မဟိလား။
1CO 9:5 ငါသည် ခရီးလားရာ၌ ပေတရုမှစ၍ သခင်ဘုရား၏ညီတော်များနှင့် အခြားတမန်တော်များကဲ့သို့ ယုံကြည်သူဖြစ်သော မယားကို ခေါ်ဆောင်ပိုင်ခွင့် မဟိလား။
1CO 9:6 ထိုသို့မဟုတ် ငါနှင့် ဗာနဗသာလျှင် ငါရို့၏ စားဝတ်နေရေးအတွက် အလုပ်လုပ်ရမည်လော။
1CO 9:7 ဇာစစ်သားသည် မိမိ၏စရိတ်ဖြင့် စစ်မှုထမ်းသနည်း။ ဇာဥယျာဉ်မှူးသည် မိမိစိုက်ပျိုးသော စပျစ်ဥယျာဉ်မှ စပျစ်သီးကို မစားဘဲ နိန်သနည်း။ ဇာသိုးထိန်းသည် မိမိထိန်းကျောင်းရသော သိုးများမှ နို့ကိုမသုံးဆောင်ဘဲ နိန်သနည်း။
1CO 9:8 ငါသည် လူ့သဘောအားဖြင့်သာ ပြောသည် မဟုတ်၊ ပညတ်ကျမ်း၌လည်း ဤအတိုင်းပင် ပြောထားပေ၏။
1CO 9:9 မောသျှေ၏ ပညတ်ကျမ်းတွင် “တလင်းနယ်သည့် နွားကို နှာရုပ်တပ်၍ မထားရ” ဟု ရီးထား၏။ ဤသို့ မိန့်တော်မူသည်မှာ ဘုရားသခင်သည် နွား၏အကြောင်းကို မိန့်တော်မူသလော။
1CO 9:10 အကယ်စင်စစ် ငါရို့အဖို့ မိန့်တော်မူသည် မဟုတ်လား။ ငါရို့အဖို့ ရီးသားထားခြင်းဖြစ်၏။ လယ်ထွန်သောသူနှင့် ရိတ်သိမ်းသောသူရို့သည် မိမိရို့၏ ဝီစုကို ရခြင်းငှာ မျှော်လင့်လျက် လုပ်ကိုင်ကြ၏။
1CO 9:11 ငါရို့သည် သင်ရို့၌ ဝိညာဉ်ရေးရာနှင့်ဆိုင်သော မျိုးစိ့ကို စိုက်ပျိုးခပြီးနောက် သင်ရို့ပါးမှ ရုပ်ဝတ္ထုနှင့်ဆိုင်သော အကျိုးကျေးဇူးများကို ရိတ်သိမ်းကြလျှင် ငါရို့ လွန်ရာကျမည်လား။
1CO 9:12 အခြားသူရို့သည် သင်ရို့ပါးမှ ဤသို့ရပိုင်ခွင့်ဟိလျှင် ငါရို့သည် သာ၍ပင် ရပိုင်ခွင့် ဟိသည် မဟုတ်လော။ သို့သော် ငါရို့သည် ထိုအခွင့်အရေးကို မသုံးခဘဲ ငါရို့သည် ခရစ်တော်၏ သတင်းကောင်းအဖို့ အတားအဆီး မဖြစ်စီခြင်းငှာ အရာခမ်းသိမ်း၌ သည်းခံခကြ၏။
1CO 9:13 ဗိမာန်တော်၌ အလုပ်လုပ်သော သူရို့သည် မိမိရို့၏အစားအစာများကို ဗိမာန်တော်မှ ရကြသည်ကိုလည်းကောင်း၊ ယဇ်ပလ္လင်၌ ယဇ်ပူဇော်သော သူရို့သည်လည်း မိမိရို့၏ဝီစုကို ယဇ်ကောင်မှ ရကြသည်ကိုလည်းကောင်း သင်ရို့ မသိကြသလော။
1CO 9:14 ထိုနည်းတူစွာ သတင်းကောင်းကို ဟောပြောသက်သီခံသောသူရို့သည်လည်း သတင်းကောင်းအားဖြင့် မိမိရို့၏ အသက်မွီးလောက်သောအစာကို ရသင့်၏ ဟူ၍ သခင်ဘုရား မိန့်မှာတော်မူခ၏။
1CO 9:15 သို့သော် ငါသည် ထိုအခွင့်အရေး တစ်စုံတစ်ခုကိုမျှ မယူခ။ ယင်းကဲ့သို့ အခွင့်အရေးများကို တောင်းဆိုလို၍ ဤစာကို ရီးလိုက်ခြင်းလည်းမဟုတ်။ ငါ၏ ဂုဏ်ယူဝင့်ကြွားခြင်းအခွင့်ကို တစ်စုံတစ်ယောက်အား ဖျက်ဆီးခွင့်ပြုလိုက်သည်ထက် အယင်သီရခြင်းကို ငါနှစ်သက်၏။
1CO 9:16 ငါသည် ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောသောအခါ ဂုဏ်ယူဝင့်ကြွားခွင့်မဟိ။ အကြောင်းမူကား ဘုရားသခင်သည် ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောရန် ငါ့အား တာဝန်ပီးထား၏။ ငါသည် မဟောဘဲနိန်လျှင် ဇာလောက် အမင်္ဂလာ ဟိလိမ့်မည်နည်း။
1CO 9:17 ငါသည် မိမိဆန္ဒအလျောက် အမှုတော်ကို ဆောင်ရွက်လျှင် အကျိုးဟိ၏။ သို့ရာတွင် မိမိဆန္ဒအလျောက် မဟုတ်လျှင် ဘုရားသခင်သည် ငါအား ဤအမှုတော်ကို လုပ်ဆောင်ရန် ပီးအပ်ထားခြင်းဖြစ်၏။
1CO 9:18 သို့ဖြစ်၍ ငါသည် ဇာအကျိုးကို ခံစားရသနည်း။ ငါသည် အမှုတော်၌ အခကြေးငွီမယူ၊ ရပိုင်ခွင့်များကို မတောင်းဆိုဘဲ သတင်းကောင်းတရားကို ဟောပြောရသော အခွင့်ထူးပင်လျှင် ငါ၏ ခံစားရသောအကျိုးဖြစ်၏။
1CO 9:19 ငါသည် ဇာသူ့ကျွန်လည်း မဟုတ်၊ လွတ်လပ်သောသူ တစ်ယောက်ဖြစ်၏။ သို့သော် ငါသည် များစွာသောလူတိကို ရစီခြင်းငှာ လူတိုင်း၏ ကျွန်ဖြစ်၏။
1CO 9:20 ငါသည် ယုဒလူမျိုးရို့၌ အမှုတော်ဆောင်စဉ် သူရို့ကို ရစီခြင်းငှာ ယုဒလူမျိုးတစ်ယောက်ကဲ့သို့ နီထိုင်၏။ ငါသည် မောသျှေ၏ ပညတ်တရားကို စောင့်သောသူ မဟုတ်သော်လည်း ပညတ်တရားကို စောင့်သောသူရို့အား ရစီခြင်းငှာ ငါသည် ပညတ်တရားကို စောင့်သောသူကဲ့သို့ နီထိုင်၏။
1CO 9:21 ထိုနည်းတူ ပညတ်တရားကို မစောင့်သော တခြားလူမျိုးရို့၌ အမှုတော်ဆောင်ရွက်စဉ် သူရို့အား ရစီခြင်းငှာ ပညတ်တရားကို မစောင့်သောတခြားလူမျိုးကဲ့သို့ နီထိုင်၏။ ဤသို့ဆိုရာ၌ ငါသည် ဘုရားသခင်၏ ပညတ်တော်ကို မလိုက်နာဟုမဆို။ အကယ်စင်စစ် ငါသည် ခရစ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးသောသူဖြစ်၏။
1CO 9:22 ငါသည် ယုံကြည်ခြင်း အားနည်းသော သူရို့အထဲသို့ ရောက်သောအခါ ထိုသူရို့ကို ရခြင်းငှာ ယုံကြည်ခြင်းအားနည်းသူကဲ့သို့ နီထိုင်၏။ လူအမျိုးမျိုးထဲမှ အချို့သောသူရို့ကို တစ်နည်းနည်းအားဖြင့် ကယ်တင်နိုင်ခြင်းငှာ ငါသည် အမျိုးမျိုးနီထိုင်ခ၏။
1CO 9:23 ငါသည် သတင်းကောင်းတရား၏ ကောင်းကြီးမင်္ဂလာကို မျှဝီပီးနိုင်ရန် ထိုသတင်းကောင်းတရားအကျိုးငှာ ထိုအရာအလုံးစုံကို ဆောင်ရွက်၏။
1CO 9:24 အဗြီးပြိုင်ပွဲ တစ်ပွဲ၌ အဗြီးသမားများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်းသာလျှင် အောင်ဆု ရဟိသည့်အကြောင်းကို သင်ရို့သိကြ၏။ သို့ဖြစ်၍ သင်ရို့သည် အောင်ဆုကို ရနိုင်ခြင်းငှာ ဗြီးကြလော့။
1CO 9:25 ပြိုင်ပွဲဝင်ခြင်းငှာ လေ့ကျင့်သော အားကစားသမားတိုင်းသည် တင်းကြပ်သော စည်းကမ်းများကို လိုက်နာရ၏။ ထိုသို့ လေ့ကျင့်ရသည့် အကြောင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းငှာ ပြုကြခြင်း ဖြစ်ပေ၏။ ငါရို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရဟိခြင်းငှာ ပြုကြ၏။
1CO 9:26 ထို့ကြောင့် ငါသည် ပန်းဝင်ရာသို့ တည့်မတ်စွာ ဗြီး၏။ ငါသည် လက်ဝှေ့ထိုးသောအခါ လီကို ထိုးသတ်သော လက်ဝှေ့သမားတစ်ယောက်ကဲ့သို့ မဟုတ်။
1CO 9:27 ငါသည် သူတစ်ပါးအား ပြိုင်ပွဲဝင်ရန် ခေါ်ခပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲ၌ မယှုံးစီခြင်းငှာ ငါ၏ကိုယ်ခန္ဓာကို မာကြောအောင် ထိုးကြိတ်ခြင်းကိုခံ၍ လေ့ကျင့်လေ့ဟိ၏။
1CO 10:1 ညီအစ်ကိုရို့၊ မောသျှေ၏ နောက်သို့ လိုက်ကြသော ငါရို့ဘိုးဘေးတိ ဇာပိုင် ဖြစ်ပျက်တွိ့ကြုံခသည်ကို သတိရစီလို၏။ သူရို့သည် မိုးတိမ်၏ အကွယ်အကာဖြင့် ပင်လယ်နီကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခကြ၏။
1CO 10:2 သူရို့သည် မိုးတိမ်နှင့် ပင်လယ်ထဲတွင် မောသျှေ၏ တပည့်များအဖြစ် ဗတ္တိဇံမင်္ဂလာကို ခံယူကြ၏။
1CO 10:3 သူရို့အားလုံးသည် တူညီသော ဓမ္မမုန့်ကို စားကြရပြီး၊
1CO 10:4 တူသော ဓမ္မရီကိုလည်း သောက်ကြရ၏။ သူရို့နှင့်အတူ လိုက်လာကြသော ဓမ္မကျောက်မှ ရီကို သူရို့သည် သောက်သုံးကြ၏။ ထိုကျောက်ကား ခရစ်တော်ကိုယ်တိုင်ပင် ဖြစ်၏။
1CO 10:5 သို့သော် ထိုသူရို့အထဲမှ လူအများစုကို ဘုရားသခင် နှစ်သက်တော်မမူ။ ထို့ကြောင့် သူရို့၏ သီပြီးသော ခန္ဓာကိုယ်များသည် တောကန္တာရ၌ ပြန့်ကျဲနိန်၏။
1CO 10:6 ဤဖြစ်ပျက်သမျှသော အရားအားလုံးသည် ငါရို့အဖို့ ပုံဥပမာများ ဖြစ်၏။ ဤသည်ကား အဂုခါ ဆိုးညစ်သော ဆန္ဒအတိုင်း သူရို့ပြုလုပ်ခသကဲ့သို့ မပြုလုပ်စီခြင်းငှာ ငါရို့အား သတိပီးခြင်းပင် ဖြစ်၏။
1CO 10:7 ကျမ်းစာ၌လာသည်ကား “လူရို့သည် ထိုင်၍ စားသောက်ကြပြီးနောက် အသောက်ကြူးလျက် မြူးတူးပျော်ပါးကြ၏” ဟု လာသည်နှင့်အညီ ထိုသူရို့ထဲမှ လူတချို့ ပြုသကဲ့သို့ ရုပ်တုမကိုးကွယ်ကေ့။
1CO 10:8 ငါရို့သည် ထိုသူအချို့ပြုခသကဲ့သို့ မတရားသောမေထုန်မလိုက်စားကတ်ကေ့။ တစ်နိ့၌ သူရို့အတွင်းမှ လူ ၂၃,၀၀၀ ရို့သည် သီဆုံးကြ၏။
1CO 10:9 ငါရို့သည် ထိုသူအချို့ကဲ့သို့ သခင်ဘုရားအား မနှောင့်ယှက်ကတ်ကေ့။ နှောက်ယှက်သော သူရို့သည်ကား မြွီကိုက်၍ သီကျလားကြ၏။
1CO 10:10 သင်ရို့သည် အချို့သော ထိုသူရို့ကဲ့သို့ မငြီးတွားကတ်ကေ့။ သူရို့သည် သီမင်းတမန်၏ လက်ချက်ဖြင့် ဆုံးပါးပျက်စီးရကြ၏။
1CO 10:11 ထိုသူရို့၌ ဤဖြစ်ပျက်သောအရာများသည် တခြားသူရို့အဖို့ ပုံဥပမာ ဖြစ်စီခြင်းငှာပင် ဖြစ်၏။ ကပ်ကာလအဆုံးသောအချိန်၌ အသက်ရှင်ရနိန်ကြ သောသူရို့ဖြစ်သည့်ငါရို့အား သတိပီးသောအားဖြင့် ထိုအကြောင်းအရာများကို ကျမ်းစာတော်၌ ရီးထားလျက်ဟိ၏။
1CO 10:12 သင်သည် ခိုင်ခံ့စွာရပ်တည်လျက် နိန်သည်ဟု ထင်လျှင် မယိုင်မလဲစီခြင်းငှာ ကောင်းစွာသတိပြုလော။
1CO 10:13 သင်ရို့တွိ့ကြုံရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် လူ၌ဖြစ်တတ်သော သာမန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရားသခင်သည် ကတိတည်တော်မူသော အသျှင်ဖြစ်တော်မူသဖြင့် သင်ရို့အား မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ခံစီတော်မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်၌ ခံနိုင်သောခွန်အားကို ပီးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရာလမ်းကိုလည်း ပီးတော်လိမ့်မည်။
1CO 10:14 ထို့ကြောင့် ချစ်စွာသောညီအစ်ကိုရို့၊ ရုပ်တုကိုးကွယ်ခြင်းမှ ယှောင်ကြဉ်ကြလော့။
1CO 10:15 ငါသည် သင်ရို့အား အသိအလိမ္မာ ဟိသောသူရို့ကဲ့သို့ ပြောနိန်ခြင်းဖြစ်၏။ ငါစကားကို သင်ရို့ကိုယ်တိုင် စဉ်းစားဆင်ခြင်ကြလော့။
1CO 10:16 ငါရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍ ပွဲတော်ခွက်ဖလားမှ စပျစ်ရည်ကို သောက်ကြသောအခါ ခရစ်တော်၏ အသွီးတော်ကို ဝီငှခံယူ၍ သောက်ကြသည် မဟုတ်လော။ မုန့်ကို ချိုးဖဲ့၍ စားသောအခါ၌လည်း ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို ဝီငှခံယူ၍ စားကြသည် မဟုတ်လော။
1CO 10:17 အကြောင်းမူကား၊ မုန့်သည် တစ်လုံးတည်းဟိသည်ဖြစ်၍၊ ထိုမုန့်တစ်လုံးတည်းကို ဝီငှ၍ သုံးဆောင်ကြသောကြောင့် ငါရို့သည် အရီအတွက်အားဖြင့် များသော်လည်း ခန္ဓာကိုယ် တစ်ကိုယ်တည်းသာ ဖြစ်ကြ၏။
1CO 10:18 ဣသရေလလူရို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ သူရို့သည် ပီးလှူထားသော ယဇ်ကောင်၏အသားကို ဝီငှ၍ စားကြသဖြင့် ယဇ်ပလ္လင်၌ ပူဇော်ခြင်းတွင် ပါဝင်ကြ၏။
1CO 10:19 ထိုသို့ဆိုသော် ငါသည် ရုပ်တု၊ သို့မဟုတ် ရုပ်တုအား ပူဇော်သော အစားအစာသည် အရေးပါသောအရာ တချို့ဟိသည်ဟု ဆိုလိုသလော။
1CO 10:20 ထိုသို့ ငါ မဆိုလို။ ဘုရားသခင်အား မကိုးကွယ်သောသူရို့၏ ပူဇော်သောယဇ်သည် နတ်ဆိုးများကို ပူဇော်သောယဇ်သာလျှင် ဖြစ်ပြီး၊ ဘုရားသခင်အား ပူဇော်သောယဇ် မဟုတ်ကြောင်းကိုသာလျှင် ဆိုလို၏။ ငါသည် သင်ရို့အား နတ်ဆိုးများနှင့် ဆက်ဆံခြင်း မဟိစီလို။
1CO 10:21 သင်ရို့သည် သခင်ဘုရား၏ခွက်ဖလားကို သော်လည်းကောင်း၊ နတ်ဆိုးရို့၏ ခွက်ဖလားကို သော်လည်းကောင်း မသောက်နိုင်။ သခင်ဘုရား၏စားပွဲနှင့် နတ်ဆိုးများ၏စားပွဲ နှစ်ခုလုံး၌ မစားနိုင်။
1CO 10:22 ငါရို့သည် သခင်ဘုရားအား အမျက်တော်ကို ထွက်စီလိုကြသလော။ ငါရို့သည် သခင်ဘုရားထက် ပို၍တန်ခိုးကြီးကြသလော။
1CO 10:23 “ငါရို့၌ ဇာအမှုကိုမဆို ပြုနိုင်ခွင့်ဟိ၏” ဟု သူရို့ဆိုကြသည်အတိုင်း မှန်သော်လည်း အရာခပ်သိမ်းသည် ကောင်းမွန်သည် မဟုတ်။ “ငါရို့တွင် ဇာအမှုကိုမဆို ပြုပိုင်ခွင့်ဟိ၏” ဟု ဆိုသော်လည်း အရာခပ်သိမ်းသည် ငါရို့၏ အကျိုးကို ပြုစုပီးသည် မဟုတ်။
1CO 10:24 ဇာသူမျှ ကိုယ်ကျိုးကို မရှာစီကေ့။ သူတစ်ပါး၏ အကျိုးကိုသာလျှင် ရှာစီ။
1CO 10:25 သင်ရို့၏ သြတ္တပ္ပစိတ်ကိုထောက်၍ ဈီး၌ရောင်းသမျှကို မစစ်ကြောမမိန်းမြန်းဘဲ ဝယ်၍ စားကြလော့။
1CO 10:26 အကြောင်းမူကား၊ “ဤမြီကြီးနှင့်တကွ မြီကြီးထက်တွင် ဟိသမျှသောအရာများကို သခင်ဘုရားသည် ပိုင်တော်မူ၏” ဟု ကျမ်းစာတော်၌ လာ၏။
1CO 10:27 မယုံကြည်သော သူတစ်ယောက်သည် သင်ရို့အား ဧည့်ခံကျွေးမွေးခြင်းငှာ ခေါ်ဖိတ်လျှင် သင်ရို့လားလိုက လားကြလော။ သင်ရို့၏ သြတ္တပ္ပစိတ်ကိုထောက်၍ သင်ရို့ရှိ့၌ ချကျွေးသမျှတိကို မစစ်ကြောမမိန်းမြန်းဘဲ စားလော့။
1CO 10:28 သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအား ယဇ်ပူဇော်သော အသားဖြစ်၏” ဟု ဆိုလျှင် ထိုသို့ ပြောသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုထောက်၍ လည်းကောင်း ထိုအသားကို မစားကတ်ကေ့။
1CO 10:29 သြတ္တပ္ပစိတ်ဆိုရာ၌ သင်ရို့၏ စိတ်ကို မဆိုလို။ တစ်ပါးသူ၏ စိတ်ကို ဆိုလို၏။ အကြောင်းမူကား “ငါ၏လွတ်လပ်မှုကို ဇာကြောင့် သူတစ်ပါး၏ သြတ္တပ္ပစိတ်ဖြင့် ကန့်သန့်ထားရပါမည်နည်း။
1CO 10:30 အကယ်၍ ငါသည် အစားအစာအဖို့ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီး သုံးဆောင်သော အစားအစာနှင့်ပတ်သက်၍ သူတစ်ပါးက အကျွန့်ကို ဇာကြောင့် ဝေဖန်ရပါမည်နည်း။”
1CO 10:31 သင်ရို့သည် စားသည်ဖြစ်စီ၊ သောက်သည် ဖြစ်စီ၊ ဇာအမှုအရာကို ပြုသည်ဖြစ်စီ ဘုရားသခင်၏ ဘုန်းတော်အဖို့ ပြုကြလော့။
1CO 10:32 ယုဒလူတိအတွက် ဖြစ်စီ၊ တခြားလူမျိုးတိအတွက် ဖြစ်စီ၊ ဘုရားသခင်၏ အသင်းတော်တိအတွက် ဖြစ်စီ ကဲ့ရဲ့စရာအကြောင်း မဖြစ်စီခြင်းငှာ နီထိုင်ကြလော့ —
1CO 10:33 သင်ရို့သည်လည်း ငါပြုသကဲ့သို့ ပြုကြလော့။ ငါသည် လူတိ ကယ်တင်ခံရမည့်အကြောင်း၊ ပြုသမျှသော အမှုတိတွင် ကိုယ်ကျိုးကိုမရှာဘဲ လူတိအကျိုးကို ငဲ့၍ သူရို့နှစ်သက်အောင် ပြု၏။
1CO 11:1 သို့ဖြစ်၍ ငါသည် ခရစ်တော်ထံမှ နည်းခံသကဲ့သို့ သင်ရို့သည်လည်း ငါ့ထံ၌ နည်းခံကြလော့။
1CO 11:2 သင်ရို့သည် ငါ့ကို အစဉ်အောက်မိ့သတိရ၍ ငါပီးအပ်ခသော သွန်သင်ချက်အတိုင်း လိုက်နာကြသောကြောင့် သင်ရို့ကို ငါချီးကျူး၏။
1CO 11:3 သို့သော် လင်ယောကျ်ား၏ဂေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မယား၏ဂေါင်းကား လင်ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ဂေါင်းကား ဘုရားသခင်ဖြစ်သည်ကိုလည်းကောင်း သင်ရို့အား သိစီလို၏။
1CO 11:4 ထို့ကြောင့် ယောက်ျားသည် ဆုတောင်းခြင်းကို ပြုသော်လည်းကောင်း၊ လူထုဝတ်ပြုအစည်းအဝေး၌ ဘုရားသခင်၏ သတင်းစကားကို ဟောပြောသောအခါ၌ သော်လည်းကောင်း မိမိ၏ဦးဂေါင်းကို ဖုံးအုပ်၍ ပြုလျှင် ထိုသူသည် ခရစ်တော်၏ အသရေတော်ကို ရှုတ်ချသောသူဖြစ်၏။
1CO 11:5 ထိုနည်းတူ မိန်းမသည် လူထုဝတ်ပြုစည်းဝေးခြင်းတွင် မိမိ၏ဦးဂေါင်းကို မဖုံးမအုပ်ဘဲ ဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ ဘုရားသခင်၏ သတင်းစကားကို ဟောပြောသော အခါ၌သော်လည်းကောင်း မိမိလင်ယောကျ်ား၏ အသရေကို ရှုတ်ချသောသူဖြစ်၍ သူမသည် ဂတုံးရိတ်ထားသော မိန်းမနှင့် မခြားနားပေ။
1CO 11:6 မိမိ၏ဦးဂေါင်းကို မဖုံးအုပ်ဘဲ ထားသောမိန်းမသည် မိမိ၏ဆံပင်ကို ဖြတ်ထားလျှင် သာ၍ကောင်း၏။ ဆံပင်ဖြတ်ခြင်း၊ ဂတုံးရိတ်ခြင်းရို့သည် မိန်းမတစ်ယောက်အဖို့ ရှက်ဖွယ်ကောင်းသော အရာများဖြစ်သောကြောင့် သူမသည် မိမိ၏ဦးဂေါင်းကို ဖုံးအုပ်စီ။
1CO 11:7 ယောက်ျားမူကား မိမိ၏ ဦးဂေါင်းကို ဖုံးအုပ်ရန် မသင့်ပေ။ အကြောင်းမူကား သူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ဘုန်းတန်ခိုးတော်ပင် ဖြစ်သတည်း။ မိန်းမသည်ကား ယောက်ျား၏ ဘုန်းဖြစ်၏။
1CO 11:8 ယောက်ျားသည် မိန်းမပါးမှ ဖန်ဆင်းထားသောသူ မဟုတ်။ မိန်းမသည်သာလျှင် ယောက်ျားပါးမှ ဖန်ဆင်းထားသောသူ ဖြစ်၏။
1CO 11:9 ယောက်ျားကို မိန်းမအဖို့ ဖန်ဆင်းထားတော်မူသည် မဟုတ်။ မိန်းမကိုသာလျှင် ယောက်ျားအဖို့ ဖန်ဆင်းထားတော်မူ၏။
1CO 11:10 သို့ဖြစ်၍ ကောင်းကင်တမန်တိကို ထောက်သောအားဖြင့် မိန်းမကား မိမိသည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံကြောင်းဖော်ပြရန် မိမိ၏ဦးဂေါင်းကို အုပ်ထားသင့်၏။
1CO 11:11 သို့ရာတွင် သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ မဖြစ်သည့်နည်းတူ၊ မိန်းမ မပါဘဲ ယောက်ျားဖြစ်သည် မဟုတ်ပေ။
1CO 11:12 မိန်းမသည် ယောက်ျားမှ ဖန်ဆင်းသကဲ့သို့ ယောက်ျားသည်လည်း မိန်းမမှ မွီးဖွားခြင်းကို ခံယူသော သူဖြစ်၏။ ထိုနည်းတူ၊ အရာခပ်သိမ်းရို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်လာပေ၏။
1CO 11:13 မိန်းမသည် မိမိ၏ဦးဂေါင်းကို မဖုံးမအုပ်ဘဲ ဝတ်ပြုစည်းဝေးခြင်းတွင် ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုခြင်းငှာ ပြုသင့်သည် မပြုသင့်သည်ကို သင်ရို့ကိုယ်တိုင် စဉ်းစားဆင်ခြင် ကြလော့။
1CO 11:14 ဆံပင်ရှည်သည့်ယောက်ျားသည် ရှက်ဖွယ်ဖြစ်သည်ဟု သဘာဝတရားက သင်ရို့အား သွန်သင်ပီးသည် မဟုတ်ပါလော။
1CO 11:15 သို့သော် ဆံပင်ရှည်သော မိန်းမမူကား ထိုဆံပင်သည် သူမ၏ ဘုန်းဖြစ်၏။ ထိုရှည်သောဆံပင်သည် မိန်းမအဖို့ ခြုံစရာအဖြစ် ပီးထားခြင်းဖြစ်၏။
1CO 11:16 သို့သော် ဤကိစ္စနှင့်ပတ်သက်၍ ငြင်းခုံလိုသောသူအား ငါရို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌ လည်းကောင်း ဝတ်ပြုကိုးကွယ်သောအခါ ယင်းသို့ ဂေါင်းဖုံးအုပ်သည့်ထုံးစံမှတစ်ပါး အခြားသောထုံးစံ မဟိကြောင်းကို ငါဖြေဆိုအံ့။
1CO 11:17 သို့ရာတွင် ဤညွှန်ကြားချက်များကို ပီးရာ၌ သင်ရို့အား ငါမချီးမွမ်း။ အကြောင်းမူကား သင်ရို့၏ဝတ်ပြုစည်းဝေးခြင်းများသည် ကောင်းကျိုးဟိသောအရာထက် ဆိုးကျိုးဟိသောအရာကိုသာ ပို၍လုပ်နိန်၏။
1CO 11:18 ပထမအကြောင်းအရာမူကား၊ သင်ရို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ စိတ်ဝမ်းကွဲပြားမှုများ ဟိကြောင်းကို ငါ ကြားသိရ၏။ ကြားသိရသည်အတိုင်း တချို့တစ်ဝက်မှန်၏။
1CO 11:19 သင်ရို့၌ စိတ်ဝမ်းကွဲပြားမှု ဟိရမည်။ ထိုသို့ ဟိမှသာလျှင် မှန်သောဘက်၌ ဟိသောသူတိကို ပေါ်လွင်ထင်ရှားမည်။
1CO 11:20 သင်ရို့သည် စုရုံးကြသောအခါ သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝင်ခြင်း မဟုတ်ဘဲ စားသောက်ဖို့ငှာ လာကြ၏။
1CO 11:21 အကြောင်းမူကား သင်ရို့စားကြသောအခါ သင်ရို့တစ်ဦးချင်းစီက မိမိအစာကို အယင်စားကြသဖြင့်၊ သီရည်သောက်သောသူက သောက်နိန်စဉ် ဆာလောင်သူက ဆာလောင်၍ ဟိနိန်ကြ၏။
1CO 11:22 သင်ရို့စားသောက်ခြင်းငှာ သင်ရို့၌ အိမ်မဟိကြသလော။ ထိုသို့မဟုတ် ဘုရားသခင်၏ အသင်းတော်ကို ရှုတ်ချ၍ ဇာတစ်ခုမျှ မဟိသောသူကို အရှက်ရစီလိုသလော။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်ရို့ကို ငါ ဇာပိုင်ပြောရမည်နည်း။ သင်ရို့အား ချီးကျူးရမည်လော။ အကယ်စင်စစ် ငါ မချီးကျူး။
1CO 11:23 အကြောင်းမူကား သင်ရို့အား ငါပီးအပ်မည့် သွန်သင်ချက်ကို သခင်ဘုရားထံတော်မှ ငါရဟိခြင်းဖြစ်၏။ ထိုအရာကား၊ အသျှင်ယေသျှုသည် ရန်သူ့လက်သို့ အပ်နှံခြင်းကို ခံတော်မူသည့် ည၌ မုန့်ကိုယူ၍၊
1CO 11:24 ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် မုန့်ကို ဖဲ့တော်မူလျက် “ဤမုန့်ကား သင်ရို့အဖို့ စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့သတိရခြင်းငှာ ဤသို့ ပြုကြလော့” ဟု မိန့်တော်မူ၏။
1CO 11:25 ထိုနည်းတူ၊ ညစာစားပြီးနောက် စပျစ်ရည်ခွက်ကို ယူလျက် “ဤ ခွက်ကား ငါ၏သွီးဖြင့် တံဆိပ်ခတ်သော ဘုရားသခင်၏ ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း ငါ့ကို သတိရအောက်မိ့ခြင်းငှာ သောက်ကြလော့” ဟု မိန့်တော်မူ၏။
1CO 11:26 သင်ရို့သည် ထိုမုန့်ကို စား၍ ထိုခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း သခင်ဘုရား အသီခံတော်မူကြောင်းကို ကိုယ်တော် ကြွလာတော်မူချိန်ထိတိုင် ကြေညာကြ၏။
1CO 11:27 သို့ဖြစ်၍ မရိုမသီဘဲ သခင်ဘုရား၏မုန့်ကို စား၍ ကိုယ်တော်၏ခွက်ဖလားမှ စပျစ်ရည်ကို သောက်၏။ ထိုသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွီးတော်ကို ပြစ်မှားရာရောက်၏။
1CO 11:28 ထို့ကြောင့် လူတိုင်းမိမိကိုယ်ကို စစ်ဆီးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်စီလော့။
1CO 11:29 မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ ကိုယ်ခန္ဓာကို ပိုင်းခြား၍ နားမလည်သောသူသည် မိမိ၌ အပြစ်ဒဏ်ကျရောက်စီခြင်းငှာ စားသောက်သောသူဖြစ်၏။
1CO 11:30 ထို့ကြောင့် သင်ရို့အထဲ၌ အားနည်းသောသူနှင့် မကျန်းမာသောသူ အများဟိပြီး သီသောသူများလည်း ဟိကြ၏။
1CO 11:31 ငါရို့သည် ကိုယ့်ကိုယ်ကို အယင်ဦးစွာ စစ်ဆီးကြမည်ဆိုလျှင် ဤသို့ ဘုရားသခင်၏ တရားစီရင်တော်မူခြင်းကို ခံရကြလိမ့်မည် မဟုတ်ပေ။
1CO 11:32 သို့သော် သခင်ဘုရားသည် ဤနည်းအားဖြင့် ငါရို့ကို တရားစီရင်တော်မူပြီး ဆုံးမတော်မူသည်မှာ ငါရို့အား ဤလောကသားများနှင့်အတူ တရားစီရင်ခြင်းကို မခံရစီရန်ဖြစ်၏။
1CO 11:33 ထို့ကြောင့် ညီအစ်ကို မောင်နှမရို့၊ သခင်ဘုရား၏ ပွဲတော်မင်္ဂလာကို စားသောက်ရန် စုဝေးကြသောအခါ တစ်ယောက်ကို တစ်ယောက် စောင့်ဆိုင်းကြလော့။
1CO 11:34 သင်ရို့သည် စည်းဝေးကြသောအခါတွင် ဘုရားသခင်၏ ပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်စီခြင်းငှာ သင်ရို့ထဲမှ ဆာမွတ်သောသူသည် မိမိအိမ်၌ စားသောက်စီ။ အခြားသော ကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါ တဖန် ငါ ညွှန်ကြားမည်။
1CO 12:1 ညီအစ်ကို မောင်နှမရို့၊ ငါသည် သင်ရို့ မိန်းမြန်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးများနှင့် ပတ်သက်၍ အမှန်တရားကို သင်ရို့အား သိစီလို၏။
1CO 12:2 သင်ရို့သည် သာသနာပလူအဖြစ် ဟိနိန်စဉ်က အခြားသောသူများ၏ သွီးဆောင်ရာသို့ လိုက်ပါလမ်းလွဲကြပြီး အသက်မဲ့သော ရုပ်တုများအား ကိုးကွယ်ခကြကြောင်းကို သင်ရို့သိကြ၏။
1CO 12:3 ထို့ကြောင့် ငါသည် သင်ရို့ကို သိစီလိုသည်မှာ ဇာသူမျှ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြောဆိုခြင်းအားဖြင့် “ယေသျှုကို မကျိန်ဆဲနိုင်” သည်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ လမ်းပြမှုမပါလျှင် “ယေသျှုသည် သခင်ဘုရား ဖြစ်ပါသည်” ဟု ဇာသူမျှ ဝန်မခံနိုင်ကြောင်းကိုလည်းကောင်း သင်ရို့အား သိစီလို၏။
1CO 12:4 ဝိညာဉ်ဆုကျေးဇူးကား အမျိုးမျိုးဟိ၏။ သို့သော် ထိုဆုကျေးဇူးများကို ပီးတော်မူသော ဝိညာဉ်တော်သည် တစ်ပါးတည်းသာ ဟိတော်မူ၏။
1CO 12:5 အမှုတော်ဆောင်ရန် နည်းအမျိုးမျိုးဟိသော်လည်း၊ အသျှင် တစ်ပါးတည်းသာ ဟိ၏။
1CO 12:6 အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုးဟိသော်လည်း လူအသီးသီး၌ ဟိသောစွမ်းရည်များကို ပီးတော်မူသော ဘုရားသခင် တစ်ပါးတည်းသာဟိ၏။
1CO 12:7 လူအသီးသီးရို့ကို ကောင်းကျိုးဖြစ်စီခြင်းငှာ ဝိညာဉ်တော်က နည်းလမ်းတချို့ကို ပီးတော်မူ၏။
1CO 12:8 ဝိညာဉ်တော်သည် လူတစ်ယောက်အား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ယောက်အား အသိပညာစကား ကိုလည်းကောင်း ပီးတော်မူ၏။
1CO 12:9 ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းပါရမီကိုလည်းကောင်း၊ တစ်ယောက်သောသူအား အနာရောဂါ ပျောက်ကင်းစီနိုင်သော တန်ခိုးများကိုလည်းကောင်း ပီးတော်မူ၏။
1CO 12:10 ထိုဝိညာဉ်တော်သည် တစ်ယောက်သောသူအား နိမိတ်လက္ခဏာများ ပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်ကို ပိုင်းခြားသိနိုင်သော ဉာဏ်ပညာကိုလည်းကောင်း ပီးတော်မူ၏။ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုအမျိုးမျိုးသော ဘာသာစကားကို အနက်ပြန်ဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း ပီးတော်မူ၏။
1CO 12:11 သို့ရာတွင် လူအသီးသီးအား တန်ခိုးစွမ်းရည် အားလုံးကို ပီးတော်မူသော ဝိညာဉ်တော် တစ်ပါးတည်းသာ ဟိ၏။ ထိုဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း လူတစ်ဦးစီအား ခြားနားသော ဆုကျေးဇူးတစ်ခုစီကို ချပီးတော်မူ၏။
1CO 12:12 ခရစ်တော်သည် အင်္ဂါအစိတ်အပိုင်းများစွာဟိသော ကိုယ်ခန္ဓာတစ်ခုနှင့်တူ၏။ ကိုယ်ခန္ဓာသည် တစ်ခုတည်းသာဖြစ်သော်လည်း၊ မတူညီသော အင်္ဂါအစိတ်အပိုင်းများစွာ ဟိ၏။
1CO 12:13 ထိုနည်းတူ ငါရို့အားလုံးသည် ယုဒလူမျိုးဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ကျွန်ဖြစ်စီ၊ လွတ်လပ်သော သူဖြစ်စီ၊ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲ၌ ဗတ္တိဇံခံယူကြ၏။ ငါရို့ဟိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်း၌ သောက်ကြရ၏။
1CO 12:14 ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း တစ်ခုတည်းသာ ဟိသည် မဟုတ်၊ အများပင်ဟိပေ၏။
1CO 12:15 ခြီက၊ “ငါသည် လက် မဟုတ်သဖြင့် ကိုယ်ခန္ဓာနှင့် မစပ်ဆိုင်” ဟု ဆိုကေတောင်မှ၊ ခြီသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းပင် ဖြစ်၏။
1CO 12:16 ထိုနည်းတူ နားကလည်း “ငါသည် မျက်စိမဟုတ်သဖြင့် ကိုယ်ခန္ဓာနှင့်မစပ်ဆိုင်” ဟု ဆိုကေတောင်မှ၊ နားသည်လည်း ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းပင် ဖြစ်၏။
1CO 12:17 ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိသာဖြစ်ပါလျှင်၊ ဇာပိုင်ကြားနိုင်ပါမည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံး၌ နားသာဖြစ်လျှင်၊ ဇာပိုင်အနံ့ရနိုင်ပါမည်နည်း။
1CO 12:18 ထို့ကြောင့် ဘုရားသခင်သည် အလိုတော်ဟိသည်အတိုင်း ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း အသီးသီးများအား သူ့နီရာနှင့်သူ ဟိစီတော်မူ၏။
1CO 12:19 အင်္ဂါအစိတ်အပိုင်းများသည် အင်္ဂါတစ်ခုတည်းသာ ဖြစ်ခလျှင်၊ ကိုယ်ခန္ဓာဟူ၍ ဖြစ်လာနိုင်မည် မဟုတ်။
1CO 12:20 ထို့ကြောင့် အင်္ဂါအစိတ်အပိုင်းများစွာ ဟိသော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းသာလျှင် ဟိသတည်း။
1CO 12:21 ထို့ကြောင့် မျက်စိသည် လက်အား “သင့်ကို ငါ အလိုမဟိ” ဟု မဆိုနိုင် သကဲ့သို့ ဦးဂေါင်းကလည်း ခြီအား “သင့်ကို ငါ အလိုမဟိ” ဟု မဆိုနိုင်။
1CO 12:22 ကိုယ်ခန္ဓာ၌ အားနည်းဟန်ဟိသော ကိုယ်အင်္ဂါများသည်လည်း ငါရို့၌ မဟိ၍မဖြစ်နိုင်ပေ။
1CO 12:23 တန်ဖိုးမဟိဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများကို ငါရို့သည် သာ၍ ဂရုစိုက်ကြရ၏။ တင့်တယ်ခြင်းမဟိသော အင်္ဂါအစိတ်အပိုင်းများကို သာ၍တင့်တယ်စီရန် ပြုပြင်မွမ်းမံကြရ၏။
1CO 12:24 လှပပြီးဖြစ်သော အင်္ဂါအစိတ်အပိုင်းများကိုမူ သာ၍ မွမ်းမံရန် မလို။ အသရေမဟိသော အင်္ဂါအစိတ်အပိုင်းကို ပို၍ အသရေဟိစီခြင်းငှာ ဘုရားသခင်ကိုယ်တော်တိုင် ကိုယ်ခန္ဓာ၌ ထားတော်မူ၏။
1CO 12:25 ထို့ကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စိတ်ဝမ်းကွဲပြားခြင်းမဟိဘဲ၊ မတူညီသော အင်္ဂါအသီးသီးရို့သည် တစ်ခု၏အကျိုးကို တစ်ခုက ပြုစုလျက်ဟိပေ၏။
1CO 12:26 အကယ်၍ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင်၊ အခြားအစိတ်အပိုင်းများသည်လည်း ထိုအင်္ဂါနှင့်အတူ ခံစားရကြ၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမွမ်းခြင်းခံရလျှင်၊ အခြားအစိတ်အပိုင်းများသည်လည်း အတူဝမ်းမြောက်ရကြ၏။
1CO 12:27 သင်ရို့အပေါင်းသည် ခရစ်တော်၏ ကိုယ်ခန္ဓာတော်ဖြစ်၏။ သင်ရို့အသီးသီးသည်လည်း ထိုကိုယ်ခန္ဓာတော်၏ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်၏။
1CO 12:28 ဘုရားသခင်သည် တမန်တော်တိကို ပထမအရာ၌ လည်းကောင်း၊ ပရောဖက်တိကို ဒုတိယအရာ၌ လည်းကောင်း၊ သွန်သင်ပီးသော ဆရာတိကို တတိယအရာ၌ လည်းကောင်း၊ ထို့နောက် နိမိတ်လက္ခဏာပြသော သူတိကိုလည်းကောင်း၊ အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးကို ရဟိသောသူတိကိုလည်းကောင်း၊ သူတစ်ပါးအား ကူညီသောသူတိကိုလည်းကောင်း၊ စီစဉ်ညွှန်ကြားနိုင်စွမ်းဟိသောသူတိကိုလည်းကောင်း၊ အမျိုးမျိုးသော ဘာသာ စကားများကို ပြောနိုင်သောသူတိကိုလည်းကောင်း အသင်းတော်တွင် ခန့်ထားတော်မူ၏။
1CO 12:29 သူရို့အားလုံးသည် တမန်တော်တိ မဟုတ်။ သူရို့အားလုံးသည် ပရောဖက်တိလည်း မဟုတ်။ သူရို့အားလုံးသည် သွန်သင်ပြသော ဆရာတိလည်း မဟုတ်။ သူရို့အားလုံးသည် နိမိတ်လက္ခဏာပြနိုင်သော သူတိလည်း မဟုတ်။
1CO 12:30 သူရို့အားလုံးသည် အနာရောဂါများကို ပျောက်ကင်းစီနိုင်သောသူတိလည်း မဟုတ်။ သူရို့အားလုံးသည် အမျိုးမျိုးသောဘာသာစကားကို ပြောဆိုနိုင်သောသူ၊ အနက်ပြန်ဆိုနိုင်သောသူတိလည်း မဟုတ်။
1CO 12:31 သို့ဖြစ်၍ သင်ရို့သည် သာ၍ မြတ်သောဆုကျေးဇူးများကို အလွန်လိုချင်သော စိတ်ဟိကြလော့။ သို့ရာတွင် အမြတ်ဆုံးသော လမ်းကို ငါဖော်ပြမည်။
1CO 13:1 ငါသည် လူ့ဘာသာစကားများနှင့် ကောင်းကင်တမန် ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမဟိလျှင် ငါ၏စကားသည် ဆူညံသော မောင်းကဲ့သို့ လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။
1CO 13:2 ငါသည် ပရောဖက်ပြုနိုင်သော ဆုကျေးဇူးကို ရ၍ နက်နဲသောအရာ ဟိသမျှကို နားလည်သိကျွမ်းခြင်း အတတ်ပညာကို တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှိ့နိုင်သော ယုံကြည်ခြင်းဟိသော်လည်းကောင်း မေတ္တာမဟိလျှင် အချည်းနှီးပင်ဖြစ်၏။
1CO 13:3 ငါ၏ဥစ္စာဟိသမျှကို ဆင်းရဲသားရို့အား ပီးကမ်းစွန့်ကြဲပြီး ငါ၏ကိုယ်ခန္ဓာကို မီးဖြင့် ပူဇော်သော်လည်း မေတ္တာမဟိလျှင် ငါ၌ အကျိုးမဟိ။
1CO 13:4 မေတ္တာသည် သည်းခံတတ်၏။ သနားကြင်နာတတ်၏။ မေတ္တာသည် မနာလိုစိတ်မဟိ။ ကြွားဝါမှု မဟိ။ မာန်မာန မဟိ။
1CO 13:5 မလျောက်ပတ်သော အမှုကို မပြုတတ်။ တစ်ကိုယ်ကောင်းဆန်သောစိတ် မဟိတတ်။ အမျက်ဒေါသ မထွက်တတ်။ သူတစ်ပါး၏အပြစ်ကို မှတ်၍မထားတတ်။
1CO 13:6 မကောင်းမှုဒုစရိုက်၌ မပျော်မွိ့တတ်၊ သို့သော် သမ္မာတရား၌သာ ဝမ်းမြောက်တတ်၏။
1CO 13:7 မေတ္တာသည် အစဉ်သဖြင့် ဖုံးအုပ်ပီးတတ်၏၊ ယုံကြည်တတ်၏၊ မျှော်လင့်တတ်၏၊ သည်းခံတတ်၏။
1CO 13:8 မေတ္တာသည် အမြဲတည်၏။ ပရောဖက်ပြုခြင်းသည်လည်း မတည်မြဲ။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်သည်လည်း ရပ်တန့်လိမ့်မည်။ အသိပညာလည်း ကွယ်ပျောက်လိမ့်မည်။
1CO 13:9 ငါရို့၏ အသိပညာဆုကျေးဇူးသည်လည်း မစုံလင်ဖြစ်ပြီး ပရောဖက်ဉာဏ်သည်လည်း မစုံမလင်သာ ဟိကြ၏။
1CO 13:10 သို့သော် စုံလင်ခြင်းသို့ ရောက်သောအခါ မစုံလင်သော အရာဟူသမျှရို့သည် ကွယ်ပျောက်လိမ့်မည်။
1CO 13:11 ငါသည် အသျှေဖြစ်စဉ်အခါက၊ အသျှေကဲ့သို့ စကားကို ပြော၏။ အသျှေကဲ့သို့ စဉ်းစားရ၏၊ အသျှေကဲ့သို့ ဆင်ခြင်တွီးတော၏။ အဂု ကြီးပြင်းလာသောအခါမူကား အသျှေ၏အလေ့များကို ငါသည် ပယ်ယှား၏။
1CO 13:12 အဂု ငါရို့သည် မှန်သားပြင်၌ မထင်မရီမြင်ရသော ပုံကဲ့သို့ တွိ့မြင်ရကြ၏။ ထိုအချိန်၌ကား မျက်ဝါးထင်ထင် တွိ့မြင်ရလိမ့်မည်။ အဂုအခါ ငါသည် မစုံမလင်စွာသိမြင်ရ၏။ ဘုရားသခင်သည် ငါ့ကို စုံလင်စွာ သိမြင်တော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာ သိမြင်ရလိမ့်မည်။
1CO 13:13 အဂုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတည်းဟူသော ဤသုံးပါးရို့သည် တည်တံ့လျက် ဟိ၏။ ဤသုံးပါးရို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
1CO 14:1 ထို့ကြောင့် သင်ရို့သည် မေတ္တာတရားအားဖြင့် ကြိုးစားအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ဘုရားသခင်ထံမှ လာသော သတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးကို အလွန်လိုချင်သောစိတ် ဟိကြလော့။
1CO 14:2 အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုသောသူသည် လူကို ပြောဆိုသည် မဟုတ်။ ဘုရားကိုသာ ပြောဆိုခြင်းဖြစ်၏။ အကြောင်းမူကား ထိုသူရို့၏စကားကို ဇာသူမျှ နားမလည်။ ထိုသူရို့သည် ဝိညာဉ်တော်တန်ခိုးဖြင့် ကွယ်ဝှက်ထားသော သမ္မာတရားများကို ပြောဆိုခြင်းဖြစ်၏။
1CO 14:3 သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသောသူသည်ကား တည်ဆောက်ခြင်း၊ အားပီးခြင်း၊ နှစ်သိမ့်ခြင်း ဖြစ်စီခြင်းငှာ လူတိကို ဟောပြော၏။
1CO 14:4 အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုသောသူရို့သည် မိမိရို့၏အကျိုးကို ပြုစု၏။ နှုတ်ကပတ်တရားတော်ကို ဟောပြောသော သူရို့မူကား အသင်းတော် တစ်ခုလုံး၏အကျိုးကို ပြုစု၏။
1CO 14:5 ငါသည် သင်ရို့အားလုံးကို အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုခြင်းငှာ အလိုဟိ သော်လည်း၊ ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးအား သာ၍ ရစီလို၏။ အသင်းတော်တစ်ခုလုံး၏ အကျိုးကို ပြုစုစီခြင်းငှာ အမျိုးမျိုးသော ဘာသာစကား၏ အနက်ကို ဖော်ပြနိုင်သောသူ မဟိဘဲ ထိုဘာသာစကားများဖြင့် ပြောဆိုသောသူထက် ဘုရားသခင်၏ သတင်းစကားကို ဟောပြောသောသူသည် သာ၍ တန်ဖိုးဟိ၏။
1CO 14:6 ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့ပါးသို့ လာ၍ အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုသော်လည်း ဘုရားသခင်၏ ဗျာဒိတ်တော်အားဖြင့် ဖြစ်စီ၊ အသိပညာအားဖြင့် ဖြစ်စီ၊ ပုရောဖက်ဟောပြောခြင်းအားဖြင့် ဖြစ်စီ၊ ဆုံးမသွန်သင်အားဖြင့် ဖြစ်စီ မဟောပြောလျှင် သင်ရို့၌ ဇာအကျိုးဟိမည်နည်း။
1CO 14:7 ပလွေ၊ စောင်းကောက်ကဲ့သို့သော အသက်မဲ့သော ဂီတတူရိယာများပင်လျှင် ပီပြင်သောတေးသံ မထွက်လျှင် ဇာသူသည် ထိုတူရိယာများ၏ တေးသွားကို သိနိုင်မည်နည်း။
1CO 14:8 တဖန်၊ တံပိုးခရာမှုတ်သံသည် ယှင်းလင်းပီပြင်ခြင်း မဟိလျှင် ဇာသူသည် စစ်တိုက်ခြင်းငှာ ပျင်ဆင်လိမ့်မည်နည်း။
1CO 14:9 ထိုနည်းတူ အမျိုးမျိုးသော ဘာသာစကားဖြင့် သင်ရို့ပြောသော စကား၏အနက်အဓိပ္ပာယ်သည် မယှင်းလင်းလျှင် ဇာသူသည် နားလည်နိုင်မည်နည်း။ သင်ရို့၏စကားများသည် လီထဲ၌ ပျောက်ကွယ်လားလိမ့်မည်။
1CO 14:10 ဤလောက၌ ဟိသမျှသော ဘာသာစကားအမျိုးမျိုး၌ အဓိပ္ပာယ်ကင်းမဲ့သော ဘာသာစကားဟူ၍ မဟိ။
1CO 14:11 သို့ရာတွင် ငါမသိသော ဘာသာစကားကို ပြောဆိုသောသူသည် ငါ့အဖို့ တခြားလူမျိုုးဖြစ်၏။ ငါသည်လည်း ထိုသူအဖို့ တခြားလူမျိုးဖြစ်ပေမည်။
1CO 14:12 သင်ရို့သည် ဝိညာဉ်တော်၏ ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက် အသင်းတော် တည်ဆောက်ခြင်းကို အထောက်အကူပြုခြင်းငှာ သာ၍ ကြိုးစားအားထုတ်ကြလော။
1CO 14:13 ထို့ကြောင့် အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောသောသူသည် မိမိပြောသည့်စကား၏ အဓိပ္ပာယ်ကို ဖော်ပြနိုင်သော တန်ခိုးစွမ်းရည်ကို ရဟိခြင်းငှာ ဆုတောင်းပတ္ထနာပြုရမည်။
1CO 14:14 ငါသည် အမျိုးမျိုးသော ဘာသာစကားဖြင့် ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏ စိတ်ဝိညာဉ်သည် ဆုတောင်းနိန်သော်လည်း ငါ၏စိတ်နှလုံး၌မူကား အကျိုးမဟိပေ။
1CO 14:15 ငါသည် ဇာသို့ ပြုရအံ့နည်း။ ငါသည် ငါ၏စိတ်ဝိညာဉ်နှင့် သော်လည်းကောင်း၊ စိတ်နှလုံးနှင့် သော်လည်းကောင်း ဆုတောင်းပတ္ထနာပြုမည်။ ငါ့၏စိတ်ဝိညာဉ်အားဖြင့် တေးခြင်းဆိုသည်သာမက အသိဉာဏ်အားဖြင့်လည်း သီဆိုမည်။
1CO 14:16 သင်ရို့သည် စိတ်ဝိညာဉ်အားဖြင့်သာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလျှင် ထိုစုဝေးခြင်း၌ နားမလည်သောသူရို့သည် သင်ရို့ပြောဆိုသော စကားများကို နားမလည်နိုင်သဖြင့် သင်ရို့၏ဆုတောင်းပတ္ထနာ၌ “အာမင်” ဟု ဇာပိုင် ဝန်ခံနိုင်မည်နည်း။
1CO 14:17 သင်ရို့၏ ကျေးဇူးတော်ချီးမွမ်းခြင်းသည် အလွန်ကောင်းသော်လည်း သူတစ်ပါးအဖို့ မည်သို့မျှ အကျိုးမဟိ။
1CO 14:18 ငါသည် အမျိုးမျိုးသော ဘာသာစကားကို သင်ရို့အားလုံးထက် ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။
1CO 14:19 သို့သော် အသင်းတော်ဝတ်ပြုခြင်း၌ အမျိုးမျိုးသော ဘာသာစကားများဖြင့် စကားအခွန်း အထောင်အသောင်းကို ပြောဆိုနိုင်ခြင်းထက် သူတစ်ပါးကို သွန်သင်ခြင်းငှာ နားလည်နိုင်သော စကားအခွန်း ငါးခွန်းကို ငါသာ၍ ပြောလို၏။
1CO 14:20 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် စဉ်းစားဆင်ခြင်မှု၌ အသျှေတိကဲ့သို့ မဖြစ်စီကတ်ကေ့။ ဆိုးညစ်သောအမှု၌ အသျှေတိကဲ့သို့ ဖြစ်ကြလော့။ သို့ရာတွင် သင်ရို့၏ စဉ်းစားဆင်ခြင်မှုတွင်ကား ရင့်ကျက်သောသူရို့ကဲ့သို့ ဖြစ်ကြလော့။
1CO 14:21 ကျမ်းစာလာသည်ကား၊ “ဤလူရို့အား အမျိုးမျိုးသော ဘာသာစကားများဖြင့် ငါပြောမည်။ တိုင်းတစ်ပါးသားရို့၏နှုတ်ဖြင့် ငါပြောမည်။ သို့သော်လည်း ဤလူရို့သည် ငါ့စကားကို နားထောင်ကြလိမ့်မည် မဟုတ်ဟု သခင်ဘုရားမိန့်တော်မူ၏” ဟူ၍ ဖြစ်၏။
1CO 14:22 ထို့ကြောင့် အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော ဆုကျေးဇူးသည် မယုံကြည်သောသူရို့၌ကား နိမိတ်လက္ခဏာဖြစ်ပြီး ယုံကြည်သောသူရို့၌ကား ထိုသို့ မဖြစ်။ ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိုင်သောဆုကျေးဇူးကား ယုံကြည်သောသူရို့၌ နိမိတ်လက္ခဏာဖြစ်၏။ မယုံကြည်သောသူရို့၌ကား ထိုသို့ မဖြစ်။
1CO 14:23 သို့ဖြစ်၍ အသင်းတော်၌ စုဝေးသော အသင်းဝင်သူတိုင်းသည် အမျိုးမျိုးသော ဘာသာစကားဖြင့် ဟောပြောနိန်စဉ် ထိုစကားကို နားမလည်သောသူ တချို့နှင့် မယုံကြည်သောသူ တချို့ ရောက်လာကြလျှင် သင်ရို့အား ရူးသွပ်သောများဖြစ်သည်ဟု ဆိုမည် မဟုတ်လော။
1CO 14:24 သို့သော် သင်ရို့သည် ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိန်စဉ် မယုံကြည်သောသူရို့၊ သို့မဟုတ် နားမလည်သောသူရို့သည် ရောက်လာလျှင် သူရို့ကြားရသော တရားစကားအားဖြင့် သူရို့၏ အပြစ်ကို နားလည်သဘောပေါက်လာကာ သူရို့ကို သူရို့ စီရင်လိမ့်မည်။
1CO 14:25 ထိုသူရို့၏ လျှို့ဝှက်သော စိတ်နှလုံးအကြံအစည်များသည် ထင်ရှားလာပြီး “ဘုရားသခင်သည် ဤအရပ်၌ သင်ရို့နှင့်အတူ ဧကန်အမှန် ဟိတော်မူပါသည်တကား” ဟု သူရို့သည် ထုတ်ဖော်ဝန်ခံလျက် ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်ကြလိမ့်မည်။
1CO 14:26 ညီအစ်ကိုမောင်နှမရို့၊ ငါဆိုသည်ကား ကိုးကွယ်ဝတ်ပြုခြင်းငှာ သင်ရို့ စုဝေးကြသောအခါ တစ်ယောက်သောသူက တေးဆိုခြင်း၊ တစ်ယောက်သောသူက သွန်သင်ခြင်း၊ တစ်ယောက်သောသူကား ဘုရားသခင်ထံမှ ဗျာဒိတ်တော်ကို ပြန်ကြားခြင်း၊ တစ်ယောက်သောသူက အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ တစ်ယောက်သောသူက ထိုဘာသာစကားများ၏ အနက်အဓိပ္ပာယ်ကို ဖော်ပြခြင်းတိပင် ဖြစ်၏။ သင်ရို့ဆောင်ရွက်သမျှသော အမှုအရာများသည် အသင်းတော်ကို တည်ဆောက်ခြင်းငှာ ဖြစ်ရမည်။
1CO 14:27 တစ်စုံတစ်ယောက်သောသူသည် အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောမည်ဆိုပါက နှစ်ယောက်ဖြစ်စီ၊ အများဆုံး သုံးယောက်ဖြစ်စီ တစ်ယောက်ပြီးမှ တစ်ယောက် ပြောစီပြီးလျှင် တစ်စုံတစ်ယောက်က အနက်ကို ပြန်ဆိုရမည်။
1CO 14:28 အကယ်၍ အနက်ပြန်သူမဟိလျှင် အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောဆိုသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနိန်၍ မိမိကိုယ်ကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ပြောစီ။
1CO 14:29 ဘုရားသခင်၏ သတင်းစကားကို ဟောပြောသောသူ နှစ်ဦးဖြစ်စီ၊ သုံးဦးဖြစ်စီ၊ ထိုသူရို့ ဟောပြောသမျှကို ကျန်သောသူရို့က ဆင်ခြင်သုံးသပ်ကြစီ။
1CO 14:30 သို့ရာတွင် ထိုင်နိန်သောသူများအထဲမှ တစ်ယောက်သည် ဘုရားသခင်ထံမှ ဗျာဒိတ်တော်ကို ခံရသည်ဆိုလျှင် ထိုဟောပြောနိန်သောသူသည် ရပ်နားစီ။
1CO 14:31 လူတိုင်း သင်ယူနိုင်ခြင်းငှာ လည်းကောင်း၊ တိုက်တွန်းခြင်းငှာ လည်းကောင်း သင်ရို့အားလုံးပင် တစ်ယောက်ပြီးတစ်ယောက် ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိုင်၏။
1CO 14:32 ထိုသတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးသည်လည်း ဟောပြောသောသူ၏ ထိန်းချုပ်မှုအောက်၌ ဟိရမည်။
1CO 14:33 အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား စည်းကမ်းမဲ့စွာ ပြုမူခြင်းကို အလိုတော်မဟိ။ သင့်တင့်လျောက်ပတ်မှုနှင့် ငြိမ်သက်မှုကို နှစ်သက်သောကြောင့်ဖြစ်၏။ ဘုရားသခင်လူရို့၏ အသင်းတော်အားလုံး၌၊
1CO 14:34 မိန်းမရို့သည် စည်းဝေးခြင်းများ၌ တိတ်ဆိတ်စွာနိန်ကြစီ။ သူရို့၌ စကားပြောခွင့် မဟိ။ ပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း မိန်းမရို့သည် အုပ်စိုးခြင်းကို ဝန်ခံရမည်။
1CO 14:35 သူရို့သည် တစ်စုံတစ်ခုသောအကြောင်းအရာကို သိလိုလျှင် အိမ်၌ မိမိရို့၏လင်ယောက်ျားများကို မိန်းမြန်းကြစီ။ မိန်းမတစ်ယောက်သည် အသင်းတော်၏အစည်းအဝေး၌ စကားပြောခြင်းသည် ရှက်ဖွယ်သောအမှုဖြစ်၏။
1CO 14:36 ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် သင်ရို့ပါးမှ ထွက်လာသလော။ သို့တည်းမဟုတ် နှုတ်ကပတ်တရားသည် သင်ရို့ထံသို့သာ ရောက်လာသလော။
1CO 14:37 မိမိကိုယ်ကို ဘုရားသခင်၏ သတင်းစကား ဟောပြောသောသူ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ဝိညာဉ်ဆုကျေးဇူး ရဟိသောသူဖြစ်သည်ဟူ၍ လည်းကောင်း ထင်မှတ်သောသူသည်ကား အဂု ငါရီးလိုက်သော စာသည် သခင်ဘုရား၏ ပညတ်ဖြစ်ကြောင်း သိမှတ်စီ။
1CO 14:38 သို့သော် ထိုသူသည် ဤအရာကို အသိအမှတ် မပြုလျှင် ထိုသူကိုလည်း အသိအမှတ် မပြုကတ်ကေ့။
1CO 14:39 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ဘုရားသခင်၏ သတင်းစကားကို ဟောပြောခြင်းငှာ လိုလားတောင့်တကြလော့။ သို့ရာတွင် အမျိုးမျိုးသော ဘာသာစကားများဖြင့် ပြောဆိုခြင်းကို မတားမြစ်ကတ်ကေ့။
1CO 14:40 ခပ်သိမ်းသောအမှုများကို အစီအစဉ်အတိုင်း လျောက်ပတ်စွာ လုပ်ဆောင်ကြလော့။
1CO 15:1 ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့အား ဟောပြောခသည့် သတင်းကောင်းတရားကို လက်ခံ၍ ယင်းအထက်၌ သင်ရို့၏ ယုံကြည်ခြင်းခိုင်မြဲစွာ ရပ်တည်လျက် ဟိကြောင်းကို အဂုတွင် ငါသည် သင်ရို့အား ပြန်၍ ငါ သတိပီးလို၏။
1CO 15:2 ထိုသတင်းကောင်းတရားကား သင်ရို့ကို ငါ ဟောပြောခသည့် သတင်းကောင်းတရားပင် ဖြစ်၏။ သင်ရို့သည် ထိုဧဝံဂေလိတရားကို စွဲမြဲစွာယုံကြည်လက်ခံသောကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ ထိုသို့ မဟုတ်လျှင် သင်ရို့ ယုံကြည်ခသည်မှာ အချည်းနှီးသက်သက် ဖြစ်၏။
1CO 15:3 ငါသည် ကိုယ်တိုင် ခံယူရဟိသည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်ရို့အား ပီးအပ်သည့် အကြောင်းမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၏၊
1CO 15:4 ကိုယ်တော်သည် သင်္ဂြိုဟ်ခြင်းကို ခံပြီးနောက် ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၏။
1CO 15:5 ကိုယ်တော်သည် ပေတရုအား ထင်ရှားပြပြီးမှ တမန်တော်တစ်ကျိပ်နှစ်ပါးရို့အား ထင်ရှားပြတော်မူ၏။
1CO 15:6 ထို့နောက် ကိုယ်တော်သည် မိမိ၏တပည့်တော် ၅၀၀ ကျော်ရို့အား တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏။ ထိုသူရို့အထဲမှ အချို့သည် သီလွန်ပြီးဖြစ်သော်လည်း၊ လူအများစုမှာ အဂုတိုင်အောင် အသက်ရှင်လျက် ဟိကြ၏။
1CO 15:7 ထို့နောက် ကိုယ်တော်သည် ယာကုပ်အား ထင်ရှားပြတော်မူပြီးမှ တမန်တော်အပေါင်းရို့ကိုလည်း ထင်ရှားပြတော်မူ၏။
1CO 15:8 နောက်ဆုံး၌ ကိုယ်တော်သည် လမစိ့ဘဲ မွီးသောသူ တစ်ယောက်ကဲ့သို့ ဖြစ်သော ငါ့ကိုလည်း ထင်ရှားပြတော်မူ၏။
1CO 15:9 ငါသည် တမန်တော်ရို့တွင် အငယ်ဆုံးသောသူဖြစ်၏။ ဘုရားသခင်၏ အသင်းတော်ကို နှိပ်စက်ညှဉ်းဆဲခသောသူ ဖြစ်သောကြောင့် တမန်တော်ဟူ၍ အခေါ်ခံခြင်းငှာ မထိုက်။
1CO 15:10 သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
1CO 15:11 သို့ဖြစ်၍ ငါဖြစ်စီ၊ ထိုသူရို့ဖြစ်စီ ဤအတိုင်း ဟောပြောကြ၏။ သင်ရို့သည်လည်း ဤအတိုင်းပင် ယုံကြည်ကြ၏။
1CO 15:12 ခရစ်တော်သည် သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်မူကြောင်းကို ငါရို့ဟောပြောလျက် ဟိသည်ဖြစ်၍ သင်ရို့ အထဲမှ တချို့သောသူရို့က သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းဟူ၍ မဟိဟု ဇာကြောင့် ပြောဆိုနိန်ကြသနည်း။
1CO 15:13 ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် ခရစ်တော်သည်လည်း သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခမည် မဟုတ်။
1CO 15:14 ခရစ်တော်သည် သီခြင်းတရားမှ ထမြောက်တော် မမူခလျှင် ငါရို့၏ဟောပြောခြင်းသည် အကျိုးမဟိ။ ထို့နည်းတူ သင်ရို့၏ယုံကြည်ခြင်းသည်လည်း အကျိုုးမဟိ။
1CO 15:15 ထိုမျှမက ငါရို့သည် ဘုရားသခင်၏အကြောင်းကို မှားယွင်းစွာ သက်သီခံသောသူတိသာ ဖြစ်ကြ၏။ ဇာကြောင့်ဆိုသော် ဘုရားသခင်သည် ခရစ်တော်ကို သီလွန်ရာမှ ရှင်ပြန်ထမြောက်စီတော်မူ၏ဟု ငါရို့ သက်သီခံနိန်သောကြောင့် ဖြစ်၏။ သို့သော် သီလွန်သောသူရို့ကို ထမြောက်စီတော်မမူလျှင် ကိုယ်တော်သည် ခရစ်တော်ကို ထမြောက်စီတော်မမူ။
1CO 15:16 အကြောင်းမူကား သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မမူ။
1CO 15:17 ခရစ်တော်သည် ရှင်ပြန်ထမြောက်တော်မမူလျှင် သင်ရို့၏ယုံကြည်ခြင်းသည် လွဲမှား၍ သင်ရို့သည်လည်း အပြစ်ဒုစရိုက်၌ပင် ဟိနိန်ကတ်သိမ့်၏။
1CO 15:18 ခရစ်တော်၌ အိပ်ပျော်သော သူရို့သည်လည်း ဆုံးယှုံးခြင်းသို့သာ ရောက်ကြပေမည်။
1CO 15:19 ခရစ်တော်၌ ငါရို့၏မျှော်လင့်ချက်သည် အဂုဘဝအဖို့သာ ဖြစ်လျှင်၊ ဤလောက၌ ငါရို့ထက် သနားစရာကောင်းသောသူဟူ၍ မဟိယာ။
1CO 15:20 သို့သော် ခရစ်တော်သည် သီခြင်းတရားမှ အမှန်စင်စစ် ရှင်ပြန်ထမြောက်တော်မူပြီး သီလွန်သောသူရို့၌ အဦးဆုံးသော အသီးဖြစ်တော်မူ၏။
1CO 15:21 ဇာကြောင့်ဆိုသော် တစ်ယောက်သောသူအားဖြင့် သီခြင်းတရားသည် ဝင်ရောက်လာသည့်နည်းတူ တစ်ယောက်သောသူအားဖြင့် သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းသည်လည်း ဝင်ရောက်လာ၏။
1CO 15:22 အကြောင်းမူကား လူအပေါင်းရို့သည် အာဒံ၌ သီဆုံးကြရ၏။ သို့သော် ခရစ်တော်၌ ထမြောက်ရကြလိမ့်မည်။
1CO 15:23 သို့ရာတွင် လူအသီးသီးရို့သည် အစဉ်အတိုင်းဖြင့် ရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်ကား ဦးစွာ ရှင်ပြန်ထမြောက်တော်မူ၏။ ခရစ်တော်နှင့်ဆိုင်သော သူရို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ရှင်ပြန်ထမြောက်ကြလိမ့်မည်။
1CO 15:24 ထို့နောက် ကပ်ကာလ ကုန်ဆုံးချိန် ရောက်လိမ့်မည်။ ထိုအခါ ခရစ်တော်သည် အလုံးစုံသော အုပ်စိုးခြင်းတိ၊ အခွင့်အာဏာတိနှင့် တန်ခိုးအာဏာတိကို ပယ်ဖျက်ပြီးနောက် နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ ပီးအပ်တော်မူလိမ့်မည်။
1CO 15:25 ခရစ်တော်သည် ရန်သူအပေါင်းကို မိမိ၏ခြီဖဝါးအောက်၌ ချထားတော်မူသည်အထိ အုပ်စိုးတော်မူရမည်။
1CO 15:26 နောက်ဆုံးရန်သူဖြစ်သော သီမင်းကိုပင် အောင်နိုင်လိမ့်မည်။
1CO 15:27 ကျမ်းစာ၌လာသည်ကား “ဘုရားသခင်သည် ခပ်သိမ်းသောအရာများကို ကိုယ်တော်၏ခြီဖဝါးအောက်သို့ ရောက်စီတော်မူ၏” ဟု လာသတည်း။ ထို “ခပ်သိမ်းသောအရာများ” ၌ ဘုရားသခင် မပါကြောင်း ထင်ရှား၏။ ဇာကြောင့်ဆိုသော် ခပ်သိမ်းသောအရာကို ခရစ်တော်၏ ခြီဖဝါးအောက်သို့ ရောက်စီတော်မူသော အသျှင်ကား ဘုရားသခင်ပင် ဖြစ်သောကြောင့်တည်း။
1CO 15:28 သို့ရာတွင် ခပ်သိမ်းသောအရာများကို ခရစ်တော်၏ အုပ်စိုးခြင်းအောက်၌ ချထားသောအခါ၊ သားတော်ဖြစ်သော ခရစ်တော်ကိုယ်တိုင်ပင် ခပ်သိမ်းသောအရာကို မိမိခြီဖဝါးတော်အောက်၌ ချထားတော်မူသော ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် ခမ်းသိမ်းသောအရာများကို ပြည့်ဝစုံလင်စွာ အုပ်စိုးတော်မူလိမ့်မည်။
1CO 15:29 အဂုတွင် ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် သီလွန်သော သူရို့ကိုယ်စား ဗတ္တိဇံမင်္ဂလာကို ခံယူသောသူရို့သည် ဇာကြောင့် ထိုသို့ ပြုကြသနည်း။ သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်း လုံးဝမဟိလျှင် သူရို့သည် သီလွန်သောသူရို့၏ကိုယ်စား ဇာကြောင့် ဗတ္တိဇံမင်္ဂလာကို ခံယူကြသနည်း။
1CO 15:30 ဇာကြောင့် ငါရို့ကိုယ်တိုင်ပင် ဘေးအန္တရာယ်နှင့် အချိန်တိုင်း ရင်ဆိုင်နိန်ရကြသနည်း။
1CO 15:31 ညီအစ်ကိုမောင်နှမရို့၊ ငါသည် နိ့တိုင်း သီခြင်းတရားနှင့် ရင်ဆိုင်နိန်ရသည်ဟု ငါရို့၏အသျှင် ခရစ်တော်ယေသျှု၌ ဟိသော သင်ရို့ကြောင့် ငါသည် အမှန်ပင် ဝါကြွားနိန်၏။
1CO 15:32 အကယ်၍ လူ့သဘောဖြင့်ဆိုလျှင် ငါသည် ဧဖက်မြို့တွင် “သားရဲ တိရစ္ဆာန်တိ” နှင့် တိုက်ခိုက်ခသော်လည်း ငါ့အဖို့ ဇာအကျိုး ဟိမည်နည်း။ သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် “နက်ဖြန်နိ့၌ ငါရို့သည် သီဆုံးလားမည်ဖြစ်သောကြောင့် စားကြ၊ သောက်ကြကုန်အံ့။”
1CO 15:33 အလွဲမယူကတ်ကေ့။ “အပေါင်းအသင်း မကောင်းလျှင် ကောင်းသောအကျင့်ပင် ပျက်စီးတတ်၏။”
1CO 15:34 အမြင်မှန် ရကြလော့။ ဒုစရိုက်အပြစ်ကို မပြုကတ်ကေ့။ အကြောင်းမူကား သင်ရို့ထဲမှ တချို့သောသူရို့သည် ဘုရားသခင်​နှင့်​ပတ်သက်၍ အသိဉာဏ်​ကင်းမဲ့​ကြ​၏။ ဤသို့ ငါဆိုရာ၌ သင်ရို့ကို အရှက်ရစီခြင်းငှာ ဖြစ်၏။
1CO 15:35 လူတစ်စုံတစ်ယောက်က “သီလွန်သောသူရို့သည် ဇာပိုင် ထမြောက်ကြမည်နည်း။ ဇာပိုင် ခန္ဓာမျိုးနှင့် ပေါ်လာမည်နည်း” ဟု မိန်းလိမ့်မည်။
1CO 15:36 အချင်းလူမိုက်၊ သင်သည် မျိုးစိ့တစ်စိ့ကို မြီ၌ စိုက်ပျိုးသောအခါ ထိုမျိုးစိ့သည် မပျက်စီးဘဲ အပင်မပေါက်တတ်။
1CO 15:37 သင်သည် မြီ၌ ဂျုံစပါးမျိုးစိ့ဖြစ်စီ၊ အခြားမျိုးစိ့ တစ်မျိုးမျိုးဖြစ်စီ စိုက်သောအခါ နောင်၌ ဖြစ်လာမည့်အပင်ကို စိုက်သည် မဟုတ်။ အစိ့ကိုသာ စိုက်တတ်၏။
1CO 15:38 ဘုရားသခင်သည် အလိုတော်ဟိသည်အတိုင်း ထိုမျိုးစိ့အား ကိုယ်ထည်ကို ပီးတော်မူ၏။ ကိုယ်တော်သည် မျိုးစိ့အသီးသီးအား သင့်လျှော်သော ပင်စည်ကို ပီးတော်မူ၏။
1CO 15:39 သက်ဟိသတ္တဝါအားလုံးရို့၏ အသားသည် တစ်မျိုးတည်း မဟုတ်။ လူ၏အသားသည် တစ်မျိုး၊ တိရစ္ဆာန်ရို့၏ အသားသည်ကား တစ်မျိုး၊ ငှက်တိကား တစ်မျိုး၊ ငါးတိမှာကား တစ်မျိုးဖြစ်၏။
1CO 15:40 ကောင်းကင်နှင့်ဆိုင်သော ခန္ဓာများဟိပြီး မြီကြီးနှင့်ဆိုင်သော ခန္ဓာများလည်း ဟိ၏။ ကောင်းကင်နှင့်ဆိုင်သော ခန္ဓာများ၏ ဂုဏ်အသရေကား တစ်မျိုး၊ မြီကြီးနှင့်ဆိုင်သော ခန္ဓာများ၏ ဂုဏ်အသရေကား တစ်မျိုးပင်ဖြစ်၏။
1CO 15:41 နီ၏ဂုဏ်အသရေကား တစ်မျိုး၊ လ၏ဂုဏ်အသရေသည်လည်း တစ်မျိုး၊ ကြယ်တာယာများ၏ ဂုဏ်အသရေသည်လည်း တစ်မျိုးပင်ဖြစ်၏။ ကြယ်တစ်လုံးနှင့် တစ်လုံး၏ ဂုဏ်အသရေသည် မတူကြပေ။
1CO 15:42 ထိုနည်းတူ သီလွန်သောသူရို့၏ ရှင်ပြန်ထမြောက်ခြင်းသည်လည်း ဤအတိုင်းပင်ဖြစ်၏။ ကိုယ်ခန္ဓာသည် မြီကြီး၌ စိုက်ပျိုးခြင်းကို ခံရသောအခါ ပုပ်ပျက်ခြင်းဟိ၏။ ရှင်ပြန်ထမြောက်သောအခါ၌ ပုပ်ပျက်ခြင်းနှင့် ကင်းလွတ်လိမ့်မည်။
1CO 15:43 စိုက်ပျိုးခြင်းကို ခံရသောအခါ ဂုဏ်အသရေပျက်၍၊ ရှင်ပြန်ထမြောက်သောအခါ၌ ဂုဏ်အသရေနှင့် ပြည့်စုံလိမ့်မည်။ စိုက်​သော​အ​ခါ အ​စွမ်း​မ​ဟိ။ ထ​မြောက်​သော​အ​ခါ တန်ခိုးနှင့် ပြည့်​စုံ၏။
1CO 15:44 စိုက်ပျိုးခြင်းကို ခံရသောအခါ ဇာတိခန္ဓာဖြစ်၏။ ရှင်ပြန်ထမြောက်သောအခါ၌ကား ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်။ ဇာတိခန္ဓာဟိသောကြောင့် ဝိညာဉ်ခန္ဓာလည်းဟိ၏။
1CO 15:45 ကျမ်းစာလာသည်ကား “ပထမလူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်လာ၏” ဟု လာ၏။ နောက်ဆုံးဖြစ်သော အာဒံသည်ကား အသက်ရှင်စီတတ်သော ဝိညာဉ်ဖြစ်၏။
1CO 15:46 ဝိညာဉ်ခန္ဓာသည် အယင်ဦးစွာ ဖြစ်လာသည် မဟုတ်။ ဇာတိခန္ဓာဖြစ်ပေါ်ပြီးမှ ဝိညာဉ်ခန္ဓာ ဖြစ်ပေါ်လာ၏။
1CO 15:47 ပထမလူအာဒံသည် မြီကြီးမှ ဖန်ဆင်းထားသောသူဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။
1CO 15:48 မြီကြီးသားရို့သည် မြီမှုန့်မှ ဖန်ဆင်းထားသောသူနှင့် တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သော လူရို့သည် ကောင်းကင်ဘုံမှ လာသောသူနှင့် တူကြ၏။
1CO 15:49 ငါရို့သည် မြီကြီးမှ ဖန်ဆင်းထားသူ၏ ပုံသဏ္ဌာန်၌ မွီးဖွားသကဲ့သို့ ကောင်းကင်ဘုံမှ ကြွလာတော်မူသော သူ၏ပုံသဏ္ဌာန်၌လည်း မွီးဖွားခြင်းကို ခံရကြလိမ့်မည်။
1CO 15:50 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အား ငါပြောလိုသည်မှာ လူ့အသွီးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွီခံ၍ မရနိုင်။ ပုပ်ပျက်တတ်သော အရာသည်လည်း မပုပ်မပျက်တတ်သော အဖြစ်ကို မခံမယူနိုင်။
1CO 15:51 နားထောင်ကြလော့။ နက်နဲသော အရာကို သင်ရို့အား ငါပြောဦးမည်။ ငါရို့အားလုံးသည် အိပ်ပျော်ကြရမည် မဟုတ်။
1CO 15:52 သို့သော် နောက်ဆုံး တံပိုးခရာမှုတ်သောအခါ မျက်စိတစ်မှိတ်လျှပ်တပြတ်၌ ပြောင်းလဲကြမည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ အိပ်ပျော်သောသူရို့သည် ရှင်ပြန်ထမြောက်ကြ၍ သီခြင်းတရားနှင့် အစဉ် ကင်းလွတ်ကြ လိမ့်မည်။ ငါရို့အားလုံးသည်လည်း ပြောင်းလဲကြမည်။
1CO 15:53 ဇာကြောင့်ဆိုသော် ပုပ်ပျက်တတ်သောအရာသည် မပုပ်မပျက်နိုင်သည့်အရာသို့ ပြောင်းလဲမည်။ သီဆုံးတတ်သောအရာသည် မသီဆုံးနိုင်သောအဖြစ်သို့ ပြောင်းလဲမည်။
1CO 15:54 ပုပ်ပျက်တတ်သောအရာသည် မပုပ်မပျက်နိုင်သော အရာသို့လည်းကောင်း၊ သီတတ်သောအရာသည် မသီနိုင်သော အရာသို့လည်းကောင်း ပြောင်းလဲသောအခါ “သီခြင်းတရားကို ဖျက်ဆီးပစ်ယာ။ သီခြင်းတရားကို အောင်လီယာ” ဟူသော ကျမ်းစကားသည် မှန်ကန်လာပေလိမ့်မည်။
1CO 15:55 “အို သီမင်း၊ သင်၏အောင်မြင်ခြင်းကား ဇာမှာနည်း။ အို သီမင်း၊ သင်၏အစွယ်ကား ဇာမှာနည်း။”
1CO 15:56 သီမင်း၏အစွယ်ကား ဒုစရိုက်အပြစ်ဖြစ်၏။ ဒုစရိုက်အပြစ်သည် ပညတ်တရားမှ တန်ခိုးကို ရဟိ၏။
1CO 15:57 သို့ရာတွင် ငါရို့၏ အသျှင်ယေသျှုခရစ်တော်အားဖြင့် ငါရို့အား သီခြင်းတရားနှင့် အပြစ်တရားကို အောင်နိုင်ရသောအခွင့်ကို ပီးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
1CO 15:58 ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော့။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။
1CO 16:1 ယုဒပြည်၌ဟိသော ဘုရားသခင်၏လူရို့အား ထောက်ပံ့ခြင်းငှာ အလှူငွီများနှင့် ပတ်သက်၍ ဂလာတိပြည်၌ဟိသော အသင်းတော်များကို ငါ မှာထားခသည်အတိုင်း သင်ရို့ ပြုကြလော့။
1CO 16:2 ငါ ရောက်လာသောအခါ အလှူငွီကောက်ခံဖို့ မလိုအပ်ရန် တလင်းဂနီနိ့တိုင်း သင်ရို့တစ်ယောက်ချင်းစီ၏ တတ်နိုင်သည့်အလျောက် ကောက်ခံ၍ စုဆောင်းထားကြလော့။
1CO 16:3 ငါ ရောက်လာသောအခါ ထိုအလှူငွီကို ယေရုဆလင်မြို့သို့ ယူဆောင်လားစီခြင်းငှာ သင်ရို့ ထောက်ခံထားသော သူရို့ကို စာနှင့်တကွ ငါ စီရွှတ်မည်။
1CO 16:4 အကယ်၍ ငါ လားဖို့လိုအပ်လျှင် ထိုသူရို့သည် ငါနှင့်အတူ လိုက်နိုင်ပါ၏။
1CO 16:5 ငါသည် မာကေဒေါနိပြည်လမ်းမှ လားရမည်ဖြစ်၍ ထိုပြည်ကို လွန်လျှင် သင်ရို့ပါးသို့ လာမည်။
1CO 16:6 ငါသည် သင်ရို့နှင့်အတူ ကာလအတန်ကြာ တည်းနိန်မည်။ ဆောင်းရာသီ တစ်ခုလုံးပင် သင်ရို့နှင့်အတူ နီကောင်းနိန်ပါမည်။ ထို့နောက်မှ ငါ ခရီးပြုလိုရာအရပ်သို့ ပြုနိုင်ရန် သင်ရို့ ကူညီနိုင်ကြလိမ့်မည်။
1CO 16:7 ငါသည် သင်ရို့ထံ၌ ခဏတစ်ဖြုတ် တည်းခိုရုံမျှဖြင့် မလာချင်ပါ။ သခင်ဘုရား ခွင့်ပြုတော်မူလျှင် ကာလအတန်ကြာ သင်ရို့နှင့် နီလိုပါ၏။
1CO 16:8 ပင်တေကုတ္တေပွဲနိ့အထိ ဧဖက်မြို့၌ ငါတည်းခိုနိန်ပါမည်။
1CO 16:9 ထိုမြို့၌ ငါ့ကို ဆန့်ကျင်ဖက်ပြုသောသူတိ ဟိသော်လည်း အကျိုးဟိသောအလုပ်ကို လုပ်ခြင်းငှာ ငါ့အဖို့ လွန်စွာကြီးသော တန်းခါးသည် ဖွင့်လျက်ဟိ၏။
1CO 16:10 အကယ်၍ သင်ရို့ပါးသို့ တိမောသေ ရောက်လာလျှင် သူသည် စိုးရိမ်ခြင်းမဟိဘဲ သင်ရို့နှင့်အတူ နီထိုင်နိုင်ရန် ဂရုစိုက်ကြလော့။ အကြောင်းမူကား၊ သူသည် ငါ့ကဲ့သို့ပင် သခင်ဘုရား၏ အမှုတော်ဆောင်ဖြစ်ပေ၏။
1CO 16:11 သူ့ကို ဇာသူမျှ မလေးမစား မပြုစီကေ့။ သူသည် ငါ့ပါးသို့ ငြိမ်ဝပ်စွာဖြင့် ပြန်လည်ရောက်လာစီခြင်းငှာ ကူညီကြလော့။ အကြောင်းမူကား ငါသည် သူ့အား ယုံကြည်သူ ညီအစ်ကိုများနှင့်အတူ ငါ့ပါးသို့ လာလိမ့်မည်ဟု စောင့်မျှော် နိန်သောကြောင့် ဖြစ်၏။
1CO 16:12 အဂုတွင် ငါရို့ညီ အာပေါလု၏အကြောင်းကို ပြောရမည်ဆိုလျှင်၊ သူသည် အခြားယုံကြည်သူများနှင့်အတူ သင်ရို့ပါးသို့ လားရောက်လည်ပတ်ရန် ငါသည် သူ့အား အထူးပင် အားပီးတိုက်တွန်းပါ၏။ သို့သော် အဂုအခါ သူသည် လာဖို့ရန် ဆန္ဒ အလျင်းမဟိ။ နောက်မှ အခွင့်ကောင်း ကြုံလာသည့်အခါ ရောက်လာပါလိမ့်မည်။
1CO 16:13 နိုးနိုးကြားကြားဟိကြလော့၊ ယုံကြည်ခြင်း၌ ခိုင်မာစွာ ရပ်တည်ကြလော့၊ ရဲစွမ်းသတ္တိနှင့်တကွ ခိုင်ခံ့ကြလော့။
1CO 16:14 ခပ်သိမ်းသောအမှုများ၌ မေတ္တာနှင့် လုပ်ဆောင်ကြလော့။
1CO 16:15 သင်ရို့သည် သတေဖန်နှင့် သူ၏အိမ်သူအိမ်သားရို့အကြောင်းကို သိကြ၏။ သူရို့သည် အခါယပြည်၌ အဦးသီးသော ယုံကြည်သူများဖြစ်၍ ဘုရားသခင်၏လူရို့အား အစီခံရန် သူရို့ကိုသူရို့ ဆက်ကပ်ထားသော သူများပင် ဖြစ်ကြ၏။ ငါ၏ ညီအစ်ကိုမောင်နှမရို့၊
1CO 16:16 ထိုသို့သောသူရို့၏ ခေါင်းဆောင်မှုကိုလည်းကောင်း၊ သူရို့နှင့်အတူ အမှုတော်ဆောင်ရွက်ကြသော သူရို့၏ခေါင်းဆောင်မှုကိုလည်းကောင်း လက်ခံကြရန် သင်ရို့အား ငါ တောင်းပန်ပါ၏။
1CO 16:17 ငါသည် သတေဖန်၊ ဖော်တုနက်နှင့် အခါယကုရို့ ရောက်လာကြသဖြင့် ဝမ်းမြောက်ပါ၏။ သူရို့သည် သင်ရို့၏ကိုယ်စား ငါ့ကို ပြုစုပီးကြ၏။
1CO 16:18 သူရို့သည် သင်ရို့၏စိတ်ဝိညာဉ်ကို ရွှင်လန်းစီသကဲ့သို့ ငါ့ကိုလည်း ရွှင်လန်းစီ၏။ ထိုသို့သောသူရို့သည် အသိအမှတ်ပြုခြင်းကို ခံထိုက်ပေ၏။
1CO 16:19 အာယှိပြည်မှ အသင်းတော်များသည် သင်ရို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့် သူရို့အိမ်၌ ဝတ်ပြုကိုးကွယ်ကြသည့် အသင်းဝင်များကလည်း သခင်ဘုရား၏နာမတော်ဖြင့် လိုက်လှဲစွာ နှုတ်ဆက်ကြ၏။
1CO 16:20 ဤအရပ်၌ဟိသော ညီအစ်ကိုမောင်နှမ အပေါင်းကလည်း သင်ရို့ကို နှုတ်ဆက်ကြ၏။ သင်ရို့ အချင်းချင်းသည်လည်း သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။
1CO 16:21 ငါ ပေါလုသည် ဤနှုတ်ဆက်ခြင်းကို ငါ့လက်ဖြင့် ကိုယ်တိုင် ရီးလိုက်ပါ၏။
1CO 16:22 ဇာသူမဆို သခင်ဘုရားကို မချစ်လျှင် — ကျိန်စာသင့်စီသတည်း။ “မာရားနာထာ” သခင်ဘုရား ကြွလာတော်မူပါ။
1CO 16:23 အသျှင်ယေသျှု၏ ကျေးဇူးတော်သည် သင်ရို့၌ သက်ရောက်ပါစီသတည်း။
1CO 16:24 ငါ၏မေတ္တာသည် ခရစ်တော်ယေသျှု၌ ဟိသော သင်ရို့အားလုံးတွင် တည်ပါစီသတည်း။ အာမင်။
2CO 1:1 ဘုရားသခင်၏ အလိုတော်အားဖြင့် ခရစ်တော်ယေသျှု၏ တမန်တော်ဖြစ်သူ ငါ၊ ပေါလုနှင့် ငါရို့၏ညီ တိမောသေပါးမှ —
2CO 1:2 ငါရို့အဖ ဘုရားသခင်နှင့် အသျှင်ယေသျှု ခရစ်တော်ထံပါးမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ သက်ရောက်ပါစီသတည်း။
2CO 1:3 ကရုဏာတော်၏ အဖ၊ နှစ်သိမ့်ခြင်း အလုံးစုံတိကို ပီးတော်မူသော ဘုရားသခင်၊ အသျှင်ယေသျှုခရစ်တော်၏ ခမည်းတော်ကို ငါရို့ ချီးမွမ်းကြကုန်အံ့။
2CO 1:4 ငါရို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံကြရသောအခါ ကိုယ်တော်သည် ငါရို့အား နှစ်သိမ့်ခြင်းကို ပီးတော်မူ၏။ သို့ဖြစ်၍ ငါရို့သည် ငါရို့ကိုယ်တိုင် ဘုရားသခင်ထံတော်မှ ရဟိသော နှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားရသူရို့အား နှစ်သိမ့်ပီးနိုင်ရန်ဖြစ်၏။
2CO 1:5 ခရစ်တော်၏ များစွာသောဒုက္ခဆင်းရဲကို ငါရို့ ခံစားရသည့်နည်းတူ ခရစ်တော်အားဖြင့် များစွာသော နှစ်သိမ့်ခြင်းကိုလည်း ခံစားရကြ၏။
2CO 1:6 ငါရို့ ဆင်းရဲဒုက္ခခံရလျှင် ထိုအရာသည် သင်ရို့အတွက် နှစ်သိမ့်ခြင်းနှင့် ကယ်တင်ခြင်း ခံရစီရန် ဖြစ်၏။ သင်ရို့သည်လည်း ငါရို့ကဲ့သို နှစ်သိမ့်ခြင်းကို ခံရကြလျှင် ငါရို့ ခံစားရသော ဆင်းရဲဒုက္ခတိကို သည်းခံသောစိတ်နှင့် ခံနိုင်သော ခွန်အားကို ရကြလိမ့်မည်။
2CO 1:7 သို့ဖြစ်၍ ငါရို့၏ မျှော်လင့်ခြင်းသည် သင်ရို့အတွက် ခိုင်မြဲလျက်ဟိ၏။ သင်ရို့သည် ငါရို့၏ ဆင်းရဲဒုက္ခတိ၌ ခံစားရကြသည့်နည်းတူ ငါရို့၏ နှစ်သိမ့်ခြင်းကိုလည်း ခံစားရကြကြောင်းကို ငါရို့သိကြ၏။
2CO 1:8 ညီအစ်ကို မောင်နှမရို့၊ အာယှိပြည်တွင် ငါရို့ခံခရသည့် ဆင်းရဲဒုက္ခအကြောင်းကို သင်ရို့ ပြန်လည်သတိရစီလို၏။ ငါရို့သည် မခံနိုင်လောက်အောင် ဆင်းရဲဒုက္ခ ခံခရ၍ အသက်ရှင်ဖို့ရန် မျှော်လင့်ချက် မဟိခပေ။
2CO 1:9 ငါရို့သည် သီဒဏ်ကျခြင်းကို ခံရသူများဟု ကိုယ့်ကိုကိုယ် ထင်မှတ်ခကြ၏။ သို့ရာတွင် ဤသို့ဖြစ်ပျက်ရခြင်းမှာ ငါရို့သည် မိမိကိုယ်ကို အားမကိုးဘဲ သီသောသူရို့အား ရှင်ပြန်ထမြောက်စီတော်မူသော ဘုရားသခင်ကို အားကိုးကြစီရန်ဖြစ်၏။
2CO 1:10 ဘုရားသခင်သည် ဤမျှလောက်ကြီးစွာသော သီဖီးမှ အကျွန်ရို့အား ကယ်တင်တော်မူခ၏။ ဆက်လက်၍ ကယ်တင်တော်မူလိမ့်မည်။ နောင်တွင်လည်း ကယ်တင်တော်မူလိမ့်မည်ဟု ကိုယ်တော်၌ မျှော်လင့်ကြပြီးလျှင်၊
2CO 1:11 သင်ရို့သည်လည်း ဆုတောင်းခြင်းအားဖြင့် ငါရို့ကို ကူညီကြ၏။ သို့ဖြစ်၍ များစွာသော သင်ရို့၏ ဆုတောင်းခြင်းကိုလည်း နားညောင်းတော်မူပြီး ဘုရားသခင်သည် ငါရို့အား ပီးတော်မူသော ဆုကျေးဇူးတော်များအတွက် များစွာသော သူရို့သည် ငါရို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
2CO 1:12 ငါရို့၏ ဝါကြွားစရာအကြောင်းမှာ ဤလောက၌ အသက်ရှင်စဉ်ကာလ အထူးသဖြင့် သင်ရို့နှင့် ဆက်ဆံရာတွင် လောကနှင့်ဆိုင်သော အသိဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြုလျက် ဟိသည်ကိုလည်းကောင်း ဘုရားသခင် ပီးသနားတော်မူသော ရိုးသားဖြူစင်ခြင်းနှင့် သန့်ယှင်းစင်ကြယ်ခြင်းဖြင့် လည်းကောင်း ကျင့်ကြံပြုမူလျက်ဟိသည်ကို ကိုယ့်ကိုကိုယ်သိသောစိတ်က သက်သီခံလျက်ဟိ၏။
2CO 1:13 အကြောင်းမူကား ငါရို့ ပီးပို့လိုက်သော စာများတွင် သင်ရို့ ဖတ်ရှုနားမလည်နိုင်သောအရာ တစ်ခုမျှ ငါ ရီး၍မပီး။ ငါမျှော်လင့်သည်ကား၊
2CO 1:14 ငါရို့၏ သခင်ယေသျှု ကြွလာတော်မူရာနိ့၌ ငါရို့သည် သင်ရို့အတွက် ဝါကြွားနိုင်သကဲ့သို့ သင်ရို့သည် ငါရို့အတွက် ဝါကြွားနိုင်ကြစီရန် သင်ရို့သည် အဂု တစ်စိတ်တစ်ပိုင်းသာ နားလည်ကြသည့် အကြောင်းအရာများကို ပြည့်ဝစုံလင်စွာ နားလည်ကြလိမ့်မည်ဟု ငါမျှော်လင့်၏။
2CO 1:15 ငါသည် ဤသို့ ယုံကြည်စိတ်ချခြင်းဟိသဖြင့် သင်ရို့သည် နှစ်ဆသော ကောင်းကြီးကို ခံစားကြစီရန် ငါသည် သင်ရို့ပါးသို့ အယင်ဆုံးလာရန် အလိုဟိ၏။
2CO 1:16 မာကေဒေါနိပြည်သို့ လားပြီး ထိုပြည်မှ ပြန်လာ၍ ယုဒပြည်သို့ လားရန် လမ်းခရီးအတွက် သင်ရို့ပါးမှ အကူအညီ ရယူနိုင်ရန် ငါ၌ အကြံဟိ၏။
2CO 1:17 ထိုသို့ ကြံစည်ခခြင်းမှာ ငါသည် ပေါ့ဆီပေါ့ဆ လုပ်ခသလား။ ငါ၏ ကြံစည် ဆုံးဖြတ်သည့်အခါများ၌ တစ်ကိုယ်ကောင်းသဘောဆန်၍ ကြံစည်ဆုံးဖြတ်သလား။ တစ်ချိန်တည်းမှာပင် “ဟုတ်မှန်၏” “မဟုတ်မှန်၏” ဟူ၍ စကားနှစ်ခွ ပြောခသလား။
2CO 1:18 ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံသကဲ့သို့ ငါရို့၏စကားသည်လည်း “ဟုတ်မှန်၏” “မဟုတ်မှန်၏” ဟူ၍ မဆိုလို။
2CO 1:19 အကြောင်းမူကား၊ ငါမှစ၍ သိလွာနုနှင့် တိမောသေရို့ သည် သင်ရို့အား ဟောပြောခသော ဘုရားသခင်၏သားတော် ယေသျှုခရစ်တော်သည် “ဟုတ်မှန်၏” “မဟုတ်မှန်၏” ဟူ၍ ပြောသော သခင် မဟုတ်၊ အမြဲတမ်း ဟုတ်မှန်သော သခင်ဖြစ်တော်မူ၏။
2CO 1:20 အကြောင်းမူကား ဘုရားသခင်၏ ကတိတော်အပေါင်းရို့သည် “ဟုတ်မှန်သည်” ဟု ဖော်ပြသော ခရစ်တော် ဖြစ်တော်မူ၏။ ထို့ကြောင့် ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အဖို့အလို့ငှာ ယေသျှုခရစ်တော်အားဖြင့် “အာမင်” ဟု ဆိုခြင်းဖြစ်၏။
2CO 1:21 သင်ရို့နှင့် ငါရို့ကို ခရစ်တော်၌ တည်စီတော်မူသော အသျှင်မှာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော် ငါရို့အား ဘိသိက်ပီးတော်မူ၍၊
2CO 1:22 ကိုယ်တော်သည် ငါရို့၏ ပိုင်သျှင်အဖြစ် ငါရို့ကို တံဆိပ်ခတ်နှိပ်တော်မူ၍ ငါရို့၏ စိတ်နှလုံးထဲ၌ သန့်ယှင်းသော ဝိညာဉ်တော်ကို ငါရို့အတွက် သိုထားတော်မူသော အရာအားလုံး၏ စရံအဖြစ်ဖြင့် ပီးထားတော်မူ၏။
2CO 1:23 ငါသည် — ငါ့အသက်ဖြင့် အာမခံ၍ — ဘုရားသခင်ကို သက်သီအဖြစ် ထားလျက် ကောရိန္သုမြို့သို့ ပြန်မလာခြင်းမှာ သင်ရို့ကို ငဲ့ညှာသနားသောကြောင့်ဖြစ်၏။
2CO 1:24 သင်ရို့သည် မည်သည့်အရာကို ယုံကြည်ရမည်ကို အမိန့်ပီးရန် ငါရို့ ကြိုးစားနိန်ခြင်း မဟုတ်။ ငါရို့ကလည်း သင်ရို့ဝမ်းမြောက်ခြင်းအတွက် သင်ရို့နှင့်အတူ လုပ်ဆောင်သောသူများသာဖြစ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် ခိုင်မာလျက်ဟိကြောင်းကို ငါရို့ သိကြသောကြောင့်ဖြစ်၏။
2CO 2:1 ထို့ကြောင့် သင်ရို့ပါးသို့ နောက်တစ်ခေါက် ငါလာလျှင် သင်ရို့အား ဝမ်းနည်းစီမည်ဖြစ်၍ ငါမလာဖို့ရန် ဆုံးဖြတ်ထား၏။
2CO 2:2 အကြောင်းမူကား ငါသည် သင်ရို့ကို ဝမ်းနည်းအောင် ပြုပါလျှင်၊ ငါ့ကြောင့် ဝမ်းနည်းရသူကလွဲ၍ ဇာသူက ငါ့ကို ရွှင်လန်းစီနိုင်မည်နည်း။
2CO 2:3 ငါလာသောအခါ ငါ့ကို စိတ်ရွှင်လန်းစီမည့်သူများက ငါ့အား ဝမ်းနည်းစီမည်ကို စိုးရိမ်၍ ဤစာကို ရီး၍ ပီးလိုက်ခြင်းဖြစ်၏။ ငါပျော်ရွှင်လျှင် သင်ရို့သည်လည်း ပျော်ရွှင်ကြမည်ကို ငါအမှန် ယုံကြည်၏။
2CO 2:4 သင်ရို့ကို ဝမ်းနည်းစီဖို့ရန် မဟုတ်ဘဲ သင်ရို့အား ငါဇာလောက် ချစ်ကြောင်းကို သိစီလို၍ ငါသည် ကြီးစွာသော ဒုက္ခ၊ စိတ်ပူပန်ခြင်းနှင့် မျက်ရည်များစွာကျပြီး ဤစာကို ရီးလိုက်ခြင်းဖြစ်၏။
2CO 2:5 တစ်စုံတစ်ယောက်က အခြားတစ်ယောက်ကို ဝမ်းနည်းစီသောအခါ ထိုသူသည် ငါ့ကိုသာ ဝမ်းနည်းစီသည် မဟုတ်ဘဲ သင်ရို့အားလုံး မဟုတ်သည့်တိုင်အောင် တချို့ကို ဝမ်းနည်းစီခြင်း ဖြစ်၏။ (ထိုသူ့ကို တင်းကျပ်စွာ မစီရင်လို၍ ဤသို့ ဆိုခြင်းဖြစ်၏။)
2CO 2:6 သင်ရို့အထဲမှ လူအများစု၏ ပြစ်ဒဏ်ပီးခြင်းသည် သူ့အတွက် လုံလောက်ပေ၏။
2CO 2:7 သို့ဖြစ်၍ သူသည် ကြီးစွာသော ဝမ်းနည်းမှု မဖြစ်စီရန် ထိုသို့ ပြစ်ဒဏ်ပီးမည့်အစား အဂုတွင် သင်ရို့သည် သူ့ကို ခွင့်ရွှတ်၍ နှစ်သိမ့်အားပီးကြလော့။
2CO 2:8 ထို့ကြောင့် သင်ရို့သည် သူ့ကို စစ်မှန်သော မေတ္တာထားကြောင်းကို ထိုသူ သိစီခြင်းငှာ သင်ရို့အား ငါတောင်းပန်၏။
2CO 2:9 ထိုစာကို ရီးသားခရသည့်အကြောင်းမှာ သင်ရို့သည် စုံစမ်းခြင်းကို ခံနိုင်ရည်ဟိစီခြင်းငှာ လည်းကောင်း၊ ငါ၏ ညွှန်ကြားချက်များကို နာခံမှု ဟိစီခြင်းငှာ လည်းကောင်း သိလို၍ ဖြစ်၏။
2CO 2:10 သင်ရို့သည် တစ်စုံတစ်ယောက်ကို ခွင့်ရွှတ်လျှင် ငါသည်လည်း ထိုသူကို ခွင့်ရွှတ်၏။ ငါသည် တစ်စုံတစ်ယောက်ကို ခွင့်ရွှတ်ရန် လိုအပ်လျှင် သင်ရို့ အကျိုးကိုထောက်၍ ခရစ်တော်၏ ရှိ့တော်၌ ထိုသူကို ခွင့်ရွှတ်၏။
2CO 2:11 ထိုသို့ပြုလျှင် စာတန်သည် ငါရို့ကို အနိုင်မရစီရန် တားဆီးနိုင်မည်။ ဇာကြောင့်ဆိုသော် ငါရို့သည် စာတန်၏ အကြံအစည်များကို သိသောကြောင့်ဖြစ်၏။
2CO 2:12 ခရစ်တော်၏အကြောင်း သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ငါရောက်လာသောအခါ အမှုတော်ကို ထမ်းဆောင်နိုင်ရန်အတွက် သခင်ဘုရားသည် ငါ့အား တန်းခါးကို ဖွင့်ပီးတော်မူ၏။
2CO 2:13 သို့သော် ငါရို့ညီအစ်ကို တိတုကို မတွိ့ရသဖြင့် ငါသည် အလွန် စိတ်ပူပန်ခြင်းဖြစ်၏။ ထို့ကြောင့် ငါသည် ထိုမြို့မှ လူတိကို နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ ထွက်လားလေ၏။
2CO 2:14 သို့ရာတွင် ငါရို့ကို ခရစ်တော်၌ အစဉ်မပြတ် အောင်ပွဲခံစီ၍ ကိုယ်တော့်ကို သိသောဉာဏ်၏ မွှီးကြိုင်သောရနံ့ကို နီရာတိုင်း၌ ငါရို့အားဖြင့် ပြန့်နှံ့စီတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
2CO 2:15 ဇာကြောင့်ဆိုသော် ငါရို့သည် ဘုရားသခင်အား ခရစ်တော်ပူဇော်သည့် မွှီးကြိုင်သောရနံ့ဖြစ်ကြပြီးလျှင် ထိုရနံ့သည် ကယ်တင်ခြင်း ခံရသော သူရို့ပါးသို့ လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သော သူရို့ပါးသို့ လည်းကောင်း ပြန့်နှံ့လေ၏။
2CO 2:16 ပျက်စီးခြင်းသို့ ရောက်သောသူရို့အတွက် ထိုရနံ့သည် သီခြင်းတရား၏ရနံ့ဖြစ်၍ ကယ်တင်ခြင်းခံရသော သူရို့အတွက် အသက်ရှင်ခြင်း၏ရနံ့ ဖြစ်ပေ၏။ သို့ဖြစ်၍ ဇာသူသည် ဤကဲ့သို့သော အမှုကို ဆောင်ရွက်နိုင်မည်နည်း။
2CO 2:17 ငါရို့သည် များစွာသောသူရို့ ပြုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို ကိုယ်ကျိုးအတွက် ဟောပြောခြင်း မဟုတ်ဘဲ ငါရို့အား ဘုရားသခင် စီရွှတ်တော်မူသောကြောင့် ကိုယ်တော်၏ ရှိ့တော်၌ ဖြူစင်သောစိတ်ဖြင့် ခရစ်တော်၏ အခိုင်းအစီများကဲ့သို့ ငါရို့ ဟောပြောကြ၏။
2CO 3:1 ဤသို့ဆိုလျှင် ငါရို့သည် ကိုယ့်ကိုကိုယ် တဖန် ဝါကြွားစရာအကြောင်း ဖြစ်သလော။ အခြားသော လူတချို့ကဲ့သို့ ငါရို့သည် ထောက်ခံချက်တိကို သင်ရို့အား ပီးရန် လိုအပ်သလော။ မဟုတ်လျှင် သင်ရို့ပါးက ထောက်ခံချက်ကို ငါရို့ ယူရဦးမည်လော။
2CO 3:2 သင်ရို့ကိုယ်တိုင်ပင် ငါရို့၏စာ ဖြစ်ကြ၏။ ထိုစာကို လူတိုင်းဖတ်ရှုပြီး သိစီနိုင်ဖို့ရန် ငါရို့၏ နှလုံးသားတွင် ရီးသားထား၏။
2CO 3:3 ထိုစာကို ခရစ်တော်ကိုယ်တိုင်ရီး၍ ငါရို့အားဖြင့် ပီးပို့တော်မူသည်မှာ ထင်ရှား၏။ ထိုစာသည် မှင်နှင့် ရီးသောစာ မဟုတ်ဘဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်ဖြင့် ရီးသောစာဖြစ်၏။ ထိုစာသည် ကျောက်ပြားထက်တွင် ရီးသားခြင်း မဟုတ်ဘဲ လူ့နှလုံးသားထက်တွင် ရီးသားထားခြင်း ဖြစ်၏။
2CO 3:4 ငါရို့သည် ဘုရားသခင်၏ ရှိ့တော်၌ ခရစ်တော်ကို အမှီပြု၍ ထိုသို့ ယုံကြည်စိတ်ချမှုကို ရကြ၏။
2CO 3:5 မိမိရို့သည် ဤအမှုကို လုပ်ဆောင်နိုင်သည်ဟု ပြောဆိုနိုင်ရန် ငါရို့၌ အစွမ်းအစမဟိ။ ငါရို့၏ အစွမ်းအစသည် ဘုရားသခင်ထံပါးမှ လာခြင်းဖြစ်၏။
2CO 3:6 ပဋိညာဉ်တရားအသစ်အတွက် ဆောင်ရွက်နိုင်ရန် ကိုယ်တော်သည် ငါရို့အား အစွမ်းအစကို ပီးတော်မူ၏။ ထိုပဋိညာဉ်တရားအသစ်ကား ပညတ်တရားတွင် ပါဝင်သည် မဟုတ်။ ဝိညာဉ်တော်၏ တရားဖြစ်၏။ ရီးသားထားသော ပညတ်တရားသည် အသက်ကို သီစီတတ်သော်လည်း ဝိညာဉ်တော်မူကား အသက်ကို ရှင်စီတတ်၏။
2CO 3:7 ကျောက်ပြားထက်၌ ပညတ်တရားကို ရီးထွင်းစဉ်က ဘုရားသခင်၏ ဘုန်းတန်ခိုးတော် ထွန်းလင်းတောက်ပတော်မူ၏။ တဖြည်းဖြည်း မှေးမှိန်တတ်သော ရောင်ခြည်တည်းဟူသော မောသျှေ၏ မျက်နှာမှထွက်သော ရောင်ခြည်ကြောင့် ဣသရေလအမျိုးသားရို့သည် သူ့ကို စိ့စိ့ မကြည့်နိုင်ကြ။ သီခြင်းတရားကို ဖြစ်ပေါ်စီသည့် ပညတ်တရားကို ဤသို့သော ဘုန်းတန်ခိုးတော်ဖြင့် တောက်ပတော်မူပါလျှင်၊
2CO 3:8 ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့်ဆိုင်သော ဘုန်းတန်ခိုးတော်သည် ဇာလောက် သာလွန် တောက်ပလိမ့်မည်နည်း။
2CO 3:9 အပြစ်ဒဏ်စီရင်ခြင်းနှင့် သက်ဆိုင်သော တရားသည် ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံပါလျှင် ဖြောင့်မတ်ခြင်းနှင့်သက်ဆိုင်သော လုပ်ဆောင်မှုသည် ဇာလောက် သာလွန်၍ ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံလိမ့်မည်နည်း။
2CO 3:10 အဂုအခါ၌ သာလွန်တောက်ပသော ဘုန်းတန်ခိုးတော်ကြောင့် အယင်က တောက်ပသော ဘုန်းတန်ခိုးတော်သည် ကွယ်ပျောက်လားရ၏။
2CO 3:11 မတည်မြဲသောအရာ၌ ဘုန်းတန်ခိုးတော်သည် တည်ဟိခပါလျှင် ထိုဘုန်းတန်တော်သည် ထာဝရ တည်မြဲသောအရာ၌ ဇာလောက်ထိ တည်ဟိလိမ့်မည်နည်း။
2CO 3:12 ထို့ကြောင့် ငါရို့သည် ဤသို့သော မျှော်လင့်ခြင်း ဟိကြသဖြင့် အလွန်ရဲရင့်ကြ၏။
2CO 3:13 ငါရို့သည် မောသျှေကဲ့သို့ မဟုတ်။ သူသည် မိမိမျက်နှာမှ တောက်ပသောရောင်ခြည် မှေးမှိန်ကွယ်ပျောက်လားသည်ကို ဣသရေလအမျိုးသားရို့ မတွိ့မမြင်နိုင်ကြစီရန် မျက်နှာကို ပုဝါပိုင်းဖြင့် ဖုံးအုပ်ထားရလေ၏။
2CO 3:14 ထိုသူရို့၏ စိတ်နှလုံးသည် ခိုင်မာလျက်ဟိ၍ ဤနိ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ သူရို့၏စိတ်နှလုံးသည် ထိုပုဝါပိုင်းဖြင့် ဖုံးအုပ်လျက်ဟိ၏။ ခရစ်တော်အားဖြင့်သာလျှင် ထိုပုဝါပိုင်းကို ဖယ်ယှားရ၏။
2CO 3:15 ဤနိ့တိုင်အောင်ပင် မောသျှေ၏ ပညတ်ကျမ်းကို ဖတ်ကြသည့်အခါများ၌ သူရို့၏ စိတ်နှလုံးသည် ပုဝါပိုင်းဖြင့် ဖုံးအုပ်လျက်ပင် ဟိသိမ့်၏။
2CO 3:16 သို့ရာတွင် ဇာသူမဆို သခင်ဘုရားထံတော်သို့ ပြန်လှည့်လာသောအခါ ပုဝါပိုင်းကို ဖယ်ယှားကြရ၏။
2CO 3:17 အဂုတွင် သခင်ဘုရား ဟူသည်မှာ ဝိညာဉ်တော်ဖြစ်၏။ သခင်ဘုရား၏ ဝိညာဉ်တော် ဟိရာအရပ်၌ လွတ်လပ်မှုဟိ၏။
2CO 3:18 ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။
2CO 4:1 ဘုရားသခင်သည် မိမိ၏ကရုဏာတော်နှင့်အညီ ငါရို့အား ဤအမှုတော်လုပ်ငန်းကို ပီးအပ်တော်မူသည်ဖြစ်ရာ ငါရို့သည် စိတ်ပျက်အားလျော့ခြင်း မဟိ။
2CO 4:2 ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။
2CO 4:3 အကယ်၍ ငါရို့ဟောပြောသည့် ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ဟိလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်သောသူတိအတွက်သာ ဖြစ်၏။
2CO 4:4 ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။
2CO 4:5 အကြောင်းမူကား ငါရို့သည် မိမိအကြောင်းကို ဟောပြောကြသည် မဟုတ်။ ယေသျှုခရစ်တော်သည် သခင်ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါရို့သည် ယေသျှုအတွက် သင်ရို့၏ အခိုင်းအစီများ ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။
2CO 4:6 ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။
2CO 4:7 သို့သော် အလွန်ထူးမြတ်သော တန်ခိုးသည် ငါရို့ပါးက မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်းကို ထင်ရှားစီရန် မြီအိုးထဲ၌ ထည့်ထားသော ဤဝိညာဉ်ဘဏ္ဍာသည် ငါရို့၌ ဟိ၏။
2CO 4:8 ငါရို့သည် မကြာခဏ ဆင်းရဲဒုက္ခ ရောက်ကြသော်လည်း နာလန်မထူနိုင်အောင် ဖြစ်သည် မဟုတ်။ တစ်ခါတရံ ဝေခွဲမရ ဖြစ်နိန်သော်လည်း မည်သည့်အခါမျှ စိတ်မပျက်။
2CO 4:9 ငါ့ရို့၌ ရန်သူအများ ဟိသော်လည်း မိတ်ဆွီကင်းမဲ့သည် ဟူ၍မဟိ။ အလဲထိုး ခံရသော်လည်း ဆုံးရှုံးခြင်းသို့မရောက်။
2CO 4:10 ငါရို့သည် ယေသျှု အသက်ရှင်တော်မူကြောင်းကို ငါရို့၏ခန္ဓာကိုယ်၌ ထင်ရှားစီရန် ယေသျှု အသီခံတော်မူခြင်းဆိုင်ရာ ဒုက္ခဝေဒနာကို ငါရို့၏ ကိုယ်ခန္ဓာ၌ အမြဲတမ်း ခံယူထားကြ၏။
2CO 4:11 ယေသျှု အသက်ရှင်တော်မူခြင်းသည် သီတတ်သော ငါရို့ကိုယ်ခန္ဓာ၌ ထင်ရှားမည်အကြောင်း ငါရို့သည် အသက်ရှင်လျက် ဟိသမျှကာလပတ်လုံး ယေသျှုအတွက် သီဖီးနှင့် ရင်ဆိုင်လျက် နိန်ကြရ၏။
2CO 4:12 သို့ဖြစ်၍ ငါရို့ထဲ၌ သီခြင်းတရားသည် ရှင်သန်လျက် ဟိသော်လည်း အသက်ရှင်ခြင်း တရားသည် သင်ရို့ထဲ၌ ရှင်သန်လျက်ဟိ၏။
2CO 4:13 ကျမ်းစာတော်မြတ်တွင် “ငါယုံကြည်သောကြောင့် ငါဟောပြောသည်” ဟု ပါဟိ၏။ ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝိညာဉ်တော်ကို ငါရို့​ရဟိ​ကြ​သည်နှင့်အညီ ငါရို့သည်လည်း ယုံကြည်သောစိတ် ဟိသောကြောင့် ဟောပြောကြ၏။
2CO 4:14 အသျှင်ယေသျှုအား သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီသော ဘုရားသခင်သည် ငါရို့ကိုလည်း ယေသျှုနှင့်အတူ ရှင်ပြန်ထမြောက်စီတော်မူပြီးလျှင် သင်ရို့နှင့်အတူ ကိုယ်တော်၏ ရှိ့တော်မှောက်သို့ ခေါ်ဆောင်တော်မူမည့်အကြောင်းကို ငါရို့ သိကြ၏။
2CO 4:15 ဤအမှုအရာအားလုံးသည် သင်ရို့၏ အကျိုးအလို့ငှာ ဖြစ်ကြ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသူ ပို၍ပို၍ တိုးပွားလာသည်နှင့်အမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းသောသူများသည်လည်း ပို၍ များပြားလာသောကြောင့် ဘုန်းတော် ထင်ရှားလာလိမ့်မည်။
2CO 4:16 ဤအကြောင်းကြောင့် ငါရို့သည် မည်သည့်အခါမျှ စိတ်ပျက်အားလျော့ခြင်း မဟိကြ။ ငါရို့၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာသော်လည်း ငါရို့၏ ဝိညာဉ်မူကား တစ်နိ့ထက်တစ်နိ့ အသစ်ပြုပြင်ခြင်းကို ခံရကြ၏။
2CO 4:17 အကြောင်းမူကား ငါရို့သည် ခဏတစ်ဖြုတ်သာ ခံစားရသော ပေါ့ပါးသည့် ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်သော ထာဝရဘုန်းတန်ခိုးတော်ကို ငါရို့အား ခံစားစီလိမ့်မည်။
2CO 4:18 ထို့ကြောင့် ငါရို့သည် မြင်နိုင်သော အရာများကို အာရုံမစိုက်ဘဲ မမြင်နိုင်သော အရာများကို အာရုံစိုက်ကြ၏။ မြင်နိုင်သော အရာများသည် ခဏတစ်ဖြုတ်သာ တည်သော်လည်း မမြင်နိုင်သောအရာမူကား အမြဲထာဝရတည်သတည်း။
2CO 5:1 ယာယီတဲဖြစ်သော ငါရို့၏ မြီကြီးခန္ဓာသည် ပျက်စီးလားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မတည်ဆောက်ဘဲ ဘုရားသခင် တည်ဆောက်တော်မူသော ထာဝရအိမ် ဟိကြောင်းကို ငါရို့ သိကြ၏။
2CO 5:2 ဤယာယီတဲတွင် အဂု နီထိုင်စဉ် ကောင်းကင်မှ ငါရို့၏ အိမ်ကို အလွန်တောင်းတသဖြင့် ငါရို့သည် ညည်းတွားကြ၏။
2CO 5:3 ထိုသို့ ကောင်းကင်အိမ်သို့ ဝင်စားသောအခါ ငါရို့ကို အဝတ်ဗလာနှင့် တွိ့ကြရလိမ့်မည် မဟုတ်။
2CO 5:4 ထိုမြီကြီးခန္ဓာ၌ နီရစဉ် ငါရို့သည် ဒုက္ခကို ခံစားရ၍ ညည်းတွားကြ၏။ ထိုသို့ ညည်းတွားခြင်းမှာ ငါရို့၏ မြီကြီးခန္ဓာကို ဖယ်ယှားလို၍ မဟုတ်။ သီတတ်သောအရာကို အမြဲတမ်း အသက်ရှင်သည့်အရာသို့ ပြောင်းလဲစီရန် ကောင်းကင်ဘုံနှင့်ဆိုင်သော ခန္ဓာကို လိုချင်သောကြောင့်ဖြစ်၏။
2CO 5:5 ဤသို့ပြောင်းလဲရန် ငါရို့ကို ပြုပြင်ပီးသော အသျှင်သည် ဝိညာဉ်တော်ကို ငါရို့အထဲ၌ သိုထား၍ ဇရံအဖြစ် ငါရို့အား ပီးတော်မူသော ဘုရားသခင်ပင် ဖြစ်သတည်း။
2CO 5:6 ထို့ကြောင့် ငါရို့သည် အမြဲတမ်း ယုံကြည်စိတ်ချမှုနှင့် ပြည့်ဝကြပေသည်။ ဤကိုယ်ခန္ဓာအိမ်၌ ဟိနိန်သမျှကာလပတ်လုံး ငါရို့သည် သခင်ဘုရား၏ အိမ်တော်နှင့် ဝီးကွာလျက်ဟိကြသည်ဟု ငါရို့သည် သိကြ၏။
2CO 5:7 အကြောင်းမူကား ငါရို့သည် အမြင်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြ၏။
2CO 5:8 ငါရို့သည် ယုံကြည်စိတ်ချမှုနှင့် ပြည့်ဝကြပြီးလျှင် ဤခန္ဓာအိမ်ကို စွန့်ခွါ၍ သခင်ဘုရားနှင့်အတူ အိမ်တော်၌ နီထိုင်ရန် ပို၍ အလိုဟိကြ၏။
2CO 5:9 ငါရို့သည် ဤအရပ်၌ ဟိသည်ဖြစ်စီ၊ ထိုအရပ်၌ ဟိသည်ဖြစ်စီ ကိုယ်တော် နှစ်သက်စီခြင်းငှာ သာ၍ အလိုဟိကြ၏။
2CO 5:10 မည်သို့ပင်ဖြစ်စီ ငါရို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏ တရားပလ္လင်ရှိ့သို့ ရောက်ရမည် ဖြစ်၏။ ငါရို့၏ခန္ဓာ အသက်ရှင်နိန်စဉ်က ပြုမူခသည့် ကောင်းမှု၊ မကောင်းမှုများအတွက် ထိုက်တန်သော အကျိုးအပြစ်ကို လူတိုင်း ခံရကြလိမ့်မည်။
2CO 5:11 သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် ပတ်သတ်၍ ငါရို့သည် သိသဖြင့် တခြားလူတိကို ကြိုးစား၍ စည်းရုံးရခြင်း ဖြစ်ကြ၏။ ဘုရားသခင်သည် ငါရို့ကို အကြွင်းမဲ့ သိတော်မူသည်ဖြစ်၍ သင်ရို့သည်လည်း သင်ရို့၏ စိတ်ထဲ၌ ငါ့ကို ကောင်းစွာသိလိမ့်မည်ဟု မျှော်လင့်၏။
2CO 5:12 ငါရို့သည် သင်ရို့ရှိ့၌ မိမိကိုယ်ကို ချီးမွမ်းခံလို၍ တဖန် ကြိုးစားခြင်း မဟုတ်။ သင်ရို့သည် ငါရို့ကြောင့် ဂုဏ်ယူနိုင်ကြစီရန် ကြိုးစားခြင်းသာ ဖြစ်၏။ ထို့မှသာ လူ၏ အတွင်းသဘောကို မထောက်ဘဲ ပြင်ပသဏ္ဌာန်ကိုသာ ထောက်၍ ဝါကြွားတတ်သောသူရို့ကို သင်ရို့သည် ပြန်လည် ချေပနိုင်ကြပေမည်။
2CO 5:13 ငါရို့သည် အမှန်ပင် ရူးသွပ်လေပြီလား။ ရူးသွပ်လျှင်မူကား ဘုရားသခင်အဖို့ ဖြစ်၏။ အကယ်၍ မရူးသွပ်လျှင်လည်း သင်ရို့အဖို့ ဖြစ်၏။
2CO 5:14 ခရစ်တော်၏ မေတ္တာတော်သည် ငါရို့ကို လွှမ်းမိုးလျက်ဟိ၏။ အကြောင်းမူကား တစ်ယောက်သောသူသည် လူတိုင်းအတွက် အသီခံသည်ဖြစ်၍ လူအပေါင်းရို့သည် ထိုသူနှင့်အတူ သီလျက်ဟိကြောင်းကို အဂုအခါ ငါရို့သည် သိကြ၏။
2CO 5:15 ကိုယ်တော်သည် လူအပေါင်းရို့အတွက် အသီခံတော်မူသည့်အကြောင်းမှာ အသက်ရှင်လျက်ဟိသော သူရို့သည် မိမိရို့အတွက် အသက်မရှင်ကြတော့ဘဲ မိမိရို့အတွက် အသက်ကို စွန့်တော်မူပြီး ရှင်ပြန်ထမြောက်တော်မူသော သခင်အဖို့ အသက်ရှင်ကြစီရန် ဖြစ်သတည်း။
2CO 5:16 သိုဖြစ်၍ ငါရို့သည် အဂုမှစ၍ မည်သူ့ကိုမျှ လူ့အမြင်အားဖြင့် မစီရင်ယာ။ အယင်က ခရစ်တော်အား လူ့အမြင်အားဖြင့် ငါရို့ စီရင်ခကြသော်လည်း အဂုကား ထိုသို့မပြုယာ။
2CO 5:17 မည်သူမဆို ခရစ်တော်၌ဟိလျှင် အသစ် ဖန်ဆင်းခံရသော သတ္တဝါဖြစ်၏။ ဟောင်းသောအရာများသည် ကွယ်ပျောက်လား၍ ခပ်သိမ်းသောအရာရို့သည် အသစ် ဖြစ်လာကြ၏။
2CO 5:18 ဤအမှုအရာ အားလုံးသည် ဘုရားသခင် ပြုတော်မူခြင်း ဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီ၍ ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သော အမှုတော်ကို ငါရို့အား ပီးအပ်တော်မူ၏။
2CO 5:19 ထိုအမှုတော်ကား ဘုရားသခင်သည် လောကလူသားအပေါင်းရို့အား ခရစ်တော်အားဖြင့် မိမိနှင့် သင့်မြတ်စီခြင်းဖြစ်၏။ ဘုရားသခင်သည် လောကီသားရို့၏ အပြစ်ဒုစရိုက်များကို မှတ်ထားတော်မမူ။ သူရို့အား ခရစ်တော်နှင့် ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သော သတင်းစကားကို ငါရို့၌ အပ်ထားတော်မူပေသည်။
2CO 5:20 သို့ဖြစ်၍ ငါရို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၍ ဘုရားသခင်သည် ငါရို့အားဖြင့် သင်ရို့ကို တိုက်တွန်းတော်မူ၏။ သင်ရို့သည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့ဟု ခရစ်တော်၏ကိုယ်စား ငါရို့သည် တောင်းပန်၏။
2CO 5:21 ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။
2CO 6:1 ငါရို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်နှင့်အညီ သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူများဖြစ်၍၊ ထိုကျေးဇူးတော်ကို အကျိုးမဲ့ မဖြစ်စီကြရန် သင်ရို့အား တောင်းပန်၏။
2CO 6:2 အကြောင်းမူကား ဘုရားသခင်က၊ “ငါသည် သင်ရို့အား ကျေးဇူးပြုရန် အချိန် ရောက်လာသောအခါ၊ သင်ရို့ စကားကို ငါနားထောင်ယာ။ ကယ်တင်ရာနိ့ရက် ရောက်လာသောအခါ၊ သင်ရို့ကို ကူညီမစခယာ” ဟု မိန့်တော်မူ၏။ နားထောင်ကြလော့။ ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို ခံရသောအချိန်ကား အဂုပင် ဖြစ်၏။ ကယ်တင်ရာနိ့ရက်သည်လည်း ဤနိ့ပင် ဖြစ်၏။
2CO 6:3 ငါရို့၏ အမှုတော်ဆောင်ခြင်းနှင့် ပတ်သတ်၍ ဇာသူလေ့ အပြစ်မရှာနိုင်စီရန် ငါရို့သည် သူတစ်ပါး၏လမ်းကို အတားအဆီး တစ်စုံတစ်ခုကိုမျှ မပြု။
2CO 6:4 ငါရို့သည် ထိုသို့ပြုမည့်အစား ဆင်းရဲဒုက္ခများ၊ ပူပင်သောကများ၊ အခက်အခဲများကို အလွန် စိတ်ရှည်သည်းခံလျက် အရာရာတိုင်းတွင် ဘုရားသခင်၏ အခိုင်းအစီများဖြစ်ကြောင်း ထင်ရှားစီကြ၏။
2CO 6:5 ငါရို့သည် ရိုက်ပုတ် ခံခရခြင်း၊ ထောင်ကျခံခရခြင်းနှင့် ရုန်းရင်းဆန်ခတ်ပြုခြင်းကို ခံခရကြပြီးလျှင် အလုပ်ကို ပင်ပန်းစွာလုပ်ဆောင်ကြရပြီး အိပ်ရခြင်း၊ စားရခြင်း ဟူ၍ပင်မဟိ။
2CO 6:6 စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာသတိဟိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ ရိုးသားဖြူစင်သော မေတ္တာအားဖြင့်လည်းကောင်း၊
2CO 6:7 သမ္မာတရားတော်ကို ဟောပြောခြင်းဖြင့် လည်းကောင်း၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါရို့သည် ဘုရားသခင်၏ အခိုင်းအစီများ ဖြစ်ကြောင်းကို ထင်ရှားစီကြ၏။ တိုက်ခိုက်ခြင်း၌ လည်းကောင်း၊ ကာကွယ်ခြင်း၌ လည်းကောင်း ငါရို့သည် ဖြောင့်မတ်ခြင်းတည်းဟူသော လက်နက်ကို အသုံးပြုကြ၏။
2CO 6:8 ငါရို့သည် ချီးမြှောက်ခြင်းနှင့် ယှုတ်ချခြင်းကိုလည်းကောင်း၊ ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်းကိုလည်းကောင်း ခံရကြ၏။ လူလိမ်များဟု သတ်မှတ်ကြသော်လည်း ငါရို့သည် သစ္စာစကားကို ပြောဆိုကြ၏။
2CO 6:9 လူသိနည်းသောသူများကဲ့သို့ ဖြစ်သော်ငြားလည်း အများကသိကြ၏။ သီသောသူများကဲ့သို့ ဖြစ်သော်လည်း အသက်ရှင်လျက် ဟိကြ၏။ သတ်ပုတ်ခြင်းခံရသော်လည်း ငါရို့သည် အသီသတ်ခြင်းမခံရပေ။
2CO 6:10 ဝမ်းနည်းရသော်လည်း အစဉ်မပြတ် ဝမ်းမြောက်ရ၏။ သူဆင်းရဲများ ဖြစ်သော်လည်း လူအများကို ချမ်းသာကြွယ်ဝစီ၏။ တစ်စုံတစ်ခုမျှ မဟိသော်လည်း အလုံးစုံတိကို ပိုင်ကြ၏။
2CO 6:11 ကောရိန္သုမြို့၌ဟိသော မိတ်ဆွီရို့၊ သင်ရို့ကို ပွင့်လင်းစွာ ငါပြောဆို၍ ငါရို့၏စိတ်နှလုံးကို သင်ရို့အတွက် ကျယ်ကျယ် ဖွင့်ထားခယာ။
2CO 6:12 ငါရို့သည် သင်ရို့အဖို့ ငါရို့၏ စိတ်နှလုံးကို ပိတ်၍ မထား။ သင်ရို့သာလျှင် ငါရို့အဖို့ သင်ရို့၏ စိတ်နှလုံးကို ပိတ်ထားကြ၏။
2CO 6:13 ငါရို့ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် သင်ရို့ စိတ်နှလုံးကို ကျယ်ကျယ် ဖွင့်ကြလော့ ဟု သင်ရို့အား ငါ၏ သားသမီးသဖွယ် ပြောဆို၏။
2CO 6:14 မယုံကြည်သူများနှင့် တွဲဖက်၍ မညီသောထမ်းပိုးကို မထမ်းကတ်ကေ့။ ဖြောင့်မတ်ခြင်းသည် မတရားမှုနှင့် မည်သို့ တွဲဖက်နိုင်မည်နည်း။ အလင်းသည်လည်း အမှောင်နှင့် မည်သို့ မိတ်ဖွဲ့နိုင်မည်နည်း။
2CO 6:15 ခရစ်တော်သည် မိစ္ဆာနတ်ဆိုးနှင့် မည်သို့ သဘောတူနိုင်မည်နည်း။ ယုံကြည်သူသည် မယုံကြည်သူနှင့် မည်သို့ အကျိုးတူ ခံစားနိုင်မည်နည်း။
2CO 6:16 ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုများနှင့် မည်သို့ စပ်ဆိုင်နိုင်မည်နည်း။ ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ “ငါသည် ငါ၏ လူစုတော်တွင် ကိန်းဝပ်၍၊ သူရို့ နှင့်အတူ လားလာ နိန်မည်။ ငါသည် သူရို့၏ ဘုရားဖြစ်၍ သူရို့သည်လည်း ငါ၏လူစုတော် ဖြစ်လိမ့်မည်။”
2CO 6:17 သို့ဖြစ်၍ သခင်ဘုရားက၊ “ထိုသူရို့ပါးမှ ထွက်လာကြလော့။ သူရို့နှင့် မပေါင်းဖော်ကတ်ကေ့။ မစင်ကြယ်သောအရာများကို မတို့မထိကတ်ကေ့။ ထိုသို့ပြုလျှင် သင်ရို့ကို ငါလက်ခံမည်။
2CO 6:18 ငါသည် သင်ရို့၏ အဖဖြစ်မည်။ သင်ရို့သည်လည်း ငါ့သားသမီးတိ ဖြစ်ကြလိမ့်မည်ဟု၊ အနန္တတန်ခိုးသျှင် ဘုရားသခင် မိန့်တော်မူ၏” ဟု မြွက်ဆိုတော်မူ၏။
2CO 7:1 ချစ်သော မိတ်ဆွီရို့၊ ဤကတိတော် အားလုံးသည် ငါရို့အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ငါရို့သည် မိမိကိုယ်ကို ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ညစ်ညူးခြင်း အပေါင်းမှ ကင်းစင်စီ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီခြင်းအားဖြင့် သန့်ယှင်းခြင်းနှင့် ပြည့်ဝကြကုန်အံ့။
2CO 7:2 သင်ရို့၏စိတ်နှလုံးထဲ၌ ငါရို့ကို လက်ခံကြလော့။ ငါရို့သည် ဇာသူ့ကိုမျှ မပြစ်မှား၊ မဖျက်ဆီးခ။ ဇာသူ့ပါးမှ အကျိုးကျေးဇူးကို ရခြင်းငှာ မကြိုးစားခ။
2CO 7:3 သင်ရို့အား အပြစ်တင်လို၍ ဤသို့ ငါပြောသည် မဟုတ်။ အကြောင်းမူကား အယင်က ငါပြောခသည့်အတိုင်း အသက်ရှင်သည်ဖြစ်စီ၊ သီဆုံးသည်ဖြစ်စီ သင်ရို့သည် ငါရို့၏စိတ်နှလုံးထဲမှာ အမြဲတမ်း ဟိနိန်သောကြောင့် ဖြစ်၏။
2CO 7:4 ငါသည် သင်ရို့အား ယုံကြည်စိတ်ချ၍ သင်ရို့အတွက် များစွာဂုဏ်ယူ၏။ ဆင်းရဲဒုက္ခအားလုံးကို ငါရို့ ခံစားရသောအခါ သင်ရို့သည် ငါအား အလွန် နှစ်သိမ့်စီခသောကြောင့် ဝမ်းမြောက်ခြင်းနှင့်လည်း ပြည့်ဝလျက်ဟိ၏။
2CO 7:5 မာကေဒေါနိပြည်သို့ ရောက်သည့်အခါ၌ပင်လျှင် ငါရို့သည် အနားမယူခကြပေ။ ထိုအရပ်၌ အဖက်ဖက်မှ ဒုက္ခဆင်းရဲခြင်းများ၊ အချင်းချင်း အငြင်းပွားမှုများ ဟိကြသည်ဖြစ်၍ ငါရို့၏ စိတ်နှလုံး၌လည်း ကြောက်ရွိ့စိတ် ဟိခကြ၏။
2CO 7:6 သို့သော် အားငယ်သောသူကို နှစ်သိမ့်ပီးတော်မူသော ဘုရားသခင်သည် တိတု ရောက်လာခြင်းအားဖြင့် ငါရို့ကို နှစ်သိမ့်ပီးတော်မူ၏။
2CO 7:7 တိတု ရောက်လာခြင်းကြောင့်သာမက၊ သင်ရို့သည် သူ့အား နှစ်သိမ့်ပီးကြသည့် သတင်းကို သူ့ပါးမှ ကြားသိရသည့်အတွက်ကြောင့်လည်း ငါရို့ကို အားတက်စီကြ၏။ သင်ရို့သည် ငါ့အား အလွန် တွိ့လိုသည်ကိုလည်းကောင်း၊ ဝမ်းနည်းလျက် ဟိကြောင်းနှင့် ငါ့အား စေတနာစိတ် အလွန် ဟိကြောင်းကိုလည်းကောင်း တိတု ပြောပြသဖြင့် ငါသည် သာ၍ပင် ဝမ်းမြောက်လျက်ဟိ၏။
2CO 7:8 အကယ်၍ ငါရီးလိုက်သည့်စာကြောင့် သင်ရို့အား ဝမ်းနည်းစီခလျှင် ထိုစာအတွက် ငါသည် စိတ်မကောင်းမဖြစ်။ ထိုစာသည် သင်ရို့အား ဝမ်းနည်းစီခသော်လည်း သင်ရို့၌ ခဏသာ ခံစားခရသည်ကို ငါမြင်ရသောကြောင့် ငါသည် ဝမ်းနည်းခြင်း မဖြစ်။
2CO 7:9 သို့သော် အဂုပင် ငါရို့ဝမ်းမြောက်၏။ သင်ရို့ကို ဝမ်းနည်းအောင် ပြုခသည့်အတွက်ကြောင့် ငါဝမ်းမြောက်သည် မဟုတ်။ အကြောင်းမူကား သင်ရို့၏ ဝမ်းနည်းမှုသည် သင်ရို့အား နောင်တရစီသောကြောင့် ဖြစ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းမှုဖြစ်၏။ ငါရို့သည် သင်ရို့အား ထိခိုက်နစ်နာမှု ဇာတစ်ခုကိုမျှ မပြုခ။
2CO 7:10 အကြောင်းမူကား ဘုရားသခင် အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရစီသည့် နောင်တစိတ်ကို ဖြစ်ပေါ်စီတတ်၏။ ထို့ကြောင့် ဝမ်းနည်းမိသည့်အတွက် စိတ်မကောင်းမဖြစ်သင့်။ သို့ရာတွင် လောကီ ဝမ်းနည်းခြင်းသည်ကား သီဆုံးခြင်းကို ဖြစ်စီတတ်၏။
2CO 7:11 ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းမှုသည် သင်ရို့၌ ဇာပိုင် လုပ်ဆောင်ခသည်ကို ကြည့်ရှုလော့။ ထိုဝမ်းနည်းမှုသည် သင်ရို့အထဲ၌ ဇာပိုင် စိတ်အားထက်သန်ခြင်း၊ မိမိရို့၌ အပြစ်ကင်းကြောင်း ဖော်ပြရန် အလွန်လိုလားခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ သတိပီးခြင်း၊ အလွန်တောင့်တခြင်း၊ ဘုရားဖက်၌စိတ်အားကြီးခြင်း၊ ပြစ်မှားသောသူကို ပြစ်ဒဏ်ပီးရန် လိုလားခြင်းများကို လုပ်ဆောင်ခယာ။ သင်ရို့သည် ဤအမှုများတွင် မိမိရို့ အပြစ်ကင်းကြောင်းကို ထင်ရှားစီခယာ။
2CO 7:12 သို့ဖြစ်၍ အယင်က သင်ရို့ပါးသို့ ငါ စာရီးခရခြင်းမှာ ပြစ်မှားသော သူ၏ကိစ္စကြောင့် မဟုတ်။ ပြစ်မှားခြင်းကို ခံရသူ၏ ကိစ္စကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ရှိ့တော်တွင် သင်ရို့သည် ငါရို့ကို ဇာလောက် စေတနာကြီးသည်ကို အမှန်ပင် သိသာထင်ရှားစီလို၍ ဖြစ်၏။
2CO 7:13 ထို့ကြောင့် ငါရို့သည် နှစ်သိမ့်မှုကို ခံစားရ၏။ ငါရို့သည် နှစ်သိမ့်မှုကို ခံစားရသည် သာမက သာ၍ပင် ဝမ်းမြောက်ကြ၏။ အကြောင်းမူကား သင်ရို့အားလုံးသည် တိတုအား ပျော်ရွှင်စီသဖြင့် သူ၏စိတ်နှလုံးသည် အလွန် တက်ကြွလျက် ဟိသောကြောင့် ဖြစ်သည်။
2CO 7:14 ငါသည် သင်ရို့အကြောင်းကို တိတုရှိ့၌ ဝါကြွားခသော်လည်း ငါ့ကို စိတ်မပျက်ခကတ်။ ငါရို့သည် သင်ရို့အား မှန်သောစကားကိုသာ အမြဲတမ်း ပြောကြားခသည့်နည်းတူ တိတုအား ငါရို့ ဝါကြွားပြောဆိုခသော အရာများသည်လည်း ဟုတ်မှန်ကြောင်း ထင်ရှားခယာ။
2CO 7:15 သူ၏ညွှန်ကြားချက်များကို သင်​ရို့အားလုံးသည် နာခံကြသည်ကိုလည်းကောင်း၊ သင်​ရို့သည် သူ့အား ကြောက်ရွံ့​တုန်လှုပ်​စွာ​ဖြင့် ကြိုဆို​လက်ခံကြသည်​ကိုလည်းကောင်း သိသောအခါ သူ၏မေတ္တာသည် သင်ရို့၌ သာ၍ တိုးပွါးလေ၏။
2CO 7:16 ငါသည် သင်ရို့အား ပြည့်ဝစွာ ယုံကြည်စိတ်ချရသောကြောင့် ဝမ်းသာလျက်ဟိ၏။
2CO 8:1 ညီအစ်ကိုမောင်နှမရို့၊ မာကေဒေါနိပြည်၌ဟိသော အသင်းတော်တိအား ဘုရားသခင် ပီးသနားတော်မူသော ကျေးဇူးတော်အကြောင်းကို သင်ရို့ သိကြရန် ငါရို့သည် အလိုဟိကြ၏။
2CO 8:2 ထိုသူရို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဖြင့် ပြင်းထန်သော စမ်းသပ်ခြင်းကို ခံစားရ၏။ သို့သော်လည်း သူရို့သည် အလွန် ဆင်းရဲကြလျက်ပင် ကြီးစွာသော ဝမ်းမြောက်သည့်စိတ်ဖြင့် ရက်ရောစွာ ပီးကမ်းစွန့်ကြဲကြ၏။
2CO 8:3 သူရို့သည် မိမိရို့၏ စေတနာစိတ်အလျောက် တတ်နိုင်သည်ထက်ပို၍ ပီးကမ်းကြသည်ကို ငါသက်သီခံ၏။
2CO 8:4 ထိုသူရို့သည် ယုဒပြည်၌ဟိသော သန့်ယှင်းသူရို့အား ကူညီပီးကမ်းခြင်း အခွင့်ထူးကို ရလိုခြင်းငှာ ငါရို့အား အနူးအညွှတ် တောင်းပန်ကြ၏။
2CO 8:5 ဤသို့ ပြုကြခြင်းသည် ငါရို့မျှော်လင့်သည်ထက် ပိုလေ၏။ သူရို့သည် မိမိရို့ကိုယ်ကို သခင်ဘုရားအား ဦးစွာ ဆက်ကပ် ပြီးနောက် ဘုရားသခင်၏ အလိုတော်နှင့်အညီ သူရို့ကိုယ်တိုင် ငါရို့အား ပီးကမ်းကြ၏။
2CO 8:6 သို့ဖြစ်၍ တိတုသည် ဤကျေးဇူးပြုခြင်းအမှုကို စတင်ခသူဖြစ်၍ ပြီးပြည့်စုံသည့်တိုင်အောင် သင်ရို့အား ကူညီဆောင်ရွက်ပီးရန် သူ့ကိုလည်း ငါရို့ တိုက်တွန်းကြ၏။
2CO 8:7 သင်ရို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်းနှင့် အသိပညာ၌လည်းကောင်း၊ ကူညီမစခြင်းတွင် စိတ်အားထက်သန်ခြင်းနှင့် လည်းကောင်း၊ ငါရို့၌ထားသော သင်ရို့၏ ချစ်ခြင်းမေတ္တာ သည် လည်းကောင်း အလွန် ကြွယ်ဝကြပေ၏။ သို့ဖြစ်၍ သင်ရို့၌ ထိုကျေးဇူးပြုခြင်း အမှုကိုလည်း ကြွယ်ဝခြင်းငှာ ငါရို့ အလိုဟိ၏။
2CO 8:8 ထိုသို့ဆိုသော် ပညတ်ချက်အားဖြင့် ငါဆိုသည် မဟုတ်။ သို့သော်လည်း အခြားသူရို့သည် ကူညီလိုသော စိတ်အားထက်သန်မှုကို ဖော်ပြနိန်ခြင်းသည် သင်ရို့၏ ချစ်ခြင်းမေတ္တာ စစ်မှန်မှုကို စစ်ဆေးနိန်ခြင်းသာဖြစ်၏။
2CO 8:9 အကြောင်းမူကား သင်ရို့သည် ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ကျေးဇူးတော်ကို သိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သင်ရို့၏အကျိုးကိုထောက်၍ ဆင်းရဲခြင်းကို ခံတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏ဆင်းရဲခံခြင်းအားဖြင့် သင်ရို့ကို ကြွယ်ဝကြစီခြင်းငှာ ဖြစ်၏။
2CO 8:10 လွန်ခသောနှစ်က အစပြုခသည့်အမှုကို အဂုအချိန်၌ အဆုံးသတ်ခြင်းသည် သင်ရို့အဖို့ သာ၍ ကောင်းမွန်သည်ဟု ငါထင်၏။ အကြောင်းမူကား၊ သင်ရို့သည် အပြုအမူအားဖြင့်သာ အစပြုခြင်း မဟုတ်ဘဲ စိတ်ဆန္ဒအလျှောက် ဆောင်ရွက်ကြသောကြောင့် ဖြစ်၏။
2CO 8:11 သို့ဖြစ်၍ သင်ရို့သည် ထိုအမှုကို ပြီးဆုံးအောင် ဆောင်ရွက်ကြလော့။ သင်ရို့သည် စီစဉ်ထားသည့်အတိုင်း သင်ရို့၌ အဂု ဟိသောအရာနှင့် ဤအမှုကို စိတ်အားထက်သန်စွာဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ကြလော့။
2CO 8:12 သင်ရို့ ပီးကမ်းခြင်း၌ စေတနာစိတ်ဟိလျှင် ဘုရားသခင်သည် သင်ရို့၏ မတတ်နိုင်သည်ကို မထောက်ဘဲ တတ်နိုင်သည်ကိုသာ ထောက်၍ သင်ရို့၏ ပီးလှူခြင်းကို လက်ခံတော်မူလိမ့်မည်။
2CO 8:13 ငါရို့သည် သင်ရို့အား ဒုက္ခရောက်စီပြီး အခြားသူရို့အား သက်သာစီရန် မဟုတ်ဘဲ ညီတူညီမျှ ဖြစ်စီရန်သာ လိုလားခြင်းဖြစ်၏။
2CO 8:14 အဂုအချိန်၌ သင်ရို့၏ ကြွယ်ဝမှုသည် သူရို့၏ လိုအပ်မှုကို ဖြည့်ဆည်းပီးသကဲ့သို့ နောင်တစ်ချိန်၌ သူရို့၏ ကြွယ်ဝမှုသည် သင်ရို့၏ လိုအပ်မှုကို ဖြည့်ဆည်းပီးလိမ့်မည်။ သို့ဖြစ်၍ ညီတူညီမျှ ဖြစ်စီရန် ဖြစ်၏။
2CO 8:15 ကျမ်းစာတော်မြတ်က ဖော်ပြထားသည်အတိုင်း၊ “များများရသောသူလည်း မပို၊ နည်းနည်းရသောသူလည်း မလို” ဟူ၍ ဖြစ်၏။
2CO 8:16 ငါရို့သည် သင်ရို့အား ကူညီမစရန် စိတ်အားထက်သန် သကဲ့သို့ တိတု၏ စိတ်နှလုံးထဲ၌ ထည့်သွင်းတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
2CO 8:17 တိတုသည် ငါရို့၏ အားပီးတိုက်တွန်းချက်ကို လက်မခံဘဲ၊ စေတနာစိတ်ဖြင့် မိမိဆန္ဒအလျောက် ကူညီရန် သင်ရို့ပါးသို့ လားဖို့ရန် စိတ်ဆုံးဖြတ်ထား၏။
2CO 8:18 ဧဝံဂေလိတရားကို ဟောပြော၍ အသင်းတော်များ၌ အလွန် ရိုသီခြင်းကို ခံရသော ညီအစ်ကို တစ်ယောက်ကိုလည်း တိတုနှင့်အတူ ငါရို့ စီရွှတ်လိုက်၏။
2CO 8:19 ထိုမျှမက သူသည် အလှူကောက်ခံမှုအတွက် ငါရို့နှင့်အတူ ခရီးပြုရန် အသင်းတော်များက ရွီးချယ်ခန့်ထားသော သူလည်းဖြစ်၏။ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်နှင့် ကူညီမစခြင်း၌ ငါရို့၏ စိတ်အားထက်သန်ခြင်းကို ပြသရန်၊ ဤအမှုကို ဆောင်ရွက်ကြခြင်းဖြစ်၏။
2CO 8:20 ဤသို့ စေတနာတရားထက်သန်စွာ ပီးကမ်းကြသော အလှူငွီကို သုံးစွဲရာ၌ အခြားသူများက အပြစ်ရှာခြင်းမှ ကင်းလွတ်စီရန် ငါရို့သည် သတိနှင့် ဆောင်ရွက်လျက်ဟိကြ၏။
2CO 8:21 ငါရို့သည် သခင်ဘုရား၏ ရှိ့တော်၌သာမက လူတိရှိ့၌လည်း မှန်ကန်သည့် အမှုကိုသာပြုကြရန် ရည်ရွယ်ချက် ဟိကြ၏။
2CO 8:22 သို့ဖြစ်၍ ငါရို့သည် ထိုသူရို့နှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စီရွှတ်လိုက်ကြ၏။ ငါရို့သည် ထိုသူအား အကြိမ်ကြိမ် စစ်ဆေးကြည့်ရာ သူသည် အမြဲတမ်း ကူညီခြင်း၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွိ့ရ၏။ အဂုတွင် သူသည် သင်ရို့၌ ယုံကြည်စိတ်ချမှု များစွာဟိသဖြင့် ကူညီခြင်း၌ ပို၍ပင် စိတ်အားထက်သန်လျက် ဟိ၏။
2CO 8:23 တိတုနှင့်ပတ်သတ်၍ ဖော်ပြရမည်ဆိုသော် သူသည် သင်ရို့ကို ကူညီရာ၌ ငါနှင့်အတူ ဆောင်ရွက်သောသူ၊ ငါ၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သူနှင့်အတူ လိုက်လာကြသည့် အခြားသော ညီအစ်ကိုများမှာ ခရစ်တော်၏ ဘုန်းတန်ခိုးတော်ကို သယ်ဆောင်လာသော အသင်းတော်များ၏ ကိုယ်​စား​လှယ်များ ဖြစ်ကြ၏။
2CO 8:24 ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ဂုဏ်ယူလျက်ဟိသည်မှာ မှန်ကန်ကြောင်းကို အသင်းတော်များက စိတ်ချမှုဟိစီရန် သင်ရို့၏ ချစ်ခြင်းမေတ္တာကို သူရို့အား ပြသကြလော့။
2CO 9:1 ယုဒပြည်၌ဟိသော ဘုရားသခင်၏လူစုတော်အား ကူညီထောက်ပံ့ခြင်း အမှုနှင့်ပတ်သတ်၍ သင်ရို့ပါးသို့ ရီးသားရန် အမှန်ပင် မလိုအပ်ပေ။
2CO 9:2 အကြောင်းမူကား သင်ရို့၏ ကူညီထောက်ပံ့လိုသော စေတနာစိတ်ကို ငါသိသည်ဖြစ်၍ သင်ရို့အကြောင်းကို မာကေဒေါနိပြည်သားတိအား၊ “အခါယပြည်၌ဟိသော ညီအစ်ကိုမောင်နှမရို့သည်၊ မနှစ်ကပင် ကူညီရန် အသင့်ဟိကြသည်” ဟု ငါသည် ဂုဏ်ယူလျက် ပြောခ၏။ သင်ရို့၏ စေတနာစိတ်ထက်သန်မှုသည် များစွာသောသူတိကို နှိုးဆော်ပီး၏။
2CO 9:3 သို့ရာတွင် ငါရို့သည် သင်ရို့အကြောင်းကို ဂုဏ်ယူပြောဆိုခသောစကားသည် အလကားမဖြစ်စီဘဲ ငါပြောထားခသည်အတိုင်း သင်ရို့သည် သူရို့အား ကူညီပီးရန် အသင့်ပျင်ဆင်ထားရန် ညီအစ်ကိုမောင်နှမတိအား အဂုပင် ငါ စီရွှတ်လိုက်၏။
2CO 9:4 အကယ်၍ မာကေဒေါနိပြည်သားရို့သည် ငါနှင့်အတူ လိုက်လာကြလျှင် သင်ရို့၌ အသင့်ပျင်ဆင်မှု မဟိသည်ကို တွိ့ရပါက သင်ရို့သာလျှင် အရှက်ရကြလိမ့်မည် မဟုတ်။ သင်ရို့အား ယုံကြည်စိတ်ချမိသည့်အတွက် ငါရို့ကိုလည်း အရှက်ရစီလိမ့်မည်။
2CO 9:5 သို့ဖြစ်၍ သင်ရို့ ကတိပြုထားသည့်အတိုင်း ဤအလှူကို အသင့်ပျင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို မောင်နှမတိကို တိုက်တွန်း၍ သင်ရို့ပါးသို့ ကြိုတင် စီရွှတ်နိုင်ရန် လိုအပ်သည်ဟု ငါထင်မှတ်၏။ ငါရောက်လာသောအခါ အလှူသည် အသင့်ပျင်ဆင်ထားပြီးဖြစ်၍ သင်ရို့သည် ဝတ္တရားအရ ပီးကမ်းခြင်း မဟုတ်ဘဲ စေတနာအလျောက် ပီးကမ်းခြင်း ဖြစ်ကြောင်းကို ပေါ်လွင်လိမ့်မည်။
2CO 9:6 အနည်းချေသော မျိုးစိ့ကို ကြဲသောသူသည် အနည်းချေသာ ရိတ်သိမ်းရလိမ့်မည်။ များစွာသော မျိုးစိ့ကို ကြဲသောသူမူကား များစွာ ရိတ်သိမ်းရလိမ့်မည် ဖြစ်ကြောင်း သိမှတ်ကြလော့။
2CO 9:7 လူတိုင်း မိမိစေတနာစိတ် ဟိသည်အတိုင်း ပီးကမ်းအပ်၏။ နှမြောသောစိတ် သို့မဟုတ် ပီးကမ်းရန် တာဝန်ဝတ္တရားဟိသည်ဟူသော စိတ်နှင့်လည်း မပီးကမ်းအပ်။ ဘုရားသခင်သည် ဝမ်းမြောက်ခြင်းနှင့် ပီးကမ်းတတ်သောသူကို နှစ်သက်တော်မူ၏။
2CO 9:8 သင်ရို့၏ လိုအပ်သမျှတိကို အစဉ်မပြတ် ရပြီးလျှင် ကောင်းသောအမှု အမျိုးမျိုး၌ ကူညီမစနိုင်ကြစီရန် ဘုရားသခင်သည် သင်ရို့အား လိုအပ်သည်ထက် ပို၍ ပီးနိုင်တော်မူ၏။
2CO 9:9 ကျမ်းစာတော်မြတ်၌ ဖော်ပြထားသည်မှာ၊ “သူသည် ဆင်းရဲသားရို့အား ရက်ရောစွာ ပီးကမ်း၏။ သူ၏ ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏” ဟု ဖြစ်၏။
2CO 9:10 ပျိုးကြဲသောသူအား မျိုးစိ့ကိုလည်းကောင်း၊ အစာအတွက် မုန့်ကိုလည်းကောင်း ပီးတော်မူသော ဘုရားသခင်သည် ငါရို့လိုသမျှ အလုံးစုံသော မျိုးစိ့ကိုလည်း ပီးတော်မူ၍ အပင်ကိုလည်း ကြီးထွားစီကာ သင်ရို့၏ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်များကို တိုးပွါးစီတော်မူလိမ့်မည်။
2CO 9:11 သင်ရို့သည် အချိန်တိုင်း၌ ရက်ရောစွာ ပီးကမ်းနိုင်ကြစီရန် ကိုယ်တော်သည် သင်ရို့အား အစဉ် ချမ်းသာကြွယ်ဝ စီတော်မူလိမ့်မည်။ သင်ရို့ ပီးကမ်းသော အလှူများကို ငါရို့ပါးက ခံယူကြသော များစွာသော သူရို့သည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူကြလိမ့်မည်။
2CO 9:12 သင်ရို့၏ ဆောင်ရွက်မှုများသည် သန့်ယှင်းသူရို့၏ လိုအပ်သောအရာများကို ကူညီမစသည်သာမက၊ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းခြင်းကိုလည်း များစွာ တိုးပွားစီတော်မူ၏။
2CO 9:13 အကြောင်းမူကား ဤသို့ သင်ရို့၏ လုပ်ဆောင်မှုကြောင့် လူအပေါင်းရို့သည် ခရစ်တော်၏ သတင်းကောင်းကို သစ္စာဟိစွာ သင်ရို့ ခံယူကြသည်ကိုလည်းကောင်း၊ သူရို့မှစ၍ တခြားသူအပေါင်းရို့အား ရက်ရောစွာ ဝီမျှပီးကမ်းကြသည်ကိုလည်းကောင်း လူအပေါင်းရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြပေလိမ့်မည်။
2CO 9:14 ထို့အပြင် သင်ရို့အား ဘုရားသခင်ပီးသနားတော်မူသော ထူးမြတ်သော ကျေးဇူးတော်ကြောင့် သူရို့သည် အလွန် စိတ်နှလုံးပါလျက် သင်ရို့အတွက် ဆုတောင်းပီးကြလိမ့်မည်။
2CO 9:15 ကိုယ်တော်၏ ဖော်ပြ၍မကုန်နိုင်သော ဆုကျေးဇူးတော်အတွက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
2CO 10:1 ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းအားဖြင့် ငါ ပေါလုသည် သင်ရို့အား တောင်းပန်ပါ၏။ ငါသည် သင်ရို့နှင့်အတူ ဟိသောအခါ ကြောက်တတ်သော်လည်း ဝီးကွာနိန်သောအခါ ရဲဝံ့ပြတ်သားသောသူ ဖြစ်၏။
2CO 10:2 ငါရို့ကို လောကီအလိုသို့လိုက်၍ ဆောင်ရွက်သူများဖြစ်သည်ဟု ဝေဖန်စွပ်စွဲကြသော သူရို့အား ပြတ်သားစွာ ပြုမူရမည်ဟု ငါ ခံယူထားသည်အတိုင်း ငါရောက်လာသောအခါ ထိုသို့ ပြတ်သားစွာ ပြောဆိုခြင်းငှာ ဖိအားမပီးကြရန် ငါတောင်းပန်၏။
2CO 10:3 ငါရို့သည် လောက၌ အသက်ရှင်နီထိုင်လျက် ဟိကြသည် မှန်သော်လည်း လောကီအလိုသို့လိုက်၍ တိုက်ပွဲ ဝင်နိန်ကြသည် မဟုတ်။
2CO 10:4 ငါရို့ ကိုင်စွဲသော လက်နက်သည် လောကနှင့်ဆိုင်သော လက်နက်တိ မဟုတ်။ ခံတပ်တိကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်နှင့်ပြည့်စုံသော လက်နက်တိဖြစ်ကြ၏။ ငါရို့သည် မှားယွင်းသော ငြင်းခုံမှုများကို ပယ်ဖျက်၍၊
2CO 10:5 ဘုရားသခင်အား သိကျွမ်းသောဉာဏ်ပညာကို ဆန့်ကျင်တားဆီးတတ်သော မာန်မာနဟိသမျှကို ချိုးဖျက်ကာ ငါရို့သည် တွီးတောကြံစည်မှု ဟိသမျှကို ချုပ်တည်းကာ ခရစ်တော်အား နာခံစီကြ၏။
2CO 10:6 သင်ရို့သည် နာခံမှုနှင့် ပြည့်စုံကြသောအခါ မနာခံသောသူတိကို ပြစ်ဒဏ်ပီးခြင်းငှာ ငါရို့သည် အသင့်ဟိကြ၏။
2CO 10:7 သင်ရို့သည် အပြင်ပန်းသဏ္ဌန်ကိုသာ ကြည့်ရှုတတ်ကြ၏။ ဇာသူမဆို ကိုယ့်ကိုကိုယ် ခရစ်တော်နှင့် သက်ဆိုင်သောသူဖြစ်သည်ဟု ယုံကြည်စိတ်ချမှုဟိလျှင် ထိုသူရို့သည် ခရစ်တော်နှင့် သက်ဆိုင်သကဲ့သို့ ငါရို့သည်လည်း ခရစ်တော်နှင့် သက်ဆိုင်သောသူတိဖြစ်သည်ကို ပြန်လည်၍ စဉ်းစားဆင်ခြင်ကြလော့။
2CO 10:8 အကြောင်းမူကား ငါသည် သခင်ဘုရား ပီးတော်မူသော အခွင့်အာဏာနှင့် ပတ်သတ်၍ အလွန်ပင် ဝါကြွားမိခသော်လည်း မရှက်ပါ။ ထိုအခွင့်အာဏာသည် သင်ရို့အား ဖြိုဖျက်ရန် မဟုတ်၊ တည်ဆောက်ပီးရန် အတွက်ဖြစ်၏။
2CO 10:9 သို့ဖြစ်၍ ငါသည် သင်ရို့အား စာရီး၍ ခြောက်လှန့်နိန်သည်ဟု မထင်စီလို။
2CO 10:10 အကြာင်းမူကား၊ “ပေါလု၏ စာများသည် ပြင်းထန်၍ အာဏာပါသော စာဖြစ်၏။ သို့သော် သူကိုယ်တိုင် ငါရို့နှင့်အတူ ဟိသောအခါ အားနည်းသောသူဖြစ်၍ အဟောအပြောသည်လည်း အထင်ကြီးစရာမဟိ” ဟု လူတချို့က ပြောဆိုကြ၏။
2CO 10:11 ငါရို့သည် အဝီး၌ ဟိသောအခါက ရီးသားလိုက်သော စာ၌ ပါဟိသည့်အတိုင်း ငါရို့ရောက်လာချိန်၌ ထိုအမှုကိုပြုမည့် အကြောင်းကို ထိုသူရို့အား အသိပီးလိုက်ကတ်။
2CO 10:12 အကြောင်းမူကား ငါရို့သည် ကိုယ့်ကိုကိုယ် ချီးမြှောက်တတ်သူရို့နှင့် တစ်တန်းတည်းဖြစ်စီခြင်းငှာ လည်းကောင်း၊ နှိုင်းယှဉ်ခြင်းငှာ လည်းကောင်း မပြုဝံ့ပါ။ သူရို့သည် မိမိရို့၏ စံအားဖြင့် မိမိကိုယ်ကို တိုင်းတာ၍ ဆုံးဖြတ်ကြ၏။ ထိုသူရို့သည် အလွန် မိုက်မဲလှပါ၏။
2CO 10:13 ငါရို့သည်ကား အတိုင်းအတာကို ကျော်လွန်၍ ဝါကြွားလိမ့်မည် မဟုတ်။ သင်ရို့၌ ငါရို့ လုပ်ဆောင်သော လုပ်ငန်းအပါအဝင် ဘုရားသခင် သတ်မှတ်ပီးထားသော လုပ်ဆောင်မှု၌သာ ငါရို့ ဝါကြွားကြ၏။
2CO 10:14 သင်ရို့သည်လည်း ထိုသို့ သတ်မှတ်ထားသော လုပ်ဆောင်မှု၌ ပါဝင်သဖြင့် ငါရို့သည် သင်ရို့ပါးသို့ လာသောအခါ ခရစ်တော်၏ သတင်းကောင်းကို ယူဆောင်လာခြင်းသည် နယ်ကျွံရာမကျပေ။
2CO 10:15 သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်က သတ်မှတ်ပီးထားသည့် အလုပ်ကို ကျော်လွန်၍ သူတစ်ပါး၏ လုပ်ဆောင်ချက်များအတွက် ဂုဏ်ယူဝါကြွားခြင်း မဟိပေ။ သို့သော် သင်ရို့၏ ယုံကြည်ခြင်း ကြီးထွားလာသည်နှင့်အမျှ ငါရို့အတွက် ဘုရားသခင် သတ်မှတ်ပီးတော်မူသည့် နယ်ပယ်အတွင်း သင်ရို့ပါးတွင် အမှုတော်ကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ငါရို့ မျှော်လင့်၏။
2CO 10:16 ထို့ကြောင့် ငါရို့သည် သင်ရို့၏ဒေသအပြင် အခြားဒေသများတွင် သတင်းကောင်းကို ဟောပြောနိုင်ခသဖြင့် အခြားသောသူတစ်ယောက် လုပ်ဆောင်ထားသော လုပ်ငန်းနယ်ပယ်နှင့်ပတ်သတ်၍ ဂုဏ်ယူဝါကြွားစရာ မလို။
2CO 10:17 သို့ရာတွင် ကျမ်းစာတော်မြတ်က “ဝါကြွားလိုသောသူသည် သခင်ဘုရား ပြုတော်မူသော အမှု၌သာ ဝါကြွားရမည်” ဟု ဆို၏။
2CO 10:18 အကြောင်းမူကား သခင်ဘုရား နှစ်သက်တော်မူသောသူ ဟူသည်မှာ ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူ မဟုတ်။ ကိုယ်တော်က ချီးမြှောက်သောသူ ဖြစ်ရမည်။
2CO 11:1 အနည်းချေမျှသော ငါ၏မိုက်မဲမှုကို သင်ရို့သည် သည်းခံကြလိမ့်မည်ဟု ငါမျှော်လင့်၏။ ကျေးဇူးပြု၍ သည်းခံကြလော့။
2CO 11:2 ဘုရားသခင်သည် သင်ရို့အား သဝန်တိုစိတ် ဟိသကဲ့သို့ ငါသည်လည်း သင်ရို့အား သဝန်တိုစိတ် ဟိ၏။ ငါသည် အပြစ်ကင်းသော အပျိုစင်နှင့် တူကြသော သင်ရို့ကို ခရစ်တော်တည်းဟူသော သူတစ်ယောက်နှင့် ထိမ်းမြားရန် ကတိပြုထား၏။
2CO 11:3 မြွီသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကို လှည့်ဖြားသည့်နည်းတူ သင်ရို့၏စိတ်သည် ယိုယွင်းကာ ခရစ်တော်အား ဖြူစင်သန့်ယှင်းသော မေတ္တာစိတ် ပျောက်လားမည်ကို ငါ စိုးရိမ်မိ၏။
2CO 11:4 အကြောင်းမူကား တစ်စုံတစ်ယောက်က သင်ရို့ပါးသို့ ရောက်လာ၍ ငါရို့ မဟောပြောဖူးသော အခြားသော ယေသျှုအကြောင်းကိုလည်းကောင်း၊ ငါရို့ပါးမှ ကြားသိရသည့် သတင်းကောင်းနှင့် လုံးဝခြားနားသည့် သတင်းကောင်းကိုလည်းကောင်း၊ အယင်က ခံယူထားသည့် ဝိညာဉ်တော်နှင့် လုံးဝခြားနားသည့် ဝိညာဉ်ကိုလည်းကောင်း ဟောပြောသောအခါ၌ သင်ရို့သည် ဝမ်းမြောက်စွာ ခွင့်ပြုကြ၏။
2CO 11:5 သင်ရို့၌ ထင်ရှားသော “တမန်တော်ကြီးများ” ထက် အနည်းချေမျှ ငါသည် မနိမ့်ဟု ယူဆ၏။
2CO 11:6 ငါသည် အဟောအပြော၌ ညံ့သော်လည်း အသိပညာ၌မူကား မညံ့။ ငါရို့သည် ဤအကြောင်းအရာများကို အချိန်တိုင်း အခြေနေအမျိုးမျိုးတိုင်း၌ သင်ရို့ပါးကို ယှင်းလင်းစွာ ပြခ၏။
2CO 11:7 သင်ရို့ ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကို နှိမ့်ချလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား အခမဲ့ ဟောပြောခ၏။ ထိုအရာသည် မှားယွင်းပါသလော။
2CO 11:8 ငါသည် သင်ရို့၌ အမှုတော်ဆောင်ရွက်စဉ်က ကုန်ကျစရိတ်တိကို တခြားသော အသင်းတော်များက ကျခံစီခ၏။ ငါသည် သင်ရို့အား ထောက်ပံ့ ကူညီရန် ထိုအသင်းတော်တိကို လုယူနိန်သကဲ့သို့ ဖြစ်၏။
2CO 11:9 ထို့အပြင် မာကေဒေါနိပြည်မှ လာကြသည့် ညီအစ်ကိုမောင်နှမရို့က ငါလိုသမျှကို ယူလာကြသည်ဖြစ်၍ ငါသည် သင်ရို့နှင့်အတူ ဟိနိန်စဉ် ငွီကြေးလိုအပ်ချိန်၌ သင်ရို့အား ဒုက္ခမပီးခ။ ငါသည် သင်ရို့အတွက် အယင်ကဖြစ်စီ၊ နောင်အခါ၌ဖြစ်စီ ဝန်ထုပ်ဝန်ပိုး ဖြစ်စီလိမ့်မည် မဟုတ်။
2CO 11:10 ဤသို့ ငါ၏ ဝါကြွားမှုသည် အခါယပြည် တလျှောက်လုံး ဇာသူမျှ ပိတ်ပင်၍ ရလိမ့်မည် မဟုတ်ကြောင်းကို ငါ၌ဟိသော ခရစ်တော်၏ သမ္မာတရားကို အမှီပြု၍ ငါဆို၏။
2CO 11:11 ငါသည် ဤသို့ဆိုရသည့် အကြောင်းမှာ သင်ရို့အား မချစ်လို့လား။ သင်ရို့အား ငါချစ်သည်ကို ဘုရားသခင် သိတော်မူ၏။
2CO 11:12 သို့ရာတွင် ငါရို့လုပ်သည့် နည်းတူ လုပ်ဆောင်နိန်ကြသည်ဟု အခြားသော “တမန်တော်များ” ဝါကြွားပြောဆိုခွင့် မရနိုင်ကြစီရန် ငါသည် အဂု လုပ်ဆောင်သည်အတိုင်း ဆက်လက် လုပ်ဆောင်လားလိမ့်မည်။
2CO 11:13 ထိုသူရို့သည် စစ်မှန်သော တမန်တော်များ မဟုတ်၊ မှားယွင်းသောတမန်တော်များသာ ဖြစ်ကြ၏။ မိမိကိုယ်ကို ခရစ်တော်၏ စစ်မှန်သော တမန်တော်တိ ဖြစ်ယောင်ဆောင်လျက် လှည့်စားသောသူများဖြစ်၏။
2CO 11:14 သူရို့သည် ဤသို့ ပြုကြသည်မှာ အံ့ဖွယ် မဟုတ်။ စာတန်သည်ပင် အလင်း၏ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။
2CO 11:15 သို့ဖြစ်၍ သူ၏အခိုင်းအစီများသည် ဖြောင့်မတ်ခြင်း၏ အခိုင်းအစီများ ဖြစ်ယောင်ဆောင်ကြသည်မှာ အံ့ဖွယ် မဟုတ်ပေ။ အဆုံး၌ သူရို့သည် မိမိရို့ ပြုမူကြသည့်အတိုင်း ထိုက်တန်သည့် အ​ကျိုးအ​ပြစ်​ကို ခံကြရလိမ့်မည်။
2CO 11:16 တဖန် ငါဆိုသည်ကား၊ ငါ့ကို မိုက်မဲသောသူ ဖြစ်သည်ဟု ဇာသူလေ့ မထင်ကတ်ကေ့။ သို့သော်လည်း သင်ရို့ ထိုသို့ ထင်မှတ်ကြလျှင်လည်း ငါ၌ ဝါကြွားစရာ အနည်းချေ ဟိစီခြင်းငှာ မိုက်မဲသောသူအဖြစ်နှင့်ပင် ငါ့ကို လက်ခံကြလော့။
2CO 11:17 အဂု ပြောဆိုနိန်ခြင်းသည် သခင်ဘုရား၏ ပြောစီချင်သည့် စကား မဟုတ်ဘဲ မိုက်မဲသောသူ တစ်ယောက်ကဲ့သို့ ငါသည် ဝါကြွား ပြောဆိုနိန်ခြင်းဖြစ်၏။
2CO 11:18 သို့သော်လည်း များစွာသော လူရို့သည် လောကီအရာများ၌ ဝါကြွားကြသည်ဖြစ်၍ ငါသည်လည်း ဝါကြွားမည်။
2CO 11:19 သင်ရို့သည် ပညာဟိများ ဖြစ်သောကြောင့် မိုက်မဲသောသူရို့အား ဝမ်းမြောက်စွာ သည်းခံနိုင်ကြ၏။
2CO 11:20 တစ်စုံတစ်ယောက်သောသူက သင်ရို့အား ကျွန်ပြုသည် ဖြစ်စီ၊ အခွင့်အရေးယူသည် ဖြစ်စီ၊ အသုံးချခံရသည် ဖြစ်စီ၊ အထင်အမြင်သေးသည် ဖြစ်စီ၊ ပါးကိုသတ်သည် ဖြစ်စီ ထိုသူကို သင်ရို့သည် သည်းခံကြ၏။
2CO 11:21 ငါရို့သည် ထိုသို့ ပြုရန် မဝံ့မရဲ ဖြစ်ခသောကြောင့် ဝန်ခံရန်ပင် ငါသည် ရှက်၏။ သိုရာတွင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါသည်လည်း ဝါကြွားဝံ့သည်ဟု မိုက်မဲသောသူတစ်ယောက်ကဲ့သို့ ငါပြောဆို၏။
2CO 11:22 သူရို့သည် ဟေဗြဲလူမျိုး ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူရို့သည် ဣသရေလလူမျိုးများ ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူရို့သည် အာဗြဟံ၏ အမျိုးအနွယ် ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။
2CO 11:23 သူရို့သည် ခရစ်တော်၏ အခိုင်းအစီများ ဖြစ်ကြသလော။ ငါသည်လည်း သာ၍ပင် ဖြစ်သည်ဟု အရူးတစ်ယောက်ကဲ့သို့ ငါဆို၏။ ငါသည် အလုပ်ကို ပို၍ အပင်ပန်းခံကာ လုပ်ဆောင်ခ၏။ ကြိမ်ဖန်များစွာ ထောင်ကျခံခရ၏။ ကြိမ်ဒဏ်များစွာကိုလည်း ခံခရ၏။ သီဖီးနှင့်လည်း ကြိမ်ဖန်များစွာ ရင်ဆိုင်ခရ၏။
2CO 11:24 ငါသည် ယုဒလူမျိုးရို့၏ သုံးဆယ်ကိုးချက်သော ရိုက်နှက်ခြင်းကို ငါးကြိမ်တိုင်တိုင် ခံခရ၏။
2CO 11:25 ငါသည် ရောမအမျိုးသားတိထံ၌ သုံးကြိမ်တိုင်တိုင် ကြိမ်ဒဏ်ခံရခပြီး ကျောက်ခဲဖြင့် တစ်ကြိမ် အပစ်ခံရခ၏။ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်ပြီး ပင်လယ်ပြင်တွင် တစ်နိ့နှင့်တစ်ည မျောခရ၏။
2CO 11:26 ငါသည် ခရီးအကြိမ်ကြိမ် လားရာတွင် မြစ်ရီကြီးသည့်ဖီး၊ ဒါးပြဖီး၊ ကိုယ့်လူမျိုးဖြစ်သော ယုဒလူမျိုးရို့၏ဖီး၊ လူမျိုးခြားတိ ပြုသောဖီး၊ မြို့ကြီးများတွင် တွိ့ရတတ်သည့်ဖီး၊ ကျေးလက်တောရွာ၌ တွိ့ရသောဖီး၊ ပင်လယ်ပြင်၌ တွိ့ရသောဖီး၊ မိတ်ဆွီအတုယောင်များ၏ဖီးများနှင့် ကြုံတွိ့ခရ၏။
2CO 11:27 အလုပ်ကို ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ရခြင်း၊ မကြာခဏ အိပ်ပျက်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းနှင့် ရီငတ်ခြင်း၊ မကြာခဏ အစာ ပြတ်လပ်ခြင်း၊ အအီးဒဏ်ခံရခြင်း၊ ဝတ်စရာ လုံလောက်စွာ မဟိခြင်းများကို ငါ ခံရခ၏။
2CO 11:28 ထိုမျှမက အသင်းတော် အားလုံးအတွက် ငါ၏ စိုးရိမ်ပူပန်ခြင်းသည် နိ့စဉ်နိ့တိုင်း ငါ့ကို ဖိစီးလျက်ဟိ၏။
2CO 11:29 တစ်စုံတစ်ယောက်သည် အားနည်းနိန်လျှင် ငါသည်လည်း အားနည်းရ၏။ တစ်စုံတစ်ယောက်သည် လမ်းလွဲနိန်လျှင် ငါသည် ပူပန်ခြင်းနှင့် ပြည့်နိန်၏။
2CO 11:30 ငါသည် ဝါကြွားရမည်ဆိုလျှင် မိမိ၏ အားနည်းချက်ကိုသာ အကြောင်းပြု၍ ဝါကြွားရမည်။
2CO 11:31 ငါသည် မုသာသုံး၍ မပြောကြောင်းကို အသျှင်ယေသျှု၏ ခမည်းတော်တည်းဟူသော ဘုရားသခင်သည် သိတော်မူ၏။ ထိုအသျှင်၏ နာမတော်သည် ကာလအစဉ်အဆက် မင်္ဂလာဟိတော်မူပါစီသတည်း။
2CO 11:32 ဒမာသက်မြို့၌ အရေတဘုရင်၏ လက်အောက်ခံ မြို့ဝန်သည် ငါ့ကို ဖမ်းဆီးရန် မြို့တန်းခါးများတွင် တပ်သားတိကို အစောင့်ချထား၏။
2CO 11:33 သို့ရာတွင် တပည့်တော်ရို့သည် ငါ့အား တောင်းထဲတွင်ထည့်၍ ပြူတင်းပေါက်မှတဆင့် မြို့ရိုးက လျှောချခသောကြောင့် ငါသည် ထိုသူ၏ လက်မှ လွတ်မြောက်ခရ၏။
2CO 12:1 ဝါကြွားခြင်းသည် အကျိုးမဟိသော်လည်း ငါသည် ဝါကြွားရဦးမည်။ သို့ဖြစ်၍ သခင်ဘုရားက ငါ့အား ပီးသနားတော်မူသော ရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကို အဂု ပြောပြမည်။
2CO 12:2 လွန်ခသော တစ်ဆယ့်လေးနှစ်က ခရစ်တော်ကို ယုံကြည်သူတစ်ဦးသည် တတိယ ကောင်းကင်ဘုံတိုင်အောင် ဆောင်ယူခြင်းခံရသည်ကို ငါသိ၏။ ဤသို့ ဆောင်ယူခြင်းခံရသည်မှာ ခန္ဓာပါသည်၊ မပါသည်ကို ငါမသိ။ ဘုရားသခင်သာလျှင် သိတော်မူ၏။
2CO 12:3 ငါဆိုသည်ကား၊ ထိုသူသည် ပရဒိသုဘုံသို့ ဆောင်ယူခြင်းခံရသည်ကို ငါသိ၏။ တဖန် ဤသို့ ဖြစ်ပျက်ခြင်းသည် ခန္ဓာပါသည်၊ မပါသည်ကို ငါမသိ။ ဘုရားသခင်သာလျှင် သိတော်မူ၏။ ထိုအရာကို လူ၏နှုတ်ဖြင့် မမြွတ်ဆိုနိုင်။ စကားလုံးအားဖြင့်လည်း မဖော်ပြနိုင်သောအရာများကို ထိုသူသည် ကြားခရ၏။
2CO 12:5 သို့ဖြစ်၍ ငါသည် ထိုသူ၏ အကြောင်းကို ငါ ဝါကြွားမည်။ သို့သော် ငါ၏ အားနည်းချက်မှလွဲ၍ ငါ၌ အခြားသော ဝါကြွားစရာမဟိ။
2CO 12:6 ငါသည် ဝါကြွားရန် အလိုဟိလျှင်လည်း မိုက်မဲသောသူ ဖြစ်လိမ့်မည် မဟုတ်။ ဇာကြောင့်ဆိုသော် ငါသည် မှန်သောစကားကိုသာ ပြောခြင်းဖြစ်၏။ သို့သော် မည်သူမျှ ငါ့ကို မြင်ရ၊ ကြားရသည်ထက် ပို၍ အထင်မကြီးစီလိုသဖြင့် ငါသည် ဝါကြွားလိမ့်မည် မဟုတ်။
2CO 12:7 ငါမြင်ရသည့် ဗျာဒိတ်တော်သည် အလွန် ထူးမြတ်သောကြောင့် ငါ့ကို ထောင်လွှားခြင်း မပြုစီရန် ငါ၏ ခန္ဓာတွင် နာကြင်စီသော ဆူးတစ်ခုကို ပီး၏။ ထိုဆူးသည် စာတန်၏ စီတမန်သဖွယ် ငါ့ကို ဒဏ်ခတ်၍ ငါ၏မာနကို ချိုးနှိမ်၏။
2CO 12:8 ထိုအရာကို ငါ့ပါးမှ ဖယ်ယှားပီးရန် သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါ ဆုတောင်းခ၏။
2CO 12:9 သို့သော် ကိုယ်တော်က “ငါ၏ ကျေးဇူးတော်သည် သင့်အတွက် လုံလောက်ပေသည်။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းကို ပြည့်စုံစီ၏” ဟု ဖြေကြားတော်မူ၏။ သို့ဖြစ်၍ ခရစ်တော်၏ တန်ခိုးတော်သည် ငါ၌ တည်နိန်သည်ဖြစ်၍ ငါ၏အားနည်းချက်များနှင့်ပတ်သက်၍ ငါသည် အလွန်ဝမ်းမြောက်စွာ ဝါကြွားလိမ့်မည်။
2CO 12:10 ခရစ်တော်အဖို့အလို့ငှာ ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဒုက္ခခံရခြင်း၊ ညှည်းဆဲခံရခြင်း၊ ခက်ခဲခြင်းဝေဒနာများကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ၌ သာ၍ ခွန်အားဟိတော်မူ၏။
2CO 12:11 ငါသည် မိုက်မဲသောသူကဲ့သို့ ဖြစ်နိန်ယာ။ သို့ရာတွင် သင်ရို့က ငါ့အား ထိုသို့ဖြစ်အောင် ပြုနိန်ခြင်းဖြစ်၏။ ငါသည် တစ်ခုမျှ မဟုတ်သော်လည်း သင်ရို့၏ အလွန် ကြီးမြတ်သော “တမန်တော်တိ” ထက် နိမ့်ကျသည် မဟုတ်။ သို့ဖြစ်၍ သင်ရို့သည် ငါ့အား ထောက်ခံချီးကျူးသင့်ပေသည်။
2CO 12:12 ငါသည် တမန်တော်တစ်ပါးဖြစ်ကြောင်းကို သင်ရို့ပါးတွင် များစွာသော သည်းခံခြင်းဖြင့် ပြုခသော သက်သီသည်ကား နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများ ဖြစ်၏။
2CO 12:13 သင်ရို့ကို ငွီရေးကြေးရေး ကူညီပီးရန်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စီခသည်မှတစ်ပါး ငါသည် သင်ရို့အား အခြားအသင်းတော်များထက် နှိမ့်ချ၍ ဆက်ဆံခသလော။ ထိုသို့ ဖြစ်စီခလျှင် ငါ့အား ခွင့်ရွှတ်ကြပါ။
2CO 12:14 အဂု ငါသည် သင်ရို့ပါးသို့ တတိယအကြိမ် အလည်လာရန် အဆင်သင့်ဟိပြီ။ သို့သော် ငါသည် သင်ရို့အား ဝန်ထုပ်ဝန်ပိုး ဖြစ်စီမည်မဟုတ်။ သင်ရို့၏ ပိုင်ဆိုင်မှုတိကို ငါအလိုမဟိ။ ငါအလိုဟိသည်ကား သင်ရို့၏ ဥစ္စာများ မဟုတ်၊ သင်ရို့ကိုသာ ဖြစ်၏။ သားသမီးတိက သူရို့မိဘတိအတွက် ဥစ္စာကို ဆည်းပူရသည် မဟုတ်ဘဲ၊ မိဘတိကသာလျှင် သားသမီးတိအတွက် ဥစ္စာကို ဆည်းပူးရ၏။
2CO 12:15 ငါသည် သင်ရို့အား ကူညီရန် ငါ၌ ဟိသမျှတိကိုလည်းကောင်း၊ ငါ့ကိုယ်ကိုလည်းကောင်း ဝမ်းမြောက်စွာ အသုံးပြုမည်။ ငါသည် သင်ရို့အား ဤမျှလောက်ချစ်လျက်ပင် သင်ရို့သည် ငါ့အား ချစ်ခြင်းမေတ္တာ လျော့နည်းကြမည်လား။
2CO 12:16 ငါသည် သင်ရို့အား ဝန်ထုပ်ဝန်ပိုး မဖြစ်စီခကြောင်းကို သင်ရို့သည် ဝန်ခံကြလိမ့်မည်။ သို့သော် ငါသည် သင်ရို့အား လိမ်လည်လှည့်စားလျက် ထောင်ချောက်ဆင်ခသည်ဟု တစ်စုံတစ်ယောက်က ပရိယာယ်ဖြင့် စွပ်စွဲလိမ့်မည်။
2CO 12:17 ဇာပိုင် ငါလှည့်စားခသနည်း။ ငါ စီရွှတ်လိုက်သောသူ တစ်ဦးဦးအားဖြင့် ငါသည် သင်ရို့ပါးမှ အခွင့်အရေး ယူခဖူးသလား။
2CO 12:18 ငါသည် တိတုအား သင်ရို့ပါးသို့ လားရန် တောင်းပန်ပြောဆို၍ အခြားသော ယုံကြည်သူ ညီအစ်ကိုတစ်ဦးနှင့်အတူ စီရွှတ်ခ၏။ တိတုသည် သင်ရို့ပါးက အခွင့်အရေး ယူခသည်ဟု ဆိုမည်လား။ သူနှင့်ငါသည် တူညီသော စိတ်သဘောဖြင့် တစ်လမ်းတည်း လျှောက်လှမ်းခကြသည် မဟုတ်လား။
2CO 12:19 ငါရို့သည် တစ်ချိန်လုံး မိမိကိုယ်ကို ကာကွယ်ရန် ကြိုးစားနိန်ကြသည်ဟု သင်ရို့ ထင်ကောင်းထင်ကြလိမ့်မည်။ ထိုသို့ မဟုတ်။ ငါရို့သည် ခရစ်တော် ပြောလိုသည့်အတိုင်း ဘုရားသခင်၏ ရှိ့တော်မှောက်တွင် ပြောဆိုနိန်ကြခြင်းသာ ဖြစ်၏။ ချစ်သောအဆွီရို့၊ ငါရို့ပြုသမျှသည် သင်ရို့ကို တည်ဆောက်ရန်ပင် ဖြစ်ပေသည်။
2CO 12:20 သင်ရို့ပါးသို့ ရောက်သောအခါ ငါတွိ့မြင်လိုသည်အတိုင်း သင်ရို့အား မတွိ့ရမည်ကိုလည်းကောင်း၊ သင်ရို့ မြင်တွိ့လိုသည်အတိုင်း ငါရို့အား မတွိ့ရကြမည်ကိုလည်းကောင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းပြောခြင်း၊ မောက်မာခြင်းနှင့် ဝရုန်းသုန်ကားဖြစ်ခြင်းများ တွိ့ရမည်ကို ငါ စိုးရိမ်၏။
2CO 12:21 နောက်တစ်ကြိမ် ငါလာသောအခါ ငါ၏ ဘုရားသခင်သည် သင်ရို့ရှိ့၌ ငါ့အား နှိမ့်ချတော်မူပြီး အယင်က အပြစ်ပြုခသော သူများအတွက် လည်းကောင်း၊ သူတစ်ပါးမယားကို ပြစ်မှားခြင်း၊ ကိလေသာလွန်ကျူးခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်း စသည့် အမှုအရာများကို ပြုလုပ်ခြင်းမှ နောင်တမရသောသူများအတွက် လည်းကောင်း မျက်ရည်ကျရမည်ကို ငါသည် စိုးရိမ်မိ၏။
2CO 13:1 အဂု ငါသည် သင်ရို့ပါးသို့ တတိယအကြိမ် လာလည်အုံးမည်။ “အမှုကိစ္စမှန်သမျှကို သက်သီနှစ်ဦး သို့မဟုတ် သုံးဦး၏ ထွက်ဆိုချက်အရ မှန်ကန်ကြောင်း အတည်ပြု​ရမည်” ဟု ကျမ်းစာ၌ ဖော်ပြထား၏။
2CO 13:2 အယင်က အပြစ်ကျူးလွန်ခသူများနှင့် တခြားသောသူ အားလုံးအား ဒုတိယအကြိမ် ရောက်ခသောအချိန်၌ သတိပီးခသည့်အတိုင်း အဂု တဖန် သင်ရို့နှင့် ဝီးနိန်စဉ် ငါသတိပီးသည်ကား၊ နောက်တစ်ကြိမ် ငါရောက်လာလျှင် သင်ရို့သည် ပြစ်ဒဏ်မှ လွတ်လိမ့်မည် မဟုတ်။
2CO 13:3 ခရစ်တော်သည် ငါ့အားဖြင့် မိန့်တော်မူကြောင်း သက်သီအားလုံးကို သင်ရို့ တောင်းဆိုကြသည့်အတိုင်း ရကြလိမ့်မည်။ ခရစ်တော်သည် သင်ရို့နှင့်အတူ ဟိသောအခါ အားနည်းတော်မမူဘဲ မိမိ၏တန်ခိုးတော်ကို သင်ရို့၌ ထင်ရှားစွာ ပြတော်မူ၏။
2CO 13:4 ကိုယ်တော်သည် လက်ဝါးကပ်တိုင်ထက်တွင် အသီသတ်ခံရစဉ်က အားနည်းသည့် အခြေအနေ ဟိခသော်လည်း ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထို့ကြောင့် ငါရို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်ရို့ရှိ့၌ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
2CO 13:5 သင်ရို့သည် ယုံကြည်ခြင်း၌ တည်သည်၊ မတည်သည်ကို မိမိကိုယ်ကို ဆန်းစစ် ဆုံးဖြတ်ကြလော့။ သင်ရို့အထဲ၌ ယေသျှု ခရစ်တော်ဟိကြောင်းကို သေချာစွာ သိကြသလော။ သို့မဟုတ်လျှင် သင်ရို့သည် စုံစမ်းစစ်ဆီးခြင်း၌ ယှုံးနိမ့်ကြပြီလော။
2CO 13:6 ငါရို့သည် ယှုံးနိမ့်သောသူတိ မဟုတ်ကြောင်းကို သင်ရို့ သိလိမ့်မည်ဟု ငါ ယုံကြည်၏။
2CO 13:7 သင်ရို့သည် မကောင်းသောအမှု တစ်စုံတစ်ခုကိုမျှ မပြုမည်အကြောင်း ဘုရားသခင်ထံ၌ ငါရို့ ဆုတောင်းကြ၏။ ဤသို့ပြုရခြင်းမှာ ငါရို့သည် အောင်မြင်သော သူတိဖြစ်ကြောင်း ထင်ပေါ်စီချင်၍ မဟုတ်။ ငါရို့သည် ယှုံးနိမ့်သောသူများကဲ့သို့ ဖြစ်သော်ငြားလည်း သင်ရို့သည် ကောင်းမြတ်သည့်အမှုကို ပြုနိုင်စီရန် ဖြစ်၏။
2CO 13:8 အကြောင်းမူကား ငါရို့သည် သမ္မာတရားကို ဆန့်ကျင်၍ ဇာအမှုကိုမျှ မပြုနိုင်ကြသော်လည်း သမ္မာတရားဖက်၌ နီမှသာလျှင် ပြုနိုင်ကြ၏။
2CO 13:9 ငါရို့သည် အားနည်းသော်လည်း သင်ရို့သည် အားကြီးသောအခါ ငါရို့ ဝမ်းမြောက်ကြ၏။ သို့ဖြစ်၍ သင်ရို့သည် ပြည့်ဝစုံလင်သူများ ဖြစ်ကြရန်အတွက်လည်း ငါရို့ ဆုတောင်းကြ၏။
2CO 13:10 သင်ရို့နှင့် ဝီးကွာသည့်ကာလ ဤစာကို ရီးရခြင်းမှာ သခင်ဘုရားက ငါ့အား ပီးတော်မူသည့် အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမချရန်ဖြစ်၏။ ထိုအခွင့်အာဏာသည် သင်ရို့အား ဖြိုဖျက်ရန် အတွက် မဟုတ်ဘဲ တည်ဆောက်ရန် အတွက်ဖြစ်၏။
2CO 13:11 ညီအစ်ကိုမောင်နှမရို့၊ ဝမ်းမြောက်ကြလော့။ ပြည့်စုံစီရန်အတွက် ကြိုးစားအားထုတ်လော့။ ငါ၏ တိုက်တွန်းချက်ကို နားထောင်ကြလော့။ အချင်းချင်း စိတ်သဘောတူညီလျက် သင့်မြတ်စွာ နီထိုင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်၏ မေတ္တာတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။
2CO 13:12 သင်ရို့သည် တစ်ယောက်ကိုတစ်ယောက် သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။
2CO 13:13 သန့်ယှင်းသူအပေါင်းရို့သည် သင်ရို့အား နှုတ်ဆက်လိုက်ကြ၏။
2CO 13:14 အသျှင်ယေသျှု ခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ယှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းသည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။
GAL 1:1 လူတိပါးမှ မဟုတ်၊ လူ့အားဖြင့်လည်း မဟုတ်ဘဲ ယေသျှုခရစ်တော်အားဖြင့် လည်းကောင်း၊ ကိုယ်တော့်ကို သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူသော အဖဘုရားသခင်အားဖြင့် လည်းကောင်း တမန်တော်ဖြစ်သော ငါပေါလုမှစ၍၊
GAL 1:2 ငါနှင့်အတူဟိသော ညီအစ်ကို၊ မောင်နှမအားလုံးသည်၊
GAL 1:3 ငါရို့အဖ ဘုရားသခင်နှင့် အသျှင်ယေသျှု ခရစ်တော်ထံပါးမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ သက်ရောက်ပါစီ၊
GAL 1:4 ငါရို့အဖ ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်သည် ငါရို့အား ဤဆိုးယုတ်သော မျက်မှောက်ကာလမှ ကယ်တင်နိုင်ရန် ငါရို့၏အပြစ်တိအတွက် မိမိကိုယ်ကို စွန့်တော်မူ၏၊
GAL 1:5 ဘုရားသခင်သည် ကာလအစဉ်အဆက် ဘုန်းကြီးတော်မူစီသတည်း။ အာမင်။
GAL 1:6 ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့အား ခေါ်ယူတော်မူသော အသျှင်ကို သင်ရို့သည် ဤမျှလောက် စောလျင်စွာ စွန့်ခွါ၍ အခြားသော သတင်းကောင်းကို နာယူလျက်ဟိသဖြင့် ငါသည် အလွန်အံ့သြ၏။
GAL 1:7 အမှန်ဆိုသော် “အခြားသော သတင်းကောင်း” ဟူ၍မဟိ။ သို့ရာတွင် လူတချို့သည် သင်ရို့ကို အနှောက်အယှက်ဖြစ်စီပြီး ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းငှာ ကြိုးစားနိန်ခြင်းသာ ဖြစ်သည်ဟု ငါပြောဆို၏။
GAL 1:8 သို့သော်လည်း ငါရို့ဖြစ်စီ၊ ကောင်းကင်ဘုံမှ ကောင်းကင်တမန်ဖြစ်စီ သင်ရို့အား ငါရို့ဟောပြောခသည့် သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် အခြားသော သတင်းကောင်းကို ဟောပြောလျှင် ထိုသူရို့သည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစီ။
GAL 1:9 အယင်က ငါရို့ ပြောခသည့်အတိုင်း အဂုလည်း ထပ်၍ ငါပြောဆို၏။ အကယ်၍ ဇာသူမဆို သင်ရို့လက်ခံခပြီးဖြစ်သည့် သတင်းကောင်းနှင့် ကွဲပြားခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ဘုရားသခင်၏ ကျိန်ခြင်းကို ခံစီ။
GAL 1:10 ဤသို့ ပြောဆိုရာတွင် ငါသည် လူ၏အလိုကို လိုက်ရန် ကြိုးစားနိန်သလော။ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို လိုက်ရန် ကြိုးစားနိန်သလော။ ထိုသို့ မဟုတ်လျှင် ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်သလော။ အကယ်၍ ငါသည် လူတိစိတ်ကို ကြေနပ်စီခြင်းငှာ ကြိုးစားနိန်လျှင် ခရစ်တော်၏ အခိုင်းအစီ ဖြစ်နိုင်မည် မဟုတ်။
GAL 1:11 ညီအစ်ကို မောင်နှမရို့၊ ငါဟောပြောသည့် သတင်းကောင်းသည် လူဖန်တီးထားသော တရား မဟုတ်ကြောင်းကို သင်ရို့အား ငါဖော်ပြမည်။
GAL 1:12 ထိုသတင်းကောင်းသည် ဇာသူ့ပါးကလေ့ ငါ ရသည် မဟုတ်။ ထိုသတင်းကောင်းကို ငါ့အား ဇာသူလေ့ မသင်ပီးခ၊ ယေသျှုခရစ်ကိုယ်တော်တိုင် ဗျာဒိတ်တော်အားဖြင့် ငါ့အား ပီးအပ်တော်မူခ၏။
GAL 1:13 ငါသည် ယုဒဘာသာဝင်အဖြစ် အသက်ရှင်နီထိုင်ခစဉ်က ဇာပိုင် ကျင့်ကြံပြုမူခသည်ကို သင်ရို့ ကြားသိကြ၏။ ငါသည် ဘုရားသခင်၏ အသင်းတော်ကို ကရုဏာစိတ် မဟိဘဲ ညှည်းပန်းနှိပ်စက်၍ ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစားခ၏။
GAL 1:14 ယုဒဘာသာတရားကို လက်တွိ့ကျင့်သုံးရာတွင် ငါသည် မိမိနှင့်သက်တူရွယ်တူ ယုဒလူမျိုးရို့ကို ဦးဆောင်ခပြီးလျှင် ငါရို့အဖိုးအဖီးရို့၏ ထုံးတမ်းစဉ်လာတိကိုလည်း အလွန်စိတ်အားထက်သန်ခ၏။
GAL 1:15 သို့သော်လည်း ဘုရားသခင်သည် အမိဝမ်းထဲကပင် ကျေးဇူးတော်အားဖြင့် ငါ့အား ရွီးချယ်ထား၍ အမှုတော်ဆောင်ရန် ခေါ်တော်မူပြီး၊
GAL 1:16 ကိုယ်တော်၏သတင်းကောင်းကို လူမျိုးခြားတိအား ဟောပြောရန် မိမိ၏သားတော်ကို ငါ့အား ဖော်ပြတော်မူ၏။ ထိုအခါ ငါသည် ဇာသူ့ပါးမှ အကြံဉာဏ်ကို တောင်းခံခြင်း မပြုခပေ။
GAL 1:17 ငါ့ထက် အယင်ဦးစွာ တမန်တော်အရာကို ရဟိထားသော သူရို့နှင့်တွိ့ဆုံရန် ယေရုဆလင်မြို့ကိုလည်း ငါမလားခ။ အာရပ်ပြည်သို့ အယင်လားပြီးနောက် ဒမာသက်မြို့သို့ ပြန်လာ၏။
GAL 1:18 ထို့နောက် သုံးနှစ်ကြာပြီးမှ ပေတရုနှင့် တွိ့ဆုံရန် ယေရုဆလင်မြို့သို့ တက်လားပြီးလျှင် သူနှင့်အတူ တစ်ဆယ့်ငါးရက် နီထိုင်ခ၏။
GAL 1:19 သို့သော် သခင်ဘုရား၏ ညီတော်ဖြစ်သော ယာကုပ်မှလွဲ၍ အခြားတမန်တော် တစ်ယောက်လေ့ ငါ မတွိ့ခ။
GAL 1:20 သင်ရို့ပါးသို့ ငါ ရီးသားခသော အကြောင်းအရာသည် မုသားမပါဘဲ မှန်ကန်ကြောင်းကို ဘုရားသခင် သိတော်မူ၏။
GAL 1:21 ထို့နောက်တွင် ငါသည် ယှုရိပြည်နှင့် ကိလိကိပြည်သို့ လားခ၏။
GAL 1:22 သို့သော် ထိုအချိန်၌ ယုဒပြည်၌ဟိသော အသင်းတော်များမှ ယုံကြည်သူရို့သည် ငါနှင့်ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းကြသိမ့်ပေ။
GAL 1:23 “ငါရို့ကို ညှည်းဆဲခသောသူသည် အယင်က သူ ဖျက်ဆီးရန် ကြိုးစားခသော ယုံကြည်ခြင်းတရားကို အဂုအခါတွင် ငါရို့အား ဟောပြောနိန်၏” ဟု အခြားသောသူတိ ပြောဆိုသံကိုသာ သူရို့ ကြားသိရကြ၏။
GAL 1:24 သို့ဖြစ်၍ သူရို့သည် ငါ့ကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလေ၏။
GAL 2:1 တစ်ဆယ့်လေးနှစ် ကြာပြီးနောက် ငါသည် တိတုကို ခေါ်၍ ဗာနဗနှင့်အတူ ယေရုဆလင်မြို့သို့ ပြန်တက်လားကြ၏။
GAL 2:2 အကြောင်းမူကား ငါသည် ဘုရားသခင်၏ ဗျာဒိတ်တော်အတိုင်း ဤသို့ လားရခြင်းဖြစ်၏။ ငါသည် ခေါင်းဆောင်တိနှင့် သီးသန့် တွိ့ဆုံပြီး တခြားလူမျိုးရို့အား ငါဟောပြောထားသည့် သတင်းကောင်းကို တင်ပြ၏။ ဤသို့ တင်ပြရခြင်းမှာ ငါသည် အယင်က လုပ်ခသည့် အရာများသည် လည်းကောင်း၊ အဂု လုပ်နိန်သည့် အရာများသည် လည်းကောင်း အချည်းနှီး မဖြစ်စီလိုသောကြောင့် ဖြစ်၏။
GAL 2:3 ငါ၏ အပေါင်းဖော်ဖြစ်သော တိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရီဖျားလှီးခြင်းကိုခံရန် အတင်းအကြပ် မခံယူစီ။
GAL 2:4 ဤသို့ ဆိုရခြင်းမှာ ယုံကြည်သူအဖြစ် အယောင်ဆောင်သူ တချို့သည် လျှို့ဝှက်စွာ ဝင်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသူရို့သည် ငါရို့အား ကျွန်ပြုလို၍ ခရစ်တော် ယေသျှုအားဖြင့် ငါရို့ရဟိသော လွတ်လပ်မှုကို စုံစမ်းရန် ငါရို့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာခြင်းဖြစ်၏။
GAL 2:5 သို့သော်လည်း စစ်မှန်သော သတင်းကောင်းသည် သင်ရို့အတွက် လုံခြုံစွာ တည်ဟိနိုင်မည်အကြောင်း ငါရို့သည် သူရို့အား တစ်ခဏမျှပင် မလိုက်လျောခပေ။
GAL 2:6 ခေါင်းဆောင်တိဟု ထင်မှတ်ရသော သူရို့သည် အယင်က ဇာပိုင်လူမျိုးပင် ဖြစ်ပါစီ ငါ့အတွက် ခြားနားခြင်းမဟိ။ ဘုရားသခင်သည် အပြင်ပန်းသဏ္ဌာန်အားဖြင့် လူတိအား အကဲဖြတ်တော်မမူ။ ဇာကြောင့်ဆိုသော် သူရို့သည် ငါဟောပြောသော သတင်းကောင်းတရား၌ ဇာတစ်ခုကိုလေ့ မဖြည့်စွက်ခပေ။
GAL 2:7 ထိုသို့ ဖြည့်စွပ်ပီးမည့်အစား ဘုရားသခင်သည် ပေတရုအား သတင်းကောင်းကို ယုဒလူမျိုးရို့ကို ဟောပြောရန် ယုံကြည် အပ်နှံတော်မူသကဲ့သို့ ငါ့ကိုလည်း တခြားလူမျိုးတိပါးသို့ သတင်းကောင်းကို ဟောပြောရန် တာဝန်ပီးတော်မူကြောင်း သူရို့သည် သိမြင်ကြလေ၏။
GAL 2:8 ဇာကြောင့်ဆိုသော် ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ပေတရုအား ယုဒလူမျိုးတိအတွက် တမန်တော်အဖြစ် ခန့်ထားတော်မူသကဲ့သို့ ငါ့ကိုလည်း အခြားလူမျိုးတိအတွက် တမန်တော်အဖြစ် ခန့်ထားတော်မူသောကြောင့် ဖြစ်၏။
GAL 2:9 ခေါင်းဆောင်တိဖြစ်ကြသည့် ယာကုပ်၊ ပေတရုနှင့် ယောဟန်ရို့က ငါ့အား ဘုရားသခင်ပီးတော်မူသော အခွင့်ထူးကို အသိမှတ်ပြုကြ၏။ ထို့ကြောင့် ငါရို့အားလုံးသည် လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည့်အနိန်ဖြင့် သူရို့သည် ဗာနဗနှင့် ငါ့အား လက်ဆွဲနုတ်ဆက်ကြ၏။ သူရို့သည် ယုဒလူမျိုးကြား၌ လည်းကောင်း၊ ဗာနဗနှင့် ငါ့အား တခြားလူမျိုးတိကြား၌ လည်းကောင်း လုပ်ဆောင်ကြရန် ငါရို့သဘောတူကြ၏။
GAL 2:10 ငါရို့သည် ဆင်းရဲသားရို့ကို အောက်မိ့စီခြင်းငှာ သူရို့က မှာကြားခ၏။ ထိုအမှုကိုပြုရန် ငါလည်း စိတ်အားထက်သန်ခြင်း ဟိခ၏ ။
GAL 2:11 သို့ရာတွင် အန္တိအုတ်မြို့သို့ ပေတရု ရောက်လာသောအခါ သူ၏အပြုအမူသည် ထင်ရှားစွာ မှားယွင်းနိန်သောကြောင့် ငါသည် သူ့အား လူတိရှိ့၌ ပြစ်တင်ပြောဆို၏။
GAL 2:12 ယာကုပ် စီရွှတ်လိုက်သော လူတချို့မရောက်ခင် ပေတရုသည် လူမျိုးခြား ယုံကြည်သူတိနှင့်အတူ စားသောက်လျက်နိန်၏။ ယေဒါလည်း ထိုသူရို့ ရောက်လာသောအခါကား လူမျိုးခြား ယုံကြည်သူတိနှင့် ပေါင်းဖော်စားသောက်ခြင်းကို မပြုယာ။ ဇာကြောင့်ဆိုသော် သူသည် အရီဖျားလှီးခြင်းမင်္ဂလာကို ခံသော သူရို့အား ကြောက်သောကြောင့် ဖြစ်၏။
GAL 2:13 အခြားသော ယုဒလူမျိုး ယုံကြည်သူ ညီအစ်ကို မောင်နှမရို့သည်လည်း ပေတရုကဲ့သို့ သူတော်ကောင်းယောင်ဆောင်သော အပြုအမူတိကို ပြုလာသဖြင့် ဗာနဗသည်ပင်လျှင် သူရို့၏ ပြုမူခြင်းသို့ လိုက်ပါလား၏။
GAL 2:14 သို့ရာတွင် သူရို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ လျှောက်လှမ်းမှုမဟိသည်ကို ငါမြင်သောအခါ သူရို့အားလုံးရှိ့တွင် ပေတရုအား “သင်သည် ယုဒအမျိုးသားဖြစ်လျက်ပင် ယုဒလူမျိုးကဲ့သို့ မဟုတ်ဘဲ တခြားလူမျိုးကဲ့သို့ ပြုမူနီထိုင်လျက်ဟိ၏။ သို့သော်လည်း တခြားလူမျိုးရို့အား ယုဒလူမျိုးကဲ့သို့ အသက်ရှင်နီထိုင်ရန် ဇာကြောင့် အတင်းအားဓမ္မ ပြုရပါသနည်း” ဟု မိန်း၏။
GAL 2:15 ငါရို့သည် ဇာတိအားဖြင့် ယုဒလူမျိုးဖြစ်ပြီး၊ “အပြစ်ကျူးလွန်သော တခြားလူမျိုးများ” မဟုတ်ကြပေ။
GAL 2:16 သို့သော်လည်း လူသည် ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်နိုင်၊ ယေသျှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ရနိုင်ကြောင်းကို ငါရို့သိကြ၏။ ငါရို့ကလည်း ပညတ်တရား၏ အကျင့်အားဖြင့် မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ကြ၏။ ဇာကြောင့်ဆိုသော် ပညတ်တရား၏ အကျင့်အားဖြင့် တစ်ယောက်မျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်သောကြောင့် ဖြစ်၏။
GAL 2:17 သို့ရာတွင် ငါရို့သည် ခရစ်တော်၌ ဖြောင့်မတ်ရာသို့ ရောက်နိုင်ရန် ကြိုးစားကြရာတွင် တခြားလူမျိုးတိနည်းတူ အပြစ်သားတိဖြစ်ကြောင်း တွိ့ရ၏။ သို့ရာတွင် ခရစ်တော်သည် အပြစ်တရားကို ဖြစ်စီသောသူဟု ဆိုနိုင်သလော။ လုံးဝ မဆိုနိုင်။
GAL 2:18 အကယ်၍ ငါကိုယ်တိုင် ဖြိုဖျက်ခသောအရာကို ပြန်လည် တည်ဆောက်မည်ဆိုလျှင် ငါသည် ပညတ်တရားကို ချိုးဖောက်သူဖြစ်ကြောင်း ပြသရာရောက်၏။
GAL 2:19 ဇာကြောင့်ဆိုသော် ပညတ်တရားသည် ငါ့ကို သီဆုံးစီသည်ဖြစ်သောကြောင့် ပညတ်တရားနှင့်ပတ်သတ်လျှင် ငါသည် လူသီဖြစ်၏။ သို့မှသာ ဘုရားသခင်အတွက် အသက်ရှင်နိုင်မည်ဖြစ်၏။
GAL 2:20 ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။
GAL 2:21 ဘုရားသခင်၏ ကျေးဇူးတော်ကို ငါသည် မငြင်းပယ်။ သို့သော်လည်း လူအပေါင်းရို့သည် ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်းကို ရနိုင်ကြလျှင် ခရစ်တော်၏ အသီခံခြင်းသည် အချည်းနှီး ဖြစ်တော်မူ၏။
GAL 3:1 မိုက်မဲသော ဂလာတိအသင်းသားရို့၊ ဇာသူက သင်ရို့အား ပြုစားထားသနည်း။ လက်ဝါးကပ်တိုင်ထက်တွင် ယေသျှုခရစ်တော် အသီခံတော်မူပုံကို သင်ရို့မျက်စိရှိ့တွင် ထင်ရှားစွာ ဟိခ၏။
GAL 3:2 ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ရို့ လက်ခံရခြင်းသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်လော၊ သို့မဟုတ် သတင်းကောင်းကို ကြားနာရ၍ ယုံကြည်ခြင်းအားဖြင့်လော။ ဤအချက်ကို ငါအား ပြောကြလော့။
GAL 3:3 သင်ရို့သည် ယေလောက်တောင် မိုက်မဲကြသလော။ သင်ရို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် အစပြုခပြီးနောက် အဂုအခါ သင်ရို့၏ ဇာတိအားဖြင့် အဆုံးသတ်ဖို့ ကြိုးစားနိန်ကြသလော။
GAL 3:4 သင်ရို့၏ တွိ့ကြုံခံစားခသည့် အရာအားလုံးသည် အလကား ဖြစ်လားခယာလား။ အမှန်ပင် အလကား ဖြစ်လားခယာလား။
GAL 3:5 ဘုရားသခင်သည် သင်ရို့အား ဝိညာဉ်တော်ကို ပီးသနားတော်မူပြီးလျှင် အံ့ဖွယ်နိမိတ်လက္ခဏာများကို ပြုတော်မူခြင်းမှာ ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်လော။ သို့မဟုတ် သတင်းကောင်းကို ကြားနာ၍ ယုံကြည်ခြင်းအားဖြင့်လော။
GAL 3:6 ထိုနည်းတူ ကျမ်းစာတော်မြတ်က “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်၏။ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် ဘုရားသခင်သည် မှတ်တော်မူ၏” ဟု ဆို၏။
GAL 3:7 သိုဖြစ်၍ ဘုရားသခင်ကို ယုံကြည်သော သူအပေါင်းရို့သည် အာဗြဟံ၏ သားသမီး အစစ်အမှန် ဖြစ်ကြောင်းကို သင်ရို့သိမှတ်ကြလော့။
GAL 3:8 ဘုရားသခင်သည် တခြားလူမျိုးရို့၏ ယုံကြည်ခြင်းကိုထောက်၍ ဖြောင့်မတ်သောသူ ဖြစ်မည်ဟု ကျမ်းစာတော်မြတ်က ကြိုတင်၍ ဖော်ပြထားပြီး “သင့်အားဖြင့် လူမျိုးအပေါင်းရို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရကြလိမ့်မည်” ဟု သတင်းကောင်းကို အာဗြဟံအား ကြေညာခ၏။
GAL 3:9 အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားရခ၏။ ထို့ကြောင့် ယုံကြည်ခြင်းဟိသော သူရို့သည် အာဗြဟံနည်းတူ ကောင်းကြီးမင်္ဂလာကို ခံစားရကြ၏။
GAL 3:10 ပညတ်တရားအောက်၌ အသက်ရှင်နိန်သော သူတိုင်းသည် ကျိန်ခြင်းတရား၏ အောက်၌ ဟိ၏။ ကျမ်းစာတော်မြတ်၌ “ပညတ္တိကျမ်း၌ ရီးထားသမျှသောအရာကို မကျင့်နိုင်သောသူ ဟိသမျှသည် ဘုရားသခင်၏ ကျိန်ခြင်းအောက်၌ဟိသည်” ဟု ဖော်ပြထား၏။
GAL 3:11 အဂုတွင် ကျမ်းစာတော်မြတ်၌၊ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆိုထားသဖြင့် ပညတ်တရားအားဖြင့် ဇာသူတစ်ယောက်လေ့ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မရနိုင်ကြောင်း ထင်ရှား၏။
GAL 3:12 သို့သော်လည်း ကျမ်းစာတော်မြတ်၌၊ “ပညတ်တရားနှင့်ဆိုင်သော အရာအားလုံးကို လိုက်လျှောက်သောသူသည် ပညတ်တရားအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆိုသဖြင့် ပညတ်တရားသည် ယုံကြည်ခြင်းနှင့် မသက်ဆိုင်။
GAL 3:13 သို့ရာတွင် “သစ်တိုင် ထက်တွင် ဆွဲထားခြင်းကို ခံရသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းခံရသူဖြစ်၏” ဟု ကျမ်းစာတော်မြတ်၌ လာသည်နှင့်အညီ ခရစ်တော်သည် ငါရို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်ပြီး ငါရို့အား ပညတ်တရား၏ ကျိန်ခြင်းမှ ရွီးနုတ်တော်မူ၏။
GAL 3:14 ခရစ်တော်သည် ဤသို့ ပြုတော်မူခြင်းမှာ အာဗြဟံ ခံစားရသော ကောင်းကြီးမင်္ဂလာသည် ခရစ်တော်ယေသျှုအားဖြင့် တခြားလူမျိုးများ၌ သက်ရောက်သဖြင့် ငါရို့သည် ဘုရားသခင် ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရဟိရန် ဖြစ်၏။
GAL 3:15 ညီအစ်ကိုမောင်နှရို့၊ ငါသည် နိ့စဉ် တွိ့ကြုံနိန်ကြသည့် အဖြစ်အပျက်တိမှ ဥပမာတစ်ခုကို ပြောပြမည်။ လူနှစ်ဦးသည် ကတိစာချုပ် ချုပ်ဆိုပြီးသောအခါ လူတိချုပ်ဆိုထားသော စာချုပ်ဖြစ်သော်လည်း ဇာသူတစ်ယောက်လေ့ ထိုစာချုပ်ကို ပယ်ဖျက်ခြင်း၊ ဖြည့်စွပ်ခြင်း မပြုနိုင်ယာ။
GAL 3:16 အဂုတွင် ဘုရားသခင်ပြုတော်မူသော သူ၏ ကတိတော်သည် အာဗြဟံနှင့် သူ၏ သားစဉ်မြီးဆက်အတွက်သာ ဖြစ်၏။ သားသမီးဆိုသောစကားသည် လူအများကိုရည်စူး၍ “သားစဉ်မြီးဆက်များ” ဟု ကျမ်းစာ၌ ပြောလိုခြင်း မဟုတ်ဘဲ၊ တစ်ယောက်သောသူကိုသာ ရည်စူး၍ “သားစဉ်မြီးဆက်” ဟု ဆိုပေ၏။ ထိုသို့ ရည်စူးခြင်းကို ခံရသောသူကား ခရစ်တော်ပင် ဖြစ်၏။
GAL 3:17 ငါဆိုလိုသည်ကား ဤသို့ ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ပြုတော်မူပြီးလျှင် ပဋိညာဉ်ကို စောင့်ထိန်းရန် ကတိထားတော်မူ၏။ အနှစ် ၄၃၀ လွန်ပြီးမှ ပေါ်ပေါက်လာသော ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်ကို မပယ်ဖျက်နိုင်သကဲ့သို့ ပဋိညာဉ်တော်ကိုလည်း ချိုးဖျက်၍ မရနိုင်။
GAL 3:18 အကယ်၍ ဘုရားသခင်၏ အမွီတော်သည် ပညတ်တရား၌ တည်နိန်လျှင် ထို အမွီတော်သည် ဘုရားသခင်၏ ကတိတော်၌ မတည်တော့ပေ။ သို့ရာတွင် ဘုရားသခင်သည် အာဗြဟံအား ထို အမွီတော်ကို ကတိတော်အားဖြင့် ပီးတော်မူခ၏။
GAL 3:19 သို့ဖြစ်လျှင် ပညတ်တရား၏ ရည်ရွယ်ချက်ကား မည်သို့နည်း။ ပညတ်တရားကို ဘုရားသခင် ချပီးတော်မူခသည်မှာ အပြစ်ဒုစရိုက်၏သဘောကို ဖော်ပြရန်သာ ဖြစ်၏။ ထိုပညတ်တရားသည် ကတိတော်ကို ခံယူရဟိသူ အာဗြဟံ၏ သားစဉ်မြီးဆက် မပေါ်သိမ့်ခင် ကာလအတွင်း၌သာလျှင် တည်ဟိရန်သာ ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များအားဖြင့် ကြားဝင်စိ့စပ်ပီးသူတစ်ဦးအား ပီးအပ်တော်မူခ၏။
GAL 3:20 သို့ရာတွင် ကြားဝင်စိ့စပ်ပီးသူသည် တစ်ဖက်နှင့်သာ ဆိုင်သည် မဟုတ်။ ဘုရားသခင်မူကား တစ်ပါးတည်း ဖြစ်တော်မူ၏။
GAL 3:21 ဤသို့ဆိုရာတွင် ပညတ်တရားနှင့် ဘုရားသခင်၏ ကတိတော်များသည် ဆန့်ကျင်ဖက် ဖြစ်နိန်သလော။ လုံးဝ မဟုတ်ပေ။ အကယ်၍ အသက်ရှင်စီနိုင်မည့် ပညတ်တရားကို လူသားတိ ရဟိခလျှင် လူတိုင်းပင် ထိုပညတ်တရားကို စောင့်ထိန်းခြင်းဖြင့် ဖြောင့်မတ်ခြင်းကို ရဟိနိုင်ကြမည် ဖြစ်၏။
GAL 3:22 သို့ရာတွင် ယေသျှုခရစ်၌ ယုံကြည်ခြင်းအားဖြင့် ထိုယုံကြည်သူတိုင်းအား ကတိတော်ကို ရဟိခံစားစီခြင်းငှာ လောကတစ်ခုလုံးသည် အပြစ်တရား၏ လက်အောက်တွင် ကျရောက်နိန်ကြောင်းကို ကျမ်းစာတော်မြတ်၌ ဖော်ပြထား၏။
GAL 3:23 သို့သော် ယုံကြည်ခြင်းတရား ရောက်မလာခင် ငါရို့သည် ယုံကြည်ခြင်းတရား ထင်ရှားလာသည်အထိ ပညတ်တရားအောက်၌ အချုပ်သားတိကဲ့သို့ ချုပ်ထားခြင်းကို ခံရ၏။
GAL 3:24 ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ရနိုင်ကြစီရန် ပညတ်တရားသည် ခရစ်တော်ကြွလာချိန်ထိတိုင်အောင် ငါရို့ကို အုပ်ထိန်းပီး၏။
GAL 3:25 အဂုတွင် ယုံကြည်ခြင်းတရား ရောက်လာပြီဖြစ်၍ ငါရို့သည် ပညတ်တရား၏ အုပ်ထိန်းမှုအောက်၌ မဟိယာ။
GAL 3:26 သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။
GAL 3:27 ခရစ်တော်၌ ဗတ္တိဇံကို ခံယူထားပြီးသော သင်ရို့အားလုံးသည် ခရစ်တော်ကို ယူတင်ဝတ်ဆင် ထားကြပြီး ဖြစ်၏။
GAL 3:28 သို့ဖြစ်၍ ယုဒလူမျိုးနှင့် တခြားလူမျိုး ဟူ၍ မဟိ၊ ကျွန်နှင့် လွတ်လပ်သူ ဟူ၍ မဟိ၊ ယောက်ျားနှင့် မိန်းမ ဟူ၍ မဟိ။ သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။
GAL 3:29 သင်ရို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏ သားစဉ်မြီးဆက်များဖြစ်ကြပြီး ဘုရားသခင်၏ ကတိတော်ကို ခံစားရကြလိမ့်မည်။
GAL 4:1 တဖန် ငါ ဆိုသည်ကား၊ သားသည် သူ့ဖခင်၏ ဥစ္စာဟိသမျှကို အမှန်ပင် အမွီခံထိုက်သောသူ ဖြစ်သော်ငြားလည်း အရွယ်မရောက်ခင် ကာလအတွင်း ကျွန်တစ်ယောက်ကဲ့သို့ နီထိုင်ရ၏။
GAL 4:2 သူသည် ဖခင်သတ်မှတ်ထားသော အချိန်မရောက်ခင် ကာလပတ်လုံး မိမိ၏အမှုကိစ္စတိကို စီမံအုပ်ချုပ်သူများနှင့် အုပ်ထိန်းသူတိ၏ လက်အောက်၌ နီထိုင်ရ၏။
GAL 4:3 ထိုနည်းတူ ငါရို့သည်လည်း ဝိညာဉ်ရေးရာ၌ မရင့်ကျက်ခင်အခါက လောကကိုအုပ်စိုးသော ဝိညာဉ်တရားအောက်တွင် ကျွန်ဖြစ်ကြ၏။
GAL 4:4 သို့ရာတွင် နောက်ဆုံး၌ အချိန်တန်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကို စီရွှတ်တော်မူ၏။ ထိုသားတော်သည် လူမိခင်မှ မွီးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။
GAL 4:5 ထိုသူသည်ကား ပညတ်တရားအောက်၌ဟိသော ငါရို့ကို ရွီးနုတ်တော်မူပြီး ဘုရားသခင်၏ သားသမီးများဖြစ်လာကြရန် ဖြစ်၏။
GAL 4:6 သင်ရို့သည် ဘုရားသခင်၏ သား၊ သမီးတိဖြစ်ကြောင်း သက်သီပြရန် ဘုရားသခင်သည် “အဗ္ဗ၊ ငါ့ အဖ” ဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်ကို ငါရို့၏ စိတ်နှလုံးထဲသို့ စီရွှတ်တော်မူ၏။
GAL 4:7 သို့ဖြစ်၍ သင်ရို့သည် ကျွန် မဟုတ်ဘဲ သား၊ သမီးတိ ဖြစ်ကြ၏။ ထိုသို့ သင်ရို့သည် ဘုရားသခင်၏ သား၊ သမီးတိဖြစ်သဖြင့် သင်ရို့ခံစားထိုက်သော အမွီအားလုံးကို ဘုရားသခင်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။
GAL 4:8 အယင်က သင်ရို့သည် ဘုရားသခင်ကို မသိခကြသဖြင့် ဘုရား မဟုတ်သော အရာများ၌ ကျွန်ခံခကြ၏။
GAL 4:9 သို့သော် အဂုမူကား သင်ရို့သည် ဘုရားသခင်ကို သိကြ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သင်ရို့အား သိတော်မူယာဟု ငါဆို၏။ သို့ဖြစ်၍ အားနည်း၍ ချမ်းသာမပီးနိုင်သော လောကီတရားဖက်သို့ ဇာကြောင့် ပြန်လှည့်၍ ကျွန်ခံလိုကြသနည်း။
GAL 4:10 သင်ရို့သည် အချို့သောနိ့၊ လ၊ ရာသီများနှင့် နှစ်များကို အထူး ဂရုစိုက်နိန်ကြ၏။
GAL 4:11 ငါသည် သင်ရို့အတွက် လုပ်ဆောင်ခသမျှသော အရာများသည် အချည်းနှီး ဖြစ်ရမည်ကို စိုးရိမ်၏။
GAL 4:12 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ငါ့ကဲ့သို့ ဖြစ်ကြရန် ငါတောင်းပန်၏။ ထိုနည်းတူ ငါသည်လည်း သင်ရို့ကဲ့သို့ဖြစ်၏။ သင်ရို့သည် ငါ့အား တစ်စုံတစ်ခုမျှ ပြစ်မှားခြင်း မပြုခ။
GAL 4:13 ငါသည် ပထမဆုံးအကြိမ် သင်ရို့အား သတင်းကောင်းကို ဟောပြောရခြင်းသည် ငါနာမကျန်းသောကြောင့် ဖြစ်သည်ကို သင်ရို့သိကြ၏။
GAL 4:14 သို့ရာတွင် ငါ၏ ကိုယ်ကာယ အခြေအနေကြောင့် သင်ရို့အတွက် အနှောက်အယှက်ဖြစ်သော်လည်း သင်ရို့သည် ငါ့အား အထင်သေးခြင်း၊ ငြင်းပယ်ခြင်းများကို မပြုကတ်။ သင်ရို့သည် ငါ့အား ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ လည်းကောင်း၊ ခရစ်တော်ယေသျှုကဲ့သို့ လည်းကောင်း လက်ခံကြ၏။
GAL 4:15 သင်ရို့သည် အလွန်ဝမ်းမြောက်ခြင်းဟိလျက်ပင် မည်သို့ ဖြစ်ခသနည်း။ သင်ရို့သည် ဖြစ်နိုင်လျှင် မိမိရို့၏ မျက်စိများကိုပင် ထုတ်၍ ငါ့အား ပီးလှူလိုခသည်ကို ငါ သက်သီခံ၏။
GAL 4:16 အဂု ငါသည် သင်ရို့အား သမ္မာတရားကို ပြောဆိုသည့်အတွက် သင်ရို့၏ ရန်သူ ဖြစ်လီယာလား။
GAL 4:17 အခြားသောသူရို့သည် သင်ရို့အား အရေးတယူ ပြုကြ၏။ သို့ရာတွင် ထိုသို့ပြုခြင်းမှာ မကောင်းသော ရည်ရွယ်ချက်ဖြင့်သာ ဖြစ်၏။ သူရို့သည် သင်ရို့၏ အလွန် အရေးတယူပြုမှုကို ခံစားရခြင်းငှာ သင်ရို့အား ငါနှင့် အဆက်အသွယ် ပြတ်စီလိုသောကြောင့် ဖြစ်၏။
GAL 4:18 အဂုတွင် ကောင်းသော ရည်ရွယ်ချက်ဖြင့် အရေးတယူပြုလျှင် ကောင်းပေ၏။ ထိုသို့ အရေးတယူပြုမှုသည် ငါ ဟိနိန်စဉ်သာ မဟုတ်ဘဲ အစဉ်အမြဲဟိရန် လိုအပ်၏။
GAL 4:19 ငါချစ်သော သားသမီးရို့၊ ခရစ်တော်၏ သဏ္ဌာန်တော်ကို သင်ရို့သည် မရမချင်း ငါသည် အသျှေမွီးသည့် မိခင်ကဲ့သို့ တဖန် ဝေဒနာခံစားလျက် နိန်ရ၏။
GAL 4:20 ငါသည် ငါ၏ စကားသံကို ပြောင်းလို၍ အဂုပင် ငါသည် သင်ရို့နှင့်အတူ ဟိလိုသော ဆန္ဒဟိ၏။ အကြောင်းမူကား သင်ရို့အတွက် အလွန် စိုးရိမ်ပူပန်လျက် ဟိသောကြောင့် ဖြစ်၏။
GAL 4:21 ငါ့ကို ပြောလော၊ ပညတ်တရား၏ လက်အောက်တွင် နီလိုသောသူရို့၊ သင်ရို့သည် ပညတ်တရား၏ မိန့်ဆိုထားသော အရာများကို နားမလည် ကြသလော။
GAL 4:22 ထိုကျမ်းစာက အာဗြဟံ၌ သားနှစ်ယောက်ဟိပြီး တစ်ယောက်သည် ကျွန်မနှင့်ရသော သားဖြစ်၍ အခြားတစ်ယောက်မှာ ကျွန်မ မဟုတ်သော မိန်းမနှင့်ရသော သားဖြစ်သည်ဟု ဖော်ပြထား၏။
GAL 4:23 ကျွန်မနှင့်ရသော သားသည် ဇာတိအားဖြင့် မွီးဖွားလာသူဖြစ်၏။ သို့သော် ကျွန် မဟုတ်သော မိန်းမနှင့်ရသော သားမူကား ဘုရားသခင်၏ ကတိတော်အားဖြင့် မွီးဖွားလာသူဖြစ်၏။
GAL 4:24 ဤအကြောင်းအရာကား နားလည်နိုင်စီရန် ပုံဆောင်ခြင်းသာ ဖြစ်၏။ မိန်းမနှစ်ယောက်သည် ပဋိညာဉ်နှစ်ပါးကို ဆိုလို၏။ မိန်းမတစ်ယောက်၏ သားသမီးရို့သည် ကျွန်အဖြစ် မွီးဖွားလာ၏။ ထိုသူသည် ဟာဂရဖြစ်ပြီး သူမသည် သိနာတောင်တွင်ပြုသည့် ပဋိညာဉ်တရားကို ကိုယ်စားပြု၏။
GAL 4:25 ဟာဂရသည် အာရပ်ပြည်၌ဟိသော သိနာတောင်ကို ကိုယ်စားပြု၏။ အဂု မျက်မှောက်တွင်လည်း မိမိ၏သားသမီးတိနှင့်အတူ အလုပ်အကျွေးပြုပြီး ယေရုဆလင်မြို့ကို ပုံဆောင်ခြင်းဖြစ်၏။
GAL 4:26 သို့ရာတွင် အထက်အရပ်နှင့်ဆိုင်သော ယေရုဆလင်မြို့သည်ကား လွတ်လပ်သောမြို့ဖြစ်၍ ငါရို့၏ မိခင်ဖြစ်၏။
GAL 4:27 ကျမ်းစာတော်မြတ်၌၊ “အို၊ မြုံသောမိန်းမ၊ ဝမ်းမြောက်လော့။ အချေမွီးခြင်း ဝေဒနာကို မခံဘူးသောမိန်းမ၊ ဝမ်းသာစွာဖြင့် အသံရွှင့်၍ ကြွီးကြော်လော့။ စွန့်ပစ်ခံထားရသော မိန်းမရို့သည် လင်ဟိသော မိန်းမတိထက်ပင် သားသမီးတိကို ရလိမ့်မည်” ဟု ဖော်ပြသောကြောင့်ဖြစ်၏။
GAL 4:28 ညီအစ်ကိုမောင်နှမရို့၊ အဂုတွင် သင်ရို့သည် ဣဇာက်ကဲ့သို့ ဘုရားသခင်၏ ကတိတော်နှင့်ဆိုင်သော သားသမီးတိ ဖြစ်ကြ၏။
GAL 4:29 ထိုအချိန်၌ ဇာတိအားဖြင့် မွီးသောသားသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသားအား ညှည်းဆဲနှိပ်စက်ခ၏။ အဂုလည်း ထိုနည်းတူပင်ဖြစ်၏။
GAL 4:30 သို့ရာတွင် ကျမ်းစာတော်မြတ်၌ မည်သို့ ဆိုထားသနည်း။ “ဤကျွန်မနှင့် သူမ၏သားကို နှင်ထုတ်လော့။ ကျွန်မ၏ သားသည် ကျွန် မဟုတ်သော မိန်းမ၏သားနှင့်အတူ ဖခင်၏အမွီကို မခံရ” ဟု ဆို၏။
GAL 4:31 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့ကား ကျွန်မ၏သားသမီးတိ မဟုတ်။ ကျွန် မဟုတ်သော မိန်းမ၏ သားသမီးတိရာ ဖြစ်ကြ၏။
GAL 5:1 ငါရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခရစ်တော်သည် ငါရို့အား လွတ်မြောက်စီတော်မူပြီ။ သို့ဖြစ်၍ လွတ်လပ်သော သူများအဖြစ် ရပ်တည်ကြလော့။ နောက်တဖန် သင်ရို့ကိုယ်တိုင် ကျွန်ဖြစ်ခြင်းစီခြင်းငှာ အခွင့်မပီးကတ်ကေ့။
GAL 5:2 နားထောင်ကြလော့။ ငါ ပေါလု ဆိုသည်ကား၊ သင်ရို့သည် အရီဖျားလှီးခြင်းကို ကိုယ်တိုင် ခံယူမည်ဆိုလျှင် ခရစ်တော်အားဖြင့် ဇာအကျိုးကိုမျှ ရနိုင်လိမ့်မည် မဟုတ်။
GAL 5:3 အရီဖျားလှီးခြင်းကို ခံယူသော သူတိုင်းအား ပညတ်တရား အလုံးစုံကို လိုက်လျှောက်ရန် တာဝန်ဟိသည်ဟု တဖန် ငါသတိပီး၏။
GAL 5:4 ပညတ်တရားကို လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီခြင်းငှာ ကြိုးစားသောသူသည် ခရစ်တော်နှင့် ကွာလားသဖြင့် သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတရား အောက်၌ မဟိ။
GAL 5:5 ငါရို့သည်ကား ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးဖြင့် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်ဟု ယုံကြည်ခြင်းအားဖြင့် မျှော်လင့်နိန်ကြ၏။
GAL 5:6 အကြောင်းမူကား ငါရို့သည် ခရစ်တော်ယေသျှု၌ အရီဖျားလှီးခြင်း ခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာကား မေတ္တာတရားအားဖြင့် လုပ်ဆောင်သော ယုံကြည်ခြင်းပင် ဖြစ်၏။
GAL 5:7 သင်ရို့သည် ကောင်းမွန်စွာ လုပ်ဆောင်နိန်ခ၏။ သမ္မာတရားကို မလိုက်နာစီရန် သင်ရို့အား ဇာသူက တားဆီးသနည်း။ ထိုသူသည် သင်ရို့အား ဇာပိုင် ဖြားယောင်းသွီးဆောင်ခသနည်း။
GAL 5:8 ထိုဖြားယောင်းသွီးဆောင်မှုသည် သင်ရို့အား ခေါ်တော်မူသော ဘုရားသခင်ထံတော်မှ လာသည် မဟုတ်။
GAL 5:9 “အနည်းချေသော တဆီးသည် မုန့်ညက် တစ်ပုံးလုံးကို ဖောင်းကြွစီတတ်၏” ဟူ၍ ဆိုရိုးစကားဟိ၏။
GAL 5:10 သို့ရာတွင် ငါသည် သင်ရို့အား အဂုတိုင်အောင် ယုံကြည်စိတ်ချခြင်း ဟိ၏။ ငါရို့၏ အသက်ရှင်မှုသည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြသဖြင့် သင်ရို့သည် တခြားသောအယူကို လက်ခံကြလိမ့်မည် မဟုတ် ဟူ၍ ငါ့ကို ယုံကြည်စိတ်ချစီ၏။ သို့သော် သင်ရို့အား နှောက်ယှက်သူ ဇာသူမဆို ဘုရားသခင်၏ ပြစ်ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။
GAL 5:11 သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ အကယ်၍ ငါသည် အရီဖျားလှီးခြင်းတရားကို ဆက်လက် ဟောပြောနိန်သည်ဆိုလျှင် ဇာကြောင့် ညှည်းဆဲနှိပ်စက်ခြင်းကို ခံနိန်ရပါသနည်း။ အကယ်၍ ထိုသို့ ဟောပြောခြင်း မှန်သည်ဆိုလျှင် ခရစ်တော်၏ လက်ဝါးကပ်တိုင်နှင့်ဆိုင်သော ငါ၏ ဟောပြောခြင်းသည် ဒုက္ခရောက်စီလိမ့်မည် မဟုတ်။
GAL 5:12 သင်ရို့ကို နှောက်ယှက်နိန်သော လူတိကို နှင်ထုတ်စီခြင်းငှာ ငါအလိုဟိ၏။ သူရို့သည် ကိုယ့်ကိုကိုယ် သင်းကွပ်လိုက်ကြလျှင် ကောင်းလိမ့်မည်။
GAL 5:13 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခေါ်တော်မူခြင်းကို ခံရကြ၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို အကြောင်းပြ၍ ကိုယ်ကာယတပ်မက်ခြင်း အလိုသို့ မလိုက်ကြဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်ကိုတစ်ယောက် အလုပ်အကျွေးပြုကြလော့။
GAL 5:14 အကြောင်းမူကား “ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ပညတ်သည် ပညတ်ဟိသမျှ၏ အချုပ်ဖြစ်၏။
GAL 5:15 သို့ရာတွင် အချင်းချင်း ကိုက်စားနိန်ကြလျှင် တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်း သတိပြုကြလော့။
GAL 5:16 ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလော့။ သို့ပြုလျှင် လူ့ဇာတိအလိုသို့ မလိုက်ဘဲနိန်လိမ့်မည်။
GAL 5:17 အကြောင်းမူကား လူ့ဇာတိ၏အလိုသည် ဝိညာဉ်တော်၏အလိုနှင့် ဆန့်ကျင်လျက် ဟိ၏။ ထို့အပြင် ဝိညာဉ်တော်၏အလိုသည်လည်း လူ့ဇာတိ၏အလိုနှင့် ဆန်ကျင်လျက် ဟိ၏။ ထိုနှစ်ပါးရို့သည် ရန်သူများဖြစ်သဖြင့် သင်ရို့သည် မိမိအလိုဆန္ဒ ဟိသည့်အတိုင်း မပြုနိုင်ကတ်။
GAL 5:18 အကယ်၍ ဝိညာဉ်တော်သည် သင်ရို့အား ဦးဆောင်လမ်းပြတော်မူလျှင် သင်ရို့သည် ပညတ်တရား၏အောက်၌ ဟိကြသည် မဟုတ်။
GAL 5:19 လူ့ဇာတိစိတ်နှင့်ဆိုင်သော အပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကား ကာမဂုဏ်လိုက်စားခြင်း၊ မစင်ကြယ်ခြင်း၊ အကျင့်ပျက်ခြင်း၊
GAL 5:20 ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်းများ၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွိ့ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊
GAL 5:21 ငြူစူခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်း စသည့်အရာများကို လုပ်ဆောင်လာကြ၏။ ထိုသို့သော အရာများကို ပြုမူသောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရလိမ့်မည် မဟုတ်ဟု အယင်က သင်ရို့အား ငါသတိပီးခသည်အတိုင်း အဂုလည်း ငါသတိပီးလိုက်၏။
GAL 5:22 သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
GAL 5:23 နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သော တရားဟူ၍ မဟိ။
GAL 5:24 ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကိုလည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကိုလည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။
GAL 5:25 သို့ဖြစ်၍ ငါရို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်၏ လမ်းပြမှုအတိုင်း လိုက်လျှောက်ကြရမည်။
GAL 5:26 ငါရို့သည် မာနကြီးခြင်း၊ တစ်ယောက်ကိုတစ်ယောက် ရန်လိုစိတ် ဟိခြင်း၊ မနာလိုစိတ် ဟိခြင်းများကို ယှောင်ယှားကြကုန်အံ့။
GAL 6:1 ညီအစ်ကိုမောင်နှမရို့၊ လူတစ်ယောက်သည် မကောင်းမှု တစ်စုံတစ်ခု ပြုသည်ကို သင်ရို့တွိ့မိလျှင် ဝိညာဉ်သဘောဟိသော သင်ရို့က နူးညံ့သိမ်မွေ့စွာဖြင့် ထိုသူကို ပြုပျင်ပီးရမည်။ သင်ရို့ကိုယ်တိုင်လည်း စုံစမ်းသွီးဆောင်ရာသို့ မလိုက်ပါမိစီရန် သတိပြုကြလော့။
GAL 6:2 သင်ရို့သည် အချင်းချင်း၏ ဝန်များကို ကူညီထမ်းရွက်သောအားဖြင့် ခရစ်တော်၏ ပညတ်တော်ကို နာခံကြလော့။
GAL 6:3 အကယ်၍ သင်သည် အသုံးမရသောသူ ဖြစ်လျက်ပင် မိမိကိုယ်ကို အထင်ကြီးနိန်သော သင်သည် မိမိကိုယ့်ကို လှည့်ဖြားသောသူဖြစ်၏။
GAL 6:4 လူတိုင်း မိမိပြုသောအမှုကို ဆန်းစစ်စီ။ ထိုသို့ပြုလျှင် သူတစ်ပါးပြုသောအမှု၌ နှိုင်းယှဉ်ခြင်းကိုမပြုဘဲ မိမိပြုသောအမှုသည် ကောင်းလျှင် ဂုဏ်ယူဝါကြွားစရာအကြောင်း ဟိလိမ့်မည်။
GAL 6:5 အကြောင်းမူကား လူတိုင်း မိမိ၏ဝန်ကို ထမ်းရွက်ရမည်။
GAL 6:6 ဇာသူမဆို နှုတ်ကပတ်တော်ကို သင်ယူသောသူသည် သင်ပီးသောသူအား ကောင်းသောအရာ ဟိသမျှကို ဝီမျှပီးရမည်။
GAL 6:7 တလွဲမယူကတ်ကေ့။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစိ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။
GAL 6:8 လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
GAL 6:9 သို့ဖြစ်၍ ငါရို့သည် အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့ပြုလျှင် ငါရို့သည် အချိန်တန်သောအခါ အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။
GAL 6:10 သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။
GAL 6:11 ငါသည် သင်ရို့ပါးသို့ စာလုံးကြီးဖြင့် ကိုယ်တိုင် ရီးပီးလိုက်သည့် စာကို သင်ရို့ ကြည့်ကြလော့။
GAL 6:12 သင်ရို့အား အရီဖျားလှီးခြင်းကိုခံရန် အတင်းအားဓမ္မ တိုက်တွန်းကြသော သူရို့သည် ပြင်ပအမှတ်လက္ခဏာများကို ပြ၍ ဝါကြွားလိုသူများ ဖြစ်ကြ၏။ ဤသို့ပြုရခြင်းမှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကြောင့် ညှည်းပမ်းနှိပ်စက်ခြင်း ခံရမည်ကို ယှောင်ယှားလို၍ ဖြစ်၏။
GAL 6:13 အရီဖျားလှီးခြင်းကို ခံယူကြသော သူရို့တောင်မှ ပညတ်တရားကို မလိုက်နာကြပေ။ ထိုသူရို့သည် သင်ရို့၏ ကိုယ်ကာယ၌ ဝါကြွားလိုသဖြင့် သင်ရို့အား အရီဖျားလှီးခြင်းကို ခံယူစီလိုခြင်းဖြစ်၏။
GAL 6:14 ငါ့အတွက်မူကား ငါရို့အသျှင် ယေသျှုခရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား မည်သည့်အရာအတွက်နှင့်မျှ ဝါကြွားစရာမဟိ။ ထို​လက်​ဝါး​ကပ်​တိုင်၌ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ဟိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက် ဟိ၏။
GAL 6:15 လူတစ်စုံတစ်ယောက်သည် အရီဖျားလှီးခြင်း ခံသည် မခံသည်မှာ အရေးမကြီး။ အသစ်ဖန်ဆင်း ခံရခြင်းသာလျှင် အရေးကြီး၏။
GAL 6:16 ဤနည်းဥပဒေကို လိုက်နာသူအပေါင်းရို့၌ လည်းကောင်း၊ ဘုရားသခင်၏လူစုတော် အားလုံး၌ လည်းကောင်း၊ ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစီသတည်း။
GAL 6:17 နိဂုံးချုပ်ဆိုရသော် ငါ့အား ဇာသူလေ့ အနှောက်အယှက် မပီးပါစီကေ့။ ဇာကြောင့်ဆိုသော် ငါ၏ ကိုယ်ခန္ဓာ၌ဟိသော ဒဏ်ရာဒဏ်ချက်များသည် ယေသျှု၏ ကျွန်ဖြစ်ကြောင်း သက်သီပြလျက် ဟိသောကြောင့်ဖြစ်၏။
GAL 6:18 ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကျေးဇူးတော်သည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။ အာမင်။
EPH 1:1 ဘုရားသခင်၏ အလိုတော်အားဖြင့် ခရစ်တော်ယေသျှု၏ တမန်တော် တစ်ပါးဖြစ်သော ပေါလုပါးမှ —
EPH 1:2 ငါရို့၏ အဖဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။
EPH 1:3 ငါရို့အသျှင်ယေသျှုခရစ်တော်၏ ခမည်းတော် ဘုရားသခင်အား ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ထိုအသျှင်သည် ငါရို့အား ကောင်းကင်ဘုံနှင့်ဆိုင်သော ဝိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာ ဟူသမျှကို ခရစ်တော်၌ ပီးသနားတော်မူသောကြောင့် ဖြစ်၏။
EPH 1:4 ခရစ်တော်အားဖြင့် ငါရို့သည် ကိုယ်တော်၏ ရှိ့တော်၌ အပြစ်ဆိုဖွယ်မဟိဘဲ သန့်ယှင်းသောသူများ ဖြစ်နိုင်စီခြင်းငှာ ကမ္ဘာမတည်ခင်ကပင် ဘုရားသခင်သည် ငါရို့အား ရွီးချယ်ထားတော်မူ၏။ အကြောင်းမူကား မိမိမေတ္တာတော်ကြောင့်၊
EPH 1:5 ဘုရားသခင်သည် ယေသျှုခရစ်တော်အားဖြင့် ငါရို့ကို မိမိ၏သားသမီးများ ဖြစ်စီခြင်းငှာ ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤကား ကိုယ်တော်၏ အလိုတော်နှင့် အကြံအစည်တော်ပင်ဖြစ်၏။
EPH 1:6 ငါရို့သည် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်မြတ်နိုးတော်မူသော သားတော်အားဖြင့် ထိုကျေးဇူးတော်ကို ငါရို့အား အခမဲ့ ပီးသနားတော်မူသောကြောင့်ဖြစ်၏။
EPH 1:7 ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမြတ်တော်မူသည်နှင့်အညီ ငါရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် ရွီးနုတ်ခြင်းတည်းဟူသော ဒုစရိုက်အပြစ်မှ ခွင့်ရွှတ်ခြင်းကို ခံရကြ၏။
EPH 1:8 ဘုရားသခင်သည် ထိုကျေးဇူးတော်ကို ငါရို့အား ရက်ရောစွာပီးတော်မူ၏။ ခပ်သိမ်းသော ဉာဏ်ပညာနှင့် အသိပညာအားဖြင့်၊
EPH 1:9 မိမိရည်ရွယ်ချက်အတိုင်း ပြုတော်မူသည်ဖြစ်၍ ခရစ်တော်၌ နက်နဲသောအကြံအစည်တော်ကို ငါရို့အား သိစီတော်မူ၏။
EPH 1:10 ထိုအကြံအစည်တော်ကား၊ ကာလအချိန်တန်သောအခါ ဘုရားသခင်သည် ကောင်းကင်နှင့် မြီကြီးထက်တွင် ဟိသော ခပ်သိမ်းသော ဖန်ဆင်းခံအရာတိကို ခရစ်တော်အောက်၌ ပေါင်းစည်းစီခြင်းငှာ စီမံခန့်ခွဲတော်မူလိမ့်မည်။
EPH 1:11 ခပ်သိမ်းသောအရာများသည် ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားတော်မူသည်အတိုင်း ဖြစ်ပျက်ကြရ၏။ ဘုရားသခင်သည် မိမိအလိုတော်အတိုင်း ရှီးမဆွကပင် ကြိုတင်သတ်မှတ်ထားတော်မူသည်နှင့်အညီ ငါရို့အား ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် မိမိ၏ လူစုတော် ဖြစ်ခြင်းငှာ ရွီးချယ်တော်မူ၏။
EPH 1:12 သို့ဖြစ်၍ ခရစ်တော်ကို ဦးစွာပထမ မျှော်လင့်ခသော ငါရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွန်းကြကုန်အံ့။
EPH 1:13 သင်ရို့သည်လည်း ကယ်တင်ခြင်းနှင့်ဆိုင်သော သတင်းကောင်းတည်းဟူသော သမ္မာတရားကို ကြားရသောအခါ ဘုရားသခင်၏ လူများဖြစ်လာကြ၏။ သင်ရို့သည် ခရစ်တော်ကို ယုံကြည်၍ ဘုရားသခင်သည် မိမိကတိပီးထားတော်မူသော သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် သင်ရို့အား မိမိပိုင်တော်မူကြောင်းကို တံဆိပ်ခတ်တော်မူ၏။
EPH 1:14 ဝိညာဉ်တော်သည် ဘုရားသခင်၏လူရို့အား ကတိပီးထားတော်မူသည် နှင့်အညီ ငါရို့ခံစားရမည်ဖြစ်ကြောင်း အာမခံဖြစ် တော်မူ၏။ ထိုအာမခံချက်ဟူကား ဘုရားသခင်သည် မိမိပိုင်တော်မူသော သူရို့အား လွတ်မြောက်ခြင်းကို ရစီတော်မူမည်အကြောင်း ဖြစ်၏။ ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြကုန်အံ့။
EPH 1:15 ထို့ကြောင့် သင်ရို့သည် အသျှင်ယေသျှုကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏လူအပေါင်းရို့အား ချစ်ခြင်းမေတ္တာ ထားကြကြောင်းကို ကြားရကတည်းကပင်၊
EPH 1:16 ငါသည် သင်ရို့ကို အကြောင်းပြု၍ အစဉ်မပြတ် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည် ဆုတောင်းပတ္ထနာပြုသောအခါ၌ သင်ရို့ကို အောက်မိ့သတိရ၍၊
EPH 1:17 သင်ရို့သည် ဘုရားသခင်ကို သိကျွမ်းခြင်းအလို့ငှာ သင်ရို့အား ဉာဏ်ပညာကိုပီး၍ ဗျာဒိတ်တော်ကို ဖွင့်ပြမည့် ဝိညာဉ်တော်အား ရဟိကြစီရန် ငါရို့ အသျှင်ယေသျှုခရစ်တော်၏ ဘုန်းကြီးသော အဖဘုရားသခင်ထံ၌ ငါတောင်းလျှောက်ထား၏။
EPH 1:18 ထိုသို့ ငါ တောင်းလျှောက်ထားသည်မှာ သင်ရို့၏ ဉာဏ်မျက်စိကို ပွင့်လင်းစီခြင်းငှာ လည်းကောင်း၊ သင်ရို့အား ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိလူရို့အား ကတိထားတော်မူသော အံ့သြဖွယ်သော ကောင်းကြီးမင်္ဂလာများသည် ဇာလောက် ကြွယ်ဝသည်ကိုလည်းကောင်း၊
EPH 1:19 ယုံကြည်သောငါရို့၌ လုပ်ဆောင်လျက်ဟိသော ကိုယ်တော်၏ တန်ခိုးတော်သည် ဇာလောက် ကြီးမားသည်ကိုလည်းကောင်း သင်ရို့အား သိမြင်စီခြင်းငှာ ဖြစ်၏။ ငါရို့အတွင်း၌ လုပ်ဆောင်လျက်ဟိသော မဟာခွန်အားကဲ့သို့သော ထိုတန်ခိုးတော်သည်ကား၊
EPH 1:20 ခရစ်တော်ကို သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူ၍ ကောင်းကင်ဘုံတွင် မိမိ၏လက်ျာဖက်၌ ထိုင်စီတော်မူသောအခါ ကိုယ်တော်အသုံးပြုတော်မူခသော တန်ခိုးတော်ပင်ဖြစ်၏။
EPH 1:21 ခရစ်တော်သည် အလုံးစုံ၏ အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုးနှင့် အုပ်စိုးခြင်းမှစ၍ အဂုဘဝ၊ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော အလုံးစုံသော ဘွဲ့နာမထက် ကြီးမြတ်တော်မူ၏။
EPH 1:22 ဘုရားသခင်သည် ခပ်သိမ်းသော အရာကို ခရစ်တော်၏ ခြီဖဝါးတော်အောက်၌ ချထား၍ ကိုယ်တော့်အား အသင်းတော်အဖို့ အထွဋ်အထိပ် အသျှင်အဖြစ် ခန့်ထားတော်မူ၏။
EPH 1:23 ထိုအသင်းတော်ကား ခပ်သိမ်းသောနီရာ၌ အလုံးစုံတိကို ပြည့်စုံစီတော်မူသော ခရစ်တော်၏ ကိုယ်ခန္ဓာပင်ဖြစ်သတည်း။
EPH 2:1 အတိတ်က သင်ရို့၏ မနာခံမှုနှင့် ဒုစရိုက်အပြစ်များကြောင့် ဝိညာဉ်ရေးရာ၌ သီးဆုံးလျက် ဟိကြ၏။
EPH 2:2 ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။
EPH 2:3 အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
EPH 2:4 သို့သော် ဘုရားသခင်၏ ကရုဏာတော်သည် အလွန်ကြွယ်ဝ၍၊ မေတ္တာတော်သည် ငါရို့အဖို့ အလွန် ကြီးမားလှသဖြင့်၊
EPH 2:5 မနာခံမှုကြောင့် အပြစ်တရား၌ သီလျက်ဟိသော ငါရို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ထိုအရာကား သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံထားရသောကြောင့် ဖြစ်၏။
EPH 2:6 ဘုရားသခင်သည် ငါရို့အား ခရစ်တော်ယေသျှုနှင့်အတူ ရှင်ပြန်ထမြောက်စီတော်မူ၍ ထိုအသျှင်နှင့်အတူ ကောင်းကင်ဘုံ၌ စိုးစံခွင့်ကို ပီးတော်မူ၏။
EPH 2:7 ဤသို့ပြုတော်မူခြင်းမှာ နောင်ကာလ၌ ခရစ်တော်ယေသျှုအားဖြင့် ငါရို့အဖို့ ထားတော်မူသော ကရုဏာတော်၌ တုနှိုင်း၍ မမီသော ကိုယ်တော်၏ကျေးဇူးတော်ကို သိမြင်နိုင်ကြစီခြင်းငှာ ဖြစ်၏။
EPH 2:8 သင်ရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ သင်ရို့၏ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်။ ဘုရားသခင်ပီးတော်မူသော ဆုလက်ဆောင်ဖြစ်၍ ဇာသူလေ့ ဝါကြွားစရာအခွင့် မဟိ။
EPH 2:10 အကြောင်းမူကား ဘုရားသခင်သည် ရှိ့မဆွကပင် ကြိုတင် ပျင်ဆင်ထားတော်မူသည်နှင့်အညီ ငါရို့အား ကောင်းသောအကျင့်ကို ကျင့်စီခြင်းငှာ ခရစ်တော်ယေသျှု၌ ဖန်ဆင်းထားတော်မူ၏။
EPH 2:11 ယုဒအမျိုးသားများက ဇာတိအားဖြင့် တစ်ပါးအမျိုးသားများဖြစ်ကြသော သင်ရို့အား “အရီဖျားလှီးခြင်းကို မခံသောသူများ” ဟု ခေါ်ကြပြီး၊ သူရို့သည် သူရို့ကိုသူရို့ “အရီဖျားလှီးခြင်းကို ခံယူကြသောသူရို့” ဟု ခေါ်ကြ၏။ အရီဖျားလှီးခြင်း ဟုဆိုရာ၌ ကိုယ်ကာယနှင့် သက်ဆိုင်သောအမှုဖြစ်၏။ အတိတ်က သင်ရို့၏အခြေအနေကို အောက်မိ့သတိရကြလော့။
EPH 2:12 ထိုအချိန်က သင်ရို့သည် ခရစ်တော်နှင့် ကွာဝီးလျက် ဟိခ၏။ သင်ရို့သည် တခြားလူမျိုးတိဖြစ်၍ ဘုရားသခင်၏လူစုတော်တွင် မဝင်ရခ။ ဘုရားသခင်သည် မိမိ၏ လူစုတော်အတွက် ထားတော်မူသော ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်တရားများနှင့် မသက်ဆိုင်။ သင်ရို့သည် ဤလောက၌ မျှော်လင့်စရာမဟိ၊ ဘုရားမဟိဘဲ နီထိုင်ခကြ၏။
EPH 2:13 သို့ရာတွင် အဂုအခါ သင်ရို့သည် ခရစ်တော်ယေသျှု၌ ဟိကြသည်ဖြစ်၍ တစ်ချိန်က ဝီးကွာလျက် ဟိခကြသော သင်ရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် အပါးတော်သို့ ရောက်ကြရလေ၏။
EPH 2:14 အကြောင်းမူကား ခရစ်တော်သည် ယုဒလူမျိုးနှင့် တခြားလူမျိုးတိကို လူမျိုးတစ်မျိုးတည်း ဖြစ်စီတော်မူလျက် ငါရို့အား ငြိမ်သက်ခြင်းကို ပီးတော်မူ၏။ ငါရို့ကို ရန်သူများအဖြစ် စည်းတားထားသည့် တံတိုင်းကို မိမိ၏ကိုယ်ခန္ဓာတော်အားဖြင့် ဖြိုဖျက်တော်မူ၏။
EPH 2:15 ကိုယ်တော်သည် ယုဒပညတ်တရားနှင့် စည်းမျဉ်းဥပဒေများကို ပယ်ဖျက်တော်မူသဖြင့် လူမျိုးနှစ်မျိုးကို မိမိ၌ အသစ်သော လူမျိုးတစ်မျိုးကို ဖြစ်စီတော်မူ၏။ ဤနည်း အားဖြင့် ရန်ကို ငြိမ်းစီတော်မူ၏။
EPH 2:16 ခရစ်တော်သည် လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူခြင်းဖြင့် သူရို့၏မုန်းတီးခြင်းကို ဖယ်ယှားပြီးလျှင် လက်ဝါးကပ်တိုင်အားဖြင့် လူမျိုးစုနှစ်စုကို ကိုယ်ခန္ဓာတစ်ခုတည်း၌ ပြန်လည်သင့်မြတ်စီလျက် ဘုရားသခင်၏အထံတော်သို့ ပြန်လည်ပို့ဆောင်တော်မူ၏။
EPH 2:17 ထို့ကြောင့် ခရစ်တော်သည် ဘုရားသခင်နှင့် ဝီးကွာနိန်ခသော သင်ရို့ကို တခြားလူမျိုးတိပါးသို့ လည်းကောင်း၊ ဘုရားသခင်၏ အနီးအပါး၌ ဟိခကြသော ယုဒလူမျိုးတိပါးသို့ လည်းကောင်း ကြွလာတော်မူ၍ ရန်ငြိမ်းခြင်းဆိုင်ရာ သတင်းကောင်းကို ဟောတော်မူ၏။
EPH 2:18 တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ ဖြစ်ကြသော ငါရို့အားလုံးသည် ခရစ်တော်အားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်ကို အမှီပြုလျက် ခမည်းတော်၏ ရှိ့တော်မှောက်သို့ ဝင်ရောက်ခွင့် ရကြ၏။
EPH 2:19 ထို့ကြောင့် သင်ရို့သည် တခြားလူမျိုးတိ မဟုတ်၊ သူစိမ်းလည်း မဟုတ်။ သင်ရို့သည် ဘုရားသခင်၏လူစုတော်နှင့်အတူ နိုင်ငံတော်သားများ၊ ကိုယ်တော်၏ အိမ်သူအိမ်သားများ ဖြစ်ကြ၏။
EPH 2:20 သင်ရို့သည်လည်း တမန်တော်ရို့နှင့် ပရောဖက်ရို့မှ ချမှတ်ခသော အုတ်မြစ်ထက်တွင် တည်ဆောက်ခြင်းကိုခံရကြ၍၊ ထိုအဆောက်အဦး၏ အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကား ခရစ်တော်ယေသျှုပင်ဖြစ်၏။
EPH 2:21 ကိုယ်တော်သည် ထိုအဆောက်အဦးတစ်ခုလုံးကို အတူတကွ ဆက်စပ်၍ ကြီးပွားစီပြီးလျှင် သခင်ဘုရားအား ဆက်ကပ်ထားသော သန့်ယှင်းသော ဗိမာန်တော်ဖြစ်လာစီ၏။
EPH 2:22 သင်ရို့သည်လည်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် အခြားသောသူအပေါင်းရို့နှင့်အတူ တည်ဆောက်ခြင်းကို ခံရသဖြင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဌာနတော် ဖြစ်လာ၏။
EPH 3:1 ဤအကြောင်းကြောင့် ခရစ်တော်ယေသျှု၏ အကျဉ်းသားဖြစ်သော ငါပေါလုသည် သင်ရို့ တခြားလူမျိုးတိ အဖို့အလို့ငှာ ဘုရားသခင်ပါး၌ ဆုတောင်းပတ္ထနာပြု၏။
EPH 3:2 သင်ရို့အကျိုးအတွက် ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်၌ ဤအမှုကို ဆောင်ရွက်ခြင်းငှာ ငါ့အား ပီးအပ်တော်မူသည့် အကြောင်းကို သင်ရို့သည် အမှန်ပင် ကြားသိကြပြီးဖြစ်၏။
EPH 3:3 ဘုရားသခင်သည် မိမိ၏နက်နဲသော အကြံအစည်တော်ကို ဖွင့်ပြတော်မူခြင်းဖြင့် ငါ့ကို သိစီတော်မူ၏။ (ဤအကြောင်းအရာကို အကျဉ်းချုပ်အားဖြင့် ငါသည် အထက်၌ ဖော်ပြထားယာ၊
EPH 3:4 သင်ရို့သည် ထိုဖော်ပြချက်ကို ဖတ်ရှုလျှင် ခရစ်တော်၏ နက်နဲသောအရာကို ငါ ဇာပိုင် သိနားလည်ထားသည်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။)
EPH 3:5 အတိတ်ကာလ၌ ဘုရားသခင်သည် ထိုနက်နဲသောအရာကို လူသားရို့အား ဖွင့်ပြတော်မမူခသော်လည်း အဂုကာလ၌ မိမိ၏သန့်ယှင်းသော တမန်တော်တိနှင့် ပရောဖက်တိကို ဝိညာဉ်တော်အားဖြင့် ဖွင့်ပြတော်မူ၏။
EPH 3:6 ထိုနက်နဲသော အရာကား သတင်းကောင်းအားဖြင့် တခြားလူမျိုးရို့သည် ယုဒလူမျိုးရို့နှင့်အတူ ခန္ဓာတစ်ခုတည်း၏ အင်္ဂါများဖြစ်ကြ၍ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို အမွီခံရ ပြီးလျှင် ခရစ်တော်ယေသျှုအားဖြင့် ကတိတော်ကို ဆက်ဆံခွင့်ရကြ၏။
EPH 3:7 တန်ခိုးတော်၏ပြုပြင်ခြင်းအားဖြင့် ငါ့အား ဘုရားသခင်ပီးသနားတော်မူသော အထူးဆုကျေးဇူးတော်နှင့်အညီ ငါသည် သတင်းကောင်းနှင့်ဆိုင်သော အခိုင်းအစီတစ်ယောက်ဖြစ်လာ၏။
EPH 3:8 ငါသည် ဘုရားသခင်၏လူရို့တွင် အငယ်ဆုံးဖြစ်ပေ၏။ သို့ရာတွင် ဘုရားသခင်သည် ခရစ်တော်၏ အဆုံးမဟိ ကြွယ်ဝတော်မူသော သတင်းကောင်းတရားကို တခြားလူမျိုးရို့အား ဟောပြောကြေညာစီခြင်းငှာ လည်းကောင်း၊
EPH 3:9 ဘုရားသခင်၏နက်နဲသော အကြံအစည်တော်သည် ဇာပိုင် အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းရို့အား ယှင်းလင်းဖော်ပြစီခြင်းငှာ အခွင့်ထူးကိုလည်းကောင်း ငါ့အား ပီးသနားတော်မူ၏။ ခပ်သိမ်းသောအရာတိကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ရှီးကာလ အဆက်ဆက်က ထိုအကြံအစည်တော်ကို ဝှက်ထားတော်မူခ၏။
EPH 3:10 ထိုသို့ ပြုတော်မူခြင်းမှာ ကောင်းကင်ဘုံ၌ဟိသော အစိုးရသောသူများနှင့် အာဏာပိုင်များသည် ဘုရားသခင်၏ထူးဆန်းသော ဉာဏ်ပညာတော်ကို အဂုအခါ၌ အသင်းတော်အားဖြင့် သိလာကြစီရန် ဖြစ်၏။
EPH 3:11 ဘုရားသခင်သည် မိမိ၏ထာဝရ အကြံအစည်တော်နှင့်အညီ ငါရို့၏ အသျှင် ခရစ်တော်ယေသျှုအားဖြင့် ပြီးမြောက်စီတော်မူ၏။
EPH 3:12 ငါရို့သည် ထိုသခင်ကို ယုံကြည်ခြင်းဖြင့် ရဲ့ဝံ့ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ အပါးတော်သို့ ယုံကြည်စိတ်ချစွာဖြင့် လည်းကောင်း ချဉ်းကပ်ခွင့်ကို ရကြ၏။
EPH 3:13 သို့ဖြစ်၍ သင်ရို့အတွက် ငါခံရသောဒုက္ခ ဆင်းရဲခြင်းကြောင့် သင်ရို့စိတ်မပျက်ကတ်ကေ့။ သင်ရို့၏အကျိုးအတွက် ငါခံရခြင်း ဖြစ်၏။
EPH 3:14 ဤအကြောင်းကြောင့် ငါသည် ကောင်းကင်ဘုံနှင့် မြီကြီးထက်၌ဟိသော မိသားစုတိုင်း၏ နာမ အရင်းအမြစ်ဖြစ်တော်ထမူသော အဖခမည်းတော်၏ ရှိ့တော်တွင် ဒူးထောက်လျက် ဆုတောင်းပတ္ထနာပြု၏။
EPH 3:16 ငါ၏ ဆုတောင်းသော အချက် ဟူမူကား၊ ကိုယ်တော်သည် ဘုန်းတော်နှင့် ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား အတွင်းလူကို ခိုင်ခံ့လာစီခြင်းငှာ ဝိညာဉ်တော်အားဖြင့် တန်ခိုးကို ပီးသနားတော်မူရန် လည်းကောင်း၊
EPH 3:17 ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊
EPH 3:18 သင်ရို့သည် ခရစ်တော်၏မေတ္တာ အလျား၊ အနံ၊ အမြင့်၊ အနက်တိကို ဘုရားသခင်၏လူ အပေါင်းရို့နှင့်အတူ သိနားလည်ကြမည့်အကြောင်း ငါ ဆုတောင်း၏။
EPH 3:19 ခရစ်တော်၏မေတ္တာတော်ကို ဇာခါလေ့ အပြည့်အဝ နားမလည်နိုင်သော်လည်း၊ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းဟိသမျှနှင့် ပြည့်ဝတော်မူပါမည့်အကြောင်း ငါ​ဆုတောင်း​၏။
EPH 3:20 ကိုယ်တော်သည် ငါရို့၏ အထဲ၌ တန်ခိုးတော်အားဖြင့် လုပ်ဆောင်လျက် ဟိတော်မူသော၊ ငါရို့တောင်းလျှောက် ကြံစည်သမျှသောအရာတိထက် သာလွန်၍ ပြုနိုင်တော်မူသော၊
EPH 3:21 ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် အသင်းတော်အားဖြင့် လည်းကောင်း၊ ခရစ်တော်ယေသျှုအားဖြင့် လည်းကောင်း ကာလအစဉ်အဆက် ဘုန်းကြီးတော်မူပါစီသောဝ်။ အာမင်။
EPH 4:1 သို့ဖြစ်၍ သင်ရို့သည် ဘုရားသခင်၏ ခေါ်တော်မူခြင်း နှင့်ထိုက်တန်သော အကျင့်ဖြင့် အသက်ရှင်နီထိုင်ကြရန် သခင်ဘုရားအတွက် အကျဉ်းခံရသော သူတစ်ယောက်အဖြစ်ဖြင့် ငါသည် သင်ရို့အား နှိုးဆော်တိုက်တွန်းပါ၏။
EPH 4:2 စိတ်နှလုံးနှိမ့်ချခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် စိတ်ရှည်ခြင်းတိကို အစဉ်မပြတ်ဟိကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းအားဖြင့် မေတ္တာပြကြလော့။
EPH 4:3 အသင့်အတင့် ပေါင်းဖော်စည်းလုံးခြင်းဖြင့် သင်ရို့အား ဝိညာဉ်တော်မှ ပီးသော တညီတညွတ်တည်း လုပ်ဆောင်ခြင်းကို တတ်နိုင်သမျှ ထိန်းသိမ်းကြလော့။
EPH 4:4 ဘုရားသခင်သည် သင်ရို့အား မျှော်လင့်ခြင်းတစ်ခုတည်းသို့ ခေါ်တော်မူသကဲ့သို့ ကိုယ်ခန္ဓာ တစ်ပါး၊ ဝိညာဉ်တော် တစ်ပါးတည်း ဟိတော်မူ၏။
EPH 4:5 ထို့အတူ သခင်ဘုရား တစ်ပါးတည်း၊ ယုံကြည်ခြင်း တစ်ပါးတည်း၊ ဗတ္တိဇံ တစ်ပါးတည်း၊
EPH 4:6 လူသားအပေါင်းရို့၏ ဖခင်ဖြစ်တော်မူသော ဘုရားသခင် တစ်ပါးတည်း ဟိတော်မူ၏။ ထိုဘုရားသခင်သည် လူခပ်သိမ်းရို့၌ အသျှင်ဖြစ်တော်မူ၍ လူခပ်သိမ်းရို့အားဖြင့် လုပ်ဆောင်တော်မူလျက် လူခပ်သိမ်းရို့အထဲ၌ ဟိတော်မူ၏။
EPH 4:7 သို့သော် ခရစ်တော် ချပီးတော်မူသည့်အတိုင်း ငါရို့ တစ်ယောက်စီတိုင်းသည် ထူးမြတ်သော ဆုကျေးဇူးကို ခံရကြပေသည်။
EPH 4:8 ကျမ်းစာလာသည်ကား၊ “သူသည် မြင့်သောအရပ်သို့ တက်ကြွတော်မူသောအခါ မိမိနှင့်အတူ များစွာသော ချုပ်နှောင်ခံထားရသူ တိကို ခေါ်ဆောင်လားတော်မူ၏။ လူတိကိုလည်း ဆုကျေးဇူးများကို ပီးတော် မူ၏။”
EPH 4:9 အဂုတွင်၊ “သူတက်ကြွတော်မူသည်” ဟု ဆိုရာ၌ ဇာကို ဆိုလိုသနည်း ဟူမူကား မြီကြီး၏ အနိမ့်ဆုံးသောအရပ်သို့ ဦးစွာ ဆင်းသက်တော်မူသည်ဟု ဆိုလိုပေ၏။
EPH 4:10 ထို့ကြောင့် ဆင်းသက်တော်မူသောသူသည်ကား စကြဝဠာတစ်ခုလုံးကို မိမိ၏မျက်မှောက်တော်၌ ဟိစီခြင်းငှာ ကောင်းကင်အထက်ရပ်သို့ ကြွတော်မူသော သူပင် ဖြစ်ပေ၏။
EPH 4:11 “ဆုကျေးဇူးများကို ချပီးတော်မူသော” သူသည် ကိုယ်တော်ပင်ဖြစ်၏။ ကိုယ်တော်သည် လူတချို့ကို တမန်တော်အရာ၌ လည်းကောင်း၊ တချို့ကို ပရောဖက်အရာ၌လည်းကောင်း၊ တချို့ကို ဧဝံဂေလိဆရာ အရာ၌လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် သင်ကြားပီးသောဆရာ အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။
EPH 4:12 ဤသို့ ကိုယ်တော်ပြုတော်မူခြင်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို တည်ဆောက်စီရန်နှင့် အမှုတော်ဆောင်ရွက်ခြင်းငှာ ဘုရားသခင်၏လူတိကို အသင့်ပျင်ဆင်ပီးရန် ဖြစ်၏။
EPH 4:13 ငါရို့၏ ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်း၌လည်းကောင်း ငါရို့ ဟိသမျှသည် တညီတညွတ်တည်းဖြစ်ကြလျက် ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သောသူများအဖြစ်သို့ ရောက်ကြရန်ပင် ဖြစ်၏။
EPH 4:14 ထို့နောက် ငါရို့သည် ပရိယာယ်ဖြင့် လူရို့ကို လမ်းလွဲအောင် လိမ်လည်ပြောဆိုတတ်သော သူရို့၏ သြဝါဒမှိုင်းများအထဲ၌ လွင့်ပါလားသော အသျှေတိပိုင် ဖြစ်ရမည် မဟုတ်။
EPH 4:15 ယင်းအစား၊ ငါရို့သည် မေတ္တာစိတ်နှင့် သမ္မာတရားကို ပြောကြားခြင်းအားဖြင့် အသင်းတော်၏ဦးဂေါင်း ဖြစ်တော်မူသော ခရစ်တော်၌ အရာရာတွင် ကြီးပွားတိုးတက် ကြရမည်။
EPH 4:16 ထိုသူ၌ ကိုယ်အင်္ဂါ ဟိသမျှရို့သည် တစ်ခုနှင့်တစ်ခု အဆစ်အပိုင်းများဖြင့် ဆက်စပ်လျက် နိန်ကြ၏။ ထို့ကြောင့် ကိုယ်အင်္ဂါ အသီးသီးရို့သည် မိမိရို့သက်ဆိုင်သော အငန်းအတာကို ဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးသည် ကြီးထွားလျက် မိမိကိုယ်ကိုလည်း မေတ္တာတရား၌ တည်ဆောက်လေ၏။
EPH 4:17 ထို့ကြောင့်၊ သင်ရို့သည် တခြားလူမျိုးရို့နည်းတူ ဆက်လက်၍ ပြုမူနီထိုင်ခြင်းမပြုကြရန် သခင်ဘုရား၏နာမတော်ကို အမှီပြု၍ ငါ သတိပီးလိုက်၏။ သူရို့၏ အကြံအစည်များကား အလကားဖြစ်၏။
EPH 4:18 ထိုသူရို့သည် ဉာဏ်အလင်းကွယ်၍ စိတ်နှလုံးသည်လည်း မိုက်မဲသောအားဖြင့် အသိတရားကင်းမဲ့သောကြောင့် ဘုရားသခင် ပီးသနားတော်မူသော အသက်နှင့် ကင်းကွာလျက် ဟိကြ၏။
EPH 4:19 သူရို့သည် ရှက်ကြောက်ခြင်းစိတ် လုံးဝမဟိကြသဖြင့် ကာမဂုဏ်လိုက်စားကာ ညစ်ညူးသောအကျင့် အမျိုးမျိုးကို မိမိရို့အလိုဟိသည့်အတိုင်း ကျင့်ကြ၏။
EPH 4:20 ထိုအရာသည်ကား သင်ရို့ သင်ယူခကြသည့် ခရစ်တော်၏ လမ်းစဉ် မဟုတ်။
EPH 4:21 သင်ရို့သည် ထိုအသျှင်၏ အကြောင်းကို သေချာစွာကြားနာ ရကြပြီး၊ ထိုအသျှင်၏ တပည့်တိအဖြစ်ဖြင့် ယေသျှုထံ၌ သမ္မာတရားတော်အကြောင်းကို သင်ယူခကြ၏။
EPH 4:22 ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။
EPH 4:23 သင်ရို့သည် အသစ်သော စိတ်နှလုံးကို ခံယူပြီးလျှင်၊
EPH 4:24 ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းကို ခံရ၍ သန့်ယှင်းဖြောင့်မတ်ခြင်းတည်းဟူသော စစ်မှန်သော လူသစ်ဖြစ်ကြရမည်။
EPH 4:25 ထို့ကြောင့် မုသားစကားကို ထပ်၍ မပြောကတ်ကေ့။ သင်ရို့သည် မှန်သောစကားကိုသာ အချင်းချင်း ပြောကြလော့။ အကြောင်းမူကား ငါရို့အားလုံးသည် ခရစ်တော်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။
EPH 4:26 သင်ရို့သည် ဒေါသထွက်သော်လည်း ပြစ်မှားခွင့်ကို မပီးကတ်ကေ့။ ဒေါသမပြေဘဲ နီမဝင်ကတ်စီကေ့။
EPH 4:27 မာရ်နတ်ကို အခွင့်မပီးကတ်ကေ့။
EPH 4:28 ခိုးဝှက်ဖူးသူသည် နောက်တဖန် မခိုးမဝှက်ဘဲ ဆင်းရဲသောသူရို့အား ပီးကမ်းနိုင်ရန် မိမိ လက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစားလုပ်ကိုင်ကြလော့။
EPH 4:29 ညစ်ညမ်းသော စကားတစ်ခွန်းကိုမျှ သင်ရို့နှုတ်မှ မထွက်စီကေ့။ သူတစ်ပါးအား အကျိုးဟိစီမည့် စကား၊ တည်ဆောက်စရာ ဖြစ်စီသည့် ကောင်းသော စကားကိုသာ ပြောကြလော့။ ထိုသို့ပြုမှသာ သင်ရို့၏စကားကို ကြားရသောသူရို့သည် ကောင်းကျိုးကို ခံစားရလိမ့်မည်။
EPH 4:30 ဘုရားသခင်၏သန့်ယှင်းသောဝိညာဉ်တော်ကို စိတ်မနာစီကတ်ကေ့၊ အကြောင်းမူကား ဝိညာဉ်တော်သည် သင်ရို့အား ဘုရားသခင် ပိုင်တော်မူကြောင်း အမှတ်အသား ဖြစ်ပြီး၊ ဘုရားသခင်သည် သင်ရို့အား လွတ်ခြင်းအခွင့်ကို ပီးသောနိ့ရက်၌ သင်ရို့အဖို့ အာမခံချက် ဖြစ်သတည်း။
EPH 4:31 ထို့ကြောင့် ခပ်သိမ်းသော ခါးသီးခြင်း၊ နာကြည်းခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူ့အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း ရို့ကို ဖယ်ယှားကြလော့။
EPH 4:32 ယင်းအစား၊ သင်ရို့သည် တစ်ဦးကိုတစ်ဦး သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်ရို့အား ခွင့်ရွှတ်တော်မူသည့်နည်းတူ သင်ရို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ခွင့်ရွှတ်ကြလော့။
EPH 5:1 သင်ရို့သည် ဘုရားသခင်ချစ်သော သားသမီးများဖြစ်ကြသည်နှင့်အညီ၊ ကိုယ်တော်ကဲ့သို့ ကြိုးစားရမည်။
EPH 5:2 ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။
EPH 5:3 သင်ရို့သည် ဘုရားသခင်၏လူစုတော် ဖြစ်သဖြင့် ကာမဂုဏ်လိုက်စားမှု၊ မစင်ကြယ်မှုနှင့် လောဘလွန်ကြူးမှု အကြောင်းများကို သင်ရို့တွင် ပြောဆိုခြင်းပင် မဟိစီကေ့။
EPH 5:4 ညစ်ညူးသောစကား၊ မိုက်မဲသောစကား၊ မဖွယ်မရာသော စကားများကိုလည်း မပြောဆိုအပ်။ ထိုအရာများထက် ကျေးဇူးတော်ကို ချီးမွမ်းသည့် စကားများကိုသာ ပြောဆိုကြလော့။
EPH 5:5 ကာမဂုဏ်လိုက်စားသောသူ၊ မစင်ကြယ်သောသူ၊ လောဘလွန်ကျူးခြင်းတည်းဟူသော ရုပ်တုကို ကိုးကွယ်သောသူရို့သည် ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ တစ်ခါလေ့ ဝင်ရလိမ့်မည် မဟုတ်ကြောင်းကို သင်ရို့သိကြ၏။
EPH 5:6 အကျိုးမဟိသောစကားဖြင့် ဇာသူလေ့ သင်ရို့ကို မလှည့်ဖျားစီကေ့။ ထိုအမှုများဖြင့် ဘုရားသခင်ကို မနာခံသောသူရို့သည် ထိုအသျှင်၏ အမျက်တော် သင့်ခြင်းကို ခံရကြလိမ့်မည်။
EPH 5:7 ထို့ကြောင့် သင်ရို့သည် ထိုသို့သော သူရို့နှင့် ပေါင်းဖော်ခြင်းကို မပြုကတ်ကေ့။
EPH 5:8 အယင်က သင်ရို့သည် မှောင်မိုက်၌ နီထိုင်ခကြ၏။ သို့သော် အဂုမူကား သခင်ဘုရား၏ လူတိ ဖြစ်လာကြသောကြောင့် အလင်းသို့ ရောက်ကြရ၏။ ထို့ကြောင့် အလင်း၏ သားသမီးကဲ့သို့ ကျင့်ကြံပြုမူကြလော့။
EPH 5:9 အကြောင်းမူကား အလင်းသည် ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတည်းဟူသော ကောင်းမြတ်သောအရာများကို ဖြစ်ပွားစီတော်မူ၏။
EPH 5:10 သခင်ဘုရား နှစ်သက်တော်မူသောအရာသည် ဇာအရာဖြစ်သည်ကို ကြိုးစား၍ သင်ယူကြလော့။
EPH 5:11 မှောင်မိုက်၌ ကျင်လည်သောသူရို့ ပြုမူကြသည့် အကျိုးမဟိသော အမှုများကို မပြုဘဲ၊ ယင်းအမှုကို အလင်း၌ ထင်ရှားစီကြလော့။
EPH 5:12 (ဆိတ်ကွယ်ရာအရပ်၌ သူရို့ပြုသောအမှုတိကို ပြောခြင်းသည်ပင် လွန်စွာ ရှက်ဖွယ်ဖြစ်၏။)
EPH 5:13 ထင်ရှားသမျှသော အရာများသည် အလင်းဖြင့် ထင်ရှားကြ၏။ ထိုထင်ရှားသောအရာဟူသမျှသည် မိမိရို့၏ ပင်ကိုယ်သဘောတိကို ပေါ်လွင်လာစီ၏။
EPH 5:14 အကြောင်းမူကား အလင်းသည် ခပ်သိမ်းသောအရာတိကို ပေါ်လွင်ထင်ရှားစီသောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျမ်းစာ၌ လာသည်ကား၊ “အိပ်ပျော်သူ၊ နိုးလော့။ သီခြင်းမှ ထမြောက်လော့၊ ခရစ်တော်သည် သင်၌ ထွန်းလင်းတော်မူလိမ့်မည်” ဟူ၍ ပါဟိသတည်း။
EPH 5:15 သို့ဖြစ်၍ သင်ရို့သည် ဇာပိုင် ပြုမူကျင့်ကြံရမည်ကို သတိပြုကြလော့။ ပညာမဲ့သောသူများကဲ့သို့ မကျင့်ကြံဘဲ၊ ပညာဟိသောသူတိကဲ့သို့ ကျင့်ကြံကြလော့။
EPH 5:16 ဤနိ့ရက်သည် ဆိုးယုတ်သော ကာလဖြစ်သောကြောင့် သင်ရို့၌ ဟိသော အခွင့်အရေးများကို အကျိုးဟိအောင် အသုံးပြုကြလော့။
EPH 5:17 ထို့ကြောင့် သင်ရို့သည် မိုက်မဲ၍ မနီကြဘဲ၊ သခင်ဘုရား၏အလိုတော်ကို ကြိုးစား၍ ရှာကြလော့။
EPH 5:18 ပျက်စီးစီတတ်သော အရက်သီစာ သောက်စားခြင်းများကို ယှောင်၍ ဝိညာဉ်တော်နှင့် ပြည့်ဝစီကြလော့။
EPH 5:19 ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေး​ဆိုင်ရာ တေးခြင်းများကို အချင်းချင်း သီဆိုပြောဆိုကြ၍၊ စိတ်နှလုံးထဲ၌ သခင်ဘုရားအား ချီးမွမ်းထောမနာပြုလျက် ဓမ္မတေးခြင်းများနှင့် ဆာလံတေးခြင်းများကို သီဆိုကြလော့။
EPH 5:20 ငါရို့ အသျှင်ယေသျှုခရစ်၏ နာမတော်ကို အမှီပြု၍ ခပ်သိမ်းသောအရာများအဖို့ အဖဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြလော့။
EPH 5:21 ခရစ်တော်ကို ရိုသီလေးစားသောအားဖြင့် သင်ရို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် နှိမ့်ချကြလော့။
EPH 5:22 မယားဖြစ်သူရို့၊ သင်ရို့သည် သခင်ဘုရား၏ အုပ်စိုးခြင်းကို ခံယူသကဲ့သို့ မိမိ၏ လင်ယောက်ျားရို့ အုပ်စိုးခြင်းကို ခံယူကြလော့။
EPH 5:23 အကြောင်းမူကား ခရစ်တော်သည် အသင်းတော်၏ ဦးဂေါင်းဖြစ်သကဲ့သို့ လင်ယောက်ျားသည် မိမိမယား၏ ဦးဂေါင်း ဖြစ်စီလော့။ ခရစ်တော်သည် မိမိ၏ကိုယ်ခန္ဓာဖြစ် သော အသင်းတော်ကို ကယ်တင်သောအသျှင် ဖြစ်တော်မူ၏။
EPH 5:24 ထို့ကြောင့် အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးခြင်းကို ခံယူသကဲ့သို့ မယားရို့သည်လည်း အရာရာ၌ မိမိရို့ လင်ယောက်ျားရို့၏ အုပ်စိုးခြင်းကို အပြည့်အဝ ခံယူရကြမည်။
EPH 5:25 လင်ယောက်ျားရို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အဖို့ မိမိအသက်ကို စွန့်တော်မူသကဲ့သို့ သင်ရို့၏ မယားတိကို ချစ်ကြလော့။
EPH 5:26 ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။
EPH 5:27 ထိုသို့ အသင်းတော်ကို မိမိအား ဆက်သတော်မူရာ၌ အညစ်အကြေး တင်ခြင်း၊ အစွန်းအကွက် ဖြစ်ခြင်း၊ အရီရှုံ့ခြင်း မဟိဘဲ သန့်ယှင်းပြီး အပြစ်ကင်းစင်လျက် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံစီရန် ဖြစ်၏။
EPH 5:28 လင်ယောက်ျားရို့သည် မိမိရို့ကိုယ်ကို ချစ်သကဲ့သို့ မိမိရို့၏ မယားတိကို ချစ်ကြရမည်။ မယားကို ချစ်သောသူသည် မိမိကိုယ်ကို ချစ်သောသူဖြစ်၏။ (
EPH 5:29 ဇာသူလေ့ မိမိကိုယ်ကို မုန်းသည်ဟူ၍ မဟိ။ ထိုသို့ပြုမည့်အစား၊ ခရစ်တော်သည် အသင်းတော်အား ကျွေးမွေးပြုစုတော်မူသကဲ့သို့ ငါရို့သည် မိမိကိုယ်ကို ကျွေးမွေး၍ ပြုစုစောင့်ရှောက်ကြ၏။
EPH 5:30 အကြောင်းမူကား ငါရို့သည် ကိုယ်တော့်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။)
EPH 5:31 ကျမ်းစာ လာသည့်အတိုင်း “ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိဘကို ထားခပြီး ကိုယ့်မယားနှင့် ပေါင်းသင်းသဖြင့် ထိုသူနှစ်ယောက်သည် တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မည်” ဟူ၍ ဖြစ်၏။
EPH 5:32 ဤသည်ကား လျှို့ဝှက်နက်နဲသောအရာကို ဤကျမ်းစာ၌ ဖော်ပြထားခြင်းဖြစ်ပေ၏။ ထိုစကားသည် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်းသည်ဟု ငါနားလည်၏။
EPH 5:33 သို့ရာတွင် ထိုစကားသည် သင်ရို့ကိုလည်း ရည်ညွှန်း၍ ဆိုသတည်း။ ထို့ကြောင့် လင်ယောက်ျားတိုင်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိ၏မယားကိုလည်း ချစ်ရမည်။ ထို့နည်းတူ မယားဖြစ်သောသူတိုင်းသည်လည်း မိမိ၏လင်ယောက်ျားကို ရိုသီခြင်း ဟိရမည်။
EPH 6:1 သားသမီးရို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ သင်ရို့ မိဘရို့၏ စကားကို နားထောင်ကြလော့၊ ထိုသို့ ပြုခြင်းသည် သားသမီးများအဖို့ ပြုအပ်သည့်ဝတ် ဖြစ်၏။
EPH 6:2 သမ္မာကျမ်းစာ၌ “သင်၏ မိဘကို ရိုသီစွာပြုလော့” ဟူသော ပညတ်သည် ကတိတော်နှင့်ဆိုင်သော ပထမဆုံးသော ပညတ်ဖြစ်၏။
EPH 6:3 ထိုသို့ပြုလျှင် “သင်သည် ကောင်းစားလျက် မြီကြီးထက်တွင် အသက်ရှည်လိမ့်မည်” ဟု ဖော်ပြ၏။
EPH 6:4 မိဘရို့၊ သားသမီးရို့ကို စိတ်ဆိုးစီခြင်းငှာ မပြုကတ်ကေ့။ ထိုသို့ ပြုမည့်အစား၊ သူရို့အား သခင်ဘုရား၏ အလိုတော်နှင့်အညီ ပြုစုပျိုးထောင်ကြလော့။
EPH 6:5 အချင်း ကျွန်ရို့၊ သင်ရို့သည် ခရစ်တော်ကို နာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ဖြူစင်သောစိတ်နှင့် သင်ရို့၏ လောကီနှင့်ဆိုင်သော သခင်ရို့စကားကို နာခံကြလော့။
EPH 6:6 သူရို့ နှစ်သက်စီခြင်းငှာ သူရို့၏ ရှိ့မှောက်၌သာ နားထောင်ကြသည် မဟုတ်ဘဲ၊ ခရစ်တော်၏ ကျွန်တိကဲ့သို့ ဘုရားသခင်၏ အလိုတော်ဟိသည့်အတိုင်း စိတ်ရောကိုယ်ပါ အစီခံကြလော့။
EPH 6:7 လူ၏အမှုကို ဆောင်ရွက်သကဲ့သို့ မဟုတ်ဘဲ၊ သခင်ဘုရား၏အမှုကို ဆောင်ရွက်သကဲ့သို့ ဝမ်းမြောက်စွာ လုပ်ဆောင်ကြလော့။
EPH 6:8 ကျွန်ဖြစ်စီ၊ လွတ်လပ်သူဖြစ်စီ၊ ဇာသူမဆို မိမိပြုသည့် ကောင်းမှုအတွက် သခင်ဘုရားထံမှ ဆုလာဒ်ကို ရလိမ့်မည်ဟု သိမှတ်ကြလော့။
EPH 6:9 ထိုနည်းတူ သခင်ရို့၊ သင်ရို့၏ကျွန်တိကို ခြိမ်းခြောက်မှု မပြုဘဲ၊ သင်ရို့နှင့် သင်ရို့၏ ကျွန်တိ၌ ကောင်းကင်ဘုံတွင် အသျှင်တစ်ပါးတည်းသာ ဟိကြောင်းကိုလည်းကောင်း၊ ထိုသခင်သည် မျက်နှာလိုက်တော်မမူကြောင်းကိုလည်းကောင်း သတိရကြလော့။
EPH 6:10 နောက်ဆုံး စကားဟူမူကား၊ သင်ရို့သည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် ခိုင်ခံ့စီကြလော့။
EPH 6:11 မာရ်နတ်၏ ဆိုးညစ်သော ပရိယာယ်များကို ခုခံကာကွယ်နိုင်ခြင်းငှာ ဘုရားသခင်ပီးတော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။
EPH 6:12 အကြောင်းမူကား ငါရို့သည် အသွီးအသားဟိသော သူရို့နှင့် ဆိုင်ပြိုင်တိုက်ခိုက် ကြရသည် မဟုတ်။ ကောင်းကင်အရပ်မှလာသည့် ဆိုးယုတ်သော ဝိညာဉ်တန်ခိုးသျှင်နှင့် လည်းကောင်း၊ ဤမှောင်မိုက်သော လောကကို အုပ်စိုးသော သူတိ၊ တန်ခိုးသျှင်တိနှင့် လည်းကောင်း၊ အာဏာစက်တိနှင့် လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။
EPH 6:13 ထို့ကြောင့် ဘုရားသခင်ပီးသော လက်နက်စုံကို ဝတ်ဆင်ကြလော့။ သို့မှသာလျှင် ခဲယဉ်းဆိုးယုတ်သောကာလ ကျရောက်လာသောအခါ သင်ရို့သည် ရန်သူ၏တိုက်ခိုက်မှုကို ခုခံကာကွယ် နိုင်ကြလိမ့်မည်။ အဆုံးတိုင်အောင် တိုက်ခိုက်ပြီးသောအခါ သင်ရို့သည် ရပ်တည်နိုင်ကြလိမ့်မည်။
EPH 6:14 ထို့ကြောင့် အသင့်ဟိနိန်စီခြင်းငှာ၊ သမ္မာတရားတည်းဟူသော ခါးပန်းကို ပတ်ကြလော့။ ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်ကြလော့။
EPH 6:15 ငြိမ်သက်ခြင်း၏ သတင်းကောင်းကို ဟောပြောရန် အသင့်ပျင်ဆင်ထားခြင်းတည်းဟူသော ခြီနင်းကို စီးကြလော့။
EPH 6:16 ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှားကို အမြဲ ဆွဲကိုင်ထားကြလော့။ သင်ရို့သည် ထိုဒိုင်းလွှားအားဖြင့် မာရ်နတ်ပစ်ခတ်သော မြားလက်နက်ဟူသမျှကို ကာကွယ်နိုင်ကြလိမ့်မည်။
EPH 6:17 ကယ်တင်ခြင်းတည်းဟူသော သံခမောက်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်၏ ဒါးကိုလည်းကောင်း ယူဆောင်ကြလော့။
EPH 6:18 သင်ရို့အား ကူညီမစတော်မူခြင်းငှာ ဘုရားသခင်အား တောင်းလျှောက်ကြလော့။ ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း အရာရာ၌ ဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားဖြင့် နီကြလော့။ ကာလအစဉ် အားမလျှော့ဘဲ၊ ဘုရားသခင်၏လူစုတော်အဖို့ ဆုတောင်းကြလော့။
EPH 6:19 ငါသည် တရားစကားကို ဟောပြောသောအခါ ဘုရားသခင်သည် ထိုဧဝံဂေလိတရား၏ နက်နဲသောအရာကို သိနားလည်ပြီး ရဲရင့်စွာ ဟောပြောနိုင်ရန် ငါ့အဖို့လည်း ဆုတောင်းပီးကြလော့။
EPH 6:20 ငါသည် အကျဉ်းကျခံနိန်ရသောသူ ဖြစ်သော်လည်း၊ ထိုဧဝံဂေလိတရား၏ သံတမန်တစ်ယောက်ဖြစ်၏။ ငါသည် ထိုဧဝံဂေလိတရားကို ဟောပြောရမည်ဖြစ်၍ ရဲရင့်စွာ ဟောပြောနိုင်ခြင်းငှာ ဆုတောင်းပီးကြလော့။
EPH 6:21 ငါ နှင့်ပတ်သက်သော အကြောင်းအရာအလုံးစုံကို သင်ရို့ သိစီခြင်းငှာ၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်ရာတွင် သစ္စာဟိသော အခိုင်းအစီဖြစ်သော ငါရို့၏ ချစ်သောညီတစ်ယောက်ဖြစ်သော တုခိတ်က ပြောပြလိမ့်မည်။
EPH 6:22 ထို့ကြောင့် ငါရို့နှင့်ဆိုင်သော သတင်းအလုံးစုံကို ပြောပြရန်နှင့် သင်ရို့ကို အားပီးလှုံ့ဆော်စီခြင်းငှာ ထိုသူအား သင်ရို့ပါးသို့ ငါ စီရွှတ်လိုက်၏။
EPH 6:23 အဖဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်သည် ညီအစ်ကိုမောင်နှမအပေါင်းရို့အား ငြိမ်သက်ခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းကို ချပီးတော်မူပါစီသောဝ်။
EPH 6:24 ဇာခါမျှ မပျက်ပြယ်နိုင်သော မေတ္တာဖြင့် ငါရို့ အသျှင်ယေသျှုခရစ်တော်ကို ချစ်ကြသော လူအပေါင်းရို့၌ ဘုရားသခင်၏ ကျေးဇူးတော်သည် သက်ရောက်ပါစီသောဝ်။
PHI 1:1 ခရစ်တော်ယေသျှု၏ အခိုင်းအစီများဖြစ်သည့် ပေါလုနှင့် တိမောသေရို့ပါးမှ —
PHI 1:2 သင်ရို့သည် ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ခံစားရကြပါစီသောဝ်။
PHI 1:3 သင်ရို့အကြောင်းကို သတိရသည့်အခါတိုင်း ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
PHI 1:4 သင်ရို့အဖို့ ဆုတောင်းသောအခါတိုင်း၌ ဝမ်းမြောက်စွာဖြင့် ငါ ဆုတောင်းပါ၏။
PHI 1:5 အကြောင်းမှုကား ငါသည် အမှုတော်ကို စတင်ဆောင်ရွက်ချိန်မှစ၍ ယနိ့ တိုင်အောင် သတင်းကောင်းကို ပြန့်နှံ့စီခြင်းငှာ သင်ရို့သည် ငါနှင့်အတူ ဆောင်ရွက်ခကြသောကြောင့် ဖြစ်၏။
PHI 1:6 သို့ဖြစ်၍ သင်ရို့တွင် ဤကောင်းမြတ်သည့်အမှုကို အစပြုပီးတော်မူသော ဘုရားသခင်သည် ခရစ်တော်ယေသျှု၏နိ့ရက်တိုင်အောင် ထိုအမှုကို ပြီးစီးစီခြင်းငှာ ပြုတော်မူလိမ့်မည်ဟု ငါယုံကြည်၏။
PHI 1:7 သင်ရို့ကို ငါသည် အစဉ်အမြဲ အောက်မိ့၏။ သို့ဖြစ်၍ ငါသည် သင်ရို့နှင့်ပတ်သက်၍ ထိုသို့ သဘောထား၏။ ငါသည် အဂု အကျဉ်းခံရသော အရာ၌ လည်းကောင်း၊ ဧဝံဂေလိတရားကို လွတ်လပ်စွာ ကာကွယ်၍ ထိုတရားကို ခိုင်ခံ့စွာ တည်စီသော်လည်းကောင်း ငါ​နှင့်အတူ ကျေးဇူးတော်​ကို မျှဝီခံစားသောသူများ ဖြစ်ကြသဖြင့် သင်ရို့အားလုံးသည် ငါ​၏​စိတ်နှလုံး​၌ ဟိကြ​၏။
PHI 1:8 ငါသည် ခရစ်တော်ယေသျှု၏ မေတ္တာဖြင့် သင်ရို့အားလုံးကို လွန်စွာလွမ်းဆွတ်ကြောင်းကို ငါ့အတွက် သက်သီခံသောသူကား ဘုရားသခင်ဖြစ်တော်မူ၏။
PHI 1:9 သင်ရို့အဖို့ ငါ၏ဆုတောင်းသောအရာမူကား၊ သင်ရို့၏ ချစ်ခြင်းမေတ္တာသည် မှန်သောအသိပညာ၊ ပိုင်းခြားဝေဖန်တတ်သော စွမ်းရည်တိ၌ တိုးလာကြစီရန်ပင်ဖြစ်၏။
PHI 1:10 သို့မှသာ သင်ရို့သည် ခရစ်တော်ကြွလာတော်မူသော နိ့ရက်၌ အပြစ်ဆိုဖွယ်ရာ မဟိဘဲ မသန့်ယှင်းခြင်းနှင့် ကင်းစင်လိမ့်မည်။
PHI 1:11 ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။
PHI 1:12 ညီအစ်ကိုမောင်နှမရို့၊ ငါတွိ့ကြုံရသည့် အဖြစ်အပျက်များသည် သတင်းကောင်းကို ပြန့်ပွားစီရာတွင် ကောင်းစွာ အထောက်အကူဖြစ်ကြောင်းကို ငါသည် သင်ရို့အား သိစီလို၏။
PHI 1:13 ငါသည် ခရစ်တော်၏ အစီခံဖြစ်သောကြောင့် အကျဉ်းခံရလျက် နိန်ရကြောင်းကို နန်းတော်အစောင့်တပ် တစ်တပ်လုံးနှင့် အခြားသောသူအပေါင်းရို့သည် သိဟိကြပေ၏။
PHI 1:14 ဤသို့ ငါအကျဉ်းခံရခြင်းကြောင့် ယုံကြည်သူအများပင် သခင်ဘုရား၌ ပို၍ ယုံကြည်စိတ်ချလာကြ၏။ သို့ဖြစ်၍ သူရို့သည် မကြောက်မရွံ့ဘဲ သတင်းကောင်းတရားတော်ကို ပိုမို၍ ဟောပြောဝံ့ကြပေ၏။
PHI 1:15 အချို့သောသူရို့သည် မနာလိုသောစိတ်၊ ရန်တွိ့ချင်သောစိတ်ကြောင့် ခရစ်တော်အကြောင်းကို ဟောပြောကြသော်လည်း အချို့သောသူရို့မူကား စေတနာစိတ်နှင့် ဟောပြောကြ၏။
PHI 1:16 ဘုရားသခင်သည် ငါ့အား ခရစ်တော်၏ ဧဝံဂေလိတရားကို ကာကွယ်ဟောပြောရန် ခန့်ထားတော်မူကြောင်းကို ဤသူရို့သည် သိသဖြင့် မေတ္တာစိတ်နှင့် ဟောပြောကြ၏။
PHI 1:17 အခြားသောသူရို့ကား ခရစ်တော်၏ အကြောင်းကို ဖြူစင်သောစိတ်ဖြင့် မဟောပြောကြဘဲ၊ ကျော်ကြားလိုသောစိတ်ဖြင့် ဟောပြောကြ၏။ သူရို့၏အကြံသည်ကား အကျဉ်းခံနိန်ရသော ငါ့အား ပို၍ စိတ်ဒုက္ခရောက်စီခြင်းပင်ဖြစ်၏။
PHI 1:18 ထိုသို့ မှားယွင်းသော ရည်ရွယ်ချက်ဖြင့် ဖြစ်စီ၊ မှန်ကန်သောရည်ရွယ်ချက်ဖြင့် ဖြစ်စီ ဟောပြောသည်ကား ငါ့အဖို့ အရေးမကြီး။ အကြောင်းမူကား ခရစ်တော်အကြောင်းကို ဟောပြောခြင်းသာ ဖြစ်သဖြင့် ငါဝမ်းမြောက်၏။ ဆက်လက်၍ ဝမ်းမြောက်လျက် နိန်မည်။
PHI 1:19 အကြောင်းမူကား သင်ရို့၏ ဆုတောင်းပတ္ထနာကြောင့် လည်းကောင်း၊ ယေသျှုခရစ်တော်၏ ဝိညာဉ်တော်ထံမှ ကူညီစောင်မမှုကြောင့် လည်းကောင်း ငါသည် ဤအမှုမှ လွတ်မြောက်မည်ဟု သိသောကြောင့်ဖြစ်၏။
PHI 1:20 ငါသည် ဇာခါ၌မျှ မိမိ၏တာဝန်ကို မပျက်မကွက်ဘဲ အခါခပ်သိမ်း၌ လည်းကောင်း၊ အထူးသဖြင့် အဂုအခါ၌လည်းကောင်း ရဲရင့်ခြင်းနှင့် ပြည့်စုံလျက် ငါသည် အသက်ရှင် သည်ဖြစ်စီ၊ သီကျလားသည်ဖြစ်စီ၊ ငါ့ အစွမ်းဟိသမျှနှင့် ခရစ်တော်၏ ဘုန်းတော် ထင်ရှားလာနိုင်စီရန် မျှော်လင့်တောင့်တ၏။
PHI 1:21 အကြောင်းမူကား ငါ့အဖို့မှာ အသက်ရှင်ခြင်းသည် ခရစ်တော်ပင် ဖြစ်၏။ သီလျှင်မူကား သာ၍ အကျိုးဟိ၏။
PHI 1:22 သို့ရာတွင် အကယ်၍ ငါသည် ဆက်လက်အသက်ရှင်ခြင်းအားဖြင့်၊ ပိုမို အကျိုးပြုနိုင်မည်ဆိုပါက၊ အသက်ရှင်ခြင်းနှင့် သီဆုံးခြင်းတွင် ဇာချင့်ကို ရွီးချယ်ရမည်နည်း။
PHI 1:23 ငါ၌ စိတ်နှစ်ခွဖြစ်လျက်နိန်ပေ၏။ ငါသည် ဤဘဝကို စွန့်၍ ခရစ်တော်နှင့်အတူ နိန်လိုပါ၏။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါ့အဖို့ သာ၍ အကျိုးဟိ၏။
PHI 1:24 သို့သော် သင်ရို့၏အကျိုးကို ထောက်၍ ငါသည် အသက်ရှင်လျက် နိန်ခြင်းငှာ ပို၍ အရေးကြီး၏။
PHI 1:25 ဤသို့ ယုံကြည်စိတ်ချသဖြင့် ငါသည် သင်ရို့ နှင့်အတူနီမည်။ သင်ရို့အား တိုးပွားစီရန်နှင့် ယုံကြည်ခြင်း၌ ဝမ်းမြောက်စီရန် ငါသည် သင်ရို့နှင့်အတူ နီရမည်ကို သိ၏။
PHI 1:26 သို့ဖြစ်၍ ငါသည် သင်ရို့နှင့် တဖန် ဟိနိန်ခွင့်ရသောအခါ၌ ခရစ်တော်ယေသျှု၌ သင်ရို့သည် ငါ့အတွက်ကြောင့် ပို၍ပင် ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။
PHI 1:27 အဂု သင်ရို့အဖို့ အရေးကြီးသည့်အရာမှာ ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့်အညီ သင်ရို့သည် ပြုမူနီထိုင်ကြလော့။ ငါသည် သင်ရို့ပါးသို့ လာပြီး တွိ့နိုင်သည်ဖြစ်စီ၊ တွိ့ဖို့ရန် ပျက်ကွက်သည်ဖြစ်စီ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တစ်စိတ်တစ်ဝမ်းတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရပ်တည်၍ သင်ရို့သည် တိုက်ပွဲဝင်လျက် ဟိကြကြောင်းကို ငါကြားရလို၏။
PHI 1:28 သင်ရို့၏ ရန်သူတိကို မကြောက်ကတ်ကေ့။ အစဉ်အမြဲ ရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူရို့၌ ပျက်စီးခြင်း လက္ခဏာဖြစ်၏။ သင်ရို့အဖို့မူကား ဘုရားသခင်ထံပါးမှ လာသော ကယ်တင်ခြင်း၏ လက္ခဏာဖြစ်၏။
PHI 1:29 သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။
PHI 1:30 အဂု သင်ရို့သည် ငါနှင့်အတူ တိုက်ပွဲကို ဝင်နိုင်ကြပြီ။ အယင်က ငါ တိုက်ခိုက်ခသည်ကို သင်ရို့တွိ့မြင်ခကြ၏။ သင်ရို့ ကြားသိသည့်အတိုင်း အဂုလည်း ငါသည် တိုက်ခိုက်လျက် နိန်သိမ့်၏။
PHI 2:1 ထို့ကြောင့် သင်ရို့သည် ခရစ်တော်၌ တိုက်တွန်းခွန်အားပီးခြင်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် နှစ်သိမ့်ခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယ ဖွဲ့ခြင်းကို ရဟိကြ၏။ သင်ရို့တွင် အချင်းချင်း သနားကြင်နာစိတ် ဟိကြ၏။
PHI 2:2 သို့ဖြစ်၍ သင်ရို့သည် တစ်စိတ်တစ်ဝမ်းတည်း ဟိခြင်း၊ အချင်းချင်း ချစ်ခြင်း၊ စိတ်သဘောတညီတညွတ်တည်း ဟိခြင်းအားဖြင့် ငါ့အား ဝမ်းမြောက်စရာအကြောင်းကို စုံလင်စီကြလော့။
PHI 2:3 ဝါကြွားလိုသောစိတ်၊ တစ်ကိုယ်ကောင်းဆန်သော စိတ်တိဖြင့် ဇာအမှုကိုမျှ မပြုကတ်ကေ့။ သူတစ်ပါးသည် မိမိထက်သာသည်ဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။
PHI 2:4 မိမိ၏အကျိုးကိုသာ မရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြလော့။
PHI 2:5 ခရစ်တော်ယေသျှု၌ ဟိသောစိတ်သဘောမျိုးကို သင်ရို့၌လည်း ဟိစီကြလော့။
PHI 2:6 ကိုယ်တော်သည် ဘုရားဇာတိတော်နှင့် အစဉ်အမြဲ ပြည့်စုံတော်မူ၏။ သို့သော် အဓမ္မနည်းဖြင့် ဘုရားသခင်နှင့် တန်းတူဖြစ်စီခြင်းငှာ ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။
PHI 2:7 ထိုသို့ ပြုမည့်အစား မိမိ၌ ဟိသမျှသော ဘုန်းတော်ကို အလိုအလျောက် စွန့်၍ အခိုင်းအစီတစ်ယောက်၏ သဏ္ဌာန်ကို ခံယူတော်မူ၏။ ကိုယ်တော်သည် လူ့သဏ္ဌာန်ကို ဆောင်၍ လူကဲ့သို့သော အဖြစ်ကို ခံယူတော်မူ၏။
PHI 2:8 မိမိကိုယ်ကို နှိမ့်ချပြီး လက်ဝါးကပ်တိုင်ထက်တွင် အသီခံသည့်တိုင်အောင် နာခံ၍ လိုက်လျှောက်တော်မူ၏။
PHI 2:9 ဤအကြောင်းကြောင့် ဘုရားသခင်သည် ကိုယ်တော့်ကို အမြင့်ဆုံးသောအရာ၌ ချီးမြှောက်တော်မူ၍၊ ဘွဲ့နာမတကာရို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပီးသနားတော်မူ၏။
PHI 2:10 ထို့ကြောင့် ကောင်းကင်အရပ်၊ မြီကြီးအရပ်၊ မြီကြီးအောက်အရပ်၌ ဟိသော သက်ဟိအပေါင်းရို့သည် ယေသျှု၏ နာမတော်ကို ဒူးထောက်လျက်၊
PHI 2:11 ယေသျှုခရစ်တော်သည် အသျှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ဖြင့်ဝန်ခံ၍၊ ခမည်းတော်ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစီကြလိမ့်မည်။
PHI 2:12 သို့ဖြစ်၍ အဆွီရို့၊ ငါသည် သင်ရို့နှင့်အတူ ဟိစဉ် သင်ရို့သည် ငါ့စကားကို အစဉ်အမြဲ နားထောင်ခကြသည်နည်းတူ အဂုလည်း ငါသည် သင်ရို့နှင့် ဝီးကွာလျက် ဟိသောအခါ၌လည်း ငါ့စကားကို နားထောင်ခြင်းငှာ ပို၍ပင် အရေးကြီးပေ၏။ သင်ရို့၏ ကယ်တင်ခြင်း ပြည့်စုံစီခြင်းငှာ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် လုပ်ဆောင်လျက် နိန်ကြလော့။
PHI 2:13 အကြောင်းမူကား၊ မိမိ၏အကြံအစည်အတိုင်း သင်ရို့အထဲ၌ နာခံလိုက်လျှောက်စီရန်နှင့် စိတ်ဆန္ဒဟိစီခြင်းငှာ အစဉ်လုပ်ဆောင်သော သူသည် ဘုရားသခင် ဖြစ်၏။
PHI 2:14 သင်ရို့ လုပ်ဆောင်စရာဟိသမျှကို ငြီးငြူခြင်း၊ ငြင်းခုံခြင်းမဟိဘဲ လုပ်ဆောင်ကြလော့။
PHI 2:15 သို့မှသာ သင်ရို့သည် ပျက်စီးယိုယွင်းပြီး ဒုစရိုက်အပြစ်နှင့် ပြည့်နိန်သော လူများ နီထိုင်ရာ ဤလောကတွင် ဘုရားသခင်၏ ပြည့်စုံသော သာသားသမီးများကဲ့သို့ သန့်ယှင်းလျက်၊ အပြစ်နှင့်ကင်းသူများ ဖြစ်ကြလိမ့်မည်။ သင်ရို့သည် ထာဝရအသက်နှင့်ဆိုင်သော တရားတော်ကို ဟောပြောစဉ်၊
PHI 2:16 ထိုသူရို့အလယ်တွင် ကြယ်များသဖွယ် ထွန်းလင်းတောက်ပ ကြရမည်။ ဤသို့ ပြုကြမည်ဆိုပါက ငါ၏ ကြိုးစားလုပ်ဆောင်ခသမျှသည် အချည်းနှီးမဖြစ်သဖြင့် ခရစ်တော်၏ နိ့ရက်တွင် ငါ၌ ဂုဏ်ယူဝါကြွားစရာ အကြောင်းဟိလိမ့်မည်။
PHI 2:17 သင်ရို့၏ယုံကြည်ခြင်းကို ဘုရားသခင်အား ပူဇော်သော ယဇ်ထက်တွင် ငါ့ကို သွန်းလောင်းပူဇော်သော်လည်း ငါသည် ဝမ်းမြောက်၏။ ထိုသို့ ပြုလုပ်ရမည်ဆိုလျှင်လည်း ငါသည် သင်ရို့နှင့်အတူ ဝမ်းမြောက်၏။
PHI 2:18 ထိုနည်းတူ သင်ရို့သည်လည်း ဝမ်းမြောက်ခြင်းဟိ၍၊ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။
PHI 2:19 ငါသည် သင်ရို့၏အကြောင်းကို ကြားရသောအခါ စိတ်သက်သာခြင်းငှာ အသျှင်ယေသျှု အလိုတော်ဟိလျှင် တိမောသေကို သင်ရို့ပါးသို့ များမကြာခင် စီရွှတ်နိုင်လိမ့်မည်ဟု ငါ မျှော်လင့်ပါ၏။
PHI 2:20 ထိုသူ တစ်ဦးတည်းသာလျှင် ငါနှင့်သဘောချင်းတူ၍ သင်ရို့၏အကျိုးကို လိုလားသူ အမှန်ဖြစ်၏။
PHI 2:21 အခြားသောသူ အပေါင်းရို့သည်ကား ယေသျှုခရစ်တော်၏ အကျိုးကို မရှာ၊ ကိုယ့်အကျိုးကိုသာ ရှာကြ၏၊
PHI 2:22 တိမောသေနှင့် ငါသည် သားဖသဖွယ် သတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော်ကို အတူတကွ ဇာပိုင် လုပ်ဆောင်ခကြကြောင်းကို သင်ရို့ သိကြ၏။
PHI 2:23 ထို့ကြောင့် ငါ့အမှုကိစ္စသည် ဇာပိုင်ဖြစ်မည်ကို ငါ သိသောခါ သူ့အား ချက်ချင်း သင်ရို့ပါးသို့ စီရွှတ်နိုင် မည်ဟု ငါ မျှော်လင့်၏။
PHI 2:24 သခင်ဘုရားကို ယုံကြည်ကိုးစားလျက် ငါကိုယ်တိုင်ပင် မကြာမီ သင်ရို့ပါးသို့ လာနိုင်လိမ့်မည်။
PHI 2:25 ငါ၏လုပ်ဖော်ဆောင်ဖက်၊ ငါနှင့်အတူ တိုက်ပွဲဝင်ခသူ၊ ငါ့အား ပြုစုခြင်းငှာ သင်ရို့ စီရွှတ်လိုက်သောသူ၊ ငါရို့၏ညီ ဧပဖြောဒိတ်ကို သင်ရို့ပါးသို့ စီရွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။
PHI 2:26 သူသည် သင်ရို့အပေါင်းကို လွမ်းဆွတ်လျက် နိန်၏။ သူ၏ဖျားနာနိန်သည့်သတင်းကို သင်ရို့ကြား သောကြောင့် သူသည် စိတ်မချမ်းမသာ ဖြစ်လျက်နိန်၏။
PHI 2:27 သူသည် သီလုနီးပါး ဖျားနာခသည်မှာ အမှန်ပင်ဖြစ်၏။ သို့ရာတွင် ဘုရားသခင်သည် သူ့ကို သနားတော်မူလေယာ။ ထိုသူ့ကိုသာလျှင် သနားတော်မူသည် မဟုတ်၊ ငါ့ကိုလည်း ထပ်ဆင့်ဝမ်းနည်းမှုနှင့် မကြုံတွိ့စီခြင်းငှာ သနားတော်မူ၏။
PHI 2:28 ထို့ကြောင့် သင်ရို့သည် သူ့ကို တဖန် တွိ့မြင်ရသဖြင့် ဝမ်းမြောက်ကြစီခြင်းငှာ လည်းကောင်း၊ ငါ၏ ဝမ်းနည်းမှုကိုလည်း သက်သာစီခြင်းငှာ လည်းကောင်း သူ့အား သင်ရို့ပါးသို့ စီရွှတ်ရန် ငါသည် သာ၍ စိတ်အားထက်သန်လျက် ဟိ၏။
PHI 2:29 သင်ရို့သည် သခင်ဘုရား၌ သူ့အား ဝမ်းမြောက်စွာ ကြိုဆိုကြလော့။ ထိုသူကဲ့သို့ သူရို့ကိုလည်း ရိုသီလေးစားကြလော့။
PHI 2:30 သူသည် သင်ရို့ကိုယ်တိုင် မပီးနိုင်သည့် အကူအညီကို ငါ့အား ပီးနိုင်စီခြင်းငှာ ခရစ်တော်၏အမှုတော်ကို သီလုနီးသည်တိုင်အောင် အသက်စွန့်၍ လုပ်ဆောင်ခပေ၏။
PHI 3:1 ညီအစ်ကိုမောင်နှမရို့၊ ကျန်ဟိသောစကား ဟူမူကား သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ဝမ်းမြောက် ကြလော့။ အယင်က ငါ ရီးသားဖော်ပြပြီးသော အကြောင်းအရာများကို အဂု ထပ်မံ၍ ဖော်ပြရသော်လည်း ငါသည် မပင်ပန်း။ သင်ရို့ ပို၍ လုံခြုံစီရန် ဖြစ်၏။
PHI 3:2 ခွီးကဲ့သို့သောသူ၊ အကျင့်ဆိုးကို ကျင့်သောသူ၊ ကိုယ်အင်္ဂါကို လှီးဖြတ်ရမည်ဟု ဆိုသောသူရို့အား သတိနှင့် ယှောင်ကြလော့။
PHI 3:3 စစ်မှန်သောအရီဖျားလှီးခြင်းကို ခံရသောသူရို့ကား ထိုသူရို့ မဟုတ်ဘဲ ငါရို့သာလျှင် ဖြစ်ကြပေ၏။ ဇာကြောင့်ဆိုသော် ငါရို့သည် ကိုယ်တော်၏ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်အား ကိုးကွယ်၍ ခရစ်တော်ယေသျှု၌ ရွှင်လန်းဝမ်းမြောက်သောသူတိ ဖြစ်ကြသောကြောင့်တည်း။ ငါရို့သည် ပြင်ပလက္ခဏာများကို မကိုးစား။
PHI 3:4 သို့သော် ပြင်ပလက္ခဏာများကို ကိုးစားရန်လိုအပ်သည်ဟု ဆိုလျှင် ငါ၌ ဟိ၏။ အခြားသူတစ်စုံတစ်ယောက်က ထိုပြင်ပလက္ခဏာများကို ကိုးစားရန်လိုအပ်သည်ဟု ထင်မှတ်လျှင် ထိုအရာသည် ငါ၌ သာ၍ ဟိ၏။
PHI 3:5 ငါသည် သျှစ်ရက်မြောက်သောနိ့၌ အရီဖျားလှီးခြင်း မင်္ဂလာကိုခံယူလျက် ဣသရေလလူမျိုးစစ်စစ် ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲလူမျိုးဖြစ်သော မိဘတိမှ ပေါက်ဖွားလာသူဖြစ်၏။ ယုဒလူမျိုးတိ စောင့်ထိန်းသော ပညတ်တရားနှင့် ပတ်သက်၍ ငါသည် ဖာရိယှဲဂိုဏ်းဝင်ဖြစ်၏။
PHI 3:6 စိတ်အားထက်သန်မှုကို ဆိုရလျှင် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခသူဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးမှုကိုဆိုသော် ငါသည် အပြစ်ဆိုဖွယ်မဟိသောသူ ဖြစ်သည်။
PHI 3:7 သို့ရာတွင် ထိုအရာအားလုံးသည် ငါ့အဖို့ အမြတ်ဟု မှတ်ယူခသော်လည်း အဂုအခါ ခရစ်တော်အတွက်ကြောင့် ယှုံးဆုံးခြင်းကဲ့သို့ မှတ်ယူ၏။
PHI 3:8 ထိုမျှမက ငါ၏ အသျှင် ခရစ်တော်ယေသျှုကို သိကျွမ်းရခြင်းသည် ခပ်သိမ်းသောအရာများထက် သာ၍ မြတ်သည်ဖြစ်၍ ထိုအရာများကို ငါ့အား ယှုံးဆုံးစီသည့် အရာများဟူ၍ မှတ်ယူ၏။ ငါသည် ကိုယ်တော်အဖို့ ခပ်သိမ်းသောအရာများကို စွန့်ပယ်ခ၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန် လည်းကောင်း၊
PHI 3:9 ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်နိုင်ရန် လည်းကောင်း ထိုအရာအားလုံးကို အမှိုက်ကဲ့သို့ ငါထင်မှတ်၏။ ငါသည် ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်း မရဟိပေ။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းကို ရဟိ၏။ ထိုကဲ့သို့သော ဖြောင့်မတ်ခြင်းသည် ဘုရားသခင်ပီးသနားတော်မူသော ဖြောင့်မတ်ခြင်းဖြစ်၍ ယုံကြည်ခြင်း၌ အခြေခံ၏။
PHI 3:10 ငါသည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ကိုယ်တော်​၏​ရှင်ပြန်ထမြောက်တော်မူခြင်း၏ တန်ခိုးတော်ကို ခံစားရခြင်း၊ ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခတိကို ခံရခြင်း၊ ကိုယ်တော် အသီခံတော်မူခြင်း၌ သဏ္ဌာန်တူလာရန်ကိုသာ လိုချင်တောင့်တ၏။
PHI 3:11 သို့မှသာ ငါကိုယ်တိုင် သီခြင်းမှ ရှင်ပြန်ထမြောက်မည်ဟု မျှော်လင့်နိုင်ပေမည်။
PHI 3:12 ငါသည် ထိုအခွင့်ကို ရဟိယာ၊ သို့မဟုတ် စုံလင်ခြင်းသို့ ရောက်ယာဟု ဆိုလိုသည် မဟုတ်ဘဲ ခရစ်တော်ယေသျှုသည် ထိုအခွင့်အတွက် ငါ့ကိုဖမ်းကိုင်ထားသည်ဖြစ်၍ ငါသည်လည်း ထိုအခွင့်ကို ဖမ်းကိုင်နိုင်ခြင်းငှာ ကြိုးစားလျက်ဟိ၏။
PHI 3:13 ညီအစ်ကိုမောင်နှမရို့၊ ငါသည် ထိုဆုကို ရပြီဟု မထင်မှတ်။ ငါပြုသော တစ်ခုတည်းသောအရာကား ငါသည် နောက်၌ ဟိသောအရာတိကို မိ့ပစ်ပြီးလျှင် ရှိ့၌ဟိသောအရာသို့ ရောက်ခြင်းငှာ အစွမ်းကုန် ကြိုးစား၏။
PHI 3:14 ထို့ကြောင့် ငါသည် ဆုကိုရရန် ပန်းတိုင်သို့ ရှေးရှုလျက် ဗြီးနိန်၏။ ထိုဆုကား အထက်အရပ်၌ အသက်ရှင်မည့်အကြောင်း ခရစ်တော်ယေသျှုအားဖြင့် ဘုရားသခင် ဖိတ်ခေါ်တော်မူခြင်းပင် ဖြစ်သတည်း။
PHI 3:15 ငါရို့၌ ဝိညာဉ်ရေးရာ ရင့်ကျက်သောသူရို့သည် ဤစိတ်သဘောမျိုး ထားသင့်ကြသည်။ အကယ်၍ တချို့သည် ကွဲလွဲသော စိတ်သဘောဟိပါလျှင် ဘုရားသခင်သည် ထိုအရာတိကို ယှင်းလင်းဖော်ပြတော်မူလိမ့်မည်။
PHI 3:16 သို့ရာတွင် ငါရို့သည် အဂုတိုင်အောင် လိုက်လျှောက်ခသည့် ထုံးစံအတိုင်း ကျင့်ကြကုန်အံ့။
PHI 3:17 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ငါ့ပါးမှ အတုယူကြလော့။ ငါရို့ပြသော စံနမူနာကောင်းကို လိုက်ကြသောသူရို့အား ရှုမှတ်ကြလော့။
PHI 3:18 ဤအချက်ကို ကြိမ်ဖန်များစွာ ငါဖော်ပြဖူးယာ။ အဂုလည်း မျက်ရည်ဖြင့် ထပ်မံ၍ ဖော်ပြ၏။ ခရစ်တော်၏ လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူခြင်း တရားတော်နှင့် ဆန့်ကျင်၍ ပြုမူသောသူ အများပင် ဟိကြပေ၏။
PHI 3:19 ထိုသူရို့သည် ပျက်စီးခြင်း၌ လမ်းဆုံးကြလိမ့်မည်။ ထိုသူရို့၏ ဘုရားကား မိမိရို့၏ ဝမ်းပေတည်း။ သူရို့သည် ရှက်ဖွယ်သော အရာတိ၌ ဂုဏ်ယူဝါကြွားကြ၏။ လောကီအရာများကိုသာ စိတ်စွဲလမ်းတတ်ကြ၏။
PHI 3:20 ငါရို့မူကား ကောင်းကင်နိုင်ငံသားများ ဖြစ်ကြသဖြင့် ကောင်းကင်ဘုံမှ ငါရို့၏ ကယ်တင်သျှင် အသျှင်ခရစ်တော်ယေသျှု ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ဟိကြ၏။
PHI 3:21 ကိုယ်တော်သည် အရာခပ်သိမ်းကို မိမိ၏ အာဏာစက်အောက်တွင် ရောက်စီတော်မူသော တန်ခိုးတော်အားဖြင့် ငါရို့၏ ဖောက်ပြန်ပျက်စီးတတ်သော ကိုယ်ခန္ဓာကို ဘုန်းတော်နှင့် ပြည့်စုံသော ကိုယ်ခန္ဓာနှင့်တူအောင် ပြောင်းလဲစီတော်မူလိမ့်မည်။
PHI 4:1 ငါ့ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အား ငါ အလွန်ချစ်၍ လွမ်းဆွတ်ပါ၏။ ငါသည် သင်ရို့ကို အကြောင်းပြု၍ လွန်စွာဝမ်းမြောက်ကာ ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုရို့၊ ငါရို့ဆိုခသည့်အတိုင်း ခိုင်မြဲစွာ ရပ်တည်ကြလော့။
PHI 4:2 ဧဝေါဒိနှင့် သုန္တုတ်ရို့၊ သခင်ဘုရား၏ တပည့်တော်မတိ ပီသစွာ စိတ်သဘောညီညွတ်မှု ဟိကြရန် ငါ တောင်းပန်ပါ၏။
PHI 4:3 ငါ၏သစ္စာဟိသော လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၊ သင်သည်လည်း ထိုမိန်းမရို့ကို ကူညီမစပါလော့။ ထိုမိန်းမရို့သည် သတင်းကောင်းကို ဟောပြောသက်သီခံရာတွင် ငါနှင့်အတူ အထူးကြိုးစားအားထုတ်လုပ် ဆောင်သောသူတိ ဖြစ်ကြ၏။ ထိုသို့ လုပ်ဆောင်ခသောသူများတွင် ကလေမင်နှင့်တကွ ဘုရားသခင်၏ အသက်စာစောင်စာရင်းတွင် အခြားသော ငါ၏ လုပ်ဖော်ဆောင်ဖက်များလည်း ပါဝင်၏။
PHI 4:4 သင်ရို့သည် သခင်ဘုရား၌ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။
PHI 4:5 သင်ရို့၏ နူးညံ့သိမ်မွိ့သော စိတ်သဘောကို လူအပေါင်းရို့အား ထင်ရှားစီကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ဟိတော်မူ၏။
PHI 4:6 ဇာအမှုကိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသော အမှု၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းပတ္ထနာပြုလျက် သင်ရို့လိုအပ်သော အရာတိကို ဘုရားသခင်အား လျှောက်ထားကြလော့။
PHI 4:7 ထိုသို့ပြုလျှင် လူ့ဉာဏ်ဖြင့် ကြံစည်၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့၏ စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင်မလိမ့်မည်။
PHI 4:8 ညီအစ်ကိုမောင်နှမရို့၊ နိဂုံးချုပ်ပြောရလျှင် သင်ရို့သည် မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေဟိသော အရာတည်းဟူသော ကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာ ဟိသမျှရို့ကို နှလုံးသွင်းကြလော့။
PHI 4:9 သင်ရို့သည် ငါ့ထံ၌ ကြားခသမျှ၊ မြင်ခသမျှ၊ သင်ယူခသမျှတိကို ကျင့်ကြလော့။ ထိုသို့ပြုလျှင် ငါရို့အား ငြိမ်သက်ခြင်းကို ပီးတော်မူသော ဘုရားသခင်သည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။
PHI 4:10 ဤမျှ ကာလအချိန်ကြာညောင်းပြီးမှ သင်ရို့သည် ငါ့အား မိမိရို့၏ မေတ္တာစေတနာကို တဖန် ပြသကြသည့်အတွက် ငါသည် သခင်ဘုရား၌ အလွန်ပင် ဝမ်းမြောက်ပါ၏။ အယင်အခါက သင်ရို့သည် ငါ၌ မေတ္တာမထားဘဲ နိန်ခကြသည်ဟု ငါမဆိုလို။ ထိုမေတ္တာစေတနာကို ပြသနိုင်ခွင့် မရခကြောင်းကိုသာ ဆိုလိုပါ၏။
PHI 4:11 သင်ရို့သည် ငါ့အား လျစ်လှူရှုထားကြယာဟု ယူဆသဖြင့် ဤစကားကို ပြောဆိုရခြင်းလည်း မဟုတ်ပေ။ ငါသည် မိမိ၌ ဟိသမျှနှင့် ရောင့်ရဲတတ်ရန် သင်ယူထားပြီးဖြစ်၏။
PHI 4:12 ငါသည် ငတ်မွတ်သည်ဖြစ်စီ၊ ဝစွာစားရသည်ဖြစ်စီ၊ ချို့တဲ့မှုဟိသည်ဖြစ်စီ၊ ပိုလျှံမှုဟိသည်ဖြစ်စီ၊ ဇာပိုင်အခြေအနေ၊ ဇာအရပ်၌မဆို ရောင့်ရဲစွာနီတတ်ရန် သင်ယူထားပြီးဖြစ်၏။
PHI 4:13 ခရစ်တော်ထံမှ ရဟိသည့် စွမ်းရည်အားဖြင့် ငါသည် ဇာအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
PHI 4:14 သို့ရာတွင် ငါသည် အခက်အခဲ ကြုံတွိ့ရချိန်၌ သင်ရို့သည် ငါ့အား ကူညီကြသောအားဖြင့် ကောင်းမွန်စွာ ပြုခယာ။
PHI 4:15 အချင်း ဖိလိပ္ပိအသင်းသားရို့၊ ငါသည် မာကေဒေါနိပြည်မှ ထွက်ခွာ၍ သတင်းကောင်းကို ဟောပြောခသောအချိန်က သင်ရို့ အသင်းတော် တစ်ပါးတည်းကသာလျှင် ငါ့အား ကူညီခကြောင်း၊ အမှုတော်ဆောင်လုပ်ငန်းတွင် သင်ရို့ကသာလျှင် ငါနှင့်အတူ အယှုံးအမြတ်ကို ခံယူ၍ လုပ်ဆောင်ခကြကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာသိကြ၏။
PHI 4:16 သက်သာလောနိတ်မြို့တွင် ဟိစဉ်အခါက ငါ လိုအပ်သောအကူအညီကို သင်ရို့သည် တစ်ကြိမ်တစ်ခါမက ပီးခကြ၏။
PHI 4:17 ဤသို့ဆိုသော် ငါသည် အလှူခံလိုသောကြောင့် မဟုတ်။ သင်ရို့၏စာရင်း၌ အမြတ်တိုးလာစီခြင်းငှာ ငါ အလိုဟိ၏။
PHI 4:18 သင်ရို့ ပို့လိုက်သော အလှူပစ္စည်းအားလုံးကို ဧပဖြောဒိတ်သည် ယူလာသဖြင့် ငါလိုသမျှကို ရဟိခ၍ ကြွယ်ဝလျက်ဟိ၏။ ထိုအရာများသည် မွှီးကြိုင်သော ပူဇော်သကာ၊ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်ကဲ့သို့ဖြစ်၏။
PHI 4:19 ငါ၏ဘုရားသခင်သည် မိမိ၏ဘုန်းစည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား ခရစ်တော်ယေသျှုအားဖြင့် သင်ရို့လိုအပ်သမျှသော အရာတိကို ပီးသနားတော်မူပါစီသော်။
PHI 4:20 ငါရို့၏အဖဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းတော် ထွန်းတောက်မူပါစီ သတည်း။ အာမင်။
PHI 4:21 ယေသျှုခရစ်တော်၌ ဘုရားသခင်၏လူအပေါင်းရို့အား နှုတ်ဆက်လိုက်ပါ၏။ ငါနှင့်အတူ ဟိကြသည့် ညီအစ်ကို မောင်နှမများက သင်ရို့အား နှုတ်ဆက်လိုက်ပါ၏။
PHI 4:22 ဘုရားသခင်၏လူအပေါင်းရို့က နှုတ်ဆက်လိုက်ကြပါ၏။ အထူးသဖြင့် ကဲသာဘုရင်၏ နန်းတော်၌ ဟိကြသော ညီအစ်ကိုများက နှုတ်ဆက်လိုက်ကြပါ၏။
PHI 4:23 အသျှင်ယေသျှုခရစ်၏ ကျေးဇူးတော်သည် သင်ရို့၏ စိတ်ဝိညာဉ်နှင့်အတူ ဟိပါစီသောဝ်။
COL 1:1 ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်ယေသျှု၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါရို့၏ညီ တိမောသေပါးက —
COL 1:2 ကောလောသဲမြို့၌ဟိသော သန့်ယှင်းသူများတည်းဟူသော ခရစ်တော်၌ သစ္စာဟိသော ညီအစ်ကိုမောင်နှမရို့ပါးသို့ စာရီးလိုက်ပါ၏၊
COL 1:3 ငါရို့သည် သင်ရို့အတွက် ဆုတောင်းပီးသည့်အခါတိုင်း ငါရို့အသျှင် ယေသျှုခရစ်တော်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို အမြဲတမ်း ချီးမွမ်း၏။
COL 1:4 ဇာကြောင့်ဆိုသော် သင်ရို့သည် ခရစ်တော်ယေသျှု၌ သင်ရို့၏ ယုံကြည်ခြင်းကိုလည်းကောင်း ဘုရားသခင်၏ လူစုတော်အား ချစ်ကြောင်းကိုလည်းကောင်း ငါရို့ ကြားသိရသောကြောင့်ဖြစ်၏။
COL 1:5 သမ္မာတရားတည်းဟူသော သတင်းကောင်းသည် သင်ရို့ပါးသို့ ပထမဆုံးအကြိမ် ရောက်လာသောအခါ မျှော်လင့်ခြင်းအကြောင်းကို သင်ရို့ကြားသိရကြ၏။ သို့ဖြစ်၍ သင်ရို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် ကောင်းကင်ဘုံ၌ သင်ရို့အဖို့ လုံခြုံစွာသိုထားသော မျှော်လင့်ခြင်း၌ တည်လျက်နိန်၏။
COL 1:6 သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းကို ပထမဆုံး ကြားရပြီးသည့်နိ့မှစ၍ ထိုကျေးဇူးတော်ကို အမှန်သိမြင်လာသည်နှင့်အမျှ သင်ရို့ပါးသို့ ရောက်လာ၏။ ထိုနည်းတူ ထိုသတင်းကောင်းသည် ကောင်းကြီးမင်္ဂလာကို ယူဆောင်၍ ကမ္ဘာမြီတစ်ခုလုံးသို့ ပျံ့နှံ့လျက်ဟိ၏။
COL 1:7 ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းကို သင်ရို့အား သင်ကြားပီးသူမှာ ငါရို့ ချစ်ရသော လုပ်ဖော်ဆောင်ဖက်ဖြစ်သည့် ဧပဖြဖြစ်၏။ ထိုသူသည် ခရစ်တော်၏ သစ္စာဟိသော အမှုတော်ဆောင်လည်းဖြစ်၍ ငါရို့၏ကိုယ်စား ဖြစ်၏။
COL 1:8 ဝိညာဉ်တော်အားဖြင့် သင်ရို့ရဟိသော ချစ်ခြင်းမေတ္တာအကြောင်းကို ထိုသူသည် ငါရို့အား ပြောပြ၏။
COL 1:9 ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ကြားရသောနိ့မှစ၍ သင်ရို့အတွက် အစဉ်အပြတ် ဆုတောင်းလျက်နိန်၏။ သင်ရို့သည် ဝိညာဉ်တော်ကပီးသည့် ဉာဏ်ပညာ၊ တတ်သိနားလည်မှုနှင့် ပြည့်စုံသဖြင့် ဘုရားသခင်၏ အလိုတော်ကို ကောင်းစွာသိကြစီရန် ငါရို့သည် ဘုရားသခင်ထံ၌ တောင်းလျှောက်လျက် ဟိကြ၏။
COL 1:10 သို့မှသာ အစဉ်မလပ် သခင်ဘုရား နှစ်သက်စီရန်နှင့် အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစီရန် သင်ရို့ ပြုမူကျင့်ကြံ နိုင်ကြလိမ့်မည်။ ထိုသို့ပြုမူကျင့်ကြံခြင်းအားဖြင့် သင်ရို့သည် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသော အသီးများကိုသီးကာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ တိုးပွားလာလိမ့်မည်။
COL 1:11 သင်ရို့သည် အရာခပ်သိမ်းကို စိတ်ရှည် သည်းခံနိုင်ခြင်း ဟိကြစီရန် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်မှ ရဟိသည့် စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိုင်ကြပါစီ။
COL 1:12 ထိုမှတစ်ပါး အလင်းထဲ၌ဟိကြသော သန့်ယှင်းသူရို့ ပိုင်ထိုက်သည့် အမွီများကို သင်ရို့အား ခံစားစီတော်မူသော အဖဘုရားသခင်၏ ကျေးဇူးတော်ကို ဝမ်းမြောက်စွာဖြင့် ချီးမွမ်းနိုင်ကတ်ပါစီ။
COL 1:13 ကိုယ်တော်သည် ငါရို့အား မှောင်မိုက်တန်ခိုးမှ ကယ်နုတ်တော်မူ၍ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
COL 1:14 ထိုသားတော်အားဖြင့် ငါရို့ကို လွတ်မြောက်စီတော်မူပြီး ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီ။
COL 1:15 ခရစ်တော်သည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော် ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားဦးဖြစ်တော်မူသဖြင့် ဖန်ဆင်းခံအရာ အားလုံးထက် ကြီးမြတ်တော်မူ၏။
COL 1:16 အကြောင်းမူကား ကောင်းကင်ဘုံနှင့် မြီကြီးထက်တွင် ဟိသမျှသော မြင်ရသည့်အရာနှင့် မမြင်ရသည့်အရာများဖြစ်စီ၊ ရာဇပလ္လင်များဖြစ်စီ၊ အသျှင်သခင်များဖြစ်စီ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များဖြစ်စီ စသည့် ခပ်သိမ်းသောအရာများကို သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် လည်းကောင်း၊ ထိုသားတော်အတွက် လည်းကောင်း စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။
COL 1:17 ခရစ်တော်သည် ခပ်သိမ်းသောအရာတိ မပေါ်ပေါက်ခင်ကပင် ဟိနိန်တော်မူပြီး ခပ်သိမ်းသောအရာရို့သည် ကိုယ်တော်၌ အတူတကွ တည်လျက်ဟိကြ၏။
COL 1:18 ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ ဦးဂေါင်းဖြစ်တော်မူပြီး အသက်ရှင်ခြင်း၏ မူလအရင်းအမြစ်ဖြစ်၏။ ကိုယ်တော်သည် သီခြင်းတရားမှ အဦးဆုံး ထမြောက်တော်မူသဖြင့် ခပ်သိမ်းသောအရာရို့၏ အထွဋ်အထိပ်အဖြစ်ကို ခံယူတော်မူ၏။
COL 1:19 သို့ဖြစ်၍ ဘုရားသခင်၏ အလိုတော်အားဖြင့် သားတော်သည် ဘုရားဇာတိကို အပြည့်အဝခံယူတော်မူ၏။
COL 1:20 သို့ဖြစ်၍ ဘုရားသခင်သည် သားတော်အားဖြင့် စကြဝဠာတစ်ခုလုံးကို မိမိထံသို့ ပြန်လာစီရန် အလိုတော် ဟိတော်မူ၏။ ထို့ကြောင့် လက်ဝါးကပ်တိုင်ထက်၌ သွန်းသော သားတော်၏ အသွီးတော် အားဖြင့် ရန်ကိုငြိမ်းစီတော်မူ၍ ကောင်းကင်နှင့် မြီကြီးထက်တွင် ဟိသမျှသော အရာတိအား မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။
COL 1:21 အယင်က သင်ရို့၏ ဆိုးညစ်သော အကြံအစည် အပြုအမူများကြောင့် ဘုရားသခင်နှင့် ဝီးကွာခကြပြီး ကိုယ်တော်၏ ရန်သူတိ ဖြစ်ခကြ၏။
COL 1:22 သို့ရာတွင် အဂုအခါတွင် ကိုယ်ခန္ဓာ​၌ သား​တော်​ကို အသီခံ​စီ​ခြင်း​အားဖြင့် ဘုရားသခင်သည် သင်ရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ထိုသို့ ပြုတော်မူခြင်းမှာ သန့်ယှင်းစင်ကြယ်စီလျက် အပြစ်ကင်းစီပြီး သင်ရို့အား မိမိ၏ရှိ့တော်မှောက်သို့ ဝင်ရောက်နိုင်ကြစီရန်ဖြစ်သည်။
COL 1:23 သို့ရာတွင် သင်ရို့ ကြားသိရသည့် သတင်းကောင်း၏ မျှော်လင့်ခြင်းမှ သင်ရို့သည် မယိမ်းမယိုင်စီဘဲ ခိုင်မြဲစွာ အုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍ တည်နိန်ကြရမည်။ ထိုသတင်းကောင်းကို မြီကြီးထက်၌ဟိသော လောကီသားတိုင်းအား ဟောပြောနိန်သည်ဖြစ်၍ ငါပေါလုသည် ထိုသတင်းကောင်းအတွက် အခိုင်းအစီ ဖြစ်လာ၏။
COL 1:24 အဂုတွင် သင်ရို့အတွက် ငါခံရသော ဒုက္ခဆင်းရဲကြောင့် ငါဝမ်းမြောက်၏။ ခရစ်တော်သည် မိမိကိုယ်ခန္ဓာတည်းဟူသော အသင်းတော်အတွက် ဒုက္ခဆင်းရဲ ခံရရန် ကျန်ခသည့် အရာများကို ငါ၏ကိုယ်ခန္ဓာ၌ ဖြည့်စွက်ပီးလျက်ဟိ၏။
COL 1:25 သင်ရို့၏ အကျိုးအတွက် ဘုရားသခင်သည် ငါ့အား အသင်းတော်၏ အမှုတော်ဆောင်အဖြစ် ခန့်ထားတော်မူ၏။ ငါ့အား ပီးအပ်တော်မူသော တာဝန်မှာ ကိုယ်တော်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောရန်ဖြစ်၏။
COL 1:26 ကိုယ်တော်သည် လူအပေါင်းရို့အား ထိုလျှို့ဝှက်နက်နဲသောအရာကို ရှီးကာလများ၌ ဝှက်ထားခသော်လည်း အဂုအခါ မိမိ၏ လူတိအား ဖော်ပြတော်မူလီယာ။
COL 1:27 ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။
COL 1:28 သို့ဖြစ်၍ ငါရို့သည် လူတိုင်းကို ခရစ်တော်၌ ရင့်ကျက်သောသူအဖြစ် ဘုရားသခင်၏ မျက်မှောက်တော်သို့ ရောက်စီနိုင်ရန် ဉာဏ်ပညာဟိသမျှဖြင့် လူတိုင်းကို သတိပီးဆုံးမကာ ခရစ်တော်၏အကြောင်းကို ဟောပြောကြ၏။
COL 1:29 ငါသည် ဤတာဝန်လုပ်ငန်းကို ကြိုးစားလုပ်ဆောင်နိုင်ရန် ခရစ်တော်သည် ငါ့အထဲ၌ ကြီးမားသော တန်ခိုးစွမ်းရည်ကို ထည့်ပီးတော်မူ၏။ ထိုတန်ခိုးစွမ်းရည်သည် ငါ့အထဲ၌ လုပ်ဆောင်လျက် ဟိ၏။
COL 2:1 ငါသည် သင်ရို့အတွက် လည်းကောင်း၊ လောဒိကိမြို့သားတိနှင့် ငါ့ကို မတွိ့ဖူးကြသော တခြားလူတိအတွက် လည်းကောင်း ဇာလောက်ထိ ကြိုးစားလုပ်ဆောင်ခသည်ကို သင်ရို့အား သိစီလို၏။
COL 2:2 ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။
COL 2:3 ထိုအသျှင်သည် ဝှက်ထားသမျှသော ဘုရားသခင်၏ ဘဏ္ဍာဖြစ်သည့် ဉာဏ်ပညာနှင့် အသိပညာကို ဖွင့်ပြသော သော့ဖြစ်၏။
COL 2:4 မည်သူမျှ သင်ရို့အား ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစီခြင်းငှာ ငါသည် ဤသို့ ပြောဆိုခြင်းဖြစ်၏။
COL 2:5 အကြောင်းမူကား ငါသည် ခန္ဓာအားဖြင့် သင်ရို့နှင့် ကွဲကွာသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်ရို့နှင့်အတူ ဟိ၏။ သင်ရို့သည် ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် အတူတကွ ခိုင်မြဲစွာ ရပ်တည်လျက်ဟိကြသည်ကို တွိ့မြင်ရသဖြင့် ငါ ဝမ်းမြောက်၏။
COL 2:6 ထို့ကြောင့် သင်ရို့သည် ခရစ်တော်ယေသျှုအား အသျှင်သခင်အဖြစ် လက်ခံထားပြီးဖြစ်သောကြောင့် ကိုယ်တော်၌ အသက်ရှင်ကြလော့။
COL 2:7 သင်ရို့သည် သင်ယူခသည့်အတိုင်း ကိုယ်တော်၌ အမြစ်စွဲ၍ တည်ဆောက်ကာ သင်ရို့၏ ယုံကြည်ခြင်းကို ပို၍ ခိုင်မြဲစီကြလော့။ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်လည်း ပြည့်စုံကြလော့။
COL 2:8 သင်ရို့သည် လှည့်ဖြားတတ်သည့် အချည်းနှီးသော လူ့ပညာအားဖြင့် လွှမ်းမိုးခြင်းကို မခံရစီခြင်းငှာ သတိပြုကြလော့။ ထိုပညာများသည် ခရစ်တော်ထံပါးက လာသည် မဟုတ်၊ စကြာဝဠာကို အစိုးရသည့် ဝိညာဉ်များထံက လည်းကောင်း၊ လူတိ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည့် ဩဝါဒတရားပါးက လည်းကောင်း လာ၏။
COL 2:9 အကြောင်းမူကား ဘုရားဇာတိတော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။
COL 2:10 သင်ရို့သည် ခရစ်တော်၌ ပြည့်စုံသောအသက်ကို ရဟိကြ၏။ ထိုအသျှင်သည် ဝိညာဉ်ပိုင်းဆိုင်ရာ ခပ်သိမ်းသော တန်ခိုးသျှင်များနှင့် အာဏာပိုင်များကို အစိုးရတော်မူ၏။
COL 2:11 သင်ရို့သည် ခရစ်တော်၌ အရီဖျားလှီးခြင်းကို ခံယူခြင်းမှာ လူ့လက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ ဇာတိအပြစ်၏တန်ခိုးမှ လွတ်မြောက်စီသော ခရစ်တော်အားဖြင့် အရီဖျားလှီးခြင်းကို ခံယူခြင်းဖြစ်၏။
COL 2:12 အကြောင်းမူကား သင်ရို့သည် ဗတ္တိဇံကို ခံယူကြသောအခါ ခရစ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ ခရစ်တော်ကို သီခြင်းတရားမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်လျက် ဗတ္တိဇံခံခြင်းအားဖြင့် သင်ရို့သည်လည်း ထိုအသျှင်နှင့်အတူ ထမြောက်ခြင်းကို ခံရကြ၏။
COL 2:13 သင်ရို့သည် တစ်ချိန်က သင်ရို့၏အပြစ်များကြောင့် လည်းကောင်း၊ ပညတ်တရားကို မခံယူသော တစ်ပါးအမျိုးသားများ ဖြစ်ခြင်းကြောင့် လည်းကောင်း ဝိညာဉ်ရေးရာ၌ သီဆုံးနိန်သောသူများ ဖြစ်ခကြ၏။ သို့သော် အဂုတွင် ဘုရားသခင်သည် သင်ရို့အား ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ဘုရားသခင်သည် ငါရို့၏ အပြစ်အားလုံးကို ခွင့်ရွှတ်တော်မူ၍၊
COL 2:14 ငါရို့၏ အပြစ်ကြွီးစာရင်းကိုလည်းကောင်း၊ အပြစ်နှင့်ဆိုင်သော ပညတ်တရား၏ ချည်နှောင်မှုများကိုလည်းကောင်း လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်းအားဖြင့် ပယ်ဖျက်တော်မူ၏။
COL 2:15 ထိုလက်ဝါးကပ်တိုင်တွင် ခရစ်တော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ တန်ခိုးသျှင်များနှင့် အာဏာပိုင်ရို့၏ တန်ခိုးအာဏာစက်များမှ လွတ်မြောက်တော်မူပြီးနောက် အောင်ပွဲခံကာ လူအပေါင်းရို့ရှိ့၌ ထိုသူရို့ကို အရှက်ရစီတော်မူ၏။
COL 2:16 ထို့ကြောင့် အစားအသောက်နှင့်ပတ်သတ်၍ ဖြစ်စီ၊ ဘာသာရေးပွဲနိ့၊ လဆန်းပွဲနိ့၊ ဥပုသ်နိ့နှင့် ပတ်သတ်၍ဖြစ်စီ သင်ရို့ကို ဇာသူမျှ မစီရင်စီကေ့။
COL 2:17 ထိုအရာများသည် နောင်အခါ ဖြစ်ပေါ်လာမည့် အရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာကား ခရစ်တော်သာ ဖြစ်၏။
COL 2:18 မိမိ​ကိုယ်​ကို ချိုးနှိမ်​ခြင်း၊ ကောင်းကင်တမန်တိအား ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာများကို အခိုင်အမာပြောဆို၍ မိမိရို့ တွိ့မြင်ရသည့် ဗျာဒိတ်ရူပါရုံကို အကြောင်းပြုကာ မိမိရို့က အခြားသူတိထက် သာသည်ဟု ပြောဆိုတတ်သော သူရို့က သင်ရို့ကို အပြစ်တင်ခွင့် မပီးကတ်ကေ့။ သူရို့သည် လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကြောင်းမဲ့ ဘဝင်မြင့်လျက်ဟိကြပြီး၊
COL 2:19 ခန္ဓာကိုယ်၏ ဦးဂေါင်းတည်းဟူသော ခရစ်တော်ကို မှီခိုအားကိုးခြင်း မဟိကြပေ။ ခရစ်တော်၏ ထိန်းချုပ်မှုအောက်တွင် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များဖြင့် ထောက်ပံ့ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရကာ ဘုရားသခင် ဖြစ်ပွါးစီတော်မူသည့်အတိုင်း ကြီးပွားလျက်ဟိ၏။
COL 2:20 သင်ရို့သည် ခရစ်တော်နှင့်အတူ သီဆုံးလားပြီဖြစ်၍ ဤစကြာဝဠာဆိုင်ရာ ဝိညာဉ်များ၏ အုပ်စိုးခြင်းမှ လွတ်မြောက်လျက်ဟိ၏။ သို့ဖြစ်ပါလျက် သင်ရို့သည် လောကီသားတိကဲ့သို့ ဇာကြောင့် အသက်ရှင်နိန်ကြသနည်း။
COL 2:21 “ဤအရာကို မကိုင်ကေ့၊ မမြည်းကေ့၊ မတို့ မထိကေ့” အစဟိသော ပညတ်များကို ဇာကြောင့် လိုက်လျှောက်နိန်ကြသနည်း။
COL 2:22 ထိုပညတ်များသည် လူ့ပညတ်ချက်များနှင့် သွန်သင်ချက်များဖြစ်သည်နှင့်အညီ သင်ရို့ လိုက်လျှောက်စဉ်ပင် ပျက်စီးလားမည့် အရာများပင် ဖြစ်ကြ၏။
COL 2:23 မိမိ၏ စိတ်ထင်ရာကို ကိုးကွယ်ခြင်း၊ မိမိ​ကိုယ်​ကို ချိုးနှိမ်​ခြင်း၊ အလွန်အမင်း ကိုယ်ခန္ဓာကို နှိပ်စက်ခြင်းတည်းဟူသော ပညတ်များသည် ဉာဏ်ပညာနှင့် နှိုင်းယှဉ်သော ပညတ်များ ဖြစ်ဟန်တူသော်လည်း ထိုအရာများသည် ကိုယ်ကာယ၏ တပ်မက်မှုများကို ထိန်းချုပ်ရာတွင် မည်သည့်အကျိုးကိုမျှ မပြု။
COL 3:1 သို့ဖြစ်၍ သင်ရို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြပြီးဖြစ်သောကြောင့် ဘုရားသခင်၏ လက်ယာတော်ဖက်၌ ခရစ်တော် ထိုင်တော်မူရာ အထက်အရပ်၌ဟိသော အရာတိကိုသာ စိတ်စွဲလမ်းကြလော့။
COL 3:2 မြီကြီး၌ ဟိသောအရာတိကို စိတ်စွဲလမ်းခြင်း မဟိဘဲ အထက်အရပ်၌ဟိသော အရာတိကို စိတ်စွဲလမ်းကြလော့။
COL 3:3 အကြောင်းမူကား သင်ရို့သည် သီဆုံးခပြီး ဖြစ်သောကြောင့် အဂုတွင် သင်ရို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ဟိ၏။
COL 3:4 သင်ရို့၏ စစ်မှန်သောအသက်သည် ခရစ်တော်ဖြစ်၍ ကိုယ်တော် ထင်ရှားတော်မူသောအခါ သင်ရို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းတန်ခိုးတော်၌ ထင်ရှားကြလိမ့်မည်။
COL 3:5 ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။
COL 3:6 အကြောင်းမူကား ထိုသို့သော လုပ်ဆောင်ချက်များကြောင့် ဘုရားသခင်၏ အမျက်တော်သည် နာခံမှုမဟိသော သူရို့အထက်၌ သက်ရောက်လာလိမ့်မည်။
COL 3:7 သင်ရို့သည်လည်း အယင်က အသက်ရှင်နီထိုင်ခစဉ် ထိုအရာများထဲတွင် ကျင်လည်ခကြ၏။
COL 3:8 သို့ရာတွင် အဂုအခါ၌ သင်ရို့သည် ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ ညစ်ညမ်းသောစကားကို ပြောဆိုခြင်း စသည့် အမှုအရာအားလုံးကို ဖယ်ယှားကြလော့။
COL 3:9 အချင်းချင်း လိမ်လည်၍ မပြောဆိုကတ်ကေ့။ အကြောင်းမူကား သင်ရို့သည် လူဟောင်းနှင့်အတူ လူဟောင်း၏အကျင့်တိကို ချွတ်ပယ်ကာ၊
COL 3:10 ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။
COL 3:11 ထို့သို့ ဖန်ဆင်းပြုပျင်ရာ၌ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ၊ အရီဖျားလှီးထားသောသူနှင့် အရီဖျားမလှီးထားသောသူ၊ မယဉ်ကျေးသောသူ၊ လူရိုင်းများ၊ ကျွန်များနှင့် ကျွန် မဟုတ်သောသူ ဟူ၍မဟိ။ ခရစ်တော်သည် အလုံးစုံ၌ ဟိတော်မူ၍ အလုံးစုံ ဖြစ်တော်မူ၏။
COL 3:12 သင်ရို့သည် ဘုရားသခင်၏ ရွီးကောက်ထားသောသူ၊ သန့်ယှင်းသောသူနှင့် ချစ်တော်မူသောသူတိ ဖြစ်ကြသောကြောင့် ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်းများကို ဝတ်ဆင်ကြလော့။
COL 3:13 သင်ရို့အချင်းချင်း အပြစ်တင်စရာဟိလျှင် သည်းခံလျက် ခွင့်ရွှတ်ကြလော့။ သခင်ဘုရားသည် သင်ရို့ကို ခွင့်ရွှတ်ပီးသည့်နည်းတူ သင်ရို့သည်လည်း အချင်းချင်း ခွင့်ရွှတ်ကြလော့။
COL 3:14 ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။
COL 3:15 သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
COL 3:16 ခရစ်တော်၏ နှုတ်ကပတ်တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲ၌ ကြွယ်ဝစွာ တည်စီကြလော့။ အမျိုးမျိုးသော ဉာဏ်ပညာဖြင့် တစ်ဦးကို တစ်ဦး သွန်သင်၍ ဆုံးမပဲ့ပျင်ကြလော့။ ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို စိတ်နှလုံးထဲ၌ ကျေးဇူးတင်သောစိတ်ဖြင့် ဘုရားသခင်အား သီဆိုကြလော့။
COL 3:17 စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
COL 3:18 အိမ်ထောင်သျှင်မရို့၊ သင်ရို့သည် သခင်ဘုရား၌ ဟိကြသည့်အတွက် လင်ယောက်ျားရို့၏ အုပ်စိုးမှုကို ဝန်ခံကြလော့။
COL 3:19 အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ မယားကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုမူကတ်ကေ့။
COL 3:20 သားသမီးရို့၊ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင် နှစ်သက်သောအမှု ဖြစ်၏။
COL 3:21 မိဘရို့၊ သင်ရို့သားသမီးတိကို စိတ်ဆိုးအောင် မပြုမူကတ်ကေ့။ ထိုသို့ပြုလျှင် သူရို့သည် အားလျော့စိတ်ပျက်ကြလိမ့်မည်။
COL 3:22 ကျွန်ဖြစ်သောသူရို့၊ သင်ရို့၏ လောကီသခင်ရို့ကို အရာရာ၌ နာခံကြလော့။ သူရို့၏ မျက်နှာသာပီးခြင်းကို ခံရစီရန် သူရို့ရှိ့၌သာ လုပ်ဆောင်ခြင်း မဟုတ်ဘဲ၊ သခင်ဘုရားကို ကြောက်ရွံ့ရိုသီလျက် ရိုးသားသောစိတ်နှလုံးဖြင့် လုပ်ဆောင်ကြလော့။
COL 3:23 မည်သည့်အမှုကိုမဆို လုပ်ဆောင်ကြရာ၌ လူ့သခင်ရို့အတွက် မဟုတ်ဘဲ သခင်ဘုရားအတွက် ဆောင်ရွက်သကဲ့သို့ စိတ်နှလုံးပါလျက် လုပ်ဆောင်ကြလော့။
COL 3:24 သင်ရို့သည် ဆုလာဘ်အဖြစ် သခင်ဘုရားထံပါးက အမွီတော်ကို ရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။ အကြောင်းမူကား သင်ရို့သည် ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက် နိန်ကြသောကြောင့် ဖြစ်၏။
COL 3:25 မတရားသောအမှုကို ပြုသောသူသည် မိမိပြုသော မတရားမှု၏အကျိုးကို ခံစားကြရလိမ့်မည်။ သို့ဖြစ်၍ မျက်နှာသာ ပီးခြင်းကို ဇာသူလေ့ မခံရ။
COL 4:1 သခင်ရို့၊ သင်ရို့သည်လည်း ကောင်းကင်ဘုံ၌ သခင်တစ်ပါးတည်းသာ ဟိကြောင်းကို သိမှတ်လျက် မိမိရို့၏ ကျွန်တိကို တရားမျှတစွာ ပြုမူဆက်ဆံကြလော့။
COL 4:2 ဆုတောင်းခြင်းအမှုကို အစဉ်တစိုက် ပြုကြလော့။ ထိုသို့ပြုရာတွင် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းလျက် သတိဟိကြလော့။
COL 4:3 ခရစ်တော်၏ နက်နဲသည့်အရာနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ဟောပြောနိုင်ရန် အခွင့်အလမ်းကောင်းကို ဘုရားသခင်သည် ငါရို့အား ပီးတော်မူခြင်းငှာ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။ ထိုတရားတော်ကြောင့် ငါသည် အဂု ထောင်ကျနိန်၏။
COL 4:4 သို့ဖြစ်၍ တရားတော်ကို ဟောပြောသင့်သည့်အတိုင်း ယှင်းလင်းပြတ်သားစွာ ငါဟောပြောနိုင်ရန် ဆုတောင်းပီးကြလော့။
COL 4:5 သင်ရို့ရဟိသော အခွင့်ကောင်းမှန်သမျှကို အသုံးပြု၍ အပြင်လူတိအား ပညာသတိနှင့် ပေါင်းသင်းဆက်ဆံကြလော့။
COL 4:6 သင်ရို့ပြောသောစကားသည် နားဝင်ချို၍ စိတ်ဝင်စားဖွယ် ဖြစ်စီကြလော့။ လူအသီးသီးအား မည်ကဲ့သို့ မှန်ကန်စွာ ပြန်ဖြေရမည်ကို သင်ရို့ နားလည်ထားကြလော့။
COL 4:7 သခင်ဘုရား၏ အမှုတော်မြတ်၌ လုပ်ဖော်ဆောင်ဖက်များဖြစ်ကြပြီး သစ္စာဟိသော အမှုတော်ဆောင်ဖြစ်သူ၊ ငါရို့ ချစ်သောညီ တုခိတ်သည် ငါနှင့်ပတ်သတ်သည့် အကြောင်းအရာဟိသမျှကို သင်ရို့အား ပြောပြလိမ့်မည်။
COL 4:8 ငါရို့၏ အခြေအနေကို သင်ရို့အား ပြောပြခြင်းအားဖြင့် သင်ရို့၏ စိတ်နှလုံးသည် သက်သာခြင်းရစီရန် ငါသည် သူ့ကို သင်ရို့ပါးသို့ စီရွှတ်လိုက်ခြင်းဖြစ်၏။
COL 4:9 သင်ရို့ အထဲက တစ်ယောက်ဖြစ်သော၊ သစ္စာဟိသည့် ငါရို့၏ ချစ်ရသောညီ ဩနေသိမ်လည်း သူနှင့်အတူ လိုက်လာလိမ့်မည်။ သူရို့သည် ဤအရပ်၌ ဖြစ်ပျက်နိန်သော အကြောင်းအရာအားလုံးကို သင်ရို့အား ပြောပြလိမ့်မည်။
COL 4:10 ငါနှင့်အတူ ထောင်ကျခံနိန်ရသူ အာရိတ္တာခုနှင့် ဗာနဗ၏ ညီအစ်ကိုဝမ်းကွဲဖြစ်သောသူ မာကုသည် သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ (မာကုသည် သင်ရို့ပါးသို့ ရောက်လာသောအခါ သူ့အား ကြိုဆိုလက်ခံကြရန် ညွှန်ကြားချက်များကို သင်ရို့ ရဟိထားပြီးဖြစ်၏။)
COL 4:11 ယုတ္တုဟုခေါ်သော ယောသျှုကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ငါနှင့်အတူ လုပ်ဆောင်လျက်ဟိသော ယုဒလူမျိုး ယုံကြည်သူတိထဲမှ သူရို့သုံးဦးသာလျှင် ဖြစ်ကြ၏။ ဤသူရို့သည် ငါ့ကို များစွာ ကူညီပီးကြသောသူတိ ဖြစ်ကြ၏။
COL 4:12 ခရစ်တော်ယေသျှု၏ အခိုင်းအစီဖြစ်၍ သင်ရို့အထဲက တစ်ဦးဖြစ်သော ဧပဖြကလည်း နှုတ်ဆက်လိုက်ပါ၏။ သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်ဝစွာလိုက်နာကာ ရင့်ကျက်၍ ယုံကြည်ခြင်းပြည့်ဝသော ခရစ်ယာန်များအဖြစ် ခိုင်မြဲစွာ ရပ်တည်နိုင်ကြစီရန် သူသည် သင်ရို့အတွက် စိတ်အားထက်သန်စွာ အမြဲတစီ ဘုရားသခင်ထံတော်၌ ဆုတောင်းပီးလျက်ဟိ၏။
COL 4:13 သင်ရို့အတွက် လည်းကောင်း၊ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ဟိသောသူရို့အတွက် လည်းကောင်း အလွန်ကြိုးစား လုပ်ဆောင်သောသူဖြစ်ကြောင်း ငါကိုယ်တိုင် သက်သီခံပါ၏။
COL 4:14 ငါရို့ချစ်သော ဆရာဝန်လုကာနှင့် ဒေမသည် သင်ရို့အား နှုတ်ဆက်လိုက်ကြ၏။
COL 4:15 လောဒိကိမြို့၌ဟိသော ညီအစ်ကိုမောင်နှမရို့ကိုလည်းကောင်း၊ နုံဖနှင့် သူမ၏အိမ်၌ စုဝေးကြသည့် အသင်းတော်ကိုလည်းကောင်း ငါနှုတ်ဆက်လိုက်ကြောင်းကို ပြောပြကြလော့။
COL 4:16 ဤစာကို သင်ရို့ဖတ်ပြီးသောအခါ လောဒိကိမြို့၌ဟိသော အသင်းတော်ကိုလည်း ဖတ်စီကြလော့။ ထို့အတူ လောဒိကိမြို့၌ဟိသော ညီအစ်ကိုမောင်နှမတိမှ ပို့ပီးသည့်စာကိုလည်း သင်ရို့ဖတ်ရှုကြလော့။
COL 4:17 ပြီးလျှင် “သခင်ဘုရား ပီးအပ်ထားသော အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုအား ပြောပြကြလော့။
COL 4:18 ဤနှုတ်ဆက်စကားကို ငါ ပေါလုသည် ငါ့လက်ဖြင့် ရီးလိုက်ပါ၏။ ငါခံရသော ချုပ်နှောင်ခြင်းကို သတိရကြလော့။ ဘုရားသခင်၏ ကျေးဇူးတော်သည် သင်ရို့နှင့်အတူ ဟိပါစီသောဝ်။
1TH 1:1 ပေါလု၊ သိလွာနုနှင့် တိမောသေရို့သည် —
1TH 1:2 ငါရို့သည် ဆုတောင်းသည့်အခါတိုင်း သင်ရို့ကို သတိရလျက် သင်ရို့အားလုံးအတွက် ဘုရားသခင်အား အစဉ်မလပ် ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။
1TH 1:3 ယုံကြည်ခြင်းအားဖြင့် သင်ရို့၏လက်တွိ့ လုပ်ဆောင်မှု၊ ချစ်ခြင်းမေတ္တာအားဖြင့် သင်ရို့၏ ကြိုးစားအားထုတ်မှုနှင့် ငါရို့၏ အသျှင် ယေသျှုခရစ်တော်၌ မျှော်လင့်ခြင်းအားဖြင့် သင်ရို့၏ သည်းခံမှုတိကို ငါရို့၏အဖ ဘုရားသခင်ရှိ့တော်၌ ငါရို့သည် အမြဲမပြတ် အောက်မိ့လျက်ဟိကြ၏။
1TH 1:4 ညီအစ်ကိုမောင်နှမရို့၊ ဘုရားသခင်သည် သင်ရို့ကို ချစ်တော်မူ၍ ရွီးကောက်တော်မူကြောင်းကို ငါရို့ သိကြ၏။
1TH 1:5 အကြောင်းမူကား ငါရို့သည် သတင်းကောင်းကို စကားအားဖြင့်သာ ဟောပြောခြင်း မဟုတ်ဘဲ၊ တန်ခိုးအားဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ တိကျခိုင်မာသော ယုံကြည်ခြင်းအားဖြင့် လည်းကောင်း သင်ရို့အား ဟောပြောကြ၏။ ငါရို့သည် သင်ရို့နှင့်အတူဟိစဉ် သင်ရို့အကျိုးအတွက် ငါရို့ ဇာပိုင်ပြုမူနီထိုင်ခသည်ကို သင်ရို့ သိကြ၏။
1TH 1:6 သင်ရို့သည် သခင်ဘုရားကိုလည်းကောင်း ငါရို့ကိုလည်းကောင်း၊ အတုယူကြသောသူတိ ဖြစ်ကြ၏။ အကြောင်းမူကား သင်ရို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ယှင်းသော ဝိညာဉ်တော်ကပီးသော ဝမ်းမြောက်ခြင်းဖြင့် တရားတော်ကို ခံယူခကြ၏။
1TH 1:7 သို့ဖြစ်၍ သင်ရို့သည် မာကေဒေါနိပြည်နှင့် အခါယပြည်၌ဟိသော ယုံကြည်သူအားလုံးအတွက် စံနမူနာတစ်ခု ဖြစ်ကြ၏။
1TH 1:8 ဇာကြောင့်ဆိုသော် သခင်ဘုရား၏ နှုတ်ကပတ်တရားသည် မာကေဒေါနိပြည်နှင့် အခါယပြည်၌ ပြန့်နှံ့သည်သာမက ဘုရားသခင်၌ သင်ရို့၏ ယုံကြည်ခြင်း သတင်းသည်လည်း အရပ်ရပ်သို့ ရောက်လားလေ၏။ သို့ဖြစ်၍ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ငါရို့သည် ပြောစရာမလိုယာ။
1TH 1:9 အကြောင်းမူကား သင်ရို့သည် ငါရို့ကို မည်သို့ လက်ခံကြသည်ကိုလည်းကောင်း၊ အသက်ရှင်တော်မူ၍ စစ်မှန်သော ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရန် ရုပ်တုများကို စွန့်ပစ်၍ ဘုရားသခင်ထံတော်သို့ မည်သို့ ပြန်လှည့်လာကြသည်ကိုလည်းကောင်း၊ သူရို့ကိုယ်တိုင် ပြောကြားကြ၏။
1TH 1:10 ထို့အပြင် သီဆုံးခြင်းမှ ထမြောက်တော်မူ၍ ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ငါရို့ကို ကယ်နုတ်တော်မူသော သားတော်ယေသျှုသည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ကို စောင့်မျှော်ကြသည့်အကြောင်း ထိုသူအပေါင်းရို့သည် ပြောဆိုလျက်ဟိကြ၏။
1TH 2:1 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ပါးသို့ ငါရို့ရောက်လာခြင်းသည် အချည်းနှီးမဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် သိကြ၏။
1TH 2:2 ငါရို့သည် သင်ရို့ဟိရာ သက်သာလောနိကမြို့သို့ မလာခင် ဖိလိပ္ပိမြို့တွင် ကဲ့ရဲ့ပြောဆိုမှုနှင့် နှိပ်စက်မှုတိကို ခံခရကြောင်း သင်ရို့သိကြ၏။ ထိုသို့ ဆန့်ကျင်ခြင်းကို ခံရသော်လည်း သတင်းကောင်းကို သင်ရို့အား ဟောပြောရန် ဘုရားသခင်သည် ငါရို့ကို ရဲ့ရင့်စီတော်မူ၏။
1TH 2:3 ငါရို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်းနှင့် လှည့်ဖျားခြင်းအားဖြင့် သင်ရို့အား တိုက်တွန်းနိုးဆော်နိန်ကြသည် မဟုတ်။
1TH 2:4 ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ငါရို့ကို အသိအမှတ်ပြုသဖြင့် သတင်းကောင်းတရားကို ယုံကြည်အပ်နှံထားတော်မူသည်နှင့်အညီ ငါရို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဟောပြောကြ၏။ ငါရို့သည် လူရို့၏ နှစ်သက်မှုကို ရစီရန် မဟုတ်ဘဲ ငါရို့၏ စိတ်နှလုံးကို စစ်ဆေးတော်မူသော ဘုရားသခင်၏ နှစ်သက်မှုကိုရစီရန် ကြိုးစားကြ၏။
1TH 2:5 သင်ရို့သိကြသည့်အတိုင်း ငါရို့သည် ချော့မော့မြှောက်ပင့်သောစကားကို တစ်ခါလေ့ မသုံးခ။ ဝှက်ထားသော လောဘစိတ်လည်း လုံးဝ မဟိကြောင်းကို ဘုရားသခင်သည် ငါရို့၏သက်သီ ဖြစ်တော်မူ၏။
1TH 2:6 ငါရို့သည် ခရစ်တော်၏ တမန်တော်တိအနေဖြင့် ဩဇာအာဏာကို အသုံးပြုနိုင်သော်လည်း သင်ရို့ပါးမှဖြစ်စီ၊ အခြားသူရို့ပါးမှဖြစ်စီ လူတိချီးမွမ်းခြင်းကို ခံရစီခြင်းငှာ မကြိုးစားခ။
1TH 2:7 ငါရို့သည် သင်ရို့နှင့်အတူ ဟိစဉ်အခါက မိမိ၏သားသမီးတိကို တယုတယပြုစုသည့် မိခင်ကဲ့သို့ သင်ရို့အား ပြုစုကြ၏။
1TH 2:8 အကြောင်းမူကား ငါရို့သည် သင်ရို့အား အလွန် ချစ်မြတ်နိုးကြသည်ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ သတင်းကောင်းကိုသာမက ငါရို့၏အသက်ကိုပင် သင်ရို့အား ပီးလိုသောဆန္ဒ ဟိကြ၏။
1TH 2:9 ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ ကြိုးပမ်း​အားထုတ်​မှု​နှင့် ပင်ပန်း​ခက်ခဲ​မှုများကို သင်ရို့သည် အမှန်ပင် မှတ်မိကြ၏။ ငါရို့သည် သင်ရို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စီရန် နိ့ရော၊ ညပါ အလုပ်လုပ်လျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား ဟောပြောကြ၏။
1TH 2:10 ငါရို့သည် ယုံကြည်သူ သင်ရို့နှင့် ဟိခစဉ်တွင် သန့်ယှင်း ဖြောင့်မတ်၍ အပြစ်ဆိုဖွယ်မဟိအောင် နီထိုင်ခကြောင်းကို သင်ရို့နှင့် ဘုရားသခင်သည် ငါရို့၏ သက်သီဖြစ်ကြ၏။
1TH 2:11 ဖခင်သည် မိမိ၏ သားသမီးတိ၌ ပြုမူသကဲ့သို့ ငါရို့သည် သင်ရို့တစ်ဦးချင်းစီ၌ ပြုမူခကြောင်းကို သင်ရို့သိကြ၏။
1TH 2:12 မိမိ၏နိုင်ငံတော်နှင့် ဘုန်းတန်ခိုးတော်ထဲသို့ သင်ရို့အား ခေါ်တော်မူသော ဘုရားသခင် နှစ်သက်တော်မူသည့် အသက်ရှင်နီထိုင်မှုဖြင့် အသက်ရှင်ကြစီရန် ငါရို့သည် သင်ရို့အား တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပီးကာ တောင်းဆိုခကြ၏။
1TH 2:13 ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။
1TH 2:14 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ယေသျှုခရစ်တော်၌တည်သော ယုဒပြည်ဟိ ဘုရားသခင်၏ အသင်းတော်များ၌ ဖြစ်ပျက်ခသည့်နည်းတူ သင်ရို့၌လည်း ဖြစ်ပျက်ခ၏။ ထိုသူရို့သည် ယုဒလူမျိုးရို့လက်၌ ညှည်းဆဲခြင်းကို ခံရသကဲ့သို့ သင်ရို့သည်လည်း မိမိလူမျိုး၏လက်တွင် ညှည်းဆဲခြင်းကို ခံခရကြ၏။
1TH 2:15 အသျှင်ယေသျှုနှင့် ပရောဖက်တိကို အသီသတ်ခသော ထိုသူရို့သည် ငါရို့ကိုလည်း ညှည်းဆဲခကြ၏။ သူရို့သည် ဘုရားသခင်ကို မနှစ်သက်သောသူ၊ လူတိုင်းကို ဆန့်ကျင်သောသူတိ ဖြစ်ကြ၏။
1TH 2:16 တခြားလူမျိုးတိ ကယ်တင်ခြင်းရခြင်းငှာ ငါရို့ဟောပြောသည်ကိုပင် တားဆီးရန် ကြိုးစားကြ၏။ ထိုနည်းအတိုင်း သူရို့သည် မိမိရို့၏အပြစ်များ ပြည့်စုံစီခြင်းငှာ အစဉ်မလပ် ကျူးလွန်လျက်ဟိကြ၏။ သို့ဖြစ်၍ နောက်ဆုံး၌ ဘုရားသခင်၏ အမျက်တော်သည် သူရို့၌ ကျရောက်လေ၏။
1TH 2:17 ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် စိတ်နှလုံးအားဖြင့် မဟုတ်ဘဲ ခန္ဓာအားဖြင့် ခေတ္တမျှ သင်ရို့နှင့် ခွဲခွာနိန်ရသော်လည်း တဖန် ပြန်တွိ့နိုင်ရန် အလွန်လိုလားတောင်းတကြသည်ဖြစ်၍ သာ၍ ကြိုးစားအားထုတ်ကြ၏။
1TH 2:18 အကြောင်းမူကား ငါရို့သည် သင်ရို့ပါးသို့ တဖန် လာလိုကြသောကြောင့် ဖြစ်၏။ ငါ ပေါလုကိုယ်တိုင် သင်ရို့ပါးသို့လာရန် အဖန်ဖန်အလီလီ ကြိုးစားခသော်လည်း စာတန်က ငါရို့၏လမ်းခရီးကို ဆီးတားထား၏။
1TH 2:19 ငါရို့၏အသျှင်ယေသျှု ကြွလာတော်မူသောအခါ ငါရို့သည် ကိုယ်တော်၏ရှိ့၌ မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝင့်ကြွားစရာ အကြောင်းမှာ ဇာအတွက်ကြောင့်လဲ။ သင်ရို့ အတွက်ကြောင့် မဟုတ်ပါလော။
1TH 2:20 အမှန်ဆိုရလျှင် သင်ရို့သည် ငါရို့၏ ဂုဏ်ယူဝင့်ကြွားစရာ၊ ငါရို့၏ ဝမ်းမြောက်စရာအကြောင်း ဖြစ်၏။
1TH 3:1 နောက်ဆုံး၌ ငါရို့သည် စောင့်မနိန်နိုင်ကြသောကြောင့် ငါရို့သည် အေသင်မြို့၌ ကျန်ခဖို့ ဆုံးဖြတ်ကြ၏။
1TH 3:2 ငါရို့သည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောရာတွင် ဘုရားသခင်၏အမှုတော်မြတ်၌ အတူတကွ ဆောင်ရွက်သူဖြစ်သော ငါရို့၏ညီ တိမောသေအား သင်ရို့ပါးသို့ စီရွှတ်လိုက်ကြ၏။ ထိုသူကို စီရွှတ်လိုက်ခြင်းမှာ သင်ရို့၏ ယုံကြည်ခြင်း ခိုင်ခန့်စီခြင်းငှာ တိုက်တွန်းနှိုးဆော်ရန်နှင့်၊
1TH 3:3 ဤညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် သင်ရို့တွင် ဇာသူမျှ မယိမ်းမယိုင် စီရန်ဖြစ်၏။ အကြောင်းမူကား ဤ ညှည်းပန်းနှိပ်စက်ခြင်းကို ငါရို့ခံရခြင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်ကြောင်း သင်ရို့ကိုယ်တိုင် သိကြ၏။
1TH 3:4 သင်ရို့နှင့်အတူ ဟိစဉ်အခါက ညှည်းပန်းနှိပ်စက်ခြင်း ခံရမည်ကို ကြိုတင်၍ ငါရို့ ပြောခပြီး ဖြစ်၏။ ငါရို့ ပြောခသည့်အတိုင်း ဖြစ်လာသည်ကိုလည်း သင်ရို့သိကြ၏။
1TH 3:5 ထို့ကြောင့် သင်ရို့သည် စာတန်မာရ်နတ်၏ စုံစမ်းသွီးဆောင်ရာသို့ လိုက်ပါသဖြင့် ငါရို့၏ လုပ်ဆောင်ခသမျှသည် အချည်းနှီးဖြစ်မည်ကို ငါသည် စိုးရိမ်ကြောင့်ကြသောကြောင့် သင်ရို့၏ ယုံကြည်ခြင်းကို သိလိုသဖြင့် ငါသည် တိမောသေကို ရွှတ်လိုက်ခြင်းဖြစ်၏။
1TH 3:6 အဂုအခါ တိမောသေသည် ပြန်လည်ရောက်လာ၍ သင်ရို့၏မေတ္တာနှင့် ယုံကြည်ခြင်းအကြောင်း သတင်းကောင်းကို ငါရို့ပါးသို့ ယူဆောင်လာခ၏။ သင်ရို့သည် ငါရို့အား အစဉ်မပြတ် သတိရကြောင်းကိုလည်းကောင်း၊ သင်ရို့ကို ငါရို့ တွိ့မြင်လိုသကဲ့သို့ သင်ရို့သည် ငါရို့အား တွိ့မြင်လိုကြကြောင်းကိုလည်းကောင်း တိမောသေက ပြောပြ၏။
1TH 3:7 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် အရာရာ၌ အခက်အခဲနှင့် ဆင်းရဲဒုက္ခခံရသော်လည်း သင်ရို့၏ ယုံကြည်ခြင်းကြောင့် နှစ်သိမ့်မှုကို ခံစားရကြ၏။
1TH 3:8 အကြောင်းမူကား သင်ရို့သည် သခင်ဘုရား၌ ခိုင်ခံ့စွာ ရပ်တည်နိန်ကြသဖြင့် အဂုတွင် ငါရို့သည် အမှန်ပင် အသက်ရှင်နိုင်ကြ၏။
1TH 3:9 အဂုတွင် ငါရို့သည် သင်ရို့အတွက်ကြောင့် ငါရို့၏ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းနိုင်ကြ၏။ သင်ရို့အကြောင်းကြောင့် ငါရို့သည် ကိုယ်တော်၏ ရှိ့မှောက်၌ ဝမ်းမြောက်ရွှင်လန်းမှုကို ခံစားကြရသည့်အတွက် အသျှင်ဘုရားအား ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
1TH 3:10 သင်ရို့ကို တဖန် ပြန်တွိ့နိုင်ရန်နှင့် သင်ရို့၏ယုံကြည်ခြင်း၌ လိုအပ်သမျှ စုံလင်စီမည့်အကြောင်း ငါရို့သည် နိ့ညမပြတ် အလွန်စိတ်အားထက်သန်စွာ ဆုတောင်းလျက်ဟိကြ၏။
1TH 3:11 ငါရို့၏အဖ ဘုရားသခင်နှင့် ငါရို့၏အသျှင်ယေသျှုသည် သင်ရို့ပါးသို့ ငါရို့လာမည့်လမ်းခရီးကို ပျင်ဆင်ပီးပါစီသောဝ်။
1TH 3:12 သင်ရို့၌ ငါရို့၏ချစ်ခြင်းမေတ္တာသည် ကြီးမားလာသကဲ့သို့ သင်ရို့အချင်းချင်း၌ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ လူအပေါင်းရို့၌ သင်ရို့ထားသော ချစ်ခြင်းမေတ္တာသည် လည်းကောင်း သာ၍ တိုးပွါးလာမည့်အကြောင်း သင်ရို့အား သခင်ဘုရား မစတော်မူပါစီသောဝ်။
1TH 3:13 ငါရို့၏အသျှင် ယေသျှုသည် မိမိ၏သန့်ယှင်းသူ အပေါင်းရို့နှင့်အတူ ကြွလာတော်မူသောအခါ သင်ရို့သည် ငါရို့၏အဖ ဘုရားသခင် ရှိ့တော်၌ အပြစ်ကင်း၍ သန့်ယှင်းမြင့်မြတ်စီခြင်းငှာ ကိုယ်တော်သည် သင်ရို့ကို ခိုင်ခံ့မြဲမြံတော်မူပါစီသောဝ်။
1TH 4:1 နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
1TH 4:2 ထို့အတွက်ကြောင့် အသျှင်ယေသျှု၏ အခွင့်အာဏာဖြင့် ငါရို့သည် သင်ရို့အား ပီးအပ်ထားသည့် ညွှန်ကြားချက်များကို သင်ရို့ သိကြ၏။
1TH 4:3 ဘုရားသခင်သည် သင်ရို့ကို သန့်ယှင်းစီရန်နှင့် ကာမဂုဏ်လိုက်စားခြင်းမှ လုံးဝ လွတ်ကင်းစီရန် အလိုဟိတော်မူ၏။
1TH 4:4 သင်ရို့တစ်ဦးစီတိုင်းသည် သန့်ယှင်းခြင်းနှင့် ဂုဏ်သရေဟိခြင်းဖြင့် မိမိ၏မယားနှင့် မည်သို့ ပေါင်းသင်းနီထိုင်သင့်သည်ကို သိကြသည်ဖြစ်၍၊
1TH 4:5 ဘုရားသခင်ကို မသိသော တခြားလူမျိုးတိကဲ့သို့ ကိလေသာတပ်မက်ခြင်း စိတ်၏အလိုသို့ မလိုက်ကတ်ကေ့။
1TH 4:6 ဤကိစ္စတွင် သင်ရို့သည် ညီအစ်ကိုမောင်နှမအချင်းချင်း၌ ပြစ်မှားခြင်း၊ အခွင့်ကောင်းယူခြင်းကို မပြုကတ်ကေ့။ ငါရို့သည် သင်ရို့အား အယင်က ပြောဆိုခသည့်အတိုင်း သခင်ဘုရားသည် ထိုသို့ ပြစ်မှားသောသူရို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်း သင်ရို့အား ပြင်းထန်စွာ သတိပီးလိုက်၏။
1TH 4:7 ဘုရားသခင်သည် ငါရို့အား ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူခြင်း မဟုတ်ဘဲ သန့်ယှင်းစွာ အသက်ရှင်နီထိုင်ကြရန် ခေါ်တော်မူခြင်းဖြစ်၏။
1TH 4:8 သို့ဖြစ်၍ ဤသွန်သင်ချက်ကို ငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည် မဟုတ်ဘဲ သင်ရို့အား မိမိ၏ သန့်ယှင်းသောဝိညာဉ်တော်ကို ပီးတော်မူသော ဘုရားသခင်ကို ငြင်းပယ်ခြင်း ဖြစ်၏။
1TH 4:9 အဂုတွင် ညီအစ်ကိုမောင်နှမ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ သင်ရို့ထံ ရီးသားရန် မလိုအပ်ပေ။ အကြောင်းမူကား အချင်းချင်းချစ်ကြရန် ဘုရားသခင်က သင်ရို့ကို သင်ကြားထားပြီး ဖြစ်၏။
1TH 4:10 အမှန်စင်စစ် သင်ရို့သည် မာကေဒေါနိပြည် တစ်ပြည်လုံး၌ဟိသော ညီအစ်ကိုမောင်နှမရို့အား ထိုမေတ္တာကို ပြခလေပြီ။ သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ထိုထက်မက ပို၍ ထိုမေတ္တာကို ပြကြရန် ငါရို့ တိုက်တွန်းလိုက်၏။
1TH 4:11 သင်ရို့သည် အယင်က ငါရို့ မှာကြားခသည့်အတိုင်း ငြိမ်ဝပ်စွာနီ၍၊ မိမိရို့၏အရေးကိစ္စကို မိမိရို့ကိုယ်တိုင် ဆောင်ရွက်ကြရန် ကြိုးစားအားထုတ်ကြလော့။
1TH 4:12 ဤနည်းအားဖြင့် သင်ရို့သည် မယုံကြည်သောသူရို့၏ ကြည်ညိုခြင်းကို ခံရကြပြီးလျှင် သင်ရို့၏ လိုအပ်ချက်အတွက် ဇာသူ့ကိုမျှ မှီခိုလိမ့်မည် မဟုတ်။
1TH 4:13 အစ်ကိုမောင်နှမရို့၊ သင်ရို့သည် မျှော်လင့်ခြင်း ကင်းမဲ့သူများကဲ့သို့ ဝမ်းနည်းကြီကွဲမှု မဖြစ်ကြစီရန် ငါရို့သည် သီလွန်သူများနှင့်ပတ်သက်၍ အမှန်တရားကို သင်ရို့အား သိစီလို၏။
1TH 4:14 အကြောင်းမူကား ယေသျှုသည် အသီခံတော်မူပြီးနောက် တဖန် ထမြောက်တော်မူသည်ဟု ငါရို့ ယုံကြည်ကြလျှင် ဘုရားသခင်သည် ထိုအသျှင်ကို ယုံကြည်လျက် သီလွန်ပြီးသောသူရို့အား ယေသျှုနှင့်အတူ ပြန်၍ ခေါ်ထုတ်တော်မူလိမ့်မည်။
1TH 4:15 အဂု ငါရို့သည် သင်ရို့အား သခင်ဘုရား၏ သွန်သင်တော်မူချက်ကို ဖော်ပြလိုသည်မှာ သခင်ဘုရား ကြွလာတော်မူသောနိ့၌ အသက်ရှင်လျက်ဟိကြသော ငါရို့သည် သီလွန်ပြီးသောသူတိထက် အလျင် ရောက်ကြလိမ့်မည် မဟုတ်။
1TH 4:16 အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။
1TH 4:17 ထို့နောက် အသက်ရှင်လျက် ကျန်ခသော ငါရို့သည် အာကာသ၌ သခင်ဘုရားနှင့် တွိ့ဆုံရန် ထိုသူရို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းကို ခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါရို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် ဟိကြလိမ့်မည်။
1TH 4:18 သို့ဖြစ်၍ ဤစကားများဖြင့် တစ်ယောက်ကို တစ်ယောက် အားပီးတိုက်တွန်းကြလော့။
1TH 5:1 ညီအစ်ကိုမောင်နှမရို့၊ ဤအမှုအရာများ ဖြစ်ပျက်လာမည့် အချိန်ကာလများအကြောင်းကို သင်ရို့အား ရီးသားရန် မလိုယာ။
1TH 5:2 အကြောင်းမူကား သခင်ဘုရား၏ နိ့ရက်သည် ညဉ့်အခါ၌ သူခိုးလာသကဲ့သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာ သိကြ၏။
1TH 5:3 “အရာရာတိုင်းသည် ငြိမ်ဝပ်ခြင်းနှင့် လုံခြုံမှုဟိ၏” ဟု လူတိပြောဆိုနိန်စဉ်တွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာ ရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူရို့ပါးသို့ ရုတ်ကနဲ ရောက်လာ၍ သူရို့သည် လွတ်မြောက်ကြလိမ့်မည် မဟုတ်။
1TH 5:4 သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့မူကား မှောင်မိုက်ထဲ၌ မဟိသောကြောင့် ထိုနိ့ရက်သည် သင်ရို့ပါးသို့ သူခိုးကဲ့သို့ အထိတ်တလန့် ရောက်လာမည် မဟုတ်။
1TH 5:5 သင်ရို့အားလုံးသည် အလင်း၏ သားသမီးတိ၊ နိ့၏ သားသမီးတိ ဖြစ်ကြ၏။ ငါရို့သည် ညတွင်လည်းကောင်း၊ မှောင်မိုက်တွင်လည်းကောင်း ကျင်လည်သောသူတိ မဟုတ်။
1TH 5:6 သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။
1TH 5:7 အကြောင်းမူကား အိပ်ပျော်တတ်သောသူရို့သည် ညအချိန်၌ အိပ်တတ်ကြ၏၊ သီရည်သီရက်နှင့် မူးယစ်တတ်သော သူရို့သည် ညအချိန်၌ မူးယစ်တတ်ကြ၏။
1TH 5:8 သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။
1TH 5:9 အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား အမျက်တော်သင့်စီရန် ရွီးကောက်တော်မူသည် မဟုတ်။ ငါရို့၏ အသျှင် ယေသျှုခရစ်အားဖြင့် ကယ်တင်ခြင်း ခံရကြစီရန် ရွီးကောက်တော်မူ၏။
1TH 5:10 ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။
1TH 5:11 သို့ဖြစ်၍ သင်ရို့သည် အဂုပြုသည့်နည်းတူ အချင်းချင်း တိုက်တွန်းနှိုးဆော်၍ တစ်ယောက်ကိုတစ်ယောက် ကူညီမစ ကြလော့။
1TH 5:12 ညီအစ်ကိုမောင်နှမရို့၊ သခင်ဘုရား၌ သင်ရို့ကို ဂရုတစိုက် ဆုံးမပဲ့ပျင်လျက် သင်ရို့၌ အမှုတော်ကို ဆောင်ရွက်နိန်ကြသော သူများကို ကြည်ညိုလေးစားကြရန် ငါရို့တောင်းပန်၏။
1TH 5:13 သူရို့ ဆောင်ရွက်ကြသည့် အမှုတော်ကို ထောက်၍ သူရို့အား မေတ္တာစိတ်ဖြင့် အထူး ရိုသီကြလော့။ သင်ရို့အချင်းချင်း သင့်မြတ်စွာ နီထိုင်ကြလော့။
1TH 5:14 ညီအစ်ကိုမောင်နှမရို့၊ အပျင်းကြီး၍ အလုပ်မလုပ်သောသူတိကို သတိပီးကြလော့၊ ကြောက်တတ်သောသူတိကို နှစ်သိမ့်ပီးကြလော့၊ အားနည်းသောသူရို့ကို ကူညီကြလော့၊ ခပ်သိမ်းသောသူရို့၌ စိတ်ရှည်ကြလော့ ဟု သင်ရို့အား ငါတိုက်တွန်း၏။
1TH 5:15 မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။
1TH 5:16 အစဉ်မပြတ် ဝမ်းမြောက်ခြင်း ဟိကြလော့။
1TH 5:17 မခြားမလပ် ဆုတောင်းကြလော့။
1TH 5:18 အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ဤသည်ကား သင်ရို့အဖို့အလို့ငှာ ခရစ်တော်ယေသျှု၌ ဘုရားသခင် အလိုတော် ဖြစ်၏။
1TH 5:19 ဝိညာဉ်တော်၏အရှိန်​ကို မ​ငြိမ်း​စီ​ကတ်ကေ့။
1TH 5:20 ပရောဖက်ရို့၏ဖော်ပြချက်များကို မထီမဲ့မြင် မပြုကတ်ကေ့။
1TH 5:21 သို့ရာတွင် ထိုပရောဖက်ပြုချက်များကို စစ်ဆေးပြီးလျှင် ကောင်းသောအရာများကို ဆုပ်ကိုင်၍၊
1TH 5:22 မကောင်းသောအရာ မှန်သမျှကို ယှောင်ကြဉ်ကြလော့။
1TH 5:23 ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် သင်ရို့အား အကုန်အစင် သန့်ယှင်းတော်မူပါစီသောဝ်။ ငါရို့၏ အသျှင်ယေသျှုခရစ် ကြွလာတော်မူသောအခါ၌ သင်ရို့သည် အပြစ်ဆိုဖွယ်မဟိကြစီရန် ဘုရားသခင်သည် သင်ရို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစီသောဝ်။
1TH 5:24 သင်ရို့ကို ခေါ်ယူတော်မူသော အသျှင်သည် သစ္စာနန့် ပြည့်စုံတော်မူသည်ဖြစ်၍ ထိုသို့ ပြုတော်မူလိမ့်မည်။
1TH 5:25 ညီအစ်ကိုမောင်နှမရို့၊ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။
1TH 5:26 ယုံကြည်သူအပေါင်းရို့အား သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။
1TH 5:27 ဤစာကို ယုံကြည်သူအပေါင်းရို့အား ဖတ်ပြကြရန် သခင်ဘုရား၏ အခွင့်အာဏာအရ သင်ရို့အား ငါတိုက်တွန်းလိုက်၏။
1TH 5:28 ငါရို့၏ အသျှင်ယေသျှုခရစ်တော်၏ ကျေးဇူးတော်သည် သင်ရို့နှင့်အတူ ဟိပါစီသောဝ်။
2TH 1:1 ပေါလု၊ သိလွာနုနှင့် တိမောသေရို့ပါးမှ —
2TH 1:2 ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။
2TH 1:3 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။
2TH 1:4 သင်ရို့သည် ညှည်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်း ခံရသမျှ၌ ယုံကြည်ခြင်း၊ သည်းခံခြင်း ဟိကြသည်ကို ထောက်၍ ငါရို့သည် ဘုရားသခင်၏ အသင်းတော်များတွင် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။
2TH 1:5 သင်ရို့သည် ဆင်းရဲဒုက္ခ ခံနေရကြသည်ဖြစ်၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ထိုက်တန်သောသူတိ ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်တော်မူချက်သည် ဖြောင့်မတ်သည်ကိုလည်းကောင်း ဤအရာအားလုံးသည် သက်သီပြလျက်ဟိ၏။
2TH 1:6 ဘုရားသခင်သည် ဖြောင့်မတ်စွာ စီရင်တော်မူသောအသျှင် ဖြစ်တော်မူသည့်အတိုင်း သင်ရို့ကို ဒုက္ခရောက်စီသော သူရို့အား ဒုက္ခ ရောက်စီတော်မူလိမ့်မည်။
2TH 1:7 ဆင်းရဲဒုက္ခ ရောက်လျက်ဟိသော သင်ရို့သည်လည်း ငါရို့နည်းတူ သက်သာခြင်း ရစီတော်မူလိမ့်မည်။ အသျှင်ယေသျှုသည် မိမိ၏ တန်ခိုးကြီးသော ကောင်းကင်တမန်တိ ခြံရံလျက် မီးလျှံနန့်တကွ ကောင်းကင်မှ ထင်ရှားလာသောအခါ ဤအမှုအရာများသည် ဖြစ်လာလိမ့်မည်။
2TH 1:8 ဘုရားသခင်ကို ငြင်းပယ်သောသူရို့နှင့် ငါရို့၏အသျှင် ယေသျှုအကြောင်း သတင်းကောင်းကို မနာခံသောသူရို့အား အပြစ်စီရင်တော်မူလိမ့်မည်။
2TH 1:9 ထိုသူရို့သည် သခင်ဘုရား ကြွလာတော်မူသောအခါ ကိုယ်တော်၏ ရှိ့တော်မှ လည်းကောင်း၊ ကိုယ်တော်၏ အစွမ်းသတ္တိနှင့် ပြည့်စုံသော ဘုန်းတော်မှ လည်းကောင်း ဖယ်ယှားခြင်းခံရလျက် ထာဝရပျက်စီးခြင်း ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
2TH 1:10 ထိုနိ့၌ ကိုယ်တော်သည် မိမိ၏ သန့်ယှင်းသောသူများအားဖြင့် ဘုန်းတော် ထင်ရှားရန်နှင့် ယုံကြည်သောသူအပေါင်းရို့၏ အံ့ဩချီးမွမ်းခြင်းကို ခံယူရန် ကြွလာတော်မူလိမ့်မည်။ ငါရို့ ဟောပြော သက်သီခံချက်ကို သင်ရို့သည်လည်း ယုံကြည်ကြသောကြောင့် ထိုသူရို့၌ အပါအဝင်ဖြစ်ကြ၏။
2TH 1:11 ထို့ကြောင့် ငါရို့၏ ဘုရားသခင်သည် သင်ရို့ကို ခေါ်ထားတော်မူခြင်းနှင့် ထိုက်တန်သောသူများ ဖြစ်စီခြင်းငှာလည်းကောင်း၊ သင်ရို့၏ ကောင်းမြတ်သောစိတ်ဆန္ဒနှင့် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်မှုဟူသမျှ၌ မိမိ၏ တန်ခိုးတော်ဖြင့် ပြည့်ဝစီခြင်းငှာလည်းကောင်း ငါရို့သည် သင်ရို့အတွက် အစဉ်မပြတ် ဆုတောင်းလျက်ဟိကြ၏။
2TH 1:12 ဤနည်းအားဖြင့် ငါရို့၏ အသျှင် ယေသျှု၏နာမတော်သည် သင်ရို့၌လည်းကောင်း၊ ငါရို့၏ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့သည်လည်း ကိုယ်တော်၌လည်းကောင်း ဘုန်းတော်ထင်ရှားစီခြင်းငှာ ငါရို့သည် ဆုတောင်းလျက်ဟိကြ၏။
2TH 2:1 ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော် ကြွလာတော်မူခြင်းအကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကိုယ်တော်နှင့်အတူဟိရန် ငါရို့ စုရုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊
2TH 2:2 ငါရို့၏ ပရောဖက်ပြုခြင်းအားဖြင့် ဖြစ်စီ၊ တရားဟောခြင်းအားဖြင့် ဖြစ်စီ၊ ငါရို့၏စာတွင် ရီးထားခြင်းအားဖြင့်ဖြစ်စီ၊ သခင်ဘုရား၏နိ့ရက် ရောက်လာပြီဟု ပြောဆိုခြင်းကို လျှပ်တစ်ပြတ် စိတ်ရှုပ်ထွီးကာ စိုးရိမ်တုန်လှုပ်ခြင်း မဟိကတ်ကေ့ဟု သင်ရို့အား ငါတောင်းပန်၏။
2TH 2:3 ဇာသူသည် ဇာနည်းနှင့်မျှ သင်ရို့ကို မလှည့်ဖြားစီကေ့။ အကြောင်းမူကား နောက်ဆုံးသော ပုန်ကန်မှုကြီးမဖြစ်ခင်နှင့် ပျက်စီးခြင်းခံရမည့် သူတည်းဟူသော မတရားသောသူ မပေါ်ထွန်းခင် ထိုနိ့ရက်သည် ရောက်လာလိမ့်မည် မဟုတ်။
2TH 2:4 ထိုသူသည် ဘုရားဟု ခေါ်သော အရာ သို့မဟုတ် ဝတ်ပြုကိုးကွယ်သောအရာ မှန်သမျှကို ဆန့်ကျင်၍ ခပ်သိမ်းသောအရာထက်၌ မိမိကိုယ်ကို ချီးမြှောက်လိမ့်မည်။ သူသည် ဘုရားသခင်၏ ဗိမာန်တော်ထဲသို့ ဝင်၍ ထိုင်ကာ မိမိကိုယ်ကို ဘုရားဟု ကြေညာလိမ့်မည်။
2TH 2:5 ငါသည် သင်ရို့နှင့်အတူ ဟိခစဉ်က ဤအကြောင်းအရာများကို သင်ရို့အား ပြောပြခသည်ကို မမှတ်မိကြသလော။
2TH 2:6 သင့်လျှော်သောအချိန်၌ ထိုသူကို ဖော်ပြခြင်းငှာ ဟန့်တားထားသည်ကို သင်ရို့သည် အဂု သိကြ၏။
2TH 2:7 အကြောင်းမူကား လျှို့ဝှက်ထားသည့် ထိုမတရားသောအရာသည် လှုပ်ယှားလျက်ဟိ၏။ သို့သော်လည်း ထိုအမှုကို အဂု ဟန့်တားထားသောသူသည် မိမိဖယ်ယှားခြင်းကို ခံရသည်အချိန် ရောက်သည့်တိုင်အောင် ဆီးတားနိန်လိမ့်မည်။
2TH 2:8 ထိုအခါ မတရားသောသူသည် ထင်ရှားလာလိမ့်မည်။ အသျှင်ယေသျှုသည် ထိုသူအား မိမိ၏ နှုတ်မှထွက်သော လီအားဖြင့် ကွက်မျက်ကာ၊ မိမိကြွလာတော်မူသော ဘုန်းရောင်ခြည်တော်ဖြင့် ဖျက်ဆီးတော်မူလိမ့်မည်။
2TH 2:9 ထိုမတရားသောသူသည် စာတန်မာရ်နတ်၏တန်ခိုးနှင့် ရောက်လာ၍ မုသာနှင့်ဆိုင်သော နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာအမျိုးမျိုးကို ပြလိမ့်မည်။
2TH 2:10 ပျက်စီးခြင်းသို့ ရောက်မည့် သူရို့အား မတရားသောအမှုအမျိုးမျိုးဖြင့် လှည့်ဖြားလိမ့်မည်။ ထိုသူရို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရားအားနှစ်သက်မှုကို ငြင်းဆန်ကြသောကြောင့် ပျက်စီးခြင်းသို့ ရောက်ရကြ၏။
2TH 2:11 ထိုသို့အလို့ငှာ ဘုရားသခင်က သူရို့သည် မုသာကို ယုံကြည်ကြစီရန် သူရို့ပါးသို့ လှည့်ဖြားတတ်သောတန်ခိုးကို စီရွှတ်တော်မူ၏။
2TH 2:12 ဤသည်ကား သမ္မာတရားကို မယုံကြည်ဘဲ အပြစ်တရားကို နှစ်သက်ကြသောသူရို့သည် စီရင်တော်မူခြင်းကို ခံရစီခြင်းငှာ ဖြစ်၏။
2TH 2:13 သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် သင်ရို့အတွက် အစဉ်မပြတ် ဘုရားသခင်ကို ချီးမွမ်းကြရ၏။ အကြောင်းမူကား ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သန့်ယှင်းခြင်းကို ခံရ၍ သမ္မာတရား၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရဟိရန်အတွက် ဘုရားသခင်သည် သင်ရို့အား ဦးစွာပထမ ရွီးကောက်တော်မူ၏။
2TH 2:14 သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ဘုန်းတော်ကို ပိုင်ဆိုင်ကြစီရန် ဘုရားသခင်သည် ငါရို့ဟောပြောသည့် သတင်းကောင်းအားဖြင့် သင်ရို့ကို ခေါ်ထားတော်မူ၏။
2TH 2:15 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ဟောပြောခြင်းအားဖြင့် လည်းကောင်း၊ ငါရို့၏ ပီးစာအားဖြင့် လည်းကောင်း သင်ရို့အား သွန်သင်ခသည့် သမ္မာတရားများကို သင်ရို့သည် စွဲကိုင်၍ ခိုင်ခံ့စွာ ရပ်တည်ကြလော့။
2TH 2:16 ငါရို့၏အသျှင် ယေသျှုခရစ် ကိုယ်တော်တိုင်နှင့် ငါရို့ကို ချစ်တော်မူ၍ ကောင်းမြတ်သည့် မျှော်လင့်ခြင်းနှင့် ထာဝရနှစ်သိမ့်ခြင်းကို မိမိ၏ကျေးဇူးတော်အားဖြင့် ပီးသနားတော်မူသော ငါရို့၏အဖ ဘုရားသခင်သည်၊
2TH 2:17 သင်ရို့၏စိတ်နှလုံးကို နှစ်သိမ့်မှုနှင့် ပြည့်ဝစီပြီးလျှင် ကောင်းသောစကားနှင့် ကောင်းသောအမှုအလုံးစုံ၌ သင်ရို့ကို အစဉ်မပြတ် ခိုင်ခံ့မြဲမြံတော်မူပါစီသတည်း။
2TH 3:1 နောက်ဆုံးအနေဖြင့် ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သခင်ဘုရား၏ တရားတော်သည် သင်ရို့နှင့်အတူ ဟိသကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့၍ ထိုတရားတော်မြတ်ကို ရိုသီလေးမြတ်သောစိတ်ထားဖြင့် ခံယူကြစီခြင်းငှာ ငါရို့အတွက် ဆုတောင်းပီးကြလော့။
2TH 3:2 ဘုရားသခင်သည် ငါရို့အား မတရားသောသူရို့နှင့် ဆိုးယုတ်သောသူရို့၏ အန္တရာယ်မှ ကယ်မတော်မူရန်ကိုလည်း ဆုတောင်းပီးကြလော့။ အကြောင်းမူကား တရားတော်ကို လူတိုင်း မယုံကြည်သောကြောင့် ဖြစ်၏။
2TH 3:3 သို့ရာတွင် သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူသည်နှင့်အညီ သင်ရို့အား ခိုင်ခန့်စီ၍ မကောင်းသောအမှုအရာမှ ကွယ်ကာတော်မူလိမ့်မည်။
2TH 3:4 သင်ရို့သည် ငါရို့ မှာကြားခသည့်အရာများကို ဆောင်ရွက်လျက်နိန်ကြသည့် အပြင် ဆက်လက်၍လည်း ဆောင်ရွက်ကြလိမ့်မည်ဟု သခင်ဘုရားကို အမှီပြု၍ ငါရို့သည် သင်ရို့အား ယုံကြည်စိတ်ချလျက် ဟိကြ၏။
2TH 3:5 သင်ရို့သည် ခရစ်တော်အားဖြင့် ပီးသနားတော်မူသော သည်းခံခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို သာ၍ နားလည်သဘောပေါက်စီခြင်းငှာ သခင်ဘုရား လမ်းပြတော်မူပါစီသောဝ်။
2TH 3:6 ညီအစ်ကိုမောင်နှရို့၊ ငါရို့ပီးခသော သွန်သင်ချက်များကို မလိုက်လျှောက်ဘဲ ပျင်းရိစွာ အသက်ရှင်နိန်ကြသော ယုံကြည်သူအားလုံးကို ယှောင်ယှားကြရန် ငါရို့အသျှင် ယေသျှုခရစ်တော်၏ နာမတော်၌ သင်ရို့ကို ငါရို့ မိန့်မှာလိုက်၏။
2TH 3:7 သင်ရို့သည် ငါရို့ လုပ်ဆောင်ခသည့်အတိုင်း လုပ်ဆောင်သင့်သည်ကို သင်ရို့ကိုယ်တိုင် သိကြ၏။ သင်ရို့နှင့်အတူ ဟိခစဉ်က ငါရို့သည် ပျင်းရိစွာ မနီထိုင်ခကြ။
2TH 3:8 ငါရို့သည် အဖိုးအခမပီးဘဲ ဇာသူ၏ အထောက်ပံ့ကိုမျှ အလကားမယူခကတ်။ သင်ရို့ တစ်ဦးတစ်ယောက်ကိုမျှ ငါရို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စီရန် ငါရို့သည် အလုပ်ကို ပင်ပန်းစွာ နိ့ညမပြတ် လုပ်ကိုင်ခ၏။
2TH 3:9 ငါရို့သည် ထိုသို့သော အကူအညီကို တောင်းပိုင်ခွင့် မဟိ၍ မဟုတ်။ သင်ရို့ လိုက်လျှောက်ကြရန် ပုံသက်သေကို လုပ်ပြခကြ၏။
2TH 3:10 သင်ရို့နှင့်အတူ ဟိခစဉ်က ငါရို့သည် “အလုပ် မလုပ်ချင်သောသူအား အစာကိုလည်း မစားစီကတ်ကေ့” ဟူ၍ သင်ရို့ကို သွန်သင်လေ့ဟိ၏။
2TH 3:11 သင်ရို့အထဲ၌ အပျင်းထူပြီး အလုပ်မလုပ်ဘဲ တခြားလူတိ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်တတ်သောသူ တချို့ ဟိကြောင်းကို ငါရို့ ကြားသိခ၏။
2TH 3:12 ထိုသို့သော လူတိအား ငြိမ်ဝပ်စွာဖြင့် နီထိုင်၍ မိမိရို့၏အသက်မွီးဝမ်းကျောင်းအတွက် မိမိရို့ကိုယ်တိုင် လုပ်ဆောင်ကြရန် အသျှင်ယေသျှု ခရစ်တော်၏ နာမတော်မြတ်၌ ငါရို့ တိုက်တွန်းလိုက်၏။
2TH 3:13 သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် စိတ်ပျက်အားလျော့ခြင်း မဟိဘဲ ကောင်းသောအလုပ်ကို လုပ်ဆောင်ကြလော့။
2TH 3:14 အကယ်၍ တစ်စုံတစ်ယောက်သည် ငါရို့ ပို့လိုက်သည့် ဤစာ၌ ပါဟိသည့် မှာကြားချက်များကို မလိုက်နာသော် ထိုသူအား အရှက်ရစီခြင်းငှာ သင်ရို့သည် ထိုသူကို မှတ်ထား၍ အပေါင်းအဖော် မလုပ်ကတ်ကေ့။
2TH 3:15 သို့ရာတွင် ထိုသူအား ရန်သူကဲ့သို့ မမှတ်ဘဲ ညီအစ်ကိုကဲ့သို့ သတိပီးကြလော့။
2TH 3:16 ငြိမ်သက်ခြင်း၏အသျှင် သခင်ဘုရား ကိုယ်တော်တိုင် မည်သည့်အခြေအနေ၌မဆို သင်ရို့အား ငြိမ်သက်ခြင်းကို အစဉ်မပြတ် ပီးသနားတော် မူပါစီသောဝ်။ သခင်ဘုရားသည် သင်ရို့အားလုံးနှင့်အတူ ဟိတော်မူပါစီသောဝ်။
2TH 3:17 ဤနှုတ်ဆက်ခြင်းစာကို ငါ ပေါလုကိုယ်တိုင် လက်ဖြင့် ရီးလိုက်၏။ ဤသည်ကား ငါရီးသော စာတိုင်းတွင် အမှတ်လက္ခဏာဖြစ်၏။ ငါသည် ဤသို့ ရီးလေ့ဟိ၏။
2TH 3:18 ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကျေးဇူးတော်သည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။
1TI 1:1 ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်နှင့် ငါရို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေသျှု၏ အမိန့်တော်အားဖြင့် ခန့်အပ်ခြင်းခံရသော ခရစ်တော်ယေသျှု၏တမန်တော် တစ်ပါးဖြစ်သည့် ငါ ပေါလု ပါးမှ —
1TI 1:2 ယုံကြည်ခြင်းအားဖြင့် ငါ၏စစ်မှန်သော သားဖြစ်သူ တိမောသေထံပါးသို့ စာရီးလိုက်ပါ၏၊
1TI 1:3 ငါသည် မာကေဒေါနိပြည်သို့ လားစဉ်အခါက သင့်ကို ငါ တိုက်တွန်းခသည့်အတိုင်း ဧဖက်မြို့၌ ကျန်နိန်ခရန် အလိုဟိ၏။ အကြောင်းမူကား လူတချို့သည် မှားယွင်းသော အယူဝါဒများကို ဟောပြောသွန်သင်နိန်ကြသည်ဖြစ်၍ သင်သည် ထိုအရာများကို ရပ်တန့်ရန် ပြောကြားရမည်။
1TI 1:4 ဤသို့သော ဒဏ္ဍာရီပုံပြင်များနှင့် ရှည်လျားသော ဆွီစဉ်မျိုးဆက်များ အကြောင်း ပြောကြားခြင်းများကို ရပ်တန့်စီလော့။ ထိုအရာများသည် ယုံကြည်ခြင်းဖြင့်သာ သိနိုင်သော ဘုရားသခင်၏အမှုတော်ကို မဆောင်ရွက်နိုင်၊ အငြင်းပွားမှုကိုသာ ဖြစ်စီတတ်၏။
1TI 1:5 ဤသို့ မိန့်မှာရခြင်း၏ ရည်ရွယ်ချက်သည်ကား သန့်ယှင်းသောနှလုံးသား၊ ကြည်လင်သောအသိစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်းမှ လာသော ချစ်ခြင်းမေတ္တာ တိုးပွားလာစီရန်ဖြစ်၏။
1TI 1:6 လူတချို့သည် ထိုအရာများမှ လွဲလျှော်၍ အကျိုးမဟိသောစကားကို ပြောဆိုခြင်းသို့ လှည့်လားကြပြီ။
1TI 1:7 သူရို့သည် ဘုရားသခင်၏ကျမ်းတတ်ဆရာများ ဖြစ်ချင်ကြသော်လည်း မိမိရို့ ပြောဆိုနိန်ကြသော စကားများကိုဖြစ်စီ၊ မိမိရို့ အလွန်အမင်း ယုံကြည်စိတ်ချစွာ ပြောဆိုနိန်ကြသည့် အကြောင်းအရာများကိုဖြစ်စီ သူရို့ကိုယ်တိုင်ပင် နားမလည်ကြပေ။
1TI 1:8 ပညတ်တရားသည် သုံးသင့်သည့်အတိုင်း သုံးလျှင် ကောင်းမြတ်သည်ကို ငါရို့ သိကြ၏။
1TI 1:9 ထိုပညတ်တရားများကို လူကောင်းတိအတွက် ပြဌာန်းထားသည် မဟုတ်၊ ပညတ်တရားကို မစောင့်သောသူ၊ ပြစ်မှုကျူးလွန်သောသူ၊ ဘုရားကို မကြည်ညိုသောသူ၊ အပြစ်ကျူးလွန်သောသူ၊ တရားမဲ့သောသူများ၊ မိမိရို့၏အဖ သို့မဟုတ် အမိကို သတ်သောသူ၊ လူအသက်ကို သတ်သောသူ၊
1TI 1:10 အကျင့်စာရိတ္တပျက်သောသူ၊ လိင်တူဆက်ဆံသောသူ၊ လူကုန်ကူးသောသူ၊ လိမ်လည်ပြောဆိုတတ်သောသူ၊ မမှန်သောသက်သီကို ခံတတ်သောသူနှင့် မှန်ကန်သောအယူဝါဒကို ဆန့်ကျင်သောသူရို့ အတွက်သာလျှင် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ငါရို့ သိကြ၏။
1TI 1:11 ဟောပြောရန် ငါ့ကို ပီးအပ်ထားသော သတင်းကောင်းတရား၌ ထိုသွန်သင်ချက်ကို တွိ့ရ၏။ ထိုသတင်းကောင်းတရားသည်ကား ဘုန်းတန်ခိုးတော် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။
1TI 1:12 ငါသည် ငါ၏လုပ်ဆောင်မှုအတွက် ငါ့ကို ခွန်အား ပီးတော်မူသော ငါရို့အသျှင် ခရစ်တော်ယေသျှု၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ့ကို ထိုက်တန်သည်ဟု ထင်မှတ်တော်မူ၍ ကိုယ်တော်အဖို့ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ဖြစ်၏။
1TI 1:13 ငါသည် အယင်က ကိုယ်တော့်ကို ကဲ့ရဲ့ပြောဆိုခသူ၊ ညှဉ်းပန်းနှိပ်စက်ခသူ၊ စော်ကားခသူ တစ်ယောက် ဖြစ်သော်လည်း ကိုယ်တော့်ကို မယုံကြည်သဖြင့် မိမိလုပ်နိန်သည့် အလုပ်ကို မိမိကိုယ်တိုင် မသိသည်ဖြစ်၍ ထိုသို့ ပြုမူလျက်ပင် ဘုရားသခင်သည် ငါ့ကို သနားတော်မူ၏။
1TI 1:14 ထို့အပြင် ငါရို့၏ သခင်ဘုရားသည် မိမိ၏ အတိုင်းမသိကြွယ်ဝတော်မူသော ကျေးဇူးတော်ကို ငါ၌ သွန်းလောင်းပီးတော်မူသည့်အပြင် ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ငါ့အား ပီးတော်မူ၏။
1TI 1:15 ခရစ်တော်ယေသျှုသည် အပြစ်သားရို့ကို ကယ်တင်ရန် ဤလောကထဲသို့ ကြွဆင်းလာတော်မူ၏ဟူသော စကားသည် မှန်သောစကားဖြစ်၍ လုံးဝ လက်ခံ ယုံကြည်ရမည့်စကားလည်း ဖြစ်၏။ ထိုအပြစ်သားများထဲတွင် ငါသည် အဆိုးဆုံးသောသူ တစ်ယောက်ဖြစ်၏။
1TI 1:16 သို့ရာတွင် ဘုရားသခင်သည် ငါ့အား သနားကရုဏာထားတော်မူ၏။ အကြောင်းမူကား နောင်အခါ၌ ခရစ်တော်ယေသျှုကို ယုံကြည်၍ ထာဝရအသက်ရကြမည့်သူ အားလုံးကို မိမိ၏ပြီးပြည့်စုံသော သည်းခံတော်မူခြင်းကို ဖော်ပြခြင်းငှာ အပြစ်သားထဲတွင် အဆိုးဆုံးဖြစ်သော ငါ့အား စံပြတစ်ယောက်အဖြစ်ဖြင့် ထိုသို့ သနားကရုဏာ ထားတော်မူခြင်းဖြစ်၏။
1TI 1:17 ထာဝရ သျှင်ဘုရင် ဖြစ်တော်မူသော၊ ထာဝရတည်ဟိတော်မူသော၊ လူတိ မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းဟိတော်မူသော ဘုရားသခင်၌ ဂုဏ်အသရေနှင့် ဘုန်းတန်ခိုးတော်သည် ထာဝရ တည်ဟိတော်မူပါစီသောဝ်။ အာမင်။
1TI 1:18 ငါ့သား တိမောသေ၊ သင့်ကို အကြောင်းပြု၍ အယင်က ပရောဖက်တိ ဟောပြောခသည့် စကားနှင့်အညီ ငါသည် ဤညွှန်ကြားချက်ကို သင့်အား ပီးအပ်လိုက်၏။ သင်သည် ကောင်းစွာ တိုက်ခိုက်ခြင်းအလို့ငှာ ထိုပရောဖက်ရို့ ဟောပြောခသည့်စကားကို လက်နက်သဖွယ် အသုံးပြုလော့။
1TI 1:19 သင်၏ယုံကြည်ခြင်းကိုလည်းကောင်း၊ ကြည်လင်သော အသိစိတ်ကိုလည်းကောင်း စွဲကိုင်ထားလော့။ လူတချို့သည် ကြည်လင်သော အသိစိတ်ကို ငြင်းပယ်၍ မိမိရို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ကြလေ၏။
1TI 1:20 ထိုသူရို့အထဲတွင် ဟုမေနဲနှင့် အာလေဇန္ဒြုလည်း ပါ၏။ သူရို့သည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း မပြုမည်အကြောင်း ဆုံးမခြင်းကို ခံရကြစီခြင်းငှာ ငါသည် ထိုသူရို့အား စာတန်မာရ်နတ်၏ လက်သို့ အပ်ပီးလိုက်၏။
1TI 2:1 သို့ဖြစ်၍ လူအပေါင်းရို့အတွက် ဘုရားသခင်အား အသနားခံခြင်း၊ ဆုတောင်းခြင်း၊ တောင်းပန်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ပူဇော်ကြရန် ပထမဦးဆုံးအနေဖြင့် ငါ တိုက်တွန်းလိုက်၏။
1TI 2:2 ငါရို့သည် သန့်ယှင်းခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်းအားဖြင့် အီးချမ်းသာယာစွာ နီထိုင်နိုင်ကြရန် သျှင်ဘုရင်ရို့နှင့် အာဏာပိုင်ရို့အားလုံးအတွက်လည်း ထိုသို့ ပြုကြလော့။
1TI 2:3 ဤအမှုသည် ကောင်းမြတ်၍ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်း ဖြစ်၏။
1TI 2:4 လူအပေါင်းရို့သည် သမ္မာတရားကို သိ၍ ကယ်တင်ခြင်းခံရစီခြင်းငှာ ဘုရားသခင် အလိုဟိတော်မူ၏။
1TI 2:5 ဘုရားသခင် တစ်ဆူတည်း ဟိတော်မူ၏၊ ဘုရားသခင်နှင့် လူတိကြားတွင် စိ့စပ်ပီးသောသူတည်းဟူသော လူသားဖြစ်သော ခရစ်တော်ယေသျှု တစ်ပါးတည်းသာ ဟိတော်မူ၏။
1TI 2:6 ကိုယ်တော်သည် လူတိုင်းကို ရွီးနုတ်တော်မူရန် မိမိကိုယ်ကို စွန့်ပီးတော်မူ၏။ ဤသည်ကား ကာလအချိန်ရောက်သောအခါ ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ရန် အလိုဟိကြောင်း သက်သီပြတော်မူခြင်းပင် ဖြစ်၏။
1TI 2:7 သို့ဖြစ်၍ ယုံကြည်ခြင်းတရားနှင့် သမ္မာတရားကို ဟောပြောရန် တမန်တော် တစ်ယောက်အဖြစ်ဖြင့် လည်းကောင်း၊ တခြားလူမျိုးတိကို သွန်သင်သောဆရာ အဖြစ်ဖြင့် လည်းကောင်း ငါ့အား စီရွှတ်ရသည့်အကြောင်း ဖြစ်၏။ ငါသည် မမှန်သောစကားကို ပြောနိန်သည် မဟုတ်၊ မှန်သောစကားကိုသာ ပြောနိန်ခြင်းဖြစ်၏။
1TI 2:8 အသင်းတော် ဝတ်ပြုစည်းဝေးခြင်းတိုင်းတွင် ဘုရားသခင်၌ ဆက်ကပ်ထားသော ယောက်ျားရို့သည် အမျက်ဒေါသထွက်ခြင်း၊ ငြင်းခုံခြင်းကို မပြုဘဲ မိမိရို့၏သန့်ယှင်းသောလက်ကို မြှောက်၍ ဆုတောင်းပီးခြင်းငှာ ငါသည် အလိုဟိ၏။
1TI 2:9 မိန်းမရို့သည် တင့်တယ်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ခြင်း၊ ဣန္ဒြေစောင့်ခြင်း၊ ယဉ်ကျေးသိမ်မွိ့ခြင်းနှင့် ပြည့်စုံကြစီခြင်းငှာ ငါသည် အလိုဟိ၏။ သို့ရာတွင် ဆံပင်အလှပျင်ခြင်း၊ ရွှီ၊ ပုလဲ သို့မဟုတ် အဖိုးတန်သည့် အဝတ်တန်ဆာများ ဝတ်ဆင်ခြင်းတိကို ပြုလုပ်ခြင်းငှာ မလိုအပ်ပေ။
1TI 2:10 သို့ရာတွင် မိန်းမရို့သည် ဘုရားဝတ်၌ မွိ့လျော်၍ ကောင်းမြတ်သောအကျင့်ဖြင့် မိမိကိုယ်ကို တန်ဆာဆင်အပ်၏။
1TI 2:11 မိန်းမရို့သည် အရာရာ၌ နှိမ့်ချလျက် တိတ်ဆိတ်စွာ သင်ယူအပ်၏။
1TI 2:12 ငါသည် သူရို့အား သွန်သင်မှုကိုလည်းကောင်း၊ ယောက်ျားတိအား ဩဇာလွှမ်းမိုးမှုကိုလည်းကောင်း ခွင့်မပြု။ သူရို့သည် တိတ်ဆိတ်စွာ နီကြရမည်။
1TI 2:13 အကြောင်းမူကား အာဒံကို ပထမဦးစွာ ဖန်ဆင်းပြီးမှ ဧဝ ကို ဖန်ဆင်းတော်မူ၏။
1TI 2:14 ထို့အပြင် လှည့်စားခြင်းကို ခံရသူမှာလည်း အာဒံ မဟုတ်၊ လှည့်စားခြင်းကို ခံရ၍ ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်သူမှာ မိန်းမသာလျှင် ဖြစ်၏။
1TI 2:15 သို့ရာတွင် မိန်းမရို့သည် ဣန္ဒြေနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ယှင်းခြင်းပါရမီ၌ ကြိုးစားအားထုတ်လျှင် ထိုမိန်းမသည် သားသမီးများမွီးဖွားပီးခြင်းဖြင့် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်။
1TI 3:1 သင်းအုပ် တစ်ယောက်ဖြစ်လိုသောသူသည် အလွန်ကောင်းမြတ်သည့် အလုပ်တစ်ခုကို လိုလားတောင့်တသောသူ တစ်ယောက်ဖြစ်၏ဟူသော စကားသည် မှန်သောစကား ဖြစ်၏။
1TI 3:2 သင်းအုပ်သည် အပြစ်ကင်းသောသူ၊ မယားတစ်ယောက်သာ ဟိသောသူ၊ သမ္မာသတိ ဟိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ နီထိုင်ကျင့်ကြံသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သွန်သင်ဆုံးမ ဩဝါဒပီးတတ်သောသူ ဖြစ်ရမည်။
1TI 3:3 သင်းအုပ်သည် သီရည်အရက်သောက်ကြူးသောသူ၊ ကြမ်းတမ်းသောသူ မဖြစ်စီရ၊ နူးညံ့သိမ်မွိ့ပြီး ငြိမ်းချမ်းရေးကို လိုလားသောသူ ဖြစ်ရမည်။ ငွီကို တပ်မက်သောသူ မဖြစ်ရ။
1TI 3:4 သူသည် မိမိ၏မိသားစုကို ကောင်းစွာ စီမံအုပ်ထိန်းနိုင်ပြီး၊ မိမိသားသမီးတိက ရိုသီလေးစား၍ နာခံကြသောသူ ဖြစ်ရမည်။
1TI 3:5 အကြောင်းမူကား မိမိ၏မိသားစုကို စီမံအုပ်ထိန်းနိုင်စွမ်း မဟိသောသူသည် ဘုရားသခင်၏အသင်းတော်ကို ဇာပိုင် အုပ်ထိန်းနိုင်ပါဖို့လဲ။
1TI 3:6 မိမိကိုယ်ကို အထင်ကြီး၍ ပြစ်ဒဏ်စီရင်ခြင်း ခံရသော မာရ်နတ်ကဲ့သို့ မဖြစ်စီခြင်းငှာ သင်းအုပ်သည် ယုံကြည်ခြင်း၌ ရင့်ကျက်သောသူ ဖြစ်ရမည်။
1TI 3:7 ကဲ့ရဲ့ပြစ်တင်ခြင်း မခံရစီခြင်းငှာ လည်းကောင်း၊ မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စီခြင်းငှာ လည်းကောင်း သင်းအုပ်သည် အသင်းတော်ပြင်ပလူတိ ရိုသီလေးစားခြင်းကို ခံရသောသူဖြစ်ရမည်။
1TI 3:8 သင်းထောက်လူကြီးရို့သည် စာရိတ္တကောင်းမွန်၍ ရိုးသားသောသူတိ ဖြစ်ရမည်။ သူရို့သည် သီရည်သောက်ကြူးသောသူ၊ ငွီကို တပ်မက်သောသူရို့ မဖြစ်စီရ။
1TI 3:9 သူရို့သည် ကြည်လင်သန့်ယှင်းသော အသိစိတ်ဖြင့် ယုံကြည်မှုဆိုင်ရာ နက်နဲသော သမ္မာတရားများကို လက်ခံထားသောသူတိ ဖြစ်ရမည်။
1TI 3:10 သူရို့ကို ဦးစွာ စစ်ဆေး၍ အပြစ်တင်ခွင့် မဟိမှသာလျှင် အမှုတော်ဆောင်ခွင့်ကို ပြုသင့်၏။
1TI 3:11 သူရို့မယားတိသည်လည်း စာရိတ္တကောင်းသူ၊ ဣန္ဒြေဟိသူ၊ အရာရာ၌ ရိုးသားသူတိ ဖြစ်ရမည်။ အခြင်းပြောသောသူတိ မဖြစ်စီရ။
1TI 3:12 သင်းထောက်လူကြီးသည် မယားတစ်ယောက်သာ ဟိရမည်။ သူသည် မိမိ၏ အိမ်သူအိမ်သားတိကို ကောင်းစွာ စီမံခန့်ခွဲနိုင်စွမ်းဟိသူ ဖြစ်ရမည်။
1TI 3:13 မိမိရို့၏ အလုပ်ကို ကောင်းစွာ ဆောင်ရွက်ကြသော သင်းထောက်လူကြီးတိသည် ဂုဏ်သိက္ခာဟိကြပြီးလျှင် ခရစ်တော်ယေသျှု၌ မိမိရို့၏ ယုံကြည်ခြင်း အကြောင်းကို ရဲရင့်စွာ ဟောပြောနိုင်စွမ်း ဟိသောသူများဖြစ်ရမည်။
1TI 3:14 ဤစာကို ရီးသားနိန်သောအချိန်၌ ငါသည် သင့်ပါးသို့ မကြာခင် လာတွိ့မည်ဟု မျှော်လင့်လျက်ဟိ၏။
1TI 3:15 သို့သော်လည်း ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာနိန်လျှင် အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်သော ဘုရားသခင်၏အိမ်ထောင်စု၌ မည်သို့ စီမံခန့်ခွဲသင့်သည်ကို သင်သည် ဤစာအားဖြင့် သိခွင့်ရလိမ့်မည်။ အသင်းတော်သည်ကား သမ္မာတရား၏ အုတ်မြစ်ဖြစ်သည့်အပြင် မဏ္ဍိုင်လည်း ဖြစ်၏။
1TI 3:16 ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဌာန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။
1TI 4:1 နောင်ကာလ၌ တချို့သောလူရို့သည် လိမ်လည်လှည့်ဖျားသော ဝိညာဉ်များနှင့် နတ်ဆိုးများ၏သွန်သင်မှုများ နောက်သို့ လိုက်ပါလျက် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်း မိန့်တော်မူ၏။
1TI 4:2 ဤသို့သော သွန်သင်မှုများကို သူတော်ကောင်းယောင်ဆောင်လျက်ဟိသော လူလိမ်တိအားဖြင့် ပြန့်နှံ့စီကြ၏၊ ထိုသူရို့သည်ကား သံပူခတ်ခြင်း ခံထားရသကဲ့သို့ ခွဲခြားသိမြင်တတ်သော အသိစိတ် ကင်းမဲ့လျက် ဟိကြ၏။
1TI 4:3 ထိုသို့သောသူရို့က အိမ်ထောင်ပြုခြင်းနှင့် အချို့သော အစားအစာများကို စားသုံးခြင်းသည် မှားယွင်းသည်ဟု သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် ဤအစာများကို စားသောက်ကြရန် ဘုရားသခင် ဖန်ဆင်းထားတော်မူ၏။
1TI 4:4 ဘုရားသခင် ဖန်ဆင်းထားသောအရာအားလုံးသည် ကောင်းမြတ်သည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ခံယူကြလျှင် ငြင်းပယ်စရာဟူ၍ တစ်ခုမျှ မဟိ။
1TI 4:5 အကြောင်းမူကား ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့် လည်းကောင်း ထိုအရာများသည် သန့်ယှင်းစင်ကြယ်လျက် ဟိသောကြောင့်ဖြစ်၏။
1TI 4:6 သင်သည် မိမိလိုက်နာသည့် ယုံကြည်ခြင်းတရားတော်နှင့် မှန်ကန်သည့် ဩဝါဒကို သင်ကိုယ်တိုင် စိတ်နှလုံးသွင်း၍ ကျင့်သုံးသကဲ့သို့ ဤညွှန်ကြားချက်များကို ယုံကြည်သူရို့အား ပီးအပ်မည်ဆိုပါက သင်သည် ခရစ်တော်ယေသျှု၏ အစီခံကောင်းတစ်ယောက် ဖြစ်လိမ့်မည်။
1TI 4:7 တန်ဖိုးမဟိ၊ ဘုရားမဲ့ တရားမဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီပြောဆိုခြင်းကို ယှောင်ကြဉ်လော့။ ဘုရားဝတ်၌ မွိ့လျော်တတ်ရန် မိမိကိုယ်ကို လေ့ကျင့်ပီးလော့။
1TI 4:8 ကာယနှင့်ဆိုင်သော လေ့ကျင့်မှုသည် အကျိုးကျေးဇူးအချို့ကို ပီးတတ်၏။ သို့ရာတွင် ဘုရားဝတ်၌ မွိ့လျော်ခြင်းငှာ လေ့ကျင့်မှုသည်ကား အဂုဘဝ၊ နောင်ဘဝအတွက် ကတိတော်ကို ရထားသည်ဖြစ်၍ အရာရာ၌ အကျိုးကျေးဇူးကို ပီးတတ်၏။
1TI 4:9 ဤစကားသည် မှန်သောစကားဖြစ်၍ အကြွင်းမဲ့ လက်ခံယုံကြည်ရမည့် စကားလည်း ဖြစ်၏။
1TI 4:10 ငါရို့သည် ကြိုးစားအားထုတ်၍ ရုန်းကန်ကြရ၏။ အကြောင်းမူကား လူသားအားလုံး၏ကယ်တင်သျှင်၊ အထူးသဖြင့် ယုံကြည်သောသူရို့၏ကယ်တင်သျှင် ဖြစ်တော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်၌ မျှော်လင့်ထားသောကြောင့် ဖြစ်၏။
1TI 4:11 ဤညွှန်ကြားချက်များနှင့် သြဝါဒများကို သူရို့အား သွန်သင်ပီးလော့။
1TI 4:12 သင်သည် အသက်ငယ်ရွယ်သူ ဖြစ်သော်လည်း မည်သူမျှ သင့်ကို အထင်မသေးစီကေ့။ သင်၏ ပြောဆိုခြင်းသည်လည်းကောင်း၊ အပြုအမူသည် လည်းကောင်း၊ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ ယုံကြည်ခြင်းသည် လည်းကောင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းသည် လည်းကောင်း၊ ယုံကြည်သူရို့အတွက် စံနမူနာ ဖြစ်စီလော့။
1TI 4:13 ငါ ရောက်လာသည့်တိုင်အောင် လူအပေါင်းရို့၏ရှိ့၌ ကျမ်းစာဖတ်ခြင်း၊ တရားဟောခြင်း၊ သွန်သင်ဆုံးမခြင်းများကို အားထုတ်၍ ဆောင်ရွက်လော့။
1TI 4:14 ပရောဖက်များ ဟောကြားသောအခါ၌ လည်းကောင်း၊ အသင်းတော်လူကြီးရို့က လက်ကိုတင်၍ ဆုတောင်းပီးသောအခါ၌ လည်းကောင်း၊ သင်ခံယူထားသော ဝိညာဉ်ဆုကျေးဇူးကို လျစ်လျူမရှုကေ့။
1TI 4:15 လူအပေါင်းရို့က သင်၏တိုးတက်မှုကို တွိ့မြင်ကြစီရန် မိမိကိုယ်ကို ထိုအရာများ၌ ဆက်ကပ်အပ်နှံ၍ ဤတာဝန်များကို လုံ့လစိုက်လော့။
1TI 4:16 မိမိကိုယ်ကိုလည်းကောင်း၊ မိမိ၏ဆုံးမဩဝါဒကိုလည်းကောင်း သတိပြုလော့။ ထိုသို့ပြုလျှင် သင်သည် မိမိကိုလည်းကောင်း၊ မိမိ၏တရားကို ကြားနာကြသော သူအပေါင်းရို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။
1TI 5:1 အသက်ကြီးသူ တစ်ယောက်ကို အပြစ်တင်ဆုံးမခြင်း မပြုကေ့၊ သင်၏ဖခင်ကဲ့သို့ တောင်းပန်ပြောဆိုလော့။ ငယ်ရွယ်သောသူရို့ကို သင်၏ညီတိကဲ့သို့ လည်းကောင်း၊
1TI 5:2 အသက်ကြီးသောမိန်းမတိကို သင်၏ မိခင်ကဲ့သို့ လည်းကောင်း၊ ငယ်ရွယ်သော မိန်းမတိကို သန့်ယှင်းစင်ကြယ်သောစိတ်နှင့် သင်၏ညီမချေရို့ ကဲ့သို့လည်းကောင်း ပြုမူပြောဆိုလော့။
1TI 5:3 သင်သည် ကူညီမည့်သူမဟိသော မုဆိုးမအမှန်ဖြစ်သူရို့ကို ကူညီမစကြလော့။
1TI 5:4 သို့ရာတွင် မုဆိုးမတစ်ယောက်၌ သားသမီး သို့မဟုတ် မြီးဟိလျှင် မိမိရို့၏ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားများကို မိမိရို့၏မိသားစု၌ ဆောင်ရွက်ပီးစီခြင်းငှာလည်းကောင်း၊ မိမိရို့ငယ်စဉ်က ပြုစုခသော မိဖနှင့် အဖိုး အဘောင်တိကို ကျေးဇူးဆပ်ခြင်းဆိုင်ရာများကိုလည်းကောင်း ထိုသူရို့အား ဦးစွာ သင်ပီးရမည်။ ဤကား ဘုရားသခင် နှစ်သက်တော်မူရာဖြစ်၏။
1TI 5:5 ပြုစုမည့်သူမဟိသဖြင့် လုံးချင်းတည်း နီထိုင်ရသော မုဆိုးမ တစ်ယောက်သည် ဘုရားသခင်၌ မျှော်လင့်လျက် နိ့ညမပြတ် ဆုတောင်းပတ္ထနာပြု၍ ကိုယ်တော်၏ကူညီမစခြင်းကို တောင်းခံလျက်ဟိ၏။
1TI 5:6 သို့ရာတွင် အပျော်အပါးတပ်မက်သော မုဆိုးမသည်ကား အသက်ရှင်လျက်ဟိသော်လည်း အသီဖြစ်၏။
1TI 5:7 မုဆိုးမတိ၌ အပြစ်တင်ခွင့် မဟိကြစီခြင်းငှာ ဤညွှန်ကြားချက်တိကို သူရို့အား ပီးလော့။
1TI 5:8 သို့ရာတွင် မိမိ၏ဆွီမျိုးသားချင်းများ၊ အထူးသဖြင့် မိမိ၏မိသားစုဝင်များကို မပြုစု၊ မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်သောသူ ဖြစ်၍ မယုံကြည်သောသူ တစ်ယောက်ထက်ပင် သာ၍ ဆိုးရွား၏။
1TI 5:9 ဇာပိုင် မုဆိုးမပင်ဖြစ်စီ အသက်ခြောက်ဆယ် မကျော်လျှင် မုဆိုးမ စာရင်းတွင် မသွင်းရ။ သူမသည် တစ်ကြိမ်တည်းသာ ထိမ်းမြားလက်ထပ်ဖူးသူ ဖြစ်ရမည်။
1TI 5:10 ထို့အပြင် ကောင်းသောအမှုကို ဆောင်ရွက်ခြင်းအားဖြင့် ကျော်ကြားသောသူတစ်ယောက် ဖြစ်ရမည်။ မိမိ၏သားသမီးများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခသောသူ၊ အာဂန္တုဝတ်ကို ကျေပွန်သောသူ၊ ယုံကြည်သူညီအစ်ကိုမောင်နှမ များ၌ နှိမ့်ချစွာ အစီခံပီးခဖူးသောသူ၊ ဒုက္ခရောက်သောသူတိကို ကူညီမစသောသူ၊ ကောင်းသောအမှုကို ပြုခြင်းငှာ မိမိကိုယ်ကို ဆက်ကပ်အပ်နှံထားသောသူ ဖြစ်ရမည်။
1TI 5:11 သို့ရာတွင် အသက်အရွယ်ငယ်သောသူရို့ကို မုဆိုးမစာရင်း မသွင်းကေ့။ အကြောင်းမူကား သူရို့သည် အိမ်ထောင်ပြုလိုသည့်ဆန္ဒ ပြင်းပြလာလျှင် ခရစ်တော်ကို ပစ်ပယ်တတ်ကြ၏။
1TI 5:12 သို့ဖြစ်၍ သူရို့သည် မိမိရို့ ပထမ ပီးထားသော ကတိသစ္စာကို ဖောက်ဖျက်သောကြောင့် အပြစ်စီရင်ခြင်းကို ခံရတတ်၏။
1TI 5:13 ထို့အပြင် သူရို့သည် အပျင်းထူလေ့ဟိကြပြီး တစ်အိမ်မှ တစ်အိမ်သို့ လားလာတတ်ကြ၏။ အပျင်းထူရုံမက မပြောအပ်သော စကားများကို ပြောဆိုလျက် သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်တတ်ကြ၏။
1TI 5:14 သို့ဖြစ်၍ ရန်သူတိသည် ငါရို့ကို အပြစ်ပြောခွင့် မဟိစီခြင်းငှာ အသက်အရွယ်ငယ်သော မုဆိုးမရို့သည် အိမ်ထောင်ပြု၍ သားသမီး မွီးဖွားကာ မိမိရို့၏အိမ်မှုကိစ္စများကို စောင့်ထိန်းနိန်ကြရန် ငါ လိုလား၏။
1TI 5:15 အကြောင်းမူကား အချို့သော မုဆိုးမရို့သည် လမ်းလွဲလျက် စာတန်နောက်သို့ လိုက်ပါနိန်ကြသောကြောင့်ဖြစ်၏။
1TI 5:16 သို့ရာတွင် ယုံကြည်သူမိန်းမတစ်ယောက်သည် မိမိ၏မိသားစု၌ မုဆိုးမတိ ဟိနိန်လျှင် အသင်းတော်၌ ဝန်ထုပ်ဝန်ပိုး မဖြစ်စီခြင်းငှာ ထိုမိန်းမသည် ၎င်းမုဆိုးမတိကို ပြုစုစောင့်ရှောက်ရမည်။ သို့မှသာလျှင် အသင်းတော်သည် အကူအညီအမှန်လိုအပ်သော မုဆိုးမတိကို ပြုစုစောင့်ရှောက်နိုင်လိမ့်မည်။
1TI 5:17 အသင်းတော်ကိစ္စများကို ကောင်းမွန်စွာ စီမံဆောင်ရွက်သော အသင်းတော်အကြီးအကဲရို့သည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်း၌ ကြိုးစား၍ လုပ်ဆောင်သောသူများသည် ယင်းသို့ ခံစားထိုက်ပေ၏။
1TI 5:18 အကြောင်းမူကား “တလင်းနယ်သော နွားကို နှာရုပ် မတပ်ရ။” “အလုပ်လုပ်သော သူရို့သည်လည်း မိမိရို့၏လုပ်ခကို ခံထိုက်၏” ဟူ၍ ကျမ်းစာက မိန့်မှာထား၏။
1TI 5:19 သက်သီခံ နှစ်ဦး သို့မဟုတ် သုံးဦးမဟိလျှင် အသင်းတော်အကြီးအကဲအား ပြစ်တင်စွပ်စွဲချက်ကို လက်မခံကေ့။
1TI 5:20 တခြားသောသူရို့ ကြောက်ရွံ့ခြင်းဟိကြစီရန် အပြစ်ကျူးလွန်သူအားလုံးကို လူအပေါင်းရို့ ရှိ့မှာ ဆုံးမကြလော့။
1TI 5:21 သင် ပြုသမျှ၌ ဇာသူ့ကိုမျှ ဘက်လိုက်ခြင်း၊ မျက်နှာသာပီးခြင်း မဟိဘဲ ဤညွှန်ကြားချက်တိကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ခရစ်တော်ယေသျှု ရှိ့တော်၌ လည်းကောင်း၊ သန့်ယှင်းသော ကောင်းကင်တမန်တိ ရှိ့၌ လည်းကောင်း၊ ငါသည် သင့်အား အလေးအနက် တိုက်တွန်းလိုက်၏။
1TI 5:22 သခင်ဘုရား၏အမှုတော်ဆောင်အဖြစ် လက်တင်ဆုတောင်းပီးခြင်းအမှု၌ အလျင်စလို မလုပ်ကေ့။ တခြားသူတိ အပြစ်မှာ ဝင်မပါကေ့။ မိမိကိုယ်ကို သန့်ယှင်းစင်ကြယ်ခြင်းဟိလော့။
1TI 5:23 သင်သည် မကြာခဏ မကျန်းမမာ ဖြစ်တတ်သည်ဖြစ်၍ ရီကိုချည်း မသောက်ဘဲ အစာကြီဖို့ရန်အတွက် စပျစ်ရည် အနည်းငယ်ကို သုံးဆောင်လော့။
1TI 5:24 တချို့သောသူရို့၏ ဒုစရိုက်အပြစ်များသည် သိသာထင်ရှားလျက် သူရို့ထက်ဦးစွာ အပြစ်စီရင်ခြင်းသို့ ရောက်တတ်ကြ၏။ တချို့သောသူရို့၏ ဒုစရိုက် အပြစ်များသည်ကား သူရို့၏ နောက်သို့ လိုက်ပါတတ်၏။
1TI 5:25 ထိုနည်းတူစွာ တချို့သော သုစရိုက်များသည် ထင်ရှားလျက်ဟိ၏။ မထင်ရှားသိမ့်သော အရာများကိုလည်း အစဉ်အမြဲ ဖုံးကွယ်၍ မထားနိုင်။
1TI 6:1 ကျွန်ဖြစ်သောသူရို့သည် မိမိရို့၏သခင်ကို ရိုသီလေးစားထိုက်သူတိ ဟူ၍ သိမှတ်ကြရမည်။ သို့မှသာလျှင် ငါရို့၏ဩဝါဒတရားကိုလည်းကောင်း ဘုရားသခင်၏နာမတော်ကိုလည်းကောင်း ကဲ့ရဲ့ပြောဆိုသောသူ ဟိကြမည် မဟုတ်ပေ။
1TI 6:2 သခင်ရို့သည် ယုံကြည်သူတိဖြစ်လျှင် ညီအစ်ကို မောင်နှမတိသာ ဖြစ်သည်ဟူ၍ မထီလေးစား မလုပ်ကတ်ကေ့။ မိမိရို့၏လုပ်ဆောင်ခြင်းမှ အကျိုးကျေးဇူး ခံစားကြရသောသူရို့သည် မိမိရို့ချစ်သော ယုံကြည်သူတိဖြစ်ကြသောကြောင့် ကောင်းသည်ထက်ကောင်းအောင် အစီခံအပ်၏။ သင်​သည် ဤ​အရာ​များ​ကို သွန်သင်​၍ တိုက်တွန်း​နှိုးဆော်​လော့။
1TI 6:3 ကွဲပြားသော ဩဝါဒကို သွန်သင်၍ ငါရို့အသျှင် ယေသျှုခရစ်တော်၏ညွှန်ကြားချက်နှင့် ဘုရားဝတ်၌ မွိ့လျော်ခြင်းဆိုင်ရာ သွန်သင်ချက်ကို ငြင်းပယ်သောသူသည်ကား၊
1TI 6:4 မာနနှင့် ယဇ်မူးကာ အသိဉာဏ်မဟိသောသူ ဖြစ်၏။ ထိုသူသည် စကားအားဖြင့် ငြင်းခုံ၍ ရန်တွိ့တတ်သော စိတ်မမှန်သောသူဖြစ်၏။ ထိုသို့အကျိုးကား မနာလိုခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်း၊ ဆဲဆိုခြင်း၊ ဆိုးရွားသောသံသယပွားခြင်း၊
1TI 6:5 စိတ်နှလုံး ယိုယွင်းပျက်စီး၍ သမ္မာတရားကင်းမဲ့ကာ ငြင်းခုံခြင်းသက်သက်ကိုသာ ဖြစ်ပွားစီတတ်၏။ သူရို့က ဘုရားတရားရိုသီခြင်းသည် ငွီရပေါက်နည်းလမ်းတစ်ခုဟု ထင်မှတ်ကြ၏။
1TI 6:6 သို့ရာတွင် ရောင့်ရဲသောစိတ်ဖြင့် ဘုရားဝတ်၌ မွိ့လျော်ခြင်းသည် ကြီးစွာသောအကျိုးကို ဖြစ်စီတတ်၏။
1TI 6:7 အကြောင်းမူကား ငါရို့သည် လောကထဲသို့ မည်သည့်အရာကိုမျှ ယူဆောင်၍ မလာကတ်၊ ထိုနည်းတူ လောကထဲမှ မည်သည့်အရာကိုမျှလည်း ယူဆောင်၍ မလားနိုင်။
1TI 6:8 သို့ဖြစ်၍ ငါရို့မှာ အဝတ် အစား ဟိလျှင်ပင် ထိုအရာများနှင့် ရောင့်ရဲသင့်ပေ၏။
1TI 6:9 သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။
1TI 6:10 ထို့ကြောင့် ငွီကို တတ်မက်ခြင်းသည် ဒုစရိုက်အမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ တချို့လူရို့သည် ငွီရလိုစိတ် အားကြီးမှုကြောင့် ယုံကြည်ခြင်းတရားမှ လွဲလျှော်၍ ပူပန်ခြင်းဝေဒနာများသည် ထိုသူရို့၏စိတ်နှလုံးကို ထုတ်ချင်းပေါက်အောင် ထိုးကြလေ၏။
1TI 6:11 သို့သော်လည်း ဘုရားသခင်၏လူဖြစ်သော သင်သည် ဤအရာအားလုံးကို ယှောင်ယှားလော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် ပြည့်စုံစီခြင်းငှာ ကြိုးစားအားထုတ်လော့။
1TI 6:12 ယုံကြည်ခြင်းနှင့်ဆိုင်သော အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ဗြီး၍ မိမိကိုယ်တိုင်အဖို့အလို့ငှာ ထာဝရအသက်တည်းဟူသော အောင်ဆုကို ရယူလော့။ အကြောင်းမူကား သင်သည် များစွာသောသက်သီရို့ရှိ့မှာ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသည့်အတိုင်း ဤထာဝရအသက်ကို ရမည်အကြောင်း သင့်ကို ဘုရားသခင် ခေါ်ထားတော်မူခြင်းဖြစ်၏။
1TI 6:13 အရာခပ်သိမ်းအား အသက်ကို ပီးတော်မူသော ဘုရားသခင် ရှိ့၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း ရှိ့၌ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသော ခရစ်တော်ယေသျှု ရှိ့၌ လည်းကောင်း ငါသည် သင့်အား မိန့်မှာလိုက်၏။
1TI 6:14 သင်သည် ငါရို့အသျှင် ယေသျှုခရစ်တော် ကြွလာသည့် နိ့ရက်တိုင်အောင် ဤမိန့်မှာချက်များကို လိုက်နာ၍ သစ္စာဟိစွာ စောင့်ထိန်းလော့။
1TI 6:15 မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ အရာခပ်သိမ်းကို အုပ်စိုးတော်မူထသော၊ ဘုရင်တကာရို့၏ဘုရင်၊ အသျှင်တကာရို့၏အသျှင်ဖြစ်တော်မူထသော ဘုရားသခင်သည် ကာလအချိန် ရောက်သောအခါ ကိုယ်တော့်ကို ထင်ရှားစွာ ပေါ်ထွန်းစီတော်မူလိမ့်မည်။
1TI 6:16 ကိုယ်တော်သည် ထာဝရတည်ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်မျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ စိုးစံတော်မူ၏။ ကိုယ်တော့်ကို မည်သူမျှ မမြင်ဖူးကြ၊ မည်သူမျှ မမြင်နိုင်ကြ။ ထာဝရတန်ခိုးတော်နှင့် ဂုဏ်အသရေတော်သည် ကိုယ်တော်၌ တည်လျက် ဟိတော်မူ၏။ အာမင်။
1TI 6:17 ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။
1TI 6:18 ကောင်းသောအမှုကို ပြု၍ ကောင်းသောအကျင့်များနှင့် ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ စွန့်ကြဲလိုသော စေတနာစိတ် ဟိကြစီခြင်းငှာလည်းကောင်း သင့်အား ငါ မိန့်မှာလိုက်၏။
1TI 6:19 ဤနည်းအားဖြင့် သူရို့သည် အနာဂါတ်အတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ်တည်းဟူသော ဘဏ္ဍာကို မိမိရို့အဖို့ စုဆောင်းထားနိုင်ကြလိမ့်မည်။ ထို့အပြင် သူရို့သည် စစ်မှန်သော အသက်ကိုလည်း ရနိုင်ကြလိမ့်မည်။
1TI 6:20 တိမောသေ၊ သင့်အား ပီးအပ်ထားသော အရာများကို စောင့်ထိန်းလော့။ ဘုရားတရားမဲ့ အကျိုးမဟိသောစကား ပြောဆိုခြင်းကိုလည်းကောင်း၊ အသိပညာဟု မှားယွင်းစွာ ခေါ်ဆိုကြသည့် ဆန့်ကျင်ဖက် အတွေးအခေါ် အယူအဆများကိုလည်းကောင်း ယှောင်ယှားလော့။
1TI 6:21 အကြောင်းမူကား လူတချို့သည် အသိပညာနောက်သို့ လိုက်ပါ၍ ယုံကြည်ခြင်းလမ်းမှ လွဲလားကြ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည် သင်ရို့အားလုံး၌ ဟိပါစီသောဝ်။
2TI 1:1 ခရစ်တော်ယေသျှု၌ တည်သော အသက်တာနှင့်ပတ်သက်၍ ကတိတော်ဟိသည့်အတိုင်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေသျှု၏ တမန်တော်ဖြစ်သော ငါ ပေါလုပါးမှ —
2TI 1:2 ငါ၏ချစ်သား တိမောသေပါးသို့ စာရီးလိုက်ပါ၏၊
2TI 1:3 ငါ၏အဖိုး အဖီးရို့ ပြုခသည့်နည်းတူ ငါသည် စင်ကြယ်သောစိတ်နှင့် အမှုတော်မြတ်ကို ဆောင်ရွက်လျက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ငါသည် နိ့ညမပြတ် ဆုတောင်းရာ၌ သင့်ကို အမြဲတမ်း အောက်မိ့သတိရလျက် ကိုယ်တော့်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။
2TI 1:4 သင်၏မျက်ရည်ကို အောက်မိ့သတိရလျက်ဟိသော ငါအား ဝမ်းမြောက်ရွှင်လန်း စီခြင်းငှာ သင့်ကို အလွန် တွိ့ချင်ပါ၏
2TI 1:5 သင်၏အဘောင်မ လောဣနှင့် သင်၏အမိ ဥနိတ်ရို့၌ဟိသော ယုံကြည်ခြင်းကဲ့သို့ သင်၌ဟိသော အပြစ်ကင်းသည့် ယုံကြည်ခြင်းကို ငါသည် သတိရအောက်မိ့လျက်ဟိပါ၏။ သင်၌လည်း ထိုယုံကြည်ခြင်းဟိသည်ကို ငါစိတ်ချပါ၏။
2TI 1:6 သို့ဖြစ်၍ ငါသည် သင်၌ လက်တင်ဆုတောင်းပီးသောအခါ သင့်အား ဘုရားသခင်ပီးသော ဆုကျေးဇူးကို ဆက်လက် ရှင်သန်စီခြင်းငှာ သင့်အား သတိပီးလိုက်ခြင်းဖြစ်၏။
2TI 1:7 အကြောင်းမူကား ဘုရားသခင် ပီးတော်မူသော ဝိညာဉ်တော်သည် ငါရို့အား ကြောက်တတ်သောစိတ်ကို ဖြစ်စီတော်မမူ။ ကိုယ်တော်၏ဝိညာဉ်တော်သည် တန်ခိုးနှင့် လည်းကောင်း၊ ချစ်ခြင်းမေတ္တာနှင့် လည်းကောင်း၊ မိမိကိုယ်ကို မိမိချုပ်တည်းနိုင်စီရန် လည်းကောင်း ငါရို့ကို ပြည့်စုံစီတော်မူ၏။
2TI 1:8 ထို့ကြောင့် ငါရို့၏သခင်ဘုရားအကြောင်း သက်သီခံခြင်းကို ရှက်ကြောက်ခြင်း မဟိကေ့။ ကိုယ်တော်၏အကျိုးအလို့ငှာ ထောင်ကျခံရသော်လည်း ငါသည် မရှက်။ ဘုရားသခင်၏တန်ခိုးကို ရထားသည်ဖြစ်၍ သတင်းကောင်းတရားအတွက် ငါနှင့်အတူ ဆင်းရဲဒုက္ခ ခံလော့။
2TI 1:9 ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။
2TI 1:10 သို့သော်လည်း ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှု ကြွလာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်ကို ငါရို့အား အဂုအချိန်၌ ဖော်ပြတော်မူပြီ။ ကိုယ်တော်သည် သီခြင်းတရားကို အဆုံးသတ်လိုက်ပြီးနောက် သီခြင်းတရားကင်းသော အသက်တာကို သတင်းကောင်းတရားအားဖြင့် ဖော်ပြတော်မူပြီ။
2TI 1:11 ဘုရားသခင်သည် သတင်းကောင်းတရားကို ဟောပြောရန် တမန်တော်တစ်ယောက်အဖြစ် လည်းကောင်း၊ ဆရာတစ်ယောက်အဖြစ်လည်းကောင်း၊ ငါ့အား ခန့်ထားတော်မူ၏။
2TI 1:12 သို့ဖြစ်၍ ထိုအမှုကို ပြုသောကြောင့် ငါသည် ဤဒုက္ခများကို ခံစားနိန်ရ၏။ သို့သော်လည်း ငါယုံကြည်ကိုးစားသော အသျှင်ကို ငါသိသောကြောင့် ငါ၌ ယုံကြည်မှု အပြည့်ဟိ၏။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အပ်နှံသည့် နိ့ရက်တိုင်အောင် လုံခြုံစွာ ကွယ်ကာထားနိုင်စွမ်းဟိသည်ကို ငါသည် လုံးဝ ယုံကြည်စိတ်ချလျက်ဟိ၏။
2TI 1:13 ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရို့ဖြင့် ငါ့ပါးက ကြားရသမျှသော စစ်မှန်သည့် ဩဝါဒကို စံနမူနာအဖြစ် ဆုပ်ကိုင်ထားလော့။
2TI 1:14 ငါရို့အထဲမှာ ဟိသော သန့်ယှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် သင့်အား ပီးအပ်ထားသည့် ကောင်းမြတ်သောအရာတိကို ထိန်းသိမ်းစောင့်ရှောက်လော့။
2TI 1:15 သင်သိသည့်အတိုင်း ဖုဂေလုနှင့် ဟေရမောဂင်ရို့ အပါအဝင် အာယှိနယ်၌ ဟိသောလူတိသည် ငါ့အား စွန့်ခွါလားကြလေပြီ။
2TI 1:16 ဘုရားသခင်၏ကရုဏာတော်သည် ဩနေသိဖော်၏မိသားစု၌ သက်ရောက်ပါစီသောဝ်။ အကြောင်းမူကား သူသည် ငါ့အား ကြိမ်ဖန်များစွာ စိတ်သက်သာရစီ၏။ ငါသည် အကျဉ်းကျခံနိန်ရသော်လည်း သူသည် မရှက်မကြောက်ဘဲ၊
2TI 1:17 ရောမမြို့သို့ ရောက်လျင်ရောက်ချင်း ငါ့ကို မတွိ့မချင်း လိုက်ရှာ၏။
2TI 1:18 ထိုနိ့ရက်၌ သခင်ဘုရား၏ကရုဏာတော်ကို ခံစားရပါစီသောဝ်။ ထို့နောက် သူသည် ဧဖက်မြို့၌ ငါ့ကို နည်းမျိုးစုံဖြင့် အလုပ်အကျွေးပြုခသည်ကို သင်သည် ကောင်းစွာသိ၏။
2TI 2:1 ငါ့သား သင်သည် ခရစ်တော်ယေသျှု၌ ဟိသော ကျေးဇူးတော်ဖြင့် ခိုင်ခံ့စွာ ရပ်တည်လော့။
2TI 2:2 ထို့ပြင် များစွာသော အသိသက်သီတိရှိ့မှာ ငါ ပြောကြားခသော ဩဝါဒများကို မှတ်သားပြီးလျှင် သစ္စာနှင့်ပြည့်စုံ၍ အခြားသူတိကို သင်ပြနိုင်သောသူရို့အား ပီးအပ်လော့။
2TI 2:3 ယေသျှုခရစ်၏ သစ္စာဟိသော စစ်သူရဲကောင်းတစ်ယောက် အဖြစ်ဖြင့် ဆင်းရဲဒုက္ခထဲ၌ ငါနှင့်အတူ ကြံ့ကြံ့ခံလော့။
2TI 2:4 စစ်သားတစ်ယောက်သည် အရပ်သားကိစ္စများ၌ ဝင်မပါဘဲ၊ မိမိတပ်မှူး၏စိတ်ကို ကြေနပ်စီခြင်းငှာသာ ကြိုးစားလုပ်ဆောင်တတ်၏။
2TI 2:5 ထို့အတူ ပြိုင်ပွဲဝင် အားကစားသမားတစ်ယောက်သည် ပြိုင်ပွဲစည်းကမ်းချက်များကို မလိုက်နာလျှင် အောင်မြင်ခြင်းဆုသရဖူကို မရနိုင်။
2TI 2:6 ကြိုးစား၍ လုပ်ဆောင်သော လယ်သမားသည် အဦးဆုံး သီးနှံဝေစုကို ခံယူအပ်၏။
2TI 2:7 ငါပြောသမျှသော အကြောင်းအရာများကို စဉ်းစား ဆင်ခြင်လော့။ အကြောင်းမူကား သခင်ဘုရားသည် ထိုအရာအားလုံး၌ နားလည်နိုင်သောဉာဏ်ပညာကို သင့်အား ပီးတော်မူလိမ့်မည်။
2TI 2:8 ဒါဝိဒ်အမျိုးမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သည့် သီခြင်းမှ ထမြောက်လာသော ယေသျှုခရစ်တော်ကို အောက်မိ့လော့။ ဤကား ငါ၏ သတင်းကောင်းတရားဖြစ်၏။
2TI 2:9 ငါသည် သတင်းကောင်းတရားတော်ကို ဟောပြောသောကြောင့် ရာဇဝတ်သား တစ်ယောက်ကဲ့သို့ သံကြိုးနှင့် ချိုင်နှောင်ခြင်းကို ခံရသည်ထိ ဒုက္ခခံရ၏။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ကား ချိုင်နှောင်ခြင်းကို မခံရ။
2TI 2:10 ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။
2TI 2:11 မှန်သောစကားဟူမူကား၊ “ငါရို့သည် ကိုယ်တော်နှင့်အတူ သီလျှင် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
2TI 2:12 ငါရို့သည် သည်းခံကြလျှင် ကိုယ်တော်နှင့်အတူ အုပ်စိုးကြလိမ့်မည်။ ငါရို့သည် ကိုယ်တော့်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ငါရို့ကို ငြင်းပယ်လိမ့်မည်။
2TI 2:13 ငါရို့သည် မယုံကြည်သော်လည်း ကိုယ်တော်သည် သစ္စာဟိတော်မူ၏၊ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို ငြင်းပယ်တော်မမူ။”
2TI 2:14 ဤအကြောင်းအရာများကို ဘုရားသခင်၏လူတိအား သိကြားစီလော့။ ထို့နောက် ဘုရားသခင်ရှိ့မှောက်၌ စကားအားဖြင့် မငြင်းခုံကြရန် သူရို့အား လေးနက်စွာ သတိပီးလော့။ ထိုသို့ပြုမှုခြင်းသည် ကောင်းကျိုးမဟိသည့်အပြင် နားထောင်သောသူရို့ကိုလည်း ပျက်စီးတတ်လေ၏။
2TI 2:15 သင်မူကား ရှက်ကြောက်စရာမဟိဘဲ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို မှန်ကန်စွာ သွန်သင်တတ်သောသူ၊ ဘုရားသခင်နှစ်သက်တော်မူသောသူ တစ်ယောက်အဖြစ်ဖြင့် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းငှာ အစွမ်းကုန် ကြိုးစား အားထုတ်လော့။
2TI 2:16 မထီမဲ့မြင်ပြုလျက် အကျိုးမဟိသော ဆွေးနွေးပြောဆိုခြင်းကို ယှောင်ယှားလော့၊ ထိုသို့ ပြောဆိုခြင်းများသည် လူတိကို ဘုရားသခင်နှင့် သာ၍ ဝီးကွာစီတတ်၏။
2TI 2:17 သူရို့၏သွန်သင်ချက်သည် အသားကို ပုပ်ပျက်ဆွီးမြေ့တတ်သော မြစ်ပွားနာနှင့် တူ၏။ ဟုမေနဲနှင့် ဖိလက် သည် ဤကဲ့သို့ သွန်သင်တတ်ကြသော သူနှစ်ယောက်ဖြစ်ကြ၏။
2TI 2:18 သူရို့သည် သမ္မာတရားမှ လမ်းလွဲလျက် သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ကြလေပြီဟု ဆိုကာ တချို့သောယုံကြည်သူရို့၏ ယုံကြည်ခြင်းကို ဖျက်ဆီးနိန်ကြ၏။
2TI 2:19 သို့သော်လည်း ဘုရားသခင် တည်ဆောက်ထားသော အုတ်မြစ်သည် ခိုင်ခန့်စွာ ရပ်တည်လျက်ဟိ၏။ ထိုအုတ်မြစ်ထက်တွင် “သခင်ဘုရားသည် မိမိ၏ လူတိကို သိတော်မူ၏” ဟူ၍ လည်းကောင်း၊ “ဘုရားသခင်၏နာမတော်ကို ဝန်ခံသောသူတိုင်းသည် မတရားသောအမှုကို ယှောင်ရမည်” ဟူ၍လည်းကောင်း ကမ္ပည်းစာ ရီးထား၏။
2TI 2:20 အိမ်ကြီးတစ်ဆောင်၌ ရွှီ၊ ငွီဖြင့် ပြုလုပ်ထားသော ပစ္စည်းများသာ ဟိသည် မဟုတ်၊ သစ်သားဖြင့်လည်းကောင်း၊ မြီကြီးဖြင့်လည်းကောင်း ပြုလုပ်ထားသော ပစ္စည်းများလည်း ဟိကြ၏။ တချို့မှာ အထူးရည်ရွယ်ချက်အတွက် ဖြစ်၏။ တချို့မှာ သာမန်အတွက် ဖြစ်ကြ၏။
2TI 2:21 မိမိကိုယ်ကို သန့်ယှင်းစင်ကြယ်လျက် မိမိသခင်အဖို့ ကောင်းသောအမှု၌ အသုံးတော်ခံခြင်းငှာ ဆက်ကပ်ထားသောသူရို့သည် အထူးရည်ရွယ်ချက်အတွက် လုပ်ထားသောပစ္စည်းများ ဖြစ်ကြလိမ့်မည်။
2TI 2:22 လူပျိုရို့၏ ကိလေသာတပ်မက်ခြင်း ကို ယှောင်ကြဉ်လော့။ စင်ကြယ်သောစိတ်နှင့် သခင်ဘုရား၌ ဆုတောင်း ပတ္ထနာပြုသောသူများနှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာဟိခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း ဟိစီခြင်းငှာ ကြိုးစားအားထုတ်လော့။
2TI 2:23 သို့ရာတွင် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့သော အငြင်းပွားမှုတိကို ယှောင်ယှားလော့။ အကြောင်းမူကား ထိုအရာများသည် ခိုက်ရန်ဖြစ်ပွားခြင်းကို ဖြစ်စီတတ်သည်ကို သင်သိပေ၏။
2TI 2:24 ထို့အပြင် သခင်ဘုရား၏ အစီခံဟူသည် ရန်မဖြစ်ရ။ လူတိုင်းကို သနားကြင်နာတတ်ပြီး စိတ်ရှည်၍ သွန်သင်ဆုံးမနိုင်စွမ်းဟိရမည်။
2TI 2:25 ဆန့်ကျင်ဖက်ပြုသော သူရို့သည် နောင်တရပြီး သမ္မာတရားကို သိလာရန် ဘုရားသခင် အခွင့်ပီးတော်မူလိမ့်မည်ဟု မျှော်လင့်လျက် သူရို့ကို နူးညံ့သိမ်မွိ့စွာ သွန်သင်တတ်သူ ဖြစ်ရမည်။
2TI 2:26 ထိုအခါ မာရ်နတ်သည် မိမိ၏အလိုအတိုင်းပြုမူရန် သူရို့အား ဖမ်းဆီးထားသော်လည်း သူရို့သည် ထိုထောင်ချောက်မှ လွတ်မြောက်ပြီး အမြင်မှန် ရလာကြလိမ့်မည်။
2TI 3:1 နောက်ဆုံးသော နိ့ရက်များသည် ခဲယဉ်းသော ကာလများဖြစ်လာမည် ကို သိမှတ်လော့။
2TI 3:2 တစ်ကိုယ်ကောင်းဆန်သူ၊ ငွီကို တပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ ကျိန်ဆဲတတ်သောသူ၊ မိဖ၏စကားကို နားမထောင်သောသူ၊ ကျေးဇူးမသိတတ်သောသူ၊ မသန့်ယှင်းသောသူ၊
2TI 3:3 မေတ္တာတရားကင်းမဲ့သောသူ၊ ခွင့်မလွှတ်တတ်သောသူ၊ အခြင်းပြောတတ်သောသူ၊ ကိုယ့်​ဣ​န္ဒြေ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ အကြမ်းဖက်သောသူ၊ ကောင်းမြတ်သည့်အရာကို မုန်းသောသူ၊
2TI 3:4 သစ္စာဖောက်သောသူ၊ ဆင်ခြင်တုံတရားကင်းမဲ့သောသူ၊ မိမိကိုယ်ကို အထင်ကြီးသောသူများနှင့် ဘုရားဝတ်၌ မွိ့ပျော်ခြင်းထက် လောကီပျော်မွိ့ခြင်းကို သာ၍ နှစ်သက်သောသူတိ ပေါ်လာကြလိမ့်မည်။
2TI 3:5 ထိုသူရို့သည် ဘုရားဝတ်၌ မွိ့လျော်ယောင် ဆောင်ကြသော်လည်း ဘုရားသျှင်၏တန်ခိုးတော်ကို ငြင်းပယ်ကြ၏။ ထိုကဲ့သို့သော သူတိကို ယှောင်ယှားလော့။
2TI 3:6 ထိုသူရို့သည် အိမ်များထဲသို့ ဝင်ရောက်ကာ၊ ဒု​စ​ရိုက်​အပြစ်​ဝန်​ကို ထမ်း​၍ အမျိုးမျိုးသော လောကီတပ်မက်မှုနောက်သို့ လိုက်ပါလျက်၊ ယုံလွယ်သော မိန်းမရို့ကို သိမ်းသွင်းကြ၏။
2TI 3:7 ထိုမိန်းမရို့သည် အစဉ်မလတ် သင်ယူကြသော်လည်း သမ္မာတရားကို သိကျွမ်းခြင်းသို့ မရောက်နိုင်ကြပေ။
2TI 3:8 ယန္နေနှင့် ယံဗြေရို့သည် မောသျှေကို ဆန့်ကျင်ခကြသည့်နည်းတူ ဤသူရို့သည်လည်း သမ္မာတရားကို ဆန့်ကျင်လျက်ဟိကြ၏။ သူရို့၏စိတ်နှလုံးသည် ပျက်စီးယိုယွင်းလျက် ဟိသောကြောင့် ယုံကြည်ခြင်းတရားကို ငြင်းပယ်ကြ၏။
2TI 3:9 သို့သော်လည်း သူရို့သည် ကြာရှည်စွာ ရပ်တည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ အကြောင်းမူကား သူရို့၏မိုက်မဲခြင်းများကို လူတိုင်း မြင်လာကြလိမ့်မည်။
2TI 3:10 သို့သော်လည်း သင်သည် ငါ၏ဩဝါဒတရား၊ ငါ၏အပြုအမူ၊ ငါ၏ရည်ရွယ်ချက်ကို သိနားလည်ပြီးဖြစ်၏။ သင်သည် ငါ၏ယုံကြည်ချက်၊ ငါ၏စိတ်ရှည်ခြင်း၊ ငါ၏မေတ္တာတရား၊ ငါ၏သည်းခံခြင်း၊
2TI 3:11 ငါခံခရသည့် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများကို လေ့လာသိမှတ်ထားပြီးဖြစ်ပေ၏။ အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တိရမြို့များတွင် ငါ၌ ဖြစ်ခသမျှအားလုံးကို သင်သိပေ၏။ ထို့အပြင် လုတ္တရမြို့၌ ငါ ကြံ့ကြံ့ခံခသည့် ကြောက်မက်ဖွယ်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း သင်သိပေ၏။ ဤသို့ ခံခရသော်လည်း သခင်ဘုရားသည် ထိုဒုက္ခအားလုံးမှ ငါ့ကို ကယ်နှုတ်တော်မူခ၏။
2TI 3:12 အမှန်စင်စစ် ခရစ်တော်ယေသျှု၌ တည်လျက် ဘုရားဝတ်၌ မွိ့လျော်ခြင်းအသက်တာကို လိုလားတောင့်တသော သူတိုင်းသည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။
2TI 3:13 ဆိုးယုတ်သောသူနှင့် အယောင်ဆောင်လှည့်စားတတ်သော သူရို့သည် ဆိုးသည်ထက် ဆိုးလာကြလိမ့်မည်၊ သူရို့သည် သူတစ်ပါးကို လှည့်စားကြသည့်အပြင် မိမိကိုယ်တိုင်လည်း လှည့်စားခြင်းကို ခံရကြလိမ့်မည်။
2TI 3:14 သို့ရာတွင် သင်သည်ကား မိမိ သင်ယူထားသော သမ္မာတရား၌ မြဲမြံ၍ ခိုင်မာသော ယုံကြည်ခြင်း ဟိလော့။ အကြောင်းမူကား သင်သည် ဇာသူ့ပါးက သင်ယူခသည်ကို သင် သိ၏၊
2TI 3:15 ထို့အပြင် သင်သည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့်ဆိုင်သော အသိဉာဏ်ကို ပီးနိုင်သည့် သန့်ယှင်းသော ကျမ်းစာတော်မြတ်ကို ငယ်ရွယ်စဉ်ကတည်းကပင် သိထားပြီးဖြစ်သည်ကို သိမှတ်လော့။
2TI 3:16 ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍ ထိုကျမ်းစာတော်မြတ်သည် သမ္မာတရားကို သွန်သင်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ဆုံးမခြင်း၊ အမှားကို ပြုပျင်ခြင်း၊ မှန်သောအသက်လမ်းကို ညွှန်ပြပီးခြင်း၌ အသုံးဝင်တော်မူ၏။
2TI 3:17 ထို့ကြောင့် ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏အစီခံတစ်ယောက်၌ ကောင်းသောအမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် အရည်အချင်းများနှင့် ပြည့်ဝ စီတော်မူ၏။
2TI 4:1 ကိုယ်​တော်သည် ပေါ်​ထွန်း၍ နိုင်ငံတော်​ထင်​ရှား​သော​ကာ​လ၊ သီလွန်သောသူနှင့် အသက်ရှင်သောသူရို့ကို တရားစီရင်မည့် ခရစ်တော်ယေသျှု၏ ရှိ့တော်၌ လည်းကောင်း၊ ဘုရားသခင်၏ ရှိ့တော်၌ လည်းကောင်း သင့်အား အလေးအနက် တိုက်တွန်းလိုက်သည်မှာ၊
2TI 4:2 အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။
2TI 4:3 လူရို့သည် မှန်ကန်သည့် ဩဝါဒတရားများကို နားမထောင်ဘဲ၊ မိမိရို့၏အလိုဆန္ဒနှင့်အညီ၊ မိမိရို့နားထောင်လိုသော စကားများကို ပြောကြားပီးမည့် ဆရာသမားရို့ကို လိုက်ရှာမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။
2TI 4:4 သူရို့သည် သမ္မာတရားကို ကြားနာခြင်းငှာ ငြင်းပယ်၍ ဒဏ္ဍာရီစကားများကိုသာ အာရုံစိုက် နားထောင်ကြလိမ့်မည်။
2TI 4:5 သို့ရာတွင် သင်သည် အရာရာ၌ သမ္မာသတိဟိလော့။ ဆင်းရဲဒုက္ခ၌ သည်းခံလော့။ သတင်းကောင်းတရား ဟောပြောခြင်း အမှုကို ဆောင်ရွက်လော့။ ဘုရားသခင်၏ အစီခံတစ်ယောက်အဖြစ်ဖြင့် မိမိ၏တာဝန်အားလုံးကို ဆောင်ရွက်လော့။
2TI 4:6 ငါအတွက်မူကား၊ မိမိအသက်ကို ပူဇော်ဆက်ကပ်ရမည့် အချိန်တည်းဟူသော ဤဘဝမှ စွန့်ခွာရမည့် အချိန်သည် ရောက်လာလေပြီ။
2TI 4:7 ငါသည် အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ကြိုးစားပြီး အဆုံးတိုင်အောင် ဗြီးခပြီးယာ၊ ငါသည် ယုံကြည်ခြင်းတရားကို စောင့်ထိန်းခယာ။
2TI 4:8 သို့ဖြစ်၍ အဂုအချိန်၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားနှင့် စပ်ဆိုင်သော ဆုသရဖူသည် ငါအတွက် အဆင်သင့် ဟိနိန်၏။ ဖြောင့်မတ်သော တရားသူကြီးဖြစ်တော်မူသော သခင်ဘုရားသည် ထိုဆုသရဖူကို ထိုနိ့၌ ငါ့အား ပီးတော်မူလိမ့်မည်။ ငါ့ကိုသာမက ကိုယ်တော်ကြွလာခြင်းကို လိုလားတောင့်တနိန်သူအားလုံးကိုလည်း ပီးအပ်တော်မူလိမ့်မည်။
2TI 4:9 သင်သည် ငါ့ပါးသို့ အလျှင်အမြန် ရောက်လာရန် အစွမ်းကုန် ကြိုးစားလော့။
2TI 4:10 ဒေမသည် လောကကို ချစ်သောကြောင့် ငါ့ကို စွန့်ခွါ၍ သက်သာလောနိတ်မြို့သို့ ထွက်ခွာလားခယာ။ ကရက္ကေသည် ဂလာတိပြည်သို့ လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့ လည်းကောင်း ထွက်လားခကတ်ယာ။
2TI 4:11 လုကာ လုံးချင်းတည်းသာ ငါနှင့် အတူဟိ၏၊ မာကုကို ရှာပြီး သင်နှင့်အတူ ခေါ်လာခ။ အကြောင်းမူကား သူသည် ငါ၏ အမှုတော်မြတ်၌ ကူညီနိုင်သူ ဖြစ်၏။
2TI 4:12 ငါသည် တုခိတ်ကို ဧဖက်မြို့သို့ ပို့လိုက်ပြီ။
2TI 4:13 သင်လာသောအခါ တရောမြို့၌ ကာပုပါးတွင် ထားခသော ငါ၏ဝတ်ရုံကို ယူလာခ။ စာအုပ်တိကိုပါ ယူလာခ၊ အထူးသဖြင့် သားရီ စာစောင်တိကို ယူလာခပါ။
2TI 4:14 ကြီးထည်သွန်းလုပ်သူ အာလေစန္ဒြုသည် ငါ့ကို အလွန် ဒုက္ခပီးခ၏။ သူလုပ်ခသည့်အတိုင်း သခင်ဘုရားသည် သူအား ပြန်၍ ပီးဆပ်လိမ့်မည်။
2TI 4:15 သင်ကိုယ်တိုင် သူ့ကို သတိပြုလော့၊ အကြောင်းမူကား သူသည် ငါရို့၏တရားတော်ကို ပြင်းထန်စွာ ဆန့်ကျင်သောသူ ဖြစ်၏။
2TI 4:16 ပထမအကြိမ် ငါ့အမှုအတွက် ငါ ကိုယ်တိုင် ချေပပြောဆိုရာ၌ ငါ့ဖက်က ရပ်တည်သူ တစ်ယောက်လေ့ မဟိခ။ လူတိအားလုံး ငါ့ကို စွန့်ခွါလားကတ်ယာ။ ဘုရားသခင်သည် သူရို့အား ထိုအမှုကို မှတ်တော်မမူပါစီကေ့။
2TI 4:17 သို့သော်လည်း တခြားလူမျိုးတိ အားလုံး သတင်းကောင်းတရားကို ကြားနာခြင်းအတွက် ထိုတရားကို အကုန်အစင်ဟောပြော စီခြင်းငှာ သခင်ဘုရားသည် ငါ့ဖက်၌ ဟိတော်မူ၍ ငါ့အား အစွမ်းသတ္တိကို ပီးတော်မူ၏။ ထိုမျှမက သီမင်း၏ခံတွင်းထဲက ငါ့ကို ကယ်တင်တော်မူ၏။
2TI 4:18 တဖန် သခင်ဘုရားသည် ဘေးအန္တရယ်အပေါင်းမှ ငါ့ကို ရွီးနှုတ်ပြီး မိမိ၏ ကောင်းကင်နိုင်ငံတော်ထဲသို့ ဖီးကင်းစွာ ပို့ဆောင်တော်မူလိမ့်မည်။ ဘုန်းတန်ခိုးတော်သည် ကိုယ်တော်၌ ထာဝရတည်ပါစီသောဝ်။ အာမင်။
2TI 4:19 ပြစ်ကိလ၊ အာကုလ နှင့်တကွ ဩနေသိဖော်၏ အိမ်သူအိမ်သားရို့ကိုလည်း ငါ နှုတ်ဆက်လိုက်ပါ၏။
2TI 4:20 ဧရက္ကုသည် ကောရိန္သုမြို့၌ ကျန်ခ၏၊ တရောဖိမ်သည် ဖျားနိန်သောကြောင့် သူ့ကို မိလက်မြို့၌ ထားခ၏။
2TI 4:21 သင်သည် ဆောင်းရာသီ မတိုင်ခင် အတတ်နိုင်ဆုံး ကြိုးစား၍ အရောက်လာလော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိ နှင့်တကွ အခြားသော ညီအစ်ကို မောင်နှမအားလုံးကလည်း သင့်ကို နှုတ်ဆက်လိုက်ကြ၏။
2TI 4:22 သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူ တည်ပါစီသောဝ်။ ဘုရားသခင်၏ကျေးဇူးတော်သည် သင်ရို့အားလုံး၌ တည်ပါစီသောဝ်။
TIT 1:1 ယေသျှုခရစ်၏ တမန်တော်တစ်ယောက် ဖြစ်သည့်အပြင် ဘုရားသခင်၏ အစီခံတစ်ယောက်ဖြစ်သော ငါ ပေါလုပါးမှ စာရီးလိုက်ပါ၏။
TIT 1:2 ထိုဘုရားဝတ်၌ မွိ့ပျော်ခြင်းသည်ကား ထာဝရအသက်ကို မျှော်လင့်ခြင်း၌ တည်၏။ မုသာနှင့် ကင်းစင်တော်မူသော ဘုရားသခင်သည် ရှိ့ကာလမတိုင်ခင်ကပင် ထိုထာဝရအသက်ကို ငါရို့အား ကတိ ပီးထားတော်မူခ၏။
TIT 1:3 ထို့နောက် သတ်မှတ်ထားသော အချိန်ရောက်လာသောအခါ ကိုယ်တော်၏ နှုတ်ကပတ်တရား၌ ထိုထာဝရအသက်ကို ဖော်ပြတော်မူ၏။ ဤအမှုကို လုပ်ဆောင်ရန် ငါ့အား ပီးအပ်ထားသည်ဖြစ်၍ ငါ့ရို့၏ ကယ်တင်သျှင် ဘုရားသခင်၏အမိန့်တော်အားဖြင့် ထိုနှုတ်ကပတ်တရားကို ငါ ဟောပြောခြင်းဖြစ်၏။
TIT 1:4 ငါရို့နှင့်အတူ ယုံကြည်ခြင်း၌ တည်နိန်ခြင်းအားဖြင့် စစ်မှန်သောငါ၏သားဖြစ်သူ တိတုပါးသို့ ငါ စာရီးလိုက်ပါ၏။
TIT 1:5 ငါသည် ကရေတေကျွန်း၌ သင့်ကို ထားခသည်မှာ လိုအပ်လျက်ဟိသည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်​အကြီးအကဲ​ရို့ကို ခန့်ထားရန် ဖြစ်၏။
TIT 1:6 အသင်းတော်​အကြီးအကဲ တစ်ယောက်သည် အပြစ်ကင်းစင်သောသူ၊ မယားတစ်ယောက်တည်း ဟိသောသူ ဖြစ်ရမည်။ သူ၏သားသမီးရို့သည်လည်း ယုံကြည်သူတိ ဖြစ်ရမည့်အပြင် ရိုင်းစိုင်းသောသူများ၊ နာခံမှုမဟိသောသူများ မဖြစ်စီရ။
TIT 1:7 အကြောင်းမူကား အသင်းတော်​အကြီးအကဲ​တစ်ယောက်သည် ဘုရားသခင်၏ ဘဏ္ဍာထိန်းဖြစ်သည်နှင့်အညီ အပြစ်ကင်းစင်သောသူ ဖြစ်ရမည်။ သူသည် စိတ်နီမြင့်သူ၊ စိတ်တိုတတ်သောသူ၊ သီရည် သောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ ငွီကို တပ်မက်သောသူမဖြစ်စီရ။
TIT 1:8 သို့ရာတွင် ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကို နှစ်သက်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ယှင်းသောသူ၊ စည်းကမ်းဟိသောသူဖြစ်ရမည်။
TIT 1:9 သူသည် အခြားသူတိအား မှန်ကန်ပြည့်စုံသော သြဝါဒစကားဖြင့် အားပီးတိုက်တွန်းနိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတိကို ချေပပြောဆိုနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသော နှုတ်ကပတ်တရားကို ခိုင်မြဲစွာ စွဲကိုင်ထားရမည်။
TIT 1:10 အကြောင်းမူကား ဆန့်ကျင်ဘက်ပြုသောသူရို့၊ အကျိုးမဲ့စကားကို ပြောဆိုသောသူရို့နှင့် လိမ်လည်လှည့်ဖျားသူများစွာရို့သည် ဟိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် ထိုသူရို့သည် အရီဖျားလှီးခြင်းကို ခံယူထားသော သူရို့ထဲမှ ဖြစ်ကြ၏။
TIT 1:11 သူရို့သည် မစင်ကြယ်သော အကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကို သွန်သင်လျက် မိသားစုများအားလုံးကို ပျက်စီးစီခြင်းငှာ လုပ်ဆောင်နိန်ကြသောကြောင့် ထိုသူရို့၏နှုတ်ကို ပိတ်စီရမည်။
TIT 1:12 ကုရေတေ ကျွန်းသား ပရောဖက်တိထဲမှ တစ်ဦးက “ကရေတေကျွန်းသား လူလိမ်များသည်၊ ဆိုးရွား ရိုင်းပျ၊ ပျင်းရိကြ၏၊ လောဘလွန်မူး၊ အစားကြူး၏” ဟု စပ်ဆိုထားခလေ၏။
TIT 1:13 ဤဆိုရိုးစကားသည် မှန်ပေ၏။ ထို့ကြောင့် ယုံကြည်ခြင်း၌ အပြစ်ကင်းကြစီခြင်းငှာ ထိုသူရို့၏ အပြစ်ကို ဖော်ပြ၍ ပြတ်သားစွာ ဆုံးမရမည်။
TIT 1:14 ထို့ပြင် ယုဒလူမျိုးများ၏ဒဏ္ဍာရီပုံပြင်များ သို့မဟုတ် သမ္မာတရားကို စွန့်ပယ်သောသူရို့၏ ပညတ်ချက်များကို စိတ်မဝင်စားကြရန် တားမြစ်ရမည်။
TIT 1:15 စင်ကြယ်သောသူရို့အတွက် အရာခပ်သိမ်းသည် စင်ကြယ်၏။ သို့ရာတွင် ညစ်ညူးသောသူရို့နှင့် မယုံကြည်သောသူရို့အတွက် စင်ကြယ်သောအရာဟူ၍ မဟိ။ အကြောင်းမူကား သူရို့၏စိတ်နှလုံးနှင့် အသိစိတ်များသည် မစင်ကြယ်သောကြောင့် ဖြစ်ကြ၏။
TIT 1:16 သူရို့သည် ဘုရားသခင်ကို သိသည်ဟု ဆိုကြသော်လည်း သူရို့၏အပြုအမူများအားဖြင့် ဘုရားသခင်ကို ငြင်းပယ်လျက်ဟိကြ၏။ ထိုသူရို့သည် ရွံစရာကောင်းသောသူ၊ နာခံခြင်း မဟိသောသူ၊ ကောင်းသောအမှု မှန်သမျှနှင့် မထိုက်တန်သောသူတိ ဖြစ်ကြ၏။
TIT 2:1 သို့ရာတွင် သင်သည် မှန်သော ဩဝါဒတရားကို သွန်သင်ဟောပြောရမည်။
TIT 2:2 အသက်ကြီးသောသူရို့အား သမ္မာသဓိ ဟိသောသူ၊ ရိုသီလေးစားအပ်သောသူ၊ ဣန္ဒြေစောင့်သောသူတိ ဖြစ်လာကြရန်လည်းကောင်း၊ မှန်ကန်သော ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်း ဟိလာကြရန် လည်းကောင်း၊ သွန်သင် ဟောပြောလော့။
TIT 2:3 ထိုနည်းတူ အသက်ကြီးသော မိန်းမရို့အား ကုန်းတိုက်တတ်သောသူ၊ သီရည်သောက်ကြူးသောသူ မဖြစ်စီဘဲ ဘုရားဝတ်၌ မွိ့ပျော်စီခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုကို ဆောင်ရွက်ကြစီခြင်းငှာလည်းကောင်း သွန်သင်လော့။
TIT 2:4 ထိုအခါ သူရို့သည် ငယ်ရွယ်သောမိန်းမရို့အား မိမိရို့၏လင်ယောက်ျားများနှင့် သားသမီးရို့ကို ချစ်သောသူ၊
TIT 2:5 ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ အိမ်မှုကိစ္စများကို ဆောင်ရွက်သောသူ၊ ကြင်နာတတ်သောသူ၊ မိမိလင်ယောက်ျားရို့ကို နာခံတတ်သည့် ကောင်းမြတ်သော အိမ်သျှင်မတိ ဖြစ်လာကြစီရန် သွန်သင်နိုင်ကြမည် ဖြစ်သည့်အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလည်း ကဲ့ရဲ့ပြောဆိုခြင်းမှ ကင်းလွတ်ကြပေလိမ့်မည်။
TIT 2:6 ထိုနည်းတူ လူပျိုရို့အား မိမိကိုယ်ကို ထိန်းချုပ်နိုင်ကြစီရန် အားပီးတိုက်တွန်းကြလော့။
TIT 2:7 အရာရာ၌ ကောင်းသောအမှုကို ပြုခြင်းအားဖြင့် သူရို့ ရှိ့၌ သင်ကိုယ်တိုင် စံနမူနာ ဖြစ်စီလော့။ သင်၏ဩဝါဒတရားသည် မှန်ကန်ခြင်း၊ တည်ကြည်လေးနက်ခြင်း ဟိစီလော့။
TIT 2:8 အပြစ်တင်ခြင်းနှင့် ကင်းသည့် မှန်သောစကားကိုသာ ပြောဆိုလော့။ သို့မှသာလျှင် သင်အား ဆန့်ကျင်ဘက်ပြုသောသူသည် ငါရို့နှင့်ပတ်သက်၍ မကောင်းသောစကား တစ်ခွန်းကိုမျှ မပြောနိုင်ကြဘဲ အရှက်ရကြလိမ့်မည်။
TIT 2:9 ကျွန်ဖြစ်သူရို့အား မိမိရို့၏သခင် ကြေနပ်စီခြင်းငှာ ဆန့်ကျင်ပြောဆိုခြင်းကို မပြုဘဲ၊ အရာရာ၌ နာခံကြရန် သွန်သင်လော့။
TIT 2:10 မိမိရို့သခင်ပါးက ခိုးယူခြင်းကို မပြုဘဲ၊ အစဉ် ကောင်းမြတ်၍ သစ္စာဟိကြောင်းကို ပြသကြရန် သွန်သင်လော့။ ထိုသို့ပြုခြင်းဖြင့် သူရို့သည် အရာရာ၌ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်အကြောင်း သွန်သင်ချက်ကို ပို၍ ယုံကြည်လက်ခံလာကြလိမ့်မည်။
TIT 2:11 အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။
TIT 2:12 ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ အဂုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊
TIT 2:13 ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။
TIT 2:14 ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
TIT 2:15 ဤသည်ကား သင် ဆုံးမသွန်သင်အပ်သော အရာများဖြစ်၏။ သင်သည် အားပီးတိုက်တွန်းသောအခါ၌ ဖြစ်စီ၊ အပြစ်ကို ဖော်ပြ၍ ဆုံးမပဲ့ပြင်သောအခါ၌ ဖြစ်စီ အမိန့်အာဏာအပြည့်ဖြင့် ဟောပြောလော့။ မည်သူမျှ သင့်ကို မထီလေးစား မပြုစီကေ့။
TIT 3:1 အုပ်ချုပ်သောသူရို့နှင့် အာဏာပိုင်ရို့ကို နာခံလျက် ကောင်းသောအမှု ဟိသမျှကို လုပ်ဆောင်ခြင်းငှာ အဆင်သင့်ဟိနိန်ကြရန် လည်းကောင်း၊
TIT 3:2 ဇာသူ့ကိုမျှ ကဲ့ရဲ့ပြောဆိုခြင်းကို မပြုဘဲ လူအပေါင်းရို့အား ယဉ်ကျေးသိမ်မွိ့စွာ ပြုမူလျက် ထောက်ထားညှာတာ၍ အီးချမ်းစွာ နီထိုင်ကြရန် မိမိလူတိအား တိုက်တွန်းပြောဆိုလော့။
TIT 3:3 အကြောင်းမူကား တစ်ချိန်က ငါရို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမဟိသောသူ၊ လှည့်ဖြားသောသူတိ ဖြစ်ကြပြီး၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတိ၌ ကျွန်ခံ၍ မနာလိုမှု၊ ရန်ငြိုးထားမှုများ၌ ကျင်လည်ကာ တစ်ယောက်ကို တစ်ယောက် မုန်းတီးလျက် အသက်ရှင်ခကြ၏။
TIT 3:4 သို့သော် ငါရို့ ကယ်တင်သျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားတိ ပေါ်ထွန်းလာသောအခါ
TIT 3:5 ကိုယ်တော်သည် ငါရို့၏ကောင်းသောအကျင့်အားဖြင့် မဟုတ်ဘဲ မိမိ၏ကရုဏာတော်အားဖြင့် ကယ်တင်တော် မူခလေ၏။ ကိုယ်တော်သည် ဒုတိယမွီးဖွားခြင်းနှင့်ဆိုင်သော ဆီးကြောခြင်းနှင့် သန့်ယှင်းသောဝိညာဉ်တော်၏ အသစ်ပြုပျင်ခြင်းအားဖြင့် အကျွန်ရို့ကို ကယ်တင်တော် မူခလေ၏။
TIT 3:6 ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါရို့၏ ကယ်တင်သျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။
TIT 3:7 ဤသည်ကား ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်အားဖြင့် ငါရို့ကို ဖြောင့်မတ်ခြင်းတရား၌ တည်စီပြီးလျှင်၊ ငါရို့ မျှော်လင့်နိန်ကြသော ထာဝရအသက်ကို အမွီခံစီခြင်းငှာ ဖြစ်လေ၏။
TIT 3:8 ဤစကားသည် မှန်သောစကား ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်အားကိုး သောသူရို့သည် မိမိရို့ကိုယ်တိုင် ကောင်းသောအမှုများကို လုပ်ဆောင်ကြရန် အမြဲ ဂရုစိုက်ကြရမည့်အကြောင်း ငါသည် သင့်အား ဤအရာများကို အလေးအနက် ထားစီလို၏။ ဤအရာများသည်ကား လူတိုင်းအတွက် အလွန်ကောင်းမြတ်၍ အကျိုးဟိပေ၏။
TIT 3:9 သို့သော်လည်း အသိဉာဏ်ကင်းမဲ့သော အငြင်းပွားမှုများ၊ ဆွီစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းများနှင့် ပညတ်တရားကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ပွားခြင်းများကို ယှောင်ကြဉ်ကြလော့။ အကြောင်းမူကား ထိုအရာများသည် အကျိုးမဟိသည့်အပြင် အလကားသက်သက် ဖြစ်ကြ၏။
TIT 3:10 အချင်းချင်း ကွဲပြားမှု ဖြစ်စီသောသူရို့ကို တစ်ကြိမ်၊ နှစ်ကြိမ် သတိပီးပြီးလျှင် သူရို့နှင့် အပေါင်းအဖော် မလုပ်ကတ်ကေ့။
TIT 3:11 ထိုသို့သောသူများသည် ဖောက်ပြန်သောသူတိ ဖြစ်ကြပြီး၊ သူရို့ မှားယွင်းနိန်ကြောင်းကို သူရို့၏ဒုစရိုက်အပြစ်က သက်သီပြလျက်ဟိသည်ကို သင်ရို့ သိမှတ်ကြလော့။
TIT 3:12 ငါသည် အာတေမကို သော်လည်းကောင်း တုခိတ်ကို သော်လည်းကောင်း သင့်ပါးသို့ စီရွှတ်လိုက်သောအခါ နိကောပလိမြို့၌ ငါနှင့် တွိ့ဖို့ လာရောက်ရန် ကြိုးစားလော့။ အကြောင်းမူကား ငါသည် ဆောင်းကာလအတွင်း ထိုမြို့၌ နီထိုင်ရန် ငါ ဆုံးဖြတ်ထား၏။
TIT 3:13 ရှိ့နီဖြစ်သော ဇေနနှင့် အာပေါလုရို့အား သူရို့ခရီးကို အစပြုနိုင်ရန်အတွက် လိုအပ်သမျှကို ကူညီလိုက်ကြပါ။
TIT 3:14 ငါရို့၏လူများသည်လည်း အမှန်အကန် လိုအပ်မှုများကို ထောက်ပံ့ပီးရန်အတွက် မိမိရို့ကိုယ်တိုင် ကောင်းသောအမှု၌ ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
TIT 3:15 ငါနှင့် အတူဟိသော သူအားလုံးက သင့်ကို နှုတ်ဆက်လိုက်ကြ၏။ ယုံကြည်ခြင်း၌ ငါရို့ကို ချစ်ခင်ကြသောသူများကိုလည်း နှုတ်ဆက်ကြောင်း ပြောလိုက်ပါ။ ဘုရားသခင်၏ကျေးဇူးတော်သည် သင်ရို့အားလုံး၌ တည်ပါစီသောဝ်။
PHM 1:1 ခရစ်တော်ယေသျှုအတွက်ကြောင့် အကျဉ်းကျခံနိန်ရသောသူ ငါပေါလုနှင့် ငါရို့၏ညီ တိမောသေပါးမှ —
PHM 1:2 ငါရို့နှမ အပ္ပိ၊ ငါရို့၏ ရဲဖော်ရဲဖက်ဖြစ်သော အာခိပ္ပုနှင့် သင်၏အိမ်တွင် စုဝေးသည့် အသင်းတော်ပါးသို့ လည်းကောင်း စာရီးလိုက်ပါ၏။
PHM 1:3 ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်၏ထံတော်မှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။
PHM 1:4 ငါ့ညီ ဖိလေမုန်၊ ငါသည် ဆုတောင်းသည့်အခါတိုင်း သင့်ကို အောက်မိ့လျက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
PHM 1:5 အကြောင်းမူကား သင်သည် ဘုရားသခင်၏လူစုတော်အား ချစ်ခင်သည်ကိုလည်းကောင်း၊ အသျှင်ယေသျှုအား ယုံကြည်သည်ကိုလည်းကောင်း ကြားသိရသောကြောင့်ဖြစ်၏။
PHM 1:6 ယုံကြည်သူအချင်းချင်း မိတ်သဟာယ ဖွဲ့ခြင်းအားဖြင့် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါရို့ခံစားရသည့် ကောင်းကြီးမင်္ဂလာအပေါင်းကို သာ၍နက်နဲစွာ သိနားလည်နိုင်ကြရန် ငါဆုတောင်း၏။
PHM 1:7 ငါ့ညီ၊ သင်သည် ဘုရားသခင်လူရို့၏ စိတ်နှလုံးကို ရွှင်လန်းစီပြီး သင်၏မေတ္တာသည် ငါ့အား အလွန် ဝမ်းမြောက်လျက် နှစ်သိမ့်ခြင်းကို ဖြစ်စီ၏။
PHM 1:8 ဤအကြောင်းကြောင့် ငါသည် ပြုသင့်သည့် အမှုကို ပြုရန် သင့်အား ခရစ်တော်အားဖြင့် အမိန့်ပီးခွင့် ဟိသော်လည်း၊
PHM 1:9 အသက်ကြီးသော ငါ ပေါလုသည် အဂုအခါ ခရစ်တော်ယေသျှုအတွက် အကျဉ်းကျခံနိန်ရသောသူ ဖြစ်လျက်ပင် သင့်ကို ချစ်သောကြောင့် တောင်းပန်ခြင်းဖြင့်သာ ပြောဆို၏။
PHM 1:10 ငါသည် အကျဉ်းကျခံနိန်စဉ် ခရစ်တော်၌ ငါ၏သားဖြစ်လာသော သြနေသိမ်အတွက်လည်း တောင်းပန်ပါ၏။
PHM 1:11 သူသည် အယင်က သင့်အတွက် အသုံးမရသောသူ ဖြစ်ခသော်လည်း အဂုအခါ သင်နှင့် ငါ့အတွက် အသုံးရသောသူ ဖြစ်လာယာ။
PHM 1:12 သူ့ကို သင်ပါးသို့ ငါ ပြန်ရွှတ်လိုက်၏။ သူ့ကို ငါ၏ရင်သွီးကဲ့သို့ မှတ်လော့။
PHM 1:13 ငါသည် ဧဝံဂေလိတရားကြောင့် အကျဉ်းကျခံနိန်ရစဉ် သင်၏ကိုယ်စား ငါ့ကို ကူညီဆောင်ရွက်ပီးရန် သူ့ကို ခေါ်ထားလို၏။
PHM 1:14 သို့ရာတွင် သင်၏ သဘောတူညီချက်မဟိဘဲ ဇာအမှုကိုမျှ ငါ မပြုလိုပါ။ ငါ့ကို ကူညီရန် သင့်အား အနိုင်အထက် မပြုလိုပါ။ သင်၏ စေတနာအလျောက်သာ ပြုစီလိုပါ၏။
PHM 1:15 သြနေသိမ်သည် သင်နှင့် တအောင့်ချေ ဝီးကွာရခြင်းမှာ အမြဲတမ်း ပြန်လည် နီထိုင်နိုင်ခြင်းငှာ ဖြစ်လိမ့်မည်။
PHM 1:16 ယခုအခါ သူသည် ကျွန်ကဲ့သို့ မဟုတ်ဘဲ ကျွန် ထက်သာ၍ မြတ်သော ခရစ်တော်၌ ချစ်ရသောညီအစ်ကို တစ်ယောက် ဖြစ်လာယာ။ သူသည် ငါ့အတွက် အလွန်တန်ဖိုး ဟိပေ၏။ သို့ရာတွင် သင့်အတွက်ကား ကျွန်အဖြစ်နန့် လည်းကောင်း၊ သခင်ဘုရား၌ ညီအစ်ကိုအဖြစ်နန့် လည်းကောင်း သာ၍ပင် တန်ဖိုးဟိလိမ့်မည်။
PHM 1:17 ထို့ကြောင့် သင်သည် မိမိ၏လုပ်ဖော်ဆောင်ဖက်အဖြစ်နန့် ငါ့ကို ကြိုဆိုလက်ခံသကဲ့သို့ သူ့ကိုလည်း ကြိုဆိုလက်ခံလော့။
PHM 1:18 အကယ်၍ သူသည် သင့်အား တစ်စုံတစ်ရာ ပြစ်မှားမိခသော်လည်းကောင်း၊ တစ်စုံတစ်ရာ အကြွီးပီးစရာ ဟိခသော်လည်းကောင်း ငါသည် တာဝန်ယူ၏။
PHM 1:19 ငါပေါလုသည် ထိုအကြွီးကို ပီးပါမည်ဟု ငါကိုယ်တိုင် လက်ဖြင့် ရီးလိုက်၏။ သင်ကိုယ်တိုင် ငါ့အား ပီးစရာဟိကြောင်း ဖော်ပြရန် မလိုပါ။
PHM 1:20 ထို့ကြောင့် ငါ့ညီ၊ သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ ငါ့အား ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ညီအစ်ကိုအနီနန့် ငါ့အား စိတ်ရွှင်လန်းစီပါလော့။
PHM 1:21 သင်သည် ငါပြောသည့်အတိုင်း လုပ်ဆောင်လိမ့်မည်ဟု စိတ်ချယုံကြည်လျက် ဤစာကို ရီးလိုက်၏။ အမှန်စင်စစ် ထိုထက်ပင် ပို၍ လုပ်ဆောင်နိုင်လိမ့်မည်ကို ငါသိပါ၏။
PHM 1:22 ထို့အပြင် ငါတည်းခိုရန် အခန်းတစ်ခုကို အဆင်သင့် ပျင်ထားပါလော့။ ဇာကြောင့်ဆိုသော် ဘုရားသခင်သည် သင်ရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသည်ဖြစ်၍ ငါ့အား သင်ရို့ပါးသို့ ပြန်လည်ပို့ဆောင်တော်မူလိမ့်မည်ဟု ငါသည် ငါမျှော်လင့်လျက်ဟိ၏။
PHM 1:23 ခရစ်တော်ယေသျှုအတွက်ကြောင့် ငါနှင့်အတူ အကျဉ်းကျခံနိန်ရသူ ဧပဖြက လည်းကောင်း၊
PHM 1:24 ငါ၏ လုပ်ဖော်ဆောင်ဖက်ရို့ ဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာရို့ကလည်းကောင်း သင့်ကို နှုတ်ဆက်ကြ၏။
PHM 1:25 အသျှင်ယေသျှုခရစ်၏ ကျေးဇူးတော်သည် သင်ရို့၏စိတ်ဝိညာဉ်နှင့်အတူ ဟိကြပါစီသောဝ်။
HEB 1:1 ဘုရားသခင်သည် အတိတ်ကာလ၌ ပရောဖက်တိမှတစ်ဆင့် ငါရို့ အဖိုး အဖီးတိကို နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် မိန့်မှာတော်မူခ၏။
HEB 1:2 သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။
HEB 1:3 သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။
HEB 1:4 ဘုရားသခင်သည် ထိုသားတော်အား ကောင်းကင်တမန်ရို့ရသော ဘွဲ့နာမထက် သာ၍ ကြီးမြတ်တော်မူသော ဘွဲ့နာမတော်ကို ချီးမြှောက်တော်မူသည်နှင့်အညီ ကိုယ်တော်သည် ထိုကောင်းကင်တမန်တိထက် သာ၍ ကြီးမြတ်တော်မူ၏။
HEB 1:5 အကြောင်းမူကား ဘုရားသခင်က၊ “သင်သည် ငါ့သား ဖြစ်၏၊ အေနိ့၌ ငါသည် သင်၏အဖ ဖြစ်၏” ဟူ၍လည်းကောင်း၊ “ငါသည် သူ၏အဖ ဖြစ်လိမ့်မည်၊ သူသည်လည်း ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း မိမိ၏ မည်သည့် ကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။
HEB 1:6 သို့ရာတွင် ဘုရားသခင်က မိမိ၏ သားဦးကို ဤလောကထဲသို့ စီရွှတ်တော်မူသောအခါ၌၊ “ဘုရားသခင်၏ ကောင်းကင်တမန်အပေါင်းရို့သည် ကိုယ်တော့်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။
HEB 1:7 သို့ရာတွင် ဘုရားသခင်က ကောင်းကင်တမန်တိ အကြာင်းကို မိန့်တော်မူသည်ကား၊ “ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်ရို့ကို လီကဲ့သို့ လည်းကောင်း၊ မိမိ၏အခိုင်းအစီများကို မီးတောက် မီးလျှံကဲ့သို့ လည်းကောင်း ဖြစ်စီတော်မူ၏” ဟူ၍ ဖြစ်သည်။
HEB 1:8 သို့သော်လည်း သားတော်အကြောင်းနှင့်ပတ်သတ်၍ မိန့်တော်မူသည်မှာ၊ “အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်။ ကိုယ်တော်သည် မိမိ၏ လူတိကို တရားမျှတစွာ အုပ်စိုးတော်မူ၏။
HEB 1:9 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူ၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော့်ကို ရွီးချယ်၍ မိမိ၏ အပေါင်းအဖော်ရို့ထက် ပို၍ ချီးမြှောက်ကာ ဝမ်းမြောက်ခြင်းကို ပီးတော်မူသည်” ဟု မိန့်တော်မူ၏။
HEB 1:10 ထို့နောက် ကိုယ်တော့်ကို တဖန် မိန့်တော်မူသည်မှာ၊ “သခင်ဘုရား ကိုယ်တော်သည် အစဦး၌ မြီးကြီးကို ဖန်ဆင်းတော်မူပြီး၊ မိမိလက်တော်ဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
HEB 1:11 ထိုအရာများသည် ပျောက်ကွယ်လားကြသော်လည်း ကိုယ်တော်သည် အမြဲ တည်တော်မူ၏။ ထိုအရာအားလုံးသည် အဝတ်များကဲ့သို့ ဟောင်းနွမ်းလားကြလိမ့်မည်။
HEB 1:12 ကိုယ်တော်သည် ထိုအရာများကို ဝတ်ရုံကဲ့သို့ လိပ်တော်မူလိမ့်မည်ဖြစ်၍ ထိုအရာများသည် အဝတ်ကဲ့သို့ ပြောင်းလဲလားသော်လည်း၊ ကိုယ်တော်သည် ထာဝရ တည်တော်မူလိမ့်မည်။ ကိုယ်တော်၏ အသက်တော်သည် မည်သည့်အခါမျှ ကုန်ဆုံးလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
HEB 1:13 ဘုရားသခင်သည်၊ “သင်၏ရန်သူတိကို သင်၏ ခြီအောက်၌ သင်၏ ခြီတင်ရာခုံ အဖြစ် ငါ ချထားသည့်တိုင်အောင် ငါ၏ လက်ယာဖက်၌ ထိုင်နိန်လော့” ဟု ဇာကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။
HEB 1:14 သို့ဖြစ်၍ ကောင်းကင်တမန်တိကား ဇာသူတိလဲ၊ ထိုသူရို့သည် ကယ်တင်ခြင်းကို အမွီခံရမည့်သူရို့အား ကူညီရန် ဘုရားသခင် စီရွှတ်တော်မူသော ကိုယ်တော်၏အစီခံ ဝိညာဉ်များ ဖြစ်ကြ၏။
HEB 2:1 ထို့ကြောင့် ငါရို့သည် လမ်းမလွဲစီခြင်းငှာ ငါရို့ကြားနာပြီးသော သမ္မာတရားကို သာ၍ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရမည်။
HEB 2:2 ကောင်းကင်တမန်ရို့က ငါရို့အဖိုး အဖီးရို့အား ပီးခသော ဗျာဒိတ်တော်သည် မှန်ကန်သည်ဖြစ်၍ ထိုဗျာဒိတ်တော်ကို ငြင်းပယ်သောသူ သို့မဟုတ် မလိုက်နာသောသူရို့သည် ထိုက်တန်သော အပြစ်စီရင်ခြင်းကို ခံကြရသည်ဖြစ်၍
HEB 2:3 ဤသို့သော ကြီးမြတ်သော ကယ်တင်ခြင်းတရားကို ဂရုမစိုက်ဘဲ နီကြလျှင် ငါရို့သည် ပြစ်ဒဏ်စီရင်ခြင်းက ဇာပိုင် လွတ်မြောက်နိုင်ပါဖို့လဲ။ သခင်ဘုရား ကိုယ်တိုင် ပထမဦးစွာ ဤကယ်တင်ခြင်းတရားကို ဟောကြားတော်မူခသည်ဖြစ်၍ ကြားနာရသောသူရို့က ထိုတရားတော်သည် မှန်ကန်ကြောင်းကို ငါရို့အား သက်သီပြခလေ၏။
HEB 2:4 ထိုနည်းတူ ဘုရားသခင်သည် အမှတ်လက္ခဏာများ၊ အံ့ဩဖွယ်သောရာများနှင့် အမျိုးမျိုးသော နိမိတ်လက္ခဏာများကို ဖော်ပြတော်မူခြင်းဖြင့်လည်းကောင်း မိမိအလိုတော်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများကို ဝီငှတော်မူခြင်းအားဖြင့်လည်းကောင်း သက်သီပြတော်မူခလေ၏။
HEB 2:5 ဘုရားသခင်သည် ငါရို့ ပြောဆိုနိန်ကြသော ပေါ်ထွန်းလာမည့် လောကသစ်ကို အုပ်စိုးသောသူတိ အဖြစ် ကောင်းကင်တမန်တိအား ခန့်အပ်တော်မမူ။
HEB 2:6 ကျမ်းချက် တစ်ချက်၌ ဆိုထားသည်မှာ၊ “အို၊ ဘုရားသခင် လူသားသည် ဇာပိုင်သူတိဖြစ်လို့ ကိုယ်တော်သည် သူ့အကြောင်းကို စဉ်းစားနိန်ပါလဲ။ သူ့ကို ဂရုစိုက်နိန်ရပါလဲ။
HEB 2:7 ကိုယ်တော်သည် သူ့ကို ကောင်းကင်တမန်ရို့အောက် ခေတ္တမျှ နိ့မ့်ကျ စီတော်မူပြီ။ ကိုယ်တော်သည် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်အသရေတော်အားဖြင့် သူ့ကို သရဖူ ဆောင်းစီတော်မူပြီး၊
HEB 2:8 သူ့အား အရာခပ်သိမ်းကို အုပ်စိုးသူအဖြစ် ခန့်အပ်တော်မူပြီ” ဟု ဆိုထားသည်မှာ လူသားအား “အရာခပ်သိမ်းကို အုပ်စိုးပိုင်ခွင့် ပီးထားသည်” ဟူ၍ ဖြစ်၏။ သို့သော်လည်း အဂုတွင် လူသားသည် အရာခပ်သိမ်းကို အုပ်စိုးသောသူအဖြစ် မတွိ့မြင်ရသိမ့်ပေ။
HEB 2:9 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။
HEB 2:10 များစွာသော သားသမီးတိကို မိမိ၏ဘုန်းစည်းစိမ်၌ ခံစားစီခြင်းငှာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ဟိတော်မူသော ဘုရားသခင်သည် ယေသျှုအား စုံလင်တော်မူစီရန် ဆင်းရဲဒုက္ခကို ခံယူစီတော်မူခြင်းသည် ဖြောင့်မတ်မှန်ကန်တော်မူ၏။ အကြောင်းမူကား ယေသျှုသည် ထိုသူရို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်ပီးသောသူတစ်ယောက် ဖြစ်သောကြောင့်တည်း။
HEB 2:11 ကိုယ်တော်သည် လူတိကို အပြစ်မှ သန့်ယှင်းစင်ကြယ်တော်မူ၏။ ကိုယ်တော်နှင့် သန့်ယှင်းစင်ကြယ်ခြင်းကို ခံရသောသူအားလုံး၏ အဖသည် တစ်ဦးတည်း ဖြစ်သောကြောင့် ယေသျှုသည် သူရို့ကို မိမိ၏ညီအစ်ကို မောင်နှမတိဟု ခေါ်ရန် ရှက်တော်မမူ။
HEB 2:12 အသျှင်ယေသျှုက ဘုရားသခင်အား လျှောက်ထားသည်မှာ “အကျွန်သည် ကိုယ်တော် ပြုတော်မူသောအမှုကို အကျွန်၏ ညီအစ်ကို မောင်နှမတိကို ပြောကြားပါမည်။ သူရို့၏ ဝတ်ပြုစည်းဝေးပွဲ၌ ကိုယ်တော့်ကို ချီးမွမ်းပါမည်” ဟု ဖြစ်၏။
HEB 2:13 တဖန် အသျှင်ယေသျှုက “ငါသည် ဘုရားသခင်ကို ကိုးစားပါမည်။ ဤအရပ်၌ ဘုရားသခင်သည် ငါ့အား ပီးအပ်ထားသော သားသမီးတိနှင့်အတူ ဟိပါ၏” ဟု လျှောက်ထားတော်မူ၏။
HEB 2:14 အသျှင်ယေသျှုက သားသမီးတိဟု ခေါ်သော သူရို့သည် အသွီးအသားနှင့် တည်ဆောက်ထားသော လူသားတိဖြစ်သောကြောင့် ယေသျှုကိုယ်တိုင် ထိုသူရို့ကဲ့သို့ လူ့ဇာတိကို ခံယူတော်မူခ၏။ ထိုသို့ပြုခြင်းမှာ သီခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်အား မိမိ၏အသီခံခြင်းအားဖြင့် ဖျက်ဆီးပစ်ရန် ဖြစ်၏။
HEB 2:15 ထို့အပြင် ဤနည်းအားဖြင့် သီခြင်းတရားကို ကြောက်၍ ဘဝတလျှောက်လုံး ကျွန်ခံနိန်ကြရသော သူတိကို လွတ်မြောက်စီတော်မူ၏။
HEB 2:16 အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တိကို ကူညီမစ တော်မူသည် မဟုတ်၊ အာဗြဟံ၏ အမျိုးအနွယ်တိကို ကူညီ မစ တော်မူ၏။
HEB 2:17 အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။
HEB 2:18 ထို့အပြင် ကိုယ်တော်သည် မိမိကိုယ်တိုင် စုံစမ်းသွီးဆောင်ခြင်းနှင့် ဆင်းရဲဒုက္ခကို ခံခရသည်ဖြစ်၍ အဂုတွင် စုံစမ်းသွီးဆောင်ခြင်းခံရသော သူတိကို ကူညီနိုင်တော်မူ၏။
HEB 3:1 ဘုရားသခင် ခေါ်ထားတော်မူသော ငါ၏ခရစ်ယာန်ညီအစ်ကို မောင်နှမရို့၊ ငါရို့ ဝန်ခံထားသော ယုံကြည်ခြင်းတရားနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူခြင်းငှာ ဘုရားသခင် စီရွှတ်တော်မူသော ယေသျှုအကြောင်းကို စဉ်းစားဆင်ခြင်ကြလော့။
HEB 3:2 မောသျှေသည် ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်ရသည့် အလုပ်တွင် သစ္စာဟိသကဲ့သို့ ကိုယ်တော်သည် ဤအမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်တော်မူသော ဘုရားသခင်ကို သစ္စာဟိတော်မူ၏။
HEB 3:3 အိမ်ကို ဆောက်သောသူသည် အိမ်ထက် သာ၍ ချီးမြှောက်ခြင်းကို ခံထိုက်သကဲ့သို့ ယေသျှုသည် မောသျှေထက်သာ၍ ဂုဏ်ပြုခြင်းကို ခံထိုက်ပေ၏။
HEB 3:4 အိမ်မည်သည်ကား တည်ဆောက်သောသူ တစ်ဦး ကြောင့်ဖြစ်၏။ သို့ရာတွင် အရာခပ်သိမ်းကို တည်ဆောက်သောသူသည် ဘုရားသခင်ဖြစ်၏။
HEB 3:5 မောသျှေသည် နောင်အခါ၌ ဘုရားသခင်ဟောကြားမည့် အရာများကို သက်သီခံလျက် ဘုရားသခင်၏အိမ်တော်၌ အစီခံတစ်ယောက်အဖြစ်ဖြင့် သစ္စာဟိတော်မူခ၏။
HEB 3:6 သို့ရာတွင် ယေသျှုသည် ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးရသော သားတော်အဖြစ်ဖြင့် သစ္စာဟိတော်မူ၏။ ငါရို့သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံလျက်၊ ငါရို့၏မျှော်လင့်သောအရာ၌ တည်နိန်ကြလျှင် ကိုယ်တော်၏အိမ်တော်ပင်ဖြစ်ကြ၏။
HEB 3:7 သို့ဖြစ်၍ သန့်ယှင်းသော ဝိညာဉ်တော်က မိန့်တော်မူသည်မှာ၊ “ဤနိ့တွင် သင်ရို့သည် ဘုရားသခင်၏အသံတော်ကို ကြားလျှင်၊
HEB 3:8 သင်ရို့၏ အဖိုးအဖီးရို့သည် သဲကန္တာရ၌ ဘုရားသခင်ကို ပုန်ကန်၍ စုံစမ်းကြသကဲ့သို့ သင်ရို့သည် စိတ်နှလုံးမာကြောခြင်း မဟိကတ်ကေ့။
HEB 3:9 ထိုအရပ်၌ သူရို့သည် အနှစ်လေးဆယ်ကြာ ငါပြုသောအမှုကို မြင်ကြရသော်လည်း ငါ့ကို စုံစမ်းရန် ကြိုးစားကြလေ၏။
HEB 3:10 ထို့ကြောင့် ငါသည် သူရို့ကို အမျက်တော်ထွက်၍ ကျိန်ဆိုတော်မူသည်မှာ၊ ‘သူရို့သည် အမြဲတမ်း သစ္စာဖောက်ကြပြီးလျှင်၊ ငါ့ပညတ်တော်များကို လိုက်နာရန် ငြင်းဆန်ကြ၏။’
HEB 3:11 ငါသည် အမျက်တော်ထွက်၍ ကျိန်ဆိုတော်မူသည်မှာ၊ ‘သူရို့သည် ငါပီးမည့် ငြိမ်ဝပ်ချမ်းသာသော ပြည်တော်သို့ လုံးဝ ဝင်ကြရလိမ့်မည် မဟုတ်’ ” ဟူ၍ ဖြစ်၏။
HEB 3:12 ငါ၏ညီအစ်ကို မောင်နှမရို့ အလွန်ဆိုးယုတ်ပြီး ယုံကြည်မှုကင်းမဲ့သည့် စိတ်နှလုံးဟိသောသူသည် အသက်ရှင်တော်မူသော ဘုရားသခင်မှ ဝီးကွာလားတတ်၏။ ထိုသို့သောသူ တစ်ဦးတစ်ယောက်မျှ သင်ရို့၌ မဟိစီခြင်းငှာ သတိထားကြလော့။
HEB 3:13 သင်ရို့သည် အပြစ်၏လှည့်စားခြင်းအားဖြင့် ဂေါင်းမာသောသူတိ ဖြစ်မလာစီခြင်းငှာ ကျမ်းစာ၌ ပါသော “ဤနိ့” တည်းဟူသော နိ့ရက် ဟိသမျှကာလပတ်လုံး သင်ရို့သည် နိ့တိုင်း တစ်ယောက်ကို တစ်ယောက် အားပီးတိုက်တွန်းကြလော့။
HEB 3:14 ငါရို့သည် အစဦးကပင် ရထားပြီးသော ယုံကြည်ခြင်းကို အဆုံးတိုင်အောင် ဆုပ်ကိုင်ထားကြလျှင် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များကြ၏။
HEB 3:15 ကျမ်းစာလာသည်ကား၊ “ဤနိ့တွင် သင်ရို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြလျှင် သင်ရို့၏အဖိုး အဖီးတိကဲ့သို့ ဂေါင်းမမာကတ်ကေ့၊ အကြောင်းမူကား သူရို့သည် ဘုရားသခင်ကို ဆန့်ကျင်ခကြလေ၏” ဟူ၍ ဖြစ်၏။
HEB 3:16 ဘုရားသခင်၏ အသံတော်ကို ကြားသောသူတိကား ဇာသူတိလဲ။ ထိုသူရို့သည်ကား အဲဂုတ္တုပြည်မှ မောသျှေ ခေါ်ထုတ်လာသောသူများ ဖြစ်ကြ၏။
HEB 3:17 ဘုရားသခင်သည် နှစ်ပေါင်းလေးဆယ်ကာလပတ်လုံး ဇာသူရို့ကို အမျက်တော်ထွက်ခလဲ။ ထိုသူရို့ကား ဒုစရိုက်အပြစ်ကို ပြု၍ တောကန္တာရ၌ လဲကျ၍ သီဆုံးလားကြသောသူရို့ ဖြစ်ကြ၏။
HEB 3:18 ဘုရားသခင်က ကျိန်ဆိုတော်မူသောအခါ “သူရို့သည် ငါ၏ ငြိမ်ဝပ်ချမ်းသာခြင်းထဲသို့ လုံးဝ ဝင်ရကြလိမ့်မည် မဟုတ်” ဟု ဇာသူရို့ကို ပြောခဖူးလဲ။ ထိုသူရို့သည်ကား ဘုရားသခင်ကို ဆန့်ကျင်သောသူရို့ ဖြစ်၏။
HEB 3:19 သူရို့သည် ထိုသို့ မဝင်နိုင်ခကြသည်မှာ မယုံကြည်ကြသောကြောင့် ဖြစ်သည်ဟု ငါရို့ သိကြရ၏။
HEB 4:1 အဂုတွင် ကိုယ်တော်၏ကတိတော်နှင့် ဆိုင်သော ငြိမ်ဝပ်ချမ်းသာခြင်းသည် ငါရို့တွင် တည်လျက်ဟိ၏။ ထို့ကြောင့် သင်ရို့တစ်ဦးတစ်ယောက်မျှ ထိုချမ်းသာခြင်းထဲသို့ မဝင်လိုက်ရဘဲ မနိန်ကြစီခြင်းငှာ ဂရုစိုက်ကြလော့။
HEB 4:2 အကြောင်းမူကား သူရို့ ကြားခသည့်အတိုင်း ငါရို့သည်လည်း ထိုသတင်းကောင်းတရားတော်ကို ကြားပြီးဖြစ်ကြ၏။ သို့ရာတွင် ထိုသတင်းကောင်းတရားသည် သူရို့အဖို့ ကောင်းကျိုး မဟိခပေ။ အကြောင်းမှာ သူရို့သည် ထိုသတင်းကောင်းတရားကို ကြားကြသော်လည်း ယုံကြည်ခြင်းဖြင့် လက်မခံကြသောကြောင့်ဖြစ်၏။
HEB 4:3 ငါရို့မူကား ယုံကြည်ကြသောကြောင့် ဘုရားသခင် ကတိပီးထားခသော ထိုချမ်းသာခြင်းကို ခံစားကြရ၏။ ဤသည်ကား၊ “ငါသည် အမျက်ထွက်၍ ကျိန်ဆိုခြင်းကို ပြုလေ၏၊ ‘သူရို့သည် ငါ၏ ငြိမ်ဝပ်ချမ်းသာခြင်းထဲသို့ လုံးဝ ဝင်ကြရလိမ့်မည် မဟုတ်’ ဟု ဘုရားသခင်မိန့်တော်မူခသည့်အတိုင်းဖြစ်၏။” ကိုယ်တော်သည် လောကကို ဖန်ဆင်းသည့်အချိန်မှစ၍ မိမိ၏လုပ်ဆောင်မှုတိ ပြီးဆုံးလားသော်ငြားလည်း ဤစကားကို မိန့်တော်မူခ၏။
HEB 4:4 သတ္တမနိ့ရက်နှင့် ပတ်သက်၍ ကျမ်းစာလာသည်ကား “ဘုရားသခင်သည် သတ္တမနိ့တွင် မိမိ၏လုပ်ဆောင်မှုအားလုံးကို ရပ်တန့်ပြီး ငြိမ်ဝပ်စွာအနားယူနိန်လေ၏” ဟူ၍ ဖြစ်၏။
HEB 4:5 ထို့နောက် ဘုရားသခင်က တဖန် မိန့်တော်မူခသည်မှာ “သူရို့သည် ငါ၏ငြိမ်ဝပ်ချမ်းသာထဲသို့ မည်သည့်အခါမျှ ဝင်ရကြလိမ့်မည် မဟုတ်” ဟူ၍ ဖြစ်၏။
HEB 4:6 သတင်းကောင်းတရားကို အဦးဆုံး ကြားနာရသောသူရို့သည် မယုံကြည်ကြသောကြောင့် ထိုငြိမ်ဝပ်ချမ်းသာကို မခံစားခရကြပေ။ သို့သော် အခြားသူရို့သည်ကား ထိုငြိမ်ဝပ်ချမ်းသာကို ခံစားကြရ၏။
HEB 4:7 ဤသည်ကား ဘုရားသခင်က “ဤနိ့” ဟု ခေါ်သော တခြားသော နိ့တစ်နိ့ကို သတ်မှတ်ထားသည်မှာ မှန်ကန်ကြောင်းကို သက်သီပြလျက်ဟိ၏။ လွန်ခသော နှစ်ပေါင်းများစွာ အကြာက ဘုရားသခင်သည် ဤနိ့ အကြောင်းကို ဒါဝိဒ်အားဖြင့် ပြောခသည်ကို ကျမ်းစာ၌ ဖော်ပြထားသည်မှာ၊ “သင်ရို့သည် ဘုရားသခင်၏အသံတော်ကို ဤနိ့ ကြားရလျှင် စိတ်နှလုံး ခိုင်မာခြင်း မဟိကတ်ကေ့။”
HEB 4:8 ယောသျှုသည် ဘုရားသခင် ကတိပီးခသော ငြိမ်ဝပ်ချမ်းသာခြင်းအကြောင်းကို လူတိအား ပြောထားခလျှင် ဘုရားသခင်သည် တခြားသောနိ့ရက်ကို တဖန်ထပ်၍ မိန့်တော်မူလိမ့်မည် မဟုတ်ပေ။
HEB 4:9 သို့ဖြစ်၍ ဘုရားသခင်၏လူတိအတွက် ငြိမ်ဝပ်ချမ်းသာခြင်းနှင့်ဆိုင်သော ဥပုသ်နိ့ သည် ကျန်နိန်သိမ့်၏။
HEB 4:10 ဘုရားသခင်သည် မိမိလုပ်ဆောင်ခြင်းမှ ငြိမ်ဝပ်စွာ အနားယူသကဲ့သို့ ဘုရားသခင် ကတိပီးထားသော ငြိမ်ဝပ်ချမ်းသာခြင်းကို ခံစားကြရသောသူရို့သည် မိမိရို့၏အလုပ်မှ အနားယူကြရမည်။
HEB 4:11 သူရို့သည် ယုံကြည်ခြင်း မဟိသောကြောင့် ထိုငြိမ်ဝပ်ချမ်းသာခြင်းကို ဆုံးယှုံးခကြသည့်နည်းတူ ငါရို့သည် ထိုသို့ မဆုံးယှုံးကြစီခြင်းငှာ အကောင်းဆုံး ကြိုးစားအားထုတ်ကြလော့။
HEB 4:12 ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။
HEB 4:13 ဘုရားသခင်၏ မျက်မှောက်တော်မှ ကွယ်ဝှက်ထားနိုင်သော အရာဟူ၍ မဟိ။ ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ကိုယ်တော်၏မျက်မှောက်တော်၌ ထင်ရှားလျက်ဟိကြ၏။ သို့ဖြစ်၍ ငါရို့အားလုံးသည် မိမိရို့ ပြုသမျှအတိုင်း ပီးဆပ်ကြရလိမ့်မည်။
HEB 4:14 သို့ဖြစ်၍ ငါရို့ ခံယူထားသော ယုံကြည်ခြင်းတရားကို ခိုင်ခံ့စွာ ဆုပ်ကိုင်ထားကြလော့။ အကြောင်းမူကား ဘုရားသခင်၏သားတော် ယေသျှုတည်းဟူသော ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူသော ကြီးမြတ်တော်မူသည့် ယဇ်ပုရောဟိတ်မင်းတစ်ပါးသည် ငါရို့၌ ဟိတော်မူသောကြောင့် ဖြစ်၏။
HEB 4:15 ငါရို့၏ယဇ်ပုရောဟိတ်မင်းသည် ငါရို့၏အားနည်းချက်များကြောင့် ငါရို့ကို သနားကြင်နာစိတ် မဟိနိုင်သောသူ မဟုတ်ပေ။ တစ်နည်းဆိုသော် ငါရို့ ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိတော်မူ၏။ သို့ရာတွင် ထိုအသျှင်သည် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
HEB 4:16 သို့ဖြစ်၍ ငါရို့သည် ယုံကြည်သောစိတ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ပလ္လင်သို့ ချဉ်းကပ်ကြကုန်အံ့။ အကြောင်းမူကား ထိုအရပ်၌ ငါရို့သည် အကူအညီလိုအပ်သည့်အချိန်၌ ကျေးဇူးတော်ကို တွိ့မြင်၍ ကရုဏာတော်ကို ခံစားကြရလိမ့်မည်။
HEB 5:1 ယဇ်ပုရောဟိတ်မင်းဟူသည်မှာ အပြစ်ဖြေရန်အတွက် ယဇ်ပူဇော်မှုများကို ဆောင်ရွက်ခြင်းနှင့် ပူဇော်သကာများကို ဆက်သခြင်းဖြင့် ဘုရားသခင်၏အမှုတော်မြတ်ကို မိမိရို့၏ကိုယ်စား ဆောင်ရွက်စီခြင်းငှာ လူတိက ရွီးချယ်ခန့်ထားသောသူ ဖြစ်၏။
HEB 5:2 သူသည် မိမိကိုယ်တိုင်လည်း အားနည်းချက် များစွာဟိသောကြောင့် အသိပညာခေါင်းပါးသောသူတိနှင့် မှားယွင်းသောသူတိကို သည်းခံနိုင်၏။
HEB 5:3 ထို့အပြင် သူသည် မိမိကိုယ်တိုင် အားနည်းချက်ဟိသည်ဖြစ်၍ လူရို့၏အပြစ်အတွက်သာမက မိမိအပြစ်အတွက်ပါ ပူဇော်သကာများကို ဆက်သရ၏။
HEB 5:4 မည်သူမျှ မိမိကိုယ်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် မချီးမြှောက်နိုင်။ လူတစ်ယောက်သည် အာရုန်ကဲ့သို့ ယဇ်ပုရောဟိတ်မင်း ဖြစ်ခြင်းငှာ ဘုရားသခင်၏ ခေါ်တော်မူခြင်းအားဖြင့်သာ ဖြစ်နိုင်ပေ၏။
HEB 5:5 တစ်နည်းအားဖြင့်ဆိုသော် ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအဖြစ် မိမိကိုယ်ကို ချီးမြှောက်သည် မဟုတ်ပေ။ “သင်သည် ငါ့သားဖြစ်၏။ ဤနိ့တွင် ငါသည် သင်၏အဖ ဖြစ်လေပြီ” ဟူ၍ ဘုရားသခင်က ကိုယ်တော့်ကို မိန့်တော်မူလေ၏။
HEB 5:6 ဘုရားသခင်က အခြားသောကျမ်းချက်၌ မိန့်တော်မူခသည်မှာ၊ “သင်သည် မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌၊ ထာဝရယဇ်ပုရောဟိတ်မင်း တစ်ပါးဖြစ်လိမ့်မည်” ဟူ၍ ဖြစ်၏။
HEB 5:7 ယေသျှုသည် လောကတွင် အသက်ရှင်စဉ်ကာလ၌ မိမိအား သီခြင်းတရားမှ ကယ်တင်နိုင်သော ဘုရားသခင်၌ ငိုယို၍ မျက်ရည်ကျလျက် တောင်းပန်၍ ဆုတောင်းပတ္ထနာ ပြုခ၏။ ကိုယ်တော်သည် စိတ်နှလုံးနှိမ့်ချလျက် အလိုတော်ကို ဝန်ခံတော်မူသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလေ၏။
HEB 5:8 ကိုယ်တော်သည် ဘုရားသခင်၏သားဖြစ်သော်လည်း ဆင်းရဲဒုက္ခကို ခံယူ၍ နာခံတတ်ရန် သင်ယူတော်မူခ၏။
HEB 5:9 ထို့ကြောင့် ကိုယ်တော်သည် စုံလင်ခြင်းသို့ ရောက်သောအခါ မိမိကို နာခံသောသူအပေါင်းရို့အား ထာဝရကယ်တင်ခြင်းကို ပီးသောအသျှင် ဖြစ်လာတော်မူ၏။
HEB 5:10 ထိုသို့ဖြင့် ဘုရားသခင်က ကိုယ်တော့်ကို မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌ ခန့်အပ်တော်မူ၏။
HEB 5:11 ဤအကြောင်းအရာနှင့်ပတ်သတ်၍ ငါရို့သည် ပြောစရာ များစွာဟိသော်လည်း သင်ရို့သည် ဉာဏ်နုံသောကြောင့် နားလည်ဖို့ရန် ခဲယဉ်း၏။
HEB 5:12 အကြောင်းမူကား အဂုအချိန်၌ သင်ရို့သည် ဆရာ အဖြစ်သို့ ရောက်သင့်ကြပြီ။ သို့သော်လည်း တစ်ဦးတစ်ယောက်က သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော အခြေခံသမ္မာတရားကို တဖန်ပြန်၍ သင်ကြားပီးဖို့ရန် လိုနိန်သိမ့်၏။ သင်ရို့သည် ကြေခဲသောအစာကို မစားနိုင်သိမ့်။ နို့ကိုသာ သောက်၍ နိန်သင့်၏။
HEB 5:13 နို့နှင့် အသက်ရှင်သောသူသည် နို့စို့သူငယ် တစ်ယောက်သာ ဖြစ်သိမ့်သောကြောင့် ထိုသူသည် ဖြောင့်မတ်ခြင်းတရားအကြောင်းကို သင်ကြားရာ၌ နားမလည်နိုင်။
HEB 5:14 တစ်နည်းဆိုသော် ကြေခဲသောအစာသည် အရွယ်ရောက်ပြီးသော သူရို့အတွက်သာ ဖြစ်၏။ ထိုသူရို့သည် လေ့ကျင့် ထားပြီးဖြစ်သောကြောင့် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်စွမ်း ဟိကြ၏။
HEB 6:1 သို့ဖြစ်၍ ငါရို့သည် ခရစ်ယာန်တရားတော်၏ အခြေခံသွန်သင်ချက်များကို ကျော်လွန်၍ ရင့်ကျက်သောဩဝါဒတရားတိကို ကျင့်ကြကုန်အံ့။ သီခြင်းတရားသို့ ပို့ဆောင်သော အကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊
HEB 6:2 ဗတ္တိဇံတရား ကို သွန်သင်ခြင်း၊ လက်တင်ဆုတောင်းပီးခြင်း၊ သီခြင်းမှ ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်ခြင်း စသည့် အခြေခံတရားများကို ငါရို့သည် တဖန်ပြန်၍ မသင်အပ်ယာ။
HEB 6:3 ဘုရားသခင် အခွင့်ပီးတော်လျှင် ငါရို့သည် ထိုအရာများကို ဆက်လက်၍ လုပ်ဆောင်ကြကုန်အံ့။
HEB 6:4 မိမိရို့၏ယုံကြည်ခြင်းကို စွန့်ပစ်သောသူရို့သည် နောက်တဖန် ဇာပိုင် နောင်တရနိုင်ပါအံ့နည်း။ အကြောင်းမူကား သူရို့သည် တစ်ခါက ဘုရားသခင်၏အလင်းအောက်၌ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းဖူးသောသူ၊ သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူဖူးသောသူ၊
HEB 6:5 ဘုရားသခင်၏နှုတ်ကပတ်တော် ကောင်းမြတ်တော်မူကြောင်းကို လက်တွိ့ ခံစားဖူးသောသူ၊ နောင်ကာလ၏တန်ခိုးတော်တိကိုလည်း ခံစားဖူးကြသောသူများဖြစ်ကြ၏။
HEB 6:6 သို့သော်လည်း သူရို့သည် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလေပြီတကား။ သူရို့သည် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ တဖန် တင်၍ သတ်လျက် လူအများတိရှိ့မှာ အရှက်ခွဲနိန်ကြသည်ဖြစ်၍ သူရို့အတွက် နောင်တတရားဟူ၍ မဟိယာ။
HEB 6:7 အကြိမ်ကြိမ် ရွာသွန်းသည့် မိုးရီကို သောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတိ သုံးဆောင်အံ့သောငှာ သီးပင်စားပင်များကို ဖြစ်ထွန်းစီသော မြီကြီးကို ဘုရားသခင်သည် ကောင်းကြီးပီးတော်မူ၏။
HEB 6:8 သို့ရာတွင် ဆူးပင် ပေါင်းပင်တိကို ဖြစ်ထွန်းစီသော မြီကြီးသည် အသုံးမဝင်။ ထိုမြီကြီးသည် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသောမြီဖြစ်၍ မီးဖြင့် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
HEB 6:9 သို့ရာတွင် ချစ်သော မိတ်ဆွီရို့၊ ငါရို့သည် ဤကဲ့သို့ ပြောဆိုကြသော်လည်း သင်ရို့နှင့်ပတ်သက်၍ အမှန်ပင် ခံစားရပါ၏။ သင်ရို့မှာ သာ၍ ကောင်းမွန်သော ကယ်တင်ခြင်းဆိုင်ရာ ကောင်းကြီးများ ပိုင်ဆိုင်ထားကြကြောင်းကို ငါရို့ သိကြ၏။
HEB 6:10 ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင် မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကိုလည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။
HEB 6:11 ငါရို့၏ ကြီးမားသော ဆန္ဒသည် သင်ရို့တစ်ယောက်စီတိုင်း၏မျှော်လင့်ချက်များ ပြည့်စုံလာစီရန် သင်ရို့၏စိတ်အားထက်သန်မှုကို အဆုံးတိုင်အောင် ခိုင်မြဲစီခြင်းငှာ ဖြစ်၏။
HEB 6:12 ငါရို့သည် သင်ရို့အား ပျင်းရိသောသူများ ဖြစ်လာစီခြင်းငှာ အလိုမဟိ။ သို့ရာတွင် ယုံကြည်ခြင်းအားဖြင့် သော်လည်းကောင်း၊ စိတ်ရှည် သည်းခံသောအားဖြင့် သော်လည်းကောင်း၊ ဘုရားသခင်၏ကတိတော်ကို အမွီခံရသောသူတိကဲ့သို့ ပြုမူကျင့်ကြံစီခြင်းငှာ အလိုဟိကြ၏။
HEB 6:13 ဘုရားသခင်သည် အာဗြဟံကို ကတိပီးတော်မူသောအခါ မိမိထက် ကြီးမြတ်သောသူ မဟိသောကြောင့် မိမိ၏နာမကို တိုင်တည်၍ ကျိန်ဆိုတော်မူခ၏။
HEB 6:14 ကိုယ်တော်က “ငါသည် သင့်အား ကောင်းကြီးပီးမည်၊ သင်၏ အမျိုးအနွယ်ကို ပွားများစီမည်” ဟု မိန့်တော်မူခ၏။
HEB 6:15 အာဗြဟံသည် စိတ်ရှည်သည်းခံသောကြောင့် ဘုရားသခင်၏ကတိတော်ကို ရဟိခ၏။
HEB 6:16 လူအပေါင်းရို့သည် ကျိန်ဆိုခြင်းကို ပြုသောအခါ မိမိရို့ထက်သာ၍ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို တိုင်တည်၍ ကျိန်ဆိုလေ့ဟိကြ၏။ ထိုသို့ ကျိန်ဆိုခြင်းသည် အချင်းချင်း အငြင်းပွားမှုများကို ပြေငြိမ်းစီ၏။
HEB 6:17 ဘုရားသခင်က မိမိ၏ အကြံအစည်တော်သည် ဇာခါမျှ ပြောင်းလဲတော်မမူကြောင်းကို မိမိ၏ကတိတော်ကို အမွီခံကြရမည့်သူတိအား ယှင်းလင်းစွာ သိစီလိုသည်ဖြစ်၍ ကျိန်ဆိုခြင်းဖြင့် ကတိတော်ကို ခိုင်မြဲစီ၏။
HEB 6:18 ဘုရားသခင်သည် မုသာကို ပြောဆိုတော်မမူသောကြောင့် ကတိတော်နှင့် ကျိန်ဆိုခြင်းသည် မပြောင်းလဲနိုင်သော အရာနှစ်ပါး ဖြစ်၏။ မိမိရို့ရှိ့၌ ချထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရန် ဘုရားသခင်၌ ခိုလှုံနိန်ကြသောငါရို့အား ထိုသို့ တိုက်တွန်းထားခြင်းဖြစ်၏။
HEB 6:19 ငါရို့၏အသက်အတွက် အာမခံ၍ စိတ်ချရသော ကျောက်ဆူးတစ်ခု ကဲ့သို့ ဤမျှော်လင့်ခြင်းကို ငါရို့၌ ချထားလျက်ဟိ၏။ ဤမျှော်လင့်ခြင်းသည်ကား ကောင်းကင်ဗိမာန်တော်၏ကန့်လန့်ကာအတွင်း သန့်ယှင်းရာဌာနတော်သို့ ဝင်ရောက်တော်မူ၏။
HEB 6:20 မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ထာဝရ ယဇ်ပုရောဟိတ်မင်းတစ်ပါး ဖြစ်လာတော်မူသော ယေသျှုသည် ငါရို့၏ ရှိ့တော်ဗြီးတစ်ယောက်အဖြစ်ဖြင့် ထိုဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။
HEB 7:1 ဤမေလခိဇေဒက်သည်ကား ယှာလင်မြို့၏ဘုရင် ဖြစ်သည့်အပြင် အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်း တစ်ပါးဖြစ်လေ၏။ အာဗြဟံသည် သျှင်ဘုရင်လေးပါးနှင့် တိုက်ခိုက်သော တိုက်ပွဲကို အောင်မြင်၍ ပြန်လာစဉ်တွင် မေလခိဇေဒက်သည် သူ့အား ခရီးဦးကြိုဆို၍ ကောင်းကြီးပီးလေ၏။
HEB 7:2 ထိုအခါ အာဗြဟံသည်လည်း မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလျှူလေ၏။ မေလခိဇေဒက်ဟူသောနာမည်၏ ပထမ အနက်အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဟူ၍ ဖြစ်၏။ သူသည် ယှာလင်မြို့၏ဘုရင်ဖြစ်၍ “ငြိမ်သက်ခြင်း၏ဘုရင်” ဟူ၍လည်း အဓိပ္ပာယ်ရ၏။
HEB 7:3 မေလခိဇေဒက်သည် အမိ အဖ၊ ဆွီမျိုး ဟူ၍ မဟိပေ။ ဘဝ၏အစ အဆုံးဟူ၍လည်း မဟိပေ။ သူသည် ဘုရားသခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ်တစ်ပါးအဖြစ် ထာဝရ တည်တော်မူ၏။
HEB 7:4 ငါရို့အမျိုး၏ ထင်ရှားသော အဖိုးဖြစ်သူ အာဗြဟံသည် တိုက်ပွဲမှ မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလှူခရသည်ဆိုသော် ထိုသူသည် ဇာလောက် ကြီးမြတ်တော်မူသည်ကို သင်ရို့ သဘောပေါက်ကြလော့။
HEB 7:5 ယဇ်ပုရောဟိတ်တိဖြစ်သော လေဝိမျိုးနွယ်များသည် အာဗြဟံမှ ဆင်းသက်လာသော မိမိရို့၏ဣသရေလလူများ ဖြစ်ကြသော်လည်း ဣသရေလလူမျိုးများက ဆယ်ဖို့တစ်ဖို့ကို စုဆောင်း၍ ပီးလှူကြရန် ပညတ်ထားတော်မူ၏။
HEB 7:6 မေလခိဇေဒက်သည် လေဝိမျိုးနွယ်မှ ဆင်းသက်လာသောသူ မဟုတ်သော်လည်း အာဗြဟံပါးက ဆယ်ဖို့တစ်ဖို့ကို ခံယူ၍ ဘုရားသခင်၏ကတိတော်များကို ရဟိထားသော အာဗြဟံအား ကောင်းကြီးပီးလေ၏။
HEB 7:7 ကောင်းကြီးပီးသောသူသည် ကောင်းကြီးပီးခြင်းကို ခံရသောသူထက် သာ၍ ကြီးမြတ်သည်မှာ သံသယဖြစ်ဖွယ်မဟိပေ။
HEB 7:8 ဤနီရာ၌ ဆယ်ဖို့တစ်ဖို့ကို ကောက်ခံကြသော ယဇ်ပုရောဟိတ်ရို့သည် သီဆုံးတတ်သော လူသားတိဖြစ်ကြ၏။ သို့သော်လည်း ဆယ်ဖို့တစ်ဖို့ကို ကောက်ခံသော မာလခိဇေဒက်သည်ကား အသက်ရှင်သောသူ ဖြစ်သည်ဟု ကျမ်းစာက ဆိုထား၏။
HEB 7:9 ထို့ကြောင့် ဆယ်ဖို့တစ်ဖို့ကို ခံယူကြသော လေဝိရို့သည်လည်း အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ကို ပီးလျှူခကြသည်ဟု ဆိုနိုင်၏။
HEB 7:10 အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံအား တွိ့ဆုံသောအခါ လေဝိသည်လည်း သူ၏အဖိုး ခန္ဓာကိုယ်ထဲ၌ ဟိနိန်ခသောကြောင့် ဖြစ်၏။
HEB 7:11 ပညတ်တရားကို ဣသရေလလူမျိုးတိအား ပီးအပ်ထားသည်မှာ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၌ အခြေခံထားခြင်းဖြစ်၏။ အဂုအခါ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၏လုပ်ဆောင်မှုသည် ပြည့်စုံလျှင် အာရုန်ကဲ့သို့ မဟုတ်ဘဲ မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ယဇ်ပုရောဟိတ်တစ်ပါး ပေါ်ထွန်းလာဖို့ မလိုအပ်ယာ။
HEB 7:12 ထို့ကြောင့် ယဇ်ပုရောဟိတ်အမျိုး ပြောင်းလျှင် ပညတ်တရားလည်း ပြောင်းရမည်။
HEB 7:13 ဤအကြောင်းအရာများကို မိန့်တော်မူသော ငါရို့၏အသျှင်ဘုရားသည် ယဇ်ပလ္လင်၌ ဆောင်ရွက်ရသော ယဇ်ပုရောဟိတ်အနွယ်ဝင်မဟုတ်၊ အခြားတစ်ပါးသော အမျိုးအနွယ်မှ ဆင်းသက်လာသော သူဖြစ်၏။
HEB 7:14 အကျွန်ရို့၏ သခင်ဘုရားသည် ယုဒလူမျိုးထဲ၌ မွီးဖွားခသည်မှာ ထင်ရှား၏။ မောသျှေသည် ယဇ်ပုရောဟိတ်အကြောင်းကို ပြောခသည့်အချိန်မှာ ဤယုဒလူမျိုးနှင့် ပတ်သက်၍ တစ်ခုမျှ မပြောခပါ။
HEB 7:15 ထို့အပြင် မေလခိဇေဒက်ကဲ့သို့ အခြားသော ယဇ်ပုရောဟိတ်တစ်ပါး ပေါ်ထွန်းလာခြင်းသည် ငါရို့ပြောခသည့် အရာများ သာ၍ ထင်ရှားလာခြင်းဖြစ်၏။
HEB 7:16 ထိုအသျှင်ကို ယဇ်ပုရောဟိတ်တစ်ပါးအဖြစ် ခန့်အပ်ထားသည်မှာ လူရို့၏ စည်းမျဉ်းဥပဒေ၊ အမိန့်အာဏာဖြင့် ခန့်အပ်ထားခြင်း မဟုတ်၊ မပျက်စီးနိုင်သော အသက်တာ၏ တန်ခိုးအာနုဘော်အားဖြင့် ခန့်အပ်ထားခြင်းဖြစ်၏။
HEB 7:17 အကြောင်းမူကား “သင်သည် မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်လိမ့်မည်” ဟု ကျမ်းစာက မိန့်တော်မူထားသောကြောင့် ဖြစ်၏။
HEB 7:18 ယခင်ပညတ်တရားသည် အားနည်း၍ အသုံးမဝင်သောကြောင့် ဖယ်ထားကြ၏။
HEB 7:19 မောသျှေ၏ပညတ်တရားသည် ပြည့်စုံခြင်းသို့ မရောက်နိုင်၊ အဂုအခါ သာ၍ကောင်းမြတ်သော မျှော်လင့်ခြင်းတစ်ခုကို ရထားကြသည်ဖြစ်၍ ငါရို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်ပါးသို့ ရောက်လာကြ၏။
HEB 7:20 တဖန် ဘုရားသခင် ကျိန်ဆိုတော်မူခြင်းသည်လည်း ဟိ၏။ လေဝိမျိုးနွယ်များကို ယဇ်ပုရောဟိတ် ခန့်အပ်သောအခါ ထိုသို့ကျိန်ဆိုတော်မူခြင်း မဟိပေ။
HEB 7:21 သို့ရာတွင် ထိုသို့ ဘုရားသခင် ကျိန်ဆိုတော်မူခြင်းအားဖြင့် ယေသျှုသည် ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်လာ၏၊ “ဘုရားသခင်က ကတိ ပီးတော်မူ၏ ထို့နောက် ထိုကတိတော်ကို ပြန်၍ ရုတ်သိမ်းတော်မူလိမ့်မည် မဟုတ်၊ ‘သင်သည် ထာဝရ ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်လိမ့်မည်။’ ”
HEB 7:22 ဤသို့ ကျိန်ဆိုတော်မူခြင်းကြောင့် ယေသျှုသည် သာ၍မြတ်သော ပဋိညာဉ်တရားတော်၏ အာမခံ ဖြစ်တော်မူ၏။
HEB 7:23 အဂုအခါ ထိုသို့သော ယဇ်ပုရောဟိတ် များစွာဟိကြလေ၏။ အကြောင်းမူကား သူရို့သည် သီဆုံးလားကြသည်ဖြစ်၍ မိမိရို့အလုပ်ကို ဆက်လက်၍ မလုပ်နိုင်ကြပေ။
HEB 7:24 သို့ရာတွင် ယေသျှုသည် ထာဝရအသက်ရှင်တော်မူသည်ဖြစ်၍ သူသည် ပြောင်းလဲခြင်း မဟိသော ယဇ်ပုရောဟိတ်ဖြစ်တော်မူ၏။
HEB 7:25 ထို့ကြောင့် အဂုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။
HEB 7:26 ထို့ကြောင့် ယေသျှုသည် ငါရို့လိုအပ်သော ယဇ်ပုရောဟိတ်မင်း အမှန်ပင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မြင့်မြတ်သန့်ယှင်း၍ အပြစ်ကင်းစင်တော်မူ၏။ ကိုယ်တော်သည် အပြစ်သားတိနှင့် ခြားထားခြင်းကို ခံရပြီးလျှင် ကောင်းကင်ဘဝဂ်တိုင်အောင် ချီးမြှောက်ခြင်းကို ခံတော်မူ၏။
HEB 7:27 ကိုယ်တော်သည် အခြားသော ယဇ်ပုရောဟိတ်မင်းရို့ကဲ့သို့ နိ့စဉ်နိ့တိုင်း ယဇ်ပူဇော်ရန် မလိုအပ်ပေ။ အခြားသော ယဇ်ပုရောဟိတ်တိမှာကား မိမိရို့အပြစ်အတွက် ပထမဦးစွာ ပူဇော်သကာကို ပူဇော်ပြီးနောက် လူတိအပြစ်အတွက် တဖန် ပူဇော်သကာကို ပူဇော်ကြရ၏။ သို့ရာတွင် ယေသျှုသည် မိမိကိုယ်ကို ပူဇော်သောအခါ လူသားအားလုံး၏ အပြစ်အတွက် တစ်ခါတည်း အပြီးပူဇော်ထားပြီးဖြစ်၏။
HEB 7:28 မောသျှေ၏ပညတ်တရားက ပြီးပြည့်စုံလင်ခြင်းမဟိသော လူတိကို ယဇ်ပုရောဟိတ်မင်းတိအဖြစ် ခန့်ထား၏။ သို့သော် ပညတ်တရား၏ နောက်မှရောက်လာသော ဘုရားသခင် ကျိန်ဆိုတော်မူသည့် ကတိတော်သည် ထာဝရပြည့်စုံတော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားလေ၏။
HEB 8:1 ငါရို့ ပြောဆိုနိန်ကြသည့် အဓိကအချက်မှာ ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပလ္လင်တော် လက်ယာဖက်တွင် ထိုင်နိန်တော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိနိန်သည်ဟူသော အကြောင်းပင် ဖြစ်၏။
HEB 8:2 ထိုယဇ်ပုရောဟိတ်သည်ကား လူလက်ဖြင့် မလုပ်၊ သခင်ဘုရား တည်ဆောက်တော်မူသော စစ်မှန်သော တဲတော်ဖြစ်သည့် သန့်ယှင်းရာ ဌာနတော်၌ အမှုတော်ကို ဆောင်ရွက်လျက် ဟိတော်မူ၏။
HEB 8:3 ယဇ်ပုရောဟိတ်မည်သည်ကား ပူဇော်သကာများနှင့် ယဇ်ကောင်များကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းဖြစ်၏။ ထို့ကြောင့် ငါရို့၏ယဇ်ပုရောဟိတ်မင်း၌လည်း ထိုသို့ပူဇော်ခြင်းငှာ တစ်စုံတစ်ခု ဟိရမည် ဖြစ်၏။
HEB 8:4 ကိုယ်တော်သည် မြီကြီးထက်တွင် ဟိတော်မူမည်ဆိုလျှင် ယုဒလူမျိုးရို့နှင့်ဆိုင်သော ပညတ်တရားအရ ပူဇော်သကာများကို ပူဇော်ကြသော ယဇ်ပုရောဟိတ်တိ ဟိနိန်ကြပြီးဖြစ်သောကြောင့် ကိုယ်တော်သည် ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်လိမ့်မည် မဟုတ်ပေ။
HEB 8:5 မောသျှေသည် ဝတ်ပြုရန် တဲတော်ကို တည်ဆောက်မည်ပြုသောအခါ ဘုရားသခင်က “တောင်ပေါ်တွင် သင့်ကို ငါ ပြခသည့် ပုံစံအတိုင်း အရာရာကို သေချာစွာ လုပ်ဆောင်လော့” ဟု သူ့အား မိန့်မှာခသည့်အတိုင်း ယဇ်ပုရောဟိတ်ရို့ လုပ်ဆောင်နိန်ကြသော အလုပ်သည် ကောင်းကင်ဘုံ၌ဟိသော အမှုအရာ၏ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး မောသျှေ၏လုပ်ဆောင်မှုနှင့် အတူတူပင် ဖြစ်၏။
HEB 8:6 သို့ရာတွင် ယေသျှုသည် ဘုရားသခင်နှင့် မိမိ၏လူရို့ကြားမှာ ပျင်ဆင်ထားတော်မူသော ပဋိညာဉ်တရားသည် ကတိတော်၌ တည်သောကြောင့် သာ၍ ကောင်းမြတ် သည်ဖြစ်၍ အဂုအခါ ကိုယ်တော့်အား ယဇ်ပုရောဟိတ်တိထက် သာ၍ မြင့်မြတ်သော ယဇ်ပုရောဟိတ်တာဝန်ကို ပီးအပ်ထားတော်မူ၏။
HEB 8:7 အကြောင်းမူကား ပထမ ပဋိညာဉ်တရား၌ အပြစ်မဟိခလျှင် ဒုတိယ ပဋိညာဉ်တရား ဖြစ်တည်ရန် မလိုအပ်ပေ။
HEB 8:8 သို့ရာတွင် ဘုရားသခင်သည် မိမိလူတိ၌ အပြစ်တွိ့တော်မူသည်ဖြစ်၍ “ထာဝရဘုရား မိန့်တော်မူသည်မှာ၊ ငါသည် ဣသရေလလူမျိုးတိနှင့် သော်လည်းကောင်း၊ ယုဒလူမျိုးတိနှင့် သော်လည်းကောင်း ပဋိညာဉ်တရားသစ်ကို ပြုတော်မူမည့် နိ့ရက် ရောက်လာလိမ့်မည်။
HEB 8:9 ထိုပဋိညာဉ်တရားသည်ကား ငါသည် အဲဂုတ္တုပြည်မှ သူရို့ကို ခေါ်ဆောင်လာစဉ်က သူရို့၏အဖိုး အဖီးရို့နှင့် ပြုခသော ပဋိညာဉ်တရားနှင့် တူလိမ့်မည် မဟုတ်ပေ။ သူရို့သည် ထိုပဋိညာဉ်တရားကို ချိုးဖောက်ကြသည် ဖြစ်၍ ငါသည် သူရို့ကို ဂရုမစိုက်ဘဲ နိန်ခ၏။
HEB 8:10 နောင်ကာလတွင် ဣသရေလလူမျိုးတိနှင့် ငါပြုမည့် ပဋိညာဉ်တရားဟူမူကား၊ ငါသည် ငါ၏ပညတ်တရားကို သူရို့၏စိတ်ဝိညာဉ်ထဲသို့ သွင်းပြီးလျှင်၊ ထိုပညတ်တရားများကို သူရို့၏ စိတ်နှလုံးတွင် ရီးထားမည်။ ငါသည် သူရို့၏ဘုရားသခင် ဖြစ်ပြီး သူရို့သည်လည်း ငါ၏လူတိ ဖြစ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
HEB 8:11 သူရို့သည် မိမိရို့၏အမျိုးသားချင်းကို သော်လည်းကောင်း၊ ညီအစ်ကိုချင်းကို သော်လည်းကောင်း ‘ထာဝရဘုရားကို သိကြလော့’ ဟု သင်ကြားပီးရ လိမ့်မည် မဟုတ်၊ အကြောင်းမူကား သူရို့အားလုံးသည် အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ငါ့ကို သိကြလိမ့်မည်။
HEB 8:12 ငါသည် သူရို့၏ အပြစ်တိကို ခွင့်ရွှတ်လိမ့်မည်။ သူရို့၏ ပြစ်မှားခြင်းတိကိုလည်း မအောင့်မိ့ဘဲ နိန်လိမ့်မည်” ဟု မိန့်တော်မူ၏။
HEB 8:13 ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူရာ၌ ဘုရားသခင်သည် ပထမ ပဋိညာဉ်တရားကို ဟောင်းနွမ်းစီတော်မူသည်ဖြစ်၍ ထိုဟောင်းနွမ်းလားသောအရာဟူသမျှသည် မကြာခင် ကွယ်ပျောက်လားလိမ့်မည်။
HEB 9:1 ပထမပညတ်တော်၌ ဝတ်ပြုခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် မြီကြီးနှင့်ဆိုင်သော ဝတ်ပြုရာ နီရာတစ်ခုလည်း ဟိလေ၏။
HEB 9:2 တဲတော်၌ သန့်ယှင်းသောနီရာ ဟုခေါ်သော ပထမအခန်း၌ ဆီမီးခွက်တင်ခုံ၊ စားပွဲနှင့် ဘုရားသခင်ကို ပူဇော်ထားသောမုန့် ဟူ၍ ဟိကြ၏။
HEB 9:3 ဒုတိယ ကန့်လန့်ကာ၏နောက်တွင် အသန့်ယှင်းဆုံးသောနီရာဟု ခေါ်သောအခန်း ဟိ၏။
HEB 9:4 ထိုအခန်းထဲတွင် အမွှီးနံ့သာများကို ထွန်းညှိပူဇော်ထားသည့် ရွှီပလ္လင်တော်၊ ရွှီဖြင့်ပြုလုပ်ထားသော ပဋိညာဉ်သေတ္တာတော်၊ မန္နမုန့်ကို ထည့်ထားသော ရွှီအိုး၊ အဖူးအညွန့်များ ထွက်လျက်ဟိသော အာရုန်၏တောင်မွိ့နှင့် ပညတ်တရားတော်များကို ရီးထားသော ကျောက်ပြားနှစ်ချပ် စသည့်အရာများသည် ဟိကြ၏။
HEB 9:5 သေတ္တာ၏အထက်တွင် ခေရုဗိမ်ရို့သည် ဘုရားသခင်၏ဘုန်းတော်ကို ဖော်ညွှန်းလျက်ဟိကြ၏။ ထိုခေရုဗိမ်ရို့သည် အပြစ်ဖြေရာနီရာ အထက်က သူရို့၏အတောင်များကို ဖြန့်မိုးထားကြ၏။ သို့ရာတွင် ဤအရာများကို အဂု အသေးစိပ်ပြောပြ၍ မရနိုင်ပေ။
HEB 9:6 ဤသို့သောအရာများကို ပျင်ဆင်ထားပြီးနောက် ယဇ်ပုရောဟိတ်တိသည် မိမိရို့၏တာဝန်များကို ဆောင်ရွက်ရန် နိ့တိုင်း တဲတော်၏ပထမခန်းထဲသို့ ဝင်ကြရ၏။
HEB 9:7 သို့ရာတွင် ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်းသာ တဲတော်၏ ဒုတိယခန်းထဲသို့ ဝင်ရ၏။ ထိုသို့ ဝင်ရသည်မှာလည်း တစ်နှစ်လျှင် တစ်ကြိမ်သာ ဝင်ရ၏။ သူသည် မိမိအတွက်လည်းကောင်း၊ မသိ၍ ပြစ်မှားမိသော လူတိအပြစ်အတွက်လည်းကောင်း ကိုယ်စားပြု၍ ဘုရားသခင်အား ပူဇော်ရန် အသွီးကို မိမိနှင့်တပါတည်း ယူဆောင်လားရ၏။
HEB 9:8 တဲတော်၏ပထမအခန်း တည်ဟိနိန်သမျှ ကာလပတ်လုံး အသန့်ယှင်းဆုံးနီရာသို့ ဝင်ရောက်ရန် လမ်းဖွင့်ထားခြင်း မဟိသိမ့်ကြောင်းကို ဤပျင်ဆင်ထားသောအရာများအားဖြင့် သန့်ယှင်းသောဝိညာဉ်တော်က ယှင်းလင်းစွာ ဖော်ပြလျက်ဟိ၏။
HEB 9:9 ဤအရာများသည် အဂုမျက်မှောက်ကာလအတွက် ညွှန်ပြထားသော ပုံဆောင်ထားခြင်းသာ ဖြစ်ကြ၏။ ဘုရားသခင်အား ဆက်ကပ်ထားသော ပူဇော်သကာများနှင့် ယဇ်ကောင်များသည် ဝတ်ပြုသူများ၏စိတ်ကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်ဟု အဓိပ္ပာယ်ရ၏။
HEB 9:10 အကြောင်းမူကား ထိုအရာများသည် စားသောက်ဖွယ်ရာများနှင့် အမျိုးမျိုးသော သန့်ယှင်း စင်ကြယ်ခြင်းဝတ်နှင့်သာ ဆိုင်ကြ၏။ ဤအရာများသည် ပြင်ပလက္ခဏာများဆိုင်ရာ စည်းမျဉ်းများသာဖြစ်ကြ၏။ ဘုရားသခင်သည် အသစ်သော ပညတ်တော်ကို ချပီးသောအချိန်ကာလ ရောက်လာသည့်တိုင်အောင်အထိသာလျှင် ထိုအရာများသည် အထောက်အပံ့ပြုကြ၏။
HEB 9:11 သို့ရာတွင် ခရစ်တော်သည် ကောင်းသောအရာအားလုံး၏ ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ကြွလာတော်မူ၏။ ကိုယ်တော် အမှုတော်ဆောင်သည့် တဲတော်သည် သာ၍ ကြီးမြတ်ပြည့်စုံတော်မူ၏။ အကြောင်းမူကား ထိုတဲတော်သည် လူ့လက်ဖြင့် တည်ဆောက်ထားသောအရာ မဟုတ်သည့်အပြင် ဖန်ဆင်းခံဖြစ်သော ဤလောက၏အရာများနှင့်လည်း မသက်ဆိုင်ပေ။
HEB 9:12 ခရစ်တော်သည် လူသားအာလုံးအတွက် ပူဇော်သကာဆက်ကပ်ခြင်းငှာ တဲတော်၏အသန့်ယှင်းဆုံးသော နီရာသို့ ဝင်သောအခါ ဆိတ်၏အသွီး၊ နွား၏အသွီးများကို ယူဆောင်၍ ဝင်တော်မူခြင်း မဟုတ်၊ မိမိ၏အသွီးတော်ကို ယူဆောင်၍ ဝင်တော်မူခြင်းအားဖြင့် ငါရို့အား ထာဝရ ကယ်တင်ခြင်းကို ပီးတော်မူ၏။
HEB 9:13 ဆိတ်၏အသွီး၊ နွား၏အသွီးနှင့် နွားမတမ်း၏ပြာများကို မစင်ကြယ်သောသူတိကို ဖြန်းခြင်းအားဖြင့် သူရို့သည် မိမိရို့၏ဘာသာတရားဆိုင်ရာ စင်ကြယ်ခြင်းသို့ ရောက်ကြသည်
HEB 9:14 မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
HEB 9:15 ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်​စိ့စပ်ပီး​သူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။
HEB 9:16 သီတမ်းစာတစ်စောင် တရားဝင်ဖြစ်လာစီခြင်းငှာ ထိုသီတမ်းစာကို ရီးသားထားသောသူသည် သီဆုံးလားပြီဖြစ်ကြောင်းကို သက်သီပြဖို့ရန် လိုအပ်၏။
HEB 9:17 ထိုသီတမ်းစာကို ရီးသားထားသောသူသည် အသက်မသီသိမ့်လျှင် ထိုသီတမ်းစာသည် တရားမဝင်သိမ့်၊ ထိုသူ သီပြီးမှသာ တရားဝင်လာ၏။
HEB 9:18 ထို့ကြောင့် ပထမပဋိညာဉ်တရားပင်လျှင် အသွီးအားဖြင့်သာ တည်၏။
HEB 9:19 အစဦးကပင် မောသျှေသည် ပညတ်တော်၌ ပါသော တရားအားလုံးကို လူတိအား ကြော်ငြာပြီးသောအခါ ရီနှင့်ရောထားသော နွား၏အသွီး၊ ဆိတ်၏အသွီးများကို ယူ၍ အနီရောင်သိုးမွှီးနှင့် ဟုဿုပ်ပင်ညွန့်ကို အသုံးပြုကာ ကျမ်းစာလိပ်ကိုလည်းကောင်း၊ လူတိအားလုံးကိုလည်းကောင်း ဖြန်းလေ၏။
HEB 9:20 ထို့နောက် မောသျှေက “ဤအသွီးသည်ကား သင်ရို့ နာခံကြစီခြင်းငှာ ဘုရားသခင် ပညတ်တော်မူသော ပဋိညာဉ်တရား၏ သက်သီဖြစ်၏” ဟု မိန့်တော်မူ၏။
HEB 9:21 ထိုနည်းအတိုင်း မောသျှေသည် တဲတော်နှင့်တကွ ဝတ်ပြုရာ၌ အသုံးပြုသော အရာအားလုံးကို အသွီးနှင့် ဖြန်းလေ၏။
HEB 9:22 အကယ်စင်စစ် ပညတ်တရားအရ အရာအားလုံးနီးပါးသည် အသွီးအားဖြင့်သာလျှင် သန့်ယှင်းစင်ကြယ်ခြင်းသို့ ရောက်ကြရ၏။ အကြောင်းမူကား အသွီး သွန်းလောင်းခြင်း မဟိလျှင် အပြစ်လွှတ်ခြင်း မဟိ။
HEB 9:23 ထိုနည်းအားဖြင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်သောပြယုဂ်များကိုသာ သန့်ယှင်းစင်ကြယ်ရန် ဖြစ်၏။ သို့ရာတွင် ကောင်းကင်ဘုံနှင့်ဆိုင်သော အရာများကို သန့်ယှင်းစင်ကြယ်ရန် သာ၍ မြင့်မြတ်သောယဇ်ကို ပူဇော်ရန်လိုအပ်၏။
HEB 9:24 အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပြယုဂ်ဖြစ်သည့် လူ့လက်ဖြင့် လုပ်ထားသော သန့်ယှင်းသောနီရာသို့ ဝင်တော်မမူခပေ။ သို့သော် အဂုတွင် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့အတွက် ထင်ရှားစီရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူ၏။
HEB 9:25 ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အသွီး မဟုတ်သော အသွီးဖြင့် နှစ်စဉ်နှစ်တိုင်း အသန့်ယှင်းဆုံးသောနီရာသို့ ဝင်ရောက်သကဲ့သို့ ကိုယ်တော်သည် မိမိကိုယ်ကို အကြိမ်ကြိမ် ပူဇော်ရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မမူ။
HEB 9:26 ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်သည့်အချိန်မှစ၍ ခရစ်တော်သည် ဒုက္ခဝေဒနာကို အကြိမ်ကြိမ် ခံစားရပေလိမ့်မည်။ အဂုမူကား မိမိကိုယ်ကို ပူဇော်ခြင်းအားဖြင့် အပြစ်တရားကို ဖယ်ယှားရန် ကပ်ကာလ၏အဆုံး၌ ကိုယ်တော်သည် တစ်ကြိမ်တည်းသာ ပေါ်ထွန်းတော်မူ၏။
HEB 9:27 လူသည် တစ်ခါတည်းသာ သီဆုံး၍၊ တရားစီရင်ခြင်းကို ခံရသကဲ့သို့
HEB 9:28 ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
HEB 10:1 ပညတ်တရားသည် နောင်ဖြစ်လာမည့် ကောင်းသောအရာများ၏ ပုံရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာများ မဟုတ်ကြပေ။ ထို့ကြောင့် ဝတ်ပြုသူတိကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်သောကြောင့် တူညီသောယဇ်များကို နှစ်စဉ် ပူဇော်ကြရ၏။
HEB 10:2 အကယ်၍ ပြည့်စုံနိုင်ခလျှင် ဝတ်ပြုသူရို့သည် တစ်ခါတည်းဖြင့် စင်ကြယ်ခြင်းသို့ ရောက်ကြသည်ဖြစ်၍ အပြစ်ဟိသည်ဟု မခံစားရသောကြောင့် သူရို့သည် ယဇ်ပူဇော်ခြင်းကို မပြုလုပ်ဘဲနိန်ကြလိမ့်မည် မဟုတ်ပါလော။
HEB 10:3 သို့ရာတွင် ထိုသို့ ယဇ်ပူဇော်ခြင်းများသည် သူရို့၏အပြစ်များကို နှစ်စဉ် ဖော်ပြနိန်ခြင်းဖြစ်၏။
HEB 10:4 အကြောင်းမူကား နွားနှင့် ဆိတ်များ၏အသွီးသည် အပြစ်များကို လုံးဝ ဖယ်ယှားမပီးနိုင်သောကြောင့်ဖြစ်၏။
HEB 10:5 ထို့ကြောင့် ခရစ်တော်သည် လောကထဲသို့ ကြွလာသောအခါ ဘုရားသခင်အား လျှောက်ထားတော်မူသည်မှာ၊ “ယဇ်ကောင်နှင့် ပူဇော်သကာများကို ကိုယ်တော်သည် အလိုမဟိသည်ဖြစ်၍ အကျွန့်အတွက် ကိုယ်ခန္ဓာကို ပျင်ဆင်ထားတော်မူ၏။
HEB 10:6 ကိုယ်တော်သည် ယဇ်ပလ္လင်ထက်၌ မီးတိုက်ထားသောယဇ်ကောင်များကိုလည်းကောင်း၊ အပြစ်ဖြေရာ ပူဇော်သကာများကိုလည်းကောင်း နှစ်သက်တော်မမူ။
HEB 10:7 သို့ဖြစ်၍ ပညတ္တိကျမ်း၌ အကျွန့်ကို ရည်ညွှန်း၍ ရီးသားထားသည့်အတိုင်း၊ ‘အို ဘုရားသခင်၊ အသျှင်ဘုရား၏အလိုတော်ကို ဆောင်ရွက်ရန် အကျွန်သည် ဤနီရာ၌ ဟိပါ၏’ ” ဟု လျှောက်လေ၏။
HEB 10:8 ကိုယ်တော်သည် ပထမဦးစွာ လျှောက်တော်မူသည်မှာ “အသျှင်ဘုရားသည် ယဇ်ပလ္လင်ထက်၌ ယဇ်ကောင်များနှင့် ပူဇော်သကာများကို သော်လည်းကောင်း၊ မီးယှို့ထားသော ယဇ်ကောင်များနှင့် အပြစ်ဖြေရာပူဇော်သကာများကို သော်လည်းကောင်း ပညတ်တရားအရ ပူဇော်ကြသော်လည်း ကိုယ်တော်သည် နှစ်သက်တော်မမူ” ဟူ၍ ဖြစ်၏။
HEB 10:9 တဖန် ကိုယ်တော်က လျှောက်တော်မူသည်မှာ “အကျွန်သည် ဤနီရာ၌ ဟိပါ၏၊ အသျှင်ဘုရား၏ အလိုတော်ကို ဆောင်ရွက်ရန် ရောက်လာခြင်းဖြစ်ပါ၏” ဟု ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် ဒုတိယပူဇော်ခြင်းကို တည်စီခြင်းငှာ ပထမပူဇော်ခြင်းကို ပယ်တော်မူ၏။
HEB 10:10 ထိုသို့ အလိုတော်နှင့်အညီ ငါရို့အားလုံးအတွက် ယေသျှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် ငါရို့ကို သန့်ယှင်းစီခြင်းငှာ ဆောင်ရွက်ပီးတော်မူခ၏။
HEB 10:11 ယဇ်ပုရောဟိတ်သည် နိ့စဉ်နိ့တိုင်း မတ်တပ်ရပ်ကာ မိမိ၏ဘာသာရေးဆိုင်ရာ ဝတ္တရားများကို ဆောင်ရွက်ရ၏။ သူသည် တူညီသော ပူဇော်သကာယဇ်ကို အကြိမ်ကြိမ် ပူဇော်ရ၏။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် အပြစ်များကို လုံးဝ မဖယ်ယှားနိုင်။
HEB 10:12 သို့ရာတွင် ခရစ်တော်သည်ကား ထာဝရအတွက် တစ်ခုတည်းသော အပြစ်ဖြေရာယဇ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးလျှင် ဘုရားသခင်၏လက်ယာဖက်၌ ထိုင်နိန်တော်မူ၏။
HEB 10:13 အဂုအခါ ကိုယ်တော်သည် မိမိ၏ရန်သူတိကို မိမိ၏ခြီတင်ခုံ ဖြစ်စီသည့်တိုင်အောင် စောင့်ဆိုင်းလျက် ဟိတော်မူ၏။
HEB 10:14 အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်များမှ စင်ကြယ်ခြင်းခံရပြီးသော သူရို့အား ထာဝရစုံလင်စီခြင်းငှာ ဆောင်ရွက်ပီးတော်မူခ၏။
HEB 10:15 သန့်ယှင်းသော ဝိညာဉ်တော်သည်လည်း ဤအကြောင်းနှင့် ပတ်သက်၍ ငါရို့ကို သက်သီခံတော်မူ၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်က ပထမဦးစွာ မိန့်တော်မူသည်မှာ
HEB 10:16 “ထာဝရဘုရားက နောင်ကာလ၌၊ သူရို့နှင့် ငါပြုမည့်ပဋိညာဉ်မှာ၊ ငါသည် ငါ၏ပညတ်တရားများကို သူရို့၏နှလုံးထဲ၌ ထည့်သွင်း၍ သူရို့၏စိတ်ဝိညာဉ်မှာ ရီးမှတ်ထားမည်ဟု မိန့်တော်မူ၏” ဟူ၍ ဖြစ်၏။
HEB 10:17 တဖန် “ငါသည် သူရို့၏အပြစ်များနှင့် တရားမဲ့ပြုမူခြင်းများကို လုံးဝ မှတ်ယူလိမ့်မည် မဟုတ်” ဟု မိန့်တော်မူခ၏။
HEB 10:18 ထို့ကြောင့် အပြစ်များကို ခွင့်ရွှတ်ပြီးပြီဖြစ်သောကြောင့် အပြစ်ဖြေရာယဇ်ကို ပူဇော်ရန် မလိုယာ။
HEB 10:19 ထို့ကြောင့် ညီအစ်ကို မောင်နှမရို့၊ ငါရို့သည် ယေသျှု၏အသွီးတော်အားဖြင့် အသန့်ယှင်းဆုံးသောနီရာသို့ ယုံကြည်စိတ်ချစွာ ဝင်ရောက်ခွင့်ရကြ၏။
HEB 10:20 ထို့ကြောင့် ကိုယ်တော်သည် မိမိခန္ဓာကိုယ်တည်းဟူသော ကန့်လန့်ကာမှ တစ်ဆင့် ငါရို့အတွက် အသက်ရှင်သော လမ်းသစ်ကို ဖွင့်ပီးခတော်မူ၏။
HEB 10:21 ထိုမျှမက ငါရို့၌ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်တစ်ပါး ဟိတော်မူ၏။
HEB 10:22 ငါရို့သည် သန့်စင်သောရီဖြင့် ဆီးကြောထားသော ကိုယ်ခန္ဓာဖြင့် လည်းကောင်း၊ ဖြောင့်မှန်သော နှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ ဆိုးညစ်သောစိတ်နှလုံးကို သန့်ယှင်းစင်ကြယ်၍ လည်းကောင်း၊ ဘုရားသခင် ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။
HEB 10:23 ကတိပီးထားတော်မူသော အသျှင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ငါရို့ ဝန်ခံထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြကုန်အံ့။
HEB 10:24 ထို့အပြင် မေတ္တာထားခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုကို ပြုခြင်းငှာလည်းကောင်း၊ တစ်ယောက်ကို တစ်ယောက် မည်သို့ တိုက်တွန်းကြရမည်ကိုလည်းကောင်း၊ စဉ်းစားဆင်ခြင်ကြကုန်အံ့။
HEB 10:25 တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။
HEB 10:26 အကြောင်းမူကား ငါရို့အား သမ္မာတရားကို သိခြင်းငှာ ဆောင်ရွက်ပီးထားပြီးမှ အပြစ်ကို တမင်တကာ ဆက်လက်၍ လုပ်နိန်ကြလျှင် အပြစ်ဖြေမည့်ယဇ်ဟူ၍ မဟိယာ။
HEB 10:27 သို့ရာတွင် တရားစီရင်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော သူရို့ကို လောင်ကျွမ်းမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နိန်ကြရုံမျှသာဟိ၏။
HEB 10:28 မောသျှေ၏ပညတ်တရားကို ငြင်းပယ်သောသူမည်သည်ကား သက်သီနှစ်ဦး သို့မဟုတ် သုံးဦးဟိလျင် သက်ညှာခြင်းကို မခံရဘဲ သီဒဏ်ပီးခြင်းကို ခံရ၏။
HEB 10:29 သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို ခြီဖြင့် နင်းလျက် အပြစ်ကို သန့်ယှင်းစင်ကြယ်စီသော ဘုရားသခင်၏ပဋိညာဉ်နှင့်ဆိုင်သောအသွီးတော်ကို မထီမဲ့မြင် ပြုမူကာ ကျေးဇူးတော်နှင့်ဆိုင်သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူရို့သည် ဇာလောက်ကြီးမားသော ပြစ်ဒဏ်နှင့် ထိုက်တန်သည်ကို သင်ရို့ စဉ်းစားကြလော့။
HEB 10:30 အကြောင်းမူကား “ပြစ်ဒဏ်ပီးခြင်းသည် ငါနှင့် ဆိုင်၏။ ငါ ကိုယ်တိုင် ပြစ်ဒဏ်ပီးမည်” ဟူ၍လည်းကောင်း၊ တဖန် “ထာဝရဘုရားသည် မိမိ၏လူမျိုးကို တရားစီရင်မည်” ဟူ၍လည်းကောင်း မိန့်တော်မူသောအသျှင်ကို ငါရို့ သိကြ၏။
HEB 10:31 အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်၌ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။
HEB 10:32 သင်ရို့သည် အယင်က နိ့ရက်များကို သတိရကြလော့။ ထိုနိ့ရက်များ၌ ဘုရားသခင်၏အလင်းသည် သင်ရို့၌ ထွန်းလင်းပြီး သင်ရို့ကြုံတွိ့ခရသော ဒုက္ခများစွာကို ရုန်းကန်၍ အနိုင်ရခကြ၏။
HEB 10:33 သင်ရို့သည် တစ်ခါတရံ လူတိရှိ့၌ ကဲ့ရဲ့ပြစ်တင်ခြင်း၊ နှိပ်စက်ခြင်းကို ခံရကြ၍ တခြားသောအချိန်၌ ထိုသို့ ပြုခြင်းကိုခံရသော သူရို့၏အပေါင်းအသင်းများ ဖြစ်ကြ၏။
HEB 10:34 သင်ရို့သည် အကျဉ်းကျခံနိန်ရသော သူရို့ကို စာနာစိတ်ဟိကြ၏။ မိမိရို့၏ဥစ္စာပစ္စည်းများကို မတရား လုယူခြင်း ခံရသောအခါ ဝမ်းမြောက်စွာ သည်းခံကြ၏။ အကြောင်းမူကား သင်ရို့သည် သာ၍ကောင်းမြတ်ပြီး တည်မြဲသောဥစ္စာကို ပိုင်ဆိုင်ထားကြသည်ကို သင်ရို့ကိုယ်တိုင်သိကြသောကြောင့်ဖြစ်၏။
HEB 10:35 ထို့ကြောင့် သင်ရို့၏ရဲရင့်ခြင်းကို မဆုံးယှုံးစီကတ်ကေ့။ ထိုရဲရင့်ခြင်းသည်ကား ကြီးမြတ်သောအကျိုးကျေးဇူးကို ပီးတတ်၏။
HEB 10:36 သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးသောအခါ ကိုယ်တော်၏ကတိတော်အတိုင်း အကျိုးကို ခံစားရခြင်းငှာ မဆုတ်မနစ် ကြိုးစားအားထုတ်ရန် လိုအပ်၏။
HEB 10:37 အကြောင်းမူကား၊ “ကြွလာတော်မူမည့် အသျှင်သည် ကြန့်ကြာခြင်းမဟိဘဲ ကြွလာတော်မူလိမ့်မည်။
HEB 10:38 ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့ရာတွင် ထိုသူသည် နောက်သို့ ပြန်လှည့်လျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည် မဟုတ်” ဟူ၍ ဖော်ပြထား၏။
HEB 10:39 သို့သော် ငါရို့သည် နောက်သို့ ပြန်လှည့်သူတိ၊ ဖျက်ဆီးခြင်းကို ခံသော သူတိမဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံထားရသောသူတိ ဖြစ်ကြ၏။
HEB 11:1 ယုံကြည်ခြင်း ဆိုသည်မှာ မျှော်လင့်ထားသောအရာများသည် အမှန် ဖြစ်လာလိမ့်မည်ဟု ယုံကြည်စိတ်ချမှုဟိခြင်း၊ မမြင်နိုင်သောအရာများသည် အမှန်ဟိသည်ဟူ၍ ခံယူထားခြင်း ဖြစ်၏။
HEB 11:2 ရှီးလူရို့သည် ဘုရားသခင်၏ နှစ်သက်ခြင်းကို ခံရကြသည်မှာ သူရို့၏ယုံကြည်ခြင်းကြောင့် ဖြစ်၏။
HEB 11:3 မမြင်နိုင်သောအရာကို မြင်နိုင်စီခြင်းငှာ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို ဖန်ဆင်းထားတော်မူကြောင်းကို ငါရို့သည် ယုံကြည်ခြင်းအားဖြင့်သာ သိကြရ၏။
HEB 11:4 ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် သာ၍မြတ်သော ပူဇော်သကာယဇ်ကို ဘုရားသခင်အား ပူဇော်ခ၏။ သူသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူ တစ်ယောက်အဖြစ် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ခံရလေ၏။ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပူဇော်သကာများကို လက်ခံတော်မူသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ သူသည် သီလွန်သော်လည်း ယုံကြည်ခြင်းအားဖြင့် အဂုတိုင်အောင် စကားပြောလျက် ဟိ၏။
HEB 11:5 ယုံကြည်ခြင်းအားဖြင့် ဧနောက်သည် သီခြင်းတရားကို မကြုံရစီခြင်းငှာ မျက်မှောက်ဘဝမှ ခေါ်ဆောင်လားခြင်းကို ခံရ၏။ ဘုရားသခင်သည် သူ့အား ချီဆောင်လားတော်မူသောကြောင့် သူ့ကို မတွိ့ကြရယာ။ အကြောင်းမူကား သူ့ကို မချီဆောင်ခင်က ဘုရားသခင် နှစ်သက်တော်မူသောသူအဖြစ် ချီးမွမ်းခြင်းကို ခံရခသောကြောင့်ဖြစ်၏။
HEB 11:6 ယုံကြည်ခြင်းမဟိလျှင် ဘုရားသခင် နှစ်သက်ခြင်းကို မရနိုင်။ အကြောင်းမူကား ဘုရားသခင်ထံပါးသို့ လာသောသူသည် ဘုရားသခင်ဟိတော်မူသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကို စိတ်အားကြီးစွာ ရှာသောသူတိအား အကျိုး ပီးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရသောကြောင့်ဖြစ်၏။
HEB 11:7 နောဧသည် နောင်ကာလ၌ ဖြစ်လာမည့် မမြင်နိုင်သည့်အရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပီးခြင်းကို ကြားရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူသည် ဘုရားသခင်၏စကားကို နာခံ၍ မိမိနှင့်တကွ မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို တည်ဆောက်ခ၏။ လောကကို အပြစ်စီရင်ပြီးနောက် နောဧသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမွီကို ရသောသူတစ်ယောက် ဖြစ်လာ၏။
HEB 11:8 အာဗြဟံသည် မိမိအား ပီးမည်ဟု ဘုရားသခင် ကတိပြုထားသောပြည်သို့ ထွက်ခွာရန် ဘုရားသခင်က သူ့အား ခေါ်တော်မူသောအခါ သူသည်ယုံကြည်ခြင်းအားဖြင့် နာခံလျက် မိမိမည်သည့်အရပ်သို့ လားရမည်ကို မသိသော်လည်း ဇာတိပြည်မှ ထွက်လားလေ၏။
HEB 11:9 သူသည် မိမိအား ဘုရားသခင် ကတိပီးထားသောပြည်၌ အာဂန္တုတစ်ယောက်အဖြစ် ယုံကြည်ခြင်းဖြင့် နီထိုင်ခလေ၏။ ဘုရားသခင်ထံမှ ထိုသို့သော ကတိတော်ကို ရဟိခကြသော ဣဇာက်၊ ယာကုပ်ရို့နှင့်အတူ တဲများတွင် နီထိုင်ခလေ၏။
HEB 11:10 အကြောင်းမူကား အာဗြဟံသည် ခိုင်ခံ့သည့် အုတ်မြစ်နှင့် ဘုရားသခင် တည်ဆောက်တော်မူသော မြို့တော်ကို မျှော်လင့်နိန်ခ၏။
HEB 11:11 အာဗြဟံလည်း အိုမင်းနိန်ယာ။ စာရာသည်လည်း သားသမီးမရနိုင်ယာ။ သို့သော်လည်း ဖခင်တစ်ယောက် ဖြစ်လာရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ အကြောင်းမူကား ကတိပီးတော်မူသော အသျှင်သည် သစ္စာဟိတော်မူသည်ဟု သူသည် မှတ်ယူသောကြောင့် ဖြစ်၏။
HEB 11:12 အမှန်အားဖြင့် အာဗြဟံသည် သီဆုံးလားပြီဖြစ်သော်လည်း ဤတစ်ယောက်သောသူထံပါးမှ သားသမီးများသည် ကောင်းကင်ကြယ်များကဲ့သို့ လည်းကောင်း၊ မရီတွက်နိုင်သော သမုဒ္ဒရာသဲလုံးများကဲ့သို့ လည်းကောင်း များပြားစွာ မွီးဖွားလာကြ၏။
HEB 11:13 ဤသူရို့အားလုံးသည် ယုံကြည်ခြင်းဖြင့် သီလားကတ်ယာ။ သူရို့သည် ဘုရားသခင် ကတိပီးထားသော အရာများကို မခံစားရခသော်လည်း ထိုအရာများကို အဝီးမှ လှမ်းမြင်၍ လက်ခံကာ မိမိရို့သည် မြီကြီးထက်၌ အာဂန္တုများ၊ သူစိမ်းများသာဖြစ်ကြောင်း ဝန်ခံကြလေ၏။
HEB 11:14 ထိုသို့ ဝန်ခံသောသူရို့သည် မိမိရို့၏နီရင်းပြည်တစ်ခုကို ရှာဖွီနိန်ကြကြောင်းကို ဖော်ပြလျက်ဟိ၏။
HEB 11:15 သူရို့သည် မိမိရို့ စွန့်ခွာလာသောပြည်နှင့်ပတ်သက်၍ မအောင့်မိကတ်ယာ၊ သူရို့သည် အောက်မိ့လျှင် ပြန်လားရသောအခွင့်ကို ရဟိခကြပေလိမ့်မည်။
HEB 11:16 အမှန်အားဖြင့် သူရို့သည် ကောင်းကင်အရပ်၌တည်ဟိသော သာ၍မြင့်မြတ်သော ပြည်ကို အလွန် လိုချင်တောင့်တနိန်ခကြ၏။ ထို့ကြောင့် ဘုရားသခင်က သူရို့၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူရို့အတွက် မြို့တော်တစ်မြို့ကို ပျင်ဆင်ထားတော်မူ၏။
HEB 11:17 အာဗြဟံသည် မိမိအား ဘုရားသခင် စမ်းသပ်စစ်ဆေးသောအခါ မိမိ၏သား ဣဇာက်ကို ယဇ်ကောင်အဖြစ် ပူဇော်ခသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ အာဗြဟံသည်ကား မိမိ၏တစ်ဦးတည်းသောသားကို ယဇ်ကောင်အဖြစ် ပူဇော်ရန် ပျင်ဆင်နိုင်သည်အထိ ဘုရားသခင်၏ကတိတော်များကို ရထားသောသူ ဖြစ်၏။
HEB 11:18 “သင်၏အမျိုးအနွယ်တိကို ပွားများစီမည့်သူမှာ ဣဇာက်ဖြစ်၏” ဟု ဘုရားသခင်က သူ့အား မိန့်တော်မူသော်လည်း၊
HEB 11:19 အာဗြဟံက ဘုရားသခင်သည် ဣဇာက်ကို သီခြင်းမှ ထမြောက်နိုင်သည်ဟု မှတ်ယူလျက် ထိုသို့ ပူဇော်ခ၏။ ဥပမာအားဖြင့်ဆိုရလျှင် အာဗြဟံသည် ဣဇာက်ကို သီရာမှ ပြန်ရခြင်းဖြစ်၏။
HEB 11:20 ဣဇာက်သည် ယာကုပ်နှင့် ဧသောကို အနာဂါတ်အတွက် ကောင်းကြီးပီးခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:21 ယာကုပ်သည် ကွယ်လွန်ခါနီးအချိန်တွင် ယောသပ်၏သားတစ်ယောက်ချင်းစီကို ကောင်းကြီးပီးပြီးလျှင် မိမိ၏တောင်မွိ့ထိပ်ကို မှီလျက် ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:22 ယောသပ်သည် ကွယ်လွန်ခါနီးအချိန်တွင် ဣသရေလလူမျိုးတိ အဲဂုတ္တုပြည်မှ ထွက်ခွာလာခြင်းအကြောင်းကို ပြောပြလျက် မိမိ၏အရိုးများနှင့် ပတ်သက်၍ မိန့်မှာထားခသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:23 မောသျှေ၏မိဖရို့သည် မောသျှေကို ဖွားမြင်ပြီးနောက် အဆင်းလှသည်ကို သိမြင်၍ သျှင်ဘုရင်၏အမိန့်တော်ကိုပင် မကြောက်ဘဲ မိမိရို့၏သားကို သုံးလတာ ကာလပတ်လုံး ဝှက်ထားခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:24 မောသျှေသည် ကြီးပြင်းလာသောအခါ အဲဂုတ္တုဘုရင့်သမီးတော်၏သားဟု အခေါ်ခံရခြင်းကို ငြင်းပယ်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:25 အပြစ်တရား၌ တဒင်္ဂပျော်ရွှင်မှုကိုသာ ခံစားရခြင်းထက် ဘုရားသခင်၏လူတိနှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကိုသာ ရွီးချယ်ခ၏။
HEB 11:26 သူသည် မိမိ၏အနာဂါတ် အကျိုးကျေးဇူးကို မျှော်မှန်းလျက် ခရစ်တော်အတွက် ကဲ့ရဲ့ပြစ်တင်ခံရခြင်းသည် အဲဂုတ္တုပြည်၏ဥစ္စာဘဏ္ဍာများထက် သာ၍ကြီးမြတ်သည်ဟု မှတ်ယူခ၏။
HEB 11:27 မောသျှေသည် မမြင်နိုင်သောဘုရားသခင်ကို မြင်သောကြောင့် သျှင်ဘုရင်၏အမျက်တော်ကို မကြောက်ဘဲ အဲဂုတ္တုပြည်သို့ ပြန်လားရန် ငြင်းဆန်လျက် ထိုပြည်ကို စွန့်ခွာလာခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:28 သားဦးတိကို ဖျက်ဆီးသောသူသည် ဣသရေလသားဦးတိကို မထိခိုက်စီရန် မောသျှေသည် ပသခါပွဲတော်နှင့် အသွီးဖျန်းခြင်းကို စီမံဆောင်ရွက်ခသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:29 ဣသရေလလူမျိုးရို့သည် ပင်လယ်နီကို ခြောက်သွိ့သောကုန်းလမ်းကဲ့သို့ ကျော်ဖြတ်ခကြသည်မှာ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ သူရို့နည်းတူ ကျော်ဖြတ်ခြင်းငှာ ကြိုးစားအားထုတ်ကြသော အဲဂုတ္တုအမျိုးသားရို့သည် ရီထဲ၌ နစ်မြုပ်ကြကုန်၏။
HEB 11:30 ဣသရေလလူမျိုးရို့သည် ယေရိခေါမြို့ကို ခုနစ်ရက်ကြာ ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည် ပြိုလဲကျလားသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:31 ပြည်တန်းဆာမ ရာခပ်သည် သူလျှိုတိကို ရင်းနှီးစွာ ကြိုဆို လက်ခံခသောကြောင့် မယုံကြည်သောသူတိနှင့်အတူ ပျက်စီးခြင်းသို့ မရောက်ခသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:32 ထို့အပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ သျှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ သျှမွေလနှင့် ပရောဖက်ရို့၏အကြောင်းများကိုပါ ပြောရလျှင် အချိန်လောက်မည် မဟုတ်ပေ။
HEB 11:33 ထိုသူရို့သည် တိုင်းနိုင်ငံများကို အောင်နိုင်ခြင်း၊ ဖြောင့်မတ်စွာ အုပ်ချုပ်ခြင်း၊ ကတိတော်များကို ခံစားရခြင်း၊ ခြင်္သေ့ပါးစပ်ကို ပိတ်စီခြင်း၊
HEB 11:34 မီးတောက် မီးလျှံကို ငြိမ်းစီခြင်း၊ ဓားဘေးမှ လွတ်မြောက်စီခြင်း၊ အားနည်းရာမှ အားကြီးလာစီခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့် ပြည့်စုံလာ၍ တိုင်းတစ်ပါး ရန်သူရို့ကို အောင်နိုင်ခြင်း စသည့်အမှုများကို ပြုနိုင်ခကြသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
HEB 11:35 မိန်းမရို့သည်လည်း သီဆုံးလားပြီးသော မိမိရို့၏ဆွီမျိုးတိအား တဖန်ပြန်၍ အသက်ရှင်ခြင်းကို ရကြ၏။ တချို့သောလူရို့သည် သာ၍မြတ်သောအသက်တာဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ရစီရန် လွတ်မြောက်ခြင်းကို ငြင်းဆန်၍ နှိပ်စက်ခြင်း၌ အသီခံကြသည်မှာလည်း ယုံကြည်ခြင်းအားဖြင့် ဖြစ်ကြ၏။
HEB 11:36 တချို့သောသူရို့သည် ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပီးခြင်းကိုလည်းကောင်း၊ တခြားလူတိသည် သံကြိုးနှင့်ချိုင်ထားခြင်း၊ ထောင်ထဲ၌ ချုပ်ထားခြင်းကိုလည်းကောင်း ခံခရကြ၏။
HEB 11:37 သူရို့သည် ကျောက်ခဲနှင့် ပစ်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားဖြင့် အသီသတ်ခြင်းကို ခံခရကြပြီးလျှင် သိုးသားရီ၊ ဆိတ်သားရီတိကို ဝတ်လျက် ဆင်းရဲနွမ်းပါးစွာဖြင့် လည်းကောင်း၊ နှိပ်စက်ခြင်းနှင့် မတရားပြုမူခြင်းများကိုလည်းကောင်း ခံ၍ လှည့်လည် နီထိုင်ခရကြ၏။
HEB 11:38 ဤလောကသည် ထိုသူရို့နှင့် မထိုက်တန်။ သူရို့သည် တောကန္တာရများနှင့် တောင်တန်းများ၌ လည်းကောင်း၊ လိုဏ်ဂူများနှင့် မြီတွင်းများ၌ လည်းကောင်း လှည့်လည်၍ နီထိုင်ခကြရ၏။
HEB 11:39 ဤသူရို့အားလုံးသည် မိမိရို့၏ယုံကြည်ခြင်းကြောင့် ချီးမွမ်းခြင်းကို ခံရကြသော်လည်း ပီးထားခသောကတိတော်ကို မခံစားခကြပေ။
HEB 11:40 အကြောင်းမူကား သူရို့သည် ငါရို့နှင့်အတူ ပြည့်စုံခြင်းသို့ ရောက်ကြစီခြင်းငှာ ငါရို့အတွက် သာ၍ ကောင်းမြတ်သောအရာကို ဘုရားသခင် စီမံထားသောကြောင့် ဖြစ်၏။
HEB 12:1 ထို့ကြောင့် ဤလောက်များသော သက်သီများသည် ငါရို့အား ဝိုင်းရံလျက်ဟိကြသည်ဖြစ်၍ ငါရို့၌ အနှောင့်အယှက်ဖြစ်စီသော အရာဟူသမျှကိုလည်းကောင်း၊ မိမိရို့၌ ငြိတွယ်နိန်သည့် အပြစ်များကိုလည်းကောင်း ဖယ်ယှား၍ ငါရို့ရှိ့၌ ထားသောပန်းဖူးတိုင်သို့ ရောက်ခြင်းငှာ လုံ့လစိုက်၍ ဗြီးကြကုန်အံ့။
HEB 12:2 ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။
HEB 12:3 ထို့ကြောင့် သင်ရို့သည် ပင်ပန်းနွမ်းနယ်၍ စိတ်ဓါတ်ကျခြင်း မဟိကြစီခြင်းငှာ အပြစ်သားရို့၏ ဆန့်ကျင်မှုကို သည်းခံတော်မူသော ကိုယ်တော့်ကို ဆင်ခြင်အောက်မိ့ကြလော့။
HEB 12:4 သင်ရို့သည် အပြစ်တရားကို ဆန့်ကျင်တွန်းလှန်ကြရာ၌ သွီးမြီကျသည့်တိုင်အောင် မခံကြရသိမ့်။
HEB 12:5 ထို့အပြင် သင်ရို့သည် မိမိ၏သားကဲ့သို့ သင်ရို့အား မိန့်တော်မူသော အားပီးတိုက်တွန်းထားသည့် စကားကို မိ့လားကြလေပြီ။ “ငါ့သား၊ သခင်ဘုရား၏ ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနိန်ကေ့။ ကိုယ်တော်သည် သင့်အား အပြစ်ကို ဖော်ပြ၍ ဆုံးမ သောအခါ စိတ်ဓါတ်မကျကေ့။
HEB 12:6 အကြောင်းမူကား သခင်ဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ မိမိ၏သားအဖြစ် လက်ခံတော်မူသောသူတိုင်းကို ပြစ်ဒဏ်ပီးတော်မူတတ်၏”
HEB 12:7 ဘုရားသခင်သည် သင်ရို့ကို မိမိ၏သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ ထိုကဲ့သို့ ဆုံးမပဲ့ပြင်တော်မူခြင်းကြောင့် ခံရသောဒုက္ခဆင်းရဲခြင်းကို သည်းခံကြလော့။ အကြောင်းမူကား ဖခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မခံရသော သားဟူ၍ ဟိသလော။
HEB 12:8 သားသမီးရို့ခံရသော ဆုံးမပဲ့ပြင်ခြင်းကို သင်ရို့ မခံရလျှင် သင်ရို့သည် သားအရင်း မဟုတ်၊ သျှောက်သားတိသာ ဖြစ်ကြ၏။
HEB 12:9 ထို့အပြင် ငါရို့ကို ဆုံးမပဲ့ပြင်သော အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် ငါရို့အားလုံးမှာ ဟိကြ၏။ ငါရို့သည် ထိုသို့ ဆုံးမပဲ့ပြင်ခြင်းကြောင့် ထိုဖခင်ရို့ကို ရိုသီလေးစားကြ၏။ သို့ဖြစ်လျှင် ငါရို့စိတ်ဝိညာဉ်များ၏ဖခင်ကို သာ၍ပင် နာခံ၍ အသက်ရှင်ကြရမည် မဟုတ်ပါလော။
HEB 12:10 အကြောင်းမူကား ငါရို့၏အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် အကောင်းဆုံးဟု ထင်မှတ်၍ တစ်ဒင်္ဂကာလအတွက် ဆုံးမပဲ့ပြင်တတ်ကြ၏။ ဘုရားသခင်သည်ကား မိမိ၏သန့်ယှင်းခြင်းပါရမီ၌ ငါရို့ကို ဝင်စားစီခြင်းငှာ ငါရို့၏ကောင်းကျိုးချမ်းသာအတွက် ဆုံးမပဲ့ပြင်တော်မူ၏။
HEB 12:11 နှစ်သက်ဖွယ်ကောင်းသော ဆုံးမပဲ့ပြင်ခြင်းဟူ၍ မဟိ။ နာကြင်စီသော ဆုံးမပဲ့ပြင်ခြင်း ဟူ၍သာ ဟိ၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းကို ခံယူသူများအား ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတည်းဟူသော အကျိုးကျေးဇူးများကို ပွားများစီတတ်၏။
HEB 12:12 ထို့ကြောင့် အားအင်ကုန်ခမ်းနိန်သောလက်တိနှင့် ချိနဲ့နိန်သောဒူးတိကို ခိုင်ခံ့စီကြလော့။
HEB 12:13 ခြီမသန်စွမ်းသောသူတိလည်း ခြီဆစ် လွဲခြင်းမဟိစီရဘဲ သာ၍ ကျန်းမာလာစီရန် သင်ရို့၏ခြီထောက်အတွက် ညီညာပြန့်ဖြူးသောလမ်းများကို ပျင်ဆင်ကြလော့။
HEB 12:14 လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည် မဟုတ်။
HEB 12:15 ဇာသူမျှ ဘုရားသခင်၏ကျေးဇူးတော်နှင့် မကင်းကွာစီခြင်းငှာ လည်းကောင်း၊ လူအပေါင်းရို့ကို အနှောင့်အယှက်ဖြစ်စီတတ်သည့်အပြင် ညစ်ညူးခြင်းကို ဖြစ်စီတတ်သည့် ခါးသီးသောအမြစ် ထွက်မလာစီခြင်းငှာ လည်းကောင်း သတိပြုကြကုန်အံ့။
HEB 12:16 သားဦးတစ်ယောက်၏ အရိုက်အရာကို အစားတစ်လုပ်နှင့် လှဲစားခသည့် ဧသောကဲ့သို့ မတရားသောမေထုန်ကို ပြုသောသူ သို့မဟုတ် ဘုရားတရားကို မထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ယောက်မျှ မဟိစီခြင်းငှာ သတိပြုကြလော့။
HEB 12:17 အကြောင်းမူကား သင်ရို့ သိကြသည့်အတိုင်း သူသည် နောက်မှကောင်းကြီးမင်္ဂလာကို အမွီခံလိုသောအခါ၌ ငြင်းပယ်ခြင်းကို ခံရလေ၏။ သူသည် မျက်ရည်ကျလျက် ထိုကောင်းကြီးမင်္ဂလာကို ပြန်တောင်းသော်လည်း မိမိအဖ၏ စိတ်ပြောင်းလဲခြင်းအခွင့်ကို ပြန်၍ မရနိုင်ပေ။
HEB 12:18 သင်ရို့သည် ဣသရေလလူမျိုးရို့ကဲ့သို့ လက်ဖြင့်ထိတွိ့နိုင်သော သိနာတောင်သို့ ရောက်လာကြသည် မဟုတ်။ ထိုတောင်သည်ကား မီးလောင်လျက်၊ မဲမှောင်ညိုမှိုင်းကာ မုန်တိုင်းကျလျက်
HEB 12:19 တံပိုးခရာမှုတ်သံနှင့် နှုတ်ကပတ်တော်အသံများ ထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလလူမျိုးရို့သည် နှုတ်ကပတ်တော်အသံကို ကြားရပြီး၊ နောက်တဖန် ထိုအသံကို မကြားရစီခြင်းငှာ တောင်းပန်ကြ၏။
HEB 12:20 အကြောင်းမူကား “တိရစ္ဆာန်တစ်ကောင်တောင်မှ ထိုတောင်ကို ထိမိလျှင် ကျောက်ခဲနှင့် ပစ်သတ်ရမည်” ဟူသော အမိန့်တော်ကို သူရို့သည် မခံနိုင်ကြသောကြောင့် ဖြစ်၏။
HEB 12:21 ထိုမြင်ကွင်းသည် အလွန် ကြောက်စရာကောင်းသည်ဖြစ်၍ မောသျှေက “ငါသည် အလွန်ကြောက်ရွံ့တုန်လှုပ်ရ၏” ဟု ဆို၏။
HEB 12:22 သို့သော် သင်ရို့သည် ဇိအုန်တောင်သို့ လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်အရပ်၌ ဟိသော ယေရုဆလင်မြို့သို့ လည်းကောင်း၊ ထောင်ပေါင်းများစွာသော ကောင်းကင်တမန်တိ ရွှင်လန်းဝမ်းမြောက်စွာ စုဝေးရာအရပ်သို့ လည်းကောင်း၊
HEB 12:23 ကောင်းကင်ဘုံ၌ နာမည်စာရင်းဝင်လျက်ဟိကြသော အဦးဆုံးသောသားများ၏အသင်းတော်သို့ လည်းကောင်း၊ လူသားအားလုံးကို တရားစီရင်တော်မူသော ဘုရားသခင်ထံပါးသို့ လည်းကောင်း၊ စုံလင်ခြင်းသို့ ရောက်ကြကုန်သော ဖြောင့်မတ်သူရို့၏ ဝိညာဉ်များသို့ လည်းကောင်း၊
HEB 12:24 ပဋိညာဉ်သစ်၏ ကြားဝင် စိ့စပ်ပီးသူ ဖြစ်သော ယေသျှုထံပါးသို့ လည်းကောင်း၊ အာဗေလ၏အသွီးထက် သာ၍ မြတ်သော နှုတ်ကပတ်တော်ကို မြွက်ဆိုခြင်းဖြင့် ပက်ဖြန်းထားသော အသွီးတော် ထံပါးသို့ လည်းကောင်း ရောက်လာကြ၏။
HEB 12:25 သင်ရို့သည် မိန့်တော်မူသော အသျှင်ကို မငြင်းပယ်မိကြစီရန် သတိပြုကြလော့။ အကြောင်းမူကား မြီကြီး၌ ဗျာဒိတ်ပီးသောသူကို ငြင်းပယ်သောသူသည် ပြစ်ဒဏ်မှ မလွတ်နိုင်ကြလျှင် ကောင်းကင်ဘုံမှ ဗျာဒိတ်ပီးတော်မူသောအသျှင်ကို ငြင်းပယ်လျှင် ဇာပိုင် အပြစ်က လွတ်နိုင်ပါအံ့နည်း။
HEB 12:26 သို့သော် ထိုစဉ်က ကိုယ်တော်၏အသံတော်သည် မြီကြီးကို တုန်လှုပ်စီ၏။ အဂုမူကား ကိုယ်တော်က “ငါသည် နောက်တဖန် မြီကြီးကိုသာမက ကောင်းကင်ကိုပါ တုန်လှုပ်စီလိမ့်မည်” ဟု ကတိပီးထားတော်မူ၏။
HEB 12:27 “နောက်တဖန်” ဟူသော စကားသည်ကား မတုန်လှုပ်နိုင်သောအရာကို တည်မြဲစီခြင်းငှာ တုန်လှုပ်တတ်သော ဖန်ဆင်းခံအရာကို ဖယ်ယှားမည်ဟု ဆိုလိုသတည်း။
HEB 12:28 ထို့ကြောင့် ငါရို့သည် မတုန်မလှုပ်နိုင်သော နိုင်ငံတော်ကို ရထားကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြောက်ရွံ့ရိုသီသောစိတ်ဖြင့် ဘုရားသခင် နှစ်သက်တော်မူသောဝတ်ပြုခြင်းကို ဆောင်ရွက်ကြကုန်အံ့။
HEB 12:29 အကြောင်းမူကား ငါရို့၏ဘုရားသခင်သည် လောင်ကျွမ်းသောမီး ဖြစ်တော်မူ၏။
HEB 13:1 ခရစ်ယာန်ညီအစ်ကို မောင်နှမတိ ဖြစ်ကြသောကြောင့် တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာ ထားကြလော့။
HEB 13:2 အာဂန္တုရို့ကိုလည်း ဧည့်ဝတ်ပြုခြင်းငှာ မမိ့ကတ်ကေ့။ အကြောင်းမူကား တချို့သောသူရို့သည် ထိုသို့ ပြုခြင်းအားဖြင့် မိမိရို့ မသိကျွမ်းသော ကောင်းကင်တမန်များတိ ဧည့်ဝတ်ပြုကြလေ၏။
HEB 13:3 အကျဉ်းသားတိကိုလည်း သူရို့နှင့်အတူ အချုပ်အနှောင် ခံနိန်ကြရသကဲ့သို့ သတိရကြလော့။ မတရားပြုမူခြင်းကို ခံနိန်ကြရသော သူရို့ကိုလည်း မိမိရို့ ကိုယ်တိုင် ထိုသို့ ခံနိန်ကြရသကဲ့သို့ အောက်မိ့ကြလော့။
HEB 13:4 ထိမ်းမြားလက်ထပ်ခြင်းအမှုကိုလည်း လူတိုင်း လေးစားကြရမည်။ လင်ယောက်ျားနှင့် ဇနီးမယားသည် တစ်ဦးကို တစ်ဦး သစ္စာဟိကြရမည်။ အကြောင်းမူကား မတရားသောမေထုန်ပြုသောသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သော သူရို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။
HEB 13:5 သင်၏အသက်ရှင်နီထိုင်မှုတွင် ငွီကို တပ်မက်ခြင်းမဟိဘဲ မိမိ၌ ဟိသောအရာနှင့် ရောင့်ရဲခြင်း ဟိလော့။ အကြောင်းမူကား ဘုရားသခင်က “ငါသည် မည်သည့်အခါမျှ သင့်ကို မစွန့်၊ မည်သည့်အခါမျှ သင့်ကို မပစ်ပယ်” ဟု မိန့်တော်မူထားပြီးဖြစ်၏။
HEB 13:6 ထို့ကြောင့် ငါရို့သည်ကား “ဘုရားသခင်သည် ငါ့ကို ကူညီမစတော်မူသော အသျှင်ဖြစ်၍ ငါသည် ကြောက်ရွံ့ လိမ့်မည် မဟုတ်။ လူသည် ငါ့ကို ဇာပိုင် ပြုနိုင်ပါအံ့နည်း” ဟု ယုံကြည်စိတ်ချစွာဖြင့် ပြောဆိုကြကုန်အံ့။
HEB 13:7 သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသော သင်ရို့၏ခေါင်းဆောင်တိကို သတိရကြလော့။ ထိုခေါင်းဆောင်ရို့၏ အသက်ရှင်နီထိုင်မှုမှ ထွက်ပေါ်လာသည့် အကျိုးတရားကို ကြည့်ရှုဆင်ခြင်လျက် သူရို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။
HEB 13:8 ယေသျှုခရစ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလအစဉ် ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။
HEB 13:9 အသစ်အဆန်းသော ဩဝါဒအမျိုးမျိုးနောက်သို့ မလိုက်ကတ်ကေ့။ အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းများကို လိုက်နာခြင်းအားဖြင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အတွင်းလူကို ခွန်အားနှင့် ပြည့်စုံစီခြင်းသည် ကောင်းမြတ်ပေ၏။ ထိုစည်းမျဉ်းများသည် လိုက်နာသောသူအား အထောက်အပံ့ မပြုနိုင်။
HEB 13:10 ငါရို့၌ ယဇ်ပလ္လင်တစ်ခု ဟိ၏။ တဲတော်၌ ဝတ်ပြုသောသူရို့သည် ထိုယဇ်ပလ္လင်ထက်မှ ပူဇော်သကာကို စားခွင့်မဟိ။
HEB 13:11 အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်များ၏အသွီးကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရန် အသန့်ယှင်းဆုံးသောဌာနတော်သို့ ယူဆောင်လားသော်လည်း ယဇ်ကောင်များကိုမူကား တပ်ပြင်၌ မီးယှို့ရ၏။
HEB 13:12 ထိုနည်းတူ ယေသျှုသည်လည်း မိမိ၏သွီးတော်အားဖြင့် လူတိကို သန့်ယှင်းစီခြင်းငှာ မြို့တန်းခါးအပြင်ဖက်၌ အသီခံတော်မူခ၏။
HEB 13:13 သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်ခံရခသော ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံယူလျက် တပ်၏ အပြင်ဖက်၌ဟိသော ကိုယ်တော့်ထံပါးသို့ လားကြကုန်အံ့။
HEB 13:14 ဤလောက၌ ငါရို့ အတွက် တည်မြဲသောမြို့ မဟိသောကြောင့် ငါရို့သည် နောင်ဖြစ်လာမည့် မြို့တော်ကို မျှော်လင့်နိန်ကြ၏။
HEB 13:15 ထို့ကြောင့် ငါရို့သည် ကိုယ်တော်၏နာမတော်ကို ဝန်ခံသောနှုတ်၏အသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော့်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြကုန်အံ့။
HEB 13:16 ထို့ကြောင့် ကောင်းသောအမှုကို ပြုခြင်းငှာ လည်းကောင်း၊ သူတစ်ပါးကို ပီးကမ်းခြင်းငှာ လည်းကောင်း မမိ့ကတ်ကေ့။ အကြောင်းမူကား ထိုသို့သော ပူဇော်သကာယဇ်များကို ဘုရားသခင်သည် နှစ်သက်တော်မူ၏။
HEB 13:17 သင်ရို့ ခေါင်းဆောင်တိ၏စကားကို နာခံ၍ သူရို့၏ မိန့်မှာချက်များကို လိုက်လျှောက်ကြလော့။ အကြောင်းမူကား မိမိရို့၏ မှတ်တမ်းများကို တင်ပြပီးရမည့် သူရို့ကဲ့သို့ သူရို့သည် သင်ရို့အား မျက်ခြီမပြတ် စောင့်ကြည့်နိန်ကြသောကြောင့်ဖြစ်၏။ သင်ရို့သည် ထိုခေါင်းဆောင်ရို့၏စကားကို နာခံကြလျှင် သူရို့သည်လည်း မိမိရို့ အလုပ်ကို ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ ထိုသို့ မဟုတ်ဘဲ သူရို့သည် စိတ်မကောင်းစွာဖြင့် လုပ်ဆောင်ကြလျှင် သင်ရို့အတွက် အကျိုးဟိလိမ့်မည် မဟုတ်ပေ။
HEB 13:18 ငါရို့သည် အရာရာ၌ ကြည်လင်သော အသိစိတ်ဖြင့် ကောင်းမွန်စွာ အသက်ရှင်နီထိုင်ခြင်းငှာ အလိုဟိကြသည်ဖြစ်၍ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။
HEB 13:19 ဘုရားသခင်သည် ငါ့အား သင်ရို့ပါးသို့ မကြာခင် ပို့ဆောင်ပီးခြင်းငှာ ဆုတောင်းပီးကြရန် အထူးမေတ္တာရပ်ခံအပ်ပါ၏။
HEB 13:20 ထာဝရပဋိညာဉ် အသွီးတော်ဖြင့် သိုးများ၏ကြီးမြတ်သော သိုးထိန်းဖြစ်တော်မူသော ငါရို့၏ အသျှင်ယေသျှုကို သီဆုံးခြင်းမှ ထမြောက်စီတော်မူသော ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည်၊
HEB 13:21 မိမိ၏အလိုတော်ကို ဆောင်ရွက်နိုင်ကြစီရန် ကောင်းသောအမှုအမျိုးမျိုးဖြင့် သင်ရို့ကို ပြည့်စုံတော်မူပါစီသောဝ်။ ထို့အပြင် ကိုယ်တော်သည် မိမိ၏နှစ်သက်ဖွယ်သောအမှုကို ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ လုပ်ဆောင်တော်မူပါစီသောဝ်။ ထိုခရစ်တော်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် တည်ဟိပါစီသောဝ်။ အာမင်။
HEB 13:22 ညီအစ်ကို မောင်နှမရို့၊ ငါသည် သင်ရို့ကို အကျဉ်းချုပ် ရီးပီးလိုက်ခြင်းဖြစ်၍ ငါ၏ အားပီးတိုက်တွန်းစကားကို လက်ခံကြရန် သင်ရို့အား ငါ တောင်းပန်၏။
HEB 13:23 ငါရို့၏ညီ တိမောသေသည် လွတ်မြောက်လာပြီဖြစ်ကြောင်း သင်ရို့အား ငါ သိစီလို၏။ မကြာခင် သူ ရောက်လာသောခါ ငါသည်လည်း သူနှင့်အတူ သင်ရို့ကို တွိ့ရန် လာလိမ့်မည်။
HEB 13:24 သင်ရို့၏ခေါင်းဆောင်အားလုံးနှင့် ဘုရားသခင်၏သားသမီးအားလုံးကိုလည်း နှုတ်ဆက်လိုက်ပါ၏။ ဣတလိပြည်မှ ရောက်လာကြသောသူတိကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။
HEB 13:25 ကျေးဇူးတော်သည် သင်ရို့အားလုံးနှင့်အတူ ဟိပါစီသောဝ်။
JAM 1:1 ဘုရားသခင်နှင့် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ အခိုင်းအစီတစ်ယောက်ဖြစ်သော ငါ ယာကုပ်သည်၊
JAM 1:2 ငါ့ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ကြုံတွိ့ကြရသောအခါ ဧကန်အမှန် ဝမ်းမြောက်စရာ ဖြစ်သည်ဟု မှတ်ယူကြလော့။
JAM 1:3 အကြောင်းမူကား သင်ရို့၏ယုံကြည်ခြင်းကို စမ်းသပ်ခြင်းသည် သည်းခံခြင်းကို တိုးပွားစီတတ်သည်ကို သင်ရို့ သိကြ၏။
JAM 1:4 သင်ရို့သည် အလျှင်း မချို့တဲ့ဘဲ ရင့်ကျက်၍ ပြည့်စုံသောသူတစ်ယောက် ဖြစ်လာစီခြင်းငှာ အရာရာ၌ သည်းခံခြင်း ဟိကြလော့။
JAM 1:5 သင်ရို့၌ မည်သူမဆို ဉာဏ်ပညာ မဟိလျှင် အပြစ်မမြင်ဘဲ အရာခပ်သိမ်းကို စေတနာစိတ်ထက်သန်စွာ ပီးတော်မူသော ဘုရားသခင်ထံ ဆုတောင်းကြလော့။ ကိုယ်တော်သည် ထိုသူအား ဉာဏ်ပညာကို ပီးတော်မူလိမ့်မည်။
JAM 1:6 သို့ရာတွင် သူသည် သံသယမဟိဘဲ ယုံကြည်ခြင်းဖြင့် တောင်းရမည်။ အကြောင်းမူကား သံသယဟိသောသူသည် လီတိုက်ရာသို့ ရွိ့တတ်သော ပင်လယ်လှိုင်းနှင့် တူ၏။
JAM 1:7 ထိုသူသည် ဘုရားသခင်ထံပါးမှ တစ်စုံတစ်ခုကိုမျှ ရလိမ့်မည်ဟု ထင်မှတ်စရာ မဟိပေ။
JAM 1:8 ထိုသို့သောသူသည် စိတ်နှစ်ခွ ဟိသောသူ၊ မိမိပြုလေသမျှ၌ ဂနာမငြိမ်သောသူ ဖြစ်၏။
JAM 1:9 နှိမ့်ချတတ်သော ညီအစ်ကို မောင်နှမရို့ ဘုရားသခင်သည် သင်ရို့အား ချီးမြှောက်သောအခါ ဂုဏ်ယူဝမ်းမြောက်ကြလော။
JAM 1:10 သို့ရာတွင် ချမ်းသာသော ညီအစ်ကို မောင်နှမရို့ ဘုရားသခင်သည် သင်ရို့အား နှိမ့်ချသောအခါ၌လည်း ဂုဏ်ယူသင့်ပေ၏။ အကြောင်းမူကား ထိုချမ်းသာခြင်းသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်လားတတ်၏။
JAM 1:11 နီသည် မိမိ၏အပူဟိန်နှင့် ထွက်လာသောအခါ ထိုမြက်ပင်သည် ညှိုးနွမ်းခြောက်သွိ့လားပြီးလျှင် ၎င်း၏အပွင့်သည်လည်း ကြွီကျ၍ ထိုအပွင့်၏ အလှတရားများသည်လည်း ပျက်စီးလားတတ်၏။ ထိုနည်းတူ ချမ်းသာသောသူရို့သည်လည်း မိမိရို့၏စီးပွားကို လုပ်ကိုင်လျက်နိန်စဉ်၌ပင် ဖျက်ဆီးခြင်းကို ခံရကြ၏။
JAM 1:12 စုံစမ်းစစ်ဆီးခြင်း၌ သည်းခံတတ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား ထိုသို့သော စုံစမ်းစစ်ကြောခြင်းကို အောင်မြင်သောသူသည် ဘုရားသခင်က မိမိကို ချစ်သောသူတိအား ကတိပီးထားတော်မူသည့် အသက်သရဖူကို ရလိမ့်မည်။
JAM 1:13 ဇာသူမဆို ဖျားယောင်းသွီးဆောင်ခြင်းကို ခံရသည့်အခါ “ဘုရားသခင်က မိမိအား သွီးဆောင်သည်” ဟု မပြောကတ်ကေ့။ အကြောင်းမူကား မကောင်းသောအမှုအရာအားဖြင့် ဘုရားသခင်ကို မသွီးဆောင်နိုင်။ ကိုယ်တော်သည်လည်း ဇာသူ့ကိုမျှ သွီးဆောင်တော်မမူ။
JAM 1:14 သို့ရာတွင် စုံစမ်းသွီးဆောင်ခြင်းကို ခံရသောသူသည် မိမိတပ်မက်စိတ်၏ဆွဲဆောင်ရာသို့ လိုက်ပါခြင်းဖြစ်၏။
JAM 1:15 တဖန် တပ်မက်သောစိတ်သည် ပဋိသန္ဓေ တည်၍ အပြစ်ကို မွီးဖွားတတ်၏။ အပြစ်သည်လည်း ကြီးပြင်းလာသောအခါ သီခြင်းတရားကို မွီးဖွားတတ်၏။
JAM 1:16 ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ လှည့်ဖျားခြင်းကို မခံကတ်ကေ့။
JAM 1:17 ကောင်းမြတ်၍ ပြီးပြည့်စုံသော လက်ဆောင်ဟူသည်ကား ကောင်းကင်ဘုံနှင့်ဆိုင်သော အလင်းကို ဖန်ဆင်းတော်မူသော ဘုရားသခင် ထံတော်ပါးမှ ဆင်းသက်လာခြင်းဖြစ်၏။ ထိုအဖ သည်ကား ရွိ့လျားတတ်သော အရိပ်ကဲ့သို့ ပြောင်းလဲနိန်သည်မဟုတ်။
JAM 1:18 ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသော အရာအားလုံးတွင် အဦးသီးသောအသီးများ ဖြစ်လာစီရန် သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါရို့ကို မွီးဖွားစီခြင်းငှာ ရွီးချယ်တော်မူခ၏။
JAM 1:19 ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်း နားထောင်ခြင်းကို ယင်ကတ်စီ။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်းကို နှေးကတ်စီ။
JAM 1:20 အကြောင်းမူကား လူ၏ဒေါသအမျက်သည် ဘုရားသခင်နှစ်သက်သော ဖြောင့်မတ်ခြင်းတရားကို မရနိုင်။
JAM 1:21 ထို့ကြောင့် ညစ်ညူးသောအကျင့်များနှင့် မကောင်းသောအမှု မှန်သမျှကို ဖယ်ယှား၍ သင်ရို့အထဲ၌ ထည့်သွင်းသော နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွိ့သော စိတ်ဖြင့် ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်ရို့ကို ကယ်တင်နိုင်၏။
JAM 1:22 နှုတ်ကပတ်တော်ကို နားထောင်ရုံ မျှဖြင့် မိမိကိုယ်ကို လှည့်ဖျားသောသူများ မဖြစ်စီကြဘဲ၊ လက်တွိ့ ကျင့်သုံးသောသူတိ ဖြစ်စီကြလော့။
JAM 1:23 မည်သူမဆို နှုတ်ကပတ်တော်ကို နားထောင်သော်လည်း လက်တွိ့မကျင့်သုံးသောသူသည် မိမိ၏ပကတိမျက်နှာကို မှန်၌ ကြည့်သော သူတစ်ယောက်နှင့် တူ၏။
JAM 1:24 အကြောင်းမူကား ထိုသူသည် မိမိ၏ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီးနောက် အဝီးသို့ ထွက်လားသည်နှင့် ချက်ချင်း မိ့လျော့လားတတ်၏။
JAM 1:25 သို့ရာတွင် လွတ်မြောက်ခြင်းကို ပီးတတ်သော စုံလင်သည့် ပညတ်တော်ကို စိ့စိ့ကြည့်ရှုလျက် ထိုပညတ်တော်အတိုင်း ကျင့်သောသူသည် ကြားနာထားပြီးသော အရာများကို မိ့လျော့ခြင်းမဟိဘဲ၊ လက်တွိ့ လိုက်နာကျင့်သုံးသောသူဖြစ်၏။ ထိုသူသည် မိမိပြုသောအမှု၌ ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်။
JAM 1:26 တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကြည်ညိုသည်ဟု ထင်မှတ်လျက်၊ မိမိ၏လျှာကို မချုပ်တည်းလျှင် ထိုသူသည် မိမိကိုယ်မိမိ လှည့်ဖျားသောသူဖြစ်ပြီး သူ၏ ဘာသာတရားကြည်ညိုခြင်းသည်လည်း အချည်းနှီးသာဖြစ်၏။
JAM 1:27 ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။
JAM 2:1 ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် ငါရို့၏ဘုန်းတန်ခိုးတော်အသျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်၌ ယုံကြည်သောသူတိ ဖြစ်ကြသောကြောင့် သင်ရို့သည် လူ၏အပြင်ပန်းကို ကြည့်၍ မျက်နှာလိုက်ခြင်း မဟိကတ်ကေ့။
JAM 2:2 သင်ရို့၏ဝတ်ပြုစည်းဝေးပွဲထဲသို့ ရွှီလက်စွပ်နှင့်တကွ တောက်ပြောင်သောအဝတ်ကို ဝတ်ဆင်ထားသော လူချမ်းသာတစ်ယောက်နှင့် ဟောင်းနွန်းသော အဝတ်ကို ဝတ်ထားသော သူဆင်းရဲတစ်ယောက် ဝင်လာကြသောအခါ၊
JAM 2:3 သင်ရို့သည် တောက်ပြောင်သောအဝတ်ကို ဝတ်ဆင်ထားသောသူအား အရိုအသီပီးလျက် “သင်သည် ဤကောင်းသောနီရာ၌ ထိုင်ပါလော” ဟု ဆို၍ ထိုသူဆင်းရဲကို မူကား “သင်သည်ကား ထိုနီရာ၌ ရပ်နိန်လော၊ သို့မဟုတ်လျှင် ငါ၏ခြီရင်း ကြမ်းပြင်၌ ထိုင်နိန်လော” ဟု ဆိုလျှင်
JAM 2:4 သင်ရို့သည် အချင်းချင်း လူတန်းစား ခွဲခြားကာ ဆိုးညစ်သော အကြံအစည်ဖြင့် တရားစီရင်သောသူတိ ဖြစ်ကြသည် မဟုတ်လော။
JAM 2:5 ငါ ချစ်သော ညီအစ်ကို မောင်နှရို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောက၌ ဆင်းရဲသာသူရို့ကို ယုံကြည်ခြင်း အားကြီးသောသူများ ဖြစ်စီခြင်းငှာ လည်းကောင်း၊ ကိုယ်တော့်ကို ချစ်သောသူတိအား ကတိထားတော်မူခသော နိုင်ငံတော်ကို အမွီခံကြစီခြင်းငှာ လည်းကောင်း ရွီးကောက်တော်မူသည် မဟုတ်လော။
JAM 2:6 သို့ရာတွင် သင်ရို့သည် ဆင်းရဲသောသူတိကို မထီလေးစား ပြုကြသည်တကား။ သင်ရို့ကို ဖိနှိပ်ကြသောသူ၊ တရားရုံးသို့ ဆွဲခေါ်လားသောသူရို့သည်ကား ဇာသူရို့လဲ။ ချမ်းသာသောသူရို့ပင် မဟုတ်ပါလော။
JAM 2:7 သူရို့သည် သင်ရို့အဖို့ ပီးထားသော ကိုယ်တော်၏ ကောင်းမြတ်သော နာမတော်ကို ကဲ့ရဲ့ပြောဆိုကြသည် မဟုတ်လော။
JAM 2:8 သင်ရို့သည် ကျမ်းစာ၌ တွိ့ရသော “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ကြလော့” ဟူသော နိုင်ငံတော်၏ပညတ်တရားကို လိုက်နာကြလျှင် ကောင်းသောအမှုကို ပြုနိန်ကြခြင်းဖြစ်၏။
JAM 2:9 သို့ရာတွင် အပြင်ပန်းသဏ္ဌာန်ကို ကြည့်ပြီး မျက်နှာလိုက်နိန်ကြလျှင် သင်ရို့သည် အပြစ်ကို ကျူးလွန်ကြသည်ဖြစ်၍ ပညတ်တရားကို ကျူးလွန်သောသူ တစ်ယောက်ကဲ့သို့ သင်ရို့သည် ပညတ်တရားအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်။
JAM 2:10 အကြောင်းမူကား မည်သူမဆို ပညတ်တစ်ပါးကို ကျူးလွန်သောသူသည် ပညတ်တရားအားလုံးကို ကျူးလွန်သောသူ ဖြစ်၏။
JAM 2:11 အကြောင်းမူကား “အိမ်ထောင်ရေး မဖောက်ပြန်ရ” ဟု ပညတ်တော်မူသော အသျှင်သည် “လူအသက်ကို မသတ်ရ” ဟူ၍လည်း ပညတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို မပြုသော်လည်း လူအသက်ကို သတ်လျှင် ပညတ်တရားကို ကျူးလွန်သူဖြစ်၏။
JAM 2:12 ထို့ကြောင့် လွတ်မြောက်ခွင့်ကို ပီးသော ပညတ်တရားအားဖြင့် စီရင်ခြင်းကို ခံရမည့်သူများကဲ့သို့ ပြောဆို၍ ကျင့်ကြံကြလော့။
JAM 2:13 အကြောင်းမူကား ကရုဏာတရားမဟိသောသူသည် ဘုရားသခင်၏တရားစီရင်ခြင်းကို ခံရသောအခါ ကိုယ်တော်၏ကရုဏာကို ခံရလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ကရုဏာတရားသည် တရားစီရင်ခြင်းကို အောင်မြင်တတ်၏။
JAM 2:14 ငါ့ညီအစ်ကို မောင်နှမရို့၊ တစ်စုံတစ်ယောက်သောသူက ငါ၌ ယုံကြည်ခြင်းဟိ၏ဟု ဆိုသော်လည်း အကျင့်မဟိလျှင် မည်သို့ အကျိုးဟိမည်နည်း။ ထိုသို့သော ယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်မည်လော။
JAM 2:15 သင်ရို့၌ စားရန် ဝတ်ရန် မဟိသော ညီအစ်ကို မောင်နှမရို့ ဟိကြသောအခါ၊
JAM 2:16 တစ်စုံတစ်ယောက်က “ဘုရားသခင်သည် သင့်အား ကောင်းကြီးပီးပါစီ၊ နွီးထွီးစွာ နီရပါစီ၊ ဝလင့်စွာ စားရပါစီ” ဟု သူရို့အား ဆိုလျက် — သူရို့၏အသက်ရှင်မှုအတွက် လိုအပ်ချက်များကို မပီးဘဲနိန်လျှင် ဇာပိုင် ကောင်းကျိုး ဟိပါအံ့နည်း။
JAM 2:17 ထို့ကြောင့် အကျင့်မပါသော ယုံကြည်ခြင်းသည် တစ်ခုတည်းဖြစ်သောကြောင့် အသီဖြစ်၏။
JAM 2:18 သို့ရာတွင် “သင်၌ ယုံကြည်ခြင်းဟိ၏၊ ငါ၌ အကျင့်ဟိ၏” ဟု တစ်ဦး တစ်ယောက်က ပြောဆိုအံ့။ ငါ ဆိုသည်ကား “အကျင့်မပါသော သင်၏ယုံကြည်ခြင်းကို ငါ့အား ပြလော့။ ငါသည်လည်း ငါ၏အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အား ပြမည်” ဟူ၍ ဖြစ်၏။
JAM 2:19 သင်သည် ဘုရားသခင် တစ်ပါးတည်း ဟိကြောင်းကို ယုံကြည်သည်မှာ ကောင်းပေ၏။ နတ်ဆိုးများပင် ထိုသို့ ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။
JAM 2:20 အို၊ ပညာမဲ့သောသူရို့၊ အကျင့်မပါသော ယုံကြည်ခြင်းသည် အကျိုးမဟိကြောင်းကို သင် သိလိုသလော။
JAM 2:21 ငါရို့အဖ အာဗြဟံသည် မိမိ၏သား ဣဇာက်ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်သောအခါ သူ၏အကျင့်ကို ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရခသည် မဟုတ်လော။
JAM 2:22 သူ၏ယုံကြည်ခြင်းသည် သူ၏အကျင့်နှင့်အတူ လုပ်ဆောင်ခသည်ဖြစ်၍ ယုံကြည်ခြင်းကို အကျင့်အားဖြင့် ပြည့်စုံခြင်းသို့ ရောက်သည်ကို သင်ရို့ သိမြင်ကြလော့။
JAM 2:23 ထိုအခါ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်၏။ ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် မှတ်တော်မူ၏” ဟူသော ကျမ်းချက်သည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ အာဗြဟံသည်လည်း ဘုရားသခင်၏ အဆွီဟု ခေါ်ဝေါ်ခြင်းကို ခံရလေ၏။
JAM 2:24 ငါရို့သည် ယုံကြည်ခြင်း တစ်ခုတည်းဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊ အကျင့်အားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်ကို သင်ရို့ သိမှတ်ကြလော့။
JAM 2:25 ထိုနည်းတူ ပြည်တန်းဆာ ရာခပ်သည်လည်း သူလျှိုတိကို လက်ခံ၍ အခြားသောလမ်းဖြင့် ပို့ဆောင်လိုက်သောအခါ သူမ၏လုပ်ဆောင်မှု အကျင့်အားဖြင့် ဘုရားသခင်နှင့် ဖြောင့်မတ်ရာသို့ ရောက်သည် မဟုတ်လော။
JAM 2:26 အကြောင်းမူကား ဝိညာဉ်နှင့်ကင်းသော ခန္ဓာသည် အသီဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည်လည်း အသီဖြစ်၏။
JAM 3:1 ငါ့ ညီအစ်ကို မောင်နှမရို့၊ ဆရာဖြစ်ကြသော ငါရို့သည် သာ၍ တင်းကြပ်သော တရားစီရင်ခြင်းကို ခံရလိမ့်မည်ဟု သိမှတ်လျက် ဆရာဖြစ်ချင်သောသူ မများစီကတ်ကေ့။
JAM 3:2 အကြောင်းမူကား ငါရို့ အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ စကားအားဖြင့် မှားယွင်းခြင်းမဟိသောသူမူကား မိမိကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် စုံလင်သောသူ တစ်ယောက်ဖြစ်၏။
JAM 3:3 ငါရို့သည် မြင်းကို နိုင်စီခြင်းငှာ ပါးစပ်၌ ဇက်ကြိုးတပ်ကြ၏။ ထိုသို့ပြု၍ ငါရို့သည် ထိုမြင်းတစ်ကိုယ်လုံးကို လိုရာသို့ မောင်းနိုင်ကြ၏။
JAM 3:4 သို့တည်းမဟုတ် သင်္ဘောတစ်စီး​ကို ကြည့်လော့။ ထိုသင်္ဘောသည် အလွန်​ကြီးမား​၍ လီပြင်းတိုက်​ရာ​သို့ လွင့်ပါ​တတ်​သော်လည်း တက်မ​ချေတစ်ချောင်းဖြင့် တက်မကိုင်၏လိုရာသို့ လှည့်နိုင်​၏။
JAM 3:5 ထိုနည်းတူ လျှာသည် ခန္ဓာကိုယ်၏ သေးငယ်သောအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း အလွန် ဝါကြွားတတ်၏။ မီးစချေ တစ်ခုဖြင့် တစ်တောလုံးကို လောင်ကျွမ်းစီနိုင်သည်ကို ဆင်ခြင်ကြလော့။
JAM 3:6 လျှာသည် မီးဖြစ်၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ ဒုစရိုက် လောကလည်း ဖြစ်၏။ ထိုလျှာသည်ကား လူ့တစ်ကိုယ်လုံးကို ညစ်ညူးစီပြီး ဘဝတစ်ခုလုံးကို လောင်ကျွမ်းစီကာ မိမိကိုယ်တိုင် ငရဲ၌ လောင်ကျွမ်းခြင်းကို ခံရ၏။
JAM 3:7 လူသည် ကျေးငှက်မျိုးမှစ၍ တွားလားသတ္တဝါနှင့် ငါးစသည့် တောရိုင်းတိရစ္ဆာန်အားလုံးကို ယဉ်ပါးအောင် လုပ်နိုင်ကြ၏။
JAM 3:8 သို့ရာတွင် ထိုလျှာကို ယဉ်ပါးအောင် လုပ်နိုင်သောသူဟူ၍ မဟိ။ လျှာသည် ထိန်းချုပ်၍ မနိုင်သော ဒုစရိုက်လည်း ဖြစ်၏။ သီစီနိုင်သော အဆိပ်အတောက်နှင့် ပြည့်လျက်ဟိ၏။
JAM 3:9 ငါရို့သည် လျှာဖြင့် ငါရို့၏သခင်ဘုရားနှင့် ခမည်းတော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူတိကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။
JAM 3:10 နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတိ ထွက်တတ်ပါ၏တကား။ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည်ကား ဤသို့ မဖြစ်စီကတ်ကေ့။
JAM 3:11 ရီမျက်တွင်း တစ်တွင်းထဲမှ ရေချိုနှင့် ရီငန် နှစ်မျိုးစလုံး ထွက်တတ်သလော။
JAM 3:12 ညီအစ်ကို မောင်နှမရို့၊ သဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးကို သီးနိုင်သလော။ ထို့အတူ ရီငန် ရီမျက်တွင်းမှ ရီချို မထွက်နိုင်ပေ။
JAM 3:13 သင်ရို့တွင် ဇာသူသည် ပညာဟိ၍ နားလည်နိုင်ကြမည်နည်း။ ထိုသူရို့သည် ကောင်းသောအကျင့်အားဖြင့် ထိုအရာကို ပြကြရမည်။ ထိုသူရို့သည် နူးညံ့သိမ်မွိ့ခြင်းနှင့် ပညာဟိခြင်းကို မိမိရို့၏ ကောင်းသောအကျင့်ဖြင့် သက်သီပြကြရမည်။
JAM 3:14 သို့ရာတွင် သင်ရို့၏စိတ်နှလုံးထဲ၌ မနာလိုခြင်း၊ မုန်းတီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများဟိလျှင်၊ သင်ရို့သည် မိမိရို့၏ ဉာဏ်ပညာနှင့်ပတ်သက်၍ ကြွားဝါခြင်းအားဖြင့် သမ္မာတရားကို ဆန့်ကျင်၍ ပြစ်မှားခြင်းသို့ မရောက်စီကတ်ကေ့။
JAM 3:15 ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည် မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိပကတိနှင့်လည်းကောင်း၊ နတ်ဆိုးများနှင့်လည်းကောင်း စပ်ဆိုင်ပေ၏။
JAM 3:16 အကြောင်းမူကား မနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများ ဟိသောနီရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် အမျိုးမျိုးသော ဒုစရိုက်ပြုခြင်းများသာ ဟိတတ်၏။
JAM 3:17 သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။
JAM 3:18 ရန်ကို ငြိမ်းစီသောသူရို့သည် ဖြောင့်မတ်ခြင်းအသီးအနှံကို ရိတ်သိမ်းကြရ၏။
JAM 4:1 သင်ရို့၌ ဇာအကြာင်းတရားတိက စကားများ ရန်တွိ့ခြင်းကို ဖြစ်စီကြသနည်း။ ထိုအကြောင်းတရားများသည် သင်ရို့အတွင်း၌ တိုက်ခိုက်လျက်ဟိသော သင်ရို့၏ တပ်မက်စိတ်များကြောင့် ဖြစ်လာရသည် မဟုတ်လော။
JAM 4:2 သင်ရို့သည် တစ်စုံတစ်ခုကို လိုချင်ကြသော်လည်း ထိုအရာကို မရနိုင်ကြ။ သင်ရို့သည် လိုချင်စိတ် ပြင်းပြကြသော်လည်း ထိုအရာများကို မရနိုင်သောကြောင့် ရန်ဖြစ်၍ တိုက်ခိုက်ကြ၏၊ လူသတ်မှုကို ကျူးလွန်တတ်ကြ၏။ သို့ရာတွင် သင်ရို့သည် အလိုမပြည့်စုံရခြင်းမှာ ဘုရားသခင်ကို မတောင်းလျှောက်ကြသောကြောင့်ဖြစ်၏။
JAM 4:3 သင်ရို့သည် တောင်းလျှောက်သော်လည်း မရကြပေ။ အကြောင်းမူကား သင်ရို့သည် လောကီပျော်မွိ့ခြင်းကို ခံစားဖို့ရန် လွဲမှားစွာဖြင့် တောင်းလျှောက်ကြသောကြောင့် ဖြစ်၏။
JAM 4:4 ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။
JAM 4:5 ကျမ်းစာက “ကိုယ်တော်သည် ငါရို့အထဲ၌ တည်စီတော်မူသော ဝိညာဉ်အား အလွန်နှမြောတော်မူ၏” ဟု ဆိုထားခြင်းသည် အကြောင်းမဲ့ ဆိုထားသည်ဟု သင်ရို့ ထင်မှတ်ကြသလော။
JAM 4:6 သို့သော်လည်း ကိုယ်တော်သည် သာ၍ မြတ်သော ကျေးဇူးတော်ကို ငါရို့အား ပီးတော်မူ၏။ ထို့ကြောင့် ကျမ်းစာ လာသည်ကား “ဘုရားသခင်သည် မာနထောင်လွှားသောသူရို့ကို ဆန့်ကျင်တော်မူ၏။ သို့ရာတွင် နှိမ့်ချသောသူရို့အား ကျေးဇူးပြုတော်မူ၏” ဟူ၍ ဖြစ်၏။
JAM 4:7 ထို့ကြောင့် သင်ရို့ကိုယ်တိုင် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ခုခံတွန်းလှန်ကြလော့။ ထိုသို့ပြုလျှင် သူသည် သင်ရို့ပါးမှ ထွက်ဗြီးလားလိမ့်မည်။
JAM 4:8 ဘုရားသခင်ထံပါးသို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်ရို့ထံပါးသို့ ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ်ကျူးလွန်သောသူရို့၊ သင်ရို့၏လက်ကို စင်ကြယ်စီကြလော့။ စိတ်နှစ်ခွဟိသောသူရို့၊ သင်ရို့၏စိတ်နှလုံးကို သန့်ယှင်းစီကြလော့။
JAM 4:9 ဝမ်းနည်းပက်လက်ဖြစ်ခြင်းနှင့် ငိုကြွီးမြည်တမ်းခြင်း စိတ်မသာငြိမ်းတွားခြင်း ဟိကြလော့။ သင်ရို့၏ရယ်မောခြင်းကို စိတ်မသာငြိမ်းတွားခြင်းသို့ လည်းကောင်း၊ သင်ရို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းကြီကွဲခြင်းသို့ လည်းကောင်း ပြောင်းလဲစီကြလော့။
JAM 4:10 သခင်ဘုရားရှိ့တော်၌ မိမိကိုယ်ကို နှိမ့်ချကြလော့။ ထိုသို့ပြုလျှင် ကိုယ်တော်သည် သင်ရို့ကို မစ တော်မူလိမ့်မည်။
JAM 4:11 ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်ပြောဆိုခြင်း မပြုကတ်ကေ့။ မိမိ၏ညီအစ်ကိုကို ပုတ်ခတ်ပြောဆိုသောသူဖြစ်စီ၊ မိမိညီအစ်ကိုကို စီရင်သောသူဖြစ်စီ ထိုသူသည် ပညတ်တရားကို ဆန့်ကျင်ပြောဆို၍ ထိုပညတ်တော်ကို တရားစီရင်သောသူ ဖြစ်၏။ ထိုသို့ ပညတ်တော်ကို တရားစီရင်သော သင်သည် ပညတ်တရားကို လိုက်နာသောသူ မဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
JAM 4:12 ပညတ်တရားကို ပီးသောသူ၊ တရားစီရင်သောသူသည် တစ်ပါးတည်းသာ ဟိတော်မူပြီး၊ ထိုအသျှင်သည် ကယ်တင်ခြင်းငှာ လည်းကောင်း၊ ဖျက်ဆီးခြင်းငှာ လည်းကောင်း တတ်စွမ်းနိုင်သော အသျှင် ဖြစ်တော်မူ၏။ သို့ရာတွင် သင်သည် ဇာပိုင်လူဖြစ်၍ မိမိ၏ညီအစ်ကိုအား တရားစီရင်ရသနည်း။
JAM 4:13 အဂုအချိန်တွင် “အေနိ့ဖြစ်စီ၊ နက်ဖြန်ခါဖြစ်စီ၊ ငါရို့သည် မြို့တစ်မြို့သို့လား၍ ထိုအရပ်၌ တစ်နှစ်ပတ်လုံး နီထိုင်လျက် စီးပွားရှာကာ ငွီရအောင် စီးပွားရှာကြကုန်အံ့” ဟု ပြောဆိုတတ်သောသူရို့ နားထောင်ကြလော့။
JAM 4:14 သင်ရို့သည် နက်ဖြန်ခါ မည်သို့ ဖြစ်လာမည်ကိုပင် မသိကြ။ သင်ရို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်ရို့သည် တဒင်္ဂသာ ပေါ်လာ၍ ပျောက်ကွယ်လားတတ်သော အခိုးအငွိ့ ဖြစ်ကြ၏။
JAM 4:15 ထို့ကြောင့် သင်ရို့ ပြောသင့်သည်မှာ “သခင်ဘုရား၏အလိုတော်ဟိလျှင် ငါရို့သည် အသက်ရှင်၍ ဤအမှုဖြစ်စီ၊ ထိုအမှုဖြစ်စီ ပြုကြကုန်အံ့” ဟူ၍ ဖြစ်၏။
JAM 4:16 သို့ရာတွင် သင်ရို့သည် မာနထောင်လွှားကာ ဝါကြွားလျက်ဟိကြ၏။ ထိုသို့သော ဝါကြွားခြင်းဟူသမျှသည် မကောင်းသောအမှု ဖြစ်ပေ၏။
JAM 4:17 သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကို လုပ်သင့်သည်ဟု သိသော်လည်း၊ မလုပ်သောသူသည် အပြစ်ဖြစ်၏။
JAM 5:1 အဂုတွင် ချမ်းသာသောသူရို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်ရို့ပါးသို့ ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် ငိုကြွီးမြည်တမ်းကြလော့။
JAM 5:2 သင်ရို့၏ ဓနဥစ္စာများသည် ဆွီးလားခပြီးလျှင်၊ သင်ရို့၏အဝတ်များကိုလည်း ပိုးများက ကိုက်စားလေပြီ။
JAM 5:3 သင်ရို့၏ရွှီငွီများသည်လည်း အညှိတက်ကြလေပြီ။ ထိုအညှိများသည် သင်ရို့၏တစ်ဖက်၌ သက်သီဖြစ်လျက် သင်ရို့၏အသားကို မီးကဲ့သို့ စားလိမ့်မည်။ ဤနောက်ဆုံးသောကာလ၌ သင်ရို့သည် ဓနဥစ္စာများကို သိုလှောင်ထားကြပေ၏။
JAM 5:4 သင်ရို့သည် သင်ရို့၏လယ်ယာ၌ လုပ်ကိုင်ကြသော အလုပ်သမားတိကို လုပ်ခမပီးဘဲ နိန်ကြ၏။ ထို့ကြောင့် သူရို့၏ တိုင်ကြားခြင်းကို နားထောင်ကြလော့။ ကောက်ပဲသီးနှံရိတ်သိမ်းကြသောသူရို့၏ ငိုကြွီးသံများသည် အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နားတော်သို့ ရောက်လေပြီ။
JAM 5:5 သင်ရို့၏ဘဝသည် မြီကြီးထက်၌ ပျော်ပါးမှု၊ ဇိမ်ခံမှုတိနှင့် ပြည့်ဝကြပေ၏။ သင်ရို့သည် အသတ်ခံရမည့်နိ့အတွက် မိမိကိုယ်ကို ဆူဖြိုးအောင် လုပ်ထားကြ၏။
JAM 5:6 သင်ရို့သည် အပြစ်ကင်းသောသူကို အပြစ်စီရင်၍ သတ်ကြ၏။ သို့သော်လည်း သူရို့သည် သင်ရို့ကို ဆန့်ကျင်ခြင်း မပြုကြပေ။
JAM 5:7 သို့ဖြစ်၍ ညီအစ်ကို မောင်နှမရို့၊ အသျှင်ဘုရား ကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ လယ်သမားသည် မိမိမြီမှ အဖိုးတန်သော အသီးအနှံကို မိုးရာသီ၊ ဆောင်းရာသီ ကာလတိုင်အောင် ဇာပိုင် စိတ်ရှည်စွာဖြင့် စောင့်မျှော်ကြရသည်ကို ကြည့်ရှုကြလော့။
JAM 5:8 သင်ရို့သည်လည်း စိတ်ရှည်သည်းခံ၍ ခိုင်မြဲစွာ ရပ်တည်ကြလော့။ အကြောင်းမူကား သခင်ဘုရား ကြွလာတော်မူခြင်းသည် နီးလာပြီဖြစ်၏။
JAM 5:9 ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် တစ်ဦးကို တစ်ဦး ပြစ်တင်ပြောဆိုခြင်းကို မပြုကတ်ကေ့။ ထိုသို့ ပြစ်တင်ခြင်းကို ပြုလျှင် တရားစီရင်ခြင်းကို ခံကြရလိမ့်မည်။ တရားစီရင်သော အသျှင်သည် တန်းခါးဝ၌ ရပ်နိန်တော်မူ၏။
JAM 5:10 ညီအစ်ကို မောင်နှမရို့၊ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ကြုံတွိ့ရသောအခါ၌ သခင်ဘုရား၏ နာမတော်မြတ်၌ ဟောပြောခသော ပရောဖက်ရို့ကို စံနမူနာယူ၍ စိတ်ရှည်သည်းခံကြလော့။
JAM 5:11 သည်းခံတတ်သောသူရို့သည် မင်္ဂလာဟိကြ၏ဟု ငါရို့ သိကြ၏။ ယောဘ၏သည်းခံခြင်းကို သင်ရို့ ကြားဖူးကြပြီ။ နောက်ဆုံး၌ ထာဝရဘုရားသည် ပြုစုတော်မူသည်ဖြစ်၍ ကိုယ်တော်သည် သနားခြင်း ကရုဏာတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်ကြောင်းကို သင်ရို့ မြင်တွိ့ရကြ၏။
JAM 5:12 ညီအစ်ကို မောင်နှမရို့၊ အထူးသဖြင့် ကျိန်ဆိုခြင်းကို မပြုကတ်ကေ့။ ကောင်းကင်ကိုဖြစ်စီ၊ မြီကြီးကိုဖြစ်စီ၊ အခြားသော ကတိသစ္စာတစ်စုံတစ်ခုကို ပြုလျက်ဖြစ်စီ၊ ကျိန်၍ ပြောဆိုခြင်းကို မပြုကြနှင့်။ သင်ရို့သည် ဟုတ်သည်ကို “အဟုတ်” ဟူ၍ လည်းကောင်း၊ မဟုတ်သည်ကိုလည်း “မဟုတ်” ဟူ၍ လည်းကောင်း ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။
JAM 5:13 သင်ရို့၌ ဒုက္ခရောက်နိန်သောသူ ဟိလျှင် ထိုသူသည် ဆုတောင်းပါစီ။ သင်ရို့၌ ဝမ်းမြောက်ရွှင်လန်းသောသူဟိလျှင်၊ ထိုသူသည် ချီးမွမ်းတေးခြင်းကို သီဆိုပါစီ။
JAM 5:14 သင်ရို့၌ မကျန်းမမာသောသူ ဟိလျှင်၊ ထိုသူသည် အသင်းတော် အကြီးအကဲရို့ကို ခေါ်၍ သူရို့သည် သူ့ကို ဆီလူးကာ သခင်ဘုရား၏နာမတော်၌ ဆုတောင်းပီးကြစီ။
JAM 5:15 ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစီလိမ့်မည်။ သခင်ဘုရားသည်လည်း သူ့ကို ထူမတော်မူလိမ့်မည်။ သူရို့သည် အပြစ်ကို ပြုမှားမိခလျှင်လည်း ထိုသူ့ရို့ကို ခွင့်ရွှတ်တော်မူလိမ့်မည်။
JAM 5:16 သို့ဖြစ်၍ သင်ရို့သည် ကျန်းမာခြင်းကို ရစီမည့်အကြောင်း တစ်ယောက်ကို တစ်ယောက် မိမိရို့၏ အပြစ်များကို ဖော်ပြဝန်ခံလျက် တစ်ယောက်ကို တစ်ယောက် ဆုတောင်းပီးကြလော့။ ဖြောင့်မတ်သောသူတစ်ယောက်၏ ဆုတောင်းပတ္ထနာသည် အလွန်တန်ခိုးပါ၍ အကျိုးဟိ၏။
JAM 5:17 ဧလိယသည် ငါရို့ကဲ့သို့ လူ တစ်ယောက်ဖြစ်သော်လည်း မိုးမရွာမည့်အကြောင်း စိတ်အားထက်သန်စွာ ဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လတိုင်တိုင် မြီကြီး၌ မိုးမရွာဘဲ နိန်လေ၏။
JAM 5:18 ထို့နောက် သူသည် နောက်တဖန် ဆုတောင်းသောအခါ အာကာပြင်မှ မိုးရွာသွန်း၍ မြီကြီးသည် အသီးအနှံများကို ဖြစ်ထွန်းလေ၏။
JAM 5:19 ညီအစ်ကို မောင်နှမရို့၊ သင်ရို့၌ တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားမှ လွဲလားသောအခါ တစ်စုံတစ်ယောက်က သူ့ကို ပြန်လည်၍ ခေါ်ဆောင်ပီးလော့။
JAM 5:20 အပြစ်သားကို သူ၏ လွဲမှားနိန်သောလမ်းမှ ပြန်လည်ခေါ်ဆောင်ပီးသော သူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို သီခြင်းတရားမှ ကယ်တင်၍ များစွာသော အပြစ်များကို ခွင့်ရွှတ်ခြင်းရစီရန် ပို့ဆောင်ပီးသောသူဖြစ်ကြောင်း သိမှတ်ကြလော့။
1PE 1:1 ယေသျှုခရစ်၏တမန်တော် ပေတရုပါးမှ —
1PE 1:2 ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏၊
1PE 1:3 ငါရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်၏ခမည်းတော် တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်၏ မဟာကရုဏာတော်ကြောင့် ယေသျှုခရစ်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီတော်မူခြင်းအားဖြင့် ငါရို့အား အသစ်သောဘဝကို ပီးတော်မူ၏။ သို့ဖြစ်၍ အသက်ရှင်သော မျှော်လင့်ခြင်းနှင့် ငါရို့အား ပြည့်ဝစီပြီးလျှင်၊
1PE 1:4 ကိုယ်တော်၏ လူစုတော်အတွက် ဘုရားသခင် လျာထားတော်မူသော ချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ခံစားနိုင်ရန် ငါရို့ မျှော်မှန်းလျက် ဟိကြ၏။ ကိုယ်တော်သည် ထိုချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ယိုယွင်း၊ ပျက်စီး၊ မှေးမှိန်၍ မလားနိုင်သော ကောင်းကင်ဘုံတွင် သင်ရို့အဖို့ သိုထားလျက်ဟိ၏။
1PE 1:5 ထိုအရာသည်ကား နောက်ဆုံးသောကာလ၌ ထင်ရှားရန် အသင့်ပျင်ဆင်ထားသည့် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကို ခံထားရသော သင်ရို့အတွက် ဖြစ်၏။
1PE 1:6 ဤအကြောင်းကြောင့် ဝမ်းမြောက်ကြလော့။ အကြောင်းမူကား သင်ရို့ခံစားရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် အဂု တအောင့်ချေမျှသာ ဖြစ်၏။
1PE 1:7 ထိုစုံစမ်းနှောင့်ယှက်ခြင်းများကို ခံရသည်မှာ သင်ရို့၏ ယုံကြည်ခြင်းသည် စစ်မှန်ကြောင်းကို သက်သီပြရန် ဖြစ်၏။ ပျက်စီးတတ်သော ရွှီကိုပင်လျှင် မီးဖြင့် စစ်ရသည်ဖြစ်ရာ ရွှီထက်များစွာ အဖိုးထိုက်သည့် သင်ရို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စီရန် စစ်ဆေးရမည်။ ထို့ပြင် သင်ရို့သည် အသျှင်ယေသျှုခရစ်တော် ပေါ်ထွန်းတော်မူသော နိ့၌ ချီးမွမ်းခြင်း၊ ဘုန်းကြီးခြင်းနှင့် ဂုဏ်ပြုခြင်းကို ခံရကြလိမ့်မည်။
1PE 1:8 သင်ရို့သည် ကိုယ်တော့်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ သင်ရို့သည် ကိုယ်တော့်ကို အဂု မမြင်ရသော်လည်း ယုံကြည်ကြပြီး နှုတ်ဖြင့် မဖော်ပြနိုင်သော ဝမ်းမြောက်ခြင်းနှင့် ရွှင်မြူးလျက် ဘုန်းတော်ကို ချီးမွမ်းကြ၏။
1PE 1:9 အကြောင်းမူကား သင်ရို့သည် ထိုအသျှင်အား ယုံကြည်ခြင်း၏ အကျိုးတည်းဟူသော စိတ်ဝိညာဉ်၏ ကယ်တင်ခြင်းကို ရဟိသောကြောင့်ဖြစ်၏။
1PE 1:10 သင်ရို့အား ဘုရားသခင်ပီးတော်မူသော ဆုကျေးဇူးနှင့်ပတ်သတ်၍ ဟောပြောခသည့် ပရောဖက်ရို့သည် ထိုကယ်တင်ခြင်းအကြောင်းကို သေချာစွာ စုံစမ်းမိန်းမြန်းခကြ၏။
1PE 1:11 မည်သည့်အချိန်၌ မည်သို့ ပေါ်ပေါက်လာမည်ကို သူရို့သည် ကြိုးစား၍ ရှာဖွီခကြ၏။ သူရို့အထဲ၌ဟိသော ခရစ်တော်၏ ဝိညာဉ်တော်က ဤကာလတွင် ခရစ်တော်ခံရမည့် ဝေဒနာနှင့် ထိုသို့ ခံတော်မူပြီးနောက် ပေါ်ထွန်းလာမည့် ဘုန်းတော်ကို ကြိုတင်၍ ဖော်ပြခ၏။
1PE 1:12 ထိုပရောဖက်ရို့ပြုခသည့် အရာများသည် သူရို့ကိုယ်ကျိုးအတွက် မဟုတ်ဘဲ သင်ရို့အဖို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို သင်ရို့အား ဘုရားသခင် ဖော်ပြတော်မူပေ၏။ အဂု ထိုအရာများသည် ကောင်းကင်ဘုံမှ စီရွှတ်ခြင်းခံရသော သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဟောပြောသောသူတိမှတစ်ဆင့် သင်ရို့ကြားရသော သတင်းကောင်းတရားပင် ဖြစ်၏။ ထိုအကြောင်းအရာများကို ကောင်းကင်တမန်တိပင်လျှင် နားလည်ရန် အလိုဟိကြ၏။
1PE 1:13 ထို့ကြောင့် သင်ရို့၏ စိတ်နှလုံးကို အသင့်ပျင်ဆင်၍ သမ္မာသတိ ဟိကြလော့။ ယေသျှုခရစ် ပေါ်ထွန်းတော်မူသောအခါ သင်ရို့ခံစားရမည့် ကျေးဇူးတော်ကို လုံးဝ မျှော်လင့်ကြလော့။
1PE 1:14 မသိနားမလည်စဉ်အခါက မိမိရို့၏ စိတ်ဆန္ဒဟိသည့်အတိုင်း ပြုမူခသကဲ့သို့ ဆက်လက်မပြုမူဘဲ ဘုရားသခင်၏စကားကို နားထောင်ကြလော့။
1PE 1:15 သင်ရို့အား ခေါ်တော်မူသော ဘုရားသခင်သည် သန့်ယှင်းတော်မူသည့်နည်းတူ သင်ရို့ ပြုမူသမျှ၌ သန့်ယှင်းကြလော့။
1PE 1:16 အကြောင်းမူကား၊ “ငါသည် သန့်ယှင်းသည်ဖြစ်၍ သင်ရို့သည်လည်း သန့်ယှင်းရမည်” ဟု ကျမ်းစာ၌ ဆိုထား၏။
1PE 1:17 လူအပေါင်းရို့အား မျက်နှာမလိုက်ဘဲ မိမိရို့၏ ကျင့်အတိုင်း တရားစီရင်တော်မူတတ်သော ဘုရားသခင်ထံသို့ ဆုတောင်းကြသောအခါ သင်ရို့သည် ကိုယ်တော့်ကို အဖဟု ခေါ်လျက် ဆုတောင်းကြ၏။ သို့ဖြစ်၍ ဤလောကတွင် အသက်ရှင်သမျှကာလပတ်လုံး ထိုဘုရားသခင်အား ကြောက်ရွံ့ရိုသီကြလော့။
1PE 1:18 သင်ရို့သည် အဖိုးအဖီးတိပါးမှ လက်ဆင့်ကမ်း ယူဆောင်လာသော တန်ဖိုးမဟိသောဘဝမှ အဖိုးအခပီး၍ သင်ရို့အား ဇာပိုင် ရွီးနုတ်ခရသည်ကို သင်ရို့သိကြ၏။ ထိုအဖိုးအခသည် ရွှီ၊ ငွီကဲ့သို့သော ပျက်စီးနိုင်သည့်အရာ မဟုတ်။
1PE 1:19 အပြစ်အနာအဆာကင်းစင်သည့် သိုးသငယ်နှင့်တူသော ခရစ်တော်၏ အဖိုးထိုက်သော အသွီးတော်အားဖြင့် ဖြစ်၏။
1PE 1:20 ဤကမ္ဘာ မတည်မဟိခင်ကပင် ကိုယ်တော့်ကို ဘုရားသခင် ရွီးချယ်တော်မူပြီးလျှင်၊ ဤနောက်ဆုံးသော အချိန်ကာလများ၌ သင်ရို့၏ အကျိုးအလို့ငှာ ပေါ်ထွန်းစီတော်မူခ၏။
1PE 1:21 ကိုယ်တော့်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီ၍ ဘုန်းတော် ထွန်းတောက်စီတော်မူသော ဘုရားသခင်ကို ကိုယ်တော့်အားဖြင့် သင်ရို့သည် ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်ရို့သည် ဘုရားသခင်ကို အမှီပြုလျက် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း ဟိကြ၏။
1PE 1:22 အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။
1PE 1:23 အကြောင်းမူကား သင်ရို့သည် သီခြင်းတရားနှင့်ကင်းလွတ်၍ ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တဖန် မွီးဖွားလာသော သားသမီးများ ဖြစ်ကတ်ယာ။
1PE 1:24 ကျမ်းစာတော်မြတ်၌၊ “လူအပေါင်းရို့သည် မြက်ပင်ကဲ့သို့ဖြစ်၍၊ သူရို့၏ ဘုန်းတန်ခိုးတော်သည် မြက်ပွင့် ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွိ့၍ အပွင့်သည်လည်း ကြွီကျတတ်၏။
1PE 1:25 ထာဝရဘုရား၏ နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက် တည်၏” ဟူ၍ ဖော်ပြထားသည့်အတိုင်း ဖြစ်၏။ ထိုနှုတ်ကပတ်တော်သည်ကား သင်ရို့အား ကြေညာသည့် သတင်းကောင်းဖြစ်ပေ၏။
1PE 2:1 ထို့ကြောင့် သင်ရို့သည် လှည့်ဖျားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ပုတ်ခတ်ပြောဆိုမှုတည်းဟူသော မကောင်းမှုအမျိုးမျိုးကို ဖယ်ယှားကြလော့။
1PE 2:2 မွီးစသျှေ ကဲ့သို့ ဝိညာဉ်ရေးရာနှင့်ဆိုင်သော သန့်ယှင်းသော နို့ရည်ကို အမြဲ လိုလားတောင့်တကြလော့။ အကြောင်းမူကား ထိုအရာကို သုံးဆောင်မှသာလျှင် သင်ရို့သည် ကြီးထွား၍ ကယ်တင်ခြင်းကို ခံရလိမ့်မည်။
1PE 2:3 ကျမ်းစာတော်မြတ်က၊ “သခင်ဘုရားသည် အလွန် သနားကြင်နာတော်မူကြောင်းကို သင်ရို့ကိုယ်တိုင် သိကြပြီး ဖြစ်၏” ဟု ဆိုထား၏။
1PE 2:4 တန်ဖိုးမဟိသကဲ့သို့ လူတိ ပယ်ထားခြင်းကို ခံရသော်လည်း ဘုရားသခင်၏ ရွီးချယ်ခြင်းကိုခံရ၍ အဖိုးထိုက်သည့် အသက်ရှင်သောကျောက်တည်းဟူသော သခင်ဘုရားထံတော်သို့ လာကြလော့။
1PE 2:5 ဝိညာဉ်ဆိုင်ရာ ဗိမာန်တော် တည်ဆောက်ခြင်း၌ သင်ရို့ကိုယ်တိုင်သည်လည်း အသက်ရှင်သော ကျောက်အဖြစ်နန့် အသုံးတော် ခံကြလော့။ ထိုဗိမာန်တော်တွင် သင်ရို့သည် ယေသျှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူသော ဝိညာဉ်ဆိုင်ရာ ယဇ်ကို ပူဇော်ခြင်းငှာ သန့်ယှင်းသော ယဇ်ပုရောဟိတ်များကဲ့သို့ ဆောင်ရွက်ကြလိမ့်မည်။
1PE 2:6 အကြောင်းမူကား ကျမ်းစာတော်မြတ်၌၊ “ကြည့်ရှုလော့၊ ငါသည် ကျောက်တစ်လုံးကို ဇိအုန်တောင်ထက်၌ ချထား၏။ ထိုကျောက်သည် ငါရွီးချယ်၍ အဖိုးထိုက်သော ထောင့်ချုပ်ကျောက် ဖြစ်လာ၏။ ဇာသူမဆို ထိုအသျှင်ကို ယုံကြည်သောသူသည် လုံးဝ စိတ်ပျက်ရလိမ့်မည် မဟုတ်” ဟု ဆိုထား၏။
1PE 2:7 ယုံကြည်သောသူရို့အဖို့ ထိုကျောက်သည် အလွန် တန်ဖိုးဟိ၏။ သို့ရာတွင် မယုံကြည်သော သူရို့အဖို့မူကား၊ “တိုက်ကိုတည်ဆောက်သူရို့ တန်ဖိုးမဟိ၍ ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက် ဖြစ်လာ၏” ဟု ဖော်ပြထား၏။
1PE 2:8 တခြားသော ကျမ်းစာတော်မြတ်တွင်၊ “ထိုကျောက်သည် လူတိအတွက် ခလုံးတိုက်စရာ ဖြစ်စီ၍၊ တိုက်မိ၍လဲစရာ ကျောက်ဖြစ်လိမ့်မည်” ဟု ဆို၏။ သူရို့သည် နှုတ်ကပတ်တော်ကို မယုံကြည်ကြသဖြင့် ခလုံးတိုက်စရာ ဖြစ်ရကြ၏။ ဤကား ထိုသူရို့အတွက် ဘုရားသခင်၏ အလိုတော်ပင် ဖြစ်သတည်း။
1PE 2:9 သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။
1PE 2:10 သင်ရို့သည် တစ်ခါက ဘုရားသခင်၏ လူစုတော် မဟုတ်သော်လည်း အဂုအခါ ကိုယ်တော်၏ လူစုတော် ဖြစ်ကြပြီ။ သင်ရို့သည် တစ်ခါက ဘုရားသခင်၏ ကရုဏာတော်ကို မခံရကြသော်လည်း အဂုမူကား ကိုယ်တော်၏ ကရုဏာတော်ကို ခံစားရကြပြီ။
1PE 2:11 အဆွီရို့၊ သင်ရို့သည် ဤလောကတွင် အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကို အစဉ်သဖြင့် ဆန့်ကျင်တိုက်ခိုက်လျက်နိန်သော ကိုယ်ကာယတပ်မက်မှုများကို အယှုံးမပီးကြရန် ငါ တိုက်တွန်းနှိုးဆော်ပါ၏။
1PE 2:12 သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။
1PE 2:13 သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ လူသားနှင့်စပ်ဆိုင်၍ စီရင်အုပ်စိုးခြင်းတည်းဟူသော အထွတ်အမြတ်ဖြစ်သော ဧကရာဇ်​မင်းကိုလည်းကောင်း၊
1PE 2:14 လူဆိုးတိကို အပြစ်ပီးရန်နှင့်၊ ကောင်းသောအမှုကို ပြုသောသူတိကို ဂုဏ်ပြုချီးမွမ်းရန် ခန့်ထားသော အစိုးရမင်းများကိုလည်းကောင်း နာခံကြလော့။
1PE 2:15 သင်ရို့သည် ကောင်းသောအမှုကို ပြုခြင်းအားဖြင့် လူမိုက်ရို့၏ အသိဉာဏ်ကင်းမဲ့စွာ ပြောဆိုမှုကို ရပ်တန့်စီရန် ဘုရားသခင် အလိုဟိတော်မူ၏။
1PE 2:16 လွတ်လပ်သောသူများကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။ သို့သော်လည်း မကောင်းမှုများကို ဖုံးကွယ်ရန်အတွက် သင်ရို့၏ လွတ်လပ်မှုကို အသုံးမပြုကြဘဲ ဘုရားသခင်၏ ကျွန်များကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။
1PE 2:17 ခပ်သိမ်းသောလူတိကို ရိုသီကြလော့။ ယုံကြည်သူတိကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ ကြလော့။ ဧကရာဇ်မင်းအား ရိုသီလေးမြတ်ကြလော့။
1PE 2:18 အခိုင်းအစီရို့၊ ရိုသီတတ်သောစိတ် အပြည့်အဝနှင့် သင်ရို့သခင်၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။ စိတ်သဘောကောင်း၍ ညှာတာထောက်ထားတတ်သော သခင်များကိုသာ မဟုတ်၊ ကြမ်းတမ်းသော သခင်တိကိုလည်း နာခံကြလော့။
1PE 2:19 အကြောင်းမူကား သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကိုသိသဖြင့် မိမိရို့မခံထိုက်သော ဒုက္ခဝေဒနာများကို သည်းခံကြလျှင် ဘုရားသခင်သည် သင်ရို့အား နှစ်သက်တော်မူလိမ့်မည်။
1PE 2:20 သင်ရို့သည် ပြုမိသည့် အမှားများအတွက် ရိုက်နှက်ခံရသောအခါ သည်းခံကြလျှင် မည်သို့ ချီးမွမ်းစရာ ဟိကြမည်နည်း။ သို့ရာတွင် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာကို ခံရကြသောအခါ သည်းခံကြလျှင်မူကား ဘုရားသခင်သည် သင်ရို့အား ကျေးဇူးပြုတော်မူလိမ့်မည်။
1PE 2:21 ထိုသို့အလိုငှာ ဘုရားသခင်သည် သင်ရို့အား ခေါ်တော်မူခြင်းဖြစ်၏။ ခရစ်တော်ကိုယ်တိုင်ပင်လျှင် သင်ရို့အတွက် ဒုက္ခဝေဒနာကို ခံတော်မူ၍ ခြီရာတော်အတိုင်း သင်ရို့ လိုက်လျှောက်နိုင်ကြစီရန် ပုံဥပမာကို ထားပီးတော်မူခ၏။
1PE 2:22 ကိုယ်တော်သည် အပြစ်ကို မပြု၊ ကိုယ်တော်၏ နှုတ်တော်၌ မုသားကို မတွိ့ရ။
1PE 2:23 ပုတ်ခတ်ပြောဆိုခြင်း ခံရသောအခါ ပြန်၍ မတုံ့ပြန်။ ဒုက္ခဝေဒနာ ခံတော်မူရသောအခါ ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ မိမိကိုယ်ကို အပ်နှံတော်မူ၏။
1PE 2:24 ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။
1PE 2:25 သင်ရို့သည် သိုးများကဲ့သို့ လမ်းလွဲခကြသော်လည်း အဂုအခါ သိုးထိန်းဖြစ်တော်မူပြီး သင်ရို့၏စိတ်ဝိညာဉ်တိကို ကြည့်ရှုစောင့်ရှောက်တော်မူသော အသျှင်ထံသို့ ပြန်လည်၍ ရောက်ကြပြီ။
1PE 3:1 ထိုနည်းတူစွာ အိမ်ထောင်သျှင်မရို့၊ သင်ရို့ အိမ်ထောင်သျှင်၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ထို့သို့ပြုလျှင် သင်ရို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်သော အိမ်ထောင်သျှင်တိ ဟိပါက သူရို့သည် သင်ရို့၏ အပြုအမူကိုထောက်၍ ယုံကြည်လာကြလိမ့်မည်။ ထိုသို့ပြုလျှင် သင်ရို့၏ နှုတ်အားဖြင့် ပြောရန်ပင် မလိုပေ။
1PE 3:2 ဇာကြောင့်ဆိုသော် သင်ရို့၏ စိတ်ထားစင်ကြယ်ခြင်းနှင့် ရိုသီလေးစားစွာ ကျင့်ကြံပြုမူခြင်းများကို သူရို့ တွိ့မြင်ကြမည် ဖြစ်သောကြောင့်ဖြစ်၏။
1PE 3:3 သင်ရို့သည် ဆံပင်ကျစ်ခြင်း၊ အဆင်တန်ဆာ ဆင်ခြင်း၊ အဝတ်အစား ဝတ်ဆင်ခြင်းတည်းဟူသော အပြင်ပန်းကို ဆင်ယင်ခြင်း မဖြစ်စီဘဲ၊
1PE 3:4 ဘုရားသခင်၏ ရှိ့တော်မှောက်၌၊ အလွန် အဖိုးတန်သည့် တည်ငြိမ်သော စိတ်သဘောနှင့် နူးညံ့သိမ်မွိ့သော စိတ်သဘောတည်းဟူသော မဖေါက်ပြန်မပျက်စီးတတ်သော အတွင်းစိတ်နှလုံးကို တန်ဆာဆင်ကြလော့။
1PE 3:5 ရှီးအခါက ဘုရားသခင်ကို ရိုသီကိုင်းယှိုင်းသော မိန်းမရို့သည် မိမိရို့၏ အိမ်ထောင်သျှင်စကားကို နားထောင်ခြင်းအားဖြင့် လှပစီခြင်းငှာ တန်ဆာဆင်ကြ၏။
1PE 3:6 စာရာသည် အာဗြဟံ၏စကားကို နားထောင်၍ သူ့ကိုလည်း သခင်ဟု ခေါ်သကဲ့သို့ သင်ရို့သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမဟိဘဲ ကောင်းသောအမှုကို ပြုကြလျှင် စာရာ၏သမီးများ ဖြစ်ကြ၏။
1PE 3:7 ထိုနည်းတူ အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ အိမ်ထောင်သျှင်မရို့သည် အားနွဲ့သူတိဖြစ်ကြောင်းကို သိမှတ်ကာ အတူတကွ နီထိုင်ကြလော့။ အကြောင်းမူကား သူရို့သည် အသက်နှင့်ဆိုင်သော ဘုရားသခင်၏ ဆုကျေးဇူးကို သင်ရို့နှင့်အတူ ခံစားရကြမည့်သူများ ဖြစ်သောကြောင့် သူရို့အား လေးစားစွာ ဆက်ဆံကြလော့။ ထိုသို့ ပြုလျှင် သင်ရို့၏ ဆုတောင်းခြင်းကို ဆီးတား ခံရလိမ့်မည် မဟုတ်ပေ။
1PE 3:8 အချုပ်ဆိုရသော် သင်ရို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်စိတ်တစ်ဝမ်းတည်းဟိလျက် ကြင်နာတတ်သောသဘော၊ ချစ်တတ်သောသဘော၊ သနားတတ်သောသဘော၊ နှိမ့်ချတတ်သောသဘော ဟိကြလော့။
1PE 3:9 အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။
1PE 3:10 ကျမ်းစာတော်မြတ်၌၊ “အသက်ရှင်ခြင်းကို နှစ်သက်၍၊ ကောင်းသောနိ့ရက်ကို တွိ့မြင်လိုသောသူသည်၊ မိမိ၏လျှာကို မကောင်းသောစကားနှင့် ကင်းစီလော့။ မိမိနှုတ်သည်လည်း မုသားစကားနှင့် ကင်းစီလော့။
1PE 3:11 သင်ရို့သည် ဆိုးသောအမှုကို ယှောင်ယှားလျက် ကောင်းသောအမှုကို ပြုရမည်။ ငြိမ်းသက်ခြင်းကိုရှာ၍ မှီအောင်လိုက်လော့။
1PE 3:12 အကြောင်းမူကား သခင်ဘုရားသည် ဖြောင့်မတ်သောသူရို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍၊ သူရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသောကြောင့် ဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုပြုသော သူရို့ပါးမှ မျက်နှာလွှဲတော်မူ၏” ဟူ၍ ဆိုထား၏။
1PE 3:13 သို့ဖြစ်၍ ကောင်းသောအမှု၌ သင်ရို့သည် စိတ်အားထက်သန်ကြပါမူ မည်သူသည် သင်ရို့အား ထိခိုက်နိုင်မည်နည်း။
1PE 3:14 သို့သော် သင်ရို့သည် ဖြောင့်မတ်ခြင်းတရားကြောင့် ဒုက္ခဆင်းရဲ ခံရလျှင် မင်္ဂလာဟိကြ၏။ ဇာသူ့ကိုမျှ မကြောက်ကတ်ကေ့၊ မစိုးရိမ်ကတ်ကေ့။
1PE 3:15 သို့သော် သင်ရို့၏ စိတ်နှလုံးတွင် ခရစ်တော်ကို သခင်ဘုရားအဖြစ် ရိုသီလေးမြတ်စွာ ခံယူကြလော့။ သင်ရို့ ခံယူထားသော မျှော်လင့်ချက်အကြောင်းကို မိန်းမြန်းလာသောသူအား အစဉ်မပြတ် ယှင်းလင်းဖော်ပြရန် အသင့် ဟိကြလော့။
1PE 3:16 သို့ရာတွင် နူးညံ့သိမ်မွိ့ပြီး ရိုသီစွာဖြင့် ထိုအရာများကို လုပ်ဆောင်ကြလော့။ သင်ရို့သည် မိမိကိုယ်ကိုသိသောစိတ် ကြည်လင်လျက် ဟိသောကြောင့် ခရစ်တော်၌ သင်ရို့၏ ကောင်းသော ကျင့်ကြံပြုမူပုံကို သင်ရို့အား ကြမ်းတမ်းစွာ စော်ကားပြောဆိုသော သူရို့သည် မြင်သောအခါ အရှက် ရကြလိမ့်မည်။
1PE 3:17 အကြောင်းမူကား ဘုရားသခင် အလိုတော်ဟိလျှင် မကောင်းသောအမှုကို ပြု၍ ဆင်းရဲဒုက္ခရောက်သည်ထက် ကောင်းသောအမှုကို ပြု၍ ဆင်းရဲဒုက္ခရောက်သည်ကား သာ၍ ကောင်း၏။
1PE 3:18 ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။
1PE 3:19 ကိုယ်တော်သည် အကျဉ်းကျခံနိန်ရသော ဝိညာဉ်များပါးသို့ လား၍ ဝိညာဉ်တော်အားဖြင့် တရားဟောခတော်မူ၏။
1PE 3:20 ထိုဝိညာဉ်တိကား နောဧသည် သင်္ဘောကို တည်ဆောက်လျက် နိန်စဉ် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းသော်လည်း စကားကို နားမထောင်ခသူရို့၏ ဝိညာဉ်များပင် ဖြစ်သတည်း။ သို့ရာတွင် သင်္ဘောထဲတွင် သျှစ်ယောက်မျှသော လူအနည်းငယ်သာ ရီအားဖြင့် ကယ်တင်ခြင်းကို ခံရ၏။
1PE 3:21 ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။
1PE 3:22 ထိုအသျှင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ဟိတော်မူပြီးလျှင် ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးသျှင်များကို အုပ်စိုး၍ နိန်တော်မူ၏။
1PE 4:1 ခရစ်တော်သည် ကိုယ်ကာယ၌ ဝေဒနာကို ခံတော်မူခသည်ဖြစ်၍ သင်ရို့သည်လည်း ထိုသို့သော သဘောကို ခံယူကြရမည်။ အကြောင်းမူကား ကိုယ်ကာယ၌ ဝေဒနာကို ခံပြီးသောသူသည် ဒုစရိုက်အပြစ်နှင့် ပြတ်စဲပြီ ဖြစ်သောကြောင့်ဖြစ်၏။
1PE 4:2 သို့ဖြစ်၍ ဤလောကတွင် သင်ရို့ အသက်ရှင်ရန် ကျန်နိန်သိမ့်သော အချိန်ကာလ၌ လူ့စိတ်အလိုသို့ မလိုက်ဘဲ ဘုရားသခင်၏ အလိုတော်ကို လိုက်၍ အသက်ရှင်နိုင်ရန် ဖြစ်သည်။
1PE 4:3 လွန်ခသည့်ကာလက သင်ရို့သည် သာသနာပလူများ ပြုသကဲ့သို့ ပြုမူခကြ၏။ သင်ရို့သည် ညစ်ညမ်းစွာပြုမူခြင်း၊ ကာမဂုဏ် တပ်မက်ခြင်း၊ သီရည်သောက်ကြူးခြင်း၊ အပျော်ကြူးခြင်း၊ စားသောက်ပွဲများ ကျင်းပခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်သော ရုပ်တုကိုးကွယ်ခြင်းများဖြင့် အသက်ရှင်လျက် အချိန်ကုန်ခကြ၏။
1PE 4:4 အဂုမူကား သင်ရို့သည် သာသနာပလူများနှင့်အတူ ထိုသို့ အပျော်ကြူး၍ စည်းမဲ့ကမ်းမဲ့ သက်ရှင်မှုများတွင် မပါဝင်သောကြောင့် သူရို့သည် အံ့သြလျက် ကဲ့ရဲ့ပြောဆိုကြ၏။
1PE 4:5 သို့ဖြစ်၍ သူရို့သည် အသက်ရှင်သောသူနှင့် သီသောသူတိအား တရားစီရင်ရန် အသင့် ဟိတော်မူသော ဘုရားသခင်၏ အထံတော်၌ စစ်ဆေးစီရင်ခြင်းကို ခံရလိမ့်မည်။
1PE 4:6 ဤအကြောင်းကြောင့် သီလွန်သော သူရို့ကိုလည်း သတင်းကောင်းကို ဟောပြောရခြင်းဖြစ်၏။ ဤသည်ကား ထိုသူရို့သည် ကိုယ်ကာယအားဖြင့် အသက်ရှင်စဉ်အခါက လူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကို ခံရသော်လည်း ဝိညာဉ်မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ရန် ဖြစ်၏။
1PE 4:7 အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။
1PE 4:8 မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။
1PE 4:9 သင်ရို့သည် မညည်းမညူဘဲ တစ်ယောက်ကိုတစ်ယောက် အာဂန္တုဝတ်ကို ကျေပွန်စွာ ပြုကြလော့။
1PE 4:10 သင်ရို့တစ်ယောက်စီတိုင်းသည် ဘုရားသခင်၏ ခြားနားသော ဆုကျေးဇူးများကို ရဟိထားသည်ဖြစ်၍ ကောင်းသော စီမံခန့်ခွဲသူတစ်ယောက်ကဲ့သို့ ဘုရားသခင်ထံမှ မိမိရို့ရဟိထားသော အထူး ဆုကျေးဇူးများကို တခြားလူများ၏ အကျိုးအတွက် အသုံးပြုကြလော့။
1PE 4:11 ဟောပြောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဟောပြောစီ။ လုပ်ဆောင်သောသူသည် ဘုရားသခင်ပီးတော်မူသော အစွမ်းသတ္တိအတိုင်း လုပ်ဆောင်စီ။ သို့မှသာ ပြုလေသမျှသော အမှုများတွင် ယေသျှု ခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ ထိုအသျှင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် ထွန်းတောက်တော်မူပါစီသတည်း။ အာမင်။
1PE 4:12 အဆွီရို့၊ သင်ရို့သည် ပြင်းစွာသော စုံစမ်းစစ်ဆေးခြင်းကို ခံရသောအခါ ထူးဆန်းသည်ဟု ထင်မှတ်လျက် မအံ့သြကတ်ကေ့။
1PE 4:13 သင်ရို့သည် ခရစ်တော်၏ ဒုက္ခဆင်းရဲထဲ၌ အတူပါဝင် ခံစားရကြသည်ကို ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော် ပေါ်ထွန်းလာသောအခါ သင်ရို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြလိမ့်မည်။
1PE 4:14 သင်ရို့သည် ခရစ်တော်၏ နာမတော်ကြောင့် စော်ကားခြင်းကို ခံရသောအခါ မင်္ဂလာဟိကြ၏။ ဇာကြောင့်ဆိုသော် ထိုသို့ ခံရသောအချိန်၌ ဘုန်းတော်နှင့် ပြည့်စုံသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထက်၌ ကိန်းဝပ်တော်မူ၏။
1PE 4:15 သင်ရို့တွင် လူသတ်မှု၊ ခိုးမှု၊ ရာဇဝတ်မှု၊ သူတစ်ပါး၏ကိစ္စတွင် စွက်ဖက်မှုစသည့် တစ်ခုခုသော အပြစ်များကြောင့် မည်သူတစ်ယောက်မျှ ဆင်းရဲဒုက္ခကို မခံရစီကေ့။
1PE 4:16 သို့သော်လည်း ခရစ်ယာန်ဖြစ်သောကြောင့် ဆင်းရဲဒုက္ခခံရပါက ရှက်စရာအကြောင်းမဟိ။ ခရစ်တော်၏ နာမကြောင့်ခံရလျှင် ဘုရားသခင်ကို ချီးမွမ်းလော့။
1PE 4:17 အကြောင်းမူကား တရားစီရင်ခြင်းကို အစပြုမည့် အချိန်သည် ရောက်လာလေပြီ။ ဘုရားသခင်၏ လူစုတော်သည် တရားစီရင်တော်မူခြင်းကို ဦးစွာ ခံရကြမည်။ ငါရို့သည် ဦးစွာ တရားစီရင်တော်မူခြင်း ခံရကြလျှင် ဘုရားသခင်၏ သတင်းကောင်းကို မယုံကြည်သောသူတိကား မည်သို့ ဖြစ်လိမ့်မည်နည်း။
1PE 4:18 ကျမ်းစာတော်မြတ်၌ “အကယ်၍ သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန် ခက်ခဲပါမူ ဘုရားတရားကို မသိသော အပြစ်သားတိအဖို့ မည်သို့ ဖြစ်လိမ့်မည်နည်း” ဟူ၍ ဆိုထား၏။
1PE 4:19 သို့ဖြစ်၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆင်းရဲဒုက္ခခံရသော သူရို့သည် ကောင်းသောအမှုကို ပြုလျက် သစ္စာနှင့် ပြည့်စုံတော်မူသော ဖန်ဆင်းသျှင်၏ လက်တော်သို့ မိမိရို့အား အပ်နှံထားကြလော့။
1PE 5:1 ခရစ်တော်၏ ဆင်းရဲဒုက္ခကို သက်သီခံသောသူ တစ်ဦးအဖြစ် လည်းကောင်း၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းတော်ကို မျှဝီခံစားသောသူတစ်ဦးအဖြစ် လည်းကောင်း ငါ့နည်းတူ အသင်းတော်၌ အကြီးအကဲတိဖြစ်ကြသော သင်ရို့အား ငါတိုက်တွန်းလိုက်ပါ၏။
1PE 5:2 သင်ရို့၌ အပ်ထားသော ဘုရားသခင်၏ သိုးစုကို စောင့်ရှောက်ကြလော့။ တာဝန်အရ စောင့်ရှောက်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်နှင့်အညီ စိတ်အားထက်သန်စွာဖြင့် စောင့်ရှောက်ကြလော့။ သင်ရို့ လုပ်ဆောင်သည့်အခါ၌လည်း အဖိုးအခ ရရုံမျှသာ လုပ်ဆောင်ခြင်း မဟုတ်ဘဲ စစ်မှန်သော စေတနာစိတ်နှင့် လုပ်ဆောင်ကြလော့။
1PE 5:3 စောင့်ရှောက်ရန် သင်ရို့အား အပ်ထားသော သူရို့အပေါ်၌ အာဏာဖြင့်အုပ်စိုးခြင်း မဟုတ်ဘဲ သိုးစုရှိ့၌ စံနမူနာကောင်းကို ဖြစ်စီလော့။
1PE 5:4 သို့ဖြစ်လျှင် သိုးထိန်းကြီး ပေါ်ထွန်းတော်မူသောအခါ သင်ရို့သည် မည်သည့်အခါမျှ မညှိုးနွမ်းသော ဘုန်းတော်နှင့် ပြည့်စုံသည့် သရဖူကို ရကြလိမ့်မည်။
1PE 5:5 ထိုနည်းတူ ငယ်ရွယ်သောသူရို့၊ အသက်ကြီးသောသူရို့၏ စကားကို နားထောင်ကြလော့။ သင်ရို့အားလုံးသည် နှိမ့်ချခြင်း တန်ဆာကိုဆင်လျက် တစ်ဦးကိုတစ်ဦး အလုပ်အကျွေး ပြုကြရမည်။ ဇာကြောင့်ဆိုသော် ကျမ်းစာတော်၌ “ဘုရားသခင်သည် မာနကြီးသောသူကို ဆီးတားတော်မူ၍ စိတ်နှိမ့်ချသောသူကိုမူကား ကျေးဇူးပြုတော်မူ၏” ဟု ဖော်ပြထား၏။
1PE 5:6 သို့ဖြစ်၍ အချိန်တန်သောအခါ သင်ရို့အား ချီးမြှောက်တော်မူစီခြင်းငှာ ဘုရားသခင်၏ တန်ခိုးကြီးသော လက်တော်အောက်၌ မိမိကိုယ်ကို နှိမ့်ချကြလော့။
1PE 5:7 သင်ရို့ကို ဂရုစိုက်တော်မူသောကြောင့် သင်ရို့၏ စိုးရိမ်ပူပန်ခြင်း ဟိသမျှတိကို ကိုယ်တော်၌ အပ်နှံကြလော့။
1PE 5:8 သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။
1PE 5:9 သင်ရို့၏ ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် မာရ်နတ်ကို ဆီးတားကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့ သိကြသည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟိကြသော သင်ရို့၏ ညီအစ်ကိုများသည်လည်း ဤသို့သော ဆင်းရဲဒုက္ခနှင့် ကြုံတွိ့နိန်သောကြောင့်ဖြစ်၏။
1PE 5:10 သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။
1PE 5:11 ထိုဘုရားသခင်သည် ကာလအစဉ်အဆက် တည်ဟိတော် မူပါစီသတည်း။ အာမင်။
1PE 5:12 သစ္စာဟိသော ညီအစ်ကိုအဖြစ် ငါမှတ်ယူထားသော သိလွာနု၏ အကူအညီဖြင့် သင်ရို့ပါးသို့ ဤစာကို ရီးသားလိုက်၏။ ငါသည် သင်ရို့ကို အားပီးတိုက်တွန်းရန်နှင့် သင်ရို့ ခံစားရသော ကျေးဇူးတော်သည် ဘုရားသခင်၏ ကျေးဇူးတော် အစစ်အမှန်ဖြစ်ကြောင်းကို သက်သီခံလို၏။ ထိုကျေးဇူးတော်တွင် ခိုင်ခံ့စွာ ရပ်တည်ကြလော့။
1PE 5:13 သင်ရို့နည်းတူ ဘုရားသခင်၏ ရွီးချယ်တော်မူခြင်းကို ခံရသည့် ဗာဗုလုန်မြို့အသင်းတော်နှင့် ငါ့သား မာကုကလည်း နှုတ်ဆက်လိုက်ပါ၏။
1PE 5:14 ခရစ်ယာန်မေတ္တာဖြင့် အချင်းချင်း နှုတ်ဆက်ကြလော့။ ခရစ်တော်၌ဟိသော သင်ရို့အားလုံး၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်။
2PE 1:1 ယေသျှု ခရစ်တော်၏ အခိုင်းအစီနှင့် တမန်တော်ဖြစ်သူ ငါ သျှိမုန်ပေတရုပါးမှ —
2PE 1:2 ဘုရားသခင်နှင့် ငါရို့၏ အသျှင်ယေသျှုကို သိကျွမ်းရခြင်းအားဖြင့် သင်ရို့သည် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို အပြည့်အဝ ခံစားရကြပါစီသောဝ်။
2PE 1:3 ငါရို့ကို မိမိ၏ဘုန်းတော်နှင့် ကောင်းမြတ်ခြင်းထဲသို့ ခေါ်ယူတော်မူသော အသျှင်အား ငါရို့သိခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် ဘုရားဝတ်၌ မှန်ကန်စွာ မွိ့လျော် အသက်ရှင်နိုင်ကြစီရန် ငါရို့လိုအပ်သော အရာဟိသမျှကို ချပီးတော်မူ၏။
2PE 1:4 ဤနည်းအားဖြင့် ကတိထားတော်မူသော အလွန်ကြီးမြတ်၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါရို့အား ပီးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့် သင်ရို့သည် ဤလောက၌ဟိသော ပျက်စီးတတ်သည့် ကိလေသာတပ်မက်ခြင်းမှ လွတ်မြောက်၍ ဘုရားပကတိအဖြစ်တော်ကို မျှဝီခံစားကြရ၏။
2PE 1:5 ဤအကြောင်းကြောင့် သင်ရို့သည် မိမိရို့၏ ယုံကြည်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် လည်းကောင်း၊ ကောင်းမြတ်ခြင်းကို အသိပညာဖြင့် လည်းကောင်း၊
2PE 1:6 အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို သည်းခံနိုင်ခြင်းဖြင့် လည်းကောင်း၊ သည်းခံနိုင်ခြင်းကို ဘုရားဝတ်၌မွိ့လျော်ခြင်းဖြင့် လည်းကောင်း၊
2PE 1:7 ဘုရားဝတ်၌မွိ့ပျော်ခြင်းကို ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်း အားဖြင့် လည်းကောင်း၊ ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်းကို ချစ်မေတ္တာဖြင့် လည်းကောင်း ထပ်လောင်း၍ ဖြည့်စွက်ပီးရန် အစွမ်းကုန် ကြိုးစား ကြလော့။
2PE 1:8 ထိုပါရမီများသည် သင်ရို့၌ ကြွယ်ဝစွာဟိနိန်လျှင် ငါရို့၏အသျှင် ယေသျှုခရစ်တော်ကို သိကျွမ်းခြင်း၌ သင်ရို့သည် အကျိုးမဟိ ဖြစ်ကြလိမ့်မည် မဟုတ်။
2PE 1:9 သို့ရာတွင် ထိုပါရမီများနှင့် ကင်းသောသူသည် အမြင်တိမ်၍ မျက်စိမမြင်သောသူ ဖြစ်ပြီး သူသည် အယင်က မိမိ၏အပြစ်များမှ စင်ကြယ်ခြင်း ခံရသည်ကို မိ့လျော့တတ်သောသူ ဖြစ်၏။
2PE 1:10 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ဘုရားသခင်၏ ခေါ်ယူတော်မူခြင်းနှင့် ရွီးကောက်တော်မူခြင်းကို တည်မြဲစီရန် သာ၍ကြိုးစားကြပါက သင်ရို့သည် မည်သည့်အခါမျှ သင်ရို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ကြလိမ့်မည် မဟုတ်။
2PE 1:11 ဤနည်းအားဖြင့် သင်ရို့သည် ကယ်တင်သျှင်ဖြစ်တော်မူသော ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ထာဝရနိုင်ငံတော်သို့ ဝင်နိုင်မည့် အခွင့်ကို ပြည့်ဝစွာ ရကြလိမ့်မည်။
2PE 1:12 ထို့ကြောင့် သင်ရို့သည် ဤအကြောင်းအရာများကို သိနားလည်လျက် မိမိရို့ ရထားသည့် သမ္မာတရားတွင် အခြေခံ၍ ခိုင်ခံ့ပြီးဖြစ်သော်လည်း ငါသည် သင်ရို့အား ထိုအကြောင်းအရာများကို အစဉ် သတိပီးလို၏။
2PE 1:13 ငါသည် အသက်ရှင်လျက် ဟိနိန်သမျှ ကာလပတ်လုံး ထိုအကြောင်းအရာများကို သင်ရို့အား နှိုးဆော်လျက်ဟိသည်မှာ ငါ့အတွက် မှန်ကန်သည်ဟု မှတ်ယူထား၏။
2PE 1:14 ဇာကြောင့်ဆိုသော် ငါရို့၏အသျှင် ယေသျှု ခရစ်တော်ကလည်း ထိုသို့ဖြစ်မည်ဟု ငါ့အား ဖော်ပြထားသည်အတိုင်း ငါသည် ဤပျက်စီးတတ်သော ကိုယ်ခန္ဓာကို မကြာခင် စွန့်ပစ်ရလိမ့်မည်ဟု သိသောကြောင့် ဖြစ်ပေ၏။
2PE 1:15 သို့ဖြစ်၍ ငါ သီဆုံးလားပြီးနောက် သင်ရို့သည် ဤအကြောင်းအရာများကို အစဉ် မှတ်မိစီရန် ငါ အကောင်းဆုံး လုပ်ဆောင်လားလိမ့်မည်။
2PE 1:16 ငါရို့၏အသျှင် ယေသျှုခရစ်တော်သည် တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းကို သင်ရို့အား ဖော်ပြရာ၌ ငါရို့သည် ပရိယာယ်နှင့် ပျင်ဆင်ထားသော ပုံပြင်များကို ပြောကြားနိန်ခြင်း မဟုတ်။ ငါရို့ကိုယ်တိုင် ထိုအသျှင်၏ ကြီးမြတ်သောဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြသောသူများ ဖြစ်ကြ၏။
2PE 1:17 ခမည်းတော် ဘုရားသခင်ထံတော်မှ ဂုဏ်အသရေတော်နှင့် ဘုန်းတော်ကို ကိုယ်တော်သည် ခံယူတော်မူစဉ် အကြီးမြတ်ဆုံးသော ဘုန်းတန်ခိုးတော်အသျှင်ထံမှ “ဤသူကား ငါ နှစ်သက်မြတ်နိုးသော ငါ၏ ချစ်သားဖြစ်သည်” ဟူသော အသံတော်သည် ကိုယ်တော်ထံသို့ ရောက်လာ၏။
2PE 1:18 ထိုအခါက ငါရို့ကိုယ်တိုင်ပင်လျှင် ကိုယ်တော်နှင့်အတူ သန့်ယှင်းသော တောင်ထက်တွင်ဟိ၍ ကောင်းကင်မှ ထွက်ပေါ်လာသော ထိုအသံတော်ကို ကြားရကြ၏။
2PE 1:19 ထို့အပြင် ပို၍ စိတ်ချရသော ပရောဖက်များ ဟောပြောထားသည့် ဗျာဒိတ်စကားလည်း ငါရို့၌ ဟိ၏။ ထိုဗျာဒိတ်စကားသည် အရုဏ်တက်သည့်တိုင်အောင် အမှောင်ထဲ၌ ထွန်းလင်းနိန်သည့် ဆီမီးခွက်ကဲ့သို့ ဖြစ်ပြီး မိုးသောက်ကြယ်၏ အလင်းသည်လည်း သင်ရို့စိတ်နှလုံးထဲ၌ ထွန်းလင်းလျက်ဟိသောကြောင့် သင်ရို့သည် ထိုဗျာဒိတ်စကားကို ကြားခြင်းငှာ ဂရုစိုက်ကြလော့။
2PE 1:20 ကျမ်းစာ၌ဖော်ပြသော ပရောဖက်ပြုချက်များကို မည်သူတစ်ယောက်မျှ မယှင်းပြနိုင်ကြောင်း သင်ရို့ အထူး သိမှတ်ကြလော့။
2PE 1:21 အကြောင်းမူကား မည်သည့် ပရောဖက်ပြုချက်မျှ လူ့အလိုဆန္ဒအရ ပေါ်လာသည် မဟုတ်။ သန့်ယှင်းသော ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူရို့သည် ဘုရားသခင် ထံတော်ပါးမှ လာသော ဗျာဒိတ်တော်ကို ဟောပြောခြင်းသာဖြစ်၏။
2PE 2:1 ဣသရေလလူမျိုးထဲတွင် မှားယွင်းသော ပရောဖက်များ အယင်က ပေါ်ပေါက်ခသည့်နည်းတူ သင်ရို့ထဲ၌လည်း မှားယွင်းသောဆရာများ ပေါ်ပေါက်လာကြလိမ့်မည်။ သူရို့သည် ပျက်စီးခြင်းသို့ ရောက်စီမည့် မှားယွင်းသော အယူဝါဒများကို ယူဆောင်လာပြီးလျှင် သင်ရို့ကို ရွီးနုတ်တော်မူသော အသျှင်ကိုပင် ငြင်းပယ်ကာ သူရို့၌ ပျက်စီးခြင်းဘေးကို ရုတ်တရက် ကျရောက်စီကြလိမ့်မည်။
2PE 2:2 များစွာသောလူရို့သည် ကာမဂုဏ်​လိုက်စား​ခြင်း​နောက်​သို့ လိုက်ကြပြီး သမ္မာတရားကို ကဲ့ရဲ့ပြောဆို ကြလိမ့်မည်။
2PE 2:3 ဤမှားယွင်းသောဆရာရို့သည် လောဘစိတ်နှင့် လုပ်ကြံဖန်တီးပြောဆိုကာ သင်ရို့၌ အမြတ် ထုတ်ကြလိမ့်မည်။ ရှီးကာလကပင် သူရို့အား တရားစီရင်ရန် အဂု အသင့် ဟိနိန်ပြီး၊ ဖျက်ဆီးမည့်သူသည် ငိုက်မျိုင်းခြင်း အလျှင်းမဟိ။
2PE 2:4 အကြောင်းမူကား အပြစ်ကျူးလွန်ကြသော ကောင်းကင်တမန်များကို ဘုရားသခင်သည် ချမ်းသာပီးတော်မမူဘဲ ငရဲထဲသို့ ပစ်ချတော်မူပြီး၊ ထိုနီရာတွင် သူရို့ကို မှောင်မိုက်ထဲ၌ သံကြိုးများဖြင့် ချိုင်ထားကာ တရားစီရင်တော်မူရာနိ့ကို စောင့်နိန်စီတော်မူ၏။
2PE 2:5 ဘုရားသခင်သည် ဘုရားတရားမဲ့သော သူရို့ကို ရီလွှမ်းမိုးစီတော်မူသောအခါ ရှီးကမ္ဘာကိုလည်း ချမ်းသာပီးတော်မမူ။ သို့ရာတွင် ဖြောင့်မတ်ခြင်းတရားကို ဟောပြောသောသူ နောဧကိုမူကား အခြားသောလူ ခုနစ်ယောက်နှင့်အတူ ကွယ်ကာပီးတော်မူ၏။
2PE 2:6 ဘုရားသခင်သည် သောဒုံနှင့် ဂေါမောရမြို့ကို မီးနှင့်ဖျက်ဆီးခြင်းအားဖြင့် အပြစ်ဒဏ်စီရင်တော်မူပြီး ဘုရားတရားမဲ့သောသူရို့အတွက် ဖြစ်ပျက်လာမည့် နမူနာကို ပြုတော်မူခ၏။
2PE 2:7 သို့ရာတွင် ကိုယ်တော်သည် မတရားသော သူရို့၏ ကိုယ်ကျင့်တရားပျက်ပြားစွာ နီထိုင်မှုများကြောင့် အလွန်စိတ်ပျက်လျက် ဟိသည့် ဖြောင့်မတ်သောသူ လောတကိုမူကား ကယ်နုတ်တော်မူ၏။
2PE 2:8 ထိုဖြောင့်မတ်သောသူသည် သူရို့နှင့်အတူ နီထိုင်စဉ် သူရို့၏ ဆိုးညစ်မှုများကို နိ့စဉ်ရက်ဆက် တွိ့မြင် ကြားသိသဖြင့် လွန်စွာ စိတ်ဒုက္ခ ရောက်ခရပေ၏။
2PE 2:9 သို့ဖြစ်၍ သခင်ဘုရားသည် ဘုရားဝတ်၌ မွိ့ပျော်သောသူရို့အား စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်တော်မူရန် လည်းကောင်း၊ မဖြောင့်မတ်သောသူရို့ကို တရားစီရင်တော်မူရာနိ့၌ ပြစ်ဒဏ်စီရင်ရန် ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
2PE 2:10 အထူးသဖြင့် ထိုသူရို့၏ ကိုယ်ခန္ဓာသည် ကိလေသာစိတ် ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင်၏ အခွင့်အာဏာတော်ကို မထီမဲ့မြင်ပြုသောသူတိ ဖြစ်ကြ၏။ ထိုမှားယွင်းသောဆရာရို့သည် အတင့်ရဲသောသူ၊ မာနထောင်လွှားသောသူ ဖြစ်ကြ၍ အထက်အရပ်နှင့်ဆိုင်သော ဘုန်းတော်ကို ရိုသီခြင်း မဟိဘဲ ကဲ့ရဲ့ပြောဆိုကြ၏။
2PE 2:11 ဤမှားယွင်းသောဆရာရို့ထက် များစွာတန်ခိုးကြီးသော ကောင်းကင်တမန်များပင်လျှင် ထာဝရဘုရား၏ ရှိ့တော်မှောက်၌ သူရို့အား ကဲ့ရဲ့ပြစ်တင်ခြင်းကို မပြုကြပေ။
2PE 2:12 သို့ရာတွင် ထိုသူရို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရခြင်းငှာ ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သော သားရဲ တိရစ္ဆာန်များနှင့် တူကြပြီး မိမိရို့မသိနားမလည်သည့် အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ သူရို့သည် အသိဉာဏ်ကင်းမဲ့သည့် သားရဲတိရစ္ဆာန်များကဲ့သို့ ပျက်စီးရကြလိမ့်မည်။
2PE 2:13 သူရို့သည် သူတစ်ပါးကို ဒုက္ခရောက်စီသည့်နည်းတူ မိမိရို့ကိုယ်တိုင်လည်း ဆင်းရဲဒုက္ခကို ခံစားရကြလိမ့်မည်။ သူရို့သည် နိ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပြုကြ၏။ သူရို့သည် သင်ရို့နှင့်အတူ စားပွဲ၌ထိုင်၍ သောက်စားပျော်ပါးကြပြီး သင်ရို့အား ရှက်စရာနှင့် ဂုဏ်သိက္ခာကျစရာများကို ဖြစ်စီကြ၏။ သူရို့သည် လှည့်စားမှုကိုလည်း နှစ်သက်ကြ၏။
2PE 2:14 သူရို့၏ မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့် ပြည့်ဝလျက် အပြစ်ကျူးလွန်ရာ၌ မရောင့်ရဲနိုင်ကြ။ သူရို့သည် အားနည်းသော သူရို့ကို လှည့်ဖြားကြ၏။ သူရို့၏ စိတ်နှလုံးသည်လည်း လောဘလွန်ကျူးခြင်း၌ ကျင်လည်ကြ၏။ သူရို့သည် ဘုရားသခင်၏ ကျိန်စာသင့်သောသူတိ ဖြစ်ကြ၏။
2PE 2:15 သူရို့သည် ပြောင့်တန်းသော လမ်းကိုစွန့်၍ လမ်းလွဲကာ မတရားမှုကြောင့် ရဟိသော အဖိုးခကို နှစ်သက်သည့် ဗောသော်၏သား ဗာလမ်၏လမ်းကို လိုက်ကြ၏။
2PE 2:16 သို့သော် ဗာလမ်သည် အပြစ်အတွက် ဆုံးမခြင်းကို ခံရသောသူ ဖြစ်၏။ သူ၏ မြည်းသည် လူ့ဘာသာစကားကို ပြော၍ ထိုပရောဖက်၏ မိုက်မဲမှုကို တားမြစ်လေ၏။
2PE 2:17 ထိုသူရို့သည် ရီခန်းလားသည့် စမ်းချောင်းများ၊ လီမုန်တိုင်းတွင် ရွှင့်လားသည့် မြူခိုးများကဲ့သို့ ဖြစ်ကြ၏။ ဘုရားသခင်သည် သူရို့အတွက် အလွန် မှောင်မိုက်သော နီရာကို သီးသန့်ထားတော်မူ၏။
2PE 2:18 အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
2PE 2:19 သူရို့သည် ထိုသူရို့အား လွတ်လပ်မှုကိုပီးမည်ဟု ကတိပီးခသော်လည်း သူရို့ကိုယ်တိုင်ပင် ပျက်စီးခြင်း၏ကျွန် ဖြစ်နိန်ကြ၏။ အကြောင်းမူကား လူကိုစိုးမိုးသောအရာသည် လူ၏သခင် ဖြစ်၏။
2PE 2:20 အကယ်၍ လူသည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို သိကျွမ်းရခြင်းအားဖြင့် လောကီ ညစ်ညူးခြင်းများမှ လွတ်မြောက်ကြပြီးနောက်၊ တဖန် ထိုညစ်ညူးခြင်းများ၏ ကျွန်ဖြစ်ကြလျှင် ထိုသူရို့၏ နောက်ဖြစ်ဟန်သည် ရှိ့ဖြစ်ဟန်ထက် ဆိုးရွားလေ၏။
2PE 2:21 ဖြောင့်မတ်သောလမ်းကို သိပြီးနောက် မိမိရို့ခံယူထားသည့် မြင့်မြတ်သော ပညတ်တော်ကို စွန့်ရွှတ်လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနိန်ခြင်းက သူရို့အတွက် ပို၍ ကောင်း၏။
2PE 2:22 “ခွီးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်၏။ ရီချိုးထားသောဝက်သည်လည်း ဗွက်အိုင်ထဲတွင် ပြန်၍ လူးတတ်၏” ဟူသော မှန်သော ဆိုရိုးစကားသည်လည်း ထိုသူရို့၌ မှန်ပေ၏။
2PE 3:1 အဆွီရို့၊ ဤစာသည် သင်ရို့ပါးသို့ ဒုတိယအကြိမ် ငါရီးလိုက်သော စာဖြစ်၏။ ငါသည် ဤပီးစာ နှစ်စောင်လုံးတွင် သင်ရို့ကို ပြန်လည်သတိပီးခြင်းအားဖြင့် သင်ရို့၏ ဖြူစင်သော စိတ်နှလုံးကို နိုးဆော်ရန် ကြိုးစားခ၏။
2PE 3:2 သန့်ယှင်းသော ပရောဖက်ရို့ အယင်က ဟောပြောခသည့် စကားများကိုလည်းကောင်း၊ သင်ရို့၏ တမန်တော်ရို့မှတစ်ဆင့် ပီးအပ်ခသည့် သခင်ဘုရားဟူသော ကယ်တင်သျှင်၏ ပညတ်တော်ကိုလည်းကောင်း သင်ရို့ကို ပြန်လည်သတိရစီရန် ဖြစ်၏။
2PE 3:3 ပထမဦးစွာ သိထားရမည့်အချက်မှာ နောက်ဆုံးသောကာလ၌ မိမိရို့၏ ကိလေသာစိတ်အလိုသို့ လိုက်၍ အသက်ရှင်သောသူတိ ပေါ်ပေါက်လာမည့် အကြောင်းပင်ဖြစ်၏။ ထိုသူရို့သည် သင်ရို့အား ပြက်ရယ်ပြုလျက်၊
2PE 3:4 “ကိုယ်တော်၏ ကြွလာတော်မူခြင်းနှင့်ဆိုင်သော ကတိတော်သည် ဇာမှာဟိသနည်း။ ငါရို့ အဖိုးအဖီးရို့သည် သီလွန်သည့် အချိန်မှစ၍ ခပ်သိမ်းသောအမှုအရာများသည် ကမ္ဘာလောကကို ဖန်ဆင်းတော်မူချိန်က ဟိခသည့်အတိုင်းပင် မဟုတ်လော” ဟု ဆိုကြလိမ့်မည်။
2PE 3:5 ဘုရားသခင်သည် ရှီးကာလ၌ မိုးကောင်းကင်နှင့် မြီကြီးကို အမိန့်တော်အားဖြင့် ဖန်ဆင်းတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် မြီကြီးကို ရီထဲမှ ပေါ်ထွန်းစီတော်မူပြီး ရီအားဖြင့် ပတ်လည်ဝိုင်းထားတော်မူကြောင်းကိုလည်းကောင်း၊
2PE 3:6 ထိုကမ္ဘာမြီကြီးကို ရီအားဖြင့်ပင် လွှမ်းမိုး ဖျက်ဆီးတော်မူခကြောင်းကိုလည်းကောင်း သူရို့သည် တမင်တကာ မိ့ထားကြ၏။
2PE 3:7 သို့သော်လည်း ဘုရားသခင်သည် အဂုဟိသော မိုးကောင်းကင်နှင့် မြီကြီးကို မီးအားဖြင့် ဖျက်ဆီးသည့် နိ့တိုင်အောင် ဘုရားသခင်၏ အမိန့်တော်အားဖြင့် ဆက်လက် တည်စီတော်မူပေ၏။ ဘုရားတရားမဲ့သော သူရို့အား တရားစီရင်၍ ဖျက်ဆီးခြင်းကို ခံရမည့်နိ့တိုင်အောင် ထိုအရာများကို ထိန်းသိမ်းလျက်ဟိ၏။
2PE 3:8 သို့သော်လည်း ငါ့ အဆွီရို့၊ သခင်ဘုရားအတွက် တစ်ရက်သည် နှစ်တစ်ထောင်ကဲ့သို့ လည်းကောင်း၊ နှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ လည်းကောင်း ဖြစ်သည်ကို မမိ့လျော့ကတ်ကေ့။
2PE 3:9 လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။
2PE 3:10 သို့ရာတွင် သူခိုးလာသကဲ့သို့ သခင်ဘုရား၏ နိ့ရက်သည် ရောက်လာလိမ့်မည်။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် အသံမြည်ဟီးလျက် ကွယ်ပျောက်လားလိမ့်မည်။ ကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း လောင်ကျွမ်းကြလိမ့်မည်။ ထိုအခါ မြီကြီးနှင့်တကွ ဟိသမျှသောအရာအားလုံးသည် ပျောက်ကွယ်လားလိမ့်မည်။
2PE 3:11 ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊
2PE 3:12 ဘုရားသခင်၏နိ့ရက်ကို စောင့်မျှော်၍ ထိုနိ့ရက် အယင် ရောက်လာစီရန် အကောင်းဆုံး ကြိုးစားအားထုတ်လျက်နိန်ကြလော။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် မီးလောင်ကျွမ်း၍ ဖျက်ဆီးခံရပြီးလျှင် မိုးကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း အပူကြောင့် အရည်ပျော် ကြလိမ့်မည်။
2PE 3:13 သို့ရာတွင် ငါရို့သည် ဘုရားသခင်၏ ကတိထားတော်မူသော ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို စောင့်မျှော်လျက် နိန်ကြ၏။
2PE 3:14 သို့ဖြစ်၍ အဆွီရို့၊ သင်ရို့သည် ထိုနိ့ရက်ကို စောင့်မျှော်နိန်ကြစဉ် သန့်ယှင်းစင်ကြယ်ခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏ရှိ့တော်၌ အပြစ်ကင်းစင်စီခြင်းငှာ လည်းကောင်း ကိုယ်တော်နှင့် ငြိမ်းချမ်းမှုရစီခြင်းငှာ လည်းကောင်း အကောင်းဆုံး ကြိုးစားကြလော့။
2PE 3:15 ငါရို့ချစ်သော ညီအစ်ကို ပေါလုသည် ဘုရားသခင် ပီးသနားတော်မူသည့် ဉာဏ်ပညာအားဖြင့် သင်ရို့အား ရီးသားဖော်ပြခသည့်အတိုင်း သင်ရို့သည် ကယ်တင်ခြင်း ခံရရန်အတွက် အခွင့်ပီးထားခြင်း ဖြစ်၍ ငါရို့ သခင်ဘုရား၏ စိတ်ရှည်သည်းခံတော်မူခြင်းကို သိမှတ်ကြလော့။
2PE 3:16 သူသည် ဤအကြောင်းအရာနှင့်ပတ်သက်၍ ရီးထားသမျှသောစာများတွင် ဤသို့ ဖော်ပြထား၏။ သူ၏စာများတွင် ပါဟိသော အကြောင်းအရာအချို့မှာ နားလည်ရန်ခက်သဖြင့် အသိပညာမဲ့၍ မတည်ကြည်သော သူရို့သည် အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူတတ်ကြ၏။ ထိုသူရို့သည် အခြားသော ကျမ်းများ၏ အဓိပ္ပာယ်ကိုလည်း ထိုနည်းတူ ကောက်ယူသဖြင့် မိမိကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စီကြ၏။
2PE 3:17 သို့သော်လည်း အဆွီရို့၊ သင်ရို့သည် ဤအကြောင်းအရာများကို သိပြီးဖြစ်၏။ ထို့ကြောင့် သင်ရို့သည် မတရားသောသူရို့၏ မှားယွင်းသောလမ်းသို့ မလိုက်မိကြစီရန်နှင့် သင်ရို့၏ ရပ်တည်မှုကို မလဲကျစီရန် စောင့်ထိန်းကြလော့။
2PE 3:18 သို့ရာတွင် သင်ရို့သည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင်ဖြစ်သော ယေသျှုခရစ်တော်၌ လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် သိကျွမ်းခြင်း၌ လည်းကောင်း ကြီးထွားကြလော့။ အဂုမှစ၍ ထာဝရကာလတိုင်အောင် ထိုအသျှင်သည် ဘုန်းကြီးပါစီသတည်း။ အာမင်။
1JO 1:1 အစအဦးကပင် ဟိတော်မူခသည့် အသက်ရှင်သော နှုတ်ကပတ်တော်အကြောင်းကို ငါရို့ စာရီးလိုက်၏။ ထိုနှုတ်ကပတ်တော်ကို ငါရို့ ကြားခရ၏။ ကိုယ်တိုင်မျက်စိနှင့် မြင်ခကြ၏။ ငါရို့ ကြည့်ရှုလျက် လက်နှင့်လည်း တို့ခကြ၏။
1JO 1:2 ထိုအသက် ထင်ရှားခသည်ကို ငါရို့သည် မြင်ခရ၏။ ထို့ကြောင့် ခမည်းတော်နှင့်အတူ ဟိတော်မူခသည့် ထာဝရအသက်အကြောင်းကို ငါရို့အား ဖော်ပြတော်မူခသည်ဖြစ်၍ ငါရို့သည် သင်ရို့အား သက်သီခံလျှက် ဟောပြောကြ၏။
1JO 1:3 ငါရို့သည် ခမည်းတော်နှင့် လည်းကောင်း၊ သားတော် ယေသျှုခရစ်တော်နှင့် လည်းကောင်း၊ မိတ်ဖွဲ့ရကြသည်ဖြစ်၍ သင်ရို့သည်လည်း ငါရို့နှင့်အတူ ထိုမိတ်ဖွဲ့ခြင်းတွင် ပါဝင်ခွင့်ရကြစီရန် ငါရို့ မြင်ရ၊ ကြားရသည့် အကြောင်းအရာများကို သင်ရို့အား ဖော်ပြ၏။
1JO 1:4 ငါရို့၏ ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်စီမည့်အကြောင်း ဤအကြောင်းအရာများကို ငါရို့ စာရီးလိုက်၏။
1JO 1:5 ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ကိုယ်တော်၌ မှောင်မိုက် လုံးဝမဟိ ဟူသော ဤသတင်းစကားသည် ကိုယ်တော်၏ သားတော်ထံမှ ငါရို့သည် ကြားသိရသဖြင့် သင်ရို့အား ဟောပြောကြေညာခြင်းဖြစ်၏။
1JO 1:6 သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။
1JO 1:7 သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။
1JO 1:8 ငါရို့၌ အပြစ်မဟိဟု ဆိုလျှင် ငါရို့သည် ကိုယ့်ကိုကိုယ် လှည့်စားသည်သာမက သမ္မာတရားသည်လည်း ငါရို့၌ မဟိ။
1JO 1:9 သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
1JO 1:10 အကယ်၍ ငါရို့သည် အပြစ်ကျူးလွန်သူတိ မဟုတ်ဟု ဆိုပါက ဘုရားသခင်ကို လိမ်လည်သောသူဟု ဆိုရာရောက်သည်ဖြစ်၍ နှုတ်ကပတ်တော်သည်လည်း ငါရို့၌ မဟိ။
1JO 2:1 သားသမီးရို့၊ သင်ရို့သည် အပြစ်မကျူးလွန်ကြစီရန် ဤစာကို ငါရီးလိုက်၏။ သို့ရာတွင် တစ်စုံတစ်ယောက်သည် အပြစ်ကျူးလွန်မိပါက ခမည်းတော်ကို ကူညီဖြေယှင်းပီးသောသူတည်းဟူသော ဖြောင့်မတ်တော်မူသော ယေသျှုခရစ်တော်သည် ငါရို့အတွက်ဟိ၏။
1JO 2:2 ခရစ်တော်သည် ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီး ငါရို့၏ အပြစ်များသာမက လောကီသားအပေါင်းရို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။
1JO 2:3 ငါရို့သည် ဘုရားသခင်၏ ပညတ်တော်တိကို လိုက်နာစောင့်ထိန်းလျှင် ကိုယ်တော့်ကို သိကျွမ်းသူများဖြစ်ကြောင်း သေချာစွာ သိကြ၏။
1JO 2:4 ကိုယ်တော့်ကို ငါရို့သိပါ၏ဟု ဆိုသော်လည်း ကိုယ်တော်၏ ပညတ်တော်တိကို မစောင့်ထိန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၍ သမ္မာတရားသည် ထိုသူ၌ မဟိ။
1JO 2:5 သို့ရာတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အမှန်ပင် ပြည့်စုံ၏။ ဤသို့ဖြင့် ငါရို့သည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်းကို သေချာစွာ သိကြ၏။
1JO 2:6 ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြောသောသူသည် ယေသျှုခရစ်တော်ကဲ့သို့ အသက်ရှင်နီထိုင်သောသူ ဖြစ်ရမည်။
1JO 2:7 အဆွီရို့၊ သင်ရို့ပါးသို့ ငါရီးသားလိုက်သည့် ဤပညတ်သည် ပညတ်အသစ် မဟုတ်။ အစဦးကတည်းက သင်ရို့ရထားသည့် ပညတ်ဟောင်းသာ ဖြစ်၏။ ထိုပညတ်ဟောင်းသည် သင်ရို့ ကြားနာခရသည့် တရားစကားပင် ဖြစ်၏။
1JO 2:8 သို့သော်လည်း သင်ရို့ပါးသို့ အဂု ငါရီးလိုက်သောစာသည် အသစ်သော ပညတ်တော်ဖြစ်၏။ ထိုသို့မှန်ကန်သည့် အသစ်သော ပညတ်တော် ဖြစ်ကြောင်းကို ခရစ်တော်၌ လည်းကောင်း၊ သင်ရို့၌ လည်းကောင်း မြင်တွိ့ရ၏။ ဇာကြောင့်ဆိုသော် မှောင်မိုက်သည် ရွိ့လားကွယ်ပျောက်၍ စစ်မှန်သော အလင်းသည် ထွန်းတောက်လျက် ဟိ၏။
1JO 2:9 ငါရို့သည် အလင်း၌ဟိသည်ဟု ဆိုလျက် မိမိ၏ ညီအစ်ကို မောင်နှမကို မုန်းသောသူသည် အဂု တိုင်အောင် မှောင်မိုက်၌ ဟိသိမ့်၏။
1JO 2:10 ညီအစ်ကိုမောင်နှမကို ချစ်သောသူသည် အလင်း၌ နီထိုင်သောသူ ဖြစ်၏။ ထို့အပြင် သူသည် အခြားသူ တစ်ဦးတစ်ယောက်ကိုမျှ အပြစ်ပြုလိမ့်မည် မဟုတ်။
1JO 2:11 သို့ရာတွင် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည်ကား မှောင်မိုက်၌ ဟိ၏။ ထိုသူသည် မှောင်မိုက်၌ လျှောက်လှမ်းလျက် ဟိသည်ဖြစ်၍ မှောင်မိုက်သည် ထိုသူ၏ မျက်စိကို ကွယ်စီသဖြင့် သူသည် မိမိ မည်သည့်အရပ်သို့ လားနိန်သည်ကို မသိ။
1JO 2:12 သားသမီးရို့၊ သင်ရို့သည် ခရစ်တော်အားဖြင့် အပြစ်လွှတ်ခြင်း ခံရပြီးသောသူတိ ဖြစ်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။
1JO 2:13 ဖခင်ရို့၊ သင်ရို့သည် အစအဦးကပင် ဟိတော်မူသောအသျှင်ကို သိသောသူများဖြစ်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ အပျိုလူပျိုရို့၊ သင်ရို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။
1JO 2:14 သားသမီးရို့၊ သင်ရို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ ဖခင်ရို့၊ သင်ရို့သည် အစအဦးကပင် ဟိတော်မူသောအသျှင်ကို သိကြသောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ အပျိုလူပျိုရို့၊ သင်ရို့သည် ခွန်အားဟိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်ရို့၌ တည်သဖြင့် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။
1JO 2:15 သင်ရို့သည် လောကကိုလည်းကောင်း၊ လောကီအရာများကိုလည်းကောင်း မချစ်ကတ်ကေ့။ လောကကို ချစ်သောသူသည် ခမည်းတော်ကို မချစ်။
1JO 2:16 အကြောင်းမူကား လောက၌ ဟိသမျှအရာတည်းဟူသော ကိုယ်ကာယ၏ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ ဥစ္စာပစ္စည်း၌ ဝါကြွားခြင်း စသည့်အရာများသည် ခမည်းတော်ထံမှ လာသည် မဟုတ်။ လောကထဲမှ လာခြင်းသာဖြစ်၏။
1JO 2:17 လောကနှင့်တကွ လူတိ တပ်မက်သောအရာများသည် ကွယ်ပျောက်လားတတ်၏။ သို့သော်လည်း ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆောင်ရွက်သောသူမူကား ကာလအစဉ် တည်လိမ့်မည်။
1JO 2:18 သားသမီးရို့၊ နောက်ဆုံးသောကာလသည် နီးလာယာ။ ခရစ်တော်ကို ဆန့်ကျင်သောသူသည် ပေါ်ပေါက်လာကြောင်းကို သင်ရို့ ကြားသိရသည်အတိုင်း အဂုပင်လျှင် ခရစ်တော်ကို ဆန့်ကျင်သောသူ အများအပြား ပေါ်ပေါက်လာလီယာ။ ထို့ကြောင့် အဂုကာလသည် နောက်ဆုံးသောကာလ ဖြစ်ကြောင်းကို ငါရို့ သိရကြ၏။
1JO 2:19 ထိုသူရို့သည် အမှန်စင်စစ် ငါရို့၏ မိတ်သဟာယတွင် ပါဝင်ခြင်းမဟိခသဖြင့် ငါရို့ပါးမှ ထွက်လားကြ၏။ ထိုသူရို့သည် ငါရို့နှင့် မိတ်သဟာယဖွဲ့ခြင်း ဟိပါက ငါရို့နှင့်အတူ ဟိနိန်ကြမည်ဖြစ်၏။ သို့သော်လည်း သူရို့ ထွက်လားကြခြင်းမှာ ငါရို့မိတ်သဟာယတွင် သူရို့ အမှန်ပင် မပါဝင်ကြောင်းကို ပေါ်လွင်ထင်ရှားစီရန် ဖြစ်၏။
1JO 2:20 သို့ရာတွင် ခရစ်တော်သည် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူသည်ဖြစ်၍ သင်ရို့အားလုံးသည် သမ္မာတရားကို သိကြ၏။
1JO 2:21 သင်ရို့သည် သမ္မာတရားကို မသိကြသောကြောင့် စာရီးရခြင်း မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ မုသားသည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းကိုလည်းကောင်း သင်ရို့ သိကြသောကြောင့် ဖြစ်၏။
1JO 2:22 ထို့ကြောင့် လိမ်လည်သောသူကား မည်သူနည်း။ ယေသျှုသည် မေသျှိယ မဟုတ်ဟု ပြောဆိုသောသူသည် လိမ်လည်သောသူဖြစ်၏။ ထိုသို့သောသူသည် ခရစ်တော်ကို ဆန့်ကျင်သော သူဖြစ်၏။ ထိုသူသည် ခမည်းတော်ကိုလည်းကောင်း၊ သားတော်ကိုလည်းကောင်း ငြင်းပယ်သောသူ ဖြစ်၏။
1JO 2:23 သားတော်ကို ငြင်းပယ်သောသူသည် ခမည်းတော်ကိုလည်း ငြင်းပယ်သောသူဖြစ်၏။ သားတော်ကို လက်ခံသောသူသည် ခမည်းတော်ကိုလည်း လက်ခံသောသူ ဖြစ်၏။
1JO 2:24 ထို့ကြောင့် သင်ရို့သည် အစအဦးကပင် ကြားခရသည့် တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲတွင် ထိန်းသိမ်းထားကြလော့။ ထိုသို့ပြုလျှင် သင်ရို့သည် သားတော်နှင့် လည်းကောင်း၊ ခမည်းတော်နှင့် လည်းကောင်း အမြဲတမ်း တစ်လုံးတစ်ဝတည်း တည်ကြလိမ့်မည်။
1JO 2:25 ဤသည်ကား ခရစ်တော်ကိုယ်တော်တိုင် ငါရို့ကို ကတိပီးထားတော်မူသော ထာဝရအသက်ဖြစ်၏။
1JO 2:26 သင်ရို့အား လှည့်ဖျားခြင်းငှာ ကြိုးစားနိန်ကြသော သူရို့၏ အကြောင်းနှင့်ပတ်သက်၍ ဤစာကို သင်ရို့ပါးသို့ ငါရီးပီးလိုက်၏။
1JO 2:27 သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။
1JO 2:28 သားသမီးရို့၊ ကိုယ်တော် ကြွလာတော်မူသောနိ့၌ ငါရို့သည် ရှက်ကြောက်ခြင်း မဟိကြစီဘဲ၊ ရှိ့တော်၌ ရဲရင့်ခြင်းနှင့် ပြည့်ဝစီခြင်းငှာ ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။
1JO 2:29 ခရစ်တော်သည် ဖြောင့်မတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ဘုရားသခင်၏ သားသမီးဖြစ်ကြောင်းကို သင်ရို့ သိကြ၏။
1JO 3:1 ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။
1JO 3:2 အဆွီရို့၊ အဂုအခါ ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသော်လည်း နောင်အခါ၌ မည်သို့သောသူတိ ဖြစ်လာမည်ကို ယှင်းလင်းစွာ မသိရကတ်သိမ့်။ သို့ရာတွင် ခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်၏ ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် တူကြမည်ကို ငါရို့သိကြ၏။
1JO 3:3 ခရစ်တော်သည် သန့်ယှင်းစင်ကြယ်တော်မူသည့် နည်းတူ ခရစ်တော်ကို မျှော်လင့်ကြသော သူတိုင်းသည်လည်း မိမိကိုယ်ကို သန့်ယှင်းစင်ကြယ် စီတတ်၏။
1JO 3:4 အပြစ်တရားသည် ပညတ်တော်ကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် အပြစ်ပြုသော သူတိုင်းသည် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်း ဖြစ်၏။
1JO 3:5 ခရစ်တော်သည် ငါရို့၏ အပြစ်များကို ယူဆောင်လားရန် ပေါ်ထွန်းတော်မူကြောင်းကို သင်ရို့ သိကြ၏။ ကိုယ်တော်၌ကား မည်သည့် အပြစ်မျှမဟိ။
1JO 3:6 ထို့ကြောင့် ခရစ်တော်၌ အသက်ရှင်သော သူတိုင်းသည် အပြစ်ကို မပြုတတ်။ သို့သော်လည်း အပြစ်ပြုတတ်သော သူသည်ကား ကိုယ်တော့်ကို လုံးဝ မသိမမြင်သောသူ ဖြစ်၏။
1JO 3:7 သားသမီးရို့၊ သင်ရို့အား မည်သူမျှ မလှည့်ဖြားစီကေ့။ ခရစ်တော်သည် ဖြောင့်မတ်တော်မူသည့် နည်းတူ ဖြောင့်မတ်ခြင်းတရားကို ကျင့်သော သူတိုင်းသည်လည်း ဖြောင့်မတ်၏။
1JO 3:8 မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။
1JO 3:9 ဘုရားသခင် ဖြစ်ပွားစီသောသူသည် အပြစ်ကို မပြုတတ်။ အကြောင်းမူကား ဘုရားသခင်၏ ဇာတိသဘောတော်သည် ထိုသူ၌ တည်နိန်သောကြောင့်ဖြစ်၏။ ထိုသူသည် ဘုရားသခင် ဖြစ်ပွားစီသောသူ ဖြစ်သောကြောင့် အပြစ်ကို ဆက်၍ မပြုနိုင်။
1JO 3:10 ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးတိနှင့် မာရ်နတ်၏ သားသမီးတိ ကွာခြားပုံကို သိရ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီး မဟုတ်ပေ။
1JO 3:11 ငါရို့သည် အချင်းချင်းချစ်ရကြမည် ဟူသော ဤတရားစကားကို ရှီးဦးစွာကပင် သင်ရို့ ကြားရပြီး ဖြစ်၏။
1JO 3:12 မာရ်နတ်နှင့်သက်ဆိုင်သောသူဖြစ်၍ မိမိ၏ညီ အာဗေလကို သတ်သောသူ ကာဣနကဲ့သို့ ငါရို့ မဖြစ်စီကတ်ကေ့။ ကာဣနသည် မိမိ၏ညီကို သတ်ရသည့်အကြောင်းမှာ သူ၏အကျင့်သည် ဆိုးညစ်ပြီး သူ့ညီ၏ အကျင့်မူကား ဖြောင့်မတ်သောကြောင့် ဖြစ်၏။
1JO 3:13 ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ လောကီသားရို့သည် သင်ရို့ကို မုန်းကြလျှင် မအံ့သြ ကတ်ကေ့။
1JO 3:14 ငါရို့၏ ညီအစ်ကိုမောင်နှမတိကို ချစ်သည့်အတွက်ကြောင့် သီခြင်းတရားမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီး ဖြစ်ကြောင်းကို ငါရို့ သိကြ၏။ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် သီခြင်းတရား၏ တန်ခိုးအောက်၌သာ ဟိနိန်သိမ့်၏။
1JO 3:15 မိမိ၏ညီအစ်ကို မောင်နှမကို မုန်းသောသူသည် လူ့အသက်ကို သတ်သောသူ ဖြစ်၏။ ထိုလူ့အသက်ကို သတ်သောသူသည် ထာဝရအသက်ကို မရနိုင်ကြောင်း သင်ရို့ သိကြ၏။
1JO 3:16 ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။
1JO 3:17 တစ်စုံတစ်ယောက်သောသူသည် ကြွယ်ဝချမ်းသာသောသူ ဖြစ်ပါလျက် မိမိ၏ ညီအစ်ကိုမောင်နှမ ဆင်းရဲသည်ကို မြင်သောအခါ သနားကရုဏာစိတ်ကို ချုပ်တည်းလျှင် ဘုရားသခင်၏ မေတ္တာတော်သည် ထိုသူ၌ မတည်နိုင်။
1JO 3:18 သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။
1JO 3:19 ဤသို့ဖြင့် ငါရို့သည် သမ္မာတရားနှင့် သက်ဆိုင်သောသူတိဖြစ်ကြောင်းကို သိကြ၍ ဘုရားသခင်၏ မျက်မှောက်တော်၌ စိတ်ချမှုကို ရဟိကြလိမ့်မည်။
1JO 3:20 ငါရို့၏ စိတ်နှလုံးသည် ငါရို့ကို အပြစ်တင်လျှင် ဘုရားသခင်သည် ငါရို့၏ စိတ်နှလုံးထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အရာခပ်သိမ်းကို သိတော်မူကြောင်း ငါရို့ သိကြ၏။
1JO 3:21 သို့ဖြစ်၍ အဆွီရို့၊ ငါရို့၏ စိတ်နှလုံးက ငါရို့ကို အပြစ်တင်ခြင်း မဟိလျှင် ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ ရဲရင့်ခြင်း ဟိကြ၏။
1JO 3:22 ငါရို့သည် ကိုယ်တော်ထံ၌ တောင်းလျှောက်သမျှကို ရကြ၏။ အကြောင်းမူကား ငါရို့သည် ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းသောသူတိ၊ ကိုယ်တော်နှစ်သက်တော်မူသော အရာများကို ပြုကြသောသူတိ ဖြစ်သောကြောင့် ဖြစ်၏။
1JO 3:23 ကိုယ်တော်၏ ပညတ်တော်ဟူမူကား ငါရို့သည် မိမိ၏သားတော် ယေသျှု ခရစ်တော်ကို ယုံကြည်၍ ခရစ်တော်သည် ငါရို့အား ပညတ်ထားသည့်အတိုင်း အချင်းချင်း ချစ်ရကြမည် ဟူ၍ ဖြစ်၏။
1JO 3:24 ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူကြောင်းကို ဘုရားသခင် ပီးသနားတော်မူသော ဝိညာဉ်တော်အားဖြင့် ငါရို့ သိရကြ၏။
1JO 4:1 အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။
1JO 4:2 ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ကြောင်းကို သင်ရို့သည် မည်သို့သိနိုင်မည့်နည်း ဟူမူကား ယေသျှု ခရစ်တော်သည် လူ့ဇာတိကို ခံယူကာ ကြွလာတော်မူသည်ဟု ဝန်ခံသောသူသည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော်ကို ခံယူရဟိသောသူ ဖြစ်၏။
1JO 4:3 ယေသျှုကို ငြင်းပယ်သောသူတိုင်းသည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော်ကို ခံယူရဟိသောသူ မဟုတ်။ ထိုဝိညာဉ် ကိန်းဝပ်သောသူသည် ခရစ်တော်ကို ဆန့်ကျင်သောသူ ဖြစ်၏။ ထိုဝိညာဉ်သည် ဤလောကသို့ ရောက်လာမည်ဟု သင်ရို့ ကြားသိခသည့်အတိုင်း သူသည် အဂုပင် ရောက်နိန်ပြီး ဖြစ်၏။
1JO 4:4 သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။
1JO 4:5 ထိုမှားယွင်းသော ပရောဖက်ရို့သည် လောကီနှင့်ဆိုင်သော သူများဖြစ်သောကြောင့် လောကီ အကြောင်းအရာများကိုသာ ပြောဆိုတတ်ကြ၏။ လောကီသားရို့သည်လည်း သူရို့၏ စကားကို နားထောင်တတ်ကြ၏။
1JO 4:6 သို့ရာတွင် ဘုရားသခင်သည် ငါရို့ကို ပိုင်တော်မူ၏။ ဘုရားသခင်ကို သိသောသူသည် ငါရို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မဆိုင်သောသူသည်ကား ငါရို့စကားကို နားမထောင်တတ်။ ဤသို့သောအားဖြင့် ငါရို့သည် စစ်မှန်သော ဝိညာဉ်နှင့် မှားယွင်းသော ဝိညာဉ်ကို ခွဲခြား၍ သိနိုင်ကြ၏။
1JO 4:7 အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။
1JO 4:8 ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသောကြောင့် ချစ်ခြင်းမေတ္တာ မဟိသောသူသည် ဘုရားသခင်ကို မသိ။
1JO 4:9 ငါရို့သည် သားတော်အားဖြင့် အသက်ရှင်ကြစီရန် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စီရွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါရို့၌ ထင်ရှားစီတော်မူ၏။
1JO 4:10 ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။
1JO 4:11 အဆွီရို့၊ ဘုရားသခင်သည် ငါရို့အား ဤမျှလောက် ချစ်တော်မူလျှင် ငါရို့သည်လည်း အချင်းချင်း ချစ်သင့်၏။
1JO 4:12 မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။
1JO 4:13 ဘုရားသခင်သည် ငါရို့အား မိမိ၏ဝိညာဉ်တော်ကို ပီးတော်မူသောကြောင့် ငါရို့သည် ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ကိုယ်တော်သည်လည်း ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူကြောင်းကို သေချာစွာသိကြ၏။
1JO 4:14 ခမည်းတော်သည် မိမိ၏သားတော်အား လောကကို ကယ်တင်သောအသျှင်အဖြစ် စီရွှတ်တော်မူကြောင်းကို ငါရို့ မြင်ရ၍ သက်သီခံကြ၏။
1JO 4:15 ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူ၏။
1JO 4:16 ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဟိသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။
1JO 4:17 ချစ်ခြင်းမေတ္တာသည် ငါရို့၌ ပြည့်စုံစီခြင်းအားဖြင့် တရားစီရင်တော်မူရာနိ့၌ ငါရို့သည် ယုံကြည်စိတ်ချမှု ဟိကြလိမ့်မည်။ အကြောင်းမူကား လောက၌ ငါရို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြသောကြောင့် ဖြစ်၏။
1JO 4:18 ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်း မဟိ။ စုံလင်သည့်မေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ယှားတတ်၏။ ကြောက်စိတ်သည် အပြစ်ဒဏ်ခံရခြင်းနှင့်အတူ ဟိသဖြင့် ကြောက်စိတ်ဟိသူသည် ချစ်ခြင်းမေတ္တာနှင့် မပြည့်စုံ။
1JO 4:19 ဘုရားသခင်သည် ငါရို့အား ဦးစွာ ချစ်တော်မူသောကြောင့် ငါရို့သည် ကိုယ်တော့်ကို ချစ်ကြ၏။
1JO 4:20 ဘုရားသခင်ကို ချစ်သည်ဟု ဆိုလျက် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လိမ်လည်သောသူ ဖြစ်၏။ ဇာကြောင့်ဆိုသော် မျက်စိဖြင့်မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်နိုင်သောသူသည် မျက်စိဖြင့်မမြင်ရသည့် ဘုရားသခင်ကို မည်သို့ ချစ်နိုင်ပါမည်နည်း။
1JO 4:21 ငါရို့အား ခရစ်တော်ပီးတော်မူသော ပညတ်တော်သည်ကား ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည် ဟူ၍ ဖြစ်၏။
1JO 5:1 ယေသျှုသည် မေသျှိယဖြစ်တော်မူသည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။ ဖခင်ကို ချစ်သောသူတိုင်းသည် ထိုဖခင်၏ သားသမီးကိုလည်း ချစ်တတ်၏။
1JO 5:2 ငါရို့သည် ဘုရားသခင်ကိုချစ်၍ ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးတိကို ချစ်ကြောင်း ငါရို့ သိကြ၏။
1JO 5:3 အကြောင်းမူကား ဘုရားသခင်ကို ချစ်ခြင်းဆိုသည်မှာ ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းခြင်းပင် ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းရန် ငါရို့အတွက် မခဲယဉ်းပေ။
1JO 5:4 အကြောင်းမူကား ဘုရားသခင်၏ သားသမီးရို့သည် လောကကို အောင်နိုင်၏။ ထိုသို့ လောကကို အောင်ခြင်းမှာ ငါရို့၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။
1JO 5:5 ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ယုံကြည်သောသူမှတစ်ပါး မည်သူသည် လောကကို အောင်နိုင်သနည်း။
1JO 5:6 ယေသျှုခရစ်တော်သည် ရီအားဖြင့် ဗတ္တိဇံကို ခံတော်မူ၍ အသွီးတော်ကို သွန်းခြင်းဖြင့် အသီခံတော်မူလျက် ကြွလာတော်မူသောအသျှင် ဖြစ်၏။ ကိုယ်တော်သည် ရီအားဖြင့်သာ ကြွလာတော်မူသည် မဟုတ်။ ရီနှင့် အသွီးအားဖြင့် ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သမ္မာတရား ဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် သက်သီခံတော်မူ၏။
1JO 5:7 သက်သီခံသုံးပါး ဟိ၏။
1JO 5:8 ထိုသက်သီခံသုံးပါးမှာ ဝိညာဉ်တော်၊ ရီနှင့် သွီးပင်ဖြစ်ပြီး သူရို့၏ သက်သီခံချက်သည် အတူတူပင်ဖြစ်၏။
1JO 5:9 ငါရို့သည် လူ၏ သက်သီခံချက်ကို လက်ခံတတ်ကြ၏။ သို့သော်လည်း ဘုရားသခင်၏ သက်သီခံတော်မူချက်သည် လူ၏ သက်သီခံချက်ထက် ပို၍ပင် ခိုင်လုံ၏။ သို့ဖြစ်၍ ကိုယ်တော်သည် သားတော်၏အကြောင်းကို သက်သေခံတော်မူခြင်း ဖြစ်၏။
1JO 5:10 ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူသည် ထိုသက်သီခံချက်ကို မိမိ၏ စိတ်နှလုံးထဲ၌ ရဟိထား၏။ သို့ရာတွင် ဘုရားသခင်ကို မယုံကြည်သောသူသည် ကိုယ်တော့်ကို လိမ်လည်သောသူဟု ဆိုရာရောက်၏။ အကြောင်းမူကား ဘုရားသခင် သက်သီခံတော်မူသော သားတော်၏အကြောင်းကို သူရို့သည် မယုံကြည်ကြသောကြောင့်ဖြစ်၏။
1JO 5:11 ထို သက်သီခံချက်သည်ကား၊ ဘုရားသခင်သည် ငါရို့အား ထာဝရအသက်ကို ပီးတော်မူပြီး ထိုအသက်သည် မိမိသားတော်၌ ဟိ၏ ဟူ၍ ဖြစ်၏။
1JO 5:12 သားတော်ကို ရသောသူသည် ထိုအသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။
1JO 5:13 ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်ရို့သည် ထာဝရအသက်ရဟိကြောင်းကို သိကြစီရန် ဤအကြောင်းအရာများကို ငါ ရီးလိုက်ခြင်း ဖြစ်၏။
1JO 5:14 ငါရို့သည် ဘုရားသခင်၏ ရှိ့တော်၌ ရဲရင့်ခြင်း အကြောင်းမှာ၊ ငါရို့သည် ကိုယ်တော်၏ အလိုတော်နှင့်အညီ တောင်းလျှောက်လျှင် နားညောင်းတော်မူကြောင်းကို ယုံကြည်စိတ်ချ နိုင်သောကြောင့် ဖြစ်၏။
1JO 5:15 ထို့အပြင် ငါရို့ တောင်းလျှောက်သည့်အရာများကို ကိုယ်တော် နားညောင်းတော်မူသည်မှာ အမှန်ပင်ဖြစ်ကြောင်းကို ငါရို့သည် သိကြလျှင် ကိုယ်တော်သည် ငါရို့တောင်းလျှောက်သမျှကို ပီးတော်မူကြောင်းကိုလည်း ငါရို့သည် သိကြ၏။
1JO 5:16 သင်ရို့၏ ညီအစ်ကိုမောင်နှမသည် မသီထိုက်သောအပြစ် ကျူးလွန်နိန်သည်ကို တစ်စုံတစ်ယောက်သည် မြင်လျှင် ထိုသူသည် ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်သည် သူ့ရို့အား အသက်ကို ပီးတော်မူလိမ့်မည်။ မသီထိုက်သောအပြစ် ကျူးလွန်သူများအတွက်သာ ဤသို့ ဆုတောင်းပီးရန် ဖြစ်သည်။ သို့ရာတွင် သီထိုက်သောအပြစ် ဟိသည်။ ထိုအပြစ်မျိုးကို ကျူးလွန်သူအတွက် ဆုတောင်းပီးရမည်ဟု ငါမဆို။
1JO 5:17 ဒုစရိုက်ဟူသမျှသည် အပြစ်ဖြစ်၏။ သို့ရာတွင် အပြစ်ဟူသမျှသည် သီထိုက်သော အပြစ်များ မဟုတ်ပေ။
1JO 5:18 ဘုရားသခင်၏ သားသမီးရို့သည် အပြစ် မကျူးလွန်တတ်သည်ကို ငါရို့ သိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ သားတော်သည် သူရို့ကို ကယ်တင်သောကြောင့် မာရ်နတ်သည် သူရို့ကို မထိခိုက်နိုင်။
1JO 5:19 ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကိုလည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကိုလည်းကောင်း ငါရို့ သိကြ၏။
1JO 5:20 စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
1JO 5:21 သားသမီးရို့၊ သင်ရို့သည် ရုပ်တုဆင်းတုကို ယှောင်ကြဉ်ကြလော့။
2JO 1:1 အသက်ကြီးသောသူပါးမှ —
2JO 1:2 အကြောင်းမူကား သမ္မာတရားသည် ငါရို့၌ တည်နိန်၍ ငါရို့နှင့်အတူ ကာလအစဉ်အဆက် ဟိနိန်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်၏။
2JO 1:3 ခမည်းတော်ဘုရားသခင်နှင့် သားတော် ယေသျှုခရစ်တော်ထံပါးမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာကို အမှီပြုလျက် ငါရို့နှင့်အတူ တည်ပါစီသောဝ်။
2JO 1:4 သင်၏ သားသမီးတချို့သည် ငါရို့အား ခမည်းတော် ပညတ်တော်မူခသည့် အတိုင်း သမ္မာတရား၌ အသက်ရှင်လိုက်လျှောက်နိန်ကြကြောင်း တွိ့ရသဖြင့် ငါ အလွန်ဝမ်းမြောက်၏။
2JO 1:5 သို့ဖြစ်၍ ချစ်လှစွာသော ဂုဏ်အသရေဟိ မိန်းမ၊ ငါရို့ အားလုံး တစ်ယောက်ကိုတစ်ယောက် ချစ်ကြရန် သင့်အား ငါတောင်းပန်၏။ ဤသည်ကား ပညတ်အသစ် မဟုတ်။ အစအဦးကပင်လျှင် ငါရို့၌ဟိသော ပညတ်ဖြစ်၏။
2JO 1:6 ငါပြောသည့် ချစ်ခြင်းမေတ္တာဆိုသည်မှာ ဘုရားသခင်၏ ပညတ်တော်များကို နာခံခြင်းဖြင့် အသက်ရှင်ကြရမည် ဟူ၍ ဖြစ်၏။ ထိုပညတ်သည်ကား အစအဦးကပင်လျှင် သင်ရို့အားလုံး ကြားနာခရသည့်အတိုင်း သင်ရို့အားလုံးသည် ချစ်ခြင်းမေတ္တာ၌ အသက်ရှင်ကြရမည် ဟူ၍ ဖြစ်၏။
2JO 1:7 လူ့ဇာတိကိုခံယူ၍ ယေသျှု ခရစ်တော် ကြွလာတော်မူသည်ကို လက်မခံသောသူဖြစ်သည့် များစွာသော လှည့်ဖြားသောသူရို့သည် ဤလောကထဲသို့ ရောက်နိန်ယာ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ၊ ခရစ်တော်ကို ဆန့်ကျင်သောသူဖြစ်၏။
2JO 1:8 သို့ဖြစ်၍ သင်ရို့သည် ငါရို့ လုပ်ဆောင်ခသော အရာများကို မဆုံးယှုံးစီဘဲ သင်ရို့သည် အကျိုးကို အပြည့်အဝ ခံစားရကြရန် သတိပြုကြလော့။
2JO 1:9 ခရစ်တော်၏ သွန်သင်ချက်၌ မတည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကို မရကြပေ။ ထိုသွန်သင်ချက်၌ တည်သောသူမူကား ခမည်းတော်ကိုလည်းကောင်း၊ သားတော်ကိုလည်းကောင်း ရကြ၏။
2JO 1:10 ထိုတရားတော်ကို မသွန်သင်သောသူသည် သင်ရို့ပါးသို့ ရောက်လာလျှင် သင်ရို့အိမ်တွင် လက်မခံကတ်ကေ့။ သင်ရို့၌ “ငြိမ်သက်ခြင်း ဟိပါစီ” ဟု နှုတ်မဆက်ကတ်ကေ့။
2JO 1:11 အကြောင်းမူကား ထိုသူရို့ကို နှုတ်ဆက်သောသူသည် သူရို့၏ ဆိုးယုတ်မှု၌ အပေါင်းအပါဖြစ်၏။
2JO 1:12 သင်ရို့အား ပြောစရာ များစွာဟိသော်လည်း ငါသည် စက္ကူနှင့် မှင်အားဖြင့် မရီးဘဲ ငါရို့၏ ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်စီရန် ငါသည် သင်ရို့ထံပါးသို့ အလည်အပတ်လာ၍ သင်ရို့နှင့် ကိုယ်တိုင်တွိ့ဆုံ ပြောဆိုရန် မျှော်လင့်လျက် ဟိ၏။
2JO 1:13 သင်၏ ချစ်လှစွာသော နှမ၏ သားသမီးတိ က သင့်အား နှုတ်ဆက်လိုက်ကြ၏။
3JO 1:1 အသက်ကြီးသူဖြစ်သော ငါသည် —
3JO 1:2 အဆွီ၊ သင်၏ စိတ်ဝိညာဉ် တိုးတက်ကြီးပွားသကဲ့သို့ အရာရာ၌ တိုးတက်ကြီးပွား၍ ကျန်းမာစီရန် ငါဆုတောင်း၏။
3JO 1:3 သင်သည် သမ္မာတရားကို အမြဲတစီ လိုက်လျှောက်ခသည့်အတိုင်း သမ္မာတရားကို သစ္စာနှင့် လိုက်လျှောက်လျက် ဟိကြောင်းကို ညီအစ်ကို မောင်နှမ တချို့သည် ငါ့ပါးသို့ ရောက်လာ၍ ပြောပြကြသဖြင့် ငါသည် အလွန်ဝမ်းသာ၏။
3JO 1:4 ငါ့သားသမီးရို့သည် သမ္မာတရားအတိုင်း လိုက်လျှောက်ကြသည့် အကြောင်းကို ကြားရသည်ထက် သာ၍ ငါ့ကို ဝမ်းသာစီသောအရာ မဟိ။
3JO 1:5 အဆွီ၊ သင်သည် ညီအစ်ကို မောင်နှမရို့သာမက လူစိမ်းတိကိုပင် သင်ပြုရမည့်ဝတ်ကို သစ္စာနှင့် ပြုတတ်၏။
3JO 1:6 ထိုသူရို့သည် သင်၏ ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှိ့၌ သက်သီခံကြ၏။ သူရို့သည် ဆက်လက် ခရီးဆက်နိုင်ကြစီရန် သူရို့အား ဘုရားသခင် နှစ်သက်တော်မူသည့်အတိုင်း ကူညီမစလော့။
3JO 1:7 အကြောင်းမူကား သူရို့သည် တစ်ပါးအမျိုးသားတိပါးမှ အကူအညီကိုမယူဘဲ ခရစ်တော်၏ နာမတော်ဖို့အလို့ငှာ ခရီးထွက်ကြသောသူတိ ဖြစ်ပေ၏။
3JO 1:8 ထို့ကြောင့် ငါရို့သည် ခရစ်ယာန်တိဖြစ်ကြ၍ သမ္မာတရားအတွက် ထိုသူရို့၏ လုပ်ဖော်ဆောင်ဖက်တိ ဖြစ်နိုင်ရန် သူရို့အား ကူညီမစကြရမည်။
3JO 1:9 ငါသည် အသင်းတော်သို့ စာတိုရီးခသော်လည်း အသင်းတော်၏ ခေါင်းဆောင်ဖြစ်ချင်သောသူ ဒယောတရပ်သည် ငါ့စကားကို နားမထောင်။
3JO 1:10 ထို့ကြောင့် ငါလာသောအခါမှ သူပြုသမျှသောအမှုတိကို ထောက်ပြမည်။ သူသည် ငါရို့အား မကောင်းသောအရာများနှင့် စွပ်စွဲပြောဆိုပြီး ဤမျှလောက်နှင့် မကြေနပ်ဘဲ သူကိုယ်တိုင်ပင် အခြားသော ယုံကြည်သူတိကို လက်မခံ၊ လက်ခံလိုသူတိကိုလည်း တားမြစ်ပိတ်ပင်လျက် အသင်းတော်မှ နှင်ထုတ်ရန် ကြိုးစား၏။
3JO 1:11 အဆွီ၊ မကောင်းသောအမှုကို အတုမယူဘဲ ကောင်းသောအမှုကို အတုယူလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်သောသူဖြစ်၏။ ဆိုးသောအကျင့်ကို ပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးသောသူ ဖြစ်၏။
3JO 1:12 ဒေမေတရိကို လူတိုင်းက ချီးကျူးပြောဆို ကြ၏။ သမ္မာတရားသည် သူ့ဖက်၌ သက်သီခံ၏။ ငါရို့သည် ထပ်၍ သက်သီခံကြ၏။ ငါရို့၏ သက်သီခံချက်သည် မှန်ကန်ကြောင်းကိုလည်း သင်သိ၏။
3JO 1:13 သင်အား ငါသည် ပြောစရာအကြောင်းအရာ များစွာဟိသော်လည်း ကလောင်နှင့် မှင်ဆီအားဖြင့် မရီးလို။
3JO 1:14 ငါသည် သင့်ပါးသို့ မကြာခင် ရောက်လာ၍ သင်နှင့် မျက်နှာချင်းဆိုင် တွိ့ဆုံကာ စကားပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်၏။
3JO 1:15 သင်၌ ငြိမ်သက်ခြင်း ဟိပါစီ။ သင်၏ အဆွီတိလည်း သင့်အား နှုတ်ဆက်ကြ၏။ ငါရို့၏ အဆွီအားလုံးကိုလည်း နှုတ်ဆက်ပီးလော့။
JUD 1:1 ယေသျှုခရစ်၏ အခိုင်းအစီနှင့် ယာကုပ်၏ ညီဖြစ်သောသူ ယုဒပါးမှ —
JUD 1:2 သင်ရို့သည် ကရုဏာတော်၊ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းမေတ္တာတော်ကို အပြည့်အဝ ခံစားရကြပါစီသောဝ်။
JUD 1:3 ချစ်ခင်ရသော အဆွီရို့၊ ငါရို့နှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်ရို့ပါးသို့ စာရီးရန် ကြိုးစားခ၏။ သို့ရာတွင် ကိုယ်တော်၏ လူစုအား ဘုရားသခင် အပြီးအပိုင် ပီးအပ်တော်မူသည့် ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ကြရန် သင်ရို့ပါးသို့ ချက်ချင်းပင် စာရီး၍ အားပီးတိုက်တွန်းရန် လိုအပ်လာသည်ဟု ငါ ခံစားရ၏။
JUD 1:4 အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။
JUD 1:5 သင်ရို့သည် ဤအရာအားလုံးကို သိကြပြီးဖြစ်သော်လည်း ငါသည် သင်ရို့အား ပြန်လည်သတိရစီလိုသည်မှာ သခင်ဘုရားသည် ဣသရေလလူတိအား အဲဂုတ္တုပြည်မှ ကယ်ထုတ်လာတော်မူပြီးနောက် မယုံကြည်သောသူတိကို တဖန် ဖျက်ဆီးတော်မူ၏။
JUD 1:6 သူရို့၌ ဟိထားသော အခွင့်အာဏာကို မထိန်းသိမ်းဘဲ နီရာအရပ်ကို စွန့်လားကြသည့် ကောင်းကင်တမန်တိအား ဘုရားသခင်သည် တရားစီရင်တော်မူရာ ကြီးစွာသောနိ့၌ သူရို့အား အပြစ်ဒဏ်ပီးရန် မှောင်မိုက်သော အောက်အရပ်တွင် ထာဝရ ချုပ်နှောင်ထားတော်မူ၏။
JUD 1:7 သောဒုံမြို့၊ ဂေါမောရမြို့နှင့် ထိုမြို့များ၏ ပတ်ဝန်းကျင်၌ဟိသော မြို့များကို သတိရကြလော့။ ထိုမြို့များမှ မြို့သူမြို့သားရို့သည် အဆိုပါ ကောင်းကင်တမန်တိကဲ့သို့ ကာမဂုဏ်လိုက်စား၍ သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကို လိုက်စားခကြ၏။ သူရို့အား ယှင်းလင်းပြတ်သားစွာ သတိပီးသည့်အနိန်ဖြင့် သူရို့အားလုံးသည် ထာဝရမီးထဲတွင် အပြစ်ဒဏ်ကို ခံရကြ၏။
JUD 1:8 ဤနည်းတူ ထိုလူအပေါင်းရို့သည် မိမိမြင်မက်သောရူပါရုံများကြောင့် မိမိရို့၏ ကိုယ်ခန္ဓာများကို ညစ်ညူးစီကြပြီး ဘုရားသခင်၏ အခွင့်အာဏာကို မထီလေးစားပြုလျက် အထက်အရပ်မှ ဘုန်းတန်ခိုးတော်အသျှင်ကို ကဲ့ရဲ့ကြ၏။
JUD 1:9 ကောင်းကင်တမန်မင်း မိက္ခေလပင်လျှင် ဤအမှုမျိုးကို မပြုပေ။ မောသျှေ၏ ကိုယ်ခန္ဓာကို မည်သူက ယူသင့်သည် ဟူသော အချက်နှင့်ပတ်သက်၍ မာရ်နတ်နှင့် အငြင်းပွားရာတွင် သူသည် မာရ်နတ်အား အပြစ်တင် ကဲ့ရဲ့မှုကို မပြုဝံ့ဘဲ “သင့်အား ထာဝရဘုရား ဆုံးမတော်မူပါစီ” ဟူ၍သာ ပြောဆိုလေ၏။
JUD 1:10 သို့သော် ဤလူအပေါင်းရို့သည် သူရို့နားမလည်သည့် အရာဟူသမျှကို အပြစ်တင်၍ ကဲ့ရဲ့တတ်ကြ၏။ သားရဲတိရစ္ဆာန်များနည်းတူ ပင်ကိုယ်ဇာတိစိတ်ဖြင့် သိဟိနားလည်သည့် အရာများသည်လည်း သူရို့အား ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
JUD 1:11 သူရို့သည် အမင်္ဂလာဟိကြ၏။ သူရို့သည် ကာဣန၏ လမ်းစဉ်ကို လိုက်ကြလေပြီ။ ငွီကိုတပ်မက်သဖြင့် ဗာလမ်၏ အမှားမျိုးကို ကျုးလွန်ကြလေ၏။ ကောရကဲ့သို့ ပုန်ကန်ကြသဖြင့် ဆုံးယှုံးပျက်စီးကြကုန်၏။
JUD 1:12 သူရို့သည် မိတ်ဖွဲ့စားသောက်ပွဲ၌ အရှက်အကြောက်မဟိဘဲ စားသောက်လျက် သင်ရို့၏ ဂုဏ်သိက္ခာကို ညစ်နွမ်းစီကြ၏။ ထိုသူရို့ကား ကိုယ်ကျိုးကိုသာ ကြည့်တတ်သူများဖြစ်၏။ သူရို့သည် လီတိုက်ရာသို့ လွင့်ပါလားတတ်သော မိုးရီမပါသည့် မိုးတိမ်နှင့် လည်းကောင်း၊ ဆောင်းဦးပေါက်တွင် အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါသီရသည့် သစ်ပင်နှင့် လည်းကောင်း တူကြ၏။
JUD 1:13 သူရို့၏ ရှက်ဖွယ်ကောင်းသည့်အရာကို ရီမြှုပ်များကဲ့သို့ ပေါ်လွင်စီသည့် ကြမ်းတမ်းသော ပင်လယ် လှိုင်းတံပိုးများနှင့် တူကြ၏။ သူရို့သည် လမ်းကြောင်း အတည်တကျမဟိသည့် ကြယ်များနှင့်လည်း တူကြ၏။ သူရို့အတွက် ဘုရားသခင်သည် အမှောင်မိုက်ဆုံးဖြစ်သည့် အောက်အရပ်တွင် ထာဝရနီရာကို သတ်မှတ်၍ ထားတော်မူ၏။
JUD 1:14 အာဒံမှ ခုနစ်ဆက်မြောက် မျိုးဆက်ဖြစ်သည့် ဧနောက်က သူရို့နှင့်ပတ်သက်၍ ရှီးမဆွကပင် ပရောဖက်တိက၊ “ထာဝရဘုရားသည် အတိုင်းမသိ များစွာသော ကိုယ်တော်၏ သန့်ယှင်းသော ကောင်းကင်တမန်တိနှင့် ကြွလာ၍၊
JUD 1:15 လူအပေါင်းရို့အား တရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာ အပြစ်တင် ပြုမူမှုများအတွက် လည်းကောင်း၊ ဘုရားတရားမဲ့သော အပြစ်သားရို့သည် ဘုရားသခင်အား ရိုင်းပြစွာ ဆန့်ကျင်ပြောဆိုကြသည့် စကားများအတွက် လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်” ဟု ကြိုတင် ဟောပြောခလေ၏။
JUD 1:16 ဤလူအပေါင်းရို့သည် အစဉ်မလပ် ညည်းတွားတတ်သောသူ၊ သူတစ်ပါးအား အပြစ်တင်တတ်သောသူတိ ဖြစ်ကြပြီး၊ မိမိရို့ ဆိုးညစ်သော စိတ်ဆန္ဒအတိုင်း လျှောက်လှမ်း တတ်ကြ၏။ မိမိရို့အကြောင်းကိုလည်း ကြွားဝါတတ်ကြပြီး မိမိကိုယ်ကျိုးအတွက် သူတစ်ပါးရို့အား မြှောက်ပင့်ပြောဆို တတ်ကြ၏။
JUD 1:17 သို့သော်လည်း အဆွီရို့၊ ငါရို့အသျှင် ယေသျှုခရစ်တော်၏ တမန်တော်တိ အယင်က ပြောခသော စကားကို သတိရကြလော့။
JUD 1:18 သူရို့က “နောက်ဆုံးသော ကာလ၌ သင်ရို့ကို ပျက်ရည်ပြုသောသူတိ၊ မိမိရို့၏ ဆန္ဒဟိသည့်အတိုင်း ဘုရားတရားမဲ့ ပြုမူသောသူတိ ပေါ်လာလိမ့်မည်” ဟု သင်ရို့အား ပြောခကြ၏။
JUD 1:19 ထိုသူရို့သည် ကွဲပြားမှုကို ဖြစ်စီသောသူ၊ ဇာတိစိတ်အလိုသို့ လိုက်သောသူ၊ ဝိညာဉ်တော်ကို မရသောသူရို့ ဖြစ်ကြ၏။
JUD 1:20 သို့ရာတွင် အဆွီရို့၊ သင်ရို့သည် မိမိရို့၏ အလွန်သန့်ယှင်းသော ယုံကြည်ခြင်း၌ မိမိကိုယ်ကို တည်ဆောက်လျက်၊ သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဆုတောင်းကြလော့။
JUD 1:21 ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ မိမိကိုယ်ကို စောင့်ထိန်း၍ ထာဝရအသက်ကို ပီးတော်မူမည့် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်နိန်ကြလော့။
JUD 1:22 ယုံမှားသံသယဟိသော သူရို့အား ကရုဏာ ထားကြလော့။
JUD 1:23 တချို့သောသူရို့ကို မီးထဲမှ ဆွဲထုတ်ကယ်တင်ကြလော့။ တချို့သောသူရို့အား ကြောက်ရွံ့သောစိတ်ဖြင့် သနားကရုဏာကို ပြကြလော့။ သို့သော်လည်း အသွီးအသားဇာတိဖြင့် စွန်းကွက်နိန်သည့် သူရို့၏ အဝတ်အစားကို ရွံ့မုန်းကြလော့။
JUD 1:24 သင်ရို့ ပြိုလဲမကျစီရန် စောင့်ရှောက်တော်မူနိုင်၍၊ သင်ရို့ကို အပြစ်ကင်းစီလျက် ဘုန်းတန်ခိုးတော် ထွန်းတောက်ရာ ရှိ့တော်မှောက်သို့ ဝမ်းမြောက်စွာ ဝင်ရောက်ခွင့်ကို ပီးတော်မူနိုင်သော၊
JUD 1:25 ငါရို့၏ ကယ်တင်သျှင်၊ တစ်ဆူတည်းသော ဘုရားသခင်၏ ဘုန်းတန်ခိုး၊ အာနုဘော်တော်၊ အစွမ်းသတ္တိနှင့် အာဏာစက်များသည် ငါရို့၏အသျှင် ယေသျှု ခရစ်တော်အားဖြင့် ရှီးကပ်ကာလမှစ၍ အဂုကာလနှင့် နောင်လာမည့် ကာလအစဉ်အဆက် တည်တော်မူစီသတည်း။ အာမင်။
REV 1:1 ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော့်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။
REV 1:2 ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှုခရစ်တော်၏ သက်သီခံတော်မူချက်တိကို မိမိမြင်တွိ့ရသည်အတိုင်း သက်သီခံလေ၏။
REV 1:3 ကာလအချိန် နီးကပ်ပြီဖြစ်၍ ဤ ပရောဖက်ပြုဟောပြောထားသော စကားတိကို ဖတ်ရှုသောသူနှင့် ဤစကားတိကို ကြား၍ လိုက်နာကျင့်သုံးသောသူရို့သည် မင်္ဂလာဟိကြ၏။
REV 1:4 ငါ ယောဟန်ပါးမှ၊
REV 1:5 သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊
REV 1:6 မိမိ၏ခမည်းတော် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စီရန် ငါရို့အား နိုင်ငံတော်သားအရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထားတော်မူသော ယေသျှုခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး ကြီးတော်မူပါစီသတည်း။ အာမင်။
REV 1:7 ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော့်ကို လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။
REV 1:8 အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
REV 1:9 ငါ ယောဟန်သည်ကား သင်ရို့၏ အစ်ကိုဖြစ်ပြီး ယေသျှု၏နောက်လိုက် တစ်ယောက်ဖြစ်သည့်နည်းတူ နိုင်ငံတော်နှင့် စပ်ဆိုင်သောကြောင့် ခံရသည့် ဒုက္ခဆင်းရဲကို သင်ရို့နှင့်အတူ သည်းခံနိန်ရသောသူလည်း ဖြစ်၏။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှု ဖော်ပြသော သမ္မာတရားကို ဟောပြောကြေညာသည့်အတွက် ပတ်မုကျွန်းသို့ အပို့ခံရ၏။
REV 1:10 သခင်ဘုရား၏ နိ့တွင် ငါသည် ဝိညာဉ်တော်ကို ခံရ၍ တံပိုးခရာသံနှင့်တူသော အသံကြီး တစ်ခုကို ငါ့နောက်၌ ကြားရ၏။
REV 1:11 ထိုအသံက “သင် မြင်ရသည့်အရာကို စာစောင်တွင် ရီးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ၌ဟိသော အသင်းတော်ခုနစ်ပါးသို့ ပီးပို့လော့” ဟု ဆို၏။
REV 1:12 ထိုသို့ ငါ့အား ပြောနိန်သောအသံသည် ဇာသူ၏အသံ ဖြစ်ပါသနည်းဟု လှည့်၍ ငါ ကြည့်လိုက်သောအခါ ရွှီမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊
REV 1:13 ထိုမီးခွက်တိအလယ်၌ လူသားနှင့်တူသော သူတစ်ဦးကိုလည်းကောင်း ငါတွိ့ရ၏။ ထိုသူသည် ဝတ်ရုံကို ခြီဖျားတိုင်အောင် ခြုံ၍ ရွှီရင်စည်းကို ဝတ်ဆင်ထား၏။
REV 1:14 သူ၏ဆံပင်သည် မိုးပွင့်ကဲ့သို့ လည်းကောင်း၊ သိုးမွီးကဲ့သို့ လည်းကောင်း ဖြူ၏။ သူ၏မျက်လုံးများသည်လည်း မီးလျှံကဲ့သို့ တောက်ပလျက် နိန်၏။
REV 1:15 သူ၏ခြီသည် မီးဖြင့် ချွတ်ထားသည့် တောက်ပသော ကြီးဝါနှင့် တူ၏။ သူ၏အသံမှာ ကြီးမားသော ရီတံခွန်၏ အသံနှင့် တူ၏။
REV 1:16 သူသည် လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ထား၏။ သူ၏ခံတွင်းမှ ပြတ်သောသန်လျက် ထွက်လာ၏။ သူ၏မျက်နှာသည်လည်း တန်ခိုးနှင့် ထွန်းတောက်သည့် မွန်းတည့်နီ၏ အလင်းကဲ့သို့ ဖြစ်၏။
REV 1:17 ထိုသူကို တွိ့သောအခါ ငါသည် သူ၏ခြီတော်ရင်း၌ လဲကျလားပြီး လူသီကဲ့သို့ ဖြစ်လေ၏။ ထိုသူသည် ငါ့အထက်၌ လက်ယာလက်တော်ကို တင်တော်မူပြီးလျှင် “မကြောက်ကေ့၊ ငါသည် အစနှင့် အဆုံးဖြစ်၏။
REV 1:18 ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။
REV 1:19 သင် မြင်တွိ့ရသည့် အမှုအရာများမှာ အဂု ဖြစ်ပျက်နိန်သော အမှုအရာများနှင့် နောင်အခါ၌ ဖြစ်ပျက်မည့် အမှုအရာများသာ ဖြစ်၏။ ထိုအကြောင်းအရာများကို ရီးထားလော့။
REV 1:20 ငါ၏ လက်ယာလက်တော်တွင် သင် မြင်တွိ့ရသည့် ကြယ်ခုနစ်လုံးနှင့် ရွှီမီးခွက် ခုနစ်လုံး၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်မှာ မီးခွက် ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါး ဖြစ်၍၊ ကြယ်ခုနစ်လုံးသည် ထိုအသင်းတော် ခုနစ်ပါး၏ ကောင်းကင်တမန်တိ ဖြစ်သတည်း” ဟု မိန့်တော်မူ၏။
REV 2:1 “ဧဖက်မြို့၌ ဟိသောအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ကြယ်ခုနစ်လုံးကို လက်ယာလက်ဖြင့် ကိုင်ကာ ရွှီမီးခွက်ခုနစ်ခွက်အကြားတွင် လားလာနိန်သော သူ၏ထံမှ ဖြစ်၏။
REV 2:2 သင်ပြုသော အမှုများကို ငါသိ၏။ ထိုအရာများမှာ သင်သည် ဇာပိုင် ကြိုးပမ်းလုပ်ဆောင်ကြောင်း၊ ဇာမျှလောက် သည်းခံကြောင်းကို ငါသိ၏။ သင်သည် ဆိုးညစ်သောသူရို့ကို သည်းမခံနိုင်ကြောင်း၊ တမန်တော် မဟုတ်ဘဲ မိမိကိုယ်ကိုမိမိ တမန်တော်ဟု ခေါ်ဆိုကြသော သူရို့အား စစ်ဆီး၍ လှည့်ဖြားသောသူတိ ဖြစ်ကြောင်းကို သိကြောင်းပင် ဖြစ်၏။
REV 2:3 သင်သည် စိတ်ရှည်သည်းခံလျက် ငါ၏ နာမအတွက် များစွာဒုက္ခဆင်းရဲခံ၍ အားလျော့ခြင်း မဟိခပေ။
REV 2:4 သို့သော် သင်သည် အယင်ကကဲ့သို့ အဂုအခါ ငါ့ကို မချစ်သဖြင့် သင့်အား အပြစ် ဆိုစရာဟိ၏။
REV 2:5 သို့ဖြစ်၍ သင်သည် ဇာမျှလောက် ကျဆင်းလာသည်ကို ဆင်ခြင်လော့။ နောင်တရ၍ အယင်က ပြုခသည့်အတိုင်း ပြုလော့။ သင်သည် နောင်တ မရလျှင် သင်ဟိရာသို့ ငါလာ၍ သင်၏မီးခွက်ကို နီရာမှ ငါ ရွှိ့ပစ်မည်။
REV 2:6 သို့ရာတွင် နိကောလ၏တပည့်ရို့ကျင့်ကြံပုံကို ငါ မုန်းသကဲ့သို့ သင်သည်လည်း မုန်းသဖြင့် သင့်အား ချီးမွမ်းစရာဟိ၏။
REV 2:7 “ဝိညာဉ်တော်သည် အသင်းတော်များအား မိန့်တော်မူသော စကားများကို ကြားတတ်သောနား ဟိသောသူသည်ကား ကြားပါစီ။ “ငါသည် အောင်မြင်သောသူအား ဘုရားသခင်၏ဥယျာဉ်တော်၌ ဟိသော အသက်ပင်၏အသီးကို စားရသောအခွင့်ကို ပီးမည်။
REV 2:8 “စမုရနအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီး၍ ပီးလိုက်လော့။ “ဤသတင်းစကားသည် အစနှင့် အဆုံးဖြစ်သောသူ၊ သီပြီးမှ အသက်ပြန်၍ ရှင်လာသောသူ၏ထံမှ ဖြစ်၏။
REV 2:9 သင်သည် ဒုက္ခဆင်းရဲခံရ၍ ဒုက္ခရောက်သည်ကို ငါသိ၏ — သို့ရာတွင် အမှန်စင်စစ် သင်သည် ကြွယ်ဝသူဖြစ်၏။ မိမိရို့ကိုယ်ကို ယုဒလူမျိုးတိဟု ဆိုကြသောသူရို့သည် သင့်အား ကဲ့ရဲ့သည့် စကားများအားဖြင့် ပြောဆိုကြကြောင်းကို ငါသိ၏။ သို့ရာတွင် သူရို့သည် ယုဒလူမျိုးတိ မဟုတ်၊ စာတန်မာရ်နတ်၏ အဖွဲ့ဝင်များဖြစ်ကြ၏။
REV 2:10 သင်ခံရမည့် ဆင်းရဲဒုက္ခများအတွက် မစိုးရိမ်ကေ့။ မာရ်နတ်သည် သင်ရို့ထဲမှ တချို့ကို ထောင်ထဲ၌ အကျဉ်းချထားခြင်းအားဖြင့် စစ်ဆီးလိမ့်မည်။ သင်သည် ဆယ်ရက်တိုင်တိုင် ဒုက္ခခံရလိမ့်မည်။ သီဆုံးသည်ထိတိုင်အောင် သစ္စာစောင့်လော့၊ သို့မှသာ သင့်အား အသက်သရဖူကို ငါပီးမည်။
REV 2:11 “အသင်းတော်များအား ဝိညာဉ်တော်မိန့်တော်မူသော စကားများကို ကြားတတ်သော နားဟိသောသူရို့ ကြားကတ်စီ။ “အောင်မြင်သောသူသည် ဒုတိယသီခြင်းဘေးနှင့် ကင်းလွတ်လိမ့်မည်။
REV 2:12 “ပေရဂံမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးလိုက်လော့။ “ဤသတင်းစကားသည် အသွားနှစ်ဖက်ဟိသည့် ပြတ်သောသန်လျက်ကို ဆောင်ထားသော သူထံမှ ဖြစ်၏။
REV 2:13 သင်သည် ဇာအရပ်၌ နီထိုင်သည်ကို ငါသိ၏။ သင်သည် စာတန်၏ ပလ္လင်ဟိရာအရပ်တွင် နီထိုင်၏။ ငါ့ဖက်၌ သစ္စာဟိစွာ သက်သီခံသောသူ အန္တိပသည် စာတန်မာရ်နတ် နီထိုင်ရာတွင် အသတ်ခံရသောအချိန်၌ပင် သင်သည် ငါ၌ သစ္စာစောင့်၍ သင်၏ယုံကြည်ခြင်းကို မစွန့်။
REV 2:14 သို့ရာတွင် သင်ရို့အထဲတွင် ဗာလမ်၏အယူဝါဒကို လိုက်လျှောက်သောသူများ ဟိနိန်သဖြင့် သင့်အား အပြစ်ဆိုစရာ အနည်းချေဟိ၏။ ဣသရေလလူမျိုးရို့သည် ရုပ်တုအား ပူဇော်သော အစားအစာများကို စားကြစီရန်နှင့် မတရားသောမေထုန်ကို လိုက်စားကြစီရန် ဗာလမ်သည် ဗာလက်မင်းအား သင်ကြားပီးခ၏။
REV 2:15 ထိုနည်းတူစွာ သင်ရို့အထဲတွင်လည်း နိကောလ၏တပည့်တိ သင်ကြားပို့ချသည့် အယူဝါဒများကို လိုက်လျှောက်နိန်သူများ ဟိပေ၏။
REV 2:16 ထို့ကြောင့် နောင်တရလော့။ နောင်တ မရလျှင် မကြာခင် ငါလာ၍ ထိုသူရို့အား ငါ၏ ခံတွင်းမှ ထွက်သောသန်လျက်နှင့် တိုက်ခိုက်မည်။
REV 2:17 “ဝိညာဉ်တော်က အသင်းတော်ရို့အား မိန့်တော်မူသော စကားများကို ကြားတတ်သောနား ဟိသောသူရို့ ကြားပါစီ။ “အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကို ငါ ပီးမည်။ ကျောက်ဖြူတစ်လုံးကိုလည်း ငါပီးမည်။ ထိုကျောက်ဖြူအထက်တွင် အက္ခရာတင်ထားသည့် နာမည်သစ်ကို ဇာသူမျှ မသိနိုင်ရာ။ ထိုကျောက်ကို ခံယူရဟိ သူသာလျှင် သိဟိနိုင်ပေ၏။
REV 2:18 “သွာတိရမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးလိုက်လော့။ “ဤသတင်းစကားသည် ဘုရားသခင်၏ သားတော်ထံမှ ဖြစ်၏။ ထိုအသျှင်၏ မျက်စိများသည် မီးလျှံကဲ့သို့ တောက်ပလျက်၊ ခြီတော်သည်လည်း တောက်ပြောင်သော ကြီးဝါကဲ့သို့ ဖြစ်၏။
REV 2:19 ငါသည် သင်ပြုသောအမှုကို သိ၏။ သင်၏ မေတ္တာနှင့် သစ္စာဟိမှုကိုလည်းကောင်း၊ သင်၏ အမှုတော်ဆောင်ခြင်းနှင့် သည်းခံခြင်းကိုလည်းကောင်း ငါသိ၏။ သင်သည် အယင်က လုပ်ဆောင်ခသည်ထက် အဂု သာ၍ လုပ်ဆောင်ကြောင်းကိုလည်း ငါ သိ၏။
REV 2:20 သို့သော် သင့်အား အပြစ်တင်စရာဟိသည်မှာ ယေဇဗေလဟုခေါ်သော မိန်းမကို သင်သည် လက်ခံထားခြင်းပင် ဖြစ်၏။ ထိုမိန်းမသည် မိမိကိုယ်ကို ပရောဖက်မတစ်ယောက် ဖြစ်သည်ဟု ဆို၏။ ထိုမိန်းမသည် ငါ၏ အစီခံရို့အား မတရားသောမေထုန် လိုက်စားစီရန်နှင့် ရုပ်တုတိအား ပူဇော်သည့်အစားအစာများကို စားစီရန် သွန်သင်သဖြင့် လမ်းလွဲစီလေ၏။
REV 2:21 ငါသည် ထိုမိန်းမအား မိမိ၏ ကာမဂုဏ်အပြစ်မှ နောင်တရစီခြင်းငှာ အချိန်ပီးခယာ။ သို့ရာတွင် သူမသည် မိမိ၏အကျင့်ပျက်မှုမှ နောင်တရလိုစိတ်မဟိ။
REV 2:22 ယင်းကြောင့် ငါသည် သူမအား အိပ်ရာ၌ ပစ်ထားမည်။ သူမနှင့် ဖောက်ပြန်သော သူရို့၌လည်း မိမိရို့ပြုသောအမှုမှ နောင်တမရပါက ပြင်းစွာသော ဒုက္ခဝေဒနာကို ခံရစီမည်။
REV 2:23 ငါသည် သူမ၏ နောက်လိုက်ရို့ကို သီမင်းလက်သို့ အပ်မည်။ ထိုအခါ၌ ငါသည် လူရို့၏စိတ်နှလုံးနှင့် အကြံအစည်တိကို သိမြင်တော်မူသောသူဖြစ်ကြောင်း အသင်းတော်အပေါင်းရို့သည် သိကြလိမ့်မည်။ သင်ရို့ အသီးသီး၏အကျင့်အတိုင်း အကျိုးအပြစ်ကို ငါပီးမည်။
REV 2:24 “သို့ရာတွင် အခြားသော သွာတိရမြို့ ယုံကြည်သူရို့သည်ကား ဤဆိုးညစ်သည့် အယူဝါဒကို မလိုက်နာကြ။ ‘စာတန်မာန်နတ်၏ နက်နဲသည့် လျှို့ဝှက်ချက်များ’ ဟု သူရို့ ခေါ်ဆိုကြသည့် အရာများကိုလည်း မခံမယူကြ။ သင်ရို့ အထက်၌ အခြားဝန်ထုပ်ဝန်ပိုး တစ်စုံတစ်ခုကိုမျှ ငါမတင်။
REV 2:25 သင်ရို့သည် မိမိရို့၌ ဟိသည့်အရာကို ငါလာသည်တိုင်အောင် စွဲမြဲစွာကိုင် ထားကြလော့။
REV 2:26 အကြင်​သူ​သည် အောင်​မြင်၍ အ​ဆုံး​တိုင်​အောင် ငါ၏အမှုကို စောင့်ထိန်း၏။ ငါ့​ခ​မည်း​တော်​သည် ငါ့​အား အ​ခွင့် ပီးတော်​မူ​သ​ကဲ့​သို့၊ လူ​မျိုး​တိကို အုပ်​စိုး​စီခြင်း​ငှာ ထို​သူ​အား ငါ​သည် အ​ခွင့်​ပီး​မည်။
REV 2:27 ထို​သူ​သည် သူရို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး၍၊ မြီ​အိုး​ကို အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲသကဲ့သို့ ရိုက်ခွဲလိမ့်​မည်။
REV 2:28 မိုးသောက်ကြယ်ကိုလည်း ထိုသူအား ငါ ပီးမည်။
REV 2:29 “အသင်းတော်ရို့အား ဝိညာဉ်တော်မိန့်တော်မူသော စကားများကို ကြားတတ်သော နားဟိသောသူရို့ ကြားပါစီ။
REV 3:1 “သာဒိမြို့အသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးဟိသော သူထံမှ ဖြစ်၏။ သင်ပြုသောအမှုကို ငါသိ၏။ သင်သည် အသက်ရှင်ဟန် ဟိသော်လည်း သီလျက်နိန်၏။
REV 3:2 သို့ဖြစ်၍ နိုးထလော့။ သင်၏ အသက်မချုပ်ငြိမ်းသိမ့်ခင် ကျန်ဟိနိန်သိမ့်သောအရာကို ပြုစုလော့။ သင်၏အပြုအမူသည် ငါ၏ဘုရားသခင်ရှိ့တော်၌ ပြည့်စုံခြင်း မဟိသိမ့်သည်ကို ငါတွိ့ရ၏။
REV 3:3 ထို့ကြောင့် သင်သည် ကြားနာသမျှ၊ ခံယူထားသမျှ တရားကို အောက်မိ့သတိရလျက် နာခံလိုက်လျှောက်လော၊ နောင်တရလော့။ သင်သည် မနိုးထလျှင် သူခိုးလာသကဲ့သို့ ငါသည် သင့်ပါးသို့ လာမည်။ ငါလာမည့်အချိန်ကို သင် သိရလိမ့်မည် မဟုတ်။
REV 3:4 သို့ရာတွင် သာဒိမြို့၌ မိမိရို့အဝတ်ကို အညစ်အကြေးနှင့် ကင်းစင်စီသောလူ အနည်းချေဟိသိမ့်၏။ ထိုသူရို့သည် ထိုက်တန်သူများဖြစ်သဖြင့် ဝတ်ဖြူစင်ကြယ်ကို ဝတ်၍ ငါနှင့်အတူ လားလာရကြလိမ့်မည်။
REV 3:5 အောင်မြင်သော သူရို့သည် ဝတ်ဖြူစင်ကြယ်ကို ဝတ်ရလိမ့်မည်။ ငါသည် သူရို့၏နာမည်ကို အသက်စာစောင်မှ ဖျက်ပယ်မည် မဟုတ်။ ငါသည် သူရို့နာမည်ကို ငါ၏ခမည်းတော်နှင့် ကိုယ်တော်၏ ကောင်းကင်တမန်တိရှိ့တွင် ထုတ်ဖော်ဝန်ခံမည်။
REV 3:6 “ဝိညာဉ်တော်သည် အသင်းတော်များအား မိန့်တော်မူသမျှသောစကားများကို ကြားတတ်သော နားဟိသောသူရို့သည် ကြားကတ်စီ။
REV 3:7 “ဖိလဒေလဖိမြို့ အသင်းတော်၏ ကောင်းကင်တမန်သို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် မြင့်မြတ်သန့်ယှင်းပြီး ဖြောင့်မှန်သောသူထံပါးမှ ဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏ တန်းခါးသော့ကို ပိုင်တော်မူ၏။ ထိုတန်းခါးကို ကိုယ်တော်ဖွင့်တော်မူသောအခါ ဇာသူမျှ မပိတ်နိုင်ပေ။ ပိတ်တော်မူသောအခါလည်း ဇာသူမျှ မဖွင့်နိုင်ပေ။
REV 3:8 သင် ပြုသည့်အမှုကို ငါသိ၏။ သင်သည် ခွန်အား အနည်းချေသာ ဟိသော်လည်း ငါ့နာမကို မငြင်းပယ်ဘဲ ငါ့သြဝါဒကို လိုက်နာစောင့်ထိန်းခကြောင်းကို ငါသိ၏။ သင်ရို့အတွက် တန်းခါးကို ငါဖွင့်ထားယာ။ ထိုတန်းခါးကို ဇာသူမျှ မပိတ်နိုင်ပေ။
REV 3:9 နားထောင်လော့။ ကိုယ်တိုင် ယုဒလူမျိုး မဟုတ်ဘဲ ယုဒလူမျိုးဖြစ်သည်ဟု လိမ်လည်ပြောဆိုနိန်သောသူတည်းဟူသော စာတန်မာရ်နတ်၏ အဖွဲ့ဝင်ရို့အား သင်၏ခြီရင်းသို့ လာရောက်ပျပ်ဝပ်စီမည်။ သင့်အား ငါချစ်ကြောင်းကို သူရို့ သိကြလိမ့်မည်။
REV 3:10 သင်သည် ငါမှာထားသည့်အတိုင်း စိတ်ရှည်သည်းခံလျက် နိန်ခ၏။ သို့ဖြစ်၍ လောကတစ်ခုလုံးကို စစ်ဆီးရန် ဒုက္ခဆင်းရဲ ကျရောက်လာချိန်၌ သင့်အား ငါ ကာကွယ်စောင့်ရှောက်မည်။
REV 3:11 ငါသည် မကြာခင် ကြွလာမည်။ သင်၏ ဆုသရဖူကို ဇာသူမျှ မလုမယူနိုင်စီခြင်းငှာ သင် ရဟိထားသောအရာကို စွဲကိုင်လော့။
REV 3:12 အောင်မြင်သော သူကို ငါ၏ဘုရားသခင်ဗိမာန်တော်တွင် တိုင်ဖြစ်စီမည်။ ထိုသူရို့သည် နောင်ဇာအခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါ၏ဘုရားသခင်ထံတော်မှ ထွက်၍ ကောင်းကင်ဘုံမှ ဆင်းသက်လာသော ယေရုဆလင်မြို့သစ်တည်းဟူသော ငါ့ဘုရားသခင်၏ မြို့တော်နာမကိုလည်းကောင်း၊ ငါ၏ဘုရားသခင် နာမတော်ကိုလည်းကောင်း ငါသည် ထိုသူ၌ ကမ္ပည်းရီးထိုးမည်။ ငါ၏အသစ်သော နာမတော်ကိုလည်း ထိုသူ၌ ငါရီးထိုးမည်။
REV 3:13 “ဝိညာဉ်တော်သည် အသင်းတော်များအား မိန့်တော်မူသော စကားများကို ကြားတတ်သောနားဟိသောသူရို့ ကြားပါစီ။
REV 3:14 “လောဒိကိအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် ဘုရားသခင်ဖန်ဆင်းတော်မူသော အရာအပေါင်းရို့၏ အစမူလ ဖြစ်တော်မူသော၊ သစ္စာဟိ၍ ဖြောင့်မှန်သော သက်သီခံဖြစ်တော်မူသော အာမင်၏ ထံပါးမှ ဖြစ်၏။
REV 3:15 သင် ပြုခသည့်အမှုကို ငါသိ၏။ သင်သည် အပူလည်း မဟုတ်၊ အအီးလည်း မဟုတ်သည်ကို ငါသိ၏။ သင်သည် အပူဖြစ်စီ၊ အအီးဖြစ်စီ တစ်ခုခုဖြစ်ရန် ငါ အလိုဟိ၏။
REV 3:16 သို့ရာတွင် သင်သည် မပူမအီးဘဲ နွီးရုံမျှသာ ဟိသဖြင့် သင့်အား ငါ၏ခံတွင်းမှ ထွီးထုတ်မည်။
REV 3:17 ‘ငါသည် ချမ်းသာကြွယ်ဝ၏။ ငါလိုသမျှအားလုံး ငါ၌ ဟိ၏’ ဟု သင်ဆို၏။ သို့ရာတွင် မိမိ၌ ဇာလောက် အတိဒုက္ခဖြစ်ခြင်း၊ သနားစရာကောင်းခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း ဟိနိန်သည်ကို သင်သည် မသိပါတကား။
REV 3:18 သို့ဖြစ်၍ သင်သည် ချမ်းသာကြွယ်ဝခြင်းငှာ ရွှီစင်ကို ငါ့ထံမှ ဝယ်ယူရန် ငါအကြံပီး၏။ ထို့အပြင် သင်၏ ရှက်စရာကောင်းသော အဝတ်ဗလာဖြစ်မှုကို ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက်စိအလင်းရစီရန် မျက်စဉ်းခတ်ဆီးကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့။
REV 3:19 ငါသည် ငါချစ်သော သူအပေါင်းရို့အား ဆုံးမ၍ အပြစ်ဒဏ်ပီးတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်မှု ဟိလော့။ နောင်တ ရလော့။
REV 3:20 နားထောင်လော့။ ငါသည် တန်းခါးရှိ့တွင် ရပ်၍ တန်းခါးခေါက်လျက် နိန်၏။ ငါ၏အသံကို ကြား၍ တန်းခါးကို ဖွင့်၏။ ထိုသူ၏ အိမ်သို့ ငါဝင်ပြီးလျှင် သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။
REV 3:21 ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်ထက်တွင် ခမည်းတော်နှင့်အတူ ထိုင်နိန်သကဲ့သို့ အောင်မြင်သောသူအား ငါ၏ ပလ္လင်ထက်တွင် ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပီးမည်။
REV 3:22 “အသင်းတော်ရို့အား ဝိညာဉ်တော် မိန့်တော်မူသော စကားများကို ကြားတတ်သော နားဟိသောသူရို့ ကြားပါစီ။”
REV 4:1 ထို့နောက် ငါကြည့်လျှင်၊ ကောင်းကင်တန်းခါးပွင့်လျက် ဟိသည်ကို ငါမြင်ရ၏။ အယင်ဦးစွာ ငါကြားရသော တံပိုးခရာသံနှင့် တူသည့် အသံကား၊ “ဤအရပ်သို့ တက်လာလော့။ နောင်အခါ၌ ဖြစ်လာမည့် အမှုအရာတိကို ငါပြမည်” ဟု ငါ့အား ဆို၏။
REV 4:2 ထိုအခါ ငါ့ထံ၌ ဝိညာဉ်တော်သည် ချက်ချင်း သက်ရောက်လေ၏။ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုဟိ၏။ ထိုပလ္လင်ထက်တွင် ထိုင်နိန်တော်မူသော သူလည်း ဟိ၏။
REV 4:3 ထိုသူ၏ မျက်နှာတော်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်ကဲ့သို့ တောက်ပ၏။ ပလ္လင်၏ ပတ်လည်တွင် မြရောင်တောက်နိန်သော သက်တန့်သည် တည်လျက်ဟိ၏။
REV 4:4 ထိုပလ္လင်၏ ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုကိုလည်း ငါတွိ့မြင်ရ၏။ ထိုပလ္လင်တိထက်တွင် အသက်ကြီးသူ နှစ်ဆယ့်လေးပါးရို့သည် ထိုင်လျက် နိန်ကြ၏။ သူရို့သည် ဝတ်ဖြူစင်ကြယ်များကို ဝတ်လျက် ရွှီသရဖူများကို ဆင်ယင်ထားကြ၏။
REV 4:5 ပလ္လင်တော်ထဲမှ လျှပ်စစ်လက်သည့် အရောင်များ၊ မြည်ဟီးသော အသံများနှင့် မိုးကြိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ ပလ္လင်တော်၏ ရှိ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးတိုင်ခုနစ်တိုင်သည် ထွန်းလင်းလျက် ဟိ၏။
REV 4:6 ပလ္လင်တော်၏ရှိ့တွင် သလင်းကျောက် ကဲ့သို့ ကြည်လင်သော ဖန်ရီကန်ဟု ထင်ရသော ကန်ဟိ၏။ ထို့ပြင် ပလ္လင်တော်၏ပတ်လည် တစ်ဖက်တစ်ချက်တွင် သက်ဟိသတ္တဝါ လေးပါးဟိ၏။ သူရို့ကိုယ် ခန္ဓာရှိ့ပိုင်းနှင့် နောက်ပိုင်းတွင် မျက်စိများဖြင့် ပြည့်နှက်လျက်ဟိ၏။
REV 4:7 ပထမသတ္တဝါသည် ခြင်္သေ့နှင့် တူ၏။ ဒုတိယသတ္တဝါသည် နွားပေါက်ချေနှင့် တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည် လူ့မျက်နှာနှင့် တူ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်နိန်သော လင်းယုန်နှင့် တူ၏။
REV 4:8 ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။ ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏” ဟု မြွက်ဆိုကြ၏။
REV 4:9 ပလ္လင်ထက်တွင် စံတော်မူ၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော အသျှင်၏ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းတန်ခိုးတော်များကို ထိုသတ္တဝါရို့သည် ချီးမွမ်းကြသည့်အခါတိုင်း၊
REV 4:10 အကြီးအကဲ နှစ်ဆယ့်လေးပါးရို့သည် ပလ္လင်ထက်တွင် စံတော်မှုလျက် ကမ္ဘာအဆက်ဆက်အသက် ရှင်တော်မူသော အသျှင်၏ရှိ့တော်၌ ပျပ်ဝပ်လျက် ကိုးကွယ်ကြကုန်၏။ သူရို့သည် ပလ္လင်တော်ရှိ့တွင် မိမိရို့၏ သရဖူများကို ချလျက်၊
REV 4:11 “အကျွန်ရို့၏အသျှင် ဘုရားသခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတိကို ဖန်ဆင်းတော်မူ၏။ ထိုအရာခပ်သိမ်းရို့သည် ကိုယ်တော်၏ အလိုတော်အားဖြင့် ဖန်ဆင်းခြင်းကို ခံရပြီး တည်ဟိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်တိကို ခံယူထိုက်တော်မူပါ၏” ဟု မြွက်ဆိုကြ၏။
REV 5:1 ပလ္လင်တော်ထက်တွင် စံတော်မူသော အသျှင်၏ လက်ယာလက်တော်တွင် စာလိပ်တစ်လိပ်ကို ငါမြင်၏။ ထိုစာလိပ်သည် စာမျက်နှာနှစ်ဖက်လုံး၌ စာများရီးသားထားပြီး တံဆိပ်ခုနစ်ခုဖြင့် ခတ်နှိပ်ထား၏။
REV 5:2 ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးက “ဇာသူသည် တံဆိပ်များကို ခွာ၍ ဤစာလိပ်ကို ဖွင့်နိုင်ပါမည်နည်း” ဟု အသံကျယ်စွာ ကြွေးကြော်နိန်သည်ကို ငါမြင်၏။
REV 5:3 သို့ရာတွင် ကောင်းကင်၊ မြီကြီး၊ မြီကြီးအောက်၌ ထိုစာလိပ်ကို ဖွင့်နိုင်သောသူ၊ ဖတ်နိုင်သောသူ တစ်ယောက်မျှမဟိ။
REV 5:4 ဤစာလိပ်ကို ဖွင့်ထိုက်သောသူ၊ ကြည့်ထိုက်သောသူ တစ်ယောက်မျှ ရှာ၍ မတွိ့ရသဖြင့် ငါသည် လွန်စွာ ငိုကြွီး၏။
REV 5:5 ထိုအခါ အကြီးအကဲတစ်ပါးက ငါ့ကို “မငို ကေ့။ ကြည့်ရှု လော့။ ယုဒအနွယ်ဝင် ခြင်္သေ့တည်း ဟူသော ဒါဝိဒ်မှ ဆင်းသက်သော သူသည် အောင်မြင်ယာ။ ထိုသူသည် တံဆိပ်ခုနစ်ခုနှင့် ဤစာလိပ်ကို ဖွင့်ထိုက်တော်မူ၏” ဟု ပြောလေ၏။
REV 5:6 ထို့နောက် သိုးသူငယ်သည် သက်ဟိသတ္တဝါလေးပါးရို့နှင့် အကြီးအကဲရို့ ဝန်းရံလျက်ဟိသည့် ပလ္လင်တော်အလယ်၌ ရပ်လျက်နိန်သည်ကို ငါမြင်၏။ သူသည် ယဇ်ပူဇော်ခြင်းငှာ သတ်ရန်ထားသည့် သိုးနှင့်တူ၏။ ထိုသူ၌ ဦးဂြိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံး ဟိ၏။ ထိုအရာများသည် မြီကြီးတစ်ပြင်လုံးသို့ ဘုရားသခင် စီရွှတ်တော်မူသော ဝိညာဉ်ခုနစ်ပါး ဖြစ်၏။
REV 5:7 ထိုသိုးသူငယ်သည် လာ၍ ပလ္လင်ထက်တွင် ထိုင်လျက်နိန်သော အသျှင်၏လက်ယာလက်တော်မှ စာလိပ်ကို ယူ၏။
REV 5:8 ထိုသို့ ယူလိုက်သောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးရို့သည် သိုးသူငယ်တော်၏ ရှိ့တော်၌ ပျပ်ဝပ်လျက် နိန်ကြ၏။ ထိုသူအသီးသီးရို့သည် စောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ဟိသည့် ရွှီဖလားများကိုလည်းကောင်း တစ်ခုစီ ကိုင်ဆောင်လျက် ဟိကြ၏။
REV 5:9 ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။
REV 5:10 ကိုယ်တော်သည် သူရို့အား အကျွန်ရို့ဘုရားသခင်၏ အမှုတော်ကို အစ်ီခံကြစီရန် နိုင်ငံတော်၏ ယဇ်ပုရောဟိတ်အရာကို ပီးအပ်တော်မူပြီး၊ ကမ္ဘာမြီကြီးတွင်လည်း စိုးစံရသောအခွင့်ကို ရဟိကြလိမ့်မည်” ဟု သီချင်းသစ်ကို သီဆိုကြ၏။
REV 5:11 တဖန် ငါ ကြည့်လိုက်သောအခါ ပလ္လင်တော်၌ လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အကြီးအကဲရို့၏ ပတ်လည်၌ လည်းကောင်း ရပ်နိန်သော ကောင်းကင်တမန်ရို့၏ အသံကို ကြားရ၏။ ထိုကောင်းကင်တမန်ရို့၏ အရီအတွက်ကား ကုဋေသင်္ချေမက အတိုင်းမသိ များပြား၏။
REV 5:12 သူရို့က၊ “အသီသတ်ခြင်းကို ခံရသော သိုးသူငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ ခွန်အား၊ ဂုဏ်ပြုခြင်း၊ ဘုန်းကြီးခြင်း၊ ချီးမွမ်းခြင်းများကို ခံထိုက်တော်မူပါ၏” ဟု ကျယ်သောအသံဖြင့် မြွက်ဆိုကြ၏။
REV 5:13 ထို့ပြင် ကောင်းကင်၊ မြီကြီးအထက်၊ မြီကြီးအောက်၊ ပင်လယ်အရပ်ရပ်၌ ဟိသမျှသော သတ္တဝါအပေါင်းရို့က၊ “ပလ္လင်ထက်တွင် ထိုင်နိန်တော်မူသော သူနှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက် ချီးမွမ်းခြင်းကို ခံရပါစီသတည်း။ ဂုဏ်ပြုခြင်း၊ ဘုန်းကြီးခြင်း၊ တန်ခိုးကြီးခြင်းများဖြင့် ပြည့်စုံတော်မူပါစီသတည်း” ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။
REV 5:14 ထိုအခါ သတ္တဝါလေးပါးရို့က “အာမင်” ဟု မြွတ်ဆိုကြ၏။ အကြီးအကဲရို့သည်လည်း ပျပ်ဝပ်လျက် ကိုးကွယ်ကြ၏။
REV 6:1 ထို့နောက် သိုးသူငယ်တော်သည် တံဆိပ်ခုနစ်ခုအနက် ပထမတံဆိပ်အား ဖွင့်သည်ကို ငါမြင်၏။ သက်ဟိသတ္တဝါလေးပါးအနက် တစ်ပါးသည် မိုးကြိုးခြိမ်းသံနှင့်တူသော အသံဖြင့် “လာလော့” ဟု ဆိုသည်ကို ငါ ကြားရ၏။
REV 6:2 ငါ ကြည့်လိုက်သောအခါ မြင်းဖြူတစ်ကောင်ကို တွိ့ရ၏။ မြင်းစီးသူသည် လေးကို ကိုင်ထား၏။ သူသည် သရဖူတစ်ခုကို ပီးအပ်ခြင်း ခံထားရ၏။ သူသည် အောင်နိုင်သောသူ တစ်ယောက်ကဲ့သို့ အောင်ပွဲခံခြင်းငှာ ထွက်လားလေ၏။
REV 6:3 ထို့နောက် သိုးသူငယ်တော်သည် ဒုတိယတံဆိပ်ကို ဖွင့်လိုက်သောအခါ ဒုတိယသတ္တဝါက “လာလော့” ဟု ဆိုသည်ကို ငါကြားရ၏။
REV 6:4 ထိုအခါ မြင်းနီတစ်ကောင် ထွက်လာ၏။ လူရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြစီခြင်းငှာ မြင်းစီးသူအား ဤလောကတွင် စစ်မက်ဖြစ်ပွားစီနိုင်သည့် တန်ခိုးကို ပီးအပ်ထား၏။ ဒါးကြီးတစ်လက်ကိုလည်း သူ့အား ပီးထား၏။
REV 6:5 ထို့နောက် သိုးသူငယ်တော်သည် တတိယတံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသတ္တဝါက “လာလော့” ဟု ဆိုသည်ကို ငါကြားရ၏။ ငါ ကြည့်လိုက်သောအခါ မြင်းနက်တစ်ကောင်ကို တွိ့ရ၏။ မြင်းစီးသူသည် မိမိလက်တွင် ချိန်ခွင်ကို ကိုင်ထား၏။
REV 6:6 သတ္တဝါလေးပါးရို့အလယ်မှ ထွက်ပေါ်လာသည်ဟု ထင်ရသော အသံတစ်ခုကို ငါကြားရ၏။ ထိုအသံက “တစ်နိ့လုပ်အားခအတွက် ဂျုံဆန်တစ်ခွက်ရပြီး တစ်နိ့လုပ်အားခ အတွက် မုယောဆန် သုံးခွက်ရ၏။ သို့ရာတွင် သံလွင်ပင်များနှင့် စပျစ်ဥယျာဉ်များကို မဖျက်ဆီးကတ်ကေ့” ဟု ဆို၏။
REV 6:7 ထို့နောက် သိုးသူငယ်တော်သည် စတုတ္ထတံဆိပ်ကို ဖွင့်လိုက်သောအခါ စတုတ္ထသတ္တဝါ၏ အသံကို ငါ ကြားရ၏။ ထိုသတ္တဝါက “လာလော့” ဟု ဆို၏။
REV 6:8 ငါ ကြည့်လိုက်သောအခါ မြင်းမွဲတစ်ကောင်ကို တွိ့ရ၏။ မြင်းစီးသူရဲ၏ နာမည်ကား သီမင်း ဖြစ်၏။ သူ၏နောက်မှ မရဏာနိုင်ငံ လိုက်ပါလာ၏။ သူရို့သည် ကမ္ဘာမြီကြီး၏ လေးပုံတစ်ပုံတွင် ဟိသောလူရို့အား ဒါးဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ရောဂါကပ်ဘေး၊ သားရဲတိရစ္ဆာန်များ၏ ဘေးများဖြင့် သီစီနိုင်သည့် အခွင့်အာဏာကို ပီးအပ်ခြင်း ခံထားရကြ၏။
REV 6:9 ထို့နောက် သိုးသူငယ်တော်သည် ပဉ္စမ တံဆိပ်ကို ဖွင့်လိုက်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသည့် အတွက်ကြောင့်လည်းကောင်း၊ သစ္စာနှင့်သက်သီခံသည့် အတွက်ကြောင့် လည်းကောင်း အသတ်ခံကြရသောသူရို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါ မြင်ရ၏။
REV 6:10 ထိုဝိညာဉ်များက “သန့်ယှင်းဖြောင့်မှန်တော်မူသော အနန္တတန်ခိုးသျှင်၊ အကျွန်ရို့အား သတ်ဖြတ်ခသည့် အပြစ်အတွက် လောကီသားရို့အား ဇာကာလတိုင်အောင် တရားမစီရင်၊ အပြစ်ဒဏ်မပီးဘဲ နိန်တော်မူမည်နည်း” ဟု ကျယ်သောအသံဖြင့် ဟစ်အော်ကြ၏။
REV 6:11 ထိုသူရို့သည် ဝတ်လုံဖြူတစ်ထည်စီ ရပြီးလျှင် မိမိရို့နည်းတူ အသတ်ခံရကြမည့် အစီခံရို့နှင့် ညီအစ်ကိုမောင်နှမရို့ အရီအတွက် ပြည့်စုံသည့်တိုင်အောင် တအောင့်ချေ စောင့်နိန်ကြရန် အမိန့်ကို ခံရကြ၏။
REV 6:12 ထို့နောက် သိုးသူငယ်တော်သည် ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ မြီငလျင်ပြင်းစွာ လှုပ်လေ၏။ နီသည် အမွီးဖြင့်ရက်ထားသော လျှော်တေအဝတ်ကဲ့သို့ မည်းနက်လာ၏။ လတစ်ခုလုံးသည်လည်း သွီးကဲ့သို့ နီလာ၏။
REV 6:13 အာကာပြင်၌ဟိသော ကြယ်များသည် လီပြင်းဒဏ်ကြောင့် သင်္ဘောသဖန်းပင်မှ ကြွီကျလားသော သင်္ဘောသဖန်းသီး အစိမ်းများကဲ့သို့ မြီကြီးထက်သို့ ကျကြကုန်၏။
REV 6:14 မိုးကောင်းကင်သည် စာစောင်ကို လိပ်သကဲ့သို့ ပျောက်ကွယ်လား၏။ တောင်များနှင့် ဟိသမျှသောကျွန်းများသည် မိမိရို့၏ နီရာမှ ရွိ့လားကြကုန်၏။
REV 6:15 ထိုအခါ လောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာဟိသူမှစ၍ ကျွန်နှင့် ကျွန် မဟုတ်သောသူ အပေါင်းရို့သည် လိုဏ်ဂူများ၌ လည်းကောင်း၊ တောင်ထက် ကျောက်ဆောင်များ၌ လည်းကောင်း ပုန်းအောင်းနိန်ကြကုန်၏။
REV 6:16 ထိုသူရို့က တောင်များ၊ ကျောက်ဆောင်များ အား “ငါရို့အထက်သို့ ပြိုကျလျက် ပလ္လင်တော် ထက်တွင် စံတော်မူသောသူ၏ မျက်နှာတော်ကို မမြင်ရစီရန်နှင့် သိုးသူငယ်တော်၏ အမျက်တော် မသင့်ကြစီရန် ငါရို့အား ဖုံးကွယ်ထားကြပါ။
REV 6:17 ထိုအသျှင်ရို့၏ အမျက်တော်သင့်မည့် နိ့ရက်ကာလ ရောက်လာယာ။ ထိုအမျက်တော်ကို ဇာသူသည် ခံရပ်နိုင်ပါမည်နည်း” ဟု ဆိုကြ၏။
REV 7:1 ထို့နောက်မှ ကောင်းကင်တမန် လေးပါးရို့သည် ကမ္ဘာမြီကြီးအစွန်း အရပ်လေးမျက်နှာတွင် ရပ်နိန်သည်ကို ငါမြင်ရ၏။ သူရို့သည် ကုန်းမြီထက်သို့ လည်းကောင်း၊ ပင်လယ်ပြင်၌ လည်းကောင်း၊ သစ်ပင်များကိုလည်းကောင်း လီမတိုက်ခတ်နိုင်စီခြင်းငှာ အရပ်လေးမျက်နှာမှ လီများကို ဆွဲကိုင်ထားကြ၏။
REV 7:2 ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်တော်ကို ကိုင်ဆောင်လာသော ကောင်းကင်တမန်တစ်ပါးသည် အရှိ့အရပ်မှ တက်လာသည်ကို ငါမြင်ရ၏။ ထိုသူသည် မြီကြီးနှင့် ပင်လယ်ကို ဘေးဥပါဒ်သင့်စီနိုင်သော တန်ခိုးကို ရဟိထားသည့် ကောင်းကင်တမန်လေးပါးရို့အား ကျယ်သောအသံဖြင့် ခေါ်လေ၏။
REV 7:3 ထို့နောက် ထိုကောင်းကင်တမန်က၊ “ငါရို့ဘုရားသခင် အခိုင်းအစီရို့၏ နဖူးတွင် ငါရို့တိ တံဆိပ် ခတ်နှိပ်သည်ထိတိုင်အောင် သင်ရို့သည် မြီကြီး၊ ပင်လယ်၊ သစ်ပင်တိကို မည်သို့မျှ ဘေးဥပါဒ် မသက်ရောက်စီကတ်ကေ့” ဟု ကျယ်လောင်စွာဟစ်အော်၍ ပြော၏။
REV 7:4 ထို့နောက် တံဆိပ်ခတ်နှိပ်ထားသော သူရို့၏ ဦးရေကို ငါ ကြားသိရ၏။ ဣသရေလလူမျိုးရို့၏ မျိုးနွယ်စုအားလုံးထဲမှ ၁၄၄,၀၀၀၊
REV 7:5 ယုဒအနွယ်ထဲမှ ၁၂,၀၀၀၊ ရုဗင်အနွယ်မှ ၁၂,၀၀၀၊ ဂဒ်အနွယ်မှ ၁၂,၀၀၀၊
REV 7:6 အာသျှာအနွယ်မှ ၁၂,၀၀၀၊ နဿလိအနွယ်မှ ၁၂,၀၀၀၊ မနာသျှေအနွယ်မှ ၁၂,၀၀၀၊
REV 7:7 သျှိမောင်အနွယ်မှ ၁၂,၀၀၀၊ လေဝိအနွယ်မှ ၁၂,၀၀၀၊ ဣသခါအနွယ်မှ ၁၂,၀၀၀၊
REV 7:8 ဇာဗုလုန်အနွယ်မှ ၁၂,၀၀၀၊ ယောသပ်အနွယ်မှ ၁၂,၀၀၀၊ ဗင်္ယာမိန်အနွယ်မှ ၁၂,၀၀၀ တို့သည် တံဆိပ်ခတ်နှိပ်ခြင်းကို ခံရကြ၏။
REV 7:9 ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇာသူမျှ မရွီတွက်နိုင်သော လူအုပ်ကြီးကို တွိ့ရ၏။ သူရို့သည် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသော တိုင်းနိုင်ငံအသီးသီး၊ ခပ်သိမ်းသော လူမျိုးအနွယ်အသီးသီးမှ လာကြသောသူတိ ဖြစ်ကြ၏။ သူရို့သည် ဝတ်လုံဖြူတိကို ဝတ်ပြီး စွန်ပလွံခက်တိကို ကိုင်ကာ ပလ္လင်တော်နှင့် သိုးသူငယ်တော်၏ ရှိ့၌ ရပ်နိန်ကြ၏။
REV 7:10 သူရို့က၊ “ကယ်တင်ခြင်းသည် ပလ္လင်တော်ထက်မှာ စံတော်မူသော ငါရို့၏ ဘုရားသခင်နှင့် သိုးသူငယ်တော်ထံမှ ဆင်းသက်လာ၏” ဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။
REV 7:11 အားလုံးသော ကောင်းကင်တမန်ရို့သည် ပလ္လင်တော်ကိုလည်းကောင်း၊ အကြီးအကဲများနှင့် သက်ဟိသတ္တဝါ လေးပါးရို့ကိုလည်းကောင်း ဝိုင်းရံလျက် ရပ်နိန်ကြ၏။ ထို့နောက် သူရို့သည် ပလ္လင်တော်ရှိ့၌ ပျပ်ဝပ်ကာ ဘုရားသခင်အား ကိုးကွယ်ကြပြီး၊
REV 7:12 သူရို့က၊ “အာမင်၊ ငါရို့၏ ဘုရားသခင်သည် ချီးမွမ်းခြင်း၊ ဘုန်းကြီးခြင်း၊ ဉာဏ်ပညာဟိခြင်း၊ ဂုဏ်ကြီးခြင်းနှင့် ကျေးဇူးတရားပွားများခြင်း၊ တန်ခိုးကြီးခြင်း၊ ခွန်အားကြီးခြင်းနှင့် ကမ္ဘာအဆက်ဆက် ပြည့်စုံတော်မူပါစီသတည်း။ အာမင်။” ဟု မြွက်ဆိုကြ၏။
REV 7:13 အသက်ကြီး​သူရို့ထဲမှ တစ်ပါးက “ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ထားသူရို့သည် မည်သူရို့နည်း။ ထိုသူရို့သည် ဇာအရပ်က လာကြသနည်း” ဟု ငါ့အား မိန်း၏။
REV 7:14 ငါက “အကျွန် မသိပါ ဆရာ။ သင်သာ သိပါ၏” ဟု ပြန်၍ ဖြေ၏။ ထိုသူက “သူရို့သည် ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသောသူများဖြစ်၏။ သူရို့သည် မိမိရို့ ဝတ်လုံများကို သိုးသူငယ်တော်၏ သွီးဖြင့် ဖြူစင်အောင် ဖွပ်ခပြီးယာ။
REV 7:15 ထို့ကြောင့် “သူရို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှိ့သို့ ရောက်ဟိ၍ ကိုယ်တော်၏ ဗိမာန်တော်တွင် နိ့ညမပြတ် ဝတ်ပြုနိန်ကြခြင်း ဖြစ်၏။ ပလ္လင်တော်ထက်၌ စံနိန်တော်မူသော အသျှင်သည်လည်း သူရို့နှင့်အတူ ဟိတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။
REV 7:16 သူရို့သည် နောက်တဖန် အစာရီစာ မငတ်မွတ်ရ။ နီရောင်ခြည်သည် လည်းကောင်း၊ ပြင်းထန်သော အပူဟိန်သည် လည်းကောင်း သူရို့အထက်သို့ မကျရောက်ရ။
REV 7:17 အကြောင်းမူကား ပလ္လင်တော်အလယ်တွင် ဟိတော်မူသော သိုးသူငယ်တော်သည် သူရို့၏ သိုးထိန်းဖြစ်ကာ အသက်စမ်းရီ ဟိရာအရပ်သို့ ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည်လည်း သူရို့၏ မျက်ရည်ဟိသမျှကို သုတ်ပီးတော်မူလိမ့်မည်” ဟု ဆို၏။
REV 8:1 သိုးသူငယ်တော်သည် သတ္တမတံဆိပ်ကို ဖွင့်လိုက်သောအခါ ကောင်းကင်ဘုံတွင် နာရီဝက်ခန့် တိန်းဆိတ်လားလေ၏။
REV 8:2 ထို့နောက် ဘုရားသခင်၏ ရှိ့တော်တွင် ရပ်လျက်နိန်သည့် ကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်ရ၏။ သူရို့အား တံပိုးခရာ ခုနစ်လုံးကို ပီးအပ်ထားလေ၏။
REV 8:3 ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ပလ္လင်တော်အနားသို့ လာ၍ ရပ်၏။ သူသည် နံ့သာပေါင်းကို ထည့်၍ပူဇော်သည့် ရွှီခွက်ကို ကိုင်ထား၏။ ပလ္လင်တော်ရှိ့၌ ဟိသော ရွှီယဇ်ပလ္လင်ထက်မှာ ဘုရားသခင်လူအပေါင်းရို့၏ ဆုတောင်းပတ္ထနာများနှင့်အတူ ပူဇော်ရန် များစွာသော နံ့သာပေါင်းကို သူ့အား ပီးအပ်ထား၏။
REV 8:4 ဘုရားသခင်၏ ရှိ့တော်တွင် ရပ်နိန်သော ကောင်းကင်တမန်၏လက်၌ ဟိသော နံ့သာပေါင်းမှ ထွက်လာသောမီးခိုးသည် ဘုရားသခင်လူရို့၏ ဆုတောင်းပတ္ထနာများနှင့်အတူ အထက်သို့ တက်လေ၏။
REV 8:5 ထို့နောက် ကောင်းကင်တမန်သည် နံ့သာပေါင်းကို ထည့်ပူဇော်သည့် ရွှီခွက်ကို ယူပြီးလျှင် ယဇ်ပလ္လင်မှ မီးကိုထည့်၍ မြီကြီးထက်သို့ ပစ်ချလိုက်၏။ ထိုအခါ မိုးခြိမ်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက်ခြင်း၊ မြီငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လာလေ၏။
REV 8:6 ထို့နောက် တံပိုးခရာခုနစ်လုံးကို ကိုင်ထားသော ကောင်းကင်တမန်ခုနစ်ပါးရို့သည် တံပိုးခရာမှုတ်ရန် အသင့်ပျင်ဆင်ကြ၏။
REV 8:7 ပထမကောင်းကင်တမန်သည် မိမိကိုင်ထားသောတံပိုးခရာကို မှုတ်လိုက်သောအခါ သွီးနှင့်ရောနိန်သော မီးနှင့် မိုးသီးများသည် မြီကြီးထက်သို့ ကျလာ၏။ မြီကြီး၏ သုံးပုံတစ်ပုံ၊ သစ်ပင် သုံးပုံတစ်ပုံ စိမ်းစိုသောမြက် ဟိသမျှရို့သည် လောင်ကျွမ်းလေ၏။
REV 8:8 ဒုတိယကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ မီးတောက်နိန်သော တောင်ကြီးတစ်တောင် ကဲ့သို့သော အရာတစ်ခုကို ပင်လယ်ထဲသို့ ပစ်ချလိုက်လေ၏။ ထိုအခါ ပင်လယ်ရီ သုံးပုံတစ်ပုံသည် သွီးအဖြစ်သို့ ပြောင်းလားလေ၏။
REV 8:9 ပင်လယ်သတ္တဝါ သုံးပုံတစ်ပုံရို့သည် သီဆုံးလားကြ၏။ သုံးပုံတစ်ပုံမျှသော သင်္ဘောတိလည်း ပျက်စီးလားကြ၏။
REV 8:10 တတိယကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ မီးရှူးတိုင်ကဲ့သို့ တောက်လောင်နိန်သော ကြယ်ကြီးတစ်လုံးသည် အာကာပြင်မှ ကြွီဆင်းလာကာ မြစ်သုံးပုံတစ်ပုံနှင့် စမ်းပေါက်များ၌ ကျလေ၏။
REV 8:11 ယင်းကြယ်ကို “ခါးသီးခြင်း” ဟု ခေါ်၏။ သုံးပုံတစ်ပုံသော ရီသည် ရီခါးအဖြစ်သို့ ပြောင်းလားကြ၏။ များစွာသော လူရို့သည် ထိုရီခါးကို သောက်သဖြင့် သီဆုံးကြကုန်၏။
REV 8:12 စတုတ္ထကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ နီ၏ သုံးပုံတစ်ပုံ၊ လ၏ သုံးပုံတစ်ပုံ၊ ကြယ်တာယာများ၏ သုံးပုံတစ်ပုံသည် ကြတ်၍ ၎င်းရို့၏ အလင်းသည် သုံးပုံတစ်ပုံ မိုက်လားလေ၏။ နိ့၏ သုံးပုံတစ်ပုံ၊ ည၏ သုံးပုံတစ်ပုံသည်လည်း အလင်း မရကြ။
REV 8:13 ထို့နောက် ငါ ကြည့်လိုက်သောအခါ ကောင်းကင်အလယ်၌ ပျံဝဲလျက်နိန်သော လင်းယုန်ငှက်တစ်ကောင်ကို မြင်ရ၏။ ထိုငှက်က “အခြားသော ကောင်းကင်တမန်သုံးပါး မှုတ်ကြမည့် တံပိုးခရာအသံကြောင့် မြီကြီးထက်၌ ဟိသော သတ္တဝါရို့သည် အမင်္ဂလာ ဟိကြလိမ့်မည်၊ အမင်္ဂလာ ဟိကြ လိမ့်မည်၊ အမင်္ဂလာ ဟိကြလိမ့်မည်” ဟု အသံကျယ်လောင်စွာ ပြောဆိုနိန်သည်ကို ငါကြားရ၏။
REV 9:1 ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိကိုင်ထားသော တံပိုးခရာကို မှုတ်လိုက်သောအခါ ကောင်းကင်မှ မြီကြီးထက်သို့ ကြယ်တစ်လုံးကြွီကျလာသည်ကို ငါမြင်ရ၏။ ထိုပဉ္စမကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့ကို ထိုကြယ်အား ပီးအပ်လေ၏။
REV 9:2 သူသည် ထိုတွင်းကို ဖွင့်လိုက်သောအခါ မီးခိုးသည် မီးဖိုကြီးတစ်ခုမှ ထွက်သည့် ထွက်လာလေ၏။ ထိုမီးခိုးကြောင့် နီ၏အလင်းနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လားလေ၏။
REV 9:3 ထိုမီးခိုးထဲမှ ကျိုင်းကောင်တိထွက်လာပြီးလျှင် မြီကြီးထက်သို့ ကျကြကုန်၏။ သူရို့သည် ကင်းမီးကောက်တိကဲ့သို့ အစွမ်းဟိကြ၏။
REV 9:4 သူရို့အား မြက်ပင်၊ သစ်ပင်များနှင့် အခြားသော ဇာအပင်ကိုမဆို ဘေးဥပါဒ်မပြုရန် မှာထားတော်မူ၏။ သို့ရာတွင် နဖူးတွင် ဘုရားသခင်၏ တံဆိပ်တော် မပါသည့် လူရို့ကိုသာလျှင် ဘေးဥပါဒ်ပြုရန် မှာထား၏။
REV 9:5 ထိုသူရို့ကို အသီသတ်ရန် ထိုကျိုင်းကောင်ရို့အား ခွင့်မပြုထား။ သို့ပင်သျှောင်လည်း ငါးလမျှသာ ညှဉ်းဆဲပိုင်ခွင့် ဟိ၏။ ကျိုင်းကောင်အကိုက် ခံရသူရို့သည် ကင်းမီးကောက် အထိုးခံရသကဲ့သို့ နာကျင်စွာ ဝေဒနာခံရကြ၏။
REV 9:6 ထိုငါးလအတွင်း လူရို့သည် သီခြင်းတရားကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွိ့ရကြ။ ထိုသူရို့သည် သီဖို့ရန် တောင့်တကြသော်လည်း သီမင်းသည် သူရို့ပါးမှ တိမ်းယှောင်နိန် လိမ့်မည်။
REV 9:7 ထိုကျိုင်းကောင်များသည် စစ်ပွဲဝင်ရန် အသင့်ပျင်နိန်သော မြင်းတိနှင့်တူ ကြ၏။ သူရို့၏ ဦးဂေါင်းထက်မှာ ရွှီသရဖူဆောင်းထားသည်နှင့် တူ၏။ သူရို့၏ မျက်နှာသည်လည်း လူ့မျက်နှာနှင့် တူ၏။
REV 9:8 သူရို့၏အမွီးသည် မိန်းမရို့၏ ဆံပင်နှင့်တူ၏။ သူရို့၏သွားသည် ခြင်္သေ့သွားနှင့် တူ၏။
REV 9:9 သူရို့၏ ရင်၌ သံရင်အုပ်တန်ဆာ ကဲ့သို့သော ရင်အုပ်တန်ဆာ တပ်ဆင်ထားသည်နှင့် တူ၏။ သူရို့၏ အတောင်ခပ်သံသည် စစ်ပွဲဝင်ရန် မောင်းနှင်လာသော မြင်းများနှင့်လည်းကောင်း၊ မြင်းရထားများ၏ အသံနှင့်လည်းကောင်း တူ၏။
REV 9:10 သူရို့၏ မတုံးသည် ကင်းမီးကောက်၏ မတုံးနှင့် တူ၍ ဆူးဟိ၏။ သူရို့မတုံး၌ လူရို့အား ငါးလတိုင်တိုင် ဘေးဥပါဒ်ရောက်စီနိုင်သော အစွမ်းဟိ၏။
REV 9:11 သူရို့၏ ဘုရင်ကား တွင်းနက်ကြီးကို အုပ်စိုးသော ကောင်းကင်တမန်ဖြစ်၏။ သူ၏နာမည်ကား ဟေဗြဲဘာသာ စကားအားဖြင့် အဗဒ္ဒုန်ဟူ၍ လည်းကောင်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍ လည်းကောင်းဖြစ်၏။ အပေါလျုန်၏ အနက်မှာ “ဖျက်ဆီးသူ” ဟူ၍ ဖြစ်သတည်း။
REV 9:12 အမင်္ဂလာတစ်ပါး ကုန်လွန်လားပြီးနောက် အခြားသော အမင်္ဂလာနှစ်ပါး လာဦးမည်။
REV 9:13 ထို့နောက် ဆဋ္ဌမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှိ့တော်၌ ဟိသော ရွှီယဇ်ပလ္လင်၏ ထောင့်လေးထောင့်မှ ထွက်လာသောအသံကို ငါသည် ကြားရ၏။
REV 9:14 ထိုအသံက “ဥဖရတ်မြစ်ကြီးအနားမှာ ချိုင်ထားသော ကောင်းကင်တမန်လေးပါးကို ဖြီရွှတ်လော့” ဟု ဆဋ္ဌမကောင်းကင်တမန်အား ဆို၏။
REV 9:15 ထိုကောင်းကင်တမန် လေးပါးရို့သည် လွတ်မြောက်ကြ၏။ သူရို့သည် ဤမည်သော အချိန်နာရီ၊ နိ့ရက်၊ လ၊ နှစ်အဖို့ လူသားမျိုးနွယ်၏ လူဦးရေသုံးပုံတစ်ပုံကို သုတ်သင်ပစ်ရန် အတွက် အသင့်ဟိနိန်သူများ ဖြစ်ကြ၏။
REV 9:16 မြင်းစီးသူရဲရို့၏ အရီအတွက်မှာ သန်းပေါင်း ၂၀၀ ဟိကြောင်းကို ငါသည် ကြားသိရ၏။
REV 9:17 ထို့အတူ ငါ၏ဗျာဒိတ်ရူပါရုံ၌ မြင်းစီးသူရဲရို့သည် ကန့်ကဲ့သို့သော အဝါရောင်၊ နက်ပြာရောင်၊ မီးလျှံကဲ့သို့သော အနီရောင်ဟိသော ရင်အုပ်တန်ဆာတိကို ဝတ်ဆင်ထားကြသည်ကို ငါ မြင်ရ၏။ မြင်းများ၏ ဦးဂေါင်းများသည် ခြင်္သေ့ဦးဂေါင်းများနှင့် တူ၏။ သူရို့၏ခံတွင်းမှ မီးလျှံ၊ မီးခိုး၊ ကန့်များ ထွက်လာ၏။
REV 9:18 ထိုသို့ သူရို့၏ခံတွင်းမှ ထွက်လာသည့် မီးလျှံ၊ မီးခိုး၊ ကန့်တည်းဟူသော ကပ်သုံးပါးကြောင့် လူသားမျိုးနွယ်၏ လူဦးရေ သုံးပုံတစ်ပုံသည် သီဆုံးကြကုန်၏။
REV 9:19 မြင်းများ၏ အစွမ်းသည် သူရို့၏ခံတွင်းနှင့် မတုံးများတွင် ဟိ၏။ သူရို့၏ မတုံးများသည် မြွီများ၏ ဦးဂေါင်းတိနှင့်တူ၏။ ထိုမတုံးများဖြင့် လူရို့အား အန္တရာယ်ပြုကြ၏။
REV 9:20 ဤဘေးဒဏ်ဖြင့် မသီဘဲ ကျန်ဟိနိန်သော သူရို့သည် မိမိရို့၏ ဆိုးညစ်သော အကျင့်များမှ နောင်တရရန်နှင့် ဘုရားသခင်ထံသို့ ပြန်လှည့်ရန် ငြင်းပယ်ကြ၏။ ထိုသူရို့သည် နတ်မိစ္ဆာများကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မယှားနိုင်သော ရွှီ၊ ငွီ၊ ကြေး၊ ကျောက်၊ သစ်သားစသည်ဖြင့် ပြုလုပ်ထားသော ရုပ်တုများကိုလည်းကောင်း ကိုးကွယ်လျက်ပင် ဟိနိန်ကြသိမ့်၏။
REV 9:21 သူရို့သည် လူ့အသက်ကို သတ်ခြင်း၊ ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များကို ပြုကြသော်လည်း နောင်တမရကြပေ။
REV 10:1 ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။ သူသည် မိုးတိမ်ကို ဝတ်ဆင်၍ သူ၏ဦးဂေါင်းပတ်လည်တွင် သက်တန့်တစ်ခု ဟိ၏။ သူ၏မျက်နှာသည် နီနှင့်တူ၏။ သူ၏ခြီထောက်သည် မီးတိုင်များ နှင့်တူ၏။
REV 10:2 သူသည် ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်ထား၏။ ထိုသူ၏ ညာဖက်ခြီသည် ပင်လယ်ထက်၌လည်းကောင်း၊ ဘယ်ဖက်ခြီသည် ကုန်းမြီထက်၌လည်းကောင်း ရပ်လျက်လည်းကောင်း၊
REV 10:3 ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်သောအသံဖြင့် ကြွေးကြော်၏။ ယင်းသို့ ကြွေးကြော်လိုက်သောအခါ မိုးကြိုးခြိမ်းသံခုနစ်ချက် မြည်လေ၏။
REV 10:4 ထိုသို့ မိုးကြိုးခြိမ်းသံခုနစ်ချက် မိန့်မြွက်သည်နှင့်ချက်ချင်း ငါသည် ထိုအရာများကို ရီးမှတ်မည်ပြုစဉ်၊ “ရီးမှတ်မထားကေ့။ မိုးကြိုးခြိမ်းသံ ခုနစ်ချက်က မိန့်မြွက်သည့် စကားကို တံဆိပ်ခပ်ထားလော့” ဟု ကောင်းကင်မှ ထွက်သောအသံကို ငါကြားရ၏။
REV 10:5 ထို့နောက် ပင်လယ်နှင့် ကုန်းမြီထက်တွင် ရပ်နိန်သော ကောင်းကင်တမန်သည် မိမိ၏ညာဖက်လက်ကို ကောင်းကင်သို့ မြှောက်၍၊
REV 10:6 ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူ၍ ကောင်းကင်၊ မြီကြီး၊ ပင်လယ်မှ စ၍ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ နာမတော်ကို တိုင်တည်လျက် “ထပ်၍ ကြန့်ကြာမှု ဟိလိမ့်မည် မဟုတ်။
REV 10:7 သို့ရာတွင် ဘုရားသခင်သည် မိမိ၏အစီခံ ပရောဖက်ရို့အား ဗျာဒိတ်ပီးတော်မူခသည်နှင့်အညီ၊ သတ္တမကောင်းကင်တမန်သည် မိမိ၏ တံပိုးခရာကို မှုတ်သောအခါ ကိုယ်တော်သည် မိမိ၏နက်နဲသော အကြံအစည်တော်များကို ပြီးမြောက်စီတော်မူမည်” ဟု ဆိုလေသည်။
REV 10:8 တဖန် ကောင်းကင်မှ ငါ ကြားရသောအသံကား “လားလော့။ ပင်လယ်နှင့် ကုန်းမြီထက်တွင် ရပ်နိန်သော ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားသောစာလိပ်ကို ယူလော့” ဟု ငါ့အား ဆို၏။
REV 10:9 သို့ဖြစ်၍ ငါသည် ထိုကောင်းကင်တမန်ပါးသို့ လားပြီးလျှင် စာလိပ်ငယ်ကို ပီးရန် တောင်း၏။ ထိုကောင်းကင်တမန်ကလည်း “ဤစာလိပ်ငယ်ကို ယူ၍ စားလော့။ သင်၏ဝမ်း၌ ခါးလိမ့်မည်။ သို့ရာတွင် သင်၏ခံတွင်း၌မူကား ပျားရည်ကဲ့သို့ ချိုလိမ့်မည်” ဟု ဆို၏။
REV 10:10 ငါသည် ထိုကောင်းကင်တမန်၏လက်မှ စာလိပ်ငယ်ကို ယူ၍ စား၏။ ထိုစာလိပ်သည် ငါ၏ခံတွင်း၌ ပျားရည်ကဲ့သို့ ချို၏။ သို့ရာတွင် စားပြီးသောအခါ ဝမ်းထဲ၌ ခါးလေ၏။
REV 10:11 ထို့နောက် ကောင်းကင်တမန်က “သင်သည် များစွာသော လူ၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ သျှင်ဘုရင်ရို့နှင့် ပတ်သက်၍ ဘုရားသခင်၏ ဗျာဒိတ်တော်ကို နောက်တဖန် ဟောပြောရမည်” ဟု ငါ့အား ဆို၏။
REV 11:1 ထို့နောက် ကောင်းကင်တမန်သည် ငါ့အား တိုင်းတာရန် ကျူရိုးတစ်ချောင်းကို ပီးပြီးလျှင် “လား၍ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ထိုအရပ်တွင် ဝတ်ပြုကိုးကွယ်နိန်သော သူရို့ကိုလည်း ရွီတွက်လော့။
REV 11:2 သို့ရာတွင် ဗိမာန်တော်ဝင်းကို မတိုင်းကေ့၊ အကြောင်းမူကား ထိုအရာကို အခြားလူမျိုးရို့အား ပီးထားသောကြောင့်ဖြစ်၏။ သူရို့သည် သန့်ယှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် ခြီဖြင့် နင်းကြလိမ့်မည်။
REV 11:3 ငါ၏ သက်သီခံနှစ်ပါးအား လျှော်တေအဝတ်ကို ဝတ်၍ ငါစီရွှတ်မည်။ သူရို့သည် ရက်ပေါင်း ၁,၂၆၀ တိုင်တိုင် ပရောဖက်ပြု၍ ဟောပြောကြလိမ့်မည်” ဟု ဆို၏။
REV 11:4 ထိုသက်သီခံနှစ်ပါးကား မြီကြီးကို အစိုးပိုင်တော်မူသော အသျှင်၏ ရှိ့တော်၌ ဟိသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံးဖြစ်၏။
REV 11:5 တစ်စုံတစ်ယောက်သောသူက ထိုသက်သီခံနှစ်ပါးအား အန္တရာယ်ပြုလျှင် သူရို့၏ခံတွင်းမှ မီးလျှံများထွက်၍ ထိုရန်ပြုသောသူကို ကျွမ်းလောင်စီလေ၏။ သူရို့အား အန္တရာယ်ပြုရန် ကြိုးစားသူ မှန်သမျှသည် ဤနည်းအတိုင်း သီကြရလိမ့်မည်။
REV 11:6 ထိုသူရို့သည် ဗျာဒိတ်တော်ကို ဟောပြောသည့် အချိန်ကာလအတွင်း မိုးမရွာစီရန် မိုးကောင်းကင်ကို ပိတ်နိုင်သော တန်ခိုးဟိကြ၏။ ရီကို သွီးအဖြစ်သို့ ပြောင်းလဲစီနိုင်သော တန်ခိုးလည်း ဟိကြ၏။ သူရို့သည် မိမိရို့ အလိုဟိသည့်အခါတိုင်း ကမ္ဘာမြီကြီးကို ဘေးဒဏ်အမျိုးမျိုး သင့်စီနိုင်ကြ၏။
REV 11:7 သူရို့၏ သက်သီခံဟောပြောသည့်အလုပ် ပြီးစီးသောအခါ၌ တွင်းနက်ကြီးထဲမှ သားရဲသည် တက်လာ၍ သူရို့အား တိုက်ခိုက်လိမ့်မည်။ ထို့နောက် သူသည် ထိုသူရို့ကို အောင်နိုင်၍ အသီသတ်လိမ့်မည်။
REV 11:8 သူရို့၏ အလောင်းများသည် မြို့ကြီးများ၏ လမ်းမထက်၌ ဟိကြလိမ့်မည်။ ထိုမြို့ကား သူရို့၏သခင်ဘုရားသည် လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံရာ မြို့ဖြစ်၏။ ယင်းမြို့သည် သောဒုံမြို့ကို ဖြစ်စီ၊ အဲဂုတ္တုပြည်ကို ဖြစ်စီ ပုံဆောင်သောမြို့ဖြစ်သတည်း။
REV 11:9 တိုင်းနိုင်ငံအသီးသီး၌ ဟိသောဘာသာစကား အမျိုးမျိုးပြောကြသော လူမျိုးအနွယ် အပေါင်းရို့သည် သူရို့၏ အလောင်းများကို သင်္ဂြိုဟ်ရန် ခွင့်မပြုဘဲ သုံးရက်ခွဲတိုင်အောင် ကြည့်နိန်ကြလိမ့်မည်။
REV 11:10 မြီကြီးသားရို့သည် ပရောဖက်နှစ်ပါး သီဆုံးလားသည့်အတွက် ပွဲခံလျက် အချင်းချင်းလက်ဆောင်များကို ပီးကာ အောင်ပွဲခံကြလိမ့်မည်။ ဇာကြောင့်ဆိုသော် ထိုပရောဖက်နှစ်ပါးသည် မြီကြီးသားရို့အား ဒုက္ခများစွာကို ရောက်စီခကြသောကြောင့်ဖြစ်၏။
REV 11:11 သို့ရာတွင် သုံးရက်ခွဲကြာပြီနောက် ဘုရားသခင်သည် အသက်ဝိညာဉ်ကို ထိုသူရို့အထဲသို့ တဖန်မှုတ်သွင်းသဖြင့် သူရို့သည် ထ၍ မတ်တတ်ရပ်ကြ၏။ ဤအမှုအရာကို တွိ့မြင်သူ မြီကြီးသားရို့သည်လည်း ကြောက်ရွံ့ကြ၏။
REV 11:12 ထို့နောက် ပရောဖက်နှစ်ပါးရို့သည် “ဤအရပ်သို့ တက်လော့” ဟု မိမိရို့အား ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံကို ကြားရကြ၏။ ထိုသူရို့သည် သူရို့၏ရန်သူတိ စောင့်ကြည့်နိန်စဉ် မိုးတိမ်တိုက်ကို စီး၍ ကောင်းကင်သို့ တက်လားကြ၏။
REV 11:13 ထိုခဏ၌ ငလျင်ပြင်းထန်စွာ လှုပ်သဖြင့် မြို့၏ ဆယ်ပုံတစ်ပုံ ပျက်စီး၍ လူပေါင်း ၇,၀၀၀ သီဆုံးကြကုန်၏။ ကြွင်းကျန်သော သူရို့သည် ထိတ်လန့်လျက် ကောင်းကင်ဘုံသျှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးကျူးကြကုန်၏။
REV 11:14 ဒုတိယအမင်္ဂလာကား ကုန်လွန်လားသော်လည်း တတိယအမင်္ဂလာသည် မကြာခင် လာလိမ့်မည်။
REV 11:15 ထို့နောက် သတ္တမကောင်းကင်တမန်သည် မိမိ၏တံပိုးခရာကို မှုတ်လိုက်သောအခါ “အဂုတွင် လောကကို အုပ်စိုးမည့် အာဏာသည် ငါရို့၏ သခင်ဘုရားနှင့် ကိုယ်တော်၏ မေသျှိယလက်ထဲသို့ ရောက်လာယာ။ ထိုသူသည် ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာပြောသော အသံများကို ကြားရ၏။
REV 11:16 ထိုအခါ ဘုရားသခင်၏ ရှိ့တော်၌ဟိသော ပလ္လင်ထက်တွင် ထိုင်လျက်နိန်ကြသော အကြီးအကဲ ၂၄ ပါးရို့သည် ဘုရားသခင်အား ပျပ်ဝပ်ကိုးကွယ်လျက်၊
REV 11:17 “အတိတ်၊ ပစ္စုပ္ပန်ကာလရို့၌ ဟိတော်မူသော အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော အသျှင်ဘုရားသခင်၊ ကိုယ်တော်သည် မိမိ၏ မဟာတန်ခိုးတော်ကို ယူဆောင်တော်မူလျက် လောကကို စတင်အုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
REV 11:18 ကိုယ်တော်၏ အမျက်တော်သက်ရောက်ရာ ကာလသည် လည်းကောင်း၊ သီလွန်သောသူရို့ကို တရားစီရင်တော်မူရာ ကာလသည် လည်းကောင်း အဂုအခါ ကျရောက်လာသည်ဖြစ်၍ မယုံကြည်သောသူအပေါင်းရို့သည် အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏ အစီခံများဖြစ်ကြသော ပရောဖက်ရို့၊ ဘုရားသခင်၏လူရို့၊ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီသောသူရို့ အကြီးအငယ်ရို့ကို ဆုလာဘ်ပီးရန် အချိန်ရောက်လာပြီဖြစ်၏။ ကမ္ဘာမြီကြီးကို ဖျက်ဆီးသောသူရို့အား ဖျက်ဆီးခြင်းငှာ အချိန်ကာလသည်လည်း ရောက်ဟိလာယာ” ဟု လျှောက်ထားကြ၏။
REV 11:19 ထိုအခါ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်တံခါးသည် ပွင့်လာသဖြင့် ဗိမာန်တော်ထဲ၌ ပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထို့နောက် လျှပ်စစ်များ ပြက်ခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးစွာသောမိုးသီးမုန်တိုင်း ကျရောက်ခြင်းများ ဖြစ်လေ၏။
REV 12:1 ထို့နောက် ကောင်းကင်တွင် အတိတ်နိမိတ်ကြီးတစ်ရပ် ပေါ်လာသည်ကို ငါမြင်ရ၏။ မိန်းမတစ်ယောက်သည် နီကို ဝတ်ကာ၊ လကို ခြီဖြင့်နင်းလျက် ကြယ်တစ်ဆယ့်နှစ်လုံးပါသည့် သရဖူကို ဆောင်းထား၏။
REV 12:2 သူမသည် မကြာမီ မွီးဖွားမည်ဖြစ်၍ မွီးဖွားခြင်း ဝေဒနာကိုခံကာ အော်နိန်၏။
REV 12:3 အာကာပြင်တွင် အခြားသော အတိတ်နိမိတ်တစ်ခု ပေါ်လာ၏။ ဦးဂေါင်း ခုနစ်လုံး၊ ဦးဂြို ဆယ်ချောင်းဟိသော နဂါးနီကြီးတစ်ကောင်သည် မိမိ၏ဦးဂေါင်းများတွင် သရဖူ ခုနစ်လုံးကို ဆောင်းထား၏။
REV 12:4 သူသည် အာကာပြင်၏ ကြယ်တာယာသုံးပုံ တစ်ပုံကို မိမိ၏မတုံးဖြင့် ဆွဲငင်၍ မြီကြီးထက်သို့ ပစ်ချလိုက်၏။ နဂါးကြီးသည် မွီးဖွားအံ့ဆဲဆဲဖြစ်သော မိန်းမ၏ရှိ့တွင် ရပ်လျက် မွီးဖွားသည်နှင့် တစ်ပြိုင်နက် သူမ၏သားငယ်ကို စားရန် စောင့်နိန်၏။
REV 12:5 ထို့နောက် ထိုမိန်းမသည် လူမျိုးတကာရို့ကို သံလှံတံဖြင့် အုပ်စိုးမည့် သားယောက်ျားကို ဖွားမြင်လေ၏။ သို့သော် ထိုသားငယ်သည် ဘုရားသခင်ထံပါးသို့လည်းကောင်း၊ ကိုယ်တော်၏ ပလ္လင်တော်သို့လည်းကောင်း ချီဆောင်ခြင်းကို ခံရ၏။
REV 12:6 မိန်းမသည် တောကန္တာရ၌ ဘုရားသခင် ပျင်ဆင်ထားတော်မူသော အရပ်သို့ ထွက်ဗြီးလေ၏။ ထိုအရပ်တွင် သူမသည် ရက်ပေါင်း ၁,၂၆၀ အထိ ပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။
REV 12:7 ထို့နောက် ကောင်းကင်၌ စစ်ဖြစ်လေသည်။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်ရို့သည် နဂါးကို တိုက်ခိုက်ကြ၏။ နဂါးနှင့် သူ၏ ကောင်းကင်တမန်ရို့သည် ပြန်လှန်တိုက်ခိုက် ကြ၏။
REV 12:8 သို့သော် နဂါးသည် စစ်ယှုံးလေ၏။ သူနှင့် သူ၏ကောင်းကင်တမန်ရို့သည် ကောင်းကင်၌ နိန်ရန် အခွင့်မရကြပေ။
REV 12:9 မြီကြီးသားရို့အား လှည့်ဖြားသော နတ်မိစ္ဆာဟူ၍ လည်းကောင်း၊ စာတန်မာရ်နတ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရသူ ရှိ့ဟောင်း မြွီနဂါးကြီးသည် မိမိ၏ ကောင်းကင်တမန်တိနှင့်အတူ မြီကြီးထက်သို့ ပစ်ချခြင်းကို ခံရလေ၏။
REV 12:10 ထို့နောက် ငါသည် ကောင်းကင်မှ ကျယ်လောင်သောအသံကို ကြားရသည်ကား၊ “အဂုအခါ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် တန်ခိုးတော်သည် သက်ရောက်လာလေယာ။ မေသျှိယသည်လည်း မိမိ၏အခွင့်အာဏာကို ပြတော်မူယာ။ ဇာကြောင့်ဆိုသော် ယုံကြည်သောသူရို့အား နိ့ညမပြတ် ငါရို့၏ဘုရားသခင် ရှိ့တော်၌ ပြစ်တင်စွပ်စွဲလျက် နိန်သောသူကို ကောင်းကင်ဘုံမှ နှင်ချလိုက်ပြီဖြစ်သောကြောင့်တည်း။
REV 12:11 ထိုသူရို့သည် သိုးသူငယ်တော်၏ အသွီးအားဖြင့် လည်းကောင်း၊ မိမိရို့ဟောပြောကြေညာသည့် နှုတ်ကပတ်တရားတော်အားဖြင့် လည်းကောင်း စာတန်မာရ်နတ်ကို အောင်မြင်ခကြ၏။ သူရို့သည် အသီခံသည့်တိုင်အောင် မိမိရို့အသက်ကို မနှမြိုးကြပေ။
REV 12:12 သို့ဖြစ်၍ အချင်း ကောင်းကင်နှင့် ကောင်းကင်သားရို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သို့ရာတွင် ကုန်းမြီနှင့် ပင်လယ်ရို့အတွက် အမင်္ဂလာဖြစ်ပါသည် တကား။ အကြောင်းမူကား မာရ်နတ်သည် မိမိ၏နိ့ရက်ကာလသည် အနည်းချေသာ ကျန်ဟိသည်ကို သိသဖြင့် ပြင်းစွာအမျက်ထွက်လျက် သင်ရို့ပါးသို့ ရောက်လာပြီ ဖြစ်သောကြောင့်တည်း” ဟူ၍ ဖြစ်၏။
REV 12:13 ထိုနဂါးက မိမိသည် မြီကြီးသို့ ပစ်ချခြင်းခံရသည်ကို သိသောအခါ သားယောက်ျားကို ဖွားမြင်သော မိန်းမအား လိုက်၍ဖမ်းလေ၏။
REV 12:14 ထိုမိန်းမသည် တောကန္တာရဟိသော မိမိအရပ်သို့ ပျံလားနိုင်ရန် လင်းယုန်ကြီးတစ်ကောင်၏ အတောင် နှစ်ခုကို ရဟိထား၏။ သူမသည် ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ ဘေးအန္တရာယ်မှ လွတ်ကင်းလျက် ပြုစုစောင့်ရှောက်ခြင်းကို ခံရလိမ့်မည်ဖြစ်၏။
REV 12:15 ထို့နောက် နဂါးသည် မိန်းမအား ရီအဟုန်ဖြင့် မျောပါစီရန် မိမိ၏ ခံတွင်းမှ ရီကို မြစ်ရီစီးသကဲ့သို့ မှုတ်ထုတ်လိုက်၏။
REV 12:16 သို့သော် မြီကြီးသည် မိမိ၏ခံတွင်းကို ဖွင့်၍ နဂါး မှုတ်ထုတ်လိုက်သော မြစ်ရီကို မျိုချကာ မိန်းမအား ကူညီလေ၏။
REV 12:17 ထိုအခါ နဂါးသည် ထိုမိန်းမကို ဒေါသထွက်သဖြင့် သူမ၏ ကျန်ကြွင်းသော သားမြီးများတည်းဟူသော ဘုရားသခင်၏ ပညတ်တော်များကို နာခံလိုက်လျှောက်ပြီး ယေသျှု ဖော်ပြတော်မူသော သမ္မာတရားတော်ကို စွဲလမ်းသောသူရို့အား တိုက်ခိုက်ရန် ထွက်ခွာလားလေ၏။
REV 12:18 နဂါးသည် ပင်လယ်ကမ်းခြီတွင် ရပ်နိန်၏။
REV 13:1 ထို့နောက် ပင်လယ်ထဲမှ ဦးဂြိုဆယ်ချောင်းနှင့် ဦးဂေါင်းခုနစ်လုံးဟိသော သားရဲတစ်ကောင် တက်လာသည်ကို ငါမြင်ရ၏။ သူ၏ ဦးဂြိုတစ်ချောင်းစီ၌ သရဖူဆောင်းထား၏။ သူ၏ ဦးဂေါင်းတစ်လုံးစီ၌လည်း ဘုရားသခင်၏ဘုန်းတော်ကို ယှုတ်ချသည့်အမည် ပါဟိ၏။
REV 13:2 ငါမြင်ရသည့် သားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြီသည် ဝက်ဝံခြီနှင့်တူ၍ သူ၏နှုတ်သည် ခြင်္သေ့၏နှုတ်နှင့် တူ၏။ နဂါးသည် မိမိ၏ တန်ခိုးနှင့် မိမိ၏ ပလ္လင်ကိုလည်းကောင်း၊ ကြီးမားသောအာဏာစက်ကိုလည်းကောင်း ထိုသားရဲအား ပီးအပ်လေ၏။
REV 13:3 သူ၏ဦးဂေါင်းတစ်လုံးမှာ သီလောက်သည့် ဒဏ်ရာရထားသကဲ့သို့ ဟိသော်လည်း ထိုဒဏ်ရာသည် ပျောက်ကင်းလျက် ဟိ၏။ မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား အံ့သြလျက် သူ၏နောက်သို့ လိုက်ကြကုန်၏။
REV 13:4 နဂါးသည် မိမိ၏အာဏာကို သားရဲအား အပ်နှင်းပီးသူဖြစ်သဖြင့် လူရို့သည် နဂါးကို ကိုးကွယ်ကြ၏။ လူရို့က “ဤသားရဲနှင့် ဇာသူတူပါသနည်း။ သူ့အား ဇာသူ ဆိုင်ပြိုင်တိုက်ခိုက်နိုင်ပါသနည်း” ဟု ဆိုလျက် သားရဲကိုလည်း ကိုးကွယ်ကြ၏။
REV 13:5 ထိုသားရဲသည် ကြွားဝါ၍ ဘုရားသခင်အား ပြစ်မှားပြောဆိုခွင့်ကိုလည်းကောင်း၊ လေးဆယ့် နှစ်လပတ်လုံး အုပ်စိုးပိုင်သောအခွင့်ကိုလည်းကောင်း ရဟိထား၏။
REV 13:6 သူသည် ဘုရားသခင်နှင့် ကိုယ်တော်၏ နာမတော်ကိုလည်းကောင်း၊ ကိုယ်တော် ကိန်းဝပ်တော်မူရာကိုလည်းကောင်း၊ ကောင်းကင်ဘုံ၌ စံစားသောသူရို့ကိုလည်းကောင်း ပြစ်မှားပြောဆိုရန် မိမိ၏နှုတ်ကို ဖွင့်လေ၏။
REV 13:7 သူသည် ဘုရားသခင်၏လူရို့အား တိုက်ခိုက်၍ အနိုင်ရသောအခွင့်နှင့် တိုင်းနိုင်ငံအသီးသီး၌ဟိသော ဘာသာစကားအမျိုးမျိုးကို ပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းအား အုပ်စိုးပိုင်သောအခွင့်ကိုလည်း ရဟိထား၏။
REV 13:8 အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။
REV 13:9 “ကြားစရာနား ဟိသောသူရို့သည်ကား ကြားကတ်ပါစီ။
REV 13:10 အဖမ်းခံရမည့်သူသည် အဖမ်းခံရမည်ဖြစ်၏။ ဒါးဘေးနှင့် သီရမည့်သူသည်လည်း ဒါးဘေးနှင့် သီရမည် ဖြစ်၏။ ဤအကြောင်းကား ဘုရားသခင်၏လူရို့သည် သည်းခံခြင်း၊ ယုံကြည်ခြင်း ဟိစီရန်ပင်ဖြစ်၏။”
REV 13:11 ထို့နောက် အခြားသားရဲတစ်ကောင်ကို ငါ မြင်ရ၏။ သူသည် မြီကြီးထဲမှ ထွက်လာ၏။ သူ၌ သိုးဂြိုနှင့်တူသော ဦးဂြိုနှစ်ချောင်းဟိ၏။ သူသည် နဂါးကဲ့သို့ စကားပြော၏။
REV 13:12 သူသည် ပထမသားရဲ၏ အာဏာဟိသမျှကို ထိုသားရဲ၏ ရှိ့၌ သုံးစွဲ၏။ သူသည် သီလောက်သည့်ဒဏ်ရာမှ ပျောက်ကင်းသည့် ပထမသားရဲကို မြီကြီးသားရို့အား ကိုးကွယ်စီ၏။
REV 13:13 ဒုတိယသားရဲသည် အံ့သြဖွယ်သော နိမိတ်လက္ခဏာများကို ပြ၏။ လူအပေါင်းရို့၏ မျက်မှောက်၌ ကောင်းကင်မှ မြီကြီးထက်သို့ မီးများကျလာစီ၏။
REV 13:14 သူသည် ပထမသားရဲ၏ ရှိ့၌ ပြပိုင်ခွင့်ဟိသည့် နိမိတ်လက္ခဏာများကို ပြ၍ မြီကြီးသားရို့အား လှည့်ဖြားလေ၏။ ဒါးဒဏ်ရာကို ရဟိသော်လည်း အသက်ရှင်နိန်သူ ထိုသားရဲအား ရိုသီဂုဏ်ပြုသည့် အနိန်ဖြင့် သူ၏ရုပ်တုကို ပြုလုပ်ရန် မြီကြီးသားရို့အား စီခိုင်း၏။
REV 13:15 ဒုတိယ သားရဲသည် ထိုရုပ်တုအား စကားပြောနိုင်ရန် လည်းကောင်း၊ ထိုရုပ်တုအား မကိုးကွယ်သောသူ အပေါင်းရို့ကို သီစီနိုင်ရန် လည်းကောင်း၊ ရုပ်တု၌ အသက်ကို သွင်းပီးရသောအခွင့်ကိုလည်းကောင်း ရ၏။
REV 13:16 ထိုသားရဲသည် ကြီးမြတ်သူနှင့် သိမ်ငယ်သူ၊ ချမ်းသာသူနှင့် ဆင်းရဲသူ၊ ကျွန်နှင့် ကျွန် မဟုတ်သောသူ၊ ဟိသမျှသောလူရို့အား လက်ယာလက်တွင်ဖြစ်စီ၊ နဖူးတွင်ဖြစ်စီ အမှတ်တံဆိပ်ရိုက်နှိပ်ထားစီ၏။
REV 13:17 ထိုအမှတ်တံဆိပ်တည်းဟူသော သားရဲ၏ နာမည် ဖြစ်စီ၊ ထိုနာမည်ကို ကိုယ်စားပြုသော ကိန်းဂဏန်းဖြစ်စီ တစ်ခုခုကို ရိုက်နှိပ်မထားသောသူသည် ရောင်းဝယ်ခွင့်မရ။
REV 13:18 ဤသည်ကား ဉာဏ်ပညာ ဟိစီရန်ပင် ဖြစ်၏။ ဉာဏ်ပညာဟိသောသူသည် သားရဲ၏ ကိန်းဂဏန်းအနက်ကို တွက်ချက်နိုင်၏။ ထိုကိန်းဂဏန်းသည် လူတစ်ယောက်၏ နာမည်ကို ကိုယ်စားပြု၏။ အကြောင်းမူကား ထိုကိန်းဂဏန်းသည် ၆၆၆ ဖြစ်သတည်း။
REV 14:1 ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇိအုန်တောင်ထက်တွင် သိုးသူငယ်တော် ရပ်နိန်သည်ကို မြင်ရ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမ တော်ကို နဖူးထက်တွင် ရီးမှတ်ထားသော လူပေါင်း ၁၄၄,၀၀၀ ရို့သည် သိုးသူငယ်တော်နှင့်အတူ ဟိကြ၏။
REV 14:2 ကောင်းကင်မှ သမုဒ္ဒရာဟုန်းသံနှင့် မိုးကြိမ်းသံကဲ့သို့သော အသံကို ငါကြားရ၏။ ထိုအသံသည် စောင်းသမားရို့တီးသည့် စောင်းသံနှင့်တူ၏။
REV 14:3 ထိုလူ ၁၄၄,၀၀၀ ရို့သည် ပလ္လင်တော်ရှိ့၌ လည်းကောင်း၊ သက်ဟိသတ္တဝါလေးပါးနှင့် အကြီးအကဲရို့၏ ရှိ့၌ လည်းကောင်း ရပ်လျက် တေးခြင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းရို့အထဲမှ ရွီးနုတ်ကယ်တင်ခြင်းခံရသောလူ ၁၄၄,၀၀၀ မှတစ်ပါး အခြားဇာသူမျှ ထိုတေးခြင်းကို မသီဆိုတတ်ကြ။
REV 14:4 ထိုသူရို့သည် ကာမဂုဏ်ခံစားမှုနှင့် ကင်းလွတ်သော သူတိဖြစ်၍ သိုးသူငယ်တော် လားလေရာ အရပ်သို့ လိုက်ကြ၏။ သူရို့သည် လူတိအထဲက ရွီးနုတ်ကယ်တင်ခြင်းကို ခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်၏ အဦးသီးသော အသီးများဖြစ်ကြ၏။
REV 14:5 သူရို့နှုတ်၌ မုသားမဟိ။ အပြစ်ကင်းစင်သော သူတိဖြစ်ကြ၏။
REV 14:6 ထို့နောက် ကောင်းကင်အလယ်တွင် တခြားသော ကောင်းကင်တမန်တစ်ပါး ပျံလျက်နိန်သည်ကို ငါ မြင်ရ၏။ သူသည် တိုင်းနိုင်ငံအသီးသီး၌ဟိသော ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းရို့အား ဟောပြောရန် ထာဝရနှင့်ဆိုင်သော သတင်းကောင်းကို ယူဆောင်လာ၏။
REV 14:7 ထိုကောင်းကင်တမန်က “ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ၍ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ တရားစီရင်တော်မူရာ နိ့ရက်သည် ရောက်လာယာ။ ကောင်းကင်နှင့် မြီကြီးကိုလည်းကောင်း၊ ပင်လယ်နှင့် စမ်းရီပေါက်များကိုလည်းကောင်း ဖန်ဆင်းတော်မူသော အသျှင်ကို ကိုးကွယ်ကြလော့” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
REV 14:8 ထို့နောက် ဒုတိယ ကောင်းကင်တမန်သည် လာပြီး၊ “ဗာဗုလုန်မြို့ကြီး ပြိုကျလားယာ၊ ပြိုကျလားယာ။ ထိုမြို့သည် ကာမဂုဏ်လိုက်စားမှုတည်းဟူသော စပျစ်ရည်ကို လူမျိုးတကာရို့အား တိုက်လေယာ” ဟု ကြွေးကြော်၏။
REV 14:9 ထို့နောက် တတိယ ကောင်းကင်တမန်သည် လာ၍ “သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို ကိုးကွယ်ကာ ထိုသားရဲ၏ အမှတ်တံဆိပ်ကို နဖူး၌ ဖြစ်စီ၊ လက်၌ ဖြစ်စီ ရိုက်နှိပ်ထားသောသူသည်၊
REV 14:10 ဘုရားသခင်၏ အမျက်တော်ဖလားမှ ပြင်းထန်သော ဒေါသတည်းဟူသော စပျစ်ရည်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောကောင်းကင်တမန်တိနှင့် သိုးသူငယ်တော်၏ ရှိ့၌ ကန့်နှင့်ရောသော မီးထဲတွင် နှိပ်စက်ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
REV 14:11 ထို ညှဉ်းဆဲခြင်း၏ မီးခိုးသည် ထာဝရကာလပတ်လုံး အထက်သို့ တက်လျက်နိန်၏။ သားရဲနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်၍၊ ၎င်း၏နာမည် တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူ အပေါင်းရို့သည် နိ့ညမပြတ် သက်သာရာရလိမ့်မည် မဟုတ်” ဟု အသံကျယ်လောင်စွာ ကြွေးကြော်လေ၏။
REV 14:12 ဤကား ဘုရားသခင်၏ပညတ်တော်ကို နာခံလိုက်လျှောက်၍ ယေသျှု၌ သစ္စာဟိကြသော ဘုရားသခင်၏လူရို့အဖို့ သည်းခံနိုင်ခြင်း ဟိစီရန်ပင် ဖြစ်၏။
REV 14:13 တဖန် “ရီးမှတ်ထားလော့။ အဂုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
REV 14:14 ထို့နောက် ငါ ကြည့်လိုက်သောအခါ ဖြူသောမိုးတိမ်တစ်ခုကို မြင်ရ၏။ ထိုမိုးတိမ်ထက်တွင် လူသားနှင့်တူသော သူတစ်ဦးသည် ထိုင်နိန်၏။ သူ၏ ဦးဂေါင်း၌ ရွှီသရဖူကို ဆောင်းထား၏။ လက်ထဲတွင် ပြတ်သောတန်းစဉ်ကို ကိုင်ထား၏။
REV 14:15 ထို့နောက် တခြားသော ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှ ထွက်လာ၍ မိုးတိမ်ထက်တွင် ထိုင်နိန်သောသူအား “မြီကြီးထက်၌ စပါးရိတ်သိမ်းရန် အချိန်ရောက်လာပြီ ဖြစ်သောကြောင့်၊ ကိုယ်တော်၏ တန်းစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု အသံကျယ်လောင်စွာပြောဆို၏။
REV 14:16 ထို့ကြောင့် မိုးတိမ်ထက်တွင် ထိုင်နိန်သောသူက မိမိ၏တန်းစဉ်ကို မြီကြီးထက်သို့ ဝှေ့ယမ်းကာ မြီကြီးမှ စပါးများကို ရိတ်တော်မူ၏။
REV 14:17 ထို့နောက် တခြားသော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ ဟိသော ဗိမာန်တော်မှ ထွက်လာ၏။ ထိုသူသည်လည်း ပြတ်သော တန်းစဉ်ကို ကိုင်ထား၏။
REV 14:18 ထို့နောက် မီးကို အစိုးရသော ကောင်းကင်တမန်သည် ယဇ်ပလ္လင်တော်မှ ထွက်လာ၏။ သူသည် တန်းစဉ်ကို ကိုင်ထားသည့် ကောင်းကင်တမန်အား “မြီကြီးထက်၌ စပျစ်သီး မှည့်နိန်ယာဖြစ်သောကြောင့် သင်၏ တန်းစဉ်ကို ယူ၍ စပျစ်သီးများကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်သောအသံဖြင့် ပြော၏။
REV 14:19 သို့ဖြစ်၍ ထိုကောင်းကင်တမန်သည် မိမိတန်းစဉ်ကို ယူ၍ မြီကြီးထက်က စပျစ်သီးများကို ရိတ်သိမ်းလေ၏။ ထို့နောက် စပျစ်သီးများကို ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာ ကျင်းထဲသို့ သွန်ချလိုက်၏။
REV 14:20 ထိုစပျစ်သီးများကို မြို့ပြင်တွင် နယ်၍ စပျစ်သီးနယ်ရာ တွင်းမှ မြင်းဇက်ကြိုးထိတိုင်အောင် သွီးချောင်းစီးထွက် လာ၏။ ထိုသွီးချောင်းသည် အလျားမိုင် ၂၀၀၊ အနက် ငါးပေခန့် ဟိသတည်း။
REV 15:1 ထို့နောက် ငါသည် ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကို မြင်ရပြန်၏။ ထိုအတိတ်နိမိတ်ကား ကပ်ဘေးခုနစ်ပါးကို ယူဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ရောဂါများသည် ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျရောက်လာမည့် ကပ်ဘေးများဖြစ်ပေ၏။
REV 15:2 ထို့နောက် မီးနှင့်ရောသည့် ဖန်ရီကန်နှင့်တူသော အရာတစ်ခုကို ငါမြင်ရ၏။ သားရဲနှင့် သူ၏ရုပ်တုအား လည်းကောင်း၊ ကိန်းဂဏန်း၏ နာမည်ကို ပိုင်ဆိုင်သူအား လည်းကောင်း အောင်နိုင်သောသူရို့ကို ငါမြင်ရ၏။ သူရို့သည် ဘုရားသခင် ပီးတော်မူသော စောင်းများကို ကိုင်လျက် ဖန်ရီကန်အနားတွင် ရပ်လျက်နိန်ကြ၏။
REV 15:3 သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသော အမှုများသည် အလွန်ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါသည်တကား။ လူမျိုးတကာရို့၏ ဘုရင်၊ ကိုယ်တော်သျှင်၏ နည်းလမ်းတော်များသည် အလွန်မျှတ မှန်ကန်လှပါသည်တကား။
REV 15:4 အို ဘုရားသခင်၊ ကိုယ်တော့်ကို မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။
REV 15:5 ထို့နောက် ကောင်းကင်ဘုံ၌ ပဋိညာဉ်တဲတော်ဟိရာ ဗိမာန်တော်သည် ပွင့်လာသည်ကို ငါ မြင်ရ၏။
REV 15:6 ထိုအခါ ကပ်ဘေးခုနစ်ပါးကို သယ်ဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးသည် ဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူရို့သည် ကြည်လင်တောက်ပသော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရွှီရင်စည်းကို ပတ်ထားကြ၏။
REV 15:7 ထို့နောက် သက်ဟိသတ္တဝါ လေးပါးအနက် တစ်ပါးသည် ကာလအစဉ်အမြဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်ပြည့်လျက်ဟိသည့် ရွှီဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးရို့အား ပီးလေ၏။
REV 15:8 ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကြောင့် ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်လျက်ဟိ၏။ သို့ဖြစ်၍ ကောင်းကင်တမန် ခုနစ်ပါးသယ်ဆောင်လာသည့် ကပ်ဘေးခုနစ်ပါး ပြီးဆုံးသည်ထိ ဇာသူမျှ ဗိမာန်တော်ထဲသို့ မဝင်နိုင်။
REV 16:1 ထို့နောက် ဗိမာန်တော်ထဲမှ ကျယ်လောင်သောအသံထွက်ပေါ်လာသည်ကို ငါ ကြားရ၏။ ထိုအသံသည်ကား ကောင်းကင်တမန် ခုနစ်ပါးရို့အား “ဘုရားသခင်၏ အမျက်တော်ခွက်ဖလား ခုနစ်လုံးကို မြီကြီးသို့ သွန်းလောင်းလော့” ဟူ၍ ဖြစ်၏။
REV 16:2 ပထမကောင်းကင်တမန်သည် လား၍ မိမိ ခွက်ဖလားမှ အမျက်တော်ကို မြီကြီးထက်သို့ သွန်ချလိုက်၏။ ထိုအခါ သားရဲ၏ အမှတ်တံဆိပ်ခတ်နှိပ်ခြင်း ခံရသောသူရို့နှင့် သူ၏ ရုပ်တုကို ကိုးကွယ်ကြသော သူရို့တွင် အလွန်ဆိုးရွားသော အနာစိမ်းများ ပေါက်ကြလေ၏။
REV 16:3 ထို့နောက် ဒုတိယကောင်းကင်တမန်သည် မိမိခွက်ဖလားမှ အမျက်တော်ကို မြီကြီးသို့ သွန်ချလေ၏။ ထိုအခါ ပင်လယ်ရီသည် လူအသီကောင်၏ သွီးကဲ့သို့ ဖြစ်လေ၏။ ပင်လယ်ထဲ၌ အသက်ရှင်ကြကုန်သော သတ္တဝါဟူသမျှသည် သီဆုံးကြ၏။
REV 16:4 ထို့နောက် တတိယကောင်းကင်တမန်သည် မိမိ၏ခွက်ဖလားမှ အမျက်တော်ကို မြစ်များ၊ စမ်းပေါက်များ အထက်၌ သွန်ချလေ၏။ ထိုအခါ ရီများသည် သွီးအတိဖြစ်လေ၏။
REV 16:5 ရီကိုစောင့်သည့် ကောင်းကင်တမန်က “အတိတ် ပစ္စုပ္ပန်ကာလ၌ ဟိတော်မူ၍ သန့်ယှင်းမြင့်မြတ်တော်မူသော အသျှင်၊ ကိုယ်တော်၏ စီရင်တော်မူချက်သည် ဖြောင့်မတ်ပါ၏။
REV 16:6 ထိုသူရို့သည် ဘုရားသခင်၏လူရို့နှင့် ပရောဖက်ရို့၏ သွီးကို လောင်းခကြသဖြင့် ကိုယ်တော်သည် သူရို့သောက်ရန် သွီးကို ပီးတော်မူထားယာ။ ထိုသူရို့သည်လည်း ခံထိုက်သော ပြစ်ဒဏ်ကို ခံရကြပါ၏” ဟု လျှောက်ထား၏။
REV 16:7 ထို့နောက် ယဇ်ပလ္လင်မှ အသံတော်သည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော် စီရင်တော်မူချက်ရို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟု လျှောက်ထားသည်ကို ငါကြားရ၏။
REV 16:8 ထို့နောက် စတုတ္ထ ကောင်းကင်တမန်သည် မိမိ၏ခွက်ဖလားကို နီထက်သို့ သွန်ချလိုက်၏။ ထိုအခါ နီသည် လူတိအား အပူဟိန်ဖြင့် လောင်ကျွမ်းစီနိုင်သောအခွင့်ကို ရလေ၏။
REV 16:9 လူရို့သည် အားကြီးသော အပူဟိန်ဖြင့် လောင်ကျွမ်းခြင်းကို ခံရသဖြင့် ကပ်ဘေးများကို အစိုးရသော ဘုရားသခင်၏နာမတော်ကို ကျိန်ဆဲကြ၏။ သို့သော် သူရို့သည် နောင်တရရန်နှင့် ကိုယ်တော်၏ ဂုဏ်တော်ကို ချီးမွမ်းဖို့ရန် ငြင်းပယ်ကြ၏။
REV 16:10 ထို့နောက် ပဉ္စမကောင်းကင်တမန်သည် မိမိ၏ ခွက်ဖလားကို သားရဲ၏ပလ္လင်ထက်သို့ သွန်းလောင်းလေ၏။ ထိုအခါ သားရဲ၏ နိုင်ငံသည် မှောင်မိုက် အတိဖြစ်လေ၏။ ထိုနိုင်ငံသားရို့သည် ဝေဒနာခံရသောကြောင့် မိမိရို့၏ လျှာကို ကိုက်ကြလေ၏။
REV 16:11 မိမိရို့၏ ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံသျှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ သို့ရာတွင် မိမိရို့၏ ဆိုးညစ်သောအကျင့်များမှ နောင်တမရကြ။
REV 16:12 ထို့နောက် ဆဋ္ဌမ ကောင်းကင်တမန်သည် မိမိ၏ ဖလားကို ဥဖရတ်မြစ်ကြီးထက်သို့ သွန်ချလိုက်၏။ ထိုအခါ အရှိ့အရပ်မှ လာသော သျှင်ဘုရင်ရို့အတွက် လမ်းဖြစ်စီခြင်းငှာ မြစ်ရီသည် ခန်းခြောက်လားလေ၏။
REV 16:13 ထို့နောက် ဖားနှင့်တူသည့် ညစ်ညူးသော ဝိညာဉ်သုံးပါးကို ငါ မြင်၏။ သူရို့သည် နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်ရို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။
REV 16:14 သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။
REV 16:15 “နားထောင်ကြလော့၊ ငါသည် သူခိုးကဲ့သို့ လာမည်။ သို့ဖြစ်၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား လူရို့၏ရှိ့၌ အဝတ်မပါဘဲ သွားလာ၍ အရှက်မရစီရန် ဖြစ်၏။”
REV 16:16 ထို့နောက် ဝိညာဉ်ရို့သည် သျှင်ဘုရင်ရို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သော အရပ်သို့ ခေါ်ဆောင်စုရုံးစီကြ၏။
REV 16:17 သတ္တမကောင်းကင်တမန်သည် မိမိခွက်ဖလားကို လီထဲသို့ သွန်ချလိုက်၏။ ထိုအခါ ဗိမာန်တော်၏ အတွင်း၌ဟိသော ပလ္လင်တော်မှ “အမှု ပြီးယာ” ဟု ကျယ်လောင်သော အသံထွက်ပေါ်လာ၏။
REV 16:18 ထို့နောက် လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးကြိမ်းခြင်း၊ ငလျင်ပြင်းစွာလှုပ်ခြင်းများ ဖြစ်လေ၏။ လူသားမျိုးနွယ်ကို ဖန်ဆင်းကတည်းမှစ၍ ဤမျှလောက် ပြင်းထန်သော ငလျင်လှုပ်ခြင်း မဟိဖူးခပေ။
REV 16:19 မြို့ကြီးသည် သုံးပိုင်းကွဲလေ၏။ အလုံးစုံသော တိုင်းနိုင်ငံ၌ ဟိသော မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကို သတိရတော်မူလျက် မိမိ၏ခွက်ဖလားမှ ပြင်းထန်သော အမျက်တော်တည်းဟူသော စပျစ်ရည်ကို သောက်စီတော်မူ၏။
REV 16:20 ကျွန်းဟိသမျှသည် ပျောက်လားကုန်၏။ တောင်များသည် ကွယ်ပျောက်လား၏။
REV 16:21 အာကာပြင်မှ ပိဿာတစ်ရာမျှ အလီးချိန်ဟိသော မိုးသီးကြီးများသည် လူရို့အထက်သို့ ကျကြကုန်၏။ ထိုဆိုးရွားလှသော မိုးသီးဘေးဒဏ်ကြောင့် လူရို့သည် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
REV 17:1 ထို့နောက် ဖလားခုနစ်လုံးကို ကိုင်ထားသော ကောင်းကင်တမန် ခုနစ်ပါးအနက် တစ်ပါးသည် ငါ့ပါးသို့ လာ၍ “လာလော့၊ မြစ်များအနားတွင် တည်ဟိသော မြို့ကြီးတည်းဟူသော ပြည့်တန်ဆာမကြီး ခံရသည့် အပြစ်ဒဏ်ကို သင့်အား ငါပြမည်။
REV 17:2 မြီကြီးထက်၌ဟိသော သျှင်ဘုရင်များသည် ထိုမိန်းမနှင့် ကာမဂုဏ်ခံစားခကြ၏။ လောကီသားရို့သည်လည်း သူမ၏ ကာမဂုဏ်ခံစားမှုတည်းဟူသော စပျစ်ရည်နှင့် မူးယစ်ခကြ၏” ဟု ဆို၏။
REV 17:3 ထို့နောက် ကောင်းကင်တမန်သည် ဝိညာဉ်တော်အားဖြင့် ငါ့အား တောကန္တာရသို့ ဆောင်ယူလေ၏။ ထိုအရပ်တွင် နီရဲသောသားရဲထက်၌ ထိုင်နိန်သော မိန်းမတစ်ယောက်ကို ငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ခုလုံးတွင် ဘုရားသခင်၏ ဘုန်းတော်ကို ယှုတ်ချသည့် အမည်နာမများကို ရီးသားထား၏။ ထိုသူ၌ ဦးဂေါင်းခုနစ်လုံးနှင့် ဂြိုဆယ်ချောင်း ဟိ၏။
REV 17:4 ထိုမိန်းမသည် အနီနှင့် မရမ်းစိ့ရောင် အဝတ်များကို ဝတ်လျက် ရွှီ၊ ကျောက်မျက်ရတနာ၊ ပုလဲ စသောတန်းဆာများကို ဆင်ယင်ထား၏။ သူမသည် ကာမဂုဏ်လိုက်စားမှုဆိုင်ရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ညစ်ညမ်းမှုများနှင့် ပြည့်နိန်သည့် ရွှီဖလားကို ကိုင်ထား၏။
REV 17:5 သူမ၏ နဖူးထက်တွင် “ပြည့်တန်ဆာအပေါင်းနှင့် လောက၌ စက်ဆုပ်ဖွယ်ရာများ၏ မိခင်၊ ဗာဗုလုန်မြို့ကြီး” ဟူ၍ အနက်ဟိသော နာမကို ရီးထိုးထား၏။
REV 17:6 ထိုမိန်းမသည် ဘုရားသခင်လူရို့၏ အသွီးကိုလည်းကောင်း၊ ယေသျှုအကြောင်းကို သက်သီခံသောကြောင့် အသတ်ခံရသောသူရို့၏ အသွီးကိုလည်းကောင်း သောက်၍ ယစ်မူးလျက် ဟိသည်ကို ငါ တွိ့မြင်ရ၏။ သူမကို မြင်ရသောအခါ ငါသည် လွန်စွာအံ့သြ၍ နိန်၏။
REV 17:7 ကောင်းကင်တမန်က “ဇာကြောင့် အံ့သြသနည်း” ဟု ငါ့ကို မိန်းလေ၏။ “ထိုမိန်းမ၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ သူမစီးနိန်သော ဦးဂေါင်းခုနစ်လုံးနှင့် ဂြိုဆယ်ချောင်းဟိသည့် သားရဲ၏လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်ကိုလည်းကောင်း ငါပြောပြမည်။
REV 17:8 သင်မြင်ရသည့် သားရဲသည် တစ်ခါက အသက်ရှင်ခသော်လည်း အဂု အသက်မရှင်ယာ။ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီးလျှင် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ လောကကို မဖန်ဆင်းခင်ကပင် အသက်စာစောင်စာရင်းတွင် မပါသူ မြီကြီးသားရို့သည် ထိုသားရဲကို မြင်သောအခါ အံ့သြကြလိမ့်မည်။ သူသည် အယင်က အသက်ရှင်ခ၏။ အဂု အသက်မရှင်သော်လည်း နောက်တဖန် အသက်ရှင်လာဦးမည်။
REV 17:9 “ဤအမှုအရာနှင့် ပတ်သက်၍ ဉာဏ်ပညာနှင့် အသိတရားဟိရန် လိုပေသည်။ ဦးဂေါင်းခုနစ်လုံးသည် မိန်းမထိုင်နိန်သည့် တောင်ခုနစ်လုံးကို ဆိုလို၏။ သျှင်ဘုရင်ခုနစ်ပါးကိုလည်း ဆိုလို၏။
REV 17:10 ထိုသျှင်ဘုရင်ရို့ထဲမှ ငါးပါးကား သီကျလားခယာ။ တစ်ပါးသည် အသက်ရှင်လျက် ဟိ၏။ အခြားတစ်ပါးကား မပေါ်ထွန်းသိမ့်ပေ။ ပေါ်ထွန်းလာလျှင်လည်း တဒင်္ဂမျှသာ အုပ်စိုးရလိမ့်မည်။
REV 17:11 အယင်က အသက်ရှင်ခ၍ အဂုအသက်မရှင်သည့် သားရဲသည် အဋ္ဌမမြောက် ဘုရင်ဖြစ်၏။ သူသည် ဘုရင်ခုနစ်ပါးထဲက တစ်ပါးဖြစ်ပြီး ဖျက်ဆီးခံရလိမ့်မည်။
REV 17:12 “သင်မြင်ရသည့် ဂြိုဆယ်ချောင်းတိကား မင်းအာဏာစက်ကို မရသိမ့်သော သျှင်ဘုရင် ဆယ်ပါးဖြစ်၏။ သူရို့သည် သားရဲနှင့်အတူ တစ်နာရီစီ သျှင်ဘုရင်အဖြစ် အုပ်စိုးခွင့်ရမည့် သူတိဖြစ်၏။
REV 17:13 ထိုဘုရင်ရို့တွင် ရည်ရွယ်ချက်တစ်ခုတည်း ဟိကြ၏။ သူရို့သည် မိမိရို့၏ တန်ခိုးအာဏာတိကို သားရဲအား ပီးအပ်ကြ၏။
REV 17:14 သူရို့သည် သိုးသူငယ်တော်ကို စစ်တိုက်ကြလိမ့်မည်။ ထိုသူသည် အသျှင်တကာရို့၏ အသျှင်၊ ဘုရင်တကာရို့၏ ဘုရင်ဖြစ်တော်မူသောကြောင့် သူရို့ကို နှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်နှင့်အတူ ဟိသောသူရို့သည်လည်း ခေါ်ယူတော်မူခြင်း ခံရသောသူ၊ ရွီးကောက်ခြင်း ခံရတော်မူသောသူ၊ သစ္စာဟိသောသူရို့ ဖြစ်ကြ၏” ဟု ဆို၏။
REV 17:15 ထို့နောက် ကောင်းကင်တမန်က ငါ့အား “ပြည့်တန်ဆာမ ထိုင်နိန်သောရီသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးနွယ်များဖြစ်ကြ၏။
REV 17:16 သင်မြင်ရသော သားရဲနှင့် ဂြိုဆယ်ချောင်းရို့သည် ပြည့်တန်ဆာမကို မုန်းကြလိမ့်မည်။ သူရို့သည် သူမပါးမှ ဟိသမျှကို ချွတ်ယူလျက် အဝတ်မဟိဘဲ ဖြစ်စီကြလိမ့်မည်။ သူမ၏အသားကို စား၍ သူမကို မီးတိုက်ကြလိမ့်မည်။
REV 17:17 အကြောင်းမူကား ဘုရားသခင် မိန့်တော်မူသောစကားများ အကောင်အထည်ပေါ်လာသည့်တိုင်အောင် သူရို့သည် မိမိရို့၏ အခွင့်အာဏာများကို သားရဲအား တညီတညွတ်တည်း အပ်ပီးကြစီရန် ကိုယ်တော်သည် သူရို့၏စိတ်နှလုံးထဲ၌ မိမိ၏အကြံအစည်တော်ကို ထည့်ထားတော်မူ၏။
REV 17:18 “သင်မြင်ရသည့် မိန်းမကား မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်း” ဟု ဆို၏။
REV 18:1 ထို့နောက် ကောင်းကင်မှ ဆင်းသက်လာသော အခြား ကောင်းကင်တမန်တစ်ပါးကို ငါ မြင်ရ၏။ ထိုသူသည် ကြီးစွာသော​အခွင့်အာဏာ ဟိသောသူဖြစ်၏။ သူ၏အရောင်အဝါသည် မြီကြီးတစ်ပြင်လုံးကို ထွန်းလင်းတောက်ပစီ၏။
REV 18:2 သူသည် အသံကျယ်လောင်စွာဖြင့် “ဗာဗုလုန်မြို့ကြီးသည် ပျက်သုဉ်းလားယာ။ ဗာဗုလုန်မြို့ကြီး ပျက်သုဉ်းလားယာ။ အဂု ထိုမြို့သည် နတ်ဆိုးတိနှင့် ညစ်ညမ်းသော ဝိညာဉ်ဆိုးတိ နီထိုင်ရာ၊ စက်ဆုပ်ဖွယ်ကောင်းသော ငှက်ဆိုးတိ မှီခိုရာအရပ် ဖြစ်လေယာ။
REV 18:3 အကြောင်းမူကား လူမျိုးအပေါင်းရို့သည် ထိုမြို့၏ ကာမဂုဏ်လိုက်စားမှုတည်းဟူသော စပျစ်ရည်နှင့် မူးယစ်နိန်ခသောကြောင့်ဖြစ်၏။ မြီကြီးထက်၌ဟိသော သျှင်ဘုရင်အပေါင်းရို့သည် ဗာဗုလုန်မြို့နှင့်အတူ ကာမဂုဏ်လိုက်စားခကြ၏။ လောက၌ဟိသော ကုန်သည်ရို့သည်လည်း ထိုမြို့၏ ကာမဂုဏ်စည်းစိမ်ခံစားမှုကို အကြောင်းပြု၍ ချမ်းသာကြွယ်ဝ ကြလေ၏” ဟု ကြွေးကြော်လေ၏။
REV 18:4 ထို့နောက် ကောင်းကင်ဘုံက အခြားသောအသံကို ငါကြားရ၏။ ထိုအသံကား၊ “ငါ၏လူရို့၊ ထွက်လာကြလော့။ သူမပြုသော အပြစ်တိ၌ မပါစီခြင်းငှာ လည်းကောင်း၊ သူမနှင့်အတူ အပြစ်ဒဏ်ကို မခံရစီခြင်းငှာ လည်းကောင်း သူမပါးမှ ထွက်လာကြလော့။
REV 18:5 အကြောင်းမူကား သူမ၏အပြစ်သည် မိုးကောင်းကင်တိုင်အောင် မြင့်မား၍ သူမ၏ မတရားသောအမှုများကို ဘုရားသခင် မှတ်မိတော်မူသောကြောင့်တည်း။
REV 18:6 သူမသည် သင်ရို့အား ပြုသည့်အတိုင်း သူမအား ပြုကြလော့။ သူမပြုသော အရာအားလုံးအတွက် နှစ်ဆပီးဆပ်ကြလော့။ သင်ရို့အဖို့ သူမပျင်ဆင်ပီးသော ဖလား၌ နှစ်ဆပြင်းစွာသော သောက်စရာကို သူမအဖို့ ပျင်ဆင်ပီးကြလော့။
REV 18:7 သူမသည် မိမိကိုယ်ကို ချီးမြှောက်၍ စည်းစိမ်ခံစားသည်နှင့်အမျှ သူမအား ဝမ်းနည်းပူဆွီး ဆင်းရဲဒုက္ခ ရောက်စီကြလော့။ အကြောင်းမူကား သူမက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ငါသည် ဇာခါမျှ ဝမ်းနည်းပူဆွီးရလိမ့်မည် မဟုတ်’ ဟု ပြောဆိုနိန်သောကြောင့် ဖြစ်၏။
REV 18:8 ဤအကြောင်းကြောင့် ရောဂါဘေး၊ ဝမ်းနည်းပူဆွီးခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူမ ပါး၌ တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူမသည် မီးယှို့ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား သူမအား တရားစီရင်တော်မူသော ထာဝရအသျှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့် ဖြစ်သတည်း” ဟု ဆို၏။
REV 18:9 သူမနှင့် ကာမဂုဏ်စည်းစိမ် ခံစားခကြသော မြီကြီးတစ်ပြင်လုံး၌ ဟိသော ဘုရင်ရို့သည် သူမ၌ လောင်ကျွမ်းလျက်ဟိသည့် မီးမှ မီးခိုးများကို မြင်သောအခါ ငိုကြွီးမြည်တမ်းကြလိမ့်မည်။
REV 18:10 သူရို့သည် သူမခံရသည့် ဝေဒနာကို ကြောက်ရွံ့၍ အဝီးမှရပ်လျက် “တန်ခိုး ကြီးသောမြို့၊ ကြီးမြတ်သော ဗာဗုလုန်မြို့၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည် တစ်နာရီအတွင်း၌ ပြစ်ဒဏ်စီရင်ခြင်းကို ခံရလေပြီတကား” ဟု ဆိုကြ၏။
REV 18:11 မြီကြီး၌ဟိသော ကုန်သည်ကြီးရို့သည်လည်း မိမိရို့၏ ကုန်ပစ္စည်းများကို ဝယ်ယူမည့် သူတစ်ယောက်မျှ မဟိသဖြင့် ငိုကြွီးမြည်တမ်းကြ၏။
REV 18:12 သူရို့၏ ကုန်ပစ္စည်းများကား ရွှီ၊ ငွီ၊ ကျောက်မျက် ရတနာ၊ ပုလဲ၊ ပိတ်ချောထည်၊ နီမောင်းသောအထည်၊ ဖဲနီထည်၊ ကတ္တီပါ၊ နံ့သာသစ်သားအမျိုးမျိုး၊ ဆင်စွယ်၊ အဖိုးတန်သစ်သား၊ ကြီး၊ သံနှင့် ကျောက်ဖြူများဖြင့် ပြုလုပ်ထားသော ပစ္စည်းအမျိုးမျိုး၊
REV 18:13 သစ်ကြံပိုးပင်၊ ဟင်းခပ်အမွှီးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှီး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံဆန်နှင့် ဂျုံမှုန့်၊ ကျွဲနှင့် သိုး၊ မြင်းနှင့် ရထား၊ ကျွန်နှင့် လူ၏စိတ်ဝိညာဉ်များပင် ဖြစ်ကြလေ၏။
REV 18:14 ကုန်သည်ကြီးရို့က ထိုမြို့အား “သင် လိုချင်တောင့်တသော ကောင်းသောအရာများသည် မဟိယာ။ သင်၏ စည်းစိမ်ချမ်းသာနှင့် ဂုဏ်အသရေများသည်လည်း ကွယ်ပျောက်လားခယာ။ ထိုအရာများကို သင်သည် နောက်တဖန် ရလိမ့်မည် မဟုတ်” ဟု ဆိုကြ၏။
REV 18:15 ဗာဗုလုန်မြို့ကို အမှီပြု၍ ထိုကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝလာသော ကုန်သည်ကြီးရို့သည် ထိုမြို့ ခံရသည့်ဘေးဒဏ်ကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ အဝီးမှ ရပ်လျက်၊
REV 18:16 “ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပိတ်ချောထည်၊ နီမောင်းသောပိုးထည်၊ အနီရောင် အဝတ်အထည်၊ ရွှီတန်ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲတန်ဆာများကို ဝတ်ဆင်ထားသော မြို့ကြီးသည်၊
REV 18:17 ဤစည်းစိမ်ဟိသမျှကို တစ်နာရီအတွင်း၌ ဆုံးယှုံးရပါသည်တကား” ဟု ငိုကြွီးကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီးများနှင့် ခရီးသည် အပေါင်းရို့သည် လည်းကောင်း၊ သင်္ဘောသားများနှင့် ရီကြောင်းကုန်သွယ်မှုကို ပြုကြသူအပေါင်းရို့သည် လည်းကောင်း အဝီးက ရပ်နိန်ကြ၏။
REV 18:18 ထိုမြို့ကို ကျွမ်းလောင်စီသော မီးလျှံများမှ မီးခိုးများကို သူရို့ မြင်သောအခါ “ဇာခါ၌မျှ ဤမြို့ကြီးကဲ့သို့ ကြီးကျယ်ခမ်းနားသော မြို့မဟိခဖူးပါ” ဟု အော်ဟစ်ကြ၏။
REV 18:19 သူရို့သည် မြီမှုန့်များကို မိမိရို့ဂေါင်းထက်၌ ကြဲဖြန့်လျက် “မဟာမြို့ကြီးသည်ကား ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပင်လယ်ကူး သင်္ဘောပိုင်သျှင် အပေါင်းကို ကြွယ်ဝချမ်းသာစီသော မြို့ကြီးသည် တစ်နာရီအတွင်း ဟိသမျှ ဆုံးယှုံးပါသည်တကား” ဟု ငိုကြွီးမြည်တမ်း ကြ၏။
REV 18:20 ကောင်းကင်ဘုံသားရို့၊ ထိုမြို့ ပျက်စီးသည့်အတွက် ဝမ်းမြောက်ကြလော့။ ဘုရားသခင်၏လူများ၊ တမန်တော်များ၊ ပရောဖက်များ ဝမ်းမြောက်ကြလော့။ အကြောင်းမူကား ထိုမြို့သည် သင်ရို့အား ပြုခသမျှအတွက် ဘုရားသခင်သည် ထိုမြို့ကို ပြစ်ဒဏ်စီရင်တော်မူယာ။
REV 18:21 ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန် တစ်ပါးသည် ကြိတ်ဆုံကျောက်ကြီးတစ်ခုလောက်ဟိသော ကျောက်တုံးတစ်တုံးကို ယူ၍ ပင်လယ်ထဲသို့ ပစ်ချလိုက်ပြီးလျှင် “ဗာဗုလုန်မြို့ကြီးသည် ဤသို့ ပစ်ချခြင်းကို ခံရလိမ့်မည်။ နောက်တဖန် ထိုမြို့ကို ပြန်၍ တွိ့မြင်ကြရလိမ့်မည် မဟုတ်။
REV 18:22 သင်၌ စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားရို့၏ တီးမှုတ်သောအသံကို နောက်တဖန် ကြားရလိမ့်မည် မဟုတ်။ သင့်ထံ၌ ဇာအလုပ်သမားကိုမျှ တွိ့ရလိမ့်မည် မဟုတ်။ ကြိတ်ဆုံ အသံကိုလည်း ကြားရလိမ့်မည် မဟုတ်။
REV 18:23 သင်သည် ဇာခါမျှ ဆီမီး၏ အလင်းရောင်ကို မြင်ရလိမ့်မည် မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့် သတို့သမီး၏ အသံကိုလည်း ဇာခါမျှ ကြားရလိမ့်မည် မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်ကြီးရို့ကား တစ်လောကလုံး၌ သြဇာအာဏာကြီးမားသော သူရို့ဖြစ်ကြ၏။ သင်သည် လူမျိုးတကာရို့ကို စုန်းအတတ်ဖြင့် ပြုစားကာ မှောက်မှားလမ်းလွဲ စီပြီးဖြစ်ယာ” ဟု ဆိုလေ၏။
REV 18:24 ဗာဗုလုန်မြို့ အပြစ်ဒဏ်ခံရသည်မှာ ထိုမြို့တွင် ပရောဖက်ရို့၏ အသွီး၊ ဘုရားသခင်၏လူရို့၏ အသွီး၊ မြီကြီးထက်တွင် အသတ်ခံရသော သူအပေါင်းရို့၏ အသွီးများကို တွိ့ဟိရသော ကြောင့်ဖြစ်၏။
REV 19:1 ထို့နောက် ကောင်းကင်၌ များစွာသောလူအုပ်ကြီး၏ အသံနှင့်တူသည့်အသံကို ငါ ကြားရ၏။ ထိုသူရို့က “ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ငါရို့ဘုရားသခင်သည် ကယ်တင်ခြင်း၊ ဘုန်းတော်၊ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်တော်မူပါ၏။
REV 19:2 ကိုယ်တော်၏ တရားစီရင်တော်မူချက်ရို့သည် မှန်ကန်ပြီး ဖြောင့်မတ်ပါ၏။ မိမိ၏ ကာမဂုဏ်ဖြင့် မြီကြီးသားရို့အား ဖောက်ပြန်ပျက်စီးစီသော ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် ပြစ်ဒဏ်ပီးတော်မူ၏။ ကိုယ်တော်၏ အစီခံရို့ကို သတ်ခသောကြောင့် ကိုယ်တော်သည် ထိုမိန်းမအား ဒဏ်ခတ်တော်မူယာ” ဟု ကြွေးကြော်ကြ၏။
REV 19:3 တဖန် ထိုသူရို့က “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ထိုမြို့မှ မီးခိုးများသည် ထာဝရအစဉ်အဆက် လွင့်တက်လျက် ဟိ၏” ဟု ကြွေးကြော်၏။
REV 19:4 ထိုအခါ အသက်ကြီးသူ ၂၄ ပါးနှင့် သက်ဟိသတ္တဝါလေးပါးရို့က “အာမင်၊ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြလော့” ဟု ဆိုကာ ပလ္လင်တော်ထက်တွင် စံနိန်တော်မူသော ဘုရားသခင်အား ပျပ်ဝပ် ကိုးကွယ်ကြ၏။
REV 19:5 “ဘုရားသခင်၏ အစီခံအပေါင်းရို့နှင့် လူအားလုံးရို့၊ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီသောသူ အကြီးအငယ်အပေါင်းရို့ ငါရို့ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြလော့” ဟု ပလ္လင်တော်မှ အသံထွက်ပေါ်လာ၏။
REV 19:6 ထို့နောက် လူပရိသတ်ကြီး၏ အသံကဲ့သို့ လည်းကောင်း၊ အဟုန်ဖြင့် စီးသောရီသံကဲ့သို့ လည်းကောင်း၊ မိုးခြိမ်းသံကဲ့သို့ လည်းကောင်း ထွက်ပေါ်လာသော အသံကို ငါကြားရ၏။ ထိုအသံကြီးက “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အနန္တတန်ခိုးသျှင် ငါရို့၏ဘုရားသခင်သည် အုပ်စိုးတော်မူယာ။
REV 19:7 သိုးသူငယ်တော်၏ မင်္ဂလာပွဲ အချိန် ကျရောက်ပြီဖြစ်သောကြောင့် ငါရို့သည် ဝမ်းမြောက်ရွှင်လန်းလျက် ဘုန်းတော်ကို ချီးမွမ်းကြကုန်အံ့။ ကိုယ်တော်၏ သတို့သမီးသည် မိမိကိုယ်ကို အသင့်ပျင်ဆင် ထားယာ။
REV 19:8 သူမသည် ဝတ်ဆင်ရန် စင်ကြယ်သောပိတ်ချောထည်ကို ရထားယာ” ဟု ဆို၏။ (ထိုပိတ်ချောထည်ကား ဘုရားသခင်လူရို့၏ ကောင်းသောအကျင့်တိကို ဆိုလိုသတည်း။)
REV 19:9 ထို့နောက် ကောင်းကင်တမန်က “သိုးသူငယ်တော်၏ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခြင်း ခံရသောသူရို့သည် မင်္ဂလာဟိကြ၏ဟု ရီးမှတ်ထားလော့” ဟူ၍ လည်းကောင်း “ဤစကားသည် ဘုရားသခင်၏နှုတ်တော်ထွက် စကားအမှန်ပင် ဖြစ်၏” ဟူ၍ လည်းကောင်း ငါ့အား ပြောဆို၏။
REV 19:10 ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။
REV 19:11 ထို့နောက် ကောင်းကင်ဘုံ ပွင့်လျက်နိန်သည်ကို ငါ မြင်ရ၏။ ထိုအရပ်တွင် မြင်းဖြူတစ်ကောင် ဟိ၏။ ထိုမြင်းကို စီးသောသူသည် သစ္စာဟိသောသူနှင့် သမ္မာတရားဟိသောသူ ဟူ၍ နာမည်ဟိ၏။ ထိုအသျှင်သည် ဖြောင့်မတ်စွာ တရားစီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။
REV 19:12 သူ၏ မျက်လုံးများသည် မီးလျှံကဲ့သို့ တောက်ပလျက် ဟိ၏။ သူ၏ ဦးဂေါင်းတွင် သရဖူများကို ဆောင်းထား၏။ သို့သော် မိမိမှတစ်ပါး အခြားမည်သူမျှ မသိသော နာမည်ကို သူ၏အထက်မှာ ရီးမှတ်ထား၏။
REV 19:13 ထိုအသျှင်သည် အသွီး၌ နှိုက်ထားသော အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမည်ကား “ဘုရားသခင်၏ နှုတ်ကပတ်တော်” ဟူ၍ ဖြစ်၏။
REV 19:14 ကောင်းကင်ဗိုလ်ခြေရို့သည် စင်ကြယ်သည့် ပိတ်ချောဖြူထည်ကို ဝတ်ဆင်ကာ မြင်းဖြူများစီးလျက် ထိုအသျှင်၏ နောက်တော်မှ လိုက်ကြ၏။
REV 19:15 လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။
REV 19:16 ကိုယ်တော်၏ ဝတ်လုံတော်နှင့် ပေါင်တော်တွင် “ဘုရင်တကာရို့၏ ဘုရင်၊ အသျှင်တကာရို့၏ အသျှင်” ဟူသော နာမကို ရီးထားလျက် ဟိ၏။
REV 19:17 ထို့နောက် နီထက်တွင် ကောင်းကင်တမန်တစ်ပါး ရပ်လျက်နိန်သည်ကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်တွင် ပျံသန်းနိန်သော ငှက်အပေါင်းရို့အား “လာကြ၊ ဘုရားသခင်၏ စားပွဲတော်ကြီးသို့ စုဝေးကြလော့။
REV 19:18 သင်ရို့သည် သျှင်ဘုရင်ရို့၊ ဗိုလ်ချုပ်ကြီးရို့၊ စစ်သူရဲရို့၊ မြင်းစီးသူရဲရို့၊ မြင်းများ၊ လူကြီးလူငယ်ရို့၊ ကျွန်နှင့် ကျွန် မဟုတ်သော သူရို့၏အသားကို စားကြရလိမ့်မည်” ဟု အသံကျယ်စွာ ကြွေးကြော်လေ၏။
REV 19:19 ထို့နောက် သားရဲနှင့် မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့နှင့် သူရို့၏စစ်သည် ဗိုလ်ပါရို့သည် မြင်းစီးတော်မူသော အသျှင်နှင့် တိုက်ခိုက်ရန် စုရုံးကြသည်ကို ငါမြင်ရ၏။
REV 19:20 သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။
REV 19:21 ကျန်ကြွင်းသောသူရို့သည်ကား မြင်းဖြူကို စီးတော်မူသော အသျှင်၏ခံတွင်းမှ ထွက်လာသော သန်လျက်ဖြင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ ငှက်အပေါင်းရို့သည် သူရို့၏အသားကို ဝစွာ စားကြ၏။
REV 20:1 ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် တွင်းနက်ကြီး၏ သော့ကိုလည်းကောင်း၊ သံကြိုးကြီးတစ်ချောင်းကိုလည်းကောင်း မိမိ၏လက်၌ ကိုင်လျက် ကောင်းကင်မှ ဆင်းလာသည်ကို ငါမြင်ရ၏။
REV 20:2 သူသည် ရှိ့မြွီနဂါးကြီးကို ဖမ်းဆီးပြီးလျှင် သံကြိုးဖြင့် အနှစ်တစ်ထောင်တိုင်တိုင် ချိုင်ထား၏။ ထိုနဂါးကား နတ်မိစ္ဆာ၏ဘုရင် စာတန်မာရ်နတ်ပင်ဖြစ်၏။
REV 20:3 ကောင်းကင်တမန်သည် နဂါးကို တွင်းနက်ကြီးထဲသို့ ပစ်ချကာ တွင်းကို ပိတ်ပြီး အနှစ်တစ်ထောင်ကုန်ဆုံးသည့်တိုင်အောင် လူမျိုးတကာရို့အား မလှည့်ဖျားနိုင်စီခြင်းငှာ တံဆိပ်ခတ်နှိပ်၍ ထား၏။ ထိုကာလပြီးနောက် သူ့အား ခေတ္တခဏ လွှတ်ပီးရမည်။
REV 20:4 ထို့နောက် ငါသည် ပလ္လင်များကို မြင်ရ၏။ ယင်းပလ္လင်များထက်တွင် ထိုင်နိန်သူများမှာ တရားစီရင်ရန် အခွင့်အာဏာဟိသောသူများ ဖြစ်၏။ ထို့ပြင် ယေသျှု ဖော်ပြတော်မူသော သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြေငြာခသည့်အတွက် ကွပ်မျက်ခြင်းကို ခံရကြသောသူရို့၏ ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူရို့သည် သားရဲနှင့် သားရဲ၏ ရုပ်တုကို ရှိ့မခိုးခကြ။ မိမိရို့၏နဖူးနှင့် လက်များတွင်လည်း သားရဲ၏အမှတ်တံဆိပ်ကို မခံယူခကြ။ သူရို့သည် အသက် ပြန်ရှင်လာကြပြီးလျှင် ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ်ဖြင့် အနှစ်တစ်ထောင်အုပ်စိုးကြရ၏။
REV 20:5 (သီလွန်သောသူရို့ထဲမှ ကျန်ကြွင်းသော အနှစ်တစ်ထောင် ကုန်လွန်ပြီးမှ အသက်ပြန်ရှင်ကြရ၏။) ဤသည်ကား သီဆုံးလားသောသူရို့အား ဘုရားသခင်သည် ပထမအကြိမ် ရှင်ပြန်ထမြောက်စီတော်မူခြင်း ဖြစ်သတည်း။
REV 20:6 ယင်းသို့ ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သောသူရို့သည် မင်္ဂလာဟိသောသူ၊ သန့်ယှင်းသောသူများ ဖြစ်ကြ၏။ ဒုတိယသီခြင်းသည် သူရို့အား အစိုးမရနိုင်ယာ။ သူရို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်၍ ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်တိုင်တိုင် အုပ်စိုးကြရလိမ့်မည်။
REV 20:7 ထို့နောက် အနှစ်တစ်ထောင်ကုန်လွန်သောအခါ စာတန်သည် အကျဉ်းကျရာမှ လွတ်လာပြီးလျှင်၊
REV 20:8 ဂေါဂနှင့် မာဂေါဂ ဟု ခေါ်သော ကမ္ဘာအရပ်လေးမျက်နှာ၌ဟိသော လူမျိုးအပေါင်းရို့အား လှည့်ဖျားလျက် စစ်တိုက်ရန် စုဝေးစီလိမ့်မည်။ သူရို့သည် အရီအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသတည်း။
REV 20:9 သူရို့သည် မြီကြီးမျက်နှာပြင်သို့ တက်လာပြီးလျှင် ဘုရားသခင်လူရို့၏တပ်စခန်းနှင့် ကိုယ်တော် နှစ်သက်တော်မူသော မြို့ကို ဝိုင်းထားကြ၏။ သို့ရာတွင် ကောင်းကင်မှ မီးကျသဖြင့် သူရို့ကို လောင်ကျွမ်းလေ၏။
REV 20:10 ထို့နောက် သူရို့အား လမ်းလွဲစီသောသူ မာရ်နတ်သည်လည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလေ၏။ မှားယွင်းသော ပရောဖက်ရို့သည် သားရဲနှင့်တကွ ထိုအိုင်ထဲသို့ ပစ်ချခြင်းကို ခံရပြီးဖြစ်၏။ သူရို့သည် ကမ္ဘာအဆက်ဆက် နိ့ညမပြတ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရကြလတ္တံ့။
REV 20:11 ထို့နောက် ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်းပလ္လင်ပေါ်တွင် စံနိန်တော်မူသော အသျှင်ကိုလည်းကောင်း ငါမြင်ရ၏။ ကမ္ဘာမြီကြီးနှင့် မိုးကောင်းကင်သည် ထိုအသျှင်၏ ရှိ့တော်မှောက်မှ ရွိ့လျားပျောက်ကွယ် လားကြကုန်၏။
REV 20:12 သီလွန်လားသော လူကြီးလူငယ်ရို့သည် ပလ္လင်တော်ရှိ့၌ ရပ်လျက်နိန်ကြသည်ကိုလည်းကောင်း၊ စာစောင်များကို ဖွင့်သည်ကိုလည်းကောင်း ငါမြင်ရ၏။ ထို့နောက် အသက်စာစောင်တည်းဟူသော အခြားစာစောင်ကို ဖွင့်လိုက်၏။ သီလွန်လားသောသူရို့သည် ထိုစာစောင်များတွင် မှတ်တမ်းတင်ထားသည့် မိမိရို့၏ အကျင့်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။
REV 20:13 သမုဒ္ဒရာသည် မိမိ၌ သီလွန်သောသူရို့ကို ပီးအပ်လေ၏။ သီမင်းနှင့် မရဏာနိုင်ငံသည်လည်း မိမိရို့၌ဟိသော သီလွန်သောသူရို့ကို ပီးအပ်ကြ၏။ လူအပေါင်းရို့သည် မိမိရို့ အကျင့်အလျောက် တရားစီရင်ခြင်းကို ခံရကြ၏။
REV 20:14 ထို့နောက် သီမင်းနှင့် မရဏာနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်း ဖြစ်သည်။
REV 20:15 အသက်စာစောင်တွင် စာရင်းမဝင်သောသူ ဟိသမျှရို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။
REV 21:1 ထို့နောက် ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို ငါ မြင်ရ၏။ ယခင်က ကောင်းကင်နှင့် မြီကြီးကား ပျောက်ကွယ်လားလေယာ။ ပင်လယ်သမုဒ္ဒရာသည်လည်း မဟိယာ။
REV 21:2 ဘုရားသခင်၏ သန့်ယှင်းသောမြို့တည်းဟူသော ယေရုဆလင်မြို့သစ်ကို ငါမြင်၏။ ထိုမြို့သည် သတို့သားအဖို့ လှပစွာ ဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ အဆင်သင့် ပျင်ဆင်လျက်၊ ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ငါမြင်ရ၏။
REV 21:3 ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား “အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။
REV 21:4 ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။
REV 21:5 ပလ္လင်တော်ထက်တွင် စံတော်မူသောအသျှင်က “အဂုအခါ၌ ခပ်သိမ်းသော အရာများကို ငါ အသစ်ဖန်ဆင်းယာ” ဟု မိန့်တော်မူ၏။ ကိုယ်တော်က “ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကား ဖြစ်၏၊ ရီးမှတ်၍ ထားလော့” ဟု ငါ့အား မိန့်တော်မူ၏။
REV 21:6 ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။
REV 21:7 အောင်မြင်သောသူသည် ဤကောင်းကြီးမင်္ဂလာ အားလုံးကို ခံစားရလိမ့်မည်။ ငါသည် သူရို့၏ဘုရားဖြစ်မည်။ သူရို့သည်လည်း ငါ၏ သားသမီးတိ ဖြစ်လိမ့်မည်။
REV 21:8 သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။
REV 21:9 ထို့နောက် နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်သော ခွက်ဖလား ခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန် ခုနစ်ပါးအနက် တစ်ပါးသည် ငါ့ပါးသို့ လာ၍ “လာကတ်။ သိုးသူငယ်တော်၏ မယားတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို သင့်အား ငါပြမည်” ဟု ဆို၏။
REV 21:10 ကောင်းကင်တမန်သည် ငါ့ကို ဝိညာဉ်တော်အားဖြင့် အလွန်မြင့်သော တောင်ထိပ် တစ်ခုထက်သို့ ခေါ်ဆောင်လားပြီးလျှင် ဘုရားသခင်စံတော်မူရာ ကောင်းကင်ဘုံမှ သန့်ယှင်းသော ယေရုဆလင်မြို့သည် ဆင်းသက်လာသည်ကို ပြ၏။
REV 21:11 ထိုမြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ထွန်းတောက်၍ သလင်းကျောက်သဖွယ် ကြည်လင်သည့် နဂါးသွဲ့ကျောက်မျက်ကဲ့သို့ အရောင်အဝါတောက်ပလျက် ဟိ၏။
REV 21:12 ထိုမြို့တွင် တန်းခါးပေါက် တစ်ဆယ့်နှစ်ပေါက်နှင့် မြင့်မားသောမြို့ရိုးကြီး ဟိ၏။ ထိုတန်းခါးပေါက်များ၌ ကောင်းကင်တမန် တစ်ဆယ့်နှစ်ပါး စောင့်ရှောက်ထား၏။ ဣသရေလအမျိုး တစ်ဆယ့်နှစ်ပါးရို့၏ နာမည်များကို တံခါးများထက်၌ ရီးထားလျက် ဟိ၏။
REV 21:13 အရှိ့ဖက်တွင် တန်းခါးပေါက်သုံးပေါက်၊ မြောက်ဖက်တွင် သုံးပေါက်၊ တောင်ဖက်တွင် သုံးပေါက်၊ အနောက်ဖက်တွင် သုံးပေါက် ဟိ၏။
REV 21:14 မြို့ရိုးတွင် အုတ်မြစ်ကျောက် တစ်ဆယ့်နှစ်ခုဟိ၏။ ထိုကျောက်များအထက်တွင် သိုးသူငယ်တော်၏ တမန်တော် တစ်ဆယ့်နှစ်ပါးရို့၏ နာမည်များကို ရီးထားလျက် ဟိ၏။
REV 21:15 ငါနှင့်စကားပြောသော ကောင်းကင်တမန်တွင် မြို့ကိုလည်းကောင်း၊ မြို့တန်းခါးများကိုလည်းကောင်း၊ မြို့ရိုးကိုလည်းကောင်း တိုင်းထွာရန် ရွှီကျူလုံး တစ်ချောင်း ဟိ၏။
REV 21:16 ထိုမြို့သည် စတုရန်း ပုံဟိပြီး အလျားနှင့်အနံ တူညီ၏။ ကောင်းကင်တမန်သည် ကျူလုံးဖြင့် မြို့ကို တိုင်းထွာရာ အလျား၊ အနံ၊ အမြင့်မှာ ၁,၅၀၀ မိုင်စီ ဟိကြောင်းကို တွိ့ရ၏။
REV 21:17 ထို့နောက် မြို့ရိုးကို တိုင်းထွာရာ ကောင်းကင်တမန် အသုံးပြုသည့် လူရို့၏ အတိုင်းအထွာအရ၊ အမြင့် ၂၁၆ ပေ ဟိသတည်း။
REV 21:18 မြို့ရိုးကို နဂါးသွဲ့ကျောက်ဖြင့် ဆောက်လုပ်ထား၏။ မြို့သည်လည်း ဖန်ရောင်တောက်နိန်သော ရွှီစင်ဖြစ်၏။
REV 21:19 မြို့ရိုးအုတ်မြစ်များကို ကျောက်မျက်ရတနာ အမျိုးမျိုးများဖြင့် ခြယ်လှယ်ထား၏။ ပထမအုတ်မြစ်၌ နဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်၌ နီလာ၊ တတိယအုတ်မြစ်၌ မဟူရာ၊ စတုတ္ထအုတ်မြစ်၌ မြ၊
REV 21:20 ပဉ္စမအုတ်မြစ်၌ ကြောင်၊ ဆဋ္ဌမအုတ်မြစ်၌ ပတ္တမြား၊ သတ္တမအုတ်မြစ်၌ ဂေါဒန်ကျောက်၊ အဋ္ဌမအုတ်မြစ်၌ မျက်ရွဲ၊ နဝမအုတ်မြစ်၌ ဥဿဖရား၊ ဒသမအုတ်မြစ်၌ မဟူရာစိမ်း၊ ဧကဒသမအုတ်မြစ်၌ စိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်၌ ဂေါ်မိတ် ဖြစ်သတည်း။
REV 21:21 မြို့တန်းခါး တစ်ခုလျှင် ပုလဲတစ်လုံးဖြင့် ပြုလုပ်ထားသောကြောင့် မြို့တံခါးတစ်ဆယ့်နှစ်ခုရို့သည် ပုလဲတစ်ဆယ့်နှစ်လုံး ဖြစ်ကြ၏။ မြို့၏လမ်းရို့ကိုလည်း ကြည်လင်သည့် ဖန်ကဲ့သို့ ရွှီစင်ဖြင့် ပြုလုပ်ထားလေ၏။
REV 21:22 ထိုမြို့တော်ထဲတွင် ဗိမာန်တော်ကို ငါမတွိ့ရ။ အကြောင်းမူကား ထိုမြို့၏ ဗိမာန်တော်သည် အနန္တတန်ခိုးသျှင် ဘုရားသခင်နှင့် သိုးသူငယ်တိပင် ဖြစ်သောကြောင့်တည်း။
REV 21:23 ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထိုမြို့၌ ထွန်းလင်း၍ သိုးသူငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည် နီ၏ အလင်းရောင်၊ လ၏ အလင်းရောင်ကို မလို။
REV 21:24 လူမျိုးတကာရို့သည် ထိုမြို့၏ အလင်းရောင်ကို အမှီပြု၍ လားလာကြလိမ့်မည်။ မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့သည်လည်း မိမိရို့၏ ဘုန်းစည်းစိမ်ဥစ္စာများကို ထိုမြို့သို့ ယူဆောင်လာကြလိမ့်မည်။
REV 21:25 မြို့တန်းခါးများကို တစ်နိ့လုံး ဖွင့်ထားလိမ့်မည်။ ထိုမြို့၌ ညအချိန် မဟိသဖြင့် မြို့တန်းခါးများကို ဇာခါ၌မျှ ပိတ်ထားလိမ့်မည် မဟုတ်။
REV 21:26 လူမျိုးတကာရို့သည် မိမိရို့၏ ဘုန်းအသရီနှင့် စည်းစိမ်ဥစ္စာများကို ထိုမြို့သို့ ယူဆောင်လာကြလိမ့်မည်။
REV 21:27 သို့ရာတွင် မစင်ကြယ်သည့်ဇာအရာမျှ ထိုမြို့တွင်းသို့ ဝင်ရလိမ့်မည် မဟုတ်။ စက်ဆုပ်ရွံဖွယ်ကောင်းသော အမှုကို ပြုသောသူ၊ လိမ်လည်ပြောဆိုသောသူ မှန်သမျှသည်လည်း ဝင်ခွင့်ရလိမ့်မည် မဟုတ်။ သိုးသူငယ်တော်၏ အသက်စာစောင် စာရင်း၌ ပါသောသူများသာလျှင် ဝင်ရကြလိမ့်မည်။
REV 22:1 ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊
REV 22:2 မြို့တော်၏အလယ် လမ်းမတလျှောက် စီးဆင်းလေ၏။ ထိုမြစ်၏တစ်ဖက်စီ၌ အသီး​တစ်ဆယ့်နှစ်​မျိုး​သီး​၍ မိမိ​အသီး​ကို လစဉ်​ပီးတတ်​သည့် အသက်​ပင်ဟိ၏။ ထိုအပင်၏ အရွက်များသည် လူမျိုးတကာရို့၏ အနာရောဂါများကို ပျောက်ကင်းစီရန်အတွက် ဖြစ်၏။
REV 22:3 ထိုမြို့တွင် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည့်အရာဟူ၍ မတွိ့ရ။ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ ပလ္လင်တော်သည် ထိုမြို့တွင် ဟိ၍ ကိုယ်တော်၏ အစီခံရို့သည် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။
REV 22:4 သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရကြလိမ့်မည်။ နာမတော်ကို သူရို့၏ နဖူးတွင် ရီးထားလျက် ဟိလိမ့်မည်။
REV 22:5 ထိုမြို့တွင် ညမဟိရ။ သူရို့သည် ဆီမီး၏အလင်းရောင်၊ နီ၏အလင်းရောင်ကို လိုအပ်ကြလိမ့်မည် မဟုတ်။ အကြောင်းမူကား အသျှင်ဘုရားသခင်သည် သူရို့အား အလင်းကို ပီးတော်မူမည်ဖြစ်၍၊ သူရို့သည် ထာဝရ အုပ်စိုးရကြလိမ့်မည်။
REV 22:6 ထို့နောက် ကောင်းကင်တမန်က ငါ့အား “ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်ရို့အား ဝိညာဉ်တော်နှင့် ပြည့်ဝစီတော်မူသော အသျှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား ဖော်ပြရန် ကောင်းကင်တမန်ကို စီရွှတ်တော်မူယာ” ဟု ပြော၏။
REV 22:7 ယေသျှုကလည်း “နားထောင်လော့၊ ငါသည် မကြာမီ ကြွလာမည်။ ဤကျမ်းစောင်တွင် ပါဟိသည့် ပရောဖက်ပြုထားသော စကားများကို လိုက်လျှောက်သော သူရို့သည် မင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။
REV 22:8 ဤအမှုအရာများကို တွိ့မြင်ကြားသိရသောသူကား ငါ ယောဟန်ပင် ဖြစ်၏။ ထိုအရာများကို တွိ့မြင်ကြားသိရပြီးသောအခါ ငါသည် ကောင်းကင်တမန်အား ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်း၌ ပျပ်ဝပ်လိုက်၏။
REV 22:9 ကောင်းကင်တမန်က “ဤသို့ မလုပ်ကေ့။ ငါသည် သင်နှင့်တကွ သင်၏ညီအစ်ကို ပရောဖက်တိနှင့် ဤကျမ်းစောင်၏ စကားကို လိုက်နာစောင့်ထိန်းသောသူရို့၏ လုပ်ဖော်ဆောင်ဖက် အစီခံတစ်ယောက်သာလျှင် ဖြစ်၏။ ဘုရားသခင်ကိုသာလျှင် ကိုးကွယ်လော့” ဟု ဆို၏။
REV 22:10 ထို့နောက် ကောင်းကင်တမန်က “ဤအမှုအရာ အားလုံးဖြစ်ပျက်မည့် အချိန်သည် နီးကပ်လာယာ ဖြစ်သောကြောင့် ဤကျမ်းစောင်တွင် ဖော်ပြပါဟိသော ပရောဖက်စကားများကို တံဆိပ်ခတ်၍ မထားကေ့။
REV 22:11 မတရားသောအမှုကို ပြုသောသူသည် ပြုမြဲ ပြုပါစီ။ ညစ်ညမ်းသောသူသည် ဆက်လက်၍ ညစ်ညမ်းလျက် နိန်ပါစီ။ ဖြောင့်မတ်သောသူသည် ဆက်လက်၍ ဖြောင့်မတ်ပါစီ။ သန့်ယှင်းသောသူသည် ဆက်လက်၍ သန့်ယှင်းပါစီ” ဟု ငါ့အား ဆို၏။
REV 22:12 ယေသျှုက “နားထောင်လော့၊ မကြာမီ ငါ ကြွလာမည်။ ငါသည် အကျိုးအပြစ်ကို ယူဆောင်လာသည်ဖြစ်၍ လူအသီးသီးရို့အား မိမိရို့၏ အကျင့်အလျောက် ပီးအပ်ရမည်။
REV 22:13 ငါသည် အာလဖနှင့် သြမေဃဖြစ်ပြီး အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
REV 22:14 မိမိရို့၏အဝတ်ကို သန့်ယှင်းအောင် လျှော်ဖွတ်သော သူရို့သည် မင်္ဂလာဟိကြ၏။ ထိုသူရို့သည် အသက်ပင်၏ အသီးကို စားသုံးနိုင်သောအခွင့်နှင့် မြို့တန်းခါးဖြင့် မြို့တွင်းသို့ ဝင်နိုင်ရသောအခွင့်ကိုလည်း ရကြလိမ့်မည်။
REV 22:15 သို့ရာတွင် ခွီးတိ၊ ပြုစားတတ်သော သူတိ၊ ကာမဂုဏ်လိုက်စားသော သူတိ၊ လူ့အသက်ကို သတ်သောသူတိ၊ ရုပ်တုကိုးကွယ်သော သူတိနှင့် လိမ်လည်ပြောဆို၍ ကျင့်ကြံသော သူရို့သည် မြို့ပြင်တွင် နိန်ရကြလိမ့်မည်။
REV 22:16 “ငါ ယေသျှုသည် အသင်းတော်များ၌ ဟိကြသော သင်ရို့အား ဤအကြောင်းအရာများကို ကြေညာရန် ငါ၏ကောင်းကင်တမန်ကို စီရွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ တောက်ပသော မိုးသောက်ကြယ်လည်း ဖြစ်၏။”
REV 22:17 ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။
REV 22:18 ဤစာစောင်ပါ ဗျာဒိတ်တော်များကို ကြားရသောသူ အပေါင်းရို့အား ငါ ယောဟန်သည် ကြပ်တည်းစွာ သတိပီးလိုက်၏။ ဇာသူမဆို ဤစာအုပ်တွင် တစ်စုံတစ်ရာ ထပ်လောင်း၍ ဖြည့်စွက်ပါက ဘုရားသခင်သည် ထိုသူ၌ ဤစာစောင်တွင် ဖော်ပြသော ဘေးဒဏ်များကို ကျရောက်စီတော်မူလိမ့်မည်။
REV 22:19 ဇာသူမဆို ဤစာစောင်တွင် ပရောဖက်ပြုထားသော စကားများမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဘုရားသခင်သည် ဤစာစောင်၌ ဖော်ပြသော အသက်ပင်၏အသီးကို စားသုံးခွင့်နှင့် မြင့်မြတ်သန့်ယှင်းသော မြို့တော်သို့ ဝင်စားခွင့်ကို ထိုသူပါးမှ နုတ်ပယ်တော်မူလိမ့်မည်။
REV 22:20 ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က “မုချ၊ ငါသည် မကြာခင် ကြွလာမည်” ဟု မိန့်တော်မူ၏။ ဤအတိုင်းပင် ဖြစ်ပါစီသောဝ်။ အသျှင်ယေသျှု ကြွလာတော်မူပါ။
REV 22:21 အသျှင်ယေသျှု၏ ကျေးဇူးတော်ကို လူတိုင်း ခံစားရကြပါစီသောဝ်။ အာမင်။
