GEN 1:1 ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊-
GEN 1:2 ကမ္ဘာ​မြေ​ကြီး​သည်​အ​သွင်​သဏ္ဌာန်​ဟူ​၍​မ​ရှိ။ လ​ဟာ​သက်​သက်​ဖြစ်​၏။ သ​မုဒ္ဒ​ရာ​ရေ​ပြင် ကြီး​ကို​မှောင်​အ​တိ​ဖုံး​၍​ရေ​ပြင်​ပေါ်​၌ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် လှုပ်​ရှား​လျက်​ရှိ​၏။-
GEN 1:3 ဘု​ရား​သ​ခင်​က``အ​လင်း​ရောင်​ပေါ်​စေ'' ဟု အ​မိန့်​တော်​ချ​မှတ်​သော​အ​ခါ အ​လင်း​ရောင် ထွက်​ပေါ်​လာ​၏။-
GEN 1:4 ဘု​ရား​သ​ခင်​သည်​အ​လင်း​ရောင်​ကို​ရှု​မြင်​၍ နှစ်​သက်​တော်​မူ​၏။ ထို့​နောက်​အ​လင်း​နှင့် အ​မှောင်​ကို​ပိုင်း​ခြား​လျက်၊-
GEN 1:5 အ​လင်း​ကို ``နေ့'' ဟူ​၍​လည်း​ကောင်း၊ အ​မှောင် ကို ``ညဥ့်'' ဟူ​၍​လည်း​ကောင်း​ခေါ်​တွင်​စေ​တော် မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ပ​ထ​မ​နေ့​ရက် ဖြစ်​လေ​၏။
GEN 1:6 ထို​နောက်​ဘု​ရား​သ​ခင်​က ``ရေ​ရေ​ချင်း​နှစ်​ပိုင်း ခွဲ​ခြား​တည်​ရှိ​စေ​ရန် မိုး​မျက်​နှာ​ကြက်​ဖြစ်​ပေါ် စေ'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​ပေါ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သို့​မိုး​မျက်​နှာ​ကြက် ကို​ဖြစ်​ပေါ်​စေ​၍ မိုး​မျက်​နှာ​ကြက်​ရှိ​ရေ​နှင့် အောက်​ရှိ​ရေ​ကို​ပိုင်း​ခြား​တော်​မူ​၏။-
GEN 1:8 မိုး​မျက်​နှာ​ကြက်​ကို``မိုး​ကောင်း​ကင်'' ဟု​ခေါ် တွင်​စေ​တော်​မူ​၏။ ညဦး​မှ​နံ​နက်​အထိ​ဒု​တိ​ယ နေ့​ရက်​ဖြစ်​လေ​၏။
GEN 1:9 တစ်​ဖန်​ဘု​ရား​သ​ခင်​က``မိုး​ကောင်း​ကင်​အောက် တွင်​ကုန်း​ပေါ်​လာ​ရန် တစ်​နေ​ရာ​တည်း​၌​ရေ​စု ဝေး​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ကုန်း​ပေါ် လာ​၏။-
GEN 1:10 ကုန်း​ကို``မြေ​ကြီး'' ဟူ​၍​လည်း​ကောင်း၊ စု​ဝေး လျက်​ရှိ​သော​ရေ​ကို``ပင်​လယ်'' ဟူ​၍​လည်း​ကောင်း ခေါ်​တွင်​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-
GEN 1:11 ထို​နောက်``ကောက်​ပဲ​သီး​နှံ​နှင့်​သစ်​သီး​ပင်​အ​မျိုး မျိုး​ကို​မြေ​ကြီး​မှ​ပေါက်​စေ'' ဟု​အ​မိန့်​ပေး သည့်​အ​တိုင်း​ပေါက်​လာကြ​၏။-
GEN 1:12 သို့​ဖြစ်​၍​မြေ​ကြီး​မှ အ​ပင်​အ​မျိုး​မျိုး​ပေါက် လာ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-
GEN 1:13 ညဦး​မှ​နံ​နက်​အ​ထိ​တ​တိ​ယ​နေ့​ရက်​ဖြစ် လေ​၏။
GEN 1:14 တစ်​ဖန်​ဘု​ရား​သ​ခင်​က``နေ့​နှင့်​ညဥ့်​ကို ခွဲ​ခြား​ရန်​နှင့်​နေ့​ရက်၊ နှစ်၊ ပွဲ​တော်​ရက်
GEN 1:15 ထို​အ​လင်း​ဗိ​မာန်​တို့​သည်​မိုး​ကောင်း​ကင်​မှာ အ​လင်း​ရောင်​ထွန်း​သ​ဖြင့် မြေ​ကြီး​ပေါ်​တွင် အ​လင်း​ရ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ဖြစ်​ပေါ်​လာ​၏။-
GEN 1:16 သို့​ဖြစ်​၍​နေ့​ကို​ကြီး​စိုး​ရန်​နေ​ဗိ​မာန်​နှင့်​ည ကို​ကြီး​စိုး​ရန် လ​ဗိ​မာန်​နှင့်​ကြယ်​များ​ကို ဖန်​ဆင်း​တော်​မူ​၏။-
GEN 1:17 ဘု​ရား​သ​ခင်​သည်​မြေ​ကြီး​ပေါ်​မှာ​အ​လင်း​ရ စေ​ရန်​နှင့်၊-
GEN 1:18 နေ့​နှင့်​ည​ကို​ကြီး​စိုး​၍​အ​လင်း​နှင့်​အ​မှောင်​ကို ခွဲ​ခြား​စေ​ရန် မိုး​ကောင်း​ကင်​တွင်​အ​လင်း​ဗိ​မာန် များ​ကို​တည်​ရှိ​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင် သည်​ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။-
GEN 1:19 ည​ဦး​မှ​နံ​နက်​အ​ထိ​စတုတ္ထ​နေ့​ရက်​ဖြစ်​လေ​၏။
GEN 1:20 တစ်​ဖန်​ဘု​ရား​သ​ခင်​က``ရေ​ထဲ​၌​သက်​ရှိ​သတ္တ ဝါ​အ​မျိုး​မျိုး​ဖြစ်​ပွား​စေ၊ လေ​ထဲ​၌​လည်း​ငှက် များ​ပျံ​ဝဲ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ရေ သတ္တ​ဝါ​နှင့်​ငှက်​သတ္တ​ဝါ​များ​ဖြစ်​ပွား​လာ ကြ​၏။-
GEN 1:21 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ပင်​လယ်​ငါး​သတ္တ ဝါ​ကြီး​များ​အ​စ​ရှိ​သော​ရေ​သတ္တ​ဝါ​အ​မျိုး မျိုး၊ ငှက်​အ​မျိုး​မျိုး​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင် ၍​နှစ်​သက်​တော်​မူ​၏။-
GEN 1:22 ``ရေ​သတ္တ​ဝါ​တို့​သည်​ပင်​လယ်​ထဲ​၌​မြောက်​မြား စွာ​ပေါက်​ပွား​ကြ​စေ၊ ငှက်​တို့​သည်​လည်း​တိုး​ပွား ကြ​စေ'' ဟု​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​၍​ထို သတ္တဝါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။-
GEN 1:23 ည​ဦး​မှ​နံ​နက်​အ​ထိ​ပဉ္စမ​နေ့​ရက်​ဖြစ်​လေ​၏။
GEN 1:24 တစ်​ဖန်​ဘု​ရား​သ​ခင်​က``ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​တိ​ရစ္ဆာန်​အ​ရိုင်း​အ​ကြီး အ​ငယ်​အ​မျိုး​မျိုး​ဖြစ်​ပွား​ကြ​စေ'' ဟု​အ​မိန့် ပေး​သည့်​အ​တိုင်း​ဖြစ်​ပွား​လာ​ကြ​၏။-
GEN 1:25 ဘု​ရား​သ​ခင်​သည်​တိရစ္ဆာန်​အ​မျိုး​မျိုး​တို့​ကို ထို​ကဲ့​သို့​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင် သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။
GEN 1:26 ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​တို့​သည် ငါ​တို့ ၏​ပုံ​သဏ္ဌာန်​နှင့်​တူ​သော​လူ​သတ္တ​ဝါ​တို့​ကို ဖန်​ဆင်း​ကြ​ကုန်​အံ့။ သူ​တို့​အား​ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့်​တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း​အ​ကြီး အ​ငယ်​တို့​ကို​အ​စိုး​ရ​စေ​မည်'' ဟု​မိန့်​တော် မူ​၏။-
GEN 1:27 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ​နှင့်​ပုံ သဏ္ဌာန်​တူ​သော​လူ​ယောကျာ်း၊ လူ​မိန်း​မ ကို​ဖန်​ဆင်း​တော်​မူ​၍၊-
GEN 1:28 သူ​တို့​ကို​ကောင်း​ချီး​ပေး​လျက်``သား​သ​မီး များ​စွာ​မွေး​ဖွား​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး အ​ရပ်​ရပ်​တို့​တွင် သင်​တို့​၏​အ​မျိုး​စဉ်​အ​မျိုး ဆက်​နေ​ထိုင်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း စိုး​ပိုင်​ကြ​လော့။ ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့် တိ​ရစ္ဆာန်​ရိုင်း​အ​မျိုး​မျိုး​တို့​ကို​အုပ်​စိုး​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
GEN 1:29 ဘု​ရား​သ​ခင်​က​လည်း``ကောက်​ပဲ​သီး​နှံ​အ​မျိုး မျိုး၊ သစ်​သီး​အ​မျိုး​မျိုး​တို့​ကို​သင်​တို့​စား​သုံး ရန်​ငါ​ပေး​၏။-
GEN 1:30 တိရစ္ဆာန်​အ​ရိုင်း​အ​မျိုး​မျိုး​နှင့်​ငှက်​အ​မျိုး​မျိုး တို့​စား​ရန်​အ​တွက် အ​ပင်​အ​မျိုး​မျိုး​ကို​ငါ ပေး​၏'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ် လေ​၏။-
GEN 1:31 ဘု​ရား​သ​ခင်​သည်​ဖန်​ဆင်း​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ရှု​မြင်​၍ အ​လွန်​နှစ်​သက်​တော်​မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ဆ​ဋ္ဌ​မ​နေ့​ရက် ဖြစ်​လေ​၏။
GEN 2:1 ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး ကို ဤ​သို့​ဖန်​ဆင်း​၍​ပြီး​ဆုံး​၏။-
GEN 2:2 ဆ​ဋ္ဌ​မ​နေ့​၌​ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း ခြင်း​အ​မှု​အ​လုံး​စုံ​ပြီး​စီး​၍ သတ္တ​မ​နေ့​၌ ရပ်​နား​တော်​မူ​၏။-
GEN 2:3 ထို​သို့​သတ္တ​မ​နေ့​၌​ဖန်​ဆင်း​ခြင်း​အ​မှု​ပြီး သ​ဖြင့်​ရပ်​နား​သော​ကြောင့် ဘု​ရား​သ​ခင်​သည် ထို​နေ့​ရက်​ကို​ကောင်း​ချီး​ပေး​၍ အ​ထူး​နေ့ အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။-
GEN 2:4 ဤ​နည်း​အား​ဖြင့်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊-
GEN 2:5 မြေ​ပေါ်​သို့​မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​သ ဖြင့်​အ​ပင်​မ​ပေါက်၊ အ​ညှောက်​လည်း​မ​ထွက် သေး။ မြေ​ကို​ထွန်​ယက်​မည့်​သူ​လည်း​မ​ရှိ​သေး။-
GEN 2:6 သို့​ရာ​တွင်​မြေ​အောက်​မှ​ရေ​ထွက်​သ​ဖြင့်​မြေ ကို​စို​စေ​၏။
GEN 2:7 ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ဖြင့်​လူ​ကို​ဖန်​ဆင်း​ပြီး​လျှင် လူ​၏​နှာ​ခေါင်း ထဲ​သို့​ဇီ​ဝ​အ​သက်​ကို​မှုတ်​သွင်း​တော်​မူ​ရာ လူ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ ၏။
GEN 2:8 ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​ဘက်​ရှိ​ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို​တည် ပြီး​လျှင် ဖန်​ဆင်း​တော်​မူ​သော​လူ​ကို​ထို​ဥ​ယျာဉ် တွင်​နေ​စေ​တော်​မူ​၏။-
GEN 2:9 ထို​ဥ​ယျာဉ်​တွင်​ရှု​ချင်​ဖွယ်​ကောင်း​၍ စား​ဖွယ် ကောင်း​သော​အ​သီး​ပင်​အ​မျိုး​မျိုး​ကို​ပေါက် စေ​တော်​မူ​၏။ ဥ​ယျာဉ်​အ​လယ်​တွင်​အ​သက် ရှင်​စေ​သော​အ​ပင်​ရှိ​၏။ အ​ကောင်း​နှင့်​အ​ဆိုး ကို​ပိုင်း​ခြား​သိ​မြင်​စေ​သော​အ​ပင်​လည်း​ရှိ ၏။
GEN 2:10 မြစ်​တစ်​မြစ်​သည်​ဧ​ဒင်​အ​ရပ်​တွင်​စီး​ထွက် လျက် ဥ​ယျာဉ်​ကို​ရေ​ပေး​၏။ ဧ​ဒင်​ဥ​ယျာဉ်​ကို ကျော်​လွန်​သော​အ​ခါ​မြစ်​လေး​သွယ်​ခွဲ​၍ ဖြာ​ဆင်း​၏။-
GEN 2:11 ပ​ထ​မ​မြစ်​သည်​ကား​ဖိ​ရှုန်​မြစ်​ဖြစ်​၍ ဟာ​ဝိ​လ​ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။-
GEN 2:12 (ဤ​အ​ရပ်​တွင်​ရွှေ​စင်​ထွက်​၏။ အ​ဖိုး​ထိုက်​တန် သော​နံ့​သာ​နှင့်​ကျောက်​မျက်​ရ​တ​နာ​လည်း ထွက်​၏။-)
GEN 2:13 ဒု​တိ​ယ​မြစ်​သည်​ကား​ဂိ​ဟုန်​မြစ်​ဖြစ်​၍​ကု​ရှ ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။-
GEN 2:14 တ​တိ​ယ​မြစ်​သည်​ကား​တိ​ဂ​ရစ်​မြစ်​ဖြစ်​၍ အာ​ရှု​ရိ​ပြည်​အ​ရှေ့​ဘက်​မှ​စီး​ဆင်း​၏။ စတုတ္ထ မြစ်​သည်​ကား​ဥ​ဖ​ရတ်​မြစ်​ဖြစ်​၏။
GEN 2:15 ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကို ထွန်​ယက်​စိုက်​ပျိုး​ရန်​နှင့်​စောင့် ရှောက်​ထိန်း​သိမ်း​ရန် လူ​ကို​ထို​ဥ​ယျာဉ်​တွင်​နေ စေ​တော်​မူ​၏။-
GEN 2:16 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``သင်​သည် အ​ကောင်း​နှင့်​အ​ဆိုး​ကို ပိုင်း​ခြား​သိ​မြင်​နိုင်​စေ သော​အ​ပင်​၏​အ​သီး​မှ​တစ်​ပါး ဥ​ယျာဉ်​ထဲ​၌ ရှိ​သ​မျှ​သော​အ​ပင်​၏​အ​သီး​ကို​စား​နိုင်​၏။ ထို​အ​ပင်​၏​အ​သီး​ကို​ကား​မ​စား​ရ။ စား သော​နေ့​၌​သေ​ရ​မည်'' ဟု​လူ​အား​ပညတ် တော်​မူ​၏။
GEN 2:18 ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​တစ်​ယောက်​တည်း​နေ​ထိုင်​ရန်​မ​သင့်။ သူ့ အား​ကူ​ညီ​ရန် သင့်​တော်​သော​အ​ဖော်​ကို​ငါ ဖန်​ဆင်း​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
GEN 2:19 ထို​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ကို​ယူ​၍ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​ပြီး​လျှင် အ​သီး​သီး​တို့​အား​နာ​မည် မှည့်​ခေါ်​ရန် လူ​၏​ထံ​သို့​ယူ​ဆောင်​တော်​မူ​ခဲ့​၏။ လူ​က​မှည့်​ခေါ်​သည့်​အ​တိုင်း​နာ​မည်​တွင်​ကြ​၏။-
GEN 2:20 လူ​သည်​တိရစ္ဆာန်​နှင့်​ငှက်​အား​လုံး​တို့​အား​နာ မည်​မှည့်​ခေါ်​သော်​လည်း ၎င်း​တို့​အ​နက်​မှ​လူ ကို​ကူ​ညီ​ရန်​သင့်​တော်​သော​အ​ဖော်​မ​ပေါ် မ​ရှိ။
GEN 2:21 ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​နှစ်​ခြိုက်​စွာ​အိပ်​မော​ကျ​စေ​တော်​မူ​၏။ အိပ်​နေ​စဉ်​နံ​ရိုး​တစ်​ချောင်း​ကို​ထုတ်​ယူ​ပြီး လျှင် အ​သား​ကို​ပြန်​၍​ပိတ်​တော်​မူ​၏။-
GEN 2:22 ထို​နောက်​ထို​နံ​ရိုး​ဖြင့်​မိန်း​မ​ကို​ဖန်​ဆင်း​၍ လူ​၏​ထံ​သို့​ခေါ်​ဆောင်​ခဲ့​တော်​မူ​၏။-
GEN 2:23 လူ​က​လည်း၊ ``ဤ​သူ​သည်​ငါ့​အ​ရိုး​မှ​အ​ရိုး၊ငါ့​အ​သား​မှ အ​သား​ဖြစ်​၏။ သူ့​အား​လူ​ယောကျာ်း​မှ​ထုတ်​ယူ​ရ​သ​ဖြင့် `လူ​မိန်း​မ' ဟု​မှည့်​ခေါ်​ရ​မည်'' ဟု​ဆို​၏။
GEN 2:24 ထို​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိ​ဘ​ကို စွန့်​၍​ဇ​နီး​နှင့်​စုံ​ဖက်​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​တစ်​သွေး​တစ်​သား​တည်း​ဖြစ်​လာ ကြ​၏။
GEN 2:25 ထို​သူ​နှစ်​ဦး​စ​လုံး​တွင်​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​နေ​သော်​လည်း​ရှက်​ကြောက်​ခြင်း​မ​ရှိ။
GEN 3:1 မြွေ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း တော်​မူ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့​တွင် အ​စဉ်း​လဲ​ဆုံး သတ္တ​ဝါ​ဖြစ်​၏။ ``ဘု​ရား​သ​ခင်​က​ဥ​ယျာဉ်​ထဲ ရှိ​အ​ပင်​များ​မှ​အ​သီး​ကို​မ​စား​ရ​ဟု အ​မှန် ပင်​ပညတ်​ထား​ပါ​သ​လော'' ဟူ​၍​မြွေ​က မိန်း​မ​အား​မေး​၏။
GEN 3:2 မိန်း​မ​က``ငါ​တို့​သည်​ဥ​ယျာဉ်​ထဲ​ရှိ​အ​ပင် များ​၏​အ​သီး​ကို​စား​နိုင်​၏။-
GEN 3:3 သို့​ရာ​တွင်​ဥ​ယျာဉ်​အ​လယ်​၌​ရှိ​သော​အ​ပင်​၏ အ​သီး​ကို​မူ​ကား​မ​စား​ရ။ ကိုင်​ပင်​မ​ကိုင်​ရ။ ကိုင်​မိ​စား​မိ​လျှင်​သေ​ရ​ကြ​မည်​ဟု ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ရှိ​မူ​၏'' ဟူ​၍​ပြန်​ဖြေ​၏။
GEN 3:4 ထို​အ​ခါ​မြွေ​က``မ​ဟုတ်​နိုင်​ပါ။ သင်​တို့​သေ မည်​မ​ဟုတ်။-
GEN 3:5 ထို​အ​သီး​ကို​စား​လျှင်​သင်​တို့​သည်​ဘု​ရား​သ​ခင် ကဲ့​သို့ အ​ကောင်း​နှင့်​အ​ဆိုး​ကို​ခွဲ​ခြား​သိ​မြင်​လာ နိုင်​မည်။ ထို့​ကြောင့်​ဤ​ကဲ့​သို့​ပ​ညတ်​ရ​ခြင်း​ဖြစ် သည်'' ဟု​ပြန်​ပြော​၏။
GEN 3:6 မိန်း​မ​သည်​အ​ပင်​၏​တင့်​တယ်​ခြင်း၊ အ​သီး​၏ စား​ချင့်​စ​ဖွယ်​ကောင်း​ခြင်း​ကို​မြင်​ရ​၏။ ထို့​ပြင် ပ​ညာ​ဉာဏ်​ရှိ​လျှင် အံ့​ဘွယ်​ကောင်း​လိမ့်​မည်​ဟု စိတ်​ထင်​လျက်​အ​သီး​ကို​ဆွတ်​၍​စား​လေ​၏။ သူ​၏​ခင်​ပွန်း​အား​လည်း​ပေး​သ​ဖြင့်​သူ​လည်း စား​၏။-
GEN 3:7 ထို​သို့​စား​ကြ​သည့်​ခ​ဏ​ခြင်း​တွင်​သူ​တို့​သည် အ​သိ​ဉာဏ်​ပွင့်​လာ​၍​အ​ဝတ်​အ​ချည်း​စည်း​ရှိ သည့်​အ​ဖြစ်​ကို​သိ​မြင်​လာ​ကြ​၏။ ထို့​ကြောင့် သူ​တို့​သည် သ​ဖန်း​ရွက်​များ​ကို​သီ​ချုပ်​၍ ကိုယ်​ပေါ်​တွင်​ဝတ်​ဆင်​ထား​ကြ​၏။
GEN 3:8 ထို​နေ့​ည​နေ​ခင်း​၌​သူ​တို့​သည်​ဥ​ယျာဉ်​ထဲ တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​လာ တော်​မူ​သော​အ​သံ​ကို​ကြား​ရ​လျှင် သူ​တို့ အား​မ​တွေ့​မ​မြင်​စေ​ရန်​သစ်​ပင်​များ​အ​ကြား တွင်​ပုန်း​ကွယ်​နေ​ကြ​၏။-
GEN 3:9 သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် က``သင်​အ​ဘယ်​မှာ​ရှိ​သ​နည်း''ဟု​လူ​အား ခေါ်​တော်​မူ​၏။
GEN 3:10 ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။
GEN 3:11 ဘု​ရား​သ​ခင်​က``သင်​တို့​တွင်​အ​ဝတ်​အ​ချည်း စည်း​ရှိ​သည်​ဟု မည်​သူ​က​ပြော​သ​နည်း။ သင်​တို့ အား​မ​စား​ရ​ဟု ငါ​ပညတ်​ထား​သော​အ​ပင်​၏ အ​သီး​ကို​စား​သ​လော'' ဟု​မေး​တော်​မူ​၏။
GEN 3:12 လူ​က​လည်း``ကျွန်​တော်​အား​ကိုယ်​တော်​ပေး အပ်​တော်​မူ​သော​မိန်း​မ​က အ​သီး​ကို​ပေး သ​ဖြင့်​ကျွန်​တော်​စား​မိ​ပါ​သည်'' ဟူ​၍​ပြန် လည်​လျှောက်​ထား​၏။
GEN 3:13 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။
GEN 3:14 ထို​အ​ခါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က မြွေ​အား``သင်​သည် ဤ​သို့​ပြု​လုပ်​သည့်​အ​တွက် ဒဏ်​ခံ​ရ​မည်။ တိရစ္ဆာန်​အ​ပေါင်း​တို့​တွင်​သင်​သာ လျှင် ဤ​ကျိန်​စာ​သင့်​မည်။ ယ​ခု​မှ​စ​၍​သင် သည်​ဝမ်း​ဗိုက်​ဖြင့်​တွား​သွား​လျက် မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။-
GEN 3:15 သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 3:16 မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 3:17 ယောကျာ်း​အား​လည်း``ထို​အ​ပင်​၏​အ​သီး​ကို မ​စား​ရ​ဟု ငါ​ပ​ညတ်​ထား​သော်​လည်း သင် ၏​မယား​၏​စ​ကား​ကို​နား​ထောင်​၍​စား​လေ ပြီ။ သင်​ထို​သို့​ပြု​ခြင်း​ကြောင့်​မြေ​သည်​ကျိန် စာ​သင့်​ရ​၏။ သင်​သည်​မိ​မိ​ဝမ်း​စာ​အ​တွက် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန် တစ်​သက်​လုံး​ပင်​ပန်း စွာ​လုပ်​ကိုင်​ရ​မည်။-
GEN 3:18 မြေ​မှ​ဆူး​ချုံ​နှင့်​ပေါင်း​ပင်​များ​ပေါက်​လိမ့်​မည်။ သင်​သည်​အ​ရိုင်း​ပေါက်​သော​အ​ပင်​တို့​ကို​စား ရ​မည်။-
GEN 3:19 သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
GEN 3:20 အာ​ဒံ သည်​မိ​မိ​၏​မယား​အား​ဧဝ​ဟု​မှည့်​ခေါ်​လေ ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် လူ​သတ္တဝါ အ​ပေါင်း​တို့​၏​မိ​ခင်​ဖြစ်​သော​ကြောင့်​တည်း။-
GEN 3:21 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​အာ​ဒံ နှင့်​ဧ​ဝ​တို့​အ​တွက် သား​ရေ​ဝတ်​လုံ​များ​ပြု လုပ်​၍​သူ​တို့​အား​ဝတ်​ဆင်​ပေး​တော်​မူ​၏။
GEN 3:22 ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​ငါ​တို့​ကဲ့​သို့​ဖြစ်​လာ​၍ အ​ကောင်း​နှင့်​အ ဆိုး​ကို​သိ​မြင်​လာ​လေ​ပြီ။ အ​မြဲ​အ​သက် ရှင်​စေ​သော​အ​ပင်​မှ​အ​သီး​ကို​ဆွတ်​စား​၍ အ​မြဲ​အ​သက်​ရှင်​ခွင့်​မ​ပြု​ရ'' ဟု​မိန့်​တော် မူ​၏။-
GEN 3:23 ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​နှင်​ထုတ်​၍ မြေ​မှ ဖြစ်​သော​လူ​အား​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး စေ​တော်​မူ​၏။-
GEN 3:24 ထို​နောက်​အ​သက်​ရှင်​စေ​သော​အ​ပင်​အ​နီး သို့​မည်​သူ​မျှ​မ​ချဉ်း​ကပ်​နိုင်​စေ​ရန် လည်​ပတ် လျက်​ရှိ​သော​ဋ္ဌား​မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ် တို့​ကို​ဥယျာဉ်​အ​ရှေ့​ဘက်​တွင်​အ​စောင့်​ချ ထား​တော်​မူ​၏။
GEN 4:1 ထို​နောက်​အာ​ဒံ​သည်​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် ဧ​ဝ​သည်​ပ​ဋိ​သန္ဓေ​စွဲ​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​၏။ ``ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း အား​ဖြင့်​သား​ကို​ရ​ပြီ'' ဟု​ဧ​ဝ​ပြော​ဆို​လျက် ထို​သား​ကို​ကာ​ဣ​န​ဟု​နာ​မည်​မှည့်​လေ​၏။-
GEN 4:2 ထို​နောက်​သူ​၏​ညီ​အာ​ဗေ​လ​ကို​ဖွား​မြင်​၏။ အာ​ဗေ​လ​သည်​သိုး​ထိန်း​ဖြစ်​၍ ကာ​ဣန​ကား လယ်​သ​မား​ဖြစ်​၏။-
GEN 4:3 အ​ချိန်​အ​တန်​ကြာ​သော​အ​ခါ​ကာ​ဣ​န သည် အ​သီး​အ​နှံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​၏။-
GEN 4:4 အာ​ဗေ​လ​သည်​လည်း​မိ​မိ​သိုး​အုပ်​မှ အ​ဦး ဆုံး​ပေါက်​သော​သိုး​ကို​ယူ​ဆောင်​ခဲ့​၍​သတ် ပြီး​လျှင် အ​ကောင်း​ဆုံး​သော​အ​ပိုင်း​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အာ​ဗေ​လ​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို နှစ်​သက်​တော်​မူ​၏။-
GEN 4:5 သို့​ရာ​တွင်​ကာ​ဣန​နှင့်​သူ​၏​ပူ​ဇော်​သ​ကာ​ကို မူ​ကား နှစ်​သက်​တော်​မ​မူ။ ထို့​ကြောင့်​ကာ​ဣန သည်​အ​လွန်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ် လေ​၏။-
GEN 4:6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ် ကြောင့်​ဒေါ​သ​ထွက်​၍​မျက်​မှောင်​ကြုတ်​ရ​သ နည်း။-
GEN 4:7 သင်​သည်​မှန်​ကန်​စွာ​ပြု​ခဲ့​လျှင်​မျက်​နှာ​ပြုံး​ရွှင် နိုင်​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​ဖြင့် အ​ပြစ်​တ​ရား​သည်​သား​ရဲ​တိ​ရစ္ဆာန်​ကဲ့​သို့ သင့် တံ​ခါး​အ​နီး​တွင်​ချောင်း​မြောင်း​လျက်​ရှိ​၏။ အ​ပြစ်​က​သင့်​ကို​အုပ်​စိုး​လို​သော်​လည်း သင် က​အ​ပြစ်​ကို​နိုင်​ရ​မည်'' ဟု​ကာ​ဣန​အား​မိန့် တော်​မူ​၏။
GEN 4:8 ကာ​ဣ​န​သည်​ညီ​အာ​ဗေ​လ​အား``လမ်း​လျှောက် ထွက်​ကြ​မည်'' ဟု​ခေါ်​၍​လယ်​ထဲ​သို့​ရောက်​ရှိ ကြ​လျှင် ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု​ကာ သတ်​လေ​၏။
GEN 4:9 ထာ​ဝ​ရ​ဘု​ရား​က``သင့်​ညီ​အာ​ဗေ​လ​အ​ဘယ် မှာ​ရှိ​သ​နည်း'' ဟု​ကာ​ဣ​န​အား​မေး​တော် မူ​၏။ ကာ​ဣ​န​က``အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​ထိန်း​ရ​သော​သူ​ဖြစ်​ပါ​သ​လော'' ဟု ပြန်​၍​လျှောက်​၏။
GEN 4:10 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။-
GEN 4:11 သင်​သည်​ကျိန်​စာ​သင့်​၍​မြေ​ကို​ထွန်​ယက်​စိုက် ပျိုး​မှု​မ​ပြု​နိုင်​တော့​ပြီ။ သင့်​လက်​ချက်​ကြောင့် ထွက်​သော​သင့်​ညီ​၏​သွေး​ကို မြေ​သည်​ခံ​တွင်း ဖြင့်​ခံ​ယူ​သ​ကဲ့​သို့​စုတ်​ယူ​ခဲ့​လေ​ပြီ။-
GEN 4:12 သင်​သည်​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး​သော်​လည်း အ​သီး​အ​နှံ​ထွက်​မည်​မ​ဟုတ်။ သင်​သည်​အိုး အိမ်​မဲ့​လျက်​မြေ​ကြီး​ပေါ်​တွင်​လှည့်​လည် နေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 4:13 ထို​အ​ခါ​ကာ​ဣ​န​က``ကိုယ်​တော်​ပေး​သော အ​ပြစ်​ဒဏ်​သည် ပြင်း​ထန်​လွန်း​လှ​ပါ​၏။-
GEN 4:14 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​မြေ​မှ​နှင်​ထုတ် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မျက်​မှောက်​တော်​မှ လည်း​နှင်​ထုတ်​တော်​မူ​ပါ​ပြီ။ အိုး​အိမ်​မဲ့​လျက် မြေ​ကြီး​ပေါ်​တွင် လှည့်​လည်​နေ​ရ​ပါ​မည်။ တွေ့ သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အား​သတ် ကြ​ပါ​လိမ့်​မည်'' ဟု​ပြန်​၍​လျှောက်​၏။
GEN 4:15 ထာ​ဝ​ရ​ဘု​ရား​က``သင်​၌​ထို​သို့​မ​ဖြစ်​စေ​ရ။ သင့်​အား​သတ်​သော​သူ​မည်​သည်​ကား ခု​နစ်​ဆ သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဣ​န ကို​တွေ့​ရှိ​သူ​သည်​သူ့​ကို​မ​သတ်​ရန် သ​တိ ပေး​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြင့်​သူ့​အ​ပေါ် တွင်​မှတ်​သား​ပေး​တော်​မူ​၏။-
GEN 4:16 ကာ​ဣ​န​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် မှ​ထွက်​သွား​၍ ဧ​ဒင်​အ​ရှေ့​ဘက်​ရှိ``လှည့်​လည် ရာ'' ဟု​တွင်​သော​အ​ရပ်​၌​နေ​ထိုင်​လေ​၏။
GEN 4:17 ကာ​ဣ​န​သည်​သူ​၏​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် မ​ယား​၌​ပ​ဋိ​သန္ဓေ​စွဲ​၍​ဧ​နောက်​နာ​မည်​ရှိ​သား ကို​ဖွား​မြင်​လေ​၏။ သူ​သည်​မြို့​ကို​တည်​၍​သား ၏​နာ​မည်​ကို​အ​စွဲ​ပြု​လျက် ထို​မြို့​ကို​ဧ​နောက် မြို့​ဟု​မှည့်​ခေါ်​၏။-
GEN 4:18 ဧ​နောက်​သည်​ဣ​ရဒ်​ဟုအ​မည်​တွင်​သော​သား​ကို ရ​၏။ ဣ​ရဒ်​၏​သား​ကား​မ​ဟု​ယေ​လ၊ မ​ဟု ယေ​လ​၏​သား​ကား​မ​သု​ရှ​လ၊ မ​သု​ရှ​လ ၏​သား​ကား​လာ​မက်​ဖြစ်​၏။-
GEN 4:19 လာ​မက်​သည်​အာ​ဒ​နှင့်​ဇိ​လ​နာ​မည်​ရှိ မ​ယား​နှစ်​ယောက်​နှင့်​စုံ​ဖက်​၏။-
GEN 4:20 အာ​ဒ​သည်​ယာ​ဗ​လ​ဟု​အ​မည်​တွင်​သော​သား​ကို ဖွား​မြင်​၏။ ယာ​ဗ​လ​သည်​ကား​သိုး​နွား​တို့​ကို ထိန်း​ကျောင်း​၍ တဲ​ရှင်​၌​နေ​ထိုင်​သူ​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။-
GEN 4:21 သူ့​ညီ​နာ​မည်​မှာ​ယု​ဗ​လ​ဖြစ်​၍ စောင်း​နှဲ​တို့​ကို တီး​မှုတ်​သော​ဂီ​တ​သ​မား​အ​ပေါင်း​တို့​၏​ဖ​ခင် ဖြစ်​သ​တည်း။-
GEN 4:22 ဇိ​လ​သည်​တု​ဗ​လ​ကာ​ဣ​န​နာ​မည်​ရှိ​သား​ကို ဖွား​မြင်​၏။ ထို​သူ​သည်​ပန်း​တဉ်း​သ​မား၊ ပန်း​ပဲ သ​မား​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။ တု​ဗ​လ ကာ​ဣန​၏​နှ​မ​ကား​နေ​မ​ဖြစ်​၏။
GEN 4:23 လာ​မက်​က​မိ​မိ​မ​ယား​တို့​အား``ငါ့​မ​ယား အာ​ဒ​နှင့် ဇိ​လ​တို့​ငါ့​စ​ကား​ကို​နားထောင်​ကြ​လော့။ ငါ့​ကို​ရိုက်​နှက်​သူ​လူငယ်​တစ်​ဦး​သည်​ငါ့​ကို ရိုက်​နှက်​သော​ကြောင့်​ငါ​သတ်​ခဲ့​ပြီ။
GEN 4:24 ကာ​ဣ​န​ကို​သတ်​သူ​သည်​ခု​နစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​မည်​ဆို​လျှင်​ငါ့​ကို​သတ်​သူ​ကား၊ ခု​နစ်​ဆယ်​ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟု​ဆို​လေ​၏။
GEN 4:25 အာ​ဒံ​နှင့်​ဧ​ဝ​တို့​တွင်​သား​တစ်​ယောက်​ထပ်​၍ ဖွား မြင်​လေ​၏။ ဧ​ဝ​က``ကာ​ဣ​န​သတ်​ခဲ့​သော​အာ​ဗေ​လ အ​စား သား​တစ်​ယောက်​ကို​ဘု​ရား​သ​ခင်​က​ပေး တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ရှေ​သ​ဟု နာ​မည်​မှည့်​လေ​၏။-
GEN 4:26 ရှေ​သ​သည်​လည်း​သား​ရ​၍​ထို​သား​ကို​ဧ​နုတ် ဟု​မှည့်​ခေါ်​၏။ ထို​ခေတ်​ကာ​လ​မှ​စ​၍ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​လျက်​ကိုး​ကွယ်​ကြ​လေ​၏။
GEN 5:1 အာ​ဒံ​၏​သား​စဉ်​မြေး​ဆက်​စာ​ရင်း​ကို​ဖော် ပြ​ပေ​အံ့။ (ဘု​ရား​သ​ခင်​သည်​လူ​ကို​ဖန်​ဆင်း ရာ​၌ မိ​မိ​၏​ပုံ​သဏ္ဌာန်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော် မူ​၏။-
GEN 5:2 ကိုယ်​တော်​သည်​လူ​ယောကျာ်း​နှင့်​လူ​မိန်းမ​တို့ ကို​ဖန်​ဆင်း​၍ သူ​တို့​အား​ကောင်း​ချီး​ပေး လျက်​လူ​ဟု​သ​မုတ်​တော်​မူ​၏။-)
GEN 5:3 အာ​ဒံ​သည်​အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော် သူ​နှင့်​ရုပ်​ချင်း​တူ​သော​သား​ကို​ရ​၍ ရှေ​သ ဟု​နာ​မည်​မှည့်​လေ​၏။-
GEN 5:4 ထို​သား​ကို​ရ​ပြီး​နောက်​အာ​ဒံ​သည် နှစ်​ပေါင်း ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​လျက် သား​သ​မီး များ​ထပ်​ရ​သေး​၏။-
GEN 5:5 သူ​သည်​အ​သက်​ကိုး​ရာ​သုံး​ဆယ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
GEN 5:6 ရှေ​သ​သည်​အ​သက်​တစ်​ရာ့​ငါး​နှစ်​ရှိ​သော အ​ခါ​သား​ဧ​နုတ်​ကို​ရ​၏။-
GEN 5:7 ထို​နောက်​သူ​သည်​ရှစ်​ရာ​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည်​နေ​ရ​ပြီး​လျှင် သား​သ​မီး များ​ထပ်​၍​ရ​သေး​၏။-
GEN 5:8 သူ​သည်​အ​သက်​ကိုး​ရာ​တစ်​ဆယ့်​နှစ်​နှစ်​ရှိ သော်​ကွယ်​လွန်​လေ​၏။
GEN 5:9 ဧ​နုတ်​သည်​အ​သက်​ကိုး​ဆယ်​ရှိ​သော​အ​ခါ သား​ကာ​ဣ​နန်​ကို​ရ​ပြီး​နောက်၊-
GEN 5:10 ရှစ်​ရာ​တစ်​ဆယ့်​ငါး​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည် နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍ ရ​သေး​၏။-
GEN 5:11 အ​သက်​ကိုး​ရာ​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။
GEN 5:12 ကာ​ဣ​နန်​သည်​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော​အ​ခါ သား​မဟာ​လေ​လ​ကို​ရ​ပြီး​နောက်၊-
GEN 5:13 နှစ်​ပေါင်း​ရှစ်​ရာ​လေး​ဆယ်​ဆက်​၍​အ​သက်​ရှည် ရှည်​နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ် ၍​ရ​သေး​၏။-
GEN 5:14 အ​သက်​ကိုး​ရာ​တစ်​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန် လေ​၏။
GEN 5:15 မ​ဟာ​လေ​လ​သည်​အ​သက်​ခြောက်​ဆယ်​နှစ်​ရှိ သော​အ​ခါ သား​ယာ​ရက်​ကို​ရ​ပြီး​နောက်၊-
GEN 5:16 နှစ်​ပေါင်း​ရှစ်​ရာ​သုံး​ဆယ်​ဆက်​၍​အ​သက်​ရှည် ရှည်​နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ် ၍​ရ​သေး​၏။-
GEN 5:17 အ​သက်​ရှစ်​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန် လေ​၏။
GEN 5:18 ယာ​ရက်​သည်​အ​သက်​တစ်​ရာ့​ခြောက်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​သား​ဧ​နောက်​ကို​ရ​ပြီး​နောက်၊-
GEN 5:19 နှစ်​ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​ရှည်​နေ​ရ​၏။ သူ သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-
GEN 5:20 အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
GEN 5:21 ဧ​နောက်​သည်​အ​သက်​ခြောက်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ သား​မ​သု​ရှ​လ​ကို​ရ​လေ​၏။-
GEN 5:22 ဧ​နောက်​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​လျက် နှစ်​ပေါင်း​သုံး​ရာ​ဆက်​၍​အ​သက်​ရှည်​၍ နေ​ထိုင်​စဉ်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-
GEN 5:23 သူ​သည်​အ​သက်​သုံး​ရာ​ခြောက်​ဆယ့်​ငါး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-
GEN 5:24 သူ​သည်​သူ​၏​ဘ​ဝ​တစ်​လျှောက်​လုံး​တွင် ထာ​ဝ​ရ ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍ သက်​ရှင်​နေ​ထိုင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​သိမ်း​ယူ တော်​မူ​သ​ဖြင့်​ကွယ်​ပျောက်​သွား​လေ​၏။
GEN 5:25 မ​သု​ရှ​လ​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့် ခု​နစ်​နှစ်​ရှိ​သော​အ​ခါ သား​လာ​မက်​ကို​ရ​ပြီး နောက်၊-
GEN 5:26 ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​ဆက်​၍​အ​သက်​ရှည်​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။-
GEN 5:27 အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​ကိုး​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
GEN 5:28 လာ​မက်​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့်​နှစ် နှစ်​ရှိ​သော​အ​ခါ သား​တစ်​ယောက်​ကို​ရ​လေ​၏။-
GEN 5:29 ``ထာ​ဝ​ရ​ဘု​ရား​က​မြေ​ကို​ကျိန်​စာ​သင့်​စေ သ​ဖြင့် ငါ​တို့​သည်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရာ​မှ ဤ​သား​သည်​သက်​သာ​ရာ​ရ​စေ​မည့်​သူ​ဖြစ် သည်'' ဟု​လာ​မက်​ဆို​၍​ထို​သား​ကို​နော​ဧ​ဟု နာ​မည်​မှည့်​လေ​၏။-
GEN 5:30 သူ​သည်​ငါး​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ဆက်​၍​အ​သက် ရှည်​၍​နေ​ထိုင်​စဉ် သား​သ​မီး​များ​ထပ်​၍​ရ​သေး ၏။-
GEN 5:31 အ​သက်​ခု​နစ်​ရာ​ခု​နစ်​ဆယ့်​ခု​နစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​သည်။
GEN 5:32 နော​ဧ​သည်​အ​သက်​ငါး​ရာ​ပြည့်​ပြီး​နောက်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​နာ​မည်​ရှိ​သား​သုံး​ယောက်​ကို ရ​လေ​၏။
GEN 6:1 ထို​အ​ချိန်​ကာ​လ​၌​ကမ္ဘာ​အ​ရပ်​ရပ်​တွင် လူ​ဦး ရေ​များ​ပြား​လာ​၏။ လူ​တို့​၌​သ​မီး​များ​ဖွား မြင်​လာ​ကြ​၏။-
GEN 6:2 အ​ထက်​ဘုံ​သား အ​ချို့​တို့​သည်​လူ​သ​မီး​များ​ရုပ်​အ​ဆင်း​လှ သည်​ကို​မြင်​၍ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ရွေး​ယူ စုံ​ဖက်​ကြ​၏။-
GEN 6:3 ထာ​ဝ​ရ​ဘု​ရား​က​လည်း``လူ​သည်​သေ​မျိုး​ဖြစ် ၏။ အ​မြဲ​အ​သက်​ရှင်​နေ​ခွင့်​ကို​ငါ​မ​ပေး။ ယ​ခု မှ​စ​၍​လူ​၏​သက်​တမ်း​သည်​အ​နှစ်​တစ်​ရာ့​နှစ် ဆယ်​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။-
GEN 6:4 ကမ္ဘာ​ပေါ်​တွင်​ထို​ကာ​လ​နှင့်​နောက်​ပိုင်း​ကာ​လ​၌ လူ​တို့​၏​သ​မီး​များ​နှင့်​အ​ထက်​ဘုံ​သား​တို့​မှ ပေါက်​ဖွား​လာ​သော​သူ​များ​ရှိ​ကြ​၏။ ထို​သူ​တို့ သည်​ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကြိုင်း​၍ ရှေး​ခေတ် အ​ခါ​က​နာ​မည်​ကျော်​လူ​စွမ်း​ကောင်း​များ ဖြစ်​ကြ​၏။
GEN 6:5 ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊-
GEN 6:6 လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။-
GEN 6:7 ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။-
GEN 6:8 နော​ဧ​သည်​ကား​ထာ​ဝ​ရ​ဘု​ရား​စိတ်​တော် နှင့်​တွေ့​သော​သူ​ဖြစ်​သ​တည်း။
GEN 6:9 နော​ဧ​အ​ကြောင်း​အ​ရာ​ကို​ဖော်​ပြ​ပေ​အံ့။ နော​ဧ​တွင်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ သူ​သည်​အ​ပြစ်​ကင်း​၍​ထို​ခေတ် လူ​အ​ပေါင်း​တို့​တွင် သူ​တစ်​ယောက်​တည်း​သာ လျှင်​သူ​တော်​ကောင်း​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍​သက်​ရှင်​နေ ထိုင်​၏။-
GEN 6:11 အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ဆိုး​ယုတ်​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​အ​ကြမ်း​ဖက်​မှု​သည်​အ​ရပ်​ရပ်​သို့ ကူး​စက်​ပျံ့​နှံ့​လျက်​ရှိ​၏။-
GEN 6:12 ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​ရှု တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​အ​ကျင့် ပျက်​ဆိုး​ယုတ်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​တော် မူ​လေ​၏။
GEN 6:13 ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​နော​ဧ​အား``ငါ သည်​လူ​သတ္တ​ဝါ​အား​လုံး​ကို​သုတ်​သင်​ရန်​ဆုံး ဖြတ်​ပြီး​ပြီ။ ကမ္ဘာ​မြေ​ကြီး​သည်​သူ​တို့​၏​ပြစ် မှု​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​ကို အ​ကုန်​အ​စင်​သေ​ကြေ​ပျက်​စီး​စေ​မည်။-
GEN 6:14 သင့်​အ​တွက်​သင်္ဘော​တစ်​စင်း​ကို​သစ်​သား​ကောင်း ဖြင့်​တည်​ဆောက်​လော့။ အ​ခန်း​များ​ဖွဲ့​၍​အ​တွင်း အ​ပြင်​ကို​ကတ္တ​ရာ​စေး​သုတ်​လော့။-
GEN 6:15 သင်္ဘော​ကို​အ​လျား​ပေ​လေး​ရာ​ငါး​ဆယ်၊ အ​နံ ပေ​ခု​နစ်​ဆယ့်​ငါး၊ အ​မြင့်​ပေ​လေး​ဆယ်​ငါး ရှိ​စေ​ရ​မည်။-
GEN 6:16 သင်္ဘော​အ​ပေါ်​၌​အ​မိုး​တင်​၍​သင်္ဘော​နံ​ဘေး ပတ်​လည်​ကို အ​မိုး​နှင့်​တစ်​ဆယ်​ရှစ်​လက်​မ​ကွာ စေ​ရ​မည်။ အ​ထပ်​သုံး​ထပ်​အ​ဆင့်​ဆင့်​တည်​၍ ဘေး​ဘက်​တွင်​တံ​ခါး​တစ်​ပေါက်​ဖောက်​ရ​မည်။-
GEN 6:17 သက်​ရှိ​သတ္တ​ဝါ​ရှိ​သ​မျှ​တို့​ကို​သေ​ကြေ​ပျက် စီး​စေ​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​ရေ​လွှမ်း​မိုး​စေ မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ရှိ​သ​မျှ​တို့​သေ ကြေ​ပျက်​စီး​ရ​မည်။-
GEN 6:18 သို့​ရာ​တွင်​ငါ​သည်​သင်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ သင် နှင့်​တ​ကွ​သင်​၏​မ​ယား၊ သား​များ​နှင့်​သူ​တို့ ၏​မ​ယား​တို့​အား​သင်္ဘော​ပေါ်​သို့​တက်​စေ​လော့။-
GEN 6:19 အ​သက်​ချမ်း​သာ​ရာ​ရ​စေ​ရန်​တိရစ္ဆာန်​နှင့်​ငှက် အ​မျိုး​မျိုး​မှ အ​ဖို​နှင့်​အ​မ​တစ်​စုံ​စီ​တို့​ကို သင်​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​စေ​လော့။-
GEN 6:21 သင်​တို့​နှင့်​တိရစ္ဆာန်​များ​အ​တွက်​အ​စား အ​စာ​အ​မျိုး​မျိုး​ကို​ယူ​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။-
GEN 6:22 နော​ဧ​သည်​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။
GEN 7:1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​နော​ဧ​အား``သင် နှင့်​တ​ကွ သင်​၏​မိ​သား​စု​အား​လုံး​တို့​သင်္ဘော​ထဲ သို့​ဝင်​ကြ​စေ။ ကမ္ဘာ​ပေါ်​တွင်​သင်​တစ်​ယောက်​တည်း သာ သူ​တော်​ကောင်း​ဖြစ်​ကြောင်း​ငါ​တွေ့​မြင်​ရ​၏။-
GEN 7:2 သင်​နှင့်​အ​တူ​သန့်​စင်​သော​တိရစ္ဆာန်​များ​မှ​တစ် မျိုး​လျှင် ခု​နစ်​စုံ​စီ​ကို​ခေါ်​ဆောင်​လော့။ မ​သန့်​စင် သော​တိရစ္ဆာန်​များ​မှ တစ်​မျိုး​လျှင်​အ​ထီး​နှင့် အ​မ​တစ်​စုံ​စီ​ကို​သာ​ခေါ်​ဆောင်​ရ​မည်။-
GEN 7:3 ငှက်​တစ်​မျိုး​လျှင်​ခုနစ်​စုံ​စီ​ကို​လည်း​ခေါ်​ဆောင် လော့။ တိ​ရစ္ဆာန်​နှင့်​ငှက်​များ​မြေ​ကြီး​ပေါ်​တွင် အ​သက်​ရှင်​၍​မျိုး​ပွား​နိုင်​စေ​ရန်​ဤ​သို့​ပြု လုပ်​လော့။-
GEN 7:4 ခု​နစ်​ရက်​ကြာ​လျှင်​ဖန်​ဆင်း​ခဲ့​သ​မျှ​သော သတ္တ​ဝါ​များ​ကို​သေ​ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ကို​ငါ​ရွာ​စေ​မည်'' ဟု မိန့်​တော်​မူ​၏။-
GEN 7:5 နော​ဧ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​လေ​၏။
GEN 7:6 ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​ရေ​လွှမ်း​မိုး​သော​အ​ခါ နော​ဧ​သည်​အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။-
GEN 7:7 နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​များ​နှင့်​ချွေး​မ များ​သည် ရေ​လွှမ်း​မိုး​ခြင်း​ဘေး​မှ​လွတ်​မြောက် ရန်​သင်္ဘော​ထဲ​သို့​ဝင်​ရောက်​ကြ​၏။-
GEN 7:8 ဘု​ရား​သ​ခင်​မိန့်​မှာ​သည့်​အ​တိုင်း​သန့်​စင်​သော တိရစ္ဆာန်​နှင့်​ငှက်၊ မ​သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​မှ တစ်​မျိုး​လျှင် အ​ဖို​နှင့်​အ​မ​အ​စုံ​တို့​သည် နော​ဧ​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-
GEN 7:10 ခု​နစ်​ရက်​ကြာ​သော်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရေ​လွှမ်း​လေ​၏။
GEN 7:11 နော​ဧ​အ​သက်​ခြောက်​ရာ​ပြည့်​သော​နှစ်၊ ဒု​တိ​ယ လ​တစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​သ​မုဒ္ဒ​ရာ​စမ်း​ပေါက် တို့​ပွင့်​လေ​၏။ မိုး​ကောင်း​ကင်​ရေ​တံ​ခါး​အား​လုံး တို့​လည်း​ပွင့်​သ​ဖြင့်၊-
GEN 7:12 ကမ္ဘာ​မြေ​ကြီး​တွင်​အ​ရက်​လေး​ဆယ်​ကြာ​မျှ နေ့​ည​မ​ပြတ်​မိုး​ရွာ​သွန်း​လေ​၏။-
GEN 7:13 ထို​နေ့​၌​ပင်​နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​သုံး ယောက်​ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​နှင့် သူ​တို့​၏​မယား​တို့​သည်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-
GEN 7:14 တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း၊ အ​ကြီး​အ​ငယ်​အ​မျိုး မျိုး​နှင့် ငှက်​အ​မျိုး​မျိုး​တို့​သည်​လည်း သူ​တို့ နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-
GEN 7:15 ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သက် ရှိ​သတ္တ​ဝါ​တစ်​မျိုး​စီ​မှ​အ​ဖို​နှင့်​အ​မ​အ​စုံ တို့​သည် နော​ဧ​နှင့်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။ နော​ဧ သင်္ဘော​ထဲ​သို့​ဝင်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​ပိတ်​တော်​မူ​၏။
GEN 7:17 အ​ရက်​လေး​ဆယ်​ကြာ​မျှ​ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် ဆက်​လက်​၍​ရေ​လွှမ်း​မိုး​လာ​ရာ​သင်္ဘော​သည် မြေ​ပေါ်​မှ​ကြွ​တက်​၏။-
GEN 7:18 ရေ​ပို​၍​နက်​လာ​သော​အ​ခါ သင်္ဘော​သည်​ရေ​ပေါ် ၌​ပေါ်​လာ​၏။-
GEN 7:19 ရေ​နက်​သည်​ထက်​နက်​လာ​ပြန်​သ​ဖြင့် အ​မြင့် ဆုံး​သော​တောင်​တို့​သည်​ပင်​လျှင်​ရေ​မြုပ်​ကြ ကုန်​၏။-
GEN 7:20 ထို​နောက်​တောင်​ထိပ်​များ​အ​ထက်​သို့​နှစ်​ဆယ့် ငါး​ပေ​အ​ထိ​ရေ​တက်​လာ​လေ​၏။-
GEN 7:21 ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ​လူ၊ တိရစ္ဆာန်၊ ငှက် စ​သော​သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့​သည်​သေ ကြေ​ပျက်​စီး​ကြ​ကုန်​၏။-
GEN 7:22 သို့​ဖြစ်​၍​အ​သက်​ရှင်​သ​မျှ​သော​သတ္တဝါ​တို့ သေ​ကြေ​ကြ​ကုန်​၏။-
GEN 7:23 ထာ​ဝ​ရ​ဘု​ရား​သည် လူ၊ တိ​ရစ္ဆာန်၊ ငှက်​စ​သော သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက် ဆီး​တော်​မူ​၏။ သင်္ဘော​ပေါ်​၌​နော​ဧ​နှင့်​အ​တူ ရှိ​သ​မျှ​တို့​သာ​လျှင်​အ​သက်​ချမ်း​သာ​ရာ ရ​ကြ​၏။-
GEN 7:24 မြေ​ပြင်​ပေါ်​တွင် ရက်​ပေါင်း​တစ်​ရာ့​ငါး​ဆယ် ပတ်​လုံး​ရေ​လွှမ်း​လျက်​ရှိ​နေ​၏။
GEN 8:1 ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​တ​ကွ​သင်္ဘော​ပေါ် တွင် ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​ကို​မေ့ တော်​မ​မူ။ သို့​ဖြစ်​၍​လေ​ကို​တိုက်​စေ​သ​ဖြင့် ရေ​သည်​စ​၍​ကျ​ဆင်း​လေ​၏။-
GEN 8:2 သ​မုဒ္ဒ​ရာ​စမ်း​ပေါက်​များ​နှင့်​မိုးကောင်း​ကင်​ရေ တံ​ခါး​များ​သည်​လည်း​ပိတ်​လေ​၏။ မိုး​စဲ​၍၊-
GEN 8:3 ရေ​သည်​ရက်​ပေါင်း​တစ်​ရာ့​ငါး​ဆယ်​ကြာ အောင်​တ​ဖြည်း​ဖြည်း​ကျ​ဆင်း​လေ​၏။-
GEN 8:4 သင်္ဘော​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ခု​နစ်​ရက် နေ့​တွင် အာ​ရ​ရတ်​တောင်​တစ်​ခု​ပေါ်​တွင်​တင် နေ​လေ​၏။-
GEN 8:5 ရေ​သည်​ဆက်​၍​ကျ​ဆင်း​သ​ဖြင့်​ဒ​သ​မ​လ တစ်​ရက်​နေ့​တွင် တောင်​ထိပ်​များ​ပေါ်​လာ​ကုန်​၏။
GEN 8:6 အ​ရက်​လေး​ဆယ်​လွန်​သော်​နော​ဧ​သည်​ပြူ​တင်း ပေါက်​ကို​ဖွင့်​၍ ကျီး​အ​တစ်​ကောင်​ကို​လွှတ် လိုက်​၏။-
GEN 8:7 ကျီး​အ​လည်း​ပြန်​မ​လာ​တော့​ချေ။ မြေ​ကြီး ပေါ်​တွင်​ရေ​ခန်း​ခြောက်​သည့်​တိုင်​အောင်​လူး လာ​ပျံ​သန်း​လျက်​သာ​နေ​၏။-
GEN 8:8 တစ်​ဖန်​နော​ဧ​သည်​ရေ​ကျ​သည်​မကျ​သည်​ကို သိ​ရှိ​ရန် ချိုး​ငှက်​တစ်​ကောင်​ကို​လွှတ်​လိုက်​၏။-
GEN 8:9 မြေ​ပြင်​တစ်​ခု​လုံး​ရေ​လွှမ်း​လျက်​ရှိ​သေး​သ​ဖြင့် ချိုး​ငှက်​သည်​နား​စ​ရာ​နေ​ရာ​မ​တွေ့​ရ​ချေ။ ထို့ ကြောင့်​သင်္ဘော​သို့​ပြန်​လာ​ခဲ့​ရာ​နော​ဧ​သည် လက် ဆန့်​၍​ချိုး​ကို​ဖမ်း​ယူ​ပြီး​လျှင်​သင်္ဘော​ထဲ​သို့ ပြန်​သွင်း​ထား​လေ​၏။-
GEN 8:10 ခု​နစ်​ရက်​စောင့်​ဆိုင်း​နေ​ပြီး​လျှင်​ထို​ချိုး​ငှက် ကို​အ​ပြင်​သို့​တစ်​ဖန်​လွှတ်​လိုက်​၏။-
GEN 8:11 ည​နေ​ချမ်း​အ​ချိန်​တွင်​ချိုး​ငှက်​သည်​နှုတ်​သီး​ဖြင့် သံ​လွင်​ရွက်​စိမ်း​ကို​ကိုက်​ချီ​လျက်​နော​ဧ​ထံ​သို့ ပြန်​လာ​၏။ ထို့​ကြောင့်​ရေ​ကျ​ပြီ​ဖြစ်​ကြောင်း နော​ဧ​သိ​ရှိ​ရ​လေ​၏။-
GEN 8:12 နော​ဧ​သည်​ခု​နစ်​ရက်​ထပ်​၍​စောင့်​ဆိုင်း​နေ​ပြီး နောက် ထို​ချိုး​ငှက်​ကို​အ​ပြင်​သို့​လွှတ်​လိုက်​ပြန် ရာ​ဤ​တစ်​ကြိမ်​တွင်​ပြန်​၍​မ​လာ​တော့​ချေ။
GEN 8:13 နော​ဧ​အ​သက်​ခြောက်​ရာ​တစ်​နှစ်​ရှိ​သော​အ​ခါ ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင်​မြေ​ပြင်​ပေါ်​၌​ရေ ခန်း​လေ​၏။ နော​ဧ​သည်​သင်္ဘော​အ​မိုး​ကို​ဖွင့်​၍ အ​ပြင်​ဘက်​သို့​မျှော်​ကြည့်​သည့်​အ​ခါ​မြေ ပြင်​မှာ​ခြောက်​သွေ့​စ​ရှိ​ကြောင်း​တွေ့​မြင်​ရ​၏။-
GEN 8:14 ဒု​တိ​ယ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​တွင်​မြေ​ပြင် သည်​လုံး​ဝ​ခြောက်​သွေ့​လေ​၏။
GEN 8:15 ဘု​ရား​သ​ခင်​က​နော​ဧ​အား၊
GEN 8:16 ``သင်​သည်​သင်​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ နှင့်​တ​ကွ​သင်္ဘော​ထဲ​မှ​ထွက်​ကြ​လော့။-
GEN 8:17 ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။-
GEN 8:18 ထို့​ကြောင့်​နော​ဧ​သည် သူ​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ​နှင့်​အ​တူ​သ​င်္ဘော​ထဲ​မှ​ထွက်​လာ ၏။-
GEN 8:19 တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​သည်​လည်း ယင်း​တို့ အ​မျိုး​အ​လိုက်​သင်္ဘော​ထဲ​မှ​ထွက်​လာ​ကြ​လေ ၏။
GEN 8:20 နော​ဧ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ် ပလ္လင်​ကို​တည်​၍ သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​အ​မျိုး မျိုး​ထဲ​မှ​တစ်​ကောင်​ကျ​စီ​ယူ​လျက် ပလ္လင်​ထက်​တွင် အ​ကောင်​လိုက်​မီးရှို့​ပူ​ဇော်​လေ​၏။-
GEN 8:21 ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-
GEN 8:22 ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။
GEN 9:1 ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား​ကောင်း​ချီး​ပေး​၍``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့။-
GEN 9:2 တိ​ရစ္ဆာန်၊ ငှက်၊ ငါး​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ကြောက်​ရွံ့​ရ​ကြ​လိမ့်​မည်။ ထို​သတ္တ​ဝါ​တို့​ကို​သင်​တို့​လက်​၌​ငါ​အပ်​ပေး​၏။-
GEN 9:3 သင်​တို့​သည်​ထို​သတ္တ​ဝါ​နှင့်​အ​သီး​အ​ရွက်​တို့​ကို​စား​သုံး​နိုင်​ကြ​၏။ ထို​အ​ရာ​အား​လုံး​ကို​သင်​တို့​စား​သုံး​ရန်​ငါ​ပေး​၏။-
GEN 9:4 သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-
GEN 9:5 လူ့​အ​သက်​ကို​သတ်​သော​သူ​အား​ဒဏ်​ခံ​စေ​မည်။ လူ​ကို​သတ်​သော​တိ​ရစ္ဆာန်​အား​ငါ​သည်​သေ​ဒဏ်​ခံ​စေ​မည်။-
GEN 9:6 လူ​ကို​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် လူ​ကို​သတ်​သော​သူ​အား​လူ့​လက်​ဖြင့်​သတ်​လိမ့်​မည်။
GEN 9:7 ``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
GEN 9:8 ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​သူ​၏​သား​တို့​အား၊-
GEN 9:9 ``သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​မှ​ဆင်း​သက်​သော​မျိုး​ဆက်​များ​နှင့်​လည်း​ကောင်း၊-
GEN 9:10 သင်္ဘော​ထဲ​မှ​သင်​တို့​နှင့်​အ​တူ​ထွက်​လာ​သော​သက်​ရှိ​သတ္တ​ဝါ​ဖြစ်​သည့်​ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း​ငါ​သည်​ယ​ခု​ပ​ဋိ​ညာဉ်​ပြု၏။-
GEN 9:11 သင်​တို့​နှင့်​ငါ​ယ​ခု​ပြု​သော​ပ​ဋိ​ညာဉ်​စ​ကား​ဟူ​မူ​ကား`သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​နောင်​မည်​သည့်​အ​ခါ​၌​မျှ​ရေ​လွှမ်း​မိုး​၍​နောက်​တစ်​ဖန်​မ​ပျက်​စီး​စေ​ရ။-
GEN 9:12 သင်​နှင့်​တ​ကွ​သက်​ရှိ​သတ္တ​ဝါ​အား​လုံး​တို့​နှင့် ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​အ​ဖြစ်​ဖြင့်၊-
GEN 9:13 မိုး​တိမ်​ထဲ​၌​ငါ​၏​သက်​တံ့​ကို​ပေါ်​စေ​မည်။ ထို​သက်​တံ​သည်​ကမ္ဘာ​လော​က​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။-
GEN 9:14 ငါ​သည်​မိုး​ကောင်း​ကင်​သို့​တိမ်​များ​တက်​လာ​စေ​၍ တိမ်​ထဲ​တွင်​သက်​တံ့​ပေါ်​လာ​သည့်​အ​ခါ​တိုင်း၊-
GEN 9:15 သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​နောက်​တစ်​ဖန်​ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ဒဏ်​ဖြင့် မ​သေ​ကြေ​မ​ပျက်​စီး​ရ​ဟု​သင်​တို့​နှင့်​တ​ကွ​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အား​ငါ​ထား​သော​ကတိ​ကို​သ​တိ​ရ​မည်။-
GEN 9:16 တိမ်​များ​ထဲ​၌​သက်တံ့​ပေါ်​လာ​သော​အ​ခါ ထို​သက်​တံ့​ကို​ငါ​မြင်​ရ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့်​ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​မည်' ဟူ​၍​ဖြစ်​သည်။-
GEN 9:17 ဤ​သည်​ကား​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့် ငါ​ပြု​သော​က​တိ​တော်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
GEN 9:18 သင်္ဘော​ထဲ​မှ​ထွက်​လာ​ခဲ့​ကြ​သော​နော​ဧ​၏​သား​များ​မှာ​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​ဖြစ်​ကြ​၏။ (ဟာ​မ​သည်​ခါ​နာန်​၏​အ​ဖ​ဖြစ်​၏။-)
GEN 9:19 ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် နော​ဧ​၏​သား​သုံး​ယောက်​တို့​မှ​ဆင်း​သက်​ပေါက်​ပွား​လာ​ကြ​ကုန်​၏။
GEN 9:20 နော​ဧ​သည်​တောင်​သူ​လယ်​သ​မား​တစ်​ဦး​ဖြစ်​၍ စ​ပျစ်​ခြံ​ကို​အ​ဦး​ဆုံး​စိုက်​ပျိုး​ခဲ့​သူ​ဖြစ်​၏။-
GEN 9:21 သူ​သည်​စ​ပျစ်​ရည်​သောက်​၍​မူး​ယစ်​လာ​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ချွတ်​ပစ်​ပြီး​လျှင် တဲ​ထဲ​၌​ကိုယ်​တုံး​လုံး​နေ​လေ​၏။-
GEN 9:22 ခါ​နာန်​၏​ဖ​ခင်​ဟာ​မ​သည်​သူ​၏​ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မြင်​ရ​လျှင် အ​ပြင်​သို့​ထွက်​၍​အစ်​ကို​နှစ်​ယောက်​တို့​အား​ပြော​ပြ​လေ​၏။-
GEN 9:23 ထို​အ​ခါ​ရှေ​မ​နှင့်​ယာဖက်​တို့​သည်​ဝတ်​ရုံ​တစ်​ထည်​ကို မိ​မိ​တို့​၏​ပ​ခုံး​များ​ပေါ်​တွင်​တင်​၍​ယူ​ခဲ့​ကြ​၏။ သူ​တို့​သည်​တဲ​ထဲ​သို့​ကျော​ခိုင်း​ဝင်​လာ​ကြ​ပြီး​လျှင် သူ​တို့​၏​ဖ​ခင်​အား​လွှမ်း​ခြုံ​ပေး​ကြ​၏။ ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မ​မြင်​စေ​ရန် မျက်​နှာ​လွှဲ​ထား​ကြ​၏။-
GEN 9:24 နော​ဧ​အ​မူး​ပြေ​၍​သ​တိ​ရ​လာ​သ​ဖြင့် အ​ငယ်​ဆုံး​သား​ပြု​မူ​ပုံ​ကို​သိ​ရှိ​ရ​သော​အ​ခါ၊
GEN 9:25 ``ခါ​နာန်​သည်​ကျိန်​စာ​သင့်​ပါ​စေ​သော။ သူ​သည်​အစ်​ကို​တို့​ထံ​တွင်​ကျွန်​ခံ​ရ​ပါ​စေ​သော။
GEN 9:26 ရှေ​မ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စေ​သ​တည်း။ ခါ​နာန်​သည်​ရှေ​မ​၏​ကျွန်​ဖြစ်​ရ​ပါ​စေ​သော။
GEN 9:27 ဘု​ရား​သ​ခင်​သည်​ယာ​ဖက်​ကို​ချီး​မြှင့်​ပါ​စေ​သော။ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​ရှေ​မ​၏​အ​မျိုး​အ​နွယ်​နှင့်​အ​တူ​နေ​ရ​ပါ​စေ​သော။ ခါ​နာန်​သည်​ယာ​ဖက်​၏​ကျွန်​ဖြစ်​ရ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။
GEN 9:28 ရေ​လွှမ်း​မိုး​ခြင်း​ဘေး​လွန်​ပြီး​နောက်​နော​ဧ​သည် နှစ်​ပေါင်း​သုံး​ရာ​ငါး​ဆယ်​ဆက်​လက်​အ​သက်​ရှင်​နေ​ထိုင်​၍၊-
GEN 9:29 အ​သက်​ကိုး​ရာ​ငါး​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။
GEN 10:1 ရေ​လွှမ်း​မိုး​ပြီး​သည့်​နောက်​နော​ဧ​၏​သား​များ ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​မှ ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​ကို​ဖော်​ပြ ပေ​အံ့။-
GEN 10:2 ယာ​ဖက်​၏​သား​များ​ဖြစ်​ကြ​သော​ဂေါ​မာ၊ မာ ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှက်၊ ထိ​ရတ် တို့​သည်​ကား သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ သော​လူ​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။-
GEN 10:3 ဂေါ​မာ​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​သည်​ကား အာ​ရှ​ကေ​နတ်၊ ရိ​ဖတ်၊ တော်​ဂ​မ လူ​မျိုး​များ​ဖြစ်​ကြ​၏။-
GEN 10:4 ယာ​ဝန်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​တို့ သည်​ကား ဧ​လိ​ရှာ၊ စ​ပိန်၊ ကု​ပ​ရု​နှင့်​ရိုဒ်​တို့ ဖြစ်​ကြ​၏။-
GEN 10:5 ထို​သူ​အ​ပေါင်း​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​တစ် လျှောက်​နှင့် ကျွန်း​များ​ပေါ်​တွင်​အ​နှံ့​အ​ပြား​နေ ထိုင်​သူ​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ ဤ​လူ​မျိုး အား​လုံး​တို့​သည်​ယာ​ဖက်​မှ​ပေါက်​ဖွား​ဆင်း သက်​လာ​သော​သား​စဉ်​မြေး​ဆက်​တို့​ဖြစ်​၍ လူ အ​မျိုး​မျိုး​ကွဲ​ပြား​လျက်​အ​ပြည်​ပြည်​တို့ ၌​နေ​ထိုင်​ပြီး​လျှင် လူ​မျိုး​စု​အ​လိုက်​သီး​ခြား ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။
GEN 10:6 ဟာ​မ​၏​သား​များ​ဖြစ်​ကြ​သော​ကု​ရှ၊ အီ​ဂျစ်၊ လစ်​ဗြား​နှင့်​ခါ​နာန်​တို့​သည်​ကား သူ​တို့​၏ နာ​မည်​ကို​ခံ​ယူ​ကြ​သူ​လူ​မျိုး​တို့​၏​ဖ​ခင် များ​ဖြစ်​ကြ​၏။-
GEN 10:7 ကု​ရှ​မှ​ပေါက်​ဖွား​ဆင်း​သက်​လာ​သော​သား​စဉ် မြေး​ဆက်​တို့​သည်​ကား သေ​ဘ​လူ​မျိုး၊ ဟာ​ဝိ​လ လူ​မျိုး၊ သာ​ဘ​တ​လူ​မျိုး၊ ရာ​ဂ​မ​လူ​မျိုး​နှင့် သတ္တေ​ခါ​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ရာ​ဂ​မ​၏​သား စဉ်​မြေး​ဆက်​တို့​မှာ​ရှေ​ဘ​နှင့်​ဒေ​ဒန်​လူ​မျိုး များ​ဖြစ်​သည်။-
GEN 10:8 ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သား​တစ်​ယောက် ရှိ​၏။ ထို​သား​သည်​ကမ္ဘာ​ပေါ်​တွင် ပ​ထ​မ​ဦး​ဆုံး နယ်​ပယ်​များ​ကို​တိုက်​ခိုက်​အောင်​မြင်​သော​သူ ဖြစ်​၏။-
GEN 10:9 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း​အား ဖြင့် အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော​မု​ဆိုး​ဖြစ်​ရ ကား​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား နိမ်​ရော​ဒ​ကဲ့​သို့ အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော မု​ဆိုး​ကြီး​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​လေ့​ရှိ ကြ​သည်။-
GEN 10:10 သူ​၏​နိုင်​ငံ​တွင်​ဦး​စွာ​ဗာ​ဗု​လုန်​မြို့၊ ဧ​ရက်​မြို့​နှင့် အက္ကဒ်​မြို့​များ​ပါ​ဝင်​၏။-
GEN 10:11 သူ​သည်​ထို​ပြည်​မှ​အာ​ရှု​ရိ​ပြည်​သို့​သွား​၍ နိ​နေ​ဝေ​မြို့၊ ရ​ဟော​ဘုတ်၊ ဣ​ရ​မြို့၊ ကာ​လ​မြို့ စ​သော​မြို့​ကြီး​များ​ကို​လည်း​ကောင်း၊-
GEN 10:12 နိ​နေ​ဝေ​မြို့​နှင့်​ကာ​လ​မြို့​ကြီး​စပ်​ကြား​ရှိ ရေ​သင်​မြို့​ကို​လည်း​ကောင်း​တည်​လေ​၏။
GEN 10:13 မိ​လ​ရိမ်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​မှာ လု​ဒိ​လူ​မျိုး၊ အာ​န​မိမ်​လူ​မျိုး၊ လ​ဟာ​ဗိမ် လူ​မျိုး၊ နတ္တု​ဟိမ်​လူ​မျိုး၊-
GEN 10:14 ပါ​သ​ရု​သိမ်​လူ​မျိုး၊ ကာ​သ​လု​ဟိမ်​လူ​မျိုး​နှင့် က​တ္တော​ရိမ်​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ကာ​သ လု​ဟိမ်​လူ​မျိုး​မှ​ဖိ​လိတ္တိ​လူ​မျိုး​ဆင်း​သက် လာ​၏။
GEN 10:15 ခါ​နာန်​၏​သား​ဦး​ဇိ​ဒုန်​နှင့်​သား​ဟေ​သ​တို့​သည် သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-
GEN 10:16 ခါ​နာန်​သည်​ယေ​ဗု​သိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ဂိ​ရ​ဂါ​ရှိ​လူ​မျိုး၊-
GEN 10:17 ဟိ​ဝိ​လူ​မျိုး၊ အာ​ကိ​လူ​မျိုး၊ သိ​နိ​လူ​မျိုး၊
GEN 10:18 အာ​ဝ​ဒိ​လူ​မျိုး၊ ဇေ​မ​ရိ​လူ​မျိုး၊ ဟာ​မ​သိ​လူ​မျိုး တို့​၏​ဖ​ခင်​လည်း​ဖြစ်​သည်။ ခါ​နာန်​အ​မျိုး​အ​နွယ် အ​သီး​သီး​တို့​သည်၊-
GEN 10:19 ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-
GEN 10:20 ဤ​လူ​မျိုး​တို့​သည်​ကား​အ​ပြည်​ပြည်​တို့​၌​နေ ထိုင်​၍ လူ​မျိုး​စု​အ​လိုက်​သီး​ခြား​ဘာ​သာ စ​ကား​များ​ကို​ပြော​ဆို​ကြ​သော​ဟာမ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
GEN 10:21 ယာ​ဖက်​၏​အစ်​ကို​ရှေ​မ​သည် ဟေ​ဗြဲ​လူ​မျိုး အ​ပေါင်း​တို့​၏​ဖ​ခင်​ဖြစ်​သည်။-
GEN 10:22 ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​လံ၊ အာ​ရှု​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ​နှင့်​အာ​ရံ​တို့​သည်​ကား​သူ​တို့ ၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့​၏ ဖ​ခင်​များ​ဖြစ်​ကြ​၏။-
GEN 10:23 အာ​ရံ​မှ​ပေါက်​ဖွား​ဆင်း​သက်​သော​သား​စဉ်​မြေး ဆက်​တို့​သည်​ကား ဥ​ဇ​လူ​မျိုး၊ ဟု​လ​လူ​မျိုး၊ ဂေ​သာ​လူ​မျိုး​နှင့်​မာ​ရှ​လူ​မျိုး​များ​ဖြစ်​ကြ သည်။-
GEN 10:24 အာ​ဖာ​ဇဒ်​၏​သား​ရှာ​လ​သည်​ဟေ​ဗာ​၏​ဖ​ခင် ဖြစ်​၏။-
GEN 10:25 ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ သား​တစ်​ယောက် ကို​ဖာ​လက်​ဟု​နာ​မည်​မှည့်​၏။ ထို​သား​၏​လက်​ထက် တွင်​ကမ္ဘာ​လော​က​၌​နေ​ထိုင်​ကြ​သော​လူ​တို့​သည် ကွဲ​ပြား​သွား​ခြင်း​ကြောင့်​ထို​နာ​မည်​ကို​ပေး​ခြင်း ဖြစ်​၏။ အ​ခြား​သော​သား​ကို​ယုတ္တန်​ဟု​နာ​မည် မှည့်​ခေါ်​၏။-
GEN 10:26 ယုတ္တန်​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​တို့ သည်​ကား​အာ​လ​မော​ဒဒ်​လူ​မျိုး၊ ရှေ​လပ်​လူ မျိုး၊ ဟာ​ဇာ​မာ​ဝက်​လူ​မျိုး၊ ယေ​ရ​လူ​မျိုး၊-
GEN 10:27 ဟ​ဒေါ​ရံ​လူ​မျိုး၊ ဥ​ဇ​လ​လူ​မျိုး၊ ဒိ​က​လ လူ​မျိုး၊-
GEN 10:28 သြ​ဗ​လ​လူ​မျိုး၊ အ​ဘိ​မေ​လ​လူ​မျိုး၊ ရှေ​ဘ​လူ​မျိုး၊-
GEN 10:29 သြ​ဖိ​ရ​လူ​မျိုး၊ ဟ​ဝိ​လ​လူ​မျိုး​နှင့်​ယော​ဗပ်​လူ​မျိုး များ​ဖြစ်​ကြ​၏။ ထို​လူ​မျိုး​အား​လုံး​တို့​သည်​ယုတ္တန် မှ​ဆင်း​သက်​လာ​ကြ​သည်။-
GEN 10:30 သူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် မေ​ရှ​မြို့​မှ​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​ဒေ​သ​ရှိ​သေ​ဖာ​မြို့​တိုင်​အောင် ကျယ်​ပြန့်​သည်။-
GEN 10:31 ဤ​လူ​မျိုး​တို့​သည်​ကား​လူ​အ​မျိုး​မျိုး​ကွဲ​ပြား လျက် အ​ပြည်​ပြည်​တို့​၌​နေ​ထိုင်​၍ လူ​မျိုး​စု​အ​လိုက် သီး​ခြား​ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ သော​ရှေ​မ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
GEN 10:32 ဤ​လူ​မျိုး​အား​လုံး​တို့​သည်​သူ​တို့​၏​အ​ဆက် အ​နွယ်​နှင့် လူ​မျိုး​အ​သီး​သီး​အ​လိုက်​ဖော်​ပြ ထား​သော​နော​ဧ​၏​သား​စဉ်​မြေး​ဆက်​တို့​ဖြစ် သ​တည်း။ ရေ​လွှမ်း​မိုး​ပြီး​နောက်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် နော​ဧ ၏​သား​များ​မှ​ဆင်း​သက်​လာ​သော​အ​ဆက် အ​နွယ်​များ​ပင်​ဖြစ်​ကြ​၏။
GEN 11:1 အ​စ​ပ​ထ​မ​၌​ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​တို့ သည် ဘာ​သာ​စ​ကား​တစ်​မျိုး​တည်း​ပြော​ကြ ၏။-
GEN 11:2 သူ​တို့​သည်​အ​ရှေ့​မျက်​နှာ​သို့​ခ​ရီး​ပြု​ကြ​ရာ ဗာ​ဗု​လုန်​ပြည်​ရှိ​မြေ​ပြန့်​တစ်​နေ​ရာ​သို့​ရောက် ၍ ထို​နေ​ရာ​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ​လေ​သည်။-
GEN 11:3 ထို​အ​ခါ​သူ​တို့​က``လာ​ကြ၊ ခိုင်​မာ​သော​အုတ် များ​ကို​ဖုတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည် ဆောက်​လုပ်​ရန်​အုတ်​နှင့်​အုတ်​များ ကို​ထိန်း​ထား​ရန်​ကတ္တ​ရာ​ကို​ရ​ရှိ​ကြ​၏။-
GEN 11:4 သူ​တို့​က``မိုး​ထိ​အောင်​မြင့်​သော​ရဲ​တိုက်​နှင့် တ​ကွ​မြို့​ကြီး​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ဤ နည်း​အား​ဖြင့်​ငါ​တို့​သည်​ထင်​ရှား​ကျော်​ကြား လာ​၍ ကမ္ဘာ​အ​ရပ်​ရပ်​သို့​မ​ကွဲ​မ​လွင့်​ဘဲ​ရှိ လိမ့်​မည်'' ဟု​ဆို​လေ​၏။
GEN 11:5 ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တို့​တည်​ဆောက် သော​မြို့​နှင့်​ရဲ​တိုက်​ကို​ရှု​စား​တော်​မူ​ရန် ကြွ​ဆင်း​လာ​၍၊-
GEN 11:6 ``ယ​ခု​တွင်​ဤ​သူ​တို့​သည်​လူ​မျိုး​တစ်​မျိုး တည်း​ဖြစ်​၍ ဘာ​သာ​စ​ကား​တစ်​ခု​တည်း ကို​ပြော​ဆို​လျက်​ရှိ​ကြ​၏။-
GEN 11:7 ဤ​သို့​တည်​ဆောက်​ခြင်း​သည်​အ​စ​မျှ​သာ ဖြစ်​သည်။ နောင်​တွင်​သူ​တို့​စိတ်​ကူး​သ​မျှ​ကို ပြု​လုပ်​နိုင်​ကြ​တော့​မည်။ ယ​ခု​ပင်​ငါ​တို့​သည် ဆင်း​သက်​၍ သူ​တို့​အ​ချင်း​ချင်း​နား​မ​လည် စေ​ခြင်း​ငှာ သူ​တို့​၏​ဘာ​သာ​စ​ကား​ကို​ကွဲ ပြား​ရှုပ်​ထွေး​စေ​အံ့'' ဟု​မိန့်​တော်​မူ​၏။-
GEN 11:8 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ကမ္ဘာ အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​သ​ဖြင့် လူ​တို့​သည်​မြို့ တည်​ခြင်း​ကို​ရပ်​ဆိုင်း​ထား​ရ​ကြ​လေ​သည်။-
GEN 11:9 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​အ​ပေါင်း​တို့ ၏​ဘာ​သာ​စ​ကား​ကို​ရှုပ်​ထွေး​စေ​၍ သူ​တို့ ကို​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​စေ​တော်​မူ​ခဲ့ ခြင်း​ကြောင့် ထို​မြို့​ကို​ဗာ​ဗု​လုန်​မြို့​ဟူ​၍ ခေါ်​တွင်​ကြ​၏။
GEN 11:10 ရှေ​မ​၏​သား​စဉ်​မြေး​ဆက်​များ​တို့​ကို​ဖော်​ပြ ပေ​အံ့။ ရေ​လွှမ်း​မိုး​ပြီး​နောက်​နှစ်​နှစ်​ကြာ​၍​ရှေ​မ သည် အ​သက်​တစ်​ရာ​ပြည့်​သော​အ​ခါ​အာ​ဖာ​ဇဒ် အ​မည်​ရှိ​သား​ကို​ရ​ရှိ​လေ​၏။-
GEN 11:11 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​ငါးရာ​ဆက်​၍​အ​သက် ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
GEN 11:12 အာ​ဖာ​ဇဒ်​သည်​အ​သက်​သုံး​ဆယ့်​ငါး​နှစ်​ရှိ​သော အ​ခါ ရှာ​လ​အ​မည်​ရှိ​သား​ကို​ရ​၏။-
GEN 11:13 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ့​သုံး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
GEN 11:14 ရှာ​လ​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ဟေ​ဗာ​အ​မည်​ရှိ​သား​ကို​ရ​၏။-
GEN 11:15 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ့​သုံး​နှစ် ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး ၏။
GEN 11:16 ဟေ​ဗာ​သည်​အ​သက်​သုံး​ဆယ့်​လေး​နှစ်​ရှိ​သော အ​ခါ ဖာ​လက်​အ​မည်​ရှိ​သော​သား​ကို​ရ​၏။-
GEN 11:17 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဆက်​၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
GEN 11:18 ဖာ​လက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ ရာ​ဂေါ​အ​မည်​ရှိ​သား​ကို​ရ​၏။-
GEN 11:19 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ့​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
GEN 11:20 ရာ​ဂေါ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ စေ​ရောက်​အ​မည်​ရှိ​သား​ကို​ရ​၏။-
GEN 11:21 ထို​နောက်​သူ​သည်​နှစ်​ရာ့​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
GEN 11:22 စေ​ရောက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော​အ​ခါ နာ​ခေါ်​အ​မည်​ရှိ​သား​ကို​ရ​၏။-
GEN 11:23 ထို​နောက်​သူ​သည်​နှစ်​ပေါင်း​နှစ်​ရာ​ဆက်​၍ အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
GEN 11:24 နာ​ခေါ်​သည်​အ​သက်​နှစ်​ဆယ့်​ကိုး​နှစ်​ရှိ​သော အ​ခါ တေ​ရ​အမည်​ရှိ​သား​ကို​ရ​၏။-
GEN 11:25 ထို​နောက်​သူ​သည်​တစ်​ရာ​တစ်​ဆယ့်​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။
GEN 11:26 တေ​ရ​သည်​လည်း​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​အ​မည်​ရှိ​သား​တို့​ကို​ရ​လေ​၏။
GEN 11:27 တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။-
GEN 11:28 ခါ​ရန်​သည်​မိ​မိ​၏​ဖခင်​အ​သက်​ရှင်​လျက်​ရှိ​စဉ် ပင်​လျှင် မိ​မိ​၏​နေ​ရပ်​ဖြစ်​သော​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​တွင်​ကွယ်​လွန်​လေ​သည်။-
GEN 11:29 အာ​ဗြံ​သည်​စာ​ရဲ​နှင့်​ထိမ်း​မြား​၍​နာ​ခေါ်​သည် ခါ​ရန်​၏​သ​မီး​မိ​လ​ခါ​နှင့်​ထိမ်း​မြား​၏။-
GEN 11:30 ခါ​ရန်​သည်​မိ​လ​ခါ​နှင့်​ဣ​သ​ခ​တို့​၏​ဖ​ခင် ဖြစ်​သည်။ စာ​ရဲ​တွင်​သား​သ​မီး​မ​ထွန်း​ကား ချေ။
GEN 11:31 တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။-
GEN 11:32 တေ​ရ​သည်​ထို​မြို့​တွင်​နေ​ထိုင်​စဉ် အ​သက် နှစ်​ရာ့​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။
GEN 12:1 ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​၏​တိုင်း ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​နှင့်​သင်​၏​ဖ​ခင် အိမ်​ကို​စွန့်​ခွာ​၍ ငါ​ညွှန်​ပြ​မည့်​ပြည်​သို့​သွား လော့။-
GEN 12:2 ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။
GEN 12:3 သင့်​ကို​ကောင်း​ချီး​ပေး​သူ​တို့​အား​ငါ​ကောင်း ချီး​ပေး​မည်။ သင့်​ကို​ကျိန်​ဆဲ​သူ​တို့​အား​ငါ​ကျိန်​ဆဲ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
GEN 12:4 အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့်​အ​တိုင်း ခါ​ရန်​မြို့​မှ​ထွက်​ခွာ​သော​အ​ခါ အ​သက်​ခု​နစ် ဆယ့်​ငါး​နှစ်​ရှိ​၏။ လော​တ​သည်​သူ​နှင့်​အ​တူ လိုက်​ပါ​ခဲ့​၏။-
GEN 12:5 အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊-
GEN 12:6 အာ​ဗြံ​သည်​ထို​ပြည်​ကို​ဖြတ်​သွား​ပြီး​လျှင် ရှိ​ခင် အ​ရပ်​၌​ရှိ​သော​မော​ရေ​သပိတ်​ပင်​သို့​ရောက်​ရှိ လာ​လေ​၏။ (ထို​အ​ချိန်​က​ခါ​နာန်​အ​မျိုး​သား တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။-)
GEN 12:7 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ဤ​တိုင်း​ပြည်​ကို​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ အာ​ဗြံ​သည်​သူ့​အား​ကိုယ်​ထင်​ပြ​သော​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။-
GEN 12:8 ထို​အ​ရပ်​မှ​သူ​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​အ​ရပ်​သို့​ပြောင်း​ရွှေ့​၍ စ​ခန်း ချ​လေ​သည်။ ထို​စ​ခန်း​၏​အ​နောက်​ဘက်​တွင် ဗေ​သ​လ​မြို့၊ အ​ရှေ့​ဘက်​တွင်​အာ​ဣ​မြို့​တည်​ရှိ လေ​သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လေ သည်။-
GEN 12:9 ထို​မှ​တစ်​ဖန်​သူ​သည်​အ​ဆင့်​ဆင့်​ပြောင်း​ရွှေ့ လာ​ခဲ့​ရာ ခါ​နာန်​ပြည်​၏​တောင်​ပိုင်း​သို့​ရောက် ရှိ​လေ​သည်။
GEN 12:10 ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ဆိုက်​ရောက်​၍ အ​ခြေ​အ​နေ​ဆိုး​ရွား​လာ​သ ဖြင့်​အာ​ဗြံ​သည် အီ​ဂျစ်​ပြည်​၌​ခေတ္တ​နေ​ထိုင် ရန်​တောင်​ဘက်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-
GEN 12:11 သူ​သည်​အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရန်​နယ်​စပ် ကို​ဖြတ်​ကျော်​ခါ​နီး​တွင် သူ​၏​မ​ယား​စာ​ရဲ အား``သင်​သည်​ရုပ်​ရည်​လှ​သော​အ​မျိုး​သ​မီး ဖြစ်​၏။-
GEN 12:12 အီ​ဂျစ်​ပြည်​သား​တို့​မြင်​လျှင်`သူ​သည်​အာ​ဗြံ ၏​မ​ယား​ဖြစ်​၏' ဟု​ဆို​၍​ငါ့​ကို​သတ်​ပြီး နောက် သင့်​ကို​အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်။-
GEN 12:13 ထို့​ကြောင့်​သူ​တို့​က​မေး​လျှင်​သင်​သည်​ငါ​၏ နှ​မ​ဖြစ်​သည်​ဟု​ပြော​ပါ။ ထို​အ​ခါ​သင့်​အ​တွက် ကြောင့် ငါ့​ကို​အ​သက်​ချမ်း​သာ​ပေး​၍​ကောင်း​စွာ ပြု​စု​ဆက်​ဆံ​ကြ​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​ထား လေ​၏။-
GEN 12:14 သူ​သည်​နယ်​စပ်​ကို​ဖြတ်​၍ အီ​ဂျစ်​ပြည်​ထဲ သို့​ဝင်​လာ​သော​အ​ခါ ထို​ပြည်​သား​တို့​က သူ​၏​မ​ယား​သည် ရုပ်​ရည်​လှ​သော​အ​မျိုး သ​မီး​ဖြစ်​ကြောင်း​တွေ့​မြင်​ကြ​၏။-
GEN 12:15 နန်း​တော်​မှ​မှူး​မတ်​အ​ချို့​တို့​က​လည်း​စာ​ရဲ ၏​ရုပ်​ရည်​အ​လှ​ကို​မြင်​ရ​၍ ဖာ​ရော​ဘု​ရင် ထံ​သို့​သံ​တော်​ဦး​တင်​ကြ​သ​ဖြင့် သူ​မ​သည် နန်း​တော်​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​လေ​၏။-
GEN 12:16 သူ့​အ​တွက်​ကြောင့်​ဘု​ရင်​သည်​အာ​ဗြံ​အား ကောင်း​စွာ​ပြု​စု​၍​သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်​နှင့်​ကု​လား​အုတ်​များ​ကို​ဆု​ချ​ပေး သ​နား​တော်​မူ​၏။
GEN 12:17 သို့​သော်​လည်း​ဘု​ရင်​က စာ​ရဲ​ကို​သိမ်း​ပိုက် မိ​ခြင်း​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​နှင့် တ​ကွ နန်း​တွင်း​သား​တို့​အား​ကြောက်​မက်​ဖွယ် သော​ရော​ဂါ​ဆိုး​ဒဏ်​ကို​ခံ​စေ​တော်​မူ​၏။-
GEN 12:18 ထို​အ​ခါ​၌​ဘု​ရင်​သည်​အာ​ဗြံ​ကို​ဆင့်​ခေါ် ၍``သင်​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​သ​နည်း။ စာ​ရဲ​သည်​သင်​၏​မ​ယား​ဖြစ်​ကြောင်း​ကို ငါ့ အား​အ​ဘယ်​ကြောင့်​မ​ပြော​ပြ​သ​နည်း။-
GEN 12:19 သူ့​ကို​ငါ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​စေ​ရန် သူ သည်​သင်​၏​နှ​မ​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် သင်​ဆို​သ​နည်း။ ယ​ခု​ပင်​သင်​၏​မ​ယား​ကို ခေါ်​၍​ထွက်​သွား​လော့'' ဟု​အ​မိန့်​ပေး​၏။-
GEN 12:20 ထို​သို့​အ​မိန့်​ချ​မှတ်​သည့်​အ​တိုင်း​မင်း​၏​အ​မှု ထမ်း​တို့​သည် အာ​ဗြံ​အား​သူ​၏​မ​ယား​နှင့် တ​ကွ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို​ယူ​ဆောင်​စေ​ပြီး တိုင်း​ပြည်​မှ​ထွက်​ခွာ​သွား​စေ​ကြ​၏။
GEN 13:1 အာ​ဗြံ​ဇ​နီး​မောင်​နှံ​တို့​သည်​ပိုင်​သ​မျှ​ပစ္စည်း​တို့​ကို​ယူ​၍ အီ​ဂျစ်​ပြည်​မြောက်​ပိုင်း​မှ​ခါ​နာန်​ပြည်​တောင်​ပိုင်း​သို့​ထွက်​ခွာ​ခဲ့​သည်။ လော​တ​လည်း​လိုက်​ပါ​လာ​ခဲ့​လေ​သည်။-
GEN 13:2 အာ​ဗြံ​သည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေ​စ​သည်​တို့​ကို​ပိုင်​သ​ဖြင့်​အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​သူ​ဖြစ်​၏။-
GEN 13:3 တစ်​ဖန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ခ​ရီး​အ​ဆင့်​ဆင့်​ဆက်​သွား​ပြီး​နောက် ဗေ​သ​လ​မြို့​သို့​ရှေ့​ရှု​လာ​ခဲ့​လေ​သည်။ သူ​သည်​ဗေ​သ​လ​မြို့​နှင့်​အာ​ဣ​မြို့​စပ်​ကြား​အ​ရပ်​သို့​ရောက်​ရှိ​လာ​၏။-
GEN 13:4 ထို​အ​ရပ်​တွင်​ယ​ခင်​က​စ​ခန်း​ချ​၍​ယဇ်​ပလ္လင်​တည်​ခဲ့​ဖူး​၏။ ထို​အ​ရပ်​၌​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။
GEN 13:5 အာ​ဗြံ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​လော​တ​သည်​လည်း သိုး၊ ဆိတ်​စ​သည့်​တိ​ရစ္ဆာန်​တို့​အ​ပြင်​ကျေး​ကျွန်​များ​ကို​ပိုင်​၏။-
GEN 13:6 သူ​တို့​နှစ်​ဦး​တွင်​တိ​ရစ္ဆာန်​များ​၍​စား​ကျက်​မ​လုံ​လောက်​သည့်​အ​တွက်​ကြောင့် အ​တူ​တူ​နေ​ထိုင်​ရန်​မ​ဖြစ်​နိုင်​တော့​ချေ။-
GEN 13:7 သို့​ဖြစ်​၍​အာ​ဗြံ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​များ​နှင့် လော​တ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ကြ​လေ​သည်။ (ထို​အ​ချိန်​၌​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည်​လည်း ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သေး​၏။)
GEN 13:8 ထို​အ​ခါ​အာ​ဗြံ​က​လော​တ​အား``ငါ​တို့​သည်​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​၍ သင့်​လူ​စု​နှင့်​ငါ့​လူ​စု​တို့​သည်​ခိုက်​ရန်​ဖြစ်​ပွား​နေ​ရန်​မ​သင့်​ချေ။-
GEN 13:9 ထို့​ကြောင့်​သင်​နှင့်​ငါ​ခွဲ​ခွာ​ကြ​ပါ​စို့။ သင့်​ရှေ့​မှောက်​တွင်​မြေ​တစ်​ပြင်​လုံး​ရှိ​၏။ သင်​ကြိုက်​နှစ်​သက်​ရာ​ကို​ရွေး​ယူ​လော့။ သင်​က​တစ်​ဘက်​သို့​သွား​လျှင်​ငါ​က​တ​ခြား​တစ်​ဘက်​သို့​သွား​မည်'' ဟု​ပြော​လေ​၏။
GEN 13:10 ထို​အ​ခါ​လော​တ​သည်​ပတ်​ဝန်း​ကျင်​သို့​လှည့်​ကြည့်​ရာ​ဇော​ရ​မြို့​သို့​တိုင်​အောင် ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​တော် ကဲ့​သို့​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ကဲ့​သို့​လည်း​ကောင်း​ရေ​ပေါ​များ​ကြောင်း​တွေ့​ရ​လေ​သည်။ (ထာ​ဝ​ရ​ဘု​ရား​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​မ​ဖျက်​ဆီး​မီ​က​အ​ခြေ​အ​နေ​ဖြစ်​၏။-)
GEN 13:11 ထို့​ကြောင့်​လော​တ​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​ရွေး​ယူ​၍ အ​ရှေ့​ဘက်​သို့​ပြောင်း​ရွှေ့​ခဲ့​လေ​သည်။ ဤ​သို့​အား​ဖြင့်​သူ​တို့​နှစ်​ဦး​ခွဲ​ခွာ​ခဲ့​ကြ​သည်။-
GEN 13:12 အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​နေ​ထိုင်​သည်။ လော​တ​မူ​ကား​မြစ်​ဝှမ်း​ရှိ​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​တွင် နေ​ထိုင်​ရန်​ရွေး​ချယ်​လျက်​သော​ဒုံ​မြို့​အ​နီး​တွင်​တဲ​စ​ခန်း​ချ​လေ​၏။-
GEN 13:13 သော​ဒုံ​မြို့​သား​တို့​သည်​ဆိုး​သွမ်း​၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​အ​ပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏။
GEN 13:14 လော​တ​နှင့်​အာ​ဗြံ​တို့​ခွဲ​ခွာ​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​ရှိ​ရာ​မှ​အ​ရပ်​လေး​မျက်​နှာ​သို့​ကြည့်​ရှု​လော့။-
GEN 13:15 သင်​မြင်​သ​မျှ​မြေ​ကို​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​စား​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​စေ​မည်။-
GEN 13:16 မြေ​ကြီး​ပေါ်​ရှိ​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​ပါ​မှ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို​ရေ​တွက်​နိုင်​မည်။-
GEN 13:17 သင်​သည်​ယ​ခု​ထ​၍​မြေ​တစ်​ပြင်​လုံး​ကို​လှည့်​ပတ်​ကြည့်​ရှု​လော့။ သင်​မြင်​ရ​သ​မျှ​သော​မြေ​ကို​သင့်​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
GEN 13:18 ထို့​ကြောင့်​အာ​ဗြံ​သည်​မိ​မိ​၏​စ​ခန်း​မှ ဟေ​ဗြုန်​မြို့​ရှိ​မံ​ရေ​သ​ပိတ်​တော​သစ်​ပင်​များ​အ​နီး​သို့​ပြောင်း​ရွှေ့​နေ​ထိုင်​ပြီး​လျှင် ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။
GEN 14:1 ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဗာ​ဗု​လုန်​ဘု​ရင် အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​ဘု​ရင်​အာ​ရုတ်၊ ဧ​လံ ဘု​ရင်​ခေ​ဒေါ​ရ​လော​မာ​နှင့်​ဂေါ​အိမ်​ဘု​ရင် တိ​ဒ​လ​တို့​သည်၊-
GEN 14:2 ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​သော​ဒုံ​ဘု​ရင်​ဗေ​ရ၊ ဂေါ​မာ​ဘု​ရင်​ဗိ​ရ​ရှ၊ အာ​ဋ္ဌ​မာ​ဘု​ရင်​ရှိ​နပ်၊ ဇေ​ဘိုင်​ဘု​ရင်​ရှေ​မ​ဘာ​နှင့်​ဗေ​လာ(သို့​မ​ဟုတ် ဇော​ရ) ဘု​ရင်​တို့​အား​စစ်​ချီ​တိုက်​ခိုက်​ကြ လေ​၏။-
GEN 14:3 ဤ​ဘု​ရင်​ငါး​ပါး​တို့​သည်​မ​ဟာ​မိတ်​ဖွဲ့​၍ ယ​ခု​အ​ခါ​ပင်​လယ်​သေ​ဟု​ခေါ်​သော စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စစ်​စ​ခန်း​ချ​လျက်​ရှိ​ကြ​၏။-
GEN 14:4 ထို​ဘု​ရင်​တို့​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင် လက်​အောက်​တွင် တစ်​ဆယ့်​နှစ်​နှစ်​မျှ​အ​အုပ် အ​ချုပ်​ခံ​နေ​ရ​ပြီး တစ်​ဆယ့်​သုံး​နှစ်​ကြာ သော​အ​ခါ ထို​မင်း​အား​ပုန်​ကန်​ကြ​လေ​သည်။-
GEN 14:5 တစ်​ဆယ့်​လေး​နှစ်​သို့​ရောက်​လျှင်​ခေ​ဒေါ​ရ​လော​မာ ဘု​ရင်​သည် မ​ဟာ​မိတ်​တပ်​ဖွဲ့​တို့​နှင့်​အ​တူ​စစ်​ချီ လာ​၍ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့​တွင်​ရေ​ဖိမ်​အ​မျိုး သား​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့​တွင်​ဇူ​ဇိမ် အ​မျိုး​သား​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ် လွင်​ပြင်​တွင်​ဧ​မိမ်​အ​မျိုး​သား​များ​ကို​လည်း ကောင်း၊-
GEN 14:6 ဧ​ဒုံ​စိ​ရ​တောင်​များ​ပေါ်​တွင်​ဟော​ရိ​အ​မျိုး သား​များ​ကို​လည်း​ကောင်း တိုက်​ခိုက်​အောင်​မြင်​၍ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​လ​ပါ​ရန်​မြို့​အ​ထိ လိုက်​လံ​တိုက်​ခိုက်​လေ​သည်။-
GEN 14:7 ထို​နောက်​အ​ပြန်​ခ​ရီး​တွင်​ကာ​ဒေ​ရှ​မြို့(ထို​စဉ်​က အင်​မိ​ရှ​ပတ်​ဟု​တွင်​သည်) သို့​ရောက်​ပြီး​လျှင် အာ​မ​လက်​ပြည်​တစ်​ခု​လုံး​နှင့်​ဟာ​ဇ​ဇုန္တာ​မာ မြို့​၌​နေ​ထိုင်​ကြ​သော အာ​မော​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။
GEN 14:8 ထို့​နောက်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သည့်​သော​ဒုံ​ဘု​ရင်၊ ဂေါ​မော​ရ​ဘု​ရင်၊ အာ​ဋ္ဌ​မာ​ဘု​ရင်၊ ဇေ​ဘိုင်​ဘု​ရင် နှင့်​ဗေ​လာ​ဘု​ရင်​တို့​၏​စစ်​သည်​များ​သည်​စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စု​ရုံး​၍၊-
GEN 14:9 ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဧ​လံ​ဘု​ရင်၊ ဂေါ​အိမ် ဘု​ရင်၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ဧ​လာ​သာ​ဘု​ရင်​တို့​နှင့် စစ်​တိုက်​ကြ​၏။-
GEN 14:10 ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-
GEN 14:11 အောင်​ပွဲ​ရ​ဘု​ရင်​လေး​ပါး​တို့​သည်​သော​ဒုံ​မြို့ နှင့်​ဂေါ​မော​ရ​မြို့​များ​မှ စား​နပ်​ရိက္ခာ​နှင့်​တ​ကွ ရှိ​သ​မျှ​ပစ္စည်း​တို့​ကို​သိမ်း​ယူ​၍​ထွက်​ခွာ​သွား ကြ​သည်။-
GEN 14:12 သော​ဒုံ​မြို့​တွင်​နေ​ထိုင်​သော​အာ​ဗြံ​၏​တူ လော​တ​နှင့်​တ​ကွ သူ​၏​ပစ္စည်း​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ဆီး​ယူ​ဆောင်​သွား​ကြ​လေ​သည်။
GEN 14:13 ထို​မြို့​သား​တစ်​ယောက်​သည် ရန်​သူ​လက်​မှ​လွတ် မြောက်​ထွက်​ပြေး​လာ​၍​ဟေ​ဗြဲ​အ​မျိုး​သား အာ​ဗြံ​အား အ​ထက်​ပါ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း စုံ​ကို​ပြော​ပြ​လေ​၏။ အာ​ဗြံ​သည်​အာ​မော​ရိ အ​မျိုး​သား မံ​ရေ​ပိုင်​သော​သစ်​ပင်​များ​အ​နီး တွင်​နေ​ထိုင်​လျက်​ရှိ​သည်။ မံ​ရေ​နှင့်​သူ​၏​ညီ များ​ဖြစ်​ကြ​သော​ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ တို့​သည်​အာ​ဗြံ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​၏။-
GEN 14:14 သူ​၏​တူ​ဖမ်း​ဆီး​ခြင်း​ခံ​ရ​ကြောင်း​ကို​ကြား သိ​ရ​သော​အ​ခါ အာ​ဗြံ​သည်​သူ​၏​စ​ခန်း​မှ တိုက်​ရည်​ခိုက်​ရည်​ရှိ​သူ​သုံး​ရာ​တစ်​ဆယ့်​ရှစ် ယောက်​တို့​ကို​စု​ရုံး​ပြီး​လျှင် ဘု​ရင်​လေး​ပါး နောက်​သို့​ဒန်​မြို့​တိုင်​အောင်​လိုက်​လေ​၏။-
GEN 14:15 ထို​အ​ရပ်​တွင်​သူ​၏​လူ​များ​ကို​နှစ်​စု​ခွဲ​လျက် ည​အ​ချိန်​၌ ရန်​သူ​အား​တိုက်​ခိုက်​၍​အောင်​မြင် လေ​သည်။ ထို​နောက်​သူ​သည်​ရန်​သူ​ကို ဒ​မာ​သက် မြို့​မြောက်​ဘက်​ဟော​ဘ​မြို့​တိုင်​အောင်​လိုက်​လံ တိုက်​ခိုက်​၍၊-
GEN 14:16 သိမ်း​ယူ​သွား​သော​ပစ္စည်း​အား​လုံး​ကို​ပြန်​လည် ရ​ရှိ​လေ​သည်။ တူ​လော​တ​နှင့်​သူ​၏​ပစ္စည်း​များ ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး​များ​နှင့်​အ​ခြား အ​ဖမ်း​ခံ​ရ​သူ​များ​ကို​လည်း​ကောင်း ပြန်​လည် ခေါ်​ဆောင်​ခဲ့​လေ​သည်။
GEN 14:17 အာ​ဗြံ​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင်​နှင့် အ​ခြား အ​ပေါင်း​ပါ​ဘု​ရင်​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​၍ ပြန်​လာ​သော​အ​ခါ သော​ဒုံ​ဘု​ရင်​သည်​ခ​ရီး​ဦး ကြို​ဆို​ရန်​ရှာ​ဝေ​ချိုင့်​ဝှမ်း(ဘု​ရင့်​ချိုင့်​ဝှမ်း​ဟု လည်း​ခေါ်​တွင်​၏) သို့​သွား​ရောက်​လေ​၏။-
GEN 14:18 အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဖြစ်​၍ ရှာ​လင်​ဘု​ရင်​လည်း​ဖြစ်​သော​မေ​လ​ခိ ဇေ​ဒက်​သည် အာ​ဗြံ​ထံ​သို့​မုန့်​နှင့်​စ​ပျစ်​ရည်​ကို ယူ​ခဲ့​ပြီး​လျှင်၊-
GEN 14:19 သူ့​အား​ကောင်း​ချီး​ပေး​လျက်``ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-
GEN 14:20 သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။
GEN 14:21 သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။
GEN 14:22 ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။
GEN 15:1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အား​ဖြင့်​အာ​ဗြံ​အား``အာ​ဗြံ၊ မ​ကြောက်​နှင့်။ ငါ သည်​သင့်​အား​အန္တ​ရာယ်​မှ​ကာ​ကွယ်​၍ ကြီး​မြတ် သော​ဆု​ကို​ချ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 15:2 သို့​ရာ​တွင်​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်​တွင်​သား​မ​ထွန်း​ကား​သ​ဖြင့် ကိုယ် တော်​၏​ဆု​ကို​အ​ဘယ်​သို့​ခံ​စား​ရ​ပါ​မည်​နည်း။ ဒ​မာ​သက်​မြို့​သား​ဧ​လျာ​ဇာ​သည်​သာ​လျှင် အ​ကျွန်ုပ်​၏​အ​မွေ​ခံ​ဖြစ်​ပါ​၏။-
GEN 15:3 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​သား​မ​ထွန်း​ကား စေ​သ​ဖြင့် ကျွန်​တစ်​ဦး​က​အ​ကျွန်ုပ်​၏​အ​မွေ ကို​ခံ​ယူ​ရ​ပါ​မည်'' ဟု​လျှောက်​ဆို​လေ​၏။
GEN 15:4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကျွန်​သည် သင်​၏​အ​မွေ​ခံ​မ​ဖြစ်​ရ။ သင်​၏​သား​အ​ရင်း သည်​သင်​၏​အ​မွေ​ခံ​ဖြစ်​မည်'' ဟု​မိန့်​တော် မူ​ပြီး​လျှင်၊-
GEN 15:5 အာ​ဗြံ​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လျက်``မိုး​ကောင်း ကင်​ကို​မော်​ကြည့်​၍​ကြယ်​များ​ကို​ရေ​တွက်​လော့။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ထို​မျှ​လောက်​များ ပြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။
GEN 15:6 အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​နှစ်​သက် လက်​ခံ​တော်​မူ​၏။
GEN 15:7 ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​အား ဤ ပြည်​ကို​အ​ပိုင်​စား​ပေး​ရန်​သင့်​ကို​ဗာ​ဗု​လုန် ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ဆောင်​ခဲ့​သော​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
GEN 15:8 ထို​အ​ခါ​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​ကို​အ​ကျွန်ုပ်​ပိုင်​ရ​မည်​ဖြစ်​ကြောင်း မည်​သို့ သိ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။
GEN 15:9 ကိုယ်​တော်​က``သုံး​နှစ်​သား​အ​ရွယ်​စီ​ရှိ​သော​နွား​မ တစ်​ကောင်၊ ဆိတ်​မ​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင် နှင့်​တ​ကွ ချိုး​တစ်​ကောင်၊ ခို​တစ်​ကောင်​ကို​ငါ့​ထံ သို့​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။-
GEN 15:10 အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထို တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ပြီး​လျှင် ၎င်း​တို့​ကို​ထက် ဝက်​စီ​ခြမ်း​၍​တစ်​ဘက်​တစ်​ခြမ်း​စီ​နှစ်​တန်း​ဆိုင် လျက်​ချ​ထား​၏။ ငှက်​များ​ကို​မူ​ကား​မ​ခြမ်း ဘဲ​ထား​သည်။-
GEN 15:11 လင်း​တ​များ​သည်​သား​ကောင်​များ​ပေါ်​သို့​ဆင်း သက်​လာ​ကြ​သော​အ​ခါ အာ​ဗြံ​သည်​မောင်း​နှင် လေ​၏။
GEN 15:12 နေ​ဝင်​ချိန်​၌​အာ​ဗြံ​သည် အိပ်​မော​ကျ​နေ​စဉ် ကြောက်​ရွံ့​ထိတ်​လန့်​လာ​လေ​သည်။-
GEN 15:13 ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား ``သင်​၏​အ​မျိုး အ​နွယ်​တို့​သည် သူ​တစ်​ပါး​၏​နိုင်​ငံ​၌​သူ​စိမ်း တစ်​ရံ​ဆံ​အ​ဖြစ်​နေ​ထိုင်​ရ​ကြ​မည်။ ထို​အ​ရပ် တွင်​သူ​တို့​သည်​နှစ်​ပေါင်း​လေး​ရာ​ကျွန်​အ​ဖြစ် ဖြင့်​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​မည်။-
GEN 15:14 သို့​သော်​လည်း​သူ​တို့​အား​ကျွန်​စေ​စား​သော နိုင်​ငံ​သား​တို့​ကို​ငါ​ဒဏ်​စီ​ရင်​မည်။ ထို​ပြည် မှ​ထွက်​ခွာ​ရ​သော​အ​ခါ​သူ​တို့​သည်​ပစ္စည်း ဥစ္စာ​များ​စွာ​ပါ​လျက်​ထွက်​သွား​လိမ့်​မည်။-
GEN 15:15 သင်​သည်​သင်​၏​ဘိုး​ဘေး​တို့​ထံ​ငြိမ်​ဝပ်​စွာ​သွား ရမည်​ဖြစ်​၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​မည်။-
GEN 15:16 သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​အ​မျိုး​လေး​ဆက် တိုင်​အောင်​နေ​ပြီး​မှ ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​မော​ရိ​အ​မျိုး သား​တို့​သည် ဆိုး​သွမ်း​၍​ဒဏ်​သင့်​သည့်​အ​ခါ ရောက်​မှ​သူ​တို့​အား ဤ​ပြည်​မှ​ငါ​နှင်​ထုတ် မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။
GEN 15:17 နေ​ဝင်​၍​မှောင်​ကျ​လာ​သော​အ​ခါ​မီး​ခိုး​ထွက် သော​မီး​လင်း​ဖို​နှင့်​မီး​လျှံ​တောက်​သော​မီး​တိုင် သည် ရုတ်​တ​ရက်​ပေါ်​လာ​ပြီး​လျှင်​အ​သား​ခြမ်း များ​အ​ကြား​ဖြတ်​သွား​၏။-
GEN 15:18 ထို​အ​ချိန်​ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​က၊-
GEN 15:19 ``ကေ​နိ​အ​မျိုး​သား၊ ကေ​န​ဇိ​အ​မျိုး​သား၊ ကာ​ဒ​မော​နိ​အ​မျိုး​သား၊-
GEN 15:20 ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ရေ​ဖိမ် အ​မျိုး​သား၊-
GEN 15:21 အာ​မော​ရိ​အ​မျိုး​သား၊ ခါ​န​နိ​အ​မျိုး​သား၊ ဂိ​ရ​ဂါ​ရှိ​အ​မျိုး​သား​နှင့်​ယေ​ဗု​သိ​အ​မျိုး သား​တို့​၏​ပြည်​များ​အ​ပါ​အ​ဝင် အီ​ဂျစ် ပြည်​နယ်​စပ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ် ပြန့်​သော​ဒေ​သ​တစ်​ခု​လုံး​ကို သင်​၏​အ​မျိုး အ​နွယ်​တို့​အား​ငါ​ပေး​အပ်​မည်​ဟု​က​တိ ပြု​သည်'' ဟု​မိန့်​တော်​မူ​၏။
GEN 16:1 အာ​ဗြံ​၏​မ​ယား​စာ​ရဲ​တွင်​သား​တစ်​ယောက်​မျှ မ​ထွန်း​ကား​ချေ။ စာ​ရဲ​၌​ဟာ​ဂ​ရ​အ​မည်​ရှိ သော​အီ​ဂျစ်​ပြည်​သူ​ကျွန်​မ​တစ်​ယောက်​ရှိ​၏။-
GEN 16:2 သို့​ဖြစ်​၍​စာ​ရဲ​က​အာ​ဗြံ​အား``ထာ​ဝ​ရ​ဘု​ရား သည် ကျွန်​မ​ကို​သား​သ​မီး​မ​ထွန်း​ကား​စေ​ပါ။ ကျွန်​မ​၏​ကျွန်​မ​ကို​သိမ်း​ပိုက်​ပါ​လော့။ သူ့​အား ဖြင့်​ကျွန်​မ​သား​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အာ​ဗြံ​သည်​စာ​ရဲ​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ သ​ဖြင့်၊-
GEN 16:3 စာ​ရဲ​သည်​ဟာ​ဂ​ရ​ကို​သူ့​လက်​သို့​အပ်​လေ​၏။ (အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​ဆယ်​နှစ်​နေ​ထိုင် ပြီး​နောက် ဟာ​ဂ​ရ​ကို​မ​ယား​ငယ်​အ​ဖြစ် သိမ်း​ပိုက်​ခဲ့​လေ​သည်။-)
GEN 16:4 အာ​ဗြံ​သည်​ဟာ​ဂ​ရ​နှင့်​ဆက်​ဆံ​သ​ဖြင့် ဟာ​ဂ​ရ ၌​ပ​ဋိ​သန္ဓေ​စွဲ​လေ​၏။ ဟာ​ဂ​ရ​သည်​သူ​၌​ပ​ဋိ သန္ဓေ​စွဲ​ကြောင်း​သိ​ရ​လျှင် မာန်​မာ​န​ဝင်​လာ​၍ စာ​ရဲ​ကို​မ​ထီ​လေး​စား​ပြု​လေ​၏။
GEN 16:5 ထို​အ​ခါ​စာ​ရဲ​က​အာ​ဗြံ​အား``ကိုယ်​တော်​ကြောင့် ဟာ​ဂ​ရ​သည် ကျွန်​မ​အား​မ​ထီ​လေး​စား​ပြု​ပါ ပြီ။ ကျွန်​မ​က​သူ့​ကို​ကိုယ်​တော်​ထံ​အပ်​၍ သူ​၌ ပ​ဋိ​သန္ဓေ​စွဲ​ကြောင်း​သိ​သည်​နှင့် ကျွန်​မ​အား မ​ထီ​လေး​စား​ပြု​လာ​ပါ​သည်။ ကိုယ်​တော်​နှင့် ကျွန်​မ​တို့​နှစ်​ဦး​အ​တွက် တ​ရား​သ​ဖြင့်​ဖြစ် စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ဆို​၏။
GEN 16:6 အာ​ဗြံ​က``သူ​သည်​သင်​၏​ကျွန်​မ​ဖြစ်​၍​သင့် လက်​ထဲ​၌​ရှိ​သည်။ သူ့​အား​သင်​ပြု​လို​ရာ​ပြု နိုင်​သည်'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​စာ​ရဲ​သည် ဟာ​ဂ​ရ​အား​မ​နေ​နိုင်​လောက်​အောင်​ညှင်း​ဆဲ သ​ဖြင့် ဟာ​ဂ​ရ​ထွက်​ပြေး​လေ​သည်။
GEN 16:7 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​လမ်း၊ တော​ကန္တာ​ရ​ထဲ ရှိ​စမ်း​ရေ​တွင်း​အ​နီး​တွင်​ဟာ​ဂ​ရ​ကို​တွေ့ လျှင်၊-
GEN 16:8 ``စာ​ရဲ​၏​ကျွန်​မ​ဟာ​ဂ​ရ၊ သင်​ဘယ်​အ​ရပ် သို့​သွား​မည်​နည်း'' ဟု​မေး​လေ​၏။ ဟာ​ဂ​ရ​က``ကျွန်​မ​သည်​သ​ခင်​မ​ထံ​မှ​ထွက် ပြေး​လာ​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
GEN 16:9 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သ​ခင်​မ​ထံ​သို့​ပြန်​၍​ကျွန်​ခံ​လော့'' ဟု ဆို​၏။-
GEN 16:10 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် က``သင်​၏​အ​မျိုး​အ​နွယ်​ကို​မ​ရေ​မ​တွက် နိုင်​အောင်​များ​ပြား​စေ​မည်။-
GEN 16:11 သင်​သည်​သား​ကို​ဖွား​မြင်​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​၏​ညည်း​တွား​သံ​ကို​ကြား တော်​မူ​ပြီ။ ထို​သား​ကို​ဣ​ရှ​မေ​လ​အ​မည် ဖြင့်​မှည့်​ခေါ်​ရ​မည်။-
GEN 16:12 သို့​ရာ​တွင်​သင်​၏​သား​သည်​မြည်း​ရိုင်း​ကဲ့​သို့​နေ ထိုင်​ရ​လိမ့်​မည်။ သူ​သည်​လူ​တိုင်း​နှင့်​ရန်​ဘက် ဖြစ်​၍ လူ​တိုင်း​က​လည်း​သူ့​ကို​ရန်​ဘက်​ပြု လိမ့်​မည်။ သူ​သည်​မွေး​ချင်း​ပေါက်​ဖော်​တို့​နှင့် ခွဲ​ခွာ​နေ​ထိုင်​ရ​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​၏။
GEN 16:13 ထို​အ​ခါ​ဟာ​ဂ​ရ​က``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ကို​အ​ကယ်​ပင်​ဖူး​မြင်​ရ​ပြီး​နောက် အ​သက်​ရှင်​သေး​ပါ​တ​ကား'' ဟု​ဆို​ပြီး လျှင်​သူ့​အား​ထို​သို့​မိန့်​ကြား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို``မြင်​တော်​မူ​သော​ဘု​ရား'' ဟူ​သော​နာ​မည်​ဖြင့်​ခေါ်​ဝေါ်​လေ​၏။-
GEN 16:14 ထို​အ​ကြောင်း​ကြောင့်​ကာ​ဒေ​ရှ​မြို့​နှင့်​ဗေ​ရက် မြို့​စပ်​ကြား​ရှိ​ရေ​တွင်း​ကို``ငါ့​ကို​မြင်​တော်​မူ သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟု​ခေါ်​တွင်​လေ​သည်။
GEN 16:15 အာ​ဗြံ​သည်​ဟာ​ဂ​ရ​ဖြင့်​သား​ကို​ရ​၍ သူ​သည် ထို​သား​ကို​ဣ​ရှ​မေ​လ​ဟု​နာ​မည်​မှည့်​ခေါ်​၏။-
GEN 16:16 ထို​သား​ဖွား​သော​အ​ချိန်​၌ အာ​ဗြံ​သည်​အ​သက် ရှစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သ​တည်း။
GEN 17:1 အာ​ဗြံ​အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ် ၏။ ငါ့​စ​ကား​ကို​နား​ထောင်​၍​မှန်​ရာ​ကို​အ​စဉ် ပြု​လုပ်​လော့။-
GEN 17:2 သင်​နှင့်​ပ​ဋိ​ညာဉ်​ပြု​၍ သင်​၏​အ​မျိုး​အ​နွယ် ကို​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
GEN 17:3 အာ​ဗြံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ​အောင် ပျပ်​ဝပ်​၍ နေ​စဉ်​ဘု​ရား​သ​ခင်​က၊-
GEN 17:4 ``သင်​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​မှာ​ဤ​သို့​ဖြစ် ၏။ သင့်​အား​လူ​များ​စွာ​တို့​၏​ဖ​ခင်​ဖြစ်​စေ​မည်။-
GEN 17:5 ငါ​သည်​သင့်​အား​လူ​မျိုး​များ​စွာ​တို့​၏​ဖ​ခင် ဖြစ်​စေ​မည်​ဖြစ်​သော​ကြောင့် သင်​၏​နာ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​တော့​ဘဲ​အာ​ဗြ​ဟံ​ဟု​ခေါ် ရ​မည်။-
GEN 17:6 ငါ​သည်​သင်​၏​အ​မျိုး​အ​နွယ်​ကို​များ​ပြား​စေ မည်။ သင်​၏​အ​မျိုး​အ​နွယ်​ထဲ​မှ​မင်း​များ​ပေါ် ထွန်း​စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​လွန်​များ​ပြား​ကြ​သ​ဖြင့်​လူ​အ​မျိုး​မျိုး ဖြစ်​ပွား​လာ​မည်။
GEN 17:7 သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-
GEN 17:8 ယ​ခု​သင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင် ရ​သော ဤ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ပေး​မည်။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး ကို သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ် အ​ပိုင်​ပေး​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 17:9 တစ်​ဖန်​ဘု​ရား​သ​ခင်​က``သင်​နှင့်​တ​ကွ​သင် ၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့​က​လည်း ငါ​၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရ​ကြ​မည်။-
GEN 17:10 သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​တွင် ယောကျာ်း တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​ခံ​ရ ကြ​မည်။-
GEN 17:11 ယ​ခု​မှ​စ​၍​သင့်​အိမ်​၌​ပေါက်​ဖွား​သော​ကျွန် များ​နှင့် တစ်​ခြား​အ​မျိုး​သား​တို့​ထံ​မှ​ဝယ်​ယူ သော​ကျွန်​များ​အ​ပါ​အ​ဝင် ရှစ်​ရက်​အ​ရွယ်​ရှိ သား​ယောကျာ်း​တိုင်း​ကို​အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂ​လာ​စီ​ရင်​ပေး​ရ​မည်။ ဤ​အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​သည် သင်​တို့​နှင့်​ငါ​ပြု​ရ သော​ပဋိ​ညာဉ်​ကို​ပြ​သ​ခြင်း​ဖြစ်​သည်။-
GEN 17:13 ယောကျာ်း​တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ခံ ရ​မည်။ ထို​သို့​ပြု​လုပ်​ခြင်း​သည် သင်​နှင့်​ငါ​ပြု သော​ပ​ဋိ​ညာဉ်​ထာ​ဝ​စဉ်​တည်​ကြောင်း ကိုယ် ကာ​ယ​၌​ထင်​ရှား​သည့်​လက္ခ​ဏာ​အ​မှတ် အ​သား​ဖြစ်​လိမ့်​မည်။-
GEN 17:14 အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​သော ယောကျာ်း​သည် ငါ​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ထိန်း​သော​သူ​ဖြစ်​ခြင်း​ကြောင့် ငါ​၏​လူ​မျိုး တော်​ဝင်​အ​ဖြစ်​မှ​ထုတ်​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။
GEN 17:15 ဘု​ရား​သ​ခင်​က``သင်​၏​မ​ယား​ကို​စာ​ရဲ​ဟု မ​ခေါ်​တော့​ဘဲ ယ​ခု​မှ​စ​၍​သူ​၏​နာ​မည်​မှာ စာ​ရာ​ဟူ​၍​ဖြစ်​စေ​ရ​မည်။-
GEN 17:16 ငါ​သည်​သူ့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​သည် သူ့​အား​ဖြင့်​သား​ရ​လိမ့်​မည်။ ငါ​သည်​သူ့​ကို ကောင်း​ချီး​ပေး​၍ သူ​သည်​လူ​အ​မျိုး​မျိုး​တို့​၏ မိ​ခင်​ဖြစ်​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​မှ လူ​အ​မျိုး​မျိုး​တို့​၏​မင်း​များ​ပေါ်​ထွန်း​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 17:17 အာ​ဗြ​ဟံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ အောင်​ပျပ်​ဝပ်​နေ​စဉ်``အ​သက်​တစ်​ရာ​ရှိ​သူ​၌ က​လေး​ရ​နိုင်​ပါ​ဦး​မည်​လော။ အ​သက်​ကိုး ဆယ်​ရှိ​သူ​စာ​ရာ​၌​က​လေး​မွေး​နိုင်​ပါ​ဦး မည်​လော'' ဟု​တွေး​တော​မိ​သ​ဖြင့်​ရယ်​လေ သည်။-
GEN 17:18 ထို​နောက်``ဣ​ရှ​မေ​လ​ကို​အ​ကျွန်ုပ်​၏​အ​မွေ​ခံ ဖြစ်​ပါ​စေ'' ဟု​အာ​ဗြ​ဟံ​လျှောက်​၏။
GEN 17:19 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သို့​မ​ဖြစ်​စေ​ရ။ သင်​၏​မ​ယား​စာ​ရာ​သည်​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​ဣ​ဇာက်​ဟု​မှည့်​ခေါ်​ရ​မည်။ ငါ​သည် သူ​နှင့်​လည်း​ကောင်း၊ သူ​၏​အ​ဆက်​အ​နွယ်​တို့​နှင့် လည်း​ကောင်း ပြု​သော​ပ​ဋိ​ညာဉ်​ကို​ထာ​ဝ​စဉ် တည်​စေ​မည်။ ထို​ပ​ဋိ​ညာဉ်​သည်​ထာ​ဝ​ရ​ပဋိ ညာဉ်​ဖြစ်​၏။-
GEN 17:20 ဣ​ရှ​မေ​လ​အ​တွက်​သင်​၏​လို​အင်​ဆန္ဒ​ကို​လည်း ငါ​ကြား​ရ​ပြီ။ ထို့​ကြောင့်​ငါ​သည်​သူ့​ကို​ကောင်း ချီး​ပေး​၍ သူ​၌​သား​သ​မီး​များ​စွာ​ထွန်း​ကား စေ​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​ကို​များ​ပြား စေ​မည်။ သူ​သည်​မင်း​သား​တစ်​ဆယ့်​နှစ်​ပါး​တို့ ၏​ဖ​ခင်​ဖြစ်​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့ ကို​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။-
GEN 17:21 သို့​ရာ​တွင်​နောင်​နှစ်​ဤ​အ​ချိန်​ခန့်​၌​စာ​ရာ​မွေး ဖွား​မည့် သင်​၏​သား​ဣဇာက်​၌​လည်း​ငါ​၏​ပ​ဋိ​ညာဉ် ကို​တည်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
GEN 17:22 ဘု​ရား​သ​ခင်​သည်​ထို​သို့​မိန့်​မှာ​ပြီး​နောက် အာ​ဗြ​ဟံ​ထံ​မှ​ကြွ​သွား​တော်​မူ​၏။
GEN 17:23 အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို နာ​ခံ​၍ သူ​၏​သား​ဣ​ရှ​မေ​လ၊ အိမ်​၌​ပေါက် ဖွား​သော​ကျေး​ကျွန်​နှင့်​ငွေ​ဝယ်​ကျွန်​များ အ​ပါ​အ​ဝင်​အိမ်​သား​ယောကျာ်း​အ​ပေါင်း​တို့ အား ထို​နေ့​ချင်း​၌​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ပေး​လေ​၏။-
GEN 17:24 အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ချိန် တွင် အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​၍၊-
GEN 17:25 သူ​၏​သား​ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ဆယ့် သုံး​နှစ်​ရှိ​သည်။-
GEN 17:26 ထို​နေ့​၌​သူ​တို့​သား​အ​ဖ​နှစ်​ဦး​နှင့်​အိမ်​တွင် ရှိ​သော​ကျေး​ကျွန်​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​လေ​သည်။
GEN 18:1 ထာ​ဝ​ရ​ဘု​ရား​သည်​မံ​ရေ​ပိုင်​သော​သစ်​ပင်​များ ရှိ​ရာ​အ​ရပ်​တွင် အာ​ဗြ​ဟံ​အား​ကိုယ်​ထင်​ပြ တော်​မူ​၏။ နေ​အ​လွန်​ပူ​ပြင်း​သော​အ​ချိန်​၌ အာ​ဗြ​ဟံ​သည်​မိ​မိ​၏​တဲ​ဝ​မှာ​ထိုင်​နေ​စဉ်၊-
GEN 18:2 မျက်​နှာ​ကို​မော်​ကြည့်​လိုက်​ရာ လူ​သုံး​ဦး​ရပ်​နေ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ အာ​ဗြ​ဟံ​သည်​သူ​တို့​ကို မြင်​လျှင် ခ​ရီး​ဦး​ကြို​ဆို​ခြင်း​ငှာ​ပြေး​သွား​လေ​၏။ သူ​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-
GEN 18:3 ``အ​ရှင်​သ​ခင်​တို့၊ အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု ပါ​ရ​စေ။ အ​ကျွန်ုပ်​၏​အိမ်​သို့​မ​ဝင်​ဘဲ​မ​နေ ပါ​နှင့်။-
GEN 18:4 ခြေ​ဆေး​ရန်​ရေ​ယူ​ခဲ့​ပါ​ရ​စေ။ ဤ​သစ်​ပင် အောက်​တွင်​အ​ပန်း​ဖြေ​နိုင်​ပါ​သည်။-
GEN 18:5 အ​ရှင်​တို့​အ​တွက်​စား​စ​ရာ​အ​နည်း​ငယ်​ယူ​ခဲ့ ပါ​မည်။ သို့​မှ​သာ​လျှင်​အား​ပြည့်​လာ​၍​ခ​ရီး ဆက်​နိုင်​ပါ​မည်။ အ​ရှင်​တို့​သည်​အ​ကျွန်ုပ်​အိမ် သို့​ကြွ​ရောက်​လာ​ကြ​ခြင်း​ဖြင့် အ​ကျွန်ုပ်​အား ချီး​မြှင့်​ပါ​ပြီ။ သို့​ဖြစ်​၍​အ​ရှင်​တို့​အား​ဧည့် ဝတ်​ပြု​ပါ​ရ​စေ'' ဟု​ဆို​လေ​၏။ ထို​သူ​တို့​က``သင်​ပြော​သည်​အ​တိုင်း​ပြု​ပါ​လေ'' ဟု​ပြန်​ပြော​လေ​၏။
GEN 18:6 အာ​ဗြ​ဟံ​သည်​တဲ​ထဲ​ရှိ​စာ​ရာ​ထံ​သို့​အ​လျင် အ​မြန်​ဝင်​သွား​ပြီး​လျှင်``အ​ကောင်း​ဆုံး​မုန့်​ညက် ကို​ယူ​၍​မုန့်​အ​မြန်​ဖုတ်​ပါ'' ဟု​စေ​ခိုင်း​လေ သည်။-
GEN 18:7 အာ​ဗြ​ဟံ​သည်​နွား​အုပ်​ရှိ​ရာ​သို့​ပြေး​ပြီး​လျှင် ဆူ​ဖြိုး​နု​နယ်​သော​နွား​က​လေး​တစ်​ကောင်​ကို ရွေး​လျက် ကျွန်​တစ်​ဦး​၏​လက်​သို့​အပ်​၍​ဟင်း လျာ​ကို​အ​လျင်​အ​မြန်​ပြင်​ဆင်​စေ​၏။-
GEN 18:8 ထို​နောက်​မ​လိုင်၊ နို့​နှင့်​အ​မဲ​ဟင်း​တို့​ကို​ဧည့်​သည် များ​ရှေ့​၌​တည်​ခင်း​သည်။ သူ​ကိုယ်​တိုင်​ထို​သူ​တို့ အား​သစ်​ပင်​အောက်​တွင်​ဧည့်​ခံ​ကျွေး​မွေး​သ​ဖြင့် သူ​တို့​သည်​စား​သုံး​ကြ​၏။
GEN 18:9 သူ​တို့​က``သင်​၏​မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး​၏။ အာ​ဗြ​ဟံ​က``တဲ​ထဲ​မှာ​ရှိ​ပါ​သည်'' ဟု​ပြန် ဖြေ​၏။
GEN 18:10 တစ်​ယောက်​သော​ဧည့်​သည်​က``ယ​ခု​မှ​စ​၍​ကိုး​လ ကြာ​သော​အ​ခါ ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ချိန်​၌ သင်​၏​မ​ယား​စာ​ရာ​၌​သား​ဖွား​လိမ့်​မည်'' ဟု ဆို​လေ​၏။ ထို​အ​ချိန်​၌​စာ​ရာ​သည် ထို​သူ​၏​နောက်​ကွယ် တဲ​ဝ​မှာ​နေ​၍ နား​ထောင်​လျက်​ရှိ​၏။-
GEN 18:11 အာ​ဗြ​ဟံ​နှင့်​စာ​ရာ​တို့​သည်​အ​ရွယ်​လွန်​ကြ ပြီ​ဖြစ်​၍ စာ​ရာ​၌​သွေး​ဆုံး​နေ​ပြီ​ဖြစ်​သည်။-
GEN 18:12 သို့​ဖြစ်​၍​စာ​ရာ​က``ငါ​သည်​အို​၍​အား​အင်​ကုန် ခန်း​လျက်​ရှိ​ပြီ။ ကာ​မ​စည်း​စိမ်​ကို​မည်​သို့​ခံ​စား နိုင်​မည်​နည်း။ ထို့​အ​ပြင်​ငါ​၏​ယောကျာ်း​သည်​လည်း အို​ပြီ'' ဟု​တွေး​တော​ကာ​ပြုံး​ရယ်​လေ​၏။
GEN 18:13 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``စာ​ရာ​သည် ငါ​ဤ မျှ​လောက်​အ​ရွယ်​ကြီး​ရင့်​ကာ​မှ သား​သ​မီး​ရ နိုင်​ဦး​မည်​လော​ဟု​ဆို​၍ အ​ဘယ်​ကြောင့်​ပြုံး ရယ်​ရ​သ​နည်း။-
GEN 18:14 ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​ရာ​ဟူ​၍​ရှိ ပါ​သ​လော။ ငါ​ပြော​ခဲ့​ပြီး​သည့်​အ​တိုင်း​နောက် ကိုး​လ​ကြာ​လျှင် ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ စာ​ရာ​သည်​သား​ကို​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​မိန့်​တော်​မူ​၏။
GEN 18:15 စာ​ရာ​သည်​ကြောက်​ရွံ့​သ​ဖြင့်``ကျွန်​မ၊ မ​ရယ် ပါ'' ဟု​ဆို​လေ​၏။ ကိုယ်​တော်​က``သင်​အ​မှန်​ပင်​ရယ်​သည်'' ဟု မိန့်​တော်​မူ​၏။
GEN 18:16 ထို​သူ​တို့​သည်​ထွက်​ခွာ​၍ သော​ဒုံ​မြို့​ကို​မြင်​နိုင် သော​နေ​ရာ​သို့​ရောက်​ကြ​၏။ အာ​ဗြ​ဟံ​သည် လည်း သူ​တို့​အား​ပို့​ရန်​လိုက်​ပါ​လာ​ခဲ့​သည်။-
GEN 18:17 ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပြု​မည့်​ကိစ္စ​ကို အာ​ဗြ​ဟံ​အား​အ​သိ​မ​ပေး​ဘဲ​မ​ဖြစ်​နိုင်။-
GEN 18:18 သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​တန်​ခိုး​အင်​အား ကြီး​သော​လူ​မျိုး​ဖြစ်​မည်။ ငါ​သည်​သူ့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-
GEN 18:19 သူ​သည်​မိ​မိ​၏​သား​မြေး​တို့​အား ငါ့​စ​ကား​ကို နာ​ခံ​စေ​ရန်​နှင့်​မှန်​ကန်​ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​စေ ရန် ပ​ညတ်​ထား​နိုင်​စေ​အံ့​သော​ငှာ​သူ့​ကို​ငါ​ရွေး ကောက်​ပြီ။ ထို​သို့​သူ​တို့​နာ​ခံ​ကျင့်​ကြံ​ကြ​လျှင် သူ့​အား​က​တိ​ထား​သ​မျှ​အ​တိုင်း​ငါ​ပြု​မည်'' ဟု​အ​ကြံ​တော်​ရှိ​၏။
GEN 18:20 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က အာ​ဗြ​ဟံ​အား ``သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​အား အ​ပြစ် တင်​စွပ်​စွဲ​သံ​ပြင်း​ထန်​လှ​၏။ ထို​မြို့​တို့​၏​ပြစ် မှု​သည်​လည်း​ကြီး​လေး​လှ​၏။-
GEN 18:21 ငါ​သည်​ကြား​ရ​သော​ပြစ်​တင်​စွပ်​စွဲ​ချက်​များ မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန် သွား​၍​စုံ​စမ်း​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 18:22 ထို​သူ​တို့​သုံး​ဦး​ထဲ​မှ​နှစ်​ဦး​သည် သော​ဒုံ​မြို့ ဘက်​သို့​ထွက်​ခွာ​သွား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မူ အာ​ဗြ​ဟံ​နှင့်​အ​တူ​နေ​ရစ်​ခဲ့​လေ​သည်။-
GEN 18:23 အာ​ဗြ​ဟံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ချဉ်း​ကပ် ၍``ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​တို့​ကို အ​ပြစ် ရှိ​သူ​တို့​နှင့်​အ​တူ​အ​မှန်​ပင်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​မည်​လော။-
GEN 18:24 အ​ကယ်​၍​မြို့​ထဲ​၌​အ​ပြစ်​မဲ့​သူ​ဦး​ရေ​ငါး ဆယ်​ရှိ​လျှင် တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည် လော။ ထို​သူ​ငါး​ဆယ်​ကို​ထောက်​ထား​၍ မြို့​ကို ချမ်း​သာ​မ​ပေး​ဘဲ​နေ​မည်​လော။-
GEN 18:25 ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။
GEN 18:26 ထာ​ဝ​ရ​ဘု​ရား​က``သော​ဒုံ​မြို့​ထဲ​၌​အ​ပြစ် မဲ့​သူ​ဦး​ရေ​ငါး​ဆယ်​ရှိ​လျှင် ထို​သူ​တို့​ကို ထောက်​ထား​၍​တစ်​မြို့​လုံး​ကို​ငါ​ချမ်း​သာ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 18:27 တစ်​ဖန်​အာ​ဗြ​ဟံ​က``ဘု​ရား​ရှင်​အား အ​တင့် ရဲ​၍​ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​လူ​သား​ဖြစ်​၍ မည်​သို့​မျှ​လျှောက်​ခွင့်​မ​ရှိ​ပါ။-
GEN 18:28 သို့​သော်​အ​ပြစ်​မဲ့​သူ​ငါး​ဆယ်​အ​စား​လေး ဆယ့်​ငါး​ယောက်​မျှ​ရှိ​ကောင်း​ရှိ​ပါ​မည်။ ထို ကဲ့​သို့​ငါး​ယောက်​လို​သော​ကြောင့် ကိုယ်​တော် သည်​တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည်​လော'' ဟု​မေး​လျှောက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က``အ​ပြစ်​မဲ့​သူ​လေး​ဆယ် ငါး​ယောက်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
GEN 18:29 ``အ​ပြစ်​မဲ့​သူ​လေး​ဆယ်​မျှ​သာ​ရှိ​လျှင် မြို့ ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' ဟု​အာ​ဗြ​ဟံ က​ထပ်​၍​မေး​လျှောက်​လေ​၏။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​လေး​ဆယ်​ရှိ​လျှင် ငါ​သည်​မြို့​ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။
GEN 18:30 တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက် ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​ထပ်​၍​လျှောက် တင်​ပါ​ရ​စေ။ အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' မေး​လျှောက် ပြန်​၏။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် ငါ​သည်​မြို့​ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။
GEN 18:31 တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​ကျွန်ုပ် အ​တင့်​ရဲ​၍ ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့် လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ​နှစ်​ဆယ်​မျှ​သာ ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' ဟု မေး​လျှောက်​ပြန်​၏။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​နှစ်​ဆယ်​ရှိ​လျှင် မြို့ ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။
GEN 18:32 နောက်​တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​တစ် ကြိမ်​သာ​ထပ်​၍​လျှောက်​တင်​ပါ​ရ​စေ။ အ​ပြစ် မဲ့​သူ​ဆယ်​ယောက်​မျှ​သာ​ရှိ​လျှင် မြို့​ကို​ဖျက် ဆီး​ပစ်​ဦး​မည်​လော'' ဟု​လျှောက်​ပြန်​သည်။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​ဆယ်​ယောက်​ရှိ လျှင် မြို့​ကို​ငါ​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။-
GEN 18:33 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ​အား​မိန့်​ကြား ပြီး​သော​အ​ခါ ကြွ​သွား​တော်​မူ​၏။ အာ​ဗြ​ဟံ သည်​လည်း​မိ​မိ​နေ​အိမ်​သို့​ပြန်​ခဲ့​လေ​သည်။
GEN 19:1 ထို​နေ့​ည​၌​ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် သော​ဒုံ​မြို့​သို့​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ လော​တ​သည်​မြို့​တံ​ခါး​ဝ​မှာ​ထိုင်​လျက်​ရှိ​၏။ ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင် သူ​သည်​ထ​၍​ခ​ရီး​ဦး​ကြို​ပြု​လေ​၏။ သူ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​လျက်၊-
GEN 19:2 အ​ကျွန်ုပ်​သည်​အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု​ပါ​ရ​စေ။ အ​ကျွန်ုပ်​အိမ်​သို့​ကြွ​တော်​မူ​ကြ​ပါ။ ခြေ​ကို​ဆေး​၍​ည​အိပ်​တည်း​ခို​ကြ​ပါ။ နံ​နက်​စော​စော​ထ​၍​ခ​ရီး​ဆက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​၏။ သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​တို့​က``ငါ​တို့​သည် အ​ပြင်​လမ်း​မ​ပေါ်​၌​သာ​နေ​ပါ​မည်'' ဟု​ဆို​လေ​၏။
GEN 19:3 ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။
GEN 19:4 ဧည့်​သည်​များ​အိပ်​ရာ​မ​ဝင်​မီ​ယောကျာ်း​အ​ကြီး​အ​ငယ်​အ​ပါ​အ​ဝင် သော​ဒုံ​မြို့​သား​အ​ပေါင်း​တို့​သည်​လော​တ​၏​အိမ်​ကို​ဝိုင်း​ထား​ကြ​၏။-
GEN 19:5 သူ​တို့​သည်​လော​တ​ကို​ဟစ်​ခေါ်​လျက်``သင့်​ထံ​၌​ဤ​ည​တည်း​ခို​ရန်​ရောက်​ရှိ​လာ​သူ​များ​အ​ဘယ်​မှာ​နည်း။ သူ​တို့​ကို​ထုတ်​ပေး​ပါ'' ဟု​တောင်း​ဆို​ကြ​လေ​သည်။ သော​ဒုံ​မြို့​သား​တို့​က ထို​ဧည့်​သည်​တို့​နှင့်​ကာ​မ​စပ်​ယှက်​လို​ကြ​၏။
GEN 19:6 လော​တ​က​အိမ်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​ကို​ပိတ်​လျက်၊-
GEN 19:7 အ​ဆွေ​တို့၊ ဤ​ကဲ့​သို့​ယုတ်​မာ​သော​အ​မှု​ကို​မ​ပြု​ရန် တောင်း​ပန်​ပါ​၏။-
GEN 19:8 ကျွန်ုပ်​၌​အ​ပျို​စင်​သ​မီး​နှစ်​ယောက်​ရှိ​ပါ​၏။ ထို​သ​မီး​တို့​ကို​သင်​တို့​ပြု​လို​သ​မျှ​အ​တိုင်း​ပြု​နိုင်​ရန် ထုတ်​ပေး​ပါ​မည်။ ဤ​သူ​တို့​ကို​ကား​ချမ်း​သာ​ပေး​ကြ​ပါ။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဧည့်​သည်​ဖြစ်​၍ သူ​တို့​အား​စောင့်​ရှောက်​ရန်​အ​ကျွန်ုပ်​မှာ​တာ​ဝန်​ရှိ​ပါ​သည်'' ဟု​တောင်း​ပန်​လေ​၏။
GEN 19:9 သို့​ရာ​တွင်​သူ​တို့​က``သင်​သည်​တစ်​ရပ်​တစ်​ကျေး​မှ​လာ​၍ ငါ​တို့​ကို​သြ​ဇာ​မ​ပေး​နှင့်။ ဖယ်​ပေး၊ မ​ဖယ်​ပေး​လျှင်​သူ​တို့​ခံ​ရ​သည်​ထက်​သင်​ပို​၍​ခံ​ရ​မည်'' ဟု​ဆို​လေ​သည်။ သူ​တို့​သည်​လော​တ​ကို​နောက်​သို့​ဖိ​တွန်း​လျက် အိမ်​တံ​ခါး​ကို​ချိုး​ဖျက်​ရန်​ရှေ့​သို့​တက်​လာ​ကြ​သည်။-
GEN 19:10 သို့​ရာ​တွင်​ဧည့်​သည်​နှစ်​ဦး​က​တံ​ခါး​ကို​ဖွင့်​လျက် လော​တ​ကို​အိမ်​ထဲ​သို့​ဆွဲ​သွင်း​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​လိုက်​ကြ​၏။-
GEN 19:11 ထို​နောက်​အ​ပြင်​ဘက်​၌​ရှိ​သော​သူ​အား​လုံး​တို့​ကို​မျက်​စိ​ကွယ်​စေ​ရန်​ဒဏ်​ခတ်​သ​ဖြင့် သူ​တို့​သည်​တံ​ခါး​ပေါက်​ကို​ရှာ​၍​မ​တွေ့​နိုင်​ကြ။
GEN 19:12 ဧည့်​သည်​နှစ်​ဦး​တို့​က``ငါ​တို့​သည်​ဤ​အ​ရပ်​ကို​ဖျက်​ဆီး​ပစ်​မည်​ဖြစ်​သော​ကြောင့် မြို့​ထဲ​တွင်​သင်​နှင့်​ဆိုင်​သော​သင်​၏​သား​သ​မီး၊ သ​မက်​နှင့်​အ​ခြား​ဆွေ​မျိုး​သား​ချင်း​များ​ရှိ​ကြ​လျှင်​ထွက်​ခွာ​သွား​ကြ​စေ။-
GEN 19:13 သော​ဒုံ​မြို့​သား​တို့​အား​ကြီး​လေး​သော​အ​ပြစ်​တင်​စွပ်​စွဲ​သံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​ရ​သ​ဖြင့် သော​ဒုံ​မြို့​ကို​ဖျက်​ဆီး​ပစ်​ရန် ငါ​တို့​ကို​စေ​လွှတ်​လိုက်​သည်'' ဟု​လော​တ​အား​ဆို​လေ​သည်။
GEN 19:14 ထို​အ​ခါ​လော​တ​သည် မိ​မိ​၏​သ​မက်​လောင်း​များ​ထံ​သို့​သွား​၍``ဤ​အ​ရပ်​မှ​အ​မြန်​ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​တော်​မူ​မည်'' ဟု​တိုက်​တွန်း​လေ​၏။ သို့​ရာ​တွင်​သ​မက်​လောင်း​တို့​သည် လော​တ​ကျီ​စား​ပြော​နေ​သည်​ဟု​ထင်​မှတ်​ကြ​လေ​သည်။
GEN 19:15 နံ​နက်​အ​ချိန်​အ​ရုဏ်​တက်​အ​ချိန်​၌ ကောင်း​ကင်​တ​မန်​တို့​က​လော​တ​အား​အ​မြန်​ထွက်​သွား​ရန်​တိုက်​တွန်း​လေ​သည်။ သူ​တို့​က``မြို့​ကို​ဖျက်​ဆီး​သော​အ​ခါ​သင်​၏​မ​ယား​နှင့်​သ​မီး​နှစ်​ယောက်​အ​သက်​မ​ဆုံး​ရ​စေ​ရန် သူ​တို့​ကို​ခေါ်​၍​ယ​ခု​အ​မြန်​ထွက်​လော့'' ဟု​ဆို​၏။-
GEN 19:16 သို့​သော်​လည်း​လော​တ​သည်​ဖင့်​နွဲ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​တို့​သည် သူ​နှင့်​သူ​၏​မ​ယား၊ သူ​၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ​၍ မြို့​ပြင်​သို့​ထုတ်​ကြ​၏။-
GEN 19:17 ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က``အ​သက်​ဘေး​မှ​လွတ်​အောင်​ပြေး​ကြ​လော့။ နောက်​သို့​လှည့်​မ​ကြည့်​နှင့်။ ချိုင့်​ဝှမ်း​ထဲ​၌​မ​ရပ်​နား​နေ​နှင့်။ အ​သက်​ချမ်း​သာ​ရာ​ရ​ရန်​တောင်​ပေါ်​သို့​ပြေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။
GEN 19:18 လော​တ​က``ကိုယ်​တော်၊ အ​ကျွန်ုပ်​တို့​တောင်​ပေါ်​သို့​မ​ပြေး​ပါ​ရ​စေ​နှင့်။-
GEN 19:19 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​သ​ဖြင့် အ​သက်​ချမ်း​သာ​ရာ​ရ​ခဲ့​ပါ​ပြီ။ တောင်​များ​သည်​ခ​ရီး​ဝေး​လှ​ပါ​၏။ တောင်​ပေါ်​သို့​မ​ရောက်​မီ​ဘေး​သင့်​မည်​ဟု​စိုး​ရိမ်​ရ​ပါ​၏။-
GEN 19:20 ရှေ့​တွင်​မြို့​က​လေး​တစ်​မြို့​ရှိ​ပါ​သည်။ ထို​မြို့​သည်​နီး​သ​ဖြင့်​ရောက်​လွယ်​ပါ​သည်။ ထို​မြို့​သို့​ပြေး​ပါ​ရ​စေ။ မြို့​ငယ်​က​လေး​ဖြစ်​၍ အ​ကျွန်ုပ်​အ​တွက်​လုံ​ခြုံ​မှု​ရှိ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
GEN 19:21 ကောင်း​ကင်​တ​မန်​က``ကောင်း​ပြီ။ ထို​မြို့​ကို​ငါ​မ​ဖျက်​ဆီး။-
GEN 19:22 မြန်​မြန်​ပြေး​လော့။ ထို​မြို့​သို့​သင်​မ​ရောက်​မီ ငါ​သည်​သော​ဒုံ​မြို့​ကို​ဒဏ်​မ​စီ​ရင်​နိုင်'' ဟု​ဆို​လေ​၏။ လော​တ​သည်​ထို​မြို့​ကို​မြို့​က​လေး​ဟု​ခေါ်​သ​ဖြင့် ဇော​ရ​မြို့​ဟု​နာ​မည်​တွင်​လေ​၏။
GEN 19:23 နေ​ထွက်​ချိန်​၌​ဇော​ရ​မြို့​သို့​လော​တ​ရောက်​ရှိ​လေ​၏။-
GEN 19:24 ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-
GEN 19:25 ထို​မြို့​များ​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ရှိ​လူ​တို့​နှင့်​အ​ပင်​တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​၏။-
GEN 19:26 လော​တ​၏​မ​ယား​က​မူ​နောက်​သို့​လှည့်​ကြည့်​မိ​သ​ဖြင့် ဆား​တိုင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လေ​သည်။
GEN 19:27 နောက်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ရပ်​ခဲ့​ဖူး​သော​နေ​ရာ​သို့​အ​မြန်​သွား​လေ​၏။-
GEN 19:28 သူ​သည်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​လှမ်း​ကြည့်​လိုက်​ရာ မီး​ဖို​ကြီး​တစ်​ခု​မှ​မီး​ခိုး​တက်​သ​ကဲ့​သို့ မြေ​ပြင်​မှ​အ​ခိုး​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။-
GEN 19:29 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လော​တ​နေ​ထိုင်​ရာ ချိုင့်​ဝှမ်း​ရှိ​မြို့​များ​ကို​ဖျက်​ဆီး​သော​အ​ခါ​၌ အာ​ဗြ​ဟံ​ကို​သ​တိ​ရ​တော်​မူ​၏။ လော​တ​ကို​လည်း​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​မြောက်​စေ​တော်​မူ​၏။
GEN 19:30 လော​တ​သည်​ဇော​ရ​မြို့​တွင်​မ​နေ​ထိုင်​ဝံ့​သ​ဖြင့် သ​မီး​နှစ်​ယောက်​တို့​နှင့်​အ​တူ​တောင်​ပေါ်​သို့​ပြောင်း​ရွှေ့​ပြီး​လျှင် လိုဏ်​ဂူ​တစ်​ခု​အ​တွင်း​၌​နေ​လေ​၏။-
GEN 19:31 သ​မီး​အ​ကြီး​က​သူ​၏​ညီ​မ​အား``ငါ​တို့​၏​အ​ဖ​လည်း​အို​ပြီ။ ငါ​တို့​မှ​အ​မျိုး​ဆက်​ကျန်​ရစ်​ခဲ့​စေ​ရန် ကမ္ဘာ​မှာ​ငါ​တို့​အား​ထိမ်း​မြား​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-
GEN 19:32 သို့​ဖြစ်​သော​ကြောင့်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သူ​၏​အ​မျိုး​ဆက်​မ​ပြတ်​စေ​ရန်​သူ​နှင့်​အ​တူ​အိပ်​ကြ​စို့'' ဟု​ဆို​လေ​၏။-
GEN 19:33 ထို​ည​၌​သူ​တို့​သည်​ဖ​ခင်​အား​စ​ပျစ်​ရည်​တိုက်​၍ သ​မီး​အ​ကြီး​သည်​ဖ​ခင်​နှင့်​အိပ်​လေ​၏။ ဖ​ခင်​သည်​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။
GEN 19:34 နောက်​တစ်​နေ့​၌​သ​မီး​အ​ကြီး​က​ညီ​မ​အား``ယ​မန်​နေ့​ည​က​ငါ​သည်​ဖ​ခင်​နှင့်​အိပ်​ပြီး​ပြီ။ ယ​နေ့​ည​တွင်​သူ့​အား​တစ်​ဖန်​မူး​ယစ်​စေ​၍ သင်​က​လည်း​ငါ​ကဲ့​သို့​သူ​နှင့်​ဝင်​၍​အိပ်​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​တစ်​ယောက်​စီ​၌ ဖ​ခင်​နှင့်​သား​သ​မီး​မျိုး​ဆက်​ရ​မည်'' ဟု​ဆို​လေ​၏။-
GEN 19:35 ထို​ည​၌​လည်း​သူ​တို့​သည်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သ​မီး​အ​ငယ်​သည်​သူ​နှင့်​အိပ်​လေ​၏။ ဖ​ခင်​လည်း​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။-
GEN 19:36 ထို​သို့​အား​ဖြင့်​လော​တ​၏​သ​မီး​နှစ်​ယောက်​တို့​သည် သူ​တို့​၏​ဖ​ခင်​နှင့်​သန္ဓေ​စွဲ​ကြ​လေ​သည်။-
GEN 19:37 သ​မီး​အ​ကြီး​တွင်​သား​တစ်​ယောက်​ဖွား​မြင်​၍ မော​ဘ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​မော​ဘ​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။-
GEN 19:38 သ​မီး​အ​ငယ်​လည်း​သား​တစ်​ယောက်​ဖွား​မြင်​၍ ဗေ​နမ္မိ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​အမ္မုန်​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​သ​တည်း။
GEN 20:1 အာ​ဗြ​ဟံ​သည်​မံ​ရေ​အ​ရပ်​မှ​ခါ​နာန်​ပြည်​တောင် ပိုင်း​သို့​ပြောင်း​ရွှေ့​ခဲ့​ပြီး​လျှင် ကာ​ဒေ​ရှ​မြို့​နှင့်​ရှု​ရ မြို့​စပ်​ကြား​ရှိ​အ​ရပ်​တွင်​နေ​ထိုင်​လေ​၏။ သူ​သည် ဂေ​ရာ​မြို့​၌​နေ​ထိုင်​စဉ်၊-
GEN 20:2 သူ​၏​မ​ယား​စာ​ရာ​သည်​မိ​မိ​၏​နှ​မ​ဖြစ်​သည် ဟု​ဆို​၏။ ထို့​ကြောင့်​ဂေ​ရာ​ဘု​ရင်​အ​ဘိ​မ​လက် က​စာ​ရာ​ကို​သိမ်း​ပိုက်​လေ​သည်။-
GEN 20:3 ည​အ​ခါ​အိပ်​မက်​ထဲ​၌​ဘု​ရား​သ​ခင်​က``သင် သည်​ဤ​မိန်း​မ​ကို​သိမ်း​ပိုက်​သ​ဖြင့်​သေ​ရ​မည်။ သူ​သည်​လင်​ရှိ​မ​ယား​ဖြစ်​သည်'' ဟု​အ​ဘိ မ​လက်​အား​မိန့်​တော်​မူ​၏။
GEN 20:4 သို့​ရာ​တွင်​အ​ဘိ​မ​လက်​သည် သူ​မ​အ​နီး​သို့ မ​ချဉ်း​ကပ်​သေး။ သူ​က``ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ပြစ်​ကင်း​ပါ​၏။ အ​ကျွန်ုပ်​နှင့်​အ​ကျွန်ုပ်​၏ လူ​မျိုး​ကို​ဖျက်​ဆီး​မည်​လော။-
GEN 20:5 အာ​ဗြ​ဟံ​ကိုယ်​တိုင်​က​သူ​၏​နှ​မ​ဖြစ်​သည်​ဟု ဆို​ပါ​၏။ သူ​က​လည်း​အာ​ဗြ​ဟံ​သည်​သူ​၏​အစ်​ကို ဖြစ်​သည်​ဟု​ဆို​ပါ​သည်။ အ​ကျွန်ုပ်​သည်​စိတ်​သ​ဘော ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ​စည်​မိ​ပါ​သည်။ သို့​ရာ​တွင်​အ​ပြစ်​ကူး​လွန်​ခြင်း​မ​ရှိ​ပါ'' ဟု လျှောက်​ဆို​၏။
GEN 20:6 အိပ်​မက်​ထဲ​၌​ပင်​ဘု​ရား​သ​ခင်​က``သင်​သည် စိတ်​သ​ဘော​ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ စည်​မိ​ခြင်း​ဖြစ်​ကြောင်း​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် သည်​ငါ့​ကို​မ​ပြစ်​မှား​မိ​စေ​ခြင်း​ငှာ ထို​မိန်း​မ ကို​လက်​ရောက်​မ​ကူး​လွန်​ရန်​ငါ​တား​ဆီး​ခဲ့​ပြီ။-
GEN 20:7 ယ​ခု​ပင်​ထို​မိန်း​မ​ကို​သူ​၏​ယောကျာ်း​ထံ​သို့ ပြန်​အပ်​လော့။ ထို​သူ​သည်​ပ​ရော​ဖက်​ဖြစ်​၍​သင့် အ​သက်​ချမ်း​သာ​ရာ​ရ​စေ​ရန် သူ​သည်​သင့်​အ တွက်​ဆု​တောင်း​ပေး​လိမ့်​မည်။ ထို​မိန်း​မ​ကို​ပြန် ၍​မ​အပ်​လျှင်​မူ​ကား သင်​နှင့်​တ​ကွ​သင်​၏​လူ မျိုး​အား​လုံး​တို့​သည်​မု​ချ​သေ​ရ​ကြ​မည်'' ဟု​ဘု​ရင်​အား​မိန့်​တော်​မူ​၏။
GEN 20:8 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အ​ဘိ​မ​လက် သည် သူ​၏​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​၍ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို​ပြော​ပြ​သည့် အ​ခါ သူ​တို့​သည်​အ​လွန်​ကြောက်​ရွံ့​ကြ​၏။-
GEN 20:9 ထို​နောက်​အ​ဘိ​မ​လက်​သည်​အာ​ဗြ​ဟံ​ကို​ခေါ် ၍``သင်​သည် ငါ​တို့​အား​အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ သင့်​ကို​ငါ​ဘယ်​ကဲ့​သို့​ပြစ်​မှား​မိ​ခဲ့​သ​ဖြင့် သင် သည်​ငါ​နှင့်​တ​ကွ​ငါ​၏​နိုင်​ငံ​ကို​ဘေး​ဒုက္ခ​ဆိုက် ရောက်​စေ​ပါ​သ​နည်း။ သင်​သည် ငါ့​အား​မ​ပြု​အပ် သည့်​အ​မှု​ကို​ပြုပါ​သည်​တ​ကား။-
GEN 20:10 အ​ဘယ်​ကြောင့်​သင်​ဤ​သို့​ပြု​ပါ​သ​နည်း'' ဟု မေး​လေ​သည်။
GEN 20:11 အာ​ဗြ​ဟံ​က``ဤ​အ​ရပ်​သား​တို့​သည်​ဘု​ရား သခင်​ကို​ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​သ​ဖြင့် ကျွန်ုပ် ၏​မယား​ကို​သိမ်း​ယူ​ရန်​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့် မည်​ဟု​ထင်​သော​ကြောင့်​ဤ​သို့​ပြု​မိ​ပါ​သည်။-
GEN 20:12 စင်​စစ်​အား​ဖြင့်​သူ​သည်​ကျွန်ုပ်​၏​နှ​မ​ဖြစ်​ပါ​၏။ သူ​သည်​ကျွန်ုပ်​နှင့်​ဖ​အေ​တူ၊ မ​အေ​ကွဲ​နှ​မ​ဖြစ် သည့်​အ​ပြင်​ကျွန်ုပ်​၏​မ​ယား​လည်း​ဖြစ်​ပါ​သည်။-
GEN 20:13 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား​ဖ​ခင် ၏​အိမ်​မှ​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​စေ​သည့် အ​ခါ ကျွန်ုပ်​က​စာ​ရာ​အား​ငါ့​ကို​သစ္စာ​စောင့်​သည့် အ​နေ​ဖြင့် သင်​ရောက်​လေ​ရာ​ရာ​တွင်​ငါ​သည်​သင် ၏​အစ်​ကို​ဖြစ်​ကြောင်း​ပြော​ရန်​မှာ​ကြား​ခဲ့​ပါ​သည်'' ဟု​ဖြေ​ကြား​လေ​သည်။
GEN 20:14 ထို​နောက်​အ​ဘိ​မ​လက်​သည် စာ​ရာ​ကို​အာ​ဗြ​ဟံ ထံ​ပြန်​အပ်​လေ​၏။ အာ​ဗြ​ဟံ​အား​သိုး​နွား​နှင့် ကျေး​ကျွန်​များ​ကို​လည်း​ပေး​သ​နား​လေ​သည်။-
GEN 20:15 အ​ဘိ​မ​လက်​က``ငါ​၏​တိုင်း​ပြည်​တစ်​ဝန်း လုံး​တွင် သင်​ကြိုက်​ရာ​အ​ရပ်​၌​နေ​လော့'' ဟု အာ​ဗြ​ဟံ​အား​မိန့်​ကြား​၏။-
GEN 20:16 ထို​နောက်​စာ​ရာ​အား``သင်​သည်​အ​ပြစ်​မဲ့​ကြောင်း သင်​၏​အ​ပေါင်း​အ​ဖော်​တို့​သိ​စေ​ရန်​သက်​သေ အ​ထောက်​အ​ထား​အ​ဖြစ် ငါ​သည်​သင်​၏​အစ်​ကို အား​ငွေ​သား​တစ်​ထောင်​ပေး​ပြီ။ လူ​တိုင်း​က​သင် သည်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကူး​လွန်​ခြင်း​မ​ရှိ ကြောင်း​သိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
GEN 20:17 အာ​ဗြ​ဟံ​၏​မ​ယား​စာ​ရာ​ကို​သိမ်း​ပိုက်​သည့် ကိစ္စ​ကြောင့် အ​ဘိ​မ​လက်​၏​နန်း​တော်​တွင်​ရှိ သ​မျှ​သော​မိန်း​မ​တို့​သည် သား​သ​မီး​မ​ရ​စေ ခြင်း​ငှာ​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​၏။ ထို​ကြောင့် အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အ​တွက် ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​သူ​သည်​ကျန်း​မာ လာ​၏။ သူ​၏​မ​ယား​နှင့်​သူ​၏​ကျွန်​မ​တို့​သည် လည်း သား​သ​မီး​ရ​နိုင်​ရန်​ကျန်း​မာ​လာ​ကြ လေ​သည်။
GEN 21:1 ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း စာ​ရာ​ကို​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊-
GEN 21:2 အာ​ဗြ​ဟံ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သည့်​အ​ခါ ၌ စာ​ရာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား​မြင် လေ​၏။ ဘု​ရား​သ​ခင်​သတ်​မှတ်​သော​အ​ချိန်​၌ ထို​သား​ကို​ဖွား​မြင်​၏။-
GEN 21:3 အာ​ဗြ​ဟံ​သည်​ထို​သား​ကို​ဣ​ဇာက်​ဟု​နာ​မည် မှည့်​၍၊-
GEN 21:4 ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ရှစ်​ရက် သား​အ​ရွယ်​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို စီ​ရင်​လေ​သည်။-
GEN 21:5 ဣ​ဇာက်​ကို​ဖွား​မြင်​သော​အ​ခါ​အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​ပြီ​ဖြစ်​၏။-
GEN 21:6 စာ​ရာ​က​လည်း``ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရယ် စေ​တော်​မူ​ပြီ။ ဤ​သတင်း​ကို​ကြား​ရ​သော​သူ တိုင်း​ငါ​နှင့်​အ​တူ​ရယ်​လိမ့်​မည်'' ဟု​ဆို​လေ​၏။-
GEN 21:7 စာ​ရာ​က​ဆက်​လက်​၍``စာ​ရာ​သည်​သား​ကို​နို့ တိုက်​မည်​ဟု​မည်​သူ​က​အာ​ဗြ​ဟံ​အား​ပြော​မည် နည်း။ ယ​ခု​မူ​ကား​အ​သက်​အ​ရွယ်​ကြီး​ရင့်​သော အ​ချိန်​၌​ငါ​သည်​သူ့​အ​တွက်​သား​ကို​ဖွား​ပြီ'' ဟု​ဆို​လေ​၏။
GEN 21:8 ထို​သူ​ငယ်​သည်​ကြီး​ထွား​လာ​၍​နို့​ခွဲ​သော​နေ့​၌ အာ​ဗြ​ဟံ​သည်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​လေ​၏။
GEN 21:9 တစ်​နေ့​သ​၌​အီ​ဂျစ်​အ​မျိုး​သ​မီး​ဟာ​ဂ​ရ နှင့်​ရ​သော အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​သည် စာ​ရာ​၏​သား​ဣ​ဇာက်​နှင့်​အ​တူ​ကစား​လျက် ရှိ​သည်။-
GEN 21:10 ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​စာရာ​က``ဤ​ကျွန်​မ နှင့်​သူ​၏​သား​ကို​နှင်​ပစ်​ပါ။ ကျွန်​မ​၏​သား​ဣ​ဇာက် ဆက်​ခံ​ရ​မည့်​အ​မွေ​ဥစ္စာ​ကို​ဤ​ကျွန်​မ​၏​သား ပါ​ဝင်​ခံ​စား​ခွင့်​မ​ရှိ​ရ'' ဟု​အာ​ဗြ​ဟံ​အား ပြော​လေ​သည်။
GEN 21:11 ဣ​ရှ​မေ​လ​သည်​မိ​မိ​၏​သား​ဖြစ်​သော​ကြောင့် အာ​ဗြ​ဟံ​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လေ​၏။-
GEN 21:12 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သူ​ငယ်​နှင့် သင်​၏​ကျွန်​မ​ဟာ​ဂ​ရ​အ​တွက်​စိတ်​မ​ချမ်း မ​သာ​မ​ဖြစ်​နှင့်။ ငါ​က​တိ​ထား​သည့်​အ​တိုင်း ဣ​ဇာက်​မှ​သင်​၏​အ​မျိုး​အ​နွယ်​ဆင်း​သက်​မည် ဖြစ်​သော​ကြောင့် စာ​ရာ​ပြော​သ​မျှ​အ​တိုင်း ဆောင်​ရွက်​လော့။-
GEN 21:13 ကျွန်​မ​၏​သား​သည်​လည်း​သင်​၏​သား​ဖြစ်​သော ကြောင့်​သူ​၏​အ​ဆက်​အ​နွယ်​ကို​လည်း​လူ​မျိုး ကြီး​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 21:14 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် အ​စား​အ​စာ​နှင့်​ရေ​ဘူး​ကို​ဟာ​ဂ​ရ​အား​ပေး လေ​၏။ သူ​ငယ်​ကို​လည်း​ကျွန်​မ​၏​ပ​ခုံး​ပေါ်​တွင် တင်​၍​အိမ်​မှ​ထွက်​ခွာ​သွား​စေ​၏။ ဟာ​ဂ​ရ​သည် လည်း​အိမ်​မှ​ထွက်​ခွာ​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ် သော​တော​ကန္တာ​ရ​သို့​ရောက်​လေ​၏။-
GEN 21:15 ရေ​ဘူး​တွင်​ရေ​ကုန်​သော​အ​ခါ​သူ​သည် က​လေး​ကို​ချုံ​အောက်​၌​ထား​ခဲ့​ပြီး​လျှင်၊-
GEN 21:16 ကိုက်​တစ်​ရာ​ခန့်​အ​ကွာ​သို့​သွား​၍​ထိုင်​၏။ သူ က``သူ​ငယ်​ရေ​ငတ်​၍​သေ​သည်​ကို​ငါ​မ​မြင်​လို'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​မ​သည်​ကျယ်​လောင်​စွာ ငို​လေ​၏။
GEN 21:17 ဘု​ရား​သ​ခင်​သည်​သား​ငယ်​ငို​သံ​ကို​ကြား တော်​မူ​၏။ ထို​ကြောင့်​ဘု​ရား​သခင်​၏​ကောင်း​ကင် တ​မန်​သည်​ကောင်း​ကင်​မှ``ဟာ​ဂ​ရ၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ပူ​ပန်​ရ​သ​နည်း။ မ​စိုး​ရိမ် နှင့်။ ဘု​ရား​သ​ခင်​သည်​သား​၏​ငို​သံ​ကို​ကြား တော်​မူ​ပြီ။-
GEN 21:18 ထ​လော့၊ သွား​၍​သူ​ငယ်​ကို​ပိုက်​ချီ​လော့။ ငါ​သည် သူ​၏​အ​ဆက်​အ​နွယ်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ မည်'' ဟု​ဆို​လေ​၏။-
GEN 21:19 ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဟာ​ဂ​ရ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့်​သူ​သည်​ရေ​တွင်း​ကို​မြင်​ရ လေ​၏။ သူ​သည်​သား​ရေ​ဘူး​တွင်​ရေ​တွင်း​မှ​ရေ နှင့်​ဖြည့်​၍​သား​ငယ်​ကို​ရေ​တိုက်​လေ​သည်။-
GEN 21:20 ဘု​ရား​သ​ခင်​သည်​သူ​ငယ်​နှင့်​အ​တူ​ရှိ​တော် မူ​၏။ သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​၌​နေ​ထိုင်​သ​ဖြင့်​ကျင် လည်​သော​မုဆိုး​ဖြစ်​လာ​သည်။-
GEN 21:21 သူ​သည်​ပါ​ရန်​တော​ကန္တာ​ရ​တွင်​နေ-ထိုင်​လျက် သူ့​မိ​ခင်​သည်​သူ့​အား​အီ​ဂျစ်​အ​မျိုး​သ​မီး တစ်​ဦး​နှင့်​စုံ​ဖက်​ပေး​လေ​၏။
GEN 21:22 ထို​အ​ချိန်​အ​ခါ​အ​ဘိ​မ​လက်​သည်​သူ​၏​စစ်​ဗိုလ် ချုပ်​ဖိ​ကော​လ​နှင့်​အ​တူ​အာ​ဗြ​ဟံ​ထံ​သို့​သွား ၍``သင်​ဆောင်​ရွက်​သ​မျှ​တို့​၌​ဘု​ရား​သ​ခင်​ပါ ရှိ​တော်​မူ​၏။-
GEN 21:23 သို့​ဖြစ်​၍​သင်​သည်​ငါ့​ကို​သော်​လည်း​ကောင်း၊ ငါ ၏​သား​သမီး​နှင့်​အ​ဆက်​အ​နွယ်​များ​ကို​သော် လည်း​ကောင်း​မ​လှည့်​စား​ပါ​ဟူ​၍​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ဆို​ပါ​လော့။ ငါ​သည် သင့်​အား​သစ္စာ​စောင့်​သည့်​နည်း​တူ ငါ့​ကို​သော် လည်း​ကောင်း၊ သင်​မှီ​တင်း​နေ​ထိုင်​ရာ​ဤ​ပြည် ကို​သော်​လည်း​ကောင်း​သစ္စာ​စောင့်​ပါ​မည်​ဟူ​၍ က​တိ​ပြု​လော့'' ဟု​အာ​ဗြ​ဟံ​အား​ဆို​လေ​၏။
GEN 21:24 အာ​ဗြ​ဟံ​က​လည်း``ထို​အ​တိုင်း​ငါ​က​တိ သစ္စာ​ဆို​ပါ​၏'' ဟု​ဆို​၏။
GEN 21:25 အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​၏​ကျွန်​တို့​က အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ​သော​ရေ​တွင်း​အ​ကြောင်း ကို​အ​ဘိ​မ​လက်​အား​တိုင်​ကြား​လေ​၏။-
GEN 21:26 ထို​အ​ခါ​အ​ဘိ​မ​လက်​က``မည်​သူ​ဤ​သို့ ပြု​လုပ်​သည်​ဟူ​၍​ငါ​မ​သိ​ရ။ သင်​က​ငါ့​ကို ယ​ခင်​က​မ​ပြော​သ​ဖြင့် ဤ​ကိစ္စ​အ​ကြောင်း ကို​ယ​ခု​မှ​ငါ​သိ​ရ​သည်'' ဟု​ဆို​လေ​၏။-
GEN 21:27 ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အား သိုး​နှင့်​နွား​တို့​ကို​ပေး​၍​သူ​တို့​နှစ်​ဦး​က​တိ သစ္စာ​ပြု​ကြ​လေ​သည်။-
GEN 21:28 တစ်​ဖန်​အာ​ဗြ​ဟံ​သည်​သူ​၏​သိုး​အုပ်​မှ​သိုး က​လေး​ခု​နစ်​ကောင်​ကို​ခွဲ​ထုတ်​လေ​၏။-
GEN 21:29 အ​ဘိ​မ​လက်​က``သင်​အ​ဘယ်​ကြောင့်​ထို​သို့ ပြု​လုပ်​သ​နည်း'' ဟု​မေး​၏။
GEN 21:30 အာ​ဗြ​ဟံ​က``ဤ​ရေ​တွင်း​သည်​ငါ​တူး​သော ရေ​တွင်း​ဖြစ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​သည့် အ​နေ​ဖြင့် ဤ​သိုး​က​လေး​ခု​နစ်​ကောင်​ကို လက်​ခံ​ပါ'' ဟု​ဖြေ​ကြား​လေ​သည်။-
GEN 21:31 ထို​သို့​သူ​တို့​နှစ်​ဦး​သည်​သစ္စာ​ဆို​ကြ​သည် ဖြစ်​၍ ထို​အ​ရပ်​ကို​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ်​တွင် ကြ​သည်။
GEN 21:32 ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​သူ​တို့​က​တိ​သစ္စာ ဆို​ပြီး​သည့်​နောက် အ​ဘိ​မ​လက်​နှင့်​ဖိ​ကော လ​တို့​သည်​ဖိ​လိတ္တိ​ပြည်​သို့​ပြန်​ကြ​လေ​၏။-
GEN 21:33 အာ​ဗြ​ဟံ​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​မန် ကျည်း​တစ်​ပင်​ကို​စိုက်​၍​အ​စဉ်​အ​မြဲ​တည် တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ဝတ်​ပြု ကိုး​ကွယ်​လေ​၏။-
GEN 21:34 ထို​နောက်​အာ​ဗြ​ဟံ​သည်​ဖိလိတ္တိ​ပြည်​တွင် ကြာ​မြင့်​စွာ​နေ​ထိုင်​လေ​သည်။
GEN 22:1 ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​ဘု​ရား​သ​ခင် သည် အာ​ဗြ​ဟံ​၏​နာ​ခံ​ခြင်း​သ​ဘော​ကို​စစ်​ဆေး တော်​မူ​၏။ ဘု​ရား​သ​ခင်​က``အာ​ဗြ​ဟံ'' ဟု​ခေါ် လျှင်​အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင် ဘု​ရား'' ဟု​ထူး​လေ​၏။
GEN 22:2 ထို​အ​ခါ​ဘု​ရား​သ​ခင်​က``သင်​အ​လွန်​ချစ်​သော သင်​၏​တစ်​ဦး​တည်း​သော​သား​ဣ​ဇာက်​ကို​ခေါ်​ဆောင် ၍​မော​ရိ​ပြည်​သို့​သွား​လော့။ ထို​အ​ရပ်​တွင်​ငါ​ပြ မည့်​တောင်​ပေါ်​၌​သူ့​ကို​ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ငါ့​အား​ပူ​ဇော်​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။
GEN 22:3 နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​အာ​ဗြ​ဟံ​သည် ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ခွဲ​၍​မြည်း​ပေါ်​သို့​တင် ပြီး​လျှင် ဣ​ဇာက်​နှင့်​အ​စေ​ခံ​နှစ်​ယောက်​တို့​ကို ခေါ်​လျက်​ဘု​ရား​သ​ခင်​ညွှန်​ပြ​သော​အ​ရပ် သို့​ရှေ့​ရှု​လာ​ခဲ့​သည်။-
GEN 22:4 တ​တိ​ယ​နေ့​သို့​ရောက်​သော်​အာ​ဗြ​ဟံ​သည် ထို​အ​ရပ်​ကို​အ​ဝေး​မှ​မြင်​ရ​၏။-
GEN 22:5 ထို​အ​ခါ​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​သည် ဤ​အ​ရပ်​တွင်​မြည်း​နှင့်​အ​တူ​နေ​ရစ်​ကြ။ ငါ နှင့်​ငါ့​သား​တို့​က​ထို​အ​ရပ်​သို့​သွား​၍​ဘု​ရား ကို​ဝတ်​ပြု​ကိုး​ကွယ်​ပြီး​လျှင်​ပြန်​လာ​မည်'' ဟု မှာ​ကြား​လေ​သည်။
GEN 22:6 အာ​ဗြ​ဟံ​သည်​ယဇ်​ပူ​ဇော်​ရန်​ထင်း​ကို​ဣ​ဇာက် အား​သယ်​စေ​၍ သူ​ကိုယ်​တိုင်​က​မူ​ဋ္ဌား​နှင့်​မီး ပျိုး​ရန်​မီး​ခဲ​ကို​ယူ​ဆောင်​ခဲ့​လေ​သည်။ သူ​တို့ အ​တူ​တ​ကွ​လျှောက်​လာ​ကြ​စဉ်၊-
GEN 22:7 ဣ​ဇာက်​က``အ​ဖ'' ဟု​ခေါ်​လိုက်​၏။ အာ​ဗြ​ဟံ​က``ငါ့​သား'' ဟု​ထူး​၏။ ဣ​ဇာက်​က``အ​ဖ​ထံ​မှာ​မီး​လည်း​ပါ​ပြီ။ ထင်း လည်း​ပါ​ပြီ။ ယဇ်​ပူ​ဇော်​ရန်​သိုး​ငယ်​အ​ဘယ် မှာ​နည်း'' ဟု​မေး​၏။
GEN 22:8 အာ​ဗြ​ဟံ​က``ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ယဇ်​ကောင်​ကို​စီ​မံ​ပေး​ပါ​လိမ့်​မည်'' ဟု​ပြန် ဖြေ​လိုက်​၏။ ထို​နောက်​သူ​တို့​နှစ်​ဦး​ဆက်​၍ လျှောက်​သွား​ကြ​လေ​သည်။
GEN 22:9 ဘု​ရား​သ​ခင်​ညွှန်​ပြ​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ အာ​ဗြ​ဟံ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထင်း​ကို​ပလ္လင်​ပေါ်​တွင်​ပုံ​၏။ ထို​နောက် သူ​၏​သား​ကို​တုတ်​နှောင်​ပြီး​လျှင်​ထင်း​ပုံ​ပေါ် တွင်​တင်​ထား​၏။-
GEN 22:10 ထို​နောက်​သား​ကို​သတ်​ရန်​ဋ္ဌား​ကို​ယူ​လိုက်​၏။-
GEN 22:11 ထို​အ​ခိုက်​တွင်​ထာဝရ​ဘုရား​၏​ကောင်း​ကင်​တမန် သည်``အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ'' ဟု​ကောင်းကင်​မှ ခေါ်​လေ​၏။ အာ​ဗြ​ဟံ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏​အ​ရှင်​ဘု​ရား'' ဟု​ထူး​လေ​၏။
GEN 22:12 ကောင်း​ကင်​တ​မန်​က``သူ​ငယ်​အား​မည်​သို့​မျှ​မ​နာ မ​ကျင်​စေ​နှင့်။ သင်​သည်​တစ်​ဦး​တည်း​သော​သား​ကို ငါ့​အား​ပူ​ဇော်​ရန်​မ​ငြင်း​ဆို​ခဲ့​သ​ဖြင့် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍​အ​မိန့်​တော်​ကို နာ​ခံ​သူ​ဖြစ်​ကြောင်း ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​မိန့် တော်​မူ​၏။
GEN 22:13 ထို​နောက်​အာ​ဗြ​ဟံ​သည်​မော်​၍​ကြည့်​လိုက်​သော အ​ခါ ချုံ​ထဲ​တွင်​ဦး​ချို​ငြိ​နေ​သော​သိုးထီး​တစ် ကောင်​ကို​မြင်​ရ​လေ​သည်။ သူ​သည်​သွား​၍​ထို​သိုး ကို​ယူ​ဆောင်​ခဲ့​ပြီး​လျှင် သား​၏​ကိုယ်​စား​မီး​ရှို့ ရာ​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​၏။-
GEN 22:14 အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။
GEN 22:15 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​မှ​အာ​ဗြ​ဟံ​ကို​ဒု​တိ​ယ​အ​ကြိမ် ခေါ်​၍၊-
GEN 22:16 ``ငါ​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​မိန့်​ကြား​နေ​သည်။ ငါ​သည်​သင့်​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး မည်။ သင်​၏​တစ်​ယောက်​တည်း​သော​သား​ကို​ငါ တောင်း​သည့်​အ​တိုင်း​ငြင်း​ဆန်​ခြင်း​မ​ပြု​ဘဲ ပူ​ဇော်​သည့်​အ​မှု​ကြောင့်၊-
GEN 22:17 သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-
GEN 22:18 သင်​သည်​ငါ​၏​အ​မိန့်​ကို​နာ​ခံ​သော​ကြောင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​သည် ကောင်း​ချီး​ခံ​ရ​သည့် နည်း​တူ​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သူ တို့​အား​လည်း ကောင်း​ချီး​ပေး​ရန်​ငါ့​အား​တောင်း လျှောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။-
GEN 22:19 ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​စေ​ခံ​တို့​ရှိ​ရာ​သို့ ပြန်​လာ​၍ သူ​တို့​နှင့်​အ​တူ​ဗေ​ရ​ရှေ​ဘ​အ​ရပ် သို့​ပြန်​ခဲ့​ကြ​ပြီး​နောက်​ထို​အရပ်​တွင်​နေ​ထိုင် လေ​သည်။
GEN 22:20 မ​ကြာ​မီ​အာ​ဗြ​ဟံ​သည်​သူ​၏​ညီ​နာ​ခေါ်​၏ မ​ယား​မိ​လ​ခါ​တွင်​သား​ရှစ်​ယောက်​ထွန်း​ကား ကြောင်း​ကြား​သိ​ရ​လေ​သည်။-
GEN 22:21 သား​များ​မှာ​သား​ဦး​ဟု​ဇ၊ ဗု​ဇ၊ အာ​ရံ​၏ ဖ​ခင်​ကေ​မွေ​လ၊-
GEN 22:22 ခေ​သက်၊ ဟာ​ဇော၊ ပိ​လ​ဒါ​ရှ၊ ယိ​ဒ​လပ်​နှင့် ဗေ​သွေ​လ​တို့​ဖြစ်​ကြ​၏။-
GEN 22:23 ဗေ​သွေ​လ​သည်​ရေ​ဗက္က​၏​ဖ​ခင်​ဖြစ်​၏။ အာ​ဗြ​ဟံ ၏​ညီ​နာ​ခေါ်​၏​မ​ယား​မိ​လ​ခါ​သည်​ထို​သား ရှစ်​ယောက်​တို့​ကို​ဖွား​မြင်​လေ​သည်။-
GEN 22:24 နာ​ခေါ်​၌​ရု​မာ​ဟု​နာ​မည်​တွင်​သော​မ​ယား​ငယ် ရှိ​၏။ ရု​မာ​သည်​သား​များ​ဖြစ်​ကြ​သော​တေ​ဘ၊ ဂါ​ဟံ၊ သ​ဟာ​ရှ​နှင့်​မာ​ခါ​တို့​ကို​ဖွား​မြင်​လေ သည်။
GEN 23:1 စာ​ရာ​သည်​အ​သက်​တစ်​ရာ​နှစ်​ဆယ့်​ခု​နစ်​နှစ်​ရှိ​သော်၊-
GEN 23:2 ခါ​နာန်​ပြည်​ဟေ​ဗြုန်​မြို့​၌​ကွယ်​လွန်​ရာ​အာ​ဗြ​ဟံ​သည် သူ့​အ​တွက်​ငို​ကြွေး​မြည်​တမ်း​လေ​သည်။
GEN 23:3 အာ​ဗြ​ဟံ​သည်​အ​လောင်း​ရှိ​ရာ​မှ​ထ​၍​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့​သွား​ပြီး​လျှင်၊-
GEN 23:4 ငါ​သည်​သင်​တို့​ထံ​တွင်​ဧည့်​သည်​အာ​ဂန္တု​ဖြစ်​ပါ​၏။ ငါ​၏​မ​ယား​အ​လောင်း​ကို​မြှုပ်​နှံ​ရန်​မြေ​တစ်​ကွက်​ကို​ရောင်း​ပါ'' ဟု​ဆို​လေ​သည်။
GEN 23:5 သူ​တို့​က``ကျွန်ုပ်​တို့​အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​တွင်​တန်​ခိုး​ကြီး​သော​အ​ကြီး​အ​ကဲ​တစ်​ဦး​ဖြစ်​ပါ​သည်။ ကျွန်ုပ်​တို့​၏​အ​ကောင်း​ဆုံး​သော​သင်္ချိုင်း​တွင်​သင်​၏​မ​ယား​ကို​မြှုပ်​နှံ​ပါ။ သူ​၏​အ​လောင်း​ကို​မြှုပ်​နှံ​ရန်​အ​တွက်​သင်္ချိုင်း​ကို​ကျွန်ုပ်​တို့​က​ဝမ်း​သာ​စွာ​ပေး​ပါ​မည်'' ဟု​အာ​ဗြ​ဟံ​အား​ပြန်​ပြော​ကြ​၏။
GEN 23:7 ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​၍၊
GEN 23:8 ``သင်​တို့​သည်​ငါ​၏​မ​ယား​အ​လောင်း​ကို​ဤ​အ​ရပ်​တွင်​မြှုပ်​နှံ​စေ​လို​လျှင် ဇော​ဟာ​၏​သား​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​အ​စွန်း​၌​ရှိ​သော၊-
GEN 23:9 မပ္ပေလ​ဂူ​ကို​ငါ့​အား​ရောင်း​ချ​ရန်​ကျေး​ဇူး​ပြု​၍​သူ့​ကို​တိုက်​တွန်း​ပေး​ကြ​ပါ။ သင်္ချိုင်း​မြေ​တစ်​ကွက်​ငါ​အ​ပိုင်​ရ​ရန်​ထို​မြေ​ကို​တန်​ရာ​တန်​ဖိုး​ဖြင့်​ငါ့​အား​သင်​တို့​ရှေ့​မှောက်​တွင်​ရောင်း​ချ​စေ​ပါ'' ဟု​ဆို​လေ​၏။
GEN 23:10 ဧ​ဖ​ရုန်​ကိုယ်​တိုင်​အ​ခြား​ဟိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​တူ မြို့​တံ​ခါး​အ​နီး​ရှိ​စု​ဝေး​ရာ​အ​ရပ်​၌​ထိုင်​လျက်​ရှိ​သည်။ သူ​က​အာ​ဗြ​ဟံ​အား၊-
GEN 23:11 ``အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ဂူ​နှင့်​တ​ကွ​မြေ​ကွက်​တစ်​ခု​လုံး​ကို​ကျွန်ုပ်​ပေး​ပါ​၏။ အ​ရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ရန်​ကျွန်ုပ်​တို့​၏​အ​မျိုး​သား​တို့​ရှေ့​မှောက်​တွင်​ထို​မြေ​ကို​ကျွန်ုပ်​ပေး​ပါ​၏'' ဟု​ရှိ​သ​မျှ​သော​သူ​တို့​ကြား​နိုင်​အောင်​ပြော​ကြား​လေ​သည်။
GEN 23:12 အာ​ဗြ​ဟံ​သည်​လည်း​မြို့​သား​တို့​ရှေ့​တွင်​ဦး​ညွတ်​၍၊-
GEN 23:13 အ​များ​ကြား​နိုင်​အောင်​ဧ​ဖ​ရုန်​အား``ငါ​တင်​ပြ​ချက်​ကို​လက်​ခံ​ပါ။ ထို​မြေ​တစ်​ကွက်​လုံး​ကို​ငါ​ဝယ်​ပါ​မည်။ မြေ​ဖိုး​ငွေ​ကို​လက်​ခံ​ပါ။ ငါ​၏​မယား​ကို​ထို​မြေ​၌​မြှုပ်​နှံ​ပါ​မည်'' ဟု​ပြန်​လည်​ပြော​ကြား​လေ​သည်။
GEN 23:14 ထို​အ​ခါ​ဧ​ဖ​ရုန်​က``အ​ရှင်၊ ထို​မြေ​ကွက်​သည်​ငွေ​သား​လေး​ရာ​မျှ​သာ​တန်​ဖိုး​ရှိ​၏။ ထို​ငွေ​မှာ​မ​ပြော​ပ​လောက်​ပါ။ ထို​မြေ​တွင်​အရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​ဆို​လေ​၏။-
GEN 23:16 အာ​ဗြ​ဟံ​သည်​သ​ဘော​တူ​၍​လူ​တို့​ရှေ့​တွင်​ဧ​ဖ​ရုန်​တန်​ဖိုး​ဖြတ်​သော​ငွေ​သား​လေး​ရာ​ကို​ကုန်​သည်​သုံး​စံ​ချိန်​အ​ရ​ချိန်​တွယ်​၍​ဧ​ဖ​ရုန်​အား​ပေး​လေ​၏။
GEN 23:17 ထို​သို့​အား​ဖြင့်​မံ​ရေ​မြို့​အ​ရှေ့၊ မပ္ပေလ​အ​ရပ်​တွင်​ရှိ​သော​ဧ​ဖ​ရုန်​ပိုင်​မြေ​ကွက်​သည်​အာ​ဗြ​ဟံ​ပိုင်​မြေ​ဖြစ်​လာ​သည်။ သူ​ပိုင်​သော​မြေ​ကွက်​တွင်​ဂူ​နှင့် မြေ​ကွက်​ပေါ်​တွင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ၊ မြေ​ကွက်​အ​စွန်း​တိုင်​အောင်​ပေါက်​သ​မျှ​သော​သစ်​ပင်​များ​ပါ​ဝင်​လေ​သည်။-
GEN 23:18 ထို​အ​စည်း​အ​ဝေး​တွင်​ရှိ​ကြ​သော​ဟိတ္တိ​အ​မျိုး​သား​အ​ပေါင်း​တို့​က​ထို​မြေ​ကွက်​ကို​အာ​ဗြ​ဟံ​၏​ပိုင်​မြေ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ​၏။
GEN 23:19 ထို​နောက်​အာ​ဗြ​ဟံ​သည်​သူ​၏​မ​ယား​စာ​ရာ​အ​လောင်း​ကို​ခါ​နာန်​ပြည်​ရှိ​ထို​ဂူ​တွင်​သင်္ဂြိုဟ်​လေ​သည်။-
GEN 23:20 သို့​ဖြစ်​၍​ဟိတ္တိ​အ​မျိုး​သား​တို့​ပိုင်​သော​မြေ​ကွက်​နှင့်​ဂူ​သည်​အာ​ဗြ​ဟံ​ပိုင်​သင်္ချိုင်း​မြေ​ဖြစ်​လာ​လေ​သည်။
GEN 24:1 ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​အ​ရွယ် အ​လွန်​ကြီး​ရင့်​လာ​ပြီ​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ရာ​ရာ​၌​သူ့​အား​ကောင်း​ချီး​ပေး​တော် မူ​ခဲ့​၏။-
GEN 24:2 သူ​သည်​သူ​၏​ပစ္စည်း​ဥစ္စာ​အား​လုံး​တို့​ကို​အုပ် ထိန်း​ရ​သော အ​သက်​အ​ကြီး​ဆုံး​အ​စေ​ခံ​ကို ခေါ်​လျက်``သင်​၏​လက်​ကို​ငါ့​ပေါင်​အောက်​မှာ ထား​၍​သစ္စာ​ဆို​လော့။-
GEN 24:3 သင်​သည်​ငါ့​သား​အ​တွက်​မ​ယား​ကို​ခါ​နာန် လူ​မျိုး​တို့​တွင်​မ​ရှာ​ပါ​ဟု ကောင်း​ကင်​နှင့်​မြေ ကြီး​အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​သစ္စာ​ဆို​လော့။-
GEN 24:4 သင်​သည်​ငါ​မွေး​ရာ​ဇာ​တိ​ပြည်​သို့​ပြန်​သွား​၍ ငါ​၏​အ​မျိုး​သား​ချင်း​တို့​ထဲ​မှ​ငါ​၏​သား ဣဇာက်​အ​တွက်​မ​ယား​ရှာ​ခဲ့​ရ​မည်'' ဟု​ဆို လေ​၏။
GEN 24:5 ထို​အ​ခါ​အ​စေ​ခံ​က``အ​မျိုး​သ​မီး​သည်​သူ​၏ အိမ်​ရာ​ကို​စွန့်​၍​ဤ​ပြည်​သို့ ကျွန်​တော်​နှင့်​အ​တူ မ​လိုက်​လို​ဟု​ဆို​လျှင်​မည်​သို့​ပြု​လုပ်​ရ​ပါ​မည် နည်း။ ကိုယ်​တော်​၏​သား​ကို​ကိုယ်​တော်​၏​ဇာ​တိ ပြည်​သို့​ကျွန်​တော်​ခေါ်​ဆောင်​သွား​ရ​ပါ​မည် လော'' ဟု​မေး​လေ​၏။
GEN 24:6 အာ​ဗြ​ဟံ​က​လည်း``ထို​ပြည်​သို့​ငါ့​သား​ကို သင်​ခေါ်​၍​မ​သွား​ရ။-
GEN 24:7 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​၏​ဖ​ခင်​နှင့်​ဆွေ​မျိုး​များ​နေ​ထိုင်​ရာ​ပြည် မှ ငါ့​ကို​ခေါ်​ဆောင်​ခဲ့​၍​ငါ​၏​အ​မျိုး​အ​နွယ်​တို့ အား ဤ​ပြည်​ကို​ပေး​မည်​ဟု​ငါ့​အား​ကတိ​သစ္စာ ပြု​ထား​တော်​မူ​၏။ သင်​သည်​ငါ့​သား​အ​တွက် မ​ယား​ရှာ​၍​ရ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင့်​အ​လျင်​ထို ပြည်​သို့​စေ​လွှတ်​တော်​မူ​မည်။-
GEN 24:8 အ​ကယ်​၍​အ​မျိုး​သ​မီး​က​သင်​နှင့်​အ​တူ​မ​လိုက် လို​ပါ​က​သင်​ထား​သော​ကတိ​သစ္စာ​သည်​ပျက်​ပြယ် စေ။ သို့​ရာ​တွင်​မည်​သည့်​အ​ကြောင်း​ကြောင့်​မ​ဆို ငါ့​သား​ကို​ထို​ပြည်​သို့​ခေါ်​ဆောင်​၍​မ​သွား​ရ'' ဟု​ဆို​၏။-
GEN 24:9 ထို့​ကြောင့်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​မိ​မိ သ​ခင်​၏​ပေါင်​အောက်​တွင် လက်​ကို​ထား​၍ ခိုင်း​စေ​သ​မျှ​အ​တိုင်း​ပြု​လုပ်​ပါ​မည်​ဟု က​တိ​သစ္စာ​ဆို​လေ​၏။
GEN 24:10 အာ​ဗြ​ဟံ​၏​ပစ္စည်း​ဥစ္စာ​ကို​အုပ်​ထိန်း​ရ​သော ထို​အ​စေ​ခံ​သည် မိ​မိ​သ​ခင်​၏​ကု​လား​အုတ် များ​ထဲ​မှ​ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ​၍ မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​ရှိ နာ​ခေါ်​နေ​ထိုင်​ရာ​မြို့​သို့​ခရီး​ထွက်​ခဲ့​လေ​သည်။-
GEN 24:11 ထို​အ​ရပ်​သို့​ရောက်​သော်​သူ​သည်​မြို့​ပြင်​ရှိ ရေ​တွင်း​အ​နီး​တွင် ကု​လား​အုတ်​များ​ကို​ဝပ် ချ​စေ​၏။ ထို​အ​ချိန်​သည်​ကား​မြို့​တွင်း​မှ​အမျိုး သမီး​များ​ထွက်​၍​ရေ​ခပ်​ရန်​လာ​သော​ည​နေ ချမ်း​အ​ချိန်​ဖြစ်​သ​တည်း။-
GEN 24:12 သူ​က``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​လာ​ခဲ့​ရ​သည့် ကိစ္စ​ထ​မြောက်​အောင်​မြင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ၏​သခင်​အား​ထား​သော​က​တိ​တော်​အ​တိုင်း​ပြု တော်​မူ​ပါ။-
GEN 24:13 အ​ကျွန်ုပ်​သည်​မြို့​တွင်း​မှ​မိန်း​မ​ပျို​များ​ရေ ခပ်​လာ​မည့်​ရေ​တွင်း​နား​သို့​ရောက်​ရှိ​နေ​ပါ​၏။-
GEN 24:14 သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​ယောက်​အား`သင်​၏ ရေ​ခ​ရား​မှ​ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ စေ' ဟု​ဆို​ပါ​မည်။ အ​ကယ်​၍​ထို​အ​မျိုး​သ​မီး က`သောက်​ပါ။ သင်​၏​ကု​လား​အုတ်​တို့​အ​တွက် လည်း​ရေ​ခပ်​ပေး​ပါ​မည်' ဟု​ဆို​လျှင် ထို​အ​မျိုး သ​မီး​သည်​ကိုယ်​တော်​၏​ကျွန်​ဣ​ဇာက်​အ​တွက် ကိုယ်​တော်​ရွေး​ချယ်​ထား​သူ​ဖြစ်​ပါ​စေ​သော။ အ​ကျွန်ုပ်​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​ခဲ့ လျှင်​အ​ကျွန်ုပ်​၏​သ​ခင်​အား​ထား​တော်​မူ သော​က​တိ​တော်​အ​တိုင်း ကိုယ်​တော်​ပြု​တော် မူ​ကြောင်း​အ​ကျွန်ုပ်​သိ​ရ​ပါ​မည်'' ဟု​ဆု တောင်း​လေ​၏။
GEN 24:15 သူ​ဆု​တောင်း​၍​မ​ဆုံး​မီ၊ ရေ​ဗက္က​ဆို​သူ​အ​မျိုး သ​မီး​သည်​ရေ​ခ​ရား​ကို​ပ​ခုံး​ပေါ်​တင်​လျက် ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​အာ​ဗြ​ဟံ​၏​ညီ နာ​ခေါ်​နှင့်​မ​ယား​မိ​လ​ခါ​တို့​၏​သား​ဗေ​သွေ လ​၏​သ​မီး​ဖြစ်​သည်။-
GEN 24:16 သူ​သည်​အ​လွန်​ရုပ်​ရည်​လှ​သော​ပျို​က​ညာ​ဖြစ် ၏။ သူ​သည်​ရေ​တွင်း​သို့​ဆင်း​၍​ရေ​ခ​ရား​၌​ရေ ဖြည့်​ပြီး​လျှင်​ပြန်​တက်​လာ​သည်။-
GEN 24:17 ထို​အ​စေ​ခံ​သည်​မိန်းမ​ပျို​ထံ​သို့​ပြေး​သွား လျက်``သင်​၏​ခ​ရား​မှ​ကျေး​ဇူး​ပြု​၍​ရေ တစ်​ပေါက်​သောက်​ရန်​ပေး​ပါ'' ဟု​တောင်း လေ​၏။
GEN 24:18 မိန်း​မ​ပျို​က``အ​ရှင်​သောက်​ပါ'' ဟု​ဆို​၍​ပ​ခုံး ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန်​ချ​လျက်​သူ့ အား​ပေး​လေ​သည်။-
GEN 24:19 သူ့​အား​ရေ​တိုက်​ပြီး​သော​အ​ခါ​မိန်းမ​ပျို​က``သင် ၏​ကု​လား​အုတ်​များ​ရေ​ဝ​အောင်​သောက်​နိုင်​ရန် ကျွန်​မ​ရေ​ခပ်​ပေး​ပါ​ဦး​မည်'' ဟု​ဆို​လေ​သည်။-
GEN 24:20 မိန်း​မ​ပျို​သည်​ခ​ရား​ထဲ​၌​ရှိ​သော​ရေ​ကို​ရေ တိုက်​ခွက်​ထဲ​သို့​ချက်​ချင်း​သွန်​ချ​ပြီး​လျှင် သူ ၏​ကု​လား​အုတ်​အား​လုံး​တို့​ကို​ရေ​တိုက်​ပြီး သည်​အ​ထိ​ရေ​တွင်း​မှ​ရေ​ကို​အ​လျင်​အ​မြန် ခပ်​သယ်​ပေး​သည်။-
GEN 24:21 ထို​အ​စေ​ခံ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​က​သူ့ အား​ထ​မြောက်​အောင်​မြင်​ခွင့်​ပေး​မည်၊ မ​ပေး မည်​ကို​သိ​နိုင်​ရန်​စောင့်​ကြည့်​နေ​လေ​သည်။
GEN 24:22 မိန်း​မ​ပျို​သည်​ကု​လား​အုတ်​များ​ကို​ရေ​တိုက် ပြီး​သော​အ​ခါ ထို​သူ​သည်​အ​ချိန်​ငါး​မူး​ရှိ သော​ရွှေ​နှာ​ဆွဲ​နှင့်​အ​ကျပ်​တစ်​ဆယ်​အ​ချိန် ရှိ​သော​ရွှေ​လက်​ကောက်​တစ်​ရံ​ကို​သူ့​အား​ဝတ် ဆင်​ပေး​ပြီး​လျှင် သင်​သည်​မည်​သူ​၏​သ​မီး ဖြစ်​သည်​ကို​သိ​ပါ​ရ​စေ။-
GEN 24:23 သင်​၏​ဖ​ခင်​အိမ်​တွင်​ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​အ​ဖော် တို့​ည​တည်း​ခို​ရန်​နေ​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး လေ​၏။
GEN 24:24 ``ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ​ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သမီး​ဖြစ်​ပါ​၏။-
GEN 24:25 ကျွန်​မ​တို့​၏​အိမ်​တွင်​တိ​ရစ္ဆာန်​များ​အ​တွက် ကောက်​ရိုး​နှင့်​အ​စာ​များ​စွာ​ရှိ​ပါ​သည်။ သင် တို့​တည်း​ခို​ရန်​နေ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု ဖြေ​ကြား​လေ​သည်။
GEN 24:26 ထို​အ​ခါ​သူ​သည်​ဦး​ညွှတ်​၍​ထာ​ဝ​ရ ဘု​ရား​ကို​ရှိ​ခိုး​လျက်၊-
GEN 24:27 ``အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​အား​က​ရု​ဏာ ပြ​တော်​မူ​လျက် သစ္စာ​ကတိ​တော်​အ​တိုင်း​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​အား​သ​ခင်​၏​ဆွေ​မျိုး​များ ထံ​သို့​ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ လေ​ပြီ'' ဟု​မြွက်​ဆို​လေ​၏။
GEN 24:28 မိန်း​မ​ပျို​သည်​လည်း​သူ​၏​မိ​ခင်​နေ​အိမ်​သို့ ပြေး​၍ အ​ကြောင်း​အ​ရာ​အ​ကုန်​အ​စင်​ကို ပြော​ပြ​လေ​၏။-
GEN 24:29 ရေ​ဗက္က​တွင်​လာ​ဗန်​ဟု​နာ​မည်​တွင်​သော​မောင် ရှိ​၏။ သူ​သည်​ထို​သူ​ရှိ​ရာ​ရေ​တွင်း​သို့​ပြေး လေ​၏။-
GEN 24:30 လာ​ဗန်​သည်​နှ​မ​တွင်​နှာ​ဆွဲ​တန်​ဆာ​နှင့်​လက် ကောက်​များ​ဝတ်​ဆင်​ထား​သည်​ကို​မြင်​သည့်​ပြင် ထို​သူ​က​နှ​မ​အား​ပြော​ပြ​သ​မျှ​ကို​လည်း ကြား​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​ရေ​တွင်း​နား​တွင် ကု​လား​အုတ်​တို့​အ​နီး​၌​ရပ်​နေ​သော​အာ​ဗြ ဟံ​၏​အ​စေ​ခံ​ထံ​သို့​သွား​၍၊-
GEN 24:31 ``ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ကောင်း​ချီး​မင်္ဂလာ​ခံ ရ​သော​သူ၊ ကျွန်ုပ်​၏​အိမ်​သို့​ကြွ​ပါ။ ဤ​နေ​ရာ တွင်​အ​ဘယ်​ကြောင့်​ရပ်​နေ​ပါ​သ​နည်း။ ကျွန်ုပ် ၏​အိမ်​တွင်​သင်​တည်း​ခို​ရန်​အ​ခန်း​ကို​အ​သင့် ပြင်​ပြီး​ပါ​ပြီ။ သင်​၏​ကု​လား​အုတ်​များ​နေ စ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု​ခေါ်​ဖိတ်​လေ​သည်။
GEN 24:32 သို့​ဖြစ်​၍​ထို​သူ​သည်​လာ​ဗန်​တို့​၏​အိမ်​သို့​လိုက် ပါ​လာ​၏။ လာ​ဗန်​သည်​ကု​လား​အုတ်​များ​မှ​ဝန် စည်​များ​ကို​ချ​ပြီး​လျှင် တိ​ရစ္ဆာန်​များ​ကို​ကောက် ရိုး​နှင့်​အ​စာ​ကျွေး​လေ​၏။ ထို​နောက်​အာဗြဟံ​၏ အ​စေ​ခံ​နှင့်​သူ​၏​အ​ဖော်​တို့​ခြေ​ဆေး​ရန်​ရေ ကို​လည်း​ယူ​ခဲ့​သည်။-
GEN 24:33 သူ​တို့​အ​တွက်​စား​စ​ရာ​ကို​ပြင်​ဆင်​ပြီး​သော အ​ခါ​ထို​သူ​က``ကျွန်ုပ်​ပြော​စ​ရာ​ရှိ​သ​မျှ ကို​ပြော​ပြ​ပြီး​မှ​အ​စာ​စား​ပါ​မည်'' ဟု​ဆို လေ​၏။ လာ​ဗန်​က``ပြော​ပါ'' ဟု​ဆို​၏။-
GEN 24:34 ထို​သူ​က``ကျွန်ုပ်​သည်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ ဖြစ်​ပါ​သည်။-
GEN 24:35 ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​၏​သ​ခင်​အား​ကောင်း ချီး​မင်္ဂ​လာ​များ​စွာ​ချ​ပေး​သ​ဖြင့် သူ​သည်​ကြွယ် ဝ​ချမ်း​သာ​လာ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​အား​သိုး​အုပ်၊ ဆိတ်​အုပ်၊ ရွှေ၊ ငွေ၊ ကျွန်​ယောကျာ်း၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​ကို​ပေး တော်​မူ​ပြီ။-
GEN 24:36 ကျွန်ုပ်​သ​ခင်​၏​မ​ယား​စာ​ရာ​သည်​အ​ရွယ်​အို မှ​သား​တစ်​ယောက်​ကို​ဖွား​မြင်​ခဲ့​သည်။ ကျွန်ုပ် ၏​သခင်​သည်​ထို​သား​အား​မိ​မိ​ပိုင်​ဆိုင်​သ​မျှ တို့​ကို​ပေး​အပ်​ထား​ပါ​သည်။-
GEN 24:37 သ​ခင်​က​လည်း​ကျွန်ုပ်​အား`သင်​သည်​ငါ​၏​သား အ​တွက် မ​ယား​ကို​ခါ​နာန်​ပြည်​ရှိ​အ​မျိုး​သ​မီး များ​ထဲ​မှ​မ​ရှာ​ရ။-
GEN 24:38 ငါ့​အ​ဖ​အ​မျိုး​သား​များ​ဖြစ်​သော​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍ ငါ့​သား​အ​တွက် မ​ယား​ကို​ရှာ​ရ​မည်' မှာ​ကြား​ပါ​သည်။ ထို​မှာ ကြား​ချက်​ကို​နာ​ခံ​ပါ​မည်​ဟု​ကတိ​သစ္စာ​ခံ​စေ ပါ​သည်။-
GEN 24:39 ထို​အ​ခါ​ကျွန်ုပ်​က`အ​ကယ်​၍​အ​မျိုး​သ​မီး​က ကျွန်ုပ်​နှင့်​မ​လိုက်​လို​ဟု​ဆို​သော်​မည်​သို့​ပြု​လုပ် ရ​ပါ​မည်​နည်း' ဟု​သခင်​အား​မေး​သော်၊-
GEN 24:40 သ​ခင်​က`ငါ​အ​မြဲ​ရို​သေ​နာ​ခံ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင်​နှင့် အ​တူ​စေ​လွှတ်​၍​သင့်​အား​အောင်​မြင်​မှု​ကို​ပေး တော်​မူ​မည်။ သင်​သည်​ငါ​၏​အ​မျိုး​သား​ချင်း ဖြစ်​သော​ငါ့​အ​ဖ​မိ​သား​စု​ထဲ​မှ ငါ့​သား အ​တွက်​မ​ယား​ကို​ရှာ​ယူ​ခဲ့​ရ​မည်။-
GEN 24:41 သင်​ထား​သော​ကတိ​သစ္စာ​ပျက်​ပြယ်​စေ​မည့်​နည်း တစ်​နည်း​သာ​လျှင်​ရှိ​သည်။ သင်​သည်​ငါ​၏​ဆွေ မျိုး​သား​ချင်း​တို့​ထံ​သို့​သွား​၍​သူ​တို့​က ငြင်း​ဆို​လျှင် သင်​ထား​သော​က​တိ​သစ္စာ​ပျက် ပြယ်​စေ' ဟု​ဖြေ​ကြား​ပါ​၏။
GEN 24:42 ``ကျွန်ုပ်​သည်​ရေ​တွင်း​သို့​ယ​နေ့​ရောက်​ရှိ​သော အ​ခါ`အ​ကျွန်ုပ်​၏​သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ပြု​လုပ်​ရ မည့်​အ​မှု​ကိစ္စ​ကို​အောင်​မြင်​စေ​တော်​မူ​ပါ။-
GEN 24:43 ယ​ခု​ရေ​တွင်း​သို့​ရောက်​ရှိ​ပါ​ပြီ။ မိန်းမ​ပျို​တစ် ဦး​ရေ​ခပ်​လာ​သော​အ​ခါ​သူ့​အား`ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ' ဟု​တောင်း​ပါ​မည်။-
GEN 24:44 အ​ကယ်​၍​သူ​က`သောက်​ပါ။ သင်​၏​ကု​လား​အုတ် များ​အ​တွက်​ရေ​ကို​ခပ်​ပေး​ပါ​ဦး​မည်' ဟု​ဆို လျှင်​ထို​မိန်း​မ​ပျို​သည်​အ​ကျွန်ုပ်​သ​ခင်​၏​သား အ​တွက်​ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​မ​ယား ဖြစ်​ပါ​စေ​သော' ဟု​ဆု​တောင်း​ပါ​သည်။-
GEN 24:45 စိတ်​ထဲ​၌​ထို​ကဲ့​သို့​ဆု​တောင်း​၍​မ​ပြီး​မီ ရေ​ဗက္က​သည် ပ​ခုံး​ပေါ်​တွင်​ရေ​ခ​ရား​တင်​လျက် ရေ​ခပ်​ရန်​ရေ​တွင်း​သို့​လာ​ပါ​သည်။ ကျွန်ုပ်​က​သူ့ အား`ရေ​တစ်​ပေါက်​လောက်​သောက်​ပါ​ရ​စေ' ဟု တောင်း​၏။-
GEN 24:46 သူ​သည်​ပ​ခုံး​ပေါ်​မှ​ခ​ရား​ကို​အ​လျင်​အ​မြန် ချ​လျက်`သောက်​ပါ၊ သင်​၏​ကု​လား​အုတ်​များ​ကို လည်း​ရေ​တိုက်​ပါ​မည်' ဟု​ဆို​ပါ​သည်။ ထို​ကြောင့် ကျွန်ုပ်​ရေ​သောက်​ရ​ပါ​၏။ သူ​က​ကု​လား​အုတ် များ​ကို​လည်း​ရေ​တိုက်​ပေး​ပါ​၏။-
GEN 24:47 ကျွန်ုပ်​က`သင်​သည်​မည်​သူ​၏​သ​မီး​ဖြစ်​သ​နည်း' ဟု​မေး​သော်​သူ​က`ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သ​မီး​ဖြစ်​ပါ​သည်' ဟု​ဖြေ​ပါ​သည်။ ထို​အ​ခါ​ကျွန်ုပ်​သည်​သူ​၏​နှာ ခေါင်း​တွင်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ လက်​တွင်​လက် ကောက်​များ​ကို​လည်း​ကောင်း​ဝတ်​ဆင်​ပေး​ပါ သည်။-
GEN 24:48 ထို​နောက်​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဦး​ညွှတ်​ရှိ​ခိုး​၍​ကျွန်ုပ်​သ​ခင်​၏​သား​အ​တွက် မ​ယား​ရှိ​ရာ​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ပို့​ဆောင်​တော်​မူ​သော​ကျွန်ုပ် သ​ခင်​အာ​ဗြ​ဟံ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီးမွမ်း​ပါ​သည်။-
GEN 24:49 သင်​တို့​သည်​ကျွန်ုပ်​၏​သ​ခင်​အ​တွက်​က​ရု​ဏာ ပြ​တော်​မူ​လျက်​သစ္စာ​ကတိ​အ​တိုင်း​ဆောင်​ရွက် နိုင်​မည်၊ မ​ဆောင်​ရွက်​နိုင်​မည်​ကို​သိ​ပါ​ရ​စေ။ မ​ဆောင်​ရွက်​နိုင်​ဟု​ဆို​လျှင်​လည်း​သိ​ပါ​ရ​စေ။ သို့​မှ​သာ​ကျွန်ုပ်​မည်​ကဲ့​သို့​ဆက်​လက်​ဆောင်​ရွက် ရ​မည်​ကို​ဆုံး​ဖြတ်​နိုင်​ပါ​မည်'' ဟု​ပြော​လေ​၏။
GEN 24:50 လာ​ဗန်​နှင့်​ဗေ​သွေ​လ​တို့​က``ဤ​အ​မှု​ကိစ္စ​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​အ​မှု​ကိစ္စ​ဖြစ်​ခြင်း ကြောင့်​ကျွန်ုပ်​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ရန် မ​လို​ပါ။-
GEN 24:51 သင့်​ရှေ့​တွင်​ရေ​ဗက္က​ရှိ​ပါ​၏။ သူ့​ကို​ခေါ်​ဆောင် သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည်​အ​တိုင်း​သူ့​အား​သင့်​သ​ခင် သား​၏​မ​ယား​အ​ဖြစ်​ခေါ်​ဆောင်​သွား​ပါ လော့'' ဟု​ဖြေ​ကြ​၏။-
GEN 24:52 အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​ထို​စ​ကား​ကို ကြား​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ် ရှိ​ခိုး​လေ​သည်။-
GEN 24:53 ထို​နောက်​သူ​သည်​ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​များ ကို​ထုတ်​၍​ရေ​ဗက္က​အား​ပေး​၏။ ရေ​ဗက္က​၏​မောင် နှင့်​မိ​ခင်​တို့​အား​လည်း​အ​ဖိုး​ထိုက်​တန်​သော လက်​ဆောင်​များ​ကို​ပေး​၏။
GEN 24:54 ထို​နောက်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​နှင့် အ​ဖော်​တို့ သည်​စား​သောက်​ကြ​ပြီး​လျှင် ထို​အိမ်​၌​ည​အိပ် ၍​နံ​နက်​အိပ်​ရာ​မှ​နိုး​ကြ​သော​အ​ခါ အာ​ဗြ​ဟံ ၏​အ​စေ​ခံ​က``သ​ခင်​ထံ​သို့​ပြန်​ပါ​ရ​စေ'' ဟု ပန်​ကြား​၏။
GEN 24:55 ထို​အ​ခါ​ရေ​ဗက္က​၏​မောင်​နှင့်​မိ​ခင်​တို့​က``မိန်း က​လေး​အား​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဆယ်​ရက်​ခန့် မျှ​နေ​စေ​ပြီး​မှ​သွား​ပါ'' ဟု​ဆို​ကြ​၏။
GEN 24:56 ထို​သူ​က``ကျွန်ုပ်​ကို​မ​တား​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​လာ​ရ​သော​ကိစ္စ​ကို​ထ​မြောက် အောင်​မြင်​စေ​တော်​မူ​ပြီ​ဖြစ်​၍​သ​ခင့်​ထံ​သို့ ပြန်​ပါ​ရ​စေ'' ဟု​ပြန်​ပြော​၏။
GEN 24:57 တစ်​ဖန်​သူ​တို့​က``မိန်း​က​လေး​ကို​ခေါ်​၍​သူ ၏​သ​ဘော​ကို​မေး​ကြည့်​ကြ​ပါ​စို့'' ဟု​ပြော ကြ​၏။-
GEN 24:58 သူ​တို့​သည်​ရေ​ဗက္က​ကို​ခေါ်​၍``သင်​သည်​ဤ​သူ နှင့်​အ​တူ​လိုက်​သွား​လို​သ​လော'' ဟု​မေး​၏။ ``လိုက်​သွား​ပါ​မည်'' ဟု​ဖြေ​ကြား​သ​ဖြင့်၊
GEN 24:59 ရေ​ဗက္က​နှင့်​သူ​၏​အ​ထိန်း​ကို​အာ​ဗြ​ဟံ​၏ အ​စေ​ခံ​လူ​စု​နှင့်​အ​တူ​လိုက်​ပါ​သွား​စေ ကြ​၏။-
GEN 24:60 သူ​တို့​က၊ ``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။
GEN 24:61 ထို​နောက်​ရေ​ဗက္က​နှင့်​သူ​၏​ကျွန်​မ​များ​တို့​သည် ကု​လား​အုတ်​များ​ကို​စီး​၍ အာ​ဗြ​ဟံ​၏​အ​စေ ခံ​နှင့်​အ​တူ​လိုက်​ပါ​သွား​ကြ​လေ​သည်။
GEN 24:62 ဣ​ဇာက်​သည်``ငါ့​ကို​မြင်​တော်​မူ​သည့်​အ​သက်​ရှင် တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟူ​သော​နာ​မည် ရှိ​ရာ​တော​ကန္တာရ​သို့​ရောက်​လာ​၍ ခါ​နာန်​ပြည် တောင်​ပိုင်း​တွင်​နေ​ထိုင်​လျက်​ရှိ​၏။-
GEN 24:63 ည​နေ​ချမ်း​အ​ချိန်​၌​သူ​သည်​လယ်​ကွင်း​ထဲ တွင်​ကု​လား​အုတ်​များ​လာ​နေ​သည်​ကို​မြင် ရ​လေ​၏။-
GEN 24:64 ရေ​ဗက္က​သည်​ဣ​ဇာက်​ကို​မြင်​လျှင်​ကု​လား​အုတ် ပေါ်​မှ​ဆင်း​၍၊-
GEN 24:65 ``လယ်​ကွင်း​ထဲ​၌​ကျွန်ုပ်​တို့​ထံ​သို့​လာ​နေ​သူ ကား​မည်​သူ​ပါ​နည်း'' ဟု​အာ​ဗြ​ဟံ​၏​အ​စေ ခံ​အား​မေး​လေ​၏။ ``ကျွန်ုပ်​၏​သ​ခင်​ဖြစ်​ပါ​သည်'' ဟု​ဖြေ​လျှင် ရေ​ဗက္က​သည်​ပု​ဝါ​ကို​ယူ​၍​မျက်​နှာ​ကို​ဖုံး​လိုက်​၏။
GEN 24:66 အ​စေ​ခံ​က​လည်း​မိ​မိ​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို ဣ​ဇာက်​အား​အ​ကုန်​အ​စင်​ပြော​ပြ​လေ​၏။-
GEN 24:67 ထို​နောက်​ဣ​ဇာက်​သည်​မိ​မိ​၏​အ​မိ​စာ​ရာ​နေ ထိုင်​ခဲ့​သော​တဲ​ထဲ​သို့​ရေ​ဗက္က​ကို​ခေါ်​ဆောင် သွား​၍​အ​ကြင်​လင်​မ​ယား​ဖြစ်​လာ​ကြ​၏။ ဣ​ဇာက်​သည်​ရေ​ဗက္က​ကို​ချစ်​မြတ်​နိုး​၏။ ထို့ ကြောင့်​သူ​၏​မိ​ခင်​ကွယ်​လွန်​၍​ဝမ်း​နည်း ကြေ​ကွဲ​ရာ​မှ​စိတ်​သက်​သာ​ရာ​ရ​လေ​သည်။
GEN 25:1 အာ​ဗြ​ဟံ​သည်​ကေ​တု​ရ​နာ​မည်​ရှိ​သော မိန်း​မ​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၏။-
GEN 25:2 ထို​မိန်း​မ​သည်​ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဗက်၊ ရှု​အာ​တို့​ကို​ဖွား​မြင်​လေ​သည်။-
GEN 25:3 ယုတ်​ရှန်​၏​သား​များ​မှာ​ရှေ​ဘ​နှင့်​ဒေ​ဒန်​တို့ ဖြစ်​ကြ​သည်။ ဒေ​ဒန်​၏​အ​ဆက်​အ​နွယ်​များ​မှာ အာ​ရှု​ရိမ်​အ​မျိုး​သား၊ လေ​တု​ရှိမ်​အ​မျိုး​သား၊ လုမ်​မိမ်​အ​မျိုး​သား​တို့​ဖြစ်​ကြ​သည်။-
GEN 25:4 မိ​ဒျန်​၏​သား​များ​မှာ​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ​နှင့်​ဧ​လ​ဒါ​တို့​ဖြစ်​ကြ​သည်။ ထို​သူ အား​လုံး​တို့​သည်​ကား​ကေ​တု​ရ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​ကြ​သ​တည်း။
GEN 25:5 အာ​ဗြ​ဟံ​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ဣ​ဇာက်​အား​အ​မွေ​ပေး​၏။-
GEN 25:6 သို့​ရာ​တွင်​သူ​အ​သက်​ရှင်​စဉ်​အ​ခြား​သော​မ​ယား တို့​နှင့်​ရ​သော​သား​တို့​အား​လည်း လက်​ဆောင်​များ ကို​ပေး​၍​ဣ​ဇာက်​နှင့်​ဝေး​ရာ​အ​ရှေ့​ပြည်​သို့​ပြောင်း ရွှေ့​နေ​ထိုင်​စေ​သည်။
GEN 25:7 အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ့​ခု​နစ်​ဆယ်​ငါး နှစ်​ရှိ​သော်​အို​မင်း​လျက်၊ နေ့​ရက်​ကာ​လ​များ​စွာ ပြည့်​စုံ​ခြင်း​နှင့်​တ​ကွ၊ နောက်​ဆုံး​ထွက်​သက်​ကို ရှူ​၍​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​လေ​၏။-
GEN 25:9 သား​များ​ဖြစ်​ကြ​သော​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ တို့​သည် မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ​ဟိတ္တိ​အ​မျိုး​သား ဇော​ရ​၏​သား​ဧ​ဖ​ရုန်​ပိုင်​ခဲ့​သော​မြေ​ကွက်​တွင် မပ္ပေလ​ဂူ​၌​ဖ​ခင်​ကို​သင်္ဂြိုဟ်​ကြ​၏။-
GEN 25:10 မြေ​ကွက်​မှာ​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​မှ​အာ​ဗြ​ဟံ ဝယ်​ယူ​ခဲ့​သော​မြေ​ကွက်​ဖြစ်​၏။ စာ​ရာ​ကို​သင်္ဂြိုဟ် ရာ​သင်္ချိုင်း​တွင်​အာ​ဗြ​ဟံ​ကို​သင်္ဂြိုဟ်​ကြ​၏။-
GEN 25:11 အာ​ဗြ​ဟံ​ကွယ်​လွန်​ပြီး​နောက်``ငါ့​ကို​မြင် တော်​မူ​သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ၏​ရေ​တွင်း'' အ​နီး​၌​နေ​ထိုင်​သော​ဣ​ဇာက်​ကို ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​၏။
GEN 25:12 အာ​ဗြ​ဟံ​နှင့်​စာ​ရာ​၏​ကျွန်​မ​အီ​ဂျစ်​အ​မျိုး သ​မီး​ဟာ​ဂ​ရ​တို့​ရ​သော​သား​ဣ​ရှ​မေ​လ​၏ သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-
GEN 25:13 ဣ​ရှ​မေ​လ​၏​ကြီး​စဉ်​ငယ်​လိုက်​သား​များ​၏ နာ​မည်​များ​မှာ​သား​ဦး​န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊-
GEN 25:14 မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊-
GEN 25:15 ဟာ​ဒဒ်၊ တေ​မ၊ ယေ​တု​ရ၊ နာ​ဖိ​ရှ​နှင့်​ကေ​ဒ​မာ တို့​ဖြစ်​ကြ​သည်။-
GEN 25:16 ဣ​ရှ​မေ​လ​၏​သား​တို့​သည်​အ​နွယ်​တစ်​ဆယ့် နှစ်​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၍ သူ​တို့​နေ ထိုင်​ရာ​ကျေး​ရွာ​နှင့်​စ​ခန်း​ချ​ရာ​အ​ရပ်​များ ကို​သူ​တို့​၏​နာ​မည်​များ​ဖြင့်​ခေါ်​တွင်​ကြ​လေ သည်။-
GEN 25:17 ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ရာ့​သုံး​ဆယ့်​ခု​နစ် နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-
GEN 25:18 ဣ​ရှ​မေ​လ​၏​အ​ဆက်​အ​နွယ်​တို့​သည်​အီ​ဂျစ် ပြည်​အ​ရှေ့​ဘက်​အာ​ရှု​ရိ​ပြည်​သို့​သွား​ရာ​လမ်း တွင် ဟ​ဝိ​လ​မြို့​နှင့်​ရှု​ရ​မြို့​အ​ကြား​ရှိ​ဒေ​သ တွင်​နေ​ထိုင်​ကြ​သည်။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏ အ​ခြား​သော​အ​ဆက်​အ​နွယ်​တို့​နှင့်​တ​သီး တ​ခြား​နေ​ထိုင်​ကြ​လေ​သည်။
GEN 25:19 အာ​ဗြ​ဟံ​သား​ဣ​ဇာက်​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ ပေ​အံ့။-
GEN 25:20 ဣ​ဇာက်​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ပါ​ဒ​နာ​ရံ​ပြည်​မှ ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သ​မီး၊ လာ​ဗန်​၏​နှ​မ​ရေ​ဗက္က​နှင့်​အိမ်​ထောင် ပြု​လေ​သည်။-
GEN 25:21 ရေ​ဗက္က​တွင်​သား​သ​မီး​မ​ထွန်း​ကား​သ​ဖြင့် ဣ​ဇာက် သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​၌​သား​သ​မီး​ဆု​ကို တောင်း​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏ ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၍​ရေ​ဗက္က ၌​ပဋိ​သန္ဓေ​စွဲ​လေ​၏။-
GEN 25:22 သူ​၏​ပဋိ​သန္ဓေ​မှာ​က​လေး​အ​မြွှာ​တည်​၍​ထို က​လေး​တို့​သည်​မ​မွေး​ဖွား​မီ​က အ​မိ​၏​ဝမ်း ထဲ​မှာ​အ​ချင်း​ချင်း​အား​ပြိုင်​ကြ​၏။ ထို​အ​ခါ ရေ​ဗက္က​က``ကျွန်​မ​တွင်​အ​ဘယ်​ကြောင့်​ဤ​သို့ ဖြစ်​ရ​သ​နည်း'' ဟု​ဆို​၍​ထာ​ဝ​ရ​ဘု​ရား ထံ​လျှောက်​ထား​လေ​သည်။
GEN 25:23 ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 25:24 ရေ​ဗက္က​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ သား အ​မြွှာ​ကို​ဖွား​မြင်​လေ​သည်။-
GEN 25:25 အ​ဦး​ဖွား​သော​သား​သည်​အ​ဆင်း​နီ​၍​အ​မွေး ထူ​သ​ဖြင့်​ဧ​သော​ဟု​နာ​မည်​မှည့်​လေ​သည်။-
GEN 25:26 ဒု​တိ​ယ​သား​သည်​ဧ​သော​၏​ဖ​နောင့်​ကို​ဆုပ် ကိုင်​လျက်​မွေး​ဖွား​လာ​သ​ဖြင့် ယာ​ကုပ်​ဟု​နာ မည်​မှည့်​လေ​သည်။ ထို​သား​များ​မွေး​ဖွား​သော အ​ခါ​ဣ​ဇာက်​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​ပြီ ဖြစ်​၏။
GEN 25:27 သူ​ငယ်​တို့​သည်​လည်း​ကြီး​ပြင်း​လာ​ကြ​၏။ ဧ​သော​သည်​တော​၌​ကျက်​စား​သော​မု​ဆိုး ကောင်း​ဖြစ်​လာ​၏။ ယာ​ကုပ်​မူ​ကား​အိမ်​တွင် အေး​ချမ်း​စွာ​နေ​သော​သူ​ဖြစ်​၏။-
GEN 25:28 ဣ​ဇာက်​သည်​ဧ​သော​အ​မဲ​လိုက်​၍​ရ​သော အ​မဲ​ကို​နှစ်​သက်​သ​ဖြင့် ဧ​သော​ကို​ချစ်​၏။ သို့​ရာ​တွင်​ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ချစ်​၏။
GEN 25:29 တစ်​နေ့​သ​၌​ယာ​ကုပ်​သည်​ပဲ​ဟင်း​ကို​ချက်​နေ စဉ် ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ​ပြန်​ရောက် လာ​၏။ သူ​သည်​ဆာ​လောင်​သ​ဖြင့်၊-
GEN 25:30 ယာ​ကုပ်​အား``ငါ​အ​လွန်​ဆာ​လောင်​၏။ ထို​ပဲ ဟင်း​အ​နီ​ကို​ငါ​စား​ပါ​ရ​စေ'' ဟု​တောင်း လေ​သည်။ (ထို့​ကြောင့်​သူ့​အား​ဧ​ဒုံ​နာ​မည် ဖြင့်​ခေါ်​တွင်​ကြ​၏။)
GEN 25:31 ထို​အ​ခါ​ယာ​ကုပ်​က``သား​ဦး​အ​ရာ​ကို ပေး​လျှင်​ဟင်း​ကို​ပေး​မည်'' ဟု​ဆို​လေ​သည်။
GEN 25:32 ဧ​သော​က``ငါ​သည်​သေ​လု​အောင်​ဆာ​နေ​ပြီ။ သား​ဦး​အ​ရာ​သည်​ငါ့​အ​ဖို့​မည်​ကဲ့​သို့ အ​ကျိုး​ထူး​ရှိ​နိုင်​မည်​နည်း။ သား​ဦး​အ​ရာ ကို​ယူ​လော့'' ဟု​ပြန်​ဖြေ​၏။
GEN 25:33 ယာ​ကုပ်​က``သင်​၏​သား​ဦး​အ​ရာ​ကို​ပေး​မည် ဟု​ဦး​စွာ​ကတိ​သစ္စာ​ဆို​ပါ'' ဟု​ပြော​သည်။ ဧ​သော​သည်​က​တိ​သစ္စာ​ဆို​၍​သား​ဦး အ​ရာ​ကို​ယာ​ကုပ်​အား​ပေး​လိုက်​၏။-
GEN 25:34 ထို​အ​ခါ​ယာ​ကုပ်​က​မုန့်​နှင့်​ပဲဟင်း​ကို​သူ့​အား ပေး​၍​သူ​သည်​စား​သောက်​ပြီး​လျှင်​ထွက်​သွား လေ​၏။ ထို​သို့​လျှင်​ဧ​သော​သည်​မိ​မိ​၏​သားဦး အ​ရာ​ကို​မ​ထီ​လေး​စား​ပြု​သ​တည်း။
GEN 26:1 ထို​ပြည်​တွင်​အာ​ဗြ​ဟံ​လက်​ထက်​က​ကဲ့​သို့ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက်​ရောက်​လာ​ရာ ဣ​ဇာက်​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ဘိ​မ​လက် နန်း​စိုက်​ရာ​ဂေ​ရာ​မြို့​သို့​သွား​လေ​၏။-
GEN 26:2 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ်​ထင်​ပြ ၍``သင်​သည်​အီ​ဂျစ်​ပြည်​သို့​မ​သွား​နှင့်။ ငါ ပြ​လတ္တံ့​သော​ပြည်​၌​နေ​ထိုင်​လော့။-
GEN 26:3 ယ​ခု​ဤ​ပြည်​၌​နေ​လော့။ ငါ​သည်​သင်​နှင့် အ​တူ​ရှိ​၍​ကောင်း​ချီး​ပေး​မည်။ ဤ​ဒေ​သ​အား လုံး​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား ငါ​ပေး​မည်။ သင်​၏​အ​ဖ​အာ​ဗြ​ဟံ​အား​ငါ ထား​သော​က​တိ​အ​တိုင်း​ငါ​ပြု​မည်။-
GEN 26:4 သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​ကောင်း​ကင်​ကြယ် ကဲ့​သို့​များ​ပြား​စေ​၍ သူ​တို့​အား​ဤ​ဒေ​သ အား​လုံး​ကို​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ကောင်း​ချီး​ပေး​သည့်​နည်း​တူ ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​လည်း​ငါ့​ထံ မှ​ကောင်း​ချီး​ကို​တောင်း​လျှောက်​ကြ​လိမ့် မည်။-
GEN 26:5 အာ​ဗြ​ဟံ​သည်​ငါ​၏​စကား​ကို​နား​ထောင်​၍​ငါ ၏​ပ​ညတ်​နှင့်​အ​မိန့်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း သော​ကြောင့် ငါ​သည်​သင့်​အား​ကောင်း​ချီး​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 26:6 ထို့​ကြောင့်​ဣ​ဇာက်​သည်​ဂေ​ရာ​မြို့​မှာ​နေ​ထိုင်​လေ​၏။-
GEN 26:7 ထို​မြို့​သား​တို့​က``သင်​နှင့်​ပါ​လာ​သော​အ​မျိုး သ​မီး​သည်​မည်​သူ​နည်း'' ဟု​မေး​ကြ​သော​အ​ခါ သူ​၏​နှ​မ​ဖြစ်​သည်​ဟု​ဖြေ​ကြား​လေ​သည်။ သူ ၏​မ​ယား​ဖြစ်​သည်​ဟု​မ​ဖော်​ပြ​ခြင်း​မှာ ရေ​ဗက္က သည်​ရုပ်​ရည်​အ​လွန်​လှ​သူ​ဖြစ်​သ​ဖြင့် ထို​မြို့ သား​တို့​က​မိ​မိ​အား​သတ်​မည်​ကို​ဣ​ဇာက် စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။-
GEN 26:8 ဣ​ဇာက်​သည်​ထို​မြို့​တွင်​အ​တန်​ကြာ​နေ​ထိုင်​ပြီး နောက်၊ တစ်​နေ့​တွင်​အ​ဘိ​မ​လက်​ဘု​ရင်​ကြီး​သည် ပြူ​တင်း​ပေါက်​မှ​အ​ပြင်​သို့​ကြည့်​လိုက်​ရာ ဣ​ဇာက် နှင့်​ရေ​ဗက္က​တို့​ချစ်​ကျွမ်း​ဝင်​နေ​ကြ​သည်​ကို​မြင် ရ​လေ​သည်။-
GEN 26:9 အ​ဘိ​မ​လက်​သည်​ဣ​ဇာက်​ကို​ခေါ်​၍``သူ​သည် စင်​စစ်​သင်​၏​မ​ယား​ဖြစ်​၏။ အ​ဘယ်​ကြောင့် သင်​၏​နှ​မ​ဟု​ပြော​ရ​သ​နည်း'' ဟု​မေး​၏။ ဣ​ဇာက်​က``သူ​သည်​ကျွန်ုပ်​၏​မ​ယား​ဖြစ်​သည် ဟု​ပြော​လျှင်​အ​သတ်​ခံ​ရ​မည်​ကို​စိုး​ရိမ်​မိ ပါ​သည်'' ဟု​လျှောက်​လေ​၏။
GEN 26:10 အ​ဘိ​မ​လက်​က``သင်​သည်​ငါ​တို့​အား​အ​ဘယ် သို့​ပြု​မူ​သ​နည်း။ ငါ​၏​လူ​တစ်​ယောက်​ယောက်​က သင်​၏​မ​ယား​နှင့်​အ​ကြောင်း​မ​သိ​ဘဲ​ပြစ်​မှား မိ​လျှင် သင့်​ကြောင့်​ငါ​တို့​အ​ပြစ်​ကူး​လွန်​ရာ ရောက်​ပေ​မည်'' ဟု​ဆို​လေ​သည်။-
GEN 26:11 ထို​နောက်​အ​ဘိ​မ​လက်​က``ဤ​သူ​ကို​သော်​လည်း ကောင်း၊ သူ​၏​မ​ယား​ကို​သော်​လည်း​ကောင်း​မ တ​ရား​သ​ဖြင့်​ပြု​သော​သူ​အား​သေ​ဒဏ်​သင့် စေ​မည်'' ဟု​ပြည်​သား​တို့​အား​သ​တိ​ပေး​လေ​၏။
GEN 26:12 ဣ​ဇာက်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​စဉ် ကောက်​ပဲ သီး​နှံ​စိုက်​ပျိုး​လုပ်​ကိုင်​ရာ ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​ကောင်း​ချီး​ပေး​သ​ဖြင့် ထို​နှစ် တွင်​အ​ဆ​တစ်​ရာ​မျှ​သော​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​သည်။-
GEN 26:13 သူ​သည်​စီး​ပွား​တိုး​တက်​လာ​ပြီး​လျှင် အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​လာ​လေ​သည်။-
GEN 26:14 သူ​၌​သိုးအုပ်၊ နွားအုပ်​နှင့်​အ​ခြွေ​အ​ရံ​များ​စွာ​ရှိ ၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​သူ့​အား​မ​နာ လို​ကြ​သ​ဖြင့်၊-
GEN 26:15 သူ​၏​အ​ဖ​အာ​ဗြ​ဟံ​အ​သက်​ရှင်​စဉ်​အ​ဖ​၏ အ​စေ​ခံ​တို့​တူး​ဖော်​ခဲ့​သော​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​မြေ​ဖို့​ပစ်​ကြ​လေ​၏။
GEN 26:16 ထို​အ​ခါ​အ​ဘိ​မ​လက်​ဘု​ရင်​က​ဣ​ဇာက် အား``သင်​သည်​ငါ​တို့​ထက်​တန်​ခိုး​ကြီး​လာ ပြီ​ဖြစ်​၍​ငါ​တို့​ပြည်​မှ​ထွက်​သွား​လော့'' ဟု မိန့်​တော်​မူ​၏။-
GEN 26:17 ထို့​ကြောင့်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ထွက်​ခဲ့ ပြီး​လျှင် ဂေ​ရာ​ချိုင့်​ဝှမ်း​တွင်​အ​တန်​ကြာ​မျှ စ​ခန်း​ချ​နေ​ထိုင်​လေ​သည်။-
GEN 26:18 အာ​ဗြ​ဟံ​လက်​ထက်​က​တူး​ဖော်​ခဲ့​၍​အာ​ဗြ​ဟံ ကွယ်​လွန်​ပြီး​နောက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​မြေ​ဖို့ ခဲ့​ကြ​သော​ရေ​တွင်း​များ​ကို သူ​သည်​တစ်​ဖန်​တူး ဖော်​၍​ထို​ရေ​တွင်း​များ​ကို​သူ​၏​ဖ​ခင်​မှည့်​ခေါ် သော​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​လေ​၏။-
GEN 26:19 ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​ထို​ချိုင့်​ဝှမ်း​၌​ရေ တွင်း​သစ်​တစ်​တွင်း​တူး​ရာ​ရေ​ထွက်​လေ​၏။-
GEN 26:20 ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။
GEN 26:21 ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​အ​ခြား​ရေ​တွင်း တစ်​တွင်း​ကို​တူး​ကြ​ပြန်​ရာ​အ​ငြင်း​ပွား​ကြ ပြန်​သ​ဖြင့် ထို​ရေ​တွင်း​ကို``ရန်​ငြိုး'' ဟု​နာ​မည် မှည့်​လေ​သည်။-
GEN 26:22 တစ်​ဖန်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ပြောင်း​၍​အ​ခြား တစ်​နေ​ရာ​၌​ရေ​တွင်း​တစ်​တွင်း​တူး​ပြန်​လေ​သည်။ ထို​ရေ​တွင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု​မ​ရှိ သ​ဖြင့်``လွတ်​လပ်​ခြင်း'' ဟု​နာ​မည်​မှည့်​လေ​သည်။ ဣ​ဇာက်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည်​၌​ငါ တို့​အား​လွတ်​လပ်​စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပြီ ဖြစ်​၍​ငါ​တို့​စီး​ပွား​တိုး​တက်​မည်'' ဟု​ဆို​လေ​၏။
GEN 26:23 ထို​နောက်​ဣ​ဇာက်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ပြောင်း​ရွှေ့​ခဲ့​သည်။-
GEN 26:24 ထို​ည​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ် ထင်​ပြ​၍``ငါ​သည်​သင်​၏​အ​ဖ​အာ​ဗြ​ဟံ​၏ ဘု​ရား​ဖြစ်​၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​၏။ ငါ​၏​ကျွန်​အာ​ဗြ​ဟံ​အား​ထား သော​ကတိ​တော်​ကို​ထောက်​၍​သင့်​ကို​ကောင်း​ချီး ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​များ ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။-
GEN 26:25 ဣ​ဇာက်​သည်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​ပြီး လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ပတ္ထ​နာ ပြု​လေ​၏။ သူ​သည်​ထို​အ​ရပ်​၌​စ​ခန်း​ချ​၍ အ​စေ​ခံ​တို့​က​ရေ​တွင်း​တစ်​တွင်း​တူး​ကြ ပြန်​သည်။
GEN 26:26 အ​ဘိ​မ​လက်​ဘု​ရင်​သည်​အ​တိုင်​ပင်​ခံ​အ​ဟု ဇတ်​နှင့်​ဗိုလ်​ချုပ်​ဖိ​ကော​လ​တို့​လိုက်​ပါ​လျက် ဂေ​ရာ​မြို့​မှ​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​ကြ ၏။-
GEN 26:27 ဣ​ဇာက်​က``သင်​တို့​သည်​ယ​ခင်​က​အ​ကျွန်ုပ် အား​မုန်း​၍ သင်​တို့​၏​ပြည်​မှ​နှင်​ထုတ်​ကြ​ပြီး မှ အ​ဘယ်​ကြောင့်​ယ​ခု​အ​ကျွန်ုပ်​ထံ​သို့​လာ ကြ​သ​နည်း'' ဟု​မေး​လေ​၏။
GEN 26:28 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​အ​တူ ရှိ​ကြောင်း ယ​ခု​ငါ​တို့​သိ​ရ​ပြီ​ဖြစ်​၍ ငါ​တို့ အ​ချင်း​ချင်း​က​တိ​သစ္စာ​ထား​ကြ​ပါ​စို့။-
GEN 26:29 ငါ​တို့​က​သင့်​အား​ရန်​ဖက်​မ​ပြု​ဘဲ သင်​တို့​အား ကြင်​နာ​၍​အေး​ချမ်း​စွာ​ထွက်​သွား​စေ​သည့်​နည်း တူ သင်​က​ငါ​တို့​အား​လည်း​ရန်​ဖက်​မ​ပြု​ပါ​ဟု က​တိ​ပြု​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​ကောင်းချီး​ပေး​တော်​မူ​ကြောင်း​သိ​သာ​ထင် ရှား​ပါ​သည်'' ဟု​ဆို​၏။-
GEN 26:30 ဣ​ဇာက်​သည်​စား​သောက်​ပွဲ​ကို​ပြင်​ဆင်​၍ သူ တို့​အား​လုံး​အ​တူ​တ​ကွ​စား​သောက်​ကြ လေ​သည်။-
GEN 26:31 နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင် သူ​တို့​အ​ချင်း ချင်း​တစ်​ဦး​နှင့်​တစ်​ဦး​ကတိ​သစ္စာ​ပြု​ကြ​၏။ ထို့ နောက်​သူ​တို့​အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​လျှင် မိတ်​ဆွေ​ဖြစ်​လျက်​ခွဲ​ခွာ​ကြ​လေ​သည်။
GEN 26:32 ဣ​ဇာက်​၏​အ​စေ​ခံ​တို့​က​သူ​တို့​တူး​သော​ရေ တွင်း​ရေ​ထွက်​ကြောင်း​ဣ​ဇက်​အား​ပြော​ပြ​ကြ​၏။-
GEN 26:33 ဣ​ဇာက်​က​ထို​ရေ​တွင်း​ကို​ရှေ​ဘ​ဟု​မှည့်​ခေါ်​သော ကြောင့်​ထို​မြို့​ကို​ဗေ​ရ​ရှေ​ဘ​မြို့​ဟု​ခေါ်​တွင်​လေ သည်။
GEN 26:34 ဧ​သော​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ဟိတ္တိ​အ​မျိုး​သား​ဗေ​ရိ​၏​သ​မီး​ယု​ဒိတ်၊ ဟိတ္တိ အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​ဗာ​ရှ​မတ်​တို့ နှစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။-
GEN 26:35 ဣ​ဇာက်​နှင့်​ရေ​ဗက္က​တို့​သည်​ထို​အ​မျိုး​သ​မီး များ​အ​တွက်​ကြောင့်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ရ​လေ​၏။
GEN 27:1 ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊ ``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။
GEN 27:2 ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သည်​ယ​ခု​အို​လှ​ပြီ။ မ​ကြာ​မီ​သေ​ရ​မည်။-
GEN 27:3 သင်​သည်​လေး​နှင့်​မြား​ကို​ယူ​၍​တော​ထဲ​သို့ သွား​ပြီး​လျှင် ငါ့​အ​တွက်​အ​မဲ​ရှာ​ဖွေ​ခဲ့​ပါ။-
GEN 27:4 ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။
GEN 27:5 ဣ​ဇာက်​က​ဧ​သော​အား ထို​သို့​မှာ​ကြား​နေ​စဉ် ရေ​ဗက္က​သည်​နား​ထောင်​လျက်​ရှိ​၏။ ထို့​ကြောင့် ဧသော​အ​မဲ​ပစ်​ထွက်​သွား​သော​အ​ခါ၊-
GEN 27:6 ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အ​ဖ က​ဧ​သော​အား၊-
GEN 27:7 `အ​မဲ​ပစ်​၍​ငါ့​အ​တွက်​ဟင်း​ချက်​ခဲ့​ပါ။ ငါ စား​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင့် အား​ငါ​မ​သေ​မီ​ကောင်း​ချီး​ပေး​မည်' ဟု​မှာ ကြား​သည်​ကို​ငါ​ကြား​ပြီ။-
GEN 27:8 သို့​ဖြစ်​၍​ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင် ၍​ငါ​ပြော​သ​မျှ​အ​တိုင်း​ပြု​လုပ်​လော့။-
GEN 27:9 ဆိတ်​အုပ်​ရှိ​ရာ​သို့​သွား​ပြီး​လျှင် ဆူ​ဖြိုး​သော ဆိတ်​ငယ်​နှစ်​ကောင်​ကို​ရွေး​ယူ​ခဲ့​လော့။ ငါ​သည် သင့်​ဖ​ခင်​ကြိုက်​နှစ်​သက်​သော​ဟင်း​ကို​ချက် ပေး​မည်။-
GEN 27:10 ထို​အ​မဲ​ဟင်း​ကို​သူ့​ထံ​သို့​ယူ​သွား​လော့။ သူ မ​သေ​မီ သင့်​အား​ကောင်း​ချီး​ပေး​လိမ့်​မည်'' ဟု ဆို​လေ​၏။
GEN 27:11 ယာ​ကုပ်​က``အစ်​ကို​ဧ​သော​သည်​အ​မွေး​ထူ သော​သူ​ဖြစ်​ပြီး ကျွန်​တော်​မှာ​အ​သား​အ​ရေ ချော​မွတ်​သူ​ဖြစ်​ပါ​၏။-
GEN 27:12 ဖ​ခင်​က​ကျွန်​တော်​အား​စမ်း​သပ်​ကြည့်​မိ​၍ သူ့​အား​လှည့်​ဖြား​ကြောင်း​သိ​လျှင် ကျွန်​တော် ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​ရ​မည့်​အ​စား​ကျိန် စာ​သင့်​ခြင်း​ကို​ခံ​ရ​ပါ​မည်'' ဟု​မိ​ခင်​အား ပြန်​ပြော​လေ​၏။
GEN 27:13 ငါ့​သား၊ သင်​ခံ​ရ​မည့်​ကျိန်​စာ​သင့်​ခြင်း​ကို ငါ​ခံ​ရ​ပါ​စေ။ ငါ​ပြော​သည့်​အ​တိုင်း​ဆိတ် များ​ကို​သာ​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ'' ဟု​မိခင် က​ဆို​လေ​၏။-
GEN 27:14 ယာ​ကုပ်​သည်​သွား​၍​ဆိတ်​များ​ကို​မိ​ခင်​ထံ​သို့ ယူ​ဆောင်​ခဲ့​သ​ဖြင့် ရေ​ဗက္က​သည်​ဣ​ဇာက်​ကြိုက် နှစ်​သက်​သော​အ​မဲ​ဟင်း​ကို​ချက်​လေ​သည်။-
GEN 27:15 ထို​နောက်​သူ​သည်​မိ​မိ​အိမ်​တွင်​သိမ်း​ဆည်း ထား​သော​ဧ​သော​၏​အ​ကောင်း​ဆုံး​အ​ဝတ် ကို​ယာ​ကုပ်​အား​ဝတ်​ဆင်​ပေး​၏။-
GEN 27:16 သူ​၏​လက်​မောင်း​များ​နှင့်​အ​မွေး​မ​ပေါက်​သော လည်​ပင်း​တို့​တွင်​ဆိတ်​သား​ရေ​ကို​ပတ်​စည်း ပေး​၏။-
GEN 27:17 ထို​နောက်​ချက်​ပြီး​သော​အ​မဲ​ဟင်း​နှင့်​ဖုတ် ထား​သော​မုန့်​တို့​ကို​ယာ​ကုပ်​အား​ပေး​၏။
GEN 27:18 ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​ထံ​သို့​သွား​၍``အ​ဖ'' ဟု​ခေါ်​လျှင်၊ ဣ​ဇာက်​က``သား'' ဟု​ထူး​ပြီး​လျှင်``သား​ကြီး လော၊ သား​ငယ်​လော'' ဟု​မေး​လေ​၏။
GEN 27:19 ယာ​ကုပ်​က``ကျွန်​တော်​သည်​သား​ကြီး​ဧ​သော ဖြစ်​ပါ​သည်။ ဖ​ခင်​မှာ​ကြား​သည့်​အ​တိုင်း​ဆောင် ရွက်​ပြီး​ပါ​ပြီ။ ယ​ခု​ထ​၍​ကျွန်​တော်​ယူ​ခဲ့​သော အ​မဲ​ဟင်း​ကို​သုံး​ဆောင်​ပြီး​လျှင်​ကျွန်​တော် အား​ကောင်း​ချီး​ပေး​ပါ'' ဟု​ပြော​လေ​သည်။
GEN 27:20 ဣ​ဇာက်​က``ငါ့​သား၊ အ​မဲ​ကောင်​အ​ရ​မြန်​လှ ပါ​တ​ကား'' ဟု​ဆို​၏။ ယာ​ကုပ်​က``အ​ဖ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​စောင်​မ​ခြင်း​ကြောင့်​အ​မဲ​ကောင်​ကို အ​မြန်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
GEN 27:21 ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သင့်​ကို​စမ်း​ကြည့်​နိုင် ရန်​အ​နား​သို့​တိုး​လာ​ပါ။ သင်​သည်​ဧသော အ​မှန်​ပင်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လေ​သည်။-
GEN 27:22 ယာ​ကုပ်​သည်​ဖခင်​အ​နား​သို့​ချဉ်း​ကပ်​လာ​သော် ဖ​ခင်​က​လက်​နှင့်​သူ့​ကို​စမ်း​သပ်​ပြီး​လျှင်``သင် ၏​အ​သံ​မှာ​ယာ​ကုပ်​၏​အ​သံ၊ သင်​၏​လက်​များ သည်​ကား​ဧ​သော​၏​လက်​များ​ပင်​ဖြစ်​သည်'' ဟု ဆို​လေ​၏။-
GEN 27:23 သူ​၏​လက်​တို့​သည်​ဧ​သော​၏​လက်​များ​ကဲ့​သို့ အ​မွေး​ထူ​သော​ကြောင့်​ဖ​ခင်​သည်​ယာ​ကုပ် ဖြစ်​မှန်း​မ​ရိပ်​မိ​ချေ။ သူ့​အား​ကောင်း​ချီး​မ ပေး​မီ၊-
GEN 27:24 ``သင်​သည်​အ​ကယ်​ပင်​ဧ​သော​ဖြစ်​သ​လော'' ဟု​မေး​ပြန်​၏။ ယာ​ကုပ်​က``ဟုတ်​ပါ​သည်'' ဟု​ဖြေ​၏။
GEN 27:25 ထို​အ​ခါ​ဣ​ဇာက်​က``အ​မဲ​ဟင်း​ကို​ယူ​ခဲ့​ပါ။ ငါ​စား​ပြီး​လျှင်​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​သည်​ဖခင်​ထံ​သို့​ဟင်း ကို​ယူ​ခဲ့​၏။ ဖ​ခင်​သောက်​ရန်​စ​ပျစ်​ရည်​ကို လည်း​ယူ​ခဲ့​၏။-
GEN 27:26 ထို​နောက်​ဖ​ခင်​က``ငါ့​သား၊ အ​နား​သို့​တိုး လာ​၍​ငါ့​ကို​နမ်း​လော့​ဟု​ခိုင်း​၏။-
GEN 27:27 ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။-
GEN 27:28 ဘု​ရား​သ​ခင်​သည်​သင့်​အား​မိုး​ကောင်း​ကင်​မှ နှင်း​ကို​ပေး​တော်​မူ​၍ သင်​၏​လယ်​များ​ကို​မြေ သြ​ဇာ​ထက်​သန်​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော် သည်​သင့်​အား​ကောက်​ပဲ​သီး​နှံ​နှင့်​စ​ပျစ်​ရည် များ​စွာ​ပေး​သ​နား​တော်​မူ​စေ​သ​တည်း။-
GEN 27:29 တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။
GEN 27:30 ဣ​ဇာက်​သည်​ယာ​ကုပ်​အား​ကောင်း​ချီး​ပေး​ပြီး​၍ ဖ​ခင်​ထံ​မှ​ယာ​ကုပ်​ထွက်​သွား​သည့်​ခ​ဏ​အ​တွင်း သူ​၏​အစ်​ကို​ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ ပြန်​ရောက်​လာ​၏။-
GEN 27:31 သူ​သည်​လည်း​စား​ဖွယ်​ကောင်း​သော​အမဲ​ဟင်း​လျာ ကို​ချက်​ပြီး​လျှင်​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​လေ​သည်။ ထို​နောက်``အ​ဖ၊ ကျွန်​တော်​ယူ​ခဲ့​သော​အ​မဲ ဟင်း​ကို​ထ​၍​သုံး​ဆောင်​ပါ။ သုံး​ဆောင်​ပြီး လျှင်​ကျွန်​တော်​အား​ကောင်း​ချီး​ပေး​ပါ'' ဟု ဆို​လေ​၏။
GEN 27:32 ဣ​ဇာက်​က``သင်​မည်​သူ​နည်း'' ဟု​မေး​၏။ ဧ​သော​က``ကျွန်​တော်​သည်​ဖ​ခင်​၏​သား​ကြီး ဧ​သော​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
GEN 27:33 ထို​အ​ခါ​ဣ​ဇာက်​သည်​တစ်​ကိုယ်​လုံး​ဆတ်​ဆတ် တုန်​လျက်``အ​မဲ​ကောင်​ကို​ရ​၍​ငါ့​ထံ​သို့​ဟင်း ယူ​ခဲ့​သူ​ကား​မည်​သူ​နည်း။ သင်​မ​ရောက်​မီ​ငါ သည်​ဟင်း​ကို​စား​ပြီး​ပြီ။ ထို​သူ​အား​လည်း ကောင်း​ချီး​ပေး​ခဲ့​ပြီ။ ငါ​ကောင်း​ချီး​ပေး​ခဲ့ သည့်​အ​တိုင်း​သူ​ခံ​စား​ရ​မည်'' ဟု​ဆို​လေ သည်။
GEN 27:34 ဧ​သော​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင်​မ​ခံ မ​ရပ်​နိုင်​အောင်​ခံ​စား​ရ​သ​ဖြင့်``အို အ​ဖ၊ ကျွန်​တော့် အား​လည်း​ကောင်း​ချီး​ပေး​ပါ​ဦး'' ဟု​အ​သံ​ကျယ် စွာ​အော်​ဟစ်​တောင်း​ပန်​လေ​၏။
GEN 27:35 ဣ​ဇာက်​က``သင့်​ညီ​လာ​၍​ငါ့​ကို​လိမ်​လည်​လှည့်​ဖြား လေ​ပြီ။ သူ​သည်​သင်​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို ယူ​သွား​ပြီ'' ဟု​ဖြေ​ကြား​လေ​သည်။
GEN 27:36 ဧ​သော​က``သူ​သည်​ကျွန်​တော်​အား​နှစ်​ကြိမ်​တိုင် တိုင်​ယာ​ကုပ်​ဟူ​သော​နာ​မည်​နှင့်​လိုက်​အောင်​လှည့် စား​ခဲ့​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​၏​သား​ဦး​အ​ရာ ကို​တစ်​ကြိမ်၊ ယ​ခု​တစ်​ဖန်​ကျွန်​တော်​ခံ​စား​ရ မည့်​ကောင်း​ချီး​ကို​တစ်​ကြိမ်​ယူ​သွား​ပါ​ပြီ။ ကျွန်​တော်​အ​ဖို့​ကောင်း​ချီး​တစ်​ပါး​ပါး​မ​ကျန် ပါ​သ​လော'' ဟု​ဖ​ခင်​အား​မေး​လေ​၏။
GEN 27:37 ဣ​ဇာက်​က``ငါ​သည်​သူ့​အား​သင်​၏​အ​ရှင်​သ​ခင် ဖြစ်​စေ​ပြီ။ ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို လည်း​သူ​၏​အ​စေ​ကို​ခံ​စေ​ပြီ။ သူ့​အား​ကောက်​ပဲ သီး​နှံ​နှင့်​စ​ပျစ်​ရည်​တို့​ဖြင့်​ကြွယ်​ဝ​ပြည့်​စုံ​စေ ပြီ။ သို့​ဖြစ်​လျှင်​ငါ့​သား​သင့်​အ​တွက်​မည်​သို့ ဆောင်​ရွက်​ပေး​နိုင်​ပါ​သ​နည်း'' ဟု​ပြန်​ဖြေ​လေ ၏။
GEN 27:38 ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။
GEN 27:39 ထို​အ​ခါ​ဣ​ဇာက်​က၊ ``သင့်​လယ်​များ​သည်​မြေ​သြ​ဇာ​မ​ရှိ၊မိုး ကောင်း​ကင်​မှ နှင်း​ကို​လည်း​မ​ရ​နိုင်။
GEN 27:40 သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊ သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။
GEN 27:41 ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။
GEN 27:42 ရေ​ဗက္က​သည်​ဧ​သော​၏​အ​ကြံ​ကို​ကြား​သိ​ရ သ​ဖြင့် ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အစ်​ကို​ဧ​သော သည်​သင့်​အား​လက်​စား​ချေ​သတ်​ပစ်​ရန်​အ​ကြံ ထုတ်​လျက်​ရှိ​သည်။-
GEN 27:43 ငါ့​သား၊ ငါ​ပြော​သည့်​အ​တိုင်း​ပြု​လုပ်​လော့။ ခါ​ရန် မြို့​၌​နေ​ထိုင်​သော​ငါ​၏​အစ်​ကို​လာ​ဗန်​ထံ​သို့ ယ​ခု​ချက်​ချင်း​သွား​ရန်​ပြင်​လော့။-
GEN 27:44 သင်​၏​အစ်​ကို​စိတ်​ပြေ​၍​သင်​သူ့​အား​ပြု​မိ သ​မျှ​ကို​မေ့​ပျောက်​သည့်​အ​ချိန်​အ​ထိ​သူ့​ထံ ၌​ခေတ္တ​တည်း​ခို​နေ​ထိုင်​လော့။-
GEN 27:45 ထို​အ​ချိန်​ရောက်​လျှင်​ငါ​သည်​သင့်​ထံ​သို့​လူ စေ​လွှတ်​၍​ပြန်​လည်​ခေါ်​ဆောင်​မည်။ ငါ​သည် တစ်​နေ့​ချင်း​တွင်​သား​နှစ်​ယောက်​စ​လုံး​ကို အ​ဆုံး​မ​ခံ​နိုင်'' ဟု​ဆို​လေ​၏။
GEN 27:46 ရေ​ဗက္က​က​ဣ​ဇာက်​အား``ကျွန်​မ​သည်​ဧ​သော​၏ အ​မျိုး​ချင်း​မ​တူ​သော​မ​ယား​များ​ကြောင့် သေ ချင်​အောင်​စိတ်​ညစ်​ရ​သည်။ အ​ကယ်​၍​ယာ​ကုပ် သည်​ဤ​အ​ရပ်​၌​ရှိ​သော ဟိတ္တိ​အ​မျိုး​သ​မီး တစ်​ဦး​ဦး​နှင့်​အိမ်​ထောင်​ကျ​မည်​ဆို​လျှင် ကျွန်​မ​အ​သက်​ရှင်​မ​နေ​နိုင်​တော့​ပါ'' ဟု ပြော​လေ​၏။
GEN 28:1 ထို​အ​ခါ​ဣ​ဇာက်​သည်​ယာ​ကုပ်​ကို​ခေါ်​ပြီး လျှင်``သင်​သည်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​မ​ပြု​ရ။-
GEN 28:2 သင်​၏​အ​ဖိုး​ဗေ​သွေ​လ​နေ​ထိုင်​ရာ​မက်​ဆို​ပို တေး​မီး​ယား​ပြည်​သို့​ယ​ခု​သွား​လော့။ သင့်​ဦး လေး​လာ​ဗန်​၏​သ​မီး​တစ်​ယောက်​ယောက်​နှင့် အိမ်​ထောင်​ပြု​လော့။-
GEN 28:3 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​ကို ကောင်း​ချီး​ပေး​၍​သား​သ​မီး​များ​စွာ​ထွန်း ကား​စေ​သ​ဖြင့် သင်​သည်​လူ​မျိုး​များ​စွာ​တို့ ၏​ဖခင်​ဖြစ်​ပါ​စေ​သော။-
GEN 28:4 ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ကောင်း ချီး​ပေး​သည့်​နည်း​တူ သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​တို့​အား​ကောင်း​ချီး​ပေး​ပါ​စေ​သော။ အာ​ဗြ​ဟံ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ သော သင်​ယ​ခု​နေ​ထိုင်​သော​ပြည်​ကို​အ​ပိုင် ရ​ပါ​စေ​သော'' ဟု​ကောင်းချီး​ပေး​၍​မှာ​ကြား လေ​၏။-
GEN 28:5 ဣ​ဇာက်​သည်​ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သား​လာ​ဗန် နေ​ထိုင်​ရာ​ပါ​ဒ​နာ​ရံ​ပြည် သို့​ယာ​ကုပ်​ကို​စေ​လွှတ်​၏။ လာ​ဗန်​သည် ယာ​ကုပ်​နှင့်​ဧ​သော​တို့​၏​မိ​ခင်​ရေ​ဗက္က​၏ မောင်​ဖြစ်​သ​တည်း။
GEN 28:6 ဣ​ဇာက်​က​ယာ​ကုပ်​အား​ကောင်းချီး​ပေး​၍​မ​ယား ရှာ​ရန် ပါ​ဒ​နာ​ရံ​ပြည်​သို့​စေ​လွှတ်​လိုက်​ကြောင်း ကို​လည်း​ကောင်း၊ ထို​သို့​ယာ​ကုပ်​အား​ကောင်း​ချီး ပေး​စဉ်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင် မ​ပြု​ရ​ဟူ​၍​မှာ​ကြား​ကြောင်း၊-
GEN 28:7 ယာ​ကုပ်​သည်​မိ​ဘ​တို့​၏​စ​ကား​ကို​နား​ထောင်​၍ ပါ​ဒ​နာ​ရံ​ပြည်​သို့​သွား​ပြီ​ဖြစ်​ကြောင်း​ကို ဧ​သော​သိ​ရှိ​လေ​၏။-
GEN 28:8 ဧ​သော​သည်​ခါ​နာန်​အ​မျိုး​သ​မီး​များ​ကို ဖ​ခင်​ဣ​ဇာက်​မ​နှစ်​သက်​ကြောင်း​သိ​ရ​သ​ဖြင့်၊-
GEN 28:9 အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​ထံ​သို့​သွား​ပြီး လျှင် သူ​၏​သ​မီး​မ​ဟာ​လတ်​နှင့်​အိမ်​ထောင်​ပြု လေ​သည်။ မ​ဟာ​လတ်​သည်​ကား​န​ဗာ​ယုတ်​၏ နှ​မ​ဖြစ်​သ​တည်း။
GEN 28:10 ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ခါ​ရန် မြို့​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-
GEN 28:11 နေ​ဝင်​ချိန်​၌​သူ​သည်​တစ်​နေ​ရာ​သို့​ရောက် ရှိ​၍​ခ​ရီး​တစ်​ထောက်​နား​လေ​သည်။ သူ​သည် ကျောက်​တုံး​တစ်​တုံး​ကို​ခေါင်း​အုံး​၍​အိပ်​သည်။-
GEN 28:12 ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။-
GEN 28:13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။-
GEN 28:14 သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-
GEN 28:15 ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင်​သွား​ရာ အ​ရပ်​၌​သင့်​ကို​စောင့်​ရှောက်​မည်။ သင့်​ကို​ဤ ပြည်​သို့​တစ်​ဖန်​ပို့​ဆောင်​ဦး​မည်။ ငါ​သည်​သင့် အား​ထား​သော​ကတိ​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​မီ​သင့်​ကို​စွန့်​ပစ်​၍​မ​ထား'' ဟု​မိန့်​တော် မူ​၏။
GEN 28:16 ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​မှ​နိုး​၍``ထာ​ဝ​ရ ဘု​ရား​သည်​စင်​စစ်​ဤ​အ​ရပ်​၌​ရှိ​တော်​မူ​၏။ ရှိ တော်​မူ​ကြောင်း​ငါ​မ​သိ​ပါ​တ​ကား'' ဟု​ဆို လေ​၏။-
GEN 28:17 သူ​သည်​ကြောက်​ရွံ့​လျက်``ဤ​အ​ရပ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ရပ်​ဖြစ်​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဗိ​မာန်​ကောင်း​ကင်​ဘုံ တံ​ခါး​ဝ​ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
GEN 28:18 ယာ​ကုပ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော အိပ်​ရာ​မှ နိုး​ထ​၍​သူ​ခေါင်း​အုံး​သော​ကျောက်​တုံး​ကို​ယူ​ပြီး လျှင် မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။ ထို​နောက်​မှတ် တိုင်​ပေါ်​တွင်​သံ​လွင်​ဆီ​လောင်း​လျက် ထို​မှတ်​တိုင် ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​လေ​၏။-
GEN 28:19 ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့်​ခေါ်​လေ သည်။ (ယ​ခင်​က​ထို​မြို့​ကို​လု​ဇ​ဟု​ခေါ်​တွင်​၏။)-
GEN 28:20 ထို​နောက်​ယာ​ကုပ်​က​ထာ​ဝ​ရ​ဘု​ရား​အား ``ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​၍ အ​ကျွန်ုပ်​သွား​ရ​မည့်​ခ​ရီး​၌​စောင့်​ရှောက်​လျက် အ​စား​အ​စာ​နှင့်​အ​ဝတ်​ကို​ပေး​သ​နား​တော် မူ​ပြီး​လျှင်၊-
GEN 28:21 အ​ကျွန်ုပ်​ဖ​ခင်​အိမ်​သို့​ချော​မော​စွာ​ပြန်​လည်​ပို့ ဆောင်​တော်​မူ​ပါ​က​ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် ဘု​ရား​ဖြစ်​တော်​မူ​မည်။-
GEN 28:22 အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။
GEN 29:1 ယာ​ကုပ်​သည်​အ​ရှေ့​ပြည်​သို့​ရှေ့​ရှု​၍​ခ​ရီး​ဆက် ခဲ့​လေ​သည်။-
GEN 29:2 ထို​ပြည်​သို့​ရောက်​သော​အ​ခါ​လယ်​ကွင်း​ထဲ​၌​သိုး စု​သုံး​စု​ဝိုင်း​ရံ​လျက်​ရှိ​သော​ရေ​တွင်း​တစ်​တွင်း​ကို မြင်​ရ​လေ​သည်။ ထို​သို့​ဝိုင်း​ရံ​ရ​ခြင်း​မှာ​သိုး​စု​များ ကို​ထို​ရေ​တွင်း​မှ​ရေ​တိုက်​ရ​ခြင်း​ကြောင့်​ဖြစ်​၏။ ရေ တွင်း​အ​ဝ​ကို​ကျောက်​တုံး​ကြီး​ဖြင့်​ပိတ်​ထား​သည်။-
GEN 29:3 သိုး​စု​များ​ရေ​တွင်း​အ​နား​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ​မှ​သာ သိုး​ထိန်း​တို့​သည်​ထို​ကျောက် တုံး​ကို​ရွှေ့​၍​သိုး​များ​ကို​ရေ​တိုက်​လေ့​ရှိ​ကြ​၏။ ထို​နောက်​သူ​တို့​သည် ကျောက်​တုံး​ကို​ရေ​တွင်း​ဝ ပေါ်​သို့​ပြန်​တင်​ထား​လေ့​ရှိ​ကြ​၏။
GEN 29:4 ယာ​ကုပ်​က​သိုး​ထိန်း​တို့​အား``အ​ဆွေ​တို့၊ သင် တို့​အ​ဘယ်​အ​ရပ်​က​လာ​ကြ​သ​နည်း'' ဟု​မေး သော်၊ ``ခါ​ရန်​မြို့​က​လာ​ကြ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။
GEN 29:5 တစ်​ဖန်​ယာ​ကုပ်​က``နာ​ခေါ်​၏​သား​လာ​ဗန်​ဆို သူ​ကို​သိ​ပါ​သ​လော'' ဟု​မေး​၏။ ``သိ​ပါ​သည်'' ဟု​ပြန်​ဖြေ​ကြ​၏။
GEN 29:6 နောက်​တစ်​ဖန်​ယာ​ကုပ်​က``သူ​ကျန်း​မာ​ပါ သ​လော'' ဟု​မေး​၏။ သူ​တို့​က``ကျန်း​မာ​ပါ​၏။ ယ​ခု​ပင်​သူ​၏​သ​မီး ရာ​ခေ​လ​သည်​သိုး​အုပ်​နှင့်​အ​တူ​လာ​နေ​ပြီ'' ဟု​ဆို​ကြ​၏။
GEN 29:7 ယာ​ကုပ်​က``ယ​ခု​နေ​မြင့်​သေး​သ​ဖြင့်​သိုး​အုပ် များ​ကို​သိမ်း​သွင်း​ရန်​အ​ချိန်​မ​ရောက်​သေး။ သင် တို့​သည်​သိုး​များ​ကို​ရေ​တိုက်​ပြီး​လျှင် စား ကျက်​သို့​ပြန်​၍​ပို့​ဦး​လော့'' ဟု​ပြော​လေ​၏။
GEN 29:8 ထို​အ​ခါ​သူ​တို့​က``ကျွန်ုပ်​တို့​ထို​သို့​မ​ပြု လုပ်​နိုင်​ပါ။ သိုး​အုပ်​အား​လုံး​ဤ​အ​ရပ်​သို့ ရောက်​ရှိ​၍​ကျောက်​တုံး​ကို​ရွှေ့​ပြီး​မှ​သိုး​တို့ ကို​ရေ​တိုက်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​ကြ​၏။
GEN 29:9 ယာ​ကုပ်​သည်​သိုး​ကျောင်း​သား​တို့​နှင့်​စကား ပြော​ဆို​နေ​စဉ်​ဖ​ခင်​၏​သိုး​တို့​ကို​ထိန်း​ကျောင်း ရ​သော​ရာ​ခေ​လ​သည်​သိုး​အုပ်​နှင့်​အ​တူ​လာ နေ​၏။-
GEN 29:10 ယာ​ကုပ်​သည်​သူ​၏​ဦး​ရီး​လာ​ဗန်​သိုး​အုပ် နှင့်​အ​တူ​ရာ​ခေ​လ​ရောက်​ရှိ​လာ​သော​အ​ခါ ရေ​တွင်း​သို့​သွား​၍​ကျောက်​တုံး​ကို​ရွှေ့​ဖယ်​ပြီး လျှင်​လာ​ဗန်​၏​သိုး​တို့​ကို​ရေ​တိုက်​လေ​၏။-
GEN 29:11 ထို​နောက်​သူ​သည်​ရာ​ခေ​လ​ကို​နမ်း​၍ ဝမ်း သာ​သော​ကြောင့်​ငို​ကြွေး​လေ​၏။-
GEN 29:12 သူ​က``ငါ​သည်​ရေ​ဗက္က​၏​သား၊ သင့်​ဖ​ခင်​၏ ဆွေ​မျိုး​ရင်း​ချာ​ဖြစ်​သည်'' ဟု​ရာ​ခေ​လ​အား ပြော​လေ​၏။ ရာ​ခေ​လ​သည်​ပြေး​၍​ဖခင်​အား​ထို​အ​ကြောင်း ကို​ပြော​ပြ​လေ​၏။-
GEN 29:13 လာ​ဗန်​သည်​သူ​၏​တူ​ယာ​ကုပ်​၏​သ​တင်း​ကို ကြား​ရ​လျှင်​ပြေး​၍ သူ့​အား​ဆီး​ကြို​ဖက်​ယမ်း နမ်း​ရှုပ်​ပြီး​လျှင်​နေ​အိမ်​သို့​ခေါ်​ဆောင်​ခဲ့​လေ သည်။ ယာ​ကုပ်​က​ဖြစ်​ခဲ့​သ​မျှ​အ​ကြောင်း​ကို အ​ကုန်​အ​စင်​ပြော​ပြ​သော​အ​ခါ၊-
GEN 29:14 လာ​ဗန်​က``သင်​သည်​ငါ​၏​သွေး​ရင်း​သား​ရင်း ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။ ယာ​ကုပ် သည်​လည်း​ဦး​ရီး​အိမ်​တွင်​တစ်​လ​ကြာ​မျှ​နေ ထိုင်​လေ​သည်။
GEN 29:15 လာ​ဗန်​က​ယာ​ကုပ်​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​သော​ကြောင့် ငါ့​အ​တွက်​အ​ခ​မဲ့​လုပ်​ကိုင်​မ ပေး​သင့်။ သင်​လို​ချင်​သည့်​အ​ခ​ကို​တောင်း​လော့'' ဟု​ဆို​လေ​၏။-
GEN 29:16 လာ​ဗန်​တွင်​သ​မီး​နှစ်​ယောက်​ရှိ​၏။ သ​မီး အ​ကြီး​၏​နာ​မည်​သည်​လေ​အာ​ဖြစ်​၍ သ​မီး​အ​ငယ်​၏​နာ​မည်​မှာ​ရာ​ခေ​လ​ဖြစ်​၏။-
GEN 29:17 လေ​အာ​သည်​မျက်​လုံး​မျက်​ဖန်​လှ​၏။ ရာ​ခေ​လ မူ​ကား​ကိုယ်​လုံး​ကိုယ်​ပေါက်​လှ​၍​ရှု​ချင်​ဖွယ် ကောင်း​၏။
GEN 29:18 ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ချစ်​သ​ဖြင့်``ရာ​ခေ​လ နှင့်​ထိမ်း​မြား​ပေး​မည်​ဆို​လျှင်​ဦး​ရီး​ထံ​၌​ခု​နစ် နှစ်​အ​လုပ်​လုပ်​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။
GEN 29:19 လာ​ဗန်​က``ရာ​ခေ​လ​အား​အ​ခြား​သူ​တစ်​ယောက် နှင့်​ပေး​စား​ရ​သည်​ထက် သင်​နှင့်​ပေး​စား​ရ​သည် က​ပို​၍​သင့်​မြတ်​ပါ​မည်။ ငါ​နှင့်​အ​တူ​နေ​လော့'' ဟု​ဖြေ​ကြား​လေ​သည်။-
GEN 29:20 ယာ​ကုပ်​သည်​ရာ​ခေ​လ​ကို​ထိမ်း​မြား​နိုင်​ရန်​ခု​နစ် နှစ်​အ​လုပ်​လုပ်​၏။ သူ​သည်​ရာ​ခေ​လ​ကို​ချစ်​သော ကြောင့်​ထို​မျှ​သော​ကာ​လ​ကို​တို​တောင်း​သော အ​ချိန်​ဟူ​၍​ထင်​မှတ်​လေ​သည်။
GEN 29:21 ယာ​ကုပ်​က``အ​ချိန်​စေ့​ပါ​ပြီ။ ဦး​ရီး​၏​သ​မီး နှင့်​လက်​ထပ်​ခွင့်​ပေး​ပါ'' ဟု​လာ​ဗန်​အား​ပြော လေ​၏။-
GEN 29:22 ထို့​ကြောင့်​လာ​ဗန်​သည်​လက်​ထပ်​မင်္ဂလာ​ဧည့်​ခံ​ပွဲ ကို​ကျင်း​ပ​၍ ထို​ပွဲ​သို့​လူ​တိုင်း​အား​ဖိတ်​ကြား လေ​သည်။-
GEN 29:23 ထို​နေ့​ည​၌​လာဗန်​သည်​ရာ​ခေ​လ​အ​စား​လေ​အာ ကို ယာ​ကုပ်​ထံ​သို့​ပို့​သ​ဖြင့်​သူ​သည်​လေ​အာ​နှင့် အိပ်​လေ​၏။-
GEN 29:24 (လာ​ဗန်​သည်​မိ​မိ​၏​ကျွန်​မ​ဇိ​လ​ပ​ကို​လေ​အာ ၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)
GEN 29:25 မိုး​လင်း​ချိန်​ရောက်​မှ​ယာကုပ်​သည်​မိ​မိ​၏​မယား​မှာ လေ​အာ​ဖြစ်​ကြောင်း​သိ​ရ​လေ​သည်။ သူ​သည်​လာ​ဗန် ထံ​သို့​သွား​၍``အ​ဘယ်​ကြောင့်​ထို​သို့​ပြု​လုပ်​ရ​ပါ သ​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ရန်​အ​တွက် အ​လုပ်​လုပ်​ခဲ့​ပါ​သည်။ ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် လှည့်​စား​ပါ​သ​နည်း'' ဟု​မေး​လေ​၏။
GEN 29:26 ထို​အ​ခါ​လာ​ဗန်​က``ဤ​အ​ရပ်​ဒေ​သ​တွင်​သ​မီး အ​ကြီး​ကို​အိမ်​ထောင်​မ​ချ​မီ သ​မီး​အ​ငယ်​ကို အိမ်​ထောင်​ချ​သည့်​ထုံး​စံ​ဋ္ဌ​လေ့​မ​ရှိ​ပါ။-
GEN 29:27 သင်​သည်​ငါ့​ထံ​၌​နောက်​ထပ်​ခုနစ်​နှစ်​အ​လုပ် လုပ်​ဦး​မည်​ဆို​လျှင် မင်္ဂ​လာ​ပွဲ​ရက်​သတ္တ​တစ်ပတ် ကုန်​သော​အ​ခါ​သင့်​အား​ရာ​ခေ​လ​နှင့်​ပေး စား​ပါ​မည်'' ဟု​ဆို​လေ​သည်။
GEN 29:28 ယာ​ကုပ်​သည် သ​ဘော​တူ​လက်​ခံ​လေ​၏။ မင်္ဂ​လာ​ပွဲ ရက်​သတ္တ​ပတ်​ကုန်​ဆုံး​သော​အ​ခါ လာ​ဗန်​သည် သ​မီး​ရာ​ခေ​လ​ကို ယာ​ကုပ်​နှင့်​ပေး​စား​၏။-
GEN 29:29 (လာ​ဗန်​သည် မိ​မိ​၏​ကျွန်​မ​ဗိ​လ​ဟာ​ကို ရာ​ခေ​လ​၏​အ​ထိန်း​အ​ဖြစ်​ပေး​အပ်​လိုက်​၏။-)
GEN 29:30 ထို့​ကြောင့်​ယာ​ကုပ်​သည်​ရာ​ခေ​လ​နှင့်​လည်း အိပ်​လေ​သည်။ သူ​သည်​ရာ​ခေ​လ​ကို​လေ​အာ ထက်​ပို​၍​ချစ်​၏။ ထို​နောက်​သူ​သည်​လာ​ဗန် ထံ​၌ နောက်​ထပ်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ​သည်။
GEN 29:31 ယာ​ကုပ်​သည်​လေ​အာ​ကို​မ​ချစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​တော်​မူ​သ​ဖြင့် လေ​အာ​ကို​သား​သ​မီး​ထွန်း​ကား​စေ​၏။ ရာ ခေ​လ​မူ​ကား​သား​သ​မီး​မ​ထွန်း​ကား​ချေ။-
GEN 29:32 မ​ကြာ​မီ​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​သော်​သူ​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင်​တော်​မူ​ပြီ။ ယ​ခု ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​အား​ချစ်​လိမ့်​မည်'' ဟု​ဆို​၍​ထို​သား​ကို​ရု​ဗင်​ဟု​နာ​မည်​မှည့် လေ​၏။-
GEN 29:33 လေ​အာ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ် ယောက်​ကို​ဖွား​မြင်​ပြန်​သော​အ​ခါ​သူ​က``ငါ ၏​လင်​ယောကျာ်း​သည်​ငါ့​အား​မ​ချစ်​ကြောင်း ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​သိ​တော်​မူ​သ​ဖြင့် ဤ​သား​ကို​လည်း​ပေး​သ​နား​တော်​မူ​ပြီ'' ဟု ဆို​၍​ထို​သား​ကို​ရှိ​မောင်​ဟု​နာ​မည်​မှည့်​လေ​၏။-
GEN 29:34 ထို​နောက်​သူ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍ သား​တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​သည်​ရှိ​သော် သူ​က``ငါ​၏​လင်​ယောကျာ်း​အား​သား​သုံး ယောက်​ကို​ဖွား​မြင်​ပေး​ပြီ​ဖြစ်​ရာ​သူ​သည် ငါ့​အား​ယ​ခင်​က​ထက်​ပို​၍​ခင်​တွယ်​မှု​ရှိ မည်'' ဟု​ဆို​လျက်​တ​တိ​ယ​သား​ကို​လေ​ဝိ ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-
GEN 29:35 သူ​သည်​နောက်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​လျှင်​သူ​က``ဤ တစ်​ကြိမ်​တွင်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​မည်'' ဟု​ဆို​လျက်​စ​တုတ္ထ သား​ကို​ယုဒ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။ ထို နောက်​သူ​၌​သား​ဖွား​ခြင်း​ရပ်​စဲ​သွား​လေ​၏။
GEN 30:1 ရာ​ခေ​လ​သည်​ယာ​ကုပ်​နှင့်​သား​သ​မီး​မ​ထွန်း ကား​သ​ဖြင့် အစ်​မ​ကို​မ​နာ​လို​ဖြစ်​ပြီး​လျှင် ယာ​ကုပ်​အား``ကျွန်​မ​တွင်​သား​သ​မီး​မ​ရ ပါ​က​သေ​ရ​ပါ​တော့​မည်'' ဟု​ပြော​လေ​၏။
GEN 30:2 ထို​အ​ခါ​ယာ​ကုပ်​သည်​အ​မျက်​ထွက်​၍``ငါ သည်​ဘု​ရား​လော။ ဘု​ရား​က​သာ​သင့်​အား သား​ဖွား​ခွင့်​ကို​ပေး​တော်​မူ​နိုင်​သည်​မ​ဟုတ် လော'' ဟု​ပြန်​ဖြေ​လေ​သည်။
GEN 30:3 ရာ​ခေ​လ​က``ကျွန်​မ​အ​တွက်​က​လေး​ရ​စေ​ရန် ကျွန်​မ​၏​ကျွန်​ဗိ​လ​ဟာ​နှင့်​အိပ်​ပါ​လော့။ သူ့ အား​ဖြင့်​က​လေး​ရ​လျှင်​ကျွန်​မ​သည်​အ​မေ တစ်​ယောက်​ဖြစ်​လာ​နိုင်​ပါ​မည်'' ဟု​ဆို​လေ​၏။-
GEN 30:4 သူ​သည်​ဗိ​လ​ဟာ​ကို​ယာ​ကုပ်​အား​ပေး​အပ်​၍ ယာ​ကုပ်​သည်​ဗိ​လ​ဟာ​နှင့်​အိပ်​သ​ဖြင့်၊-
GEN 30:5 ဗိ​လ​ဟာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။-
GEN 30:6 ရာ​ခေ​လ​က``ဘု​ရား​သ​ခင်​သည်​ငါ့​ဘက်​၌ တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​၍​ငါ့​အား​သား​ကို​ပေး​သ​နား တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဒန်​ဟူ​၍ နာ​မည်​မှည့်​လေ​၏။-
GEN 30:7 တစ်​ဖန်​ဗိ​လ​ဟာ​သည်​ယာ​ကုပ်​နှင့်​ဒု​တိ​ယ​သား ကို​ရ​လေ​သည်။-
GEN 30:8 ထို​အ​ခါ​ရာ​ခေ​လ​က``ငါ​သည်​ငါ​၏​အစ်​မ နှင့်​အ​ပြင်း​အ​ထန်​ဆိုင်​ပြိုင်​ခဲ့​ရာ​အ​နိုင်​ရ​လေ ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​န​ဿ​လိ​ဟူ​၍ နာ​မည်​မှည့်​လေ​၏။
GEN 30:9 လေ​အာ​သည်​လည်း​မိ​မိ​၌​သား​ဖွား​ခြင်း​ရပ်​ဆိုင်း သွား​ကြောင်း​သိ​မြင်​ရ​သော​အ​ခါ သူ​၏​ကျွန်​မ ဇိ​လ​ပ​ကို​ယာ​ကုပ်​အား​မ​ယား​အ​ဖြစ်​ပေး အပ်​လေ​သည်။-
GEN 30:10 သို့​ဖြစ်​၍​ဇိ​လ​ပ​သည်​ယာ​ကုပ်​နှင့်​သား​တစ် ယောက်​ကို​ရ​လေ​၏။-
GEN 30:11 ထို​နောက်​လေ​အာ​က``ငါ​၌​ကောင်း​ကျိုး​ဆိုက် ရောက်​လာ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဂဒ် နာ​မည်​ဖြင့်​မှည့်​လေ​၏။-
GEN 30:12 တစ်​ဖန်​ဇိ​လ​ပ​သည်​ယာ​ကုပ်​နှင့်​သား တစ်​ယောက်​ရ​ပြန်​သော်၊-
GEN 30:13 လေ​အာ​က``ငါ​၌​မင်္ဂ​လာ​ရှိ​၏။ အ​ခြား​သော မိန်း​မ​တို့​က​ငါ့​အား​မင်္ဂလာ​ရှိ​သူ​ဟု​ခေါ်​ကြ လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​အာ​ရှာ နာ​မည်​ဖြင့်​မှည့်​လေ​သည်။
GEN 30:14 ဂျုံ​စ​ပါး​ရိတ်​သိမ်း​ချိန်​၌​ရုဗင်​သည်​လယ်​ထဲ​သို့ သွား​ရာ​၌ အ​နု​ဆေး​သီး​ကို​တွေ့​သ​ဖြင့်​မိ​ခင် လေ​အာ​ထံ​သို့​ယူ​ခဲ့​သည်။ ရာ​ခေ​လ​က​လေ​အာ အား``သင့်​သား​ယူ​ခဲ့​သော​အ​နု​ဆေး​သီး​အ​ချို့ ကို​ပေး​ပါ'' ဟု​တောင်း​လေ​၏။
GEN 30:15 လေ​အာ​က``သင်​သည်​ငါ​၏​လင်​ယောကျာ်း​ကို​ယူ​ရုံ ဖြင့်​အား​မ​ရ​ဘဲ ယ​ခု​ငါ့​သား​၏​အ​နု​ဆေး​သီး ကို​ယူ​ချင်​ပြန်​ပြီ​လော'' ဟု​ဆို​လေ​၏။ ရာ​ခေ​လ​က``သင့်​သား​၏​အ​နု​ဆေး​ပင်​များ​ကို ပေး​လျှင် သင်​သည်​ယ​နေ့​ည​ယာ​ကုပ်​နှင့်​အ​တူ အိပ်​နိုင်​သည်'' ဟု​ပြန်​ပြော​လေ​၏။
GEN 30:16 ည​နေ​ခင်း​၌​ယာ​ကုပ်​လယ်​ထဲ​မှ​ပြန်​လာ​သော အ​ခါ လေ​အာ​သည်​ဆီး​ကြို​၍``ကျွန်​မ​၏​သား​ရ ခဲ့​သော​အ​နု​ဆေး​သီး​ကို​ရာ​ခေ​လ​အား​ပေး သ​ဖြင့် ရှင်​ကျွန်​မ​နှင့်​အ​တူ​ယ​နေ့​ည​အိပ်​ရ​မည်'' ဟု​ပြော​ရာ​ထို​ည​၌​ယာ​ကုပ်​သည်​လေ​အာ​နှင့် အိပ်​လေ​၏။
GEN 30:17 ဘု​ရား​သ​ခင်​သည်​လေ​အာ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင် ၍​ပဉ္စမ​သား​ကို​ဖွား​မြင်​လေ​သည်။-
GEN 30:18 ထို​အ​ခါ​လေ​အာ​က``ငါ​သည်​ငါ​၏​ကျွန်​မ ကို​လင်​ယောကျာ်း​အား​ပေး​အပ်​သော​ကြောင့် ဘု​ရား​သ​ခင်​က​ငါ့​အား​ဆု​ချ​တော်​မူ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​သ​ခါ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-
GEN 30:19 တစ်​ဖန်​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ သား​ကို​ဖွား​မြင်​သည်။-
GEN 30:20 ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည်​ငါ့​အား လက်​ဆောင်​ကောင်း​ကို​ပေး​သ​နား​တော်​မူ​ပြီ။ ငါ သည်​သား​ခြောက်​ယောက်​ကို​ဖွား​မြင်​ပေး​သ​ဖြင့် ယ​ခု​ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​ကို​မြတ်​နိုး လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​ဇာ​ဗု​လုန် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-
GEN 30:21 ထို​နောက်​သူ​သည်​သ​မီး​တစ်​ယောက်​ကို​ဖွား​မြင် သ​ဖြင့်​ဒိ​န​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။
GEN 30:22 ဘု​ရား​သ​ခင်​သည်​ရာ​ခေ​လ​ကို​သ​တိ​ရ​၍ သူ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သား​သ​မီး​ဖွား​ခွင့်​ကို​ပေး​တော်​မူ​၏။-
GEN 30:23 သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက်​ကို​ဖွား မြင်​လေ​၏။ ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည် ငါ့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ခြင်း​ဖြင့် ငါ​ကဲ့​ရဲ့​ခံ​ရ​ခြင်း​ကို​ဖယ်​ရှား​တော်​မူ​ပြီ။-
GEN 30:24 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​သား​ကို​ထပ် ၍​ပေး​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လျက်​ထို သား​ကို​ယော​သပ်​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။
GEN 30:25 ယော​သပ်​ကို​ဖွား​မြင်​ပြီး​နောက်​ယာ​ကုပ်​က လာ​ဗန်​အား``ကျွန်ုပ်​ကို​နေ​ရင်း​ပြည်​သို့​ပြန် ခွင့်​ပေး​ပါ။-
GEN 30:26 ကျွန်ုပ်​သည်​ဦး​ရီး​ထံ​၌​အ​လုပ်​လုပ်​၍​ရ​သော မ​ယား​များ​နှင့်​တ​ကွ သား​သ​မီး​တို့​ကို​ခေါ် ဆောင်​လျက်​ထွက်​ခွာ​သွား​ပါ​ရ​စေ။ ကျွန်ုပ်​သည် ဦး​ရီး​အ​တွက်​မည်​မျှ​ကြိုး​စား​လုပ်​ကိုင်​ပေး ခဲ့​ကြောင်း​ဦး​ရီး​သိ​ပါ​၏'' ဟု​ပြော​လေ​၏။
GEN 30:27 ထို​အ​ခါ​လာ​ဗန်​က``ငါ​လည်း​ပြော​ပါ​ရ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကြောင့်​ငါ့​အား ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို​ငါ​သိ မြင်​လာ​ရ​ပြီ။-
GEN 30:28 သင်​အ​လို​ရှိ​သော​အ​ခ​ကို​ပြော​ပါ။ ထို​အ​ခ ကို​ငါ​ပေး​မည်'' ဟု​ဆို​လေ​၏။
GEN 30:29 ယာ​ကုပ်​က``ကျွန်ုပ်​သည်​ဦး​ရီး​အ​တွက်​မည်​ကဲ့ သို့​လုပ်​ကိုင်​ပေး​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်ုပ် ၏​ထိန်း​ကျောင်း​မှု​ကြောင့်​ဦး​ရီး​၏​တိ​ရစ္ဆာန်​များ မည်​မျှ​တိုး​ပွား​လာ​ကြောင်း​ကို​လည်း​ကောင်း ဦး​ရီး​သိ​မြင်​ရ​ပါ​ပြီ။-
GEN 30:30 ကျွန်ုပ်​မ​ရောက်​မီ​က​ဦး​ရီး​၌​တိ​ရစ္ဆာန်​အ​နည်း ငယ်​မျှ​သာ​ရှိ​၍ ယ​ခု​မြောက်​မြား​စွာ​တိုး​ပွား လျက်​ရှိ​ပါ​သည်။ ကျွန်ုပ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ဦး​ရီး​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​ကျွန်ုပ်​သည်​ကိုယ့်​စီး​ပွား​ကို​ရှာ​ရ​မည့် အ​ချိန်​ရောက်​ပါ​ပြီ'' ဟု​ဆို​လေ​၏။
GEN 30:31 ထို​အ​ခါ​လာ​ဗန်​က``သင့်​အ​တွက်​အ​ခ​မည် မျှ​ပေး​ရ​မည်​နည်း'' ဟု​မေး​၏။ ယာ​ကုပ်​က``အ​ခ​မ​ယူ​လို​ပါ။ ဦး​ရီး​က ကျွန်ုပ်​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ​လျှင် ကျွန်ုပ်​သည်​ဦး​ရီး​၏​တိရစ္ဆာန်​များ​ကို​ဆက် လက်​ထိန်း​ကျောင်း​ပါ​မည်။-
GEN 30:32 ယ​နေ့​ကျွန်ုပ်​သည်​တိ​ရစ္ဆာန်​အုပ်​တို့​ကို​လှည့်​လည် ၍​ကြည့်​ရှု​ပါ​မည်။ ၎င်း​တို့​အ​ထဲ​တွင်​တွေ့​ရှိ​ရ သော​သိုး​အ​နက်​နှင့်​အ​ပြောက်​အ​ကျား​ဆိတ် များ​ကို​ကျွန်ုပ်​ယူ​ပါ​မည်။ ထို​တိ​ရစ္ဆာန်​တို့​သည် ကျွန်ုပ်​အ​တွက်​အ​ခ​ဖြစ်​ပါ​စေ။-
GEN 30:33 နောင်​အ​ခါ​ကျွန်ုပ်​၌​ရိုး​သား​မှု​ရှိ​မ​ရှိ​ကို​ဦး ရီး​လွယ်​ကူ​စွာ​သိ​ရှိ​နိုင်​ပါ​မည်။ ဦး​ရီး​က ကျွန်ုပ်​အား​အ​ခ​အ​ဖြစ်​နှင့်​ပေး​သော​သိုး​ဆိတ် များ​ကို​စစ်​ဆေး​ကြည့်​ရှု​သော​အ​ခါ​၌ အ​ကွက် အ​ပြောက်​ပါ​သော​ဆိတ်​နှင့်​မည်း​နက်​သော​သိုး များ​က​လွဲ​၍ အ​ခြား​သိုး​ဆိတ်​များ​ကို​တွေ့ ရှိ​ပါ​က​၎င်း​တို့​ကို​ခိုး​ယူ​ကြောင်း​သိ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
GEN 30:34 လာ​ဗန်​က``သ​ဘော​တူ​ပါ​သည်။ သင်​၏​အ​ကြံ ပေး​ချက်​အ​တိုင်း​လိုက်​နာ​ကြ​စို့'' ဟု​ပြော​လေ​၏။-
GEN 30:35 ထို​နေ့​၌​ပင်​လာ​ဗန်​သည်​အ​ပြောက်​အ​ကျား ဆိတ်​ထီး၊ အ​ကွက်​အ​ပြောက်​သို့​မ​ဟုတ်​အ​ဖြူ ပြောက်​ပါ​ရှိ​သော​ဆိတ်​မ​ရှိ​သ​မျှ​တို့​ကို​လည်း ကောင်း၊ သိုး​အ​နက်​အား​လုံး​တို့​ကို​လည်း​ကောင်း ရွေး​ထုတ်​ပြီး​လျှင်​မိ​မိ​၏​သား​တို့​လက်​သို့ ပေး​အပ်​လေ​၏။-
GEN 30:36 ထို​နောက်​ထို​သိုး​ဆိတ်​များ​ကို ယာ​ကုပ်​နှင့်​သုံး ရက်​ခ​ရီး​အ​ကွာ​အ​ရပ်​သို့​ပို့​ဆောင်​ထား​စေ​၏။ ယာ​ကုပ်​က​မူ​လာ​ဗန်​၌​ကျန်​ရှိ​သော​အ​ခြား သိုး​ဆိတ်​တို့​ကို​ထိန်း​ကျောင်း​လျက်​နေ​လေ​သည်။
GEN 30:37 ယာ​ကုပ်​သည်​ထင်း​ရှူး​ပင်၊ ဗာ​ဒံ​ပင်၊ ပိုး​ဇာ​ပင် တို့​၏​သစ်​စိမ်း​ကိုင်း​များ​ကို​ယူ​၍ အ​ဖြူ​တန်း များ​ပေါ်​အောင်​အ​ခွံ​ကို​ခွာ​ပစ်​ပြီး​နောက်၊-
GEN 30:38 သိုး​ဆိတ်​များ​၏​ရေ​သောက်​ခွက်​များ​ရှေ့​တွင် ထို​သစ်​ကိုင်း​များ​ကို​ချ​ထား​လေ​သည်။ တိ​ရစ္ဆာန် တို့​သည်​ရေ​သောက်​လာ​သော​အ​ခါ မိတ်​လိုက် တတ်​သော​ကြောင့်​ထို​သို့​ချ​ထား​ခြင်း​ဖြစ်​သည်။-
GEN 30:39 သိုး​ဆိတ်​တို့​သည်​သစ်​ကိုင်း​များ​ရှေ့​တွင်​မိတ် လိုက်​ကြ​သ​ဖြင့် အ​ကွက်​အ​ပြောက်​အ​ကျား သား​ကောင်​များ​ပေါက်​ပွား​လာ​ကြ​သည်။
GEN 30:40 ယာ​ကုပ်​သည်​သိုး​အုပ်​နှင့်​ဆိတ်​အုပ်​တို့​ကို​ခွဲ ခြား​ထား​ပြီး​လျှင် လာ​ဗန်​၏​တိရစ္ဆာန်​အုပ်​ထဲ​မှ အ​ပြောက်​အ​ကျား​နှင့်​မည်း​နက်​သော​အ​ကောင် တို့​ကို​မျက်​နှာ​မူ​စေ​သည်။ ထို​နည်း​အား​ဖြင့် သူ​ပိုင်​သော​သိုး​ဆိတ်​များ​ပွား​များ​လာ​၍ လာ​ဗန်​၏​သိုး​ဆိတ်​အုပ်​နှင့်​သီး​ခြား​ထား ရှိ​လေ​သည်။
GEN 30:41 ယာ​ကုပ်​သည်​သန်​စွမ်း​သော​တိရစ္ဆာန်​များ​မိတ် လိုက်​ကြ​သည့်​အ​ခါ သစ်​ကိုင်း​များ​ကို​မြင်​၍ မိတ်​လိုက်​စေ​ရန်​ရေ​သောက်​ခွက်​များ​၌​သစ် ကိုင်း​များ​ကို​ချ​ထား​လေ့​ရှိ​၏။-
GEN 30:42 ချည့်​နဲ့​သော​တိ​ရစ္ဆာန်​များ​ရှေ့​၌​မူ​သစ်​ကိုင်း များ​ကို​မ​ချ​ထား​ချေ။ မ​ကြာ​မီ​လာ​ဗန် ပိုင်​သော​သိုး​ဆိတ်​များ​သည်​အား​အင်​ချည့်​နဲ့ ၍​ယာ​ကုပ်​ပိုင်​သော​သိုး​ဆိတ်​များ​သည်​သန် စွမ်း​ကြ​၏။-
GEN 30:43 ဤ​နည်း​အား​ဖြင့်​ယာ​ကုပ်​သည်​ပစ္စည်း​ဥစ္စာ အ​လွန်​ချမ်း​သာ​လာ​လေ​၏။ သူ​၌​သိုး​အုပ်၊ ဆိတ်​အုပ်၊ ကျွန်၊ ကု​လား​အုတ်၊ မြည်း​စ​သည် တို့​တိုး​ပွား​များ​ပြား​လာ​လေ​သည်။
GEN 31:1 လာ​ဗန်​၏​သား​တို့​က``ငါ​တို့​၏​ဖ​ခင်​ပိုင်​သ​မျှ ပစ္စည်း​တို့​ကို​ယာ​ကုပ်​ယူ​သွား​လေ​ပြီ။ ဖ​ခင်​ပိုင် ဆိုင်​သော​ပစ္စည်း​ဖြင့်​သူ​၌​စီး​ပွား​တက်​လာ​ပြီ'' ဟူ​၍​ပြော​ဆို​သံ​ကို​ယာ​ကုပ်​ကြား​သိ​ရ​လေ သည်။-
GEN 31:2 ထို့​အ​ပြင်​လာ​ဗန်​သည်​ယ​ခင်​က​ကဲ့​သို့​သူ့ အား​မ​ကြည်​ဖြူ​ကြောင်း​ကို​လည်း​တွေ့​မြင် ရ​သည်။-
GEN 31:3 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ဘိုး​ဘေး တို့​နှင့်​ဆွေ​မျိုး​သား​ချင်း​တို့​နေ​ထိုင်​ရာ​ပြည် သို့​ပြန်​လော့။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု ယာ​ကုပ်​အား​မိန့်​တော်​မူ​၏။
GEN 31:4 ထို့​ကြောင့်​ယာကုပ်​သည်​ရာ​ခေ​လ​နှင့်​လေ​အာ တို့​ကို​သူ​၏​သိုး၊ ဆိတ်​အုပ်​များ​ရှိ​ရာ​လယ်​ထဲ သို့​ခေါ်​ပြီး​လျှင်၊-
GEN 31:5 ``သင်​တို့​၏​ဖ​ခင်​သည်​ယ​ခင်​က​ကဲ့​သို့​ငါ့ အား​မ​ကြည်​ဖြူ​ကြောင်း​ငါ​တွေ့​ရ​သည်။ သို့ ရာ​တွင်​ငါ့​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​ငါ နှင့်​အ​တူ​ရှိ​တော်​မူ​၏။-
GEN 31:6 ငါ​သည်​သင်​တို့​၏​ဖခင်​အ​တွက်​အ​စွမ်း​ကုန် အ​လုပ်​လုပ်​ခဲ့​ကြောင်း​သင်​တို့​နှစ်​ဦး​စ​လုံး သိ​ကြ​၏။-
GEN 31:7 သို့​သော်​လည်း​သူ​သည်​ငါ့​ကို​လှည့်​စား​၍​ငါ ရ​ထိုက်​သော​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း​လဲ ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​ငါ့​ကို​နစ်​နာ​ဆုံး​ရှုံး​စေ ရန်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​ခွင့်​ပေး​တော် မ​မူ။-
GEN 31:8 သင်​တို့​၏​ဖ​ခင်​က​အ​ပြောက်​ပါ​ရှိ​သော​ဆိတ် တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်​ဟု​ဆို​လျှင် ဆိတ် ရှိ​သ​မျှ​တို့​သည်​အ​ပြောက်​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။ သူ​က`အ​စင်း​ပါ​သော ဆိတ်​တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်' ဟု​ဆို​လျှင် ဆိတ်​ရှိ​သ​မျှ​တို့​သည်​အ​စင်း​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။-
GEN 31:9 ထို​သို့​အား​ဖြင့်​ဘု​ရား​သ​ခင်​သည်​သင်​၏ ဖ​ခင်​ထံ​မှ​ဆိတ်​အုပ်​တို့​ကို​ယူ​၍​ငါ့​အား ပေး​တော်​မူ​ပြီ။
GEN 31:10 ``တိ​ရစ္ဆာန်​များ​မိတ်​လိုက်​ချိန်​၌​ငါ​သည်​အိပ်​မက် မြင်​မက်​ရာ​အိပ်​မက်​ထဲ​တွင်​မိတ်​လိုက်​နေ​သော တိ​ရစ္ဆာန်​အ​ထီး​တို့​သည် အ​ကွက်၊ အ​ပြောက်၊ အ​ကျား​များ​ပါ​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-
GEN 31:11 အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​က`ယာ​ကုပ်' ဟု​ခေါ်​လျှင်​ငါ​က`ရှိ​ပါ သည်​အ​ရှင်' ဟု​ထူး​သော်၊-
GEN 31:12 ကောင်း​ကင်​တ​မန်​က`သင့်​အား​လာဗန်​ပြု​မူ သ​မျှ​တို့​ကို​ငါ​မြင်​ရ​သ​ဖြင့် မိတ်​လိုက်​နေ သော​ဆိတ်​အ​ထီး​အား​လုံး​တို့​သည် အ​ကွက်၊ အ​ပြောက်​အ​ကျား​များ​ပါ​ရှိ​စေ​ရန်​ငါ စီ​ရင်​ပြီ။-
GEN 31:13 ငါ​သည်​ကား​ဗေ​သ​လ​အ​ရပ်​၌​သင်​ကျောက် တုံး​ကို​မှတ်​တိုင်​အ​ဖြစ်​တည်​၍ သံ​လွင်​ဆီ လောင်း​လျက်​ဆက်​ကပ်​ပြီး​လျှင်​ငါ့​အား​သစ္စာ ပြု​သော​အ​ခါ သင်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​သည်​ဤ​ပြည်​မှ ထွက်​၍​သင်​၏​နေ​ရင်း​ပြည်​သို့​ပြန်​ရန်​ယ​ခု ပြင်​ဆင်​လော့' ဟု​ငါ့​အား​မိန့်​တော်​မူ​လေ သည်'' ဟု​ဆို​၏။
GEN 31:14 ရာ​ခေ​လ​နှင့်​လေ​အာ​တို့​က``ကျွန်​မ​တို့​သည် ဖ​ခင်​ထံ​မှ​အ​မွေ​ရ​စ​ရာ​မ​ရှိ​တော့​ပါ။-
GEN 31:15 ဖ​ခင်​သည်​ကျွန်​မ​တို့​အား​သူ​စိမ်း​များ​ကဲ့​သို့ ဆက်​ဆံ​ပါ​သည်။ ကျွန်​မ​တို့​ကို​ရောင်း​စား​၍​ရ သ​မျှ​ငွေ​ကို​သုံး​စွဲ​ခဲ့​လေ​ပြီ။-
GEN 31:16 ကျွန်​မ​တို့​၏​ဖ​ခင်​ထံ​မှ​ဘု​ရား​သ​ခင်​သိမ်း​ယူ တော်​မူ​သော​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို ကျွန်​မ တို့​၏​သား​သ​မီး​များ​ပိုင်​ပါ​သည်။ ဘု​ရား​သ​ခင် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ပါ​လော့'' ဟု​ယာ​ကုပ်​အား​ပြော​ကြ​၏။
GEN 31:17 သို့​ဖြစ်​၍​ယာ​ကုပ်​သည်​မိ​မိ​၏​ဖ​ခင်​ရှိ​ရာ ခါ​နာန်​ပြည်​သို့​ပြန်​ရန်​ပြင်​ဆင်​လေ​သည်။ သူ ၏​သား​သ​မီး​နှင့်​မ​ယား​တို့​ကို​ကု​လား​အုတ် များ​ပေါ်​တွင်​စီး​စေ​၏။ သူ​သည်​မက်​ဆို​ပို​တေး မီး​ယား​ပြည်​၌​ရ​ရှိ​ခဲ့​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​ယူ​ဆောင်​လျက် မိ​မိ​၏​သိုး​အုပ်၊ ဆိတ် အုပ်​များ​ကို​မောင်း​နှင်​လာ​ခဲ့​လေ​သည်။-
GEN 31:19 လာ​ဗန်​သည်​သူ​၏​သိုး​များ​ကို​အ​မွေး​ညှပ် ရန်​သွား​နေ​ချိန်​ဖြစ်​ရာ အိမ်​တွင်​သူ​မ​ရှိ​ခိုက် ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ခိုး​ယူ​ခဲ့​လေ​သည်။-
GEN 31:20 ယာ​ကုပ်​သည်​လာ​ဗန်​အား​အ​သိ​မ​ပေး​ဘဲ ထွက်​ခဲ့​လေ​သည်။-
GEN 31:21 ဤ​သို့​အား​ဖြင့်​သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​တို့ ကို​ယူ​၍ အ​ဆော​တ​လျင်​ခ​ရီး​ထွက်​ခဲ့​ရာ သူ သည်​ဥ​ဖ​ရတ်​မြစ်​ကို​ဖြတ်​ကျော်​ပြီး​နောက် ဂိ​လဒ်​တောင်​သို့​ရှေ့​ရှု​ခ​ရီး​ဆက်​ခဲ့​လေ​၏။
GEN 31:22 သုံး​ရက်​ကြာ​သော​အ​ခါ လာ​ဗန်​သည်​ယာ​ကုပ် ထွက်​ပြေး​ကြောင်း​ကို​ကြား​သိ​ရ​လေ​သည်။-
GEN 31:23 ထို​အ​ခါ​သူ​သည်​မိ​မိ​၏​သား​ချင်း​တို့​ကို ခေါ်​၍ ယာ​ကုပ်​နောက်​သို့​ခုနစ်​ရက်​ကြာ​မျှ လိုက်​ခဲ့​ရာ​ဂိ​လဒ်​တောင်​ဒေ​သ​သို့​အ​ရောက် တွင်​မီ​လေ​၏။-
GEN 31:24 ထို​နေ့​ည​၌​အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင် သည်​လာ​ဗန်​ထံ​သို့​ကြွ​လာ​တော်​မူ​၍``သင် သည်​ယာ​ကုပ်​အား​မည်​သို့​မျှ​ခြိမ်း​ခြောက်​ခြင်း မ​ပြု​မိ​ရန်​သ​တိ​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-
GEN 31:25 ယာ​ကုပ်​သည်​တောင်​ပေါ်​၌​လည်း​ကောင်း၊ လာ​ဗန် နှင့်​သား​ချင်း​တို့​သည်​ဂိ​လဒ်​တောင်​ဒေ​သ​၌ လည်း​ကောင်း​စ​ခန်း​ချ​ကြ​လေ​သည်။
GEN 31:26 လာ​ဗန်​က``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို လှည့်​စား​၍ ငါ​၏​သ​မီး​များ​ကို​စစ်​သုံ့​ပန်း များ​ကဲ့​သို့​ခေါ်​ဆောင်​သွား​ရ​ပါ​သ​နည်း။-
GEN 31:27 အ​ဘယ်​ကြောင့်​တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ့​အား​အ​သိ​ပေး​ခဲ့​လျှင်​ငါ​သည်​ပတ်​သာ စောင်း​ငြင်း​တီး​လျက် မြူး​တူး​ပျော်​ရွှင်​စွာ သင်​တို့​ကို​စေ​လွှတ်​လိုက်​မည်​သာ​ဖြစ်​၏။-
GEN 31:28 သင်​သည်​ငါ့​မြေး​နှင့်​သ​မီး​များ​တို့​ကို​ပင် နမ်း​ရှုပ်​နှုတ်​ဆက်​ခွင့်​ကို​မ​ပေး။ မိုက်​လှ​သည် တ​ကား။-
GEN 31:29 ငါ​သည်​သင့်​အား​ဘေး​ဒုက္ခ​ရောက်​စေ​နိုင်​၏။ သို့​ရာ​တွင်​ယ​မန်​နေ့​ည​၌ သင့်​အ​ဖ​၏​ဘု​ရား က​သင့်​အား​မည်​သို့​မျှ​မ​ခြိမ်း​ခြောက်​ရ​ဟု ငါ့​ကို​သ​တိ​ပေး​မိန့်​မှာ​တော်​မူ​ခဲ့​၏။-
GEN 31:30 သင်​သည်​သင့်​မိ​ဘ​တို့​နေ​ရပ်​သို့​ပြန်​ရောက် လို​သည့်​စိတ်​ဇော​ကြောင့်​ထွက်​ခွာ​ခဲ့​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင်​ငါ​၏​ဘု​ရား​ရုပ်​တု​များ ကို​အ​ဘယ်​ကြောင့်​ခိုး​ယူ​သွား​ရ​သ​နည်း'' ဟု ယာကုပ်​အား​မေး​လေ​၏။
GEN 31:31 ထို​အ​ခါ​ယာ​ကုပ်​က``သင်​သည်​သ​မီး​များ တို့​ကို​အ​နိုင်​အ​ထက်​သိမ်း​ယူ​ထား​မည်​ဟု စိုး​ရိမ်​သော​ကြောင့်​ထွက်​ပြေး​ခဲ့​ရ​ပါ​သည်။-
GEN 31:32 သင်​၏​ဘု​ရား​ရုပ်​တု​များ​ခိုး​ယူ​သူ​ကို တွေ့​ရှိ​လျှင်​ထို​သူ​အား​ဒဏ်​ပေး​မည်။ ကျွန်ုပ် တို့​၏​သား​ချင်း​များ​ကို​သက်​သေ​ထား​၍ သင်​ပိုင်​ဆိုင်​သည့်​ပစ္စည်း​ဥစ္စာ​ကို​ရှာ​ပါ​လော့။ သင့်​ဥစ္စာ​ရှာ​တွေ့​လျှင်​ယူ​ပါ​လော့'' ဟု​ဆို လေ​၏။ လာ​ဗန်​၏​ဘု​ရား​ရုပ်​တု​များ​ကို ရာ​ခေ​လ​ခိုး​ယူ​ခဲ့​ကြောင်း​ယာ​ကုပ်​မ​သိ​ချေ။
GEN 31:33 လာ​ဗန်​သည်​ယာ​ကုပ်​၏​တဲ​ထဲ​သို့​ဝင်​၍ ရုပ်​တု​များ​ကို​ရှာ​၏။ ထို​နောက်​လေ​အာ​၏ တဲ​နှင့်​ကျွန်​မိန်း​မ​နှစ်​ဦး​၏​တဲ​တို့​တွင်​ရှာ သော်​လည်း​မ​တွေ့​ချေ။ ထို့​နောက်​ရာ​ခေ​လ ၏​တဲ​ထဲ​သို့​ဝင်​လေ​၏။-
GEN 31:34 ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ကု​လား​အုတ်​ကုန်း​နှီး​အိတ်​ထဲ​၌​ထည့်​ထား ၍ ထို​အိတ်​ပေါ်​တွင်​ထိုင်​နေ​၏။ လာ​ဗန်​သည်​တဲ တစ်​တဲ​လုံး​တွင်​ရှာ​ပါ​သော်​လည်း​ရုပ်​တု​များ ကို​မ​တွေ့​ရ​ချေ။-
GEN 31:35 ရာ​ခေ​လ​က​လည်း``ကျွန်​မ​သည်​မိန်း​မ​တို့​၏ ဋ္ဌမ္မ​တာ​ဖြစ်​ပေါ်​နေ​ချိန်​ဖြစ်​၍​ဖ​ခင်​၏​ရှေ့​မှာ မတ်​တပ်​မ​ရပ်​နိုင်​သည်​ကို​သည်း​ခံ​ခွင့်​လွှတ် ပါ'' ဟု​ဆို​လေ​၏။ လာ​ဗန်​သည်​ဘု​ရား​ရုပ်​တု များ​ကို​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။
GEN 31:36 ထို​အ​ခါ​ယာ​ကုပ်​သည်​ဒေါ​သ​ထွက်​လျက်``ကျွန်ုပ် သည်​အ​ဘယ်​အပြစ်​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။ အ​ဘယ်​ပြစ်​မှု​ကြောင့်​သင်​သည်​ကျွန်ုပ်​နောက်​သို့ အ​ပြင်း​အ​ထန်​လိုက်​ရ​ပါ​သ​နည်း။-
GEN 31:37 ယ​ခု​သင်​သည်​ကျွန်ုပ်​၏​ပစ္စည်း​ရှိ​သ​မျှ​ကို​ရှာ ဖွေ​ပြီး​ပြီ​ဖြစ်​ရာ​သင်​ပိုင်​သော​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရှာ​တွေ့​ပါ​သ​လော။ သင်​ပိုင်​သော​ပစ္စည်း​ကို ရှာ​တွေ့​လျှင်​သင်​၏​သား​ချင်း​နှင့်​ကျွန်ုပ်​၏​သား ချင်း​တို့​ရှေ့​မှောက်​တွင်​ထား​ပါ။ မည်​သူ့​ပစ္စည်း​ဖြစ် သည်​ကို​သူ​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ပါ​စေ။-
GEN 31:38 ကျွန်ုပ်​သည်​သင်​နှင့်​အ​တူ​နှစ်​ပေါင်း​နှစ်​ဆယ်​နေ ထိုင်​ခဲ့​ပါ​သည်။ သင်​၏​သိုး​မ​နှင့်​ဆိတ်​မ​တို့​သည် သား​မ​ပေါက်​ကြ​ဟူ​၍​မ​ရှိ။ သင့်​သိုး​ထီး​ဆိတ် ထီး​တို့​ကို​ကျွန်ုပ်​သတ်​၍​မ​စား။-
GEN 31:39 သိုး​တစ်​ကောင်​ကို​တော​သား​ရဲ​က​ကိုက်​သတ် လျှင် ကျွန်ုပ်​သာ​လျှင်​အ​မြဲ​အ​စား​ထိုး​ပေး ပါ​သည်။ သိုး​သေ​ရ​ခြင်း​မှာ​ကျွန်ုပ်​၏​တာ​ဝန် မ​ရှိ​ကြောင်း​သက်​သေ​ထူ​ရန်​ထို​အ​သေ​ကောင် ကို​သင့်​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ပါ။ နေ့​အ​ချိန် ၌​ဖြစ်​စေ၊ ည​အချိန်​၌​ဖြစ်​စေ​တိ​ရစ္ဆာန်​အ​ခိုး ခံ​ရ​လျှင်​သင်​သည်​ကျွန်ုပ်​အား​ထို​တိ​ရစ္ဆာန် အ​တွက်​အ​စား​ပေး​လျော်​စေ​၏။-
GEN 31:40 ကျွန်ုပ်​သည်​နေ့​အ​ချိန်​၌​နေ​ပူ​ဒဏ်​ကို​လည်း ကောင်း၊ ည​အ​ချိန်​၌​အ​အေး​ဒဏ်​ကို​လည်း​ကောင်း အ​ကြိမ်​ကြိမ်​ခံ​ခဲ့​ရ​ပါ​သည်။ အ​အိပ်​လည်း ပျက်​ခဲ့​ရ​ပါ​သည်။-
GEN 31:41 သင်​နှင့်​နှစ်​ပေါင်း​နှစ်​ဆယ်​ထို​ဒုက္ခ​ကို​ခံ​ခဲ့​ရ​ပြီ။ သင်​၏​သမီး​နှစ်​ယောက်​အ​တွက်​တစ်​ဆယ့်​လေး​နှစ် အ​လုပ်​လုပ်​ပေး​ခဲ့​ပါ​သည်။ ထို​နောက်​ခြောက်​နှစ် မျှ​သင်​၏​တိ​ရစ္ဆာန်​တို့​ကို​ထိန်း​ကျောင်း​ခဲ့​ရ​ပါ သည်။ ထို​ကဲ့​သို့​ဆောင်​ရွက်​ပေး​သည့်​တိုင်​အောင် သင်​သည်​ကျွန်ုပ်​၏​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း လဲ​ခဲ့​ပါ​သည်။-
GEN 31:42 အ​ကယ်​၍​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​ရှိ​ခဲ့​လျှင် သင်​သည်​ကျွန်ုပ်​ကို​လက်​ချည်း​သက် သက်​စေ​လွှတ်​လိုက်​မည်​ဖြစ်​၏။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​ခံ​ရ​သော​ဆင်း​ရဲ ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​တို့​ကို​သိ မြင်​တော်​မူ​သ​ဖြင့်​ယ​မန်​နေ့​ည​က​သင့်​ကို ဆုံး​မ​တော်​မူ​ပြီ'' ဟု​လာ​ဗန်​အား​ဆို​လေ​၏။
GEN 31:43 လာ​ဗန်​က``ဤ​သ​မီး​တို့​သည်​ငါ​၏​သ​မီး​များ ဖြစ်​၍ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ ဤ​သိုး​အုပ် ဆိတ်​အုပ်​များ​သည်​လည်း​ငါ​၏​တိ​ရစ္ဆာန်​များ ဖြစ်​၏။ စင်​စစ်​အား​ဖြင့်​သင်​မြင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ​ပိုင်​၏။ သို့​သော်​လည်း​ငါ ၏​သ​မီး​များ​နှင့်​သူ​တို့​၏​သား​သ​မီး​တို့ ကို​ငါ​စောင့်​ရှောက်​ထား​ရန်​မ​ဖြစ်​နိုင်​တော့ သ​ဖြင့်၊-
GEN 31:44 သင်​နှင့်​ငါ​ပ​ဋိ​ညာဉ်​ပြု​လို​ပါ​သည်။ ထို​ပ​ဋိ ညာဉ်​ပြု​ချက်​ကို​ငါ​တို့​သ​တိ​ရ​စေ​ခြင်း​ငှာ ကျောက်​ပုံ​တည်​ကြ​စို့'' ဟု​ယာ​ကုပ်​အား​ပြော လေ​သည်။
GEN 31:45 ထို့​ကြောင့်​ယာ​ကုပ်​သည်​ကျောက်​တုံး​တစ်​တုံး ကို​ယူ​၍ မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။-
GEN 31:46 ထို​နောက်​သူ​၏​သား​ချင်း​တို့​အား​ကျောက်​တုံး များ​ကို​ထပ်​ဆင့်​၍​ပုံ​စေ​၏။ ထို​နောက်​သူ​တို့ သည်​ကျောက်​ပုံ​နား​တွင်​စား​သောက်​ကြ​လေ​သည်။-
GEN 31:47 လာ​ဗန်​က​ယင်း​ကျောက်​ပုံ​ကို​ယေ​ဂါ​သ​ဟာ ဒု​သ ဟူ​၍​လည်း​ကောင်း၊ ယာ​ကုပ်​က​ဂိ​လဒ် ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။-
GEN 31:48 ထို​နောက်​လာ​ဗန်​က``ယ​နေ့​၌​ဤ​ကျောက်​ပုံ သည်​သင်​နှင့်​ငါ​တို့​နှစ်​ဦး​အ​တွက်​သက်​သေ ဖြစ်​စေ​မည်'' ဟု​ယာ​ကုပ်​အား​ဆို​လေ​၏။ ထို အ​ကြောင်း​ကြောင့်​ဤ​အ​ရပ်​ကို​ဂိ​လဒ်​ဟု ခေါ်​တွင်​စေ​ကြ​၏။-
GEN 31:49 လာ​ဗန်​က​ဆက်​၍``ငါ​တို့​အ​ချင်း​ချင်း​တစ် ယောက်​နှင့်​တစ်​ယောက်​ခွဲ​ခွာ​နေ​ရ​စဉ်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​စောင့်​ရှောက်​တော်​မူ​ပါ စေ​သော'' ဟု​ဆို​လေ​သည်။ ထို​ကြောင့်​ဤ​အ​ရပ် ကို​မိ​ဇ​ပါ​ဟူ​၍​မှည့်​ခေါ်​လေ​သည်။-
GEN 31:50 လာ​ဗန်​က​တစ်​ဖန်​ဆက်​၍``သင်​သည်​ငါ​၏ သ​မီး​တို့​ကို​ညှင်း​ဆဲ​လျှင်​ဖြစ်​စေ၊ အ​ခြား သော​မိန်း​မ​များ​ကို​ထိမ်း​မြား​လျှင်​ဖြစ်​စေ ငါ​သည်​ထို​အ​ကြောင်း​ကို​မ​သိ​စေ​ကာ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​စပ်​ကြား​သက်​သေ ဖြစ်​တော်​မူ​ကြောင်း​သ​တိ​ရ​လော့။-
GEN 31:51 ဤ​ကျောက်​တုံး​များ​သည်​သင်​နှင့်​ငါ​တို့​စပ် ကြား​တွင် ပုံ​ထား​သော​ကျောက်​ပုံ​ဖြစ်​၍​ဤ ကျောက်​သည်​အ​မှတ်​တ​ရ​မှတ်​တိုင်​ဖြစ်​၏။-
GEN 31:52 ငါ​သည်​ဤ​ကျောက်​ပုံ​နှင့်​မှတ်​တိုင်​ကို​ကျော် လွန်​၍ သင့်​အား​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ်​ကြောင်း ကို​လည်း​ကောင်း၊ သင်​သည်​လည်း​ဤ​ကျောက်​ပုံ နှင့်​မှတ်​တိုင်​ကို​ကျော်​လွန်​၍ ငါ့​အား​အန္တ​ရာယ် ပြု​မည်​မ​ဟုတ်​ကြောင်း​ကို​လည်း​ကောင်း ဤ ကျောက်​ပုံ​နှင့်​ဤ​မှတ်​တိုင်​သည်​သက်​သေ ဖြစ်​ပါ​စေ​သား။-
GEN 31:53 အာ​ဗြ​ဟံ​၏​ဘု​ရား​နှင့်​နာ​ခေါ်​၏​ဘု​ရား သည်​ငါ​တို့​နှစ်​ဦး​စပ်​ကြား​တွင်​စီ​ရင်​တော် မူ​စေ​သ​တည်း'' ဟု​သစ္စာ​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​လေ​၏။ ထို​နောက်​ယာ​ကုပ်​သည်​လည်း​သူ​၏​ဖ​ခင် ဣ​ဇာက်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​၍​သစ္စာ​အ​ဋ္ဌိ​ဋ္ဌာန်​ဆို​၏။-
GEN 31:54 သူ​သည်​တိရစ္ဆာန်​တစ်​ကောင်​ကို​သတ်​၍​တောင် ပေါ်​တွင်​ယဇ်​ပူ​ဇော်​ပြီး​လျှင်​သူ​၏​သား​ချင်း တို့​ကို​ဖိတ်​ခေါ်​လျက်​စား​ကြ​၏။ ထို​သို့​စား သောက်​ကြ​ပြီး​နောက်​သူ​တို့​သည်​တောင်​ပေါ် တွင်​ည​အိပ်​ကြ​၏။-
GEN 31:55 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လာ​ဗန်​သည် သူ​၏​မြေး​များ​နှင့်​သမီး​တို့​ကို​နမ်း​ရှုပ်​နှုတ် ဆက်​၍ ကောင်း​ချီး​ပေး​ပြီး​လျှင်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။
GEN 32:1 ယာ​ကုပ်​သည်​ခ​ရီး​ဆက်​လက်​သွား​စဉ် ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​တို့​နှင့်​တွေ့​ဆုံ​လေ သည်။-
GEN 32:2 ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။
GEN 32:3 ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-
GEN 32:4 ထို​စေ​တ​မန်​တို့​အား``ကိုယ်​တော်​၏​အ​စေ​ခံ ယာ​ကုပ်​က`ကျွန်ုပ်​သည်​လာ​ဗန်​နှင့်​အ​တူ​နေ ထိုင်​ပြီး​ယ​ခု​မှ​ပြန်​ခဲ့​ရ​ပါ​သည်။-
GEN 32:5 ကျွန်ုပ်​တွင်​နွား၊ မြည်း၊ သိုး၊ ဆိတ်​နှင့်​ကျွန်​များ​ရှိ ပါ​သည်။ ကိုယ်​တော်​ထံ​၌​ကျွန်ုပ်​မျက်​နှာ​သာ​ရ နိုင်​မည်​ဟု​မျှော်​လင့်​လျက် ဤ​သို့​သ​တင်း​ပို့ လျှောက်​ထား​ပါ​သည်' ဟု​ပြော​လော့'' ဟု​မှာ ကြား​လိုက်​လေ​သည်။
GEN 32:6 စေ​တ​မန်​တို့​သည်​ယာ​ကုပ်​ထံ​သို့​ပြန်​ရောက် လာ​၍ ``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစ်​ကို ဧ​သော​ထံ​သို့​ရောက်​ခဲ့​ပါ​သည်။ သူ​သည်​လည်း ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန်​လာ​နေ​ပါ​ပြီ။ သူ့ ထံ​၌​လူ​အင်​အား​လေး​ရာ​ရှိ​ပါ​သည်'' ဟု ပြန်​ကြား​ကြ​သည်။-
GEN 32:7 ထို​အ​ခါ​ယာ​ကုပ်​သည်​အ​လွန်​ကြောက်​ရွံ့​၍ စိတ်​ပူ​ပန်​သ​ဖြင့် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့ ကို​လည်း​ကောင်း၊ သိုး၊ ဆိတ်၊ နွား​နှင့်​ကု​လား​အုတ် တို့​ကို​လည်း​ကောင်း​နှစ်​စု​ခွဲ​၍​ထား​လိုက်​၏။-
GEN 32:8 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ဧ​သော​ရောက် လာ​၍​ပ​ထ​မ​အ​စု​ကို​တိုက်​ခိုက်​သည်​ရှိ​သော် ကျန်​တစ်​စု​ကား​လွတ်​မြောက်​နိုင်​လိမ့်​မည်'' ဟု တွေး​တော​မိ​သော​ကြောင့်​တည်း။
GEN 32:9 ထို​နောက်​ယာ​ကုပ်​က``အ​ကျွန်ုပ်​၏​အ​ဘိုး အာ​ဗြ​ဟံ​နှင့်​အ​ကျွန်ုပ်​၏​ဖ​ခင်​ဣ​ဇာက်​တို့ ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က`သင်​၏ ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန် လော့။ ငါ​သည်​သင့်​ကို​ကြီး​ပွား​စေ​မည်' ဟု မိန့်​တော်​မူ​ပါ​၏။-
GEN 32:10 ကိုယ်​တော်​အ​မြဲ​ထား​တော်​မူ​သော​က​ရု​ဏာ တော်​နှင့်​ကိုယ်​တော်​၏​ကျွန်​သည်​မ​ထိုက်​တန် ပါ။ အ​ကျွန်ုပ်​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး စဉ်​အ​ခါ​က အ​ကျွန်ုပ်​၌​လက်​ကိုင်​တောင်​ဝှေး တစ်​ချောင်း​သာ​ပါ​သွား​သော်​လည်း ယ​ခု​မှာ မူ​ဤ​လူ​စု​နှစ်​စု​ပါ​လျက်​ပြန်​လာ​ခဲ့​ရ ပါ​သည်။-
GEN 32:11 အ​ကျွန်ုပ်​၏​အစ်​ကို​ဧသော​၏​လက်​မှ​အ​ကျွန်ုပ် အား​ကယ်​တင်​ရန်​တောင်း​လျှောက်​ပါ​၏။ သူ သည်​မိန်း​မ​နှင့်​က​လေး​များ​အ​ပါ​အ​ဝင် အ​ကျွန်ုပ်​တို့​အား​လုံး​အား​တိုက်​ခိုက်​ဖျက် ဆီး​မည်​ကို​အ​ကျွန်ုပ်​စိုး​ရိမ်​ကြောက်​ရွံ့​ပါ​၏။-
GEN 32:12 ကိုယ်​တော်​က`သင့်​ကို​ကြီး​ပွား​စေ​မည်။ သင်​၏ အ​ဆက်​အ​နွယ်​များ​ကို​ပင်​လယ်​ကမ်း​ခြေ​ရှိ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​နိုင်​အောင်​များ ပြား​စေ​မည်' ဟူ​သော​ကတိ​တော်​ကို​သ​တိ​ရ တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​လေ​သည်။
GEN 32:13 ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​တစ်​ည​တည်း​ခို ပြီး​နောက် အစ်​ကို​ဧ​သော​အား​လက်​ဆောင်​ပေး ရန် မိ​မိ​၏​တိ​ရစ္ဆာန်​အုပ်​ထဲ​မှ​ဆိတ်​မ​နှစ်​ရာ နှင့်​ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ​နှင့်​သိုး ထီး​နှစ်​ဆယ်၊ နို့​စား​ကု​လား​အုတ်​မ​သုံး​ဆယ် နှင့်​သား​ကောင်​ငယ်​များ၊ နွား​မ​လေး​ဆယ်​နှင့် နွား​ထီး​ဆယ်​ကောင်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​ထီး​ဆယ်​ကောင်​တို့​ကို​ရွေး​ယူ​လေ​၏။-
GEN 32:16 ထို​တိ​ရစ္ဆာန်​များ​ကို​အုပ်​လိုက်​ခွဲ​ပြီး​လျှင် တစ် အုပ်​စီ​ကို​အ​စေ​ခံ​တစ်​ယောက်​ကျ​အုပ်​ထိန်း စေ​၏။ ထို​နောက်​အ​စေ​ခံ​တို့​အား``သင်​တို့​သည် တစ်​အုပ်​နှင့်​တစ်​အုပ်​ရှေ့​နောက်​ခြား​၍​ငါ့​ရှေ့ မှ​သွား​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။-
GEN 32:17 ရှေ့​ဆုံး​မှ​သွား​ရ​သော​အ​စေ​ခံ​အား``ငါ​၏ အစ်​ကို​ဧသော​က​သင့်​ကို​တွေ့​၍`သင်​၏​သ​ခင် ကား​မည်​သူ​နည်း၊ မည်​သည့်​အ​ရပ်​သို့​သွား မည်​နည်း။ သင့်​ရှေ့​၌​ရှိ​သော​တိရစ္ဆာန်​တို့​ကို မည်​သူ​ပိုင်​သ​နည်း' ဟု​မေး​လျှင်၊-
GEN 32:18 `ကိုယ်​တော်​၏​အ​စေ​ခံ​ယာ​ကုပ်​ပိုင်​ပါ​သည်။ သ​ခင်​ဧ​သော​အား​ဆက်​သ​လိုက်​သော​လက် ဆောင်​များ​ဖြစ်​ပါ​သည်။ ယာ​ကုပ်​ကိုယ်​တိုင် အ​ကျွန်ုပ်​တို့​နောက်​မှ​လိုက်​ပါ​လာ​ပါ​သည်' ဟူ​၍​ညွှန်​ကြား​လေ​သည်။-
GEN 32:19 ထို​နည်း​တူ​ဒု​တိ​ယ​အ​စေ​ခံ၊ တ​တိ​ယ အ​စေ​ခံ​မှ​စ​၍ တိ​ရစ္ဆာန်​အုပ်​တို့​ကို​အုပ် ထိန်း​ရ​သူ​အ​ပေါင်း​တို့​အား၊-
GEN 32:20 သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​သော​အ​ခါ`ကိုယ်​တော် ၏​အ​စေ​ခံ​ယာ​ကုပ်​သည်​ကျွန်ုပ်​တို့​နောက်​မှ​လိုက် ပါ​လာ​ပါ​သည်' ဟု​ပြော​ရ​မည်'' ဟူ​၍​မှာ​ကြား ၏။ ယာ​ကုပ်​က``ယ​ခု​ပေး​လိုက်​သော​လက်​ဆောင် များ​အား​ဖြင့် အစ်​ကို​၏​စိတ်​ကို​ပြေ​စေ​၍​သူ နှင့်​တွေ့​ဆုံ​ရ​သော​အ​ခါ ငါ့​အ​ပြစ်​ကို​ခွင့် လွှတ်​ကောင်း​ခွင့်​လွှတ်​ပေ​လိမ့်​မည်'' ဟု စိတ်​ကူး​မိ​လေ​၏။-
GEN 32:21 သူ​သည်​လက်​ဆောင်​များ​ကို​ကြို​တင်​ပို့​ပြီး နောက်​ထို​ည​တွင်​စ​ခန်း​၌​အိပ်​လေ​၏။
GEN 32:22 ထို​ည​ချင်း​တွင်း​ယာကုပ်​သည်​ထ​၍​မ​ယား​နှစ် ယောက်၊ မ​ယား​ငယ်​နှစ်​ယောက်၊ သား​သ​မီး​တစ် ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်​ဆောင်​လျက်​ယဗ္ဗုတ် မြစ်​ကို​ဖြတ်​ကူး​စေ​၏။-
GEN 32:23 သား​မ​ယား​တို့​နှင့်​အ​တူ​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း တို့​ကို​တစ်​ဖက်​ကမ်း​သို့​ပို့​လေ​၏။-
GEN 32:24 ယာ​ကုပ်​က​မူ​တစ်​ယောက်​တည်း​နေ​ရစ်​ခဲ့​လေ သည်။ ထို​အ​ခါ​လူ​တစ်​ယောက်​သည်​မိုး​လင်း​အံ့​ဆဲ ဆဲ​တိုင်​အောင်​သူ​နှင့်​န​ပန်း​လုံး​လေ​၏။-
GEN 32:25 ထို​သူ​သည်​မ​နိုင်​မှန်း​သိ​သော​အ​ခါ​ယာ​ကုပ် ၏​တင်​ပါး​ကို​ထိုး​သ​ဖြင့်​အ​ဆစ်​ပြုတ်​လေ​၏။-
GEN 32:26 ထို​သူ​က``ငါ့​ကို​လွှတ်​ပါ။ မိုး​လင်း​လု​ပြီ'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​က``အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မှ​လွှတ် မည်'' ဟု​ပြော​၏။
GEN 32:27 ထို​သူ​က​လည်း``သင်​၏​နာ​မည်​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ``ယာ​ကုပ်'' ဟု​ပြန်​ဖြေ​၏။
GEN 32:28 ထို​သူ​က``နောင်​တွင်​သင်​၏​နာမည်​ကို`ယာ​ကုပ်' ဟူ ၍​မ​ခေါ်​စေ​ရ။ သင်​သည်​ဘု​ရား​နှင့်​သော်​လည်း ကောင်း၊ လူ​နှင့်​သော်​လည်း​ကောင်း​ဆိုင်​ပြိုင်​၍​အ​နိုင် ရ​ခဲ့​သော​ကြောင့်​သင်​၏​နာ​မည်​မှာ`ဣ​သ​ရေ​လ' ဟူ​၍​ဖြစ်​ရ​မည်'' ဟု​ဆို​လေ​၏။
GEN 32:29 ယာ​ကုပ်​က``ကိုယ်​တော်​၏​နာမ​ကို​သိ​ပါ​ရ​စေ'' ဟု​လျှောက်​လေ​၏။ ထို​သူ​က``သင်​သည်​ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း'' ဟု​မေး​၏။ ထို​နောက် ယာ​ကုပ်​ကို​ကောင်း​ချီး​ပေး​လေ​၏။
GEN 32:30 ယာ​ကုပ်​က``ငါ​သည်​ဘု​ရား​သ​ခင်​ကို​မျက်​နှာ ချင်း​ဆိုင်​ဖူး​တွေ့​ရ​သော်​လည်း အ​သက်​ချမ်း သာ​ရ​လျက်​ရှိ​သေး​၏'' ဟု​ဆို​၍​ထို​အ​ရပ် ကို​ပေ​နွေ​လ​ဟု​သ​မုတ်​လေ​၏။-
GEN 32:31 ယာ​ကုပ်​သည်​ပေ​နွေ​လ​အ​ရပ်​မှ​ထွက်​ခွာ​လာ သော​အ​ခါ​နေ​ထွက်​ပြီ​ဖြစ်​၏။ သူ​သည်​ခါး​ဆစ် ဒဏ်​ရာ​ကြောင့်​ထော့​နဲ့​ကျိုး​နင်း​သွား​ရ​လေ​သည်။-
GEN 32:32 ယာ​ကုပ်​သည်​တင်​ပါး​ကြွက်​သား​တွင်​အ​ထိုး ခံ​ခဲ့​ရ​သည်​ဖြစ်​သော​ကြောင့် ယ​နေ့​ထက်​တိုင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တင်​ပါး ကြွက်​သား​ကို​မ​စား​ကြ​ချေ။
GEN 33:1 ဧ​သော​သည်​လူ​လေး​ရာ​ပါ​လျက်​လာ​နေ​သည် ကို​ယာ​ကုပ်​မြင်​လျှင်​သား​သမီး​တို့​ကို​လေ​အာ၊ ရာ​ခေ​လ​နှင့်​မ​ယား​ငယ်​နှစ်​ဦး​တို့​ထံ​ခွဲ​၍ အပ်​နှံ​ထား​လေ​၏။-
GEN 33:2 သူ​သည်​မ​ယား​ငယ်​တို့​နှင့်​သူ​တို့​၏​က​လေး များ​ကို​ရှေ့​ဆုံး​၌​ထား​၍ ထို​နောက်​လေ​အာ​နှင့် သူ​၏​က​လေး​တို့​ကို​လည်း​ကောင်း၊ နောက်​ဆုံး ၌​ရာ​ခေ​လ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း နေ​ရာ​ချ​ထား​လေ​၏။-
GEN 33:3 ယာ​ကုပ်​သည်​ထို​သူ​တို့​ရှေ့​က​သွား​၍​အစ်​ကို ၏​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ခု​နစ်​ကြိမ်​ဦး​ညွှတ် ၍​အ​ရို​အ​သေ​ပြု​လေ​သည်။-
GEN 33:4 ထို​အ​ခါ​ဧ​သော​သည်​ပြေး​၍​ယာ​ကုပ်​ကို​ဖက် ယမ်း​နမ်း​ရှုပ်​လေ​သည်။ သူ​တို့​နှစ်​ဦး​ငို​ကြွေး​ကြ ၏။-
GEN 33:5 ဧ​သော​သည်​မော်​ကြည့်​၍​မိန်း​မ​များ​နှင့်​က​လေး များ​ကို​မြင်​လျှင်``သင်​နှင့်​အ​တူ​ပါ​လာ​သော​ဤ သူ​တို့​ကား​မည်​သူ​တို့​နည်း'' ဟု​မေး​လေ​၏။
GEN 33:6 ယာ​ကုပ်​က``ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​အား ပေး​သ​နား​တော်​မူ​သော​သား​သ​မီး​များ​ဖြစ် ပါ​သည်'' ဟု​ဖြေ​၏။ ထို့​နောက်​သူ​၏​မ​ယား​ငယ် တို့​သည် မိ​မိ​တို့​၏​သား​သမီး​များ​နှင့်​အ​တူ ဧ​သော​အ​နီး​သို့​ချဉ်း​ကပ်​၍​ဦး​ညွှတ်​ကြ​၏။-
GEN 33:7 လေ​အာ​နှင့်​သူ​၏​သား​သ​မီး​တို့​နှင့်​ယော​သပ် နှင့်​ရာ​ခေ​လ​တို့​သည် ဧ​သော​အ​နီး​သို့​ချဉ်း ကပ်​၍​ဦး​ညွှတ်​ကြ​၏။
GEN 33:8 ဧ​သော​က``လမ်း​တွင်​ငါ​တွေ့​ခဲ့​သော​တိ​ရစ္ဆာန် အုပ်​များ​ကို​မည်​သည့်​အ​တွက်​ကြောင့်​ရှေ့​က သွား​စေ​သ​နည်း'' ဟု​မေးလျှင်၊ ယာ​ကုပ်​က``ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​လေ​၏။
GEN 33:9 ထို​အ​ခါ​ဧ​သော​က``ငါ့​ညီ၊ ငါ​၌​ဥစ္စာ​အ​လုံ အ​လောက်​ရှိ​၏။ သင့်​ပစ္စည်း​ကို​ပြန်​ယူ​ပါ'' ဟု ဆို​လေ​၏။
GEN 33:10 ယာ​ကုပ်​က``ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ သည်​မှန်​လျှင် ကျွန်​တော်​ဆက်​သ​သော​လက်​ဆောင် များ​ကို​လက်​ခံ​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန် တော်​ကို​ကြည်​ဖြူ​စွာ​ကြို​ဆို​ပါ​ပြီ။ ကိုယ်​တော် ၏​မျက်​နှာ​ကို​မြင်​ရ​သည်​မှာ​ဘု​ရား​သ​ခင်​၏ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​သ​ကဲ့​သို့​ပင်​ဖြစ် ပါ​သည်။-
GEN 33:11 ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။
GEN 33:12 ထို​နောက်​ဧသော​က``သွား​ကြ​စို့။ သင့်​အ​ရှေ့​မှာ ငါ​သွား​မည်'' ဟု​ပြော​၏။
GEN 33:13 ယာ​ကုပ်​က``ကိုယ်​တော်​သိ​သည်​အ​တိုင်း​ကျွန် တော်​၏​က​လေး​များ​သည်​နု​နယ်​ကြ​ပါ​၏။ နို့​စို့​သား​ငယ်​များ​ပါ​သော​သိုး၊ ဆိတ်၊ နွား​တို့ ကို​လည်း​ညှာ​ရ​ပါ​မည်။ တိ​ရစ္ဆာန်​တို့​ကို​တစ်​နေ့ မျှ​ခ​ရီး​ပြင်း​နှင်​လျှင်​တစ်​အုပ်​လုံး​သေ​ဆုံး ကုန်​ပါ​လိမ့်​မည်။-
GEN 33:14 ကိုယ်​တော်​သွား​နှင့်​ပါ။ ကျွန်​တော်​တိ​ရစ္ဆာန်​များ၊ က​လေး​များ​နှင့်​ခ​ရီး​တွင်​နိုင်​သ​မျှ​ဖြင့်​အစ် ကို​ရှိ​ရာ​ဧ​ဒုံ​ပြည်​သို့​ရောက်​အောင်​တ​ဖြည်း ဖြည်း​လိုက်​ခဲ့​ပါ​မည်'' ဟု​ဆို​၏။
GEN 33:15 ထို​အ​ခါ​ဧသော​က``ထို​သို့​ဆို​လျှင်​ကာ​ကွယ် စောင့်​ရှောက်​ရန်​ငါ့​လူ​အ​ချို့​ကို​သင့်​ထံ​၌ ထား​ခဲ့​မည်'' ဟု​ပြော​၏။ ယာ​ကုပ်​က``ကျွန်​တော်​အ​တွက်​အ​စောင့်​အ​ရှောက် မ​လို​ပါ။ ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ​ရှိ နိုင်​ရန်​သာ​တောင်း​လျှောက်​လို​ပါ​သည်'' ဟု​ဖြေ လေ​၏။-
GEN 33:16 ထို​နေ့​၌​ဧ​သော​သည်​ဧ​ဒုံ​ပြည်​သို့​ပြန်​သွား လေ​သည်။-
GEN 33:17 ယာ​ကုပ်​က​မူ​သု​ကုတ်​အ​ရပ်​သို့​သွား​၍ ထို အ​ရပ်​တွင်​သူ​နေ​ထိုင်​ရန်​အိမ်​နှင့်​တိ​ရစ္ဆာန် များ​အ​တွက် တင်း​ကုပ်​များ​ကို​တည်​ဆောက် လေ​၏။ ထို​ကြောင့်​ထို​အ​ရပ်​ကို​သု​ကုတ်​ဟု ခေါ်​တွင်​လေ​သည်။
GEN 33:18 ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မြောက်​ပိုင်း​မှ ပြန်​လာ​ရာ ခါ​နာန်​ပြည်​ရှိ​ရှေ​ခင်​မြို့​သို့​လုံ ခြုံ​စွာ​ရောက်​ရှိ​လာ​၍​မြို့​နား​ရှိ​မြေ​ကွက် တွင်​စ​ခန်း​ချ​လေ​၏။-
GEN 33:19 သူ​သည်​ထို​မြေ​ကွက်​ကို​ရှေ​ခင်​၏​အ​ဖ ဟာ​မော်​၏​သား​ချင်း​တို့​ထံ​မှ​ငွေ​သား တစ်​ရာ​ပေး​၍​ဝယ်​ယူ​လေ​သည်။-
GEN 33:20 ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍ ပလ္လင်​ကို ဣ​သ​ရေ​လ​၏​ဘု​ရား​တည်း​ဟူ​သော​ဧ​လေ လော​ဟု​သ​မုတ်​လေ​၏။
GEN 34:1 တစ်​နေ့​သ​၌​ယာ​ကုပ်​နှင့်​လေ​အာ​တို့​၏​သ​မီး ဒိ​န​သည် ခါ​နာန်​အ​မျိုး​သ​မီး​တို့​ထံ​အ​လည် အ​ပတ်​သွား​၏။-
GEN 34:2 ထို​ဒေ​သ​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး​သား ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင် လျှင်​အ​ဋ္ဌမ္မ​သိမ်း​ပိုက်​၍​မ​တ​ရား​ပြု​ကျင့် လေ​၏။-
GEN 34:3 သို့​ရာ​တွင်​သူ​သည်​ဒိ​န​၏​ရုပ်​ရည်​ကို​စွဲ​မက် သ​ဖြင့် မေတ္တာ​သက်​ဝင်​လာ​သော​ကြောင့်​သူ့​အား မေတ္တာ​တုံ့​ပြန်​ရန်​ဖျောင်း​ဖျ​လေ​သည်။-
GEN 34:4 ထို့​ကြောင့်​ရှေ​ခင်​သည်​သူ​၏​ဖ​ခင်​အား ဒိ​န​ကို လက်​ထပ်​ယူ​နိုင်​ရန်​ကြောင်း​လမ်း​ပေး​ပါ​ဟု တောင်း​ပန်​လေ​၏။
GEN 34:5 ယာ​ကုပ်​သည်​သူ​၏​သ​မီး​ဒိ​န​မ​တ​ရား​ပြု ကျင့်​ခံ​ရ​ကြောင်း​ကို​ကြား​သိ​ရ​သော်​လည်း သူ ၏​သား​တို့​သည်​တိရစ္ဆာန်​များ​ကို​စား​ကျက်​၌ ထိန်း​ကျောင်း​ရာ​မှ​ပြန်​မ​ရောက်​ကြ​သေး​သ​ဖြင့် မည်​သို့​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​လေ​၏။-
GEN 34:6 ယာ​ကုပ်​၏​သား​များ​စား​ကျက်​ထဲ​မှ​ပြန်​လာ နေ​ခိုက်၊-
GEN 34:7 ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​သည်​ကြောင်း​လမ်း​ရန် ကိစ္စ​နှင့်​ယာ​ကုပ်​ထံ​သို့​ရောက်​ရှိ​လာ​၏။ ယာ​ကုပ် ၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​အား​ရှေ​ခင် က​မ​တ​ရား​ပြု​ကျင့်​ခြင်း​ဖြင့် ဣ​သ​ရေ​လ တစ်​မျိုး​လုံး​ကို​စော်​ကား​ကြောင်း​ကြား​ရ​သော အ​ခါ မ​ပြု​အပ်​သော​ယုတ်​မာ​မှု​ကို​ပြု​သော ကြောင့်​စိတ်​နာ​၍​အ​လွန်​ဒေါ​သ​အ​မျက်​ထွက် ကြ​လေ​သည်။-
GEN 34:8 ဟာ​မော်​က​သူ​တို့​အား``ငါ့​သား​ရှေ​ခင်​သည် သင်​တို့​၏​သ​မီး​ကို​ချစ်​ကြိုက်​နေ​ပါ​ပြီ။ သင်​တို့​၏​သ​မီး​နှင့်​ထိမ်း​မြား​လက်​ထပ် ခွင့်​ပေး​ကြ​ပါ။-
GEN 34:9 ငါ​တို့​လူ​မျိုး​နှင့်​သင်​တို့​လူ​မျိုး​ထိမ်း​မြား နိုင်​ရန်​သ​ဘော​တူ​ကြ​ပါ​စို့။-
GEN 34:10 သင်​တို့​ဤ​ပြည်​၌​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ ပါ။ ကြိုက်​နှစ်​သက်​ရာ​အ​ရပ်​ကို​ရွေး​၍​နေ​ကြ ပါ။ လွတ်​လပ်​စွာ​ရောင်း​ဝယ်​ဖောက်​ကား​ကြ​ပါ။ ပစ္စည်း​ဥစ္စာ​ကို​လည်း​ပိုင်​ဆိုင်​ကြ​ပါ'' ဟု​ဆို လေ​၏။
GEN 34:11 ထို​နောက်​ရှေ​ခင်​က​ဒိ​န​၏​ဖ​ခင်​နှင့်​အစ်​ကို တို့​အား``သင်​တို့​ထံ​မှ​မျက်​နှာ​သာ​ရ​မည်​ဆို လျှင်​သင်​တို့​တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။-
GEN 34:12 သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။
GEN 34:13 ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-
GEN 34:14 သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-
GEN 34:15 ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-
GEN 34:16 ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-
GEN 34:17 သို့​ရာ​တွင်​သင်​တို့​က​ကျွန်ုပ်​တို့​၏​တောင်း​ဆို ချက်​ကို​ပယ်​၍ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​မ​ခံ​ကြ​ပါ​မူ​ကျွန်ုပ်​တို့​သည် နှ​မ​ကို​ပြန် သိမ်း​၍​သင်​တို့​ထံ​မှ​ထွက်​ခွာ​သွား​ပါ​မည်'' ဟု​ပြော​ကြ​လေ​၏။
GEN 34:18 ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-
GEN 34:19 ယာ​ကုပ်​၏​သား​များ​ပေး​သော​အ​ကြံ​ကို ချက်​ချင်း​လက်​ခံ​လိုက်​လေ​သည်။ ရှေ​ခင်​သည် ကား​မိ​မိ​၏​အ​မျိုး​သား​ချင်း​တို့​တွင်​အ​ရေး ပါ​အ​ရာ​ရောက်​ဆုံး​သော​ပ္ဂိုလ်​ဖြစ်​၏။
GEN 34:20 ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​သည် မြို့ တံ​ခါး​ဝ​ရှိ​စည်း​ဝေး​ရာ​နေ​ရာ​သို့​သွား​၍ မြို့​သား​တို့​အား၊-
GEN 34:21 ``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-
GEN 34:22 သို့​ရာ​တွင်​ငါ​တို့​ယောကျာ်း​အား​လုံး​က​သူ တို့​နည်း​တူ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ကြ​ပါ​မှ သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ ထိုင်​၍ ငါ​တို့​နှင့်​လူ​တစ်​မျိုး​တည်း​ဖြစ်​နိုင်​မည် ဟု​ဆို​ပါ​သည်။-
GEN 34:23 သူ​တို့​အား​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​စေ​ရန်​သ ဘော​တူ​ကြ​မည်​ဆို​လျှင် သူ​တို့​၏​သိုး၊ ဆိတ်​မှ စ​၍​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​တို့​ပိုင်​ဆိုင်​လာ​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​လေ​၏။-
GEN 34:24 မြို့​သား​တို့​သည်​လည်း​ဟာ​မော်​နှင့်​သူ​၏​သား ရှေ​ခင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​သ​ဘော​တူ လက်​ခံ​၍ ယောကျာ်း​မှန်​သ​မျှ​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​၏။
GEN 34:25 ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-
GEN 34:26 သူ​တို့​သည်​ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​ကို လည်း​ခုတ်​သတ်​၍ ရှေ​ခင်​၏​အိမ်​မှ​ဒိ​န​ကို​ကယ် ယူ​ခဲ့​ပြီး​လျှင်​အိမ်​သို့​ပြန်​လာ​ခဲ့​ကြ​လေ​၏။-
GEN 34:27 ယာ​ကုပ်​၏​အ​ခြား​သော​သား​တို့​က​လည်း​သူ တို့​၏​နှ​မ​အ​သ​ရေ​ဖျက်​ခံ​ရ​ခြင်း​ကို​လက်​စား ချေ​ရန် မိ​မိ​တို့​သတ်​ခဲ့​သော​သူ​တို့​ထံ​သွား​၍​မြို့ ကို​လု​ယက်​ဖျက်​ဆီး​ကြ​လေ​သည်။-
GEN 34:28 သူ​တို့​သည် သိုး​အုပ်၊ ဆိတ်​အုပ်၊ နွား​အုပ်၊ မြည်း အုပ်​နှင့်​မြို့​တွင်း​မြို့​ပြင်​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​ကို​လု​ယူ​ခဲ့​ကြ​သည်။-
GEN 34:29 မြို့​သား​တို့​၏​အ​ဖိုး​တန်​ပစ္စည်း​ရှိ​သ​မျှ​နှင့်၊ သား​မ​ယား​နှင့်​က​လေး​သူ​ငယ်​အား​လုံး၊ အိမ်​တွင်း​၌​တွေ့​သ​မျှ​သော​ပစ္စည်း​များ​ကို သိမ်း​ယူ​ခဲ့​ကြ​သည်။
GEN 34:30 ထို​အ​ခါ​ယာ​ကုပ်​က​ရှိ​မောင်​နှင့်​လေ​ဝိ​တို့ အား``သင်​တို့​သည်​ငါ့​ကို​ဒုက္ခ​ရောက်​စေ​ပြီ။ ဤ ပြည်​မှ​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး သား​တို့​သည်​ငါ့​ကို​မုန်း​ကြ​လိမ့်​မည်။ ငါ့​ထံ​၌ လူ​အင်​အား​အ​နည်း​ငယ်​သာ​ရှိ​သည်။ အ​ကယ်​၍ သူ​တို့​စည်း​ရုံး​ကြ​ပြီး​လျှင်​ငါ့​ကို​တိုက်​ခိုက် ပါ​က ငါ​တို့​မိ​သား​စု​အား​လုံး​သေ​ကြေ ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​ပြော​လေ​၏။
GEN 34:31 သူ​တို့​က``ကျွန်​တော်​တို့​၏​နှ​မ​ကို​ပြည့်​တန် ဆာ​အ​ဖြစ်​မ​ခံ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။
GEN 35:1 ဘု​ရား​သ​ခင်​က​ယာ​ကုပ်​အား``ဗေ​သ​လ​အ​ရပ် သို့​ယ​ခု​သွား​၍​နေ​ထိုင်​လော့။ သင်​၏​အစ်​ကို ဧ​သော​ရန်​ကို​ကြောက်​၍​ထွက်​ပြေး​နေ​ရ​စဉ်​က သင်​ဖူး​တွေ့​ရ​သော​ငါ​ဘု​ရား​အ​တွက်​ပူ​ဇော် ရာ​ယဇ်​ပလ္လင်​ကို​တည်​လော့'' ဟု​မိန့်​တော်​မူ ၏။
GEN 35:2 ယာ​ကုပ်​သည်​မိ​မိ​၏​မိ​သား​စု​နှင့်​မိ​မိ​ထံ​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား``သင်​တို့​၌​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​ပစ်​ပယ်​ကြ​လော့။ ကိုယ် ကို​သန့်​စင်​စေ​၍​အ​ဝတ်​ကို​လဲ​လှယ်​ဝတ်​ဆင် ကြ​လော့။-
GEN 35:3 ငါ​တို့​သည်​ဤ​အ​ရပ်​မှ​ဗေ​သ​လ​အ​ရပ်​သို့ သွား​ကြ​မည်။ ငါ​ဒုက္ခ​ရောက်​စဉ်​က​ငါ့​ကို​ကယ်​မ ၍​ငါ​သွား​လေ​ရာ​ရာ​ခ​ရီး​လမ်း​တွင် ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ပူ ဇော်​ရန်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​မည်'' ဟု ဆို​လေ​၏။-
GEN 35:4 ထို့​ကြောင့်​သူ​တို့​တွင်​ရှိ​သ​မျှ​သော​အ​ခြား ဘု​ရား​များ​ကို​လည်း​ကောင်း၊ သူ​တို့​တွင်​ဆင် ယင်​ထား​သော​နား​ကပ်​များ​ကို​လည်း​ကောင်း ယာ​ကုပ်​ထံ​ပေး​အပ်​ကြ​၏။ ယာ​ကုပ်​သည်​ထို ပစ္စည်း​များ​ကို​ရှေ​ခင်​မြို့​အ​နီး​ဝက်​သစ်​ချ ပင်​ရင်း​၌​မြှုပ်​ထား​လေ​၏။
GEN 35:5 ထို​နောက်​သူ​တို့​စ​ခန်း​သိမ်း​၍​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​ရှိ​မြို့​သား​တို့ သည်​အ​လွန်​ကြောက်​ရွံ့​ကြ​သ​ဖြင့် သူ​တို့​ကို လိုက်​လံ​၍​မ​တိုက်​ခိုက်​ဝံ့​ကြ​ချေ။-
GEN 35:6 ယာ​ကုပ်​သည်​မိ​မိ​၏​လူ​စု​နှင့်​အ​တူ ခါ​နာန် ပြည်​ရှိ​ဗေ​သ​လ​မြို့​ဟု​ခေါ်​တွင်​သော​လုဇ မြို့​သို့​ရောက်​ရှိ​လာ​လေ​၏။-
GEN 35:7 ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍​သူ​၏​အစ်​ကို ထံ​မှ​ထွက်​ပြေး​နေ​ရ​စဉ်​က ဘု​ရား​သ​ခင်​ကို ထို​အ​ရပ်​၌​ဖူး​တွေ့​ခဲ့​ရ​သော​ကြောင့်​ဗေ​သ​လ ဟု​ခေါ်​တွင်​စေ​၏။-
GEN 35:8 ရေ​ဗက္က​၏​အ​ထိန်း​ဒေ​ဗော​ရ​ကွယ်​လွန်​၍ ဗေ​သ​လ တောင်​ဘက်​ရှိ​ဝက်​သစ်​ချ​ပင်​အောက်​၌​အ​လောင်း ကို​မြှုပ်​လေ​သည်။ ထို​ကြောင့်​ထို​အ​ပင်​ကို``မျက်​ရည် ယို​ဝက်​သစ်​ချ​ပင်'' ဟု​နာ​မည်​မှည့်​လေ​၏။
GEN 35:9 ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မှ​ပြန်​လည် ရောက်​ရှိ​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​ရူ​ပါ​ရုံ တွင်​တစ်​ဖန်​မြင်​ရ​လေ​၏။ ဘု​ရား​သ​ခင်​သည် သူ့​အား​ကောင်း​ချီး​ပေး​လျက်၊-
GEN 35:10 ``သင်​၏​နာ​မည်​သည်​ယာ​ကုပ်​ဖြစ်​၏။ သို့​ရာ​တွင် ယ​ခု​မှ​စ​၍​သင်​၏​နာမည်​ကို​ဣ​သ​ရေ​လ​ဟူ​၍ ခေါ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​အား​ဣ​သ​ရေ​လ​နာ​မည် ဖြင့်​သ​မုတ်​တော်​မူ​၏။-
GEN 35:11 တစ်​ဖန်​ဘု​ရား​သ​ခင်​က​သူ့​အား``ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​၏။ သား သ​မီး​များ​စွာ​မွေး​ဖွား​လော့။ လူ​အ​မျိုး​မျိုး တို့​သည်​သင်​မှ​ဆင်း​သက်​ကြ​လိမ့်​မည်။ သင် ၏​အ​မျိုး​အ​နွယ်​မှ​ဘု​ရင်​များ​ပေါ်​ထွန်း လိမ့်​မည်။-
GEN 35:12 ငါ​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​အား​ပေး သော​ပြည်​ကို​သင့်​အား​လည်း​ကောင်း၊ သင်​၏ အ​ဆက်​အ​နွယ်​တို့​အား​လည်း​ကောင်း​ငါ ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
GEN 35:13 ထို့​နောက်​ဘု​ရား​သ​ခင်​သည်​သူ့​ထံ​မှ​ကြွ သွား​တော်​မူ​၏။-
GEN 35:14 ယာ​ကုပ်​သည်​ဘု​ရား​သ​ခင်​က​သူ့​အား​မိန့်​ကြား တော်​မူ​သော​အ​ရပ်​တွင်​မှတ်​တိုင်​ကို​စိုက်​ထူ​၍ ၎င်း​အ​ပေါ်​တွင်​စ​ပျစ်​ရည်​နှင့်​ဆီ​လောင်း​လျက် ဆက်​ကပ်​လေ​၏။-
GEN 35:15 သူ​သည်​ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့် ခေါ်​လေ​သည်။
GEN 35:16 ယာ​ကုပ်​နှင့်​သူ​၏​မိ​သား​စု​တို့​သည်​ဗေ​သ​လ အ​ရပ်​မှ​ခ​ရီး​ထွက်​ခဲ့​ကြ​ရာ ဧ​ဖ​ရတ်​မြို့​သို့ မ​ရောက်​မီ​ခ​ရီး​အ​တန်​ကွာ​နေ​ရာ​သို့​ရောက် သော်​ရာ​ခေ​လ​သည်​မီး​ဖွား​ရန်​အ​ချိန်​စေ့​၍ ဝေ​ဒ​နာ​ပြင်း​ပြ​စွာ​ခံ​ရ​လေ​၏။-
GEN 35:17 သူ​သည်​သား​ကို​ဖွား​ချိန်​၌​ဝေ​ဒ​နာ​အ​ပြင်း ဆုံး​ခံ​ရ​၏။ ထို​အ​ခါ​ဝမ်း​ဆွဲ​က​သူ့​ကို``ရာ​ခေ​လ၊ မ​စိုး​ရိမ်​နှင့်။ သား​တစ်​ယောက်​ထပ်​၍​ရ​ပြီ'' ဟု ပြော​လေ​၏။-
GEN 35:18 သို့​ရာ​တွင်​သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် ထို​သား​ကို​ဗေ​နော​နိ​ဟူ​၍​နာ​မည်​မှည့်​လေ သည်။ ဖ​ခင်​က​မူ​ထို​သား​ကို​ဗင်္ယာ​မိန်​ဟု​နာ မည်​မှည့်​လေ​၏။
GEN 35:19 ရာ​ခေ​လ​ကွယ်​လွန်​သော်​ဗက်​လင်​မြို့​ဟု​ခေါ် တွင်​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း​အ​နီး တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။-
GEN 35:20 ယာ​ကုပ်​သည်​သင်္ချိုင်း​ပေါ်​တွင်​မှတ်​တိုင်​ကို​စိုက် ထူ​ခဲ့​ရာ ယ​နေ့​ထက်​တိုင်​ထို​မှတ်​တိုင်​ကို​ရာ ခေ​လ​၏​သင်္ချိုင်း​မှတ်​တိုင်​ဟု​ခေါ်​တွင်​လေ​သည်။-
GEN 35:21 ထို​နောက်​ယာ​ကုပ်​သည်​ခ​ရီး​ဆက်​ခဲ့​၍​ဧ​ဒါ လင့်​စင်​အ​လွန်​၌​စ​ခန်း​ချ​လေ​သည်။
GEN 35:22 ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။ ယာ​ကုပ်​တွင်​သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။-
GEN 35:23 လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။
GEN 35:24 ရာ​ခေ​လ​၏​သား​များ​မှာ​ယော​သပ်​နှင့် ဗင်္ယာ​မိန်​တို့​ဖြစ်​သည်။-
GEN 35:25 ရာ​ခေ​လ​၏​ကျွန်​မ​ဗိ​လ​ဟာ​၏​သား​များ မှာ​ဒန်​နှင့်​န​ဿ​လိ​တို့​ဖြစ်​သည်။-
GEN 35:26 လေ​အာ​၏​ကျွန်​မ​ဇိ​လ​ပ​၏​သား​များ​မှာ ဂဒ်​နှင့်​အာ​ရှာ​တို့​ဖြစ်​သည်။ ဤ​သား​တို့​သည် မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​၌ ဖွား​မြင်​ခဲ့​ကြ​သည်။
GEN 35:27 ယာ​ကုပ်​သည်​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​နေ​ထိုင် ခဲ့​သော​ဟေ​ဗြုန်​မြို့​အ​နီး​မံ​ရေ​အ​ရပ်​ရှိ​သူ ၏​ဖ​ခင်​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​လေ​၏။-
GEN 35:28 ဣ​ဇာက်​သည်​အ​သက်​တစ်​ရာ့​ရှစ်​ဆယ်​ထိ​အ​သက် ရှင်​၏။ သူ​သည်​အ​ရွယ်​ကြီး​ရင့်​၍​နေ့​ရက်​နှစ် ပေါင်း​များ​စွာ​ပြည့်​ပြီ​ဖြစ်​သော​ကြောင့် နောက် ဆုံး​ထွက်​သက်​ကို​ရှူ​၍​ကွယ်​လွန်​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​၏။-
GEN 35:29 သူ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​သော​နှင့် ယာ​ကုပ်​တို့​က​သူ့​အား​သင်္ဂြိုဟ်​ကြ​၏။
GEN 36:1 ဧ​ဒုံ​ဟူ​၍​လည်း​နာ​မည်​တွင်​သော​ဧ​သော ၏​အ​ဆက်​အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-
GEN 36:2 ဧ​သော​သည်​ခါ​နာန်​ပြည်​အ​မျိုး​သ​မီး​များ နှင့်​အိမ်​ထောင်​ကျ​သည်။ သူ​၏​မယား​များ​မှာ ဟိတ္တိ​အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​အာ​ဒ၊ ဟိ​ဝိ အ​မျိုး​သား​ဇိ​ဘောင်​၏​သား​ဖြစ်​သူ​အာ​န​၏ သ​မီး​အ​ဟော​လိ​ဗာ​မ၊ ဣ​ရှ​မေ​လ​၏​သ​မီး တည်း​ဟူ​သော၊-
GEN 36:3 န​ဗာ​ယုတ်​၏​နှ​မ​ဖြစ်​သူ​ဗာ​ရှ​မတ်​ဖြစ် သ​တည်း။-
GEN 36:4 အာ​ဒ​သည်​သား​ဧ​လိ​ဖတ်​ကို​လည်း​ကောင်း၊ ဗာ​ရှ​မတ်​သည်​သား​ရွေ​လ​ကို​လည်း​ကောင်း၊-
GEN 36:5 အ​ဟော​လိ​ဗာ​မ​သည်​သား​ယု​ရှ၊ ယာ​လံ​နှင့် ကော​ရ​တို့​ကို​လည်း​ကောင်း​ဖွား​မြင်​လေ​သည်။ ဤ​သား​တို့​သည်​ခါ​နာန်​ပြည်​တွင်​ဖွား​မြင် သော​ဧ​သော​၏​သား​များ​ဖြစ်​ကြ​သည်။
GEN 36:6 ဧ​သော​သည်​သူ​၏​မ​ယား​များ၊ သား​သ​မီး များ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ​သိုး၊ ဆိတ်​စ​သော​တိ​ရစ္ဆာန်​များ၊ ခါ​နာန်​ပြည်​တွင် စု​ဆောင်း​မိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ​ကို ယူ​ဆောင်​လျက်​ညီ​ယာ​ကုပ်​ထံ​မှ​အ​ခြား ပြည်​သို့​ထွက်​ခွာ​သွား​လေ​သည်။-
GEN 36:7 သူ​နှင့်​ယာ​ကုပ်​တို့​တွင်​သိုး၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​အ​လွန်​များ​ပြား​လာ​သ​ဖြင့် စား​နပ် ရိက္ခာ​မ​လောက်​မ​င​ဖြစ်​၍​တစ်​ရပ်​တည်း​၌ အ​တူ​မ​နေ​နိုင်​ကြ​ချေ။-
GEN 36:8 သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။
GEN 36:9 ဧ​ဒုံ​တောင်​တန်း​ဒေ​သ​တွင်​နေ​ထိုင်​သော ဧ​ဒုံ အ​မျိုး​သား​တို့​၏​ဖ​ခင်​ဧ​သော​၏ အ​ဆက် အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-
GEN 36:10 ဧ​သော​၏​မ​ယား​အာ​ဒ​နှင့်​ရ​သော​သား​မှာ ဧ​လိ​ဖတ်​ဖြစ်​၏။ ဧ​လိ​ဖတ်​တွင်​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ဂါ​တံ၊ ကေ​နတ်​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။ ဧ​လိ​ဖတ်​တွင်​မ​ယား​ငယ်​တိ​မ​န​နှင့်​အာ မ​လက်​နာ​မည်​ရှိ​သော​သား​တစ်​ယောက်​ရ​သေး​၏။ ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ်​နှင့်​ရ​သော​သား မှာ​ရွေ​လ​ဖြစ်​၏။ ရွေ​လ​တွင်​နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ၊ မိဇ္ဇ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
GEN 36:14 ဇိ​ဘောင်​၏​သား​အာ​န​၏​သ​မီး​ဖြစ်​သော​ဧ​သော ၏​မ​ယား အ​ဟော​လိ​ဗာ​မ​တွင်​ယု​ရှ၊ ယာ​လံ၊ ကော​ရ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
GEN 36:15 ဧ​သော​မှ​ဆင်း​သက်​သော​အ​နွယ်​တို့​ကို​ဖော်​ပြ ပေ​အံ့။ ဧ​သော​၏​သား​ဦး​ဧ​လိ​ဖတ်​သည်​အ​နွယ် များ​ဖြစ်​ကြ​သော​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ကေ​နတ်၊-
GEN 36:16 ကော​ရ၊ ဂါ​တံ၊ အာ​မ​လက်​တို့​၏​ဘိုး​ဘေး​ဖြစ် ၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​အာ​ဒ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
GEN 36:17 ဧ​သော​၏​သား​ရွေ​လ​သည်​အ​နွယ်​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ် ၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
GEN 36:18 ဧ​သော​၏​မ​ယား​အာ​န​၏​သ​မီး​ဖြစ်​သူ အ​ဟော လိ​ဗာ​မ​မှ​ဆင်း​သက်​သော​အ​နွယ်​သည်​ကား ယု​ရှ၊ ယာ​လံ​နှင့်​ကော​ရ​တို့​ဖြစ်​ကြ​သည်။-
GEN 36:19 ဤ​အ​နွယ်​အား​လုံး​တို့​သည်​ဧ​သော​မှ​ဆင်း​သက် လာ​ကြ​၏။
GEN 36:20 ဧ​ဒုံ​အ​ရပ်​တွင်​မူ​လ​နေ​ထိုင်​သူ​တို့​သည်​ဟော​ရိ အ​မျိုး​သား​စိ​ရ​၏​သား​တို့​မှ​ဆင်း​သက်​လာ သော​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​သည်။ ထို​သား တို့​မှာ​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​ဖြစ်​ကြ​သည်။
GEN 36:22 လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​မိ​သား​စု​တို့ ၏​ဘိုး​ဘေး​ဖြစ်​သည်။ (လော​တန်​၏​နှ​မ​မှာ​တိ​မ​န ဖြစ်​သည်။)
GEN 36:23 ရှော​ဗ​လ​သည်​အာ​လ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​မိ​သား​စု​တို့​၏​ဘိုး​ဘေး​ဖြစ် သည်။
GEN 36:24 ဇိ​ဘောင်​တွင်​အာ​ယ​နှင့်​အာ​န​ဟူ​၍​သား​နှစ် ယောက်​ရှိ​၏။ (အာ​န​သည်​ဖ​ခင်​ဇိ​ဘောင်​၏​မြည်း များ​ကို​ကျောင်း​နေ​စဉ်​တော​ကန္တာ​ရ​ထဲ​၌​ရေ ပူ​စမ်း​များ​ကို​ရှာ​တွေ့​သူ​ဖြစ်​သည်။-)
GEN 36:25 အာ​န​တွင်​သား​ဒိ​ရှုန်​နှင့်​သ​မီး​အ​ဟော​လိ ဗာ​မ​တို့​ရှိ​၏။
GEN 36:26 ဒိ​ရှုန်​သည်​ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်​နှင့်​ခေ​ရန် မိ​သား​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​သည်။
GEN 36:27 ဧ​ဇာ​သည်​ဗိ​လ​ဟန်၊ ဇာ​ဝန်​နှင့်​အာ​ကန်​မိ​သား စု​တို့​၏​ဘိုး​ဘေး​ဖြစ်​သည်။
GEN 36:28 ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​မိ​သား​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​သည်။
GEN 36:29 ဧ​ဒုံ​ပြည်​ရှိ​ဟော​ရိ​အ​မျိုး​သား​တို့​၏​အ​နွယ် များ​သည်​ကား​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​ဖြစ်​သ​တည်း။
GEN 36:31 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဘု​ရင်​များ မ​ပေါ်​မ​ရှိ​မီ​ဧ​ဒုံ​ပြည်​ကို​အုပ်​စိုး​သော​မင်း ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ဗော​ရ​၏​သား​ဗေ​လာ​သည်​ဒိန္နာ​ဗာ​မြို့​တော်​၌ အုပ်​စိုး​၏။ ဗေ​လာ​ဘု​ရင်​အ​နိစ္စ​ရောက်​သော​အ​ခါ​ဗော​ဇ​ရ မြို့​သား ဇေ​ရ​၏​သား​ယော​ဗပ်​မင်း​ပြု​၏။ ယော​ဗပ်​အ​နိစ္စ​ရောက်​သော​အ​ခါ​တေ​မ​နိ မြို့​သား ဟု​ရှံ​မင်း​ပြု​၏။ ဟု​ရှံ​အ​နိစ္စ​ရောက်​သော​အ​ခါ​မော​ဘ​ပြည်​တွင် မိ​ဒျန်​အ​မျိုး​သား​တို့​ကို စစ်​တိုက်​၍​အောင်​မြင်​ခဲ့​သူ​ဗေ​ဒဒ်​၏​သား​ဟာ​ဒဒ် မင်း​ပြု​၏။ ထို​မင်း​၏​မြို့​တော်​မှာ​အာ​ဝိတ်​မြို့​ဖြစ်​၏။ ဟာ​ဒဒ်​အ​နိစ္စ​ရောက်​သော​အ​ခါ​မာ​သ​ရက် မြို့​သား စာ​မ​လ​မင်း​ပြု​၏။ စာ​မ​လ​အ​နိစ္စ​ရောက်​သော​အ​ခါ​မြစ်​ကမ်း​မြို့ ဖြစ်​သော ရ​ဟော​ဘုတ်​မြို့​သား​ရှော​လ​မင်း​ပြု​၏။ ရှော​လ​အ​နိစ္စ​ရောက်​သော​အ​ခါ​အာ​ခ​ဗော် ၏​သား ဗာ​လ​ဟာ​နန်​မင်း​ပြု​၏။ ဗာ​လ​ဟာ​နန်​အ​နိစ္စ​ရောက်​သော​အ​ခါ​ဟာ​ဒါ မင်း​ပြု​၏။ ထို​မင်း​၏​မြို့​တော်​မှာ​ပေါ​မြို့​ဖြစ်​သည်။ (သူ​၏​ဇနီး​မှာ​မာ​တ​ရက်​၏​သ​မီး၊မေ​ဇ​ဟပ်​၏ မြေး​မ​ဟေ​တ​ဗေ​လ​ဖြစ်​၏။)
GEN 36:40 ဧ​သော​မှ​ဆင်း​သက်​သော​ဧ​ဒုံ​အ​နွယ်​များ​မှာ တိ​မ​နာ၊ အာ​လ​ဝ၊ ယေ​သက်၊ အ​ဟော​လိ​ဗာ​မ၊ ဧ​လာ၊ ပိ​နုန်၊ ကေ​နတ်၊ တေ​မန်၊ မိ​ဗ​ဇာ၊ မာ​ဂ ဒျေ​လ​နှင့်​ဣ​ရံ​တို့​ဖြစ်​ကြ​သည်။ ဤ​ဧ​ဒုံ အ​နွယ်​တို့​သည်​သူ​တို့​၏​နာ​မည်​ဖြင့်​ခေါ် တွင်​သော​ဒေ​သ​အ​သီး​သီး​တို့​တွင်​နေ ထိုင်​ကြ​လေ​သည်။
GEN 37:1 ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​နေ​ထိုင်​ရာ ခါ​နာန် ပြည်​တွင် ဆက်​လက်​နေ​ထိုင်​လေ​၏။-
GEN 37:2 ယာ​ကုပ်​မိ​သား​စု​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ​ပေ​အံ့။ ယော​သပ်​သည်​အ​သက်​တစ်​ဆယ့်​ခု​နစ်​နှစ်​သို့ ရောက်​သော် ဖ​ခင်​၏​မ​ယား​ငယ်​များ​ဖြစ်​သော ဗိ​လ​ဟာ​နှင့်​ဇိ​လ​ပ​တို့​၏​သား​များ​နှင့် အ​တူ​သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​ရ​၏။ သူ သည်​အစ်​ကို​တို့​အ​ကြောင်း​ကို​ဖ​ခင်​အား တိုင်​ကြား​တတ်​၏။
GEN 37:3 ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​ကြီး​မှ​ယော​သပ် ကို​ရ​ခြင်း​ကြောင့်​အ​ခြား​သား​များ​ထက်​သူ့ အား​ပို​၍​ချစ်​၏။ သူ​သည်​ယော​သပ်​အ​တွက် ထူး​ခြား​စွာ​တန်​ဆာ​ဆင်​ထား​သော​ဝတ်​ရုံ ကို​ချုပ်​ပေး​၏။-
GEN 37:4 ဖ​ခင်​က​ယော​သပ်​အား​သူ​တို့​ထက်​ပို​၍​ချစ် သ​ဖြင့်​သူ​၏​အစ်​ကို​တို့​သည် သူ့​အား​ကြင်​နာ သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြော​နိုင်​လောက် အောင်​ရွံ​မုန်း​ကြ​လေ​သည်။
GEN 37:5 တစ်​ခါ​က​ယော​သပ်​သည် အိပ်​မက်​မြင်​မက်​သ ဖြင့်​အစ်​ကို​တို့​အား​ထို​အိပ်​မက်​အ​ကြောင်း ကို​ပြော​ပြ​သော​အ​ခါ သူ​တို့​သည်​ပို​၍​ပင် ရွံ​မုန်း​ကြ​၏။-
GEN 37:6 ယော​သပ်​က​သူ​တို့​အား``ကျွန်​တော်​မြင်​မက် သော​အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ။-
GEN 37:7 ကျွန်​တော်​တို့​သည်​လယ်​ထဲ​၌​ကောက်​လှိုင်း​များ ကို​စည်း​နေ​ကြ​စဉ် ကျွန်​တော်​၏​ကောက်​လှိုင်း​စည်း သည်​လဲ​ရာ​မှ​ထောင်​မတ်​လာ​၏။ အစ်​ကို​တို့​၏ ကောက်​လှိုင်း​စည်း​များ​သည်​ကျွန်​တော်​၏​ကောက် လှိုင်း​စည်း​ကို​ဝိုင်း​လာ​ပြီး​လျှင်​ဦး​ညွှတ်​ရှိ​ခိုး ကြ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။
GEN 37:8 အစ်​ကို​တို့​က``သင်​က​ငါ​တို့​အ​ပေါ်​မှာ​မင်း ပြု​လို​သ​လော။ ငါ​တို့​ကို​အုပ်​စိုး​မည်​လော''ဟု မေး​လေ​၏။ ထို​သို့​ယော​သပ်​သည်​သူ​၏​အိပ်​မက် အ​ကြောင်း​ကို​ဖော်​ပြ​မိ​သ​ဖြင့် သူ​တို့​က​သူ့ ကို​ပို​၍​ရွံ​မုန်း​ကြ​၏။
GEN 37:9 တစ်​ဖန်​ယော​သပ်​သည်​အိပ်​မက်​မက်​ပြန်​၍​အစ် ကို​တို့​အား``ကျွန်​တော်​သည်​အိပ်​မက်​မြင်​မက် ပြန်​ပြီ။ ထို​အိပ်​မက်​ထဲ​တွင်​နေ၊ လ​နှင့်​ကြယ် တစ်​ဆယ့်​တစ်​လုံး​တို့​က​ကျွန်​တော်​အား​ဦး ညွှတ်​ရှိ​ခိုး​ကြ​သည်​ကို​မြင်​ရ​ပါ​သည်''ဟု ပြော​လေ​၏။
GEN 37:10 သူ​၏​အိပ်​မက်​ကို​ဖ​ခင်​အား​လည်း​ပြော​ပြ​သော အ​ခါ​ဖ​ခင်​က``သင်​၏​အိပ်​မက်​ကား​အ​ဘယ်​သို့ နည်း။ သင်​၏​မိ​ခင်၊ ဖ​ခင်​နှင့်​အစ်​ကို​တို့​က​သင့် အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​လော'' ဟု​ဆုံး​မ လိုက်​လေ​၏။-
GEN 37:11 ယော​သပ်​၏​အစ်​ကို​တို့​က​သူ့​အား​မုန်း​တီး ကြ​၏။ သူ​၏​ဖ​ခင်​က​မူ​ထို​အ​ကြောင်း​ကို မှတ်​ကျုံး​ထား​လေ​၏။
GEN 37:12 တစ်​နေ့​သ​၌​ယော​သပ်​၏​အစ်​ကို​တို့​သည်​ရှေ​ခင် မြို့​အ​နီး​တွင်​ဖ​ခင်​၏​သိုး​ဆိတ်​များ​ကို​ကျောင်း နေ​ကြ​စဉ်၊-
GEN 37:13 ယာ​ကုပ်​က​ယော​သပ်​အား``သင်​၏​အစ်​ကို​တို့ သိုး​ဆိတ်​ကျောင်း​ရာ​ရှေ​ခင်​မြို့​သို့​သွား​ပါ လော့'' ဟု​ဆို​၏။ ထို​အ​ခါ​ယော​သပ်​က``ဟုတ်​ကဲ့၊ ကျွန်​တော် သွား​ပါ​မည်'' ဟု​ဖြေ​ကြား​၏။
GEN 37:14 သူ​၏​ဖ​ခင်​က``အစ်​ကို​များ​နှင့်​သိုး​ဆိတ်​များ ဘေး​ကင်း​လုံ​ခြုံ​စွာ​ရှိ​သည်​မ​ရှိ​သည်​ကို သင် သွား​၍​စုံ​စမ်း​ပြီး​လျှင်​ငါ့​အား​ပြန်​ပြော​ပါ လော့'' ဟု​စေ​ခိုင်း​လေ​၏။ ထို​နောက်​ယော​သပ် သည်​ဖ​ခင်​လမ်း​ညွှန်​သည့်​အ​တိုင်း ဟေ​ဗြုန် ချိုင့်​ဝှမ်း​လမ်း​မှ​သွား​၍​ရှေ​ခင်​မြို့​သို့​ရောက် ရှိ​လာ​၏။
GEN 37:15 သူ​သည်​မြို့​ပြင်​၌​လှည့်​လည်​ရှာ​ဖွေ​နေ​စဉ် လူ တစ်​ယောက်​က​သူ့​ကို​မြင်​၍``သင်​ဘာ​ကို​ရှာ နေ​သ​နည်း'' ဟု​မေး​၏။
GEN 37:16 ``သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​နေ​သော​အစ် ကို​များ​ကို​ရှာ​နေ​ပါ​သည်။ သူ​တို့​အ​ဘယ်​မှာ ရှိ​သည်​ကို​ပြော​နိုင်​ပါ​သ​လော'' ဟု​ဆို​၏။
GEN 37:17 ထို​သူ​က``သူ​တို့​ဤ​အ​ရပ်​မှ​ထွက်​ခွာ​သွား ကြ​ပြီ။ ဒေါ​သန်​မြို့​ဘက်​သို့​သွား​ကြ​မည် ဟု​ပြော​သံ​ကြား​လိုက်​ရ​သည်'' ဟု​ဖြေ​၏။ ထို့ ကြောင့်​ယော​သပ်​သည်​အစ်​ကို​များ​နောက်​သို့ လိုက်​သွား​ရာ​သူ​တို့​ကို​ဒေါ​သန်​မြို့​၌​တွေ့ လေ​၏။
GEN 37:18 ယော​သပ်​အ​ဝေး​၌​ရှိ​စဉ်​ပင်​အစ်​ကို​တို့​သည် သူ့​ကို​မြင်​လျှင် သူ့​အား​သတ်​ပစ်​ရန်​တိုင်​ပင် ကြ​၏။-
GEN 37:19 သူ​တို့​က``အိပ်​မက်​ဆ​ရာ​လာ​နေ​ပြီ။-
GEN 37:20 လာ​ကြ၊ သူ့​ကို​သတ်​၍​တွင်း​တစ်​တွင်း​ထဲ​သို့ သူ့​အ​လောင်း​ကို​ပစ်​လိုက်​ကြ​စို့။ သူ့​ကို​သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​က​ကိုက်​သတ်​ပြီ​ဟု​ဖ​ခင် အား​ပြော​ကြ​မည်။ ထို​အ​ခါ​ကျ​မှ​သူ​၏ အိပ်​မက်​အ​တိုင်း​တ​ကယ်​ဖြစ်​မ​ဖြစ်​ကို​သိ ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
GEN 37:21 ရု​ဗင်​သည်​သူ​တို့​၏​အ​ကြံ​ကို​ကြား​ရ​လျှင် ယော​သပ်​ကို​ကယ်​ရန်​ကြိုး​စား​လေ​၏။ သူ​က``သူ့ ကို​မ​သတ်​ပစ်​ကြ​နှင့်။-
GEN 37:22 သူ့​ကို​ဤ​တော​ကန္တာ​ရ​တွင်​ရှိ​သော​တွင်း​ထဲ​သို့ ပစ်​ချ​ကြ​စို့။ သူ့​အား​အ​နာ​တ​ရ​မ​ဖြစ်​စေ ကြ​နှင့်'' ဟု​ဆို​လေ​၏။ ထို​ကဲ့​သို့​အ​ကြံ​ပေး​ရ ခြင်း​မှာ​သူ​သည်​ယော​သပ်​အား​ညီ​အစ်​ကို​တို့ လက်​မှ​ကယ်​၍​ဖ​ခင်​ထံ​သို့​ပြန်​အပ်​ရန်​အ​ကြံ ရှိ​ခြင်း​ကြောင့်​ဖြစ်​သည်။-
GEN 37:23 အစ်​ကို​များ​ထံ​သို့​ယော​သပ်​ရောက်​လာ​သော အ​ခါ သူ​တို့​က​သူ​၏​လက်​ရှည်​ဝတ်​ရုံ​ကို ချွတ်​ပစ်​ကြ​၏။-
GEN 37:24 ထို​နောက်​သူ့​အား​ချုပ်​ကိုင်​၍​ရေ​ခန်း​ခြောက် သော​တွင်း​ထဲ​သို့​ချ​လိုက်​ကြ​၏။
GEN 37:25 ထို​နောက်​သူ​တို့​သည်​ထိုင်​၍​အ​စာ​စား​နေ​စဉ် ဂိ​လဒ်​ပြည်​မှ အီ​ဂျစ်​ပြည်​သို့​သွား​မည့်​ဣ​ရှ မေ​လ​အ​မျိုး​သား​တစ်​စု​ကို​မြင်​ရ​ကြ​၏။ သူ​တို့​၏​ကု​လား​အုတ်​များ​ပေါ်​တွင်​နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး​နှင့်​မု​ရန်​စေး​များ​ကို​တင်​ဆောင် လာ​ကြ​၏။-
GEN 37:26 ယု​ဒ​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ငါ​တို့​၏ ညီ​ကို​သတ်​၍​အ​ဖြစ်​မှန်​ကို​ထိမ်​ဝှက်​ထား ခြင်း​ဖြင့် ငါ​တို့​၌​မည်​သို့​အ​ကျိုး​ကျေး​ဇူး ရှိ​နိုင်​ပါ​မည်​နည်း။-
GEN 37:27 ငါ​တို့​သည်​သူ့​အား​အ​နာ​တ​ရ​ဖြစ်​စေ​မည့် အ​စား​ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​သူ့ ကို​ရောင်း​လိုက်​ကြ​ပါ​စို့။ သူ​သည်​ငါ​တို့​၏​ညီ၊ ငါ​တို့​၏​သွေး​သား​ပင်​ဖြစ်​သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။ သူ​၏​ညီ​အစ်​ကို​တို့​က​လည်း သ​ဘော​တူ​ကြ​၏။-
GEN 37:28 ထို​အ​တော​အ​တွင်း​မိ​ဒျန်​အ​မျိုး​သား​ကုန် သည်​အ​ချို့​တို့​ဖြတ်​သန်း​ရောက်​ရှိ​လာ​၏။ သူ တို့​သည်​ယော​သပ်​အား​တွင်း​ထဲ​မှ​ဆွဲ​တင်​၍ ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​ငွေ​သား ကျပ်​နှစ်​ဆယ်​ဖြင့်​ရောင်း​လိုက်​ကြ​သည်။ ထို ကုန်​သည်​တို့​က​ယော​သပ်​အား​အီ​ဂျစ်​သို့ ခေါ်​ဆောင်​သွား​လေ​သည်။
GEN 37:29 ရု​ဗင်​သည်​တွင်း​သို့​ပြန်​လာ​ပြီး​လျှင်​ယော​သပ် ကို​ရှာ​၍​မ​တွေ့​ရ​သော​အ​ခါ အ​လွန်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​သ​ဖြင့်​မိ​မိ​အ​ဝတ်​များ​ကို​ဆုတ် ဖြဲ​လေ​၏။-
GEN 37:30 ထို​နောက်​သူ​၏​ညီ​များ​ရှိ​ရာ​သို့​ပြန်​လာ​၍``တွင်း ထဲ​မှာ​သူ​ငယ်​မ​ရှိ​တော့​ပြီ။ ငါ​အ​ဘယ်​သို့​ပြု လုပ်​ရ​ပါ​မည်​နည်း'' ဟု​ဆို​လေ​၏။
GEN 37:31 သူ​တို့​သည်​ဆိတ်​တစ်​ကောင်​ကို​သတ်​၍​ယော​သပ် ၏​ဝတ်​ရုံ​ကို​ဆိတ်​သွေး​ထဲ​၌​နှစ်​လေ​၏။-
GEN 37:32 ထို​နောက်​ထူး​ဆန်း​စွာ​တန်​ဆာ​ဆင်​ထား​သော ဝတ်​ရုံ​ကို​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​ပြီး​လျှင်``ကျွန်​တော် တို့​ဤ​အင်္ကျီ​ကို​တွေ့​ရ​ပါ​သည်။ ဖ​ခင်​သား​၏ အင်္ကျီ​ဖြစ်​ပါ​သ​လော'' ဟု​မေး​ကြ​၏။
GEN 37:33 ယာ​ကုပ်​သည်​ထို​အင်္ကျီ​ကို​မှတ်​မိ​သ​ဖြင့်``ငါ့ သား​၏​အင်္ကျီ​ပင်​ဖြစ်​သည်။ သား​ရဲ​တစ်​ကောင် ကောင်​က​သူ့​ကို​ကိုက်​သတ်​လေ​ပြီ။ ငါ့​သား​ကို အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား'' ဟု​ဆို လေ​၏။-
GEN 37:34 ယာ​ကုပ်​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့် မိ​မိ​၏ အ​ဝတ်​အင်္ကျီ​ကို​ဆုတ်​ဖြဲ​၍​လျှော်တေ​အ​ဝတ်​ကို ဝတ်​လေ​၏။ သူ​သည်​သား​အ​တွက်​ကာ​လ​အ​တန် ကြာ​မျှ​ပူ​ဆွေး​တမ်း​တ​လျက်​နေ​လေ​၏။-
GEN 37:35 သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။-
GEN 37:36 ထို​အ​ချိန်​အ​တော​အ​တွင်း​အီ​ဂျစ်​၌​မိ​ဒျန် အ​မျိုး​သား​တို့​သည် ဖာ​ရော​ဘု​ရင်​၏​အ​ရာ​ရှိ တစ်​ဦး​ဖြစ်​သူ​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ ထံ​၌​ယော​သပ်​အား​ရောင်း​ကြ​လေ​သည်။
GEN 38:1 ၎င်း​အ​ချိန်​လောက်​တွင်​ယု​ဒ​သည်​သူ​၏​ညီ​အစ် ကို​တို့​ထံ​မှ​ထွက်​ခွာ​၍ အ​ဒု​လံ​မြို့​သား​ဟိ​ရ ထံ​၌​သွား​ရောက်​နေ​ထိုင်​လေ​၏။-
GEN 38:2 ထို​အ​ရပ်​တွင်​ယု​ဒ​သည် ခါ​နာန်​အ​မျိုး​သား ရှု​အာ​ဆို​သူ​၏​သ​မီး​ကို​တွေ့​မြင်​၍​ထိမ်း​မြား လေ​၏။-
GEN 38:3 သူ့​မ​ယား​သည်​သား​တစ်​ယောက်​ကို​ဖွား​လျှင် ထို​သား​ကို​ဧ​ရ​ဟု​နာ​မည်​မှည့်​လေ​၏။-
GEN 38:4 တစ်​ဖန်​သား​တစ်​ယောက်​ဖွား​လျှင်​သြ​နန်​ဟု နာ​မည်​မှည့်​လေ​သည်။-
GEN 38:5 နောက်​တစ်​ဖန်​သား​တစ်​ယောက်​ဖွား​မြင်​၍​ရှေ​လ ဟု​နာ​မည်​မှည့်​လေ​သည်။ ရှေ​လ​ကို​ဖွား​မြင်​သော အ​ခါ​ယု​ဒ​သည်​ခေ​ဇိပ်​မြို့​တွင်​နေ​ထိုင်​လျက် ရှိ​၏။
GEN 38:6 ယု​ဒ​သည်​သူ​၏​သား​ဦး​ဧ​ရ​ကို​တာ​မာ​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ပေး​လေ​၏။-
GEN 38:7 ဧ​ရ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​အ​ကျင့် ဆိုး​သော​သူ​ဖြစ်​ခြင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​အ​သက်​တို​စေ​တော်​မူ​၏။-
GEN 38:8 ထို​အ​ခါ​ယု​ဒ​သည်​သား​သြ​နန်​အား``သင် သည်​အစ်​ကို​၏​ဇ​နီး​အား​မတ်​တစ်​ယောက် အ​နေ​ဖြင့်​တာ​ဝန်​ရှိ​သူ​ဖြစ်​သော​ကြောင့် သူ နှင့်​အိမ်​ထောင်​ပြု​၍​အစ်​ကို​အ​တွက်​မျိုး​ဆက် ပွား​စေ​လော့'' ဟု​ဆို​လေ​၏။-
GEN 38:9 သြ​နန်​က​မရီး​နှင့်​ရ​မည့်​က​လေး​သည်​အစ်​ကို ၏​မျိုး​ဆက်​သာ​ဖြစ်​ကြောင်း​သိ​မြင်​သ​ဖြင့် အစ် ကို​အ​တွက်​သား​မ​ထွန်း​ကား​စေ​ခြင်း​ငှာ​သူ​နှင့် ဆက်​ဆံ​သည့်​အ​ခါ​တိုင်း​သုက်​ရည်​ကို​အ​ပြင် ၌​သာ​စွန့်​လေ​၏။-
GEN 38:10 သြ​နန်​ထို​ကဲ့​သို့​ပြု​ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သ​ဖြင့် သူ့​ကို​လည်း​အ​သက်​တို​စေ တော်​မူ​၏။-
GEN 38:11 ထို​အ​ခါ​ယု​ဒ​သည်​သူ​၏​ချွေး​မ​တာ​မာ အား``ငါ့​သား​ရှေ​လ​အ​ရွယ်​ရောက်​သည်​အ​ထိ သင်​သည်​အ​ဖ​အိမ်​သို့​ပြန်​၍​မု​ဆိုး​မ​ဘ​ဝ နှင့်​နေ​လော့'' ဟု​ဆို​လေ​၏။ ထို​သို့​ဆို​ရ​ခြင်း​မှာ သား​ရှေ​လ​သည် သူ​၏​အစ်​ကို​တို့​ကဲ့​သို့​သေ မည်​ကို​စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍ တာ​မာ​သည်​သူ​၏​ဖခင်​အိမ်​သို့​ပြန်​၍​နေ​ထိုင် လေ​သည်။
GEN 38:12 ကာ​လ​အ​တန်​ကြာ​လေ​သော်​ယု​ဒ​၏​မ​ယား ရှု​အာ​ကွယ်​လွန်​လေ​၏။ ယု​ဒ​သည်​မ​ယား​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရာ​နေ့​ရက်​ပြီး​ဆုံး​သော​အ​ခါ မိ​မိ​မိတ်​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​ဟိ​ရ​နှင့် အ​တူ​မိ​မိ​၏​သိုး​များ​ကို​အ​မွေး​ညှပ်​ရန် တိ​မ​နတ်​မြို့​သို့​သွား​လေ​၏။-
GEN 38:13 တစ်​စုံ​တစ်​ယောက်​က​တာ​မာ​အား``သင်​၏​ယောက္ခမ သည်​တိ​မ​နတ်​မြို့​သို့​သိုး​မွေး​ညှပ်​ရန်​သွား​လေ ပြီ'' ဟု​သ​တင်း​ပေး​လေ​၏။-
GEN 38:14 ထို​အ​ခါ​သူ​သည်​မု​ဆိုး​မ​အ​ဝတ်​တို့​ကို​ချွတ်​၍ မျက်​နှာ​ကို​ပု​ဝါ​ဖြင့်​ဖုံး​လျက် တိ​မ​နတ်​သို့​သွား ရာ​လမ်း​တွင်​တည်​ရှိ​သော​ဧ​နိမ်​မြို့​အ​ဝင်​ဝ​၌ ထိုင်​နေ​လေ​၏။ သူ​သည်​ယု​ဒ​၏​အ​ငယ်​ဆုံး​သား ရှေ​လ​အ​ရွယ်​ရောက်​ပြီ​ဖြစ်​သော်​လည်း​သူ​နှင့် ထိမ်း​မြား​ပေး​ခြင်း​မ​ပြု​ဘဲ​ထား​သော​ကြောင့် ဤ​သို့​ပြု​မူ​ရ​ခြင်း​ဖြစ်​သည်။
GEN 38:15 ယု​ဒ​သည်​တာ​မာ​ကို​မြင်​လျှင်​မျက်​နှာ​ကို​ပုဝါ နှင့်​ဖုံး​ထား​သော​ကြောင့် ပြည့်​တန်​ဆာ​မ​တစ်​ယောက် ဟု​ထင်​မှတ်​လေ​၏။-
GEN 38:16 သူ​သည်​လမ်း​ဘေး​၌​ထိုင်​နေ​သော​တာမာ​ထံ​သို့ သွား​ပြီး​လျှင်``ငါ​သင်​နှင့်​အိပ်​လို​သည်'' ဟု​ဆို လေ​၏။ (ထို​မိန်း​မ​သည်​သူ​၏​ချွေးမ​ဖြစ်​မှန်း မ​သိ​ချေ။) မိန်း​မ​က​သူ့​အား``ကျွန်​မ​နှင့်​အိပ် လို​လျှင်​မည်​သည့်​အ​ခ​ကို​ပေး​မည်​နည်း'' ဟု မေး​လေ​၏။
GEN 38:17 သူ​က``ငါ​၏​တိရစ္ဆာန်​ထဲ​မှ​ဆိတ်​ငယ်​တစ်​ကောင် ကို​ပို့​လိုက်​မည်'' ဟု​ပြန်​ဖြေ​၏။ မိန်း​မ​က``ဆိတ်​ငယ်​ကို​မ​ပို့​သေး​မီ​အာ​မ​ခံ​ပေး လျှင် သ​ဘော​တူ​ပါ​မည်''ဟု​ဆို​၏။
GEN 38:18 သူ​က``မည်​သည့်​အာ​မ​ခံ​ကို​ပေး​ရ​မည်​နည်း'' ဟု မေး​၏။ မိန်း​မ​က``သင်​၏​တံ​ဆိပ်​ပါ​သော​စ​လွယ်​ကြိုး​နှင့် လက်​စွဲ​တောင်​ဝှေး​တို့​ကို​အာ​မ​ခံ​အ​ဖြစ်​ပေး​ပါ'' ဟု​တောင်း​လေ​၏။ သူ​သည်​ထို​ပစ္စည်း​များ​ကို​ထို မိန်းမ​အား​ပေး​၍​အ​တူ​တူ​အိပ်​သ​ဖြင့်​ပ​ဋိ သန္ဓေ​စွဲ​လေ​၏။-
GEN 38:19 တာ​မာ​သည်​အိမ်​သို့​ပြန်​၍​ပုဝါ​ကို​ချွတ်​ပြီး လျှင် မု​ဆိုး​မ​အ​ဝတ်​ကို​ပြန်​လည်​ဝတ်​ဆင် လေ​၏။
GEN 38:20 ယု​ဒ​သည်​မိန်း​မ​ထံ​မှ​အာ​မ​ခံ​ပစ္စည်း​များ​ကို ပြန်​ယူ​ရန် သူ​၏​မိတ်​ဆွေ​ဟိရ​ကို​ဆိတ်​ငယ်​နှင့် အ​တူ​စေ​လွှတ်​လေ​၏။ ဟိ​ရ​သည်​မိန်း​မ​ကို ရှာ​မ​တွေ့​လျှင်၊-
GEN 38:21 ဧ​နိမ်​မြို့​သား​တို့​အား``လမ်း​ဘေး​၌​ထိုင်​လေ့ ရှိ​သော​ပြည့်​တန်​ဆာ​မ​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လေ​၏။ သူ​တို့​က``ဤ​အ​ရပ်​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ပါ'' ဟု​ပြန်​ဖြေ​ကြ​၏။
GEN 38:22 ထို​အ​ခါ​သူ​သည်​ယုဒ​ထံ​သို့​ပြန်​လာ​၍``ကျွန်ုပ် သည်​ထို​မိန်းမ​ကို​ရှာ​၍​မ​တွေ့​ပါ။ အ​ရပ်​သား​တို့ က​လည်း​ထို​နေ​ရာ​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ကြောင်း​ပြော​ပါ​သည်'' ဟု​ဆို​လေ​၏။
GEN 38:23 ယု​ဒ​က``ထို​ပစ္စည်း​များ​ကို​သူ​ယူ​ထား​ပါ​စေ။ ကျွန်ုပ်​တို့​ကဲ့​ရဲ့​ခြင်း​ကို​မ​ခံ​လို​ပါ။ ကျွန်ုပ်​သည် သူ့​အား​အ​ခ​ပေး​ရန်​ကြိုး​စား​သော်​လည်း သင် သည်​သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ပါ'' ဟု​ဆို​လေ​၏။
GEN 38:24 သုံး​လ​ခန့်​ကြာ​လေ​သော်​တစ်​စုံ​တစ်​ယောက်​က ယု​ဒ​အား``သင်​၏​ချွေး​မ​တာ​မာ​သည်​ယောကျာ်း တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သ​ဖြင့် ယ​ခု​ကိုယ်​ဝန် ဆောင်​လျက်​ရှိ​လေ​ပြီ'' ဟု​ပြော​လေ​၏။ ယု​ဒ​က``သူ့​ကို​အ​ပြင်​သို့​ထုတ်​၍​မီး​ရှို့ သတ်​စေ'' ဟု​စီ​ရင်​လေ​၏။
GEN 38:25 တာ​မာ​ကို​အ​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​သော အ​ခါ​တာ​မာ​က``ကျွန်ုပ်​သည်​ဤ​ပစ္စည်း​များ​ကို ပိုင်​ဆိုင်​သူ​နှင့်​ကိုယ်​ဝန်​ရှိ​ပါ​သည်။ ဤ​တံ​ဆိပ် နှင့်​စ​လွယ်​ကြိုး၊ ဤ​တောင်​ဝှေး​တို့​မှာ​မည်​သူ့ ပစ္စည်း​ဖြစ်​သည်​ကို​ကြည့်​ပါ'' ဟူ​၍​ယောက္ခ​မ ထံ​သို့​အ​ကြောင်း​ကြား​လိုက်​လေ​၏။
GEN 38:26 ထို​ပစ္စည်း​များ​သည်​သူ​၏​ပစ္စည်း​ဖြစ်​မှန်း​ယု​ဒ သိ​သ​ဖြင့်​ယု​ဒ​က``ငါ​သည်​သူ့​အား​ငါ့​သား ရှေ​လ​နှင့်​ထိမ်း​မြား​ပေး​ရန်​ဝတ္တ​ရား​ပျက်​ကွက် သော​ကြောင့်​ထို​သို့​သူ​ပြု​မူ​ပုံ​မှာ​နည်း​လမ်း ကျ​ပေ​သည်'' ဟု​ဆို​လေ​၏။ ယု​ဒ​သည်​နောက် တစ်​ဖန်​သူ​နှင့်​မ​အိပ်​တော့​ချေ။
GEN 38:27 တာ​မာ​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ​ကိုယ်​ဝန် တွင်​အ​မြွှာ​ရှိ​ကြောင်း​သိ​ရ​လေ​သည်။-
GEN 38:28 မီး​ဖွား​နေ​စဉ်​က​လေး​တစ်​ယောက်​က​လက်​ကို​အ​ပြင် သို့​ဆန့်​ထုတ်​လေ​၏။ ဝမ်း​ဆွဲ​က​ထို​လက်​ကို​ဖမ်း​ကိုင် ၍​ကြိုး​နီ​စ​ချည်​လျက်``ဤ​က​လေး​သည်​သား​ဦး ဖြစ်​သည်'' ဟု​ဆို​၏။-
GEN 38:29 သို့​ရာ​တွင်​ကလေး​သည်​လက်​ကို​ပြန်​ရုပ်​ရာ​အ​ခြား အ​မြွှာ​သား​က​ဦး​စွာ​ဖွား​မြင်​လာ​လေ​သည်။ ထို အ​ခါ​ဝမ်း​ဆွဲ​က``သင်​သည်​နိုင်​လို​မင်း​ထက်​ပြု​၍ ထွက်​လာ​သည်'' ဟု​ဆို​၏။ ထို​ကြောင့်​ထို​က​လေး အား​ဖာ​ရက်​ဟု​နာ​မည်​မှည့်​ကြ​၏။-
GEN 38:30 ထို​နောက်​လက်​တွင်​ကြိုး​နီ​ချည်​ထား​သော​ညီ​ဖွား မြင်​လာ​၏။ သူ့​အား​ဇာ​ရ​ဟု​နာ​မည်​မှည့်​လေ​သည်။
GEN 39:1 ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​သည်​ယော​သပ်​အား အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​သွား​၍ ပြည့်​ရှင်​ဖာ​ရော ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ​ထံ​၌ ရောင်း​ကြ​၏။-
GEN 39:2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ သ​ဖြင့်​သူ​သည်​ကြံ​စည်​လုပ်​ကိုင်​တိုင်း​အောင် မြင်​၏။ သူ​သည်​သူ​၏​သ​ခင်​အီ​ဂျစ်​အ​မျိုး သား​၏​အိမ်​တွင်​နေ​ထိုင်​လေ​သည်။-
GEN 39:3 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ​ပြု လေ​သ​မျှ​တို့​တွင် အောင်​မြင်​ကြောင်း​သူ​၏​သ​ခင် တွေ့​မြင်​ရ​သည်။-
GEN 39:4 ပေါ​တိ​ဖာ​သည်​ယော​သပ်​အား​ကျေ​နပ်​နှစ်​သက် သ​ဖြင့် သူ​၏​ကိုယ်​ရေး​ကိုယ်​တာ​မှူး​အ​ဖြစ်​ခန့် ထား​လျက် သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​နှင့်​အိမ် မှု​ကိစ္စ​တို့​ကို​အုပ်​ထိန်း​စေ​လေ​သည်။-
GEN 39:5 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။-
GEN 39:6 ပေါ​တိ​ဖာ​သည်​မိ​မိ​ပိုင်​သ​မျှ​ပစ္စည်း​အား​လုံး တို့​ကို​ယော​သပ်​လက်​သို့​လွှဲ​အပ်​ထား​၏။ သူ​စား သော​အ​စာ​မှ​လွဲ​၍​မည်​သည့်​အ​ရာ​၌​မျှ​ဝင် ရောက်​စွက်​ဖက်​ခြင်း​မ​ပြု​ချေ။
GEN 39:7 ယော​သပ်​သည်​ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​၍ လူ ချော​လူ​လှ​တစ်​ယောက်​ဖြစ်​ရ​ကား​ကာ​လ​အ​တန် ကြာ​သော​အ​ခါ သူ့​သ​ခင်​မ​သည်​ယော​သပ်​အား စွဲ​လန်း​လာ​သ​ဖြင့်​သူ​နှင့်​အ​တူ​အိပ်​ရန်​ဖြား ယောင်း​လေ​၏။-
GEN 39:8 သို့​ရာ​တွင်​ယော​သပ်​က​ငြင်း​ဆန်​လျက်``သ​ခင်​သည် ကျွန်​တော်​အား​အ​ရာ​ရာ​ကို​မျက်​နှာ​လွှဲ​အပ်​ထား ပါ​သည်။ သ​ခင်​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​ကို​ထိန်း​သိမ်း ရန်​ကျွန်​တော်​အား​တာ​ဝန်​ပေး​အပ်​ထား​ပါ​သည်။-
GEN 39:9 ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။-
GEN 39:10 သ​ခင်​မ​သည်​ယော​သပ်​အား​နေ့​စဉ်​သွေး​ဆောင် သော်​လည်း​သူ​သည်​အ​မြဲ​ငြင်း​ဆန်​လေ​၏။
GEN 39:11 တစ်​နေ့​သ​၌​အ​ခြား​သော​အ​စေ​ခံ​တစ်​ယောက် မျှ​အိမ်​ထဲ​၌​မ​ရှိ​ခိုက် ယော​သပ်​သည်​မိ​မိ​အ​လုပ် တာ​ဝန်​ကို​ဆောင်​ရွက်​ရန်​အိမ်​ထဲ​သို့​ဝင်​ရောက် လာ​ရာ၊-
GEN 39:12 သ​ခင်​မ​က​ယော​သပ်​အား``ငါ​နှင့်​အ​တူ​အိပ် ပါ'' ဟု​ဆို​၍​သူ​၏​ဝတ်​ရုံ​ကို​ကိုင်​ဆွဲ​ထား လေ​၏။ ယော​သပ်​သည်​လည်း​ဝတ်​ရုံ​ကို​သ​ခင်​မ ၏​လက်​ထဲ​၌​စွန့်​ပစ်​ထား​ခဲ့​၍​အိမ်​အ​ပြင်​သို့ ကိုယ်​လွတ်​ထွက်​ပြေး​လေ​သည်။-
GEN 39:13 သ​ခင်​မ​သည်​မိ​မိ​၏​လက်​ထဲ​၌​ဝတ်ရုံ​ကို​ထား ခဲ့​၍ အိမ်​ပြင်​သို့​ယော​သပ်​ထွက်​ပြေး​သည်​ကို မြင်​သော​အ​ခါ၊-
GEN 39:14 အ​စေ​ခံ​တို့​ကို​အော်​ခေါ်​လျက်``ဤ​မှာ​ကြည့် စမ်း​ပါ။ သင်​တို့​၏​သခင်​က​ခေါ်​ထား​သော​ဤ ဟေ​ဗြဲ​အ​မျိုး​သား​က​ငါ​တို့​ကို​စော်​ကား ပါ​ပြီ။ သူ​သည်​ငါ့​အ​ခန်း​ထဲ​သို့​ဝင်​၍​ငါ နှင့်​အ​တူ​အိပ်​ရန်​ကြံ​သ​ဖြင့်​ငါ​အ​သံ ကုန်​ဟစ်​အော်​လိုက်​ရ​ပါ​သည်။-
GEN 39:15 သူ​သည်​ငါ​ဟစ်​အော်​သံ​ကြောင့်​သူ​၏​ဝတ်​ရုံ​ကို ငါ့​လက်​ထဲ​မှာ​စွန့်​ပစ်​ခဲ့​ပြီး​လျှင်​ထွက်​ပြေး ပါ​သည်'' ဟု​ပြော​လေ​၏။
GEN 39:16 ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​ရောက်​သည့်​တိုင်​အောင် သူ သည်​ယော​သပ်​၏​ဝတ်​ရုံ​ကို​သိမ်း​ထား​ပြီး​လျှင်၊-
GEN 39:17 ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​လာ​သော​အ​ခါ``ကိုယ်​တော် ဤ​အိမ်​သို့​ခေါ်​လာ​သော​ဟေ​ဗြဲ​အ​မျိုး​သား ကျွန်​သည် ကျွန်​မ​အ​ခန်း​ထဲ​သို့​ဝင်​၍​ကျွန်​မ ကို​စော်​ကား​ရန်​ကြံ​ပါ​သည်။-
GEN 39:18 ကျွန်​မ​က​အော်​ဟစ်​သော​အ​ခါ​သူ​သည်​ဝတ်​ရုံ ကို ကျွန်​မ​လက်​ထဲ​မှာ​ထား​ခဲ့​ပြီး​ထွက်​ပြေး​ပါ သည်'' ဟု​တိုင်​ကြား​လေ​၏။
GEN 39:19 ပေါ​တိ​ဖာ​သည်​အ​လွန်​အ​မျက်​ထွက်​၍၊-
GEN 39:20 ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊-
GEN 39:21 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ့ အား​ကောင်း​ချီး​ပေး​သ​ဖြင့် သူ​သည်​ထောင်​မှူး ထံ​၌​မျက်​နှာ​သာ​ရ​လေ​၏။-
GEN 39:22 ထောင်​မှူး​သည်​ယော​သပ်​အား​အ​ခြား​သော​အ​ကျဉ်း သား​အား​လုံး​တို့​ကို​အုပ်​ထိန်း​ကွပ်​ကဲ​ရန်​နှင့် ထောင် ထဲ​တွင်​ရှိ​သ​မျှ​ကိစ္စ​တို့​ကို​စီ​မံ​ရန်​တာ​ဝန်​လွှဲ အပ်​ထား​လေ​သည်။-
GEN 39:23 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ​၍ သူ​တာ​ဝန်​ယူ​ဆောင်​ရွက်​သ​မျှ​တို့​၌​အောင်​မြင် စေ​တော်​မူ​သော​ကြောင့် ထောင်​မှူး​သည်​ယော​သပ် အား​တာ​ဝန်​များ​ကို​စိတ်​ချ​ယုံ​ကြည်​စွာ လွှဲ​အပ်​လေ​သည်။
GEN 40:1 ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​အီ​ဂျစ်​ပြည့်​ရှင် ၏​ဖ​လား​တော်​ဝန်​နှင့်​စား​တော်​ဆက်​ဝန်​တို့ သည်​ဘု​ရင့်​အ​မျက်​သင့်​ကြ​၏။-
GEN 40:2 ဘု​ရင်​သည်​ထို​အ​ရာ​ရှိ​နှစ်​ဦး​တို့​ကို​အ​မျက် ထွက်​၍၊-
GEN 40:3 ယော​သပ်​အ​ကျဉ်း​ခံ​ရာ​ကိုယ်​ရံ​တော်​မှူး​အိမ် ၌​အ​ကျဉ်း​ချ​ထား​လေ​၏။-
GEN 40:4 သူ​တို့​သည်​ကာ​လ​အ​တန်​ကြာ​မျှ​အ​ကျဉ်း ခံ​နေ​ကြ​၏။ ကိုယ်​ရံ​တော်​မှူး​သည်​ထို​သူ​တို့ အား​ပြု​စု​ရန်​ယော​သပ်​ကို​တာ​ဝန်​ပေး​ထား လေ​၏။
GEN 40:5 တစ်​ည​၌​ထောင်​ထဲ​တွင်​ဖ​လား​တော်​ဆက်​ဝန် နှင့်​စား​တော်​ဆက်​ဝန်​တို့​သည် သီး​ခြား​အ​နက် ပါ​ရှိ​သော​အိပ်​မက်​များ​ကို​မြင်​မက်​ကြ​လေ သည်။-
GEN 40:6 နံ​နက်​ချိန်​၌​ယောသပ်​သည်​သူ​တို့​ထံ​သွား သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​ကြ သည်​ကို​တွေ့​မြင်​ရ​သ​ဖြင့်၊-
GEN 40:7 ယော​သပ်​က``သင်​တို့​သည်​ယ​နေ့​အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​နေ​ကြ​ပါ​သ​နည်း'' ဟု​သူ​တို့ အား​မေး​လေ​၏။
GEN 40:8 သူ​တို့​က``ငါ​တို့​တစ်​ယောက်​စီ​အိပ်​မက်​မြင်​မက် ကြ​ပါ​သည်။ သို့​ရာ​တွင်​အိပ်​မက်​၏​အ​နက်​ကို ဖွင့်​ပြ​နိုင်​သူ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​နိုင်​စွမ်း ကို​ထာ​ဝ​ရ​ဘု​ရား​သာ​ပေး​ပါ​သည်။ သင်​တို့ ၏​အိပ်​မက်​များ​ကို​ကျွန်​တော်​အား​ပြော​ပြ ပါ'' ဟု​ဆို​လေ​၏။
GEN 40:9 ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က``ငါ​၏ အိပ်​မက်​ထဲ​တွင်​ငါ့​ရှေ့​၌​စပျစ်​နွယ်​ရှိ​ပါ​သည်။-
GEN 40:10 ထို​စ​ပျစ်​နွယ်​တွင်​အ​ကိုင်း​သုံး​ကိုင်း​ရှိ​သည်။ အ​ကိုင်း​များ​မှ​အ​ရွက်​များ​ထွက်​လာ​သည်​နှင့် တစ်​ပြိုင်​နက်​အ​ပွင့်​များ​ပွင့်​၍​စပျစ်​သီး​များ မှည့်​လာ​သည်။-
GEN 40:11 ငါ​သည်​ဖာ​ရော​ဘု​ရင်​၏​ဖ​လား​တော်​ကို​ကိုင် လျက်​စ​ပျစ်​သီး​များ​ကို​ယူ​၍ ဖ​လား​တော်​ထဲ သို့​အ​ရည်​ကို​ညှစ်​ထည့်​ပြီး​လျှင်​ဘု​ရင်​၏​လက် တော်​သို့​ဆက်​ရ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။
GEN 40:12 ယော​သပ်​က``သင်​၏​အိပ်မက်​အ​နက်​သည်​ကား ဤ​သို့​တည်း။ အ​ကိုင်း​သုံး​ကိုင်း​သည်​သုံး​ရက် ကို​ဆို​လို​သည်။-
GEN 40:13 သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​၍ သင်​၏​ရာ​ထူး​ကို​ပြန် ပေး​တော်​မူ​သ​ဖြင့် သင်​သည်​ယခင်​က​ဖလား တော်​ဆက်​ခဲ့​ရ​သည့်​နည်း​တူ​ယ​ခု​တစ်​ဖန် ပြန်​ဆက်​ရ​လိမ့်​မည်။-
GEN 40:14 သင်​ပြန်​၍​ကောင်း​စား​လာ​သော​အ​ခါ​ကျွန်​တော် ကို​မ​မေ့​ပါ​နှင့်။ ဘု​ရင့်​ထံ​ကျွန်​တော်​အ​တွက် သံ​တော်​ဦး​တင်​၍​ဤ​ထောင်​ထဲ​မှ​လွတ်​မြောက် ရန်​ကူ​ညီ​ပေး​ပါ။-
GEN 40:15 စင်​စစ်​အား​ဖြင့်​ကျွန်​တော်​သည်​ဟေ​ဗြဲ​အ​မျိုး သား​တို့​၏​နိုင်​ငံ​မှ​ခိုး​ထုတ်​ခြင်း​ကို​ခံ​ခဲ့​ရ​ပါ သည်။ ဤ​ပြည်​၌​လည်း​ကျွန်​တော်​သည်​အ​ကျဉ်း​ခံ ထိုက်​သည့်​အ​ဘယ်​ပြစ်​မှု​ကို​မျှ​မ​ကူး​လွန်​ခဲ့ ရ​ပါ'' ဟု​ဖလား​တော်​ဆက်​ဝန်​အား​ပြော​လေ​၏။
GEN 40:16 စား​တော်​ဆက်​ဝန်​သည်​ဖလား​တော်​ဆက်​ဝန်​၏ အိပ်​မက်​အ​နက်​ကောင်း​သည်​ကို​သိ​မြင်​လျှင် ယော​သပ်​အား``ငါ​လည်း​အိပ်​မက်​မြင်​မက်​သည်။ အိပ်​မက်​ထဲ​၌​ငါ​သည်​မုန့်​တောင်း​သုံး​လုံး​ကို ဦး​ခေါင်း​ပေါ်​တွင်​ရွက်​လာ​၏။-
GEN 40:17 အ​ပေါ်​ဆုံး​တောင်း​ထဲ​တွင်​ဘု​ရင်​အား​ဆက်​သ ရ​သော​မုန့်​မျိုး​စုံ​ပါ​ရှိ​၍ ငှက်​များ​သည်​ထို တောင်း​ထဲ​မှ​မုန့်​များ​ကို​စား​ကြ​၏'' ဟု​ပြော ပြ​လေ​သည်။
GEN 40:18 ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့ တည်း။ တောင်း​သုံး​လုံး​သည်​သုံး​ရက်​ကို​ဆို လို​သည်။-
GEN 40:19 သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​ထောင်​ထဲ မှ​လွှတ်​၍​သင်​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​စေ​လိမ့် မည်။ ထို​နောက်​သင်​၏​ကိုယ်​ခန္ဓာ​ကို​တိုင်​ပေါ်​မှာ ဆွဲ​ထား​၍​ငှက်​တို့​သည်​သင်​၏​အ​သား​ကို​စား ကြ​လိမ့်​မည်'' ဟု​စား​တော်​ဆက်​ဝန်​အား​ပြော လေ​၏။
GEN 40:20 ထို​နောက်​တ​တိ​ယ​နေ့​၌​ဖာ​ရော​ဘု​ရင်​၏​မွေး နေ့​ကျ​ရောက်​သ​ဖြင့် မင်း​မှု​ထမ်း​အား​လုံး​တို့ အား​စား​သောက်​ပွဲ​ဖြင့်​ဧည့်​ခံ​တော်​မူ​၏။ ဘု​ရင် သည်​ဖ​လား​တော်​ဆက်​ဝန်​နှင့်​စား​တော်​ဆက်​ဝန် တို့​ကို​ထောင်​မှ​လွှတ်​၍​မင်း​ပရိသတ်​ရှေ့​သို့​ခေါ် ဆောင်​ခဲ့​စေ​တော်​မူ​၏။-
GEN 40:21 ဘု​ရင်​သည်​ဖ​လား​တော်​ဆက်​ဝန်​ကို​ယ​ခင် ရာ​ထူး​တွင်​ပြန်​ခန့်​ထား​၍၊-
GEN 40:22 စား​တော်​ဆက်​ဝန်​ကို​မူ​ကား​ကွပ်​မျက်​စေ တော်​မူ​၏။ သို့​ဖြစ်​၍​ယော​သပ်​အ​နက်​ဖွင့်​သည့် အ​တိုင်း​ဖြစ်​ပျက်​လေ​၏။-
GEN 40:23 သို့​သော်​လည်း​ဖ​လား​တော်​ဆက်​ဝန်​သည်​ယော​သပ် ကို​သတိ​မ​ရ​ဘဲ​မေ့​လျော့​လျက်​နေ​လေ​၏။
GEN 41:1 ထို​နောက်​နှစ်​နှစ်​မျှ​ကြာ​သော​အ​ခါ အီ​ဂျစ်​ဘု​ရင် သည်​အိပ်​မက်​မြင်​မက်​လေ​၏။ အိပ်​မက်​ထဲ​တွင် ဘု​ရင်​သည်​နိုင်း​မြစ်​နား​၌​ရပ်​နေ​စဉ်၊-
GEN 41:2 ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင်​သည် မြစ်​ထဲ​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား​လျက်​နေ ကြ​၏။-
GEN 41:3 ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ​သော နွား​မ​ခု​နစ်​ကောင်​တို့​သည်​မြစ်​ထဲ​မှ​တက်​လာ ကြ​ပြီး​လျှင် မြစ်​ကမ်း​နား​ပေါ်​သို့​ဦး​စွာ​ရောက် ရှိ​နေ​သော​နွား​များ​အ​နီး​သို့​သွား​၍​ရပ်​နေ ကြ​၏။-
GEN 41:4 ထို​နောက်​နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွားမ​ခု​နစ် ကောင်​ကို​မျို​လိုက်​ကြ​၏။ ထို​အ​ချိန်​၌​ဘုရင် အိပ်​ရာ​မှ​နိုး​လေ​၏။-
GEN 41:5 ဘု​ရင်​သည်​တစ်​ဖန်​အိပ်​ပျော်​၍​အိပ်​မက်​မက် ပြန်​၏။ အိပ်​မက်​ထဲ​တွင်​စ​ပါး​ပင်​တစ်​ပင်​တည်း မှ​အ​ဆန်​အောင်​၍ ဝင်း​မှည့်​နေ​သော​စပါး​နှံ ခု​နစ်​နှံ​တို့​ထွက်​လျက်​ရှိ​၏။-
GEN 41:6 ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာ​ရ​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ တို့​လည်း​ထွက်​လာ​ကြ​၏။-
GEN 41:7 အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​က​အ​ဆန် အောင်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​ကို​မျို​လိုက် ကြ​၏။ ဘု​ရင်​သည်​အိပ်ရာ​မှ​နိုး​လာ​၍​မိ​မိ အိပ်​မက်​နေ​ကြောင်း​သိ​ရ​လေ​၏။-
GEN 41:8 နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ​ဘု​ရင်​သည် စိတ်​သော​က​ရောက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မှော် ဆ​ရာ​နှင့်​ပ​ညာ​ရှိ​အ​ပါင်း​တို့​အား​ဆင့်​ခေါ် လေ​၏။ ဘု​ရင်​သည်​မိ​မိ​၏​အိပ်​မက်​ကို​ထို​သူ တို့​အား​ပြော​ပြ​သော်​လည်း တစ်​ယောက်​မျှ အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်​ချေ။
GEN 41:9 ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က​ဘု​ရင် အား``ကျွန်​တော်​မျိုး​တွင်​လစ်​ဟင်း​ချက်​တစ်​ခု ရှိ​ကြောင်း​ဝန်​ခံ​ပါ​၏။-
GEN 41:10 ကိုယ်​တော်​သည်​စား​တော်​ဆက်​ဝန်​နှင့်​ကျွန်​တော် မျိုး​အား​အ​မျက်​တော်​ရှ​သ​ဖြင့် ကိုယ်​ရံ​တော်​မှူး အိမ်​တွင်​အ​ချုပ်​ချ​ထား​ခဲ့​ပါ​သည်။-
GEN 41:11 တစ်​ည​၌​ကျွန်​တော်​မျိုး​တို့​တစ်​ဦး​စီ​နှင့်​သက် ဆိုင်​သော​အိပ်​မက်​ကို​မြင်​မက်​ကြ​ပါ​သည်။-
GEN 41:12 ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ကိုယ်​ရံ​တော်​မှူး ၏​ကျွန်​ဟေ​ဗြဲ​လူ​ငယ်​တစ်​ယောက်​ရှိ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​၏​အိပ်​မက်​ကို​သူ့​အား​ပြော ပြ​၍​သူ​သည်​အိပ်​မက်​၏​အနက်​ကို​ဖွင့်​ပြ​ပါ သည်။-
GEN 41:13 သူ​အ​နက်​ဖွင့်​ပြ​သည့်​အ​တိုင်း​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​အား​မူ​လ​ရာ​ထူး​၌​ပြန်​လည် ခန့်​အပ်​၍​စား​တော်​ဆက်​ဝန်​အား​ကွပ်​မျက်​လိုက် ပါ​သည်'' ဟု​လျှောက်​ထား​လေ​၏။
GEN 41:14 ဘု​ရင်​သည်​ယော​သပ်​ကို​ရှေ့​တော်​သို့​သွင်း​ရန် အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် သူ့​အား​အ​ကျဉ်း​ထောင် မှ​ချက်​ချင်း​ထုတ်​ဆောင်​ခဲ့​ကြ​လေ​သည်။ သူ​သည် မုတ်​ဆိတ်​ရိတ်​၍​အ​ဝတ်​လဲ​ပြီး​နောက်​ဘုရင်​ထံ သို့​အ​ခ​စား​ဝင်​လေ​၏။-
GEN 41:15 ဘု​ရင်​က​ယော​သပ်​အား``ငါ​သည်​အိပ်​မက်​ကို မြင်​မက်​၏။ သို့​ရာ​တွင်​မည်​သူ​မျှ​အ​နက်​ကို​ဖွင့် မ​ပြ​နိုင်။ သင်​သည်​အိပ်​မက်​အ​နက်​ကို​ဖွင့်​ပြ နိုင်​စွမ်း​ရှိ​ကြောင်း​ငါ​ကြား​သိ​ရ​သည်'' ဟု မိန့်​တော်​မူ​၏။
GEN 41:16 ယော​သပ်​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော်​မျိုး​၌ ထို​အ​စွမ်း​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​အား သင့်​မြတ်​သော​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဖွင့်​ပြ​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။
GEN 41:17 ဘု​ရင်​က``ငါ​သည်​အိပ်​မက်​ထဲ​တွင်​နိုင်း​မြစ် ကမ်း​ပေါ်​၌​ရပ်​နေ​စဉ်၊-
GEN 41:18 ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင် သည် မြစ်​တွင်း​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား လျက်​နေ​ကြ​၏။-
GEN 41:19 ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ သော​နွား​မ​ခု​နစ်​ကောင်​တို့​လည်း​ကမ်း​ပေါ်​သို့ တက်​လာ​ကြ​၏။ ထို​မျှ​လောက်​အ​ရုပ်​ဆိုး​သော နွား​များ​ကို​အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​တစ်​ခါ မျှ​မ​မြင်​ဘူး​ချေ။-
GEN 41:20 နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွား​များ​ကို​မျို လိုက်​ကြ​၏။
GEN 41:21 သို့​ရာ​တွင်​သူ​တို့​သည်​ပိန်​မြဲ​ပိန်​လျက်​ရှိ​သ​ဖြင့် ထို​သို့​မျို​လိုက်​ကြောင်း​ကို​မည်​သူ​မျှ​မ​သိ​နိုင် ချေ။ ထို​နောက်​ငါ​သည်​နိုး​လာ​၏။-
GEN 41:22 တစ်​ဖန်​ငါ​သည်​အိပ်​မက်​မြင်​မက်​ပြန်​၏။ ထို​အိပ် မက်​ထဲ​တွင်​အ​ဆန်​အောင်​၍ ဝင်း​မှည့်​သော​စပါး​နှံ ခုနစ်​နှံ​တို့​သည် စ​ပါး​ပင်​တစ်​ပင်​တည်း​မှ​ထွက် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-
GEN 41:23 ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာရ​၏​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စပါး​နှံ​ခုနစ်​နှံ​တို့ လည်း​ထွက်​လာ​ကြ​၏။-
GEN 41:24 အ​လုံး​သေး​သော​စပါး​နှံ​တို့​က​အ​ဆန်​အောင် သော​စ​ပါး​နှံ​တို့​ကို​မျို​လိုက်​ကြ​၏။ ငါ​၏​အိပ် မက်​ကို​မှော်​ဆ​ရာ​တို့​အား​ပြော​ပြ​သော်​လည်း မည်​သူ​မျှ​ငါ့​အား​အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်'' ဟု​မိန့်​တော်​မူ​၏။
GEN 41:25 ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။-
GEN 41:26 ဝ​ဖြိုး​သော​နွား​မ​ခု​နစ်​ကောင်​တို့​သည်​ခု​နစ် နှစ်​ကို​ဆို​လို​ပါ​၏။ အ​ဆန်​အောင်​သော​စပါး​နှံ ခု​နစ်​နှံ​တို့​သည်​လည်း​ခု​နစ်​နှစ်​ကို​ဆို​လို​ပါ ၏။ အိပ်​မက်​တို့​သည်​အ​နက်​တစ်​မျိုး​တည်း​ရှိ ပါ​၏။-
GEN 41:27 နောက်​မှ​တက်​လာ​သော​နွား​ခု​နစ်​ကောင်​နှင့် အ​လုံး​သေး​၍ သဲ​ကန္တာရ​၏​လေ​ပူ​ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​သည် အ​စာ​ခေါင်း​ပါး​သည့်​ခု​နစ်​နှစ်​ကို​ဆို​လို ပါ​၏။-
GEN 41:28 ကျွန်​တော်​မျိုး​သည်​အ​ရှင်​မင်း​ကြီး​အား လျှောက်​ထား​ခဲ့​သည့်​အ​တိုင်း ဘု​ရား​သ​ခင် က​မိ​မိ​ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော် အား​အ​သိ​ပေး​ခြင်း​ဖြစ်​ပါ​သည်။-
GEN 41:29 အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​တွင်​အ​စား​အ​စာ ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​ရှိ​ပါ​လိမ့်​မည်။-
GEN 41:30 ထို​နှစ်​များ​လွန်​လျှင်​အ​စာ​ခေါင်း​ပါး​သော နှစ်​ခု​နစ်​နှစ်​ဆိုက်​ရောက်​လာ​ပါ​လိမ့်​မည်။ ထို အ​ခါ​အ​စား​အ​စာ​ပေါ​ကြွယ်​ဝ​သော​နှစ် များ​ကို​လူ​တို့​သ​တိ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကြောင့်​တစ်​ပြည် လုံး​ပျက်​စီး​ရ​လိမ့်​မည်။-
GEN 41:31 ရောက်​လတ္တံ့​သော​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​အ​လွန်​ဆိုး​ရွား​မည်​ဖြစ်​ရ​ကား လူ​တို့ သည်​ပေါ​ကြွယ်​ဝ​သော​နှစ်​များ​ကို​လုံးဝ​မေ့ ပျောက်​ကုန်​ကြ​ပါ​လိမ့်​မည်။-
GEN 41:32 ကိုယ်​တော်​သည်​အိပ်​မက်​ကို​နှစ်​ကြိမ်​တိုင် အောင်​မြင်​မက်​ရ​သ​ဖြင့် အ​ဋ္ဌိပ္ပါယ်​မှာ​ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို​ပြ​ဋ္ဌာန်း​ပြီး​ဖြစ် ၍​မ​ကြာ​မီ​စီ​ရင်​တော်​မူ​လိမ့်​မည်။
GEN 41:33 ``သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​ရှိ​သူ​တစ်​ဦး​ကို​ရွေး​၍ တိုင်း ပြည်​ကို​အုပ်​ချုပ်​စေ​တော်​မူ​ပါ။-
GEN 41:34 ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​တွင်​ထွက်​သ​မျှ သော​ကောက်​ပဲ​သီး​နှံ​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ကောက်​ယူ​သိမ်း​ဆည်း​ရန် တစ်​ပြည်​လုံး​၌​ကြီး ကြပ်​ရေး​မှူး​များ​ကို​ခန့်​ထား​တော်​မူ​ပါ။-
GEN 41:35 ထို​သူ​တို့​အား​လာ​မည့်​ပေါ​ကြွယ်​ဝ​သော​နှစ် များ​အ​တွင်း​ရိက္ခာ​စု​ဆောင်း​စေ​၍ မြို့​များ​၌ သို​လှောင်​စေ​ပြီး​လျှင်​စောင့်​ရှောက်​စေ​တော် မူ​ပါ။-
GEN 41:36 အီ​ဂျစ်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​သော​ခု​နစ် နှစ်​အ​တွက် ထို​ရိက္ခာ​ကို​သို​လှောင်​ထား​သော အား​ဖြင့် အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​သည် အ​စာ​ငတ်​သည့်​ဘေး​မှ​လွတ်​မြောက်​နိုင်​ပါ လိမ့်​မည်'' ဟု​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား လေ​၏။
GEN 41:37 ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ယော​သပ်​တင်​ပြ​သော​စီ​မံ​ချက်​ကို​နှစ်​သက် လက်​ခံ​ကြ​၏။-
GEN 41:38 ထို​နောက်​ဘု​ရင်​က​မှူး​မတ်​တို့​အား``ယော​သပ် သည်​ဘု​ရား​ထံ​မှ​ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သူ​ဖြစ် ၏။ သူ့​ထက်​သာ​သော​သူ​ကို​ငါ​တို့​ရှာ​၍​မ တွေ့​နိုင်'' ဟု​မိန့်​တော်​မူ​၏။-
GEN 41:39 ဘု​ရင်​က​ယော​သပ်​အား``ဘု​ရား​က​သင့်​အား ဤ​အ​မှု​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​သည်​ဖြစ် ၍ သင့်​ထက်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​သာ သူ​မ​ရှိ​နိုင်။-
GEN 41:40 ငါ​သည်​သင့်​အား​ငါ့​တိုင်း​ပြည်​ကို​အုပ်​ချုပ် စေ​မည်။ ငါ​၏​ပြည်​သား​အား​လုံး​တို့​သည် သင်​၏​အ​မိန့်​ကို​နာ​ခံ​ရ​မည်။ ထီး​နန်း​အ​ရိုက် အ​ရာ​အား​ဖြင့်​သာ​လျှင်​သင့်​ထက်​ငါ​ကြီး မြတ်​မည်။-
GEN 41:41 ယ​ခု​ငါ​သည်​သင့်​အား​အီ​ဂျစ်​တစ်​ပြည်​လုံး ကို​အုပ်​စိုး​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​အပ်​သည်'' ဟု​မိန့်​မြွက်​လေ​၏။-
GEN 41:42 ဖာ​ရော​ဘု​ရင်​သည်​မိ​မိ​၏​တံ​ဆိပ်​တော်​ပါ ရှိ​သော​လက်​စွပ်​ကို​ချွတ်​ပြီး​လျှင် ယော​သပ် ၏​လက်​တွင်​ဝတ်​ဆင်​ပေး​တော်​မူ​၏။ ယော​သပ် အား​ပိတ်​ချော​ဝတ်​ရုံ​ကို​လည်း​ဝတ်​စေ​၍ လည်​ပင်း​တွင်​ရွှေ​စ​လွယ်​ကို​ဆွဲ​ပေး​တော် မူ​၏။-
GEN 41:43 ထို့​နောက်​ဒု​တိ​ယ​ရ​ထား​တော်​ကို​ယော​သပ်​စီး ၍ သူ​၏​ကိုယ်​ရံ​တော်​တို့​က​ရ​ထား​ရှေ့​က​သွား လျက်``လမ်း​ဖယ်​ကြ၊ လမ်း​ဖယ်​ကြ'' ဟု​အော်​ဟစ် ကြ​၏။ ထို​သို့​ဖြင့်​ယော​သပ်​သည်​အီ​ဂျစ်​တစ် ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ် ခန့်​အပ်​ခြင်း​ကို​ခံ​ရ​လေ​သည်။-
GEN 41:44 ထို​နောက်​ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``ငါ သည်​ဖာ​ရော​ဘု​ရင်​ဖြစ်​၏။ အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​သင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​နှင့်​အ​ဘယ် သူ​မျှ​လက်​ခြေ​ကို​မ​ကြွ​ရ'' ဟု​မိန့်​တော်​မူ​၏။-
GEN 41:45 ဘု​ရင်​သည်​ယော​သပ်​အား​ဇာ​ဖ​ဏာ​သ​ဖာ​ဏ ဟူ​သော​ဘွဲ့​နာ​မ​ကို​ချီး​မြှင့်​၍ သြ​န​မြို့​မှ ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ နတ်​နှင့်​ထိမ်း​မြား​စုံ​ဖက်​စေ​လေ​သည်။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ဖာ​ရော​ဘု​ရင်​၏ မင်း​မှု​ကို စ​တင်​ထမ်း​ရွက်​သည့်​အ​ခါ​၌​အ​သက် အ​နှစ်​သုံး​ဆယ်​ရှိ​၏။ သူ​သည်​ဘုရင်​ထံ​ပါး​မှ ထွက်​၍​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​သို့​တိုင်း​ခန်း လှည့်​လည်​လေ​သည်။-
GEN 41:47 ရိက္ခာ​ပေါ​ကြွယ်​ဝ​သော​ခု​နစ်​နှစ်​အ​တွင်း တွင် တိုင်း​ပြည်​သည်​သီး​နှံ​ထွက်​အ​လွန်​ကောင်း​၏။-
GEN 41:48 ယော​သပ်​သည်​ခု​နစ်​နှစ်​အ​တွင်း​လယ်​များ မှ​ထွက်​သ​မျှ​သော​စ​ပါး​သီး​နှံ​များ​ကို စု​သိမ်း​၍ မြို့​များ​၌​သို​လှောင်​ထား​လေ​သည်။ လယ်​များ​မှ​ထွက်​သော​စ​ပါး​သီး​နှံ​ကို​နီး စပ်​ရာ​မြို့​အ​သီး​သီး​တွင်​သို​လှောင်​စေ​သည်။-
GEN 41:49 သူ​စု​ဆောင်း​ရ​ရှိ​သော​စ​ပါး​သီး​နှံ​တို့​သည် ပင်​လယ်​သဲ​လုံး​တစ်​မျှ​များ​လှ​သော​ကြောင့် မ​ချင်​တွယ်​ဘဲ​ထား​ရ​လေ​သည်။
GEN 41:50 အ​စာ​ခေါင်း​ပါး​ခြင်း​နှစ်​များ​မ​ဆိုက်​ရောက်​မီ ယော​သပ်​သည် မ​ယား​အာ​သ​နတ်​နှင့်​သား​နှစ် ယောက်​ရ​ရှိ​လေ​သည်။-
GEN 41:51 ယော​သပ်​က``ဘု​ရား​သ​ခင်​သည်​ငါ​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ အ​ဖ​၏​အိမ်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း​မေ့​ပျောက်​စေ​တော် မူ​ပြီ'' ဟု​ဆို​၍​သူ​၏​သား​ဦး​ကို​မ​နာ​ရှေ​ဟု နာ​မည်​မှည့်​လေ​၏။-
GEN 41:52 ဒု​တိ​ယ​သား​ရ​သော​အ​ခါ``ဘု​ရား​သ​ခင် သည်​ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သော​ပြည်​တွင် ငါ့​အား သား​သ​မီး​ရ​တ​နာ​ထွန်း​ကား​စေ​တော်​မူ​ပြီ'' ဟု​ဆို​၍​ထို​သား​ကို​ဧ​ဖ​ရိမ်​ဟု​နာ​မည်​မှည့် လေ​၏။
GEN 41:53 အီ​ဂျစ်​ပြည်​တွင်​ရိက္ခာ​ပေါ​ကြွယ်​ဝ​သော ခု​နစ်​နှစ်​ကာ​လ​ကုန်​ဆုံး​လေ​၏။-
GEN 41:54 ထို​နောက်​ယော​သပ်​ပြော​ခဲ့​သည့်​အ​တိုင်း​အ​စာ ခေါင်း​ပါး​သော​ခု​နစ်​နှစ်​ကပ်​ဆိုက်​ရောက်​လာ​လေ ၏။ အ​ခြား​သော​တိုင်း​ပြည်​အ​သီး​သီး​တို့​တွင် လည်း​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ကျ​ရောက်​လျက် ရှိ​သည်။ သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​၌​ရိက္ခာ​ရှိ​လျက် ပင်။-
GEN 41:55 အီ​ဂျစ်​ပြည်​သား​တို့​သည်​အ​စာ​ခေါင်း​ပါး ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​သော​အ​ခါ ဖာ​ရော​ဘုရင် အား​ရိက္ခာ​ပေး​ရန်​တောင်း​ဆို​ကြ​၏။ ထို​အ​ခါ ဖာ​ရော​ဘု​ရင်​က``ယော​သပ်​ထံ​သို့​သွား​ကြ။ သူ​ပြော​သည့်​အ​တိုင်း​ပြု​ကြ​လော့''ဟု​မိန့် တော်​မူ​လေ​၏။-
GEN 41:56 အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အီ​ဂျစ်​ပြည် အ​ရပ်​ရပ်​သို့​ဆိုက်​ရောက်​၍​အ​လွန်​ဆိုး​ရွား လာ​သ​ဖြင့် ယော​သပ်​သည်​စပါး​ကျီ​ရှိ​သ​မျှ တို့​ကို​ဖွင့်​၍​အီ​ဂျစ်​ပြည်​သား​တို့​အား​စပါး ရောင်း​ချ​လေ​၏။-
GEN 41:57 ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လည်း​အ​စာ​ခေါင်း​ပါး ခြင်း​ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် အ​ပြည်​ပြည် မှ​လူ​တို့​သည်​ယော​သပ်​ထံ​သို့​စပါး​ဝယ်​ရန် လာ​ရောက်​ကြ​ကုန်​၏။
GEN 42:1 ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​ရှိ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ သူ​၏​သား​တို့ အား``သင်​တို့​အ​ဘယ်​ကြောင့်​မှိုင်​တွေ​နေ​ကြ သ​နည်း။-
GEN 42:2 အီ​ဂျစ်​ပြည်​၌​စပါး​ရှိ​ကြောင်း​ငါ​ကြား​ရ​သည်။ ငါ​တို့​အ​စာ​ငတ်​၍​မ​သေ​ကြ​စေ​ရန်​သင်​တို့ ထို​ပြည်​သို့​သွား​၍​စ​ပါး​ဝယ်​ကြ​လော့'' ဟု စေ​ခိုင်း​လေ​၏။-
GEN 42:3 ထို​ကြောင့်​ယော​သပ်​၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စပါး​ဝယ်​ရန်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​သွား​ကြ​၏။-
GEN 42:4 ယာ​ကုပ်​သည်​ယော​သပ်​၏​ညီ​ရင်း​ဗင်္ယာ​မိန်​ကို ကား ဘေး​ရောက်​မည်​စိုး​ရိမ်​သော​ကြောင့်​အစ်​ကို များ​နှင့်​အ​တူ​မ​စေ​လွှတ်​ချေ။
GEN 42:5 ခါ​နာန်​ပြည်​တစ်​ပြည်​လုံး​တွင်​အစာ​ခေါင်း​ပါး​ခြင်း ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် ယာ​ကုပ်​၏​သား​တို့​သည် အ​ခြား​သော​စ​ပါး​ဝယ်​ရန်​သွား​သူ​တို့​နှင့်​အ​တူ အီ​ဂျစ်​ပြည်​သို့​သွား​ကြ​၏။-
GEN 42:6 အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​ဖြစ်​သူ​ယော​သပ်​သည် အ​ပြည် ပြည်​မှ​စ​ပါး​ဝယ်​လာ​သော​သူ​တို့​အား​စပါး​ရောင်း ချ​လျက်​ရှိ​၏။ ယော​သပ်​၏​အစ်​ကို​တို့​သည်​လည်း ရောက်​ရှိ​လာ​ကြ​၍​ယော​သပ်​၏​ရှေ့​မှောက်​တွင် ပျပ်​ဝပ်​ကြ​လေ​၏။-
GEN 42:7 ယော​သပ်​သည်​သူ​၏​အစ်​ကို​တို့​ကို​မြင်​၍​မှတ် မိ​သော်​လည်း အစ်​ကို​တို့​ကို​မ​သိ​ဟန်​ဆောင် လျက်``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​ခက်​ထန်​စွာ​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​တို့​သည်​ရိက္ခာ​ဝယ်​ရန် ခါ​နာန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။
GEN 42:8 ယော​သပ်​က​သူ​၏​အစ်​ကို​တို့​ဖြစ်​မှန်း​သိ သော်​လည်း သူ​တို့​က​ယော​သပ်​ကို​မ​သိ​ကြ။-
GEN 42:9 သူ​သည်​သူ​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​သော အိပ်​မက်​ကို​သ​တိ​ရ​၍``သင်​တို့​သည်​သူ​လျှို​များ ဖြစ်​၏။ ဤ​တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​ကြ​သူ​များ​ဖြစ်​သည်'' ဟု​စွပ်​စွဲ လိုက်​လေ​၏။
GEN 42:10 သူ​တို့​က``မ​ဟုတ်​ပါ​အရှင်၊ ကိုယ်​တော်​၏​ကျွန် တို့​သည်​ရိက္ခာ​ဝယ်​ယူ​ရန်​လာ​ကြ​ပါ​သည်။-
GEN 42:11 ကျွန်​တော်​တို့​သည်​ဖခင်​တစ်​ဦး​တည်း​မှ​ပေါက် ဖွား​သော​ညီ​အစ်​ကို​များ​ဖြစ်​ကြ​ပါ​သည်။ ကိုယ်​တော်​ကျွန်​တို့​သည်​သူ​လျှို​များ​မ​ဟုတ် ပါ။ ရိုး​သား​သူ​များ​ဖြစ်​ကြ​ပါ​သည်'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။
GEN 42:12 ယော​သပ်​က​လည်း``သင်​တို့​သည်​ရိုး​သား​သူ​များ မ​ဟုတ်။ တိုင်း​ပြည်​၏​အား​နည်း​ချက်​ကို​ထောက် လှမ်း​ရန်​လာ​သူ​များ​ဖြစ်​ကြ​သည်'' ဟု​တစ်​ဖန် စွပ်​စွဲ​ပြန်​၏။
GEN 42:13 ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ကျွန်​တို့​သည် ခါ​နာန်​ပြည်​၌​နေ​ထိုင်​သော​တစ်​ယောက်​တည်း သော​သူ​၏ သား​တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ သည်။ ညီ​တစ်​ယောက်​သေ​ဆုံး​၍​ညီ​အ​ငယ်​ဆုံး သည် ယ​ခု​ဖ​ခင်​နှင့်​အ​တူ​ကျန်​ရစ်​ခဲ့​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
GEN 42:14 တစ်​ဖန်​ယော​သပ်​က``ငါ​ဆို​ခဲ့​သည့်​အ​တိုင်း သင် တို့​သည်​သူ​လျှို​ဖြစ်​ကြ​၏။-
GEN 42:15 သင်​တို့​ပြော​သ​မျှ​မှန်​သည်​မ​မှန်​သည်​ကို​ဤ​သို့ စစ်​ဆေး​မည်။ ဖာ​ရော​ဘု​ရင်​၏​အ​မိန့်​အာ​ဏာ အ​ရ​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ၏​ညီ​အ​ငယ်​ဆုံး​ကို​ဤ​အ​ရပ်​သို့​မ​ခေါ်​ဆောင်​ခဲ့ လျှင်​သင်​တို့​သည်​ဤ​တိုင်းပြည်​မှ​မ​ထွက်​ခွာ​ရ။-
GEN 42:16 သင်​တို့​အ​နက်​တစ်​ယောက်​ယောက်​ကို​စေ​လွှတ်​၍ သင်​တို့​၏​ညီ​ကို​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သင်​တို့​၏ စ​ကား​မှန်​သည်​မ​မှန်​သည်​ကို​သိ​နိုင်​သည့်​တိုင် အောင် ကျန်​ရစ်​သော​သင်​တို့​ကို​အ​ကျဉ်း​ချ​ထား မည်။ သင်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သင်​တို့​သည်​ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော် မူ​သည်​အ​တိုင်း​သူ​လျှို​များ​မု​ချ​ဖြစ်​ရ​မည်'' ဟု​ဆို​ပြီး​လျှင်၊-
GEN 42:17 သူ​တို့​အား​လုံး​ကို​သုံး​ရက်​ချုပ်​ထား​လေ​၏။
GEN 42:18 တ​တိ​ယ​နေ့​၌ ယော​သပ်​က​သူ​တို့​အား``ငါ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​ဖြစ်​၏။ သင် တို့​အ​သက်​ချမ်း​သာ​စေ​ရန် ဤ​သို့​ပြု​လုပ်​လော့။-
GEN 42:19 သင်​တို့​ရိုး​သား​ကြောင်း​ကို​သက်​သေ​ပြ​ရန်​သင် တို့​အ​နက်​တစ်​ယောက်​ယောက်​သည် ဤ​အ​ကျဉ်း ထောင်​ထဲ​၌​နေ​ရစ်​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့ က​ရိက္ခာ​ပြတ်​နေ​သော​သင်​တို့​၏​မိ​သား​စု အ​တွက် ဝယ်​ယူ​သော​စ​ပါး​ကို​ယူ​ဆောင်​သွား ကြ​လော့။-
GEN 42:20 ထို​နောက်​သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ ၏​စ​ကား​မှန်​ကန်​ကြောင်း​သိ​ရ​မည်။ သင်​တို့​သည် လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု ဆို​လေ​၏။ သူ​တို့​သည်​ယော​သပ်​ပြော​သ​မျှ​သ​ဘော​တူ ကြ​၏။-
GEN 42:21 ထို​နောက်​သူ​တို့​အ​ချင်း​ချင်း​က``အ​ကယ်​စင်​စစ် ငါ​တို့​ညီ​အား​ပြု​ခဲ့​သ​မျှ​အ​တွက် ယ​ခု​ငါ​တို့ ခံ​ရ​ကြ​လေ​ပြီ။ သ​နား​ညှာ​တာ​ရန်​ငါ​တို့​၏​ညီ က​တောင်း​ပန်​သော​အ​ခါ ငါ​တို့​သည်​သူ​၏​စိတ် ဆင်း​ရဲ​ခြင်း​ကို​မြင်​လျက်​နှင့်​သူ့​အား​မ​သ​နား မ​ညှာ​တာ​ခဲ့​ချေ။ ထို့​ကြောင့်​ငါ​တို့​သည်​ယ​ခု ဝဋ်​လည်​နေ​ရ​ကြ​၏'' ဟု​ပြော​ဆို​ကြ​၏။
GEN 42:22 ထို​အ​ခါ​ရု​ဗင်​က``ငါ​သည်​သင်​တို့​အား​သူ​ငယ် ကို ဘေး​ဒုက္ခ​မ​ရောက်​စေ​ပါ​နှင့်​ဟူ​၍​သ​တိ​ပေး ခဲ့​သော်​လည်း​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ထို့ ကြောင့်​ငါ​တို့​သည်​ယ​ခု​ဝဋ်​လည်​နေ​ရ​ကြ​ပြီ'' ဟု​ဆို​လေ​၏။-
GEN 42:23 သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​ယော​သပ် နား​လည်​၏။ ယော​သပ်​သည်​သူ​တို့​နှင့်​ပြော​ဆို​ရာ တွင်​စ​ကား​ပြန်​ကို​အ​သုံး​ပြု​သော​ကြောင့် သူ တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​သူ​နား လည်​မည်​မ​ဟုတ်​ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။
GEN 42:24 ထို​နောက်​ယော​သပ်​သည်​သူ​တို့​ထံ​မှ​ထွက်​သွား​၍ ငို​ကြွေး​လေ​၏။ သူ​သည်​ဣန္ဒြေ​ဆည်​နိုင်​သော​အ​ခါ သူ​တို့​ထံ​ပြန်​၍ သူ​တို့​အ​နက်​ရှိ​မောင်​ကို​ရွေး ထုတ်​လျက်​သူ​တို့​၏​ရှေ့​တွင်​ချည်​နှောင်​စေ​၏။
GEN 42:25 ယော​သပ်​က​သူ​၏​အစ်​ကို​တို့​၏​အိတ်​များ​တွင် စ​ပါး​အ​ပြည့်​ထည့်​ပေး​၍ တစ်​ယောက်​စီ​ထံ​မှ​ရ သော​စ​ပါး​ဖိုး​ငွေ​ကို​အ​သီး​သီး​တို့​၏​အိတ်​၌ ပြန်​ထည့်​ပေး​ရန်​နှင့် လမ်း​ခ​ရီး​၌​စား​ရန်​ရိက္ခာ ကို​လည်း​ထည့်​ပေး​ရန်​အ​မိန့်​ပေး​သည့်​အ​တိုင်း တာ​ဝန်​ခံ​က​ပြု​၏။-
GEN 42:26 ယော​သပ်​၏​အစ်​ကို​တို့​သည်​မြည်း​များ​ပေါ် တွင် စ​ပါး​အိတ်​များ​ကို​တင်​ပြီး​နောက်​ထွက် ခွာ​သွား​ကြ​လေ​၏။-
GEN 42:27 ည​အိပ်​စ​ခန်း​ချ​ရန်​အ​ရပ်​သို့​ရောက်​ကြ​သော အ​ခါ သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​က​မြည်း​ကို အ​စာ​ကျွေး​ရန် သူ​၏​အိတ်​ကို​ဖွင့်​လိုက်​ရာ​အိတ် ဝ​တွင်​မိ​မိ​၏​ငွေ​ကို​တွေ့​ရ​လေ​၏။-
GEN 42:28 သူ​က​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ်​၏​ငွေ​ကို​ပြန် ထည့်​ပေး​လိုက်​ပါ​သည်​တ​ကား'' ဟု​ဆို​၍​စ​ပါး အိတ်​ထဲ​က​ငွေ​ကို​ပြ​လေ​၏။ ထို​အ​ခါ​သူ​တို့ သည်​စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​မည်​သို့​ပြု​တော်​မူ​ဘိ သ​နည်း'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
GEN 42:29 ခါ​နာန်​ပြည်​ရှိ​သူ​တို့​၏​အ​ဖ​ယာ​ကုပ်​ထံ သို့​ရောက်​ကြ​သော​အ​ခါ ဖြစ်​ပျက်​ခဲ့​သ​မျှ အ​ကြောင်း​စုံ​ကို​ဖ​ခင်​အား​ပြော​ပြ​ကြ​လေ သည်။-
GEN 42:30 သူ​တို့​က``အီ​ဂျစ်​ပြည်​ကို​အ​စိုး​ရ​သူ​သည် ကျွန် တော်​တို့​အား​ခက်​ထန်​စွာ​ပြော​ဆို​ဆက်​ဆံ​ပါ သည်။ ကျွန်​တော်​တို့​သည်​သူ​၏​တိုင်း​ပြည်​ကို ထောက်​လှမ်း​သော​သူ​လျှို​များ​ဖြစ်​သည်​ဟု စွပ်​စွဲ​ပါ​သည်။-
GEN 42:31 ကျွန်​တော်​တို့​က`ကျွန်​တော်​တို့​သည်​ရိုး​သား သော​သူ​များ​ဖြစ်​ပါ​သည်။ သူ​လျှို​မ​ဟုတ်​ပါ။-
GEN 42:32 ဖ​ခင်​တစ်​ဦး​တည်း​မှ​ပေါက်​ဖွား​သော​ညီ​အစ်​ကို တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ​သည်။ တစ်​ယောက် သည်​သေ​ဆုံး​၍ ညီ​အ​ငယ်​ဆုံး​သည်​အ​ဖ​နှင့် ခါ​နာန်​ပြည်​၌​ရှိ​နေ​ပါ​သည်' ဟု​လျှောက်​ကြ ပါ​သည်။-
GEN 42:33 ထို​ပြည်​ကို​အုပ်​စိုး​သူ​က`သင်​တို့​သည်​ရိုး​သား သူ​များ​ဖြစ်​ကြောင်း​ကို ငါ​သိ​နိုင်​ရန်​ဤ​သို့​ပြု လုပ်​ရ​မည်။ သင်​တို့​အ​နက်​တစ်​ယောက်​ကို​ငါ​ထံ ၌​ထား​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့​က​ရိက္ခာ​ပြတ် နေ​သော​သင်​တို့​၏​မိ​သား​စု​ထံ​သို့​စ​ပါး​ယူ ၍​ပြန်​ကြ​လော့။-
GEN 42:34 သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့​ခေါ် ဆောင်​ခဲ့​လော့။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ သူ​လျှို​မ​ဟုတ်၊ ရိုး​သား​သူ​များ​ဖြစ်​သည်​ကို ငါ​သိ​နိုင်​မည်။ ထို​နောက်​သင်​တို့​၏​ညီ​ကို​သင် တို့​ထံ​သို့​ငါ​ပြန်​အပ်​မည်။ သင်​တို့​သည်​လည်း ဤ​ပြည်​တွင်​နေ​ထိုင်​၍​ရောင်း​ဝယ်​ဖောက်​ကား နိုင်​ကြ​မည်' '' ဟူ​၍​ဆို​ကြ​၏။
GEN 42:35 သူ​တို့​သည်​စ​ပါး​အိတ်​များ​ကို​သွန်​ချ​ကြ သော​အ​ခါ လူ​တိုင်း​က​မိ​မိ​၏​ငွေ​ထုပ်​ကို​မိ​မိ အိတ်​ထဲ​တွင်​တွေ့​ရ​လေ​သော် အ​ဖ​နှင့်​တ​ကွ သား​တို့​သည်​ကြောက်​လန့်​ကြ​၏။-
GEN 42:36 သူ​တို့​အ​ဖ​က``သင်​တို့​သည်​ငါ့​သား​များ​ကို တစ်​ယောက်​ပြီး​တစ်​ယောက်​ဆုံး​ပါး​စေ​တော့ မည်​လော။ ယော​သပ်​လည်း​မ​ရှိ။ ရှိ​မောင်​လည်း မ​ရှိ။ ယ​ခု​ဗင်္ယာ​မိန်​ကို​ခေါ်​ဆောင်​သွား​ကြ ဦး​မည်​လော။ ငါ​၌​အ​တိ​ဒုက္ခ​ရောက်​ရ​ပါ သည်​တ​ကား'' ဟု​ဆို​လေ​၏။
GEN 42:37 ထို​အ​ခါ​ရု​ဗင်​က​အ​ဖ​အား``ဗင်္ယာ​မိန်​ကို အ​ဖ​ထံ​သို့​ကျွန်​တော်​ပြန်​၍​မ​ခေါ်​နိုင်​ခဲ့ လျှင် ကျွန်​တော်​၏​သား​နှစ်​ယောက်​သေ​ဒဏ်​ခံ ရ​ပါ​စေ။ သူ့​အ​တွက်​ကျွန်​တော်​တာ​ဝန်​ယူ ပါ​မည်။ အဖ​ထံ​သို့​သူ့​ကို​ကျွန်​တော်​အ​ရောက် ပြန်​လည်​ခေါ်​ဆောင်​ခဲ့​ပါ​မည်'' ဟု​ပြော​လေ​၏။
GEN 42:38 သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။
GEN 43:1 ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​ပို​၍​ဆိုး​ရွား​လာ​လေ​၏။-
GEN 43:2 ယာ​ကုပ်​၏​မိသား​စု​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ဝယ် ယူ​ခဲ့​သော​စ​ပါး​ကို စား​သုံး​၍​ကုန်​သော​အ​ခါ ယာ​ကုပ်​က​သား​တို့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် သွား​၍​ရိက္ခာ​ဝယ်​ကြ​ဦး'' ဟု​စေ​ခိုင်း​လေ​၏။
GEN 43:3 ယု​ဒ​က​ယာ​ကုပ်​အား``အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​က ကျွန်​တော်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သူ​၏​ရှေ့​တော်​မှောက်​သို့​မ​ဝင်​ရ​ဟူ​၍​အ​တိ အ​လင်း​သ​တိ​ပေး​ပါ​သည်။-
GEN 43:4 အ​ဖ​က​ညီ​ကို​ကျွန်​တော်​တို့​နှင့်​အ​တူ​သွား ခွင့်​ပြု​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​၍​အဖ အ​တွက်​ရိက္ခာ​ဝယ်​ယူ​ပါ​မည်။-
GEN 43:5 အ​ဖ​က​ကျွန်​တော်​တို့​နှင့်​အ​တူ​ညီ​ကို​သွား​ခွင့် မ​ပေး​လျှင် သင်​တို့​၏​ညီ​မ​ပါ​ခဲ့​လျှင်​ငါ​၏​ရှေ့ မှောက်​သို့​မ​ဝင်​ရ​ဟု​ဘု​ရင်​ခံ​က​အ​မိန့်​ရှိ​သ​ဖြင့် ကျွန်​တော်​တို့​မ​သွား​ဝံ့​ပါ'' ဟု​ပြော​လေ​၏။
GEN 43:6 ထို​အ​ခါ​ယာ​ကုပ်​က``သင်​တို့​တွင်​ညီ​တစ်​ယောက် ရှိ​သေး​သည်​ဟု ထို​သူ​အား​အ​ဘယ်​ကြောင့်​ပြော ရ​သ​နည်း။ ငါ့​ကို​ဤ​မျှ​စိတ်​ဆင်း​ရဲ​အောင်​အ​ဘယ် ကြောင့်​ပြု​လုပ်​ရ​သ​နည်း'' ဟု​ဆို​၏။
GEN 43:7 သူ​တို့​က``ထို​သူ​သည်​ကျွန်​တော်​တို့​၏​မိ​သား စု​အ​ကြောင်း​ကို စေ့​စေ့​စပ်​စပ်​မေး​မြန်း​ပါ​သည်။ သူ​က`သင်​တို့​၏​အဖ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော။ သင်​တို့​တွင်​ညီ​ရှိ​သေး​သ​လော' ဟု မေး​ပါ​သည်။ ကျွန်​တော်​တို့​က​သူ​၏​မေး​ခွန်း များ​ကို​ဖြေ​ရ​ပါ​သည်။ သူ​က​ကျွန်​တော်​တို့ ၏​ညီ​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​စေ ခိုင်း​လိမ့်​မည်​ဟု​ကျွန်​တော်​တို့​အ​ဘယ်​သို့​သိ နိုင်​မည်​နည်း'' ဟု​ဖြေ​ကြား​ကြ​၏။
GEN 43:8 ယု​ဒ​က​အ​ဖ​အား``သူ​ငယ်​ကို​ကျွန်​တော်​နှင့် အ​တူ​ထည့်​လိုက်​ပါ။ ယ​ခု​ပင်​ခ​ရီး​စ​ထွက် ကြ​ပါ​မည်။ သို့​မှ​သာ​ကျွန်​တော်​တို့​အား​လုံး အ​စာ​မ​ငတ်​ဘဲ​အ​သက်​ချမ်း​သာ​ရာ​ရ ကြ​ပါ​မည်။-
GEN 43:9 ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​အာ​မ​ခံ​ပါ မည်။ သူ့​အ​တွက်​တာ​ဝန်​ယူ​ပါ​မည်။ သူ​ငယ် ကို​အ​ဖ​ထံ​သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​၍ မ​ခေါ်​ဆောင်​ခဲ့​လျှင် ကျွန်​တော်​သည်​တစ်​သက် လုံး​အ​ပြစ်​တင်​ခံ​ရ​ပါ​စေ။-
GEN 43:10 ကျွန်​တော်​တို့​သည်​ဤ​မျှ​လောက်​မ​နှောင့်​နှေး မ​ဆိုင်း​တွ​ခဲ့​လျှင် အီ​ဂျစ်​ပြည်​သို့​အ​သွား အ​ပြန်​ခ​ရီး​နှစ်​ခေါက်​ရ​နိုင်​ပါ​ပြီ'' ဟု​ဆို လေ​၏။
GEN 43:11 ထို​အ​ခါ​သူ​တို့​အ​ဖ​က``သို့​ဖြစ်​လျှင်​ဤ​ကဲ့ သို့​ပြု​လုပ်​ကြ​လော့။ ခါ​နာန်​ပြည်​မှ​အ​ကောင်း ဆုံး​ထွက်​ကုန်​များ​ဖြစ်​သော​ဗာ​လ​စံ​စေး​အ​နည်း ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ဘု​ရင်​ခံ​အား လက်​ဆောင်​ဆက်​သ​ရန်​သင်​တို့​အိတ်​များ​တွင် ထည့်​၍​ယူ​သွား​ကြ​လော့။-
GEN 43:12 သင်​တို့​၏​စ​ပါး​အိတ်​ဝ​များ​၌​ထည့်​ပေး​လိုက် သော​ငွေ​ကို​ပြန်​ပေး​ရ​မည်​ဖြစ်​၍ ငွေ​ကို​နှစ်​ဆ ယူ​သွား​ကြ​လော့။ ပြန်​ထည့်​ပေး​လိုက်​သော​ငွေ မှာ​မှား​ပြီး​ပြန်​ထည့်​ပေး​လိုက်​ဟန်​တူ​သည်။-
GEN 43:13 သင်​တို့​ညီ​ကို​ခေါ်​ဆောင်​လျက်​ထို​သူ​ထံ​သို့ သွား​ကြ​လော့။-
GEN 43:14 ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။
GEN 43:15 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့​သည်​လက်​ဆောင်​များ နှင့်​ငွေ​နှစ်​ဆ​ကို​ယူ​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ သွား​ကြ​လေ​သည်။ သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် လည်း​လိုက်​ပါ​သွား​လေ​၏။ ထို​ပြည်​သို့​ရောက် သော​အ​ခါ​သူ​တို့​သည်​ယော​သပ်​ထံ​သို့​ဝင် ၍​ခ​စား​ကြ​၏။-
GEN 43:16 ယော​သပ်​သည်​သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန်​ပါ လာ​သည်​ကို​မြင်​လျှင် သူ​၏​အိမ်​တော်​ဝန်​အား``ဤ သူ​တို့​ကို​ငါ့​အိမ်​သို့​ခေါ်​ဆောင်​သွား​လော့။ သား ကောင်​တစ်​ကောင်​ကို​သတ်​၍​ဟင်း​လျာ​ပြင်​လော့။ ငါ​သည်​သူ​တို့​နှင့်​နေ့​လည်​စာ​ကို​သုံး​ဆောင် မည်'' ဟု​စေ​ခိုင်း​လေ​၏။-
GEN 43:17 အိမ်​တော်​ဝန်​သည်​စေ​ခိုင်း​သည့်​အ​တိုင်း​ထို သူ​တို့​ကို​ယော​သပ်​၏​အိမ်​သို့​ခေါ်​ဆောင်​ခဲ့ လေ​၏။
GEN 43:18 ညီ​အစ်​ကို​တို့​သည်​ယော​သပ်​အိမ်​သို့​လိုက်​ပါ လာ​ကြ​စဉ်``ပ​ထ​မ​အ​ခေါက်​တွင်​ငါ​တို့​၏ စပါး​အိတ်​များ​၌​ငွေ​များ​ပြန်​ထည့်​ပေး​လိုက် သည့်​ကိစ္စ​ကို​အ​ကြောင်း​ပြု​ပြီး​လျှင် သူ​တို့ သည်​ငါ​တို့​အား​ဖမ်း​ဆီး​လျက်​မြည်း​များ​ကို သိမ်း​ယူ​၍​သူ့​ထံ​၌​ကျွန်​ခံ​စေ​လိမ့်​မည်'' ဟု တွေး​တော​ကာ​စိုး​ရိမ်​ကြောက်​ရွံ့​ကြ​၏။-
GEN 43:19 သို့​ဖြစ်​၍​သူ​တို့​သည်​အိမ်​တံ​ခါး​ဝ​သို့ ရောက်​သော​အ​ခါ ယော​သပ်​၏​အိမ်​တော်​ဝန်​အား၊-
GEN 43:20 ``အ​ရှင်၊ ကျွန်​တော်​တို့​သည်​ဤ​ပြည်​သို့​ရိက္ခာ ဝယ်​ရန် ယ​ခင်​က​တစ်​ခေါက်​ရောက်​ခဲ့​ပါ​သည်။-
GEN 43:21 အိမ်​ပြန်​ခရီး​တွင်​စ​ခန်း​ချ​၍​စပါး​အိတ်​များ ကို​ဖွင့်​လိုက်​ရာ တစ်​ယောက်​စီ​၏​အိတ်​ဝ​တွင် မိ​မိ​၏​စပါး​ဖိုး​ငွေ​မ​လျော့​ဘဲ​တွေ့​ရ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ထို​ငွေ​ကို​ယ​ခု​ပြန်​၍ ယူ​ခဲ့​ကြ​ပါ​သည်။-
GEN 43:22 ရိက္ခာ​ထပ်​၍​ဝယ်​ရန်​ငွေ​ပို​လည်း​ယူ​ခဲ့​ပါ​သည်။ ကျွန်​တော်​တို့​၏​စပါး​အိတ်​များ​တွင်​မည်​သူ က​ငွေ​ကို​ပြန်​ထည့်​ထား​သည်​ကို​မ​သိ​ရ​ပါ'' ဟု​ပြော​ပြ​လေ​၏။
GEN 43:23 အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။
GEN 43:24 အိမ်​တော်​ဝန်​သည်​သူ​တို့​ကို​အိမ်​ထဲ​သို့​ဝင်​စေ ၏။ သူ​တို့​၏​ခြေ​များ​ကို​ဆေး​ကြော​ရန်​ရေ​ကို ပေး​၍​သူ​တို့​၏​မြည်း​များ​ကို​အ​စာ​ကျွေး ၏။-
GEN 43:25 မွန်း​တည့်​အ​ချိန်​၌​ယော​သပ်​သည်​သူ​တို့​နှင့် အ​တူ​စား​သောက်​မည်​ဟု​ကြား​သိ​ရ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​၏​လက်​ဆောင်​များ​ကို အ​သင့်​ပြင်​ထား​ကြ​၏။-
GEN 43:26 ယော​သပ်​အိမ်​သို့​ပြန်​လာ​သော​အ​ခါ​သူ​တို့ သည် မိ​မိ​တို့​နှင့်​ပါ​လာ​သော​လက်​ဆောင်​များ ကို​အိမ်​ထဲ​သို့​ယူ​ဆောင်​လာ​ပြီး​လျှင် ယော​သပ် အား​ဆက်​သ​၍​သူ​၏​ရှေ့​တွင်​ပျပ်​ဝပ်​ကြ လေ​သည်။-
GEN 43:27 ယော​သပ်​သည်​သူ​တို့​အား​နှုတ်​ခွန်း​ဆက်​ပြီး နောက်``သင်​တို့​ပြော​သော​သင်​တို့​၏​ဖခင်​အို သည်​ကျန်း​မာ​ပါ​၏​လော။ သူ​အသက်​ရှင်​လျက် ရှိ​ပါ​သေး​သ​လော'' ဟု​မေး​မြန်း​လေ​၏။
GEN 43:28 သူ​တို့​က``အရှင့်​ကျွန်၊ ကျွန်​တော်​တို့​၏​အ​ဖ​သည် ကျန်း​မာ​၍​အ​သက်​ရှင်​လျက်​ရှိ​ပါ​၏'' ဟု​ဖြေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​ယော​သပ်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။
GEN 43:29 ယော​သပ်​သည်​မိ​မိ​အ​မိ​၏​သား​မိ​မိ​၏​ညီ ဗင်္ယာ​မိန်​ကို​မြင်​သော​အ​ခါ``ဤ​သူ​ငယ်​သည် သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ဆို​သူ​ဖြစ်​ပါ​သ လော။ လူ​က​လေး​သင့်​အား​ဘု​ရား​ကောင်း​ချီး ပေး​ပါ​စေ​သော'' ဟု​ဆို​လေ​၏။-
GEN 43:30 ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။-
GEN 43:31 ထို​နောက်​သူ​သည်​မျက်​နှာ​သစ်​ပြီး​လျှင်​အ​ပြင် သို့​ထွက်​လာ​၍ မိ​မိ​၏​စိတ်​ကို​ထိန်း​လျက်​စား သောက်​ပွဲ​ကို​ပြင်​ရန်​အ​မိန့်​ပေး​လေ​သည်။-
GEN 43:32 ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-
GEN 43:33 ညီ​အစ်​ကို​တို့​သည်​အ​သက်​ကြီး​စဉ်​ငယ်​လိုက် ယော​သပ်​၏​ရှေ့​တွင်​ထိုင်​ရ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​အား​နေ​ရာ​ချ​ထား​ပုံ​ကို​မြင်​ကြ သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​၍​အံ့​အား​သင့်​လျက်​ရှိ​ကြ​၏။-
GEN 43:34 ယော​သပ်​သည်​မိ​မိ​စား​ပွဲ​မှ​အ​စား​အ​စာ များ​ကို​သူ​တို့​ထံ​သို့​ပို့​ပေး​၏။ ဗင်္ယာ​မိန်​သည် အ​ခြား​သူ​များ​ထက်​ငါး​ဆ​ပို​၍​ရ​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ယော​သပ်​နှင့်​အ​တူ စား​သောက်​ပျော်​မြူး​ကြ​လေ​၏။
GEN 44:1 ယော​သပ်​သည်​အိမ်​တော်​ဝန်​အား``ထို​သူ​တို့ ၏​အိတ်​များ​တွင်​ရိက္ခာ​စပါး​ကို​သူ​တို့​သယ်​နိုင် သ​မျှ​ဖြည့်​ပေး​လော့။ တစ်​ယောက်​စီ​၏​အိတ်ဝ ၌​လည်း​သူ​၏​စပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့။-
GEN 44:2 အငယ်​ဆုံး​သော​သူ​၏​အိတ်​ဝ​တွင်​ငါ​၏​ဖ​လား​နှင့် သူ​၏​စ​ပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့'' ဟု​အ​မိန့် ပေး​၏။ အိမ်​တော်​ဝန်​သည်​ယော​သပ်​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။-
GEN 44:3 နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​မြည်း များ​နှင့်​တ​ကွ​ထွက်​သွား​ကြ​လေ​၏။-
GEN 44:4 သူ​တို့​သည်​မြို့​နှင့်​မ​လှမ်း​မ​ကမ်း​သော​အ​ရပ် သို့​ရောက်​ကြ​သော​အ​ခါ​ယော​သပ်​က သူ​၏​အိမ် တော်​ဝန်​အား``ထို​သူ​တို့​နောက်​သို့​အမြန်​လိုက်​လော့။ သူ​တို့​ကို​မီ​သော​အ​ခါ`သင်​တို့​သည်​အ​ဘယ် ကြောင့်​ကျေး​ဇူး​ရှင်​ကို​ကျေး​စွပ်​ရ​သ​နည်း။-
GEN 44:5 ငါ့​သ​ခင်​၏​ငွေ​ဖ​လား​ကို​အ​ဘယ်​ကြောင့်​ခိုး​ရ သ​နည်း။ ထို​ဖ​လား​သည်​ငါ့​သ​ခင်​သောက်​သော ဖ​လား၊ နိ​မိတ်​ဖတ်​သော​ဖ​လား​ဖြစ်​၏။ သင်​တို့ သည်​ကြီး​လေး​သော​ပြစ်​မှု​ကို​ကူး​လွန်​လေ ပြီ' ဟု​ပြော​လော့'' ဟူ​၍​စေ​ခိုင်း​လေ​၏။
GEN 44:6 အိမ်​တော်​ဝန်​သည်​ထို​သူ​တို့​နောက်​သို့​လိုက်​၍ မီ​သော​အ​ခါ ယော​သပ်​မှာ​ကြား​လိုက်​သည့် အ​တိုင်း​သူ​တို့​အား​ပြော​လေ​၏။-
GEN 44:7 ထို​အ​ခါ​သူ​တို့​က``အ​ရှင်၊ ကျွန်​တော်​တို့​ကို ဤ​သို့​မစွပ်​စွဲ​ပါ​နှင့်။ ကျွန်​တော်​တို့​သည်​ထို သို့​သော​ပြစ်​မှု​ကို​မ​ကူး​လွန်​ကြောင်း​ကျိန် ဆို​ပါ​သည်။-
GEN 44:8 ကျွန်​တော်​တို့​၏​အိတ်​ဝ​များ​၌​တွေ့​ရှိ​သော ငွေ​ကို​ပင် ခါ​နာန်​ပြည်​မှ​ပြန်​၍​ယူ​ခဲ့​ကြောင်း အ​ရှင်​သိ​ပါ​သည်။ သို့​ဖြစ်​၍​ကျွန်​တော်​တို့ သည်​ဘု​ရင်​ခံ​၏​အိမ်​မှ​ရွှေ​ငွေ​ကို​အ​ဘယ် ကြောင့်​ခိုး​ယူ​ရ​ပါ​မည်​နည်း။-
GEN 44:9 ကျွန်​တော်​တို့​အ​နက်​တစ်​ယောက်​ယောက်​ထံ ၌​ထို​ဖ​လား​ကို​တွေ့​လျှင် ထို​သူ​သည်​သေ ဒဏ်​သင့်​ပါ​စေ။ ကျန်​သော​ကျွန်​တော်​တို့​သည် လည်း​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​ဆို လေ​၏။
GEN 44:10 အိမ်​တော်​ဝန်​က``သင်​တို့​ပြော​သည့်​အ​တိုင်း ဖြစ်​ပါ​စေ။ သို့​ရာ​တွင်​ဖ​လား​ကို​ခိုး​သော​သူ သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ​မည်။ ကျန်​သော သူ​တို့​သည်​ချမ်း​သာ​ခွင့်​ရ​စေ​မည်'' ဟု​ဆို​၏။-
GEN 44:11 ထို​ကြောင့်​သူ​တို့​သည်​အ​သီး​သီး​မိ​မိ​တို့ ၏​အိတ်​များ​ကို​မြေ​ပေါ်​သို့​အ​လျင်​အ​မြန် ချ​၍​ဖွင့်​ပြ​ကြ​၏။-
GEN 44:12 အိမ်​တော်​ဝန်​သည်​ညီ​အစ်​ကို​တို့​တွင်​အ​သက် အ​ကြီး​ဆုံး​မှ​အ​ငယ်​ဆုံး​အ​ထိ အ​စဉ်​လိုက် တစ်​ဦး​စီ​၏​အိတ်​ကို​ရှာ​ဖွေ​ရာ​ဗင်္ယာ​မိန် အိတ်​တွင်​ဖ​လား​ကို​တွေ့​ရ​လေ​၏။-
GEN 44:13 ထို​အ​ခါ​သူ​တို့​သည်​စိတ်​ပျက်​ဝမ်း​နည်း​လျက် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ကြ​၏။ ထို​နောက် မြည်း​များ​ပေါ်​သို့​စပါး​အိတ်​များ​ကို​တင်​ပြီး လျှင်​မြို့​ထဲ​သို့​ပြန်​၍​လိုက်​လာ​ကြ​လေ​သည်။
GEN 44:14 ယု​ဒ​နှင့်​ညီ​များ​တို့​သည် ယော​သပ်​၏​အိမ်​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ ယော​သပ်​သည်​အိမ်​၌ ရှိ​နေ​သေး​၏။ သူ​တို့​သည်​ယော​သပ်​၏​ရှေ့​တွင် ပျပ်​ဝပ်​ကြ​၏။-
GEN 44:15 ယော​သပ်​က``သင်​တို့​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု ဘိ​သ​နည်း။ ငါ​သည်​သင်​တို့​ပြု​သ​မျှ​တို့​ကို နိ​မိတ်​ဖတ်​ခြင်း​ဖြင့်​သိ​နိုင်​စွမ်း​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​လေ​၏။
GEN 44:16 ယု​ဒ​က``ကျွန်​တော်​တို့​သည် အ​ရှင်​အား​မည်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ မည်​ကဲ့​သို့​ဆင်​ခြေ တက်​နိုင်​ပါ​မည်​နည်း။ ကျွန်​တော်​တို့​မ​ကူး​လွန် ကြောင်း မည်​ကဲ့​သို့​သက်​သေ​အ​ထောက်​အ​ထား ပြ​နိုင်​ပါ​အံ့​နည်း။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် က​ကျွန်​တော်​တို့​၏​အ​ပြစ်​ကို​ဖော်​ထုတ်​တော် မူ​ပါ​ပြီ။ ဖ​လား​နှင့်​တွေ့​ရ​သူ​တစ်​ဦး​သာ​မ​က ကျွန်​တော်​တို့​အား​လုံး​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ မည်'' ဟု​လျှောက်​ထား​လေ​၏။
GEN 44:17 ယော​သပ်​က``ထို​သို့​ငါ​မ​ပြု​လုပ်​နိုင်။ ဖ​လား နှင့်​တွေ့​ရ​သူ​ကို​သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ မည်။ ကျန်​သော​သူ​တို့​သည်​သင်​တို့​၏​အဖ​ထံ သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​သွား​ကြ​လော့''ဟု ဆို​လေ​၏။
GEN 44:18 ထို​နောက်​ယု​ဒ​သည်​ယော​သပ်​ထံ​သို့​ချဉ်း​ကပ် ၍``အ​ရှင်​အား​စ​ကား​တစ်​ခွန်း​ကို​လျှောက်​တင် ပါ​ရ​စေ။ ကျွန်​တော်​အား​အ​မျက်​ထွက်​တော်​မ မူ​ပါ​နှင့်။ အ​ရှင်​သည်​ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ပင်​ကြီး​မြတ်​တော်​မူ​ပါ​၏။-
GEN 44:19 အ​ရှင်​က`သင်​တို့​တွင်​ဖ​ခင်​ရှိ​သေး​သ​လော။ ညီ​ရှိ သေး​သ​လော' ဟု​မေး​ပါ​သည်။-
GEN 44:20 ကျွန်​တော်​တို့​က​အ​သက်​အ​ရွယ်​အို​မင်း​သော ဖ​ခင်​ရှိ​ပါ​သည်။ ဖ​ခင်​အ​သက်​ကြီး​မှ​ရ​သော ညီ​တစ်​ယောက်​လည်း​ရှိ​ပါ​သေး​သည်။ ထို​သူ​ငယ် ၏​အစ်​ကို​အ​ရင်း​သေ​ဆုံး​ပြီ​ဖြစ်​သော​ကြောင့် သူ​၏​မိ​ခင်​ဖွား​သည့်​သား​များ​အ​နက်​ဤ သား​တစ်​ယောက်​တည်း​သာ​ကျန်​ရှိ​ပါ​သည်။ သူ​၏​ဖခင်​က​သူ့​အား​အ​လွန်​ချစ်​ပါ​သည်' ဟု​ပြော​ကြား​ခဲ့​ပါ​သည်။-
GEN 44:21 အ​ရှင်​က`ထို​သူ​ငယ်​ကို​ခေါ်​ဆောင်​ခဲ့​ကြ၊ ငါ တွေ့​မြင်​လို​သည်' ဟု​မိန့်​ကြား​ပါ​သည်။-
GEN 44:22 ကျွန်​တော်​တို့​က`သူ​ငယ်​သည်​အ​ဖ​နှင့်​မ​ခွဲ​နိုင် ပါ။ အ​ဖ​နှင့်​ခွဲ​ခွာ​ခဲ့​လျှင်​အ​ဖ​သေ​ပါ​လိမ့် မည်' ဟု​ပြော​ပါ​သည်။-
GEN 44:23 ထို​အ​ခါ​အ​ရှင်​က`သင်​တို့​၏​ညီ​မ​ပါ​လာ​လျှင် ငါ့​ထံ​သို့​နောက်​တစ်​ဖန်​မ​ဝင်​ရ' ဟု​မိန့်​ကြား ပါ​သည်။
GEN 44:24 ``ကျွန်​တော်​တို့​အ​ဖ​ထံ​သို့​ပြန်​ရောက်​ကြ​သော အ​ခါ အ​ရှင်​မိန့်​ကြား​သ​မျှ​ကို​အဖ​အား​ပြန် ကြား​ပါ​သည်။-
GEN 44:25 ထို​နောက်​အ​ဖ​က`သင်​တို့​သွား​၍​ငါ​တို့​အ​တွက် ရိက္ခာ​ဝယ်​ဦး​လော့' ဟု​စေ​ခိုင်း​ပါ​သည်။-
GEN 44:26 ကျွန်​တော်​တို့​က`ကျွန်​တော်​တို့​မ​သွား​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​၏​ညီ​အ​ငယ်​ဆုံး​မ​လိုက်​ပါ​ခဲ့​လျှင် ဘု​ရင်​ခံ​ထံ​သို့​ဝင်​ရ​မည်​မ​ဟုတ်​ပါ။ ကျွန်​တော် တို့​၏​ညီ​အ​ငယ်​ဆုံး​လိုက်​ပါ​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​ပါ​မည်' ဟု​ဖ​ခင်​အား​ပြန် ပြော​ပါ​သည်။-
GEN 44:27 ဖ​ခင်​က`သင်​တို့​သိ​သည့်​အ​တိုင်း​ရာ​ခေ​လ​သည် သား​နှစ်​ယောက်​တည်း​ဖွား​မြင်​၍၊-
GEN 44:28 သား​တစ်​ယောက်​မှာ​မ​ရှိ​တော့​ပြီ။ သူ​သည်​သား​ရဲ တိ​ရစ္ဆာန်​တို့​၏​ကိုက်​ဖြတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ ထို့​ကြောင့်​ငါ​သည်​ယ​နေ့​ထက်​တိုင်​သူ့​ကို​မ​မြင်​ရ။-
GEN 44:29 ယ​ခု​ဤ​သား​ကို​သင်​တို့​ခေါ်​ဆောင်​သွား​၍​သူ​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ​သော် သင်​တို့​အ​ဖေ​အို ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ​ရ​ပါ​မည်' ဟု​ဆို​ပါ​သည်။
GEN 44:30 ``သို့​ဖြစ်​၍​ကျွန်​တော်​သည်​သူ​ငယ်​မ​ပါ​ဘဲ​နှင့် အ​ဖ​ထံ​သို့​ပြန်​ရောက်​လျှင် အ​ဖ​က​ကျွန်​တော် တို့​နှင့်​အ​တူ​သူ​ငယ်​မ​ပါ​လာ​ကြောင်း​သိ​ရ​သော် သူ​သည်​မု​ချ​သေ​ရ​ပါ​လိမ့်​မည်။ ဖ​ခင်​သည်​ဤ သူ​ငယ်​ကြောင့်​သာ​အ​သက်​ရှင်​လျက်​ရှိ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ဖ​ခင်​အို​အား​ယူကြုံး​မ​ရ ဝမ်း​နည်း​လျက်​သေ​စေ​အောင်​ပြု​လုပ်​ရာ​ရောက် ပါ​မည်။-
GEN 44:32 ထို့​အ​ပြင်​ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​ဖ​ခင် ထံ​၌​အာ​မ​ခံ​ခဲ့​သူ​ပင်​ဖြစ်​ပါ​သည်။ ကျွန်​တော် က`သူ​ငယ်​ကို​ဖ​ခင်​ထံ​သို့​ပြန်​၍​မ​ခေါ်​ဆောင်​ခဲ့ လျှင်​ကျွန်​တော်​သည်​တစ်​သက်​လုံး​အ​ပြစ်​ခံ ပါ​ရ​စေ' ဟု​ဖ​ခင်​အား​ကတိ​ပေး​ခဲ့​ပါ​သည်။-
GEN 44:33 ထို့​ကြောင့်​သူ​ငယ်​၏​ကိုယ်​စား​ကျွန်​တော်​သည် အ​ရှင့်​ထံ​၌​ကျွန်​ခံ​နေ​ရစ်​ပါ​ရ​စေ။ သူ​ငယ် ကို​သူ​၏​အစ်​ကို​များ​နှင့်​ပြန်​ခွင့်​ပြု​ရန်​တောင်း ပန်​ပါ​သည်။-
GEN 44:34 ကျွန်​တော်​သည်​သူ​ငယ်​မ​ပါ​ဘဲ​ဖခင်​ထံ​သို့​မည် သို့​ပြန်​နိုင်​ပါ​မည်​နည်း။ ဖ​ခင်​ခံ​ရ​မည့်​စိတ်​ဆင်း ရဲ​ခြင်း​ကို​ကျွန်​တော်​မ​မြင်​ရက်​နိုင်​ပါ'' ဟု လျှောက်​ထား​လေ​၏။
GEN 45:1 ယော​သပ်​သည်​မိ​မိ​၏​စိတ်​ခံ​စား​ချက်​ကို​မ​ချုပ် တီး​နိုင်​သ​ဖြင့် သူ​၏​အ​မှု​ထမ်း​တို့​အား​လုံး​ကို အ​ခန်း​တွင်း​မှ​ထွက်​သွား​ရန်​အ​မိန့်​ပေး​သည်။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​အား မိ​မိ​၏​ဇာ​တိ​ကို​ထုတ်​ဖော်​ပြော​သည့်​အ​ခါ​၌ အ​ခြား​မည်​သူ​တစ်​ယောက်​မျှ​သူ​နှင့်​အ​တူ မ​ရှိ​ချေ။-
GEN 45:2 သို့​ရာ​တွင်​သူ​၏​ကျယ်​လောင်​စွာ​ငို​ကြွေး​သံ​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​ကြား​ရ​၏။ ထို​သို့​ငို ကြွေး​သည့်​သ​တင်း​သည်​ဖာ​ရော​ဘု​ရင်​နန်း တော်​သို့​တိုင်​အောင်​ပေါက်​ကြား​လေ​၏။-
GEN 45:3 ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​ယော​သပ်​ဖြစ်​ပါ​သည်။ ကျွန်ုပ်​၏​အ​ဖ အ​သက်​ရှင်​လျက်​ရှိ​သေး​သ​လော'' ဟု​မေး လေ​၏။ သို့​ရာ​တွင်​သူ​၏​ညီ​အစ်​ကို​တို့​သည် စိုး​ရိမ်​ကြောက်​လန့်​ကြ​သ​ဖြင့်​ပြန်​၍​ပင် မ​ဖြေ​နိုင်​ကြ​ချေ။-
GEN 45:4 ထို​နောက်​ယော​သပ်​က``ကျွန်ုပ်​အ​နား​သို့​လာ​ကြ ပါ'' ဟု​ဆို​သ​ဖြင့်​သူ​တို့​သည်​ယော​သပ်​အ​နား သို့​ချဉ်း​ကပ်​လာ​ကြ​၏။ ယော​သပ်​က``ကျွန်ုပ်​သည် သင်​တို့​အီ​ဂျစ်​ပြည်​သို့​ရောင်း​လိုက်​သော​သင်​တို့ ၏​ညီ​ယော​သပ်​ဖြစ်​ပါ​သည်။-
GEN 45:5 သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့​ရောင်း​ချ မိ​သော​ကြောင့်​စိတ်​မ​ညှိုး​ငယ်​ကြ​ပါ​နှင့်။ မိ​မိ တို့​ကိုယ်​ကို​လည်း​အ​ပြစ်​မ​တင်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​သက် ကို​ကယ်​ဆယ်​ခြင်း​ငှာ သင်​တို့​အ​လျင်​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ခဲ့​ခြင်း​ဖြစ်​သည်။-
GEN 45:6 တိုင်း​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက် သည်​မှာ ယ​ခု​နှစ်​နှစ်​မျှ​သာ​ရှိ​သေး​သည်။ ထွန် ယက်​စိုက်​ပျိုး​ခြင်း​နှင့်​စပါး​ရိတ်​သိမ်း​ခြင်း​မ​ပြု လုပ်​နိုင်​သော​နှစ်​ငါး​နှစ်​ကျန်​သေး​၏။-
GEN 45:7 ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​သင်​တို့​၏​သား မြေး​များ​အ​သက်​ရှင်​ကျန်​ရစ်​စေ​ရန် ဤ​သို့​အံ့​သြ ဖွယ်​ကောင်း​သော​နည်း​ဖြင့် သင်​တို့​ကို​ကယ်​ဆယ်​စေ ခြင်း​ငှာ​ကျွန်ုပ်​ကို​အ​လျင်​စေ​လွှတ်​တော်​မူ​ပြီ။-
GEN 45:8 သို့​ဖြစ်​၍​သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့ စေ​လွှတ်​လိုက်​ခြင်း​မ​ဟုတ်၊ ဘု​ရား​သ​ခင်​က​စေ လွှတ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သည်။ ဘု​ရား​သ​ခင် သည်​ကျွန်ုပ်​ကို​ဤ​တိုင်း​ပြည်​၏​ဘုရင်​ခံ​အ​ရာ​၌ ခန့်​ထား​တော်​မူ​ပြီ။ ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည် တစ်​ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သူ​ဖြစ်​၏။
GEN 45:9 ယ​ခု​သင်​တို့​သည်​ဖ​ခင်​ထံ​သို့​အ​လျင်​အ​မြန် သွား​၍ ဖ​ခင်​အား`ဘု​ရား​သ​ခင်​သည်​သား ယော​သပ်​အား အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​ရ​သော​မင်း​အ​ရာ​၌​ခန့်​ထား​တော် မူ​ပြီ။ သား​ထံ​သို့​အ​မြန်​လာ​ပါ​လော့။-
GEN 45:10 ဖ​ခင်​နှင့်​တ​ကွ​သား​သ​မီး၊ မြေး​များ၊ သိုး၊ ဆိတ်၊ နွား​မှ​စ​သော​ဖ​ခင်​ပိုင်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို​ယူ​ဆောင်​၍​သား​နှင့်​အ​နီး​ဂေါ​ရှင်​အရပ်​၌ နေ​ထိုင်​ပါ​လော့။-
GEN 45:11 ဂေါ​ရှင်​အ​ရပ်​သို့​ရောက်​လျှင်​သား​က​ဖ​ခင်​အား ပြု​စု​စောင့်​ရှောက်​နိုင်​ပါ​မည်။ အ​စာ​ခေါင်း​ပါး​သည့် နှစ်​ငါးနှစ်​ကျန်​သေး​သ​ဖြင့်​ဖ​ခင်​၏​အိမ်​သူ​အိမ် သား​များ​နှင့်​သိုး၊ ဆိတ်၊ နွား​များ​ပါ​မ​ကျန်​ရိက္ခာ ပြတ်​၍​ဆင်း​ရဲ​ဒုက္ခ​မ​ရောက်​စေ​လို​ပါ'' ဟူ​၍ ဆို​လေ​၏။
GEN 45:12 ယော​သပ်​က​ဆက်​လက်​၍``သင်​တို့​အား​ယ​ခု​စကား ပြော​နေ​သူ​သည်​ယော​သပ်​ပင်​ဖြစ်​ကြောင်း ဗင်္ယာ​မိန် အ​ပါ​အ​ဝင်​သင်​တို့​အား​လုံး​က​မျက်​စိ​ဖြင့် မြင်​နိုင်​ပါ​ပြီ။-
GEN 45:13 ကျွန်ုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​မည်​မျှ​လောက်​တန်​ခိုး ကြီး​ပုံ​နှင့် သင်​တို့​တွေ့​မြင်​သ​မျှ​အ​ကြောင်း​ကို ဖ​ခင်​အား​ပြော​ပြ​ကြ​ပါ​လော့။ ဖ​ခင်​ကို​လည်း ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​ခေါ်​ဆောင်​ခဲ့​ကြ ပါ​လော့'' ဟု​ထပ်​မံ​မှာ​ကြား​လေ​၏။
GEN 45:14 ထို​သို့​မှာ​ကြား​ပြီး​နောက်​ညီ​ဗင်္ယာ​မိန်​ကို​ဖက်​၍ ငို​၏။ ဗင်္ယာ​မိန်​က​လည်း​ယော​သပ်​ကို​ဖက်​၍​ငို​၏။-
GEN 45:15 ထို​နောက်​အစ်​ကို​တစ်​ယောက်​စီ​ကို​လည်း​ဖက်​နမ်း​၍ ငို​လေ​သည်။ ထို​နောက်​ညီ​အစ်​ကို​တို့​သည်​ယော​သပ် နှင့်​ရင်း​နှီး​စွာ​စကား​ပြော​ဆို​ကြ​၏။
GEN 45:16 ယော​သပ်​၏​ညီ​အစ်​ကို​တို့​ရောက်​ရှိ​လာ​သော​သ​တင်း ကို​ကြား​ရ​သော​အ​ခါ ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ် အ​ပေါင်း​တို့​သည်​နှစ်​ထောင်း​အား​ရ​ကြ​၏။-
GEN 45:17 ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​ညီ​အစ်​ကို တို့​အား မြည်း​များ​ပေါ်​တွင်​ပစ္စည်း​များ​တင်​ဆောင် ၍​ခါ​နာန်​ပြည်​သို့​ပြန်​စေ​ပြီး​လျှင်၊-
GEN 45:18 သူ​တို့​၏​အ​ဖ​နှင့်​မိ​သား​စု​များ​ကို​ဤ​ပြည်​သို့ ခေါ်​ဆောင်​ခဲ့​ကြ​စေ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​တွင်​အ​သင့်​တော်​ဆုံး​သော​အ​ရပ်​၌​နေ​ထိုင် စေ​မည်။ သူ​တို့​သည်​ဝ​လင်​စွာ​စား​သောက်​ရ​ကြ လိမ့်​မည်။-
GEN 45:19 သူ​တို့​၏​သား​မ​ယား​များ​ကို​တင်​ဆောင်​လာ​ရန် အ​တွက် အီ​ဂျစ်​ပြည်​မှ​လှည်း​များ​ကို​လည်း​ယူ သွား​ကြ​ပါ​စေ။-
GEN 45:20 သူ​တို့​ချန်​ခဲ့​ရ​သည့်​ပစ္စည်း​များ​အ​တွက်​နှ​မြော ခြင်း​မ​ဖြစ်​ကြ​စေ​နှင့်။ အီ​ဂျစ်​ပြည်​တွင်​ရှိ​သ​မျှ သော​စည်း​စိမ်​ဥစ္စာ​သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ ဖြစ်​မည်'' ဟု​မိန့်​မြွက်​လေ​၏။
GEN 45:21 ယာ​ကုပ်​၏​သား​တို့​သည်​ဖာ​ရော​ဘု​ရင်​မိန့်​သ​မျှ အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ ယော​သပ်​သည်​ဖာ​ရော ဘု​ရင်​အ​မိန့်​အ​ရ​သူ​တို့​အား​လှည်း​များ​နှင့် လမ်း​ခရီး​တွင်​စား​သုံး​ရန်​ရိက္ခာ​ကို​ပေး​လေ​၏။-
GEN 45:22 သူ​သည်​ညီ​အစ်​ကို​တစ်​ယောက်​စီ​တစ်​ယောက် စီ​တို့​အား​အ​ဝတ်​အ​ထည်​တစ်​စုံ​ကျ​ပေး​၏။ ဗင်္ယာ​မိန်​အ​တွက်​မူ​ကား​ငွေ​သား​သုံး​ရာ​နှင့် အ​ဝတ်​အ​ထည်​ငါး​စုံ​ပေး​လေ​၏။-
GEN 45:23 သူ​၏​အ​ဖ​အ​တွက်​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အီ​ဂျစ်​ပြည်​မှ​အ​ကောင်း​ဆုံး​ပစ္စည်း​များ​ကို လည်း​ကောင်း၊ အ​ခြား​မြည်း​ဆယ်​ကောင်​ပေါ်​တွင် အ​ဖ​လမ်း​ခ​ရီး​၌​စား​ရန်​စပါး​နှင့်​အ​ခြား စား​ဖွယ်​ရာ​များ​ကို​လည်း​ကောင်း​တင်​ပေး လိုက်​၏။-
GEN 45:24 ထို​နောက်​သူ​သည်​ညီ​အစ်​ကို​တို့​ကို​လမ်း​ခ​ရီး တွင် အ​ချင်း​ချင်း​မ​သင့်​မ​တင့်​မ​ဖြစ်​ကြ​ရန် မှာ​ကြား​ပြီး​လျှင်​ခါ​နာန်​ပြည်​သို့​ပြန်​စေ​၏။
GEN 45:25 သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​၍ ခါ​နာန် ပြည်​ရှိ​အ​ဖ​ထံ​သို့​ရောက်​လာ​ကြ​၏။-
GEN 45:26 သူ​တို့​က``ယော​သပ်​သည်​အ​သက်​ရှင်​လျက်​ရှိ​ပါ သေး​၏။ သူ​သည်​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​သော​မင်း​ဖြစ်​နေ​ပါ​၏'' ဟု​ဆို​ကြ​သော် ယာ​ကုပ်​သည်​လွန်​စွာ​အံ့​အား​သင့်​လျက်​မ​ယုံ နိုင်​ဖြစ်​လေ​၏။
GEN 45:27 သို့​ရာ​တွင်​သား​တို့​က​ယော​သပ်​ပြော​သ​မျှ စ​ကား​တို့​ကို​သူ့​အား​ပြန်​ပြော​ကြ​သော အ​ခါ​နှင့်၊ သူ့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် လာ​ရန်​ယော​သပ်​က​ပို့​လိုက်​သော​လှည်း​များ ကို​မြင်​ရ​သော​အ​ခါ သူ​သည်​အံ့​အား​သင့် ရာ​မှ​ပြန်​လည်​သ​တိ​ရ​လျက်၊-
GEN 45:28 ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး​သ​ဖြင့် ငါ​တောင်း​သော​ဆု​ပြည့်​လေ​ပြီ။ ငါ​မ​သေ မီ​သူ့​ကို​တွေ့​ရန်​သူ့​ထံ​သို့​သွား​ရ​မည်'' ဟု​ဆို​လေ​၏။
GEN 46:1 ယာ​ကုပ်​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ထုပ်​ပိုး​၍ ခ​ရီး​ထွက်​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​အရပ် သို့​ရောက်​လျှင် သူ​၏​အ​ဖ​ဣ​ဇာက်​၏​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​လေ​၏။-
GEN 46:2 ည​အ​ချိန်​၌​သူ​မြင်​ရ​သော​ရူ​ပါ​ရုံ​တွင် ဘု​ရား​သ​ခင်​က``ယာ​ကုပ်၊ ယာ​ကုပ်'' ဟု​ခေါ် တော်​မူ​၏။ ``အ​ကျွန်ုပ်​ရှိ​ပါ​သည်​အ​ရှင်​ဘု​ရား'' ဟု ယာ​ကုပ်​ထူး​လေ​၏။
GEN 46:3 ဘု​ရား​သ​ခင်​က``ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ် ၏။ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရ​မည်​ကို​မ​စိုး​ရိမ်​နှင့်။ ထို​ပြည်​တွင်​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​လူ​မျိုး​ကြီး​ဖြစ်​လာ​စေ​မည်။-
GEN 46:4 ငါ​သည်​သင်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ကြွ​သွား မည်။ ငါ​ကိုယ်​တိုင်​သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို ဤ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ သင်​သည် ယော​သပ်​၏​ပြု​စု​ခြင်း​ကို​ခံ​လျက်​စု​တေ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
GEN 46:5 ထို​နောက်​ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ ထွက်​လာ​ခဲ့​လေ​သည်။ သူ​၏​သား​တို့​သည်​မိ​မိ တို့​၏​အ​ဖ​ယာ​ကုပ်၊ သူ​တို့​၏​မ​ယား​များ၊ သား သ​မီး​ငယ်​များ​အား​ဖာ​ရော​ဘု​ရင်​ပို့​လိုက် သော​လှည်း​များ​ကို​စီး​စေ​ကြ​၏။-
GEN 46:6 သူ​တို့​သည်​ခါ​နာန်​ပြည်​တွင်​စု​ဆောင်း​ရ​ရှိ​ခဲ့ သော​ပစ္စည်း​များ​နှင့် သိုး​ဆိတ်​စ​သော​တိ​ရစ္ဆာန် များ​ကို​ယူ​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​လာ ခဲ့​ကြ​၏။ ယာ​ကုပ်​သည်​သား​သ​မီး၊ မြေး၊ မြစ် များ​မှ​စ​သော​သူ​၏​မိ​သား​စု​အား​လုံး​တို့ ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​လေ​၏။
GEN 46:8 ယာ​ကုပ်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် ကြ​သော မိ​သား​စု​တို့​၏​နာ​မည်​စာ​ရင်း​ကို ဖော်​ပြ​ပေ​အံ့။ သား​ဦး​ရု​ဗင်​နှင့်၊-
GEN 46:9 ရု​ဗင်​၏​သား​များ​ဖြစ်​ကြ​သော ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊-
GEN 46:10 ရှိ​မောင်​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ယေ မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန် အ​မျိုး​သ​မီး​နှင့်​ရ​သော​သား​ရှော​လ။-
GEN 46:11 လေ​ဝိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။-
GEN 46:12 ယု​ဒ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ (ယု​ဒ​၏​အ​ခြား​သား​များ​ဖြစ် ကြ​သော​ဧရ​နှင့်​သြ​နန်​တို့​သည်​ခါ​နာန်​ပြည် ၌​သေ​ဆုံး​ကြ​၏။) ဖာ​ရက်​၏​သား​များ​ဖြစ် ကြ​သော​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ။-
GEN 46:13 ဣ​သ​ခါ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော တော​လ၊ ဖု​ဝါ၊ ယော​ဘ၊ ရှိ​မ​ရုန်။-
GEN 46:14 ဇာ​ဗု​လုန်​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော သ​ရက်၊ ဧ​လုန်၊ ယာ​လေ​လ။-
GEN 46:15 ဤ​သူ​တို့​သည်​ယာ​ကုပ်​နှင့်​မ​ယား​လေ​အာ တို့​မှ​မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း တွင်​ပေါက်​ဖွား​သော​သား​နှင့်​မြေး​များ​ဖြစ် ကြ​သည်။ ထို​သား​တို့​အ​ပြင်​သ​မီး​ဒိ​န​ရှိ သေး​၏။ ထို့​ကြောင့်​လေ​အာ​မှ​ပေါက်​ဖွား​သော သား​မြေး​စု​စု​ပေါင်း​မှာ​သုံး​ဆယ့်​သုံး​ယောက် ရှိ​သ​တည်း။
GEN 46:16 ဂဒ်​နှင့်​သူ​၏​သား​ဖြစ်​ကြ​သော​ဇိ​ဖျုန်၊ ဟ္ဂိ၊ ရှု​နိ၊ ဧ​ဇ​ဗုန်၊ ဧ​ရိ၊ အ​ရော​ဒိ၊ အ​ရေ​လိ။-
GEN 46:17 အာ​ရှာ​နှင့်​သူ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော ယိ​မ​န၊ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​နှင့်​သူ​တို့​၏​နှ​မ စေ​ရ။ ဗေ​ရိ​ယ​၏​သား​များ​ဖြစ်​ကြ​သော​ဟေ​ဗာ နှင့်​မာ​လ​ချေ​လ။-
GEN 46:18 ဤ​သူ​တစ်​ဆယ့်​ခြောက်​ယောက်​တို့​သည်​လာ​ဗန်​က သူ​၏​သ​မီး​လေ​အာ​အား​ပေး​အပ်​သော​အ​ထိန်း ဇိ​လ​ပ​နှင့် ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော​သား သမီး​နှင့်​မြေး​များ​ဖြစ်​ကြ​သ​တည်း။
GEN 46:19 ယာ​ကုပ်​၏​မ​ယား​ရာ​ခေ​လ​သည် သား​များ ဖြစ်​ကြ​သော​ယော​သပ်​နှင့်​ဗင်္ယာ​မိန်​တို့​ကို ဖွား​မြင်​၏။-
GEN 46:20 ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​သြ​န​မြို့​မှ​ယဇ် ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ​နတ် နှင့်​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​ကို​ရ​သည်။-
GEN 46:21 ဗင်္ယာ​မိန်​၏​သား​များ​ဖြစ်​ကြ​သော​ဗေ​လ၊ ဗေ​ခါ၊ အာ​ရှာ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။-
GEN 46:22 ဤ​သူ​တစ်​ဆယ့်​လေး​ယောက်​တို့​သည်​ယာ​ကုပ် နှင့်​ရာ​ခေ​လ​တို့​မှ​ပေါက်​ဖွား​သော​သား​မြေး များ​ဖြစ်​ကြ​သ​တည်း။
GEN 46:23 ဒန်​နှင့်​သူ​၏​သား​ဟု​ရှိမ်၊-
GEN 46:24 န​ဿ​လိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇာ၊ ရှိ​လင်။-
GEN 46:25 ဤ​သူ​ခု​နစ်​ယောက်​တို့​သည်​လာ​ဗန်​က​သူ့ သ​မီး​ရာ​ခေ​လ​အား​ပေး​အပ်​သော​အ​ထိန်း ဗိ​လ​ဟာ​နှင့်​ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။
GEN 46:26 ယာ​ကုပ်​၏​ချွေး​မ​များ​မှ​အ​ပ​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​သော​ယာ​ကုပ်​၏​သွေး​ရင်း​သား ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​ဆယ့်​ခြောက်​ယောက် ရှိ​သ​တည်း။-
GEN 46:27 အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​၌​သား​နှစ်​ယောက် ဖွား​မြင်​၏။ သို့​ဖြစ်​၍​အီ​ဂျစ်​ပြည်​သို့​သွား ရောက်​သော ယာ​ကုပ်​၏​မိ​သား​စု​ဦး​ရေ​မှာ လူ​ပေါင်း​ခု​နစ်​ဆယ်​ယောက်​ဖြစ်​သ​တည်း။
GEN 46:28 ယာ​ကုပ်​သည်​ဂေါ​ရှင်​အ​ရပ်​၌​မိ​မိ​နှင့်​တွေ့ ဆုံ​ရန်​ယု​ဒ​ကို​ကြို​တင်​စေ​လွှတ်​၍ ယော​သပ် အား​ပြော​စေ​၏။ သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ် သို့​ရောက်​ရှိ​ကြ​၏။-
GEN 46:29 ယော​သပ်​သည်​အ​ဖ​ဣ​သ​ရေ​လ​အား​ကြို​ဆို ရန်​ဂေါ​ရှင်​အ​ရပ်​သို့​ရ​ထား​ဖြင့်​သွား​လေ​၏။ ဖ​ခင်​ရှေ့​သို့​ရောက်​သော​အ​ခါ​ဖ​ခင်​ကို​ဖက် ၍​ကြာ​ရှည်​စွာ​ငို​ကြွေး​လေ​၏။-
GEN 46:30 ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​မျက်​နှာ ကို​မြင်​ရ​၍​သင်​အ​သက်​ရှင်​လျက်​ရှိ​သေး​သည် ကို​သိ​ရ​သ​ဖြင့်​သေ​ပျော်​ပါ​ပြီ'' ဟု​ဆို​လေ​၏။
GEN 46:31 ထို​နောက်​ယော​သပ်​က​သူ​၏​အစ်​ကို​တို့​နှင့် အ​ခြား​သား​ချင်း​တို့​အား``ကျွန်ုပ်​သည်​ဖာ​ရော ဘု​ရင်​ထံ​သို့​သွား​၍​ခါ​နာန်​ပြည်​မှ​ကျွန်​တော် မျိုး​၏​အ​ဖ​နှင့်​ညီ​အစ်​ကို​တို့​သည်​ကျွန်​တော် မျိုး​ထံ​သို့​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။-
GEN 46:32 သူ​တို့​သည်​သိုး​ထိန်း​များ​ဖြစ်​၍​တိ​ရစ္ဆာန်​များ ကို​ထိန်း​ကျောင်း​ရ​ပါ​သည်။ သူ​တို့​သည်​သိုး ဆိတ်​နှင့်​ရှိ​သ​မျှ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့ ကြ​ပါ​ပြီ​ဟု​လျှောက်​ထား​ပါ​မည်။-
GEN 46:33 ဖာ​ရော​ဘု​ရင်​က​သင်​တို့​ကို​ဆင့်​ခေါ်​၍ သင်​တို့​၏​အ​လုပ်​အ​ကိုင်​ကို​မေး​လျှင်၊-
GEN 46:34 ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​လက်​ထက် မှ​စ​၍ ယ​နေ့​အ​ထိ​သိုး​နွား​များ​ကို​မွေး​မြူ​သူ များ​ဖြစ်​ကြ​ပါ​သည်​ဟု​လျှောက်​ရ​မည်။ သို့​မှ သာ​လျှင်​သင်​တို့​အား​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင် ခွင့်​ပေး​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​လေ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည် သိုး​ထိန်း​များ​ကို​စက်​ဆုတ် ရွံ​ရှာ​ကြ​သော​ကြောင့်​ယော​သပ်​က​ထို​သို့​ပြော ခိုင်း​ခြင်း​ဖြစ်​သည်။
GEN 47:1 သို့​ဖြစ်​၍​ယော​သပ်​သည်​ဖာ​ရော​ဘု​ရင်​ထံ သို့​သွား​လေ​၏။ ယော​သပ်​သည်​ဘု​ရင့်​ထံ​သို့ အ​ခ​စား​ဝင်​၍``ကျွန်​တော်​မျိုး​၏​အ​ဖ​နှင့် အစ်​ကို​တို့​သည်​သိုး​နွား​များ​နှင့်​တ​ကွ သူ တို့​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ကာ ခါ​နာန်​ပြည်​မှ​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။ ယ​ခု သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ်​တွင်​ရှိ​ပါ​သည်'' ဟု လျှောက်​လေ​၏။-
GEN 47:2 ထို​နောက်​သူ​သည်​အစ်​ကို​ငါး​ယောက်​ကို​ရွေး ယူ​၍ ဘု​ရင်​ထံ​သို့​ဝင်​ရောက်​ခ​စား​စေ​သည်။-
GEN 47:3 ဖာ​ရော​ဘု​ရင်​က​ယော​သပ်​၏​အစ်​ကို​တို့ အား``သင်​တို့​မည်​သည့်​အ​လုပ်​ကို​လုပ်​ကိုင် ကြ​သ​နည်း'' ဟု​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး များ​ကဲ့​သို့​သိုး​ထိန်း​များ​ဖြစ်​ကြ​ပါ​သည်။-
GEN 47:4 ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး အ​လွန်​ဆိုး​ရွား​လျက်​ရှိ​သ​ဖြင့် သိုး​နွား​တို့ အ​တွက်​စား​ကျက်​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​ရန်​ရောက်​လာ ကြ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​အား​ဂေါ​ရှင် အရပ်​၌​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက် ထား​ကြ​လေ​၏။-
GEN 47:5 ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​အ​ဖ နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့​ယ​ခု​ရောက်​ရှိ လာ​ကြ​ပြီ​ဖြစ်​၍၊-
GEN 47:6 အီ​ဂျစ်​ပြည်​တွင်​အ​ကောင်း​ဆုံး​အ​ရပ်​ဖြစ် သော​ဂေါ​ရှင်​ဒေ​သ​၌​နေ​ထိုင်​ကြ​ပါ​စေ။ သူ တို့​အ​နက်​သင့်​တော်​သော​သူ​များ​ရှိ​လျှင် ငါ​၏​သိုး​နွား​အုပ်​အ​ရာ​၌​ခန့်​ထား​လော့'' ဟု​မိန့်​ကြား​လေ​၏။
GEN 47:7 ထို​နောက်​ယော​သပ်​သည်​မိ​မိ​၏​အ​ဖ​ကို​ဘု​ရင် ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​၏။ ယာ​ကုပ်​သည်​ဖာ​ရော ဘု​ရင်​အား​ကောင်း​ချီး​ပေး​လေ​၏။-
GEN 47:8 ဘု​ရင်​က​ယာ​ကုပ်​အား``အ​သက်​အ​ရွယ်​မည် မျှ​ရှိ​ပါ​သ​နည်း'' ဟု​မေး​၏။
GEN 47:9 ယာ​ကုပ်​က``ကျွန်​တော်​မျိုး​သည်​လော​က​တွင် ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှစ်​ပေါင်း​တစ်​ရာ့​သုံး ဆယ်​နေ​ထိုင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​ဘိုး​ဘေး တို့​၏​သက်​တမ်း​ကို​မ​မီ​ပါ။ ကျွန်​တော်​မျိုး အ​သက်​ရှင်​ခဲ့​သော​နှစ်​များ​မှာ​တို​၍​ကြမ်း တမ်း​လှ​ပါ​၏'' ဟု​လျှောက်​လေ​၏။-
GEN 47:10 ထို​နောက်​ယာ​ကုပ်​သည်​ဖာ​ရော​ဘု​ရင်​ကို​နှုတ် ဆက်​ကောင်း​ချီး​ပေး​ပြီး​လျှင် ဘု​ရင့်​ထံ​တော် မှ​ထွက်​လာ​ခဲ့​လေ​၏။-
GEN 47:11 ယော​သပ်​သည်​ဖာ​ရော​ဘုရင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း​သူ​၏​အ​ဖ​နှင့်​အစ်​ကို​တို့​အား အီ​ဂျစ် ပြည်​ရာ​မ​သက်​မြို့​အ​နီး​ရှိ​အ​ကောင်း​ဆုံး အ​ရပ်​တွင်​မြေ​အ​ပိုင်​ပေး​၍​နေ​ထိုင်​စေ​၏။-
GEN 47:12 ယော​သပ်​သည်​အ​ဖ​နှင့်​အစ်​ကို​များ​အ​ပါ အ​ဝင် ယာ​ကုပ်​၏​မိ​သား​စု​အား​လုံး​တို့ အား​စား​နပ်​ရိက္ခာ​ထောက်​ပံ့​လေ​၏။
GEN 47:13 အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အ​လွန်​ဆိုး​ရွား ရ​ကား​စား​နပ်​ရိက္ခာ​ပြတ်​လပ်​ကုန်​သ​ဖြင့် အီ​ဂျစ် ပြည်​နှင့်​ခါ​နာန်​ပြည်​ရှိ​လူ​အ​ပေါင်း​တို့​သည် အစာ​ငတ်​မွတ်​သည့်​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ ကြ​၏။-
GEN 47:14 ယော​သပ်​သည်​စ​ပါး​ရောင်း​ရာ​မှ​ရ​သော​ငွေ များ​ကို​စု​သိမ်း​၍ နန်း​တော်​ငွေ​တိုက်​သို့​ပေး သွင်း​လေ​၏။-
GEN 47:15 အီ​ဂျစ်​ပြည်​သား​နှင့်​ခါ​နာန်​ပြည်​သား​တို့ တွင်​စ​ပါး​ဝယ်​ရန်​ငွေ​ကုန်​သော​အ​ခါ အီ​ဂျစ် ပြည်​သား​တို့​သည်​ယော​သပ်​ထံ​သို့​လာ​၍``ကျွန် တော်​တို့​အား​စား​စ​ရာ​ပေး​ပါ။ ငတ်​၍​မ​သေ ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​တွင်​ရိက္ခာ​ဝယ်​ရန် ငွေ​မ​ကျန်​တော့​ပါ'' ဟု​လျှောက်​ကြ​လေ သည်။
GEN 47:16 ယော​သပ်​က``သင်​တို့​တွင်​ငွေ​ကုန်​လျှင် သင်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ကြ​လော့။ တိ​ရစ္ဆာန်​များ​ကို​စပါး​နှင့်​လဲ​လှယ်​ပေး​မည်'' ဟု​ဆို​လေ​၏။-
GEN 47:17 သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ယော​သပ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍​ယော​သပ်​သည်​သူ့​တို့​၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်း​များ​ကို​စား​နပ်​ရိက္ခာ​နှင့်​လဲ လှယ်​ပေး​လေ​၏။ ထို​နှစ်​၌​ပြည်​သူ​ပြည်​သား တို့​သည် မိ​မိ​တို့​၏​တိ​ရစ္ဆာန်​ရှိ​သ​မျှ​ကို​စား နပ်​ရိက္ခာ​နှင့်​လဲ​လှယ်​ကြ​လေ​သည်။
GEN 47:18 ထို​နှစ်​ကုန်​၍​နောက်​တစ်​နှစ်​သို့​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ယော​သပ်​ထံ​သို့​လာ ကြ​ပြန်​၍``ကျွန်​တော်​တို့​လက်​တွင်​ငွေ​လည်း ကုန်​ကြောင်း၊ တိ​ရစ္ဆာန်​များ​လည်း​ကိုယ်​တော်​၏ လက်​ဝယ်​သို့​ရောက်​ရှိ​ကြောင်း ကိုယ်​တော်​အ​သိ ပင်​ဖြစ်​ပါ​သည်။ ယ​ခု​ကျွန်​တော်​တို့​၏​ကိုယ် နှင့်​ကျွန်​တော်​တို့​၏​လယ်​မြေ​များ​မှ​လွဲ​၍ ကိုယ်​တော်​အား​ပေး​ရန်​အ​ဘယ်​အ​ရာ​မျှ မ​ရှိ​တော့​ပါ။-
GEN 47:19 ကျွန်​တော်​တို့​အစာ​ငတ်​၍​မ​သေ​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​လယ်​များ​လည်း​ပျက်​ပြုန်း​ခြင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကျွန်​တော်​တို့​အား​ရိက္ခာ​ပေး သည့်​အ​တွက် ကျွန်​တော်​တို့​နှင့်​ကျွန်​တော်​တို့​၏ လယ်​မြေ​များ​ကို​ဝယ်​တော်​မူ​ပါ။ ကျွန်​တော်​တို့ သည်​ဖာရော​ဘုရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်။ လယ်​မြေ များ​ကို​လည်း​ဘုရင်​လက်​သို့​အပ်​ပါ​မည်။ ကျွန် တော်​တို့​အ​သက်​မ​သေ​စေ​ရန်​လည်း​ကောင်း၊ လယ် များ​တွင်​စိုက်​ပျိုး​နိုင်​ရန်​လည်း​ကောင်း​စ​ပါး ကို​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​လေ​၏။
GEN 47:20 သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​လယ် မြေ​အား​လုံး​ကို ဖာ​ရော​ဘု​ရင်​အ​တွက်​ဝယ် ယူ​လေ​၏။ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုး​ရွား ခြင်း​ကြောင့်​အီ​ဂျစ်​ပြည်​သား​တိုင်း မိ​မိ​၏ လယ်​မြေ​ကို​ရောင်း​ရ​သ​ဖြင့်​လယ်​မြေ​အား လုံး​တို့​သည်​ဘု​ရင့်​ဘဏ္ဍာ​တော်​ဖြစ်​လာ​၏။-
GEN 47:21 အီ​ဂျစ်​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​နေ ထိုင်​သူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရင်​၏ ကျွန်​ဖြစ်​လာ​ကြ​၏။-
GEN 47:22 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘု​ရင်​ထံ​မှ​ရိက္ခာ အ​ထောက်​အ​ပံ့​ရ​သူ​များ​ဖြစ်​သော​ကြောင့် မိ​မိ တို့​လယ်​မြေ​များ​ကို​ရောင်း​ချ​ရန်​မ​လို။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​တို့​၏​လယ်​မြေ​များ ကို​မ​ဝယ်​ယူ​ဘဲ​ချန်​လှပ်​ထား​လေ​သည်။-
GEN 47:23 ယော​သပ်​က​ပြည်​သား​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​လယ်​မြေ​များ​ကို​ဘု​ရင့် အ​တွက်​ဝယ်​ယူ​ပြီး​ပြီ။ သင်​တို့​၏​လယ်​များ တွင်​စိုက်​ပျိုး​ရန်​မျိုး​စ​ပါး​ကို​ယူ​ကြ​လော့။-
GEN 47:24 စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။
GEN 47:25 ပြည်​သား​တို့​က``ကိုယ်​တော်​သည်​ကျွန်​တော်​တို့ ၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော် တို့​သည်​ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ​ပါ စေ​သော၊ သ​နား​ညှာ​တာ​တော်​မူ​ပါ​ပြီ။ ကျွန် တော်​တို့​သည်​ဘု​ရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။-
GEN 47:26 သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​တွင် အ​သီး​အ​နှံ​ထွက်​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ဖာ​ရော ဘု​ရင်​ထံ​ဆက်​ရ​မည်​ဟူ​သော​မြေ​ယာ​ဥ​ပ​ဒေ တစ်​ရပ်​ကို​ပြ​ဋ္ဌာန်း​ခဲ့​လေ​သည်။ ထို​ဥ​ပ​ဒေ သည်​ယ​နေ့​တိုင်​အောင်​အာ​ဏာ​တည်​လျက်​ရှိ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​လယ်​မြေ​များ​သာ လျှင်​ထို​ဥ​ပ​ဒေ​မှ​လွတ်​ကင်း​ခွင့်​ရှိ​သည်။
GEN 47:27 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင်​ကြ​စဉ်​ကြီး ပွား​တိုး​တက်​၍​လူ​ဦး​ရေ​အ​လွန်​များ​ပြား လာ​လေ​သည်။-
GEN 47:28 ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​တစ်​ဆယ့် ခု​နစ်​နှစ်​နေ​ထိုင်​ခဲ့​၏။ သို့​ဖြစ်​၍​ယာ​ကုပ် ၏​သက်​တမ်း​မှာ​တစ်​ရာ့​လေး​ဆယ်​ခု​နစ် နှစ်​ဖြစ်​သ​တည်း။-
GEN 47:29 သူ​သည်​စု​တေ့​ရ​သော​အ​ချိန်​နီး​လာ​သော အ​ခါ သား​ယော​သပ်​ကို​ခေါ်​၍​ငါ့​အား​သင် မျက်​နှာ​သာ​ပေး​မည်​ဆို​လျှင်``ငါ​၏​ပေါင်​အောက် မှာ​သင်​၏​လက်​ကို​ထား​လျက် သင်​၏​က​ရု​ဏာ နှင့်​သစ္စာ​တ​ရား​ကို​ငါ့​အား​ပြ​မည်​ဟု​က​တိ ပြု​ပါ​လော့။ အ​ဖ​ကို​အီ​ဂျစ်​ပြည်​၌​သင်္ဂြိုဟ် ခြင်း​မ​ပြု​ပါ​နှင့်။-
GEN 47:30 အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။
GEN 47:31 သို့​ရာ​တွင်​ယာ​ကုပ်​က``ဆောင်​ရွက်​ပေး​ပါ​မည်​ဟု ကျိန်​ဆို​လော့'' ဟု​ဆို​သော်​ယော​သပ်​သည်​ကျိန်​ဆို လေ​၏။ ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​၏​ခေါင်း ရင်း​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လေ​၏။
GEN 48:1 တစ်​နေ့​သော​အ​ခါ​ယော​သပ်​သည်​ယာ​ကုပ် မ​ကျန်း​မ​မာ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သ​ဖြင့် သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ နှင့်​ဧ​ဖ​ရိမ်​တို့​ကို​ခေါ်​၍​ယာ​ကုပ်​ထံ​သို့​သွား လေ​၏။-
GEN 48:2 ယာ​ကုပ်​သည်​သား​ယော​သပ်​လာ​ကြောင်း​ကို ကြား​သိ​ရ​လျှင် အား​တက်​လျက်​အိပ်​ရာ​ပေါ် တွင်​ထိုင်​လေ​၏။-
GEN 48:3 ယာ​ကုပ်​က​ယော​သပ်​အား``အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည်​ခါ​နာန်​ပြည်၊ လု​ဇ​မြို့ ၌​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ကောင်းချီး​ပေး​၍၊-
GEN 48:4 `သင်​၏​အ​ဆက်​အ​နွယ်​တို့​မှ​လူ​မျိုး​များ​စွာ ပေါ်​ထွန်း​စေ​ခြင်း​ငှာ သင့်​အား​သား​သမီး​များ စွာ​ထွန်း​ကား​စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ဤ​ပြည်​ကို​အ​မြဲ​အ​ပိုင်​ရ​စေ​မည်'' ဟု​ဆို​လေ​၏။
GEN 48:5 ထို​နောက်​ဆက်​လက်​၍``ငါ​အီ​ဂျစ်​ပြည်​သို့​မ ရောက်​မီ​မွေး​ဖွား​သော​သင်​၏​သား​နှစ်​ယောက် တို့​သည်​ငါ​နှင့်​ဆိုင်​၏။ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ တို့​သည်​ရု​ဗင်​နှင့်​ရှိ​မောင်​တို့​ကဲ့​သို့​ငါ့​သား များ​ဖြစ်​ကြ​သည်။-
GEN 48:6 သင်​၌​နောက်​ထပ်​သား​များ​ရ​လျှင်​ထို​သား တို့​သည်​ငါ​၏​သား​များ​မ​ဟုတ်။ ထို​သား​တို့ သည်​ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​မှ​တစ်​ဆင့် သာ​အ​မွေ​ဆက်​ခံ​ခွင့်​ရှိ​စေ​မည်။-
GEN 48:7 ငါ​သည်​သင်​၏​မိ​ခင်​ရာ​ခေ​လ​အ​တွက် ကြောင့်​ဤ​သို့​စီ​မံ​ရ​သည်။ ငါ​သည်​မက်​ဆို ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း​မှ​ပြန်​လာ စဉ် သင်​၏​မိ​ခင်​ရာ​ခေ​လ​သည်​ခါ​နာန်​ပြည် ဧ​ဖ​ရတ်​မြို့​အ​နီး​၌​ကွယ်​လွန်​၍​ငါ​သည် အ​လွန်​ဝမ်း​နည်း​ပူ​ဆွေး​၏။ ငါ​သည်​သူ​၏ အ​လောင်း​ကို​ဧ​ဖ​ရတ်​မြို့​သို့​သွား​ရာ​လမ်း အ​နီး​၌​သင်္ဂြိုဟ်​ခဲ့​၏'' ဟု​ဆို​လေ​၏။ (ဧ​ဖ​ရတ် မြို့​ကို​ယ​ခု​အ​ခါ​ဗက်​လင်​မြို့​ဟု​ခေါ် သည်။)
GEN 48:8 ယာ​ကုပ်​သည်​ယော​သပ်​၏​သား​နှစ်​ယောက် ကို​မြင်​လျှင်``ဤ​သူ​ငယ်​တို့​သည်​မည်​သူ​နည်း'' ဟု​မေး​၏။
GEN 48:9 ယော​သပ်​က``ဘု​ရား​သ​ခင်​က​အီ​ဂျစ် ပြည်​တွင် ကျွန်​တော်​အား​ပေး​သ​နား​တော် မူ​သော​သား​များ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​၏။ ထို​အ​ခါ​ယာ​ကုပ်​က``သူ​တို့​အား​ငါ ကောင်း​ချီး​ပေး​ရန်​ငါ့​အ​နီး​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​လေ​၏။-
GEN 48:10 ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​အို​မင်း​ပြီ ဖြစ်​သော​ကြောင့် မျက်​စိ​မှုန်​၍​ကောင်း​စွာ​မ မြင်​နိုင်။ ယော​သပ်​သည်​သူ​၏​သား​များ​ကို ယာ​ကုပ်​အ​နီး​သို့​ခေါ်​ခဲ့​ရာ သူ​သည်​သူ​ငယ် များ​ကို​ဖက်​၍​နမ်း​ရှုပ်​လေ​၏။-
GEN 48:11 ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-
GEN 48:12 ထို​နောက်​မိ​မိ​၏​သား​တို့​ကို​အဖ​၏​ဒူး​များ ကြား​မှ​ထုတ်​ပြီး​နောက် ယော​သပ်​သည်​အ​ဖ ၏​ရှေ့​၌​ဦး​ညွှတ်​ချ​လေ​၏။
GEN 48:13 ထို​နောက်​ဧ​ဖ​ရိမ်​ကို​ယာ​ကုပ်​၏​အ​နီး​လက်ဝဲ ဘက်​၌​လည်း​ကောင်း၊ မ​နာ​ရှေ​ကို​လက်​ယာ ဘက်​၌​လည်း​ကောင်း​ရပ်​စေ​၏။-
GEN 48:14 သို့​ရာ​တွင်​ယာ​ကုပ်​သည်​မိ​မိ​လက်​ကို​ယှက် ၍​သား​ငယ်​ဖြစ်​သူ ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ယာ​လက်​ကို​လည်း​ကောင်း၊ သား​ကြီး ဖြစ်​သူ​မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ဝဲ​လက်​ကို​လည်း​ကောင်း​တင်​၍၊
GEN 48:15 ယော​သပ်​အား​ကောင်း​ချီး​ပေး​လေ​သည်။ ``ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့်​အ​ဖ​ဣ​ဇာက်​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၊ ငါ့​ကို​ယ​နေ့​တိုင်​အောင်​စောင့်​ရှောက်​တော်​မူ​သော ဘု​ရား​သ​ခင်၊​ငါ့​ကို​ဘေး​အန္တရာယ်​အပေါင်း​တို့​မှ ကယ်​တင်​တော်​မူ​သော​ကောင်း​ကင်​တ​မန်​သည် ဤ​သူ​ငယ်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ စေ​သော။ ငါ​၏​နာ​မည်၊ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဖ​ဣ​ဇာက်​တို့​၏​နာ​မည်​သည် သူ​တို့​အား​ဖြင့်​တည်​မြဲ​နိုင်​ပါ​စေ​သော။ သူ​တို့​၏​အ​ဆက်​အ​နွယ်​သည်​တိုး​ပွား များ​ပြား​ကြ​ပါ​စေ​သော။''
GEN 48:17 ယော​သပ်​သည်​အ​ဖ​က ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း ပေါ်​တွင်​လက်​ယာ​လက်​တင်​သည်​ကို​မြင်​ရ သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။ သူ​သည် ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ်​မှ အ​ဖ​၏​လက်​ကို မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​သို့​ပြောင်း​ရွှေ့​တင် စေ​လို​သ​ဖြင့်၊-
GEN 48:18 ``အ​ဖ​လက်​အ​ထား​မှား​နေ​ပါ​သည်။ ဤ​သူ ငယ်​သည်​သား​ကြီး​ဖြစ်​ပါ​၏။ သူ​၏​ဦး​ခေါင်း ပေါ်​မှာ​အ​ဖ​၏​လက်​ယာ​လက်​ကို​တင်​ပါ'' ဟု​ဆို​လေ​၏။
GEN 48:19 သို့​ရာ​တွင်​သူ​၏​အဖ​က​ငြင်း​ဆန်​၍``ငါ့​သား၊ အ​ဖ​သိ​ပါ​သည်။ မ​နာ​ရှေ​၏​အ​ဆက်​အ​နွယ် တို့​သည်​လည်း​လူ​မျိုး​ကြီး​ဖြစ်​လိမ့်​မည်။ သို့ သော်​လည်း​သူ့​ညီ​သည် သူ့​ထက်​သာ​၍​ကြီး မြတ်​မည်​ဖြစ်​၍ သူ​၏​အ​ဆက်​အ​နွယ်​တို့​သည် လူ​မျိုး​ကြီး​များ​ဖြစ်​လာ​လိမ့်​မည်'' ဟု​ဆို လေ​၏။
GEN 48:20 သို့​ဖြစ်​၍​ယာ​ကုပ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​သင်​တို့​၏​နာ​မည်​များ​ကို​အ​သုံး ပြု​လျက်​ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်။ သူ​တို့ က`ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​တို့​ကဲ့​သို့​သင့်​ကို​ကြီး ပွား​စေ​ရန်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ပါ​စေ သော' ဟု​ဆို​ကြ​လိမ့်​မည်'' ဟူ​၍​ထို​နေ့​၌​သူ ငယ်​တို့​အား​ကောင်း​ချီး​ပေး​လေ​၏။ ဤ​နည်း အား​ဖြင့်​ယာ​ကုပ်​သည်​ဧ​ဖ​ရိမ်​၏​နာ​မည် ကို​မ​နာ​ရှေ​၏​နာ​မည်​ရှေ့​၌​ထား​သ​တည်း။
GEN 48:21 ထို​နောက်​ယာ​ကုပ်​သည်​ယော​သပ်​အား``ငါ​သည် ယ​ခု​သေ​အံ့​ဆဲ​ဆဲ​ရှိ​ပြီ။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​၍ ဘိုး​ဘေး​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ လိမ့်​မည်။-
GEN 48:22 ငါ​သည်​ဋ္ဌား​နှင့်​လေး​လက်​နက်​တို့​ဖြင့်​အာ မော​ရိ​အ​မျိုး​သား​တို့​လက်​မှ​သိမ်း​ယူ​ရ​ရှိ သော​မြေ​သြ​ဇာ​ထက်​သန်​သည့် ရှေ​ခင်​နယ်​ကို သင်​၏​အစ်​ကို​တို့​အား​ငါ​မ​ပေး။ သင့်​အား သာ​ငါ​ပေး​၏'' ဟု​ဆို​လေ​၏။
GEN 49:1 ယာ​ကုပ်​သည်​သား​များ​ကို​မိ​မိ​ထံ​သို့​ခေါ် ပြီး​လျှင်``ငါ့​အ​နား​သို့​ချဉ်း​ကပ်​လာ​ကြ လော့။ သင်​တို့​၏​နောင်​ရေး​ကို​ငါ​ဖော်​ပြ​ပေ အံ့။
GEN 49:2 ``ယာ​ကုပ်​၏​သား​များ​တို့​သင်​တို့​သည် ငါ့​အ​နီး​တွင် စု​ရုံး​လာ​ကြ​၍၊ သင်​တို့​၏​အ​ဖ​ဣ​သ​ရေ​လ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။
GEN 49:3 ရု​ဗင်၊သင်​သည်​ငါ​၏​သား​ဦး၊​ငါ​၏​စွမ်း​အား ငါ​ပျို​ရွယ်​ချိန်​၌​ရ​သော​သား​ဦး​ရှိ​သ​မျှ တို့​တွင် အ​ရေး​ပါ​အ​ရာ​ရောက်​ဆုံး​ခွန်​အား​အ​ကြီး ဆုံး​ဖြစ်​၏။
GEN 49:4 သင်​သည်​ရေ​ကြီး​ချိန်​၌​စီး​သော​ရေ​သ​ဖွယ် ဖြစ်​၏။ သို့​ရာ​တွင်​သင်​သည်​သင့်​အ​ဖ​၏​မ​ယား​ငယ် နှင့်​အိပ်​၍၊ သင့်​အ​ဖ​၏​အိပ်​ရာ​ကို​ညစ်​ညမ်း​စေ​သ​ဖြင့် သင်​သည်​သား​တို့​တွင်​အ​ကြီး​အ​ကဲ​မ ဖြစ်​နိုင်။
GEN 49:5 ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ညီ​အစ်​ကို​ဖြစ် ကြ​၏။ သူ​တို့​သည်​လက်​နက်​များ​ကို​အ​သုံး​ပြု ကာ အ​ကြမ်း​ဖက်​မှု​ပြု​ခဲ့​ကြ​လေ​ပြီ။
GEN 49:6 သူ​တို့​သည်​ဒေါ​သ​ထွက်​၍​လူ​တို့​ကို​သတ် လျက် နွား​ထီး​များ​၏​ခြေ​တို့​ကို​အ​ပျော်​သက်​သက် ရိုက်​ချိုး​ခဲ့​ကြ​သော​ကြောင့် ငါ​သည်​သူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​၌ ပါ​ဝင်​မည်​မ​ဟုတ်။ သူ​တို့​၏​အ​စည်း​အ​ဝေး​သို့​လည်း တက်​ရောက်​မည်​မ​ဟုတ်။
GEN 49:7 သူ​တို့​သည်​ဒေါ​သ​ပြင်း​ထန်​၍​အ​မျက်​စူး​ရှ သ​ဖြင့် ကျိန်​စာ​သင့်​ခြင်း​ခံ​ရကြ​ပါ​စေ​သ​တည်း။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ​ပြည်​တွင် အ​နှံ့​အ​ပြား​ကွဲ​လွင့်​စေ​မည်။ မိ​မိ​လူ​မျိုး​များ​ထဲ​တွင်​လူ​စု​ကွဲ​စေ​မည်။
GEN 49:8 ယု​ဒ၊သင့်​ညီ​အစ်​ကို​တို့​က​သင့်​အား ချီး​ကူး ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သင်​သည်​ရန်​သူ​တို့​၏​လည်​မျို​ကို​ချုပ်​ကိုင် ထား​၏။ သင်​၏​ညီ​အစ်​ကို​တို့​က​သင့်​အား​ဦး​ညွှတ် ရ​မည်။
GEN 49:9 ယု​ဒ​သည်​သား​ကောင်​ကို​သတ်​၍ သား​ရဲ​တွင်း​သို့​ပြန်​လာ​သော​ခြင်္သေ့​ကဲ့​သို့ ကိုယ်​ကို​စန့်​လျက်​ဝပ်​လျက်​ရှိ​၏။ မည်​သူ​က​မျှ​သူ့​အား​မ​နှောင့်​ယှက်​ဝံ့။
GEN 49:10 ယု​ဒ​သည်​ရာ​ဇ​လှံ​တံ​ကို​ကိုင်​စွဲ​ရ​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​၌​အုပ်​စိုး​ခြင်း​အာ​ဏာ အ​မြဲ​ရှိ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​တို့​သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ ဆက်​သ​၍​သူ့​သြ​ဇာ​ကို​ခံ​ကြ​လိမ့်​မည်။
GEN 49:11 သူ​သည်​သူ​၏​မြည်း​ပေါက်​က​လေး​ကို​အ​ကောင်း ဆုံး စ​ပျစ်​နွယ်​၌​ချည်​နှောင်​ထား​၏။ သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ပတ္တ​မြား​သွေး စ​ပျစ်​ရည်​တွင်​ဖွပ်​လျှော်​၏။
GEN 49:12 စ​ပျစ်​ရည်​ကြောင့်​သူ​၏​မျက်​လုံး​များ​သည် နီ​ရဲ​နေ​၏။ နို့​သောက်​၍​သူ​၏​သွား​များ​သည်​ဖြူ​ဖွေး​နေ​၏။
GEN 49:13 ဇာ​ဗု​လုန်​သည်​ပင်​လယ်​ကမ်း​နား​၌​နေ​ထိုင်​၍ သူ​၏​ဆိပ်​ကမ်း​များ​သည်​သင်္ဘော​များ​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။ သူ​၏​ပိုင်​နက်​နယ်​မြေ​သည်​ဇိ​အုန်​မြို့​တိုင်​အောင် ကျယ်​ပြန့်​လိမ့်​မည်။
GEN 49:14 ဣ​သ​ခါ​သည်​ကုန်း​နှီး​အိတ်​များ​အ​ကြား​တွင် ခြေ​ဆန့်​၍ လဲ​နေ​သော​မြည်း​၏​အ​ဖြစ်​ထက်​မ​သာ။
GEN 49:15 သို့​သော်​သူ​သည်​မိ​မိ​နား​နေ​ရာ​သည် ကောင်း​သည်​ကို​လည်း​ကောင်း၊ နေ​ထိုင်​ရာ​ပြည်​သည်​သာ​ယာ​သည်​ကို လည်း​ကောင်း​မြင်​၏။ ထို့​ကြောင့်​သူ​သည်​ဝန်​ကို​သယ်​ပိုး​ရန်​ခါး ကို​ညွှတ်​၍ ကျွန်​အ​ဖြစ်​နှင့်​အ​ဋ္ဌမ္မ​ခိုင်း​စေ​ခြင်း​ကို​ခံ​ရ​၏။
GEN 49:16 ဒန်​သည်​အ​ခြား​သော​ဣသ​ရေ​လ​အ​နွယ်​တို့ ကဲ့​သို့ မိ​မိ​၏​လူ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။
GEN 49:17 ဒန်​သည်​လမ်း​ဘေး​၌​ခွေ​သော​မြွေ၊လမ်း​အ​နီး​၌ ခို​သော​မြွေ​ဆိုး​ဖြစ်​၍ မြင်း​၏​ဖ​နောင့်​ကို​ကိုက်​သ​ဖြင့်​မြင်း​စီး​သူ ကို နောက်​ပြန်​လိမ့်​ကျ​စေ​လိမ့်​မည်။
GEN 49:18 ``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို စောင့်​မျှော်​လျက်​ရှိ​ပါ​၏။
GEN 49:19 ဂဒ်​သည်​ဋ္ဌား​ပြ​တို့​၏​တိုက်​ခိုက်​ခြင်း​ကို​ခံ ရ​မည်။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​ကို​တိုက်​ခိုက်​သူ​တို့ အား ပြန်​၍​လိုက်​လံ​တိုက်​ခိုက်​လိမ့်​မည်။
GEN 49:20 အာ​ရှာ​၏​မြေ​မှ​စား​ကောင်း​သောက်​ဖွယ်​ထွက် လိမ့်​မည်။ သူ့​ထံ​မှ​ဘု​ရင်​ပွဲ​တော်​နှင့်​ထိုက်​သော အ​စား​အ​စာ​ကို​ရ​ရှိ​လိမ့်​မည်။
GEN 49:21 န​ဿ​လိ​သည်​လွတ်​လပ်​စွာ​ခုန်​ပေါက် ပြေး​လွှား​သော​သ​မင်​ဖြစ်​၍ ချစ်​ဖွယ်​ကောင်း​သော​သ​မင်​သား​ငယ်​များ ကို​မွေး​ဖွား​၏။
GEN 49:22 ယော​သပ်​သည်​စမ်း​ရေ​ပေါက်​နား​မှာ ကျက်​စား​သော​မြည်း​ရိုင်း တောင်​စောင်း​ပေါ်​တွင်​ကျက်​စား​သော မြည်း​ရိုင်း​က​လေး​နှင့်​တူ​၏။
GEN 49:23 သူ​၏​ရန်​သူ​တို့​သည်​သူ့​အား​လေး​မြား လက်​နက်​တို့​ဖြင့် ပြင်း​ထန်​စွာ​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။
GEN 49:24 သို့​ရာ​တွင်​ယာ​ကုပ်​၏​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​၏​ကာ​ကွယ်​ရာ​ကျောက်​ဖြစ်​တော်​မူ​သော သိုး​ထိန်း​ရှင်​၏​စောင်​မ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​၏​လေး​သည်​တည်​ငြိမ်​၍​သူ​၏​လက်​တို့​သည် အား​သန်​လျက်​ရှိ​၏။
GEN 49:25 သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကူ​မ​လျက် ရှိ​တော်​မူ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​အား ကောင်း​ကင်​မှ​ကျ​သော​မိုး​ရေ၊မြေ​အောက်​မှ စီး​ထွက်​သော​ရေ​ကို​လည်း​ကောင်း၊ သိုး​နွား​များ​နှင့်​သား​သ​မီး​ရ​တ​နာ​ကို လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ၊
GEN 49:26 အ​သီး​အ​နှံ​နှင့်​ပန်း​မာလ်​ကို​လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ​သော။ အ​မြဲ​တည်​သော​တောင်​ကုန်း​များ​မှ နှစ်​သက်​ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​လည်း သင့်​အား​ပေး​တော်​မူ​ပါ​စေ​သော။ ဤ​ကောင်း​ချီး​အ​ပေါင်း​တို့​သည်​မိ​မိ ညီ​အစ်​ကို​တို့​ထက်​ထူး​ကဲ​သော​ယော​သပ် ၏ ဦး​ခေါင်း​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။
GEN 49:27 ဗင်္ယာ​မိန်​သည်​လု​ယူ​ကိုက်​စား​တတ်​သော ဝံ​ပု​လွေ​နှင့်​တူ​၏။ နံ​နက်​နှင့်​ည​နေ​အ​ချိန်​၌​သား​ကောင်​ကို ကိုက်​ဖြတ်​၍​စား​တတ်​၏'' ဟု​မြွက်​ဆို​၏။
GEN 49:28 ဤ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့် နှစ်​နွယ်​ဖြစ်​၏။ သူ​တို့​၏​အ​ဖ​က​သူ​တို့​တစ် ဦး​စီ​နှင့်​သက်​ဆိုင်​သော မင်္ဂလာ​စ​ကား​များ ကို​အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​မြွက်​ဆို​ခဲ့ လေ​သည်။
GEN 49:29 ထို​နောက်​ယာ​ကုပ်​က​သူ​၏​သား​တို့​အား``ငါ ၏​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ငါ​သွား​ရ​မည်။ ခါ နာန်​ပြည်​မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ ဟိတ္တိ​အ​မျိုး သား​ဧ​ဖ​ရုန်​၏​မြေ​၌​ငါ့​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း တွင်​သင်္ဂြိုဟ်​ကြ​လော့။ အာ​ဗြ​ဟံ​သည်​ခါ​နာန် ပြည်​မံ​ရေ​မြို့​ရှိ​မပ္ပေလ​လယ် လယ်​ပြင်​၌​ထို​မြေ နှင့်​သင်္ချိုင်း​ကို​ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်​ထံ​မှ သင်္ချိုင်း​မြေ​အ​ဖြစ်​ဝယ်​ယူ​ခဲ့​၏။-
GEN 49:31 ထို​သင်္ချိုင်း​တွင်​ငါ့​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဘွား စာ​ရာ​တို့​ကို​သင်္ဂြိုဟ်​ခဲ့​ကြ​၏။ အ​ဖ​ဣ​ဇာက်​နှင့် အ​မိ​ရေ​ဗက္က​တို့​ကို​လည်း​သင်္ဂြိုဟ်​ခဲ့​ကြ​၏။ ထို​သင်္ချိုင်း​တွင်​ငါ​သည်​လေ​အာ​ကို​သင်္ဂြိုဟ် ခဲ့​၏။-
GEN 49:32 ထို​မြေ​နှင့်​ငါ့​သင်္ချိုင်း​ကို ဟိတ္တိ​အ​မျိုး​သား တို့​ထံ​မှ​ဝယ်​ယူ​ခဲ့​၏။ ထို​သင်္ချိုင်း​တွင်​ငါ့​ကို သင်္ဂြိုဟ်​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။-
GEN 49:33 ယာ​ကုပ်​သည်​သား​တို့​အား​ယင်း​သို့​မှာ​ကြား ပြီး​နောက်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​၍​ကွယ် လွန်​လေ​၏။
GEN 50:1 ယော​သပ်​သည်​သူ​၏​အ​ဖ​ကိုယ်​ပေါ်​သို့​လှဲ​ချ ပြီး​လျှင် ပါး​ကို​နမ်း​လျက်​ငို​ကြွေး​လေ​၏။-
GEN 50:2 ထို​နောက်​ဆေး​သ​မား​တို့​အား​အ​ဖ​၏ အ​လောင်း​ကို ဆေး​စိမ်​ရန်​အ​မိန့်​ပေး​လေ​သည်။-
GEN 50:3 ဆေး​သ​မား​တို့​သည်​ထုံး​စံ​ရှိ​သည့်​အ​တိုင်း အ​လောင်း​ကို​အ​ရက်​လေး​ဆယ်​ကြာ​အောင်​ဆေး စိမ်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယာ​ကုပ် အ​တွက် ရက်​ပေါင်း​ခု​နစ်​ဆယ်​ကြာ​မျှ​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။
GEN 50:4 ငို​ကြွေး​မြည်​တမ်း​ခြင်း​ရက်​များ ကုန်​ဆုံး​သော အ​ခါ​ယော​သပ်​က​ဖာ​ရော​ဘု​ရင်​၏​အ​မှု​ထမ်း တို့​အား၊ ဖာ​ရော​ဘု​ရင်​နား​တော်​သို့​ဤ​သို့​လျှောက် ကြ​ပါ​လော့။-
GEN 50:5 ``ကျွန်​တော်​၏​အ​ဖ​သေ​အံ့​ဆဲ​ဆဲ​တွင်​သူ့​အား ခါ​နာန်​ပြည်​ရှိ​သူ​ဝယ်​ထား​သော​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​ဟု ကျွန်​တော်​အား​ကတိ​သစ္စာ​ပြု စေ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖ​၏​အ​လောင်း​ကို သင်္ဂြိုဟ်​ရန် ခါ​နာန်​ပြည်​သို့​သွား​၍​အ​လောင်း ကို​သင်္ဂြိုဟ်​ပြီး​လျှင်​အီ​ဂျစ်​ပြည်​သို့​ပြန်​လာ ပါ​မည်''ဟု​ဆို​လေ​၏။
GEN 50:6 ယော​သပ်​မှာ​ကြား​သည့်​အ​တိုင်း​အ​မှု​ထမ်း တို့​က ဘု​ရင်​အား​တင်​လျှောက်​ကြ​သော​အ​ခါ ဘု​ရင်​က``သင်​၏​အ​ဖ​အား​က​တိ​သစ္စာ​ပြု ထား​သည့်​အ​တိုင်း သွား​၍​အ​ဖ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​အ​ခွင့်​ပေး​လိုက်​လေ​၏။
GEN 50:7 သို့​ဖြစ်​၍​ယော​သပ်​သည် သူ​၏​အဖ​ကို​သင်္ဂြိုဟ် ခြင်း​ငှာ​သွား​လေ​၏။ ဖာ​ရော​ဘု​ရင်​၏​အ​ရာ ရှိ​များ၊ နန်း​တော်​မှ​အ​ကြီး​အ​ကဲ​များ​နှင့် အီ​ဂျစ်​ပြည်​မှ​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယော​သပ်​နှင့်​အ​တူ​လိုက်​ပါ​ပို့​ဆောင်​ကြ​၏။-
GEN 50:8 ယော​သပ်​၏​မိ​သား​စု၊ သူ​၏​ညီ​အစ်​ကို​များ နှင့်​သူ​၏​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည် လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ခဲ့​ကြ​၏။ သူ တို့​၏​က​လေး​ငယ်​များ၊ သိုး၊ ဆိတ်​နှင့်​နွား အုပ်​များ​သာ​လျှင်​ဂေါ​ရှင်​အ​ရပ်​တွင်​ကျန် ရစ်​ခဲ့​ကြ​၏။-
GEN 50:9 ရ​ထား​စီး​သူ​ရဲ​နှင့်​မြင်း​စီး​သူ​ရဲ​များ​လည်း လိုက်​ပါ​လာ​ကြ​သ​ဖြင့် အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည်​ယော​သပ်​နှင့်​အ​တူ လိုက်​ပါ​ပို့​ဆောင်​ကြ​၏။
GEN 50:10 သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။-
GEN 50:11 ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သော​ခါ​နာန်​အ​မျိုး သား​တို့​က​အာ​တဒ်​ကောက်​နယ်​တ​လင်း​၌ လူ များ​ငို​ကြွေး​မြည်​တမ်း​နေ​ကြ​ခြင်း​ကို​မြင် ရ​သော​အ​ခါ``အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​လွန်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​ရှိ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​ရှိ​သော​ထို​ဒေ​သ​ကို​အ​ဗေ လ​မိ​ဇ​ရိမ်​ဟူ​၍​နာ​မည်​မှည့်​ကြ​၏။
GEN 50:12 ယာ​ကုပ်​၏​သား​တို့​သည်​အ​ဖ​မှာ​ခဲ့​သည့် အ​တိုင်း၊-
GEN 50:13 ဖ​ခင်​၏​အ​လောင်း​ကို​ခါ​နာန်​ပြည်​သို့​ယူ ဆောင်​ခဲ့​ပြီး​လျှင် ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန် ထံ​မှ​သင်္ချိုင်း​မြေ​အ​ဖြစ်​အာ​ဗြ​ဟံ​ဝယ်​ယူ ထား​သော မံ​ရေ​မြို့​အ​ရှေ့​မပ္ပေလ​မြေ​ကွက်​၌ ရှိ​သည့်​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-
GEN 50:14 ယော​သပ်​သည်​အ​ဖ​ကို​သင်္ဂြိုဟ်​ပြီး​နောက်​သူ ၏​ညီ​အစ်​ကို​များ​မှ​စ​၍ အ​ခြား​လိုက်​ပါ​လာ ကြ​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ​အီ​ဂျစ်​ပြည် သို့​ပြန်​ခဲ့​လေ​သည်။
GEN 50:15 ယာ​ကုပ်​အ​နိစ္စ​ရောက်​ပြီး​နောက်​ညီ​အစ်​ကို​တို့ က``ငါ​တို့​သည်​ယော​သပ်​အား​ဒုက္ခ​ရောက်​စေ​ခဲ့ သည့်​အ​တွက် သူ​က​အ​ငြိုး​ထား​၍​လက်​စား​ချေ မည်​ကို​စိုး​ရိမ်​ရ​သည်'' ဟု​အ​ချင်း​ချင်း​ပြော ဆို​ကြ​၏။-
GEN 50:16 ထို့​ကြောင့်​သူ​တို့​သည်​ယော​သပ်​ထံ​သို့​တ​မန် ကို​စေ​လွှတ်​၍``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား ပြစ်​မှား​မိ​ခဲ့​သည့်​အ​တွက်​အ​ပြစ်​ကို​လွှတ် တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား​တောင်း​ပန်​ရန် အ​ဖ​အ​နိစ္စ​မ​ရောက်​မီ​က​မှာ​ကြား​ခဲ့​ပါ သည်။ ထို့​ကြောင့်​အ​ဖ​ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​ကျွန်​များ​ဖြစ်​ကြ​သော​ကျွန်ုပ်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​ပါ'' ဟူ​၍​လျှောက် စေ​၏။ ယော​သပ်​သည်​ထို​လျှောက်​ထား​ချက် ကို​ကြား​ရ​သော​အ​ခါ​ငို​ကြွေး​လေ​၏။
GEN 50:18 ထို​နောက်​ယော​သပ်​၏​ညီ​အစ်​ကို​တို့​သည်​သူ့ ထံ​သို့​ဝင်​ရောက်​၍​ရှေ့​တွင်​ပျပ်​ဝပ်​လျက်``ကိုယ် တော်​၏​ကျွန်​များ​ရှေ့​တော်​သို့​ရောက်​ရှိ​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
GEN 50:19 ထို​အ​ခါ​ယော​သပ်​က​ညီ​အစ်​ကို​တို့​အား``အစ် ကို​တို့​မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​က သာ​လျှင်​တ​ရား​စီ​ရင်​၍​ဒဏ်​ပေး​ပိုင်​တော်​မူ​၏။ ကျွန်ုပ်​မူ​ကား​ထို​သို့​မ​ပြု​နိုင်​ပါ။-
GEN 50:20 အစ်​ကို​တို့​သည်​ကျွန်ုပ်​အား​မ​ကောင်း​ကြံ​ခဲ့ ကြ​ပါ​သော်​လည်း​ဘု​ရား​သ​ခင်​က ကျွန်ုပ် တို့​ယ​နေ့​တွေ့​မြင်​ရ​သည့်​အ​တိုင်း​လူ​များ အ​သက်​ချမ်း​သာ​စေ​ရန်​ထို​မ​ကောင်း​မှု​မှ အ​ကျိုး​တ​ရား​ကို​ဖော်​ခဲ့​တော်​မူ​ပြီ။-
GEN 50:21 မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ကျွန်ုပ်​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​သ​မီး​များ​အား​ကြည့်​ရှု​စောင့် ရှောက်​ထား​ပါ​မည်'' ဟု​ဆို​လေ​၏။ ဤ​နည်း​အား ဖြင့်​ယော​သပ်​သည်​ညီ​အစ်​ကို​တို့​အား​နှစ်​သိမ့် စကား​ပြော​၍​စိတ်​ချမ်း​သာ​ရာ​ရ​စေ​လေ​၏။
GEN 50:22 အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​သည်​သူ​၏​သား ချင်း​များ​နှင့်​အ​တူ​နေ​ထိုင်​၍ အ​သက်​တစ် ရာ့​တစ်​ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-
GEN 50:23 သူ​သည်​ဧ​ဖ​ရိမ်​၏​သား​သ​မီး​နှင့်​မြေး​တို့ ကို​တွေ့​မြင်​သွား​ရ​၏။ မ​နာ​ရှေ​၏​သား​မာ​ခိ ရ​၏​သား​သ​မီး​တို့​ကို​လည်း​ပြု​စု​ခဲ့​ရ​၏။-
GEN 50:24 ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​သေ​ရ​တော့​အံ့။ ကျွန်ုပ်​မ​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​အ​မှန်​မု​ချ ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သင်​တို့ ကို​ဤ​ပြည်​မှ​ထုတ်​ဆောင်​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု​ကျိန်​ဆို​က​တိ ထား​တော်​မူ​သော​ပြည်​သို့​ခေါ်​ဆောင်​သွား တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
GEN 50:25 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​ထို ပြည်​သို့​ပို့​ဆောင်​သော​အ​ခါ ငါ​၏​အ​ရိုး တို့​ကို​သင်​တို့​နှင့်​အ​တူ​ဆောင်​သွား​ပါ​မည် ဟု​ငါ့​အား​က​တိ​ပေး​ပါ​လော့'' ဟု​ဆို လျက်​ကျိန်​ဆို​က​တိ​ပေး​စေ​၏။-
GEN 50:26 သို့​ဖြစ်​၍​ယော​သပ်​သည်​အ​သက်​တစ်​ရာ့​တစ် ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။ သူ​တို့​သည်​သူ ၏​ရုပ်​အ​လောင်း​ကို​ကြာ​ရှည်​ခံ​အောင်​ဆေး​စိမ် ၍ အီ​ဂျစ်​ပြည်​၌​ခေါင်း​သွင်း​ထား​ကြ​သ​တည်း။ ရှင်​မော​ရှေ​ရေး​ထား​သော​ကမ္ဘာ​ဦး​ကျမ်း​ပြီး​၏။
EXO 1:1 အီ​ဂျစ်​ပြည်​သို့​ယာ​ကုပ်​နှင့်​အ​တူ သွား​ရောက်​ကြ​သော​ယာ​ကုပ်​၏​သား​များ​မှာ၊-
EXO 1:2 ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊-
EXO 1:3 ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊ ဒန်၊ န​ဿ​လိ၊ ဂဒ်၊ အာ​ရှာ​တို့​ဖြစ်​ကြ​၏။ သူ​တို့​၏​မိ​သား​စု​များ​လည်း​လိုက်​ပါ​သွား​ကြ​၏။-
EXO 1:5 ဤ​သူ​တို့​သည်​ယာ​ကုပ်​မှ​တိုက်​ရိုက်​ဆင်း​သက်​၍ ဦး​ရေ​အား​ဖြင့်​စု​စု​ပေါင်း​ခု​နစ်​ဆယ်​ရှိ​သ​တည်း။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက်​နှင့်​ပြီး​ဖြစ်​၏။-
EXO 1:6 အ​ချိန်​တန်​သော်​ယော​သပ်​နှင့်​သူ​၏​ညီ​အစ်​ကို​များ​နှင့်​တ​ကွ သူ​တို့​၏​ခေတ်​က​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည်​ကွယ်​လွန်​ကြ​ကုန်​၏။-
EXO 1:7 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။
EXO 1:8 ထို​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​အ​ကြောင်း​ကို​လုံး​ဝ​မ​ကြား​ဘူး​သော​ဘု​ရင်​တစ်​ပါး​နန်း​တက်​လာ​လေ​၏။-
EXO 1:9 ထို​ဘု​ရင်​က​သူ​၏​ပြည်​သား​တို့​အား``ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လူ​ဦး​ရေ​အ​လွန်​များ​ပြား​၍​အင်​အား​ကြီး​မား​လာ​သ​ဖြင့် ငါ​တို့​အား​အန္တရာယ်​ပြု​နိုင်​၏။-
EXO 1:10 သူ​တို့​၏​လူ​ဦး​ရေ​ယခု​ထက်​မ​တိုး​ပွား​လာ​စေ​ရန် လိမ္မာ​စွာ​ငါ​တို့​ပြု​ရ​ကြ​မည်။ အ​ကယ်​၍​စစ်​မက်​ဖြစ်​ပွား​လာ​လျှင် သူ​တို့​သည်​ငါ​တို့​၏​တစ်​ဘက်​ရန်​သူ​နှင့်​ပူး​ပေါင်း​၍​ငါ​တို့​ကို​တိုက်​ခိုက်​ပြီး​လျှင် တိုင်း​ပြည်​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​ကြား​လေ​၏။-
EXO 1:11 သို့​ဖြစ်​၍​အီ​ဂျစ်​အမျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင် အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​ချုပ်​များ​ကို​ခန့်​ထား​၍ စိတ်​ဋ္ဌာတ်​ကို​ချိုး​နှိမ်​ရန်​အ​လုပ်​ကြမ်း​ကို​အ​တင်း​အ​ကြပ်​ခိုင်း​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ဖာ​ရော​ဘု​ရင်​၏​ရိက္ခာ​သို​လှောင်​ရာ ပိ​သုံ​မြို့​နှင့်​ရာ​မ​သက်​မြို့​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တည်​ဆောက်​စေ​၏။-
EXO 1:12 သို့​သော်​လည်း​အီ​ဂျစ်​ပြည်​သား​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လေ၊ သူ​တို့​၏​လူ​ဦး​ရေ​တိုး​ပွား​ပျံ့​နှံ့​လာ​လေ​ဖြစ်​၏။ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့​လာ​ကြ​၏။-
EXO 1:13 ထို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​အ​ဖြစ်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​၍​ညှဉ်း​ဆဲ​ကြ​၏။
EXO 1:14 ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။
EXO 1:15 အီ​ဂျစ်​ဘု​ရင်​က ရှိ​ဖ​ရ​နှင့်​ပု​အာ​နာ​မည်​ရှိ​သော​ဟေ​ဗြဲ​ဝမ်း​ဆွဲ​နှစ်​ဦး​တို့​အား၊-
EXO 1:16 ``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။-
EXO 1:17 သို့​ရာ​တွင်​ဝမ်း​ဆွဲ​အ​မျိုး​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ဘု​ရင်​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ကြ​၏။-
EXO 1:18 ထို့​ကြောင့်​ဘု​ရင်​သည်​ဝမ်း​ဆွဲ​တို့​အား​ဆင့်​ခေါ်​လျက်``သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ အ​ဘယ်​ကြောင့်​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ရ​သ​နည်း'' ဟု​မေး​လေ​၏။-
EXO 1:19 ထို​အ​ခါ​ဝမ်း​ဆွဲ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​သည် အီ​ဂျစ်​အ​မျိုး​သ​မီး​တို့​နှင့်​မ​တူ​ပါ။ သူ​တို့​သည်​သား​ဖွား​လွယ်​ကြ​သ​ဖြင့်​ဝမ်း​ဆွဲ​မ​ရောက်​မီ က​လေး​ကို​ဖွား​နှင့်​ပြီး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-
EXO 1:20 ဝမ်း​ဆွဲ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​ကို​ကျေး​ဇူး​ပြု​၍ သူ​တို့​၌​အိမ်​ထောင်​မိ​သား​စု​များ​ရှိ​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဦး​ရေ​သည်​လည်း​တိုး​ပွား​များ​ပြား​လာ​၏။-
EXO 1:22 သို့​ဖြစ်​၍​ဖာ​ရော​ဘု​ရင်​သည်``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​မှ​ဖွား​မြင်​သော သား​ယောကျာ်း​မှန်​သ​မျှ​တို့​ကို​နိုင်း​မြစ်​ထဲ​သို့​ပစ်​ချ​ရ​မည်။ သ​မီး​မိန်း​က​လေး​များ​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ရ​မည်'' ဟု​မိ​မိ​၏​ပြည်​သူ​ပြည်​သား​တို့​အား​အ​မိန့်​ပေး​လေ​၏။
EXO 2:1 လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည် လေ​ဝိ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​၍၊-
EXO 2:2 သား​တစ်​ယောက်​ကို​ရ​၏။ ထို​သား​သည်​ချစ်​ဖွယ် ကောင်း​သည်​ကို​မိ​ခင်​မြင်​လျှင်၊ သုံး​လ​ကြာ မျှ​ဝှက်​ထား​လေ​၏။-
EXO 2:3 မိ​ခင်​သည်​သား​ကို​ဆက်​လက်​၍​မ​ဝှက်​ထား နိုင်​တော့​သ​ဖြင့်၊ ကူ​ရိုး​များ​နှင့်​ခြင်း​တောင်း တစ်​လုံး​ကို​ရက်​လုပ်​၍၊ ကတ္တ​ရာ​နှင့်​သစ်​စေး သုတ်​ပြီး​နောက်၊ က​လေး​ကို​ခြင်း​ထဲ​၌​ထည့် ပြီး​လျှင်​မြစ်​ကမ်း​စပ်​ရှိ​ကိုင်း​တော​တွင်​ချ ထား​လေ​၏။-
EXO 2:4 ထို​သား​ငယ်​၏​အစ်​မ​သည်​မ​လှမ်း​မ​ကမ်း​နေ ရာ​မှ က​လေး​၏​အ​ရိပ်​အ​ခြေ​ကို​စောင့်​ကြည့် နေ​လေ​၏။
EXO 2:5 ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ရေ​ချိုး​ရန် မြစ်​ထဲ​သို့​ဆင်း​လာ​စဉ်၊ သူ​၏​အ​ခြွေ​အ​ရံ​တို့ က​မြစ်​ကမ်း​ပေါ်​တွင်​လမ်း​လျှောက်​၍​စောင့်​ကြပ် နေ​ကြ​၏။ သ​မီး​တော်​သည်​ကိုင်း​တော​ထဲ​၌ ခြင်း​တောင်း​ကို​မြင်​လျှင်၊ ကျွန်​မ​တစ်​ယောက် ကို​လွှတ်​၍​ထို​ခြင်း​တောင်း​ကို​ယူ​ခဲ့​စေ​၏။-
EXO 2:6 ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ခြင်း​တောင်း ကို​ဖွင့်​ကြည့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ ငယ်​ကို​မြင်​ရ​သော်​က​လေး​ကို​သ​နား​ကြင် နာ​၍``ဤ​က​လေး​သည်​ဟေ​ဗြဲ​အ​မျိုး​သား က​လေး​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
EXO 2:7 ထို​အ​ခါ​က​လေး​၏​အစ်​မ​က``အ​ရှင်​မ အ​တွက် ဟေ​ဗြဲ​နို့​ထိန်း​တစ်​ဦး​ခေါ်​ပေး​ရ ပါ​မည်​လော'' ဟု​မေး​လျှင်၊
EXO 2:8 မင်း​သ​မီး​က``သွား​၍​ခေါ်​လော့'' ဟု​ဆို​လေ ၏။ ထို​ကြောင့်​မိန်း​မ​ငယ်​သည်​က​လေး​၏ မိ​ခင်​ကို​ခေါ်​ခဲ့​ရာ၊-
EXO 2:9 မင်း​သ​မီး​က``ဤ​က​လေး​ကို​ငါ့​အ​တွက်​နို့ တိုက်​မွေး​ပေး​ပါ။ သင့်​အား​အ​ခ​ပေး​မည်'' ဟု က​လေး​၏​မိ​ခင်​အား​ဆို​လေ​၏။ ထို့​ကြောင့် မိ​ခင်​သည်​က​လေး​ကို​ယူ​၍​ထိန်း​လေ​၏။-
EXO 2:10 မင်း​သ​မီး​အား​ပြန်​အပ်​နိုင်​သည့်​အ​ရွယ်​သို့ ရောက်​သော​အ​ခါ၊ မိ​ခင်​သည်​က​လေး​ကို​မင်း သ​မီး​ထံ​သို့​ပြန်​အပ်​ရာ၊ မင်း​သ​မီး​က ထို က​လေး​ငယ်​ကို​သား​အ​ဖြစ်​မွေး​စား​၍``ငါ သည်​သူ​ငယ်​ကို​ရေ​ထဲ​မှ​ထုတ်​ယူ​ရ​သည်'' ဟု ဆို​လျက်​မော​ရှေ​ဟု​နာ​မည်​မှည့်​လေ​၏။
EXO 2:11 ကာ​လ​အ​တန်​ကြာ​၍​မော​ရှေ​သည်​အ​ရွယ် ရောက်​လာ​သော​အ​ခါ၊ သူ​၏​အ​မျိုး​သား​တို့ ထံ​သို့​သွား​ရောက်​လည်​ပတ်​လေ​၏။ သူ​သည် မိ​မိ​၏​အ​မျိုး​သား​များ​ဆင်း​ရဲ​ပင်​ပန်း​စွာ အ​လုပ်​ကြမ်း​လုပ်​နေ​ရ​သည်​ကို​တွေ့​မြင်​ရ​၏။ အီ​ဂျစ်​အ​မျိုး​သား​တစ်​ဦး​က​သူ​၏​အ​မျိုး သား​ဟေ​ဗြဲ​လူ​မျိုး​တစ်​ယောက်​အား​ရိုက်​နှက် နေ​သည်​ကို​မြင်​ရ​သော​အ​ခါ၊-
EXO 2:12 သူ​သည်​ဟို​ဟို​သည်​သည်​ကြည့်​၍ မည်​သူ​တစ် စုံ​တစ်​ယောက်​ကို​မျှ​မ​မြင်​ရ​လျှင်၊ အီ​ဂျစ် အ​မျိုး​သား​ကို​သတ်​၍​အ​လောင်း​ကို​သဲ​ထဲ ၌​မြှုပ်​ထား​ခဲ့​လေ​သည်။-
EXO 2:13 နောက်​တစ်​နေ့​တွင်​သူ​သည်​ထွက်​လာ​ပြန်​ရာ ဟေ​ဗြဲ​အ​မျိုး​သား​နှစ်​ယောက်​တို့​သည် အ​ချင်း ချင်း​ရိုက်​ပုတ်​ထိုး​သတ်​နေ​ကြ​သည်​ကို​မြင် ရ​လေ​၏။ သူ​က​မ​တ​ရား​သ​ဖြင့်​ပြု​ကျင့်​နေ သူ​အား``သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​အ​မျိုး သား​ချင်း​ကို​ရိုက်​နှက်​နေ​ရ​သ​နည်း'' ဟု​မေး လေ​၏။
EXO 2:14 ထို​သူ​က``ငါ​တို့​အ​မှု​ကို​စီ​ရင်​ရန်​မည်​သူ က သင့်​အား​တ​ရား​သူ​ကြီး​အ​ဖြစ်​ခန့်​ထား သ​နည်း။ သင်​သည်​အီ​ဂျစ်​အ​မျိုး​သား​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​ချင်​သေး​သ​လော'' ဟု​ပြန်​ပြော​လေ​၏။ ထို​အ​ခါ​မော​ရှေ​သည်​မိ​မိ ပြု​လုပ်​ခဲ့​သော​အ​မှု​ကို​လူ​တို့​သိ​ကုန်​ကြ ပြီ​ဟူ​၍​ဆို​လျက်​ထိတ်​လန့်​လေ​၏။-
EXO 2:15 ဖာ​ရော​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား​ရ​သော အ​ခါ မော​ရှေ​အား​သတ်​ရန်​ကြံ​စည်​လေ​၏။ သို့ ရာ​တွင်​မော​ရှေ​သည်​ထွက်​ပြေး​၍​မိ​ဒျန်​ပြည် ၌​နေ​ထိုင်​လေ​၏။ တစ်​နေ့​သ​၌​မော​ရှေ​သည်​ရေ​တွင်း​အ​နီး​၌​ထိုင် နေ​စဉ် မိ​ဒျန်​ပြည်​၌​နေ​ထိုင်​သော​ယဇ်​ပု​ရော​ဟိတ် ယေ​သ​ရော​၏​သ​မီး​ခု​နစ်​ယောက်​တို့​သည် ဖ​ခင် ၏​သိုး​နှင့်​ဆိတ်​များ​အ​တွက်​ရေ​တွင်း​မှ​ရေ​ခပ် ပြီး​လျှင် ရေ​သောက်​ခွက်​တွင်​ရေ​ဖြည့်​ရန်​လာ ကြ​၏။-
EXO 2:17 သို့​ရာ​တွင်​သိုး​ထိန်း​အ​ချို့​တို့​သည်​ယေ​သ​ရော ၏​သ​မီး​တို့​ကို​နှင်​ပစ်​လေ​၏။ ထို​အ​ခါ​မော​ရှေ သည်​အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​သည့်​အ​နေ ဖြင့်၊ သူ​တို့​၏​သိုး​နှင့်​ဆိတ်​များ​ကို​သူ​ကိုယ် တိုင်​ရေ​တိုက်​လေ​၏။-
EXO 2:18 အ​မျိုး​သ​မီး​တို့​သည်​ဖ​ခင်​ယေ​သ​ရော​ထံ​သို့ ပြန်​ရောက်​လာ​ကြ​သော​အ​ခါ၊ ဖ​ခင်​က``သင်​တို့ ယ​နေ့​အိမ်​သို့​အ​ပြန်​စော​လှ​ချည့်​လား'' ဟု ဆို​လေ​၏။
EXO 2:19 သူ​တို့​က``အီ​ဂျစ်​ပြည်​သား​တစ်​ယောက်​က ကျွန်​မ​တို့​အား သိုး​ထိန်း​တို့​ရန်​မှ​ကာ​ကွယ် ပေး​သည့်​အ​ပြင်​ကျွန်​မ​တို့​၏​သိုး​ဆိတ်​များ အ​တွက်​ရေ​ခပ်​၍​တိုက်​ပါ​သည်'' ဟု​ပြန်​ဖြေ ကြ​၏။
EXO 2:20 ဖ​ခင်​က``ထို​သူ​ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ့​ကို​ထား​ခဲ့​ကြ​သ​နည်း။ သူ့ ကို​ဧည့်​ဝတ်​ပြု​ရန်​သွား​၍​ဖိတ်​ခေါ်​လော့'' ဟု စေ​ခိုင်း​လေ​၏။
EXO 2:21 မော​ရှေ​သည်​ယေ​သ​ရော​နှင့်​အ​တူ​နေ​ထိုင်​၍၊ ယေ​သ​ရော​၏​သ​မီး​ဇိ​ပေါ​ရ​နှင့်​အိမ်​ထောင် ဘက်​ပြု​လေ​၏။-
EXO 2:22 ဇိ​ပေါ​ရ​သည်​သား​တစ်​ယောက်​ကို​ဖွား​မြင်​သော အ​ခါ၊ မော​ရှေ​က``ငါ​သည်​တစ်​ရပ်​တစ်​ကျေး​တွင် ဧည့်​သည်​ဖြစ်​ရ​ပါ​သည်'' ဟု​ဆို​၍​ထို​သား​ကို ဂေ​ရ​ရှုံ​ဟု​နာ​မည်​မှည့်​လေ​၏။
EXO 2:23 ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။-
EXO 2:24 ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ညည်း ညူ​သံ​ကို​ကြား​တော်​မူ​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို သတိ​ရ​လျက်၊-
EXO 2:25 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကို ရှု​မြင်​သိ​မှတ်​တော်​မူ​၏။
EXO 3:1 မော​ရှေ​သည်​သူ​၏​ယောက္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော ဟိတ်​ယေ​သ​ရော​၏​သိုး​ဆိတ်​များ​ကို​ထိန်း ကျောင်း​လျက်​ရှိ​စဉ်၊ တော​ကန္တာ​ရ​ကို​ဖြတ်​၍ သိုး​ဆိတ်​များ​ကို​မောင်း​နှင်​လာ​ရာ၊ ဟော​ရပ် ဟု​ခေါ်​သော​ဘု​ရား​သ​ခင်​၏​တောင်​သို့​ရောက် ရှိ​လာ​လေ​၏။-
EXO 3:2 ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​သည်​ချုံ​တစ်​ခု​အ​လယ်​မှ မီး​တောက် လောင်​နေ​သည့်​မီး​လျှံ​အ​သွင်​ဖြင့်​ထွက်​လာ​၍ မော​ရှေ​အား​ထင်​ရှား​ပြ​၏။ ချုံ​သည်​မီး​တောက် နေ​သော်​လည်း​လောင်​ကျွမ်း​ခြင်း​မ​ရှိ​ကြောင်း မော​ရှေ​တွေ့​မြင်​ရ​၏။-
EXO 3:3 ထို့​ကြောင့်​သူ​က``ငါ​သည်​အ​နီး​သို့​ချဉ်း​ကပ် ၍ ထို​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို​ကြည့်​ဦး​မည်'' ဟု​အ​ကြံ​ရှိ​လေ​၏။
EXO 3:4 မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို​မြင် တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ချုံ​အ​လယ် မှ``မော​ရှေ၊ မော​ရှေ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​ရှိ​ပါ​၏ အ​ရှင်​ဘု​ရား'' ဟု​လျှောက်​လေ​၏။
EXO 3:5 ဘု​ရား​သ​ခင်​က``အ​နီး​သို့​မ​ချဉ်း​ကပ်​နှင့်။ သင်​သည်​သန့်​ရှင်း​သော​မြေ​ပေါ်​တွင်​ရပ်​နေ သည်​ဖြစ်​၍ ခြေ​နင်း​ကို​ချွတ်​လော့။-
EXO 3:6 ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။
EXO 3:7 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး တော်​သည် အီ​ဂျစ်​ပြည်​တွင်​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​ကို​ငါ​ဒိ​ဌ​တွေ့​မြင်​ရ​ပြီ။ သူ​တို့​ကို​စေ ခိုင်း​သော​သ​ခင်​တို့​၏​ညှင်း​ပန်း​ခြင်း​ကို​မ​ခံ မ​ရပ်​နိုင်​သော​ကြောင့် သူ​တို့​အော်​ဟစ်​၍​အ​ကူ အ​ညီ​တောင်း​ခံ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ငါ​သည် သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​ဧ​ကန်​အ​မှန် သိ​မြင်​ရ​ပြီ။-
EXO 3:8 အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-
EXO 3:9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အော်​ဟစ်​သံ ကို​ငါ​ကြား​ရ​ပြီ။ သူ​တို့​အား​အီ​ဂျစ်​အ​မျိုး သား​တို့​ရက်​စက်​စွာ​ညှင်း​ဆဲ​ပုံ​ကို​လည်း​ငါ မြင်​ရ​ပြီ။-
EXO 3:10 ငါ​၏​လူ​မျိုး​တော်​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ရန် သင့်​အား​ဖာ​ရော​ဘု​ရင်​ထံ​သို့​ငါ စေ​လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 3:11 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် သည်​သာ​မ​ည​လူ​တစ်​ယောက်​သာ​ဖြစ်​ပါ​၏။ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သည့်​ကိစ္စ​ကို​အ​ဘယ်​သို့​ဆောင်​ရွက်​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။
EXO 3:12 ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ မည်။ ငါ​သည်​သင့်​အား​စေ​လွှတ်​ကြောင်း​သက် သေ​အ​ထောက်​အ​ထား​မှာ၊ သင်​သည်​ထို​သူ တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သည့် အ​ခါ သင်​တို့​အ​ပေါင်း​သည်​ဤ​တောင်​ပေါ် တွင်​ငါ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
EXO 3:13 ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍၊ သူ​တို့ အား`သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် သည် ငါ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​သည်' ဟု​ပြော​လျှင်​သူ​တို့​က`ထို​ဘု​ရား​၏​နာ​မ တော်​ကား​မည်​သို့​ခေါ်​ပါ​သ​နည်း' ဟု​မေး သည်​ရှိ​သော်​အ​ကျွန်ုပ်​က​မည်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။
EXO 3:14 ဘု​ရား​သ​ခင်​က``ငါ​၏​နာ​မ​သည်​ငါ​ဖြစ် သည့်​အ​တိုင်း ငါ​ဖြစ်​၏ ဟူ​၍​ဖြစ်​သည်။ `ငါ​ဖြစ်​သည်​ဟု​နာ​မည်​ရှိ သော​အ​ရှင်​သည် သင်​တို့​ထံ​သို့​ငါ့​အား​စေ​လွှတ် တော်​မူ​သည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ပြော​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
EXO 3:15 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ထံ​သို့​ငါ့​အား​စေ​လွှတ်​တော်​မူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​ရ မည်။ ဤ​နာ​မ​သည်​ထာ​ဝ​စဉ်​ငါ​၏​နာ​မ ဖြစ်​၏။ နောင်​လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ထို​နာ​မ​ဖြင့်​ငါ့​အား​သိ​ကြ​လိမ့်​မည်။-
EXO 3:16 သင်​သွား​၍​ဣ​သ​ရေ​လ​အမျိုး​သား​ခေါင်း ဆောင်​တို့​ကို​စု​ရုံး​လျက် သူ​တို့​အား​သင်​တို့ ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘုရား၊ ဣဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင် ရ​၍၊ ထို​ဘု​ရား​က​သင်​တို့​အား​ငါ​သည်​သင် တို့​ထံ​သို့​ကြွ​လာ​လျက်​အီ​ဂျစ်​အ​မျိုး​သား တို့​က​သင်​တို့​အား​ပြု​သော​အ​မှု​ကို​မြင် ရ​ပြီ။-
EXO 3:17 ငါ​သည်​သင်​တို့​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ခံ​ရ သော​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်​ဆောင် ၍၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​သည် မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​၏ ဟူ​၍​မိန့်​တော်​မူ​ကြောင်း​ပြော ပြ​လော့။
EXO 3:18 ``သူ​တို့​သည်​သင့်​စ​ကား​ကို​နား​ထောင်​ကြ မည်။ ထို​နောက်​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ ဖာ​ရော​ဘု​ရင် ထံ​သို့​ဝင်​၍​ဘု​ရင်​အား`အ​ကျွန်ုပ်​တို့​သည် ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​နှင့်​ဖူး​တွေ့​ခဲ့​ရ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက် ခ​ရီး​ထွက်​ခွင့်​ပေး​ပါ' ဟု​လျှောက်​ထား​လော့။-
EXO 3:19 အီ​ဂျစ်​ဘု​ရင်​သည်၊ အင်​အား​ကြီး​မား​သော လက်​တော်​ဖြင့်​တိုက်​တွန်း​ခြင်း​မ​ပြု​လျှင် သင် တို့​အား​သွား​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​ငါ သိ​၏။-
EXO 3:20 ငါ​၏​တန်​ခိုး​တော်​ဖြင့်​နိ​မိတ်​လက္ခ​ဏာ​များ ကို​ပြ​၍ အီ​ဂျစ်​ပြည်​သား​တို့​ကို​ဒဏ်​ခတ်​မည်။ ထို​နောက်​မှ​ဘု​ရင်​သည်​သင်​တို့​ကို​သွား​ခွင့် ပေး​လိမ့်​မည်။
EXO 3:21 ``အီ​ဂျစ်​အ​မျိုး​သား​တို့​က​ငါ​၏​လူ​မျိုး တော်​အား စေ​တ​နာ​မေတ္တာ​ရှိ​လာ​စေ​ရန်​ငါ ပြု​မည်​ဖြစ်​သော​ကြောင့်၊ သင်​တို့​ထို​ပြည်​မှ ထွက်​ခွာ​ရ​သော​အ​ခါ​လက်​ချည်း​သက် သက်​မ​ထွက်​ခွာ​ရ။-
EXO 3:22 ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တိုင်း​က​မိ​မိ​၏ အီ​ဂျစ်​ပြည်​သား​အိမ်​နီး​ချင်း​တို့​ထံ​မှ​သော် လည်း​ကောင်း၊ မိ​မိ​အိမ်​မှာ​တည်း​ခို​သော​အီ​ဂျစ် အ​မျိုး​သ​မီး​တို့​ထံ​မှ ရွှေ၊ ငွေ၊ လက်​ဝတ်​တန် ဆာ​နှင့်​အ​ဝတ်​အ​ထည်​များ​ကို​တောင်း​ယူ​ကြ လိမ့်​မည်။ သင်​တို့​သည်​သင်​တို့​၏​သား​သ​မီး များ​အား​ထို​ပစ္စည်း​များ​ဖြင့်​တန်​ဆာ​ဆင်​ပေး ကြ​ခြင်း​ဖြင့်​အီ​ဂျစ်​ပြည်​သား​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
EXO 4:1 မော​ရှေ​က``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ`သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး မြင်​ခဲ့​ရ​သည်​ဟု​ဆို​သည်​မှာ​မ​ဖြစ်​နိုင်' ဟု​ပြော ကြ​လျှင်​အ​ကျွန်ုပ်​မည်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု လျှောက်​ထား​လေ​၏။
EXO 4:2 ထာ​ဝ​ရ​ဘု​ရား​က``သင့်​လက်​ထဲ​တွင်​မည်​သည့် အ​ရာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ မော​ရှေ​က``တောင်​ဝှေး​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။
EXO 4:3 ထာ​ဝ​ရ​ဘု​ရား​က``တောင်​ဝှေး​ကို​မြေ​ပေါ်​သို့ ပစ်​ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် တောင်​ဝှေး​ကို​ပစ်​ချ​လိုက်​သော​အ​ခါ၊ တောင် ဝှေး​သည်​မြွေ​ဖြစ်​လာ​သ​ဖြင့်​သူ​သည်​လန့် ၍​ထွက်​ပြေး​လေ​၏။-
EXO 4:4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဆန့်​၍​မြွေ​အ​မြီး​ကို​ကိုင်​ဖမ်း​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​ဆန့်​၍ မြွေ​ကို​ကိုင်​ဖမ်း​လိုက်​သော​အ​ခါ လက်​ထဲ​၌ တောင်​ဝှေး​တစ်​ဖန်​ဖြစ်​လာ​ပြန်​လေ​သည်။-
EXO 4:5 ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရှေ့​တွင် ထို​သို့​ပြု​လုပ်​ပြ​လော့။ သို့ မှ​သာ​လျှင်​သင်​သည်​သူ​တို့​ဘိုး​ဘေး​တို့​၏ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏ ဘု​ရား​ကို​ဖူး​မြင်​ခဲ့​ရ​ကြောင်း​သူ​တို့​ယုံ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 4:6 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဝတ်​ရုံ​အောက်​သို့​သွင်း​လော့'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​လုပ်​၏။ လက်​ကို​ပြန်​ထုတ်​လိုက်​သော​အ​ခါ လက်​သည်​အ​ရေ​ပြား​ရော​ဂါ​စွဲ​၍​မိုး​ပွင့် ကဲ့​သို့​ဖြူ​ဆွတ်​လာ​၏။-
EXO 4:7 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​လက် ကို​ဝတ်​ရုံ​အောက်​သို့​တစ်​ဖန်​သွင်း​လော့'' ဟု မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​သွင်း​၍ ပြန်​ထုတ်​သော​အ​ခါ​အ​ခြား​ကိုယ်​ခန္ဓာ​အ​စိတ် အ​ပိုင်း​များ​ကဲ့​သို့​ပ​က​တိ​အ​ကောင်း အ​တိုင်း​ပြန်​ဖြစ်​လေ​၏။-
EXO 4:8 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သင့်​ကို မ​ယုံ၊ သင်​ပ​ထ​မ​ဦး​စွာ​ပြ​သော​သက်​သေ ကို​လည်း​လက်​မ​ခံ​လျှင်​သင်​၏​ဒုတိယ​သက် သေ​ကို​လက်​ခံ​ကြ​လိမ့်​မည်။-
EXO 4:9 အ​ကယ်​၍​သူ​တို့​သည်​ထို​သက်​သေ​နှစ်​မျိုး​စ​လုံး ကို​လက်​မ​ခံ၊ သင်​၏​စ​ကား​ကို​လည်း​နား​မ​ထောင် ကြ​သေး​လျှင်၊ သင်​သည်​နိုင်း​မြစ်​ထဲ​မှ​ရေ​ကို​ယူ ၍​ခြောက်​သွေ့​သော​ကုန်း​ပေါ်​သို့​လောင်း​ချ​လော့။ ထို​ရေ​သည်​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 4:10 သို့​ရာ​တွင် မော​ရှေ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​စေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ် သည်​မည်​သည့်​အ​ခါ​က​မျှ​နှုတ်​သတ္တိ​မ​ရှိ​ခဲ့ ပါ။ ကိုယ်​တော်​ရှင်​က​အ​ကျွန်ုပ်​အား​မိန့်​ကြား ပြီး​သည်​အ​ခါ​၌​ပင်၊ နှုတ်​သတ္တိ​မ​ရှိ​သေး​ပါ။ အ​ကျွန်ုပ်​သည်​နှုတ်​စ၊ လျှာ​စ​လေး​သူ၊ စ​ကား ပြော​နှေး​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။
EXO 4:11 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``လူ​ကို​မည်​သူ က​စ​ကား​ပြော​စေ​သ​နည်း။ လူ​ကို​မည်​သူ​က နား​ထိုင်း​ဆွံ့​အ​စေ​သ​နည်း။ လူ​ကို​မည်​သူ​က စက္ခု​အ​လင်း​ရ​စေ​သ​နည်း။ သို့​မ​ဟုတ်​မျက်​စိ ကွယ်​စေ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပင် မ​ဟုတ်​ပါ​လော။-
EXO 4:12 သင်​ယ​ခု​သွား​လော့။ သင့်​အား​နှုတ်​သတ္တိ​ကို ငါ​ပေး​မည်။ သင်​မည်​ကဲ့​သို့​ပြော​ရ​မည်​ကို ငါ​သွန်​သင်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 4:13 သို့​သော်​လည်း​မော​ရှေ​က``အ​ရှင်​ဘု​ရား၊ အ​ခြား သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​ပါ'' ဟု​တောင်း​ပန် လေ​၏။
EXO 4:14 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​မျက်​ထွက်​၍``သင်​၌​လေ​ဝိ​အ​မျိုး​သား အစ်​ကို​အာ​ရုန်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည် နှုတ်​သတ္တိ​ကောင်း​သူ​ဖြစ်​ကြောင်း​ငါ​သိ​၏။ သူ သည်​သင်​နှင့်​အ​လွန်​တွေ့​လို​၍ ယ​ခု​ပင်​လျှင် သင့်​ထံ​သို့​လာ​နေ​ပြီ။-
EXO 4:15 သင်​ပြော​ရ​မည့်​စ​ကား​ကို​သူ့​အား​ပြော​ပြ လော့။ ငါ​သည်​သင်​တို့​နှစ်​ဦး​မည်​သို့​ပြော​ဆို ပြု​လုပ်​ရ​မည်​ကို​သွန်​သင်​မည်။-
EXO 4:16 သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော ပြ​စ​ရာ​ရှိ​သ​မျှ​ကို သင့်​ကိုယ်​စား​ပြော​လိမ့်​မည်။ သူ​သည်​သင်​၏​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ဖြစ်​လိမ့် မည်။ သူ​သည်​လည်း​သင်​ပြော​သ​မျှ​ကို​ဘု​ရား အ​မိန့်​ကဲ့​သို့​ခံ​ယူ​လိမ့်​မည်။-
EXO 4:17 တောင်​ဝှေး​ကို​သင့်​လက်​ထဲ​၌​ဆောင်​ထား​လော့။ ထို​တောင်​ဝှေး​ဖြင့်​သင်​သည်​အံ့​သြ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 4:18 မော​ရှေ​သည်​သူ​၏​ယောက္ခ​မ​ယေ​သ​ရော​ထံ​သို့ ပြန်​လာ​၍``အီ​ဂျစ်​ပြည်​၌​ရှိ​သော​ကျွန်​တော် ၏​ဆွေ​မျိုး​များ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော​ဟု​စုံ​စမ်း​ရန် ထို​ပြည်​သို့​ပြန်​ခွင့်​ပေး ပါ'' ဟု​အ​ခွင့်​တောင်း​လေ​၏။ ယေ​သ​ရော​က မော​ရှေ​အား​ကြည်​ဖြူ​စွာ​သွား​ခွင့်​ပြု​လေ​၏။
EXO 4:19 မော​ရှေ​သည်​မိ​ဒျန်​ပြည်​၌​ရှိ​စဉ်၊ ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် လော့။ သင့်​ကို​သတ်​လို​သူ​အ​ပေါင်း​တို့​သည် အ​နိစ္စ​ရောက်​ကြ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
EXO 4:20 သို့​ဖြစ်​၍​မော​ရှေ​သည်​သူ​၏​မ​ယား​နှင့်​သား တို့​ကို​မြည်း​ပေါ်​တွင်​တင်​၍၊ ထာ​ဝ​ရ​ဘု​ရား ဆောင်​ထား​စေ​သော​တောင်​ဝှေး​ကို​လက်​ထဲ​တွင် ကိုင်​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​ခဲ့ လေ​သည်။
EXO 4:21 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် ယ​ခု​အီ​ဂျစ်​ပြည်​သို့​ပြန်​မည်​ဖြစ်​ရာ၊ သင့် အား​ငါ​ပေး​ထား​သော​တန်​ခိုး​ဖြင့်​ဖာ​ရော ဘု​ရင်​ရှေ့​၌​အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လော့။ ငါ​သည်​သူ့​စိတ်​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-
EXO 4:22 ထို​အ​ခါ​၌​သင်​သည်​ဖာ​ရော​ဘု​ရင်​အား`ထာ ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ငါ​၏​သား​ဦး​ဖြစ်​၏။-
EXO 4:23 ငါ​၏​သား​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စေ ရန် သူ့​ကို​သွား​ခွင့်​ပြု​ရန်​အ​မိန့်​ရှိ​သော်​လည်း သင်​သည်​သွား​ခွင့်​မ​ပေး။ ထို့​ကြောင့်​ငါ​သည်​သင် ၏​သား​ဦး​ကို​သေ​စေ​မည်' ဟု​ဆင့်​ဆို​လော့'' ဟူ ၍​မိန့်​တော်​မူ​၏။
EXO 4:24 လမ်း​ခ​ရီး​တို့​တွင်​စ​ခန်း​ချ​ရာ​တစ်​နေ​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​တွေ့​ဆုံ​၍ သူ့​အား​အ​ဆုံး​စီ​ရင်​ရန်​ပြု​တော်​မူ​၏။-
EXO 4:25 ထို​အ​ခါ​သူ​၏​မ​ယား​ဇိ​ပေါ​ရ​သည်​ကျောက် စောင်း​တစ်​ခု​ကို​ယူ​၍ သား​၏​အ​ရေ​ဖျား​ကို ဖြတ်​ပြီး​လျှင်​ထို​အ​ရေ​ဖျား​ဖြင့် မော​ရှေ​၏ ခြေ​တို့​ကို​တို့​လေ​၏။ ထို​နောက်​အ​ရေ​ဖျား လှီး​ဖြတ်​ခြင်း​မင်္ဂ​လာ​ကြောင့် ဇိ​ပေါ​ရ​က``သင် သည်​ကျွန်​မ​၏​တ​ရား​ဝင်​လင်​ယောကျာ်း​ပင် ဖြစ်​၏'' ဟု​ဆို​လေ​၏။-
EXO 4:26 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​သက်​ချမ်း​သာ​ခွင့်​ပေး​တော်​မူ​၏။
EXO 4:27 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``မော​ရှေ​နှင့် တွေ့​ဆုံ​ရန်​တော​ကန္တာ​ရ​သို့​သွား​လော့'' ဟု အ​မိန့်​ရှိ​တော်​မူ​သည်​အ​တိုင်း​သူ​သွား​လေ​၏။ သူ​သည်​မော​ရှေ​ကို ထာ​ဝ​ရ​ဘု​ရား​၏​တောင် ပေါ်​၌​တွေ့​ဆုံ​လျှင်​သူ့​ကို​နမ်း​၍​နှုတ်​ဆက်​၏။-
EXO 4:28 မော​ရှေ​သည်​မိ​မိ​အား​စေ​လွှတ်​သော​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သ​မျှ​တို့​နှင့် ပြု​လုပ်​ရ​မည့် အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို​အာရုန်​အား ပြော​လေ​၏။-
EXO 4:29 ထို​နောက်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဣသ​ရေ​လ အ​မျိုး​သား​တို့​ထံ​သို့​သွား​၍​ခေါင်း​ဆောင်​များ ကို​စု​ရုံး​စေ​၏။-
EXO 4:30 အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြော​၍​သူ​တို့​ရှေ့​တွင်​အံ့​သြ ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​သ​ဖြင့်၊-
EXO 4:31 သူ​တို့​သည်​ပြော​ပြ​သ​မျှ​ကို​ယုံ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ ၍ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​သိ​မှတ်​တော် မူ​ပြီ​ဖြစ်​ကြောင်း​ကို ကြား​သိ​ရ​သော​အ​ခါ​သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး ကြ​၏။
EXO 5:1 ထို​နောက်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဖာ​ရော ဘု​ရင်​ထံ​သို့​ဝင်​ရောက်​၍``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တော ကန္တာ​ရ​တွင်​ဘု​ရား​ပွဲ​တော်​ကျင်း​ပ​နိုင်​ရန် သူ​တို့​ကို​သွား​ခွင့်​ပေး​လော့' ဟု​မိန့်​တော်​မူ ပါ​သည်'' ဟူ​၍​လျှောက်​ထား​ကြ​၏။
EXO 5:2 ဖာ​ရော​ဘု​ရင်​က``ထို​ဘု​ရား​သည်​မည်​သူ​နည်း။ ငါ​သည်​အ​ဘယ်​ကြောင့်​ထို​ဘု​ရား​၏​စ​ကား ကို​နာ​ခံ​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လွှတ်​ရ​မည်​နည်း။ ငါ​သည်​ထို​ဘု​ရား​ကို​မ​သိ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ လွှတ်​နိုင်'' ဟု​ဆို​လေ​၏။
EXO 5:3 သူ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား ကို အ​ကျွန်ုပ်​တို့​ဖူး​တွေ့​ခဲ့​ရ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက်​ခ​ရီး သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ထို​ဝတ်​ကို​မ​ပြု​ရ​လျှင်​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​အား​ရော​ဂါ​ဘေး​သို့​မ​ဟုတ် ဋ္ဌား​ဘေး​သင့်​စေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
EXO 5:4 ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``ဤ​သူ​တို့​ကို​အ​ဘယ်​ကြောင့်​အ​လုပ် ပျက်​အောင်​ပြု​လို​ကြ​သ​နည်း။ အ​လုပ်​ခွင် သို့​ပြန်​ကြ​စေ။-
EXO 5:5 သင်​တို့​လူ​မျိုး​သည်​အီ​ဂျစ်​လူ​မျိုး​တို့​ထက် များ​ပြား​လာ​ကြ​လေ​ပြီ။ ယ​ခု​သင်​တို့​အ​လုပ် မှ​ရပ်​နား​လို​ကြ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
EXO 5:6 ထို​နေ့​၌​ပင်​ဖာ​ရော​ဘု​ရင်​သည် အီ​ဂျစ်​အ​မျိုး သား​အုပ်​ချုပ်​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​အား၊-
EXO 5:7 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အုတ်​ဖုတ် ရန်​အ​တွက် ကောက်​ရိုး​ကို​ယ​ခင်​က​ကဲ့​သို့ မ​ပေး​ရ။ သူ​တို့​ကိုယ်​တိုင်​ရှာ​ယူ​ကြ​စေ။-
EXO 5:8 သို့​ရာ​တွင်​သူ​တို့​ဖုတ်​ရ​မည့်​အုတ်​အ​ရေ အ​တွက်​မှာ ယ​ခင်​က​ထက်​မ​နည်း​စေ​ရ။ မည် သည့်​အ​ကြောင်း​ကြောင့်​မျှ​အ​ရေ​အ​တွက် မ​လျော့​စေ​ရ။ သူ​တို့​သည်​ပျင်း​၏။ ထို့​ကြောင့် သူ​တို့​က`ငါ​တို့​၏​ဘု​ရား​အား​ယဇ်​ပူ​ဇော် ရန်​သွား​ခွင့်​ပေး​ပါ' ဟု​တောင်း​ဆို​၏။-
EXO 5:9 သူ​တို့​အား​အ​လုပ်​ကို​အား​သွန်​ခွန်​စိုက်​လုပ် ဆောင်​ကြ​စေ။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​လိမ် လည်​လှည့်​စား​သည့်​စ​ကား​ကို​နား​မ​ယောင်၊ အ​လုပ်​မ​ပျက်​ဘဲ​လုပ်​ကိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​မြွက်​လေ​၏။
EXO 5:10 အုပ်​ချုပ်​သူ​တို့​နှင့်​ဣ​သ​ရေ​လ​အ​လုပ်​ကြပ် တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​၍``ဖာ​ရော​ဘု​ရင်​က`ငါ​သည်​သင် တို့​အား​ကောက်​ရိုး​ကို​ပေး​တော့​မည်​မ​ဟုတ်။-
EXO 5:11 သင်​တို့​ကိုယ်​တိုင်​ကောက်​ရိုး​ရ​နိုင်​မည့်​အ​ရပ်​မှ ကောက်​ရိုး​ကို​ရှာ​ယူ​ရ​မည်။ သို့​ရာ​တွင်​သင်​တို့ ဖုတ်​ရ​မည့်​အုတ်​အ​ရေ​အ​တွက်​မှာ ယ​ခင်​က ထက်​မ​နည်း​စေ​ရ' ဟု​မိန့်​ကြား​တော်​မူ​သည်'' ဟူ​၍​ပြော​လေ​၏။-
EXO 5:12 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​အ​နှံ့​အ​ပြား​သို့​သွား​ရောက်​၍ ကောက်​ရိုး​ရှာ​ရ​လေ​၏။-
EXO 5:13 အုပ်​ချုပ်​သူ​တို့​က``သင်​တို့​သည်​ကောက်​ရိုး​ရ စဉ်​က နေ့​စဉ်​ဖုတ်​ပြီး​သ​မျှ​အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း ယ​ခု​လည်း​ပြီး​စီး​စေ​ရ​မည်'' ဟု ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​သော့​ခိုင်း​လေ​၏။-
EXO 5:14 အီ​ဂျစ်​အ​မျိုး​သား​အုပ်​ချုပ်​သူ​တို့​က ဣ​သ ရေ​လ​အ​မျိုး​သား​အ​လုပ်​ကြပ်​တို့​ကို​ရိုက် နှက်​လျက်``ယ​နေ့​သင်​တို့​သည်​အ​ဘယ်​ကြောင့် ယ​ခင်​အုတ်​အ​ရေ​အ​တွက်​နှုန်း​ကို​မီ​အောင် မ​ထုတ်​နိုင်​သ​နည်း'' ဟု​မေး​ကြ​၏။
EXO 5:15 ထို​အ​ခါ​အ​လုပ်​ကြပ်​တို့​သည်​ဖာ​ရော​ဘု​ရင် ထံ​သို့​ဝင်​၍``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် တို့​အား​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ပါ​သ​နည်း။-
EXO 5:16 ကိုယ်​တော်​ကျွန်​တို့​အား​ကောက်​ရိုး​ကို​မ​ပေး​ဘဲ အုတ်​ဖုတ်​ရ​မည်​ဟု​အ​မိန့်​ပေး​ပါ​သည်။ ကိုယ် တော်​ကြောင့်​ယ​ခု​ကိုယ်​တော်​ကျွန်​တို့​အ​ရိုက် အ​နှက်​ခံ​နေ​ရ​ပါ​သည်'' ဟု​လျှောက်​ထား ကြ​၏။
EXO 5:17 ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​က``သင်​တို့​သည်​ပျင်း​၏။ အ​လွန်​ပျင်း​သော​ကြောင့်​သင်​တို့​က`အ​ကျွန်ုပ်​တို့ ၏​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ပါ ရ​စေ' ဟု​တောင်း​လျှောက်​ကြ​၏။-
EXO 5:18 အ​လုပ်​ခွင်​သို့​ပြန်​သွား​ကြ။ သင်​တို့​အား​ကောက် ရိုး​ပေး​မည်​မ​ဟုတ်။ သို့​သော်​ယ​ခင်​အုတ်​အ​ရေ အ​တွက်​နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်'' ဟု​မိန့် ကြား​လေ​၏။-
EXO 5:19 ယ​ခင်​နေ့​စဉ်​ထုတ်​လုပ်​သော အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်​ဖြစ်​ကြောင်း​ကို ကြား​ရ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​သည်​မိ​မိ​တို့​၌​ဒုက္ခ​ရောက် မည့်​အ​ရေး​ကို​တွေ့​မြင်​လာ​ကြ​လေ​သည်။
EXO 5:20 သူ​တို့​သည်​ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ခွာ​လာ ကြ​သော​အ​ခါ သူ​တို့​အား​စောင့်​နေ​သော မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​တွေ့​လျှင်၊-
EXO 5:21 ``ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​အ​ရာ​ရှိ​တို့​က​ကျွန်ုပ် တို့​အား​ရွံ​မုန်း​လာ​စေ​ရန် သင်​တို့​ပြု​လုပ်​သည့် အ​တွက်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အား​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်ုပ်​တို့​အား သတ်​ရန်​သင်​တို့​သည်​သူ​တို့​လက်​၌​ဋ္ဌား​ကို အပ်​ပေး​လေ​ပြီ'' ဟု​ဆို​ကြ​၏။
EXO 5:22 ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့``အို အ​ရှင်​ဘု​ရား၊ အ​ဘယ်​ကြောင့်​ဤ​သူ​တို့ ကို​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​စေ​လွှတ်​တော်​မူ​ပါ​သ​နည်း။-
EXO 5:23 အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ ဖာ​ရော​ဘု​ရင်​ထံ​လျှောက်​ထား​သည့်​အ​ချိန်​မှ စ​၍ သူ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိပ် စက်​ခဲ့​ပါ​ပြီ။ သို့​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​မည်​သည့်​အ​ကူ​အ​ညီ​ကို​မျှ မ​ပေး​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။
EXO 6:1 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဖာ ရော​ဘု​ရင်​အား​ငါ​မည်​သို့​ပြု​မည်​ကို​သင်​မြင် ရ​လိမ့်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး​တော် အား​ဖြင့် သူ​သည်​ထို​သူ​တို့​ကို​သွား​ခွင့်​ပေး​စေ ရန်​ငါ​စီ​ရင်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး တော်​အား​ဖြင့် သူ​သည်​မိ​မိ​၏​တိုင်း​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​ရ​သည်​အ​ထိ​ငါ​စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 6:2 ဘု​ရား​သ​ခင်​က မော​ရှေ​အား``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။-
EXO 6:3 အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​သည်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​အ​ဖြစ်​နှင့်​ထင်​ရှား​ခဲ့ သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​ဖြင့် သူ​တို့​သည်​ငါ့​ကို​မ​သိ​ကြ။-
EXO 6:4 ထို့​အ​ပြင်​သူ​တို့​သည်​ဧည့်​သည်​အ​ဖြစ်​ဖြင့်​နေ ထိုင်​ခဲ့​ရ​သော​ခါ​နာန်​ပြည်​ကို သူ​တို့​အား​ပေး မည်​ဟု​ငါ​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့​၏။-
EXO 6:5 ယ​ခု​ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​ရ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​သံ​ကို ကြား​ရ​သ​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ် ကို​သ​တိ​ရ​ပြီ။-
EXO 6:6 ထို့​ကြောင့်​သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား`ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​ထံ​၌​ကျွန်​ခံ​ရ​သည့်​ဘ​ဝ​မှ သင်​တို့​အား​ငါ​လွတ်​မြောက်​စေ​မည်။ ငါ​၏ မ​ဟာ​လက်​ရုံး​တော်​ကို​ဆန့်​၍ ကြောက်​မက် ဖွယ်​သော​ဒဏ်​စီ​ရင်​ခြင်း​ဖြင့်​သင်​တို့​ကို ကယ်​တင်​မည်။-
EXO 6:7 ငါ​သည်​သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ် ရွေး​ကောက်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် မည်။ သင်​တို့​အား​ကျွန်​အ​ဖြစ်​စေ​ခိုင်း​သော အီ​ဂျစ်​အ​မျိုး​သား​တို့​၏​လက်​မှ ငါ​လွတ် မြောက်​စေ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။-
EXO 6:8 အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ငါ​က​တိ​ထား​သော​ပြည်​သို့​သင်​တို့​အား​ပို့ ဆောင်​မည်။ ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား အ​ပိုင်​ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ၏' ဟူ​၍​ပြော​ကြား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
EXO 6:9 မော​ရှေ​သည်​ထို​အ​မိန့်​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြန်​ကြား​သော်​လည်း သူ တို့​သည်​ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့်​အ​လွန်​ပင် ပန်း​နေ​ကြ​သ​ဖြင့်​နား​ထောင်​လက်​ခံ​နိုင်​စွမ်း မ​ရှိ​ကြ​ချေ။
EXO 6:10 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
EXO 6:11 ``အီ​ဂျစ်​ဘု​ရင်​ထံ​သို့​ဝင်​၍​သူ​၏​တိုင်း​ပြည် မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထွက်​ခွင့် ပြု​စေ​ရန်​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။
EXO 6:12 ထို​အ​ခါ​မော​ရှေ​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင် အ​ကျွန်ုပ်​၏​စ​ကား​ကို​နား​မ ထောင်​ဘဲ စ​ကား​ထစ်​သူ​အ​ကျွန်ုပ်​၏​စ​ကား ကို​ဘု​ရင်​က​မည်​သို့​နား​ထောင်​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​လေ​၏။
EXO 6:13 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ရန်​သင်​တို့​အား ငါ​အ​မိန့် ပေး​တော်​မူ​ကြောင်း​ဣသ​ရေ​လ​အ​မျိုး​သား တို့​နှင့်​အီ​ဂျစ်​ဘု​ရင်​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
EXO 6:14 ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​များ​၏ အ​ကြီး​အ​ကဲ​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ယာ​ကုပ် ၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​သား​များ​မှာ​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တို့​ဖြစ်​ကြ​၏။ ဤ သူ​တို့​သည်​မိ​မိ​တို့​၏​နာမည်​များ​ကို​ခံ​ယူ သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ် ကြ​၏။-
EXO 6:15 ရှိ​မောင်​၏​သား​ခြောက်​ယောက်​မှာ​ယ​မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ​နှင့်​ခါ​နာန် အ​မျိုး​သ​မီး​မှ​ဖွား​သော​ရှော​လ​တို့​ဖြစ်​ကြ ၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့​၏​နာ​မည်​များ​ကို ခံ​ယူ​သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ ဖြစ်​ကြ​၏။-
EXO 6:16 လေ​ဝိ​၏​သား​သုံး​ယောက်​မှာ​ဂေ​ရ​ရှုံ၊ ကော ဟတ်၊ မေ​ရာ​ရိ​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​များ​ကို​ခံ​ယူ​သော​အ​ဆက် အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ လေ​ဝိ သည်​တစ်​ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက် ရှည်​၏။-
EXO 6:17 ဂေ​ရ​ရှုံ​၏​သား​နှစ်​ယောက်​မှာ​လိဗနိ​နှင့်​ရှိ​မိ တို့​ဖြစ်​ကြ​၏။ သူ​တို့​၌​သား​မြေး​များ​စွာ ရှိ​ကြ​၏။-
EXO 6:18 ကော​ဟတ်​၏​သား​လေး​ယောက်​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​တို့​ဖြစ်​ကြ​၏။ ကော​ဟတ်​သည်​တစ်​ရာ​သုံး​ဆယ့်​သုံး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-
EXO 6:19 မေ​ရာ​ရိ​၏​သား​နှစ်​ယောက်​မှာ​မ​ဟာ​လိ​နှင့် မု​ရှိ​တို့​ဖြစ်​ကြ​၏။ အ​ထက်​ဖော်​ပြ​ပါ​တို့ သည်​လေ​ဝိ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် ကြ​သ​တည်း။
EXO 6:20 အာ​မ​ရံ​သည်​ဖ​ခင်​၏​နှ​မ ယော​ခေ​ဗက်​နှင့် စုံ​ဖက်​၍​ယော​ခေ​ဗက်​သည် သား​အာ​ရုန်​နှင့် မော​ရှေ​တို့​ကို​ဖွား​မြင်​၏။ အာ​မ​ရံ​သည်​တစ် ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက်​ရှည်​၏။-
EXO 6:21 ဣဇ​ဟာ​၏​သား​တို့​မှာ​ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ တို့​ဖြစ်​၏။-
EXO 6:22 သြ​ဇေ​လ​၏​သား​တို့​မှာ​မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊ သိ​သ​ရိ​တို့​ဖြစ်​ကြ​၏။
EXO 6:23 အာ​ရုန်​သည်​အ​မိ​န​ဒပ်​၏​သ​မီး၊ နာ​ရှုန်​၏ နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်​၍​ဧ​လိ​ရှ​ဘ​သည် သား​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့ ကို​ဖွား​မြင်​၏။-
EXO 6:24 ကော​ရ​၏​သား​သုံး​ယောက်​တို့​မှာ​အ​ဿိ​ရ၊ ဧ​လ ကာ​န၊ အ​ဗျာ​သပ်​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် ကော​ရ​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​များ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-
EXO 6:25 အာ​ရုန်​၏​သား​ဧ​လ​ဇာ​သည်​ပု​တျေ​လ​၏ သ​မီး​တစ်​ယောက်​နှင့်​စုံ​ဖက်​၍ သူ​သည်​သား ဖိ​န​ဟတ်​ကို​ဖွား​မြင်​၏။ ဤ​သူ​တို့​သည်​လေ​ဝိ မိ​သား​စု​နှင့်​အ​ဆက်​အ​နွယ်​များ​၏​အ​ကြီး အ​ကဲ​များ​ဖြစ်​ကြ​သ​တည်း။
EXO 6:26 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လော့'' ဟု စေ​ခိုင်း​တော်​မူ​ခြင်း​ခံ​ရ​သူ​တို့​သည်​ကား အာ​ရုန်​နှင့်​မော​ရှေ​တို့​ဖြစ်​သ​တည်း။-
EXO 6:27 ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည် မှ​ထွက်​ခွင့်​ပေး​ရန် အီ​ဂျစ်​ဘု​ရင်​အား​တောင်း ဆို​သူ​တို့​သည်​ကား​အာ​ရုန်​နှင့်​မော​ရှေ​တို့ ပင်​ဖြစ်​သ​တည်း။
EXO 6:28 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​မိန့်​ကြား​သ​မျှ​ကို​အီ​ဂျစ်​ဘု​ရင် အား​ပြော​လော့'' ဟု​အီ​ဂျစ်​ပြည်​တွင်​ရောက် ရှိ​နေ​သော​မော​ရှေ​အား​မိန့်​တော်​မူ​၏။
EXO 6:30 မော​ရှေ​က``အ​ကျွန်ုပ်​သည် နှုတ်​သတ္တိ​မ​ရှိ​သူ ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ ဖာ​ရော ဘု​ရင်​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို​နား ထောင်​မည်​မ​ဟုတ်​ပါ'' ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​လေ​၏။
EXO 7:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ​ဂျစ်​ဘု​ရင် ၏​ရှေ့​တွင်​သင်​သည်​ဘု​ရား​ကဲ့​သို့​လည်း​ကောင်း၊ သင်​၏​အစ်​ကို​အာ​ရုန်​သည်​သင့်​ကိုယ်​စား​ပြော ဆို​ရ​သော​ပ​ရော​ဖက်​ကဲ့​သို့​လည်း​ကောင်း​ငါ ဖြစ်​စေ​မည်။-
EXO 7:2 ငါ​သည်​သင့်​အား​မိန့်​ကြား​သ​မျှ​ကို​အာ​ရုန် အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွင့်​ပြု​စေ​ရန် သူ သည်​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား​ရ​မည်။-
EXO 7:3 သို့​ရာ​တွင်​ငါ​သည်​ဘု​ရင်​အား​ခေါင်း​မာ​စေ သ​ဖြင့် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် ရာ​အ​မှု​တို့​ကို​ငါ​ပြ​သော်​လည်း၊-
EXO 7:4 သူ​သည်​သင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင်​ငါ​၏​တန်​ခိုး​ကို ပြ​၍ ပြည်​သူ​ပြည်​သား​တို့​ကို​ပြင်း​ထန်​စွာ ဒဏ်​ခတ်​လျက် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​အ​ပေါင်း တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​မည်။-
EXO 7:5 ထို​သို့​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​တန်​ခိုး ကို​ပြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ထုတ် ဆောင်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
EXO 7:6 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဘု​ရင်​အား​လျှောက် ထား​ကြ​၏။-
EXO 7:7 ဘု​ရင်​ထံ​သို့​ဝင်​၍​လျှောက်​ထား​ချိန်​၌​မော​ရှေ သည် အ​သက်​ရှစ်​ဆယ်၊ အာ​ရုန်​သည်​အ​သက်​ရှစ် ဆယ်​သုံး​နှစ်​ရှိ​ကြ​သ​တည်း။
EXO 7:8 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊-
EXO 7:9 ``အ​ကယ်​၍​ဖာ​ရော​ဘု​ရင်​က`ငါ​ယုံ​နိုင်​ရန် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​လော့' ဟု​ဆို​လျှင်​သင် သည်​အာ​ရုန်​အား`ဘု​ရင်​ရှေ့​၌​သင်​၏​တောင် ဝှေး​ကို​ပစ်​ချ​ရန်​ပြော​လော့။ တောင်​ဝှေး​သည် မြွေ​ဖြစ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။-
EXO 7:10 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဘု​ရင်​ထံ​သို့​ဝင်​ကြ ၏။ ထို​နောက်​အာ​ရုန်​သည်​သူ​၏​တောင်​ဝှေး​ကို ဘု​ရင်​နှင့်​မှူး​မတ်​များ​ရှေ့​တွင်​ပစ်​ချ​လိုက် ရာ​တောင်​ဝှေး​သည်​မြွေ​ဖြစ်​လေ​၏။-
EXO 7:11 ထို​အ​ခါ​ဘု​ရင်​သည်​သူ​၏​ပ​ညာ​ရှိ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​၍၊ သူ​တို့​သည် မှော်​အ​တတ်​ဖြင့်​အ​လား​တူ​ပ​ညာ​စွမ်း​ကို ပြ​ကြ​၏။-
EXO 7:12 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​တောင်​ဝှေး​များ​ကို ပစ်​ချ​ရာ တောင်​ဝှေး​များ​သည်​မြွေ​ဖြစ်​ကြ ကုန်​၏။ သို့​ရာ​တွင်​အာ​ရုန်​၏​မြွေ​က​ထို​သူ တို့​၏​မြွေ​များ​ကို​မျို​လိုက်​လေ​၏။-
EXO 7:13 ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​ခေါင်း​မာ​လျက်​နေ​လေ​၏။
EXO 7:14 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင် သည်​အ​လွန်​ခေါင်း​မာ​လျက်​ရှိ​၏။ သူ​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​မ​လွှတ်​ဘဲ​နေ​၏။-
EXO 7:15 နံ​နက်​တွင်​ဘု​ရင်​သည်​နိုင်း​မြစ်​ကမ်း​သို့​ဆင်း သော​အ​ခါ​သူ့​ထံ​သို့​သွား​လော့။ မြွေ​အ​ဖြစ် သို့​ပြောင်း​ခဲ့​သော​တောင်​ဝှေး​ကို​ယူ​ဆောင်​၍ မြစ်​ကမ်း​ပေါ်​တွင်​စောင့်​နေ​လော့။-
EXO 7:16 ဘု​ရင်​အား`ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​၏​လူ​မျိုး​တော် သည်​တော​ကန္တာ​ရ​တွင်​မိ​မိ​အား​ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​ရန် ကျွန်ုပ်​ကို​ပြော​ခိုင်း​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​ယ​ခု​တိုင်​အောင်​အ​မိန့် တော်​ကို​မ​လိုက်​နာ​ပါ။-
EXO 7:17 အ​ရှင်​မင်း​ကြီး၊ ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း ယ​ခု​ငါ​ပြု မည့်​အ​မှု​ဖြင့်​သင်​သိ​ရ​လိမ့်​မည်​ဟု​မိန့်​တော် မူ​ပြီ။ ကျွန်ုပ်​သည်​ဤ​တောင်​ဝှေး​နှင့်​မြစ်​ရေ​ကို ရိုက်​သ​ဖြင့်​ရေ​သည်​သွေး​ဖြစ်​လိမ့်​မည်။-
EXO 7:18 မြစ်​ထဲ​ရှိ​ငါး​တို့​သေ​၍​မြစ်​ရေ​သည်​နံ​စော် သ​ဖြင့်၊ အီ​ဂျစ်​ပြည်​သား​တို့​သည်​ထို​ရေ​ကို မ​သောက်​သုံး​နိုင်​ဖြစ်​ရ​လိမ့်​မည်' ဟု​ဘု​ရင် ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
EXO 7:19 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို​မိန့်​တော် မူ​သည်​မှာ ``အာ​ရုန်​အား သင်​သည်​အီ​ဂျစ်​ပြည် တွင်​ရှိ​သ​မျှ​သော မြစ်၊ ချောင်း၊ အင်း၊ အိုင်​ရေ လှောင်​ကန်​တို့​၏​ရေ​ပေါ်​၌ တောင်​ဝှေး​ကို​ကိုင်​၍ လက်​ဆန့်​လော့။ တစ်​ပြည်​လုံး​တွင်​သစ်​သား​ခွက်၊ ကျောက်​ခွက်​တို့​ပါ​မ​ကျန်​ရှိ​သ​မျှ​သော​ရေ တို့​သည်​သွေး​ဖြစ်​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
EXO 7:20 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အာ​ရုန်​သည်​ဘု​ရင်​နှင့်​သူ​၏​မှူး​မတ်​များ​၏ ရှေ့​တွင်​တောင်​ဝှေး​ကို​မြှောက်​၍ မြစ်​ရေ​ကို​ရိုက် ရာ​မြစ်​ရေ​သည်​သွေး​ဖြစ်​လေ​၏။-
EXO 7:21 မြစ်​ထဲ​၌​ရှိ​သော​ငါး​တို့​သည်​သေ​ကုန်​၏။ ရေ သည်​အ​လွန်​အ​နံ့​ဆိုး​သ​ဖြင့် အီ​ဂျစ်​ပြည် သား​တို့​သည်​ထို​ရေ​ကို​မ​သောက်​သုံး​နိုင် ကြ​ချေ။ အီ​ဂျစ်​တစ်​ပြည်​လုံး​နေ​ရာ​အ​နှံ့ တွင်​သွေး​နှင့်​ပြည့်​လေ​၏။-
EXO 7:22 သို့​ရာ​တွင်​အီ​ဂျစ်​မှော်​ဆ​ရာ​တို့​က​လည်း၊ မိ​မိ​တို့​၏​အ​တတ်​ဖြင့်​ရေ​ကို​သွေး​ဖြစ်​စေ ကြ​ရာ​ဘု​ရင်​သည် ယ​ခင်​နည်း​တူ​ခေါင်း​မာ မြဲ​ခေါင်း​မာ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မော​ရှေ နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လေ​၏။-
EXO 7:23 ဘု​ရင်​သည်​ထို​အ​မှု​အ​ရာ​ကို​အ​ရေး​မ ကြီး​သော​ကိစ္စ​ဟူ​၍ သ​ဘော​ပိုက်​ကာ​နန်း တော်​သို့​ပြန်​သွား​လေ​၏။-
EXO 7:24 အီ​ဂျစ်​ပြည်​သား​တို့​သည်​မြစ်​ရေ​ကို​မ​သောက် သုံး​နိုင်​ကြ​သ​ဖြင့်၊ မြစ်​ကမ်း​တစ်​လျှောက် တွင်​သောက်​ရေ​အ​တွက်​တွင်း​တူး​ကြ​၏။
EXO 7:25 ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​ကို​သွေး​ဖြစ်​စေ ပြီး​နောက် ခု​နစ်​ရက်​ကြာ​လေ​၏။
EXO 8:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍`ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု နိုင်​ရန် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​ပြု လော့။-
EXO 8:2 သင်​သည်​သူ​တို့​ကို​သွား​ခွင့်​မ​ပြု​လျှင် ငါ သည်​သင်​၏​တစ်​တိုင်း​ပြည်​လုံး​ကို​ဖား​ဖြင့် ဒဏ်​ခတ်​မည်။-
EXO 8:3 မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-
EXO 8:4 ဖား​တို့​သည်​သင်​နှင့်​သင်​၏​မှူး​မတ်၊ ပြည်​သူ​တို့ အ​ပေါ်​သို့​ခုန်​တက်​ကြ​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
EXO 8:5 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြစ် များ၊ ချောင်း​များ၊ အင်း​အိုင်​များ​ပေါ်​သို့​သင်​၏ တောင်​ဝှေး​ကို​ကိုင်​၍​လက်​ကို​ဆန့်​သော​အား ဖြင့်​ဖား​များ​တက်​လာ​၍ အီ​ဂျစ်​တစ်​ပြည်​လုံး တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​လော့'' ဟု​မော​ရှေ အား​မိန့်​တော်​မူ​၏။-
EXO 8:6 ထို့​ကြောင့်​အာ​ရုန်​သည်​ရေ​ပြင်​ရှိ​သ​မျှ​ပေါ် သို့​သူ​၏​လက်​ကို​ဆန့်​သ​ဖြင့် ဖား​များ​အ​လွန် မြောက်​မြား​စွာ​တက်​လာ​၍​အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​ဖား​တို့​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​လေ​၏။-
EXO 8:7 မှော်​ဆ​ရာ​တို့​က​လည်း​မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ဖား​များ​တက် လာ​စေ​ကြ​၏။
EXO 8:8 ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍ ``ငါ​နှင့်​ငါ​၏​ပြည်​သား​တို့​ထံ​မှ ဖား​တို့​ကို​ဖယ်​ရှား​ပေး​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပါ​လော့။ သို့​ပြု​လျှင်​သင်​တို့​၏ အ​မျိုး​သား​များ ထာ​ဝ​ရ​ဘု​ရား​ကို​ယဇ် ပူ​ဇော်​ရန်​သွား​ခွင့်​ကို​ငါ​ပြု​မည်'' ဟု​ဆို​၏။
EXO 8:9 မော​ရှေ​က``ကိုယ်​တော်​နှင့်​ကိုယ်​တော်​၏​မှူး​မတ် ပြည်​သူ​တို့​၏​အိမ်​များ​မှ​ဖား​တို့​ကို​ဖယ်​ရှား ၍ နိုင်း​မြစ်​ထဲ​၌​သာ​ဖား​များ​နေ​စေ​ရန်​မည် သည့်​အ​ချိန်​တွင်​ဆု​တောင်း​ပေး​ရ​ပါ​မည် နည်း'' ဟု​မေး​လျှောက်​သော်၊
EXO 8:10 ဖာ​ရော​ဘု​ရင်​က``နက်​ဖြန်​နေ့​တွင်​ဆု​တောင်း ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။ ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​ပြော​သည် အ​တိုင်း ဆု​တောင်း​ပေး​ပါ​မည်။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​တူ သော အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကိုယ်​တော် သိ​ပါ​လိမ့်​မည်။-
EXO 8:11 ဖား​တို့​ကို​ကိုယ်​တော်​၏​နန်း​တော်​နှင့်​ကိုယ် တော်​၏​မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ​ဖယ်​ရှား​၍ မြစ်​ထဲ​၌​သာ​နေ​စေ​လိမ့်​မည်'' ဟု​လျှောက် ထား​ပြီး​လျှင်၊-
EXO 8:12 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ထံ​မှ​ထွက် ခဲ့​ကြ​၏။ ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​သင့်​စေ သော​ဖား​များ​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အ​တွက် မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း လေ​၏။-
EXO 8:13 ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​မော​ရှေ​ဆု​တောင်း သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်​အိမ်​များ၊ ခြံ များ၊ လယ်​ကွင်း​များ​ထဲ​ရှိ​ဖား​များ​သေ​ကြ ကုန်​၏။-
EXO 8:14 အီ​ဂျစ်​ပြည်​သား​တို့​သည်​ဖား​သေ​ကောင်​များ ကို​စု​ပုံ​ထား​ကြ​ရာ​တစ်​ပြည်​လုံး​တွင်​နံ​စော် လျက်​ရှိ​လေ​၏။-
EXO 8:15 တိုင်း​ပြည်​တွင်​အ​ခြေ​အ​နေ​ကောင်း​လာ​ကြောင်း ကို​တွေ့​မြင်​ရ​သော​အ​ခါ၊ ဘု​ရင်​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စကား ကို​နား​မ​ထောင်​ဘဲ​နေ​လေ​၏။
EXO 8:16 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြေ ကြီး​ကို​သင်​၏​တောင်​ဝှေး​နှင့်​ရိုက်​လော့။ အီ​ဂျစ် တစ်​ပြည်​လုံး​တွင်​မြေ​မှုန့်​ရှိ​သ​မျှ​သည်​တော ခြင်​များ​ဖြစ်​လာ​လိမ့်​မည်​ဟု​ပြော​လော့'' ဟူ ၍​မော​ရှေ​အား​မိန့်​တော်​မူ​၏။-
EXO 8:17 ထို့​ကြောင့်​အာ​ရုန်​သည်​တောင်​ဝှေး​ဖြင့်​မြေ ကြီး​ကို​ရိုက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မြေ​မှုန့် ရှိ​သ​မျှ​သည်​တော​ခြင်​ဖြစ်​လာ​၍ လူ​နှင့် တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ်​လေ​၏။-
EXO 8:18 မှော်​ဆ​ရာ​တို့​လည်း​မိ​မိ​တို့​၏​အ​တတ်​ပ​ညာ ဖြင့် တော​ခြင်​များ​ဖြစ်​လာ​ရန်​အား​ထုတ်​ကြ သော်​လည်း​မ​အောင်​မြင်​ကြ​ချေ။ တော​ခြင် များ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ် လေ​သည်။-
EXO 8:19 ထို​အ​ခါ​မှော်​ဆ​ရာ​တို့​က​ဘု​ရင်​အား``ဤ အ​မှု​အ​ရာ​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ဖြစ်​၏'' ဟု​လျှောက်​ကြ​၏။ သို့ ရာ​တွင်​ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား မ​ထောင်​ဘဲ​နေ​လေ​၏။
EXO 8:20 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``နံ​နက် စော​စော​အ​ချိန်​၌​ဘု​ရင်​သည်​ရေ​ဆိပ်​သို့​သွား သော​အ​ခါ သူ​နှင့်​တွေ့​ဆုံ​၍`ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-
EXO 8:21 သွား​ခွင့်​မ​ပြု​လျှင်​သင်​နှင့်​သင်​၏​မှူး​မတ် ပြည်​သူ​တို့​ထံ​သို့​မှက်​ကောင်​များ​ကို​ငါ စေ​လွှတ်​မည်။ အီ​ဂျစ်​ပြည်​သား​တို့​၏​အိမ် များ​နှင့်​မြေ​တစ်​ပြင်​လုံး​ကို​မှက်​ကောင် များ​ဖြင့်​ပြည့်​စေ​မည်။-
EXO 8:22 ထို​နေ့​တွင်​ငါ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​ကို​ချန်​လှပ်​၍​ထား​သ​ဖြင့် ထို ဒေ​သ​၌​မှက်​ကောင်​မ​ရှိ​စေ​ရ။ ထို​သို့​ပြု​ခြင်း အား​ဖြင့်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည် တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​သိ​ရ​လိမ့်​မည်။-
EXO 8:23 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​နှင့်​သင်​၏​လူ​မျိုး ကို​ခြား​နား​၍​ထား​မည်။ ဤ​နိ​မိတ်​လက္ခ​ဏာ ကို​နက်​ဖြန်​နေ့​တွင်​ငါ​ပြ​မည်' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ပြော​လော့'' ဟူ​၍ မိန့်​တော်​မူ​သည်။-
EXO 8:24 ထာ​ဝ​ရ​ဘု​ရား​သည်​မှက်​ကောင်​အုပ်​ကြီး​များ ကို​ဘု​ရင်​၏​နန်း​တော်၊ မှူး​မတ်​တို့​၏​အိမ်​များ နှင့်​အီ​ဂျစ်​တစ်​ပြည်​လုံး​သို့​စေ​လွှတ်​တော်​မူ ၏။ မှက်​ကောင်​များ​ကြောင့်​တိုင်း​ပြည်​ပျက် ရ​လေ​၏။
EXO 8:25 ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍``သင်​တို့​၏​ဘု​ရား​အား​ဤ​ပြည် ထဲ​၌​ယဇ်​ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။
EXO 8:26 မော​ရှေ​က``အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ယဇ်​ကောင် များ​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့​က​ရွံ​ရှာ ကြ​မည်​ဖြစ်​သော​ကြောင့် ထို​ကဲ့​သို့​မ​ပြု​လုပ် သင့်​ပါ။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယဇ် ကောင်​များ​ပူ​ဇော်​ခြင်း​ကို​မြင်​လျှင် အ​ကျွန်ုပ် တို့​အား​ခဲ​နှင့်​ပစ်​၍​သတ်​ကြ​ပါ​လိမ့်​မည်။-
EXO 8:27 အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း တော​ကန္တာ​ရ သို့​သုံး​ရက်​ခ​ရီး​သွား​၍​ယဇ်​ပူ​ဇော်​ရ​ပါ မည်'' ဟု​လျှောက်​ဆို​၏။
EXO 8:28 ဖာ​ရော​ဘု​ရင်​က``သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တော​ကန္တာ​ရ​၌​ယဇ်​ပူ ဇော်​ရန်​ငါ​စေ​လွှတ်​မည်။ သို့​ရာ​တွင်​ခ​ရီး ဝေး​မ​သွား​ရ။ ငါ့​အ​တွက်​ဆု​တောင်း​ပေး ပါ​လော့'' ဟု​ဆို​လေ​၏။
EXO 8:29 မော​ရှေ​က``နက်​ဖြန်​နေ့​တွင်​ကိုယ်​တော်​နှင့် မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ မှက်​ကောင်​များ​ကို ဖယ်​ရှား​ပေး​ရန်​ယ​ခု​ကိုယ်​တော်​ထံ​မှ​ထွက် သွား​လျှင်​သွား​ချင်း ထာ​ဝ​ရ​ဘု​ရား​ထံ​၌ ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ယဇ်​ပူ​ဇော်​ရန်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ အား ယ​ခု​သွား​ခွင့်​ပြု​ပြီး​မှ​မ​သွား​ရ​ဟု နောက်​တစ်​ဖန်​မ​လှည့်​စား​မ​တား​ဆီး​ပါ နှင့်'' ဟု​လျှောက်​ထား​လေ​၏။
EXO 8:30 ထို​နောက်​မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​၌​ဆု​တောင်း လေ​၏။-
EXO 8:31 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ဆု​တောင်း​သည့် အ​တိုင်း ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ​တို့​ထံ​၌ မှက်​တစ်​ကောင်​မျှ​မ​ကျန်​စေ​ရန်​မှက်​အား​လုံး ကို​ဖယ်​ရှား​တော်​မူ​၏။-
EXO 8:32 သို့​ရာ​တွင်​ဘု​ရင်​သည်​ယ​ခု​အ​ကြိမ်​၌​လည်း ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​သွား​ခွင့်​မ​ပြု​ချေ။
EXO 9:1 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍ ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ ၏။ `ငါ့​အား​ဝတ်​ပြု​နိုင်​စေ​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-
EXO 9:2 သင်​သည်​သွား​ခွင့်​မ​ပြု​ဘဲ​နေ​ဦး​မည်​ဆို​လျှင်၊-
EXO 9:3 ငါ​သည်​သင်​တို့​၏​မြင်း၊ မြည်း၊ ကု​လား​အုပ်၊ သိုး၊ နွား၊ ဆိတ်​တို့​ကို​ရော​ဂါ​ဆိုး​ဖြင့်​သေ​ကျေ ပျက်​စီး​စေ​မည်။-
EXO 9:4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​နှင့် အီ​ဂျစ်​အ​မျိုး သား​တို့​၏​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​သော​တိ​ရစ္ဆာန်​တစ်​ကောင်​မျှ မ​သေ​စေ​ရ။-
EXO 9:5 ငါ​သည်​နက်​ဖြန်​နေ့​၌​ထို​အ​မှု​ကို​ပြု​မည်' ဟု​ထာ​ဝ​ရ​ဘု​ရား​အ​ချိန်​ကန့်​သတ်​တော်​မူ ကြောင်း​ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
EXO 9:6 နောက်​တစ်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိန့် တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် အီ​ဂျစ် အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​အား​လုံး​သေ​ကျေ ကြ​ကုန်​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။-
EXO 9:7 ဘု​ရင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ တိ​ရစ္ဆာန် တစ်​ကောင်​မျှ​မ​သေ​ကြောင်း​ကို​စုံ​စမ်း သိ​ရှိ​ရ​လေ​၏။ သို့​သော်​ဘု​ရင်​သည်​ခေါင်း​မာ မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​သွား​ခွင့်​မ​ပြု​ဘဲ​နေ​လေ​၏။
EXO 9:8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``မီး​ဖို​ထဲ​က​ပြာ​ကို​လက်​နှင့်​ဆုပ်​ယူ လော့။ မော​ရှေ​သည်​ဘု​ရင်​ရှေ့​တွင်​ပြာ​ကို​လေ ထဲ​သို့​ပစ်​လွှင့်​ရ​မည်။-
EXO 9:9 ထို​ပြာ​သည်​အီ​ဂျစ်​တစ်​ပြည်​လုံး​တွင် မြေ​မှုန့်​ကဲ့ သို့​ပျံ့​နှံ့​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ်​ပေါ်​၌ အ​နာ​ဆိုး​များ​ပေါက်​စေ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။-
EXO 9:10 သို့​ဖြစ်​၍​သူ​တို့​သည်​ပြာ​ကို​ယူ​၍​ဘုရင်​ရှေ့ တွင်​ရပ်​နေ​ကြ​၏။ မော​ရှေ​သည်​ပြာ​ကို​လေ​ထဲ သို့​ပစ်​လွှင့်​လိုက်​ရာ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ် ပေါ်​၌​အ​နာ​ဆိုး​များ​ပေါက်​စေ​လေ​၏။-
EXO 9:11 အ​ခြား​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ မှော်​ဆ​ရာ​တို့​ကိုယ်​ပေါ်​တွင်​လည်း​အ​နာ​ဆိုး များ​ပေါက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​သည် မော​ရှေ​ရှေ့​သို့​မ​လာ​နိုင်​ကြ​တော့​ချေ။-
EXO 9:12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သွား​ခွင့် မ​ပြု​ဘဲ​နေ​လေ​၏။
EXO 9:13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ဟေ​ဗြဲ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လော့။ ``နံ နက်​စော​စော​တွင် ဘု​ရင်​နှင့်​သွား​ရောက်​တွေ့​ဆုံ ပြီး​လျှင်`ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-
EXO 9:14 ကမ္ဘာ​လော​က​တစ်​ခု​လုံး​၌​ငါ​ကဲ့​သို့​သော ဘု​ရား​မ​ရှိ​ကြောင်း သင်​သိ​စေ​ရန်​ယ​ခု​အ​ကြိမ် တွင်​သင်​နှင့်​သင်​၏​မှူး​မတ်​ပြည်​သူ​တို့​အား ငါ ကိုယ်​တိုင်​ကပ်​သင့်​စေ​မည်။-
EXO 9:15 အ​ကယ်​၍​ငါ​သည်​တန်​ခိုး​တော်​ဖြင့် သင်​နှင့် သင်​၏​လူ​မျိုး​ကို​ရောဂါ​ဘေး​သင့်​စေ​ခဲ့​ပါ​မူ သင်​တို့​အား​လုံး​ပင်​သေ​ကျေ​ပျက်​စီး​ကုန် မည်​ဖြစ်​သည်။-
EXO 9:16 သို့​ရာ​တွင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ငါ ၏​ဘုန်း​တန်​ခိုး​ကို​တွေ့​မြင်​ကြ​စေ​ရန် ငါ သည်​သင်​တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး ခဲ့​၏။-
EXO 9:17 သို့​သော်​လည်း​သင်​သည်​မောက်​မာ​မြဲ​မောက်​မာ လျက် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​မ​ပြုဘဲ နေ​သေး​၏။-
EXO 9:18 နက်​ဖြန်​နေ့​ဤ​အ​ချိန်​တွင်​အီ​ဂျစ်​ပြည်​၌ တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ရွာ​ဘူး​သော​မိုး​သီး မိုး​ကို​သည်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-
EXO 9:19 ယ​ခု​သင်​သည်​သင်​၏​တိ​ရစ္ဆာန်​များ​နှင့်​ကွင်း ပြင်​၌​ရှိ​သ​မျှ​တို့​ကို အ​မိုး​အ​ကာ​အောက်​သို့ သွင်း​စေ​လော့။ အ​ကာ​အ​ကွယ်​မ​ရှိ​သော​လူ နှင့်​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​အ​ပေါ်​သို့ မိုး​ရွာ​ချ သ​ဖြင့်​သေ​ကျေ​ပျက်​စီး​ကြ​လိမ့်​မည်။''
EXO 9:20 ဘု​ရင်​၏​မှူး​မတ်​အ​ချို့​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​မိန့်​တော်​မူ​ချက်​ကို​ယုံ​၍​ကြောက် ရွံ့​သ​ဖြင့် မိ​မိ​တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန် များ​ကို​အ​မိုး​အ​ကာ​အောက်​သို့​သွင်း​ထား ကြ​၏။-
EXO 9:21 အ​ခြား​သော​သူ​များ​က​မူ​ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ မိ​မိ တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန်​များ​ကို​အ​မိုး အ​ကာ​အောက်​သို့​မ​သွင်း​ဘဲ​နေ​ကြ​၏။
EXO 9:22 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​လူ​များ၊ တိ​ရစ္ဆာန်​များ၊ လယ်​ကွင်း​ရှိ​အ​ပင်​များ​ပေါ်​သို့ မိုး​ရွာ​ချ​စေ​ရန်​သင်​၏​လက်​ကို​ကောင်း​ကင် သို့​မြှောက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
EXO 9:23 မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး​ကို​ကောင်း​ကင် သို့​မြှောက်​လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး ထစ်​ချုန်း​ခြင်း၊ မိုး​ကြိုး​ပစ်​ခြင်း​နှင့်​တ​ကွ မိုး​သီး​မိုး​ရွာ​သွန်း​စေ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​တော်​မူ​သော-
EXO 9:24 ထို​မုန်​တိုင်း​သည် အ​လွန်​ဆိုး​ရွား​သော​မုန် တိုင်း​ဖြစ်​သ​ဖြင့် အီ​ဂျစ်​ပြည်​သ​မိုင်း​တွင် တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ကြုံ​ဘူး​သော အ​ဆိုး​ရွား​ဆုံး​မုန်​တိုင်း​ဖြစ်​၏။-
EXO 9:25 အီဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​အ​ကာ အ​ကွယ်​မ​ရှိ​သော လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း တို့​သည်​မိုး​သီး​ဒဏ်​ကြောင့်​သေ​ကျေ​ကြ ကုန်​၏။ လယ်​ကွင်း​ထဲ​၌​ရှိ​သော​သီး​နှံ​များ နှင့်​သစ်​ပင်​အား​လုံး​တို့​သည်​လည်း​ပျက်​စီး ကုန်​၏။-
EXO 9:26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​သည်​သာ​လျှင် မိုး​သီး​မိုး ဒဏ်​မှ​လွတ်​ကင်း​သည်။
EXO 9:27 ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​ခေါ်​ပြီး လျှင်``ဤ​တစ်​ကြိမ်​ငါ​ပြစ်​မှား​မိ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​မှန်​ကန်​၍ ငါ​နှင့်​ငါ​၏​လူ​မျိုး​တို့ သည်​မှား​ပါ​၏။-
EXO 9:28 ငါ​တို့​သည်​မိုး​သီး​နှင့်​မိုး​ကြိုး​ဒဏ်​ကို​မ​ခံ နိုင်​တော့​ပြီ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပေး​ပါ​လော့။ ငါ​သည်​သင်​တို့​အား ချက်​ခြင်း​သွား​ခွင့်​ပေး​ပါ​မည်'' ဟု​ဆို​လေ​၏။
EXO 9:29 ထို​အ​ခါ​မော​ရှေ​က``ကျွန်ုပ်​သည်​မြို့​ပြင်​သို့ ရောက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လက်​များ ကို​မြှောက်​၍​ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​တော် မူ​ကြောင်း ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ​မိုး​ကြိုး သံ​နှင့်​မိုး​သီး​မိုး​ရပ်​စဲ​လိမ့်​မည်။-
EXO 9:30 သို့​သော်​လည်း​သင်​နှင့်​သင်​၏​မှူး​မတ်​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ခြင်း​မ​ရှိ​သေး​ကြောင်း​ကျွန်ုပ်​သိ​ပါ​သည်'' ဟု​လျှောက်​လေ​၏။
EXO 9:31 မု​ယော​စ​ပါး​တို့​သည်​မှည့်​၍​ပိုက်​ဆံ​ပင်​တို့ သည် အ​ဖူး​ထွက်​လျက်​ရှိ​သ​ဖြင့်​၎င်း​အ​ပင် တို့​သည်​ပျက်​စီး​ကုန်​၏။-
EXO 9:32 သို့​ရာ​တွင်​ဂျုံ​စ​ပါး​ပင်​တို့​သည် အ​မှည့် နောက်​ကျ​သ​ဖြင့်​မ​ပျက်​စီး​ကြ​ချေ။
EXO 9:33 မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​၍ မြို့​ပြင်​သို့ သွား​ပြီး​လျှင်​လက်​များ​ကို​မြှောက်​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မိုး​ကြိုး​သံ​နှင့် မိုး​သီး​များ​စဲ​လေ​၏။ မိုး​လည်း​ရပ်​စဲ​သွား​၏။-
EXO 9:34 ထို​သို့​မိုး​မ​ရွာ၊ မိုး​ကြိုး​သံ​နှင့်​မိုး​သီး​များ ရပ်​စဲ​သည်​ကို​ဘု​ရင်​မြင်​သော​အ​ခါ သူ​နှင့် တ​ကွ​သူ​၏​မှူး​မတ်​တို့​သည်​က​တိ​မ​တည် ဘဲ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ရှိ​ကြ​၏။-
EXO 9:35 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း ဘု​ရင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ ပြန်​၏။
EXO 10:1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် သည်​ဘု​ရင်​ထံ​သို့​သွား​လော့။ ငါ​သည်​အံ့​ဖွယ် သော​အ​မှု​တို့​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​တွင် ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​အား​ပြ​သည့် အံ့​ဖွယ်​သော​အ​မှု​များ​အ​ကြောင်း​ကို သင် တို့​၏​သား​မြေး​တို့​အား​ပြော​ပြ​နိုင်​ခြင်း ငှာ​လည်း​ကောင်း ငါ​သည်​ဘု​ရင်​နှင့်​သူ​၏ မှူး​မတ်​တို့​ကို​ခေါင်း​မာ​စေ​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​သင်​တို့ အား​လုံး​သိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 10:3 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-
EXO 10:4 သင်​သည်​ငါ​၏​လူ​မျိုး​တော်​တို့​အား​သွား​ခွင့် မ​ပေး​လျှင် နက်​ဖြန်​နေ့​၌​ငါ​သည်​သင်​၏​တိုင်း ပြည်​တွင်​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ မည်။-
EXO 10:5 ထို​ကျိုင်း​ကောင်​တို့​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​မည်။ ယင်း​တို့​သည်​မိုး​သီး​ဒဏ်​ကြောင့် မ​ပျက်​စီး​ဘဲ​ကျန်​ရှိ​သ​မျှ​ကို​ကိုက်​စား ကြ​လိမ့်​မည်။ အ​ပင်​ရှိ​သ​မျှ​တို့​ကို​လည်း စား​ပစ်​ကြ​လိမ့်​မည်။-
EXO 10:6 သင်​၏​နန်း​အ​ဆောင်​များ၊ မှူး​မတ်​တို့​၏​အိမ် များ၊ ပြည်​သူ​အ​ပေါင်း​တို့​၏​အိမ်​များ​ထဲ​သို့ ကျိုင်း​ကောင်​အုပ်​များ​ဝင်​ရောက်​လိမ့်​မည်။ အီ​ဂျစ် နိုင်​ငံ​သ​မိုင်း​တစ်​လျှောက်​တွင် ဤ​မျှ​လောက် ဆိုး​ရွား​သော​ကပ်​မျိုး​ကို​လူ​တို့​တစ်​ခါ​မျှ မ​တွေ့​ကြုံ​ခဲ့​ရ​သေး' ဟု​ဟေ​ဗြဲ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏'' ဟု​ဆို​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ​၏။
EXO 10:7 မှူး​မတ်​တို့​က​ဘု​ရင်​အား``ဤ​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို​မည်​မျှ​ကြာ​အောင်​ဒုက္ခ​ရောက် စေ​ပါ​မည်​နည်း။ ထို​သူ​တို့​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​သော​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး၊ ယ​ခု ပင်​အီ​ဂျစ်​ပြည်​ပျက်​စီး​နေ​ပြီ​မ​ဟုတ်​ပါ လော'' ဟု​လျှောက်​ကြ​၏။
EXO 10:8 ထို့​ကြောင့်​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ပြန်​ခေါ်​လျက်``သင်​တို့​ဘု​ရား​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ လော့။ သို့​သော်​မည်​သူ​တို့​သွား​ကြ​မည်​နည်း'' ဟု​မေး​လေ​၏။
EXO 10:9 ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပွဲ​ကို​ကျင်း​ပ​ရ​မည်​ဖြစ်​သော​ကြောင့် ကျွန်ုပ်​တို့​၏​လူ​ကြီး၊ က​လေး၊ သား​သ​မီး၊ သိုး နွား​မှ​စ​၍​အား​လုံး​ကို​ခေါ်​ဆောင်​သွား​ရ ကြ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
EXO 10:10 ဘု​ရင်​က``သင်​တို့​၏​အ​မျိုး​သ​မီး​များ​နှင့် က​လေး​များ​ကို ခေါ်​ဆောင်​သွား​ခွင့်​မ​ပြု​နိုင် ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ဆို​၏။ ပုန်​ကန်​ရန်​ကြံ​စည်​နေ​ကြောင်း​ထင်​ရှား​၏။-
EXO 10:11 သင်​တို့​၏​အ​လို​ပြည့်​မည်​ဆို​လျှင်​အ​မျိုး သား​များ​သာ​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​အ​ထံ​တော်​မှ​သူ​တို့​ကို​နှင်​ထုတ် လေ​၏။
EXO 10:12 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​သို့​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ ရန်​သင်​၏​လက်​ကို​ဆန့်​လော့။ ကျိုင်း​ကောင်​များ သည်​ရောက်​လာ​၍​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက် စီး​ဘဲ ကျန်​ရှိ​နေ​သ​မျှ​သော​အ​ပင်​တို့​ကို စား​ပစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
EXO 10:13 သို့​ဖြစ်​၍​မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး ကို​ကိုင်​လျက် လက်​ကို​ဆန့်​လိုက်​ရာ​ထာ​ဝ​ရ ဘု​ရား​သည် ထို​နေ့​နှင့်​တစ်​ည​ပတ်​လုံး​အရှေ့ ဘက်​မှ​လေ​ပြင်း​တိုက်​ခတ်​စေ​တော်​မူ​၏။ နံ​နက်​ရောက်​သော်​ထို​အ​ရှေ့​လေ​ဖြင့် ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​ကြ​၏။-
EXO 10:14 ကျိုင်း​ကောင်​တို့​သည်​အုပ်​လိုက်​ရောက်​ရှိ​လာ ၍ တစ်​ပြည်​လုံး​ပေါ်​သို့​ရောက်​လေ​၏။ ထို​မျှ လောက်​များ​ပြား​သော​ကျိုင်း​ကောင်​အုပ်​များ သည်​ရှေး​ကာ​လ​က​မ​ပေါ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ပေါ်​မည်​မ​ဟုတ်။-
EXO 10:15 ကျိုင်း​ကောင်​များ​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သ​ဖြင့် မြေ​ပြင်​သည်​ကျိုင်း​ကောင်​များ ဖြင့်​မည်း​နက်​လျက်​ရှိ​၏။ ယင်း​တို့​သည်​တိုင်း ပြည်​၌​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက်​စီး​ဘဲ ကျန် ကြွင်း​သ​မျှ​သော​အ​ပင်​နှင့်​သစ်​သီး​တို့​ကို စား​ကြ​၏။ အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ပင်​ကြီး​ငယ်​တို့​၌​အ​ရွက်​စိမ်း​ဟူ​၍ မ​ကျန်​တော့​ချေ။
EXO 10:16 ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို အ​လျင်​အ​မြန်​ခေါ်​၍``ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့ ကို​ပြစ်​မှား​မိ​ပါ​ပြီ။-
EXO 10:17 ယ​ခု​တစ်​ကြိမ်​ငါ​၏​အ​ပြစ်​ကို​လွှတ်​၍ ဤ​ကပ်​ဆိုး​ကြီး​ကို​ဖယ်​ရှား​ပေး​ရန် သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့'' ဟု​ဆို​လေ​၏။-
EXO 10:18 မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။-
EXO 10:19 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-
EXO 10:20 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ လေ​၏။
EXO 10:21 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-
EXO 10:22 မော​ရှေ​သည်​မိ​မိ​လက်​ကို​ကောင်း​ကင်​သို့​ဆန့် သ​ဖြင့် အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​သုံး ရက်​မျှ​မှောင်​အ​တိ​လွှမ်း​လေ​၏။-
EXO 10:23 အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​မ​မြင်​နိုင်​ကြ သ​ဖြင့် သုံး​ရက်​ပတ်​လုံး​မည်​သူ​မျှ​မိ​မိ နေ​အိမ်​မှ​မ​ထွက်​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​အ​ရပ်​၌​မူ​ကား အ​လင်း​ရောင်​ရှိ​၏။
EXO 10:24 ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​ကို​ခေါ်​၍``ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ​လော့။ သင်​တို့ ၏​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​ကို​လည်း သင်​တို့​နှင့်​အ​တူ​သွား​ကြ​စေ။ သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​များ​ကို​သာ​ထား​ခဲ့​ကြ​လော့'' ဟု ဆို​လေ​၏။
EXO 10:25 မော​ရှေ​က``ကျွန်ုပ်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရန်​ယဇ်​ကောင်​များ​ရှိ​ရ​ပါ​မည်။-
EXO 10:26 ထို့​ကြောင့်​ကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ​ကို တစ်​ကောင် မ​ကျန်​ယူ​ဆောင်​သွား​ရ​ပါ​မည်။ ကျွန်ုပ်​တို့​သည် တိ​ရစ္ဆာန်​များ​ကို​ရွေး​၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ပါ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့​ရောက် မှ​မည်​သည့်​အ​ကောင်​ကို​ရွေး​၍ ပူ​ဇော်​ရ​မည် ကို​သိ​နိုင်​ပါ​မည်'' ဟု​လျှောက်​လေ​၏။
EXO 10:27 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​အား​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​မ​ပြု​ဘဲ​နေ​ပြန်​၏။-
EXO 10:28 ဘု​ရင်​က​မော​ရှေ​အား``ငါ့​ထံ​မှ​ထွက်​သွား လော့။ သင့်​မျက်​နှာ​ကို​ငါ​နောက်​တစ်​ဖန်​မ​တွေ့ လို။ အ​ကယ်​၍​တွေ့​ခဲ့​လျှင်​သင်​သေ​ရ​မည်'' ဟု​ဆို​လေ​၏။
EXO 10:29 ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​မိန့်​တော်​မူ​သည် အ​တိုင်း ကျွန်ုပ်​သည်​ကိုယ်​တော်​ထံ​သို့​နောက်​တစ် ဖန်​မ​လာ​တော့​ပါ'' ဟု​လျှောက်​လေ​၏။
EXO 11:1 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ငါ​သည်​အီ​ဂျစ် ဘု​ရင်​နှင့်​အီ​ဂျစ်​ပြည်​သား​တို့​အား​နောက်​ဆုံး ဒဏ်​ခတ်​မည်။ ထို​နောက်​သူ​သည်​သင်​တို့​အား သွား​ခွင့်​ပြု​လိမ့်​မည်။ စင်​စစ်​အား​ဖြင့်​သင်​တို့ အား​လုံး​ကို​ဤ​ပြည်​မှ​နှင်​ထုတ်​လိမ့်​မည်။-
EXO 11:2 ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​မိန်း​မ အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​အိမ်​နီး​ချင်း​တို့ ထံ​မှ ရွှေ၊ ငွေ၊ တန်​ဆာ​များ​ကို​တောင်း​ယူ ကြ​ရန်​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။-
EXO 11:3 အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ရို​သေ​လေး​စား​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​ပြု​ပြင်​တော်​မူ​၏။ စင်​စစ်​အား​ဖြင့် ဘု​ရင်​၏​မှူး​မတ်​ပြည်​သူ​တို့​က​မော​ရှေ အား​အ​လွန်​ကြီး​မြတ်​သော​ပ္ဂိုလ်​ဖြစ်​သည် ဟု​ခံ​ယူ​ထား​ကြ​၏။
EXO 11:4 ထို​နောက်​မော​ရှေ​က​ဘု​ရင်​အား``ထာ​ဝ​ရ ဘု​ရား​က `သန်း​ခေါင်​ယံ​အ​ချိန်​တွင် ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​ထံ​သို့​ကြွ​လာ​၍၊-
EXO 11:5 အီ​ဂျစ်​ပြည်​တွင်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ စ​၍ ကြိတ်​ဆုံ​ကြိတ်​သော​ကျွန်​မ​၏​သား​ဦး တိုင်​အောင် သား​ဦး​ဟူ​သ​မျှ​တို့​ကို​သေ​စေ​မည်။ တိ​ရစ္ဆာန်​အ​ပေါင်း​တို့​၏​သား​ဦး​ပေါက်​မှန် သ​မျှ​ကို​လည်း​သေ​စေ​မည်။-
EXO 11:6 ရှေး​အ​ခါ​၌​လည်း​မ​ကြုံ​စ​ဖူး၊ နောင်​အ​ခါ​၌ လည်း​ကြုံ​ရ​မည်​မ​ဟုတ်​သော​ဟစ်​အော်​မြည်​တမ်း ခြင်း​အ​သံ​ကို အီ​ဂျစ်​တစ်​ပြည်​လုံး​တွင်​ကြား​ရ လိမ့်​မည်။-
EXO 11:7 သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ သို့​မ​ဟုတ်​တိ​ရစ္ဆာန်​အား​ခွေး​တစ်​ကောင်​မျှ​ပင် ဟောင်​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ခွဲ​ခြား​ကြောင်း​သင်​တို့​သိ​ရ ကြ​မည်' ဟု​မိန့်​တော်​မူ​၏။-
EXO 11:8 ထို​အ​ခါ​သင်​၏​မှူး​မတ်​တို့​သည်​ကျွန်ုပ်​ထံ​သို့ လာ​၍​ပျပ်​ဝပ်​လျက်`သင်​နှင့်​သင်​၏​လူ​စု​အ​ပေါင်း တို့​ထွက်​သွား​ကြ​ပါ' ဟု​ရှိ​ခိုး​တောင်း​ပန်​ကြ လိမ့်​မည်။ ထို​နောက်​မှ​ကျွန်ုပ်​ထွက်​သွား​ပါ​မည်'' ဟု​လျှောက်​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဒေါ​သ​အ​မျက်​ထွက်​လျက်​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။
EXO 11:9 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် အီ​ဂျစ်​ပြည်​တွင်​အံ့​ဖွယ်​သော​အ​မှု​များ​ကို များ​ပြား​စွာ​ပြ​နိုင်​ရန် ဘု​ရင်​သည်​သင်​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။-
EXO 11:10 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ရှေ့​၌​အံ့ ဖွယ်​သော​အ​မှု​တို့​ကို​ပြ​သော်​လည်း ထာ​ဝ​ရ ဘု​ရား​သည်​သူ့​ကို​ခေါင်း​မာ​စေ​သ​ဖြင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​တိုင်း​ပြည် မှ​ထွက်​ခွင့်​မ​ပြု​ဘဲ​နေ​သ​တည်း။
EXO 12:1 ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​မော​ရှေ နှင့်​အာ​ရုန်​တို့​အား၊-
EXO 12:2 ``ဤ​လ​သည်​သင်​တို့​၏​နှစ်​ပ​ထ​မ​လ​ဖြစ် စေ​ရ​မည်။-
EXO 12:3 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​ညွှန်​ကြား​လော့။ ဤ​လ​ဆယ်​ရက်​နေ့​တွင် မိ​သား​စု​တစ်​စု​လျှင် သိုး​က​လေး​သို့​မ​ဟုတ် ဆိတ်​က​လေး​တစ်​ကောင်​ကျ​စီ​ရွေး​ယူ​ရ​မည်။-
EXO 12:4 အ​ကယ်​၍​မိ​မိ​၏​မိ​သား​စု​သည်​သိုး​က​လေး တစ်​ကောင် သို့​မ​ဟုတ်​ဆိတ်​က​လေး​တစ်​ကောင် လုံး​ကို​စား​၍​မ​ကုန်​နိုင်​လျှင် အိမ်​နီး​ချင်း မိ​သား​စု​နှင့်​ပေါင်း​စပ်​၍​လူ​တစ်​ယောက်​စား နိုင်​သ​မျှ စား​မည့်​သူ​ဦး​ရေ​ကို​တွက်​ချက် ကာ​တိ​ရစ္ဆာန်​တစ်​ကောင်​ကို​စား​သုံး​ရ​မည်။-
EXO 12:5 သင်​တို့​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ရွေး​ယူ နိုင်​သည်၊ သို့​သော်​ထို​တိ​ရစ္ဆာန်​သည်​အ​ပြစ်​အ​နာ ကင်း​သော​တစ်​နှစ်​သား​အ​ထီး​ဖြစ်​ရ​မည်။-
EXO 12:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သား​ကောင် များ​ကို​ထိန်း​ကျောင်း​ထား​ပြီး​လျှင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​ည​ဦး​ပိုင်း​၌​ယင်း​သား ကောင်​တို့​ကို​သတ်​ရ​မည်။-
EXO 12:7 ထို​နောက်​အ​သား​ကို​စား​သုံး​သူ​များ​နေ​ထိုင် ရာ​အိမ်​၏​တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​နှစ်​တိုင် တို့​တွင် ထို​သား​ကောင်​၏​သွေး​ကို​သုတ်​လိမ်း ရ​မည်။-
EXO 12:8 ထို​ည​တွင်​အ​သား​ကို​မီး​ကင်​၍​တ​ဆေး​မဲ့ မုန့်၊ ခါး​သော​အ​ရွက်​တို့​နှင့်​စား​ရ​ကြ​မည်။-
EXO 12:9 အ​သား​ကို​အ​စိမ်း​လိုက်​ဖြစ်​စေ၊ ပြုတ်​၍​ဖြစ် စေ​မ​စား​ရ။ တိ​ရစ္ဆာန်​၏​ဦး​ခေါင်း၊ ခြေ​လက်၊ ဝမ်း တွင်း​သား​နှင့်​တ​ကွ​တစ်​ကောင်​လုံး​ကို​မီး​ကင် ရ​မည်။-
EXO 12:10 နံ​နက်​တိုင်​အောင်​အ​သား​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ အ​ကြွင်း​အ​ကျန်​ရှိ​ခဲ့​လျှင်​မီး ရှို့​ပစ်​ရ​မည်။-
EXO 12:11 သင်​တို့​သည်​ခါး​ကို​စည်း​၍​ဖိ​နပ်​ကို​စီး လျက်​လက်​ထဲ​တွင်​တောင်​ဝှေး​ကို​ကိုင်​ပြီး​လျှင် ထို​အ​သား​ကို​အ​လျင်​အ​မြန်​စား​ကြ​ရ​မည်။ ထို​ပွဲ​တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပသခါ ပွဲ​တော်​ဖြစ်​၏။
EXO 12:12 ``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။-
EXO 12:13 သင်​တို့​နေ​ထိုင်​ရာ​အိမ်​တံ​ခါး​တိုင်​တို့​တွင် သုတ်​လိမ်း​ထား​သော​သွေး​သည်​အ​မှတ်​အ​သား ဖြစ်​လိမ့်​မည်။ ငါ​သည်​သွေး​ကို​မြင်​ရ​သော​အ​ခါ သင်​တို့​အိမ်​ကို​ကျော်​လွန်​သွား​မည်။ သို့​ဖြစ်​၍ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ဒဏ်​ခတ်​သော​အ​ခါ သင်​တို့​သည်​၎င်း​ဒဏ်​မှ​လွတ်​ကင်း​ကြ​လိမ့် မည်။-
EXO 12:14 ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 12:15 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ခု​နစ်​ရက် ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်။ ပ​ထ​မ နေ့​တွင်​သင်​တို့​၏​အိမ်​များ​မှ​တ​ဆေး​ကို ဖယ်​ရှား​ရ​မည်။ ထို​ခု​နစ်​ရက်​အ​တွင်း​၌​တစ် စုံ​တစ်​ယောက်​သော​သူ​သည် တ​ဆေး​ပါ​သော မုန့်​ကို​စား​မိ​လျှင်​ထို​သူ​သည်​ငါ​၏​လူ​မျိုး တော်​မှ​အ​ပယ်​ခံ​ရ​မည်။-
EXO 12:16 ပ​ထ​မ​နေ့​နှင့်​သတ္တမ​နေ့​၌​ဝတ်​ပြု​အ​စည်း အ​ဝေး​ကို​ကျင်း​ပ​ရ​မည်။ ထို​နေ့​ရက်​များ တွင်​စား​စ​ရာ​ပြင်​ဆင်​ခြင်း​အ​လုပ်​မှ​တစ် ပါး​အ​ခြား​အ​လုပ်​မ​လုပ်​ရ။-
EXO 12:17 ငါ​သည်​ထို​နေ့​တွင်​သင်​တို့​ဗိုလ်​ခြေ​များ​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သည်​ဖြစ်​ခြင်း ကြောင့် ဤ​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ထာ​ဝ စဉ်​ကျင်း​ပ​ကြ​လော့။-
EXO 12:18 သင်​တို့​သည်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​ည​နေ​မှ နှစ်​ဆယ့်​တစ်​ရက်​နေ့​ည​နေ တိုင်​အောင်​တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​မည်။-
EXO 12:19 ခု​နစ်​ရက်​ပတ်​လုံး​သင်​တို့​၏​အိမ်​များ​တွင် တ​ဆေး​မ​ရှိ​စေ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား ဖြစ်​စေ၊ အ​ခြား​အ​မျိုး​သား​ဖြစ်​စေ မည်​သူ မ​ဆို​တ​ဆေး​ပါ​သော​မုန့်​ကို​စား​မိ​လျှင် ထို သူ​သည်​ငါ​၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်။-
EXO 12:20 တ​ဆေး​ပါ​သည့်​မုန့်​ကို​လုံး​ဝ​မ​စား​ရ၊ သင် သည်​မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
EXO 12:21 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​ကို​ခေါ်​၍``သင်​တို့​၏​မိ​သား​စု အ​သီး​သီး​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ဆင်​ယင် ကျင်း​ပ​နိုင်​ရန် တိ​ရစ္ဆာန်​များ​ထဲ​မှ​ရွေး​ယူ​၍ ပ​သ​ခါ​ပွဲ​အ​တွက်​သတ်​ကြ​လော့။-
EXO 12:22 ထို​နောက်​ဟု​ဿုပ်​ညွန့်​တစ်​စည်း​ကို​ယူ​၍​အင်​တုံ ထဲ​ရှိ​သိုး​၏​သွေး​၌​နှစ်​ပြီး​လျှင် တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​တိုင်​တို့​ကို​သုတ်​ရ​မည်။ နံ​နက် ချိန်​သို့​ရောက်​သည့်​တိုင်​အောင်​မည်​သူ​မျှ​မိ​မိ အိမ်​အ​ပြင်​သို့​မ​ထွက်​ရ။-
EXO 12:23 ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။-
EXO 12:24 သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး​များ​သည် ဤ​ပ​ညတ်​ချက်​များ​ကို​အ​စဉ်​လိုက်​နာ ကျင့်​သုံး​ရ​ကြ​မည်။-
EXO 12:25 ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော ပြည်​သို့ သင်​တို့​ဝင်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။-
EXO 12:26 သင်​တို့​၏​သား​သမီး​များ​က`ဤ​သို့​ဝတ်​ပြု ခြင်း​မှာ​မည်​သို့​ဆို​လို​ပါ​သ​နည်း' ဟု​မေး လျှင်၊-
EXO 12:27 သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ် ပြည်​သား​တို့​အား​သုတ်​သင်​ဖျက်​ဆီး​သော အ​ခါ အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အိမ်​များ​ကို​ကျော်​၍ ငါ​တို့​အား အ​သက်​ချမ်း​သာ​စေ​ခဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပ​သ​ခါ​ယဇ်​ကို​ပူ​ဇော်​ခြင်း ဖြစ်​သည်' ဟု​ဖြေ​ကြား​ရ​မည်'' ဟု​ညွှန် ကြား​လေ​၏။ ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဦး​ညွှတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး ကြ​၏။-
EXO 12:28 ထို​နောက်​မောရှေ​နှင့်​အာ​ရုန်​တို့​ညွှန်​ကြား သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​နာ​ဆောင်​ရွက် ကြ​၏။
EXO 12:29 သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-
EXO 12:30 ထို​ည​တွင်​အီ​ဂျစ်​ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ အ​ပေါင်း​တို့​သည် ထ​၍​အော်​ဟစ်​ငို​ကြွေး​မြည် တမ်း​ကြ​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အီ​ဂျစ် တစ်​နိုင်​ငံ​လုံး​တွင် သား​မ​သေ​သော​အိမ်​တစ် အိမ်​မျှ​မ​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-
EXO 12:31 ထို​ည​ချင်း​တွင်​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ခေါ်​၍``သင်​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ပြည်​မှ​ထွက်​သွား​ကြ လော့။ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ လော့။-
EXO 12:32 သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​တို့​ကို​လည်း​ယူ​ဆောင် သွား​ကြ​လော့။ ငါ​သည်​ကောင်း​ချီး​ခံ​စား​ရ​စေ ရန်​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။-
EXO 12:33 အီ​ဂျစ်​အ​မျိုး​သား​တို့​က``သင်​တို့​သည်​ဤ ပြည်​မှ​မ​ထွက်​လျှင် ငါ​တို့​အား​လုံး​သေ​ရ ပါ​လိမ့်​မည်'' ဟု​ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ အ​လျင်​အ​မြန် ထွက်​သွား​ရန်​တိုက်​တွန်း​ကြ​လေ​သည်။-
EXO 12:34 သို့​ဖြစ်​၍​သူ​တို့​သည်​တ​ဆေး​မ​ရော​သေး သော​မုန့်​စိမ်း​ကို​မုန့်​နယ်​ခွက်​များ​တွင်​ထည့်​၍ အ​ဝတ်​နှင့်​ထုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​၌​ထမ်း ယူ​ကြ​၏။-
EXO 12:35 မော​ရှေ​မှာ​ကြား​ထား​သည့်​အ​တိုင်း​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် သား​တို့​ထံ​မှ​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ် အ​ထည်​များ​ကို​တောင်း​ယူ​ကြ​၏။-
EXO 12:36 အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ရို​သေ​လေး​စား​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်​သူ​တို့ တောင်း​သ​မျှ​ကို​ပေး​ကြ​၏။ ဤ​နည်း​အား ဖြင့်​သူ​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​ယူ​ဆောင်​သွား​ကြ​၏။
EXO 12:37 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။-
EXO 12:38 သူ​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား မ​ဟုတ်​သော​သူ​မြောက်​မြား​စွာ​တို့​နှင့် သိုး၊ ဆိတ်၊ နွား​များ​စွာ​တို့​လည်း​လိုက်​ပါ​သွား​ကြ​လေ သည်။-
EXO 12:39 သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ယူ​ဆောင်​ခဲ့​သော တ​ဆေး​မ​ရော​သည့်​မုန့်​စိမ်း​ဖြင့်​မုန့်​ဖုတ်​ကြ ၏။ အီ​ဂျစ်​ပြည်​မှ​သူ​တို့​အား​ရုတ်​တ​ရက် နှင်​ထုတ်​လိုက်​ကြ​သည်​ဖြစ်​ခြင်း​ကြောင့် မုန့် စိမ်း​၌​တ​ဆေး​ရော​ရန်​အ​ချိန်​မ​ရ​ခဲ့ ကြ​ချေ။
EXO 12:40 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​တွင် နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​နေ​ထိုင် ခဲ့​ကြ​၏။-
EXO 12:41 နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-
EXO 12:42 ထို​နေ့​ည​သည်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရန်​စောင့်​ကြပ် ကြည့်​ရှု​သော​ည​ဖြစ်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် ထို​ည​ကို ထာ​ဝ​ရ​ဘု​ရား​ထုတ်​ဆောင်​တော်​မူ​ရာ​ည အ​ထိမ်း​အ​မှတ်​ပွဲ​တော်​အ​ဖြစ်​နှစ်​စဉ် ကျင်း​ပ​ကြ​လေ​သည်။
EXO 12:43 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော​စည်း​ကမ်း ဥ​ပ​ဒေ​သ​များ​သည်​ကား​ဤ​သို့​တည်း။ မည် သည့်​လူ​မျိုး​ခြား​ကို​မျှ​ထို​ပွဲ​တွင်​ပါ​ဝင် စား​သောက်​ခွင့်​မ​ပြု​ရ။-
EXO 12:44 သို့​သော်​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ ပြီး​သော​ငွေ​ဝယ်​ကျွန်​သည်​စား​နိုင်​၏။-
EXO 12:45 ဧည့်​သည်​သို့​မ​ဟုတ်​အ​ခ​စား​အ​လုပ် သ​မား​များ​မ​စား​ရ။-
EXO 12:46 ပသခါ​စား​ပွဲ​ကို​ပြင်​ဆင်​သော​အိမ်​ထဲ​၌​သာ စား​ရ​မည်။ အိမ်​ပြင်​သို့​ယူ​မ​သွား​ရ။ သား ကောင်​၏​အ​ရိုး​များ​ကို​လည်း​မ​ချိုး​ရ။-
EXO 12:47 ဣ​သ​ရေ​လ​အ​မျိုး​တစ်​မျိုး​လုံး​သည်​ထို​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-
EXO 12:48 လူ​မျိုး​ခြား​တစ်​ဦး​ဦး​သည်​သင်​နှင့်​အ​တူ နေ​ထိုင်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ပ​သ​ခါ​ပွဲ​တော် တွင်​ပါ​ဝင်​လို​လျှင် သူ​နှင့်​သူ​၏​အိမ်​သား​တို့ ကို​ဦး​စွာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​စေ​ပြီး မှ ထို​သူ​အား​ဣ​သ​ရေ​လ​အ​မျိုး​သား ကဲ့​သို့​သတ်​မှတ်​ကာ​ထို​ပွဲ​တော်​၌​ပါ​ဝင် စေ​နိုင်​၏။ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ မ​ခံ​သူ​မှန်​သ​မျှ​သည်​ထို​ပွဲ​သို့​ဝင်​၍ မ​စား​ရ။-
EXO 12:49 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သော်​လည်း ကောင်း၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ မျိုး​ခြား​တို့​သည်​သော်​လည်း​ကောင်း ဤ​စည်း ကမ်း​ဥ​ပ​ဒေ​သ​များ​ကို​လိုက်​နာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
EXO 12:50 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​မိန့်​ကြား​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။-
EXO 12:51 ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။
EXO 13:1 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သား​ဦး ယောကျာ်း​မှန်​သ​မျှ​တို့​ကို​ငါ့​အား​ဆက်​ကပ် ကြ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် သား​ဦး​ယောကျာ်း၊ တိ​ရစ္ဆာန်​တို့​တွင်​သား​ဦး ပေါက်​ဟူ​သ​မျှ​ကို​ငါ​ပိုင်​၏'' ဟု​မိန့်​တော် မူ​၏။
EXO 13:3 ထို​နောက်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ဖြင့် သင်​တို့​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​နေ့​ရက်​ကို သ​တိ​ရ​ကြ​လော့။ ဤ​နေ့​ရက်​တွင်​တ​ဆေး ပါ​သော​မုန့်​ကို​မ​စား​ရ။-
EXO 13:4 သင်​တို့​သည်​အ​ဗိ​ဗ​လ​ခေါ်​သော​ပ​ထ​မ​လ အ​တွင်း ဤ​နေ့​ရက်​တွင်​အီ​ဂျစ်​ပြည်​မှ​ထွက် ခွာ​လာ​ရ​ကြ​၏။-
EXO 13:5 ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင် ရာ​ပြည်​ကို သင်​တို့​အား​ပေး​မည်​ဟု​သင်​တို့​၏ ဘိုး​ဘေး​တို့​ကို​ခိုင်​မြဲ​သော​သစ္စာ​က​တိ​ထား တော်​မူ​ခဲ့​၏။ ကိုယ်​တော်​ပို့​ဆောင်​၍​သင်​တို့​သည် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက် သန်​သော​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ နှစ်​စဉ် ပ​ထ​မ​လ​တွင်​ဤ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-
EXO 13:6 ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​မဲ့​မုန့်​ကို​စား​ပြီး လျှင် သတ္တ​မ​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပွဲ​တော် ကို​ကျင်း​ပ​ရ​မည်။-
EXO 13:7 ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။ ထို​ရက်​အ​တွင်း​သင်​တို့​နေ​ထိုင်​ရာ ပြည်​တစ်​လျှောက်​လုံး​တွင်​တ​ဆေး​ပါ​သော မုန့်​ဖြစ်​စေ၊ တ​ဆေး​ဖြစ်​စေ​မ​ရှိ​စေ​ရ။-
EXO 13:8 ထို​ပွဲ​တော်​စ​တင်​ကျင်း​ပ​သော​နေ့​တွင်​သင် ၏​သား​တို့​အား`အီ​ဂျစ်​ပြည်​မှ​ငါ​တို့​ထွက် ခွာ​လာ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သော​ကျေး​ဇူး​တော်​ကို​အောက်​မေ့​သည့်​အ​ထိမ်း အ​မှတ်​ပွဲ​တော်​ဖြစ်​သည်' ဟု​ရှင်း​ပြ​ရ​မည်။-
EXO 13:9 ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော​ကြောင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​ကို​အ​မြဲ​ရွတ်​ဆို​လေ့​လာ​နေ​စေ ရန် ပွဲ​တော်​သည်​သင်​တို့​၏​လက်​သို့​မ​ဟုတ်​သင် တို့​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော​အ​မှတ်​လက္ခ ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ​ရ​စေ​လိမ့်​မည်။-
EXO 13:10 နှစ်​စဉ်​သတ်​မှတ်​သော​အ​ချိန်​၌​ဤ​ပွဲ​တော်​ကို ကျင်း​ပ​ရ​မည်။
EXO 13:11 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး ဘေး​တို့​အား​ပေး​မည်​ဟု ခိုင်​မြဲ​သော​က​တိ​သစ္စာ ထား​သော​ခါ​နာန်​ပြည်​သို့​သင်​တို့​ကို​ပို့​ဆောင် လိမ့်​မည်။ ထို​ပြည်​သို့​ရောက်​သော​အ​ခါ၊-
EXO 13:12 သင်​တို့​၌​ဖွား​မြင်​သော​သား​ဦး​မှန်​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​မှ သား​ဦး​ပေါက်​အ​ထီး​မှန် သ​မျှ​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော် မူ​၏။-
EXO 13:13 သို့​ရာ​တွင်​သား​ဦး​ပေါက်​မြည်း​အ​ထီး​ကို​သိုး က​လေး​နှင့်​လဲ​၍​ရွေး​ယူ​ရ​မည်။ ထို​သို့​လဲ​၍ မ​ရွေး​ယူ​လို​လျှင် မြည်း​က​လေး​၏​လည်​ပင်း ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ယောကျာ်း​မှန် သ​မျှ​ကို​ပြန်​၍​ရွေး​ယူ​ကြ​ရ​မည်။-
EXO 13:14 နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-
EXO 13:15 အီ​ဂျစ်​ဘု​ရင်​သည်​ခေါင်း​မာ​၍​ငါ​တို့​အား သွား​ခွင့်​မ​ပေး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​၌​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန် တို့​၏​သား​ဦး​ပေါက်​မှန်​သ​မျှ​တို့​ကို​သေ ဒဏ်​စီ​ရင်​တော်​မူ​၏။ ထို​အ​ကြောင်း​ကြောင့် ငါ​တို့​သည်​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​မှန်​သ​မျှ ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​၏။ သို့​သော်​လည်း​ငါ​တို့​၏​သား​ဦး​များ​ကို ပြန်​၍​ရွေး​ယူ​ကြ​သည်။-
EXO 13:16 ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် ဖြင့် ငါ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့ ခြင်း​ကြောင့် ဤ​ပွဲ​တော်​သည်​သင်​၏​လက်​သို့ မ​ဟုတ်​သင်​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော အ​မှတ်​လက္ခ​ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ ရ​စေ​လိမ့်​မည်' ဟု​ပြန်​ပြော​ရ​မည်'' ဟူ​၍ ပြော​ဆို​လေ​၏။
EXO 13:17 အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား​ထွက်​ခွင့်​ပြု​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဖိ​လိတ္တိ​မြို့​သို့​သွား​သော​ပင် လယ်​ကမ်း​ခြေ​ဖြတ်​လမ်း​ဖြင့် သူ​တို့​ကို​ပို့ ဆောင်​တော်​မ​မူ။ သူ​တို့​သည်​စစ်​ပွဲ​တိုက်​ရ​မည် ကို​သိ​မြင်​လျှင်​စိတ်​ပြောင်း​၍ အီ​ဂျစ်​ပြည် သို့​ပြန်​သွား​ကြ​မည်​ဖြစ်​ကြောင်း​ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။-
EXO 13:18 သို့​ဖြစ်​၍​သူ​တို့​အား​တော​ကန္တာ​ရ​ခ​ရီး ဖြင့် ဧ​ဒုံ​ပင်​လယ်​ဘက်​သို့​လှည့်​ပတ်​လျက် သွား​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တွင်​စစ်​ပွဲ​ဝင်​ရန်​လက်​နက်​အ​ပြည့်​အ​စုံ ပါ​ရှိ​ကြ​၏။
EXO 13:19 ယော​သပ်​က​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား က​တိ​သစ္စာ​ထား​စေ​ခဲ့​သည့်​အ​တိုင်း မော​ရှေ သည်​ယော​သပ်​၏​အ​ရိုး​တို့​ကို​ယူ​ဆောင်​ခဲ့ လေ​သည်။ ယော​သပ်​က``ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​တင်​ထုတ်​ဆောင်​သော​အ​ခါ ငါ့​အ​ရိုး​တို့​ကို​ဤ​အ​ရပ်​မှ​ယူ​ဆောင် သွား​ရ​မည်'' ဟု​ခိုင်​မြဲ​သော​က​တိ​ပြု စေ​၏။
EXO 13:20 သူ​တို့​သည်​သု​ကုတ်​မြို့​မှ​ခ​ရီး​ဆက်​ခဲ့​ကြ ရာ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​သံ​မြို့​တွင်​စ​ခန်း ချ​ကြ​၏။-
EXO 13:21 နေ့​နှင့်​ည​အ​ချိန်​တွင်​သူ​တို့​အား​လမ်း​ပြ​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ် တိုင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်​၌ အ​လင်း​ရောင်​ပေး​ရန်​မီး​တိုင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း သူ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​၏။-
EXO 13:22 နေ့​အ​ချိန်​၌​မိုး​တိမ်​တိုင်၊ ည​အ​ချိန်​၌​မီး တိုင်​သည်​သူ​တို့​ရှေ့​က​အ​စဉ်​မ​ပြတ်​သွား လေ​၏။
EXO 14:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြန်​လှည့်​၍ ဗာ​လ​ဇေ​ဖုန် မြို့​အ​နီး​မိ​ဂ​ဒေါ​လ​မြို့​နှင့်​ပင်​လယ်​နီ​စပ် ကြား​ရှိ​ပိ​ဟ​ဟိ​ရုတ်​မြို့​ရှေ့​တွင်​စ​ခန်း​ချ ရန်​ပြော​လော့။-
EXO 14:3 အီ​ဂျစ်​ဘု​ရင်​က`ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် တော​ကန္တာ​ရ​ဝန်း​ရံ​လျက်​ရှိ​သော အ​ရပ်​တွင်​လှည့်​လည်​လျက်​ရှိ​ကြ​သည်' ဟု ထင်​လိမ့်​မည်။-
EXO 14:4 ငါ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​လိုက် လံ​တိုက်​ခိုက်​လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​သူ ၏​စစ်​တပ်​ကို​နှိမ်​နင်း​သ​ဖြင့် ငါ​၏​ဘုန်း​ထင်​ရှား လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့​က ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သိ​မြင် လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။
EXO 14:5 အီ​ဂျစ်​ဘု​ရင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကုန်​ကြ​ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ သော​အ​ခါ သူ​နှင့်​သူ​၏​မှူး​မတ်​တို့​သည်​စိတ် သ​ဘော​ထား​ပြောင်း​လဲ​၍``ငါ​တို့​သည်​ငါ​တို့ ၏​အ​စေ​ခံ​ကျွန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို လွတ်​မြောက်​ထွက်​ပြေး​သွား​စေ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-
EXO 14:6 အီ​ဂျစ်​ဘု​ရင်​သည်​မိ​မိ​၏​စစ်​ရ​ထား​နှင့် စစ်​တပ်​ကို​အ​သင့်​ပြင်​စေ​၏။-
EXO 14:7 သူ​သည်​တပ်​မှူး​များ​ဦး​စီး​သော​လက်​ရွေး စင်​စစ်​ရ​ထား​ခြောက်​ရာ​အ​ပါ​အ​ဝင် စစ် ရ​ထား​အား​လုံး​ကို​စု​ရုံး​ချီ​တက်​စေ​၏။-
EXO 14:8 ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​လိုက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဝင့်​ကြွား​စွာ​ဖြင့်​ထွက်​ခွာ​လျက်​ရှိ ကြ​၏။-
EXO 14:9 ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ်​တို့ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​နောက် သို့​လိုက်​ကြ​ရာ​တွင် ဗာ​လ​ဇေ​ဖုန်​မြို့​နှင့် ပိ​ဟ​ဟိ​ရုတ်​မြို့​အ​နီး​ပင်​လယ်​နီ​ကမ်း​နား ၌​စ​ခန်း​ချ​လျက်​ရှိ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​မီ​လေ​၏။
EXO 14:10 အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်​ချီ​တက်​လာ​သည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​ရ​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့​၍​ထာ​ဝ​ရ​ဘု​ရား​အား ကယ်​မ​တော်​မူ​ရန်​အော်​ဟစ်​တောင်း​ပန်​ကြ​၏။-
EXO 14:11 သူ​တို့​က​မော​ရှေ​အား``အီ​ဂျစ်​ပြည်​တွင် သင်္ချိုင်း မ​ရှိ​သော​ကြောင့် တော​ကန္တာ​ရ​ထဲ​၌​သေ​စေ ရန်​အ​ကျွန်ုပ်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ပါ​သ​လော။ အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော​ကြောင့် ယ​ခု​မည်​ကဲ့​သို့​သော​အ​ခြေ အ​နေ​မျိုး​သို့​ဆိုက်​ရောက်​ကာ​နေ​သည်​ကို ကြည့်​ပါ​လော့။-
EXO 14:12 အ​ကျွန်ုပ်​တို့​သည်​ထွက်​မ​လာ​မီ​က ဤ​ကဲ့ သို့​ဖြစ်​မည်​ဟု​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​တို့​က`အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​မြဲ​ကျွန်​ခံ​နေ​ပါ​ရ​စေ' ဟု​ပြော​ပါ သည်။ ဤ​တော​ကန္တာ​ရ​ထဲ​၌​သေ​ရ​သည်​ထက် ကျွန်​ခံ​နေ​ရ​ခြင်း​က​သာ​၍​ကောင်း​ပါ​သည်'' ဟု​ပြော​လေ​၏။
EXO 14:13 ထို​အ​ခါ​မော​ရှေ​က``မ​ကြောက်​ကြ​နှင့်။ ကြံ့ ကြံ့​ခိုင်​ခိုင်​ရှိ​စေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​ယ​နေ့​တွင် သင်​တို့​အား​မည်​ကဲ့​သို့​ကယ် တင်​တော်​မူ​မည်​ကို​မြင်​ရ​လိမ့်​မည်။ သင်​တို့ ယ​နေ့​မြင်​ရ​သော​အီ​ဂျစ်​အ​မျိုး​သား​တို့ ကို နောင်​မည်​သည့်​အ​ခါ​မျှ​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-
EXO 14:14 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​စစ် တိုက်​တော်​မူ​လိမ့်​မည်။ စိတ်​မ​ပူ​ကြ​နှင့်'' ဟု ပြန်​ပြော​လေ​၏။
EXO 14:15 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ဘယ် ကြောင့်​သင်​တို့​ဟစ်​အော်​နေ​ကြ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှေ့​သို့ ချီ​တက်​စေ​လော့။-
EXO 14:16 သင်​၏​တောင်​ဝှေး​ကို​ကိုင်​၍​ပင်​လယ်​ပေါ်​တွင် လက်​ကို​ဆန့်​လော့။ ထို​အ​ခါ​ပင်​လယ်​ရေ​သည် နှစ်​ခြမ်း​ကွဲ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​မှာ​ဖြတ် ၍​လျှောက်​သွား​ရ​ကြ​မည်။-
EXO 14:17 ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​ခေါင်း မာ​စေ​သ​ဖြင့် သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နောက်​သို့​ဆင်း​လိုက်​ကြ လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​တ​ကွ​သူ​၏ စစ်​တပ်၊ ရ​ထား​တပ်​နှင့်​မြင်း​တပ်​တို့​ကို နှိမ်​နင်း​အောင်​မြင်​ခြင်း​အား​ဖြင့် ငါ​၏ ဘုန်း​ထင်​ရှား​လိမ့်​မည်။-
EXO 14:18 ထို​သို့​ဘု​ရင်​နှင့်​သူ​၏​တပ်​ကို​နှိမ်​နင်း​အောင် မြင်​သ​ဖြင့် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သိ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 14:19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှေ့​က​ကြွ သွား​သော ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် သည်​အ​နောက်​ဘက်​သို့​နေ​ရာ​ပြောင်း​၍​လိုက် ပါ​လာ​၏။ သူ​တို့​၏​အ​ရှေ့​၌​ရှိ​သော​မိုး​တိမ် တိုင်​သည်​လည်း အ​နောက်​ဘက်​သို့​နေ​ရာ ပြောင်း​သ​ဖြင့်၊-
EXO 14:20 အီ​ဂျစ်​တပ်​နှင့်​ဣသ​ရေ​လ​တပ်​တို့​အ​ကြား သို့​ရောက်​ရှိ​လေ​၏။ မိုး​တိမ်​တိုင်​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​ဘက်​တွင်​အ​မှောင်​ကျ​စေ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘက်​တွင်​မူ အ​လင်း​ရောင်​ရ​စေ​၏။ သို့​ဖြစ်​၍​ထို​ည တစ်​ည​လုံး​တစ်​တပ်​နှင့်​တစ်​တပ်​မ​ချဉ်း ကပ်​နိုင်​ကြ​ချေ။
EXO 14:21 မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက်​ကို​ဆန့် လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​ဘက် မှ​လေ​ပြင်း​ကို​တစ်​ည​လုံး​တိုက်​ခတ်​စေ သ​ဖြင့် ပင်​လယ်​ရေ​ကွဲ​၍​အောက်​ခြေ​၌ ခြောက်​သွေ့​သော​မြေ​ပေါ်​စေ​တော်​မူ​၏။-
EXO 14:22 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက်​သွေ့​သော မြေ​ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​၍ သွား​ကြ​လေ​၏။-
EXO 14:23 အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်၊ ရ​ထား​တပ်၊ မြင်း​တပ် တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​ဆင်း​လိုက်​ကြ​၏။-
EXO 14:24 နံ​နက်​အ​ရုဏ်​မ​တက်​မီ​အ​ချိန်​တွင် ထာ​ဝ​ရ ဘု​ရား​သည်​မီး​တိုင်​နှင့်​မိုး​တိမ်​တိုင်​တို့​မှ​နေ ၍ အီ​ဂျစ်​စစ်​တပ်​ကို​ကြည့်​ရှု​တော်​မူ​ပြီး လျှင်​သူ​တို့​ကို​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ​တော်​မူ​၏။-
EXO 14:25 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။
EXO 14:26 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​၏​လက် ကို​ပင်​လယ်​ပေါ်​သို့​ဆန့်​၍ အီ​ဂျစ်​အ​မျိုး​သား နှင့်​သူ​တို့​၏​ရ​ထား​တပ်၊ မြင်း​တပ်​တို့​အ​ပေါ် သို့​ရေ​ပြန်​၍​စီး​စေ​လော့'' ဟု​မိန့်​တော်​မူ​၏။-
EXO 14:27 သို့​ဖြစ်​၍​မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက် ကို​ဆန့်​သ​ဖြင့် နံ​နက်​မိုး​လင်း​သည့်​အ​ခါ​ရေ သည်​ပုံ​မှန်​အ​တိုင်း​ပြန်​လည်​စီး​လေ​၏။ ရေ ပြန်​တက်​လာ​စဉ်​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထွက်​ပြေး​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ တော်​မူ​၏။-
EXO 14:28 ရေ​သည်​ပုံ​မှန်​အ​တိုင်း​ပြန်​စီး​သ​ဖြင့်​ပင် လယ်​ထဲ​သို့​ဆင်း​လိုက်​လာ​ကြ​သော​ရ​ထား တပ်၊ မြင်း​တပ်​နှင့်​အီ​ဂျစ်​ဘု​ရင်​၏​တပ်​အား လုံး​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန်​ရေ​နစ်​၍ သေ​ကုန်​ကြ​၏။-
EXO 14:29 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား တစ်​ဘက် တစ်​ချက်​ရှိ​ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက် သွေ့​သော​မြေ​ပေါ်​မှာ လျှောက်​၍​ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​ရ​ကြ​လေ​၏။
EXO 14:30 ထို​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​ကယ်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​အ​လောင်း​များ​ကို​ပင်​လယ်​ကမ်း​ပေါ်​၌ အ​တုံး​အ​ရုံး​ရှိ​သည်​ကို​တွေ့​မြင်​ကြ လေ​၏။-
EXO 14:31 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​အ​နန္တ တန်​ခိုး​တော်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​နှိမ်​နင်း​လိုက်​သည်​ကို​တွေ့​မြင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​လာ ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​နှင့်​ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​မော​ရှေ​တို့​ကို​ယုံ​ကြည် ကိုး​စား​လာ​ကြ​၏။
EXO 15:1 ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​အောက်​ပါ ထော​မ​နာ​ပြု​သီ​ချင်း​ကို​ဆို​ကြ​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​ရ ပြီ​ဖြစ်​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ​ပြု ပါ​မည်။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ။
EXO 15:2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ခွန်​အား​ကြီး​သော အ​ကာ​အ​ကွယ်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​သည်​ငါ့​အ​ဖ​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို ကူး​ရင့်​သီ​ဆို​ပါ​မည်။
EXO 15:3 ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ နာ​မ​တော်​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
EXO 15:4 ``ကိုယ်​တော်​သည်​အီ​ဂျစ်​ဘု​ရင်​၏​ရ​ထား တပ်​နှင့် စစ်​တပ်​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​၏။ သူ​၏​လက်​ရွေး​စင်​စစ်​ဗိုလ်​တို့​သည်​ပင်​လယ် နီ​ထဲ​၌ ရေ​နစ်​သေ​ဆုံး​ကုန်​၏။
EXO 15:5 ပင်​လယ်​ရေ​နက်​က​သူ​တို့​ကို​ဖုံး​အုပ်​လျက် သူ​တို့​သည်​ကျောက်​တုံး​ကဲ့​သို့၊အောက်​သို့ စုံး​စုံး​မြုပ်​ကြ​၏။
EXO 15:6 ``အို ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​၏​အ​စွမ်း​တန်​ခိုး​တော် သည် အံ့​သြ​ကြောက်​မက်​ဖွယ်​ဖြစ်​ပါ​၏။ လက်​ရုံး​တော်​ဖြင့်​ရန်​သူ​ကို​ချေ​မှုန်း​တော်​မူ ပါ​၏။
EXO 15:7 ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ဖြင့် ရန်​သူ​များ​ကို ချေ​မှုန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ တောက်​လောင်​၍ သူ​တို့​ကို​ကောက်​ရိုး​ကဲ့​သို့​လောင်​ကျွမ်း​စေ​ပါ​၏။
EXO 15:8 ကိုယ်​တော်​သည်​ပင်​လယ်​ရေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ကြွ​တက်​လာ​၍​တံ​တိုင်း​ကဲ့​သို့ တည့်​မတ်​လျက်​နေ​ပါ​၏။ ပင်​လယ်​အောက်​ခြေ​သည်​လည်း​ခိုင်​မာ​လျက် နေ​၏။
EXO 15:9 ရန်​သူ​က`ငါ​သည်​သူ​တို့​ကို​မီ​အောင် လိုက်​လံ​ဖမ်း​ဆီး​မည်။ သူ​တို့​ထံ​မှ​သိမ်း​ဆည်း​ရ​မိ​သော​ဥစ္စာ​ပစ္စည်း ကို ခွဲ​ဝေ​၍​ငါ​လို​ချင်​သ​မျှ​ယူ​မည်။ ငါ​၏​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​သူ​တို့​ကို သုတ်​သင်​ပစ်​မည်' ဟု​ဆို​၏။
EXO 15:10 သို့​သော်​လည်း​ကိုယ်​တော်​သည်​လေ​ကို မှုတ်​တော်​မူ​လိုက်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို ဖုံး​လွှမ်း​လေ​၏။ သူ​တို့​သည်​လှိုင်း​တံ​ပိုး​ကြား​တွင်​ခဲ​ကဲ့​သို့ နစ်​မြုပ်​ကုန်​၏။
EXO 15:11 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​နှင့်​တူ​သော အ​ဘယ်​ဘု​ရား​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​သန့်​ရှင်း​မြင့်​မြတ်​ဘုန်း ကြီး​သော ဘု​ရား​အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​သော​ဘု​ရား အ​ဘယ်​မှာ​ရှိ​အံ့​နည်း။
EXO 15:12 ကိုယ်​တော်​သည်​လက်​ယာ​လက်​ကို​ဆန့်​တော်​မူ သ​ဖြင့်၊ မြေ​ကြီး​သည်​အ​ကျွန်ုပ်​တို့​၏​ရန်​သူ​တို့ ကို​မျို​ပါ​၏။
EXO 15:13 က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​သည် မိ​မိ​ရွေး​နုတ်​သော​လူ​မျိုး​ကို​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​ဖြင့်​သူ​တို့​အား ပြည်​တော်​သို့​လမ်း​ပြ​တော်​မူ​၏။
EXO 15:14 လူ​မျိုး​အ​ပေါင်း​တို့​သည်​ထို​သ​တင်း​ကို​ကြား​၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​ကြ​၏။
EXO 15:15 ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။ မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။
EXO 15:16 ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ထိတ်​လန့် ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လက်​ရုံး​တော်၊ တန်​ခိုး​တော်​ကြောင့် ကျွန်​ဘ​ဝ​မှ​ကိုယ်​တော်​လွတ်​မြောက်​စေ​တော် မူ​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြတ်​သွား​စဉ်​သူ​တို့ သည် ကြောက်​ရွံ့​၍​ကြက်​သေ​သေ​လျက်​နေ​ကြ​ပါ​၏။
EXO 15:17 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။
EXO 15:18 ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​မြဲ စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။''
EXO 15:19 ဖာ​ရော​ဘု​ရင်​၏​မြင်း​တပ်​နှင့်​ရ​ထား​တပ်​တို့ သည် ပင်​လယ်​ထဲ​သို့​ဆင်း​သက်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​ကို​ပြန်​စီး​စေ​သ​ဖြင့် ရေ​သည်​သူ​တို့​ကို​ဖုံး​လွှမ်း​လေ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မူ​ကား ခြောက်​သွေ့​သော​မြေ ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​သွား ကြ​၏။
EXO 15:20 အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-
EXO 15:21 မိ​ရိ​အံ​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​တော်​မူ ပြီ​ဖြစ်​၍ ဂုဏ်​တော်​ကို​ကူး​ရင့်​သီ​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ'' ဟူ​၍ သီ​ချင်း​စပ်​ဆို​လေ​သည်။
EXO 15:22 ထို​နောက်​မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ကို ပင်​လယ်​နီ​မှ​ရှု​ရ​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​လေ​၏။ သူ​တို့​သည် တော​ကန္တာ​ရ​ထဲ​တွင်​သုံး​ရက်​ခ​ရီး​သွား​ခဲ့ ရ​သော်​လည်း​လမ်း​တွင်​ရေ​ကို​မ​တွေ့​ရ။-
EXO 15:23 ထို​နောက်​မာ​ရ​ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက် ရှိ​လာ​ကြ​ရာ ရေ​သည်​ခါး​သော​ကြောင့် မ​သောက်​နိုင်​ကြ။ ရေ​ခါး​ထွက်​သ​ဖြင့်​ထို အ​ရပ်​ကို​မာ​ရ​ဟု​ခေါ်​တွင်​လေ​၏။-
EXO 15:24 သူ​တို့​သည်​မောရှေ​အား``အ​ကျွန်ုပ်​တို့​ရေ​ငတ် ၍ သေ​ရ​ပါ​တော့​မည်'' ဟု​ညည်း​ညူ​ကြ​၏။-
EXO 15:25 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​သစ်​တုံး​တစ်​တုံး​ကို​ညွှန်​ပြ တော်​မူ​၏။ သူ​သည်​သစ်​တုံး​ကို​ရေ​ထဲ​သို့ ပစ်​ချ​လိုက်​သော​အ​ခါ​ရေ​ခါး​သည်​ရေ​ချို ဖြစ်​လာ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​ရပ်​တွင် သူ​တို့ အား​ကျင့်​သုံး​ရန်​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း ၍ ထို​အ​ရပ်​၌​ပင်​သူ​တို့​နား​ထောင်​ခြင်း​ရှိ၊ မ​ရှိ​ကို​စစ်​ဆေး​တော်​မူ​၏။-
EXO 15:26 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
EXO 15:27 ထို​နောက်​သူ​တို့​သည် စမ်း​ရေ​တွင်း​တစ်​ဆယ့် နှစ်​တွင်း​နှင့်​စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ်​ရှိ​ရာ ဧ​လိမ်​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကြ​၍​ရေ ရှိ​ရာ​အ​နီး​တွင်​စ​ခန်း​ချ​ကြ​၏။
EXO 16:1 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဧ​လိမ်​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​သည်။ အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​လ​တစ် ဆယ်​ငါး​ရက်​နေ့​တွင် ဧ​လိမ်​အ​ရပ်​နှင့်​သိ​နာ တောင်​စပ်​ကြား​ရှိ​သိန်​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ရောက်​ရှိ​ကြ​၏။-
EXO 16:2 ထို​တော​ကန္တာ​ရ​၌​ထို​သူ​တို့​က​မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-
EXO 16:3 ``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို အီ​ဂျစ်​ပြည်​၌ သေ​စေ​ခဲ့​လျှင်​သာ​၍​ကောင်း မည်။ ထို​ပြည်​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​မဲ ဟင်း​နှင့်​မုန့်​ကို​ဝ​အောင်​စား​ရ​ကြ​၏။ ယ​ခု မှာ​မူ​အ​ကျွန်ုပ်​တို့​အား​လုံး​အ​စာ​ငတ်​၍ သေ​စေ​ခြင်း​ငှာ၊ ဤ​တော​ကန္တာ​ရ​သို့​ပို့​ဆောင် ခဲ့​ပါ​သည်​တ​ကား'' ဟု​ညည်း​ညူ​အ​ပြစ် တင်​ကြ​၏။
EXO 16:4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား``ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​မိုး ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​မည်။ သူ​တို့​သည် နေ့​စဉ်​ထွက်​၍​တစ်​နေ့​စာ​အ​တွက်​မုန့်​ကို​စု သိမ်း​ရ​ကြ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့ သည် ငါ​၏​မိန့်​မှာ​ချက်​အ​တိုင်း​လိုက်​နာ သည်၊ မ​လိုက်​နာ​သည်​ကို​ငါ​သိ​ရ​မည်။-
EXO 16:5 ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​ခါ​တိုင်း​နေ့ ထက်​မုန့်​နှစ်​ဆ​ကို​စု​သိမ်း​ထား​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 16:6 ထို​ကြောင့်​မော​ရှေ​နှင့်​အာ​ရုန်​တို့​က ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား``သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ရှင်​သည် ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သင်​တို့​ယ​နေ့ ည​နေ​တွင်​သိ​ရ​လိမ့်​မည်။-
EXO 16:7 နံ​နက်​အ​ချိန်​သို့​ရောက်​လျှင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​တော် ကို​မြင်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​သင် တို့​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပြီ။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ရ​သူ​များ ဖြစ်​သ​ဖြင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သာ​အ​ပြစ်​တင်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ဆို လေ​၏။-
EXO 16:8 တစ်​ဖန်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ​ကို​ကြား​တော် မူ​သ​ဖြင့် သင်​တို့​စား​ရန်​ည​နေ​တွင်​အ​သား ကို​လည်း​ကောင်း၊ နံ​နက်​တွင်​လို​သ​မျှ​မုန့်​ကို လည်း​ကောင်း​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငါ​တို့​အား​အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း သည်​စင်​စစ်​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား အ​ပြစ်​တင်​ညည်း​ညူ​ကြ​ခြင်း​ပင်​ဖြစ်​၏'' ဟု​ဆို​လေ​၏။
EXO 16:9 မော​ရှေ​က​အာ​ရုန်​အား``ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​သို့ လာ​ရောက်​ကြ​ရန်​ဆင့်​ဆို​လော့။ ကိုယ်​တော် သည်​သူ​တို့​၏​အ​ပြစ်​တင်​ညည်း​ညူ​သံ ကို​ကြား​ရ​ပြီ'' ဟု​ဆို​လေ​၏။-
EXO 16:10 အာ​ရုန်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း​ဆင့်​ဆို နေ​စဉ် သူ​တို့​သည်​တော​ကန္တာ​ရ​ဘက်​သို့​မျှော် ကြည့်​လိုက်​သော​အ​ခါ မိုး​တိမ်​၌​ထာ​ဝ​ရ ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​ရုတ်​တ​ရက်​ပေါ်​လာ​သည်​ကို​ဖူး​မြင် ရ​ကြ​လေ​၏။-
EXO 16:11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
EXO 16:12 ``ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​အ​ပြစ်​တင်​သံ​ကို​ကြား​ရ​ပြီ။ သူ တို့​သည်​ည​ဦး​ယံ​၌​အ​သား​ကို​စား​ရ​ကြ မည်။ နံ​နက်​တွင်​မုန့်​ကို​လို​သ​မျှ​ရ​ကြ​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​သည်​ကို သူ​တို့​သိ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သူ​တို့​အား​ဆင့် ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
EXO 16:13 ထို​နေ့​ည​နေ​တွင်​စ​ခန်း​တစ်​ခု​လုံး​နေ​ရာ အ​နှံ့​အ​ပြား​၌ ငုံး​ငှက်​များ​ဆင်း​သက်​လာ ၏။ နံ​နက်​တွင်​စ​ခန်း​ပတ်​လည်​၌​နှင်း​ကျ လေ​၏။-
EXO 16:14 နှင်း​ကွဲ​သော​အ​ခါ​တော​ကန္တာ​ရ​၏​မြေ​ပေါ် တွင် ပါး​လွှာ​သော​အ​ချပ်​က​လေး​များ​ကျန် ရစ်​ခဲ့​၏။ ထို​အ​ချပ်​က​လေး​များ​သည်​ဆီး နှင်း​ပေါက်​ကဲ့​သို့​နူး​ညံ့​၏။-
EXO 16:15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ချပ် က​လေး​များ​ကို​မြင်​လျှင် မည်​သည့်​အ​ရာ ဖြစ်​ကြောင်း​မ​သိ​သ​ဖြင့်``ဤ​အ​ရာ​ဘာ လဲ'' ဟူ​၍​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ မော​ရှေ​က​သူ​တို့​အား``ဤ​အ​ရာ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​စား​ရန်​ပေး​သော မုန့်​ဖြစ်​၏။-
EXO 16:16 လူ​တိုင်း​မိ​မိ​လို​သ​မျှ​ကို​စု​သိမ်း​ရ​မည်။ လူ တစ်​ဦး​စီ​က မိ​မိ​အိမ်​၌​ရှိ​သ​မျှ​သော​သူ အား​လုံး​တို့​အ​တွက် တစ်​ယောက်​လျှင်​တစ်​ပြည် ကျ​စု​သိမ်း​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။
EXO 16:17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မိန့် တော်​အ​တိုင်း​စု​သိမ်း​ကြ​ရာ​၌​အ​ချို့​တို့ က​ပို​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လျော့ ၍​လည်း​ကောင်း​စု​သိမ်း​ကြ​၏။-
EXO 16:18 သို့​ရာ​တွင်​တောင်း​နှင့်​ခြင်​ကြည့်​သော​အ​ခါ ပို ၍​စု​သိမ်း​သူ​က​များ​များ​မ​ပို၊ လျော့​၍​စု သိမ်း​သူ​လည်း​များ​များ​မ​လျော့​ဘဲ​ရ​ရှိ ကြ​၏။ အ​သီး​သီး​မိ​မိ​လို​သ​မျှ​စု​သိမ်း ရ​ရှိ​လေ​၏။-
EXO 16:19 မော​ရှေ​က​သူ​တို့​အား``မည်​သူ​မျှ​နက်​ဖြန် နေ့​အ​တွက်​ချန်​မ​ထား​ရ'' ဟု​မှာ​ကြား​၏။-
EXO 16:20 သို့​သော်​လည်း​အ​ချို့​သော​သူ​တို့​သည်​မော​ရှေ ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ မုန့်​အ​ချို့​ကို နောက်​တစ်​နေ့​အ​ထိ​ချန်​ထား​ကြ​၏။ နောက် တစ်​နေ့​နံ​နက်​တွင်​ထို​မုန့်​၌​ပိုး​ကျ​၍​ပုပ် သိုး​သွား​၏။ သို့​ဖြစ်​၍​မော​ရှေ​သည်​ထို​သူ တို့​အား​အ​မျက်​ထွက်​၏။-
EXO 16:21 နံ​နက်​တိုင်း​သူ​တို့​သည်​မိ​မိ​တို့​တစ်​ဦး​စီ​လို သ​မျှ​မုန့်​ကို​စု​သိမ်း​ကြ​၏။ နေ​ပူ​လာ​သော အ​ခါ​မြေ​ပြင်​ပေါ်​တွင်​ကျန်​ရှိ​သော​မုန့်​တို့ သည်​အ​ရည်​ပျော်​ကုန်​၏။
EXO 16:22 ဆ​ဋ္ဌ​မ​နေ့​တွင်​သူ​တို့​သည်​တစ်​ဦး​လျှင် နှစ် ပြည်​ကျ​ဖြင့်​ရိက္ခာ​နှစ်​ဆ​စု​သိမ်း​ရ​ကြ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် အား​လုံး​တို့​က ထို​အ​ကြောင်း​ကို​မော​ရှေ အား​ပြော​ပြ​ကြ​သော​အ​ခါ၊-
EXO 16:23 မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-
EXO 16:24 သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း စား​စ​ရာ​ကို နက်​ဖြန်​နေ့​အ​ထိ​ချန်​ထား ရာ​ပိုး​မ​ကျ၊ မ​ပုပ်​သိုး​ဘဲ​ရှိ​လေ​၏။-
EXO 16:25 မော​ရှေ​က``ယ​နေ့​သည်​သင်​တို့​အ​လုပ်​မှ​ရပ် နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ် သော​ဥ​ပုသ်​နေ့​ဖြစ်​သ​ဖြင့် ယ​မန်​နေ့​က​ချန် ထား​သော​စား​စ​ရာ​ကို​စား​ကြ​လော့။ စ​ခန်း အ​ပြင်​ဘက်​၌​စား​စ​ရာ​ရှာ​တွေ့​နိုင်​မည် မ​ဟုတ်။-
EXO 16:26 ထို့​ကြောင့်​သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး မုန့်​ကို​စု​သိမ်း​ရ​မည်။ နား​ရက်​ဖြစ်​သော​သတ္တမ နေ့​တွင်​စား​စ​ရာ​ရ​ရှိ​နိုင်​မည်​မ​ဟုတ်'' ဟု ဆို​လေ​၏။
EXO 16:27 သတ္တ​မ​နေ့​တွင်​အ​ချို့​သော​သူ​တို့​သည် မုန့် ထွက်​ရှာ​ကြ​သော်​လည်း​မ​တွေ့​ရ​ချေ။-
EXO 16:28 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-
EXO 16:29 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နား​ရက် ကို​ပေး​ပြီ။ သို့​ဖြစ်​၍​ဆ​ဋ္ဌ​မ​နေ့​တွင်​နှစ်​ရက် စာ​မုန့်​ကို​သင်​တို့​အား​ငါ​ပေး​မည်။ သတ္တမ​နေ့ တွင်​လူ​တိုင်း​မိ​မိ​ရှိ​ရာ​အ​ရပ်​၌​နေ​ရ​မည်။ မည်​သူ​မျှ​အိမ်​မှ​မ​ထွက်​ခွာ​ရ'' ဟု​မိန့်​တော် မူ​၏။-
EXO 16:30 ထို​ကြောင့်​လူ​တို့​သည်​သတ္တမ​နေ့​တွင်​အ​လုပ်​မှ ရပ်​နား​ကြ​၏။
EXO 16:31 ဣသ​ရေ​လ​အ​မျိုး​သား​တို့​က ထို​စား​စ​ရာ ကို​မန္န​မုန့်​ဟူ​၍​နာ​မည်​မှည့်​ခေါ်​ကြ​၏။ ထို မုန့်​သည်​နံ​နံ​စေ့​နှင့်​တူ​၏။ အ​ရောင်​ဖြူ​၍ ပျား​ရည်​နှင့်​လုပ်​သော​မုန့်​ချပ်​ကဲ့​သို့​အ​ရ သာ​ရှိ​၏။-
EXO 16:32 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရာ​၌ တော​ကန္တာ​ရ တွင်​ငါ​တို့​အား​ကျွေး​မွေး​တော်​မူ​သော​မန္န မုန့်​ကို ငါ​တို့​၏​နောင်​လာ​နောက်​သား​များ တွေ့​မြင်​နိုင်​စေ​ရန် မန္န​မုန့်​အ​နည်း​ငယ်​ကို သိမ်း​ဆည်း​ထား​ရ​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်'' ဟု​ဆို​လေ​၏။-
EXO 16:33 ထို​နောက်​မော​ရှေ​က​အာရုန်​ကို``မန္န​မုန့်​တစ် ပြည်​ကို​အိုး​တစ်​လုံး​တွင်​ထည့်​၍ ငါ​တို့ ၏​နောင်​လာ​နောက်​သား​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ထား​လော့'' ဟု​ဆို​၏။-
EXO 16:34 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​ကို မိန့်​ကြား​သည့် အ​တိုင်း အာ​ရုန်​သည်​ထို​အိုး​ကို​သိမ်း​ဆည်း ထား​ရန်​အ​တွက်​ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင် ချ​ထား​လေ​၏။-
EXO 16:35 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ နေ​ထိုင်​မည့်​ပြည်​သို့​ရောက်​သည့်​တိုင်​အောင် မန္န​မုန့်​ကို​နှစ်​ပေါင်း​လေး​ဆယ်​စား​သုံး​ရ ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်​နယ်​စပ် သို့​ရောက်​သည်​အ​ထိ​မန္န​မုန့်​ကို​စား​ရ ကြ​၏။-
EXO 16:36 (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ချင်​ခွက် ဖြစ်​သော​တစ်​သြ​မဲ​မှာ​ပြည်​ဝက်​ခန့် ဖြစ်​၏။)
EXO 17:1 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သိန် ဟု​ခေါ်​သော​တော​ကန္တာ​ရ​မှ​ထွက်​၍ စ​ခန်း တစ်​ထောက်​ပြီး​တစ်​ထောက်​နား​လျက်​ခ​ရီး သွား​ကြ​၏။ သူ​တို့​သည်​ရေ​ဖိ​ဒိမ်​အ​ရပ်​သို့ ရောက်​၍​စ​ခန်း​ချ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ရပ်​၌​သောက်​စ​ရာ​ရေ​မ​ရှိ။-
EXO 17:2 ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​အား``အ​ကျွန်ုပ် တို့​သောက်​စ​ရာ​ရေ​ပေး​ပါ'' ဟု​ညည်း​ညူ တောင်း​ဆို​ကြ​၏။ မော​ရှေ​က``အ​ဘယ်​ကြောင့်​ညည်း​ညူ​ကြ သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း'' ဟု​ပြန်​၍​ပြော​လေ​၏။
EXO 17:3 သို့​ရာ​တွင်​လူ​တို့​သည်​အ​လွန်​ရေ​ငတ်​သ​ဖြင့် မော​ရှေ​အား​ညည်း​ညူ​လျက်``အ​ကျွန်ုပ်​တို့​နှင့် အ​ကျွန်ုပ်​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ ကို​ရေ​ငတ်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့်​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပါ​သ​နည်း'' ဟု​ဆို ကြ​၏။
EXO 17:4 ထို​အ​ခါ​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား ကို``အ​ကျွန်ုပ်​သည်​ဤ​လူ​တို့​အ​တွက်​မည်​ကဲ့ သို့​ဖြေ​ရှင်း​ပေး​ရ​ပါ​မည်​နည်း။ သူ​တို့​သည် မ​ကြာ​မီ​အ​ကျွန်ုပ်​အား​ခဲ​နှင့်​ပစ်​သတ်​ကြ ပါ​လိမ့်​မည်'' ဟု​တောင်း​ပန်​လျှောက်​ထား လေ​၏။
EXO 17:5 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို``သင်​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့​တို့​သည် လူ​အ​ပေါင်း​တို့​ကို​ဦး​ဆောင်​၍​ရှေ့​သို့​သွား လော့။ နိုင်းမြစ်​ကို​ရိုက်​သော​တောင်​ဝှေး​ကို​ယူ ၍​သွား​လော့။-
EXO 17:6 သိ​နာ​တောင်​၌​ရှိ​သော​ကျောက်​ဆောင်​အ​နီး တွင်​ငါ​ရပ်​နေ​မည်။ သင်​သည်​ကျောက်​ဆောင် ကို​ရိုက်​လော့။ ထို​ကျောက်​ဆောင်​မှ​လူ​တို့ သောက်​ရန်​ရေစီး​ထွက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​ရှေ့​မှောက်​တွင် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ကျောက် ဆောင်​ကို​ရိုက်​လေ​၏။
EXO 17:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​ပါ​သ​လား'' ဟု​မေး​လျက်​မော​ရှေ​အား​ညည်း​ညူ​၍​ထာ​ဝ​ရ ဘု​ရား​ကို​စုံ​စမ်း​ကြ​သ​ဖြင့် ထို​အ​ရပ်​ကို``မ​ဿာ'' ဟူ​၍​လည်း​ကောင်း``မေ​ရိ​ဘ'' ဟူ​၍​လည်း​ကောင်း ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။
EXO 17:8 အာ​မ​လက်​အ​မျိုး​သား​တို့​သည် ရေ​ဖိ​ဒိမ် အ​ရပ်​သို့​လာ​ရောက်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ကြ​၏။-
EXO 17:9 မော​ရှေ​က​ယော​ရှု​အား``သင်​သည်​နက်​ဖြန်​နေ့ တွင်​အာ​မ​လက်​အ​မျိုး​သား​တို့​ကို​စစ်​ချီ တိုက်​ခိုက်​ရန်​လူ​အ​ချို့​ကို​ရွေး​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အပ်​နှင်း​ထား​တော်​မူ​သော တောင်​ဝှေး​ကို​ကိုင်​လျက် တောင်​ထိပ်​ပေါ်​တွင် ရပ်​နေ​မည်'' ဟု​ဆို​၏။-
EXO 17:10 ယော​ရှု​သည်​မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​ရန် စစ်​ချီ​သွား​နေ​စဉ်​မော​ရှေ၊ အာ​ရုန်​နှင့်​ဟု​ရ တို့​သည်​တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။-
EXO 17:11 မော​ရှေ​သည်​မိ​မိ​၏​လက်​များ​ကို​မြှောက်​ထား သည့်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘက် က​စစ်​ရေး​သာ​၏။ သူ​၏​လက်​များ​ကို​ချ​သည့် အ​ခါ​အာ​မ​လက်​အ​မျိုး​သား​တို့​ဘက်​က စစ်​ရေး​သာ​၏။-
EXO 17:12 မော​ရှေ​၏​လက်​များ​ညောင်း​လာ​သော​အ​ခါ အာ​ရုန်​နှင့်​ဟု​ရ​တို့​သည် မော​ရှေ​အား​ကျောက် တုံး​တစ်​ခု​ပေါ်​တွင်​ထိုင်​စေ​ပြီး​လျှင် တစ်​ဘက် စီ​၌​ရပ်​လျက်​မော​ရှေ​၏​လက်​များ​ကို​ချီ​ပင့် ထား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​မော​ရှေ​၏ လက်​များ​ကို​နေ​ဝင်​သည့်​တိုင်​အောင်​ချီ​ပင့် ထား​ကြ​သည်​ဖြစ်​ရာ၊-
EXO 17:13 ယော​ရှု​သည်​အာ​မ​လက်​တပ်​ကို​အောင်​မြင် ချေ​မှုန်း​ခဲ့​လေ​၏။
EXO 17:14 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ အောင်​ပွဲ​အ​ကြောင်း​ကို​အ​မှတ်​တ​ရ​ဖြစ်​စေ ရန် ရေး​၍​မှတ်​တမ်း​တင်​လော့။ ငါ​သည်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ်​မည် ဖြစ်​ကြောင်း​ယော​ရှု​အား​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။-
EXO 17:15 မော​ရှေ​သည်​ယဇ်​ပလ္လင်​ကို​တည်​၍``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​အ​လံ​ဖြစ်​၏'' ဟု​နာ​မည် မှည့်​လေ​၏။-
EXO 17:16 ထို​နောက်​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​၏​အ​လံ တော်​ကို​မြှောက်​ထား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​မ​လက်​အ​မျိုး​သား​တို့​အား​ထာ​ဝ​စဉ် တိုက်​ခိုက်​တော်​မူ​မည်'' ဟု​ဆို​လေ​၏။
EXO 18:1 မိ​ဒျန်​ပြည်​မှ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​မော​ရှေ ၏​ယောက္ခ​မ​ယေ​သ​ရော​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ ခဲ့​စဉ်​က မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ထာ​ဝ​ရ​ဘု​ရား​မည်​ကဲ့​သို့​ကျေး​ဇူး ပြု​တော်​မူ​ကြောင်း​ကို​ကြား​သိ​ရ​၏။-
EXO 18:2 သို့​ဖြစ်​၍​သူ​သည်​ယောက္ခ​မ​အိမ်​သို့​ဇ​နီး​ဇိ​ပေါ​ရ ကို​စေ​လွှတ်​ခဲ့​ရာ ယေ​သ​ရော​သည်​ဇိ​ပေါ​ရ​နှင့် သား​နှစ်​ယောက်​ဖြစ်​သော ဂေ​ရ​ရှုံ​နှင့်​ဧ​လျေ​ဇာ တို့​ကို​လက်​ခံ​၏။ (မော​ရှေ​က``ငါ​သည်​နိုင်​ငံ​ခြား ၌​ဧည့်​သည်​ဖြစ်​သည်'' ဟု​ဆို​၍​သား​တစ်​ယောက် ကို​ဂေ​ရ​ရှုံ​ဟု​နာ​မည်​ပေး​ခဲ့​၏။-
EXO 18:4 တစ်​ဖန်``ငါ့​အ​ဖ​၏​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ ကို​အီ​ဂျစ်​ဘု​ရင်​၏​ဋ္ဌား​ဘေး​မှ​ကယ်​တင်​တော် မူ​၏'' ဟု​ဆို​၍​အ​ခြား​သော​သား​တစ်​ယောက် ကို​ဧ​လျေ​ဇာ​ဟု​နာ​မည်​ပေး​ခဲ့​၏။-)
EXO 18:5 ယေ​သ​ရော​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား များ​တို့​ကို တော​ကန္တာ​ရ​ရှိ​ထာ​ဝ​ရ​ဘု​ရား ၏​တောင်​တွင်​စ​ခန်း​ချ​လျက်​ရှိ​သော​မော​ရှေ ထံ​သို့​ခေါ်​ဆောင်​လာ​၏။-
EXO 18:6 သူ​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား​နှစ်​ယောက် တို့​နှင့်​အ​တူ လာ​ရောက်​မည်​ဖြစ်​ကြောင်း မော​ရှေ​ထံ​သ​တင်း​ပို့​ခဲ့​၏။-
EXO 18:7 သို့​ဖြစ်​၍​မော​ရှေ​သည်​ထွက်​လာ​၍​ယောက္ခ​မ ကို​ဦး​ညွှတ်​လျက်​နမ်း​ရှုပ်​ကြို​ဆို​လေ​၏။ သူ တို့​အ​ချင်း​ချင်း​နှုတ်​ခွန်း​ဆက်​ကြ​ပြီး နောက်​မော​ရှေ​၏​တဲ​ထဲ​သို့​ဝင်​ကြ​၏။-
EXO 18:8 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ကယ်​တင်​ရန်​အ​လို့​ငှါ အီ​ဂျစ်​ဘု​ရင်​နှင့်​အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ပေါ်​ပြု​တော်​မူ​ပုံ​အ​ကြောင်း​အ​ရာ​အား​လုံး ကို ယေ​သ​ရော​အား​ပြော​ပြ​၏။ ထို့​အ​ပြင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရင်​ဆိုင်​ခဲ့​ရ သော​အ​ခက်​အ​ခဲ​များ​နှင့်​တ​ကွ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​တင်​ခဲ့​ကြောင်း​ကို​ပြော​ပြ​၏။-
EXO 18:9 ယေ​သ​ရော​သည်​အီ​ဂျစ်​အ​မျိုး​သား​များ လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် သ​တင်း​ကို​ကြား​ရ​လျှင် အ​လွန်​ဝမ်း​သာ အား​ရ​ဖြစ်​လေ​၏။-
EXO 18:10 ယေ​သ​ရော​က``အီ​ဂျစ်​အ​မျိုး​သား​တို့​နှင့် အီ​ဂျစ်​ဘု​ရင်​၏​လက်​မှ သင်​တို့​ကို​ကယ်​တင် တော်​မူ​သော​ထာ​ဝ​ရဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကျွန်​ဘ​ဝ​မှ​မိ​မိ​လူ​မျိုး တော်​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။-
EXO 18:11 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ် မာ​န​ထောင်​လွှား​ခဲ့​သော အီ​ဂျစ်​အ​မျိုး​သား​တို့​အ​ပေါ်​ပြု​မူ​ပုံ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​အ​ပေါင်း တို့​ထက်​ပို​၍​ဘုန်း​တန်​ခိုး​ကြီး​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ပြီ'' ဟု​ဆို​၏။-
EXO 18:12 ထို​နောက်​ယေ​သ​ရော​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန် မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ ဇော်​ရာ​ယဇ်​များ​ကို​ဆောင်​ခဲ့​၏။ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အပေါင်း တို့​သည်​ယေ​သ​ရော​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​အ​စား​အ​စာ​သုံး​ဆောင်​ရန် လာ​ကြ​၏။
EXO 18:13 နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​လူ​တို့​၏ အ​မှု​အ​ခင်း​များ​ကို နံ​နက်​ချိန်​မှ​စ​၍ မိုး​ချုပ်​သည့်​တိုင်​အောင်​စီ​ရင်​ရ​သည်။-
EXO 18:14 လူ​တို့​အ​တွက်​မော​ရှေ​ဆောင်​ရွက်​ရ​သ​မျှ​ကို ယေ​သ​ရော​မြင်​ရ​သော​အ​ခါ​မော​ရှေ​အား``သင် သည်​ဤ​လူ​တို့​အ​တွက်​မည်​သည့်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ပေး​နေ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် တစ်​ယောက်​တည်း​ဆောင်​ရွက်​နေ​ပါ​သ​နည်း။ လူ အ​ပေါင်း​တို့​သည်​သင့်​ထံ​၌​တစ်​နေ​ကုန်​ရပ် လျက်​စောင့်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို လေ​၏။
EXO 18:15 မော​ရှေ​က``သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ကို​သိ​လို​၍ ကျွန်ုပ်​ထံ​သို့​လာ ကြ​ပါ​၏။-
EXO 18:16 လူ​နှစ်​ဦး​၌​အ​ငြင်း​အ​ခုံ​ဖြစ်​ပွား​လျှင် ကျွန်ုပ် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ယူ​ရန်​ကျွန်ုပ်​ထံ​သို့ လာ​ကြ​ပါ​သည်။ ကျွန်ုပ်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့်​နှင့်​ပ​ညတ်​တော်​များ​ကို​လိုက် နာ​ရန် ပြော​ပြ​ရ​ပါ​သည်'' ဟု​ဖြေ​ကြား​လေ ၏။
EXO 18:17 ထို​အ​ခါ​ယေ​သ​ရော​က​မော​ရှေ​အား``သင် ပြု​လုပ်​နေ​ပုံ​မှာ​မ​တော်​မ​သင့်​ပါ။-
EXO 18:18 သင်​နှင့်​တ​ကွ​ဤ​သူ​အား​လုံး​တို့​သည်​ပင် ပန်း​နွမ်း​ရိ​ကြ​လိမ့်​မည်။ ဤ​တာ​ဝန်​သည်​သင့် အ​တွက်​ကြီး​လွန်း​လှ​၏။ သင်​တစ်​ဦး​တည်း ထမ်း​ဆောင်​နိုင်​မည်​မ​ဟုတ်။-
EXO 18:19 ငါ​သည်​သင့်​အား​အ​ကြံ​ကောင်း​ပေး​ပါ​မည်။ ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​ပါ​စေ သော။ သင်​၏​တာ​ဝန်​မှာ​လူ​တို့​၏​အ​ငြင်း​ပွား မှု​များ​ကို သူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​ပေး​ခြင်း​မှာ​ကောင်း ပေ​သည်။-
EXO 18:20 သင်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့် နှင့်​ပ​ညတ်​တော်​များ​ကို​သင်​ကြား​ပေး​၍ သူ တို့​မည်​ကဲ့​သို့​လိုက်​နာ​ကျင့်​သုံး​ရ​မည်​ကို ရှင်း​လင်း​ပေး​ခြင်း​မှာ​လည်း​ကောင်း​ပေ သည်။-
EXO 18:21 သို့​ရာ​တွင်​သင်​သည်​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​ကို​ခေါင်း​ဆောင်​နိုင် မည့်​အ​ရည်​အ​ချင်း​ရှိ​သူ​များ​ကို​ရွေး​ချယ် ခန့်​ထား​သင့်​ပါ​သည်။ ထို​သူ​တို့​သည်​ဘု​ရား ကို​ကြောက်​ရွံ့​၍​ရိုး​သား​ဖြောင့်​မတ်​လျက် အ​ဂ​တိ​မလိုက်​စား​တတ်​သူ​များ​ဖြစ်​ရ ကြ​မည်။-
EXO 18:22 သူ​တို့​ကို​အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ အ​ဖြစ် လူ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​စီ​ရင် စေ​ရ​မည်။ သူ​တို့​သည်​ခက်​ခဲ​သော​အ​မှု​များ ကို​သင့်​ထံ​သို့​တင်​ပြ​၍ သေး​ငယ်​သော​အ​မှု များ​ကို​သူ​တို့​ကိုယ်​တိုင်​စီ​ရင်​ဆုံး​ဖြတ်​စေ ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည် သင်​၏ တာ​ဝန်​ကို​ခွဲ​ဝေ​ထမ်း​ဆောင်​ကြ​သော ကြောင့်​သင့်​အ​တွက်​သက်​သာ​လိမ့်​မည်။-
EXO 18:23 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ ဤ​နည်း​အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​သည်​ပင် ပန်း​နွမ်း​ရိ​လိမ့်​မည်​မ​ဟုတ်။ ဤ​လူ​အ​ပေါင်း တို့​သည်​လည်း​အ​မှု​အ​ခင်း​များ​ပြီး​ပြတ် လျက် မိ​မိ​တို့​နေ​အိမ်​သို့​ပြန်​နိုင်​ကြ​လိမ့် မည်'' ဟု​အကြံ​ပေး​သည်။
EXO 18:24 မော​ရှေ​သည်​ယေ​သ​ရော​အ​ကြံ​ပေး​သည့် အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​လေ​၏။-
EXO 18:25 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အ​ထဲ​မှ အ​ရည်​အ​ချင်း​ပြည့်​စုံ​သူ​တို့​ကို ရွေး​၍​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​တွင်​ခေါင်း​ဆောင်​များ​အ​ဖြစ် ခန့်​ထား​လေ​၏။-
EXO 18:26 ထို​သူ​တို့​သည်​လူ​များ​ကို​တ​ရား​စီ​ရင်​ရန် အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဆောင်​ရွက်​ရ​သည်။ သူ​တို့​သည်​ခက်​ခဲ​သော အ​မှု​များ​ကို​မော​ရှေ​ထံ​သို့​တင်​ပြ​၍ သေး ငယ်​သော​အ​မှု​များ​ကို​ကိုယ်​တိုင်​ဆုံး​ဖြတ် ကြ​၏။
EXO 18:27 ထို​နောက်​ယေ​သ​ရော​သည် မော​ရှေ​အား​နှုတ် ခွန်း​ဆက်​သ​၍ မိ​မိ​၏​နေ​ရပ်​သို့​ပြန်​သွား လေ​သည်။
EXO 19:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​ခွာ​လာ​ပြီး​နောက် တ​တိ​ယ​လ၊ တစ်​ရက် နေ့​တွင်​သိ​နာ​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​လာ​ကြ​၏။-
EXO 19:2 သူ​တို့​သည်​ရေ​ဒိမ်​အ​ရပ်​မှ​ထွက်​ခွာ​လာ​ပြီး နောက် သိ​နာ​တော​ကန္တာ​ရ​သို့​ဝင်​ရောက်​ကြ ပြီး​တောင်​ခြေ​ရင်း​တွင်​စ​ခန်း​ချ​ကြ​သည်။-
EXO 19:3 မော​ရှေ​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန် တောင်​ပေါ်​သို့​တက်​လေ​၏။ တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ ကို​ခေါ်​၍၊ ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ခိုင်း သည်​ကား၊-
EXO 19:4 ``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။-
EXO 19:5 သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-
EXO 19:6 သင်​တို့​သည်​ငါ့​အ​တွက်​သီး​သန့်​ထား​သော လူ​မျိုး၊ ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သော ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။-
EXO 19:7 သို့​ဖြစ်​၍​မော​ရှေ​သည်​တောင်​ပေါ်​က​ဆင်း​လာ ခဲ့​ပြီး​လျှင် ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ပြော​ကြား​လေ​၏။-
EXO 19:8 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​လိုက် နာ​ပါ​မည်'' ဟု​တ​ညီ​တ​ညွတ်​တည်း​ပြော​ကြား ကြ​၏။ မော​ရှေ​သည်​လည်း​လူ​အ​ပေါင်း​တို့​၏ ဖြေ​ကြား​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား​ထံ​လျှောက် ထား​လေ​၏။
EXO 19:9 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင်​နှင့်​ငါ ပြော​သော​စ​ကား​ကို​လူ​တို့​သည်​ကြား​၍၊ သင့် ကို​ယ​ခု​မှ​စ​၍​ယုံ​ကြည်​လာ​ကြ​စေ​ရန် ငါ သည်​ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ဖြင့်​သင့်​ထံ ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လူ​တို့​ဖြေ​ကြား​ချက်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​လျှောက်​ထား​လေ​၏။-
EXO 19:10 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြင်​ဆင်​သည့်​အ​နေ​ဖြင့် ယ​နေ့​နှင့်​နက်​ဖြန် နေ့​တွင်​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​ရန်​ပြော လော့။ သူ​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍၊-
EXO 19:11 တ​တိ​ယ​နေ့​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​သင့် ရှိ​စေ​ရ​မည်။ ထို​နေ့​၌​လူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ် သို့​ကြွ​ဆင်း​တော်​မူ​မည်။-
EXO 19:12 သင်​သည်​တောင်​၏​ပတ်​လည်​တွင်​လူ​တို့​ကို မ​ကျော်​ဖြတ်​စေ​ရန်​စည်း​သတ်​မှတ်​၍၊ သူ​တို့ အား​တောင်​ပေါ်​သို့​မ​တက်​ရန်​နှင့်​တောင်​အ​နီး သို့​မ​ချဉ်း​ကပ်​ရန်​ပ​ညတ်​လော့။ တောင်​ကို နင်း​မိ​သော​သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။-
EXO 19:13 ထို​သူ​ကို​မည်​သူ​မျှ​လက်​နှင့်​မ​ထိ​ရ​ဘဲ ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ မြား​နှင့်​ဖြစ်​စေ​ပစ်​၍ သတ်​ရ​မည်။ အ​ဆို​ပါ​ပ​ညတ်​ချက်​ကို​ကူး လွန်​ခဲ့​လျှင်​လူ​သော်​လည်း​ကောင်း၊ တိ​ရစ္ဆာန် သော်​လည်း​ကောင်း​သေ​ဒဏ်​ခံ​ရ​မည်။ တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​သော​အ​ခါ​လူ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်'' ဟု​မိန့်​တော်​မူ ၏။
EXO 19:14 ထို​နောက်​မော​ရှေ​သည်​တောင်​ပေါ်​မှ​ဆင်း​လာ ၍ လူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ပြင်​ဆင် စေ​၏။ ထို​ကြောင့်​သူ​တို့​သည်​အ​ဝတ်​များ ကို​ဖွပ်​လျှော်​ကြ​၏။-
EXO 19:15 မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။
EXO 19:16 တ​တိ​ယ​နေ့​တွင်​တောင်​ပေါ်​၌​မိုး​ချုန်း​၍ လျှပ်​စီး​လက်​ပြီး​လျှင်​ထူ​ထပ်​သော​မိုး​တိမ် ကျ​ရောက်​လေ​သည်။ အ​လွန်​ကျယ်​လောင်​သော တံ​ပိုး​မှုတ်​သံ​လည်း​ထွက်​ပေါ်​လာ​၏။ ထို အ​ခါ​စ​ခန်း​ထဲ​ရှိ​လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-
EXO 19:17 ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန်​မော​ရှေ​သည် လူ​တို့​ကို​စ​ခန်း​မှ​ခေါ်​ဆောင်​လာ​သ​ဖြင့်၊ သူ​တို့​သည်​တောင်​ခြေ​၌​ရပ်​နေ​ကြ​၏။-
EXO 19:18 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-
EXO 19:19 တံ​ပိုး​မှုတ်​သံ​သည်​လည်း​ပို​၍​ကျယ်​လာ​၏။ မော​ရှေ​လျှောက်​ဆို​သည့်​အ​ခါ ဘု​ရား​သခင် သည်​မိုး​ကြိုး​သံ​ဖြင့်​ဖြေ​ကြား​တော်​မူ​၏။-
EXO 19:20 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ထိပ်​ပေါ် သို့​ကြွ​ဆင်း​လာ​၍ မော​ရှေ​အား​တောင်​ထိပ် ပေါ်​သို့​ခေါ်​တော်​မူ​လျှင်​မော​ရှေ​တက်​သွား လေ​၏။-
EXO 19:21 ထာ​ဝ​ရ​ဘု​ရား​က​မောရှေ​အား``သင်​သည် တောင်​အောက်​သို့​ဆင်း​၍၊ လူ​တို့​ငါ့​ကို​ဖူး မြင်​ရန်​သတ်​မှတ်​ထား​သော​စည်း​ကို​ကျော် ဖြတ်​၍​မ​လာ​ရန်​သ​တိ​ပေး​လော့။ ဖြတ် ကျော်​လျှင်​လူ​အ​များ​သေ​ကြ​လိမ့်​မည်။-
EXO 19:22 ငါ့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သော​ယဇ်​ပု​ရော ဟိတ်​များ​ပင်​လျှင် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ရ​မည်။ ထို​သို့​မ​ပြု​လျှင်​ငါ​သည်​သူ​တို့ အား​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 19:23 ထို​အ​ခါ​မော​ရှေ​က ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော်​သည်​တောင်​ကို​သန့်​ရှင်း​ရာ​ဌာ​န​အ​ဖြစ် သတ်​မှတ်​၍ ပတ်​လည်​တွင်​စည်း​တား​ထား​စေ သော​ကြောင့်​လူ​တို့​သည်​တောင်​ပေါ်​သို့​မ​တက် နိုင်​ကြ​ပါ'' ဟု​လျှောက်​ထား​လေ​၏။
EXO 19:24 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​တောင်​အောက် သို့​ဆင်း​၍ အာ​ရုန်​ကို​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လူ​တို့​ကို​မူ​ကား ငါ့​ထံ သို့​ဝင်​ခြင်း​ငှာ​စည်း​ကို​မ​ဖြတ်​ကျော်​စေ​ရ။ စည်း​ကို​ဖောက်​ဖျက်​လျှင်​သူ​တို့​ကို​ဒဏ်​ခတ် မည်'' ဟု​မိန့်​တော်​မူ​၏။-
EXO 19:25 ထို​အ​ခါ​မော​ရှေ​သည်​တောင်​အောက်​သို့​ဆင်း ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ​ကို​လူ​တို့ အား​ပြော​ကြား​လေ​၏။
EXO 20:1 ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​တို့​အား​ကျွန် ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
EXO 20:3 ``ငါ​မှ​လွဲ​၍ အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး ကွယ်​ရ။
EXO 20:4 ``မိုး​ကောင်း​ကင်​သတ္တ​ဝါ၊ မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ၊ မြေ​ကြီး​အောက်​ရေ​ထဲ​ရှိ​သတ္တ​ဝါ​တို့​နှင့် ပုံ​သဏ္ဌာန် တူ​သော​ရုပ်​တု​ကို​သင်​တို့​အ​တွက်​မ​ထု​လုပ်​ရ။-
EXO 20:5 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-
EXO 20:6 သို့​ရာ​တွင်​ငါ့​ကို​ချစ်​၍​ငါ့​ပညတ်​တို့​ကို​စောင့် ထိန်း​သော​သူ​တို့​အား အ​မျိုး​အ​စဉ်​အ​ဆက် ထောင်​သောင်း​တိုင်​အောင်​ငါ​၏​မေတ္တာ​ကို​ပြ တော်​မူ​မည်။
EXO 20:7 ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​ကို​အ​လွဲ​သုံး​စား​မ​ပြု​ရ။ ထို​သို့ အ​လွဲ​သုံး​စား​ပြု​သူ​အား​ငါ​ဒဏ်​ခတ် မည်။
EXO 20:8 ``ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​လော့။ ထို​နေ့​ကို​နေ့ ထူး​နေ့​မြတ်​အ​ဖြစ်​သတ်​မှတ်​လော့။-
EXO 20:9 သင်​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို​လုပ် လော့။-
EXO 20:10 သတ္တမ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​သီး သန့်​ထား​သော​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍​သင်​၏​သား​သ​မီး​များ၊ ကျေး​ကျွန် များ၊ တိ​ရစ္ဆာန်​များ၊ ဧည့်​သည်​အာ​ဂန္တု​များ သည်​အ​လုပ်​မ​လုပ်​ရ။-
EXO 20:11 ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက်​ရက်​အ​တွင်း​မိုး ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့်​ထို​အ​ရပ်​တို့ ၌​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း​၍​သတ္တ​မ​နေ့​တွင် နား​နေ​တော်​မူ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​နား​ရက်​ကို​ကောင်း​ချီး​ပေး​၍ နေ့​ထူး နေ့​မြတ်​သတ်​မှတ်​တော်​မူ​၏။
EXO 20:12 ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​မည့်​ပြည်​တွင် အ​သက်​ရှည်​စွာ​နေ​ထိုင် နိုင်​ရန်​သင်​၏​မိ​ဘ​ကို​ရို​သေ​လော့။
EXO 20:13 ``လူ့​အ​သက်​ကို​မ​သတ်​နှင့်။
EXO 20:14 ``သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။
EXO 20:15 ``သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။
EXO 20:16 ``သူ​တစ်​ပါး​၏​တစ်​ဘက်​၌​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။
EXO 20:17 ``သူ​တစ်​ပါး​၏​အိမ်​ကို​လို​ချင်​တပ်​မက်​သော စိတ်​မ​ရှိ​နှင့်။ သူ​တစ်​ပါး​၏​မ​ယား၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို မ​တပ်​မက်​နှင့်'' ဟု​မိန့်​တော်​မူ​သ​တည်း။
EXO 20:18 လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-
EXO 20:19 သူ​တို့​က​မော​ရှေ​အား``ကိုယ်​တော်​က​သာ အ​ကျွန်ုပ်​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​ကို ဆင့်​ဆို​ပါ။ အ​ကျွန်ုပ်​တို့​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​က​အ​ကျွန်ုပ်​တို့​အား​တိုက် ရိုက်​မိန့်​ကြား​ပါ​က အ​ကျွန်ုပ်​တို့​သေ​မည် ကို​စိုး​ရိမ်​ပါ​သည်'' ဟု​ဆို​လေ​၏။
EXO 20:20 ထို​အ​ခါ​မော​ရှေ​က``မ​ကြောက်​ရွံ့​ကြ​နှင့်။ သင် တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ အ​ပြစ်​မ​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘု​ရား​သ​ခင်​ကြွ​လာ​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား လေ​၏။-
EXO 20:21 သို့​ရာ​တွင်​လူ​တို့​သည်​အ​ဝေး​၌​သာ​ရပ်​နေ ကြ​၏။ မော​ရှေ​က​သာ​လျှင်​ဘု​ရား​သ​ခင်​ရှိ တော်​မူ​ရာ မည်း​မှောင်​သော​တိမ်​တိုက်​အ​နီး​သို့ ချဉ်း​ကပ်​လေ​၏။
EXO 20:22 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့​မိန့်​တော်​မူ ၏။``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မိုး ကောင်း​ကင်​မှ​မိန့်​ကြား​သည်​ကို​သင်​တို့​သိ​ရ ကြ​ပြီ။-
EXO 20:23 သင်​တို့​သည်​ငါ့​ကို​သာ​ကိုး​ကွယ်​ရ​မည်။ ငွေ ရုပ်​တု၊ ရွှေ​ရုပ်​တု​ဘု​ရား​များ​ကို​ပြု​လုပ်​၍ မ​ကိုး​ကွယ်​နှင့်။-
EXO 20:24 ယဇ်​ပူ​ဇော်​ရန်​အ​တွက်​မြေ​ဖြင့်​ပလ္လင်​တည်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​သင်​တို့​၏​သိုး၊ နွား၊ ဆိတ်​ယဇ် ကောင်​လုံး​ကို​သော်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​ကို​သော်​လည်း​ကောင်း မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ့ အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​သတ်​မှတ်​ထား​သော အ​ရပ်​ခပ်​သိမ်း​သို့ ငါ​ကြွ​လာ​၍​သင်​တို့​ကို ကောင်း​ချီး​ပေး​မည်။-
EXO 20:25 သင်​တို့​သည်​ငါ့​အ​တွက်​ကျောက်​ဖြင့်​ယဇ်​ပလ္လင် တည်​လျှင် ဆစ်​သော​ကျောက်​ဖြင့်​မ​တည်​ရ။ သံ ကိ​ရိ​ယာ​ကို​သုံး​၍​ဆစ်​ရ​သော​ကျောက်​ဖြင့် တည်​သော​ယဇ်​ပလ္လင်​သည် မ​သန့်​ရှင်း​ပေ။-
EXO 20:26 ယဇ်​ပလ္လင်​တွင်​လှေ​ကား​ထစ်​မ​ရှိ​စေ​ရ။ အ​ကယ် ၍​လှေ​ကား​ထစ်​ရှိ​ခဲ့​လျှင်​သင်​တို့​သည်​ပလ္လင် သို့​တက်​သည့်​အ​ခါ သင်​တို့​၏​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​ကို​မြင်​ရ​လိမ့်​မည်။
EXO 21:1 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​ချက်​တို့​ကို​သတ်​မှတ်​ပေး​လော့။-
EXO 21:2 ဟေ​ဗြဲ​အ​မျိုး​သား​ကျွန်​တစ်​ယောက်​ကို​ဝယ် လျှင် သူ​သည်​ခြောက်​နှစ်​ကျွန်​ခံ​စေ​ရ​မည်။ သတ္တမ နှစ်​သို့​ရောက်​သော်​သူ​သည်​ကြေး​မ​ပေး​ရ​ဘဲ လွတ်​လပ်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-
EXO 21:3 တစ်​စုံ​တစ်​ယောက်​သည်​ကျွန်​ဖြစ်​ပြီး​မှ​အိမ် ထောင်​ကျ​လျှင်၊ လွတ်​မြောက်​သည့်​အ​ခါ​သူ့ ဇ​နီး​ကို​ခေါ်​ဆောင်​မ​သွား​ရ။ သို့​ရာ​တွင်​သူ သည်​အိမ်​ထောင်​ရှိ​ပြီး​မှ​ကျွန်​ဖြစ်​လာ​လျှင်၊ သူ​လွတ်​မြောက်​သည့်​အ​ခါ​သူ့​ဇ​နီး​လည်း လွတ်​စေ​ရ​မည်။-
EXO 21:4 သူ​၏​သ​ခင်​က​မိန်း​မ​နှင့်​စုံ​ဖက်​ပေး​သ​ဖြင့် သား​သ​မီး​များ​မွေး​ဖွား​လျှင်၊ ထို​မိန်း​မ​နှင့် သား​သ​မီး​တို့​ကို​သ​ခင်​ပိုင်​၏။ ထို့​ကြောင့်​သူ တစ်​ယောက်​တည်း​သာ​လွတ်​မြောက်​စေ​ရ​မည်။-
EXO 21:5 သို့​ရာ​တွင်​ထို​ကျွန်​က​သူ​၏​သ​ခင်၊ သူ​၏ ဇ​နီး​နှင့်​သား​သ​မီး​တို့​ကို​ချစ်​၍​လွတ် မြောက်​ခွင့်​မ​ယူ​လို​ပါ​က၊-
EXO 21:6 သ​ခင်​က​သူ့​ကို​ဘု​ရား​ရှိ​ခိုး​ရာ​ဌာ​န​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။ ထို​ကျွန်​အား​တံ​ခါး​သို့​မ​ဟုတ် တံ​ခါး​တိုင်​အ​ထိ​ခေါ်​ဆောင်​ပြီး​လျှင် သူ​၏​နား ရွက်​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​နောက်​သူ​သည် သ​ခင်​ထံ​၌​တစ်​သက်​ပတ်​လုံး​ကျွန်​ခံ​ရ မည်။
EXO 21:7 ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​သ​မီး​ကို​ကျွန် အ​ဖြစ်​ရောင်း​လျှင်၊ ထို​ကျွန်​မိန်း​မ​သည်​ကျွန် ယောကျာ်း​တို့​ကဲ့​သို့​လွတ်​မြောက်​ခွင့်​မ​ရ​နိုင်။-
EXO 21:8 သ​ခင်​က​ထို​မိန်း​မ​ကို​မ​နှစ်​သက်​သ​ဖြင့် မ​ယား​အ​ဖြစ်​မ​ပေါင်း​လို​လျှင်၊ သူ့​ဖ​ခင်​က သူ့​ကို​ပြန်​၍​ရွေး​ယူ​စေ​ရ​မည်။ သ​ခင်​သည် ဝတ္တ​ရား​ပျက်​ကွက်​သ​ဖြင့်​ကျွန်​မ​ကို​အ​ခြား အ​မျိုး​သား​များ​လက်​သို့​ရောင်း​ခွင့်​မ​ရှိ​စေ ရ။-
EXO 21:9 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မိ​မိ​ဝယ်​သော ကျွန်​မ​ကို​သူ​၏​သား​နှင့်​စုံ​ဖက်​ပေး​လျှင်၊ ထို မိန်း​မ​ကို​သ​မီး​ကဲ့​သို့​ပြု​စု​ထား​ရ​မည်။-
EXO 21:10 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ဒု​တိ​ယ​မိန်း​မ တစ်​ယောက်​နှင့်​စုံ​ဖက်​လျှင် ပ​ထ​မ​ဇ​နီး​သည် အ​စား​အ​စာ၊ အ​ဝတ်​အ​ထည်​နှင့်​အ​ခွင့် အ​ရေး​တို့​ကို​ယ​ခင်​အ​တိုင်း​ရ​ရှိ​စေ​ရ မည်။-
EXO 21:11 အ​ဆို​ပါ​ဝတ္တ​ရား​များ​ပျက်​ကွက်​ခဲ့​လျှင်​သူ သည်​ငွေ​အ​လျော်​မ​တောင်း​ဘဲ ထို​မိန်း​မ​ကို လွတ်​မြောက်​ခွင့်​ပေး​ရ​မည်။
EXO 21:12 ``လူ​တစ်​ယောက်​ကို​ရိုက်​နှက်​၍ သေ​စေ​သူ​အား သေ​ဒဏ်​ခံ​စေ​ရ​မည်။-
EXO 21:13 သေ​စေ​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့်​မ​တော်​တ​ဆ သတ်​မိ​လျှင် သတ်​သော​သူ​သည်​ငါ​သတ်​မှတ် ပေး​မည့်​လုံ​ခြုံ​ရာ​အ​ရပ်​သို့​ရှောင်​တိမ်း​နေ နိုင်​၏။-
EXO 21:14 သို့​ရာ​တွင်​ဒေါ​သ​ထွက်​၍​သေ​စေ​ရန်​ရည်​ရွယ် ချက်​ဖြင့် လူ​တစ်​ယောက်​ကို​သတ်​သော​သူ​သည်၊ ငါ​၏​ယဇ်​ပလ္လင်​၌​ပင်​ခို​လှုံ​နေ​စေ​ကာ​မူ သူ့​အား​ဆွဲ​ထုတ်​၍​သေ​ဒဏ်​ခံ​စေ​ရ​မည်။
EXO 21:15 ``မိ​ဘ​ကို​ရိုက်​နှက်​သော​သူ​အား သေ​ဒဏ် ခံ​စေ​ရ​မည်။
EXO 21:16 ``လူ​တစ်​ယောက်​ကို​ရောင်း​စား​ရန်​ဖြစ်​စေ၊ မိ​မိ ထံ​၌​ကျွန်​စေ​စား​ရန်​ဖြစ်​စေ​အ​ဋ္ဌမ္မ​ဖမ်း​ဆီး သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။
EXO 21:17 ``မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​ခံ စေ​ရ​မည်။
EXO 21:18 ``လူ​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ရာ​၌​တစ် ယောက်​သော​သူ​က အ​ခြား​တစ်​ယောက်​အား ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ လက်​သီး​နှင့်​ဖြစ်​စေ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​သက်​မ​သေ​ဘဲ၊ အ​ကယ်​၍​အ​ရိုက်​ခံ​ရ​သူ​သည်​အိပ်​ရာ​ထဲ ၌​နေ​ရ​လျှင်​သော်​လည်း​ကောင်း၊-
EXO 21:19 ထ​၍​တောင်​ဝှေး​ဖြင့်​လမ်း​လျှောက်​နိုင်​လျှင် သော်​လည်း​ကောင်း၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ၊ ထို​သူ​အ​လုပ်​ပျက်​သည့်​အ​ချိန် အ​တွက် ဒဏ်​ရာ​ရ​စေ​သူ​က​လျော်​ကြေး​ကို ပေး​၍၊ အ​နာ​ပျောက်​ကင်း​သည့်​အ​ချိန်​အ​ထိ ဒဏ်​ရာ​ရ​သူ​အား​တာ​ဝန်​ယူ​စောင့်​ရှောက် ရ​မည်။
EXO 21:20 ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကျွန်​ယောကျာ်း ကို​ဖြစ်​စေ၊ ကျွန်​မိန်း​မ​ကို​ဖြစ်​စေ​တုတ်​နှင့် ရိုက်​သ​ဖြင့်၊ ထို​ကျွန်​သေ​လျှင်​ထို​သူ​သည် အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။-
EXO 21:21 သို့​ရာ​တွင်​ထို​ကျွန်​သည်​တစ်​ရက်​နှစ်​ရက်​မျှ နာ​လျက်​မ​သေ​လျှင်၊ ထို​သူ​ကို​အ​ပြစ်​ဒဏ် မ​စီ​ရင်​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်​ဟူ သည်​မှာ​သ​ခင်​ပိုင်​ပစ္စည်း​မျှသာ​ဖြစ်​သော ကြောင့်​တည်း။
EXO 21:22 ``လူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ကိုယ်​ဝန်​ဆောင်​မိန်း​မ​ကို​ထိ​ခိုက်​မိ​သ​ဖြင့် ကိုယ် ဝန်​ပျက်​သော်​လည်း​ဒဏ်​ရာ​မ​ရ​စေ​လျှင်၊ ထိ ခိုက်​နာ​ကျင်​စေ​သော​သူ​က​ထို​မိန်း​မ​၏​လင် ယောကျာ်း​တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို တ​ရား​သူ​ကြီး​များ​၏​သ​ဘော​တူ​ညီ​ချက် ဖြင့်​ပေး​ရ​မည်။-
EXO 21:23 သို့​ရာ​တွင်​မိန်း​မ​အား​အ​နာ​တ​ရ​ဖြစ်​စေ​လျှင် အ​သက်​အ​စား​အ​သက်၊-
EXO 21:24 မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား၊ လက်​အ​စား​လက်၊ ခြေ​အ​စား​ခြေ၊-
EXO 21:25 မီး​လောင်​ခြင်း​အ​စား​မီး​လောင်​ခြင်း၊ ထိ​ရှ ခြင်း​အ​စား​ထိ​ရှ​ခြင်း၊ ဒဏ်​ရာ​အ​စား​ဒဏ် ရာ​ကို​ခံ​စေ​ရ​မည်။
EXO 21:26 ``သ​ခင်​က​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ ၏​မျက်​စိ​ကို​ရိုက်​သ​ဖြင့် မျက်​စိ​ပျက်​လျှင်​မျက်​စိ အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ်​မြောက် ခွင့်​ပေး​စေ။-
EXO 21:27 သ​ခင်​က​ကျွန်​ကို​ရိုက်​၍​ကျွန်​၏​သွား​ကျိုး​လျှင် သွား​အ​တွက်​လျော်​ကြေး​အ​ဖြစ်​ကျွန်​ကို​လွတ် မြောက်​ခွင့်​ပေး​စေ။
EXO 21:28 ``နွား​တစ်​ကောင်​သည်​လူ​တစ်​ယောက်​ကို​ဦး​ချို​ဖြင့် ဝှေ့​သတ်​လျှင် ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ မည်။ ထို​နွား​၏​အ​သား​ကို​မ​စား​ရ။ သို့​ရာ​တွင် နွား​ပိုင်​ရှင်​ကို​အ​ပြစ်​ဒဏ်​မ​ပေး​ရ။-
EXO 21:29 အ​ကယ်​၍​နွား​သည်​လူ​ကို​ဝှေ့​တတ်​ကြောင်း နွား ပိုင်​ရှင်​အား​သ​တိ​ပေး​ပါ​လျက်​နှင့်​ချည်​နှောင် ၍​မ​ထား​သော​ကြောင့် လူ​တစ်​ယောက်​ကို​ဝှေ့ သတ်​ခဲ့​လျှင်​ထို​နွား​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍ သတ်​ရ​မည်။ နွား​ရှင်​ကို​လည်း​သေ​ဒဏ်​ပေး​ရ မည်။-
EXO 21:30 အ​ကယ်​၍​နွား​ပိုင်​ရှင်​သည်​မိ​မိ​အ​သက် ချမ်း​သာ​ရန်​အ​တွက်​လျော်​ကြေး​ပေး​ခွင့် ရ​လျှင် တောင်း​ဆို​သ​မျှ​လျော်​ကြေး​ကို​ပေး ဆောင်​ရ​မည်။-
EXO 21:31 နွား​သည်​ယောကျာ်း​က​လေး​သို့​မ​ဟုတ်​မိန်း က​လေး​တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် ထို​နည်း အ​တိုင်း​စီ​ရင်​ရ​မည်။-
EXO 21:32 နွား​သည်​ကျွန်​ယောကျာ်း​သို့​မ​ဟုတ်​ကျွန်​မိန်း​မ တစ်​ဦး​ကို​ဝှေ့​သတ်​လျှင် နွား​ပိုင်​ရှင်​က​ကျွန် ပိုင်​ရှင်​အား​ငွေ​သား​သုံး​ဆယ်​လျော်​ကြေး​ပေး ဆောင်​ရ​မည်။ နွား​ကို​လည်း​ကျောက်​ခဲ​နှင့်​ပစ် သတ်​ရ​မည်။
EXO 21:33 ``လူ​တစ်​ဦး​သည်​တွင်း​တူး​၍​မ​ဖုံး​ဘဲ​ထား သ​ဖြင့် နွား​သို့​မ​ဟုတ်​မြည်း​တစ်​ကောင်​ထို​တွင်း သို့​ကျ​လျှင်၊-
EXO 21:34 ပိုင်​ရှင်​အား​တိ​ရစ္ဆာန်​အ​သေ​ကောင်​အ​တွက် လျော်​ကြေး​ပေး​ဆောင်​၍​တိ​ရစ္ဆာန်​အ​သေ ကောင်​ကို​ပိုင်​စေ။-
EXO 21:35 လူ​တစ်​ဦး​၏​နွား​က​အ​ခြား​လူ​တစ်​ဦး​၏​နွား ကို​ဝှေ့​သတ်​လျှင် အ​သက်​ရှင်​သော​နွား​ကို​ရောင်း ၍​နွား​ပိုင်​ရှင်​နှစ်​ဦး​က​ငွေ​ကို​ခွဲ​ဝေ​ယူ​ရ​မည်။ နွား​သေ​၏​အ​သား​ကို​လည်း​ခွဲ​ဝေ​ယူ​ရ​ကြ မည်။-
EXO 21:36 သို့​ရာ​တွင်​နွား​ပိုင်​ရှင်​က​မိ​မိ​၏​နွား​သည်​ဝှေ့ တတ်​ကြောင်း​ကို​သိ​လျက်​နှင့် ချည်​နှောင်​၍​မ ထား​ခဲ့​လျှင်​နွား​သေ​အ​တွက်​နွား​တစ်​ကောင် ကို​အ​စား​လျော်​၍​နွား​သေ​ကို​ပိုင်​စေ။
EXO 22:1 ``လူ​တစ်​ဦး​သည်​နွား၊ သို့​မ​ဟုတ်​သိုး​တစ် ကောင်​ကို​ခိုး​၍​သတ်​သည်​ဖြစ်​စေ၊ ရောင်း​သည် ဖြစ်​စေ​နွား​တစ်​ကောင်​အ​တွက်​နွား​ငါး​ကောင်၊ သိုး​တစ်​ကောင်​အ​တွက်​သိုး​လေး​ကောင်​ကို အ​စား​လျော်​ရ​မည်။-
EXO 22:2 သူ​သည်​ခိုး​သည့်​တိ​ရစ္ဆာန်​အ​တွက်​လျော်​ရ မည်။ သူ​၌​လျော်​စ​ရာ​မ​ရှိ​လျှင်​မိ​မိ​ကိုယ်​ကို ရောင်း​၍​လျော်​ကြေး​ပေး​ရ​မည်။ ခိုး​ရာ​ပါ​သိုး၊ နွား၊ မြည်း​ကို​သူ့​ထံ​၌​အ​ရှင်​တွေ့​ရ​လျှင်​သူ သည်​နှစ်​ဆ​ပြန်​လျော်​ရ​မည်။ ``အိမ်​ကို​ည​အ​ချိန်​ဖောက်​ထွင်း​နေ​သော​သူ​ခိုး ကို​သတ်​သော​သူ​သည် လူ​သတ်​မှု​ကို​ကူး​လွန် ရာ​မ​ရောက်​ချေ။ သို့​ရာ​တွင်​နေ့​အ​ချိန်​၌​ဖောက် ထွင်း​မှု​ကြောင့်​သူ​ခိုး​ကို​သတ်​လျှင် သတ်​သော သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​၏။
EXO 22:5 ``လူ​တစ်​ဦး​သည်​မိ​မိ​၏​တိ​ရစ္ဆာန်​များ​ကို လယ် သို့​မ​ဟုတ်​စ​ပျစ်​ဥ​ယျာဉ်​ထဲ​တွင်​ထိန်း​ကျောင်း နေ​စဉ် သူ​တစ်​ပါး​၏​လယ်​ထဲ​သို့​ကူး​ကျော် ကျက်​စား​စေ​လျှင်၊ မိ​မိ​၏​လယ်​သို့​မ​ဟုတ် စ​ပျစ်​ဥ​ယျာဉ်​မှ​ထွက်​သော​အ​ကောင်း​ဆုံး အ​သီး​အ​နှံ​ဖြင့်​အ​စား​လျော်​စေ​ရ​မည်။
EXO 22:6 ``လူ​တစ်​ဦး​မိ​မိ​၏​လယ်​ကို​မီး​ရှို့​သည့်​အ​ခါ ပေါင်း​ပင်​များ​ကို​မီး​စွဲ​လောင်​၍၊ သူ​တစ်​ပါး လယ်​ထဲ​ရှိ​ကောက်​လှိုင်း​ပုံ​များ​နှင့်​စ​ပါး​ပင် တို့​ကို​မီး​ကူး​စက်​လျှင် မီး​ရှို့​သူ​သည်​ပျက်​စီး ဆုံး​ရှုံး​သူ​အ​တွက်​လျော်​စေ​ရ​မည်။-
EXO 22:7 လူ​တစ်​ဦး​က​အ​ခြား​လူ​တစ်​ဦး​ထံ​၌၊ ငွေ သို့​မ​ဟုတ်​အ​ဖိုး​တန်​ပစ္စည်း​များ​ကို​အပ်​နှံ ထား​သော​အ​ခါ၊ ထို​ပစ္စည်း​များ​ခိုး​ယူ​ခြင်း ခံ​ရ​သော်​ခိုး​သူ​ကို​မိ​လျှင် ခိုး​သူ​က​နှစ်​ဆ ပြန်​လျော်​စေ​ရ​မည်။-
EXO 22:8 ခိုး​သူ​ကို​မ​မိ​လျှင်​မူ​ကား၊ ပစ္စည်း​အပ်​နှံ​ခြင်း ခံ​ရ​သူ​သည် ကိုယ်​တိုင်​ပစ္စည်း​ကို​ခိုး​သည်၊ မ​ခိုး သည်​သိ​နိုင်​ရန်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​သို့​ခေါ်​ဆောင်​၍​ကျိန်​ဆို​စေ​ရ​မည်။
EXO 22:9 ``သိုး၊ နွား၊ မြည်း၊ အ​ဝတ်​အ​စ​ရှိ​သော​ပျောက် ဆုံး​သည့်​ပစ္စည်း​ကို​ပိုင်​ဆိုင်​မှု​နှင့်​ပတ်​သက်​၍ လူ​နှစ်​ဦး​အ​ငြင်း​ပွား​ခဲ့​သည်​ရှိ​သော်၊ ထို​သူ နှစ်​ဦး​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ အ​စစ်​ခံ​၍၊ တ​ရား​ရှုံး​သူ​က​နှစ်​ဆ​လျော် ရ​မည်။
EXO 22:10 ``လူ​တစ်​ဦး​က သိုး၊ နွား၊ မြည်း​အ​စ​ရှိ​သော တိ​ရစ္ဆာန်​တစ်​ကောင်​ကို​တစ်​စုံ​တစ်​ယောက်​သော သူ​ထံ​၌​အပ်​နှံ​ထား​သော​အ​ခါ၊ ထို​တိ​ရစ္ဆာန် သေ​လျှင်​ဖြစ်​စေ၊ ထိ​ခိုက်​ဒဏ်​ရာ​ရ​လျှင်​ဖြစ် စေ၊ လု​ယူ​သွား​ခြင်း​ခံ​ရ​လျှင်​ဖြစ်​စေ သက်​သေ​မ​ရှိ​ခဲ့​သော်၊-
EXO 22:11 အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မိ​မိ​မ​ခိုး​ကြောင်း ဘု​ရား​သ​ခင်​ရှေ့​တော်​တွင်​ကျိန်​ဆို​ရ​မည်။ ကျိန်​ဆို​သည့်​အ​တိုင်း​ပိုင်​ရှင်​လက်​ခံ​ရ​မည်။ အပ်​နှံ​ခြင်း​ခံ​ရ​သူ​သည်​မ​ခိုး​ခဲ့​လျှင် ပြန်​လျော်​ရန်​မ​လို။-
EXO 22:12 အ​ကယ်​၍​ခိုး​ခဲ့​သော်​ပြန်​လျော်​ရ​မည်။
EXO 22:13 သား​ရဲ​ကိုက်​သတ်​ခံ​ရ​သည်​ဟု​ဆို​လျှင်​အ​သေ ကောင်​ကို​သက်​သေ​အ​ဖြစ်​ပြ​နိုင်​ရ​မည်။ သား ရဲ​ကိုက်​သတ်​သည်​မှန်​လျှင်​မ​လျော်​စေ​ရ။
EXO 22:14 ``လူ​တစ်​ဦး​သည်​အ​ခြား​တစ်​ဦး​ထံ​မှ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ငှား​၍၊ ပိုင်​ရှင်​၏​မျက် ကွယ်​တွင် ထို​တိ​ရစ္ဆာန်​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ လျှင်​ဖြစ်​စေ၊ သေ​လျှင်​ဖြစ်​စေ​ငှား​သူ​က လျော်​ရ​မည်။-
EXO 22:15 သို့​ရာ​တွင်​ပိုင်​ရှင်​ရှေ့​၌​ဒဏ်​ရာ​ရ​သေ​ဆုံး​ခဲ့ သော်​ငှား​သူ​က​မ​လျော်​ရ။ အ​ကယ်​၍​တိ​ရစ္ဆာန် ကို​အ​ခ​နှင့်​ငှား​လျှင်၊ ဒဏ်​ရာ​ရ​သေ​ဆုံး​မှု အ​တွက်​ပိုင်​ရှင်​အား​လျော်​ရန်​မ​လို။ ငှား​ခ ကို​သာ​ပေး​စေ​ရ​မည်။
EXO 22:16 ``လူ​တစ်​ဦး​သည်​စေ့​စပ်​ကြောင်း​လမ်း​၍​မ​ထား သော​မိန်း​မ​ပျို​တစ်​ယောက်​ကို​သွေး​ဆောင်​ပေါင်း သင်း​ခဲ့​လျှင်၊ သူ​သည်​မင်္ဂ​လာ​လက်​ဖွဲ့​ကြေး​ပေး ၍​ထို​မိန်း​မ​ကို​လက်​ထပ်​ယူ​ရ​မည်။-
EXO 22:17 အ​ကယ်​၍​မိန်း​မ​ပျို​၏​ဖ​ခင်​က​ထို​သူ​နှင့် သ​ဘော​မ​တူ​လျှင်၊ သူ​သည်​မိန်း​မ​ပျို​တစ်​ဦး အ​တွက်​တင်​တောင်း​ရ​သော​မင်္ဂလာ​လက်​ဖွဲ့​ကြေး ကို​ဖ​ခင်​အား​ပေး​လျော်​ရ​မည်။
EXO 22:18 ``စုံး​မ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။
EXO 22:19 ``တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​သူ​ကို​သေ​ဒဏ်​စီ ရင်​ရ​မည်။
EXO 22:20 ``ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​ကို​ယဇ်​ပူ​ဇော်​သူ​အား​သေ​ဒဏ်​စီ​ရင် ရ​မည်။
EXO 22:21 ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နေ​ထိုင်​ခဲ့​ဖူး​ကြောင်း သ​တိ​ရ​လျက်​အ​ခြား အ​မျိုး​သား​များ​ကို​မ​နှိပ်​စက်​မ​ညှင်း​ဆဲ​ရ။-
EXO 22:22 မု​ဆိုး​မ​နှင့်​မိ​ဘ​မဲ့​က​လေး​ကို​မ​နှိပ်​စက် ရ။-
EXO 22:23 သင်​တို့​သည်​ထို​သူ​တို့​ကို​နှိပ်​စက်​သ​ဖြင့်၊ သူ​တို့​က​ငါ့​ထံ​အ​သ​နား​ခံ​လျှင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​မည်။
EXO 22:24 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ကို​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​မည်။ ထို​အ​ခါ​သင်​တို့​၏​မ​ယား တို့​သည်​မု​ဆိုး​မ​ဖြစ်​၍​သင်​တို့​၏​သား​သ​မီး များ​သည်​ဘ​သက်​ဆိုး​ဖြစ်​ကြ​လိမ့်​မည်။
EXO 22:25 ``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ထဲ​မှ​ဆင်း​ရဲ သော​သူ​တို့​အား ငွေ​ချေး​လျှင်၊ ငွေ​ချေး​စား​သူ ကဲ့​သို့​အ​တိုး​မ​ယူ​ရ။-
EXO 22:26 သင်​သည်​တစ်​စုံ​တစ်​ယောက်​ထံ​မှ​ခြုံ​ထည် ကို​အ​ပေါင်​ပစ္စည်း​အ​ဖြစ်​လက်​ခံ​ထား​လျှင်၊ နေ​မ​ဝင်​မီ​သူ့​အား​ပြန်​ပေး​ရ​မည်။-
EXO 22:27 သူ​၏​ကိုယ်​ကို​ခြုံ​စ​ရာ​ဟူ​၍​ထို​ခြုံ​ထည်​တစ်​ခု တည်း​သာ​ရှိ​သည်​ဖြစ်​သော​ကြောင့်​သူ​သည်​ခြုံ စ​ရာ​မ​ရှိ​လျှင်​အ​ဘယ်​သို့​အိပ်​နိုင်​မည်​နည်း။ ငါ​သည်​သ​နား​ကြင်​နာ​သော​အ​ရှင်​ဖြစ်​၍ သူ​သည်​ငါ့​အား​လျှောက်​ထား​သော​အ​ခါ ငါ​နား​ညောင်း​မည်။
EXO 22:28 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော ဆို​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​လူ​မျိုး​ခေါင်း​ဆောင် ကို​မ​ကျိန်​ဆဲ​ရ။
EXO 22:29 ``သင်​တို့​၏​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော​အ​သီး အ​နှံ၊ အ​ဦး​ဆုံး​ညှစ်​သော​စ​ပျစ်​ရည်​ကို​ငါ့ အား​ဆက်​ကပ်​ရ​မည်။ ``သင်​တို့​၏​သား​ဦး​များ​ကို​ငါ့​အား​ဆက်​ကပ် ရ​မည်။-
EXO 22:30 သင်​တို့​၏​သိုး၊ နွား​တို့​မှ​သား​ဦး​ပေါက်​များ​ကို လည်း​ငါ့​အား​ဆက်​ကပ်​ရ​မည်။ သိုး​နွား​သား​ဦး ပေါက်​များ​သည်​သူ​တို့​၏​မိ​ခင်​နှင့်​အ​တူ​ခု​နစ် ရက်​နေ​စေ​၍ အ​ဋ္ဌ​မ​နေ့​တွင်​ထို​သိုး​နွား​များ ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။
EXO 22:31 ``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သား​ရဲ​များ​ကိုက်​သတ်​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ ထို​အ​သား​ကို​ခွေး​တို့​အား​ကျွေး လော့။
EXO 23:1 ``သင်​တို့​သည်​မ​ဟုတ်​မ​မှန်​သော​သ​တင်း ကို​မ​လွှင့်​နှင့်။ အ​ပြစ်​ကူး​လွန်​သူ​ဘက်​မှ မ​တ​ရား​သက်​သေ​မ​ခံ​နှင့်။-
EXO 23:2 လူ​များ​စု​နောက်​သို့​လိုက်​၍​မ​တ​ရား​သ​ဖြင့် မ​ပြု​နှင့်။ လူ​များ​စု​နောက်​သို့​လိုက်​၍​တ​ရား မျှ​တ​မှု​ကို​ဖောက်​ပြန်​စေ​ရန်​မ​တ​ရား​သော သက်​သေ​ကို​လည်း​မ​ခံ​နှင့်။-
EXO 23:3 အ​မှု​စစ်​ဆေး​ရာ​၌​ဆင်း​ရဲ​သည့်​အ​ကြောင်း​ကို ထောက်​၍ ဆင်း​ရဲ​သား​ဘက်​မှ​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။
EXO 23:4 ``သင့်​ရန်​သူ​၏​နွား​သို့​မ​ဟုတ်​မြည်း​သည် အုပ်​မှ ကွဲ​နေ​သည်​ကို​တွေ့​လျှင်​သူ့​ထံ​သို့​ပြန်​ပို့​ရ မည်။-
EXO 23:5 သူ​၏​မြည်း​သည်​ဝန်​ပိ​၍​လဲ​နေ​လျှင်​လွှဲ​ရှောင် မ​သွား​ဘဲ​မြည်း​ကို​ဝိုင်း​၍​ထူ​ပေး​ရ​မည်။
EXO 23:6 ``ဆင်း​ရဲ​သော​သူ​သည်​ရုံး​၌​တ​ရား​ဆိုင်​ရ သော​အ​ခါ သူ့​အား​တ​ရား​သ​ဖြင့်​စီ​ရင်​လော့။-
EXO 23:7 လူ​တစ်​ဦး​အား​မ​ဟုတ်​မ​မှန်​မ​စွပ်​စွဲ​ရ။ အ​ပြစ် ကင်း​မဲ့​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။ ထို​သို့​မ တ​ရား​မှု​ပြု​သူ​အား​ငါ​အ​ပြစ်​ဒဏ်​ပေး​မည်။-
EXO 23:8 တံ​စိုး​လက်​ဆောင်​စား​သူ​သည်​အမှန်​တ​ရား​ကို မ​မြင်​နိုင်​သည့်​အ​ပြင် အ​ပြစ်​ကင်း​မဲ့​သူ​ကို ပျက်​စီး​စေ​နိုင်​သော​ကြောင့်​တံ​စိုး​လက်​ဆောင် မ​ယူ​ရ။
EXO 23:9 ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နှင့် နေ​ထိုင်​ခဲ့​ဖူး​၍​ဧည့်​သည်​၏​ခံ​စား​ချက်​ကို သိ​သည်​ဖြစ်​သော​ကြောင့် သင်​တို့​၏​ပြည်​တွင် ဧည့်​သည်​ဖြစ်​သော​အ​ခြား​အ​မျိုး​သား​တို့ ကို​မ​ညှဉ်း​ဆဲ​နှင့်။
EXO 23:10 ``သင်​တို့​သည်​ခြောက်​နှစ်​ပတ်​လုံး​ထွန်​ယက် စိုက်​ပျိုး​၍ ထွက်​သ​မျှ​သီး​နှံ​ကို​စု​သိမ်း​ရ မည်။-
EXO 23:11 သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။
EXO 23:12 ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။
EXO 23:13 ``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။
EXO 23:14 ``သင်​တို့​သည်​ငါ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် ပွဲ​ကို​တစ်​နှစ်​လျှင်​သုံး​ကြိမ်​ကျင်း​ပ​ရ​မည်။-
EXO 23:15 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ငါ မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့ ရ​သော​အ​ဗိ​ဗ​လ​၌​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။ မည်​သူ​မျှ ပူ​ဇော်​သ​ကာ​မ​ပါ​ဘဲ​နှင့် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍​ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​မ​ပြု​ရ။
EXO 23:16 ``သင်​တို့​လယ်​များ​မှ​ကောက်​ရိတ်​သိမ်း​ချိန်​သို့ ရောက်​လျှင် သင်​တို့​စိုက်​ပျိုး​ခဲ့​သော​သီး​နှံ​များ နှင့်​ကောက်​သိမ်း​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ``နှစ်​အ​ကုန်​တွင်​သင်​တို့​၏​သစ်​သီး​ခြံ​များ​မှ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-
EXO 23:17 နှစ်​စဉ်​ဤ​ပွဲ​သုံး​ကြိမ်​ကျင်း​ပ​စဉ်​တွင်​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ရ​မည်။
EXO 23:18 ``ငါ့​အား​ယဇ်​ကောင်​ပူ​ဇော်​သော​အ​ခါ တ​ဆေး ပါ​သော​မုန့်​နှင့်​မ​ပူ​ဇော်​ရ။ ဤ​ပွဲ​တော်​များ​တွင် ငါ့​အား​ပူ​ဇော်​သော​ယဇ်​ကောင်​၏​အ​ဆီ​ကို နောက် တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း​ကျန်​စေ​ရ။
EXO 23:19 ``နှစ်​စဉ်​သင်​တို့​၏​လယ်​များ​မှ အ​စ​ဦး​ဆုံး​ရိတ် သိမ်း​ရ​သော​သီး​နှံ​များ​ကို သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​ယူ​ဆောင်​လှူ​ဒါန်း ရ​မည်။ ``သိုး​ငယ်​သို့​မ​ဟုတ်​ဆိတ်​ငယ်​ကို အ​မိ​နို့​ရည်​နှင့်​မ​ချက်​မ​ပြုတ်​ရ။
EXO 23:20 ``ခ​ရီး​လမ်း​တွင်​သင်​တို့​အား​စောင့်​ရှောက်​ရန်​နှင့် ငါ​ပြင်​ဆင်​သော​အ​ရပ်​သို့ သင်​တို့​ကို​ပို့​ဆောင်​ရန် သင်​တို့​ရှေ့​က​ကောင်း​ကင်​တ​မန်​ကို​ငါ​စေ​လွှတ် မည်။-
EXO 23:21 သူ့​ကို​ရို​သေ​လေး​စား​၍​သူ့​စ​ကား​ကို​နား​ထောင် လော့။ သူ့​ကို​ငါ​စေ​လွှတ်​သော​ကြောင့်​သူ့​ကို​မ​ပုန် ကန်​နှင့်။ သူ​သည်​ထို​သို့​သော​ပုန်​ကန်​မှု​ကို​ခွင့် လွှတ်​လိမ့်​မည်​မ​ဟုတ်။-
EXO 23:22 သို့​ရာ​တွင်​သင်​တို့​သည်​သူ့​စ​ကား​ကို​နား ထောင်​၍ ငါ​မိန့်​မှာ​သ​မျှ​အ​တိုင်း​ပြု​လုပ်​လျှင် ငါ​သည်​သင်​တို့​၏​ရန်​သူ​အ​ပေါင်း​ကို​တိုက် ခိုက်​၍ သင့်​အား​ဆန့်​ကျင်​သူ​အ​ပေါင်း​ကို ဆန့်​ကျင်​မည်။-
EXO 23:23 ငါ​၏​ကောင်း​ကင်​တ​မန်​သည်​သင်​တို့​ရှေ့​က သွား​၍ အာ​မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​လိမ့်​မည်။ ထို​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ငါ​သုတ်​သင်​ဖျက်​ဆီး မည်။-
EXO 23:24 သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။-
EXO 23:25 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​လျှင် ငါ​သည်​သင်​တို့​အား ဝ​လင်​စွာ​စား​သောက်​ရ​စေ​မည်။ အ​နာ​ရော​ဂါ တို့​မှ​လည်း​ကင်း​ရှင်း​စေ​မည်။-
EXO 23:26 သင်​တို့​၏​ပြည်​တွင်​ကိုယ်​ဝန်​ပျက်​သော​မိန်း​မ၊ မြုံ​သော​မိန်း​မ​ဟူ​၍​မ​ရှိ​စေ​ရ။ သင်​တို့​အား အ​သက်​ရှည်​စေ​မည်။
EXO 23:27 ``သင်​တို့​ကို​ရန်​ဘက်​ပြု​သူ​တို့​သည် ငါ့​ကို​ကြောက် ရွံ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​သော ပြည်​မှ လူ​တို့​သည်​က​စဥ့်​က​လျား​ဖြစ်​၍​ထွက် ပြေး​ကြ​လိမ့်​မည်။-
EXO 23:28 ဟိ​ဝိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​တ​ကြား​ဖြစ် ၍​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-
EXO 23:29 ငါ​သည်​ထို​လူ​မျိုး​အား​လုံး​တို့​ကို​တစ်​နှစ် အ​တွင်း​မောင်း​ထုတ်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို သို့​ပြု​မူ​ပါ​မူ တိုင်း​ပြည်​တွင်​လူ​သူ​ကင်း​မဲ့​၍ သား​ရဲ​များ​မင်း​မူ​သ​ဖြင့်​သင်​တို့​အား​အန္တရာယ် ဖြစ်​စေ​မည်။-
EXO 23:30 သင်​တို့​သည်​တိုင်း​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ရန်​လူ​ဦး ရေ​တိုး​ပွား​လာ​သည်​အ​ထိ ငါ​သည်​သူ​တို့​ကို တစ်​စ​တစ်​စ​မောင်း​ထုတ်​မည်။-
EXO 23:31 ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-
EXO 23:32 သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့် သော်​လည်း​ကောင်း သင်​တို့​သည်​မည်​သည့်​ပ​ဋိ ညာဉ်​ကို​မျှ​မ​ပြု​လုပ်​ရ။-
EXO 23:33 သင်​တို့​၏​ပြည်​တွင်​သူ​တို့​ကို​နေ​ထိုင်​ခွင့်​မ​ပေး နှင့်။ သူ​တို့​အား​နေ​ထိုင်​ခွင့်​ပေး​လျှင် သူ​တို့​သည် သင်​တို့​ကို​ငါ့​အား​ပြစ်​မှား​စေ​လိမ့်​မည်။ သင် တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ကိုး​ကွယ် ပါ​က အ​မှန်​ပင်​ပျက်​စီး​ဆုံး​ရှုံး​စေ​မည့် ထောင်​ချောက်​ထဲ​သို့​ကျ​ရောက်​ကြ​လိမ့်​မည်။''
EXO 24:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​ကို ခေါ်​ဆောင်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ တောင် ပေါ်​သို့​တက်​လာ​လော့။ သင်​တို့​သည်​ခပ်​လှမ်း လှမ်း​နေ​ရာ​မှ​ငါ့​အား​ပျပ်​ဝပ်​ကိုး​ကွယ် ကြ​လော့။-
EXO 24:2 သင်​တစ်​ယောက်​တည်း​သာ​ငါ့​အ​နီး​သို့​ချဉ်း​ကပ် ရ​မည်။ အ​ခြား​သော​သူ​တို့​သည်​ငါ့​အ​နီး​သို့ မ​ချဉ်း​ကပ်​စေ​ရ။ လူ​ထု​မူ​ကား​တောင်​ပေါ်​သို့ မ​တက်​ရ'' ဟု​မိန့်​တော်​မူ​၏။
EXO 24:3 မော​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ပြန်​လာ​၍၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​သ​မျှ​နှင့် စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​တို့​ကို​ပြော​ကြား လေ​၏။ လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ပါ​မည်'' ဟု​တ​ညီ​တ​ညွတ် တည်း​ဆို​ကြ​၏။-
EXO 24:4 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ပညတ်​သ​မျှ​တို့ ကို​ရေး​ထား​လေ​၏။ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်​မော​ရှေ​သည်​တောင်​ခြေ​ရင်း​၌​ယဇ်​ပလ္လင်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​အ​တွက် ကျောက်​တိုင်​တစ်​ဆယ့်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​ဆောက်​လေ​၏။-
EXO 24:5 ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ ငယ်​တို့​ကို​ခိုင်း​စေ​သ​ဖြင့်၊ သူ​တို့​သည်​နွား​များ ကို​သတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​သော ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​လေ​၏။-
EXO 24:6 မော​ရှေ​သည်​တိ​ရစ္ဆာန်​တို့​၏​သွေး​တစ်​ဝက်​ကို အင်​တုံ​များ​တွင်​ထည့်​၍၊ အ​ခြား​တစ်​ဝက် ကို​ယဇ်​ပလ္လင်​ပေါ်​၌​ပက်​ဖျန်း​လေ​၏။-
EXO 24:7 ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် များ​ရေး​ထား​သော​ပ​ဋိ​ညာဉ်​စာ​အုပ်​ကို​ယူ​၍ လူ​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ်​ပြ​လေ​သည်။ သူ​တို့​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​ပါ​မည်'' ဟု​ဆို​လေ​၏။
EXO 24:8 ထို​နောက်​မော​ရှေ​သည်​အင်​တုံ​များ​ထဲ​မှ​သွေး ကို​ယူ​၍ လူ​တို့​အ​ပေါ်​သို့​ပက်​ဖျန်း​လေ​၏။ သူ က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပ​ညတ် များ​ကို​ပေး​လျက် သင်​တို့​နှင့်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ဤ​သွေး​ဖြင့်​အ​တည်​ဖြစ်​စေ ပြီ'' ဟု​ဆို​လေ​၏။
EXO 24:9 မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​တို့​သည် တောင်​ပေါ်​သို့​တက်​၍၊-
EXO 24:10 ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို ဖူး​မြင်​ရ​ကြ​၏။ ကိုယ်​တော်​၏​ခြေ​တော်​အောက်​တွင် မိုး​ကောင်း​ကင်​သ​ဖွယ်​ပြာ​လက်​နေ​သော​နီ​လာ ကျောက်​ခင်း​ထား​သည်​ဟု​ထင်​ရ​၏။-
EXO 24:11 ဘု​ရား​သ​ခင်​သည်​ဣသ​ရေလ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​အား​ဘေး​ဥ​ပဒ်​ရောက်​စေ​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖူး​မြင်​ပြီး နောက်​အ​တူ​တ​ကွ​စား​သောက်​ကြ​၏။
EXO 24:12 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။ လူ​တို့​ကို​သွန် သင်​ရန်​အ​တွက် ငါ​ရေး​ထား​သော​ပ​ညတ်​အား လုံး​ပါ​ရှိ​သည့်​ကျောက်​ပြား​နှစ်​ပြား​ကို​သင့် အား​ငါ​အပ်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
EXO 24:13 ထို့​ကြောင့်​မော​ရှေ​သည်​မိ​မိ​၏​လက်​ထောက် ယော​ရှု​နှင့်​အ​တူ အ​သင့်​ပြင်​၍​တောင်​တော် ပေါ်​သို့​တက်​သွား​လေ​သည်။-
EXO 24:14 မော​ရှေ​က​ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင် တို့​အား``ငါ​တို့​ပြန်​ရောက်​သည့်​တိုင်​အောင်​ဤ အ​ရပ်​တွင်​စောင့်​ဆိုင်း​နေ​ကြ​လော့။ သင်​တို့​တွင် အ​ငြင်း​အ​ခုံ​တစ်​ခု​ခု​ပေါ်​ပေါက်​လျှင် အာ​ရုန် နှင့်​ဟု​ရ​တို့​ထံ​သွား​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ ကြ​လော့'' ဟု​မှာ​ကြား​ခဲ့​လေ​သည်။
EXO 24:15 မော​ရှေ​သည်​တောင်​ပေါ်​သို့​တက်​သွား​သော​အ​ခါ မိုး​တိမ်​သည်​တောင်​ကို​ဖုံး​လွှမ်း​လေ​၏။-
EXO 24:16 ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​သည်​တောင်​ပေါ်​သို့​သက်​ဆင်း​လေ​၏။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​တောက်​ပ​သော ဘုန်း​အ​သ​ရေ​ကို တောင်​ထိပ်​တွင်​တောက်​နေ​သော မီး​သ​ဖွယ်​မြင်​ရ​ကြ​၏။ မိုး​တိမ်​သည်​တောင်​ကို ခြောက်​ရက်​ပတ်​လုံး​ဖုံး​အုပ်​ပြီး​နောက် သတ္တ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ထဲ​မှ​မော​ရှေ ကို​ခေါ်​တော်​မူ​သည်။-
EXO 24:18 ထို​အ​ခါ​မော​ရှေ​သည်​မိုး​တိမ်​ဖုံး​အုပ်​နေ​သော တောင်​ထိပ်​ပေါ်​သို့​တက်​သွား​လေ​သည်။ သူ​သည် တောင်​ထိပ်​ပေါ်​တွင်​အ​ရက်​လေး​ဆယ်​ပတ်​လုံး ရှိ​နေ​၏။
EXO 25:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပ​ညတ်​ချက်​များ​ကို​မိန့်​မြွက်​တော်​မူ​၏။-
EXO 25:2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​အား လှူ​ဖွယ်​ပစ္စည်း​တို့​ကို​ဆက်​သ​ရ​မည်​ဟူ​၍ ပြော​ကြား​လော့။ သင်​သည်​အ​မျိုး​သား​တိုင်း ထံ​မှ​စေ​တ​နာ​အ​လျောက် ပေး​လှူ​သ​မျှ ပစ္စည်း​တို့​ကို​လက်​ခံ​ရ​မည်။-
EXO 25:3 သင်​လက်​ခံ​ရ​မည့်​လှူ​ဖွယ်​ပစ္စည်း​များ​သည် ကား ရွှေ၊ ငွေ၊ ကြေး​ဝါ၊-
EXO 25:4 ပိတ်​ချော၊ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ဆိတ်​မွေး​အ​ထည်၊-
EXO 25:5 အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊-
EXO 25:6 မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊-
EXO 25:7 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။-
EXO 25:8 ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-
EXO 25:9 တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။
EXO 25:10 ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ သော​သေတ္တာ​တစ်​လုံး​ကို​အ​ကာ​ရှ​သစ်​သား ဖြင့်​ပြု​လုပ်​လော့။-
EXO 25:11 သေတ္တာ​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍​အ​နား​ပတ် လည်​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-
EXO 25:12 သေတ္တာ​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး​ကွင်း​ကို သွန်း​လုပ်​၍၊ ခြေ​လေး​ထောင့်​တွင်​တစ်​ဘက်​လျှင် နှစ်​ကွင်း​စီ​တပ်​ထား​ရ​မည်။-
EXO 25:13 အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း​ပိုး​များ​ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-
EXO 25:14 သေတ္တာ​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို​သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-
EXO 25:15 ထမ်း​ပိုး​များ​ကို​ကွင်း​များ​မှ​မ​ထုတ်​ရ။ အ​မြဲ​လျှို​သွင်း​ထား​ရ​မည်။-
EXO 25:16 ပ​ညတ်​တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ကို​ငါ​ပေး​မည်။ ထို​ကျောက် ပြား​များ​ကို​သေတ္တာ​ထဲ​၌​ထည့်​ထား​ရ​မည်။
EXO 25:17 ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ​နှင့် အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​အ​ဖုံး​ကို​ရွှေ​စင်​ဖြင့် ပြု​လုပ်​ရ​မည်။-
EXO 25:18 အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​တွင်​ရွှေ​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ရွှေ​စင်​ဖြင့်​ထု​လုပ်​ရ​မည်။ ထို​ခေ​ရု ဗိမ်​ရုပ်​တု​များ​သည် အ​ဖုံး​နှင့်​တစ်​သား​တည်း ရှိ​စေ​ရ​မည်။-
EXO 25:20 ခေ​ရု​ဗိမ်​များ​၏​ဖြန့်​ထား​သော​အ​တောင်​များ သည် သေတ္တာ​အ​ဖုံး​ကို​ဖြန့်​မိုး​ထား​စေ​ရ​မည်။ သူ​တို့​သည်​မျက်​နှာ​ချင်း​ဆိုင်​၍​သေတ္တာ​ဖုံး​ကို ကြည့်​နေ​စေ​ရ​မည်။-
EXO 25:21 သေတ္တာ​ထဲ​တွင်​ကျောက်​ပြား​နှစ်​ပြား​ကို​ထည့်​၍ သေတ္တာ​ဖုံး​ဖြင့်​ဖုံး​အုပ်​ထား​ရ​မည်။-
EXO 25:22 ထို​နေ​ရာ​၌​ငါ​သည်​သင်​တို့​နှင့်​တွေ့​ဆုံ​မည်။ ငါ သည်​ခေ​ရု​ဗိမ်​နှစ်​ပါး​အ​ကြား​အ​ဖုံး​ပေါ်​မှ​နေ တော်​မူ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရန်​ရှိ​သ​မျှ​ကို​သင့်​အား​ငါ​မြွက် ဆို​မည်။
EXO 25:23 ``အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ် လက်​မ​ရှိ​သော​စား​ပွဲ​တစ်​လုံး​ကို​အကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-
EXO 25:24 စား​ပွဲ​ကို​ရွှေ​ချ​၍​အ​နား​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-
EXO 25:25 စား​ပွဲ​ပတ်​လည်​တွင်​သုံး​လက်​မ​ဗြက်​ရှိ​သော ဘောင်​တပ်​၍​အ​နား​ကို​ရွှေ​ကွပ်​ရ​မည်။-
EXO 25:26 စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ်​ယူ ရန် ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​ရ​မည်။-
EXO 25:27 ထမ်း​ပိုး​လျှို​ရန်​ကွင်း​များ​ကို​ဘောင်​အ​နီး​၌ ကပ်​၍​တပ်​ဆင်​ရ​မည်။-
EXO 25:28 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍​ရွှေ​ချ​ထား​ရ​မည်။-
EXO 25:29 စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား​နှင့်​စ​ပျစ် ရည်​ဖ​လား​များ​ကို​ရွှေ​ဖြင့်​ပြုလုပ်​ရ​မည်။-
EXO 25:30 ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။
EXO 25:31 ``ဆီ​မီး​ခုံ​ကို​ရွှေ​ဖြင့်​ပြု​လုပ်​လော့။ ဆီ​မီး​ခုံ တိုင်​နှင့်​အောက်​ခံ​ခုံ​တို့​ကို​ရွှေ​ဖြင့်​ထု​လုပ်​လော့။ ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော အ​လှ​ပန်း​များ​သည် ဆီ​မီး​ခုံ​တိုင်​နှင့်​တစ်​သား တည်း​ရှိ​စေ​ရ​မည်။-
EXO 25:32 ဆီ​မီး​ခုံ​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​လက် သုံး​လက်​စီ၊ ပေါင်း​ခြောက်​လက်​ဖြာ​ထွက်​စေ ရ​မည်။-
EXO 25:33 အ​လက်​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​ပုံ​အ​လှ​ပန်း​သုံး ပွင့်​ရှိ​စေ​ရ​မည်။-
EXO 25:34 ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ သော​ဗာ​ဒံ​ပွင့်​ပုံ​ပန်း​လေး​ပွင့်​ရှိ​စေ​ရ​မည်။-
EXO 25:35 အ​လက်​သုံး​စုံ​တွင်​တစ်​စုံ​စီ​ကြား​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​စေ​ရ​မည်။-
EXO 25:36 ပွင့်​ဖူး​အ​လက်​နှင့်​ဆီ​မီး​ခုံ​တိုင်​တို့​ကို​ရွှေ ဖြင့်​တစ်​သား​တည်း​ထု​လုပ်​ရ​မည်။-
EXO 25:37 ဆီ​မီး​ခုံ​အ​တွက်​မီး​ခွက်​ခု​နစ်​လုံး​ကို​ပြု​လုပ် လော့။ ထို​မီး​ခွက်​များ​မှ​ရှေ့​သို့​အ​လင်း​ရောင် ထွက်​လာ​စေ​ရန်​စီ​မံ​လော့။-
EXO 25:38 မီးညှပ်​နှင့်​မီး​ခံ​ခွက်​တို့​ကို​လည်း​ရွှေ​ဖြင့်​ပြု​လုပ် ရ​မည်။-
EXO 25:39 ဆီ​မီး​တိုင်​နှင့်​ကိ​ရိ​ယာ​တန်​ဆာ​ရှိ​သ​မျှ​တို့ ကို​ရွှေ​ခု​နစ်​ဆယ့်​ငါး​ပေါင်​အ​ချိန်​ဖြင့်​ပြု လုပ်​ရ​မည်။-
EXO 25:40 တောင်​ပေါ်​တွင်​သင့်​အား​ငါ​ပြ​သော​ပုံ​စံ​နှင့် အ​ညီ​ပြု​လုပ်​ရန်​သ​တိ​ပြု​လော့။
EXO 26:1 ``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-
EXO 26:2 ကန့်​လန့်​ကာ​များ​သည်​အ​လျား​တစ်​ဆယ့် လေး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-
EXO 26:3 ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ်​၍​ချုပ်​ရ​မည်။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို​အ​တိုင်း​ချုပ် ရ​မည်။-
EXO 26:4 ကန့်​လန့်​ကာ​တစ်​စုံ​စီ​၏​အ​ပြင်​ဘက်​နား​များ တွင် တပ်​ရန်​ပိတ်​အ​ပြာ​ကွင်း​များ​ကို​ပြု​လုပ် ရ​မည်။-
EXO 26:5 ငါး​ထည်​စပ်​ပ​ထ​မ​ကန့်​လန့်​ကာ​ရှိ​ရှေ့​ဆုံး အ​ထည်​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​ငါး​ထည်​စပ်​ကန့်​လန့်​ကာ​ရှိ​နောက် ဆုံး​အ​ထည်​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း ကောင်း​ကွင်း​ဆိုင်​မီ​အောင်​တပ်​ထား​ရ​မည်။-
EXO 26:6 ကန့်​လန့်​ကာ​နှစ်​စုံ​ကို​တစ်​ခု​တည်း​ဖြစ်​စေ​ရန် ဆက်​ရ​မည့်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​ပြုလုပ်​လော့။
EXO 26:7 ``တဲ​တော်​အ​မိုး​အ​တွက်​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​ရက်​လုပ်​လော့။-
EXO 26:8 တစ်​ထည်​လျှင်​အ​လျား​တစ်​ဆယ့်​ငါး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-
EXO 26:9 အ​ထည်​ငါး​ထည်​ကို​တစ်​စပ်၊ အ​ခြား​ခြောက် ထည်​ကို​တစ်​စပ်​ချုပ်​ရ​မည်။ ဆ​ဋ္ဌ​မ​အ​ထည် ကို​တဲ​တော်​ဦး​၌​ခေါက်​တင်​ထား​ရ​မည်။-
EXO 26:10 ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​နား​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​စပ် ၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း တပ်​ထား​ရ​မည်။-
EXO 26:11 ထို​အ​ထည်​နှစ်​စပ်​ကို​ပေါင်း​၍​တဲ​တော်​၏ အ​မိုး​ဖြစ်​စေ​ရန် ကြေး​ဝါ​ချိတ်​ငါး​ဆယ်​ကို ပြု​လုပ်​ပြီး​လျှင်​ကွင်း​များ​တွင်​ချိတ်​ဆက် ပေး​လော့။-
EXO 26:12 ပို​နေ​သည့်​အ​ထည်​တစ်​ဝက်​ကို​တဲ​တော်​နောက် မှာ​တွဲ​ကျ​စေ​ရ​မည်။-
EXO 26:13 အ​ထည်​အ​လျား​တစ်​ဘက်​တစ်​ချက်​တွင်​ပို ထွက်​နေ​သည့်​ကိုက်​တစ်​ဝက်​ကို တဲ​တော်​၏ ဘေး​ဘက်​၌​တွဲ​ကျ​စေ​ရ​မည်။
EXO 26:14 ``အ​မိုး​နှစ်​ထပ်​ထပ်​မံ​၍​ပြုလုပ်​ရ​မည်။ တစ် ထပ်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး​သား​ရေ ဖြင့်​ပြု​လုပ်​ရ​မည်။ အ​ပေါ်​ဆုံး​အ​ထပ်​ကို သား​ရေ​ချော​ဖြင့်​ပြု​လုပ်​ရ​မည်။
EXO 26:15 ``တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြုလုပ်​ရ​မည်။-
EXO 26:16 ဘောင်​ခွေ​များ​သည်​အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​စီ​ရှိ​၍၊-
EXO 26:17 ဘောင်​ခွေ​ချင်း​ဆက်​စပ်​ထား​ရန်​စ​ရွေး​ဖော်​ထား ရ​မည်။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင် စ​ရွေး​ဖော်​ထား​ရ​မည်။-
EXO 26:18 တဲ​တော်​တောင်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ်​ဆယ် ကို​ပြု​လုပ်​ရ​မည်။-
EXO 26:19 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​ရှိ​ခြေ​ထောက်​နှစ်​ခု စီ​အ​တွက် ငွေ​ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ် လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-
EXO 26:20 တဲ​တော်​မြောက်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ် ဆယ်​နှင့်၊-
EXO 26:21 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ငွေ​ဖိ​နပ်​နှစ်​ခု ကျ​ဖြင့် ငွေ​ဖိ​နပ်​လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-
EXO 26:22 တဲ​တော်​၏​အ​နောက်​ဘက်​အ​တွက်​ဘောင်​ခွေ ခြောက်​ခု​ပြု​လုပ်​ရ​မည်။-
EXO 26:23 တဲ​တော်​အ​နောက်​ဘက်​ထောင့်​များ​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ပြု​လုပ်​ရ​မည်။-
EXO 26:24 ဤ​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​မှ​အ​ထက် အ​ထိ​ကွင်း​ဖြင့်​ထိန်း​ချုပ်​ထား​ရ​မည်။ ထောင့်​နှစ် ထောင့်​အ​တွက်​ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း အ​တိုင်း​ပြု​လုပ်​ရ​မည်။-
EXO 26:25 သို့​ဖြစ်​၍​ဘောင်​ခွေ​ရှစ်​ခု​နှင့်​တစ်​ခု​စီ​အ​တွက် ငွေ ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ်​တစ်​ဆယ့်​ခြောက်​ခု ရှိ​ရ​မည်။
EXO 26:26 ``တဲ​တော်​အ​တွက်​ကန့်​လန့်​ကျင် စု​စု​ပေါင်း​တစ် ဆယ့်​ငါး​ခု​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ် လော့။ တဲ​တော်​တောင်​ဘက်​ရှိ​ဘောင်​ခွေ​များ အ​တွက်​ကန့်​လန့်​ကျင်​ငါး​ခု၊-
EXO 26:27 မြောက်​ဘက်​ရှိ​ဘောင်​ခွေ​များ​အ​တွက်​ငါး​ခု​နှင့် အ​နောက်​ဘက်​ရှိ​ဘောင်​များ​အ​တွက်​ငါး​ခု​ပြု လုပ်​ရ​မည်။-
EXO 26:28 ဘောင်​ခွေ​များ​၏​အ​လယ်​ကို​ဖြတ်​သည့်​ကန့်​လန့် ကျင်​တို့​သည် တဲ​တော်​အ​စွန်း​တစ်​ဘက်​တစ်​ချက် တွင်​အ​ဆုံး​သတ်​ရ​မည်။-
EXO 26:29 ဘောင်​ခွေ​များ​ကို​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ ကို​လည်း​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ​ကို လျှို​ရန်​ရွှေ​ကွင်း​များ​တပ်​ထား​ရ​မည်။-
EXO 26:30 သင့်​အား​တောင်​ပေါ်​မှာ​ပြ​သော​ပုံ​စံ​အ​တိုင်း တဲ​တော်​ကို​တည်​ဆောက်​ရ​မည်။
EXO 26:31 ``အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး နှင့်​ချည်​ချော​ဖြင့် ရက်​သော​ကန့်​လန့်​ကာ​ကို​ပြု လုပ်​လော့။ ကန့်​လန့်​ကာ​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ ကို​ပန်း​ဖော်​ထား​ရ​မည်။-
EXO 26:32 ကန့်​လန့်​ကာ​ကို​ရွှေ​ချိတ်​များ​တပ်​ထား​သော အ​ကာ​ရှ​သစ်​သား​တိုင်​လေး​တိုင်​အ​ပေါ်​တွင် ချိတ်​ဆွဲ​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍ ငွေ​ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​ရ​မည်။-
EXO 26:33 ကန့်​လန့်​ကာ​ကို​ချိတ်​ပြီး​နောက်​ကန့်​လန့်​ကာ နောက်​တွင် ကျောက်​ပြား​နှစ်​ပြား​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​ကို​ထား​လော့။ ကန့်​လန့်​ကာ သည်​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​အ​သန့်​ရှင်း​ဆုံး ဌာ​န​တော်​တို့​ကို​ပိုင်း​ခြား​ထား​မည်။-
EXO 26:34 ပ​ဋိ​ညာဉ်​သေတ္တာ​တွင်​အ​ဖုံး​တပ်​ထား​ရ​မည်။-
EXO 26:35 စား​ပွဲ​နှင့်​ဆီ​မီး​ခုံ​ကို​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​ထား​ရှိ​ရ​မည်။ စား​ပွဲ​ကို​မြောက်​ဘက်​တွင် လည်း​ကောင်း၊ ဆီ​မီး​ခုံ​ကို​တောင်​ဘက်​တွင်​လည်း ကောင်း​တစ်​ဘက်​တစ်​ချက်​၌​ထား​ရှိ​ရ​မည်။
EXO 26:36 ``တဲ​တော်​အ​ဝင်​ဝ​၌​ကာ​ရန်​အ​တွက်​သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​နှင့်​ချည်​ချော ဖြင့်​ရက်​၍ ပန်း​အ​လှ​ဖော်​ထား​သော​ကန့်​လန့်​ကာ တစ်​ခု​ကို​လည်း​ပြု​လုပ်​ရ​မည်။-
EXO 26:37 ဤ​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​အ​ကာ​ရှ သစ်​သား​တိုင်​ငါး​တိုင်​ပြု​လုပ်​၍၊ ရွှေ​ချိတ်​များ တပ်​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍​တိုင် ဖိ​နပ်​ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။
EXO 27:1 ``အ​ကာ​ရှ​သစ်​သား​ဖြင့်​ယဇ်​ပလ္လင်​ကို​ပြု​လုပ် လော့။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ်​ပေ​ခွဲ၊ အ​နံ ခု​နစ်​ပေ​ခွဲ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​စေ​ရ​မည်။-
EXO 27:2 ပလ္လင်​လေး​ထောင့်​တွင်​ဦး​ချို​သဏ္ဌာန်​အ​တက် လေး​ခု​ရှိ​စေ​ရ​မည်။ ထို​ဦး​ချို​တို့​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ရှိ​၍ တစ်​ခု​လုံး​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-
EXO 27:3 ပြာ​နှင့်​အ​ဆီ​ခံ​အိုး၊ ဂေါ်​ပြား၊ အင်​တုံ၊ ချိတ်၊ မီး ကျီး​ခံ​အိုး​အ​စ​ရှိ​သော​ယဇ်​ပလ္လင်​နှင့်​ဆိုင်​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ် ရ​မည်။-
EXO 27:4 ပလ္လင်​အ​တွက်​ကြေး​ဝါ​ဆန်​ခါ​ကို​လည်း​ပြု​လုပ် ရ​မည်။ ထို​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ကြေး​ဝါ ကွင်း​လေး​ကွင်း​တပ်​ဆင်​ရ​မည်။-
EXO 27:5 ပလ္လင်​အမြင့်​ထက်​ဝက်​နေ​ရာ​၌​ဆန်​ခါ​ကို​တပ် ဆင်​ရ​မည်။-
EXO 27:6 ပလ္လင်​ကို​ထမ်း​ရန်​အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း ပိုး​များ​ပြု​လုပ်​၍၊ ထို​ထမ်း​ပိုး​များ​ကို​ကြေး ဝါ​ပြား​ဖြင့်​ဖုံး​ထား​ရ​မည်။-
EXO 27:7 ယဇ်​ပလ္လင်​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-
EXO 27:8 တောင်​ပေါ်​တွင်​ငါ​ပြ​သော​ပုံ​စံ​အ​တိုင်း​ယဇ်​ပလ္လင် ကို ဟင်း​လင်း​ပေါက်​ဖြစ်​စေ​ရန်​ပျဉ်​ပြား​ဖြင့်​ပြု လုပ်​ရ​မည်။
EXO 27:9 ``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ပိတ်​ချော​ကန့်​လန့် ကာ​တို့​ဖြင့်​ကာ​ရံ​ထား​ရ​မည်။ တောင်​ဘက်​ကိုက် ငါး​ဆယ်​ရှည်​သော​ကန့်​လန့်​ကာ​ဖြင့်​ကာ​ရ​မည်။-
EXO 27:10 ထို​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​တိုင်​နှစ်​ဆယ်၊ ဖိ​နပ်​နှစ်​ဆယ်​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြုလုပ်​၍​တိုင် ချိတ်၊ တိုင်​တန်း​များ​ကို​ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။-
EXO 27:11 မြောက်​ဘက်​တွင်​လည်း​ထို​နည်း​အ​တိုင်း​ကန့်​လန့် ကာ​ချိတ်​ဆွဲ​ရန်​စီ​မံ​လော့။-
EXO 27:12 တဲ​တော်​ဝင်း​အ​နောက်​ဘက်​တွင်​နှစ်​ဆယ့်​ငါး​ကိုက် ရှည်​သော​ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်၊ တိုင်​ဆယ် တိုင်​နှင့်​ဖိ​နပ်​ဆယ်​ခု​ရှိ​စေ​ရ​မည်။-
EXO 27:13 တဲ​တော်​တံ​ခါး​ဝ​တည်​ရှိ​ရာ​အ​ရှေ့​ဘက်​တွင် လည်း၊ နှစ်​ဆယ့်​ငါး​ကိုက်​ရှည်​သော​အကာ​အရံ ရှိ​စေ​ရ​မည်။-
EXO 27:14 အ​ဝင်​ဝ​တစ်​ဘက်​တစ်​ချက်​တွင်​ခု​နစ်​ကိုက်​ခွဲ ရှည်​သော​ကန့်​လန့်​ကာ​နှင့်​တိုင်​သုံး​တိုင်၊ ဖိ​နပ် သုံး​ခု​ရှိ​စေ​ရ​မည်။-
EXO 27:16 တဲ​တော်​ဝင်း​တံ​ခါး​ဝ​အ​တွက်​အ​လျား​ဆယ် ကိုက်​ရှိ​၍​သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​နှင့်​ချည်​ချော​တို့​ဖြင့်​ရက်​သော​ပန်း​ထိုး ကန့်​လန့်​ကာ​ပြု​လုပ်​ရ​မည်။ ထို​ကန့်​လန့်​ကာ​ကို ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​သော​တိုင်​လေး​တိုင် ဖြင့်​ချိတ်​ဆွဲ​ရ​မည်။-
EXO 27:17 တဲ​တော်​ပတ်​လည်​ရှိ​တိုင်​အား​လုံး​ကို​ငွေ​တန်း​များ ဖြင့်​ဆက်​ထား​၍၊ ချိတ်​များ​ကို​ငွေ​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​လည်း​ကောင်း​ပြု​လုပ် ရ​မည်။-
EXO 27:18 တဲ​တော်​ဝင်း​အ​ကာ​အ​ရံ​သည်​အ​လျား​ပေ​တစ် ရာ့​ငါး​ဆယ်၊ အ​နံ​ခု​နစ်​ဆယ့်​ငါး​ပေ​နှင့်​အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ရ​မည်။ ကန့်​လန့်​ကာ​များ​ကို​ပိတ် ချော​ဖြင့်​လည်း​ကောင်း၊ ဖိ​နပ်​များ​ကို​ကြေး​ဝါ ဖြင့်​လည်း​ကောင်း​ပြု​လုပ်​ရ​မည်။-
EXO 27:19 တဲ​တော်​အ​တွက်​အ​သုံး​အ​ဆောင်​ပစ္စည်း​အား လုံး​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​တဲ​တော်​အကာ အရံ​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။
EXO 27:20 ``ဆီ​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​နိုင်​ရန် အ ကောင်း​ဆုံး​သံ​လွင်​ဆီ​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့ ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို လော့။-
EXO 27:21 အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ တဲ​တော်​အ​တွင်း​ပ​ဋိ​ညာဉ်​သေတ္တာ ကို ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်၊ ထို​ဆီ​မီး​တိုင်​ကို​ည​နေ​မှ​နံ​နက်​ထိ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထွန်း​ထား​ရ မည်။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​သူ​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည် ဤ​ပ​ညတ်​ချက်​ကို အ​မြဲ​စောင့်​ထိန်း​ရ​ကြ​မည်။
EXO 28:1 ``သင်​၏​အစ်​ကို​အာ​ရုန်​နှင့် သူ​၏​သား​များ​ဖြစ် သော​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣသ​မာ​တို့ အ​ထဲ​က​ရွေး​ထုတ်​လော့။-
EXO 28:2 သင့်​အစ်​ကို​အာ​ရုန်​အ​တွက်​ခန့်​ညား​ထည်​ဝါ သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချုပ်​လုပ်​ပေး ရ​မည်။-
EXO 28:3 အာ​ရုန်​သည်​ငါ့​ထံ​၌​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဆက်​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​စေ​ရန်၊ ငါ​ကျွမ်း​ကျင်​မှု​ပ​ညာ​ပေး​ထား​သူ​တို့​ကို​ဆင့် ခေါ်​၍​သူ့​အ​တွက်​ဝတ်​စုံ​ကို​ချုပ်​စေ​ရ​မည်။-
EXO 28:4 ထို​သူ​တို့​ချုပ်​လုပ်​ရ​မည့်​အ​ထည်​ဝတ်​စုံ​တို့ သည်​ကား ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​ရုံ၊ ပန်း​ဖောက်​ထား သော​အင်္ကျီ၊ ခေါင်း​ပေါင်း၊ ခါး​ပန်း​တို့​ဖြစ်​သည်။ ထို အ​ဝတ်​တန်​ဆာ​တို့​သည်​သင်​၏​အစ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​သည်၊ ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ် ငါ​၏​အ​မှု​ကို​ထမ်း​ဆောင်​ရာ​၌​ဝတ် ဆင်​ရ​မည့်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သည်။-
EXO 28:5 အ​တတ်​ပ​ညာ​ရှင်​တို့​သည်​ချုပ်​လုပ်​ရာ​၌ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ရွှေ​ချည်၊ ပိတ်​ချော၊ တို့​ကို​အ​သုံး​ပြု​ရ​မည်။
EXO 28:6 ``သင်​တိုင်း​ကို​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး၊ ရွှေ​ချည်၊ ပိတ်​ချော​တို့​နှင့်​ချုပ် ၍​ပန်း​ဖော်​ထား​ရ​မည်။-
EXO 28:7 သင်​တိုင်း​နှစ်​စွန်း​ကို​ဆက်​စပ်​ရန်​ပ​ခုံး​သိုင်း ကြိုး​နှစ်​ပင်​ရှိ​ရ​မည်။-
EXO 28:8 ရင်​စည်း​ကို​လည်း​အ​လား​တူ​ပစ္စည်း​တို့​ဖြင့်​ချုပ် လုပ်​၍ သင်​တိုင်း​နှင့်​တစ်​ဆက်​တည်း​ဖြစ်​စေ​ရ​မည်။-
EXO 28:9 မ​ဟူ​ရာ​ကျောက်​နှစ်​လုံး​ကို​ယူ​၍၊ ၎င်း​တို့​အ​ပေါ် တွင် ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏ နာ​မည်​များ​ကို​ထွင်း​ရ​မည်။-
EXO 28:10 တစ်​လုံး​ပေါ်​တွင်​သား​ခြောက်​ယောက်​၏​နာ​မည် များ​ကို​ကြီး​စဉ်​ငယ်​လိုက်​ထွင်း​၍၊ အ​ခြား ကျောက်​တစ်​လုံး​ပေါ်​တွင် ကျန်​သော​သား​ခြောက် ယောက်​၏​နာ​မည်​ကို​ထွင်း​ရ​မည်။-
EXO 28:11 ပန်း​ထိမ်​ပ​ညာ​သည်​၏​လက်​စွမ်း​ဖြင့်​ကျောက်​နှစ် လုံး​ပေါ်​တွင် ယာ​ကုပ်​သား​တို့​၏​နာ​မည်​များ​ကို ထွင်း​၍၊ ထို​ကျောက်​များ​ကို​ရွှေ​ပန်း​ထည်​၌​ထည့် ထား​ရ​မည်။-
EXO 28:12 ဣသ​ရေလ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ကို​သ​တိ​ရ စေ​ရန် ထို​ကျောက်​နှစ်​လုံး​ကို​သင်​တိုင်း​၏​ပ​ခုံး သိုင်း​ကြိုး​များ​ပေါ်​မှာ​တပ်​ဆင်​ရ​မည်။ ထို​နည်း အား​ဖြင့်​အာ​ရုန်​သည်​သူ​တို့​၏​နာ​မည်​များ ကို​ပ​ခုံး​ပေါ်​တွင်​ဆောင်​ထား​သ​ဖြင့် ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော် ကို​အ​စဉ်​သ​တိ​ရ​တော်​မူ​လိမ့်​မည်။-
EXO 28:13 ရွှေ​ပန်း​ထည်​နှစ်​ခု​ကို​ပြု​လုပ်​၍၊-
EXO 28:14 ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ပန်း​ထည်​များ​တွင် တပ်​ထား​ရ​မည်။
EXO 28:15 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​မည်​သို့​ရှိ​သည် ကို​သိ​နိုင်​ရန် အ​သုံး​ပြု​သည့်​ရင်​ဖုံး​ကို​ယဇ် ပု​ရော​ဟိတ်​မင်း​အ​တွက်​ချုပ်​လုပ်​လော့။ ရင်​ဖုံး ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း​များ​နှင့်​ချုပ်​လုပ် ၍​အ​လား​တူ​ပန်း​ဖော်​ထား​ရ​မည်။-
EXO 28:16 ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား​အ​နံ ကိုး​လက်​မ​စီ​စ​တု​ရန်း​ဖြစ်​ရ​မည်။-
EXO 28:17 ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက်​လေး​တန်း​တပ် ဆင်​ထား​ရ​မည်။ ပ​ထ​မ​အ​တန်း​တွင်​ပတ္တ​မြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-
EXO 28:18 ဒု​တိ​ယ​အ​တန်း​တွင် မြ၊ နီ​လာ၊ စိန်၊-
EXO 28:19 တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊-
EXO 28:20 စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​တို့ ကို​ရွှေ​ပန်း​ထည်​များ​၌​ထည့်​သွင်း​ထား​ရ​မည်။-
EXO 28:21 ဣ​သ​ရေ​လ​တစ်​ဆယ်​နှစ်​မျိုး​ကို​ရည်​ဆောင်​၍ ကျောက်​မျက်​တစ်​ဆယ်​နှစ်​လုံး​တွင်​တစ်​လုံး​စီ ၌ ယာ​ကုပ်​၏​သား​တစ်​ယောက်​စီ​၏​နာ​မည်​ကို ထွင်း​ထား​ရ​မည်။-
EXO 28:22 ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ်​များ​ကို​ပြု​လုပ်​လော့။-
EXO 28:23 ရင်​ဖုံး​အ​ထက်​ထောင့်​စွန်း​များ​တွင်​ချိတ်​တပ် ဆင်​ရန် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​ရ​မည်။-
EXO 28:24 ရွှေ​ကြိုး​အ​စ​နှစ်​စ​ကို​ကွင်း​နှစ်​ကွင်း​တွင်​တပ် ထား​ရ​မည်။-
EXO 28:25 အ​ခြား​ရွှေ​ကြိုး​နှစ်​စ​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု​တွင် တပ်​ဆင်​သ​ဖြင့် ရင်​ဖုံး​ကို​သင်​တိုင်း​ပ​ခုံး​သိုင်း ကြိုး​များ​နှင့်​ဆက်​လျက်​ရှိ​စေ​မည်။-
EXO 28:26 ထို​နောက်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​၍ သင် တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက်​ထောင့် အ​တွင်း​နား​တွင်​တပ်​ဆင်​ထား​ရ​မည်။-
EXO 28:27 ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု​လုပ်​၍၊ လှ​ပ​စွာ ရက်​ထား​သော​ရင်​စည်း​အ​ထက်၊ သင်​တိုင်း​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ဆင်​ထား​ရ​မည်။-
EXO 28:28 ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင်​တိုင်း​မှ​ကွင်း​များ နှင့်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​သ​ဖြင့်၊ ရင်​ဖုံး​သည် လျှော​မ​ကျ​ဘဲ​ရင်​စည်း​အ​ထက်​တွင်​တည်​မြဲ နေ​မည်။
EXO 28:29 ``အာ​ရုန်​သည်​သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​သော အ​ခါ ရင်​ဖုံး​ကို​ဝတ်​ဆင်​ရ​မည်။ ရင်​ဖုံး​ပေါ် တွင်​ဣ​သ​ရေ​လ​အ​မျိုး​များ​၏​နာ​မည်​များ ပါ​ရှိ​သ​ဖြင့်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ ၏​လူ​မျိုး​တော်​ကို​အ​စဉ်​သ​တိ​ရ​လိမ့်​မည်။-
EXO 28:30 အာ​ရုန်​သည်​ငါ​၏​ရှေ့​တော်​သို့​ဝင်​သော​အ​ခါ ဥ​ရိမ်​နှင့်​သု​မိမ်​ ပါ​ဆောင်​လျက်​ဝင်​နိုင်​စေ​ရန်၊ သူ​၏​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ်​ကို​ထည့်​ထား​ရ​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​လို​တော် မည်​သို့​ရှိ​သည်​ကို သိ​နိုင်​ရန်​အာ​ရုန်​သည်​ငါ ၏​ရှေ့​တော်​သို့​ဝင်​လာ​သော​အ​ခါ​တိုင်း​ဤ ရင်​ဖုံး​ကို​ဝတ်​ဆင်​ထား​ရ​မည်။
EXO 28:31 ``သင်​တိုင်း​ပေါ်​တွင်​ဝတ်​ရ​သော​ဝတ်​ရုံ​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ချုပ်​လုပ်​ရ​မည်။-
EXO 28:32 ဦး​ခေါင်း​စွပ်​ရန်​လည်​ပေါက်​ရှိ​စေ​ရ​မည်။ ထို လည်​ပေါက်​မ​စုတ်​ပြဲ​စေ​ရန်​ပတ်​လည်​နား​ကို ရက်​ထည်​ဖြင့်​ကွပ်​ထား​ရ​မည်။-
EXO 28:33 ဝတ်​ရုံ​အောက်​နား​ပတ်​လည်​တစ်​လျှောက်​တွင် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ​ဆည်း​လည်း​များ ကို​တစ်​လုံး​ကျော်​စီ​တပ်​ဆင်​ထား​ရ​မည်။-
EXO 28:35 အာ​ရုန်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ရ​သည့်​အ​ခါ​၌ ဤ​ဝတ်​ရုံ​ကို​ဝတ် ဆင်​ရ​မည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​အ​တွင်း ငါ​၏​ရှေ့​တော်​သို့​ဝင်​သည့်​အ​ခါ​ဖြစ်​စေ၊ ထို နေ​ရာ​မှ​ထွက်​လာ​သည့်​အ​ခါ​၌​ဖြစ်​စေ ဆည်း​လည်း​သံ​များ​ကို​ကြား​ရ​မည်​ဖြစ် သ​ဖြင့်​သူ​သည်​သေ​ဘေး​မှ​လွတ်​လိမ့်​မည်။
EXO 28:36 ``ရွှေ​ပြား​တစ်​ချပ်​ကို​ပြု​လုပ်​ပြီး​လျှင် `ထာ ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟူ​၍ ကမ္ပည်း​ထိုး​ထား​လော့။-
EXO 28:37 န​ဖူး​အ​ထက်​ခေါင်း​ပေါင်း​ပေါ်​တွင်​ထို​ရွှေ ပြား​ကို​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ရ​မည်။-
EXO 28:38 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ရာ​၌​မှား ယွင်း​ချွတ်​ချော်​မှု​ရှိ​သော်​လည်း၊ ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​နိုင်​ရန်​အာ​ရုန်​သည်​ရွှေ ပြား​ကို​န​ဖူး​ပေါ်​တွင်​တပ်​ဆင်​ထား​ရ​မည်။
EXO 28:39 ``အင်္ကျီ​နှင့်​ခေါင်း​ပေါင်း​ကို​ပိတ်​ချော​ဖြင့် ရက်​လုပ်​၍ ခါး​ပန်း​ကို​ပန်း​ထိုး​ထား​ရ​မည်။
EXO 28:40 ``အာ​ရုန်​၏​သား​များ​ဝတ်​ဆင်​ရန်​ထည်​ဝါ​ခန့် ညား​သော​အင်္ကျီ၊ ခါး​ပန်း​နှင့်​ဦး​ထုပ်​ရှည်​များ ကို​ချုပ်​ပေး​ရ​မည်။-
EXO 28:41 ထို​အ​ဝတ်​အင်္ကျီ​များ​ကို​သင်​၏​အစ်​ကို​အာ​ရုန် နှင့် သူ​၏​သား​တို့​အား​ဝတ်​ဆင်​ပေး​လော့။ ထို​နောက် သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင် ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သင်​သည်​သူ​တို့ အား​သံ​လွင်​ဆီ​ဖြင့်​ဘိ​သိက်​ပေး​လော့။-
EXO 28:42 သူ​တို့​၏​အ​ရှက်​လုံ​ရန်​ခါး​မှ​ပေါင်​အ​ထိ​ရှည် သော​အ​တွင်း​ခံ​ဘောင်း​ဘီ​တို​များ​ချုပ်​ပေး ရ​မည်။-
EXO 28:43 အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ငါ​စံ​တော်​မူ ရာ​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရန်​ပလ္လင်​နား​သို့​ချဉ်း​ကပ်​သည့်​အ​ခါ​၌ ဖြစ်​စေ၊ အ​ရှက်​ပေါ်​၍​အ​သက်​မ​သေ​စေ​အံ့ ငှာ​ထို​ဘောင်း​ဘီ​တို​များ​ကို​ဝတ်​ဆင်​ရ​မည်။ ဤ​ပ​ညတ်​ကို​အာ​ရုန်​နှင့်​သူ​၏​အ​ဆက် အ​နွယ်​တို့​အ​မြဲ​စောင့်​ထိန်း​ရ​မည်။
EXO 29:1 ``ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဤ​သို့​ဆက်​ကပ်​ရ​မည်။ အ​ပြစ်​အ​နာ​ကင်း​သော နွား​ပေါက်​တစ်​ကောင်​နှင့်​သိုး​ထီး​နှစ်​ကောင်​ကို ယူ​ခဲ့​လော့။-
EXO 29:2 ဆီ​ပါ​သော​မုန့်၊ ဆီ​လူး​သော​မုန့်​ချပ်​တို့​ကို လည်း​ယူ​လော့။ ထို​မုန့်​များ​ကို​တ​ဆေး​မ​ပါ သော​အ​ကောင်း​ဆုံး​ဂျုံ​မုန့်​ညက်​ဖြင့်​ပြု​လုပ် ရ​မည်။-
EXO 29:3 ထို​မုန့်​များ​ကို​တောင်း​တစ်​လုံး​တွင်​ထည့် လော့။ နွား​နှင့်​သိုး​နှစ်​ကောင်​ကို​ယဇ်​ပူ​ဇော် သော​အ​ခါ၊ မုန့်​များ​ကို​ပါ​ငါ့​အား​ပူ​ဇော် လော့။
EXO 29:4 ``အာ​ရုန်​နှင့်​သူ​၏​သား​များ​ကို ငါ​စံ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် သူ တို့​အား​ရေ​ချိုး​စေ​ရ​မည်။-
EXO 29:5 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ဖြစ်​သော​အင်္ကျီ၊ ဝတ်​ရုံ၊ သင်​တိုင်း​နှင့် ရင်​ဖုံး​တို့​ကို​အာ​ရုန်​အား​ဝတ်​ဆင်​ပေး​၍ ရင်​စည်း​ကို​ပေး​ရ​မည်။-
EXO 29:6 ဦး​ခေါင်း​ပေါ်​တွင်​ခေါင်း​ပေါင်း​ကို​တင်​၍ `ထာ​ဝ​ရ ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟု​ကမ္ပည်း​ထွင်း ထား​သော​ရွှေ​ပြား​ကို​ခေါင်း​ပေါင်း​ပေါ်​တွင် ချည်​ရ​မည်။-
EXO 29:7 ထို​နောက်​သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​ဘိ​သိက်​ဆီ လောင်း​လျက်​ဘိ​သိက်​ပေး​ရ​မည်။
EXO 29:8 ``သူ​၏​သား​များ​ကို​လည်း​ခေါ်​ပြီး​လျှင် အင်္ကျီ​များ​ကို​ဝတ်​ပေး​လော့။-
EXO 29:9 ခါး​ပန်း​ကို​စည်း​ပေး​လော့။ ဦး​ထုပ်​ရှည်​များ ကို​ဆောင်း​ပေး​လော့။ သင်​သည်​ဤ​သို့​လျှင် အာ​ရုန်​နှင့်​သူ​၏​သား​များ​တို့​ကို​ဘိ​သိက် ပေး​ရ​မည်။ သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ငါ​၏​အ​မှု​တော်​ကို​အ​စဉ်​ထာ​ဝ​ရ ဆောင်​ရွက်​ရ​မည်။
EXO 29:10 ``ထို​နောက်​နွား​ထီး​ကို​ငါ​စံ​ရာ​တဲ​တော်​အ​ရှေ့ သို့​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အား နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​စေ​ရ​မည်။-
EXO 29:11 ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ၊ ငါ​၏​ရှေ့​တော်​တွင် နွား​ကို​သတ်​ရ​မည်။-
EXO 29:12 ဦး​ချို​သဏ္ဌာန်​ရှိ​သော​ပလ္လင်​၏​အ​ချွန်​အ​တက် များ​တွင် နွား​သွေး​အ​နည်း​ငယ်​ကို၊ သင်​၏ လက်​ချောင်း​ဖြင့်​သုတ်​ရ​မည်။ ကျန်​ရှိ​နေ​သော နွား​သွေး​အား​လုံး​ကို၊ ပလ္လင်​၏​ခြေ​ရင်း​တွင် လောင်း​ရ​မည်။-
EXO 29:13 ထို​နောက်​နွား​ဝမ်း​တွင်း​သား​မှ​အ​ဆီ​ရှိ​သ​မျှ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​တ​ကွ အ​ဆီ​တို့​ကို၊ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။-
EXO 29:14 နွား​၏​အ​သား၊ သား​ရေ​နှင့်​ဝမ်း​တွင်း​သား​တို့ ကို​မူ​ကား၊ စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​မည်။ ထို ယဇ်​ပူ​ဇော်​ခြင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​၏။
EXO 29:15 ``အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် သိုး​ထီး​တစ် ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။-
EXO 29:16 ထို​နောက်​သိုး​ကို​သတ်​၍​အ​သွေး​ကို ယဇ်​ပလ္လင် ၏​လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း ရ​မည်။-
EXO 29:17 သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။ သိုး​၏​ဝမ်း​တွင်း သား​နှင့်​နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​၍၊ ဦး​ခေါင်း​နှင့်​အ​ခြား​အ​သား​ပိုင်း​များ​ပေါ် တွင်​တင်​ပြီး​လျှင်၊-
EXO 29:18 သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။
EXO 29:19 ``ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဒု​တိ​ယ​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​စေ​ရ​မည်။ ထို​သိုး​သည်​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌​ပူ​ဇော်​သော​သိုး​ဖြစ်​၏။-
EXO 29:20 သိုး​ကို​သတ်​၍​သွေး​အ​နည်း​ငယ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​၏​ယာ​ဘက်​နား​ပျဉ်း၊ ယာ ဘက်​လက်​မ​နှင့်​ယာ​ဘက်​ခြေ​မ​တို့​ကို​သုတ် ရ​မည်။ ကျန်​ရှိ​နေ​သော​သွေး​ကို​ယဇ်​ပလ္လင်​၏ လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း​ရ မည်။-
EXO 29:21 ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း​ငယ်​နှင့် ဘိ​သိက်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍၊ အာ​ရုန်​နှင့် သူ​၏​အဝတ်​အင်္ကျီ​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့​၏​အ​ဝတ်​အင်္ကျီ​တို့ အ​ပေါ်​၌​လည်း​ကောင်း​ဖျန်း​ရ​မည်။ ဤ​နည်း အား​ဖြင့်​အာ​ရုန်​နှင့်​သူ​၏​အ​ဝတ်​အင်္ကျီ​တို့ ကို​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့ ၏​အ​ဝတ်​အင်္ကျီ​များ​ကို​လည်း​ကောင်း​ငါ့ အား​ဆက်​ကပ်​ရ​မည်။
EXO 29:22 ``သိုး​၏​အ​ဆီ၊ အ​ဆီ​ရှိ​သော​အ​မြီး၊ ဝမ်း​တွင်း ဆီ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​ယင်း တို့​ကို​ဖုံး​သော​အ​ဆီ​နှင့်​ယာ​ဘက်​ပေါင်​တို့ ကို​ဖြတ်​ယူ​ရ​မည်။-
EXO 29:23 ငါ့​အား​ဆက်​သ​ထား​သော​မုန့်​ခြင်း​တောင်း ထဲ​မှ တ​ဆေး​မ​ပါ​သော​မုန့်​တစ်​လုံး၊ ဆီ​နှင့် လုပ်​သော​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ချပ်​ကို ယူ​လော့။
EXO 29:24 ``ထို​ပူ​ဇော်​သ​ကာ​အား​လုံး​တို့​ကို​အာ​ရုန်​နှင့် သူ​၏​သား​များ​လက်​ထဲ​သို့​ထည့်​၍ သူ​တို့​က အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက် သ​စေ​ရ​မည်။-
EXO 29:25 ထို​နောက်​သူ​တို့​၏​လက်​ထဲ​မှ​ပူ​ဇော်​သ​ကာ တို့​ကို​ယူ​၍ ပလ္လင်​ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​အ​ပေါ် တွင်​တင်​လျက်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ​သည်​ထို ယဇ်​မှ​ရ​နံ့​ကို​နှစ်​သက်​တော်​မူ​၏။
EXO 29:26 ``ထို​သိုး​၏​ရင်​ပုံ​သား​ကို​ယူ​၍ အ​ထူး​ပူ ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက်​သ​ရ​မည်။ ဤ​ရင်​ပုံ​သား​သည်​သင့်​အ​တွက်​ဖြစ်​သည်။
EXO 29:27 ``ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော် သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​ကို​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ် ငါ့​အား​ဆက်​သ​သော အ​ခါ​ထို​အ​သား​ပိုင်း​တို့​သည် ယဇ်​ပု​ရော ဟိတ်​များ​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။-
EXO 29:28 ငါ​၏​လူ​မျိုး​တော်​သည်​မိတ်​သ​ဟာ​ယ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ၊ ယဇ်​ကောင်​၏​ရင်​ပုံ​သား နှင့်​ပေါင်​ကို​ယဇ်​ပု​ရော​ဟိတ်​အား​ဝေ​ပုံ​စု အ​ဖြစ်​ပေး​ရ​မည်​ဟူ​သော​ပ​ညတ်​ကို​အ​မြဲ စောင့်​ရှောက်​လော့။ ဤ​ကား၊ လူ​တို့​က​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၏။
EXO 29:29 ``အာ​ရုန်​အ​နိစ္စ​ရောက်​သော​အ​ခါ၊ သူ​၏​သား တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ဝတ်​ဆင်​နိုင်​စေ​ရန်၊ သူ​၏​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဆက်​ခံ​စေ​ရ​မည်။-
EXO 29:30 ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​အာ​ရုန်​ကို​ဆက်​ခံ​၍ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင်​ရန်၊ ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​သော​သား​သည် အာ​ရုန်​၏​ဝတ်​စုံ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ဝတ် ဆင်​ရ​မည်။
EXO 29:31 ``အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော်​သော​သိုး​၏​အ​သား ကို၊ သီး​သန့်​ရာ​ဌာ​န​တွင်​ပြုတ်​ရ​မည်။-
EXO 29:32 ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​တွင်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်၊ ထို​အ​သား​နှင့်​တောင်း​ထဲ​တွင် ကျန်​သော​မုန့်​ကို​စား​ရ​ကြ​မည်။-
EXO 29:33 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ​ရာ​၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သော​အ​စား အ​စာ​များ​ကို​စား​ရ​မည်။ ထို​အ​စား​အ​စာ တို့​သည်​သန့်​ရှင်း​သော​ကြောင့်​ယဇ်​ပု​ရော​ဟိတ် များ​က​သာ​စား​ရ​ကြ​မည်။-
EXO 29:34 ထို​အ​သား​နှင့်​မုန့်​တို့​သည်​နံ​နက်​သို့​တိုင်​အောင် ကျန်​ကြွင်း​နေ​သေး​လျှင်​မီး​ရှို့​ပစ်​ရ​မည်။ ထို အ​စား​အ​စာ​တို့​သည်​သန့်​ရှင်း​သော​ကြောင့် မည်​သူ​မျှ​မ​စား​ရ။
EXO 29:35 ``ငါ​မိန့်​မှာ​သည့်​အ​တိုင်း​အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ စေ​သည့်​မင်္ဂ​လာ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ကျင်း​ပ ရ​မည်။-
EXO 29:36 အ​ပြစ်​ပြေ​စေ​ရန်​နွား​ထီး​တစ်​ကောင်​ကို​နေ့ တိုင်း​ယဇ်​ပူ​ဇော်​ရ​မည်။ ဤ​သို့​အား​ဖြင့်​ယဇ် ပလ္လင်​ကို​သန့်​ရှင်း​စေ​မည်။ ထို​နောက်​ယဇ်​ပလ္လင် ကို​သံ​လွင်​ဆီ​လောင်း​၍​ဆက်​ကပ်​ရ​မည်။-
EXO 29:37 ခု​နစ်​ရက်​တိုင်​အောင်​နေ့​စဉ်​ဤ​သို့​ပြု​လုပ်​ရ မည်။ ထို​အ​ခါ​ယဇ်​ပလ္လင်​သည်​အ​လွန်​သန့်​ရှင်း သ​ဖြင့်၊ ပလ္လင်​နှင့်​ထိ​မိ​သော​အ​ရာ​နှင့်​လူ​မှန် သ​မျှ​တို့​သည်​ဘေး​သင့်​လိမ့်​မည်။
EXO 29:38 ``ယဇ်​ပလ္လင်​ပေါ်​တွင်​နေ့​စဉ်​မ​ပြတ်​တစ်​နှစ် သား​သိုး​က​လေး​နှစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
EXO 29:39 နံ​နက်​တွင်​တစ်​ကောင်၊ ည​နေ​တွင်​တစ်​ကောင် ပူ​ဇော်​ရ​မည်။-
EXO 29:40 ပ​ထ​မ​သိုး​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ်​ပေါင်​နှင့် သံ​လွင်​ဆီ​တစ်​ကွတ်​ရော​သော​ပူ​ဇော်​သ​ကာ ကို​လည်း​ပူ​ဇော်​ရ​မည်။ စ​ပျစ်​ရည်​တစ်​ကွတ် ကို​လည်း​ပူ​ဇော်​သ​ကာ​အ​ဖြစ်​လောင်း​ချ ရ​မည်။-
EXO 29:41 ည​နေ​တွင်​ဒု​တိ​ယ​သိုး​ကို​ပူ​ဇော်​လော့။ နံ နက်​တွင်​ပူ​ဇော်​သော​မုန့်​ညက်၊ သံ​လွင်​ဆီ၊ စ​ပျစ် ရည်​အ​ခြင်​အ​တွယ်​အ​တိုင်း၊ ည​နေ​၌​လည်း ပူ​ဇော်​လော့။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​မွှေး​ကြိုင်​သည့်​ပူ​ဇော် သ​ကာ​ဖြစ်​၏။-
EXO 29:42 ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​၌​ဤ​မီး​ရှို့​ရာ ယဇ်​ကို၊ ငါ​၏​ရှေ့​တော်​တွင်​သား​စဉ်​မြေး​ဆက် ပူ​ဇော်​ရ​မည်။ ထို​နေ​ရာ​တွင်​ငါ​သည်​ငါ​၏ လူ​မျိုး​တော်​နှင့်​တွေ့​ဆုံ​စ​ကား​ပြော​မည်။-
EXO 29:43 ထို​နေ​ရာ​တွင်​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​တွေ့​ဆုံ​၍၊ ငါ​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​ဖြင့် ထို​အ​ရပ်​ကို​သန့်​ရှင်း ရာ​အ​ရပ်​ဖြစ်​စေ​မည်။-
EXO 29:44 ငါ​သည်​ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​တို့​ကို သန့်​ရှင်း​စေ​၍၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် ငါ ၏​အ​မှု​တော်​ကို​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏ သား​တို့​ကို​သီး​သန့်​ရွေး​ချယ်​ခန့်​ထား​မည်။-
EXO 29:45 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​၍၊ သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​မည်။-
EXO 29:46 ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သော​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​မည်​ဖြစ်​၍၊ ငါ သည်​သူ​တို့​နှင့်​နေ​မည်။ ငါ​သည်​သူ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
EXO 30:1 ``နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-
EXO 30:2 ထို​ပလ္လင်​သည်​စတုရန်း​ဖြစ်​၍၊ အ​လျား​တစ်​ဆယ့် ရှစ်​လက်​မ၊ အ​နံ​တစ်​ဆယ့်​ရှစ်​လက်​မ​နှင့်​အ​မြင့် သုံး​ဆယ့်​ခြောက်​လက်​မ​ရှိ​စေ​ရ​မည်။ ဦး​ချို သဏ္ဌာန်​ထောင့်​ချွန်း​အ​တက်​များ​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ဖြစ်​ရ​မည်။-
EXO 30:3 ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်၊ ထောင့်​ချွန် အ​တက်​များ​ကို​ရွှေ​ချ​ရ​မည်။ ပလ္လင်​အ​ပေါ်​နား ပတ်​လည်​တွင်​ရွှေ​ကွပ်​ရ​မည်။-
EXO 30:4 ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​အောက်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​ကွင်း​တပ် ဆင်​ရ​မည်။-
EXO 30:5 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-
EXO 30:6 ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​ရှိ​သည့်​ကန့်​လန့်​ကာ အ​ပြင်​ဘက်​၌၊ ထို​ပလ္လင်​ကို​ထား​ရ​မည်။ ထို နေ​ရာ​၌​ငါ​သည်​သင်​နှင့်​တွေ့​ဆုံ​မည်။-
EXO 30:7 အာ​ရုန်​သည်​နံ​နက်​တိုင်း​မီး​ခွက်​များ​ကို​ပြင် သော​အ​ခါ၊ ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​ရ​မည်။-
EXO 30:8 ည​ဦး​ယံ​တွင်​သူ​သည်​မီး​ခွက်​များ​ကို​ထွန်း သော​အ​ခါ​၌​လည်း နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။ သင်​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ခြင်း​အ​မှု ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​မ​ပြတ် မ​လပ်​ပြု​လုပ်​ရ​မည်။-
EXO 30:9 ထို​ပလ္လင်​ပေါ်​တွင်​ကား၊ တား​မြစ်​ထား​သော နံ့​သာ​ကို​မ​ပူ​ဇော်​ရ။ ယဇ်​ကောင်​ကို​သော် လည်း​ကောင်း၊ ဘော​ဇဉ်​ကို​သော်​လည်း​ကောင်း မ​ပူ​ဇော်​ရ။ စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​ကို လည်း၊ မ​သွန်း​လောင်း​ရ။-
EXO 30:10 ``အာ​ရုန်​သည်​တစ်​နှစ်​လျှင်​တစ်​ကြိမ်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကောင်​၏​အ​သွေး​ဖြင့်၊ ပလ္လင်​၏ ထောင့်​ချွန်​အ​တက်​လေး​ခု​ကို​သုတ်​လိမ်း​၍၊ ပလ္လင်​ကို​သန့်​ရှင်း​စေ​ရ​မည်။ သင်​၏​အ​မျိုး အ​စဉ်​အ​ဆက်​တို့​သည်​ထို​ဝတ်​ကို​နှစ်​စဉ် အ​မြဲ​ပြု​ရ​မည်။ ထို​ပလ္လင်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ အ​လွန် သန့်​ရှင်း​သော​ပလ္လင်​ဖြစ်​သ​တည်း။''
EXO 30:11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
EXO 30:12 ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​သန်း ခေါင်​စာ​ရင်း​ကို​ကောက်​ယူ​သော​အ​ခါ စာ​ရင်း ယူ​ချိန်​တွင်၊ သူ​တို့​၌​ဘေး​မ​သင့်​စေ​ခြင်း​ငှာ၊ လူ​တိုင်း​မိ​မိ​၏​အ​သက်​ဖိုး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရ​မည်။-
EXO 30:13 သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်​လို​အပ်​သော အ​သက်​ဖိုး​ငွေ​ကို သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​၍​ပေး​ရ​မည်။ လူ​တိုင်း​ထို အ​ခွန်​ငွေ​ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။-
EXO 30:14 အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သော​သန်း ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်၊ ငါ့​အား​အ​ခွန် ငွေ​ဆက်​ကပ်​ရ​မည်။-
EXO 30:15 ထာ​ဝ​ရ​ဘု​ရား​အား​သင်​တို့​၏​အ​သက်​ဖိုး ငွေ​ကို​ဆက်​သ​သော​အ​ခါ​ချမ်း​သာ​သူ​ဖြစ် စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ သတ်​မှတ်​ထား​သော ငွေ​ထက်​ပို​၍​သော်​လည်း​ကောင်း၊ လျော့​၍ သော်​လည်း​ကောင်း​မ​ပေး​စေ​ရ။-
EXO 30:16 သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
EXO 30:17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
EXO 30:18 ``ကြေး​ဝါ​အောက်​ခြေ​ခံ​သော​ကြေး​ဝါ​အင် တုံ​ကို​ပြု​လုပ်​လော့။ ထို​အင်​တုံ​ကို​ရေ​ဖြည့်​၍၊ ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် ထား​လော့။-
EXO 30:19 အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​မိ​မိ​တို့​၏ ခြေ​လက်​များ​ကို၊ ထို​အင်​တုံ​ရှိ​ရေ​ဖြင့်​ဆေး ကြော​ရ​မည်။-
EXO 30:20 သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​မ​ဝင်​မီ ဖြစ်​စေ၊ ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​မ​ပူ​ဇော်​မီ​ဖြစ်​စေ၊ ထို သို့​ခြေ​လက်​ကို​ဆေး​ကြော​ခြင်း​အား​ဖြင့်၊ အ​သက်​ချမ်း​သာ​ရာ​ရ​မည်။-
EXO 30:21 သူ​တို့​နှင့်​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်၊ ထို​ပ​ညတ်​ကို​အ​မြဲ​လိုက်​နာ​ရ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 30:22 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
EXO 30:23 ``မု​ရန်​ဆီ​တစ်​ဆယ့်​နှစ်​ပေါင်၊ မွှေး​ကြိုင်​သော​သစ် ကြမ်း​ပိုး​ခြောက်​ပေါင်၊ စ​ပါး​လင်​ခြောက်​ပေါင်၊-
EXO 30:24 က​ရ​မက်​တစ်​ဆယ့်​နှစ်​ပေါင်​စ​သည့်​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​တို့​ကို (သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​ရန်) သံ​လွင်​ဆီ​တစ်​ဂါ​လံ​နှင့် ရော​၍၊-
EXO 30:25 ဆီ​မွှေး​ကဲ့​သို့​ဘိ​သိက်​ဆီ​ကို​ဖော်​စပ်​လော့။
EXO 30:26 ဤ​ဘိ​သိက်​ဆီ​ကို​အ​သုံး​ပြု​၍၊ ငါ​စံ​ရာ​တဲ တော်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း​ကောင်း၊-
EXO 30:27 စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို လည်း​ကောင်း၊ ဆီ​မီး​တိုင်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​ကို​လည်း​ကောင်း၊-
EXO 30:28 မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပလ္လင်​နှင့်​သက်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အောက်​ခြေ​ခံ​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ ဖြင့်​သုတ်​လိမ်း​လော့။-
EXO 30:29 ထို​အ​ရာ​များ​ကို​ဤ​သို့​ဆက်​ကပ်​ခြင်း​ဖြင့်၊ အ​လွန်​သန့်​ရှင်း​စေ​လော့။ ထို​အ​ရာ​များ​ကို ထိ​မိ​သော​အ​ရာ​ဟူ​သ​မျှ​တို့​သည် သန့် ရှင်း​လိမ့်​မည်။-
EXO 30:30 ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို၊ ငါ​၏ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​ထမ်း​စေ ရန် သူ​တို့​အား​နံ့​သာ​ဆီ​ဖြင့်​ဘိ​သိက်​ပေး လော့။-
EXO 30:31 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့ ဆင့်​ဆို​လော့။ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ရန် ဘိ​သိက်​ပေး​ရာ​၌၊ သင်​တို့​၏​သား​စဉ်​မြေး ဆက်​တို့​သည်​ဤ​သန့်​ရှင်း​သော​ဆီ​ကို​အ​သုံး ပြု​ရ​မည်။-
EXO 30:32 ထို​ဆီ​ကို​သာ​မန်​လူ​တို့​၏​ကိုယ်​ခန္ဓာ​ပေါ်​သို့ မ​သွန်း​လောင်း​ရ။ ထို​ဆီ​နှင့်​တူ​သော​ဆီ​မျိုး ကို​မ​ဖော်​စပ်​ရ။ ထို​ဆီ​သည်​သန့်​ရှင်း​သည် ဖြစ်​၍၊ သန့်​ရှင်း​သော​ဆီ​အ​ဖြစ်​လက်​ခံ​ရ မည်။-
EXO 30:33 မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။
EXO 30:34 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``မွှေး​ကြိုင် သော​နံ့​သာ​မျိုး​ဖြစ်​သည့်​အ​ကျော်၊ စံ​ပါ၊ က​ရ​မက်၊ လော်​ဗန်​စေး​စစ်​စစ်​တို့​ကို၊ ဆ​တူ ချိန်​ယူ​လော့။-
EXO 30:35 ရေ​မွှေး​ဖော်​စပ်​သ​ကဲ့​သို့၊ ထို​နံ့​သာ​တို့​ကို နံ့​သာ​ပေါင်း​အ​ဖြစ်​ဖော်​စပ်​လော့။ စင်​ကြယ်​၍ သီး​သန့်​စေ​ရန်​နံ့​သာ​ပေါင်း​တွင်​ဆား​ခပ် လော့။-
EXO 30:36 ထို​နံ့​သာ​ပေါင်း​အ​ချို့​ကို​ညက်​အောင်​ထောင်း​၍၊ ငါ​စံ​ရာ​တဲ​တော်​အ​တွင်း​ငါ​၏​ရှေ့​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌ ဖြူး​ရ​မည်။ ထို​နံ့​သာ​ပေါင်း​ကို​အ​လွန်​သန့် ရှင်း​သော​နံ့​သာ​ပေါင်း​အ​ဖြစ်​လက်​ခံ​ရ​မည်။-
EXO 30:37 သင်​တို့​ကိုယ်​တိုင်​သုံး​ရန်​အ​တွက်၊ ထို​နိ​ဿ ရည်း​ဖြင့်​နံ့​သာ​ပေါင်း​ကို​မ​ဖော်​စပ်​ရ။ ထို နံ့​သာ​ပေါင်း​သည်​ငါ့​အ​ဖို့​ဆက်​ကပ်​ထား သည်​ဖြစ်​၍၊ သန့်​ရှင်း​သော​နံ့​သာ​ပေါင်း အ​ဖြစ်​လက်​ခံ​ရ​မည်။-
EXO 30:38 ထို​နံ့​သာ​ပေါင်း​ကို​မိ​မိ​အ​တွက်​အ​မွှေး အ​ကြိုင်​အ​ဖြစ်​ဖော်​စပ်​သူ​သည်၊ ငါ​၏​လူ မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
EXO 31:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယု​ဒ အ​နွယ်​မှ​ဟု​ရ​၏​မြေး၊ ဥ​ရိ​၏​သား​ဖြစ်​သူ ဗေ​ဇ​လေ​လ​ကို​ရွေး​ချယ်​ထား​ပြီ။-
EXO 31:3 သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ​အ​မျိုး​မျိုး ဖော်​လုပ်​နိုင်​သော​အ​တတ်၊ ကျောက်​မျက်​တို့ ကို​သွေး​၍​စီ​ခြယ်​သော​အ​တတ်၊ သစ်​သား ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ​သည့်​အ​နု ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ကျွမ်း​ကျင် ပြောင်​မြောက်​စေ​ခြင်း​ငှာ၊ ငါ​သည်​သူ့​အား အ​စွမ်း​တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။-
EXO 31:6 သူ့​ကို​ကူ​ညီ​ရန်၊ ငါ​သည်​ဒန်​အ​နွယ်​မှ​အ​ဟိ သ​မက်​၏​သား​ဖြစ်​သူ အ​ဟော​လျ​ဘ​ကို​ရွေး ချယ်​ထား​ပြီ။ ငါ​မိန့်​မှာ​သ​မျှ​တို့​ကို​ပြု​လုပ် နိုင်​ရန်၊ အ​ခြား​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​အား​လည်း၊ အ​ထူး​ကျွမ်း​ကျင်​မှု ကို​ငါ​ပေး​ထား​သ​ဖြင့်၊-
EXO 31:7 သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့်​အ​ဖုံး၊ တဲ​တော်​ထဲ​ရှိ​အ​သုံး​အ​ဆောင် တန်​ဆာ​အား​လုံး၊-
EXO 31:8 စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​များ၊ ရွှေ​မီး​တိုင် နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ပလ္လင်၊-
EXO 31:9 မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​သက်​ဆိုင် ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ​ခံ၊-
EXO 31:10 အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​ဆောင်​ရွက်​ရာ​၌ ဝတ်​ဆင်​ရန်၊ ထည် ဝါ​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊-
EXO 31:11 ဘိ​သိက်​ဆီ​နှင့်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက် မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​တို့​ကို​ပြု​လုပ်​နိုင် ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​မိန့်​မှာ​သည့် အ​တိုင်း​သူ​တို့​သည် ဤ​အ​ရာ​များ​ကို​ပြု လုပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 31:12 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့​ဆင့်​ဆို လော့။ ငါ​၏​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​လော့။ ဥ​ပုသ် နေ့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား ကြောင်း​ကို သား​စဉ်​မြေး​ဆက်​သ​တိ​ရ​စေ သော​အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း။-
EXO 31:14 ဥပုသ်​နေ့​သည်​နား​ရက်၊ နေ့​ထူး​နေ့​မြတ်​ဖြစ် သော​ကြောင့် ထို​နေ့​ကို​စောင့်​ထိန်း​ရ​မည်။ ဥ​ပုသ် နေ့​တွင်​အ​လုပ်​လုပ်​လျက်​ထို​နေ့​ကို​မ​စောင့် ထိန်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
EXO 31:15 သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ် ခွင့်​ရှိ​သည်။ သို့​ရာ​တွင်​သတ္တမ​နေ့​သည်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သော​နား​ရက် ဖြစ်​သည်။ ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​ကို သေ​ဒဏ်​စီ​ရင်​ရ​မည်။-
EXO 31:16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဥ​ပုသ်​နေ့ ကို ပ​ဋိ​ညာဉ်​၏​အ​ထိမ်း​အ​မှတ်​အ​ဖြစ်​စောင့် ထိန်း​ရ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက် ရက်​တွင်​ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို​ဖန်​ဆင်း ၍၊ သတ္တ​မ​နေ့​၌​အ​လုပ်​မှ​နား​တော်​မူ​သည် ဖြစ်​သော​ကြောင့်၊-
EXO 31:17 ဥ​ပုသ်​နေ့​သည်​ငါ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​သော​ပ​ဋိ​ညာဉ်​၏​ထာ​ဝ​ရ အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း'' ဟု​မိန့် တော်​မူ​၏။
EXO 31:18 ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။
EXO 32:1 မော​ရှေ​သည်​တောင်​အောက်​သို့​မ​ဆင်း​ဘဲ တောင် ပေါ်​တွင်​ကြာ​မြင့်​စွာ​နေ​သော​အ​ခါ၊ လူ​တို့ သည်​အာ​ရုန်​ထံ​သို့​စု​ရုံး​ရောက်​ရှိ​လာ​ပြီး လျှင်``အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော​မော​ရှေ​အ​ဘယ်​သို့​ဖြစ်​သည် ကို အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်​အကျွန်ုပ်​တို့ ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့'' ဟု​တောင်း​ဆို​ကြ​၏။
EXO 32:2 အာ​ရုန်​က``သင်​တို့​၏​မ​ယား​နှင့်​သား​သ​မီး တို့ ဝတ်​ဆင်​ထား​သော​ရွှေ​နား​တောင်း​များ​ကို ချွတ်​၍ ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို လေ​၏။-
EXO 32:3 သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ ၏​ရွှေ​နား​တောင်း​များ​ကို​ချွတ်​၍ အာ​ရုန် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။-
EXO 32:4 အာ​ရုန်​သည်​နား​တောင်း​များ​ကို​အ​ရည် ကျို​ပြီး​လျှင်၊ ရွှေ​ဖြင့်​နွား​ငယ်​ပုံ​သွန်း​လုပ် လေ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​ငါ​တို့ ၏​ဘု​ရား​ဖြစ်​သည်'' ဟု​ဆို​လေ​၏။
EXO 32:5 ထို​နောက်​အာ​ရုန်​သည်​ရွှေ​နွား​ရုပ်​ရှေ့​မှာ ပလ္လင် ကို​တည်​၍``နက်​ဖြန်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပွဲ​ခံ​ရ​ကြ​မည်'' ဟု​ကြေ​ညာ​၏။-
EXO 32:6 နောက်​နေ့​နံနက်​စော​စော​တွင်​လူ​အ​ပေါင်း​တို့ သည် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ပူ​ဇော်​ကြ​၏။ ထို​သို့​ယဇ်​ပူ​ဇော်​ကြ​ပြီး နောက်၊ သူ​တို့​သည် စား​သောက်​မူး​ယစ်​ကြ​ပြီး လျှင်၊ အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​အ​ပျော် ကူး​ကြ​ကုန်​၏။
EXO 32:7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``တောင်​အောက် သို့​အ​မြန်​ဆင်း​လော့။ အီ​ဂျစ်​ပြည်​မှ​သင်​ထုတ် ဆောင်​ခဲ့​သော​သင်​၏​လူ​တို့​သည်​ငါ့​ကို​စွန့်​ပယ် ကြ​ပြီ။-
EXO 32:8 သူ​တို့​သည်​ငါ​ချ​မှတ်​သော​လမ်း​စဉ်​မှ​သွေ​ဖည် သွား​ကြ​လေ​ပြီ။ ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင်၊ ထို​ရုပ်​တု​ကို​ယဇ်​ပူ​ဇော်​ရှိ​ခိုး​ကြ ပြီ။ ထို​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​ကြောင်း၊ ကြွေး​ကြော်​နေ​ကြ​ပြီ။''-
EXO 32:9 ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​တို့​အ​လွန် ခေါင်း​မာ​ကြောင်း​ငါ​သိ​၏။-
EXO 32:10 ငါ့​ကို​မ​ဆီး​တား​နှင့်။ ငါ​သည်​အ​မျက်​ထွက်​၍ သူ​တို့​ကို​သုတ်​သင်​ပစ်​မည်။ ထို​နောက်​သင်​နှင့် သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လူ​မျိုး​ကြီး ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ၏။
EXO 32:11 သို့​ရာ​တွင်​မော​ရှေ​သည် မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​ပန်​လျှောက်​ထား သည်​မှာ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အီ​ဂျစ်​ပြည်​မှ၊ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ကယ် တင်​ခဲ့​သော​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အ​မျက်​ပြင်း​စွာ​ထွက်​တော်​မူ​မည်​လော။-
EXO 32:12 အီ​ဂျစ်​အ​မျိုး​သား​တို့​က​ကိုယ်​တော်​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​တောင်​များ ပေါ်​သို့​ခေါ်​ဆောင်​၍၊ အ​ကုန်​အ​စင်​ရှင်း​လင်း သုတ်​သင်​ပစ်​ရန်​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သွား​သည်​ဟူ​၍​ဆို​ဖွယ်​ရာ​အ​ကြောင်း​ရှိ စေ​ရ​ပါ​မည်​လော။ ပြင်း​ပြ​သော​အ​မျက် တော်​ကို​ပြေ​စေ​လျက်​ကိုယ်​တော်​၏​လူ​မျိုး တော်​အား​ပေး​မည့်​အ​ပြစ်​ဒဏ်​မှ​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ရ​စေ​ပါ။-
EXO 32:13 ကိုယ်​တော်​၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့် ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ပါ။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့ ပွား များ​စေ​မည်​ဖြစ်​ကြောင်း​နှင့်​ကိုယ်​တော်​ရှင် က​တိ​ထား​တော်​မူ​သော ထို​ပြည်​အား​လုံး ကို​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား ထာ​ဝ​စဉ်​ပိုင်​ဆိုင်​ရန်​ပေး​မည်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​တော်​မူ​ပါ။-''
EXO 32:14 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​၍၊ မိ​မိ​လူ​မျိုး​တော်​အား​ပေး မည့်​အ​ပြစ်​ဒဏ်​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​တော်​မူ​၏။
EXO 32:15 မော​ရှေ​သည်​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင် ပ​ညတ် တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သော​ကျောက် ပြား​နှစ်​ချပ်​ကို​ယူ​ဆောင်​လျက်​တောင်​ပေါ်​မှ ဆင်း​လာ​၏။-
EXO 32:16 ထို​ကျောက်​ပြား​များ​နှင့်​ကျောက်​ပြား​များ​ပေါ် ရှိ​အက္ခ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​လက်​ရာ တော်​ဖြစ်​သ​တည်း။
EXO 32:17 ယော​ရှု​သည်​လူ​များ​၏​ကြွေး​ကြော်​သံ​ကို ကြား​ရ​သော​အ​ခါ၊ မော​ရှေ​အား``စ​ခန်း​ထဲ ၌​တပ်​လှန့်​သံ​ကို​ကြား​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။-
EXO 32:18 မော​ရှေ​က``ငါ​ကြား​ရ​သော​အ​သံ​သည်၊ စစ် အောင်​သံ​လည်း​မ​ဟုတ်၊ စစ်​ရှုံး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​သံ​ပင်​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။
EXO 32:19 မော​ရှေ​သည်​စ​ခန်း​အ​နီး​သို့​ရောက်​ရှိ​သော အ​ခါ၊ နွား​ငယ်​ရုပ်​ကို​လည်း​ကောင်း၊ လူ​များ က​ခုန်​နေ​သည်​ကို​လည်း​ကောင်း၊ တွေ့​မြင်​ရ လျှင်၊ အ​လွန်​အ​မျက်​ထွက်​သ​ဖြင့်၊ သူ​ယူ ဆောင်​ခဲ့​သော​ကျောက်​ပြား​များ​ကို​တောင် ခြေ​ရင်း​၌​ပစ်​ချ​လိုက်​ရာ​အ​ပိုင်း​ပိုင်း​ကျိုး ကုန်​၏။-
EXO 32:20 သူ​သည်​သူ​တို့​လုပ်​သော​နွား​ရုပ်​ကို​အ​ရည် ကျို​၍၊ အ​မှုန့်​ထောင်း​ပြီး​လျှင်၊ အ​မှုန့်​ကို​ရေ ပေါ်​၌​ဖြူး​လေ​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ထို​ရေ​ကို​သောက်​စေ​၏။-
EXO 32:21 မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။
EXO 32:22 အာ​ရုန်​က``အ​ကျွန်ုပ်​ကို​အ​မျက်​မ​ထွက်​ပါ နှင့်။ ဤ​သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​ရန် မည် မျှ​လောက်​စိတ်​ဆန္ဒ​ကြီး​ကြောင်း​ကိုယ်​တော် သိ​ပါ​၏။-
EXO 32:23 သူ​တို့​က​အ​ကျွန်ုပ်​အား`အီ​ဂျစ်​ပြည်​မှ​အ​ကျွန်ုပ် တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​မော​ရှေ​သေ​သည်၊ ရှင် သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်၊ အ​ကျွန်ုပ် တို့​ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့' ဟု​တောင်း​ဆို​ကြ​ပါ​သည်။-
EXO 32:24 အ​ကျွန်ုပ်​က​သူ​တို့​အား`သင်​တို့​၏​ရွှေ​ဝတ် တန်​ဆာ​ကို​ချွတ်​၍​ငါ့​အား​ပေး​လော့' ဟု ပြော​ပါ​သည်။ အ​ကျွန်ုပ်​သည်​သူ​တို့​ထံ​မှ ရ​ရှိ​သော​ရွှေ​အား​မီး​ထဲ​သို့​ပစ်​ချ​ရာ၊ ဤ နွား​ရုပ်​ထွက်​လာ​ပါ​သည်'' ဟု​ဆို​လေ​၏။
EXO 32:25 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပတ်​ဝန်း ကျင်​၌​ရန်​သူ​များ​ကဲ့​ရဲ့​စ​ရာ​ဖြစ်​လျက်၊ အာ​ရုန်​၏​အား​ပေး​မှု​ဖြင့်​စည်း​ကမ်း​မဲ့ က​ခုန်​မြူး​ထူး​နေ​သည်​ကို၊ မော​ရှေ​မြင်​ရ​၏။-
EXO 32:26 ထို့​ကြောင့်​သူ​သည်​စ​ခန်း​ပေါက်​ဝ​တွင်​ရပ် လျက်``ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​တော်​သား​ဖြစ် သူ​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့'' ဟု​အော်​ဟစ် ဖိတ်​ခေါ်​လေ​၏။ ထို​အ​ခါ​လေ​ဝိ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မော​ရှေ​ထံ​သို့​စု​ရုံး​လာ ကြ​သော​အ​ခါ၊-
EXO 32:27 မော​ရှေ​က​သူ​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ တစ်​ယောက်​စီ​ဋ္ဌား​ကို​ကိုင်​စွဲ​၍၊ စ​ခန်း​တစ်​ဘက် မှ​တစ်​ဘက်​သို့​နေ​ရာ​အ​နှံ့​အ​ပြား​သွား​ပြီး လျှင်၊ သင်​တို့​၏​ညီ​အစ်​ကို၊ အ​ဆွေ​ခင်​ပွန်း၊ အိမ်​နီး ချင်း​တို့​ကို​သတ်​လော့' ဟု​မိန့်​တော်​မူ​သည်'' ဟု ဆင့်​ဆို​လေ​၏။-
EXO 32:28 လေ​ဝိ​အ​မျိုး​သား​တို့​သည်​မော​ရှေ​အ​မိန့် ပေး​သည့်​အ​တိုင်း​ဆောင်​ရွက်​သ​ဖြင့်၊ ထို​နေ့ တွင်​လူ​ပေါင်း​သုံး​ထောင်​ခန့်​သေ​ဆုံး​လေ​၏။-
EXO 32:29 ထို​နောက်​မော​ရှေ​က​လေ​ဝိ​အ​မျိုး​သား​တို့ အား``ယ​နေ့​တွင်​သင်​တို့​သည်​မိ​မိ​၏​သား ရင်း​ညီ​အစ်​ကို​ရင်း​တို့​ကို​သတ်​ခြင်း​အား ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင် ရန်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​မိ​မိ​တို့ ကိုယ်​ကို​ဆက်​ကပ်​ကြ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ ဘုရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပြီ'' ဟု​ဆို​၏။
EXO 32:30 နောက်​တစ်​နေ့​တွင်​မော​ရှေ​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား``သင်​တို့​သည်​ကြီး​လေး သော​ပြစ်​မှု​ကူး​လွန်​ခဲ့​ကြ​ပြီ။ ယ​ခု​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ​တောင်​ပေါ်​သို့ တက်​မည်။ သင်​တို့​၏​အ​ပြစ်​ကို​လွှတ်​ရန် ထာ​ဝ​ရ ဘု​ရား​အား​တောင်း​ပန်​၍​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ဆို​လေ​၏။-
EXO 32:31 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​၍``ဤ​သူ​တို့​သည်​ကြီး​လေး​သော ပြစ်​မှု​ကို​ကူး​လွန်​ခဲ့​ပါ​ပြီ။ ရွှေ​ဘု​ရား ကို​သွန်း​လုပ်​၍​ကိုး​ကွယ်​ကြ​ပါ​၏။-
EXO 32:32 သူ​တို့​၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မ​မူ​လျှင်၊ ကိုယ်​တော်​၏​လူ မျိုး​တော်​နာ​မည်​စာ​ရင်း​မှ​အ​ကျွန်ုပ်​၏​နာ​မည် ကို​ပယ်​ဖျက်​တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက် ထား​လေ​၏။
EXO 32:33 ထာ​ဝ​ရ​ဘု​ရား​က``ငါ့​ကို​ပြစ်​မှား​သူ​၏ နာ​မည်​ကို​သာ​ငါ​၏​စာ​အုပ်​မှ​ပယ်​ဖျက်​မည်။-
EXO 32:34 ယ​ခု​သွား​၍​သင့်​အား​ငါ​မိန့်​မှာ​ပြီး​သော အ​ရပ်​သို့​သူ​တို့​ကို​ပို့​ဆောင်​လော့။ ငါ​၏​ကောင်း ကင်​တ​မန်​သည် သင့်​အား​လမ်း​ပြ​မည်။ သို့​ရာ တွင်​ဤ​သူ​တို့​၏​အ​ပြစ်​အ​တွက်​ငါ​ဒဏ်​စီ​ရင် မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
EXO 32:35 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင်​ကပ်​ရော​ဂါ​ဆိုက်​ရောက် စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ သည်​အာ​ရုန်​အား ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း လုပ်​စေ​သော​ကြောင့်​ဖြစ်​သည်။
EXO 33:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ``သင်​သည် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သူ​တို့​နှင့် အ​တူ ဤ​အ​ရပ်​မှ​ထွက်​၍၊ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​အား​ပေး​မည်​ဟု​က​တိ​ထား​ခဲ့​သော ပြည်​သို့​သွား​လော့။-
EXO 33:2 သင်​တို့​အား​လမ်း​ပြ​ရန်​ကောင်း​ကင်​တ​မန် ကို​ငါ​စေ​လွှတ်​မည်။ ခါ​နာန်​အ​မျိုး​သား၊ အာ မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​ငါ​နှင်​ထုတ်​မည်။-
EXO 33:3 သင်​တို့​ကို​အ​စာ​ရေ​စာ​ပေါ​များ​၍​မြေ သြ​ဇာ​ထက်​သန်​သော​ပြည်​သို့​ပို့​ဆောင်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ခေါင်း​မာ​သော​လူ​မျိုး ဖြစ်​၍၊ လမ်း​ခ​ရီး​၌​သင်​တို့​ကို​ငါ​သေ​ကြေ ပျက်​စီး​စေ​မည်​စိုး​သော​ကြောင့် ငါ​ကိုယ်​တိုင် သင်​တို့​နှင့်​အ​တူ​ခ​ရီး​မ​သွား'' ဟု​မိန့် တော်​မူ​၏။
EXO 33:4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​သို့​မိန့် တော်​မူ​သည်​ကို​ကြား​သိ​ရ​သော​အ​ခါ၊ ဝမ်း နည်း​ပူ​ဆွေး​လျက်​လက်​ဝတ်​တန်​ဆာ​များ ကို​မ​ဝတ်​ဆင်​ကြ​တော့​ချေ။-
EXO 33:5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``သင်​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။ သင်​တို့ နှင့်​အ​တူ​ခ​ဏ​မျှ​ဖြစ်​စေ​ငါ​သည်​ခ​ရီး သွား​ရ​လျှင်၊ သင်​တို့​အား​တစ်​ယောက်​မျှ မ​ကျန်​သေ​ကျေ​ပျက်​စီး​စေ​မည်။ ယ​ခု ပင်​လျှင်​သင်​တို့​၏​လက်​ဝတ်​တန်​ဆာ​များ ကို​ချွတ်​လော့။ ထို​နောက်​မှ​ငါ​သည်​သင်​တို့ အား​အ​ဘယ်​သို့​စီ​ရင်​ရ​မည်​ကို​ဆုံး​ဖြတ် မည်'' ဟု​မိန့်​တော်​မူ​၏။-
EXO 33:6 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ထွက်​ခွာ​ပြီး​သည်​နောက်၊ လက် ဝတ်​တန်​ဆာ​များ​ကို​မည်​သည့်​အ​ခါ​မျှ မ​ဝတ်​ကြ​တော့​ချေ။
EXO 33:7 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​စ​ခန်း​ချ သည့်​အ​ခါ​တိုင်း၊ မော​ရှေ​သည်​တဲ​တော်​ကို စ​ခန်း​အ​ပြင်​ဘက်​ခပ်​လှမ်း​လှမ်း​အ​ကွာ နေ​ရာ​တွင်​ဆောက်​လေ့​ရှိ​၏။ တဲ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဟူ​၍​နာ​မည်​မှည့်​ခေါ်​၏။ ထာ​ဝ​ရ​ဘု​ရား ၏​အ​လို​တော်​ကို​သိ​လို​သူ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား ရ​သည်။-
EXO 33:8 တဲ​တော်​သို့​မော​ရှေ​သွား​သည့်​အ​ခါ​တိုင်း၊ လူ​များ​သည် မိ​မိ​တို့​တဲ​ရှေ့​တွင်​ရပ်​လျက်၊ မော​ရှေ​တဲ​တော်​သို့​ဝင်​သွား​သည့်​အ​ထိ စောင့်​ကြည့်​လေ့​ရှိ​ကြ​၏။-
EXO 33:9 မော​ရှေ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ မိုး တိမ်​တိုက်​သည်​ဆင်း​သက်​လာ​၍၊ တဲ​ဝ​တွင် ရပ်​တန့်​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တိမ်​တိုက်​ထဲ​မှ​မော​ရှေ​အား​မိန့်​ကြား တော်​မူ​၏။-
EXO 33:10 လူ​အ​ပေါင်း​တို့​သည်၊ တဲ​တော်​ဝ​၌​တိမ် တိုက်​ကို​မြင်​ရ​လျှင်၊ ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-
EXO 33:11 မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။
EXO 33:12 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား သည်​မှာ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို၊ ဤ​သူ တို့​အား ထို​သို့​ပို့​ဆောင်​ရန်​မိန့်​တော်​မူ​ပြီ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​နှင့်​အ​တူ​မည်​သူ့​ကို စေ​လွှတ်​မည်​ဟူ​၍​မ​မိန့်​ကြား​ခဲ့​ပါ။ ကိုယ်​တော် က`သင့်​ကို​ရင်း​နှီး​စွာ​ငါ​သိ​၏။ သင့်​အား နှစ်​သက်​၏' ဟု​မိန့်​တော်​မူ​ပါ​သည်။-
EXO 33:13 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နှစ်​သက်​တော် မူ​ပါ​လျှင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​၍၊ စိတ်​တော်​နှင့်​တွေ့​နိုင်​စေ ရန်၊ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​များ​ကို ဖော်​ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည်​ကိုယ်​တော် ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။''
EXO 33:14 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင် နှင့်​အ​တူ​ကြွ​သွား​၍၊ သင့်​အား​အောင်​မြင် ခွင့်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 33:15 မော​ရှေ​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ ကြွ​သွား​တော်​မ​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​အား ဤ​အ​ရပ်​မှ​မ​ထွက်​ခွာ​စေ​တော်​မူ​ပါ​နှင့်။-
EXO 33:16 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ကြွ သွား​တော်​မ​မူ​ပါ​လျှင်၊ ကိုယ်​တော်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​နှင့်​အ​ကျွန်ုပ်​အား​နှစ် သက်​ကြောင်း​မည်​သို့​သိ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​ခြင်း ဖြင့်၊ အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​နှင့်​ခြား​နား​ကြောင်း​ကို​သိ​ရ ပါ​မည်'' ဟု​လျှောက်​လေ​၏။
EXO 33:17 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် သင့်​ကို​ရင်း​နှီး​စွာ​သိ​၍​နှစ်​သက်​သ​ဖြင့်၊ သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 33:18 ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။
EXO 33:19 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ဂုဏ်​အ​သ​ရေ တော်​ရှိ​သ​မျှ​ကို​သင့်​အား​ပြ​သ​၍၊ ငါ​၏ နာ​မ​တော်​ကို​လည်း​သင့်​အား​ကြေ​ညာ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ သ​နား​ကြင်​နာ​လို​သူ​အား​သ​နား​ကြင် နာ​မည်။ ငါ​ကျေး​ဇူး​ပြု​လို​သူ​အား ကျေး​ဇူး​ပြု​မည်။
EXO 33:20 ငါ့​ကို​မြင်​သော​သူ​သည်​အ​သက်​မ​ရှင်​နိုင် သော​ကြောင့်၊ သင့်​အား​ငါ​၏​မျက်​နှာ​ကို​ဖူး မြင်​ခွင့်​မ​ပေး။-
EXO 33:21 သို့​ရာ​တွင်​ငါ့​အ​နား​တွင်​ရှိ​သော​ကျောက် ဆောင်​ပေါ်​၌​ရပ်​နေ​လော့။-
EXO 33:22 ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော် ဖြတ်​သန်း​သွား​သည့်​အ​ခါ၊ ငါ​သည်​သင့်​အား ကျောက်​ဆောင်​ကြား​တွင်​နေ​စေ​၍၊ ငါ​လွန် သွား​သည်​တိုင်​အောင်​သင့်​ကို​ငါ​၏​လက် တော်​ဖြင့်​ဖုံး​အုပ်​ထား​မည်။-
EXO 33:23 ထို​နောက်​မှ​ငါ​၏​လက်​တော်​ကို​ရုပ်​သိမ်း​သ ဖြင့်၊ သင်​သည်​ငါ​၏​ကျော​ကို​ဖူး​မြင်​ရ​မည်။ ငါ​၏​မျက်​နှာ​ကို​မူ​ကား​မ​ဖူး​ရ'' ဟု​မိန့် တော်​မူ​၏။
EXO 34:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ပ​ထ​မ ကျောက်​ပြား​များ​နှင့်​တူ​သော​ကျောက်​ပြား နှစ်​ချပ်​ကို​ဆစ်​လော့။ သင့်​ကြောင့်​ကျိုး​သွား သော​ယ​ခင်​ကျောက်​ပြား​များ​ပေါ်​တွင် ရေး ထိုး​ခဲ့​သည့်​ကမ္ပည်း​စာ​အ​တိုင်း​ငါ​သည်​ဤ ကျောက်​ပြား​များ​ပေါ်​၌​ရေး​ထိုး​မည်။-
EXO 34:2 နက်​ဖြန်​နံ​နက်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ရန် သိ​နာ​တောင်​ထိပ်​ပေါ်​သို့​တက်​လာ​လော့။-
EXO 34:3 သင်​နှင့်​အ​တူ​မည်​သူ​မျှ​တောင်​ပေါ်​သို့ မ​တက်​ရ။ တစ်​တောင်​လုံး​တွင်​လူ​မ​ရှိ​စေ ရ။ တောင်​ခြေ​၌​သိုး​နွား​များ​ကို​မ ကျောင်း​ရ'' ဟု​မိန့်​တော်​မူ​၏။-
EXO 34:4 ထို့​ကြောင့်​မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ကျောက်​ပြား​နှစ်​ချပ်​ကို ဆစ်​ပြီး​လျှင်၊ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်၊ ကျောက်​ပြား​များ​ကို​ကိုင်​ဆောင်​လျက် သိ​နာ​တောင်​ပေါ်​သို့​တက်​လေ​၏။
EXO 34:5 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုက်​ဖြင့်​ကြွ ဆင်း​လာ​၍၊ မော​ရှေ​အ​နီး​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​တော်​ကို ထုတ်​ဖော်​မြွက်​ကြား​တော်​မူ​၏။-
EXO 34:6 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ရှေ့ တွင်​ဖြတ်​ကြွ​သွား​လျက်``ငါ​ထာ​ဝရ​ဘု​ရား သည်​သ​နား​က​ရု​ဏာ​နှင့်​ပြည့်​စုံ​သော​ဘု​ရား၊ စိတ်​ရှည်​၍​ကျေး​ဇူး​က​ရု​ဏာ​နှင့်​ကြွယ်​ဝ သော​ဘု​ရား၊ သစ္စာ​တည်​သော​ဘု​ရား​ဖြစ်​၏။-
EXO 34:7 ငါ​သည်​ထောင်​သောင်း​မ​က​များ​ပြား​သော အ​မျိုး​အ​စဉ်​အ​ဆက်​တို့​အား ငါ​၏​က​တိ သစ္စာ​ကို​တည်​စေ​မည်။ ငါ​သည်​ဒု​စ​ရိုက်​နှင့် အ​ပြစ်​တို့​အ​တွက်​လူ​တို့​အား​အ​ပြစ်​လွှတ် မည်။ သို့​ရာ​တွင်​မိ​ဘ​တို့​၏​အ​ပြစ်​ကို​သား စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တုတ္ထ အ​ဆက်​သို့​တိုင်​အောင်​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 34:8 မော​ရှေ​သည်​ချက်​ချင်း​ဦး​ညွှတ်​ရှိ​ခိုး​လျက်၊-
EXO 34:9 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။
EXO 34:10 ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယ​ခု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု မည်။ ငါ​သည်​သူ​တို့​၏​မျက်​မှောက်​တွင်​ကမ္ဘာ​ပေါ် ရှိ​မည်​သည့်​နိုင်​ငံ​တွင်​မျှ​မ​ပြု​ဘူး​သော​ကြီး မား​သော​အ​ရာ​များ​ကို​ငါ​ပြု​မည်။ ငါ​ထာ​ဝရ ဘု​ရား​သည်​ကြီး​မား​သော​အ​ရာ​များ​ကို​ပြု နိုင်​ကြောင်း​လူ​အ​ပေါင်း​တို့​မြင်​ကြ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့ အ​တွက်​ကြောက်​မက်​ဖွယ်​ရာ​အ​မှု​ကို ပြု​မည်။-
EXO 34:11 ယ​နေ့​သင့်​အား​ငါ​ပေး​မည့်​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ ငါ​သည်​သင်​တို့​ချီ​တက်​ရာ လမ်း​ကြောင်း​မှ​အာ​မော​ရိ​အ​မျိုး​သား၊ ခါ နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​မည်။-
EXO 34:12 သင်​တို့​ဝင်​ရောက်​တိုက်​ခိုက်​မည့်​ပြည်​သား​တို့ နှင့်​မ​ဟာ​မိတ်​မ​ဖွဲ့​ရန်​သ​တိ​ပြု​လော့။ ထို သို့​ပြု​လုပ်​လျှင် သင်​တို့​သည်​သူ​တို့​၏ ထောင်​ချောက်​တွင်း​သို့​ကျ​လိမ့်​မည်။-
EXO 34:13 သင်​တို့​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို ဖျက်​ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ ကို​ဖျက်​ဆီး​ရ​မည်။ သူ​တို့​၏​အာ​ရှ​ရ​ဘု​ရား မ​သစ်​တိုင်​များ​ကို​ခုတ်​လှဲ​ရ​မည်။
EXO 34:14 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြိုင်​ဖက်​ကို​လက် မ​ခံ​သော​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည် အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး​ကွယ်​ရ။-
EXO 34:15 သင်​တို့​သည်​ထို​ပြည်​သား​တို့​နှင့်​မ​ဟာ​မိတ် မ​ဖွဲ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်၊ သူ​တို့​သည် သူ​တို့​၏​ဘု​ရား​များ​အား​ရှိ​ခိုး​ပူ​ဇော်​သော အ​ခါ သင်​တို့​ဖိတ်​ခေါ်​သ​ဖြင့်၊ သူ​တို့​၏​ဘု​ရား များ​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​ကို​သင် တို့​စား​မိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
EXO 34:16 သင်​တို့​၏​သား​များ​သည်​ထို​ပြည်​ရှိ​အ​မျိုး သ​မီး​များ​ကို​ထိမ်း​မြား​မိ​သ​ဖြင့်၊ ထို​အ​မျိုး သ​မီး​တို့​သည်​ငါ့​ကို​စွန့်​၍ သူ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​ရန်၊ သင်​တို့​၏​သား​များ ကို​ဖြား​ယောင်း​ကြ​လိမ့်​မည်။
EXO 34:17 ``သတ္တု​ဖြင့်​သွန်း​သော​ဘု​ရား​များ​ပြု​လုပ်​၍​ရှိ မ​ခိုး​ရ။
EXO 34:18 ``တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ သင် တို့​သည်​အ​ဗိ​ဗ​ဟု​ခေါ်​သော​လ​တွင်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ခဲ့​ရ​သော​ကြောင့်၊ ထို​လ​၌ ငါ​ပ​ညတ်​သည့်​အ​တိုင်း​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။
EXO 34:19 ``သင်​တို့​တွင်​သား​ဦး​ဟူ​သ​မျှ​နှင့်​သိုး​နွား​မှ စ​သော တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ပေါက်​ဟူ​သ​မျှ တို့​ကို​ငါ​ပိုင်​၏။-
EXO 34:20 သို့​ရာ​တွင်​မြည်း​သား​ဦး​ပေါက်​ကို​သိုး​တစ် ကောင်​နှင့်​အ​စား​ထိုး​၍​ရွေး​ယူ​ရ​မည်။ မ​ရွေး ယူ​လို​လျှင်​မြည်း​၏​လည်​ပင်း​ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ဟူ​သ​မျှ​တို့​ကို​ရွေး​ယူ ရ​မည်။ ``မည်​သူ​မျှ​ပူ​ဇော်​သကာ​မ​ပါ​ဘဲ​နှင့်​ငါ့​ထံ သို့​မ​ဝင်​ရ။
EXO 34:21 ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ် လုပ်​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ​နေ့​၌​အ​လုပ် မ​လုပ်​ရ။
EXO 34:22 ``ဂျုံ​စ​ပါး​စ​တင်​ရိတ်​ချိန်​၌​ကောက်​သိမ်း​ပွဲ​တော် ကို​လည်း​ကောင်း၊ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​ဖြစ် သော​ဆောင်း​ဦး​ပေါက်​ရာ​သီ​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​လည်း​ကောင်း၊ ကျင်း​ပ​ရ​မည်။
EXO 34:23 ``သင်​တို့​၏​အ​မျိုး​သား​အား​လုံး​တို့​သည်​တစ် နှစ်​လျှင်​သုံး​ကြိမ် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝရ​ဘု​ရား​ထံ​ချဉ်း ကပ်​၍​ဝတ်​ပြု​ရ​မည်။-
EXO 34:24 ငါ​သည်​အ​ခြား​လူ​မျိုး​များ​ကို​သင်​တို့​ချီ တက်​ရာ​လမ်း​ကြောင်း​မှ​နှင်​ထုတ်​၍ သင်​တို့​၏ နယ်​မြေ​ကို​တိုး​ချဲ့​ပြီး​သည့်​အ​ခါ​သင်​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ပွဲ​တော်​ကြီး​သုံး​ခု​ကျင်း​ပ​နေ​ချိန်​အ​တွင်း၊ မည်​သည့်​ရန်​သူ​မျှ​သင်​တို့​ကို​မ​တိုက်​ခိုက် စေ​ရ။
EXO 34:25 ``ငါ့​အား​ပူ​ဇော်​သည့်​အ​ခါ၊ ယဇ်​ကောင်​နှင့် အ​တူ ဆက်​သ​သော​မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ ပ​သ​ခါ​ပွဲ​တော်​အ​တွက်​သတ်​သော​တိ​ရစ္ဆာန် ၏​အ​သား​ကို​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း ကျန်​စေ​ရ။
EXO 34:26 ``နှစ်​စဉ်​သင်​တို့​၏​လယ်​မြေ​မှ​အ​ဦး​သီး သော​အ​သီး​အ​နှံ​ကို၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်​သို့​ယူ ဆောင်​ဆက်​သ​ရ​ကြ​မည်။ ``သိုး​ငယ်၊ ဆိတ်​ငယ်​၏​အ​သား​ကို အ​မိ​နို့​ရည် ၌​မ​ချက်​ပြုတ်​ရ'' ဟု​မိန့်​တော်​မူ​၏။
EXO 34:27 ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ဤ​ပ​ညတ် များ​ကို​ရေး​ထား​လော့။ ငါ​သည်​သင်​နှင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း ကောင်း ဤ​ပ​ညတ်​များ​အ​တိုင်း​ပ​ဋိ​ညာဉ် ပြု​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
EXO 34:28 မော​ရှေ​သည်​အ​စာ​မ​စား၊ ရေ​မ​သောက်​ဘဲ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​၏။ သူ​သည်​ကျောက်​ပြား များ​ပေါ်​တွင်၊ ပ​ဋိ​ညာဉ်​တည်း​ဟူ​သော​ပ​ညတ် တော်​ဆယ်​ပါး​ကို​ရေး​ထား​လေ​၏။
EXO 34:29 မော​ရှေ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ချပ် ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ဆင်း​လာ​သော​အ​ခါ၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​စ​ကား​ပြော​ခဲ့​ရ သ​ဖြင့်​သူ​၏​မျက်​နှာ​တောက်​ပ​လျက်​ရှိ​၏။ သို့ ရာ​တွင်​သူ​ကိုယ်​တိုင်​မ​သိ။-
EXO 34:30 အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မော​ရှေ​၏​မျက်​နှာ​တောက်​ပ​နေ​သည်​ကို တွေ့​မြင်​ရ​သော​အ​ခါ၊ သူ​၏​အ​နား​သို့​မ​ချဉ်း ကပ်​ဝံ့​ကြ​ချေ။-
EXO 34:31 သို့​သော်​မော​ရှေ​က​အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို​ခေါ် သ​ဖြင့်၊ သူ​တို့​သည်​မော​ရှေ​ထံ​သို့​ချဉ်း​ကပ် လာ​ကြ​၏။ မော​ရှေ​သည်​လည်း​သူ​တို့​နှင့် စ​ကား​ပြော​လေ​၏။-
EXO 34:32 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​ကြ ၏။ ထို​အ​ခါ​မော​ရှေ​သည်​သိ​နာ​တောင်​ပေါ်​၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​ပ​ညတ် အား​လုံး​ကို​သူ​တို့​အား​ဆင့်​ဆို​လေ​၏။-
EXO 34:33 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စ​ကား​ပြော​ဆို​ပြီး​သော​အ​ခါ၊ သူ​၏ မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​လေ​၏။-
EXO 34:34 မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​နှင့်​စ​ကား​ပြော ရန်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ထဲ​သို့​ဝင်​သည့်​အ​ခါ​တိုင်း​ပ​ဝါ​ကို​ချွတ် ထား​လေ့​ရှိ​၏။ ပြန်​ထွက်​လာ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​မိန့်​ကြား​သ​မျှ​ကို​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ဆင့်​ဆို​လေ့​ရှိ​၏။-
EXO 34:35 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​၏​မျက်​နှာ​တောက်​ပ​နေ​သည်​ကို​မြင်​ကြ ၏။ ထို့​ကြောင့်၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် စကား​ပြော​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ချိန် အ​ထိ​သူ​၏​မျက်​နှာ​ကို​ပဝါ​ဖြင့်​ဖုံး​အုပ် ထား​လေ့​ရှိ​သည်။
EXO 35:1 မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို​စု​ရုံး​စေ​၍``သင်​တို့​လိုက်​နာ​ရန် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ပ​ညတ်​တော်​မူ​သည်။-
EXO 35:2 သင်​တို့​သည်​ရက်​သတ္တ​တစ်​ပတ်​တွင်​ခြောက်​ရက် အ​လုပ်​လုပ်​နိုင်​၏။ သို့​ရာ​တွင်​သတ္တ​မ​နေ့​သည်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ ထူး​မြတ်​သည့်​နား​ရက်​ဖြစ်​ရ​မည်။ ထို့​နေ့​တွင် အ​လုပ်​လုပ်​သော​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။-
EXO 35:3 ဥ​ပုသ်​နေ့​တွင်​သင်​တို့​၏​နေ​အိမ်​များ​၌​မီး​ကို ပင်​မ​မွေး​ရ'' ဟု​ဆင့်​ဆို​၏။
EXO 35:4 တစ်​ဖန်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``သင်​တို့​အား​ထာ​ဝရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်။-
EXO 35:5 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​လှူ​ဝတ္ထု ဆက်​သ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​အ​လှူ ဝတ္ထု​ဆက်​ကပ်​လို​သူ​တို့​သည်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊-
EXO 35:6 ပိတ်​ချော၊ အ​ပြာ​ရောင်​သိုး​မွေး၊ ခ​ရမ်း​ရောင် သိုး​မွေး၊ အ​နီ​ရောင်​သိုး​မွေး၊ ဆိတ်​မွေး​အ​ထည်၊-
EXO 35:7 အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ ချော၊ အ​ကာ​ရှ​သစ်​သား၊-
EXO 35:8 မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​ဆီ​နှင့်​နံ့​သာ​ပေါင်း အ​တွက်​အ​မွှေး​အ​ကြိုင်၊-
EXO 35:9 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း​နှင့်​ရင်​ဖုံး အဝတ်​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့်​အ​ခြား​ကျောက်​မျက်​ရ​တ​နာ​များ​ကို ယူ​ဆောင်​ခဲ့​ရ​မည်'' ဟု​ဆင့်​ဆို​၏။
EXO 35:10 ``သင်​တို့​တွင်​ရှိ​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​သည် ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လာ​၍​လုပ်​ဆောင်​ရ​ကြ​မည်။-
EXO 35:11 တဲ​တော်​နှင့်​အ​မိုး​အ​ကာ၊ တဲ​တော်​ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့် အောက်​ခြေ​စွပ်​များ၊-
EXO 35:12 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​ထမ်း​ပိုး​တန်း​များ၊ သေတ္တာ​တော်​အ​ဖုံး၊ သေတ္တာ​တော်​ကို​ကာ​ရံ ထား​သော​ကန့်​လန့်​ကာ၊-
EXO 35:13 စား​ပွဲ​နှင့်​ထမ်း​ပိုး​တန်း​များ၊ စား​ပွဲ​နှင့်​ဆိုင် သော​ပစ္စည်း​များ၊ ရှေ့​တော်​ဆက်​မုန့်၊-
EXO 35:14 ဆီ​မီး​ခုံ​နှင့်​ဆီ​မီး​ခုံ​ပစ္စည်း​များ၊ မီး​ခွက် များ​နှင့်​မီး​ထွန်း​ရန်​ဆီ၊-
EXO 35:15 နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​နှင့် ထမ်း​ပိုး​တန်း များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း၊ တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊-
EXO 35:16 ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင် အ​တွက်​ထမ်း​ပိုး​တန်း​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ၊-
EXO 35:17 တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​နှင့်​တိုင်​များ၊ ခြေ​စွပ်​များ၊ ဝင်း​ပေါက်​ကန့်​လန့်​ကာ၊-
EXO 35:18 တဲ​တော်​အ​တွက်​ကြက်​ဆူး​များ၊ တဲ​တော်​နှင့် တဲ​တော်​ဝင်း​အ​တွက်​ကြိုး​များ၊-
EXO 35:19 ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့်​သူ​၏​သား​များ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​ထမ်း​ဆောင် စဉ်​ဝတ်​ဆင်​ရန်၊ ထည်​ဝါ​ခန့်​ညား​သော​အဝတ် အ​ထည်​များ​စ​သည်​တို့​အ​တွက်​စီ​မံ ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို​လေ​၏။
EXO 35:20 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မော​ရှေ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​၏။-
EXO 35:21 ထာ​ဝ​ရ​ဘု​ရား​အား​လှူ​ဖွယ်​ဝတ္ထု​ဆက်​ကပ် ရန် စိတ်​စေ​တ​နာ​ရှိ​သူ​အ​ပေါင်း​တို့​သည်၊ ထာ ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​အ​တွက်၊ လှူ ဖွယ်​ဝတ္ထု​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သူ​တို့ သည်​ဘု​ရား​ဝတ်​ပြု​ရာ​၌​လို​အပ်​သော​ပစ္စည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ပြု​လုပ်​ရန်​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။-
EXO 35:22 စိတ်​စေ​တ​နာ​ရှိ​သော​အ​မျိုး​သား​နှင့်​အ​မျိုး သ​မီး​တို့​သည်​ရွှေ​ရင်​ထိုး၊ ရွှေ​နား​ကွင်း၊ ရွှေ​လက် စွပ်​ရွှေ​ဆွဲ​ကြိုး​တို့​ကို​အ​ထူး​ပူ​ဇော်​သကာ အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ထံ​ယူ​ဆောင်​လာ​၍၊
EXO 35:23 အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော၊ ဆိတ်​မွေး​ထည်၊ အ​နီ​ဆိုး​သိုး​ထီး​သား ရေ၊ သား​ရေ​ချော​ပိုင်​ရှင်​အ​ပေါင်း​တို့​သည်၊ ထို ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။-
EXO 35:24 ငွေ​သို့​မ​ဟုတ်​ကြေး​ဝါ​လှူ​နိုင်​သူ​တို့​က​ထာ​ဝ​ရ ဘု​ရား​အား​ထို​ပစ္စည်း​များ​ကို​ဆက်​ကပ်​ကြ​၏။ အ​ကာ​ရှ​သစ်​ရှိ​သူ​တို့​က၊ ဆောက်​လုပ်​ရာ​၌ အ​သုံး​ပြု​ရန်​ထို​ပစ္စည်း​ကို​ဆက်​ကပ်​ကြ​၏။-
EXO 35:25 ချည်​ငင်​ကျွမ်း​ကျင်​သူ​အမျိုး​သမီး​အ​ပေါင်း​သည်၊ သိုး​မွေး​ချည်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​နှင့် ပိတ်​ချော​ချည်၊ ဆိတ်​မွေး​ချည်​တို့​ကို​ဆက်​ကပ် ကြ​၏။-
EXO 35:27 ဣ​သ​ရေ​လ​အမျိုး​သား​အကြီး​အကဲ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ဖြစ်​သော​သင်​တိုင်း​နှင့်​ရင်​စည်း​အ​ဝတ်​တို့ တွင်​တပ်​ဆင်​ရန်၊ ကျောက်​နီ​နှင့်​အ​ခြား ကျောက်​မျက်​ရ​တ​နာ​တို့​ကို​လည်း​ကောင်း၊-
EXO 35:28 မီး​ခွက်​များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်​နှင့်​ဆီ​တို့​ကို လည်း​ကောင်း၊ ဆက်​ကပ်​ကြ​၏။-
EXO 35:29 မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း သော​အ​လုပ်​အ​တွက်​အ​မျိုး​သား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​သည်​စိတ်​စေ​တ​နာ​ထက် သန်​စွာ​ဖြင့်၊ မိ​မိ​တို့​လှူ​ဖွယ်​ဝတ္ထု​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ကြ​၏။
EXO 35:30 မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ် ဟု​ရ​၏​မိ​သား​စု​မှ ဥ​ရိ​၏​သား​ဗေ​ဇ လေ​လ​ကို​ရွေး​ချယ်​ထား​တော်​မူ​၏။-
EXO 35:31 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​တန်​ခိုး​ကို ခံ​ယူ​ရ​ရှိ​သ​ဖြင့်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ အ​မျိုး​မျိုး​ဖော်​လုပ်​နိုင်​သော​ပ​ညာ၊-
EXO 35:33 ကျောက်​မျက်​ကို​သွေး​၍​စီ​ချယ်​သော​အ​တတ်၊ သစ်​သား​ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ သည့်​အ​နု​ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​ကျွမ်း​နား​လည်​နိုင်​စွမ်း​ရှိ​ပေ​သည်။-
EXO 35:34 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​လည်း​ကောင်း၊ ဒန်​အ​နွယ်​မှ​အ​ဟိ​သ​မက်​၏​သား​အ​ဟော လျ​ဘ​အား​လည်း​ကောင်း၊ မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ကို​အ​ခြား​သူ​တို့​အား​သင်​ပေး​နိုင် စွမ်း​ပေး​ထား​တော်​မူ​၏။-
EXO 35:35 သူ​တို့​အား​ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​သော အ​တတ်၊ အ​ပြာ​ရောင်၊ ခရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​နှင့်​အ​ခြား​အ​ထည်​တို့ ကို​ယက်​လုပ်​သည့်​အ​တတ်​ပ​ညာ​အ​မျိုး​မျိုး ကို​ပေး​တော်​မူ​၏။ သူ​တို့​သည်​အ​တတ်​ပ​ညာ အ​မျိုး​မျိုး​တို့​တွင်​ထူး​ချွန်​၍ ပုံ​စံ​ထုတ် ရာ​တွင်​ပြောင်​မြောက်​သူ​များ​ဖြစ်​ကြ​၏။
EXO 36:1 ``ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ​တို့​သည် လည်း​ကောင်း၊ တဲ​တော်​ကို​ဆောက်​ရန်​ထာ​ဝရ ဘု​ရား​ထံ​တော်​မှ လို​အပ်​သော​ကျွမ်း​ကျင် မှု​နှင့်​နား​လည်​မှု​ကို​ရ​ရှိ​ထား​သူ အ​ခြား အ​တတ်​ပ​ညာ​ရှင်​အ​ပေါင်း​တို့​သည်​လည်း ကောင်း ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို လေ​၏။
EXO 36:2 မော​ရှေ​သည်​ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ တို့​ကို​လည်း​ကောင်း၊ တဲ​တော်​ဆောက်​ရန်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​လို​အပ်​သော​အ​တတ်​ပ​ညာ​ကို ရ​ရှိ​ထား​သူ​များ​နှင့် ကူ​ညီ​ရန်​စေ​တ​နာ ထက်​သန်​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဆင့်​ခေါ်​၍​လုပ်​ငန်း​ကို​စ​တင်​ဆောင်​ရွက် စေ​၏။-
EXO 36:3 သူ​တို့​သည်​တဲ​တော်​ကို​ဆောက်​လုပ်​ရန်၊ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ယူ​ဆောင်​ခဲ့​သော​လှူ ဖွယ်​ပစ္စည်း​ရှိ​သ​မျှ​ကို၊ မော​ရှေ​ထံ​မှ​လက်​ခံ ရ​ရှိ​ကြ​၏။ နံ​နက်​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်၊ မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို၊ မော​ရှေ​ထံ​သို့​ဆက်​လက်​၍​ယူ​ဆောင် လာ​ကြ​သေး​၏။-
EXO 36:4 ထို​အ​ခါ​တဲ​တော်​ကို​ဆောက်​လုပ်​နေ​ကြ​သော အ​တတ်​ပ​ညာ​ရှင်​တို့​သည်​မော​ရှေ​ထံ​သို့ လာ​၍၊-
EXO 36:5 ``လူ​တို့​ယူ​လာ​ကြ​သော​ပစ္စည်း​များ​သည် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော​လုပ်​ငန်း အ​တွက်​လို​အပ်​သည်​ထက်​ပို​နေ​ပါ​သည်'' ဟု ပြော​ကြ​၏။
EXO 36:6 ထို့​အ​ခါ​မော​ရှေ​က``မည်​သူ​မျှ​တဲ​တော် အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ​ကို​ထပ်​မံ​၍ မ​လှူ​ဒါန်း​ရ'' ဟု​အ​မိန့်​ထုတ်​၍​စ​ခန်း​ရှိ လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​စေ​၏။ ထို ကြောင့်​လူ​တို့​သည်​လှူ​ဖွယ်​ပစ္စည်း​များ​ကို မ​ယူ​ခဲ့​ကြ​တော့​ချေ။-
EXO 36:7 ရ​ရှိ​ခဲ့​သ​မျှ​သော​ပစ္စည်း​တို့​သည်​လုပ်​ငန်း ရှိ​သ​မျှ​အ​တွက်​လို​အပ်​သည်​ထက်​ပို​လျှံ လျက်​ရှိ​၏။
EXO 36:8 အ​တတ်​ပ​ညာ​ရှင်​များ​အ​နက်၊ အ​ကျွမ်း​ကျင် ဆုံး​သော​အ​တတ်​ပ​ညာ​ရှင်​တို့​သည်၊ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ဆောက်​လုပ် ကြ​၏။ သူ​တို့​သည်​ပိတ်​ချော​နှင့်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​တို့​ဖြင့် ရက်​လုပ်​၍၊ ခေ​ရု​ဗိမ် အ​ရုပ်​များ​ကို​ပန်း​ဖော်​ထား​သည့်​ကန့်​လန့် ကာ​ဆယ်​ထည်​ဖြင့်၊ တဲ​တော်​ကို​ဆောက်​လုပ် ကြ​၏။-
EXO 36:9 ကန့်​လန့်​ကာ​အား​လုံး​သည်​အ​ရွယ်​တူ​ဖြစ် ၍၊ တစ်​ခု​စီ​သည်​အ​လျား​တစ်​ဆယ့်​လေး ကိုက်၊ အနံ​နှစ်​ကိုက်​ရှိ​၏။-
EXO 36:10 သူ​တို့​သည်​ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ် ၍​ချုပ်​၏။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို အ​တိုင်း​ချုပ်​ကြ​၏။-
EXO 36:11 ကန့်​လန့်​ကာ​တစ်​စပ်​စီ​၏​အ​ပြင်​ဘက်​အ​နား တပ်​ရန်​ပိတ်​တွင်၊ အ​ပြာ​ကွင်း​များ​ကို​ချုပ် ကြ​၏။-
EXO 36:12 ပ​ထ​မ​အ​စပ်​၏​ပ​ထ​မ​ကန့်​လန့်​ကာ​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အစပ် ၏​နောက်​ဆုံး​ကန့်​လန့်​ကာ​တွင်​ကွင်း​ငါး​ဆယ် ကို​လည်း​ကောင်း၊ ကွင်း​ချင်း​ဆိုင်​မိ​အောင်​တပ် ကြ​၏။-
EXO 36:13 သူ​တို့​သည်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​လုပ်​၍၊ ထို ချိတ်​များ​ဖြင့် ကန့်​လန့်​ကာ​နှစ်​စပ်​ကို​ပူး​တွဲ ၍၊ တစ်​ခု​တည်း​ဖြစ်​စေ​ကြ​၏။
EXO 36:14 ထို​နောက်​သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို​ချုပ်​ကြ​၏။-
EXO 36:15 တစ်​ဆယ့်​တစ်​ထည်​စ​လုံး​အ​လျား​အ​နံ​တူ ဖြစ်​၍၊ တစ်​ထည်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ကိုက်​နှင့်​အ​နံ​နှစ်​ကိုက်​ရှိ​၏။-
EXO 36:16 သူ​တို့​သည်​အ​မိုး​ငါး​ထည်​ကို​တစ်​စပ်​ချုပ် ၏။ အ​ခြား​ခြောက်​ထည်​ကို​နောက်​တစ်​စပ် ချုပ်​ကြ​၏။-
EXO 36:17 ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​အ​နား တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား တစ်​စပ်​၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို လည်း​ကောင်း​တပ်​ကြ​၏။-
EXO 36:18 သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ကြေး​နီ ချိတ်​ငါး​ဆယ်​ကို​ပြု​လုပ်​၍​အ​စပ်​နှစ်​စပ် ကို​ဆက်​သ​ဖြင့်၊ အ​မိုး​တစ်​ခု​တည်း​ဖြစ် လာ​၏။-
EXO 36:19 ထပ်​မံ​၍​အ​မိုး​နှစ်​ထပ်​ကို​ပြု​လုပ်​ကြ​၏။ တစ်​ထည်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး သား​ရေ​ဖြင့်​လည်း​ကောင်း၊ ထို​အ​ပေါ်​တွင် ဖြန့်​အုပ်​ရန်​အ​ထပ်​ကို​သား​ရေ​ချော​ဖြင့် လည်း​ကောင်း၊ ပြု​လုပ်​ကြ​၏။
EXO 36:20 သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။-
EXO 36:21 ဘောင်​ခွေ​တစ်​ချပ်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ပေ​နှင့်​အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​၍၊-
EXO 36:22 ဘောင်​ခွေ​များ​ကို​စ​ရွေး​ဖြင့်​ဆက်​စပ်​ထား​၏။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင်​စ ရွေး​ဖော်​ထား​လေ​၏။-
EXO 36:23 တဲ​တော်​တောင်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ် ဆယ်​ကို​လုပ်​၍၊-
EXO 36:24 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ခြေ​ထောက် နှစ်​ခု​ကို​စွပ်​ရန်၊ အောက်​ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ် ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး​ဆယ်​တပ်​ဆင်​၏။-
EXO 36:25 ထို​နည်း​တူ​တဲ​တော်​မြောက်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ်​ဆယ်​ကို​လုပ်​၍၊-
EXO 36:26 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်၊ ငွေ​အောက်​ခံ ခြေ​စွပ်​ခုံ​နှစ်​ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး ဆယ်​တပ်​ဆင်​၏။
EXO 36:27 အ​နောက်​မျက်​နှာ​ရှိ​တဲ​တော်​၏​ကျော​ဘက်​ကို ကာ​ရန်၊ ဘောင်​ခွေ​ခြောက်​ခု​ကို​လည်း​ကောင်း၊-
EXO 36:28 အ​နောက်​ဘက်​ထောင့်​တစ်​ဘက်​တစ်​ချက်​၌​ကာ ရန်၊ ဘောင်​ခွေ​နှစ်​ခု​ကို​လည်း​ကောင်း​လုပ်​ကြ​၏။-
EXO 36:29 ထို​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​၌​လည်း ကောင်း၊ အ​ထက်​၌​လည်း​ကောင်း၊ ကွင်း​များ​ဖြင့် ထိန်း​ချုပ်​ထား​၏။ ထောင့်​နှစ်​ထောင့်​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း​အ​တိုင်း​ပြု​လုပ် ကြ​၏။-
EXO 36:30 သို့​ဖြစ်​၍​ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​အောက် ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ်​ခု​ရှိ​သ​ဖြင့်၊ ဘောင်​ခွေ​ရှစ်​ခု နှင့်​ငွေ​အောက်​ခံ​ခြေ​စွပ်​ခုံ​တစ်​ဆယ့်​ခြောက်​ခု ရှိ​လေ​သည်။
EXO 36:31 သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ အ​တွက် ကန့်​လန့်​ကျင်​များ​ကို​အ​ကာ​ရှ​သစ် သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တဲ​တော်​တောင်​ဘက် အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း၊-
EXO 36:32 မြောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း နှင့် အ​နောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး ချောင်း​ကို​ပြု​လုပ်​ကြ​၏။-
EXO 36:33 အ​လယ်​ကန့်​လန့်​ကျင်​ကို တဲ​တော်​အ​စွန်း တစ်​ဘက်​တစ်​ချက်​တို့​တွင်​အ​ဆုံး​သတ် စေ​၏။-
EXO 36:34 ဘောင်​ခွေ​တို့​ကို​ရွှေ​ချ​၍၊ ကန့်​လန့်​ကျင်​များ ကို​ထိန်း​ရန် ရွှေ​ကွင်း​များ​တပ်​ဆင်​ထား​သည်။ ကန့်​လန့်​ကျင်​များ​ကို​လည်း​ရွှေ​ချ​ထား​၏။
EXO 36:35 သူ​တို့​သည်​ကန့်​လန့်​ကာ​ကို​အ​ပြာ​ရောင်၊ ခ​ရမ်း ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက် လုပ်​၍၊ ခေ​ရု​ဗိမ်​ရုပ်​များ​ကို​ပန်း​ပေါက်​ဖော် ထား​ကြ​သည်။-
EXO 36:36 ကန့်​လန့်​ကာ​ကို​ထိန်း​ထား​ရန်၊ ရွှေ​ချိတ်​များ တပ်​ဆင်​ထား​သော တိုင်​လေး​တိုင်​ကို၊ အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တိုင်​များ​ကို​ရွှေ ချ​၍၊ တိုင်​များ​ကို​စိုက်​ထူ​ရန်၊ အောက်​ခံ​ငွေ ခြေ​စွပ်​ခုံ​လေး​ခု​ကို​ပြု​လုပ်​ကြ​၏။-
EXO 36:37 တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​ကို အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက်​လုပ်​၍၊ ပန်း​ပေါက်​ဖော် ထား​သည်။-
EXO 36:38 ကန့်​လန့်​ကာ​အ​တွက်၊ တိုင်​ငါး​တိုင်​ကို​လုပ်​၍၊ ကွင်း​များ​တပ်​လျက်၊ တိုင်​ထိပ်​နှင့်​တိုင်​ခါး​ပန်း တို့​ကို​ရွှေ​ချ​ထား​၏။ တိုင်​အောက်​ခံ​ခြေ​စွပ်​ခုံ ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
EXO 37:1 ဗေ​ဇ​လေ​လ​သည်​အ​လျား​လေး​ဆယ့်​ငါး လက်​မ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ၊ အ​မြင့် နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​သော​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို၊ အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-
EXO 37:2 သေတ္တာ​တော်​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍၊ သေတ္တာ​တော်​အ​နား​ပတ်​လည်​ကို​ရွှေ​ကွပ် ထား​၏။-
EXO 37:3 သေတ္တာ​တော်​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး ကွင်း​ကို​လုပ်​၍၊ အောက်​ခြေ​လေး​ထောင့်​တွင်၊ နှစ်​ကွင်း​စီ​တပ်​ဆင်​၏။-
EXO 37:4 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။-
EXO 37:5 သေတ္တာ​တော်​ကို​ထမ်း​ရန်​ထမ်း​ပိုး​များ​ကို သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​သွင်း ထား​လေ​သည်။-
EXO 37:6 အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အနံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​ဖုံး​ကို​ရွှေ​ဖြင့် လုပ်​၏။-
EXO 37:7 သေတ္တာ​အ​ဖုံး​အ​စွန်း​တစ်​ဘက်​စီ​ပေါ်​တွင်၊ ရွှေ စင်​ဖြင့်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ရုပ်​ကို​ထု​လုပ်​၏။ ခေ ရု​ဗိမ်​ရုပ်​များ​ကို​လည်း​သေတ္တာ​တော်​အ​ဖုံး နှင့်​တစ်​သား​တည်း​ရှိ​အောင်​ပြု​လုပ်​၏။-
EXO 37:9 ခေ​ရု​ဗိမ်​များ​သည်​မျက်​နှာ​ချင်း​ဆိုင်​လျက် သူ​တို့​၏​အ​တောင်​ပံ​များ​ကို​ဖြန့်​၍​သေတ္တာ တော်​အ​ဖုံး​ကို​အုပ်​ထား​၏။
EXO 37:10 သူ​သည်​အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက် မ​ရှိ​သော​စား​ပွဲ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-
EXO 37:11 စား​ပွဲ​ကို​ရွှေ​ချ​၍၊ အ​နား​ပတ်​လည်​တွင် ရွှေ ပြော့​ကြောင်း​ထိုး​ထား​၏။-
EXO 37:12 စား​ပွဲ​ပတ်​လည်​တွင်၊ လေး​လက်​မ​ဗြက်​ရှိ သော​ဘောင်​ကို​လုပ်​၍၊ အ​နား​ကို​ရွှေ​ကွပ် ထား​၏။-
EXO 37:13 စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ် ယူ​ရန်၊ ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​၏။-
EXO 37:14 ထို​ကွင်း​များ​ကို​ဘောင်​အ​နီး​တွင်​ကပ်​၍ တပ် ထား​၏။-
EXO 37:15 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​၏။-
EXO 37:16 စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား၊ စ​ပျစ်​ရည်​ဆက်​သ​ရန်​ဖ​လား​တို့​ကို​ရွှေ ဖြင့်​ပြု​လုပ်​၏။
EXO 37:17 သူ​သည်​ဆီ​မီး​တိုင်​ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ​မီး တိုင်​အောက်​ခံ​ခုံ​နှင့်​တိုင်​ကို၊ ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော​အ​လှ ပန်း​များ​ကို၊ ဆီ​မီး​တိုင်​နှင့်​တစ်​သား​တည်း​ပြု လုပ်​သည်။-
EXO 37:18 ဆီ​မီး​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​ကိုင်း​သုံး ခက်​စီ​ဖြင့်၊ အ​ကိုင်း​ခြောက်​လက်​ဖြာ​ထွက်​၏။-
EXO 37:19 အ​ကိုင်း​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့် ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​နှင့်​တူ သည့်​အ​လှ​ပန်း​ပွင့်​သုံး​ပွင့်​ရှိ​လေ​သည်။-
EXO 37:20 ဆီ​မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ ပါ​သော ဗာ​ဒံ​ပွင့်​နှင့်​တူ​သည့်​အ​လှ​ပန်း​ပွင့်​လေး​ပွင့် ရှိ​လေ​သည်။-
EXO 37:21 အ​ကိုင်း​သုံး​စုံ​တွင်၊ တစ်​စုံ​စီ​အောက်​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​သည်။-
EXO 37:22 ပွင့်​ဖူး၊ အ​ကိုင်း​နှင့်​ဆီ​မီး​တိုင်​တို့​သည်​တစ် သား​တည်း​ဖြစ်​၍၊ ရွှေ​ဖြင့်​ထု​လုပ်​၏။-
EXO 37:23 သူ​သည်​ဆီ​မီး​တိုင်​အ​တွက်​ဆီ​မီး​ခွက် ခု​နစ်​လုံး၊ မီး​ညှပ်​နှင့်​မီး​ညှပ်​ခံ​ခွက်​များ ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။-
EXO 37:24 သူ​သည်​ဆီ​မီး​တိုင်​နှင့်​ဆီ​မီး​တိုင်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို၊ ရွှေ​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ဖြင့်​ပြု​လုပ်​လေ​၏။
EXO 37:25 သူ​သည်​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​၏။ ထို​ပလ္လင် သည်​အ​လျား​တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​သုံး​ဆယ့်​ခြောက် လက်​မ​ရှိ​၏။ ဦး​ချို​ပုံ​သဏ္ဌာန်​ထောင့်​ချွန် အ​တက်​များ​သည်​ပလ္လင်​နှင့်​တစ်​သား​တည်း ရှိ​၏။-
EXO 37:26 ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်​လေး ဘက်​နှင့်​ထောင့်​ချွန်​အ​တက်​တို့​ကို​ရွှေ​ချ​၍၊ အ​ပေါ်​နား​ပတ်​လည်​တွင်​ရွှေ​ပြော့​ကြောင်း ထိုး​ထား​၏။-
EXO 37:27 ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​ထောင့်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​စုံ​ကို​တပ် ထား​သည်။-
EXO 37:28 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။
EXO 37:29 သူ​သည်​သန့်​ရှင်း​သော​ဘိ​သိက်​ဆီ​နှင့်​မွေး​ကြိုင်​၍ စင်​ကြယ်​သော​မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို​ဖော်​စပ် လေ​၏။
EXO 38:1 သူ​သည်​ယဇ်​ပလ္လင်​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ဆောက်​လုပ်​၏။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ် ပေ​ခွဲ၊ အ​နံ​ခု​နစ်​ပေ​ခွဲ၊ အ​မြင့်​လေး​ပေ​ခွဲ ရှိ​၏။-
EXO 38:2 ထောင့်​လေး​ထောင့်​ရှိ​ဦး​ချို​သဏ္ဌာန်​အ​တက်​များ သည် ပလ္လင်​နှင့်​တစ်​သား​တည်း​ရှိ​၏။ ပလ္လင်​တစ်​ခု လုံး​ကို​ကြေး​ဝါ​ပြား​ကပ်​ထား​၏။-
EXO 38:3 ပလ္လင်​နှင့်​ဆိုင်​သည့်​ပစ္စည်း​များ​ဖြစ်​သော​ပြာ​နှင့် အ​ဆီ​ခံ​အိုး၊ ဂေါ်ပြား၊ အင်​တုံ၊ ချိတ်၊ မီး​ကျီး​ခံ အိုး​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။-
EXO 38:4 ကြေး​ဝါ​ဆန်​ခါ​ကို၊ ပလ္လင်​အ​နား​အောက် အ​မြင့်​ထက်​ဝက်​နေ​ရာ​တွင်​တပ်​ဆင်​ထား​၏။-
EXO 38:5 ကြေး​ဝါ​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ထမ်း ပိုး​လျှို​ရန် ကွင်း​ကို​ပြု​လုပ်​၏။-
EXO 38:6 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် လုပ်​၍၊ ကြေး​ဝါ​ပြား​ကပ်​ထား​၏။-
EXO 38:7 ထမ်း​ပိုး​များ​ကို​ပလ္လင်​နံ​ဘေး​နှစ်​ဘက်​ရှိ ကွင်း​များ​တွင်​လျှို​ထား​၏။ ပလ္လင်​ကို​ဟင်း လင်း​ဖြစ်​စေ​ရန်၊ ပျဉ်​ဖြင့်​စပ်​လုပ်​၏။
EXO 38:8 သူ​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​တွင် တာ​ဝန်​ကျ​သော​အ​မျိုး သ​မီး​တို့​၏​ကြေး​မုံ​များ​ဖြင့်၊ ကြေး​ဝါ အင်​တုံ​နှင့်​အောက်​ခံ​ကို​ပြု​လုပ်​၏။
EXO 38:9 သူ​သည်​တဲ​တော်​ကို​ကာ​ရန်​ကန့်​လန့်​ကာ​များ ကို ပိတ်​ချော​ဖြင့်​ပြု​လုပ်​၏။ တောင်​ဘက်​၌​ကာ​ရန် ကန့်​လန့်​ကာ​သည်၊ အ​လျား​ကိုက်​ငါး​ဆယ်​ရှိ​၏။-
EXO 38:10 ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်​တိုင်​နှစ်​ဆယ်​နှင့် တိုင်​ဖိ​နပ်​နှစ်​ဆယ်​တိုင်​ကို​ကြေး​ဝါ​ဖြင့်​လည်း ကောင်း၊ ချိတ်​များ​နှင့်​တန်း​များ​ကို​ငွေ​ဖြင့် လည်း​ကောင်း​ပြု​လုပ်​၏။-
EXO 38:11 မြောက်​ဘက်​ကန့်​လန့်​ကာ​သည်​လည်း၊ တောင် ဘက်​ကန့်​လန့်​ကာ​အ​တိုင်း​ပင်​ဖြစ်​၏။-
EXO 38:12 အ​နောက်​ဘက်​၌​ကာ​ရန်​ကန့်​လန့်​ကာ​သည်၊ အ​လျား​နှစ်​ဆယ့်​ငါး​ကိုက်​ရှိ​၍၊ တိုင်​ဆယ်​တိုင်၊ တိုင်​ဖိ​နပ်​ဆယ်​ခု၊ ချိတ်၊ တန်း​များ​ကို​ငွေ​ဖြင့် ပြု​လုပ်​၏။-
EXO 38:13 တံ​ခါး​ဝ​ရှိ​ရာ​တဲ​တော်​အ​ရှေ့​ဘက်​ဝင်း​သည် လည်း နှစ်​ဆယ့်​ငါး​ကိုက်​ကျယ်​၏။-
EXO 38:14 တဲ​တော်​တံ​ခါး​ဝ​တစ်​ဘက်​တစ်​ချက်​တွင်၊ အ​နံ​ခု​နစ်​ကိုက်​ခွဲ​ရှိ​သော​ကန့်​လန့်​ကာ​နှင့် တိုင်​သုံး​တိုင်၊ တိုင်​ဖိ​နပ်​သုံး​ခု​စီ​ရှိ​၏။-
EXO 38:16 တဲ​တော်​ဝင်း​တစ်​လျှောက်​ရှိ​ကန့်​လန့်​ကာ အား​လုံး​ကို​ပိတ်​ချော​ဖြင့်​ပြု​လုပ်​သည်။-
EXO 38:17 တိုင်​ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၍၊ တိုင် ချိတ်​များ၊ တိုင်​တန်း​များ​နှင့်​တိုင်​ထိပ်​အုပ်​များ ကို​ငွေ​ဖြင့်​ပြု​လုပ်​သည်။ တိုင်​အား​လုံး​ကို​ငွေ တန်း​များ​ဖြင့်​ဆက်​ထား​၏။-
EXO 38:18 တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​ကို အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက်​လုပ်​၍​ပန်း​ထိုး​ထား​၏။ တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​ကဲ့​သို့​တံ​ခါး ဝ​ကန့်​လန့်​ကာ​သည်​အ​လျား​တစ်​ဆယ်​ကိုက် နှင့်​အ​မြင့်​နှစ်​ကိုက်​ခွဲ​ရှိ​၏။-
EXO 38:19 ထို​ကန့်​လန့်​ကာ​ကို​ကြေး​ဝါ​ဖိ​နပ်​လေး​ခု​စွပ် ထား​သော​တိုင်​လေး​တိုင်​တို့​တွင်​ချိတ်​ဆွဲ​ထား ၏။ ချိတ်​များ၊ ထိပ်​အုပ်​များ​နှင့်​တန်း​များ​ကို ငွေ​ဖြင့်​ပြု​လုပ်​၏။-
EXO 38:20 တဲ​တော်​နှင့်​ဝင်း​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
EXO 38:21 ပ​ညတ်​တော်​ဆယ်​ပါး​ရေး​ထိုး​ထား​သော ကျောက်​ပြား​ထား​ရှိ​ရာ​တဲ​တော်​အ​တွက် အ​သုံး​ပြု​သော​သတ္တု​စာ​ရင်း​ကို​ဖော်​ပြ ပေ​အံ့။ ထို​စာ​ရင်း​မှာ​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ဦး​စီး​သော လေ​ဝိ​အ​မျိုး သား​တို့​က​မော​ရှေ​၏​အ​မိန့်​အ​ရ​ပြု​စု သော​စာ​ရင်း​ဖြစ်​၏။
EXO 38:22 ယု​ဒ​အ​နွယ်​ဟု​ရ​၏​မိ​သား​စု​မှ​ဥ​ရိ​၏​သား ဗေ​ဇ​လေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​မှာ​တော်​မူ​သ​မျှ​တို့​ကို​တာ​ဝန်​ယူ ဆောင်​ရွက်​လေ​၏။-
EXO 38:23 သူ​၏​အ​ကူ​အ​ညီ​ဖြစ်​သူ​ဒန်​၏​အ​နွယ်​ထဲ​မှ အ​ဟိ​သ​မက်​၏​သား​အ​ဟော​လျ​ဘ​သည် ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​အ​တတ်​ကို​တတ် ကျွမ်း​သူ၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​တို့​ကို​ရက်​တတ်​သူ​ဖြစ်​၏။
EXO 38:24 တဲ​တော်​အ​တွက်​လူ​တို့​လှူ​ဒါန်း​သော​ရွှေ​ချိန် စု​စု​ပေါင်း​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ နှစ်​ထောင့်​တစ်​ရာ​ကိုး​ဆယ့်​ငါး​ပေါင်​ရှိ​၏။-
EXO 38:25 သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​စဉ်​အ​ခါ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော ငွေ​ချိန်​မှာ​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ခု​နစ်​ထောင့်​ငါး​ရာ​ငါး​ဆယ်​ပေါင်​ရှိ​၏။-
EXO 38:26 ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-
EXO 38:27 အောက်​ခံ​တစ်​ခု​လျှင်​ငွေ​ချိန်​ခု​နစ်​ဆယ့်​ငါး ပေါင်​ကျ​ဖြင့် တဲ​တော်​နှင့်​ကန့်​လန့်​ကာ​အောက် ခံ​တစ်​ရာ​အ​တွက်​ငွေ​ချိန်​ခု​နစ်​ထောင့်​ငါး ရာ​ပေါင်​ကို​အ​သုံး​ပြု​သည်။-
EXO 38:28 ချိတ်​များ၊ ထိပ်​အုပ်​များ၊ တန်း​များ​အ​တွက် ကျန်​သေး​သော​ငွေ​ချိန်​ပေါင်​ငါး​ဆယ်​ကို သုံး​၏။-
EXO 38:29 လူ​တို့​လှူ​ဒါန်း​သော​ကြေး​ဝါ​ချိန်​စု​စု​ပေါင်း မှာ ငါး​ထောင်​သုံး​ရာ့​တစ်​ဆယ်​ပေါင်​ဖြစ်​၏။-
EXO 38:30 ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​အ​တွက် အောက်​ခံ​များ၊ ကြေး​ဝါ​ပလ္လင်၊ ကြေး ဝါ​ဆန်​ခါ၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး၊-
EXO 38:31 တဲ​တော်​ဝင်း​နှင့်​တံ​ခါး​ဝ​အ​တွက်​အောက်​ခံ များ၊ တဲ​တော်​နှင့်​တဲ​တော်​ဝင်း​အ​ကာ​အ​ရံ အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​တို့​ကို​ထို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
EXO 39:1 သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရ​မည့် ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ခန့် ညား​ထည်​ဝါ​သော​အ​ဝတ်​တန်​ဆာ​များ​ကို သူ​တို့​သည် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​ဖြင့်​ချုပ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ရုန်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​တို့​၏ အဝတ်​တန်​ဆာ​များ​ကို​ချုပ်​ကြ​၏။
EXO 39:2 ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ပိတ်​ချော၊ အ​ပြာ ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​နှင့်​ရွှေ ချည်​တို့​ဖြင့်​ရက်​လုပ်​၏။-
EXO 39:3 အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​တွင်​အ​ပြား​ခတ်​ထား​သော​ရွှေ မှ​လှီး​သော​ရွှေ​ကြိုး​များ​ဖြင့်​ရက်​လုပ်​ထား​၏။-
EXO 39:4 သင်​တိုင်း​ကို​ချည်​ထား​ရန်​ပခုံး​သိုင်း​ကြိုး​နှစ် ချောင်း​ကို​တပ်​ထား​၏။-
EXO 39:5 ထာ​ဝရ​ဘုရား​က​မောရှေ​အား​မိန့်​တော်​မူ​သည့် အ​တိုင်း၊ ကျွမ်း​ကျင်​စွာ​ရက်​လုပ်​သော​ခါး​ပန်း ကို၊ အ​လား​တူ​ပစ္စည်း​နှင့်​ရက်​လုပ်​၍ သင်​တိုင်း နှင့်​တစ်​သား​တည်း​ဖြစ်​စေ​ကြ​၏။-
EXO 39:6 သူ​တို့​သည်​မ​ဟူ​ရာ​ကျောက်​များ​ကို​သွေး​၍ ရွှေ​ပန်း​ထည်​၌​ထည့်​ပြီး​လျှင်၊ ယာ​ကုပ်​၏ သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏​နာ​မည်​များ ကို​ကျောက်​များ​ပေါ်​တွင်​ထွင်း​ထား​လေ​သည်။-
EXO 39:7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ့် နှစ်​မျိုး​တို့​ကို​ကိုယ်​စား​ပြု​ရန်၊ ထို​ကျောက် များ​ကို​ပ​ခုံး​သိုင်း​ကြိုး​များ​ပေါ်​တွင်​တပ် ဆင်​ထား​ကြ​၏။
EXO 39:8 သူ​တို့​သည်​ရင်​ဖုံး​ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း များ​နှင့်​ချုပ်​၍ အ​လား​တူ​ပန်း​ထိုး​ထား​ကြ သည်။-
EXO 39:9 ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား၊ အနံ မှာ​ကိုး​လက်​မ​စီ​ရှိ​သည်။-
EXO 39:10 သူ​တို့​သည်​ထို​ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက် လေး​တန်း​တပ်​ဆင်​ထား​၏။ ပ​ထ​မ​အ​တန်း တွင်​ပတ္တမြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-
EXO 39:11 ဒု​တိ​ယ​အ​တန်း​တွင်​မြ၊ နီ​လာ၊ စိန်၊
EXO 39:12 တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊
EXO 39:13 စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-
EXO 39:14 ကျောက်​မျက်​တစ်​လုံး​ပေါ်​တွင်​နာ​မည်​တစ်​ခု ကျ​စီ​ဖြင့်၊ ကျောက်​မျက်​တစ်​ဆယ့်​နှစ်​လုံး​ပေါ် တွင်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ကို​ကိုယ်​စား ပြု​ရန်၊ ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက် တို့​၏​နာ​မည်​များ​ကို​ထွင်း​ထား​လေ​သည်။-
EXO 39:15 သူ​တို့​သည်​ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ် များ​ကို​ပြု​လုပ်​၏။-
EXO 39:16 ရွှေ​ပန်း​ထည်​နှစ်​ခု​နှင့်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို လုပ်​၍၊ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ရင်​ဖုံး​အ​ထက် ထောင့်​များ​တွင်​တပ်​ဆင်​ကြ​၏။-
EXO 39:17 ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ရင်​ဖုံး​ထောင့်​ရှိ​ကွင်း ၌​တပ်​၍၊-
EXO 39:18 အ​ခြား​အ​ဖျား​နှစ်​ခု​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု တွင်​ချည်​နှောင်​ထား​၏။ ဤ​နည်း​အား​ဖြင့်​ရွှေ ကြိုး​လိမ်​များ​သည်၊ သင်​တိုင်း​၏​ပ​ခုံး​သိုင်း ကြိုး​များ​အ​ရှေ့​ပိုင်း​တွင်​တပ်​ထား​လျက် ရှိ​လေ​၏။-
EXO 39:19 သူ​တို့​သည်​နောက်​ထပ်​ရွှေ​ကွင်း​ကို​ပြု​လုပ်​၍၊ သင်​တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက် ထောင့်​အ​တွင်း​နား​တွင်​တပ်​ထား​၏။-
EXO 39:20 သူ​တို့​သည်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု လုပ်​၍၊ လှ​ပ​စွာ​ရက်​ထား​သော​ရင်​စည်း အ​ထက်၊ သင်​တိုင်း​၏​ပ​ခုံး​ကြိုး​နှစ်​ခု​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ထား​၏။-
EXO 39:21 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော် မူ​သည့်​အ​တိုင်း၊ ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင် တိုင်း​မှ​ကွင်း​များ​နှင့်​ကြိုး​ပြာ​ဖြင့်​ချည် ထား​သ​ဖြင့်၊ ရင်​ဖုံး​သည်​လျှော​မ​ကျ​ဘဲ ရင်​စည်း​ထက်​တွင်​တည်​မြဲ​နေ​၏။
EXO 39:22 သူ​တို့​သည်​သင်​တိုင်း​အ​ပေါ်​တွင်​ဝတ်​ရ​သော ဝတ်​ရုံ​တစ်​ခု​လုံး​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ရက် လုပ်​ကြ​၏။-
EXO 39:23 ထို​ဝတ်​ရုံ​၏​လည်​စွပ်​ကို​မ​စုတ်​မ​ပြဲ​စေ​ရန် ရက်​ထည်​ဖြင့်​အ​နား​ကွပ်​ထား​သည်။-
EXO 39:24 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း ဝတ်​ရုံ​၏​အောက်​နား​ပတ်​လည် တွင်​ပိတ်​ချော၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ ဆည်း​လည်း​များ​ကို​တစ်​လုံး​ကျော်​စီ​တပ် ဆင်​ထား​သည်။
EXO 39:27 သူ​တို့​သည်​အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​တွက် အ​တွင်း​ခံ​အင်္ကျီ၊-
EXO 39:28 ခေါင်း​ပေါင်း၊ ဦး​ထုပ်၊ ပိတ်​ချော​ဘောင်း​ဘီ၊
EXO 39:29 အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး ဖြင့်​ပန်း​ထိုး​ထား​သော ပိတ်​ချော​ခါး​ပန်း​စ သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သည့်​အ​တိုင်း​ချုပ်​လုပ်​ကြ​၏။-
EXO 39:30 သူ​တို့​သည် ``ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ် ထား​သည်'' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ထွင်း ထား​သည်​ရွှေ​န​ဖူး​စည်း​ကို​ပြု​လုပ်​ကြ​၏။-
EXO 39:31 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ထို​န​ဖူး​စည်း​ကို​ခေါင်း​ပေါင်း အ​ပေါ်​တွင်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ကြ​၏။
EXO 39:32 နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​ဆိုင်​ရာ​လုပ်​ငန်း​အား​လုံး​ပြီး​စီး လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဆောင်​ရွက်​ကြ​၏။-
EXO 39:33 သူ​တို့​သည်​တဲ​တော်​မှ​စ​၍​တဲ​တော်​နှင့်​ဆိုင် သော​ပစ္စည်း​အား​လုံး၊ ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ များ​ကို​လည်း​ကောင်း၊-
EXO 39:34 အ​နီ​ရောင်​ဆိုး​သိုး​ထီး​သား​ရေ​အ​မိုး၊ သား​ရေ​ချော​အ​မိုး​ကာ​ရန်​ကန့်​လန့်​ကာ၊-
EXO 39:35 ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ် သေတ္တာ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏ ထမ်း​ပိုး​နှင့်​အ​ဖုံး​တို့​ကို​လည်း​ကောင်း၊-
EXO 39:36 စား​ပွဲ​မှ​စ​၍​စား​ပွဲ​ဆိုင်​ရာ​ပစ္စည်း​အား​လုံး နှင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရန်​မုန့်​ကို လည်း​ကောင်း၊-
EXO 39:37 ရွှေ​ဆီ​မီး​တိုင်​မှ​စ​၍​မီး​ခွက်​များ၊ ဆီ​မီး​တိုင် နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​နှင့်​မီး​ခွက်​များ အ​တွက်​ဆီ​ကို​လည်း​ကောင်း၊-
EXO 39:38 ရွှေ​ယဇ်​ပလ္လင်၊ ဘိ​သိက်​ဆီ၊ နံ့​သာ​ပေါင်း​နှင့် တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ ကို​လည်း​ကောင်း၊-
EXO 39:39 ကြေး​ဝါ​ယဇ်​ပလ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင်​ထမ်း ပိုး၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​တို့​ကို လည်း​ကောင်း၊ ရွှေ​အင်​တုံ​နှင့်​အောက်​ခုံ​ကို​လည်း ကောင်း၊-
EXO 39:40 တဲ​တော်​ဝင်း​အ​တွက်​ကန့်​လန့်​ကာ​များ၊ တိုင် များ​နှင့်​အောက်​ခြေ​ခံ​များ၊ တဲ​တော်​ဝင်း တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​နှင့်​ကြိုး​များ၊ တဲ​တော်​ကြက်​ဆူး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​တွင်း​ဆောင်​ရွက်​ခြင်း​ဆိုင်​ရာ​ပစ္စည်း​ရှိ သ​မျှ​ကို​လည်း​ကောင်း၊-
EXO 39:41 သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရာ​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ထည် ဝါ​သော​အ​ဝတ်​တန်​ဆာ​များ၊ အာ​ရုန်​နှင့် သား​များ​ဝတ်​ဆင်​ရန်​သန့်​ရှင်း​သော​အ​ဝတ် တန်​ဆာ​များ​ကို​လည်း​ကောင်း၊ မော​ရှေ​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။-
EXO 39:42 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝရ ဘု​ရား​က မော​ရှေ​အား​မိန့်​တော်​မူ​သ​မျှ တို့​ကို​လုပ်​ဆောင်​ပြီး​စီး​ကြ​၏။-
EXO 39:43 မော​ရှေ​သည်​သူ​တို့​လုပ်​ပြီး​သ​မျှ​ကို​စစ် ဆေး​၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လုပ်​ဆောင်​ကြ​ကြောင်း​တွေ့​မြင်​ရ​၏။ ထို့​ကြောင့်​မော​ရှေ​သည်​သူ​တို့​အား​ကောင်း​ချီး ပေး​လေ​၏။
EXO 40:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
EXO 40:2 ``ပ​ထ​မ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​စိုက်​ထူ​လော့။-
EXO 40:3 တဲ​တော်​တွင်​ပ​ညတ်​တော်​ဆယ်​ပါး​ပါ​ရှိ သော​သေတ္တာ​တော်​ကို​သွင်း​ထား​၍၊ သေတ္တာ အ​ရှေ့​တွင်​ကန့်​လန့်​ကာ​ကို၊ ကာ​ထား​လော့။-
EXO 40:4 တဲ​တော်​ထဲ​သို့​စား​ပွဲ​တော်​ကို​သွင်း​၍၊ ဆိုင် ရာ​ပစ္စည်း​များ​ကို စား​ပွဲ​ပေါ်​တွင်​တင်​ထား လော့။ ဆီ​မီး​တိုင်​ကို​လည်း​သွင်း​၍ မီး​ခွက် များ​ကို​တင်​ထွန်း​ရ​မည်။-
EXO 40:5 နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ရွှေ​ပလ္လင်​ကို၊ ပ​ညတ် တော်​ဆယ်​ပါး​ပါ​ရှိ​သော ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့ တွင်​ထား​၍၊ တဲ​တော်​တံ​ခါး​ဝ​တွင်​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လော့။-
EXO 40:6 ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​ရှေ့​တွင်​ထား လော့။-
EXO 40:7 အင်​တုံ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​နှင့် ယဇ်​ပလ္လင်​စပ်​ကြား​တွင်​ထား​၍၊ အင်​တုံ ၌​ရေ​ဖြည့်​လော့။-
EXO 40:8 တဲ​တော်​ပတ်​လည်​တွင်​ဝင်း​ကာ​၍၊ ဝင်း တံ​ခါး​ဝ​၌ ကန့်​လန့်​ကာ​ကို​တပ်​ဆင်​လော့။
EXO 40:9 ``တဲ​တော်​နှင့်​တဲ​တော်​အ​တွင်း​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို ဘိ​သိက်​ဆီ​သွန်း​လောင်း ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​လော့။-
EXO 40:10 ထို​နောက်​ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​နှင့်​ဆိုင် ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ဘိ​သိက် ဆီ​သွန်း​လောင်း​၍၊ အ​လွန်​သန့်​ရှင်း​စေ​လော့။-
EXO 40:11 ထို​နည်း​အ​တိုင်း​အင်​တုံ​နှင့်​အောက်​ခံ​ခုံ​များ ကို​ဆက်​ကပ်​လော့။
EXO 40:12 ``အာ​ရုန်​နှင့်​သား​များ​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင် ၍၊ ရေ​ဖြင့်​ဆေး​ကြော​သန့်​စင်​စေ​လော့။-
EXO 40:13 အာ​ရုန်​အား​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​စေ​၍၊ ဘိ​သိက်​ဆီ​လောင်း လျက်​သူ့​အား​ဆက်​ကပ်​၍၊ ငါ့​အ​တွက်​ယဇ် ပု​ရော​ဟိတ်​အ​ဖြစ်​ဆောင်​ရွက်​စေ​လော့။-
EXO 40:14 သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။-
EXO 40:15 ထို​နောက်​သူ​တို့​အား​ယဇ်​ပု​ရော​ဟိတ်​အ​မှု ကို​ဆောင်​ရွက်​စေ​ရန် သူ​တို့​၏​အ​ဖ​အား​ဘိ သိက်​ပေး​သ​ကဲ့​သို့၊ သူ​တို့​အား​ဘိ​သိက်​ဆီ လောင်း​၍​ဆက်​ကပ်​လော့။ သူ​တို့​အား​ဤ​ကဲ့ သို့​ဘိ​သိက်​ဆီ​လောင်း​ခြင်း​အား​ဖြင့်၊ သူ​တို့ ၏​သား​စဉ်​မြေး​ဆက်​တို့​သည် ယဇ်​ပု​ရော ဟိတ်​အ​ရာ​ကို​အ​မြဲ​ဆက်​ခံ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EXO 40:16 မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-
EXO 40:17 သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် ဒု​တိ​ယ​နှစ်​ပ​ထ​မ​လ၊ ပ​ထ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို​စိုက်​ထူ​ကြ​၏။-
EXO 40:18 မော​ရှေ​သည်​တဲ​တော်​၏​အောက်​ခံ​ခုံ​များ​ကို နေ​ရာ​ချ​ထား​၏။ ထို​နောက်​ဘောင်​ခွေ​များ​ကို ထောင်​၍ ကန့်​လန့်​ကျင်​များ​ကို​လျှို​လျက်​တိုင် များ​ကို​ထူ​၏။-
EXO 40:19 ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​မိန့်​တော်​မူ​သည့် အ​တိုင်း​တဲ​တော်​အ​မိုး​ကို​ဖြန့်​မိုး​လျက် ထို အ​မိုး​အ​ထက်​အ​ပေါ်​ထပ်​အ​မိုး​ကို​မိုး ပြန်​၏။-
EXO 40:20 ထို​နောက်​သူ​သည်​ကျောက်​ပြား​ကို​သေတ္တာ တော်​ထဲ​၌​ထည့်​ထား​၏။ သေတ္တာ​တော်​ကွင်း များ​တွင်​ထမ်း​ပိုး​များ​ကို​လျှို​၍၊ သေတ္တာ တော်​အ​ဖုံး​ကို​တင်​၏။-
EXO 40:21 ထို​နောက်​သူ​သည်​သေတ္တာ​တော်​ကို​တဲ​တော် အ​တွင်း​၌​သွင်း​၍ ကန့်​လန့်​ကာ​ကို​ကာ​သ ဖြင့်၊ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သေတ္တာ​ကို​ကာ​ထား​လေ​၏။-
EXO 40:22 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​စား​ပွဲ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​အ​တွင်း မြောက်​ဘက်၊ ကန့်​လန့် ကာ​အ​ပြင်​ဘက်​တွင်​နေ​ရာ​ချ​ထား​၍၊-
EXO 40:23 ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ဆက်​သ​ရန် မုန့်​ကို​စား​ပွဲ​ပေါ်​၌​တင်​ထား​၏။-
EXO 40:24 သူ​သည်​ဆီ​မီး​တိုင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​အ​တွင်း၊ တောင်​ဘက် စား​ပွဲ​၏​တစ်​ဘက်​တွင်​ထား​၏။-
EXO 40:25 ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​မီး ခွက်​များ​ကို​ထွန်း​ညှိ​လေ​၏။-
EXO 40:26 ရွှေ​ပလ္လင်​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​အ​တွင်း၊ ကန့်​လန့်​ကာ​အ​ရှေ့​တွင် နေ​ရာ​ချ​ထား​၏။-
EXO 40:27 ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​လေ​၏။-
EXO 40:28 သူ​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ကန့်​လန့်​ကာ ကို​တပ်​ဆင်​ပြီး​နောက်-
EXO 40:29 ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​ရှေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ကို​နေ​ရာ​ချ​ထား ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း​ပလ္လင်​ပေါ်​တွင် ပူ​ဇော်​လေ​၏။-
EXO 40:30 သူ​သည်​အင်​တုံ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​နှင့် ယဇ်​ပလ္လင်​အ​ကြား​တွင် နေ​ရာ​ချ ထား​၍​ရေ​ထည့်​ထား​၏။-
EXO 40:31 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ​၌ လည်း​ကောင်း၊ ယဇ်​ပလ္လင်​ရှိ​ရာ​သို့​ချဉ်း​ကပ်​သော အ​ခါ​၌​လည်း​ကောင်း သူ​တို့​၏​ခြေ​လက်​များ ကို​ထို​နေ​ရာ​တွင်​ဆေး​ကြော​ကြ​၏။-
EXO 40:33 ထို​နောက်​သူ​သည်​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​ပတ် လည်​တွင်​ဝင်း​ကာ​၍ ဝင်း​တံ​ခါး​ဝ​၌​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လေ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် လုပ်​ငန်း​ရှိ​သ​မျှ​ကို​လုပ်​ဆောင်​ပြီး​စီး​လေ သည်။
EXO 40:34 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို မိုး​တိမ်​တိုက်​လွှမ်း​၍​ထာ​ဝ​ရ​ဘု​ရား ၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် တဲ​တော်​တွင်း​၌​ထွန်း​တောက်​လေ​၏။-
EXO 40:35 ထို​အ​ခြင်း​အ​ရာ​ကြောင့်​မော​ရှေ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင်း​သို့​မ​ဝင် နိုင်​ချေ။-
EXO 40:36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​မှ မိုး​တိမ်​တိုက်​အ​ထက်​သို့​တက်​ခွာ​သော​အ​ခါ မှ​သာ ရှေ့​စ​ခန်း​သို့​ခ​ရီး​ထွက်​ကြ​သည်။-
EXO 40:37 တဲ​တော်​ကို​မိုး​တိမ်​တိုက်​လွှမ်း​လျက်​နေ​သည့် ကာ​လ​ပတ်​လုံး သူ​တို့​သည်​ခ​ရီး​မ​ထွက် ကြ​ချေ။-
EXO 40:38 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍ ခ​ရီး​သွား​ရာ​လမ်း​တစ်​လျှောက်​လုံး​တွင်​တဲ တော်​ပေါ်​၌​နေ့​အ​ခါ​ထာ​ဝရ​ဘု​ရား​၏​မိုး တိမ်​တိုက်​လွှမ်း​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ည​အ​ခါ​မီး​တောက်​လျက်​ရှိ​သည်​ကို​လည်း ကောင်း​တွေ့​မြင်​ရ​ကြ​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ထွက်​မြောက်​ရာ ကျမ်း​ပြီး​၏။
LEV 1:1 ထာ​ဝ​ရ​ဘု​ရား​သည် စံ​တော်​မူ​ရာ​တဲ​တော် ထဲ​မှ​မော​ရှေ​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ယဇ်​ပူ​ဇော်​ရာ​တွင်​လိုက်​နာ​ရန် အောက် ဖော်​ပြ​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​သည်။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​ကို​ယဇ် ပူ​ဇော်​သည့်​အ​ခါ မိ​မိ​နွား​အုပ်​ထဲ​မှ​ဖြစ်​စေ၊ သိုး​အုပ်​သို့​မ​ဟုတ်​ဆိတ်​အုပ်​ထဲ​မှ​ဖြစ်​စေ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
LEV 1:3 နွား​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​မည်​ဆို​လျှင် ထို​နွား​၌​အ​ပြစ်​အ​နာ​မ​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သူ​ကို​နှစ်​သက်​လက်​ခံ​ရန်​သူ သည်​နွား​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 1:4 သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။-
LEV 1:5 သူ​သည်​ထို​နေ​ရာ​တွင်​နွား​ကို​သတ်​၍ အာ​ရုန် ၏​သား​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့ က​သွေး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ပြီး လျှင် တဲ​တော်​တံ​ခါး​ဝ​တွင်​ရှိ​သော​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ ကြ​မည်။-
LEV 1:6 ထို​နောက်​သူ​သည်​နွား​ကို​အ​ရေ​ဆုတ်​၍ ခုတ် ဖြတ်​ရ​မည်။-
LEV 1:7 ယဇ်​ပု​ရော​ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​ကို​စီ​ခင်း​၍ မီး​ညှိ​ရ​မည်။-
LEV 1:8 ထို့​နောက်​အ​သား​တစ်၊ ဦး​ခေါင်း​နှင့်​အ​ဆီ​ကို ထင်း​ပေါ်​တွင်​စီ​တင်​ရ​မည်။-
LEV 1:9 ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို​ရေ​ဆေး ရ​မည်။ ထို့​နောက်​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် သည် တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​ကို​ပလ္လင်​ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့ ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။
LEV 1:10 ထို​သူ​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ယဇ်​ပူ ဇော်​လို​လျှင် ထို​ယဇ်​ကောင်​သည်​အ​ပြစ်​အ​နာ ကင်း​သည့်​သိုး​ထီး​ဆိတ်​ထီး​ဖြစ်​ရ​မည်။-
LEV 1:11 သူ​သည်​ယဇ်​ကောင်​ကို​ယဇ်​ပလ္လင်​၏​မြောက်​ဘက် တွင်​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ယဇ် ကောင်​၏​သွေး​ကို ပလ္လင်​ဘေး​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-
LEV 1:12 သူ​သည်​ယဇ်​ကောင်​ကို​ခုတ်​ဖြတ်​ပြီး​နောက် တာ​ဝန် ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​အ​သား​တစ်၊ ဦး​ခေါင်း နှင့်​အ​ဆီ​ကို​ထင်း​မီး​ပေါ်​တွင်​တင်​ရ​မည်။-
LEV 1:13 သူ​သည်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို ရေ​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​တစ်​ကောင် လုံး​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။
LEV 1:14 တစ်​စုံ​တစ်​ယောက်​သည်​ငှက်​ကို​ယဇ်​ပူ​ဇော် လို​လျှင် ငှက်​သည်​ချိုး​ငှက်​သို့​မ​ဟုတ်​ခို​ဖြစ် ရ​မည်။-
LEV 1:15 ယဇ်​ပု​ရော​ဟိတ်​သည်​ငှက်​ကို​ပလ္လင်​သို့​ယူ​ဆောင် ခဲ့​၍ လည်​ပင်း​ကို​လိမ်​ချိုး​ပြီး​လျှင် ငှက်​ဦး​ခေါင်း ကို​ပလ္လင်​တွင်​မီး​ရှို့​ရ​မည်။ ငှက်​သွေး​ကို​ပလ္လင် ဘေး​ပေါ်​သို့​ညှစ်​ချ​ရ​မည်။-
LEV 1:16 ထို့​နောက်​စ​လုတ်​ရှိ​အ​စာ​နှင့်​တ​ကွ​စ​လုတ် ကို​ထုတ်​၍ ပလ္လင်​အ​ရှေ့​ဘက်​ရှိ​ပြာ​ပုံ​ထဲ​သို့ ပစ်​လိုက်​ရ​မည်။-
LEV 1:17 သူ​သည်​အ​တောင်​ပံ​များ​ကို​ကိုင်​၍​ငှက်​ကိုယ် ကို​ဆွဲ​ဖွင့်​ရ​မည်။ သို့​ရာ​တွင်​အ​တောင်​များ​မ ကျွတ်​ထွက်​စေ​ရ။ ထို့​နောက်​တစ်​ကောင်​လုံး​ကို ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။
LEV 2:1 တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​လို​လျှင်​မုန့်​ညက်​ကို​ပူ​ဇော်​ရ မည်။ မုန့်​ညက်​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့ သာ​လောင်း​ထည့်​၍၊-
LEV 2:2 အာ​ရုန်​၏​သား​များ​ဖြစ်​သော​ယဇ်​ပု​ရော​ဟိတ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ တာ​ဝန်​ကျ​သော ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဆီ နှင့်​အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​ကို​ယူ​၍​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သို့​ပူ​ဇော် ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​အ​ကုန် အ​စင်​ပူ​ဇော်​ရာ​ရောက်​၏။ ဤ​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
LEV 2:3 ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။
LEV 2:4 မီး​ဖို​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ မုန့်​ညက်​နှင့်​သံ လွင်​ဆီ​ရော​၍​ပြု​လုပ်​သော​မုန့်​လုံး​ကို​ဖြစ် စေ၊ သံ​လွင်​ဆီ​သုတ်​သော​မုန့်​ကြွပ်​ပြား​ကို ဖြစ်​စေ​ပူ​ဇော်​နိုင်​သည်။
LEV 2:5 သံ​ဒယ်​ပြား​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​လျှင် ယင်း​မုန့်​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက် ကို သံ​လွင်​ဆီ​နှင့်​ရော​သော​မုန့်​ဖြစ်​စေ​ရ မည်။-
LEV 2:6 ထို​မုန့်​ကို​ပူဇော်​သော​အ​ခါ​မုန့်​ကို​ချေ​၍ မုန့် ပေါ်​တွင်​ဆီ​လောင်း​ရ​မည်။
LEV 2:7 အိုး​တွင်​ကြော်​သော​မုန့်​ကို​ပူ​ဇော်​လျှင် သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ဖြင့်​ပြု​လုပ်​ရ​မည်။-
LEV 2:8 ထို​ပူ​ဇော်​သ​ကာ​ကို​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ယူ​ဆောင်​ခဲ့​၍ ယဇ်​ပု​ရော​ဟိတ်​လက် သို့​ပေး​အပ်​ရ​မည်။-
LEV 2:9 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ပူ​ဇော်​သ​ကာ​ကို ယဇ် ပလ္လင်​သို့​ယူ​ဆောင်​ခဲ့​၍ မုန့်​အား​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့် မုန့်​အ​နည်း ငယ်​ကို​ယူ​ပြီး​လျှင်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
LEV 2:10 ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။
LEV 2:11 ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​သ​သော ဘော​ဇဉ်​သ​ကာ​ရှိ​သ​မျှ​တို့​တွင် တ​ဆေး မ​ပါ​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သည့်​ဘော​ဇဉ်​သ​ကာ​တွင် ဘယ်​သော​အ​ခါ မျှ​တ​ဆေး​သို့​မ​ဟုတ်​ပျား​ရည်​မ​ပါ စေ​ရ။-
LEV 2:12 သင်​တို့​နှစ်​စဉ်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သည့် ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်။ သို့​ရာ​တွင်​ယင်း​ကို​ပလ္လင် ပေါ်​တွင်​မီး​မ​ရှို့​ရ။-
LEV 2:13 ဆား​သည်​သင်​တို့​နှင့်​ဘု​ရား​သ​ခင်​ပြု​ထား သော​ပ​ဋိ​ညာဉ်​ကို​ပုံ​ဆောင်​သော​ကြောင့် ဘော ဇဉ်​သ​ကာ​ဟူ​သ​မျှ​တွင်​ဆား​ခတ်​ရ​မည်။ (သင်​တို့​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ တို့​တွင်​ဆား​ခတ်​ရ​မည်။-)
LEV 2:14 သင်​တို့​သည်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ခါ​ဆန်​လှော်​သို့​မ​ဟုတ် ဆန်​မှုန့်​ကို​ပူ​ဇော်​ရ​မည်။-
LEV 2:15 ၎င်း​တွင်​သံ​လွင်​ဆီ​နှင့်​အ​မွှေး​နံ့​သာ​ထည့်​ရ​မည်။-
LEV 2:16 ယဇ်​ပု​ရော​ဟိတ်​သည်​ဆန်​နှင့်​ဆီ​အ​ထိမ်း​အ​မှတ် အ​ဖြစ် ဆန်​မှုန့်​နှင့်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍ အ​မွှေး​နံ့​သာ​ရှိ​သ​မျှ​နှင့်​တ​ကွ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ​မည်။
LEV 3:1 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နွား​တစ်​ကောင် ကို​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် ထို​နွား​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး သို့​မ​ဟုတ်​နွား​မ​ဖြစ်​ရ​မည်။-
LEV 3:2 ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​၌ နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ကို​တင်​၍​နွား​ကို​သတ်​ရ​မည်။ အာ​ရုန်​၏​သား များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ပလ္လင်​၏​ဘေး​လေး​ဘက် စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-
LEV 3:3 ထို့​နောက်​နွား​၏​ဝမ်း​တွင်း​သား​များ​ရှိ​သ​မျှ အ​ဆီ၊ ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့​ကို​ထာ ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။-
LEV 3:5 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယင်း​တို့​ကို​မီး​ရှို့​ရာ ယဇ်​နှင့်​အ​တူ​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။
LEV 3:6 သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် အ​ပြစ်​အ​နာ​ကင်း သော​အ​ထီး​ကို​ဖြစ်​စေ​အ​မ​ကို​ဖြစ်​စေ​ပူ ဇော်​ရ​မည်။-
LEV 3:7 သိုး​ကို​ပူ​ဇော်​သူ​သည်၊
LEV 3:8 တဲ​တော်​ရှေ့​တွင်​သိုး​၏​ဦး​ခေါင်း​ပေါ်​၌​လက် ကို​တင်​၍​သိုး​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင်​လေး ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-
LEV 3:9 ထို့​နောက်​သိုး​အ​ဆီ၊ ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း တွင်း​သား​များ​မှ​ရှိ​သ​မျှ​အ​ဆီ၊ ကျောက်​ကပ် များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ရ​မည်။-
LEV 3:11 တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။
LEV 3:12 ဆိတ်​ကို​ပူ​ဇော်​သူ​သည်။-
LEV 3:13 တဲ​တော်​ရှေ့​တွင်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​၌ လက် ကို​တင်​၍​ဆိတ်​ကို​သတ်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​တို့​သည် ယဇ်​ကောင်​၏​သွေး​ကို​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-
LEV 3:14 ထို့​နောက်​ဝမ်း​တွင်း​သား​များ​မှ​ရှိ​သ​မျှ အ​ဆီ၊ ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။-
LEV 3:16 ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။ အ​ဆီ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ဆိုင်​၏။-
LEV 3:17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။
LEV 4:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် ပ​ညတ်​တော်​များ ကို​အ​မှတ်​မ​ထင်​ချိုး​ဖောက်​၍​အ​ပြစ်​ကူး လွန်​ခဲ့​သည်​ရှိ​သော် အောက်​ဖော်​ပြ​ပါ​ပြ​ဋ္ဌာန်း ချက်​များ​ကို​လိုက်​နာ​ရန် ထာ​ဝ​ရ​ဘု​ရား သည်​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော်​မူ​၏။
LEV 4:3 အ​ကယ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​အ​ပြစ် ပြု​မိ​လျှင် လူ​တို့​အား​လည်း​အ​ပြစ်​ရောက်​စေ သည့်​အ​တွက်​ကြောင့်​သူ​သည် အ​ပြစ်​အ​နာ ကင်း​သော​နွား​ပျို​ကို မိ​မိ​အ​ပြစ်​ဖြေ​ရန် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​မည်။-
LEV 4:4 သူ​သည်​နွား​ကို​တဲ​တော်​တံ​ခါး​ဝ​ထာ​ဝ ဘု​ရား​ရှေ့​တော်​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် နွား ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍ ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင် ထို​နေ​ရာ​၌​နွား​ကို​သတ် ရ​မည်။-
LEV 4:5 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နွား​၏​သွေး​အ​နည်း ငယ်​ကို​တဲ​တော်​ထဲ​သို့​ယူ​ဆောင်​သွား​ရ​မည်။-
LEV 4:6 သူ​၏​လက်​ချောင်း​ကို​သွေး​ထဲ​၌​နှစ်​၍​သွေး​ကို ကန့်​လန့်​ကာ​တော်​ရှေ့​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။-
LEV 4:7 ထို​နောက်​သူ​သည်​တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင် နွား​သွေး​အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား​သွေး​ကို တဲ​တော်​တံ​ခါး​ဝ​၌ ရှိ​သော​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင် လောင်း​ရ​မည်။-
LEV 4:8 ထို​နောက်​သူ​သည်​နွား​အ​ထီး​၏​ရှိ​သ​မျှ ဝမ်း​တွင်း​သား​မှ​အ​ဆီ၊-
LEV 4:9 ကျောက်​ကပ်​များ​နှင့်​ကျောက်​ကပ်​အ​ဆီ၊ အ​သည်း မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​ကို​ယူ​ရ​မည်။-
LEV 4:10 ယဇ်​ပု​ရော​ဟိတ်​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော် ရာ​၌​ယဇ်​ကောင်​၏​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ကဲ့ သို့ ထို​နွား​မှ​အ​ဆီ​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။-
LEV 4:11 နွား​အ​ရေ​ခွံ၊ အ​သား​ရှိ​သ​မျှ၊ ဦး​ခေါင်း၊ ခြေ ထောက်​များ၊ ဝမ်း​တွင်း​သား​နှင့်​တ​ကွ​အူ​တို့ ကို​မူ​ကား၊-
LEV 4:12 တပ်​စ​ခန်း​အ​ပြင်​သို့​ယူ​ဆောင်​၍​ပြာ​သွန်​ရာ သန့်​ရှင်း​သော​နေ​ရာ​တွင်​ထင်း​မီး​ပုံ​၌​မီး​ရှို့ ရ​မည်။
LEV 4:13 အ​ကယ်​၍​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး ကို အ​မှတ်​မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ် ကူး​လွန်​ခဲ့​သည်​ရှိ​သော်၊-
LEV 4:14 ပြစ်​မှား​ကြောင်း​သိ​လျှင်​သိ​ချင်း​နွား​ထီး​ငယ် ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​ရ မည်။ သူ​တို့​သည်​ထို​နွား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 4:15 ထို​နောက်​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​များ​ကို​တင် ၍​နွား​ကို​သတ်​ရ​မည်။-
LEV 4:16 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နွား​သွေး​အ​နည်း ငယ်​ကို တဲ​တော်​ထဲ​သို့​ယူ​ဆောင်​သွား​ပြီး​လျှင်၊-
LEV 4:17 သူ​၏​လက်​ချောင်း​ကို​သွေး​ထဲ​၌​နှစ်​၍​သွေး ကို ကန့်​လန့်​ကာ​ရှေ့​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-
LEV 4:18 တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက်​တို့​တွင် နွား​သွေး အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား သွေး​ကို​တဲ​တော်​တံ​ခါး​ဝ​၌​ရှိ​သော​မီး​ရှို့ ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင်​လောင်း​ရ​မည်။-
LEV 4:19 ထို့​နောက်​သူ​သည်​နွား​မှ​အ​ဆီ​ရှိ​သ​မျှ​ကို ယူ​၍ ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
LEV 4:20 သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နွား​ကို ပူ​ဇော်​သည့်​နည်း​စံ​နစ်​အ​တိုင်း ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော ဟိတ်​သည် လူ​တို့​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင် ကို​ပူ​ဇော်​သ​ဖြင့် လူ​တို့​သည်​အ​ပြစ်​လွတ်​ကြ လိမ့်​မည်။-
LEV 4:21 ထို​နောက်​သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​တွက် ပူ​ဇော်​သော​နွား​ကို​တပ်​စ​ခန်း​အ​ပြင်​တွင် မီး​ရှို့​သည့်​နည်း​တူ ဤ​နွား​ကို​လည်း​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​ရ​မည်။ ထို​ယဇ်​ပူ​ဇော်​နည်း သည်​တစ်​မျိုး​လုံး​၏​အပြစ်​ပြေ​စေ​ရန်​အ​တွက် ဖြစ်​သ​တည်း။
LEV 4:22 အ​ကယ်​၍​အုပ်​ချုပ်​သော​မင်း​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊-
LEV 4:23 မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​အ​ပြစ်​အ​နာ​ကင်း သော​ဆိတ်​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​ရန် ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 4:24 ထို​သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို​သတ်​သည့်​နေ​ရာ​၌ ဆိတ် ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို သတ်​ရ​မည်။ ဤ​ယဇ်​ပူ​ဇော်​ခြင်း​သည်​အ​ပြစ် ပြေ​စေ​ရန်​အ​တွက်​ဖြစ်​၏။-
LEV 4:25 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို သွေး​ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ အ​တက်​တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော သွေး​ကို​ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ ရ​မည်။-
LEV 4:26 ထို​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​၏ အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ကဲ့​သို့ ဆိတ်​အ​ဆီ ရှိ​သ​မျှ​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည် အုပ်​ချုပ်​သော​မင်း​၏​အ​ပြစ်​အ​တွက်​ပူ​ဇော် သ​ဖြင့်​ထို​မင်း​အ​ပြစ်​လွတ်​လိမ့်​မည်။
LEV 4:27 အ​ကယ်​၍​သာ​မန်​လူ​တစ်​ဦး​သည်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို အ​မှတ် မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ်​ကူး​လွန် ခဲ့​သည်​ရှိ​သော်၊-
LEV 4:28 မိ​မိ​၏​အ​ပြစ်​ကို​သိ​လျှင်​သိ​ချင်း အ​ပြစ် အ​နာ​ကင်း​သော​ဆိတ်​မ​တစ်​ကောင်​ကို ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 4:29 သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ ယဇ်​ကောင်​များ​သတ်​သည့်​နေ​ရာ​၌ ဆိတ်​၏​ဦး ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို​သတ် ရ​မည်။-
LEV 4:30 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ရ​မည်။-
LEV 4:31 ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ ဆိတ်​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သာ​မန် လူ​တစ်​ဦး​၏​အ​ပြစ်​အ​တွက်​ယဇ်​ပူ​ဇော် သဖြင့်​ထို​သူ​အ​ပြစ်​လွတ်​လိမ့်​မည်။
LEV 4:32 အ​ကယ်​၍​လူ​တစ်​ဦး​သည်​အ​ပြစ်​ပြေ​ရာ​ယဇ် အ​ဖြစ်​သိုး​ကို​ယူ​ဆောင်​ခဲ့​လျှင် သိုး​သည် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​မ​ဖြစ်​ရ​မည်။-
LEV 4:33 သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ ယဇ်​ကောင်​များ​သတ်​သည့်​နေ​ရာ​၌ သိုး​၏​ဦး ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​သိုး​ကို​သတ် ရ​မည်။-
LEV 4:34 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ​ရ​မည်။-
LEV 4:35 ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​သိုး​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ သိုး​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ပူ​ဇော်​သ​ကာ နှင့်​တ​ကွ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​လူ တစ်​ဦး​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​အ​ပြစ်​လွတ်​လိမ့်​မည်။
LEV 5:1 အောက်​ဖော်​ပြ​ပါ​ကူး​လွန်​မူ​များ​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ရန်​လို​အပ်​သည်။ တစ် စုံ​တစ်​ယောက်​သော​သူ​အား​တ​ရား​ရုံး​မှ​သက် သေ​ခံ​ရန်​ဆင့်​ခေါ်​သည့်​အ​ခါ သူ​သည်​မိ​မိ မြင်​ရ​ကြား​ရ​သည့်​အ​တိုင်း​ထုတ်​ဖော်​ပြော​ဆို ခြင်း​မ​ပြု​လျှင် အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။
LEV 5:2 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​အ​သေ ကောင်​အ​စ​ရှိ​သော​ဘာ​သာ​ထုံး​နည်း​အ​ရ မ​စင် ကြယ်​သော​အ​ရာ​ကို​မ​သိ​ဘဲ​နှင့်​ကိုင်​မိ​လျှင် ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ​ချင်း သူ​သည်​အ​ပြစ် ကူး​လွန်​ရာ​ရောက်​သည်။
LEV 5:3 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် လူ့​ကိုယ်​ခန္ဓာ​၏ အ​ညစ်​အ​ကြေး​တစ်​မျိုး​မျိုး​ကို အ​မှတ်​မ​ထင် ထိ​ကိုင်​မိ​လျှင် ထိ​ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ ချင်း သူ​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။
LEV 5:4 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မည်​သည့်​ကိစ္စ မျိုး​၌​မ​ဆို​အ​ကျိုး​အ​ပြစ်​ကို​မ​ဆင်​ခြင်​ဘဲ ကျိန်​ဆို​မိ​လျှင် ယင်း​သို့​ကျိန်​ဆို​မိ​ကြောင်း သိ​လျှင်​သိ​ချင်း​သူ​သည်​အ​ပြစ်​ကူး​လွန် ရာ​ရောက်​သည်။
LEV 5:5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ပြစ်​ကူး လွန်​လျှင် အ​ပြစ်​ကူး​လွန်​ကြောင်း​ဝန်​ခံ​ရ မည်။-
LEV 5:6 အ​ပြစ်​ဒဏ်​အ​တွက်​သူ​သည် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​သိုး​မ​သို့​မ​ဟုတ်​ဆိတ်​မ​ကို​ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် သည် ထို​သူ​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။
LEV 5:7 ထို​သူ​သည်​သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် သူ​၏​အ​ပြစ်​အ​တွက် ချိုး​နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ငှက်​တစ် ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
LEV 5:8 သူ​သည်​ငှက်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍ ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ဦး​စွာ​ပူ​ဇော်​ရ​မည်။ ယဇ်​ပု ရော​ဟိတ်​သည်​ထို​ငှက်​ဦး​ခေါင်း​ကို​မ​ပြတ် စေ​ဘဲ​လည်​ကို​လိမ်​ချိုး​ရ​မည်။-
LEV 5:9 ထို့​နောက်​ငှက်​သွေး​အ​ချို့​ကို​ပလ္လင်​ဘေး​ဘက် သို့​ပက်​ဖျန်း​၍ ကျန်​သော​သွေး​ကို​ပလ္လင်​ခြေ ရင်း​သို့​ညှစ်​ချ​ရ​မည်။ ဤ​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-
LEV 5:10 ဒု​တိ​ယ​ငှက်​ကို​ပြ​ဋ္ဌာန်း​ချက်​များ​အ​ရ မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​နည်း​အား​ဖြင့်​ယဇ် ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​ကို​ဖြေ​ရန် ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သူ​သည်​လည်း​အ​ပြစ် လွတ်​လိမ့်​မည်။
LEV 5:11 သူ​သည်​ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင် ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​မုန့်​ညက်​နှစ်​ပေါင်​ကို ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ယင်း​ပူ​ဇော်​ခြင်း သည်​ဘော​ဇဉ်​သ​ကာ​ပူ​ဇော်​ခြင်း​မ​ဟုတ်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ခြင်း​ဖြစ် သော​ကြောင့် မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ သို့​မ​ဟုတ်၊ အ​မွှေး​နံ့​သာ​ကို​မ​လောင်း​ရ။-
LEV 5:12 ယဇ်​ပု​ရော​ဟိတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့ မုန့်​ညက်​အ​ကုန်​အ​စင်​ပူ​ဇော်​ဆက်​သ သည့်​အ​ထိမ်း​အ​မှတ်​အ​ဖြစ် မုန့်​ညက်​လက် တစ်​ဆုပ်​စာ​ကို​ယူ​၍​ပူ​ဇော်​သ​ကာ​အ​ဖြစ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-
LEV 5:13 ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။ ဘော​ဇဉ် သ​ကာ​ပူ​ဇော်​သည့်​နည်း​ကဲ့​သို့​ကျန်​သော မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​သုံး​ဆောင် ရန်​အ​တွက်​ဖြစ်​သည်။
LEV 5:14 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။-
LEV 5:15 တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​မှု​ကို အ​မှတ်​မ​ထင်​ထိ​ခိုက် အ​ပြစ်​ကူး​လွန်​မိ​သော်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး၊ သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-
LEV 5:16 သူ​သည်​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ် မှု​အ​တွက် မ​ဆောင်​ရွက်​ခဲ့​မိ​သည့်​လျော်​ငွေ တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို ဆောင်း​၍​ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ထို နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏​အ​ပြစ် အ​တွက် သိုး​ထီး​သို့​မ​ဟုတ်​ဆိတ်​ကို​ပူ​ဇော် သ​ဖြင့်​ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။
LEV 5:17 တစ်​စုံ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို​အ​မှတ်​မ​ထင် ချိုး​ဖောက်​မိ​လျှင် သူ​သည်​အ​ပြစ်​ကူး​လွန် သ​ဖြင့်​အ​ပြစ်​ဒဏ်​ကို​ပေး​ဆောင်​ရ​မည်။-
LEV 5:18 သူ​သည်​အ​ပြစ်​အ​နာ​ကင်း​သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး​သို့​မ​ဟုတ် ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော်​အ​ရ​အ​ဖိုး ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ​ရ​မည်။ ထို​နောက် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့်​သူ​သည်​အ​ပြစ်​လွတ်​လိမ့် မည်။-
LEV 5:19 ယင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကူး​လွန်​မိ​သည့်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။
LEV 6:1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​၏။-
LEV 6:2 တစ်​စုံ​တစ်​ယောက်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တစ်​ဦး​က အပ်​နှံ​ထား​သော​အာ​မ​ခံ ငွေ​ကို​ပြန်​ပေး​ရန်​ငြင်း​ဆို​လျှင်​သော်​လည်း ကောင်း၊ သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​ခိုး ယူ​ခြင်း​သို့​မ​ဟုတ်​သူ့​အား​လိမ်​လည်​လှည့် ဖြား​ခြင်း​ပြု​လျှင်​လည်း​ကောင်း၊-
LEV 6:3 သူ​တစ်​ပါး​ပျောက်​ဆုံး​သော​ပစ္စည်း​ကို​တွေ့ လျက်​နှင့် မ​တွေ့​ဟု​ကျိန်​ဆို​၍​မု​သား​ကို ပြော​လျှင်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​ကူး​လွန်​ရာ​ရောက်​သ​ဖြင့်​ယဇ် ပူ​ဇော်​ရ​မည်။-
LEV 6:4 ထို​အ​ပြစ်​များ​အ​နက်​တစ်​မျိုး​မျိုး​ကို​ကူး လွန်​သူ​သည်​မ​တ​ရား​သ​ဖြင့် ယူ​ထား​သ​မျှ ကို​ပြန်​၍​ပေး​အပ်​ရ​မည်။ သူ​၌​အ​ပြစ်​ရှိ ကြောင်း​သိ​ရ​သည့်​နေ့​၌ မိ​မိ​ယူ​ထား​သော ငွေ​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို​ဆောင်း ၍​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။-
LEV 6:6 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် အ​ပြစ် ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-
LEV 6:7 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သဖြင့်​သူ​သည် အ​ပြစ်​လွတ်​လိမ့်​မည်။
LEV 6:8 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့​ရာ​ယဇ် နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ မီး​ရှို့​ရာ​ယဇ်​ကောင် ကို​ယဇ်​ပလ္လင်​ပေါ်​တွင် တစ်​ည​လုံး​ရှိ​စေ​ရ​မည်။ ယဇ်​ပလ္လင်​မီး​ကို​လည်း​အ​စဉ်​တောက်​လောင် နေ​စေ​ရ​မည်။-
LEV 6:10 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပိတ်​ချော အ​ပေါ်​ရုံ​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​တို့​ကို ဝတ်​ဆင်​၍​ယဇ်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​မှ ကျွမ်း​လောင်​သော​ပြာ​ကို​ပလ္လင်​ဘေး​တွင် ထား​ရ​မည်။-
LEV 6:11 ထို​နောက်​သူ​သည်​အ​ဝတ်​လဲ​၍ စ​ခန်း​အ​ပြင် ရှိ​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​ရာ အ​ရပ်​သို့​ပြာ​ကို​ယူ​ဆောင်​သွား​ရ​မည်။-
LEV 6:12 ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မှ​မီး​မ​ငြိမ်း​စေ​ရ။ ယဇ် ပု​ရော​ဟိတ်​သည်​နံ​နက်​တိုင်း​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​တင်​၍ မီး​ရှို့​ရာ​ယဇ်​ကို​ထင်း​ပုံ​ပေါ်​တွင် စီ​၍​တင်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​မိတ် သ​ဟာ​ယ​ယဇ်​၏​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
LEV 6:13 ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မျှ​မီး​မ​ငြိမ်း​စေ​ရ။
LEV 6:14 ဘော​ဇဉ်​သကာ​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အာ​ရုန်​၏ အ​ဆက်​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​သည် ယဇ် ပလ္လင်​ရှေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ဘော​ဇဉ် သ​ကာ​ကို​ပူ​ဇော်​ရ​မည်။-
LEV 6:15 ဘော​ဇဉ်​သ​ကာ​အား​လုံး​ကို​ပူ​ဇော်​သည့် အ​ထိမ်း​အ​မှတ်​အ​ဖြစ် ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​လက်​တစ်​ဆုပ်၊ ဆီ​အ​နည်း​ငယ်​နှင့် တ​ကွ​အ​မွှေး​အ​ကြိုင်​ကို​ယူ​၍ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ဘော​ဇဉ် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။-
LEV 6:16 ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။-
LEV 6:18 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယောကျာ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ဘော​ဇဉ် သ​ကာ​မှ​ဝေ​စု​ကို​ထာ​ဝ​စဉ်​စား​သုံး​စေ​ရ မည်။ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​က ထို ဘော​ဇဉ်​သ​ကာ​ကို​ထိ​ကိုင်​မိ​လျှင် ထို​ဘော​ဇဉ် ၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့် မည်။
LEV 6:19 ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​၏​အ​ဆက် အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​သိက္ခာ​တင် ခြင်း​နှင့်​ပတ်​သက်​၍ အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​ကို​သိက္ခာ​တင်​သော​နေ့​၌ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​ညက်​နှစ် ပေါင် (နေ့​စဉ်​ပူ​ဇော်​သော​ဘော​ဇဉ်​အချင်​အ​တွယ် အ​တိုင်း) ကို​နံ​နက်​တစ်​ပေါင်​ည​နေ​တစ်​ပေါင် ပူ​ဇော်​ရ​မည်။-
LEV 6:21 မုန့်​ညက်​ကို​ဆီ​ရော​၍​သံ​အိုး​ကင်း​ပေါ်​တွင် ဖုတ်​ရ​မည်။ ထို​နောက်​မုန့်​ကို​ချေ​၍ ဘော​ဇဉ် သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
LEV 6:22 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ယဇ်​ပု​ရော ဟိတ်​မင်း​အ​ဖြစ်​အ​မှု​တော်​ဆောင်​ရွက်​ရ​သူ တိုင်း​သည် ထို​ပူ​ဇော်​သ​ကာ​ကို​အ​စဉ်​ဆက်​သ ရ​မည်။ ဤ​ပြ​ဋ္ဌာန်း​ချက်​ကို​ထာ​ဝ​စဉ်​လိုက်​နာ ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ထို ဘော​ဇဉ်​သ​ကာ​ကို​အ​ကုန်​အ​စင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။-
LEV 6:23 ယဇ်​ပု​ရော​ဟိတ်​ပူ​ဇော်​သော​ဘော​ဇဉ်​သ​ကာ ကို​မည်​သူ​မျှ​မ​စား​ရ။ မုန့်​အား​လုံး​ကို​မီး ရှို့​ရ​မည်။
LEV 6:24 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်၊ အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယဇ်​ပလ္လင် ၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​နေ​ရာ​တွင် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကို​သတ်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​သည်​အ​လွန် သန့်​ရှင်း​၏။-
LEV 6:26 ထို​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ကောင် ၏​အ​သား​ကို​စား​ရ​မည်။-
LEV 6:27 တစ်​စုံ​တစ်​ယောက်​က​ထို​ယဇ်​ကောင်​၏​အ​သား ကို​ထိ​ကိုင်​မိ​လျှင် ထို​အ​သား​၏​သန့်​ရှင်း​မြင့် မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့်​မည်။ အ​ဝတ်​အ​ထည် တွင်​ယဇ်​ကောင်​၏​အ​သွေး​စွန်း​လျှင် ထို​အ​စွန်း ကွက်​ကို​သန့်​ရှင်း​ရာ​ဌာ​န​တွင်​ဆေး​ကြော​ရ မည်။-
LEV 6:28 ယဇ်​ကောင်​၏​အ​သား​ကို​ပြုတ်​သော​မြေ​အိုး​ကို ခွဲ​ပစ်​ရ​မည်။ အ​သား​ကို​ကြေး​အိုး​တွင်​ပြုတ် လျှင် ထို​အိုး​ကို​ပွတ်​တိုက်​၍​ရေ​ဆေး​ရ​မည်။-
LEV 6:29 ယဇ်​ပု​ရော​ဟိတ်​အ​နွယ်​ထဲ​မှ​ယောကျာ်း​အ​ပေါင်း တို့​သည် ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင် သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​အ​လွန်​သန့်​ရှင်း ၏။-
LEV 6:30 သို့​ရာ​တွင်​ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့ ယူ​ဆောင်​၍ အ​ပြစ်​ဖြေ​ရာ​ဝတ်​တွင်​အ​သုံး​ပြု လျှင်​ထို​ယဇ်​ကောင်​၏​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။
LEV 7:1 အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​မှာ အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။-
LEV 7:2 ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင် များ​ကို​သတ်​သည့်​နေ​ရာ​တွင် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​အ​တွက်​ယဇ်​ကောင်​ကို​သတ် ရ​မည်။ သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-
LEV 7:3 ယဇ်​ပု​ရော​ဟိတ်​သည်​ဆူ​ဖြိုး​သော​အ​မြီး ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​စ​သည်​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​ရ​မည်။-
LEV 7:5 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ရှိ​သ​မျှ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ကား အ​ပြစ်​ဒဏ်​ပြေ​ရာ​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။-
LEV 7:6 ယဇ်​ပု​ရော​ဟိတ်​ယောကျာ်း​အ​ပေါင်း​တို့​သည် ထို ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင်​သည်။ ထို​ပူ​ဇော် သ​ကာ​သည်​အ​လွန်​သန့်​ရှင်း​သော​ကြောင့် သန့်​ရှင်း ရာ​ဌာ​န​တွင်​စား​ရ​မည်။
LEV 7:7 အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။-
LEV 7:8 မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-
LEV 7:9 မီး​ဖို​တွင်​ဖုတ်​သော​ဘော​ဇဉ်​သ​ကာ၊ အိုး​သို့ မ​ဟုတ်​သံ​အိုး​ကင်း​ပေါ်​၌​ကင်​သော​ဘော​ဇဉ် သ​ကာ​တို့​သည်​လည်း ပူ​ဇော်​သော​ယဇ် ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-
LEV 7:10 သို့​ရာ​တွင်​မ​ဖုတ်​မ​ကင်​ရ​သေး​သော​ဘော​ဇဉ် သ​ကာ​သည် ဆီ​နှင့်​ရော​ပြီး​သည်​ဖြစ်​စေ၊ ဆီ နှင့်​မ​ရော​ရ​သေး​သည်​ဖြစ်​စေ၊ အာ​ရုန်​၏ အ​မျိုး​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့ နှင့်​ဆိုင်​သ​ဖြင့် အ​ညီ​အ​မျှ​ဝေ​ယူ​စေ​ရ မည်။
LEV 7:11 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​သည် ကား အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။-
LEV 7:12 တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ယဇ်​ကို​ပူ​ဇော် သော​အ​ခါ ယဇ်​ကောင်​နှင့်​အ​တူ​တ​ဆေး မ​ပါ​သော​မုန့်​ကို​လည်း​ယူ​ဆောင်​ခဲ့​ရ​မည်။ ၎င်း​မုန့်​မှာ​သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု လုပ်​သော​မုန့်​လုံး​သို့​မ​ဟုတ်​သံ​လွင်​ဆီ​သုတ် သော​မုန့်​ပြား သို့​မ​ဟုတ်​သံ​လွင်​ဆီ​နှင့်​မုန့် ညက်​ရော​၍​ပြု​လုပ်​သော​မုန့်​ဖြစ်​ရ​မည်။ ဤ​မုန့်​များ​တွင်​တဆေး​မ​ပါ​စေ​ရ။-
LEV 7:13 ထို​မုန့်​များ​အ​ပြင် တ​ဆေး​ထည့်​၍​ဖုတ် သော​မုန့်​များ​ကို​လည်း​ဆက်​ကပ်​ရ​မည်။-
LEV 7:14 မုန့်​တစ်​မျိုး​စီ​မှ​တစ်​ခု​ကျ​ကို ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။ ထို​ဆက်​ကပ်​သော​မုန့်​များ​သည်​ယဇ်​ကောင်​၏ သွေး​ကို ယဇ်​ပလ္လင်​ဘေး​သို့​ပက်​ဖျန်း​သော​ယဇ် ပု​ရော​ဟိတ်​စား​သုံး​ရန်​အ​တွက်​ဖြစ်​သည်။-
LEV 7:15 မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​နေ့ ၌ အ​သား​ကို​အ​ကုန်​စား​ရ​မည်။ နောက်​တစ်​နေ့ နံ​နက်​အ​ထိ အ​သား​အ​ကြွင်း​အ​ကျန်​မ​ရှိ စေ​ရ။
LEV 7:16 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​အ​ဋ္ဌိ​ဋ္ဌာန်​ပြည့် သည်​အ​တွက်​ဖြစ်​စေ၊ မိ​မိ​၏​စေ​တ​နာ​အ လျောက်​ဖြစ်​စေ​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် ဆက်​ကပ်​သည့်​အ​ခါ ပူ​ဇော်​သော​နေ့​၌​ယဇ် ကောင်​၏​အ​သား​ကို​အ​ကုန်​စား​ရန်​မ​လို။ ကြွင်း​ကျန်​သော​အ​သား​ကို​နောက်​တစ်​နေ့ ၌​စား​နိုင်​သည်။-
LEV 7:17 သို့​ရာ​တွင်​တ​တိ​ယ​နေ့​သို့​တိုင်​အောင် ကျန် နေ​သေး​သော​အ​သား​ကို​မူ​ကား​မီး​ရှို့​ပစ် ရ​မည်။-
LEV 7:18 အ​သား​အ​ကြွင်း​အ​ကျန်​ကို​တ​တိ​ယ​နေ့​၌ စား​လျှင် ဘု​ရား​သ​ခင်​သည်​ထို​သူ​ပူ​ဇော်​သော ယဇ်​ကို​လက်​ခံ​တော်​မူ​မည်​မ​ဟုတ်။ ပူ​ဇော်​သော သူ​သည်​လည်း​အ​ကျိုး​ကို​မ​ခံ​ရ။ ထို​ယဇ်​သည် မ​စင်​ကြယ်​သ​ဖြင့် အ​သား​ကို​စား​သော​သူ​၌ အ​ပြစ်​ရောက်​လိမ့်​မည်။-
LEV 7:19 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​သော​အ​သား ကို​မ​စား​ရ။ ၎င်း​ကို​မီး​ရှို့​ပစ်​ရ​မည်။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သော​သူ သည် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​အ​သား​ကို စား​နိုင်​သည်။-
LEV 7:20 မ​သန့်​ရှင်း​သူ​က​ထို​အ​သား​ကို​စား​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ် ထုတ်​ခြင်း​ခံ​ရ​မည်။-
LEV 7:21 ထို​အ​ပြင်​တစ်​စုံ​တစ်​ယောက်​သည်​လူ​မှ​ဖြစ် စေ၊ တိ​ရစ္ဆာန်​မှ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​ပြီး​မှ ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား လျှင် ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။
LEV 7:22 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​အား​ဖြင့်​ချ​မှတ်​ပေး​တော်​မူ​၏။ သိုး၊ ဆိတ်၊ နွား​တို့​၏​အ​ဆီ​ကို​မ​စား​ရ။-
LEV 7:24 သ​ဘာ​ဝ​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏ အ​ဆီ၊ သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​ဆီ​ကို​မ​စား​ရ။ သို့​ရာ တွင်​ထို​အ​ဆီ​ကို​အ​ခြား​ကိစ္စ​များ​အ​တွက် အ​သုံး​ပြု​နိုင်​သည်။-
LEV 7:25 ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် သော​ယဇ်​ကောင်​၏​အ​ဆီ​ကို​စား​သော​သူ သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။-
LEV 7:26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မည်​သည့် အ​ရပ်​၌​နေ​ထိုင်​သည်​မ​ဆို ငှက်​၏​သွေး​သို့ မ​ဟုတ်​တိ​ရစ္ဆာန်​၏​သွေး​ကို​မ​စား​ရ။-
LEV 7:27 ဤ​ပ​ညတ်​ကို​ချိုး​ဖောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ မည်။
LEV 7:28 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း ချက်​များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​မိတ်​သ​ဟာ​ယ ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ယဇ်​ကောင်​၏ အ​စိတ်​အ​ပိုင်း​အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်၊-
LEV 7:30 မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သ​ကာ​အ​နေ​နှင့် မိ​မိ လက်​နှင့်​ကိုယ်​တိုင်​ယူ​ဆောင်​ခဲ့​ရ​မည်။ သူ​သည် ယဇ်​ကောင်​၏​အ​ဆီ​နှင့်​တ​ကွ​ရင်​ပုံ​သား​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​ထူး​ပူ​ဇော် သ​ကာ​အ​ဖြစ်​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 7:31 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ကို​ယဇ်​ပလ္လင်​ပေါ် တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ သို့​ရာ​တွင်​ရင်​ပုံ​သား သည် ယဇ်​ပု​ရော​ဟိတ်​များ​စား​သုံး​ရန်​အ​တွက် ဖြစ်​သည်။-
LEV 7:32 မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​သွေး​နှင့်​အ​ဆီ ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​အား ယဇ်​ကောင် ၏​လက်​ယာ​ပေါင်​ကို​အ​ထူး​လှူ​ဖွယ်​အ​ဖြစ် ပေး​ရ​မည်။-
LEV 7:34 ယဇ်​ကောင်​၏​ရင်​ပုံ​သား​နှင့်​လက်​ယာ​ပေါင်​တို့ သည် ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​မှ ယဇ်​ပု​ရော​ဟိတ်​များ​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သတ်​မှတ်​ပေး​သော ဝေ​စု​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား ထာ​ဝ​စဉ်​လှူ​ဒါန်း​ရ​မည်။-
LEV 7:35 ဤ​ဝေ​စု​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ် သိက္ခာ​ခံ​ယူ​သည့်​နေ့ ၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​ယဇ် ကောင်​မှ​ရ​ရှိ​ခဲ့​သော​ဝေ​စု​ဖြစ်​သည်။-
LEV 7:36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ဝေ​စု ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​လှူ​ရန် ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပ​ညတ် ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။
LEV 7:37 ဤ​ကား​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ၊ သိက္ခာ​တင်​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။-
LEV 7:38 တော​ကန္တာ​ရ​ရှိ​သိ​နာ​တောင်​ပေါ်​၌​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဤ​ပြ​ဋ္ဌာန်း​ချက် များ​ကို​လိုက်​နာ​ရန်​မှာ​ထား​တော်​မူ​သော​နေ့​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ချ​မှတ်​ပေး တော်​မူ​၏။
LEV 8:1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
LEV 8:2 ``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-
LEV 8:3 ထို့​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို ထို​နေ​ရာ​၌​စု​ရုံး​စေ​လော့'' ဟု​မိန့်​တော်​မူ​သည်။
LEV 8:4 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ဆောင်​ရွက်​၏။ လူ​တို့​စု​ဝေး ရောက်​ရှိ​လာ​သော​အ​ခါ၊-
LEV 8:5 မော​ရှေ​က​သူ​တို့​အား``ယ​ခု​ငါ​ပြု​လုပ်​မည့် အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ငါ​ပြု​လုပ်​ခြင်း​ဖြစ်​သည်'' ဟု​ဆို​လေ​၏။
LEV 8:6 ထို့​နောက်​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း အာ​ရုန်​နှင့်​သူ​၏​သား တို့​ကို​ရှေ့​သို့​ထုတ်​ဆောင်​၍​ရေ​ဆေး​ကြော စေ​၏။-
LEV 8:7 အာ​ရုန်​အား​အင်္ကျီ၊ ဝတ်​ရုံ​နှင့်​ခါး​ပန်း​ကို ခါး​တွင်​ဝတ်​ဆင်​ပေး​၏။ ထို​နောက်​သင်​တိုင်း ကို​ဝတ်​ပေး​၍​လှ​ပ​စွာ​ရက်​ထား​သော​ခါး စည်း​ဖြင့်​သင်​တိုင်း​ကို​ချည်​နှောင်​ပေး​၏။-
LEV 8:8 ရင်​ဖုံး​ကို​တပ်​ဆင်​ပေး​ပြီး​လျှင်​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ် ကို​ထည့်​ထား​၏။-
LEV 8:9 အာ​ရုန်​၏​ဦး​ခေါင်း​ပေါ်​တွင်​ဗောင်း​ထုပ်​ကို​တင်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သည့်​အ​ထိမ်း အ​မှတ်​ဖြစ်​သော​ရွှေ​သင်း​ကျစ်​ကို​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဗောင်း ထုပ်​ရှေ့​တွင်​တပ်​ဆင်​ပေး​၏။
LEV 8:10 ထို​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​ကို​ယူ ၍ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် နှင့်​တဲ​တော်​အ​တွင်း​ရှိ​ပစ္စည်း​တန်​ဆာ​အား လုံး​ကို​လိမ်း​လေ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား​တဲ​တော်​နှင့်​တဲ​တော်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​ကို​ဆက်​ကပ်​လေ​သည်။-
LEV 8:11 ထို​နောက်​မော​ရှေ​သည်​ဆီ​အ​နည်း​ငယ်​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​နှင့်​ယဇ်​ပလ္လင်​ဆိုင်​ရာ​ပစ္စည်း တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့်​၎င်း ၏​အောက်​ခြေ​ကို​လည်း​ကောင်း​ခု​နစ်​ကြိမ် ဖျန်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-
LEV 8:12 တစ်​ဖန်​သူ​သည်​ဆီ​အ​နည်း​ငယ်​ကို​အာ​ရုန် ၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​လျက် ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​သိက္ခာ​တင်​သည်။-
LEV 8:13 ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​အာ​ရုန်​၏​သား​များ​ကို ရှေ့​သို့​ခေါ်​ဆောင်​၍ အင်္ကျီ​များ​ကို​ဝတ်​ဆင်​ပေး ပြီး​နောက်​ခါး​ပန်း​ကို​ခါး​တွင်​စည်း​ပေး​၏။ ဦး ခေါင်း​များ​ပေါ်​တွင်​လည်း​ဦး​ထုပ်​များ​ကို ဆောင်း​ပေး​၏။
LEV 8:14 ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​နွား​ပျို​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန် နှင့်​သူ​၏​သား​တို့​အား​နွား​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​စေ​သည်။-
LEV 8:15 မော​ရှေ​သည်​နွား​ကို​သတ်​ပြီး​လျှင်​လက်​ချောင်း ဖြင့်​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့် များ​၌​ရှိ​သော​အ​တက်​များ​ကို​သုတ်​လိမ်း ခြင်း၊ ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​၏​အောက် ခြေ​တွင်​သွန်း​လောင်း​ခြင်း​ဖြင့်​ပလ္လင်​ကို​ဆက် ကပ်​၍​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​နိုင်​ရန် သန့်​ရှင်း​စေ​၏။-
LEV 8:16 မော​ရှေ​သည်​ဝမ်း​တွင်း​သား​မှ​အ​ဆီ​အား လုံး၊ အ​သည်း​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည်။-
LEV 8:17 သူ​သည်​နွား​သား​ရေ​အ​သား​နှင့်​အူ​များ အ​ပါ​အ​ဝင်​ကျန်​သော​အ​ပိုင်း​တို့​ကို ထာ ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း စ​ခန်း​အ​ပြင်​ဘက်​၌​မီး​ရှို့​လေ​သည်။
LEV 8:18 ထို့​နောက်​မော​ရှေ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော် ရန်​သိုး​ထီး​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ ၏​သား​တို့​အား​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင် လက်​ကို​တင်​စေ​၏။-
LEV 8:19 မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင် သွေး​ကို ယဇ်​ပလ္လင်​လေး​ဘက်​ပေါ်​သို့​ပက်​ဖျန်း​လေ သည်။-
LEV 8:20 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး လျှင်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​တို့​ကို​ရေ နှင့်​ဆေး​၍ သိုး​၏​ဦး​ခေါင်း၊ အ​ဆီ​မှ​စ​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ပူ​ဇော်​လေ​သည်။ ဤ မီး​ရှို့​ရာ​ယဇ်​သည်​ပူ​ဇော်​သကာ​ဖြစ်​၍ ၎င်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။
LEV 8:22 ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ ကို​သိက္ခာ​တင်​ရာ​၌​ပူ​ဇော်​ရန် ဒု​တိ​ယ​သိုး ထီး​ကို​ယူ​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား တို့​က​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​ကြ​သည်။-
LEV 8:23 မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး အ​နည်း​ငယ်​ကို​ယူ​၍ အာ​ရုန်​၏​လက်​ယာ နား​ပျဉ်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မ နှင့်​လက်​ယာ​ခြေ​မ​တို့​ကို​လည်း​ကောင်း သုတ်​လေ​သည်။-
LEV 8:24 ထို့​နောက်​အာ​ရုန်​၏​သား​တို့​ကို​ခေါ်​ပြီး​လျှင် သူ​တို့​၏​လက်​ယာ​နား​ပျဉ်း​များ၊ လက်​ယာ လက်​မ​များ​နှင့်​လက်​ယာ​ခြေ​မ​များ​ကို သိုး​သွေး​ဖြင့်​သုတ်​လေ​သည်။ မော​ရှေ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​ပေါ် သို့​ပက်​ဖျန်း​လေ​သည်။-
LEV 8:25 သူ​သည်​သိုး​၏​အ​ဆီ၊ ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆုံး​အ​ပိုင်း၊ အ​သည်း မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့်​ကျောက်​ကပ်​အ​ဆီ၊ လက်​ယာ​ပေါင်​တို့​ကို​ထုတ်​ယူ​သည်။-
LEV 8:26 ထို့​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ထား​သော​တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​မှ​မုန့်၊ ဆီ​နှင့်​လုပ်​သော​မုန့်၊ မုန့်​ကြွပ်​တို့​ကို​တစ်​ခု စီ​ယူ​၍​သိုး​အ​ဆီ​နှင့်​လက်​ယာ​ပေါင်​အ​ပေါ် တွင်​တင်​သည်။-
LEV 8:27 သူ​သည်​၎င်း​တို့​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့ လက်​သို့​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​သ​ကြ​သည်။-
LEV 8:28 ထို့​နောက်​မော​ရှေ​သည်​ထို​ပူ​ဇော်​သ​ကာ​များ ကို​သူ​တို့​ထံ​မှ​ပြန်​ယူ​သ​ဖြင့် သူ​သည် သိက္ခာ တင်​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ယဇ်​ပလ္လင်​ပေါ် ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​အ​ပေါ်​သို့​တင်​လျက် မီး​ရှို့​လေ​သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ၎င်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။-
LEV 8:29 ထို့​နောက်​မော​ရှေ​သည်​သိုး​၏​ရင်​ပုံ​သား​ကို အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​လေ​သည်။ ထို​ရင်​ပုံ​သား​မှာ သိက္ခာ​တင်​ရာ​ယဇ်​ကောင်​မှ​မော​ရှေ​ပိုင်​ဝေ​စု ဖြစ်​သည်။ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ သည်။
LEV 8:30 ထို့​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​အ​နည်း ငယ်​နှင့်​ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း ငယ်​ကို​ယူ​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​ပေါ် သို့​လည်း​ကောင်း၊ သူ​တို့​၏​အ​ဝတ်​များ​အ​ပေါ် သို့​လည်း​ကောင်း​ပက်​ဖျန်း​လေ​သည်။ ယင်း​သို့ ပြု​လုပ်​ခြင်း​အား​ဖြင့်​သူ​သည် အာ​ရုန်​နှင့် သူ​၏​သား​များ​နှင့်​တ​ကွ​သူ​တို့​ဝတ်​ဆင် သော​အ​ဝတ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ဆက်​ကပ်​လေ​သည်။
LEV 8:31 ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။-
LEV 8:32 ကြွင်း​ကျန်​သော​အ​သား​နှင့်​မုန့်​ကို​မီး​ရှို့ ရ​မည်။
LEV 8:33 သင်​တို့​သည်​သိက္ခာ​တင်​မင်္ဂ​လာ​ကာ​လ​ခု​နစ် ရက်​မ​စေ့​မီ တဲ​တော်​တံ​ခါး​အ​ပြင်​သို့​မ ထွက်​ရ။-
LEV 8:34 သင်​တို့​အ​ပြစ်​ပြေ​စေ​ရန်​အ​တွက်​ငါ​တို့ ယ​နေ့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​သည်။-
LEV 8:35 သင်​တို့​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ခု​နစ်​ရက် ပတ်​လုံး​နေ့​ည​မ​ပြတ်​ဆောင်​ရွက်​လျက်​နေ ရ​မည်။ သင်​တို့​သည်​မိန့်​မှာ​တော်​မူ​သည် အ​တိုင်း​မ​ဆောင်​ရွက်​လျှင် သေ​ရ​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​မိန့်​တော် မူ​ပြီ'' ဟူ​၍​ဆင့်​ဆို​လေ​သည်။-
LEV 8:36 သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။
LEV 9:1 သိက္ခာ​တင်​မင်္ဂ​လာ​ပြီး​ဆုံး​သော​နေ့​၌ မော​ရှေ သည်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​တို့​အား​ဆင့်​ခေါ် လေ​သည်။-
LEV 9:2 ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​သည်​အ​ပြစ် အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့။ နွား​ပျို​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း ကောင်း၊ သိုး​ထီး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​လည်း ကောင်း​ပူ​ဇော်​လော့။-
LEV 9:3 ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်၊ အ​ပြစ်​အ​နာ​ကင်း​သော​တစ်​နှစ်​သား အ​ရွယ်​နွား​က​လေး​တစ်​ကောင်​နှင့် သိုး​ငယ် တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်၊ နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို မိတ်​သ​ဟာ ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဆင့်​ဆို​လော့။ သူ​တို့ သည်​ထို​ယဇ်​ကောင်​များ​ကို​ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ယ​နေ့​တွင်​ထာ ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ တော်​မူ​မည်'' ဟု​ဆို​၏။
LEV 9:5 ထို့​ကြောင့်​သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သော အ​ရာ​ရှိ​သ​မျှ​ကို တဲ​တော်​အ​ရှေ့​သို့​ယူ ဆောင်​ခဲ့​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​စု​ဝေး​ရောက်​ရှိ​လာ​ကြ​၏။-
LEV 9:6 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ စေ​ခြင်း​ငှာ ကိုယ်​တော်​သည်​သင်​တို့​အား​ဤ အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​မိန့်​တော်​မူ ပြီ'' ဟု​ဆို​လေ​သည်။-
LEV 9:7 ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​၏​အ​ပြစ် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ပြေ​ရန်​အ​တွက် ယဇ်​ပလ္လင်​သို့​သွား​၍​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ကို လည်း​ကောင်း​ပူ​ဇော်​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။
LEV 9:8 ထို​အ​ခါ​အာ​ရုန်​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ မိ​မိ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​နွား ပျို​ကို​သတ်​လေ​သည်။-
LEV 9:9 သူ​၏​သား​တို့​သည်​သူ​ထံ​သို့​သွေး​အ​နည်း ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​သွေး​ထဲ​သို့ လက်​ချောင်း​ကို​နှစ်​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​ကို​သွေး​ဖြင့်​သုတ်​လေ​သည်။ သူ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​အောက်​ခြေ တွင်​သွန်း​လောင်း​လေ​သည်။-
LEV 9:10 ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း နွား​၏​အ​ဆီ ကျောက်​ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး အ​ပိုင်း​ကို ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ သည်။-
LEV 9:11 သို့​ရာ​တွင်​အ​သား​နှင့်​သား​ရေ​ကို​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​သည်။
LEV 9:12 ထို​နောက်​သူ​သည်​မိ​မိ​အ​တွက် မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​လေ​သည်။ သူ​၏​သား​တို့​က​သူ ထံ​သို့​သွေး​အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ်​ပလ္လင်​လေး​ဘက်​အ​ပေါ်​သို့ သွေး​ကို​ပက်​ဖျန်း​လေ​သည်။-
LEV 9:13 တစ်​ဖန်​သူ​တို့​သည်​နွား​၏​ဦး​ခေါင်း​နှင့်​အ​ခြား သော​အ​သား​တစ် အ​ပိုင်း​များ​ကို​သူ့​အား​ပေး အပ်​သ​ဖြင့် သူ​သည်​ယင်း​တို့​ကို​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ​သည်။-
LEV 9:14 ထို​နောက်​သူ​သည်​နွား​၏​ဝမ်း​တွင်း​သား​နှင့် နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ပေါ်​သို့​တင်​လျက်​မီး​ရှို့ ပူ​ဇော်​လေ​သည်။
LEV 9:15 ထို့​နောက်​သူ​သည်​လူ​များ​အ​တွက် ပူ​ဇော် သ​ကာ​ကို​ဆက်​သ​လေ​သည်။ သူ​သည်​လူ​များ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ဆိတ်​ကို ယူ​၍​သတ်​ပြီး​လျှင် မိ​မိ​အ​တွက်​အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​နည်း​အ​တိုင်း​ဆိတ်​ကို ပူ​ဇော်​လေ​သည်။-
LEV 9:16 မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ယူ​ခဲ့​ပြီး​လျှင် ပြ​ဋ္ဌာန်း ထား​သော​နည်း​အ​တိုင်း​မီး​ရှို့​ပူ​ဇော်​လေ​သည်။-
LEV 9:17 ထို့​နောက်​သူ​သည်​ဘော​ဇဉ်​သ​ကာ​ထဲ​မှ​မုန့် ညက်​လက်​တစ်​ဆုပ်​စာ​ကို​ယူ​၍ ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​သည်။ (နေ့​စဉ်​မီး​ရှို့​ပူ​ဇော် သော​ယဇ်​အ​ပြင်​ထပ်​ဆင့်​ပူ​ဇော်​ခြင်း​ဖြစ် သည်။-)
LEV 9:18 သူ​သည်​လူ​များ​အ​တွက်​မိတ်​သ​ဟာ​ယ​ယဇ် ဖြစ်​သော နွား​ထီး​နှင့်​သိုး​ထီး​ကို​လည်း​သတ် လေ​သည်။ သူ​၏​သား​တို့​သည်​သူ့​ထံ​သို့​သွေး အ​နည်း​ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​ယဇ် ပလ္လင်​လေး​ဘက်​ပေါ်​သို့​သွေး​ကို​ပက်​ဖျန်း သည်။-
LEV 9:19 သို့​ရာ​တွင်​နွား​နှင့်​သိုး​၏​ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ အ​ဆီ​ပိုင်း​များ၊ ကျောက် ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း တို့​ကို၊-
LEV 9:20 အာ​ရုန်​သည်​နွား​နှင့်​သိုး​တို့​၏​ရင်​ဒူး​များ အ​ပေါ်​တွင် အ​ဆီ​ပိုင်း​များ​ကို​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​၏။-
LEV 9:21 သူ​သည်​မော​ရှေ​မှာ​ထား​သည့်​အ​တိုင်း​ရင်​ဒူး များ​နှင့် နောက်​ပေါင်​များ​ကို​ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဝှေ့​ရမ်း​လျက်​ဆက်​ကပ်​လေ​သည်။
LEV 9:22 အာ​ရုန်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​သည့် အ​မှု​ကိစ္စ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​စီး သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​မြှောက် လျက်​လူ​တို့​အား​ကောင်း​ချီး​ပေး​ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​မှ​ဆင်း​လာ​လေ​သည်။-
LEV 9:23 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​ကြ​၏။ ပြန်​၍ ထွက်​လာ​ကြ​သော​အ​ခါ သူ​တို့​သည်​လူ​တို့ ကို​ကောင်း​ချီး​ပေး​လေ​သည်။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရ​ကြ​၏။-
LEV 9:24 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို ရုတ်​တ​ရက်​ကျ​ရောက်​စေ​ပြီး​လျှင် ယဇ်​ပလ္လင် ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့်​အ​ဆီ​များ​ကို လောင်​ကျွမ်း​စေ​သည်။ လူ​အ​ပေါင်း​တို့​သည် ထို အ​ခြင်း​အ​ရာ​ကို​မြင်​ကြ​သော​အ​ခါ​ကြွေး ကြော်​၍​ပျပ်​ဝပ်​ကြ​၏။
LEV 10:1 အာ​ရုန်​၏​သား​များ​ဖြစ်​ကြ​သော​နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည် မိ​မိ​တို့​တစ်​ဦး​စီ​နှင့်​ဆိုင်​ရာ မီး​ကျီး​ခံ​လင်​ပန်း​ကို​ယူ​၍​မီး​သွေး​မီး​ထည့် ပြီး​လျှင် နံ့​သာ​ကို​ဖြူး​လျက်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။ သို့​ရာ​တွင်​ယင်း​သို့​ပူ​ဇော် ရန်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား​အ​မိန့် မ​ပေး​သော​ကြောင့် ထို​မီး​သည်​သန့်​ရှင်း​သော မီး​မ​ဟုတ်၊-
LEV 10:2 ထို့​ကြောင့်​ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​မှ သူ​တို့​အ​ပေါ်​သို့​လောင်​မီး​ကျ ၍​သူ​တို့​သည်​ရှေ့​တော်​တွင်​သေ​ဆုံး​ကြ​၏။-
LEV 10:3 ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။
LEV 10:4 မော​ရှေ​သည်​အာ​ရုန်​၏​ဦး​ရီး​တော်​သြ​ဇေ​လ ၏​သား​များ​ဖြစ်​ကြ​သော မိ​ရှေ​လ​နှင့်​ဧ​လ​ဇာ ဖန်​တို့​ကို​ခေါ်​၍``သင်​တို့​ညီ​အစ်​ကို​များ​၏ အ​လောင်း​များ​ကို​သန့်​ရှင်း​ရာ​တဲ​တော်​မှ စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​သွား​ကြ'' ဟု စေ​ခိုင်း​လေ​သည်။-
LEV 10:5 ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​မိန့်​မှာ​သည့်​အ​တိုင်း အ​လောင်း​များ​ကို​လက်​ဖြင့်​မ​ထိ​ကိုင်​မိ​စေ​ရန် အ​ဝတ်​အင်္ကျီ​များ​မှ​ဆွဲ​၍​စ​ခန်း​အ​ပြင်​သို့ ထုတ်​ဆောင်​သွား​ကြ​လေ​သည်။
LEV 10:6 ထို​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား များ​ဖြစ်​ကြ​သော ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``သင်​တို့​သည်​သေ​ဆုံး​သူ​များ​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​ပြ​ရန် ဆံ​ပင်​ကို မ​ဖြီး​ဘဲ​မ​နေ​ကြ​နှင့်။ အ​ဝတ်​အင်္ကျီ​များ ကို​လည်း​မ​ဆုတ်​ဖြဲ​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​၏​အ​သက်​ဆုံး​ရ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား​အ​မျက်​တော်​ထွက်​လိမ့်​မည်။ သို့​သော်​သင်​တို့​၏​သွေး​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​မူ ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လောင်​မီး ကျ​၍ သေ​ဆုံး​သူ​တို့​အ​တွက်​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​ပြ​နိုင်​သည်။-
LEV 10:7 သင်​တို့​ကား​ထာ​ဝ​ရ​ဘု​ရား​၏​သိက္ခာ​တင် ဆီ​လောင်း​၍ ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သော ကြောင့် သင်​တို့​သည်​တဲ​တော်​တံ​ခါး​မှ​ထွက် ခွာ​မ​သွား​ရ။ ထွက်​ခွာ​သွား​လျှင်​သင်​တို့​သေ ရ​မည်'' ဟု​ဆို​လေ​၏။ သူ​တို့​သည်​မော​ရှေ မှာ​ကြား​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။
LEV 10:8 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား၊-
LEV 10:9 ``သင်​နှင့်​သင်​၏​သား​တို့​သည်​စ​ပျစ်​ရည် သို့ မ​ဟုတ်​သေ​ရည်​သေ​ရက်​ကို​သောက်​၍​တဲ​တော် ထဲ​သို့​မဝင်​ရ။ ထို​သို့​ပြု​လျှင်​သင်​တို့​သေ​ရ မည်။ ဤ​ပ​ညတ်​ကို​သင်​တို့​၏​အ​ဆက်​အ​နွယ် အား​လုံး​စောင့်​ထိန်း​ရ​ကြ​မည်။-
LEV 10:10 သင်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ၊ မ​ဆိုင်​သော​အ​ရာ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ တို့​ကို​ခွဲ​ခြား​တတ်​ရ​မည်။-
LEV 10:11 မော​ရှေ​အား​ဖြင့်​ငါ​ပေး​သော​ပညတ်​ရှိ​သ​မျှ တို့​ကို သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​သွန်​သင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
LEV 10:12 မော​ရှေ​သည်​အာ​ရုန်​နှင့်​အ​သက်​ရှင်​လျက် ကျန်​သော​သား​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မှ ကြွင်း​ကျန်​သော မုန့်​ညက်​ဖြင့်​တ​ဆေး​မဲ့​မုန့်​ပြု​လုပ်​၍ ယဇ် ပလ္လင်​နား​တွင်​စား​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။-
LEV 10:13 ထို​မုန့်​ကို​သန့်​ရှင်း​ရာ​ဌာ​န​တွင်​စား​ရ​မည်။ ထို​မုန့်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သော​ပူ​ဇော်​သ​ကာ​ထဲ​မှ သင်​နှင့်​သင်​၏​သား တို့​ရ​သော​ဝေ​စု​ဖြစ်​သည်။ ဤ​ပ​ညတ်​သည် ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​ဆင့်​ဆို​သော ပ​ညတ်​ဖြစ်​သည်။-
LEV 10:14 သင်​နှင့်​သင်​တို့​၏​မိ​သား​စု​များ​သည်​ယဇ် ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​ဆက်​သ​သော​ရင်​ဒူး​သား​နှင့် ပေါင်​တို့​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့် ရှင်း​သော​အ​ရပ်​တွင်​စား​ရ​မည်။ ဤ​ဝေ​စု များ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​များ​ထဲ​မှ သင်​နှင့်​သင်​၏​သား​သ​မီး​များ​အ​တွက် ဝေ​စု​များ​ဖြစ်​သည်။-
LEV 10:15 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​အ​ဖြစ်​ယဇ်​ကောင်​အ​ဆီ​ကို​ပူ​ဇော် သော​အ​ခါ ရင်​ဒူး​နှင့်​ပေါင်​တို့​ကို​ယူ​ဆောင် ခဲ့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း ဤ​ယဇ်​ကောင်​ပိုင်း​များ​သည် သင်​နှင့် သင်​၏​သား​စဉ်​မြေး​ဆက်​အ​တွက်​ဝေ​စု ဖြစ်​ရ​မည်'' ဟု​ဆို​လေ​သည်။
LEV 10:16 ထို့​နောက်​မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ် သော​ဆိတ်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​သော အ​ခါ ထို​ယဇ်​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​ကြောင်း​သိ ရ​၏။ ထို့​ကြောင့်​သူ​သည်​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​အား​အ​မျက်​ထွက်​၍၊-
LEV 10:17 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ထို​ယဇ်​ကောင်​၏ အ​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တွင်​မ​စား​ကြ သ​နည်း။ အ​ပြစ်​ဖြေ​ရာ​ယဇ်​သည်​အ​ထူး​ပူ ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ကို​ဖြေ​ရန်​အ​တွက် သင်​တို့​အား​ထို​ယဇ် ကောင်​အ​သား​ကို​ပေး​တော်​မူ​ပြီ။-
LEV 10:18 ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့​မ​ယူ​ခဲ့ ပါ​တ​ကား။ သင်​တို့​သည်​ငါ​မိန့်​မှာ​သည့်​အ​တိုင်း ထို​ယဇ်​ကောင်​၏​အ​သား​ကို​တဲ​တော်​တွင်​စား ရ​မည်'' ဟု​ဆို​လေ​၏။
LEV 10:19 ထို​အ​ခါ​အာ​ရုန်​က​မော​ရှေ​အား``အ​ကယ်​၍ အ​ကျွန်ုပ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​၏ အ​သား​ကို ယ​နေ့​စား​ခဲ့​သော်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ပါ​မည်​လော။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​နေ့​ထာ​ဝ​ရ​ဘု​ရား အား​အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့် မီး​ရှို့​ရာ​ယဇ်​တို့ ကို​ပူ​ဇော်​ကြ​ပါ​ပြီ။ သို့​ဖြစ်​ပါ​လျက်​နှင့် အ​ကျွန်ုပ်​၌ ဤ​အ​ဖြစ်​ဆိုး​နှင့်​တွေ့​ကြုံ​ရ ပါ​သည်​တ​ကား'' ဟု​ဖြေ​ကြား​လေ​၏။-
LEV 10:20 မော​ရှေ​သည်​အာ​ရုန်​၏​အ​ဖြေ​ကို​ကြား​ရ လျှင်​ကျေ​နပ်​လေ​၏။
LEV 11:1 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန် အောက်​ပါ​ပ​ညတ်​များ ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့​မှ​တစ်​ဆင့်​ချ​မှတ် ပေး​တော်​မူ​၏။ သင်​တို့​သည်​ကုန်း​သတ္တ​ဝါ တို့​တွင်၊-
LEV 11:3 ခွာ​ကွဲ​၍​စား​မြုံ့​ပြန်​တတ်​သော တိ​ရစ္ဆာန် များ​၏​အ​သား​ကို​စား​နိုင်​သည်။-
LEV 11:4 သို့​ရာ​တွင်​ကု​လား​အုတ်၊ ခွေး​တူ​ဝက်​တူ​နှင့် ယုန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန် တို့​သည်​စား​မြုံ့​ပြန်​တတ်​သော်​လည်း​ခွာ​မ​ကွဲ သ​ဖြင့် စား​ရန်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။-
LEV 11:7 ဝက်​သား​ကို​လည်း​မ​စား​ရ။ ဝက်​တို့​သည်​ခွာ ကွဲ​သော်​လည်း​စား​မြုံ့​မ​ပြန်​သ​ဖြင့် စား​ရန် မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။-
LEV 11:8 သင်​တို့​သည်​ထို​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ​ရ။ ယင်း​တို့​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။
LEV 11:9 သင်​တို့​သည်​ဆူး​တောင်​နှင့်​အ​ကြေး​ရှိ​သော ငါး​များ​ကို​စား​နိုင်​သည်။-
LEV 11:10 သို့​ရာ​တွင်​ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ သော​ရေ​သတ္တ​ဝါ​များ​ကို​မ​စား​ရ။-
LEV 11:11 ထို​သတ္တ​ဝါ​များ​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ ရ​မည်။ သင်​တို့​သည်​ထို​သတ္တ​ဝါ​များ​ကို မ​စား​ရ၊ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ ရ။-
LEV 11:12 ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ​သော​ရေ သတ္တ​ဝါ​ဟူ​သ​မျှ​ကို​မ​စား​ရ။
LEV 11:13 အောက်​ဖော်​ပြ​ပါ​ငှက်​မျိုး​တို့​ကို​သင်​တို့ သည်​မ​စား​ရ။ လင်း​ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်၊ လင်း​တ၊ ကျီး၊ ငှက်​ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်​ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ ဘီး​ငှက်​နှင့်​လင်း​နို့​တို့​ဖြစ်​သည်။
LEV 11:20 ခုန်​ဆွ​သွား​တတ်​သည့်​ပိုး​ကောင်​များ​မှ​လွဲ​၍ အ​တောင်​ရှိ​ပိုး​ကောင်​ဟူ​သ​မျှ​သည်​မ​သန့်​ရှင်း၊-
LEV 11:22 သင်​တို့​သည်​ကျိုင်း​ကောင်၊ ပ​ရစ်​နှင့်​နှံ​ကောင်​များ ကို​စား​နိုင်​သည်။-
LEV 11:23 သို့​ရာ​တွင်​အ​တောင်​ရှိ​၍​တွား​သွား​တတ်​သော အ​ခြား​အ​ကောင်​ငယ်​ရှိ​သ​မျှ​ကို မ​သန့်​ရှင်း ဟု​မှတ်​ယူ​ရ​မည်။
LEV 11:24 အောက်​ဖော်​ပြ​ပါ​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင် များ​ကို​ထိ​ကိုင်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ခွာ​ကွဲ​၍​စား​မြုံ့ ပြန်​သော​တိရစ္ဆာန်​များ​မှ​တစ်​ပါး​အ​ခြား​ခွာ ရှိ​တိ​ရစ္ဆာန်​အား​လုံး​နှင့် အုပ်​ဖမ်း​တတ်​သော​လက် ရှိ​သည့်​ခြေ​လေး​ချောင်း​သတ္တ​ဝါ​အား​လုံး​တို့ ဖြစ်​သည်။ ထို​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင်​များ ကို​သယ်​ဆောင်​သွား​သူ​သည် မိ​မိ​၏​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​လည်း​သူ သည်​ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့် မည်။
LEV 11:29 ပွေး၊ ကြွက်၊ အိမ်​မြှောင်​မျိုး​တို့​ကို​မ​သန့်​ရှင်း​ဟု မှတ်​ယူ​ရ​မည်။-
LEV 11:31 ထို​သတ္တ​ဝါ​တို့​ကို​ဖြစ်​စေ၊ ၎င်း​တို့​၏​အ​သေ ကောင်​များ​ကို​ဖြစ်​စေ​ကိုင်​တွယ်​မိ​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။-
LEV 11:32 သစ်​သား၊ အ​ဝတ်၊ သား​ရေ၊ လျှော်​တေ​စ​သည် တို့​ဖြင့်​ပြု​လုပ်​သော​မည်​သည့်​အ​သုံး​အ​ဆောင် များ​ပေါ်​သို့​မ​ဆို ထို​သတ္တ​ဝါ​တို့​၏​အ​သေ ကောင်​များ​ကျ​ခဲ့​သော် ယင်း​အ​သုံး​အ​ဆောင် သည်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။ ယင်း​ကဲ့ သို့​ညစ်​ညမ်း​သွား​သော​အ​သုံး​အ​ဆောင်​ကို ရေ​ထဲ​၌​နှစ်​ရ​မည်။ သို့​ရာ​တွင်​ထို​အ​သုံး အ​ဆောင်​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း ဘဲ​ရှိ​လိမ့်​မည်။-
LEV 11:33 အ​သေ​ကောင်​များ​မြေ​အိုး​ထဲ​သို့​ကျ​လျှင် အိုး​ထဲ​ရှိ​သ​မျှ​သည်​လည်း ညစ်​ညမ်း​ကုန် သ​ဖြင့်​အိုး​ကို​ခွဲ​ရ​မည်။-
LEV 11:34 မ​သန့်​ရှင်း​သော​ထို​အိုး​မှ​ရေ​သည်​စား​စ​ရာ ပေါ်​သို့​ကျ​လျှင် ထို​စား​စ​ရာ​သည်​လည်း မ​သန့်​ရှင်း​ချေ။ ထို​အိုး​မှ​သောက်​ရေ​သည် လည်း​မ​သန့်​ရှင်း။-
LEV 11:35 မြေ​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​ပေါ်​သို့​ထို သတ္တ​ဝါ​တို့​၏​အ​သေ​ကောင်​များ​ကျ​လျှင် ထို​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​သည်​မ​သန့် ရှင်း​သ​ဖြင့်​ခွဲ​ပစ်​လိုက်​ရ​မည်။-
LEV 11:36 သို့​ရာ​တွင်​စမ်း​ရေ​တွင်း​သို့​မ​ဟုတ်​ရေ​လှောင် ကန်​ထဲ​သို့​အ​သေ​ကောင်​ကျ​လျှင် ထို​ရေ​သည် မ​ညစ်​ညမ်း။ ထို​အ​သေ​ကောင်​နှင့်​ထိ​မိ​သော အ​ရာ​သာ​လျှင်​ညစ်​ညမ်း​သည်။-
LEV 11:37 ကြဲ​မည့်​မျိုး​စေ့​ပေါ်​သို့​အ​သေ​ကောင်​ကျ လျှင် မျိုး​စေ့​သည်​မ​ညစ်​ညမ်း။-
LEV 11:38 သို့​ရာ​တွင်​ရေ​စိမ်​ထား​သော​မျိုး​စေ့​ပေါ် သို့​အ​သေ​ကောင်​ကျ​လျှင် ထို​မျိုး​စေ့​သည် မ​သန့်​ရှင်း။
LEV 11:39 စား​နိုင်​သော​တိ​ရစ္ဆာန်​သေ​လျှင်​ထို​အ​သေ ကောင်​ကို​ကိုင်​တွယ်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ချေ။-
LEV 11:40 ထို​အ​သေ​ကောင်​၏​အ​သား​ကို​စား​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ထို အ​သေ​ကောင်​ကို​သယ်​ဆောင်​မိ​သူ​သည် မိ​မိ အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။
LEV 11:41 မြေ​ကြီး​ပေါ်​တွင်​တွား​သွား​တတ်​သော သို့ မ​ဟုတ်​ခြေ​လေး​ချောင်း​ရှိ​သော သို့​မ​ဟုတ် ခြေ​လေး​ချောင်း​ထက်​များ​သော​ခြေ​ရှိ​သော သတ္တ​ဝါ​ငယ်​များ​ကို​သင်​တို့​မ​စား​ရ။-
LEV 11:43 ထို​သတ္တ​ဝါ​များ​ကို​စား​၍​သင်​တို့​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​နှင့်။-
LEV 11:44 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​လည်း​သန့်​ရှင်း​ကြ​ရ​မည်။-
LEV 11:45 ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သခင် ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည် လည်း​သန့်​ရှင်း​ကြ​ရ​မည်။
LEV 11:46 ဤ​ပ​ညတ်​သည်​ကား​တိ​ရစ္ဆာန်​များ​နှင့်​ငှက် များ၊ ရေ​သတ္တ​ဝါ​နှင့်​ကုန်း​သတ္တ​ဝါ​များ​နှင့် ဆိုင်​သော​ပညတ်​ဖြစ်​သ​တည်း။-
LEV 11:47 သင်​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​၍ စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​မ​သန့်​ရှင်း ၍​မ​စား​နိုင်​သော​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​သိ ကြ​ရ​မည်။
LEV 12:1 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အောက်​ပါ​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော်​မူ​၏။ အ​မျိုး သ​မီး​တစ်​ဦး​သည်​ဋ္ဌမ္မ​တာ​ရာ​သီ​ပေါ်​ချိန်​၌ မ​သန့်​ရှင်း​သ​ကဲ့​သို့ သား​ယောကျာ်း​ကို​ဖွား​မြင် ပြီး​ခု​နစ်​ရက်​အ​တွင်း​တွင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။-
LEV 12:3 အ​ဋ္ဌ​မ​နေ့​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို သား​အား​ပေး​ရ​မည်။-
LEV 12:4 မိ​ခင်​သည်​နောက်​ထပ်​သုံး​ဆယ့်​သုံး​ရက်​အ​တွင်း ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သ​ဖြင့် သွေး​သန့်​သည့်​ကာ​လ​မ​တိုင်​မီ​သန့်​ရှင်း​သော အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မ​ထိ​မ​ကိုင်​ရ။ တဲ တော်​အ​တွင်း​သို့​လည်း​မ​ဝင်​ရ။
LEV 12:5 သ​မီး​ကို​ဖွား​မြင်​သော​အ​မျိုး​သ​မီး​သည် ဋ္ဌမ္မ တာ​ရာ​သီ​ပေါ်​ချိန်​၌​မ​သန့်​ရှင်း​သ​ကဲ့​သို့ မီး ဖွား​ပြီး​တစ်​ဆယ့်​လေး​ရက်​အ​တွင်း​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။ မိ​ခင်​သည် သွေး​သန့်​သည့်​ကာ​လ​မ​တိုင်​မီ နောက်​ထပ်​ခြောက် ဆယ့်​ခြောက်​ရက်​အ​တွင်း​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​ရှင်း​ချေ။
LEV 12:6 မိ​ခင်​သည်​သား​ကို​ဖွား​မြင်​သည်​ဖြစ်​စေ၊ သမီး​ကို ဖွား​မြင်​သည်​ဖြစ်​စေ​သွေး​မ​သန့်​သည့်​ကာ​လ​ပြီး ဆုံး​သော​အ​ခါ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရန်​တစ်​နှစ်​သား သိုး​က​လေး​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ ဇော်​ရန် ချိုး​သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော​ဟိတ်​ထံ​အပ်​ရ​မည်။-
LEV 12:7 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ယဇ်​များ​ကို ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​လျက် မိ​ခင်​အ​တွက်​သန့်​ရှင်း စေ​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​သ​ဖြင့် မိ​ခင်​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လာ​လိမ့် မည်။ ဤ​ပ​ညတ်​ကား​သား​ဖွား​ပြီး​အ​မျိုး သ​မီး​တို့​လိုက်​နာ​ရ​မည့်​ပညတ်​ဖြစ်​သ​တည်း။
LEV 12:8 မိ​ခင်​သည်​သိုး​က​လေး​ကို​မ​ပူ​ဇော်​နိုင်​လျှင် ချိုး နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​ယူ​ခဲ့​ရ​မည်။ တစ်​ကောင်​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက်​ဖြစ်​၍ အ ခြား​တစ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​ခင်​အ​တွက် သန့်​ရှင်း​စေ​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​သ​ဖြင့် မိ​ခင် သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လာ လိမ့်​မည်။
LEV 13:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။-
LEV 13:2 တစ်​စုံ​တစ်​ယောက်​တွင်​အ​ရေ​ပြား​၌​အ​နာ​စိမ်း ဖြစ်​စေ၊ ဖူး​ယောင်​နာ​ဖြစ်​စေ၊ အ​နာ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သ​ဖြင့် ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ စွဲ​မည့်​လက္ခ​ဏာ​ရှိ​လာ​လျှင် ထို​သူ​ကို​အာ​ရုန်​မှ ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-
LEV 13:3 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး လျှင် အ​နာ​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​၍​အ​နာ တွင်း​နက်​နေ​လျှင် ထို​သူ​၌​ဆိုး​ဝါး​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​ပြီ​ဖြစ်​သော​ကြောင့် မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။-
LEV 13:4 သို့​ရာ​တွင်​အ​နာ​ကွက်​ဖြူ​သော်​လည်း အ​မွေး မ​ဖြူ၊ အ​နာ​ကွက်​လည်း​ချိုင့်​နေ​ဟန်​မ​ရှိ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ခု​နစ်​ရက် ပတ်​လုံး​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
LEV 13:5 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား ထပ်​မံ​စစ်​ဆေး​ပြီး​အ​နာ​သည် ပ​က​တိ​အ​တိုင်း ပြန့်​ပွား​မှု​မ​ရှိ​ဟု​ထင်​မြင်​လျှင် ထို​သူ​အား ခု​နစ်​ရက်​ထပ်​မံ​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
LEV 13:6 တစ်​ဖန်​သတ္တ​မ​နေ့​၌​ထို​သူ​အား​ထပ်​မံ​စစ်​ဆေး ၍ အ​နာ​ညိုး​လျက်​မ​ပြန့်​ပွား​ကြောင်း​တွေ့​ရ​လျှင် ရိုး​ရိုး​အ​နာ​ဖြစ်​သ​ဖြင့်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။ ထို​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ဖွပ် ပြီး​နောက် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း စင်​ကြယ်​လာ​လိမ့်​မည်။-
LEV 13:7 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​နာ​ကို​စစ်​ဆေး​၍ သန့်​ရှင်း​သူ​ဟု​အ​ဆုံး အ​ဖြတ်​ပေး​ပြီး​နောက်​မှ​အ​နာ​ပြန့်​ပွား​လာ လျှင် ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​၌​တစ် ဖန်​အ​စစ်​ဆေး​ခံ​ရ​မည်။-
LEV 13:8 ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။
LEV 13:9 တစ်​စုံ​တစ်​ယောက်​သော​သူ​၌ ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​လျှင် ထို​သူ​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ရ​မည်။-
LEV 13:10 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စစ်​ဆေး​၍ အ​ရေ ပြား​ပေါ်​တွင်​အ​ဖြူ​ကွက်​အ​နာ​ရှိ​ပြီး ထို​အ​ဖြူ ကွက်​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​လျက်​အ​နာ​သည် လည်း​ပြည်​တည်​နေ​လျှင်၊-
LEV 13:11 ထို​အ​နာ​သည်​ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့် ရှင်း​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။ ထို​သူ​၌ ရော​ဂါ​ဆိုး​စွဲ​လျက်​ရှိ​ကြောင်း သိ​သာ​ထင်​ရှား သ​ဖြင့်​သူ့​အား​သီး​ခြား​နေ​ထိုင်​စေ​ရန်​မ​လို။-
LEV 13:12 အ​ကယ်​၍​သူ​၏​အ​ရေ​ပြား​ရော​ဂါ​သည် ဦး ခေါင်း​မှ​ခြေ​ထောက်​သို့​တိုင်​အောင်​ပြန့်​ပွား လာ​လျှင်၊-
LEV 13:13 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​၍​စစ် ဆေး​ရ​မည်။ သူ​၏​အ​နာ​သည် တစ်​ကိုယ်​လုံး​ပြန့် နှံ့​သွား​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယဇ်​ပု​ရော​ဟိတ် သည်​သူ့​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ သူ​သည်​တစ် ကိုယ်​လုံး​ဖြူ​ဆွတ်​သွား​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​စင်​ကြယ်​၏။-
LEV 13:14 သို့​ရာ​တွင်​ထို​သူ​၏​ကိုယ်​ပေါ်​၌ အ​နာ​ပေါက်​လာ သည်​နှင့်​တစ်​ပြိုင်​နက်​သူ​သည်​မ​သန့်​ရှင်း​ချေ။-
LEV 13:15 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အား​တစ်​ဖန် စစ်​ဆေး​၍ ကိုယ်​ပေါ်​၌​အ​နာ​ပေါက်​နေ​သည်​ကို တွေ့​ရှိ​ရ​လျှင် သူ့​ကို​မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ မည်။ အ​နာ​ပေါက်​လာ​ခြင်း​သည်​ဆိုး​ရွား​သော ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​ခြင်း​လက္ခ​ဏာ​ဖြစ်​၍ ထို​သူ​သည်​မ​သန့်​ရှင်း​ချေ။-
LEV 13:16 အ​နာ​သည်​ပျောက်​ကင်း​၍​တစ်​ဖန်​ဖြူ​လာ လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရ​မည်။-
LEV 13:17 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​တစ်​ဖန်​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန်​၍​ဖြူ​လာ​လျှင် သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​စင်​ကြယ်​၏။ ယဇ် ပု​ရော​ဟိတ်​သည်​လည်း​သူ့​အား​စင်​ကြယ် သည်​ဟု​အ​ဆုံး​အ​ဖြတ်​ပေး​ရ​မည်။
LEV 13:18 တစ်​စုံ​တစ်​ယောက်​သော​သူ​၏​ကိုယ်​ရေ​ပြား​ပေါ် တွင် ပျောက်​ကင်း​သွား​သော​အ​နာ​စိမ်း​နေ​ရာ​၌၊-
LEV 13:19 ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​အ​ကွက်​ဖြစ် စေ​ပေါ်​လာ​လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​သွား​ရ​မည်။-
LEV 13:20 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး​နောက် အ​နာ​တွင်း​နက်​လျက် အ​နာ​ပေါ်​ရှိ​အ​မွေး​များ ဖြူ​လာ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​မ​သန့် ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​အ​နာ​သည်​အ​နာ စိမ်း​နေ​ရာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား​သည့် ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-
LEV 13:21 ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​၍ အ​နာ​နေ​ရာ​တွင်​အ​မွေး​များ​မ​ဖြူ၊ အ​နာ တွင်း​လည်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​လျှင်​ထို​သူ​အား​ခု​နစ်​ရက်​ပတ်​လုံး သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
LEV 13:22 အ​နာ​ကွက်​ပြန့်​ပွား​လာ​ကြောင်း​ကို​တွေ့​ရှိ​ရ လျှင် ထို​သူ​၌​ရော​ဂါ​စွဲ​ကပ်​ပြီး​ဖြစ်​၍​သူ အား​မသန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-
LEV 13:23 သို့​ရာ​တွင်​အ​နာ​ကွက်​သည်​မ​ပြန့်​ပွား​ဘဲ န​ဂို​မူ​လ​အ​တိုင်း​ရှိ​နေ​လျှင် အ​နာ​စိမ်း​၏ အ​မာ​ရွတ်​မျှ​သာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​က​ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။
LEV 13:24 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​မီး​လောင်​ခံ​ရ​၍ မီး​လောင်​သော​နေ​ရာ​တွင်​အ​ရေ​ပြား​ဖြူ​လာ လျှင်​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​ဖြစ်​လာ​လျှင်​ဖြစ်​စေ၊-
LEV 13:25 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​ကွက်​တွင်​ရှိ​သော​အ​မွေး​များ​သည် ဖြူ​၍​အ​နာ​တွင်း​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင် မီး လောင်​သော​အ​နာ​မှ​ဖြစ်​ပေါ်​လာ​သော​ဆိုး​ရွား သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-
LEV 13:26 သို့​ရာ​တွင်​အ​နာ​ကွက်​၌​ရှိ​သော​အ​မွေး​သည် မ​ဖြူ၊ အ​နာ​တွင်း​မ​နက်၊ အ​နာ​၏​အ​ရောင်​လည်း ဖျော့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ထို​သူ​အား​ခု​နစ် ရက်​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
LEV 13:27 သတ္တ​မ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် သူ့​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​သည်​ပြန့်​ပွား​နေ​ကြောင်း​တွေ့​ရ လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​ကို​မ​သန့်​ရှင်း ဟု​ဆုံး​ဖြတ်​ရ​မည်။-
LEV 13:28 သို့​သော်​အ​နာ​ကွက်​သည်​မူ​လ​အ​ခြေ​အ​နေ​၌ ရှိ​၍ မ​ပြန့်​ပွား​ကြောင်း​ကို​လည်း​ကောင်း၊ အ​ရောင် ဖျော့​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော ဂါ​မ​ဟုတ်။ ထို​အ​နာ​သည်​မီး​လောင်​သည့်​အ​မာ ရွတ်​မျှ​သာ​ဖြစ်​ခြင်း​ကြောင့် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။
LEV 13:29 အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​ခေါင်း​ပေါ်​တွင်​ဖြစ်​စေ၊ မေး​ပေါ်​တွင် ဖြစ်​စေ​အ​နာ​ပေါက်​လျှင်၊-
LEV 13:30 ယဇ်​ပု​ရော​ဟိတ်​က​ထို​အ​နာ​ကို​စစ်​ဆေး​ရ မည်။ အ​နာ​တွင်း​သည်​နက်​ဟန်​ရှိ​၍​အ​နာ​ပေါ် ရှိ​အ​မွေး​များ​ပါး​လျက် ဝါ​ကြန့်​ကြန့်​အ​ရောင် ရှိ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ်​ရေ ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​ဟု​ဆုံး​ဖြတ်​ရ​မည်။-
LEV 13:31 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး သည့်​အ​ခါ အ​နာ​တွင်း​သည်​မ​နက်​သော်​လည်း အ​နာ​ပေါ်​ရှိ​အ​မွေး​များ​သည် ပ​က​တိ​အ​သွေး အ​ရောင်​အ​တိုင်း​မ​ရှိ​ခဲ့​လျှင် သူ့​ကို​ခု​နစ်​ရက် သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-
LEV 13:32 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ ကို​တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား အ​မွေး​များ​သည်​လည်း​မ​ဝါ၊ အ​နာ​တွင်း သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ​ရ​လျှင်၊-
LEV 13:33 အ​နာ​ပတ်​လည်​ရှိ​အ​မွေး​များ​ကို​ရိတ်​ရ မည်။ ထို့​နောက်​သူ​အား​ခု​နစ်​ရက်​တိုး​၍​သီး ခြား​နေ​ထိုင်​စေ​ရ​မည်။-
LEV 13:34 သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို တစ်​ဖန်​စစ်​ဆေး​၍ အ​နာ​သည်​မ​ပြန့်​မ​ပွား၊ အ​နာ​တွင်း​သည်​လည်း​မ​နက်​ကြောင်း​တွေ့​ရှိ ရ​လျှင် ထို​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​သည်​ဟု​ဆုံး​ဖြတ်​ရ​မည်။ ထို​သူ​သည် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို့ နောက်​သူ​သည်​သန့်​ရှင်း​လိမ့်​မည်။-
LEV 13:35 သို့​ရာ​တွင်​သူ့​အား​သန့်​ရှင်း​သည်​ဟု​ဆုံး ဖြတ်​ပြီး​နောက် အ​နာ​သည်​ပြန့်​ပွား​လာ​လျှင်၊-
LEV 13:36 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​ထပ်​မံ​စစ်​ဆေး ရ​မည်။ အ​နာ​သည်​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် အ​မွေး​ဝါ​သည်​မ​ဝါ​သည်​ကို​စစ် ဆေး​ကြည့်​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မ​သန့်​ရှင်း​ကြောင်း​ထင်​ရှား​နေ​ပြီ ဖြစ်​သည်။-
LEV 13:37 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​မ​ပြန့် မ​ပွား၊ အ​နာ​ပေါ်​ရှိ​အ​မွေး​နက်​များ​သည် ပ​က​တိ​အ​သွေး​အ​ရောင်​ရှိ​၍ ပျောက်​ကင်း သွား​ပြီ​ဟု​ထင်​မြင်​ယူ​ဆ​လျှင် ထို​သူ​အား ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သည် ဟူ​၍​ဆုံး​ဖြတ်​ရ​မည်။
LEV 13:38 အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး​သ​မီး​တစ် ယောက်​၏​အ​ရေ​ပြား​ပေါ်​တွင်​အ​ဖြူ​ကွက် များ​ပေါ်​လျှင်၊-
LEV 13:39 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး ရ​မည်။ အ​ကွက်​များ​သည်​ဖြူ​မွဲ​မွဲ​ဖြစ်​လျှင် အ​ရေ​ပြား​ပေါ်​တွင်​ဖြစ်​ပေါ်​တတ်​သော​ညှင်း ကွက်​များ​ဖြစ်​၍​သူ​သည်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​ရှင်း​သည်။
LEV 13:40 အ​မျိုး​သား​သို့​မ​ဟုတ် အ​မျိုး​သ​မီး​တစ် ယောက်​၏​ဦး​ခေါင်း​အ​နောက်​ပိုင်း​မှ​ဖြစ်​စေ၊ အ​ရှေ့​ပိုင်း​မှ​ဖြစ်​စေ​ဆံ​ပင်​များ​ကျွတ်​လျှင် မ​သန့်​ရှင်း​သူ​ဟူ​၍​မ​သတ်​မှတ်​ရ။-
LEV 13:42 သို့​ရာ​တွင်​ဆံ​ပင်​ပြောင်​သော​နေ​ရာ​၌​နီ ဖျော့​ဖျော့​အ​နာ​ပေါက်​လျှင် ထို​အ​နာ​သည် ဆိုး​ရွား​သော​အ​ရေ​ပြား​ရော​ဂါ​ဖြစ်​သည်။-
LEV 13:43 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အား​စစ်​ဆေး​၍ အ​နာ​သည်​နီ​ဖျော့​ဖျော့​ဖြစ်​လျှင်၊-
LEV 13:44 သူ​၏​ဦး​ခေါင်း​ပေါ်​၌​ဆိုး​ရွား​သော​အ​ရေ ပြား​ရော​ဂါ​စွဲ​သည်​ဖြစ်​သော​ကြောင့် မ​သန့် ရှင်း​သူ​ဟု​ဆုံး​ဖြတ်​ရ​မည်။-
LEV 13:45 ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ​စွဲ​သော သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ဆံ​ပင် ကို​မ​ဖြီး​ရ။ မျက်​နှာ​အောက်​ပိုင်း​ကို​ဖုံး​လျက် မ​သန့်​ရှင်း၊ မ​သန့်​ရှင်း​ဟု​အော်​ရ​မည်။-
LEV 13:46 သူ​၏​ကိုယ်​၌​ထို​ရော​ဂါ​စွဲ​နေ​သည့်​ကာ​လ ပတ်​လုံး သူ​သည်​မ​သန့်​ရှင်း​သ​ဖြင့် လူ​သူ​နှင့် ဝေး​ရာ​စ​ခန်း​အ​ပြင်​၌​ထွက်​၍​နေ​ထိုင်​ရ​မည်။
LEV 13:47 သိုး​မွေး​အ​ဝတ်​အ​ထည်​သို့​မ​ဟုတ်​ပိတ်​ချော အ​ဝတ်​အ​ထည်​တွင်​ဖြစ်​စေ၊-
LEV 13:48 သိုး​မွေး​အ​ထည်​စ​သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​သို့​မ​ဟုတ် သား​ရေ​ထည်​ပစ္စည်း​တွင်​ဖြစ်​စေ၊-
LEV 13:49 စိမ်း​ဖန့်​ဖန့်​သို့​မ​ဟုတ်​နီ​ကြန့်​ကြန့်​ဖား​ဥ ကွက်​များ​ကို​တွေ့​ရ​လျှင် ပြန့်​ပွား​တက်​သော ဖား​ဥ​မျိုး​ဖြစ်​သ​ဖြင့် ထို​ပစ္စည်း​များ​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​ပြ​သ​ရ​မည်။-
LEV 13:50 ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ်​ဆေး​ပြီး ခု​နစ်​ရက်​သိမ်း​ထား​ရ​မည်။-
LEV 13:51 သတ္တ​မ​နေ့​၌​ထို​ပစ္စည်း​ကို​ထပ်​မံ​စစ်​ဆေး​၍ ဖား​ဥ​ကွက်​ပြန့်​ပွား​လာ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။-
LEV 13:52 ထို​ဖား​ဥ​ကွက်​သည်​ကူး​စက်​တတ်​သော​ဖား​ဥ မျိုး​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။
LEV 13:53 ယဇ်​ပု​ရော​ဟိတ်​သည် ပစ္စည်း​ကို​စစ်​ဆေး​၍​ဖား​ဥ ကွက်​သည်​မ​ကျယ်​ပြန့်​လျှင်၊-
LEV 13:54 ထို​ပစ္စည်း​ကို​ဖွပ်​လျှော်​စေ​ပြီး​နောက် ခု​နစ်​ရက် ထပ်​မံ​၍​သိမ်း​ထား​ရ​မည်။-
LEV 13:55 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပစ္စည်း​ကို​စစ် ဆေး​ရ​မည်။ ဖား​ဥ​ကွက်​သည်​မ​ပြန့်​ပွား​သော် လည်း​အ​ရောင်​မ​ပြောင်း​လဲ​လျှင် ထို​ပစ္စည်း​သည် မ​သန့်​ရှင်း​ချေ။ ထို​ပစ္စည်း​သည်​အ​တွင်း​အ​ပြင် ဆွေး​မြေ့​နေ​ကြောင်း​တွေ့​ရှိ​ရ​လျှင် ယင်း​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
LEV 13:56 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထပ်​မံ​စစ် ဆေး​သည့်​အ​ခါ ဖား​ဥ​ကွက်​သည်​အ​ရောင်​ညှိုး သွား​ကြောင်း​ကို​တွေ့​ရှိ​ရ​လျှင် အ​ဝတ်​အ​ထည် သို့​မ​ဟုတ်​သား​ရေ​ထည်​ပစ္စည်း​မှ​ထို​အ​ကွက် ကို​ဆုတ်​ထုတ်​ရ​မည်။-
LEV 13:57 ထို့​နောက်​ဖား​ဥ​ကွက်​တစ်​ဖန်​ပြန်​ပေါ်​လာ လျှင် ဖား​ဥ​ပြန့်​ပွား​လာ​ခြင်း​ကြောင့် ပိုင်​ရှင် သည်​ပစ္စည်း​ကို​မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
LEV 13:58 သူ​သည်​ပစ္စည်း​ကို​ဖွပ်​လျှော်​သ​ဖြင့်​ဖား​ဥ ကွက်​ပျောက်​လျှင် နောက်​တစ်​ကြိမ်​ထပ်​မံ​ဖွပ် လျှော်​ရ​မည်။ ထို့​နောက်​ပစ္စည်း​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လိမ့်​မည်။
LEV 13:59 ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။
LEV 14:1 ထာ​ဝ​ရ​ဘု​ရား​က​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ဆိုင်​ရာ​အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​အား​ချ​မှတ်​ပေး တော်​မူ​၏။ ထို​သူ​အား​သန့်​စင်​သူ​အ​ဖြစ် ကြေ​ညာ​မည့်​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။-
LEV 14:3 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စ​ခန်း​အ​ပြင် သို့​ထုတ်​၍​စစ်​ဆေး​ရ​မည်။ သူ​၏​ရော​ဂါ ပျောက်​ကင်း​လျှင်၊-
LEV 14:4 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သော​ငှက် နှစ်​ကောင်​နှင့်​တ​ကွ​သစ်​က​တိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို​ယူ​ဆောင်​စေ ခဲ့​ရ​မည်။-
LEV 14:5 ထို့​နောက်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ရ မည်။-
LEV 14:6 ယဇ်​ပု​ရော​ဟိတ်​သည်​သစ်​ကတိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​နှင့်​တ​ကွ​ငှက်​အ​ရှင်​ကို သတ်​ပြီး​သော​ငှက်​၏​သွေး​ထဲ​၌​နှစ်​ရ​မည်။-
LEV 14:7 ထို့​နောက်​သူ​သည်​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား သွေး​ဖြင့်​ခု​နစ်​ကြိမ်​ပက် ဖျန်း​ပြီး​လျှင်​သန့်​စင်​သူ​ဖြစ်​ကြောင်း​ကြေ ညာ​ရ​မည်။ ငှက်​အ​ရှင်​ကို​ကွင်း​ပြင်​သို့​ပျံ စေ​ရ​မည်။-
LEV 14:8 ရော​ဂါ​ပျောက်​ကင်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍ ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ သ​မျှ​ကို​ရိတ်​ပြီး​လျှင်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သ​ဖြင့် စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင် နိုင်​သည်။ သို့​ရာ​တွင်​သူ​၏​တဲ​အ​ပြင်​၌ ခု​နစ်​ရက်​နေ​ထိုင်​ရ​မည်။-
LEV 14:9 သတ္တ​မ​နေ့​တွင်​သူ​၏​ဆံ​ပင်၊ မုတ်​ဆိတ်​မွေး၊ မျက်​ခုံး​မွေး​နှင့်​ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ​သ​မျှ ကို​တစ်​ဖန်​ရိတ်​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ ထို​အ​ခါ​သူ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လိမ့်​မည်။
LEV 14:10 အ​ဋ္ဌ​မ​နေ့​၌​သူ​သည် အ​ပြစ်​အ​နာ​ကင်း သော​တစ်​နှစ်​သား​အ​ရွယ် သိုး​ထီး​က​လေး နှစ်​ကောင်၊ သိုး​မ​က​လေး​တစ်​ကောင်၊ သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ငါး​ပေါင်​နှင့်​သံ​လွင် ဆီ​အ​ဝက်​သား​ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 14:11 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​အ​ထက်​ပါ ပူ​ဇော်​သ​ကာ​များ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-
LEV 14:12 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-
LEV 14:13 သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-
LEV 14:14 ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​နေ​သော​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက် ယာ​လက်​မ​နှင့်​လက်​ယာ​ခြေ​မ​တို့​တွင်​သိုး ၏​သွေး​ဖြင့်​သုတ်​ရ​မည်။-
LEV 14:15 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက် ဝဲ​လက်​ဖ​ဝါး​ထဲ​သို့​သံ​လွင်​ဆီ​အ​နည်း ငယ်​ကို​လောင်း​ထည့်​လျက်၊-
LEV 14:16 လက်​ယာ​လက်​ညှိုး​ဖြင့်​ဆီ​ကို​တို့​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။-
LEV 14:17 တစ်​ဖန်​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​နေ​သူ​၏ လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက် ယာ​ခြေ​မ​တို့​တွင်​လက်​ဖ​ဝါး​ထဲ​မှ​ဆီ နှင့်​သိုး​၏​သွေး​အ​နည်း​ငယ်​ဖြင့်​သုတ် ရ​မည်။-
LEV 14:18 လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ​သော​ဆီ​ဖြင့် ထို သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။
LEV 14:19 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရ​မည်။ ထို​နောက်​သူ​သည်​မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​၍၊-
LEV 14:20 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ် ကို​ဆောင်​ရွက်​ပြီး​နောက်​ရော​ဂါ​ပျောက်​ကင်း သူ​သည်​သန့်​စင်​လိမ့်​မည်။
LEV 14:21 ထို​သူ​သည်​ဆင်း​ရဲ​သ​ဖြင့် အ​ထက်​ပါ​ပူ​ဇော် သ​ကာ​များ​ကို​သန့်​စင်​ခြင်း​ဝတ်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရန် မ​တတ်​နိုင်​လျှင် သိုး​ထီး​က​လေး​တစ်​ကောင် ကို​သာ​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​ယဇ်​သည်​ယဇ် ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဘွယ်​ဖြစ်​သည်။ သူ​သည်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​တွက် သံ​လွင်​ဆီ​နှင့်​ရော သော​မုန့်​ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း၊ သံ လွင်​ဆီ​အဝက်​သား​ကို​လည်း​ကောင်း​ယူ​ခဲ့ ရ​မည်။-
LEV 14:22 အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။-
LEV 14:23 သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သည့်​အ​ဋ္ဌ​မ​နေ့​၌ သူ​သည် ထို​ပူ​ဇော်​သ​ကာ​တို့​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့ ရ​မည်။-
LEV 14:24 ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​နှင့်​သံ​လွင်​ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-
LEV 14:25 သူ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး​အ​နည်း ငယ်​ဖြင့် ထို​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​ကို​သုတ်​ရ​မည်။-
LEV 14:26 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက်​ဝဲ လက်​ဖ​ဝါး​ထဲ​တွင်​ဆီ​အ​နည်း​ငယ်​ကို​ထည့် ၍၊-
LEV 14:27 လက်​ယာ​လက်​ညှိုး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-
LEV 14:28 တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။-
LEV 14:29 တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။-
LEV 14:30 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ချိုး​တစ်​ကောင်၊ သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​လည်း​ကောင်း၊-
LEV 14:31 အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ဤ​နည်း အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-
LEV 14:32 ဤ​ပ​ညတ်​သည်​ကား​ဆင်း​ရဲ​၍​မ​တတ်​နိုင် သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​သည် လိုက်​နာ​ရ မည့်​သန့်​စင်​ခြင်း​ဝတ်​နှင့်​ဆိုင်​သော​ပ​ညတ် ဖြစ်​သတည်း။
LEV 14:33 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အိမ်​များ​တွင်​ဖား​ဥ​စွဲ​ခြင်း​နှင့်​ပတ်​သက် ၍ အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ​မှတ် ပေး​တော်​မူ​၏။ (ဤ​ပ​ညတ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​ဆိုင်​နေ​ထိုင်​ရန် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ခါ​နာန်​ပြည်​သို့​ရောက် ရှိ​ပြီး​နောက်​လိုက်​လျှောက်​ရ​မည့်​ပညတ်​များ ဖြစ်​သည်။-)
LEV 14:35 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​အိမ် တွင်​ဖား​ဥ​စွဲ​ကြောင်း​တွေ့​ရ​လျှင် ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​ရောက်​တိုင်​ကြား​ရ​မည်။-
LEV 14:36 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် မ​စစ်​ဆေး​မီ ပစ္စည်း​ရှိ​သ​မျှ​ကို​အ​ပြင်​သို့ ထုတ်​စေ​ရ​မည်။ ထို​သို့​မ​ပြု​လုပ်​လျှင်​အိမ်​ထဲ ၌​ရှိ​သ​မျှ​သော​ပစ္စည်း​များ​ကို​မ​သန့်​စင်​ဟု ကြေ​ညာ​ရ​မည်။ ထို​နောက်​သူ​သည်​အိမ်​ထဲ သို့​ဝင်​၍၊-
LEV 14:37 ဖား​ဥ​ကို​စစ်​ဆေး​ရ​မည်။ အိမ်​ထ​ရံ​ပေါ် တွင်​စိမ်း​ဖန့်​ဖန့်၊ နီ​ကြန့်​ကြန့်​ဖား​ဥ​စွဲ​သည့် အ​ကွက်​များ​ချိုင့်​ဝင်​နေ​ကြောင်း​တွေ့​ရှိ​ရ လျှင်၊-
LEV 14:38 သူ​သည်​အိမ်​အ​ပြင်​သို့​ထွက်​၍​အိမ်​ကို ခု​နစ်​ရက်​ပိတ်​ထား​စေ​ရ​မည်။-
LEV 14:39 သူ​သည်​သတ္တ​မ​နေ့​၌ ထို​အိမ်​သို့​တစ်​ဖန်​သွား ရောက်​စစ်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် ဖား​ဥ​များ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း​တွေ့​ရ လျှင်၊-
LEV 14:40 ဖား​ဥ​စွဲ​သော​ကျောက်​တုံး​များ​ကို​ထုတ်​၍ မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-
LEV 14:41 ထို​နောက်​အိမ်​တွင်း​ထ​ရံ​များ​မှ​အင်္ဂ​တေ​ကို ခြစ်​ခွာ​စေ​ရ​မည်။ ခြစ်​ခွာ​၍​ရ​သော​အင်္ဂ​တေ ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-
LEV 14:42 ထုတ်​ပစ်​သော​ကျောက်​တုံး​များ​နေ​ရာ​တွင် အ​ခြား​ကျောက်​တုံး​များ​ဖြင့်​အ​စား​ထိုး ၍ ထ​ရံ​များ​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ စေ​ရ​မည်။
LEV 14:43 ထို​အိမ်​တွင်​ကျောက်​တုံး​များ​ကို​ထုတ်​၍​ထ​ရံ များ​ကို​ခြစ်​လျက် အင်္ဂ​တေ​အ​သစ်​မွမ်း​မံ​ပြီး နောက်​ဖား​ဥ​စွဲ​ပြန်​လျှင်၊-
LEV 14:44 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် စစ်​ဆေး​ရ​မည်။ ဖား​ဥ​ပြန့်​ပွား​လျက်​ရှိ​သည် ကို​တွေ့​ရ​လျှင်​ထို​အိမ်​သည်​မ​သန့်​စင်​ချေ။-
LEV 14:45 ထို​အ​ခါ​အိမ်​ကို​ဖြို​ချ​၍​ကျောက်၊ သစ်​သား၊ အင်္ဂတေ​ရှိ​သ​မျှ​ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး စွန့်​ရာ​အ​ရပ်​သို့​ယူ​ဆောင်​သွား​ရ​မည်။-
LEV 14:46 အိမ်​ကို​ပိတ်​ထား​သည့်​ကာ​လ​အ​တွင်း အိမ်​ထဲ​သို့​ဝင်​မိ​သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ချေ။-
LEV 14:47 ထို​အိမ်​ထဲ​တွင်​အိပ်​မိ​စား​မိ​သူ​သည်​လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။
LEV 14:48 အိမ်​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ​ပြီး​သည့် နောက် ယဇ်​ပု​ရော​ဟိတ်​သွား​ရောက်​စစ်​ဆေး​ကြည့် သော​အ​ခါ ဖား​ဥ​ထပ်​မံ​၍​မ​စွဲ​ကြောင်း​တွေ့ ရှိ​ရ​လျှင် ဖား​ဥ​လုံး​ဝ​မ​စွဲ​တော့​ပြီ​ဖြစ်​သော ကြောင့် ထို​အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည်​ဟူ​၍​ကြေ​ညာ​ရ​မည်။-
LEV 14:49 ထို​အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရန်​သူ​သည်​ငှက်​နှစ်​ကောင်၊ သစ်​က​တိုး သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 14:50 သူ​သည်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍​ငှက်​တစ်​ကောင်​ကို​သတ်​ရ​မည်။-
LEV 14:51 ထို့​နောက်​သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက်၊ ကြိုး နီ​နှင့်​တ​ကွ ငှက်​အ​ရှင်​ကို​သတ်​ပြီး​သော ငှက်​၏​သွေး​နှင့်​စမ်း​ရေ​ထည့်​လာ​သော​အိုး ထဲ​တွင်​နှစ်​ပြီး​လျှင် အိမ်​ကို​ခု​နစ်​ကြိမ်​ပက် ဖျန်း​ရ​မည်။-
LEV 14:52 ဤ​နည်း​အား​ဖြင့်​သူ​သည်​ငှက်​၏​သွေး၊ စမ်း ရေ၊ ငှက်​အ​ရှင်၊ သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက် နှင့်​ကြိုး​နီ​စ​သည်​တို့​ကို​အ​သုံး​ပြု​၍​အိမ် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-
LEV 14:53 ထို​နောက်​ငှက်​အ​ရှင်​ကို​မြို့​ပြင်​ကွင်း​ပြင် သို့​လွှတ်​လိုက်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သ​ဖြင့် အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။
LEV 14:54 ဤ​ပ​ညတ်​သည်​ကား ဆိုး​ရွား​သည့်​ကိုယ်​ရေ ပြား​ရော​ဂါ​များ​နှင့်​ဆိုင်​၍​လည်း​ကောင်း၊-
LEV 14:55 ကိုယ်​ရေ​ပြား​ပေါ်​တွင်​ပေါက်​သော​အ​နာ၊ အ​နာ စိမ်း၊ သို့​မ​ဟုတ်​ဖူး​ယောင်​နာ​နှင့်​ဆိုင်​၍​လည်း ကောင်း၊ အ​ဝတ်​အ​ထည်​နှင့်​အိမ်​များ​တွင်​ဖား​ဥ စွဲ​ခြင်း​နှင့်​ဆိုင်​၍​လည်း​ကောင်း​ပြ​ဋ္ဌာန်း​သော ပ​ညတ်​များ​ဖြစ်​သည်။-
LEV 14:57 ဤ​ပ​ညတ်​များ​သည်​သန့်​စင်​သည်​မ​သန့်​စင် သည်​ကို အ​ဆုံး​အ​ဖြတ်​ပေး​သော​ပ​ညတ်​များ ဖြစ်​သည်။
LEV 15:1 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အ​တွက် အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယောကျာ်း​တစ်​ယောက် သည် ရိ​နာ​ကျ​နေ​လျှင်​ဖြစ်​စေ၊ ရိ​နာ​ကျ ခြင်း​ရပ်​စဲ​သွား​လျှင်​ဖြစ်​စေ၊ မ​သန့်​စင်​ချေ။-
LEV 15:4 ထို​သူ​ထိုင်​သော​အိပ်​ရာ​သို့​မ​ဟုတ်​အိပ်​သော အိပ်​ရာ​သည်​လည်း​မ​သန့်​စင်။-
LEV 15:5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊-
LEV 15:6 ထိုင်​သော​နေ​ရာ​တွင်​ထိုင်​မိ​လျှင် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
LEV 15:7 ရိ​နာ​စွဲ​သော​သူ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-
LEV 15:8 ရိ​နာ​စွဲ​သော​သူ​သည်​ဘာ​သာ​တ​ရား​ထုံး နည်း​နှင့်​ဆိုင်​၍ သန့်​စင်​သူ​တစ်​ဦး​အ​ပေါ်​သို့ တံ​တွေး​ထွေး​မိ​လျှင် တံ​တွေး​ထွေး​ခံ​ရ​သူ သည်​မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-
LEV 15:9 ရိ​နာ​စွဲ​သော​သူ​ထိုင်​သော​ကုန်း​နှီး​သို့ မ​ဟုတ်​ထိုင်​ခုံ​သည်​မ​သန့်​စင်။-
LEV 15:10 ထို​သူ​ထိုင်​သော​အ​ရာ​ကို​ကိုင်​တွယ်​မိ​သော သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့် မည်။ ထို​သူ​ထိုင်​မိ​သော​ဝတ္ထု​ပစ္စည်း​ကို​သယ် ဆောင်​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော် ၍​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
LEV 15:11 ရိ​နာ​စွဲ​သော​သူ​သည်​မိ​မိ​၏​လက်​များ​ကို မ​ဆေး​ဘဲ​နှင့် တစ်​စုံ​တစ်​ယောက်​ကို​ထိ​ကိုင် မိ​လျှင် အ​ကိုင်​ခံ​ရ​သော​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
LEV 15:12 ရိ​နာ​စွဲ​သော​သူ​ကိုင်​မိ​သော​မြေ​အိုး​မြေ ခွက်​ကို​ခွဲ​ပစ်​ရ​မည်။ သူ​ကိုင်​မိ​သော​သစ်​သား အိုး​သစ်​သား​ခွက်​ကို​ရေ​နှင့်​ဆေး​ရ​မည်။
LEV 15:13 ထို​သူ​သည်​ရိ​နာ​ပျောက်​ကင်း​ပြီး​နောက် ခု​နစ် ရက်​စောင့်​ဆိုင်း​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍​စမ်း​ရေ​ဖြင့်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​တွင်​သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​လိမ့်​မည်။-
LEV 15:14 အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည် ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင် ခဲ့​၍​ယဇ်​ပု​ရော​ဟိတ်​ထံ​ပေး​အပ်​ရ​မည်။-
LEV 15:15 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက် ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။
LEV 15:16 ယောကျာ်း​တစ်​ယောက်​သည်​သုက်​ရည်​ယို​လျှင် တစ်​ကိုယ်​လုံး​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
LEV 15:17 သုက်​ရည်​ထိ​မိ​သော​အ​ဝတ်​အ​ထည် သို့​မ​ဟုတ် သား​ရေ​ထည်​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​အ​ရာ ဝတ္ထု​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။-
LEV 15:18 ယောကျာ်း​နှင့်​မိန်း​မ၊ ကာ​မ​စပ်​ယှက်​ပြီး​လျှင် နှစ်​ဦး​စ​လုံး​ရေ​ချိုး​ရ​မည်။ သူ​တို့​သည်​ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။
LEV 15:19 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​လျှင် သူ​သည်​ခု​နစ်​ရက်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။ သူ့​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
LEV 15:20 ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​ထို​အ​မျိုး သ​မီး​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​အိပ် သော​အိပ်​ရာ​တို့​သည်​မ​သန့်​စင်။-
LEV 15:21 သူ​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​သူ​အိပ်​သော အိပ်​ရာ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
LEV 15:24 ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​မ​သန့်​စင် သော​ကြောင့် သူ​နှင့်​ကာ​မ​စပ်​ယှက်​သော​ယောကျာ်း သည်​လည်း ခု​နစ်​ရက်​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။ ထို​သူ​၏​အိပ်​ရာ​သည်​လည်း မ​သန့်​စင်။
LEV 15:25 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​ချိန်​မ​ကျ​ဘဲ​နှင့် ရက်​အ​တန်​ကြာ​မျှ သွေး​ဆင်း​လျှင်​သော်​လည်း​ကောင်း၊ ရာ​သီ သွေး​ပေါ်​ချိန်​ကို​လွန်​၍​သွေး​ဆက်​ဆင်း​နေ လျှင်​သော်​လည်း​ကောင်း၊ သူ​သည်​သွေး​မ​ရပ် မ​ချင်း​ရာ​သီ​သွေး​ပေါ်​ချိန်​မှာ​ကဲ့​သို့ မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
LEV 15:26 ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​သူ​ထိုင်​သော အ​ရာ သို့​မ​ဟုတ်​သူ​အိပ်​သော​အိပ်​ရာ​သည် မ​သန့်​စင်​ချေ။-
LEV 15:27 ထို​အ​ရာ​တို့​ကို​ထိ​ကိုင်​မိ​သော​သူ​သည်​မ​သန့် စင်​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍ ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
LEV 15:28 အ​မျိုး​သ​မီး​သည်​သွေး​ဆင်း​ခြင်း​ရပ်​ပြီး နောက် ခု​နစ်​ရက်​ကြာ​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-
LEV 15:29 အ​ဋ္ဌ​မ​နေ့​၌​သူ​သည်​ချိုး​နှစ်​ကောင်​သို့​မ​ဟုတ် ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော ဟိတ်​ထံ​ပေး​အပ်​ရ​မည်။-
LEV 15:30 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ငှက်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ခြား​ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး သ​မီး​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။
LEV 15:31 ထာ​ဝ​ရ​ဘု​ရား​သည်​စ​ခန်း​အ​လယ်​တွင် တည် ရှိ​သည့်​စံ​တော်​မူ​ရာ​တဲ​တော်​ကို​မ​ညစ်​ညမ်း စေ​ခြင်း​အ​လို့​ငှာ မ​သန့်​စင်​သော​အ​မှု​များ နှင့်​ဆိုင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မော​ရှေ​အား​ဖြင့်​သ​တိ​ပေး​တော်​မူ​၏။ အ​ကယ်​၍​သူ​တို့​သည်​တဲ​တော်​ကို ညစ်​ညမ်း စေ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ​မည်။
LEV 15:32 ဤ​ပ​ညတ်​တို့​သည်​ကား​ရိ​နာ​စွဲ​သော​သူ၊ သုက်​ရည်​ယို​သော​သူ၊-
LEV 15:33 ရာ​သီ​သွေး​ပေါ်​သော​အ​မျိုး​သ​မီး၊ ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​သော​ယောကျာ်း​တို့​နှင့်​သက် ဆိုင်​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။
LEV 16:1 အာ​ရုန်​၏​သား​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​မ​သန့်​စင်​သော​မီး​ဖြင့်​ပူ​ဇော် သော​ကြောင့် သေ​ဆုံး​ကြ​ပြီး​နောက်​ကိုယ် တော်​သည်​မော​ရှေ​အား၊-
LEV 16:2 ``သင်​၏​အစ်​ကို​အာ​ရုန်​သည် ကန့်​လန့်​ကာ အ​တွင်း​ရှိ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ သတ်​မှတ်​သည့်​အ​ချိန်​၌​သာ​ဝင်​ရ​မည် ဖြစ်​ကြောင်း​ပြော​ကြား​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ငါ​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှိ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​မိုး တိမ်​၌​ထင်​ရှား​တော်​မူ​မည်​ဖြစ်​သည်။ သူ သည်​ဤ​ပ​ညတ်​ကို​မ​နာ​ခံ​လျှင်​သေ​ရ လိမ့်​မည်။-
LEV 16:3 သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် နွား ပျို​တစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး ထီး​တစ်​ကောင်​ကို​ယူ​ဆောင်​လာ​ပြီး​မှ အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ဝင်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
LEV 16:4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ညွှန် ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ အာ​ရုန်​သည် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​မ​ဝင်​မီ ရေ​ချိုး​၍​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သော​ပိတ်​ချော​ဝတ်​ရုံ၊ ဘောင်း​ဘီ၊ ခါး​စည်း နှင့်​ဗောင်း​ထုပ်​များ​ကို​ဝတ်​ဆင်​ရ​မည်။
LEV 16:5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​ထီး​နှစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး​ထီး​တစ်​ကောင် ကို​အာ​ရုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 16:6 သူ​သည်​မိ​မိ​အ​ပြစ်​များ​နှင့် မိ​မိ​၏ မိ​သား​စု​အ​ပြစ်​များ​ဖြေ​ရန် နွား​ထီး ကို​ပူ​ဇော်​ရ​မည်။-
LEV 16:7 ထို​နောက်​သူ​သည်​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊-
LEV 16:8 ကျောက်​တုံး​နှစ်​တုံး​ကို​ယူ​လျက်၊ ကျောက်​တုံး တစ်​တုံး​ကို``ထာ​ဝရ​ဘု​ရား​အ​တွက်'' ဟူ​၍ လည်း​ကောင်း၊ အ​ခြား​ကျောက်​တုံး​ကို``အ​ဇာ ဇယ်​အ​တွက်'' ဟူ​၍​လည်း​ကောင်း​မှတ်​သား​ပြီး​နောက် ဆိတ် နှစ်​ကောင်​ကို​စာ​ရေး​တံ​ချ​ရ​မည်။-
LEV 16:9 အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် စား ရေး​တံ​ကျ​သော​ဆိတ်​ကို​အ​ပြစ်​ပြေ​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။-
LEV 16:10 အ​ဇာ​ဇယ်​အ​တွက်​စာ​ရေး​တံ​ကျ​သော​ဆိတ် အ​ရှင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၍ လူ​တို့​၏​အ​ပြစ်​များ​ကို​ယူ​ဆောင်​သွား​စေ ရန် ထို​ဆိတ်​ကို​တော​ကန္တာ​ရ​သို့​စေ​လွှတ်​လိုက် ရ​မည်။
LEV 16:11 အာ​ရုန်​သည်​မိ​မိ​၏​မိ​သား​စု​အ​တွက် အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နွား​ထီး​ကို ပူ​ဇော်​သော​အ​ခါ၊-
LEV 16:12 ယဇ်​ပလ္လင်​မှ​မီး​ခဲ​များ​ကို​မီး​ကျီး​ခံ​လင်​ပန်း ၌ အ​ပြည့်​ထည့်​၍​နံ့​သာ​မှုန့်​လက်​နှစ်​ဆုပ်​ကို ယူ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့​ဝင်​ရ​မည်။-
LEV 16:13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် နံ့​သာ​ကို​မီး​ခဲ​ပေါ်​၌​ဖြူး​ရ​မည်။ နံ့​သာ မှ​ထွက်​သော​မီး​ခိုး​သည်​ပ​ဋိ​ညာဉ်​သေတ္တာ ဖုံး​ကို​ကွယ်​ထား​သ​ဖြင့် သူ​သည်​အ​ဖုံး​ကို မ​မြင်​နိုင်​သော​ကြောင့်​အ​သက်​ချမ်း​သာ ရာ​ရ​လိမ့်​မည်။-
LEV 16:14 သူ​သည်​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ လက် ညှိုး​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​အ​ရှေ့​ပိုင်း​ကို ဖျန်း​ရ​မည်။ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌​လည်း ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။
LEV 16:15 ထို​နောက်​သူ​သည် လူ​တို့​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​ဖြစ်​သော​ဆိတ်​ကို​သတ်​၍ သွေး​ကို​အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ယူ​ခဲ့​ရ​မည်။ နွား ၏​သွေး​ကို​ဖျန်း​သည့်​နည်း​တူ​ဆိတ်​၏​သွေး​ကို ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​ပေါ်​တွင်​လည်း​ကောင်း၊ သေတ္တာ​အ​ရှေ့​တွင်​လည်း​ကောင်း​ဖျန်း​ရ မည်။-
LEV 16:16 ဤ​နည်း​အား​ဖြင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မ​သန့်​စင်​ခြင်း​နှင့်​အ​ပြစ် အ​မျိုး​မျိုး​တို့​ကြောင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ မည်။ တဲ​တော်​သည်​မ​သန့်​စင်​သော​စ​ခန်း​အ​လယ် တွင်​တည်​ရှိ​သ​ဖြင့် တဲ​တော်​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-
LEV 16:17 အာ​ရုန်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့​ဝင်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက် သည့်​အ​ချိန်​မှ​စ​၍ ပြန်​ထွက်​လာ​သည့်​အ​ချိန် အ​ထိ​တဲ​တော်​အ​တွင်း​၌​မည်​သူ​မျှ​မ​ရှိ စေ​ရ။ သူ​သည်​မိ​မိ​နှင့်​မိ​မိ​၏​မိ​သား​စု အ​တွက်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​မျိုး သား​လုံး​အ​တွက်​လည်း​ကောင်း အ​ပြစ်​ပြေ ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ၊-
LEV 16:18 မီး​ရှို့​ရာ​ယဇ်​ပလ္လင်​သို့​ထွက်​လာ​၍ ထို​ပလ္လင် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ သူ သည်​နွား​၏​သွေး​နှင့်​ဆိတ်​၏​သွေး​အ​နည်း ငယ်​စီ​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​တွင်​သုတ်​လိမ်း​ရ​မည်။-
LEV 16:19 ယဇ်​ပလ္လင်​အ​ပေါ်​သို့​လည်း​သွေး​ကို​လက်​ညှိုး ဖြင့်​ခု​နစ်​ကြိမ်​ဖြန်း​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​အ​ပြစ်​များ​အ​တွက် ယဇ်​ပလ္လင်​ကို​သန့်​စင် စေ​ပြီး​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လေ​သည်။
LEV 16:20 အာ​ရုန်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​နှင့် ယဇ်​ပလ္လင်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ပြီး​သော​အ​ခါ အ​ဇာ​ဇယ်​အ​တွက်​ရွေး ချယ်​ထား​သော​ဆိတ်​အ​ရှင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​ကပ်​ရ​မည်။-
LEV 16:21 သူ​သည်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် နှစ်​ဘက်​ကို​တင်​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​နှင့်​ပုန်​ကန်​မှု ရှိ​သ​မျှ​ကို​ဝန်​ချ​သော​အား​ဖြင့် ထို​ဒု​စ​ရိုက် အ​ပြစ်​များ​ကို​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေ​သည်။ ထို​နောက်​တာ​ဝန်​ကျ သော​သူ​သည် ဆိတ်​ကို​တော​ကန္တာ​ရ​ထဲ သို့​မောင်း​နှင်​ရ​မည်။-
LEV 16:22 ဤ​နည်း​အား​ဖြင့်​ဆိတ်​သည်​လူ​သူ​ကင်း​မဲ့​သော အ​ရပ်​သို့ လူ​၏​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့ ကို​သယ်​ဆောင်​သွား​လိမ့်​မည်။
LEV 16:23 ထို​နောက်​အာ​ရုန်​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​ဝင်​မီ​က ဝတ်​ဆင်​ခဲ့​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ချွတ်​ထား​ခဲ့​ရ​မည်။-
LEV 16:24 သူ​သည်​သီး​သန့်​နေ​ရာ​တွင်​ရေ​ချိုး​ပြီး​နောက် မိ​မိ​၏​အ​ဝတ်​အင်္ကျီ​များ​ကို​ဝတ်​ဆင်​ရ​မည်။ ထို့​နောက်​သူ​သည်​ယဇ်​ပလ္လင်​သို့​ထွက်​သွား​၍ မိ​မိ​၏​အ​ပြစ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​အ​တွက် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။-
LEV 16:25 သူ​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​၏​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
LEV 16:26 တော​ကန္တာ​ရ​ထဲ​သို့​အ​ဇာ​ဇယ်​ကို​မောင်း​နှင် သွား​ရ​သူ​သည် မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍​ရေ​ချိုး​ပြီး​မှ စ​ခန်း​အ​တွင်း​သို့ ပြန်​ဝင်​ရ​မည်။-
LEV 16:27 အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​များ​ဖြစ်​သည့်​နွား နှင့်​ဆိတ်​သွေး​ကို အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ထဲ​သို့​ယူ​ဆောင်​ပြီး​နောက် ယဇ်​ကောင် များ​၏​အ​သား၊ သား​ရေ၊ ဝမ်း​တွင်း​သား​ရှိ သ​မျှ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​၍ မီး​ရှို့​ပစ်​ရ​မည်။-
LEV 16:28 ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရ​သူ​သည် မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ပြီး မှ စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင်​ရ​မည်။
LEV 16:29 သင်​တို့​သည်​အောက်​တွင်​ဖော်​ပြ​ပါ​ပ​ညတ်​ကို ထာ​ဝ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ သတ္တမ​လ၊ ဆယ်​ရက်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် သူ​တို့​ထံ​၌​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် အ​စာ​ရှောင်​၍​မည်​သည့်​အ​လုပ်​ကို မျှ​မ​လုပ်​ရ။-
LEV 16:30 ထို​နေ့​တွင်​သူ​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ခြင်း ဝတ်​ကို​ပြု​ရ​မည်။-
LEV 16:31 ထို​နေ့​သည်​အ​လွန်​သန့်​ရှင်း​သော​နေ့​ဖြစ်​သည်။ ထို​နေ့​၌​မည်​သည့်​အ​လုပ်​ကို​မျှ​မ​လုပ်​ရ။ ဤ ပ​ညတ်​ကို​သား​စဉ်​မြေး​ဆက်​စောင့်​ထိန်း​ရ​မည်။-
LEV 16:32 ဖ​ခင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန် သိက္ခာ တင်​ဆက်​ကပ်​ပြီး​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​က သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော ဟိတ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ဝတ်​ဆင်​၍၊-
LEV 16:33 အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော်​အ​ပါ​အ​ဝင် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်၊ ယဇ် ပလ္လင်၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-
LEV 16:34 သင်​တို့​သည်​ဤ​ပညတ်​ချက်​များ​ကို​ထာ​ဝ စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​မိ​သ​မျှ​သော​အ​ပြစ်​မှ​ပြေ​စေ အံ့​သော​ငှာ ဤ​ဝတ်​ကို​တစ်​နှစ်​လျှင်​တစ်​ကြိမ် ပြု​ရ​မည်။ သို့​ဖြစ်​ပါ​၍​မော​ရှေ သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​လေ​၏။
LEV 17:1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား အောက်​ဖော်​ပြ​ပါ​ပ​ညတ် များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။-
LEV 17:3 ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​မှ​လွဲ​၍ အ​ခြား​တစ်​နေ​ရာ​ရာ​တွင်​နွား​ကို ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ​သတ်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​သည် ပ​ညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။ သူ​သည် သွေး​သွန်း​မှု​လွန်​ကူး​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ ရ​မည်။-
LEV 17:5 ဤ​ပ​ညတ်​၏​ရည်​ရွယ်​ချက်​မှာ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​ခင်​က​တိ​ရစ္ဆာန်​များ​ကို ကွင်း​ပြင်​၌​သတ်​ခဲ့​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​သတ်​စေ​ရန်​ဖြစ်​သည်။ သူ တို့​သည်​တိ​ရစ္ဆာန်​များ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သတ်​၍​ပူ​ဇော် ရ​မည်။-
LEV 17:6 ယဇ်​ပု​ရော​ဟိတ်​သည် သွေး​ကို​တဲ​တော်​တံ​ခါး​ဝ ရှိ​ယဇ်​ပလ္လင်​လေး​ဘက်​တွင် ပက်​ဖျန်း​ရ​မည်။ ထို နောက်​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့​ကို​ထွက် ပေါ်​စေ​မည်။-
LEV 17:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​ဖောက်​၍​ကွင်း​ပြင်​များ​တွင် တိ​ရစ္ဆာန်​များ​ကို​သတ်​ပြီး နတ်​မိစ္ဆာ​တို့​အား နောက်​တစ်​ဖန်​မ​ပူ​ဇော်​ရ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။
LEV 17:8 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ တဲ​တော်​တံ​ခါး​ဝ​မှ​လွဲ​၍​အ​ခြား တစ်​နေ​ရာ​တွင် မီး​ရှို့​သော​ယဇ်​ကို​သော်​လည်း ကောင်း၊ အ​ခြား​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်​ထို​သူ​ကို ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ် ရ​မည်။
LEV 17:10 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ သွေး​ပါ​သော​အ​သား​ကို​စား လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​ကို​မျက်​နှာ လွှဲ​၍ မိ​မိ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​တော် မူ​လိမ့်​မည်။-
LEV 17:11 သတ္တ​ဝါ​တိုင်း​၏​အသက်​သည်​သွေး​၌​တည်​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​အ​ပြစ် ပြေ​စေ​ရန်​အ​တွက် သွေး​ဟူ​သ​မျှ​ကို​ယဇ်​ပလ္လင် ပေါ်​သို့​သွန်း​လောင်း​ရ​မည်​ဟု​ပ​ညတ်​တော် မူ​၏။ သွေး​သည်​အ​သက်​ဖြစ်​၍ အ​ပြစ်​ကို ပြေ​စေ​၏။-
LEV 17:12 ထို​အ​ကြောင်း​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​နေ ထိုင်​သော​လူ​မျိုး​ခြား​သား​ဖြစ်​စေ သွေး​ပါ သော​အ​သား​ကို​မ​စား​ရ​ဟု​ထာ​ဝ​ရ ဘု​ရား​ပ​ညတ်​တော်​မူ​၏။
LEV 17:13 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား ဖြစ်​စေ၊ စား​နိုင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ငှက် ကို​ဖမ်း​မိ​လျှင် ထို​သတ္တဝါ​၏​သွေး​ကို​မြေ​ကြီး ပေါ်​သို့​သွန်း​လောင်း​၍​မြေ​ဖြင့်​ဖုံး​ရ​မည်။-
LEV 17:14 သတ္တ​ဝါ​တိုင်း​၏​အ​သက်​သည်​သွေး​၌​တည်​သော ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သွေး ပါ​သော​အ​သား​ကို​မ​စား​ရ။ စား​သော​သူ​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ရ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။
LEV 17:15 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား သား​ဖြစ်​စေ၊ ဋ္ဌမ္မ​တာ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​၏​အ​သား သို့​မ​ဟုတ်​သား​ရဲ​ကိုက် သတ်​၍​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား လျှင် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​စောင့်​ဆိုင်း ပြီး​မှ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။-
LEV 17:16 ထို​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည် မိမိ အ​ပြစ်​၏​ဆိုး​ကျိုး​ဆက်​ကို​ခံ​ရ​မည်။
LEV 18:1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ် ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ငါ​သည် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။-
LEV 18:3 သင်​တို့​နေ​ထိုင်​ခဲ့​ဖူး​သော​အီ​ဂျစ်​ပြည်​ရှိ လူ တို့​၏​အ​လေ့​အ​ကျင့်​များ​ကို​သော်​လည်း​ကောင်း၊ သင်​တို့​အား​ငါ​ယ​ခု​ပို့​ဆောင်​နေ​ထိုင်​စေ​မည့် ခါ​နာန်​ပြည်​ရှိ​လူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​သော်​လည်း​ကောင်း​မ​ကျင့်​ကြ​နှင့်။-
LEV 18:4 ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​မိန့်​မှာ သ​မျှ​ကို​လိုက်​လျှောက်​လော့။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရားဖြစ်​၏။-
LEV 18:5 ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​လျှောက်​လော့။ သို့​ပြု​လျှင်​သင်​တို့​သည် အ​သက်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရားဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
LEV 18:6 ထာ​ဝ​ရ​ဘု​ရား​သည်​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို ချ​မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည် ဆွေ​မျိုး​နီး​စပ်​သူ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-
LEV 18:7 သင်​၏​မိ​ခင်​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း​အား ဖြင့် ဖ​ခင်​ကို​အ​ရှက်​မ​ခွဲ​ရ။ သင်​၏​မိ​ခင် အ​ရင်း​ကို​အ​ရှက်​မ​ခွဲ​ရ။-
LEV 18:8 ဖ​ခင်​၏​မ​ယား​ငယ်​များ​နှင့်​ကာ​မ​စပ်​ယှက် ခြင်း​မ​ပြု​ရ။-
LEV 18:9 နှ​မ​အ​ရင်း​နှင့်​သော်​လည်း​ကောင်း၊ တစ်​အိမ် တည်း​သို့​မ​ဟုတ် အိမ်​ခွဲ​၍​ကြီး​ပြင်း​လာ​သော ဖ​အေ​ပါ၊ မ​အေ​ပါ​သ​မီး​နှင့်​သော်​လည်း ကောင်း ကာ​မ​စပ်​ယှက်​ခြင်း​မပြု​ရ။-
LEV 18:10 သင်​၏​မြေး​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ သင့်​ကိုယ်​ကို​သင်​အ​ရှက်​ခွဲ​ရာ ရောက်​လိမ့်​မည်။-
LEV 18:11 ဖ​အေ​တူ​မ​အေ​ကွဲ​မောင်​နှ​မ​နှင့် ကာ​မ​စပ် ယှက်​ခြင်း​မ​ပြု​ရ။ သူ​သည်​လည်း​သင်​၏​နှ​မ ပင်​ဖြစ်​သည်။-
LEV 18:12 ဖ​ခင်​၏​နှ​မ​သို့​မ​ဟုတ် မိ​ခင်​၏​ညီ​မ​ဖြစ်​သူ သင်​၏​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း​မ​ပြု ရ။-
LEV 18:14 ဦး​လေး​၏​ဇ​နီး​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​မ ပြု​ရ။ သူ​သည်​လည်း​သင်​၏​အ​ဒေါ်​ပင်​ဖြစ်​၏။-
LEV 18:15 သင်​၏​ချွေး​မ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-
LEV 18:16 သင့်​ညီ​အစ်​ကို​၏​ဇ​နီး​နှင့်​သော်​လည်း​ကောင်း ကာ​မ​ယှက်​စပ်​ခြင်း​မ​ပြု​ရ။-
LEV 18:17 သင်​နှင့်​ကာ​မ​စပ်​ယှက်​ဖူး​သော​မိန်း​မ​၏​သ​မီး နှင့်​ဖြစ်​စေ၊ သူ​၏​မြေး​မိန်း​မ​နှင့်​ဖြစ်​စေ​ကာ​မ စပ်​ယှက်​ခြင်း​မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​တို့ သည်​သင်​နှင့်​သွေး​နီး​စပ်​သူ​များ​ဖြစ်​နိုင်​သ​ဖြင့် သင်​သည်​သွေး​နီး​စပ်​သူ​နှင့်​ဖောက်​ပြန်​ခြင်း အ​ပြစ်​ကို​ကူး​လွန်​လိမ့်​မည်။-
LEV 18:18 သင်​၏​ဇ​နီး​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ ပတ်​လုံး သင်​၏​ခယ်​မ​ကို​မ​ယား​ငယ်​အ​ဖြစ် မ​သိမ်း​ပိုက်​ရ။
LEV 18:19 ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ရာ​သီ​သွေး ပေါ်​ချိန်​အ​တွင်း​သူ​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။-
LEV 18:20 သူ​တစ်​ပါး၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​ခြင်း မ​ပြု​ရ။ ထို​သို့​ပြု​လျှင်​သင်​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​ချေ။-
LEV 18:21 သင်​၏​သား​သ​မီး​တို့​ကို​မော​လုတ်​ဘု​ရား​အား မီး​ရှို့​ပူ​ဇော်​ရန်​မ​အပ်​နှင့်။ ထို​သို့​ပြု​ခြင်း​ဖြင့် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​မ​ရှုတ်​ချ​ရ။-
LEV 18:22 ယောကျာ်း​ခြင်း​ကာ​မ​စပ်​ယှက်​ခြင်းမ​ပြု​ရ။ ဘု​ရား​သ​ခင်​သည်​ထို​အ​ကျင့်​ကို​စက်​ဆုပ် ရွံ​ရှာ​တော်​မူ​၏။-
LEV 18:23 ယောကျာ်း​ဖြစ်​စေ​မိန်းမ​ဖြစ်​စေ၊ တိရစ္ဆာန်​နှင့်​ကာ​မ စပ်​ယှက်​ခြင်း​မ​ပြု​ရ။ ထို​အ​ကျင့်​သည်​ဋ္ဌမ္မ​တာ ကို​ဆန့်​ကျင်​သ​ဖြင့် ဘာ​သာ​တ​ရား​ထုံး​နည်း အ​ရ​သင့်​ကို​ညစ်​ညမ်း​စေ​သည်။
LEV 18:24 သင်​တို့​သည်​ထို​အ​ကျင့်​များ​ကို​ကျင့်​၍ ကိုယ် ကို​မ​ညစ်​ညမ်း​စေ​ကြ​နှင့်။ သင်​တို့​ဝင်​ရောက်​နေ ထိုင်​မည်​ဖြစ်​သော​ပြည်​မှ​ငါ​နှင်​ထုတ်​မည့်​လူ​မျိုး တို့​သည် ထို​သို့​သော​အ​ကျင့်​များ​ကို​ပြု​ကျင့် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​၏။-
LEV 18:25 သူ​တို့​၏​အ​လေ့​အ​ကျင့်​များ​သည် သူ​တို့​နေ ထိုင်​ရာ​ပြည်​ကို​ညစ်​ညမ်း​စေ​သည်။ ထို့​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​ကို​ဒဏ်​ခတ် သ​ဖြင့်​ပြည်​သား​တို့​သည် ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။-
LEV 18:26 သူ​တို့​သည်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​ကျင့်​တို့ ကို​ပြု​ကျင့်​၍ တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​ကြ ၏။ သင်​တို့​မူ​ကား​ထို​အ​ကျင့်​များ​ကို​မ​ပြု ကျင့်​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သင် တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား ဖြစ်​စေ၊ သင်​တို့​အား​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​များ​နှင့် ပြ​ဋ္ဌာန်း​ချက်​များ ကို​စောင့်​ထိန်း​ရ​ကြ​မည်။-
LEV 18:28 သို့​ပြု​လျှင်​သင်​တို့​အ​လျင်​နေ​ထိုင်​ခဲ့​သော သူ​များ​ကဲ့​သို့ သင်​တို့​သည်​ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။-
LEV 18:29 ထို​သို့​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့်​ကို​ပြု ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။
LEV 18:30 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​လော့။ သင်​တို့​အ​လျင်​ထို​ပြည်​၌ နေ​ထိုင်​ခဲ့​သော သူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​အ​တု​မ​ခိုး​နှင့်။ သင်​တို့​သည်​ထို​အ​ကျင့် များ​ကို​ကျင့်​ခြင်း​အား​ဖြင့် ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။
LEV 19:1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောက် ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ကြောင့်​သင်​တို့​သည်​လည်း​သန့်​ရှင်း​ရ​မည်။-
LEV 19:3 လူ​တိုင်း​မိ​ဘ​ကို​ရို​သေ​လေး​စား​ရ​မည်။ ငါ ပ​ညတ်​သည့်​အ​တိုင်း​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း ရ​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 19:4 ``ငါ့​ကို​ပစ်​ပယ်​၍​ရုပ်​တု​များ​ကို​မ​ကိုး​ကွယ် နှင့်။ သတ္တု​ဖြင့်​သွန်း​လုပ်​သော​ရုပ်​တု​များ​ကို မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 19:5 ``သင်​တို့​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် သည့်​အ​ခါ ငါ​၏​ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ ပူ​ဇော်​လျှင် ငါ​သည်​ထို​ပူ​ဇော်​သ​ကာ​ကို လက်​ခံ​မည်။-
LEV 19:6 ယဇ်​ပူ​ဇော်​သော​နေ့​သို့​မ​ဟုတ်​နောက်​တစ်​နေ့ ၌​ယဇ်​ကောင်​၏​အ​သား​ကို​စား​ရ​မည်။ တ​တိ ယ​နေ့​သို့​တိုင်​အောင်​ကြွင်း​ကျန်​သော​အ​သား သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း သ​ဖြင့်​မီး​ရှို့​ပစ်​ရ​မည်။ အ​ကယ်​၍​တ​တိ​ယ နေ့​၌​ယဇ်​ကောင်​၏​အ​သား​ကို တစ်​ဦး​တစ် ယောက်​က​စား​ခဲ့​သည်​ရှိ​သော် ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​မည်​မ​ဟုတ်။-
LEV 19:8 ထို​အ​သား​ကို​စား​သော​သူ​သည် ငါ့​အ​တွက် ဆက်​ကပ်​ထား​သော​ပူ​ဇော်​သ​ကာ​ကို​မ​ရို မ​သေ​ပြု​သော​ကြောင့် သူ့​အား​ငါ​၏​လူ​မျိုး တော်​မှ​ထုတ်​ပယ်​မည်။
LEV 19:9 ``ကောက်​ရိတ်​သော​အ​ခါ လယ်​ကွက်​အ​နား တစ်​လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​ရ။ ကျန်​ကြွင်း​သော​ကောက်​နှံ​များ​ကို​လည်း ပြန်​ကျော့​၍​မ​ရိတ်​ရ။-
LEV 19:10 စ​ပျစ်​ခြံ​မှ​မ​ဆွတ်​ဘဲ​ကျန်​ခဲ့​သော​စ​ပျစ် သီး​များ​ကို​လည်း​ကောင်း၊ ကျ​ကျန်​ရစ်​သော စ​ပျစ်​သီး​များ​ကို​လည်း​ကောင်း​ပြန်​၍​မ​စု သိမ်း​ရ။ ထို​အ​သီး​များ​ကို​ဆင်း​ရဲ​သား​နှင့် လူ​မျိုး​ခြား​တို့​အ​တွက်​ချန်​ထား​ရ​မည်။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
LEV 19:11 ``သူ​တစ်​ပါး​၏​ပစ္စည်း​ကို​မ​ခိုး​ရ။ သူ​တစ်​ပါး ကို​မ​လှည့်​စား​ရ။ မု​သား​စ​ကား​မ​ပြော ရ။-
LEV 19:12 က​တိ​တည်​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့် ငါ​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​မ​ပေး​ရ။ ထို​သို့​ပြု ခြင်း​ဖြင့်​ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
LEV 19:13 ``မိ​မိ​ထက်​အား​နည်း​သူ​ကို​အ​နိုင်​မ​ကျင့်​ရ။ သူ့​ဥစ္စာ​ကို​လည်း​မ​လု​ယူ​ရ။ သူ​ငှား​အ​တွက် ပေး​စ​ရာ​အ​ခ​ကြေး​ငွေ​ကို​နေ့​ချင်း​ပေး​ရ မည်။ နောက်​တစ်​နေ့​တိုင်​အောင်​မ​ဆိုင်း​ထား ရ။-
LEV 19:14 နား​ပင်း​သူ​ကို​မ​ကျိန်​ဆဲ​ရ။ မျက်​မ​မြင်​၏​ရှေ့ တွင်​တိုက်​မိ​၍​လဲ​စ​ရာ​ကို​မ​ချ​ထား​ရ။ ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။
LEV 19:15 ``အ​မှု​အ​ခင်း​များ​ကို​တ​ရား​မျှ​တ​စွာ​စီ​ရင် ရ​မည်။ ဆင်း​ရဲ​သူ​ဘက်​သို့​မျက်​နှာ​သာ​ပေး​ခြင်း၊ ပစ္စည်း​ချမ်း​သာ​သူ​ဘက်​သို့​မျက်​နှာ​လိုက်​ခြင်း မ​ရှိ​စေ​ရ။-
LEV 19:16 သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
LEV 19:17 ``သူ​တစ်​ပါး​အား​ရန်​ငြိုး​မ​ထား​နှင့်။ သူ့ ကြောင့်​သင်​သည်​အ​ပြစ်​မ​ကူး​လွန်​မိ​စေ ရန် သူ​နှင့်​သ​ဘော​ကွဲ​လွဲ​ချက်​များ​ကို​တွေ့ ဆုံ​ဖြေ​ရှင်း​လော့။-
LEV 19:18 သူ​တစ်​ပါး​အား​လက်​စား​မ​ချေ​ရ။ ရန်​ငြိုး မ​ထား​ရ။ အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။
LEV 19:19 ``ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​လော့။ မျိုး မ​တူ​သော​အိမ်​မွေး​တိ​ရစ္ဆာန်​ချင်း​သား​မ​စပ်​ရ။ လယ်​တစ်​ကွက်​တည်း​တွင်​အ​သီး​အ​နှံ​နှစ်​မျိုး ကို​မ​စိုက်​ပျိုး​ရ။ ချည်​မျှင်​နှစ်​မျိုး​ဖြင့်​ရက် လုပ်​သော​အ​ထည်​ကို​မ​ဝတ်​ဆင်​ရ။
LEV 19:20 ``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​ကျွန်​မ ကို​အ​ခြား​တစ်​ယောက်​အား​မ​ယား​ငယ်​အ​ဖြစ် ရောင်း​ရန်​က​တိ​ပေး​ပြီး​နောက် ဝယ်​သူ​က​ထို ကျွန်​မ​အ​တွက်​ငွေ​မ​ပေး​ရ​သေး​မီ​မူ​လ ပိုင်​ရှင်​သည် ကျွန်​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ တို့​နှစ်​ဦး​အား​သေ​ဒဏ်​မ​စီ​ရင်​ရ။ အ​ခြား အ​ပြစ်​ဒဏ်​ကို​သာ​စီ​ရင်​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​ကျွန်​မ​ကို​သူ​ပိုင်​နေ သေး​သော​ကြောင့်​ဖြစ်​သည်။-
LEV 19:21 သူ​သည်​အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် သိုး​ထီး​တစ်​ကောင်​ကို​ငါ​စံ​တော်​မူ​ရာ​တဲ​တော် တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 19:22 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သိုး​ကို​ယဇ်​ပူ​ဇော်​၍ သူ့​အ​ပြစ်​ပြေ​စေ​ရန်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​ရ​မည်။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​သူ ၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​၏။
LEV 19:23 ``သင်​တို့​သည်​ခါ​နာန်​ပြည်​သို့​ရောက်​ရှိ​သော အ​ခါ သစ်​သီး​ပင်​ကို​စိုက်​ပျိုး​၍​အ​ပင်​မှ ပ​ထ​မ​သုံး​နှစ်​အ​တွင်း သီး​သော​အ​သီး​များ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် သ​ဖြင့် ထို​အ​သီး​များ​ကို​မ​စား​သုံး​ရ။-
LEV 19:24 စ​တုတ္ထ​နှစ်​တွင်​သီး​သော​အ​သီး​ရှိ​သ​မျှ​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ကျေး​ဇူး​တင်​သည့် အ​နေ​ဖြင့်​ဆက်​ကပ်​ရ​မည်။-
LEV 19:25 ပဉ္စ​မ​နှစ်​သို့​ရောက်​လျှင်​သင်​တို့​သည်​သစ်​သီး များ​ကို​စား​သုံး​နိုင်​သည်။ သင်​တို့​သည်​အ​ထက် ပါ​အ​တိုင်း​လိုက်​နာ​လျှင် သစ်​သီး​အ​ထွက်​တိုး လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 19:26 ``သွေး​ပါ​ရှိ​နေ​သေး​သော​အ​သား​ကို​မ​စား​ရ။ ဗေ​ဒင်​မှော်​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​မ​ကျင့် သုံး​ရ။-
LEV 19:27 သေ​သူ​အ​တွက်​ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် ဦး ခေါင်း​ဘေး​ပတ်​လည်​ရှိ​ဆံ​ပင်​ကို​မ​ညှပ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှိ​ရ။-
LEV 19:28 ကိုယ်​ပေါ်​တွင်​ဆေး​မင်​လည်း​မထိုး​ရ။ ကိုယ်​ကို လည်း​မ​လှီး​မ​ရှ​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
LEV 19:29 ``ခါ​နာန်​နတ်​ဘု​ရား​များ​ကို ကိုး​ကွယ်​ရာ​ဌာ​န​နှင့် ဆိုင်​သော​ပြည့်​တန်​ဆာ​များ​အ​ဖြစ် မိ​မိ​သ​မီး များ​ကို​စေ​ခိုင်း​ခြင်း​အား​ဖြင့်​သူ​တို့​၏​အ​သ​ရေ ကို​မ​ပျက်​စေ​နှင့်။ ထို​သို့​ပြု​လျှင်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍​အ​ကျင့်​ပျက် ကုန်​ကြ​လိမ့်​မည်။-
LEV 19:30 ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​၍ ငါ့​အား​ဝတ်​ပြု​ရာ ဌာ​န​တော်​ကို​ရို​သေ​လော့။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 19:31 ``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ တို့​ထံ​မှ အ​ကြံ​ဉာဏ်​မ​တောင်း​ခံ​နှင့်။ ထို​သို့​ပြု လျှင်​သင်​တို့​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ ညစ်​ညမ်း​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 19:32 ``အ​သက်​ကြီး​သူ​တို့​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘုရား​ဖြစ်​တော်​မူ​၏။
LEV 19:33 ``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​တို့ ကို​မ​ညှင်း​ဆဲ​ရ။-
LEV 19:34 သူ​တို့​အား​တိုင်း​ရင်း​သား​ချင်း​ကဲ့​သို့​ဆက်​ဆံ​၍ ကိုယ်​နှင့်​အ​မျှ​ချစ်​ခင်​ရ​မည်။ သင်​တို့​သည်​လည်း အီ​ဂျစ်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နေ ထိုင်​ခဲ့​ရ​ဖူး​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
LEV 19:35 ``မ​မှန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​၍ သူ​တစ်​ပါး​အား​မ​လှည့်​စား ရ။-
LEV 19:36 မှန်​ကန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​ရ​မည်။ ငါ​သည်​သင်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​တော်​မူ​၏။-
LEV 19:37 ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘုရား ဖြစ်​တော်​မူ​၏။''
LEV 20:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်၊-
LEV 20:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။ ``သင်​တို့​အ​ထဲ​က​ဖြစ်​စေ၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​ထဲ​က​ဖြစ်​စေ၊ တစ်​ဦး​ဦး​က​မိ​မိ​၏​သား​သ​မီး​ကို​မော​လုတ်​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​လျှင်​တစ်​မျိုး​သား​လုံး​က​ထို​သူ​ကို​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။-
LEV 20:3 မည်​သူ​မ​ဆို​မိ​မိ​၏​သား​သ​မီး​ကို​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​ရာ​တွင်​ပေး​အပ်​ခြင်း​အား​ဖြင့်​ငါ​၏​တဲ​တော်​ကို​ညစ်​ညမ်း​စေ​၍​ငါ​၏​နာမ​တော်​ကို​ရှုတ်​ချ​လျှင် ငါ​သည်​ထို​သူ​ကို​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။-
LEV 20:4 အ​ကယ်​၍​လူ​ထု​တစ်​ရပ်​လုံး​က ထို​သူ​အား​အ​ရေး​မ​ယူ​သေ​ဒဏ်​မ​စီ​ရင်​လျှင်၊-
LEV 20:5 သူ​နှင့်​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ ထို​သူ​နည်း​တူ​ငါ့​အား​သစ္စာ​ဖောက်​၍​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​သူ​ရှိ​သ​မျှ​ကို​လည်း​ကောင်း ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။
LEV 20:6 ``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ​တို့​ထံ​မှ အ​ကြံ​ဉာဏ်​တောင်း​ခံ​သူ​ကို​ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။-
LEV 20:7 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။-
LEV 20:8 ငါ​၏​ပညတ်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​သင်​တို့​အား​သန့်​ရှင်း​စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။''
LEV 20:9 ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ မိ​မိ​၏​မိ​ဘ​တို့​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​သည်​မိ​ဘ​ကို​ကျိန်​ဆဲ​သော​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။
LEV 20:10 တစ်​စုံ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မ​ယား​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
LEV 20:11 ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သူ​သည် မိ​မိ​ဖ​ခင်​၏​အ​သ​ရေ​ကို​ဖျက်​သ​ဖြင့် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-
LEV 20:12 တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သွေး​နီး​စပ်​သူ​ခြင်း​ဖောက်​ပြန်​ခြင်း​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။-
LEV 20:13 ယောကျာ်း​ချင်း​ကာ​မ​ဆက်​ဆံ​သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု​လုပ်​သ​ဖြင့် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-
LEV 20:14 တစ်​စုံ​တစ်​ယောက်​သည်​သ​မီး​နှင့်​သူ​၏​မိ​ခင်​ကို​မ​ယား​အ​ဖြစ်​သိမ်း​ပိုက်​လျှင် ရှက်​ဖွယ်​သော​အ​မှု​ကို​ပြု​လုပ်​ခြင်း​ဖြစ်​သော​ကြောင့် သူ​တို့​သုံး​ဦး​စ​လုံး​ကို​မီး​ရှို့​၍​သတ်​ရ​မည်။ သင်​တို့​တွင်​ထို​ကဲ့​သို့​ရှက်​ဖွယ်​သော​အ​မှု​မျိုး​မ​ရှိ​စေ​ရ။-
LEV 20:15 တစ်​စုံ​တစ်​ယောက်​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​သူ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
LEV 20:16 မိန်း​မ​တစ်​ဦး​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​မိန်း​မ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။
LEV 20:17 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နှ​မ​အ​ရင်း​သို့​မ​ဟုတ်​ဖ​အေ​တူ​မ​အေ​ကွဲ​နှ​မ​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​ကို​လူ​ထု​ရှေ့​မှောက်​တွင်​ရှုတ်​ချ​၍ ဣ​သ​ရေ​လ​အ​မျိုး​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​နှ​မ​နှင့်​ကာ​မ​စပ်​ယှက်​သော​ကြောင့်​အ​ပြစ်​ကို​ခံ​ရ​မည်။-
LEV 20:18 တစ်​စုံ​တစ်​ယောက်​သည်​ရာ​သီ​သွေး​ပေါ်​လျက်​ရှိ​သော​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သူ​တို့​နှစ်​ဦး​သည်​သန့်​စင်​မှု​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက်​သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​မှ​နှင်​ထုတ်​ရ​မည်။-
LEV 20:19 တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သွေး​နီး​စပ်​သူ​ချင်း​ဖောက်​ပြန်​သ​ဖြင့်​နှစ်​ဦး​စ​လုံး​အ​ပြစ်​ခံ​ရ​မည်။-
LEV 20:20 တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဘ​ကြီး၊ ဘ​ထွေး​၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ​သည်​ဘ​ကြီး၊ ဘ​ထွေး​၏​အ​သ​ရေ​ကို​ဖျက်​သော​ကြောင့်​သူ​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်။ နှစ်​ဦး​စ​လုံး​သား​သ​မီး​များ​မ​ရ​ဘဲ​နေ​လိမ့်​မည်။-
LEV 20:21 တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ညီ​အစ်​ကို​၏​မ​ယား​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​သည်​သား​သ​မီး​မ​ထွန်း​ကား​ဘဲ​ရှိ​ကြ​လိမ့်​မည်။ သူ​သည်​ဘာ​သာ​တ​ရား​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သော​အ​မှု​ကို​ပြု​၍​မိ​မိ​ညီ​အစ်​ကို​၏​အ​သ​ရေ​ကို​ဖျက်​၏။
LEV 20:22 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပို့​ဆောင်​၍​သင်​တို့​ရောက်​ရှိ​မည့်​ခါ​နာန်​ပြည်​မှ​သင်​တို့​နှင်​ထုတ်​ခြင်း​မ​ခံ​ရ​စေ​ရန် ငါ​၏​ပ​ညတ်​အား​လုံး​တို့​ကို​စောင့်​ထိန်း​ရ​မည်။-
LEV 20:23 ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​ကျင့်​သုံး​နှင့်။ ထို​ပြည်​သို့​သင်​တို့​ဝင်​ရောက်​နိုင်​ရန် ငါ​သည်​ထို​ပြည်​သား​များ​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​၏​ဆိုး​ယုတ်​သော​အ​လေ့​အ​ကျင့်​များ​ကို​စက်​ဆုပ်​ရွံ​ရှာ​၏။-
LEV 20:24 အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက်​သန်​သော​ထို​ပြည်​ကို သင်​တို့​ပိုင်​ဆိုင်​ရန်​ငါ​ပေး​မည်​ဟု​က​တိ​ထား​သည့်​အ​တိုင်း​ငါ​ပြု​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၍ သင်​တို့​သည်​အ​ခြား​လူ​မျိုး​များ​နှင့်​မ​တူ​ငါ​သီး​သန့်​ရွေး​ချယ်​ထား​သော​လူ​မျိုး​ဖြစ်​၏။-
LEV 20:25 သို့​ဖြစ်​၍​သင်​တို့​သည်​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်၊ မ​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​သေ​ချာ​စွာ​ခွဲ​ခြား​သတ်​မှတ်​ရ​မည်။ မ​သန့်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​မ​စား​ရ။ ငါ​သည်​ယင်း​တို့​ကို​မ​သန့်​ဟု​သတ်​မှတ်​ထား​သ​ဖြင့်​ထို​သတ္တ​ဝါ​တို့​၏​အ​သား​ကို​စား​လျှင်​သင်​တို့​သည်​ညစ်​ညမ်း​လိမ့်​မည်။-
LEV 20:26 ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​၍​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။ သင်​တို့​အား​ငါ​ရွေး​ချယ်​သ​ဖြင့်​ငါ​ပိုင်​၏။ ငါ​သာ​လျှင်​သင်​တို့​ကို​ပိုင်​ရန်​အ​တွက် သင်​တို့​အား​လူ​မျိုး​တ​ကာ​မှ​ငါ​သီး​သန့်​ရွေး​ချယ်​တော်​မူ​ပြီ။
LEV 20:27 ``သေ​လွန်​သူ​တို့​၏​ဝိ​ညာဉ်​များ​နှင့်​တိုင်​ပင်​သော​အ​မျိုး​သား​ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ သူ​သည်​သေ​ထိုက်​သော​အပြစ်​ကို​ကူး​လွန်​၏'' ဟု​မိန့်​တော်​မူ​၏။
LEV 21:1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ် တို့​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​၏​အ​မိ​အ​ဖ၊ သား သ​မီး၊ ညီ​အစ်​ကို၊ မိ​မိ​နှင့်​အ​တူ​နေ​ထိုင် သော​အိမ်​ထောင်​မ​ကျ​သေး​သည့်​ညီ​အစ်​မ စ​သည်​တို့​မှ​လွဲ​၍​အ​ခြား​ဆွေ​မျိုး​သား ချင်း​တို့​၏​အ​သု​ဘ​ကိစ္စ​များ​၌​ပါ​ဝင် ဆောင်​ရွက်​ခြင်း​အား​ဖြင့်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​မိ​မိ​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ရ။-
LEV 21:4 သူ​သည်​မိ​မိ​ဇ​နီး​၏​ဆွေ​မျိုး​သား​ချင်း အ​သု​ဘ​တွင်​ပါ​ဝင်​၍ မိ​မိ​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ရ။
LEV 21:5 ယဇ်​ပု​ရော​ဟိတ်​သည်​သေ​ဆုံး​သူ​အ​တွက် ဝမ်း နည်း​သည့်​အ​နေ​ဖြင့်​ဆံ​ပင်​ကို​ကွက်​ကျား မ​ရိတ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှပ်​ရ။ မိ​မိ​ကိုယ်​ကို​လည်း​မ​လှီး​မ​ရှ​ရ။-
LEV 21:6 သူ​သည်​သန့်​ရှင်း​ရ​မည်။ ငါ​၏​နာ​မ​တော် ကို​မ​ရှုတ်​ချ​ရ။ သူ​သည်​ငါ့​အား​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​သူ​ဖြစ်​၍​သန့်​ရှင်း ရ​မည်။-
LEV 21:7 သူ​သည်​သန့်​ရှင်း​သူ​ဖြစ်​သော​ကြောင့် ပြည့် တန်​ဆာ​မ​ကို​သော်​လည်း​ကောင်း၊ အ​ပျို ရည်​ပျက်​သော​မိန်း​မ​ကို​သော်​လည်း​ကောင်း၊ လင်​ကွာ​မိန်း​မ​ကို​သော်​လည်း​ကောင်း​မ​စုံ ဖက်​ရ။-
LEV 21:8 သူ​သည်​ငါ့​အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ ရ​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​သူ့​ကို​သန့်​ရှင်း သူ​ဟူ​၍​မှတ်​ယူ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​တော်​မူ​သ​ဖြင့် ငါ​၏​လူ​မျိုး​တော်​ကို​သန့်​ရှင်း​စေ​တော်​မူ​၏။-
LEV 21:9 ယဇ်​ပု​ရော​ဟိတ်​၏​သ​မီး​သည်​ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​လျှင် မိ​မိ​အ​ဘ​၏​အ​သ​ရေ ကို​ရှုတ်​ချ​သော​ကြောင့်​သူ့​ကို​မီး​ရှို့​သတ်​ရ မည်။
LEV 21:10 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ဦး​ခေါင်း​ပေါ်​တွင် ဆီ​လောင်း​၍ ဘိ​သိက်​ခံ​လျက်​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဝတ်​ဆင်​ထား​သူ​ဖြစ်​သော​ကြောင့် ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​ဆံ​ပင်​ကို ဖား​လျား​မ​ချ​ရ။ မိ​မိ​၏​အ​ဝတ်​ကို​လည်း မ​ဆုတ်​မ​ဖြဲ​ရ။-
LEV 21:11 သူ​သည်​ငါ့​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား သူ​ဖြစ်​၍ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မိ​မိ ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ရ။ ငါ​၏​တဲ​တော်​မှ ထွက်​၍​မည်​သည့်​အ​သု​ဘ​အိမ်​သို့​မျှ​မ သွား​ရ။ မိ​ရင်း​ဘ​ရင်း​သေ​ဆုံး​သည့်​အိမ်​သို့ ပင်​မ​သွား​ရ။ ဤ​သို့​လျှင်​ငါ​၏​တဲ​တော်​မှ ထွက်​၍​အ​သု​ဘ​အိမ်​သို့​သွား​ခြင်း​အား ဖြင့်​ငါ​၏​တဲ​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ။-
LEV 21:13 သူ​သည်​အ​ပျို​စင်​နှင့်​ထိမ်း​မြား​စုံ​ဖက်​ရ​မည်။-
LEV 21:14 မု​ဆိုး​မ၊ လင်​ကွာ​မိန်း​မ၊ ပြည့်​တန်​ဆာ​မ တို့​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​မ​ပြု​ရ။ သူ သည်​မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​မှ​အ​ပျို​စင် ကို​သာ​ထိမ်း​မြား​စုံ​ဖက်​ရ​မည်။-
LEV 21:15 ဤ​အ​တိုင်း​မ​ကျင့်​လျှင်​သူ​၏​သား​သ​မီး တို့​သည် သန့်​ရှင်း​သင့်​ပါ​လျက်​နှင့်​မ​သန့် ရှင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ်​ခွဲ​ခန့်​မှတ်​သား​တော်​မူ​ပြီ။
LEV 21:16 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်​အား ``သင်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ ကိုယ်​အင်္ဂါ​ချွတ်​ယွင်း​နေ​သူ​သည် ငါ့​အား ပူ​ဇော်​သ​ကာ​ကို​မ​ဆက်​သ​ရ။ ဤ​ပ​ညတ် ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​မည်။-
LEV 21:18 မျက်​စိ​မ​မြင်​သူ၊ ခြေ​ဆွံ့​သူ၊ မျက်​နှာ​ရုပ် အ​ဆင်း​ပျက်​သူ၊ အ​ရုပ်​ဆိုး​အ​ကျည်း​တန် သူ၊ လက်​ခြေ​မ​သန်​စွမ်း​သူ၊ ကျော​ကုန်း​သူ၊ ပု​ကွ​သူ၊ မျက်​စိ​ရော​ဂါ​စွဲ​သူ၊ ကိုယ်​ရေ​ပြား ရော​ဂါ​ရှိ​သူ၊ သင်း​ကွပ်​ထား​သူ​စ​သည်​တို့ သည်​ငါ့​အား​ပူ​ဇော်​ဆက်​သ​ခြင်း​မ​ပြု​ရ။-
LEV 21:21 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ကိုယ်​အ​င်္ဂါ တစ်​စုံ​တစ်​ခု​ချွတ်​ယွင်း​နေ​သော​ယဇ်​ပု​ရော ဟိတ်​သည် ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​ရ။-
LEV 21:22 ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည် ငါ့​အား ဆက်​သ​သော​သန့်​ရှင်း​သည့်​ပူ​ဇော်​သ​ကာ ကို​သော်​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​သည့် ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း​စား သုံး​နိုင်​သည်။-
LEV 21:23 သို့​ရာ​တွင်​သူ​၏​ကိုယ်​အင်္ဂါ​ချွတ်​ယွင်း​နေ သော​ကြောင့် ကန့်​လန့်​ကာ​တော်​အ​နီး​သို့​လည်း ကောင်း၊ ယဇ်​ပလ္လင်​တော်​အ​နီး​သို့​လည်း​ကောင်း မ​ချဉ်း​ကပ်​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​သည်​ထို​ကန့်​လန့်​ကာ​တော်​နှင့်​ယဇ် ပလ္လင်​တော်​တို့​ကို​သန့်​ရှင်း​စေ​သော​ကြောင့် သူ သည်​ယင်း​တို့​ကို​မ​ညစ်​ညမ်း​စေ​ရ'' ဟု မိန့်​တော်​မူ​၏။
LEV 21:24 မော​ရှေ​သည်​အာ​ရုန်​နှင့်​တ​ကွ​သူ​၏​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​ပ​ညတ်​များ​သည်​ကား​အ​ထက် ပါ​အ​တိုင်း​ဖြစ်​သ​တည်း။
LEV 22:1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန် နှင့်​သူ​၏​သား​တို့​အား``သင်​တို့​သည်​ငါ​၏​နာ​မ တော်​ကို​မ​ရှုတ်​ချ​မိ​စေ​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို ငါ့​အား ဆက်​သ​ရာ​၌​ရို​သေ​လေး​စား​မှု​ရှိ​ရ​မည်။ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-
LEV 22:3 သင်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​သူ​သည်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် သူ သည်​နောက်​တစ်​ဖန်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော​ဝတ် ကို​မ​ဆောင်​ရွက်​ရ။ ဤ​ပ​ညတ်​ကို​သင်​တို့ ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 22:4 ``အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သော​သူ​ဖြစ်​စေ၊ ရိ​နာ​စွဲ​သူ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​မ​ရ​ရှိ မီ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​များ ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​နှင့် ထိ​၍ မ​သန့်​စင်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ကိုင် တွယ်​မိ​လျှင်​သော်​လည်း​ကောင်း၊ သုက်​ရည်​ယို လျှင်​သော်​လည်း​ကောင်း၊-
LEV 22:5 မ​သန့်​စင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​လူ​ကို ထိ​မိ​လျှင်​သော်​လည်း​ကောင်း မ​သန့်​စင်​ဘဲ ဖြစ်​လိမ့်​မည်။-
LEV 22:6 ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည်​ည​ဦး​တိုင် အောင်​မသန့်​စင်​ချေ။ သူ​သည်​ရေ​ချိုး​ပြီး​မှ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ကို စား​နိုင်​သည်။-
LEV 22:7 နေ​ဝင်​ပြီး​လျှင်​သူ​သည်​သန့်​စင်​လာ​သ​ဖြင့် သူ​၏​စား​စ​ရာ​ဖြစ်​သော​ပူ​ဇော်​သ​ကာ ကို​စား​နိုင်​သည်။-
LEV 22:8 သူ​သည်​သ​ဘာ​ဝ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​မ​စား​ရ။ ယင်း သို့​စား​လျှင်​သူ​သည်​မ​သန့်​စင်​ချေ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 22:9 ``ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ငါ​၏ ပ​ညတ်​များ​ကို​လိုက်​နာ​ရ​ကြ​မည်။ ယင်း​သို့ မ​လိုက်​နာ​လျှင်​ပ​ညတ်​တော်​များ​ကို​ချိုး ဖောက်​သော​ကြောင့် သူ​တို့​သည်​အ​ပြစ်​ကူး လွန်​သ​ဖြင့်​သေ​ရ​ကြ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သူ​တို့​ကို​သန့်​ရှင်း စေ​တော်​မူ​၏။
LEV 22:10 ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင်​သူ သာ​လျှင် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​စား နိုင်​သည်။ ယဇ်​ပု​ရော​ဟိတ်​နှင့်​အ​တူ​နေ​ထိုင် သော​သူ​နှင့်၊ သူ​ငှား​တို့​သည်​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။-
LEV 22:11 သို့​ရာ​တွင်​မိ​မိ​ငွေ​ဖြင့်​ဝယ်​သော​ကျွန်​သို့ မ​ဟုတ် မိ​မိ​အိမ်​၌​မွေး​ဖွား​သော​ကျွန်​တို့ သည်​ယဇ်​ပု​ရော​ဟိတ်​၏​အ​စား​အ​စာ​ကို စား​နိုင်​သည်။-
LEV 22:12 ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ​တစ်​ယောက်​နှင့် ထိမ်း​မြား​စုံ​ဖက်​သော ယဇ်​ပု​ရော​ဟိတ်​၏ သ​မီး​သည်​သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။-
LEV 22:13 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​၏​သ​မီး​သည် ခင်​ပွန်း​သေ​လျှင်​ဖြစ်​စေ၊ ခင်​ပွန်း​နှင့်​ကွာ​ရှင်း ပြီး​လျှင်​ဖြစ်​စေ​သား​သ​မီး​မ​ရှိ​သ​ဖြင့် ဖ​ခင်​အိမ်​သို့​ပြန်​ရောက်​နေ​ထိုင်​ခဲ့​သည်​ရှိ သော်​ဖ​ခင်​၏​အ​စား​အ​စာ​ကို​စား​နိုင် သည်။ ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင် သူ​သာ​လျှင်​ပူ​ဇော်​သ​ကာ​ကို​စား​နိုင်​သည်။
LEV 22:14 ``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​မ​ပါ​ဝင် သူ​သည် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​အ​မှတ် မဲ့​စား​မိ​လျှင် ယဇ်​ပု​ရော​ဟိတ်​အား​ထို​အ​စား အ​စာ​၏​တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ပေး​လျော်​ရ​မည်။-
LEV 22:15 ယဇ်​ပု​ရော​ဟိတ်​များ​သည်​သန့်​ရှင်း​သော​ပူ ဇော်​သ​ကာ​ကို​မ​စား​ထိုက်​သော​သူ​အား​စား စေ​ခြင်း​ဖြင့် ပူ​ဇော်​သ​ကာ​ကို​မ​ညစ်​ညမ်း​စေ ရ၊ ထို​ပူဇော်​သ​ကာ​ကို​မ​စား​ထိုက်​သူ​သည်​စား မိ​လျှင်​အ​ပြစ်​ကူး​လွန်​၍​ဒဏ်​ခံ​ရ​မည်။ ငါ သည်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၏။ ငါ​သည်​ပူ​ဇော် သ​ကာ​များ​ကို​သန့်​ရှင်း​စေ​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။
LEV 22:17 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား​အောက်​ပါ ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ နိုင်​ငံ​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ကတိ​သစ္စာ​အ​လျောက်​သော်​လည်း​ကောင်း၊ စေ တ​နာ​အ​လျောက်​သော်​လည်း​ကောင်း​မီး​ရှို့ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​အ​ခါ​ယဇ်​ကောင်​၌ အ​နာ​အ​ဆာ​မ​ရှိ​စေ​ရ၊-
LEV 22:19 အ​နာ​အ​ဆာ​ကင်း​သော​ယဇ်​ကောင်​အ​ထီး ကို​သာ​ငါ​လက်​ခံ​မည်၊-
LEV 22:20 သင်​တို့​သည်​အ​နာ​အ​ဆာ​ရှိ​သော​ယဇ်​ကောင် ကို​ပူ​ဇော်​လျှင် ငါ​လက်​ခံ​မည်​မ​ဟုတ်၊-
LEV 22:21 တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။-
LEV 22:22 မျက်​စိ​ကန်း​သော​တိ​ရစ္ဆာန်၊ ခြေ​လက်​ပြတ် သော​တိ​ရစ္ဆာန်၊ ပြည်​ထွက်​သော​အ​နာ​ရှိ​သည့် တိ​ရစ္ဆာန်၊ အ​ရေ​ပြား​တွင်​ယား​နာ၊ ဝဲ​နာ​စွဲ သော​တိ​ရစ္ဆာန်​တို့​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ မ​ပူ​ဇော်​ရ။-
LEV 22:23 ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။-
LEV 22:24 ဝှေး​စေ့​များ​ကို​ထု​ချေ​ခြင်း၊ လှီး​ဖြတ်​ခြင်း၊ အ​နာ​တ​ရ​ဖြစ်​ခြင်း၊ စုတ်​ပြတ်​ခြင်း​ခံ​ရ သော​တိ​ရစ္ဆာန်​ကို​ငါ့​အား​မ​ပူ​ဇော်​ရ။ သင် တို့​ပြည်​တွင်​ထို​ကဲ့​သို့​သော​တိ​ရစ္ဆာန်​များ ကို​မ​ပူ​ဇော်​ရ။
LEV 22:25 လူ​မျိုး​ခြား​ထံ​မှ ရ​ရှိ​သော​တိ​ရစ္ဆာန်​ကို ပူ​ဇော်​သကာ​အ​ဖြစ်​မ​ပူ​ဇော်​ရ။ ထို​ကဲ့​သို့ သော​တိ​ရစ္ဆာန်​သည် အ​နာ​အ​ဆာ​ရှိ​သည်​ဟု ယူ​ဆ​ရ​မည်​ဖြစ်​သော​ကြောင့်​ယင်း​ကို​မ​ပူ ဇော်​ရ။
LEV 22:26 သိုး၊ နွား၊ ဆိတ်​သား​ပေါက်​များ​ကို မိ​ခင်​နှင့် ခု​နစ်​ရက်​နေ​စေ​ပြီး​မှ​သာ ပူ​ဇော်​သ​ကာ အ​ဖြစ်​ပူ​ဇော်​နိုင်​သည်။-
LEV 22:28 နွား​မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ သိုး မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ ဆိတ်​မ​နှင့် ၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ​တစ်​နေ့​တည်း မ​ပူ​ဇော်​ရ။-
LEV 22:29 သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။-
LEV 22:30 ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။
LEV 22:31 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို လိုက်​နာ​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-
LEV 22:32 ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ​သည် သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​သိ​မှတ်​ဝန်​ခံ​ရ​ကြ မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​၏။-
LEV 22:33 ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​ခြင်း​ငှာ​သင် တို့​အား​အီဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။
LEV 23:1 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​စု​ဝေး​ဝတ်​ပြု​သည့်​ပွဲ​တော်​များ​နှင့် ဆိုင်​သည့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို​မော​ရှေ​အား ဖြင့် အောက်​ပါ​အ​တိုင်း​ချ​မှတ်​ပေး​တော်​မူ​၏။-
LEV 23:3 သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-
LEV 23:4 အောက်​ဖော်​ပြ​ပါ​ပွဲ​တော်​များ​ကို​သတ်​မှတ် သော​အ​ချိန်​အ​ခါ​များ​တွင်​ကျင်း​ပ​ရ​မည် ဖြစ်​ကြောင်း​ကြေ​ညာ​လော့။
LEV 23:5 ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​သည့်​ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​တွင်​စ​တင် ကျင်း​ပ​ရ​မည်။-
LEV 23:6 တစ်​ဆယ့်​ငါး​ရက်​မြောက်​နေ့​တွင်​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​စ​ပြု​သည်​ဖြစ်​၍ သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။-
LEV 23:7 ပွဲ​တော်​ပ​ထ​မ​ရက်​၌​သင်​တို့​သည်​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ အ​သက်​မွေး​ဝမ်း ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။-
LEV 23:8 ခု​နစ်​ရက်​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​ကို​ဆက်​သ​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ နေ့​၌​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​၍​အ​သက်​မွေး ဝမ်း​ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။
LEV 23:9 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​သို့​ရောက်​ရှိ​၍ စ​ပါး​ရိတ် သော​အ​ခါ​အ​ဦး​ရိတ်​သော​ကောက်​လှိုင်း​စည်း ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 23:11 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​စိတ်​တော် နှင့်​တွေ့​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ကောက် လှိုင်း​စည်း​ကို​အ​ထူး​ပူ​ဇော်​သကာ​အ​ဖြစ် ဆက်​သ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို ပူ​ဇော်​သ​ကာ​ကို ဥ​ပုသ်​နေ့​လွန်​သည့်​နောက် တစ်​နေ့​တွင်​ဆက်​သ​ရ​မည်။-
LEV 23:12 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​ပူ​ဇော်​သော​နေ့​၌ အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး က​လေး​ကို​လည်း​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​ရ​မည်။-
LEV 23:13 ထို​မီး​ရှို့​ပူ​ဇော်​သော​ယဇ်​နှင့်​အ​တူ​သံ​လွင် ဆီ​ရော​သော​မုန့်​ညက်​လေး​ပေါင်​ကို ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။ ထို​ယဇ်​နှင့်​အ​တူ​စ​ပျစ်​ရည်​ငါး ဆယ်​သား​ခန့်​ကို​လည်း​ဆက်​သ​ရ​မည်။-
LEV 23:14 ဘု​ရား​သ​ခင်​အား​ဦး​စွာ​မ​ဆက်​သ​ဘဲ ကောက်​သစ်​ကို​အ​စိမ်း​ဖြစ်​စေ၊ ကျော်​၍​ဖြစ်​စေ၊ မုန့်​လုပ်​၍​ဖြစ်​စေ​မ​စား​ရ။ သင်​တို့​၏​အ​မျိုး အ​စဉ်​အ​ဆက်​သည်​ပ​ညတ်​ကို​ထာ​ဝ​စဉ် စောင့်​ထိန်း​ရ​မည်။
LEV 23:15 ဥ​ပုသ်​နေ့​အ​လွန်​နောက်​တစ်​နေ့​ဖြစ်​သည့်​ထာ​ဝ​ရ ဘု​ရား​အား ကောက်​လှိုင်း​စည်း​ကို​ဆက်​သ​သည့် နေ့​မှ​အ​စ​ပြု​၍​ရက်​သတ္တ​ပတ်​ခု​နစ်​ပတ်​ရေ တွက်​လော့။-
LEV 23:16 သတ္တ​မ​ဥ​ပုသ်​နေ့​လွန်​သည့်​နောက်​တစ်​နေ့​ဖြစ် သော​ငါး​ဆယ်​မြောက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား အား​ကောက်​သစ်​ကို​တစ်​ဖန်​ဆက်​သ​လော့။-
LEV 23:17 မိ​သား​စု​တိုင်း​က​မုန့်​နှစ်​လုံး​ကို​ယူ​ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ယင်း​သို့​ဆက်​သ​ရာ​၌ မုန့်​တစ်​လုံး​စီ​ကို တ​ဆေး​ရော​သော​မုန့်​ညက် လေး​ပေါင်​ဖြင့်​ဖုတ်​ပြီး​လျှင် အ​ဦး​ဆုံး​ရ သော​ကောက်​နှံ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။-
LEV 23:18 သင်​တို့​အ​သိုင်း​အ​ဝိုင်း​သည်​အ​ထက်​ပါ​ပူ​ဇော် သ​ကာ​နှင့်​အ​တူ အ​နာ​အ​ဆာ​ကင်း​သော​တစ် နှစ်​သား​သိုး​က​လေး​ခု​နစ်​ကောင်၊ နွား​ထီး​တစ် ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​တို့​ကို​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သည့်​အ​ခါ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ စ​ပျစ် ရည်​ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-
LEV 23:19 ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ် တစ်​နှစ်​သား​သိုး​က​လေး​နှစ်​ကောင် ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
LEV 23:20 ယဇ်​ပု​ရော​ဟိတ်​သည်​မုန့်​နှင့်​သိုး​က​လေး နှစ်​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ တို့​သည်​သန့်​ရှင်း​၏။-
LEV 23:21 ထို​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို​မ​လုပ်​ဘဲ စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။-
LEV 23:22 ကောက်​ရိတ်​သည့်​အ​ခါ​လယ်​ကွက်​အ​နား​တစ် လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​နှင့်၊ ကျန် ကြွင်း​သော​ကောက်​နှံ​များ​ကို​ပြန်​ကျော့​၍​မ ရိတ်​ရ။ ထို​ကောက်​ပင်​အ​ကျန်​အ​ကြွင်း​များ ကို​ဆင်း​ရဲ​သား​နှင့်​လူ​မျိုး​ခြား​တို့​အ​တွက် ချန်​ထား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။
LEV 23:23 သတ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်​ကို​အ​ထူး​နား ရက်​အ​ဖြစ်​သတ်​မှတ်​လော့။ ထို​နေ့​၌​တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​လျှင် ဝတ်​ပြု​ကိုး​ကွယ် ရန်​စု​ဝေး​ကြ​လော့။-
LEV 23:25 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​လော့။ အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ရ။
LEV 23:26 နှစ်​စဉ်​သတ္တ​မ​လ၊ ဆယ်​ရက်​နေ့​၌​လူ​အ​ပေါင်း တို့​သည် အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရ​မည်။ ထို နေ့​၌​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ရ။ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု​ဝေး​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ​ရ​မည်။-
LEV 23:28 ထို​နေ့​သည်​အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။-
LEV 23:29 ထို​နေ့​၌​အ​စား​အ​စာ​တစ်​စုံ​တစ်​ခု​ကို​စား သော​သူ​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ ထုတ်​ပယ်​ရ​မည်။-
LEV 23:30 ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​အား ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​သေ​ဒဏ်​စီ​ရင်​မည်။-
LEV 23:31 သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည်​မည်​သည့် အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ​ပ​ညတ်​ကို စောင့်​ထိန်း​ရ​မည်။-
LEV 23:32 ထို​လ​ကိုး​ရက်​နေ​ဝင်​ချိန်​မှ​ဆယ်​ရက်​နေ့​နေ​ဝင် ချိန်​အ​ထိ​အ​ထူး​နား​ရက်​အ​ဖြစ်​သတ်​မှတ်​ရ မည်။ ထို​ရက်​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​မ​စား​ရ။
LEV 23:33 သစ်​ခက်​နေ​ပွဲ​တော်​သည်​သတ္တမ​လ၊ တစ်​ဆယ့် ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက်​ပတ်​လုံး ကျင်း​ပ​သော​ပွဲ​တော်​ဖြစ်​သည်။-
LEV 23:35 ပွဲ​တော်​ပ​ထ​မ​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု ဝေး​ရ​ကြ​မည်။-
LEV 23:36 ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​ရ​မည်။ အ​ဋ္ဌ​မ​နေ့​၌​တစ်​ဖန်​ဝတ်​ပြု ကိုး​ကွယ်​ရန်​စု​ဝေး​၍ ပူ​ဇော်​သ​ကာ​ကို​ဆက် သ​ရ​မည်။ ထို​နေ့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။
LEV 23:37 (ဤ​ဘာ​သာ​ရေး​ပွဲ​တော်​များ​တွင် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း နှင့်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​သတ်​မှတ်​သော​နေ့​ရက်​အ​လိုက် ပူ​ဇော်​ခြင်း​ကို​ပြု​လုပ်​ရ​ကြ​မည်။-
LEV 23:38 ဤ​ပွဲ​တော်​များ​သည်​ပုံ​မှန်​ဥ​ပုသ်​နေ့​များ အ​ပြင်​ကျင်း​ပ​ရ​သော​ပွဲ​တော်​များ​ဖြစ်​၏။ ဤ​ပူ​ဇော်​သ​ကာ​များ​သည် ထာ​ဝ​ရဘု​ရား အား​ပုံ​မှန်​ပူ​ဇော်​ခြင်း၊ သစ္စာ​ဝတ်​ဖြေ​ရာ ပူ​ဇော်​ခြင်း၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော် ခြင်း​များ​အ​ပြင်​ပူ​ဇော်​ရ​သော​ပူ​ဇော် သ​ကာ​များ​ဖြစ်​သည်။)
LEV 23:39 သင်​တို့​ကောက်​သိမ်း​ပြီး​သော​အ​ခါ သစ်​ခက်​နေ ပွဲ​တော်​ကို​သတ္တ​မ​လ၊ တစ်​ဆယ့်​ငါး​ရက်​နေ့​မှ အ​စ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ပွဲ​တော်​ပ​ထ​မ​နေ့​ကို​အ​ထူး​နား​ရက်​အ​ဖြစ် သတ်​မှတ်​ရ​မည်။-
LEV 23:40 ထို​နေ့​၌​အ​ကောင်း​ဆုံး​သစ်​သီး​များ၊ စွန် ပ​လွံ​ခက်​များ၊ အ​ရွက်​ဝေ​ဆာ​သော​အ​ကိုင်း အ​ခက်​များ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သော​ပွဲ​တော် ကို​စ​တင်​ကျင်း​ပ​လော့။-
LEV 23:41 ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ် တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။-
LEV 23:42 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​သော အ​ခါ​၌​ကိုယ်​တော်​သည် သူ​တို့​အား​သစ်​ခက် တဲ​များ​တွင်​နေ​ထိုင်​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သ​တိ​ရ ကြ​စေ​ခြင်း​ငှာ သင်​တို့​အ​ပေါင်း​သည်​ခု​နစ် ရက်​ပတ်​လုံး​တဲ​များ​၌​နေ​ထိုင်​ရ​မည်။ ကိုယ် တော်​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 23:44 သို့​ဖြစ်​၍​မော​ရှေ​သည်​ဤ​နည်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည့်​ပွဲ​တော်​များ​နှင့်​ဆိုင်​သော ပ​ညတ်​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ပြ​ဋ္ဌာန်း​ပေး​လေ​၏။
LEV 24:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​အောက်​ပါ​အ​တိုင်း မိန့်​တော်​မူ​သည်။ တဲ​တော်​ထဲ​ရှိ​မီး​တိုင်​ကို အ​စဉ်​မ​ပြတ်​ထွန်း​ညှိ​ထား​နိုင်​စေ​ရန် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​စစ်​စစ်​ကို​ယူ ခဲ့​ကြ​လော့။-
LEV 24:3 အာ​ရုန်​သည်​တဲ​တော်​တွင်း​အ​လွန်​သန့်​ရှင်း သော​ဌာ​န​တော်​၌​တည်​ရှိ​သည့် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​မီး​တိုင်​ကို​ည​နေ​တိုင်း​ထွန်း​ညှိ​ရ​မည်။ ထို​မီး​တိုင်​သည်​ရှေ့​တော်​၌​ည​နေ​မှ​နံ​နက် သို့​တိုင်​အောင်​ထွန်း​တောက်​လျက်​ရှိ​စေ​ရ​မည်။ သင်​တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့် ထိန်း​ရ​ကြ​မည်။-
LEV 24:4 အာ​ရုန်​သည်​ရွှေ​မီး​တိုင်​မှ​မီး​ခွက်​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​၍​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​အ​စဉ်​မ​ပြတ်​ထွန်း​တောက်​လျက် ရှိ​စေ​ရ​မည်။
LEV 24:5 မုန့်​ညက်​နှစ်​ဆယ့်​လေး​ပေါင်​ဖြင့်​မုန့်​တစ်​ဆယ့် နှစ်​လုံး​ဖုတ်​လော့။-
LEV 24:6 ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရှိ​သော​ရွှေ​စင် ဖြင့်​မွမ်း​မံ​ထား​သည့်​စား​ပွဲ​ပေါ်​တွင်​မုန့်​လုံး များ​ကို​တစ်​တန်း​လျှင်​မုန့်​ခြောက်​လုံး​ကျ နှစ်​တန်း​စီ​လော့။-
LEV 24:7 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သည့်​ပူဇော်​သ​ကာ အ​ထိမ်း​အ​မှတ်​အ​ဖြစ်​မုန့်​လုံး​တစ်​တန်း​စီ​ပေါ် တွင်​နံ့​သာ​အ​စစ်​ကို​တင်​လော့။-
LEV 24:8 အ​စဉ်​အ​မြဲ​ဥ​ပုသ်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​မုန့်​ကို​ဆက်​သ​ရ​မည်။-
LEV 24:9 ဤ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထာ​ဝ​စဉ် ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​ဖြစ်​သည်။ ဤ​မုန့်​များ သည်​အာ​ရုန်​နှင့်​သူ​၏​သား​မြေး​များ​စား​ရန် အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​မုန့်​ဖြစ်​ခြင်း ကြောင့်​အ​လွန်​သန့်​ရှင်း​သ​ဖြင့်​သူ​တို့​သည်​ဤ မုန့်​ကို​သန့်​ရှင်း​သော​ဌာ​န​တော်​၌​စား​ရ​ကြ မည်။
LEV 24:10 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ခန်း​တွင် အီ​ဂျစ်​အ​မျိုး​သား​ဖ​ခင်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သ​မီး​မိ​ခင်​တို့​မှ​ပေါက်​ဖွား​သူ​တစ် ယောက်​ရှိ​၏။ မိ​ခင်​သည်​ဒန်​အ​မျိုး​ထဲ​မှ​ဒိ​ဗ​ရိ ၏​သ​မီး​ရှေ​လော​မိတ်​ဖြစ်​သည်။ ထို​သူ​သည် စ​ခန်း​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​နှင့်​ခိုက်​ရန်​ဖြစ်​ပွား​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​ကျိန်​ဆဲ​၏။ ထို့​ကြောင့် သူ့​အား​မော​ရှေ​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ သ​ဖြင့်၊-
LEV 24:12 သူ့​ကို​ချုပ်​ထား​ပြီး​လျှင်​သူ​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​တော်​မူ​မည်​ကို စောင့်​ဆိုင်း​နေ​ကြ​၏။
LEV 24:13 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
LEV 24:14 ``ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​လော့။ သူ ကျိန်​ဆဲ​ခြင်း​ကို​ကြား​ရ​သူ​တိုင်း​သည်​သူ​၏ ဦး​ခေါင်း​ပေါ်​သို့​လက်​ကို​တင်​၍​ဟုတ်​မှန်​ကြောင်း သက်​သေ​ခံ​ရ​မည်။ ထို့​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က​သူ့​အား​ခဲ​ဖြင့် ပစ်​သတ်​ရ​မည်။-
LEV 24:15 တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​လျှင်​ထို​သူ​သည်​အ​ပြစ်​ကို​ခံ​ရ​မည်။-
LEV 24:16 သူ့​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်​ဟူ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား ကို​ကျိန်​ဆဲ​လျှင်​ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​က ထို​သူ​ကို​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။
LEV 24:17 ``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-
LEV 24:18 သူ​တစ်​ပါး​ပိုင်​သော​တိ​ရစ္ဆာန်​ကို​သတ်​သော သူ​သည်​ပိုင်​ရှင်​အား​အ​စား​လျော်​ပေး​ရ​မည်။ ဤ​ပ​ညတ်​သ​ဘော​မှာ​အ​သက်​အ​တွက် အ​သက်​ကို​အ​စား​ပေး​ခြင်း​ဖြစ်​သည်။
LEV 24:19 ``အ​ခြား​သူ​တစ်​ဦး​အား​ထိ​ခိုက်​နာ​ကျင် စေ​သော​သူ​သည်​ကိုယ်​တိုင်​လည်း​ထို​အ​တိုင်း ခံ​စေ​ရ​မည်။-
LEV 24:20 သူ​တစ်​ပါး​၏​အ​ရိုး​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​အ​ရိုး​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​၏​မျက်​လုံး​ကို​ထိုး​ဖောက်​သော​သူ သည်​ကိုယ်​တိုင်​မျက်​လုံး​ဖောက်​ခြင်း​ခံ​ရ​မည်။ သူ​တစ်​ပါး​၏​သွား​ကို​ချိုး​သော​သူ​သည် ကိုယ်​တိုင်​လည်း​သွား​ချိုး​ခြင်း​ခံ​ရ​မည်။ သူ တစ်​ပါး​အား​ထိ​ခိုက်​နာ​ကျင်​စေ​သည့်​ပ​မာ ဏ​အ​တိုင်း​ကိုယ်​တိုင်​ခံ​ရ​မည်။-
LEV 24:21 တိ​ရစ္ဆာန်​ကို​သတ်​သော​သူ​သည်​အ​စား လျော်​ပေး​ရ​မည်။ သို့​ရာ​တွင်​လူ​ကို​သတ် သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
LEV 24:22 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သော​ကြောင့်​သင်​တို့​နှင့်​တ​ကွ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည်​ဤ​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
LEV 24:23 မော​ရှေ​သည်​ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​ကြား​သည့်​အ​တိုင်း သူ​တို့​သည် အ​ပြစ်​ကူး​လွန်​သူ​ကို​စ​ခန်း​အ​ပြင်​သို့ ထုတ်​၍​ခဲ​ဖြင့်​ပစ်​ကြ​၏။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ကြ​၏။
LEV 25:1 ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ဝင် ရောက်​ကြ​သော​အ​ခါ သတ္တ​မ​နှစ်​ကျ​ရောက် သည့်​အ​ခါ​တိုင်း​လယ်​များ​ကို​မ​ထွန်​မ ယက်​မ​စိုက်​မ​ပျိုး​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မြှောက်​ရ​ကြ မည်။-
LEV 25:3 သင်​တို့​သည်​ခြောက်​နှစ်​မျှ​လယ်​များ​တွင် စိုက်​ပျိုး​ခြင်း၊ စ​ပျစ်​ကိုင်း​များ​ကို​သုတ်​သင် ရှင်း​လင်း​ခြင်း၊ အ​သီး​အ​နှံ​များ​ကို​ရိတ် သိမ်း​ခြင်း​ပြု​ရ​မည်။-
LEV 25:4 သို့​ရာ​တွင်​သတ္တ​မ​နှစ်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သော​နှစ်​ဖြစ်​၍ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှန်​ထား ရ​မည်။ လယ်​များ​တွင်​မ​စိုက်​မ​ပျိုး​ရ။ စပျစ် ကိုင်း​များ​ကို​သုတ်​သင်​ရှင်း​လင်း​ခြင်း​မ ပြု​ရ။-
LEV 25:5 မ​စိုက်​မ​ပျိုး​ရ​ဘဲ​နှင့်​အ​လို​အ​လျောက် သီး​သော​အ​သီး​အ​နှံ​များ​ကို​ပင်​မ​ရိတ် သိမ်း​ရ။ အ​ကိုင်း​အ​ခက်​ကို​မ​သုတ်​သင် မ​ရှင်း​လင်း​ဘဲ​နှင့်​သီး​သော​စ​ပျစ်​သီး များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှပ် ထား​ရ​မည်။-
LEV 25:6 ထို​နှစ်​အ​တွင်း​မ​စိုက်​မ​ပျိုး​ဘဲ​မြေ​မှ ထွက်​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို သင် တို့​နှင့်​တ​ကွ​သင်​တို့​၏​ကျေး​ကျွန်၊ လူ​ငှား၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား၊-
LEV 25:7 တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​အ​ရိုင်း​တို့​သည်​စား သုံး​နိုင်​ကြ​သည်။
LEV 25:8 ခု​နစ်​နှစ်​ခု​နစ်​လီ​ဖြစ်​သော လေး​ဆယ့်​ကိုး နှစ်​ကို​ရေ​တွက်​လော့။-
LEV 25:9 ထို​နောက်​သတ္တ​မ​လ​ဆယ်​ရက်​နေ့​သည်​အ​ပြစ် ဖြေ​ရာ​နေ့​ဖြစ်​၍ လူ​တစ်​ယောက်​အား​တစ်​ပြည် လုံး​သို့​လှည့်​လည်​လျက်​တံ​ပိုး​ခ​ရာ​မှုတ်​စေ လော့။-
LEV 25:10 ဤ​နည်း​အား​ဖြင့်​ငါး​ဆယ်​မြောက်​နှစ်​ကို သီး​သန့်​သတ်​မှတ်​လျက် တိုင်း​ပြည်​တွင်​နေ ထိုင်​သူ​အ​ပေါင်း​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ကို​ကြေ​ညာ​ရ​မည်။ အ​ရောင်း​အ​ဝယ်​ပြု လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ​ကို ဤ​နှစ်​၌​မူ​လ ပိုင်​ရှင်​သို့​မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ် များ​ထံ​ပြန်​လည်​ပေး​အပ်​ရ​မည်။ ငွေ​ဝယ် ကျွန်​များ​ကို​သူ​တို့​၏​မိ​သား​စု​များ​ထံ သို့​ပြန်​စေ​ရ​မည်။-
LEV 25:11 သင်​တို့​သည်​လယ်​များ​ကို​မ​စိုက်​မ​ပျိုး​ရ။ အ​လို​အ​လျောက်​သီး​သော​အ​သီး​အ​နှံ များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။-
LEV 25:12 ထို​နှစ်​တစ်​နှစ်​လုံး​သည်​သင်​တို့​အ​တွက်​နှစ် ထူး​နှစ်​မြတ်​ဖြစ်​၏။ သင်​တို့​သည်​လယ်​မှ အ​လို​အ​လျောက်​ထွက်​သ​မျှ​ကို​သာ​စား သုံး​ရ​ကြ​မည်။
LEV 25:13 အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို ဤ​နှစ်​၌​မူ​လ​ပိုင်​ရှင်​လက်​သို့​ပြန်​လည်​ပေး အပ်​ရ​မည်။-
LEV 25:14 သို့​မှ​သာ​သင်​သည်​အ​မျိုး​သား​ချင်း​နှင့် အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့်​အ​ခါ ထိုက် တန်​သော​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-
LEV 25:15 နောက်​တစ်​ကြိမ်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​မ​ကျ​ရောက်​မီ မြေ​မှ​အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​ကို​တွက်​ချက်​၍ မြေ​၏​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-
LEV 25:16 အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ရာ​၌​မြေ​မှ​အ​သီး အ​နှံ​ထွက်​အ​ကြိမ်​ပေါင်း​ကို​တွက်​ချက်​၍ ရောင်း ဝယ်​ရ​သည်​ဖြစ်​သော​ကြောင့် အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​အ​လိုက်​မြေ​တန်​ဖိုး ကို​ဖြတ်​ရ​မည်။-
LEV 25:17 သင်​တို့​သည်​အ​မျိုး​သား​ချင်း​ကို​မ​လှည့်​စား ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။
LEV 25:18 သင်​တို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ​ထိုင်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​လော့။-
LEV 25:19 မြေ​မှ​အ​သီး​အ​နှံ​ထွက်​သ​ဖြင့် သင်​တို့​သည် ဝ​လင်​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-
LEV 25:20 လယ်​များ​ကို​မ​စိုက်​မ​ပျိုး၊ အ​သီး​အ​နှံ​များ ကို​မ​စု​မ​သိမ်း​ရ​သော​သတ္တ​မ​နှစ်​တွင်​မည် ကဲ့​သို့​စား​ရ​ပါ​မည်​နည်း​ဟူ​၍​တစ်​စုံ​တစ် ယောက်​က​မေး​ကောင်း​မေး​လိမ့်​မည်။-
LEV 25:21 ထာ​ဝ​ရ​ဘု​ရား​သည်​ဆ​ဋ္ဌ​မ​နှစ်​တွင် မြေ ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​နှစ်​နှစ်​စာ အ​တွက်​အ​သီး​အ​နှံ​ထွက်​လိမ့်​မည်။-
LEV 25:22 သင်​တို့​သည်​အ​ဋ္ဌ​မ​နှစ်​တွင်​လယ်​များ​ကို​စိုက် ပျိုး​သော​အ​ခါ ဆ​ဋ္ဌ​မ​နှစ်​က​ရိတ်​သိမ်း​ခဲ့​သော အ​သီး​အ​နှံ​ကို​စား​နေ​ရ​ဦး​မည်။ ထို​နှစ်​၌ စိုက်​ပျိုး​သော​အ​သီး​အ​နှံ​များ​ကို​မ​ရိတ်​သိမ်း မီ​တိုင်​အောင် သင်​တို့​တွင်​အ​စား​အ​စာ​ဖူ​လုံ လိမ့်​မည်။
LEV 25:23 မြေ​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား​သ​ခင်​သာ​ပိုင် သ​ဖြင့် ယင်း​ကို​အ​ပြီး​အ​ပိုင်​မ​ရောင်း​ရ။ သင် တို့​သည်​ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှင့်​သာ ထို ပြည်​သို့​ဝင်​ရောက်​အ​ခြေ​စိုက်​နေ​ထိုင်​သူ များ​ဖြစ်​ကြ​မည်။
LEV 25:24 မြေ​ကို​ရောင်း​ချသည့်​အ​ခါ​မူ​လ​ပိုင်​ရှင်​က ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​စေ​ရ​မည်။-
LEV 25:25 ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။-
LEV 25:26 ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​မည့်​ဆွေ​မျိုး​သား ချင်း​မ​ရှိ​သော် ပိုင်​ရှင်​သည်​နောင်​အ​ခါ​၌ ငွေ ကြေး​တတ်​နိုင်​သော​အ​ခါ​ကိုယ်​တိုင်​မြေ​ကို ပြန်​၍​ဝယ်​ယူ​နိုင်​စေ​ရ​မည်။-
LEV 25:27 ထို​အ​ခါ​၌​သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည် ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ သေး​သော​နှစ်​များ​ကို​တွက်​ချက်​၍​ပေး​သင့် ပေး​ထိုက်​သော​တန်​ဖိုး​ကို​ပေး​၍​ဝယ်​ရ​မည်။ မည်​သို့​ပင်​ဖြစ်​စေ​သူ​သည်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ မိ​မိ​ပိုင်​မြေ​ကို ပြန်​လည်​ရ​ရှိ​မည်။-
LEV 25:28 အ​ကယ်​၍​သူ​သည်​မြေ​ကို​ပြန်​ဝယ်​ယူ​ရန် ငွေ​မ​ရှိ​လျှင် ထို​မြေ​သည်​ရှေ့​လာ​မည့်​ပြန် လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ​ဝယ်​သူ ၏​လက်​ဝယ်​ရှိ​စေ​ရ​မည်။ ထို​နှစ်​၌​ယင်း​မြေ ကို​မူ​လ​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။
LEV 25:29 မြို့​ရိုး​အ​တွင်း​၌​ရှိ​သော​အိမ်​ကို​ရောင်း​လျှင် ပိုင်​ရှင်​သည်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍ ဝယ်​ယူ​ခွင့်​ရှိ​သည်။-
LEV 25:30 သို့​ရာ​တွင်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍​မ ဝယ်​ယူ​လျှင် နောက်​တစ်​ဖန်​ပြန်​လည်​ဝယ်​ယူ ခွင့်​မ​ရှိ​သည့်​အ​ပြင်​ဝယ်​ယူ​သူ​နှင့်​သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ထို​အိမ်​ကို​အ​မြဲ ပိုင်​စေ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် မ​ပေး​ရ။-
LEV 25:31 မြို့​ရိုး​မ​ရှိ​သော​ကျေး​ရွာ​များ​၌​ရှိ​သည့် အိမ်​များ​ကို​ရောင်း​ဝယ်​ရာ​တွင်​လယ်​ယာ များ​ကို​ရောင်း​ဝယ်​သည့်​နည်း​အ​တိုင်း​လိုက် နာ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် ပေး​ရ​မည်။-
LEV 25:32 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင် ရာ​သတ်​မှတ်​ထား​သော​မြို့​များ​တွင်​မိ​မိ တို့​ရောင်း​ပြီး​သော​အိမ်​များ​ကို​အ​ချိန် မ​ရွေး​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​သည်။-
LEV 25:33 လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​သည်​မိ​မိ​နေ​ထိုင် ရာ​မြို့​တွင် မိ​မိ​၏​အိမ်​ကို​ရောင်း​ပြီး​နောက် ပြန်​၍​မ​ဝယ်​လျှင် ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​၌​ထို​အိမ်​ကို​သူ့​အား​ပြန်​ပေး ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ နိုင်​ငံ​တွင် လေ​ဝိ​မြို့​များ​ကို​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​မြဲ​ပိုင်​သော​ကြောင့်​ဖြစ်​သည်။-
LEV 25:34 သို့​ရာ​တွင်​လေ​ဝိ​မြို့​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​ကို​မူ မည်​သည့်​အ​ခါ​မျှ​မ​ရောင်း​ရ။ ထို စား​ကျက်​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​စဉ် အ​မြဲ​ပိုင်​၏။
LEV 25:35 သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​တစ်​ဦး သည် ဆင်း​ရဲ​နွမ်း​ပါး​၍​အား​ကိုး​ရာ​မဲ့​ဖြစ် နေ​လျှင် သင့်​အိမ်​နီး​ချင်း​အ​ဖြစ်​ဆက်​လက်​၍ အ​သက်​ရှင်​နေ​ထိုင်​နိုင်​စေ​ရန် သူ့​အား​မိ​မိ ၏​သူ​ရင်း​ငှား​ကဲ့​သို့​ထောက်​ပံ့​ရ​မည်။-
LEV 25:36 ထို​သူ​အား​ငွေ​ချေး​ရာ​၌​အ​တိုး​မ​ယူ​ရ။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍ သူ့​အား​သင် ၏​အိမ်​နီး​ချင်း​အ​ဖြစ်​အ​သက်​ရှင်​နေ​ထိုင် စေ​လော့။-
LEV 25:37 သူ့​အား​ချေး​ငွေ​အ​ပေါ်​တွင်​အ​တိုး​မ​ယူ​ရ။ အ​စား​အ​စာ​ကို​အ​မြတ်​တင်​၍​သူ့​အား မ​ရောင်း​ရ။-
LEV 25:38 ဤ​ကား​သင်​တို့​အား​ခါ​နာန်​ပြည်​ကို​ပေး​ရန် နှင့် သင်​တို့​၏​ဘု​ရား​ဖြစ်​ရန် သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​လာ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ဖြစ်​၏။
LEV 25:39 သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​သည် အ​လွန်​ဆင်း​ရဲ​နွမ်း​ပါး​၍​သင့်​ထံ​တွင် မိ​မိ ကိုယ်​ကို​ကျွန်​အ​ဖြစ်​ဖြင့်​ရောင်း​လျှင် သူ့ အား​ကျွန်​ကဲ့​သို့​မ​စေ​ခိုင်း​ရ။-
LEV 25:40 သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ရောက်​သည်​အ​ထိ သင့်​ထံ​မှာ​သူ​ရင်း​ငှား အ​ဖြစ်​သင်​၏​အ​မှု​ကို​ထမ်း​စေ​ရ​မည်။-
LEV 25:41 ထို​အ​ချိန်​ရောက်​သည့်​အ​ခါ​သူ​နှင့်​သူ​၏​သား သ​မီး​တို့​သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​များ ရှိ​ရာ​ဇာ​တိ​ရပ်​ရွာ​သို့​ပြန်​စေ​ရ​မည်။-
LEV 25:42 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျွန်​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​ကို​ကျွန် ရောင်း​ကျွန်​ဝယ်​မ​ပြု​ရ။-
LEV 25:43 သူ​တို့​အ​ပေါ်​ညှာ​တာ​ထောက်​ထား​သော သ​ဘော​ထား​ရှိ​ရ​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရိုသေ​ရ​မည်။-
LEV 25:44 စေ​ခိုင်း​ရန်​ကျွန်​လို​လျှင်​သင်​တို့​၏​ပတ်​ဝန်း ကျင်​နိုင်​ငံ​များ​မှ​ကျွန်​များ​ကို​ဝယ်​ယူ​လော့။-
LEV 25:45 သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​၏​သား​သ​မီး​များ​ကို​လည်း​ဝယ်​ယူ​နိုင် သည်။ သင်​တို့​၏​ပြည်​တွင်​မွေး​ဖွား​သော​ယင်း က​လေး​များ​ကို​သင်​တို့​ဝယ်​ယူ​နိုင်​သည်။-
LEV 25:46 သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။
LEV 25:47 အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊-
LEV 25:48 သူ့​ကို​ပြန်​၍​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​သည်။ သူ​၏​ညီ အစ်​ကို​တစ်​ဦး​က​သော်​လည်း​ကောင်း၊-
LEV 25:49 ဦး​ကြီး​ဦး​လေး​က​သော်​လည်း​ကောင်း၊ ညီ​အစ် ကို​ဝမ်း​ကွဲ​က​သော်​လည်း​ကောင်း၊ နီး​စပ်​သူ​ဆွေ​မျိုး တစ်​ဦး​က​သော်​လည်း​ကောင်း​သူ့​အား​ပြန်​၍​ဝယ် ယူ​နိုင်​သည်။ သို့​တည်း​မ​ဟုတ်​သူ​ကိုယ်​တိုင်​ငွေ ကြေး​တတ်​နိုင်​လျှင်​မိ​မိ​ကိုယ်​ကို​ဝယ်​ယူ​နိုင် သည်။-
LEV 25:50 မိ​မိ​အား​ဝယ်​ယူ​သူ​နှင့်​ညှိ​နှိုင်း​ပြီး​လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​ရောင်း​သည့်​နှစ်​မှ​အ​စ ပြု​၍ ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​အ​ထိ မိ​မိ​ရ​မည့်​သူ​ရင်း​ငှား​ခ အ​ပေါ်​မူ​တည်​၍​အ​ဖိုး​အ​ခ​ကို​သတ်​မှတ် ရ​မည်။-
LEV 25:51 မိ​မိ​အား​တစ်​နှစ်​ပြီး​တစ်​နှစ်​ခန့်​သည့်​အ​နေ ဖြင့် ကျန်​သေး​သော​နှစ်​များ​ကို​တွက်​၍ မိ​မိ​ကိုယ် ကို​ရောင်း​သည့်​တန်​ဖိုး​၏​တစ်​စိတ်​တစ်​ဒေ​သ ကို​ပြန်​အမ်း​ရ​မည်။ သူ့​သ​ခင်​သည်​သူ့​အ​ပေါ် ညှာ​တာ​သော​သ​ဘော​ထား​ရှိ​ရ​မည်။-
LEV 25:54 သူ​သည်​နည်း​တစ်​နည်း​နည်း​ဖြင့် ကျွန်​ဘ​ဝ​မှ မ​လွတ်​မြောက်​ခဲ့​လျှင် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ သူ​နှင့်​သူ​၏​သား​သ​မီး တို့​လွတ်​မြောက်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-
LEV 25:55 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​များ​ဖြစ်​ခြင်း​ကြောင့်​ရာ​သက်​ပန် လူ​၏​ကျွန်​မ​ဖြစ်​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
LEV 26:1 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-
LEV 26:2 ဘာ​သာ​ရေး​ပွဲ​တော်​များ​ကို​ကျင်း​ပ​၍ ငါ့ အား​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ကို​ရို​သေ​ရ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။''
LEV 26:3 ``သင်​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​များ​ကို​နာ​ခံ​လျှင်၊-
LEV 26:4 ငါ​သည်​အ​ချိန်​တန်​သော​အ​ခါ​မိုး​ကို​ရွာ​စေ သ​ဖြင့် လယ်​များ​မှ​အ​သီး​အ​နှံ​ထွက်​လျက် သစ်​သီး​ပင်​များ​မှ​အ​သီး​သီး​ကြ​လိမ့်​မည်။-
LEV 26:5 အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။
LEV 26:6 ``ငါ​သည်​သင်​တို့​၏​ပြည်​ကို​အေး​ချမ်း​သာ​ယာ စေ​သ​ဖြင့် သင်​တို့​သည်​ည​အ​ခါ​ဘေး​ရန်​အ​တွက် စိုး​ရိမ်​ကြောင့်​ကြ​မှု​မ​ရှိ​ဘဲ​အိပ်​ရ​လိမ့်​မည်။ ငါ သည်​သင်​တို့​ပြည်​မှ​သား​ရဲ​များ​ကို​ဖယ်​ရှား​မည်။ စစ်​ဘေး​စစ်​ဒဏ်​ကို​နောက်​တစ်​ဖန်​မ​ခံ​စား​စေ​ရ။-
LEV 26:7 သင်​တို့​သည်​ရန်​သူ​များ​ကို​နှိမ်​နင်း​အောင်​မြင် ရ​လိမ့်​မည်။-
LEV 26:8 သင်​တို့​ဘက်​မှ​လူ​ငါး​ယောက်​သည်​ရန်​သူ​တစ်​ရာ ကို​လည်း​ကောင်း၊ သင်​တို့​ဘက်​မှ​လူ​တစ်​ရာ​သည် ရန်​သူ​တစ်​ထောင်​ကို​လည်း​ကောင်း နှိမ်​နင်း​အောင် မြင်​လိမ့်​မည်။-
LEV 26:9 ငါ​သည်​သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သား​သ​မီး​မြောက်​မြား​စွာ​ထွန်း​ကား လိမ့်​မည်။ သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ် ကို​ငါ​တည်​စေ​မည်။-
LEV 26:10 သင်​တို့​၏​သီး​နှံ​အ​ထွက်​တိုး​သ​ဖြင့် တစ်​နှစ် စာ​အ​တွက်​ဖူ​လုံ​ရုံ​မျှ​မ​က​သင်​တို့​သည် စ​ပါး​သစ်​ကို​သို​လှောင်​နိုင်​ရန်​လက်​ကျန် စ​ပါး​ဟောင်း​ကို​ပင်​စွန့်​ပစ်​ရ​လိမ့်​မည်။-
LEV 26:11 ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။-
LEV 26:12 ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၍ သင်​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။-
LEV 26:13 ငါ​သည်​သင်​တို့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက် စေ​ရန် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။ ငါ​သည်​သင်​တို့​၏​ထမ်း​ပိုး​ကို​ချိုး​၍​သင် တို့​အား​မတ်​မတ်​လျှောက်​စေ​ပြီ'' ဟု​မိန့်​တော် မူ​၏။
LEV 26:14 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ ၏​ပ​ညတ်​များ​ကို​မ​စောင့်​ထိန်း​လျှင်​အ​ပြစ် ဒဏ်​ခံ​ရ​ကြ​မည်။-
LEV 26:15 သင်​တို့​သည်​ငါ​၏​ပ​ညတ်​နှင့်​အ​မိန့်​တော်​များ ကို​မ​နာ​ခံ​ဘဲ သင်​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ် ကို​ချိုး​ဖောက်​လျှင်၊-
LEV 26:16 ငါ​သည်​သင်​တို့​အား​ဒဏ်​ခတ်​မည်။ ကု​သ​၍​မ​ရ နိုင်​သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း၊ မျက်​စိ ကွယ်​ခြင်း၊ အား​အင်​ကုန်​ခန်း​ခြင်း​ကို​ဖြစ်​စေ သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း သင်​တို့ အား​ခံ​စား​စေ​မည်။ သင်​တို့​သည်​အ​သီး​အ​နှံ များ​ကို​စိုက်​ပျိုး​သော်​လည်း အ​ကျိုး​ကျေး​ဇူး ခံ​စား​ရ​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ရန်​သူ​များ​သည် သင်​တို့​ကို​တိုက် ခိုက်​အောင်​မြင်​၍​သင်​တို့​စိုက်​ပျိုး​သော အ​သီး​အ​နှံ​များ​ကို​စား​ကြ​မည်​ဖြစ် သော​ကြောင့်​တည်း။-
LEV 26:17 ငါ​သည်​သင်​တို့​တစ်​ဘက်​၌​ရှိ​သ​ဖြင့် သင်​တို့ သည်​စစ်​ရှုံး​၍​ရန်​သူ​၏​အုပ်​စိုး​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ သင်​တို့​သည်​အ​လွန်​ထိတ်​လန့်​သ​ဖြင့် လိုက်​သူ​မ​ရှိ​ဘဲ​နှင့်​ပြေး​ရ​ကြ​လိမ့်​မည်။
LEV 26:18 ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-
LEV 26:19 သင်​တို့​၏​မာန်​စွယ်​ကို​ငါ​ချိုး​မည်။ သင်​တို့ ပြည်​တွင်​မိုး​မ​ရွာ​သ​ဖြင့် မြေ​ကြီး​သည် ခြောက်​သွေ့​၍​သံ​ကဲ့​သို့​မာ​ကြော​လိမ့်​မည်။-
LEV 26:20 သင်​တို့​၏​မြေ​မှ​အ​သီး​အ​နှံ​မ​ထွက်၊ သစ်​သီး အ​ပင်​များ​မှ​အ​သီး​မ​သီး​သ​ဖြင့် သင်​တို့​ကြိုး ပမ်း​လုပ်​ကိုင်​သ​မျှ​တို့​သည်​အ​ချည်း​နှီး​သက် သက်​ဖြစ်​ရ​လိမ့်​မည်။
LEV 26:21 ``သင်​တို့​သည်​ငါ့​ကို​အာ​ခံ​၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် ငါ​သည်​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​ထပ်​မံ​တိုး​၍​ခံ​စေ​မည်။-
LEV 26:22 ငါ​သည်​သင်​တို့​ရှိ​ရာ​သို့​သား​ရဲ​များ​ကို​စေ လွှတ်​၍ သင်​တို့​၏​သား​သ​မီး​များ၊ သိုး​နွား များ​ကို​ကိုက်​သတ်​စေ​မည်။ လူ​ဦး​ရေ​လျော့ နည်း​လာ​သော​ကြောင့် လမ်း​များ​ပေါ်​တွင် သွား​လာ​သူ​ကင်း​မဲ့​လျက်​ရှိ​လိမ့်​မည်။
LEV 26:23 ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊-
LEV 26:24 ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-
LEV 26:25 သင်​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက် သည့်​အ​တွက် သင်​တို့​အား​စစ်​ဘေး​စစ်​ဒဏ်​သင့် စေ​မည်။ ထို​အ​ခါ​သင်​တို့​သည်​မြို့​များ​သို့​ပြေး ၍​ခို​လှုံ​ကြ​လျှင် ငါ​သည်​သင်​တို့​တွင်​ကု​သ​၍ မ​ရ​နိုင်​သော​ရော​ဂါ​ကပ်​ဆိုက်​ရောက်​စေ​သ​ဖြင့် သင်​တို့​သည်​ရန်​သူ​တို့​လက်​တွင်း​သို့​ကျ​ရောက် လိမ့်​မည်။-
LEV 26:26 ငါ​သည်​စား​နပ်​ရိက္ခာ​ကို​ရှား​ပါး​စေ​သ​ဖြင့် အိမ် ရှင်​မ​ဆယ်​ယောက်​ဖုတ်​ရ​မည့်​မုန့်​အ​ရေ​အ​တွက် မှာ အိမ်​ရှင်​မ​တစ်​ဦး​၏​ဖို​တွင်​ဖုတ်​နိုင်​မည့်​မုန့် အ​ရေ​အ​တွက်​မျှ​သာ​ရှိ​မည်။ သင်​တို့​သည်​ထို မုန့်​ကို​ခွဲ​တမ်း​ချ​၍​မ​လောက်​မ​င​ဝေ​မျှ​စား ရ​လိမ့်​မည်။
LEV 26:27 ``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ ပြီး​နောက် ငါ့​ကို​ဆက်​လက်​အာ​ခံ​၍​ငါ့​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊-
LEV 26:28 ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-
LEV 26:29 သင်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​လှ​သ​ဖြင့် ကိုယ် သား​သ​မီး​တို့​၏​အ​သား​ကို​စား​ရ​ကြ​လိမ့် မည်။-
LEV 26:30 ငါ​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ရှိ​သော​သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖျက်​ဆီး ၍ နံ့​သာ​ပေါင်း​ပူ​ဇော်​ရာ​ပလ္လင်​ကို​ဖြို​ဖျက်​မည်။ သင်​တို့​၏​အ​လောင်း​များ​ကို​ပြို​ကျ​သော​ရုပ်​တု များ​အ​ပေါ်​တွင်​ပစ်​ချ​မည်။ ငါ​သည်​သင်​တို့ ကို​စက်​ဆုပ်​ရွံ​ရှာ​သ​ဖြင့်၊-
LEV 26:31 သင်​တို့​၏​မြို့​များ​ကို​ဖြို​ဖျက်​၍ သင်​တို့​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာန​များ​ကို​ပျက်​စီး​စေ​မည်။ သင် တို့​၏​ယဇ်​ပူ​ဇော်​ခြင်း​ကို​ငါ​လက်​မ​ခံ။-
LEV 26:32 ငါ​သည်​သင်​တို့​၏​ပြည်​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ် သ​ဖြင့် သင်​တို့​၏​ပြည်​ကို​သိမ်း​ပိုက်​သော​ရန်​သူ တို့​ပင်​လျှင်​ထိတ်​လန့်​ကြ​လိမ့်​မည်။-
LEV 26:33 ငါ​သည်​သင်​တို့​ကို​စစ်​ဘေး​စစ်​ဒဏ်​သင့်​စေ​ပြီး လျှင် သင်​တို့​အား​အ​ခြား​နိုင်​ငံ​များ​သို့​ပြန့်​နှံ့ နေ​ထိုင်​စေ​မည်။ သင်​တို့​၏​ပြည်​သည်​လူ​သူ ကင်း​မဲ့​၍ သင်​တို့​၏​မြို့​များ​သည်​လည်း​ပျက်​စီး ယို​ယွင်း​လိမ့်​မည်။-
LEV 26:34 ထို​အ​ခါ​သင်​တို့​ယ​ခင်​က​အ​နား​မ​ပေး​ခဲ့ သော​မြေ​သည် ယ​ခု​အ​နား​ရ​လိမ့်​မည်။ သင်​တို့ သည်​ရန်​သူ​၏​နိုင်​ငံ​တွင်​နေ​ထိုင်​ရ​စဉ် သင်​တို့ ၏​ပြည်​သည်​လူ​သူ​ကင်း​မဲ့​မည်​ဖြစ်​၍​အ​နား ရ​လိမ့်​မည်။
LEV 26:36 ``သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​သို့​ရောက်​ရှိ​နေ​ထိုင် ရ​စဉ် လေ​တိုက်​ခတ်​သော​သစ်​ရွက်​သံ​ကို​ကြား​ရုံ မျှ​ဖြင့်​ကြောက်​လန့်​ထွက်​ပြေး​ရ​လိမ့်​မည်။ သင်​တို့ သည်​စစ်​ပွဲ​၌​ရန်​သူ​လိုက်​၍​ပြေး​ရ​ဘိ​သ​ကဲ့ သို့​ပြေး​ရ​လိမ့်​မည်။ အ​နီး​တွင်​ရန်​သူ​မ​ရှိ​ဘဲ လဲ​ကျ​လိမ့်​မည်။-
LEV 26:37 လိုက်​လံ​သူ​မ​ရှိ​ဘဲ​တစ်​ဦး​ကို​တစ်​ဦး​တိုက် မိ​၍​လဲ​ကျ​လိမ့်​မည်။ မည်​သည့်​ရန်​သူ​ကို​မျှ ခု​ခံ​တိုက်​ခိုက်​နိုင်​လိမ့်​မည်​မ​ဟုတ်။-
LEV 26:38 သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​တွင်​သေ​ကျေ ပျက်​စီး​ရ​လိမ့်​မည်။-
LEV 26:39 ရန်​သူ​၏​နိုင်​ငံ​တွင်​သင်​တို့​၏​အ​မျိုး​ပြုန်း​လိမ့် မည်။ ထို​နိုင်​ငံ​တွင်​သင်​တို့​အ​နက်​ကျန်​ကြွင်း​သူ အ​နည်း​ငယ်​တို့​သည်​သင်​တို့​အ​ပြစ်​ကြောင့် လည်း​ကောင်း၊ သင်​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ် ကြောင့်​လည်း​ကောင်း​တိမ်​ကော​ပျက်​စီး​ရ​ကြ လိမ့်​မည်။
LEV 26:40 ``သို့​ရာ​တွင်​သင်​တို့​၏​အ​ဆက်​အ​နွယ်​များ သည် သူ​တို့​၏​အ​ပြစ်​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ် များ​ကို​ဝန်​ချ​တောင်း​ပန်​ကြ​လိမ့်​မည်။ သူ​တို့ ၏​ဘိုး​ဘေး​များ​သည်​ငါ့​ကို​ဆန့်​ကျင်​၍​ပုန် ကန်​သ​ဖြင့်၊-
LEV 26:41 ငါ​သည်​အ​မျက်​ထွက်​၍​သူ​တို့​ကို​ပြည်​နှင်​ဒဏ် ပေး​ခဲ့​၏။ နောက်​ဆုံး​၌​သင်​တို့​၏​အ​ဆက်​အ​နွယ် များ​သည်​မာန်​စွယ်​ကျိုး​၍ မိ​မိ​တို့​၏​အ​ပြစ် နှင့်​ပုန်​ကန်​မှု​အ​တွက်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ပြီး​သော​အ​ခါ၊-
LEV 26:42 ငါ​သည်​ယာ​ကုပ်၊ ဣဇက်၊ အာ​ဗြ​ဟံ​တို့​နှင့်​ပြု ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​သ​တိ​ရ​၍ ထို​ပ​ဋိ​ညာဉ် အ​တိုင်း​ငါ​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် ကို​ပေး​တော်​မူ​၏။-
LEV 26:43 သို့​ရာ​တွင်​ပ​ထ​မ​ဦး​စွာ​တိုင်း​ပြည်​သည်​အ​နား ရ​စေ​ရန် ပြည်​သူ​တို့​ကို​ဖယ်​ရှား​ရ​မည်။ ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​ပစ် ပယ်​သည့်​အ​တွက် ပြည်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ရ​မည်။-
LEV 26:44 သို့​ရာ​တွင်​ယင်း​သို့​ဖြစ်​စေ​ကာ​မူ​သူ​တို့​သည် ရန်​သူ​၏​ပြည်​တွင်​နေ​ထိုင်​ရ​စဉ် ငါ​သည်​သူ​တို့ ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​မည်​မ​ဟုတ်။ ဖျက်​ဆီး ပစ်​မည်​လည်း​မ​ဟုတ်။ အ​ကယ်​၍​ငါ​သည်​သင် တို့​ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​ပါ​မူ ငါ​နှင့်​သူ​တို့ ပြု​သော​ပ​ဋိ​ညာဉ်​သည်​ပျက်​ပြယ်​လိမ့်​မည်။ ငါ သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-
LEV 26:45 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော်​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခြင်း​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​အား ငါ​၏​တန်​ခိုး​ကို​ဖော်​ပြ​စဉ်​အ​ခါ​က သူ​တို့ ၏​ဘိုး​ဘေး​များ​နှင့်​ပြု​ခဲ့​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​မည်'' ဟု မိန့်​တော် မူ​၏။
LEV 26:46 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က​သိ​နာ​တောင်​ပေါ် တွင် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ပေး​အပ်​သော​ပ​ညတ်​တော်​များ နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သ​တည်း။
LEV 27:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့ စောင့်​ထိန်း​ရန်​ပေး​အပ် သည့်​ပြ​ဋ္ဌာန်း​ချက်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​အား​က​တိ​သစ္စာ​ပြု​၍ မိ​မိ​ကိုယ်​ကို ဆက်​ကပ်​ပူ​ဇော်​လျှင် သူ​သည်​အောက်​တွင်​ဖော် ပြ​ပါ​ငွေ​များ​ကို၊-
LEV 27:3 ကျပ်​စံ​တော်​အ​ရ​ပေး​ဆောင်​၍ မိ​မိ​ကိုယ်​ကို ရွေး​ယူ​နိုင်​သည်။ -အ​သက်​နှစ်​ဆယ်​မှ​ခြောက်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​ငါး​ဆယ်​ကျပ် -မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​သုံး​ဆယ်​ကျပ် -အ​သက်​ငါး​နှစ်​မှ​နှစ်​ဆယ်​အ​ရွယ်​အ​ထိ ယောကျာ်း​ဖြစ်​လျှင်​ငွေ​သား​နှစ်​ဆယ်​ကျပ် -မိန်း​မ​ဖြစ်​လျှင်​ငွေ​သား​တစ်​ဆယ်​ကျပ် -အ​သက်​ငါး​နှစ်​အောက်​ယောကျာ်း​က​လေး​ဖြစ်​လျှင် ငွေ​သား​ငါး​ကျပ် -အ​သက်​ငါး​နှစ်​အောက်​မိန်း​က​လေး​ဖြစ်​လျှင် ငွေ​သား​သုံး​ကျပ် -အ​သက်​ခြောက်​ဆယ်​ကျော်​ယောကျာ်း​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ့်​ငါး​ကျပ် -အ​သက်​ခြောက်​ဆယ်​ကျော်​မိန်း​မ​ဖြစ်​လျှင် ငွေ​သား​တစ်​ဆယ်​ကျပ်
LEV 27:8 က​တိ​သစ္စာ​ပြု​၍​မိ​မိ​ကိုယ်​မိ​မိ​ဆက်​ကပ် ပူ​ဇော်​သော​သူ​သည် သတ်​မှတ်​ထား​သော​ငွေ​ကို မ​ပေး​နိုင်​လျှင် သူ့​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​ပေး​ဆောင်​နိုင်​စွမ်း​ရှိ​သည့်​အ​တိုင်း တန်​ဖိုး ငွေ​ကို​လျော့​၍​သတ်​မှတ်​ရ​မည်။
LEV 27:9 ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် သင့်​တော်​သည့် တိ​ရစ္ဆာန်​ကို​ဆက်​သ​မည်​ဟု​သစ္စာ​က​တိ​ပြု ထား​လျှင် ထို​သို့​သော​ယဇ်​ကောင်​သည်​သန့်​ရှင်း သည်​ဖြစ်​၍၊-
LEV 27:10 က​တိ​သစ္စာ​ပြု​သူ​သည် အ​ခြား​တိ​ရစ္ဆာန်​ကို အ​စား​ထိုး​၍​မ​ဆက်​သ​ရ။ သူ​သည်​အ​ခြား တိ​ရစ္ဆာန်​ကို​အ​စား​ထိုး​ဆက်​သ​လျှင် ယဇ် ကောင်​နှစ်​ကောင်​စ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-
LEV 27:11 ဆက်​သ​ရန်​ကတိ​သစ္စာ​ပြု​ထား​သော​တိ​ရစ္ဆာန် သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် လျှင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​အပ်။ သူ​သည်​တိ​ရစ္ဆာန်​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
LEV 27:12 ယဇ်​ပု​ရော​ဟိတ်​သည်​တိ​ရစ္ဆာန်​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ်​ရ​မည်။ ထို​သို့​သတ်​မှတ် သော​တန်​ဖိုး​သည်​အ​တည်​ဖြစ်​စေ​ရ​မည်။-
LEV 27:13 ထို​သူ​သည်​တိ​ရစ္ဆာန်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။
LEV 27:14 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘုရား​အား​မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သည့် အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည်​အိမ်​၏​အ​ခြေ အ​နေ​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ် ရ​မည်။ ထို​သို့​သတ်​မှတ်​သော​တန်​ဖိုး​သည် အ​တည်​ဖြစ်​စေ​ရ​မည်။-
LEV 27:15 မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သော​သူ​သည် အိမ်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း​၍​ပေး​ရ မည်။
LEV 27:16 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​မြေ​ယာ တစ်​စိတ်​တစ်​ဒေ​သ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ ဇော်​ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​မြေ ကွက်​တွင်​စိုက်​ပျိုး​နိုင်​သော မျိုး​စေ့​အ​နည်း​အ​များ အ​လိုက်​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။ မု​ယော​စ​ပါး မျိုး​စေ့​တစ်​တင်း​စိုက်​ရ​သော​မြေ​ကွက်​ကို ငွေ သား​တစ်​ဆယ်​နှုန်း​ဖြင့်​တန်​ဖိုး​ဖြတ်​ရ​မည်။-
LEV 27:17 ထို​သူ​သည်​မိ​မိ​၏​မြေ​ယာ​ကို ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကုန်​ဆုံး​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် တန်​ဖိုး​အ​ပြည့်​ပေး​ဆောင်​ရ မည်။-
LEV 27:18 သူ​သည်​မြေ​ယာ​ကို​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ကုန်​ဆုံး​ပြီး​နောက် တစ်​ချိန်​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ရှေ့​လာ​မည့် ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန် ရှိ​နေ​သေး​သော​နှစ်​အ​ရေ​အ​တွက်​အ​လိုက် တန်​ဖိုး​ငွေ​ကို​လျှော့​၍​သတ်​မှတ်​ရ​မည်။-
LEV 27:19 ထို​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။-
LEV 27:20 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မြေ​ယာ ကို​ပြန်​၍ ဦး​စွာ​မ​ဝယ်​ယူ​ဘဲ​လူ​တစ်​ဦး​ထံ ရောင်း​ချ​ခဲ့​လျှင်​သူ​သည်​မြေ​ယာ​ကို​ပြန်​ဝယ် ယူ​ခွင့်​မ​ရှိ​စေ​ရ။-
LEV 27:21 ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ် ကျ​ရောက်​သည့်​အ​ခါ​ထို​မြေ​ယာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ဆက်​သ​ထား​သော​မြေ ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ​ပိုင်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​မြေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ဆိုင်​သည်။
LEV 27:22 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​ယူ​ထား သော​လယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​လျှင်၊-
LEV 27:23 ယဇ်​ပု​ရော​ဟိတ်​သည် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ​သေး သော​နှစ်​များ​ကို​ရေ​တွက်​၍ လယ်​မြေ​၏​တန်​ဖိုး ကို​သတ်​မှတ်​ရ​မည်။ ထို​သူ​သည်​လယ်​မြေ​၏ တန်​ဖိုး​ကို ထို​နေ့​၌​ပင်​ပေး​ဆောင်​ရ​မည်။ ထို ငွေ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သည်။-
LEV 27:24 ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကျ​ရောက် သည့်​အ​ခါ ထို​လယ်​မြေ​ကို​မူ​လ​ပိုင်​ရှင်​သို့ မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ်​များ​လက်​သို့ ပြန်​လည်​ပေး​အပ်​ရ​မည်။
LEV 27:25 တန်​ဖိုး​ငွေ​များ​ကို ကျပ်​ချိန်​တော်​အ​ရ​သတ် မှတ်​ရ​မည်။
LEV 27:26 နွား​ဦး​ပေါက်​ဖြစ်​စေ၊ သိုး​ဦး​ပေါက်​ဖြစ်​စေ၊ ဆိတ်​ဦး​ပေါက်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သာ​ဆိုင်​သော​ကြောင့် မည်​သူ​မျှ​ယင်း​တို့​ကို စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​ရ။-
LEV 27:27 သို့​ရာ​တွင်​မ​သန့်​စင်​သော​တိ​ရစ္ဆာန်​၏​သား ဦး​ပေါက်​ကို​မူ​ကား ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​၍​ပြန်​ဝယ်​ယူ​ရ​မည်။ အ​ကယ်​၍​ထို တိ​ရစ္ဆာန်​ကို​ပြန်​၍​မ​ဝယ်​ယူ​လို​လျှင် အ​ခြား သူ​တစ်​ယောက်​အား​ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​ဖြင့်​ရောင်း​ရ​မည်။
LEV 27:28 ထာ​ဝ​ရ​ဘု​ရား​အား အ​ပြီး​အ​ပိုင်​လုံး​ဝ ပူ​ဇော်​ဆက်​သ​ထား​သော​လူ​ကို​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ကို​ဖြစ်​စေ၊ မြေ​ယာ​ကို​ဖြစ်​စေ မ​ရောင်း​မ​ဝယ်​ရ။ ထို​ကဲ့​သို့​ပူ​ဇော်​ဆက်​သ ထား​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ ပိုင်​၏။-
LEV 27:29 ယင်း​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် ဆက်​သ​ထား​သော​လူ​ကို​ပင်​ပြန်​၍​မ​ရွေး ယူ​ရ။ သူ့​ကို​အ​ဆုံး​စီ​ရင်​ရ​မည်။
LEV 27:30 မြေ​ယာ​မှ​ထွက်​သော​အ​သီး​အ​နှံ သို့​မ​ဟုတ် သစ်​သီး​ဆယ်​ပုံ​တစ်​ပုံ​သည် ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-
LEV 27:31 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​အ​သီး အ​နှံ​ကို​ပြန်​၍​ဝယ်​ယူ​လို​လျှင် စံ​ချိန်​တော် အ​ရ​တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ဝယ်​ယူ​ရ​မည်။-
LEV 27:32 မွေး​မြူ​ထား​သော​နွား၊ သိုး၊ ဆိတ်၊ တို့​ကို​ရေ​တွက် လော့။ ယင်း​တို့​အ​နက်​ဆယ်​ကောင်​လျှင်​တစ် ကောင်​ကျ​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​၏။-
LEV 27:33 ပိုင်​ရှင်​သည်​ညံ့​သော​တိ​ရစ္ဆာန်​များ​ကို ထာ​ဝ​ရ ဘု​ရား​အ​တွက်​ရွေး​မိ​စေ​ရန်​မ​စီ​စဉ်​ရ။ ရွေး ပြီး​သော​တိ​ရစ္ဆာန်​ကို​အ​စား​ထိုး​၍​မ​လဲ​လှယ် ရ။ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​အ​ခြား​တစ်​ကောင် နှင့်​အ​စား​ထိုး​လဲ​လှယ်​လျှင် နှစ်​ကောင်​စ​လုံး သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​တိ​ရစ္ဆာန်​များ​ကို​မ​ရွေး​ယူ​နိုင်။
LEV 27:34 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​က သိ​နာ​တောင် ပေါ်​တွင်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပေး​အပ်​သော​ပ​ညတ် များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ဝတ်​ပြု​ရာ ကျမ်း​ပြီး​၏။
NUM 1:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက် ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တော​ကန္တာ​ရ​ရှိ​စံ​တော်​မူ​ရာ​တဲ​တော်​၌​မော​ရှေ​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။-
NUM 1:2 ``သင်​နှင့်​အာ​ရုန်​သည်​ဣ​သ​ရေလ​အ​မျိုး​သား​တို့​၏​သန်း​ခေါင်​စာ​ရင်း​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​ကောက်​ယူ​ရ​မည်။ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ အ​မျိုး​သား​အား​လုံး​၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။-
NUM 1:4 အ​နွယ်​တစ်​နွယ်​စီ​မှ​သား​ချင်း​စု​အ​ကြီး​အ​ကဲ​တစ်​ဦး​ကို သင်​တို့​အား​ကူ​ညီ​စေ​လော့'' ဟု​မိန့်​တော်​မူ​၏။-
NUM 1:5 သင်​တို့​နှင့်​အ​တူ​ကူ​ညီ​၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ အ​နွယ် သား​ချင်း​စု​အ​ကြီး​အ​ကဲ ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ
NUM 1:17 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထို​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​၏​အ​ကူ​အ​ညီ​ဖြင့်၊-
NUM 1:18 ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​လာ​စေ​၍ သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​သော​အ​မျိုး​သား​အား​လုံး​တို့​ကို စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​လေ​သည်။ မော​ရှေ​သည်​သိ​နာ​တော​ကန္တာ​ရ​ထဲ​တွင်​လူ​များ​ကို​စာ​ရင်း​ကောက်​ယူ​ခဲ့​၏။-
NUM 1:20 ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​အ​နွယ်​မှ​အ​စ​ပြု​၍ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​အ​မျိုး​သား​အား​လုံး​တို့​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​၏။ စု​စု​ပေါင်း​လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အနွယ် ဦးရေ ရု​ဗင် ၄၆၅၀၀ ရှိ​မောင် ၅၉၃၀၀ ဂဒ် ၄၅၆၅၀ ယု​ဒ ၇၄၆၀၀ ဣသ​ခါ ၅၄၄၀၀ ဇာ​ဗု​လုန် ၅၇၄၀၀ ဧ​ဖ​ရိမ် ၄၀၅၀၀ မ​နာ​ရှေ ၃၂၂၀၀ ဗင်္ယာ​မိန် ၃၅၄၀၀ ဒန် ၆၂၇၀၀ အာ​ရှာ ၄၁၅၀၀ န​ဿ​လိ ၅၃၄၀၀ စု​စု​ပေါင်း ၆၀၃၅၅၀
NUM 1:47 လူ​ဦး​ရေ​စာ​ရင်း​ကောက်​ယူ​ရာ​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​မ​ကောက်​ခဲ့​ချေ။-
NUM 1:48 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား``သင်​သည်​စစ်​မှု​မ​ထမ်း​နိုင်​သူ​ဦး​ရေ​စာ​ရင်း​ကို​မ​ကောက်​နှင့်။-
NUM 1:50 စစ်​မှု​ထမ်း​စေ​မည့်​အ​စား​ကောက်​ယူ​ရာ​တွင်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​ထိန်း​သိမ်း​စေ​လော့။ သူ​တို့​သည်​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​သယ်​ဆောင်​ရ​မည်။ သူ​တို့​သည်​တဲ​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​၍​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​နေ​ထိုင်​ရ​မည်။-
NUM 1:51 သင်​တို့​သည်​စ​ခန်း​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း​လေ​ဝိ​အ​မျိုး​သား​တို့​က တဲ​တော်​ကို​သိမ်း​၍​စခန်း​သစ်​ချ​ရာ​၌​တဲ​တော်​ကို​ပြန်​ထူ​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​တို့​မှ​လွဲ​၍ အ​ခြား​သူ​တစ်​ဦး​သည် တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
NUM 1:52 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​စု​အ​လိုက်၊ အ​ဖွဲ့​အ​လိုက်၊ မိ​မိ​တို့​၏​အ​လံ​အ​နား​မှာ​နေ​ရာ​ယူ​ရ​မည်။-
NUM 1:53 တစ်​စုံ​တစ်​ယောက်​သည်​တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ငါ​သည်​အ​မျက်​ထွက်​၍​တစ်​မျိုး​သား​လုံး​ကို​ဒဏ်​ခတ်​မည်​ဖြစ်​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​စောင့်​ကြပ်​ရန်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 1:54 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အ​မိန့်​ပေး​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။
NUM 2:1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။-
NUM 2:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ လူ​တိုင်း​မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ​နှင့် မိ​မိ​သား​ချင်း​စု​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်။
NUM 2:3 အ​ရှေ့​ဘက်​မျက်​နှာ​တွင် ယု​ဒ​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ၇၄၆၀၀ ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ ၅၄၄၀၀ ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ ၅၇၄၀၀ စု​စု​ပေါင်း ၁၈၆၄၀၀ ယု​ဒ​တပ်​သည်​ရှေ့​ဆုံး​မှ​ချီ​တက်​ရ​မည်။
NUM 2:10 တောင်​ဘက်​မျက်​နှာ​တွင်​ရု​ဗင်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ၄၆၅၀၀ ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေလ ၅၉၃၀၀ ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် ၄၅၆၅၀ စု​စု​ပေါင်း ၁၅၁၄၅၀ ရု​ဗင်​တပ်​သည်​ဒု​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။
NUM 2:17 အ​ရှေ့​မှ​ချီ​တက်​သော​တပ်​နှစ်​တပ်​နှင့်​အ​နောက်​မှ ချီ​တက်​သော​တပ်​နှစ်​တပ်​တို့​၏​အ​ကြား​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​သယ်​ဆောင်​၍​ချီ​တက်​ရ​ကြ​မည်။ တပ်​တစ်​တပ်​စီ​သည်​စ​ခန်း​ချ​သည့်​အ​ခါ မိ​မိ​တို့​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​သည့်​အ​စီ​အ​စဉ်​အ​တိုင်း​ချီ​တက်​ရ​မည်။
NUM 2:18 အ​နောက်​ဘက်​မျက်​နှာ​တွင်​ဧ​ဖ​ရိမ်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အစု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ ၄၀၅၀၀ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ၃၂၂၀၀ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ၃၅၄၀၀ စု​စု​ပေါင်း ၁၀၈၁၀၀ ဧ​ဖ​ရိမ်​တပ်​သည်​တ​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။-
NUM 2:25 မြောက်​ဘက်​မျက်​နှာ​တွင်​ဒန်​၏​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ၆၂၇၀၀ အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ၄၁၅၀၀ န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ ၅၃၄၀၀ စု​စု​ပေါင်း ၁၅၇၆၀၀ ဒန်​၏​တပ်​သည်​နောက်​ဆုံး​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။
NUM 2:32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-
NUM 2:33 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​ထား​ခြင်း​မ​ရှိ​ချေ။
NUM 2:34 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နှင့်​သက်​ဆိုင်​ရာ​အ​လံ​အ​နီး​တွင်​စ​ခန်း​ချကြ​၏။ ချီ​တက်​သည့်​အ​ခါ​သား​ချင်း​စု​အ​လိုက်​ချီ​တက်​ကြ​၏။
NUM 3:1 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည့်​အ​ချိန် အ​ခါ​၌ အာ​ရုန်​နှင့်​မော​ရှေ​တို့​၏​မိ​သား​စု စာ​ရင်း​မှာ​ဤ​သို့​တည်း။-
NUM 3:2 အာ​ရုန်​တွင်​သား​ဦး​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ ဇာ​နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက် ရှိ​၏။-
NUM 3:3 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဘိ​သိက် ခံ​ခဲ့​၍​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ကြ​၏။-
NUM 3:4 သို့​ရာ​တွင်​နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​သိ​နာ တော​ကန္တာ​ရ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော် အပ်​သော​မီး​ဖြင့်​ပူ​ဇော်​သော​ကြောင့်​သေ​ဆုံး​ခဲ့ ကြ​၏။ သူ​တို့​တွင်​သား​သ​မီး​များ​မ​ကျန်​ရစ် ခဲ့​ချေ။ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​သည်​အာ​ရုန် ၏​လက်​အောက်​တွင်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ​ရ​သည်။
NUM 3:5 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
NUM 3:6 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ်​၍​ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​လက်​အောက်​တွင်​အ​မှု​တော်​ဆောင် ရွက်​စေ​လော့။-
NUM 3:7 သူ​တို့​သည်​ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင် သော​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​များ​၏​ဝတ္တ​ရား​များ​နှင့်​ဣသ​ရေ​လ တစ်​မျိုး​သား​လုံး​နှင့်​ဆိုင်​သော​ဝတ္တ​ရား​များ ကို​ဆောင်​ရွက်​ရ​မည်။-
NUM 3:8 သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​ပစ္စည်း အား​လုံး​ကို​ထိန်း​သိမ်း​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​တဲ​တော်​တွင်​အ​မှု​ထမ်း ရ​မည်။-
NUM 3:9 လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အ​ဋ္ဌိ​က​တာ​ဝန် မှာ​အာ​ရုန်​နှင့် သူ​၏​သား​တို့​လက်​အောက်​၌ အ​မှု​ထမ်း​ခြင်း​ဖြစ်​သည်။-
NUM 3:10 သင်​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ယဇ် ပု​ရော​ဟိတ်​၏​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ခန့် ထား​ရ​မည်။ မ​ဆိုင်​သူ​က​ယဇ်​ပု​ရော​ဟိတ် ဝတ္တ​ရား​များ​ကို​ဝင်​ရောက်​ဆောင်​ရွက်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်'' ဟု​မိန့် တော်​မူ​၏။
NUM 3:11 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​၏​သား​ဦး​အား​လုံး​ကို​သေ ဒဏ်​ခတ်​စဉ်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​တိုင်း​မှ​သား​ဦး​နှင့်​တိ​ရစ္ဆာန်​သား ဦး​ပေါက်​တို့​ကို​ငါ့​အ​တွက်​ရွေး​ချယ်​ခဲ့​သည်။ ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​စား​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အ​တွက် ရွေး​ယူ​ပြီ။ သူ​တို့​ကို​ငါ​ပိုင်​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။
NUM 3:14 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​တွင်၊-
NUM 3:15 လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​သူ​တိုင်း​ကို သား​ချင်း​စု​နှင့် မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ရန်​အ​မိန့် ရှိ​တော်​မူ​သည့်​အ​တိုင်း၊-
NUM 3:16 မော​ရှေ​လိုက်​နာ​ဆောင်​ရွက်​လေ​၏။-
NUM 3:17 လေ​ဝိ​တွင်​ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ ၍​သား​သုံး​ယောက်​ရှိ​၏။ သူ​တို့​သည်​မိ​မိ​တို့ နာ​မည်​ခံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​များ ဖြစ်​ကြ​သည်။ ဂေ​ရ​ရှုန်​တွင်​လိ​ဗ​နိ​နှင့်​ရှိ​မိ ဟူ​၍​သား​နှစ်​ယောက်၊ ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား လေး​ယောက်၊ မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့် မု​ရှိ ဟူ​၍​သား​နှစ်​ယောက်​အ​သီး​သီး​ရှိ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နာ​မည်​ခံ​မိ​သား​စု များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။
NUM 3:21 ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တွင်​လိ​ဗ​နိ​၏ မိ​သား​စု​နှင့်​ရှိ​မိ​၏​မိ​သား​စု​တို့​ပါ​ဝင်​၍၊-
NUM 3:22 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ​သူ ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ​ခု​နစ်​ထောင့်​ငါး ရာ​ဖြစ်​သည်။-
NUM 3:23 ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​အ​နောက် ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-
NUM 3:24 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​လေ​လ​၏​သား​ဧ​လျာ သပ်​ဖြစ်​သည်။-
NUM 3:25 သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​တွင်း​အ​မိုး၊ အ​ပြင်​အ​မိုး၊ တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ၊-
NUM 3:26 တဲ​တော်​ဝင်း​ကို​ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ များ​နှင့်​တဲ​တော်​ဝင်း​တံ​ခါး​ရှိ​ကန့်​လန့်​ကာ ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​ကြ​သည်။
NUM 3:27 ကော​ဟတ်​၏​သား​ချင်း​စု​တွင်​အာ​မ​ရံ​မိ​သား​စု၊ ဣ​ဇ​ဟာ​မိ​သား​စု၊ ဟေ​ဗြုန်​မိ​သား​စု၊ သြ​ဇေ​လ မိ​သား​စု​တို့​ပါ​ဝင်​၍၊-
NUM 3:28 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ သူ​ယောကျာ်း​ဦး​ရေ စု​စု​ပေါင်း​မှာ​ရှစ်​ထောင့် ခြောက်​ရာ​ဖြစ်​သည်။-
NUM 3:29 ယင်း​သား​ချင်း​စု​သည်​တဲ​တော်​၏​တောင်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။-
NUM 3:30 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​သြ​ဇေ​လ​၏​သား ဧ​လိ​ဇာ​ဖန်​ဖြစ်​သည်။-
NUM 3:31 သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ၊ စား​ပွဲ၊ မီး​ခုံ​တိုင်၊ ယဇ်​ပလ္လင်​များ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​အ​သုံး​ပြု​သော​ခွက် ယောက်​များ​နှင့်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ​စ​သည်​တို့​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ​တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ကြ​ရ​သည်။
NUM 3:32 လေ​ဝိ​အ​မျိုး​သား​တို့​၏​အ​ကြီး​အ​ကဲ​မှာ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ ဖြစ်​သည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​တာ​ဝန်​ကျ​သူ​တို့​အား​ကြီး​ကြပ် ကွပ်​ကဲ​ရ​သည်။
NUM 3:33 မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်​မ​ဟာ​လိ မိ​သား​စု​နှင့်​မု​ရှိ​မိ​သား​စု​ပါ​ဝင်​၍၊-
NUM 3:34 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက် ရှိ​သူ​ယောကျာ်း​ဦး​ရေ​စု​စု​ပေါင်း​မှာ ခြောက်​ထောင့်​နှစ်​ရာ​ဖြစ်​သည်။-
NUM 3:35 ယင်း​သား​ချင်း​စု​သည်​တဲတော်​၏​မြောက်​ဘက် မျက်​နှာ​တွင်​စ​ခန်း​ချ​ရ​မည်။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ဘိ​ဟဲ​လ​၏​သား​ဇု​ရေ​လ ဖြစ်​သည်။-
NUM 3:36 သူ​တို့​သည်​တဲ​တော်​ဘောင်​များ၊ တန်း​များ၊ တိုင်​များ၊ အောက်​ခံ​ခုံ​များ​နှင့်​ယင်း​တို့​နှင့် စပ်​လျက်​ရှိ​သော​တန်​ဆာ​များ​တို့​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း​သိမ်း စောင့်​ရှောက်​ရ​ကြ​သည်။-
NUM 3:37 သူ​တို့​သည်​တဲ​တော်​ဝင်း​ရှိ​တိုင်​များ၊ အောက်​ခံ ခုံ​များ၊ ကြက်​ဆူး​များ၊ ကြိုး​များ​ကို​လည်း ထိန်း​သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။
NUM 3:38 မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​တဲ တော်​အ​ရှေ့​ဘက်​မျက်​နှာ​တွင်​စ​ခန်း​ချ​ရ မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​မှု​ဆိုင်​ရာ​ကိစ္စ​အ​ဝ​ဝ​တို့ ကို​ဆောင်​ရွက်​ရ​သည်။ မ​ဆိုင်​သူ​က​ဝင်​ရောက် ဆောင်​ရွက်​လျှင်​ထို​သူ​အား​သေ​ဒဏ်​စီ​ရင် ရမည်။-
NUM 3:39 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည်​အ​သက်​တစ်​လ​သား​အ​ရွယ် နှင့်​အ​ထက်​ရှိ​လေ​ဝိ​အ​နွယ်​ဝင်​ယောကျာ်း တို့​ကို​သား​ချင်း​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရာ လူ​ဦး​ရေ​စု​စု​ပေါင်း​နှစ်​သောင်း​နှစ် ထောင်​ရ​ရှိ​လေ​သည်။
NUM 3:40 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​သည် ငါ​နှင့်​ဆိုင်​၏။ သို့​ဖြစ်​၍​အ​သက်​တစ်​လ​သား အ​ရွယ်​နှင့်​အ​ထက်​ရှိ​သား​ဦး​အား​လုံး​တို့ ၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။ သို့​ရာ တွင်​ထို​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ်​ရွေး ချယ်​မည့်​အ​စား​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရွေး​ချယ်​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ထို့​အ​ပြင်​သိုး​နွား​တိ​ရစ္ဆာန် သား​ဦး​ပေါက်​အား​လုံး​ကို​ငါ​ပိုင်​ဆိုင်​ရာ အ​ဖြစ်​ရွေး​ချယ်​မည့်​အ​စား​ငါ​သည်​လေ​ဝိ အ​နွယ်​ဝင်​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​ကို ငါ​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။-
NUM 3:42 မော​ရှေ​သည်​ထာ​ဝ​ရ​ဘုရား​၏​အ​မိန့်​တော် အ​တိုင်း၊-
NUM 3:43 အ​သက်​တစ်​လ​သား​အ​ရွယ်​နှင့်​အ​ထက်​ရှိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ ကို​စာ​ရင်း​ကောက်​ယူ​ရာ​စု​စု​ပေါင်း​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ရှိ​၏။
NUM 3:44 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
NUM 3:45 ``ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား ဦး​အ​ပေါင်း​တို့​အ​စား​လေ​ဝိ​အ​မျိုး​သား တို့​ကို​ငါ့​အား​ဆက်​ကပ်​လော့။ လေ​ဝိ​အ​မျိုး သား​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက် တို့​ကို​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​တို့​အ​စား ငါ့​အား​ဆက်​ကပ်​လော့။-
NUM 3:46 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ရေ​အ​တွက်​သည်​လေ​ဝိ​အ​မျိုး​သား​ဦး ရေ​ထက်​နှစ်​ရာ​ခု​နစ်​ဆယ့်​သုံး​ယောက်​ပို​သော ကြောင့်​ပို​များ​သော​ဦး​ရေ​ကို​ရွေး​ယူ​ရ​မည်။-
NUM 3:47 တစ်​ဦး​လျှင်​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ​ရ​မည်။-
NUM 3:48 ထို​ငွေ​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့​လက်​သို့ ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 3:49 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း​ရ​ရှိ​သော၊-
NUM 3:50 ငွေ​သား​တစ်​ထောင့်​သုံး​ရာ​ခြောက်​ဆယ့်​ငါး ကျပ်​ကို၊-
NUM 3:51 အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ပေး​အပ်​လေ သည်။
NUM 4:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
NUM 4:2 ``လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​သား​ချင်း​စု​တွင်၊
NUM 4:3 အ​သက်​သုံး​ဆယ်​မှ​ငါး​ဆယ်​အ​ထိ​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင် အ​မှု​တော် ဆောင်​နိုင်​မည့်​အ​မျိုး​သား​အား​လုံး​တို့​ကို ဘိုး​ဘေး​ဆွေ​မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက် စာ​ရင်း​ကောက်​ယူ​လော့။-
NUM 4:4 သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ နှင့်​စပ်​လျဉ်း​သည့်​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 4:5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ စ​ခန်း သိမ်း​ချိန်​ရောက်​လျှင်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှေ့​တွင်​ရှိ​သော​ကန့်​လန့်​ကာ​ကို​ဖြုတ် ပြီး​လျှင်​၎င်း​နှင့်​သေတ္တာ​တော်​ကို​အုပ်​ရ​မည်။-
NUM 4:6 ကန့်​လန့်​ကာ​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ဖုံး​အုပ်​ပြန်​၍ ထို​အ​ပေါ်​တွင်​အ​ပြာ​ထည်​ကို ထပ်​မံ​၍​အုပ်​ရ​မည်။ ထို​နောက်​ထမ်း​ပိုး​များ ကို​ကွင်း​များ​တွင်​လျှို​သွင်း​ရ​မည်။
NUM 4:7 ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​တင်​လှူ​၍ ပူ​ဇော် သော​စား​ပွဲ​တော်​ပေါ်​တွင်​အ​ပြာ​ထည်​ကို ဖြန့်​ခင်း​၍​လင်​ပန်း​များ၊ နံ့​သာ​ပေါင်း​ခွက် များ၊ ဖ​လား​များ၊ စ​ပျစ်​ရည်​ခ​ရား​များ ကို​တင်​ရ​မည်။ တင်​လှူ​ပူ​ဇော်​သော​မုန့်​ကို လည်း​စား​ပွဲ​တော်​ပေါ်​တွင်​အ​မြဲ​ရှိ​စေ​ရ မည်။-
NUM 4:8 ထို​ပစ္စည်း​များ​အား​လုံး​တို့​ကို​အ​နီ​ထည် ဖြင့်​ဖုံး​အုပ်​၍ ထို​အ​နီ​ထည်​ပေါ်​တွင်​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။ ထို နောက်​ထမ်း​ပိုး​များ​ကို​ကွင်း​များ​တွင် လျှို​ထား​ရ​မည်။
NUM 4:9 မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​မီး​ခွက်​များ၊ မီး​ညှပ် များ၊ မီး​ခံ​ခွက်​များ​နှင့်​သံ​လွင်​ဆီ​ခွက်​စ သည်​တို့​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​အုပ်​ရ​မည်။-
NUM 4:10 မီး​ခုံ​တိုင်​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး​တို့​ကို နူး​ညံ့​သော​သား​ရေ​ထည်​ဖြင့်​ထုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။
NUM 4:11 ရွှေ​ယဇ်​ပလ္လင်​ကို​အ​ပြာ​ထည်​ဖြင့်​ဖုံး​ပြီး​လျှင် အ​ပြာ​ထည်​အ​ပေါ်​တွင်​နူး​ညံ့​သော​သား​ရေ ထည်​ဖြင့်​အုပ်​ထား​ရ​မည်။ ထို​နောက်​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-
NUM 4:12 သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​တွင်​အ​သုံး​ပြု သော​ခွက်​ယောက်​အား​လုံး​ကို​အ​ပြာ​ထည် ဖြင့်​ထုပ်​၍ အ​ပြာ​ထည်​အ​ပေါ်​၌​နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​ပြီး​လျှင် ထမ်း​စင်​ပေါ်​သို့​တင်​ရ​မည်။-
NUM 4:13 ယဇ်​ပလ္လင်​မှ​အ​ဆီ​နှင့်​ပြာ​ကို​ရှင်း​လင်း​ပြီး လျှင် ပလ္လင်​ကို​ခ​ရမ်း​ရောင်​အ​ထည်​ဖြင့်​ဖုံး အုပ်​ထား​ရ​မည်။-
NUM 4:14 ထို​အ​ပေါ်​တွင်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော မီး​ခံ​ခွက်၊ ချိတ်၊ ဂေါ်​ပြား၊ ဖ​လား​စ​သော​အ​သုံး​အ​ဆောင် ပစ္စည်း​အား​လုံး​တို့​ကို​တင်​ထား​ရ​မည်။ ထို​နောက် ပလ္လင်​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​ကို နူး​ညံ့ သော​သား​ရေ​ထည်​ဖြင့်​ဖုံး​အုပ်​၍​ထမ်း​ပိုး များ​ကို​လျှို​ထား​ရ​မည်။-
NUM 4:15 စခန်း​သိမ်း​ချိန်​ရောက်​၍​အာ​ရုန်​နှင့်​သူ​၏​သား များ​က သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်​ပစ္စည်း အား​လုံး​တို့​ကို​ဖုံး​အုပ်​ပြီး​မှ​သာ​လျှင် ကော ဟတ်​၏​သား​ချင်း​စု​တို့​သည်​လာ​၍​ထို​ပစ္စည်း များ​ကို​ထမ်း​ရ​ကြ​မည်။ ကော​ဟတ်​၏​သား ချင်း​စု​တို့​သည်​ထို​ပစ္စည်း​များ​ကို​လက်​နှင့် မ​ထိ​ရ။ ထိ​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ ကြ​မည်။ တဲ​တော်​ကို​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​အ​ဆို ပါ​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ကြ​ရ​မည်။
NUM 4:16 ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ သည်​တဲ​တော်​အ​တွက်​လည်း​ကောင်း၊ မီး​ခွက် ဆီ၊ နံ့​သာ​ပေါင်း၊ ဘော​ဇဉ်​သ​ကာ၊ ဘိ​သိက် ဆီ​မှ​စ​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ထား​သော​တဲ​တော်​ပစ္စည်း​ရှိ​သ​မျှ​ကို​လည်း ကောင်း​တာ​ဝန်​ယူ​ရ​မည်။
NUM 4:17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊
NUM 4:18 ``ကော​ဟတ်​၏​သား​ချင်း​စု​တို့​ကို​အ​လွန်​သန့်​ရှင်း သော​ပစ္စည်း​များ​အ​နီး​သို့​မ​ချဉ်း​ကပ်​စေ​နှင့်။ ထို အ​ဖြစ်​မျိုး​မ​ဆိုက်​ရောက်​စေ​ရန်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​လူ​အ​သီး သီး​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​နှင့်​ထမ်း​ရ​မည့် ဝန်​တို့​ကို​ခန့်​ခွဲ​ပေး​ရ​မည်။-
NUM 4:20 ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​တဲတော်​ထဲ သို့​ဝင်​၍​သန့်​ရှင်း​သော​ပစ္စည်း​များ​ကို​ခေတ္တ မျှ​ကြည့်​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 4:21 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊
NUM 4:22 လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုန်​၏​သား​ချင်း​စု​တို့ မှ​အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​၌​အ​မှု ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့​ကို ဘိုး​ဘေး​ဆွေ မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက် ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
NUM 4:24 သူ​တို့​တာ​ဝန်​မှာ၊- တဲ​တော်၊ တဲ​တော်​အောက်​ခံ အ​မိုး၊ အ​ပြင်​အ​မိုး၊ နူး​ညံ့​သော​အ​ပေါ်​ဆုံး ထပ်​သား​ရေ​မိုး၊-
NUM 4:26 တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊ တဲ​တော်​နှင့် ယဇ်​ပလ္လင်​ပတ်​လည်​ရှိ​ကန့်​လန့်​ကာ​များ​နှင့် ကြိုး​များ၊ တဲ​တော်​ဝင်း​ပေါက်​ကန့်​လန့်​ကာ များ​အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ထို ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး​ပြု သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို​လည်း ကောင်း​သယ်​ဆောင်​ရန်​ဖြစ်​သည်။ သူ​တို့​သည် ထို​ပစ္စည်း​များ​နှင့်​ဆိုင်​၍ ဆောင်​ရွက်​ရန်​ရှိ သ​မျှ​တို့​ကို​တာ​ဝန်​ယူ​ရ​မည်။-
NUM 4:27 ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​သည်​အာ​ရုန်​နှင့် သူ ၏​သား​များ​သတ်​မှတ်​ပေး​သော​ဝတ္တ​ရား​များ နှင့်​သယ်​ဆောင်​မှု​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ရန် မော​ရှေ​နှင့်​အာ​ရုန်​တို့​က​ကြပ်​မတ်​ပေး​ရ​မည်။-
NUM 4:28 ဤ​သည်​တို့​ကား​တဲ​တော်​တွင်​ဂေ​ရ​ရှုန်​သား​ချင်း စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ​ဖြစ်​သည်။ သူ တို့​သည်​ယဇ်ပု​ရော​ဟိတ်​အာ​ရုန်​၏​သား​ဣ​သ​မာ ညွှန်​ကြား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်။
NUM 4:29 ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဝိ​အ​နွယ်​ဝင် မေ​ရာ​ရိ​၏​သား​ချင်း​စု​တွင်၊-
NUM 4:30 အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း​ရှိ ၍​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​၌ အ​မှု​ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့​ကို ဘိုး ဘေး​ဆွေ​မျိုး​ဘက်​မှ​မိ​သား​စု​အ​လိုက် စာ​ရင်း​ကောက်​ယူ​ရန် မော​ရှေ​အား​အ​မိန့် ပေး​တော်​မူ​၏။-
NUM 4:31 သူ​တို့​သည်​တဲ​တော်​သစ်​သား​ဘောင်​များ၊ တန်း များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ​များ​ကို​လည်း ကောင်း၊-
NUM 4:32 တဲ​တော်​ဝင်း​ပတ်​လည်​ရှိ​တိုင်​များ၊ အောက်​ခံ​ခုံ များ၊ ကြက်​ဆူး​များ​နှင့်​ကြိုး​များ​ကို​လည်း ကောင်း၊ ထို​ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး ပြု​သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို လည်း​ကောင်း​သယ်​ဆောင်​ရ​မည်။ လူ​တိုင်း မိ​မိ​အ​တွက်​သတ်​မှတ်​ပေး​သော​ပစ္စည်း ကို​သယ်​ဆောင်​ရ​မည်။-
NUM 4:33 ဤ​သည်​တို့​သည်​ကား​တဲ​တော်​တွင်​မေ​ရာ​ရိ သား​ချင်း​စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ ဖြစ်​သည်။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ညွှန်​ကြား​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ရ​မည်။
NUM 4:34 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု​သုံး စု​ဖြစ်​သော​ကော​ဟတ်​သား​ချင်း​စု၊ ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​တို့ တွင်​အ​သက်​သုံး​ဆယ်​နှင့်​ငါး​ဆယ်​အ​တွင်း ရှိ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် တွင်​အ​မှု​ထမ်း​ဆောင်​နိုင်​မည့်​ယောကျာ်း​တို့ ကို​ဘိုး​ဘေး​ဆွေ​မျိုး​များ​ဘက်​မှ မိ​သား​စု အ​လိုက်​ကောက်​ယူ​ရ​ရှိ​သော​လူ​ဦး​ရေ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ သား​ချင်း​စု လူ​ဦး​ရေ ကော​ဟတ် ၂၇၅၀ ဂေ​ရ​ရှုန် ၂၆၃၀ မေ​ရာ​ရိ ၃၂၀၀ စု​စု​ပေါင်း ၈၅၈၀
NUM 4:49 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​စီ တို့​ကို​စာ​ရင်း​ကောက်​ယူ​၍ သူ​တို့​အ​သီး​သီး ဆောင်​ရွက်​ရ​မည့်​ဝတ္တ​ရား​နှင့်​သယ်​ဆောင်​ရ မည့်​တာ​ဝန်​ကို​ခွဲ​ခန့်​ပေး​လေ​သည်။
NUM 5:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊
NUM 5:2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကိုယ်​ရေ ပြား​ရော​ဂါ​စွဲ​သော​သူ​သို့​မ​ဟုတ်​ရိ​နာ​စွဲ သော​သူ၊ လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​မ​သန့် စင်​သော​သူ​တို့​ကို စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ် ရန်​ဆင့်​ဆို​လော့။-
NUM 5:3 ငါ​၏​လူ​မျိုး​တော်​နှင့်​အ​တူ​ငါ​ရှိ​ရာ​စ​ခန်း ကို​မ​ညစ်​ညူး​စေ​ရန် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့ နှင်​ထုတ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 5:4 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မ​သန့်​စင် သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ်​လိုက် ကြ​၏။
NUM 5:5 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​လိုက်​နာ​ရန် အောက်​ပါ​ညွှန်​ကြား​ချက်​များ ကို​မော​ရှေ​အား​ပေး​တော်​မူ​၏။ တစ်​စုံ​တစ်​ယောက် သည်​အ​ခြား​သူ​တစ်​ဦး​အား မ​တော်​မ​တ​ရား ပြု​၍​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ကို ချိုး​ဖောက်​လျှင်၊-
NUM 5:7 ထို​သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ဝန်​ချ​တောင်း​ပန် ၍ မ​တော်​မ​တ​ရား​ပြု​ခြင်း​ခံ​ရ​သူ​အား​လျော် ကြေး​အ​ပြည့်​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​ပေး​ရ​မည်။-
NUM 5:8 အ​ကယ်​၍​လျော်​ကြေး​လက်​ခံ​မည့်​သူ​သည် သေ​ဆုံး​၍​ဆွေ​မျိုး​သား​ချင်း​မ​ကျန်​ရစ်​လျှင် လျော်​ကြေး​ကို​ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​သ​ရ​မည်။ အ​ပြစ်​ကူး​လွန်​သူ သည်​လျော်​ကြေး​အ​ပြင် သန့်​စင်​ခြင်း​ဝတ် အ​တွက်​သိုး​ထီး​ကို​လည်း​ပေး​ဆောင်​ရ မည်။-
NUM 5:9 ယဇ်​ပု​ရော​ဟိတ်​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော အ​ထူး​အ​လှူ​ဒါ​န​ရှိ​သ​မျှ​ကို​ယဇ်​ပု​ရော ဟိတ်​ပိုင်​သည်။-
NUM 5:10 ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​အား​လှူ​သ​မျှ​တို့ ကို​ပိုင်​၏။
NUM 5:11 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ​ညွှန်​ကြား ချက်​များ​ကို​ပေး​တော်​မူ​၏။ ခင်​ပွန်း​သည်​တစ်​ဦး သည်​မိ​မိ​၏​ဇ​နီး​သစ္စာ​ဖောက်​၍ အ​ခြား​ယောကျာ်း နှင့်​ပြစ်​မှား​ခဲ့​သည်​ဟု​ခင်​ပွန်း​သည်​က​မ​ယုံ သင်္ကာ​ဖြစ်​အံ့။ သို့​သော်​လည်း​ဇ​နီး​သည်​ထို အ​မှု​ကို​လျှို့​ဝှက်​ထား​၍​သော်​လည်း​ကောင်း၊ မျက်​မြင်​သက်​သေ​မ​ရှိ​၍​သော်​လည်း​ကောင်း၊ လက်​ပူး​လက်​ကြပ်​မ​မိ​၍​သော်​လည်း​ကောင်း ခင်​ပွန်း​က​အ​တိ​အ​ကျ​မ​စွပ်​စွဲ​နိုင်။ သို့ တည်း​မ​ဟုတ်​ဇ​နီး​သည်​အ​ခြား​သူ​တစ်​ဦး နှင့်​မ​ဖောက်​ပြန်​သော်​လည်း ခင်​ပွန်း​သည်​က မ​ယား​အား​မ​ယုံ​သင်္ကာ​ဖြစ်​အံ့။-
NUM 5:15 မည်​သို့​ပင်​ဖြစ်​စေ၊ ခင်​ပွန်း​သည်​ဇ​နီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ဆောင်​သွား​ရ​မည်။ သူ သည်​ပူ​ဇော်​သ​ကာ​အ​ဖြစ် မု​ယော​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။ သို့​ရာ​တွင် ပူ​ဇော်​သကာ​သည်​မ​ယုံ​သင်္ကာ​သ​ဖြင့် အ​မှန် တ​ရား​ကို​ဖော်​ထုတ်​ရန်​ဖြစ်​သော​ကြောင့် သူ သည်​မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ​ကို​မ လောင်း​ရ၊ နံ့​သာ​ပေါင်း​ကို​လည်း​မ​တင်​ရ။
NUM 5:16 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​နေ​စေ​ရ​မည်။-
NUM 5:17 သူ​သည်​မြေ​အိုး​တွင်​ရေ​သန့်​ကို​ထည့်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တ​လင်း​မှ​မြေ မှုန့်​အ​နည်း​ငယ်​ကို​ယူ​ပြီး​လျှင် ထို​ရေ​အိုး ထဲ​သို့​ထည့်​ရ​မည်။-
NUM 5:18 ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​ဆံ​ပင်​ကို ဖြေ​၍ ပူ​ဇော်​သကာ​မုန့်​ညက်​ကို​သူ့​လက်​ထဲ သို့​ထည့်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ကျိန်​စာ သင့်​စေ​သော ရေ​ခါး​ပါ​ရှိ​သည့်​အိုး​ကို​လက် ထဲ​တွင်​ကိုင်​ထား​ရ​မည်။-
NUM 5:19 ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​အား​ဤ​သို့ ကျိန်​စာ​တိုက်​ရ​မည်။ ``သင်​သည်​အ​ခြား​သော ယောကျာ်း​နှင့်​မ​ဖောက်​ပြန်​မ​ကူး​လွန်​ခဲ့​သည် ရှိ​သော် ဤ​သစ္စာ​ရေ​ကြောင့်​ကျ​ရောက်​မည့်​ဘေး ဒဏ်​နှင့်​ကင်း​လွတ်​ပါ​စေ​သား။-
NUM 5:20 သို့​သော်​သင်​သည်​သစ္စာ​ဖောက်​ခဲ့​လျှင်၊
NUM 5:21 သင်​သည်​သင်​၏​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​ပါ​စေ​သား။ သင်​၏​မိန်း​မ​အင်္ဂါ​တို့​သည် ခြောက်​ကပ်​လာ​၍ သင်​၏​ဝမ်း​ဗိုက်​သည်​ဖောင်း ပွ​လာ​လိမ့်​မည်။-
NUM 5:22 ဤ​ရေ​သည်​သင်​၏​ဝမ်း​ထဲ​သို့​ရောက်​၍​ဝမ်း ဗိုက်​ကို​ဖောင်း​ပွ​လာ​စေ​လျက် သင်​၏​မိန်း​မ အင်္ဂါ​ကို​ခြောက်​ကပ်​စေ​လိမ့်​မည်။ ထို​အ​ခါ​အ​မျိုး​သ​မီး​က``ဤ​သစ္စာ​တည်​ပါ စေ​သော'' ဟု​ဝန်​ခံ​ရ​မည်။
NUM 5:23 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​ကျိန်​စာ​ကို ရေး​သား​၍​စာ​ကို​ရေ​ခါး​ထဲ​တွင်​ချေ​ဖျက် ရ​မည်။-
NUM 5:24 အ​မျိုး​သ​မီး​အား ပြင်း​ပြ​သော​ဝေ​ဒ​နာ ဖြစ်​စေ​နိုင်​မည့်​ရေ​ကို​မ​တိုက်​မီ၊-
NUM 5:25 ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​၏​လက်​ထဲ​မှ မုန့်​ညက်​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​သို့​တင်​ရ​မည်။-
NUM 5:26 ထို​နောက်​သူ​သည်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​မျှ​ကို ယူ​၍ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ နောက် ဆုံး​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​အား သစ္စာ​ရေ​ကို​သောက်​စေ​ရ​မည်။-
NUM 5:27 အ​မျိုး​သ​မီး​သည်​အ​ခြား​ယောကျာ်း​နှင့်​ဖောက် ပြန်​ကူး​လွန်​ခဲ့​လျှင် သူ​သည်​ဝေ​ဒ​နာ​ပြင်း​ပြ စွာ​ခံ​ရ​၍ သူ​၏​ဝမ်း​ဗိုက်​သည်​ဖောင်း​ပွ​လာ​လျက် သူ​၏​မိန်း​မ​အင်္ဂါ​သည်​လည်း​ခြောက်​ကပ်​လာ​လိမ့် မည်။ သူ​သည်​မိ​မိ​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​လိမ့်​မည်။-
NUM 5:28 သို့​ရာ​တွင်​အ​မျိုး​သ​မီး​သည် ကူး​လွန်​မှု​မ​ရှိ ခဲ့​သော် ဘေး​မ​သင့်​ဘဲ​သား​သ​မီး​မွေး​ဖွား နိုင်​စွမ်း​ရှိ​လိမ့်​မည်။
NUM 5:29 အ​ဆို​ပါ​ပ​ညတ်​သည်​ကား​ခင်​ပွန်း​သည်​က မိ​မိ​ဇ​နီး​ဖောက်​ပြန်​သည်​ဟူ​၍​မ​ယုံ​သင်္ကာ ဖြစ်​သည့်​အ​ခါ​၌ လိုက်​နာ​ရ​သော​ပ​ညတ်​ဖြစ် သည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ရပ်​စေ​၍ ဤ​ပ​ညတ်​အ​တိုင်း စစ်​ဆေး​စီ​ရင်​ရ​မည်။-
NUM 5:31 ခင်​ပွန်း​သည်​ပြစ်​မှု​ကင်း​စေ​ရ​မည်။ သို့​ရာ တွင်​ဇ​နီး​သည်​ပြစ်​မှု​ကူး​လွန်​လျှင် အ​ပြစ် အ​လျောက်​ဒဏ်​ခံ​စေ​ရ​မည်။
NUM 6:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။-
NUM 6:2 ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့်​အ​ထူး​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​၍ မိ​မိ ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​လျှင်၊-
NUM 6:3 ထို​သူ​သည်​သေ​ရည်​သေ​ရက်​ကို​ရှောင်​ကြဉ်​ရ မည်။ သူ​သည်​စ​ပျစ်​ရည်​ကို​မ​သောက်​ရ၊ စ​ပျစ် သီး​စိမ်း​သို့​မ​ဟုတ်​စ​ပျစ်​ခြောက်​ကို​မ​စား ရ။-
NUM 6:4 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​ဖြင့်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​စ​ပျစ်​သီး​စေ့၊ စ​ပျစ် သီး​ခွံ​မှ​စ​၍​စ​ပျစ်​ပင်​မှ​ရ​သ​မျှ​ကို​မ စား​ရ။
NUM 6:5 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​သည့်​ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင် ကို​မ​ဖြတ်​ရ၊ မ​ရိတ်​ရ။ သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​အ​ဋ္ဌိ​ဋ္ဌာန် ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင်​နှင့်​မုတ်​ဆိတ် မွေး​ကို​မ​ဖြတ်​မ​ရိတ်​ရ။-
NUM 6:6 သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။-
NUM 6:8 သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​ဖြစ်​သည့်​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သည်။
NUM 6:9 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တစ်​ယောက်​၏​အ​နီး​တွင် တစ် စုံ​တစ်​ယောက်​ရုတ်​တ​ရက်​သေ​ဆုံး​ခဲ့​သည်​ရှိ သော် သူ​၏​ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည် ညစ် ညမ်း​သွား​လိမ့်​မည်။ ယင်း​သို့​ဖြစ်​လျှင်​သူ​သည် ခု​နစ်​ရက်​စောင့်​ဆိုင်း​၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​မွေး ကို​ရိတ်​ရ​မည်။ ထို​အ​ခါ​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-
NUM 6:10 အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည်​ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​ရှိ​ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
NUM 6:11 သူ​သည်​လူ​သေ​ကောင်​နှင့်​တွေ့​ထိ​၍​ညစ်​ညမ်း သွား​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ပြု​ရန် ငှက်​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း​ကောင်း၊ ကျန်​ငှက်​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း​ပူ​ဇော်​ရ​မည်။ ထို​နေ့​တွင်​သူ​၏ ဆံ​ပင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြန်​လည် ဆက်​ကပ်​ရ​မည်။-
NUM 6:12 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် မိ​မိ​ကိုယ်​ကို​အ​သစ် တစ်​ဖန်​ဆက်​ကပ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည်​ညစ်​ညမ်း​သွား သော​ကြောင့် ယ​ခင်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​သည်​ပျက် ပြယ်​ပြီ​ဖြစ်​၏။ သူ​သည်​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ် ပူ​ဇော်​ရန် တစ်​နှစ်​သား​သိုး​က​လေး​ကို​ယူ ခဲ့​ရ​မည်။
NUM 6:13 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​ကုန် ဆုံး​သော​အ​ခါ ပြု​ရ​မည့်​ဝတ်​ကား​ဤ​သို့ တည်း။ သူ​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ပြစ် အ​နာ​ကင်း​သော​တစ်​နှစ်​သား​သိုး​ထီး​က လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​အ​မ​တစ်​ကောင်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ ကင်း​သော​သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရန် တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
NUM 6:15 သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု​လုပ်​သော တ​ဆေး​မဲ့​မုန့်​လုံး​များ​နှင့် သံ​လွင်​ဆီ​သုတ် သော​တ​ဆေး​မဲ့​မုန့်​ပြား​များ​ပါ​ရှိ​သည့် မုန့်​တောင်း​ကို​လည်း​ဆက်​သ​ရ​မည်။ ထို့ အ​ပြင်​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည် သကာ​တို့​ကို​လည်း​ဆက်​သ​ရ​မည်။
NUM 6:16 ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​အား​လုံး ကို​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​သ​၍ အ​ပြစ်​ဖြေ ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော်​ရ​မည်။-
NUM 6:17 သူ​သည်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သိုး​ထီး ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တောင်း​ကို​လည်း ဆက်​သ​ရ​မည်။ တစ်​ချိန်​တည်း​တွင်​ဘော​ဇဉ် သ​ကာ​နှင့် စ​ပျစ်​ရည်​သ​ကာ​တို့​ကို​လည်း ဆက်​သ​ရ​မည်။-
NUM 6:18 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​တဲ​တော်​တံ​ခါး​ဝ တွင် မိ​မိ​၏​ဆံ​ပင်​ကို​ရိတ်​၍ မိတ်​သ​ဟာ​ယ ယဇ်​မီး​ရှို့​ရာ​မီး​ထဲ​တွင်​ထည့်​ရ​မည်။
NUM 6:19 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး သော​သိုး​ပ​ခုံး​သား​နှင့်​တ​ကွ မုန့်​တောင်း​ထဲ မှ​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ပြား​ကို နာ​ဇ​ရိ ဂိုဏ်း​ဝင်​၏​လက်​ထဲ​သို့​ထည့်​ရ​မည်။-
NUM 6:20 ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​များ အ​ပြင်​ပ​ညတ်​တော်​အ​ရ ယဇ်​ပု​ရော​ဟိတ် ပိုင်​သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ ဖြစ်​သည်။ သို့​ပြီး​မှ​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည် စ​ပျစ်​ရည်​ကို​သောက်​နိုင်​သည်။
NUM 6:21 ဤ​ပ​ညတ်​များ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တို့ အ​တွက် ပြ​ဋ္ဌာန်း​ထား​သည့်​ပ​ညတ်​များ​ဖြစ် သည်။ သို့​ရာ​တွင်​လူ​တစ်​ဦး​သည်​နာ​ဇ​ရိ ဂိုဏ်း​ဝင်​ဖြစ်​ရန်​အ​တွက် အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ရန်​လို အပ်​သည်​ထက်​ပို​၍​ပြု​ခဲ့​သော် ထို​အ​ဋ္ဌိ​ဋ္ဌာန် အ​တိုင်း​ဆောင်​ရွက်​စေ​ရ​မည်။
NUM 6:22 အာ​ရုန်​နှင့်​သူ​၏​သား​တို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အောက်​ပါ​အ​တိုင်း ကောင်း​ချီး​မင်္ဂ လာ​ပေး​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ မှ​တစ်​ဆင့်​မိန့်​မှာ​တော်​မူ​၏။
NUM 6:24 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​၍၊ စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။
NUM 6:25 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​က​ရု​ဏာ ထား​၍၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။
NUM 6:26 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြင်​နာ စွာ​မျှော်​ကြည့်​၍ ချမ်း​မြေ့​သာ​ယာ​မှု​ပေး​တော်​မူ​ပါ​စေ​သော။
NUM 6:27 ထာ​ဝ​ရ​ဘု​ရား​က``ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး ပေး​ရန် ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို​လျှင် ငါ သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 7:1 မော​ရှေ​သည်​တဲ​တော်​ကို​တည်​ဆောက်​ပြီး သော​နေ့​တွင် တဲ​တော်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း များ​ကို​လည်း​ကောင်း၊ ယဇ်​ပလ္လင်​နှင့်​သက်​ဆိုင် သော​ပစ္စည်း​များ​ကို​လည်း​ကောင်း ဘိ​သိက်​ဆီ လောင်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-
NUM 7:2 ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ရာ​၌​ကြီး ကြပ်​ဆောင်​ရွက်​ခဲ့​သည့် ဣ​သ​ရေ​လ​အ​နွယ် ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော​မိ​သား​စု အ​ကြီး​အ​ကဲ​တို့​သည်၊-
NUM 7:3 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။ ခေါင်း​ဆောင်​တစ် ဦး​လျှင်​နွား​ထီး​တစ်​ကောင်​ကျ​နှင့်​ခေါင်း ဆောင်​နှစ်​ဦး​လျှင် လှည်း​တစ်​စီး​ကျ​စု​စု ပေါင်း​လှည်း​ခြောက်​စီး​နှင့်​နွား​တစ်​ဆယ့် နှစ်​ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ကြ​သည်။-
NUM 7:4 ယင်း​သို့​ဆက်​သ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မော​ရှေ​အား၊-
NUM 7:5 ``သင်​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​မှု​ကို ဆောင်​ရွက်​ရန် ဤ​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​လက်​ခံ လော့။ လေ​ဝိ​အ​နွယ်​ဝင်​တို့​ဆောင်​ရွက်​ရ​မည့် လုပ်​ငန်း​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​သူ တို့​အား​ပေး​အပ်​လော့'' ဟု​မိန့်​တော်​မူ​၏။-
NUM 7:6 ထို့​ကြောင့်​မော​ရှေ​သည်​လှည်း​နှင့်​နွား​များ ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ပေး​အပ်​လေ သည်။-
NUM 7:7 သူ​သည်​လှည်း​နှစ်​စီး​နှင့်​နွား​လေး​ကောင်​ကို ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​အား​လည်း​ကောင်း၊-
NUM 7:8 လှည်း​လေး​စီး​နှင့်​နွား​ရှစ်​ကောင်​ကို မေ​ရာ​ရိ သား​ချင်း​စု​တို့​အား​လည်း​ကောင်း​ပေး​အပ် လေ​သည်။ သူ​တို့​သည်​အ​လုပ်​ရှိ​သ​မျှ​ကို အာ​ရုန်​၏​သား ဣ​သ​မာ​ညွှန်​ကြား​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​သည်။-
NUM 7:9 ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။
NUM 7:10 ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​ယဇ်​ပလ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ရာ​၌​လည်း​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​သည်။ သူ​တို့​သည် ယဇ်​ပလ္လင်​၌​လှူ​ဖွယ်​ပစ္စည်း​များ​ကို ဆက်​သ ရန်​အ​သင့်​ရှိ​သော​အ​ခါ၊-
NUM 7:11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ယဇ်​ပလ္လင် ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌​ခေါင်း​ဆောင်​တစ် ဆယ့်​နှစ်​ဦး​တို့​သည် တစ်​ဦး​လျှင်​တစ်​ရက်​ကျ အ​လှည့်​ယူ​၍​မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို​ဆက်​သ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 7:12 သို့​ဖြစ်​၍​သူ​တို့​သည် မိ​မိ​တို့​၏​ပူ​ဇော် သ​ကာ​များ​ကို အောက်​တွင်​ဖော်​ပြ​ပါ အ​စီ​အ​စဉ်​အ​တိုင်း​ဆက်​သ​ကြ​၏။ ရက် အ​နွယ် ခေါင်း​ဆောင် ပ​ထ​မ​ရက် ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဒု​တိ​ယ​ရက် ဣသ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ တ​တိ​ယ​ရက် ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ စ​တုတ္ထ​ရက် ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ပဉ္စ​မ​ရက် ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေလုမျေလ ဆ​ဋ္ဌ​မ​ရက် ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် သတ္တမ​ရက် ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ အ​ဋ္ဌ​မ​ရက် မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ န​ဝ​မ​ရက် ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒ​သ​မ​ရက် ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ဧ​က​ဒ​သ​မ​ရက် အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဒွါ​ဒ​သ​မ​ရက် န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ သူ​တို့​တစ်​ဦး​စီ​ဆက်​သ​သော​ပူ​ဇော်​သကာ များ​သည် ထပ်​တူ​ထပ်​မျှ​ဖြစ်​၏။ ယင်း​တို့​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​အောင်​စ​ငါး ဆယ်​အ​လေး​ချိန်​ရှိ ငွေ​ဖ​လား​တစ်​လုံး​နှင့် အောင်​စ​သုံး​ဆယ်​အ​လေး​ချိန်​ရှိ​ငွေ​အင်​တုံ တစ်​လုံး (ယင်း​ငွေ​ခွက်​နှစ်​ခု​စလုံး​တွင် ဘော​ဇဉ် သကာ​အ​တွက်​ဆီ​နှင့်​ရော​သော​မုန့်​ညက်​အ​ပြည့် ပါ​ရှိ​သည်။) နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော အ​လေး​ချိန်​လေး​အောင်​စ​ရှိ​ရွှေ​လင်​ပန်း တစ်​ချပ်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​ပေါက် တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား သိုး​က​လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ဆိတ်​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ် အ​တွက်​နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​ငါး ကောင်၊ ဆိတ်​ငါး​ကောင်​နှင့်​တစ်​နှစ်​သား​သိုး က​လေး​ငါး​ကောင်​စ​သည်​တို့​ဖြစ်​သည်။
NUM 7:84 ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌ ဣ​သ ရေ​လ​အ​မျိုး​ခေါင်း​ဆောင်​တစ်​ဆယ့်​နှစ်​ဦး တို့​ယူ​ဆောင်​ခဲ့​ကြ​သော​လှူ​ဖွယ်​ပစ္စည်း​စု​စု ပေါင်း​မှာ၊ -အ​လေး​ချိန်​စုစု​ပေါင်း​ပေါင်​ခြောက်​ဆယ်​ရှိ​သော ငွေ​ဖ​လား​တစ်​ဆယ့်​နှစ်​လုံး​နှင့်​ငွေ​အင်​တုံ​တစ် ဆယ့်​နှစ်​လုံး၊ -နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော​အ​လေး​ချိန် စု​စု​ပေါင်း​လေး​ဆယ့်​ရှစ်​အောင်​စ​ရှိ​ရွှေ​လင် ပန်း​တစ်​ဆယ့်​နှစ်​ချပ်၊ -မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​တစ်​ဆယ့်​နှစ် ကောင်၊ သိုး​ထီး​တစ်​ဆယ့်​နှစ်​ကောင်၊ တစ်​နှစ်​သား သိုး​က​လေး​တစ်​ဆယ့်​နှစ်​ကောင်​နှင့် ယင်း​တို့ နှင့်​သက်​ဆိုင်​သော​ဘော​ဇဉ်​သကာ​များ၊ -အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​တစ်​ဆယ့် နှစ်​ကောင်။ -မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​နွား​ထီး​နှစ်​ဆယ့် လေး​ကောင်၊​သိုး​ထီး​အ​ကောင်​ခြောက်​ဆယ်၊ဆိတ် အ​ကောင်​ခြောက်​ဆယ်၊တစ်​နှစ်​သား​သိုး​က​လေး အ​ကောင်​ခြောက်​ဆယ်​စ​သည်​တို့​ဖြစ်​ကြ​သည်။
NUM 7:89 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက် ထား​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ ပ​ဋိ ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ခု ကြား​မှ​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သံ​ကို ကြား​ရ​လေ​သည်။
NUM 8:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
NUM 8:2 ``အာ​ရုန်​သည်​မီး​ခုံ​တိုင်​တွင်​မီး​ခွက်​ခု​နစ် လုံး​ကို​တင်​သော​အ​ခါ မီး​ခွက်​များ​မှ​အ​လင်း ရောင်​သည်​မီး​ခုံ​တိုင်​ရှေ့​သို့​ထွက်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 8:3 အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း မီး​ခုံ​တိုင်​မှ​အ​လင်း​ရောင်​ရှေ့ ထွက်​စေ​ရန်​မီး​ခွက်​များ​ကို​တင်​ထား​လေ သည်။-
NUM 8:4 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​ပြ​တော်​မူ သော​ပုံ​စံ​အ​တိုင်း မီး​ခုံ​တိုင်​တစ်​ခု​လုံး​ကို အောက်​ခြေ​မှ​အ​ထက်​ထိ​ရွှေ​ဖြင့်​ထု​လုပ် ထား​လေ​သည်။
NUM 8:5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
NUM 8:6 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​များ​မှ​သီး​ခြား​ခွဲ​ထုတ်​၍ သူ​တို့​အ​တွက် အောက်​ပါ​အ​တိုင်း​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု လော့။-
NUM 8:7 သန့်​စင်​ရေး​ဆိုင်​ရာ​ရေ​ကို​သူ​တို့​၏​ကိုယ်​ပေါ် တွင်​ဖျန်း​၍ တစ်​ကိုယ်​လုံး​ရှိ​အ​မွေး​များ​ကို ရိတ်​စေ​ပြီး​လျှင်​အ​ဝတ်​များ​ကို​လျှော်​ဖွပ် စေ​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-
NUM 8:8 ထို​နောက်​သူ​တို့​သည်​နွား​ထီး​ပေါက်​တစ်​ကောင် နှင့်​ဘော​ဇဉ်​သ​ကာ​အ​ဖြစ် သံ​လွင်​ဆီ​ရော​ထား သော​မုန့်​ညက်​ကို​ယူ​ဆောင်​ခဲ့​စေ​ရ​မည်။ အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​နောက်​ထပ်​နွား​တစ်​ကောင် ယူ​ဆောင်​ခဲ့​ရ​မည်။-
NUM 8:9 ထို​နောက်​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​ကို စု​ရုံး​စေ​၍ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ငါ​စံ တော်​မူ​ရာ​တဲ​တော်​ရှေ့​တွင်​ရပ်​စေ​ရ​မည်။-
NUM 8:10 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​ဦး​ခေါင်း​များ ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။-
NUM 8:11 လေ​ဝိ​အ​နွယ်​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​မှ ငါ့​အား​ဆက်​သ​သော​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ်​အာ​ရုန်​သည်​ဆက်​ကပ် ရ​မည်။ ဤ​နည်း​ဖြင့်​သူ​တို့​သည် ငါ​၏​အ​မှု တော်​ကို​ဆောင်​ရွက်​နိုင်​မည်။-
NUM 8:12 ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​နွား​ထီး နှစ်​ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ ကြ​မည်။ လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဘာ​သာ တ​ရား​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး​တစ်​ကောင် ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​အ​ခြား နွား​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော် ရ​မည်။
NUM 8:13 ``လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ငါ့​အား​အ​ထူး ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​၍ အာ​ရုန်​နှင့် သူ​၏​သား​တို့​က​သူ​တို့​ကို​ကြီး​ကြပ်​ကွပ် ကဲ​စေ​ရ​မည်။-
NUM 8:14 ဤ​နည်း​အား​ဖြင့်​သူ​တို့​ကို​ငါ​ပိုင်​ဆိုင်​ရာ ဖြစ်​စေ​ခြင်း​ငှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့ မှ​သီး​ခြား​ခွဲ​ထုတ်​လော့။-
NUM 8:15 သင်​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​စင်​မှု၊ ဆက်​ကပ်​မှု​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​တို့ သည်​တဲ​တော်​တွင်​အ​မှု​တော်​ဆောင်​နိုင်​လိမ့် မည်။-
NUM 8:16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး အ​ပေါင်း​တို့​ကိုယ်​စား သူ​တို့​ကို​ငါ့​အ​တွက် ငါ​ရွေး​ကောက်​ခဲ့​သ​ဖြင့်​သူ​တို့​သည်​ငါ​နှင့် သာ​ဆိုင်​၏။-
NUM 8:17 ငါ​သည်​အီ​ဂျစ်​ပြည်​တွင်​သား​ဦး​အ​ပေါင်း တို့​ကို​သေ​ဒဏ်​ခတ်​ခဲ့​စဉ်​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သား​ဦး​များ​နှင့်​တိ​ရစ္ဆာန် သား​ဦး​ပေါက်​များ​ကို ငါ​ပိုင်​ဆိုင်​ရာ​အ​ဖြစ် သီး​သန့်​ရွေး​ချယ်​ခဲ့​၏။-
NUM 8:18 ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သား​ဦး​ရှိ​သ​မျှ​တို့​အ​စား လေ​ဝိ အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ်​၍၊-
NUM 8:19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ပူ​ဇော် သ​ကာ​အ​ဖြစ် အာ​ရုန်​နှင့်​သူ​၏​သား​များ လက်​သို့​အပ်​နှံ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုယ်​စား​တဲ​တော်​တွင်​အ​မှု ထမ်း​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​နီး​သို့​ချဉ်း​ကပ်​၍ ဘေး​ဒဏ်​မ​သင့်​စေ​ရန်​သူ​တို့​က​ကာ​ကွယ် စောင့်​ရှောက်​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 8:20 သို့​ဖြစ်​၍​မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ဆက်​ကပ်​ကြ​၏။-
NUM 8:21 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သန့်​စင်​စေ​၍ အ​ဝတ်​များ​ကို​လျှော်​ဖွပ်​ကြ ပြီး​နောက် အာ​ရုန်​သည်​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​ကပ်​လေ​၏။ သူ​တို့​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​လည်း​ဆောင်​ရွက်​၏။-
NUM 8:22 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​စပ်​လျဉ်း​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင် ရွက်​ကြ​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အနွယ်​ဝင်​တို့ သည် အာ​ရုန်​နှင့်​သူ​၏​သား​များ​ကြီး​ကြပ် ကွပ်​ကဲ​မှု​ဖြင့်​တဲ​တော်​တွင်​အ​မှု​တော် ထမ်း​ကြ​လေ​သည်။
NUM 8:23 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
NUM 8:24 ``လေ​ဝိ​အ​နွယ်​ဝင်​ထဲ​မှ​အ​သက်​နှစ်​ဆယ့် ငါး​နှစ်​အ​ရွယ်​သို့​ရောက်​သူ​တိုင်း တဲ​တော် တွင်​အ​မှု​ထမ်း​၍၊-
NUM 8:25 အ​သက်​ငါး​ဆယ်​အ​ရွယ်​တွင်​အ​မှု​တော် ထမ်း​ခြင်း​မှ​ရပ်​နား​ရ​မည်။-
NUM 8:26 အ​သက်​ငါး​ဆယ်​အ​ရွယ်​လွန်​သူ​သည်​တဲ တော်​နှင့်​ဆိုင်​သော​အ​လုပ်​တွင် ဆွေ​မျိုး​သား ချင်း​တို့​အား​ကူ​ညီ​နိုင်​သော်​လည်း မိ​မိ​ကိုယ် တိုင်​တာ​ဝန်​ယူ​၍​မ​ဆောင်​ရွက်​ရ။ သင်​သည် ဤ​စည်း​ကမ်း​ချက်​များ​နှင့်​အ​ညီ လေ​ဝိ အ​နွယ်​ဝင်​တို့​အား​တာ​ဝန်​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
NUM 9:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​၌​မော​ရှေ​အား၊-
NUM 9:2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခု​လ​တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​မှ​အ​စ​ပြု​၍​ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 9:4 သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ဆင့်​ဆို​သည့်​အ​တိုင်း၊-
NUM 9:5 သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​တွင် ပ​ထ​မ​တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​၌​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​သည်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ရွက်​ကြ​သည်။
NUM 9:6 သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ထို​နေ့​တွင်​ပ​သ​ခါ​ပွဲ​တော်​ကို​မ​ဝင်​နိုင်​ကြ​ချေ။ သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သွား​၍၊-
NUM 9:7 ``အ​ကျွန်ုပ်​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​ကြ​ပါ။ အ​ခြား​သူ​များ​နည်း​တူ​အ​ကျွန်ုပ်​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ခြင်း​မ​ပြု​လုပ်​နိုင်​ပြီ​လော'' ဟု​မေး​လျှောက်​ကြ​၏။
NUM 9:8 ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မည်​သို့​ညွှန်​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​ကြ​လော့'' ဟု​ဆို​၏။
NUM 9:9 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ယ​ခု​ဖြစ်​စေ၊ နောင်​အ​ခါ​ဖြစ်​စေ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သည် ပ​သ​ခါ​ပွဲ​ခံ​ချိန်​၌​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​သူ​သည်​လည်း​ကောင်း၊ ရပ်​ဝေး​သို့​ခ​ရီး​လွန်​နေ​သူ​သည်​လည်း​ကောင်း​ပ​သ​ခါ​ပွဲ​ခံ​လို​သော်၊-
NUM 9:11 တစ်​လ​စောင့်​ဆိုင်း​၍​ဒု​တိ​ယ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​တွင်​ပွဲ​ခံ​နိုင်​ခွင့်​ရှိ​သည်။ သူ​သည်​သိုး​သား​ကို​တ​ဆေး​မဲ့​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​တို့​နှင့်​စား​၍​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-
NUM 9:12 နောက်​တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​အ​စား​အ​စာ​ကို​မ​ကျန်​ကြွင်း​စေ​ရ။ သိုး​ကောင်​၏​အ​ရိုး​ကို​မ​ကျိုး​စေ​ရ။ ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-
NUM 9:13 တစ်​စုံ​တစ်​ယောက်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​လျက်​နှင့် ခ​ရီး​မ​လွန်​ဘဲ​ရှိ​လျက်​နှင့် ပ​သ​ခါ​ပွဲ​ခံ​ချိန်​တွင်​ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​လျှင် ထို​သူ့​ကို​ငါ​၏​လူ​မျိုး​တော်​အ​ထဲ​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​လျောက်​ဒဏ်​ခံ​ရ​မည်။
NUM 9:14 ``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။
NUM 9:15 ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ထူ​သော​နေ့​တွင် မိုး​တိမ်​သက်​ဆင်း​လာ​၍​တဲ​တော်​ကို​ဖုံး​လွှမ်း​လေ​သည်။ ည​အ​ချိန်​တွင်​မိုး​တိမ်​သည်​မီး​လျှံ​ကဲ့​သို့​တောက်​ပ​လျက်​ရှိ​၏။-
NUM 9:17 မိုး​တိမ်​အ​ထက်​သို့​တက်​သည့်​အ​ခါ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စ​ခန်း​ဖြုတ်​၍​မိုး​တိမ်​သက်​ဆင်း​သည့်​နေ​ရာ​တွင်​တစ်​ဖန်​စ​ခန်း​ချကြ​၏။-
NUM 9:18 သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​စ​ခန်း​ဖြုတ်​ခြင်း၊ စ​ခန်း​ချ​ခြင်း​ပြု​ကြ​၏။ မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​တည်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​စ​ခန်း​မ​ဖြုတ်​ကြ​ချေ။-
NUM 9:19 မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​အ​ချိန်​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​သော​အ​ခါ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​၍​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ​ချေ။-
NUM 9:20 တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​ရက်​အ​နည်း​ငယ်​မျှ​သာ​တည်​ရှိ​နေ​၏။ မည်​သို့​ပင်​ဖြစ်​စေ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သာ စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ကို​ပြု​လုပ်​ကြ​သည်။-
NUM 9:21 တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။-
NUM 9:22 တဲ​တော်​အ​ပေါ်​တွင်​မိုး​တိမ်​သည်​နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​သို့​မ​ဟုတ်​တစ်​နှစ်​ထက်​ပို​၍​ဖြစ်​စေ တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ။ သို့​ရာ​တွင်​မိုး​တိမ်​တက်​သည့်​အ​ခါ​၌​မူ​ကား​ခ​ရီး​ဆက်​ကြ​၏။-
NUM 9:23 မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သော​အ​မိန့်​တော်​အ​ရ သူ​တို့​သည်​စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ပြု​လုပ်​ကြ​၏။
NUM 10:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
NUM 10:2 ``သင်​သည်​လူ​များ​ကို​စု​ရုံး​ခေါ်​ယူ​ရာ​၌​လည်း ကောင်း၊ စ​ခန်း​ဖြုတ်​ရာ​၌​လည်း​ကောင်း မှုတ်​ရန် အ​ချက်​ပေး​ငွေ​တံ​ပိုး​ခ​ရာ​နှစ်​လုံး​ကို​ထု လုပ်​လော့။-
NUM 10:3 တံ​ပိုး​ခ​ရာ​နှစ်​လုံး​စ​လုံး​ကို​အ​သံ​ရှည်​ဆွဲ ၍​မှုတ်​သည့်​အ​ခါ လူ​အ​ပေါင်း​တို့​သည်​တဲ တော်​တံ​ခါး​ဝ​ရှိ​သင့်​ထံ​သို့​စု​ရုံး​လာ​ရ ကြ​မည်။-
NUM 10:4 တံ​ပိုး​ခ​ရာ​တစ်​လုံး​တည်း​ကို​မှုတ်​လျှင်​သား ချင်း​စု​ခေါင်း​ဆောင်​တို့​သာ​လျှင် သင့်​ထံ​သို့ စု​ရုံး​လာ​ရ​ကြ​မည်။-
NUM 10:5 တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ်​တောင်း​မှုတ်​လျှင် အ​ရှေ့​ဘက်​တွင်​စ​ခန်း​ချ​သော​ဣ​သ​ရေ​လ အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ​ကြ​မည်။-
NUM 10:6 ဒု​တိ​ယ​အ​ကြိမ်​တံ​ပိုး​ခ​ရာ​မှ​အ​သံ​ပြတ် တောင်း​မှုတ်​လျှင် တောင်​ဘက်​တွင်​စ​ခန်း​ချ​သော ဣ​သ​ရေ​လ​အ​နွယ်​တို့​ခ​ရီး​စ​ထွက်​ရ ကြ​မည်။-
NUM 10:7 သို့​ဖြစ်​၍​တံ​ပိုး​ခ​ရာ​ကို​ပြတ်​တောင်း​မှုတ်​သည့် အ​ခါ စ​ခန်း​ဖြုတ်​ရ​ကြ​မည်။ သို့​ရာ​တွင်​လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​ရန်​ဆင့်​ခေါ်​သည့် အ​ခါ တံ​ပိုး​ခ​ရာ​ကို​အ​သံ​ရှည်​ဆွဲ​၍​မှုတ် ရ​မည်။-
NUM 10:8 ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ရုန် ၏​သား​များ​က တံ​ပိုး​ခ​ရာ​ကို​မှုတ်​ရ​မည်။ ``အောက်​ပါ​ပ​ညတ်​ကို​သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-
NUM 10:9 သင်​တို့​၏​ပြည်​ကို​ရန်​သူ​များ​ထိ​ပါး​တိုက် ခိုက်​လာ​သော​အ​ခါ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက် ရန်​အ​တွက် ဤ​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​၍ တပ်​လှန့်​နှိုး​ဆော်​ရ​မည်။ သင်​တို့​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​သ​တိ​ရ လျက်​ရန်​သူ​၏​လက်​မှ​ကယ်​တင်​တော်​မူ​မည်။-
NUM 10:10 ထို့​အ​ပြင်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ဖြစ်​သော​လ​ဆန်း ပွဲ​များ​နှင့်​အ​ခြား​ဘာ​သာ​ရေး​ပွဲ​များ​တွင် မီး ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ်​ကို​ပူ​ဇော်​သော အ​ခါ သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ် ရ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အား​ကူ​ညီ ထောက်​မ​တော်​မူ​မည်။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သည်'' ဟု​မိန့်​တော်​မူ​၏။
NUM 10:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ဆယ်​ရက်​နေ့​တွင်​တဲ​တော် ကို​ဖုံး​လွှမ်း​နေ​သော​မိုး​တိမ်​သည်​အ​ထက် သို့​တက်​ကြွ​သ​ဖြင့်၊-
NUM 10:12 သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​မှ​ခ​ရီး​ထွက် ခွာ​လာ​ကြ​လေ​သည်။ မိုး​တိမ်​သည်​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​သော​အ​ခါ ရပ်​တန့်​လေ​သည်။
NUM 10:13 သူ​တို့​သည်​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ခ​ရီး ထွက်​ကြ​၏။-
NUM 10:14 ခ​ရီး​ထွက်​သည့်​အ​ခါ​တိုင်း​သတ်​မှတ်​ထား သော​အ​စီ​အ​စဉ်​အ​ရ​ချီ​တက်​ကြ​သည်။ ယု​ဒ​အ​နွယ်​တပ်​အ​လံ​နောက်​မှ​လိုက်​ရ​သော လူ​စု​ကို အ​မိ​န​ဒပ်​၏​သား​နာ​ရှုန်​က​အုပ် ချုပ်​ရ​သည်။ သူ​တို့​သည်​တပ်​စု​အ​လိုက်​ရှေ့ ဆုံး​မှ​ချီ​တက်​ရ​သည်။-
NUM 10:15 ဣ​သ​ခါ​အ​နွယ်​ကို​ဇု​အာ​၏​သား​နာ​သ နေ​လ​က​လည်း​ကောင်း၊-
NUM 10:16 ဇာ​ဗု​လုန်​အ​နွယ်​ကို​ဟေ​လုန်​၏​သား​ဧ​လျာ​ဘ က​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။
NUM 10:17 ထို​နောက်​တဲ​တော်​ကို​ဖြုတ်​ချ​၍​ဂေ​ရ​ရှုန် သား​ချင်း​စု​နှင့် မေ​ရာ​ရိ​သား​ချင်း​စု​တို့ သည်​တဲ​တော်​ကို​ထမ်း​လျက်​ချီ​တက်​ရ​သည်။
NUM 10:18 ထို​နောက်​ရု​ဗင်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို ရှေ​ဒု​ရ​၏​သား​ဧ​လိ ဇု​ရ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက်​ချီ တက်​ရ​သည်။-
NUM 10:19 ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ​သည် ရှိ​မောင် အ​နွယ်​ကို​လည်း​ကောင်း၊-
NUM 10:20 ဒွေ​လ​၏​သား​ဧ​လျာ​သပ်​သည်​ဂဒ်​အ​နွယ် ကို​လည်း​ကောင်း​အုပ်​ချုပ်​ရ​သည်။
NUM 10:21 ထို​နောက်​လေ​ဝိ​အ​နွယ်​ကော​ဟတ်​သား​ချင်း​စု တို့​သည် တဲ​တော်​ဆိုင်​ရာ​ပစ္စည်း​များ​ကို​ထမ်း​လျက် ချီ​တက်​ရ​သည်။ သူ​တို့​သည်​နောက်​စ​ခန်း​သို့ ဆိုက်​ရောက်​သည့်​အ​ခါ တဲ​တော်​ကို​ထူ​နှင့်​ပြီး ဖြစ်​သည်။
NUM 10:22 ထို​နောက်​ဧ​ဖ​ရိမ်​အ​နွယ်​တပ်​အ​လံ​နောက်​မှ လိုက်​ရ​သော​လူ​စု​ကို အ​မိ​ဟုဒ်​၏​သား​ဧ​လိ ရှ​မာ​သည်​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-
NUM 10:23 မ​နာ​ရှေ​၏​အ​နွယ်​ကို​ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ​အုပ်​ချုပ်​ရ​သည်။-
NUM 10:24 ဗင်္ယာ​မိန်​အ​နွယ်​ကို​ဂိဒေါ​နိ​၏​သား​အ​ဘိ​ဒန် အုပ်​ချုပ်​ရ​သည်။
NUM 10:25 နောက်​ဆုံး​တပ်​ဖြစ်​သော​ဒန်​အ​နွယ်​တပ်​အ​လံ နောက်​မှ​လိုက်​ရ​သော​လူ​စု​ကို အ​မိ​ရှဒ္ဒဲ​၏​သား အ​ဟေ​ဇာ​အုပ်​ချုပ်​လျက်​တပ်​စု​အ​လိုက် ချီ​တက်​ရ​သည်။-
NUM 10:26 အာ​ရှာ​အ​နွယ်​ကို​သြ​က​ရန်​၏​သား​ပါ​ဂျေ​လ အုပ်​ချုပ်​၍၊-
NUM 10:27 န​ဿ​လိ​အ​နွယ်​ကို​ဧ​နန်​၏​သား​အ​ဟိ​ရ အုပ်​ချုပ်​ရ​သည်။-
NUM 10:28 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ဖြုတ် ၍​ခ​ရီး​ထွက်​သည့်​အ​ခါ​တိုင်း အ​ထက်​ဖော်​ပြ ပါ​အ​စီ​အ​စဉ်​အ​ရ​တပ်​စု​အ​လိုက်​ချီ​တက် ကြ​ရ​သည်။
NUM 10:29 မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သား​ယေ​သ​ရော ၏​သား မိ​မိ​၏​ယောက်​ဖ​ဟော​ဗပ်​အား``ထာ​ဝ​ရ ဘု​ရား​က​ငါ​တို့​အား​ပေး​မည်​ဟု​က​တိ​ထား တော်​မူ​သော​ပြည်​သို့ ငါ​တို့​ယ​ခု​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကြီး​ပွား​စေ​မည်​ဟူ​၍ က​တိ​တော်​ရှိ သ​ဖြင့်​ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​လော့။ သင် သည်​ငါ​တို့​နှင့်​အ​ကျိုး​တူ​ခံ​စား​ခွင့်​ရ​လိမ့် မည်'' ဟု​ဆို​လေ​၏။
NUM 10:30 ဟော​ဗပ်​က``ငါ​မ​လိုက်​လို​ပါ။ ငါ​၏​နေ​ရင်း ပြည်​သို့​ပြန်​မည်'' ဟု​ဖြေ​ကြား​လေ​၏။
NUM 10:31 ထို​အ​ခါ​မော​ရှေ​က``ငါ​တို့​ကို​စွန့်​ပစ်​၍​မ​ထား ခဲ့​ပါ​နှင့်။ သင်​သည်​တော​ကန္တာ​ရ​ခ​ရီး​လမ်း​သိ ကျွမ်း​သူ​ဖြစ်​သ​ဖြင့် စ​ခန်း​ချ​ရာ​အ​ရပ်​ကို ငါ​တို့​အား​ညွှန်​ပြ​နိုင်​မည်​ဖြစ်​သည်။-
NUM 10:32 ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပါ​မူ​ငါ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့​ကို​သင်​လည်း​ခံ စား​ခွင့်​ရ​ရှိ​စေ​ပါ​မည်'' ဟု​ဆို​၏။
NUM 10:33 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​သိ​နာ​တောင်​တော်​မှ​ထွက်​ခွာ​၍ သုံး ရက်​ကြာ​မျှ​ခရီး​ပြု​လေ​သည်။ သူ​တို့​စ​ခန်း ချ​ရာ​အ​ရပ်​ကို​ညွှန်​ပြ​ရန် ထာ​ဝ​ရ​ဘုရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည်​သူ​တို့​ရှေ့​မှ အ​စဉ်​သွား​ရ​၏။-
NUM 10:34 သူ​တို့​စ​ခန်း​မှ​ထွက်​ခွာ​လာ​သည့်​အ​ခါ​တိုင်း ထာ​ဝ​ရ​ဘု​ရား​၏​မိုး​တိမ်​သည်​နေ့​အ​ချိန် တွင်​သူ​တို့​၏​အ​ပေါ်​မှ​လိုက်​ပါ​လျက်​ရှိ​၏။
NUM 10:35 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ခ​ရီး​စ​ထွက်​သည့်​အ​ခါ မော​ရှေ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​က​စဥ့်​က​လျား ဖြစ်​စေ​၍ ကိုယ်​တော်​အား​မုန်း​တီး​သူ​တို့​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ'' ဟူ​၍​လည်း ကောင်း၊-
NUM 10:36 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရပ်​နား​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ ထောင်​သောင်း​မ​က​သော​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပြန်​ကြွ​တော် မူ​ပါ'' ဟူ​၍​လည်း​ကောင်း​လျှောက်​ဆို​လေ့​ရှိ​၏။
NUM 11:1 လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ညည်း​ညူ​သံ​ကို​ကြား​ရ​သော​အ​ခါ အ​မျက်​တော်​ထွက်​၍​သူ​တို့​အ​ပေါ်​တွင်​လောင် မီး​ကျ​စေ​၏။ မီး​သည်​စ​ခန်း​တစ်​ဘက်​စွန်း တွင်​ရှိ​သော​လူ​များ​ကို​လောင်​ကျွမ်း​စေ​၏။-
NUM 11:2 ထို​အ​ခါ​လူ​တို့​သည်​မော​ရှေ​အား​အော်​ဟစ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​၏။ မော​ရှေ​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မီး​ငြိမ်း​သွား လေ​သည်။-
NUM 11:3 သူ​တို့​အ​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​မှ​လောင် မီး​ကျ​သ​ဖြင့် ထို​အ​ရပ်​ကို​တ​ဗေ​ရ​ဟု သ​မုတ်​ကြ​၏။
NUM 11:4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​လိုက် ပါ​လာ​သော နိုင်​ငံ​ခြား​သား​တို့​သည်​အ​သား ကို​တောင့်​တ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင်``အ​သား​ကို​စား​ချင်​လှ​ပါ​ဘိ။-
NUM 11:5 ငါ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် ငါး​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​လို​သ​လောက်​စား​ရ​၏။ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်​မြိတ်၊ ကြက် သွန်​နီ၊ ကြက်​သွန်​ဖြူ​တို့​ကို​လည်း​စား​ရ​၏။-
NUM 11:6 ယ​ခု​ငါ​တို့​အင်​အား​ကုန်​ခန်း​ပါ​ပြီ။ တစ်​နေ့ နောက်​တစ်​နေ့​ဤ​မန္န​မုန့်​အ​ပြင်​စား​စ​ရာ မ​ရှိ​ပါ'' ဟု​ညည်း​တွား​ကြ​လေ​သည်။
NUM 11:7 (မန္န​မုန့်​သည်​ဝါ​ဖျော့​ဖျော့​အ​ရောင်​ရှိ​သော သစ်​စေ့​က​လေး​များ​နှင့်​တူ​၏။-
NUM 11:8 ည​အ​ခါ​နှင်း​နှင့်​အ​တူ​စခန်း​ထဲ​သို့​ကျ​၏။ နံ​နက်​အ​ချိန်​တွင်​လူ​တို့​သည်​မန္န​မုန့်​ကို​လှည့် လည်​စု​သိမ်း​ပြီး​လျှင်​ကြိတ်​၍​ဖြစ်​စေ၊ ထောင်း ၍​ဖြစ်​စေ​မုန့်​ညက်​ပြု​လုပ်​ကြ​၏။ ထို​နောက် မုန့်​ညက်​ကို​ပေါင်း​၍​မုန့်​ပြား​ပြု​လုပ်​ကြ​၏။ အ​ရ​သာ​သည်​သံ​လွင်​ဆီ​နှင့်​ဖုတ်​သော​မုန့် အ​ရ​သာ​နှင့်​တူ​၏။)
NUM 11:10 လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​တဲ​ဝ​အ သီး​သီး​တွင်​စု​ရုံး​ကာ ညည်း​ညူ​နေ​ကြ​သော အ​သံ​ကို​မော​ရှေ​ကြား​ရ​၏။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကြောင့် မော​ရှေ​သည် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-
NUM 11:11 မော​ရှေ​က``ကိုယ်​တော်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် အား ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​သည်​ရှေ့​တော်​၌​မျက်​နှာ မ​ရ​ပါ​သ​နည်း။ ဤ​သူ​အ​ပေါင်း​တို့​အ​တွက် အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့်​တာ​ဝန်​ပေး​တော် မူ​ပါ​သ​နည်း။-
NUM 11:12 အ​ကျွန်ုပ်​သည်​သူ​တို့​ကို​ဝမ်း​နှင့်​လွယ်​၍​မွေး ထုတ်​ရ​သူ​ဖြစ်​ပါ​သ​လော။ ကိုယ်​တော်​သည်​သူ တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား တော်​မူ​သော​ပြည်​သို့​သွား​ရာ​လမ်း​တစ်​လျှောက် လုံး​တွင် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​က​လေး ထိန်း​သ​ဖွယ်​သူ​တို့​ကို​ပိုက်​ချီ​ဆောင်​ယူ​သွား စေ​ပါ​သ​နည်း။-
NUM 11:13 ဤ​သူ​အ​ပေါင်း​တို့​စား​ရန်​အ​သား​ကို​အ​ကျွန်ုပ် အ​ဘယ်​မှာ​ရှာ​၍​ရ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည် အ​သား​စား​လို​ပါ​သည်​ဟူ​၍ ညည်း​တွား​တောင်း ဆို​လျက်​ရှိ​ကြ​ပါ​သည်။-
NUM 11:14 ဤ​သူ​အ​ပေါင်း​တို့​အ​တွက်​အ​ကျွန်ုပ်​တစ်​ဦး တည်း​က​တာ​ဝန်​မ​ယူ​နိုင်​ပါ။ ထို​တာ​ဝန် သည်​အ​ကျွန်ုပ်​အ​တွက်​ကြီး​လွန်း​ပါ​၏။-
NUM 11:15 အ​ကျွန်ုပ်​သည်​ဤ​တာ​ဝန်​ထမ်း​ဆောင်​ရ​မည် ဟု​ဆို​လျှင် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား သ​နား​သ​ဖြင့်​ယ​ခု​ပင်​အ​သက်​သေ​စေ​၍ ဤ​ဆင်း​ရဲ​ဒုက္ခ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​လေ သည်။
NUM 11:16 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ကို ပ​ဋိ​ညာဉ်​တဲ​တော် သို့​လာ​ရောက်​စု​ရုံး​စေ​ပြီး​လျှင်​သင်​နှင့် အ​တူ​ရပ်​နေ​စေ​လော့။-
NUM 11:17 ငါ​သည်​ကြွ​လာ​၍​သင်​နှင့်​စ​ကား​ပြော​ဆို​မည်။ ငါ​သည်​သင့်​အား​ပေး​အပ်​ထား​သော​စွမ်း​ရည် အ​ချို့​ကို​ယူ​၍ သူ​တို့​အား​ပေး​အပ်​မည်။ ထို အ​ခါ​ဤ​သူ​များ​အ​တွက်​ထမ်း​ရ​သော​တာ​ဝန် ကို​သူ​တို့​သည်​သင့်​အား​ကူ​ညီ​ထမ်း​ရွက်​နိုင် သ​ဖြင့် ထို​တာ​ဝန်​ကို​သင်​တစ်​ဦး​တည်း​ထမ်း ရန်​မ​လို​တော့​ချေ။-
NUM 11:18 ယ​ခု​သင်​သည်​သူ​တို့​အား​ဤ​သို့​မှာ​ကြား လော့။ သူ​တို့​သည်​နက်​ဖြန်​နေ့​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ သူ​တို့​သည် အ​သား​ကို​စား​ရ​လိမ့်​မည်။ သူ​တို့​သည်​အီ​ဂျစ် ပြည်​၌​အ​သား​ကို​စား​ရ​ကြောင်း၊ ယ​ခု​သူ တို့​အ​သား​ကို​စား​လို​၍​ညည်း​ညူ​နေ​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​စား​ရန်​အ​သား​ကို​ပေး တော်​မူ​မည်​ဖြစ်​၍​သူ​တို့​စား​ရ​လိမ့်​မည်။-
NUM 11:19 သူ​တို့​သည်​အ​သား​ကို​တစ်​ရက်၊ နှစ်​ရက်၊ ငါး​ရက်၊ ဆယ်​ရက်၊ အ​ရက်​နှစ်​ဆယ်​မျှ​သာ စား​ကြ​ရ​မည်​မ​က​ဘဲ၊-
NUM 11:20 အ​သား​သည်​သူ​တို့​၏​နား​များ​မှ​ထွက်​၍ အ​သား​ကို​ရွံ​မုန်း​လာ​သည့်​တိုင်​အောင် တစ်​လ လုံး​လုံး​စား​ရ​ကြ​မည်။ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​တ​သ​လျက်​သူ တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​ပစ်​ပယ်​ကာ​ညည်း​ညူ​ကြ​သော​ကြောင့်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။
NUM 11:21 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။-
NUM 11:22 သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။
NUM 11:23 ထာ​ဝ​ရ​ဘု​ရား​က``ငါ​မ​တတ်​နိုင်​သည့်​အ​ရာ ရှိ​သ​လော။ ငါ​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဖြစ် မည်​မ​ဖြစ်​မည်​ကို​သင်​မ​ကြာ​မီ​တွေ့​မြင်​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 11:24 မော​ရှေ​သည်​တဲ​တော်​တွင်း​မှ​ထွက်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လူ အ​ပေါင်း​တို့​အား​ပြန်​ကြား​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​ကို​ခေါ်​၍ တဲ​တော်​ပတ်​လည်​တွင်​ရပ်​နေ စေ​၏။-
NUM 11:25 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ဖြင့် ကြွ​ဆင်း​လာ​၍ မော​ရှေ​နှင့်​စ​ကား​ပြော​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ပေး​အပ် ထား​သော​စွမ်း​ရည်​အ​ချို့​ကို​ယူ​၍ ခေါင်း​ဆောင် ခု​နစ်​ဆယ်​တို့​အား​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​စွမ်း​ရည်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​၏။ သို့ ရာ​တွင်​တစ်​ကြိမ်​မျှ​သာ​ကြွေး​ကြော်​ကြ​၏။
NUM 11:26 ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ထဲ​မှ​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ် ဆို​သူ​နှစ်​ဦး​သည် တဲ​တော်​သို့​မ​သွား​ဘဲ​စ​ခန်း ထဲ​တွင်​ကျန်​ရစ်​ခဲ့​ကြ​၏။ သူ​တို့​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​သက်​ဆင်း​လာ​သော​အ​ခါ သူ​တို့​သည်​လည်း ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​သည်။-
NUM 11:27 လူ​ငယ်​တစ်​ဦး​က​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​ပြု မူ​ပုံ​ကို မော​ရှေ​ထံ​သို့​ပြေး​၍​ပြော​ကြား​၏။
NUM 11:28 ထို​အ​ခါ​ငယ်​စဉ်​က​တည်း​က​မော​ရှေ​ကို​ကူ ညီ​ခဲ့​သော​နုန်​၏​သား​ဖြစ်​သော ယော​ရှု​က မော​ရှေ​အား``အ​ရှင်၊ သူ​တို့​ကို​တား​မြစ် ပါ'' ဟု​တိုက်​တွန်း​လေ​သည်။
NUM 11:29 မော​ရှေ​က``ငါ​၏​အ​ကျိုး​ကို​ထောက်​၍​သင် ပြော​နေ​သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ၏​လူ​မျိုး​တော်​အား​လုံး​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​ကို​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ပ​ရော ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​နိုင်​ကြ​ပါ​စေ သော'' ဟု​ပြန်​ပြော​လေ​၏။-
NUM 11:30 ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​သည် စ​ခန်း​သို့​ပြန် သွား​ကြ​၏။
NUM 11:31 ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ဘက်​မှ​လေ​ကို တိုက်​စေ​သ​ဖြင့် လေ​နှင့်​အ​တူ​ငုံး​ငှက်​များ​ပါ လာ​၏။ ထို​ငုံး​ငှက်​များ​သည်​မြေ​ပြင်​အ​ထက် သုံး​ပေ​အ​မြင့်​မှ​ပျံ​သန်း​လာ​၍ စ​ခန်း​အ​တွင်း နှင့်​စ​ခန်း​အ​ပြင်​မိုင်​များ​စွာ​ပတ်​လည်​နေ​ရာ အ​နှံ့​အ​ပြား​တွင်​နား​ကြ​လေ​သည်။-
NUM 11:32 သို့​ဖြစ်​၍​လူ​တို့​သည်​တစ်​နေ့​လုံး၊ တစ်​ည​လုံး နှင့်​နောက်​တစ်​နေ့​လုံး​ငုံး​ငှက်​များ​ကို​ဖမ်း​ဆီး ကြ​၏။ ယုတ်​စွ​အ​ဆုံး​လူ​တစ်​ဦး​လျှင်​ငုံး​ငှက် တင်း​ငါး​ဆယ်​မျှ​ဖမ်း​ဆီး​မိ​သည်။ သူ​တို့​သည် စ​ခန်း​ပတ်​လည်​တွင်​ငှက်​များ​ကို​ဖြန့်​၍ အ​ခြောက်​လှန်း​ကြ​သည်။-
NUM 11:33 ငုံး​ငှက်​သား​ပေါ​များ​လျက်​ရှိ​သေး​ချိန်​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​၍​သူ တို့​တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​စေ​၏။-
NUM 11:34 ထို​အ​ရပ်​တွင်​အ​သား​ကို​တောင့်​တ​သူ​တို့​၏ အ​လောင်း​များ​ကို​မြုပ်​နှံ​ခဲ့​ရ​သ​ဖြင့် ကိ​ဗြုတ် ဟတ္တ​ဝါ​သို့​မ​ဟုတ်​တောင့်​တ​သူ​တို့​၏​သင်္ချိုင်း ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​၏။
NUM 11:35 သူ​တို့​သည်​ထို​အ​ရပ်​မှ​ခ​ရီး​ဆက်​ကြ​၍ ဟာ​ဇ​ရုတ်​အ​ရပ်​သို့​ရောက်​လျှင်​စ​ခန်း​ချ ကြ​လေ​သည်။
NUM 12:1 မော​ရှေ​သည်​မိ​ဒျန်​အ​မျိုး​သ​မီး​တစ်​ဦး နှင့်​စုံ​ဖက်​သ​ဖြင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​တို့ က​သူ့​အား​အ​ပြစ်​တင်​ကြ​လေ​သည်။-
NUM 12:2 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ဖြင့်​သာ​လျှင်​မိန့်​ကြား​တော်​မူ​သ​လော။ ငါ တို့​အား​ဖြင့်​လည်း​မိန့်​ကြား​တော်​မ​မူ​သ​လော'' ဟု​ဆို​ကြ​၏။ ထို​စ​ကား​ကို​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​သည်။-
NUM 12:3 (မော​ရှေ​သည်​စိတ်​နှိမ့်​ချ​သူ​ဖြစ်​၏။ ကမ္ဘာ​ပေါ် တွင်​သူ​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​တစ်​ယောက်​မျှ မ​ရှိ။)
NUM 12:4 ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ၊ အာ​ရုန်​နှင့်​မိ​ရိ​အံ​တို့​အား``သင်​တို့​သုံး ဦး​စ​လုံး​တဲ​တော်​သို့​လာ​ခဲ့​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ သူ​တို့​သည်​တဲ​တော်​သို့​ရောက်​ရှိ သော​အ​ခါ၊-
NUM 12:5 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ဖြင့်​ကြွ လာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ်​လျက်``အာ​ရုန်၊ မိ​ရိ​အံ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​သူ တို့​နှစ်​ဦး​သည်​ရှေ့​သို့​ထွက်​လာ​သ​ဖြင့်၊-
NUM 12:6 ``ငါ​မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​လော့။ သင် တို့​တွင်​ပ​ရော​ဖက်​များ​ရှိ​သော​အ​ခါ ငါ​သည် သူ​တို့​အား​အိပ်​မက်​အား​ဖြင့်​သော်​လည်း​ကောင်း၊ ရူ​ပါ​ရုံ​အား​ဖြင့်​သော်​လည်း​ကောင်း​ဗျာ​ဒိတ် ပေး​၏။-
NUM 12:7 ငါ​၏​အ​စေ​ခံ​မော​ရှေ​သည်​ကား​ထို​ကဲ့​သို့ သော​ပ​ရော​ဖက်​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သူ​၏​လက်​ဝယ်​၌​ငါ​အပ်​ထား​ပြီ။-
NUM 12:8 သို့​ဖြစ်​၍​ငါ​သည်​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ ရှင်း​လင်း​ပြတ်​သား​စွာ​စ​ကား​ပြော​ဆို​၏။ စ​ကား​ဝှက်​ဖြင့်​ပြော​ဆို​လေ့​မ​ရှိ။ သူ​သည် ငါ​၏​ပုံ​သဏ္ဌာန်​တော်​ကို​ပင်​ဖူး​တွေ့​ခဲ့​ရ​၏။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​မော​ရှေ​ကို အ​ဘယ်​ကြောင့်​အ​ပြစ်​တင်​ပြော​ဆို​ဝံ့ သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
NUM 12:9 ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​အ​မျက်​ထွက် တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ပြန်​လည်​ကြွ သွား​လျက်၊-
NUM 12:10 တဲ​တော်​ပေါ်​မှ​မိုး​တိမ်​တက်​သွား​သည့်​အ​ခါ မိ​ရိ​အံ​တွင် ကြောက်​မက်​ဖွယ်​သော​ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သ​ဖြင့်​တစ်​ကိုယ်​လုံး​ဆွတ်​ဆွတ်​ဖြူ လာ​လေ​၏။ အာ​ရုန်​သည်​မိ​ရိ​အံ​ကိုယ်​၌ ရော​ဂါ စွဲ​သည့်​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သော အ​ခါ၊-
NUM 12:11 မော​ရှေ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​မိုက်​မဲ သော​အ​ပြစ်​ကြောင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။-
NUM 12:12 ဖွား​စ​က​ပင်​ကိုယ်​ခန္ဓာ​တစ်​ဝက်​ကို​ပုပ်​ပျက် သော အ​သေ​ကောင်​ကဲ့​သို့​မိ​ရိအံ​မ​ဖြစ်​ပါ စေ​နှင့်'' ဟု​တောင်း​ပန်​လေ​၏။
NUM 12:13 သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အို ဘု​ရား​သ​ခင်၊ မိ​ရိ​အံ​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း လျှောက်​လေ​၏။
NUM 12:14 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ကယ်​၍ သူ​၏​ဖ​ခင်​သည်​သူ​၏​မျက်​နှာ​ကို​တံ​တွေး နှင့်​ထွေး​လျှင် သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ခွဲ​ခြင်း​ခံ​ရ​မည်​မ​ဟုတ်​လော။ ထို ကြောင့်​သူ့​ကို​စ​ခန်း​အ​ပြင်​တွင်​ခု​နစ်​ရက် မျှ​သီး​ခြား​နေ​ထိုင်​စေ​လော့။ ရက်​စေ့​လျှင် သူ့​ကို​စ​ခန်း​အ​တွင်း​သို့​ပြန်​လည်​ခေါ်​ဆောင် ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 12:15 ထို့​ကြောင့်​မိ​ရိ​အံ​ကို​စ​ခန်း​အ​ပြင်​သို့ ခု​နစ် ရက်​မျှ​သီး​ခြား​နေ​ထိုင်​ရန်​ထုတ်​ထား​ကြ​သည်။ သူ​စ​ခန်း​ထဲ​သို့​ပြန်​ရောက်​မှ​လူ​များ​တို့​သည် ခ​ရီး​ဆက်​ကြ​လေ​သည်။-
NUM 12:16 ထို​နောက်​သူ​တို့​သည်​ဟာ​ဇ​ရုတ်​စ​ခန်း​မှ ထွက်​ခွာ​၍ ပါ​ရန်​ဟု​ခေါ်​သော​တော​ကန္တာ​ရ တွင်​စ​ခန်း​ချ​ကြ​လေ​သည်။
NUM 13:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
NUM 13:2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး​မည့် ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​မှ​ခေါင်း​ဆောင်​တစ်​ဦး​ကျ​စီ ကို​ရွေး​လော့'' ဟု​မိန့်​တော်​မူ​၏။-
NUM 13:3 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း အောက်​ဖော်​ပြ​ပါ​ခေါင်း​ဆောင်​တို့​ကို ပါ​ရန်​တော​ကန္တာ​ရ​မှ​စေ​လွှတ်​လိုက်​လေ​သည်။ အ​နွယ် ခေါင်း​ဆောင် ရု​ဗင် ဇက္ကုရ​၏​သား​ရှ​မွာ ရှိ​မောင် ဟော​ရိ​၏​သား​ရှာ​ဖတ် ယု​ဒ ယေ​ဖုန္နာ​၏​သား​ကာ​လက် ဣ​သ​ခါ ယော​သပ်​၏​သား​ဣ​ဂါ​လ ဧ​ဖ​ရိမ် နုန်​၏​သား​သြ​ရှေ ဗင်္ယာ​မိန် ရာ​ဖု​၏​သား​ပါ​တ​လိ ဇာ​ဗု​လုန် သော​ဒိ​၏​သား​ဂါ​ဒျေ​လ မ​နာ​ရှေ သု​သိ​၏​သား​ဂဒ္ဒိ ဒန် ဂေ​မလ္လိ​၏​သား​အ​မျေလ အာ​ရှာ မိက္ခေလ​၏​သား​သေ​သု​ရ န​ဿ​လိ ဝါ​ဖ​သိ​၏​သား​နာ​ဘိ ဂဒ် မာ​ခိ​၏​သား​ဂွေ​လ
NUM 13:16 ဤ​သူ​တို့​သည်​ကား​ခါ​နာန်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ရန် မော​ရှေ​စေ​လွှတ်​သော​သူ​လျှို များ​ဖြစ်​ကြ​သည်။ မော​ရှေ​သည်​နုန်​၏​သား သြ​ရှေ​ကို​ယော​ရှု​ဟူ​သော​နာ​မည်​သို့​ပြောင်း ၍​မှည့်​ခေါ်​လေ​သည်။
NUM 13:17 မော​ရှေ​သည်​သူ​တို့​ကို​မ​စေ​လွှတ်​မီ``သင်​တို့ သည်​ဤ​အ​ရပ်​မှ​မြောက်​ဘက်​သို့​သွား​၍ ခါ​နာန် ပြည်​တောင်​ပိုင်း​သို့​ဝင်​ပြီး​လျှင်​တောင်​ကုန်း ဒေ​သ​ပေါ်​သို့​တက်​လော့။-
NUM 13:18 ထို​ပြည်​သည်​မည်​ကဲ့​သို့​သော​ပြည်​ဖြစ်​သည်၊ လူ​ဦး​ရေ​မည်​မျှ​ရှိ​သည်၊ အင်​အား​မည်​မျှ တောင့်​တင်း​သည်​ကို​စုံ​စမ်း​ထောက်​လှမ်း​လော့။-
NUM 13:19 ထို​ပြည်​သည်​နေ​ထိုင်​ဖွယ်​ကောင်း​သည်​မ​ကောင်း သည်​ကို​လည်း​ကောင်း၊ မြို့​များ​သည်​တံ​တိုင်း အ​ကာ​အ​ရံ​ရှိ​သည်​မ​ရှိ​သည်​ကို​လည်း ကောင်း​စုံ​စမ်း​ထောက်​လှမ်း​လော့။-
NUM 13:20 ထို​ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​သည်​မ​ထက် သန်​သည် တော​ထူ​ထပ်​သည်​မ​ထူ​ထပ်​သည်​ကို လည်း​စုံ​စမ်း​ထောက်​လှမ်း​လော့။ ထို​ပြည်​မှ​ထွက် သော​သစ်​သီး​အ​ချို့​ကို​လည်း​ယူ​ခဲ့​လော့'' ဟု မှာ​ကြား​လေ​သည်။ (ထို​အ​ချိန်​သည်​စ​ပျစ် သီး​မှည့်​စ​အ​ချိန်​ဖြစ်​၏။)
NUM 13:21 သို့​ဖြစ်​၍​သူ​တို့​သည်​မြောက်​ဘက်​သို့​သွား​ပြီး လျှင် ထို​ပြည်​တောင်​ဘက်​ဇိ​န​ခေါ်​တော​ကန္တာ​ရ မှ​မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​အ​နီး​ရှိ ရ​ဟော​ဘ​မြို့​သို့​တိုင်​အောင်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ကြ​သည်။-
NUM 13:22 ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-)
NUM 13:23 ထို​နောက်​သူ​တို့​သည်​ဧ​ရှ​ကော​လ​ချိုင့်​ဝှမ်း သို့​ရောက်​၍ စ​ပျစ်​သီး​တစ်​ခိုင်​ကို​ဖြတ်​ယူ​ကြ သည်။ ထို​စ​ပျစ်​ခိုင်​မှာ​အ​လွန်​လေး​လံ​သ​ဖြင့် လူ​နှစ်​ယောက်​ထမ်း​ပိုး​လျှို​၍​ထမ်း​ရ​သည်။ သူ တို့​သည်​သ​လဲ​သီး​နှင့်​သ​ဖန်း​သီး​အ​ချို့ ကို​လည်း​ယူ​ခဲ့​ကြ​သည်။-
NUM 13:24 (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ပျစ် ခိုင်​ကို​ဖြတ်​ယူ​သ​ဖြင့် ထို​အ​ရပ်​သည်​ဧ​ရှ ကော​လ​ချိုင့်​ဝှမ်း​ဟု​ခေါ်​တွင်​လေ​သည်။)
NUM 13:25 သူ​လျှို​တို့​သည်​ခါ​နာန်​ပြည်​ကို​ရက်​ပေါင်း လေး​ဆယ်​စုံ​စမ်း​ထောက်​လှမ်း​ပြီး​နောက်၊-
NUM 13:26 မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​စ​ခန်း​ချ​ရာ​ပါ​ရန် တော​ကန္တာ​ရ ရှိ​ကာ​ဒေ​ရှ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ​သည်။ သူ​တို့​သည်​ထို​ပြည်​၌​တွေ့​မြင်​ခဲ့​သ​မျှ​ကို ပြန်​ကြား​၍ သူ​တို့​ယူ​ဆောင်​ခဲ့​သော​သစ်​သီး များ​ကို​ပြ​ကြ​၏။-
NUM 13:27 သူ​တို့​က​မော​ရှေ​အား``အ​ကျွန်ုပ်​တို့​သည်​ထို ပြည်​သို့​သွား​ရောက်​စုံ​စမ်း​ထောက်​လှမ်း​၍ ထို ပြည်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ သြ​ဇာ​ထက်​သန်​ကြောင်း​သိ​ရှိ​ရ​ပါ​၏။ ဤ သစ်​သီး​များ​သည်​ထို​ပြည်​မှ​ထွက်​သော သစ်​သီး​ဖြစ်​ပါ​သည်။-
NUM 13:28 သို့​ရာ​တွင်​ထို​ပြည်​၌​နေ​ထိုင်​သူ​တို့​သည် အင်​အား​ကြီး​၍ တံ​တိုင်း​အ​ကာ​အ​ရံ​ရှိ သော​မြို့​ကြီး​များ​တွင်​နေ​ထိုင်​ကြ​ပါ​သည်။ ထို​မျှ​မ​က​အ​လွန်​ထွား​ကြိုင်း​သော​လူ​မျိုး ၏​အ​ဆက်​အ​နွယ်​များ​ကို​လည်း​တွေ့​မြင် ခဲ့​ရ​ပါ​သည်။-
NUM 13:29 အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ထို​ပြည်​၏ တောင်​ပိုင်း​တွင်​နေ​ထိုင်​၍ ဟိတ္တိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ ခါ​နာန်​အ​မျိုး​သား​တို့​သည်​မြေ​ထဲ​ပင် လယ်​ကမ်း​ခြေ​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​တစ် လျှောက်​၌​လည်း​နေ​ထိုင်​ကြ​ပါ​သည်'' ဟု ဆို​ကြ​၏။
NUM 13:30 သို့​ရာ​တွင်​ကာ​လက်​သည်​မော​ရှေ​၏​ရှေ့​တွင် ညည်း​ညူ​သူ​တို့​အား``ငါ​တို့​သည်​ယ​ခု​ပင်​ထို ပြည်​သို့​ဝင်​ရောက်​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​ပါ စို့။ ငါ​တို့​သည်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင် မြင်​နိုင်​စွမ်း​ရှိ​ပါ​သည်'' ဟု​ဆို​၍​လူ​တို့​ကို ငြိမ်​ဝပ်​သွား​စေ​၏။
NUM 13:31 သို့​သော်​လည်း​ကာ​လက်​နှင့်​အ​တူ​လိုက်​ပါ သွား​သူ​တို့​က``ငါ​တို့​သည်​ထို​ပြည်​ကို​တိုက် ခိုက်​အောင်​မြင်​နိုင်​စွမ်း​မ​ရှိ​ပါ။ ထို​ပြည်​သား တို့​သည်​ငါ​တို့​ထက်​အင်​အား​ကြီး​ပါ​သည်'' ဟု​ဆို​ကြ​၏။-
NUM 13:32 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​စုံ​စမ်း​ထောက် လှမ်း​ခဲ့​သော​ပြည်​အ​ကြောင်း မ​ဟုတ်​မ​မှန် သ​တင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ တွင်​ဖြန့်​ကြ​သည်။ သူ​တို့​က``ထို​ပြည်​၌​ထို ပြည်​သား​တို့​အ​တွက်​ပင်​လျှင်​သီး​နှံ​လောက် အောင်​မ​ထွက်​ပါ။ ငါ​တို့​တွေ့​မြင်​ခဲ့​သော​သူ အ​ပေါင်း​တို့​သည်​အ​လွန်​အ​ရပ်​မြင့်​ကြ​၏။-
NUM 13:33 အ​လွန်​ထွား​ကျိုင်း​သော​အာ​န​က​လူ​မျိုး​၏ အ​ဆက်​အ​နွယ်​များ​ကို​လည်း ငါ​တို့​တွေ့​မြင် ခဲ့​ရ​သည်။ ငါ​တို့​အ​မြင်​အား​ဖြင့်​ငါ​တို့​သည် သူ​တို့​ရှေ့​တွင်​နှံ​ကောင်​များ​သ​ဖွယ်​သေး​ငယ် ပါ​၏။ သူ​တို့​သည်​ငါ​တို့​ကို​နှံ​ကောင်​များ သ​ဖွယ်​မြင်​ပါ​မည်'' ဟု​ဆို​ကြ​လေ​သည်။
NUM 14:1 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​တစ်​ည​လုံး ငို​ကြွေး​မြည်​တမ်း​ကြ​လေ​သည်။-
NUM 14:2 သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``ငါ​တို့ သည်​အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ၊ ဤ​တော​ကန္တာ​ရ ၌​ပင်​ဖြစ်​စေ​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​သေး​သည်။-
NUM 14:3 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ ကို​ထို​ပြည်​သို့​ပို့​ဆောင်​ရ​ပါ​သ​နည်း။ ငါ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ပါ​လိမ့်​မည်။ ငါ တို့​၏​သား​မ​ယား​တို့​သည်​လည်း​ရန်​သူ​ဖမ်း သွား​ခြင်း​ခံ​ရ​ပါ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​သို့ ပြန်​လျှင်​ကောင်း​မည်'' ဟု​ညည်း​ညူ​ကြ​လေ သည်။-
NUM 14:4 ထို​ကြောင့်​သူ​တို့​က``ငါ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​၍ ပို့​ဆောင်​မည့်​ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး ကြ​ပါ​စို့'' ဟူ​၍​အ​ချင်း​ချင်း​ပြော​ဆို​ကြ လေ​သည်။
NUM 14:5 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ အ​ပေါင်း​တို့​ရှေ့​တွင်​မြေ​ပေါ်​၌​ပျပ်​ဝပ် လျက်​နေ​ကြ​၏။-
NUM 14:6 ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သူ​များ အ​နက် နှစ်​ဦး​ဖြစ်​ကြ​သော​နုန်​၏​သား​ယော​ရှု နှင့်​ယေ​ဖုန္နာ​၏​သား​ကာ​လက်​တို့​သည် ဝမ်း​နည်း သည့်​အ​နေ​ဖြင့်​မိ​မိ​တို့​၏​အ​ဝတ်​အင်္ကျီ​များ ကို​ဆုတ်​ဖြဲ​လျက်၊-
NUM 14:7 ``ငါ​တို့​စုံ​စမ်း​ထောက်​လှမ်း​ခဲ့​သော​ပြည် သည်​အ​လွန်​နေ​ထိုင်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​သည်။-
NUM 14:8 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စိတ်​တော်​နှင့် တွေ့​လျှင်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍ မြေ​သြ ဇာ​ထက်​သန်​သော​ထို​ပြည်​သို့​ပို့​ဆောင်​လျက် အ​ပိုင်​စား​ပေး​တော်​မူ​မည်။-
NUM 14:9 ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ခါ​နာန်​ပြည်​သား​တို့​ကို​လည်း​မ​ကြောက်​ရွံ့ ကြ​ပါ​နှင့်။ ငါ​တို့​သည်​သူ​တို့​ကို​လွယ်​ကူ စွာ​တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ သူ​တို့​ကို​ကွယ်​ကာ​စောင့်​ရှောက်​သော​ဘု​ရား များ​ကို​လည်း နှိမ်​နင်း​အောင်​မြင်​တော်​မူ​ပြီး ဖြစ်​၍​မ​ကြောက်​ရွံ့​ကြ​ပါ​နှင့်'' ဟု​လူ​တို့ အား​ပြော​ကြ​၏။-
NUM 14:10 လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား​ကို​ကြား လျှင် သူ​တို့​နှစ်​ဦး​ကို​ကျောက်​ခဲ​ဖြင့်​ပစ်​သတ် ရန်​ကြိုး​စား​အား​ထုတ်​ကြ​လေ​သည်။ သို့​ရာ တွင်​ထို​ခ​ဏ​ချင်း​၌​ထာ​ဝ​ရ​ဘု​ရား​၏ ဘုန်း​ရောင်​ခြည်​တော်​သည် တဲ​တော်​ပေါ်​တွင် ထွန်း​တောက်​နေ​သည်​ကို​သူ​တို့​မြင်​ကြ​၏။
NUM 14:11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ​လူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​ပစ်​ပယ် ကြ​မည်​နည်း။ ငါ​သည်​သူ​တို့​တွင်​အံ့​သြ​ဖွယ် အ​မှု​များ​စွာ​တို့​ကို​ပြ​ခဲ့​သော်​လည်း သူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​မ​ယုံ ကြည်​မ​ကိုး​စား​ဘဲ​နေ​ကြ​မည်​နည်း။-
NUM 14:12 ငါ​သည်​သူ​တို့​ကို​ကပ်​ရော​ဂါ​ဖြင့်​ဖျက်​ဆီး ပစ်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင့်​အား​သူ​တို့ ထက်​သာ​၍​များ​ပြား​၍ တန်​ခိုး​ကြီး​သော​လူ မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 14:13 ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား အား``ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို​တန်​ခိုး တော်​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​ပါ​သည်။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ကိုယ်​တော်​ဘေး ဒဏ်​သင့်​စေ​ကြောင်း​ကြား​ရ​သော​အ​ခါ၊-
NUM 14:14 သူ​တို့​က​ဤ​ပြည်​ရှိ​ပြည်​သား​တို့​အား​သ​တင်း ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​မိုး​တိမ်​သည်​အ​ကျွန်ုပ် တို့​၏​အ​ထက်​တွင်​ထင်​ရှား​စွာ​တည်​နေ​ကြောင်း ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​နေ့​အ​ချိန်​တွင် မိုး​တိမ်​တိုင်၊ ည​အ​ချိန်​တွင်​မီး​တိမ်​တိုင်​အား ဖြင့်​အ​ကျွန်ုပ်​တို့​ရှေ့​မှ​ကြွ​သွား​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဤ​ပြည်​ရှိ​ပြည်​သား​များ​သိ ရ​ပြီး​ဖြစ်​ပါ​သည်။-
NUM 14:15 ယ​ခု​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လျှင် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း ကို​ကြား​ခဲ့​ဖူး​သော​လူ​မျိုး​များ​က၊-
NUM 14:16 ကိုယ်​တော်​သည်​ပေး​မည်​ဟု​က​တိ​ထား​တော်​မူ သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သော​ကြောင့် ဤ​သူ တို့​ကို​တော​ကန္တာ​ရ​၌​အ​ဆုံး​စီ​ရင်​တော်​မူ သည်​ဟု​ပြော​ကြ​ပါ​လိမ့်​မည်။-
NUM 14:17 သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကိုယ်​တော် ၏​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။ ကိုယ်​တော်​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သည်း​ခံ​သော​သ​ဘော​ရှိ ၏။ မေတ္တာ​က​ရု​ဏာ​နှင့်​ကြွယ်​ဝ​၍​ဒု​စ​ရိုက်​အ​ပြစ် နှင့်​ပုန်​ကန်​ခြင်း​အ​ပြစ်​တို့​ကို​လွှတ်​တော်​မူ​၏။ သို့ သော်​လည်း​မိ​ဘ​တို့​၏​အ​ပြစ်​အ​တွက်​သူ​တို့ ၏​သား​မြေး​မှ​စ​၍​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ မျိုး​ဆက်​သို့​တိုင်​အောင်​ပင်​ဒဏ်​ခတ်​တော်​မူ​မည်' ဟု​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ။-
NUM 14:19 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဤ​သူ တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​မှ ယ​နေ့ အ​ထိ​သူ​တို့​ကူး​လွန်​ခဲ့​သော​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ခဲ့​သည့်​နည်း​တူ ကိုယ်​တော် ၏​ကြီး​မား​သော​မေတ္တာ​က​ရု​ဏာ​တော်​နှင့် အ​ညီ ယ​ခု​လည်း​သူ​တို့​ပြု​မိ​သော​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​ရန်​အ​ကျွန်ုပ် တောင်း​လျှောက်​ပါ​၏'' ဟု​ဆု​တောင်း​လေ သည်။
NUM 14:20 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တောင်း​ပန် သည့်​အ​တိုင်း ငါ​သည်​သူ​တို့​၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-
NUM 14:21 ငါ​သည်​အ​သက်​ရှင်​၍​ငါ​၏​ဘုန်း​အ​သ​ရေ တော်​သည် တစ်​ကမ္ဘာ​လုံး​တွင်​ပျံ့​နှံ့​လျက်​ရှိ သည်​အ​တိုင်း၊-
NUM 14:22 ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။-
NUM 14:23 သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။-
NUM 14:24 သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။
NUM 14:26 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့​အား၊-
NUM 14:27 ``ဤ​ဆိုး​ယုတ်​သော​သူ​တို့​သည်​မည်​မျှ​ကာ​လ ပတ်​လုံး​ညည်း​ညူ​လျက်​ရှိ​ကြ​မည်​နည်း။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ညည်း​ညူ​သံ​ကို​ငါ ကြား​ရ​ဖန်​များ​လှ​ပြီ။-
NUM 14:28 ယ​ခု​သူ​တို့​အား​ဤ​သို့​ပြန်​ပြော​လော့။ `ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကိုယ်​ကို​တိုင်​တည်​၍ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​ငါ​ပြု​မည်။-
NUM 14:29 သင်​တို့​သည်​တော​ကန္တာ​ရ​၌​ပင်​သေ​ဆုံး ကြ​လိမ့်​မည်။ ဤ​တော​သည်​သင်​တို့​၏​သင်္ချိုင်း ဖြစ်​လိမ့်​မည်။ သင်​တို့​သည်​ငါ့​ကို​အ​ပြစ်​တင် ညည်း​ညူ​ကြ​သော​ကြောင့် အ​သက်​နှစ်​ဆယ် ကျော်​သူ​တစ်​ယောက်​မျှ​ထို​ပြည်​သို့ မ​ဝင်​ရ။-
NUM 14:30 သင်​တို့​ကို​နေ​ထိုင်​စေ​မည်​ဟု​က​တိ​ထား သော​ပြည်​သို့ ကာ​လက်​နှင့်​ယော​ရှု​မှ​တစ်​ပါး မည်​သူ​မျှ​မ​ဝင်​ရ။-
NUM 14:31 သင်​တို့​၏​သား​သ​မီး​များ​ကို​ရန်​သူ​ဖမ်း​သွား လိမ့်​မည်​ဟု​သင်​တို့​ဆို​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​မ​သွား​လို​သော​ပြည်​သို့​သင်​တို့ ၏​က​လေး​များ​ကို​ပို့​ဆောင်​သ​ဖြင့် သူ​တို့ သည်​ထို​ပြည်​တွင်​နေ​ထိုင်​ရ​လိမ့်​မည်။-
NUM 14:32 သင်​တို့​မူ​ကား​ဤ​တော​ကန္တာ​ရ​၌​သေ​ဆုံး​ရ ကြ​မည်။-
NUM 14:33 သင်​တို့​ယုံ​ကြည်​မှု​ကင်း​မဲ့​သော​ကြောင့်​ဤ တော​ကန္တာ​ရ​၌​သင်​တို့​အ​နက် နောက်​ဆုံး​သော သူ​ကွယ်​လွန်​သည်​အ​ထိ​သင်​တို့​၏​သား​သ​မီး များ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင်​တော ကန္တာ​ရ​၌​လှည့်​လည်​နေ​ထိုင်​ရ​ကြ​မည်။-
NUM 14:34 သင်​တို့​ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ရက်​ပေါင်း​လေး​ဆယ်​အ​တွက် တစ်​ရက်​လျှင် တစ်​နှစ်​ကျ​ဖြင့်​သင်​တို့​၏​အ​ပြစ်​ဒဏ်​ကို​နှစ် ပေါင်း​လေး​ဆယ်​ခံ​ရ​ကြ​မည်။ သင်​တို့​သည်​ငါ ၏​ပစ်​ပယ်​ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
NUM 14:35 ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ဆိုး​သွမ်း​သည့် သင်​တို့​အ​ပေါင်း​ကို ငါ​သည်​မု​ချ​ဒဏ်​ခတ်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​တော​ကန္တာ​ရ​တွင်​သေ ကြေ​ပျက်​စီး​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
NUM 14:36 ခါ​နာန်​ပြည်​ကို​စုံ​စမ်း​ထောက်​လှမ်း​ရန်​မော​ရှေ စေ​လွှတ်​သော​သူ​တို့​သည် မ​မှန်​သ​တင်း​ကို​ယူ ဆောင်​ခဲ့​ကြ​သ​ဖြင့် ကြား​ရ​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​တင်​ညည်း​တွား ကြ​၏။ ထို့​ကြောင့်​ထာဝ​ရ​ဘု​ရား​သည်​မ​မှန် သ​တင်း​ယူ​ဆောင်​လာ​ခဲ့​သူ​တို့​အား ကပ် ရော​ဂါ​ဖြင့်​သေ​ဆုံး​စေ​တော်​မူ​၏။-
NUM 14:38 စုံ​စမ်း​ထောက်​လှမ်း​သူ​တစ်​ဆယ့်​နှစ်​ဦး​အ​နက် ယော​ရှု​နှင့်​ကာ​လက်​သာ​လျှင်​အ​သက်​ချမ်း သာ​ရာ​ရ​လေ​သည်။
NUM 14:39 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ကြား သော​အ​ခါ သူ​တို့​သည်​အ​လွန်​ဝမ်း​နည်း ကြေ​ကွဲ​ကြ​၏။-
NUM 14:40 နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​တွင် သူ​တို့ သည်​တောင်​ကုန်း​ဒေ​သ​ကို​ဝင်​ရောက်​သိမ်း​ပိုက် ရန်​စ​တင်​ချီ​တက်​ကြ​လေ​သည်။ သူ​တို့​က``ထာ ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယ​ခု​ငါ​တို့​သွား​ပါ​မည်။ ငါ​တို့​ပြစ်​မှား​မိ ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ဆို​ကြ​လေ​သည်။
NUM 14:41 သို့​ရာ​တွင်​မော​ရှေ​က``သင်​တို့​အ​ဘယ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို ယ​ခု​မ​နာ ခံ​ကြ​သ​နည်း။ သင်​တို့​အ​ကြံ​အောင်​မြင်​မည် မ​ဟုတ်။-
NUM 14:42 မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​အ​တူ​မ​ရှိ​သ​ဖြင့် ရန်​သူ​တို့​သည်​သင် တို့​ကို​အ​နိုင်​ရ​လိမ့်​မည်။-
NUM 14:43 သင်​တို့​သည်​အာ​မ​လက်​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား​တို့​နှင့်​ယှဉ်​ပြိုင်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​ကျ​ဆုံး​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပစ်​ခြင်း​ကြောင့် ကိုယ်​တော်​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်​မ​ဟုတ်'' ဟု​ဆို လေ​၏။
NUM 14:44 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​ကောင်း၊ မော​ရှေ​သည်​လည်း​ကောင်း​စ​ခန်း​မှ မ​ထွက်​ခွာ​သော်​လည်း သူ​တို့​သည်​တောင်​ကုန်း ဒေ​သ​သို့​အ​ရဲ​စွန့်​၍​ချီ​တက်​ကြ​လေ​သည်။-
NUM 14:45 ထို​အ​ရပ်​၌​နေ​ထိုင်​ကြ​သော​အာ​မ​လက် အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် သူ​တို့​တိုက်​ခိုက်​အောင်​မြင်​၍ သူ​တို့​ကို​ဟော မာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​လေ​သည်။
NUM 15:1 ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ​မည့်​ပြည် တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ​ရန် ပ​ညတ်​များ​ကို၊-
NUM 15:2 မော​ရှေ​မှ​တစ်​ဆင့်​အောက်​ပါ​အ​တိုင်း ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။-
NUM 15:3 ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့ ရာ​ယဇ်​ဖြစ်​စေ၊ သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ်​ဖြစ် စေ၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သော​သ​ကာ ကို​ဖြစ်​စေ​ကျင်း​ပ​မြဲ​ဘာ​သာ​ရေး​ပွဲ​တော် များ​၌ ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို​ဖြစ် စေ​ပူ​ဇော်​သည့်​အ​ခါ သိုး၊ နွား၊ ဆိတ်​တို့​ကို ပူ​ဇော်​နိုင်​သည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။-
NUM 15:4 ထာ​ဝ​ရ​ဘု​ရား​အား​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​သော​သူ​သည် ယဇ် ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​အ​ဖြစ် သံ​လွင် ဆီ​နှစ်​ပိုင့်​နှင့်​ရော​ထား​သော​မုန့်​ညက်​နှစ်​ပေါင် အ​ပြင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လည်း​ယူ​ဆောင် ခဲ့​ရ​မည်။-
NUM 15:6 သိုး​ထီး​ကို​ပူ​ဇော်​သည့်​အ​ခါ​ဘော​ဇဉ် သကာ​အ​ဖြစ် သံ​လွင်​ဆီ​သုံး​ပိုင့်​နှင့်​ရော ထား​သော​မုန့်​ညက်​လေး​ပေါင်​အ​ပြင်၊-
NUM 15:7 စ​ပျစ်​ရည်​သုံး​ပိုင့်​ကို​လည်း​ဆက်​သ​ရ​မည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-
NUM 15:8 ထာ​ဝ​ရ​ဘု​ရား​အား​နွား​ထီး​ကို​မီး​ရှို့ ရာ​ယဇ်​သို့​မ​ဟုတ်​သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ် သို့​မ​ဟုတ်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ ဇော်​သော​အ​ခါ၊-
NUM 15:9 သံ​လွင်​ဆီ​လေး​ပိုင့်​နှင့်​ရော​ထား​သော​မုန့် ညက်​ခြောက်​ပေါင်​အ​ပြင်၊-
NUM 15:10 စ​ပျစ်​ရည်​လေး​ပိုင့်​ကို​ဆက်​သ​ရ​မည်။ ဤ သကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။
NUM 15:11 ဤ​သကာ​များ​သည် သိုး၊ နွား၊ ဆိတ်​တို့​နှင့်​ပူ​ဇော် ရ​မည့်​သကာ​များ​ဖြစ်​သည်။-
NUM 15:12 ယဇ်​ကောင်​တစ်​ကောင်​ထက်​ပို​၍​ပူ​ဇော်​သည့် အ​ခါ တွဲ​ဖက်​ပူ​ဇော်​ရ​မည့်​သကာ​များ​ကို လည်း​အ​ချိုး​ကျ​တိုး​မြှင့်​ပူ​ဇော်​ရ​မည်။-
NUM 15:13 တိုင်း​ရင်း​ဖွား​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော ရ​နံ့​အ​ဖြစ် သ​ကာ​ကို​ဆက်​သ​ရာ​၌​ထို​နည်း အ​တိုင်း​လိုက်​နာ​ရ​မည်။-
NUM 15:14 အ​မြဲ​ဖြစ်​စေ၊ ယာ​ယီ​ဖြစ်​စေ​သင်​တို့​နှင့် အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့ အ​ဖြစ်​သကာ​ကို​ဆက်​သ​သည့်​အ​ခါ ဖော်​ပြ ပါ​ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ဆက်​သ ရ​မည်။-
NUM 15:15 သင်​တို့​တွင်​တည်း​ခို​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သင်​တို့​နှင့်​လူ မျိုး​ခြား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ညီ​တူ​ညီ​မျှ​ဖြစ်​ကြ​သ​ဖြင့်၊-
NUM 15:16 သင်​တို့​နှင့်​သူ​တို့​အ​တွက်​ပြ​ဋ္ဌာန်း​ချက်​များ သည်​လည်း တ​ပြေး​ညီ​ဖြစ်​စေ​ရ​မည်။
NUM 15:17 ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ​မည့်​ပြည် တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လိုက်​နာ ရန်​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့် အောက်​ပါ​အ​တိုင်း​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။-
NUM 15:19 ထို​ပြည်​မှ​ထွက်​သော​သီး​နှံ​ကို​စား​သုံး​ကြ သော​အ​ခါ အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-
NUM 15:20 ကောက်​သစ်​မှ​ရ​သော​မုန့်​ညက်​ဖြင့်​လုပ်​သည့် အ​ဦး​ဆုံး​မုန့်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​ရ​မည်။ ကောက်​နယ်​တ​လင်း​မှ​ရ​သော​စ​ပါး​ကို အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​သ​သည့်​နည်း တူ​ဤ​မုန့်​ကို​ဆက်​သ​ရ​မည်။-
NUM 15:21 သင်​တို့​ဖုတ်​သော​မုန့်​မှ​ဤ​အ​ထူး​လှူ​ဖွယ် ကို​ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​အ​မျိုး အ​စဉ်​အ​ဆက်​ပူ​ဇော်​ဆက်​သ​ရ​မည်။
NUM 15:22 အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သည်​ဤ​ပ​ညတ် အ​ချို့​ကို အ​မှတ်​မ​ထင်​ဖောက်​ဖျက်​မိ​လျှင် သော်​လည်း​ကောင်း၊-
NUM 15:23 နောင်​အ​ခါ​တွင်​တစ်​မျိုး​သား​လုံး​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း သော​ပ​ညတ်​ရှိ​သ​မျှ​အ​တိုင်း​မ​ကျင့် လျှင်​သော်​လည်း​ကောင်း၊-
NUM 15:24 မ​သိ​မှား​ယွင်း​ခြင်း​ဖြစ်​ခဲ့​သည်​ရှိ​သော် သူ​တို့​သည် နွား​ထီး​တစ်​ကောင်​ကို​မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ ထို​သ​ကာ​ရ​နံ့ ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ထို ယဇ်​ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည်​သကာ​တို့​ကို​လည်း​တွဲ​ဖက် ဆက်​သ​ရ​မည်။ ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​ဆိတ်​ထီး​တစ်​ကောင်​ကို လည်း​ပူ​ဇော်​ရ​မည်။-
NUM 15:25 ယဇ်​ပု​ရော​ဟိတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​အ​တွက် သန့်​စင်​ခြင်း​ဝတ် ကို​ပြု​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​ပြစ် လွတ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​အ​မှတ်​မ​ထင်​မှား​ယွင်း​မိ​၍ ပူ​ဇော် သကာ​အ​ဖြစ်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင် ခဲ့​သော​ကြောင့်​ဖြစ်​သည်။-
NUM 15:26 လူ​ထု​တစ်​ရပ်​လုံး​တွင်​ပါ​ဝင်​သူ​တိုင်း​သည် အ​မှတ်​မ​ထင်​မှား​ယွင်း​မိ​သည်​ဖြစ်​ရာ ဣ​သ ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​၏​အ​ပြစ် လွတ်​လိမ့်​မည်။
NUM 15:27 အ​ကယ်​၍​တစ်​ဦး​တစ်​ယောက်​သည်​အ​မှတ် မ​ထင်​ပြစ်​မှား​မိ​လျှင် ထို​သူ​သည်​တစ်​နှစ် သား​ဆိတ်​မ​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။-
NUM 15:28 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ် မှ​လွတ်​လိမ့်​မည်။-
NUM 15:29 ဤ​ပ​ညတ်​သည်​အ​မှတ်​မ​ထင်​အ​ပြစ်​ပြု မိ​သော တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​တွက်​ဖြစ်​စေ၊ အ​တူ​တ​ကွ​နေ​ထိုင် သော​လူ​မျိုး​ခြား​အ​တွက်​ဖြစ်​စေ အ​ပြစ် ဖြေ​ရန်​လိုက်​နာ​ရ​မည့်​ပညတ်​ဖြစ်​သည်။
NUM 15:30 တိုင်း​ရင်း​ဖွား​ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​တ​မင်​သက်​သက်​အ​ပြစ် ပြု​မိ​လျှင်​မူ​ကား ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ်​သော​ကြောင့် သူ့​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
NUM 15:31 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​ပစ်​ပယ်​၍ ပ​ညတ်​တော် ကို​တ​မင်​သက်​သက်​ချိုး​ဖောက်​သော​ကြောင့် ဖြစ်​သည်။ သူ​သည်​အ​ပြစ်​အ​လျောက်​သေ ဒဏ်​ခံ​ရ​မည်။
NUM 15:32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တော​ကန္တာ​ရ ၌​ရှိ​သော​အ​ခါ တစ်​နေ့​သော​ဥ​ပုသ်​နေ့​၌​လူ တစ်​ယောက်​ထင်း​ခွေ​လျက်​နေ​သည်​ကို​တွေ့​ရှိ ကြ​သည်။-
NUM 15:33 ထို​သူ​အား​မော​ရှေ၊ အာ​ရုန်​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ခေါ် ဆောင်​ခဲ့​ကြ​သည်။-
NUM 15:34 သူ့​အား​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​ကို​မ​သိ သ​ဖြင့်​ချုပ်​နှောင်​ထား​ကြ​သည်။-
NUM 15:35 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ထို​သူ အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​စ​ခန်း​အ​ပြင်​၌​သူ့ ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။-
NUM 15:36 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ် ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ကြ​လေ​သည်။
NUM 15:37 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုးသား​တို့​အား၊-
NUM 15:38 ``သင်​တို့​၏​အ​ဝတ်​အင်္ကျီ​ထောင့်​စွန်း​များ တွင်​ပန်း​ပွား​များ​ပြု​လုပ်​၍ ပန်း​ပွား​တစ်​ခု စီ​တွင်​ကြိုး​ပြာ​တပ်​ထား​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​ဤ​ပ​ညတ်​ကို​စောင့် ထိန်း​ရ​မည်။-
NUM 15:39 သင်​တို့​သည်​ပန်း​ပွား​များ​ကို​မြင်​သည့် အ​ခါ​တိုင်း ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို သ​တိ​ရ​၍​လိုက်​နာ​ကျင့်​ဆောင်​ကြ​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ မိ​မိ​တို့​အ​လို​အ​တိုင်း​ပြု​မူ​ကျင့်​ဆောင် ကြ​မည်​မ​ဟုတ်​တော့​ချေ။-
NUM 15:40 ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​ရန် ပန်း​ပွား​များ​က သင်​တို့​ကို​သ​တိ​ပေး သ​ဖြင့်​သင်​တို့​သည်​ငါ့​အ​တွက်​ဆက်​ကပ် ထား​သော​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။-
NUM 15:41 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သင်​တို့​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
NUM 16:1 လေ​ဝိ​အ​နွယ်​ဝင်၊ ကော​ဟတ်​၏​သား​ချင်း​စု​မှ ဣ​ဇ​ဟာ​၏​သား​ကော​ရ​သည်​မော​ရှေ​ကို​ပုန် ကန်​လေ​၏။ သူ​နှင့်​ကြံ​ရာ​ပါ​များ​မှာ​ရု​ဗင် အ​နွယ်​ဝင်​သုံး​ဦး​တို့​ဖြစ်​ကြ​သည်။ ထို​သူ တို့​မှာ​ဧ​လျာ​ဘ​၏​သား​များ​ဖြစ်​သော ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်​၏​သား​သြ​န တို့​ဖြစ်​ကြ​သည်။ သူ​တို့​ဘက်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​နှစ်​ရာ့​ငါး​ဆယ် လည်း​ပါ​ဝင်​သည်။-
NUM 16:3 ထို​သူ​အ​ပေါင်း​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ရှေ့​တွင်​စု​ရုံး​ရောက်​ရှိ​လာ​၍``သင်​တို့​၏ အ​ပြု​အ​မူ​မှာ​လွန်​ကဲ​လေ​ပြီ။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​၍ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​မျိုး​သား​လုံး​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ သို့ ဖြစ်​၍​မော​ရှေ​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ရိ​သတ်​အ​ပေါ်​မှာ​မိ​မိ​ကိုယ် ကို​ချီး​မြှောက်​ရ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။
NUM 16:4 မော​ရှေ​သည်​သူ​တို့​ပြော​ဆို​သော​စ​ကား ကို​ကြား​လျှင် မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​ဆု တောင်း​လေ​၏။-
NUM 16:5 ထို​နောက်​သူ​သည်​ကော​ရ​နှင့်​အ​ပေါင်း​ပါ​တို့ အား``နက်​ဖြန်​နေ့​နံ​နက်​တွင်​ထာ​ဝ​ရ​ဘု​ရား သည်​မည်​သူ့​ကို​ရွေး​ကောက်​ကြောင်း​ပြ​တော် မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ရွေး​ကောက် သော​သူ​အား​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​အ​နီး သို့​ချဉ်း​ကပ်​စေ​တော်​မူ​မည်။-
NUM 16:6 နက်​ဖြန်​နေ့​နံ​နက်​တွင်​သင်​နှင့်​သင်​၏​နောက် လိုက်​တို့​သည်​မီး​ကျီး​ခံ​အိုး​များ​တွင်​မီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ကို​ထည့်​၍​ယဇ်​ပလ္လင်​သို့​ယူ ဆောင်​သွား​လော့။ ထို​အ​ခါ​မည်​သူ့​အား ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​သိ​ရ​ကြ​လိမ့်​မည်။ လေ​ဝိ​အ​နွယ်​ဝင် ဖြစ်​သော​သင်​တို့​သာ​လျှင်​လွန်​ကဲ​သော အ​မှု​ကို​ပြု​သူ​များ​ဖြစ်​သည်'' ဟု​ဆို လေ​၏။
NUM 16:8 တစ်​ဖန်​မော​ရှေ​သည်​ကော​ရ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့၊ နား​ထောင်​လော့။-
NUM 16:9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​ချဉ်း​ကပ်​ရန် ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​တွင်​အ​မှု​ထမ်း​ရန်​နှင့် တစ်​မျိုး သား​လုံး​၏​အ​မှု​ကို​ဆောင်​ရွက်​ရန်​သီး သန့်​ရွေး​ချယ်​တော်​မူ​၏။ ဤ​အ​ခွင့်​အ​ရေး သည်​သေး​သိမ်​သော​အ​ခွင့်​အ​ရေး​မ​ဟုတ်။-
NUM 16:10 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​တ​ကွ​အ​ခြား သော​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ဤ​အ​ခွင့် အ​ရေး​ကို​ပေး​ထား​ပါ​လျက်​နှင့်​ယ​ခု​သင် တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​တောင်း​ဆို လာ​ကြ​ပါ​သည်​တ​ကား။-
NUM 16:11 သင်​နှင့်​သင်​၏​နောက်​လိုက်​အ​ပေါင်း​တို့​က အာ​ရုန်​ကို​အ​ပြစ်​တင်​ကြ​ခြင်း​သည်​စင်​စစ် အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခြင်း ပင်​ဖြစ်​သည်'' ဟု​ပြော​လေ​၏။
NUM 16:12 ထို​နောက်​မော​ရှေ​သည်​ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​ကို​ဆင့်​ခေါ်​သော်​လည်း သူ​တို့​သည်​မ လာ​ကြ။-
NUM 16:13 သူ​တို့​က``သင်​သည်​ငါ​တို့​ကို​တော​ကန္တာ​ရ​၌ သေ​ကုန်​စေ​ခြင်း​ငှာ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ သော​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပြီ​မ​ဟုတ် လော။ ယ​ခု​သင်​သည်​ငါ​တို့​အ​ပေါ်​တွင်​မင်း မူ​လို​ပါ​သ​လော။-
NUM 16:14 သင်​သည်​ငါ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သေး​သည်​သာ မ​က ငါ​တို့​ပိုင်​ဆိုင်​ရန်​လယ်​ယာ​မြေ​နှင့်​စ​ပျစ် ဥ​ယျာဉ်​များ​ကို​လည်း​မ​ပေး​နိုင်။ သင်​သည် ငါ​တို့​အား​လှည့်​စား​ဦး​မည်​ကြံ​သ​လော။ ငါ​တို့​သင့်​ထံ​သို့​မ​လာ'' ဟု​ဆို​ကြ​၏။
NUM 16:15 ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​ကို​အ​လွန် အ​မျက်​ထွက်​၍ ထာ​ဝ​ရ​ဘု​ရား​အား``ဤ​သူ တို့​ဆက်​သ​သော​ပူ​ဇော်​သကာ​ကို​လက်​ခံ တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​သူ​တို့​တစ် ဦး​တစ်​ယောက်​ကို​မျှ​မ​တော်​မ​တ​ရား​မ​ပြု လုပ်​ခဲ့​ပါ။ သူ​တို့​ထံ​မှ​မြည်း​တစ်​ကောင်​မျှ မ​သိမ်း​မ​ယူ​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။
NUM 16:16 မော​ရှေ​က​ကော​ရ​အား``နက်​ဖြန်​နေ့​တွင် သင်​နှင့်​တ​ကွ သင်​၏​နောက်​လိုက်​သူ​နှစ်​ရာ့ ငါး​ဆယ်​တို့​သည်​တဲ​တော်​သို့​လာ​ရ​ကြ မည်။ အာ​ရုန်​သည်​လည်း​တဲ​တော်​တွင်​ရှိ လိမ့်​မည်။-
NUM 16:17 သင်​တို့​အ​သီး​သီး​သည်​ယဇ်​ပလ္လင်​၌​ဆက် သ​ရန် မိ​မိ​၏​မီး​ကျီး​ခံ​အိုး​တွင်​နံ့​သာ ပေါင်း​ထည့်​၍​ယူ​ခဲ့​ရ​မည်'' ဟု​ဆို​၏။-
NUM 16:18 ထို​ကြောင့်​လူ​တိုင်း​ပင်​မိ​မိ​၏​မီး​ကျီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ထည့်​၍​မော​ရှေ၊ အာ​ရုန်​တို့ နှင့်​အ​တူ​တဲ​တော်​တံ​ခါး​ဝ​၌​ရပ်​နေ ကြ​သည်။-
NUM 16:19 ကော​ရ​သည်​လူ​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ ၍​တဲ​တော်​တံ​ခါး​ဝ​တွင် မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​မျက်​နှာ​ချင်း​ဆိုင်​၍​ရပ်​နေ​စေ​သည်။ ထို​ခ​ဏ​ချင်း​တွင်​လူ​အ​ပေါင်း​တို့​ရှေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​လေ​သည်။-
NUM 16:20 ထာဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊-
NUM 16:21 ဤ​သူ​တို့​အ​နီး​အ​ပါး​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့​ကို​ယ​ခု​ချက်​ချင်း​ဖျက် ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 16:22 သို့​ရာ​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ ပေါ်​တွင်​ပျပ်​ဝပ်​၍`အို ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​အ​သက် သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ လူ​တစ်​ဦး​တစ် ယောက်​၏​အ​ပြစ်​ကြောင့်​တစ်​မျိုး​သား​လုံး ကို​အ​မျက်​ထွက်​တော်​မူ​မည်​လော'' ဟု လျှောက်​ထား​လေ​သည်။
NUM 16:23 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
NUM 16:24 ``လူ​အ​ပေါင်း​တို့​ကို​ကော​ရ၊ ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​၍ နေ​ကြ​ရန်​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
NUM 16:25 ထို​အ​ခါ​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​ထံ​သို့​သွား​လေ​သည်။-
NUM 16:26 သူ​သည်​လူ​အ​ပေါင်း​တို့​အား``ဤ​ဆိုး​ယုတ် သော​သူ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​နေ ကြ​လော့။ သူ​တို့​နှင့်​ဆိုင်​သော​ပစ္စည်း​တစ်​စုံ တစ်​ခု​ကို​မျှ​လက်​ဖြင့်​မ​ထိ​ကြ​နှင့်။ ငါ ၏​စ​ကား​ကို​နား​မ​ထောင်​လျှင်​သင်​တို့ သည်​သူ​တို့​၏​အ​ပြစ်​ကြောင့် သူ​တို့​နှင့် အ​တူ​ပျက်​စီး​ကြ​ရ​လိမ့်​မည်'' ဟု သ​တိ​ပေး​လေ​၏။-
NUM 16:27 သို့​ဖြစ်​၍​သူ​တို့​သည်​ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​၏​တဲ​များ​မှ​ဝေး​ရာ​သို့ ခွာ​သွား​ကြ​လေ​သည်။ ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​သည်​သား​မ​ယား များ​နှင့်​အ​တူ​ထွက်​၍ မိ​မိ​တို့​တဲ​ဝ​၌​ရပ် နေ​ကြ​သည်။-
NUM 16:28 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​၍​ဤ အ​မှု​အ​လုံး​စုံ​တို့​ကို​ငါ​ပြု​လုပ်​ကြောင်း၊ ငါ့​အ​လို​အ​တိုင်း​ပြု​လုပ်​ခြင်း​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သိ​နိုင်​မည့်​နည်း​မှာ​ဤ သို့​တည်း။-
NUM 16:29 ဤ​သူ​တို့​သည်​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​သည် မ​ဟုတ်​ဘဲ​ဋ္ဌမ္မ​တာ​အ​လျောက် သေ​ဆုံး​သည်​ရှိ သော်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​စေ​လွှတ် ခြင်း​မဟုတ်​ဟု​သိ​မှတ်​ကြ​လော့။-
NUM 16:30 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘုရား​သည်​ယ​ခင်​က မ​ကြား​စ​ဖူး​သော​အ​မှု​ကို​ပြု​တော်​မူ​ခြင်း အား​ဖြင့် သူ​တို့​နှင့်​တ​ကွ​သူ​တို့​ပိုင်​ဆိုင်​သ​မျှ ပစ္စည်း​များ​ကို​မြေ​မျို​လိုက်​သော​ကြောင့် သူ​တို့ သည်​အ​ရှင်​လတ်​လတ်​သေ​ဆုံး​ကြ​သော် သူ တို့​ကို​ထာ​ဝ​ရ​ဘု​ရား​ပစ်​ပယ်​သည်​ဟု​သိ မှတ်​ကြ​လော့'' ဟု​လူ​အ​ပေါင်း​တို့​အား​ပြော လေ​သည်။
NUM 16:31 မော​ရှေ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက် ဒါ​သန်​နှင့်​အ​ဘိ​ရံ​အောက်​တွင်​ရှိ​သော မြေ​သည်​ကွဲ​အက်​၍၊-
NUM 16:32 သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​သား​မ​ယား​များ၊ ကော​ရ​၏​နောက်​လိုက်​များ​နှင့်​သူ​တို့​ပိုင်​ဆိုင် သ​မျှ​ပစ္စည်း​များ​ကို​မြေ​မျို​လေ​၏။-
NUM 16:33 ထို​သို့​အား​ဖြင့်​သူ​တို့​ပိုင်​ဆိုင်​သ​မျှ​ပစ္စည်း တို့​နှင့်​အ​တူ သူ​တို့​သည်​သေ​မင်း​နိုင်​ငံ​သို့ အ​ရှင်​လတ်​လတ်​သက်​ဆင်း​ရ​ကြ​လေ​သည်။ သူ​တို့​သည်​မြေ​မျို​သ​ဖြင့်​ပျောက်​ကွယ် သွား​ကြ​လေ​၏။-
NUM 16:34 ထို​အ​ရပ်​တွင်​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​၏​အော် ဟစ်​သံ​ကို​ကြား​ရ​သော​အ​ခါ``ပြေး​ကြ၊ ငါ​တို့​လည်း​မြေ​မျို​ခံ​ရ​လိမ့်​မည်'' ဟု အော်​ဟစ်​ကြ​၏။
NUM 16:35 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​လောင်​မီး​ကျ စေ​၍ နံ့​သာ​ပေါင်း​ဆက်​သ​သော​သူ​နှစ်​ရာ့ ငါး​ဆယ်​ကို​မီး​လောင်​ကျွမ်း​စေ​၏။
NUM 16:36 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
NUM 16:37 ``ကြေး​ဝါ​မီး​ကျီး​ခံ​အိုး​များ​သည်​ဆက်​ကပ် ထား​သော​ပစ္စည်း​များ​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ​အား ထို​မီး ကျီး​ခံ​အိုး​များ​ကို​မီး​လောင်​သေ​ဆုံး​သူ​တို့ ထံ​မှ​သိမ်း​ယူ​ပြီး​လျှင်​မီး​ခဲ​များ​ကို​တစ် နေ​ရာ​တွင်​သွန်​ချ​စေ​လော့။-
NUM 16:38 ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တွင်​နံ့​သာ​ပေါင်း မီး​ရှို့​ဆက်​သ​ရာ မီး​ကျီး​ခံ​အိုး​များ​ကို အ​သုံး​ပြု​သော​ကြောင့် ယင်း​တို့​သည်​ဆက် ကပ်​ထား​သော​ပစ္စည်း​များ​ဖြစ်​၏။ သို့​ဖြစ်​၍ မိ​မိ​တို့​၏​အ​ပြစ်​ကြောင့်​သေ​ဆုံး​ရ​သူ တို့​ထံ​မှ မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​ပြီး လျှင်​အ​ပြား​ခတ်​၍​ယဇ်​ပလ္လင်​ကို​ဖုံး​အုပ် လော့။ ထို​ကြေး​ဝါ​ပြား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သ​တိ​တ​ရား ရ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 16:39 ထို​ကြောင့်​ယဇ်​ပု​ရောဟိတ်​ဧ​လာ​ဇာ​သည် မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​၍ ယဇ်​ပလ္လင် ကို​ဖုံး​ရန်​အ​ပြား​ခတ်​လေ​သည်။-
NUM 16:40 အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။
NUM 16:41 နောက်​တစ်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဝင် အ​ချို့​ကို​သတ်​ပစ်​ကြ​ပြီ'' ဟု​အ​ပြစ်​တင်​ကြ လေ​သည်။-
NUM 16:42 သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​အ​ပြစ် တင်​ရန်​စု​ဝေး​လာ​ပြီး​နောက်​တဲ​တော်​ဘက်​သို့ မျှော်​ကြည့်​ရာ မိုး​တိမ်​သည်​တဲ​တော်​ကို​ဖုံး​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း တောက်​သည်​ကို​မြင်​ရ​လေ​သည်။-
NUM 16:43 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​တဲတော် ရှေ့​သို့​ချဉ်း​ကပ်​၍​ရပ်​နေ​ကြ​၏။-
NUM 16:44 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
NUM 16:45 ``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-
NUM 16:46 မော​ရှေ​က​အာ​ရုန်​အား``သင်​၏​မီး​ကျီး​ခဲ များ​ကို​ယူ​၍​ထည့်​ပြီး​လျှင်​နံ့​သာ​ပေါင်း ကို​မီး​ကျီး​ခဲ​ပေါ်​တွင်​တင်​လော့။ ထို​နောက် မီး​ကျီး​ခံ​အိုး​ကို​လူ​အ​ပေါင်း​တို့​ထံ​သို့ အ​လျင်​အ​မြန်​ယူ​ဆောင်​သွား​ပြီး​လျှင်​သူ တို့​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ကို​အ​မျက် ထွက်​သ​ဖြင့်​သူ​တို့​တွင်​ရော​ဂါ​ဆိုက်​ရောက် စေ​ပြီ'' ဟု​ဆို​လေ​၏။-
NUM 16:47 မော​ရှေ​စေ​ခိုင်း​သည်​အ​တိုင်း​အာ​ရုန်​သည် မီး​ကျီး​ခံ​အိုး​ကို​ယူ​၍​လူ​အ​စု​အ​ဝေး ထဲ​သို့​ပြေး​ဝင်​လေ​သည်။ သူ​သည်​လူ​တို့​တွင် ရော​ဂါ​ကပ်​ဆိုက်​ရောက်​လျက်​ရှိ​ကြောင်း​တွေ့ မြင်​လျှင်​မီး​ခဲ​များ​ပေါ်​၌​နံ့​သာ​ပေါင်း ကို​တင်​လျက်​သူ​တို့​အ​တွက်​သန့်​စင်​ခြင်း ဝတ်​ကို​ပြု​လေ​၏။-
NUM 16:48 ထို​အ​ခါ​ရော​ဂါ​အန္တ​ရာယ်​ပ​ပျောက်​သွား သ​ဖြင့် သူ​သည်​သေ​သူ​နှင့်​ရှင်​သူ​တို့​၏ အ​လယ်​တွင်​ရပ်​လျက်​ရှိ​၏။-
NUM 16:49 ကော​ရ​ပုန်​ကန်​မှု​ကြောင့်​သေ​ဆုံး​သူ​များ အ​ပြင်​ရော​ဂါ​ကပ်​ကြောင့်​သေ​ဆုံး​သူ အ​ပေါင်း​မှာ​တစ်​သောင်း​လေး​ထောင့်​ခု​နစ် ရာ​ယောက်​ဖြစ်​သည်။-
NUM 16:50 ရော​ဂါ​အန္တ​ရာယ်​ပ​ပျောက်​သွား​ပြီး​နောက် အာ​ရုန်​သည်​မော​ရှေ​ရှိ​ရာ​တဲ​တော်​တံ​ခါး​ဝ သို့​ပြန်​လာ​ခဲ့​လေ​သည်။
NUM 17:1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
NUM 17:2 ``ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​၏​ဦး​စီး​ခေါင်း ဆောင်​တို့​ထံ​မှ တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ကျ​ဖြင့် တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို​သင့် ထံ​သို့​ယူ​ဆောင်​လာ​စေ​လော့။ ခေါင်း​ဆောင်​တစ် ဦး​စီ​သည်​မိ​မိ​၏​နာ​မည်​ကို​တောင်​ဝှေး​ပေါ် တွင်​ရေး​ရ​မည်။-
NUM 17:3 လေ​ဝိ​အ​နွယ်​၏​တောင်​ဝှေး​ပေါ်​တွင်​အာ​ရုန် ၏​နာ​မည်​ကို​ရေး​ရ​မည်။ အ​နွယ်​ဦး​စီး​ခေါင်း ဆောင်​တစ်​ဦး​လျှင်​တောင်​ဝှေး​တစ်​ချောင်း ရှိ​ရ​မည်။-
NUM 17:4 တောင်​ဝှေး​များ​ကို​ငါ​စံ​တော်​မူ​ရာ​တဲ တော်​သို့​ယူ​ဆောင်​၍​သင့်​ကို​ငါ​တွေ့​ဆုံ​ရာ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ထား​လော့။-
NUM 17:5 ငါ​ရွေး​ကောက်​သော​သူ​၏​တောင်​ဝှေး​မှ အ​ညှောက်​ထွက်​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သင့်​အား မ​ကြာ​ခ​ဏ​ညည်း​ညူ​အ​ပြစ်​တင်​ခြင်း ပြု​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
NUM 17:6 သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​သ​ဖြင့် အ​နွယ်​ဦး​စီး ခေါင်း​ဆောင်​တစ်​ဦး​စီ​က​တောင်​ဝှေး​တစ် ချောင်း​ကျ တောင်​ဝှေး​တစ်​ဆယ့်​နှစ်​ချောင်း​ကို သူ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​သည်။ အာ​ရုန်​၏ တောင်​ဝှေး​သည်​တစ်​ဆယ့်​နှစ်​ချောင်း​တွင် ပါ​ဝင်​၏။-
NUM 17:7 ထို​နောက်​မော​ရှေ​သည်​တဲ​တော်​ထဲ​ရှိ​ထာ​ဝ​ရ ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​တောင်​ဝှေး များ​ကို​ထား​လေ​သည်။
NUM 17:8 နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​တဲ​တော်​ထဲ သို့​ဝင်​သော​အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​အာ​ရုန် ၏​တောင်​ဝှေး​မှ​အ​ညှောက်​ထွက်​လျက်​ရှိ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ ထို​တောင်​ဝှေး​မှ အ​ဖူး၊ အ​ပွင့်​များ​ဖူး​ပွင့်​၍​ဗာ​ဒံ​သီး​မှည့် များ​သီး​လျက်​ရှိ​ပေ​သည်။-
NUM 17:9 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တောင်​ဝှေး​အား​လုံး​ကို​ထုတ်​ပြ​ရာ​သူ တို့​သည်​ဖြစ်​ခဲ့​သော​အ​ခြင်း​အ​ရာ​ကို​တွေ့ မြင်​ကြ​၏။ ဦး​စီး​ခေါင်း​ဆောင်​တို့​သည်​မိ​မိ တို့​ဆိုင်​ရာ​တောင်​ဝှေး​ကို​ပြန်​ယူ​ကြ​လေ​သည်။-
NUM 17:10 ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​၏​တောင်​ဝှေး​ကို သေတ္တာ​တော်​ရှေ့​တွင်​ပြန်​ထား​လော့။ ပုန်​ကန် တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အ​ပြစ်​တင်​ညည်း​ညူ​နေ​လျှင် အ​သက် သေ​ဆုံး​ရ​မည်​ဖြစ်​ကြောင်း​သ​တိ​ပေး​သည့် အ​နေ​ဖြင့်​အာ​ရုန်​၏​တောင်​ဝှေး​ကို​ထို နေ​ရာ​၌​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။-
NUM 17:11 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။
NUM 17:12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မော​ရှေ အား``အ​ကျွန်ုပ်​တို့​၏​ဘ​ဝ​ဆုံး​ရှုံး​ပါ​ပြီ။-
NUM 17:13 တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​သူ​တိုင်း​သေ ရ​မည်​ဆို​လျှင် အ​ကျွန်ုပ်​တို့​အား​လုံး​သေ​ဆုံး ရ​ပါ​တော့​မည်'' ဟု​ဆို​ကြ​လေ​သည်။
NUM 18:1 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``သင်​နှင့်​တ​ကွ သင်​၏​သား​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင်​သော​ဝတ်​ကို ဆောင်​ရွက်​ရာ​၌ မှား​ယွင်း​ချွတ်​ချော်​ခဲ့​သော် အ​ပြစ်​ဒဏ်​ကို​သင်​တို့​ခံ​ရ​ကြ​မည်။ သို့​ရာ တွင်​ယဇ်​ပု​ရော​ဟိတ်​တာ​ဝန်​ကို​ထမ်း​ဆောင် ရာ​၌​မှား​ယွင်း​ချွတ်​ချော်​ခဲ့​လျှင်​မူ​ကား သင် နှင့်​သင်​၏​သား​တို့​သာ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​မည်။-
NUM 18:2 သင်​နှင့်​သင်​၏​သား​တို့​သည်​တဲ​တော်​နှင့်​ဆိုင် သော​ဝတ်​တို့​ကို​ဆောင်​ရွက်​ရာ​၌ သင်​၏​ဆွေ မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​သင်​တို့​ကို​ကူ​ညီ​စေ​လော့။-
NUM 18:3 သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။-
NUM 18:4 သူ​တို့​သည်​သင်​နှင့်​အ​တူ​တဲ​တော်​နှင့်​ဆိုင် သော​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​မည်။ လေ​ဝိ အ​နွယ်​ဝင်​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ သင်​နှင့်​အ​တူ​တဲ​တော်​တာ​ဝန်​ကို​မ​ဆောင် ရွက်​စေ​ရ။-
NUM 18:5 သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။-
NUM 18:6 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ သင် ၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​ကို သင်​တို့​အ​တွက်​လှူ​ဖွယ် ဝတ္ထု​အ​ဖြစ်​ငါ​ရွေး​ချယ်​၏။ သူ​တို့​သည် တဲ​တော်​ဝေ​ယျာ​ဝစ္စ​ကို​ထမ်း​ဆောင်​စေ​ရန် ငါ့​အ​တွက်​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သည်။-
NUM 18:7 သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 18:8 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။-
NUM 18:9 မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-
NUM 18:10 သ​ကာ​များ​ကို​သန့်​ရှင်း​သော​ဌာ​န​တွင်​စား​ရ မည်။ အ​မျိုး​သား​များ​သာ​လျှင်​စား​ရ​မည်။ ထို အ​စာ​သည်​သန့်​ရှင်း​သော​အ​စာ​ဖြစ်​၏။
NUM 18:11 ``ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆက် သ​သော အ​ခြား​အ​ထူး​ပူ​ဇော်​သကာ​များ​သည် လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ထို​ပူ​ဇော်​သကာ​များ သည် သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​ခံ​စား​ရ​မည့်​ဝေ​စု​ဖြစ်​သည်။ သင့်​အိမ်​ထောင် ၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ​တိုင်း ထို​အ​စား​အ​စာ​ကို​စား​နိုင်​သည်။
NUM 18:12 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား​နှစ် စဉ်​ဆက်​သ​သော​အ​ဦး​သီး​သော​အ​သီး​အ​နှံ များ​မှ​အ​ကောင်း​ဆုံး​သံ​လွင်​ဆီ၊ အ​ကောင်း​ဆုံး စ​ပျစ်​ရည်​နှင့်​အ​ကောင်း​ဆုံး​စ​ပါး​တို့​ကို သင့်​အား​ငါ​ပေး​၏။-
NUM 18:13 ထို​အ​စား​အ​စာ​များ​သည်​သင်​နှင့်​ဆိုင်​၏။ သင့်​အိမ်​ထောင်​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သူ​တိုင်း​ထို​အ​စား​အ​စာ​ကို​စား နိုင်​သည်။
NUM 18:14 ``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။
NUM 18:15 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။-
NUM 18:16 တစ်​လ​သား​အ​ရွယ်​က​လေး​များ​ကို​ကျပ် ချိန်​တော်​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ စေ​ရ​မည်။-
NUM 18:17 သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-
NUM 18:18 အ​ထူး​ပူ​ဇော်​သ​ကာ​မှ​ရင်​ပုံ​သား​နှင့်​ယာ ဘက်​ပေါင်​သည် သင်​တို့​နှင့်​ဆိုင်​သ​ကဲ့​သို့ ယင်း​တို့​၏​အ​သား​သည်​လည်း​သင်​တို့​နှင့် ဆိုင်​၏။
NUM 18:19 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား ဆက်​သ​သော အ​ထူး​ပူ​ဇော်​သကာ​ရှိ​သ​မျှ​တို့ ကို​သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​အား​ငါ​ပေး​၏။ ဤ​ပဋိညာဉ်​သည်​ငါ​နှင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​ပြု​ထား​သော ထာ​ဝ​စဉ် တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
NUM 18:20 ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``ဣ​သ​ရေ​လ နိုင်​ငံ​တွင် သင်​အ​မွေ​ခံ​ရန်​ပစ္စည်း၊ သင်​ပိုင်​မြေ ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​မှီ​ခို​အား​ထား​ရာ​ဖြစ်​သည်'' ဟု​မိန့်​တော် မူ​၏။
NUM 18:21 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-
NUM 18:22 အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည် တဲ​တော်​အ​နီး​သို့​မ​ချဉ်း​ကပ်​ရ၊ ချဉ်း​ကပ်​မိ သော​သူ​တို့​သည်​သေ​ဒဏ်​ခံ​ရ​မည်။-
NUM 18:23 ယ​ခု​မှ​စ​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​က​သာ​လျှင် တဲ​တော်​ကို​ထိန်း​သိမ်း​၍ တဲ​တော်​နှင့်​ဆိုင်​သော ဝေ​ယျာ​ဝစ္စ​ရှိ​သ​မျှ​ကို​တာ​ဝန်​ခံ​ဆောင်​ရွက် ရ​မည်။ ဤ​ပ​ညတ်​ကို​သင်​၏​သား​မြေး​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​မည်။ ငါ့​အား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​အ​ထူး​အ​လှူ​အ​ဖြစ် ဆက် သ​သော​ဆယ်​ဖို့​တစ်​ဖို့​ကို​လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ငါ​ပေး​ထား​ပြီ​ဖြစ်​သော​ကြောင့် ဣ​သ ရေ​လ​နိုင်​ငံ​တွင်​ပစ္စည်း​ဥစ္စာ​မ​ပိုင်​ဆိုင်​ရ။ သို့ ဖြစ်​၍​သူ​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပစ္စည်း​ဥစ္စာ​မ​ပိုင်​ရ​ဟု​ငါ​အ​မိန့်​ရှိ​ခဲ့​ပြီ'' ဟု​မိန့်​တော်​မူ​၏။
NUM 18:25 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် လေ​ဝိ အ​နွယ်​ဝင်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​သင်​တို့​အား​ပေး​သော​အ​ခါ သင်​တို့​သည် ထို​အ​လှူ​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​ထာ​ဝ​ရ​ဘု​ရား အား အ​ထူး​အ​လှူ​အ​ဖြစ်​ဆက်​သ​ရ​မည်။-
NUM 18:27 ထို​အ​ထူး​အ​လှူ​ကို​လယ်​သ​မား၊ ခြံ​သ​မား ဆက်​သ​သော​ကောက်​သစ်၊ စ​ပျစ်​ရည်​သစ် အ​လှူ​ကဲ့​သို့​ငါ​မှတ်​ယူ​မည်။-
NUM 18:28 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို ငါ့​အား​အ​ထူး​အ​လှူ အ​ဖြစ်​ဆက်​သ​ရ​မည်။ သင်​တို့​သည်​ငါ့​အား ဆက်​သ​သော ဤ​အ​ထူး​အ​လှူ​ကို​ယဇ်​ပု ရော​ဟိတ်​အာ​ရုန်​အား​ပေး​အပ်​ရ​မည်။-
NUM 18:29 သင်​တို့​ရ​ရှိ​သော​အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရ​မည်။-
NUM 18:30 လယ်​သ​မား၊ ခြံ​သ​မား​သည်​ထာ​ဝရ​ဘုရား အ​တွက် လှူ​စ​ရာ​သီး​နှံ​များ​ကို​ဆက်​သ​ပြီး နောက် ကျန်​ရှိ​သ​မျှ​ကို​မိ​မိ​စား​သုံး​နိုင်​သ​ကဲ့ သို့ သင်​တို့​သည်​အ​ကောင်း​ဆုံး​ကို​ဆက်​သ​ပြီး လျှင် ကျန်​ရှိ​သ​မျှ​ကို​စား​သုံး​နိုင်​သည်။-
NUM 18:31 ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။-
NUM 18:32 အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​သ​ပြီး​မှ​စား​သုံး​လျှင်​သင်​တို့​၌ အ​ပြစ်​မ​ရှိ။ သို့​ရာ​တွင်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပေး​သော အ​လှူ​မှ​အ​ကောင်း​ဆုံး ကို​ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​မီ​စား​သုံး ခြင်း​အား​ဖြင့် အ​လှူ​ကို​မ​ညစ်​ညူး​မိ​စေ​ရန် သ​တိ​ပြု​လော့။ ညစ်​ညူး​မိ​လျှင်​သင်​တို့​သည် သေ​ဒဏ်​သင့်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 19:1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ မှ​တစ်​ဆင့်၊
NUM 19:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် အ​နာ​ကင်း​၍​ထမ်း​ပိုး​မ​တင်​ရ​သေး​သော နွား​နီ​မ​တစ်​ကောင်​ကို၊-
NUM 19:3 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ထံ​သို့​ယူ​ဆောင်​ခဲ့ ရ​သည်။ နွား​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​၏​ရှေ့​မှောက်​တွင်​သတ်​ရ​မည်။-
NUM 19:4 ဧ​လာ​ဇာ​သည်​သွေး​ကို​လက်​ချောင်း​ဖြင့်​တို့​၍ တဲ​တော်​ရှိ​ရာ​ဘက်​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-
NUM 19:5 နွား​၏​အ​ရေ၊ အ​သား၊ သွေး​နှင့်​အူ​မှ​စ​၍​တစ် ကောင်​လုံး​ကို ယဇ်​ပု​ရော​ဟိတ်​ရှေ့​တွင်​မီး​ရှို့ ရ​မည်။-
NUM 19:6 ထို​နောက်​သူ​သည်​အ​ကာ​ရှ​သစ်​သား၊ ဟု​ဿုပ် ညွန့်​နှင့်​ချည်​ကြိုး​အ​နီ​တို့​ကို​မီး​ပုံ​ထဲ​သို့ ပစ်​ချ​ရ​မည်။-
NUM 19:7 ထို့​နောက်​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍ ရေ​ချိုး​ပြီး​လျှင်​စ​ခန်း​တွင်း​သို့​ဝင် နိုင်​သည်။ သို့​ရာ​တွင်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သူ​သည်​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
NUM 19:8 နွား​မ​ကို​မီး​ရှို့​သော​သူ​သည်​လည်း မိ​မိ အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည်​လည်း​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
NUM 19:9 ထို​နောက်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် သူ​တစ်​ဦး​က နွား​မ​၏​ပြာ​ကို​စု​သိမ်း​၍ စ​ခန်း​အ​ပြင်​ဘက်​ရှိ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​သော​နေ​ရာ​တွင်​ထား​ရ​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ မ​သန့်​စင်​မှု​ကို​သန့်​စင်​စေ​မည့် ရေ​ကို​ဖော်​စပ်​ရာ​၌​ထို​ပြာ​ကို​အ​သုံး​ပြု ရ​မည်။ ဤ​ဝတ်​သည်​အ​ပြစ်​ကင်း​စေ​ရန်​ပြု သော​ဝတ်​ဖြစ်​သည်။-
NUM 19:10 နွား​မ​၏​ပြာ​ကို​စု​သိမ်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​လည်း​ည နေ​ခင်း​သို့​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​သူ​တို့ နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​များ​သည် ဤ​ပ​ညတ်​ကို​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ရ​မည်။
NUM 19:11 လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သူ​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ ခု​နစ်​ရက်​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။-
NUM 19:12 သူ​သည်​တ​တိ​ယ​နေ့​နှင့်​သတ္တ​မ​နေ့​များ တွင်​သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ဖြင့် မိ​မိ ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ ထို​နောက်​သူ သည်​သန့်​စင်​လာ​လိမ့်​မည်။ တ​တိ​ယ​နေ့ နှင့်​သတ္တ​မ​နေ့​များ​တွင်​သန့်​စင်​မှု​မ​ပြု လျှင် သူ​သည်​သန့်​စင်​လိမ့်​မည်​မ​ဟုတ်။-
NUM 19:13 လူ​သေ​ကောင်​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ကို​ကိုယ်​ပေါ်​သို့ ပက်​၍ သန့်​စင်​မှု​မ​ပြု​လျှင်​မ​သန့်​စင်​ဘဲ​ရှိ နေ​လိမ့်​မည်။ ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​ကို​ညစ်​ညမ်း​စေ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်။
NUM 19:14 တဲ​ထဲ​တွင်​လူ​တစ်​ယောက်​ယောက်​သေ​ဆုံး​ခဲ့ လျှင် ထို​အ​ချိန်​တွင်​တဲ​တွင်း​၌​ရှိ​သော​သူ နှင့်​တဲ​ထဲ​သို့​ဝင်​လာ​သော​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
NUM 19:15 တဲ​တွင်း​၌​အ​ဖုံး​မ​ရှိ​သော​အိုး​ခွက်​ရှိ​သ​မျှ တို့​သည်​လည်း​ညစ်​ညမ်း​လိမ့်​မည်။-
NUM 19:16 မြို့​ပြင်​တွင်​အ​သတ်​ခံ​ရ​သူ​သို့​မ​ဟုတ် သ​ဘာ​ဝ​အ​လျောက်​သေ​ဆုံး​သူ​၏​အ​လောင်း၊ အ​ရိုး၊ သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​သော​သူ​သည် ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။
NUM 19:17 ထို​ကဲ့​သို့​မ​သန့်​စင်​သူ​များ​ကို​သန့်​စင်​လာ စေ​ရန် အ​ပြစ်​ဖြေ​ရာ​နွား​နီ​မ​၏​ပြာ​အိုး တစ်​လုံး​တွင်​စမ်း​ရေ​နှင့်​ရော​၍​ထည့်​ရ​မည်။-
NUM 19:18 အိမ်​၌​လူ​သေ​သ​ဖြင့်​မ​သန့်​စင်​မှု​ပေါ်​ပေါက် ခဲ့​သော် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် သူ​က ဟု​ဿုပ်​ညွန့်​ကို​ရေ​ထဲ​၌​နှစ်​ပြီး​လျှင် တဲ​ကို​လည်း​ကောင်း၊ တဲ​ထဲ​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​နှင့်​လူ​များ​ကို​လည်း​ကောင်း​ဖျန်း ရ​မည်။ လူ​သေ​အ​ရိုး၊ လူ​သေ​ကောင်​သို့​မ​ဟုတ် သင်္ချိုင်း​ကို​ကိုင်​တွယ်​မိ​၍ မ​သန့်​စင်​သူ​ကို သန့်​စင်​သူ​က​ရေ​နှင့်​ဖျန်း​ရ​မည်။-
NUM 19:19 သန့်​စင်​သူ​က​မ​သန့်​စင်​သူ​ကို​တ​တိ​ယ​နေ့ နှင့် သတ္တ​မ​နေ့​များ​တွင်​ရေ​နှင့်​ဖျန်း​ရ​မည်။ မ သန့်​စင်​သူ​အား​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လုပ် ပေး​ရ​မည်။ သတ္တ​မ​နေ့​တွင်​သန့်​စင်​သူ​က​မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွတ်​လျှော်​၍ ရေ​ချိုး​ပြီး နောက်​နေ​ဝင်​ချိန်​တွင်​သန့်​စင်​လာ​လိမ့်​မည်။
NUM 19:20 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သူ သည် သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ကို​မိ​မိ ကိုယ်​ပေါ်​သို့​ပက်​၍ သန့်​စင်​မှု​မ​ပြု​လျှင် မ​သန့်​စင်​ဘဲ​ရှိ​နေ​လိမ့်​မည်။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​ညစ်​ညမ်း စေ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် မှ​ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်။-
NUM 19:21 သင်​တို့​သည်​ဤ​ပ​ညတ်​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သန့်​စင်​ခြင်း ဝတ်​ဆိုင်​ရာ​ရေ​ကို​ဖျန်း​ပေး​သော​သူ​သည် လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​ရေ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည​နေ​သို့ တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
NUM 19:22 မ​သန့်​စင်​သူ​ကိုင်​တွယ်​မိ​သ​မျှ​တို့​သည်​ညစ် ညမ်း​လာ​သ​ဖြင့် ထို​အ​ရာ​ဝတ္ထု​များ​ကို​ကိုင် တွယ်​မိ​သူ​သည်​ည​နေ​သို့​တိုင်​အောင်​မ​သန့် စင်​ဘဲ​ရှိ​လိမ့်​မည်။
NUM 20:1 ပ​ထ​မ​လ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဇိ​န​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​၍ ကာ​ဒေ​ရှ​အ​ရပ်​၌​စ​ခန်း​ချ​ကြ​သည်။ ထို အ​ရပ်​တွင်​မိ​ရိ​အံ​သေ​ဆုံး​သ​ဖြင့် သူ့​အ​လောင်း ကို​မြှုပ်​နှံ​သင်္ဂြိုဟ်​လိုက်​ကြ​၏။
NUM 20:2 စ​ခန်း​ချ​ရာ​အ​ရပ်​တို့​တွင်​ရေ​မ​ရှိ​သော​ကြောင့် သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သို့​စု​ရုံး လာ​ကြ​ပြီး​လျှင်၊-
NUM 20:3 ``အ​ကျွန်ုပ်​တို့​သည်​ယ​ခု​ကဲ့​သို့​သော​ဆင်း​ရဲ ဒုက္ခ​ခံ​ရ​သည်​ထက် အ​ကျွန်ုပ်​တို့​၏​သား​ချင်း များ​နှင့်​အ​တူ​ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော် ရှေ့​တွင်​သေ​ရ​သည်​က​ပို​၍​ကောင်း​ပါ​သေး သည်။-
NUM 20:4 အ​ကျွန်ုပ်​တို့​၏​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​သေ ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ သင်​တို့​သည်​အ​ကျွန်ုပ် တို့​အား​ဤ​တော​ကန္တာ​ရ​သို့​အ​ဘယ်​ကြောင့် ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။-
NUM 20:5 အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​၍ မည်​သည့်​အ​ပင်​မျှ​မ​ပေါက်​သော​ဤ ခေါင်​သည့်​အ​ရပ်​သို့​ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။ ဤ အ​ရပ်​တွင်​ကောက်​ပဲ​သီး​နှံ​ပင်​မ​ရှိ၊ သ​ဖန်း​ပင် မ​ရှိ၊ စ​ပျစ်​ပင်​မ​ရှိ၊ သ​လဲ​ပင်​မ​ရှိ၊ သောက် စ​ရာ​ရေ​မ​ရှိ'' ဟု​ညည်း​တွား​ကြ​လေ​သည်။-
NUM 20:6 ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​လူ​အ​စု အ​ဝေး​မှ​ထွက်​ခွာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ် နေ​ကြ​၏။ သူ​တို့​သည်​ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ထင်​ရှား​လာ​၏။
NUM 20:7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
NUM 20:8 ``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရှိ​သော​တောင်​ဝှေး ကို​ယူ​လော့။ ထို​နောက်​သင်​နှင့်​အာ​ရုန်​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​စု​ဝေး​စေ​ရန် ဆင့်​ဆို​လော့။ သူ​တို့​ရှေ့​တွင်​ထို​အ​ရပ်​၌​ရှိ​သော ကျောက်​ဆောင်​ကို ရေ​ထွက်​စေ​ရန်​အ​မိန့်​ပေး​လော့။ သူ​တို့​နှင့်​သူ​တို့​၏​တိ​ရစ္ဆာန်​များ​သောက်​ရန် ကျောက်​တုံး​မှ​ရေ​ပန်း​ထွက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-
NUM 20:9 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း တောင်​ဝှေး​ကို​ယူ​ခဲ့​လေ​သည်။
NUM 20:10 သူ​သည်​အာ​ရုန်​နှင့်​အ​တူ လူ​အ​ပေါင်း​တို့​ကို ကျောက်​ဆောင်​ရှေ့​တွင်​စု​ရုံး​စေ​၏။ ထို​နောက် မော​ရှေ​က``ပုန်​ကန်​သူ​တို့၊ နား​ထောင်​လော့။ ဤ ကျောက်​ဆောင်​ထဲ​မှ​သင်​တို့​အ​ဖို့​ရေ​ထွက် ရ​အောင် ငါ​တို့​ပြု​လုပ်​ရ​မည်​လော'' ဟု​ဆို​လျက်၊-
NUM 20:11 တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။
NUM 20:12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။
NUM 20:13 မေ​ရိ​ဘ​အ​ရပ်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထာ​ဝ​ရ​ဘု​ရား​အား​ညည်း​တွား​သော၊ ထာ​ဝ​ရ ဘုရား​က​မိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​ပြ​သော​အ​ရပ်​ဖြစ်​သ​တည်း။
NUM 20:14 မော​ရှေ​သည်​ကာ​ဒေ​ရှ​အ​ရပ်​မှ​ဧ​ဒုံ​ဘု​ရင်​ထံ သို့ သံ​တ​မန်​များ​ကို​စေ​လွှတ်​လိုက်​၏။ သံ​တ​မန် တို့​က​ဧ​ဒုံ​ဘု​ရင်​အား``ကိုယ်​တော်​၏​ဆွေ​မျိုး သား​ချင်း​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​မှ သ​တင်း​ပါး​လိုက်​ပါ​သည်။ အ​ကျွန်ုပ် တို့​ဆင်း​ရဲ​ဒုက္ခ​မည်​မျှ​ခံ​ခဲ့​ရ​ကြောင်း ကိုယ်​တော်​သိ​ပါ​၏။-
NUM 20:15 အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​၍ နှစ်​ပေါင်း​များ​စွာ​နေ ထိုင်​ခဲ့​ရာ​အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဘိုး ဘေး​များ​နှင့်​အ​ကျွန်ုပ်​တို့​ကို​ညှင်း​ဆဲ​နှိပ်​စက် ခဲ့​ပါ​၏။-
NUM 20:16 အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​အ​ကူ အ​ညီ​တောင်း​ခံ​လျှောက်​ထား​သော​အ​ခါ ကိုယ် တော်​သည်​နား​ညောင်း​တော်​မူ​၍​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​လျက် ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ ယ​ခု​အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​နယ်​စပ်​တွင်​တည်​ရှိ သော​ကာ​ဒေ​ရှ​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။-
NUM 20:17 ကိုယ်​တော်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​တ​ကွ​သိုး၊ နွား၊ တိ​ရစ္ဆာန် တို့​သည်​ကိုယ်​တော်​၏​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ် များ​ကို​ဖြတ်​သန်း​ခြင်း​ပြု​မည်​မ​ဟုတ်​ပါ။ ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက်​သုံး​မည် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏ ပိုင်​နက်​လွန်​သည် အ​ထိ​လမ်း​မ​ကြီး​အ​တိုင်း ဖြတ်​သန်း​သွား​ပါ​မည်'' ဟု​လျှောက်​ထား ကြ​လေ​သည်။
NUM 20:18 ဧ​ဒုံ​အ​မျိုး​သား​တို့​က``သင်​တို့​အား​ငါ​တို့ ၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပြု​နိုင်။ သင်​တို့ ဖြတ်​သန်း​လာ​လျှင်​ငါ​တို့​သည်​အ​လုံး အ​ရင်း​နှင့်​ချီ​တက်​၍​သင်​တို့​အား​တိုက်​ခိုက် မည်'' ဟု​ဖြေ​ကြား​ကြ​လေ​သည်။
NUM 20:19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``အ​ကျွန်ုပ်​တို့ သည်​လမ်း​မ​ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ တိ​ရစ္ဆာန်​များ​သည် ကိုယ်​တော်​၏​ပြည်​မှ​ရေ​ကို သောက်​သုံး​မိ​လျှင်​ရေ​ဖိုး​ကို​ပေး​ပါ​မည်။ ဖြတ်​သန်း​ခွင့်​ကို​သာ​ပေး​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​လေ​သည်။
NUM 20:20 ဧ​ဒုံ​အ​မျိုး​သား​တို့​က``ငါ​တို့​ဖြတ်​သန်း​ခွင့် မ​ပြု​နိုင်'' ဟု​ဆို​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​ရန် ဗိုလ်​ပါ​အ​လုံး​အ​ရင်း နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။-
NUM 20:21 ဧ​ဒုံ​အ​မျိုး​သား​တို့​က​မိ​မိ​တို့​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပြု​ကြ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍​အ​ခြား သော​လမ်း​ဖြင့်​ခရီး​ဆက်​ကြ​လေ​သည်။
NUM 20:22 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကာ​ဒေ​ရှ အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ရာ ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ ဟော​ရ​တောင်​သို့​ရောက်​ရှိ​ကြ​လေ​သည်။ ထို အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-
NUM 20:24 ``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-
NUM 20:25 အာ​ရုန်​နှင့်​သူ​၏​သား​ဧ​လာ​ဇာ​ကို​ဟော​ရ တောင်​ပေါ်​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင်၊-
NUM 20:26 အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-
NUM 20:27 ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ရှေ့​တွင် သူ​တို့​သည်​ဟော​ရ တောင်​ပေါ်​သို့​တက်​သွား​ကြ​၏။-
NUM 20:28 တောင်​ပေါ်​တွင်​မော​ရှေ​သည်​အာ​ရုန်​၏​ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ကို​ချွတ်​၍ ဧ​လာ​ဇာ အား​ဝတ်​ဆင်​ပေး​လေ​သည်။ အာ​ရုန်​သည်​ထို တောင်​ပေါ်​တွင်​အ​နိစ္စ​ရောက်​လေ​၏။ မော​ရှေ နှင့်​ဧ​လာ​ဇာ​တို့​သည်​တောင်​အောက်​သို့ ဆင်း​လာ​ကြ​၏။-
NUM 20:29 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။
NUM 21:1 ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင်​အာ​ရဒ်​မြို့​ကို​အုပ် စိုး​သော​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ အ​သ​ရိမ်​လမ်း​ဖြင့်​လာ​နေ​ကြောင်း​သိ​ရ​လျှင် သူ​တို့​ကို​စစ်​ချီ​တိုက်​ခိုက်​ရာ​အ​ချို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​မိ​လေ​သည်။-
NUM 21:2 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ကိုယ် တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဤ​သူ​တို့​ကို​တိုက် ခိုက်​အောင်​မြင်​စေ​တော်​မူ​လျှင် သူ​တို့​နှင့်​သူ​တို့ ၏​မြို့​များ​ကို​ကိုယ်​တော်​အား​အ​ပြီး​အ​ပိုင် ဆက်​ကပ်​သော​ပူ​ဇော်​သကာ​အ​ဖြစ်​ဖျက်​ဆီး ပစ်​ပါ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ က​တိ​ပြု​ကြ​လေ​သည်။-
NUM 21:3 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​လျှောက်​ထား​သည် အ​တိုင်း​ခါ​နာန်​အ​မျိုး​သား​တို့​ကို​တိုက်​ခိုက် အောင်​မြင်​စေ​တော်​မူ​၏။ ထို​ကြောင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ​တို့​၏​မြို့​များ​ကို လုံး​ဝ​ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​ကို ဟော်​မာ​ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​သည်။
NUM 21:4 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရ တောင်​မှ​ထွက်​ခွာ​၍​ဧ​ဒုံ​ပြည်​ကို​ရှောင်​ကွင်း​သွား​ရန် အ​ကွာ​ဘာ​ပင်​လယ်​ကွေ့​သို့​သွား​ရာ​လမ်း​အ​တိုင်း ချီ​တက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့​သည် လမ်း​ခု​လတ်​တွင် စိတ်​ပျက်​အား​လျော့​လာ​ကြ ပြီး​လျှင်၊-
NUM 21:5 ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​တို့​အား​ပြစ်​တင်​ပြော ဆို​ကြ​လေ​သည်။ သူ​တို့​က``အ​စာ​ရေ​စာ​မ​ရှိ သည့်​ဤ​တော​ကန္တာ​ရ​တွင်​သေ​စေ​ရန် အ​ဘယ် ကြောင့် အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ခေါ် ဆောင်​လာ​ပါ​သ​နည်း။ ဤ​ပေါ့​ပျက်​သော အ​စား​အ​စာ​ကို​လည်း အ​ကျွန်ုပ်​တို့​ငြီး ငွေ့​လာ​ပါ​ပြီ'' ဟု​ညည်း​ညူ​ကြ​၏။-
NUM 21:6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​မြွေ​ဆိုး​များ​ကို​စေ လွှတ်​သ​ဖြင့် လူ​ပေါင်း​များ​စွာ​တို့​သည်​မြွေ ကိုက်​ခံ​ရ​၍​သေ​ဆုံး​ကြ​၏။-
NUM 21:7 ထို​ကြောင့်​လူ​များ​သည်​မော​ရှေ​ထံ​သို့​လာ ၍``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ကိုယ် တော်​ကို ဆန့်​ကျင်​ပြော​ဆို​၍​ပြစ်​မှား​မိ​ပါ​ပြီ။ ဤ​မြွေ​များ​ကို​ဖယ်​ရှား​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် သူ​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​လေ​၏။-
NUM 21:8 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား သတ္တု မြွေ​ရုပ်​ကို​ပြု​လုပ်​၍​တိုင်​ထိပ်​တွင်​တင်​ထား​ရန် ခိုင်း​စေ​တော်​မူ​၏။ မြွေ​ကိုက်​ခံ​ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ မည်​ဖြစ်​ကြောင်း​ဆင့်​ဆို​စေ​တော်​မူ​၏။-
NUM 21:9 ထို့​ကြောင့်​မောရှေ​သည်​ကြေး​ဝါ​မြွေ​ရုပ်​ကို​ပြု လုပ်​၍ တိုင်​ထိပ်​တွင်​တင်​ထား​ရာ​မြွေ​ကိုက်​ခံ ရ​သော​သူ​သည် မြွေ​ရုပ်​ကို​ကြည့်​လျှင်​အ​သက် ချမ်း​သာ​ရာ​ရ​လေ​၏။
NUM 21:10 တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး ဆက်​ခဲ့​ကြ​ရာ​သြ​ဗုတ်​အ​ရပ်​တွင်​စ​ခန်း​ချ ကြ​၏။-
NUM 21:11 ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​တော​ကန္တာ​ရ​ရှိ​ယို ယွင်း​ပျက်​စီး​နေ​သော ဗာ​ရိမ်​မြို့​တွင်​စ​ခန်း​ချ ကြ​လေ​သည်။-
NUM 21:12 ထို​နောက်​သူ​တို့​သည်​ဇာ​ရက်​မြစ်​ဝှမ်း​တွင် စ​ခန်း​ချ​ကြ​သည်။-
NUM 21:13 ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​လာ ခဲ့​ကြ​ရာ အာ​နုန်​မြစ်​မြောက်​ဘက်​အာ​မော​ရိ​ပြည် တော​ကန္တာ​ရ​နှင့်​တစ်​ဆက်​တည်း​ရှိ​သော​တော ကန္တာ​ရ​တွင်​စ​ခန်း​ချ​ကြ​၏။ (အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​နှင့်​အာ​မော​ရိ​ပြည်​တို့​၏​နယ်​ခြား ဖြစ်​၏။-)
NUM 21:14 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​စစ်​ပွဲ​များ​စာ စောင်​တွင်``သု​ပ​ဒေ​သ​တွင်​တည်​သော​ဝါ​ဟက် မြို့​နှင့်​ချိုင့်​ဝှမ်း​များ​အာ​နုန်​မြစ်​နှင့်၊-
NUM 21:15 မော​ဘ​ပြည်​နယ်​စပ်​အာ​ရ​မြို့​သို့​တိုင်​အောင် လျှော​ဆင်း​သော​ချိုင့်​ဝှမ်း​များ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​လေ​သည်။
NUM 21:16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​အ​ရပ်​မှ ရေ​တွင်း​ဟု​အ​နက်​ရှိ​သော​ဗေ​ရ​စ​ခန်း​သို့ ရောက်​ကြ​လေ​သည်။ ထို​စ​ခန်း​တွင်​ထာ​ဝ​ရ ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​လော့။ ငါ​သည်​သူ​တို့​အား​ရေ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 21:17 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စပ်​ဆို ကြ​သော​သီ​ချင်း​သည်​ကား၊- ``ရေ​တွင်း​တို့​ရေ​ထွက်​ကြ​လော့။ ငါ​တို့​သည်​သီ​ချင်း​ဆို​၍​ကြို​ဆို​မည်။
NUM 21:18 မင်း​ညီ​မင်း​သား​နှင့်​ခေါင်း​ဆောင်​တို့​တူး​ဖော် သော ရေ​တွင်း၊ရာ​ဇ​လှံ​တံ​နှင့်​တောင်​ဝှေး​များ​ဖြင့် တူး​ဖော်​သော​ရေ​တွင်း​ပေ​တည်း'' ဟူ​၍​ဖြစ် သည်။ သူ​တို့​သည်​ထို​တော​ကန္တာ​ရ​မှ​မတ္တ​နာ​စ​ခန်း သို့​လည်း​ကောင်း၊-
NUM 21:19 ထို​မှ​တစ်​ဖန်​န​ဟာ​လျေ​လ​စ​ခန်း​သို့​လည်း ကောင်း၊ န​ဟာ​လျေ​လ​စ​ခန်း​မှ​ဗာ​မုတ်​စ​ခန်း သို့​လည်း​ကောင်း၊-
NUM 21:20 ဗာ​မုတ်​စ​ခန်း​မှ​သဲ​ကန္တာ​ရ​ကို​မျက်​နှာ​မူ​နေ​သော ပိ​သ​ဂါ​တောင်​ခြေ​ရှိ​မော​ဘ​ချိုင့်​ဝှမ်း​သို့​လည်း ကောင်း​ခ​ရီး​ဆက်​ကြ​လေ​သည်။
NUM 21:21 ဣ​သ​ရေ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​လျက်၊-
NUM 21:22 ``အ​ကျွန်ုပ်​တို့​အား​မင်း​ကြီး​၏​ပြည်​ကို​ဖြတ် သွား​ခွင့်​ပြု​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​တို့​သည် လမ်း​မ​ကြီး​အ​တိုင်း သွား​ပါ​မည်။ မင်း​ကြီး​၏​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​ကျော်​သွား​မည် မ​ဟုတ်​ပါ။ မင်း​ကြီး​၏​ရေ​တွင်း​များ​မှ​ရေ​ကို လည်း​မ​သောက်​ပါ။ အ​ကျွန်ုပ်​တို့​သည်​မင်း​ကြီး ၏​နယ်​မြေ​မှ​ထွက်​သည်​အ​ထိ လမ်း​မ​ကြီး အ​တိုင်း​ဖြတ်​သွား​ပါ​မည်'' ဟူ​၍​အ​ခွင့် တောင်း​စေ​၏။-
NUM 21:23 သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-
NUM 21:24 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန် သူ​များ​စွာ​တို့​ကို တိုက်​ပွဲ​၌​ကျ​ဆုံး​စေ​ပြီး​လျှင် အာ​နုန်​မြစ်​မှ​မြောက်​ဘက်​အမ္မုန်​ပြည်​နယ်​စပ် ယဗ္ဗုတ်​မြစ်​တိုင်​အောင် ရှိ​ဟုန်​ဘု​ရင်​၏​နယ်​မြေ များ​ကို​သိမ်း​ယူ​ကြ​လေ​သည်။ အမ္မုန်​ပြည် နယ်​စပ်​တိုင်​အောင်​သာ​ချီ​တက်​နိုင်​ခြင်း​မှာ ထို​နယ်​စပ်​ကို​ခိုင်​ခံ့​စွာ​ကာ​ကွယ်​ထား​ခြင်း ကြောင့်​ဖြစ်​သည်။-
NUM 21:25 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဟေ​ရှ​ဘုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပါ​အ​ဝင် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​မြို့ အား​လုံး​ကို​သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ ထိုင်​ကြ​လေ​သည်။-
NUM 21:26 ဟေ​ရှ​ဘုန်​မြို့​သည်​ကား​ရှိ​ဟုန်​ဘု​ရင်​နန်း​စိုက် သော​မြို့​တော်​ဖြစ်​သည်။ ရှိ​ဟုန်​ဘု​ရင်​၏​ပိုင်​နက် မှာ​အာ​နုန်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​သော ယ​ခင် မော​ဘ​ပြည်​ဘု​ရင်​ပိုင်​နက်​ဖြစ်​သည်။ ထို​နယ်​မြေ ကို​ရှိ​ဟုန်​ဘု​ရင်​က​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​ခြင်း ဖြစ်​သည်။-
NUM 21:27 သို့​ဖြစ်​၍​က​ဗျာ​ဆ​ရာ​တို့​က၊ ``ရှိ​ဟုန်​ဘု​ရင်​၏​မြို့​တော်​ဟေ​ရှ​ဘုန်​မြို့​သို့ လာ​ကြ​လော့။ ငါ​တို့​သည်​ထို​မြို့​ကို​အ​သစ်​တစ်​ဖန်​တည်​ကြ ကုန်​စို့။
NUM 21:28 တစ်​ခါ​က​ရှိ​ဟုန်​ဘု​ရင်​၏​တပ်​သည်​ဟေ​ရှ​ဘုန် မြို့​မှ ထွက်​သော​မီး​လျှံ​ကဲ့​သို့​ချီ​တက်​၍ မော​ဘ​ပြည်​အာ​ရ​မြို့​ကို​ဖျက်​ဆီး​လျက် အာ​နုန်​မြစ် အ​ထက်​ပိုင်း​ရှိ​တောင်​များ​ကို​လောင်​ကျွမ်း​စေ​၏။
NUM 21:29 မော​ဘ​ပြည်​သား​တို့​သင်​တို့​သည်​အ​လွန် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​ပါ​ပြီ​တ​ကား။ ခေ​မု​ရှ​ဘု​ရား​ကို​ကိုး​ကွယ်​သော​အ​သင်​တို့ ပျက်​စီး​ရ​ကြ​လေ​ပြီ။ သင်​တို့​၏​ဘု​ရား​များ​သည်​သင်​တို့​၏​အ​မျိုး သား​များ​ကို စစ်​ပြေး​ဒုက္ခ​သည်​များ​ဖြစ်​စေ​၍၊ အ​မျိုး​သ​မီး​များ​ကို​အာ​မော​ရိ​ဘု​ရင်​၏ သုံ့​ပန်း​များ​ဖြစ်​စေ​၏။
NUM 21:30 သို့​ဖြစ်​၍​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ဟေ​ရှ​ဘုန်​မြို့​မှ​ဒိ​ဘုန်​မြို့​သို့​လည်း​ကောင်း၊ နာ​ရှင်​မြို့​မှ​မေ​ဒ​ဘ​မြို့​အ​နီး​နော​ဖာ​မြို့​သို့ လည်း​ကောင်း၊ ဖျက်​ဆီး​သုတ်​သင်​ခြင်း​ခံ​ရ​လေ​ပြီ'' ဟူ​၍ စပ်​ဆို​ကြ​၏။
NUM 21:31 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ လေ​သည်။-
NUM 21:32 မော​ရှေ​သည်​ယာ​ဇာ​မြို့​ကို​မ​တိုက်​ခိုက်​မီ လူ​ကို စေ​လွှတ်​၍​ထောက်​လှမ်း​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ထို​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​သ​ဖြင့် အာ​မော​ရိ အ​မျိုး​သား​တို့​သည်​ထို​မြို့​များ​မှ​ထွက်​ပြေး ကြ​၏။
NUM 21:33 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​ရှန် ပြည်​ကို​ဦး​တည်​ချီ​တက်​ကြ​လေ​သည်။ ထို​အ​ခါ ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​သည်​စစ်​ချီ​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ဧ​ဒြိ​အ​ရပ်​တွင် တိုက်​ခိုက်​လေ​သည်။-
NUM 21:34 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သူ့​ကို​မ ကြောက်​နှင့်။ သူ​နှင့်​တ​ကွ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ​၏​ပြည်​ကို လည်း​ကောင်း​သင့်​လက်​၌​ငါ​အပ်​ပေး​မည်။ သင်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ မော​ရိ​ဘု​ရင်​ရှိ​ဟုန်​အား​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-
NUM 21:35 ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သြ​ဃ​ဘု​ရင်​နှင့်​သူ​၏​သား​များ​အ​ပါ​အ​ဝင် တိုင်း​သူ​ပြည်​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​သတ်​ဖြတ်​ပြီး​နောက်​တိုင်း​ပြည်​ကို သိမ်း​ပိုက်​လေ​သည်။
NUM 22:1 တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး ဆက်​ခဲ့​ကြ​ရာ​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်၊ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​မော​ဘ​လွင်​ပြင်​တွင်​စ​ခန်း ချ​ကြ​လေ​သည်။
NUM 22:2 မော​ဘ​ပြည်​ဘု​ရင်၊ ဇိ​ဖော်​၏​သား​ဗာ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လူ​အင်​အား များ​ပြား​ကြောင်း​ကို​လည်း​ကောင်း၊ ထို​ဣ​သ ရေ​လ​လူ​တို့​သည် အာ​မော​ရိ​လူ​တို့​ကို​မည် ကဲ့​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း​ကြား သိ​ရ​သော​အ​ခါ၊-
NUM 22:3 သူ​နှင့်​တ​ကွ​တိုင်း​သူ​ပြည်​သား​အ​ပေါင်း​တို့ သည် ထိတ်​လန့်​ကြောက်​ရွံ့​လာ​ကြ​လေ​သည်။-
NUM 22:4 ထို့​ကြောင့်​သူ​တို့​သည်​မိ​ဒျန်​ပြည်​အ​မျိုး​သား ခေါင်း​ဆောင်​တို့​အား``နွား​သည်​စား​ကျက်​ရှိ​မြက် ကို​ကုန်​စင်​အောင်​စား​သ​ကဲ့​သို့​ဤ​လူ​အုပ်​ကြီး သည် ငါ​တို့​ပတ်​ဝန်း​ကျင်​၌​ရှိ​သ​မျှ​ကို​ဖျက်​ဆီး ပစ်​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ဗာ​လက် ဘု​ရင်​သည်၊-
NUM 22:5 အမ္မုန်​ပြည်​ယူ​ဖ​ရေး​မြစ်​အ​နီး​ရှိ​ပေ​သော် မြို့​တွင် နေ​ထိုင်​သော​ဗော​ရ​၏​သား​ဗာ​လမ်​အား လျှောက်​ထား​ပင့်​ခေါ်​ခြင်း​ငှာ စေ​တ​မန်​များ ကို​စေ​လွှတ်​လိုက်​လေ​သည်။ ဗာ​လက်​၏​လျှောက် ထား​ချက်​တွင်``လူ​မျိုး​တစ်​မျိုး​သည်​ထွက်​လာ ၍​နေ​ရာ​အ​နှံ့​အ​ပြား​သို့​ရောက်​ပြီး​နောက် ယ​ခု​ငါ​တို့​၏​ပြည်​ကို​သိမ်း​ယူ​ရန်​ခြိမ်း ခြောက်​နေ​ကြ​ပါ​ပြီ။-
NUM 22:6 သူ​တို့​သည်​ငါ​တို့​ထက်​လူ​အင်​အား​ပို​များ သ​ဖြင့် လာ​၍​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​လော့။ သို့ ပြု​လျှင်​သူ​တို့​ကို​ငါ​တိုက်​ခိုက်​၍ နှင်​ထုတ်​နိုင် ကောင်း​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။ ကိုယ်​တော် ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ကို ခံ​ရ​၍ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​တို့​သည် ကျိန်​စာ​သင့်​ကြ​ပါ​လိမ့်​မည်'' ဟု​ဖော်​ပြ ပါ​ရှိ​လေ​သည်။
NUM 22:7 ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား​နှင့်​မိ​ဒျန် အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည် ခြေ​ကြွ​ခ ငွေ​ကို​ယူ​ဆောင်​၍ ဗာ​လမ်​ထံ​သို့​သွား​ပြီး လျှင်​ဗာ​လက်​၏​လျှောက်​ထား​ချက်​ကို တင်​ပြ​ကြ​လေ​သည်။-
NUM 22:8 ထို​အ​ခါ​ဗာ​လမ်​က​သူ​တို့​အား``ယ​နေ့​ည ဤ​အ​ရပ်​တွင်​တည်း​ခို​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား​မည်​ကဲ့​သို့​မိန့်​မှာ​တော်​မူ ကြောင်း နက်​ဖြန်​နေ့​တွင်​ငါ​ပြော​ပြ​ပါ​မည်'' ဟု​ဆို​လေ​၏။ ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဗာ​လမ်​ထံ​၌​တည်း​ခို ကြ​လေ​သည်။
NUM 22:9 ဘု​ရား​သ​ခင်​သည်​ဗာ​လမ်​ထံ​သို့​ကြွ​လာ ၍``သင်​နှင့်​အ​တူ​တည်း​ခို​နေ​သူ​များ​သည် မည်​သူ​တို့​နည်း'' ဟု​မေး​တော်​မူ​၏။
NUM 22:10 ထို​အ​ခါ​ဗာ​လမ်​က``မော​ဘ​ပြည်​ဘု​ရင် ဗာလက်​ထံ​မှ​လာ​သော​သူ​များ​ဖြစ်​ကြ ပါ​သည်။-
NUM 22:11 ဗာ​လက်​က​အီ​ဂျစ်​ပြည်​မှ​လာ​သော​လူ​မျိုး တစ်​မျိုး​သည် မြေ​မျက်​နှာ​ပြင်​အ​နှံ့​အ​ပြား သို့​ရောက်​ရှိ​နေ​ကြောင်း၊ ထို​သူ​တို့​ကို​တိုက်​ခိုက် နှင်​ထုတ်​နိုင်​ရန်​အ​ကျွန်ုပ်​အား သူ​တို့​ထံ​သို့ သွား​၍​ထို​သူ​တို့​ကို​ကျိန်​ဆဲ​ပါ​မည့် အ​ကြောင်း​အ​ကြောင်း​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​လေ​သည်။
NUM 22:12 ဘု​ရား​သ​ခင်​က​ဗာ​လမ်​အား``သင်​သည်​ဤ သူ​တို့​နှင့်​အ​တူ​မ​လိုက်​သွား​ရ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​ခံ​ရ​သော​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့ ကို​မ​ကျိန်​ဆဲ​ရ'' ဟု​မိန့်​တော်​မူ​၏။
NUM 22:13 နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ်​က​ဗာ​လက် ၏​သံ​တ​မန်​တို့​အား``သင်​တို့​ပြန်​ကြ​လော့။ သင် တို့​နှင့်​အ​တူ​လိုက်​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့ အား​အ​ခွင့်​ပေး​တော်​မ​မူ'' ဟု​ပြော​လေ​၏။-
NUM 22:14 ထို​ကြောင့်​သူ​တို့​သည်​ဗာ​လက်​ထံ​သို့​ပြန်​၍ သူ တို့​နှင့်​အ​တူ​ဗာ​လမ်​မ​လိုက်​လို​ကြောင်း​လျှောက် ထား​ကြ​လေ​သည်။
NUM 22:15 ထို​နောက်​ဗာ​လက်​သည်​ယ​ခင်​တစ်​ကြိမ်​ထက် အ​ရေ​အ​တွက်​များ​၍ ပို​မြင့်​သော​စေ​တ​မန် များ​ကို​ဗာ​လမ်​ထံ​သို့​စေ​လွှတ်​လိုက်​လေ သည်။-
NUM 22:16 သူ​တို့​သည်​ဗာ​လမ်​ထံ​သို့​သွား​၍``ငါ့​ထံ​လာ ဖြစ်​အောင်​လာ​ပါ​လော့။-
NUM 22:17 ကိုယ်​တော်​အား​ထိုက်​ထိုက်​တန်​တန်​ချီး​မြှင့် ပါ​မည်။ ကိုယ်​တော်​ခိုင်း​စေ​သ​မျှ​ကို​ဆောင်​ရွက် ပေး​ပါ​မည်။ ကြွ​လာ​၍​ဤ​သူ​တို့​ကို​ကျိန်​ဆဲ ပါ​လော့'' ဟူ​သော​ဗာ​လက်​၏​လျှောက်​ထား ချက်​ကို​တင်​ပြ​ကြ​၏။
NUM 22:18 သို့​ရာ​တွင်​ဗာ​လမ်​က``ဗာ​လက်​ဘု​ရင်​သည်​နန်း တော်​တွင်​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို ငါ့​အား​ပုံ​၍ ပေး​သော်​လည်း​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ငါ​မ​လွန်​ဆန်​နိုင်။-
NUM 22:19 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား မည် ကဲ့​သို့​မိန့်​တော်​မူ​ဦး​မည်​ကို​သိ​ရှိ​နိုင်​ရန် သင်​တို့​သည် ယ​နေ့​ည​ငါ့​ထံ​တွင်​တည်း​ခို နေ​ထိုင်​ကြ​ပါ'' ဟု​ဆို​၏။
NUM 22:20 ထို​နေ့​ည​တွင်​ဘု​ရား​သ​ခင်​သည်​ဗာ​လမ်​ထံ သို့​ကြွ​လာ​၍``ဤ​သူ​တို့​သည်​သင့်​ကို​သူ​တို့ နှင့်​အ​တူ​လိုက်​ပါ​ရန် ခေါ်​ဖိတ်​လျှင်​လိုက်​သွား လော့။ သို့​ရာ​တွင်​သင်​သည်​ငါ​ညွှန်​ကြား​သည့် အ​တိုင်း​သာ​ဆောင်​ရွက်​ရ​မည်'' ဟု​မိန့်​တော် မူ​၏။-
NUM 22:21 သို့​ဖြစ်​၍​နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လမ် သည် မြည်း​ကို​ကုန်း​နှီး​တင်​၍​စီး​ပြီး​လျှင် မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​နှင့် အ​တူ​လိုက်​သွား​လေ​၏။
NUM 22:22 ထို​သို့​ဗာ​လမ်​လိုက်​သွား​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​လေ​၏။ ဗာ​လမ် သည်​အ​စေ​ခံ​နှစ်​ယောက်​လိုက်​ပါ​လျက်​မြည်း ကို​စီး​၍​သွား​နေ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည်​သူ​သွား​ရာ​လမ်း ပေါ်​တွင်​ရပ်​၍​တား​ဆီး​နေ​၏။-
NUM 22:23 မြည်း​သည်​လမ်း​ပေါ်​တွင်​ဋ္ဌား​ကို​ကိုင်​ဆွဲ​လျက် ရပ်​နေ​သော ကောင်း​ကင်​တ​မန်​ကို​မြင်​လျှင်​လမ်း လွှဲ​၍​လယ်​ကွင်း​ထဲ​သို့​ဆင်း​လေ​၏။ ထို​အ​ခါ ဗာ​လမ်​သည်​မြည်း​ကို​ရိုက်​၍​လမ်း​မ​ပေါ်​သို့ ပြန်​တက်​စေ​၏။-
NUM 22:24 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​စ​ပျစ်​ဥ​ယျာဉ် နှစ်​ခု​၏ ကျောက်​နံ​ရံ​အ​ကြား​လမ်း​ကျဉ်း​ပေါ် တွင်​ရပ်​နေ​လေ​သည်။-
NUM 22:25 မြည်း​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​နံ​ရံ​တစ်​ဖက်​သို့​ကပ်​သ​ဖြင့် ဗာ​လမ် ၏​ခြေ​ညှပ်​မိ​လေ​သည်။ ထို​အ​ခါ​ဗာ​လမ် သည်​မြည်း​ကို​ရိုက်​ပြန်​သည်။-
NUM 22:26 တစ်​ဖန်​ကောင်း​ကင်​တမန်​သည်​ရှေ့​မှ​ဆီး​ကြို​၍ ဝဲ​ယာ​သို့​မြည်း​မ​လှည့်​သာ​သော​နေ​ရာ​တွင် ရပ်​နေ​၏။-
NUM 22:27 မြည်း​သည်​ကောင်းကင်​တ​မန်​ကို​မြင်​ပြန်​သော အ​ခါ လမ်း​မ​ပေါ်​တွင်​ဝပ်​ချ​လိုက်​၏။ ဗာ​လမ် သည်​ဒေါ​သ​ထွက်​၍​မြည်း​ကို​တောင်​ဝှေး​ဖြင့် ရိုက်​လေ​သည်။-
NUM 22:28 ထို​အ​ခါ​ထာဝရ​ဘု​ရား​သည်​မြည်း​ကို​လူ​ကဲ့ သို့ စ​ကား​ပြော​စေ​သ​ဖြင့်​မြည်း​က​ဗာ​လမ် အား``ငါ့​ကို​အ​ဘယ်​အ​ပြစ်​ကြောင့်​သုံး​ကြိမ် တိုင်​အောင်​ရိုက်​ရ​ပါ​သ​နည်း'' ဟု​မေး​လေ သည်။
NUM 22:29 ဗာ​လမ်​က``သင်​သည်​ငါ့​ကို​အ​ရူး​ဖြစ်​အောင် ပြု​လုပ်​ပါ​သည်​တ​ကား။ ငါ့​လက်​ထဲ​၌​ဋ္ဌား ရှိ​လျှင်​သင့်​ကို​ငါ​သတ်​မည်'' ဟု​ဆို​လေ​၏။
NUM 22:30 ထို​အ​ခါ​မြည်း​က``ငါ​သည်​သင်​စီး​နေ​ကျ မြည်း​မ​ဟုတ်​ပါ​သ​လော။ ငါ​သည်​ယ​ခင်​ဤ ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ​သ​လော'' ဟု​ဗာ​လမ်​အား မေး​လေ​၏။ ဗာ​လမ်​က``မ​ပြု​ဘူး'' ဟု​ပြန်​ပြော​၏။
NUM 22:31 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လမ်​အား ဋ္ဌား​ကိုင်​၍ ရပ်​နေ​သော​ကောင်း​ကင်​တ​မန်​ကို မြင်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မြေ​ပေါ်​တွင် ပျပ်​ဝပ်​၍​နေ​လေ​၏။-
NUM 22:32 ကောင်း​ကင်​တ​မန်​က​ဗာ​လမ်​အား``သင်​သည် မြည်း​ကို​ဤ​သို့​အ​ဘယ်​ကြောင့်​သုံး​ကြိမ် ရိုက်​ရ​ပါ​သ​နည်း။ သင်​သည်​ခ​ရီး​ဆက်​၍ မ​သွား​နိုင်​ရန်​ငါ​သည်​သင်​သွား​ရာ​လမ်း ကို​ပိတ်​ဆို့​ခဲ့​သည်။-
NUM 22:33 သင်​၏​မြည်း​သည်​ငါ့​ကို​မြင်​သ​ဖြင့်​သုံး​ကြိမ် တိုင်​လမ်း​လွှဲ​ခဲ့​ပြီ။ အ​ကယ်​၍​မြည်း​သည်​လမ်း မ​လွှဲ​ခဲ့​လျှင် ငါ​သည်​သင့်​ကို​သတ်​၍​မြည်း ကို​အ​သက်​ချမ်း​သာ​ပေး​ပြီ'' ဟု​ဆို​လေ​၏။
NUM 22:34 ထို​အ​ခါ​ဗာ​လမ်​က``အ​ကျွန်ုပ်​အ​ပြစ်​ကူး လွန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​တား ဆီး​ရန်​လမ်း​ပေါ်​တွင်​ရပ်​နေ​သည်​ကို​အ​ကျွန်ုပ် မ​သိ​ပါ။ အ​ကျွန်ုပ်​အား​ခ​ရီး​ဆက်​၍​မ​သွား စေ​လို​လျှင်​အိမ်​သို့​ပြန်​ပါ​မည်'' ဟု​ဆို​လေ ၏။
NUM 22:35 ကောင်း​ကင်​တ​မန်​က​လည်း``ဤ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့။ သို့​ရာ​တွင်​ငါ​ပြော စေ​လို​သည့်​အ​တိုင်း​သာ​ပြော​ဆို​ရ​မည်'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဗာ​လမ်​သည်​သူ​တို့​နှင့် အ​တူ​လိုက်​ပါ​သွား​လေ​၏။
NUM 22:36 ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​လာ​နေ​ကြောင်း ကို​ကြား​သိ​ရ​သော​အ​ခါ မော​ဘ​ပြည်​နယ်​စပ် အာ​နုန်​မြစ်​ကမ်း​ပေါ်​ရှိ​အာ​ရ​မြို့​သို့​သွား​၍ ကြို​ဆို​၏။-
NUM 22:37 ဗာ​လက်​က​ဗာ​လမ်​အား``အ​ကျွန်ုပ်​ပ​ထ​မ အ​ကြိမ်​ကိုယ်​တော်​ကို​ခေါ်​ရန်​စေ​လွှတ်​စဉ်​က အ​ဘယ်​ကြောင့်​လိုက်​၍​မ​လာ​ပါ​သ​နည်း။ ကိုယ်​တော်​အား​ထိုက်​တန်​စွာ​မ​ချီး​မြှင့်​နိုင် ဟု​ယူ​ဆ​ပါ​သ​လော'' ဟု​ဆီး​၍​မေး​လေ သည်။
NUM 22:38 ဗာ​လမ်​က``ငါ​ယ​ခု​ရောက်​လာ​ပြီ။ သို့​ရာ​တွင် ငါ​သည် ကိုယ်​တိုင်​ပြော​ပိုင်​ခွင့်​မ​ရှိ။ ဘု​ရား​သ​ခင်​က​ငါ့​အား​ပြော​စေ​လို​သ​မျှ​ကို သာ​ငါ​ပြော​နိုင်​မည်'' ဟု​ဆို​လေ​၏။-
NUM 22:39 သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာ​လက်​နှင့်​အ​တူ ဿု​ဇုတ်​မြို့​သို့​လိုက်​ပါ​သွား​လေ​သည်။-
NUM 22:40 ထို​မြို့​တွင်​ဗာ​လက်​သည်​သိုး​နွား​များ​ကို သတ်​၍ အ​သား​အ​ချို့​ကို​ဗာ​လမ်​နှင့်​အ​ကြီး အ​ကဲ​များ​ထံ​သို့​ပို့​စေ​သည်။
NUM 22:41 နောက်​တစ်​နေ့​နံ​နက်​တွင်​ဗာ​လက်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​သာ​နိုင် သော​ဗား​မော့​ဗာ​လ​တောင်​ကုန်း​ပေါ်​သို့ ဗာ​လမ်​အား​ခေါ်​ဆောင်​သွား​လေ​သည်။
NUM 23:1 ဗာ​လမ်​က``ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့'' ဟု ဗာ​လက်​အား​စေ​ခိုင်း​လေ​သည်။
NUM 23:2 ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း​ဗာ​လက်​သည် ဆောင်​ရွက်​၍ သူ​တို့​နှစ်​ဦး​သည်​ယဇ်​ပလ္လင်​တစ်​ခု စီ​ပေါ်​တွင်​နွား​တစ်​ကောင်​နှင့်​သိုး​တစ်​ကောင် ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-
NUM 23:3 ထို​နောက်​ဗာ​လမ်​က​ဗာ​လက်​အား``သင်​သည် မီး​ရှို့​ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​နှင့်​တွေ့​ဆုံ​ရန်​ကြွ​လာ​မည်၊ မ​ကြွ​လာ​မည်​ကို​သွား​၍​ကြည့်​မည်။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​မျှ ကို​သင့်​အား​ငါ​ပြော​ပြ​မည်'' ဟု​ဆို​လေ​၏။ ထို​ကြောင့်​သူ​သည်​တစ်​ယောက်​တည်း​တောင် ကုန်း​တစ်​ခု​ပေါ်​သို့​တက်​သွား​သော​အ​ခါ၊-
NUM 23:4 ဘု​ရား​သ​ခင်​သည်​သူ​နှင့်​တွေ့​ဆုံ​ရန်​ကြွ လာ​တော်​မူ​၏။ ထို​အ​ခါ​ဗာ​လမ်​က​ထာ​ဝ​ရ ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍​တစ်​ခု​စီ​ပေါ်​တွင် နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​ပါ​ပြီ'' ဟု လျှောက်​ထား​လေ​၏။
NUM 23:5 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို ရ​မည့်​စ​ကား​ကို​မိန့်​ကြား​ပြီး​လျှင်​ဗာ​လမ် ကို​ဗာ​လက်​ထံ​သို့​ပြန်​စေ​တော်​မူ​၏။-
NUM 23:6 သို့​ဖြစ်​၍​ဗာ​လမ်​သည်​ဗာလက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ်​ပလ္လင် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​လေ​၏။
NUM 23:7 ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​၏။ ``မော​ဘ​ပြည်​ဘု​ရင်​ဗာ​လက်​က​ရှု​ရိ​ပြည်​တည်​ရာ အ​ရှေ့​တောင်​တန်း​များ​မှ​ငါ့​အား​ခေါ်​ဆောင်​ခဲ့​လေ ပြီ။ ဘု​ရင်​က`လာ​၍​ယာ​ကုပ်​အ​ဆက်​အ​နွယ်​တို့​ကို ကျိန်​ဆဲ​ပါ​လော့။ လာ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရှုတ်​ချ​ပါ​လော့' ဟု​ဆို​၏။
NUM 23:8 ဘု​ရား​သ​ခင်​ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​တို့ ကို ငါ​အ​ဘယ်​သို့​ကျိန်​ဆဲ​နိုင်​မည်​နည်း။ ဘု​ရား​သ​ခင်​ရှုတ်​ချ​တော်​မ​မူ​သော​သူ​တို့​ကို ငါ​အ​ဘယ်​သို့​ရှုတ်​ချ​နိုင်​မည်​နည်း။
NUM 23:9 ငါ​သည်​ကျောက်​တောင်​များ​ပေါ်​မှ​သူ​တို့​ကို မြင်​ရ​၏။ ငါ​သည်​တောင်​ကုန်း​များ​ပေါ်​မှ​သူ​တို့​ကို​ရှု မြင်​နိုင်​၏။ သူ​တို့​သည်​လူ​မျိုး​အ​ပေါင်း​တို့​တွင်​ထူး​ခြား သော လူ​မျိုး​ဖြစ်​၏။ အ​ခြား​လူ​များ​ထက်​ကောင်း​ချီး​ပို​၍​ခံ​စား ရ​သူ​များ ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ​၏။
NUM 23:10 ဣ​သ​ရေ​လ​အ​ဆက်​အ​နွယ်​တို့​သည်​များ​ပြား လှ​သ​ဖြင့် မြေ​မှုန့်​ကို​မ​ရေ​မ​တွက်​နိုင်​သ​ကဲ့​သို့၊ သူ​တို့​ကို​မ​ရေ​မ​တွက်​နိုင်။ ဘု​ရား​သ​ခင်​၏​လူ​စု​ဝင်​တစ်​ယောက်​ကဲ့​သို့ သေ​ရ​ပါ​လို​၏။ ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​ငြိမ်း​ချမ်း​စွာ​သေ​ရ ပါ​လို​၏။''
NUM 23:11 ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​မည်​သို့​ပြု​လုပ်​လိုက်​ပါ​သ​နည်း။ အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​ပါ​သော်​လည်း ကိုယ်​တော်​သည်​သူ​တို့ ကို​ကောင်း​ချီး​ပေး​ပါ​သည်​တ​ကား'' ဟု​ဆို​၏။
NUM 23:12 ဗာ​လမ်​က``ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို​စေ​လို သည့်​အ​တိုင်း​သာ​လျှင် ငါ​ဆင့်​ဆို​နိုင်​သည်'' ဟု ပြန်​ဖြေ​လေ​၏။
NUM 23:13 ထို​နောက်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ဣသ​ရေ​လ အ​မျိုး​သား​အ​ချို့​ကို​သာ မြင်​နိုင်​သော​နေ​ရာ​သို့ လိုက်​ခဲ့​ပါ။ ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို ကျိန်​ဆဲ ပါ​လော့'' ဟု​ဆို​လေ​၏။-
NUM 23:14 သို့​ဖြစ်​၍​ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​ကို ပိ​သ​ဂါ တောင်​ပေါ်​ရှိ​ဇော​ဖိမ်​ကွင်း​သို့​ခေါ်​ဆောင်​သွား​လေ သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင်​ခု​နစ်​ခု ကို​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး​တစ်​ကောင် နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော်​လေ​သည်။
NUM 23:15 ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``သင်​သည်​မီး​ရှို့ ရာ​ယဇ်​နား​တွင်​ရပ်​နေ​လော့။ ငါ​သည်​သွား​၍ ဘုရား​သခင်​နှင့်​တွေ့​ဆုံ​မည်'' ဟု​ဆို​၏။
NUM 23:16 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို​ရ​မည့် စ​ကား​ကို​မိန့်​ကြား​ပြီး​နောက်​ဗာ​လမ်​ကို​ဗာ​လက် ထံ​သို့​ပြန်​စေ​တော်​မူ​၏။-
NUM 23:17 ထို့​ကြောင့်​ဗာ​လမ်​သည်​ဗာ​လက်​ဘု​ရင်​ထံ​သို့ ပြန်​လာ​သော​အ​ခါ ဘု​ရင်​သည်​မော​ဘ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ မီး​ရှို့​ရာ​ယဇ် အ​နား​တွင်​ရပ်​နေ​သည်​ကို​တွေ့​မြင်​ရ​၏။ ဗာ​လက် ဘု​ရင်​က​ထာ​ဝ​ရ​ဘု​ရား​မည်​သို့​မိန့်​ကြား တော်​မူ​ကြောင်း​ကို​မေး​မြန်း​၏။-
NUM 23:18 ထို​အ​ခါ​ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။ ``ဇိ​ဖော်​၏​သား​ဗာ​လက်၊ငါ့​ထံ​သို့​လာ​၍ ငါ​ပြော​မည့်​စ​ကား​ကို​နား​ထောင်​လော့။
NUM 23:19 ဘု​ရား​သ​ခင်​သည်​လူ​ကဲ့​သို့​မု​သား​စ​ကား ကို​မ​ပြော။ လူ​ကဲ့​သို့​စိတ်​ပြောင်း​လဲ​တော်​မ​မူ။ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​၏။ အ​မိန့်​တော်​အ​တိုင်း​ဖြစ်​ပျက်​တတ်​၏။
NUM 23:20 ကောင်း​ချီး​ပေး​ရန်​ငါ့​အား​စေ​ခိုင်း​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကောင်း​ချီး​ကို ငါ​သည်​မ​ရုတ်​သိမ်း​နိုင်။
NUM 23:21 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​အ​ခါ ဘေး​ဒုက္ခ​ရောက်​မည်​ကို​ငါ​မ​မြင်။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​ကြောင်း ကို ကြေ​ညာ​ကြ​၏။
NUM 23:22 ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ သူ​တို့​သည်​နွား​ရိုင်း​ကဲ့​သို့​ခွန်​အား​ကြီး​၏။
NUM 23:23 မှော်​အ​တတ်၊စုန်း​အ​တတ်​တို့​၏​အ​ကူ​အ​ညီ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို၊ အ​ဘယ်​သူ​မျှ​မ​တိုက်​ခိုက်​နိုင်။ ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ပုံ​မှာ အံ့​သြ​ဘွယ်​ဟူ​၍​ဆို​စ​မှတ်​ပြု​ကြ​လိမ့်​မည်။
NUM 23:24 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော​ခြင်္သေ့ နှင့်​တူ​၏။ သား​ကောင်​ကို​မ​သတ်​ဖြတ်​သွေး​ကို​မ​သောက် ရ​လျှင် ထို​ခြင်္သေ့​သည်​ငြိမ်​ဝပ်​၍​နေ​မည်​မ​ဟုတ်။''
NUM 23:25 ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​ကျိန် ဆဲ​ပါ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​ကောင်း​ချီး မ​ပေး​ပါ​နှင့်'' ဟု​ဆို​၏။
NUM 23:26 ဗာ​လမ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း ပြု​လုပ်​ရ​သည်​ဟု​သင့်​အား​ငါ ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဖြေ​ကြား​လေ​သည်။
NUM 23:27 တစ်​ဖန်​ဗာ​လက်​ဘု​ရင်​က​ဗာ​လမ်​အား``အ​ခြား တစ်​နေ​ရာ​သို့​လိုက်​ခဲ့​ပါ​လော့။ ကိုယ်​တော်​အား ထို​အ​ရပ်​မှ​နေ​၍​သူ​တို့​ကို​ကျိန်​ဆဲ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​ကောင်း​ရှိ​မည်'' ဟု​ဆို​၏။-
NUM 23:28 သို့​ဖြစ်​၍​သူ​သည်​ဗာ​လမ်​အား​တော​ကန္တာ​ရ​ကို မြင်​နိုင်​သော ပေ​ဂု​ရ​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင် သွား​လေ​သည်။-
NUM 23:29 ဗာ​လမ်​က ဘု​ရင်​အား``ဤ​အ​ရပ်​တွင်​ငါ့​အ​တွက် ယဇ်​ပလ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ် ကောင်​နှင့်​သိုး​ထီး​ခု​နစ်​ကောင်​ကို​ယူ​ဆောင်​ခဲ့ လော့'' ဟု​စေ​ခိုင်း​လေ​သည်။-
NUM 23:30 ဗာ​လက်​ဘု​ရင်​သည်​ဗာ​လမ်​စေ​ခိုင်း​သည့်​အ​တိုင်း ယဇ်​ပလ္လင်​များ​တည်​၍ တစ်​ခု​စီ​ပေါ်​တွင်​နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​ပူ​ဇော် လေ​၏။
NUM 24:1 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို ကောင်း​ချီး​ပေး​စေ​လို​ကြောင်း​သိ​မြင်​သော အ​ခါ ဗာ​လမ်​သည်​ယ​ခင်​က​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ထံ​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ခံ​ယူ​ရန်​မ​ကြိုး စား​တော့​ချေ။ သူ​သည်​တော​ကန္တာ​ရ​ဘက်​သို့ လှည့်​ကြည့်​ရာ၊-
NUM 24:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​နွယ်​အ​လိုက် စ​ခန်း​ချ​နေ​သည်​ကို​မြင်​ရ​သည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​သူ့​အ​ပေါ် သို့​ဆင်း​သက်​၏။-
NUM 24:3 ထို့​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​သည်။ ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။
NUM 24:4 သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။
NUM 24:5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တဲ​များ​သည် တင့်​တယ်​လှ​ပေ​စွ။
NUM 24:6 ရှည်​လျား​စွာ​ပေါက်​ရောက်​နေ​သော ထန်း​ပင်​တန်း​များ​နှင့်​တူ​ပေ​သည်။ မြစ်​ကမ်း​နား​မှာ​စိုက်​သော​ဥ​ယျာဉ်​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော အ​ကျော်​ပင်​များ​နှင့်​လည်း​ကောင်း၊ ရေ​နီး​ရာ​၌​ပေါက်​သော​အာ​ရဇ်​ပင်​များ​နှင့် လည်း​ကောင်း တူ​ပေ​သည်။
NUM 24:7 ယင်း​တို့​အ​ပေါ်​တွင်​မိုး​များ​စွာ​ရွာ​သွန်း​လိမ့်​မည်။ ရေ​အ​လုံ​အ​လောက်​ရ​ရှိ​သော​လယ်​များ​တွင် စိုက်​ပျိုး​ရ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​သည်​အာ​ဂတ်​ဘု​ရင်​ထက် တန်​ခိုး​ကြီး​၍​နေ​ရာ​အ​နှံ့​သို့ သူ​၏​အာ​ဏာ​စက်​သက်​ရောက်​လိမ့်​မည်။
NUM 24:8 ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​တော်​မူ​၏။ သူ​တို့​သည်​နွား​ရိုင်း​ကဲ့​သို့​ခွန်​အား​ကြီး​၏။ သူ​တို့​သည်​ရန်​သူ​များ​ကို​ချေ​မှုန်း​ကြ​၏။ ရန်​သူ​တို့​၏​အ​ရိုး​များ​ကို​ညက်​ညက်​ကြေ စေ​လျက် သူ​တို့​၏​မြား​များ​ကို​ချိုး​ဖျက်​ကြ​၏။
NUM 24:9 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော ခြင်္သေ့​နှင့်​တူ​၏။ သူ​အိပ်​နေ​သော​အ​ခါ​မည်​သူ​မျှ​သူ့​ကို​မ​နှိုး​ဝံ့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကောင်း​ချီး​ပေး သော သူ​သည်​ကောင်း​ချီး​ပေး​ခြင်း​ကို​ခံ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကျိန်​ဆဲ​သော သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​မည်။''
NUM 24:10 ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​သည်​အ​မျက်​ထွက်​သ​ဖြင့် လက်​သီး​များ​ကို​ဆုပ်​လျက်​ဗာ​လမ်​အား``အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​သူ​တို့ ကို​သုံး​ကြိမ်​တိုင်​အောင်​ကောင်း​ချီး​ပေး​လေ​ပြီ။-
NUM 24:11 ယ​ခု​ကိုယ်​တော်​ပြန်​ပါ​လော့။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အား ဆု​လာဘ်​များ​ချီး​မြှင့်​မည်​ဟု က​တိ​ထား​ခဲ့​သော်​လည်း ထို​သို့​ချီး​မြှင့်​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​အ​လို​တော်​မ​ရှိ'' ဟု ဆို​လေ​၏။
NUM 24:12 ဗာ​လမ်​က``သင်​၏​နန်း​တော်​တွင် ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို​ပေး​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆန့်​ကျင်​၍ ငါ့​အ​လို​အ​လျောက်​မည်​သို့ မျှ​မ​ပြု​နိုင်​ဟု​သင်​စေ​လွှတ်​သော​သံ​တ​မန်​တို့ အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​သာ​ပြော​ရ​မည်'' ဟု​ဖြေ​ကြား​လေ​၏။
NUM 24:14 ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``ယ​ခု​ငါ​သည် ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန်​မည်။ သို့​ရာ​တွင် ငါ​ပြန်​၍​မ​သွား​မီ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​နောင်​အ​ခါ သင်​၏​အ​မျိုး​သား​တို့​အား မည်​ကဲ့​သို့​ပြု​လုပ်​မည့်​အ​ကြောင်း​ကို ငါ​သ​တိ ပေး​ခဲ့​မည်'' ဟု​ဆို​၏။-
NUM 24:15 ထို​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။
NUM 24:16 သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ အ​မြင့်​ဆုံး​သော​ဘု​ရား​ထံ​တော်​မှ အ​သိ​ပ​ညာ​ကို​ရ​ရှိ​၏။ မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။
NUM 24:17 ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။
NUM 24:18 သူ​သည်​ဧ​ဒုံ​ပြည်​ရှိ​ရန်​သူ​တို့​ကို တိုက်​ခိုက်​အောင်​မြင်​၍ သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်။
NUM 24:19 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ဆက်​မ​ပြတ် အောင်​ပွဲ​ခံ​လိမ့်​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ရန်​သူ​တို့​ကို​ချေ​မှုန်း​၍ တစ်​ယောက်​မ​ကျန်​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်။''
NUM 24:20 ထို​နောက်​ဗာ​လမ်​သည်​အာ​မ​လက်​အ​မျိုး​သား တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။ ``အာ​မ​လက်​နိုင်​ငံ​သည်​အင်​အား အ​ကြီး​ဆုံး​နိုင်​ငံ​ဖြစ်​၏။ သို့​ရာ​တွင်​နောက်​ဆုံး​၌​ထို​နိုင်​ငံ​သည် ပျက်​သုဉ်း​ရ​လိမ့်​မည်။''
NUM 24:21 တစ်​ဖန်​သူ​သည်​ကေ​နိ​အ​မျိုး​သား​တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍ အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``သင်​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် ကမ်း​ပါး​ယံ​အ​ထက်​၌​တည်​ဆောက်​ထား​သော ငှက်​သိုက်​ကဲ့​သို့​လုံ​ခြုံ​ပေ​သည်။
NUM 24:22 သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​ပျက်​စီး​ဆုံး​ပါး​လိမ့်​မည်။''
NUM 24:23 ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို သည်။ ``မြောက်​အ​ရပ်​တွင်​မည်​သူ​တို့​စု​ရုံး​နေ​ကြ သ​နည်း။
NUM 24:24 ကု​ပ​ရု​ကျွန်း​မှ​ရန်​သူ​သင်္ဘော​များ​သည်​လာ​၍ အာ​ရှု​ရိ​ပြည်​နှင့်​ဟေ​ဗာ​ပြည်​တို့​ကို​တိုက်​ခိုက် အောင်​မြင်​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​ကိုယ်​တိုင်​လည်း​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။''
NUM 24:25 ထို​နောက်​ဗာ​လမ်​နှင့်​ဗာ​လက်​ဘု​ရင်​တို့​သည် မိ​မိ တို့​နေ​ရပ်​သို့​အ​သီး​သီး​ပြန်​သွား​ကြ​လေ​၏။
NUM 25:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ကား​ရှား ချိုင့်​ဝှမ်း​တွင်​စ​ခန်း​ချ​လျက်​ရှိ​နေ​ကြ​စဉ် အ​မျိုး သား​အ​ချို့​တို့​သည်​ထို​အ​ရပ်​သူ​မော​ဘ အ​မျိုး​သ​မီး​တို့​နှင့်​မှား​ယွင်း​ကြ​၏။-
NUM 25:2 ထို​အ​မျိုး​သ​မီး​တို့​က မော​ဘ​ဘုရား​ယဇ်​ပူ​ဇော် ပွဲ​များ​သို့​သူ​တို့​ကို​ခေါ်​သွား​ကြ​၏။ ဣသ​ရေ​လ အ​မျိုး​သား​တို့​သည်​ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ ဘု​ရား​အား ပူ​ဇော်​သော​အ​စား​အ​စာ​ကို​စား ၍​ထို​ဘု​ရား​ကို​ဦး​ချ​ရှိ​ခိုး​ကြ​၏။-
NUM 25:3 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် ထွက်​၍၊-
NUM 25:4 မော​ရှေ​အား``ငါ​၏​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း တို့​ကို​ထုတ်​ဆောင်​၍ လူ​ပ​ရိ​သတ်​ရှေ့​တွင်​ကွပ် မျက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
NUM 25:5 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​လိုက်​အုပ် ချုပ်​ရ​သူ​တို့​အား``သင်​တို့​တစ်​ဦး​စီ​သည်​သင် တို့​အ​နွယ်​ထဲ​မှ ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ​ဘု​ရား အား​ဦး​ချ​ရှိ​ခိုး​သူ​အား​လုံး​ကို​ကွပ်​မျက်​ရ မည်'' ဟု​အ​မိန့်​ပေး​လေ​သည်။
NUM 25:6 မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် တဲ​တော်​တံ​ခါး​ဝ​တွင်​ငို​ကြွေး​မြည် တမ်း​လျက်​ရှိ​နေ​စဉ် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဦး​သည်​သူ​တို့​ရှေ့​မှောက်​၌ မိ​ဒျန်​အ​မျိုး သ​မီး​တစ်​ယောက်​ကို​မိ​မိ​၏​တဲ​အ​တွင်း​သို့ ခေါ်​သွင်း​သွား​သည်​ကို​မြင်​ကြ​၏။-
NUM 25:7 ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​၏​မြေး၊ ဧ​လာ​ဇာ​၏ သား​ဖိ​န​ဟတ်​သည်​ထို​အ​ခြင်း​အ​ရာ​ကို မြင်​ရ​လျှင် ပ​ရိ​သတ်​ထဲ​မှ​ထွက်​သွား​၍ လှံ​တစ်​စင်း​ကိုင်​စွဲ​လျက်၊-
NUM 25:8 ထို​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့​ရှိ​ရာ တဲ​ထဲ​သို့​လိုက်​သွား​ပြီး​လျှင် သူ​တို့​နှစ်​ယောက် စ​လုံး​အား​လှံ​ဖြင့်​ထိုး​သတ်​လေ​၏။ ဤ​နည်း အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သေ​ကြေ​ပျက်​စီး​စေ​သည့်​ကပ်​ရော​ဂါ ဖြစ်​ပွား​မှု​ကို​ရပ်​စေ​သည်။-
NUM 25:9 သို့​ရာ​တွင်​ထို​ကပ်​ရော​ဂါ​ကြောင့်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​သေ​ဆုံး​ပြီး​ဖြစ်​သည်။
NUM 25:10 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
NUM 25:11 ``ဖိ​န​ဟတ်​ပြု​သော​အ​မှု​ကြောင့်​ငါ​၏​အ​မျက် ပြေ​ပြီ။ သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော ဘု​ရား​အား ကိုး​ကွယ်​မှု​ကို​သည်း​မ​ခံ​နိုင်။ သို့ ဖြစ်​၍​ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​မ​သုတ်​သင်​မ​ဖျက် ဆီး​ခဲ့​ချေ။-
NUM 25:12 ထို့​ကြောင့်​ငါ​သည်​ထာ​ဝ​စဉ်​တည်​မည့်​ပ​ဋိ ညာဉ်​ကို သူ​နှင့်​ပြု​လုပ်​မည်​ဖြစ်​ကြောင်း​သူ့ အား​ပြော​လော့။-
NUM 25:13 သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို လက်​မ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​အ​ပြစ်​ပြေ​ရာ​ပြေ​ကြောင်း​ကို​ဆောင်​ရွက်​ခဲ့ သော​ကြောင့် သူ​မှ​စ​၍​သူ​၏​အ​ဆက်​အ​နွယ် တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​အ​မြဲ ဆက်​ခံ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 25:14 မိ​ဒျန်​အ​မျိုး​သ​မီး​နှင့်​အ​တူ​အ​သတ်​ခံ​ရ သော ဣ​သ​ရေ​လ​အ​မျိုး​သား​နာ​မည်​သည်​ကား ရှိ​မောင်​အ​နွယ်​ဝင်​မိ​သား​စု​၏​အ​ကြီး အ​ကဲ​ဖြစ်​သူ​သာ​လု​၏​သား​ဇိ​မ​ရိ​ဖြစ် သ​တည်း။-
NUM 25:15 အ​မျိုး​သ​မီး​၏​နာ​မည်​မှာ​ကော​ဇ​ဘိ​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဇု​ရ​သည်​မိ​ဒျန်​သား​ချင်း​စု တစ်​စု​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သည်။
NUM 25:16 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``မိ​ဒျန် အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက် ဆီး​လော့။
NUM 25:18 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပေ​ဂု​ရ အ​ရပ်​တွင် သင်​တို့​ကို​လှည့်​ဖြား​၍​ပြစ်​မှား​စေ သော​ကြောင့်​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​ရောဂါ ကပ်​ကျ​ရောက်​စဉ်​သေ​ဆုံး​သွား​သော​ကော​ဇ​ဘိ ကိစ္စ​ကြောင့်​လည်း​ကောင်း မိ​ဒျန်​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​သုတ်​သင်​ဖျက်​ဆီး​လော့'' ဟု​မိန့်​တော်​မူ​၏။
NUM 26:1 ရော​ဂါ​ကပ်​လွန်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် မော​ရှေ​နှင့်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ တို့​အား၊-
NUM 26:2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထဲ​မှ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​၍ စစ်​မှု​ထမ်း နိုင်​သော​ယောကျာ်း​ဦး​ရေ​စာ​ရင်း​ကို မိ​သား​စု အ​လိုက်​ကောက်​ယူ​လော့'' ဟု​မိန့်​တော်​မူ​၏။-
NUM 26:3 မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​အ​မိန့်​တော် အ​တိုင်း အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​သူ ယောကျာ်း​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန် မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌​စု​ရုံး​ရောက် ရှိ​လာ​ကြ​သည်။ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ ဣ​သ​ရေ​လ အ​မျိုး​သား​ထဲ​မှ​ယောကျာ်း​ဦး​ရေ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။
NUM 26:5 ရု​ဗင်​အ​နွယ်(ရု​ဗင်​သည်​ယာ​ကုပ်​၏​သား​ဦး ဖြစ်​၏) သား​ချင်း​စု​များ​မှာ​ဟာ​နုတ်​၏​သား ချင်း​စု၊ ဖာ​လု​၏​သား​ချင်း​စု၊-
NUM 26:6 ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ကာ​မိ​၏​သား​ချင်း စု​တို့​ဖြစ်​သည်။
NUM 26:7 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း သုံး​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက်​ဖြစ်​သည်။-
NUM 26:8 ဖာ​လု​၏​အ​ဆက်​အ​နွယ်​များ​မှာ​ဧ​လျာ​ဘ​နှင့်၊-
NUM 26:9 သူ​၏​သား​များ​ဖြစ်​သော​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​ဖြစ်​ကြ​သည်။ (ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​က​ခေါင်း​ဆောင်​အ​ဖြစ်​ရွေး​ချယ်​ခြင်း​ခံ​ရ​၍ မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​အာ​ဏာ​ကို​ဖီ​ဆန် လျက် ကော​ရ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခဲ့​သူ​များ ဖြစ်​ကြ​၏။-
NUM 26:10 ထို့​ကြောင့်​သူ​တို့​သည်​ကော​ရ​၏​နောက်​လိုက် များ​နှင့်​အ​တူ​မြေ​မျို​ခံ​ရ​၏။ ထို​နေ့​၌ လောင်​မီး​ကျ​၍ လူ​ပေါင်း​နှစ်​ရာ့​ငါး​ဆယ် အ​သက်​ဆုံး​ခဲ့​ရ​သည်။ ထို​အ​ဖြစ်​အ​ပျက် က​လူ​အ​ပေါင်း​တို့​ကို​သ​တိ​တ​ရား​ရ​စေ​၏။-
NUM 26:11 သို့​ရာ​တွင်​ကော​ရ​၏​သား​များ​သည်​သေ ဘေး​မှ​လွတ်​ကြ​၏။)
NUM 26:12 ရှိ​မောင်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယေ မွေ​လ​၏​သား​ချင်း​စု၊ ယာ​မိန်​၏​သား​ချင်း​စု၊ ယာ​ခိန်​၏​သား​ချင်း​စု၊-
NUM 26:13 ဇေ​ရ​၏​သား​ချင်း​စု​နှင့်​ရှော​လ​၏ သား​ချင်း စု​တို့​ဖြစ်​သည်။-
NUM 26:14 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ယောက်​ဖြစ်​သည်။
NUM 26:15 ဂဒ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ဇေ​ဖုန်​၏ သား​ချင်း​စု၊ ဟ္ဂိ​၏​သား​ချင်း​စု၊ ရှု​နိ​၏​သား ချင်း​စု၊-
NUM 26:16 သြ​ဇ​နိ​၏​သား​ချင်း​စု၊ ဧ​ရိ​၏​သား​ချင်း​စု၊-
NUM 26:17 အာ​ရုဒ်​၏​သား​ချင်း​စု​နှင့်​အ​ရေ​လိ​တို့​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။-
NUM 26:18 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။
NUM 26:19 ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ (ယု​ဒ ၏​သား​နှစ်​ယောက်​ဖြစ်​သော​ဧ​ရ​နှင့်​သြ​နန် တို့​သည်​ခါ​နာန်​ပြည်​တွင်​သေ​ဆုံး​ခဲ့​ကြ​၏။-)
NUM 26:20 ရှေ​လ​၏​သား​ချင်း​စု၊ ဖာ​ရဇ်​၏​သား​ချင်း​စု၊ ဇေ​ရ​၏​သား​ချင်း​စု၊-
NUM 26:21 ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ဟာ​မု​လ​၏​သား ချင်း​စု​တို့​ဖြစ်​သည်။-
NUM 26:22 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခု​နစ်​သောင်း ခြောက်​ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။
NUM 26:23 ဣ​သ​ခါ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ တော​လ ၏​သား​ချင်း​စု၊ ဖု​ဝါ​၏​သား​ချင်း​စု၊-
NUM 26:24 ယာ​ရှုပ်​၏​သား​ချင်း​စု​နှင့်​ရှိ​မ​ရုန်​၏​သား​ချင်း​စု တို့​ဖြစ်​သည်။-
NUM 26:25 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခြောက်​သောင်း လေး​ထောင့်​သုံး​ရာ​ယောက်​ဖြစ်​သည်။
NUM 26:26 ဇာ​ဗု​လုန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​သ​ရက် ၏​သား​ချင်း​စု၊ ဧ​လုန်​၏​သား​ချင်း​စု​နှင့်​ယာ လေ​လ​၏​သား​ချင်း​စု​တို့​ဖြစ်​သည်။-
NUM 26:27 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ခြောက်​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။
NUM 26:28 ယော​သပ်​အ​နွယ်​များ​မှာ မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ဖြစ်​သည်။ ယော​သပ်​သည် မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ၏​ဖ​ခင်​ဖြစ်​သည်။
NUM 26:29 မ​နာ​ရှေ​အ​နွယ်၊ မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​သည် ဂိ​လဒ်​၏​ဖ​ခင်​ဖြစ်​သည်။ ဂိ​လဒ်​မှ​ဆင်း​သက် သော​သား​ချင်း​စု​များ​မှာ၊-
NUM 26:30 ယေ​ဇေ​ရ​၏​သား​ချင်း​စု၊ ဟေ​လက်​၏​သား​ချင်း စု၊-
NUM 26:31 အ​သ​ရေ​လ​၏​သား​ချင်း​စု၊ ရှေ​ခင်​၏​သား​ချင်း​စု၊-
NUM 26:32 ရှ​မိ​ဒ​၏​သား​ချင်း​နှင့်​ဟေ​ဖာ​၏​သား​ချင်း​စု​တို့ ဖြစ်​ကြ​သည်။-
NUM 26:33 ဟေ​ဖာ​၏​သား​ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ ထို​သ​မီး​များ​၏​နာ​မည် များ​မှာ​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မ​လ​ကာ နှင့်​တိ​ရ​ဇာ​တို့​ဖြစ်​သည်။-
NUM 26:34 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း နှစ်​ထောင့်​ခု​နစ်​ရာ​ယောက်​ဖြစ်​သည်။
NUM 26:35 ဧ​ဖ​ရိမ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ရှု​သ​လ​၏ သား​ချင်း​စု၊ ဗေ​ခါ​၏​သား​ချင်း​စု​နှင့်​တာ​ဟန်​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။-
NUM 26:36 ဧ​ရန်​၏​သား​ချင်း​စု​သည် ရှု​သ​လ​မှ​ဆင်း​သက် လာ​သည်။-
NUM 26:37 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ သုံး​သောင်း​နှစ် ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။ ဤ​သား​ချင်း​စု​တို့​သည်​ယော​သပ်​မှ​ဆင်း​သက် လာ​သည်။
NUM 26:38 ဗင်္ယာ​မိန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ဗေ​လ ၏​သား​ချင်း​စု၊ အာ​ရှ​ဗေ​လ​၏​သား​ချင်း​စု၊ အ​ဟိ​ရံ​၏​သား​ချင်း​စု၊-
NUM 26:39 ရှု​ဖံ​၏​သား​ချင်း​စု​နှင့်​ဟု​ဖံ​၏​သား​ချင်း​စု​တို့ ဖြစ်​သည်။-
NUM 26:40 အာ​ရ​ဒ​၏​သား​ချင်း​စု​နှင့်​နေ​မန်​၏​သား​ချင်း စု​တို့​သည် ဗေ​လ​မှ​ဆင်း​သက်​လာ​ကြ​သည်။-
NUM 26:41 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း​ငါး ထောင့်​ခြောက်​ရာ​ယောက်​ဖြစ်​သည်။
NUM 26:42 ဒန်​အ​နွယ်​မှ​ရှု​ဟံ​သား​ချင်း​စု​၏၊-
NUM 26:43 ဦး​ရေ​မှာ​ခြောက်​သောင်း​လေး​ထောင့်​လေး​ရာ​ယောက် ဖြစ်​သည်။
NUM 26:44 အာ​ရှာ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ယိ​မ​န သား​ချင်း​စု၊ ယေ​သ​ဝိ​သား​ချင်း​စု​နှင့်​ဗေ​ရိ သား​ချင်း​စု​တို့​ဖြစ်​သည်။-
NUM 26:45 ဟေ​ဗေ​ရ​သား​ချင်း​စု​နှင့်​မာ​လ​ချေ​လ​၏ သား​ချင်း​စု​တို့​သည် ဗေ​ရိ​မှ​ဆင်း​သက်​လာ​သည်။-
NUM 26:46 အာ​ရှာ​တွင်​စာ​ရာ​နာ​မည်​ရှိ​သ​မီး​တစ်​ယောက် ရှိ​၏။-
NUM 26:47 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း သုံး​ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။
NUM 26:48 န​ဿ​လိ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယာ​ဇေ​လ ၏​သား​ချင်း​စု၊ ဂု​နိ​၏​သား​ချင်း​စု၊-
NUM 26:49 ယေ​ဇ​ရ​၏​သား​ချင်း​စု​နှင့်​ရှိလ္လင်​သား​ချင်း​စု တို့​ဖြစ်​သည်။-
NUM 26:50 ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း​ငါး ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။
NUM 26:51 ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။
NUM 26:52 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အ​နွယ် တို့​၏​ဦး​ရေ​အ​နည်း​အ​များ​အ​လိုက်​ခါ​နာန် ပြည်​ကို​ခွဲ​ဝေ​ပေး​လော့။ လူ​ဦး​ရေ​များ​သော အ​နွယ်​တို့​အ​တွက်​မြေ​ပို​၍​လည်း​ကောင်း၊ လူ​ဦး ရေ​နည်း​သော​အ​နွယ်​တို့​အ​တွက်​မြေ​လျော့​နည်း ၍​လည်း​ကောင်း​စာ​ရေး​တံ​ချ​၍​ဝေ​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 26:57 လေ​ဝိ​အ​နွယ်​တွင်​ဂေ​ရ​ရှုံ​သား​ချင်း​စု၊ ကော ဟတ်​သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု တို့​ပါ​ဝင်​ကြ​သည်။-
NUM 26:58 ထို​သူ​တို့​မှ​တစ်​ဆင့်​လိ​ဗ​နိ​သား​ချင်း​စု၊ ဟေ ဗြော​နိ​သား​ချင်း​စု၊ မာ​လိ​သား​ချင်း​စု၊ မု​ရှိ သား​ချင်း​စု​နှင့်​ကော​ရ​သိ​သား​ချင်း​စု​တို့ ဆင်း​သက်​လာ​ကြ​သည်။ ကော​ဟတ်​၏​သား အာ​မ​ရံ​သည်၊-
NUM 26:59 လေ​ဝိ​၏​သ​မီး​ယော​ခေ​ဗက်​၏​ခင်​ပွန်း​ဖြစ် သည်။ ယော​ခေ​ဗက်​သည်​အီ​ဂျစ်​ပြည်​၌​ဖွား မြင်​ခဲ့​သည်။ အာ​မ​ရံ​နှင့်​ယော​ခေ​ဗက်​တို့​သည် သား​များ​ဖြစ်​သော​အာ​ရုန်​နှင့်​မော​ရှေ၊ သ​မီး ဖြစ်​သော​မိ​ရိ​အံ​တို့​ကို​ရ​ကြ​သည်။-
NUM 26:60 အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ သည်။-
NUM 26:61 နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား မ​ပူ​ဇော်​ထိုက်​သော​မီး​ဖြင့်​ပူ​ဇော်​သော ကြောင့်​သေ​ဆုံး​ခဲ့​ကြ​၏။-
NUM 26:62 လေ​ဝိ​အ​နွယ်​တွင်​တစ်​လ​သား​အ​ရွယ်​နှင့် အ​ထက်​ရှိ သော​ယောကျာ်း​ဦး​ရေ​မှာ​နှစ်​သောင်း သုံး​ထောင်​ယောက်​ဖြစ်​သည်။ သူ​တို့​သည်​ဣ​သ ရေ​လ​နိုင်​ငံ​တွင်​နယ်​မြေ​ခွဲ​ဝေ​ပေး​ခြင်း​မ​ခံ ရ​သ​ဖြင့် အ​ခြား​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ဦး​ရေ​စာ​ရင်း​၌​မ​ပါ​ဝင်​ဘဲ​သီး ခြား​စာ​ရင်း​ဖြင့်​ဖော်​ပြ​ထား​သည်။
NUM 26:63 ဤ​လူ​ဦး​ရေ​စာ​ရင်း​သည်​မော​ရှေ​နှင့်​ဧ​လာ​ဇာ တို့​က ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား ရှိ​မော​ဘ​လွင်​ပြင်​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​သား​ချင်း​စု​အ​လိုက်​ကောက်​ယူ သည့်​စာ​ရင်း​ဖြစ်​သ​တည်း။-
NUM 26:64 ဤ​လူ​ဦး​ရေ​စာ​ရင်း​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့ သိ​နာ​တော​ကန္တာ​ရ​၌​ကောက်​ယူ​ခဲ့​သော​ပ​ထ​မ သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ပါ​ရှိ​ချေ။-
NUM 26:65 ထို​သူ​အ​ပေါင်း​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ဆုံး ရ​ကြ​မည်​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ယေ​ဖုန္နာ​၏​သား​ကာ​လက်​နှင့် နုန် ၏​သား​ယော​ရှု​မှ​တစ်​ပါး​ကျန်​သော​သူ​အား လုံး​ပင်​သေ​ဆုံး​ခဲ့​ကြ​၏။
NUM 27:1 ဇ​လော​ဖဒ်​သည်​ဟေ​ဖေ​ရ​၏​သား၊ ဟေ​ဖေ​ရ သည်​ဂိ​လဒ်​၏​သား၊ ဂိ​လဒ်​သည်​မာ​ခိ​ရ​၏​သား၊ မာ​ခိ​ရ​သည်​မ​နာ​ရှေ​၏​သား၊ မ​နာ​ရှေ​သည် ယော​သပ်​၏​သား​ဖြစ်​သည်။ ဇ​လော​ဖဒ်​၏​သ​မီး များ​ဖြစ်​ကြ​သော​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​တို့​သည်၊-
NUM 27:2 တဲ​တော်​တံ​ခါး​ဝ​သို့​လာ​ရောက်​၍​မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ခေါင်း​ဆောင်​များ နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ရှေ့​တွင်​ရပ်​လျက်၊-
NUM 27:3 ``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။-
NUM 27:4 သူ​၌​သား​ယောကျာ်း​မ​ထွန်း​ကား​သော​ကြောင့် သူ​၏​နာ​မည်​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ ပျောက်​ကွယ်​သွား​ရ​မည်​လော။ ကျွန်​မ​တို့​ဖ​ခင် ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး သ​ကဲ့​သို့ ကျွန်​မ​တို့​အား​ခွဲ​ဝေ​ပေး​ပါ'' ဟု​တောင်း​လျှောက်​ကြ​လေ​သည်။
NUM 27:5 ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​၏​တောင်း​ဆို ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တင်​လျှောက် ရာ၊-
NUM 27:6 ထာ​ဝ​ရ​ဘုရား​က၊
NUM 27:7 ``ဇ​လော​ဖဒ်​၏​သ​မီး​များ​တောင်း​ဆို​ချက်​သည် သင့်​လျော်​သ​ဖြင့်​သူ​တို့​ဖ​ခင်​၏​ဆွေ​မျိုး​သား ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး​သ​ကဲ့​သို့ သူ​တို့ အား​ခွဲ​ဝေ​ပေး​လော့။ သူ​တို့​ဖ​ခင်​၏​အ​မွေ ကို​သူ​တို့​ဆက်​ခံ​ကြ​စေ။-
NUM 27:8 တစ်​စုံ​တစ်​ယောက်​သည်​သား​ယောကျာ်း​မ​ကျန် ရစ်​ဘဲ သေ​ဆုံး​ခဲ့​သည်​ရှိ​သော်​သူ​၏​သ​မီး​သည် ထို​သူ​၏​အ​မွေ​ကို​ဆက်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြား​ပြော လော့။-
NUM 27:9 အ​ကယ်​၍​ထို​သူ​၌​သ​မီး​လည်း​မ​ကျန်​ရစ် ခဲ့​လျှင် သူ​၏​ညီ​အစ်​ကို​တို့​သည်​သူ​၏​အ​မွေ ကို​ဆက်​ခံ​ရ​မည်။-
NUM 27:10 အ​ကယ်​၍​ထို​သူ​၌​ညီ​အစ်​ကို​များ​လည်း မ​ကျန်​ရစ်​လျှင်​သူ​၏​ဘ​ကြီး၊ ဘ​ထွေး​တို့ က​အ​မွေ​ကို​ဆက်​ခံ​ရ​မည်။-
NUM 27:11 ထို​သူ​၌​ညီ​အစ်​ကို​သို့​မ​ဟုတ်​ဘ​ကြီး​ဘ​ထွေး များ​မ​ကျန်​ရစ်​ခဲ့​လျှင် အ​နီး​စပ်​ဆုံး​ဆွေ​မျိုး အား​အ​မွေ​ကို​ဆက်​ခံ​သိမ်း​ပိုက်​စေ​ရ​မည်။ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဤ​စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို​လိုက်​နာ​ဆောင် ရွက်​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 27:12 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အာ​ဗ ရိမ်​တောင်​ပေါ်​သို့​တက်​၍​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​မည့်​ပြည်​ကို​မျှော်​ကြည့်​လော့။-
NUM 27:13 အာ​ရုန်​အ​နိစ္စ​ရောက်​သ​ကဲ့​သို့​သင်​သည် ထို ပြည်​ကို​မျှော်​ကြည့်​ပြီး​သော​အ​ခါ​၌ အ​နိစ္စ​ရောက်​လိမ့်​မည်။-
NUM 27:14 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​၌​ငါ​၏​အ​မိန့်​ကို​ဖီ​ဆန် သော​ကြောင့်​ဖြစ်​၏။ မေ​ရိ​ဘ​အ​ရပ်​တွင်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငါ့​အား အ​ပြစ်​တင်​၍​ညည်း​တွား​ကြ​သော​အ​ခါ သင် တို့​သည်​သူ​တို့​ရှေ့​တွင်​ငါ​၏​တန်​ခိုး​တော်​ကို မ​ထီ​လေး​စား​ပြု​မူ​ခဲ့​ကြ​၏'' ဟု​မိန့်​တော် မူ​သည်။ (မေ​ရိ​ဘ​သည်​ဇိ​န​တော​ကန္တာ​ရ​ရှိ ကာ​ဒေ​ရှ​အ​ရပ်​၌​တည်​ရှိ​သော​စမ်း​ရေ ပေါက်​ကို​ဆို​လို​သည်။)
NUM 27:15 ထို​အ​ခါ​မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား၊
NUM 27:16 ``အ​သက်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှင်၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​သည်​သိုး​ထိန်း​မ​ရှိ​သော​သိုး များ​ကဲ့​သို့ အား​ကိုး​ရာ​မဲ့​မ​ဖြစ်​စေ​ခြင်း​ငှာ သူ​တို့​ကို​ခေါင်း​ဆောင်​၍၊-
NUM 27:17 တိုက်​ပွဲ​များ​၌​ဦး​စီး​နိုင်​သူ​တစ်​ဦး​ကို​ခန့် ထား​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။
NUM 27:18 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``နုန်​၏​သား ယော​ရှု​သည်​အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သူ​ဖြစ် သော​ကြောင့် သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​သင့်​လက် ကို​တင်​လော့။-
NUM 27:19 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​လူ​အ​ပေါင်း​တို့ ရှေ့​တွင် သူ့​ကို​ရပ်​စေ​၍​သင့်​ကို​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လော့။-
NUM 27:20 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​သူ ၏​သြ​ဇာ​ကို​နာ​ခံ​ကြ​စေ​ခြင်း​ငှာ သင်​၏ အာ​ဏာ​အ​ချို့​ကို​သူ့​အား​လွှဲ​အပ်​ပေး​လော့။-
NUM 27:21 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​ဥ​ရိမ်​နှင့် သု​မိန်​ကို​အ​သုံး​ပြု​၍ ငါ​၏​အ​လို​တော်​ကို သိ​နိုင်​မည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ဧ​လာ​ဇာ ကို​အား​ကိုး​မည်။ ဤ​နည်း​အား​ဖြင့်​ဧ​လာ​ဇာ သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို အ​ရေး​ကိစ္စ​ရှိ​သ​မျှ​တို့​၌​သွန် သင်​လမ်း​ပြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 27:22 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-
NUM 27:23 ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း ယော​ရှု​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​၍​မိ​မိ​အား​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လေ​၏။
NUM 28:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​ပူ​ဇော်​သကာ​များ​ကို သတ် မှတ်​သော​အ​ချိန်​အ​ခါ​၌​ပူ​ဇော်​ဆက်​သ​ရ မည်​ဖြစ်​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ အား​ဖြင့်​ဆင့်​ဆို​စေ​တော်​မူ​၏။
NUM 28:3 ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဆက်​သ​ရ​မည့် သကာ​များ​ကို​ဖော်​ပြ​ပေ​အံ့။ နေ့​စဉ်​မီး​ရှို့ ရာ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ​ကင်း​သော တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။-
NUM 28:4 သိုး​က​လေး​တစ်​ကောင်​ကို​နံ​နက်​တွင်​ပူ​ဇော်​၍ အ​ခြား​တစ်​ကောင်​ကို​ည​နေ​တွင်​ပူ​ဇော်​ရ​မည်။-
NUM 28:5 သိုး​တစ်​ကောင်​စီ​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ် ပေါင်​နှင့် အ​ကောင်း​ဆုံး​သံ​လွင်​ဆီ​နှစ်​ပိုင့်​ရော နယ်​ထား​သော​ဘော​ဇဉ်​သကာ​ကို​လည်း​ပူ​ဇော် ရ​မည်။-
NUM 28:6 ဤ​သကာ​သည်​နေ့​စဉ်​အ​ကုန်​အ​စင်​မီး​ရှို့​ပူ ဇော်​ရ​သော​သကာ​ဖြစ်​၏။ ဤ​သကာ​သည်​သိ​နာ တောင်​ပေါ်​တွင်​ဦး​စွာ​ပူ​ဇော်​ခဲ့​သော​သကာ​ဖြစ်​၍ ယင်း​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။-
NUM 28:7 ပ​ထ​မ​သိုး​က​လေး​နှင့်​အ​တူ​ယဇ်​ပလ္လင်​တွင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လောင်း​၍​စ​ပျစ်​ရည် သကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။-
NUM 28:8 ည​နေ​တွင်​ဒု​တိ​ယ​သိုး​က​လေး​ကို​ပူ​ဇော် သော​အ​ခါ​၌​လည်း နံ​နက်​တွင်​ပူ​ဇော်​ဆက်​သ သည့်​နည်း​တူ​စ​ပျစ်​ရည်​သကာ​ပါ​လျက်​ပူ​ဇော် ရ​မည်။ ဤ​သကာ​သည်​လည်း​ပူ​ဇော်​သကာ​ဖြစ် ၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။
NUM 28:9 ဥ​ပုသ်​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​တစ် နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်၊ သံ​လွင်​ဆီ နှင့်​ဂျုံ​မုန့်​ညက်​လေး​ပေါင်​ကို​ရော​နယ်​ထား သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့​ကို ပူ​ဇော်​ရ​မည်။-
NUM 28:10 နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​မီး​ရှို့​ရာ​သကာ​ကို​ဥ​ပုသ်​နေ့ တိုင်း​ပူ​ဇော်​ရ​မည်။
NUM 28:11 လ​ဆန်း​တစ်​ရက်​နေ့​တိုင်း​ထာ​ဝ​ရ​ဘု​ရား အား အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​ပျို​နှစ် ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။-
NUM 28:12 ဘော​ဇဉ်​သကာ​အ​ဖြစ်​သံ​လွင်​ဆီ​ရော​ထား​သော မုန့်​ညက်​ကို​ဆက်​သ​ရ​မည်။ နွား​တစ်​ကောင်​စီ​နှင့် အ​တူ​မုန့်​ညက်​ခြောက်​ပေါင်​ကို​လည်း​ကောင်း၊ သိုး ထီး​နှင့်​အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း ကောင်း၊-
NUM 28:13 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ဆက်​သ​ရ​မည်။ ဤ မီး​ရှို့​ရာ​သကာ​များ​သည်​ပူ​ဇော်​သကာ​များ ဖြစ်​၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-
NUM 28:14 ထို​မီး​ရှို့​ရာ​ယဇ်​တို့​နှင့်​တွဲ​၍​ဆက်​သ​ရ​သော စ​ပျစ်​ရည်​သကာ​မှာ နွား​ထီး​တစ်​ကောင်​စီ​နှင့် အ​တူ​စ​ပျစ်​ရည်​လေး​ပိုင့်၊ သိုး​ထီး​နှင့်​အ​တူ စ​ပျစ်​ရည်​သုံး​ပိုင့်၊ သိုး​က​လေး​တစ်​ကောင်​စီ နှင့်​အ​တူ​စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​ပူ​ဇော်​ရ​မည်။-
NUM 28:15 နေ့​စဉ်​ဆက်​သ​ရ​သော​မီး​ရှို့​ရာ​ယဇ်​နှင့်​တ​ကွ စ​ပျစ်​ရည်​သကာ​အ​ပြင်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော် ရ​မည်။
NUM 28:16 နှစ်​စဉ်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သော​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-
NUM 28:17 တစ်​ဆယ့်​ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက် တိုင်​တိုင် ဋ္ဌမ္မ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ထို​ပွဲ တော်​ရက်​အ​တွင်း​တ​ဆေး​မဲ့​မုန့်​ကို​သာ​စား ရ​မည်။-
NUM 28:18 ပွဲ​တော်​ပ​ထ​မ​နေ့​တွင်​သင်​တို့​စု​ဝေး​ဝတ်​ပြု ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။-
NUM 28:19 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော် သကာ​အ​ဖြစ် အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​မီး​ရှို့​ပူ​ဇော် ရ​မည်။-
NUM 28:20 မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​ဘော​ဇဉ်​သကာ အ​ဖြစ် သံ​လွင်​ဆီ​ရော​ထား​သော​မုန့်​ညက်​ကို ဆက်​သ​ရ​မည်။ နွား​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ မုန့်​ညက်​ခြောက်​ပေါင်​ကို​လည်း​ကောင်း၊ သိုး​ထီး နှင့်​အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း​ကောင်း၊-
NUM 28:21 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
NUM 28:22 အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​လူ တို့​အ​တွက်​သန့်​စင်​မှု​ကို​ဝတ်​ပြု​ရ​မည်။-
NUM 28:23 နံ​နက်​တိုင်း​မီး​ရှို့​ရာ​ယဇ်​အ​ပြင်​ဤ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​ရ​မည်။-
NUM 28:24 ဤ​နည်း​အ​တိုင်း​ခု​နစ်​ရက်​တိုင်​အောင်​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သကာ​ကို​ဆက်​သ​ရ​မည်။ ယင်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​သကာ​ကို​ဆက်​သ​ရ​မည်။-
NUM 28:25 သတ္တမ​နေ့​တွင်​စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့ တွင်​အ​လုပ်​မ​လုပ်​ရ။
NUM 28:26 သင်​တို့​သည်​ကောက်​သိမ်း​ပွဲ​တော်​ပ​ထ​မ​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​အား​ကောက်​သစ်​ပူ​ဇော်​သည့် အ​ခါ​စု​ဝေး​ဝတ်​ပြု​ရ​ကြ​မည်။ ထို​နေ့​၌ အ​လုပ်​မ​လုပ်​ရ။-
NUM 28:27 သင်​တို့​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
NUM 28:28 ထို​မီး​ရှို့​ရာ​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော​သော မုန့်​ညက်​ကို​ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ နွား​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​ခြောက် ပေါင်​ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့် ညက်​လေး​ပေါင်​ကို​လည်း​ကောင်း၊ သိုး​က​လေး တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​နှစ်​ပေါင်​ကို လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
NUM 28:30 ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​လူ​တို့​အ​တွက်​သန့်​စင်​မှု​ဝတ်​ကို​ပြု​ရ​မည်။-
NUM 28:31 နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​ဘော​ဇဉ်​သကာ​အ​ပြင် ဤ​သကာ​များ​နှင့်​စ​ပျစ်​ရည်​သကာ​ကို​ပူ​ဇော် ရ​မည်။
NUM 29:1 သင်​တို့​သည်​သတ္တ​မ​လ၊ ပ​ထ​မ​နေ့​တွင် စု​ဝေး ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။ ထို​နေ့​တွင်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ရ​မည်။-
NUM 29:2 ထာ​ဝ​ရ​ဘုရား​အား​အ​ပြစ်​အ​နာ​ကင်း​သော နွား​ထီး​ပျို​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့် တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ် မီး​ရှို့​ပူ​ဇော်​ရ​မည်။-
NUM 29:3 မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော သော​မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော် ရ​မည်။ နွား​ထီး​နှင့်​အ​တူ​မုန့်​ညက်​ခြောက်​ပေါင် ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့်​ညက် လေး​ပေါင်​ကို​လည်း​ကောင်း၊-
NUM 29:4 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
NUM 29:5 ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​လူ​တို့​အ​တွက်​သန့်​စင်​မှု ဝတ်​ကို​ပြု​ရ​မည်။-
NUM 29:6 လ​စဉ်​လ​ဆန်း​တစ်​ရက်​နေ့​တွင်​ပူ​ဇော်​သည့် မီး​ရှို့​ရာ​သ​ကာ၊ ၎င်း​နှင့်​တွဲ​ဖက်​သော​ဘော​ဇဉ် သကာ၊ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​၎င်း​နှင့်​တွဲ​ဖက် သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​အ​ပြင် ဤ​သကာ​များ​ကို​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။
NUM 29:7 သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့​၌​အ​စား အ​စာ​မစား​ရ၊ အ​လုပ်​မ​လုပ်​ရ။-
NUM 29:8 အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘုရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
NUM 29:9 မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော သော​မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော် ရ​မည်။ နွား​ထီး​နှင့်​အ​တူ​မုန့်​ညက်​ခြောက်​ပေါင် ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့်​အ​တူ​မုန့်​ညက် လေး​ပေါင်​ကို​လည်း​ကောင်း၊-
NUM 29:10 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့် ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
NUM 29:11 ထို့​အ​ပြင်​လူ​တို့​သန့်​စင်​မှု​ဝတ်​အ​တွက်​ပူ ဇော်​သော​ဆိတ်၊ နေ့​စဉ်​ပူ​ဇော်​သည့်​မီး​ရှို့​ရာ ယဇ်​နှင့်​တ​ကွ​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည် သ​ကာ​တို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဆိတ်​ထီး​တစ်​ကောင်​ကို​ပူ​ဇော် ရ​မည်။
NUM 29:12 သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့ တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သော​ဤ​ပွဲ​တော်​ကို​ခု​နစ် ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ထို​ရက်​များ​တွင် အ​လုပ်​မ​လုပ်​ရ။-
NUM 29:13 ပ​ထ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
NUM 29:14 မီး​ရှို့​ရာ​ယဇ်​နှင့်​တွဲ​ဖက်​၍​သံ​လွင်​ဆီ​ရော​သော မုန့်​ညက်​ကို ဘော​ဇဉ်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ နွား​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက်​ခြောက် ပေါင်​ကို​လည်း​ကောင်း၊ သိုး​ထီး​တစ်​ကောင်​စီ​နှင့် အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း​ကောင်း၊-
NUM 29:15 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း၊ လို​အပ်​သော​စ​ပျစ် ရည်​သကာ​များ​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
NUM 29:16 ထို့​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​များ​ကို​နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့် တ​ကွ​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​တို့ အ​ပြင်​ပူ​ဇော်​ရ​မည်။
NUM 29:17 ဒု​တိ​ယ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ထီး​ပျို​တစ်​ဆယ့်​နှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင် နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့် လေး​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
NUM 29:18 ထို့​အ​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့် သကာ​များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
NUM 29:20 တ​တိ​ယ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော နွား​ထီး​ပျို​တစ်​ဆယ့်​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ် ဆယ့်​လေး​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
NUM 29:21 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
NUM 29:23 စ​တုတ္ထ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ဆယ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။-
NUM 29:24 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
NUM 29:26 ပဉ္စ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ကိုး​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို ပူ​ဇော်​ရ​မည်။-
NUM 29:27 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
NUM 29:29 ဆ​ဋ္ဌ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ရှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။-
NUM 29:30 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
NUM 29:32 သတ္တ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ခု​နစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ် သား​အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင် ကို​ပူ​ဇော်​ရ​မည်။-
NUM 29:33 ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သ​ကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
NUM 29:35 အ​ဋ္ဌ​မ​နေ့​တွင်​သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ရ မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။-
NUM 29:36 အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-
NUM 29:37 ထို့​ပြင်​ပထ​မ​နေ့​၌​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။
NUM 29:39 ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကား​သတ်​မှတ်​ထား​သော ပွဲ​နေ့​များ​၌ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ မည့်​မီး​ရှို့​ရာ​သ​ကာ​များ၊ ဘော​ဇဉ်​သကာ​များ၊ စ​ပျစ်​ရည်​သကာ​များ​နှင့်​မိတ်​သ​ဟာ​ယ​သကာ များ​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။ ဤ​သကာ​များ​သည်​က​တိ​ဝတ်​ဖြည့်​သော​သကာ၊ စေ​တ​နာ​အ​လျောက်​ဆက်​သ​သော​သကာ​များ အ​ပြင်​ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​သော​သကာ များ​ဖြစ်​သည်။
NUM 29:40 သို့​ဖြစ်​၍​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​ကို ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကြား​ပြော​လေ​၏။
NUM 30:1 မော​ရှေ​သည်​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သော​ပ​ညတ် များ​ကို ဣ​သ​ရေ​လ​အ​နွယ်​များ​ခေါင်း​ဆောင် တို့​အား​အောက်​ပါ​အ​တိုင်း​ညွှန်​ကြား​လေ သည်။-
NUM 30:2 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန် က​တိ​ပြု​လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ တစ်​ရာ​ကို​ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော် လည်း​ကောင်း ထို​သစ္စာ​က​တိ​ကို​မ​ချိုး​ဖောက် ရ။ က​တိ​သစ္စာ​ပြု​ထား​သည့်​အ​တိုင်း​တစ် သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။
NUM 30:3 အ​ဖ​၏​အုပ်​ထိန်း​မှု​အောက်​တွင်​ရှိ​နေ​သေး သော​မိန်း​မ​ပျို​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန်​က​တိ​ပြု လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ​ကို ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော်​လည်း ကောင်း၊-
NUM 30:4 သူ​၏​ဖ​ခင်​ကြား​၍​မ​တား​မြစ်​လျှင် သူ​သည် က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​ဆောင်​ရွက်​ရ​မည်။-
NUM 30:5 သို့​ရာ​တွင်​သူ​၏​ဖ​ခင်​ကြား​၍​တား​မြစ်​ပါ​မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန်​မ လို။ ဖ​ခင်​၏​တားမြစ်​မှု​ကြောင့်​က​တိ​သစ္စာ​ပျက် ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။
NUM 30:6 အိမ်​ထောင်​မ​ကျ​သေး​သော​အ​မျိုး​သ​မီး​တစ် ဦး​သည် သိ​လျက်​နှင့်​သော်​လည်း​ကောင်း၊ အ​မှတ် တမဲ့​သော်​လည်း​ကောင်း​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ပြီး​နောက်​အိမ်​ထောင် ကျ​လျှင် သူ​၏​ခင်​ပွန်း​သည်​ကြား​၍​မ​တား မြစ်​သော်၊-
NUM 30:7 သူ​သည်​က​တိ​သစ္စာ​ပြု​ထား​သည်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။-
NUM 30:8 သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​လျှင်​မူ​ကား သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ခွင့်​လွှတ် တော်​မူ​မည်။
NUM 30:9 မု​ဆိုး​မ​ဖြစ်​စေ၊ လင်​ကွာ​မိန်း​မ​ဖြစ်​စေ မိ​မိ ပြု​ခဲ့​သ​မျှ​သော​က​တိ​သစ္စာ​ကို​တည်​စေ ရ​မည်။
NUM 30:10 လင်​ရှိ​မိန်း​မ​သည်​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ခဲ့​သော်​သူ​၏​ခင်​ပွန်း ကြား​၍​မ​တား​မြစ်​လျှင်၊-
NUM 30:11 သူ​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည်​စေ​ရ​မည်။-
NUM 30:12 သို့​ရာ​တွင်​သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​ပါ မူ သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ခင်​ပွန်း​၏​တား​မြစ်​မှု​ကြောင့်​က​တိ​ပျက် ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ခွင့်​လွှတ်​တော်​မူ​မည်။-
NUM 30:13 သူ​၏​ခင်​ပွန်း​သည်​သူ​ပြု​ခဲ့​သော​က​တိ သစ္စာ​ကို တည်​စေ​နိုင်​ခွင့်​နှင့်​ပယ်​ဖျက်​ပိုင်​ခွင့် ရှိ​၏။-
NUM 30:14 သို့​ရာ​တွင်​ခင်​ပွန်း​သည်​ဇ​နီး​၏​က​တိ​သစ္စာ အ​ကြောင်း​ကို​ကြား​ရ​သော​နေ့​၌​မ​တား​မြစ် လျှင် ဇ​နီး​သည်​မိ​မိ​၏​က​တိ​သစ္စာ​ကို​တည် စေ​ရ​မည်။ ခင်​ပွန်း​သည်​ကြား​ရ​သော​နေ့​၌ မ​တား​မြစ်​သ​ဖြင့်​သ​ဘော​တူ​ရာ​ရောက် သည်။-
NUM 30:15 သူ​သည်​တစ်​ရက်​လွန်​ပြီး​မှ​ဇ​နီး​၏​က​တိ သစ္စာ​ကို​ပယ်​ဖျက်​လျှင် က​တိ​သစ္စာ​ပျက်​ခြင်း အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။
NUM 30:16 ဤ​ပ​ညတ်​များ​သည်​ကား​ဖ​ခင်​၏​အုပ်​ထိန်း မှု​အောက်​တွင် ရှိ​နေ​သေး​သော​မိန်း​မ​ပျို​နှင့် အိမ်​ထောင်​ကျ​ပြီး​သော​အ​မျိုး​သ​မီး​တို့ က​တိ​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သည့်​ပ​ညတ် များ​ဖြစ်​သ​တည်း။
NUM 31:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
NUM 31:2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​မိ​ဒျန် အ​မျိုး​သား​တို့​အား​လက်​စား​ချေ​လော့။ ထို တာ​ဝန်​ကို​ဆောင်​ရွက်​ပြီး​နောက် သင်​သည် အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 31:3 ထို့​ကြောင့်​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ပြစ်​မှား​ကြ​သော​ကြောင့် သူ​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​ရန်​အ​သင့်​ပြင်​ကြ​လော့။-
NUM 31:4 စစ်​ချီ​တက်​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​အ​နွယ် များ​မှ တစ်​နွယ်​လျှင်​လူ​တစ်​ထောင်​ကျ​စေ လွှတ်​လော့'' ဟု​ဆို​၏။
NUM 31:5 သို့​ဖြစ်​၍​စစ်​ချီ​ရန်​ဣ​သ​ရေ​လ​အ​နွယ်​များ မှ​လူ​တစ်​ထောင်​ကျ​စီ​ဖြင့် လူ​ပေါင်း​တစ်​သောင်း နှစ်​ထောင်​ကို​ရွေး​ချယ်​ကြ​လေ​သည်။-
NUM 31:6 ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​အား​ဣ​သ​ရေ​လ​တပ်​ကို အုပ်​ချုပ်​ကွပ်​ကဲ​စေ​၏။ သူ​နှင့်​အ​တူ​တဲ​တော် နှင့်​ဆိုင်​သော​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​နှင့် အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​များ​ကို​ယူ​ဆောင် သွား​၏။-
NUM 31:7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​မိ​ဒျန်​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ရာ၊-
NUM 31:8 မိ​ဒျန်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​ဧ​ဝိ၊ ရေ ကင်၊ ဇု​ရ၊ ဟု​ရ​နှင့်​ရေ​ဘ​တို့​အ​ပါ​အ​ဝင် ယောကျာ်း​အား​လုံး​ကို သတ်​ဖြတ်​သုတ်​သင်​ခဲ့ ကြ​လေ​သည်။ ဗော​ရ​၏​သား​ဗာ​လမ်​ကို လည်း​သတ်​ခဲ့​ကြ​၏။
NUM 31:9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သမီး​နှင့် က​လေး​များ​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​၍​သူ​တို့​၏​သိုး၊ နွား တိ​ရစ္ဆာန်​တို့​နှင့်​တ​ကွ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ ကို​သိမ်း​ယူ​လေ​၏။-
NUM 31:10 သူ​တို့​၏​မြို့​နှင့်​စ​ခန်း​ရှိ​သ​မျှ​တို့​ကို လည်း​မီး​ရှို့​ဖျက်​ဆီး​ပစ်​ကြ​၏။-
NUM 31:11 သူ​တို့​သည်​သိမ်း​ယူ​ရ​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း၊ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​တို့​ကို၊-
NUM 31:12 ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​ယူ​ဆောင်​ခဲ့​ကြ​လေ​သည်။
NUM 31:13 မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စ​ခန်း​အ​ပြင်​သို့ ထွက်​၍​တပ်​သား​များ​ကို​ဆီး​ကြို​ကြ​၏။-
NUM 31:14 သို့​ရာ​တွင်​မော​ရှေ​သည်​တိုက်​ပွဲ​ပြန်​တပ် ရင်း​မှူး၊ တပ်​ခွဲ​မှူး​စ​သော​အ​ရာ​ရှိ​တို့ ကို​အ​မျက်​ထွက်​၍၊-
NUM 31:15 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​မျိုး​သ​မီး အား​လုံး​ကို အ​သက်​ချမ်း​သာ​စေ​ကြ​သ​နည်း။-
NUM 31:16 ဤ​အ​မျိုး​သ​မီး​များ​သည်​ဗာ​လမ်​၏​အ​ကြံ ပေး​ချက်​အ​ရ​ပေ​ဂု​ရ​အ​ရပ်​တွင် ဣသ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ ဖောက်​စေ​ခဲ့​ကြောင်း​သ​တိ​ရ​ကြ​လော့။ ထို အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​ခဲ့​၏။-
NUM 31:17 သို့​ဖြစ်​၍​ယောကျာ်း​က​လေး​များ​နှင့် ယောကျာ်း နှင့်​ဆက်​ဆံ​ဖူး​သော​မိန်း​မ​ရှိ​သ​မျှ​တို့ ကို​သတ်​လော့။-
NUM 31:18 မိန်း​က​လေး​များ​နှင့်​အ​ပျို​က​ညာ​များ​ကို သင်​တို့​အ​သက်​ချမ်း​သာ​ပေး​ကြ​လော့။-
NUM 31:19 သင်​တို့​တွင်​လူ​အ​သက်​ကို​သတ်​ခဲ့​သူ​နှင့် လူ​သေ​ကောင်​ကို ကိုင်​တွယ်​မိ​ခဲ့​သူ​အ​ပေါင်း တို့​သည်​စ​ခန်း​အ​ပြင်​ဘက်​တွင်​ခု​နစ်​ရက် နေ​ထိုင်​ရ​ကြ​မည်။ တ​တိ​ယ​နေ့​နှင့်​သတ္တ​မ နေ့​ရက်​များ​၌ သင်​တို့​နှင့်​သင်​တို့​ဖမ်း​ဆီး ခဲ့​သော​အ​မျိုး​သ​မီး​များ​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-
NUM 31:20 သင်​တို့​၏​အ​ဝတ်​အင်္ကျီ​များ​နှင့်​သား​ရေ၊ ဆိတ်​မွေး​သို့​မ​ဟုတ်​သစ်​သား​ဖြင့်​ပြု​လုပ် သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​သန့်​စင် စေ​ရ​မည်'' ဟု​ဆို​၏။
NUM 31:21 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​က​လည်း​တိုက်​ပွဲ​ပြန် စစ်​သည်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​ကြား​တော်​မူ​သော​ပ​ညတ်​များ​မှာ၊-
NUM 31:22 ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သံ​ဖြူ၊ ခဲ​အ​စ​ရှိ​သည့်​မီး မ​လောင်​ကျွမ်း​နိုင်​သော​သတ္တု​ပစ္စည်း​ရှိ​သ​မျှ အား​မီး​ကို​ဖြတ်​သန်း​စေ​ခြင်း​ဖြင့်​သန့်​စင်​စေ ရ​မည်။ အ​ခြား​သံ​ဝတ္ထု​ပစ္စည်း​များ​ကို​သန့်​စင် ခြင်း​ဝတ်​ပြု​ရာ​ရေ​ဖြင့်​သန့်​စင်​စေ​ရ​မည်။-
NUM 31:24 သတ္တ​မ​နေ့​တွင်​သင်​တို့​၏​အ​ဝတ်​အ​င်္ကျီ များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​နောက်​သင်​တို့ သည်​သန့်​စင်​ပြီ​ဖြစ်​သ​ဖြင့် စ​ခန်း​အ​တွင်း သို့​ပြန်​လည်​ဝင်​ရောက်​နိုင်​သည်​ဟူ​၍​ဖြစ် သည်'' ဟု​ဆို​လေ​၏။
NUM 31:25 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊
NUM 31:26 ``သင်​နှင့်​ဧ​လာ​ဇာ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​များ​အ​ပါ​အ​ဝင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို​ရေ​တွက်​ရ​မည်။-
NUM 31:27 ထို​ပစ္စည်း​များ​ကို​ထက်​ဝက်​စီ​အ​ညီ​အ​မျှ ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​သည်​တို့​အား​ပေး ၍ တစ်​ဝက်​ကို​ကျန်​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပေး​ရ​မည်။-
NUM 31:28 စစ်​သည်​တို့​အ​တွက်​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​ငါး​ရာ လျှင် တစ်​ယောက်​ကျ​ဖြင့်​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း​ထို​အ​ချိုး​ကျ​ဖြင့် လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-
NUM 31:29 ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​ရန်​အ​ထူး​လှူ​ဖွယ် အ​ဖြစ် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ အား​ပေး​အပ်​ရ​မည်။-
NUM 31:30 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု​ထဲ မှ သုံ့​ပန်း​ငါး​ဆယ်​လျှင်​တစ်​ယောက်​ကျ​ဖြင့် လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း ထို​အ​ချိုး​ကျ​ဖြင့်​လည်း​ကောင်း​နုတ်​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​တာ​ဝန်​ယူ စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား​တို့ အား​ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 31:31 မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက် ကြ​လေ​သည်။
NUM 31:32 စစ်​သည်​တို့​ကိုယ်​ပိုင်​အ​တွက်​သိမ်း​ထား​သော ပစ္စည်း​များ​အ​ပြင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော တိရစ္ဆာန်​နှင့်​လူ​အ​ရေ​အ​တွက်​စာ​ရင်း​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ခြောက်​သိန်း​ခု​နစ်​သောင်း ငါး​ထောင်၊ နွား​ကောင်​ရေ​ခု​နစ်​သောင်း​နှစ်​ထောင်၊ မြည်း​ကောင်​ရေ​ခြောက်​သောင်း​တစ်​ထောင်​နှင့် အ​ပျို​က​ညာ​ဦး​ရေ​သုံး​သောင်း​နှစ်​ထောင် ယောက်​ဖြစ်​သည်။-
NUM 31:36 စစ်​သည်​တို့​အ​တွက်​ထက်​ဝက်​ဝေ​စု​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ပေါင်း​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန်​ကောင်​ရေ​မှာ ခြောက်​ရာ့​ခု​နစ်​ဆယ့်​ငါး ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​နွား​ကောင် ရေ​သုံး​သောင်း​ခြောက်​ထောင်​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘုရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန် ကောင်​ရေ​မှာ​ခု​နစ်​ဆယ့်​နှစ်​ကောင်​ဖြစ် သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​မှာ​မြည်း ကောင်​ရေ​သုံး​သောင်း​ငါး​ရာ​ဖြစ်​၍​၎င်း​တို့ အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​ဆက်​သ​ရန်​ကောင်​ရေ​မှာ​ခြောက်​ဆယ့် တစ်​ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု မှာ​အ​ပျို​က​ညာ​တစ်​သောင်း​ခြောက်​ထောင် ယောက်​ဖြစ်​၍ ၎င်း​တို့​အ​နက်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက်​သ​ရန်​အ​တွက် မှာ​သုံး​ဆယ့်​နှစ်​ယောက်​ဖြစ်​သည်။-
NUM 31:41 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ရန် အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဝေ​စု​ကို ဧ​လာ​ဇာ​အား​ပေး​အပ်​လေ​သည်။
NUM 31:42 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု သည်​လည်း စစ်​သည်​တို့​အ​တွက် ဝေ​စု​အ​တိုင်း သိုး​နှင့်​ဆိတ်​ကောင်​ရေ​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ၊ နွား​ကောင်​ရေ​သုံး​သောင်း ခြောက်​ထောင်၊ မြည်း​ကောင်​ရေ​သုံး​သောင်း​ငါး ရာ​နှင့်​အ​ပျို​က​ညာ​ဦး​ရေ​တစ်​သောင်း​ခြောက် ထောင်​ယောက်​ဖြစ်​သည်။-
NUM 31:47 မော​ရှေ​သည်​ထို​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန် တို့​ကို ငါး​ဆယ်​ချိုး​တစ်​ချိုး​ကျ​နုတ်​ယူ​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း တဲ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား တို့​အား​ပေး​အပ်​လေ​သည်။
NUM 31:48 ထို​နောက်​တပ်​မှူး​တို့​သည် မော​ရှေ​ထံ​သို့​လာ ရောက်​၍``အ​ကျွန်ုပ်​တို့​၏​လက်​အောက်​ရှိ​စစ်​သည် များ​ကို​ရေ​တွက်​ရာ တစ်​ယောက်​မျှ​ပျောက်​ဆုံး ခြင်း​မ​ရှိ​ကြောင်း​တွေ့​ရ​ပါ​သည်။-
NUM 31:50 သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​အ​သီး​သီး​သိမ်း​ယူ ရ​ရှိ​သော​ရွှေ​တန်​ဆာ၊ လက်​ကောက်၊ ဘ​ယက်၊ လက်​စွပ်၊ နား​ဆွဲ​နှင့်​လည်​ဆွဲ​တို့​ကို​ကိုယ်​တော် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​၏​အ​သက်​ကို​ချမ်း သာ​ပေး​သော​ကြောင့် ထို​လက်​ဝတ်​တန်​ဆာ​များ ကို​ဆက်​သ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။-
NUM 31:51 မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​လက်​ဝတ် တန်​ဆာ​များ​ကို​လက်​ခံ​လေ​သည်။-
NUM 31:52 တပ်​မှူး​များ​ဆက်​သ​သော​လက်​ဝတ်​တန် ဆာ​အ​လေး​ချိန်​မှာ​ပေါင်​လေး​ရာ​ကျော် ရှိ​သည်။-
NUM 31:53 ရိုး​ရိုး​တပ်​သား​တို့​သည်​မိ​မိ​တို့​ရ​ရှိ​သော ပစ္စည်း​များ​ကို ကိုယ်​ပိုင်​အ​တွက်​သိမ်း​ဆည်း ထား​ကြ​၏။-
NUM 31:54 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​အံ့ သော​ငှာ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​များ ကို​တဲ​တော်​သို့​ယူ​ဆောင်​သွား​ကြ​လေ​သည်။
NUM 32:1 ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-
NUM 32:2 သူ​တို့​သည်​မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ ခေါင်း​ဆောင်​တို့​ထံ​သို့​သွား​၍၊-
NUM 32:3 ``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။-
NUM 32:5 သို့​ဖြစ်​၍​ဤ​ဒေ​သ​တွင်​အ​ကျွန်ုပ်​တို့​နေ ထိုင်​ရန်​အ​ပိုင်​ပေး​သနား​ပါ။ အ​ကျွန်ုပ်​တို့ အား​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​၍​မ​နေ ထိုင်​စေ​ပါ​နှင့်'' ဟု​လျှောက်​ထား​ကြ​၏။
NUM 32:6 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​၏​သား​ချင်း​များ စစ်​ချီ​တိုက်​ခိုက်​နေ​စဉ် သင်​တို့​သည်​ဤ​အ​ရပ် တွင်​နေ​ထိုင်​ကြ​ပါ​သ​လော။-
NUM 32:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​သို့​ဝင်​ရောက်​ရေး​တွင် သင် တို့​သည်​အ​ဘယ်​ကြောင့်​သူ​တို့​ကို​စိတ် ပျက်​အား​လျော့​စေ​ကြ​သ​နည်း။-
NUM 32:8 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ထို ပြည်​ကို​ထောက်​လှမ်း​ရန် ကာ​ဒေ​ရှ​အ​ရပ်​မှ စေ​လွှတ်​စဉ်​အ​ခါ​က သူ​တို့​သည်​လူ​တို့​ကို စိတ်​ပျက်​အား​လျော့​စေ​ခဲ့​ကြ​၏။-
NUM 32:9 သူ​တို့​သည်​ဧ​ရှကော​လ​ချိုင့်​ဝှမ်း​သို့​တိုင်​အောင် သွား​ရောက်​ခဲ့​ကြ​၍ ထို​ပြည်​ကို​တွေ့​မြင်​ပြီး နောက်​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ပြည်​သို့​မ​သွား​ရန်​လူ​တို့​ကို​တိုက်​တွန်း ကြ​၏။-
NUM 32:10 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ထွက်​၍၊-
NUM 32:11 `သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။-
NUM 32:12 ထို​သို့​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​တွင် ကေ​နတ်​အ​မျိုး​သား​ယေ​ဖုန္နာ​၏​သား ကာ လက်​နှင့်​နုန်​၏​သား​ယော​ရှု​တို့​မ​ပါ​ဝင် ချေ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​သစ္စာ တော်​ကို​စောင့်​သူ​များ​ဖြစ်​ပေ​သည်။-
NUM 32:13 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​အ​လို ကို​ဆန့်​ကျင်​သော​အ​မျိုး​ဆက်​တို့​သေ​ဆုံး ကုန်​ကြ​သည်​အ​ထိ​သူ​တို့​ကို​တော​ကန္တာ​ရ ၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး​လှည့်​လည်​နေ စေ​တော်​မူ​၏။-
NUM 32:14 ဘိုး​ဘေး​တို့​၏​ဒု​စ​ရိုက်​မျိုး​ကို​ကူး​လွန် သော​အား​ဖြင့် ယ​ခု​သင်​တို့​သည်​ဒု​စ​ရိုက် ပြု​သော​မျိုး​ဆက်​သစ်​ဖြစ်​လာ​ကြ​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘုရား​၏​ပြင်း ထန်​သော​အ​မျက်​တော်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပေါ်​သို့​တစ်​ဖန်​ကျ ရောက်​စေ​ရန်​ပြု​ကျင့်​နေ​ကြ​ပါ​သည် တ​ကား။-
NUM 32:15 ရု​ဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​နောက်​တော် သို့​ယ​ခု​မ​လိုက်​ကြ​လျှင် ကိုယ်​တော်​သည် ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​ကို​တော​ကန္တာ​ရ တွင်​တစ်​ဖန်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​ကြောင့်​ထို​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ဆုံး​ပါး​ရ​ကြ​လိမ့်​မည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။
NUM 32:16 တစ်​ဖန်​သူ​တို့​သည် မော​ရှေ​အ​နီး​သို့​ချဉ်း ကပ်​၍``ရှေး​ဦး​စွာ​အ​ကျွန်ုပ်​တို့​၏​သိုး​များ ထား​ရန်​ကျောက်​တုံး​ခြံ​စည်း​ရိုး​များ​ကို လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကို​မှီ​ခို​သူ​များ နေ​ထိုင်​ရန် တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ ကို​လည်း​ကောင်း​တည်​ဆောက်​ခွင့်​ပေး​ပါ။-
NUM 32:17 ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​အ​မျိုး​သား​ချင်း တို့​အ​ပိုင်​ရ​မည့်​ပြည်​တွင် အ​ခြေ​ချ​နေ​ထိုင် ရ​သည်​အ​ထိ​သူ​တို့​ကို​ရှေ့​ဆောင်​၍​စစ်​ချီ တိုက်​ခိုက်​ပါ​မည်။ ဤ​အ​တော​အ​တွင်း​အ​ကျွန်ုပ် တို့​ကို​မှီ​ခို​သူ​များ​သည် ခိုင်​ခံ့​သော​မြို့​များ တွင်​နေ​ထိုင်​ရ​သ​ဖြင့် ဤ​အ​ရပ်​သား​တို့​၏ ရန်​မှ​ကင်း​လွတ်​နိုင်​ကြ​ပါ​လိမ့်​မည်။-
NUM 32:18 အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့ သည် မိ​မိ​တို့​နေ​ထိုင်​ရ​မည့်​ပြည်​ကို​အ​ပိုင် မ​ရ​မ​ချင်း​အ​ကျွန်ုပ်​တို့​သည်​ကိုယ့်​အိမ် သို့​မ​ပြန်​ပါ။-
NUM 32:19 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​အ​ကျွန်ုပ်​တို့ အား​နယ်​မြေ​ဝေ​စု​ပေး​ထား​ပြီး​ဖြစ်​သ​ဖြင့် အ​နောက်​ဘက်​ကမ်း​တွင်​နယ်​မြေ​ဝေ​စု​ကို ထပ်​မံ​၍​မ​တောင်း​ဆို​ပါ'' ဟူ​၍​လျှောက် ထား​ကြ​၏။
NUM 32:20 ထို​အ​ခါ​မော​ရှေ​က``သင်​တို့​က​တိ​တည် မည်​ဆို​လျှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ စစ်​ချီ​တိုက်​ရန်​အ​သင့်​ပြင်​လော့။-
NUM 32:21 သင်​တို့​၏​တပ်​သား​အ​ပေါင်း​တို့​သည်​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​ကို​နာ​ခံ​လျက် ငါ​တို့​၏​ရန်​သူ​များ​ကို တိုက်​ခိုက်​ချေ​မှုန်း​၍၊-
NUM 32:22 တိုင်း​ပြည်​ကို​သိမ်း​ပိုက်​ရ​မည်။ ထို​နောက်​သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​မျိုး​သား ချင်း​တို့​အ​တွက် တာ​ဝန်​ကျေ​ပွန်​ပြီ​ဖြစ်​၍ ဤ​အ​ရပ်​သို့​ပြန်​လာ​နိုင်​သည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘုရား​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​ရှိ ဤ​ပြည်​သည်​သင်​တို့​ဝေ​စု​ဖြစ် ကြောင်း​သိ​မှတ်​တော်​မူ​လိမ့်​မည်။-
NUM 32:23 သို့​ရာ​တွင်​သင်​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ရာ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ကို မု​ချ​ခံ​ကြ​ရ​မည်။-
NUM 32:24 သင်​တို့​မြို့​များ​နှင့်​သိုး​ခြံ​များ​ကို​တည် ဆောက်​ကြ​လော့။ သို့​ရာ​တွင်​သင်​တို့​က​တိ ကို​မ​ဖျက်​ကြ​နှင့်'' ဟု​သတိ​ပေး​လေ​၏။
NUM 32:25 ထို​အ​ခါ​ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ် ဝင်​တို့​က``ကိုယ်​တော်​မိန့်​မှာ​သည်​အ​တိုင်း အ​ကျွန်ုပ်​ဆောင်​ရွက်​ပါ​မည်။-
NUM 32:26 အ​ကျွန်ုပ်​တို့​၏​ဇ​နီး​နှင့်​သား​သ​မီး​များ၊ သိုး၊ ဆိတ်၊ နွား​များ​သည်​ဤ​အ​ရပ်​ရှိ​ဂိ​လဒ် မြို့​များ​တွင်​နေ​ရစ်​ကြ​ပါ​မည်။-
NUM 32:27 အ​ကျွန်ုပ်​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် ကို​နာ​ခံ​လျက် စစ်​ချီ​တက်​ရန်​အ​သင့်​ရှိ​နေ ကြ​ပါ​သည်။ ကိုယ်​တော်​မိန့်​မှာ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​ရန်​သူ​များ​ကို​တိုက်​ခိုက်​ပါ​မည်'' ဟူ​၍ မော​ရှေ​အား​က​တိ​ပေး​ကြ​၏။
NUM 32:28 ထို့​ကြောင့်​မော​ရှေ​က​ဧ​လာ​ဇာ၊ ယော​ရှု​နှင့် အ​ခြား​သော​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့ အား၊-
NUM 32:29 ``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။-
NUM 32:30 သို့​ရာ​တွင်​သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍​စစ်​ချီ​တိုက်​ခိုက် ခြင်း​မ​ပြု​ကြ​လျှင် သင်​တို့​နည်း​တူ​ခါ​နာန် ပြည်​ထဲ​၌​သာ​သူ​တို့​ဝေ​စု​ကို​ရ​စေ​ရ​မည်'' ဟု​အ​မိန့်​ပေး​လေ​၏။
NUM 32:31 ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့ က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက်​ပါ​မည်။-
NUM 32:32 အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​ပြည်​ကို​အ​ပိုင်​ရ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​ဆောင်​မှု​ကို​နာ​ခံ​လျက် ခါ​နာန်​ပြည် ဘက်​သို့​ကူး​၍​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​လေ​သည်။
NUM 32:33 ထို့​ကြောင့်​မော​ရှေ​သည်​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​ပိုင်​သ​မျှ သော​နယ်​မြေ​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​ကို​ဂဒ်​အ​နွယ်​ဝင်၊ ရုဗင်​အ​နွယ်​ဝင် နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​အား​သတ်​မှတ် ပေး​လေ​သည်။-
NUM 32:34 ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ဒိ​ဗုန်​မြို့၊ အ​တ​ရုပ် မြို့၊ အာ​ရော်​မြို့၊-
NUM 32:35 အာ​တ​ရုတ်​ရှော​ဖန်​မြို့၊ ယာ​ဇာ​မြို့၊ ယု​မ္ဘေဟ မြို့၊-
NUM 32:36 ဗက်​နိ​မ​ရာ​မြို့​နှင့်​ဗေ​သာ​ရန်​မြို့​စ​သော တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ပြန် လည်​တည်​ဆောက်​ကြ​၏။-
NUM 32:37 ရု​ဗင်​အ​နွယ်​ဝင်​တို့​သည်​ဟေ​ရှ​ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ကိ​ရ​ယ​သိမ်​မြို့၊-
NUM 32:38 နေ​ဗော​မြို့၊ ဗာ​လ​မော​န​မြို့(ဤ​မြို့​၏​နာ​မည် ကို​ပြောင်း​လိုက်​၏) နှင့်​ရှိ​ဗ​မ​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​သည်။ သူ​တို့​ပြန် လည်​တည်​ဆောက်​သော​မြို့​များ​ကို​နာ​မည် သစ်​ဖြင့်​မှည့်​ခေါ်​ကြ​သည်။
NUM 32:39 မ​နာ​ရှေ​သား​မာ​ခိ​ရ​၏​သား​ချင်း​စု​သည် ဂိ​လဒ်​ပြည်​ကို​ဝင်​ရောက်​တိုက်​ခိုက်​ပြီး​လျှင် ထို​ပြည်​တွင်​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး သား​တို့​ကို​မောင်း​ထုတ်​၍​ပြည်​ကို​သိမ်း​ပိုက် လေ​သည်။-
NUM 32:40 ထို့​ကြောင့်​မော​ရှေ​သည်​မာ​ခိ​ရ​သား​ချင်း​စု အား​ဂိ​လဒ်​ပြည်​ကို​ပေး​သ​ဖြင့် သူ​တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​ကြ​၏။-
NUM 32:41 မ​နာ​ရှေ​၏​အ​နွယ်​ဝင်​ဖြစ်​သော​ယာ​ဣ​ရ သည် ကျေး​ရွာ​အ​ချို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက် ပြီး​လျှင်``ယာ​ဣ​ရ​ကျေး​ရွာ​များ'' ဟု သ​မုတ်​လေ​သည်။-
NUM 32:42 နော​ဗာ​ဆို​သူ​သည်​လည်း​ကေ​နတ်​မြို့​နှင့် အ​နီး​ရှိ ကျေး​ရွာ​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​ပြီး​လျှင် မိ​မိ​၏​အ​မည်​ကို​စွဲ​၍ နော​ဗာ​မြို့​ဟု​မှည့်​ခေါ်​လေ​၏။
NUM 33:1 မော​ရှေ​နှင့်​အာ​ရုန်​ခေါင်း​ဆောင်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​မှ​အ​နွယ် အ​လိုက်​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။ သူ​တို့​၏ ခ​ရီး​စဉ်​ကို​ဖော်​ပြ​ပေ​အံ့။-
NUM 33:2 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည် သူ​တို့​ရပ်​နား​ရာ​စ​ခန်း​အ​ဆင့် ဆင့်​တို့​၏​နာ​မည်​များ​ကို​မှတ်​သား​ထား လေ​သည်။
NUM 33:3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပ​ထ​မ​ဦး ဆုံး​ကျင်း​ပ​သော​ပ​သ​ခါ​ပွဲ​တော်​လွန်​ပြီး နောက်​တစ်​နေ့​ဖြစ်​သော​ပ​ထ​မ​လ​တစ်​ဆယ် ငါး​ရက်​နေ့​၌ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့ ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကာ အ​ကွယ်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ရှေ့​မှောက် တွင်​ရာ​မ​သက်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​၏။-
NUM 33:4 ထို​စဉ်​အ​ခါ​က​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​ခြင်း​ခံ​ရ​သော သား​ဦး​များ​ကို​မြှုပ်​နှံ​လျက်​နေ​ကြ​၏။ ထို သို့​ဒဏ်​ခတ်​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏​ဘု​ရား​များ ထက်​တန်​ခိုး​ကြီး​ကြောင်း​ပြ​တော်​မူ​၏။
NUM 33:5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ ထွက်​ခွာ​လာ​ကြ​ပြီး​နောက်​သု​ကုတ် စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-
NUM 33:6 ထို​မှ​တစ်​ဆင့်​တော​ကန္တာ​ရ​အ​စွန်​ရှိ​ဧ​သံ စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-
NUM 33:7 တစ်​ဖန်​သူ​တို့​သည်​ဗာ​လ​ဇေ​ဖုန်​စ​ခန်း အ​ရှေ့​ရှိ​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​သို့​ပြန်​လှည့် ကြ​ပြီး​လျှင် မိ​ဂ​ဒေါ​လ​စ​ခန်း​အ​နီး​၌ ရပ်​နား​ကြ​၏။-
NUM 33:8 သူ​တို့​သည်​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​မှ​ထွက်​လာ ၍ ပင်​လယ်​နီ​ကို​ဖြတ်​ကူး​ပြီး​လျှင်​ဧ​သံ တော​ကန္တာ​ရ​သို့​ရောက်​ကြ​၏။ သုံး​ရက်​ခ​ရီး သွား​ပြီး​နောက်​မာ​ရ​စ​ခန်း​၌​ရပ်​နား ကြ​၏။-
NUM 33:9 ထို​စ​ခန်း​မှ​ထွက်​လာ​ပြီး​နောက်​စမ်း​ရေ​တွင်း တစ်​ဆယ့်​နှစ်​တွင်း​နှင့် စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ် ရှိ​သော​ဧ​လိမ်​စ​ခန်း​သို့​ရောက်​လာ​ကြ​၏။
NUM 33:10 တစ်​ဖန်​သူ​တို့​သည်​ဧ​လိမ်​စ​ခန်း​မှ​ထွက် လာ​၍ ဆူး​အက်​ပင်​လယ်​ကွေ့​အ​နီး​တွင် စ​ခန်း​ချ​ကြ​၏။-
NUM 33:11 ထို​နောက်​သိန်​တော​ကန္တာ​ရ​သို့​ရောက်​လာ ကြ​၏။-
NUM 33:12 တစ်​ဖန်​ဒေါ​ဖ​ကာ​စ​ခန်း​၌​လည်း​ကောင်း၊-
NUM 33:13 ထို​မှ​တစ်​ဆင့်​အာ​လု​ရှ​စ​ခန်း​၌​လည်း ကောင်း​ရပ်​နား​ကြ​၏။-
NUM 33:14 တစ်​ဖန်​ခ​ရီး​ဆက်​ကြ​ရာ​လူ​တို့​အ​တွက် သောက်​ရေ​မ​ရှိ​သော​ရေ​ဖိ​ဒိမ်​စ​ခန်း​သို့ ရောက်​ကြ​၏။
NUM 33:15 သူ​တို့​သည်​ရေ​ဖိ​ဒိမ်​စ​ခန်း​မှ​ဟော​ရ​တောင် သို့ သွား​သော​ခ​ရီး​လမ်း​တွင်​ရပ်​နား​သော စ​ခန်း​များ​နာ​မည်​စာ​ရင်း​မှာ​သိ​နာ​တော ကန္တာ​ရ၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​သို့​မ​ဟုတ်``မွတ်​သိပ် ရာ​သင်္ချိုင်း၊'' ဟာ​ဇ​ရုတ်၊ ရိ​သ​မ၊ ရိမ္မုန်​ဖာ​ရက်၊ လိ​ဗ​န၊ ရိ​ဿ၊ ကေ​ဟ​လာ​သ၊ ရှာ​ဖာ​တောင်၊ ဟာ​ရ​ဒ၊ မက္က​လုတ်၊ တာ​ဟတ်၊ တာ​ရ၊ မိ​သ​ကာ၊ ဟာ​ရှ​မော​န၊ မော​သ​ရုတ်၊ ဗင်္ယာ​ကန်၊ ဟော​ရ ဂိဒ်​ဂဒ်၊ ယုမ္ဘာ​သ၊ ဧ​ဗြော​န၊ ဧ​ဇ​ယုန်​ဂါ​ဗာ၊ ဇိ​န​တော​ကန္တာ​ရ(ယင်း​သည်​ကာ​ဒေ​ရှ​ဖြစ်​၏) ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဟော​ရ​တောင်​တို့​ဖြစ် သည်။
NUM 33:38 ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် သို့​တက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ ထွက်​လာ​ခဲ့​ပြီး​နောက် လေး​ဆယ်​မြောက်​သော​နှစ်၊ ပဉ္စ​မ​လ၊ လ​ဆန်း တစ်​ရက်​နေ့​တွင်​အ​သက်​တစ်​ရာ့​နှစ်​ဆယ့် သုံး​နှစ်​ရှိ​သော​အာ​ရုန်​သည် ထို​တောင်​ပေါ် တွင်​အ​နိစ္စ​ရောက်​လေ​သည်။
NUM 33:40 ထို​အ​ချိန်​၌​ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင် စိုး​စံ​သော​အာ​ရဒ်​ဘု​ရင်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​လာ​နေ​ကြောင်း ကြား​သိ​ရ​လေ​၏။
NUM 33:41 ဟော​ရ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့​သွား သော​ခ​ရီး​လမ်း​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရပ်​နား​ခဲ့​သော​စ​ခန်း​များ​နာ​မည် စာ​ရင်း​မှာ​ဇာ​လ​မော​န၊ ပု​နုန်၊ သြ​ဗုတ်၊ မော​ဘ​ပြည်​ထဲ​ရှိ​ဣ​ဇာ​ဗာ​ရိမ်၊ ဒိ​ဗုန်​ဂဒ်၊ အာ​လ​မုန်​ဒိ ဗ​လ​သိမ်၊ နေ​ဗော​တောင်​အ​နီး ရှိ​အာ​ဗ​ရိမ်​တောင်၊ ဗက်​ယေ​ရှိ​မုတ်​နှင့်​အာ ကာ​ရှား​ချိုင့်​ဝှမ်း​အ​ကြား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင် ပြင်​တို့​ဖြစ်​သည်။
NUM 33:50 ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​အ​နီး ရှိ​မော​ဘ​လွင်​ပြင်​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊-
NUM 33:51 မိန့်​မှာ​တော်​မူ​သည်​ကား``သင်​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော အ​ခါ၊-
NUM 33:52 ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​နှင် ထုတ်​ရ​မည်။ သူ​တို့​၏​ကျောက်​ရုပ်​ဘု​ရား၊ သတ္တု ရုပ်​ဘု​ရား​များ​နှင့်​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​ပစ်​ရ မည်။-
NUM 33:53 ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။-
NUM 33:54 ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​သား​ချင်း​စု အ​သီး​သီး​တို့​အား ထို​ပြည်​ကို​မဲ​ချ​၍​ခွဲ ဝေ​ပေး​ရ​မည်။ သား​ချင်း​စု​ဦး​ရေ​အ​နည်း အ​များ​အ​လိုက် မြေ​ကို​အ​ချိုး​ချ​ခွဲ​ဝေ ပေး​ရ​မည်။-
NUM 33:55 သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ကျန်​ရှိ​နေ​သော​သူ​တို့​သည်​ဆူး​ငြောင့် သ​ဖွယ်​ဖြစ်​၍​သင်​တို့​ကို​ရန်​မူ​ကြ​လိမ့်​မည်။-
NUM 33:56 သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ငါ​သည်​သူ​တို့​အား​ပေး​မည့်​ဒဏ်​ကို​သင် တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​မည်'' ဟူ​၍​ဖြစ် သည်။
NUM 34:1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိန့်​မှာ တော်​မူ​သည်​ကား၊-
NUM 34:2 ``သင်​တို့​သည်​ငါ​ပေး​မည့်​ခါ​နာန်​ပြည်​သို့ ဝင်​ရောက်​ကြ​သော​အ​ခါ သင်​တို့​ပိုင်​နက် နယ်​နိ​မိတ်​ကို​ဤ​သို့​သတ်​မှတ်​ရ​မည်။-
NUM 34:3 တောင်​ဘက်​နယ်​နိ​မိတ်​သည်​ဇိ​န​တော​ကန္တာ​ရ မှ ဧ​ဒုံ​ပြည်​နယ်​စပ်​တစ်​လျှောက်​ဖြစ်​၏။ ထို နယ်​နိ​မိတ်​သည် ပင်​လယ်​သေ​တောင်​ဘက်​စွန်း အ​ရှေ့​ဘက်​မှ​အ​စ​ပြု​ရ​မည်။-
NUM 34:4 ထို​မှ​တစ်​ဖန်​တောင်​ဘက်​သို့​လှည့်​၍​အာ​က ရဗ္ဗိန်​တောင်​ကြား​သို့​သွား​ပြီး​လျှင် ဇိ​န​တော ကန္တာ​ရ​ကို​ဖြတ်​လျက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ ဗာ​နာ​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ဟာ​ဇရဒ္ဒါ​သို့​လည်း​ကောင်း၊ တစ်​ဖန် အာ​ဇ​မုန်​သို့​လည်း​ကောင်း၊-
NUM 34:5 ထို​နောက်​ကွေ့​၍​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချိုင့် ဝှမ်း​သို့​လည်း​ကောင်း​သွား​ပြီး​လျှင် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​၌​အ​ဆုံး​သတ်​ရ​မည်။
NUM 34:6 ``အ​နောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​ဖြစ်​ရ​မည်။
NUM 34:7 ``မြောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ​ပင်​လယ် ကမ်း​ခြေ​မှ​ဟော​ရ​တောင်​သို့​လည်း​ကောင်း၊-
NUM 34:8 ထို​မှ​တစ်​ဆင့်​ဟာ​မတ်​တောင်​ကြား​သို့​လည်း ကောင်း ဖြတ်​သွား​၍​ထို​မှ​တစ်​ဖန်​ဇေ​ဒဒ်​နှင့် ဇိ​ဖြုန်​ကို​ဖြတ်​ပြီး​လျှင်​ဟာ​ဇ​ရေ​နန်​၌ အ​ဆုံး​သတ်​ရ​မည်။
NUM 34:10 ``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည် ဟာ​ဇ​ရေ​နန်​မှ ရှေ​ဖံ​သို့​လည်း​ကောင်း၊-
NUM 34:11 ထို​မှ​တစ်​ဖန်​တောင်​ဘက်​အ​ဣ​န​အ​ရှေ့​သို့ လည်း​ကောင်း၊ ထို​နောက်​ဂါ​လိ​လဲ​အိုင်​အ​ရှေ့ ဘက်​ကမ်း​ခြေ​ရှိ တောင်​ကုန်း​များ​ကို​ဖြတ် ကျော်​ပြီး​လျှင်၊-
NUM 34:12 တောင်​ဘက်​ယော်​ဒန်​မြစ်​တစ်​လျှောက်​သွား​၍ ပင်​လယ်​သေ​တွင်​အ​ဆုံး​သတ်​ရ​မည်။ ``သင်​တို့​ပြည်​၏​နယ်​နိ​မိတ်​တို့​သည်​ကား အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​ဖြစ်​သည်'' ဟူ ၍​ဖြစ်​၏။
NUM 34:13 သို့​ဖြစ်​၍​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ဤ​နယ်​မြေ​သည်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အ​နွယ်​ကိုး​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့ အား​သတ်​မှတ်​ပေး​သော​နယ်​မြေ​ဖြစ်​၍ သင်​တို့ သည်​မဲ​ချ​ယူ​ကြ​ရ​မည်။-
NUM 34:14 ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ကမ်း​ရှိ​နယ်​မြေ​ကို မိ​မိ တို့​၏​သား​ချင်း​စု​အ​လိုက်​ခွဲ​ဝေ​ကြ​ပြီး​ဖြစ် သည်'' ဟု​ဆို​လေ​၏။
NUM 34:16 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
NUM 34:17 ``ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​နုန်​၏​သား ယော​ရှု​တို့​သည်​မြေ​ကို​ခွဲ​ဝေ​ပေး​ရ​မည်။-
NUM 34:18 ထို့​ပြင်​အ​နွယ်​တစ်​မျိုး​မှ​ခေါင်း​ဆောင်​တစ်​ဦး စီ​တို့​ကို​ရွေး​၍ သူ​တို့​အား​ကူ​ညီ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
NUM 34:19 ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​ပ္ဂိုလ် များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အ​နွယ် ခေါင်း​ဆောင် ယု​ဒ ယေ​ဖုန္နာ​၏​သား​ကာ​လက် ရှိ​မောင် အ​မိ​ဟုဒ်​၏​သား​ရှေ​မွေ​လ ဗ​င်္ယာ​မိန် ခိ​သ​လုန်​၏​သား​ဧ​လိ​ဒဒ် ဒန် ယော​ဂ​လိ​၏​သား​ဗုက္ကိ မ​နာ​ရှေ ဧ​ဖုဒ်​၏​သား​ဟံ​ယေ​လ ဧ​ဖ​ရိမ် ရှိ​ဖ​တန်​၏​သား​ကေ​မွေ​လ ဇာ​ဗု​လုန် ပါ​နက်​၏​သား​ဧ​လိ​ဇ​ဖန် ဣသ​ခါ အဇ္ဇန်​၏​သား ပါ​လ​တေ​လ အာ​ရှာ ရှေ​လော​မိ​၏​သား​အ​ဘိ​ဟုဒ် န​ဿ​လိ အ​မိ​ဟုဒ်​၏​သား​ပေ​ဒ​ဟေ​လ
NUM 34:29 ဤ​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား ခါ​နာန်​ပြည်​ကို​ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​ခန့်​အပ်​တော်​မူ​သော​ပ္ဂိုလ်​များ​ဖြစ် ကြ​သည်။
NUM 35:1 ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား၊-
NUM 35:2 ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ အ​ချို့​သော​မြို့​များ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​အား​ပေး​ရ​မည်။-
NUM 35:3 ဤ​မြို့​များ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက် ဖြစ်​၍ သူ​တို့​သည်​ထို​မြို့​များ​တွင်​နေ​ထိုင်​ရ ကြ​မည်။ စား​ကျက်​မြေ​သည်​သူ​တို့​၏​နွား များ​နှင့်​အ​ခြား​တိ​ရစ္ဆာန်​တို့​အ​တွက်​ဖြစ် သည်။-
NUM 35:4 စား​ကျက်​မြေ​သည်​မြို့​ရိုး​မျက်​နှာ​လေး​ဘက်​မှ အ​ပြင်​သို့​ကိုက်​ငါး​ရာ​အ​ထိ​ကျယ်​ပြန့်​စေ ရ​မည်။-
NUM 35:5 ပတ်​လည်​စား​ကျက်​မြေ​သည် ထို​မြို့​ကို​ဗ​ဟို ပြု​ကာ​အ​နံ​အ​လျား​ကိုက်​တစ်​ထောင်​စီ​ရှိ ရ​မည်။-
NUM 35:6 လူ​တစ်​ဦး​အား​ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ ဘဲ​နှင့် သတ်​မိ​သူ​ထွက်​ပြေး​၍​ခို​လှုံ​နိုင်​ရန် မြို့​ခြောက်​မြို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ပေး​ရ​မည်။ ထို့​အ​ပြင်​အ​ခြား​မြို့​လေး​ဆယ့် နှစ်​မြို့​တို့​ကို​လည်း​သူ​တို့​အား​ပေး​ရ​မည်။-
NUM 35:7 သို့​ဖြစ်​၍​စား​ကျက်​မြေ​အ​ပါ​အ​ဝင်​စု​စု ပေါင်း လေး​ဆယ့်​ရှစ်​မြို့​ကို​သူ​တို့​အား​ပေး​ရ​မည်။-
NUM 35:8 ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​ပိုင်​သော​နယ်​မြေ အ​ကျယ်​အ​ဝန်း​အ​လိုက် လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​တွက်​မြို့​အ​ရေ​အ​တွက်​ကို​သတ်​မှတ်​ပေး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
NUM 35:9 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား၊-
NUM 35:10 ``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော​အ​ခါ၊-
NUM 35:11 ကြို​တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး အား​သတ်​မိ​သူ​သည် ထွက်​ပြေး​ခို​လှုံ​နိုင်​သည့် မြို့​များ​ကို​ရွေး​ချယ်​သတ်​မှတ်​ရ​မည်။-
NUM 35:12 ထို​မြို့​များ​တွင်​သူ​သည်​သေ​ဆုံး​သူ​နှင့်​သွေး တော်​စပ်​သူ​၏​လက်​စား​ချေ​ခြင်း​မှ​လွတ်​ကင်း လိမ့်​မည်။ လူ​အ​သက်​ကို​သတ်​သော​သူ​အား လူ ပ​ရိ​သတ်​ရှေ့​တ​ရား​ရုံး​တွင်​စီ​ရင်​ခြင်း​မ​ပြု ဘဲ​သေ​စား​မ​သေ​စေ​ရ။-
NUM 35:13 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​သုံး​မြို့၊ ခါ​နာန် ပြည်​ထဲ​တွင်​သုံး​မြို့၊ စု​စု​ပေါင်း​ခြောက်​မြို့​ကို ရွေး​ချယ်​လော့။-
NUM 35:15 ထို​မြို့​များ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​များ အ​တွက်​လည်း​ကောင်း၊ အ​မြဲ​ဖြစ်​စေ၊ ခေတ္တ​ဖြစ် စေ​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​အ​တွက် လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​ဖြစ်​ရ​မည်။ ကြို တင်​ကြံ​ရွယ်​ခြင်း​မ​ရှိ​ဘဲ​နှင့်​လူ​တစ်​ဦး​အား သတ်​မိ​သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ထွက်​ပြေး​ခို​လှုံ​နိုင်​သည်။
NUM 35:16 ``သို့​ရာ​တွင်​သံ၊ ကျောက်၊ သစ်​သား​လက်​နက်​တစ် ခု​ခု​ဖြင့် လူ​တစ်​ဦး​အား​သတ်​သူ​သည်​လူ​သတ် မှု​ကို​ကူး​လွန်​သ​ဖြင့်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​စေ​ရ​မည်။-
NUM 35:19 သေ​ဆုံး​သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို တွေ့​လျှင်​သတ်​ရ​မည်။
NUM 35:20 ``တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး​သ​ဖြင့်​တွန်း ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့် ပစ်​၍​သော်​လည်း​ကောင်း၊-
NUM 35:21 လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။
NUM 35:22 ``သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​အား မုန်း​တီး ခြင်း​မ​ရှိ​ဘဲ​နှင့်​တွန်း​ချ​၍​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​၍​သော်​လည်း​ကောင်း အ​မှတ်​မ​ထင်​သတ်​မိ​လျှင်​ဖြစ်​စေ၊-
NUM 35:23 မိ​မိ​ရန်​သူ​မ​ဟုတ်​သူ​ကို​ထိ​ခိုက်​စေ​လို​သော ဆန္ဒ​မ​ရှိ​ဘဲ​နှင့်​ကျောက်​ခဲ​ဖြင့် အ​မှတ်​တ​မဲ့ ပစ်​မိ​သော​ကြောင့်​ထို​သူ​သေ​ဆုံး​ရ​လျှင် ဖြစ်​စေ၊-
NUM 35:24 လူ​ပ​ရိတ်​သတ်​က​လူ​သတ်​မှု​ကူး​လွန်​သူ နှင့် သေ​ဆုံး​သူ​၏​အ​နီး​ဆုံး​သွေး​တော်​စပ် သူ​တို့​အ​ကြား​တ​ရား​ဋ္ဌမ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​မည်။-
NUM 35:25 လူ​ပ​ရိ​သတ်​သည်​လူ​သတ်​မှု​ကူး​လွန်​သူ အား​သေ​ဆုံး​သူ​၏​ဆွေ​မျိုး​တော်​စပ်​သူ​လက် မှ​ကယ်​တင်​၍ သူ​ထွက်​ပြေး​ခို​လှုံ​ခဲ့​သော​မြို့ သို့​ပြန်​ပို့​ရ​မည်။ သူ​သည်​ထို​စဉ်​က​အ​မှု​ထမ်း နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ​ရောက်​သည် အ​ထိ​ထို​မြို့​တွင်​နေ​ထိုင်​ရ​မည်။-
NUM 35:26 အ​ကယ်​၍​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ခို​လှုံ​ရာ​မြို့​ပြင်​သို့​ထွက်​သ​ဖြင့်၊-
NUM 35:27 သေ​ဆုံး​သူ​နှင့်​သွေး​တော်​စပ်​သူ​က​တွေ့​၍ သူ့ အား​လက်​စား​ချေ​သတ်​ပစ်​လျှင်​ဤ​လက်​စား ချေ​ခြင်း​သည်​လူ​သတ်​မှု​မ​ဟုတ်။-
NUM 35:28 သို့​ရာ​တွင်​လူ​သတ်​မှု​ကူး​လွန်​သူ​သည် ထို​စဉ် က​အ​မှု​ထမ်း​နေ​ဆဲ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​နိစ္စ​ရောက်​သည်​တိုင်​အောင်​သူ​ခို​လှုံ​ရာ​မြို့ တွင်​နေ​ထိုင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​မင်း​အ​နိစ္စ ရောက်​ပြီး​နောက် သူ​သည်​မိ​မိ​၏​နေ​ရပ်​သို့ ပြန်​နိုင်​သည်။-
NUM 35:29 သင်​တို့​သည်​မည်​သည့်​အ​ရပ်​၌​နေ​ထိုင်​သည် မ​ဆို ဤ​ပ​ညတ်​များ​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ကြ​ရ​မည်။
NUM 35:30 ``လူ​သတ်​မှု​ဖြင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သူ​အား သက် သေ​နှစ်​ဦး​သို့​မ​ဟုတ်​နှစ်​ဦး​ထက်​ပို​၍​ရှိ​မှ သေ​ဒဏ်​စီ​ရင်​ရ​မည်။ သက်​သေ​တစ်​ဦး​တည်း ၏​စွပ်​စွဲ​ချက်​ဖြင့် ထို​သူ​အား​သေ​ဒဏ်​မ​စီ ရင်​ရ။-
NUM 35:31 လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ်​ပေး ရ​မည်။ ထို​သူ​သည်​အ​သက်​ဖိုး​ငွေ​ပေး​၍ သေ​ဒဏ်​မှ​လွတ်​ငြိမ်း​ခွင့်​မ​ရှိ​စေ​ရ။-
NUM 35:32 ခို​လှုံ​ရာ​မြို့​သို့​ပြေး​ဝင်​သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​အ​နိစ္စ​မ​ရောက်​မီ မိ​မိ​နေ​ရပ်​သို့ ပြန်​ရန်​အ​တွက်​ငွေ​ပေး​လျှင်​လက်​မ​ခံ​ရ။-
NUM 35:33 ငွေ​ကို​လက်​ခံ​ခဲ့​လျှင်​သင်​တို့​နေ​ထိုင်​ရာ​ပြည် ကို​ညစ်​ညမ်း​စေ​ရာ​ရောက်​မည်။ လူ​သတ်​မှု​ကူး လွန်​ခြင်း​သည်​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ​၏။ သို့ ဖြစ်​၍​တိုင်း​ပြည်​၌​လူ​တစ်​ယောက်​အ​သတ်​ခံ ရ​လျှင် လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ် ပေး​ခြင်း​အား​ဖြင့်​သာ​လျှင်​ထို​ပြည်​ကို​ပြန် လည်​သန့်​စင်​စေ​နိုင်​၏။-
NUM 35:34 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့် ပြည်​တော်​ကို​မ​ညစ်​ညမ်း​စေ​ရ'' ဟု​မိန့် တော်​မူ​၏။
NUM 36:1 ယော​သပ်​၏​မြစ်၊ မ​နာ​ရှေ​၏​မြေး၊ မာ​ခိ​ရ​၏ သား​ဂိ​လဒ်​သား​ချင်း​စု​မှ​အိမ်​ထောင်​ဦး​စီး တို့​သည် မော​ရှေ​နှင့်​အ​ခြား​ခေါင်း​ဆောင်​တို့ ထံ​သို့​လာ​၍၊-
NUM 36:2 ``ခါ​နာန်​ပြည်​ကို​စာ​ရေး​တံ​ချ​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ကိုယ်​တော်​အား​မိန့်​မှာ​တော်​မူ​ပါ သည်။ အ​ကျွန်ုပ်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဇ​လော ဖဒ်​၏​အ​မွေ​ကို​လည်း သူ​၏​သ​မီး​တို့​အား ဆက်​ခံ​စေ​ရန်​မိန့်​မှာ​တော်​မူ​ပါ​သည်။-
NUM 36:3 သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​တို့​သည်​အ​ခြား အ​နွယ်​ဝင်​အ​မျိုး​သား​တို့​နှင့်​စုံ​ဖက်​လျှင် သူ​တို့ ၏​အ​မွေ​မြေ​သည်​ထို​အ​မျိုး​သား​အ​နွယ်​လက် ထဲ​သို့​ရောက်​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အ​တွက်​ခွဲ ဝေ​ပေး​သော​နယ်​မြေ​သည်​လျော့​နည်း​လာ​ပါ လိမ့်​မည်။-
NUM 36:4 ရောင်း​ချ​သော​ပစ္စည်း​အား​လုံး​ကို​မူ​လ​ပိုင်​ရှင် များ​၏​လက်​သို့​ပြန်​အပ်​ရ​သော​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​ယု​ဘိ​လ​နှစ်​သို့​ရောက်​သော အ​ခါ ဇ​လော​ဖဒ်​သ​မီး​တို့​၏​မြေ​သည်​သူ​တို့ စုံ​ဖက်​သော​အ​နွယ်​ဝင်​တို့​လက်​သို့​အ​မြဲ​တမ်း ရောက်​ရှိ​မည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​နွယ် အ​တွက်​ဆုံး​ရှုံး​နစ်​နာ​ပါ​သည်'' ဟု​လျှောက် ထား​ကြ​သည်။
NUM 36:5 ထို​အ​ခါ​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ဆင့်​ဆို​လေ​၏။ မော​ရှေ​က``မ​နာ ရှေ​၏​အ​နွယ်​ဝင်​တို့​လျှောက်​ထား​ချက်​သည် မှန်​ကန်​သ​ဖြင့်၊-
NUM 36:6 ထာ​ဝ​ရ​ဘု​ရား​က`ဇ​လော​ဖဒ်​၏​သ​မီး​တို့ သည် မိ​မိ​တို့​ကြိုက်​နှစ်​သက်​သော​ယောကျာ်း​နှင့် စုံ​ဖက်​နိုင်​၏။ သို့​ရာ​တွင်​ထို​ယောကျာ်း​သည် မိ​မိ တို့​၏​အ​နွယ်​ဝင်​ဖြစ်​ရ​မည်' ဟု​မိန့်​တော်​မူ​၏။-
NUM 36:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ပိုင်​ဆိုင်​သော အ​မွေ​မြေ​ကို မိ​မိ​နှင့်​သက်​ဆိုင်​ရာ​အ​နွယ် လက်​မှ​အ​ခြား​အ​နွယ်​လက်​သို့​မ​လွှဲ မ​ပြောင်း​ရ။-
NUM 36:8 ဣ​သ​ရေ​လ​အ​နွယ်​ထဲ​မှ​အ​မွေ​မြေ​ဆက်​ခံ ရ​ရှိ​သော​အ​မျိုး​သ​မီး​တိုင်း မိ​မိ​၏​အ​နွယ် ဝင်​ယောကျာ်း​နှင့်​စုံ​ဖက်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ဘိုး​ဘေး တို့​၏​မြေ​ကို​ဆက်​ခံ​ရ​ရှိ​သ​ဖြင့်၊-
NUM 36:9 မြေ​သည်​တစ်​နွယ်​လက်​မှ​အ​ခြား​တစ်​နွယ် လက်​သို့​ကူး​ပြောင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ အ​နွယ် တိုင်း​က​မိ​မိ​ပိုင်​မြေ​ကို​ဆက်​လက်​ပိုင်​ဆိုင် လိမ့်​မည်'' ဟု​ဆို​၏။
NUM 36:10 ထို့​ကြောင့်​ဇ​လော​ဖဒ်​၏​သ​မီး​များ​ဖြစ်​ကြ သော​မာ​လာ၊ တိ​ရ​ဇာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ နှင့်​နော​အာ​တို့​သည် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​မိ​မိ​တို့ ၏​အစ်​ကို​ဝမ်း​ကွဲ​များ​နှင့်​စုံ​ဖက်​ကြ​၏။-
NUM 36:12 သူ​တို့​သည်​ယော​သပ်​၏​သား​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​နှင့်​စုံ​ဖက်​ကြ​သ​ဖြင့် သူ​တို့​အ​မွေ​ခံ ရ​သော​မြေ​သည်​ဖ​ခင်​၏​အ​နွယ်​လက်​ဝယ် ဆက်​လက်​တည်​ရှိ​လေ​သည်။
NUM 36:13 ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။
DEU 1:1 ဤ​ကျမ်း​စောင်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ မော​ရှေ​က​သူ​တို့ အား​ပြော​ကြား​သည့်​စ​ကား​ကို​မှတ်​တမ်း တင်​ထား​သည်။ သူ​တို့​သည်​သုဖ​မြို့​အ​နီး ယော်​ဒန်​မြစ်​ဝှမ်း​တွင်​ရောက်​ရှိ​နေ​ကြ​သည်။ သူ​တို့​တစ်​ဘက်​၌​ပါ​ရန်​မြို့​ရှိ​၍​အ​ခြား တစ်​ဘက်​၌​တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​ရှိ​ကြ​သည်။-
DEU 1:2 (သိ​နာ​တောင်​မှ​ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ တောင်​ထူ​ထပ်​သော​ဧ​ဒုံ​ပြည်​လမ်း​ဖြင့် ခ​ရီး သွား​သော်​တစ်​ဆယ့်​တစ်​ရက်​ကြာ​၏။-)
DEU 1:3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​ပြီး​နောက် လေး​ဆယ်​မြောက်​သော နှစ်၊ တစ်​ဆယ့်​တစ်​လ၊ ပ​ထ​မ​နေ့​ရက်​၌​ထာ​ဝ​ရ ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သ​မျှ​ကို​မော​ရှေ​သည်​ထပ်​မံ​၍ ဆင့်​ဆို​လေ​၏။-
DEU 1:4 မော​ရှေ​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​ကို​လည်း​ကောင်း၊ အာ​ရှ တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​တွင်​စိုး​စံ​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​ကို​လည်​ကောင်း၊ နှိမ် နှင်း​ပြီး​နောက်​အောက်​ပါ​အ​တိုင်း​ဆင့်​ဆို ခြင်း​ဖြစ်​သည်။-
DEU 1:5 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​မော​ဘ​ပြည်​တွင် ရောက်​ရှိ​နေ​ကြ​စဉ် ဘု​ရား​သ​ခင်​၏​ပ​ညတ် များ​နှင့်​သွန်​သင်​ချက်​များ​ကို​စ​တင်​ရှင်း​လင်း ပေး​လေ​သည်။
DEU 1:6 မော​ရှေ​က``ငါ​တို့​သည်​သိ​နာ​တောင်​တွင်​ရှိ​နေ ကြ​စဉ် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`သင်​တို့​သည်​ဤ​တောင်​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ကြ​ပြီ။-
DEU 1:7 စ​ခန်း​သိမ်း​၍​ခ​ရီး​ဆက်​ကြ​လော့။ အာ​မော​ရိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​တောင်​ကုန်း​ဒေ​သ နှင့် ၎င်း​အ​နီး​ရှိ​ဒေ​သ​များ​ဖြစ်​သော​တောင် ကုန်း​ဒေ​သ၊ လွင်​ပြင်​ဒေ​သ၊ တောင်​ဘက်​ဒေ​သ၊ မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​တို့​သို့​သွား​ကြ​လော့။ ခါ​နာန်​ပြည်​သို့​သွား​ကြ​လော့။ ထို​မှ​တစ်​ဖန် လေ​ဗ​နုန်​တောင်​ကို​ကျော်​၍ ဥ​ဖ​ရတ်​မြစ်​သို့ တိုင်​အောင်​သွား​ကြ​လော့။-
DEU 1:8 သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​အာ​ဗြ ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​၍​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား ဤ​ဒေ​သ​အား​လုံး​ကို​ပေး မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော် မူ​ခဲ့​သည်။ သင်​တို့​သွား​၍​သိမ်း​ယူ​ကြ​လော့' ဟူ​၍​မိန့်​တော်​မူ​သည်'' ဟု​ဆို​၏။
DEU 1:9 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့ အား​ခေါင်း​ဆောင်​ရ​သည့်​တာ​ဝန်​မှာ ငါ့​အ​တွက် အ​လွန်​ကြီး​လေး​လှ​သည်။ ငါ​တစ်​ဦး​တည်း ထို​တာ​ဝန်​ကို​မ​ထမ်း​နိုင်။-
DEU 1:10 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ​နှင့်​အ​မျှ​သင်​တို့ ကို​များ​ပြား​စေ​တော်​မူ​ပြီ။-
DEU 1:11 သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​အ​ဆ​ပေါင်း​တစ်​ထောင် တိုး​ပွား​များ​ပြား​ပါ​စေ​သော။ က​တိ​တော်​ရှိ သည့်​အ​တိုင်း​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော။-
DEU 1:12 သို့​ရာ​တွင်​သင်​တို့​၏​အ​ငြင်း​ပွား​မှု​များ​ကို ဖြေ​ရှင်း​ရ​သည့်​ကြီး​လေး​သော​တာ​ဝန်​ကို ငါ တစ်​ဦး​တည်း​မည်​သို့​ထမ်း​ဆောင်​နိုင်​ပါ​အံ့ နည်း။-
DEU 1:13 သင်​တို့​အ​နွယ်​အ​သီး​သီး​မှ​ပ​ညာ​အ​မြော် အ​မြင်​နှင့် အ​တွေ့​အ​ကြုံ​ရှိ​သော​ပ္ဂိုလ်​တို့ ကို​ရွေး​ချယ်​ပေး​ကြ​လော့။ သင်​တို့​ကို​အုပ်​ချုပ် စေ​ရန်​သူ​တို့​အား​ငါ​ခန့်​ထား​မည်' ဟု​ပြော ကြား​ခဲ့​သည်။-
DEU 1:14 သင်​တို့​က​ထို​အ​မှု​သည်​သင့်​မြတ်​ပါ​သည် ဟု​ဆို​၍ သ​ဘော​တူ​လက်​ခံ​ခဲ့​ကြ​သည်။-
DEU 1:15 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​နွယ်​ထဲ​မှ​ပ​ညာ ရှိ​၍ အ​တွေ့​အ​ကြုံ​များ​သော​ခေါင်း​ဆောင်​များ ကို​ရွေး​ချယ်​ပြီး​လျှင်​သင်​တို့​အား​အုပ်​ချုပ် စေ​၏။ အ​ချို့​တို့​ကို​လူ​တစ်​ထောင်​အုပ်၊ အ​ချို့ တို့​ကို​လူ​တစ်​ရာ​အုပ်၊ အ​ချို့​တို့​ကို​လူ​ငါး ဆယ်​အုပ်၊ အ​ချို့​တို့​ကို​လူ​တစ်​ဆယ်​အုပ်​အ​ဖြစ် ခန့်​ထား​ခဲ့​သည်။ ထို့​ပြင်​သင်​တို့​အ​နွယ်​အား လုံး​၌ အ​ခြား​သော​အ​ရာ​ရှိ​များ​ကို​လည်း ခန့်​ထား​ခဲ့​၏။
DEU 1:16 ``ထို​အ​ချိန်​က​ငါ​သည်​အုပ်​ချုပ်​သူ​တို့​အား`သင် တို့​အ​မျိုး​သား​ချင်း​နှင့်​ဆိုင်​သော​အ​မှု​အ​ခင်း များ​နှင့် သင်​တို့​တွင်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​နှင့်​ဆိုင်​သည့်​အ​မှု​အ​ခင်း​များ​ကို ကြား​နာ​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ် ကြ​လော့။-
DEU 1:17 အ​ဆုံး​အ​ဖြတ်​ပေး​ရာ​၌​မျက်​နှာ​မ​လိုက် နှင့်။ မျက်​နှာ​ကြီး​မျက်​နှာ​ငယ်​မ​လိုက်​ဘဲ ကြား​နာ​စစ်​ဆေး​လော့။ သင်​တို့​၏​အ​ဆုံး အ​ဖြတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​သော အ​ဆုံး​အ​ဖြတ်​ဖြစ်​သော​ကြောင့် မည်​သူ့​ကို မျှ​မ​ကြောက်​ရွံ့​ရ။ သင်​တို့​ကိုယ်​တိုင်​မ​စီ​ရင် နိုင်​သော​အ​မှု​ရှိ​လျှင် ငါ့​ထံ​သို့​တင်​ပြ​ကြ လော့။ ထို​အ​မှု​ကို​ငါ​စီ​ရင်​မည်' ဟု​မှာ​ကြား ခဲ့​၏။-
DEU 1:18 တစ်​ချိန်​တည်း​မှာ​ပင်​သင်​တို့​ပြု​ရ​မည့်​အ​မှု တို့​ကို​ငါ​ညွှန်​ကြား​ခဲ့​၏။''
DEU 1:19 ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​တို့​လိုက်​နာ​ကြ​၏။ ငါ​တို့​သည်​သိ​နာ​တောင်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် အ​ပြော​ကျယ်​၍​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လျက် တောင် ထူ​ထပ်​သော​အာ​မော​ရိ​ပြည်​သို့​ဦး​တည် ခ​ရီး​ပြု​ခဲ့​ကြ​၏။ ငါ​တို့​သည်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊-
DEU 1:20 ငါ​က`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် က ငါ​တို့​အား​ပေး​တော်​မူ​မည့်​အာ​မော​ရိ တောင်​ကုန်း​ဒေ​သ​သို့​သင်​တို့​ယ​ခု​ရောက်​ရှိ ကြ​ပြီ။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ချီ​တက်​၍​သိမ်း​ပိုက်​ကြ​လော့။ မ​ကြောက်​ကြ နှင့်။ တုံ့​နှေး​ခြင်း​မ​ရှိ​ကြ​နှင့်' ဟု​သင်​တို့​အား ပြော​ခဲ့​၏။
DEU 1:22 ``သို့​ရာ​တွင်​သင်​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍`တိုင်း​ပြည်​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း လျက် မည်​သည့်​လမ်း​ဖြင့်​ချီ​တက်​ရ​မည်၊ မြို့ များ​၏​အ​နေ​အ​ထား​မည်​သို့​ရှိ​သည်​ကို ပြန် လည်​သ​တင်း​ပို့​နိုင်​ရန်​အ​ထောက်​တော်​များ ကို​စေ​လွှတ်​ကြ​ပါ​စို့' ဟူ​၍​အ​ကြံ​ပေး တင်​ပြ​ကြ​၏။''
DEU 1:23 ``ထို​အ​ကြံ​သည်​သင့်​မြတ်​သ​ဖြင့် ငါ​သည် တစ်​နွယ်​လျှင်​တစ်​ယောက်​ကျ​လူ​တစ်​ဆယ့် နှစ်​ယောက်​ကို​ရွေး​ခဲ့​၏။-
DEU 1:24 သူ​တို့​သည်​တောင်​ကုန်း​ဒေသ​ကို​တက်​၍ ဧ​ရှ ကော​လ​ချိုင့်​သို့​တိုင်​အောင်​သွား​ပြီး​လျှင် ထို အ​ရပ်​၌​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း ကြ​၏။-
DEU 1:25 သူ​တို့​သည်​ထို​အ​ရပ်​မှ​ထွက်​သော​သစ်​သီး အ​ချို့​ကို ငါ​တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​မည့်​ပြည်​သည် မြေ​သြ​ဇာ အ​လွန်​ထက်​သန်​ကြောင်း​ပြန်​ကြား​ကြ​၏။''
DEU 1:26 ``သို့​ရာ​တွင်​သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​လျက် ထို​ပြည်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။-
DEU 1:27 သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မုန်း​သ​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​လက် ဖြင့် ငါ​တို့​အား​သေ​စေ​ခြင်း​ငှာ​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။-
DEU 1:28 ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။
DEU 1:29 ``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-
DEU 1:30 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည်​နှင့်​တော​ကန္တာ​ရ​၌​သင်​တို့​အား စောင့်​ရှောက်​ခဲ့​သည့်​နည်း​တူ ယ​ခု​လည်း​သင်​တို့ ကို​ဦး​ဆောင်​၍​သင်​တို့​ဘက်​၌​စစ်​ကူ​တိုက်​တော် မူ​လိမ့်​မည်။ အ​ဖ​က​သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ချီ​ပိုက်​လျက် ဤ​အ​ရပ်​သို့​ရောက်​ရှိ​သည့်​တိုင်​အောင်​ပို့​ဆောင် တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​ပြီ' ဟူ​၍​ပြော​ခဲ့​သည်။-
DEU 1:32 ယင်း​သို့​ငါ​ပြော​သော်​လည်း သင်​တို့​သည်​ည အ​ချိန်​၌​မီး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ နေ့ အ​ချိန်​၌​မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း သင် တို့​ကို​ရှေ့​က​ကြွ​သွား​၍​လမ်း​ပြ​လျက် သင်​တို့ စ​ခန်း​ချ​ရာ​နေ​ရာ​ကို​ရှာ​ပေး​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​အား​မ​ယုံ​ကြည်​မ​ကိုး စား​ကြ။''
DEU 1:34 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ညည်း​ညူ သံ​ကို​ကြား​ရ​သော​အ​ခါ​အ​မျက်​ထွက်​လျက် အ​လေး​အ​နက်​ကြေ​ညာ​တော်​မူ​၏။-
DEU 1:35 ကိုယ်​တော်​က`သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး မည်​ဟူ​၍​က​တိ​ထား​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​သို့ ဆိုး​ယုတ်​သော​ဤ​လူ​မျိုး​ဆက်​ထဲ မှ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ဝင်​ရ။-
DEU 1:36 ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။-
DEU 1:37 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။-
DEU 1:38 သင်​၏​လက်​ထောက်​ဖြစ်​သူ​နုန်​၏​သား​ယော​ရှု မူ​ကား​ထို​ပြည်​သို့​ဝင်​ရ​မည်။ ယောရှု​ကို​အား​ပေး လော့။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ခေါင်း​ဆောင်​၍​ထို​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''
DEU 1:39 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ​တို့​အား`သင် တို့​က​ရန်​သူ​၏​လက်​တွင်း​သို့​ကျ​ရောက်​မည် ဟု​ဆို​သော​က​လေး​များ၊ တစ်​နည်း​အား​ဖြင့် အ​မှား​အ​မှန်​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​သေး သော​သင်​တို့​၏​က​လေး​များ​သည် ထို​ပြည် သို့​ဝင်​ရောက်​ကြ​လိမ့်​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​အား​ပေး​သ​ဖြင့်​သူ​တို့​သိမ်း​ယူ ကြ​လိမ့်​မည်။-
DEU 1:40 သင်​တို့​မူ​ကား​လှည့်​၍​အာ​ကာ​ဘာ​ပင်​လယ် ကွေ့​သို့​ဦး​တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန် ကြ​လော့' ဟု​မိန့်​တော်​မူ​၏။''
DEU 1:41 ``သင်​တို့​က​ငါ့​အား`အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည့်​အ​တိုင်း ယ​ခု​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်' ဟု ဆို​ကြ​၏။ ထို့​နောက်​သင်​တို့​သည်​တောင်​ကုန်း ဒေ​သ​ကို​လွယ်​ကူ​စွာ​ဝင်​ရောက်​တိုက်​ခိုက်​နိုင် မည့်​အ​ထင်​နှင့် သင်​တို့​အား​လုံး​စစ်​ချီ​တိုက် ရန်​အ​သင့်​ပြင်​ကြ​၏။''
DEU 1:42 ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် သူ​တို့​နှင့်​အ​တူ​ရှိ​မည်​မ​ဟုတ်​သော​ကြောင့် စစ်​ချီ တိုက်​ခိုက်​ခြင်း​မ​ပြု​ရန်​သ​တိ​ပေး​လော့။ သူ​တို့ သည်​စစ်​ရေး​နိမ့်​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။-
DEU 1:43 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို သင်​တို့​အား​ဆင့်​ဆို​သော်​လည်း သင်​တို့​သည် အ​မိန့်​တော်​ကို​မ​နာ​ခံ​ကြ။ သင်​တို့​သည် ထာ​ဝရ​ဘု​ရား​ကို​ဖီ​ဆန်​လျက် မာ​န​ထောင် လွှား​လျက်​တောင်​ကုန်း​ဒေ​သ​သို့​ချီ​တက်​ခဲ့ ကြ​၏။-
DEU 1:44 ထို​အ​ခါ​တောင်​များ​ပေါ်​တွင်​နေ​ထိုင်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ပျား​အုပ်​ပ​မာ သင်​တို့​အား​ထွက်​၍​တိုက်​ကြ​၏။ သူ​တို့​သည် သင်​တို့​ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​ရာ ဧ​ဒုံ​ပြည် ဟော​မာ​မြို့​တွင်​သင်​တို့​အား​စစ်​ရေး​နိမ့်​စေ ခဲ့​ကြ​သည်။-
DEU 1:45 ထို​အ​ခါ​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော် မူ​ရန်​ငို​ကြွေး​တောင်း​ပန်​ကြ​၏။ သို့​ရာ​တွင်​ကိုယ် တော်​သည် သင်​တို့​၏​တောင်း​ပန်​သံ​ကို​နား​ညောင်း တော်​မ​မူ၊ ဂ​ရု​လည်း​ပြု​တော်​မ​မူ၊-
DEU 1:46 ``ထို့​ကြောင့်​ငါ​တို့​သည်​ကာ​ဒေ​ရှ​အ​ရပ်​၌ ကြာ​မြင့်​စွာ​နေ​ထိုင်​ကြ​လျက်။-
DEU 2:1 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လှည့်​၍ အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​သို့​ဦး တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန်​သွား​ကြ​ပြီး လျှင် တောင်​ကုန်း​ဒေ​သ​ဖြစ်​သော​ဧ​ဒုံ​ပြည်​တွင် ကြာ​မြင့်​စွာ​လှည့်​လည်​နေ​ထိုင်​ရ​ကြ​၏။-
DEU 2:2 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊
DEU 2:3 `သင်​တို့​သည်​ထို​တောင်​ကုန်း​ဒေ​သ​တွင်​ကြာ မြင့်​စွာ​လှည့်​လည်​ခဲ့​ကြ​ပြီ၊ မြောက်​ဘက်​သို့ ခ​ရီး​ထွက်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-
DEU 2:4 ထို့​နောက်​ကိုယ်​တော်​သည် ငါ​မှ​တစ်​ဆင့်​သင်​တို့ အား​ဆင့်​ဆို​သည်​မှာ`သင်​တို့​သည်​သင်​တို့​၏ ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော ဧ​သော​၏ အ​ဆက်​အ​နွယ်​များ​နေ​ထိုင်​ရာ​ဧဒုံ​ပြည်​ကို ဖြတ်​သန်း​သွား​ရ​တော့​မည်။ သူ​တို့​သည်​သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့ ၏​မြေ​တစ်​လက်​မ​ကို​မျှ​သင်​တို့​အား​ပေး မည်​မ​ဟုတ်​သော​ကြောင့်၊-
DEU 2:5 သူ​တို့​ကို​မ​တိုက်​ခိုက်​နှင့်။ ငါ​သည်​ဧ​ဒုံ​ပြည် ကို​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​အား​အ​ပိုင် ပေး​ထား​ပြီ။-
DEU 2:6 သူ​တို့​ထံ​မှ​အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး လော့' ဟု​ညွှန်​ကြား​တော်​မူ​သည်။''
DEU 2:7 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​ခဲ့​လေ​သ​မျှ​ကို​အ​ဘယ်​သို့​ကောင်း ချီး​ပေး​တော်​မူ​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။ ဤ​ကျယ်​ပြန့်​သော​တော​ကန္တာ​ရ​ကို​လှည့်​လည်​ဖြတ် သန်း​ရာ​ခ​ရီး​၌ သင်​တို့​ကို​စောင့်​ရှောက်​တော်​မူ ခဲ့​ပြီ။ ကိုယ်​တော်​သည်​နှစ်​ပေါင်း​လေး​ဆယ်​ပတ် လုံး​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သင် တို့​လို​အပ်​သ​မျှ​ကို​ရ​ရှိ​ခဲ့​ကြ​ပြီ။''
DEU 2:8 ``သို့​ဖြစ်​၍​ငါ​တို့​သည်​ဧ​လပ်​မြို့​နှင့်​ဧ​ဇ ယုန်​ဂါ​ဗာ​မြို့​များ​မှ​ပင်​လယ်​သေ​သို့​သွား ရာ​လမ်း​မှ​ခွဲ​ထွက်​၍ အ​ရှေ့​မြောက်​ရှိ​မော​ဘ ပြည်​သို့​သွား​သော​တော​ကန္တာ​ရ​လမ်း​သို့​ခ​ရီး ဆက်​ကြ​သည်။-
DEU 2:9 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား`လော​တ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​ကြ​နှင့်။ စစ်​မ​တိုက်​နှင့်။ ငါ​သည် သူ​တို့​အား​အာ​ရ​မြို့​ကို​အ​ပိုင်​ပေး​ထား​ပြီ ဖြစ်​၍​သူ​တို့​၏​မြေ​ကို​သင်​တို့​အား​ငါ​မ​ပေး' ဟု​မိန့်​တော်​မူ​၏။''
DEU 2:10 (အာ​ရ​မြို့​တွင်​ယ​ခင်​အ​ခါ​က အ​လွန်​ထွား ကြိုင်း​၍​ခွန်​အား​ကြီး​သော​ဧ​မိမ်​လူ​မျိုး​နေ ထိုင်​ခဲ့​ကြ​၏။-
DEU 2:11 သူ​တို့​သည်​ထွား​ကြိုင်း​သော​အာ​န​က​လူ​ကဲ့ သို့ အ​ရပ်​အ​မောင်း​မြင့်​မား​သည်။ အာ​န​က​လူ အ​မျိုး​ကဲ့​သို့​သူ​တို့​ကို ရီ​ဖိမ်​လူ​မျိုး​ဟူ​၍ လည်း​ခေါ်​တွင်​ကြ​သည်။ သို့​ရာ​တွင်​မော​ဘ အ​မျိုး​သား​တို့​က သူ​တို့​အား​ဧ​မိမ်​လူ မျိုး​ဟူ​၍​ခေါ်​ကြ​သည်။-
DEU 2:12 ရှေး​အ​ခါ​က​ဧ​ဒုံ​ပြည်​တွင်​ဟော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ခဲ့​ကြ​သော်​လည်း နောင်​အ​ခါ ၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​ပြည်​မှ ရန်​သူ​များ ကို​မောင်း​ထုတ်​သ​ကဲ့​သို့ ဧ​သော​၏​အ​ဆက် အ​နွယ်​တို့​သည်​ထို​သူ​တို့​ကို​မောင်း​ထုတ် ပြီး​လျှင် ထို​အ​ရပ်​၌​အ​ခြေ​ချ​နေ​ထိုင် ကြ​သည်။)
DEU 2:13 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ငါ​တို့​သည်​ဇေ​ရက်​မြစ် ကို​ဖြတ်​ကူး​ကြ​၏။-
DEU 2:14 ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ​ဇေ​ရက်​မြစ်​ကို​ကူး သည်​အ​ထိ နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ်​ကြာ​ခဲ့ သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထို​လူ​မျိုး​ဆက်​မှ​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​ကွယ်​လွန်​ကြ​လေ​ပြီ။-
DEU 2:15 သူ​တို့​အား​တစ်​ယောက်​မ​ကျန်​သေ​ကြေ​ပျက် စီး​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​၏​လက်​ရုံး​တော် သည်​သူ​တို့​တစ်​ဘက်​၌​ရှိ​တော်​မူ​၏။''
DEU 2:16 ``စစ်​သူ​ရဲ​အ​ပေါင်း​တို့​သေ​ဆုံး​ကုန်​ပြီး​နောက်၊
DEU 2:17 ထာ​ဝ​ရ​ဘု​ရား​က၊-
DEU 2:18 `ယ​နေ့​တွင်​သင်​တို့​သည် အာ​ရ​မြို့​သို့​သွား​ရာ လမ်း​ဖြင့် မော​ဘ​ပြည်​ကို​ဖြတ်​သွား​ရ​မည်။-
DEU 2:19 သင်​တို့​သည်​လောတ​၏​အ​ဆက်​အ​နွယ်​များ ဖြစ်​သော အမ္မုန်​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ပြည် အ​နီး​သို့​ရောက်​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ပေး​ထား​တော်​မူ​သော​ပြည်​ကို သင် တို့​ကို​ပေး​မည်​မ​ဟုတ်​သော​ကြောင့်​သူ​တို့​ကို မ​နှောင့်​ယှက်​နှင့်၊ စစ်​မ​တိုက်​နှင့်' ဟု​မိန့်​တော် မူ​၏။''
DEU 2:20 (ယ​ခင်​အ​ခါ​က​ရီ​ဖိမ်​လူ​မျိုး​နေ​ထိုင်​ခဲ့​သ​ဖြင့် ထို​ပြည်​ကို​ရီ​ဖိမ်​ပြည်​ဟူ​၍​ခေါ်​တွင်​သည်။ အမ္မုန် အ​မျိုး​သား​တို့​က​သူ​တို့​ကို​ဇံ​ဇုမ္မိမ်​ဟူ​၍​ခေါ် ကြ​သည်။-
DEU 2:21 သူ​တို့​သည်​အာ​န​က​လူ​မျိုး​ကဲ့​သို့​အ​ရပ် အ​မောင်း​မြင့်​မား​သည်။ သူ​တို့​သည်​လူ​ဦး​ရေ များ​ပြား​၍ အင်​အား​ကြီး​မား​သော​လူ​မျိုး ဖြစ်​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ဖယ်​ရှား​လိုက်​သ​ဖြင့် အမ္မုန်​အ​မျိုး သား​တို့​က​သူ​တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ အ​ခြေ​ချ​နေ​ထိုင်​ကြ​သည်။-
DEU 2:22 ကိုယ်​တော်​သည်​ဧဒုံ​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် သည့်​ဧ​ဒုံ​အ​မျိုး​သား​တို့​အ​တွက်​လည်း ထို နည်း​တူ​ပြု​တော်​မူ​ခဲ့​သည်။ ကိုယ်​တော်​သည် ဟော​ရိ​အ​မျိုး​သား​များ​ကို​ဖယ်​ရှား​လိုက် သ​ဖြင့် ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ထို​သူ တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ ယ​နေ့​တိုင်​အောင် ထို​ပြည်​၌​အ​ခြေ​ချ​နေ​ထိုင်​လျက်​ရှိ ကြ​သည်။-
DEU 2:23 က​ရေ​တေ​ကျွန်း​သား​တို့​သည်​မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​တွင် အ​ခြေ​ချ​နေ​ထိုင် ကြ​၏။ သူ​တို့​သည်​မူ​လ​နေ​ထိုင်​သူ​အာ​ဝိမ် လူ​မျိုး​ကို​သုတ်​သင်​ဖယ်​ရှား​ပြီး​လျှင် သူ တို့​၏​ပြည်​ကို​တောင်​ဘက်​ဂါ​ဇာ​မြို့​အ​ထိ သိမ်း​ပိုက်​လိုက်​ကြ​သည်။)
DEU 2:24 ``ထာ​ဝ​ရ​ဘု​ရား​က`ယ​ခု​ခ​ရီး​စ​ထွက်​၍ အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ ငါ​သည်​ဟေ​ရှ ဘုန်​ဘု​ရင်​အာ​မော​ရိ​အ​မျိုး​သား​ရှိ​ဟုန်​နှင့် တ​ကွ သူ​၏​တိုင်း​ပြည်​ကို​သင်​တို့​၏​လက်​သို့ အပ်​မည်။ သူ​၏​နယ်​မြေ​ကို​သိမ်း​ပိုက်​ရန်​စ​တင် ချီ​တက်​တိုက်​ခိုက်​လော့။-
DEU 2:25 ယ​နေ့​တွင်​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ငါ​စီ​ရင် မည်။ သင်​တို့​နာ​မည်​ကို​ကြား​ရ​ရုံ​မျှ​နှင့် လူ တိုင်း​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏။''
DEU 2:26 ``ထို့​နောက်​ငါ​သည်​ကေ​ဒ​မုတ်​တော​ကန္တာရ​မှ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​ထံ​သို့ သံ​တ​မန်​တို့ ကို​စေ​လွှတ်​လျက်၊-
DEU 2:27 `ကျွန်ုပ်​တို့​အား သင်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး လော့။ ကျွန်ုပ်​တို့​သည် မင်း​ကြီး​၏​ပြည်​ကို​လမ်း​မ ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား​ပါ​မည်။-
DEU 2:28 ကျွန်ုပ်​တို့​သည် အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး ပါ​မည်။ ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​ရန် ယော်​ဒန်​မြစ် ကို​မ​ကူး​မီ​မင်း​ကြီး​၏​တိုင်း​ပြည်​ကို​ဖြတ်​သန်း ရုံ​ဖြတ်​သန်း​ခွင့်​ပေး​ပါ​လော့။ ဧဒုံ​ပြည်​တွင်​နေ​ထိုင် သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း ကောင်း၊ အာ​ရ​ပြည်​တွင်​နေ​ထိုင်​သော​မော​ဘ အ​မျိုး​သား​တို့​သည်​လည်း​ကောင်း ကျွန်ုပ်​တို့ အား​သူ​တို့​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​ခဲ့ ကြ​ပါ​သည်' ဟူ​၍​ငြိမ်း​ချမ်း​ရေး​စ​ကား​ကမ်း လှမ်း​ခဲ့​သည်။''
DEU 2:30 ``သို့​သော်​လည်း​ရှိ​ဟုန်​ဘု​ရင်​သည် ငါ​တို့​အား သူ​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပေး။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း ကို​ခေါင်း​မာ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​သည်​သူ့ ကို​တိုက်​ခိုက်​အောင်​မြင်​၍ သူ​၏​ပြည်​ကို​သိမ်း ပိုက်​ကာ​ယ​နေ့​တိုင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။''
DEU 2:31 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် ရှိ​ဟုန်​ဘု​ရင်​နှင့်​သူ​၏​ပြည်​ကို​သင်​၏​လက်​သို့ အပ်​တော်​မူ​မည်။ သူ​၏​ပြည်​ကို​သိမ်း​ယူ​လော့' ဟု​မိန့်​တော်​မူ​၏။-
DEU 2:32 ရှိ​ဟုန်​ဘု​ရင်​သည်​ငါ​တို့​ကို​တိုက်​ခိုက်​ရန် သူ ၏​စစ်​သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​နှင့်​ယာ​ဟတ် မြို့​အ​နီး​သို့​ချီ​တက်​လာ​ကြ​သည်။-
DEU 2:33 သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ထို​မင်း​ကို​ငါ​တို့​၏​လက်​သို့​အပ် သ​ဖြင့် သူ​နှင့်​သူ​၏​သား​များ​နှင့်​တ​ကွ​စစ် သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​ကို သတ်​ဖြတ်​သုတ် သင်​ခဲ့​ကြ​၏။-
DEU 2:34 ထို​အ​ချိန်​၌​ပင်​ငါ​တို့​သည် သူ​တို့​၏​မြို့​အား လုံး​ကို​သိမ်း​ပိုက်​၍​ဖျက်​ဆီး​ကြ​၏။ ယောကျာ်း၊ မိန်း​မ​နှင့်၊ က​လေး​သူ​ငယ်​အား​လုံး​တစ်​ယောက် မ​ကျန်​သတ်​ပစ်​ကြ​၏။-
DEU 2:35 တိ​ရစ္ဆာန်​များ​နှင့်​မြို့​များ​ရှိ​ပစ္စည်း​များ​ကို​ကား သိမ်း​ယူ​ကြ​၏။-
DEU 2:36 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အာ​နုန်​ချိုင့်​ကမ်း​ပေါ်​ရှိ​အာ​ရော်​မြို့​နှင့်​ချိုင့်​လယ် ရှိ​မြို့​မှ​စ​၍ ဂိလဒ်​မြို့​တိုင်​အောင်​မြို့​ရှိ​သ​မျှ​ကို ငါ​တို့​အား​သိမ်း​ပိုက်​စေ​တော်​မူ​၏။ မည်​သည့်​မြို့ မှ​ငါ​တို့​ကို​မ​ခု​ခံ​နိုင်။-
DEU 2:37 သို့​ရာ​တွင်​အမ္မုန်​အ​မျိုး​သား​တို့​ပြည်၊ ယဗ္ဗုတ် မြစ်​ကမ်း၊ တောင်​ကုန်း​ဒေ​သ​ရှိ​မြို့​များ​နှင့် ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​မ​သွား ရန်​တား​မြစ်​သော​အ​ရပ်​များ​သို့​ငါ​တို့​မ​ချဉ်း ကပ်​ကြ။''
DEU 3:1 ``နောက်​တစ်​ဖန်​ငါ​တို့​သည် မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​သို့​ချီ​တက်​ခဲ့​ကြ​သည်။ ထို​အ​ခါ​ဗာ​ရှန် ဘု​ရင်​သြ​ဃ​သည် မိ​မိ​၏​စစ်​သူ​ရဲ​အ​ပေါင်း တို့​နှင့်​တ​ကွ​ငါ​တို့​ကို​တိုက်​ရန်​ဧဒြိ​မြို့​သို့ ချီ​တက်​လာ​လေ​သည်။-
DEU 3:2 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က`သူ့​ကို​မ​ကြောက် နှင့်။ ငါ​သည်​သူ​နှင့်​တ​ကွ သူ​၏​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ သူ​၏​တိုင်း​ပြည်​ကို​လည်း ကောင်း၊ သင့်​လက်​သို့​ပေး​အပ်​မည်။ သင်​သည် ဟေ​ရှ​ဘုန်​မြို့​၌​စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​အား​နှိမ်​နင်း​သ​ကဲ့​သို့ သူ့​အား​လည်း နှိမ်​နင်း​လော့' ဟု​ငါ့​အား​မိန့်​တော်​မူ​သည်။''
DEU 3:3 ``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် သြ​ဃ​ဘု​ရင် နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​ကို​ငါ​တို့​၏​လက်​သို့ အပ်​သ​ဖြင့် ငါ​တို့​သည်​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​ခဲ့​ကြ​၏။-
DEU 3:4 တစ်​ချိန်​တည်း​မှာ​ပင်​ငါ​တို့​သည် သူ​ပိုင်​ဆိုင် သော​မြို့​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​သည်။ ငါ​တို့ မ​သိမ်း​ယူ​သော​မြို့​ဟူ​၍​တစ်​မြို့​မှ​မ​ရှိ။ ငါ တို့​သည်​မြို့​ပေါင်း​ခြောက်​ဆယ်၊ တစ်​နည်း​အား ဖြင့်​ဗာ​ရှန်​ဘု​ရင်​ကြီး​စိုး​သော​အာ​ဂေါ​ဘ ဒေ​သ​တစ်​ခု​လုံး​ကို​သိမ်း​ယူ​ကြ​သည်။-
DEU 3:5 ထို​မြို့​အား​လုံး​တို့​သည်​မြင့်​မား​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ​နှင့်​မြို့​တံ​ခါး​ကန့်​လန့်​ကျင် များ​ရှိ​သ​ဖြင့် ခိုင်​ခံ့​သော​မြို့​များ​ဖြစ်​ကြ သည်။ အ​ကာ​အ​ကွယ်​ကင်း​မဲ့​သော​ကျေး​ရွာ များ​လည်း​အ​မြောက်​အ​မြား​ရှိ​သည်။-
DEU 3:6 ငါ​တို့​သည်​ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​ပိုင်​သော မြို့​များ​နှင့်​မြို့​သူ​မြို့​သား​များ​ကို​ဖျက်​ဆီး သုတ်​သင်​သ​ကဲ့​သို့ သြ​ဃ​မင်း​ပိုင်​သော​မြို့ အား​လုံး​ကို​ဖျက်​ဆီး​၍ ယောကျာ်း​မိန်း​မ​နှင့် က​လေး​သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​ဖြတ် သုတ်​သင်​ခဲ့​ကြ​သည်။-
DEU 3:7 တိရစ္ဆာန်​များ​နှင့်​မြို့​များ​မှ​ဥစ္စာ​ပစ္စည်း​များ ကို​လည်း သိမ်း​ယူ​ခဲ့​ကြ​သည်။
DEU 3:8 ``သို့​ဖြစ်​၍​ထို​အ​ချိန်​တွင်​ငါ​တို့​သည် အာ​နုန် မြစ်​မှ​ဟေ​ရ​မုန်​တောင်​အ​ထိ​ကျယ်​ပြန့်​သော ယော​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို ထို အာ​မော​ရိ​ဘု​ရင်​နှစ်​ပါး​တို့​ထံ​မှ​သိမ်း ယူ​ကြ​၏။-
DEU 3:9 (ဟေ​ရ​မုန်​တောင်​ကို​ဇိ​ဒုန်​အ​မျိုး​သား​တို့​က စိ​ရုန်​ဟူ​၍​လည်း​ကောင်း၊ အာ​မော​ရိ​အ​မျိုး သား​တို့​က ရှ​နိ​ရ​ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ် သ​မုတ်​ကြ​၏။-)
DEU 3:10 ငါ​တို့​သည်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော မြေ​ပြန့်​ရှိ​မြို့​များ​ကို​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​သာ​လ​က​မြို့​နှင့် ဧဒြိ​မြို့​များ​အ​ထိ​ကျယ် ပြန့်​သော​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​အား​လုံး ကို​လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။''
DEU 3:11 (သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)
DEU 3:12 ``ငါ​တို့​သည်​ဤ​ပြည်​ကို​သိမ်း​ပိုက်​စဉ်​အ​ခါ က အာ​နုန်​မြစ်​အ​နီး​ရှိ၊ အာ​ရော်​မြို့​မှ​စ​၍ ဂိ​လဒ်​တောင်​ကုန်း​ဒေ​သ​တစ်​ဝက်​နှင့် ယင်း​ဒေ​သ ရှိ​မြို့​များ​ကို​ရုဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့ အား​ငါ​ခွဲ​ဝေ​ပေး​၏။-
DEU 3:13 ဂိ​လဒ်​ပြည်​ကျန်​တစ်​ဝက်​နှင့်​သြဃ​ဘု​ရင်​အုပ် စိုး​သော​ဗာ​ရှန်​ပြည်​အား​လုံး၊ တစ်​နည်း​အား ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ​တစ်​ခု​လုံး​ကို မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​အား​ငါ​ခွဲ​ဝေ​ပေး​၏။'' (ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို ရီ​ဖိမ်​လူ​မျိုး တို့​၏​ပြည်​ဟူ​၍​ခေါ်​တွင်​ခဲ့​သည်။-
DEU 3:14 မ​နာ​ရှေ​အ​နွယ်​ဝင်​ယာ​ဣ​ရ​သည် ဂေ​ရှု​ရ​နှင့် မာ​ခါ​နယ်​စပ်​အ​ထိ​ကျယ်​ဝန်း​သော​ဗာ​ရှန် ပြည်၊ တစ်​နည်း​အား​ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ တစ်​ခု​လုံး​ကို​သိမ်း​ယူ​သည်။ သူ​သည်​ကျေး​ရွာ များ​ကို သူ​၏​နာ​မည်​ဖြင့်​မှည့်​ခေါ်​ရာ​၌ ယ​နေ့ တိုင်​အောင်​ယာ​ဣ​ရ​၏​ကျေး​ရွာ​များ​ဟု​ခေါ် တွင်​သ​တည်း။)
DEU 3:15 ``မ​နာ​ရှေ​အ​နွယ်​ဝင်​မာခိရ​အ​မျိုး​သား တို့​အား ဂိ​လဒ်​မြို့​ကို​ငါ​ခွဲ​ဝေ​ပေး​၏။-
DEU 3:16 ရုဗင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​တို့​အား ဂိ​လဒ်​မြို့​မှ အာ​နုန်​မြစ်​အ​ထိ​နယ်​မြေ​ကို​ငါ​ခွဲ​ဝေ​ပေး ၏။ ထို​မြစ်​လယ်​တစ်​လျှောက်​သည်​သူ​တို့​၏ တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၍ အမ္မုန်​ပြည်​နယ် စပ်​တစ်​စိတ်​တစ်​ဒေ​သ​ဖြစ်​သော​ယဗ္ဗုတ်​မြစ် သည်​သူ​တို့​၏​မြောက်​ဘက်​နယ်​နိ​မိတ်​ဖြစ် သည်။-
DEU 3:17 သူ​တို့​၏​နယ်​မြေ​သည်​အ​နောက်​ဘက်​ယော်​ဒန် မြစ်​သို့​လည်း​ကောင်း၊ မြောက်​ဘက်​ဂါ​လိ​လဲ အိုင်​သို့​လည်း​ကောင်း၊ တောင်​ဘက်​ပင်​လယ်​သေ သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ပိ​သ​ဂါ​တောင် ခြေ​သို့​လည်း​ကောင်း​ကျယ်​ဝန်း​သည်။''
DEU 3:18 ``တစ်​ချိန်​တည်း​မှာ​ပင် ငါ​သည်​သူ​တို့​အား`ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​ရှိ​သော​ဤ​ပြည် ကို သင်​တို့​အား​သိမ်း​ယူ​စေ​တော်​မူ​ပြီ။ ယ​ခု သင်​တို့​၏​စစ်​သူ​ရဲ​တို့​ကို​လက်​နက်​စွဲ​ကိုင် စေ​လော့။ အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​နယ်​မြေ​ရ​ရှိ​ရေး​အ​တွက် စစ်​ကူ တိုက်​ခိုက်​ရန်​သူ​တို့​အ​လျင်​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​စေ​လော့။-
DEU 3:19 ငါ​သတ်​မှတ်​ပေး​သော​မြို့​များ​တွင် သင်​တို့ ၏​သား​မ​ယား​များ​နှင့်​တိရစ္ဆာန်​များ​သာ​လျှင် နေ​ရစ်​ခဲ့​ရ​မည်။ သင်​တို့​တွင်​တိရစ္ဆာန်​များ​စွာ ရှိ​သည်​ကို​ငါ​သိ​၏။-
DEU 3:20 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အေး​ချမ်း စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​သည့်​နည်း​တူ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား ယော်​ဒန်​မြစ် အ​နောက်​ဘက်​နယ်​မြေ​ကို​သိမ်း​ပိုက်​၍ အေး​ချမ်း စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​သည်​တိုင်​အောင် သင် တို့​သည်​သူ​တို့​ကို​ကူ​ညီ​ရ​မည်။ သို့​ဆောင်​ရွက် ပြီး​မှ​သင်​တို့​အ​ပေါင်း​သည် ငါ​ခွဲ​ဝေ​ပေး သော​ပြည်​သို့​ပြန်​လာ​ရ​ကြ​မည်' ဟု​ညွှန် ကြား​ခဲ့​သည်။
DEU 3:21 ``ထို​အ​ခါ​က​ငါ​သည်​ယော​ရှု​အား​လည်း`သင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘု​ရင် နှစ်​ပါး​တို့​အား​စီ​ရင်​တော်​မူ​ခဲ့​ပုံ​အ​လုံး​စုံ​ကို သိ​မြင်​ခဲ့​ရ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​ဝင် ရောက်​တိုက်​ခိုက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​ဘု​ရင် တို့​ကို​လည်း ထို​နည်း​တူ​စီ​ရင်​တော်​မူ​လိမ့် မည်။-
DEU 3:22 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​၌​စစ်​ကူ​တိုက်​မည်​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​ကြောက်​နှင့်' ဟူ​၍​မှာ​ကြား​၏။''
DEU 3:23 ``ထို​အ​ချိန်​တွင်​ငါ​သည်​ထာဝရ​ဘုရား အား၊-
DEU 3:24 `အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ပြု​တော်​မူ မည့်​ကြီး​မား​အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော် အ​ရိပ်​အ​မြွက်​မျှ​လောက်​ကို​သာ အ​ကျွန်ုပ်​အား ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ လော​က​၌​လည်း​ကောင်း​ကိုယ်​တော်​နည်း​တူ​ကြီး မား​သော​အ​မှု​တော်​များ​ကို​ပြု​နိုင်​သော​ဘုရား မ​ရှိ​ပါ။-
DEU 3:25 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​ယော်ဒန်​မြစ်​ကို ကူး​စေ​၍ တစ်​ဘက်​တွင်​ရှိ​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​ကို​လည်း​ကောင်း၊ သာ​ယာ​သည့်​တောင် ကုန်း​ဒေ​သ​နှင့်​လေ​ဗ​နုန်​တောင်​ကို​လည်း​ကောင်း တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ' ဟု​တောင်း​ပန် လျှောက်​ထား​၏။''
DEU 3:26 ``သို့​သော်​လည်း​သင်​တို့​အ​တွက်​ကြောင့်​ထာဝရ ဘုရား​သည်​ငါ့​ကို​အ​မျက်​ထွက်​၍ ငါ​၏​တောင်း​ပန် စ​ကား​ကို​လက်​ခံ​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား က`ဆက်​၍​မ​လျှောက်​နှင့်။ ဤ​အ​ကြောင်း​ကို နောက်​ထပ်​မ​လျှောက်​ထား​နှင့်။-
DEU 3:27 ပိ​သ​ဂါ​တောင်​ထိပ်​ပေါ်​သို့​တက်​၍​အရှေ့၊ အ​နောက်၊ တောင်၊ မြောက်​သို့​ကြည့်​လော့။ သင်​သည်​ယော်ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်​သော​ကြောင့် သင် မြင်​သ​မျှ​ကို​သေ​ချာ​စွာ​ကြည့်​ရှု​လော့။-
DEU 3:28 ယောရှု​အား​တာ​ဝန်​လွှဲ​အပ်​လော့။ သူ​သည်​ဤ​လူ မျိုး​ကို​ခေါင်း​ဆောင်​၍ သင်​မြင်​သော​ပြည်​သို့ ဖြတ်​ကူး​သိမ်း​ယူ​ရ​မည်​ဖြစ်​သော​ကြောင့်​သူ့ ကို​အား​ပေး​လော့။ ကြံ့​ခိုင်​စေ​လော့' ဟု​ငါ့ အား​မိန့်​တော်​မူ​၏။''
DEU 3:29 ``သို့​ဖြစ်​၍​ငါ​တို့​သည်​ဗက်​ပေ​ဂုရ​မြို့​တစ်​ဘက် တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​စ​ခန်း​ချ​ကြ​၏။''
DEU 4:1 ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တို့​ကို​လိုက်​နာ​လျှင် သင်​တို့​သည်​အ​သက်​ရှင်​၍ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ကို​လည်း​သိမ်း ပိုက်​ရ​ရှိ​ကြ​လိမ့်​မည်။-
DEU 4:2 သင်​တို့​သည်​ငါ​မိန့်​မှာ​သ​မျှ​ကို​ဖြည့်​စွက် ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု​ရ။ သင်​တို့​အား​ငါ ပေး​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ကြ​လော့။-
DEU 4:3 ပေ​ဂု​ရ​တောင်​တွင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ ကြ​ပြီ။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​သူ​မှန်​သ​မျှ အား​သေ​ကြေ​ပျက်​စီး​စေ​၍၊-
DEU 4:4 ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ် သော​သင်​တို့​ကို​မူ ယ​နေ့​တိုင်​အောင်​အ​သက် ရှင်​စေ​တော်​မူ​၏။''
DEU 4:5 ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-
DEU 4:6 သင်​တို့​သည်​ထို​ပညတ်​တော်​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ကြ​လျှင် အ​ခြား သော​လူ​မျိုး​များ​ရှေ့​တွင်​သင်​တို့​၏၊ ဉာဏ်​ပညာ ပေါ်​လွင်​ထင်​ရှား​လိမ့်​မည်။ သူ​တို့​သည်​ထို ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ကြား​ရ​သော​အ​ခါ `ဤ​လူ​မျိုး​သည်​ဉာဏ်​ပညာ​အ​မြော်​အ​မြင် နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ကြီး​ဖြစ်​ပါ​သည် တ​ကား' ဟု​ချီး​ကူး​ကြ​လိမ့်​မည်။''
DEU 4:7 ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ငါ​တို့​အ​ကူ​အ​ညီ​လို​သည့်​အ​ခါ​တိုင်း ငါ​တို့​အ​နား​တွင်​ရှိ​တော်​မူ​၏။ ဤ​ကဲ့​သို့ သော​ဘု​ရား​ကို​ကိုး​ကွယ်​သည့်​လူ​မျိုး​ကြီး ရှိ​သေး​သ​လော။-
DEU 4:8 ယ​နေ့​သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တော်​များ​ကဲ့​သို့ တ​ရား​မျှ​တ​သော​ပ​ညတ် များ​ကို​ရ​သော​လူ​မျိုး​ကြီး​ရှိ​သေး သ​လော။-
DEU 4:9 သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
DEU 4:10 သိ​နာ​တောင်​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင်​တို့​ရောက်​ရှိ နေ​ကြ​စဉ်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​လော့။ ငါ​မိန့်​မှာ တော်​မူ​သ​မျှ​ကို​ကြား​နာ​စေ​လော့။ သို့​မှ သာ​သူ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်။ သူ​တို့​သွန် သင်​သ​ဖြင့်​သူ​တို့​၏​သား​သ​မီး​များ​လည်း ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်' ဟူ​၍​ငါ့​အား မိန့်​တော်​မူ​သည့်​အ​ကြောင်း​ကို သင်​တို့​၏ သား​မြေး​တို့​အား​သွန်​သင်​လော့။''
DEU 4:11 ``သင်​တို့​သည်​မည်း​မှောင်​၍​ထူ​ထပ်​သော​တိမ် ဖုံး​လျက် မိုး​ကောင်း​ကင်​သို့​တိုင်​အောင် မီး​လျှံ တက်​နေ​သည့်​တောင်​ခြေ​ရင်း​သို့​ချဉ်း​ကပ်​၍ ရပ်​နေ​ကြ​ကြောင်း​ကို​လည်း​ကောင်း၊-
DEU 4:12 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပုံ​သဏ္ဌာန် တော်​ကို​မ​မြင်​ရ​သော်​လည်း မီး​ထဲ​မှ​ကိုယ် တော်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​ကြ​ကြောင်း ကို​လည်း​ကောင်း သား​သ​မီး​တို့​အား​ပြော ပြ​လော့။-
DEU 4:13 ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​နှင့်​ပြု​သော​ပ​ဋိ ညာဉ်​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​ကို လိုက်​နာ​ရ​မည့်​အ​ကြောင်း​မိန့်​မြွက်​တော်​မူ​၏။ ယင်း​ပညတ်​တော်​များ​ကို​ကျောက်​ပြား​နှစ် ပြား​ပေါ်​တွင်​ရေး​ထား​တော်​မူ​၏။-
DEU 4:14 သင်​တို့​ဝင်​ရောက်​သိမ်း​ပိုက်​မည့်​ပြည်​တွင်​သင် တို့​စောင့်​ထိန်း​ရ​မည့်​ပ​ညတ်​များ​ကို သင်​တို့ အား​သွန်​သင်​ရန်​ငါ့​ကို​မိန့်​မှာ​တော်​မူ​၏။''
DEU 4:15 ``ထာ​ဝ​ရ​ဘု​ရား​သည်​သိနာ​တောင်​ပေါ်​တွင် မီး​ထဲ​က​သင်​တို့​အား​မိန့်​မြွက်​တော်​မူ​သော အ​ခါ​၌ သင်​တို့​သည်​ကိုယ်​တော်​၏​ပုံ​သဏ္ဌာန် တော်​ကို​လုံး​ဝ​မ​မြင်​ရ​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ​သဏ္ဌာန်၊ တိရစ္ဆာန်​သို့​မ​ဟုတ်​ငှက်​သဏ္ဌာန်၊ တွား​တတ်​သော သတ္တဝါ​သို့​မ​ဟုတ်​ငါး​သဏ္ဌာန်​နှင့်​တူ​သော ရုပ်​တု​ကို​ထု​လုပ်​၍​အ​ပြစ်​မ​ပြု​မိ​စေ ရန်​အ​ထူး​သ​တိ​ပြု​ကြ​လော့။-
DEU 4:19 မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သော​နေ၊ လ​နှင့် ကြယ်​နက္ခတ်​စ​သည်​များ​ကို​လည်း​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​အား ထို အ​ရာ​များ​ကို​ကိုး​ကွယ်​ခွင့်​ပေး​တော်​မူ​၏။-
DEU 4:20 သင်​တို့​သည်​ကား​မီး​ပြင်း​ဖို​သ​ဖွယ်​ဖြစ် သော​အီ​ဂျစ်​ပြည်​ထဲ​မှ ထာ​ဝ​ရ​ဘု​ရား​ထုတ် ဆောင်​ခဲ့​သော​လူ​မျိုး​ဖြစ်​၏။ ကိုယ်​တော်​၏​လူ မျိုး​တော်​ဖြစ်​စေ​ရန် သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့ တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​ရပ်​တည်​လျက် ရှိ​ကြ​သည်။-
DEU 4:21 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက်​ကြောင့်​ငါ့​အား​အ​မျက်​တော် ထွက်​၍ ငါ​သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ကူး ၍ သင်​တို့​အား​ပေး​သ​နား​တော်​မူ​သည့်​အ​စာ ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​သို့ မ​ဝင်​ရ​ဟု အ​လေး​အ​နက်​ပညတ်​တော်​မူ​သည်။
DEU 4:22 ငါ​သည်​ဤ​အ​ရပ်​၌​သေ​ရ​မည်။ ယော်​ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​သည်​မြစ်​ကို​ကူး​၍ အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​သော​ပြည်​ကို​သိမ်း​ယူ​ရ​ကြ​တော့​မည်။-
DEU 4:23 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို​မ​မေ့ ရန်​သတိ​ပြု​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မီး​လျှံ​နှင့်​တူ​သော ဘု​ရား၊ ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​သော ဘု​ရား​ဖြစ်​သော​ကြောင့် ကိုး​ကွယ်​ရန်​အ​တွက် မည်​သည့်​ရုပ်​တု​ကို​မျှ​မ​ထု​လုပ်​နှင့်​ဟူ​သော ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​လော့။''
DEU 4:25 ``သင်​တို့​သည်​ထို​ပြည်​တွင်​ကြာ​မြင့်​စွာ​နေ​ထိုင်​၍ သား​မြေး​များ​ရ​သည်​အ​ထိ​ပင်​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​မ​ပြစ်​မှား​မိ​စေ​ရန်​ရုပ်​တု​ကို​ထု လုပ်​၍​မ​ကိုး​ကွယ်​နှင့်။ ရုပ်​တု​ထု​လုပ်​ကိုး​ကွယ် ခြင်း​သည်​မှား​ယွင်း​မှု​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​အား​အ​မျက်​ထွက်​စေ​တော်​မူ​လိမ့်​မည်။-
DEU 4:26 ထို​သို့​မှား​ယွင်း​လျှင်​သင်​တို့​အ​မျိုး​သည် ထို ပြည်​မှ​မ​ကြာ​မီ​တိမ်​ကော​ပျောက်​ကွယ်​ရ လိမ့်​မည်​ဟု ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​၏။ သင်​တို့ သည်​ယော်ဒန်​မြစ်​ကို​ကူး​၍​သိမ်း​ပိုက်​မည့်​ပြည် တွင် ကြာ​ရှည်​စွာ​မ​နေ​ထိုင်​ရ​ဘဲ​တစ်​မျိုး လုံး​ပျက်​စီး​ပျောက်​ကွယ်​သွား​လိမ့်​မည်။-
DEU 4:27 ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​နိုင်​ငံ​အ​နှံ့ အ​ပြား​တွင်​ကွဲ​လွင့်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထို​နိုင်​ငံ​တွင် သင်​တို့​၏​လူ​ဦး​ရေ​အ​နည်း ငယ်​မျှ​သာ​ကျန်​ကြွင်း​လိမ့်​မည်။-
DEU 4:28 ထို​အ​ခါ​သင်​တို့​သည်​လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင် နိုင်၊ မ​ကြား​နိုင်၊ မ​စား​နိုင်၊ အ​နံ့​မ​ခံ​နိုင်​သော သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။-
DEU 4:29 သို့​ရာ​တွင်​သင်​တို့​သည် ထို​နိုင်​ငံ​များ​၌​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​စွမ်း ရှိ​သ​မျှ​နှင့်​ရှာ​လျှင်​တွေ့​လိမ့်​မည်။-
DEU 4:30 သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဖော်​ပြ​ခဲ့ သော​အ​ခြေ​အ​နေ​သို့​ဆိုက်​ရောက်​လာ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ဆည်း​ကပ်​၍ အ​မိန့်​တော်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-
DEU 4:31 ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တတ် သော​ဘု​ရား​ဖြစ်​၏။ သင်​တို့​ကို​စွန့်​ပစ်​ဖျက် ဆီး​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​၏​ဘိုး​ဘေး တို့​နှင့်​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​ပ​ဋိ ညာဉ်​ကို​လည်း​မေ့​တော်​မူ​မည်​မ​ဟုတ်။''
DEU 4:32 ``ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​ပေါ်​တွင် လူ​ကို​ဖန်​ဆင်း သော​အ​ချိန်​မှ​အ​စ​ပြု​၍​သင်​တို့​မ​ဖွား​မြင် မီ​အ​တိတ်​ကာ​လ​အ​တွင်း​ကမ္ဘာ​လော​က​တစ်​ဝန်း လုံး​တွင် ဤ​မျှ​လောက်​အံ့​သြ​ဖွယ်​သော​အ​မှု​ကြီး ဖြစ်​ပျက်​ဖူး​ပါ​သ​လော။ ယင်း​ကဲ့​သို့​သော​အ​မှု ကြီး​၏​သ​တင်း​ကို​ကြား​ဖူး​ပါ​သ​လော။ စူး စမ်း​ရှာ​ဖွေ​ကြည့်​လော့။-
DEU 4:33 မီး​ထဲ​မှ​ဘု​ရား​မိန့်​တော်​မူ​သံ​ကို​သင်​တို့ ကြား​သ​ကဲ့​သို့​သူ​တို့​ကြား​၍ အ​သက်​ချမ်း သာ​ရ​ခဲ့​ဖူး​သော​အ​ခြား​လူ​မျိုး​ရှိ​ပါ သ​လော။-
DEU 4:34 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​မှ​သင်​တို့​ကို ကယ်​တင်​၍ မိ​မိ​၏​လူ​မျိုး​တော်​အ​ဖြစ်​ထုတ် ဆောင်​ခဲ့​သည်။ အ​ခြား​သော​ဘု​ရား​သည် လူ​တစ်​မျိုး​အ​တွက် ထို​ကဲ့​သို့​ပြု​ခဲ့​ဖူး​ပါ သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ကို​ပြ​တော်​မူ​ခြင်း၊ ဘေး​ဒဏ်​နှင့်​စစ် ဘေး​သင့်​စေ​ခြင်း၊ နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ ကြောက် မက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ခြင်း စ​သည်​တို့​ကို​သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ပြီ။-
DEU 4:35 ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း၊ အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို ထို​အ​မှု​တော်​များ​အား​ဖြင့် သင်​တို့​အား​သိ စေ​တော်​မူ​ပြီ။-
DEU 4:36 ကိုယ်​တော်​သည်​သင်​တို့​အား​သွန်​သင်​ရန် မိုး ကောင်း​ကင်​မှ​မိန့်​တော်​မူ​သော​အ​သံ​တော်​ကို ကြား​စေ​တော်​မူ​ပြီ။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် သင်​တို့​သည် ကိုယ်​တော်​၏​မီး​တောက်​မီး​လျှံ ကို​မြင်​စေ​လျက် ထို​မီး​ထဲ​မှ​သင်​တို့​အား မိန့်​ကြား​တော်​မူ​၏။-
DEU 4:37 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဘိုး​ဘေး တို့​ကို​ချစ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​အဆက် အ​နွယ်​များ​ကို​ရွေး​ကောက်​တော်​မူ​၍ မ​ဟာ တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​တိုင် သင်​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​လေ သည်။-
DEU 4:38 သင်​တို့​ယ​ခု​ပိုင်​ဆိုင်​သော​ပြည်​သို့​ဝင်​ရောက် သိမ်း​ပိုက်​နိုင်​စေ​ရန် သင်​တို့​ချီ​တက်​ရန်​လမ်း ကြောင်း​တွင်​ရှိ​သော​သင်​တို့​ထက်​အင်​အား ကြီး​မား​သည့်​လူ​မျိုး​များ​ကို​နှင်​ထုတ်​တော် မူ​သည်။-
DEU 4:39 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် မြေ​ကြီး​ပေါ်​မှာ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ အ​ခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​အ​စဉ် အ​မြဲ​စွဲ​မှတ်​သ​တိ​ရ​ကြ​လော့။-
DEU 4:40 ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပညတ်​တော် အား​လုံး​ကို​စောင့်​ထိန်း​ကြ​လျှင် သင်​တို့​နှင့် တ​ကွ​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ကြီး​ပွား​ချမ်း​သာ​ကြ​လိမ့်​မည်။ သင်​တို့​သည် လည်း​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​အား​အ​မြဲ​ပိုင်​ရန်​ပေး​တော်​မူ​သော​ပြည် တွင်​ဆက်​လက်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု ဆို​လေ​၏။
DEU 4:41 ထို့​နောက်​တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​ရန်​သူ မ​ဖြစ်​ခဲ့​ဘူး​သူ​ကို​အ​မှတ်​မဲ့​သတ်​မိ​သည့် အ​ခါ ထွက်​ပြေး​ခို​လှုံ​နိုင်​သော​မြို့​သုံး​မြို့​ကို မော​ရှေ​သတ်​မှတ်​ပေး​လေ​သည်။ ထို​သူ​သည် ထို​မြို့​များ​အ​နက်​မြို့​တစ်​မြို့​သို့​ထွက်​ပြေး ၍​ခို​လှုံ​လျှင် အ​သက်​ချမ်း​သာ​ရာ​ရ​မည် ဖြစ်​သည်။-
DEU 4:43 ရု​ဗင်​အ​နွယ်​အ​တွက်​ကုန်း​ပြင်​သဲ​ကန္တာရ​ရှိ ဗေ​ဇာ​မြို့​ကို​လည်း​ကောင်း၊ ဂဒ်​အနွယ်​အ​တွက် ဂိလဒ်​ဒေ​သ​ရှိ​ရာမုတ်​မြို့​ကို​လည်း​ကောင်း၊ မ​နာ ရှေ​အနွယ်​အ​တွက်​ဗာ​ရှန်​ဒေ​သ​ရှိ​ဂေါ​လန် မြို့​ကို​လည်း​ကောင်း ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ် သတ်​မှတ်​ပေး​သည်။
DEU 4:44 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော် များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြ​ဋ္ဌာန်း​ပေး​လေ​၏။-
DEU 4:45 သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဘက်​တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​ရောက်​ရှိ​နေ ကြ​စဉ်​မော​ရှေ​သည် ပညတ်​တော်​များ​ကို​ပြ​ဋ္ဌာန်း ပေး​သည်။ ထို​အ​ရပ်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​၏​ပိုင်​နက် ဖြစ်​ခဲ့​သည်။ မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး သည့်​နောက်​ထို​ဘု​ရင်​ကို​နှိမ်​နင်း​၍၊-
DEU 4:47 သူ​၏​နိုင်​ငံ​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​တွင် စိုး​စံ​သော​အ​ခြား​အာ​မော​ရိ​ဘု​ရင် ဖြစ်​သည့်​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​၏​နိုင်​ငံ​ကို လည်း​ကောင်း​သိမ်း​ယူ​ခဲ့​ကြ​သည်။-
DEU 4:48 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​သော နယ်​မြေ​သည် အာ​နုန်​မြစ်​အ​နီး​ရှိ​အာ​ရော် မြို့​မှ​ဟေ​ရ​မုန်​ခေါ်​စိ​ယုန်​တောင်​အ​ထိ ကျယ်​ပြန့်​လေ​သည်။-
DEU 4:49 ထို​နယ်​မြေ​တွင်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ ဒေ​သ​တစ်​ခု​လုံး​ပါ​ဝင်​၏။ ယင်း​ဒေ​သ​သည် တောင်​ဘက်​ပင်​လယ်​သေ​အ​ထိ အ​ရှေ့​ဘက် ပိ​သ​ဂါ​တောင်​ခြေ​အ​ထိ​ကျယ်​ဝန်း​လေ​သည်။
DEU 5:1 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​၍ သူ​တို့​အား​ဤ​သို့​ပြော​ကြား လေ​သည်။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား ငါ​ပြ​ဋ္ဌာန်း​ပေး​မည့်​ပညတ်​တော် အား​လုံး​ကို​နား​ထောင်​ကြ​လော့။ ထို​ပညတ် တော်​များ​ကို​နာ​ယူ​လိုက်​နာ​ရန်​သ​တိ​ပြု ကြ​လော့။-
DEU 5:2 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင်​ငါ​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​တော်​မူ​၏။-
DEU 5:3 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘိုး​ဘေး တို့​နှင့်​သာ​လျှင် ပ​ဋိ​ညာဉ်​ပြု​သည်​မ​ဟုတ်။ ယ​နေ့​အ​သက်​ရှင်​လျက်​ရှိ​သော ငါ​တို့​အား လုံး​နှင့်​လည်း​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-
DEU 5:4 ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​ပေါ်​တွင်​မီး​ထဲ မှ သင်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍​မိန့်​မြွက် တော်​မူ​သည်။-
DEU 5:5 သင်​တို့​သည်​မီး​ကို​ကြောက်​ရွံ့​သ​ဖြင့်​တောင် ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့် ငါ​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​သင်​တို့​စပ်​ကြား​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​သင်​တို့ အား​ဆင့်​ဆို​ခဲ့​၏။''
DEU 5:6 ``ထာ​ဝ​ရ​ဘု​ရား​က၊`ငါ​သည်​သင်​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။'
DEU 5:7 `` `ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။-
DEU 5:8 `` `မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌ လည်း​ကောင်း၊ မြေ​အောက်​ရေ​ထဲ​၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့်​ပုံ​သဏ္ဌာန်​တူ​သော​ရုပ်​တု​များ ကို​ကိုး​ကွယ်​ရန်​အ​တွက်​မ​ထု​လုပ်​နှင့်။-
DEU 5:9 ထို​ရုပ်​တု​များ​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍ ပြိုင် ဘက်​ကို​လုံး​ဝ​လက်​ခံ​တော်​မ​မူ။ ငါ့​ကို မုန်း​သော​သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်။ ထို မျှ​မ​က​သူ​တို့​၏​တ​တိ​ယ​မျိုး​ဆက်၊ စတုတ္ထ​မျိုး​ဆက်​တိုင်​အောင်​ငါ​ဒဏ်​ခတ် မည်။-
DEU 5:10 သို့​ရာ​တွင်​ငါ့​ကို​ချစ်​၍​ငါ​၏​ပညတ်​တော်​တို့ ကို​စောင့်​ထိန်း​သော​သူ​တို့​အား အ​မျိုး​ဆက် ထောင်​သောင်း​တိုင်​အောင်​ငါ​၏​မေတ္တာ​ကို​ပြ မည်။
DEU 5:11 `` `သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာမ​တော်​ကို​အ​လွဲ​သုံး​စား​ပြု​သူ​အား​ဒဏ် ခတ်​တော်​မူ​မည်​ဖြစ်​သော​ကြောင့် ကိုယ်​တော်​၏ နာမ​တော်​ကို​အ​လွဲ​သုံး​စား​မ​ပြု​နှင့်။
DEU 5:12 `` `သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​ကို​စောင့် ထိန်း​၍​ထို​နေ့​ကို​ငါ့​အ​တွက်​သီး​သန့်​ထား လော့။-
DEU 5:13 ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​လော့။
DEU 5:14 သတ္တ​မ​နေ့​သည်​ငါ​ဘု​ရား​အ​တွက်​ဆက်​ကပ် ရ​သော​အ​လုပ်​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍ သင်​၏​သား​သ​မီး၊ ကျေး​ကျွန်၊ တိ​ရစ္ဆာန် နှင့်​သင်​တို့​တိုင်း​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​သည်​အ​လုပ်​မ​လုပ်​ရ။ သင်​တို့​၏ ကျေး​ကျွန်​သည်​သင်​တို့​ကဲ့​သို့​အ​နား​ယူ ရ​မည်။-
DEU 5:15 သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဟာ​တန်​ခိုး တော်​ဖြင့်​ကယ်​တင်​ခဲ့​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့်​ငါ သည်​သင်​တို့​အား​ဥ​ပုသ်​နေ့​ကို​စောင့်​ရန် မိန့်​မှာ​တော်​မူ​၏။
DEU 5:16 `` `သင်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​သည်​ကောင်း​စား ၍​အ​သက်​ရှည်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု​ကြ​လော့။
DEU 5:17 `` `သူ့​အ​သက်​ကို​မ​သတ်​နှင့်။
DEU 5:18 `` `သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။
DEU 5:19 `` `သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။
DEU 5:20 `` `သူ​တစ်​ပါး​တစ်​ဘက်​၌​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။
DEU 5:21 `` `သူ​တစ်​ပါး​၏​မ​ယား၊ အိမ်၊ မြေ၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​သ​မျှ​တို့​ကို​တပ်​မက် ခြင်း​မ​ရှိ​နှင့်' ဟု​မိန့်​တော်​မူ​၏။
DEU 5:22 ``ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​အ​နီး​သို့​စု​ရုံး လာ​သော​သင်​တို့​အ​ပေါင်း​အား ဤ​ပ​ညတ်​တော် များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​မီး​နှင့်​မှောင်​မည်း​သော​မိုး​တိမ်​ထဲ​မှ​ကျယ် သော​အ​သံ​တော်​ဖြင့် ဤ​ပညတ်​တော်​များ​ကို​မိန့် မြွက်​တော်​မူ​၏။ ထပ်​၍​မိန့်​မြွက်​တော်​မ​မူ။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ပညတ်​တော်​များ ကို​ကျောက်​ပြား​နှစ်​ချပ်​ပေါ်​တွင်​ရေး​၍​ငါ့ အား​ပေး​အပ်​တော်​မူ​သည်။''
DEU 5:23 ``တောင်​တစ်​ခု​လုံး​မီး​တောက်​၍​အ​မှောင်​ထု ထဲ​မှ​ဗျာ​ဒိတ်​တော်​သံ​ကို​သင်​တို့​ကြား​ရ သော​အ​ခါ သင်​တို့​၏​ခေါင်း​ဆောင်​များ​နှင့် အ​နွယ်​အ​ကြီး​အ​ကဲ​တို့​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​၍၊-
DEU 5:24 `အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​သံ​တော်​ကို​မီး​ထဲ​မှ​ကြား​ရ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ ၏​ဘုန်း​တန်​ခိုး​တော်​ကို​ထင်​ရှား​ပြ​သ​တော် မူ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည်​လူ​သား​အား စ​ကား​ပြော​သော်​လည်း လူ​သား​သည်​မ​သေ ဘဲ​အ​သက်​ရှင်​နေ​နိုင်​ကြောင်း​ကို​အ​ကျွန်ုပ် တို့​ယ​နေ့​သိ​မြင်​ရ​ကြ​ပါ​ပြီ။-
DEU 5:25 သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် အ​ရဲ​စွန့်​၍​အ​သေ​ခံ​ရ​မည်​နည်း။ ထို​ကြောက် မက်​ဖွယ်​မီး​ကြီး​ကြောင့် အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ဆုံး​ရှုံး​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​သံ​တော်​ကို​ထပ်​၍​ကြား​ရ​လျှင်​အ​ကျွန်ုပ် တို့​သေ​ရ​ပါ​လိမ့်​မည်။-
DEU 5:26 အ​သက်​ရှင်​တော်​မူ​သော​ဘုရား​၏​အ​သံ​တော် ကို​မီး​ထဲ​မှ အ​ကျွန်ုပ်​တို့​ကဲ့​သို့​ကြား​ရ​ပြီး​မှ အ​သက်​ရှင်​သော​လူ​သတ္တ​ဝါ​ရှိ​ဖူး​ပါ​သ​လော။-
DEU 5:27 ကိုယ်​တော်​သာ​ချဉ်း​ကပ်​၍​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ ကို​ကြား​နာ​ပြီး​လျှင် အ​ကျွန်ုပ်​တို့​အား​ဆင့် ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​မိန့်​တော် ကို​နာ​ခံ​ပါ​မည်' ဟု​လျှောက်​ထား​ကြ​၏။
DEU 5:28 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ထို​သို့​လျှောက် ထား​သော​စ​ကား​ကို​ကြား​တော်​မူ​လျှင် ငါ့ အား`ငါ​သည်​ဤ​သူ​တို့​လျှောက်​ထား​သော စ​ကား​ကို​ကြား​ရ​ပြီ။ သူ​တို့​ပြော​သည့် အ​တိုင်း​မှန်​ပေ​၏။-
DEU 5:29 သူ​တို့​သည်​ဤ​ကဲ့​သို့​ငါ့​ကို​အ​စဉ်​ကြောက်​ရွံ့ ရို​သေ​၍ ငါ​၏​ပညတ်​တော်​အား​လုံး​ကို​စောင့်​ထိန်း ကြ​မည်​ဆို​လျှင် သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​များ​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ လိမ့်​မည်။-
DEU 5:30 ယ​ခု​မိ​မိ​တို့​တဲ​အိမ်​များ​သို့​ပြန်​ကြ​ရန် သူ​တို့​အား​ပြော​လော့။-
DEU 5:31 သင်​ကိုယ်​တိုင်​မူ​ကား​ငါ​နှင့်​အ​တူ​နေ​ရစ်​လော့။ ငါ​ပေး​မည့်​ပြည်​တွင်​သူ​တို့​လိုက်​နာ​စောင့်​ထိန်း ရန် ပ​ညတ်​တော်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​သင့်​အား​ငါ​ဆင့်​ဆို​မည်။ ထို​ပညတ်​တော် များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို​သူ​တို့​အား သွန်​သင်​လော့' ဟု မိန့်​တော်​မူ​၏။-
DEU 5:32 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း လိုက်​နာ​ရ​မည်။ မည်​သည့်​ပညတ်​တော်​ကို​မျှ​မ​ချိုး ဖောက်​နှင့်။-
DEU 5:33 သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင်​ကောင်း စား​၍ ဆက်​လက်​နေ​ထိုင်​ရန်​ပ​ညတ်​တော်​ရှိ သ​မျှ​ကို​လိုက်​နာ​စောင့်​ထိန်း​ရ​ကြ​မည်။
DEU 6:1 ``သင်​တို့​အား​သွန်​သင်​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သော ပ​ညတ်​တော်​များ​သည်​ကား ဤ​သို့​တည်း။ သင် တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင် ဤ​ပညတ် တော်​များ​ကို​လိုက်​နာ​စောင့်​ထိန်း​ကြ​လော့။-
DEU 6:2 သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့ ရို​သေ​ရ​ကြ​မည်။ သင်​တို့​သည်​ထို​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန် ငါ​ပေး​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​နား​ထောင်​၍ စောင့်​ထိန်း​ကြ​လော့။-
DEU 6:3 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​ပညတ်​တော် များ​ကို​စောင့်​ထိန်း​လော့။ ထို​သို့​ပြု​လျှင်​ဘိုး ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​သည်​ကြွယ်​ဝ ကောင်း​စား​၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ် လာ​လိမ့်​မည်။ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''
DEU 6:4 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဤ​အ​ချက် ကို​မ​မေ့​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် ငါ​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏။-
DEU 6:5 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ချစ်​လော့။-
DEU 6:6 ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပ​ညတ်​တော် များ​ကို မည်​သည့်​အ​ခါ​မျှ​မ​မေ့​နှင့်။-
DEU 6:7 ထို​ပ​ညတ်​များ​ကို သင်​တို့​၏​သား​သ​မီး​တို့ အား​သွန်​သင်​ရ​မည်။ အိမ်​၌​ရှိ​သည့်​အ​ခါ ဖြစ်​စေ၊ နား​နေ​သည့်​အ​ခါ​ဖြစ်​စေ၊ အ​လုပ် လုပ်​သည့်​အ​ခါ​ဖြစ်​စေ ထို​ပညတ်​တော်​များ ကို​သွန်​သင်​ရ​မည်။-
DEU 6:8 ထို​ပ​ညတ်​များ​ကို​သ​တိ​ရ​နေ​စေ​ရန် သင် တို့​၏​လက်​မောင်း​၌​လည်း​ကောင်း၊ န​ဖူး​၌ လည်း​ကောင်း​ချည်​ထား​ရ​မည်။-
DEU 6:9 သင်​တို့​၏​အိမ်​တံခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​တို့ တွင် ထို​ပ​ညတ်​တော်​များ​ကို​ရေး​ထား​ရ​မည်။''
DEU 6:10 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ထား​တော်​မူ​သည်​အ​တိုင်း သင်​တို့​ကိုယ်​တိုင် မ​တည်​ဆောက်​သည့်​စည်​ပင်​သာ​ယာ​သော မြို့​ကြီး​များ​ကို သင်​တို့​အား​ပေး​တော်​မူ မည်။-
DEU 6:11 သင်​တို့​မ​စု​ဆောင်း​ဘဲ ကောင်း​မွန်​သော​အ​ရာ များ​နှင့်​ပြည့်​စုံ​သော​အိမ်​များ​ကို​လည်း​ကောင်း၊ သင်​တို့​မ​တူး​သော​ရေ​တွင်း​များ​ကို​လည်း ကောင်း၊ သင်​တို့​မ​စိုက်​ပျိုး​သော​စ​ပျစ်​ခြံ​နှင့် သံ​လွင်​ခြံ​များ​ကို​လည်း​ကောင်း သင်​တို့​အား ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​ကို​ပို့​ဆောင်​၍ ထို​ပြည်​သို့​ရောက်​သ​ဖြင့် သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​လင်​စွာ စား​ရ​သော​အ​ခါ၊-
DEU 6:12 ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ် ဆောင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​ရန်​သ​တိ​ပြု​ကြ​လော့။-
DEU 6:13 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​ကို​သာ​ကိုး ကွယ်​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​သာ တိုင်​တည်​လျက်​က​တိ​သစ္စာ​ပြု​လော့။-
DEU 6:14 အ​ခြား​ဘုရား​များ​ကို​မ​ဆည်း​ကပ်​နှင့်။ သင် တို့​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သော​လူ​မျိုး တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​နှင့်။-
DEU 6:15 သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ တော်​မ​မူ။ ထို့​ကြောင့်​သင်​တို့​သည်​အ​ခြား​သော ဘု​ရား​ကို​ဝတ်​ပြု​လျှင် အ​မျက်​တော်​သည်​မီး ကဲ့​သို့​တောက်​လောင်​၍ သင်​တို့​အ​ပေါင်း​ကို​သေ ကြေ​ပျက်​စီး​စေ​လိမ့်​မည်။''
DEU 6:16 ``သင်​တို့​သည်​မ​ဿာ​အ​ရပ်​မှာ​ကဲ့​သို့ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စစ် အ​ကြော​မ​ပြု​ရ။-
DEU 6:17 ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သော ပ​ညတ် အား​လုံး​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​လော့။-
DEU 6:18 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် သင့်​မြတ်​မှန်​ကန်​သော​အ​မှု​တို့​ကို​ပြု​လျှင် အ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။ သင်​တို့​၏ ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​က​တိ ထား​တော်​မူ​သော​သာ​ယာ​ဝ​ပြော​သည့် ပြည်​ကို​သိမ်း​နိုင်​လိမ့်​မည်။-
DEU 6:19 ကတိ​တော်​အ​တိုင်း​သင်​တို့​၏​ရန်​သူ​တို့​ကို လည်း​နှင်​ထုတ်​နိုင်​လိမ့်​မည်။''
DEU 6:20 ``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​တို့​သည် သင်​တို့​အား`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က ဤ​ပ​ညတ်​ရှိ​သ​မျှ​ကို​အ​ဘယ် ကြောင့်​ပြ​ဋ္ဌာန်း​တော်​မူ​ရ​သ​နည်း' ဟူ​၍ မေး ကြ​လျှင်၊-
DEU 6:21 `ငါ​တို့​သည်​အီ​ဂျစ်​ပြည်​ဘု​ရင်​ထံ​တွင်​ကျွန် ခံ​ခဲ့​ရ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​သည်​မဟာ တန်​ခိုး​တော်​ဖြင့်​ငါ​တို့​အား​ကယ်​ဆယ်​ခဲ့ ၏။-
DEU 6:22 ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​နှင့်​မှူး​မတ် အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​လည်း​ကောင်း နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍​ကြောက်​မက်​ဖွယ်​သော ဘေး​ဥပဒ်​များ​ကျ​ရောက်​စေ​တော်​မူ​ခဲ့​ပုံ​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-
DEU 6:23 ငါ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ သည့်​အ​တိုင်း ငါ​တို့​ကို​အီဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​လွတ်​မြောက်​စေ​ပြီး​လျှင် ဤ​ပြည် တွင်​နေ​ထိုင်​ရန်​ပို့​ဆောင်​တော်​မူ​၏။-
DEU 6:24 ထို​နောက်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ပ​ညတ်​အ​လုံး​စုံ​တို့​ကို​လိုက် နာ​ကျင့်​သုံး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ရန်​လည်း​ကောင်း​ပြ​ဋ္ဌာန်း တော်​မူ​၏။-
DEU 6:25 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​နာ​ခံ​လျှင် ကိုယ်​တော်​သည်​ငါ တို့​၏​နိုင်​ငံ​ကို​အ​စဉ်​စောင့်​ရှောက်​၍​သာ​ယာ ဝ​ပြော​စေ​တော်​မူ​မည်။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​မူ​သ​မျှ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​နှစ်​သက်​တော်​မူ​လိမ့်​မည်' ဟူ​၍ ဖြေ​ကြား​လော့။''
DEU 7:1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​သိမ်း​ယူ​မည့်​ပြည်​သို့​သင်​တို့​ကို ပို့​ဆောင်​လျက် ထို​ပြည်​တွင်​နေ​ထိုင်​သော​သင်​တို့ ထက်​လူ​ဦး​ရေ​များ​၍​အင်​အား​ကြီး​သော​ဟိတ္တိ လူ​မျိုး၊ ဂိရ​ဂါရှိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ခါ နာ​နိ​လူ​မျိုး၊ ဖေ​ရ​ဇိ​လူ​မျိုး၊ ဟိ​ဝိ​လူ​မျိုး၊ ယေ​ဗု​သိ​လူ​မျိုး​တည်း​ဟူ​သော​လူ​မျိုး​ခု​နစ် မျိုး​တို့​ကို​နှင်​ထုတ်​တော်​မူ​လိမ့်​မည်။-
DEU 7:2 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို​သင်​တို့​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​ကို​သင်​တို့​တိုက်​ခိုက်​အောင်​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ပစ်​ရ မည်။ သူ​တို့​နှင့်​မိတ်​မ​ဖွဲ့​ရ။ သူ​တို့​အား​မ​ကြင် နာ​မ​သ​နား​ရ။-
DEU 7:3 သူ​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​သား​သ​မီး​များ​ကို​လည်း သူ​တို့ နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​စေ​ရ။-
DEU 7:4 ထို​သို့​ပြု​လျှင်​သင်​တို့​သည်​သင်​တို့​၏​သား သ​မီး​များ​အား ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​စေ ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​၍ သင်​တို့​ကို​ချက်​ခြင်း​ဖျက် ဆီး​ပစ်​တော်​မူ​လိမ့်​မည်။-
DEU 7:5 ထို့​ကြောင့်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ​ကို ချိုး​ပစ်​ရ​မည်။ အာ​ရှ​ရ​ဘု​ရား​မ​၏​တိုင်​များ ကို​ခုတ်​လှဲ​ရ​မည်။ သူ​တို့​၏​ရုပ်​တု​များ​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
DEU 7:6 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပိုင်​သော​ကြောင့်​ထို​သို့​ဆောင်​ရွက်​ရ မည်။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့ အ​နက် သင်​တို့​ကို​မိ​မိ​၏​အ​ထူး​လူ​မျိုး တော်​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​၏။''
DEU 7:7 ``သင်​တို့​သည်​အ​ခြား​သော​လူ​မျိုး​များ​ထက် လူ​ဦး​ရေ​ပို​များ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ကို​ချစ်​၍​ရွေး​ချယ်​ခြင်း​မ​ဟုတ်။ သင်​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​လူဦး​ရေ​အ​နည်း ဆုံး​လူ​မျိုး​ဖြစ်​သည်။-
DEU 7:8 သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ချစ်​၍ သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ထား​သော က​တိ​တည်​စေ​လို​တော်​မူ​သော​ကြောင့် အီ​ဂျစ် ဘု​ရင်​ထံ​ကျွန်​ခံ​ရာ​မှ​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် သင်​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ သည်။-
DEU 7:9 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သာ လျှင် ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ သစ္စာ​တော်​တည် မြဲ​ကြောင်း​သိ​မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကို​ချစ်​၍​ပ​ညတ်​တော်​များ​ကို​လိုက်​နာ သော​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက်​ထောင် သောင်း​အ​ထိ မိ​မိ​၏​ပ​ဋိ​ညာဉ်​ကို​တည်​စေ ၍​သူ​တို့​အား​မေတ္တာ​က​ရု​ဏာ​ကို​ပြ​တော် မူ​မည်။-
DEU 7:10 သို့​ရာ​တွင်​ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့ အား​ချက်​ချင်း​ဒဏ်​ခတ်​တော်​မူ​မည်။-
DEU 7:11 ထို့​ကြောင့်​သင်​တို့​အား ယ​နေ့​ငါ​သွန်​သင်​ပေး အပ်​သော​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ ကျင့်​သုံး​ကြ​လော့။''
DEU 7:12 ``သင်​တို့​သည်​ဤ​ပညတ်​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​နာ​လျှင် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော် မူ​သည့်​အ​တိုင်း​ပ​ဋိ​ညာဉ်​ကို​ဆက်​လက်​တည် စေ​၍ ခိုင်​မြဲ​သော​မေတ္တာ​ကို​ပြ​တော်​မူ​လိမ့်​မည်။-
DEU 7:13 ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သင်​တို့​သည်​လူ​ဦး​ရေ​တိုး​ပွား​၍ သား​သ​မီး​များ​စွာ​ရ​ကြ​လိမ့်​မည်။ သင်​တို့​၏ လယ်​ကွင်း​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​အ​သီး အ​နှံ၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​တို့​အ​ထွက်​များ လိမ့်​မည်။ သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သိုး​နွား​တိရစ္ဆာန်​များ​တိုး​ပွား​များ​ပြား လိမ့်​မည်။ သင်​တို့​ဘိုး​ဘေး​တို့​အား​က​တိ​ထား သော​ပြည်​သို့​သင်​တို့​ရောက်​ရှိ​သော​အ​ခါ ထို ကောင်း​ချီး​မင်္ဂလာ​များ​ကို​ချ​ပေး​တော်​မူ​လိမ့် မည်။-
DEU 7:14 သင်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထက် ကောင်း​ချီး​မင်္ဂလာ​ပို​၍​ခံ​စား​ရ​လိမ့်​မည်။ သင်​တို့​တွင်​မြုံ​သော​သူ၊ သား​မ​ပေါက်​သော တိရစ္ဆာန်​မ​ရှိ​စေ​ရ။-
DEU 7:15 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ရော​ဂါ ဘေး​အ​မျိုး​မျိုး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​မြင်​ခဲ့​ရ​သော ရော​ဂါ​ဆိုး​ဘေး​မ​သင့်​စေ​ရ။ သို့​သော်​သင် တို့​၏​ရန်​သူ​ဟူ​သ​မျှ​မူ​ကား ရော​ဂါ​ဆိုး ဘေး​သင့်​လိမ့်​မည်။-
DEU 7:16 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​၏​လက်​သို့​အပ်​တော်​မူ​သော​လူ​မျိုး​ရှိ​သ​မျှ ကို သင်​တို့​သည်​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ ထို သူ​တို့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ ထို​သူ​တို့ ၏​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင် သင်​တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့် မည်။''
DEU 7:17 ``ထို​လူ​မျိုး​တို့​သည်​ငါ​တို့​ထက်​လူ​ဦး​ရေ များ​ပြား​သ​ဖြင့် ငါ​တို့​နှင်​ထုတ်​ခြင်း​ငှာ​မ တတ်​နိုင်​ပါ' ဟူ​၍​မ​ဆို​ကြ​နှင့်။-
DEU 7:18 သူ​တို့​ကို​မ​ကြောက်​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည် ဘု​ရင်​နှင့်​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့ အား မည်​ကဲ့​သို့​စီ​ရင်​တော်​မူ​ခဲ့​ကြောင်း ကို​သ​တိ​ရ​ကြ​လော့။-
DEU 7:19 သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​သော​ကြောက်​မက်​ဖွယ် ကပ်​ကြီး​များ၊ အံ့​သြ​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ များ၊ သင်​တို့​အား​လွတ်​မြောက်​စေ​ခဲ့​သော သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​မ​ဟာ​တန် ခိုး​တော်​နှင့်​လက်​ရုံး​တော်​တို့​ကို​သ​တိ​ရ​ကြ လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​ခဲ့​သည့်​နည်း​တူ ယ​ခု​သင်​တို့​ကြောက်​ရွံ့​သော​လူ​မျိုး​အ​ပေါင်း တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ မည်။-
DEU 7:20 သင်​တို့​၏​လက်​မှ​လွတ်​၍​ထွက်​ပြေး​ပုန်း အောင်း​နေ​သူ​တို့​ပင်​လျှင် ကပ်​ဆိုက်​၍​သေ ကြေ​ပျက်​စီး​လိမ့်​မည်။-
DEU 7:21 သို့​ဖြစ်​၍​ထို​လူ​မျိုး​တို့​ကို​မ​ကြောက်​ကြ​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည် တန်​ခိုး​ကြီး​၍​ကြောက်​ရွံ့​ဖွယ်​သော​ဘု​ရား ဖြစ်​တော်​မူ​၏။-
DEU 7:22 ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​နေ​စဉ် ထို​လူ မျိုး​များ​ကို​တ​ဖြည်း​ဖြည်း​နှင်​ထုတ်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​သူ​တို့​အား​လုံး​ကို ချက်​ချင်း​မ​ပယ်​ရှင်း​နှင့်။ ချက်​ချင်း​ပယ်​ရှင်း လျှင် သား​ရဲ​တိရစ္ဆာန်​တို့​သည်​များ​ပြား​လာ​၍ သင်​တို့​ကို​အန္တရာယ်​ပြု​လိမ့်​မည်။-
DEU 7:23 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​သည်​က​စဥ့် က​လျား​ဖြစ်​၍​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။-
DEU 7:24 ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရင်​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​မည်။ သင်​တို့​သည်​ထို​ဘု​ရင်​များ ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သူ​တို့​အ​ကြောင်း​ကို လူ​တို့​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ မည်​သည့် ရန်​သူ​က​မျှ​သင်​တို့​ကို​မ​ခု​ခံ​နိုင်။ သင်​တို့ သည်​ရန်​သူ​အား​လုံး​ကို​ချေ​မှုန်း​လိမ့်​မည်။-
DEU 7:25 သူ​တို့​၏​ရုပ်​တု​များ​ကို​မီး​ရှို့​ပစ်​လော့။ ထို​ရုပ်​တု များ​တွင်​မွမ်း​မံ​ထား​သော​ရွှေ​ငွေ​ကို​တပ်​မက်​၍ သင်​တို့​အ​ဖို့​မ​ယူ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရွံ​ရှာ​မုန်း​တီး​တော်​မူ သ​ဖြင့် ရုပ်​တု​များ​မှ​ရွှေ​ငွေ​ကို​ယူ​မိ​လျှင်​သင် တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့်​မည်။-
DEU 7:26 ထို​ရုပ်တု​များ​ကို​သင်​တို့​၏​နေ​အိမ်​များ​သို့​မ ယူ​ဆောင်​ခဲ့​ရ။ ယင်း​သို့​ယူ​ဆောင်​ခဲ့​လျှင်​ရုပ်​တု များ​ကဲ့​သို့ သင်​တို့​သည်​လည်း​ကျိန်​စာ​သင့်​လိမ့် မည်။ ရုပ်​တု​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကျိန် စာ​သင့်​သော​ကြောင့် ရုပ်​တု​များ​ကို​သင်​တို့​ရွံ ရှာ​မုန်း​တီး​ကြ​ရ​မည်။''
DEU 8:1 ``သင်​တို့​သည်​အ​သက်​ရှင်​၍​တိုး​ပွား​များ​ပြား လျက် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သော​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​နိုင်​ခြင်း​အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ် ရှိ​သ​မျှ​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။-
DEU 8:2 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-
DEU 8:3 ကိုယ်​တော်​သည်​သင်​တို့​ကို​အ​စာ​ငတ်​စေ​တော် မူ​၏။ ထို့​နောက်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​စား​ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ သည်။ ဤ​နည်း​အား​ဖြင့်​လူ​သည်​အ​စား​အ​စာ ကို​သာ​မှီ​ဝဲ​၍ အ​သက်​ရှင်​ရ​သည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​မှီ​ဝဲ​၍ အ​သက်​ရှင် ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား​သွန်​သင်​တော် မူ​၏။-
DEU 8:4 ထို​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​သင်​တို့​၏ အဝတ်​အင်္ကျီ​များ​မ​ဟောင်း​နွမ်း​ခဲ့​ရ။ သင်​တို့ ၏​ခြေ​ထောက်​များ​လည်း​မ​ရောင်​ခဲ့​ရ။-
DEU 8:5 ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​များ​ကို​အ​ပြစ် ဒဏ်​ပေး​ဆုံး​မ​သ​ကဲ့​သို့ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ဆုံး​မ​သည် ကို​သိ​မှတ်​ကြ​လော့။-
DEU 8:6 သို့​ဖြစ်​၍​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​အ​တိုင်း​နာ​ခံ​လော့။ ပ​ညတ်​တော်​များ ကို​လိုက်​နာ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။-
DEU 8:7 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အစာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည် သို့​ပို့​ဆောင်​လျက်​ရှိ​တော်​မူ​၏။ ထို​ပြည်​ရှိ​ချိုင့် ဝှမ်း​နှင့်​တောင်​ကုန်း​များ​တွင် မြစ်​များ၊ စမ်း​ပေါက် များ၊ မြေ​အောက်​စမ်း​များ​စီး​ထွက်​လျက်​ရှိ​လေ သည်။-
DEU 8:8 ထို​ပြည်​တွင်​ဂျုံ၊ မု​ယော​စ​ပါး၊ စ​ပျစ်​သီး၊ သ​ဖန်း သီး၊ သ​လဲ​သီး၊ သံ​လွင်​သီး၊ ပျား​ရည်​စ​သည်​တို့ ပေါ​များ​သည်။-
DEU 8:9 ထို​ပြည်​တွင်​အ​စား​အ​စာ​ပြတ်​လပ်​ခြင်း​မ​ရှိ​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ​လို​လိမ့်​မည်​မ​ဟုတ်။ ကျောက် တောင်​မှ​သံ​ကို​လည်း​ကောင်း၊ တောင်​ကုန်း​များ​မှ ကြေး​နီ​ကို​လည်း​ကောင်း​တူး​ဖော်​ရ​ရှိ​နိုင်​လိမ့် မည်။-
DEU 8:10 သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​ကြ သ​ဖြင့် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သော သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။''
DEU 8:11 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​ရန်​သ​တိ​ပြု​လော့။ ယ​နေ့​သင်​တို့​အား ငါ​ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​လိုက် နာ​ရန်​မ​မေ့​နှင့်။-
DEU 8:12 ဝ​စွာ​စား​ရ​လျက်​အိမ်​ကြီး​အိမ်​ကောင်း​များ ဆောက်​လျက် နေ​ထိုင်​ရ​သည့်​အ​ခါ​၌​လည်း ကောင်း၊-
DEU 8:13 သိုး၊ နွား၊ ရွှေ၊ ငွေ​မှ​စ​၍​ပစ္စည်း​ဥစ္စာ​တိုး​ပွား လာ​သည့်​အ​ခါ​၌​လည်း​ကောင်း၊-
DEU 8:14 သင်​တို့​သည်​မာ​န​ထောင်​လွှား​၍​သင်​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မ​မေ့​ရန်​သ​တိ​ပြု​ကြ​လော့။-
DEU 8:15 ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။-
DEU 8:16 တော​ကန္တာ​ရ​ထဲ​တွင်​သင်​တို့​၏​ဘိုး​ဘေး​များ​မ​စား ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ​၏။ နောက်​ဆုံး​၌ သင်​တို့​ကောင်း​ချီး​ခံ​စား​ရ​စေ​ရန် သင်​တို့​အား ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။ ထို​သို့​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ရ​ခြင်း​အ​ကြောင်း​မှာ သင်​တို့​ကို​စစ် ဆေး​ရန်​ဖြစ်​၏။-
DEU 8:17 ထို့​ကြောင့်​သင်​တို့​၏​အစွမ်း​သတ္တိ​ဖြင့်​ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​သည်​ဟူ​၍​မ​ထင်​မ​မှတ် နှင့်။-
DEU 8:18 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ပေး တော်​မူ​သော​အ​စွမ်း​သတ္တိ​ကြောင့်​သာ ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​ရ​ကြောင်း​သိ​မှတ်​လော့။ ယင်း​သို့​အ​စွမ်း​သတ္တိ​ပေး​တော်​မူ​ခြင်း​အ​ကြောင်း မှာ ကိုယ်​တော်​သည်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့် ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​ကို ယ​နေ့​တိုင်​အောင် တည်​စေ​လျက်​ရှိ​သော​ကြောင့်​တည်း။-
DEU 8:19 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဆည်း ကပ်​ဝတ်​ပြု​ခြင်း​မ​ပြု​နှင့်။ ထို​သို့​ပြု​လျှင်​သင် တို့​သည်​မု​ချ​ပျက်​စီး​ဆုံး​ပါး​ရ​မည်​ဖြစ် ကြောင်း သင်​တို့​အား​ငါ​ယ​နေ့​သ​တိ​ပေး​၏။-
DEU 8:20 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော် ကို​နား​မ​ထောင်​လျှင် သင်​တို့​ချီ​တက်​သည့်​အ​ခါ သင်​တို့​ကို​ခု​ခံ​တိုက်​ခိုက်​သော​လူ​မျိုး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သေ​ကြေ​ပျက်​စီး​စေ​သ​ကဲ့ သို့ သင်​တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော် မူ​မည်။''
DEU 9:1 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​ကြ လော့။ သင်​တို့​သည်​ယ​နေ့​ယော်​ဒန်​မြစ်​တစ်​ဘက် သို့​ကူး​ပြီး​လျှင် သင်​တို့​ထက်​များ​ပြား​၍​အင် အား​ကြီး​သော​လူ​မျိုး​များ​၏​ပြည်​ကို​သိမ်း ယူ​ရ​တော့​မည်။ သူ​တို့​၏​မြို့​တို့​သည်​ကြီး​၍ မိုး​ထိ​မြင့်​သော​မြို့​ရိုး​ဖြင့်​ကာ​ကွယ်​ထား​၏။-
DEU 9:2 လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။-
DEU 9:3 သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ရှေ့​က​အ​ရှိန်​ပြင်း​သော လောင်​မီး​ကဲ့​သို့​ကြွ​သွား​တော်​မူ​သည်​ကို သင် တို့​ကိုယ်​တိုင်​ယ​ခု​မြင်​ရ​မည်။ သင်​တို့​ချီ​တက် နေ​စဉ်​ကိုယ်​တော်​သည်​သူ​တို့​ကို​နှိမ်​နင်း​သ​ဖြင့် က​တိ​တော်​နှင့်​အ​ညီ​သင်​တို့​သည်​ထို​သူ​တို့ ကို​နှင်​ထုတ်​၍​လျင်​မြန်​စွာ​ပယ်​ရှင်း​နိုင်​လိမ့် မည်။''
DEU 9:4 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ရှေ့​က​သူ​တို့​ကို​နှင်​ထုတ်​ပြီး​သော အ​ခါ သင်​တို့​နှင့်​ထိုက်​တန်​သော​ကြောင့် ထို​ပြည် သို့​သင်​တို့​ကို​ပို့​ဆောင်​၍​အ​ပိုင်​ပေး​တော်​မူ သည်​ဟု​မ​ဆို​ကြ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​မှု ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​ကို နှင်​ထုတ်​မည်​ဖြစ်​၏။-
DEU 9:5 သင်​တို့​၏​ကောင်း​မှု​ကု​သိုလ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပြည်​ကို​သင်​တို့​အား​ပေး​တော် မူ​သည်​မ​ဟုတ်။ ထို​သူ​တို့​ဆိုး​ယုတ်​သော​ကြောင့် လည်း​ကောင်း၊ သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ထား ခဲ့​သော​က​တိ​တော်​ကို​တည်​စေ​ရန် အ​လို​တော် ရှိ​သော​ကြောင့်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား သည်​ထို​သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​မည်။-
DEU 9:6 သင်​တို့​နှင့်​ထိုက်​တန်​သ​ဖြင့်​ထို​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သော​ပြည်​ကို သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခြင်း​မ​ဟုတ်​ကြောင်း​သိ မှတ်​ကြ​လော့။ သင်​တို့​သည်​ခေါင်း​မာ​သော လူ​မျိုး​ဖြစ်​၏။''
DEU 9:7 ``သင်​တို့​သည်​တော​ကန္တာ​ရ​၌​ရှိ​စဉ်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက် တော်​ထွက်​စေ​ခဲ့​ကြောင်း​အ​မြဲ​သ​တိ​ရ​ကြ လော့။ သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​သော နေ့​မှ​စ​၍ ဤ​အရပ်​သို့​ရောက်​သည့်​နေ့​တိုင်​အောင် ကိုယ်​တော်​ကို​ပုန်​ကန်​ခဲ့​ကြ​၏။-
DEU 9:8 သိနာ​တောင်​မှာ​ပင်​ကိုယ်​တော်​ကို သင်​တို့​အား သေ​ကြေ​ပျက်​စီး​စေ​လောက်​အောင်​အ​မျက် တော်​ထွက်​စေ​ခဲ့​ကြ​၏။-
DEU 9:9 ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ် ကို​ရေး​ထား​သော​ကျောက်​ပြား​များ​ကို​လက်​ခံ ခြင်း​ငှာ ငါ​သည်​တောင်​ပေါ်​သို့​တက်​သွား​၏။ အ​ရက်​လေး​ဆယ်​ပတ်​လုံး​ငါ​သည်​မ​စား သောက်​ဘဲ​တောင်​ပေါ်​တွင်​နေ​၏။-
DEU 9:10 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-
DEU 9:11 ရက်​ပေါင်း​လေး​ဆယ်​ပြည့်​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​ကို​ငါ့ အား​ပေး​တော်​မူ​၏။''
DEU 9:12 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`အီ​ဂျစ် ပြည်​မှ​သင်​ထုတ်​ဆောင်​ခဲ့​သော​သင်​၏​လူ​တို့ သည် စက်​ဆုတ်​ဖွယ်​သော​အ​မှု​ကို​ပြု​ကြ​ပြီ ဖြစ်​သော​ကြောင့် တောင်​ပေါ်​မှ​ချက်​ချင်း​ဆင်း သွား​လော့။ သူ​တို့​သည်​ငါ​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ပစ်​ပယ်​၍ သူ​တို့​ကိုး​ကွယ်​ရန်​ရုပ်တု​ကို သွန်း​လုပ်​ကြ​ပြီ' ဟု​မိန့်​တော်​မူ​၏။''
DEU 9:13 ``တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`သူ​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။-
DEU 9:14 မည်​သူ​မျှ​သူ​တို့​ကို​သ​တိ​မ​ရ​စေ​ရန် သူ တို့​ကို​ငါ​ဖျက်​ဆီး​သုတ်​သင်​ပစ်​မည်​ဖြစ်​၍ ငါ့​ကို​မ​ဆီး​တား​နှင့်။ ထို့​နောက်​ငါ​သည်​သင့် အား​ထို​သူ​တို့​ထက်​များ​ပြား​၍ အင်​အား​ကြီး သော​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်' ဟု​မိန့်​တော် မူ​၏။''
DEU 9:15 ``သို့​ဖြစ်​၍​ငါ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား နှစ်​ပြား​ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့ သည်။ တောင်​မှ​မီး​တောက်​မီး​လျှံ​များ​ထွက် လျက်​ရှိ​၏။-
DEU 9:16 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သော​ပညတ်​တော်​ကို​နား​မ​ထောင် ဘဲ သင်​တို့​ကိုး​ကွယ်​ရန်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။-
DEU 9:17 ထို့​ကြောင့်​ငါ​သည်​သင်​တို့​ရှေ့​တွင်​ကျောက်​ပြား များ​ကို​ပစ်​ချ​သ​ဖြင့် ကျောက်​ပြား​များ​ကျိုး ပဲ့​ကြေ​မွ​ကုန်​၏။-
DEU 9:18 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-
DEU 9:19 ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-
DEU 9:20 ထာ​ဝ​ရ​ဘု​ရား​သည်​အာရုန်​ကို​လည်း​အ​မျက် တော်​ထွက်​သ​ဖြင့် အ​ဆုံး​စီ​ရင်​ရန်​အ​ကြံ​တော် ရှိ​၏။ ထို့​ကြောင့်​ငါ​သည် အာ​ရုန်​အ​တွက်​ကို လည်း​တောင်း​ပန်​လျှောက်​ထား​၏။-
DEU 9:21 ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''
DEU 9:22 ``သင်​တို့​သည်​တ​ဗေ​ရ​အ​ရပ်၊ မ​ဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​အ​ရပ်​တို့​၌​ရှိ​စဉ်​က​လည်း ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​တော်​ထွက်​စေ ခဲ့​ကြ​သည်။-
DEU 9:23 ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သွား​ရောက်​သိမ်း​ယူ​ရန် သင်​တို့​အား​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​သော​အ​ခါ သင်​တို့ သည်​ပုန်​ကန်​ကြ​၏။ ကိုယ်​တော်​ကို​မ​ယုံ၊ အ​မိန့်​တော်​ကို​နာ​မ​ခံ​ကြ။-
DEU 9:24 သင်​တို့​သည်​ငါ​စ​တင်​သိ​ကျွမ်း​သည့်​အ​ချိန်​မှ စ​၍ ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန် ခဲ့​ကြ​၏။''
DEU 9:25 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​သုတ်​သင်​ဖျက် ဆီး​မည်​ဖြစ်​သော​ကြောင့် ငါ​သည်​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး ကိုယ်​တော်​၏​ရှေ့​မှောက်​တွင်​ပျပ်​ဝပ် လျက်​နေ​ခဲ့​၏။-
DEU 9:26 ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-
DEU 9:27 ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-
DEU 9:28 သို့​မ​ဟုတ်​လျှင်​အီ​ဂျစ်​အ​မျိုး​သား​တို့​က ကိုယ် တော်​သည်​သူ​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​သို့​ပို့​ဆောင်​နိုင်​စွမ်း​မ​ရှိ​ဟု​ဆို​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​မုန်း​သော​ကြောင့် သတ်​ပစ်​ရန်​တော ကန္တာ​ရ​သို့​ထုတ်​ဆောင်​ခဲ့​သည်​ဟု​လည်း​ဆို ကြ​ပါ​လိမ့်​မည်။-
DEU 9:29 စင်​စစ်​အား​ဖြင့်​သူ​တို့​သည်​ကိုယ်​တော်​၏​လူ မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​၍ အီ​ဂျစ်​ပြည်​မှ ကိုယ်​တော်​၏​မ​ဟာ​တန်​ခိုး​တော်​နှင့်​လက်​ရုံး တော်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ​ခဲ့​သူ​များ ပင်​ဖြစ်​ကြ​ပါ​သည်' ဟု​တောင်း​ပန်​လျှောက် ထား​ခဲ့​၏။''
DEU 10:1 ``ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`ယ​ခင် ကျောက်​ပြား​ကဲ့​သို့​ကျောက်​ပြား​နှစ်​ချပ်​ကို​ခုတ် လော့။ ထို​ကျောက်​ပြား​ကို​ထည့်​ရန် သစ်​သား​သေတ္တာ တော်​ကို​လည်း​ပြု​လုပ်​လော့။ ထို့​နောက်​ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။-
DEU 10:2 သင့်​ကြောင့်​ကျိုး​ပဲ့​ခဲ့​သော​ကျောက်​ပြား​များ ပေါ်​တွင် ငါ​ရေး​ခဲ့​သော​ပညတ်​တော်​များ​ကို ဤ ကျောက်​ပြား​များ​ပေါ်​တွင်​ငါ​ရေး​မည်။ သင်​သည် ထို​ကျောက်​ပြား​များ​ကို သေတ္တာ​တော်​ထဲ​တွင် ထည့်​ထား​ရ​မည်' ဟု​မိန့်​တော်​မူ​၏။''
DEU 10:3 ``သို့​ဖြစ်​၍​ငါ​သည် အ​ကာ​ရှ​သစ်​သား​ဖြင့် သေတ္တာ​တော်​ကို​ပြု​လုပ်​၍ ယ​ခင်​ကျောက်​ပြား များ​နှင့်​အ​လား​တူ​ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ပြီး​လျှင် ကျောက်​ပြား​များ​ကို​ယူ​ဆောင် လျက်​တောင်​ပေါ်​သို့​တက်​သွား​၏။-
DEU 10:4 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တောင် ခြေ​တွင်​စု​ရုံး​သော​နေ့​က မီး​ထဲ​မှ​သင်​တို့​အား မိန့်​တော်​မူ​သော​ပ​ညတ်​တော်​ဆယ်​ပါး​ကို ယ​ခင် ကျောက်​ပြား​များ​ပေါ်​တွင်​ရေး​သား​တော်​မူ သည်​အ​တိုင်း ထို​ကျောက်​ပြား​များ​ပေါ်​တွင် ရေး​သား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို ကျောက်​ပြား​များ​ကို​ငါ့​အား​ပေး​တော်​မူ​၏။-
DEU 10:5 ထို့​နောက်​ငါ​သည်​တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့​၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ထို​ကျောက်​ပြား​များ​ကို​ငါ​ပြု​လုပ် သော​သေတ္တာ​တော်​ထဲ​တွင်​ထည့်​ထား​သည်​ဖြစ် ရာ ထို​ကျောက်​ပြား​များ​သည်​ယ​နေ့​တိုင် အောင်​သေတ္တာ​တော်​ထဲ​၌​ရှိ​သ​တည်း။''
DEU 10:6 (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​ကန်​ရေ တွင်း​မှ​မော​သ​ရုတ်​စ​ခန်း​သို့​ခ​ရီး​သွား​ကြ​၏။ အာ​ရုန်​သည်​ထို​စ​ခန်း​တွင်​အနိစ္စ​ရောက်​သ​ဖြင့် သူ့ အား​သင်္ဂြိုဟ်​ကြ​လေ​သည်။ သူ​၏​သား​ဧ​လာ​ဇာ သည်​ဖ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​လေ​သည်။-
DEU 10:7 သူ​တို့​သည်​ထို​စ​ခန်း​မှ​ရုတ်​ဂေါ​ဒ​စ​ခန်း​သို့ လည်း​ကောင်း၊ ထို​မှ​တစ်​ဆင့်​စမ်း​ပေါက်​ပေါ​များ ရာ ယု​ဟ​ဘ​သ​အ​ရပ်​သို့​လည်း​ကောင်း​ခ​ရီး ဆက်​ကြ​၏။-
DEU 10:8 တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လေဝိ​အမျိုး သား​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရန်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​ဆောင်​ရွက်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ကောင်း​ချီး​မင်္ဂလာ ပေး​ရန်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထို​ဝတ္တရား​များ​ကို ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-
DEU 10:9 ထို​အ​ကြောင်း​ကြောင့်​လေ​ဝိ​အ​မျိုး​သား​တို့ သည်​အ​ခြား​အ​မျိုး​သား​ချင်း​တို့​နည်း​တူ နယ်​မြေ​သီး​ခြား​မ​ရ​ခဲ့​ကြ​ချေ။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော် အ​တိုင်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့်​အ​ခွင့်​ထူး​ကို ရ​ရှိ​ကြ​လေ​သည်။)
DEU 10:10 ``ငါ​သည်​ပ​ထ​မ​အ​ကြိမ်​ကဲ့​သို့ တောင်​ပေါ် တွင်​ရက်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​နေ​ခဲ့​သည်။ သင်​တို့​အား​မ​သုတ်​သင်​မ​ဖျက်​ဆီး​ပစ်​ရန် ငါ​တောင်း​ပန်​လျှောက်​ထား​ချက်​ကို​ထာ​ဝ​ရ ဘု​ရား​သည် ဤ​တစ်​ကြိမ်​၌​လည်း​နား​ညောင်း လက်​ခံ​တော်​မူ​၏။-
DEU 10:11 ထို့​နောက်​သင်​တို့​၏​ဘိုး​ဘေး​တို့​အား ပေး​မည် ဟု​က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ချီ​တက် သိမ်း​ယူ​နိုင်​ရန် သင်​တို့​ကို​ခေါင်း​ဆောင်​ရ​မည် ဟု​ငါ့​အား​မိန့်​တော်​မူ​၏။''
DEU 10:12 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​ကျင့်​ဝတ်​ကား​ဤ​သို့​တည်း၊ ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍၊-
DEU 10:13 မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​လော့။ ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​၍ အ​မှု တော်​ကို​ဆောင်​ရွက်​လော့။ သင်​တို့​၏​ကောင်း​ကျိုး အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ်​အ​လုံး စုံ​ကို​စောင့်​ထိန်း​လော့။-
DEU 10:14 ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​အ​ထက် ဘ​ဝဂ်​ကို​ပင်​ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​အ​ရာ​ခပ်​သိမ်း​တို့ ကို​လည်း​ပိုင်​တော်​မူ​၏။-
DEU 10:15 သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ ၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး​သ​ဖြင့် လူ မျိုး​များ​စွာ​ရှိ​သည့်​အ​နက်​သင်​တို့​ကို​ရွေး ချယ်​တော်​မူ​ခဲ့​ရာ သင်​တို့​သည်​ယ​နေ့​တိုင် အောင်​ကိုယ်တော်​၏​လူ​မျိုး​တော်​ဖြစ်​ကြ​၏။-
DEU 10:16 သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ယ​ခု​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ လျက် ခေါင်း​မာ​သော​သ​ဘော​ကို​ပယ်​ရှား​ကြ လော့။-
DEU 10:17 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။-
DEU 10:18 မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။ သင်​တို့​နှင့်​အ​တူ​တ​ကွ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​ကို​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏ စား​ရေး​ဝတ်​ရေး​ကို​ကြည့်​ရှု​တော်​မူ​၏။-
DEU 10:19 သို့​ဖြစ်​၍​လူ​မျိုး​ခြား​တို့​ကို​ချစ်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​ယ​ခင် အ​ခါ​က​အီ​ဂျစ်​ပြည်​တွင်​လူ​မျိုး​ခြား အ​ဖြစ်​နေ​ထိုင်​ခဲ့​ရ​ဖူး​သော​ကြောင့်​ဖြစ်​သည်။-
DEU 10:20 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​ကို​သာ​ဝတ်​ပြု ကိုး​ကွယ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ စောင့်​၍ နာ​မ​တော်​ကို​သာ​တိုင်​တည်​လျက် သစ္စာ​ဆို​ရ​မည်။-
DEU 10:21 ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည် သင်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​အ​တွက် ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​သော​အ​မှု ကြီး​များ​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ကြ​ပြီ။-
DEU 10:22 သင်​တို့​၏​ဘိုး​ဘေး​တို့​သည် အီ​ဂျစ်​ပြည်​သို့ သွား​စဉ်​က​လူ​ဦး​ရေ​အား​ဖြင့်​ခု​နစ်​ဆယ် မျှ​သာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​အ​ခါ သင်​တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ လူ​ဦး​ရေ​များ​ပြား​စေ​တော်​မူ​ပြီ။''
DEU 11:1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့ ကို​အ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-
DEU 11:2 ထာ​ဝ​ရ​ဘု​ရား​ကို​သင်​တို့​ကိုယ်​တိုင်​ထိ​တွေ့ သိ​မြင်​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း ကို​သိ​ရ​ပြီ​ဖြစ်​ကြောင်း​ယ​နေ့​သိ​မှတ်​ကြ လော့။ သင်​တို့​သာ​လျှင်​ထို​သို့​တွေ့​ကြုံ​ခံ​စား ခဲ့​ရ​ကြ​သည်။ သင်​တို့​၏​သား​သ​မီး​များ မူ​ကား ထို​အ​တွေ့​အ​ကြုံ​ကို​မ​ခံ​စား​ခဲ့​ရ ကြ။ ထာ​ဝ​ရ​ဘု​ရား​၏​ကြီး​မြတ်​တော်​မူ ခြင်း​ဘုန်း​တန်​ခိုး​တော်​နှင့်၊-
DEU 11:3 နိ​မိတ်​လက္ခ​ဏာ​များ​ကို​သင်​တို့​မြင်​ခဲ့​ရ​ကြ သည်။ ကိုယ်​တော်​သည်​အီ​ဂျစ်​ဘုရင်​နှင့်​သူ​၏​တိုင်း ပြည်​တစ်​ခု​လုံး​ကို မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ သည်​ကို​သင်​တို့​မြင်​ခဲ့​ရ​၏။-
DEU 11:4 အီ​ဂျစ်​စစ်​တပ်​သည်​သင်​တို့​အား​လိုက်​လံ​တိုက် ခိုက်​စဉ်​က ကိုယ်​တော်​သည်​သူ​တို့​၏​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့်​တ​ကွ​စစ်​တပ်​တစ်​ခု​လုံး ကို ပင်​လယ်​နီ​အ​တွင်း​၌​နစ်​မြုပ်​စေ​ခဲ့​ပုံ​ကို သင်​တို့​မြင်​ခဲ့​ရ​၏။-
DEU 11:5 သင်​တို့​ဤ​အ​ရပ်​သို့​မ​ရောက်​မီ​တော​ကန္တာ​ရ ၌​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို​သင်​တို့​သိ​မြင်​ခဲ့​ရ​ကြ ပြီ။-
DEU 11:6 ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-
DEU 11:7 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​များ​ကို သင်​တို့ ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​ပြီ။''
DEU 11:8 ``ယ​နေ့​သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့။ သို့​မှ​သာ လျှင်​သင်​တို့​သည် တစ်​ဖက်​ကမ်း​ရှိ​ပြည်​ကို​ဝင် ရောက်​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-
DEU 11:9 ထို့​အ​ပြင်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့်​သူ​တို့ အ​ဆက်​အ​နွယ်​များ​အား​ပေး​မည်​ဟူ​၍ ထာ​ဝ​ရ ဘု​ရား​က​တိ​ထား​တော်​မူ​သော​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သည့်​ပြည်​တွင် သင်​တို့​သည်​ကြာ ရှည်​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-
DEU 11:10 ယ​ခင်​သင်​တို့​နေ​ထိုင်​ခဲ့​ကြ​သော​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​လယ်​များ​ထဲ​သို့​ပင်​ပန်း စွာ​ရေ​သွင်း​၍​စ​ပါး​စိုက်​ပျိုး​ရ​ကြ​၏။-
DEU 11:11 သို့​ရာ​တွင်​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​သည် ကား​တောင်​များ၊ ချိုင့်​ဝှမ်း​များ​ရှိ​၍​မိုး​ရေ ဖြင့်​စိုက်​ပျိုး​နိုင်​သော​ပြည်၊-
DEU 11:12 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​နှစ်​ပတ်​လုံး​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ သော​ပြည်​ဖြစ်​သည်။''
DEU 11:13 ``သို့​ဖြစ်​၍​သင်​တို့​အား ယ​နေ့​ငါ​မှာ​ကြား​သော ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ချစ်​၍​အ​မှု​တော်​ကို​ဆောင်​ရွက် လော့။-
DEU 11:14 သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အ​တွက်​စပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​အ​တွက် မြက်​စ​သည်​တို့​ကို ရ​ရှိ​စေ​ရန်​ဆောင်း​ဦး​ပေါက်​မိုး၊ နွေ​ဦး​ပေါက် မိုး​ကို​အ​ချိန်​တန်​သော​အ​ခါ​ရွာ​စေ​တော် မူ​မည်။ သင်​တို့​သည်​အ​စာ​ရေ​စာ​အ​လုံ အ​လောက်​ရ​ရှိ​လိမ့်​မည်။-
DEU 11:16 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​မ ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​လော့။-
DEU 11:17 အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''
DEU 11:18 ``ဤ​ပညတ်​တော်​များ​ကို​အ​စဉ်​သ​တိ​ရ​၍ မြတ်​နိုး​လော့။ ယင်း​တို့​ကို​သ​တိ​ရ​စေ​ရန် သင်​တို့​၏​လက်​တွင်​လည်း​ကောင်း၊ န​ဖူး​ပေါ် တွင်​လည်း​ကောင်း​ချည်​ထား​လော့။-
DEU 11:19 သင်​တို့​၏​သား​သ​မီး​များ​အား​သင်​ကြား​ပေး လော့။ သင်​တို့​သည်​အိမ်​၌​ရှိ​သည်​ဖြစ်​စေ၊ ခ​ရီး သွား​သည်​ဖြစ်​စေ၊ နား​နေ​သည်​ဖြစ်​စေ၊ အ​လုပ် လုပ်​နေ​သည်​ဖြစ်​စေ ဤ​ပညတ်​များ​အ​ကြောင်း ကို​ပြော​ဆို​နေ​ရ​မည်။-
DEU 11:20 သင်​တို့​၏​အိမ်​တံ​ခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​များ တွင် ယင်း​တို့​ကို​ရေး​ထား​ရ​မည်။-
DEU 11:21 သို့​ပြု​လျှင်​သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့ ၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု​ကတိ​ထား​သော ပြည်​၌​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ မြေ​ပြင် အ​ထက်​မိုး​ကောင်း​ကင်​တည်​ရှိ​သ​မျှ​ကာ​လ ပတ်​လုံး သင်​တို့​သည်​ထို​ပြည်​၌​နေ​ထိုင်​ရ​ကြ လိမ့်​မည်။''
DEU 11:22 ``သင်​တို့​အား​ငါ​မှာ​ကြား​သော​ပ​ညတ်​တော် ရှိ​သ​မျှ​တို့​ကို လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​လျှောက်​လျက် သစ္စာ​တော်​ကို​စောင့်​လော့။-
DEU 11:23 သို့​မှ​သာ​လျှင်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော အ​ခါ သင်​တို့​ထက်​ဦး​ရေ​များ​၍​အင်​အား​ကြီး မား​သည့်​လူ​မျိုး​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ပြည်​ကို​သင် တို့​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-
DEU 11:24 သင်​တို့​ခြေ​နင်း​သ​မျှ​သော​မြေ​ကို​ပိုင်​ရ​လိမ့် မည်။ သင်​တို့​၏​နယ်​မြေ​သည်​တောင်​ဘက်​တော ကန္တာ​ရ​မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​သို့​တိုင် အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ် မှ​အ​နောက်​ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် လည်း​ကောင်း​ကျယ်​ပြန့်​လိမ့်​မည်။-
DEU 11:25 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည့်​အ​တိုင်း သင်​တို့​ရောက်​ရာ အ​ရပ်​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ မည်​သူ​က​မျှ သင်​တို့​ကို​မ​ခု​ခံ​နိုင်။''
DEU 11:26 ``ကောင်းချီး​မင်္ဂလာ​နှင့်​ကျိန်​ခြင်း​တို့​အ​နက် တစ် ခု​ခု​ကို​ယ​နေ့​ရွေး​ယူ​လော့။-
DEU 11:27 ယ​နေ့​ငါ​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို သင် တို့​စောင့်​ထိန်း​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ ရ​မည်။-
DEU 11:28 သို့​ရာ​တွင်​သင်​တို့​သည် ဤ​ပ​ညတ်​တော်​များ ကို​မ​စောင့်​ထိန်း​ဘဲ သင်​တို့​ယ​ခင်​က​မ​ကိုး ကွယ်​ဘူး​သော​အ​ခြား​ဘု​ရား​များ​ကို ကိုး ကွယ်​လျှင်​ကျိန်​ခြင်း​ကို​ခံ​ရ​မည်။-
DEU 11:29 ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ပိုက်​မည့် ပြည်​ထဲ​သို့​ပို့​ဆောင်​တော်​မူ​သော​အ​ခါ သင် တို့​သည်​ထို​ကောင်း​ချီး​မင်္ဂ​လာ​ကို​ဂေ​ရ​ဇိမ် တောင်​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ​လည်း​ကောင်း​ကြေ​ညာ ရ​ကြ​မည်။-
DEU 11:30 (ဤ​တောင်​နှစ်​လုံး​သည် ယော်​ဒန်​မြစ်​အ​နောက် ဘက်၊ ယော်​ဒန်​မြစ်​ဝှမ်း​တွင်​နေ​ထိုင်​သော ခါ​နာန် အ​မျိုး​သား​တို့​၏​နယ်​မြေ​ထဲ​၌​တည်​ရှိ​သည်။ ယင်း​တောင်​တို့​သည် ဂိ​လ​ဂါ​လ​မြို့​အ​နီး​မော​ရေ သ​ပိတ်​ပင်​များ​နှင့် မ​ဝေး​သော​အ​နောက်​ဘက် တွင်​တည်​ရှိ​၏။-)
DEU 11:31 သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​လျက် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​ကို သိမ်း​ပိုက်​ရ​တော့​မည်။ သင်​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​ချ​နေ​ထိုင်​ကြ​သော အ​ခါ၊-
DEU 11:32 သင်​တို့​အား​ငါ​ယ​နေ့​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရန်​မ​မေ့​ကြ နှင့်။''
DEU 12:1 ``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် နေ​ထိုင်​သ​မျှ ကာ​လ​ပတ်​လုံး​စောင့်​ထိန်း​ရ​မည့်​ပညတ်​တော် များ​ကို​ဖော်​ပြ​အံ့။ နား​ထောင်​ကြ​လော့။-
DEU 12:2 သင်​တို့​သိမ်း​ယူ​မည့်​ပြည်​တွင်​တောင်​ထိပ်​ပေါ်၊ တောင်​ကုန်း​ပေါ်၊ သစ်​စိမ်း​ပင်​အောက်​ရှိ​ထို​ပြည် သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​ဖျက် ဆီး​ပစ်​ရ​မည်။-
DEU 12:3 သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​၍ သူ​တို့​၏ ဘု​ရား​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက်​ရ​မည်။ သူ​တို့​ကိုး​ကွယ်​သော​ဘု​ရား​မ​အာ​ရှ​ရ​၏ တံ​ခွန်​တိုင်​များ​ကို​မီး​ရှို့​ရ​မည်။ သူ​တို့​၏ ရုပ်​တု​များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ထို​အ​ရပ်​များ​တွင် ယင်း ဘု​ရား​များ​ကို​ကိုး​ကွယ်​မှု​ပ​ပျောက်​သွား လိမ့်​မည်။-
DEU 12:4 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သူ​တို့​ကိုး​ကွယ်​သည့်​နည်း​အ​တိုင်း​မ​ကိုး ကွယ်​ရ။-
DEU 12:5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-
DEU 12:6 သင်​တို့​သည်​ထို​ဌာ​န​တွင် မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခြား​ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့် ပူ​ဇော်​သ​ကာ​များ၊ ထာ​ဝ​ရ​ဘု​ရား​အား က​တိ​ထား​သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ စေ​တ​နာ​အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ၊ သင်​တို့​၏​သိုး​နွား​တို့​မှ​သား​ဦး​ပေါက်​စ​သည် တို့​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​ရ​မည်။-
DEU 12:7 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင် တို့​အ​လုပ်​လုပ်​၍​ရ​ရှိ​သော​အ​စား​အ​စာ​များ ကို သင်​တို့​နှင့်​တ​ကွ​သင်​တို့​၏​မိ​သား​စု​များ သည် ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ ပျော်​ရွှင်​စွာ​စား​ရ​ကြ​မည်။''
DEU 12:8 ``သင်​တို့​သည်​က​တိ​ထား​တော်​မူ​သော​ပြည် သို့​ဝင်​ရောက်​သည့်​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ရာ​တွင် ယ​ခင်​က​လိုက်​နာ​ကျင့်​သုံး ခဲ့​သည့်​နည်း​အ​တိုင်း​မ​ကိုး​ကွယ်​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ပြည်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​နိုင်​သည့် ကာ​လ​မ​ရောက်​သေး​မီ၊-
DEU 12:9 သင်​တို့​အ​ပေါင်း​သည်​မိ​မိ​နှစ်​သက်​ရာ​နည်း ဖြင့် ယ​နေ့​တိုင်​အောင်​ကိုယ်​တော်​ကို​ကိုး​ကွယ် လျက်​ရှိ​ကြ​၏။-
DEU 12:10 သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ပြည်​ကို သင်​တို့​အား​သိမ်း​ပိုက်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ သ​ဖြင့် သင်​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် နိုင်​လိမ့်​မည်။-
DEU 12:11 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
DEU 12:12 ထို​နောက်​သင်​တို့​၏​သား​သမီး​များ၊ ကျေး​ကျွန် များ၊ သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​သော​လေဝိ အ​မျိုး​သား​များ​နှင့်​အ​တူ ကိုယ်​တော်​၏​ရှေ့ တော်​၌​ဝမ်း​မြောက်​ကြ​လော့။ လေဝိ​အ​မျိုး သား​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရှိ​ကြ​မည်​မ​ဟုတ် ကြောင်း​သ​တိ​ရ​ကြ​လော့။-
DEU 12:13 သင်​တို့​သည်​ကြိုက်​ရာ​ဌာ​န​၌​ယဇ်​ပူ​ဇော် ခြင်း​ကို​မ​ပြု​ရ။
DEU 12:14 သင်​တို့​အ​နွယ်​များ​အ​နက်​တစ်​နွယ်​၏​နယ် မြေ​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​မည့်​ဌာ​န​၌​သာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​ဌာ​န ၌​သာ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​၍ သင်​တို့​အား ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ဆောင်​ရွက်​ရ​မည်။''
DEU 12:15 ``သို့​ရာ​တွင်​သင်​တို့​နေ​ထိုင်​ရာ မြို့​ရွာ​များ​၌ တိ​ရစ္ဆာန်​များ​ကို​သတ်​စား​နိုင်​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ကြွယ်​ဝ​ချမ်း​သာ စေ​တော်​မူ​သ​မျှ​အ​တိုင်း​သတ်​စား​နိုင်​သည်။ သင်​တို့​အ​ပေါင်း​သည်​သ​မင်​ဒ​ရယ်​သား ကို​စား​သုံး​ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး တမ်း​အ​ရ​စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ် သူ​ဖြစ်​စေ​ထို​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား သုံး​ခွင့်​ရှိ​သည်။-
DEU 12:16 သို့​ရာ​တွင်​တိ​ရစ္ဆာန်​တို့​၏​သွေး​ကို​မူ​ကား မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့​မြေ​ပေါ်​မှာ သွန်​ရ​မည်။-
DEU 12:17 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​ကို သင်​တို့​နေ​ထိုင်​ရာ​မြို့​များ​တွင် မ​စား​သုံး​ရ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ တို့​၏​ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​များ​မှ​သား​ဦး ပေါက်​များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ​စေ​တ​နာ အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ​နှင့်​အ​ခြား အ​လှူ​များ​ကို​သင်​တို့​၏​မြို့​ရွာ​များ​တွင် မ​သုံး​ဆောင်​ရ။-
DEU 12:18 သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။-
DEU 12:19 သင်​တို့​သည်​ပြည်​တော်​တွင်​အ​သက်​ရှင်​နေ ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး လေ​ဝိ​အ​မျိုး သား​တို့​ကို​မ​မေ့​ရန်​သ​တိ​ချပ်​လော့။''
DEU 12:20 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။-
DEU 12:21 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။-
DEU 12:22 သင်​တို့​အ​ပေါင်း​သည်​သမင်​ဒရယ်​သား​ကို​စား ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး​တမ်း​အ​ရ စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ်​သူ​ဖြစ်​စေ ထို​အ​သား​ကို​စား​ခွင့်​ရှိ​သည်။-
DEU 12:23 သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။-
DEU 12:24 သွေး​ကို​မစား​သုံး​ရ။ ရေ​ကို​မြေ​ပေါ်​မှာ​သွန် သ​ကဲ့​သို့​သွေး​ကို​သွန်​ရ​မည်။-
DEU 12:25 ဤ​ပညတ်​ကို​လိုက်​နာ​ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်​၏။ သို့​ဖြစ်​၍​သင် တို့​သည်​ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း​ကောင်း စား​ကြ​လိမ့်​မည်။-
DEU 12:26 သင်​တို့​၏​ပူ​ဇော်​သ​ကာ​နှင့် ဆက်​ကပ်​ပါ​မည် ဟု​က​တိ​ပြု​ထား​သော​လက်​ဆောင်​ပ​ဏ္ဏာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​တစ်​ခု တည်း​သော​ဌာ​န​သို့​ယူ​ဆောင်​သွား​ရ​ကြ​မည်။-
DEU 12:27 ထို​ဝတ်​ပြု​ရာ​ဌာ​န​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏ ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ မည်။ ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​၏​သွေး​ကို သွန်း​၍​အ​သား​ကို​စား​ရ​သော​ယဇ်​ကို လည်း​ပူ​ဇော်​ရ​မည်။-
DEU 12:28 သင်​တို့​သည်​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​ခြင်း​အား​ဖြင့် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် တွင်​မှန်​ကန်​သော​အ​မှု၊ နှစ်​သက်​တော်​မူ​ဖွယ် သော​အ​မှု​ကို​ပြု​ကြ​သော​ကြောင့် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​စဉ် အ​မြဲ​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''
DEU 12:29 ``သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင်​နေ​ထိုင်​သော လူ​မျိုး​များ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့ သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နေ​ထိုင်​ရ​ကြ​လိမ့် မည်။-
DEU 12:30 ထာ​ဝ​ရ​ဘု​ရား​က​ထို​လူ​မျိုး​များ​ကို​သုတ် သင်​ပယ်​ရှင်း​ပြီး​သော​အ​ခါ သင်​တို့​သည်​သူ​တို့ ၏​ဘာ​သာ​ရေး​အ​လေ့​အ​ကျင့်​များ​ကို​မ​လိုက် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သူ​တို့​၏​အ​လေ့ အ​ကျင့်​များ​ကို​လိုက်​ခြင်း​သည် သင်​တို့​အ​တွက် သေ​လောက်​သော​ကျော့​ကွင်း​ဖြစ်​လိမ့်​မည်။-
DEU 12:31 သူ​တို့​၏​ဘု​ရား​ဝတ်​ပြု​နည်း​ကို​အ​တု​မ​ယူ ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​များ ကို​ဝတ်​ပြု​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​မုန်း​တီး​ရွံ ရှာ​တော်​မူ​သော​အ​မှု​များ​ကို​ပြု​လုပ်​ကြ သော​ကြောင့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​သည့်​အ​ခါ သူ​တို့​ကဲ့​သို့ ဝတ်​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​သား​သ​မီး​များ​ကို​ပင်​ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ပူ​ဇော်​ကြ​၏။-
DEU 12:32 သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''
DEU 13:1 ``သင်​တို့​တွင်​ပ​ရော​ဖက်​သို့​မ​ဟုတ် အိပ်​မက် ကို​ဖတ်​တတ်​သူ​တစ်​ဦး​ဦး​က၊-
DEU 13:2 သင်​တို့​ယ​ခင်​က​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ဘူး သော​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ရန် အ​လို့​ငှာ​နိ​မိတ်​လက္ခ​ဏာ​ကို​သော်​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​ကို​သော်​လည်း​ကောင်း​ပြု​မည် ဟု​ပြော​လိမ့်​မည်။ သူ​ပြော​သည့်​အ​တိုင်း နိ​မိတ် လက္ခ​ဏာ​နှင့်​အံ့​ဖွယ်​သော​အ​မှု​ကို​ပြ​နိုင် သည့်​တိုင်​အောင်၊-
DEU 13:3 ထို​သူ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။ သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​စိတ်​နှ​လုံး ဖြင့်​ချစ်​သည်​မ​ချစ်​သည်​ကို​သိ​နိုင်​ရန် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​အား​ဖြင့်​သင်​တို့​ကို​စစ်​ဆေး​ခြင်း ဖြစ်​၏။-
DEU 13:4 ထာ​ဝ​ရ​ဘု​ရား​၏​ဦး​ဆောင်​မှု​ကို​ခံ​ယူ​၍ ကိုယ် တော်​ကို​ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​၏ ပညတ်​တော်​တို့​ကို​စောင့်​ထိန်း​၍ စ​ကား​တော် ကို​နား​ထောင်​လော့။ ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​၍ ကိုယ်​တော်​အား​သစ္စာ​ရှိ​လော့။-
DEU 13:5 သင်​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ် တင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို​ပုန် ကန်​ရန်​တိုက်​တွန်း​သော​ပ​ရော​ဖက် သို့​မ​ဟုတ် အိပ်​မက်​ဖတ်​တတ်​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ထို​သူ​သည်​သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သော​အ​သက်​ရှင်​ရာ​လမ်း​မှ သွေ ဖည်​သွား​စေ​ရန်​သွေး​ဆောင်​သူ​ဖြစ်​သည်။ ယင်း​ဒု​စ​ရိုက်​ကို သင်​တို့​မှ​ဖယ်​ရှား​ပစ်​ရန် ထို​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။''
DEU 13:6 ``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-
DEU 13:7 သူ​တို့​တစ်​ဦး​ဦး​က​သင်​တို့​အ​နီး​အ​ပါး တွင်​နေ​ထိုင်​သူ သို့​မ​ဟုတ်​သင်​တို့​နှင့်​ဝေး​သော အ​ရပ်​တွင်​နေ​ထိုင်​သူ​တို့​၏​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဖြား​ယောင်း​ပေ​လိမ့်​မည်။-
DEU 13:8 ထို​အ​ခါ​သင်​တို့​သည်​သူ​ဖြား​ယောင်း​သည့် အ​တိုင်း​မ​လိုက်​လျော​နှင့်။ သူ​ပြော​သည့်​စ​ကား ကို​ပင်​နား​မ​ထောင်​နှင့်။ သူ့​အား​ထောက်​ထား ညှာ​တာ​ခြင်း​မ​ပြု​ရ။ အ​ကာ​အ​ကွယ်​မ​ပေး​ရ။-
DEU 13:9 သူ့​ကို​သတ်​ပစ်​လော့။ သူ့​ကို​သေ​ဒဏ်​စီ​ရင် ရာ​တွင် သင်​သည်​သူ့​ကို​အ​ဦး​ဆုံး​ကျောက်​ခဲ နှင့်​ပစ်​သူ​ဖြစ်​ရ​မည်။ ထို့​နောက်​မှ​အ​ခြား သူ​များ​ကို​ကျောက်​ခဲ​နှင့်​ပစ်​စေ​ရ​မည်။-
DEU 13:10 သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ သင်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ပစ်​ပယ်​စေ​ရန်​သူ​သည်​သွေး​ဆောင် ခဲ့​၏။-
DEU 13:11 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ဤ​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် မည်​သူ မျှ​ထို​ကဲ့​သို့​သော​ဒု​စ​ရိုက်​ကို​နောက်​တစ်​ဖန် ကူး​လွန်​ဝံ့​ကြ​မည်​မ​ဟုတ်​ချေ။''
DEU 13:12 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော မြို့​များ​တွင်​နေ​ထိုင် ကြ​သော​အ​ခါ​သင်​၏​အ​မျိုး​သား​ထဲ​မှ၊-
DEU 13:13 အ​ခြေ​မ​ရှိ​သူ​အ​ချို့​က​တစ်​မြို့​သား​ချင်း တို့​အား ယ​ခင်​က​သူ​တို့​ဝတ်​မ​ပြု​မ​ကိုး ကွယ်​ဘူး​သော ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန်​သွေး​ဆောင်​သည့်​သ​တင်း​ကို​ကြား မိ​လျှင်၊-
DEU 13:14 သင်​တို့​သည်​စေ့​စေ့​စပ်​စပ်​မေး​မြန်း​စုံ​စမ်း လော့။ ထို​ဒု​စ​ရိုက်​ကို​ဧ​ကန်​ပြု​ကြောင်း​စုံ စမ်း​သိ​ရှိ​ရ​သော်၊-
DEU 13:15 ထို​မြို့​သူ​မြို့​သား​အား​လုံး​နှင့်​သူ​တို့​၏​သိုး နွား​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ် သင်​ပစ်​ရ​မည်။ သူ​တို့​နေ​ထိုင်​ရာ​မြို့​ကို​လည်း လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။-
DEU 13:16 ထို​မြို့​သား​တို့​ပိုင်​သော​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို မြို့​စျေး​ကွက်​တွင်​စု​ပုံ​ရ​မည်။ ထို့​နောက်​မြို့ နှင့်​တ​ကွ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​မြို့​ကို​အ​သစ်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။ မြို့​ပျက်​အ​ဖြစ်​အ​စဉ် တည်​ရှိ​စေ​ရ​မည်။-
DEU 13:17 ဖျက်​ဆီး​ပစ်​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​ကို မျှ သင်​တို့​အ​တွက်​သိမ်း​ဆည်း​မ​ထား​ရ။ ထို အ​တိုင်း​ဆောင်​ရွက်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ပြေ​လျက် သင်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​လိမ့်​မည်။ ငါ​ယ​နေ့​သင်​တို့ အား​မှာ​ကြား​သည့်​ပညတ်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​လျက် ကိုယ်​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​တို့​၏​ဘိုး​ဘေး တို့​အား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ကိုယ် တော်​သည်​သင်​တို့​ကို​သ​နား​ကြင်​နာ​၍ သင်​တို့​၏​လူ​မျိုး​ကို​တိုး​ပွား​များ​ပြား စေ​တော်​မူ​လိမ့်​မည်။''
DEU 14:1 ``သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သေ​ဆုံး သူ​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​ကို​ကွဲ​ရှ​ပွန်း​ပဲ့​စေ​ခြင်း၊ ဆံ​ဦး စွန်း​ကို​ရိတ်​ခြင်း​မ​ပြု​ရ။-
DEU 14:2 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး အ​ပေါင်း​တို့​အ​နက် သင်​တို့​အား​မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ရွေး​ကောက်​တော်​မူ​သည်​ဖြစ်​သော ကြောင့် သင်​တို့​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​၏။''
DEU 14:3 ``ထာ​ဝ​ရ​ဘု​ရား​က​မ​သန့်​ဟု​သတ်​မှတ်​သော တိ​ရစ္ဆာန်​ဟူ​သ​မျှ​၏​အ​သား​ကို​မ​စား​ရ။-
DEU 14:4 သင်​တို့​စား​နိုင်​သော​တိ​ရစ္ဆာန်​များ​သည်​ကား နွား၊ သိုး၊ ဆိတ်၊-
DEU 14:5 သ​မင်၊ သိုး​ရိုင်း၊ တော​ဆိတ်၊ ဒ​ရယ်​အ​စ​ရှိ​သော၊-
DEU 14:6 ခွာ​ကွဲ​၍​စား​မြုံ့​ပြန်​တတ်​သော​တိရစ္ဆာန်​များ ဖြစ်​၏။-
DEU 14:7 ခွာ​လည်း​မ​ကွဲ၊ စား​မြုံ့​လည်း​မ​ပြန်​သော​တိ​ရစ္ဆာန် များ​ကို​မ​စားရ။ ကု​လား​အုတ်၊ ယုန်၊ ခွေး​တူ​ဝက်​တူ တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန်​တို့​သည် စား​မြုံ့​ပြန်​တတ်​သော်​လည်း ခွာ​မ​ကွဲ​သ​ဖြင့် မ​သန့်​သော​တိ​ရစ္ဆာန်​များ​ဟူ​၍​မှတ်​ရ​မည်။-
DEU 14:8 ဝက်​သား​ကို​မ​စား​ရ။ ဝက်​သည်​ခွာ​ကွဲ​သော် လည်း​စား​မြုံ့​မ​ပြန်​သော​ကြောင့် မ​သန့်​သော တိ​ရစ္ဆာန်​ဟူ​၍​မှတ်​ရ​မည်။ တား​မြစ်​ထား​သော ဤ​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ယင်း တို့​၏​အ​သေ​ကောင်​များ​ကို​ပင်​လျှင်​မ​ကိုင် တွယ်​ရ။
DEU 14:9 ``သင်​တို့​သည်​ဆူး​တောင်​နှင့်​အကြေး​ရှိ​သော ငါး​ဟူ​သ​မျှ​ကို​စား​နိုင်​သည်။-
DEU 14:10 ဆူး​တောင်​နှင့်​အ​ကြေး​မ​ရှိ​သော​ရေ​သတ္တ​ဝါ များ​ကို​မူ​ကား​မ​စား​ရ။ ယင်း​တို့​ကို​မ​သန့် ဟု​မှတ်​ရ​မည်။
DEU 14:11 ``သင်​တို့​သည် သန့်​စင်​သော​ငှက်​ဟူ​သ​မျှ​ကို စား​နိုင်​သည်။-
DEU 14:12 သင်​တို့​မ​စား​ရ​သော​ငှက်​များ​သည်​ကား​လင်း ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်​မျိုး၊ လင်း​တ၊ ကျီး၊ ငှက် ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက်​ကျား၊ ဗျိုင်း၊ ငှက် ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ​ဘီး​ငှက်၊ လင်း​နို့ စ​သည်​တို့​ဖြစ်​၏။
DEU 14:19 ``အ​တောင်​ရှိ​သော​ပိုး​မွှား​တို့​သည် မ​သန့်​စင် သော​ကြောင့်​မ​စား​ရ။-
DEU 14:20 သန့်​စင်​သော​ပိုး​မွှား​များ​ကို​မူ​ကား​စား​နိုင်​၏။
DEU 14:21 ``အ​လို​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင် သော​လူ​မျိုး​ခြား​တို့​အား ထို​အ​သား​ကို​စား ခွင့်​ပြု​နိုင်​၏။ သို့​မ​ဟုတ်​ထို​အ​သား​ကို​လူ​မျိုး ခြား​တို့​အား​ရောင်း​ခွင့်​ရှိ​သည်။ သင်​တို့​ကို​မူ ကား သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏ လူ​မျိုး​တော်​ဖြစ်​ကြ​၏။ ``သိုး​က​လေး​သို့​မ​ဟုတ်​ဆိတ်​က​လေး​ကို ယင်း​၏​အ​မိ​နို့​ရည်​၌​မ​ချက်​မ​ပြုတ်​ရ။''
DEU 14:22 ``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-
DEU 14:23 ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ရွေး​ချယ်​ထား​တော်​မူ​သော​ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​သွား​၍ ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ သင်​တို့ ဆယ်​ဖို့​တစ်​ဖို့​သီး​သန့်​ဖယ်​ထား​သော​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ နွား​နှင့်​သိုး​တို့​၏​သား ဦး​ပေါက်​များ​ကို​စား​သုံး​ရ​ကြ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရို​သေ ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​သိ​နား​လည်​ကြ လိမ့်​မည်။-
DEU 14:24 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​သ​ဖြင့် ရ​ရှိ​သော​ဝတ္ထု​ပစ္စည်း​ထဲ​မှ​ဆယ်​ဖို့ တစ်​ဖို့​ကို ဘုရား​ဝတ်​ပြု​ရာ​ဌာ​န​သို့​ယူ​ဆောင် သွား​ရန်​ခ​ရီး​ဝေး​လွန်း​လျှင်၊-
DEU 14:25 ထို​ပစ္စည်း​ကို​ရောင်း​ချ​၍​ရ​သော​ငွေ​ကို ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​ယူ သွား​ရ​မည်။-
DEU 14:26 ထို​ငွေ​ဖြင့်​သင်​တို့​နှစ်​သက်​ရာ​အ​မဲ​သား၊ သိုး သား၊ စ​ပျစ်​ရည်၊ အ​ရက်​သေ​ရည်​စ​သည်​တို့ ကို​ဝယ်​၍ ထို​ဌာ​န​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ သင်​နှင့်​သင် တို့​၏​မိ​သား​စု​များ​သည်​ပျော်​ရွှင်​စွာ​စား သောက်​ရ​ကြ​မည်။
DEU 14:27 ``သင်​တို့​၏​မြို့​ရွာ​များ​တွင်​နေ​ထိုင်​ကြ​သော လေ​ဝိ​အ​မျိုး​သား​များ​၌ ကိုယ်​ပိုင်​ပစ္စည်း​ဟူ ၍​မ​ရှိ​သ​ဖြင့်​သူ​တို့​အား​ပြု​ရ​မည့်​ဝတ် မ​ပျက်​စေ​နှင့်။-
DEU 14:28 သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​တို့​သည် ထွက်​သ​မျှ အ​သီး​အ​နှံ​ထဲ​မှ​ဆယ်​ဖို့​တစ်​ဖို့​ကို သင်​တို့ ၏​မြို့​ရွာ​များ​တွင်​စု​ဆောင်း​ထား​ရ​မည်။-
DEU 14:29 ထို​အ​စား​အ​စာ​များ​သည် ကိုယ်​ပိုင်​ပစ္စည်း​ဟူ​၍ မ​ရှိ​သော​လေ​ဝိ​အ​မျိုး​သား​များ၊ သင်​တို့​မြို့ ရွာ​တွင်​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​သား များ၊ မိ​ဘ​မဲ့​က​လေး​များ၊ မု​ဆိုး​မ​များ အ​တွက်​ဖြစ်​သည်။ သူ​တို့​သည်​ထို​အ​စား အ​စာ​များ​မှ လို​အပ်​သ​လောက်​ယူ​၍​စား သုံး​နိုင်​၏။ ဤ​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင် ရွက်​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့် မည်။''
DEU 15:1 ``ခု​နစ်​နှစ်​လျှင်​တစ်​ကြိမ်​မြီ​ရှင်​တို့​သည် မြီ​စား တို့​ထံ​မှ​ရ​ရှိ​ရန်​ရှိ​သော​အ​ကြွေး​ရှိ​သ​မျှ ကို သင်​ပုန်း​ချေ​ပယ်​ပစ်​ရ​မည်။-
DEU 15:2 အ​ကြွေး​များ​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​နည်း ကား​ဤ​သို့​တည်း။ ဣ​သ​ရေ​လ​အမျိုး​သား​ချင်း တစ်​ဦး​အား​ငွေ​ချေး​ထား​သူ​သည် ထို​အ​ကြွေး ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သင်​ပုန်း​ချေ​ပယ်​ဖျက်​ကြောင်း ကြေ​ညာ​ပြီး​ဖြစ်​သော​ကြောင့် အ​ကြွေး​ကို ပြန်​၍​မ​တောင်း​ရ။-
DEU 15:3 လူ​မျိုး​ခြား​များ​ထံ​မှ​အ​ကြွေး​ကို​တောင်း​ယူ နိုင်​သော်​လည်း ကိုယ်​အ​မျိုး​သား​ချင်း​ထံ​မှ အ​ကြွေး​ကို​မူ​ကား​မ​တောင်း​ရ။''
DEU 15:4 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​သော​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင် တို့​အား​ငါ​ယ​နေ့​ပ​ညတ်​သ​မျှ​တို့​ကို​စောင့် ထိန်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျှင် သင်​တို့​လူ​မျိုး​တွင်​မည်​သူ​မျှ မ​ဆင်း​ရဲ​ရ။-
DEU 15:6 ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် သင်​တို့​သည်​လူ​မျိုး​များ​စွာ​တို့​အား ငွေ​ချေး​ရ​လိမ့်​မည်။ သင်​တို့​က​မူ​ကား​သူ​တို့ ထံ​မှ​ချေး​ငှား​ခြင်း​ပြု​ရ​မည်​မ​ဟုတ်။ သင်​တို့ သည်​လူ​မျိုး​များ​စွာ​တို့​ကို​အုပ်​စိုး​ရ​လိမ့် မည်။ မည်​သည့်​လူ​မျိုး​က​မျှ​သင်​တို့​ကို မ​အုပ်​စိုး​ရ။''
DEU 15:7 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး သ​နား​တော်​မူ​သော​ပြည်​ရှိ​မြို့​ရွာ​များ​တွင် ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ​အ​မျိုး သား​ရှိ​လျှင် တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​ပြီး ထို​သူ​အား​မ​စ​ရန်​မ​တွန့်​တို​နှင့်။-
DEU 15:8 စေ​တ​နာ​ထား​၍​သူ​လို​သ​မျှ​ကို​ချေး​ငှား လော့။-
DEU 15:9 အ​ကြွေး​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည့်​နှစ် နီး​လာ​သ​ဖြင့် ထို​သူ​အား​မ​ချေး​ငှား​ဘဲ မ​နေ​နှင့်။ သင်​၌​ထို​ကဲ့​သို့​တွန့်​တို​သော​စိတ် မ​ဝင်​စေ​ရ။ သင်​သည်​သူ့​အား​မ​ချေး​ငှား​လျှင် သူ​သည်​ထာဝရ​ဘုရား​ထံ​တိုင်​တန်း​သ​ဖြင့် သင် သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။-
DEU 15:10 ထို​သူ​အား​တွန့်​တို​သော​စိတ်​မ​ရှိ​ဘဲ​စေ​တ​နာ ဖြင့်​ပေး​ကမ်း​လော့။ ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား သည်​သင်​ပြု​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။-
DEU 15:11 သင်​တို့​တွင်​ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​မြဲ​ရှိ​နေ​မည်။ ထို့​ကြောင့် သူ​တို့​အား ရက်​ရော​စွာ​ပေး​ကမ်း​ရန်​ငါ​ပ​ညတ် ၏။''
DEU 15:12 ``ဣ​သ​ရေ​လ​အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး သ​မီး​တစ်​ဦး​ဦး​သည် သင့်​ထံ​၌​ခြောက်​နှစ် ကျွန်​ခံ​ပြီး​၍​သတ္တမ​နှစ်​သို့​ရောက်​သော​အ​ခါ သူ့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​ခွင့်​ပေး​ရ မည်။-
DEU 15:13 သူ့​ကို​လွတ်​ခွင့်​ပေး​သော​အ​ခါ လက်​ချည်း သက်​သက်​မ​သွား​စေ​ရ။-
DEU 15:14 ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​တို့ ၌​သိုး၊ စ​ပါး၊ စ​ပျစ်​ရည်​ကြွယ်​ဝ​ချမ်း​သာ​သည့် အ​တိုင်း ယင်း​ပစ္စည်း​မှ​သူ့​အား​ရက်​ရော​စွာ​ပေး ကမ်း​လော့။-
DEU 15:15 သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​လွတ်​မြောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဤ​ပညတ်​ကို​သင်​တို့​အား​ပေး​၏။''
DEU 15:16 ``သို့​ရာ​တွင်​ကျွန်​သည် သင်​နှင့်​သင်​၏​မိ​သား​စု ကို​ခင်​မင်​၍​ပျော်​ပိုက်​နေ​သ​ဖြင့် အိမ်​မှ​ထွက် မ​သွား​လို​ပါ​ဟု​ဆို​လျှင်၊-
DEU 15:17 သူ့​ကို​အိမ်​တံ​ခါး​သို့​ခေါ်​ဆောင်​ပြီး​နောက် သူ ၏​နား​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​အ​ခါ​သူ သည်​သင်​ထံ​၌​ရာ​သက်​ပန်​ကျွန်​ခံ​ရ​မည်။ ကျွန်​မိန်း​မ​ကို​လည်း​ထို​နည်း​တူ​ပြု​ရ​မည်။-
DEU 15:18 သင်​သည်​ကျွန်​တစ်​ယောက်​ကို​လွတ်​ခွင့်​ပေး ရာ​၌ စိတ်​အ​နှောင့်​အ​ယှက်​မ​ဖြစ်​စေ​နှင့်။ စင်​စစ်​သူ​သည်​အ​စေ​ခံ​ငှား​ခ​ထက်​ဝက် မျှ​ဖြင့် ခြောက်​နှစ်​ပတ်​လုံး​သင့်​ထံ​၌​ကျွန်​ခံ​ခဲ့​လေ​ပြီ။ ယင်း​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင်​ရွက် သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။''
DEU 15:19 ``သင်​တို့​၏​နွား​နှင့်​သိုး​သား​ဦး​ပေါက်​အ​ထီး ဟူ​သ​မျှ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​သီး​သန့်​ထား​ရ​မည်။ နွား​သား ဦး​ပေါက်​များ​ကို​မ​ခိုင်း​စေ​ရ။ သိုး​သား​ဦး ပေါက်​များ​ကို​လည်း​အ​မွေး​မ​ညှပ်​ရ။-
DEU 15:20 နှစ်​စဉ်​သင်​နှင့်​သင်​၏​မိ​သား​စု​တို့​သည် ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​တွင်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌ ထို​နွား​ဦး​ပေါက်​နှင့် သိုး​ဦး​ပေါက်​တို့​၏​အ​သား​ကို​စား​ရ​မည်။-
DEU 15:21 ထို​နွား​နှင့်​သိုး​တို့​တွင်​ခြေ​ဆွံ့​ခြင်း၊ မျက်​စိ​ကန်း ခြင်း၊ သို့​မ​ဟုတ်​အ​ခြား​သော​အ​နာ​အ​ဆာ တစ်​ခု​ခု​ရှိ​လျှင် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​မ​ပူ​ဇော်​ရ။-
DEU 15:22 ထို​ကဲ့​သို့​သော​တိရစ္ဆာန်​များ​၏​အ​သား​ကို သင် တို့​၏​မြို့​ရွာ​များ​တွင်​စား​နိုင်​သည်။ သင်​တို့​တွင် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ၊ မ​သန့် စင်​သူ​အ​ပေါင်း​တို့​သည်​သ​မင်​သား၊ ဒ​ရယ် သား​ကို​စား​သည့်​နည်း​တူ​ထို​တိ​ရစ္ဆာန်​တို့​၏ အ​သား​ကို​စား​နိုင်​သည်။-
DEU 15:23 သွေး​ကို​မူ​ကား​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့ သို့​သွေး​ကို​မြေ​ပေါ်​မှာ​သွန်​ရ​မည်။''
DEU 16:1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ဗိ​ဗ​ဟု​ခေါ်​သော​လ​တွင်​ညဥ့်​အ​ခါ သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​ခဲ့​သော ကြောင့် ထို​လ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ရန်​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ လော့။-
DEU 16:2 သင်​တို့​သည်​ကိုး​ကွယ်​ရာ​တစ်​ခု​တည်း​သော ဌာ​န​သို့​သွား​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ထို​ဌာ​န​တွင်​နွား​သို့​မ​ဟုတ်​သိုး​ကို​သတ် ၍​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ​လော့။-
DEU 16:3 သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​အ​ဆော​တ​လျင် ထွက်​ခွာ​လာ​ခဲ့​ရ​စဉ်​က တ​ဆေး​မ​ပါ​သော မုန့်​ကို​စား​သ​ကဲ့​သို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ရာ​တွင် တ​ဆေး​မ​ပါ​သော​မုန့်​ကို​ခု​နစ်​ရက်​တိုင်​တိုင် စား​ရ​မည်။ သင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရာ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ရ​သော​နေ့​ကို တစ်​သက်​လုံး​သ​တိ​ရ​စေ​ရန် ဆင်း​ရဲ​ဒုက္ခ တည်း​ဟူ​သော​တ​ဆေး​မ​ပါ​သော​မုန့် ကို​စား​ကြ​လော့။-
DEU 16:4 သင်​တို့​နေ​ထိုင်​ရာ​ပြည်​တွင် ခု​နစ်​ရက်​ပတ် လုံး​မည်​သူ​၏​အိမ်​၌​မျှ​တ​ဆေး​မ​ရှိ​စေ​ရ။ ပ​ထ​မ​နေ့​ည​နေ​တွင်​သတ်​သော​တိရစ္ဆာန်​၏ အ​သား​ကို​လည်း ည​တွင်း​ချင်း​ကုန်​အောင် စား​ရ​မည်။''
DEU 16:5 ``သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​အ​ခြား​နေ​ရာ များ​တွင် ပ​သ​ခါ​ပွဲ​တော်​အ​တွက်​ယဇ်​ကောင် များ​ကို​မ​သတ်​ရ။ ကိုး​ကွယ်​ရာ​တစ်​ခု​တည်း သော​ဌာ​န​၌​သာ​ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​များ ကို​သတ်​ရ​မည်။ သင်​တို့​သည်​နေ​ဝင်​ချိန်​တွင် အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့​ရ​သည်။ သို့​ဖြစ်​၍ နေ​ဝင်​ချိန်​၌​ယဇ်​ကောင်​များ​ကို​သတ်​ရ​မည်။-
DEU 16:7 သင်​တို့​သည်​ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော ဌာ​န​တွင်​ထို​အ​သား​ကို​ပြုတ်​၍​စား​ပြီး လျှင် နောက်​တစ်​နေ့​နံ​နက်​၌​နေ​အိမ်​သို့ ပြန်​ရ​ကြ​မည်။-
DEU 16:8 သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​တ​ဆေး​မ​ပါ သော​မုန့်​ကို​စား​၍​သတ္တ​မ​နေ့​တွင်​စု​ဝေး​လျက် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။
DEU 16:9 ``ကောက်​ပင်​ကို​စ​တင်​ရိတ်​သည့်​အ​ချိန်​မှ​စ​၍ ရက်​သတ္တ​ခုနစ်​ပတ်​ရေ​တွက်​လော့။-
DEU 16:10 ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ကောက်​သိမ်း ပွဲ​တော်​ကို​ကျင်း​ပ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့်​အ​မျှ စေ​တ​နာ​အ​လျောက်​လှူ​ဖွယ်​သ​ကာ​ကို ထို​ပွဲ​တော်​သို့​ယူ​ဆောင်​ဆက်​ကပ်​လော့။-
DEU 16:11 သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လူ​မျိုး​ခြား များ၊ လေ​ဝိ​အ​မျိုး​သား​များ၊ မိ​ဘ​မဲ့​က​လေး များ၊ မု​ဆိုး​မ​များ​နှင့်​တ​ကွ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​ပျော်​ပွဲ​ခံ​ကြ​လော့။ ထို​ပွဲ​တော် ကို​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န​တော် တွင်​ကျင်း​ပ​ရ​မည်။-
DEU 16:12 သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ရန် သ​တိ​ပြု​ကြ​လော့။ သင်​တို့​သည်​အီ​ဂျစ် ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​မ​မေ့​နှင့်။''
DEU 16:13 ``သင်​တို့​သည်​ကောက်​နယ်​တ​လင်း​မှ​စပါး​နှင့် ကျင်း​ထဲ​မှ​စပျစ်​သီး​များ​ကို​နယ်​ပြီး​သည့် အ​ခါ သစ်​သီး​သိမ်း​ပွဲ​တော်​ကို​ခု​နစ်​ရက် ပတ်​လုံး​ကျင်း​ပ​ရ​မည်။-
DEU 16:14 သင်​တို့​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လေ​ဝိ အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ၊ မု​ဆိုး​မ​များ​နှင့်​အ​တူ​တ​ကွ ထို​ပွဲ​တော်​ကို​ကျင်း​ပ​လော့။-
DEU 16:15 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​သည့်​ဤ​ပွဲ​တော်​ကို​ခု​နစ်​ရက် တိုင်​တိုင်​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န တော်​တွင်​ကျင်း​ပ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် အ​သီး​အ​နှံ​ရိတ်​သိမ်း​ရ​သော​ကြောင့်​လည်း ကောင်း၊ သင်​တို့​၏​လုပ်​ငန်း​များ​အောင်​မြင် သော​ကြောင့်​လည်း​ကောင်း​ပျော်​ပွဲ​ခံ​ကြ လော့။''
DEU 16:16 ``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''
DEU 16:18 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သည့်​မြို့​တိုင်း​တွင် တ​ရား သူ​ကြီး​များ​နှင့်​အ​ခြား​အ​ရာ​ရှိ​များ​ကို ခန့်​ထား​ရ​မည်။ ဤ​သူ​တို့​သည်​မျက်​နှာ မ​လိုက်​ဘဲ​တ​ရား​စီ​ရင်​ရ​မည်။-
DEU 16:19 တ​ရား​စီ​ရင်​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​စီ​ရင် ခြင်း၊ မျက်​နှာ​လိုက်​ခြင်း​မ​ပြု​လုပ်​ရ။ တံ​စိုး လက်​ဆောင်​ကို​လည်း​လက်​မ​ခံ​ရ။ တံ​စိုး​လက် ဆောင်​သည်​ပ​ညာ​ရှိ​နှင့်​ဖြောင့်​မတ်​သူ​တို့​၏ မျက်​စိ​ကို​ဖုံး​ကွယ်​စေ​၍ မှား​ယွင်း​စွာ​အ​ဆုံး အ​ဖြတ်​ချ​မှတ်​စေ​တတ်​၏။-
DEU 16:20 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​ကို​သိမ်း​ယူ​၍ ထို ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​နိုင်​အံ့​သော​ငှာ သင်​တို့​သည်​တ​ရား​မျှ​တ​စွာ​အ​စဉ်​ပြု​မူ ကျင့်​ကြံ​ရ​ကြ​မည်။''
DEU 16:21 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​တွက် ယဇ်​ပလ္လင်​ကို​တည်​သော​အ​ခါ​ပလ္လင် အ​နီး​တွင်​အာ​ရှ​ရ​ဘု​ရား​မ​၏​သစ်​တိုင် ကို​မ​စိုက်​မ​ထူ​ရ။-
DEU 16:22 ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကျောက်​တိုင်​ကို​လည်း မ​စိုက်​မ​ထူ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို အ​ရာ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။''
DEU 17:1 ``အ​ပြစ်​အ​နာ​အ​ဆာ​ပါ​ရှိ​သော​နွား​ထီး၊ သို့​မ​ဟုတ်​သိုး​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သို့​သော​ယဇ်​ကောင်​ကို​ရွံ​ရှာ တော်​မူ​၏။''
DEU 17:2 ``အ​ကယ်​၍​သင်​တို့​၏​မြို့​ရွာ​များ​တွင် ယောကျာ်း သို့​မ​ဟုတ်​မိန်း​မ​တစ်​ဦး​ဦး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​လျက် အ​ခြား​သော​ဘု​ရား​များ​နှင့်​နေ၊ လ၊ ကြယ် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ အ​ပြစ် ကူး​လွန်​ကြောင်း​သ​တင်း​ကြား​မိ​လျှင်​စေ့ စေ့​စပ်​စပ်​စုံ​စမ်း​လော့။ ဣ​သ​ရေ​လ​အမျိုး သား​တို့​တွင်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​မှု ပြု​သည်​ကို​ဧ​ကန်​သိ​ရ​သော​အ​ခါ၊-
DEU 17:5 ထို​ဒု​စ​ရိုက်​ကူး​လွန်​သူ​ကို​မြို့​ပြင်​သို့​ထုတ် လျက် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။-
DEU 17:6 သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-
DEU 17:7 သက်​သေ​ခံ​များ​က​ထို​သူ​ကို​ကျောက်​ခဲ​နှင့် အ​ဦး​ဆုံး​ပစ်​ပြီး​မှ​အ​ခြား​သူ​များ​က ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့် ထို​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။''
DEU 17:8 ``ဒေ​သ​ခံ​တ​ရား​သူ​ကြီး​များ​သည် လူ​သတ် မှု​နှင့်​လူ​သေ​မှု​၌​သော်​လည်း​ကောင်း၊ ပစ္စည်း ပိုင်​ဆိုင်​ခွင့်​အမှု​အ​ခင်း​များ​နှင့်​ကိုယ်​ထိ​လက် ရောက်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​သော​အ​မှု​အ​ခင်း များ​၌​သော်​လည်း​ကောင်း အ​ဆုံး​အ​ဖြတ်​ပေး ရန်​ခဲ​ယဉ်း​ခြင်း​ရှိ​သော​အ​ခါ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မူ​သည့်​တစ်​ခု​တည်း​သော​ကိုး​ကွယ် ရာ​ဌာ​န​သို့​သွား​၍၊-
DEU 17:9 လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် တာ​ဝန်​ကျ​တ​ရား​သူကြီး​ထံ​အ​မှု​ကို တင်​ပြ​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ​ရ​မည်။-
DEU 17:10 သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​အ​တိုင်း​အ​တိ အ​ကျ​လိုက်​နာ​ရ​မည်။-
DEU 17:11 သင်​တို့​သည်​သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို လက်​ခံ​၍ ညွှန်​ကြား​ချက်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ရ​မည်။-
DEU 17:12 တာ​ဝန်​ကျ​တ​ရား​သူ​ကြီး​သို့​မ​ဟုတ်​ယဇ် ပု​ရော​ဟိတ်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို မ​နာ ခံ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​လူ​မျိုး​မှ​ထို ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။-
DEU 17:13 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ထို​သ​တင်း ကို​ကြား​၍​ကြောက်​ရွံ့​သ​ဖြင့် ထို​ကဲ့​သို့ နောက်​တစ်​ဖန်​ပြု​ဝံ့​မည်​မ​ဟုတ်​ချေ။''
DEU 17:14 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​နိုင်ငံ​များ နည်း​တူ​ဘု​ရင်​တစ်​ပါး​ကို​နန်း​တင်​လို ကြ​ပေ​လိမ့်​မည်။-
DEU 17:15 ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​သူ ကို​သာ​ဘု​ရင်​တင်​မြှောက်​ရ​မည်။ သူ​သည် သင်​တို့​၏​အ​မျိုး​သား​ချင်း​ထဲ​မှ​ဖြစ်​ရ မည်။ လူ​မျိုး​ခြား​ကို​ဘု​ရင်​မ​တင်​မြှောက်​ရ။-
DEU 17:16 ဘု​ရင်​သည်​သူ​၏​တပ်​မ​တော်​အ​တွက်​မြင်း မြောက်​မြား​စွာ​မ​ထား​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​က မိ​မိ​၏​လူ​မျိုး​ကို​အီ​ဂျစ်​ပြည် သို့​ပြန်​မ​သွား​ရ​ဟု​အ​မိန့်​တော်​ရှိ​သော ကြောင့် ဘု​ရင်​သည်​မြင်း​ဝယ်​ရန်​လူ​များ ကို​ထို​ပြည်​သို့​မ​စေ​လွှတ်​ရ။-
DEU 17:17 ဘု​ရင်​သည်​မ​ယား​များ​စွာ​ရှိ​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​သွား​နိုင်​သ​ဖြင့် သူ​၌​မ​ယား များ​စွာ​မ​ရှိ​စေ​ရ။ ရွှေ၊ ငွေ​လည်း​များ​စွာ မ​ရှိ​စေ​ရ။-
DEU 17:18 ဘု​ရင်​သည်​နန်း​တက်​သော​အ​ခါ​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​တွင် ထား​ရှိ​သော ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​နှင့်​ဆုံး​မ သွန်​သင်​ချက်​များ​ပါ​ရှိ​သည့် ကျမ်း​စာ​ကို မိတ္တူ​ရေး​ကူး​ပြီး​လျှင်​လက်​ဝယ်​၌​ဆောင် ထား​စေ​ရ​မည်။-
DEU 17:19 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ၍ ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​လျှောက်​နိုင်​ရန် ထို​ကျမ်း​စာ​အုပ်​ကို​မိ​မိ အ​နီး​အ​ပါး​တွင်​ထား​လျက် တစ်​သက်​ပတ် လုံး​ဖတ်​ရှု​ရ​မည်။-
DEU 17:20 ဤ​နည်း​အား​ဖြင့်​သူ​သည်​မိ​မိ​၏​အ​မျိုး​သား ချင်း​တို့​ထက် သာ​သည်​ဟူ​၍​မာ​န​ထောင်​လွှား သော​စိတ်​ရှိ​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လည်း​လွန်​ဆန်​မည်​မ​ဟုတ်။ ထို​အ​ခါ​သူ​နှင့်​သူ​၏​အ​ဆက်​အ​နွယ်​တို့ သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အ​ဋ္ဌွန့်​ရှည်​စွာ အုပ်​စိုး​ရ​ကြ​လိမ့်​မည်။''
DEU 18:1 ``ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ဖြစ်​သော​လေဝိ​အ​နွယ် ဝင်​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နယ် မြေ​ဝေ​စု​မ​ရ​ရှိ​စေ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​သော​လှူ ဖွယ်​များ​ကို​သုံး​ဆောင်​ကြ​ရ​မည်။-
DEU 18:2 အ​ခြား​သော​အ​မျိုး​သား​ချင်း​တို့​ကဲ့​သို့​ကိုယ် ပိုင်​နယ်​မြေ​မ​ရှိ​ရ။ သူ​တို့​၏​ရ​ပိုင်​ခွင့်​သည် ကား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့် အ​ခွင့်​ထူး​ပေ​တည်း။''
DEU 18:3 ``နွား​သို့​မ​ဟုတ်​သိုး​ကို​ယဇ်​ပူ​ဇော်​သော​အ​ခါ ပ​ခုံး၊ မေး​ရိုး​နှင့်​အ​စာ​အိမ်​ကို​ယဇ်​ပု​ရော ဟိတ်​တို့​အား​ပေး​ရ​မည်။-
DEU 18:4 စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​နှင့်​သိုး​မွေး​တို့ မှ​အ​ဦး​အ​ဖျား​ဝေ​စု​ကို​လည်း​ပေး​ရ​မည်။-
DEU 18:5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ ထဲ​မှ​လေ​ဝိ​အ​နွယ်​အား မိ​မိ​၏​အ​မှု​တော် ကို​အ​မြဲ​ဆောင်​ရွက်​ရန်​ရွေး​ကောက်​တော် မူ​၏။''
DEU 18:6 ``ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မည်​သည့်​မြို့​မှ​မ​ဆို လေ​ဝိ​အ​မျိုး​သား​မည်​သူ​မ​ဆို တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား​ရောက်​၍၊-
DEU 18:7 ထို​ဌာ​န​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​ဆောင် လျက်​ရှိ​သည့် အ​ခြား​လေဝိ​အမျိုး​သား​များ နည်း​တူ​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ သည်။-
DEU 18:8 သူ​သည်​အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​များ​ရ ရှိ​သော​အ​စား​အ​စာ​ဝေ​စု​အ​တိုင်း​ရ​ရှိ​ရ မည့်​အ​ပြင် မိ​မိ​၏​မိ​သား​စု​ထံ​မှ​ပေး​ပို့ သ​မျှ​ကို​လည်း​ရ​ယူ​နိုင်​ခွင့်​ရှိ​သည်။''
DEU 18:9 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့​ရောက်​ရှိ​ကြ သော​အ​ခါ သင်​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင် သည့် လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​သော​အ​လေ့ အ​ကျင့်​များ​ကို​မ​ကျင့်​ကြ​နှင့်။-
DEU 18:10 သင်​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​မ​ပူ​ဇော်​ရ။ သင်​တို့​သည်​မှော်​အ​တတ်၊ ဗေ​ဒင်​အ​တတ်၊ စုန်း​က​ဝေ​အ​တတ်၊-
DEU 18:11 အင်း​အိုင်​လက်​ဖွဲ့​စီ​ရင်​သည့်​အ​တတ်​နှင့်​သေ သူ​တို့​ထံ မေး​မြန်း​သည့်​အ​တတ်​တို့​ကို​မ​ကျင့် သုံး​ရ။-
DEU 18:12 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ကဲ့​သို့​သော​ဋ္ဌ​လေ့​ကို​ကျင့်​သော​လူ​မျိုး​များ ကို​ရွံ​ရှာ​တော်​မူ​သော​ကြောင့် သင်​တို့​ချီ​တက် ရာ​လမ်း​ကြောင်း​မှ​သူ​တို့​ကို​နှင်​ထုတ်​လျက် ရှိ​တော်​မူ​၏။-
DEU 18:13 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကြွင်း မဲ့​သစ္စာ​ရှိ​ကြ​လော့'' ဟု​ဆို​၏။
DEU 18:14 ထို့​နောက်​မော​ရှေ​က``သင်​တို့​သိမ်း​ယူ​မည့်​ပြည် တွင်​နေ​ထိုင်​သူ​တို့​သည်​မှော်​ဆ​ရာ၊ ဗေ​ဒင် ဆ​ရာ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​တောင်း​ခံ​လေ့ ရှိ​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​တောင်း​ခံ​ခြင်း ကို​သင်​တို့​အား​ခွင့်​ပြု​တော်​မ​မူ။-
DEU 18:15 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​သား​ချင်း ထဲ​မှ ငါ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ကို စေ​လွှတ်​တော်​မူ​မည်​ဖြစ်​ရာ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့။''
DEU 18:16 ``သင်​တို့​သည်​သိ​နာ​တောင်​တွင်​စု​ရုံး​ရောက် ရှိ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​သံ ကို​နောက်​တစ်​ဖန်​မ​ကြား​ပါ​ရ​စေ​နှင့်။ မီး​လျှံ ကြီး​ကို​လည်း နောက်​တစ်​ဖန်​မ​မြင်​ပါ​ရ​စေ နှင့်​ဟူ​၍​တောင်း​ပန်​ခဲ့​ကြ​၏။ ကိုယ်​တော်​၏ အ​သံ​တော်​နှင့်​မီး​လျှံ​ကို​ကြား​ရ​မြင်​ရ လျှင် သင်​တို့​သေ​မည်​ကို​စိုး​ရိမ်​သော​ကြောင့် ယင်း​သို့​တောင်း​ပန်​ခြင်း​ဖြစ်​၏။-
DEU 18:17 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သူ​တို့ ၏​လျှောက်​ထား​ချက်​သည်​သင့်​မြတ်​ပေ​၏။-
DEU 18:18 ငါ​သည်​သူ​တို့​၏​သား​ချင်း​ထဲ​မှ သင်​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​စေ​လွှတ်​မည်။ သူ့ အား​ငါ​ပ​ညတ်​သ​မျှ​တို့​ကို သူ​သည်​လူ တို့​အား​ဆင့်​ဆို​လိမ့်​မည်။-
DEU 18:19 သူ​သည်​ငါ​၏​အ​ခွင့်​အာ​ဏာ​နှင့်​ဆင့်​ဆို​လိမ့် မည်။ ထို့​ကြောင့်​သူ​၏​စကား​ကို​နား​မ​ထောင် သော​သူ​အား​ငါ​ဒဏ်​ခတ်​မည်။-
DEU 18:20 ငါ​၏​အ​ခွင့်​အာ​ဏာ​မ​ရ​ဘဲ​နှင့် လူ​တို့​အား ဆင့်​ဆို​သော​ပ​ရော​ဖက်​သည်​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား​များ​၏​အ​ခွင့်​အာ​ဏာ ဖြင့် ဆင့်​ဆို​သော​ပ​ရော​ဖက်​သည်​လည်း​ကောင်း သေ​ဒဏ်​ခံ​စေ​ရ​မည်' ဟု​မိန့်​တော်​မူ​၏။''
DEU 18:21 ``ပ​ရော​ဖက်​တစ်​ဦး​က​ဆင့်​ဆို​သော​စ​ကား​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​လာ သည်​ကို​သင်​တို့​သိ​လို​လိမ့်​မည်။-
DEU 18:22 သူ​ဆင့်​ဆို​သော​စ​ကား​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​လာ​လျှင် သူ​၏​ဆင့်​ဆို​ချက်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​ဟုတ်။ သူ​သည်​မိ​မိ ၏​အ​ခွင့်​အာ​ဏာ​ဖြင့်​သာ​ဆင့်​ဆို​ခြင်း​ဖြစ်​၍ သင် တို့​သည်​သူ့​ကို​မ​ကြောက်​နှင့်။''
DEU 19:1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​တော်​မူ​မည့်​ပြည် တွင်​နေ​ထိုင်​သော​လူ​မျိုး​တို့​ကို သုတ်​သင်​ပယ် ရှင်း​ပြီး​နောက်​သင်​တို့​သည်​သူ​တို့​၏​မြို့​များ နှင့်​အိမ်​များ​ကို​သိမ်း​ယူ​နေ​ထိုင်​ကြ​သော အ​ခါ၊-
DEU 19:2 ထို​ပြည်​ကို​သုံး​ပိုင်း​ပိုင်း​၍​တစ်​ပိုင်း​စီ​တွင် လွယ် ကူ​စွာ​သွား​ရောက်​နိုင်​သော​မြို့​တစ်​မြို့​ကို​ရွေး ချယ်​လော့။ လူ​တစ်​စုံ​တစ်​ယောက်​ကို​သတ်​မိ သော​သူ​သည် ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ပြေး​၍​ခို​လှုံ​နိုင်​သည်။-
DEU 19:4 လူ​တစ်​ယောက်​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ်​သူ အား မ​တော်​တ​ဆ​သတ်​မိ​ခဲ့​သည်​ရှိ​သော်​သူ သည် ထို​မြို့​များ​အနက်​တစ်​မြို့​မြို့​သို့​ထွက် ပြေး​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ရှိ​နိုင်​သည်။-
DEU 19:5 ပ​မာ​အား​ဖြင့်​လူ​နှစ်​ယောက်​တို့​သည်​တော ထဲ​သို့​သစ်​ခုတ်​ရန်​အ​တူ​သွား​ကြ​ရာ​၌ တစ် ယောက်​က​သစ်​ပင်​ကို​ခုတ်​လှဲ​နေ​စဉ်​ပု​ဆိန် သွား​သည်​အ​ရိုး​မှ​ကျွတ်​ထွက်​၍ အ​ခြား တစ်​ယောက်​ကို​ထိ​မှန်​သ​ဖြင့် ထို​သူ​သေ​လျှင် သတ်​မိ​သူ​သည်​ထို​သုံး​မြို့​အ​နက် တစ်​မြို့ မြို့​သို့​ထွက်​ပြေး​လျှင်​အ​သက်​ချမ်း​သာ ခွင့်​ရ​ရှိ​နိုင်​သည်။-
DEU 19:6 အ​ကယ်​၍​ခို​လှုံ​ရာ​မြို့​တစ်​မြို့​တည်း​သာ​ရှိ လျှင် ခ​ရီး​ကွာ​ဝေး​လှ​သော​ကြောင့်​သေ​သူ အ​တွက်​လက်​စား​ချေ​လို​သူ​က သတ်​သူ​နောက် သို့​လိုက်​၍​မီ​သော်​ဒေါ​သ​အ​လျောက်​အ​ပြစ် မဲ့​သူ​တစ်​ယောက်​ကို​သတ်​မိ​နိုင်​သည်။ စင်​စစ် အား​ဖြင့်​ထို​သူ​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ် သူ​ကို​မ​တော်​တ​ဆ​သတ်​မိ​ခြင်း​သာ​ဖြစ်​၏။-
DEU 19:7 ထို​ကြောင့်​ငါ​သည်​သင်​တို့​အား​မြို့​သုံး​မြို့ ကို သီး​သန့်​သတ်​မှတ်​ထား​ရှိ​စေ​ခြင်း​ဖြစ် သည်။''
DEU 19:8 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ သည့်​အ​တိုင်း သင်​တို့​၏​နယ်​ကျယ်​ပြန့်​လာ​ပြီး လျှင် ကတိ​ထား​တော်​မူ​သော​မြေ​အား​လုံး ကို​အ​ပိုင်​ရ​ရှိ​သော​အ​ခါ၊-
DEU 19:9 ခို​လှုံ​ရာ​မြို့​သုံး​မြို့​ကို​ထပ်​မံ​၍​ရွေး​ချယ်​ရ မည်။ သင်​တို့​သည်​ငါ​ယ​ခု​မိန့်​မှာ​သ​မျှ​ကို သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ် မြတ်​နိုး​လျက် ကိုယ်​တော်​၏​သွန်​သင်​ချက်​များ အ​တိုင်း​လိုက်​လျှောက်​လျှင် ထာ​ဝ​ရ​ဘု​ရား သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​နား တော်​မူ​လိမ့်​မည်။-
DEU 19:10 ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် အ​ပြစ်​မဲ့​သူ​များ​အသက် မ​ဆုံး​ရ။ သင်​တို့​သည်​လည်း​အ​ပြစ်​မဲ့​သူ​များ ကို သေ​စေ​သည့်​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။''
DEU 19:11 ``သို့​ရာ​တွင်​လူ​တစ်​ယောက်​သည် ရန်​သူ​ကို​အငြိုး ထား​၍​ချောင်း​မြောင်း​သတ်​ဖြတ်​ပြီး​လျှင် ထို​မြို့ တစ်​မြို့​သို့​ထွက်​ပြေး​ခို​လှုံ​သည့်​အ​ခါ​၌​မူ ကား၊-
DEU 19:12 သူ​နေ​ရင်း​မြို့​မှ​အ​ကြီး​အ​ကဲ​တို့​သည်​သူ့ အား​ခေါ်​ဆောင်​စေ​ပြီး​လျှင် သေ​ဒဏ်​ခတ်​ရန် သေ​သူ​အ​တွက်​လက်​စား​ချေ​မည့်​သူ​လက် သို့​အပ်​ရ​မည်။-
DEU 19:13 သူ့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ သင်​တို့​သည် အေး​ချမ်း​စွာ​နေ​ထိုင်​နိုင်​ရန် ဣ​သ​ရေ​လ​လူ မျိုး​ထဲ​မှ​ထို​လူ​သတ်​သ​မား​ကို​ဖယ်​ရှား​ပစ် ရ​မည်။''
DEU 19:14 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် ရှေး​အ​ခါ က​စိုက်​ထား​သည့်​သင်​၏​အိမ်​နီး​ချင်း​ပိုင် မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။''
DEU 19:15 ``သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ဆို​ချက်​ဖြင့် လူ​တစ်​ယောက်​အား ပြစ်​မှု​ကူး​လွန်​သည်​ဟု မ​စီ​ရင်​ရ။ အ​နည်း​ဆုံး​သက်​သေ​နှစ်​ဦး​ရှိ မှ​လူ​တစ်​ယောက်​အား အ​ပြစ်​ရှိ​သည်​ဟု ဆုံး​ဖြတ်​ရ​မည်။-
DEU 19:16 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ခြား​သူ တစ်​ယောက်​အား​ပြစ်​မှု​ကူး​လွန်​သည်​ဟူ ၍​မ​တ​ရား​စွပ်​စွဲ​လျှင်၊-
DEU 19:17 ထို​သူ​နှစ်​ဦး​တို့​သည် တစ်​ခု​တည်း​သော​ကိုး ကွယ်​ရာ​ဌာ​န​၌​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် များ​နှင့် တ​ရား​သူ​ကြီး​များ​ထံ​တွင်​အ​စစ် ခံ​ရ​မည်။-
DEU 19:18 တ​ရား​သူ​ကြီး​တို့​သည်​အ​မှု​ကို​စေ့​စပ်​စွာ စစ်​ဆေး​၍ ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​အား မ​တ​ရား​စွပ်​စွဲ​ကြောင်း​စစ် ဆေး​တွေ့​ရှိ​ရ​လျှင်၊-
DEU 19:19 အ​စွပ်​စွဲ​ခံ​ရ​သူ​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​ကို​သူ့ အား​ခံ​စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ထို​သို့​သော​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။-
DEU 19:20 လူ​အ​ပေါင်း​တို့​သည်​ထို​သတင်း​ကို​ကြား​ရ သ​ဖြင့် ကြောက်​ရွံ့​၍​နောင်​အ​ခါ​ထို​သို့​သော ဒု​စ​ရိုက်​ကို​ပြု​လုပ်​ဝံ့​ကြ​မည်​မ​ဟုတ်။-
DEU 19:21 ယင်း​သို့​သော​အ​မှု​များ​ကို​စီ​ရင်​ရာ​၌​သ​နား ညှာ​တာ​မှု​မ​ရှိ​စေ​ရ။ သူ​တစ်​ပါး​အ​သက်​ကို သတ်​လျှင် သေ​စား​သေ​စေ။ မျက်​စိ​ကို​ဖျက်​လျှင် မျက်​စိ​ဖျက်​ခံ​စေ။ သွား​ကို​ချိုး​လျှင်​သွား​ချိုး ခံ​စေ။ လက်​ကို​ချိုး​လျှင်​လက်​ချိုး​ခံ​စေ။ ခြေ ကို​ချိုး​လျှင်​ခြေ​ချိုး​ခံ​စေ။''
DEU 20:1 ``သင်​တို့​သည်​ရန်​သူ​ကို​ချီ​တက်​တိုက်​ခိုက် ရာ​၌ သင်​တို့​ထက်​အင်​အား​ကြီး​မား​သော ရ​ထား​တပ်၊ မြင်း​တပ်​နှင့်​ခြေ​လျင်​တပ်​တို့ နှင့်​ရင်​ဆိုင်​ရ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။-
DEU 20:2 စစ်​ပွဲ​မ​ဝင်​မီ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် စစ်​တပ်​ရှေ့​သို့​ထွက်​၍၊-
DEU 20:3 `ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​လော့။ ယ​နေ့​သင်​တို့​သည်​စစ်​ပွဲ​ထဲ​သို့​ဝင်​ရ​အံ့။ စိတ် ပျက်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​မ​ရှိ​ကြ​နှင့်။-
DEU 20:4 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​အား​အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​လိမ့်​မည်' ဟု​တပ်​သား​တို့​ကို​အား​ပေး​နှိုး​ဆော်​ရ​မည်။
DEU 20:5 ``ထို​နောက်​စစ်​ဗိုလ်​များ​က`သင်​တို့​တွင်​အိမ် သစ်​တစ်​ဆောင်​ကို​ဆောက်​၍ ဘု​ရား​သ​ခင်​ထံ ဆက်​ကပ်​ခြင်း​မ​ပြု​ရ​သေး​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော်​အ​ခြား​သူ​တစ်​ယောက်​က သူ့​အိမ် ကို​ဘု​ရား​သ​ခင်​ထံ​ဆက်​ကပ်​ရ​လိမ့်​မည်။-
DEU 20:6 သင်​တို့​တွင်​စပျစ်​ခြံ​ကို​စိုက်​၍​အ​သီး​ကို​မ​စု သိမ်း​ရ​သေး​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည် အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ်​လျှင်​အ​ကယ်​၍​သူ သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သော် အ​ခြား​သူ တစ်​ယောက်​က​ခြံ​ထွက်​စ​ပျစ်​သီး​ကို​စား​ရ လိမ့်​မည်။-
DEU 20:7 သင်​တို့​တွင်​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ရန် စေ့​စပ်​ထား​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည် အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ်​လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သော် အ​ခြား သူ​တစ်​ယောက်​က​ထို​အ​မျိုး​သ​မီး​ကို​ထိမ်း မြား​လက်​ထပ်​လိမ့်​မည်' ဟု​တပ်​သား​တို့​အား ပြော​ဆို​ရ​မည်။
DEU 20:8 ``စစ်​ဗိုလ်​များ​က​ဆက်​လက်​၍`သင်​တို့​တွင် သူ​ရဲ​ဘော​နည်း​၍​ကြောက်​ရွံ့​သော​သူ​ရှိ သ​လော။ ရှိ​လျှင်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​သူ့​ကြောင့် အ​ခြား​သူ​တို့​စိတ်​ဋ္ဌာတ်​ကျ ဆင်း​လိမ့်​မည်​ဟု​တပ်​သား​တို့​အား​ပြော ဆို​ရ​မည်။-
DEU 20:9 စစ်​ဗိုလ်​များ​က​တပ်​သား​တို့​အား​ပြော​ဆို​ပြီး နောက်​တပ်​ခွဲ​တစ်​ခု​စီ​မှ​ခေါင်း​ဆောင်​များ​ကို ရွေး​ချယ်​ခန့်​ထား​ရ​မည်။
DEU 20:10 ``သင်​တို့​သည်​မြို့​တစ်​မြို့​ကို​စစ်​ချီ​တိုက်​ခိုက် သော​အ​ခါ ပ​ထ​မ​ဦး​စွာ​မြို့​သား​တို့​အား လက်​နက်​ချ​ခွင့်​ပေး​ရ​မည်။-
DEU 20:11 သူ​တို့​က​မြို့​တံ​ခါး​များ​ကို​ဖွင့်​၍​လက်​နက် ချ​လျှင် သူ​တို့​သည်​သင်​တို့​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ရ​သော​သင်​တို့​၏​ကျွန်​များ​ဖြစ် ရ​မည်။-
DEU 20:12 သို့​ရာ​တွင်​ထို​မြို့​သား​တို့​သည်​လက်​နက် မ​ချ​ဘဲ​ခု​ခံ​တိုက်​ခိုက်​မည်​ဆို​လျှင် သင်​တို့ ၏​စစ်​တပ်​သည်​မြို့​ကို​ဝိုင်း​ထား​ရ​မည်။-
DEU 20:13 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​မြို့​ကို​သိမ်း​ယူ​စေ​သော​အ​ခါ မြို့​ထဲ​၌​ရှိ​သော​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
DEU 20:14 သို့​ရာ​တွင်​မိန်း​မ​များ၊ က​လေး​များ၊ သိုး​နွား စ​သော​တိ​ရစ္ဆာန်​များ​နှင့်​မြို့​တွင်း​၌​ရှိ​သ​မျှ သော​ပစ္စည်း​များ​ကို သင်​တို့​အ​တွက်​သိမ်း​ယူ နိုင်​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​ပိုင်​သ​မျှ ပစ္စည်း​အား​လုံး​ကို သင်​တို့​သုံး​စွဲ​ရန်​သင်​တို့ လက်​သို့​ပေး​အပ်​တော်​မူ​၏။-
DEU 20:15 သင်​တို့​နေ​ထိုင်​မည့်​ပြည်​နှင့်​အ​လှမ်း​ဝေး​သော မြို့​များ​ကို ဤ​နည်း​အ​တိုင်း​တိုက်​ခိုက်​သိမ်း​ပိုက် ရ​မည်။
DEU 20:16 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
DEU 20:17 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-
DEU 20:18 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ကိုး​ကွယ်​မှု​ဆိုင်​ရာ စက်​ဆုပ်​ဖွယ်​သော​အ​လေ့​အ​ကျင့်​များ​ကို သင် တို့​အား​သင်​ကြား​ပေး​သ​ဖြင့်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​လိမ့်​မည်။ ထို့ ကြောင့်​သူ​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။
DEU 20:19 ``သင်​တို့​သည်​မြို့​တစ်​မြို့​ကို ကြာ​မြင့်​စွာ​တပ် ချ​ဝိုင်း​ထား​ရ​သည့်​အ​ခါ​အ​သီး​ပင်​များ ကို​မ​ခုတ်​လှဲ​ရ။ အ​သီး​ကို​စား​နိုင်​သည်။ ထို အ​ပင်​များ​သည်​သင်​တို့​၏​ရန်​သူ​များ​မ​ဟုတ် သ​ဖြင့်​မ​ဖျက်​ဆီး​နှင့်။-
DEU 20:20 မြို့​ကို​ကျ​ဆုံး​သည်​အ​ထိ​တိုက်​ခိုက်​ရန်​ခံ​တပ် ဆောက်​လုပ်​ရေး​အ​တွက် အ​ခြား​သစ်​ပင်​များ ကို​ခုတ်​လှဲ​နိုင်​သည်။
DEU 21:1 ``အ​ကယ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် ကွင်း​ပြင်​၌ လက်​သည်​မ​ပေါ်​သော​လူ​သေ​အ​လောင်း​တစ်​ခု ကို​တွေ့​ရ​အံ့။-
DEU 21:2 သင်​တို့​၏​အ​ကြီး​အ​ကဲ​များ​နှင့်​တ​ရား​သူ ကြီး​တို့​သည်​ကွင်း​ဆင်း​၍ လူ​သေ​အ​လောင်း တွေ့​ရှိ​သော​အ​ရပ်​နှင့်​နီး​စပ်​ရာ​မြို့​များ​၏ အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ရ​မည်။-
DEU 21:3 ထို့​နောက်​အ​လောင်း​နှင့်​အနီး​ဆုံး​မြို့​မှ​အ​ကြီး အ​ကဲ​တို့​သည် ထမ်း​ပိုး​မ​တင်​ရ​သေး​သော နွား​မ​တမ်း​မ​တစ်​ကောင်​ကို​ရွေး​ရ​မည်။-
DEU 21:4 ထို​နွား​မ​ကို​ရေ​မ​ခန်း​သည့်​ချောင်း​အ​နီး ရှိ​မြေ​ရိုင်း​တစ်​ကွက်​သို့​ခေါ်​ဆောင်​၍ ထို နေ​ရာ​တွင်​နွား​မ​၏​လည်​ကို​ချိုး​၍​သတ် ရ​မည်။-
DEU 21:5 လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထို အ​ရပ်​သို့​သွား​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​လက်​ရောက်​ကူး​လွန်​မှု​မှန်​သ​မျှ​တွင် သူ တို့​စီ​ရင်​ဆုံး​ဖြတ်​ရ​သော​ကြောင့်​တည်း။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​အား​အ​မှု​တော်​ကို​ဆောင်​ရန်​နှင့် ထာ​ဝ​ရ ဘု​ရား​၏​အ​ခွင့်​အာ​ဏာ​ဖြင့်​ကောင်း​ချီး ပေး​ရန်​ရွေး​ကောက်​ထား​တော်​မူ​၏။-
DEU 21:6 ထို့​နောက်​လူ​သေ​အ​လောင်း​တွေ့​ရှိ​ရာ​အ​ရပ် နှင့်​အ​နီး​ဆုံး​မြို့​မှ​အ​ကြီး​အ​ကဲ​အ​ပေါင်း တို့​သည် နွား​မ​အ​ပေါ်​တွင်​လက်​ကို​ရေ​ဆေး လျက်၊-
DEU 21:7 `အ​ကျွန်ုပ်​တို့​သည်​ထို​သူ​ကို​မ​သတ်​ပါ။ မည်​သူ​သတ်​သည်​ဟူ​၍​အ​ကျွန်ုပ်​တို့​မ​သိ ပါ။-
DEU 21:8 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အီဂျစ်​ပြည် မှ​ကယ်​တင်​ခဲ့​သော ဣ​သ​ရေ​လ​လူ​မျိုး​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ တစ်​ယောက်​ကို​သတ်​သော​အ​ပြစ်​သည် အ​ကျွန်ုပ် တို့​အ​ပေါ်​တွင်​မ​ကျ​ရောက်​ပါ​စေ​နှင့်' ဟု ဆို​ရ​မည်။-
DEU 21:9 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​ခြင်း​ဖြင့် သင်​တို့​သည် လူ​အ​သက်​ကို​သတ်​ခြင်း​အပြစ်​မှ​ကင်း လွတ်​ကြ​လိမ့်​မည်။''
DEU 21:10 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် စစ်​ပွဲ​အောင်​စေ​သ​ဖြင့် သင်​တို့​သည် သုံ့​ပန်း​များ​ကို​လက်​ရ​ဖမ်း​ဆီး​မိ​သော အ​ခါ၊-
DEU 21:11 သုံ့​ပန်း​များ​ထဲ​မှ​ရုပ်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ကို​မြင်​၍ နှစ်​သက်​သ​ဖြင့်​လက်​ထပ်​ယူ လို​ပေ​လိမ့်​မည်။-
DEU 21:12 သူ့​ကို​သင်​၏​အိမ်​သို့​ခေါ်​ဆောင်​၍​သူ​၏​ဆံ​ပင် ကို​ရိတ်​စေ​ရ​မည်။ လက်​သည်း​များ​ကို​လှီး​စေ ရ​မည်။-
DEU 21:13 အ​ဝတ်​အ​စား​များ​ကို​လဲ​စေ​ရ​မည်။ သူ​သည် သင်​၏​အိမ်​တွင်​နေ​ထိုင်​၍ သူ​၏​မိ​ဘ​များ အ​တွက်​တစ်​လ​ကြာ​မျှ​ဝမ်း​နည်း​ပူ​ဆွေး စေ​ရ​မည်။-
DEU 21:14 ထို့​နောက်​သင်​သည်​သူ့​ကို​မ​ယား​အ​ဖြစ်​သိမ်း ပိုက်​နိုင်​သည်။ နောင်​အ​ခါ​သူ​နှင့်​မ​ပေါင်း​သင်း လို​လျှင် လွတ်​လပ်​စွာ​သွား​ခွင့်​ပြု​ရ​မည်။ သင် သည်​သူ့​အား​မ​ယား​အ​ဖြစ်​အ​တင်း​အ​ဋ္ဌမ္မ သိမ်း​ပိုက်​ခဲ့​သည်​ဖြစ်​သော​ကြောင့် ကျွန်​အ​ဖြစ် မ​စေ​စား​ရ။ ငွေ​နှင့်​လည်း​မ​ရောင်း​ရ။''
DEU 21:15 ``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​တွင်​မ​ယား​နှစ် ယောက်​ရှိ​လျှင် မ​ယား​နှစ်​ယောက်​စ​လုံး​တွင် သား​ယောကျာ်း​များ​ဖွား​မြင်​အံ့။ သား​ဦး​သည် သူ​ပို​၍​ချစ်​သော​မ​ယား​၏​သား​မ​ဟုတ်။-
DEU 21:16 ထို​သူ​သည်​မိ​မိ​၏​သား​တို့​အား​အ​မွေ​ခွဲ​ဝေ ပေး​သော​အ​ခါ သူ​ပို​၍​ချစ်​သော​မယား​၏​သား အား​သား​ဦး​ရ​ထိုက်​သော​ဝေ​စု​ကို​မ​ပေး​ရ။-
DEU 21:17 သား​ဦး​သည်​သူ​ပို​၍​ချစ်​သော​မယား​၏​သား မ​ဟုတ်​သော်​လည်း သူ​ရ​သင့်​ရ​ထိုက်​သော​အမွေ ဥစ္စာ​နှစ်​ဆ​ကို​ပေး​ရ​မည်။ ထို​သား​သည်​သား ဦး​ဖြစ်​သည်​ကို​အ​သိ​အ​မှတ်​ပြု​လျက် သူ့ အား​တ​ရား​ဝင်​ရ​ထိုက်​သော​ဝေ​စု​ကို​ပေး ရ​မည်။''
DEU 21:18 ``မိ​ဘ​တို့​ဆုံး​မ​သော်​လည်း​မ​နာ​ခံ ခေါင်း​မာ​၍ တော်​လှန်​တတ်​သော​သား​ရှိ​လျှင်၊-
DEU 21:19 မိ​ဘ​တို့​သည်​ထို​သား​ကို​မြို့​၏​အ​ကြီး အ​ကဲ​တို့​ထံ​တွင်​အ​စစ်​ဆေး​ခံ​စေ​ရ​မည်။-
DEU 21:20 မိ​ဘ​တို့​က`အ​ကျွန်ုပ်​တို့​၏​သား​သည်​ခေါင်း မာ​၍​မိ​ဘ​ကို​တော်​လှန်​၍ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​ပါ။ ငွေ​ကို​ဖြုန်း​တီး​၍​အ​ရက် သေ​စာ​သောက်​ကြူး​ပါ​သည်' ဟူ​၍​လျှောက် ဆို​ရ​မည်။-
DEU 21:21 ထို့​နောက်​မြို့​သား​အ​ပေါင်း​တို့​က ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထို​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် ကြောက်​ရွံ့​ကြ​လိမ့်​မည်။''
DEU 21:22 ``သေ​ဒဏ်​ထိုက်​သော​ပြစ်​မှု​ကြောင့် အ​သေ သတ်​ခြင်း​ခံ​ရ​သူ​၏​အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​လျှင်၊-
DEU 21:23 ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''
DEU 22:1 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​၏ နွား​သို့​မ​ဟုတ်​သိုး​တစ်​ကောင်​သည် မျက်​စိ လည်​လမ်း​မှား​နေ​သည်​ကို​တွေ့​ရ​လျှင် မ​မြင် ယောင်​ဆောင်​၍​မ​နေ​ဘဲ​ပိုင်​ရှင်​ထံ​သို့​ပြန် ပို့​ရ​မည်။-
DEU 22:2 ထို​ပိုင်​ရှင်​နေ​ထိုင်​ရာ​အ​ရပ်​သည်​ခ​ရီး​ဝေး လျှင်​သော်​လည်း​ကောင်း၊ ပိုင်​ရှင်​မှာ​မည်​သူ​ဖြစ် ကြောင်း​မ​သိ​လျှင်​သော်​လည်း​ကောင်း ထို​နွား သို့​မ​ဟုတ်​သိုး​ကို​သင်​၏​အိမ်​သို့​ယူ​ဆောင် ခဲ့​လော့။ ပိုင်​ရှင်​ပေါ်​လျှင်​ပြန်​အပ်​လော့။-
DEU 22:3 ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း​ဖြစ် စေ၊ အ​ဝတ်​အ​ထည်​ဖြစ်​စေ၊ အ​ခြား​အ​ရာ တစ်​စုံ​တစ်​ခု​ဖြစ်​စေ​ပျောက်​ဆုံး​၍ သင်​တွေ့ လျှင်​ထို​နည်း​အ​တိုင်း​ဆောင်​ရွက်​ရ​မည်။''
DEU 22:4 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း သို့​မ​ဟုတ်​နွား​သည် လမ်း​ပေါ်​တွင်​လဲ​နေ လျှင်​သင်​သည်​မ​ကူ​ညီ​ဘဲ​မ​နေ​နှင့်။ ဝိုင်း ၍​ထူ​ပေး​လော့။''
DEU 22:5 ``အ​မျိုး​သ​မီး​တို့​သည်​ယောကျာ်း​တို့​၏ အ​ဝတ်​ကို​မ​ဝတ်​ရ။ ယောကျာ်း​တို့​သည်​လည်း အ​မျိုး​သ​မီး​တို့​၏​အ​ဝတ်​ကို​မ​ဝတ်​ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​သို့​ဝတ်​ဆင်​သော​သူ​များ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
DEU 22:6 ``သင်​သည်​ငှက်​သိုက်​တစ်​ခု​ကို​သစ်​ပင်​ပေါ် ၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ၊ တွေ့​၍ ငှက်​မ​သည်​ဥ​များ​သို့​မ​ဟုတ်​ငှက်​က​လေး များ​ပေါ်​တွင်​ဝပ်​နေ​လျှင် ငှက်​မ​ကို​မ​ဖမ်း ယူ​ရ။-
DEU 22:7 ငှက်​က​လေး​များ​ကို​မူ​ဖမ်း​ယူ​နိုင်​သည်။ သို့ ရာ​တွင်​ငှက်​မ​ကို​လွှတ်​ရ​မည်။ ထို​သို့​ပြု​လျှင် သင်​သည်​အ​သက်​ရှည်​၍​ကြွယ်​ဝ​ချမ်း​သာ လိမ့်​မည်။
DEU 22:8 ``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။
DEU 22:9 ``စ​ပျစ်​ပင်​နှင့်​အ​တူ အ​ခြား​အ​သီး​အ​နှံ ပင်​မ​စိုက်​ရ။ ထို​သို့​စိုက်​လျှင်​စ​ပျစ်​သီး နှင့်​အ​ခြား​အ​သီး​အ​နှံ​ပင်​ကို​မ​စား သုံး​ရ။
DEU 22:10 ``နွား​နှင့်​မြင်း​တပ်​၍​ထယ်​မ​ထွန်​ရ။
DEU 22:11 ``သိုး​မွေး​နှင့်​ချည်​စပ်​၍​ရက်​သော​အ​ထည် ကို​မ​ဝတ်​ရ။
DEU 22:12 ``သင်​၏​ခြုံ​ထည်​ထောင့်​လေး​ထောင့်​တွင်​ပန်း ပွား​များ​တပ်​ဆင်​ရ​မည်။
DEU 22:13 ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် မိန်း​မ တစ်​ယောက်​နှင့်​လက်​ထပ်​ပေါင်း​သင်း​ပြီး​နောက် ထို​မိန်းမ​ကို​မ​နှစ်​သက်​သ​ဖြင့် သူ​သည်​အ​ပျို မ​ဟုတ်​ဟူ​၍​မ​တ​ရား​စွပ်​စွဲ​သော်၊-
DEU 22:15 မိန်း​မ​၏​မိ​ဘ​တို့​က​သူ​တို့​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား ကို​ယူ​ဆောင်​၍ မြို့​အ​ကြီး​အ​ကဲ​ထံ​သို့​သွား ရောက်​ရ​ကြ​မည်။-
DEU 22:16 ထို​မိန်း​မ​၏​ဖ​ခင်​က`အ​ကျွန်ုပ်​၏​သ​မီး​ကို ဤ​သူ​နှင့်​လက်​ထပ်​ပေး​စား​ခဲ့​ရာ သူ​သည် ယ​ခု​သ​မီး​ကို​စွန့်​လို​ပါ​သည်။-
DEU 22:17 သူ​က​အ​ကျွန်ုပ်​၏​သ​မီး​သည်​အ​ပျို​မ​ဟုတ် ဟူ​၍​မ​တ​ရား​စွပ်​စွဲ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း သက်​သေ​အ​ထောက်​အ​ထား​အ​ဖြစ်​သွေး​စွန်း နေ​သော​မင်္ဂ​လာ​ဆောင်​အ​ခင်း​ကို​တင်​ပြ​ပါ သည်' ဟု​အ​ကြီး​အ​ကဲ​တို့​အား​လျှောက် ဆို​ရ​မည်။-
DEU 22:18 ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က​လင် ယောကျာ်း​ကို​ရိုက်​၍​ဆုံး​မ​ရ​မည်။-
DEU 22:19 ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တစ် ဦး​အား​အ​သ​ရေ​ဖျက်​သ​ဖြင့် ငွေ​သား​တစ် ရာ​ကို​ဒဏ်​ဆောင်​စေ​ရ​မည်။ ထို​ဒဏ်​ငွေ​ကို မိန်း​မ​၏​ဖ​ခင်​အား​ပေး​ရ​မည်။ ထို့​အပြင်​သူ သည်​မိန်း​မ​ကို​သူ​၏​မ​ယား​အ​ဖြစ်​ဆက် လက်​ပေါင်း​သင်း​စေ​ရ​မည်။ သူ​အ​သက်​ရှင် နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​မိန်း​မ​ကို မ​ကွာ​ရှင်း​စေ​ရ။
DEU 22:20 ``အ​ကယ်​၍​ထို​စွပ်​စွဲ​ချက်​သည်​မှန်​သ​ဖြင့် မိန်း​မ​သည်​အပျို​ဖြစ်​ကြောင်း​သက်​သေ အ​ထောက်​အ​ထား​မ​ပြ​နိုင်​လျှင်၊-
DEU 22:21 မြို့​အ​ကြီး​အ​ကဲ​တို့​က​ဖ​ခင်​၏​အိမ်​ရှေ့ သို့​ခေါ်​ဆောင်​သွား​ပြီး​နောက် မြို့​သား​တို့​က သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ ထို​မိန်း​မ သည်​လက်​မ​ထပ်​မီ​ဖ​ခင်​၏​အိမ်​၌​ရှိ​နေ​စဉ် က​ပင် ကာ​မ​စပ်​ယှက်​မှု​ကို​ပြု​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှက်​ဖွယ်​သော​အ​မှု ကို​ကူး​လွန်​ခဲ့​လေ​ပြီ။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။
DEU 22:22 ``ယောကျာ်း​တစ်​ယောက်​က​လင်​ရှိ​မ​ယား​တစ် ဦး​နှင့် ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ​လျှင် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို ဖယ်​ရှား​နိုင်​ကြ​မည်။
DEU 22:23 ``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့် မြို့​ထဲ​၌​ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ လျှင်၊-
DEU 22:24 သူ​တို့​နှစ်​ဦး​စ​လုံး​ကို​မြို့​ပြင်​သို့​ထုတ်​၍ ကျောက်​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။ မိန်း​မ​သည်​မြို့ ထဲ​၌​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခဲ့​သော် ရ​နိုင်​ပါ​လျက်​နှင့် အ​ကူ​အ​ညီ​မ​တောင်း​ခြင်း ကြောင့်​သေ​ဒဏ်​ခံ​စေ​ရ​မည်။ ယောကျာ်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​ကြောင့်​သေ​ဒဏ်​ခံ စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။
DEU 22:25 ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့်​မြို့​ပြင်​၌​တွေ့​၍​မု​ဒိမ်း​ကျင့်​လျှင် ထို ယောကျာ်း​ကို​သာ​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
DEU 22:26 မိန်း​မ​သည်​သေ​ထိုက်​သော​အ​ပြစ်​မ​ကူး​လွန် သ​ဖြင့် သူ့​အား​ဒဏ်​မ​စီ​ရင်​စေ​ရ။ ဤ​အ​မှု သည်​ယောကျာ်း​တစ်​ဦး​က အ​ခြား​တစ်​ဦး​ကို ခိုက်​ရန်​ပြု​၍​သတ်​သော​အ​မှု​ကဲ့​သို့​ဖြစ် သည်။-
DEU 22:27 ထို​ယောကျာ်း​သည်​မိန်း​မ​အား​မြို့​ပြင်​၌ မု​ဒိမ်း​ကျင့်​သည်​ဖြစ်​ရာ မိန်း​မ​က​အော်​ဟစ် ၍​အ​ကူ​အ​ညီ​တောင်း​သော်​လည်း​သူ့​အား ကယ်​မည့်​သူ​မ​ရှိ​သ​ဖြင့်​သူ​၌​အ​ပြစ်​မ​ရှိ။
DEU 22:28 ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား​သူ​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား ခြင်း​မ​ရှိ​သော​မိန်း​မ​အား​မု​ဒိမ်း​ကျင့် သည်​ကို​မိ​လျှင်၊-
DEU 22:29 သူ​သည်​ထို​မိန်း​မ​၏​ဖ​ခင်​အား မင်္ဂ​လာ​ကြေး ငွေ​သား​ငါး​ဆယ်​ပေး​လျော်​စေ​ရ​မည်။ ထို​သူ သည်​မိန်း​မ​နှင့်​အဋ္ဌမ္မ​ကာ​မ​စပ်​ယှက်​ခဲ့​သ​ဖြင့် မိ​မိ​၏​မယား​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်။ သူ အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​ထို မိန်း​မ​ကို​မ​ကွာ​ရှင်း​စေ​ရ။
DEU 22:30 ``မည်​သူ​မျှ​မိ​မိ​ဖခင်​၏​မယား​တစ်​ဦး​ဦး နှင့်​ဖောက်​ပြန်​၍​ဖခင်​အား​အ​ရှက်​မ​ခွဲ စေ​ရ။
DEU 23:1 ``သင်း​ကွပ်​ထား​သော​ယောကျာ်း သို့​မ​ဟုတ် ယောကျာ်း​တန်​ဆာ​ပြတ်​နေ​သူ​အား ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​မ​ပါ ဝင်​စေ​ရ။
DEU 23:2 ``မိစ္ဆာ​မေ​ထုံ​သံ​ဝါ​သ​အား​ဖြင့်​ရ​သော​သား နှင့် ယင်း​၏​မျိုး​ဆက်​ဆယ်​ဆက်​တိုင်​အောင် ထာ ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း​တွင် မ​ပါ​ဝင်​စေ​ရ။
DEU 23:3 ``အမ္မုန်​အမျိုး​သား၊ မော​ဘ​အ​မျိုး​သား​နှင့် သူ​တို့​၏​အ​ဆက်​အ​နွယ်​ဆယ်​ဆက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း တွင်​မ​ပါ​ဝင်​စေ​ရ။-
DEU 23:4 သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ကြ​စဉ်​သူ တို့​သည် သင်​တို့​လို​အပ်​သော​ရိက္ခာ​နှင့်​ရေ ကို​မ​ပေး​ကြ။ မက်​ဆို​ပို​တေး​မီး​ယား​ပြည်၊ ပေ​သော်​မြို့​သား၊ ဗော​ရ​၏​သား​ဗာ​လမ်​ကို ငှား​၍​သင်​တို့​အား​ကျိန်​ဆဲ​စေ​ကြ​၏။-
DEU 23:5 သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ချစ်​သော​ကြောင့်​ဗာ လမ်​၏​ကျိန်​ဆဲ​ခြင်း​ကို​လက်​ခံ​တော်​မ​မူ။ သူ​သည်​သင်​တို့​အား​ကျိန်​ဆဲ​စေ​မည့် အ​စား​ကောင်း​ချီး​ပေး​စေ​တော်​မူ​၏။-
DEU 23:6 သင်​တို့​၏​နိုင်ငံ​တည်​တံ့​သ​မျှ​ကာ​လ​ပတ် လုံး ထို​လူ​မျိုး​တို့​၏​အ​ကျိုး​ကို​မ​ရှာ​ကြ နှင့်။
DEU 23:7 ``ဧ​ဒုံ​အ​မျိုး​သား​တို့​သည် သင်​တို့​၏​သား ချင်း​များ​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​မုန်း​ရ။ အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​လည်း​မ​မုန်း​ရ။ သင်​တို့​သည်​တစ်​ခါ​က သူ​တို့​၏​ပြည်​တွင် နေ​ထိုင်​ခဲ့​ဖူး​သည်။-
DEU 23:8 ယင်း​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် တ​တိ​ယ​မျိုး​ဆက်​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​စာ​ရင်း​တွင်​ပါ​ဝင်​နိုင်​၏။
DEU 23:9 ``သင်​တို့​သည်​ရန်​သူ​ကို​စစ်​ချီ​တိုက်​ခိုက်​နေ စဉ် တပ်​စ​ခန်း​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ မ​သန့်​ရှင်း​မှု​ဟူ​သ​မျှ​ကို​ရှောင်​ကြဉ်​ရ​မည်။-
DEU 23:10 တစ်​စုံ​တစ်​ယောက်​သည်​ည​အ​ချိန်​၌​သုက် လွှတ်​မိ​လျှင် သူ​သည်​စ​ခန်း​အ​ပြင်​သို့​ထွက် ၍​နေ​ရ​မည်။-
DEU 23:11 ထို​သူ​သည်​ည​နေ​အ​ချိန်​တွင်​ရေ​ချိုး​၍ နေ ဝင်​ချိန်​တွင်​တပ်​စ​ခန်း​ထဲ​သို့​ပြန်​ဝင်​နိုင်​သည်။
DEU 23:12 ``ကျင်​ကြီး​စွန့်​ရာ​နေ​ရာ​ကို​တပ်​စ​ခန်း အ​ပြင်​၌​ထား​ရှိ​ရ​မည်။-
DEU 23:13 သင်​တို့​သည်​တပ်​ပြင်​သို့​ထွက်​၍​ကျင်​ကြီး​စွန့် သော​အ​ခါ သင့်​ထံ​တွင်​သစ်​သား​တူ​ရွင်း​ကို အ​သင့်​ဆောင်​ထား​၍ ထို​တူ​ရွင်း​ဖြင့်​တွင်း​တူး ၍​ကျင်​ကြီး​ကို​ပြန်​ဖုံး​လော့။-
DEU 23:14 သင်​တို့​ကို​ကာ​ကွယ်​လျက်​သင်​တို့​အား​အောင် ပွဲ​ခံ​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် တပ်​စ​ခန်း​တွင်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ တပ်​စ​ခန်း​ကို​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​စွာ​ထား​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မ​စွန့်​မ​ပယ် စေ​ရန်​မ​သန့်​ရှင်း​သော​အမှု​ဟူ​သ​မျှ​ကို မ​ပြု​လုပ်​ရ။
DEU 23:15 ``သ​ခင်​ထံ​မှ​ထွက်​ပြေး​၍​သင့်​ထံ​သို့​ခို​လှုံ​ရန် ရောက်​ရှိ​လာ​သော​ကျွန်​ကို သူ​၏​သ​ခင်​ထံ​သို့ ပြန်​မ​ပို့​နှင့်။-
DEU 23:16 ထို​ကျွန်​သည်​သင်​တို့​၏​မြို့​များ​အ​နက် သူ​နေ ထိုင်​လို​သည့်​မြို့​၌​နေ​ခွင့်​ပြု​ရ​မည်။ သင်​သည် သူ့​ကို​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ရ။
DEU 23:17 ``ဣ​သ​ရေ​လ​လူ​မျိုး​ထဲ​မှ​ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​ကိုး​ကွယ်​ရာ​ဌာ​န​ဆိုင်​ရာ ပြည့်​တန်​ဆာ​အ​လုပ်​ကို​မ​လုပ်​ရ။-
DEU 23:18 ပြည့်​တန်​ဆာ​အ​လုပ်​ဖြင့်​ရ​သော​ငွေ​ကို က​တိ သစ္စာ​ပြု​ချက်​အ​ရ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​လှူ​ဒါန်း ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​အ​လုပ်​ကို​စက် ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
DEU 23:19 ``သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း တစ်​ဦး​အား ငွေ၊ စား​စ​ရာ​သို့​မ​ဟုတ်​ပစ္စည်း တစ်​ခု​ခု​ကို​ချေး​ငှား​သော​အ​ခါ​အ​တိုး မ​ယူ​ရ။-
DEU 23:20 လူ​မျိုး​ခြား​များ​ထံ​မှ​အ​တိုး​ယူ​နိုင်​သော် လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​ထံ​မှ အ​တိုး​မ​ယူ​ရ။ ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ သိမ်း​ယူ​မည့်​ပြည်​တွင်​သင်​တို့​ပြု​လေ​သ​မျှ ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။
DEU 23:21 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​က​တိ​သစ္စာ​ထား​လျှင် ထို​ကတိ​သစ္စာ​ဝတ် ကို​ဖြေ​ရန်​မ​နှောင့်​နှေး​စေ​နှင့်။ အ​ကယ်​၍ နှောင့်​နှေး​ခဲ့​သော်​သင်​၌​အ​ပြစ်​ရောက်​လိမ့် မည်။-
DEU 23:22 ထာ​ဝ​ရ​ဘု​ရား​အား​ကတိ​မ​ထား​ဘဲ​နေ​လို လျှင်​နေ​နိုင်​၏။
DEU 23:23 သို့​ရာ​တွင်​မိ​မိ​၏​ဆန္ဒ​အ​လျောက်​ကတိ​သစ္စာ ထား​လျှင် ထို​ကတိ​အ​တိုင်း​တည်​စေ​ရ​မည်။
DEU 23:24 ``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း တစ်​ဦး​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ​ရှိ လမ်း​အ​တိုင်း ဖြတ်​သန်း​သွား​သည့်​အ​ခါ စ​ပျစ်​သီး​များ​ကို လို​သ​လောက်​ဆွတ်​ခူး​စား​နိုင်​သော်​လည်း အ​ပို​မ​ယူ​သွား​ရ။-
DEU 23:25 သင်​တို့​သည်​အ​မျိုး​သား​ချင်း​တစ်​ဦး​၏​လယ် ကန်​သင်း​အ​တိုင်း​ဖြတ်​သန်း​သွား​အ​ခါ လက် နှင့်​ဆွတ်​၍​ရ​သ​မျှ​သော​စပါး​နှံ​များ​ကို​စား နိုင်​သည်။ သို့​ရာ​တွင်​စပါး​နှံ​များ​ကို​တံ​စဉ် ဖြင့်​မ​ရိတ်​ရ။
DEU 24:1 ``ယောကျာ်း​တစ်​ဦး​သည်​မိန်း​မ​တစ်​ဦး​နှင့်​ထိမ်း မြား​လက်​ထပ်​ပြီး​နောက် ထို​မိန်း​မ​တွင်​မ​နှစ် မြို့​စ​ရာ​တွေ့​မြင်​လာ​သ​ဖြင့် ဆက်​လက်​၍ မ​ပေါင်း​သင်း​လို​သော်​သူ​သည် ထို​မိန်းမ​အား ဖြတ်​စာ​ကို​ရေး​ပေး​၍​အိမ်​မှ​ဆင်း​သွား စေ​ရ​မည်။-
DEU 24:2 အ​ကယ်​၍​ထို​မိန်းမ​သည် အ​ခြား​ယောကျာ်း တစ်​ဦး​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၍၊-
DEU 24:3 ဒု​တိ​ယ​လင်​ယောကျာ်း​က​လည်း ထို​မိန်း​မ​ကို ဆက်​လက်​၍​မ​ပေါင်း​သင်း​လို​သ​ဖြင့် ဖြတ်​စာ ကို​ပေး​၍​အိမ်​မှ​ဆင်း​သွား​စေ​သော​အ​ခါ ၌​သော်​လည်း​ကောင်း၊ သူ​ကိုယ်​တိုင်​သေ​ဆုံး သွား​သော်​လည်း​ကောင်း၊-
DEU 24:4 ပ​ထ​မ​လင်​ယောကျာ်း​သည်​သူ့​အား နောက်​တစ် ဖန်​မ​ယား​အ​ဖြစ်​မ​ပေါင်း​သင်း​ရ။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​မိန်း​မ​သည် ညစ်​ညမ်း​သွား ပြီ​ဟု​ယူ​ဆ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ယင်း​သို့​နောက်​ထပ်​အိမ်​ထောင်​ပြု​ခြင်း​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ မည့်​ပြည်​တွင် ထို​ကဲ့​သို့​သော​ဆိုး​ရွား​သည့် အ​ပြစ်​ကို​မ​ကူး​လွန်​ရ။
DEU 24:5 ``မိန်း​မ​နှင့်​ထိမ်း​မြား​လက်​ထပ်​ပြီး​ကာ​စ ယောကျာ်း​တစ်​ဦး​ကို​စစ်​မှု​မ​ထမ်း​စေ​ရ။ အ​ခြား သော​ပြည်​သူ့​တာ​ဝန်​ကို​လည်း​မ​ထမ်း​စေ​ရ။ သူ​၏​ဇနီး​နှင့်​အ​တူ​အိမ်​တွင်​ပျော်​ရွှင်​စွာ​နေ ထိုင်​နိုင်​ရန် ထို​တာ​ဝန်​များ​မှ​တစ်​နှစ်​ကင်း​လွတ် ခွင့်​ပေး​ရ​မည်။
DEU 24:6 ``သင်​သည်​တစ်​စုံ​တစ်​ခု​ကို​ချေး​ငှား​သော အ​ခါ စ​ပါး​ကြိတ်​ဆုံ​ကျောက်​များ​ကို​အ​ပေါင် ပစ္စည်း​အ​ဖြစ်​လက်​မ​ခံ​ရ။ ထို​သို့​ပြု​လျှင် ချေး​ငှား​သူ​၏​အ​သက်​ကို အ​ပေါင်​ခံ​ခြင်း လက်​ခံ​ရာ​ရောက်​မည်။
DEU 24:7 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​အား​အ​ဋ္ဌမ္မ ဖမ်း​ဆီး​၍ ကျွန်​စေ​စား​သူ​သို့​မ​ဟုတ်​ကျွန်​အ​ဖြစ် ရောင်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား နိုင်​လိမ့်​မည်။
DEU 24:8 ``သင်​တို့​တွင်​ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရေ ပြား​ရော​ဂါ​ဖြစ်​ပွား​သော​အ​ခါ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​အား​ငါ​ညွှန်​ကြား ထား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​ဂ​ရု​ပြု​ရ မည်။ သူ​တို့​အား​ငါ​မိန့်​မှာ​ထား​သည့်​အ​တိုင်း လိုက်​နာ​ကြ​လော့။-
DEU 24:9 ငါ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​က သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​ရိ​အံ​အား​မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့ ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။
DEU 24:10 ``သင်​တို့​သည်​လူ​တစ်​ဦး​အား​တစ်​စုံ​တစ်​ခု​ကို ချေး​ငှား​သော​အ​ခါ ထို​သူ​အ​ပေါင်​ထား​သော အဝတ်​အင်္ကျီ​ကို​ယူ​ရန်​သူ​၏​အိမ်​ထဲ​သို့​မ​ဝင် ရ။-
DEU 24:11 ထို​သူ​ကိုယ်​တိုင်​ယူ​လာ​သော​အ​ပေါင်​ပစ္စည်း ကို​အိမ်​အ​ပြင်​မှာ​စောင့်​၍​ယူ​ရ​မည်။-
DEU 24:12 သူ​သည်​ဆင်း​ရဲ​သား​တစ်​ယောက်​ဖြစ်​လျှင် ထို​အင်္ကျီ​ကို​မိုး​မ​ချုပ်​မီ​ပြန်​ပေး​လော့။-
DEU 24:13 သူ​သည်​ထို​အင်္ကျီ​ကို​ဝတ်​၍​အိပ်​နိုင်​ရန်​ည နေ​တိုင်း​ပြန်​ပေး​လော့။ ထို​အ​ခါ​သူ​သည် သင့်​အား​ကျေး​ဇူး​တင်​လိမ့်​မည်။ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင့်​ကို​နှစ်​သက်​တော်​မူ​လိမ့်​မည်။
DEU 24:14 ``သင်​တို့​၏​မြို့​တွင်​နေ​ထိုင်​သော​ဆင်း​ရဲ​နွမ်း ပါး​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​စေ​ခံ ကို​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​သား အ​စေ​ခံ​ကို​သော်​လည်း​ကောင်း​မ​လိမ်​လည် မ​လှည့်​ဖြား​နှင့်။-
DEU 24:15 နေ့​စဉ်​နေ​မ​ဝင်​မီ​သူ့​အား​နေ့​တွက်​ခ​ကို​ပေး ရ​မည်။ သူ​သည်​ဆင်း​ရဲ​သ​ဖြင့်​ထို​ငွေ​ကို​ရ လို​၏။ သင်​သည်​အ​ခ​ငွေ​ကို​မ​ပေး​လျှင် သူ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​လျှောက်​ထား​သ​ဖြင့် သင်​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။
DEU 24:16 ``သား​သ​မီး​တို့​၏​ပြစ်​မှု​ကြောင့် မိ​ဘ​တို့​သေ ဒဏ်​မ​ခံ​စေ​ရ။ ထို​နည်း​တူ​မိ​ဘ​တို့​၏​ပြစ်​မှု ကြောင့် သား​သ​မီး​တို့​သေ​ဒဏ်​မ​ခံ​စေ​ရ။ လူ တိုင်း​မိ​မိ​၏​ပြစ်​မှု​ကြောင့်​သာ​သေ​ဒဏ်​ခံ စေ​ရ​မည်။
DEU 24:17 ``သင်​တို့​သည်​လူ​မျိုး​ခြား​နှင့်​မိ​ဘ​မဲ့​က​လေး တို့​ရ​ထိုက်​သော​အ​ခွင့်​အ​ရေး​ကို​ပေး​ရ​မည်။ မု​ဆိုး​မ​၏​အ​ဝတ်​အင်္ကျီ​ကို​အ​ပေါင်​ပစ္စည်း အ​ဖြစ်​မ​ယူ​ရ။-
DEU 24:18 သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား လွတ်​မြောက်​စေ​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သ​တိ​ရ​ကြ​လော့။ ထို့​ကြောင့်​ငါ​သည် သင်​တို့​အား​ဤ​ပညတ်​ကို​ပေး​၏။
DEU 24:19 ``သင်​တို့​သည်​ကောက်​ပင်​များ​ကို​ရိတ်​သိမ်း သော​အ​ခါ ကျန်​ရစ်​သော​ကောက်​လှိုင်း​များ​ကို တစ်​ပတ်​ပြန်​ကြော့​၍​မ​စု​သိမ်း​ရ။ ထို​ကောက် လှိုင်း​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ခဲ့​ရ​မည်။ ယင်း​အ​တိုင်း​ပြု​ပါ​မူ​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ပြု​လေ​သ​မျှ​ကို​ကောင်းချီး​ပေး​တော်​မူ လိမ့်​မည်။-
DEU 24:20 သံ​လွင်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန် သော​အ​သီး​များ​ကို​လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ အ​တွက်​ချန်​ထား​ရ​မည်။-
DEU 24:21 စ​ပျစ်​သီး​များ​ကို​လည်း​တစ်​ကြိမ်​ဆွတ်​ခူး ပြီး​လျှင် အ​ကြွင်း​အ​ကျန်​ကို​နောက်​တစ်​ကြိမ် ပြန်​ကြော့​၍​မ​ဆွတ်​ခူး​ရ။ ထို​ကြွင်း​ကျန်​သော အ​သီး​များ​ကို လူ​မျိုး​ခြား​များ​မိ​ဘ​မဲ့ က​လေး​များ​နှင့် မု​ဆိုး​မ​များ​အ​တွက်​ချန် ထား​ရ​မည်။-
DEU 24:22 သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ခဲ့​ရ ဖူး​ကြောင်း​ကို ဘယ်​သော​အ​ခါ​မျှ​မ​မေ့ ကြ​နှင့်။ ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​ဤ ပ​ညတ်​ကို​ပေး​၏။
DEU 25:1 ``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ဦး သည်​ရုံး​တွင် တ​ရား​ဆိုင်​ကြ​ရာ​၌​တစ်​ဦး​သည် အ​ပြစ်​မ​ရှိ၊ အ​ခြား​တစ်​ဦး​သည်​အ​ပြစ်​ရှိ သည်​ဟူ​၍​စီ​ရင်​သော​အ​ခါ၊-
DEU 25:2 အ​ပြစ်​ရှိ​သော​သူ​သည်​ကြိမ်​ဒဏ်​ခံ​ထိုက်​လျှင် သူ့​အား​မှောက်​စေ​ပြီး​ကြိမ်​ဒဏ်​ပေး​ရ​မည်။ ထို သူ​ကူး​လွန်​သော​အ​ပြစ်​ကြီး​ငယ်​အ​လိုက် ကြိမ်​ဒဏ်​အ​ချက်​ကို​သတ်​မှတ်​ရ​မည်။-
DEU 25:3 သို့​သော်​လည်း​ကြိမ်​ဒဏ်​အ​ချက်​လေး​ဆယ် ထက်​မ​ပို​စေ​ရ။ ထို​ထက်​ပို​လျှင်​သူ့​အား လူ​ပုံ​လယ်​၌​အ​ရှက်​ခွဲ​ရာ​ရောက်​မည်။
DEU 25:4 ``စ​ပါး​နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​တပ်​၍ မ​ထား​ရ။
DEU 25:5 ``ညီ​အစ်​ကို​နှစ်​ဦး​တို့​သည်​အ​တူ​တူ​နေ​ထိုင် ၍ တစ်​ဦး​သည်​သား​မ​ကျန်​ရစ်​ဘဲ​သေ​ဆုံး​ခဲ့ လျှင် သူ​၏​ဇနီး​မု​ဆိုး​မ​သည်​သူ​စိမ်း​ယောကျာ်း တစ်​ဦး​ဦး​နှင့်​မ​စုံ​ဖက်​စေ​ရ။ သေ​ဆုံး​သူ​၏ ညီ​က ထို​မိန်း​မ​ကို​မယား​အ​ဖြစ်​သိမ်း​ပိုက် ရ​မည်။-
DEU 25:6 ဣ​သ​ရေ​လ​လူ​မျိုး​တွင်​သေ​ဆုံး​သူ​၏​မိ​သား​စု မျိုး​ဆက်​မ​ပျောက်​စေ​ရန် ထို​မိန်း​မ​၌​ဖွား​မြင် သော​သား​ဦး​သည်​သေ​သူ​၏​တ​ရား​ဝင်​သား ဖြစ်​စေ​ရ​မည်။-
DEU 25:7 အ​ကယ်​၍​ညီ​သည်​သေ​ဆုံး​သူ​အစ်​ကို​၏ ဇ​နီး​နှင့်​မ​စုံ​ဖက်​လို​လျှင် မိန်း​မ​သည်​မြို့ အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား​၍`ကျွန်​မ​မတ် ဖြစ်​သူ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင် အစ်​ကို ၏​မိသား​စု​မျိုး​ဆက်​ကျန်​ရစ်​ရန်​ဆောင်​ရွက် ရ​မည့်​ဝတ္တ​ရား​ပျက်​ကွက်​ပါ​သည်' ဟု​လျှောက် ဆို​ရ​မည်။-
DEU 25:8 ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က ထို​မိန်း​မ ၏​မတ်​ကို​ခေါ်​၍​မေး​မြန်း​ရ​မည်။ သူ​က​ထို မိန်း​မ​နှင့်​မ​စုံ​ဖက်​လို​ပါ​ဟူ​၍​ငြင်း​ဆန် နေ​သေး​လျှင်၊-
DEU 25:9 သူ့​မ​ရီး​သည်​မြို့​အ​ကြီး​အ​ကဲ​တို့​ရှေ့​တွင် ထို သူ​၏​ဖိ​နပ်​တစ်​ဖက်​ကို​ချွတ်​၍​သူ့​မျက်​နှာ ကို​တံ​တွေး​ထွေး​လျက်`အစ်​ကို​၏​မျိုး​ဆက်​ကို မ​ပွား​စေ​လို​သူ​အား ဤ​သို့​ပြု​သင့်​သည်' ဟု ဆို​ရ​မည်။-
DEU 25:10 ဣ​သ​ရေ​လ​လူ​မျိုး​တွင် ထို​သူ​၏​မိ​သား​စု ကို`ဖိ​နပ်​အ​ချွတ်​ခံ​ရ​သူ​၏​မိ​သား​စု' ဟူ​၍ ခေါ်​တွင်​စေ​ရ​မည်။
DEU 25:11 ``အ​ကယ်​၍​လူ​နှစ်​ဦး​ခိုက်​ရန်​ဖြစ်​နေ​စဉ် တစ် ဦး​၏​မ​ယား​သည် မိ​မိ​၏​လင်​ယောကျာ်း​ဘက် မှ​ကူ​ညီ​၍ အ​ခြား​ယောကျာ်း​၏​တန်​ဆာ​ကို ကိုင်​ဆွဲ​လျှင်၊-
DEU 25:12 ထို​မိန်း​မ​၏​လက်​ကို ဖြတ်​ပစ်​ရ​မည်။ သူ့​ကို မ​သ​နား​မ​ညှာ​တာ​ရ။-
DEU 25:13 ``သင်​တို့​သည်​အ​လေး၊ တင်း​တောင်း​တို့​ဖြင့် ခြင်​တွယ်​သော​အ​ခါ မ​မှန်​မ​ကန်​မ​ခြင် တွယ်​ရ။-
DEU 25:15 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် သင်​တို့ အ​သက်​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန်​မှန်​ကန် တိ​ကျ​သော အ​လေး၊ တင်း၊ တောင်း​များ​ကို အ​သုံး​ပြု​ကြ​လော့။-
DEU 25:16 ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​လှည့်​ဖြား သော​သူ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။
DEU 25:17 ``အီ​ဂျစ်​ပြည်​မှ​သင်​တို့​ထွက်​လာ​စဉ်​က သင် တို့​အား​အာ​မ​လက်​အ​မျိုး​သား​တို့​မည်​ကဲ့ သို့​ရန်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-
DEU 25:18 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ရွံ့ သ​ဖြင့် သင်​တို့​အား​ကုန်​၍​မော​ပန်း​လျက်​ရှိ ကြ​စဉ် သင်​တို့​နောက်​မှ​လိုက်​၍​တိုက်​ခိုက်​ကြ ၏။ နောက်​ကျန်​နေ​သူ​အား​လုံး​ကို​လည်း လုပ် ကြံ​သတ်​ဖြတ်​ခဲ့​ကြ​၏။-
DEU 25:19 သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ရောက်​၍ ပတ်​ဝန်း​ကျင်​ရန်​သူ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကင်း လွတ်​ပြီး​အေး​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တစ်​ယောက် မ​ကျန်​သုတ်​သင်​ပစ်​ရန်​မ​မေ့​ကြ​နှင့်။
DEU 26:1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့ ဝင်​ရောက် သိမ်း​ပိုက်​နေ​ထိုင်​ကြ​သော​အ​ခါ၊-
DEU 26:2 သင်​တို့​သည်​လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ အ​မျိုး​မျိုး​ကို​တောင်း​ထဲ​၌​ထည့်​ပြီး​လျှင် တစ်​ခု​တည်း​သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ယူ ဆောင်​သွား​ရ​မည်။-
DEU 26:3 ထို​အ​ချိန်​တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​၍`အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သော​ပြည်​သို့ အ​ကျွန်ုပ်​ရောက်​ရှိ နေ​ပြီ​ဖြစ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​ထံ ယ​နေ့​ဝန်​ခံ​ပါ​၏' ဟု​ပြော​ဆို​လော့။
DEU 26:4 ``ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည် သင့်​ထံ​မှ တောင်း​ကို​ယူ​၍ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ရှေ့​မှာ​ချ​ထား​ရ​မည်။-
DEU 26:5 ထို​နောက်​သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်`အ​ကျွန်ုပ်​၏​ဘိုး​ဘေး​သည် အိုး​အိမ် အ​တည်​တ​ကျ​မ​ရှိ​သော​အာ​ရေ​မီ​ယန် အ​မျိုး​သား​ဖြစ်​ပါ​သည်။ သူ​သည်​သူ​၏ မိ​သား​စု​ကို​ခေါ်​၍ အီ​ဂျစ်​ပြည်​သို့​သွား ရောက်​နေ​ထိုင်​ခဲ့​ပါ​သည်။ ထို​ပြည်​သို့​ရောက် စဉ်​က​သူ​တို့​၏​ဦး​ရေ​အ​နည်း​ငယ်​မျှ သာ​ရှိ​သော်​လည်း နောင်​တွင်​လူ​ဦး​ရေ​များ ၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ ပါ​သည်။-
DEU 26:6 အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့ ကို​ညှင်း​ဆဲ​နှိပ်​စက်​၍​ကျွန်​အ​ဖြစ်​စေ ခိုင်း​ပါ​သည်။-
DEU 26:7 ထို​အ​ခါ​အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​ညီ မ​စ​ရန်​လျှောက်​ထား​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​တို့​၏​လျှောက်​ထား​ချက် ကို​နား​ညောင်း​တော်​မူ​၍ အ​ကျွန်ုပ်​တို့​ခံ​ရ သော​ညှင်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ ကို​သိ​မြင်​တော်​မူ​၏။-
DEU 26:8 ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ကယ်​တင်​တော်​မူ​ခဲ့​သည်။ ကိုယ်​တော် သည်​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ်​ရာ များ​ကို​ပြ​၍ ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ် များ​ကို​ကျ​ရောက်​စေ​တော်​မူ​သည်။-
DEU 26:9 ကိုယ်​တော်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ဤ​ပြည်​သို့​ပို့​ဆောင်​နေ​ထိုင်​စေ​တော်​မူ​၏။-
DEU 26:10 ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​သ​နား တော်​မူ​သော လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ များ​ကို ယ​ခု​ယူ​ဆောင်​ဆက်​ကပ်​ပါ​သည်' ဟူ​၍​ရွတ်​ဆို​ရ​မည်။ ထို့​နောက်​တောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ချ​ထား​၍​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။-
DEU 26:11 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​သင်​၏​မိ​သား​စု​အား​ကျေး​ဇူး ပြု​တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း လော့။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင်​သော လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​သား များ​သည်​သင်​တို့​နှင့်​အ​တူ​ပျော်​ပွဲ​ရွှင်​ပွဲ ကို​ဆင်​နွှဲ​စေ​ကြ​လော့။
DEU 26:12 ``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-
DEU 26:13 `အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။-
DEU 26:14 အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-
DEU 26:15 ကိုယ်​တော်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ ကြည့်​ရှု​တော်​မူ​၍ ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သည့်​အ​တိုင်း​ပေး​သ​နား​သော အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့်​ပြည်​နှင့် တ​ကွ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ' ဟူ​၍​လျှောက်​ဆို​ရ​မည်။
DEU 26:16 ``သင်​တို့​သည်​ဤ​ပ​ညတ်​တော်​အား​လုံး​ကို လိုက်​နာ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ယ​နေ့​တွင်​မိန့်​မှာ​တော်​မူ​၏။ သို့ ဖြစ်​၍​ယင်း​ပ​ညတ်​များ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​လျှောက်​ရန်​အ​စွမ်း​ကုန်​အား ထုတ်​လော့။-
DEU 26:17 ထာ​ဝ​ရ​ဘု​ရား​သည် သင်​၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု​ယ​နေ့​သင်​ဝန်​ခံ​ပြီ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင် ရန်​လည်း​ကောင်း၊ ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ရန်​လည်း​ကောင်း၊ မိန့်​မှာ​တော်​မူ သ​မျှ​ကို​လိုက်​နာ​ရန်​လည်း​ကောင်း​က​တိ ပေး​ခဲ့​ပြီ။-
DEU 26:18 ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း သင်​တို့​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​လက်​ခံ​တော်​မူ​ပြီ။ သင်​တို့​သည်​ပ​ညတ် တော်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ​ရန်​မိန့်​မှာ တော်​မူ​၏။-
DEU 26:19 ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​ထက် သင်​တို့​အား​ပို​၍ ကြီး​မြတ်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား ဖြင့်​ကိုယ်​တော်​၏​ဘုန်း​ကျက်​သ​ရေ​ထွန်း ပြောင်​လာ​လိမ့်​မည်။ က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ဖြစ်​လိမ့်​မည်'' ဟု​ပြော​ဆို​လေ​၏။
DEU 27:1 ထို့​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​များ​က လူ​အ​ပေါင်း​တို့ အား``သင်​တို့​အား​ငါ​ယ​နေ့​ပေး​မည့်​ညွှန် ကြား​ချက်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ​ကြ လော့။-
DEU 27:2 ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ မည့်​ပြည်​သို့​ဝင်​ရောက်​သော​နေ့​တွင် ကျောက် တုံး​ကြီး​များ​ကို​စိုက်​ထူ​၍​အင်္ဂ​တေ​လိမ်း ကျံ​ရ​မည်။-
DEU 27:3 ထို​ကျောက်​တုံး​များ​ပေါ်​တွင် ဤ​ပညတ်​များ နှင့်​သွန်​သင်​ချက်​ရှိ​သ​မျှ​တို့​ကို​ရေး​ထား ရ​မည်။ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့​သင်​တို့​ကူး ပြီး​နောက် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ၊-
DEU 27:4 သင်​တို့​အား​ငါ​ယ​နေ့​ညွှန်​ကြား​သည့်​အ​တိုင်း ထို​ကျောက်​တုံး​များ​ကို​ဧ​ဗ​လ​တောင်​ပေါ် တွင်​စိုက်​ထူ​၍​အင်္ဂ​တေ​လိမ်း​ကျံ​ရ​မည်။-
DEU 27:5 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​တွက် ယဇ်​ပလ္လင်​ကို​မ​ခုတ်​မ​ထစ်​သော​ကျောက် ဖြင့်​တည်​ရ​မည်​ဖြစ်​သော​ကြောင့် ထို​အ​ရပ် တွင်​သံ​တန်​ဆာ​ပ​လာ​ဖြင့်​မ​ခုတ်​ထစ်​သော ကျောက်​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်။-
DEU 27:7 ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ရာ​ယဇ်​များ​ကို ပူ​ဇော်​ရ​မည်။-
DEU 27:8 မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​လည်း​ပူ​ဇော်​၍ စား​ရ​ကြ​မည်။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ အင်္ဂ​တေ​လိမ်း​ကျံ​ထား​သော​ကျောက် တုံး​များ​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏​ပ​ညတ် တော်​အား​လုံး​ကို သေ​ချာ​စွာ​ရေး​သား ထား​လော့'' ဟု​ပြော​ဆို​၏။
DEU 27:9 ထို့​နောက်​မော​ရှေ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​ယဇ် ပု​ရော​ဟိတ်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ ငါ​ပြော​သ​မျှ​ကို​အ​လေး​ဂ​ရု​ပြု​၍ နား​ထောင်​ကြ​လော့။ ယ​နေ့​သင်​တို့​သည် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ လူ​မျိုး​တော်​ဖြစ်​လာ​ကြ​ပြီ။-
DEU 27:10 သို့​ဖြစ်​၍​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင် လျက် သင်​တို့​အား​ငါ​တို့​ယ​နေ့​ဆင့်​ဆို​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း​ကြ လော့'' ဟု​မှာ​ကြား​ကြ​၏။
DEU 27:11 ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား၊-
DEU 27:12 ``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် လူ​တို့​အ​ပေါ်​ကောင်း​ချီး​မင်္ဂ​လာ​ရွတ် ဆို​သော​အ​ခါ​၌ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ယော​သပ်​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​သည်​ဂေ ရ​ဇိမ်​တောင်​ပေါ်​တွင်​ရပ်​နေ​ရ​ကြ​မည်။-
DEU 27:13 အ​မင်္ဂ​လာ​ရွတ်​ဆို​သော​အ​ခါ​၌ ရု​ဗင်၊ ဂဒ်၊ အာ​ရှာ၊ ဇာ​ဗု​လုန်၊ ဒန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင်​ရပ်​နေ​ရ ကြ​မည်။-
DEU 27:14 လေဝိ​အ​နွယ်​ဝင်​တို့​က​အ​သံ​ကျယ်​စွာ​ဖြင့်၊
DEU 27:15 `` `ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​သို့​မ​ဟုတ် သတ္တု​ရုပ်​တု​ကို​ထု​လုပ်​၍ တိတ်​တ​ဆိတ်​ဝတ် ပြု​ကိုး​ကွယ်​သူ​သည် ဘု​ရား​သ​ခင်​ကျိန်​ခြင်း ကို​ခံ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ရုပ်​တု ကိုး​ကွယ်​မူ​ကို​ရွံ​ရှာ​တော်​မူ​၏' ဟု​ကျိန်​ဆို လိုက်​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ ကြ​မည်။
DEU 27:16 `` `ဖ​ခင်​သို့​မ​ဟုတ်​မိ​ခင်​၏​အ​သ​ရေ​ကို ရှုတ်​ချ​သော​သူ​သည်၊ ဘု​ရား​သ​ခင်​၏​ကျိန် ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာမင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
DEU 27:17 `` `ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြေ​မှတ် တိုင်​ကို​ရွှေ့​သော​သူ​သည်၊ ဘု​ရား​သ​ခင်​၏​ကျိန် ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
DEU 27:18 `` `မျက်​မ​မြင်​တစ်​ဦး​အား​လမ်း​လွဲ​စေ​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို ခံ​စေ သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာမင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
DEU 27:19 `` `လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ နှင့်​မု​ဆိုး​မ​များ​ရ​ထိုက်​သော​အ​ခွင့်​အ​ရေး ကို​ဆုံး​ရှုံး​စေ​သော​သူ​သည် ဘု​ရား​သ​ခင်​၏ ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို သော​အ​ခါ။ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
DEU 27:20 `` `ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​၍ ဖ​ခင်​အား​အ​ရှက်​ခွဲ​သူ​သည် ဘု​ရား​သ​ခင်​၏ ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ ရ​ကြ​မည်။
DEU 27:21 `` `တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ ကြ​မည်။
DEU 27:22 `` `မောင်​နှ​မ​ချင်း​နှင့်​ဖြစ်​စေ၊ မိ​တူ​ဖ​ကွဲ​မောင်​နှ မ​ချင်း​နှင့်​ဖြစ်​စေ၊ ဖ​တူ​မိ​ကွဲ​မောင်​နှ​မ​ချင်း နှင့်​ဖြစ်​စေ၊ ကာ​မ​စပ်​ယှက်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
DEU 27:23 `` `မိ​မိ​ယောက္ခ​မ​နှင့်​ကာ​မ​စပ်​ယှက်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု ကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။
DEU 27:24 `` `လူ​တစ်​ယောက်​အား​လျှို့​ဝှက်​စွာ​သတ်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့ က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။
DEU 27:25 `` `အပြစ်​မဲ့​သူ​အား​သတ်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
DEU 27:26 `` `ဘု​ရား​သ​ခင်​၏​ပ​ညတ်​များ​နှင့်​သွန်​သင် ချက်​ရှိ​သ​မျှ​တို့​ကို​မ​လိုက်​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။
DEU 28:1 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နာ​ခံ​၍ ယ​နေ့​ငါ​ဆင့်​ဆို သ​မျှ​သော​ပညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​လျှင် ကိုယ်​တော်​သည်​သင်​တို့ အား​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​တော်​မူ​မည်။-
DEU 28:2 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​လျှင်​ကိုယ်​တော်​သည် အောက်​ပါ​ကောင်း​ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့ ကို သင်​တို့​အား​ခံ​စား​စေ​တော်​မူ​မည်။
DEU 28:3 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​များ​နှင့် လယ်​ယာ​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။
DEU 28:4 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး မြောက်​မြား​စွာ​ထွန်း​ကား​စေ​ရန်​လည်း​ကောင်း၊ အ​သီး​အ​နှံ​ပေါ​များ​စေ​ရန်​လည်း​ကောင်း၊ သိုး နွား​မြောက်​မြား​စွာ​တိုး​ပွား​စေ​ရန်​လည်း ကောင်း​ကောင်း​ချီး​ပေး​တော်​မူ​မည်။
DEU 28:5 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ကောက်​ပဲ သီး​နှံ၊ ၎င်း​မှ​ရ​သော​အ​စား​အ​စာ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။
DEU 28:6 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။
DEU 28:7 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​တိုက်​ခိုက် သော​ရန်​သူ​များ​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​တစ်​လမ်း​တည်း​ဖြင့်​လာ​ရောက် တိုက်​ခိုက်​သော်​လည်း လမ်း​အ​သွယ်​သွယ်​ဖြင့် ထွက်​ပြေး​ရ​လိမ့်​မည်။
DEU 28:8 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​လုပ်​ငန်း​ကို​ကောင်း​ချီး​ပေး​၍ သင်​တို့​၏​ကျီ​များ​ကို​စ​ပါး​နှင့်​ပြည့်​စေ တော်​မူ​မည်။ ကိုယ်​တော်​သည်​မိ​မိ​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​မည်။
DEU 28:9 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​ကို​နာ​ခံ​၍ ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့် ထိန်း​လျှင် က​တိ​တော်​အ​တိုင်း​သင်​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​စေ​မည်။-
DEU 28:10 ထို​အ​ခါ​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း​ကို ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သိ​မြင်​သ​ဖြင့် သင်​တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-
DEU 28:11 ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ​သော ပြည်​တွင် သင်​တို့​၌​သား​သ​မီး၊ သိုး​နွား၊ တိ​ရစ္ဆာန် မြောက်​မြား​စွာ​ရ​ရှိ​စေ​တော်​မူ​လိမ့်​မည်။ အ​သီး​အ​နှံ​ပေါ​များ​စေ​တော်​မူ​လိမ့်​မည်။-
DEU 28:12 ကိုယ်​တော်​ရှင်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​၍ ရာ​သီ​အ​လိုက်​မိုး​ကို​ရွာ​စေ​လျက်​သင်​လုပ် ဆောင်​သ​မျှ​ကို​အောင်​မြင်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​နိုင်​ငံ​များ​စွာ​တို့​အား​ချေး​ငှား ရ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မည်​သည့် နိုင်​ငံ​ထံ​မှ​ချေး​ယူ​ရန်​လို​မည်​မ​ဟုတ်။-
DEU 28:13 သင်​တို့​အား​ငါ​ယ​နေ့​ဆင့်​ဆို​သော​ပ​ညတ် များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း လျှင် သင်​တို့​သည်​နိုင်ငံ​များ​၏​နောက်​လိုက်​မ​ဖြစ် ဘဲ​ခေါင်း​ဆောင်​နေ​ရာ​၌​နေ​ရ​လိမ့်​မည်။ သင် တို့​သည်​စီး​ပွား​မ​ကျ​ဆင်း​ဘဲ အ​စဉ်​အ​မြဲ တိုး​တက်​လိမ့်​မည်။-
DEU 28:14 ထို့​ကြောင့်​သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ အ​ခြား​သော​ဘု​ရား​များ​ကို​လည်း​မ​ကိုး ကွယ်​မ​ဆည်း​ကပ်​ရ။
DEU 28:15 ``ယ​နေ့​သင်​တို့​အား​ငါ​ဆင့်​ဆို​သော​ထာ​ဝ​ရ ဘု​ရား​၏ ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​မ​လိုက်​နာ​မ​စောင့်​ထိန်း​လျှင် သင်​တို့ အ​ပေါ်​၌​အောက်​ပါ​အ​မင်္ဂ​လာ​များ​သက် ရောက်​စေ​တော်​မူ​မည်။
DEU 28:16 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​များ​နှင့် လယ်​များ​ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။
DEU 28:17 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ကောက်​ပဲ​သီး​နှံ နှင့် ၎င်း​မှ​ရ​သော​အ​စား​အ​စာ​တို့​ကို​ကျိန်​စာ သင့်​စေ​တော်​မူ​မည်။
DEU 28:18 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး အ​နည်း​ငယ်​မျှ​သာ​ထွန်း​ကား​စေ​ရန်​လည်း ကောင်း၊ သင်​တို့​၏​ကောက်​ပဲ​သီး​နှံ​ကို​ညံ့​ဖျင်း စေ​ရန်​လည်း​ကောင်း၊ သိုး​နွား​အ​နည်း​ငယ်​မျှ ကို​သာ​ရ​ရှိ​စေ​ရန်​လည်း​ကောင်း သင်​တို့​အား ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။
DEU 28:19 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။-
DEU 28:20 ``သင်​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​၍ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​လျှင် သင်​တို့​ဆောင်​ရွက် သ​မျှ​တို့​၏​အ​ကျိုး​ဆက်​များ​မှာ​ပျက်​စီး ဆုံး​ရှုံး​ခြင်း၊ သော​က​ဗျာ​ပါ​ဒ​နှင့်​ဆင်း​ရဲ ဒုက္ခ​များ​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့​သည် လျင်​မြန်​စွာ​သေ​ကြေ​ပျက်​စီး​ရ​လိမ့်​မည်။-
DEU 28:21 သင်​တို့​တွင်​ကပ်​ရောဂါ​တစ်​မျိုး​နောက်​တစ်​မျိုး ကျ​ရောက်​သ​ဖြင့် သင်​တို့​ဝင်​ရောက်​သိမ်း​ယူ မည့်​ပြည်​၌​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
DEU 28:22 ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ကူး​စက် တတ်​သော​ဖော​ရောင်​၍​ဖျား​သော​ရော​ဂါ များ​ကျ​ရောက်​စေ​လိမ့်​မည်။ မိုး​ခေါင်​ခြင်း၊ လေ​ပူ​တိုက်​ခတ်​ခြင်း​ဒဏ်​တို့​ကြောင့်​သင် တို့​၏​အ​သီး​အ​နှံ​များ​လည်း​ပျက်​စီး ရ​လိမ့်​မည်။ သင်​တို့​သေ​ကြေ​ပျက်​စီး​သည့် တိုင်​အောင် ဤ​ဘေး​ဒုက္ခ​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-
DEU 28:23 မိုး​မ​ရွာ​သ​ဖြင့်​သင်​တို့​၏​မြေ​သည်​သံ ကဲ့​သို့​မာ​ကျော​လာ​လိမ့်​မည်။-
DEU 28:24 ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ရွာ​စေ​မည့်​အ​စား ဖုံ​မုန်​တိုင်း၊ သဲ​မုန်​တိုင်း​များ​ကျ​ရောက်​စေ သ​ဖြင့်​သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကုန် ကြ​လိမ့်​မည်။
DEU 28:25 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-
DEU 28:26 သင်​တို့​သေ​ဆုံး​သော​အ​ခါ​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​တို့​က သင်​တို့​၏​အ​သား ကို​စား​ကြ​လိမ့်​မည်။ ထို​ငှက်​နှင့်​သား​ရဲ တိ​ရစ္ဆာန်​များ​ကို​မောင်း​နှင်​မည့်​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-
DEU 28:27 အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ သင်​တို့​၌​အ​နာ စိမ်း​ရော​ဂါ​စွဲ​စေ​တော်​မူ​မည်။ သင်​တို့​၏​ကိုယ် ပေါ်​တွင်​အ​နာ​ပေါက်​စေ​တော်​မူ​မည်။ သင်​တို့ တွင်​ဆေး​ကု​၍​မ​ရ​သော​ဝဲ​ခြောက်​နာ၊ ယား နာ​များ​စွဲ​ကပ်​လိမ့်​မည်။-
DEU 28:28 သင်​တို့​တွင်​စိတ်​ဖောက်​ပြန်​ခြင်း၊ မျက်​စိ​ကွယ် ခြင်း၊ တွေ​ဝေ​ခြင်း​စ​သည့်​အ​ဖြစ်​ဆိုး​များ နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။-
DEU 28:29 နေ့​ခင်း​ကြောင်​တောင်​၌​ပင်​လျှင်​စမ်း​တ​ဝါး ဝါး​သွား​ရ​သော​မျက်​မ​မြင်​ကဲ့​သို့ သင်​တို့ သည်​လမ်း​ကို​ရှာ​မ​တွေ့​ဖြစ်​လိမ့်​မည်။ လုပ် ဆောင်​သ​မျှ​တို့​၌​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​သူ​တစ်​ပါး​၏​နှိပ်​စက်​ခြင်း၊ လု ယူ​ခြင်း​ကို​အ​မြဲ​ခံ​ရ​လျက်​မည်​သူ​က​မျှ သင်​တို့​အား​ကယ်​မည်​မ​ဟုတ်။
DEU 28:30 ``သင်​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား​သော​မိန်း​မ ကို အ​ခြား​သူ​တစ်​ယောက်​က​မ​ယား​အ​ဖြစ် ပေါင်း​သင်း​လိမ့်​မည်။ သင်​သည်​အိမ်​ကို​ဆောက် သော်​လည်း​ထို​အိမ်​တွင်​မ​နေ​ရ။ စပျစ်​ဥ​ယျာဉ် ကို​စိုက်​သော်​လည်း​အ​သီး​ကို​မ​စား​ရ။-
DEU 28:31 သင်​၏​နွား​ကို​သင့်​မျက်​စိ​ရှေ့​တွင်​သတ်​သော် လည်း သင်​သည်​အ​သား​ကို​မ​စား​ရ။ သင်​၏ မြည်း​များ​ခိုး​ယူ​သွား​သည်​ကို​မျက်စိ​ဖြင့် မြင်​ရ​သော်​လည်း မြည်း​များ​ကို​ပြန်​မ​ရ။ သင်​၏​သိုး​များ​ရန်​သူ့​လက်​သို့​ကျ​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင့်​အား​ကူ​ညီ​မည့် သူ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
DEU 28:32 သင်​၏​မျက်​မှောက်​တွင်​သင်​၏​သား​သမီး များ​ကို လူ​မျိုး​ခြား​သား​တို့​က​ကျွန် အ​ဖြစ်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ကြ​လိမ့် မည်။ နေ့​စဉ်​သင်​သည်​သား​သ​မီး​များ ပြန်​ရောက်​လာ​နိုး​နိုး​ဖြင့်​မျှော်​သော်​လည်း မျက်စိ​ညောင်း​ရုံ​သာ​ရှိ​မည်။-
DEU 28:33 သင်​တို့​ပင်​ပန်း​ကြီး​စွာ​စိုက်​ပျိုး​ရ​သော အ​သီး​အ​နှံ​အား​လုံး​ကို အ​ခြား​တစ်​နိုင်​ငံ သား​တို့​က​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​အ​မြဲ​ခံ​ရ​ရုံ​မှ တစ်​ပါး မည်​သည့်​အ​ကျိုး​အ​မြတ်​ကို​မျှ ခံ​စား​ရ​လိမ့်​မည်​မ​ဟုတ်။-
DEU 28:34 သင်​တို့​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သင် တို့​ရူး​သွပ်​ကြ​လိမ့်​မည်။-
DEU 28:35 သင်​တို့​၏​ခြေ​ထောက်​များ​တွင်​နာ​ကျင်​၍ မ​ပျောက်​နိုင်​သော​အနာ​များ​ပေါက်​လိမ့်​မည်။ သင်​၏​တစ်​ကိုယ်​လုံး​တွင်​အ​နာ​စိမ်း​များ ပေါက်​လိမ့်​မည်။
DEU 28:36 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့ ၏​ဘု​ရင်​ကို သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​ရောက်​ဘူး​သော​နိုင်​ငံ​ရပ်​ခြား​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​ထို​ပြည်​တွင်​သစ်​သား​နှင့် ကျောက်​နှင့်​ထု​လုပ်​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-
DEU 28:37 သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။
DEU 28:38 ``သင်​တို့​သည်​မျိုး​စေ့​များ​စွာ​ကြဲ​သော် လည်း​ထွက်​လာ​သော အ​သီး​အ​နှံ​များ​ကို ကျိုင်း​ကောင်​များ​ကိုက်​စား​သော​ကြောင့် အ​နည်း​ငယ်​မျှ​သာ​ရိတ်​သိမ်း​ရ​လိမ့်​မည်။-
DEU 28:39 သင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး ပြု​စု​သော်​လည်း စ​ပျစ်​နွယ်​များ​ကို​ပိုး​ကိုက် သ​ဖြင့်​စပျစ်​သီး​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ။-
DEU 28:40 သင်​တို့​နေ​ထိုင်​ရာ​ပြည်​တွင်​သံ​လွင်​ပင်​များ အ​နှံ့​အ​ပြား​ပေါက်​လျက်​ရှိ​မည်​ဖြစ်​သော် လည်း အ​သီး​များ​ကြွေ​ကျ​ကုန်​သ​ဖြင့်​သင် တို့​သည်​သံ​လွင်​သီး​ကို​မ​ရ​နိုင်။-
DEU 28:41 သင်​တို့​တွင်​သား​သ​မီး​များ​ပေါက်​ဖွား​မည် ဖြစ်​သော်​လည်း ရန်​သူ​က​သူ​တို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​သွား​မည်​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သား​မဲ့​သ​မီး​မဲ့​ဖြစ်​လိမ့်​မည်။-
DEU 28:42 သင်​တို့​၏​သစ်ပင်​နှင့်​ကောက်ပဲ​သီးနှံ​ရှိ​သ​မျှ တို့​သည် ပိုး​ကျ​၍​ပျက်​စီး​ကုန်​လိမ့်​မည်။
DEU 28:43 ``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​တို့​သည် ဂုဏ်​အ​သ​ရေ​တိုး​မြင့်​သည်​ထက် တိုး​မြင့်​၍ သင်​တို့​မှာ​မူ​ကား​ဂုဏ်​အ​သ​ရေ ကျ​ဆင်း​လာ​လိမ့်​မည်။-
DEU 28:44 သူ​တို့​သည်​သင်​တို့​အား​ငွေ​ချေး​နိုင်​ကြ​မည် ဖြစ်​သော်​လည်း သင်​တို့​၌​မူ​ကား​သူ​တို့​အား ချေး​နိုင်​စွမ်း​ရှိ​မည်​မ​ဟုတ်။ သူ​တို့​သည်​သင် တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​၍ သင်​တို့​သည် သူ​တို့​၏​တပည့်​များ​ဖြစ်​ကြ​လိမ့်​မည်။
DEU 28:45 ``သင်​တို့​တွင်​ဤ​ဘေး​ဒဏ်​များ​ကျ​ရောက် လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အမိန့်​တော်​ကို​မ​နာ​ခံ၊ ကိုယ်​တော် ၏​ပ​ညတ်​တော်​များ​ကို​မ​စောင့်​ထိန်း​လျှင် သင်​တို့​သေ​ကြေ​ပျက်​စီး​သည့်​တိုင်​အောင် ဤ​ကဲ့​သို့​သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-
DEU 28:46 ထို​ဘေး​ဒဏ်​အ​ပေါင်း​ကျ​ရောက်​လာ​လျှင် ယင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တရား​စီ​ရင်​တော် မူ​ချက်​ဖြစ်​ကြောင်း သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​များ​အ​စဉ်​အ​မြဲ​မှတ်​သား​ထား ရ​မည်။-
DEU 28:47 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​မင်္ဂ​လာ​အ​မျိုး​မျိုး​ကို​ချ​ပေး​သော်​လည်း သင်​တို့​သည်​ကိုယ်​တော်​၏​အ​မှု​တော်​ကို ဝမ်း​မြောက်​ရွှင်​လန်း​စွာ​မ​ဆောင်​ရွက်​ကြ။-
DEU 28:48 သို့​ဖြစ်​၍​သင်​တို့​ကို​တိုက်​ခိုက်​ရန် ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​သော​ရန်​သူ​၏​အ​မှု​ကို​သင် တို့​ထမ်း​ရ​လိမ့်​မည်။ သင်​တို့​သည်​စား​ရေး၊ သောက်​ရေး၊ ဝတ်​ရေး​မှ​စ​၍​အ​ရာ​ရာ​၌​ချို့ တဲ့​လျက်​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​သေ​ကြေ ပျက်​စီး​သည့်​တိုင်​အောင် ရန်​သူ​များ​သည် သင်​တို့​အား​ညှင်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။-
DEU 28:49 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​တိုက်​ခိုက် စေ​ရန် သင်​တို့​နှင့်​ဘာ​သာ​စ​ကား​ချင်း​မ​တူ သော​ကမ္ဘာ​တစ်​စွန်း​မှ လူ​မျိုး​တစ်​မျိုး​ကို​ခေါ် ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လင်း​ယုန်​ထိုး​သုတ်​သ​ကဲ့​သို့ သင်​တို့​ကို တိုက်​ခိုက်​လိမ့်​မည်။-
DEU 28:50 သင်​တို့​အား​ကြီး​ငယ်​မ​ဟူ​မည်​သူ့​ကို​မျှ သ​နား​ညှာ​တာ​လိမ့်​မည်​မ​ဟုတ်။-
DEU 28:51 သူ​တို့​သည်​သင်​တို့​၏​အ​စား​အ​စာ​ဖြစ် သော​သိုး​နွား​များ​နှင့် အ​သီး​အ​နှံ​များ​ကို စား​သုံး​ကြ​သ​ဖြင့်​သင်​တို့​သည်​အ​စာ​ငတ် ၍​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သင်​တို့​၏ စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သိုး​နွား​တို့ ကို​အ​ကုန်​စား​သုံး​လိုက်​ကြ​သ​ဖြင့် သင် တို့​အ​စာ​ငတ်​၍​သေ​ရ​ကြ​လိမ့်​မည်။-
DEU 28:52 သူ​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင်​မြို့ ရှိ​သ​မျှ​ကို​တိုက်​ခိုက်​သ​ဖြင့် သင်​တို့​လုံ​ခြုံ ပြီ​ဟု​စိတ်​ချ​ရ​သော​မြင့်​မား​ခိုင်​ခံ့​သည့် မြို့​ရိုး​တို့​သည်​ပြို​ကျ​ကုန်​လိမ့်​မည်။
DEU 28:53 ``ရန်​သူ​တို့​သည် သင်​တို့​၏​မြို့​များ​ကို​ဝိုင်း​၍ တပ်​ချ​ထား​သော​အ​ခါ သင်​တို့​သည်​ဆာ​လောင် ငတ်​မွတ်​လှ​သ​ဖြင့် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော​သား သ​မီး​များ​၏​အ​သား​ကို​ပင်​လျှင်​စား​ကြ လိမ့်​မည်။-
DEU 28:54 ယင်း​သို့​မြို့​ကို​ရန်​သူ​ပိုင်​ထား​စဉ်​ဆာ​လောင် ငတ်​မွတ်​သော​သူ​သည် ယဉ်​ကျေး​သော​သူ​ပင် ဖြစ်​လင့်​က​စား မိ​မိ​သား​သ​မီး​၏​အ​သား ကို​စား​လိမ့်​မည်။ သူ​သည်​မိ​မိ​ညီ​အစ်​ကို၊ ချစ် သော​ဇ​နီး၊ ကျန်​သော​သား​သ​မီး​တို့​အား ထို​အ​သား​ကို​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်။-
DEU 28:56 ယဉ်​ကျေး​သိမ်​မွေ့​၍​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သ​ဖြင့် မြေ​ကို​ခြေ​နှင့်​မ​နင်း​ဘူး​သော​အ​မျိုး​သ​မီး သည်​ပင် မြို့​ကို​ရန်​သူ​များ​ဝိုင်း​၍​အ​စား​အ​စာ ပြတ်​လပ်​သော​အ​ခါ မိ​မိ​မွေး​စ​က​လေး​၏ အသား​နှင့်​အ​ချင်း​ကို​လျှို့​ဝှက်​စွာ​စား​ကြ လိမ့်​မည်။ ထို​က​လေး​၏​အ​သား​နှင့်​အ​ချင်း ကို မိ​မိ​ချစ်​သော​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​အား​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်၊
DEU 28:58 ``သင်​တို့​သည်​ဤ​ကျမ်း​တွင်​ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​အား​လုံး ကို တစ်​သ​ဝေ​မ​တိမ်း​မ​လိုက်​နာ​လျှင်​သော် လည်း​ကောင်း၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အံ့​သြ​ကြောက်​မက်​ဖွယ်​ကောင်း သော​နာ​မ​တော်​ကို မ​ရို​သေ​ကြ​လျှင်​သော် လည်း​ကောင်း၊-
DEU 28:59 ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​တို့​၌ ကု​သ​၍​မ​ရ​နိုင်​သော​ရော​ဂါ ဆိုး​များ​နှင့်​ကြောက်​မက်​ဖွယ်​ကောင်း​သော ကပ်​ရော​ဂါ​များ​ကျ​ရောက်​စေ​တော်​မူ​မည်။-
DEU 28:60 အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သော ကြောက်​မက်​ဖွယ်​ရော​ဂါ​ဆိုး​များ​ကို သင်​တို့ ၌​တစ်​ဖန်​ကျ​ရောက်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​နာ​လန်​ထူ​နိုင်​လိမ့်​မည်​မ​ဟုတ်။-
DEU 28:61 ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​များ​နှင့်​သြ​ဝါ​ဒ များ​ပါ​ရှိ​သော ဤ​ကျမ်း​တွင်​ဖော်​ပြ​ခြင်း မ​ရှိ​သည့်​အ​ခြား​ရောဂါ​နှင့်​ကပ်​ရော​ဂါ အ​မျိုး​မျိုး​ကို​လည်း သင်​တို့​အ​ပေါ်​သို့​ကျ ရောက်​စေ​တော်​မူ​သ​ဖြင့်​သင်​တို့​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
DEU 28:62 သင်​တို့​သည်​မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ ကဲ့​သို့ အ​ရေ​အ​တွက်​များ​ပြား​ကြ​သော် လည်း ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​မ​နာ​ခံ​သော​ကြောင့် လူ နည်း​စု​မျှ​လောက်​သာ​အ​သက်​ရှင်​၍​ကြွင်း ကျန်​လိမ့်​မည်။-
DEU 28:63 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြီး​ပွား တိုး​တက်​စေ​ရာ​၌​လည်း​ကောင်း၊ လူ​ဦး​ရေ တိုး​ပွား​များ​ပြား​စေ​ရာ​၌​လည်း​ကောင်း၊ နှစ်​သက်​အား​ရ​တော်​မူ​သည့်​နည်း​တူ​သင် တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရာ​၌​လည်း ကောင်း၊ အ​ကျိုး​နည်း​ဆုံး​ရှုံး​စေ​ရာ​၌ လည်း​ကောင်း နှစ်​သက်​အား​ရ​တော်​မူ​လိမ့် မည်။ သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​မှ သင်​တို့​အား​ထုတ်​ပယ်​တော်​မူ​လိမ့်​မည်။
DEU 28:64 ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကမ္ဘာ​တစ် စွန်း​မှ​တစ်​စွန်း​တိုင်​အောင် လူ​မျိုး​အ​ပေါင်း​တို့ ထဲ​သို့​ပျံ့​နှံ့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​တို့​မ​ကိုး ကွယ်​ဘူး​သော​သစ်​သား၊ သံ​တို့​ဖြင့်​ထု​လုပ် သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ လိမ့်​မည်။-
DEU 28:65 သင်​တို့​သည်​ရောက်​ရှိ​သော​နေ​ရာ​တွင်​ငြိမ်း ချမ်း​မှု​ကို​မ​ရ​ရှိ​နိုင်။ အ​တည်​တ​ကျ​နေ ထိုင်​ရာ​အ​ရပ်​မ​ရှိ။​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပူ​ပင်​သော​က​ရောက်​စေ​တော် မူ​မည်။ မျှော်​လင့်​ရာ​မဲ့​ပြီး​စိတ်​ပျက်​အား လျော့​စေ​တော်​မူ​မည်။-
DEU 28:66 သင်​တို့​သည်​အ​သက်​ဘေး​နှင့်​အ​စဉ်​တွေ့ ကြုံ​နေ​ရ​မည်။ နေ့​ည​မ​ပြတ်​ကြောက်​ရွံ့ ထိတ်​လန့်​၍​သေ​ဘေး​နှင့်​အ​စဉ်​ရင်​ဆိုင် လျက်​နေ​ရ​မည်။-
DEU 28:67 သင်​တို့​တွေ့​မြင်​နေ​ရ​သ​မျှ​တို့​ကြောင့် စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​လိမ့်​မည်။ နံ​နက်​တိုင်း​သင်​တို့​သည်​ည​အ​ချိန်​ရောက် ပါ​စေ​ဟူ​၍​လည်း​ကောင်း၊ ည​နေ​တိုင်း​၌ လည်း​နံနက်​အ​ချိန်​ရောက်​ပါ​စေ​ဟူ​၍ လည်း​ကောင်း​တမ်း​တ​ကြ​လိမ့်​မည်။-
DEU 28:68 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ် ပြည်​သို့​နောက်​တစ်​ဖန်​မ​ပြန်​စေ​ရ​ဟု​မိန့် တော်​မူ​ခဲ့​သော်​လည်း သင်္ဘော​များ​ဖြင့်​သင် တို့​ကို​ထို​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​လိမ့်​မည်။ ထို​ပြည်​တွင်​သင်​တို့​ကိုယ်​ကို ရန်​သူ​များ​ထံ​၌​ကျွန်​အ​ဖြစ်​ရောင်း​သော် လည်း သင်​တို့​ကို​ဝယ်​ယူ​မည့်​သူ​ရှိ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆင့်​ဆို​လေ​၏။
DEU 29:1 သိ​နာ​တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​ပြီး​သည့်​အ​ပြင် ယ​ခု​တစ်​ဖန်​မော​ဘ​ပြည် ၌​မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​သည်။
DEU 29:2 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို ဆင့်​ခေါ်​၍``ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့်​သူ ၏​အ​ရာ​ရှိ​များ​အ​ပါ​အ​ဝင် တစ်​တိုင်း​ပြည် လုံး​ကို​မည်​ကဲ့​သို့​ဒဏ်​ခတ်​ခဲ့​တော်​မူ​ကြောင်း သင်​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-
DEU 29:3 သင်​တို့​သည်​ကြောက်​မက်​ဖွယ်​သော​ကပ် ရော​ဂါ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြ​တော် မူ​သော​အံ့​သြ​ဖွယ်​ရာ​တန်​ခိုး​နိ​မိတ်​လက္ခ ဏာ​တော်​များ​ကို​လည်း​မြင်​ခဲ့​ရ​ကြ​သည်။-
DEU 29:4 သို့​ရာ​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သ​မျှ ကို​သ​ဘော​ပေါက်​နား​လည်​နိုင်​သည့်​ဉာဏ်​ကို ယ​နေ့​တိုင်​အောင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပေး​တော်​မ​မူ။-
DEU 29:5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နှစ်​ပေါင်း လေး​ဆယ်​ပတ်​လုံး တော​ကန္တာ​ရ​ခ​ရီး​ဖြင့်​ပို့ ဆောင်​တော်​မူ​ခဲ့​စဉ်​အ​တွင်း သင်​တို့​၏​အ​ဝတ် အင်္ကျီ​များ​မ​ဟောင်း​မ​နွမ်း၊ သင်​တို့​၏​ဖိ​နပ် များ​လည်း​မ​စုတ်​မ​ပြတ်​ခဲ့​ရ။-
DEU 29:6 သင်​တို့​တွင်​စား​စ​ရာ​အ​စာ၊ သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​သေ​ရည်​သေ​ရက်​မ​ရှိ​ခဲ့ ကြ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​အား​သွန်​သင်​ရန်​သင်​တို့​လို​သ​မျှ ကို​ပေး​တော်​မူ​သည်။-
DEU 29:7 ဤ​အ​ရပ်​သို့​ငါ​တို့​ရောက်​ရှိ​သော​အ​ခါ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​နှင့်​ဗာ​ရှန်​ဘု​ရင် သြ​ဃ​တို့​သည်​ထွက်​၍ ငါ​တို့​အား​တိုက် ခိုက်​ခဲ့​ကြ​သည်။ သို့​ရာ​တွင်​ငါ​တို့​သည် သူ တို့​ကို​တိုက်​ခိုက်​အောင်​မြင်​သ​ဖြင့်၊-
DEU 29:8 သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​၍​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မ​နာ​ရှေ​၏​အ​နွယ်​တစ်​ဝက် တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​သည်။-
DEU 29:9 သင်​တို့​ပြု​လေ​သ​မျှ​တို့​၌​အောင်​မြင်​ရန် ယ​ခု​ပြု​မည့်​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့။
DEU 29:10 ``ယ​နေ့​တွင်​သင်​တို့​၏​ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ အ​မျိုး​သား​အ​မျိုး​သမီး​များ နှင့် က​လေး​များ၊ သင်​တို့​အ​တွက်​သစ်​ခုတ်​ရေ သယ်​သ​မား​များ​ဖြစ်​ကြ​သော​သင်​တို့​နှင့် အ​တူ နေ​ထိုင်​သည့်​လူ​မျိုး​ခြား​များ​မှ​စ​၍ သင်​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ရပ်​လျက်​ရှိ​နေ​ကြ​၏။-
DEU 29:12 သင်​တို့​အ​ပေါင်း​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ယ​နေ့​သစ္စာ​ဆို ၍​ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​မည်။-
DEU 29:13 သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ရှိ​တော်​မူ​သည့်​အ​တိုင်း သင်​တို့​ကို​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​အ​ဖြစ်​အ​တည်​ပြု တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​မည်။-
DEU 29:14 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သာ ဤ ပ​ဋိ​ညာဉ်​ဤ​သစ္စာ​ကို​ပြု​တော်​မူ​သည် သာ​မ​က၊-
DEU 29:15 ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ယ​နေ့​ရပ်​နေ ကြ​သော​ငါ​တို့​အ​ပေါင်း​နှင့်​သော်​လည်း ကောင်း၊ ယ​ခု​ငါ​တို့​နှင့်​အ​တူ​မ​ရှိ​သေး သော​နောင်​လာ​နောက်​သား​တို့​နှင့်​သော် လည်း​ကောင်း​ပြု​တော်​မူ​၏။
DEU 29:16 ``အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ အ​ခြား​လူ မျိုး​တို့​၏​နယ်​မြေ​ကို​ဖြတ်​သန်း​သွား​ရာ ၌​လည်း​ကာင်း၊ ငါ​တို့​၏​ဘ​ဝ​အ​တွေ့ အ​ကြုံ​ကို​သင်​တို့​သိ​ကြ​၏။-
DEU 29:17 သူ​တို့​၏​ရွံ​ရှာ​ဖွယ်​သော​သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​များ ကို​လည်း​သင်​တို့​မြင်​ကြ​၏။-
DEU 29:18 ဤ​နေ​ရာ​၌​ယ​နေ့​ရပ်​နေ​ကြ​သော​သူ​တို့ တွင်​မည်​သည့်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ သော်​လည်း​ကောင်း၊ မိ​သား​စု​သို့​မ​ဟုတ် အ​နွယ်​သော်​လည်း​ကောင်း​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ထို​သို့​ပြု မိ​လျှင် ခါး​၍​အ​ဆိပ်​ရှိ​သော​အ​ပင်​ကို ဖြစ်​ပွား​စေ​သည့်​အ​မြစ်​သ​ဖွယ်​ဖြစ် လိမ့်​မည်။-
DEU 29:19 ယ​နေ့​ဤ​ပ​ညတ်​များ​ကို​ကြား​ရ​ပြီး နောက် မိ​မိ​အ​လို​အ​တိုင်း​ကျင့်​မြဲ​ကျင့်​နေ သော်​လည်း အ​စ​စ​အ​ရာ​ရာ​၌​အ​ဆင် ပြေ​လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​သူ​မ​ရှိ စေ​နှင့်။ သို့​သော်​သင်​တို့​တွင်​ကောင်း​သူ​ဆိုး သူ​မ​ကျန် အား​လုံး​ပျက်​စီး​ဆုံး​ရှုံး​ရ လိမ့်​မည်။-
DEU 29:20 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-
DEU 29:21 ဤ​ပညတ်​တွင်​ရေး​ထား​သော​ပ​ဋိ​ညာဉ်​အ မင်္ဂ​လာ​များ​နှင့်​အ​ညီ​သူ​သည်​ဘေး​ဒဏ် သင့်​သ​ဖြင့် ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း တို့​အ​တွက်​သင်​ခန်း​စာ​ယူ​စ​ရာ​ဖြစ် တော်​မူ​လိမ့်​မည်။
DEU 29:22 ``နောင်​အ​ခါ​၌​သင်​တို့​၏​နောင်​လာ​နောက် သား​များ​နှင့် ရပ်​ဝေး​တိုင်း​နိုင်​ငံ​များ​မှ​လူ မျိုး​ခြား​တို့​သည် သင်​တို့​ပြည်​၌​ထာ​ဝ​ရ ဘု​ရား​ကျ​ရောက်​စေ​တော်​မူ​သော​ဘေး​ဒဏ် များ​နှင့် ဆင်း​ရဲ​ဒုက္ခ​များ​ကို​မြင်​ရ​ကြ​လိမ့် မည်။-
DEU 29:23 လယ်​မြေ​များ​တွင်​ကန့်​နှင့်​ဆား​ပေါက်​စေ သ​ဖြင့် တော​ကန္တာရ​အ​တိ​ဖြစ်​လိမ့်​မည်။ မည် သည့်​အ​ပင်​ကို​မျှ​စိုက်​ပျိုး​၍​မ​ရ။ ပေါင်း ပင်​များ​ပင်​လျှင်​မ​ပေါက်​နိုင်။ သင်​တို့​ပြည် သည်​ထာ​ဝ​ရ​ဘု​ရား​ပြင်း​စွာ​အ​မျက် ထွက်​၍ ဖျက်​ဆီး​ခဲ့​သော​သော​ဒုံ​နှင့်​ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​ဇေ​ဘိုင်​မြို့ များ​ကဲ့​သို့​ပျက်​စီး​လိမ့်​မည်။-
DEU 29:24 ထို​အ​ခါ​အ​ပြည်​ပြည်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​က `ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ပြည် ကို​အ​ဘယ်​ကြောင့်​ဖျက်​ဆီး​ပစ်​တော်​မူ သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​မက် ဖွယ်​အ​မျက်​ထွက်​တော်​မူ​သ​နည်း' ဟု​မေး ကြ​လိမ့်​မည်။-
DEU 29:25 အ​ဖြေ​သည်​ကား`ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​၏​ဘိုး​ဘေး​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​အ​ခါ​၌ သူ​တို့​ဘိုး​ဘေး တို့​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သူ​တို့​ချိုး ဖောက်​သော​ကြောင့်​ဖြစ်​၏။-
DEU 29:26 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​မ​ကိုး​ကွယ် ရန်​တား​မြစ်​ထား​သော​ဘု​ရား​များ​ဖြစ်​သည့် ယ​ခင်​က​မ​ကိုး​ကွယ်​ဘူး​သော​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။-
DEU 29:27 ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို​အ​မျက်​ထွက်​သ​ဖြင့် ဤ ကျမ်း​တွင်​ဖော်​ပြ​ထား​သော​ဘေး​ဒဏ် အ​ပေါင်း​တို့​ကို​သူ​တို့​ပြည်​၌​ကျ​ရောက် စေ​တော်​မူ​သည်။-
DEU 29:28 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် သူ​တို့​ကို​နေ​ရင်း​ပြည်​မှ​ထုတ် ပယ်​၍ တိုင်း​တစ်​ပါး​သို့​နှင်​ပစ်​တော်​မူ​လိုက် ရာ ယ​နေ့​တိုင်​သူ​တို့​သည်​ထို​ပြည်​၌​နေ ထိုင်​လျက်​ရှိ​ကြ​၏' ဟူ​၍​ဖြစ်​သည်။
DEU 29:29 ``ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထုတ်​ဖော်​မ​ပြ​သော​အ​ကြောင်း​အ​ရာ​များ ရှိ​၏။ သို့​ရာ​တွင်​ငါ​တို့​အား​ထုတ်​ဖော်​ပြ သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား ပ​ညတ် တ​ရား​တော်​ဖြစ်​သ​တည်း။ ငါ​တို့​နှင့်​ငါ တို့​၏​နောင်​လာ​နောင်​သား​တို့​သည် ထို ပ​ညတ်​တ​ရား​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​ထိန်း​ရ​ကြ​မည်။
DEU 30:1 ``ငါ​သည်​ယ​ခု​သင်​တို့​အား​မင်္ဂလာ​နှင့်​အ​မင်္ဂ လာ​ကို​ရွေး​ချယ်​စေ​ပြီ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ပြည်​ပြည်​သို့​နှင်​ထုတ်​၍​ထို​ပြည်​များ တွင်​နေ​ထိုင်​ကြ​သော​အ​ခါ သင်​တို့​သည် ငါ​ယ​ခု​မှာ​ကြား​သ​မျှ​တို့​ကို​သ​တိ​ရ ပြီး​လျှင်၊-
DEU 30:2 သင်​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ သင် တို့​အား​ငါ​ယ​နေ့​ပေး​သော​ပညတ်​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နာ​ခံ​စောင့်​ထိန်း ကြ​ပါ​က၊-
DEU 30:3 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​သ​နား​က​ရု​ဏာ​ရှိ​တော် မူ​လိမ့်​မည်။ ထို့​အ​ပြင်​အ​ပြည်​ပြည်​သို့ ရောက်​ရှိ​နေ​ထိုင်​ရာ​မှ သင်​တို့​ကို​ပြန်​လည် ခေါ်​ဆောင်​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ စီး​ပွား​ရေး​ကို​လည်း တစ်​ဖန်​တိုး​တက် စေ​တော်​မူ​လိမ့်​မည်။-
DEU 30:4 သင်​တို့​သည်​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့် သွား​သော်​လည်း သင်​တို့​၏​ဘိုး​ဘေး​များ နေ​ထိုင်​ခဲ့​သော​ပြည်​ကို သင်​တို့​တစ်​ဖန် သိမ်း​ယူ​နေ​ထိုင်​နိုင်​အံ့​သော​ငှာ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ကို​စု​သိမ်း​၍​ပြန်​လည်​ခေါ်​ဆောင်​တော် မူ​လိမ့်​မည်။ ထို့​အ​ပြင်​သင်​တို့​အား​သင် တို့​၏​ဘိုး​ဘေး​တို့​ထက် စီး​ပွား​ပို​မို​တိုး တက်​စေ​တော်​မူ​လိမ့်​မည်။ လူ​ဦး​ရေ​လည်း ပို​မို​များ​ပြား​စေ​တော်​မူ​လိမ့်​မည်။-
DEU 30:6 ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား နား​ထောင်​တတ် သော​သ​ဘော​ကို​ပေး​တော်​မူ​လိမ့်​မည်။ သင် တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှလုံး​အ​ကြွင်း​မဲ့​ချစ်​လျက် ထို​ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​နိုင်​ရန်၊-
DEU 30:7 သင်​တို့​ကို​မုန်း​၍​နှိပ်​စက်​ညှဉ်း​ဆဲ​သော ရန်​သူ​များ​အ​ပေါ်​သို့ ထို​အ​မင်္ဂ​လာ​ရှိ သ​မျှ​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-
DEU 30:8 သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​အ​မိန့်​ကို တစ်​ဖန်​နာ​ခံ​၍ ငါ​ယ​နေ့​သင်​တို့​အား ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ကြ​လိမ့်​မည်။-
DEU 30:9 သင်​တို့​သည်​ဤ​ပ​ညတ်​ကျမ်း​တွင်​ရေး​ထား သော ဤ​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ၍၊ ကိုယ်​တော်​ထံ​သို့​စိတ်​နှလုံး​အ​ကြွင်း​မဲ့ ပြန် လည်​ဆည်း​ကပ်​လျှင်၊ ကိုယ်​တော်​သည်​သင်​တို့ ပြု​လေ​သ​မျှ​တို့​ကို တိုး​တက်​အောင်​မြင် စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​သား​သ​မီး များ​စွာ​ရ​လိမ့်​မည်။ သိုး​နွား​တိရစ္ဆာန်​များ​စွာ ပိုင်​ရ​လိမ့်​မည်။ သင်​တို့​၏​လယ်​များ​မှ​အ​သီး အ​နှံ​များ​စွာ​ထွက်​လိမ့်​မည်။ ကိုယ်​တော်​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ကောင်း​ချီး​ပေး ရာ​တွင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​ကို​ကောင်း​ချီး​ပေး​ရာ​၌​လည်း​အား​ရ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။
DEU 30:11 ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သော​ပ​ညတ် တ​ရား​တော်​သည် သင်​တို့​အ​တွက်​နား​မ​လည် နိုင်​အောင်​ခဲ​ယဉ်း​သည်​မ​ဟုတ်။ သင်​တို့​လက် လှမ်း​မ​မီ​နိုင်​အောင်​ဝေး​သည်​မ​ဟုတ်။-
DEU 30:12 သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ထို​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ်​သူ သည်​ကောင်း​ကင်​သို့​တက်​၍​အ​ကျွန်ုပ်​တို့​ထံ​သို့ ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍​မေး​မြန်း​ရ လောက်​အောင် ထို​ပ​ညတ်​တ​ရား​တော်​သည် ကောင်း​ကင်​၌​ရှိ​သည်​မ​ဟုတ်။-
DEU 30:13 သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ် သူ​သည်​သ​မုဒ္ဒ​ရာ​ကို​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍ မေး​မြန်း​ရ​လောက်​အောင်​သ​မုဒ္ဒ​ရာ​တစ် ဖက်​စွန်း​၌​ရှိ​သည်​မ​ဟုတ်။-
DEU 30:14 ထို​တ​ရား​တော်​သည်​ဤ​နေ​ရာ​၌​သင်​တို့ နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သိ​သော​တ​ရား၊ သင် တို့​ရွတ်​ဆို​နိုင်​သော​တ​ရား​ဖြစ်​၏။ ထို့​ကြောင့် ထို​တ​ရား​တော်​ကို​သင်​တို့​ယ​ခု​လိုက်​နာ ကြ​လော့။
DEU 30:15 ``ယ​နေ့​ငါ​သည်​သင်​တို့​အား အ​ကောင်း​သို့ မ​ဟုတ်​အ​ဆိုး၊ အ​သက်​ရှင်​ခြင်း​သို့​မ​ဟုတ် သေ​ခြင်း​ကို​ရွေး​ချယ်​စေ​ပြီ။-
DEU 30:16 ငါ​ယ​နေ့​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို​စောင့် ထိန်း​လျှင်၊ ကိုယ်​တော်​ကို​ချစ်​၍​အ​မိန့်​တော်​ကို နာ​ခံ​လျက် ပ​ညတ်​တရား​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​လျှင် သင်​တို့​၏​နိုင်​ငံ​သည်​ဖွံ့​ဖြိုး​၍ လူ​ဦး​ရေ​များ​ပြား​လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ယူ နေ​ထိုင်​မည့်​ပြည်​တွင်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-
DEU 30:17 သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ​ဖောက်​ပြန်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ် လျှင်​မူ​ကား၊-
DEU 30:18 သင်​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​မည်​ဟု ငါ ယ​ခု​ပင်​သင်​တို့​အား​သ​တိ​ပေး​၏။ သင်​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ သိမ်း​ယူ​မည့် ပြည်​တွင်​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​မည်​မ​ဟုတ်။-
DEU 30:19 ငါ​သည်​ယ​ခု​သင်​တို့​အား​အ​သက်​ရှင်​ခြင်း​သို့ မ​ဟုတ်​သေ​ခြင်း၊ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကောင်း ချီး​မင်္ဂ​လာ​သို့​မ​ဟုတ်​အ​မင်္ဂ​လာ​ကို​ရွေး​ခွင့် ပေး​၏။ သင်​တို့​ရွေး​ယူ​သည်​ကို ကောင်း​ကင်​နှင့် မြေ​ကြီး​သက်​သေ​ဖြစ်​ပါ​စေ။ အ​သက်​ရှင် ခြင်း​ကို​ရွေး​ယူ​ကြ​လော့။-
DEU 30:20 သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​အား​က​တိ​ထား​တော်​မူ သော​ပြည်​တွင် သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​များ​ကြာ​ရှည်​စွာ​အ​သက်​ရှင်​နေ​ထိုင် နိုင်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​၍​အ​မိန့်​တော်​ကို​နာ​ခံ​လျက် ကိုယ်​တော်​ရှင်​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။
DEU 31:1 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆက်​လက်​ပြော​ကြား​သည်​မှာ၊-
DEU 31:2 ``ယ​ခု​ငါ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​ရှိ ပြီ​ဖြစ်​၍ သင်​တို့​အား​ဆက်​လက်​ခေါင်း​ဆောင်​နိုင် တော့​မည်​မ​ဟုတ်။ ထို့​အ​ပြင်​ငါ​သည်​ယော်​ဒန် မြစ်​တစ်​ဖက်​သို့​မ​ကူး​ရ​ဟု​ထာ​ဝ​ရ​ဘု​ရား က ငါ့​အား​မိန့်​ကြား​တော်​မူ​ပြီ။-
DEU 31:3 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရှေ့​ဆောင်​၍​ထို​ပြည်​တွင်​နေ​ထိုင် သော​လူ​မျိုး​တို့​ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​နိုင် ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ယော​ရှု​သည်​သင်​တို့​ကို​ခေါင်း​ဆောင် လိမ့်​မည်။-
DEU 31:4 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မော​ရိ​ဘု​ရင်​များ ဖြစ်​သော ရှိ​ဟုန်​နှင့်​သြ​ဃ​တို့​ကို​နှိမ်​နင်း​၍ သူ တို့​၏​ပြည်​ကို​ဖျက်​ဆီး​သည့်​နည်း​တူ ထို​ပြည် တွင်​နေ​ထိုင်​သော​လူ​မျိုး​တို့​ကို​သုတ်​သင် ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။-
DEU 31:5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ထို​သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​ခွင့်​ပေး​တော်​မူ​မည် ဖြစ်​၍ ငါ​မှာ​ကြား​သည့်​အ​တိုင်း​သူ​တို့​ကို စီ​ရင်​ရ​မည်။-
DEU 31:6 အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ ထို လူ​မျိုး​တို့​ကို​မ​ကြောက်​ရွံ့​ကြ​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင်​တို့ ကို​မု​ချ​ကူ​မ​တော်​မူ​မည်။ စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်'' ဟူ​၍​ဖြစ်​၏။
DEU 31:7 ထို့​နောက်​မော​ရှေ​သည်​ယော​ရှု​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့ တွင်​သူ့​အား``သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့် ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​ရန်​သင်​သည်​ဤ သူ​တို့​ကို​ဦး​ဆောင်​ရ​မည်။-
DEU 31:8 ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​သင့်​အား​ဦး ဆောင်​၍ သင်​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင့်​အား မု​ချ​ကူ​မ​တော်​မူ​မည်။ သင့်​ကို​စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်။ ထို့​ကြောင့်​သင်​သည်​အား မ​လျှော့​နှင့်။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်'' ဟု​မှာ ကြား​လေ​၏။
DEU 31:9 သို့​ဖြစ်​၍​မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​တ​ရား​တော်​ကို​ရေး​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရ​သော​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​များ​အား​ပေး​အပ်​လေ​သည်။-
DEU 31:10 ထို့​နောက်​မော​ရှေ​က​သူ​တို့​အား``ခု​နစ်​နှစ် လျှင်​တစ်​ကြိမ်​ကျ​ရောက်​သော​ကြွေး​မြီ​များ ကို​လျှော်​ပစ်​သည့်​နှစ်​တွင်​တဲ​နေ​ပွဲ​တော်​ရက် အ​တွင်း ဤ​ပ​ညတ်​တ​ရား​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ် ပြ​ရ​မည်။-
DEU 31:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ရောက်​ရှိ​လာ​ကြ သော​အ​ခါ ဤ​ပညတ်​တ​ရား​တော်​ကို​ဖတ်​ပြ ရ​မည်။-
DEU 31:12 ယောကျာ်း၊ မိန်း​မ၊ က​လေး၊ သင်​တို့​မြို့​များ တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​မှ​စ​၍ လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​သ​ဖြင့်​သူ​တို့ သည် ထို​ပ​ညတ်​တ​ရား​တော်​ကို​ကြား​ရ​၍ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​လျက် တ​ရား​တော်​ကို​တ​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​ကြ​လိမ့်​မည်။-
DEU 31:13 ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တ​ရား​တော်​ကို​မ​ကြား​ဘူး​သော သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည်​ကြား​ရ​လိမ့်​မည်။ သို့ မှ​သာ​သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​သိမ်း​ယူ​မည့်​ပြည်​တွင်​နေ​ထိုင်​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လာ​တတ်​ကြ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
DEU 31:14 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-
DEU 31:15 ထာ​ဝ​ရ​ဘု​ရား​သည်​တဲ​တော်​တံ​ခါး​ဝ​တွင် မိုး​တိမ်​တိုင်​အား​ဖြင့်​ထင်​ရှား​တော်​မူ​၏။
DEU 31:16 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ထဲ​က မော​ရှေ​အား``သင်​သည်​မ​ကြာ​မီ​စု​တေ​ရ​မည်။ သင်​အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် သစ္စာ​ဖောက်​၍​သူ​တို့​နှင့်​ငါ​ပြု ထား​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ သူ​တို့​ဝင်​ရောက် မည့်​ပြည်​ရှိ​အ​ခြား​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-
DEU 31:17 ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-
DEU 31:18 သူ​တို့​သည်​အ​ခြား​သော​ဘု​ရား​များ​ကိုး ကွယ်​၍​ဒု​စ​ရိုက်​ကို​ပြု​ကြ​သော​ကြောင့် ငါ သည်​သူ​တို့​အား​ကယ်​မည်​မ​ဟုတ်။-
DEU 31:19 သင်​သည်​ယ​ခု​ဤ​သီ​ချင်း​ကို​ရေး​သား​လော့။ ယင်း​သီ​ချင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တစ်​ဘက်​၌ ငါ​၏​သက်​သေ​ဖြစ်​စေ​ခြင်း ငှာ​ထို​သီ​ချင်း​ကို​သူ​တို့​အား​သင်​ပေး လော့။-
DEU 31:20 ငါ​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား သည့်​အ​တိုင်း သူ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​တွင်​သူ တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​၍ အေး ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ကြ​လိမ့်​မည်။ သို့​ရာ တွင်​သူ​တို့​သည်​ဖောက်​ပြန်​၍ အ​ခြား​သော ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​၍​ငါ​၏​ပ​ဋိ​ညာဉ် ကို​ချိုး​ဖောက်​သ​ဖြင့်၊-
DEU 31:21 ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ်​များ​စွာ​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​တစ် ဘက်​၌​သက်​သေ​ဖြစ်​စေ​ရန် ဤ​သီ​ချင်း​ကို သီ​ဆို​ရ​မည်။ ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​ငါ​မ​ခေါ်​ဆောင်​မီ​ပင် ယ​ခု သူ​တို့​ကြံ​စည်​နေ​သော​အကြံ​အစည်​ကို ငါ​သိ​၏'' ဟု​မိန့်​တော်​မူ​၏။
DEU 31:22 ထို​နေ့​တွင်​မော​ရှေ​သည်​ထို​သီ​ချင်း​ကို​ရေး သား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပေး​လေ​သည်။
DEU 31:23 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။
DEU 31:24 မော​ရှေ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ရေး​သား​ထား​၏။-
DEU 31:25 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​သိမ်း​ရ​သော လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​တို့​အား၊-
DEU 31:26 ``ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကျမ်း စာ​အုပ်​ကို​ယူ​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​အ​နီး တွင်​ထား​လော့။ ထို​ကျမ်း​စာ​အုပ်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​တစ်​ဘက်​၌​သက်​သေ အ​ဖြစ် ထို​နေ​ရာ​၌​ရှိ​နေ​စေ​ရ​မည်။-
DEU 31:27 သူ​တို့​သည်​ခေါင်း​မာ​၍​ပုန်​ကန်​တတ်​သော သ​ဘော​ရှိ​ကြောင်း​ကို​ငါ​သိ​၏။ သူ​တို့​သည် ငါ​မ​သေ​ခင်​က​ပင်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​ခဲ့​လျှင် ငါ​သေ​လွန်​ပြီး​နောက်​သာ ၍​ပုန်​ကန်​ကြ​ဦး​မည်။-
DEU 31:28 ငါ​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ကြား​နိုင်​ရန် သင်​တို့​အ​နွယ်​ဝင်​များ​၏​ခေါင်း ဆောင်​တို့​နှင့်​အ​ရာ​ရှိ​အပေါင်း​တို့​ကို​စု​ရုံး စေ​လော့။ ငါ​သည်​ကောင်း​ကင်​နှင့်​မြေ​ကြီး ကို​တိုင်​တည်​၍ သူ​တို့​အား​ပြော​ကြား​မည်။-
DEU 31:29 ငါ​သေ​လွန်​ပြီး​နောက်​ဤ​လူ​တို့​သည်​အ​ကျင့် ဖောက်​ပြား​၍ ငါ​သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ပစ် ပယ်​မည်​ဖြစ်​ကြောင်း​ငါ​သိ​၏။ နောင်​အ​ခါ​၌ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​တား​မြစ်​သော ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် အ​မျက်​တော် ထွက်​သ​ဖြင့်​သူ​တို့​သည်​ဘေး​ဒဏ်​နှင့်​တွေ့ ကြုံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​လေ​၏။
DEU 31:30 ထို့​နောက်​မော​ရှေ​သည်​သီ​ချင်း​တစ်​ပုဒ်​လုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ရွတ်​ပြ​လေ​သ​တည်း။
DEU 32:1 ``မိုး​ကောင်း​ကင်​နှင့်​ပ​ထ​ဝီ​မြေ​ကြီး​တို့ ငါ ပြော​သ​မျှ​ကို​စေ့​စေ့​နား​ထောင်​လော့။
DEU 32:2 ငါ့​သွန်​သင်​ချက်​သည်​မိုး​ပေါက်​ကဲ့​သို့​ကျ​၍ မြေ​ပေါ်​တွင်​နှင်း​ပေါက်​ကဲ့​သို့​တင်​ရှိ​လိမ့်​မည်။ ငါ့​စ​ကား​သည်​အ​ပင်​ငယ်​များ​ပေါ်​သို့ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​နု​ပေါ်​တွင်​ကျ​သော​မိုး​ဖွဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။
DEU 32:3 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ချီး​မွမ်း​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထုတ်​ဖော်​ပြော​ဆို​ကြ​လိမ့်​မည်။
DEU 32:4 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။
DEU 32:5 သင်​တို့​သည်​ကား​သစ္စာ​မ​စောင့်​သော၊ ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​မ​ဖြစ်​ထိုက်​သော၊ လိမ်​လည်​လှည့်​ဖြား​သော​လူ​မျိုး​ဖြစ်​ကြ​၏။
DEU 32:6 မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။ ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။ သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။
DEU 32:7 ``လွန်​လေ​ပြီ​သော​အ​တိတ်​ကာ​လ​ကို သ​တိ​ရ​လော့။ ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​သင်​တို့​၏​ဖ​ခင်​တို့​အား မေး​စမ်း​ကြည့်​လော့။ အ​သက်​ကြီး​သူ​တို့​အား​ရှေး​ဖြစ်​ဟောင်း​ကို ပြော​ပြ​စေ​လော့။
DEU 32:8 အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သည်​တိုင်း​နိုင်​ငံ​တို့​၏ နယ်​နိ​မိတ်​များ​ကို​လည်းကောင်း၊ လူ​မျိုး​အ​သီး​သီး​တို့​နေ​ထိုင်​ရာ​ပြည်​များ ကို​လည်း​ကောင်း သတ်​မှတ်​ပေး​တော်​မူ​သော​အ​ခါ၊ နိုင်​ငံ​အ​သီး​သီး​တို့​အ​တွက်​နတ်​ဘု​ရား များ​ကို သတ်​မှတ်​ပေး​တော်​မူ​၏။
DEU 32:9 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယာ​ကုပ်​၏ အ​ဆက်​အ​နွယ်​တို့​ကို မိ​မိ​အ​တွက်​ရွေး​ချယ်​တော်​မူ​၏။
DEU 32:10 ``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊ မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
DEU 32:11 လင်း​ယုန်​ငှက်​သည်​သား​ငယ်​များ​ကို အ​ပျံ​သင်​သည့်​အ​ခါ​မိ​မိ​၏​တောင်​ပံ​များ​ကို ဖြန့်​၍​ဖမ်း​ယူ​သကဲ့​သို့၊ ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို ဆောင်​ယူ​သယ်​ပိုး​တော်​မူ​၏။
DEU 32:12 အ​ခြား​ဘု​ရား​၏​အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ မိ​မိ​၏​လူ​မျိုး​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ တော်​မူ​ခဲ့​၏။
DEU 32:13 ``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍ လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။ သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊ ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။
DEU 32:14 သူ​တို့​၏​ဆိတ်​များ​နွား​များ​မှ​နို့​လှိုင်​လှိုင် ထွက်​၏။ မျိုး​အ​ကောင်း​ဆုံး​သိုး​ဆိတ်​နွား​များ​ကို​ပိုင်​၍ မျိုး​အ​သန့်​ဆုံး​ဂျုံ​နှင့်​အ​ကောင်း​ဆုံး​စ​ပျစ် ရည်​ကို စား​သုံး​ရ​ကြ​၏။
DEU 32:15 ``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့် ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။ သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။ သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍ တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။
DEU 32:16 သူ​တို့​သည်​ရုပ်​တု​ဘု​ရား​များ​ကို​ကိုး​ကွယ်​သည့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ပြိုင်​ဘက်​ကင်း​သည့်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက်​တော်​ထွက်​စေ​ကြ​၏။
DEU 32:17 သူ​တို့​သည်​ဘိုး​ဘေး​တို့​မ​ကိုး​ကွယ်​ခဲ့​ဘူး​သော ဣ​သ​ရေ​လ​လူ​မျိုး​မ​ဆည်း​ကပ်​ခဲ့​ဘူး​သော၊ ဘု​ရား​သစ်​များ​အား​ယဇ်​ပူ​ဇော်​ကြ​၏။
DEU 32:18 သူ​တို့​သည်​တန်​ခိုး​ကြီး​သည့်​ကယ်​တင်​ရှင်၊ မိ​မိ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။
DEU 32:19 ``ထာ​ဝရ​ဘု​ရား​သည်​ထို​အ​မှု​အ​ရာ​ကို မြင်​သော​အ​ခါ​အ​မျက်​တော်​ထွက်​၍၊ မိ​မိ​၏​သား​သ​မီး​တို့​ကို​စွန့်​ပယ်​တော်​မူ​၏။
DEU 32:20 ထာ​ဝ​ရ​ဘု​ရား​က`သူ​တို့​သည်​ခေါင်း​မာ​၍ သစ္စာ​မဲ့​သော​သူ​များ​ဖြစ်​ကြ​၏။ ငါ​သည်​သူ​တို့​ကို​မ​ကူ​ညီ​ဘဲ​နေ​မည်။' ထို့​နောက်​သူ​တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို ငါ​စောင့်​ကြည့်​မည်။
DEU 32:21 သူ​တို့​၏​ရုပ်​တု​ဘု​ရား​များ​ဖြင့်​ငါ့​အား အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​၏​ဘု​ရား​အ​တု​အ​ယောင်​များ​အားဖြင့် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​နိုင်​သော ငါ​၏​စိတ်​တော်​ကို​လှုံ့​ဆော်​ကြ​၏။ သို့​ဖြစ်​၍​မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​အား​ဒေါ​သ​ထွက်​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​သူ​တို့​အား မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​မည်။
DEU 32:22 ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။
DEU 32:23 `` `ငါ​သည်​သူ​တို့​အား​ဘေး​ဒဏ်​များ​ကို အ​ဆက်​မ​ပြတ်​တွေ့​ကြုံ​စေ​မည်။ ငါ​၏​မြား​ကုန်​စင်​အောင်​သူ​တို့​ကို​ပစ်​ခွင်း​မည်။
DEU 32:24 သူ​တို့​သည်​ငတ်​မွတ်၊ဖျား​နာ​၍​သေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော​ရော​ဂါ​များ​ဖြင့် သေ​ဆုံး​ကြ​လိမ့်​မည်။ သား​ရဲ​တိ​ရစ္ဆာန်​တို့​သည်​သူ​တို့​ကို ကိုက်​ဖြတ်​လိမ့်​မည်။ မြွေ​ဆိုး​တို့​သည်​သူ​တို့​ကို​ကိုက်​လိမ့်​မည်။
DEU 32:25 စစ်​ဘေး​ကြောင့်​လူ​တို့​သည်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ကြ​လိမ့်​မည်။ နေ​အိမ်​များ​တွင်​ကြောက်​မက်​ဖွယ်​ရာ​ဘေး​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ ယောကျာ်း​ပျို​နှင့်​မိန်း​မ​ပျို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ နို့​စို့​က​လေး​နှင့်​အ​ဖိုး​အို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။
DEU 32:26 ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။
DEU 32:27 သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့် ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'
DEU 32:28 ``ဣ​သ​ရေ​လ​လူ​မျိုး​သည်​စဉ်း​စား​ဉာဏ်​မ​ရှိ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။
DEU 32:29 သူ​တို့​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် စစ်​ရှုံး​ရ​သည်​ကို​မ​သိ​ကြ။ ဖြစ်​ပျက်​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း နား​မ​လည်​နိုင်​ကြ။
DEU 32:30 လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊ လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။ သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။
DEU 32:31 သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ​တို့​၏​ဘု​ရား​များ အား​နည်း​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ကဲ့​သို့ တန်​ခိုး​မ​ကြီး​ကြောင်း​သိ​ကြ​၏။
DEU 32:32 သူ​တို့​၏​ရန်​သူ​များ​သည်​သော​ဒုံ​မြို့​သား၊ ဂေါ​မော​ရ မြို့​သား​တို့​ကဲ့​သို့​အ​ကျင့်​ပျက်​လျက် ခါး​၍​အ​ဆိပ်​တောက်​သော​စ​ပျစ်​သီး​ကို​သီး​သည့် စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်းကောင်း၊
DEU 32:33 မြွေ​အ​ဆိပ်​တောက်​သော​စ​ပျစ်​ရည် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ကြ​၏။
DEU 32:34 ``ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရန်​သူ​များ ပြု​လုပ်​သ​မျှ​ကို​သိ​မြင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​အား​ဒဏ်​ခတ်​ရန်​အ​ချိန်​ကို​စောင့်​ဆိုင်း နေ​တော်​မူ​၏။
DEU 32:35 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။
DEU 32:36 ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါ သူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါ သူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။
DEU 32:37 ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​အား `သင်​တို့​ယုံ​ကြည်​ကိုး​စား​ရာ၊တန်​ခိုး​ကြီး​သော ဘု​ရား​များ​အ​ဘယ်​မှာ​ရှိ​သ​နည်း။
DEU 32:38 သင်​တို့​သည်​ထို​ဘု​ရား​များ​အား​ယဇ်​ကောင် မှ​အ​ဆီ အ​ဥ​နှင့်​စ​ပျစ်​ရည်​ကို​ပူ​ဇော်​ဆက်​သ​ခဲ့​ကြ​ပြီ။ ထို​ဘု​ရား​များ​သည်​ယ​ခု​ကြွ​လာ​၍​သင်​တို့ အား ကူ​မ​ပါ​လေ​စေ။ အ​မြန်​ကြွ​လာ​၍​ကယ်​တင်​ပါ​လေ​စေ။
DEU 32:39 `` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။ အ​သက်​ကို​ပေး​ပိုင်​၏။ ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။
DEU 32:40 ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း ငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။
DEU 32:41 ငါ​သည်​ပြောင်​လက်​သော​ဋ္ဌား​ကို​သွေး​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​မည်။ ငါ​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​၍​ငါ့​အား မုန်း​သူ​တို့​ကို​ဒဏ်​စီ​ရင်​မည်။
DEU 32:42 ငါ​၏​မြား​များ​တွင်​သူ​တို့​၏​သွေး​စက်​စီး ကျ​လိမ့်​မည်။ ငါ​၏​သန်​လျက်​သည်​ငါ့​အား​ဆန့်​ကျင်​သူ ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​လိမ့်​မည်။ ငါ့​ကို​ရန်​ဖက်​ပြု​သူ​တို့​အား​တစ်​ယောက်​မ​ကျန် အ​ဆုံး​စီ​ရင်​မည်။ ဒဏ်​ရာ​ရ​သူ​နှင့်​သုံ့​ပန်း​များ​ပင်​လျှင် သေ​ဆုံး​ရ​လိမ့်​မည်။'
DEU 32:43 ``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။ မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''
DEU 32:44 မော​ရှေ​နှင့်​နုန်​၏​သား​ယော​ရှု​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကြား​နိုင်​လောက်​အောင် ဤ​သီ​ချင်း​ကို​ရွတ်​ဆို​ကြ​လေ​သည်။
DEU 32:45 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား ဘု​ရား​သ​ခင်​၏​မိန့်​မှာ​ချက်​များ​ကို ဆင့်​ဆို​ပြီး​နောက်​ဆက်​လက်​၍၊-
DEU 32:46 ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သ​မျှ​သော​ပညတ် တို့​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့​၏​သား​သ​မီး တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​ပ​ညတ်​ရှိ​သ​မျှ ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​စေ​ရန်​သွန် သင်​လော့။-
DEU 32:47 ဤ​ပညတ်​များ​သည်​အကျိုး​မဲ့​ဖြစ်​သည်​မ​ဟုတ်။ သင်​တို့​အ​သက်​ရှင်​ရာ​ရှင်​ကြောင်း​ဖြစ်​၏။ သင် တို့​သည်​ဤ​ပညတ်​တို့​ကို​စောင့်​ထိန်း​လျှင်​ယော်​ဒန် မြစ်​တစ်​ဖက်​ရှိ​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မှာ ကြား​လေ​သည်။
DEU 32:48 ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
DEU 32:49 ``ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​မော​ဘ​ပြည်​ရှိ​အာ​ဗ ရိမ်​တောင်​တန်း​သို့​သွား​၍ နေ​ဗော​တောင်​ထိပ်​ပေါ် သို့​တက်​လော့။ ထို​တောင်​ထိပ်​ပေါ်​မှ​နေ​၍ ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အား ငါ​ပေး​မည့်​ခါနာန်​ပြည် ကို​မြော်​ကြည့်​လော့။-
DEU 32:50 သင်​၏​အစ်​ကို​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် တွင် အ​နိစ္စ​ရောက်​ရ​သည့်​နည်း​တူ သင်​သည်​လည်း ထို​တောင်​ပေါ်​၌​အ​နိစ္စ​ရောက်​ရ​မည်။-
DEU 32:51 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​ရှိ​ကာ​ဒေ​ရှ​မြို့​အ​နီး မေ​ရိ​ဘ​စမ်း​သို့​ရောက်​စဉ်​အ​ခါ​က ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင် ငါ့​အား​မ​ရို မ​သေ​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။-
DEU 32:52 သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို​မ​ဝင်​ရ​ဘဲ အ​ဝေး​မှ မြင်​ရုံ​သာ​မြင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
DEU 33:1 ဘု​ရား​သ​ခင်​ရွေး​ကောက်​သူ​မော​ရှေ​သည်​အ​နိစ္စ မ​ရောက်​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော်​ပြ​ပါ​အ​တိုင်း​ကောင်း​ချီး​ပေး လေ​၏။
DEU 33:2 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​မှ ကြွ​လာ​တော်​မူ​၏။ ကိုယ်​တော်​သည်​နေ​မင်း​သ​ဖွယ်​ဧ​ဒုံ​ပြည်​ပေါ်​သို့ ထွက်​ပေါ်​လာ​ပြီး​လျှင်၊ ပါ​ရန်​တောင်​ထိပ်​ပေါ်​မှ​မိ​မိ​လူ​မျိုး​တော်​ပေါ်​သို့ ထွန်း​တောက်​တော်​မူ​၏။ ကိုယ်​တော်​၏​လက်​ယာ​တော်​ဘက်​တွင် ထောင်​သောင်း​မ​က​များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့​သည်​လိုက်​ပါ​လျက် မီး​လျှံ​တောက်​နေ​၏။
DEU 33:3 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ကို ချစ်​တော်​မူ​၏။ မိ​မိ​ပိုင်​ဆိုင်​သူ​တို့​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​ခြေ​တော် ကို ဦး​တိုက်​လျက်​ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း ကြ​၏။
DEU 33:4 အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​ပေး​သော​ပ​ညတ် တ​ရား​တော်​ကို​စောင့်​ထိန်း​ကြ​၏။ ယင်း​ပ​ညတ်​တ​ရား​တော်​ကား​ငါ​တို့​လူ​မျိုး​၏ အ​မြတ်​နိုး​ဆုံး​သော​အ​မွေ​ဥစ္စာ​ဖြစ်​၏။
DEU 33:5 ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​ခေါင်း​ဆောင်​များ စု​ရုံး​လျက်​ရှိ​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရင်​ဖြစ် လာ​တော်​မူ​၏။
DEU 33:6 ထို့​နောက်​မော​ရှေ​က​ရု​ဗင်​အ​နွယ်​ကို ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။ ``ရု​ဗင်​အ​နွယ်​သည်​လူ​အင်​အား​နည်း​သော်​လည်း အ​မျိုး​မ​တိမ်​ကော​ပါ​စေ​နှင့်၊''
DEU 33:7 ယု​ဒ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။ ``အို ထာ​ဝရ​ဘု​ရား​ယု​ဒ​အ​နွယ်​ဝင်​တို့​အ​ကူ အ​ညီ တောင်း​လျှောက်​သံ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ခြား​အ​နွယ်​ဝင်​များ​နှင့်​ပြန်​လည် ပေါင်း​စည်း​မိ​စေ​တော်​မူ​ပါ။ အို ထာ​ဝရ​ဘု​ရား၊သူ​တို့​အ​တွက်​တိုက်​ခိုက် တော်​မူ​ပါ။ သူ​တို့​ဘက်​မှ​ရန်​သူ​များ​ကို​တိုက်​ခိုက်​တော် မူ​ပါ။''
DEU 33:8 လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။ ``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကို ကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့် သု​မိမ်​နှင့်​ဥ​ရိမ် အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍ မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။
DEU 33:9 သူ​တို့​သည်​မိ​မိ​တို့​၏​မိ​ဘ​ညီ​အစ်​ကို၊ သား​သ​မီး​တို့​ကို ချစ်​ခင်​မြတ်​နိုး​သည်​ထက်၊​ကိုယ်​တော်​ကို ပို​၍​ချစ်​ခင်​မြတ်​နိုး​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကို လိုက်​နာ​၍​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​ကို စောင့်​ထိန်း​ကြ​ပါ​၏။
DEU 33:10 သူ​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ပ​ညတ်​တ​ရား​တော်​ကို​လိုက်​နာ​ရန် သွန်​သင်​ကြ​ပါ​မည်။ ပလ္လင်​ပေါ်​တွင်​ယဇ်​ပူ​ဇော်​ကြ​ပါ​မည်။
DEU 33:11 အို ထာ​ဝရ​ဘု​ရား​သူ​တို့​၏​အ​နွယ်​ကို ကြီး​ပွား​စေ​တော်​မူ​ပါ။ သူ​တို့​ဆောင်​ရွက်​သ​မျှ​ကို​လက်​ခံ​တော် မူ​ပါ။ သူ​တို့​၏​ရန်​သူ​ရှိ​သ​မျှ​ကို​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​တော်​မူ​ပါ။''
DEU 33:12 ဗင်္ယာ​မိန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။ ``ဗင်္ယာ​မိန်​အ​နွယ်​ကို​ထာ​ဝရ​ဘု​ရား​ချစ်​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နေ​ကုန် စောင့်​ရှောက်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​ကာ​အ​ကွယ် အောက်​တွင်​လုံ​ခြုံ​စွာ​နေ​ကြ​ရ​၏။''
DEU 33:13 ယော​သပ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။ ``ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​၏​နယ်​မြေ​ပေါ်​တွင် မိုး​ရွာ​စေ​ရန်​လည်း​ကောင်း၊ မြေ​အောက်​မှ​ရေ​ထွက်​စေ​ရန်​လည်း​ကောင်း ကူ​မ​တော်​မူ​ပါ​စေ​သော။
DEU 33:14 သူ​တို့​၏​နယ်​မြေ​သည်​နေ​ပူ​ရှိန်​ဖြင့်​မှည့်​သော သစ်​သီး၊ ရာ​သီ​အ​လိုက်​ပေါ်​သော​အ​ဖိုး​တန်​သစ်​သီး တို့​နှင့် ကြွယ်​ဝ​ပါ​စေ​သော။
DEU 33:15 သူ​တို့​၏​ရှေး​တောင်​ကုန်း​များ​သည်​အ​ဖိုး​တန် သစ်​သီး​များ​နှင့်​လှိုင်​ပါ​စေ​သော။
DEU 33:16 မီး​လျှံ​တောက်​လောင်​သော​ချုံ​ထဲ​မှ မိန့်​ကြား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​၏​နယ်​မြေ​မှ​အ​ဖိုး​တန်​သီး​နှံ များ ထွက်​ပါ​စေ​သော။ ယော​သပ်​သည်​သူ​၏​ညီ​အစ်​ကို​တို့​တွင် ခေါင်း​ဆောင် ဖြစ်​သော​ကြောင့်​သူ​၏​အ​နွယ်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​တို့​ကို​ခံ​စား​ရ​ပါ စေ​သော။
DEU 33:17 ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။ သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့် ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။ သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''
DEU 33:18 ဇာ​ဗု​လုန်​နှင့်​ဣသ​ခါ​အ​နွယ်​ကို​ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။ ``ဇာ​ဗု​လုန်​အ​နွယ်​သည်​ပင်​လယ်​ခ​ရီး​ဖြင့် ရောင်း​ဝယ်​ဖောက်​ကား​၍​စီး​ပွား​တိုးတက်​ပါ​စေ။ ဣ​သ​ခါ​အ​နွယ်​သည်​မိ​မိ​တို့​နယ်​မြေ​အ​တွင်း​၌ ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​ပါ​စေ။
DEU 33:19 သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကို​တောင်​ပေါ်​သို့ ဖိတ်​ခေါ်​လျက် ပူ​ဇော်​ထိုက်​သော​ယဇ်​များ​ကို​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ပင်​လယ်​မှ​လည်း​ကောင်း ကမ်း​ခြေ​တစ်​လျှောက်​ရှိ​သဲ​မှ​လည်း​ကောင်း ဥစ္စာ​ဘဏ္ဍာ​များ​ရ​ရှိ​ကြ​သည်။''
DEU 33:20 ဂဒ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။ ``ဂဒ်​အ​နွယ်​၏​နယ်​မြေ​ကို​ကျယ်​ဝန်း​စေ​သော ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ဂဒ်​အ​နွယ်​သည်​ခြင်္သေ့​သ​ဖွယ်​လက်​မောင်း သို့​မ​ဟုတ် ဦး​ခေါင်း​ခွံ​ကို​ကိုက်​ဖြတ်​ရန်​ချောင်း​နေ​၏။
DEU 33:21 သူ​တို့​သည်​အ​ကောင်း​ဆုံး​နယ်​မြေ​ကို​ရွေး​ယူ ကြ​၏။ ခေါင်း​ဆောင်​အ​နေ​ဖြင့်​ရ​ထိုက်​သော​နယ်​မြေ​ကို သူ​တို့​အား​ခွဲ​ဝေ​ပေး​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​စု​ရုံး လာ​ကြ​သော​အ​ခါ၊ သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​နှင့် ပ​ညတ်​တော်​များ​ကို​လိုက်​နာ​ကြ​၏။''
DEU 33:22 ဒန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ​ဆို​လေ​သည်။ ``ဒန်​အ​နွယ်​သည်​ခြင်္သေ့​ပျို​ဖြစ်​၍​ဗာ​ရှန်​ပြည်​မှ ခုန်​ပေါက်​၍​ထွက်​လာ​၏။''
DEU 33:23 န​ဿ​လိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။ ``န​ဿ​လိ​အ​နွယ်​သည်​ထာ​ဝရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကြောင့်​ကောင်း​ချီး​မင်္ဂ​လာ ကြွယ်​ဝ​စွာ ခံ​စား​ရ​၏။ သူ​တို့​၏​နယ်​မြေ​သည်​ဂါ​လိ​လဲ​အိုင်​မှ တောင်​ဘက်​အ​ထိ​ကျယ်​ဝန်း​၏။''
DEU 33:24 အာ​ရှာ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို လေ​သည်။ ``အာ​ရှာ​အ​နွယ်​သည်​အ​ခြား​အ​နွယ်​တို့​ထက် ပို​၍​ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​၏။ သူ​သည်​ညီ​အစ်​ကို​ချင်း​တို့​တွင်​မျက်​နှာ ပွင့်​လန်း​ဆုံး​ဖြစ်​ပါ​စေ။ သူ​၏​နယ်​မြေ​တွင်​ဆီ​ထွက်​သော​သံ​လွင်​ပင် မြောက်​မြား​စွာ​ဖြစ်​ထွန်း​ပါ​စေ။
DEU 33:25 သူ​သည်​မြို့​တို့​ကို​သံ​တံ​ခါး​များ​ဖြင့်​ကာ​ကွယ် ပါ​စေ။ သူ​သည်​ထာ​ဝ​စဉ်​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ပါ​စေ။''
DEU 33:26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား သခင်​နှင့် နှိုင်း​ယှဉ်​အပ်​သော​အ​ခြား​ဘုရား​မ​ရှိ။ ကိုယ်​တော်​သည်​ဘုန်း​ကျက်​သ​ရေ​ကို​ဆောင်​လျက် မိုး​တိမ်​ကို​စီး​၍၊ကောင်း​ကင်​ကို​ဖြတ်​ကျော်​ပြီး​လျှင် သင်​တို့​ကို​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၏။
DEU 33:27 ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​အ​စဉ်​အ​မြဲ ကွယ်​ကာ​တော်​မူ​၏။ ထာ​ဝ​ရ​လက်​ရုံး​တော်​သည်​သင်​တို့​ကို ထောက်​ပင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​ရာ​လမ်း​မှ ရန်​သူ​များ​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​ရန်​သူ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် သင်​တို့​အား​အ​မိန့်​ပေး​တော်​မူ၏။
DEU 33:28 သို့​ဖြစ်​၍​ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​တို့​သည် မိုး​ကောင်း​ကင်​မှ​နှင်း​ကျ​သော၊ စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​ကြွယ်​ဝ​သော ပြည်​တွင် အေး​ချမ်း​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။
DEU 33:29 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထာ​ဝရ​ဘု​ရား​သင်​တို့​ကို​ကယ်​တင်​သော​ကြောင့် သင်​တို့​သည်​ထူး​ခြား​သည့်​လူ​မျိုး​ဖြစ်​သည်။ သင်​တို့​ကို​ကာ​ကွယ်​ရန်​နှင့်​ရန်​သူ​ကို​အောင် မြင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် သင်​တို့​၏​ဒိုင်း​လွှား​သင်​တို့​၏​ဋ္ဌား​ဖြစ်​တော် မူ​၏။ သင်​တို့​၏​ရန်​သူ​တို့​သည်​အ​သ​နား​ခံ​ရန် သင်​တို့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​သူ​တို့​ကို​နင်း​ချေ ကြ​လိမ့်​မည်။
DEU 34:1 ထို​နောက်​မော​ရှေ​သည်​မော​ဘ​လွင်​ပြင်​မှ ယေ​ရိ ခေါ​မြို့​အ​ရှေ့​ဘက်​ရှိ​နေ​ဗော​ခေါ်​ပိ​သ​ဂါ​တောင် ထိပ်​ပေါ်​သို့​တက်​လေ​၏။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မြောက်​ဘက်​ရှိ​ဒန်​မြို့​အ​ထိ​ကျယ် ပြန့်​သော​ဂိလဒ်​ပြည်​နယ်၊-
DEU 34:2 န​ဿ​လိ​ပြည်​နယ်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​ပြည်​နယ်​များ၊ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ ကျယ်​ပြန့်​သော​ယု​ဒ​ပြည်​နယ်၊-
DEU 34:3 ယု​ဒ​ပြည်​နယ်​တောင်​ပိုင်း၊ ဇော​ရ​မြို့​မှ​စွန် ပ​လွံ​ပင်​မြို့​ဟု​ခေါ်​တွင်​သော ယေ​ရိ​ခေါ​မြို့ အ​ထိ​ကျယ်​ပြန့်​သည့်​လွင်​ပြင်​မှ​စ​၍ တစ် ပြည်​လုံး​ကို​မော​ရှေ​အား​ပြ​တော်​မူ​၏။-
DEU 34:4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ ပြည်​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား ပေး​မည်​ဟု​ငါ​က​တိ ထား​သော​ပြည်​ဖြစ်​သည်။ ယ​ခု​ဤ​ပြည်​ကို သင်​ကြည့်​ရှု​လော့။ သို့​ရာ​တွင်​ဤ​ပြည်​ကို သင်​မ​ဝင်​ရ'' ဟု​မိန့်​တော်​မူ​၏။
DEU 34:5 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​သည် မော​ဘ​ပြည်​တွင်​အ​နိစ္စ​ရောက်​လေ​၏။-
DEU 34:6 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ဘ​ပြည်၊ ဗက်​ပေ ဂု​ရ​မြို့​တစ်​ဘက်​ရှိ​ချိုင့်​ဝှမ်း​၌ မော​ရှေ​၏ အ​လောင်း​ကို​သင်္ဂြိုဟ်​တော်​မူ​၏။ သို့​ရာ​တွင် ယ​နေ့​တိုင်​အောင်​မော​ရှေ​၏​သင်္ချိုင်း​နေ​ရာ အ​တိ​အ​ကျ​ကို​မည်​သူ​မျှ​မ​သိ​ရ​ချေ။-
DEU 34:7 မော​ရှေ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​တွင် အ​နိစ္စ​ရောက်​၏။ မော​ရှေ​အ​နိစ္စ​ရောက်​ချိန် တွင်​မျက်​စိ​မ​မှုန်​သေး။ အင်​အား​လည်း မ​လျော့​သေး။-
DEU 34:8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​လွင် ပြင်​တွင် ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​မော​ရှေ ကွယ်​လွန်​သည့်​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​၏။
DEU 34:9 မော​ရှေ​သည်​နုန်​၏​သား​ယော​ရှု​အ​ပေါ်​လက် တင်​၍ မိ​မိ​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​ခန့် အပ်​ခဲ့​သည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ပညာ​ဉာဏ် နှင့်​ပြည့်​စုံ​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ယော​ရှု​၏​စ​ကား​ကို​နား​ထောင်​၍ မော​ရှေ​ဆင့်​ဆို​သော​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​ကြ​လေ​သည်။
DEU 34:10 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မော​ရှေ​ကဲ့ သို့​သော​ပ​ရော​ဖက်​မ​ပေါ်​ထွန်း​တော့​ချေ။ သူ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တိုင်​ကိုယ် ကြပ်​သိ​ကျွမ်း​သူ​ဖြစ်​သည်။-
DEU 34:11 ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ်​ချက်​အ​ရ​မော​ရှေ သည် အီ​ဂျစ်​ပြည်​ဘု​ရင်၊ မှူး​မတ်​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​ရှေ့​တွင် အ​ခြား​မည်​သည့်​ပ​ရော​ဖက် မျှ​မ​ပြ​ဘူး​သော​အံ့​သြ​ဖွယ်​ရာ​များ​နှင့် နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​ခဲ့​လေ​သည်။-
DEU 34:12 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ရှေ့​၌​လည်း အ​ခြား​မည်​သည့်​ပ​ရော​ဖက်​မျှ မ​ပြု​လုပ်​နိုင်​သည့် အ​လွန်​ကြောက်​မက်​ဖွယ် ကောင်း​သော​အ​မှု​များ​ကို​ပြု​လုပ်​ခဲ့​လေ သ​တည်း။ ရှင်​မော​ရှေ​ရေး​ထား​သော​တ​ရား​ဟော​ရာ​ကျမ်း​ပြီး​၏။
JOS 1:1 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ အ​နိစ္စ ရောက်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ ၏​လက်​ထောက်၊ နုန်​၏​သား​ယော​ရှု​အား၊-
JOS 1:2 ``ငါ​၏​အ​စေ​ခံ​မော​ရှေ​အနိစ္စ​ရောက်​ပြီ။ သင် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ငါ​ပေး​သ​နား​တော် မူ​မည့်​ပြည်​တွင်း​သို့​ဝင်​ရောက်​ရန်​ယ​ခု​အ​သင့် ပြင်​ဆင်​လော့။-
JOS 1:3 မော​ရှေ​အား​ငါ​က​တိ​ထား​တော်​မူ​ခဲ့​သည် အ​တိုင်း သင်​တို့​ချီ​တက်​သိမ်း​ယူ​မည့်​နယ် မြေ​အား​လုံး​ကို​သင်​တို့​အား​ငါ​ပေး မည်။-
JOS 1:4 သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။-
JOS 1:5 ယော​ရှု၊ သင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး မည်​သူ​မျှ​သင့်​အား​ခု​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ​ရှိ​တော်​မူ​သည့်​နည်း တူ​ပင် သင်​နှင့်​လည်း​အ​တူ​ရှိ​မည်။ သင့်​ကို​မည် သည့်​အ​ခါ​မျှ​စွန့်​ပစ်​ထား​မည်​မ​ဟုတ်။ သင် နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​မည်။-
JOS 1:6 သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည်​ဤ​သူ​တို့​ကို​ခေါင်း​ဆောင်​၍​သူ​တို့ ၏​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရ မည်။-
JOS 1:7 အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​၏ အ​စေ​ခံ​မော​ရှေ​ပေး​သော​ပ​ညတ်​အား​လုံး ကို​တစ်​သ​ဝေ​မ​တိမ်း​စောင့်​ထိန်း​လော့။ ပ​ညတ် ရှိ​သ​မျှ​ကို​တစ်​ခု​မ​ကျန်​စောင့်​ထိန်း​လျှင် သင်​သည်​ကြံ​တိုင်း​အောင်​လိမ့်​မည်။-
JOS 1:8 ဘု​ရား​ဝတ်​ပြု​ရာ​၌​ပ​ညတ်​တ​ရား​ရေး ထား​သော​ကျမ်း​စာ​အုပ်​ကို အ​မြဲ​ဖတ်​ရ​မည်။ ထို​ကျမ်း​စာ​အုပ်​ကို​နေ့​ည​မ​ပြတ်​လေ့​လာ​၍ ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​တို့​ကို​စောင့်​ထိန်း ရ​မည်။ သို့​ပြု​လျှင်​သင်​သည်​ကြီး​ပွား​အောင် မြင်​လိမ့်​မည်။-
JOS 1:9 သို့​ဖြစ်​၍​ငါ​မိန့်​မှာ​သည့်​အ​တိုင်း​ရဲ​ရင့်​ခြင်း ရှိ​လော့။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ စိတ်​မ​ပျက်​နှင့်။ သင်​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ရှိ​တော် မူ​၏'' ဟု​မိန့်​တော်​မူ​၏။
JOS 1:10 ထို​အ​ခါ​ယော​ရှု​သည်​ခေါင်း​ဆောင်​များ ကို​ဆင့်​ခေါ်​၍၊
JOS 1:11 စ​ခန်း​တစ်​ခု​လုံး​ရှိ​လူ​တို့​ထံ​သို့​သွား​စေ​ပြီး လျှင်``သုံး​ရက်​အ​တွင်း​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို​သိမ်း​ယူ​ရန် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ရ မည်​ဖြစ်​၍​လို​အပ်​သော​ရိက္ခာ​ကို​စု​ဆောင်း ထား​ကြ​လော့'' ဟူ​၍​ကြေ​ညာ​စေ​၏။
JOS 1:12 ထို​နောက်​ယော​ရှု​သည်​ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား၊-
JOS 1:13 ``ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​သင် တို့​နေ​ထိုင်​ရန်​အ​တွက် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်​ကို​သ​တိ ရ​ကြ​လော့။-
JOS 1:14 သင်​တို့​၏​သား​မယား၊ သိုး၊ နွား၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​များ​သည်​ဤ​အ​ရပ်​တွင်​နေ​ရစ်​၍၊ သူ တို့​အ​နက်​လက်​နက်​ကိုင်​နိုင်​သူ​အ​မျိုး​သား မှန်​သ​မျှ​သည် အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​၏​တပ်​ဦး​အ​ဖြစ်​မြစ်​ကို အ​လျင်​အ​မြန်​ဖြတ်​ကူး​ရ​မည်။-
JOS 1:15 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ယော်​ဒန်​မြစ်​အ​နောက်​ဘက် ရှိ​ပြည်​ကို​သိမ်း​ပိုက်​နိုင်​သည်​အ​ထိ သူ​တို့ အား​ကူ​ညီ​တိုက်​ခိုက်​ရ​မည်။ ဣ​သ​ရေ​လ​အ​နွယ် တို့​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ​၌ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မောရှေ​ပေး သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ပြည်​သို့​ပြန် နိုင်​သည်'' ဟု​ဆို​၏။
JOS 1:16 ထို​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် မှာ​ကြား​သ​မျှ​ကို​လိုက်​နာ​၍ ကိုယ်​တော် စေ​လွှတ်​ရာ​အ​ရပ်​သို့​သွား​ပါ​မည်။-
JOS 1:17 မော​ရှေ​၏​စ​ကား​ကို​နား​ထောင်​သ​ကဲ့​သို့ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မော​ရှေ နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-
JOS 1:18 ကိုယ်​တော်​၏​အာ​ဏာ​ကို​ဖီ​ဆန်​၍​အ​မိန့် ကို​မ​နာ​ခံ​သော​သူ​အား သေ​ဒဏ်​ခံ​စေ ပါ​မည်။ သို့​ဖြစ်​၍​အား​မာန်​တင်း​၍ ရဲ​ရင့် ခြင်း​ရှိ​တော်​မူ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။
JOS 2:1 ထို​နောက်​ယော​ရှု​သည်​ခါ​နာန်​ပြည်​၏​အ​ခြေ​အ​နေ၊ အ​ထူး​သ​ဖြင့်​ယေ​ရိ​ခေါ​မြို့​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် သူ​လျှို​နှစ်​ဦး​ကို​စ​ခန်း​ချ​ရာ​အ​ကေ​ရှ​အ​ရပ်​မှ​စေ​လွှတ်​လိုက်​လေ​သည်။ သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား​ရောက်​သော အ​ခါ​ရာ​ခပ်​နာ​မည်​ရှိ​ပြည့်​တန်​ဆာ​မ​အိမ် တွင်​တစ်​ည​တည်း​ခို​ကြ​လေ​သည်။-
JOS 2:2 ယေ​ရိ​ခေါ​မြို့​မင်း​ကြီး​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တိုင်း​ပြည်​၏​အ​ခြေ​အ​နေ ကို​ထောက်​လှမ်း​ရန်​ရောက်​ရှိ​နေ​သည့်​သ​တင်း ကို​ကြား​သိ​ရ​သ​ဖြင့်၊-
JOS 2:3 ရာ​ခပ်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သင့်​အိမ်​သို့ ရောက်​ရှိ​နေ​သူ​များ​သည်​သူ​လျှို​များ​ဖြစ် သည်။ သူ​တို့​ကို​ငါ့​လက်​သို့​အပ်​လော့'' ဟု ဆင့်​ဆို​စေ​၏။-
JOS 2:4 ရာ​ခပ်​က``ကျွန်​မ​၏​အိမ်​သို့​ဧည့်​သည်​အ​ချို့ ရောက်​ရှိ​လာ​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​သူ တို့​မည်​သည့်​အ​ရပ်​မှ​လာ​သည်​ကို​ကျွန်​မ မ​သိ​ပါ။ သူ​တို့​သည်​မြို့​တံ​ခါး​မ​ပိတ်​မီ​နေ ဝင်​ချိန်​တွင်​ထွက်​ခွာ​သွား​ကြ​ပါ​သည်။ သူ​တို့ မည်​သည့်​အ​ရပ်​သို့​ခ​ရီး​ဆက်​ကြ​သည်​ကို လည်း​မ​သိ​ပါ။ သို့​သော်​လည်း​သူ​တို့​နောက် သို့​အ​လျင်​အ​မြန်​လိုက်​လျှင်​မီ​နိုင်​ပါ​မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​လေ​၏။ (သူ​သည်​ထို သူ​တို့​ကို​အိမ်​ခေါင်​မိုး​ပေါ်​သို့​တက်​စေ​ပြီး လျှင်​အ​မိုး​ပေါ်​တွင်​တင်​ထား​သော​ပိုက်​ဆံ လျှော်​ရိုး​များ​အောက်​တွင်​ဝှက်​ထား​ပြီး ဖြစ်​သည်။)-
JOS 2:7 မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​မြို့​ပြင်​သို့ ရောက်​သည့်​အ​ခါ မြို့​တံ​ခါး​ကို​ပိတ်​လိုက် ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် လျှောက်​နိုင်​သည့်​မြစ်​ကမ်း​အ​ထိ​သူ​လျှို​များ​ကို​လိုက်​လံ​ရှာ​ဖွေ​ကြ​သည်။
JOS 2:8 သူ​လျှို​တို့​အိပ်​ရာ​မ​ဝင်​မီ​အ​ချိန်​၌ ရာ​ခပ်​သည်​အိမ်​မိုး​ပေါ်​သို့​တက်​လာ​၍၊-
JOS 2:9 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။-
JOS 2:10 သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​စဉ်​က​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ချီ​တက်​ရာ​ရှေ့​၌​ပင်​လယ် နီ​ရေ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို ကျွန်​မ​တို့​ကြား​သိ​ရ​ပါ​သည်။ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ဖြစ်​ကြ​သည့်​ရှိ​ဟုန်​ဘု​ရင် နှင့်​သြ​ဃ​ဘု​ရင်​တို့​ကို သင်​တို့​မည်​ကဲ့​သို့ သတ်​ဖြတ်​သုတ်​သင်​ခဲ့​ကြ​ကြောင်း​ကို​လည်း ကျွန်​မ​ကြား​သိ​ရ​ပါ​သည်။-
JOS 2:11 ထို​သ​တင်း​များ​ကို​ကြား​လျှင်​ကြား​ချင်း ကျွန်​မ​တို့​ကြောက်​လန့်​ကြ​ပါ​၏။ သင်​တို့ ကြောင့်​ကျွန်​မ​တို့​စိတ်​ပျက်​အား​လျော့​ကြ ပါ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​မြေ​ကို​ပိုင်​သ​အုပ်​စိုး သော​ဘု​ရား​ဖြစ်​တော်​မူ​၏။-
JOS 2:12 ကျွန်​မ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​သ​ကဲ့ သို့​ကျွန်​မ​၏​မိ​သား​စု​ကို​လည်း ကျေး​ဇူး​ပြု ပါ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ကြ​ပါ​လော့။ ကျွန်​မ​သည်​သင်​တို့ ကို​ယုံ​ကြည်​စိတ်​ချ​နိုင်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား​တစ်​ခု​ခု​ကို​ပေး​ပါ​လော့။-
JOS 2:13 ကျွန်မ​၏​မိ​ဘ၊ မောင်​နှ​မ​နှင့်​သူ​တို့​၏​မိ​သား​စု​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည် ဟု​က​တိ​ပေး​ကြ​ပါ​လော့'' ဟု​ဆို​၏။
JOS 2:14 ထို​အ​ခါ​သူ​တို့​က ``ငါ​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သတ်​ပါ​စေ​သား။ သင်​သည်​ငါ​တို့​လာ​ရောက်​သည့်​ကိစ္စ ကို​မ​ပေါက်​ကြား​စေ​လျှင် ဤ​ပြည်​ကို​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော အ​ခါ ငါ​တို့​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု မည်​ဟု​ကတိ​ပြု​ပါ​၏'' ဟူ​၍​ပြန်​ပြော​လေ​သည်။
JOS 2:15 ရာ​ခပ်​သည်​မြို့​ရိုး​နှင့်​ကပ်​၍​ဆောက်​ထား​သော အိမ်​တွင်​နေ​ထိုင်​သ​ဖြင့် သူ​တို့​ကို​ပြူ​တင်း​ပေါက် မှ​ကြိုး​ဖြင့်​မြို့​ပြင်​သို့​လျှော​ချ​လိုက်​လေ​သည်။ ရာ​ခပ်​က ``မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​သင် တို့​ကို​ရှာ​၍​မ​တွေ့​စေ​ရန် တောင်​ပေါ်​သို့​ပြေး​၍​သုံး​ရက်​ပုန်း​အောင်း​နေ​ကြ​လော့။-
JOS 2:16 သင်​တို့​ကို​လိုက်​ရှာ​သော​သူ​များ​ပြန်​လာ​မှ သင်​တို့​ခ​ရီး​ဆက်​သွား​ကြ​ပါ'' ဟု​မှာ​လိုက်​လေ​သည်။
JOS 2:17 ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​သင့်​အား ပေး​သော​က​တိ​တည်​စေ​မည်။-
JOS 2:18 သင်​တို့​၏​ပြည်​ထဲ​သို့​ငါ​တို့​ချီ​တက်​လာ​သော အ​ခါ ငါ​တို့​ကို​လျှော​ချ​သော​ပြူ​တင်း​ပေါက် တွင် ဤ​ကြိုး​နီ​ကို​ချည်​ထား​လော့။ သင်​၏​မိ​ဘ၊ မောင်​နှ​မ​များ​နှင့်​ဖ​ခင်​ဘက်​မှ​မိ​သား​စု အား​လုံး​ကို​သင်​၏​အိမ်​တွင်​စု​ရုံး​နေ​စေ လော့။-
JOS 2:19 သင့်​အိမ်​ထဲ​မှ​တစ်​စုံ​တစ်​ယောက်​သည်​လမ်း ပေါ်​သို့​ထွက်​သ​ဖြင့် အ​သတ်​ခံ​ရ​လျှင်​ငါ​တို့ ၏​တာ​ဝန်​မ​ဟုတ်။ သင့်​အိမ်​ထဲ​တွင်​ရှိ​သော​သူ တစ်​စုံ​တစ်​ယောက်​ထိ​ခိုက်​လျှင်​ငါ​တို့​တာ​ဝန် ယူ​မည်။-
JOS 2:20 သို့​ရာ​တွင်​သင်​သည်​ငါ​တို့​လာ​ရောက်​သည့် ကိစ္စ​ကို တစ်​စုံ​တစ်​ယောက်​အား​ပေါက်​ကြား​စေ လျှင်​မူ​ကား​ငါ​တို့​ပေး​သော​ကတိ​တည်​ရန် မ​လို'' ဟု​ရာခပ်​အား​ပြော​ကြား​လေ​သည်။-
JOS 2:21 ရာ​ခပ်​သည်​သူ​တို့​ပြော​သည့်​အ​တိုင်း​လိုက်​နာ ပါ​မည်​ဟု​ဝန်​ခံ​သ​ဖြင့် သူ​တို့​သည်​ထွက်​ခွာ သွား​ကြ​သည်။ သူ​တို့​ထွက်​သွား​ကြ​ပြီး​နောက် ရာခပ်​သည်​ပြူ​တင်း​ပေါက်​တွင်​ကြိုး​နီ​ကို​ချည် ထား​လေ​သည်။
JOS 2:22 သူ​လျှို​တို့​သည်​တောင်​ကုန်း​များ​ပေါ်​သို့​တက် ၍​ပုန်း​အောင်း​နေ​ကြ​၏။ မင်း​ကြီး​စေ​လွှတ်​သော သူ​များ​သည် သူ​လျှို​တို့​ကို​သုံး​ရက်​တိုင်​အောင် နေ​ရာ​အ​နှံ့​လိုက်​လံ​ရှာ​ဖွေ​၍​မ​တွေ့​လျှင် ယေ​ရိ​ခေါ​မြို့​သို့​ပြန်​လာ​ကြ​လေ​သည်။-
JOS 2:23 ထို​နောက်​သူ​လျှို​နှစ်​ဦး​တို့​သည်​တောင်​ကုန်း များ​ပေါ်​မှ​ဆင်း​ပြီး​လျှင်​မြစ်​ကို​ဖြတ်​ကူး​၍ ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။ သူ​တို့​သည် ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ယော​ရှု​အား​ပြန် ကြား​ပြီး​လျှင်၊-
JOS 2:24 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ထို​ပြည်​တစ်​ပြည်​လုံး​ကို​မု​ချ​ပေး​တော်​မူ ပြီ။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ကြောက်​လန့်​လျက်​ရှိ​ကြ ပါ​သည်'' ဟု​ဆို​ကြ​၏။
JOS 3:1 နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​၌ ယော​ရှု နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ကေ​ရှ​စ​ခန်း​မှ​ယော်ဒန်​မြစ်​သို့​ထွက်​ခွာ လာ​ကြ​သည်။ မြစ်​ကို​မ​ဖြတ်​ကူး​မီ​မြစ်​နား တွင်​စ​ခန်း​ချ​ကြ​၏။-
JOS 3:2 သုံး​ရက်​လွန်​ပြီး​နောက်​ခေါင်း​ဆောင်​တို့​သည် စ​ခန်း​သို့​လှည့်​လည်​၍-
JOS 3:3 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယဇ်​ပု​ရော​ဟိတ်​များ ပင့်​ဆောင်​လာ​သည်​ကို​မြင်​လျှင် သင်​တို့​သည် စ​ခန်း​သိမ်း​၍​သူ​တို့​နောက်​သို့​လိုက်​ကြ​ရ မည်။-
JOS 3:4 သင်​တို့​သည်​ဤ​လမ်း​ကို​တစ်​ခါ​မျှ​မ​သွား ဘူး​သ​ဖြင့် သူ​တို့​က​လမ်း​ပြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​ရ။ သေတ္တာ​တော်​နောက် မှ​မိုင်​ဝက်​ခန့်​ခွာ​၍​လိုက်​ရ​ကြ​မည်'' ဟု လူ​အ​ပေါင်း​တို့​အား​မှာ​ကြား​လေ​၏။
JOS 3:5 ထို​နောက်​ယော​ရှု​က​လူ​တို့​အား``နက်​ဖြန် နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ မည်​ဖြစ်​၍ သင်​တို့​ကိုယ်​ကို​သန့်​စင်​စေ​ကြ လော့'' ဟု​ညွှန်​ကြား​လေ​၏။-
JOS 3:6 ထို​နောက်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​၍ လူ​ထု ရှေ့​က​ချီ​တက်​ရန်​စေ​ခိုင်း​သည့်​အ​တိုင်း​သူ တို့​သည်​ချီ​တက်​သွား​ကြ​၏။
JOS 3:7 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင် ယ​နေ့​မှ​စ​၍​သင့်​အား ငါ​ချီး​မြှောက်​မည်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ ရှိ​သ​ကဲ့​သို့​သင်​နှင့်​အ​တူ​ရှိ​ကြောင်း​သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။-
JOS 3:8 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​သော ယဇ်​ပု​ရော​ဟိတ်​များ​သည်​မြစ်​ကမ်း​စပ်​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​ရေ​ထဲ​၌​ရပ်​နေ ရန်​မှာ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
JOS 3:9 ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``လာ ကြ၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​ကြ​လော့။-
JOS 3:10 သင်​တို့​ချီ​တက်​သော​အ​ခါ​ဘု​ရား​သ​ခင် သည်​ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ကို​မု​ချ​နှင်​ထုတ် တော်​မူ​မည်။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် သင်​တို့​ကို​ရှေ့ ဆောင်​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​သော အ​ခါ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်​ကို​သင်​တို့​သိ​ကြ​လိမ့်​မည်။-
JOS 3:12 ယ​ခု​မူ​ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး ကျ​ဖြင့် လူ​တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး ချယ်​ကြ​လော့။-
JOS 3:13 ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​သည် မြစ်​ရေ​ကို​နင်း​မိ​သည်​နှင့်​တစ်​ပြိုင် နက်​မြစ်​ညာ​မှ​စီး​ဆင်း​လာ​သော​ရေ​သည် ရပ်​တန့်​၍​တစ်​နေ​ရာ​တည်း​တွင်​ပင်​စု​ပုံ လျက်​ရှိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
JOS 3:14 ထို​အ​ချိန်​အ​ခါ​သည်​စပါး​ရိတ်​သိမ်း​ချိန် ဖြစ်​သည်။ မြစ်​ရေ​လျှံ​ချိန်​လည်း​ဖြစ်​သည်။ လူ​တို့​သည်​ယော်ဒန်​မြစ်​ကို​ဖြတ်​ကူး​ရန်​စ​ခန်း မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ် များ​သည်​သူ​တို့​ရှေ့​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ သည်​မြစ်​ထဲ​သို့​ဆင်း​မိ​သည်​နှင့်​တစ်​ပြိုင်​နက်၊-
JOS 3:16 ရေ​စီး​ရပ်​တန့်​၍​မြစ်​ညာ​ဘက်​အ​တန်​ကွာ ဝေး​သော​နေ​ရာ​၌ တည်​ရှိ​သည့်​ဇာ​ရ​တန် မြို့​အ​နီး​အာ​ဒံ​မြို့​၌​ရေ​စု​ပုံ​လျက်​ရှိ​လေ သည်။ ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သော​မြစ် ရေ​သည်​ပြတ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​တစ်​ဘက်​ကမ်း သို့​ဖြတ်​ကူး​နိုင်​ကြ​လေ​သည်။-
JOS 3:17 လူ​အ​ပေါင်း​တို့​လျှောက်​၍​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​များ သည်​ခြောက်​သွေ့​သော​မြစ်​လယ်​တွင်​ရပ်​နေ ကြ​၏။
JOS 4:1 ဣ​သ​ရေ​လ​လူ​မျိုး​တစ်​ရပ်​လုံး​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ယော​ရှု​အား၊-
JOS 4:2 ``ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​တစ်​ဦး​ကျ​ဖြင့် တစ်​ဆယ့်​နှစ်​ယောက်​ကို​ရွေး​ချယ်​၍၊-
JOS 4:3 ယော်​ဒန်​မြစ်​လယ်၊ ယဇ်​ပု​ရော​ဟိတ်​များ​ရပ်​တန့် ခဲ့​သော​နေ​ရာ​မှ ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို​သယ်​ယူ​စေ​လော့။ သင်​တို့​ယ​နေ့​စ​ခန်း​ချ ရာ​အ​ရပ်​တွင်​ထို​ကျောက်​တုံး​များ​ကို​ထား လော့'' ဟု​မိန့်​တော်​မူ​၏။
JOS 4:4 ထို့​ကြောင့်​ယော​ရှု​သည်​ရွေး​ချယ်​ပြီး​သော​လူ တစ်​ဆယ့်​နှစ်​ယောက်​ကို​ဆင့်​ခေါ်​၍၊-
JOS 4:5 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က ယော်​ဒန်​မြစ်​ထဲ သို့​ဆင်း​လော့။ ဣ​သ​ရေ​လ​တစ်​နွယ်​စီ​အ​တွက် တစ်​ဦး​လျှင်​ကျောက်​တုံး​တစ်​တုံး​ကျ​သယ် ဆောင်​ခဲ့​ရ​မည်။-
JOS 4:6 ဤ​ကျောက်​တုံး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​အား သ​တိ​ရ​စေ​မည့်​အ​ထိမ်း​အ​မှတ်​ဖြစ်​သည်။ နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​များ က`ဤ​ကျောက်​တုံး​များ​သည်​မည်​သည့်​အဋ္ဌိပ္ပါယ် ကို​ဆောင်​ပါ​သ​နည်း' ဟု​မေး​မြန်း​လျှင်၊-
JOS 4:7 သင်​တို့​က​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​စဉ်​အ​ခါ​က မြစ်​ရေ​စီး​ရပ်​တန့်​သွား​ကြောင်း​ပြန်​ပြော​ရ ကြ​မည်။ ဤ​ကျောက်​တုံး​များ​သည်​ဤ​အ​ရပ် တွင်​ဖြစ်​ပျက်​ခဲ့​သ​မျှ​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​စဉ်​သ​တိ​ရ​စေ လိမ့်​မည်'' ဟု​ဆို​၏။
JOS 4:8 ထို​သူ​တို့​သည်​ယော​ရှု​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည် ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ကျောက်​တုံး​တစ် တုံး​ကျ​ဖြင့်​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး ကို ယော်​ဒန်​မြစ်​လယ်​မှ​သယ်​ဆောင်​၍​စ​ခန်း တွင်း​၌​ချ​ထား​ကြ​၏။-
JOS 4:9 ယော​ရှု​သည်​ယော်​ဒန်​မြစ်​လယ်​တွင်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော​ဟိတ် များ​ရပ်​သည့်​နေ​ရာ​၌​လည်း ကျောက်​တုံး​တစ် ဆယ့်​နှစ်​တုံး​ကို​စိုက်​ထူ​ထား​၏။ (ထို​ကျောက် တုံး​များ​သည်​ထို​နေ​ရာ​တွင်​ယ​နေ့​တိုင် တည်​ရှိ​၏။-)
JOS 4:10 ယော​ရှု​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ သ​မျှ​ကို လူ​အ​ပေါင်း​တို့​ဆောင်​ရွက်​ပြီး​စီး သည်​အ​ထိ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယော်​ဒန် မြစ်​လယ်​တွင်​ရပ်​နေ​ကြ​၏။ ဤ​သို့​ဆောင် ရွက်​ရန်​မော​ရှေ​မှာ​ကြား​ခဲ့​ခြင်း​ဖြစ်​၏။ လူ​တို့​သည်​လည်း​မြစ်​ကို​အ​လျင်​အ​မြန် ဖြတ်​ကူး​ကြ​၏။-
JOS 4:11 သူ​တို့​အား​လုံး​တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​၍​လူ​တို့​ရှေ့​က​သွား​ကြ သည်။-
JOS 4:12 ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မနာရှေ​အ​နွယ်​တစ် ဝက်​တို့​သည်​မော​ရှေ​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​က လက်​နက်​စွဲ​ကိုင်​၍​ချီ​တက်​ကြ​သည်။-
JOS 4:13 သူ​တို့​သည်​လူ​အင်​အား​လေး​သောင်း​ခန့်​ရှိ​၍ တိုက်​ပွဲ​ဝင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မြစ်​ကို​ဖြတ်​လျက် ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ လွင်​ပြင်​သို့​ချီ​တက်​ကြ​လေ​သည်။-
JOS 4:14 ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု​အား​ခေါင်း​ဆောင်​ကြီး​အ​ဖြစ်​ရို​သေ လေး​စား​ကြ​၏။ သူ​တို့​သည်​မော​ရှေ​ကို​ရို​သေ လေး​စား​သည့်​နည်း​တူ​ယော​ရှု​ကို​လည်း သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ရို​သေ လေး​စား​ကြ​၏။
JOS 4:15 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​ယော်​ဒန်​မြစ်​ထဲ​မှ​တက်​လာ​ရန် ယော​ရှု​အား​ဆင့်​ဆို​စေ​တော်​မူ​၏။-
JOS 4:17 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယော​ရှု​ဆင့်​ဆို​လေ​၏။-
JOS 4:18 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မြစ်​ကမ်း​ပေါ်​သို့ ရောက်​သည်​နှင့်​တစ်​ပြိုင်​နက် မြစ်​ရေ​သည်​တစ် ဖန်​စီး​ဆင်း​သ​ဖြင့်​ကမ်း​တစ်​လျှောက်​လုံး ရေ​ပြည့်​လျှံ​လာ​၏။
JOS 4:19 လူ​အ​ပေါင်း​တို့​သည်​ပ​ထ​မ​လ​ဆယ်​ရက်​နေ့ ၌​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ပြီး​နောက် ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ဂိ​လ​ဂါ​လ​အ​ရပ် ၌​စ​ခန်း​ချ​ကြ​သည်။-
JOS 4:20 ယော​ရှု​သည်​ယော်​ဒန်​မြစ်​တွင်း​မှ​သယ်​ယူ​ခဲ့ သော​ကျောက်​တုံး​တစ်​ဆယ့်​နှစ်​တုံး​ကို​ထို အ​ရပ်​တွင်​စိုက်​ထူ​လေ​၏။-
JOS 4:21 ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး တို့​က​ဤ​ကျောက်​တုံး​များ​သည် မည်​သည့် အ​ဋ္ဌိပ္ပါယ်​ကို​ဆောင်​ပါ​သ​နည်း​ဟူ​၍​သင် တို့​အား​မေး​မြန်း​ကြ​လျှင်၊-
JOS 4:22 သင်​တို့​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော်​ဒန်​မြစ်​ကို​ခြောက်​သွေ့​သော​မြေ​ပေါ် ဖြတ်​ကူး​ခဲ့​ကြောင်း​ကို​ပြော​ကြား​လော့။-
JOS 4:23 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပင်​လယ်​နီ​ကို​ခြောက်​သွေ့​စေ​တော်​မူ​သ​ကဲ့​သို့ ယော်​ဒန်​မြစ်​ကို​သင်​တို့​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင်​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ပြော ကြား​လော့။-
JOS 4:24 ဤ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကြောင့်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ၏​တန်​ခိုး​တော်​ကြီး​မား​ပုံ​ကို​သိ​မြင်​ကြ လိမ့်​မည်။ သင်​တို့​သည်​လည်း​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်'' ဟု​ဆို​လေ ၏။
JOS 5:1 ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။
JOS 5:2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ကျောက် စောင်း​ဋ္ဌား​များ​ကို​ပြု​လုပ်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂလာ​ကို​စီ​ရင်​ပေး​လော့''ဟု​မိန့်​တော်​မူ​၏။-
JOS 5:3 သို့​ဖြစ်​၍​ယော​ရှု​သည်``အ​ရေ​ဖျား​လှီး​ခြင်း တောင်​ကုန်း'' ဟု​နာ​မည်​တွင်​သည့်​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​စီ​ရင်​ပေး​လေ​၏။-
JOS 5:4 အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​ယောကျာ်း​အား လုံး​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ပြီး​ဖြစ်​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် နှစ်​ပေါင်း​လေး​ဆယ်​ကြာ သော​တော​ကန္တာ​ရ​ခ​ရီး​တွင်​မည်​သည့်​ယောကျာ်း က​လေး​မျှ​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို မ​ခံ​ခဲ့​ရ​ချေ။ ထို​အ​နှစ်​လေး​ဆယ်​ကာ​လ ကုန်​ဆုံး​သော​အ​ခါ​၌​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​စစ်​မှု​ထမ်း​အ​ရွယ်​ရောက်​သူ​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​မ​လိုက်​နာ​သ​ဖြင့်​သေ​ဆုံး​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘိုး​ဘေး​တို့​အား​ပေး မည်​ဟု​က​တိ​ထား​တော်​မူ​သော​မြေ​သြ​ဇာ ထက်​သန်​၍ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့် ပြည်​ကို ထို​သူ​တို့​မ​မြင်​ရ​ဟု​ကျိန်​ဆို​တော် မူ​သည်​နှင့်​အ​ညီ​မြင်​ခွင့်​ကို​မ​ရ​ကြ​ချေ။-
JOS 5:7 သူ​တို့​၏​သား​များ​သည်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​ခဲ့​ရ​သ​ဖြင့် ယော​ရှု သည်​ထို​သား​များ​အ​တွက်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပေး​ခြင်း​ဖြစ်​သည်။
JOS 5:8 အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပြီး​နောက် ဣ​သ​ရေ​လ​အမျိုးသား​အ​ပေါင်း​တို့​သည်​အ​နာ ကျက်​သည့်​တိုင်​အောင်​စ​ခန်း​ထဲ​တွင်​နေ​ထိုင် ကြ​လေ​သည်။-
JOS 5:9 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``အီ​ဂျစ် ပြည်​တွင်​သင်​တို့​ကျွန်​ခံ​ရ​သော​အ​ရှက်​ကို​ငါ သည်​ယ​နေ့​ဖယ်​ရှား​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို့ ကြောင့်​ထို​အရပ်​သည်​ယ​နေ့​တိုင်​အောင်​ဂိ​လ ဂါ​လ ဟု​နာ​မည်​တွင်​လေ​သည်။
JOS 5:10 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယေ​ရိ​ခေါ မြို့​အ​နီး​လွင်​ပြင်​၌​ရှိ​သော​ဂိ​လ​ဂါ​လ အ​ရပ်​တွင် စ​ခန်း​ချ​နေ​စဉ်​ပ​ထ​မ​လ​တစ် ဆယ့်​လေး​ရက်​နေ့​ည​၌​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​ကြ​သည်။-
JOS 5:11 နောက်​တစ်​နေ့​၌​သူ​တို့​သည်​ပထမ​ဦး​ဆုံး​အ​ကြိမ် အ​နေ​ဖြင့် ခါ​နာန်​ပြည်​ထွက်​စပါး​နှင့်​ပြု​လုပ် သော​ပေါက်​ပေါက်​နှင့်​တဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​သည်။-
JOS 5:12 ထို​နေ့​မှ​စ​၍​မန္န​မုန့်​ကောင်း​ကင်​မှ​မ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မန္န​မုန့်​ကို မ​စား​ရ​တော့​ချေ။ ထို​အ​ချိန်​မှ​စ​၍​သူ​တို့ သည်​ခါ​နာန်​ပြည်​ထွက်​အ​သီး​အ​နှံ​များ​ကို စား​ရ​ကြ​သည်။
JOS 5:13 ယော​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​ရှိ လာ​စဉ် မိ​မိ​ရှေ့​တွင်​ဋ္ဌား​လွတ်​ကိုင်​သူ​တစ်​ဦး ရပ်​နေ​သည်​ကို​ရုတ်​တ​ရက်​မြင်​ရ​သည်။ ယော​ရှု သည်​ထို​သူ​ထံ​သို့​ချဉ်း​ကပ်​၍``သင်​သည်​ငါ​တို့ ဘက်​တော်​သား​လော၊ ရန်​သူ​လော'' ဟု​မေး​၏။
JOS 5:14 ထို​သူ​က``ဘက်​တော်​သား​လည်း​မ​ဟုတ်၊ ရန်​သူ လည်း​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​အ ဖြစ်​ငါ​လာ​၏'' ဟု​ဖြေ​ကြား​၏။ ထို​အ​ခါ​ယော​ရှု​သည်​မြေ​ပေါ်​တွင်​ပျပ်​ဝပ်​ရှိ​ခိုး လျက်``အ​ရှင်၊ ကိုယ်​တော့်​ကျွန်​အား​အ​မိန့်​ရှိ​တော် မူ​ပါ'' ဟု​လျှောက်​လေ​၏။
JOS 5:15 ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​က``သင်​၏​ဖိ​နပ်​ကို ချွတ်​လော့။ သင်​နင်း​သော​မြေ​သည်​သန့်​ရှင်း​မြင့် မြတ်​သော​မြေ​ဖြစ်​၏'' ဟု​ဆို​လေ​၏။ ထို​သူ အ​မိန့်​ပေး​သည်​အ​တိုင်း​ယော​ရှု​လိုက်​နာ​၏။
JOS 6:1 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ယေ​ရိ​ခေါ​မြို့ တွင်း​သို့​မ​ဝင်​နိုင်​ရန်​မြို့​တံ​ခါး​များ​ကို​ပိတ် ၍ အ​စောင့်​များ​ချ​ထား​လေ​သည်။ မည်​သူ​မျှ မြို့​ကို​ဝင်​ထွက်​သွား​လာ​ခြင်း​မ​ပြု​နိုင်။-
JOS 6:2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ငါ​သည် ယေ​ရိ​ခေါ​မြို့​နှင့်​တ​ကွ မြို့​ကို​အုပ်​ချုပ်​သော မင်း​ကြီး​နှင့်​သူ​ရ​သတ္တိ​ရှိ​သော​စစ်​သူ​ရဲ အ​ပေါင်း​တို့​ကို သင်​၏​လက်​တွင်း​သို့​ကျ ရောက်​စေ​မည်။-
JOS 6:3 သင်​နှင့်​သင်​၏​စစ်​သည်​တို့​သည်​တစ်​နေ့​လျှင် တစ်​ကြိမ်​ကျ​ဖြင့် ခြောက်​ရက်​တိုင်​မြို့​ကို​ပတ် ၍​ချီ​တက်​ရ​ကြ​မည်။-
JOS 6:4 ယဇ်​ပု​ရော​ဟိတ်​ခုနစ်​ယောက်​တို့​သည်​တံပိုး​ခ​ရာ တစ်​လုံး​စီ​ကိုင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က သွား​ရ​မည်။ သတ္တမ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​တံပိုး​ခရာ​မှုတ်​၍​ရှေ့​ဆောင်​လျက် သင်​နှင့် သင်​၏​စစ်​သည်​တို့​သည်​မြို့​ကို​ခု​နစ်​ကြိမ် ပတ်​ရ​ကြ​မည်။-
JOS 6:5 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခ​ရာ​ကို အ​သံ​ရှည်​ရှည်​တစ်​ချက်​မှုတ်​ရ​ကြ​မည်။ ထို အ​ချက်​ပေး​သံ​ကို​ကြား​ရ​လျှင် လူ​အ​ပေါင်း တို့​သည် အ​သံ​ကျယ်​စွာ​အော်​ဟစ်​ရ​ကြ​မည်။ ထို​အ​ခါ​မြို့​ရိုး​များ​ပြို​ကျ​သ​ဖြင့်​စစ်​သည် တပ်​သား​အား​လုံး မိ​မိ​တို့​ရှိ​နေ​ရာ​မှ​မြို့ တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ​ဝင်​ရောက် နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOS 6:6 ယော​ရှု​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ပြီး လျှင်``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ လော့။ သင်​တို့​အ​နက်​ခု​နစ်​ယောက်​တို့​သည် တံ​ပိုး​ခ​ရာ​များ​ကို​ကိုင်​လျက် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​က​သွား​ကြ​လော့'' ဟု​မှာ ကြား​၏။-
JOS 6:7 ရှေ့​ဆုံး​မှ​တပ်​သား​များ၊ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်၊ နောက်​ဆုံး တွင်​လူ​တို့​လိုက်​ပါ​လျက် မြို့​ကို​ပတ်​၍​ချီ တက်​ရန်​ယော​ရှု​အ​မိန့်​ပေး​လေ​၏။-
JOS 6:8 ယော​ရှု​အ​မိန့်​ပေး​သည့်​အ​တိုင်း​တံပိုး​ခရာ​မှုတ် သော​ယဇ်​ပု​ရော​ဟိတ်​များ​ရှေ့​က လက်​နက်​ကိုင် တပ်​သား​များ​စ​တင်​ချီ​တက်​လေ​သည်။ သူ​တို့ နောက်​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် သော​ယဇ်​ပု​ရော​ဟိတ်​များ၊ သူ​တို့​နောက်​တွင် တပ်​သား​များ​လိုက်​ပါ​ချီ​တက်​ကြ​သည်။ သူ တို့​ချီ​တက်​နေ​စဉ်​ယဇ်​ပု​ရော​ဟိတ်​များ​က တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ကြ​သည်။-
JOS 6:10 ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ငါ​အ​မိန့် မ​ပေး​မီ​မည်​သူ​မျှ​မ​အော်​ဟစ်​ရ။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​ရ'' ဟု​မှာ​ထား​ပြီး ဖြစ်​၏။-
JOS 6:11 သို့​ဖြစ်​၍​ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အား​မြို့​ကို ပ​ထ​မ အ​ကြိမ်​လှည့်​ပတ်​စေ​၏။ ထို​နောက်​သူ​တို့​သည် စခန်း​သို့​ပြန်​လာ​၍​တစ်​ည​တာ​ရပ်​နား​ကြ သည်။
JOS 6:12 နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​ယော​ရှု​သည် နိုး​ထ​၏။ ယဇ်​ပု​ရော​ဟိတ်​နှင့်​စစ်​သည်​တို့​သည် ဒု​တိ​ယ​အကြိမ်​မြို့​ကို​ယ​ခင်​နည်း​အ​တိုင်း လှည့်​ပတ်​ကြ​၏။-
JOS 6:13 ရှေ့​ဆုံး​က​တပ်​သား​များ၊ ထို​နောက်​တံ​ပိုး​ခ​ရာ ခု​နစ်​လုံး​ကို​မှုတ်​သော​ယဇ်​ပု​ရော​ဟိတ်​ခု​နစ် ယောက်၊ သူ​တို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​နောက်​ဆုံး​တပ်​သား​များ​လိုက် ပါ​ချီ​တက်​ကြ​၏။ သူ​တို့​ချီ​တက်​နေ​စဉ် ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​ကြ​သည်။-
JOS 6:14 ဒု​တိ​ယ​နေ့​၌​သူ​တို့​သည်​တစ်​ဖန်​မြို့​ကို တစ် ကြိမ်​လှည့်​ပတ်​၍​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။ သူ​တို့​သည်​ဤ​နည်း​နှင်​နှင်​ခြောက်​ရက် တိုင်​တိုင်​မြို့​ကို​လှည့်​ပတ်​ကြ​သည်။
JOS 6:15 သတ္တမ​နေ့​နံ​နက်​အ​ရုဏ်​တက်​အ​ချိန်​၌​သူ​တို့ သည်​နိုး​ထ​၍ ယ​ခင်​လှည့်​ပတ်​နည်း​အ​တိုင်း​မြို့ ကို​ခုနစ်​ကြိမ်​လှည့်​ပတ်​ကြ​လေ​သည်။ ထို​နေ့​၌ သာ​မြို့​ကို​ခု​နစ်​ကြိမ်​တိုင်​အောင်​လှည့်​ပတ်​ကြ သည်။-
JOS 6:16 မြို့​ကို​သတ္တ​မ​အ​ကြိမ်​လှည့်​ပတ်​နေ​စဉ်​ယဇ် ပု​ရော​ဟိတ်​များ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​အံ့ ဆဲ​ဆဲ​၌​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဟစ် အော်​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​မြို့​ကို​အပ်​တော်​မူ​ပြီ။-
JOS 6:17 မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-
JOS 6:18 သို့​ရာ​တွင်​သင်​တို့​သည်​ဖျက်​ဆီး​ပစ်​ရ​မည့် အ​ရာ​များ​မှ​မည်​သည့်​ပစ္စည်း​မျှ​မ​ယူ​ရ။ အ​ကယ်​၍​ယူ​မိ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​စ​ခန်း​တွင်​ဘေး​ဒုက္ခ​ဆိုက်​ရောက် လိမ့်​မည်။-
JOS 6:19 ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​ထား​သော ဝတ္ထု​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ကား ထာ​ဝ​ရ​ဘု​ရား အ​တွက်​သီး​သန့်​သတ်​မှတ်​ထား​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​သွင်း​ထား​ရ မည်'' ဟု​မိန့်​ဆို​လေ​သည်။
JOS 6:20 ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခရာ မှုတ်​လျှင်​မှုတ်​ခြင်း လူ​အ​ပေါင်း​တို့​သည် တ​ခဲ​နက်​ကြွေး​ကြော်​ရာ​မြို့​ရိုး​များ​ပြို​ကျ လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည်​မြို့​တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ ဝင်​ရောက်​၍​မြို့​ကို​သိမ်း​ယူ​ကြ​၏။-
JOS 6:21 သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။
JOS 6:22 ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။-
JOS 6:23 ထို​ကြောင့်​သူ​တို့​သည်​ရာခပ်​နှင့်​တ​ကွ​သူ​၏ မိ​ဘ​များ၊ မောင်​နှ​မ​များ​နှင့်​အိမ်​သူ​အိမ်​သား များ​ကို​ခေါ်​ဆောင်​ခဲ့​၏။ ကျေး​ကျွန်​များ​ပါ မ​ကျန်​သူ​တို့​အား​လုံး​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စ​ခန်း​အ​နီး​လုံ​ခြုံ​သော အ​ရပ်​တွင်​နေ​ရာ​ချ​ထား​ကြ​လေ​သည်။-
JOS 6:24 ထို​နောက်​သူ​တို့​သည်​မြို့​နှင့်​တ​ကွ​မြို့​တွင်း ၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​ကို​မီး​ရှို့ ဖျက်​ဆီး​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​သော​ဝတ္ထု​ပစ္စည်း များ​ကို​သိမ်း​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘဏ္ဍာ တော်​တိုက်​ထဲ​သို့​သွင်း​ကြ​သည်။-
JOS 6:25 ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)
JOS 6:26 ထို​အ​ခါ​ယော​ရှု​က``ယေ​ရိ​ခေါ​မြို့​ကို​ပြန် လည်​တည်​ဆောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ပါ​စေ​သား။ မြို့​၏​အုတ်​မြစ်​ကို​တည်​သော​သူ​သည် သား​ဦး​ဆုံး​ရ​ပါ​စေ​သား။ မြို့​တံ​ခါး​ကို​ဆောက်​သော​သူ​သည်​သား​ထွေး ဆုံး​ရ​ပါ​စေ​သား'' ဟူ​၍​ကျိန်​ဆို​လေ​၏။
JOS 6:27 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​နှင့်​အ​တူ​ရှိ တော်​မူ​၍​သူ​၏​နာ​မည်​သည်​တစ်​ပြည်​လုံး တွင်​ထင်​ရှား​ကျော်​စော​လေ​၏။
JOS 7:1 ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဖျက်​ဆီး​ရ မည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ယူ​ရ​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​တား​မြစ်​ချက်​ကို အာ​ခန်​ဆို​သူ​သည်​မ​နာ​ခံ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ပြင်း​စွာ​သော​အ​မျက်​တော်​ထွက်​တော် မူ​၏။ (အာ​ခန်​သည်​ယု​ဒ​အ​နွယ်​ဝင်​ဇေ​ရ မိ​သား​စု​ထဲ​မှ​ဇာ​ဗ​ဒိ​၏​မြေး၊ ကာ​မိ​၏ သား​ဖြစ်​သည်။)
JOS 7:2 ယော​ရှု​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက်၊ ဗေ​သ ဝင်​မြို့​အ​နီး​တွင်​တည်​ရှိ​သော​အာ​ဣ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် လူ​အ​ချို့ တို့​ကို​ယေ​ရိ​ခေါ​မြို့​မှ​စေ​လွှတ်​လိုက်​လေ သည်။-
JOS 7:3 သူ​တို့​သည်​ယင်း​သို့​ထောက်​လှမ်း​ပြီး​နောက် ယော​ရှု​ထံ​သို့​ပြန်​လာ​ပြီး​လျှင်``အာ​ဣ​မြို့ ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ချီ​တက်​တိုက်​ခိုက် ရန်​မ​လို​ပါ။ လူ​နှစ်​ထောင်​သုံး​ထောင်​ခန့်​စေ လွှတ်​လျှင်​လုံ​လောက်​ပါ​၏။ စစ်​တပ်​တစ်​တပ် လုံး​စေ​လွှတ်​ရန်​မ​လို​အပ်​ပါ။ ထို​မြို့​သည် မြို့​ကြီး​မ​ဟုတ်​ပါ'' ဟူ​၍​ပြန်​ကြား​ကြ လေ​သည်။-
JOS 7:4 ထို့​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား​သုံး​ထောင် ခန့်​သည် မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ကြ​၏။ သို့ ရာ​တွင်​စစ်​ရေး​နိမ့်​သ​ဖြင့်​ဆုတ်​ခွာ​ခဲ့​ရ လေ​သည်။-
JOS 7:5 အာ​ဣ​မြို့​သား​တို့​သည်​မြို့​တံ​ခါး​မှ​ကျောက် ကျင်း​များ​ရှိ​ရာ​အ​ရပ်​သို့​တိုင်​အောင် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နောက်​သို့​လိုက်​၍​တိုက် ခိုက်​ကြ​ရာ​တောင်​ကုန်း​အ​ဆင်း​၌ ဣ​သ​ရေ​လ အမျိုး​သား​သုံး​ဆယ့်​ခြောက်​ယောက်​ခန့်​ကို သတ်​ဖြတ်​လိုက်​ကြ​လေ​သည်။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​လွန် စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။
JOS 7:6 ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​သည်​ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ တို့​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ဝမ်း နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​ဦး​ခေါင်း ပေါ်​မှာ​မြေ​မှုန့်​တင်​လျက်​ညဦး​တိုင်​အောင် ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-
JOS 7:7 ယော​ရှု​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် တို့​ကို​အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကူး​စေ​တော်​မူ​ပါ​သ​နည်း။ အာ​မော​ရိ​အ​မျိုး သား​တို့​လက်​သို့​အပ်​ရန်​လော။ သေ​ကြေ​ပျက်​စီး စေ​ရန်​လော။ အ​ကျွန်ုပ်​တို့​သည်​ယော်ဒန်​မြစ်​တစ် ဘက်​ကမ်း​၌​သာ​နေ​ထိုင်​ခဲ့​လျှင်​ကောင်း​ပါ မည်။-
JOS 7:8 အို ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​ထံ​မှ​နောက်​သို့ ဆုတ်​ပြေး​လာ​ရ​ပြီ​ဖြစ်​ခြင်း​ကြောင့် အ​ကျွန်ုပ် သည်​မည်​သို့​ပြော​ရ​ပါ​မည်​နည်း။-
JOS 7:9 ခါ​နာန်​အမျိုး​သား​မှ​စ​၍​ဤ​ပြည်​ရှိ​လူ အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သ​ဖြင့် အ​ကျွန်ုပ်​တို့​ကို​ဝိုင်း​၍ တစ်​ယောက်​မျှ​မ​ကျန် အောင်​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​၏​ဘုန်း​တန်​ခိုး​တော်​ကို လူ​တို့ အ​ထင်​မ​သေး​ကြ​စေ​ခြင်း​ငှာ​မည်​သို့ ပြု​တော်​မူ​ပါ​မည်​နည်း'' ဟု​လျှောက်​ထား လေ​၏။
JOS 7:10 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ထ​လော့။ အ​ဘယ်​ကြောင့်​မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​နေ သ​နည်း။-
JOS 7:11 ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​အ​ပြစ် ကူး​လွန်​ခဲ့​ကြ​ပြီ။ သူ​တို့​သည်​ငါ​ပေး​သော အ​မိန့်​ကို​မ​လိုက်​နာ​ကြ။ သူ​တို့​သည်​ဖျက် ဆီး​ပစ်​ရ​မည့်​ပစ္စည်း​အ​ချို့​ကို​သိမ်း​ယူ​ထား ကြ​ပြီ။ ထို​ပစ္စည်း​များ​ကို​ခိုး​ယူ​၍​မု​သား ပြော​ဆို​လျက်​မိ​မိ​တို့​၏​ပစ္စည်း​များ​နှင့် ရော​နှော​ထား​ကြ​ပြီ။-
JOS 7:12 ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​များ​ကို​ယှဉ်​ပြိုင်​၍​မ​တိုက်​နိုင်​ကြ။ သူ တို့​ကိုယ်​တိုင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့်​သူ​များ ဖြစ်​၍ ရန်​သူ​များ​ထံ​မှ​ဆုတ်​ခွာ​ခဲ့​ရ​ကြ​၏။ သင်​တို့​ကို​မ​ယူ​ရ​ဟု​ငါ​ပညတ်​သော်​လည်း သင်​တို့​ယူ​ထား​သော​ပစ္စည်း​များ​ကို​ဖျက်​ဆီး မ​ပစ်​လျှင် ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​မည်​မ​ဟုတ်။-
JOS 7:13 ထ​လော့၊ လူ​တို့​ကို​သန့်စင်​ခြင်း​ဝတ်​ပြု​စေ ပြီး​လျှင် နက်​ဖြန်​နေ့​၌​ငါ​၏​ရှေ့​တော်​သို့ ဝင်​ရန်​အ​သင့်​ရှိ​ကြ​စေ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့။ `ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ ဖျက်​ဆီး​ပစ်​ရ​မည်​ဟု​ငါ​ပ​ညတ်​ထား သော​ပစ္စည်း​အ​ချို့​သင်​တို့​တွင်​ရှိ​၏။ ထို​ပစ္စည်း များ​ကို​သင်​တို့​မ​ဖျက်​ဆီး​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ခံ မ​ရပ်​နိုင်။-
JOS 7:14 သို့​ဖြစ်​၍​နက်​ဖြန်​နေ့​နံ​နက်​၌​သင်​တို့​သည် အ​နွယ်​အ​လိုက်​ထွက်​လာ​ကြ​ရ​မည်။ မဲ​ကျ သော​အ​နွယ်​သည်​သား​ချင်း​စု​အ​လိုက်​ရှေ့ သို့​ထွက်​လာ​ရ​မည်။ မဲ​ကျ​သော​မိ​သား​စု သည်​တစ်​ဦး​ချင်း​ရှေ့​သို့​ထွက်​လာ​ရ​မည်။-
JOS 7:15 ထို​နောက်​ဖျက်​ဆီး​ရ​မည့်​ပစ္စည်း​ခိုး​သူ​ဟု မဲ​ကျ​သူ​သည် ငါ​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖျက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​သော​ကြောင့်​သူ နှင့်​တ​ကွ​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ သူ​ပိုင်​သ​မျှ​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း မီး​ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်' '' ဟု​မိန့်​ကြား တော်​မူ​၏။
JOS 7:16 နောက်​တစ်​နေ့​နံနက်​စော​စော​တွင်​ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​နွယ် အ​လိုက်​ရှေ့​တော်​သို့​ထွက်​စေ​ရာ​ယု​ဒ အ​နွယ်​မဲ​ကျ​လေ​၏။-
JOS 7:17 ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​တို့​ရှေ့​တော်​သို့ ထွက်​လာ​သော​အ​ခါ ဇေ​ရ​သား​ချင်း​စု​မဲ​ကျ လေ​၏။ ဇေ​ရ​သား​ချင်း​စု​မှ​မိ​သား​စု​များ ရှေ့​တော်​သို့​ထွက်​စေ​ရာ​ဇာ​ဗ​ဒိ​မိ​သား​စု​ကို မဲ​ကျ​လေ​၏။-
JOS 7:18 ဇာ​ဗ​ဒိ​၏​မိ​သား​စု​မှ​တစ်​ဦး​ချင်း​ရှေ့​တော် သို့​ထွက်​လာ​စေ​သည့်​အ​ခါ အာ​ခန်​ဆို​သူ မဲ​ကျ​လေ​၏။ သူ​သည်​ကာ​မိ​၏​သား၊ ဇာ​ဗ​ဒိ ၏​မြေး​ဖြစ်​သည်။-
JOS 7:19 ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။
JOS 7:20 ထို​အ​ခါ​အာခန်​က``အ​ကျွန်ုပ်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​မိ​ခဲ့​ကြောင်း​ဝန်​ခံ​ပါ သည်။-
JOS 7:21 အ​ကျွန်ုပ်​တို့​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း​များ​ထဲ တွင်​လှ​ပ​သော​ဗာ​ဗု​လုန်​ဝတ်​ရုံ၊ ငွေ​ချိန်​ငါး ပေါင်​ခန့်​နှင့်​အ​ချိန်​တစ်​ပေါင်​ကျော်​ခန့်​ရှိ သော​ရွှေ​ချောင်း​ကို​တွေ့​ရ​၍ လို​ချင်​မက်​မော လှ​သ​ဖြင့်​ယူ​မိ​ပါ​သည်။ အ​ကျွန်ုပ်​၏​တဲ​ထဲ တွင်​ငွေ​ကို​အောက်​ဆုံး​၌​ထား​၍​မြှုပ်​ထား ပါ​သည်'' ဟု​ယော​ရှု​အား​လျှောက်​ထား​လေ​၏။
JOS 7:22 ထို​အ​ခါ​ယော​ရှု​သည်​လူ​အ​ချို့​ကို​စေ​ခိုင်း သ​ဖြင့် သူ​တို့​သည်​အာ​ခန်​၏​တဲ​သို့​ပြေး​သွား ကြ​၏။ တဲ​အ​တွင်း​၌​အာ​ခန်​ထုတ်​ဖော်​ပြော​ပြ သည့်​အ​တိုင်း​ဖျက်​ဆီး​ရ​မည့်​ပစ္စည်း​များ​ကို တွေ့​ရ​ကြ​လေ​သည်။-
JOS 7:23 သူ​တို့​သည်​ထို​ပစ္စည်း​များ​ကို​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထံ​သို့​ယူ​ဆောင် ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ချ​ထား ကြ​သည်။-
JOS 7:24 ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​အာ​ခန်​နှင့်​တ​ကွ​ငွေ၊ ဝတ်​ရုံ​နှင့်​ရွှေ ချောင်း​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​များ၊ သိုး၊ နွား၊ မြည်း၊ တဲ​နှင့်​သူ​ပိုင်​ပစ္စည်း​ရှိ​သ​မျှ တို့​ကို​လည်း​ကောင်း​ဒုက္ခ​ချိုင့်​ဝှမ်း​သို့​ခေါ် ဆောင်​သွား​ကြ​လေ​သည်။-
JOS 7:25 ယော​ရှု​က​အာ​ခန်​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ​တို့​အား​ဒုက္ခ​ရောက်​စေ​သ​နည်း။ ယ​ခု​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဒုက္ခ ရောက်​စေ​တော်​မူ​မည်'' ဟု​ဆို​လေ​၏။ ထို​နောက် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ခန်​ကို​ကျောက်​ခဲ​ဖြင့်​ပစ်​၍​သတ်​ကြ​၏။ သူ​၏​မိ​သား​စု​ကို​လည်း​ကျောက်​ခဲ​ဖြင့်​ပစ် ၍​သတ်​ပြီး​လျှင် သူ​၏​ပစ္စည်း​များ​နှင့်​အ​တူ မီး​ရှို့​လိုက်​ကြ​၏။-
JOS 7:26 သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။
JOS 8:1 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သင်​သည် စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​အ​တူ​အာ​ဣ​မြို့ သို့​ချီ​တက်​လော့။ မ​ကြောက်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ​သည်​သင့်​လက်​တွင်း​သို့​အာ​ဣ​မင်း​နှင့် တ​ကွ​ပြည်​သူ​ပြည်​သား​များ၊ သူ​၏​မြို့၊ သူ​၏​နယ်​မြေ​တို့​ကို​ပေး​အပ်​မည်။-
JOS 8:2 သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။
JOS 8:3 သို့​ဖြစ်​၍​ယော​ရှု​သည်​စစ်​သူရဲ​အ​ပေါင်း​တို့​နှင့် အာ​ဣ​မြို့​သို့​ချီ​တက်​ရန်​အ​သင့်​ပြင်​လေ​သည်။ သူ​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ​သုံး​သောင်း​ကို ည​အ​ချိန်​၌​စေ​လွှတ်​၍၊-
JOS 8:4 ``သင်​တို့​သည်​မြို့​၏​အ​နောက်​ဘက်​မ​လှမ်း မ​ကမ်း​တွင်​ပုန်း​အောင်း​နေ​လော့။ မြို့​ကို​တိုက် ခိုက်​ရန်​အ​သင့်​ရှိ​နေ​ကြ​လော့။-
JOS 8:5 ငါ​နှင့်​ငါ​၏​တပ်​သား​တို့​သည်​မြို့​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​မည်။ အာ​ဣ​မြို့​သား​တို့​သည် ငါ​တို့​အား​ထွက်​၍​တိုက်​ခိုက်​ကြ​သော​အ​ခါ ငါ​တို့​သည် ယ​ခင်​တစ်​ကြိမ်​က​ကဲ့​သို့​ဆုတ်​ခွာ ထွက်​ပြေး​ကြ​မည်။-
JOS 8:6 ထို​အ​ခါ​သူ​တို့​သည်​မြို့​မှ​ဝေး​ကွာ​သည့်​အ​ရပ် သို့​ရောက်​သည့်​တိုင်​အောင် ငါ​တို့​နောက်​သို့​လိုက်​လံ တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​တို့​ယ​ခင်​အ​တိုင်း ထွက်​ပြေး​ကြ​ပြီ​ဟု​သူ​တို့​ထင်​မှတ်​လိမ့်​မည်။-
JOS 8:7 ထို​အ​ခါ​သင်​တို့​ပုန်း​ကွယ်​ရာ​မှ​ထွက်​၍​မြို့ ကို​သိမ်း​ယူ​ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​သင်​တို့​လက် သို့​အပ်​တော်​မူ​မည်။-
JOS 8:8 သင်​တို့​သည်​မြို့​ကို​သိမ်း​ယူ​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မြို့​ကို​မီး ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-
JOS 8:9 ယော​ရှု​သည်​လက်​ရွေး​စင်​သူရဲ​တို့​ကို​စေ​လွှတ် သ​ဖြင့် သူ​တို့​သည်​ချီ​တက်​၍​အာ​ဣ​မြို့​အ​နောက် ဘက်​နှင့်​ဗေ​သ​လ​မြို့​စပ်​ကြား​တွင်​ပုန်း​အောင်း စောင့်​ဆိုင်း​နေ​ကြ​လေ​သည်။ ယော​ရှု​သည်​ထို ည​၌​စ​ခန်း​တွင်​နေ​၏။
JOS 8:10 နံ​နက်​စော​စော​၌​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ စစ်​သူ​ရဲ​တို့ ကို​ဦး​ဆောင်​၍​အာ​ဣ​မြို့​သို့​ချီ​တက်​လေ​သည်။-
JOS 8:11 သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​စစ်​သူ​ရဲ​တို့ သည် မြို့​တံ​ခါး​မ​ဘက်​သို့​ချီ​တက်​၍​မြောက် ဘက်​တွင်​စ​ခန်း​ချ​ကြ​သည်။ သူ​တို့​၏​စ​ခန်း နှင့်​မြို့​အ​ကြား​တွင်​ချိုင့်​ဝှမ်း​ရှိ​၏။-
JOS 8:12 သူ​သည်​စစ်​သူ​ရဲ​ငါး​ထောင်​ခန့်​ကို​မြို့​အ​နောက် ဘက် အာ​ဣ​မြို့​နှင့်​ဗေ​သ​လ​မြို့​အ​ကြား​တွင် ပုန်း​အောင်း​နေ​စေ​၏။-
JOS 8:13 တပ်မ​ကို​မြို့​၏​အ​နောက်​ဘက်​တွင်​လည်း​ကောင်း တပ်​စွဲ​စေ​၏။ ထို​ည​၌​ယော​ရှု​သည်​ချိုင့်​ဝှမ်း ထဲ​သို့​ဆင်း​သွား​လေ​၏။-
JOS 8:14 အာ​ဣ​မင်း​သည်​ယော​ရှု​၏​စစ်​သူရဲ​များ​တပ်​ချ လျက်​ရှိ​သည်​ကို​မြင်​လျှင် မိ​မိ​၏​စစ်​သူရဲ​အ​ပေါင်း တို့​ကို​အ​လျင်​အ​မြန်​စု​ရုံး​၍ ဣ​သ​ရေ​လ​တပ် ကို​တိုက်​ခိုက်​ရန်​ယော်​ဒန်​မြစ်​ချိုင့်​ဝှမ်း​ဘက် ယ​ခင် တိုက်​ခိုက်​ခဲ့​သော​အ​ရပ်​သို့​ချီ​တက်​လေ​သည်။ သို့​ရာ​တွင်​သူ​သည်​မြို့​၏​အ​နောက်​ဘက်​၌ ဣ​သ​ရေ​လ​တပ်​ပုန်း​များ​ချ​ထား​ကြောင်း ကို​မ​ရိပ်​မိ​ချေ။-
JOS 8:15 ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​စစ်​ရှုံး ဟန်​ဆောင်​လျက် မြို့​ပြင်​ကွင်း​ထဲ​သို့​ထွက်​ပြေး လေ​၏။-
JOS 8:16 အာ​ဣ​မင်း​သည်​မြို့​တွင်း​ရှိ​ယောကျာ်း​အား​လုံး ကို​ဆင့်​ခေါ်​၍ ယော​ရှု​၏​တပ်​နောက်​သို့​လိုက်​စေ သ​ဖြင့်​သူ​တို့​သည်​မြို့​နှင့်​အ​လှမ်း​ကွာ​သော အ​ရပ်​သို့​ရောက်​လာ​ကြ​လေ​သည်။-
JOS 8:17 အာ​ဣ​မြို့​သား​အား​လုံး​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နောက်​သို့ ထွက်​လိုက်​ကြ​ရာ​မြို့ ကို​ကာ​ကွယ်​မည့်​သူ​တစ်​ယောက်​မျှ​မ​ကျန် ရစ်​ချေ။
JOS 8:18 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား``သင်​၏​လှံ​ကို​အာ​ဣ​မြို့​ဘက်​သို့​ချိန် ရွယ်​လော့။ မြို့​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း၊-
JOS 8:19 ယော​ရှု​သည်​လှံ​ကို​ကိုင်​၍​မြို့​ဘက်​သို့​ချိန်​ရွယ် လိုက်​ရာ​စစ်​သူ​ရဲ​တို့​သည် ပုန်း​အောင်း​ရာ​မှ အ​လျင်​အ​မြန်​ထွက်​လာ​၍ မြို့​တွင်း​သို့​ပြေး ဝင်​ကြ​ပြီး​လျှင်​မြို့​ကို​သိမ်း​၍​ချက်​ချင်း မီး​ရှို့​ဖျက်​ဆီး​ကြ​၏။-
JOS 8:20 အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-
JOS 8:21 ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​မိ​မိ​တို့ တပ်​ပုန်း​များ​က မြို့​ကို​သိမ်း​လိုက်​ကြောင်း​ကို လည်း​ကောင်း၊ မြို့​မီး​လောင်​လျက်​ရှိ​သည်​ကို လည်း​ကောင်း​တွေ့​မြင်​ရ​လျှင်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​များ​ကို​တိုက်​ခိုက်​သတ်​ဖြတ် ကြ​သည်။-
JOS 8:22 မြို့​တွင်း​၌​ရှိ​သော​ဣ​သ​ရေ​လ​တပ်​သား​တို့ က​လည်း​ထွက်​၍​တိုက်​ခိုက်​ကြ​ရာ အာ​ဣ​မြို့ သား​တို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ကျ​ဆုံး​ကြ​ကုန်​၏။ အာဣ မင်း​က​လွဲ​၍​မည်​သူ​မျှ​အသက်​ရှင်​၍​မ​ကျန် ရစ်​ခဲ့​ချေ။ ဣ​သ​ရေ​လ​တပ်​သား​တို့​သည် အာ​ဣ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​၍​ယော​ရှု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။
JOS 8:24 ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ကွင်း​ပြင်​ဒေ​သ ၌ ရန်​သူ​များ​ကို​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​နောက် အာ​ဣ​မြို့​ထဲ​သို့​ပြန်​ဝင်​လာ​၍​ကျန် ရှိ​သူ​ရှိ​သ​မျှ​ကို​သုတ်​သင်​လိုက်​ကြ​လေ​သည်။-
JOS 8:25 မြို့​သူ​မြို့​သား​များ​တစ်​ယောက်​မ​ကျန်​သေ​ဆုံး ကုန်​သည်​အ​ထိ ယော​ရှု​သည်​မိ​မိ​လှံ​ကို​မ​ချ ဘဲ​အာ​ဣ​မြို့​ဘက်​သို့​ချိန်​ရွယ်​ထား​လေ​သည်။ ထို​နေ့​၌​တစ်​သောင်း​နှစ်​ထောင်​မျှ​ရှိ​သော​မြို့ သူ​မြို့​သား​အား​လုံး​သေ​ဆုံး​ကုန်​ကြ​၏။-
JOS 8:27 ယော​ရှု​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​သိုး​နွား​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း များ​ကို​မိ​မိ​တို့​အ​တွက်​သိမ်း​ယူ​ကြ​၏။-
JOS 8:28 ယော​ရှု​သည်​အာ​ဣ​မြို့​ကို​မီး​ရှို့​ဖျက်​ဆီး လိုက်​သ​ဖြင့် ယ​နေ့​တိုင်​မြို့​ပျက်​အ​ဖြစ် ကျန်​ရစ်​လေ​သည်။-
JOS 8:29 အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။
JOS 8:30 ထို​နောက်​ယော​ရှု​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို တည်​လေ​၏။-
JOS 8:31 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ် တ​ရား​တွင်``သံ​လက်​နက်​ကိ​ရိ​ယာ​ဖြင့်​မ​ဆစ် သော​ကျောက်​များ​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်'' ဟူ​၍​ညွှန်​ကြား​သည့်​အ​တိုင်း​ထို​ယဇ်​ပလ္လင်​ကို တည်​လေ​သည်။ သူ​တို့​သည်​မီး​ရှို့​သော​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ယဇ်​ပလ္လင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။-
JOS 8:32 ယော​ရှု​သည်​ကျောက်​များ​ပေါ်​တွင်​မော​ရှေ​ရေး ခဲ့​သော ပ​ညတ်​တ​ရား​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​မျက်​မှောက်​၌​ကူး​ရေး​လေ​သည်။-
JOS 8:33 ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-
JOS 8:34 ထို့​နောက်​ယော​ရှု​သည်​ပ​ညတ်​တ​ရား​ကျမ်း စာ​အုပ်​တွင်​ရေး​သား​ဖော်​ပြ​သည့်​ကောင်း​ချီး မင်္ဂ​လာ​နှင့် ကျိန်​စာ​များ​အ​ပါ​အ​ဝင်​တရား အ​လုံး​စုံ​တို့​ကို​အ​သံ​ကျယ်​စွာ​ဖြင့်​ဖတ် ရှု​လေ​၏။-
JOS 8:35 ယော​ရှု​သည်​အ​မျိုး​သ​မီး​နှင့်​က​လေး​များ၊ သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား များ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အမျိုး​သား အ​ပေါင်း​တို့​ရှေ့​၌​မော​ရှေ​ပေး​သော​ပညတ် ရှိ​သ​မျှ​ကို​ဖတ်​ရွတ်​လေ​သည်။
JOS 9:1 ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​တောင်​ကုန်း​ဒေ​သ၊ တောင်​ခြေ​ဒေ​သ၊ မြောက်​ဘက်​လေ​ဗ​နုန်​တောင် အ​ထိ​ရှည်​လျား​သော​မြေထဲ​ပင်​လယ်​ကမ်း​ရိုး တန်း​ဒေ​သ​တို့​တွင်​အုပ်​စိုး​သော​မင်း​အ​ပေါင်း တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ ခံ​သ​တင်း​ကို​ကြား​ကြ​၏။ ထို​မင်း​များ​မှာ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏ မင်း​များ​ဖြစ်​ကြ​သည်။-
JOS 9:2 သူ​တို့​သည်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား စု​ပေါင်း​၍​တိုက်​ခိုက်​ရန်​သ​ဘော တူ​ကြ​၏။
JOS 9:3 ဟိ​ဝိ​အ​မျိုး​သား​များ​ဖြစ်​သော​ဂိ​ဗောင်​မြို့ သား​တို့​သည် ယေ​ရိ​ခေါ​မြို့​နှင့် အာ​ဣ​မြို့​များ ကို​ယော​ရှု​မည်​ကဲ့​သို့​တိုက်​ခိုက်​အောင်​မြင်​ခဲ့ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ၊-
JOS 9:4 သူ့​အား​လိမ်​လည်​လှည့်​စား​ရန်​ကြံ​စည်​ကြ လေ​သည်။ သူ​တို့​သည်​ဟောင်း​နွမ်း​သော​ရိက္ခာ အိတ်​များ​နှင့်​အ​ဖာ​အ​ထေး​များ​ရှိ​သော သား​ရေ​စ​ပျစ်​ရည်​ဘူး​များ​ကို​မြည်း​များ ပေါ်​တွင်​တင်​ကြ​သည်။-
JOS 9:5 သူ​တို့​သည်​အ​ဝတ်​အ​စုတ်​အ​ပြဲ​များ​ကို ဝတ်​ဆင်​၍ ဟောင်း​နွမ်း​သော​ဖိ​နပ်​များ​ကို​စီး ကြ​သည်။ ခြောက်​သွေ့​၍​မှို​တက်​သော​အ​စား အ​စာ​များ​ကို​ယူ​ဆောင်​ကြ​သည်။-
JOS 9:6 ထို​နောက်​သူ​တို့​သည်​ဂိ​လ​ဂါ​လ​အရပ်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော ယော​ရှု​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​တို့​ထံ​သို့​လာ​ရောက်​ကြ​၍``အ​ကျွန်ုပ် တို့​သည်​သင်​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ် ဆို​ရန်​အ​ဝေး​အ​ရပ်​မှ​လာ​ခဲ့​ကြ​ပါ​သည်'' ဟု​ဆို​လေ​သည်။
JOS 9:7 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``သင် တို့​သည်​ငါ​တို့​အ​နီး​အ​ပါး​တွင်​နေ​ထိုင်​သူ များ​ဖြစ်​ကောင်း​ဖြစ်​မည်။ ထို​သို့​ဆို​လျှင်​သင် တို့​နှင့်​အ​ဘယ်​ကြောင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​မည်​နည်း'' ဟု​ဆို​ကြ​၏။
JOS 9:8 သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစေ ကို​ခံ​ပါ​မည်'' ဟု​ယော​ရှု​အား​ပြန်​ပြော​ကြ​၏။ ယော​ရှု​က``သင်​တို့​သည်​မည်​သူ​များ​ဖြစ်​ကြ သ​နည်း။ မည်​သည့်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​မေး​လေ​၏။
JOS 9:9 ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ တန်​ခိုး​တော်​အ​ကြောင်း​ကို ကြား​သိ​ရ​သ​ဖြင့် အ​လွန်​ဝေး​သော​ပြည်​မှ​လာ​ခဲ့​ကြ​ပါ​သည်။ အီ​ဂျစ်​ပြည်​တွင်​ပြု​တော်​မူ​ခဲ့​သ​မျှ​ကို လည်း​ကောင်း၊-
JOS 9:10 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​မင်း​နှစ်​ပါး​ဖြစ်​သည့် ဟေ​ရှ​ဘုန်​ဘု​ရင် ရှိ​ဟုန်​နှင့်​အာ​ရှ​တ​ရုတ်​မြို့​၌​နန်း​စိုက်​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​တို့​အား မည်​ကဲ့​သို့​နှိမ် နင်း​ခဲ့​ကြောင်း​ကို​လည်း​ကောင်း​အ​ကျွန်ုပ်​တို့ ကြား​ရ​ပါ​သည်။-
JOS 9:11 သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​ခေါင်း​ဆောင်​များ နှင့်​အ​မျိုး​သား​အ​ပေါင်း​တို့​က​ခ​ရီး​အ​တွက် ရိက္ခာ​ယူ​ဆောင်​လျက် ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန် အ​ကျွန်ုပ်​တို့​အား​စေ​လွှတ်​ကြ​ပါ​သည်။ ကိုယ် တော်​ထံ​၌​အ​ညံ့​ခံ​၍​ငြိမ်း​ချမ်း​ရေး​တောင်း ဆို​ရန်​အ​ကျွန်ုပ်​တို့​အား​မှာ​ကြား​လိုက်​ပါ သည်။-
JOS 9:12 အ​ကျွန်ုပ်​တို့​၏​နေ​အိမ်​မှ​ကိုယ်​တော်​ထံ​သို့ ခ​ရီး​စ​ထွက်​ချိန်​တွင်​ရိက္ခာ​များ​မှာ​ပူ​နွေး လတ်​ဆတ်​လျက်​ရှိ​ခဲ့​ပါ​သည်။ ယ​ခု​ထို​ရိက္ခာ များ​ကို​ကြည့်​ပါ။ ခြောက်​သွေ့​၍​မှို​တက်​လျက် ရှိ​ပါ​သည်။-
JOS 9:13 စ​ပျစ်​ရည်​ထည့်​စဉ်​က​သား​ရေ​ဘူး​များ​သည် လည်း​အ​သစ်​ဖြစ်​ပါ​သည်။ ယ​ခု​ကြည့်​ပါ၊ ဘူး များ​စုတ်​ပြဲ​လျက်​ရှိ​ပါ​သည်။ ခရီး​ဝေး​မှ​လာ ခဲ့​ရ​သ​ဖြင့်​အ​ကျွန်ုပ်​တို့​၏​အ​ဝတ်​နှင့်​ဖိ​နပ် များ​သည်​ဟောင်း​နွမ်း​လျက်​ရှိ​ပါ​သည်'' ဟု ယောရှု​အား​လျှောက်​ထား​ကြ​၏။
JOS 9:14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​မေး​မြန်း​လျှောက်​ထား​ခြင်း​မ​ပြု ဘဲ ထို​သူ​တို့​ထံ​မှ​ရိက္ခာ​ကို​လက်​ခံ​ကြ​သည်။-
JOS 9:15 ယော​ရှု​သည်​သူ​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​၍​သူ​တို့​အား​အ​သက်​ချမ်း​သာ​ပေး လေ​၏။ ဣ​သ​ရေ​လ​အ​ကြီး​အ​ကဲ​တို့​က​လည်း ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ကို​တည်​စေ​မည်​ဟု​ကတိ သစ္စာ​ပြု​ကြ​၏။
JOS 9:16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း ရေး​စာ​ချုပ်​ချုပ်​ဆို​ပြီး​နောက်​သုံး​ရက်​ကြာ သော​အ​ခါ​ထို​သူ​တို့​သည် မိ​မိ​တို့​အ​နီး အ​နား​တွင်​နေ​ထိုင်​သူ​များ​ဖြစ်​ကြောင်း ကြား​သိ​ရ​လေ​သည်။-
JOS 9:17 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-
JOS 9:18 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး အ​ကဲ​တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​ခဲ့​ကြ​သ​ဖြင့် သူ​တို့​ကို​မ​သတ်​ဖြတ်​မ​သုတ်​သင်​နိုင်​ကြ ချေ။ ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ကြီး​အ​ကဲ​တို့​အား​အ​ပြစ်​တင် ကြ​၏။-
JOS 9:19 ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​သစ္စာ​ပြု​ထား ပြီး​ဖြစ်​ခြင်း​ကြောင့် သူ​တို့​ကို​လက်​ဖျား နှင့်​ပင်​မ​တို့​နိုင်။-
JOS 9:20 ငါ​တို့​ပြု​ထား​သော​ကတိ​သစ္စာ​ကြောင့်​သူ တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး​ရ​မည်။ ငါ တို့​ကတိ​မ​တည်​လျှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-
JOS 9:21 သူ​တို့​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး​ကြ​ကုန် အံ့။ သို့​ရာ​တွင်​သူ​တို့​အား ငါ​တို့​အ​တွက်​ရေ ခပ်​ထင်း​ခုတ်​အ​လုပ်​များ​ကို​လုပ်​ကိုင်​စေ​ရ မည်'' ဟု​အ​ကြံ​ပေး​သည့်​အ​တိုင်း​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​သ​ဘော​တူ​ကြ ၏။
JOS 9:22 ယော​ရှု​သည်​ဂိဗောင်​မြို့​သား​တို့​ကို​ဆင့်​ခေါ် ၍``သင်​တို့​သည်​ငါ​တို့​အ​နီး​တွင်​နေ​ထိုင်​ပါ လျက်​နှင့် ဝေး​သော​အ​ရပ်​မှ​လာ​သည်​ဟု အ​ဘယ်​ကြောင့်​ငါ​တို့​ကို​လှည့်​စား​ပြော​ဆို ကြ​ပါ​သ​နည်း။-
JOS 9:23 ထို​ပြစ်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ သို့​ဖြစ်​၍ ငါ့​ဘု​ရား​သ​ခင်​၏​အိမ်​တော်​အ​တွက် သင်​တို့ သည်​ရေ​ခပ်​ထင်း​ခုတ်​အ​လုပ်​ကို​လုပ်​၍ အ​မြဲ​ကျွန်​ခံ​ရ​ကြ​မည်'' ဟု​ဆို​၏။
JOS 9:24 ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​တစ်​ပြည်​လုံး​ကို သင်​တို့​အား​ပေး​မည်​ဟူ​၍​လည်း​ကောင်း၊ ပြည် သူ​ပြည်​သား​အား​လုံး​တို့​ကို​သတ်​ဖြတ်​သုတ် သင်​ရ​မည်​ဟူ​၍​လည်း​ကောင်း မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​သ​ဖြင့် သေ​ဘေး​ကို​ကြောက်​ရွံ့ သော​ကြောင့်​ထို​ကဲ့​သို့​ပြု​မိ​ပါ​ပြီ။-
JOS 9:25 ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​လက် တွင်း​သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​၍ ကိုယ်​တော် ပြု​သင့်​သည်​ဟု​ထင်​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​လေ​သည်။-
JOS 9:26 ထို​ကြောင့်​ယော​ရှု​သည်​ဣ​သ​ရေ​လ​အမျိုး သား​တို့​၏​လက်​ချက်​ဖြင့် သေ​မည့်​ဘေး​မှ သူ​တို့​ကို​ကယ်​ဆယ်​လိုက်​လေ​သည်။-
JOS 9:27 တစ်​ချိန်​တည်း​၌​ပင်​သူ​တို့​အား​ကျွန်​များ အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​အ​တွက်​ရေ​ခပ် ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​စေ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင် ရေ​ခပ်​ထင်း​ခုတ်​သည့်​အ​လုပ်​ကို​လုပ်​ရ ကြ​လေ​သည်။
JOS 10:1 ယေ​ရု​ရှ​လင်​မြို့​၏​ဘု​ရင်​အ​ဒေါ​နိ​ဇေ​ဒက် သည်​ယေ​ရိ​ခေါ​မြို့​ကို​ယော​ရှု​တိုက်​ခိုက်​သိမ်း ပိုက်​၍ ၎င်း​၏​ဘု​ရင်​ကို​ကွပ်​မျက်​ခဲ့​သည့်​နည်း တူ​အာ​ဣ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​၍ ၎င်း​၏ ဘု​ရင်​ကို​လည်း​ကွပ်​မျက်​ခဲ့​ကြောင်း​ကြား သိ​ရ​လေ​သည်။ ထို့​အ​ပြင်​ဂိ​ဗောင်​မြို့​သား တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​၍​အ​တူ​တ​ကွ နေ​ထိုင်​ကြ​ကြောင်း​ကို​လည်း​ကြား​သိ​ရ လေ​သည်။-
JOS 10:2 ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​အ​လွန်​ကြောက် လန့်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဂိ​ဗောင် မြို့​သည်​မင်း​နေ​ပြည်​တော်​မြို့​များ​ကဲ့​သို့ ကြီး​ကျယ်​ခမ်း​နား​သော​မြို့​ဖြစ်​သော​ကြောင့် လည်း​ကောင်း၊ အာ​ဣ​မြို့​ထက်​ကြီး​၍​မြို့​သား တို့​သည်​တိုက်​ရည်​ခိုက်​ရည်​ကောင်း​သူ​များ ဖြစ်​သော​ကြောင့်​လည်း​ကောင်း​ဖြစ်​သ​တည်း။-
JOS 10:3 သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊-
JOS 10:4 ``ဂိ​ဗောင်​မြို့​သား​တို့​သည်​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ချုပ်​ထား​ကြ​သော​ကြောင့် ဂိ​ဗောင်​မြို့​ကို တိုက်​ခိုက်​ရန်​ငါ့​ထံ​သို့​စစ်​ကူ​ပို့​ကြ​ပါ'' ဟု​ပြော​စေ​၏။-
JOS 10:5 ထို​ကြောင့်​အာ​မော​ရိ​ဘု​ရင်​ငါး​ပါး​ဖြစ် သော​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန်​ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန် ဘု​ရင်​တို့​သည်​စု​ပေါင်း​၍ မိ​မိ​တို့​၏​စစ် သည်​အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​လာ​ကြ ပြီး​လျှင်​ဂိ​ဗောင်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက် ကြ​လေ​သည်။
JOS 10:6 ထို​အ​ခါ​ဂိ​ဗောင်​မြို့​သား​တို့​သည်​ဂိ​လ ဂါ​လ​စ​ခန်း​တွင်​ရှိ​သော​ယော​ရှု​ထံ​သို့ လူ​စေ​လွှတ်​၍``ကိုယ်​တော်​၏​ကျွန်​တို့​ကို​စွန့်​ပစ် ထား​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ ၍​အ​ကျွန်ုပ်​တို့​အား​ကယ်​တင်​တော်​မူ​ပါ။ တောင်​ကုန်း​ဒေ​သ​မှ​အာ​မော​ရိ​မင်း​အ​ပေါင်း တို့​သည်​စု​ပေါင်း​၍​အ​ကျွန်ုပ်​တို့​အား​တိုက် ခိုက်​ပါ​ပြီ'' ဟု​အ​ကြောင်း​ကြား​လျှောက် ထား​လေ​သည်။
JOS 10:7 ထို့​ကြောင့်​ယော​ရှု​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ များ​ပါ​ဝင်​သော ဣ​သ​ရေ​လ​တပ်​မ​တော်​တစ် တပ်​လုံး​နှင့်​ဂိ​လ​ဂါ​လ​မြို့​မှ​ချီ​တက်​လာ လေ​သည်။-
JOS 10:8 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည်​သူ​တို့​ကို​သင့်​လက်​သို့ အပ်​ပြီ။ မည်​သူ​မျှ​သင့်​ကို​မ​ခု​ခံ​နိုင်'' ဟူ​၍ မိန့်​တော်​မူ​၏။-
JOS 10:9 ယော​ရှု​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ဂိ​ဗောင်​မြို့ သို့​တစ်ည​လုံး​ချီ​တက်​လာ​၍ အာ​မော​ရိ​တပ် များ​ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​လေ​သည်။-
JOS 10:10 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။-
JOS 10:11 ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။
JOS 10:12 အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊ ``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။ အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။
JOS 10:13 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ရန်​သူ​များ ကို​အောင်​မြင်​စွာ​နှိမ်​နင်း​ပြီး​သည်​အ​ထိ နေ နှင့်​လ​တို့​သည်​မ​ရွေ့​လျား​ဘဲ​ရပ်​တန့်​၍​နေ ကြ​၏။ ထို​အ​ကြောင်း​ကို​ယာ​ရှာ​၏​စာ​စောင် တွင်​ဖော်​ပြ​ထား​လေ​သည်။ တစ်​နေ့​လုံး​နေ သည်​မ​ဝင်​ဘဲ​ကောင်း​ကင်​အ​လယ်​တွင်​ရပ် တန့်​၍​နေ​၏။-
JOS 10:14 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​တစ်​ယောက် ၏​စ​ကား​ကို​ထို​နေ့​၌​နား​ထောင်​ခဲ့​တော် မူ​၏။ ယင်း​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘက်​မှ​စစ်​ကူ​၍​တိုက်​ခိုက်​တော်​မူ​ပါ​သည် တ​ကား။
JOS 10:15 ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား​တို့ သည် ဂိ​လ​ဂါ​လ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။
JOS 10:16 အာ​မော​ရိ​မင်း​ငါးပါး​တို့​သည်​ကား​လွတ် မြောက်​၍ မက္ကဒါ​လိုဏ်​ဂူ​ထဲ​တွင်​ပုန်း​အောင်း လျက်​ရှိ​ကြ​၏။-
JOS 10:17 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​မင်း​များ ပုန်း​အောင်း​နေ​သည်​ကို​တွေ့​သ​ဖြင့် ယော​ရှု ထံ​သို့​အ​ကြောင်း​ကြား​လေ​သည်။-
JOS 10:18 ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ကျောက်​တုံး​ကြီး များ​ဖြင့်​ပိတ်​ထား​လော့။ အစောင့်​လည်း​ချ ထား​လော့။-
JOS 10:19 သင်​တို့​မူ​ကား​ထို​အ​ရပ်​တွင်​စောင့်​၍​မ​နေ​နှင့်။ ရန်​သူ​များ​နောက်​သို့​လိုက်​လံ​၍​နောက်​ဆွယ်​မှ တိုက်​ခိုက်​လော့။ မြို့​များ​ထဲ​သို့​မ​ဝင်​စေ​နှင့်။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​ကို​သင်​တို့​လက်​သို့​အပ်​တော်​မူ​ပြီ'' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မှာ ကြား​လေ​သည်။-
JOS 10:20 ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​မြောက်​မြား​စွာ​တို့​ကို​သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​ရန်​သူ​အ​ချို့​တို့​သည်​လွတ်​မြောက် ၍​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ​ထဲ​သို့ ဝင်​ရောက်​ခို​အောင်း​သ​ဖြင့်​အ​သက်​ချမ်း​သာ ရာ​ရ​ကြ​၏။-
JOS 10:21 ထို​နောက်​ဣ​သ​ရေ​လ​တပ်​သား​အား​လုံး​တို့ သည် ဘေး​ကင်း​စွာ​ယော​ရှု​ရှိ​ရာ​မက္ကဒါ​စ​ခန်း သို့​ပြန်​လာ​ကြ​လေ​သည်။ ထို​ပြည်​တွင်​မည်​သူ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အ​ပြစ်​တင်​သော​စ​ကား​ကို​ပင် မ​ပြော​ဝံ့​ချေ။
JOS 10:22 ထို​နောက်​ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ဖွင့်​၍ မင်း​ငါး​ပါး​ကို​ငါ့​ထံ​သို့​ထုတ်​ဆောင်​ခဲ့ ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-
JOS 10:23 သူ​တို့​သည်​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန် ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန်​ဘု​ရင်​တို့​ကို​လိုဏ်​ဂူ​ထဲ​မှ​ထုတ်​၍၊-
JOS 10:24 ယော​ရှု​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။ ထို အ​ခါ​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​နှင့် မိ​မိ​နှင့်​အ​တူ​စစ်​ချီ​တိုက် ခိုက်​ခဲ့​သော​ဗိုလ်​မှူး​များ​ကို​မိ​မိ​ထံ​သို့​ဆင့် ခေါ်​၏။ ဗိုလ်​မှူး​တို့​အား``ထို​မင်း​တို့​၏​လည်​ပင်း ကို​ခြေ​ဖြင့်​နင်း​ကြ'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ခြေ​ဖြင့်​နင်း​ကြ​၏။-
JOS 10:25 ယော​ရှု​က​ဗိုလ်​မှူး​တို့​အား``ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​၏​ရန်​သူ​ဟူ​သ​မျှ​ကို ဤ​သို့​ပြု တော်​မူ​မည်​ဖြစ်​သော​ကြောင့်​မ​ကြောက်​ကြ နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ အား​မာန်​တင်း​၍​ရဲ ရင့်​ခြင်း​ရှိ​ကြ​လော့'' ဟူ​၍​ဆို​လေ​၏။-
JOS 10:26 ထို​နောက်​ယော​ရှု​သည်​မင်း​ငါး​ပါး​တို့​ကို​ဋ္ဌား ဖြင့် ကွပ်​မျက်​၍​အ​လောင်း​များ​ကို​သစ်​ပင် ငါး​ပင်​ပေါ်​တွင် ည​နေ​ခင်း​တိုင်​အောင်​ချိတ် ဆွဲ​ထား​လေ​သည်။-
JOS 10:27 နေ​ဝင်​ချိန်​သို့​ရောက်​သော်​ယော​ရှု​က​အ​လောင်း များ​ကို​သစ်​ပင်​ပေါ်​မှ​ဖြုတ်​ချ​၍ သူ​တို့​ပုန်း အောင်း​နေ​ခဲ့​သော​လိုဏ်​ဂူ​ထဲ​သို့​ပစ်​သွင်း​ရန် အ​မိန့်​ပေး​လေ​သည်။ ထို​နောက်​လိုဏ်​ဂူ​ဝ​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​ပိတ်​ထား​စေ​ရာ ယ​နေ့​တိုင်​ကျောက်​တုံး​ကြီး​များ​ကို​တွေ့ မြင်​နိုင်​သည်။
JOS 10:28 ထို​နေ့​၌​ပင်​ယောရှု​သည်​မက္ကဒါ​မြို့​ကို​တိုက်​ခိုက် သိမ်း​ပိုက်​၍ မက္က​ဒါ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​ခဲ့ လေ​သည်။ မြို့​သူ​မြို့​သား​အား​လုံး​ကို​လည်း တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ယေ​ရိ​ခေါ​မင်း​ကို​အ​ဆုံး​စီ​ရင်​သ​ကဲ့ သို့​မက္ကဒါ​မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​သည်။-
JOS 10:29 ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် မက္က​ဒါ​မြို့​မှ​လိဗနာ​မြို့​သို့​ချီတက် တိုက်​ခိုက်​ကြ​သည်။-
JOS 10:30 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​နှင့်​ထို​မြို့​၏ မင်း​ကို​လည်း ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည်​မြို့ သူ​မြို့​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သတ် ဖြတ်​သုတ်​သင်​ခဲ့​လေ​သည်။ ယေ​ရိ​ခေါ​မင်း ကို​အ​ဆုံး​စီ​ရင်​ခဲ့​သ​ကဲ့​သို့​လိ​ဗ​နာ မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​ကြ​သည်။
JOS 10:31 ထို​နောက်​ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည် လိ​ဗ​နာ​မြို့​မှ လာ​ခိ​ရှ​မြို့​သို့​ချီ​တက်​၍ မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​လေ​သည်။-
JOS 10:32 ထာ​ဝ​ရ​ဘု​ရား​သည်​တိုက်​ပွဲ​ဒု​တိ​ယ​နေ့ ၌​လာ​ခိ​ရှ​မြို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည် လိ​ဗ​နာ​မြို့​သူ​မြို့​သား​တို့​ကို​ပြု​သ​ကဲ့ သို့ လာ​ခိ​ရှ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့ ကို​လည်း​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် သုတ်​သင်​ကြ​သည်။-
JOS 10:33 ဂေ​ဇာ​မင်း​ဟော​ရံ​သည်​လာ​ခိ​ရှ​မင်း​ဘက် မှ​စစ်​ကူ​၍​တိုက်​ခိုက်​သော်​လည်း ယော​ရှု​သည် သူ​နှင့်​သူ​၏​တပ်​ကို​တိုက်​ခိုက်​အောင်​မြင်​၍ တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​လေ သည်။
JOS 10:34 ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် လာ​ခိ​ရှ​မြို့​မှ​ဧ​ဂ​လုန်​မြို့​သို့​ချီ တက်​၍​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​လေ​သည်။-
JOS 10:35 သူ​တို့​သည်​ထို​နေ့​၌​ပင်​မြို့​ကို​တိုက်​ခိုက်​သိမ်း ပိုက်​နိုင်​သ​ဖြင့် လာ​ခိ​ရှ​မြို့​သား​တို့​အား​ပြု သ​ကဲ့​သို့ ဧ​ဂ​လုန်​မြို့​သူ​မြို့​သား​တို့​ကို လည်း​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ် သင်​ကြ​လေ​သည်။
JOS 10:36 ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် ဧ​ဂ​လုန်​မြို့​မှ​တောင်​ကုန်း​ဒေ​သ​တွင် တည်​ရှိ​သော ဟေ​ဗြုန်​မြို့​သို့​ချီ​တက်​၍​မြို့​ကို တိုက်​ခိုက်၊-
JOS 10:37 သိမ်း​ပိုက်​ကြ​လေ​သည်။ သူ​တို့​သည်​ဟေ​ဗြုန် မင်း​နှင့်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​လည်း ကောင်း၊ အ​နီး​အ​နား​မြို့​များ​မှ​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း သတ်​ဖြတ် သုတ်​သင်​ကြ​လေ​သည်။ ယော​ရှု​သည်​ဧ​ဂ​လုန် မြို့​ကို​လုံး​လုံး​လျား​လျား​ဖျက်​ဆီး​ခဲ့​သည့် နည်း​တူ ဟေ​ဗြုန်​မြို့​ကို​လည်း​ဖျက်​ဆီး​လေ သည်။ မည်​သူ​တစ်​ယောက်​မျှ​အ​သက်​ရှင်​၍ မ​ကျန်​ရစ်​ချေ။
JOS 10:38 ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် ဒေ​ဗိ​ရ​မြို့​သို့​ပြန်​လာ​၍​ထို​မြို့​ကို တိုက်​ခိုက်​ကြ​သည်။-
JOS 10:39 သူ​တို့​သည်​မင်း​နှင့်​တ​ကွ​မြို့​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်​ရှိ​မြို့​ရှိ​သ​မျှ​ကို​လည်း​ကောင်း သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ​ထိုင်​သော​မြို့ သူ​မြို့​သား​အား​လုံး​ကို​သတ်​ဖြတ်​သုတ်​သင် ကြ​သည်။ ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ လိ​ဗ​နာ မြို့​နှင့်​၎င်း​တို့​၏​မင်း​များ​ကို​ပြု​သ​ကဲ့​သို့ ဒေ​ဗိ​ရ​မြို့​နှင့်​၎င်း​၏​မင်း​ကို​ပြု​လေ​သည်။
JOS 10:40 ယော​ရှု​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​တိုက် ခိုက်​အောင်​မြင်​လေ​သည်။ သူ​သည်​တောင်​ပေါ် ဒေ​သ​ရှိ​မင်း​များ၊ အ​ရှေ့​ဘက်​တောင်​စောင်း နှင့်​အ​နောက်​ဘက်​တောင်​ခြေ​ရှိ​မင်း​များ​နှင့် တောင်​ဘက်​ခြောက်​သွေ့​သော​ဒေ​သ​ရှိ​မင်း အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။ ၎င်း​တို့​၏​ပြည်​သူ​ပြည်​သား​အား​လုံး​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဤ​သို့​ပြု​ခြင်း​ဖြစ်​သည်။-
JOS 10:41 ယော​ရှု​သည်​တောင်​ဘက်​ကာ​ဒေ​ရှ​ဗာ​နာ​မြို့ မှ​ပင်​လယ်​ကမ်း​ခြေ​အ​နီး​ရှိ​ဂါ​ဇ​မြို့​တိုင် အောင်​လည်း​ကောင်း၊ ဂေါ​ရှင်​ပြည်​မှ​မြောက်​ဘက် ဂိ​ဗောင်​မြို့​သို့​တိုင်​အောင်​လည်း​ကောင်း​စစ်​ချီ တိုက်​ခိုက်​ခဲ့​လေ​သည်။-
JOS 10:42 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​ကူ​ညီ​တိုက်​ခိုက်​သော​ကြောင့် ယော​ရှု သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​တိုင်း ပြည်​များ​ကို​ဆက်​တိုက်​နှိမ်​နင်း​အောင်​မြင် ခဲ့​သည်။-
JOS 10:43 ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​စခန်း​သို့​ပြန် လာ​ကြ​လေ​သည်။
JOS 11:1 ဟာ​ဇော်​မင်း​ယာ​ဘိန်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စစ်​အောင်​ပွဲ​သ​တင်း​ကို ကြား​ရ​သော​အ​ခါ သူ​သည်​မိ​မိ​နှင့်​မ​ဟာ မိတ်​မင်း​များ​ဖြစ်​ကြ​သော​မာ​ဒုန်​မင်း ယော​ဗပ်၊ ရှိ​မြုန်​မင်း​နှင့်​အာ​ခ​ရှပ်​မင်း​တို့ ထံ​သို့​လည်း​ကောင်း၊-
JOS 11:2 မြောက်​ဘက်​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ အိုင်​တောင်​ဘက်​ယော်​ဒန်​မြစ်​ဝှမ်း၊ တောင်​ခြေ ရပ်​နှင့်​အ​နောက်​ဘက်​ဒေါ​ရ​နယ်​ကမ်း​ခြေ ရှိ​မင်း​များ​ထံ​သို့​လည်း​ကောင်း​အ​ကြောင်း ကြား​လိုက်​လေ​သည်။-
JOS 11:3 ထို့​အ​ပြင်​သူ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​နှင့်​အ​နောက်​ဘက်​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့​ထံ​သို့​လည်း အ​ကြောင်း​ကြား​လိုက်​လေ​သည်။-
JOS 11:4 သူ​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​ရှိ​သဲ​ပွင့် များ​တ​မျှ​များ​ပြား​သော စစ်​သူ​ရဲ​တို့ နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။ သူ​တို့​တွင် မြင်း​နှင့်​စစ်​ရ​ထား​အ​မြောက်​အ​မြား ပါ​ရှိ​သည်။-
JOS 11:5 ထို​မင်း​တို့​သည်​စု​ပေါင်း​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရန်​မေ​ရုံ ချောင်း​တွင်​စ​ခန်း​ချ​ကြ​လေ​သည်။
JOS 11:6 ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု​အား``သူ​တို့ ကို​မ​ကြောက်​နှင့်။ နက်​ဖြန်​နေ့​ဤ​အ​ချိန် သို့​ရောက်​လျှင်​ငါ​သည်​သူ​တို့​အား​လုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်​သို့ အ​သေ​အပ်​မည်။ သင်​သည်​သူ​တို့​၏​မြင်း များ​ခြေ​ကြော​ကို​ဖြတ်​၍​စစ်​ရ​ထား များ​ကို​မီး​ရှို့​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
JOS 11:7 သို့​ဖြစ်​၍​ယော​ရှု​နှင့်​သူ​၏​တပ်​သား​အ​ပေါင်း တို့​သည် မေ​ရုံ​ချောင်း​တွင်​စ​ခန်း​ချ​လျက်​ရှိ သော​ရန်​သူ​များ​ကို​ရုတ်​တ​ရက်​ဝင်​ရောက် တိုက်​ခိုက်​ရာ၊-
JOS 11:8 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ရန်​သူ​များ​ကို​အ​နိုင်​ရ​စေ တော်​မူ​၏။ သူ​တို့​သည်​မြောက်​ဘက်​ဇိ​ဒုန် မြို့​နှင့်​မိ​သ​ရ​ဖော​သ​မိမ်​မြို့​များ​သို့ တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မိ​ဇ​ပါ ချိုင့်​ဝှမ်း​သို့​တိုင်​အောင်​လည်း​ကောင်း ရန်​သူ များ​ကို​လိုက်​လံ​တိုက်​ခိုက်​၍​တစ်​ယောက် မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ကြ​သည်။-
JOS 11:9 ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည့်​အ​တိုင်း ရန်​သူ​မြင်း​များ​၏​ခြေ​ကြော များ​ကို​ဖြတ်​၍ စစ်​ရ​ထား​များ​ကို​မီး​ရှို့ ဖျက်​ဆီး​လေ​သည်။
JOS 11:10 ထို​နောက်​ယော​ရှု​သည်​ပြန်​လှည့်​၍​ဟာ​ဇော် မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ပြီး​လျှင် ၎င်း​၏ မင်း​ကို​ကွပ်​မျက်​လိုက်​လေ​သည်။ (ထို​ကာ​လ ၌​ဟာ​ဇော်​သည်​ထို​နိုင်​ငံ​များ​တွင်​အင် အား​အ​ကြီး​ဆုံး​နိုင်ငံ​ဖြစ်​သ​တည်း။-)
JOS 11:11 သူ​တို့​သည်​မြို့​သူ​မြို့​သား​များ​ကို​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​၍ မြို့ ကို​မီး​ရှို့​ဖျက်​ဆီး​ကြ​သည်။
JOS 11:12 ယော​ရှု​သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ တို့​စိုး​စံ​သော​မြို့​များ​ကို​တိုက်​ခိုက်​သိမ်း ပိုက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ မိန့်​မှာ​ခဲ့​သည်​အ​တိုင်း မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကို​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​လေ​သည်။-
JOS 11:13 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟာ​ဇော်​မြို့​မှ​လွဲ​၍ တောင်​ပေါ်​တွင်​တည်​ထား သော​အ​ခြား​မြို့​များ​ကို​မူ​မီး​ရှို့​ဖျက်​ဆီး ခြင်း​မ​ပြု​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​တည်း ကို​သာ​ယော​ရှု​မီး​ရှို့​ဖျက်​ဆီး​ခဲ့​၏။-
JOS 11:14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​မြို့ များ​မှ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​နှင့်​သိုး​နွား တိ​ရစ္ဆာန်​တို့​ကို မိ​မိ​တို့​အ​တွက်​သိမ်း​ယူ ကြ​သည်။ မြို့​သူ​မြို့​သား​များ​ကို​မူ​ကား တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့ လေ​သည်။-
JOS 11:15 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သည်​အ​တိုင်း မော​ရှေ​သည်​ယော​ရှု​အား​တစ်​ဆင့်​မိန့်​မှာ ခဲ့​၏။ ယော​ရှု​က​လည်း​မော​ရှေ​မိန့်​မှာ​သည် အ​တိုင်း​ဆောင်​ရွက်​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ယော​ရှု​လိုက်​နာ​ဆောင်​ရွက်​လေ​သည်။
JOS 11:16 ယော​ရှု​သည်​မြောက်​ဘက်​ရှိ​တောင်​ကုန်း ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ​များ၊ တောင်​ဘက် ရှိ​တောင်​ကုန်း​ဒေ​သ​နှင့်​တောင်​ခြေ​ဒေ​သ များ၊ ဂေါ​ရှင်​ပြည်​တစ်​ပြည်​လုံး​နှင့်​ယင်း ၏​တောင်​ဘက်​ရှိ​ခြောက်​သွေ့​သော​ဒေ​သ၊ ယော်​ဒန်​မြစ်​ဝှမ်း​မှ​စ​၍​တစ်​ပြည်​လုံး ကို​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​လေ​သည်။-
JOS 11:17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ယူ​သော နယ်​မြေ​သည်​တောင်​ဘက်​ဧ​ဒုံ​ပြည်​အ​နီး၊ ဟာ​လက်​တောင်​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​လေ​ဗ​နုန်​ချိုင့်​ဝှမ်း​ရှိ ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်​ကျယ်​ပြန့်​လေ​သည်။ ယော​ရှု​သည်​ထို​နယ်​မြေ​ကို​အုပ်​စိုး​သော မင်း​များ​နှင့်​ကြာ​မြင့်​စွာ​စစ်​တိုက်​ရ​သည်။ သို့​ရာ​တွင်​သူ​သည်​ထို​မင်း​အား​လုံး​တို့ ကို​လက်​ရ​ဖမ်း​ဆီး​ကွပ်​မျက်​ခဲ့​လေ​သည်။-
JOS 11:19 ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဂိ​ဗောင် မြို့​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့ နှင့်​သာ​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​ဆို​ခဲ့ သည်။ အ​ခြား​သော​မြို့​များ​ကို​မူ​တိုက်​ခိုက် သိမ်း​ယူ​ခဲ့​သည်။-
JOS 11:20 ထို​သူ​အ​ပေါင်း​တို့​ကို​မ​သ​နား​မ​ညှာ​တာ ဘဲ​အ​ကုန်​အ​စင်​သုတ်​သင်​သတ်​ဖြတ်​ပစ်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အ​ပေါင်း​တို့ အား​ဇွဲ​သန်​သန်​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​ခု​ခံ​တိုက်​ခိုက်​စေ​တော်​မူ​၏။ ထို​သူ​တို့ ကို​အ​ကုန်​အ​စင်​သုတ်​သင်​ရ​ခြင်း​မှာ​မော​ရှေ အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဖြစ်​သ​တည်း။
JOS 11:21 ထို​ကာ​လ​၌​ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ၊ ဣ​သ ရေ​လ​တောင်​ကုန်း​ဒေ​သ​စ​သော​တောင်​ကုန်း ဒေသ​များ​တွင်​နေ​ထိုင်​သည့် ထွား​ကြိုင်း​သော အာ​န​က​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ချီ​တက် လေ​သည်။ ယော​ရှု​သည်​အာ​န​က​အ​မျိုး​သား များ​ကို တစ်​ယောက်​မ​ကျန်​သုတ်​သင်​၍​သူ တို့​မြို့​များ​ကို​မြေ​လှန်​ဖျက်​ဆီး​ခဲ့​လေ သည်။-
JOS 11:22 ထို့​ကြောင့်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​န​က အ​မျိုး​သား​ဟူ​၍ တစ်​ယောက်​မျှ​အ​သက်​ရှင် ၍​မ​ကျန်​ရစ်​ချေ။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ ဂါ​သ မြို့​နှင့်​အာ​ဇုတ်​မြို့​များ​၌​သာ​လျှင်​အာ​န​က အ​မျိုး​သား​အ​ချို့​ကျန်​ရှိ​ကြ​သေး​သည်။-
JOS 11:23 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။
JOS 12:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တောင် ဘက်​အာ​နုန်​မြစ်​ဝှမ်း​မှ​မြောက်​ဘက်​ဟေ​ရ​မုန် တောင်​အ​ထိ၊ အ​ရှေ့​ဘက်​နယ်​မြေ​နှင့်​ယော်​ဒန် မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​တိုက်​ခိုက်​သိမ်း ယူ​ခဲ့​ပြီး​ဖြစ်​သည်။-
JOS 12:2 သူ​တို့​သည်​မင်း​နှစ်​ပါး​ကို​နှိမ်​နင်း​ခဲ့​သည်။ မင်း​တစ်​ပါး​မှာ​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ သော​အာ​မော​ရိ​မင်း​ရှိ​ဟုန်​ဖြစ်​သည်။ သူ​၏ နိုင်ငံ​တွင်(အာ​နုန်​မြစ်​ဝှမ်း​အ​နီး​ရှိ) အာ​ရော် မြို့​နှင့်​ယင်း​မြစ်​ဝှမ်း​အ​လယ်​ရှိ​မြို့​မှ​အမ္မုန် နယ်​နိ​မိတ်​ဖြစ်​သော ယဗ္ဗုတ်​မြစ်​အ​ထိ​ကျယ် ပြန့်​သည့်​ဂိ​လဒ်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-
JOS 12:3 ထို့​အ​ပြင်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​မှ ပင်​လယ်​သေ​အ​ရှေ့​ဘက်​ရှိ ဗက်​ယေ​ရှိ​မုတ် မြို့​တိုင်​အောင်​တည်​ရှိ​သော​ယော်​ဒန်​မြစ်​ဝှမ်း၊ ထို​မှ​တစ်​ဖန်​ပိ​သ​ဂါ​တောင်​ခြေ​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​လည်း​ပါ​ဝင်​သည်။
JOS 12:4 အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​တွင် စိုး​စံ​၍ နောက်​ဆုံး​ကျန်​ရှိ​သေး​သော​ရိ​ဖိမ် အ​မျိုး​သား​တို့​အ​နက် တစ်​ဦး​ဖြစ်​သူ ဗာ​ရှန်​မင်း​သြ​ဃ​ကို​လည်း​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​နှိမ်​နင်း​ခဲ့​၏။-
JOS 12:5 သူ​၏​နိုင်​ငံ​တွင်​ဟေ​ရ​မုန်​တောင်၊ သာ​လ​က ပြည်၊ ဂေ​ရှု​ရိ​ပြည်​နှင့်​မာခါ​ပြည်​နယ်​စပ် အ​ထိ​ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည် လုံး​သည်​လည်း​ကောင်း၊ ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန် ပိုင်​သော​ပြည်​နယ်​နိ​မိတ်​အ​ထိ​ကျယ်​ပြန့် သည့်​ဂိလဒ်​ပြည်​တစ်​ဝက်​သည်​လည်း​ကောင်း ပါ​ဝင်​သည်။-
JOS 12:6 ဤ​မင်း​များ​ကို​မော​ရှေ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှိမ်​နင်း​ခဲ့​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည်​ထို​မင်း​တို့ ၏​နယ်​မြေ​များ​ကို​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​ခဲ့​လေ​သည်။
JOS 12:7 ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​အ​နောက်​ဘက် လေ​ဗ​နုန် ချိုင့်​ဝှမ်း​ရှိ​ဗာ​လ​ဂဒ်​မြို့​မှ​တောင်​ဘက်​ဧ​ဒုံ ပြည်​အ​နီး​ဟာ​လက်​တောင်​အ​ထိ ကျယ်​ပြန့် သော​ဒေ​သ​တွင်​စိုး​စံ​သော​မင်း​အား​လုံး တို့​ကို​တိုက်​ခိုက်​အောင်​မြင်​ခဲ့​လေ​သည်။ ယော​ရှု​သည်​ဤ​ဒေ​သ​ကို​ဣ​သ​ရေ​လ အ​နွယ်​အ​သီး​သီး​တို့​အား​အ​မြဲ​ပိုင် ဆိုင်​ရန်​ခွဲ​ဝေ​ပေး​လေ​သည်။-
JOS 12:8 ဤ​ဒေ​သ​များ​တွင်​တောင်​ကုန်း​ဒေ​သ၊ အ​နောက် ဘက်​တောင်​ခြေ​ဒေ​သ၊ ယော်​ဒန်​မြစ်​ဝှမ်း​နှင့်​အ​နီး ရှိ​တောင်​ခြေ​ဒေ​သ၊ အ​နောက်​ဘက်​တောင်​စောင်း ဒေ​သ​နှင့်​တောင်​ဘက်​ခြောက်​သွေ့​သော​သဲ​ကန္တာ​ရ ဒေ​သ​များ​ပါ​ဝင်​သည်။ ထို​ဒေ​သ​များ​တွင်​နေ ထိုင်​သော​လူ​မျိုး​များ​မှာ​ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ဖြစ်​ကြ​သည်။-
JOS 12:9 ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​သုံး​ဆယ့် တစ်​မြို့​တို့​၏​မင်း​များ​ကို​နှိမ်​နင်း​ခဲ့​သည်။ ယင်း​မြို့​တို့​မှာ​ယေ​ရိ​ခေါ​မြို့၊ (ဗေ​သ​လ မြို့​အ​နီး​ရှိ) အာ​ဣ​မြို့၊-
JOS 12:10 ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဗြုန်​မြို့၊- ယာ​မုတ်​မြို့၊ လာ​ခိ​ရှ​မြို့၊- ဧ​ဂ​လုန်​မြို့၊ ဂေ​ဇာ​မြို့၊- ဒေ​ဗိ ရ​မြို့၊ ဂေ​ဒါ​မြို့၊- ဟော​မာ​မြို့၊ အာ​ရဒ်​မြို့၊- လိ​ဗ​န မြို့၊ အ​ဒု​လံ​မြို့၊- မက္က​ဒါ​မြို့၊ ဗေ​သ​လ​မြို့၊- တာ​ပွာ​မြို့၊ ဟေ​ဖာ​မြို့၊- အာ​ဖက်​မြို့၊ လာ​ရှ​ရုန်​မြို့၊- မာ​ဒုန်​မြို့၊ ဟာ​ဇော်​မြို့၊- ရှိ​မ​ရုန်​မြို့၊ အာ​ခ​ရှပ်​မြို့၊- တာ​နက်​မြို့၊ မေ​ဂိဒ္ဒေါ​မြို့၊-
JOS 12:22 ကေ​ဒေ​ရှ​မြို့၊(က​ရ​မေ​လ​တောင်​ပေါ်​ရှိ) ယော​က​နမ်​မြို့၊(ပင်​လယ်​ကမ်း​ခြေ​ရှိ)-
JOS 12:23 ဒေါ​ရ​မြို့၊ (ဂါ​လိ​လဲ​ပြည်​ရှိ) ဂေါ​အိမ်​မြို့​နှင့်၊-
JOS 12:24 တိ​ရ​ဇ​မြို့​တို့​ဖြစ်​သ​တည်း။
JOS 13:1 ယော​ရှု​သည်​အ​သက်​အ​ရွယ်​ကြီး​ရင့်​လာ ပြီ​ဖြစ်​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု အား``သင်​သည်​အ​သက်​အ​ရွယ်​ကြီး​ရင့် လာ​ပြီ။ သိမ်း​ယူ​ရ​မည့်​နယ်​မြေ​များ​စွာ ကျန်​ရှိ​နေ​သေး​သည်။-
JOS 13:2 ဖိ​လိတ္တိ​ပြည်​တစ်​နယ်​လုံး၊ ဂေ​ရှု​ရိ​တစ်​နယ်​လုံး၊
JOS 13:3 နှင့်​တောင်​ပိုင်း​ရှိ​အာ​ဝိ​အ​မျိုး​သား​တို့​ပိုင်​တစ် နယ်​လုံး​ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။ (အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​တွင်​ရှိ​သော​ရှိ​ဟော​ရ ချောင်း​မှ မြောက်​ဘက်​ဧ​ကြုန်​နယ်​နိ​မိတ်​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​သည် ခါ​နာန်​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​နယ်​မြေ​ဖြစ်​၏။ ဖိ​လိတ္တိ မင်း​တို့​သည်​ဂါ​ဇ​မြို့၊ အာ​ဇုတ်​မြို့၊ ဧ​ရှ က​လုန်​မြို့၊ ဂဒ်​မြို့​နှင့်​ဧ​ကြုန်​မြို့​များ​တွင် စိုး​စံ​သည်။-)
JOS 13:4 ဇိ​ဒုန်​အ​မျိုး​သား​တို့​ပိုင်​နယ်​မြေ​ဖြစ်​သော မာ​ရာ​မှ အာ​ဖက်​မြို့​နှင့်​အာ​မော​ရိ​အ​မျိုး သား​တို့​၏​နယ်​နိ​မိတ်​အ​ထိ​တည်​ရှိ​သော ခါ​နာန်​အ​မျိုး​သား​တို့​ပိုင်​တစ်​နယ်​လုံး၊-
JOS 13:5 ဂေ​ဗ​လ​အ​မျိုး​သား​တို့​၏​ပြည်၊ ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​ရှိ​ဗာ​လ​ဂဒ်​မြို့​မှ​ဟာ မတ်​တောင်​ကြား​အ​ထိ၊ အ​ရှေ့​ဘက်​တွင် တည်​ရှိ​သော​လေ​ဗ​နုန်​ပြည်​အား​လုံး​တို့ ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။-
JOS 13:6 သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။-
JOS 13:7 သို့​ဖြစ်​၍​ယ​ခု​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ကိုး​နွယ်​နှင့်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​တို့ အား​ဤ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရန်​ခွဲ​ဝေ ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။
JOS 13:8 ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။-
JOS 13:9 သူ​တို့​ရ​ရှိ​သော​နယ်​မြေ​သည်(အာ​နုန်​မြစ် ဝှမ်း​န​ဖူး​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း အ​လယ်​ရှိ​မြို့​အ​ထိ​ကျယ်​ပြန့်​၍​မေ​ဒ​ဘ မြို့​နှင့်​ဒိ​ဘုန်​မြို့​အ​ကြား​ရှိ​ကုန်း​ပြင်​မြင့် တစ်​ခု​လုံး​ပါ​ဝင်​သည်။-
JOS 13:10 ထို​နယ်​မြေ​တွင်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ သော​အာ​မော​ရိ​မင်း ရှိ​ဟုန်​လက်​အောက်​ခံ ဖြစ်​ခဲ့​သော​မြို့​အား​လုံး​ပါ​ဝင်​၍​အမ္မုန် ပြည်​နယ်​စပ်​အ​ထိ​ကျယ်​ပြန့်​သည်။-
JOS 13:11 ဂိ​လဒ်​နယ်၊ ဂေ​ရှု​ရိ​နယ်၊ မာ​ခါ​နယ်၊ ဟေ​ရ​မုန် တောင်​တစ်​ခု​လုံး​နှင့်​သာ​လ​က​ပြည်​အ​ထိ ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​တို့ သည်​လည်း​ကောင်း၊-
JOS 13:12 အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​တို့​တွင်​စိုး​စံ ၍​ရိ​ဖိမ်​အ​မျိုး​သား​တို့​၏ နောက်​ဆုံး​အ​ဆက် အ​နွယ်​ဖြစ်​သူ​သြ​ဃ​မင်း​၏​ပြည်​သည်​လည်း ကောင်း​ပါ​ဝင်​သည်။ မော​ရှေ​သည်​ဤ​မင်း​နှစ် ပါး​စ​လုံး​ကို​ကွပ်​မျက်​၍​သူ​တို့​၏​တိုင်း ပြည်​များ​ကို​သိမ်း​ယူ​ခဲ့​သည်။-
JOS 13:13 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဂေ​ရှု​ရိ​အ​မျိုး​သား​နှင့်​မာ​ခါ​အ​မျိုး သား​တို့​ကို​နှင်​မ​ထုတ်​ကြ​သ​ဖြင့် သူ​တို့ သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ​နိုင်ငံ တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။
JOS 13:14 မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။
JOS 13:15 မော​ရှေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု​တို့ အား​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-
JOS 13:16 သူ​တို့​၏​နယ်​မြေ​သည်(အာ​နုန်​မြစ်​ဝှမ်း​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း​အ​ထက်​ရှိ​မြို့​များ အ​ထိ​ကျယ်​ပြန့်​၍ မေ​ဒ​ဘ​မြို့​ပတ်​လည်​ရှိ ကုန်း​ပြင်​မြင့်​တစ်​ခု​လုံး​ပါ​ဝင်​သည်။-
JOS 13:17 ဟေ​ရှ​ဘုန်​မြို့​နှင့်​ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့ များ​ဖြစ်​သော​ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊-
JOS 13:18 ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊-
JOS 13:19 ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​ဝှမ်း​တောင် ကုန်း​ပေါ်​ရှိ​ဇာ​ရက်​ရှာ​ဟာ​မြို့၊-
JOS 13:20 ဗက်​ပေ​ဂု​ရ​မြို့၊ ပိ​သ​ကာ​တောင်​စောင်း​နှင့် ဗက်​ယေ​ရှိ​မုတ်​မြို့​များ​ပါ​ဝင်​သည်။-
JOS 13:21 ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့​အား​လုံး​နှင့်​ဟေ​ရှ ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​မင်း​ရှိ​ဟုန် ၏​နိုင်​ငံ​တစ်​ခု​လုံး​ပါ​ဝင်​သည်။ မော​ရှေ သည်​ထို​မင်း​နှင့်​တ​ကွ​မိ​ဒျန်​မင်း​များ​ဖြစ် ကြ​သော​ဧ​ဝိ​မင်း၊ ရေ​ကင်​မင်း၊ ဇု​ရ​မင်း၊ ဟု​ရ​မင်း​နှင့်​ရေ​ဘ​မင်း​တို့​ကို​နှိမ်​နင်း​ခဲ့ လေ​သည်။ ထို​မင်း​ငါး​ပါး​တို့​သည်​ရှိ​ဟုန် မင်း​၏​သြ​ဇာ​ခံ​မင်း​များ​ဖြစ်​ကြ​သည်။-
JOS 13:22 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကွပ်​မျက်​ခဲ့ သော​သူ​များ​တွင် ဗော​ရ​၏​သား​မှော်​ဆ​ရာ ဗာ​လမ်​လည်း​ပါ​ဝင်​လေ​သည်။-
JOS 13:23 ရု​ဗင်​အ​နွယ်​ဝင်​တို့​ပိုင်​သော​နယ်​မြေ​၏ အ​နောက်​ဘက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ် ဖြစ်​၏။ အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင် သော​နယ်​မြေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။
JOS 13:24 မော​ရှေ​သည်​ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အား လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-
JOS 13:25 သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-
JOS 13:26 သူ​တို့​၏​နယ်​မြေ​သည်​ဟေ​ရှ​ဘုန်​မြို့​မှ ရာ​မတ်​မိ​ဇ​ပါ​မြို့​နှင့်​ဗေ​တော​နိမ်​မြို့​တိုင် အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​လို​ဒီ​ဗာ နယ်​စပ်​တိုင်​အောင်​လည်း​ကောင်း​ကျယ်​ပြန့်​သည်။-
JOS 13:27 ယော်​ဒန်​မြစ်​ဝှမ်း​တွင်​တည်​ရှိ​သော​ဗေ​သာ​ရံ မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​များ နှင့်​ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန်​ပိုင်​နက်​မှ​ကျန်​သော နယ်​မြေ​များ​ပါ​ဝင်​သည်။ သူ​တို့​နယ်​မြေ အ​နောက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​အ​ထိ ဖြစ်​သည်။-
JOS 13:28 အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင်​သော​နယ် မြေ​သည် ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အ​တွက် ဝေ​စု​ဖြစ်​သည်။
JOS 13:29 မော​ရှေ​သည်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​မိ​သား​စု တို့​အား​လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-
JOS 13:30 သူ​တို့​၏​နယ်​မြေ​သည်​မ​ဟာ​နိမ်​မြို့​အ​ထိ ကျယ်​ပြန့်​၍​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော ပြည်​တစ်​ပြည်​လုံး​နှင့်​တ​ကွ​ဗာ​ရှန်​ပြည်​တွင်း ရှိ​ယာ​ဣ​ရ​၏​ရွာ​ပေါင်း​ခြောက်​ဆယ်​ပါ​ဝင် သည်။-
JOS 13:31 ဂိ​လဒ်​ပြည်​တစ်​ဝက်​နှင့်​သြ​ဃ​မင်း​အ​စိုး​ရ သော​ဗာ​ရှန်​ပြည်​၏​မြို့​တော်​များ​ဖြစ်​သည့် အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​လည်း ပါ​ဝင်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​မြေ​သည် မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​၏​မိ​သား​စု​တစ် ဝက်​တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။
JOS 13:32 မော​ရှေ​သည်​မော​ဘ​လွင်ပြင်​တွင်​ရောက်​ရှိ​စဉ် အ​ခါ​က​ယေ​ရိ​ခေါ​မြို့​နှင့်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​အ​ထက်​ပါ အ​တိုင်း​ခွဲ​ဝေ​ပေး​ခဲ့​လေ​သည်။-
JOS 13:33 မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​မှ​ဝေ​စု​ကို သူ​တို့​ရ​မည်​ဟု​မော​ရှေ​မိန့်​ကြား​ခဲ့​၏။
JOS 14:1 ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ခါ​နာန်​ပြည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​ပုံ​ကို​ဖော်​ပြ​ပေ​အံ့။ ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​များ​၏​မိ​သား​စု​ခေါင်း​ဆောင်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထို​ပြည် ကို​ခွဲ​ဝေ​ပေး​ကြ​၏။-
JOS 14:2 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​အ​နောက် ဘက်​ရှိ​နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​ကိုး နွယ်​နှင့်​အ​နွယ်​တစ်​ဝက်​တို့​အား​မဲ​ချ ၍​ခွဲ​ဝေ​ပေး​လေ​သည်။-
JOS 14:3 မော​ရှေ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​နှစ်​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ (ယော​သပ်​၏​အ​ဆက်​အ​နွယ်​တို့ ကို​မ​နာ​ရှေ​အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​ဟူ ၍​နှစ်​စု​ခွဲ​ထား​သည်။) မော​ရှေ​သည်​လေ​ဝိ အ​နွယ်​အား​နယ်​မြေ​ဝေ​စု​မ​ပေး​ခဲ့​ချေ။ သို့​ရာ​တွင်​သူ​တို့​အား​နေ​ထိုင်​ရန်​မြို့​များ နှင့်​တ​ကွ​တိရစ္ဆာန်​စား​ကျက်​များ​ကို​ခွဲ​ဝေ ပေး​ခဲ့​သည်။-
JOS 14:5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အမျိုး သား​တို့​သည်​နယ်​မြေ​ကို​ခွဲ​ဝေ​ကြ​လေ သည်။
JOS 14:6 တစ်​နေ့​သ​၌​ယု​ဒ​အ​နွယ်​ဝင်​အ​ချို့​တို့​သည် ဂိ​လ​ဂါ​လ​မြို့​တွင်​ရှိ​သော ယော​ရှု​ထံ​သို့​ရောက် ရှိ​လာ​ကြ​လေ​သည်။ သူ​တို့​အ​နက်​မှ​ကေ​နက် အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက်​က​ယော​ရှု အား``ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​ကို​ရည်​ဆောင်​၍​မိန့် တော်​မူ​သော​စ​ကား​ကို​ကိုယ်​တော်​သတိ​ရ ပါ​လိမ့်​မည်။-
JOS 14:7 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည် ကျွန်ုပ်​အား ဤ​ပြည်​ကို​ထောက်​လှမ်း​ရန်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​စဉ်​အ​ခါ​က အ​ကျွန်ုပ် သည်​အ​သက်​လေး​ဆယ်​ရှိ​ပါ​၏။ အ​ကျွန်ုပ် သည်​ဟုတ်​တိုင်း​မှန်​ရာ​ကို​ပြန်​ကြား​အ​စီ ရင်​ခံ​ခဲ့​ပါ​သည်။-
JOS 14:8 အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​ရောက်​ခဲ့​သူ​တို့​မှာ မူ​ကား လူ​တို့​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ပြန် ကြား​အ​စီ​ရင်​ခံ​ခဲ့​ကြ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့်၊-
JOS 14:9 မော​ရှေ​က`သင်​နင်း​သော​မြေ​ကို​သင်​နှင့်​သင် ၏​သား​သ​မီး​များ​အား နယ်​မြေ​ဝေ​စု​အ ဖြစ်​မု​ချ​ရ​ရှိ​စေ​မည်' ဟု​က​တိ​ပေး​ခဲ့ ပါ​သည်။-
JOS 14:10 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ထို​သို့ မိန့်​တော်​မူ​ခဲ့​သည်​မှာ​လေး​ဆယ့်​ငါး​နှစ်​ရှိ ပါ​ပြီ။ ထို​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် တော​ကန္တာ​ရ​ကို​ဖြတ်​ကျော် လျက်​ရှိ​ကြ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း အ​ကျွန်ုပ်​အား​ယ​နေ့ တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​စေ​တော် မူ​ပါ​၏။ ယ​ခု​အ​ကျွန်ုပ်​သည်​အ​သက်​ရှစ် ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။-
JOS 14:11 သို့​ရာ​တွင်​မော​ရှေ​က​အ​ကျွန်ုပ်​အား​ဤ​ပြည် ကို​ထောက်​လှမ်း​ရန်​စေ​လွှတ်​သည့်​အ​ချိန်​မှာ ကဲ့​သို့ ယ​ခု​အ​ချိန်​လည်း​အ​ကျွန်ုပ်​သန်​မာ လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​သည်​စစ်​မှု​ထမ်း​ရန် သော်​လည်း​ကောင်း၊ အ​ခြား​တာ​ဝန်​ထမ်း ဆောင်​ရန်​သော်​လည်း​ကောင်း​ခွန်​အား​ရှိ ပါ​သေး​သည်။-
JOS 14:12 ထို့​ကြောင့်​အ​ကျွန်ုပ်​နှင့်​အ​ပေါင်း​အ​ဖော် တို့​သ​တင်း​ပြန်​ကြား​အ​စီ​ရင်​ခံ​သော​နေ့ ၌ ထာ​ဝ​ရ​ဘု​ရား​က​ပေး​မည်​ဟု​က​တိ ထား​တော်​မူ​သော​ဤ​တောင်​ကုန်း​ဒေ​သ ကို​အ​ကျွန်ုပ်​အား​ပေး​ပါ။ ထို​ဒေ​သ​တွင် ကိုယ်​ခန္ဓာ​ထွား​ကြိုင်း​သော​အာ​န​က​အ​မျိုး သား​များ​သည် ခိုင်​ခံ့​သော​မြို့​ရိုး​များ​အ​တွင်း နေ​ထိုင်​ကြောင်း​ကို​အ​ကျွန်ုပ်​တို့​အ​စီ​ရင်​ခံ​ခဲ့ ကြ​ပါ​သည်။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​လျှင် က​တိ​တော်​အ​တိုင်း​အ​ကျွန်ု​သည်​ထို​သူ တို့​ကို​တိုက်​ခိုက်​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်'' ဟု​တောင်း​ဆို​လေ​၏။
JOS 14:13 ထို​အ​ခါ​ယော​ရှု​သည်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား ကောင်း​ချီး​ပေး​၍​ဟေ​ဗြုန် မြို့​ကို​ဝေ​စု​အ​ဖြစ်​ခွဲ​ဝေ​ပေး​လေ​၏။-
JOS 14:14 ကေ​နက်​အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက် သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့် သူ ၏​အ​ဆက်​အ​နွယ်​တို့​သည်​ဟေ​ဗြုန်​မြို့​ကို ယ​နေ့​တိုင်​အောင်​ပိုင်​ဆိုင်​ကြ​၏။-
JOS 14:15 ဟေ​ဗြုန်​မြို့​၏​နာ​မည်​ဟောင်း​မှာ​အာ​ဘ​မြို့ ဖြစ်​သ​တည်း။ (အာ​ဘ​သည်​အာ​န​က​အ​မျိုး သား​တို့​၏​ခေါင်း​ဆောင်​ကြီး​ဖြစ်​၏။) ထို​နောက်​တိုင်း​ပြည်​တွင်​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​သ​တည်း။
JOS 15:1 ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ရ​ရှိ​သော နယ်​မြေ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​သည်​တောင် ဘက်​သို့​လား​သော် ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဇိ​န တော​ကန္တာ​ရ​၏​တောင်​ဘက်​စွန်း​သို့​ရောက် သည်။-
JOS 15:2 တောင်​ဘက်​နယ်​နိ​မိတ်​သည်​ပင်လယ်​သေ​တောင် ဘက်​စွန်း​မှ​စ​၍ တောင်​ဘက်​ရှိ​အ​က​ရဗ္ဗိမ် တောင်​ကြား​ကို​ဖြတ်​ပြီး​လျှင်​ဇိ​န​မြို့​အ​ထိ ရောက်​သည်။ ထို​မှ​တစ်​ဖန်​ကာ​ဒေ​ရှ​ဗာ​နာ​မြို့ ၏​တောင်​ဘက်​သို့​သွား​၍​ဟေ​ဇ​ရုန်​မြို့​ကို​ဖြတ် လျက်​အာ​ဒါ​မြို့​ဘက်​သို့​တက်​ပြီး​လျှင် ကာ ကာ​မြို့​ဘက်​သို့​ကွေ့​ပြီး​နောက်​အ​ဇ​မုန်​မြို့ သို့​ရောက်​လေ​သည်။ ထို​နောက်​အီ​ဂျစ်​ပြည်​နယ် စပ်​ရှိ​ချောင်း​ကို​လိုက်​၍​မြေ​ထဲ​ပင်​လယ်​တွင် အ​ဆုံး​သတ်​သည်။ ဤ​ကား​ယု​ဒ​နယ်​မြေ​၏ တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​သ​တည်း။
JOS 15:5 အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည်​ပင်​လယ်​သေ တောင်​ဘက်​စွန်း​မှ ယော်​ဒန်​မြစ်​စီး​ဝင်​သည့် မြစ်​ဝ​အ​ထိ​ဖြစ်​သည်။ မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ထို​မြစ်​ဝ​မှ အ​စ​ပြု​၍၊-
JOS 15:6 ဗေ​သော​ဂ​လ​မြို့​သို့​လည်း​ကောင်း၊ ထို​မှ တစ်​ဖန်​ဗော​ဟန်​၏​ကျောက်(ဗော​ဟန်​သည် ရု​ဗင်​၏​သား​ဖြစ်​သည်) သို့​ရောက်​ပြီး​လျှင်၊-
JOS 15:7 ဒုက္ခ​ဟု​ခေါ်​သော​ချိုင့်​ဝှမ်း​မှ​ဒေဗိရ​မြို့​သို့​တက် သွား​၏။ ထို​နောက်​ချိုင့်​ဝှမ်း​တောင်​ဘက်​တွင်​ရှိ သော​အ​ဒုမ္မိမ်​တောင်​ကြား​နှင့်​မျက်​နှာ​ချင်း​ဆိုင် ဂိ​လ​ဂါ​လ​မြို့​ရှိ​ရာ​မြောက်​ဘက်​သို့​ကွေ့ သွား​၏။ ထို​နောက်​အင်​ရှေ​မက်​စမ်း​ရေ​တွင်း မှ​အင်္ရော​ဂေလ​မြို့​သို့​ရောက်​ပြီး​လျှင်၊-
JOS 15:8 ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-
JOS 15:9 ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-
JOS 15:10 ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-
JOS 15:11 ထို​နောက်​ဧ​ကြုန်​မြို့​မြောက်​ဘက်​ရှိ​တောင်​သို့ ရောက်​ပြီး​လျှင် ရှိ​ကြုန်​မြို့​ဘက်​သို့​လှည့်​၍ ဗာ​လာ​တောင်​ကို​လွန်​လျက်​ယာ​ဗ​နေ​လ​မြို့ သို့​ရောက်​သည်။ ထို​နောက်​အ​နောက်​ဘက်​နယ် နိ​မိတ်​ဖြစ်​သော​မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး သတ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​သည်​ဖော်​ပြ ပါ​နယ်​နိ​မိတ်​များ​အ​တွင်း​၌​နေ​ထိုင်​ကြ သည်။
JOS 15:13 ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ယော​ရှု​သည် ယု​ဒ​အ​နွယ်​ဝင်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား​ယု​ဒ​အ​နွယ်​ပိုင်​နယ်​မြေ​မှ ဟေ​ဗြုန်​မြို့​ကို​ခွဲ​ဝေ​ပေး​လေ​သည်။ ဟေ​ဗြုန် မြို့​သည်​အာ​န​က​၏​ဖ​ခင်​အာဘ​၏​မြို့​ဖြစ် သည်။-
JOS 15:14 ကာ​လက်​သည်​အာ​န​က​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သော​ရှေ​ရှဲ​သား​ချင်း​စု၊ အ​ဟိ​မန် သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့ ကို​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-
JOS 15:15 သူ​သည်​ထို​မြို့​မှ​တစ်​ဆင့်​ဒေ​ဗိ​ရ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​လေ​သည်။ (ယ​ခင်​က​ဒေ​ဗိ​ရ မြို့​သည်​ကိ​ရ​ယ​ဿေ​ဖာ​မြို့​ဟု​ခေါ်​တွင်​သည်။-)
JOS 15:16 ကာ​လက်​က``ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​သိမ်း ယူ​နိုင်​သူ​အား​ငါ​၏​သ​မီး​အာ​ခ​သ​နှင့် ထိမ်း​မြား​ပေး​မည်'' ဟု​ဆို​လျှင်၊-
JOS 15:17 ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​သြ​သံ ယေ​လ​သည်​ထို​မြို့​ကို​သိမ်း​ယူ​နိုင်​သ​ဖြင့် သူ​၏​သ​မီး​အာ​ခ​သ​နှင့်​ထိမ်း​မြား​လက် ထပ်​ပေး​လေ​သည်။-
JOS 15:18 ထိမ်း​မြား​မင်္ဂ​လာ​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​မှ​လယ်​တစ် ကွက်​တောင်း​ရန်​တိုက်​တွန်း​လေ​သည်။ အာ​ခ​သ သည်​မြည်း​ပေါ်​မှ​ဆင်း​လိုက်​၏။ ထို​အ​ခါ ကာ​လက်​က​သူ​၏​သ​မီး​အား``မည်​သည့် အ​ရာ​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​လျှင်-
JOS 15:19 သူ​က``ကိုယ်​တော်​လက်​ဖွဲ့​သော​မြေ​သည်​ခြောက် သွေ့​သော​အ​ရပ်​ဖြစ်​ပါ​သည်။ စမ်း​ရေ​တွင်း​များ ကို​လည်း​ပေး​ပါ'' ဟု​တောင်း​၏။ ထို​ကြောင့် ကာ​လက်​သည်​သူ​၏​သ​မီး​အား​အ​ထက်​စမ်း ရေ​တွင်း​နှင့်​အောက်​စမ်း​ရေ​တွင်း​များ​ကို​ပေး လေ​၏။
JOS 15:20 ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင်​ဆိုင်​သော နယ်​မြေ​သည်​ကား​ဤ​သို့​တည်း။-
JOS 15:21 ဧ​ဒုံ​ပြည်​နယ်​စပ်​အ​နီး​နယ်​မြေ​၏​တောင် ဘက်​စွန်း​တွင် သူ​တို့​ပိုင်​သည့်​မြို့​များ​မှာ​ကပ် ဇေ​လ​မြို့၊ ဧ​ဒေ​ရ​မြို့၊ ယာ​ဂု​ရ​မြို့၊-
JOS 15:22 ကိ​န​မြို့၊ ဒိ​မော​န​မြို့၊ အာ​ဒ​ဒါ​မြို့၊-ကေ​ဒေ​ရှ မြို့။ ဟာ​ဇော်​မြို့၊ ဣ​သ​နန်​မြို့၊-ဇိ​ဖ​မြို့၊ တေ​လင် မြို့၊ ဗာ​လုတ်​မြို့၊-
JOS 15:25 ဟာ​ဇော်​ဟ​ဒတ္တာ​မြို့၊ ကဲ​ရိ​ယော​ဟေ​ဇ​ရုန်​မြို့ (သို့​မ​ဟုတ်​ဟာ​ဇော်​မြို့၊-)
JOS 15:26 အာ​မန်​မြို့၊ ရှေ​မ​မြို့၊ မော​လ​ဒ​မြို့၊- ဟာ​ဇာ​ဂဒ္ဒ​မြို့၊ ဟေ​ရှ​မုန်​မြို့၊ ဗက်​ပါ​လက်​မြို့၊- ဟာ​ဇာ​ရွှာ​လ​မြို့၊ ဗေ​ရ​ရှေ​ဘ​မြို့၊ ဗိဇ္ဇော​သ​ယာ မြို့၊- ဗာ​လာ​မြို့၊ ဣ​အိမ်​မြို့၊ အာ​ဇင်​မြို့၊-
JOS 15:30 ဧ​လ​တော​လဒ်​မြို့၊ ခေ​သိ​လ​မြို့၊ ဟော​မာ​မြို့၊- ဇိ​က​လတ်​မြို့၊ မာ​ဒ​မန္နာ​မြို့၊ သံ​သန္နာ​မြို့၊-
JOS 15:32 လေ​ဗောက်​မြို့၊ ရှိ​လ​ဟိမ်​မြို့၊ အ​အိန်​မြို့​နှင့် ရိမ္မုန်​မြို့​စ​သော​မြို့​ကြီး​နှစ်​ဆယ့်​ကိုး​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​ဖြစ် သည်။
JOS 15:33 တောင်​ခြေ​များ​ရှိ​မြို့​များ​မှာ​ဧ​ရှ​တော​လ မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊-
JOS 15:34 ဇာ​နော​မြို့၊ အင်္ဂန္နိမ်​မြို့၊ တာ​ပွာ​မြို့၊ ဧ​နံ​မြို့၊- ယာ​မုတ်​မြို့၊ အ​ဒု​လံ​မြို့၊ စော​ခေါ​မြို့၊ အ​ဇေ ကာ​မြို့၊- ရှာ​ရိမ်​မြို့၊ အ​ဒိ​သိမ်​မြို့၊ ဂ​ဒေ​ရ​မြို့​နှင့် ဂ​ဒေ​ရော​သိမ်​မြို့​စ​သော​မြို့​ကြီး​တစ်​ဆယ် လေး​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ များ​ဖြစ်​သည်။
JOS 15:37 ထို့​အ​ပြင်​ဇေနန်​မြို့၊ ဟ​ဒါ​ရှ​မြို့၊ မိ​ဂ​ဒ​လ ဂဒ်​မြို့၊-ဒိ​လန်​မြို့၊ မိ​ဇ​ပါ​မြို့၊ ယော​က​သေ​လ မြို့၊- လာ​ခိ​ရှ​မြို့၊ ဗော​ဇ​ကတ်​မြို့၊ ဧ​က​လုန်​မြို့၊- ကဗ္ဗုန်၊ လာ​မံ​မြို့၊ ကိ​သ​လိတ်​မြို့၊-
JOS 15:41 ဂ​ဒေ​ရုတ်​မြို့၊ ဗက်​ဒါ​ဂုန်​မြို့၊ နေ​မ​မြို့​နှင့်​မက္ကဒါ မြို့​စ​သော​မြို့​ကြီး​များ​တစ်​ဆယ်​ခြောက်​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​လည်း ပါ​ဝင်​လေ​သည်။
JOS 15:42 ထို့​အ​ပြင်​လိ​ဗ​န​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊- ယိ​ဖ​တ​မြို့၊ အာ​ရှ​နာ​မြို့၊ နေ​ဇိပ်​မြို့၊- ကိ​လ​မြို့၊ အော​ခ​ဇိပ်​မြို့​နှင့်​မ​ရေ​ရှ​မြို့​စ​သော​မြို့​ကြီး ကိုး​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ များ​လည်း​ပါ​ဝင်​လေ​သည်။
JOS 15:45 ထို့​အ​ပြင်​ဧ​ကြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​နှင့်၊
JOS 15:46 ဧ​ကြုန်​မြို့​မှ​မြေ​ထဲ​ပင်​လယ်​စပ်​ကြား​ရှိ အာ​ဇုတ်​မြို့​နှင့်​၎င်း​အ​နီး​ရှိ​မြို့​ရွာ​များ လည်း​ပါ​ဝင်​လေ​သည်။
JOS 15:47 ထို့​အ​ပြင်​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချောင်း​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ကျယ်​ပြန့် သော​ဒေ​သ​ရှိ​အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့​နှင့်​ပတ် ဝန်း​ကျင်​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-
JOS 15:48 တောင်​ကုန်း​ဒေ​သ​တွင်​တည်​ရှိ​သော​ရှ​မိ​ရ မြို့၊ ယတ္တိ​ရ​မြို့၊ စော​ခေါ​မြို့၊-
JOS 15:49 ဒန္န​မြို့၊ ကိ​ရ​ယ​ဿန္န​မြို့(သို့​မ​ဟုတ်​ဒေ​ဗိ​ရ​မြို့၊-)
JOS 15:50 အာ​နပ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊ အာ​နိမ်​မြို့၊-
JOS 15:51 ဂေါ​ရှင်​မြို့၊ ဟော​လုန်​မြို့​နှင့်​ဂိ​လော​မြို့​စ​သော မြို့​ကြီး​တစ်​ဆယ့်​တစ်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။
JOS 15:52 ထို့​အ​ပြင်​အာ​ရပ်​မြို့၊ ဒု​မာ​မြို့၊ ဧ​ရှန်​မြို့၊- ယာ​နုံ​မြို့၊ ဗက်​တာ​ပွာ​မြို့၊ အာ​ဖက်​မြို့၊
JOS 15:54 ဟုန္တ​မြို့၊ ဟေ​ဗြုန်​မြို့​နှင့်​ဇိ​အော​ရ​မြို့​စ​သော မြို့​ကြီး​ကိုး​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။
JOS 15:55 ထို့​အ​ပြင်​မောင်​မြို့၊ က​ရ​မေ​လ​မြို့၊ ဇိ​ဖ​မြို့၊ ယုတ္တမြို့၊- ယေ​ဇ​ရေ​လ​မြို့၊ ယော​က​ဒံ​မြို့၊ ဇာ နော​မြို့၊-
JOS 15:57 ကာ​ဣ​န​မြို့၊ ဂိ​ဘာ​မြို့​နှင့်​တိ​မ​န​မြို့​စ သော​မြို့​ကြီး​ဆယ်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။
JOS 15:58 ထို့​အ​ပြင်​ဟာ​လ​ဟု​လ​မြို့၊ ဗက်​ဇု​ရ​မြို့၊ ဂေ​ဒေါ်​မြို့၊
JOS 15:59 မာ​ရပ်​မြို့၊ ဗေ​သ​နုတ်​မြို့​နှင့်​ဧ​လ​တေ​ကုန် မြို့​စ​သော​မြို့​ကြီး​ခြောက်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင် လေ​သည်။
JOS 15:60 ထို့​အ​ပြင်​ကိ​ရ​ယတ်​ဗာ​လ​မြို့(သို့​မ​ဟုတ် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) နှင့်​ရဗ္ဗာ​မြို့​ဟူ​၍​မြို့ ကြီး​နှစ်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-
JOS 15:61 တော​ကန္တာ​ရ​ဒေ​သ​တွင်​ဗေ​သ​ရာ​ဗ​မြို့၊ မိဒ္ဒိန်​မြို့၊ သေ​ကာ​က​မြို့၊-
JOS 15:62 နိ​ဗ​ရှန်​မြို့၊ ဣ​ရ​မေ​လက်​မြို့​နှင့်​အင်္ဂေဒိ​မြို့ ဟူ​၍​မြို့​ကြီး​ခြောက်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။
JOS 15:63 ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ ကို​နှင်​မ​ထုတ်​နိုင်​သ​ဖြင့် သူ​တို့​သည်​ယ​နေ့ တိုင်​ယုဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ထို​မြို့ တွင်​နေ​ထိုင်​ကြ​လေ​သည်။
JOS 16:1 ယော​သပ်​အ​ဆက်​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး သော​နယ်​မြေ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည် ယေ​ရိ​ခေါ​မြို့​အ​နီး​ယေ​ရိ​ခေါ​စမ်း​ရေ​တွင်း၊ အ​ရှေ့​ယော်​ဒန်​မြစ်​မှ​အ​စ​ပြု​၍​တော​ကန္တာရ ကို​ဖြတ်​လျက်​တောင်​ကုန်း​ဒေ​သ​ရှိ​ဗေ​သ​လ မြို့​သို့​ရောက်​၏။-
JOS 16:2 တစ်​ဖန်​ဗေ​သ​လ​မြို့​မှ​လု​ဇ​မြို့​သို့​လည်း ကောင်း၊ ထို​မှ​တစ်​ဆင့်​အာ​ခိ​အ​မျိုး​သား များ​နေ​ထိုင်​ရာ​အ​တ​ရုတ်​အန္ဒာ​မြို့​သို့ လည်း​ကောင်း​ရောက်​သည်။-
JOS 16:3 တစ်​ဖန်​အ​နောက်​ဘက်​ယာ​ဖ​လေ​တိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​အောက်​ဗက်​ဟော​ရုန်​ဒေ​သ သို့​ရောက်​သည်။ ထို​မှ​တစ်​ဖန်​ဂေဇာ​မြို့​ကို​ဖြတ် ပြီး​လျှင်​မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး​သတ် လေ​သည်။
JOS 16:4 ယော​သပ်​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ သော​ဧ​ဖ​ရိမ်​အ​နွယ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​တို့​သည်​ဖော်​ပြ​ပါ​နယ်​မြေ​ကို အ​ပိုင်​ရ​ရှိ​ကြ​လေ​သည်။
JOS 16:5 ဧ​ဖ​ရိမ်​အ​နွယ်​မိ​သား​စု​တို့​အ​တွက်​ခွဲ​ဝေ ပေး​သော နယ်​မြေ​၏​နယ်​နိ​မိတ်​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည် အ​တ​ရုတ်​အဒ္ဒါ​မြို့​မှ​အ​စ​ပြု​၍ အ​ရှေ့​ဘက် ရှိ​အ​ထက်​ဗက်​ဟော​ရုန်​မြို့​ကို​ဖြတ်​၍၊-
JOS 16:6 မြေ​ထဲ​ပင်​လယ်​သို့​ရောက်​သည်။ မြောက်​ဘက် တွင်​မိတ်​မေ​သ​မြို့​တည်​ရှိ​သည်။ ထို​ဒေ​သ အ​ရှေ့​ဘက်​မှ​နယ်​နိ​မိတ်​သည်​တာ​နတ်​ရှိ လော​မြို့​သို့​ကွေ့​ဝင်​ပြီး​လျှင်​မြို့​အ​ရှေ့​မှ ဖြတ်​၍​ယ​နော​ဟ​မြို့​သို့​ရောက်​သည်။-
JOS 16:7 ထို​နောက်​ယ​နော​ဟ​မြို့​မှ​အ​တ​ရုတ်​မြို့ နှင့်​နာ​ရတ်​မြို့​များ​ဘက်​သို့​ဆင်း​လာ​ပြီး နောက် ယေ​ရိ​ခေါ​မြို့​သို့​ရောက်​၍​ယော်​ဒန် မြစ်​တွင်​အ​ဆုံး​သတ်​သည်။-
JOS 16:8 တစ်​ဖန်​နယ်​နိ​မိတ်​သည်​တာ​ပွာ​မြို့​မှ​အ​နောက် ဘက်​ကာ​န​ချောင်း​သို့​ရောက်​၍ မြေ​ထဲ​ပင်​လယ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​ကို​ဧ​ဖ​ရိမ် အ​နွယ်​မိ​သား​စု​များ​က​အ​ပိုင်​ရ​ရှိ​ကြ သည်။-
JOS 16:9 ထို့​အ​ပြင်​မ​နာ​ရှေ​ပိုင်​နယ်​မြေ​ထဲ​မှ​မြို့ ရွာ​အ​ချို့​တို့​ကို​လည်း​အ​ပိုင်​ရ​ရှိ​ကြ သည်။-
JOS 16:10 သို့​ရာ​တွင်​သူ​တို့​သည်​ဂေ​ဇာ​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​ကို​မ​နှင်​ထုတ် ဘဲ မိ​မိ​တို့​ထံ​တွင်​ကျွန်​အ​ဖြစ်​ဖြင့်​နေ​ထိုင် စေ​ကြ​သည်။
JOS 17:1 ယော​သပ်​၏​သား​ဦး​ဖြစ်​သော​မ​နာ​ရှေ​၏ အ​ဆက်​အ​နွယ်​မိ​သား​စု​အ​ချို့​တို့​သည် လည်း ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​နယ်​မြေ တစ်​စိတ်​တစ်​ဒေ​သ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လေ သည်။ ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​သည်​မ​နာ​ရှေ ၏​သား​ဦး​ဖြစ်​သည်။ စစ်​သူ​ရဲ​ကောင်း​လည်း ဖြစ်​သည်။ သို့​ဖြစ်​၍​သူ​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် တို့​ကို​ရ​ရှိ​သည်။-
JOS 17:2 ယော်​ဒန်​မြစ်​အ​နောက်​ဘက်​နယ်​မြေ​ကို​မ​နာ ရှေ​မှ​ဆင်း​သက်​သော​ကျန်​မိ​သား​စု​များ​ရ ရှိ​ကြ​သည်။ ယင်း​မိ​သား​စု​တို့​မှာ​အ​ဗျေ​ဇာ မိ​သား​စု၊ ဟေ​လက်​မိ​သား​စု၊ အ​သ​ရေ​လ မိ​သား​စု၊ ရှေ​ခင်​မိ​သား​စု၊ ဟေ​ဖာ​မိ​သား စု​နှင့်​ရှ​မိ​ဒ​မိ​သား​စု​တို့​ဖြစ်​ကြ​သည်။-
JOS 17:3 မ​နာ​ရှေ​၏​တီ၊ မာ​ခိ​ရ​၏​မြစ်၊ ဂိ​လဒ်​၏​မြေး၊ ဟေ​ဖာ​၏​သား၊ ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း မ​ရှိ၊ သ​မီး​များ​သာ​ရှိ​သည်။ ထို​သ​မီး​တို့ ၏​နာ​မည်​များ​မှာ​မာ​လာ၊ နော​အာ၊ ဟော ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​ဟူ​၍​ဖြစ်​၏။-
JOS 17:4 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏ သား​ယော​ရှု​နှင့်​ခေါင်း​ဆောင်​တို့​ထံ​သို့​ချဉ်း ကပ်​၍``ကျွန်​မ​တို့​အား​လည်း​ကောင်း၊ ကျွန်​မ တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​သူ​အ​မျိုး​သား တို့​အား​လည်း​ကောင်း ပိုင်​ဆိုင်​ရန်​မြေ​ပေး​ရ မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို မိန့်​မှာ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ် သူ​အ​မျိုး​သား​များ​နည်း​တူ​မြေ​ကို​ရ​ရှိ ကြ​သည်။-
JOS 17:5 သို့​ဖြစ်​၍​မ​နာ​ရှေ​အ​နွယ်​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင် ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် များ​အ​ပြင်​ဝေ​စု​ဆယ်​စု​ကို​ရ​ရှိ​လေ​သည်။
JOS 17:6 မ​နာ​ရှေ​အ​နွယ်​အ​မျိုး​သ​မီး​နှင့် အ​မျိုး​သား များ​ပါ​နယ်​မြေ​များ​ကို​ရ​ရှိ​ကြ​သ​ဖြင့် ကျန် ရှိ​သော​အ​ခြား​မ​နာ​ရှေ​အ​ဆက်​အ​နွယ်​တို့ သည်​ဂိ​လဒ်​နယ်​ကို​ရ​ရှိ​ကြ​လေ​သည်။
JOS 17:7 မ​နာ​ရှေ​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​အာ​ရှာ နယ်​မြေ​မှ ရှေ​ခင်​မြို့​အ​ရှေ့​တွင်​တည်​ရှိ​သော မိတ်​မေ​သ​မြို့​အ​ထိ​ရောက်​သည်။ ထို​နောက် နယ်​နိ​မိတ်​သည်​တောင်​ဘက်​သို့​ဖြတ်​သွား ရာ​အင်​တာ​ပွာ​မြို့​တွင် နေ​ထိုင်​သူ​များ​လည်း ပါ​ဝင်​လေ​သည်။-
JOS 17:8 အင်​တာ​ပွာ​မြို့​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ အ​တွင်း​ပါ​ရှိ​သော်​လည်း မြို့​ပတ်​လည်​တွင် တည်​ရှိ​သော​မြေ​မူ​ကား​ဧ​ဖ​ရိမ်​နယ်​မြေ အ​တွင်း​၌​ရှိ​၏။-
JOS 17:9 ထို​နောက်​နယ်​နိ​မိတ်​သည်​ကာန​ချောင်း​ဘက် သို့​ဆင်း​လာ​သည်။ ထို​ချောင်း​တောင်​ဘက်​ရှိ မြို့​များ​သည်​မ​နာ​ရှေ​ပိုင်​နယ်​မြေ​အ​တွင်း ၌​တည်​ရှိ​သော်​လည်း ဧ​ဖ​ရိမ်​အ​နွယ်​က​ပိုင် သည်။ မ​နာ​ရှေ​နယ်​မြေ​နယ်​နိ​မိတ်​သည်​ကာ​န ချောင်း​မြောက်​ဘက်​တစ်​လျှောက်​သွား​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး​သတ်​သည်။-
JOS 17:10 ဧ​ဖ​ရိမ်​နယ်​မြေ​သည်​ချောင်း​တောင်​ဘက်​တွင် တည်​ရှိ​၍ မ​နာ​ရှေ​နယ်​မြေ​သည်​ချောင်း​မြောက် ဘက်​တွင်​တည်​ရှိ​၏။ မြေ​ထဲ​ပင်​လယ်​သည်​ထို နယ်​မြေ​နှစ်​ခု​၏​အ​နောက်​နယ်​နိ​မိတ်​ဖြစ် သည်။ အ​နောက်​မြောက်​ဘက်​တွင်​အာ​ရှာ​နယ် မြေ​တည်​ရှိ​၍​အ​ရှေ့​မြောက်​ဘက်​တွင် ဣ​သ​ခါ​နယ်​မြေ​တည်​ရှိ​လေ​သည်။-
JOS 17:11 မ​နာ​ရှေ​အ​နွယ်​သည်​ဣ​သ​ခါ​နှင့်​အာ​ရှာ နယ်​မြေ​များ​အ​တွင်း​၌​တည်​ရှိ​သော​ဗက်​ရှန် မြို့၊ ဣ​ဗ​လံ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပြင်​ဒေါ​ရ​မြို့(ပင်​လယ်​ကမ်း​ခြေ​တွင်​တည် ရှိ​သည်) အင်္ဒေါ​ရ​မြို့၊ တာ​နက်​မြို့၊ မေ​ဂိဒ္ဒေါ​မြို့ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ကို​ပိုင်​လေ​သည်။-
JOS 17:12 မ​နာ​ရှေ​အ​နွယ်​သည်​ထို​မြို့​များ​တွင်​နေ ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​ကို​မ​နှင် ထုတ်​နိုင်​သ​ဖြင့် သူ​တို့​သည်​ထို​အ​ရပ် များ​တွင်​ဆက်​လက်​နေ​ထိုင်​ကြ​သည်။-
JOS 17:13 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အင်​အား ကြီး​လာ​သော်​လည်း ခါ​နာန်​အ​မျိုး​သား အား​လုံး​တို့​ကို​မ​နှင်​ထုတ်​ဘဲ​မိ​မိ​တို့ ထံ​၌​အ​စေ​ခံ​စေ​ကြ​၏။
JOS 17:14 ယော​သပ်​၏​အ​ဆက်​အ​နွယ်​ဝင်​တို့​က ယော​ရှု အား``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ကောင်း​ချီး​မင်္ဂလာ​ချ​ပေး​တော်​မူ​သ​ဖြင့် လူ ဦး​ရေ​အ​လွန်​များ​ပြား​လာ​ပါ​သည်။ ကိုယ် တော်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား မြေ​ဝေ​စု​တစ်​စု​တည်း​ကို​သာ​ပေး​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။
JOS 17:15 ယော​ရှု​က``သင်​တို့​တွင်​လူ​ဦး​ရေ​တိုး​ပွား များ​ပြား​သ​ဖြင့် ဧ​ဖ​ရိမ်​အ​တွက်​ပေး​သော တောင်​ကုန်း​ဒေ​သ​သည်​ကျဉ်း​မြောင်း​လျှင် ဖေ​ရ​ဇိ​နှင့်​ရေ​ဖိမ်​အ​မျိုး​သား​များ​နေ ထိုင်​ရာ​အ​ရပ်​ရှိ​တော​များ​ကို​ခုတ်​ထွင်​၍ နေ​ထိုင်​ကြ​လော့'' ဟု​ပြန်​ဖြေ​၏။
JOS 17:16 ထို​အ​ခါ​သူ​တို့​က``တောင်​ကုန်း​ဒေ​သ​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​အ​တွက်​ကျဉ်း​မြောင်း ပါ​သည်။ ဗက်​ရှန်​နှင့်​ပတ်​ဝန်း​ကျင်​မြို့​များ အ​နီး​ရှိ​မြေ​ပြန့်​၌​လည်း​ကောင်း၊ ယေ​ဇ​ရေ လ​ချိုင့်​ဝှမ်း​၌​လည်း​ကောင်း​နေ​ထိုင်​သော ခါ​နာန်​အ​မျိုး​သား​များ​တွင်​သံ​စစ်​ရ​ထား များ​ရှိ​ကြ​ပါ​သည်'' ဟု​လျှောက်​ဆို​ကြ​၏။
JOS 17:17 ယော​ရှု​က​ဧ​ဖ​ရိမ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​ဝင်​တို့​အား``သင်​တို့​သည်​စင်​စစ် အား​ဖြင့်​လူ​ဦး​ရေ​များ​ပြား​၍​ခွန်​အား ကြီး​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ဝေ​စု တစ်​စု​ထပ်​မံ​၍​ရ​စေ​မည်။-
JOS 17:18 တောင်​ကုန်း​ဒေ​သ​ကို​သင်​တို့​အား​ပေး​မည်။ ထို​ဒေ​သ​သည်​သစ်​တော​ဖြစ်​သော်​လည်း သင် တို့​သည်​တော​ကို​ခုတ်​ထွင်​၍​တစ်​စွန်း​မှ​တစ် စွန်း​အ​ထိ​နေ​ထိုင်​လော့။ ခါ​နာန်​အ​မျိုး​သား တို့​တွင်​သံ​စစ်​ရ​ထား​များ​ရှိ​၍​အင်​အား ကောင်း​သော်​လည်း​သင်​တို့​သည်​သူ​တို့​ကို နှင်​ထုတ်​နိုင်​ကြ​လိမ့်​မည်'' ဟု​ပြော​ဆို​၏။
JOS 18:1 တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​အောင်​မြင်​ပြီး သည်​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​လော​မြို့​သို့​စု​ဝေး​ရောက်​ရှိ​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ တော်​ကို​တည်​ဆောက်​ကြ​၏။-
JOS 18:2 ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ​ခွဲ​ဝေ ၍​မ​ပေး​ရ​သေး​ချေ။-
JOS 18:3 သို့​ဖြစ်​၍​ယော​ရှု​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​ကို ပေး တော်​မူ​သော​ပြည်​ကို​မ​သိမ်း​ယူ​ဘဲ​အ​ဘယ် မျှ​ကြာ​အောင်​စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​နည်း။-
JOS 18:4 သင်​တို့​၏​အ​နွယ်​တစ်​နွယ်​လျှင်​သုံး​ယောက် ကျ​ရွေး​ချယ်​၍​ငါ့​ထံ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် နှစ်​သက်​ရာ နယ်​မြေ​ကို​ပိုင်း​ခြား​သတ်​မှတ်​ပေး​ရန်​သူ တို့​အား​တစ်​ပြည်​လုံး​သို့​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ယင်း​သို့​နယ်​မြေ​တို့​ကို​သတ်​မှတ် ပေး​ပြီး​သော​အ​ခါ ငါ့​ထံ​သို့​ပြန်​လာ​ရ ကြ​မည်။-
JOS 18:5 ထို​ပြည်​ကို​ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​မည်။ ယု​ဒ အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​တောင်​ဘက်​နယ် မြေ​၌​လည်း​ကောင်း၊ ယော​သပ်​အ​နွယ်​ဝင်​တို့ သည်​မိ​မိ​တို့​၏​မြောက်​ဘက်​နယ်​မြေ​၌​လည်း ကောင်း​နေ​ထိုင်​ရ​ကြ​မည်။-
JOS 18:6 နယ်​မြေ​ခုနစ်​ပိုင်း​တို့​ကို​ပိုင်း​ခြား​ရေး​သား ၍​ငါ့​ထံ​သို့​တင်​သွင်း​လော့။ ထို​နောက်​ငါ​သည် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ခြင်း​ငှာ​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်။-
JOS 18:7 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​တော် ထမ်း​ဆောင်​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် သင် တို့​ကဲ့​သို့​နယ်​မြေ​ဝေ​စု​ရ​မည်​မ​ဟုတ်။ ဂဒ် အ​နွယ်၊ ရု​ဗင်​အ​နွယ်​နှင့်​အ​ရှေ့​မ​နာ​ရှေ အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ ခံ​မော​ရှေ​ခွဲ​ဝေ​ပေး​ခဲ့​သည့်​အ​တိုင်း ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​ရ​ရှိ​ကြ​ပြီ'' ဟု​ဆို​လေ​၏။
JOS 18:8 ယော​ရှု​စေ​ခိုင်း​သည့်​အ​တိုင်း​ထို​သူ​တို့ သည်​နယ်​မြေ​ကို​သတ်​မှတ်​ရန်​ထွက်​သွား​ကြ ၏။ ယော​ရှု​က``သင်​တို့​သည်​တိုင်း​ပြည်​တစ် လျှောက်​လုံး​သို့​သွား​၍​နယ်​မြေ​များ​ကို​ပိုင်း ခြား​သတ်​မှတ်​လော့။ ထို​နောက်​ငါ့​ထံ​သို့​ပြန် လာ​ရ​မည်။ ထို​အ​ခါ​ငါ​သည်​ဤ​ရှိ​လော​မြို့ တွင်​သင်​တို့​ရ​ရှိ​မည့်​နယ်​မြေ​များ​ကို ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​ရန်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်'' ဟု​မှာ​ကြား​လိုက်​၏။-
JOS 18:9 သို့​ဖြစ်​၍​သူ​တို့​သည်​တိုင်း​ပြည်​တစ်​လျှောက် လုံး​သို့​သွား​ပြီး​လျှင် ပါ​ဝင်​သော​မြို့​များ စာ​ရင်း​နှင့်​တ​ကွ​နယ်​မြေ​ခု​နစ်​ခု​ကို​ပိုင်း ခြား​ရေး​မှတ်​၍​ရှိ​လော​မြို့​စ​ခန်း​တွင်​ရှိ နေ​သော​ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။-
JOS 18:10 ယော​ရှု​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ရန်​မဲ​ချ ၍​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ များ​ကို​ခွဲ​ဝေ​ပေး​လေ​သည်။
JOS 18:11 ဗင်္ယာ​မိန်​အ​နွယ်​မိ​သား​စု​တို့​ရ​ရှိ​မည့်​နယ် မြေ​ကို​ဦး​စွာ​သတ်​မှတ်​ပေး​လေ​သည်။ သူ​တို့ အ​တွက်​နယ်​မြေ​သည်​ယု​ဒ​အ​နွယ်​နှင့် ယော သပ်​အ​နွယ်​တို့​၏​နယ်​မြေ​များ​စပ်​ကြား တွင်​တည်​ရှိ​သည်။-
JOS 18:12 သူ​တို့​၏​နယ်​မြေ​မြောက်​ဘက်​နယ်​နိ​မိတ်​သည် ယော်​ဒန်​မြစ်​တွင်​အ​စ​ပြု​၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​ရှိ​တောင်​စောင်း​သို့​တက်​ပြီး​လျှင် အ​နောက်​သို့​ဗေ​သ​ဝင်​တော​ကန္တာ​ရ​တိုင် အောင်​တောင်​ကုန်း​ဒေ​သ​ကို​ဖြတ်​သန်း သွား​လေ​သည်။-
JOS 18:13 တစ်​ဖန်​လု​ဇ​မြို့(ဗေ​သ​လ​မြို့​ဟူ​၍​လည်း ခေါ်​တွင်​သည်) တောင်​ဘက်​ရှိ​တောင်​စောင်း​သို့ တက်​ပြီး​လျှင်​အောက်​ဗက်​ဟော​ရုန်​မြို့​တောင် ဘက်၊ တောင်​ပေါ်​ရှိ​အ​တ​ရုတ်​အဒ္ဒါ​မြို့​သို့ ရောက်​သည်။-
JOS 18:14 ထို​နောက်​နယ်​နိ​မိတ်​သည်​ထို​တောင်​အ​နောက် ဘက်​မှ​ယု​ဒ​အ​နွယ်​ပိုင်​သော​ကိ​ရ​ယတ် ဗာ​လ​မြို့(သို့​မ​ဟုတ်​ကိ​ရ​ယ​ယာ​ရိမ်​မြို့) အ​ထိ​တောင်​ဘက်​သို့​ဆင်း​လာ​သည်။ ဤ သည်​ကား​အ​နောက်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-
JOS 18:15 တောင်​ဘက်​နယ်​နိ​မိတ်​သည်​ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စွန်​မှ​အ​စ​ပြု​၍ နေ​ဖ​တော စမ်း​ရေ​တွင်း​များ​သို့​ရောက်​သည်။-
JOS 18:16 ထို​နောက်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​မြောက်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​အ​နီး​တောင်​ခြေ​သို့​ရောက်​သည်။ တစ် ဖန်​ယေ​ဗု​သိ​တောင်​တန်း​တောင်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​တောင်​ဘက်​အင်္ရော ဂေ​လ​ရွာ​သို့​ရောက်​သည်။-
JOS 18:17 ထို​မှ​တစ်​ဖန်​မြောက်​ဘက်​အင်​ရှေ​မက်​ရွာ​သို့ ကွေ့​ပြီး​လျှင် အ​ဒုမ္မိမ်​တောင်​ကြား​တစ်​ဘက် တွင်​ရှိ​သော​ဂေ​လိ​လုတ်​ရွာ​သို့​ရောက်​သည်။ ထို​နောက်​ဗောဟန်​၏​ကျောက်(ဗော​ဟန်​သည်​ရုဗင် ၏​သား​ဖြစ်​၏) သို့​ဆင်း​လာ​ပြီး​လျှင်၊-
JOS 18:18 ယော်​ဒန်​မြစ်​ဝှမ်း​အ​နီး​ရှိ​တောင်​တန်း​မြောက် ဘက်​မှ​ဖြတ်​သွား​သည်။ တစ်​ဖန်​ဗက်​ဟော​ဂ​လ တောင်​တန်း​မြောက်​ဘက်​မှ​ဖြတ်​၍​မြစ်​ဝှမ်း​ထဲ သို့​ဆင်း​လာ​ပြီး​လျှင် ပင်​လယ်​သေ​မြောက်​ဘက် ယော်​ဒန်​မြစ်​ဝ​၌​အ​ဆုံး​သတ်​သည်။ ဤ​သည် ကား​တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-
JOS 18:20 ယော်​ဒန်​မြစ်​သည်​နယ်​မြေ​၏​အ​ရှေ့​ဘက်​နယ် နိမိတ်​ဖြစ်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​နိ​မိတ် သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင် သော​နယ်​မြေ​၏​နယ်​နိ​မိတ်​ဖြစ်​သည်။
JOS 18:21 ဗင်္ယာ​မိန်​အ​နွယ်​မိ​သား​စု​တို့​၏​နယ်​မြေ အ​တွင်း​ရှိ​မြို့​များ​မှာ ယေ​ရိ​ခေါ​မြို့၊ ဗေ​သော​ဂ​လ​မြို့၊ ဧ​မက္ကေ​ဇဇ်​မြို့၊-
JOS 18:22 ဗေ​သ​ရာ​ဗ​မြို့၊ ဇေ​မ​ရိမ်​မြို့၊ ဗေ​သ​လ​မြို့၊-
JOS 18:23 အာ​ဝိမ်​မြို့၊ ပါ​ရ​မြို့၊ သြ​ဖ​ရာ​မြို့၊-
JOS 18:24 ခေ​ဖာ​ဟာ​မော​နဲ​မြို့၊ သြ​ဖ​နိ​မြို့၊ ဂါ​ဘ​မြို့ စ​သော​မြို့​ကြီး​တစ်​ဆယ်​နှစ်​မြို့​နှင့်​ယင်း​တို့ ၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ဖြစ်​သည်။-
JOS 18:25 ထို့​အ​ပြင်​ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊- မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊- ရေ​ကင် မြို့၊ ဣ​ရ​ပေ​လ​မြို့၊ တာ​ရ​လ​မြို့၊-
JOS 18:28 ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ဗု​သိ​မြို့၊​(သို့​မ ဟုတ်​ယေ​ရု​ရှ​လင်မြို့၊) ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စ​သော​မြို့​ကြီး​တစ်​ဆယ်​လေး မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ လည်း​ပါ​ဝင်​သည်။ ဤ​နယ်​မြေ​သည်​ဗင်္ယာ​မိန် အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ် သည်။
JOS 19:1 ဒု​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ရှိ​မောင်​အ​နွယ်​ဝင် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။ ထို​နယ် မြေ​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ ပေး​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။-
JOS 19:2 ထို​နယ်​မြေ​တွင်​ဗေ​ရ​ရှေ​ဘ​မြို့၊ ရှေ​ဘ​မြို့၊ မော​လ​ဒါ​မြို့၊-ဟာ​ဇာ​ရွှာ​လ​မြို့၊ ဗာ​လာ​မြို့၊ အာ​ဇင်​မြို့၊ ဧ​လ​တော​လဒ်​မြို့၊ ဗေ​သု​လ​မြို့၊ ဟော​မာ​မြို့၊ ဇိ​က​လတ်​မြို့၊ ဗက်​မာ​က​ဗုတ် မြို့၊ ဟာ​ဇာ​သု​သ​မြို့၊-
JOS 19:6 ဗက်​လေ​ဗောက်​မြို့၊ ရှ​ရု​ဟင်​မြို့​စ​သော​မြို့ ကြီး​တစ်​ဆယ့်​သုံး​မြို့​နှင့်​ယင်း​တို့​၏​ပတ် ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
JOS 19:7 ထို့​အ​ပြင်​အင်​မြို့၊ ရိမ္မုန်​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန် မြို့​စ​သော​မြို့​ကြီး​လေး​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​လည်း​ပါ​ဝင်​သည်။-
JOS 19:8 ထို​မြို့​ကြီး​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ မှာ​တောင်​ဘက်​ဗာ​လတ်​ဗေ​ရ​မြို့(ရာ​မတ်​မြို့) အ​ထိ​တည်​ရှိ​သော​မြို့​အား​လုံး​ပါ​ဝင်​လေ သည်။ ဤ​နယ်​မြေ​သည်​ရှိ​မောင်​အ​နွယ်​မိ​သား စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ်​သည်။-
JOS 19:9 ယု​ဒ​အ​နွယ်​အ​တွက်​ဝေ​စု​သည်​လို​အပ် သည်​ထက်​ပို​၍​ကျယ်​ဝန်း​သော​ကြောင့် ရှိ​မောင် အ​နွယ်​အား​ထို​နယ်​မြေ​မှ​ခွဲ​ဝေ​ပေး​ခြင်း ဖြစ်​သည်။
JOS 19:10 တ​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဇာဗုလုန်​အ​နွယ်​မိ​သား စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။ သူ​တို့​ရ​ရှိ သော​နယ်​မြေ​သည်​စာ​ရိဒ်​မြို့​အ​ထိ​ကျယ် ပြန့်​သည်။-
JOS 19:11 နယ်​နိ​မိတ်​သည်​ထို​မြို့​မှ​ဒဗ္ဗရှက်​မြို့​နှင့်​ယော က​နံ​မြို့​အ​ရှေ့​ဘက်​ရှိ​ချောင်း​ကို​ဖြတ်​၍ အ​နောက်​ဘက်​ရှိ​မ​ရာ​လ​မြို့​အ​ထိ ရောက်​သည်။-
JOS 19:12 နယ်​နိ​မိတ်​သည်​စာ​ရိဒ်​မြို့​မှ​အ​ရှေ့​ဘက် ခိ​သ​လုတ္တာ​ဗော်​မြို့​နယ်​စပ်​အ​ထိ​သွား​၏။ ထို​မှ​ဒါ​ဗ​ရတ်​မြို့​သို့​ရောက်​ပြီး​လျှင် ယာ​ဖျာ​မြို့​သို့​တက်​သွား​၏။-
JOS 19:13 ထို​မှ​အ​ရှေ့​ဘက်​ဂိတ္တ​ဟေ​ဖာ​မြို့​နှင့်​အိတ္တ ကာ​ဇိန်​မြို့​သို့​ရောက်​၍ ရိမ္မုန်​မြို့​သို့​သွား ရာ​လမ်း​ရှိ​နေ​အာ​မြို့​သို့​လှည့်​သွား​၏။-
JOS 19:14 မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ဟန္နသုန်​မြို့​ဘက် သို့​လှည့်​၍ ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​၌​အ​ဆုံး သတ်​သည်။-
JOS 19:15 ထို​နယ်​မြေ​တွင်​ကတ္တတ်​မြို့၊ န​ဟာ​လာ​လ​မြို့၊ ရှိ​မ​ရုန်​မြို့၊ ဣ​ဒ​လ​မြို့၊ ဗက်​လင်​မြို့​စ​သော မြို့​ကြီး​တစ်​ဆယ့်​နှစ်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
JOS 19:16 ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​သည်​ဇာ​ဗု​လုန်​အ​နွယ်​မိ​သား​စု​တို့ ပိုင်​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ သည်။
JOS 19:17 စ​တုတ္ထ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဣ​သ​ခါ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။-
JOS 19:18 ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-
JOS 19:19 ဟာ​ဖ​ရိမ်​မြို့၊ ရှိ​ဟုန်​မြို့၊ အာ​န​ဟာ​ရတ်​မြို့၊- ရဗ္ဗိတ်​မြို့၊​ကိ​ရှုန်​မြို့၊ အာ​ဗက်​မြို့၊- ရေ​မက်​မြို့၊ အင်္ဂန္နိမ်​မြို့၊ အင်္ဟဒ္ဒါ​မြို့၊ ဗက်​ပဇ္ဇက်​မြို့​များ​ပါ​ဝင် သည်။-
JOS 19:22 နယ်​နိ​မိတ်​သည်​တာ​ဗော်​မြို့၊ ရှာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​ကို​ဖြတ်​၍​ယော်​ဒန်​မြစ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​တွင်​မြို့ ကြီး​တစ်​ဆယ့်​ခြောက်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
JOS 19:23 ထို​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဣ​သ​ခါ​အ​နွယ်​မိ​သား​စု​များ​အ​ပိုင်​ရ သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
JOS 19:24 ပဉ္စမ​အ​ကြိမ် မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​အာရှာ​အ​နွယ် မိ​သား​စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ ၏။-
JOS 19:25 ထို​နယ်​မြေ​တွင်​ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊-
JOS 19:26 အ​လမ္မေ​လက်​မြို့၊ အာ​မဒ်​မြို့၊ မိ​ရှာ​လ​မြို့​များ ပါ​ဝင်​သည်။ အ​နောက်​နယ်​နိ​မိတ်​သည်​က​ရ မေ​လ​မြို့​နှင့်​ရှိ​ဟော​ရ​လိ​ဗ​နတ်​မြို့​များ ကို​ဖြတ်​သွား​သည်။-
JOS 19:27 ထို​နောက်​အ​ရှေ့​ဘက်​သို့​လှည့်​၍​ဗက်​ဒါ​ဂုန် မြို့​သို့​ရောက်​ပြီး​လျှင် ဇာ​ဗု​လုန်​နယ်​မြေ​နှင့် ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​ကို​ဖြတ်​လျက် မြောက် ဘက်​ဗေ​သ​မက်​မြို့​နှင့်​န​ယေ​လ​မြို့​သို့ ရောက်​သည်။ တစ်​ဖန်​မြောက်​ဘက်​သို့​ဆက် ၍​ကာ​ဗု​လ​မြို့၊-
JOS 19:28 ဧ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟမ္မုန်​မြို့၊ ကာ​န​မြို့ များ​မှ​ဇိ​ဒုန်​မြို့​အ​ထိ​ရောက်​သည်။-
JOS 19:29 ထို​မှ​တစ်​ဖန်​ရာ​မ​မြို့​ဘက်​သို့​လှည့်​ပြီး​လျှင် တံ​တိုင်း​ကာ​ရံ​ထား​သော​တု​ရု​မြို့​သို့​ရောက် သည်။ ထို​နောက်​ဟော​သ​မြို့​သို့​လှည့်​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​၌​အ​ဆုံး​သတ်​သည်။ နယ် မြေ​တွင်​မ​ဟာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊-
JOS 19:30 အုမ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​ကြီး​နှစ် ဆယ့်​နှစ်​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ပါ​ဝင်​လေ​သည်။-
JOS 19:31 ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် အာ​ရှာ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
JOS 19:32 ဆ​ဋ္ဌ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​န​ဿ​လိ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-
JOS 19:33 ထို​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​ဟေ​လပ်​မြို့၊ ဇာ​နန္နိမ်​မြို့​အ​ရပ်​ရှိ​ဝက်​သစ်​ချ​ပင်​မှ​အ​စ ပြု​၍​အာ​ဒ​မိ​နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့ နှင့်​လကုံ​မြို့​များ​ကို​ဖြတ်​ပြီး​ယော်​ဒန်​မြစ် ၌​အ​ဆုံး​သတ်​သည်။-
JOS 19:34 နယ်​နိ​မိတ်​သည်​အ​နောက်​ဘက်​အာ​ဇ​နုတ္တာ ဘော်​မြို့​သို့​လှည့်​ပြီး​လျှင်​ဟု​ကုတ်​မြို့​သို့ ရောက်​၏။ တောင်​ဘက်​နယ်​စပ်​တွင်​ဇာ​ဗု​လုန် နယ်​မြေ၊ အ​နောက်​ဘက်​နယ်​စပ်​တွင်​အာ​ရှာ နယ်​မြေ၊ အ​ရှေ့​ဘက်​နယ်​စပ်​တွင်​ယော်​ဒန်​မြစ် တို့​အ​သီး​သီး​တည်​ရှိ​သည်။-
JOS 19:35 တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​ကြီး​များ​မှာ ဇိဒ္ဒမ်​မြို့၊ ဇေ​ရ​မြို့၊ ဟမ္မတ်​မြို့၊ ရက္ကတ်​မြို့၊ ဂင်္နေ သ​ရက်​မြို့၊-
JOS 19:36 အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊-
JOS 19:37 ကေ​ဒေ​ရှ​မြို့၊ ဧ​ဒြိ​မြို့၊ အင်​ဟာ​ဇော်​မြို့၊-
JOS 19:38 ဣ​ရုန်​မြို့၊ မိ​ဂ​ဒ​လေ​လ​မြို့၊ ဟော​ရင်​မြို့၊ ဗေ​သ နတ်​မြို့၊ ဗက်​ရှေ​မက်​မြို့​စ​သော​မြို့​ကြီး​တစ် ဆယ့်​ကိုး​မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ဖြစ်​သည်။-
JOS 19:39 ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် န​ဿ​လိ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။
JOS 19:40 သတ္တ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဒန်​အ​နွယ်​မိ​သား စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-
JOS 19:41 ထို​နယ်​မြေ​တွင်​ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊-
JOS 19:42 ရှာ​လဗ္ဗိန်​မြို့၊ အာ​ယ​လုန်​မြို့၊ ယေ​သ​လ​မြို့၊-
JOS 19:43 ဧ​လုန်​မြို့၊ သိ​မ​နာ​သ​မြို့၊ ဧ​ကြုန်​မြို့၊
JOS 19:44 ဧ​လ​တေ​က​မြို့၊ ဂိဗ္ဗ​သုန်​မြို့၊ ဗာ​လပ်​မြို့၊- ယေ​ဟုတ်​မြို့၊ ဗေ​န​ဗေ​ရက်​မြို့၊ ဂါ​သ​ရိမ္မုန် မြို့၊- မေ​ယာ​ကုန်​မြို့၊ ရက္ကုန်​မြို့​များ​နှင့်​တ​ကွ ယုပ္ပေ​မြို့​ပတ်​လည်​ရှိ​ဒေ​သ​ပါ​ဝင်​လေ​သည်။-
JOS 19:47 ဒန်​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​နယ်​မြေ ဆုံး​ရှုံး​ရ​သော​အ​ခါ​လဲရှ​မြို့​ကို​စစ်​ချီ တိုက်​ခိုက်​၍​မြို့​သူ​မြို့​သား​များ​ကို​သတ် ဖြတ်​သုတ်​သင်​ပြီး​လျှင်​ထို​မြို့​တွင်​နေ​ထိုင် ကြ​၏။ လဲ​ရှ​ဟူ​သော​မြို့​နာ​မည်​ကို​အ​နွယ် ၏​ဖ​ခင်​ဒန်​နာ​မည်​သို့​ပြောင်း​လဲ​မှည့်​ခေါ် ကြ​လေ​သည်။-
JOS 19:48 ဤ​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဒန်​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင်​သော​နယ်​မြေ အ​တွင်း​၌​တည်​ရှိ​လေ​သည်။
JOS 19:49 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုင်း​ပြည် တစ်​ပြည်​လုံး​ကို​ခွဲ​ဝေ​ပြီး​သော​အ​ခါ နုန် ၏​သား​ယော​ရှု​အ​တွက်​မြေ​ယာ​တစ်​ခု​ကို သတ်​မှတ်​ပေး​ကြ​သည်။-
JOS 19:50 ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ယော​ရှု​တောင်း​ဆို​သော​ဧ​ဖ​ရိမ်​တောင်​ကုန်း ဒေ​သ​ရှိ​တိ​မ​န​ဿေ​ရ​မြို့​ကို​သူ့​အား ပေး​ကြ​သည်။ သူ​သည်​မြို့​ကို​ပြန်​လည်​တည် ဆောက်​ကာ​ထို​မြို့​တွင်​နေ​ထိုင်​လေ​သည်။
JOS 19:51 ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု နှင့်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​မိ​သား​စု​တို့​၏ အ​ကြီး​အ​ကဲ​တို့​သည်​ရှိ​လော​မြို့​တွင်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ နယ်​မြေ​များ​ကို​မဲ​ချ ပြီး​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​နှင့်​အ​ညီ ခွဲ​ဝေ​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ပြည် ကို​ခွဲ​ဝေ​ပေး​သည့်​အ​မှု​ပြီး​ဆုံး​လေ​၏။
JOS 20:1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​မှ တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား၊-
JOS 20:2 ``ငါ​သည်​မော​ရှေ​အား​ဖြင့်​မိန့်​မှာ​သည့် အ​တိုင်း​ခို​လှုံ​ရာ​မြို့​များ​ကို​ရွေး​ချယ် လော့။-
JOS 20:3 တစ်​စုံ​တစ်​ယောက်​အား​မ​တော်​တ​ဆ​သတ်​မိ သော​သူ​သည် လက်​စား​ချေ​မည့်​သူ​၏​လက်​မှ လွတ်​မြောက်​ရန် ထို​မြို့​များ​သို့​ထွက်​ပြေး ခို​လှုံ​နိုင်​စေ​ရ​မည်။-
JOS 20:4 သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့​မြို့​သို့ ထွက်​ပြေး​၍ မြို့​တံ​ခါး​ဝ​တွင်​ရှိ​သော​တ​ရား စီ​ရင်​ရာ​ဌာ​န​သို့​သွား​ပြီး​လျှင် မြို့​၏​အ​ကြီး အ​ကဲ​တို့​အား​ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ရှင်း​ပြ ရ​မည်။ ထို​နောက်​အ​ကြီး​အ​ကဲ​တို့​က ထို​သူ အား​မြို့​တွင်း​သို့​ဝင်​ခွင့်​ပြု​၍​သူ​နေ​ထိုင် ရန်​နေ​ရာ​ချ​ပေး​ရ​မည်။-
JOS 20:5 လက်​စား​ချေ​ရန်​လိုက်​လာ​သူ​သည်​ထို​အ​ရပ် သို့​ရောက်​ရှိ​လာ​လျှင်​မြို့​သူ​မြို့​သား​တို့​က ထွက်​ပြေး​ခို​လှုံ​သူ​အား ထို​သူ​၏​လက်​သို့ မ​အပ်​ရ။ သူ​သည်​မိ​မိ​အမျိုး​သား​ချင်း​ကို ရန်​ငြိုး​မ​ရှိ​ဘဲ​မ​တော်​တ​ဆ​သတ်​မိ​သည် ဖြစ်​သော​ကြောင့်​သူ့​အား​အ​သက်​ဘေး​မှ ကာ​ကွယ်​ပေး​ရ​မည်။-
JOS 20:6 သူ​သည်​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ပြီး​သည်​အ​ထိ​ထို​မြို့​တွင်​နေ​ရ မည်။ အ​ချင်း​ဖြစ်​ပွား​စဉ်​အ​ချိန်​က​ယဇ်​ပု​ရော ဟိတ်​မင်း​ဖြစ်​သူ​အ​နိစ္စ​ရောက်​ပြီး​နောက်​မှ​သူ သည်​ထွက်​ပြေး​ခဲ့​သော​မိ​မိ​နေ​ရင်း​မြို့​သို့​ပြန် နိုင်​သည်'' ဟု​မိန့်​တော်​မူ​၏။
JOS 20:7 ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-
JOS 20:8 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့ ရု​ဗင်​နယ်​မြေ​ကုန်း​ပြင်​မြင့်​တော​ကန္တာ​ရ​ရှိ ဗေ​ဇာ​မြို့၊ ဂဒ်​နယ်​မြေ​ဂိ​လဒ်​နယ်​ရှိ​ရာ​မုတ် မြို့၊ မ​နာ​ရှေ​နယ်​မြေ၊ ဗာ​ရှန်​နယ်​ရှိ​ဂေါ​လန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး ချယ်​သတ်​မှတ်​ကြ​သည်။-
JOS 20:9 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ မ​တော်​တ​ဆ လူ​တစ်​ဦး​တစ်​ယောက်​ကို​သတ်​မိ​သူ​သည်​လက် စား​ချေ​မည့်​သူ​၏​လက်​မှ​လွတ်​မြောက်​ရန်​နှင့် သူ့ အား​လူ​ပ​ရိ​သတ်​ရှေ့​တွင်​တ​ရား​မ​စီ​ရင်​ရ သေး​မီ​သေ​စား​မ​သေ​စေ​ရန် ဤ​မြို့​များ​ကို ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ်​ကြ သ​တည်း။
JOS 21:1 လေဝိ​အ​နွယ်​မိ​သား​စု​ခေါင်း​ဆောင်​တို့​သည် ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​နေ​ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​အ​ပေါင်း​တို့​၏​မိ​သား​စု​အ​ကြီး​အ​ကဲ တို့​ထံ​သို့​ချဉ်း​ကပ်​၍``ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​မြို့​များ​နှင့်​အ​ကျွန်ုပ် တို့​၏​သိုး​နွား​များ​အ​တွက် ယင်း​မြို့​များ​ပတ် ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ်​မှတ်​ပေး ရ​မည်​ဟူ​၍ မော​ရှေ​မှ​တစ်​ဆင့်​မိန့်​မှာ​တော် မူ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-
JOS 21:3 ထို့​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​မိ​တို့​ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ​မြို့​များ နှင့်​စား​ကျက်​များ​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့ အား​ခွဲ​ဝေ​သတ်​မှတ်​ပေး​ကြ​လေ​သည်။
JOS 21:4 လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက် မြို့​များ​ကို​ဦး​စွာ​ခွဲ​ဝေ​သတ်​မှတ် ပေး​ကြ​သည်။ ထို​သို့​ခွဲ​ဝေ​ပေး​ရာ​၌​ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​မှ​ဆင်း​သက်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အ​တွက် မြို့​တစ်​ဆယ့်​သုံး​မြို့ ကို​ယု​ဒ​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ၊ ဗင်္ယာ​မိန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။-
JOS 21:5 ကျန်​ရှိ​နေ​သော​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက်​မြို့​ဆယ်​မြို့​ကို​ဧ​ဖ​ရိမ်​နယ်​မြေ၊ ဒန် နယ်​မြေ၊ အ​နောက်​ဘက်​မ​နာ​ရှေ​နယ်​မြေ ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။
JOS 21:6 ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် သုံး​မြို့​ကို​ဣ​သ​ခါ​နယ်​မြေ၊ အာ​ရှာ​နယ်​မြေ၊ န​ဿ​လိ​နယ်​မြေ၊ အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​ထဲ မှ​သတ်​မှတ်​ပေး​ကြ​သည်။
JOS 21:7 မေ​ရာ​ရိ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် နှစ်​မြို့​ကို​ရု​ဗင်​နယ်​မြေ၊ ဂဒ်​နယ်​မြေ၊ ဇာ​ဗု​လုန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​လေ​သည်။
JOS 21:8 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မဲ​ချ ၍​ဤ​မြို့​များ​နှင့်​စား​ကျက်​များ​ကို​လေဝိ အ​နွယ်​ဝင်​တို့​အ​တွက်​သတ်​မှတ်​ပေး​လေ​သည်။
JOS 21:9 လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​သား​ချင်း​စု ဖြစ်​သည့်​အာ​ရုန်​သား​မြေး​တို့​အ​တွက်​ဦး​စွာ မဲ​ကျ​သ​ဖြင့် ယု​ဒ​နှင့်​ရှိမောင်​တို့​နယ်​မြေ​ထဲ​မှ မြို့​များ​ကို​သတ်​မှတ်​ပေး​ကြ​၏။-
JOS 21:11 ယု​ဒ​နယ်​မြေ​တောင်​ကုန်း​ဒေ​သ​ရှိ​ယ​ခု​အ​ခါ ဟေ​ဗြုန်​မြို့​ဟု​နာ​မည်​တွင်​သော​အာ​ဘ​မြို့(အာ​ဘ သည်​အာ​န​က​၏​အ​ဖ​ဖြစ်​၏) နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​သူ​တို့​အား​ပေး​ကြ​၏။-
JOS 21:12 သို့​ရာ​တွင်​မြို့​ပတ်​ဝန်း​ကျင်​ရှိ​လယ်​ကွင်း​များ နှင့် ကျေး​ရွာ​များ​ကို​ယေ​ဖုန္နာ​၏​သား​ကာ​လက် အား​အ​ပိုင်​ပေး​ခဲ့​ပြီး​ဖြစ်​သည်။-
JOS 21:13 အာ​ရုန်​၏​သား​မြေး​တို့​အား​သတ်​မှတ်​ပေး သော​မြို့​များ​မှာ​ဟေ​ဗြုန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) အ​ပြင်​လိ​ဗ​န​မြို့၊-
JOS 21:14 ယတ္တိ​ရ​မြို့၊ ဧ​ရှ​တေ​မော​မြို့၊- ဟော​လုန်​မြို့၊ ဒေ​ဗိ​ရ​မြို့၊-
JOS 21:16 အ​ဣ​န​မြို့၊ ယုတ္တ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​နှင့်​တ​ကွ ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ဖြစ်​၏။ ဖော်​ပြ​ပါ​ကိုး​မြို့​တို့​ကို​ယု​ဒ​ပြည်​နယ်​နှင့် ရှိ​မောင်​ပြည်​နယ်​တို့​မှ​သတ်​မှတ်​ပေး​ခြင်း​ဖြစ်​၏။
JOS 21:17 ဗင်္ယာ​မိန်​၏​နယ်​မြေ​မှ​သူ​တို့​အား​ဂိ​ဗောင်​မြို့၊ ဂေ​ဗ​မြို့၊-
JOS 21:18 အာ​န​သုတ်​မြို့၊ အာ​လ​မုန်​မြို့​စ​သည့်​မြို့​လေး မြို့​နှင့်​တ​ကွ ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​ကို​သတ်​မှတ်​ပေး​လေ​သည်။
JOS 21:19 သို့​ဖြစ်​၍​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ်​ပု​ရော ဟိတ်​တို့​အား မြို့​ပေါင်း​တစ်​ဆယ်​သုံး​မြို့​နှင့်​ယင်း တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ် မှတ်​ပေး​လေ​သည်။
JOS 21:20 လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​ကျန်​သော​သား ချင်း​စု​တို့​အား ဧ​ဖ​ရိမ်​နယ်​မြေ​ထဲ​မှ​မြို့ အ​ချို့​ကို​သတ်​မှတ်​ပေး​သည်။-
JOS 21:21 သူ​တို့​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရှိ သော​ရှေ​ခင်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့၊) ဂေ​ဇာ​မြို့၊-
JOS 21:22 ကိ​ဗ​ဇိမ်​မြို့၊ ဗေ​သော​ရုန်​မြို့​စ​သည့်​မြို့​လေး မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​ရ ရှိ​ကြ​သည်။-
JOS 21:23 သူ​တို့​သည်​ဒန်​နယ်​မြေ​ထဲ​မှ​ဧ​လ​တေ​က မြို့၊ ဂိဗ္ဗ​သုန်​မြို့၊-
JOS 21:24 အာ​ဇ​လုန်​မြို့၊ ဂါ​သ​ရိမ္မုန်​မြို့ စ​သည့်​မြို့​လေး မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​ရ​ရှိ ကြ​သည်။-
JOS 21:25 သူ​တို့​သည်​အ​နောက်​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ် မြို့​ကို​ရ​ရှိ​ကြ​သည်။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင် ရှိ​စား​ကျက်​များ​အ​ပါ​အ​ဝင်​တာနက်​မြို့​နှင့် ဂါ​သ​ရိမ္မုန်​မြို့​များ​ဖြစ်​သည်။-
JOS 21:26 သို့​ဖြစ်​၍​ကျန်​သော​ကော​ဟတ်​သား​ချင်း​စု​သည် မြို့​ကြီး​စု​စု​ပေါင်း​ဆယ်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​ကို​ရ​ရှိ​ကြ​လေ​သည်။
JOS 21:27 လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​တို့ သည်​အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ်​မြို့ ကို​ရ​ရှိ​ကြ​၏။ ၎င်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ဗာ​ရှန်​ပြည်​ရှိ ဂေါ​လန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) နှင့်​ဗေ​ရှ တေ​ရ​မြို့​တို့​ဖြစ်​သည်။-
JOS 21:28 သူ​တို့​သည်​ဣ​သ​ခါ​နယ်​မြေ​မှ​မြို့​လေး​မြို့ ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ကိ​ရှုန်​မြို့၊ ဒါ ဗ​ရေ​မြို့၊-
JOS 21:29 ယာ​မုတ်​မြို့​နှင့်​အင်္ဂေန္နမ်​မြို့​တို့​ဖြစ်​ကြ​၏။-
JOS 21:30 သူ​တို့​သည်​အာ​ရှာ​နယ်​မြေ​ထဲ​မှ​မြို့​လေး​မြို့ ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​အ​ပါ​အ​ဝင်​မိ​ရှ​လ​မြို့၊ အာ​ဗ​ဒုန် မြို့၊-
JOS 21:31 ဟေ​လ​ကတ်​မြို့​နှင့်​ရ​ဟော​ဘ​မြို့​တို့​ဖြစ်​ကြ​၏။-
JOS 21:32 သူ​တို့​သည်​န​ဿ​လိ​နယ်​မြေ​မှ​မြို့​သုံး​မြို့​ကို ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​အ​ပါ​အ​ဝင်​ဂါ​လိ​လဲ​ပြည်​ရှိ ကေ​ဒေ​ရှ​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့၊) ဟမ္မုဒ္ဒေါ​မြို့၊ ကာ​တံ​မြို့​တို့​ဖြစ်​ကြ​၏။-
JOS 21:33 သို့​ဖြစ်​၍​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​သည်​မြို့ ပေါင်း​တစ်​ဆယ့်​သုံး​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​ရ​ရှိ​ကြ​လေ​သည်။
JOS 21:34 ကျန်​ရှိ​နေ​သော​လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​သည့်​မေ​ရာ ရိ​သား​ချင်း​စု​တို့​သည် ဇာ​ဗု​လုန်​နယ်​မြေ​မှ​မြို့ လေး​မြို့​ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင် ရှိ​စား​ကျက်​များ​အ​ပါ​အ​ဝင်​ယော​က​နံ​မြို့၊ ကာ​တ​မြို့၊-
JOS 21:35 ဒိ​မ​န​မြို့၊ န​ဟာ​လာ​လ​မြို့​တို့​ဖြစ်​ကြ​၏။
JOS 21:36 သူ​တို့​သည်​ရုဗင်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဗေ​ဇာ​မြို့၊ ယ​ဟာ​ဇာ​မြို့၊-
JOS 21:37 ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့​တို့​ဖြစ်​ကြ​၏။
JOS 21:38 သူ​တို့​သည်​ဂဒ်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့(ခို လှုံ​ရာ​မြို့​တစ်​မြို့၊) မ​ဟာ​နိမ်​မြို့၊ ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​တို့​ဖြစ်​ကြ​၏။-
JOS 21:40 သို့​ဖြစ်​၍​မေ​ရာ​ရိ​သား​ချင်း​စု​သည်​မြို့​ပေါင်း တစ်​ဆယ့်​နှစ်​မြို့​ကို​ရ​ရှိ​ကြ​သည်။
JOS 21:41 အ​ချုပ်​အား​ဖြင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သော​ပြည်​ထဲ​မှ​မြို့​ပေါင်း​လေး​ဆယ့်​ရှစ်​မြို့ နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ​သတ်​မှတ်​ပေး​ကြ​၏။
JOS 21:43 ဤ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား​တော်​မူ​သော​ပြည်​တစ်​ပြည်​လုံး​ကို သူ​တို့​အား​ပေး​တော်​မူ​၏။ သူ​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ​လေ သည်။-
JOS 21:44 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​တစ်​ပြည်​လုံး တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ​ရှိ​သ​မျှ​တို့​ကို​တိုက်​ခိုက်​အောင်​မြင် စေ​တော်​မူ​၏။ မည်​သည့်​ရန်​သူ​က​မျှ​သူ​တို့ ကို​မ​ခု​ခံ​နိုင်။-
JOS 21:45 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထား​တော်​မူ​သော​က​တိ​တော် ရှိ​သ​မျှ​အ​တိုင်း​ပြု​တော်​မူ​သ​တည်း။
JOS 22:1 ထို​နောက်​ယော​ရှု​သည်​ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့ ဘက်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ် ပြီး​လျှင်၊-
JOS 22:2 ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​မိန့်​မှာ​သ​မျှ​ကို​ဆောင်​ရွက်​၍ ငါ​၏ အ​မိန့်​အား​လုံး​ကို​လည်း​လိုက်​နာ​ခဲ့​ကြ ပြီ။-
JOS 22:3 သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​ချင်း​တို့​ကို​သစ္စာ​ရှိ​ရှိ​ဖြင့်​ကူ​ညီ ခဲ့​ကြ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ခဲ့​ကြ​ပြီ။-
JOS 22:4 ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။-
JOS 22:5 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ကိုယ်​တော်​၏​ပညတ်​တော်​များ ကို​စောင့်​ထိန်း​လော့။ အ​လို​တော်​အ​တိုင်း​ကျင့် ၍​ကိုယ်​တော်​၏​သစ္စာ​ကို​စောင့်​ကြ​လော့။ အ​မှု တော်​ကို​ကိုယ်​စွမ်း၊ စိတ်​စွမ်း​ရှိ​သ​မျှ​ဖြင့် ဆောင်​ရွက်​ကြ​လော့​ဟူ​၍ မော​ရှေ​မိန့်​မှာ​ခဲ့ သည့်​အ​တိုင်း​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။-
JOS 22:6 ထို​နောက်​ယော​ရှု​က``သင်​တို့​သည်​သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​ဝတ်​တန်​ဆာ​မြောက် မြား​စွာ​တို့​ကို​ရန်​သူ​တို့​ထံ​မှ​သိမ်း​ယူ ရ​ရှိ​ကြ​ပြီ။ သင်​တို့​နေ​ရပ်​သို့​ပြန်​ရောက် သော​အ​ခါ ထို​ပစ္စည်း​ဥစ္စာ​များ​ကို​သင်​တို့ ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​ဝေ​မျှ​ကြ လော့'' ဟု​ဆို​၍​ကောင်း​ချီး​ပေး​လျက်​သူ တို့​ကို​ပြန်​စေ​၏။ ထို​နောက်​သူ​တို့​သည် မိ​မိ​တို့​၏​နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ သည်။ မော​ရှေ​သည်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့ အား​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​နယ်​မြေ ကို​ခွဲ​ဝေ​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယော​ရှု​သည် ကျန်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ခြား ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​နယ်​မြေ​ကို ခွဲ​ဝေ​ပေး​သ​တည်း။
JOS 22:9 ထို့​ကြောင့်​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​သွား​ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​တွင်​ရှိ​သော​ကျန်​အ​ခြား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ထွက်​ခွာ​၍ မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သည့်​အ​မိန့်​အ​ရ သူ​တို့​သိမ်း​ပိုက် ပြီး​သော​ဂိ​လဒ်​ပြည်​သို့​ပြန်​သွား​ကြ​၏။
JOS 22:10 ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​နောက်​ဘက် ဂဲ​လိ​လော့​အ​ရပ်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မြစ်​အ​နီး​တွင်​ကြီး​ကျယ်​ခမ်း​နား​သော​ယဇ် ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-
JOS 22:11 အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ပိုင်​နက်​ဖြစ်​သော​ယော်​ဒန်​မြစ်​အ​နောက် ဘက်​ဂဲ​လိ​လော့​အ​ရပ်​၌​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ် အ​နွယ်​ဝင်​နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့ က ယဇ်​ပလ္လင်​တည်​ကြ​သည့်​သ​တင်း​ကို​ကြား ရ​သော​အ​ခါ အ​ရှေ့​အ​နွယ်​ဝင်​တို့​အား​စစ် ချီ​တိုက်​ခိုက်​ရန်​ရှိ​လော​မြို့​သို့​စု​ရုံး​ရောက် ရှိ​လာ​ကြ​၏။
JOS 22:13 ထို​နောက်​သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​ကို​ဂိ​လဒ်​ပြည်​တွင်​ရှိ သော​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ထံ​သို့​စေ လွှတ်​ကြ​လေ​သည်။-
JOS 22:14 အ​နွယ်​တစ်​နွယ်​စီ​မှ​မိ​သား​စု​ခေါင်း​ဆောင် တစ်​ဦး​ကျ၊ စု​စု​ပေါင်း​အ​ကြီး​အ​ကဲ​ဆယ် ဦး​တို့​သည်​ဖိ​န​ဟတ်​နှင့်​အ​တူ​လိုက် ပါ​သွား​ကြ​၏။-
JOS 22:15 သူ​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ရှိ​ရာ ဂိလဒ်​ပြည်​သို့​ရောက်​ရှိ​လာ​ကြ​၍၊-
JOS 22:16 ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တစ်​စု​လုံး​၏​ကိုယ် စား​သူ​တို့​အား ပြော​ကြား​သည်​မှာ``သင်​တို့​သည် အ​ဘယ်​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင်​၍ ဤ​မိုက်​မဲ သော​အ​မှု​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​သည် ဤ​ယဇ်​ပလ္လင်​ကို​တည်​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ကြ​ပြီ။ ကိုယ်​တော်​ကို ပစ်​ပယ်​ကြ​ပြီ​တ​ကား။-
JOS 22:17 ပေ​ဂု​ရ​အ​ရပ်​တွင်​ငါ​တို့​လွန်​ကူး​သော အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ လူ​မျိုး​တော်​အား​ကပ်​ရော​ဂါ​ဘေး​သင့်​စေ တော်​မူ​သည်​မ​ဟုတ်​လော။ ထို​အ​ပြစ်​၏​ဆိုး ကျိုး​ကို​ငါ​တို့​သည်​ခံ​နေ​ရ​ဆဲ​ဖြစ်​သည် မ​ဟုတ်​လော။ ထို​အ​ပြစ်​မျိုး​ကို​ထပ်​မံ ကူး​လွန်​ကြ​ဦး​မည်​လော။-
JOS 22:18 ကိုယ်​တော်​ကို​ယ​ခု​ပစ်​ပယ်​ကြ​မည်​လော။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယ​နေ့​ပုန်​ကန် လျှင်​နက်​ဖြန်​နေ့​၌​ကိုယ်​တော်​သည် ဣ​သ​ရေ​လ တစ်​မျိုး​သား​လုံး​ကို​အ​မျက်​ထွက်​တော်​မူ လိမ့်​မည်။-
JOS 22:19 သို့​ဖြစ်​၍​သင်​တို့​၏​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​မ​သင့်​လျော်​လျှင် တဲ​တော်​ရှိ ရာ​ပြည်​တော်​သို့​ကူး​လာ​၍​သင်​တို့​နေ​ထိုင် ရန်​နယ်​မြေ​ကို​ငါ​တို့​ထံ​မှ​တောင်း​ယူ​ကြ လော့။ သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​မှ​လွဲ​၍​အ​ခြား ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ခြင်း​အား​ဖြင့် ကိုယ် တော်​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပုန်​ကန် မှု​တွင်​ငါ​တို့​မ​ပါ​ဝင်​ပါ​ရ​စေ​နှင့်။-
JOS 22:20 ဇေ​ရ​၏​သား​အာ​ခန်​သည်​ဖျက်​ဆီး​ပစ်​ရ မည့်​ပစ္စည်း​များ​နှင့်​စပ်​ဆိုင်​သော​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​အ​ပြစ်​ဒဏ်​ခံ​ခဲ့​ရ​သည်​မ​ဟုတ်​လော။ အာ​ခန်​၏​အ​ပြစ်​ကြောင့်​သူ​တစ်​ဦး​တည်း သာ​အ​သက်​သေ​ဆုံး​ခဲ့​ရ​သည်​မ​ဟုတ်'' ဟု ဆို​ကြ​၏။
JOS 22:21 ထို​အ​ခါ​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​က အ​နောက်​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင် တို့​အား၊-
JOS 22:22 ``တန်​ခိုး​ကြီး​သော​အ​ရှင်​သည်​ဘု​ရား​ဖြစ် တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ တန်​ခိုး​ကြီး​သော​အ​ရှင်​သည် ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​၏​ယဇ်​ပလ္လင်​ကို အ​ဘယ်​ကြောင့်​တည်​ရ​ကြောင်း​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ သင်​တို့​အား​လည်း​သိ​စေ​လို ပါ​သည်။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​၍ သစ္စာ​တော်​ကို​မ​စောင့်​ထိန်း​လျှင် အ​သက်​ချမ်း​သာ​ခွင့်​မ​ပေး​ပါ​နှင့်။-
JOS 22:23 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ဘဲ​မီး​ရှို့​ရာ​သ​ကာ၊ ဘော​ဇဉ် သ​ကာ၊ မိတ်​သ​ဟာ​ယ​သ​ကာ​များ​ကို ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​ပါ​မူ ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​ငါ​တို့​အား​ဒဏ်​ခတ် တော်​မူ​ပါ​စေ။-
JOS 22:24 နောင်​အ​ခါ​၌​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့ က​ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ မ​သက်​ဆိုင်။-
JOS 22:25 ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် များ​ဖြစ်​ကြ​သော​သင်​တို့​နှင့်​ငါ​တို့​ကို ယော်​ဒန်​မြစ်​အား​ဖြင့် ခွဲ​ခြား​ထား​တော်​မူ သည်။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည် သို့​မျှ​မ​သက်​ဆိုင်' ဟု​ဆို​သ​ဖြင့်​သင်​တို့ ၏​အ​ဆက်​အ​နွယ်​တို့​သည် ငါ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကိုး ကွယ်​ဘဲ​နေ​ရန်​တား​မြစ်​မည်​ကို​စိုး​ရိမ်​သော ကြောင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​ခြင်း​ဖြစ်​ပါ​သည်။-
JOS 22:26 ငါ​တို့​သည်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ရ​ခြင်း မှာ ယဇ်​နှင့်​သ​ကာ​များ​ကို​မီး​ရှို့​ပူ​ဇော်​ရန် အ​တွက်​မ​ဟုတ်​ပါ။-
JOS 22:27 ငါ​တို့​၏​လူ​စု​အ​တွက်​သော်​လည်း​ကောင်း၊ သင် တို့​၏​လူ​စု​နှင့်​နောင်​လာ​နောက်​သား​များ​အ​တွက် သော်​လည်း​ကောင်း သက်​သေ​အ​ထိမ်း​အ​မှတ်​ဖြစ် စေ​ရန်​သာ​ဖြစ်​၏။ ငါ​တို့​သည်​ယဇ်​နှင့်​ပူ​ဇော် သကာ​များ​ကို​မီး​ရှို့​ရာ​သ​ကာ​မှ​စ​၍​သ​ကာ အ​မျိုး​မျိုး​ဖြင့် တဲ​တော်​ရှေ့​၌​သာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မည်​ဖြစ်​ကြောင်း ဤ​ယဇ်​ပလ္လင်​က​သက်​သေ​ဖြစ်​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​က ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်' ဟု​ပြော​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။-
JOS 22:28 အ​ကယ်​၍​ပြော​ခဲ့​သည်​ရှိ​သော်​ငါ​တို့​၏ အ​ဆက်​အ​နွယ်​တို့​က`ကြည့်​လော့၊ ငါ​တို့​၏ ဘိုး​ဘေး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင် ကဲ့​သို့​သော​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ခဲ့​ကြ​၏။ ထို​ယဇ်​ပလ္လင်​သည်​မီး​ရှို့​ရာ​သကာ​အ​စ​ရှိ သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန် မ​ဟုတ်။ သင်​တို့​၏​လူ​စု​နှင့်​ငါ​တို့​၏​လူ​စု အ​တွက်​သက်​သေ​အ​ထိမ်း​အ​မှတ်​သာ​ဖြစ် သည်' ဟု​ပြန်​ပြော​နိုင်​လိမ့်​မည်​ဟူ​၍​ထင် မြင်​ယူ​ဆ​ပါ​သည်။-
JOS 22:29 ငါ​တို့​သည်​မီး​ရှို့​ရာ​သ​ကာ၊ ဘော​ဇဉ်​သ​ကာ စ​သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန်​ယဇ် ပလ္လင်​တစ်​ခု​ကို​တည်​၍ ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​လျက်​ကိုယ်​တော်​ကို​ပစ်​ပယ်​ကြ​မည် မ​ဟုတ်​ပါ။ ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ရှေ့​တွင်​ရှိ​သော ယဇ်​ပလ္လင်​မှ​လွဲ​၍ အ​ခြား မည်​သည့်​ယဇ်​ပလ္လင်​ကို​မျှ​တည်​မည်​မ​ဟုတ်​ပါ'' ဟု ပြန်​ပြော​ကြ​လေ​သည်။
JOS 22:30 ယဇ်​ပု​ရော​ဟိတ်​ဖိ​န​ဟတ်​နှင့်​တ​ကွ ဣ​သ​ရေ​လ အ​နောက်​ဘက်​အ​နွယ်​ဝင်​တို့​၏​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင်​ဆယ်​ဦး တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်၊ အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ပြော​ပြ​သ​မျှ​ကို ကြား​ရ​သော​အ​ခါ​ကျေ​နပ်​ဝမ်း​မြောက်​ကြ ၏။-
JOS 22:31 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​၏​သား ဖိ​န​ဟတ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို​ငါ​တို့​ယ​ခု​သိ ရ​ကြ​ပြီ။ ကိုယ်​တော်​အား​မ​ပုန်​ကန်​ခဲ့​ကြ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဒဏ်​ခတ်​တော်​မူ​ခြင်း မှ​လွတ်​မြောက်​ရ​ကြ​ပြီ'' ဟု​သူ​တို့​အား ဆို​၏။
JOS 22:32 ထို​နောက်​ဖိ​န​ဟတ်​နှင့်​အ​ကြီး​အ​ကဲ​တို့​သည် ရု​ဗင်​အ​နွယ်​ဝင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင် ရာ​ဂိ​လဒ်​ပြည်​မှ​ခါ​နာန်​ပြည်​သို့​ပြန်​ရောက် ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို​ပြန်​ကြား ကြ​လေ​သည်။-
JOS 22:33 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျေ​နပ်​ဝမ်း​မြောက်​လျက် ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​၏။ သူ​တို့​သည်​ရု​ဗင် အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရာ​ပြည် ကို​စစ်​ချီ​တိုက်​ခိုက်​ဖျက်​ဆီး​ရန်​မ​ကြံ​စည် ကြ​တော့​ချေ။-
JOS 22:34 ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​ဤ​ယဇ်​ပလ္လင်​သည်​ငါ​တို့​၏​သက်​သေ​ဖြစ် ပါ​စေ​သော'' ဟု​ဆို​လျက်​ထို​ယဇ်​ပလ္လင်​ကို ``သက်​သေ'' ဟု​မှည့်​ခေါ်​ကြ​လေ​သ​တည်း။
JOS 23:1 ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပတ်​ဝန်း ကျင်​ရှိ​ရန်​သူ​များ​၏​ဘေး​ရန်​မှ​ကင်း​ငြိမ်း စေ​တော်​မူ​၏။ ယော​ရှု​သည်​လည်း​အ​သက် အ​ရွယ်​အ​လွန်​ကြီး​ရင့်​လာ​ပြီ။-
JOS 23:2 ထို့​ကြောင့်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား သူ​ကြီး​များ၊ အ​ရာ​ရှိ​များ​မှ​စ​၍​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင်``ငါ သည်​အ​သက်​ကြီး​ရင့်​၍​အို​မင်း​လာ​ပြီ ဖြစ်​သည်။-
JOS 23:3 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အ​ကျိုး​အ​တွက်​ဤ​နိုင်​ငံ အ​ပေါင်း​တို့​ကို​မည်​ကဲ့​သို့​နှိမ်​နင်း​တော် မူ​ခဲ့​ကြောင်း​သင်​တို့​တွေ့​မြင်​ရ​ကြ​ပြီ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ဘက်​မှ​စစ်​ကူ​တိုက်​တော်​မူ ခဲ့​၏။-
JOS 23:4 ငါ​သည်​အ​ရှေ့​ဘက်​ယော်​ဒန်​မြစ်​မှ​အ​နောက် ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် တိုက်​ခိုက် သိမ်း​ယူ​ပြီး​သော​နိုင်​ငံ​သား​အား​လုံး​နှင့် တ​ကွ​သိမ်း​ယူ​ရန် ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​ကို​သင်​တို့​၏​အ​နွယ်​များ​အား ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့​ပြီ။-
JOS 23:5 သင်​တို့​သည်​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​သို့​ချီ​တက်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​နိုင်​ငံ​သား​တို့​ကို​သင်​တို့​ထံ​မှ​ဆုတ် ခွာ​ထွက်​ပြေး​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ တော်​အ​တိုင်း​သင်​တို့​သည်​သူ​တို့​၏​နယ် မြေ​ကို​သိမ်း​ပိုက်​ကြ​လိမ့်​မည်။-
JOS 23:6 သို့​ဖြစ်​၍​သင်​တို့​သည်​မော​ရှေ​၏​ပညတ်​ကျမ်း တွင်​ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​များ​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရန်​သ​တိ ပြု​ကြ​လော့။-
JOS 23:7 သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-
JOS 23:8 သင်​တို့​သည်​ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား ၏​သစ္စာ​တော်​ကို​စောင့်​ထိန်း​သ​ကဲ့​သို့​ဆက် လက်​စောင့်​ထိန်း​ကြ​လော့။-
JOS 23:9 သင်​တို့​စစ်​ချီ​တိုက်​ခိုက်​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် အင်​အား​ကြီး​သော​လူ​မျိုး​တို့​ကို နှင်​ထုတ်​ခဲ့​သ​ဖြင့်​မည်​သူ​မျှ​သင်​တို့​အား ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ခဲ့​ချေ။-
JOS 23:10 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ အ​တွက်​စစ်​တိုက်​တော်​မူ​သ​ဖြင့်​သင်​တို့ အ​ထဲ​မှ​သူ​ရဲ​တစ်​ယောက်​က ရန်​သူ​တစ် ထောင်​ကို​က​စဥ့်​က​လျား​ထွက်​ပြေး​စေ နိုင်​၏။-
JOS 23:11 သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​မြတ်​နိုး​ရန်​သ​တိ​မူ​ကြ လော့။-
JOS 23:12 သင်​တို့​သည်​သစ္စာ​ဖောက်​၍​သင်​တို့​တွင်​ကျန် ရှိ​နေ​သေး​သော အ​ခြား​လူ​မျိုး​များ​နှင့် ပေါင်း​ဖက်​အိမ်​ထောင်​ဖက်​ပြု​ကြ​လျှင်၊-
JOS 23:13 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော​အ​ခါ ထို​လူ​မျိုး​များ​ကို​နှင်​ထုတ်​ပေး​တော့​မည် မ​ဟုတ်​ကြောင်း​သိ​မှတ်​ကြ​လော့။ ထို​လူ​မျိုး များ​သည်​သင်​တို့​အ​တွက်​ကျော့​ကွင်း​သို့ မ​ဟုတ်​ထောင်​ချောက်၊ သင်​တို့​၏​ကျော​ပေါ် သို့​ကျ​သော​ကြာ​ပွတ်​သို့​မ​ဟုတ် မျက်​စိ​ကို စူး​သော​ဆူး​သ​ဖွယ်​ဖြစ်​လိမ့်​မည်။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော ဤ​သာ​ယာ​သော​ပြည်​တွင်​သင် တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ​ပျက်​စီး သည့်​တိုင်​အောင်​ထို​လူ​မျိုး​တို့​သည်​သင် တို့​အား​အန္တရာယ်​ပြု​ကြ​လိမ့်​မည်။
JOS 23:14 ငါ​မူ​ကား​စု​တေ​ရ​မည့်​အ​ချိန်​နီး​လာ​ပြီ။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ တော်​ရှိ​သည်​အ​တိုင်း သင်​တို့​အ​တွက်​ကောင်း​ချီး မင်္ဂ​လာ​ရှိ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ခဲ့​သည်​ဟု သင်​တို့​စိတ်​အ​တွင်း​၌​ခံ​စား​ရ​ကြ​၏။ ကိုယ်​တော် သည်​ကတိ​တော်​ရှိ​သ​မျှ​အ​ကောင်​အ​ထည်​ပေါ် စေ​ခဲ့​လေ​ပြီ။ အ​ကောင်​အ​ထည်​မ​ပေါ်​သည့် ကတိ​တော်​ဟူ​၍​တစ်​ခု​မျှ​မ​ရှိ။-
JOS 23:15 ကိုယ်​တော်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း​သင် တို့​အား ကောင်း​ချီး​မင်္ဂလာ​ကို​ချ​ပေး​တော်​မူ​သည် မှန်​သော်​လည်း ကိုယ်​တော်​စ​ကား​ကို​နား​မ​ထောင် လျှင်​မူ​ကား သင်​တို့​အ​ပေါ်​သို့​ဘေး​ဒုက္ခ​အ​ပေါင်း တို့​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-
JOS 23:16 သင်​တို့​သည်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သော်​လည်း မ​စောင့်​ထိန်း​ဘဲ​အ​ခြား သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပေး​သ​နား​တော်​မူ​သော​ဤ​သာ​ယာ​သော ပြည်​တွင်​သင်​တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​သည်​အ​ထိ သင်​တို့​အား​ဒဏ်​ခတ် တော်​မူ​လိမ့်​မည်'' ဟု​မိန့်​မှာ​လေ​၏။
JOS 24:1 ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရှေ​ခင်​မြို့​တွင်​စု​ရုံး​စေ​၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား​သူ​ကြီး​များ၊ အ​ရာ ရှိ​များ​ကို​ဆင့်​ခေါ်​သ​ဖြင့်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ​လာ​ကြ လေ​သည်။-
JOS 24:2 ထို​အ​ခါ​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​ဤ​သို့​မိန့်​တော်​မူ​သည်။ `ရှေး​အ​ခါ​က သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​တေ​ရ၊ သူ​၏​သား​အာ​ဗြ​ဟံ​နှင့်​နာ​ခေါ်​တို့​သည် ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​တွင်​နေ​ထိုင်​၍​အ​ခြား သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​၏။-
JOS 24:3 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​ကို ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​ရှိ​ဒေ​သ​မှ​ခေါ်​ဆောင် ပြီး​လျှင် ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့​ပို့​ဆောင်​၍ သူ​၏​အ​ဆက်​အ​နွယ်​ကို​များ​ပြား​စေ​ခဲ့ သည်။ သူ​၌​သား​ဣ​ဇာက်​ထွန်း​ကား​စေ​၏။-
JOS 24:4 ဣ​ဇာက်​၌​သား​များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့် ဧ​သော​တို့​ကို​ထွန်း​ကား​စေ​၏။ ငါ​သည်​ဧ​သော အား​ဧ​ဒုံ​တောင်​ကုန်း​ဒေ​သ​ကို​အ​ပိုင်​ပေး​၏။ ယာ​ကုပ်​နှင့်​သူ​၏​သား​တို့​မူ​ကား​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​နေ​ထိုင်​ခဲ့​ကြ​သည်။-
JOS 24:5 ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။-
JOS 24:6 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ခါ အီ​ဂျစ်​အ​မျိုး သား​တို့​သည်​သူ​တို့​နောက်​သို့​ရထား​တပ်၊ မြင်း တပ်​များ​နှင့်​လိုက်​၍​တိုက်​ခိုက်​ကြ​သည်။ သူ​တို့ သည်​ပင်​လယ်​နီ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ၊-
JOS 24:7 ငါ့​ထံ​သို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခံ ကြ​သည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​နှင့်​အီ​ဂျစ် တပ်​သား​များ​အ​ကြား​တွင်​အ​မှောင်​ထု​ကို ကျ​စေ​၏။ ရန်​သူ​များ​အ​ပေါ်​သို့​ပင်​လယ်​ရေ လွှမ်း​စေ​သ​ဖြင့် သူ​တို့​သည်​ရေ​နစ်​သေ​ဆုံး ကြ​ကုန်​၏။ ငါ​သည်​အီ​ဂျစ်​ပြည်​အား​မည်​ကဲ့ သို့​ဆုံး​မ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ ```သင်​တို့​သည်​တော​ကန္တာရ​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ရ​ကြ​၏။-
JOS 24:8 ထို​နောက်​ငါ​သည်​သင်​တို့​ကို​အာ​မော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​သို့ ပို့​ဆောင်​ခဲ့​သည်။ သူ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သော်​လည်း​ငါ​သည်​သင်​တို့​အား​အနိုင်​ရ​စေ​၏။ သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​ချီ​တက်​သိမ်း​ပိုက် သော​အ​ခါ​ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ပယ်​ရှင်း ခဲ့​၏။-
JOS 24:9 ထို​နောက်​ဇိ​ဖော်​၏​သား​မော​ဘ​ပြည်​ဘု​ရင် ဗာ​လက်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​လေ​သည်။ သူ​သည်​သင်​တို့​ကို​ကျိန်​ဆဲ ရန်​ဗော​ရ​၏​သား​ဗာ​လမ်​ကို​ခေါ်​စေ​သည်။-
JOS 24:10 သို့​ရာ​တွင်​ငါ​သည်​ဗာ​လမ်​၏​လျှောက်​ဆို​ချက် ကို​လက်​မ​ခံ​သ​ဖြင့် သူ​သည်​သင်​တို့​ကို​ကောင်း ချီး​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ငါ​သည် သင်​တို့​အား​ဗာ​လက်​၏​လက်​မှ​ကယ်​တင်​ခဲ့ သည်။-
JOS 24:11 ထို​နောက်​သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍ ယေ​ရိ​ခေါ​မြို့​သို့​ရောက်​ရှိ​ကြ​သည်။ ယေ​ရိ​ခေါ မြို့​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​သူ တို့​အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​စေ သည်။-
JOS 24:12 သင်​တို့​ချီ​တက်​လာ​စဉ်​ငါ​သည်​သူ​တို့​ကို က​စဥ့်​က​လျား​ဖြစ်​စေ​ပြီး​လျှင် အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ကို​နှင်​ထုတ်​ခဲ့​၏။ သင်​တို့​၏​ဋ္ဌား နှင့်​လေး​လက်​နက်​တို့​ဖြင့်​အ​နိုင်​ရ​ကြ​သည် မ​ဟုတ်။-
JOS 24:13 သင်​တို့​မ​ထွန်​ယက်၊ မ​လုပ်​ကိုင်​ခဲ့​ဘူး​သော​လယ် ယာ​နှင့်​မ​တည်​ခဲ့​ဘူး​သော​မြို့​များ​ကို​သင်​တို့ အား​ငါ​ပေး​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့​သည်​ထို မြေ​ပေါ်​တွင်​နေ​ထိုင်​၍ သင်​တို့​မ​စိုက်​သော​စပျစ် ခြံ​နှင့်​သံလွင်​ခြံ​တို့​မှ​အ​သီး​ကို​စား​သုံး​ရ ကြ​၏' ဟု​ဆို​၏။
JOS 24:14 ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။-
JOS 24:15 အ​ကယ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​လျှင် မက်​ဆို​ပို​တေး​မီး​ယား​ပြည် ၌​သင်​တို့​၏​ဘိုး​ဘေး​များ​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ သင်​တို့​ယ​ခု​နေ​ထိုင် ရာ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ ကိုး​ကွယ်​ရန်​ဘု​ရား ကို​ယ​နေ့​ရွေး​ချယ်​ကြ​လော့။ ငါ​နှင့်​ငါ​၏ မိ​သား​စု​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို သာ​ကိုး​ကွယ်​မည်'' ဟု​ပြော​ကြား​လေ​၏။
JOS 24:16 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ချိန်​၌​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့် ၍​အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​မည် မ​ဟုတ်​ပါ။-
JOS 24:17 အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ကျွန်ုပ်​တို့​၏​ဖ​ခင်​များ​နှင့်​အ​ကျွန်ုပ်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​အ​မှု​များ​ကို​အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ ကြ​ပါ​ပြီ။ နိုင်​ငံ​အ​သီး​သီး​ကို​ဖြတ်​သန်း ရာ​ခ​ရီး​တစ်​လျှောက်​တွင်​ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​ခဲ့​ပါ​သည်။-
JOS 24:18 အ​ကျွန်ုပ်​တို့​သည်​ဤ​ပြည်​ထဲ​သို့​ချီ​တက် လာ​စဉ်​က ကိုယ်​တော်​သည်​ဤ​ဒေ​သ​ရှိ​အာ မော​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​နှင်​ထုတ် တော်​မူ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကိုး ကွယ်​ပါ​မည်။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ဖြေ​ကြား ကြ​၏။
JOS 24:19 ထို​အ​ခါ​ယော​ရှု​က​လူ​တို့​အား``သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စွမ်း ရှိ​ကြ​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​သန့်​ရှင်း မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​၍​သင်​တို့​၏ အပြစ်​များ​ကို​လွှတ်​တော်​မူ​မည်​မ​ဟုတ်။ ကိုယ် တော်​သည်​ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ​တော် မ​မူ။-
JOS 24:20 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​လျှင် သင်​တို့​ကို​ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရန်​ဘက် ပြု​၍​သေ​ကြေ​ပျက်​စီး​ရန်​ဒဏ်​ခတ်​တော် မူ​လိမ့်​မည်'' ဟု​ပြော​ကြား​လေ​သည်။
JOS 24:21 လူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်'' ဟု​ယော​ရှု အား​ပြန်​၍​လျှောက်​ထား​ကြ​၏။
JOS 24:22 ယော​ရှု​က​လည်း``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​မည်​ဟု​ထွက်​ဆို​ရာ​၌​သင်​တို့ ကိုယ်​တိုင်​သက်​သေ​ဖြစ်​ကြ​၏'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​ကိုယ်​တိုင် သက်​သေ​ဖြစ်​ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ပြန် လျှောက်​ကြ​၏။
JOS 24:23 ယော​ရှု​က``သို့​ဖြစ်​လျှင်​သင်​တို့​တွင်​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​စွန့်​ပယ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ​လော့'' ဟု​ဆို​လေ​၏။
JOS 24:24 ထို​အ​ခါ​လူ​တို့​က​ယော​ရှု​အား``အ​ကျွန်ုပ်​တို့ သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ ကိုယ်​တော်​၏ စကား​တော်​ကို​နား​ထောင်​ပါ​မည်'' ဟု​က​တိ ပေး​ကြ​၏။
JOS 24:25 ထို့​ကြောင့်​ယော​ရှု​သည်​ထို​နေ့​၌​လူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင် ရှေ​ခင်​မြို့​တွင်​သူ​တို့ လိုက်​နာ​ရ​မည့်​ပညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး လေ​သည်။-
JOS 24:26 ယော​ရှု​သည်​ဤ​ပ​ညတ်​များ​ကို​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​စာ​တွင်​ရေး​ထား​လေ​၏။ ထို​နောက်​သူ သည်​ကျောက်​တုံး​ကြီး​တစ်​တုံး​ကို​ထာ​ဝ​ရ​ဘု​ရား ၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ​ဝက်​သစ်​ချ​ပင် အောက်​တွင်​စိုက်​ထူ​လေ​သည်။-
JOS 24:27 ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ဤ​ကျောက်​တုံး သည်​ငါ​တို့​အ​တွက်​သက်​သေ​ဖြစ်​စေ​မည်။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​ဤ ကျောက်​တုံး​သည်​ကြား​ရ​ပြီ။ သို့​ဖြစ်​၍​သင်​တို့ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​ပုန်​ကန်​လျှင် ဤ​ကျောက်​တုံး​သည်​သက်​သေ​ဖြစ်​ကြ​လိမ့် မည်'' ဟု​မိန့်​ကြား​လေ​၏။-
JOS 24:28 ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​ကို ပြန်​ခွင့်​ပြု​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​၏ နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ​သည်။
JOS 24:29 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏ သား​ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ် ရှိ​သော်​အ​နိစ္စ​ရောက်​လေ​သည်။-
JOS 24:30 သူ​တို့​သည်​ဂါ​ရှ​တောင်​မြောက်​ဘက်၊ ဧ​ဖ​ရိမ် တောင်​ကုန်း​ပေါ်​ရှိ​တိ​မ​န​ဿေ​ရ​မြို့​ရှိ​သူ ပိုင်​သော​မြေ​ကွက်​တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ် ကြ​လေ​သည်။
JOS 24:31 ယော​ရှု​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ယော​ရှု အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သ​မျှ​ကို​တွေ့​မြင်​ခဲ့​သည့်​ခေါင်း​ဆောင်​များ အ​သက်​ရှင်​နေ​သေး​သ​မျှ​ကာ​လ​ပတ်​လုံး ၌​လည်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။
JOS 24:32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ယူ​ဆောင်​ခဲ့​သော​ယော​သပ်​၏​အ​ရိုး များ​ကို ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​၏​သား​များ ထံ​မှ​ယာ​ကုပ်​ငွေ​တစ်​ရာ​ဖြင့်​ဝယ်​သော ရှေ​ခင် မြို့​ရှိ​မြေ​ကွက်​တွင်​မြှုပ်​နှံ​ကြ​လေ​သည်။ ဤ မြေ​ကွက်​သည်​ယော​သပ်​၏​အ​ဆက်​အ​နွယ် များ​ဆက်​ခံ​ရ​ရှိ​သော​မြေ​ကွက်​ဖြစ်​သည်။
JOS 24:33 အာ​ရုန်​၏​သား​ဧ​လာ​ဇာ​သည်​လည်း​အ​နိစ္စ ရောက်​သ​ဖြင့် သူ​၏​အ​လောင်း​ကို​သူ​၏​သား ဖိ​န​ဟတ်​အား​ပေး​ထား​သော​ဧ​ဖ​ရိမ်​တောင် ကုန်း​ဒေ​သ​ရှိ​ဂစ်​ဗီ​အာ​မြို့​တွင်​သင်္ဂြိုဟ်​ကြ လေ​သည်။ ယော​ရှု​မှတ်​စာ​ပြီး​၏။
JDG 1:1 ယော​ရှု​ကွယ်​လွန်​သွား​သော​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က``မည်​သည့်​အ​နွယ်​ဝင်​သည် ခါ​နာန်​ပြည်​သား​တို့​အား ဦး​စွာ​ပ​ထ​မ​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။
JDG 1:2 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​သည် ပ​ထ​မ​သွား​ရောက်​ရ​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​လက်​သို့​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။
JDG 1:3 ယု​ဒ​အ​နွယ်​ဝင်​တို့​က​ရှိ​မောင်​အ​နွယ်​ဝင် တို့​အား``ငါ​တို့​အ​တွက်​သတ်​မှတ်​သည့်​ပြည်​သို့ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ။ ငါ​တို့​သည်​ခါနာန် ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ​မည်။ ထို​နောက် ငါ​တို့​သည်​သင်​တို့​အ​တွက်​သတ်​မှတ်​သည့် ပြည်​သို့​လိုက်​ခဲ့​ပါ​မည်'' ဟု​ပြော​ကြား​ကြ ၏။ သို့​ဖြစ်​၍​ရှိ​မောင်​အ​နွယ်​ဝင်​တို့​သည်၊-
JDG 1:4 ယု​ဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင် ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​သူ​တို့​အား ခါ​နာန်​ပြည်​သား​များ​နှင့်​ဖေ​ရ​ဇိ​ပြည်​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဗေ​ဇက်​မြို့​တွင်​ရန်​သူ​တပ်​သား ပေါင်း​တစ်​သောင်း​ကို​တိုက်​ခိုက်​အောင်​မြင် လိုက်​ကြ​၏။-
JDG 1:5 ထို​မြို့​တွင်​သူ​တို့​သည်​အ​ဒေါ​နိ​ဗေ​ဇက် မင်း​ကို​တွေ့​၍​သူ့​အား​တိုက်​ခိုက်​သဖြင့်၊-
JDG 1:6 သူ​သည်​ထွက်​ပြေး​လေ​သည်။ သူ​တို့​သည်​ထို မင်း​အား​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် သူ​၏ လက်​မ​ခြေ​မ​များ​ကို​ဖြတ်​တောက်​ပစ် ကြ​၏။-
JDG 1:7 အ​ဒေါ​နိ​ဗေ​ဇက်​က``ငါ​သည်​ဘု​ရင်​ခု​နစ်​ဆယ် တို့​အား​ခြေ​မ​လက်​မ​များ​ဖြတ်​တောက်​ပစ်​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စား​ပွဲ​အောက်​မှ​စား​ကြွင်း​စား ကျန်​များ​ကို​ကောက်​၍​စား​ခဲ့​ကြ​ရ​၏။ ယ​ခု​မှာ မူ​ဘု​ရား​သ​ခင်​သည် ထို​သူ​တို့​အား​ငါ​ပြု​ခဲ့ သည်​အ​တိုင်း​ငါ့​ကို​ပြု​တော်​မူ​လေ​ပြီ'' ဟု ဆို​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ခြင်း​ကို ခံ​ရ​ပြီး​လျှင်​ထို​မြို့​၌​ပင်​ကွယ်​လွန် သွား​လေ​၏။
JDG 1:8 ယု​ဒ​အ​နွယ်​ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​၏။ မြို့​သား​တို့​ကို သတ်​၍​မြို့​ကို​မီး​ရှို့​ကြ​လေ​သည်။-
JDG 1:9 ထို​နောက်​တောင်​ကုန်း​ဒေ​သ​၌​လည်း​ကောင်း၊ တောင် ခြေ​ရင်း​ဒေ​သ​နှင့်​တောင်​ဘက်​သွေ့​ခြောက်​သည့် ဒေ​သ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​သော​ခါ​နာန် ပြည်​သား​တို့​အား​သွား​ရောက်​တိုက်​ခိုက်​ကြ​၏။-
JDG 1:10 ကိ​ရ​ယ​သာ​ဘ​ဟု​အ​မည်​တွင်​ခဲ့​သည့်​ဟေ​ဗြုန် မြို့​၌​နေ​ထိုင်​သော​ခါ​နာန်​ပြည်​သား​တို့​ကို​လည်း သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ ထို​မြို့​တွင်​ရှေ​ရှဲ အ​ဟိ​မန်​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လေ​သည်။
JDG 1:11 ထို​မှ​တစ်​ဖန်​ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ထို​စဉ် အခါ​က​ကိ​ရ​ယ​ဿေ​ဖာ​ဟု​နာ​မည်​တွင်​သည့် ဒေ​ဗိ​ရ​မြို့​သို့​ချီ​တက်​ကြ​၏။-
JDG 1:12 ထို​သူ​တို့​အ​နက်​ကာ​လက်​ဆို​သူ​က``ငါ​သည် ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​တိုက်​ခိုက်​အောင်​မြင် သော​သူ​အား​ငါ့​သ​မီး​အာ​ခ​သ​နှင့် ပေး​စား​မည်'' ဟု​ဆို​၏။-
JDG 1:13 ယင်း​သို့​ဆို​သည်​အ​တိုင်း​သြ​သံ​ယေ​လ​သည် ထို မြို့​ကို​အောင်​မြင်​စွာ​တိုက်​ခိုက်​နိုင်​သည်​ဖြစ်​၍ ကာ​လက်​၏​သ​မီး​ကို​ရ​လေ​သည်။ သူ​သည် ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​ဖြစ်​သ​တည်း။-
JDG 1:14 မင်္ဂ​လာ​ဆောင်​သော​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​တွင်​လယ်​မြေ တစ်​ကွက်​ကို​တောင်း​ခံ​စေ​၏။ အာ​ခ​သ​သည် မြည်း​အ​ပေါ်​မှ​ဆင်း​လိုက်​သော​အ​ခါ​ကာ​လက် က``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှင်၊-
JDG 1:15 ``ကျွန်​မ​အား​ဖ​ခင်​ပေး​ထား​သည့်​မြေ​ယာ သည်​ခြောက်​သွေ့​သည့်​အ​ရပ်​တွင်​တည်​ရှိ​ပါ သည်။ သို့​ဖြစ်​၍​ကျွန်​မ​အား​စမ်း​ရေ​တွင်း​တို့ ကို​လည်း​ပေး​စေ​ချင်​ပါ​သည်'' ဟု​ဆို​၏။ ထို အ​ခါ​ကာ​လက်​သည်​သူ့​အား​အ​ထက်​စမ်း ရေ​တွင်း​များ​နှင့်​အောက်​စမ်း​ရေ​တွင်း​များ ကို​ပေး​လေ​သည်။
JDG 1:16 မော​ရှေ​၏​ယောက္ခ​မ​မှ​ဆင်း​သက်​လာ​သော​ကေ​နိ အ​မျိုး​သား​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ပေါ​သည့် ယေ​ရိ​ခေါ​မြို့​မှ​ယု​ဒ​ပြည်​အာ​ရဒ်​မြို့​တောင် ဘက်​ရှိ​တော​ကန္တာ​ရ​ဒေ​သ​သို့ ယု​ဒ​အ​နွယ်​ဝင် များ​နှင့်​အ​တူ​ထွက်​ခွာ​သွား​ကြ​၏။ ထို​နောက် သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​တို့​အ​ထဲ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။-
JDG 1:17 ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ရှိ​မောင်​အ​နွယ်​ဝင် တို့​နှင့်​အ​တူ​လိုက်​၍ ဇေ​ဖတ်​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် နှိမ်​နင်း​လိုက်​ကြ​၏။ သူ​တို့​သည်​ထို​မြို့​ကို ကျိန်​ဆဲ​ကာ​ဖျက်​ဆီး​ပစ်​ပြီး​နောက်​ဟော်​မာ နာ​မည်​ဖြင့်​သ​မုတ်​ကြ​လေ​သည်။-
JDG 1:18 ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား ကူ​မ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ ကို​သိမ်း​ပိုက်​နိုင်​ကြ​၏။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ အာ​ရှ ကေ​လုန်​မြို့၊ ဧ​ကြုံ​မြို့​နှင့်​ထို​မြို့​များ​၏​အ​နီး​ရှိ နယ်​ပယ်​များ​ကို​မူ​မ​သိမ်း​ပိုက်​နိုင်​ကြ​ချေ။ ပင် လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​ကြ​သော ဤ​သူ​တို့ တွင်​သံ​ရ​ထား​များ​ရှိ​သ​ဖြင့်​ယု​ဒ​အ​မျိုး သား​တို့​သည်​သူ​တို့​အား​နှင်​ထုတ်​ခြင်း​ငှာ မ​စွမ်း​ကြ။-
JDG 1:20 မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း​ကာ​လက်​သည် ဟေ​ဗြုန်​မြို့​ကို​ရ​ရှိ​လေ​သည်။ သူ​သည်​အာ​နက် မှ​ဆင်း​သက်​လာ​သော​သား​ချင်း​စု​သုံး​စု အား​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-
JDG 1:21 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​မူ​ကား​ယေ​ရု​ရှ​လင် မြို့​တွင် နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ အား​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​မ​ပြု​ကြ​ချေ။ သို့ ဖြစ်​၍​ထို​အ​ချိန်​အ​ခါ​မှ​အ​စ​ပြု​၍​ယေ​ဗု​သိ အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ခဲ့ ကြ​သ​တည်း။
JDG 1:22 ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင် တို့​သည်​ဗေ​သ​လ​မြို့​ကို​တိုက်​ခိုက်​ရန်​သွား ရောက်​ကြ​၏။ ထို​စဉ်​အ​ခါ​က​ထို​မြို့​သည် လု​ဇ​မြို့​ဟု​အ​မည်​တွင်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​ကူ​ညီ​မ​စ​တော် မူ​၏။ မြို့​တွင်း​သို့​သူ​တို့​စေ​လွှတ်​လိုက်​သော သူ​လျှို​တို့​သည်၊-
JDG 1:24 မြို့​ထဲ​မှ​လူ​တစ်​ယောက်​ထွက်​လာ​သည်​ကို​မြင် ကြ​၏။ သူ​တို့​က​ထို​သူ​အား``မြို့​ထဲ​သို့​ဝင်​ရန် ငါ​တို့​အား​လမ်း​ပြ​မည်​ဆို​လျှင်​သင့်​ကို​ငါ တို့​အ​ဘယ်​သို့​မျှ​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ် ပါ'' ဟု​ပြော​ကြ​၏။-
JDG 1:25 ထို​သူ​က​လည်း​သူ​တို့​အား​လမ်း​ပြ​သ​ဖြင့် ဧ​ဖ​ရိမ်​အ​မျိုး​သား​နှင့်​မ​နာ​ရှေ​အ​မျိုး သား​တို့​သည် ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု သား​များ​မှ​အ​ပ​အ​ခြား​မြို့​သူ​မြို့​သား ရှိ​သ​မျှ​ကို​သတ်​ဖြတ်​ကြ​လေ​သည်။-
JDG 1:26 ထို​သူ​သည်​ဟိတ္တိ​ပြည်​သို့​သွား​ပြီး​လျှင် မြို့ တစ်​မြို့​ကို​တည်​ထောင်​ကာ ထို​မြို့​ကို​လု​ဇ​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​သ​ဖြင့် ထို​မြို့​သည်​ယ​နေ့ တိုင်​အောင်​လု​ဇ​မြို့​ဟူ​၍​နာ​မည်​တွင်​လျက် ရှိ​သ​တည်း။
JDG 1:27 မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှန်​မြို့၊ တာ​နက် မြို့၊ ဒေါ​ရ​မြို့၊ ဣ​ဗ​လံ​မြို့၊ မေ​ဂိဒ္ဒေါ​မြို့​တို့​နှင့်​ထို မြို့​တို့​၏​အ​နီး​ရှိ​မြို့​ရွာ​များ​မှ​လူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ရွာ​များ​၌​ပင်​ဆက်​လက် နေ​ထိုင်​ကြ​လေ​သည်။-
JDG 1:28 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပို​၍​အင်​အား တောင့်​တင်း​လာ​သော​အ​ခါ ခါ​နာန်​အ​မျိုး​သား တို့​အား​ချွေး​တပ်​ဆွဲ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ အား​နှင်​ထုတ်​ခြင်း​ကို​မူ​မ​ပြု​ကြ။
JDG 1:29 ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​သည်​လည်း ဂေ​ဇာ​မြို့​တွင် နေ​ထိုင်​သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​နှင် မ​ထုတ်​ဘဲ​နေ​ကြ​၏။ သို့​ဖြစ်​၍​ခါ​နာန်​အ​မျိုး သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက်​လက်​နေ ထိုင်​ကြ​၏။
JDG 1:30 ဇေ​ဗု​လုန်​အ​နွယ်​ဝင်​တို့​က​လည်း ကိ​တ​ရုန် မြို့​နှင့်​န​ဟာ​လော​လ​မြို့​တို့​တွင်​နေ​ထိုင်​သူ တို့​အား​နှင်​မ​ထုတ်​ဘဲ​နေ​ကြ​သ​ဖြင့် ခါ​နာန် အ​မျိုး​သား​တို့​သည်​သူ​တို့​နှင့်​အ​တူ​ဆက် လက်​နေ​လျက်​သူ​တို့​၏​ချွေး​တပ်​ဆွဲ​ခြင်း ကို​ခံ​ရ​ကြ​၏။
JDG 1:31 အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​အက္ခော​မြို့၊ ဇိ​ဒုန်​မြို့၊ အာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊ ဟေ​လ​ဗ​မြို့၊ အာ​ဖိတ် မြို့၊ ရ​ဟော​ဘ​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား နှင်​မ​ထုတ်​ခဲ့​ကြ​ချေ။-
JDG 1:32 ထို့​ကြောင့်​အာ​ရှာ​အ​မျိုး​သား​တို့​သည်​ယင်း ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား​တို့​နှင့်​အ​တူ နေ​ထိုင်​ရ​ကြ​၏။
JDG 1:33 န​ဿ​လိ​အ​နွယ်​ဝင်​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ ဗေ​သ​နတ်​မြို့​တို့​တွင်​နေ​ထိုင်​သူ​တို့​အား​နှင် မ​ထုတ်​ကြ​ဘဲ ဒေ​သ​ခံ​ခါ​နာန်​အ​မျိုး​သား တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ​ကာ​သူ​တို့​အား ချွေး​တပ်​ဆွဲ​ကြ​လေ​သည်။
JDG 1:34 အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​ဒန်​အ​နွယ်​ဝင် တို့​အား တောင်​ကုန်း​ဒေ​သ​သို့​နှင်​ထုတ်​လိုက်​ကြ ပြီး​လျှင်​ချိုင့်​ဝှမ်း​ဒေ​သ​သို့​ပြန်​လာ​ခွင့်​မ​ပြု ကြ။-
JDG 1:35 အာ​မော​ရိ​အ​မျိုး​သား​တို့​သည်​အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့​နှင့်​ဟေ​ရက်​တောင်​စ​ခန်း​မြို့​တို့ တွင်​ဆက်​လက်​နေ​ထိုင်​ကြ​၏။ သို့​ရာ​တွင်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​နှင့်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​သူ တို့​အား​ဆက်​လက်​အုပ်​စိုး​၍​ချွေး​တပ်​ဆွဲ​ကြ လေ​သည်။
JDG 1:36 သေ​လ​မြို့​၏​မြောက်​ဘက်​တွင်​ဧ​ဒုံ​ပြည်​နယ် နိ​မိတ်​သည် အ​က​ရဗ္ဗိမ်​တောင်​ကြား​လမ်း​ကို ဖြတ်​၍​သွား​သ​တည်း။
JDG 2:1 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ဗော​ခိမ်​မြို့​သို့​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ငါ​သည် သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ပြီး​လျှင် သင်​တို့​ဘိုး​ဘေး​တို့​အား​ငါ​က​တိ​ပြု​ခဲ့​သည့် ပြည်​သို့​ပို့​ဆောင်​ပေး​ခဲ့​၏။ ငါ​သည်​သင်​တို့​နှင့် ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ ဖျက်​လိမ့်​မည်​မ​ဟုတ်။-
JDG 2:2 သင်​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​တို့​နှင့် အ​ဘယ်​သို့​မျှ​ပ​ဋိ​ညာဉ်​မ​ပြု​ရ။ ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​ရ​ကြ​မည် ဟု​သင်​တို့​အား​ငါ​မိန့်​မှာ​ခဲ့​၏။ သို့​ရာ​တွင် သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ကြ။ အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း။-
JDG 2:3 သို့​ဖြစ်​၍​သင်​တို့​ရှေ့​သို့​ချီ​တက်​ကြ​သော အ​ခါ ငါ​သည်​ဤ​သူ​တို့​ကို​ထွက်​ပြေး​စေ​လိမ့် မည်​မ​ဟုတ်​ဟု သင်​တို့​အား​ယ​ခု​ငါ​ဆို​၏။ သူ တို့​သည်​သင်​တို့​၏​ရန်​သူ​များ​ဖြစ်​ကြ​လိမ့် မည်။ သင်​တို့​အ​တွက်​သူ​တို့​၏​ဘု​ရား​များ သည်​ထောင်​ချောက်​သ​ဖွယ်​ဖြစ်​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​သည်။-
JDG 2:4 ဤ​သို့​ကောင်း​ကင်​တ​မန်​မြွက်​ဆို​ပြီး​သော အ​ခါ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​ငို​ကြွေး​ကြ​ကုန်​၏။-
JDG 2:5 ထို့​ကြောင့်​ဤ​အရပ်​ကို​ဗော​ခိမ်​မြို့​ဟု​ခေါ်​ဝေါ် သ​မုတ်​သ​တည်း။ သူ​တို့​သည်​ထို​အ​ရပ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ကြ​၏။
JDG 2:6 ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား လူ​တိုင်း​ပင်​မိ​မိ​တို့​ဝေ​စု​ကျ​ရာ​မြေ ယာ​ကို​သိမ်း​ယူ​ရန်​ထွက်​သွား​စေ​၏။-
JDG 2:7 ယော​ရှု​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ ပတ်​လုံး​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​၏။ ယော​ရှု ကွယ်​လွန်​ပြီး​သည့်​နောက်​၌​ပင်​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​သူ​ခေါင်း ဆောင်​များ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး လူ​တို့​သည်​ဆက်​လက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​သေး​၏။-
JDG 2:8 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏​သား ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ်​ရှိ သော်​ကွယ်​လွန်​လေ​သည်။-
JDG 2:9 သူ​၏​အ​လောင်း​ကို​ဂါရှာ​ကုန်း​မြောက်​ဘက်၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​တိ​မ​နတ်​ဿေ​ရ မြို့၊ သူ​ပိုင်​မြေ​တွင်​သင်္ဂြိုဟ်​ကြ​၏။-
JDG 2:10 ယော​ရှု​၏​ခေတ်​က​လူ​အ​ပေါင်း​တို့​သည်​ကွယ် လွန်​သွား​ကြ​သ​ဖြင့် နောက်​တစ်​ခေတ်​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ လူ​မျိုး​အ​တွက်​ကိုယ်​တော်​ပြု​မူ​ခဲ့​သော​အ​မှု တော်​တို့​ကို​လည်း​ကောင်း​မေ့​လျော့​၍​သွား ကြ​ကုန်​၏။
JDG 2:11 ထို​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။-
JDG 2:12 သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်၊ မိ​မိ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ကိုး​ကွယ်​မှု​မ​ပြု​ကြ​တော့​ဘဲ​မိ​မိ​တို့ ပတ်​ဝန်း​ကျင်​မှ လူ​တို့​ကိုး​ကွယ်​သော​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။ သူ​တို့​သည် ထို​ဘု​ရား​များ​ရှေ့​တွင်​ဦး​ညွှတ်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ကို​ထွက်​စေ ကြ​လေ​သည်။-
JDG 2:13 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။-
JDG 2:14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ပြင်း​စွာ​အ​မျက်​ထွက်​တော် မူ​သ​ဖြင့် ရန်​သူ​တို့​ကို​သူ​တို့​အား​လု​ယက် တိုက်​ခိုက်​ရန်​အ​ခွင့်​ပြု​တော်​မူ​၏။ ကိုယ်​တော် သည်​ပတ်​ဝန်း​ကျင်​ရှိ​ရန်​သူ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​ခွင့် ပေး​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ကာ​ကွယ်​နိုင်​စွမ်း မ​ရှိ​ကြ​တော့​ချေ။-
JDG 2:15 သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။
JDG 2:16 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။-
JDG 2:17 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မူ ထို​ခေါင်း​ဆောင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား သစ္စာ​ဖောက်​၍​အ​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​တို့​ကို​ဘိုး​ဘေး​များ​စောင့်​ထိန်း ခဲ့​ကြ​သ​ကဲ့​သို့​မ​စောင့်​ထိန်း​ကြ​တော့​ပေ။-
JDG 2:18 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။-
JDG 2:19 သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။-
JDG 2:20 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ လူ​မျိုး​အား လွန်​စွာ​အ​မျက်​ထွက်​တော်​မူ​၍``ဤ လူ​မျိုး​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်။ စောင့် ထိန်း​ရန်​အ​တွက်​သူ​တို့​၏​ဘိုး​ဘေး​များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက် ကြ​၏။-
JDG 2:21 ထို့​ကြောင့်​ယော​ရှု​ကွယ်​လွန်​စဉ်​အ​ခါ​က​ပင် ဤ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သည့်​အ​ဘယ် လူ​မျိုး​ကို​မျှ​ငါ​နှင်​ထုတ်​တော့​မည်​မ​ဟုတ်။-
JDG 2:22 ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​၏ လမ်း​စဉ်​ကို​သူ​တို့​ဘိုး​ဘေး​များ​လိုက်​လျှောက် ခဲ့​ကြ​သ​ကဲ့​သို့ လိုက်​လျှောက်​မည်​မ​လိုက်​လျှောက် မည်​ကို​သိ​ရှိ​စေ​ရန် ငါ​သည်​ဤ​ပြည်​ရှိ​လူ​မျိုး တို့​ကို​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။-
JDG 2:23 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​လူ​မျိုး တို့​အား ထို​ပြည်​၌​ပင်​ဆက်​လက်​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။ ကိုယ်​တော်​သည်​ယော​ရှု​အား​ထို​သူ တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​ခွင့်​ပေး​တော်​မ​မူ။ ယော​ရှု​ကွယ်​လွန်​ပြီး​သော​အ​ခါ​၌​လည်း​သူ တို့​အား​အ​ဆော​တ​လျင်​နှင်​ထုတ်​ခြင်း​ကို ပြု​တော်​မ​မူ။
JDG 3:1 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ပြည် စစ်​ပွဲ​များ​တွင်​မ​ပါ​မ​ဝင်​ခဲ့​ဘူး​သော ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​စစ်​ကြော​ရန် ထို ပြည်​တွင်​အ​ချို့​သော​လူ​မျိုး​တို့​ကို​ဆက် လက်​နေ​ထိုင်​စေ​တော်​မူ​၏။-
JDG 3:2 ယင်း​သို့​ကိုယ်​တော်​ပြု​ရ​သည့်​အ​ကြောင်း​မှာ ဣ​သ​ရေ​လ​လူ​မျိုး​ဆက်​တစ်​ဆက်​ပြီး​တစ် ဆက်​စစ်​မှု​ရေး​ရာ​သင်​ကြား​နိုင်​ရန်​ပင်​ဖြစ် ၏။ အ​ထူး​သ​ဖြင့်​ယ​ခင်​က​စစ်​ပွဲ​မ​ဝင်​ခဲ့ ဘူး​သူ​တို့​အား​သင်​ကြား​ပေး​နိုင်​စေ​ရန် ဖြစ်​၏။-
JDG 3:3 ထို​ပြည်​တွင်​ကျန်​ရှိ​နေ​သော​လူ​မျိုး​များ​မှာ ဖိ​လိတ္တိ​မြို့​ငါး​မြို့​မှ​ဖိ​လိတ္တိ​လူ​မျိုး၊ ခါ​နာန် လူ​မျိုး​အား​လုံး၊ ဇိ​ဒုန်​လူ​မျိုး​နှင့်​ဗာ​လ​ဟေ ရ​မုန်​တောင်​မှ​ဟာ​မတ်​တောင်​ကြား​လမ်း​အ​ထိ တည်​ရှိ​သော​လေ​ဗ​နုန်​တောင်​ပေါ်​တွင်​နေ​ထိုင် သည့်​ဟိဝိ​လူ​မျိုး​တို့​ဖြစ်​ကြ​၏။-
JDG 3:4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​တို့ ကို​လိုက်​နာ​ကျင့်​သုံး​မည်​မ​ကျင့်​သုံး​မည်​ကို သိ​ရှိ​နိုင်​စေ​ရန်​ကိုယ်​တော်​သည်​အ​ဆို​ပါ​လူ မျိုး​တို့​ကို​အ​သုံး​ပြု​၍​စစ်​ကြော​တော်​မူ​လို သ​တည်း။-
JDG 3:5 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​နာန်​အ​မျိုး​သား​များ၊ ဟိတ္တိ​အ​မျိုး​သား များ၊ အာ​မော​ရိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ အ​မျိုး​သား​များ၊ ဟိ​ဝိ​အ​မျိုး​သား​များ​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​များ​တို့​နှင့်​အ​တူ​နေ ထိုင်​ရ​ကြ​လေ​သည်။-
JDG 3:6 သူ​တို့​သည်​ထို​သူ​တို့​၏​သား​သ​မီး​များ​နှင့် ထိမ်း​မြား​စုံ​ဖက်​ကာ​သူ​တို့​၏​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​ကုန်​၏။
JDG 3:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။-
JDG 3:8 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​မျက်​တော်​ထွက်​သ​ဖြင့် မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်​အား သူ​တို့​ကို​နှိမ်​နင်း​အောင်​မြင်​စေ​တော်​မူ​၏။ သူ တို့​သည်​ရှစ်​နှစ်​ပတ်​လုံး​ထို​ဘု​ရင်​၏​လက် အောက်​ခံ​ဖြစ်​ရ​ကြ​လေ​သည်။-
JDG 3:9 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား​ကယ် ဆယ်​ရန်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​မှာ​ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား သြ​သံ​ယေ​လ​ပင်​တည်း။-
JDG 3:10 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သြ​သံ​ယေ​လ​သည်​စစ် ချီ​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့ အား​မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ကို​နှိမ်​နင်း အောင်​မြင်​စေ​တော်​မူ​၏။-
JDG 3:11 တိုင်း​ပြည်​သည်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ​လျက်​ရှိ​၏။ ထို​နောက် သြ​သံ​ယေ​လ​ကွယ်​လွန်​လေ​သည်။
JDG 3:12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ ကိုယ်​တော်​သည်​လည်း​မော​ဘ​ဘု​ရင်​ဧ​ဂ​လုန် ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထက်​ပို​၍ ခွန်​အား​ကြီး​စေ​တော်​မူ​၏။-
JDG 3:13 ဧ​ဂ​လုန်​သည်​အမ္မုန်​အ​မျိုး​သား​နှင့်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​သ​ဖြင့် စွန်​ပ​လွံ​ပင်​မြို့​တည်း​ဟူ​သော​ယေ​ရိ​ခေါ​မြို့ ကို​သိမ်း​ယူ​လေ​သည်။-
JDG 3:14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဆယ့် ရှစ်​နှစ်​ပတ်​လုံး​ဧ​ဂ​လုန်​ထံ​၌​ကျွန်​ခံ​ရ​ကြ လေ​သည်။
JDG 3:15 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​ကို​ကယ် ဆယ်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဂေ​ရ​၏​သား၊ ဘယ်​သန်​သူ​ဧ​ဟု​ဒ​ဖြစ်​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဧ​ဟု​ဒ​အား​မော​ဘ ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ များ​နှင့်​အ​တူ​စေ​လွှတ်​လိုက်​ကြ​၏။-
JDG 3:16 ဧ​ဟု​ဒ​သည်​တစ်​ပေ​ခွဲ​ခန့်​ရှိ​သော​သံ​လျက် တစ်​လက်​ကို​ပြု​လုပ်​ပြီး​လျှင် ညာ​ဘက်​ပေါင် အ​ဝတ်​အ​စား​များ​အောက်​တွင်​ချည်​နှောင် ထား​၏။-
JDG 3:17 ထို​နောက်​လက်​ဆောင်​ပဏ္ဏာ​များ​ကို​လူ​ဝ​ကြီး ဧ​ဂ​လုန်​ထံ​သို့​ယူ​ဆောင်​သွား​လေ​သည်။-
JDG 3:18 ဧ​ဟု​ဒ​သည်​ထို​လက်​ဆောင်​ပဏ္ဏာ​များ​ကို ဆက်​သ​ပြီး​သော​အ​ခါ ယင်း​တို့​ကို​သယ် ဆောင်​လာ​သူ​တို့​အား​အိမ်​သို့​ပြန်​စေ​၏။-
JDG 3:19 သူ​မူ​ကား​ဂိ​လ​ဂါ​လ​မြို့​အ​နီး​၌​ရှိ​သော ကျောက်​ရုပ်​တု​များ​ရှိ​ရာ​မှ​ပြန်​လာ​၍​ဧ​ဂ လုန်​ကို``မင်း​ကြီး​အား​လျှောက်​ထား​ရန်​လျှို့​ဝှက် သ​တင်း​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍ မင်း​ကြီး​သည်​ကျေး​ကျွန်​တို့​အား``ငါ​တို့​နှစ် ဦး​တည်း​ပြော​စ​ရာ​ရှိ​၍​ထွက်​သွား​ကြ​လော့'' ဟု​အ​မိန့်​ပေး​သ​ဖြင့်​ကျေး​ကျွန်​အ​ပေါင်း တို့​သည်​အ​ပြင်​သို့​ထွက်​သွား​ကြ​လေ​သည်။
JDG 3:20 မင်း​ကြီး​သည်​နွေ​နန်း​ဆောင်​၌​တစ်​ကိုယ်​တည်း ထိုင်​လျက်​နေ​စဉ် ဧ​ဟု​ဒ​သည်​ဘု​ရင်​၏​အ​နီး သို့​သွား​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး​အ​တွက် ဘု​ရား​သ​ခင်​ထံ​မှ​အ​မိန့်​တော်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မင်း​ကြီး​သည်​လည်း​မတ်​တတ် ထ​တော်​မူ​၏။-
JDG 3:21 ထို​အ​ခါ​ဧ​ဟု​ဒ​သည်​မိ​မိ​ဘယ်​လက်​ဖြင့် ညာ​ပေါင်​တွင်​ချည်​နှောင်​ထား​သော​သံ​လျက် ကို​ယူ​၍​မင်း​ကြီး​၏​ဝမ်း​ဗိုက်​ကို​ထိုး​လိုက် ရာ၊-
JDG 3:22 သန်​လျက်​သည်​လက်​ကိုင်​ရိုး​နှင့်​တ​ကွ​မြုပ်​ဝင် သွား​ပြီး​လျှင် အ​ဆီ​များ​ဖြင့်​ဖုံး​အုပ်​သွား​လေ သည်။ ဧ​ဟု​ဒ​သည်​ထို​သန်​လျက်​ကို​ဆွဲ​မ​နုတ် ချေ။ သန်​လျက်​သည်​မင်း​ကြီး​၏​နောက်​ဘက် တွင်​ပေါင်​နှစ်​လုံး​ကြား​မှ​ထိုး​ထွက်​လျက်​နေ တော့​၏။-
JDG 3:23 ထို​နောက်​ဧ​ဟု​ဒ​သည်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​များ​ကို​သော့​ခတ်​ပြီး​လျှင်၊-
JDG 3:24 ထွက်​ခွာ​သွား​လေ​သည်။ ကျေး​ကျွန်​များ​ပြန် လာ​ကြ​သော​အ​ခါ နန်း​တော်​တံ​ခါး​များ သော့​ခတ်​လျက်​ထား​သည်​ကို​တွေ့​မြင်​ရ​ကြ ၏။ သို့​ရာ​တွင်​သူ​တို့​သည်​နန်း​တွင်း​၌ မင်း ကြီး​အ​ခင်း​သွား​နေ​သည်​ဟူ​၍​သာ​လျှင် ထင်​မှတ်​ကြ​လေ​သည်။-
JDG 3:25 အ​ပြင်​တွင်​စောင့်​ဆိုင်း​သင့်​သ​မျှ​စောင့်​ဆိုင်း​နေ သော်​လည်း မင်း​ကြီး​သည်​တံ​ခါး​ကို​မ​ဖွင့်​ဘဲ နေ​သေး​သ​ဖြင့် သူ​တို့​သည်​သော့​ကို​ယူ​၍​ဖွင့် လိုက်​ကြ​၏။ ထို​အ​ခါ​မိ​မိ​တို့​၏​အ​ရှင်​မှာ ကြမ်း​ပြင်​ပေါ်​တွင်​လဲ​လျက်​သေ​နေ​သည် ကို​တွေ့​မြင်​ကြ​လေ​သည်။
JDG 3:26 ဧ​ဟု​ဒ​သည်​ယင်း​သို့​ထို​သူ​တို့​စောင့်​ဆိုင်း​နေ ကြ​စဉ်​အ​တွင်း​၌​ထွက်​ပြေး​သွား​လေ​သည်။ သူ​သည်​ကျောက်​ရုပ်​တု​တို့​ကို​ကျော်​လွန်​ကာ စိရပ်​ရွာ​သို့​လွတ်​မြောက်​သွား​လေ​၏။-
JDG 3:27 သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​သို့​ရောက် သော​အ​ခါ​တိုက်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​ရာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​၍​တောင်​ကုန်း​များ​ပေါ် မှ​ဆင်း​လာ​ကြ​၏။-
JDG 3:28 သူ​က``ငါ့​နောက်​သို့​လိုက်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ရန်​သူ​ဖြစ်​သော မော​ဘ​အ​မျိုး​သား​တို့​အ​ပေါ်​၌​အောင်​ပွဲ ခံ​စေ​တော်​မူ​ပြီ'' ဟု​သူ​တို့​အား​ပြော​လေ သည်။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​ပေါ်​မှ​ဆင်း​၍ ဧ​ဟု​ဒ​၏ နောက်​သို့​လိုက်​ပြီး​လျှင်​မော​ဘ​အ​မျိုး​သား တို့​ကူး​ရာ​ယော်​ဒန်​မြစ်​ကူး​ဆိပ်​ကို​သိမ်း ယူ​ကြ​လေ​သည်။ ရန်​သူ​တို့​တစ်​ယောက်​မျှ မြစ်​ကို​ကူး​ခွင့်​မ​ရ​ကြ။-
JDG 3:29 ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​လက်​ရွေး​စင်​စစ် သည် တစ်​သောင်း​မျှ​သုတ်​သင်​ခြင်း​ကို​ခံ​ရ​ကြ ၏။ သူ​တို့​တစ်​ယောက်​မျှ​မ​လွတ်​မြောက်​ပေ။-
JDG 3:30 ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​တို့​အား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​နှိမ်​နင်း​အောင်​မြင် ပြီး​နောက် တိုင်း​ပြည်​တွင်​နှစ်​ပေါင်း​ရှစ်​ဆယ် တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။
JDG 3:31 ထို​နောက်​ပေါ်​ထွန်း​လာ​သော​ခေါင်း​ဆောင်​မှာ အာ​နတ်​၏​သား​ရှံ​ဂါ​ဖြစ်​၏။ သူ​သည်​ဖိ​လိတ္တိ အ​မျိုး​သား​ခြောက်​ရာ​ကို​တုတ်​ချွန်​တစ်​ချောင်း ဖြင့်​သတ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကယ်​ဆယ်​ခဲ့​လေ​သည်။
JDG 4:1 ဧ​ဟု​ဒ​သေ​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။-
JDG 4:2 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဟာ​ဇာ​မြို့ ၌​မင်း​ပြု​သူ​ခါ​နာန်​ဘု​ရင်​ရာ​ဘိန်​အား သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​စေ​တော်​မူ​၏။ ထို​မင်း ၏​စစ်​သူ​ကြီး​မှာ​လူ​မျိုး​ခြား​တို့​နေ​ရာ၊ ဟာ ရော​ရှက်​မြို့​သား​သိ​သ​ရ​ဖြစ်​၏။-
JDG 4:3 ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။
JDG 4:4 ထို​အ​ခါ​လ​ဝိ​ဒုတ်​၏​ဇ​နီး​ဒေ​ဗော​ရ​သည် ပ​ရော​ဖက်​မ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​တ​ရား​သူ​ကြီး​တစ်​ဦး​အ​ဖြစ် အ​မှု​ထမ်း​လျက်​နေ​၏။-
JDG 4:5 သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရာ​မ မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား​ရှိ​စွန်​ပ​လွံ​ပင် အောက်​၌​ထိုင်​၍​နေ​လေ့​ရှိ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း​အ​ဆုံး​အ​ဖြတ် ကို​ခံ​ယူ​ရန် ထို​အ​ရပ်​သို့​သွား​ရောက်​လေ့ ရှိ​ကြ​၏။-
JDG 4:6 တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။-
JDG 4:7 သင့်​ကို​တိုက်​ခိုက်​စေ​ရန်​ရာ​ဘိန်​မင်း​၏​စစ်​သူ ကြီး​သိ​သ​ရ​ကို​ကိ​ရှုန်​မြစ်​သို့​ငါ​ခေါ်​ဆောင် ခဲ့​မည်။ သူ​၏​ထံ​တွင်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ပါ​များ​ပါ​ရှိ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် သင့်​အား​သူ့​ကို​နိုင်​နင်း​အောင်​မြင်​စေ​မည်' ဟု သင့်​အား​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။
JDG 4:8 ထို​အ​ခါ​ဗာရက်​က``အ​ကယ်​၍​အ​ကျွန်ုပ်​နှင့် အ​တူ အ​ရှင်​လိုက်​မည်​ဆို​လျှင်​အ​ကျွန်ုပ်​သွား ပါ​မည်။ အ​ရှင်​မ​လိုက်​လို​ပါ​က​အ​ကျွန်ုပ် လည်း​မ​သွား​လို​ပါ'' ဟု​ဆို​၏။
JDG 4:9 ဒေ​ဗော​ရ​က​လည်း``ကောင်း​ပြီ၊ သင်​နှင့်​အ​တူ ငါ​လိုက်​ပါ​အံ့။ သို့​ရာ​တွင်​သင်​သည်​ထို​အောင် ပွဲ​နှင့်​ဆိုင်​သော​ဂုဏ်​အ​သ​ရေ​ကို​ရ​ရှိ​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည်​သိ​သ​ရ​ကို​အ​မျိုး​သ​မီး​လက် သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဒေ​ဗော​ရ​သည် ဗာ​ရက်​နှင့်​အ​တူ​ကိ​ရှန်​မြစ်​သို့​ထွက်​ခွာ သွား​၏။-
JDG 4:10 ဗာ​ရက်​သည်​န​ဿ​လိ​အ​နွယ်​ဝင်​နှင့်​ဇာ​ဗု​လုန် အ​နွယ်​ဝင်​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်​ယူ​ရာ သူ​၏​နောက်​သို့​လူ​ပေါင်း​တစ်​သောင်း​လိုက်​ကြ ၏။ ဒေ​ဗော​ရ​သည်​လည်း​သူ​နှင့်​အ​တူ​လိုက် လေ​သည်။
JDG 4:11 ဤ​အ​တော​အ​တွင်း​၌​ကေ​နိ​အ​မျိုး​သား ဟေ​ဗာ​သည် ကာ​ဒေ​ရှ​မြို့​အ​နီး​ဗာ​နိမ်​အ​ရပ် ရှိ​သ​ပိတ်​ပင်​ခြေ​ရင်း​၌​မိ​မိ​၏​တဲ​ကို​တည် ဆောက်​၏။ သူ​သည်​မော​ရှေ​၏​ယောက်​ဖ၊ ဟော​ဗက် ၏​သား​မြေး​များ​ဖြစ်​သူ​အ​ခြား​ကေ​နိ​အ​နွယ် ဝင်​တို့​ထံ​မှ​ပြောင်း​ရွှေ့​လာ​သူ​ဖြစ်​သ​တည်း။
JDG 4:12 တာ​ဗော်​တောင်​သို့​ဗာ​ရက်​တက်​သွား​သည့် အ​ကြောင်း​ကို သိ​သ​ရ​ကြား​သိ​သော​အ​ခါ၊-
JDG 4:13 သူ​သည်​သံ​ရ​ထား​ကိုး​ရာ​နှင့်​မိ​မိ​၏​လူ အ​ပေါင်း​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင် လူ​မျိုး ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက်​မြို့​မှ​ကိ​ရှုန် မြစ်​သို့​စေ​လွှတ်​လိုက်​လေ​သည်။
JDG 4:14 ထို​အ​ခါ​ဒေ​ဗော​ရ​က​ဗာ​ရက်​အား``သင်​သွား လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ရှေ့​ဆောင် လျက်​နေ​တော်​မူ​ပြီ။ ယ​နေ့​၌​ပင်​ကိုယ်​တော် သည်​သင့်​အား​သိ​သ​ရ​အ​ပေါ်​တွင်​အောင်​ပွဲ ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ သို့​ဖြစ်​၍ ဗာ​ရက်​သည်​မိ​မိ​၏​လူ​တစ်​သောင်း​နှင့်​အ​တူ တာ​ဗော်​တောင်​မှ​ဆင်း​ပြီး​နောက်၊-
JDG 4:15 ရန်​သူ​ကို​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​၏​သံ​ရ​ထား​များ​နှင့်​တပ်​သား​တို့ ကို​က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် သိ​သ​ရ သည်​မိ​မိ​ရ​ထား​မှ​ဆင်း​၍​ခြေ​လျင်​ထွက် ပြေး​လေ​၏။-
JDG 4:16 ဗာ​ရက်​သည်​လည်း​သူ​၏​ရ​ထား​များ​နှင့်​တပ် သား​တို့​ကို လူ​မျိုး​ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက် မြို့​သို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ရာ သိ​သ​ရ ၏​တပ်​သား​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် သေ​ဆုံး​ကြ​ကုန်​၏။
JDG 4:17 သိ​သ​ရ​သည်​ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ ၏​ဇ​နီး​ယေ​လ​၏​တဲ​သို့​ထွက်​ပြေး​သွား​လေ သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဇော်​ဘု​ရင် ယာ​ဘိန်​နှင့်​ဟေ​ဗာ​၏​မိ​သား​စု​သင့်​မြတ် မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။-
JDG 4:18 ယေ​လ​သည်​ထွက်​၍​သိ​သ​ရ​အား``ကြွ​တော် မူ​ပါ။ ကျွန်​တော်​မ​တဲ​ထဲ​သို့​ဝင်​တော်​မူ​ပါ။ ကြောက်​လန့်​တော်​မ​မူ​ပါ​နှင့်'' ဟု​ဖိတ်​ခေါ် လေ​သည်။ သို့​ဖြစ်​၍​စစ်​သူ​ကြီး​သည်​တဲ​ထဲ သို့​ဝင်​လေ​သော်​ယေလ​သည်​သူ့​အား​ကန့်​လန့် ကာ​တစ်​ခု​၏​နောက်​တွင်​ကွယ်​ဝှက်​၍​ထား​၏။-
JDG 4:19 သူ​က​လည်း``ငါ​ရေ​ငတ်​သည်၊ ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ'' ဟု​ယေ​လ​အား​ပြော လျှင်​ယေ​လ​သည်​နွား​နို့​ထည့်​ထား​သော သား​ရေ​ဘူး​ကို​ဖွင့်​၍ နို့​တစ်​ခွက်​ကို​ပေး​ပြီး နောက်​သူ့​အား​ပြန်​၍​ဝှက်​ထား​လေ​သည်။-
JDG 4:20 ထို​နောက်​သိ​သ​ရ​က``သင်​သည်​တဲ​တံ​ခါး​ဝ ၌​စောင့်​နေ​ပါ​လော့။ အ​ကယ်​၍​တဲ​ထဲ​တွင်​လူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော​ဟု​မေး​မြန်း လာ​သူ​ရှိ​ပါ​က`မ​ရှိ​ပါ' ဟု​ပြန်​ပြော​ပါ လေ'' ဟု​ယေ​လ​အား​မှာ​ထား​လိုက်​၏။
JDG 4:21 သိ​သ​ရ​သည်​အ​လွန်​မော​ပန်း​သ​ဖြင့်​အိပ် ပျော်​သွား​လေ​သည်။ ထို​အ​ခါ​ယေ​လ​သည်​တူ တစ်​လက်​နှင့်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ချောင်း​ကို​ယူ​၍ သူ့​ထံ​သို့​တိတ်​ဆိတ်​စွာ​သွား​ပြီး​လျှင်​ငုတ် ချွန်​ကို​မြေ​၌​စွဲ​သည်​တိုင်​အောင်​သူ​၏​နား ထင်​သို့​ရိုက်​သွင်း​လိုက်​လေ​သည်။-
JDG 4:22 သိ​သ​ရ​အား​ရှာ​ဖွေ​ရန်​ဗာ​ရက်​ရောက်​ရှိ​လာ သော​အ​ခါ ယေ​လ​သည်​ထွက်​၍​ခ​ရီး​ဦး​ကြို ပြု​လျက်``တဲ​ထဲ​သို့​ဝင်​ပါ။ သင်​ရှာ​ဖွေ​နေ​သူ အား​ကျွန်​မ​ပြ​ပါ​မည်'' ဟု​ပြော​၏။ ဗာ​ရက် သည်​ယေ​လ​နှင့်​အ​တူ​တဲ​ထဲ​သို့​ဝင်​လိုက် သော​အ​ခါ​နား​ထင်​တွင်​တဲ​ရှင်​ငုတ်​ချွန်​စိုက် ၍​သေ​နေ​သူ​သိ​သ​ရ​ကို​တွေ့​မြင်​ရ​တော့​၏။
JDG 4:23 ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ဘု​ရင် ယာ​ဘိန်​၏​အ​ပေါ်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​တည်း။-
JDG 4:24 သူ​တို့​သည်​ထို​ဘုရင်​အား​ဆုံး​ရှုံး​ပျက်​စီး​သွား သည့်​တိုင်​အောင်​တိုး​၍​တိုး​၍​ပြင်း​ပြင်း​ထန် ထန်​တိုက်​ခိုက်​ကြ​၏။
JDG 5:1 ထို​နေ့​၌​ဒေ​ဗော​ရ​နှင့်​အ​ဘိ​နောင်​၏​သား ဗာ​ရက်​တို့​သည် အောက်​ပါ​သီ​ချင်း​ကို​သီ​ဆို ကြ​လေ​သည်။
JDG 5:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ကြ​၏။ ပြည်​သူ​တို့​က​လည်း​စေ​တ​နာ​အ​လျောက် ဝမ်း​မြောက်​စွာ​ပါ​ဝင်​ဆင်​နွှဲ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
JDG 5:3 အ​ချင်း​ရှင်​ဘု​ရင်​တို့​နား​ထောင်​ကြ​လော့။ အ​ချင်း​အာ​ဏာ​ပိုင်​တို့​သ​တိ​မူ​ကြ​လော့။ ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို၊သီ​ကူး​ရန်​ငါ​သီ​ချင်း​ဆို​၍ စောင်း​ကို​တီး​မည်။
JDG 5:4 အို ထာ​ဝ​ရ​ဘု​ရား​စိ​ရ​တောင်​ရိုး​ပေါ်​မှာ ကိုယ်​တော်​ကြွ​လျက် ဧ​ဒုံ​ပြည်​မှ​စစ်​ချီ​တော်​မူ​သော​အ​ခါ၊ မြေ​င​လျင်​လှုပ်​၍​ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း ပါ​၏။ မိုး​တိမ်​များ​မှ​မိုး​ရေ​တို့​သည်​ကျ​ဆင်း​လာ ပါ​၏။
JDG 5:5 တောင်​ရိုး​တို့​သည်​သိ​နာ​တောင်​၏​အ​ရှင် ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​တုန်​လှုပ်​ကြ ပါ​၏။
JDG 5:6 အာ​နတ်​၏​သား​ရှံ​ဂါ​လက်​ထက်​၌​လည်း​ကောင်း၊ ယေ​လ​လက်​ထက်​၌​လည်း​ကောင်း၊ ခ​ရီး​သွား​ကုန်​သည်​တို့​သည်​တိုင်း​ပြည်​ကို ဖြတ်​၍​မ​သွား​ကြ​တော့​ချေ။ ခ​ရီး​သည်​တို့​သည်​လမ်း​ကြို​လမ်း​ကြား​များ တို့​ကို​သာ အ​သုံး​ပြု​ကြ​၏။
JDG 5:7 ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မြို့​တို့​သည်​လူ​သူ ဆိတ်​ညံ​လျက်​ရှိ​၏။ ငါ​ဒေ​ဗော​ရ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏ မိ​ခင်​သ​ဖွယ်​မ​ပေါ်​ထွန်း​မီ ထို​မြို့​တို့​သည်​လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​ခဲ့​၏။
JDG 5:8 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​များ​ကို​ရွေး​ယူ​ကြ​သော​အ​ခါ၊ တိုင်း​ပြည်​တွင်​စစ်​ဖြစ်​လေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​လူ​ပေါင်း​လေး​သောင်း ရှိ​သည့် အ​နက်​ဒိုင်း​လွှား​တစ်​ခု​သို့​မ​ဟုတ်၊ လှံ​တစ်​ချောင်း​ကို​ကိုင်​ဆောင်​သူ​ရှိ​ပါ​၏​လော။
JDG 5:9 ငါ​၏​စိတ်​နှ​လုံး​သည်​ဣ​သ​ရေ​လ​စစ်​သူ​ကြီး များ ထံ​သို့​လည်း​ကောင်း၊ စေ​တ​နာ​စိတ်​နှင့်​စစ်​ပွဲ​ဝင်​ကြ​သည့်​ပြည်​သူ များ ထံ​သို့​လည်း​ကောင်း​နူး​ညွတ်​လျက်​ရှိ​ပါ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
JDG 5:10 ကုန်း​နှီး​ပေါ်​တွင်​ထိုင်​၍​မြည်း​ဖြူ​ကို​စီး​ကြ သူ​တို့​နှင့် သွား​လာ​လေ​ရာ​တွင် ခြေ​လျင်​လျှောက်​ရ​သူ​တို့​ဤ​အ​ကြောင်း အ​ရာ​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။
JDG 5:11 နား​ထောင်​ကြ​လော့။ ရေ​တွင်း​များ​ပတ်​လည်​တွင်​ဆူ​ညံ​နေ​သော လူ​အုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အောင်​ပွဲ​တော် အ​ကြောင်း​ကို​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ​များ အ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား​လျက်​နေ ကြ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​မြို့​များ​မှ​ချီ​တက်​လာ​ကြ​၏။
JDG 5:12 ရှေ့​ဆောင်​ပါ​လော့။ အို ဒေ​ဗော​ရ​ရှေ့​ဆောင်​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။ သီ​ချင်း​ဆို​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။ အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ရှေ့​သို့​ချီ​တက်​ပါ​လော့။ သင်​၏​သုံ့​ပန်း​တို့​ကို​ထုတ်​ဆောင်​သွား​ပါ​လော့။
JDG 5:13 ထို​နောက်​သစ္စာ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​ထံ​သို့​လာ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​လျက်​သူ့​ထံ​သို့​လာ​ကြ​၏။
JDG 5:14 သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍ ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။ စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်း စစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။
JDG 5:15 ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင်​များ သည် ဒေ​ဗော​ရ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ လိုက်​လာ​ကြ​၏။ သူ​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ​လိုက်​၍ ချိုင့်​ထဲ​သို့​ဆင်း​ခဲ့​ကြ​၏။ ရု​ဗင်​အ​နွယ်​ဝင်​တို့​မူ​ကား​ညီ​ညွတ်​မှု​မ​ရှိ​သဖြင့် လိုက်​ပါ​လာ​ရန်​မိ​မိ​တို့​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။
JDG 5:16 သူ​တို့​သည်​အ​ဘယ်​ကြောင့်​သိုး​များ​နှင့်​အ​တူ နေ​ရစ်​ခဲ့​ကြ​ပါ​သ​နည်း။ သိုး​စု​များ​အား​သိုး​ထိန်း​တို့​ခေါ်​သံ​ကို နား​ထောင်​လို​၍​လော။ ရု​ဗင်​အ​နွယ်​ဝင်​တို့​ညီ​ညွတ်​မှု​မ​ရှိ​သည်​ကား မှန်​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။
JDG 5:17 ဂိ​လဒ်​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​နေ​ရစ်​ကြ​၏။ ဒန်​အ​နွယ်​ဝင်​တို့​သည်​လည်း​သင်္ဘော​များ အ​နီး​တွင်​နေ​ရစ်​ကြ​၏။ အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​ပင်​လယ်​ကမ်း​ခြေ အ​နီး​တွင်​နေ​ရစ်​ကြ​လေ​သည်။
JDG 5:18 သို့​ရာ​တွင်​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​မှ လူ​တို့​သည်​ကား​စစ်​မြေ​ပြင်​တွင်၊ မိ​မိ​တို့​၏​အ​သက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ စွန့်​စား​ကြ​သ​တည်း။
JDG 5:19 ရှင်​ဘု​ရင်​တို့​သည်​လာ​၍​မေ​ဂိဒ္ဒေါ​ချောင်း အ​နီး တာ​နက်​မြို့​၌​တိုက်​ခိုက်​ကြ​၏။ ခါ​နာန်​ဘု​ရင်​တို့​သည်​တိုက်​ခိုက်​ကြ​သော်​လည်း ငွေ​ကို​လု​ယူ​ခွင့်​မ​ရ​ကြ။
JDG 5:20 ကြယ်​နက္ခတ်​တို့​သည်​ကောင်း​ကင်​ပြင်​မှ တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​ဖြတ်​သန်း​သွား​စဉ် သိ​သ​ရ​ကို​တိုက်​ခိုက်​ကြ​၏။
JDG 5:21 အ​ဟုန်​ပြင်း​သည့်​ကိ​ရှုန်​မြစ်​သည်​ရေ​လျှံ​၍ ရန်​သူ​တို့​အား​မျော​ပါ​သွား​စေ​၏။ ငါ​ချီ​တက်​မည်။ ခွန်​အား​ဗ​လ​နှင့်​ရှေ့​သို့ ချီ​တက်​မည်။
JDG 5:22 ထို​အ​ခါ​မြင်း​တို့​သည်​ဒုန်း​စိုင်း​၍​မြေ​ကို ခွာ​နှင့် ပေါက်​လျက်​လာ​ကြ​၏။
JDG 5:23 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ``မေ​ရော​ဇ​မြို့​ကို​ကျိန်​ဆဲ​ကြ​လော့။ ထို​မြို့​သား​တို့​အား​ကျိန်​ဆဲ​ကြ​လော့။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​မှ ကူ​ညီ​ရန်​မ​လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​တိုက်​ခိုက်​ရန် စစ်​သည်​တော်​များ​မ​လာ​ကြ'' ဟု​မြွက်​ဆို​၏။
JDG 5:24 ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​၏​ဇ​နီး​ယေ​လ​သည် တဲ​ရှင်​တွင်​နေ​ထိုင်​သူ၊အ​မျိုး​သ​မီး​တို့​အ​နက် မင်္ဂ​လာ​အ​ရှိ​ဆုံး​ဖြစ်​၏။
JDG 5:25 သိ​သ​ရ​သည်​ရေ​ကို​တောင်း​သော်​လည်း​ယေ​လ​က နို့​ကို​ပေး​၏။ လှ​ပ​သော​ခွက်​ဖ​လား​ဖြင့်​နို့​ကို​ပေး​၏။
JDG 5:26 သူ​သည်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ခု​ကို​လက်​တစ်​ဘက်​နှင့် ယူ​၍​အ​လုပ်​သ​မား​တူ​တစ်​လက်​ကို အ​ခြား​လက်​တစ်​ဖြင့်​ကိုင်​ပြီး​လျှင်​သိ​သ​ရ​၏ ဦး​ခေါင်း​ကို​ရိုက်​သွင်း​လိုက်​ရာ ငုတ်​ချွန်​သည်​သူ​၏​ဦး​ခေါင်း​ကို​ထုတ်​ချင်း ပေါက်​၍​သွား​လေ​သည်။
JDG 5:27 သိ​သ​ရ​သည်​လဲ​ကျ​ပြီး​လျှင်​ယေ​လ​၏ ခြေ​ရင်း​၌ မ​လှုပ်​မ​ရှား​ဘဲ​နေ​၏။ သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​ကာ​ယေ​လ​၏​ခြေ​ရင်း​၌ သေ​လျက်​နေ​၏။
JDG 5:28 သိ​သ​ရ​၏​မိ​ခင်​သည်​ပြူ​တင်း​ပေါက်​မှ​မျှော် ၍​ကြည့်​၏။ သူ​သည်​တ​ရုတ်​ကပ်​၏​နောက်​မှ​ငေး​၍​ကြည့်​၏။ ``သူ​၏​ရ​ထား​သည်​အ​ဘယ်​ကြောင့်​ကြန့်​ကြာ​၍ နေ​ပါ​သ​နည်း။ သူ​၏​မြင်း​တို့​သည်​အ​ဘယ်​ကြောင့်​အ​ပြန်​နှေး​လျက် နေ​ပါ​သ​နည်း'' ဟု​မြည်​တမ်း​ပြော​ဆို​လျက်​နေ​၏။
JDG 5:29 သူ​၏​ပ​ညာ​ရှိ​နန်း​တွင်း​သူ​တို့​က``သူ​တို့​သည် ဖမ်း​ဆီး​သိမ်း​ယူ​၍​ဝေ​ငှ​ရန်​အ​တွက်၊ ပစ္စည်း​ဥစ္စာ​များ​ကို​ရှာ​ဖွေ​လျက်​ရှိ​ကြ​ပါ​မည်။ စစ်​သား​တစ်​ယောက်​စီ​အ​တွက်​အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ သိ​သ​ရ​အ​တွက်​အ​ဖိုး​ထိုက်​အ​ဝတ် အ​ထည်​နှင့် မိ​ဖု​ရား​အ​တွက်၊ ပန်း​ထိုး​လည်​စည်း​တန်​ဆာ​တို့​ကို​လည်း​ကောင်း ရှာ​ဖွေ​လျက်​နေ​သော​ကြောင့်​ပင်​ဖြစ်​တန်​ရာ​၏'' ဟု ပြန်​လည်​ဖြေ​ကြား​ကြ​သ​ဖြင့်​သူ​ကိုယ်​တိုင်​လည်း ထို​အ​တိုင်း​အ​ဖန်​တ​လဲ​လဲ​တွေး​တော​လျက် နေ​သ​တည်း။
JDG 5:31 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​၏​ရန်​သူ အ​ပေါင်း​တို့​သည် ဤ​နည်း​အ​တိုင်း​ပင်​ဆုံး​ရှုံး​ပျက်​စီး​ကြ​ပါ စေ​သော။ သို့​ရာ​တွင်​ကိုယ်​တော်​၏​မိတ်​ဆွေ​များ​မှာ​မူ​ကား တက်​သစ်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ ကြ​ပါ​စေ​သော။ ထို​နောက်​ခါ​နာန်​ပြည်​တွင်​အ​နှစ်​လေး​ဆယ် တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။
JDG 6:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဖန်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​ကိုယ် တော်​သည်​သူ​တို့​ကို​ခု​နစ်​နှစ်​တိုင်​တိုင် အုပ်​စိုး​ခွင့် ကို​မိ​ဒျန်​အ​မျိုး​သား​တို့​အား​ပေး​တော်​မူ​၏။-
JDG 6:2 မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။-
JDG 6:3 ကောက်​ပဲ​သီး​နှံ​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​စိုက်​ပျိုး​သည့်​အ​ခါ​တိုင်း မိ​ဒျန်​အ​မျိုး​သား တို့​သည်​အာ​မ​လက်​အ​မျိုး​သား​နှင့် သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​သော​လူ​မျိုး​များ​နှင့်​အ​တူ​လာ​၍ တိုက်​ခိုက်​တတ်​ကြ​၏။-
JDG 6:4 သူ​တို့​သည်​ဣ​သ​ရေ​လ​မြေ​ပေါ်​တွင်​တပ်​စ​ခန်း ချ​၍ တောင်​ဘက်​ရှိ​ဂါ​ဇ​မြို့​တစ်​ဝိုက်​မြေ​ယာ​များ တိုင်​အောင် အ​သီး​အ​နှံ​တို့​ကို​ဖျက်​ဆီး​ပစ်​တတ် ကြ​၏။ သူ​တို့​သည်​သိုး​နွား​မြည်း​မှ​စ​၍​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​အ​ဘယ်​စား​စ​ရာ​မျှ​မ​ကျန်​တော့ ချေ။-
JDG 6:5 သူ​တို့​သည်​မိ​မိ​တို့​၏​တဲရှင်​များ၊ သိုး​နွား​များ နှင့်​ပြန်​လာ​တတ်​ကြ​၏။ သူ​တို့​၏​အ​ရေ​အ​တွက် မှာ​ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​များ​သ​တည်း။ သူ​တို့ နှင့်​သူ​တို့​၏​ကု​လား​အုတ်​များ​မှာ​လည်း​မ​ရေ မ​တွက်​နိုင်​အောင်​များ​ပြား​သည်။ သူ​တို့​သည် ဝင်​ရောက်​လာ​၍​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​ပစ် ကြ​၏။-
JDG 6:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ချေ။
JDG 6:7 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သား​တို့​၏​ရန်​ကြောင့်​မိ​မိ​တို့​အား ကူ​မ တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ် အော်​လျှောက်​ထား​ကြ​၏။-
JDG 6:8 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​သည်။ ပ​ရော​ဖက် မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​အား​ထုတ် ဆောင်​ခဲ့​၏။-
JDG 6:9 အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။-
JDG 6:10 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
JDG 6:11 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။-
JDG 6:12 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။
JDG 6:13 ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။
JDG 6:14 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
JDG 6:15 ဂိ​ဒေါင်​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ဘယ်​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​ဆယ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​၏​သား ချင်း​စု​သည်​မ​နာ​ရှေ​အ​နွယ်​တွင် အား​အ​နည်း ဆုံး​သော​သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​လည်း မိ​မိ​၏​မိ​သား​စု​တွင်​အ​ရေး​မ​ပါ၊ အ​ရာ မ​ရောက်​ဆုံး​သော​သူ​ဖြစ်​ပါ​သည်'' ဟု ပြန် လည်​လျှောက်​ထား​၏။
JDG 6:16 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​ကို​ကူ​မ​မည် ဖြစ်​၍ ထို​အ​မှု​ကို​သင်​ပြု​နိုင်​လိမ့်​မည်။ သင်​သည် လူ​တစ်​ယောက်​တည်း​ကို​လုပ်​ကြံ​ရ​ဘိ​သ​ကဲ့ သို့ မိ​ဒျန်​အ​မျိုး​သား​များ​အား​အ​လွယ် တ​ကူ​နှိမ်​နင်း​နိုင်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
JDG 6:17 ဂိ​ဒေါင်​က``အ​ကယ်​၍​ကိုယ်​တော်​၏​သ​ဘော တော်​နှင့်​တွေ့​မည်​ဆို​ပါ​က ကိုယ်​တော်​သည် အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သက်​သေ​ခံ​အ​ထောက်​အ​ထား​တစ်​ခု​ကို​ပြ တော်​မူ​ပါ။-
JDG 6:18 ကိုယ်​တော်​အား​ဆက်​သ​ရန်​ပူ​ဇော်​သကာ​ကို​ယူ ဆောင်​လာ​ချိန်​တိုင်​အောင် ဤ​အ​ရပ်​မှ​ကြွ​သွား တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​လေ​၏။ ကိုယ်​တော်​က​လည်း``သင်​ပြန်​လာ​ချိန်​တိုင် အောင်​ငါ​ရှိ​နေ​မည်'' ဟု​မိန့်​တော်​မူ​၏။
JDG 6:19 သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အိမ်​သို့​ပြန်​ပြီး လျှင် ဆိတ်​ငယ်​တစ်​ကောင်​ကို​ချက်​ပြုတ်​၏။ တ​ဆေး​မဲ့​မုန့်​ညက်​တစ်​တင်း​ဖြင့်​မုန့်​ကို ပြင်​ဆင်​၏။ ထို​နောက်​ဆိတ်​သား​ကို​တောင်း နှင့်​လည်း​ကောင်း၊ ဆိတ်​ပြုတ်​ရည်​ကို​အိုး​တစ် လုံး​၌​လည်း​ကောင်း​ထည့်​၍ ကောင်း​ကင်​တ​မန် ရှိ​ရာ​သပိတ်​ပင်​အောက်​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သူ့​အား​ဆက်​လေ​သည်။-
JDG 6:20 ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။-
JDG 6:21 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။
JDG 6:22 ထို​အ​ခါ​ဂိ​ဒေါင်​သည်​မိ​မိ​တွေ့​ရှိ​ခဲ့​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ပင်​ဖြစ် ကြောင်း​သိ​လေ​လျှင် ကြောက်​လန့်​လျက်​ဤ​သို့ ဆို​၏။ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​နှင့်​မျက် နှာ​ချင်း​ဆိုင်​တွေ့​မြင်​ရ​ပါ​ပြီ​တ​ကား'' ဟု​လျှောက်​လေ​သည်။
JDG 6:23 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``စိတ်​အေး​ချမ်း သာ​စွာ​နေ​လော့။ မ​စိုး​ရိမ်​နှင့်။ သင်​သည်​သေ​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​သူ့​အား​မိန့်​တော်​မူ​၏။-
JDG 6:24 ဂိ​ဒေါင်​သည်​ထို​အ​ရပ်​၌​ထာ​ဝ​ရ​ဘု​ရား အ​ဖို့​ယဇ်​ပလ္လင်​တစ်​ခု​တည်​ဆောက်​၍``ထာ​ဝ​ရ ဘု​ရား​သည်​စိတ်​အေး​ချမ်း​ခြင်း​ဖြစ်​တော်​မူ​၏'' ဟူ​သော​အ​မည်​ဖြင့်​မှည့်​ခေါ်​လေ​သည်။ (ထို ယဇ်​ပလ္လင်​သည်​အ​ဗျေ​ဇာ​သား​ချင်း​စု​ပိုင် သြ​ဖ​ရ​ရွာ​၌​ယ​နေ့​တိုင်​အောင်​တည်​ရှိ သ​တည်း။)
JDG 6:25 ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား``သင့် ဖ​ခင်​၏​နွား​ထီး​နှင့်​အ​ခြား​ခုနစ်​နှစ်​သား​နွား​ထီး တစ်​ကောင်​ကို​ယူ​လော့။ ဗာ​လ​ဘု​ရား​အ​ဖို့​သင့် ဖ​ခင်​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ကို​ဖြို​ချ ပြီး​လျှင် ထို​ယဇ်​ပလ္လင်​၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ် သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​အ​ဖြစ်​ဖြင့်​စိုက် ထား​သည့်​သစ်​ပင်​တို့​ကို​ခုတ်​လှဲ​ပစ်​လော့။-
JDG 6:26 ဤ​တောင်​ပူ​စာ​ထိပ်​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​ကို​အ​ခိုင် အ​မာ​တည်​ဆောက်​လော့။ ထို​နောက်​ဒု​တိ​ယ​နွား ထီး​ကို​ယူ​ပြီး​လျှင်​သင်​ခုတ်​လှဲ​ထား​သည့် အာ ရှ​ရ​နတ်​သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​ကို​ထင်း အ​ဖြစ်​အ​သုံး​ပြု​၍​မီး​ရှို့​ပူ​ဇော်​လော့'' ဟု မိန့်​တော်​မူ​၏။-
JDG 6:27 သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​အ​စေ​ခံ​ဆယ်​ယောက် ကို​ခေါ်​၍ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း​ပြု​စေ​သည်။ သူ​သည်​မိ​မိ အိမ်​ထောင်​စု​ဝင်​တို့​ကို​လည်း​ကောင်း၊ မြို့​သူ မြို့​သား​များ​ကို​လည်း​ကောင်း​ကြောက်​သ​ဖြင့် ဤ​အ​မှု​ကို​နေ့​အချိန်​၌​မ​ပြု​ဝံ့​ဘဲ​ည အ​ချိန်​၌​ပြု​၏။
JDG 6:28 နောက်​တစ်​နေ့​နံ​နက်​စော​စော​မြို့​သား​တို့​နိုး​ထ ကြ​သော​အ​ခါ သူ​တို့​သည်​ဗာလ​ဘု​ရား​၏​ယဇ် ပလ္လင်​နှင့်​အာ​ရှ​ရ​နတ်​သ​မီး​၏ အ​မှတ်​လက္ခ ဏာ​သစ်​ပင်​တို့​ပြို​လဲ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ယဇ်​ပလ္လင်​သစ်​တစ်​ခု​ပေါ်​တွင်​ဒု​တိ​ယ နွား​ထီး​ကို မီး​ရှို့​ပူ​ဇော်​ထား​လျက်​ရှိ​သည် ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။-
JDG 6:29 သူ​တို့​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သူ​ပြု​သ​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​စုံ​စမ်း​ကြည့်​ရာ ယော​ရှ​၏​သား​ဂိ​ဒေါင်​ပြု​သည့်​အ​မှု​ဖြစ် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​၏။-
JDG 6:30 ထို​အ​ခါ​သူ​တို့​သည်​ယော​ရှ​အား``သင်​၏ သား​ဂိ​ဒေါင်​ကို​ငါ​တို့​သတ်​နိုင်​ရန်​ခေါ်​ထုတ် လော့။ သူ​သည်​ဗာ​လ​၏​ယဇ်​ပလ္လင်​နှင့်​ယင်း ၏​အ​နီး​ရှိ​အာ​ရှ​ရ​နတ်​သ​မီး​၏​အ​မှတ် လက္ခ​ဏာ​သစ်​ပင်​တို့​ကို ခုတ်​လှဲ​လိုက်​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
JDG 6:31 ယော​ရှ​သည်​မိ​မိ​ထံ​သို့​လာ​ရောက်​တောင်း​ဆို သူ​အ​ပေါင်း​တို့​အား``သင်​တို့​သည်​ဗာ​လ​ကိုယ် စား​ရှေ့​နေ​လိုက်​နေ​ကြ​ပါ​သ​လော။ သူ​၏ အ​တွက်​အ​ကွယ်​အ​ကာ​ပေး​နေ​ကြ​ပါ​သ လော။ သူ့​အ​တွက်​ရှေ့​နေ​လိုက်​သူ​မှန်​သ​မျှ သည်​နံ​နက်​ချိန်​မ​လွန်​မီ​အ​သတ်​ခံ​ရ​မည်။ အ​ကယ်​၍​ဗာ​လ​သည်​ဘု​ရား​ဖြစ်​ပါ​မူ မိ​မိ ကိုယ်​ကို​မိ​မိ​ကာ​ကွယ်​ပါ​လေ​စေ။ ဖြို​ချ​ခြင်း ခံ​ရ​သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​ပါ​၏'' ဟု​ပြော​လေ​သည်။-
JDG 6:32 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဂိ​ဒေါင်​သည်​ယေ​ရု ဗ္ဗာ​လ​ဟူ​၍​နာ​မည်​တွင်​လေ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ယော​ရှ​က``ဗာ​လ​သည်​မိ​မိ​ကိုယ်​ကို မိ​မိ​ကွယ်​ကာ​ပါ​လေ​စေ။ ဖြို​ချ​ခြင်း​ခံ​ရ သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​သည်'' ဟု​ဆို သော​ကြောင့်​တည်း။
JDG 6:33 ထို​အ​ခါ​မိ​ဒျန်​အ​မျိုး​သား​များ၊ အာ​မ​လက် အ​မျိုး​သား​များ၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​အ​ပေါင်း တို့​သည်​စု​ဝေး​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ပြီး​လျှင် ယေ​ဇ​ရေ​လ​ချိုင့်​တွင်​စ​ခန်း​ချ​ကြ​၏။-
JDG 6:34 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ဂိ​ဒေါင် အ​ပေါ်​၌​သက်​ရောက်​သ​ဖြင့် သူ​သည်​အ​ဗျေ​ဇာ သား​ချင်း​စု​အ​ပေါင်း​တို့​အား မိ​မိ​နောက်​သို့ လိုက်​ကြ​ရန်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လေ​၏။-
JDG 6:35 မ​နာ​ရှေ​နယ်​မြေ​နှစ်​ရပ်​စ​လုံး​သို့​လည်း​စေ တ​မန်​များ​ကို​လွှတ်​၍ မ​နာ​ရှေ​အ​မျိုး​သား တို့​အား​မိ​မိ​နောက်​သို့​လိုက်​ကြ​ရန်​လှုံ့​ဆော်​၏။ သူ​သည်​အာ​ရှာ၊ ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​ထံ​သို့​လည်း​စေ​တ​မန်​များ​ကို​လွှတ်​လိုက် သ​ဖြင့် ထို​သူ​တို့​သည်​လည်း​သူ​၏​ထံ​သို့​လာ ရောက်​ကြ​ကုန်​၏။
JDG 6:36 ထို​နောက်​ဂိ​ဒေါင်​သည်​ဘု​ရား​သ​ခင်​အား``ကိုယ် တော်​သည်​အ​ကျွန်ုပ်​အား​အ​သုံး​ပြု​၍ ဣ​သ ရေ​လ​လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​ဆုံး​ဖြတ်​တော် မူ​ပြီး​ဖြစ်​ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏။-
JDG 6:37 အ​ကျွန်ုပ်​သည်​ဂျုံ​စပါး​နယ်​ရာ​မြေ​တ​လင်း ပေါ်​၌ သိုး​မွေး​ကို​ချ​ထား​ပါ​မည်။ အ​ကယ်​၍ နံ​နက်​ချိန်​၌​သိုး​မွေး​အ​ပေါ်​၌​သာ​လျှင် နှင်း​ကျ​၍​မြေ​တ​လင်း​ပေါ်​၌​မ​ကျ​ခဲ့​သော် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​အ​တွက်​အ​သုံး​ပြု တော်​မူ​မည်​ကို​အ​ကျွန်ုပ်​အ​မှန်​သိ​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​၏။-
JDG 6:38 ယင်း​သို့​လျှောက်​ထား​သည့်​အ​တိုင်း​ဖြစ်​လေ သည်။ ဂိ​ဒေါင်​သည်​နောက်​တစ်​နေ့​နံ​နက်​စော စော​ထ​၍ သိုး​မွေး​ကို​ညှစ်​ကြည့်​ရာ​နှင်း​ရည် အင်​တုံ​တစ်​လုံး​အ​ပြည့်​ရ​ရှိ​လေ​သည်။-
JDG 6:39 ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် ကို​အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​တစ် ကြိမ်​သာ​လျှင်​ထပ်​မံ​လျှောက်​ထား​ခွင့်​ပြု​တော် မူ​ပါ။ သိုး​မွေး​နှင့်​နောက်​တစ်​ကြိမ်​ထပ်​မံ​စမ်း သပ်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​တစ်​ကြိမ်​၌​သိုး မွေး​သည်​ခြောက်​သွေ့​လျက် မြေ​ကြီး​သည် နှင်း​စို​လျက်​နေ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။-
JDG 6:40 ထို​ည​၌​လည်း​ဘု​ရား​သ​ခင်​သည်​ဂိ​ဒေါင် လျှောက်​ထား​သည့်​အ​တိုင်း​ပင်​ဖြစ်​စေ​တော် မူ​၏။ နောက်​တစ်​နေ့​နံ​နက်​၌​သိုး​မွေး​သည် ခြောက်​သွေ့​လျက်​မြေ​ကြီး​မှာ​မူ​စွတ်​စို လျက်​နေ​၏။
JDG 7:1 တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။
JDG 7:2 ထာ​ဝ​ရ​ဘု​ရား​က​ဂိ​ဒေါင်​အား``သင်​နှင့် အ​တူ​ပါ​လာ​သော​လူ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​လွန်း​သ​ဖြင့် သူ​တို့​အား​မိ​ဒျန် အ​မျိုး​သား​တို့​အ​ပေါ်​အောင်​မြင်​ခွင့်​ကို​ငါ မ​ပေး​လို။ အ​ကယ်​၍​ပေး​ခဲ့​သော်​သူ​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည်​ဖြင့်​အောင်​ပွဲ​ရ​သည်​ဟု ထင်​မှတ်​ကာ​ငါ့​ကျေး​ဇူး​ကို​မ​သိ​ဘဲ​နေ ကြ​လိမ့်​မည်။-
JDG 7:3 သို့​ဖြစ်​၍`ကြောက်​လန့်​သူ​မှန်​သ​မျှ​မိ​မိ​တို့ အိမ်​သို့​ပြန်​ကြ​ပါ။ ငါ​တို့​မူ​ကား​ဤ​ဂိ​လဒ် တောင်​တွင်​နေ​ရစ်​မည်' ဟု​လူ​တို့​အား​ကြေ​ညာ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​လူ​ပေါင်း နှစ်​သောင်း​နှစ်​ထောင်​တို့​သည်​ပြန်​သွား​ကြ​၏။ လူ​တစ်​သောင်း​မူ​ကား​နေ​ရစ်​ကြ​လေ​သည်။
JDG 7:4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား ``ကျန်​ရှိ​နေ​သူ​တို့​မှာ​များ​လွန်း​သေး​သည်။ သူ​တို့​အား​ရေ​ဆိပ်​သို့​ခေါ်​သွား​လော့။ ထို အ​ရပ်​တွင်​သူ​တို့​ကို​သင့်​အ​တွက်​ငါ​လူ​နှစ်​စု ခွဲ​၍​ပေး​မည်။ အ​ကယ်​၍​ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​လိုက်​ရ​မည်​ဟု​ငါ​ဆို​လျှင် ထို သူ​သည်​သင်​နှင့်​လိုက်​ရ​မည်။ အ​ကယ်​၍​ဤ မည်​သော​သူ​သည်​သင်​နှင့်​အ​တူ​မ​လိုက်​ရ ဟု​ငါ​ဆို​လျှင်​မူ​ကား ထို​သူ​သည်​သင်​နှင့် မ​လိုက်​ရ'' ဟု​မိန့်​တော်​မူ​၏။-
JDG 7:5 ဂိ​ဒေါင်​သည်​လူ​တို့​ကို​ရေ​ဆိပ်​သို့​ခေါ်​ဆောင် သွား​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​တို့ တွင်​ရေ​ကို​ခွေး​ကဲ့​သို့​လျှာ​နှင့်​လျက်​သောက် သော​သူ​များ​နှင့် ဒူး​ထောက်​၍​သောက်​သော​သူ များ​ကို​နှစ်​စု​ခွဲ​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့် တော်​မူ​၏။-
JDG 7:6 ရေ​ကို​လက်​ခုပ်​ဖြင့်​ယူ​ပြီး​လျှင်​လျှာ​နှင့် လျက်​သောက်​သော​လူ​အ​ရေ​အ​တွက်​မှာ သုံး​ရာ​ရှိ​၍ ကျန်​သော​သူ​တို့​မူ​ကား​ဒူး ထောက်​၍​ရေ​ကို​သောက်​သူ​များ​ဖြစ်​ကြ​၏။-
JDG 7:7 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ရေ​ကို​လျှာ ဖြင့်​လျက်​သောက်​သော​သူ​သုံး​ရာ​အား​ဖြင့် သင့်​ကို​ကယ်​ဆယ်​၍​မိ​ဒျန်​အ​မျိုး​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​မည်။ အ​ခြား သူ​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​ရန်​ပြော ကြား​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့်​တော် မူ​၏။-
JDG 7:8 သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​ရိက္ခာ​နှင့်​တံ​ပိုး ခ​ရာ​ရှိ​သ​မျှ​ကို ယူ​ထား​သော​လူ​သုံး​ရာ မှ​တစ်​ပါး​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​စေ​၏။ မိ​ဒျန်​အ​မျိုး​သား​များ​၏​တပ်​စ​ခန်း​မှာ အ​နိမ့်​ပိုင်း​ချိုင့်​ထဲ​တွင်​ရှိ​သ​တည်း။
JDG 7:9 ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင် အား``ထ​၍​သူ​တို့​၏​တပ်​စ​ခန်း​ကို​တိုက် ခိုက်​လော့။ သင့်​အား​အောင်​ပွဲ​ကို​ငါ​ပေး​မည်။-
JDG 7:10 သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​သူ​တို့​အား တိုက်​ခိုက်​ရန်​ကြောက်​လန့်​နေ​ပါ​မူ သင်​၏ အ​စေ​ခံ​ဖုရ​ကို​ခေါ်​၍​ထို​တပ်​စ​ခန်း​သို့ သွား​လော့။-
JDG 7:11 သူ​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​ကို​သင် ကြား​သိ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​သည်​တိုက် ခိုက်​ရန်​ရဲ​စွမ်း​သတ္တိ​ကို​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အ​စေ ခံ​ဖု​ရ​နှင့်​အ​တူ ရန်​သူ့​တပ်​စ​ခန်း​အ​စွန် နား​သို့​သွား​လေ​သည်။-
JDG 7:12 မိ​ဒျန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​တို့​သည်​ကျိုင်း​ကောင် အုပ်​ကြီး​သ​ဖွယ်​ချိုင့်​၌​အိပ်​နေ​ကြ​၏။ သူ တို့​၏​ကု​လား​အုတ်​များ​သည်​သ​မုဒ္ဒ​ရာ ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။
JDG 7:13 ဂိ​ဒေါင်​ရောက်​ရှိ​လာ​ချိန်​၌​လူ​တစ်​ယောက် သည် မိ​မိ​မြင်​မက်​သည့်​အိပ်​မက်​အ​ကြောင်း ကို​မိတ်​ဆွေ​တစ်​ဦး​အား​ပြော​ပြ​လျက်​နေ​၏။ ထို​သူ​က``မု​ယော​မုန့်​ပြား​တစ်​ချပ်​သည်​ငါ တို့​တပ်​စ​ခန်း​ထဲ​သို့​လိမ့်​ဝင်​လာ​ပြီး​လျှင် တဲ​ရှင်​တစ်​ခု​နှင့်​တိုက်​မိ​သ​ဖြင့်​ထို​တဲ​ရှင် သည်​ပြို​လဲ​ပြား​ချပ်​၍​သွား​သည်​ကို​ငါ အိပ်​မက်​မြင်​မက်​ပါ​သည်'' ဟု​ဆို​လေ​သည်။
JDG 7:14 ထို​မိတ်​ဆွေ​က​လည်း``ထို​မုန့်​ပြား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​ယော​ရှ​၏​သား​ဖြစ်​သူ ဂိ​ဒေါင်​၏​ဋ္ဌား​ပင်​ဖြစ်​သည်။ မုန့်​ပြား​သည် အ​ခြား​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​ဆောင်​နိုင် ရာ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​မိ​ဒျန် အ​မျိုး​နှင့် ငါ​တို့​တပ်​တစ်​ခု​လုံး​အ​ပေါ်​၌ အောင်​ပွဲ​ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
JDG 7:15 ထို​သူ​၏​အိပ်​မက်​နှင့်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကြား​သိ​ရ​သော​အ​ခါ​ဂိ​ဒေါင်​သည်​ဒူး ထောက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​၏။ ထို​နောက်​ဣ​သ​ရေ​လ​တပ်​စ​ခန်း​သို့​ပြန် ပြီး​လျှင်``ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​အား​မိ​ဒျန်​တပ်​အ​ပေါ်​၌​အောင်​ပွဲ​ခံ စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-
JDG 7:16 သူ​သည်​မိ​မိ​တပ်​သား​သုံး​ရာ​ကို​သုံး​စု​ခွဲ ပြီး​နောက် လူ​တိုင်း​အား​မီး​ရှူး​တိုင်​ပါ​သော အိုး​တစ်​လုံး​နှင့်​တံ​ပိုး​ခ​ရာ​တစ်​ခု​ကို​ပေး ၏။-
JDG 7:17 ထို​နောက်​သူ​တို့​အား``ရန်​သူ​တပ်​စ​ခန်း​အ​စွန် သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​၍​ငါ​ပြု​သည့်​အ​တိုင်း​ပြု​ကြ လော့။-
JDG 7:18 ငါ​နှင့်​ငါ​၏​လူ​စု​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​သင်​တို့​သည်​လည်း စ​ခန်း​ပတ်​လည်​၌ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ပြီး​လျှင်`ထာ​ဝ​ရ ဘု​ရား​နှင့်​ဂိ​ဒေါင်​အ​တွက်' ဟူ​၍​ကြွေး ကြော်​ကြ​လော့'' ဟု​မှာ​ထား​လေ​သည်။
JDG 7:19 ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​တစ်​ရာ​တို့​သည် ရန်​သူ့​တပ်​စ​ခန်း​အ​စွန်​သို့ သန်း​ခေါင်​အ​ချိန် မ​တိုင်​မီ​အ​စောင့်​ကင်း​လဲ​ပြီး​စ​အ​ခါ​၌ ရောက်​ရှိ​လာ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​၍ မိ​မိ​တို့​ကိုင်​ဆောင်​ထား သော​အိုး​တို့​ကို​ခွဲ​ပစ်​လိုက်​ကြ​၏။-
JDG 7:20 အ​ခြား​တပ်​သား​နှစ်​စု​သည်​လည်း​ဤ​နည်း တူ​ပင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဘယ် လက်​ဖြင့်​မီး​ရှူး​တိုင်​ကို​ကိုင်​၍ ညာ​လက်​ဖြင့် တံ​ပိုး​ခ​ရာ​ကို​ကိုင်​ထား​ကြ​လေ​သည်။ ထို နောက်``ထာ​ဝ​ရ​ဘု​ရား​နှင့်​ဂိ​ဒေါင်​၏​ဋ္ဌား'' ဟူ​၍​ကြွေး​ကြော်​ကြ​၏။-
JDG 7:21 သူ​တို့​သည်​ရန်​သူ့​တပ်​စ​ခန်း​ပတ်​လည်​၌ အ​သီး​သီး​မိ​မိ​တို့​နေ​ရာ​၌​ရပ်​နေ​ကြ​၏။ ထို​အ​ခါ​ရန်​သူ​တပ်​တစ်​တပ်​လုံး​ပင်​လျှင် အော်​ဟစ်​ထွက်​ပြေး​ကြ​လေ​သည်။-
JDG 7:22 ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။
JDG 7:23 ထို​အ​ခါ​န​ဿ​လိ​နှင့်​အာ​ရှာ​အ​နွယ်​ဝင် တို့​ကို​လည်း​ကောင်း၊ မ​နာ​ရှေ​ဒေ​သ​နှစ်​ပိုင်း စ​လုံး​မှ​လူ​တို့​ကို​လည်း​ကောင်း​ဆင့်​ခေါ် လိုက်​ရာ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား​တို့ ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။-
JDG 7:24 ဂိ​ဒေါင်​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​အ​ရပ် ရပ်​သို့​စေ​တ​မန်​များ​ကို​လွှတ်​၍``မိ​ဒျန်​အ​မျိုး သား​တို့​အား​တိုက်​ခိုက်​ရန်​ဆင်း​ခဲ့​ကြ​လော့။ ယော်​ဒန်​မြစ်​ကို​လည်း​ကောင်း၊ ဗက်​ဗာ​ရ​ရွာ​တိုင် အောင်​ရှိ​သ​မျှ​သော​ချောင်း​ငယ်​တို့​ကို​လည်း ကောင်း ထို​သူ​တို့​မ​ကူး​မ​ဖြတ်​နိုင်​စေ​ရန်​သိမ်း ယူ​ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ဧ​ဖ​ရိမ် အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​စု​ရုံး​ပြီး​လျှင် ယော်​ဒန်​မြစ်​နှင့်​ဗက်​ဗာ​ရ​ရွာ​အ​ထိ​ချောင်း ငယ်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​ကြ​၏။-
JDG 7:25 သူ​တို့​သည်​မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို​လက်​ရ​ဖမ်း​မိ​သ ဖြင့် သြ​ရ​ဘ​အား​သြ​ရ​ဘ​ကျောက်​၌​လည်း ကောင်း၊ ဇေ​ဘ​ကို​ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ အ​ရပ်​၌​လည်း​ကောင်း​ကွပ်​မျက်​လိုက်​ကြ လေ​သည်။ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား တို့​နောက်​သို့​ဆက်​လက်​လိုက်​လံ​ကြ​ပြီး နောက် သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​၏​ဦး​ခေါင်း ကို​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​သို့​ရောက် ရှိ​နေ​သော​ဂိ​ဒေါင်​၏​ထံ​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။
JDG 8:1 ထို​နောက်​ဧ​ဖ​ရိမ်​နယ်​သား​တို့​က​ဂိ​ဒေါင် အား``သင်​သည်​မိ​ဒျန်​အ​မျိုး​သား​တို့​ထံ​သွား ရောက်​တိုက်​ခိုက်​စဉ်​အ​ခါ​က အ​ဘယ်​ကြောင့် ငါ​တို့​အား​မ​ခေါ်​ဘဲ​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​သို့​ငါ​တို့​အား​ပြုပါ​သ​နည်း'' ဟု ပြင်း​ပြင်း​ထန်​ထန်​အ​ပြစ်​တင်​ကြ​၏။
JDG 8:2 သို့​ရာ​တွင်​ဂိ​ဒေါင်​က``သင်​တို့​ပြုခဲ့​သ​မျှ နှင့်​နှိုင်း​ယှဉ်​ကြည့်​လျှင် ငါ​ပြု​ခဲ့​သ​မျှ​သည် ဘာ​မျှ​မ​ဖြစ်​လောက်​ပါ။ သင်​တို့​ပြု​သည့် အ​မှု​အ​နည်း​ငယ်​က​ပင်​လျှင် ငါ​တို့​သား ချင်း​စု​တစ်​ရပ်​လုံး​ပြု​သည့်​အ​မှု​ထက်​ပို​၍ တန်​ဖိုး​ရှိ​ပါ​၏။-
JDG 8:3 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​အား​ကွပ်​မျက်​နိုင်​ခဲ့ ကြ​လေ​ပြီ​တ​ကား။ ထို​အ​မှု​နှင့်​နှိုင်း​ယှဉ် လောက်​အောင်​ငါ​သည်​အ​ဘယ်​အ​မှု​ကို​ပြု နိုင်​ခဲ့​ပါ​သ​နည်း'' ဟု​ပြန်​ပြော​သော​စ​ကား ကို​ကြား​လျှင်​သူ​တို့​သည်​အ​မျက်​ပြေ ကြ​၏။
JDG 8:4 ထို​အ​ခါ​၌​ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​သုံး ရာ​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ​လာ ကာ​မြစ်​ကူး​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​သည် အ​လွန်​ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​ကြ​သော် လည်း​ရန်​သူ​အား​ဖိ​၍​လိုက်​လျက်​ပင်။-
JDG 8:5 ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သို့​ရောက်​သော အ​ခါ​ထို​မြို့​သား​တို့​အား``ငါ​၏​တပ်​သား တို့​ကို​အ​စား​အ​စာ​အ​နည်း​ငယ်​ပေး​ကြ ပါ။ သူ​တို့​သည်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ ကြ​ပါ​၏။ ငါ​သည်​မိ​ဒျန်​ဘု​ရင်​ဇေဘဟ​နှင့် ဇာ​လ​မုန္န​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ သည်'' ဟု​ဆို​၏။
JDG 8:6 သို့​ရာ​တွင်​သု​ကုတ်​မြို့​မှ​ခေါင်း​ဆောင်​များ က``ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သင်​၏​တပ် သား​များ​အား အ​စာ​ရေ​စာ​ပေး​ရ​ပါ​မည် နည်း။ ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​ကို​သင်​တို့ မ​ဖမ်း​မိ​သေး​ပါ​တ​ကား'' ဟု​ပြန်​ပြော ကြ​၏။
JDG 8:7 သို့​ဖြစ်​၍​ဂိ​ဒေါင်​က``ကောင်း​ပြီ၊ ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​အား ငါ​၏​လက်​သို့​ဘု​ရား​သ​ခင်​အပ်​တော်​မူ​သော​အ​ခါ ငါ​သည်​သင် တို့​ကို​သဲ​ကန္တာ​ရ​မှ​ဆူး​ပင်​များ​နှင့်​ရိုက် နှက်​မည်'' ဟု​ဆို​လေ​သည်။-
JDG 8:8 ထို​နောက်​သူ​သည်​ပေ​နွေ​လ​မြို့​သို့​သွား​၍ ရှေး​နည်း​တူ ထို​မြို့​သား​တို့​ထံ​မှ​အ​ကူ​အ​ညီ တောင်း​ခံ​သော်​လည်း ပေ​နွေ​လ​မြို့​သား​တို့​က သု​ကုတ်​မြို့​သား​တို့​နည်း​တူ​ပြန်​လည်​ဖြေ ကြား​ကြ​၏။-
JDG 8:9 ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့​အား``စစ်​ငြိမ်း​၍ ငါ​ပြန်​လာ​သော​အ​ခါ​၌ ဤ​ခံ​တပ်​မျှော်​စင် ကို​ဖျက်​ဆီး​ပစ်​အံ့'' ဟု​ဆို​လေ​သည်။
JDG 8:10 ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​သည် မိ​မိ​တို့​၏​တပ်​မ တော်​နှင့်​အ​တူ ကာ​ကော်​မြို့​၌​ရှိ​ကြ​၏။ သဲ​ကန္တာရ နေ​သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​အ​နက် လူ​တစ်​သိန်း​နှစ်​သောင်း​ကျ​ဆုံး​၍​တစ်​သောင်း ငါး​ထောင်​သာ​ကျန်​တော့​၏။-
JDG 8:11 ဂိ​ဒေါင်​သည်​နော​ဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အ​ရှေ့ ဘက်​သဲ​ကန္တာ​ရ​အ​စွန်​လမ်း​အ​တိုင်း​လိုက်​ပြီး လျှင် ထို​တပ်​မ​တော်​အား​ရုတ်​တ​ရက်​အ​မှတ် မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-
JDG 8:12 ထို​အ​ခါ​မိ​ဒျန်​ဘု​ရင်​နှစ်​ပါး​ဖြစ်​သော ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​သည်​ထွက်​ပြေး​ကြ​၏။ သို့​ရာ တွင်​ဂိ​ဒေါင်​သည်​သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​ရ မိ​သဖြင့် သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး မှာ​က​စဥ့်​က​ရဲ​ပြို​လဲ​၍​သွား​တော့​၏။
JDG 8:13 ဂိ​ဒေါင်​သည်​ဟေ​ရက်​တောင်​ကြား​လမ်း​ဖြင့် တိုက်​ပွဲ​မှ​ပြန်​လာ​သော​အ​ခါ၊-
JDG 8:14 သု​ကုတ်​မြို့​သား​လူ​ငယ်​တစ်​ဦး​ကို​ဖမ်း​ဆီး​၍ စစ်​ဆေး​မေး​မြန်း​ကြည့်​ရာ ထို​သူ​ငယ်​က​သု​ကုတ် မြို့​မှ​ခေါင်း​ဆောင်​ခု​နစ်​ဆယ့်​ခု​နစ်​ယောက်​တို့ ၏​အ​မည်​များ​ကို​ဂိဒေါင်​အား​ရေး​ပေး​၏။-
JDG 8:15 ထို​နောက်​ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သား​တို့​ထံ သွား​၍``ငါ့​အား​သင်​တို့​အ​ကူ​အ​ညီ​ပေး​ရန် ငြင်း​ဆို​ခဲ့​သည်​ကို​မှတ်​မိ​ကြ​လိမ့်​မည်။ သင် တို့​က​ငါ​သည်​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​ကို ဖမ်း​ဆီး​၍​မ​ရ​သေး​သ​ဖြင့် ငါ​၏​မော​ပန်း နွမ်း​နယ်​နေ​သည့်​တပ်​သား​တို့​အား​စား​နပ် ရိက္ခာ​မ​ပေး​နိုင်​ဟု​ဆို​ခဲ့​ကြ​၏'' ဟု​ပြော ဆို​ပြီး​လျှင်၊-
JDG 8:16 သဲ​ကန္တာရ​မှ​ဆူး​ခက်​များ​ကို​ယူ​၍ သု​ကုတ် မြို့​သား​ခေါင်း​ဆောင်​တို့​အား​ရိုက်​နှက်​လေ သည်။-
JDG 8:17 သူ​သည်​ပေ​နွေ​လ​မြို့​မှ​ခံ​တပ်​မျှော်​စင်​ကို လည်း​ဖြို​ချ​၍ ထို​မြို့​သား​တို့​ကို​သုတ်​သင် ပစ်​လိုက်​၏။
JDG 8:18 ထို​နောက်​ဂိ​ဒေါင်​က ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့ အား``တာ​ဗော်​မြို့​၌​သင်​တို့​သတ်​ဖြတ်​ပစ်​သူ တို့​ကား မည်​သို့​သော​သူ​များ​ဖြစ်​သ​နည်း'' ဟု​မေး​၏။ သူ​တို့​က​လည်း``ထို​သူ​တို့​သည် သင်​နှင့်​အ​သွင် တူ​ပါ​သည်။ သူ​တို့​အား​လုံး​ပင်​လျှင် ဘု​ရင့်​သား တော်​များ​နှင့်​တူ​ကြ​ပါ​၏'' ဟု​ပြန်​ပြော​လေ သည်။
JDG 8:19 ဂိ​ဒေါင်​က``သူ​တို့​သည်​ကား​ငါ့​အ​မိ​၏​သား များ​ဖြစ်​၍ ငါ​၏​ညီ​များ​ဖြစ်​သည်။ အ​ကယ် ၍​သင်​တို့​သည်​သူ​တို့​အား​မ​သတ်​ခဲ့​ပါ​မူ ငါ​သည်​လည်း​သင်​တို့​အား​သတ်​လိမ့်​မည် မ​ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြော​၏။-
JDG 8:20 ထို​နောက်​သူ​သည်​မိ​မိ​၏​သား​ဦး​ယေ​သာ အား ထို​သူ​တို့​ကို​ထ​၍​သတ်​ရန်​စေ​ခိုင်း​လေ သည်။ သို့​ရာ​တွင်​သူ​ငယ်​သည်​မိ​မိ​ဋ္ဌား​ကို​ဆွဲ ၍​မ​ထုတ်​ဘဲ​နေ​၏။ သူ​သည်​အ​သက်​အ​ရွယ် ငယ်​သော​ကြောင့်​ယင်း​သို့​တုံ့​နှေး​လျက်​နေ ခြင်း​ဖြစ်​သည်။
JDG 8:21 ထို​အ​ခါ​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​က``ငါ တို့​အား​သင်​ကိုယ်​တိုင်​သတ်​ပါ​လော့။ လူ​ကြီး ပြု​ရ​မည့်​အ​မှု​ကို​လူ​ကြီး​သာ​လျှင်​ပြု​နိုင် ၏'' ဟု​ဆို​ကြ​၏။ ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့ နှစ်​ယောက်​အား​သတ်​ပြီး​လျှင် သူ​တို့​ကု​လား အုတ်​များ​၏​လည်​ပင်း​၌​ဆင်​ယင်​ထား​သော တန်​ဆာ​တို့​ကို​ချွတ်​ယူ​လေ​သည်။
JDG 8:22 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
JDG 8:23 ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။-
JDG 8:24 သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍``သင်​တို့​ထဲ မှ​ငါ​တောင်း​ခံ​လို​သည့်​အ​ရာ​တစ်​ခု​ရှိ​ပါ သည်။ သင်​တို့​ရ​ယူ​ထား​သည့်​ရွှေ​နား​ကွင်း များ​ကို​ငါ့​အား​ပေး​ကြ​လော့'' ဟု​ဆို​၏။ (မိ​ဒျန်​အ​မျိုး​သား​တို့​သည်​အခြား​သဲ​ကန္တာ​ရ နေ​သူ​များ​ကဲ့​သို့​ပင် ရွှေ​နား​ကွင်း​များ​ကို တပ်​ဆင်​လေ့​ရှိ​သ​တည်း။)
JDG 8:25 လူ​တို့​က​လည်း``ရွှေ​နား​ကွင်း​များ​ကို အ​ကျွန်ုပ် တို့​ဝမ်း​မြောက်​စွာ​ကိုယ်​တော်​အား​ပေး​ပါ​မည်'' ဟု​ပြန်​လျှောက်​ပြီး​လျှင်​စောင်​ကို​ခင်း​၍ မိ​မိ တို့​ရ​ယူ​ထား​သ​မျှ​သော​နား​ကွင်း​များ​ကို လူ​တိုင်း​လာ​ရောက်​ချ​ထား​ကြ​၏။-
JDG 8:26 မိဒျန်​ဘု​ရင်​တို့​ဝတ်​ဆင်​ထား​သည့်​တန်​ဆာ များ၊ လည်​ဆွဲ​များ၊ နီ​မောင်း​သော​အ​ဝတ်​နှင့် ကု​လား​အုတ်​လည်​ပတ်​ကြိုး​များ​အ​ပြင်၊ ဂိ ဒေါင်​ရ​ရှိ​သည့်​ရွှေ​နား​ကွင်း​များ​၏​အ​လေး ချိန်​မှာ​ပေါင်​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။
JDG 8:27 ဂိ​ဒေါင်​သည်​ထို​ရွှေ​များ​ဖြင့်​ရုပ်တု​တစ်​ခု​ကို သွန်း​လုပ်​ပြီး​လျှင် မိ​မိ​နေ​ထိုင်​ရာ​သြ​ဖ​ရ မြို့​၌​ထား​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကို​စွန့် ပစ်​ကာ​ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် သြ​ဖ​ရ​မြို့​သို့​သွား​ကြ​ကုန်​သည်။ ယင်း သည်​ဂိ​ဒေါင်​နှင့်​အိမ်​ထောင်​စု​အ​တွက် ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လာ​၏။
JDG 8:28 သို့​ဖြစ်​၍​မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​၍ နောက်​တစ်​ဖန်​သူ​တို့​အ​တွက်​ခြိမ်း​ခြောက်​မှု အန္တ​ရာယ်​မ​ဖြစ်​တော့​ချေ။ တိုင်း​ပြည်​သည်​လည်း ဂိ​ဒေါင်​ကွယ်​လွန်​ချိန်​တိုင်​အောင် နှစ်​ပေါင်း​လေး ဆယ်​မျှ​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။
JDG 8:29 ဂိ​ဒေါင်​သည်​မိ​မိ​၏​ကိုယ်​ပိုင်​နေ​အိမ်​သို့ ပြန် လည်​သွား​ရောက်​နေ​ထိုင်​လေ​သည်။-
JDG 8:30 သူ​၌​မ​ယား​အ​မြောက်​အ​မြား​ရှိ​သ​ဖြင့် သား​ခု​နစ်​ဆယ်​ကို​ရ​၏။-
JDG 8:31 ရှေ​ခင်​မြို့​တွင်​လည်း​မယား​ငယ်​တစ်​ယောက်​ရှိ သ​ဖြင့် ထို​မ​ယား​မှ​သား​တစ်​ယောက်​ကို​ရ​ရှိ ပြန်​သည်။ သူ​သည်​ထို​သား​ကို​အ​ဘိ​မ​လက် ဟု​အ​မည်​မှည့်​၏။-
JDG 8:32 ယော​ရှ​၏​သား​ဂိ​ဒေါင်​သည်​အ​သက်​ကြီး​ရင့် ၍​ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို အ​ဗျေ ဇာ​သား​ချင်း​စု​၏​ဌာ​နေ​ဖြစ်​သော​သြ​ဖ​ရ​မြို့ ရှိ​အ​ဖ​ယော​ရှ​၏​သင်္ချိုင်း​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။
JDG 8:33 ဂိ​ဒေါင်​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဘု​ရား​သ​ခင်​အား​တစ်​ဖန်​သစ္စာ ဖောက်​ကြ​ပြန်​၏။ ဗာ​လ​ဘု​ရား​များ​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​ပြန်​၏။ သူ​တို့​က​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​ဗာ​လ​ဘု​ရား​ကို မိ​မိ​တို့​၏ ဘု​ရား​အ​ဖြစ်​ချီး​မြှောက်​ကာ၊-
JDG 8:34 မိ​မိ​တို့​အား​ပတ်​လည်​ဝိုင်း​လျက်​နေ​သည့်​ရန် သူ​များ​၏​လက်​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​မူ​ဝတ်​မ ပြု​တော့​ချေ။-
JDG 8:35 သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။
JDG 9:1 ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​ရှေ​ခင်​မြို့ ရှိ​မိ​ခင်​ဘက်​မှ ဆွေ​မျိုး​အ​ပေါင်း​တို့​ထံ​သို့ သွား​၍​မြို့​သူ​မြို့​သား​တို့​အား``သင်​တို့​သည် ဂိ​ဒေါင်​၏​သား​ခု​နစ်​ဆယ်​စ​လုံး​၏​အုပ်​စိုး မှု​ကို​ခံ​ယူ​လို​ကြ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​တစ်​ဦး​တည်း​၏​အုပ်​စိုး​မှု​ကို ခံ​ယူ​လို​ကြ​ပါ​သ​လော။ အ​ဘိ​မ​လက် သည်​သင်​တို့​၏​သွေး​ရင်း​သား​ရင်း​ဖြစ် သည်​ကို​မ​မေ့​ပါ​နှင့်'' ဟု​ပြော​ကြား​စေ​၏။-
JDG 9:3 သူ့​မိ​ခင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​သည်​လည်း ရှေ​ခင်​မြို့​သား​များ​အား ဤ​အ​ကြောင်း​ကိစ္စ ကို​သူ​၏​ကိုယ်​စား​တင်​ပြ​ကြ​၏။ အ​ဘိ မ​လက်​သည်​မိ​မိ​တို့​နှင့်​ဆွေ​မျိုး​တော်​စပ် သူ​ဖြစ်​သ​ဖြင့် ရှေ​ခင်​မြို့​သား​များ​က​သူ ၏​နောက်​သို့​လိုက်​ရန်​ဆုံး​ဖြတ်​လိုက်​ကြ လေ​သည်။-
JDG 9:4 သူ​တို့​သည်​မိ​မိ​တို့​ပ​ဋိ​ညာဉ်​ပြု​ထား​သည့် ဗာ​လ​ဘု​ရား​၏​ဝတ်​ကျောင်း​မှ ငွေ​အ​ခွက် ခု​နစ်​ဆယ်​ကို​အ​ဘိ​မ​လက်​အား​ပေး​ကြ​၏။ ထို​ငွေ​ဖြင့်​သူ​သည်​အ​ခြေ​အ​နေ​မဲ့​သူ​လူ ခု​နစ်​ဆယ်​အား မိ​မိ​နောက်​သို့​လိုက်​ရန်​ငှား ရမ်း​ပြီး​လျှင်၊-
JDG 9:5 သြ​ဖ​ရ​မြို့​ရှိ​ဖ​ခင်​၏​အိမ်​သို့​သွား​၍​ဂိ​ဒေါင် ၏​သား​များ​ဖြစ်​ကြ​သော မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​တို့​ကို​ကျောက်​တုံး​တစ်​ခု​တည်း ပေါ်​၌​သတ်​လေ​သည်။ သို့​ရာ​တွင်​ဂိ​ဒေါင်​၏ သား​ထွေး​ယော​သံ​သည် ပုန်း​ရှောင်​နေ​သော ကြောင့်​အ​သက်​ဘေး​မှ​လွတ်​မြောက်​သွား​၏။-
JDG 9:6 ထို​နောက်​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​မှ မြို့​သား​အ​ပေါင်း​တို့​သည်​စု​ဝေး​လျက် ရှေ​ခင် မြို့​ရှိ​အ​ထိမ်း​အ​မှတ်​သ​ပိတ်​ပင်​သို့​သွား ရောက်​၍ အ​ဘိ​မ​လက်​အား​မင်း​မြှောက်​ကြ လေ​သည်။
JDG 9:7 ဤ​အ​ခြင်း​အ​ရာ​ကို​ယော​သံ​ကြား​သိ​သော အ​ခါ ဂေ​ရ​ဇိမ်​တောင်​ထိပ်​သို့​တက်​၍​ရပ်​ပြီး လျှင် အော်​ဟစ်​၍​ဤ​သို့​ဆို​၏။ ``အ​ချင်း​ရှေ​ခင် မြို့​သား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်​ဘု​ရား​သခင်​သည်​လည်း သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​ကောင်း​နား​ထောင် တော်​မူ​လိမ့်​မည်။-
JDG 9:8 အ​ခါ​တစ်​ပါး​က​သစ်​ပင်​တို့​သည်​မိ​မိ​တို့ အ​တွက် ဘု​ရင်​ရွေး​ချယ်​ရန်​ထွက်​သွား​ခဲ့​ကြ ၏။ သူ​တို့​သည်​သံ​လွင်​ပင်​အား`ငါ​တို့​အ​ပေါ် ၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပြော​ကြား​ကြ​၏။-
JDG 9:9 သံ​လွင်​ပင်​က`သင်​တို့​အား​အုပ်​စိုး​ရ​မည်​ဆို လျှင် ငါ​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​အ​သ​ရေ နှင့်​လူ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ပြု​စု​ပေး​ရာ ဖြစ်​သော ငါ​၏​အ​ဆီ​ကို​ထုတ်​ပေး​မှု​မှ ရပ်​စဲ​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။-
JDG 9:10 ထို​အ​ခါ​သစ်​ပင်​တို့​သည်​သင်္ဘော​သ​ဖန်း​ပင်​ထံ သို့​သွား​၍`ငါ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​တောင်း​ပန်​ကြ​၏။-
JDG 9:11 သို့​ရာ​တွင်​သင်္ဘော​သ​ဖန်း​ပင်​က`သင်​တို့​အား အုပ်​စိုး​နိုင်​ရန် ငါ​သည်​ကောင်း​၍​ချို​မြိန်​သော အ​သီး​များ​ကို​သီး​ပေး​ခြင်း​မှ​ရပ်​စဲ​ရ​ပေ လိမ့်​မည်' ဟု​ဆို​၏။-
JDG 9:12 သို့​ဖြစ်​၍​သစ်​ပင်​တို့​သည်​စ​ပျစ်​နွယ်​ပင်​ထံ သို့​သွား​ရောက်​ကာ`သင်​သည်​လာ​၍​ငါ​တို့ အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပန်​ကြား ကြ​၏။-
JDG 9:13 သို့​ရာ​တွင်​စပျစ်​နွယ်​ပင်​က`သင်​တို့​အား​အုပ်​စိုး နိုင်​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​စိတ်​နှင့်​လူ​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​သော စ​ပျစ်​ရည်​ကို ထုတ်​လုပ်​ပေး​မှု​မှ​ရပ်​စဲ​လိုက်​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။-
JDG 9:14 ထို့​ကြောင့်​သစ်​ပင်​အ​ပေါင်း​တို့​သည်​ဆူး​ချုံ အား မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ရန် လျှောက်​ထား​ကြ​၏။-
JDG 9:15 ဆူး​ချုံ​က​လည်း`အ​ကယ်​၍​သင်​တို့​သည်​ငါ့ အား​အ​မှန်​ပင် မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ် အုပ်​စိုး​စေ​လို​ပါ​မူ​ငါ​၏​အ​ရိပ်​တွင်​ဝင် ရောက်​ခို​လှုံ​၍​နေ​ကြ​လော့။ ယင်း​သို့​ခို​လှုံ​ခြင်း မ​ပြု​ဘဲ​နေ​ခဲ့​သော်​ငါ​၏​အ​ခက်​အ​လက် များ​အ​ကြား​မှ​မီး​ထွက်​၍ လေ​ဗ​နုန်​အာ​ရစ် ပင်​တို့​ကို​လောင်​ကျွမ်း​သွား​စေ​လိမ့်​မည်' ဟု ပြန်​ပြော​လေ​သည်။
JDG 9:16 ထို​နောက်​ယော​သံ​သည်​ဆက်​လက်​၍``ထို့​ကြောင့် သင်​တို့​သည်​အ​ဘိ​မ​လက်​ကို​မင်း​မြှောက်​ရာ ၌ အ​မှန်​တ​ကယ်​ပင်​ရိုး​သား​စွာ​သစ္စာ​စောင့် သိ​သူ​များ​ဖြစ်​ကြ​ပါ​၏​လော။ သင်​တို့​သည် ဂိ​ဒေါင်​၏​ဂုဏ်​ကျေး​ဇူး​ကို​အ​မှတ်​ရ​လျက် သူ​ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ထိုက် လျောက်​စွာ​သူ​၏​အိမ်​ထောင်​စု​အ​ပေါ်​၌ ကျေး​ဇူး​တုံ့​ပြန်​ရာ​ရောက်​ပါ​၏​လော။-
JDG 9:17 ငါ​၏​ဖ​ခင်​သည်​သင်​တို့​အ​တွက်​စစ်​ပွဲ​ဝင်​ခဲ့ သည်​ကို​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​ပ​ဋ္ဌာ​န မ​ထား​ဘဲ​သင်​တို့​အား မိ​ဒျန်​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​သည်​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။-
JDG 9:18 သို့​ရာ​တွင်​သင်​တို့​သည်​ယ​နေ့​ပင်​လျှင်​သူ​၏ အိမ်​ထောင်​စု​အား ဆန့်​ကျင်​ဘက်​ပြု​ခဲ့​ကြ လေ​ပြီ။ သူ​၏​သား​ခု​နစ်​ဆယ်​ကို​ကျောက်​တုံး တစ်​ခု​တည်း​အ​ပေါ်​၌​သတ်​ပစ်​ခဲ့​ကြ​လေ ပြီ။ ကျွန်​မိန်း​မ​နှင့်​ရ​သော​သား​အ​ဘိ​မ​လက် သည်​သင်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​ကာ မျှ​ဖြင့် သူ့​အား​သင်​တို့​မင်း​မြှောက်​ခဲ့​ကြ​၏။-
JDG 9:19 ထို့​ကြောင့်​ဂိ​ဒေါင်​နှင့်​သူ​၏​အိမ်​ထောင်​စု​အား သင်​တို့​ယ​နေ့​ပြု​သည့်​အ​မှု​သည်​ရိုး​သား ဖြောင့်​မှန်​သည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘိ မ​လက်​နှင့်​အ​တူ​တ​ကွ​ဝမ်း​မြောက်​နိုင်​ကြ ပါ​စေ​သော။-
JDG 9:20 သို့​ရာ​တွင်​အ​ကယ်​၍​ဤ​အ​မှု​သည်​မ​ရိုး မ​ဖြောင့်​လျှင်​မူ​ကား အ​ဘိ​မ​လက်​ထံ​မှ မီး​လျှံ​ထွက်​၍​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့ ရှိ​လူ​တို့​အား​ကျွမ်း​လောင်​ပါ​စေ​သော။ ရှေ​ခင် မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​ရှိ​လူ​တို့​ထံ​မှ​လည်း မီး​လျှံ​ထွက်​၍​အ​ဘိ​မ​လက်​အား​ကျွမ်း လောင်​ပါ​စေ​သော။''
JDG 9:21 ထို​နောက်​ယော​သံ​သည်​မိ​မိ​အစ်​ကို​အ​ဘိ မ​လက်​ကို​ကြောက်​သ​ဖြင့် ထွက်​ပြေး​ပြီး လျှင်​ဗေ​ရ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​လေ​၏။-
JDG 9:22 အ​ဘိ​မ​လက်​သည်​ဣ​သ​ရေ​လ​ပြည်​ကို သုံး​နှစ်​မျှ​အုပ်​စိုး​ရ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​သူ​နှင့်​ရှေ​ခင်​မြို့​သား​တို့​အား ပ​ဋိ​ပက္ခ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ သည်​အ​ဘိ​မ​လက်​အား​ပုန်​ကန်​ကြ​၏။-
JDG 9:24 ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ဂိ​ဒေါင်​၏​သား ခု​နစ်​ဆယ်​ကို​သတ်​ပစ်​ရန် အား​ပေး​သူ​ရှေ​ခင် မြို့​သား​များ​နှင့်​အ​ဘိ​မ​လက်​အား မိ​မိ​တို့ ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​၏​အ​ခ​ကို​ပေး​ဆပ် ကြ​စေ​ရန်​ပင်​ဖြစ်​သတည်း။-
JDG 9:25 ရှေ​ခင်​မြို့​သား​တို့​သည်​အ​ဘိ​မ​လက်​အား တောင်​ထိပ်​များ​တွင် ချုံ​ခို​ချောင်း​မြောင်း​စေ​ရန် အ​စောင့်​ထား​ကြ​၏။ ထို​အ​စောင့်​တို့​သည်​ဖြတ် သန်း​သွား​လာ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို လု ယူ​ကြ​၏။ ထို​သ​တင်း​ကို​အ​ဘိ​မ​လက်​ကြား သိ​ရ​လေ​သည်။
JDG 9:26 ထို​အ​ခါ​၌​ဧ​ဗက်​၏​သား​ဂါ​လ​သည်​မိ​မိ​ညီ အစ်​ကို​များ​နှင့်​အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​လာ ၏။ ရှေ​ခင်​မြို့​သား​တို့​က​လည်း​သူ့​အား​ယုံ​ကြည် အား​ကိုး​ကြ​၏။-
JDG 9:27 ထို​သူ​အ​ပေါင်း​တို့​သည်​စ​ပျစ်​ဥယျာဉ်​များ သို့​သွား​ရောက်​ကာ စ​ပျစ်​သီး​များ​ကို​ခူး​၍ စ​ပျစ်​ရည်​ပြု​လုပ်​ပြီး​လျှင် ပွဲ​လမ်း​သ​ဘင် တစ်​ရပ်​ကို​ဆင်​နွှဲ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​သွား​၍ စား သောက်​ကာ​အ​ဘိ​မ​လက်​အား​ပြက်​ရယ် ပြု​ကြ​၏။-
JDG 9:28 ဂါ​လ​က``ငါ​တို့​ရှေ​ခင်​မြို့​သား​များ​ကား အ​ဘယ်​သို့​သော​သူ​များ​ပေ​နည်း။ အ​ဘိ မ​လက်​၏​အ​စေ​ကို​အ​ဘယ်​ကြောင့်​ငါ​တို့ ခံ​နေ​ကြ​ပါ​သ​နည်း။ သူ​ကား​အ​ဘယ်​သူ နည်း။ သူ​သည်​ဂိ​ဒေါင်​၏​သား​မ​ဟုတ်​လော။ ဇေ​ဗု​လ​သည်​သူ​၏​အ​မိန့်​ကို​နာ​ခံ​ရ​သော် လည်း ငါ​တို့​ကား​အ​ဘယ်​ကြောင့်​သူ​၏​အစေ ကို​ခံ​ပါ​မည်​နည်း။ သင်​တို့​သား​ချင်း​စု​ကို စ​တင်​တည်​ထောင်​ပေး​ခဲ့​သူ​ဟာ​မော်​အား သစ္စာ​စောင့်​ကြ​လော့။-
JDG 9:29 အ​ကယ်​၍​ငါ​သာ​ဤ​လူ​စု​၏​ခေါင်း​ဆောင်​ဖြစ် ပါ​လျှင် အ​ဘိ​မ​လက်​ကို​ဖယ်​ရှား​ပစ်​မည်။ `သင် ၏​တပ်​ကို​အင်​အား​ဖြည့်​၍ ငါ့​ကို​လာ​ရောက် တိုက်​ခိုက်​လော့' ဟု​သူ့​အား​ငါ​ပြော​မည်။''
JDG 9:30 မြို့​အုပ်​ဇေ​ဗု​လ​သည်​ဂါ​လ​၏​စ​ကား​ကို ကြား​သော​အ​ခါ အ​မျက်​ထွက်​သ​ဖြင့်၊-
JDG 9:31 စေ​တ​မန်​များ​ကို​လွှတ်​၍​အ​ရု​မ​မြို့​ရှိ အ​ဘိ​မ​လက်​အား​လျှောက်​ထား​စေ​၏။ ``ဧ​ဗက် ၏​သား​ဂါ​လ​သည်​မိ​မိ​ညီ​အစ်​ကို​များ​နှင့် အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။ သူ​တို့ သည်​ကိုယ်​တော်​အား​မြို့​ထဲ​သို့​ဝင်​ခွင့်​ပြု​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။-
JDG 9:32 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​နှင့်​ညဥ့် အ​ခါ လာ​ရောက်​၍​လယ်​တော​များ​တွင်​ပုန်း အောင်း​နေ​ပြီး​လျှင်၊-
JDG 9:33 နောက်​တစ်​နေ့​နံ​နက်​နေ​ထွက်​ချိန်​၌​ထ​၍​မြို့ ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​တော်​မူ​ပါ။ ဂါ​လ​နှင့် သူ​၏​လူ​စု​တို့​သည်​ကိုယ်​တော်​အား​တိုက်​ခိုက် ရန်​ထွက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​မိ​မိ ၏​အ​လုံး​အ​ရင်း​နှင့်​သူ​တို့​ကို​တိုက်​ခိုက် တော်​မူ​ပါ။''
JDG 9:34 သို့​ဖြစ်​၍​အဘိ​မလက်​နှင့်​သူ​၏​လူ​အ​ပေါင်း တို့​သည် ညဥ့်​အ​ခါ​လာ​ရောက်​ပြီး​လျှင်​လေး​စု ခွဲ​၍​ရှေ​ခင်​မြို့​ပြင်​၌​ပုန်း​အောင်း​နေ​ကြ​၏။-
JDG 9:35 သူ​တို့​သည်​ဂါ​လ​ထွက်​၍​မြို့​တ​ခါး​ဝ​၌​ရပ် နေ​သည်​ကို​မြင်​သော​အ​ခါ မိ​မိ​တို့​ပုန်း​အောင်း ရာ​မှ​ထွက်​လာ​ကြ​၏။-
JDG 9:36 ဂါ​လ​သည်​သူ​တို့​ကို​မြင်​သ​ဖြင့်​ဇေ​ဗု​လ အား``ကြည့်​လော့၊ တောင်​ထိပ်​များ​ပေါ်​မှ​လူ တို့​ဆင်း​လာ​နေ​ကြ​၏'' ဟု​ဆို​၏။ ဇေ​ဗု​လ​က``ထို​အ​ရာ​တို့​သည်​လူ​များ​မ​ဟုတ်။ တောင်​မှ​ကျ​လာ​သော​အ​ရိပ်​များ​သာ​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။
JDG 9:37 ဂါလ​က​လည်း``ကြည့်​လော့၊ တောင်​ထိပ်​ပေါ်​မှ​လူ များ​ဆင်း​လာ​နေ​ကြ​၏။ လူ​တစ်​စု​သည်​ဗေ​ဒင် ဆ​ရာ​သ​ပိတ်​ပင်​မှ​လာ​သော​လမ်း​ဖြင့်​လာ နေ​ကြ​၏'' ဟု​ဆို​ပြန်​၏။
JDG 9:38 ထို​အ​ခါ​ဇေ​ဗု​လ​က``သင်​၏​လေ​လုံး​ကြီး သ​မျှ​သည် ယ​ခု​အ​ဘယ်​သို့​ရောက်​ရှိ​သွား​ပြီ နည်း။ ဤ​သူ​အဘိ​မလက်​၏​အ​စေ​ကို ငါ​တို့ အ​ဘယ်​ကြောင့်​ခံ​ပါ​မည်​နည်း​ဟု​ပြော​ဆို​ခဲ့ သူ​မှာ​သင်​ပင်​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​သည် ကား သင်​မ​ထီ​မဲ့​မြင်​ပြော​ဆို​ခဲ့​သူ​များ​ဖြစ် သည်။ ယ​ခု​သင်​ထွက်​၍​သူ​တို့​အား​တိုက်​ခိုက် ပါ​လော့'' ဟု​ဆို​၏။-
JDG 9:39 ဂါ​လ​သည်​ရှေ​ခင်​မြို့​သား​တို့​ကို​ရှေ့​ဆောင်​၍ အ​ဘိ​မ​လက်​အား​တိုက်​လေ​သည်။ အ​ဘိ​မ​လက် သည်​ဂါ​လ​ကို​လိုက်​၍​တိုက်​၏။-
JDG 9:40 ထို​အ​ခါ​ဂါ​လ​ထွက်​ပြေး​လေ​၏။ မြို့​တံ​ခါး အ​နီး​၌​ပင်​လျှင် လူ​အ​မြောက်​အ​မြား​ထိ​ခိုက် ဒဏ်​ရာ​ရ​ရှိ​ကြ​သည်။-
JDG 9:41 အ​ဘိ​မ​လက်​သည်​အ​ရု​မ​မြို့​၌​နေ​၏။ ဇေ​ဗု​လ သည်​ဂါ​လ​နှင့်​သူ​၏​ညီ​အစ်​ကို​များ​အား​ရှေ​ခင် မြို့​မှ​နှင်​ထုတ်​လိုက်​ရာ သူ​တို့​သည်​ထို​မြို့​သို့ နောက်​တစ်​ဖန်​လာ​ရောက်​နေ​ထိုင်​ခြင်း​မ​ပြု​နိုင် တော့​ချေ။
JDG 9:42 နောက်​တစ်​နေ့​၌​ရှေခင်​မြို့​သား​တို့​သည်​လယ် တော​သို့​ထွက်​ရန် အ​ကြံ​အ​စည်​ပြု​လျက်​ရှိ ကြောင်း​ကို​အ​ဘိ​မ​လက်​ကြား​သိ​ရ​သ​ဖြင့်၊-
JDG 9:43 မိ​မိ​၏​လူ​တို့​ကို​သုံး​စု​ခွဲ​၍​လယ်​များ​တွင်​ပုန်း အောင်း​စောင့်​ဆိုင်း​လျက်​နေ​၏။ မြို့​ထဲ​မှ​လူ​တို့ ထွက်​လာ​သည်​ကို​မြင်​လျှင် သူ​သည်​ပုန်း​အောင်း ရာ​မှ​ထွက်​၍​သူ​တို့​အား​လုပ်​ကြံ​လေ​၏။-
JDG 9:44 အ​ဘိ​မ​လက်​နှင့်​သူ​၏​လူ​စု​သည်​မြို့​တံ​ခါး ကို​စောင့်​ထိန်း​ရန်​သွား​ကြ​စဉ် အ​ခြား​လူ​နှစ်​စု တို့​လယ်​ထဲ​မှ​လူ​တို့​အား​တိုက်​ခိုက်​သတ်​ဖြတ် ပစ်​လိုက်​ကြ​လေ​သည်။-
JDG 9:45 တိုက်​ပွဲ​မှာ​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ဖြစ်​သ​တည်း။ အ​ဘိ​မ​လက်​သည်​မြို့​ကို​သိမ်း​ယူ​လိုက်​ပြီး​နောက် မြို့​သား​တို့​ကို​သတ်​ဖြတ်​၍ မြို့​ရိုး​တို့​ကို​ဖြို​ချ ကာ​မြို့​တည်​ရာ​ကို​ဆား​နှင့်​ကြဲ​ဖြန့်​လေ​သည်။
JDG 9:46 ရှေခင်​ရဲ​တိုက်​ရှိ​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ မိ​မိ​တို့​ပ​ဋိ ညာဉ်​ပြု​ထား​သည့်​ဗာလ​ဘု​ရား​ဝတ်​ကျောင်း ရှိ​ခိုင်​ခံ့​သော​အ​ခန်း​ထဲ​သို့​ဝင်​၍​နေ​ကြ​၏။-
JDG 9:47 ယင်း​သို့​သူ​တို့​ဝင်​နေ​ကြ​ကြောင်း​ကို​အ​ဘိ မ​လက်​သိ​လေ​လျှင်၊-
JDG 9:48 မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​ဇာ​လ​မုန်​တောင်​သို့ တက်​ပြီး​နောက် ပု​ဆိန်​ဖြင့်​သစ်​ကိုင်း​တစ်​ခု​ကို ခုတ်​၍​ထမ်း​၏။ မိ​မိ​၏​လူ​တို့​အား​လည်း​ထို နည်း​တူ​အ​လျင်​အ​မြန်​ပြု​ရန်​ပြော​လေ​သည်။-
JDG 9:49 သို့​ဖြစ်​၍​လူ​တိုင်း​ပင်​သစ်​ကိုင်း​တစ်​ခု​စီ​ကို ခုတ်​၍ အ​ဘိ​မ​လက်​၏​နောက်​က​လိုက်​ပြီး​လျှင် ခိုင်​ခံ့​သော​အ​ခန်း​ကို​မီး​ပုံ​ရှို့​ကြ​၏။ ရဲ​တိုက် ထဲ​မှ​လူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ကုန်​၏။ ဤ​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ​ယောကျာ်း မိန်း​မ​တစ်​ထောင်​ခန့်​ရှိ​သ​တည်း။
JDG 9:50 ထို​နောက်​အ​ဘိ​မ​လက်​သည် သေ​ဗတ်​မြို့​သို့ သွား​ရောက်​ဝိုင်း​ရံ​ထား​ပြီး​လျှင်​သိမ်း​ယူ လိုက်​လေ​သည်။-
JDG 9:51 မြို့​ထဲ​၌​ခိုင်​ခံ့​သည့်​ရဲ​တိုက်​ရှိ​၏။ ခေါင်း​ဆောင် များ​အ​ပါ​အ​ဝင်​ယောကျာ်း​မိန်း​မ​အ​ပေါင်း တို့​သည် ထို​ရဲ​တိုက်​ထဲ​သို့​ဝင်​ပြေး​ကြ​၏။ သူ တို့​သည်​ရဲ​တိုက်​ကို​အ​လုံ​ပိတ်​ပြီး​လျှင် ခေါင်​မိုး​ပေါ်​သို့​တက်​၍​နေ​ကြ​၏။-
JDG 9:52 အ​ဘိ​မ​လက်​သည်​လည်း​ရဲ​တိုက်​ကို​တိုက်​ခိုက် ရန်​လာ​၏။ သူ​သည်​ရဲ​တိုက်​တံခါး​ကို​မီး​ရှို့​ရန် ချဉ်း​ကပ်​သော​အ​ခါ၊-
JDG 9:53 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ကျိတ်​ဆုံ​ကျောက် တစ်​လုံး​ကို သူ​၏​ဦး​ခေါင်း​ပေါ်​သို့​ပစ်​ချ​လိုက် သ​ဖြင့်​သူ​၏​ဦး​ခေါင်း​ကွဲ​၍​သွား​လေ​သည်။-
JDG 9:54 ထို​အ​ခါ​သူ​သည်​မိ​မိ​၏​လက်​နက်​ကို​ကိုင် ဆောင်​သော​လူ​ငယ်​အား အ​လျင်​အ​မြန်​ခေါ် ပြီး​လျှင်``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ထုတ်​၍ ငါ့​ကို​သတ်​လော့။ ငါ​သည်​အ​မျိုး​သ​မီး​၏ လက်​ချက်​ဖြင့်​သေ​ရ​သည်​ဟူ​၍​အ​ပြော​မ​ခံ လို'' ဟု​ဆို​၏။ သို့​ဖြစ်​၍​လူ​ငယ်​သည်​အ​ဘိ မ​လက်​အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​လိုက်​လေ သည်။-
JDG 9:55 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘိ​မ​လက် သေ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​အိမ်​သို့​ပြန်​သွား​ကြ​၏။
JDG 9:56 ထို​သို့​အ​ဘိ​မ​လက်​သည်​မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​ကို​သတ်​ဖြတ်​ခြင်း​ဖြင့် ဖ​ခင်​အား ပြု​မိ​သည့်​ဒု​စ​ရိုက်​အ​ပြစ်​အ​တွက်​ဘု​ရား​သ​ခင်​ဒဏ်​ခံ​စေ​တော်​မူ​၏။-
JDG 9:57 ဂိ​ဒေါင်​၏​သား​ယော​သံ​ကျိန်​ဆဲ​ခဲ့​သည့် စ​ကား​အ​တိုင်း​ရှေ​ခင်​မြို့​သား​တို့​သည်​လည်း မိ​မိ​တို့​၏​ဆိုး​ယုတ်​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​စေ​တော်​မူ​သ​တည်း။
JDG 10:1 အ​ဘိ​မ​လက်​ကွယ်​လွန်​ပြီး​နောက် ဣ​သ​ရေ​လ လူ​မျိုး​ကို​ကယ်​ဆယ်​ရန်​ဒေါ​ဒေါ​၏​မြေး၊ ဖု​ဝါ ၏​သား​တော​လ​ပေါ်​ထွန်း​လာ​၏။ သူ​သည်​ဣ​သ ခါ​အ​နွယ်​ဝင်​ဖြစ်​၍ ဧ​ဖ​ရိမ်​တောင်​ကုန်း​ရှိ ရှ​မိ​ရ​မြို့​တွင်​နေ​ထိုင်​၏။-
JDG 10:2 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့် နှစ်​ဆယ့်​သုံး​နှစ်​မျှ​ဆောင်​ရွက် ပြီး​နောက်​ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို ရှ​မိ​ရ​မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။
JDG 10:3 တော​လ​ကွယ်​လွန်​ပြီး​နောက်​ဂိ​လဒ်​ပြည်​သား ယာ​ဣ​ရ​ပေါ်​ထွန်း​လာ​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​နှစ်​ဆယ့်​နှစ်​နှစ်​တိုင်​ခေါင်း​ဆောင် ရ​၏။-
JDG 10:4 သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​သော​သား​သုံး​ကျိပ် ရှိ​၏။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့​ပေါင်း​သုံး ဆယ်​ကို​အ​ပိုင်​စား​ရ​ရှိ​ကြ​လေ​သည်။ ထို​မြို့ တို့​သည်`ယာ​ဣ​ရ​ရွာ​များ' ဟူ​၍​ယ​နေ့​တိုင် အောင်​နာ​မည်​တွင်​လျက်​ရှိ​နေ​သေး​သ​တည်း။-
JDG 10:5 ယာ​ဣ​ရ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​ရုပ် အ​လောင်း​ကို​ကာ​မုန်​မြို့​၌​သင်္ဂြိုဟ်​ကြ​လေ သည်။
JDG 10:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗာ​လ ဘု​ရား၊ မော​ဘ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ အမ္မုန်​ဘု​ရား၊ ဖိ​လိတ္တိ ဘုရား​တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပစ်​ပယ်​၍ ကိုယ်​တော်​ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​တော့​ချေ။-
JDG 10:7 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အ​မျက်​ထွက်​တော်​မူ သ​ဖြင့် ဖိ​လတ္တိ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး သား​တို့​၏​လက်​အောက်​ခံ​ဖြစ်​စေ​တော်​မူ​၏။-
JDG 10:8 ထို​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ မော​ရိ​နယ်​မြေ​ဂိ​လဒ်​ပြည်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​ညှင်း​ပန်း​နှိပ်​စက်​ကြ​၏။-
JDG 10:9 အမ္မုန်​အ​မျိုး​သား​တို့​သည်​ယော်​ဒန်​မြစ်​ကို ပင်​လျှင် ဖြတ်​ကျော်​ကာ​ယု​ဒ​အ​နွယ်၊ ဗင်္ယာ​မိန် အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​တို့​ကို​တိုက်​ခိုက် ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှာ အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။
JDG 10:10 ထို​အ​ခါ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ဟစ်​အော်​ကာ``အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ကို​စွန့်​ပယ်​ကာ ဗာ​လ ဘု​ရား​များ​ကို​ဝတ်​ပြု​မိ​ကြ​ပါ​ပြီ'' ဟု လျှောက်​ထား​ကြ​၏။
JDG 10:11 ထာ​ဝ​ရ​ဘု​ရား​က​ဤ​သို့​ပြန်​၍​မိန့်​ကြား တော်​မူ​၏။ ``အ​တိတ်​ကာ​လ​က​အီ​ဂျစ်​အ​မျိုး သား၊ အာ​မော​ရိ​အ​မျိုး​သား၊ အမ္မုန်​အ​မျိုး​သား၊ ဖိ​လိတ္တိ​အ​မျိုး​သား၊-
JDG 10:12 ဇိ​ဒုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား နှင့်​မော​နိ​အ​မျိုး​သား​တို့​သည် သင်​တို့​အား ညှင်း​ဆဲ​နှိပ်​စက်​ကြ​သော​အ​ခါ ငါ့​ထံ​သို့​သင် တို့​အော်​ဟစ်​လျှောက်​ထား​ခဲ့​ကြ​၏။ ငါ​သည် လည်း​ထို​သူ​တို့​လက်​မှ​သင်​တို့​ကို​ကယ်​ဆယ် ခဲ့​သည်​မ​ဟုတ်​ပါ​လော။
JDG 10:13 သို့​သော်​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ အ​ခြား ဘု​ရား​တို့​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​ပြန်​၏။ ထို့ ကြောင့်​ငါ​သည်​သင်​တို့​အား​နောက်​တစ်​ဖန် ကယ်​တော့​မည်​မ​ဟုတ်။-
JDG 10:14 သင်​တို့​ရွေး​ချယ်​ထား​သည့်​အ​ခြား​ဘု​ရား များ​ထံ​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။ သင် တို့​ဒုက္ခ​ရောက်​ရာ​ကာ​လ​၌​ထို​ဘု​ရား​တို့ သည်​သင်​တို့​အား​ကယ်​ဆယ်​ပါ​လေ​စေ။''
JDG 10:15 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့ ရာ​တွင်​ယ​ခု​တစ်​ကြိမ်​သာ​လျှင် အ​ကျွန်ုပ် တို့​အား​ကယ်​ဆယ်​တော်​မူ​ပါ'' ဟု​အ​သ နား​ခံ​ကြ​၏။-
JDG 10:16 သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​လည်း စွန့်​ပယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ကုန်​၏။ ကိုယ် တော်​သည်​လည်း​ထို​သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​အ​တွက်​က​ရု​ဏာ​သက်​တော်​မူ​၏။
JDG 10:17 ထို​အ​ခါ​၌​အမ္မုန်​တပ်မ​တော်​သည်​စစ်​ပွဲ​ဝင် ရန်​အ​သင့်​ပြင်​လျက် ဂိ​လဒ်​ပြည်​တွင်​စ​ခန်း ချ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​စု​ရုံး​၍ ဂိ​လဒ်​ပြည်​မိ​ဇ​ပါ​မြို့​၌​တပ် ချ​ကြ​၏။-
JDG 10:18 သူ​တို့​က``ဤ​တိုက်​ပွဲ​တွင်​ငါ​တို့​အား​အ​ဘယ် သူ​ဦး​ဆောင်​ပါ​မည်​နည်း။ ဦး​ဆောင်​မည့်​သူ သည်​ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​ဖြစ်​လာ​စေ​ရ​မည်'' ဟု​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​နှင့်​အ​ချင်း​ချင်း​ဆွေး​နွေး တိုင်​ပင်​ကြ​၏။
JDG 11:1 သူ​ရဲ​ကောင်း​တစ်​ဦး​ဖြစ်​သူ​ယေ​ဖ​သ​သည် ပြည့်​တန်​ဆာ​မ​တစ်​ယောက်​၏​သား​ဖြစ်​၏။ သူ​၏​ဖ​ခင်​ဂိ​လဒ်​၌၊-
JDG 11:2 မ​ယား​နှင့်​ရ​သော​သား​များ​လည်း​ရှိ​၏။ ထို သူ​တို့​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ ယေ ဖ​သ​အား​နေ​အိမ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။ သူ​တို့​က``သင်​သည်​အ​ခြား​မိန်း​မ​နှင့်​ရ သော​သား​ဖြစ်​သ​ဖြင့် ငါ​တို့​ဖခင်​၏​အ​မွေ ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
JDG 11:3 ယေ​ဖ​သ​သည်​လည်း​မိ​မိ​၏​ညီ​အစ်​ကို​များ ထံ​မှ​ထွက်​ပြေး​၍ တော​ဘ​ပြည်​၌​နေ​ထိုင် လေ​သည်။ ထို​အ​ရပ်​၌​သူ​သည်​အ​ခြေ​အ​နေ မဲ့​သူ​လူ​တစ်​စု​၏​လေး​စား​မှု​ကို​ခံ​ရ သ​ဖြင့် ထို​သူ​တို့​သည်​သူ​၏​နောက်​သို့ လိုက်​ကြ​လေ​သည်။
JDG 11:4 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​စစ်​ဖြစ်​ကြ​၏။-
JDG 11:5 ထို​အ​ခါ​ဂိ​လဒ်​ပြည်​၏​ခေါင်း​ဆောင်​တို့​သည် ယေ​ဖ​သ​ကို​ခေါ်​ယူ​ရန်​တော​ဘ​ပြည်​သို့​သွား​၍၊-
JDG 11:6 သူ့​အား``အမ္မုန်​အ​မျိုး​သား​များ​ကို​တိုက်​ခိုက် ရန် ငါ​တို့​အား​ဦး​ဆောင်​ပါ'' ဟု​ပြော​ကြား ကြ​၏။
JDG 11:7 သို့​ရာ​တွင်​ယေ​ဖ​သ​က``သင်​တို့​သည်​ငါ့​ကို အ​လွန်​မုန်း​သ​ဖြင့်​အ​ဖ​အိမ်​မှ​နှင်​ထုတ်​ခဲ့ ကြ​၏။ ယ​ခု​ဒုက္ခ​ရောက်​သော​အ​ခါ​ကျ​မှ အ​ဘယ်​ကြောင့်​ငါ့​ထံ​သို့​လာ​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​သည်။
JDG 11:8 သူ​တို့​သည်​ယေ​ဖ​သ​အား``ယ​ခု​သင့်​ထံ​သို့ ငါ​တို့​လာ​ကြ​သည်​မှာ​အမ္မုန်​အ​မျိုး​သား​တို့ အား ငါ​တို့​နှင့်​အ​တူ​သွား​ရောက်​တိုက်​ခိုက်​ရန် နှင့်​ဂိလဒ်​ပြည်​သား​အ​ပေါင်း​တို့​အား​ခေါင်း ဆောင်​စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။
JDG 11:9 ယေ​ဖ​သ​က``အ​ကယ်​၍​သင်​တို့​သည်​အမ္မုန် အ​မျိုး​သား​တို့​အား တိုက်​ခိုက်​ရန်​ငါ့​ကို​အိမ် သို့​ပြန်​လည်​ခေါ်​ဆောင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သည် ဆို​ပါ​လျှင် ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​လာ ရ​မည်'' ဟု​ပြန်​ပြော​လေ​သည်။
JDG 11:10 ထို​သူ​တို့​က​လည်း``ငါ​တို့​သ​ဘော​တူ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​အ​သိ​သက်​သေ ပင်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​ကြ​၏။-
JDG 11:11 ထို့​ကြောင့်​ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​ခေါင်း​ဆောင် များ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။ လူ​တို့​သည် လည်း​သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ချီး​မြှောက်​ကြ​၏။ ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့ ၌​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် မိ မိ​တောင်း​ဆို​ချက်​များ​ကို​ပြန်​လည်​ဖော် ပြ​လျှောက်​ထား​၏။
JDG 11:12 ထို​နောက်​သူ​သည်​အမ္မုန်​ဘုရင်​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``သင်​နှင့်​ငါ​တို့​တွင်​အ​ဘယ် ရန်​စ​ရှိ​ပါ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့် ငါ​တို့​ပြည်​သို့​ချဉ်း​နင်း​ဝင်​ရောက်​ရ​ပါ သ​နည်း'' ဟု​မေး​၏။
JDG 11:13 အမ္မုန်​ဘု​ရင်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ငါ​၏​နယ်​မြေ​ကို​အာ​နုန်​မြစ်​မှ​ယဗ္ဗုတ်​မြစ် နှင့်​ယော်​ဒန်​မြစ်​တိုင်​အောင်​သိမ်း​ယူ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ယ​ခု​အ​ခါ​ထို​နယ် မြေ​ကို ငါ့​အား​ငြိမ်း​ချမ်း​စွာ​ပြန်​လည်​ပေး အပ်​ရ​ကြ​မည်'' ဟု​စေ​တ​မန်​တို့​အား​ပြန် ကြား​စေ​၏။
JDG 11:14 ယေ​ဖ​သ​သည်​အမ္မုန်​ဘု​ရင်​ထံ​သို့​စေ​တ​မန် များ​ကို​ပြန်​လည်​စေ​လွှတ်​ကာ​ဤ​သို့​ဖြေ ကြား​၏။ ``မော​ဘ​ပြည်​ကို​သော်​လည်း​ကောင်း၊ အမ္မုန်​ပြည်​ကို​သော်​လည်း​ကောင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​ခဲ့​ကြ​သည်​ဆို​သည် မှာ​မ​ဟုတ်​မ​မှန်​ပါ။-
JDG 11:16 အ​ဖြစ်​မှန်​မှာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ၌​သူ​တို့​သည်​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ အာ​က ဘာ​ပင်​လယ်​ကွေ့​အ​နီး​ကာ​ဒေ​ရှ​မြို့​သို့ ရောက်​ရှိ​ကြ​၏။-
JDG 11:17 ထို​အ​ခါ​သူ​တို့​သည်​ဧဒုံ​ဘု​ရင်​ထံ​သို့​စေ တ​မန်​များ​ကို​လွှတ်​၍ ဧ​ဒုံ​ပြည်​ကို​ဖြတ်​သွား ခွင့်​ပြု​ရန်​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ဧ​ဒုံ ဘု​ရင်​က​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​သည်​မော​ဘ ဘု​ရင်​အား​လည်း​ထို​နည်း​တူ​လျှောက်​ထား​ကြ ပြန်​၏။ ထို​ဘု​ရင်​က​လည်း​ခွင့်​မ​ပြု​ချေ။ သို့ ဖြစ်​၍​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ကာ ဒေ​ရှ​မြို့​တွင်​နေ​ထိုင်​ရ​ကြ​၏။-
JDG 11:18 ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-
JDG 11:19 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်​မြို့​ရှိ​အာ​မော​ရိ​လူ​မျိုး​တို့​၏ ဘု​ရင်၊ ရှိ​ဟုန်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်​သူ ၏​ပြည်​ကို​ဖြတ်​ကျော်​ကာ မိ​မိ​တို့​ပြည်​သို့ သွား​ရောက်​ခွင့်​ပြု​ရန်​ပန်​ကြား​လျှောက် ထား​ကြ​၏။-
JDG 11:20 သို့​ရာ​တွင်​ရှိ​ဟုန်​မင်း​က​ခွင့်​မ​ပြု​ချေ။ သူ သည်​မိ​မိ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို​စု​ရုံး စေ​ပြီး​လျှင် ယာ​ဟတ်​မြို့​သို့​လာ​ရောက်​စ​ခန်း ချ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တိုက်​ခိုက်​လေ​သည်။-
JDG 11:21 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ရှိ​ဟုန်​မင်း​နှင့်​တပ်​မ တော်​ကို​နှိမ်​နင်း​အောင်​မြင်​ခွင့်​ပေး​တော်​မူ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို ပြည်​၌​နေ​ထိုင်​သော​အာ​မော​ရိ​အ​မျိုး​သား တို့​၏​နယ်​မြေ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​၏။-
JDG 11:22 သူ​တို့​သည်​တောင်​သို့​လား​သော်​အာ​နုန်​မြစ်၊ မြောက်​သို့​လား​သော်​ယဗ္ဗုတ်​မြစ်​တိုင်​အောင် လည်း​ကောင်း၊ အ​ရှေ့​သို့​လား​သော်​သဲ​ကန္တာ​ရ၊ အ​နောက်​သို့​လား​သော်​ယော်​ဒန်​မြစ်​တိုင်​အောင် လည်း​ကောင်း​အာ​မော​ရိ​နယ်​မြေ​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​၏။-
JDG 11:23 သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အမ္မုန်​အ​မျိုး​သား တို့​အား​နှင်​ထုတ်​ပေး​တော်​မူ​သော​အ​ရှင်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။-
JDG 11:24 သင်​သည်​ထို​နယ်​မြေ​ကို​ပြန်​လည်​ရ​ယူ​ရန် ကြိုး​စား​ပါ​မည်​လော။ သင်​၏​ဘု​ရား​ခေ​မု​ရှ ပေး​အပ်​သ​မျှ​နယ်​မြေ​ကို​သင်​သိမ်း​ပိုက်​ထား နိုင်​ပါ​၏။ ငါ​တို့​အ​တွက်​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သိမ်း​ယူ​တော်​မူ​သော​နယ် မြေ​ရှိ​သ​မျှ​ကို​ငါ​တို့​သိမ်း​ပိုက်​ထား​မည်။-
JDG 11:25 သင်​သည်​မိ​မိ​ကိုယ်​ကို​မော​ဘ​ဘု​ရင်၊ ဇိ​ဖော် ၏​သား​ဗာ​လက်​ထက်​ပို​မို​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​ပါ​သ​လော။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ရန်​ပြု​၍​တိုက်​ခိုက်​ဖူး​ပါ​သ လော။-
JDG 11:26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟေ​ရှ​ဘုန် မြို့​နှင့်​အာ​ရော်​မြို့​တို့​ကို​လည်း​ကောင်း၊ ထို​မြို့ များ​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့​နှင့်​အာ​နုန်​မြစ် ကမ်း​ပေါ်​ရှိ​မြို့​မှန်​သ​မျှ​ကို​လည်း​ကောင်း နှစ် ပေါင်း​သုံး​ရာ​တိုင်​တိုင်​သိမ်း​ပိုက်​ထား​စဉ်​က သင်​သည်​အ​ဘယ်​ကြောင့်​ထို​မြို့​တို့​ကို​ပြန် လည်​မ​သိမ်း​မ​ယူ​ခဲ့​ပါ​သ​နည်း။-
JDG 11:27 ငါ​သည်​သင့်​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား။ သင်​သာ​လျှင်​ငါ့​အား​စစ်​တိုက်​ခြင်း​ဖြင့် အ​မှား​ကို​ပြု​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား သူကြီး​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​နှင့်​အမ္မုန်​အ​မျိုး​သား တို့​စပ်​ကြား​၌ ယ​နေ့​တ​ရား​စီ​ရင်​ဆုံး ဖြတ်​တော်​မူ​ပါ​လိမ့်​မည်။-''
JDG 11:28 သို့​ရာ​တွင်​အမ္မုန်​ဘု​ရင်​သည်​ယေ​ဖ​သ​ပြန် လည်​ဖြေ​ကြား​သော​စ​ကား​ကို​မည်​သို့​မျှ ပ​မာ​ဏ​မ​ပြု​ချေ။
JDG 11:29 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော် သည် ယေ​ဖ​သ​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​နှင့်​မ​နာ ရှေ​ပြည်​တစ်​လျှောက်​သို့​သွား​ပြီး​လျှင် ဂိ​လဒ် ပြည်​မိ​ဇ​ပါ​မြို့​သို့​ပြန်​လာ​သည်။ ထို နောက်​အမ္မုန်​ပြည်​သို့​ချီ​တက်​လေ​၏။-
JDG 11:30 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဤ​သို့​သစ္စာ က​တိ​ပြု​၏။ ``အ​ကယ်​၍​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​အမ္မုန်​အ​မျိုး​သား​တို့​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်​ဆို​ပါ​က၊-
JDG 11:31 အ​ကျွန်ုပ်​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​အိမ်​မှ ဦး​စွာ​ပ​ထ​မ​ထွက်​လာ​သူ​အား မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ဖြင့်​ကိုယ်​တော်​အား​ပူ​ဇော်​ဆက် သ​ပါ​မည်။''
JDG 11:32 သို့​ဖြစ်​၍​ယေ​ဖ​သ​သည်​မြစ်​ကို​ကူး​ဖြတ် ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ရာ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​၏။-
JDG 11:33 သူ​သည်​ရန်​သူ​များ​ကို​အာ​ရော်​မြို့​မှ​အ​စ​ပြု ၍ မိန္နိတ်​မြို့​၏​ပတ်​ဝန်း​ကျင်​ဒေ​သ​တစ်​လျှောက် ရှိ​မြို့​ပေါင်း​နှစ်​ဆယ်​ကို​လည်း​ကောင်း၊ အာ​ဗေ လ​ခေ​ရ​မိမ်​မြို့​သို့​တိုင်​အောင်​လည်း​ကောင်း လိုက် လံ​တိုက်​ခိုက်​ရာ​လူ​သတ်​ပွဲ​ကြီး​ဖြစ်​ခဲ့​၏။ သို့ ဖြစ်​၍​အမ္မုန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရာ​တွင်​အ​ရေး ရှုံး​နိမ့်​သွား​လေ​၏။
JDG 11:34 ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့​နေ​အိမ်​သို့​ပြန်​လာ သော​အ​ခါ သ​မီး​ဖြစ်​သူ​သည်​ပတ်​သာ​ကို​တီး ၍​က​ခုန်​လျက် သူ့​အား​ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​လာ​၏။ သူ​သည်​ကား​တစ်​ဦး​တည်း​သော သ​မီး​ဖြစ်​သတည်း။-
JDG 11:35 ယေ​ဖ​သ​သည်​သူ့​ကို​မြင်​သော​အ​ခါ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက် မိ​မိ​အ​ဝတ်​ကို​ဆွဲ ဆုတ်​ကာ``အို ငါ့​သမီး၊ သင်​သည်​ငါ​၏​စိတ်​နှ​လုံး ကို​ကြေ​ကွဲ​စေ​လေ​ပြီ။ ငါ့​အား​စိတ်​ဝေ​ဒ​နာ ခံ​စား​စေ​သူ​မှာ​အ​ဘယ်​ကြောင့်​သင်​ဖြစ်​ရ ပါ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကြီး​လေး​သည့်​သစ္စာ​က​တိ​ကို​ပြန်​လည်​ရုတ် သိမ်း​၍​မ​ရ​တော့​ပါ'' ဟု​ပြော​၏။
JDG 11:36 သူ​ငယ်​မ​က​လည်း``အ​ကယ်​၍​ဖ​ခင်​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြုထား​ပြီး​ပြီ​ဟု​ဆို လျှင် ထို​သစ္စာ​က​တိ​အ​တိုင်း​ကျွန်​မ​အား​ပြု ပါ​လေ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဖ​ခင်​အား​မိ​မိ ၏​ရန်​သူ​တို့​အ​ပေါ်​၌​လက်​စား​ချေ​ခွင့်​ကို ပေး​တော်​မူ​ပါ​ပြီ။-
JDG 11:37 သို့​ရာ​တွင်​ကျွန်မ​တစ်​ခု​တောင်း​ခံ​ပါ​ရ​စေ။ ကျွန်​မ​သည်​အ​ပျို​စင်​ဘ​ဝ​ဖြင့်​အ​သက်​ကုန် ဆုံး​ရ​သည့်​အ​တွက် အ​ပေါင်း​အ​ဖော်​များ​နှင့် အ​တူ​တောင်​ရိုး​ပေါ်​တွင်​လှည့်​လည်​၍ ငို​ကြွေး မြည်​တမ်း​နိုင်​ရန်​နှစ်​လ​မျှ​ကျွန်​မ​အား လွတ်​လွတ်​လပ်​လပ်​နေ​ခွင့်​ပြု​ပါ'' ဟု​တောင်း ပန်​၏။-
JDG 11:38 ယေ​ဖ​သ​သည်​သမီး​ဖြစ်​သူ​အား​နှစ်​လ​မျှ ခွင့်​ပြု​၍ ထွက်​ခွာ​သွား​စေ​လေ​သည်။ သူ​ငယ်​မ သည်​အိမ်​ထောင်​မ​ကျ၊ သား​သ​မီး​မ​ရ​ဘဲ သေ​ဆုံး​ရ​တော့​မည်​ဖြစ်​၍ သူ​နှင့်​တ​ကွ​သူ ၏​အ​ပေါင်း​အ​ဖော်​တို့​သည်​တောင်​ရိုး​ပေါ် သို့​တက်​၍​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။-
JDG 11:39 နှစ်​လ​မျှ​ကြာ​သော​အ​ခါ​သူ​သည်​မိ​မိ​၏ ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​သည်။ ဖ​ခင်​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​သစ္စာ​က​တိ ပြု​ထား​သည့်​အ​တိုင်း​ပြု​သ​ဖြင့် သူ​ငယ်​မ သည်​အ​ပျို​စင်​အ​ဖြစ်​နှင့်​ပင်​လျှင်​ဘ​ဝ ဆုံး​ရ​လေ​တော့​၏။ ဤ​အ​ဖြစ်​အပျက်​ကြောင့်၊-
JDG 11:40 ဣ​သ​ရေ​လ​ပြည်​ဂိ​လဒ်​မြို့​သား​ယေ​ဖ​သ ၏​သ​မီး​အ​တွက်​နှစ်​စဉ်​နှစ်​တိုင်း​လေး​ရက်​မျှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်​ထွက်​၍ ငို​ကြွေး​မြည်​တမ်း​ကြ​သည့်​ဋ္ဌ​လေ့​ထုံး​စံ​ရှိ သတည်း။
JDG 12:1 ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​တိုက်​ရန်​ပြင် ဆင်​ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကျော်​ကာ​ဇာ​ဖုန်​မြို့​သို့​ချီ​သွား​ပြီး​လျှင် ယေ​ဖ​သ​အား``သင်​တို့​သည်​ငါ​တို့​ကို​မ​ခေါ် ဘဲ​အ​ဘယ်​ကြောင့်​အမ္မုန်​အ​မျိုး​သား​တို့​အား ချီ​တက်​တိုက်​ခိုက်​ခဲ့​ပါ​သ​နည်း။ သင်​ရှိ​ရာ သင်​၏​အိမ်​ကို​ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်'' ဟု​ပြော​၏။
JDG 12:2 သို့​ရာ​တွင်​ယေ​ဖ​သ​က``ငါ​နှင့်​ငါ​၏​လူ​တို့ သည်​အမ္မုန်​အ​မျိုး​သား​တို့​နှင့်​ပြင်း​ပြင်း​ထန် ထန်​ခိုက်​ရန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​သည်​သင်​တို့​ကို ခေါ်​သော်​လည်း ငါ​တို့​အား​ထို​သူ​တို့​လက်​မှ သင်​တို့​မ​ကယ်​ဘဲ​နေ​ခဲ့​ကြ​သည်။-
JDG 12:3 ယင်း​သို့​ငါ​တို့​အား​သင်​တို့​ကယ်​ကြ​မည့် ပုံ​မ​ပေါ်​သော​အ​ခါ ငါ​သည်​အ​သက်​စွန့်​၍ အမ္မုန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​ချီ သွား​ခဲ့​ရ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း ငါ့​အား​သူ​တို့​၏​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​သင် သည်​ယ​ခု​ငါ့​အား​လာ​ရောက်​တိုက်​ခိုက် ပါ​သ​နည်း'' ဟု​ပြန်​ပြော​၏။-
JDG 12:4 ထို​နောက်​ယေ​ဖ​သ​သည်​ဂိလဒ်​သူ​ရဲ​အ​ပေါင်း တို့​ကို​စု​ရုံး​စေ​လျက် ဧ​ဖ​ရိမ်​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​လေ​သည်။ (ဧ​ဖ​ရိမ်​ပြည် နှင့်​မ​နာ​ရှေ​ပြည်​တွင်​နေ​ထိုင်​သော​ဂိ​လဒ် ပြည်​သား​တို့​သည် သစ္စာ​ဖောက်​၍​ဧ​ဖ​ရိမ် ပြည်​မှ​ထွက်​သွား​သူ​များ​ဟူ​၍​စွပ်​စွဲ ပြော​ဆို​ခဲ့​သ​တည်း။-)
JDG 12:5 ဧ​ဖ​ရိမ်​ပြည်​သား​တို့​မ​လွတ်​မြောက်​နိုင်​စေ ရန်​ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ် တစ်​ဘက်​ကမ်း​သို့​ကူး​ဖြတ်​နိုင်​သည့်​နေ ရာ​ရှိ​သ​မျှ​ကို​သိမ်း​ထား​ကြ​၏။-
JDG 12:6 ဧ​ဖ​ရိမ်​ပြည်​သား​တစ်​စုံ​တစ်​ယောက်​သည် ထွက်​မြောက်​နိုင်​ရန် မြစ်​ကို​ဖြတ်​ကူး​ခွင့်​တောင်း ခံ​သည့်​အ​ခါ​တိုင်း​ဂိ​လဒ်​ပြည်​သား​တို့ က``သင်​သည်​ဧ​ဖ​ရိမ်​ပြည်​သား​လော'' ဟု မေး​စစ်​၏။ ``မ​ဟုတ်​ပါ'' ဟု​ဆို​လျှင်``ရှိ​ဗော လက်'' ဟူ​သော​စ​ကား​ကို​ဆို​စေ​၏။ သို့​ရာ တွင်​အ​ကယ်​၍​ထို​သူ​သည်​စ​ကား​ကို ပီ​သ​စွာ​မ​ပြော​နိုင်​ဘဲ``သိ​ဗော​လက်'' ဟု ဆို​ခဲ့​သော်​သူ့​အား​ဖမ်း​ဆီး​၍​ယော်​ဒန် မြစ်​ကူး​ရာ​အ​ရပ်​၌​သတ်​ကြ​သည်။ ထို စစ်​ပွဲ​၌​ဧ​ဖ​ရိမ်​ပြည်​သား​လေး​သောင်း နှစ်​ထောင်​ကျ​ဆုံး​ရ​ကြ​လေ​သည်။
JDG 12:7 ယေ​ဖ​သ​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​ခြောက်​နှစ်​မျှ​ခေါင်း​ဆောင်​ပြီး​နောက် ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို​ဂိ​လဒ် ပြည်​ရှိ​သူ​၏​ဌာ​နေ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။
JDG 12:8 ယေ​ဖ​သ​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ လူ​မျိုး​အား ခေါင်း​ဆောင်​သူ​မှာ​ဗက်​လင်​မြို့ သား​ဣ​ဗ​ဇန်​ဖြစ်​၏။ သူ​၌​သား​သုံး​ဆယ် နှင့်​သမီး​သုံး​ဆယ်​ရှိ​၏။-
JDG 12:9 သူ​သည်​မိ​မိ​၏​သ​မီး​တို့​အား​မိ​မိ​သား ချင်း​စု​ဝင်​မ​ဟုတ်​သူ​များ​နှင့်​ထိမ်း​မြား ပေး​၍ မိ​မိ​သား​များ​အား​မိ​မိ​သား​ချင်း စု​ဝင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​များ နှင့်​ထိမ်း​မြား​ပေး​လေ​သည်။ ဣ​ဗ​ဇန်​သည် ဣ​သ​ရေ​လ​အ​မျိုး​အား​ခု​နစ်​နှစ်​မျှ ခေါင်း​ဆောင်​ရ​ပြီး​နောက်၊-
JDG 12:10 ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို ဗက်​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။
JDG 12:11 ဣ​ဗ​ဇန်​ကွယ်​လွန်​ပြီး​နောက် ဇာ​ဗု​လုန်​မြို့​သား ဧ​လုန်​သည်​ဆယ်​နှစ်​မျှ ဣ​သ​ရေ​လ​လူ​မျိုး​၏ ခေါင်း​ဆောင်​ဖြစ်​လာ​၏။-
JDG 12:12 ထို​နောက်​သူ​သည်​ကွယ်​လွန်​သော်​သူ​၏​ရုပ် အ​လောင်း​ကို ဇာ​ဗု​လုန်​နယ်​မြေ​ရှိ​အာ​ဇ​လုန် မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။-
JDG 12:13 ဧ​လုန်​ကွယ်​လွန်​ပြီး​နောက်​ပိ​ရ​သုန်​မြို့​နေ​ဟိ လေ​လ​၏​သား​အာ​ဗ​ဒုန်​သည် ဣ​သ​ရေ​လ လူ​မျိုး​ကို​ခေါင်း​ဆောင်​ရ​၏။-
JDG 12:14 သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​နင်း​သော​သား လေး​ဆယ်​နှင့်​မြေး​သုံး​ဆယ်​ရှိ​၏။ အာ​ဗ​ဒုန် သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို​ရှစ်​နှစ်​မျှ ခေါင်း​ဆောင်​ပြီး​လျှင်၊-
JDG 12:15 ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို​အာ မ​လက်​တောင်​ကုန်း​ဒေ​သ၊ ဧ​ဖ​ရိမ်​နယ်​ရှိ ပိ​ရ​သုန်​မြို့​၌​သင်္ဂြိုဟ်​ကြ​၏။
JDG 13:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သို့ ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​အ​နှစ် လေး​ဆယ်​ပတ်​လုံး ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ၏​စိုး​မိုး​အုပ်​ချုပ်​မှု​ကို​ခံ​စေ​တော်​မူ​၏။
JDG 13:2 ထို​ကာ​လ​၌​ဒန်​အ​နွယ်​ဝင်​ဇော​ရာ​မြို့​သား မာ​နော်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး​မှာ​မြုံ​၍​နေ​သ​ဖြင့်​သား​သ​မီး​မ​ရ နိုင်​ပေ။-
JDG 13:3 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ထို အ​မျိုး​သ​မီး​၏​ရှေ့​တွင်​ပေါ်​လာ​၍``သင်​သည် အ​ဘယ်​အ​ခါ​မျှ​သား​သ​မီး​မ​ရ​နိုင်​ခဲ့ သော်​လည်း မ​ကြာ​မီ​ကိုယ်​ဝန်​ဆောင်​၍​သား ယောကျာ်း​ကို​ဖွား​မြင်​လိမ့်​မည်။-
JDG 13:4 သို့​ဖြစ်​၍​စပျစ်​ရည်​ကို​သော်​လည်း​ကောင်း၊ သေ ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း ဘယ်​အ​ခါ ၌​မျှ​မ​သောက်​နှင့်။ တား​မြစ်​ထား​သည့်​အ​စား အ​စာ​မှန်​သ​မျှ​ကို​လည်း​ရှောင်​လော့။-
JDG 13:5 သင်​သည်​သား​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏ ဆံ​ပင်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​ရိတ်​နှင့်။ အ ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​ငယ်​သည်​မိ​မိ ဖွား​မြင်​ချိန်​မှ​စ​၍​နာ​ဇ​ရိ​ဂိုဏ်း​ဝင် အ​ဖြစ်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သော​ကြောင့်​တည်း။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​မှ ကယ်​ဆယ်​ခြင်း​ကို​အ​စ​ပြု​လိမ့်​မည်'' ဟု ဆို​၏။
JDG 13:6 ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​ခင် ပွန်း​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင်​၏​စေ​တ​မန် တော်​သည်​ကျွန်​မ​ထံ​သို့​လာ​ပါ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​ပင် ကြောက်​မက်​ဖွယ်​ရာ​အ​ဆင်း​ကို​ဆောင်​ပါ​၏။ ကျွန်​မ​သည်​သူ့​အား`သင်​အ​ဘယ်​အ​ရပ်​မှ လာ​သ​နည်း' ဟူ​၍​မ​မေး​ပါ။ သူ​က​လည်း သူ​၏​နာ​မည်​ကို​ကျွန်​မ​အား​မ​ပြော​ပါ။-
JDG 13:7 သို့​ရာ​တွင်​ကျွန်​မ​သည်​ကိုယ်​ဝန်​ဆောင်​၍ သား​ယောကျာ်း​ကို​ဖွား​မြင်​မည်​ဖြစ်​ကြောင်း ကို​မူ ဧ​ကန်​အ​မှန်​ပင်​ကျွန်​မ​အား​သူ​ပြော ပါ​၏။ က​လေး​သူ​ငယ်​သည်​အ​သက်​ရှင်​သ မျှ​ကာ​လ​ပတ်​လုံး​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​ထား​သူ ဖြစ်​မည်​ဖြစ်​၍ ကျွန်​မ​အား​စ​ပျစ်​ရည်​ကို သော်​လည်း​ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော် လည်း​ကောင်း​မ​သောက်​ရန်​နှင့် တား​မြစ်​ထား သည့်​အစား​အ​စာ​မှန်​သ​မျှ​ကို​ရှောင်​ကြဉ် ရန်​ပြော​ပါ​သည်'' ဟု​ဆို​လေ​သည်။
JDG 13:8 ထို​အ​ခါ​မာ​နော်​သည်``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စေ​လွှတ်​ခဲ့​သူ​အား​ကျေး​ဇူး​ပြု​၍ အ​ကျွန်ုပ်​တို့​ထံ​သို့​တစ်​ဖန်​ပြန်​လည်​စေ​လွှတ် ပေး​တော်​မူ​၍ သား​ငယ်​မွေး​ဖွား​လာ​သော အ​ခါ​သူ့​အား​အကျွန်ုပ်​တို့​အ​ဘယ်​သို့​ပြု ကြ​ရ​မည်​ကို​လည်း​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
JDG 13:9 ဘု​ရား​သ​ခင်​သည်​လည်း​မာ​နော်​တောင်း လျှောက်​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် ကိုယ် တော်​၏​ကောင်း​ကင်​တ​မန်​သည်​လယ်​ထဲ​၌ ထိုင်​နေ​သော​အ​မျိုး​သ​မီး​ထံ​သို့​ပြန်​လာ လေ​သည်။ ထို​အ​ခါ​၌​သူ​၏​ခင်​ပွန်း မာ​နော်​မှာ​သူ​နှင့်​အ​တူ​မ​ရှိ​ချေ။-
JDG 13:10 သို့​ဖြစ်​၍​သူ​သည်​ချက်​ချင်း​ပြေး​၍​မိ​မိ​၏ ခင်​ပွန်း​အား``တစ်​နေ့​က​ကျွန်​မ​ထံ​သို့​လာ သူ​သည်​ယ​ခု​ပြန်​လည်​ရောက်​ရှိ​နေ​ပါ​ပြီ'' ဟု​ပြော​၏။
JDG 13:11 မာ​နော်​သည်​လည်း​ထ​၍​မိ​မိ​ဇနီး​နောက်​သို့ လိုက်​သွား​ပြီး​လျှင်​သူ့​အား``သင်​သည်​အ​ကျွန်ုပ် ၏​ဇ​နီး​နှင့်​စ​ကား​ပြော​ခဲ့​သူ​မှန်​ပါ​သ​လော'' ဟု​မေး​၏။ ``မှန်​ပါ​သည်'' ဟု​ထို​သူ​က​ဆို​၏။
JDG 13:12 မာ​နော်​က``သို့​ဖြစ်​ပါ​လျှင်​သင်​ပြော​သည့် အ​တိုင်း​ဖြစ်​ပျက်​လာ​သော​အ​ခါ ထို​သူ​ငယ် သည်​အ​ဘယ်​အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နေ​ထိုင်​ပြု​မူ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။
JDG 13:13 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သင်​၏​ဇနီး​သည်​သူ့​အား​ငါ​ပြော​ပြ ခဲ့​သ​မျှ​သော​အရာ​တို့​ကို​သေ​ချာ​စွာ​ဆောင် ရွက်​ရ​မည်။-
JDG 13:14 သူ​သည်​စ​ပျစ်​နွယ်​ပင်​မှ​ရ​ရှိ​သည့်​အ​ရာ​ဟူ သ​မျှ​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို​သော်​လည်း ကောင်း၊ သေ​ရည်​သေ​ရက်​ကို​သော်​လည်း​ကောင်း မ​သောက်​ရ။ တား​မြစ်​ထား​သည့်​အ​စား​အ​စာ မှန်​သ​မျှ​ကို​ရှောင်​ရ​မည်။ သူ​သည်​ငါ​မှာ​ကြား ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို​ပြု​ရ​မည်'' ဟု ပြန်​ပြော​လေ​သည်။
JDG 13:15 မာ​နော်​သည်​ထို​သူ​မှာ​ကောင်း​ကင်​တ​မန်​ဖြစ် ကြောင်း​ကို​မ​သိ​သ​ဖြင့်​သူ့​အား``ကျေး​ဇူး​ပြု ၍​မ​သွား​ပါ​နှင့်​ဦး။ သင့်​အ​တွက်​ဆိတ်​ငယ် တစ်​ကောင်​ကို​အ​ကျွန်ုပ်​တို့​ချက်​ပြုတ်​ပါ​ရ စေ'' ဟု​ဆို​၏။ သို့​သော်​ကောင်း​ကင်​တ​မန်​က``အ​ကယ်​၍​ငါ သည်​မ​သွား​ဘဲ​နေ​လျှင်​လည်း သင်​၏​အ​စား အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ထို အ​စား​အ​စာ​တို့​ကို​သင်​ပြင်​ဆင်​လို​သည် ဆို​ပါ​မူ ယင်း​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့'' ဟု ဆို​လေ​သည်။
JDG 13:17 မာ​နော်​က​လည်း​သင်​၏​နာ​မည်​ကို​အ​ကျွန်ုပ် သိ​ပါ​ရ​စေ။ သို့​မှ​သာ​လျှင်​သင်​ပြော​ဆို​သည့် စ​ကား​များ​မှန်​ကန်​လာ​သော​အ​ခါ သင့်​အား အ​ကျွန်ုပ်​တို့​ဂုဏ်​ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ပြန် ပြော​၏။
JDG 13:18 ကောင်း​ကင်​တ​မန်​က``ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း။ ယင်း​မှာ​အံ့​သြ​ဖွယ် ကောင်း​သည့်​နာ​မ​ဖြစ်​၏'' ဟု​ဆို​၏။
JDG 13:19 သို့​ဖြစ်​၍​မာ​နော်​သည်​ဆိတ်​ငယ်​တစ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ကျောက်​ယဇ်​ပလ္လင်​ပေါ် တွင်​တင်​ပြီး​လျှင် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် လေ​၏။-
JDG 13:20 ယဇ်​ပလ္လင်​မှ​မီးလျှံ​များ​အ​ထက်​သို့​တက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​မီး လျှံ​ထဲ​မှ​နေ​၍ ကောင်း​ကင်​ဘုံ​သို့​တက်​သွား​သည် ကို​မာ​နော်​တို့​ဇ​နီး​မောင်​နှံ​တွေ့​မြင်​ရ​ကြ​လေ သည်။ ထို​အ​ခါ​ကျ​မှ​ထို​သူ​သည်​ကောင်း​ကင် တ​မန်​ဖြစ်​ကြောင်း​ကို​မာ​နော်​သိ​ရှိ​ရ​သ​တည်း။ သို့​ဖြစ်​၍​သူ​တို့​ဇ​နီး​မောင်​နှံ​နှစ်​ယောက်​သည် မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​ကြ​၏။ ထို​ကောင်း​ကင် တ​မန်​ကို​မူ​ကား​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​သူ​တို့​မ​တွေ့​မ​မြင်​ရ​ကြ​တော့​ချေ။
JDG 13:22 မာ​နော်​က​မိ​မိ​၏​ဇနီး​အား``ငါ​တို့​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​ပြီ​ဖြစ်​၍​အ​မှန် ပင်​သေ​ရ​ကြ​ပေ​တော့​အံ့'' ဟု​ဆို​၏။
JDG 13:23 သို့​ရာ​တွင်​ဇ​နီး​ဖြစ်​သူ​က``အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​သေ​စေ​လို​သည်​ဆို​ပါ​မူ ငါ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​လက်​ခံ​တော်​မူ မည်​မ​ဟုတ်။ ဤ​သို့​သော​စ​ကား​တို့​ကို​လည်း​ဤ အ​ချိန်​အ​ခါ​၌​မိန့်​တော်​မူ​မည်​မ​ဟုတ်'' ဟု ပြန်​ပြော​လေ​သည်။
JDG 13:24 ထို​အ​မျိုး​သ​မီး​သည်​သား​ယောကျာ်း​ကို ဖွား​မြင်​၍ သူ​ငယ်​အား​ရှံ​ဆုန်​ဟူ​သော​အ​မည် ဖြင့်​မှည့်​၏။ က​လေး​ငယ်​သည်​လည်း​ကြီး​ပြင်း လာ​ရာ​ဘု​ရား​သ​ခင်​သည်​သူ့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။-
JDG 13:25 သူ​ငယ်​သည်​ဇော​ရာ​မြို့​နှင့်​ရှေ​တော​လ​မြို့ စပ်​ကြား​ဒန်​တပ်​စ​ခန်း​၌​ရှိ​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား​စ​တင် ၍​ခွန်​အား​ကြီး​မား​လာ​စေ​တော်​မူ​သည်။
JDG 14:1 တစ်​နေ့​သ​၌​ရှံ​ဆုန်​သည်​တိ​မ​န​မြို့​သို့​ရောက် ရှိ​သွား​ရာ ထို​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး​သ​မီး က​လေး​တစ်​ဦး​ကို​တွေ့​မြင်​လေ​သည်။-
JDG 14:2 သူ​သည်​အိမ်​သို့​ပြန်​ပြီး​လျှင်​မိ​မိ​၏​မိ​ဘ​တို့ အား``တိ​မ​န​မြို့​တွင်​ကျွန်​တော်​သ​ဘော​ကျ သော​မိန်း​က​လေး​တစ်​ယောက်​ရှိ​ပါ​သည်။ သူ နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့်​သူ့​အား တောင်း​ရမ်း​ပေး​ကြ​ပါ'' ဟု​ပြော​၏။
JDG 14:3 သို့​ရာ​တွင်​သူ​၏​မိ​ဘ​တို့​က``သင်​သည်​မိန်း​မ တစ်​ယောက်​ရ​ရှိ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ သို့​အ​ဘယ်​ကြောင့်​သွား​ရ​ပါ​မည်​နည်း။ ငါ တို့​အ​မျိုး​သား​အ​ချင်း​ချင်း​အ​ထဲ​မှ​သော် လည်း​ကောင်း၊ ငါ​တို့​သား​ချင်း​စု​ထဲ​မှ​သော် လည်း​ကောင်း​မိန်း​က​လေး​တစ်​ယောက်​ကို ရှာ​၍​မ​ရ​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး ကြ​၏။ ရှံ​ဆုန်​က​လည်း​မိ​မိ​၏​ဖ​ခင်​အား``ထို​အ​မျိုး သ​မီး​ကို​သာ​လျှင်​ကျွန်​တော်​၏​အ​တွက်​တောင်း ရမ်း​ပေး​စေ​လို​ပါ​သည်။ သူ့​အား​ကျွန်​တော်​နှစ် သက်​ပါ​သည်'' ဟု​ဆို​၏။
JDG 14:4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား တိုက်​ခိုက်​ရန်​အ​ခွင့်​အ​ခါ​ကို​ရှာ လျက်​ရှိ​သ​ဖြင့် ရှံ​ဆုန်​အား​ဤ​အ​မှု​အ​ရာ​ကို ပြု​စေ​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​မူ​သူ​၏ မိ​ဘ​တို့​သည်​မ​သိ​ကြ။ ထို​ကာ​လ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ဝယ် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကြီး​စိုး​လျက်​နေ သော​ကာ​လ​တည်း။
JDG 14:5 သို့​ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​မိ​ဘ​တို့​နှင့် အ​တူ​တိ​မ​န​မြို့​သို့​သွား​လေ​သည်။ သူ​တို့ သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​သန်း​သွား ကြ​စဉ် ခြင်္သေ့​ငယ်​တစ်​ကောင်​ဟောက်​လျက်​နေ သံ​ကို​ရှံ​ဆုန်​ကြား​ရ​၏။-
JDG 14:6 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ​၏။ သို့ ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​လက်​နှစ်​ဘက်​တည်း ဖြင့် ထို​ခြင်္သေ့​အား​ဆိတ်​ငယ်​က​လေး​ကို​ဆွဲ​ဖဲ့ သ​ကဲ့​သို့​ဆွဲ​ဖဲ့​ပစ်​လိုက်​လေ​သည်။ သို့​ရာ​တွင် သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​အ​မှု​ကို​မိ​ဘ​တို့ အား​မ​ပြော​ဘဲ​နေ​၏။
JDG 14:7 ထို​နောက်​သူ​သည်​သူ​ငယ်​မ​ထံ​သို့​သွား​၍ တွေ့​ဆုံ​စ​ကား​ပြော​ကြည့်​ရာ​သူ​ငယ်​မ​ကို နှစ်​သက်​သ​ဘော​ကျ​လေ​သည်။-
JDG 14:8 ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ရှံ​ဆုန်​သည် ထို​သူ​ငယ်​မ​နှင့်​လက်​ထပ်​ထိမ်း​မြား ရန်​ပြန်​လာ​၏။ ထို​ခ​ရီး​တွင်​သူ​သည်​လမ်း​မ မှ​လွှဲ​ရှောင်​ကာ မိ​မိ​ယ​ခင်​က​သတ်​ခဲ့​သည့် ခြင်္သေ့​ကို​ကြည့်​ရှု​ရန်​သွား​ရာ​ခြင်္သေ့​အ​သေ ကောင်​ထဲ​၌​ပျား​အုံ​နှင့်​ပျား​များ​ကို​တွေ့ ရှိ​ရ​သ​ဖြင့်​အံ့​သြ​၍​သွား​လေ​သည်။-
JDG 14:9 သူ​သည်​ပျား​ရည်​အ​နည်း​ငယ်​ကို​လက်​ထဲ သို့​ခြစ်​ယူ​ကာ​ခ​ရီး​ပြု​ရင်း​စား​၏။ မိ​ဘ တို့​ထံ​သို့​ရောက်​သော​အ​ခါ​၌​သူ​တို့​အား လည်း​အ​နည်း​ငယ်​ပေး​၍​စား​စေ​၏။ သို့​ရာ တွင်​ပျား​ရည်​ကို​ခြင်္သေ့​အ​သေ​ကောင်​၏ အ​ထဲ​မှ​ရ​ရှိ​ကြောင်း​ကို​မူ​ရှံ​ဆုန်​သည် သူ​တို့​အား​မ​ပြော​ချေ။
JDG 14:10 သူ​၏​ဖ​ခင်​သည်​ချွေး​မ​၏​အိမ်​သို့​တစ်​ဖန် သွား​ရောက်​၏။ ရှံ​ဆုန်​သည်​လူ​ပျို​လူ​ရွယ်​တို့ ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​စား​သောက် ပွဲ​ကို​ကျင်း​ပ​၏။-
JDG 14:11 အ​ရပ်​သား​တို့​သည်​သူ့​ကို​မြင်​လျှင်​လူ​ပျို လူ​ရွယ်​သုံး​ဆယ်​ကို​သူ​နှင့်​အ​တူ​ပွဲ​ခံ​စေ ခြင်း​ငှာ​စေ​လွှတ်​လိုက်​ကြ​၏။-
JDG 14:12 ရှံ​ဆုန်​က​သူ​တို့​အား``သင်​တို့​အား​စ​ကား ထာ​ကို​ငါ​ဝှက်​မည်။ သင်​တို့​သည်​မင်္ဂ​လာ​ဆောင် ပွဲ​ရက်​ခု​နစ်​ရက်​မ​လွန်​မီ​ဖော်​နိုင်​လျှင် ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ကို​ငါ​ပေး​မည်။-
JDG 14:13 မ​ဖော်​နိုင်​လျှင်​ငါ့​အား​သင်​တို့​က​ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ပေး​ကြ​ရ​မည်'' ဟု​ဆို​၏။ ``သူ​တို့​က​စ​ကား​ထာ​ကို​ဝှက်​သာ​ဝှက်​ပါ။ ငါ​တို့​နား​ထောင်​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။
JDG 14:14 ရှံ​ဆုန်​က၊ ``စား​သူ့​အ​ထဲ​မှ​စား​စ​ရာ၊သန်​သူ့​အ​ထဲ​မှ​ချို မြိန်​ရာ၊ ထွက်​ပေါ်​လာ​ခဲ့​တာ'' ဟု​ဆို​လေ​သည်။ သုံး​ရက်​ကြာ​သော်​လည်း​ထို သူ​တို့​သည်​စ​ကား​ထာ​ကို​မ​ဖော်​နိုင်​ကြ သေး​ပေ။
JDG 14:15 လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​က ရှံ​ဆုန်​၏ ဇ​နီး​အား``သင်​၏​ခင်​ပွန်း​ကို​လှည့်​ဖြား​၍​ထို စ​ကား​ထာ​ကို​ငါ​တို့​သိ​ရှိ​ရ​အောင်​ဖော်​ပြ ခိုင်း​ပါ​လော့။ အ​ကယ်​၍​ဤ​သို့​သင်​မ​ပြု​ပါ မူ​သင်​နှင့်​တ​ကွ​သင့်​ဖ​ခင်​၏​နေ​အိမ်​ကို​ပါ ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်။ သင်​တို့​ဇ​နီး မောင်​နှံ​နှစ်​ယောက်​သည် ငါ​တို့​၏​ပစ္စည်း​ဥစ္စာ ကို​လု​ယူ​လို​၍​ငါ​တို့​အား​ဖိတ်​ခေါ်​ခဲ့ သည်​မ​ဟုတ်​လော'' ဟု​ကြိမ်း​မောင်း​ကြ​၏။
JDG 14:16 ထို့​ကြောင့်​ရှံ​ဆုန်​၏​ဇ​နီး​သည်​မျက်​ရည်​စက် လက်​နှင့်​သူ့​ထံ​သို့​သွား​၍``သင်​သည်​ကျွန်​မ ကို​ချစ်​သူ​မ​ဟုတ်။ မုန်း​သူ​သာ​ဖြစ်​သည်။ ကျွန်​မ အား​မ​ဖော်​ပြ​ဘဲ​ကျွန်​မ​၏​မိတ်​ဆွေ​များ​အား စ​ကား​ထာ​ဝှက်​ထား​လေ​ပြီ'' ဟု​ဆို​လေ​သည်။ ရှံ​ဆုန်​က​လည်း``ငါ​သည်​မိ​ဘ​တို့​ကို​ပင်​မ ဖော်​ပြ​ဘဲ သင့်​အား​ဖော်​ပြ​ရ​မည်​လော'' ဟု ပြန်​ပြော​၏။-
JDG 14:17 ထို​အ​မျိုး​သ​မီး​သည်​ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ပွဲ​ရက်​ခု​နစ်​ရက်​စ​လုံး​ပင်​ငို​ကြွေး​လျက်​နေ​၏။ သို့​ရာ​တွင်​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​သူ သည်​အ​လွန်​ပူ​ဆာ​သ​ဖြင့် ရှံ​ဆုန်​သည်​သူ့​အား စ​ကား​ထာ​ကို​ဖော်​ပြ​လိုက်​တော့​၏။ ထို​အ​ခါ သူ​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ပြော​ပြ​လိုက်​လေ​သည်။-
JDG 14:18 သို့​ဖြစ်​၍​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​အိပ် ခန်း​အ​တွင်း​သို့ ရှံ​ဆုန်​မ​ဝင်​မီ​ထို​မြို့​သား တို့​က၊ ``ပျား​ရည်​ထက်​ချို​မြိန်​သော​အ​ရာ၊ ခြင်္သေ့​ထက်​သန်​စွမ်း​သော​သူ​ရှိ​နိုင်​ပါ​သ​လော'' ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း ``အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​နွား​မ​နှင့် မ​ထွန်​မ​ယက်​ရ​လျှင် ငါ့​စ​ကား​ထာ​ကို​ဖော်​ပြ​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြန်​ပြော​လေ​သည်။
JDG 14:19 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရှံ​ဆုန် အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ သ​ဖြင့် သူ​သည်​အာ​ရှ​ကေ​လုန်​မြို့​သို့​သွား ပြီး​လျှင်​လူ​သုံး​ဆယ်​ကို​သတ်​၍ ဝတ်​ကောင်း စား​လှ​များ​ကို​ချွတ်​ယူ​ကာ​စ​ကား​ထာ ကို​ဖော်​ပြ​သော​သူ​တို့​အား​ပေး​အပ်​လိုက်​၏။ ထို​နောက်​သူ​သည်​အ​မျက်​ထွက်​၍​မိ​မိ​အိမ် သို့​ပြန်​သွား​လေ​သည်။-
JDG 14:20 သူ​၏​ဇ​နီး​ကို​မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​ရှံ​ဆုန် ၏​လူ​ပျို​ရံ​ဖြစ်​သူ​နှင့်​ပေး​စား​လိုက်​ကြ​၏။
JDG 15:1 ကာ​လ​အ​နည်း​ငယ်​ကြာ​၍​ဂျုံ​စ​ပါး​များ ရိတ်​သိမ်း​ချိန်​ရောက်​သော​အ​ခါ ရှံ​ဆုန်​သည် ဆိတ်​ငယ်​တစ်​ကောင်​ကို​ယူ​၍​မိ​မိ​ဇနီး​ထံ​သို့ အ​လည်​သွား​လေ​သည်။ သူ​သည်​သူ​ငယ်​မ​၏ ဖခင်​အား``အ​ကျွန်ုပ်​သည်​ဇနီး​၏​အိပ်​ခန်း​သို့ ဝင်​လို​ပါ​သည်'' ဟု​ပြော​၏။ သို့​ရာ​တွင်​ဖ​ခင်​ဖြစ်​သူ​က​ဝင်​ခွင့်​မ​ပေး​ချေ။-
JDG 15:2 သူ​သည်​ရှံ​ဆုန်​အား``သင်​သည်​သင်​၏​ဇနီး​အား မုန်း​လေ​ပြီ​ဟု​အ​ကယ်​ပင်​ငါ​ထင်​မှတ်​သ​ဖြင့် သူ့​အား​သင်​၏​မိတ်​ဆွေ​နှင့်​ပေး​စား​လိုက်​ပါ သည်။ သို့​ရာ​တွင်​သူ​၏​ညီ​မ​သည်​သူ့​ထက်​ပင် ပို​၍​လှ​ပါ​၏။ သူ့​အ​စား​ထို​သူ​ငယ်​မ​ကို သင်​ယူ​နိုင်​ပါ​သည်'' ဟု​ဆို​လေ​သည်။
JDG 15:3 ရှံ​ဆုန်​က​လည်း``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ဤ​တစ်​ကြိမ်​ငါ​ပြု​သည့်​အ​မှု​အ​တွက်​ငါ ၌​တာ​ဝန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၍၊-
JDG 15:4 ထွက်​သွား​ပြီး​လျှင်​မြေ​ခွေး​သုံးရာ​ကို​ဖမ်း ဆီး​၍ နှစ်​ကောင်​တစ်​တွဲ​အမြီး​ချင်း​ဆက်​ကာ အ​မြီး​ထုံး​ကြား​ထဲ​တွင်​မီး​တုတ်​ကို​ချည် ၏။-
JDG 15:5 ထို​နောက်​မီး​တုတ်​ကို​မီး​ညှိ​၍ ဖိ​လိတ္တိ​လယ် များ​ထဲ​သို့​မြေ​ခွေး​တို့​ကို​လွှတ်​လိုက်​လေ သည်။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ရိတ်​သိမ်း ပြီး​ဂျုံ​စပါး​တို့​ကို​သာ​မ​က​မ​ရိတ်​သိမ်း ရ​သေး​သည့်​ဂျုံ​ပင်​များ​ကို​ပါ​မီး​သင့် လောင်​ကျွမ်း​သွား​စေ​၏။ သံ​လွင်​ဥ​ယျာဉ် တို့​သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​၏။-
JDG 15:6 ဤ​အ​မှု​ကို​မည်​သူ​ပြု​သည်​ကို​ဖိ​လိတ္တိ အ​မျိုး​သား​တို့​စုံ​စမ်း​မေး​မြန်း​ကြ​သော အ​ခါ တိ​မ​န​မြို့​မှ​သူ​၏​ယောက္ခ​မ​သည် ရှံ​ဆုန်​၏​ဇနီး​အား​ရှံ​ဆုန်​၏​မိတ်​ဆွေ​တစ်​ဦး နှင့်​ပေး​စား​လိုက်​သော​ကြောင့် ရှံ​ဆုန်​ဤ​ကဲ့​သို့ ပြု​သည်​ကို​သိ​ရှိ​ကြ​ရ​၏။ ထို့​ကြောင့်​သူ​တို့ သည်​ထို​အ​မျိုး​သ​မီး​နှင့်​သူ​၏​ဖ​ခင်​၏ အိမ်​ကို​မီး​ရှို့​ကြ​လေ​သည်။
JDG 15:7 ရှံ​ဆုန်​က​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား``သင် တို့​သည်​ဤ​သို့​ပြု​ကြ​သည်​ဆို​လျှင် ငါ​သည် လည်း​သင်​တို့​အား​လက်​စား​မ​ချေ​ရ​မ​ချင်း နား​နေ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ငါ​ကျိန်​ဆို ၏'' ဟု​ဆို​၍၊-
JDG 15:8 သူ​တို့​အား​ပြင်း​ထန်​စွာ​တိုက်​ခိုက်​လေ​၏။ သူ သည်​လူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​ပြီး နောက် ဧ​တံ​ကျောက်​ဆောင်​အ​တွင်း​ရှိ​ဂူ​၌ သွား​ရောက်​နေ​ထိုင်​လေ​သည်။
JDG 15:9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​သို့ လာ​၍​စ​ခန်း​ချ​ကာ​လေ​ဟိ​မြို့​ကို​တိုက်​ခိုက် ကြ​၏။-
JDG 15:10 ယု​ဒ​ပြည်​သူ​တို့​က``သင်​တို့​သည်​အ​ဘယ် ကြောင့်​ငါ​တို့​အား​တိုက်​ခိုက်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှင်​သူ​တို့​က``ငါ​တို့​သည်​ရှံ​ဆုန်​ကို ဖမ်း​ဆီး​၍ ငါ​တို့​အား​သူ​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ပြန်​လည်​ပြော​ကြား​ကြ​၏။-
JDG 15:11 ထို​အ​ခါ​ယု​ဒ​ပြည်​သား​လူ​သုံး​ထောင်​တို့​သည် ရှံ​ဆုန်​နေ​သော​ဧ​တံ​ကျောက်​ဂူ​သို့​သွား​၍​သူ့ အား``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​အား အ​စိုး​ရ​သူ​များ​ဖြစ်​သည်​ကို​သင်​မ​သိ​ပါ သ​လော။ အ​ဘယ်​သို့​အ​မှု​ကို​ငါ​တို့​အား​သင် ပြု​ခဲ့​ပါ​ပြီ​နည်း'' ဟု​မေး​ကြ​၏။ သူ​က​လည်း``ငါ​သည်​သူ​တို့​ငါ့​အား​ပြု​သည် အ​တိုင်း​သာ​လျှင် သူ​တို့​အား​ပြု​ခဲ့​ပါ​၏'' ဟု ဖြေ​ကြား​လေ​သည်။
JDG 15:12 သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း``သင်​တို့​ကိုယ်​တိုင်​ငါ့​အား မသတ်​ပါ​ဟု​က​တိ​ပြု​ပါ​လော့'' ဟု​ဆို​၏။
JDG 15:13 ``ကောင်း​ပြီ။ ငါ​တို့​သည်​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက်​သို့​အပ်​နှံ​ပါ​အံ့။ သင့်​အား ငါ​တို့​သတ်​မည်​မ​ဟုတ်​ပါ'' ဟု​က​တိ​ပြု ကြ​၏။ ဤ​သို့​လျှင်​သူ​တို့​သည်​သူ့​အား​ကြိုး သစ်​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ပြီး​လျှင်​ကျောက် ဆောင်​မှ​ပြန်​လည်​ခေါ်​ဆောင်​လာ​ကြ​၏။
JDG 15:14 လေ​ဟိ​အ​ရပ်​သို့​ရောက်​သော​အ​ခါ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အော်​ဟစ်​ကာ​ရှံ​ဆုန် ထံ​သို့​ပြေး​၍​လာ​ကြ​၏။ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​သည်​ရှံ​ဆုန်​အား​ရုတ်​တ​ရက် သန်​စွမ်း​လာ​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ ၏​လက်​များ​ကို​ချည်​နှောင်​ထား​သော​ကြိုး တို့​ကို​မီး​ကျွမ်း​သည့်​အပ်​ချည်​မျှင်​ပ​မာ ပြတ်​စေ​၏။-
JDG 15:15 ထို​နောက်​သူ​သည်​မ​ကြာ​မီ​က​သေ​သွား​သည့် မြည်း​တစ်​ကောင်​၏​မေး​ရိုး​တစ်​ချောင်း​ကို​တွေ့ ရှိ​သ​ဖြင့်​ကောက်​ယူ​ပြီး​လျှင် ထို​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​မျှ​ကို​တိုက်​ခိုက်​သတ်​ဖြတ်​ပစ် လိုက်​လေ​သည်။
JDG 15:16 သို့​ဖြစ်​၍​ရှံ​ဆုန်​က၊ ``မြည်း​မေး​ရိုး​ဖြင့်​လူ​တစ်​ထောင်​ကို​ငါ​သတ်​ပြီ။ မြည်း​မေး​ရိုး​ဖြင့်​အ​လောင်း​တွေ​အ​ပုံ​ပုံ​ဖြစ်​စေ​ပြီ'' ဟူ​၍​သီ​ဆို​လေ​၏။
JDG 15:17 ထို​နောက်​သူ​သည်​မြည်း​မေး​ရိုး​ကို​လွှင့်​ပစ်​လိုက် သည်။ ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက်​သည့်​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​ဟူ​၍​ခေါ်​ဝေါ်​ကြ​သ​တည်း။
JDG 15:18 ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။-
JDG 15:19 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဟိ​အ​ရပ် မြေ​ချိုင့်​တစ်​နေ​ရာ​တွင် စမ်း​ပေါက်​စေ​တော်​မူ သ​ဖြင့်​ရေ​ထွက်​လာ​၏။ ရှံ​ဆုန်​သည်​ထို​ရေ​ကို သောက်​ရ​၍​လန်း​ဆန်း​လာ​လေ​သည်။ သို့​ဖြစ် ၍​ထို​စမ်း​ပေါက်​ကို​အ​ဟက္ကော​ရ​ဟု​ခေါ်​ဝေါ် ၍​ယ​နေ့​တိုင်​အောင်​လေ​ဟိ​အ​ရပ်​၌​ရှိ​သ တည်း။-
JDG 15:20 ရှံ​ဆုန်​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ကြီး​စိုး​နေ​ချိန်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင်​ခေါင်း ဆောင်​ခဲ့​လေ​သည်။
JDG 16:1 တစ်​နေ့​သ​၌​ရှံ​ဆုန်​သည် ဖိ​လိတ္တိ​အ​မျိုး​သား တို့​နေ​ထိုင်​ရာ​ဂါ​ဇ​မြို့​သို့​သွား​ရောက်​၏။ ထို မြို့​တွင်​ပြည့်​တန်​ဆာ​မ​တစ်​ဦး​ကို​တွေ့​၍​သူ နှင့်​အိပ်​စက်​လေ​သည်။-
JDG 16:2 ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။-
JDG 16:3 သို့​ရာ​တွင်​ရှံ​ဆုန်​သည်​သန်း​ခေါင်​တိုင်​အောင် သာ​အိပ်​ပြီး​နောက်​ထ​၍​တံ​ခါး​ရွက်၊ တံ​ခါး တိုင်၊ ကန့်​လန့်​ကျင်​နှင့်​တ​ကွ​မြို့​တံ​ခါး​ကို ဆွဲ​နုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​မှာ​ထမ်း​၍ ဟေ​ဗြုန် မြို့​အ​နီး​တောင်​ထိပ်​ပေါ်​သို့​ယူ​ဆောင်​သွား လေ​သည်။
JDG 16:4 ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။-
JDG 16:5 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။
JDG 16:6 သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။
JDG 16:7 ရှံ​ဆုန်​က``မ​ခြောက်​သေး​သော​လေး​ကြိုး​အ​သစ် ခု​နစ်​ပင်​ဖြင့်​ငါ့​ကို​ချည်​နှောင်​ထား​မည်​ဆို လျှင် ငါ​သည်​အ​ခြား​သူ​များ​နည်း​တူ​အား လျော့​လိမ့်​မည်'' ဟု​ဆို​၏။
JDG 16:8 သို့​ဖြစ်​၍​ဖိ​လိတ္တိ​ဘု​ရင်​တို့​သည်​မ​ခြောက်​သေး သော​လေး​ကြိုး​အ​သစ်​ခု​နစ်​ပင်​ကို​ဒေ​လိ​လ အား​ပေး​သ​ဖြင့် ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား ချည်​နှောင်​ထား​လိုက်​လေ​သည်။-
JDG 16:9 သူ​မ​သည်​အ​ခြား​အ​ခန်း​တစ်​ခု​ထဲ​၌​လူ အ​ချို့​ကို​စောင့်​၍​နေ​စေ​ပြီး​လျှင်``ရှံ​ဆုန်၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​ထို​လေး​ကြိုး​တို့​ကို​မီး ထိ​သည့်​ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​ပစ်​လိုက် လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​ခွန်​အား ကြီး​ရ​ခြင်း​၏​လျှို့​ဝှက်​ချက်​ကို​မ​သိ​နိုင် ကြ​သေး​ပေ။
JDG 16:10 ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ အား​မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လေ ပြီ။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား​နိုင် မည်​ကို​ကျွန်​မ​အား​ကျေး​ဇူး​ပြု​၍​ပြော​ပြ ပါ'' ဟု​ဖြား​ယောင်း​ပြော​ဆို​၏။
JDG 16:11 သူ​က​လည်း``ငါ့​အား​တစ်​ကြိမ်​တစ်​ခါ​မျှ အ​သုံး​မ​ပြု​ရ​သေး​သည့်​ကြိုး​သစ်​များ​ဖြင့် ချည်​နှောင်​မည်​ဆို​လျှင် ငါ​သည်​အ​ခြား​သူ များ​ကဲ့​သို့​ပင်​အား​လျော့​ပေ​အံ့'' ဟု​ပြန် ပြော​၏။
JDG 16:12 သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ကြိုး​သစ်​ကို​ယူ ပြီး​လျှင် သူ့​အား​ချည်​နှောင်​လေ​သည်။ ထို နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​နေ ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ လူ​တို့​သည်​အ​ခန်း တစ်​ခု​ထဲ​တွင်​စောင့်​နေ​ကြ​၏။ သို့​ရာ​တွင် ရှံ​ဆုန်​သည်​မိ​မိ​လက်​များ​မှ​ကြိုး​တို့​ကို ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​လိုက်​လေ​သည်။
JDG 16:13 ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ​အား မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လျက်​ပင်​ရှိ​နေ ပါ​သေး​၏။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား ရ​မည်​ကို​ကျွန်​မ​အား​ပြော​ပါ​လော့'' ဟု​ဖြား ယောင်း​ပြော​ဆို​ပြန်​၏။ ရှံ​ဆုန်​က``ငါ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယက်​ကန်း စင်​ထဲ​သို့​ယက်​သွင်း​ကာ သပ်​နှင့်​ရိုက်​၍​ထား မည်​ဆို​လျှင်​ငါ​သည်​အ​ခြား​သူ​များ​နည်း တူ​အား​လျော့​လိမ့်​မည်'' ဟု​ပြော​၏။
JDG 16:14 ထို​အ​ခါ​ဒေ​လိ​လ​သည်​သူ့​အား​ချော့​၍ သိပ်​ပြီး​လျှင် သူ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယူ​၍ ရက်​ကန်း​စင်​ထဲ​သို့​ရက်​သွင်း​ကာ​သပ်​ရိုက် ထား​လိုက်​၏။ ထို​နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​လေ​သည်။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​နိုး​ထ​ပြီး​လျှင် မိ​မိ ၏​ဆံ​ပင်​ကို​ယက်​ကန်း​စင်​မှ​ဆွဲ​ထုတ်​လိုက် ၏။
JDG 16:15 သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။-
JDG 16:16 ဤ​သို့​လျှင်​သူ​သည်​ဆက်​လက်​၍​တစ်​နေ့​ပြီး တစ်​နေ့​မေး​မြန်း​လျက်​နေ​ရ​ကား ရှံ​ဆုန်​သည် ဒေ​လိ​လ​၏​ပူ​ဆာ​မှု​ကို​လွန်​စွာ​ငြီး​ငွေ့​လာ ပြီး​လျှင်​နောက်​ဆုံး​၌``ငါ​၏​ဆံ​ပင်​သည်​တစ် ကြိမ်​တစ်​ခါ​မျှ​မ​ရိတ်​မ​ဖြတ်​ရ​သေး။ ငါ သည်​လည်း​မွေး​စ​က​ပင်​လျှင်​နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ် ထား​သူ​ဖြစ်​သည်။ အ​ကယ်​၍​ငါ​၏​ဆံပင်​ကို ရိတ်​ဖြတ်​လိုက်​သည်​ရှိ​သော်​ငါ​သည်​ခွန်​အား ဆုတ်​ယုတ်​၍​သူ​တစ်​ပါး​နည်း​တူ​အား​နည်း ပေ​အံ့'' ဟု​အ​မှန်​အ​တိုင်း​ထုတ်​ဖော်​ပြော ဆို​လိုက်​တော့​၏။
JDG 16:18 ယင်း​သို့​အ​မှန်​အ​တိုင်း​ပြော​ဆို​သည်​ကို ဒေ​လိ​လ​သိ​သော​အ​ခါ သူ​သည်​ဖိ​လိတ္တိ ဘု​ရင်​တို့​ထံ​သို့​လူ​လွှတ်​၍``ဤ​တစ်​ကြိမ် ပြန်​လာ​ခဲ့​ကြ​ပါ။ ကျွန်​မ​သည်​ရှံ​ဆုန်​ထံ မှ​မှန်​ရာ​ကို​သိ​ရှိ​ရ​ပါ​ပြီ'' ဟု​ပြော​ကြား လိုက်​၏။ ထို​သူ​တို့​သည်​လည်း​ငွေ​များ ကို​ယူ​၍​လာ​ကြ​၏။-
JDG 16:19 ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား​မိ​မိ​၏​ပေါင်​ပေါ် တွင်​ချော့​၍​သိပ်​ပြီး​မှ လူ​တစ်​ယောက်​ကို​ခေါ် ၍​ရှံ​ဆုန်​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ရိတ်​ဖြတ်​စေ​၏။ ရှံ​ဆုန်​၌​ခွန်​အား​ပျောက်​ကွယ်​သွား​ပြီ​ဖြစ်​၍ ဒေ​လိ​လ​သည်​သူ့​အား​စ​တင်​ညှင်း​ပန်း​လေ တော့​သည်။-
JDG 16:20 သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။-
JDG 16:21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-
JDG 16:22 သို့​ရာ​တွင်​သူ​၏​ဆံပင်​သည်​ပြန်​၍​ရှည်​စ ပြု​လာ​လေ​သည်။
JDG 16:23 ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။-
JDG 16:24 သူ​တို့​သည်​အ​လွန်​ပျော်​ရွှင်​လျက်``ရှံ​ဆုန်​ကို​ခေါ် ခဲ့​ကြ။ သူ့​အား​ငါ​တို့​ကို​ဖျော်​ဖြေ​စေ​မည်'' ဟု​ဆို ကြ​၏။ သူ​တို့​သည်​ရှံ​ဆုန်​ကို​ထောင်​ထဲ​မှ​ခေါ်​ဆောင် ၍ မိ​မိ​တို့​အား​ဖျော်​ဖြေ​စေ​၏။ မဏ္ဍပ်​တိုင်​မ​ကြီး အ​ကြား​တွင်​ရပ်​စေ​၏။ လူ​တို့​သည်​သူ့​ကို​မြင် လေ​လျှင်``ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို ယို​ယွင်း​ပျက်​စီး​စေ​၍ ငါ​တို့​လူ​အ​မြောက် အ​မြား​ကို​သတ်​ဖြတ်​ခဲ့​သော​ရန်​သူ​၏​အ​ပေါ် ၌​ငါ​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု မိ​မိ​တို့​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​ကို​ချီး​မွမ်း​၏။-
JDG 16:26 ရှံ​ဆုန်​သည်​မိ​မိ​အား​လက်​ဆွဲ​၍​ခေါ်​ယူ​လာ သော​သူ​ငယ်​အား``မဏ္ဍပ်​တိုင်​မ​ကြီး​တို့​ကို​ငါ့ အား​ကိုင်​ခွင့်​ပြု​ပါ။ ယင်း​တို့​ကို​ငါ​မှီ​၍​နေ လို​ပါ​သည်'' ဟု​ပြော​၏။-
JDG 16:27 ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။
JDG 16:28 ထို​အ​ခါ​ရှံ​ဆုန်​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​မျက်​စိ​နှစ်​လုံး​ကို ဖောက်​ပစ်​သည့်​အ​တွက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တစ်​ချက်​တည်း​ဖြင့်​လက်​စား​ချေ​နိုင်​ရန် အ​ကျွန်ုပ်​အား​ဤ​တစ်​ကြိမ်​သာ​လျှင်​ခွန်​အား ကို​ပြန်​လည်​ရ​ရှိ​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​လေ​သည်။-
JDG 16:29 ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊-
JDG 16:30 ``အ​ကျွန်ုပ်​အား​ဖိ​လိတ္တိ​လူ​တို့​နှင့်​အ​တူ​သေ​ခွင့် ပြု​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ သူ​သည်​အ​စွမ်း​ကုန် တွန်း​လိုက်​ရာ​မဏ္ဍပ်​သည် ဘု​ရင်​ငါး​ပါး​နှင့်​တ​ကွ ရှိ​သ​မျှ​သော​လူ​တို့​အ​ပေါ်​သို့​ပြို​ကျ​လေ​သည်။ ရှံ​ဆုန်​သည်​သေ​ဆဲ​အ​ချိန်​၌​သတ်​ခဲ့​သည့်​လူ ဦး​ရေ​မှာ​အ​သက်​ရှင်​စဉ်​အ​ခါ​က​သတ်​ခဲ့ သည့်​လူ​ဦး​ရေ​ထက်​ပို​၍​များ​ပြား​၏။
JDG 16:31 ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။
JDG 17:1 အ​ခါ​တစ်​ပါး​က​မိက္ခာ​အ​မည်​ရှိ​သော​လူ တစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​၏။-
JDG 17:2 သူ​သည်​မိ​မိ​၏​မိခင်​အား``မိ​ခင်​၏​ငွေ​တစ်​ဆယ့် တစ်​ပိ​ဿာ​ပျောက်​ဆုံး​သွား​စဉ်​အ​ခါ​က​ခိုး ယူ​သူ​အား မိ​ခင်​ကျိန်​ဆဲ​ခဲ့​သည်​ကို​ကျွန်​တော် ကြား​ရ​ပါ​သည်။ ထို​ငွေ​သည်​ကျွန်​တော့်​မှာ ရှိ​ပါ​သည်။ ကျွန်​တော်​ယူ​မိ​ပါ​သည်'' ဟု ပြော​လေ​သည်။ သူ​၏​မိ​ခင်​က​လည်း``ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။-
JDG 17:3 သူ​သည်​ထို​ငွေ​ကို​မိခင်​အား​ပြန်​၍​ပေး​၏။ ထို အ​ခါ​မိ​ခင်​ဖြစ်​သူ​က``ငါ့​သား၊ ကျိန်​စာ မ​သင့်​စိမ့်​သော​ငှာ​ငါ​ကိုယ်​တိုင်​ပင်​ထို​ငွေ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​ဆက်​ကပ်​မည်။ ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​သစ်​သား​ရုပ်​တု တစ်​ခု​ကို​ပြု​လုပ်​ရာ​တွင် ထို​ငွေ​ကို​အ​သုံး ပြု​မည်​ဖြစ်​၍​သင့်​အား​ပြန်​ပေး​မည်'' ဟု​ဆို​၏။-
JDG 17:4 သား​ဖြစ်​သူ​သည်​လည်း​ထို​ငွေ​ကို​မ​ယူ​ဘဲ အ​မိ​အား​ပြန်​၍​ပေး​လေ​သည်။ ထို​အ​ခါ မိ​ခင်​သည်​ငွေ​နှစ်​ပိ​ဿာ​ကို​ယူ​၍​ပန်း​ထိမ် အား​ပေး​အပ်​ကာ သစ်​သား​ရုပ်​တု​တစ်​ခု ထု​လုပ်​စေ​ပြီး​လျှင်​ငွေ​ဖြင့်​မွမ်း​မံ​စေ​၏။ ထို​ရုပ်​တု​ကို​မိက္ခာ​၏​အိမ်​တွင်​ထား​ရှိ သတည်း။
JDG 17:5 ဤ​မိက္ခာ​ဆို​သူ​၌ မိ​မိ​ကိုယ်​ပိုင်​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တစ်​ခု​ရှိ​၏။ သူ​သည်​ရုပ်​တု များ​နှင့်​သင်​တိုင်း​တော်​တစ်​ခု​ကို​ပြု​လုပ် ပြီး​လျှင် မိ​မိ​သား​တစ်​ယောက်​အား​မိ​မိ ၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ခန့်​ထား လေ​သည်။-
JDG 17:6 ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘု​ရင် မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ​၏​စိတ် သ​ဘော​အ​တိုင်း​ပြု​လုပ်​လေ​သည်။
JDG 17:7 ထို​ကာ​လ​၌​ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင် နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​သည်၊-
JDG 17:8 အ​ခြား​တစ်​မြို့​တစ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင် ရန်​ဗက်​လင်​မြို့​မှ​ထွက်​ခွာ​လာ​စဉ် ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ​၏​အိမ်​သို့​ရောက် ရှိ​လာ​လေ​သည်။-
JDG 17:9 မိက္ခာ​က``သင်​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု​မေး​၏။ သူ​က``အ​ကျွန်ုပ်​သည်​ယု​ဒ​ပြည်​ဗက် လင်​မြို့​မှ​လေ​ဝိ​အ​မျိုး​သား​ဖြစ်​၍​နေ​ထိုင်​ရန် အ​ရပ်​ကို​ရှာ​နေ​သူ​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော လေ​သည်။
JDG 17:10 မိက္ခာ​က​လည်း``အ​ကျွန်ုပ်​နှင့်​အ​တူ​နေ​ပါ​လော့။ အ​ကျွန်ုပ်​အား​အ​ကြံ​ဉာဏ်​ပေး​သူ၊ အ​ကျွန်ုပ်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​နေ​ပါ​လော့။ သင့် အား​တစ်​နှစ်​လျှင်​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ဝတ်​စုံ ကို​လည်း​ကောင်း၊ အ​စား​အ​စာ​ကို​လည်း​ကောင်း အ​ကျွန်ုပ်​ထောက်​ပံ့​ပါ​မည်'' ဟု​ဆို​လေ​သော်၊-
JDG 17:11 လေ​ဝိ​လူ​ငယ်​သည်​မိက္ခာ​နှင့်​အ​တူ​နေ​ထိုင် ရန်​သ​ဘော​တူ​လိုက်​၏။ သူ​သည်​မိက္ခာ​၏​သား သ​ဖွယ်​အ​တူ​နေ​ထိုင်​လေ​သည်။
JDG 17:12 မိက္ခာ​သည်​သူ့​အား​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဖြင့်​ခန့်​ထား​သ​ဖြင့် သူ​သည်​မိက္ခာ​၏​အိမ်​၌​နေ​ထိုင် လေ​သည်။-
JDG 17:13 မိက္ခာ​က​လည်း``ယ​ခု​ငါ​သည်​လေဝိ​အ​မျိုး​သား တစ်​ဦး​အား မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ရ​ရှိ​ထား​လေ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​အ​စ​စ​အ​ရာ​ရာ​၌ ငါ့​အား​တိုး​တက် အောင်​မြင်​စေ​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
JDG 18:1 ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘုရင် မ​ရှိ​သေး​ချေ။ ဒန်​အ​နွယ်​ဝင်​တို့​တွင်​လည်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ကဲ့ သို့ ကိုယ်​ပိုင်​နယ်​မြေ​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြ​သေး​ပေ။ သို့​ဖြစ်​၍​မိ​မိ​တို့​သိမ်း​ယူ​၍ အ​တည်​တ​ကျ​နေ​ထိုင်​ရန်​နယ်​မြေ​ကို ရှာ​ဖွေ​လျက်​နေ​ကြ​၏။-
JDG 18:2 ဒန်​အ​မျိုး​သား​တို့​သည်​နယ်​မြေ​ကို​စူး​စမ်း ရှာ​ဖွေ​ရန် မိ​မိ​တို့​အ​နွယ်​ဝင်​အိမ်​ထောင်​စု အ​ပေါင်း​မှ အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ငါး ယောက်​ကို​ရွေး​ချယ်​၍​ဇော​ရာ​မြို့​နှင့်​ဧ​ရှ တော​လ​မြို့​တို့​မှ​စေ​လွှတ်​လိုက်​ကြ​၏။ ထို သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ​ဖြစ်​သော ဧ​ဖ​ရိမ်​ပြည်​သို့​ရောက်​လာ​သော​အ​ခါ မိက္ခာ​၏​အိမ်​တွင်​တည်း​ခို​ကြ​၏။-
JDG 18:3 ထို​အိမ်​တွင်​ရှိ​နေ​စဉ်​လူ​တို့​သည်​လေဝိ​လူ ငယ်​ပြော​ဆို​သည့်​စ​ကား​သံ​ကို​သ​တိ​ထား မိ​ကြ​သ​ဖြင့် သူ့​ထံ​သို့​သွား​ပြီး​လျှင်``သင် သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​နေ ပါ​သ​နည်း။ သင့်​အား​ဤ​အ​ရပ်​သို့​အ​ဘယ် သူ​ခေါ်​ဆောင်​လာ​ပါ​သ​နည်း'' ဟု​မေး​ကြ​၏။
JDG 18:4 သူ​က​လည်း``ငါ​သည်​မိက္ခာ​နှင့်​အ​မှု​တစ်​ခု အ​တွက် သ​ဘော​တူ​ထား​ပါ​သည်။ သူ​သည်​ငါ့ အား​အ​ခ​ပေး​၍​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​ငှား​ရမ်း​ထား​ပါ​သည်'' ဟု​ပြန် ပြော​၏။
JDG 18:5 ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဤ​ခ​ရီး​တွင် အောင်​မြင်​မှု​ရှိ​မည်​မ​ရှိ​မည်​ကို ဘု​ရား​သ​ခင် အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​မေး​မြန်း ပေး​ပါ'' ဟု​ဆို​ကြ​၏။
JDG 18:6 ယဇ်​ပု​ရော​ဟိတ်​က``မည်​သို့​မျှ​သင်​တို့​စိုး​ရိမ် ရန်​မ​လို​ပါ။ ဘု​ရား​သ​ခင်​သည်​ဤ​ခ​ရီး​တွင် သင်​တို့​အား​စောင့်​ရှောက်​တော်​မူ​လျက်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။
JDG 18:7 ထို့​ကြောင့်​ထို​လူ​ငါး​ယောက်​တို့​သည်​လဲ​ရှ မြို့​သို့​ထွက်​သွား​ကြ​၏။ ထို​မြို့​သား​တို့​သည် ဇိ​ဒုန်​မြို့​သား​များ​ကဲ့​သို့ အေး​ဆေး​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြောင်း၊ မည်​သူ နှင့်​မျှ​အ​ငြင်း​မ​ပွား​တတ်​ကြောင်း၊ သူ​တို့ လို​အပ်​သ​မျှ​တို့​ကို​လည်း​ရ​ရှိ​ကြ​ကြောင်း၊ သူ​တို့​သည်​ဇိ​ဒုန်​မြို့​သား​တို့​နှင့်​အ​လွန် အ​လှမ်း​ကွာ​ရာ​တွင်​နေ​ထိုင်​ကြ​လျက် အ​ခြား​အ​ဘယ်​လူ​မျိုး​နှင့်​မျှ​လည်း အ​ဆက်​အ​သွယ်​မ​ရှိ​ကြ​ကြောင်း​ကို စူး​စမ်း​သိ​ရှိ​ကြ​လေ​သည်။-
JDG 18:8 ထို​သူ​ငါး​ယောက်​တို့​သည်​ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​တို့​သို့​ပြန်​လည်​ရောက်​ရှိ ကြ​သော​အ​ခါ အ​မျိုး​သား​ချင်း​တို့​က``သင် တို့​အ​ဘယ်​သို့​စုံ​စမ်း​တွေ့​ရှိ​ခဲ့​ရ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
JDG 18:9 သူ​တို့​က​လည်း``လာ​ကြ၊ လဲ​ရှ​မြို့​ကို​ငါ တို့​သွား​ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထို နယ်​မြေ​သည်​အ​လွန်​ကောင်း​မွန်​ကြောင်း ကို​ငါ​တို့​တွေ့​မြင်​ခဲ့​ရ​ပြီ။ ဤ​အ​ရပ်​တွင် ဆိုင်း​လင့်​၍​နေ​ကြ​မည်​လော။ အ​လျင် အ​မြန်​ထို​နယ်​မြေ​ကို​ဝင်​ရောက်​သိမ်း​ယူ ကြ​ကုန်​အံ့။-
JDG 18:10 ထို​အ​ရပ်​သို့​သင်​တို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် စိုး​စဉ်း​မျှ​မ​ယုံ​သင်္ကာ​မ​ဖြစ်​ကြ သည်​ကို​တွေ့​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ သည်​ကျယ်​ပြန့်​၍​လူ​သား​တို့​လို​ချင်​တောင့် တ​သော​အ​ရာ​တို့​နှင့်​လည်း​ပြည့်​စုံ​၏။ ထို နယ်​မြေ​ကို​သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး သ​နား​တော်​မူ​လေ​ပြီ'' ဟု​ဆို​ကြ​၏။
JDG 18:11 သို့​ဖြစ်​၍​ဒန်​အ​နွယ်​ဝင်​လူ​ပေါင်း​ခြောက်​ရာ တို့​သည် တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ​မြို့​တို့​မှ​ထွက်​ခွာ သွား​လေ​သည်။-
JDG 18:12 သူ​တို့​သည်​ယု​ဒ​ပြည်၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​၌ တပ်​စခန်း​ချ​ကြ​၏။ ထို​အ​ကြောင်း​ကြောင့်​ထို အ​ရပ်​သည်​ဒန်​တပ်​စ​ခန်း​ဟူ​၍​ယ​နေ့​တိုင် အောင်​အ​မည်​တွင်​သ​တည်း။-
JDG 18:13 သူ​တို့​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​ရာ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ ၏​အိမ်​သို့​ရောက်​ကြ​၏။
JDG 18:14 ထို​အ​ခါ​လဲ​ရှ​နယ်​သို့​သွား​ရောက်​စူး​စမ်း ထောက်​လှမ်း​ခဲ့​သော​လူ​ငါး​ယောက်​တို့​က မိ​မိ တို့​၏​အ​ပေါင်း​အ​ဖော်​များ​အား``ဤ​အိမ်​စု အ​နက်​အိမ်​တစ်​လုံး​တွင်​ငွေ​ဖြင့်​မွမ်း​မံ​ထား သည့်​ရုပ်​တု​တစ်​ခု​ရှိ​သည်​ကို သင်​တို့​သိ​ကြ ပါ​၏​လော။ ထို​အိမ်​တွင်​အ​ခြား​ရုပ်​တု​များ နှင့်​သင်​တိုင်း​တော်​တစ်​ခု​လည်း​ရှိ​၏။ ငါ​တို့ အ​ဘယ်​သို့​ပြု​သင့်​သည်​ဟု​သင်​တို့​ထင် မြင်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။-
JDG 18:15 သို့​ဖြစ်​၍​သူ​တို့​သည်​လေဝိ​လူ​ငယ်​နေ​ထိုင် ရာ မိက္ခာ​၏​အိမ်​သို့​သွား​၍​သူ့​အား​နှုတ်​ခွန်း ဆက်​ကြ​၏။-
JDG 18:16 တိုက်​ခိုက်​ရန်​အ​သင့်​ရှိ​သော​ဒန်​အ​နွယ်​ဝင် စစ်​သည် ခြောက်​ရာ​တို့​သည်​ဝင်း​တံ​ခါး​ဝ တွင်​စောင့်​ဆိုင်း​နေ​ကြ​၏။-
JDG 18:17 ထောက်​လှမ်း​ရန်​သွား​ရောက်​ခဲ့​သော​လူ​ငါး ယောက်​တို့​သည် အိမ်​ထဲ​သို့​ဝင်​၍​ငွေ​ဖြင့်​မွမ်း မံ​ထား​သည့်​ရုပ်တု​နှင့်​အ​ခြား​ရုပ်​တု​များ​ကို လည်း​ကောင်း၊ သင်​တိုင်း​တော်​ကို​လည်း​ကောင်း​ယူ ကြ​၏။ ထို​အ​ချိန်​၌​ယဇ်​ပု​ရော​ဟိတ်​သည်​စစ် သား​ခြောက်​ရာ​နှင့်​အ​တူ​ဝင်း​တံ​ခါး​ဝ​တွင် ရှိ​သ​တည်း။
JDG 18:18 မိက္ခာ​၏​အိမ်​သို့​ထို​သူ​တို့​ဝင်​၍​ရုပ်​တု​များ နှင့် သင်​တိုင်း​တော်​တို့​ကို​ယူ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​က​သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
JDG 18:19 သူ​တို့​က​လည်း``ဆိတ်​ဆိတ်​နေ​လော့။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​နှင့်။ သင်​သည်​ငါ​တို့​နှင့် အ​တူ​လိုက်​၍​ငါ​တို့​အား​အ​ကြံ​ပေး​သူ အ​ဖြစ်​ဆောင်​ရွက်​ပါ​လော့။ လူ​တစ်​ယောက် ၏​အိမ်​ထောင်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​ပြု ရ​ခြင်း​ထက် ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တစ် ခု​လုံး​အ​တွက်​ပြု​ရ​ခြင်း​က​သင့်​အ​ဖို့ ပို​၍​ကောင်း​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​ကြ​၏။-
JDG 18:20 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​လွန်​စွာ ဝမ်း​မြောက်​သ​ဖြင့် ရုပ်​တု​များ​နှင့်​သင်​တိုင်း တော်​တို့​ကို​ယူ​၍​ထို​လူ​စု​နှင့်​အ​တူ လိုက်​သွား​လေ​သည်။
JDG 18:21 သူ​တို့​သည်​ပြန်​လှည့်​ပြီး​လျှင်​ထွက်​ခွာ သွား​ကြ​၏။ မိ​မိ​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ​နှင့်​ဝန်​စည်​စ​လယ်​များ​ကို ရှေ့​မှ​အ​လျင်​သွား​နှင့်​စေ​ကြ​၏။-
JDG 18:22 ထို​သူ​တို့​အ​တန်​ငယ်​ခ​ရီး​ရောက်​သော​အ​ခါ မိက္ခာ​သည် မိ​မိ​၏​အိမ်​နီး​ချင်း​တို့​တိုက်​ပွဲ​ဝင် ရန်​စု​ရုံး​လေ​သည်။ သူ​တို့​သည်​ဒန်​အ​မျိုး သား​တို့​အား​လိုက်​၍​မီ​သော​အ​ခါ၊-
JDG 18:23 ဟစ်​ခေါ်​ကြ​၏။ သူ​တို့​သည်​လည်း​လှည့်​၍​ကြည့် ပြီး​လျှင် မိက္ခာ​အား``သင်​တို့​တွင်​အ​ဘယ်​အ​ရေး အ​ခင်း​ရှိ​သ​နည်း။ ဤ​လူ​ထု​နှင့်​အဘယ်​ကြောင့် လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။
JDG 18:24 မိက္ခာ​က​လည်း`` `အ​ဘယ်​အ​ရေး​အ​ခင်း​ရှိ သ​နည်း' ဟု​ဆို​ရာ​၌​သင်​တို့​အ​ဘယ်​သို့​ဆို လို​ပါ​သ​နည်း။ သင်​တို့​သည်​ငါ​၏​ယဇ်​ပု​ရော ဟိတ်​နှင့် ငါ​ထု​လုပ်​ထား​သော​ရုပ်​တု​တို့​ကို ယူ​သွား​ကြ​ပါ​သည်​တ​ကား။ ငါ​၌​အ​ဘယ် အ​ရာ​ကျန်​ရှိ​သေး​သ​နည်း'' ဟု​ပြန်​ပြော လေ​၏။
JDG 18:25 ဒန်​အ​မျိုး​သား​တို့​က``ဤ​သူ​တို့​သည်​အ​မျက် ထွက်​၍ သင်​တို့​အား​မ​တိုက်​ခိုက်​စေ​လို​လျှင် နောက်​ထပ်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော​ပါ​နှင့်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​တစ်​ခု​လုံး​သေ သွား​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-
JDG 18:26 ထို​နောက်​သူ​တို့​သည်​ခ​ရီး​ဆက်​ကြ​၏။ မိက္ခာ သည်​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ သည်​ကို သိ​သ​ဖြင့်​လှည့်​၍​အိမ်​သို့​ပြန်​လေ​၏။
JDG 18:27 ဒန်​အ​မျိုး​သား​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့် တ​ကွ​မိက္ခာ​ပြု​လုပ်​ထား​သည့်​ရုပ်​တု​များ​ကို ယူ​ပြီး​နောက် အေး​ဆေး​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ကြ​သူ​တို့​၏​လဲ​ရှ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​ကြ​၏။ ထို​မြို့​သည်​ဗက်​ရ​ဟော​ဘ​မြို့ တည်​ရှိ​ရာ​ချိုင့်​ဝှမ်း​၌​ပင်​တည်​ရှိ​သည်။ သူ တို့​သည်​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏။ သူ​တို့​အား​ကယ်​ဆယ်​သည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ချေ။ အ​ဘယ် ကြောင့်​ဆို​သော်​လဲ​ရှ​မြို့​သည်​ဇိ​ဒုန်​မြို့​နှင့် အ​လွန်​ခ​ရီး​လှမ်း​သည့်​ပြင် လဲ​ရှ​မြို့​သား တို့​သည်​အ​ခြား​လူ​တို့​နှင့်​ဆက်​သွယ်​မှု လုံး​ဝ​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဒန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ကို​ပြန်​လည်​တည် ထောင်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ လေ​သည်။-
JDG 18:29 ယင်း​အ​မည်​လဲ​ရှ​မြို့​ကို​လည်း​ယာ​ကုပ် ၏​သား မိ​မိ​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ဒန်​ကို အ​စွဲ​ပြု​၍​ဒန်​မြို့​ဟု​ပြောင်း​လဲ​ခေါ်​ဝေါ် ကြ​၏။-
JDG 18:30 ဒန်​အ​မျိုး​သား​တို့​သည်​မိက္ခာ​ပြုလုပ်​သည့်​ရုပ် တု​ကို​တည်​ထား​ပြီး​လျှင် ဝတ်​ပြု​ကိုး​ကွယ် ကြ​လေ​သည်။ မော​ရှေ​၏​မြေး၊ ဂေ​ရ​ရှုံ​၏ သား​ယော​န​သန်​က သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​လေ​သည်။ သူ​၏ သား​စဉ်​မြေး​ဆက်​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဖမ်း​ဆီး​သိမ်း​သွား​ခြင်း ခံ​ရ​ချိန်​တိုင်​အောင် သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​များ​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​ကြ​၏။-
JDG 18:31 ရှိ​လော​မြို့​၌​ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​တဲ​တော်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ် လုံး မိက္ခာ​ပြု​လုပ်​သည့်​ရုပ်​တု​သည်​လည်း​ထို အ​ရပ်​၌​တည်​ရှိ​နေ​သ​တည်း။
JDG 19:1 ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှင်​ဘု​ရင်​မ​ပေါ်​မ​ရှိ သေး​မီ​ကာ​လ​၌ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ အ​စွန်​အ​ဖျား​တွင်​နေ​ထိုင်​သော​လေ​ဝိ​အ​မျိုး သား​တစ်​ယောက်​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သူ​တစ်​ယောက်​ကို​အ​ပျော်​မ​ယား​အ​ဖြစ် သိမ်း​ယူ​၏။-
JDG 19:2 သို့​ရာ​တွင်​ထို​သူ​ငယ်​မ​သည်​ခင်​ပွန်း​နှင့် စိတ်​ဆိုး​သ​ဖြင့် ဗက်​လင်​မြို့​ရှိ​သူ့​ဖခင်​၏ အိမ်​သို့​ပြန်​ပြီး​လျှင်​ထို​အိမ်​တွင်​လေး​လ မျှ​နေ​လေ​သည်။-
JDG 19:3 ထို​အ​ခါ​လင်​ဖြစ်​သူ​သည်​သူ့​အား​ချော့​မော့​၍ မိ​မိ​ထံ​ပြန်​လာ​ရန်​ကြိုး​စား​မည်​ဟု​ဆုံး​ဖြတ် ကာ မိ​မိ​နှင့်​အ​တူ​မြည်း​နှစ်​ကောင်​နှင့်​အ​စေ​ခံ ကို​ပါ​ခေါ်​၍​သွား​၏။ သူ​ငယ်​မ​သည်​လေဝိ အ​မျိုး​သား​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖိတ်​ခေါ် လိုက်​ရာ​ဖ​ခင်​ဖြစ်​သူ​သည် သူ့​ကို​မြင်​လျှင် ဝမ်း​မြောက်​စွာ​ကြို​ဆို​လက်​ခံ​လေ​သည်။-
JDG 19:4 သူ့​အား​လည်း​ဆက်​လက်​နေ​ထိုင်​ရန်​တိုက် တွန်း​၏။ ထို့​ကြောင့်​သူ​သည်​ယောက္ခ​မ​အိမ်​တွင် သုံး​ရက်​မျှ​နေ​ထိုင်​လေ​သည်။ သ​မက်​သည် ထို​အိမ်​၌​စား​သောက်​တည်း​ခို​ပြီး​နောက်၊-
JDG 19:5 စ​တုတ္ထ​နေ့​နံ​နက်​၌​စော​စော​ထ​၍​ခ​ရီး​ထွက် ရန်​ပြင်​ဆင်​သော​အ​ခါ ယောက္ခ​မ​က``စား​စ​ရာ ကို​ဦး​စွာ​သုံး​ဆောင်​၍​အား​ဖြည့်​ပြီး​မှ​ခ​ရီး ထွက်​ပါ'' ဟု​ပြော​၏။
JDG 19:6 သို့​ဖြစ်​၍​ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ ထိုင်​၍​စား​သောက်​ကြ​၏။ ထို​နောက်​ယောက္ခ​မ က``ယ​နေ့​လည်း​အိပ်​ပါ​ဦး​ပျော်​မွေ့​စွာ​နေ ပါ​ဦး'' ဟု​ဆို​၏။
JDG 19:7 လေ​ဝိ​အ​မျိုး​သား​သည်​ထ​၍​ခ​ရီး​သွား​ရန် ပြင်​ဆင်​သော်​လည်း ယောက္ခ​မ​ဖြစ်​သူ​က​ဆက် လက်​နေ​ထိုင်​ရန်​တိုက်​တွန်း​သ​ဖြင့် ထို​ည​တွင် လည်း​ထို​အိမ်​၌​အိပ်​လေ​သည်။-
JDG 19:8 ငါး​ရက်​မြောက်​သော​နေ့​နံနက်​စော​စော​၌​သူ သည် ခ​ရီး​သွား​ရန်​ထ​သော​အ​ခါ​ယောက္ခ​မ က``ကျေး​ဇူး​ပြု​၍​အ​စာ​စား​ပါ​ဦး။ နေ​မြင့် သည်​တိုင်​အောင်​စောင့်​ပါ​ဦး'' ဟု​ဆို​သ​ဖြင့် ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ​တ​ကွ စား​ကြ​၏။
JDG 19:9 သူ​သည်​မိ​မိ​၏​မယား​ငယ်​နှင့်​အ​စေ​ခံ​ကို ခေါ်​၍ ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​ယောက္ခ​မ က``ကြည့်​ပါ​ည​နေ​ချမ်း​အ​ချိန်​သို့​ရောက် လေ​ပြီ။ မ​ကြာ​မီ​ပင်​မှောင်​လာ​တော့​အံ့။ ဤ အ​ရပ်​၌​ပင်​တစ်​ည​အိပ်​၍​ပျော်​မွေ့​စွာ​နေ ပါ​လော့။ နက်​ဖြန်​နံ​နက်​စော​စော​ထ​၍​ပြန် ပါ​လော့'' ဟု​ဆို​လေ​သည်။
JDG 19:10 သို့​ရာ​တွင်​လေဝိ​အ​မျိုး​သား​သည်​နောက်​တစ် ည​မ​နေ​လို​တော့​သ​ဖြင့် ကုန်း​နှီး​တင်​ထား သည့်​မြည်း​နှစ်​စီး​ပါ​လျက် မိ​မိ​မ​ယား​ငယ် နှင့်​အ​တူ​စ​တင်​ခ​ရီး​ထွက်​လေ​၏။ သူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော​ယေ​ဗုတ် မြို့​သို့​ရောက်​သော​အ​ခါ နေ့​အ​ချိန်​ကုန်​လွန် ခါ​နီး​လေ​ပြီ။ ထို့​ကြောင့်​အ​စေ​ခံ​က​မိ​မိ ၏​သ​ခင်​အား``ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​မြို့​၌​ပင်​အ​ကျွန်ုပ်​တို့​အိပ်​ကြ ရ​အောင်'' ဟု​ပြော​၏။
JDG 19:12 သို့​ရာ​တွင်​သူ​၏​သ​ခင်​က``ဣ​သ​ရေ​လ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​မြို့​တွင် ငါ​တို့ မ​ရပ်​မ​နား​လို။ ရှေ့​သို့​အ​နည်း​ငယ်​ဆက် ၍​သွား​ပြီး​လျှင် ဂိ​ဗာ​မြို့​၌​အိပ်​ကြ​ကုန် အံ့'' ဟု​ဆို​လေ​သည်။-
JDG 19:14 သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ဗုတ်​မြို့​ကို​ကျော် ဖြတ်​၍​ဆက်​လက်​ခ​ရီး​ပြု​ရာ ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့​၏​နယ်​မြေ​ရှိ​ဂိဗာ​မြို့​သို့​ရောက်​ကြ​၏။ ထို​အ​ခါ​၌​နေ​ဝင်​လျက်​နေ​လေ​ပြီ။-
JDG 19:15 ထို့​ကြောင့်​သူ​တို့​သည်​ထို​မြို့​တွင်​အိပ်​စက် နား​နေ​ရန်​မြို့​ထဲ​သို့​ဝင်​ပြီး​လျှင် မြို့​တံ​ခါး အ​နီး​ရှိ​ကွက်​လပ်​၌​ထိုင်​နေ​ကြ​၏။ သို့​သော် လည်း​မည်​သူ​မျှ​မိ​မိ​အိမ်​တွင်​တည်း​ခို​ရန် သူ​တို့​အား​ခေါ်​ဖိတ်​ခြင်း​မ​ပြု​ကြ​ချေ။
JDG 19:16 ယင်း​သို့​သူ​တို့​ထိုင်​နေ​ကြ​စဉ်​အ​ဖိုး​အို တစ်​ယောက်​သည် ညဥ့်​ဦး​ယံ​၌​လယ်​လုပ်​ရာ​မှ ပြန်​လာ​လေ​သည်။ သူ​သည်​ယ​ခု​အ​ခါ​၌ ဂိ​ဗာ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​သော်​လည်း အ​စ​က​မူ​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ (ထို​မြို့​ရှိ​အ​ခြား သူ​တို့​မှာ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ် သ​တည်း။-)
JDG 19:17 အ​ဖိုး​အို​သည်​မြို့​တံ​ခါး​အ​နီး​ကွက်​လပ် ရှိ​ခ​ရီး​သည်​ကို​မြင်​သော​အ​ခါ``သင်​အ​ဘယ် မှ​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​၏။
JDG 19:18 လေ​ဝိ​အ​မျိုး​သား​က​လည်း``ကျွန်ုပ်​တို့​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့​သို့​သွား​ရောက်​ခဲ့​ပြီး နောက် ကျွန်ုပ်​တို့​၏​နေ​အိမ်​ရှိ​ရာ​ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​အ​စွန်း​အ​ဖျား​သို့​ပြန် ရန်​ခ​ရီး​သွား​နေ​ကြ​ပါ​၏။ ကျွန်ုပ်​တို့​အား ဤ​ည​အ​တွက်​တည်း​ခို​ရန်​ဖိတ်​ခေါ်​သူ မ​ရှိ​ပါ။-
JDG 19:19 ကျွန်ုပ်​တို့​တွင်​မိ​မိ​တို့​မြည်း​များ​အ​တွက် ကောက်​ရိုး၊ ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​မ​ယား​နှင့် အ​စေ​ခံ​အ​တွက် အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​မှာ​တစ်​စုံ​တစ်​ခု မျှ​မ​လို​ပါ'' ဟု​ပြန်​ပြော​လေ​သည်။
JDG 19:20 အ​ဖိုး​အို​က``သင်​သည်​ငါ​၏​အိမ်​တွင်​တည်း ခို​နိုင်​ပါ​သည်။ သင့်​အား​ငါ​ကြည့်​ရှု​ပြု​စု အံ့။ ဤ​ည​၌​ကွက်​လပ်​တွင်​သင်​တို့​အိပ် စက်​ရန်​မ​လို​ပါ'' ဟု​ဆို​၏။-
JDG 19:21 သို့​ဖြစ်​၍​သူ​သည်​ထို​သူ​တို့​ကို​မိ​မိ​၏​အိမ် သို့​ခေါ်​ဆောင်​ပြီး​လျှင် သူ​တို့​၏​မြည်း​များ ကို​အ​စာ​ကျွေး​၏။ သူ​၏​ဧည့်​သည်​တို့​သည် လည်း​ခြေ​ဆေး​ပြီး​လျှင်​အ​စား​အ​စာ​သုံး ဆောင်​ကြ​လေ​သည်။
JDG 19:22 ယင်း​သို့​သူ​တို့​ပျော်​မွေ့​လျက်​နေ​ကြ​စဉ် ထို မြို့​က​အ​ဋ္ဌမ္မ​သား​အ​ချို့​တို့​သည်​အိမ်​ကို ဝိုင်း​ရံ​ထား​ပြီး​နောက်​တံ​ခါး​ကို​ထု​ရိုက် ကြ​၏။ အ​ဖိုး​အို​အား​လည်း``သင်​နှင့်​အ​တူ လိုက်​လာ​သူ​ကို​ခေါ်​ထုတ်​ပေး​ပါ။ ငါ​တို့ သူ​နှင့်​ကာ​မ​ရာ​ဂ​ဆက်​ဆံ​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။
JDG 19:23 သို့​ရာ​တွင်​အ​ဖိုး​အို​သည်​အိမ်​ပြင်​သို့​ထွက် ၍``မိတ်​ဆွေ​တို့၊ ကျေး​ဇူး​ပြု​၍​ဤ​သို့​ဆိုး​ညစ် ဟော့​ရမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်။ ဤ သူ​သည်​ငါ​၏​ဧည့်​သည်​ဖြစ်​ပါ​သည်။-
JDG 19:24 ဤ​မှာ​သူ​၏​မယား​ငယ်​နှင့်​ငါ့​ကိုယ်​ပိုင်​သ​မီး အ​ပျို​စင်​ရှိ​ပါ​၏။ သူ​တို့​အား​ယ​ခု​ငါ​ထုတ် ပေး​ပါ​မည်။ သင်​တို့​အ​လို​ရှိ​သ​လို​ပြု​ကျင့် ကြ​ပါ။ သို့​ရာ​တွင်​ငါ​၏​ဧည့်​သည်​ကို​မူ​ဤ မျှ​ဆိုး​သွမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်'' ဟု​တောင်း​ပန်​၏။-
JDG 19:25 သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ​၏​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့် လေ​ဝိ​အ​မျိုး​သား သည်​မိ​မိ​၏​မ​ယား​ငယ်​ကို​ထုတ်​၍ သူ​တို့ အား​အပ်​လိုက်​သ​ဖြင့်​သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား တစ်​ည​လုံး​ရက်​စက်​ကြမ်း​ကြုတ် စွာ​ပြု​ပြီး​နောက်​မိုး​သောက်​မှ​လွှတ်​လိုက် ကြ​၏။
JDG 19:26 အ​ရုဏ်​တက်​ချိန်​၌​အ​မျိုး​သ​မီး​သည်​လာ​၍ မိ​မိ​၏​ခင်​ပွန်း​ရှိ​ရာ​အ​ဖိုး​အို​၏​အိမ်​တံ​ခါး​ဝ ၌​လဲ​ကျ​သွား​တော့​၏။ သူ​သည်​မိုး​လင်း​ချိန်​၌ လည်း​ထို​နေ​ရာ​တွင်​ပင်​ရှိ​နေ​သေး​၏။-
JDG 19:27 ထို​နေ့​နံ​နက်​၌​သူ​၏​ခင်​ပွန်း​သည်​ခ​ရီး​ပြု​ရန် ထ​၍​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ မိ​မိ​၏ မ​ယား​ငယ်​သည်​တံ​ခါး​ခုံ​ကို​လက်​တင်​၍​အိမ် ရှေ့​တွင်​လဲ​လျက်​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ​သည်။-
JDG 19:28 သူ​က``ထ​လော့၊ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​သော် လည်း​မည်​သည့်​အ​ဖြေ​ကို​မျှ​မ​ရ​ချေ။ သို့ ဖြစ်​၍​သူ​သည်​သူ​ငယ်​မ​၏​ရုပ်​အ​လောင်း ကို​မြည်း​ပေါ်​တွင်​တင်​၍​အိမ်​သို့​ပြန်​လေ​၏။-
JDG 19:29 အိမ်​သို့​ရောက်​သော​အ​ခါ​အိမ်​ထဲ​သို့​ဝင်​ပြီး လျှင်​ဋ္ဌား​တစ်​လက်​ကို​ယူ​၍ မ​ယား​ငယ်​၏ ရုပ်​အ​လောင်း​ကို​တစ်​ဆယ့်​နှစ်​ပိုင်း​ဖြတ်​၏။ ထို နောက်​ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ထံ သို့​တစ်​ပိုင်း​စီ​ပေး​ပို့​လိုက်​လေ​သည်။-
JDG 19:30 ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သူ​မှန်​သ​မျှ တို့​က``ဤ​အ​မှု​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ ၌​မျှ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။ အီ​ဂျစ်​ပြည်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထွက်​ခွာ​လာ​ချိန် မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​မ​ဖြစ်​မ​ပျက် ခဲ့​ဘူး​ပါ။ ထို့​ကြောင့်​ငါ​တို့​သည်​ဤ​အ​မှု​နှင့် ပတ်​သက်​၍​တစ်​ခု​ခု​ပြု​ကြ​ရ​မည်။ အ​ဘယ် သို့​ပြု​ကြ​ရ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
JDG 20:1 မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-
JDG 20:2 စု​ရုံး​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​တွင် ဣ​သ​ရေ​လ​အ​နွယ် အ​ပေါင်း​တို့​၏​ခေါင်း​ဆောင်​များ​ပါ​ဝင် ကြ​၏။ မိ​ဇ​ပါ​မြို့​၌​ခြေ​လျင်​တပ်​သား ပေါင်း​လေး​သိန်း​မျှ​စု​ရုံး​လျက်​ရှိ​သ​တည်း။-
JDG 20:3 ဤ​အ​တော​အ​တွင်း​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​ဇ​ပါ​မြို့​၌ အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​လျက်​ရှိ ကြောင်း​ကို​ကြား​သိ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ဤ​ရာ​ဇ​ဝတ် မှု​ကို​အ​ဘယ်​သို့​ကူး​လွန်​ပါ​သ​နည်း။ ငါ တို့​အား​ပြော​ပြ​ပါ​လော့'' ဟု​မေး​ကြ​လျှင်၊-
JDG 20:4 အ​သတ်​ခံ​ရ​သူ​မိန်း​မ​၏​လင်​လေ​ဝိ​အ​မျိုး သား​က``ကျွန်ုပ်​သည်​မ​ယား​ငယ်​နှင့်​အ​တူ ဗင်္ယာ မိန်​နယ်​မြေ​ရှိ​ဂိ​ဗာ​မြို့​သို့​ည​အ​ခါ​တည်း ခို​ရန်​သွား​ရောက်​ခဲ့​ပါ​၏။-
JDG 20:5 ဂိ​ဗာ​မြို့​သား​တို့​သည်​ကျွန်ုပ်​အား​ရန်​ပြု​လို​၍ အိမ်​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​သည်။ သူ​တို့​သည် ကျွန်ုပ်​ကို​သတ်​ရန်​ကြံ​ရွယ်​သော်​လည်း​ကျွန်ုပ် ၏​မယား​ငယ်​အား​မု​ဒိန်း​ကျင့်​သ​ဖြင့်​သူ သည်​သေ​ဆုံး​သွား​ပါ​၏။-
JDG 20:6 ကျွန်ုပ်​သည်​သူ​၏​ရုပ်​အ​လောင်း​ကို​ယူ​၍​အ​ပိုင်း ပိုင်း​ဖြတ်​ပြီး​လျှင် ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ် မျိုး​ထံ​သို့​တစ်​ပိုင်း​စီ​ပေး​ပို့​ခဲ့​ပါ​၏။ ဤ​သူ တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဆိုး​ညစ် သော​အ​မှု၊ အ​ဋ္ဌမ္မ​အ​မှု​ကို​ပြု​ကြ​ပါ​ပြီ။-
JDG 20:7 ဤ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော​သင်​တို့ အ​ပေါင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ ဖြစ်​ကြ​သည်။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍​အ​ဘယ် သို့​အ​ရေး​ယူ​ဆောင်​ရွက်​ကြ​ပါ​မည်​နည်း'' ဟု မေး​၏။
JDG 20:8 လူ​အ​ပေါင်း​တို့​သည်​တစ်​ပြိုင်​နက်​ထ​၍``ငါ တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် မိ​မိ​၏​တဲ​ရှင် သို့​မ​ဟုတ်​အိမ်​သို့​မ​ပြန်​ကြ​တော့​ပြီ။-
JDG 20:9 ငါ​တို့​ပြု​မည့်​အ​မှု​ကား​စာ​ရေး​တံ​မဲ​ချ ၍​လူ​အ​ချို့​ကို​ရွေး​ချယ်​ပြီး​လျှင် ဂိ​ဗာ မြို့​ကို​တိုက်​ခိုက်​ကြ​ရန်​ပင်​တည်း။-
JDG 20:10 ဣ​သ​ရေ​လ​လူ​မျိုး​၏​ယောကျာ်း​ဆယ်​ပုံ​တစ် ပုံ​သည်​စစ်​တပ်​အ​တွက်​ရိက္ခာ​ပို့​ရ​မည်။ ကျန် သူ​တို့​သည်​ဂိဗာ​မြို့​သား​တို့​အား ဣ​သ​ရေ​လ လူ​မျိုး​တွင်​ကူး​လွန်​ခဲ့​သည့်​အ​ဋ္ဌမ္မ​အ​မှု အ​တွက်​ဒဏ်​ပေး​ရ​မည်'' ဟု​ပြန်​ပြော​ကြ​၏။-
JDG 20:11 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​ရှိ​လူ​အ​ပေါင်း တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ရန်​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​စု​ဝေး​ကြ​ကုန်​၏။
JDG 20:12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန် အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​တစ်​လျှောက်​သို့ လူ​များ​ကို​စေ​လွှတ်​၍``သင်​တို့​ကူး​လွန်​ခဲ့ သည့်​အ​ဋ္ဌမ္မ​အ​မှု​ကား​အ​ဘယ်​သို့​နည်း။-
JDG 20:13 ဂိ​ဗာ​မြို့​၌​ရှိ​သော​အ​ဋ္ဌမ္မ​လူ​တို့​ကို​ငါ​တို့ သတ်​၍​ဣ​သ​ရေ​လ​လူ​မျိုး​မှ ဤ​ဆိုး​ညစ်​မှု ကို​ဖယ်​ရှား​ပစ်​နိုင်​ရန်​ယ​ခု​ငါ​တို့​လက်​သို့ ပေး​အပ်​ကြ​လော့'' ဟု​ပြော​ကြား​စေ​၏။ သို့ ရာ​တွင်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ကား​ကို ဂ​ရု​မ​စိုက်​ဘဲ၊-
JDG 20:14 သူ​တို့​အား​တိုက်​ခိုက်​ရန်​ဗင်္ယာ​မိန်​မြို့​အ​ပေါင်း မှ​ထွက်​လာ​၍​ဂိ​ဗာ​မြို့​၌​စု​ရုံး​ကြ​၏။-
JDG 20:15 သူ​တို့​သည်​ထို​နေ့​၌​မိ​မိ​တို့​မြို့​များ​မှ​စစ် သား​နှစ်​သောင်း​ခြောက်​ထောင်​ကို​ခေါ်​ထုတ်​ခဲ့ ကြ​၏။ ထို​မှ​တစ်​ပါး​ဂိ​ဗာ​မြို့​သား​တို့​သည် လက်​ရွေး​စင်​ဘယ်​သန်​လူ​ခု​နစ်​ရာ​ကို​လည်း စု​ရုံး​ပေး​ကြ​၏။ ထို​လက်​ရွေး​စင်​တို့​သည် ဆံ​ချည်​တစ်​ပင်​ကို​လောက်​လွှဲ​နှင့်​မ​လွဲ အောင်​ပစ်​နိုင်​သူ​များ​ဖြစ်​ကြ​၏။-
JDG 20:17 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မ​ပါ​ဘဲ​လက်​နက် ကိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား စစ်​သား​ဦး​ရေ မှာ​လေး​သိန်း​မျှ​ရှိ​သ​တည်း။
JDG 20:18 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗေ​သ​လ မြို့​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား ၍``ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား​မည်​သည့် အ​နွယ်​ဝင်​များ​က​ဦး​စွာ​ပ​ထ​မ​တိုက်​ခိုက် ရ​ပါ​မည်​နည်း'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​မေး​မြန်း​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​ဝင်​များ'' ဟူ​၍​ဖြေ​ကြား​တော်​မူ​၏။
JDG 20:19 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နောက်​တစ်​နေ့​နံ​နက်​၌​ထွက်​ခွာ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​နီး​တွင်​တပ်​စ​ခန်း​ကြ​၏။-
JDG 20:20 သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ကို​စစ်​ဆင်​ရန် သွား​ရောက်​ကာ မိ​မိ​တို့​၏​စစ်​သား​များ အား​မြို့​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-
JDG 20:21 ဗင်္ယာ​မိန်​တပ်​သည်​မြို့​ထဲ​မှ​ထွက်​လာ​၍​နေ မ​ဝင်​မီ​ပင် ဣ​သ​ရေ​လ​တပ်​သား​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​သတ်​ဖြတ်​လိုက်​ကြ​၏။-
JDG 20:22 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုး ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင် အောင်​ငို​ကြွေး​ကြ​၏။ သူ​တို့​က​ကိုယ်​တော် အား``အ​ကျွန်ုပ်​တို့​၏​ညီ​ဖြစ်​သော​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​အား တစ်​ဖန်​စစ်​တိုက်​ရ​ပါ မည်​လော'' ဟု​မေး​လျှောက်​ကြ​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​အား တက်​၍​လာ​ပြီး​လျှင် တပ်​သား​များ​အား​ယ​မန် နေ့​က​အ​တိုင်း​နေ​ရာ​ယူ​စေ​ပြန်​၏။-
JDG 20:24 သူ​တို့​သည်​ဒု​တိ​ယ​အ​ကြိမ်​ဗင်္ယာ​မိန်​တပ် ရှိ​ရာ​သို့​ချီ​တက်​ကြ​လေ​သည်။-
JDG 20:25 ဗင်္ယာ​မိန်​တပ်​သား​တို့​သည်​လည်း​ဂိ​ဗာ​မြို့​မှ ဒု​တိ​ယ​အ​ကြိမ်​ထွက်​လာ​ကြ​၏။ ဤ​အ​ကြိမ် တွင်​သူ​တို့​သည်​လက်​နက်​ကိုင် ဣ​သ​ရေ​လ တပ်​သား​တစ်​သောင်း​ရှစ်​ထောင်​ကို​သတ်​ဖြတ် လိုက်​ကြ​လေ​သည်။-
JDG 20:26 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည် ဗေ​သ​လ​မြို့​သို့​သွား​၍​ငို​ကြွေး​ကြ​၏။ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထိုင် လျက် ည​နေ​ချမ်း​တိုင်​အောင်​အ​စာ​ရှောင်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိတ် သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော် ကြ​၏။-
JDG 20:27 ထို​ကာ​လ​၌​ဗေ​သ​လ​မြို့​တွင်​ဘု​ရား​သ​ခင် ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တည်​ရှိ​သ​တည်း။ ထို သေတ္တာ​တော်​ကို​အာ​ရုန်​၏​မြေး၊ ဧ​လိ​ဇာ​၏​သား၊ ဖိ​န​ဟတ်​က​တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​၏။ လူ တို့​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​ညီ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား ယ​ခု​တစ်​ဖန်​သွား​ရောက်​တိုက်​ခိုက်​ရ​ပါ မည်​လော။ မ​တိုက်​ခိုက်​ဘဲ​နေ​ရ​ပါ​မည် လော'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​ခိုက်​လော့။ နက်​ဖြန် နေ့​၌​ငါ​သည်​သင်​တို့​အား​ထို​သူ​တို့​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။
JDG 20:29 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ပတ်​လည်​၌​စစ်​သား​အ​ချို့​ကို​ပုန်း အောင်း​၍​နေ​စေ​ကြ​၏။-
JDG 20:30 ထို​နောက်​သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ရှိ​ရာ​သို့ တ​တိ​ယ​အ​ကြိမ်​ချီ​တက်​ကာ မိ​မိ​တို့​၏​တပ် သား​များ​ကို​ရှေ့​က​နည်း​တူ​ဂိ​ဗာ​မြို့​ကို​မျက် နှာ​မူ​၍​တိုက်​ပွဲ​ဝင်​ရန်​နေ​ရာ​ယူ​စေ​ကြ​၏။-
JDG 20:31 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​တိုက်​ခိုက်​ရန်​ထွက် လာ​သော​အ​ခါ မြို့​နှင့်​ဝေး​ကွာ​ရာ​သို့​မျှား​၍ ခေါ်​ဆောင်​ခြင်း​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ကွင်း​ပြင် တွင်​လည်း​ကောင်း၊ ဗေ​သ​လ​မြို့​သို့​သွား​ရာ​လမ်း နှင့်​ဂိ​ဗာ​မြို့​သို့​သွား​ရာ​လမ်း​၌​လည်း​ကောင်း ယ​ခင်​က​ကဲ့​သို့​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​စ​တင်​လုပ်​ကြံ​ကြ​ရာ​လူ​ပေါင်း​သုံး​ဆယ် ခန့်​သေ​လေ​သည်။-
JDG 20:32 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က``ငါ​တို့​သည်​ရှေး နည်း​တူ​ပင်​သူ​တို့​အား​နှိမ်​နင်း​လိုက်​လေ​ပြီ'' ဟု​ဆို​ကြ​၏။ သို့​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တပ်​ကို​ဆုတ်​ခွာ​၍ မြို့​နှင့်​ဝေး​ရာ လမ်း​များ​ပေါ်​သို့​ရောက်​အောင်​ရန်​သူ့​အား သွေး​ဆောင်​ခေါ်​ယူ​သွား​ရန်​စီ​စဉ်​ထား​ကြ​၏။-
JDG 20:33 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင် မ​တပ်​ကြီး​သည် ဆုတ်​ခွာ​၍ ဗာ​လ​တာ​မာ​မြို့​၌ ပြန်​လည်​စု​ရုံး​မိ​သော​အ​ခါ ဂိ​ဗာ​မြို့​ကို​ဝိုင်း​ရံ ထား​သော​တပ်​ပုန်း​သည် မိ​မိ​တို့​ပုန်း​အောင်း​ရာ ကျောက်​ပေါ​များ​သည့်​မြို့​ပတ်​လည်​အ​ရပ်​မှ ရုတ်​တ​ရက်​ထွက်​လာ​ကြ​၏။-
JDG 20:34 ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​မှ​လက်​ရွေး​စင်​လူ​တစ် သောင်း​တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ကြ​လေ​သည်။ တိုက်​ပွဲ​မှာ​ပြင်း​ထန်​လှ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ရ​တော့​မည့် အ​ဖြစ်​ကို​မ​ရိပ်​မိ​ကြ​ချေ။-
JDG 20:35 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဗင်္ယာ​မိန်​တပ်​အ​ပေါ်​တွင်​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ရန်​သူ​နှစ်​သောင်း​ငါး​ထောင်​တစ်​ရာ ကို​လုပ်​ကြံ​သတ်​ဖြတ်​လိုက်​ကြ​၏။-
JDG 20:36 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​အ​ရေး ရှုံး​နိမ့်​ကြ​သည်​ကို​သိ​မြင်​လာ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင်​မ​တပ်​ကြီး သည် ဂိ​ဗာ​မြို့​ပတ်​လည်​တွင်​ချ​ထား​သည့်​တပ်​ပုန်း ကို​အား​ကိုး​ကာ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​၏ ရှေ့​မှ​ဆုတ်​ခွာ​သွား​ကြ​၏။-
JDG 20:37 ထို​အ​ခါ​တပ်​ပုန်း​သည်​ဂိဗာ​မြို့​ထဲ​သို့​အ​လျင် အ​မြန်​ဝင်​ပြီး​လျှင် လူ​ဖြန့်​၍​ရှိ​သ​မျှ​သော​မြို့ သူ​မြို့​သား​တို့​အား​လုပ်​ကြံ​သတ်​ဖြတ်​ကြ​လေ သည်။-
JDG 20:38 ဣ​သ​ရေ​လ​တပ်​မ​ကြီး​သည်​တပ်​ပုန်း​နှင့် အ​ချက် ပြ​အ​မှတ်​အ​သား​တစ်​ခု​ကို​စီ​စဉ်​ထား​ခဲ့​ကြ ၏။ မြို့​ထဲ​မှ​မီး​ခိုး​လုံး​ကြီး​များ​တက်​လာ​သည် ကို​မြင်​သော​အ​ခါ၊-
JDG 20:39 စစ်​မြေ​ပြင်​တွင်​ရှိ​နေ​ကြ​သော​ဣ​သ​ရေ​လ​တပ် သား​တို့​သည်​ထွက်​ပြေး​ရာ​မှ​လှည့်​၍​ပြန်​လာ​ရန် ဖြစ်​၏။ ယင်း​သို့​ထွက်​ပြေး​ဆုတ်​ခွာ​ချိန်​၌​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​တပ်​သား​သုံး ဆယ်​ကို​သတ်​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​က``ယ​ခု တစ်​ကြိမ်​လည်း​ရှေး​နည်း​တူ​ပင်​သူ​တို့​အ​ပေါ် ၌​ငါ​တို့​အ​နိုင်​ရ​လေ​ပြီ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။-
JDG 20:40 ထို​အ​ချိန်​၌​မီး​ခိုး​လုံး​ကြီး​တစ်​ခု​သည်​မြို့​ထဲ မှ​တက်​စ​ပြု​ပြီ​ဖြစ်​၍ အ​ချက်​ပြ​အ​မှတ်​လက္ခ ဏာ​ပေါ်​လာ​လေ​သည်။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ သည်​နောက်​သို့​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ မြို့​တစ်​မြို့​လုံး​မီး​လျှံ​တောက်​နေ​သည်​ကို​မြင် သ​ဖြင့်​အံ့​အား​သင့်​၍​သွား​ကြ​၏။-
JDG 20:41 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြန် ၍​လှည့်​လာ​ကြ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဆုံး​ပါး​ပျက်​စီး​ရ​တော့​မည့်​အ​ဖြစ် ကို​သိ​ရှိ​လာ​သ​ဖြင့်​ကြောက်​လန့်​တုန်​လှုပ်​လျက်၊-
JDG 20:42 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ဆုတ်​ခွာ​၍ တော​ကန္တာ​ရ​ထဲ​သို့​ထွက်​ပြေး​ကြ​၏။ သို့​ရာ​တွင် မလွတ်​မ​မြောက်​နိုင်​ကြ။ ဣ​သ​ရေ​လ​ပင်​မ​တပ် ကြီး​နှင့်​မြို့​ထဲ​မှ​ထွက်​လာ​သော​တပ်​ပုန်း​တို့ ၏​စပ်​ကြား​တွင် ပိတ်​၍​မိ​နေ​ကြ​သ​ဖြင့်​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​တော့​၏။-
JDG 20:43 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ​တို့​အား ဝိုင်း​ရံ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​ရှေ့​ဘက်​သို့​တိုင်​အောင် မ​ရပ်​မ​နား​လိုက်​လံ​တိုက်​ခိုက်​သတ်​ဖြတ်​ကြ သ​ဖြင့်၊-
JDG 20:44 ဗင်္ယာ​မိန်​အ​မျိုး​သား​လက်​ရွေး​စင်​တပ်​သား တစ်​သောင်း​ရှစ်​ထောင်​မျှ​ကျ​ဆုံး​လေ​သည်။-
JDG 20:45 အ​ခြား​သူ​တို့​သည်​လှည့်​၍​တော​ကန္တာ​ရ​ဘက်​သို့ ပြေး​ပြီး​လျှင်​ရိမ္မုန်​ကျောက်​သို့​ရောက်​ကြ​၏။ လမ်း များ​ပေါ်​၌​ထို​သူ​တို့​အ​နက်​လူ​ငါး​ထောင်​မျှ ကျ​ဆုံး​ရ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျန်​ရှိ​သေး​သူ​တို့​အား ဂိ​ဒုံ​မြို့​တိုင် အောင်​ဆက်​လက်​လိုက်​လံ​တိုက်​ခိုက်​၍​လူ​နှစ် ထောင်​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
JDG 20:46 ထို​နေ့​၌​ဗင်္ယာ​မိန်​အ​မျိုး​သား​စု​စု​ပေါင်း​နှစ် သောင်း​ငါး​ထောင်​မျှ​သေ​ရ​ကြ​၏။ ထို​သူ​အား လုံး​ပင်​သူ​ရဲ​ကောင်း​များ​ဖြစ်​ကြ​သ​တည်း။
JDG 20:47 သို့​ရာ​တွင်​လူ​ခြောက်​ရာ​တို့​သည်​တော​ကန္တာ​ရ​ရှိ ရိမ္မုန်​ကျောက်​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ လေ​သည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​လေး​လ မျှ​နေ​ကြ​၏။-
JDG 20:48 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​၍ ယောကျာ်း၊ မိန်း​မ၊ က​လေး၊ တိရစ္ဆာန်​အ​ပါ​အ​ဝင် ကျန်​ရှိ​နေ​သေး​သည့်​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ အား​သတ်​ပစ်​ကြ​လေ​သည်။ တွေ့​သ​မျှ​သော မြို့​တို့​ကို​လည်း​မီး​ရှို့​ကြ​၏။
JDG 21:1 မိ​ဇ​ပါ​မြို့​၌​စု​ရုံး​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား``ဗင်္ယာ မိန်​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​ကို​မျှ​အ​ကျွန်ုပ် တို့​၏​သ​မီး​နှင့်​လက်​ထပ်​ထိမ်း​မြား​ခွင့်​ပြု​မည် မ​ဟုတ်​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​ခဲ့​ကြ​၏။-
JDG 21:2 သို့​ဖြစ်​၍​ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဗေ​သ​လ​မြို့​သို့​သွား​၍ ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင်​အောင် ထိုင်​လျက်၊-
JDG 21:3 ``အို ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ် ရ​ပါ​သ​နည်း။ ဗင်္ယာ​မိန်​အ​နွယ်​သည်​ဣ​သ ရေ​လ​လူ​မျိုး​မှ​အ​ဘယ်​ကြောင့်​ပျောက်​ကွယ် ရ​ပါ​တော့​မည်​နည်း'' ဟု​ပြင်း​ပြ​စွာ​ဟစ် အော်​ငို​ကြွေး​လျှောက်​ထား​ကြ​၏။
JDG 21:4 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လူ​တို့​သည် ထ​၍ ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည် ဆောက်​ကာ မိတ်​သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ ယဇ်​တို့​ကို​ပူ​ဇော်​ကြ​၏။-
JDG 21:5 သူ​တို့​က``ဣ​သ​ရေ​လ​လူ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​မိ​ဇ​ပါ​မြို့​ရှိ ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​သို့​မ​လာ​မ​ရောက်​ဘဲ​နေ​ခဲ့​သည့်​လူ စု​ရှိ​ပါ​သ​လော'' ဟု​မေး​မြန်း​ကြ​၏။ (အ​ဘယ် ကြောင့်​ဆို​သော်​မိ​ဇ​ပါ​မြို့​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​မ​လာ​မ​ရောက်​ဘဲ​နေ​သော​သူ သည်​သေ​ဒဏ်​ခံ​စေ​ဟု​ကျိန်​ဆို​က​တိ​ပြု ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-)
JDG 21:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ညီ​များ​ဖြစ်​သော ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့ အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်``ယ​နေ့​ပင် လျှင်​ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​တစ်​နွယ်​ကို​ဆုံး​ရှုံး​ရ​လေ​ပြီ။-
JDG 21:7 ကျန်​ရှိ​နေ​သေး​သော​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​အ​တွက်​မ​ယား​များ​ရ​ရှိ​နိုင်​ရန် ငါ​တို့ အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည်​နည်း။ ငါ​တို့ သမီး​များ​ကို​သူ​တို့​နှင့်​ထိမ်း​မြား​ခြင်း​မ​ပြု ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​တို့ သစ္စာ​ဆို​ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။
JDG 21:8 မိ​ဇ​ပါ​မြို့​၌​စု​ရုံး​ရာ​သို့​ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​များ​ထဲ​မှ မ​လာ​မ​ရောက် သော​လူ​စု​ရှိ​ပါ​သ​လော​ဟု​စုံ​စမ်း​ကြ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​မည် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​လာ​မ​ရောက် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​လေ​သည်။-
JDG 21:9 တပ်​မ​တော်​မှ​နာ​မည်​ခေါ်​စာ​ရင်း​ကောက်​ယူ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​လူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ဝင်​ပေ။-
JDG 21:10 မိ​ဇ​ပါ​မြို့​၌​စု​ဝေး​သော​သူ​အ​ပေါင်း​တို့ က၊ မိ​မိ​တို့​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​လူ တစ်​သောင်း​နှစ်​ထောင်​အား``သင်​တို့​သွား​၍ အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​အ​ပါ အ​ဝင်​ယာ​ဗတ်​မြို့​သား​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​ကြ​လော့။ ယောကျာ်း​နှင့်​အ​ပျို စင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​မှန်​သ​မျှ ကို​သတ်​ဖြတ်​ပစ်​ကြ​ရ​မည်'' ဟု​အ​မိန့် ပေး​စေ​လွှတ်​လိုက်​လေ​သည်။-
JDG 21:12 ထို​သူ​တို့​သည်​ယာ​ဗက်​မြို့​သား​များ​အ​နက် အ​ပျို​စင်​လေး​ရာ​ကို​တွေ့​ရှိ​သ​ဖြင့် သူ​တို့ အား​ရှိ​လော​မြို့​တပ်​စ​ခန်း​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ ရှိ​လော​မြို့​သည်​ခါ​နာန်​ပြည်​တွင် ရှိ​သ​တည်း။
JDG 21:13 ထို​နောက်​စု​ဝေး​သော​သူ​အ​ပေါင်း​တို့​က ရိမ္မုန် ကျောက်​ရှိ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ထံ​သို့ စစ်​ပြေ​ငြိမ်း​ရန် ကမ်း​လှမ်း​ချက်​သ​တင်း​ကို ပေး​ပို့​လိုက်​ကြ​၏။-
JDG 21:14 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​ပြန်​လာ​ကြ သော​အ​ခါ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​တို့ က​မိ​မိ​တို့​မ​သတ်​ဘဲ​ထား​သည့် ယာ​ဗက်​မြို့ သူ​အ​မျိုး​သ​မီး​တို့​ကို​ပေး​အပ်​လိုက်​လေ သည်။ သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​အ​ရေ အ​တွက်​မှာ​ထို​သူ​တို့​အ​တွက်​လုံ​လောက် မှု​မ​ရှိ​ချေ။
JDG 21:15 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​နွယ်​တို့​၏​စည်း​လုံး​မှု​ကို​ပျက်​ပြား​စေ တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည်​ဗင်္ယာ​မိန်​အ​မျိုး သား​များ​အ​တွက်​ဝမ်း​နည်း​ကြ​လေ​သည်။-
JDG 21:16 သို့​ဖြစ်​၍​ခေါင်း​ဆောင်​တို့​က``ဗင်္ယာ​မိန်​အ​နွယ် ဝင်​အ​မျိုး​သ​မီး​များ​မ​ရှိ​ကြ​တော့​ပေ။ ကျန် ရှိ​နေ​သေး​သည့်​အ​မျိုး​သား​များ​အ​တွက် အ​ဘယ်​သို့​လျှင် မ​ယား​များ​ကို​ငါ​တို့​ရှာ ဖွေ​ပေး​ရ​ပါ​မည်​နည်း။-
JDG 21:17 ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ရှိ​သည့် အ​နက်​တစ်​မျိုး​ပျောက်​ကွယ်​၍​မ​သွား စေ​အပ်။-
JDG 21:18 သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​၏​သ​မီး​များ နှင့်​သူ​တို့​အား​ထိမ်း​မြား​စုံ​ဖက်​ခွင့်​လည်း​မ ပြု​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​စုံ​ဖက် ရန်​ခွင့်​ပြု​သူ​သည် ငါ​တို့​၏​ကျိန်​စာ​သင့်​မည် ဖြစ်​သော​ကြောင့်​တည်း'' ဟု​ဆွေး​နွေး​တိုင်​ပင် ကြ​လေ​သည်။
JDG 21:19 ထို​နောက်​သူ​တို့​သည်​ရှိ​လော​မြို့​၌​နှစ်​စဉ် ကျင်း​ပ​မြဲ​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​၏​ပွဲ တော်​ကျ​ရောက်​တော့​မည်​ကို​သ​တိ​ရ​ကြ ၏။ (ရှိ​လော​မြို့​သည်​ဗေ​သ​လ​မြို့​၏​မြောက် ဘက်၊ လေ​ဗော​န​မြို့​၏​တောင်​ဘက်၊ ဗေ​သ​လ မြို့​မှ​ရှေ​ခင်​မြို့​သို့​သွား​သော​လမ်း​အ​ရှေ့ ဘက်​၌​တည်​ရှိ​သ​တည်း။-)
JDG 21:20 သူ​တို့​က​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား``သင် တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​သို့​သွား​၍ ပုန်း အောင်း​၍၊-
JDG 21:21 စောင့်​ဆိုင်း​နေ​ကြ​လော့။ ရှိ​လော​မြို့​သူ​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ​က​ခုန်​လျက်​လာ​ကြ​လိမ့် မည်။ ထို​အ​ခါ​စပျစ်​ဥ​ယျာဉ်​များ​မှ​ထွက်​၍ သင်​တို့​နှင့်​အိမ်​ထောင်​ဖက်​ပြု​ရန်​နှစ်​သက် ရာ​အ​မျိုး​သ​မီး​ကို​ဗင်္ယာ​မိန်​ပြည်​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ကြ​လော့။-
JDG 21:22 အ​ကယ်​၍​သူ​တို့​၏​ဖ​ခင်​များ​သို့​မ​ဟုတ် မောင်​များ​က​လာ​ရောက်​ကန့်​ကွက်​လျှင် သင် တို့​သည်​သူ​တို့​အား`ထို​အ​မျိုး​သ​မီး​တို့​ကို ငါ​တို့​အား​သိမ်း​ပိုက်​ခွင့်​ပြု​ပါ။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​တို့​သည်​သင်​တို့​အား​တိုက်​ခိုက်​၍ သူ​တို့​ကို​သိမ်း​ယူ​ခြင်း​မ​ဟုတ်​သော​ကြောင့် ဖြစ်​ပါ​သည်။ ထို​မှ​တစ်​ပါး​သူ​တို့​ကို​ငါ​တို့ အား​ပေး​စား​သူ​မှာ​သင်​တို့​မ​ဟုတ်​သ​ဖြင့် သင်​တို့​သည်​မိ​မိ​တို့​၏​ကတိ​သစ္စာ​ကို​ချိုး ဖောက်​ရာ​မ​ရောက်​ပါ' ဟု​ပြန်​ပြော​ကြ လော့'' ဟူ​၍​မှာ​ထား​ကြ​၏။
JDG 21:23 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​လည်း​ယင်း​သို့ မှာ​ထား​သည့်​အ​တိုင်း​ပြု​၍ က​ခုန်​လျက်​လာ ကြ​သော​အ​မျိုး​သ​မီး​တို့​အား ကိုယ်​စီ​ကိုယ် ငှ​ရွေး​ယူ​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မိ​မိ​တို့​နယ် မြေ​သို့​ပြန်​ပြီး​လျှင်​မိ​မိ​တို့​၏​မြို့​များ​ကို ပြန်​လည်​ထူ​ထောင်​ကာ​နေ​ထိုင်​ကြ​လေ​၏။-
JDG 21:24 တစ်​ချိန်​တည်း​မှာ​ပင်​အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​အ​မျိုး​အ​နွယ်၊ အိမ်​ထောင်​စု​နှင့်​အိုး​အိမ်​ရှိ​ရာ​အ​ရပ်​အ​သီး သီး​သို့​ပြန်​လည်​ထွက်​ခွာ​သွား​ကြ​ကုန်​၏။
JDG 21:25 ထို​ခေတ်​အ​ခါ​က​ဣ​သ​ရေ​လ​လူ​မျိုး​တွင် ရှင်​ဘု​ရင်​မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​သ​တည်း။ တ​ရား​သူ​ကြီး​မှတ်​စာ​ပြီး​၏။
RUT 1:1 ရှေး​အ​ခါ​က​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဘု​ရင် မ​ရှိ​သေး​မီ​အ​ချိန်​၌​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​ဆိုက်​ရောက်​သ​ဖြင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သား​ဧ​လိ​မ​လက်​သည် မိ​မိ​၏​ဇနီး​နှင့်​သား နှစ်​ယောက်​တို့​ကို​ခေါ်​၍​မော​ဘ​ပြည်​တွင်​ခေတ္တ သွား​ရောက်​နေ​ထိုင်​လေ​သည်။ သား​နှစ်​ယောက် တို့​၏​နာ​မည်​များ​မှာ​မ​ဟာ​လုန်​နှင့်​ခိ​လျှုန် ဖြစ်​၏။ သူ​တို့​သည်​ဧ​ဖ​ရတ်​သား​ချင်း​စု ဝင်​များ​တည်း။ မော​ဘ​ပြည်​တွင်​သူ​တို့​နေ ထိုင်​လျက်​ရှိ​စဉ်၊-
RUT 1:3 ဧ​လိ​မ​လက်​ကွယ်​လွန်​သွား​သ​ဖြင့် နော​မိ သည်​သား​နှစ်​ယောက်​နှင့်​ကျန်​ရစ်​လေ​သည်။-
RUT 1:4 ထို​သား​တို့​သည်​မော​ဘ​အ​မျိုး​သ​မီး​များ ဖြစ်​ကြ​သော​သြ​ရ​ပ၊ ရု​သ​တို့​နှင့်​အိမ်​ထောင် ကျ​ကြ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဆယ်​နှစ် ခန့်​နေ​ထိုင်​ကြ​ပြီး​နောက်၊-
RUT 1:5 မ​ဟာ​လုန်​နှင့်​ခိ​လျှုန်​တို့​သည်​လည်း​ကွယ်​လွန် သွား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​နော​မိ​သည်​လင် သား​မဲ့​အ​ထီး​ကျန်​ဖြစ်​လေ​တော့​၏။
RUT 1:6 ကာ​လ​အ​တန်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ကောက်​ပဲ​သီး​နှံ​အ​ထွက်​များ​စေ​ခြင်း​အား ဖြင့် မိ​မိ​၏​လူ​စု​အား​ကောင်း​ချီး​ပေး​တော်​မူ ကြောင်း​သ​တင်း​ကို​နော​မိ​ကြား​ရ​လေ​သည်။ သို့ ဖြစ်​၍​သူ​သည်​မိ​မိ​၏​ချွေး​မ​များ​နှင့်​အ​တူ မော​ဘ​ပြည်​မှ​ထွက်​ခွာ​ရန်​အ​သင့်​ပြင်​လေ​၏။-
RUT 1:7 ယု​ဒ​ပြည်​သို့​စ​တင်​ထွက်​ခွာ​လာ​ကြ​စဉ်၊-
RUT 1:8 နော​မိ​က​ချွေး​မ​များ​အား``သင်​တို့​သည် ကိုယ့်​မိ​ခင်​များ​အိမ်​သို့​ပြန်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​ပေါ်​၌​သော်​လည်း​ကောင်း၊ ကွယ်​လွန်​သွား​သူ​တို့​၏​အ​ပေါ်​၌​လည်း​ကောင်း ကျေး​ဇူး​ပြု​ခဲ့​ကြ​သည်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။-
RUT 1:9 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှစ်​ယောက် စ​လုံး​အား နောက်​အိမ်​ထောင်​နှင့်​ပျော်​ရွှင်​စွာ နေ​ထိုင်​ခွင့်​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။ ဤ​သို့​ဆို​ပြီး​လျှင်​နော​မိ​သည် သူ​တို့​အား နမ်း​ရှုတ်​နှုတ်​ဆက်​လေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​ငို​ကြွေး​လျက်၊-
RUT 1:10 ``ကျွန်​မ​တို့​သည်​အိမ်​သို့​မ​ပြန်​လို​ပါ။ မိ​ခင် နှင့်​အ​တူ မိ​ခင်​၏​အ​မျိုး​သား​များ​ထံ​သို့ လိုက်​ပါ​မည်'' ဟု​ဆို​ကြ​၏။
RUT 1:11 နော​မိ​က​လည်း``ငါ့​သ​မီး​တို့၊ ပြန်​သွား​ကြ လော့။ အ​ဘယ်​ကြောင့်​ငါ​နှင့်​လိုက်​လို​ကြ​ပါ သ​နည်း။ သင်​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ရန် အ​တွက် ငါ​သည်​နောက်​ထပ်​သား​များ​ကို မွေး​ဖွား​ပေး​နိုင်​ပါ​သ​လော။-
RUT 1:12 အိမ်​သို့​ပြန်​ကြ​လော့။ ငါ​သည်​နောက်​ထပ်​အိမ် ထောင်​ပြု​ရန်​အ​ရွယ်​လွန်​လေ​ပြီ။ အ​ကယ်​၍ ငါ့​မှာ​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​ဖြင့် ယ​ခု ပင်​အိမ်​ထောင်​ကျ​၍​သား​များ​ကို​ရ​ရှိ​သည် ဟု​ဆို​စေ​ကာ​မူ၊-
RUT 1:13 သင်​တို့​သည်​ထို​သား​များ​ကြီး​ပြင်း​လာ​သည် တိုင်​အောင် စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​လော။ ယင်း သို့​စောင့်​ဆိုင်း​ကာ​နောက်​အိမ်​ထောင်​မ​ပြု​ဘဲ​နေ ကြ​ပါ​မည်​လော။ ငါ့​သ​မီး​တို့​ဤ​သို့​မ​ဖြစ်​နိုင် ကြောင်း​ကို​သင်​တို့​သိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ်​၍ ငါ​သည် သင်​တို့​အ​တွက်​အ​လွန်​ဝမ်း​နည်း​ပါ​၏'' ဟု ဆို​၏။
RUT 1:14 သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။-
RUT 1:15 သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။
RUT 1:16 သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။-
RUT 1:17 မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။
RUT 1:18 မိ​မိ​နှင့်​အ​တူ​လိုက်​ရန် ရု​သ​စိတ်​ပိုင်း​ဖြတ် ထား​ကြောင်း​နော​မိ​သိ​သော​အ​ခါ ထပ်​မံ မ​တိုက်​တွန်း​ဘဲ​နေ​၏။
RUT 1:19 သူ​တို့​သည်​ဗက်​လင်​မြို့​သို့​ရောက်​သည်​တိုင် အောင် ဆက်​လက်​သွား​ကြ​၏။ သူ​တို့​ရောက်​ရှိ ကြ​သော​အ​ခါ တစ်​မြို့​လုံး​လှုပ်​လှုပ်​ရှား​ရှား ဖြစ်​လျက်​အ​မျိုး​သ​မီး​များ​က``ဤ​သူ သည်​အ​ကယ်​ပင်​နော​မိ​ပေ​လော'' ဟု​မေး မြန်း​ကြ​၏။
RUT 1:20 နော​မိ​က​လည်း ``ငါ့​ကို နော​မိ'' ဟု​သင်​တို့ မ​ခေါ်​ကြ​ပါ​နှင့်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ခါး​သီး​စွာ​ပြု​တော်​မူ ပြီ​ဖြစ်​၍​ငါ့​ကို`မာ​ရ' ဟု​ခေါ်​ကြ​ပါ​လော့။-
RUT 1:21 ဤ​မြို့​မှ​ထွက်​ခွာ​သွား​စဉ်​အ​ခါ​က ငါ့​မှာ အ​စုံ​အ​လင်​ရှိ​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​လက်​ချည်း​သက်​သက် ပြန်​လည်​ပို့​ဆောင်​တော်​မူ​လေ​ပြီ။ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်​ဒုက္ခ​ရောက်​စေ​တော်​မူ ပြီ​ဖြစ်​၍ ငါ့​ကို​အ​ဘယ်​ကြောင့် `နော​မိ' ဟု ခေါ်​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​၏။
RUT 1:22 ဤ​ကား​နော​မိ​သည် ချွေး​မ​ဖြစ်​သူ​မော​ဘ အ​မျိုး​သ​မီး​ရု​သ​နှင့်​အ​တူ မော​ဘ​ပြည် မှ​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​ဖြစ်​ပေ​သည်။ သူ တို့​နှစ်​ယောက်​သည်​မု​ယော​စ​ပါး​ရိတ်​သိမ်း စ​အ​ချိန်​၌ ဗက်​လင်​မြို့​သို့​ရောက်​ရှိ​လာ ကြ​သ​တည်း။
RUT 2:1 နော​မိ​တွင်​ဗော​ဇ​ဆို​သူ ဆွေ​မျိုး​တစ်​ဦး​ရှိ ၏။ သူ​သည်​နော​မိ​၏​ခင်​ပွန်း​ဧ​လိ​မ​လက်​၏ သား​ချင်း​စု​ဝင်၊ ချမ်း​သာ​ကြွယ်​ဝ​၍ သြ​ဇာ ရှိ​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။-
RUT 2:2 ရု​သ​က​နော​မိ​အား``ကောက်​ရိတ်​သူ​တို့​ချန် ထား​ခဲ့​သည့်​ကောက်​သင်း​ကို​ကောက်​ရန် ကျွန်​မ အား​လယ်​ကွင်း​များ​သို့​သွား​ခွင့်​ပြု​ပါ။ ကျွန် မ​သည်​ဤ​သို့​ကောက်​ခွင့်​ပြု​မည့်​တစ်​စုံ​တစ် ယောက်​ကို​တွေ့​ပါ​လိမ့်​မည်'' ဟု​ဆို​လျှင်၊ နော​မိ​က​လည်း``ငါ့​သ​မီး၊ သွား​လေ​တော့'' ဟု​ပြန်​ပြော​၏။
RUT 2:3 သို့​ဖြစ်​၍​ရုသ​သည်​လယ်​ကွင်း​များ​သို့​သွား ပြီး​လျှင် ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ သူ​တို့​ချန်​ထား​ခဲ့​သည့်​ကောက်​သင်း ကို​ကောက်​၏။ သူ​သွား​ရောက်​မိ​သည့်​လယ်​ကွင်း မှာ​ဗော​ဇ​ပိုင်​သော​လယ်​ကွင်း​ဖြစ်​နေ​သည်။
RUT 2:4 အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဗော​ဇ ကိုယ်​တိုင်​ပင်​ဗက်​လင်​မြို့​မှ​ရောက်​ရှိ​လာ​လျက် မိ​မိ​၏​အလုပ်​သ​မား​များ​အား``ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၍​နှုတ်​ဆက်​၏။ ကောက်​ရိတ်​သ​မား​များ​က``ထာ​ဝ​ရ​ဘု​ရား သည် အ​ရှင့်​အား​ကောင်းချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ပြန်​ပြော​ကြ​၏။
RUT 2:5 ဗော​ဇ​သည်​အ​လုပ်​သ​မား​ခေါင်း​ဆောင် အား``ထို​သူ​ငယ်​မ​သည်​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​၏။
RUT 2:6 အ​လုပ်​သ​မား​ခေါင်း​ဆောင်​က``ထို​သူ​ငယ်​မ သည် မော​ဘ​ပြည်​မှ​နော​မိ​နှင့်​အ​တူ​လိုက်​လာ သည့်​မော​ဘ​အ​မျိုး​သ​မီး​ဖြစ်​ပါ​သည်။-
RUT 2:7 သူ​သည်​ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ ကောက်​သင်း​ကောက်​ခွင့်​ကို​ကျွန်​တော် ၏​ထံ​တွင်​တောင်း​ခံ​ကာ နံ​နက်​စော​စော​မှ​စ ၍​ကောက်​သင်း​ကောက်​လျက်​နေ​ခဲ့​ပါ​၏။ ယ​ခု မှ​သာ​လျှင်​လယ်​တဲ​တွင်​ခေတ္တ​နား​နေ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။
RUT 2:8 ထို​အ​ခါ​ဗော​ဇ​က​ရု​သ​အား``နား​ထောင်​ပါ ငါ့​သ​မီး၊ ဤ​လယ်​ကွင်း​မှ​တစ်​ပါး​အ​ခြား လယ်​ကွင်း​များ​သို့​သွား​၍ ကောက်​သင်း​မ​ကောက် ပါ​နှင့်။ ဤ​လယ်​ကွင်း​တွင်​နေ​၍​အ​မျိုး​သမီး များ​နှင့်​အ​တူ​လုပ်​ဆောင်​ပါ​လော့။-
RUT 2:9 သူ​တို့​အ​ဘယ်​နေ​ရာ​တွင်​ကောက်​ရိတ်​ကြ​သည် ကို​စောင့်​၍ ကြည့်​ကာ​သူ​တို့​နှင့်​အ​တူ​လိုက်​သွား ပါ​လော့။ သင့်​အား​အ​နှောင့်​အ​ယှက်​မ​ပေး​ရန် ငါ​၏​အ​လုပ်​သ​မား​များ​ကို​မှာ​ထား​ပြီ။ သင် ရေ​ငတ်​သည့်​အ​ခါ​အိုး​ထား​ရာ​သို့​သွား​၍ သူ တို့​ခပ်​ထား​သည်​ရေ​ကို​သောက်​ပါ​လော့'' ဟု ဆို​၏။
RUT 2:10 ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊
RUT 2:11 ဗော​ဇ​က``သင်​သည်​ခင်ပွန်း​ကွယ်​လွန်​ချိန်​မှ​စ ၍ မိ​မိ​၏​ယောက္ခ​မ​အား​အ​ဘယ်​သို့​ပြု​စု​ခဲ့ သည်​ကို​ငါ​ကြား​သိ​ပြီး​ပါ​ပြီ။ သင်​သည် အ​ဘယ်​သို့​မိ​မိ​၏​မိ​ဘ​များ​နှင့်​တိုင်း​ပြည် ကို​စွန့်​ခွာ​လျက် ယ​ခင်​အ​ဘယ်​အ​ခါ​က​မျှ မ​တွေ့​မ​မြင်​ဘူး​သည့်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ထိုင်​ရန်​လာ​ရောက်​ခဲ့​ကြောင်း​ကို လည်း​ငါ​သိ​ပါ​၏။-
RUT 2:12 ထာ​ဝ​ရ​ဘု​ရား​သည်​ယင်း​သို့​သင်​ပြု​သည့် အ​တွက် သင့်​အား​ဆု​ကျေး​ဇူး​တော်​ကို​ချ ပေး​တော်​မူ​ပါ​စေ​သော။ သင်​ခို​လှုံ​ချဉ်း​ကပ် သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆု ကျေး​ဇူး​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။
RUT 2:13 ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။
RUT 2:14 ထ​မင်း​စား​ချိန်​ရောက်​သော​အ​ခါ​၌ ဗော​ဇ သည်​ရု​သ​အား``လာ​၍​မုန့်​သုံး​ဆောင်​လော့။ မုန့်​ကို​အ​ချဉ်​ရည်​တွင်​နှစ်​၍​စား​လော့'' ဟု ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည် အ​လုပ်​သ​မား များ​နှင့်​အ​တူ​ထိုင်​လေ​သည်။ ထို​အ​ခါ​ဗော​ဇ သည်​သူ့​အား​ပေါက်​ပေါက်​အ​နည်း​ငယ်​ကို လှမ်း​၍​ပေး​၏။ ရု​သ​သည်​ဝ​အောင်​စား​ပြီး နောက်​မုန့်​ကျန်​သေး​၏။-
RUT 2:15 ထို​နောက်​သူ​သည်​ကောက်​သင်း​ကောက်​ရန်​ထ ၍​သွား​သော​အ​ခါ ဗော​ဇ​သည်​အ​လုပ်​သ​မား များ​အား``သူ့​အား​ကောက်​လှိုင်း​စီး​များ​ချ ထား​ရာ​အ​ရပ်​၌​ပင် ကောက်​သင်း​ကောက်​ခွင့် ပြု​ကြ​လော့။ သူ့​အား​မ​ဟန့်​တား​ကြ​နှင့်။-
RUT 2:16 ကောက်​လှိုင်း​စည်း​များ​မှ​စပါး​နှံ​အ​နည်း ငယ်​ကို​ဆွဲ​ထုတ်​၍ သူ​၏​အ​တွက်​ချ​ထား ပေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။
RUT 2:17 သို့​ဖြစ်​၍​ရု​သ​သည် လယ်​ကွင်း​ထဲ​တွင်​ည​နေ စောင်း​သည်​တိုင်​အောင် ကောက်​သင်း​ကောက်​ပြီး နောက်​ကောက်​နှံ​များ​ကို နယ်​လိုက်​သော​အ​ခါ မု​ယော​စပါး​တင်း​ဝက်​ခန့်​ရ​ရှိ​လေ​သည်။-
RUT 2:18 သူ​သည်​ထို​စပါး​ကို​ယူ​၍​မြို့​သို့​ပြန်​ပြီး လျှင် မိ​မိ​၏​ယောက္ခ​မ​အား​ပြ​၏။ မိ​မိ​ချန် ထား​သည့်​အ​စား​အ​စာ​ကို​လည်း​ပေး​၏။-
RUT 2:19 နော​မိ​က``သင်​သည်​ယ​နေ့​အ​ဘယ်​မှာ​ကောက် သင်း​ကောက်​ခဲ့​ပါ​သ​နည်း။ မည်​သူ့​လယ်​တွင် ကောက်​ခဲ့​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည် သင့် ကို​ကြည့်​ရှု​သူ​အား​ကောင်း​ချီး​ပေး​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​အ​မည်​ရှိ​သူ​လူ တစ်​ဦး​၏​လယ်​တွင် မိ​မိ​ကောက်​သင်း​ကောက်​ခဲ့ ကြောင်း​ကို​နော​မိ​အား​ပြော​ပြ​လေ​သည်။
RUT 2:20 နော​မိ​က​လည်း``ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​အ​သက်​ရှင်​သူ၊ သေ​သူ​တို့​အား မိ​မိ​ထား​ရှိ​သည့်​က​တိ​တော်​တို့​ကို​အ​စဉ် အ​မြဲ​တည်​စေ​တော်​မူ​ပါ​၏'' ဟု​ဆို​ပြီး​လျှင် ဆက်​လက်​၍``ဤ​သူ​သည်​ငါ​တို့​နှင့်​ဆွေ​မျိုး ရင်း​ချာ​တော်​စပ်​၍ ငါ​တို့​အား​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​ဖြစ် သည်'' ဟု​ဆို​၏။
RUT 2:21 ထို​အ​ခါ​ရု​သ​က``မု​ယော​စ​ပါး​ကို​အ​လုပ် သ​မား​တို့​ရိတ်​သိမ်း​ကာ​လ​မ​ကုန်​မ​ချင်း ကောက်​သင်း​လာ​၍ ကောက်​ရန်​ကျွန်​မ​အား​သူ မှာ​ကြား​လိုက်​ပါ​သည်'' ဟု​ပြော​၏။
RUT 2:22 နော​မိ​သည်​ရု​သ​အား``ငါ့​သ​မီး၊ သင်​သည် အ​ခြား​သူ​တစ်​ဦး​တစ်​ယောက်​၏​လယ်​သို့ သွား​ခဲ့​သော် အ​နှောင့်​အ​ယှက်​ခံ​ကောင်း​ခံ ရ​ပေ​လိမ့်​မည်။-''
RUT 2:23 သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​၏​လယ်​၌​ပင် အ​မျိုး​သ​မီး​များ​နှင့်​အ​တူ​လုပ်​ဆောင်​ကာ မု​ယော​စပါး​နှင့်​ဂျုံ​စပါး​များ​ရိတ်​သိမ်း​ပြီး သည်​တိုင်​အောင် ကောက်​သင်း​ကောက်​လျက်​နေ​၏။ သူ​သည်​မိ​မိ​၏​ယောက္ခ​မ​နှင့်​အ​တူ​ဆက် လက်​၍​နေ​ထိုင်​လေ​သည်။
RUT 3:1 များ​မ​ကြာ​မီ​နော​မိ​က​ရု​သ​အား``သင် သည်​ကိုယ့်​အိမ်​နှင့်​ကိုယ်​နေ​ထိုင်​နိုင်​ရန် သင့် အား​ငါ​နေ​ရာ​ချ​ပေး​ရ​မည်။-
RUT 3:2 သင်​နှင့်​အ​တူ​တူ​အ​လုပ်​လုပ်​သည့်​အ​မျိုး သ​မီး​များ​၏​သ​ခင်​ဖြစ်​သူ ဗော​ဇ​သည် ငါ တို့​နှင့်​ဆွေ​မျိုး​တော်​စပ်​သည်​မ​ဟုတ်​လော။ ယ​ခု​ငါ​ပြော​သည့်​စ​ကား​ကို​နား​ထောင်​ပါ လော့။ သူ​သည်​ယ​နေ့​ည​နေ​တွင် မု​ယော စ​ပါး​များ​ကို​နယ်​လျက်​နေ​လိမ့်​မည်။-
RUT 3:3 သို့​ဖြစ်​၍​သင်​သည်​ကိုယ်​လက်​သုတ်​သင်​ပြီး လျှင် နံ့​သာ​အ​မွှေး​အ​ကြိုင်​များ​လူး​၍​အ​လှ ဆုံး​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​ကာ​သူ စ​ပါး​နယ်​ရာ​သို့​သွား​ပါ​လော့။ သို့​ရာ​တွင် ထို​အ​ရပ်​သို့​သင်​ရောက်​ရှိ​နေ​ကြောင်း​ကို သူ စား​သောက်​ပြီး​သည်​တိုင်​အောင်​သူ့​အား အ​သိ​မ​ပေး​နှင့်။-
RUT 3:4 သူ​အိပ်​စက်​ရန်​လဲ​လျောင်း​သည့်​နေ​ရာ​ကို​မှတ် သား​ထား​လော့။ သူ​အိပ်​ပျော်​သွား​သော​အ​ခါ ကျ​မှ​သွား​၍​စောင်​ကို​မ​ပြီး​လျှင် သူ​၏​ခြေ ရင်း​တွင်​ဝင်​၍​လဲ​လျောင်း​နေ​ပါ​လေ။ သင့်​အား အ​ဘယ်​သို့​ပြု​စေ​လို​သည်​ကို​သူ​ပြော​ပြ ပါ​လိမ့်​မည်'' ဟု​ဆို​၏။
RUT 3:5 ရု​သ​က​လည်း``မိ​ခင်​မှာ​ထား​သ​မျှ​အ​တိုင်း ကျွန်​မ​ပြု​ပါ​မည်'' ဟု​ပြန်​ပြော​၏။
RUT 3:6 ထို​နောက်​ရု​သ​သည်​ကောက်​နယ်​တ​လင်း​သို့ သွား​၍ မိ​မိ​၏​ယောက္ခ​မ​မှာ​ကြား​လိုက်​သည် အ​တိုင်း​ပြု​၏။-
RUT 3:7 ဗော​ဇ​သည်​စား​သောက်​၍​ပြီး​သော​အ​ခါ​စိတ် ရွှင်​ပြ​လျက် စ​ပါး​ပုံ​ရှိ​ရာ​သို့​သွား​၍​အိပ် လေ​သည်။ ရု​သ​သည်​သူ​၏​ထံ​သို့​တိတ်​တ ဆိတ်​ချဉ်း​ကပ်​၍ စောင်​ကို​မ​ပြီး​လျှင်​သူ​၏ ခြေ​ရင်း​တွင်​လဲ​လျောင်း​လိုက်​၏။-
RUT 3:8 သန်း​ခေါင်​အ​ချိန်​၌​ဗောဇ​သည်​အိပ်​ရာ​မှ​ရုတ် တ​ရက်​နိုး​လာ​သ​ဖြင့် ကိုယ်​ကို​လှည့်​လိုက်​ရာ မိ​မိ​ခြေ​ရင်း​တွင် အိပ်​လျက်​နေ​သည့်​အမျိုး သမီး​ကို​တွေ့​ရှိ​ရ​သ​ဖြင့်၊-
RUT 3:9 ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။ ရု​သ​က​လည်း``အ​ရှင်၊ ကျွန်​မ​သည်​ရု​သ​ဖြစ် ပါ​သည်။ အ​ရှင်​သည်​ကျွန်​မ​နှင့်​ဆွေ​မျိုး​တော် စပ်​သူ​ဖြစ်​၍ ကျွန်​မ​အား​ကြည့်​ရှု​စောင့်​ရှောက် ရန်​တာ​ဝန်​ရှိ​သူ​ဖြစ်​ပါ​၏။ ထို့​ကြောင့်​ကျွန်​မ အား​ထိမ်း​မြား​လက်​ထပ်​တော်​မူ​ပါ'' ဟု​ပြန် ပြော​လေ​၏။
RUT 3:10 ဗော​ဇ​က​လည်း``သင့်​ကို​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ။ ယ​ခု​သင်​ပြု သော​အ​မှု​သည် ယ​ခင်​က​သင့်​ယောက္ခ​မ​အား ပြု​ခဲ့​သည့်​အ​မှု​ထက်​ပင်​ပို​၍ သင်​၏​သစ္စာ​ရှိ မှု​ကို​ပေါ်​လွင်​စေ​ပါ​၏။ သင်​သည်​ဆင်း​ရဲ​သူ သို့​မ​ဟုတ်​ချမ်း​သာ​သူ လူ​ပျို​လူ​ရွယ်​တစ်​စုံ တစ်​ယောက်​ကို​ရှာ​နိုင်​သော်​လည်း​မ​ရှာ​ခဲ့​ပါ။-
RUT 3:11 ရု​သ၊ ယ​ခု​သင်​မ​စိုး​ရိမ်​ပါ​နှင့်။ သင်​ပြော သ​မျှ​အ​တိုင်း​ငါ​ပြု​မည်။ သင်​သည်​အ​ကျင့် သီ​လ​ရှိ​သည့်​အ​မျိုး​သ​မီး​တစ်​ဦး​ဖြစ် သည်​ကို​တစ်​မြို့​လုံး​သိ​ကြ​ပါ​သည်။-
RUT 3:12 ငါ​သည်​သင်​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​ဖြစ်​၍ သင်​၏​အ​တွက်​တာ​ဝန်​ရှိ​သည်​ကား​မှန်​၏။ သို့ ရာ​တွင်​ငါ့​ထက်​ပင်​ပို​၍​ရင်း​ချာ​သည့်​ဆွေ မျိုး​တစ်​ဦး​ရှိ​ပါ​သေး​သည်။-
RUT 3:13 သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။
RUT 3:14 သို့​ဖြစ်​၍​ရု​သ​သည်​မိုး​သောက်​ချိန်​တိုင်​အောင် ဗော​ဇ​၏​ခြေ​ရင်း​တွင်​အိပ်​လျက်​နေ​၏။ သို့​သော် လည်း​ဗော​ဇ​သည်​ရု​သ​ရောက်​ရှိ​လာ​ကြောင်း ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​လို​သော​ကြောင့် ရု​သ​သည်​မိုး​မ​လင်း​မီ​အိပ်​ရာ​မှ​ထ​လေ သည်။-
RUT 3:15 ထို​အ​ခါ​ဗော​ဇ​က​သူ့​အား``သင်​၏​ခြုံ​ထည် ကို​ဤ​နေ​ရာ​တွင်​ဖြန့်​လော့'' ဟု​ဆို​သည် အ​တိုင်း​သူ​သည်​ပြု​၏။ ဗော​ဇ​သည်​မု​ယော စ​ပါး​တစ်​တင်း​ခန့်​ကို​လောင်း​ထည့်​ပြီး​လျှင် ချီ​ပင့်​၍​ပေး​သ​ဖြင့်​ရု​သ​သည်​ထို​စ​ပါး ထုပ်​နှင့်​မြို့​သို့​ပြန်​လေ​၏။-
RUT 3:16 သူ​သည်​မိ​မိ​၏​ယောက္ခမ​ထံ​သို့​ရောက်​သော အ​ခါ ယောက္ခ​မ​က``ငါ့​သ​မီး၊ သင့်​အ​ရေး အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။ ရု​သ​သည်​ဗော​ဇ​ပြု​သ​မျှ​ကို​နော​မိ အား​ပြန်​ကြား​ပြီး​နောက်၊-
RUT 3:17 ``သူ​သည်​ကျွန်​မ​အား`မိ​ခင်​ထံ​သို့​လက်​ချည်း သက်​သက်​မ​ပြန်​ရ' ဟု​ဆို​ကာ​ဤ​မု​ယော​စ​ပါး ကို​ပေး​လိုက်​ပါ​သေး​သည်'' ဟု​ပြော​၏။
RUT 3:18 နော​မိ​က``ရု​သ၊ ဤ​အ​မှု​အ​ဘယ်​သို့​အ​ဆုံး သတ်​သည် ကို​သိ​ရှိ​ရ​သည်​တိုင်​အောင်​စိတ်​ရှည် လျက်​စောင့်​နေ​ပါ​လော့။ ဗော​ဇ​သည်​ယ​နေ့ ဤ​ကိစ္စ​မ​ပြီး​ပြတ်​မ​ချင်း နား​နေ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။
RUT 4:1 ဗော​ဇ​သည်​မြို့​တံ​ခါး​ဝ​ရှိ​တ​ရား​စီ​ရင်​ရာ ဌာ​န​သို့ သွား​၍​ထိုင်​လျက်​နေ​၏။ ထို​အ​ခါ ဧ​လိ​မ​လက်​၏​အ​ရင်း​အ​ချာ​ဆုံး​သော​ဆွေ မျိုး​သား​ချင်း​ဖြစ်​သူ​သည် ရောက်​ရှိ​လာ​လေ သည်။ ထို​သူ​ကား​ယ​ခင်​က​ဗော​ဇ​ဖော်​ပြ​ခဲ့ သူ​ပင်​ဖြစ်​၏။ ဗော​ဇ​က​သူ့​အား``မိတ်​ဆွေ၊ ဤ နေ​ရာ​သို့​လာ​၍​ထိုင်​ပါ​လော့'' ဟု​ဆို​သ​ဖြင့် သူ​သည်​လာ​၍​ထိုင်​၏။-
RUT 4:2 ထို​နောက်​ဗော​ဇ​သည်​အ​ကြီး​အ​ကဲ​တစ်​ကျိပ် ကို​လည်း​ပင့်​ဖိတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ထိုင် စေ​၏။ သူ​တို့​ထိုင်​ကြ​သော​အ​ခါ၊-
RUT 4:3 သူ​သည်​မိ​မိ​၏​သား​ချင်း​အား``ယ​ခု​အ​ခါ နော​မိ​သည်​မော​ဘ​ပြည်​မှ​ပြန်​လာ​ပြီ။ သူ သည်​ငါ​တို့​သား​ချင်း​ဧ​လိ​မ​လက်​ပိုင် သည့်​လယ်​မြေ​ကို​ရောင်း​ချ​လို​ပါ​သည်။-
RUT 4:4 ဤ​အ​ကြောင်း​ကို​သင်​သိ​သင့်​သည်​ဟု ငါ​ထင် မြင်​ပါ​၏။ အ​ကယ်​၍​သင်​ဝယ်​လို​ပါ​က​ယ​ခု ထိုင်​လျက်​နေ​သည့်​လူ​ကြီး​များ​၏​ရှေ့​မှောက် တွင်​ဝယ်​ယူ​ပါ​လော့။ သို့​ရာ​တွင်​မ​ဝယ်​လို​လျှင် မူ​ကား မ​ဝယ်​လို​ကြောင်း​ပြော​ပါ​လော့။ သင် မ​ဝယ်​မှ​ငါ​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု ဆို​၏။ ထို​သူ​က​လည်း``ငါ​ဝယ်​ယူ​ပါ​မည်'' ဟု ပြန်​ပြော​၏။
RUT 4:5 ဗော​ဇ​က``ထို​လယ်​မြေ​ကို​နော​မိ​ထံ​မှ​သင် ဝယ်​ယူ​ပါ​လျှင် ထို​လယ်​မြေ​သည်​သေ​လွန် သူ​၏​အိမ်​ထောင်​စု​လက်​ဝယ်​ဆက်​လက်​တည် ရှိ​နေ​စေ​ရန်​မော​ဘ​အ​မျိုး​သ​မီး၊ မု​ဆိုး​မ ဖြစ်​သူ​ရု​သ​ကို​လည်း​ဝယ်​ယူ​ရ​ပါ​မည်'' ဟု​ဆို​၏။
RUT 4:6 ထို​သူ​က``ထို​သို့​ဖြစ်​ပါ​မူ​ငါ့​သား​သ​မီး များ​က ထို​လယ်​မြေ​ကို​အ​မွေ​ခံ​ရ​ကြ​လိမ့် မည်​မ​ဟုတ်​သ​ဖြင့် ဝယ်​ယူ​ပိုင်​ခွင့်​ကို​ငါ​စွန့် လွှတ်​လိုက်​ပါ​ပြီ။ ငါ​မ​ဝယ်​ယူ​လို​တော့​ပါ။ သင်​ပင်​ဝယ်​ယူ​ပါ​လော့'' ဟု​ပြန်​ပြော​၏။
RUT 4:7 ထို​စဉ်​အ​ခါ​က အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့် အ​ခါ​၌​သော်​လည်း​ကောင်း၊ ပစ္စည်း​ချင်း​လဲ​လှယ် သည့်​အ​ခါ​၌​သော်​လည်း​ကောင်း ရောင်း​သူ​သည် မိ​မိ​ဖိ​နပ်​ကို​ချွတ်​၍ ဝယ်​သူ​အား​ပေး​ရ​သည့် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​ပေ​သည်။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ရောင်း အ​ဝယ်​ပြီး​ပြတ်​သည့်​အ​ထိမ်း​အ​မှတ်​ကို ပြု​ကြ​၏။
RUT 4:8 သို့​ဖြစ်​၍​ထို​သူ​သည်​ဗော​ဇ​အား``ထို​လယ် မြေ​ကို သင်​ပင်​လျှင်​ဝယ်​ယူ​ပါ​လော့'' ဟု ဆို​၍​မိ​မိ​ဖိ​နပ်​ကို​ချွတ်​ပေး​လေ​သည်။-
RUT 4:9 ထို​အ​ခါ​ဗောဇ​က​မြို့​အ​ကြီး​အ​ကဲ​များ နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား``ဧ​လိ​မ​လက်၊ ခိ​လျုန်​နှင့်​မ​ဟာ​လုန်​တို့​ပိုင်​သော​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို နော​မိ​ထံ​မှ​ယ​နေ့​ငါ​ဝယ်​ယူ ကြောင်း​သင်​တို့​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။-
RUT 4:10 ထို့​အ​ပြင်​မ​ဟာ​လုန်​၏​မု​ဆိုး​မ၊ မော​ဘ အ​မျိုး​သ​မီး​ရု​သ​သည် ငါ​၏​gen 1gဇနီး​ဖြစ် လာ​လေ​ပြီ။ ဤ​နည်း​အား​ဖြင့်​ထို​ပစ္စည်း​ဥစ္စာ များ​သည် သေ​လွန်​သူ​၏​အိမ်​ထောင်​စု​လက် ဝယ်​တည်​ရှိ​နေ​ပါ​လိမ့်​မည်။ သေ​သူ​၏​ဆွေ စဉ်​မျိုး​ဆက်​သည်​လည်း သူ​၏​အ​မျိုး​သား များ​နှင့်​သူ​၏​နေ​ရင်း​မြို့​တွင်​မ​ပြတ်​ဘဲ ဆက်​လက်​ပွား​လျက်​နေ​ပါ​လိမ့်​မည်။ သင် တို့​သည်​ဤ​အ​မှု​တွင်​အ​သိ​သက်​သေ ဖြစ်​ကြ​၏'' ဟု​ဆို​၏။
RUT 4:11 မြို့​အ​ကြီး​အ​ကဲ​များ​နှင့်​အ​ခြား​သူ​တို့ က​လည်း``ငါ​တို့​သည်​အ​သိ​သက်​သေ​ဖြစ် ကြ​ပါ​၏။ သင်​၏​ဇ​နီး​အား​ယာ​ကုပ်​အ​တွက် သား​သ​မီး​အ​မြောက်​အ​မြား​မွေး​ဖွား​ပေး သည့်​ရာ​ခေ​လ​နှင့်​လေ​အာ​တို့​ကဲ့​သို့​ဖြစ် စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ သော။ သင်​သည်​လည်း​ဧ​ဖ​ရတ်​သား​ချင်း​စု တွင်​ချမ်း​သာ​ကြွယ်​ဝ​လျက် ဗက်​လင်​မြို့ ၌​ထင်​ပေါ်​ကျော်​စော​ပါ​စေ​သော။-
RUT 4:12 ဤ​အ​မျိုး​သ​မီး​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​သား​သ​မီး​များ​သည် ယု​ဒ နှင့်​တာ​မာ​တို့​၏​သား​ဖာ​ရက်​၏​အိမ်​ထောင် စု​ဝင်​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု ဆို​ကြ​၏။
RUT 4:13 သို့​ဖြစ်​၍​ဗော​ဇ​သည်​ရု​သ​အား​မိ​မိ​၏ ဇနီး​အ​ဖြစ်​သိမ်း​ပိုက်​ပြီး​လျှင် အိမ်​သို့​ခေါ် ဆောင်​သွား​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် ရု​သ​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား မြင်​၏။-
RUT 4:14 အ​မျိုး​သ​မီး​များ​က​နော​မိ​အား``ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက် မြေး​ယောကျာ်း​က​လေး​ကို ယ​နေ့​ပေး​သ​နား​တော်​မူ​လေ​ပြီ။ ထို​သူ​ငယ် သည် ဣ​သ​ရေ​လ​ပြည်​တွင်​ထင်​ပေါ်​ကျော်​စော သူ​ဖြစ်​လာ​ပါ​စေ​သော။-
RUT 4:15 သင်​၏​ချွေး​မ​သည်​သင့်​ကို​ချစ်​သ​ဖြင့် သား ယောကျာ်း​ခု​နစ်​ယောက်​ထက်​ပင်​သင့်​အား​ပို ၍​ပြု​စု​ခဲ့​သူ​ဖြစ်​ပေ​သည်။ ယ​ခု​သူ​သည် မြေး​ယောကျာ်း​က​လေး​ကို မွေး​ဖွား​ပေး​လေ ပြီ။ ထို​သူ​ငယ်​သည်​သင့်​အား​ဘ​ဝ​သစ်​ကို ပေး​၍ သင်​အို​မင်း​မ​စွမ်း​ရှိ​ချိန်​၌​လုံ​ခြုံ မှု​ကို​ပေး​မည့်​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ဆို ကြ​၏။-
RUT 4:16 နော​မိ​သည်​က​လေး​ငယ်​ကို​ယူ​၍​ပိုက်​ချီ လျက်​ထိန်း​လေ​၏။
RUT 4:17 အိမ်​နီး​ချင်း​အ​မျိုး​သ​မီး​များ​က ထို​သူ ငယ်​ကို​သြ​ဗက်​ဟူ​သော​နာ​မည်​ကို​ပေး​ကြ လျက်``နော​မိ​သည်​သား​ယောကျာ်း​က​လေး ကို​ရ​ရှိ​လေ​ပြီ'' ဟု​လူ​အ​ပေါင်း​တို့​အား ပြော​ကြား​ကြ​၏။ သြ​ဗက်​သည် ဒါ​ဝိဒ်​၏ အ​ဖ​ဖြစ်​သူ​ယေရှဲ​၏​ဖ​ခင်​ဖြစ်​လာ​လေ သည်။
RUT 4:18 ဖာ​ရက်​မှ​ဒါ​ဝိဒ်​တိုင်​အောင် သား​စဉ်​မြေး​ဆက် များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ အာ​ရံ၊ အ​မိ​န​ဒပ်၊ နာ​ရှုန်၊ စာ​လ​မုန်၊ ဗော​ဇ၊ သြ​ဗက်၊ ယေ​ရှဲ၊ ဒါ​ဝိဒ်​ဟူ​၍​ဖြစ်​သ​တည်း။ ရု​သ​ဝတ္ထု​ပြီး​၏။
1SA 1:1 ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။-
1SA 1:2 ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။-
1SA 1:3 ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-
1SA 1:4 ဧ​လ​ကာ​န​သည်​ယဇ်​ပူ​ဇော်​သည့်​အ​ခါ ပေ​နိန္န နှင့်​သား​သ​မီး​တို့​အား​ဝေ​စု​တစ်​စု​စီ​ခွဲ​ဝေ ပေး​၏။-
1SA 1:5 ဟန္န​ကို​မူ​အ​ထူး​ဝေ​စု​ပေး​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ဟန္န​အား​သား​သ​မီး​မွေး​ဖွား​ခွင့်​ကို​ပေး တော်​မ​မူ​သော်​လည်း ဧ​လ​ကာ​န​သည်​ဟန္န အား​လွန်​စွာ​ချစ်​မြတ်​နိုး​လေ​သည်။-
1SA 1:6 ဟန္န​တွင်​သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ပြိုင် ဘက်​ဖြစ်​သူ ပေ​နိန္န​သည်​ဟန္န​အား​ရှုတ်​ချ​ကာ စိတ်​ဒုက္ခ​ပေး​လေ့​ရှိ​၏။-
1SA 1:7 ဤ​အ​တိုင်း​တစ်​နှစ်​ပြီး​တစ်​နှစ်​လွန်​ခဲ့​၏။ သူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​သွား​ရောက် သည့်​အ​ခါ​တိုင်း ပေ​နိန္န​သည်​ဟန္န​အား​စိတ်​ဒုက္ခ ရောက်​စေ​သ​ဖြင့် ဟန္န​သည်​အ​ဘယ်​အ​စား​အ​စာ ကို​မျှ​မ​စား​ဘဲ​ငို​၍​သာ​နေ​တတ်​၏။-
1SA 1:8 သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။
1SA 1:9 အ​ခါ​တစ်​ပါး​၌​သူ​တို့​သည်​ရှိ​လော​မြို့​ရှိ​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင် အ​စား​အ​စာ​စား​သောက် ကြ​ပြီး​သော​အ​ခါ ဟန္န​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​ထ​၍​ပြင်း​ပြ​စွာ​ငို​ယို​ကာ ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု လေ​၏။ (ထို​အ​ခါ​ဧ​လိ​သည်​တံ​ခါး​အ​နီး မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင်​လျက်​နေ သ​တည်း။-)
1SA 1:11 ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။
1SA 1:12 ဟန္န​သည်​အ​ချိန်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။ ဧ​လိ​သည်​သူ​၏​နှုတ် ကို​ကြည့်​ရှု​လျက်​နေ​၏။-
1SA 1:13 ဟန္န​သည်​ဆိတ်​ဆိတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​နေ သ​ဖြင့် သူ​၏​နှုတ်​ခမ်း​တို့​သည်​လှုပ်​ရှား​လျက်​ရှိ သော်​လည်း​အ​သံ​ကား​မ​ထွက်။ သို့​ဖြစ်​၍​သူ့ အား​အ​ရက်​မူး​သည်​ဟု​ထင်​မှတ်​သ​ဖြင့်၊-
1SA 1:14 ဧ​လိ​က``သင်​သည်​အ​ဘယ်​မျှ​ကြာ​အ​ရက်​မူး လျက်​နေ​ပါ​သ​နည်း။ အ​ရက်​ကို​ကြဉ်​ရှောင် လော့'' ဟု​ဆို​၏။
1SA 1:15 ဟန္န​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရက်​မ​မူး​ပါ။ အ​ရက်​မ​သောက်​ပါ။ ကျွန်​မ​သည်​အ​လွန်​ပင် စိတ်​ပျက်​၍ မိ​မိ​၏​ဆင်း​ရဲ​ဒုက္ခ​ကို​ရင်​ဖွင့်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း​ပတ္ထ​နာ ပြု​လျက်​နေ​ခဲ့​ပါ​၏။-
1SA 1:16 ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။
1SA 1:17 ဧ​လိ​က``စိတ်​ချမ်း​သာ​စွာ​သွား​ပါ​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တောင်း​လျှောက်​သည်​အ​တိုင်း​ပေး​သနား​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။
1SA 1:18 ဟန္န​က​လည်း``ကျွန်​မ​သည်​အ​ရှင်​ပေး​သည့်​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။ ထို​နောက်​သူ​သည်​စိတ်​သက်​သာ​မှု​ရ​လျက်​ထွက် ခွာ​သွား​ပြီး​လျှင် အ​စား​အ​စာ​အ​နည်း​ငယ်​ကို စား​လေ​၏။
1SA 1:19 နောက်​တစ်​နေ့​၌​ဧ​လ​ကာ​န​နှင့်​အိမ်​ထောင်​စု​သား တို့​သည် နံ​နက်​စော​စော​ထ​၍​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ထို​နောက်​ရာ​မ​မြို့​နေ​အိမ် သို့​ပြန်​ကြ​၏။ ဧ​လ​ကာ​န​သည်​သူ​၏​ဇ​နီး​ဟန္န နှင့်​ဆက်​ဆံ​လေ​၏။ ဘု​ရား​သ​ခင်​သည်​ဟန္န​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့်၊-
1SA 1:20 ဟန္န​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​သည်။ သူ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား အား​တောင်း​ခံ​သ​ဖြင့်​ဤ​သား​ကို​ရ​၏'' ဟု​ဆို ပြီး​လျှင်​ရှ​မွေ​လ​ဟု​နာ​မည်​မှည့်​လေ​သည်။
1SA 1:21 ဧ​လ​ကာ​န​သည်​မိ​မိ​၏​အိမ်​ထောင်​စု​နှင့်​အ​တူ နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို​လည်း​ကောင်း၊ မိ​မိ သစ္စာ​ဝတ်​ကို​ဖြေ​ရာ​အ​ထူး​ယဇ်​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့ သွား​ရောက်​ဖို့​အ​ချိန်​ကျ​ရောက်​လာ​ပြန်​၏။-
1SA 1:22 သို့​ရာ​တွင်​ယ​ခု​အ​ကြိမ်​၌​ဟန္န​သည်​မ​လိုက် ဘဲ​နေ​၏။ သူ​သည်​မိ​မိ​ခင်​ပွန်း​အား``က​လေး ကို​နို့​ဖြတ်​ပြီး​လျှင်​ပြီး​ချင်း သူ့​အား​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင်​အ​မြဲ​နေ​စေ​ရန် ကျွန်​မ​ခေါ်​ဆောင်​သွား​ပါ​မည်'' ဟု​ပြော​၏။
1SA 1:23 ဧ​လ​ကာ​န​က``ကောင်း​ပြီ။ သင်​ပြု​လို​သည် အ​တိုင်း​ပြု​ပါ​လေ။ က​လေး​နို့​ဖြတ်​သည်​တိုင် အောင်​အိမ်​တွင်​နေ​လော့။ သင်​ပြု​သော​သစ္စာ​က​တိ ကို​အ​ကောင်​အ​ထည်​ဖော်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍ ဟန္န​သည်​သူ​ငယ်​ကို​နို့​တိုက်​လျက်၊ နို့​မ​ဖြတ် မီ​တိုင်​အောင်​အိမ်​မှာ​နေ​လေ​၏။
1SA 1:24 သူ​သည်​သား​ငယ်​ကို​နို့​ဖြတ်​ပြီး​သော​အ​ခါ သုံး​နှစ်​သား​နွား​ထီး က​လေး​တစ်​ကောင်၊ မုန့်​ညက်​တစ်​တင်း၊ စ​ပျစ်​ရည် တစ်​ဘူး​ကို​ယူ​ဆောင်​လျက်​သား​ငယ်​နှင့်​အ​တူ ရှိ​လော​မြို့​သို့​သွား​၏။ သား​ငယ်​ရှ​မွေ​လ​သည် လွန်​စွာ​ငယ်​ရွယ်​နု​နယ်​သေး​သ​တည်း။-
1SA 1:25 နွား​ကို​သတ်​ပြီး​နောက်​သူ​ငယ်​ကို​ဧ​လိ​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။-
1SA 1:26 ဟန္န​က​ဧ​လိ​အား``အ​ရှင်၊ ကျွန်​မ​သည်​အ​ထက် က​အ​ရှင်​၏​အ​နီး​၌​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​မိန်း​မ​ဖြစ် ပါ​၏။-
1SA 1:27 ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​တွင် ဤ သား​ဆု​ကို​ပန်​ပါ​၏။ ဆု​ပန်​သည့်​အ​တိုင်း ကိုယ်​တော်​သည်​ပေး​သ​နား​တော်​မူ​ပါ​ပြီ။-
1SA 1:28 သို့​ဖြစ်​၍​ကျွန်​မ​သည်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​ကပ်​အပ်​နှင်း​ပါ​၏။ သူ​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား အား​အပ်​နှင်း​ပါ​၏'' ဟု​လျှောက်​ထား​၏။ ထို​နောက်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။
1SA 2:1 ဟန္န​သည်​ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်​မ​အား​စိတ်​ရွှင်​လန်း စေ​တော်​မူ​ပြီ။ ကျွန်​မ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို​ထောက်​၍​ဝမ်း​မြောက်​ပါ​၏။ ကျွန်​မ​သည်​ရန်​သူ​တို့​အား​ပြက်​ရယ်​ပြု​ခွင့် ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ကျွန်​မ​ကို​ကူ​မ​တော်​မူ​ပြီ ဖြစ်​၍ ကျွန်​မ​သည်​စိတ်​ရွှင်​လန်း​ပါ​၏။
1SA 2:2 ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ​မ​သန့်​ရှင်း​မ​မြင့်​မြတ်​ပါ။ ကိုယ်​တော်​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကျွန်​မ​တို့​ကိုး​ကွယ်​သော​ဘု​ရား​ကဲ့​သို့ ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သူ​မ​ရှိ။
1SA 2:3 ထာ​ဝ​ရ​ဘု​ရား​သည်​သဗ္ဗ​ညု​တ​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​၍၊ လူ​တို့​ပြု​သော​အ​မှု​ရှိ​သ​မျှ​ကို​စစ်​ဆေး စီ​ရင်​တော်​မူ​သည်​ဖြစ်​ရာ၊ သင်​တို့​သည်​ကျယ်​လောင်​စွာ​ကြွား​ဝါ​မှု​ကို မ​ပြု​ကြ​နှင့်။ မောက်​မာ​သော​စ​ကား​ကို​နှုတ်​မှ​မ​ထွက်​စေ​နှင့်။
1SA 2:4 ခွန်​အား​ကြီး​သော​စစ်​သူ​ရဲ​များ​၏​လေး​တို့​သည် ကျိုး​ပဲ့​ကုန်​လျက်၊အား​အင်​ချည့်​နဲ့​သူ​တို့​သည် ခွန်​အား​ကြီး​မား​လာ​ကြ​၏။
1SA 2:5 အ​ခါ​တစ်​ပါး​က​ဝ​စွာ​စား​ရ​သူ​တို့​သည် ယ​ခု​အ​ခါ စား​ရ​ဖို့​အ​တွက်​သူ​ရင်း​ငှား​လုပ်​ရ​ကြ လေ​ပြီ။ သို့​ရာ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​မူ​ကား​ဝ​စွာ စား​ရ​ကြ​ပြီ။ မြုံ​သော​မိန်း​မ​သည်​သား​သ​မီး​ခု​နစ်​ယောက် မျှ​ပင်​ရ​ရှိ​၍ သား​များ​သော​မိ​ခင်​၌​မူ​ကား​တစ်​ယောက်​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။
1SA 2:6 ထာ​ဝ​ရ​ဘု​ရား​သည်​သေ​စေ​ခြင်း၊ရှင်​စေ​ခြင်း ကို​လည်း​ကောင်း၊ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​ခြင်း၊ပြန်​လည် ခေါ်​ဆောင်​ခြင်း​ကို​လည်း​ကောင်း​ပြု​တော်​မူ​၏။
1SA 2:7 ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​ဆင်း​ရဲ​စေ​၍ အ​ချို့​တို့​ကို​ချမ်း​သာ​စေ​တော်​မူ​၏။ အ​ချို့​တို့​ကို​နှိမ့်​ချ​၍​အ​ချို့​တို့​ကို​ချီး မြှင့်​တော်​မူ​၏။
1SA 2:8 ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။ သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။
1SA 2:9 ``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။
1SA 2:10 ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ​များ​သည်​ချေ​မှုန်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​အ​ပေါ်​ကောင်း​ကင်​မှ​မိုး​ချုန်း စေ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​တစ်​ခု​လုံး​ကို တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​ရွေး​ချယ်​ခန့်​ထား​တော် မူ​သော ဘု​ရင်​အား၊တန်​ခိုး​နှင့်​ပြည့်​စုံ​စေ​၍ မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​သူ​အား အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။''
1SA 2:11 ထို​နောက်​ဧ​လ​ကာ​န​သည် ရာ​မ​မြို့​ရှိ​မိ​မိ​၏​နေ အိမ်​သို့​ပြန်​လေ​၏။ သို့​ရာ​တွင်​သူ​ငယ်​ရှ​မွေ​လ မူ​ကား​ရှိ​လော​မြို့​တွင်​နေ​ရစ်​၍ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​၏​လက်​အောက်​၌​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လေ​၏။
1SA 2:12 ဧ​လိ​၏​သား​တို့​သည်​သူ​ယုတ်​မာ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း ကောင်း၊-
1SA 2:13 လူ​တို့​ထံ​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​တောင်း​ဆို​ပိုင်​ခွင့် နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ဘဲ​ယဇ်​ပူ​ဇော်​နေ​သူ​ထံ​သို့ မိ​မိ တို့​၏​အ​စေ​ခံ​ကို​သုံး​ခွ​ခက်​ရင်း​နှင့်​စေ​လွှတ် တတ်​ကြ​၏။ ထို​အ​စေ​ခံ​သည်​အိုး​ကင်း​တွင် ချက်​ပြုတ်​နေ​ဆဲ​အ​သား​ကို၊-
1SA 2:14 ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။-
1SA 2:15 ထို့​အ​ပြင်​ဆီ​ဥ​ကို​မီး​မ​ရှို့​ရ​မီ​ယဇ်​ပု​ရော ဟိတ်​၏​အ​စေ​ခံ​သည် လာ​၍​ယဇ်​ပူ​ဇော်​နေ​သူ အား``ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ကင်​ပေး​နိုင်​ရန် အ​သား​အ​နည်း​ငယ်​ကို​ပေး​ပါ​လော့။ ယဇ် ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး​အ​သား​ကို​အ​လို မ​ရှိ။ အ​သား​စိမ်း​ကို​သာ​အ​လို​ရှိ​၏'' ဟု ပြော​ဆို​တောင်း​ခံ​တတ်​လေ​သည်။
1SA 2:16 အ​ကယ်​၍​ယဇ်​ပူ​ဇော်​နေ​သူ​က``ငါ​တို့​သည် ထုံး​စံ​ရှိ​သည်​အ​တိုင်း​ဆီ​ဥ​ကို​ဦး​စွာ​မီး​ရှို့ ပူ​ဇော်​ပြီး​မှ သင်​နှစ်​သက်​ရာ​အ​သား​ကို​ယူ ပါ​လေ'' ဟု​ဆို​ခဲ့​သော်​ယဇ်​ပု​ရော​ဟိတ်​အ​စေ​ခံ သည်``အ​သား​ကို​ယ​ခု​ငါ့​အား​ပေး​လော့။ မ​ပေး လျှင်​အ​တင်း​အ​ဋ္ဌမ္မ​ယူ​ရ​လိမ့်​မည်'' ဟု​ဆို တတ်​၏။
1SA 2:17 ဧ​လိ​၏​သား​တို့​ဤ​သို့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​လွန်​စွာ​အ​ပြစ် ကြီး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​သော​ပူ​ဇော် သ​ကာ​များ​ကို​မ​ခန့်​မ​ညား​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။
1SA 2:18 ဤ​အ​တော​အ​တွင်း​၌​သူ​ငယ်​ရှ​မွေ​လ​သည် ပိတ်​ချော​သင်​တိုင်း​ကို​ဝတ်​၍​ထာ​ဝ​ရ​ဘု​ရား ၏​အ​မှု​တော်​ကို​ဆောင်​လျက်​နေ​၏။-
1SA 2:19 သူ​၏​အ​မိ​သည်​နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို တင်​လှူ​ရန် ခင်​ပွန်း​သည်​နှင့်​အ​တူ​လိုက်​ပါ လာ​သော​အ​ခါ ဝတ်​လုံ​ငယ်​တစ်​ခု​ကို​ချုပ်​၍ ယူ​ဆောင်​လာ​တတ်​၏။-
1SA 2:20 ထို​အ​ခါ​ဧ​လိ​သည်​ဧ​လ​ကာ​န​နှင့်​ဇ​နီး အား ကောင်း​ချီး​ပေး​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား အား​သင်​ဆက်​ကပ်​သည့်​သား​အ​စား ကိုယ်​တော် သည်​သင့်​အား​ဤ​အ​မျိုး​သ​မီး​အား​ဖြင့် အ​ခြား​သား​သ​မီး​များ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော'' ဟု​ဧ​လ​ကာ​န​အား ပြော​လေ့​ရှိ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​သို့​ပြန် သွား​ကြ​၏။
1SA 2:21 ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။
1SA 2:22 ယ​ခု​အ​ခါ​၌​ဧ​လိ​သည်​လွန်​စွာ​အို​မင်း​လျက် ရှိ​၏။ မိ​မိ​၏​သား​များ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြု​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​ဝင်​ဝ​၌ အ​လုပ်​တာ​ဝန်​ကျ​သူ​အ​မျိုး​သ​မီး များ​နှင့်​ပင်​မှား​ယွင်း​ကြ​ကြောင်း​ကို​လည်း ကောင်း​ဧ​လိ​ကြား​သိ​ရ​သည်။-
1SA 2:23 ထို့​ကြောင့်​ဧ​လိ​က``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​တို့​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​ပြု သည့်​ဒု​စ​ရိုက်​ကို​လူ​တိုင်း​ပင်​ပြော​ကြား လျက်​ရှိ​၏။-
1SA 2:24 ငါ့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော် တို့​ပြော​ဆို​နေ​ကြ​သော​အ​ကြောင်း​မှာ ဆိုး ရွား​လှ​ပါ​သည်​တ​ကား။-
1SA 2:25 လူ​အ​ချင်း​ချင်း​ပြစ်​မှား​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​သော​သူ​ကို​မူ ကား​အ​ဘယ်​သူ​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပါ မည်​နည်း'' ဟု​သား​တို့​အား​ပြော​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဖ​ခင်​၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ကွပ်​မျက် ရန်​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။
1SA 2:26 သူ​ငယ်​ရှ​မွေ​လ​သည်​ဆက်​လက်​ကြီး​ပြင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​လူ​တို့​ရှေ့​၌​မျက်​နှာ ရ​လေ​၏။
1SA 2:27 ပ​ရော​ဖက်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ မှ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ရန် ဧ​လိ​ထံ​သို့ ရောက်​ရှိ​လာ​၏။ ထို​ဗျာ​ဒိတ်​တော်​ကား​ဤ​သို့ တည်း။ ``သင်​၏​ဘိုး​ဘေး​အာ​ရုန်​နှင့်​အိမ်​ထောင် စု​သား​တို့​သည် အီ​ဂျစ်​ဘု​ရင်​ထံ​တွင်​ကျွန်​ခံ နေ​ရ​စဉ်​အ​ခါ​က​ငါ​သည်​အာ​ရုန်​အား ထင်​ရှား​ခဲ့​၏။-
1SA 2:28 ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ရှိ​သ​မျှ တို့​အ​နက် သူ​၏​အိမ်​ထောင်​စု​ကို​ငါ​၏​ယဇ် ပလ္လင်​ပေါ်​မှာ​ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ​၏​အ​လို​တော်​ကို​သိ​ရှိ​ရန် သင်​တိုင်း​ကို​ဝတ်​ဆင်​ခြင်း​အ​မှု​တို့​ကို​ဆောင် ရွက်​ရန်​အ​တွက် ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ခန့်​ထား​ခဲ့​၏။ ထို့​ပြင် ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ် ကောင်​များ​မှ​ဝေ​စု​ကို​ရ​ယူ​နိုင်​ခွင့်​ကို လည်း သူ​တို့​အား​ငါ​ပေး​ထား​၏။-
1SA 2:29 သို့​ဖြစ်​၍​သင်​သည်​ငါ​၏​အ​မိန့်​အ​ရ​ဆက်​သ သည့်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​ဘယ် ကြောင့်​လော​ဘ​စိတ်​နှင့်​ကြည့်​ဘိ​သ​နည်း။ ဧ​လိ၊ သင်​သည်​ငါ​၏​လူ​မျိုး​တော်​တင်​လှူ​သည့်​ယဇ် ကောင်​ရှိ​သ​မျှ​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့ ကို အ​ဘယ်​ကြောင့်​သင်​၏​သား​တို့​အား​ဝ​စွာ စား​ခွင့်​ပြု​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ တို့​အား​ငါ့​ထက်​ပင်​ပို​၍​ဂုဏ်​ပြု​ချီး​မြှင့် ပါ​သ​နည်း။-
1SA 2:30 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-
1SA 2:31 နား​ထောင်​လော့။ သင့်​အိမ်​ထောင်​စု၊ သင့်​သား ချင်း​စု​ထဲ​မှ​လူ​ငယ်​လူ​ရွယ်​ရှိ​သ​မျှ​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​ပစ်​မည့်​အ​ချိန်​ရောက် ရှိ​လာ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သင်​၏ အိမ်​ထောင်​စု​တွင် အ​ဘယ်​သူ​မျှ​အ​သက် အ​ရွယ်​အို​မင်း​သည်​တိုင်​အောင်​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။-
1SA 2:32 သင်​သည်​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ ကို​မြင်​၍ စိတ်​ပျက်​လျက်​မ​နာ​လို​စိတ်​ဖြစ် လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​အိမ်​ထောင်​စု​မှ အ​ဘယ်​သူ​မျှ အို​မင်း​သည်​တိုင်​အောင်​နေ​ရ တော့​မည်​မ​ဟုတ်။-
1SA 2:33 သို့​သော်​ငါ​သည်​သင်​၏​အိမ်​ထောင်​စု​သား တစ်​ဦး​ကို​မူ​အ​သက်​ရှင်​စေ​မည်။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ရ​မည်​ဖြစ်​သော်​လည်း မျက် စိ​ကွယ်​ပြီး​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက်​နေ​လိမ့် မည်။ သင်​၏​အ​ခြား​သား​မြေး​မှန်​သ​မျှ​တို့ သည်​သေ​ခြင်း​ဆိုး​နှင့်​သေ​ရ​ကြ​လိမ့်​မည်။-
1SA 2:34 သင်​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​တို့​သည်​တစ်​နေ့​တည်း​၌​သေ​ရ​ကြ သော​အ​ခါ ငါ​ပြော​သ​မျှ​သော​အ​မှု​အ​ရာ တို့​သည်​ဖြစ်​ပျက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​သိ​ရှိ​ရ​လိမ့်​မည်။-
1SA 2:35 ငါ့​အား​သစ္စာ​စောင့်​၍​ငါ​ပြု​စေ​လို​သည့်​အ​တိုင်း ပြု​မည့်​ယဇ်​ပု​ရော​ဟိတ်​တစ်​ဦး​ကို​ငါ​ရွေး​ချယ် မည်။ သူ့​အား​သား​မြေး​များ​ထွန်း​ကား​စေ​မည်။ ထို​သူ​တို့​သည်​ငါ​ဘိ​သိက်​ပေး​သည့်​ဘု​ရင် ရှေ့​မှောက်​တွင်​အ​စဉ်​အ​မြဲ​အ​မှု​ထမ်း​ရ​ကြ လိမ့်​မည်။-
1SA 2:36 အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သည့်​သင်​၏​သား​မြေး မှန်​သ​မျှ​သည် ထို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား ရောက်​၍ ကြေး​ငွေ​နှင့်​အ​စား​အ​စာ​တို့​ကို​အ​သ နား​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​စား​အ​စာ ရ​ရှိ​ရေး​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​အ​မှု ဆောင်​ရာ​၌​ပါ​ဝင်​ကူ​ညီ​ခွင့်​ရ​ရှိ​ရန်​တောင်း ပန်​အ​သ​နား​ခံ​ရ​ကြ​လိမ့်​မည်။
1SA 3:1 သူ​ငယ်​ရှ​မွေ​လ​သည်​ဧ​လိ​ညွှန်​ကြား​မှု​ကို ခံ​ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​လျက်​နေ​၏။ ထို​ကာ​လ​၌​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​များ​ကို​များ​စွာ မ​ကြား​ရ​ကြ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို လည်း​မြင်​တွေ့​ရ​မှု​နည်း​ပါး​လေ​သည်။-
1SA 3:2 တစ်​ည​သ​၌​မျက်​စိ​အ​လင်း​ကွယ်​လု​နီး​ပါး ရှိ​သော​ဧ​လိ​သည် မိ​မိ​၏​အ​ခန်း​တွင်​အိပ်​စက် လျက်​နေ​၏။-
1SA 3:3 ရှ​မွေ​လ​မူ​ကား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှိ​ရာ တဲ​တော်​တွင်​အိပ်​လျက်​နေ​သ​တည်း။ အ​ရုဏ် မ​တက်​သေး​သ​ဖြင့် မီး​ခွက်​ကို​မ​ငြိမ်း​မ​သတ် ရ​သေး​မီ​အ​ချိန်​၌၊-
1SA 3:4 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား​ခေါ် တော်​မူ​၏။ ရှ​မွေ​လ​က​လည်း``ရှိ​ပါ​သည် အ​ရှင်'' ဟု​ထူး​ပြီး​လျှင်၊-
1SA 3:5 ဧ​လိ​ထံ​သို့​ပြေး​၍​သွား​ကာ``အ​ရှင်​ခေါ် သ​ဖြင့် ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``သင့်​ကို​ငါ​မ​ခေါ်။ ပြန်​၍ အိပ်​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည် ပြန်​၍​အိပ်​လေ​၏။
1SA 3:6 ဘု​ရား​သ​ခင်​သည်​ရှ​မွေ​လ​ကို​တစ်​ဖန်​ခေါ်​တော် မူ​ပြန်​၏။ သူ​ငယ်​သည်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော် မူ​မှန်း​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား​အ​ဘယ်​အ​ခါ​က​မျှ​ဗျာ ဒိတ်​ပေး​တော်​မ​မူ​ခဲ့​ဘူး​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​သူ​သည်​ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင် ခေါ်​သော​ကြောင့် လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``ငါ့​သား​သင့်​ကို​ငါ မ​ခေါ်။ သင်​ပြန်​၍​အိပ်​လော့'' ဟု​ဆို​၏။
1SA 3:8 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​ကို​တ​တိ​ယ အ​ကြိမ်​ခေါ်​တော်​မူ​ပြန်​၏။ သူ​သည်​ထ​၍ ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင်​ခေါ်​သော ကြောင့်​ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဧ​လိ​သည်​သူ​ငယ်​ကို​ခေါ်​သော​သူ ကား ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း ရိပ်​မိ​သ​ဖြင့်၊-
1SA 3:9 ``သင်​သည်​ပြန်​၍​အိပ်​လော့။ အ​ကယ်​၍​သင့်​အား နောက်​တစ်​ကြိမ်​ခေါ်​လျှင်`ထာ​ဝ​ရ​ဘု​ရား၊ အ​မိန့် ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ကျွန်​နာ​ခံ​လျက်​ရှိ ပါ​၏' ဟု​လျှောက်​ထား​လော့'' ဟု​မှာ​ကြား​လိုက်​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ပြန်​၍​အိပ်​လေ​၏။
1SA 3:10 ထာ​ဝ​ရ​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၍ ရှ​မွေ​လ​အ​နီး​တွင်​ရပ်​တော်​မူ​လျက်``ရှ​မွေ​လ၊ ရှ​မွေ​လ'' ဟု​ရှေး​နည်း​တူ​ခေါ်​တော်​မူ​၏။ ရှ​မွေ​လ​က``အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏ ကျွန်​နာ​ခံ​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။
1SA 3:11 ထာ​ဝ​ရ​ဘု​ရား​က``တစ်​နေ့​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပြု​မည့် အ​မှု​သည်​လွန်​စွာ​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် ယင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သူ​လူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​၍​သွား​ကြ​လိမ့်​မည်။-
1SA 3:12 ထို​နေ့​ကျ​ရောက်​သော​အ​ခါ ငါ​သည်​ဧ​လိ​၏ အိမ်​ထောင်​စု​သား​တို့​အား​ဒဏ်​စီ​ရင်​မည်​ဟု မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​စ​မှ​အ​ဆုံး တိုင်​အောင်​ငါ​စီ​ရင်​မည်။-
1SA 3:13 သူ​၏​သား​တို့​သည်​ငါ့​အား​ပြစ်​မှား​ပြော​ဆို​ခဲ့ ကြ​သ​ဖြင့် ငါ​သည်​သူ​၏​အိမ်​ထောင်​စု​ကို​အ​ပြစ် ဒဏ်​စီ​ရင်​မည်​ဖြစ်​ကြောင်း​ဧ​လိ​အား​ပြော​ကြား ခဲ့​ပြီး​ဖြစ်​၏။ သူ​တို့​သည်​ဤ​သို့​သော​ဒု​စ​ရိုက် များ​ကို​ပြု​ကျင့်​လျက်​နေ​ကြောင်း​ကို​ဧ​လိ​သိ သော်​လည်း​သူ​တို့​အား​မ​တား​မြစ်။-
1SA 3:14 သို့​ဖြစ်​၍​အ​ဘယ်​ယဇ်​အ​ဘယ်​ပူ​ဇော်​သကာ​မျှ ဤ​ဆိုး​ရွား​သော​အ​ပြစ်​ကို​ဖြေ​လွတ်​အောင်​စွမ်း ဆောင်​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သည်​ဧ​လိ အိမ်​ထောင်​စု​အား​အ​လေး​အ​နက်​မြွက်​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။
1SA 3:15 ရှ​မွေ​လ​သည်​မိုး​လင်း​သည်​တိုင်​အောင်​အိပ် ရာ​တွင်​နေ​ပြီး​မှ ဘု​ရား​သ​ခင်​၏​အိမ်​တော် တံ​ခါး​များ​ကို​ဖွင့်​၏။ သူ​သည်​မိ​မိ​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ဧ​လိ အား​မ​ပြော​ဝံ့။-
1SA 3:16 ဧ​လိ​က``ငါ့​သား​ရှ​မွေ​လ'' ဟု​ခေါ်​လျှင်၊ ``ရှိ​ပါ​သည်​အ​ရှင်'' ဟု​လျှောက်​၏။
1SA 3:17 ဧ​လိ​က``သင့်​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​ထံ​မှ​အ​ဘယ်​အ​ရာ​ကို မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်။ ဘု​ရား​သ​ခင်​မိန့် တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို​ငါ့​အား မ​ဖော်​ပြ​ပါ​မူ ကိုယ်​တော်​သည်​သင့်​အား​ပြင်း ထန်​စွာ​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
1SA 3:18 ထို့​ကြောင့်​ရှ​မွေ​လ​သည်​အ​ဘယ်​အ​ရာ​ကို​မျှ ချန်​လှပ်​၍​မ​ထား​ဘဲ မိန့်​တော်​မူ​သ​မျှ​ကို​ပြန် ကြား​လျှောက်​ထား​လေ​၏။ ဧ​လိ​က``ကိုယ်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ အ​လို တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
1SA 3:19 ရှ​မွေ​လ​သည်​ကြီး​ပြင်း​၍​လာ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ရှ​မွေ​လ ဖော်​ပြ​သ​မျှ​သော​အ​မှု​အ​ရာ​တို့​ကို​ဖြစ် ပျက်​စေ​တော်​မူ​၏။-
1SA 3:20 သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​ကြောင်း​ကို တိုင်း​ပြည် တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​၏။-
1SA 3:21 ရှိ​လော​မြို့​သည်​ရှ​မွေ​လ​အား​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ်​၏။ ကိုယ်​တော် သည်​ထို​မြို့​တွင်​အ​ကြိမ်​ကြိမ်​ထင်​ရှား​တော် မူ​၏။ ရှ​မွေ​လ​မိန့်​ကြား​သည့်​အ​ခါ​များ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နာ​ခံ ကြ​လေ​သည်။
1SA 4:1 ထို​အ​ခါ​ကာ​လ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရန် ချီ​တက်​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​ဧ​ဗ​နေ​ဇာ​မြို့​တွင်​လည်း​ကောင်း၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က​အာ​ဖက်​မြို့​တွင်​လည်း ကောင်း​တပ်​စ​ခန်း​ချ​ထား​ကြ​၏။-
1SA 4:2 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​ချီ​တက်​တိုက်​ခိုက် ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ရေး​ရှုံး​နိမ့် ၍ လူ​ပေါင်း​လေး​ထောင်​မျှ​စစ်​မြေ​ပြင်​တွင် ကျ​ဆုံး​ကြ​၏။-
1SA 4:3 မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​တပ်​သား​တို့​သည် တပ်​စ​ခန်း​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​က``ထာ​ဝ​ရ ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့​အား​ဖိ​လိတ္တိ အ​မျိုး​သား​တို့​လက်​တွင် ယ​နေ့​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ​သ​နည်း။ ငါ​တို့​သည်​သွား​၍ ရှိ​လော​မြို့​မှ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယူ​ဆောင်​လာ​ကြ​ကုန်​အံ့။ သို့ မှ​သာ​လျှင်​ကိုယ်​တော်​သည်​ငါ​တို့​နှင့်​အ​တူ ချီ​တက်​တော်​မူ​၍ ငါ​တို့​အား​ရန်​သူ​တို့​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-
1SA 4:4 ထို့​ကြောင့်​သူ​တို့​သည်​ရှိ​လော​မြို့​သို့​စေ​တ​မန် များ​ကို​လွှတ်​၍ ခေ​ရု​ဗိမ်​အ​ထက်​စံ​တော်​မူ သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယူ​ဆောင်​လာ​စေ ၏။ ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ နှင့်​ဖိ​န​ဟတ်​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။
1SA 4:5 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​သော​အ​ခါ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဝမ်း​မြောက် သ​ဖြင့် မြေ​ကြီး​ပဲ့​တင်​ထပ်​မျှ​ကျယ်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။-
1SA 4:6 ထို​ကြွေး​ကြော်​သံ​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​လျှင်``ဟေ​ဗြဲ​တပ်​စ​ခန်း​မှ​ဟစ်​အော် သံ​ကို​နား​ထောင်​ကြ​လော့။ ထို​အော်​သံ​ကား အ​ဘယ်​သို့​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ဟေ​ဗြဲ​တပ်​စ​ခန်း​သို့ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရောက်​ရှိ​လာ​သည့် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ၊-
1SA 4:7 ကြောက်​လန့်​ကြ​လျက်``ထို​သူ​တို့​တပ်​စ​ခန်း သို့ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​လေ​ပြီ။ ငါ​တို့​အ​ကျိုး​နည်း​ကြ​ပေ​တော့​အံ့။ ယ​ခင် က​ဤ​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး။-
1SA 4:8 ထို​တန်​ခိုး​ကြီး​သော​ဘု​ရား​များ​၏​လက်​မှ ငါ​တို့​အား​အ​ဘယ်​သူ​ကယ်​နိုင်​ပါ​မည်​နည်း။ ထို​ဘု​ရား​များ​ကား​အီ​ဂျစ်​အ​မျိုး​သား​တို့ အား တော​ကန္တာ​ရ​တွင်​သုတ်​သင်​သတ်​ဖြတ် သော​ဘု​ရား​များ​ဖြစ်​၏။-
1SA 4:9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ခဲ​ကြ​လော့။ ယောကျာ်း ပီ​သ​စွာ​တိုက်​ခိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဟေ ဗြဲ​အ​မျိုး​သား​တို့​သည် ငါ​တို့​ထံ​တွင်​ကျွန်​ခံ​ခဲ့ ရ​ဖူး​သည့်​နည်း​တူ​ငါ​တို့​သည် သူ​တို့​ထံ​တွင် ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယောကျာ်း ပီ​သ​စွာ​တိုက်​ခိုက်​ကြ​လော့'' ဟု​ဆို​ကြ​၏။
1SA 4:10 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် အ​ပြင်း​အ​ထန် တိုက်​ခိုက်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် အ​ရေး​ရှုံး​နိမ့်​၍​မိ​မိ​တို့​နေ​ရပ်​သို့​ထွက် ပြေး​ကြ​ကုန်​၏။ ထို​တိုက်​ပွဲ​သည်​လူ​သတ်​ပွဲ ဖြစ်​လျက် ဣ​သ​ရေ​လ​တပ်​သား​ပေါင်း​သုံး သောင်း​မျှ​ကျ​ဆုံး​သ​တည်း။-
1SA 4:11 ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ရန်​သူ​တို့​လက်​သို့​ကျ​ရောက်​သွား​၏။ ဧ​လိ ၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​နှစ်​ယောက် စ​လုံး​လည်း​အ​သတ်​ခံ​ရ​ကြ​၏။
1SA 4:12 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​သည် စစ်​မြေ မှ​လမ်း​တစ်​လျှောက်​လုံး​ပြေး​လာ​၏။ သူ​သည် ဝမ်း​နည်း​သော​အ​ထိမ်း​အ​မှတ်​ဖြင့်​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း​ပေါ်​တွင်​မြေ မှုန့်​တင်​လျက်​ရှိ​လော​မြို့​သို့​တစ်​နေ့​ချင်း ပင်​ရောက်​ရှိ​လာ​၏။-
1SA 4:13 ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက် လွန်​စွာ​စိုး​ရိမ်​ပူ​ပန်​သ​ဖြင့် လမ်း​နံ​ဘေး​ရှိ မိ​မိ​၏​ထိုင်​ခုံ​ပေါ်​တွင်​ထိုင်​ကာ​အ​ကြောင် သား​ငေး​၍​နေ​၏။ ပြေး​လာ​သော​သူ​သည်​စစ် ရှုံး​သည့်​သ​တင်း​ကို မြို့​ထဲ​တွင်​ပြော​ကြား လိုက်​ရာ​လူ​အ​ပေါင်း​တို့​သည်​ထိတ်​လန့် လျက်​ဟစ်​အော်​ကြ​ကုန်​၏။-
1SA 4:14 ဧ​လိ​သည်​ထို​အော်​ဟစ်​သံ​ကို​ကြား​သော်``ဤ အ​သံ​ကား​အ​သို့​နည်း'' ဟု​မေး​၏။ ထို​သူ​သည် လည်း​ဧ​လိ​ထံ​သို့​အ​မြန်​လာ​ရောက်​ပြီး​လျှင် အ​ကျိုး​အ​ကြောင်း​ကို​လျှောက်​ထား​၏။-
1SA 4:15 (ဧ​လိ​ကား​ယ​ခု​အ​ခါ​အ​သက်​ကိုး​ဆယ် ရှစ်​နှစ်​ရှိ​၍ မျက်​စိ​ကွယ်​ခါ​နီး​ပြီ။-)
1SA 4:16 ထို​လူ​က``အ​ကျွန်ုပ်​သည်​ယ​နေ့​ပင်​စစ်​မြေ ပြင်​မှ​လွတ်​မြောက်​ကာ လမ်း​တစ်​လျှောက်​လုံး အ​ပြေး​လာ​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။ ဧ​လိ​က``ငါ့​သား၊ အ​ရေး​အ​ခင်း​ကား​မည် သို့​နည်း'' ဟု​မေး​၏။-
1SA 4:17 သ​တင်း​ယူ​ဆောင်​လာ​သူ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ရှေ့​တွင်​တပ်​လန်​၍​ထွက်​ပြေး​ကြ​ပါ​၏။ ဤ စစ်​ပွဲ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ကြီး​အ​ကျယ် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​သည်​တ​ကား။ ထို့​အ​ပြင် အ​ရှင်​၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် အ​သတ်​ခံ​ရ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​သည်​လည်း ရန်​သူ​များ​၏ လက်​သို့​ကျ​ရောက်​သွား​ပါ​၏'' ဟု​လျှောက်​၏။
1SA 4:18 ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို ကြား​သော​အ​ခါ တံ​ခါး​အ​နီး​ရှိ​ထိုင်​ခုံ​ပေါ်​မှ နောက်​ပြန်​လဲ​ကျ​သွား​တော့​၏။ သူ​သည်​လွန်​စွာ အို​မင်း​၍​ဝ​လွန်း​သော​ကြောင့် ယင်း​သို့​လဲ​ကျ​ရာ ၌​လည်​ကုတ်​ကျိုး​၍​သေ​လေ​၏။ သူ​သည်​အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဦး​စီး​ခေါင်း​ဆောင်​လုပ်​ခဲ့​သူ​ဖြစ် သ​တည်း။
1SA 4:19 ဧ​လိ​၏​ချွေး​မ၊ ဖိ​န​ဟတ်​၏​ဇ​နီး​သည် ကိုယ် ဝန်​အ​ရင့်​အ​မာ​ရှိ​၍​မွေး​ဖွား​ချိန်​ပင်​နီး ကပ်​၍​နေ​လေ​ပြီ။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရန်​သူ​တို့​လက်​သို့ ကျ​ရောက်​သွား​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​၏​ယောက္ခ​မ​နှင့်​ခင်​ပွန်း​တို့​ကွယ်​လွန်​သွား ကြ​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ သော​အ​ခါ​ရုတ်​တ​ရက်​သား​ဖွား​ခြင်း​ဝေ​ဒ​နာ ခံ​ရ​၍​က​လေး​မျက်​နှာ​မြင်​လေ​၏။-
1SA 4:20 သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​၌​အ​နီး​ရှိ အ​မျိုး​သ​မီး​များ​က``အား​ခဲ​၍​ထား​ပါ။ သင်​သည်​သား​ယောကျာ်း​က​လေး​ကို​ဖွား​မြင် လေ​ပြီ'' ဟု​ဆို​ကြ​၏။ သို့​ရာ​တွင်​သူ​သည် ဂ​ရု​မ​စိုက်၊ စ​ကား​ပြန်​မ​ပြော​ဘဲ​နေ​၏။-
1SA 4:21 ထို​နောက်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရန်​သူ​တို့ လက်​သို့​ကျ​ရောက်​သွား​သည်​ကို​လည်း​ကောင်း၊ ယောက္ခ​မ​နှင့်​ခင်​ပွန်း​ကွယ်​လွန်​ကြ​သည်​ကို လည်း​ကောင်း​အ​ကြောင်း​ပြု​၍``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘုန်း​အ​သ​ရေ​ကွယ်​ပျောက် လေ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​ခ​ဗုဒ် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-
1SA 4:22 ထို​နောက်​သူ​က``ရန်​သူ​တို့​လက်​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရောက်​ရှိ​သွား​သော​ကြောင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘုန်း​အ​သ​ရေ ကွယ်​ပျောက်​လေ​ပြီ'' ဟု​ဆို​ပြန်​၏။
1SA 5:1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​သိမ်း​ယူ​ကြ​ပြီး​လျှင် ဧ​ဗ​နေ​ဇာ​မြို့ မှ​မိ​မိ​တို့​နေ​ထိုင်​ရာ​အာ​ဇုတ်​မြို့​သို့​ပင့်​ဆောင် ကာ၊-
1SA 5:2 ဒါ​ဂုန်​ဘု​ရား​ကျောင်း​အ​တွင်း​ရှိ​ဒါ​ဂုန်​ရုပ်​တု အ​နီး​တွင်​ထား​ကြ​၏။-
1SA 5:3 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဒါ​ဂုန်​ရုပ်​တု သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရှေ့​တွင် မှောက်​လျက်​လဲ​ကျ​နေ​သည်​ကို​အာ​ဇုတ် မြို့​သား​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ထို​ရုပ်​တု​ကို​ထူ​ပြီး​လျှင်​တစ်​ဖန်​မူ​ရင်း​နေ ရာ​တွင်​ပြန်​ထား​ကြ​၏။-
1SA 5:4 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ထို​ရုပ်​တု​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​တွင်​တစ်​ဖန်​မှောက် လျက်​လဲ​ကျ​နေ​သည်​ကို​မြင်​ရ​ကြ​ပြန်​၏။ ယ​ခု​အ​ကြိမ်​၌​မူ​ရုပ်​တု​၏​ဦး​ခေါင်း​နှင့် လက်​နှစ်​ဖက်​စ​လုံး​ပင်​ပြတ်​၍ တံ​ခါး​ဝ အ​နီး​သို့​ရောက်​ရှိ​နေ​လေ​သည်။ ရုပ်​တု​၏ ကိုယ်​လုံး​သာ​လျှင်​ကျန်​ရစ်​ခဲ့​၏။-
1SA 5:5 (ထို့​ကြောင့်​ဒါ​ဂုန်​ဘု​ရား​ယဇ်​ပု​ရော​ဟိတ် များ၊ ဒါ​ဂုန်​ဘု​ရား​ကျောင်း​ကို​ဝင်​ထွက်​ကြ သော​အာ​ဇုတ်​မြို့​သား​များ​သည် ကျောင်း​တံ​ခါး ခုံ​ကို​ယ​နေ့​တိုင်​အောင်​မ​နင်း​ဘဲ​ကျော်​၍ သွား​ကြ​၏။)
1SA 5:6 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဇုတ်​မြို့​သား​တို့ အား ပြင်း​စွာ​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်​ကြောက် လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည် ထို​မြို့​သား​တို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့ အား​အ​နာ​စိမ်း​များ​ပေါက်​စေ​ခြင်း​အား ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-
1SA 5:7 သူ​တို့​သည်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ကြ​သော​အ​ခါ``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သော​ဘု​ရား​သည်​ငါ​တို့​နှင့် ငါ​တို့​၏​ဒါ​ဂုန်​ဘု​ရား​အား​ဒဏ်​ခတ်​တော်​မူ လေ​ပြီ။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ဤ​အ​ရပ် တွင်​ငါ​တို့​ဆက်​လက်​ထား​ရှိ​၍​ဖြစ်​တော့ မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
1SA 5:8 ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​ထံ​စေ​တ​မန်​များ​လွှတ်​၍​ဖိတ်​ခေါ်​ပြီး လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​ကြ​မည်​နည်း'' ဟု​မေး ကြ​၏။ ဘု​ရင်​တို့​က``ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား ကြ​လော့'' ဟု​ဆို​သ​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ် သော​ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား​ကြ​၏။-
1SA 5:9 သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။-
1SA 5:10 သို့​ဖြစ်​၍​သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ်​သော​ဧ​ကြုန်​မြို့ သို့​ပို့​လိုက်​ကြ​၏။ ထို​မြို့​သို့​သေတ္တာ​တော်​ရောက် ရှိ​သော​အ​ခါ​လူ​တို့​က``သူ​တို့​သည်​ငါ​တို့ ရှိ​သ​မျှ​ကို​သတ်​ရန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သည့်​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ငါ​တို့​ထံ​သို့​ပင့်​ဆောင်​လာ​ကြ​လေ ပြီ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။-
1SA 5:11 ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ပေါင်း တို့​အား တစ်​ဖန်​ဖိတ်​ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယင်း​၏​မူ​ရင်း​အ​ရပ်​သို့​ပြန်​ပို့​လိုက်​ကြ​ပါ။ သို့​မှ​သာ​လျှင်​ငါ​တို့​နှင့်​တ​ကွ​ငါ​တို့​၏​အိမ် ထောင်​စု​သား​များ​သည်​သေ​ဘေး​မှ​ကင်း​လွတ် ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ပြင်း​ထန်​စွာ​ဒဏ်​ခတ်​တော် မူ​သည်​ဖြစ်​၍​တစ်​မြို့​လုံး​ပင်​ကြောက်​လန့် တုန်​လှုပ်​လျက်​နေ​ကြ​၏။-
1SA 5:12 သေ​ဘေး​နှင့်​လွတ်​သော​သူ​များ​ပင်​လျှင် အ​နာ​စိမ်း​များ​ပေါက်​ကြ​သ​ဖြင့် လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​များ​အား​ကူ​မ​ရန်​ဟစ် အော်​လျှောက်​ထား​ကြ​၏။
1SA 6:1 ဖိ​လိတ္တိ​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​သည် ခု​နစ်​လ​မျှ​ရောက်​ရှိ​နေ​ပြီး နောက်၊-
1SA 6:2 ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မှော်​ဆ​ရာ​များ​ကို ဖိတ်​ခေါ်​ကာ``ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း။ ထို​သေတ္တာ​တော်​ကို​မူ​ရင်း အ​ရပ်​သို့​ပြန်​လည်​ပို့​ဆောင်​မည်​ဆို​ပါ​က ယင်း​နှင့်​အ​တူ​အ​ဘယ်​ပူ​ဇော်​သကာ​ကို ပေး​သင့်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
1SA 6:3 ထို​သူ​တို့​က``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြန်​ပို့​မည်​ဆို​လျှင်​ပူ ဇော်​သ​ကာ​မ​ပါ​၍​မ​ဖြစ်။ သင်​တို့​၏​အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ကို​ပါ​ပေး​လှူ​ရ​ကြ မည်။ ယင်း​သို့​ပြု​လျှင်​သင်​တို့​သည်​အ​နာ ရော​ဂါ​ပျောက်​ကင်း​ကြ​လိမ့်​မည်။ ကိုယ်​တော် သည်​သင်​တို့​အား အ​ဘယ်​ကြောင့်​ဒဏ်​ခတ် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​သိ​ရှိ ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။
1SA 6:4 ဖိ​လိတ္တိ​ခေါင်း​ဆောင်​များ​က``ငါ​တို့​သည် အ​ဘယ်​ပူ​ဇော်​သကာ​ကို​ပေး​လှူ​ရ​ပါ​မည် နည်း'' ဟု​မေး​ကြ​လျှင် သူ​တို့​က``သင်​တို့​သည်​ဘု​ရင်​ငါး​ပါး​ကို​တစ် ပါး​လျှင် ရွှေ​အ​နာ​စိမ်း​ရုပ်​ငါး​ခု​နှင့်​ရွှေ​ကြွက် ရုပ်​ငါး​ခု​ပြု​လုပ်​၍​ပေး​လှူ​ရ​ကြ​မည်။ ဘု​ရင် ငါး​ပါး​နှင့်​သင်​တို့​အ​ပေါင်း​သည် ကပ်​ရော​ဂါ တစ်​မျိုး​တည်း​သင့်​ရ​ကြ​သည်​ဖြစ်​ရာ၊-
1SA 6:5 အ​နာ​စိမ်း​၏​ပုံ​စံ၊ သင်​တို့​ပြည်​ကို​ဖျက်​ဆီး လျက်​နေ​သည့်​ကြွက်​၏​ပုံ​စံ​တို့​ကို​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​ကို​ဂုဏ် ပြု​ချီး​မြှင့်​ရ​မည်။ ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​ပြည်​ကို​လည်း​ကောင်း​ဒဏ်​မ ခတ်​တော့​ဘဲ​နေ​ကောင်း​နေ​တော်​မူ​လိမ့်​မည်။-
1SA 6:6 သင်​တို့​သည်​အ​ဘယ်​ကြောင့်​အီ​ဂျစ်​ဘု​ရင် နှင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့​ခေါင်း​မာ နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ ခွင့်​မ​ပြု​မ​ချင်း​ဘု​ရား​သ​ခင်​သည် သူ​တို့ အား​အ​ဘယ်​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​မေ့​ကြ​နှင့်။-
1SA 6:7 သို့​ဖြစ်​၍​လှည်း​သစ်​ကို​ပြု​လုပ်​ပြီး​နောက် တစ် ခါ​မျှ​ထမ်း​ပိုး​မ​တင်​ဘူး​သေး​သော​သား​ငယ် ရှိ​သည့်​နွား​မ​နှစ်​ကောင်​ကို​လှည်း​၌​တပ်​၍ သား​ငယ်​တို့​ကို​မူ​ခြံ​သို့​ပြန်​ပို့​လော့။-
1SA 6:8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လှည်း​ပေါ်​သို့​တင်​ပြီး​လျှင် သင်​တို့​၏ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော​ရွှေ ရုပ်​တု​များ​ကို​အ​ခြား​သော​သေတ္တာ​တစ်​လုံး တွင်​ထည့်​၍​သေတ္တာ​တော်​အ​နီး​၌​ထား​လော့။ ထို နောက်​လှည်း​ကို​အ​လို​ရှိ​ရာ​သို့​ထွက်​ခွာ​သွား စေ​လော့။-
1SA 6:9 လှည်း​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​စောင့်​၍ ကြည့်​လော့။ အ​ကယ်​၍​ဗက်​ရှေ​မက်​မြို့​ရှိ​ရာ​သို့ သွား​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သည် ငါ​တို့​အ​ပေါ်​သို့​ကြောက်​မက်​ဖွယ်​ရာ​ကပ် ရော​ဂါ​ကို​ကျ​ရောက်​စေ​ကြောင်း​သိ​မှတ်​ရ​မည်။ သို့​ရာ​တွင်​လှည်း​သည်​ထို​မြို့​ရှိ​ရာ​သို့​မ​သွား ခဲ့​သော် ကိုယ်​တော်​သည်​ငါ​တို့​ထံ​ကပ်​ရော​ဂါ ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကပ်​ရော​ဂါ သည်​အ​လို​အ​လျောက်​ဆိုက်​ရောက်​လာ​ခြင်း သာ​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​မည်။''
1SA 6:10 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​စေ​ခိုင်း​သည့် အ​တိုင်း နွား​မ​နှစ်​ကောင်​ကို​လှည်း​တွင်​တပ်​၍ နွား​ငယ်​က​လေး​များ​ကို​ခြံ​တွင်​လှောင်​ထား ကြ​၏။-
1SA 6:11 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ရွှေ​ကြွက်​ရုပ်​နှင့် ရွှေ​အ​နာ​စိမ်း​ရုပ်​တု​ပုံ​များ ပါ​ရှိ​သည့်​သေတ္တာ နှင့်​အ​တူ​လှည်း​ပေါ်​သို့​တင်​ကြ​၏။-
1SA 6:12 နွား​မ​တို့​သည်​ဗက်​ရှေ​မက်​လမ်း​အ​တိုင်း စ​တင်​ထွက်​ခွာ​ပြီး ဝဲ​ယာ​မ​ကွေ့​ဘဲ​တည့် မတ်​စွာ​တစ်​လမ်း​လုံး​အော်​မြည်​လျက် ဗက် ရှေ​မက်​မြို့​ရှိ​ရာ​သို့​သွား​ကြ​လေ​သည်။ ဖိ လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဗက်​ရှေ​မက် မြို့​နယ်​စပ်​အ​နီး​အ​ထိ​လိုက်​ပါ​သွား​ကြ ၏။
1SA 6:13 ဗက်​ရှေ​မက်​မြို့​သား​တို့​သည်​ချိုင့်​ဝှမ်း​ထဲ​တွင် ဂျုံ​စ​ပါး​များ​ကို​ရိတ်​သိမ်း​လျက်​နေ​စဉ်​ရုတ် တ​ရက်​မျှော်​ကြည့်​လိုက်​သော​အ​ခါ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​အ​တိုင်း ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​၏။-
1SA 6:14 လှည်း​သည်​ဗက်​ရှေ​မက်​မြို့​သား​ယော​ရှု​၏ လယ်​သို့​ရောက်​သော​အ​ခါ ကျောက်​တုံး​ကြီး အ​နီး​တွင်​ရပ်​တန့်​လေ​သည်။ လူ​တို့​သည်​လှည်း ကို​ခုတ်​ဖြတ်​၍​နွား​မ​တို့​ကို​သတ်​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။-
1SA 6:15 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့် ရွှေ​ရုပ်​များ​ပါ ရှိ​သည့်​သေတ္တာ​ကို​ချီ​ပင့်​ပြီး​လျှင်​ကျောက်​တုံး ကြီး​ပေါ်​တွင်​တင်​ထား​ကြ​၏။ ထို​နောက်​ဗက် ရှေ​မက်​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ​ဇော် သကာ​များ​ကို​တင်​လှူ​ကြ​၏။-
1SA 6:16 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဤ​အ​ခြင်း အ​ရာ​ကို​ကြည့်​ရှု​ကြ​ပြီး​နောက် ထို​နေ့​၌​ပင် ဧ​ကြုန်​မြို့​သို့​ပြန်​သွား​ကြ​၏။
1SA 6:17 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရွှေ​အ​နာ​စိမ်း ရုပ်​ငါး​ခု​ကို​မြို့​တစ်​မြို့​လျှင် တစ်​ခု​နှုန်း​ဖြင့် အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့၊ အာ​ရှ​ကေ​လုန်​မြို့၊ ဂါ​သ မြို့​နှင့်​ဧ​ကြုန်​မြို့​တို့​ကို​ရည်​စူး​၍​မိ​မိ​တို့ အ​တွက် အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပေး​ပို့​ကြ​၏။-
1SA 6:18 သူ​တို့​သည်​ကြွက်​ရုပ်​များ​ကို​လည်း​ဖိ​လိတ္တိ ဘု​ရင်​များ အ​စိုး​ရ​သည့်​ခံ​တပ်​မြို့​များ​နှင့် ကျေး​ရွာ​များ​အ​တွက် တစ်​မြို့​လျှင်​တစ်​ခု ကျ​စီ​ဆက်​သ​ပေး​ပို့​ကြ​၏။ ဗက်​ရှေ​မက် မြို့​သား​ယော​ရှု​၏​လယ်​၌​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တင်​ရာ​ကျောက်​တုံး ကြီး​သည် ထို​စဉ်​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​၌​အ​သိ​သက်​သေ​အ​ဖြစ်​ဖြင့်​ယ​နေ့ တိုင်​အောင်​တည်​ရှိ​နေ​လေ​သည်။
1SA 6:19 ဗက်​ရှေ​မက်​မြို့​သား​ခု​နစ်​ဆယ်​တို့​သည် ပ​ဋိ ညာဉ်​သေတ္တာ​တော်​ထဲ​သို့​ကြည့်​မိ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သေ​ဒဏ် ခတ်​တော်​မူ​၏။ မြို့​သား​တို့​သည်​မိ​မိ​တို့ အ​ထဲ​မှ​လူ​မြောက်​မြား​စွာ​ကို ထာ​ဝ​ရ ဘု​ရား​သေ​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​၏။
1SA 6:20 သို့​ဖြစ်​၍​ဗက်​ရှေ​မက်​မြို့​သား​တို့​က``သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ အ​ဘယ်​သူ​သည် ရပ်​တည်​နိုင်​ပါ​မည်​နည်း။ ငါ​တို့​နှင့်​ဝေး​အောင် ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​သို့​ပင့်​ဆောင် သွား​ရ​ပါ​မည်​နည်း'' ဟု​ဆို​၍၊-
1SA 6:21 ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။
1SA 7:1 သို့​ဖြစ်​၍​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ​၍​သေတ္တာ​တော်​ကို​တောင်​ကုန်း​ပေါ်​တွင်​တည် ရှိ​သော အ​ဗိ​န​ဒပ်​၏​အိမ်​သို့​ပင့်​ဆောင်​သွား ကြ​၏။ သူ​တို့​သည်​သေတ္တာ​တော်​ကို​စောင့်​ထိန်း ရန်​အ​တွက် အ​ဗိ​န​ဒပ်​၏​သား​ဧ​လာ​ဇာ​ကို ရွေး​ချယ်​ဆက်​ကပ်​ကြ​၏။
1SA 7:2 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တွင်​နှစ်​ပေါင်း​နှစ်​ဆယ် တိုင်​အောင်​ကြာ​မြင့်​စွာ​ရှိ​နေ​လေ​သည်။ ထို အ​ချိန်​ကာ​လ​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​ကို​ကူ​မ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ထံ​ဟစ်​အော်​လျှောက် ထား​ကြ​၏။
1SA 7:3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှ​မွေ​လ က``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြန်​လည်​လာ​ရောက် လို​ပါ​က လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​ကို လည်း​ကောင်း၊ အာ​ရှ​တ​ရက်​ဘု​ရား​မ​၏​ရုပ်​တု များ​ကို​လည်း​ကောင်း​စွန့်​ပစ်​ရ​ကြ​မည်။ သင်​တို့ ၏​ကိုယ်​ကို​လုံး​ဝ​ဆက်​ကပ်​၍​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​လျှင် ကိုယ်​တော်​သည် သင်​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လက်​မှ ကယ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
1SA 7:4 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​မ တို့​၏​ရုပ်​တု​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ ဘု​ရား​ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​ကုန်​၏။
1SA 7:5 ထို​နောက်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား``ငါ​သည်​မိ​ဇ​ပါ​မြို့ တွင်​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်​ဖြစ်​၍​သင်​တို့ သည်​ထို​မြို့​၌​စု​ကြ​လော့'' ဟု​ဆင့်​ဆို​မှာ ကြား​၏။-
1SA 7:6 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။
1SA 7:7 မိ​ဇ​ပါ​မြို့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ စု​ရုံး​လျက်​ရှိ​ကြောင်း​ကို ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​သိ​ကြ​သော​အ​ခါ ဖိ​လိတ္တိ​ဘု​ရင်​ငါး ပါး​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ ရာ​သို့​စစ်​ချီ​လာ​ကြ​၏။ ဤ​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား​သိ​ကြ သော​အ​ခါ​ကြောက်​လန့်​ကြ​သ​ဖြင့်၊-
1SA 7:8 ရှ​မွေ​လ​အား``အ​ကျွန်ုပ်​တို့​ကို​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ရန် အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပေး​လျက်​နေ​ပါ'' ဟု​တောင်း​ပန် ကြ​၏။-
1SA 7:9 ရှ​မွေ​လ​သည်​သိုး​ငယ်​တစ်​ကောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကာ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကယ်​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​ကိုယ်​တော်​သည်​နား​ညောင်း​တော်​မူ​၏။-
1SA 7:10 ရှ​မွေ​လ​သည်​ယဇ်​ပူ​ဇော်​လျက်​နေ​စဉ်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ထို​အ​ချိန်​၌​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား သည် သူ​တို့​အ​ပေါ်​မှာ​ပြင်း​စွာ​မိုး​ချုန်း​စေ တော်​မူ​သ​ဖြင့် သူ​တို့​သည်​က​စဥ့်​က​ရဲ​ဖြစ် လျက်​ထွက်​ပြေး​ကြ​ကုန်​၏။-
1SA 7:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​ဇ​ပါ​မြို့ မှ​ထွက်​၍ သူ​တို့​အား​ဗက်​ကာ​မြို့​အ​နီး​သို့ တိုင်​အောင်​လိုက်​လံ​သတ်​ဖြတ်​ကြ​၏။
1SA 7:12 ထို​နောက်​ရှ​မွေ​လ​သည်​ကျောက်​တုံး​တစ်​ခု​ကို ယူ​၍ မိ​ဇ​ပါ​မြို့​နှင့်​ရှင်​မြို့​စပ်​ကြား​တွင်​စိုက်​ထူ ကာ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား​ယ​နေ့ တိုင်​အောင်​ကူ​မ​တော်​မူ​လေ​ပြီ'' ဟု​ဆို​ပြီး​လျှင် ထို​ကျောက်​တုံး​ကို``ကူ​မ​တော်​မူ​ရာ​ကျောက်'' (ဧ​ဗ​နေ​ဇာ) ဟု​နာ​မည်​မှည့်​လေ​သည်။-
1SA 7:13 ဤ​သို့​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ရေး ရှုံး​နိမ့်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ရှ​မွေ​လ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ခွင့် ပေး​တော်​မ​မူ။-
1SA 7:14 ဧ​ကြုန်​မြို့​နှင့်​ဂါ​သ​မြို့​စပ်​ကြား​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​သိမ်း​ပိုက်​ထား ကြ​သည့်​မြို့​မှန်​သ​မျှ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​သို့​ပြန်​လည်​ပေး​အပ်​ရ​ကြ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ တို့​၏​နယ်​မြေ​အား​လုံး​ကို​ပြန်​လည်​ရ​ရှိ​ကြ​၏။ ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည်​သင့်​မြတ်​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ကြ​လေ​သည်။
1SA 7:15 ရှ​မွေ​လ​သည်​အ​သက်​ထက်​ဆုံး​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အုပ်​ချုပ်​၏။-
1SA 7:16 သူ​သည်​နှစ်​စဉ်​နှစ်​တိုင်း​ဗေ​သ​လ​မြို့၊ ဂိ​လ ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​သို့​လှည့်​လည်​သွား ရောက်​ကာ​ထို​မြို့​တို့​တွင်​အ​မှု​အ​ခင်း​များ ကို​စစ်​ဆေး​စီ​ရင်​လေ့​ရှိ​၏။-
1SA 7:17 ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။
1SA 8:1 ရှ​မွေ​လ​သည်​အို​မင်း​၍​လာ​သော​အ​ခါ​မိ​မိ ၏​သား​များ​အား ဣ​သ​ရေ​လ​ပြည်​တွင်​တ​ရား သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​၏။-
1SA 8:2 သား​ကြီး​ကား​ယော​လ၊ သား​ငယ်​ကား​အ​ဘိ ရ​ဟု​နာ​မည်​တွင်​၏။ သူ​တို့​သည်​ဗေ​ရ​ရှေ​ဗ မြို့​တွင်​တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ဆောင် ရွက်​ကြ​၏။-
1SA 8:3 သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။
1SA 8:4 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စု​ဝေး​၍​ရာ​မ​မြို့ ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​ပြီး​လျှင်၊-
1SA 8:5 ``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။-
1SA 8:6 ယင်း​သို့​ဘု​ရင်​ခန့်​ထား​ပေး​ရန်​လူ​တို့​တောင်း ဆို​ကြ​သည်​ကို ရှ​မွေ​လ​မ​နှစ်​သက်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။-
1SA 8:7 ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သင့်​အား​ပြော သ​မျှ​စ​ကား​ကို​နား​ထောင်​လော့။ သူ​တို့​သင့် ကို​ပစ်​ပယ်​ကြ​သည်​မ​ဟုတ်၊ ငါ့​ကို​ပစ်​ပယ် ကြ​၏။ သူ​တို့​သည်​ငါ့​အား​မိ​မိ​တို့​၏ ဘု​ရင်​အ​ဖြစ်​မှ​ပစ်​ပယ်​ကြ​လေ​ပြီ။-
1SA 8:8 သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ ချိန်​မှ ယ​နေ့​တိုင်​သူ​တို့​သည်​ငါ့​ကို​ကျော ခိုင်း​ကာ​အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ငါ့​အား အ​စဉ် ပြု​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ​သင့်​ကို ပြု​ကြ​ခြင်း​သာ​ဖြစ်​၏။-
1SA 8:9 သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။
1SA 8:10 ရှ​မွေ​လ​သည်​ဘု​ရင်​ခန့်​ပေး​ရန် မိ​မိ​ထံ တောင်း​ဆို​သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သ​မျှ​တို့​ကို​ပြန်​ကြား​လေ​၏။-
1SA 8:11 သူ​က``သင်​တို့​ကို​အုပ်​စိုး​သော​ဘု​ရင်​သည် သင်​တို့​သား​များ​ကို​စစ်​မှု​ထမ်း​စေ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​ကို​ရ​ထား​တပ်​၌​လည်း ကောင်း၊ အ​ချို့​ကို​မြင်း​တပ်​၌​လည်း​ကောင်း၊ အ​ချို့​ကို​အ​ထူး​ထိုး​စစ်​ဆင်​ရာ​တပ်​များ ၌​လည်း​ကောင်း​အ​မှု​ထမ်း​စေ​လိမ့်​မည်။-
1SA 8:12 သူ​သည်​အ​ချို့​ကို​လူ​တစ်​ထောင်​တပ်​မှူး​များ၊ အ​ချို့​ကို​လူ​ငါး​ဆယ်​တပ်​မှူး​များ​အ​ဖြစ် ခန့်​ထား​လိမ့်​မည်။ သင်​တို့​၏​သား​များ​သည် ဘု​ရင်​၏​လယ်​များ​ကို​ထွန်​၍ သူ​၏​စပါး​များ ကို​ရိတ်​သိမ်း​ရ​လိမ့်​မည်။ သူ​၏​လက်​နက်​များ၊ စစ်​ရ​ထား​တန်​ဆာ​များ​ကို​ပြု​လုပ်​ရ​ကြ လိမ့်​မည်။-
1SA 8:13 သင်​တို့​၏​သ​မီး​များ​သည်​လည်း​ဘု​ရင်​အ​တွက် နံ့​သာ​အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး​ဖော်​စပ်​သူ များ၊ စား​တော်​ကဲ​များ၊ မုန့်​ဖုတ်​လုပ်​သူ​များ ဖြစ်​ရ​ကြ​လိမ့်​မည်။-
1SA 8:14 သူ​သည်​သင်​တို့​၏​အ​ကောင်း​ဆုံး​လယ်​ယာ များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ ကို​သိမ်း​ယူ​ကာ မိ​မိ​၏​အ​မှု​ထမ်း​တို့​အား ပေး​အပ်​လိမ့်​မည်။-
1SA 8:15 သူ​သည်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​သီး​ဆယ်​ပုံ​တစ်​ပုံ ကို မိ​မိ​၏​နန်း​တွင်း​အ​ရာ​ရှိ​များ​နှင့်​အ​ခြား အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အ​တွက်​သိမ်း​ယူ လိမ့်​မည်။-
1SA 8:16 သင်​တို့​၏​အ​စေ​ခံ​များ၊ အ​ကောင်း​ဆုံး​သော နွား​များ နှင့်​မြည်း​များ​ကို​သိမ်း​ယူ​ကာ​မိ​မိ​အ​ဖို့ ခိုင်း​စေ​အ​သုံး​ပြု​လိမ့်​မည်။-
1SA 8:17 သူ​သည်​သင်​တို့​သိုး​အုပ်​များ​၏​ဆယ်​ပုံ​တစ် ပုံ​ကို​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင် လျှင်​သူ​၏​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။-
1SA 8:18 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​သင်​တို့ သည် မိ​မိ​တို့​ကိုယ်​တိုင်​ရွေး​ချယ်​တင်​မြှောက် သည့်​ဘု​ရင်​ကြောင့်​ညည်း​ညူ​ကြ​လိမ့်​မည်။ သို့ သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏ ညည်း​ညူ​သံ​ကို​နား​ညောင်း​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​သ​တိ​ပေး​လေ​၏။
1SA 8:19 လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။-
1SA 8:21 ရှ​မွေ​လ​သည်​သူ​တို့​ပြော​သ​မျှ​ကို​နား​ထောင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဝင်​၍ လျှောက်​ထား​၏။-
1SA 8:22 ထာ​ဝ​ရ​ဘုရား​က``သူ​တို့​အ​လို​ရှိ​သည် အ​တိုင်း​ဘု​ရင်​ကို​ခန့်​ပေး​လော့'' ဟု​မိန့်​တော် မူ​လျှင်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ပြန်​သွား​စေ​၏။
1SA 9:1 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ နာ​မည်​မှာ​ကိ​ရှ​ဖြစ်​၏။ သူ့​အ​ဖ​သည်​အ​ဗျေ​လ၊ အ​ဖိုး​ကား​ဇေ​ရော်​ဖြစ်​၏။ သူ​သည်​အာ​ဖိ​သား ချင်း​စု​ဝင်​ဖြစ်​သော​ဗေ​ခေါ​ရတ်​အိမ်​ထောင်​စု မှ​ဆင်း​သက်​လာ​သူ​တည်း။ ကိ​ရှ​သည်​ချမ်း​သာ ကြွယ်​ဝ​၍​သြ​ဇာ​တိ​က္က​မ​ရှိ​သူ​တစ်​ယောက် ဖြစ်​ပေ​သည်။-
1SA 9:2 သူ့​မှာ​ရှော​လု​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ထို​သား​သည်​ပျို​ရွယ်​၍​အ​ဆင်း လှ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ တို့​ထက်​အ​ရပ်​တစ်​ပေ​မျှ​ပို​၍​မြင့်​၏။ အ​ဆင်း​လည်း​ပို​၍​လှ​၏။
1SA 9:3 ကိ​ရှ​သည်​မိ​မိ​၏​မြည်း​အ​ချို့​ပျောက်​သွား သ​ဖြင့် ရှော​လု​အား``အ​စေ​ခံ​တစ်​ယောက်​ကို ခေါ်​ပြီး​လျှင်​မြည်း​တို့​ကို​လိုက်​ရှာ​ပါ​လော့'' ဟု​ဆို​၏။-
1SA 9:4 သူ​တို့​နှစ်​ယောက်​သည်​ဧ​ဖ​ရိမ်​တောင်​ပိုင်း အ​ရပ်​နှင့် ရှ​လိ​ရှ​ဒေ​သ​တစ်​လျှောက်​တွင် ရှာ​ဖွေ​ကြ​သော်​လည်း​မြည်း​များ​ကို​မ​တွေ့ ကြ။ သို့​ဖြစ်​၍​သူ​တို့​သည်​ရှာ​လိမ်​ဒေ​သ တစ်​လျှောက်​တွင်​ရှာ​ကြ​၏။ သို့​ရာ​တွင်​မြည်း တို့​သည်​ထို​အ​ရပ်​တွင်​မ​ရှိ။ ထို​နောက်​သူ တို့​သည်​ဗင်္ယာ​မိန်​နယ်​တွင်​လိုက်​၍​ရှာ​ကြ​၏။ ဤ​အ​ရပ်​တွင်​လည်း​မြည်း​တို့​ကို​မ​တွေ့ ကြ။-
1SA 9:5 သူ​တို့​သည်​ဇု​ဖ​ဒေ​သ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ရှော​လု​က​သူ​၏​အ​စေ​ခံ အား``ငါ​တို့​အိမ်​သို့​ပြန်​ကြ​စို့။ သို့​မ​ဟုတ် ပါ​မူ​ငါ​၏​အ​ဖ​သည်​မြည်း​တို့​အ​တွက် စိုး​ရိမ်​ပူ​ပန်​မည့်​အ​စား​ငါ​တို့​အ​တွက် စိုး​ရိမ်​ပူ​ပန်​လိမ့်​မည်'' ဟု​ဆို​၏။
1SA 9:6 အ​စေ​ခံ​က``ဆိုင်း​ငံ့​ပါ​ဦး။ ဤ​မြို့​တွင်​သူ​တော် စင်​တစ်​ဦး​ရှိ​ပါ​၏။ သူ​ပြော​သ​မျှ​စ​ကား​တို့ သည်​အ​မှန်​ပင်​ဖြစ်​ပျက်​လာ​သ​ဖြင့် သူ့​အား လူ​တို့​ရို​သေ​လေး​စား​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့ သူ့​ထံ​ကို​သွား​ကြ​ပါ​စို့။ မြည်း​များ​အား အ​ဘယ်​အ​ရပ်​တွင်​ရှာ​ရ​မည်​ကို​သူ​သည် အ​ကျွန်ုပ်​တို့​အား​ဖော်​ပြ​ကောင်း​ဖော်​ပြ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​၏။
1SA 9:7 ရှော​လု​က``ထို​သူ​ထံ​ကို​သွား​လျှင်​ငါ​တို့ အ​ဘယ်​အ​ရာ​ကို​ပေး​လှူ​ရ​ပါ​မည်​နည်း။ ငါ တို့​တွင်​ပါ​သ​မျှ​သော​အ​စား​အ​စာ​လည်း ကုန်​ချေ​ပြီ။ ငါ​တို့​မှာ​သူ့​အား​ပေး​စ​ရာ ဘာ​မျှ​မ​ရှိ'' ဟု​ဆို​၏။
1SA 9:8 အ​စေ​ခံ​က``အ​ကျွန်ုပ်​မှာ​ငွေ​တစ်​မတ်​သာ​ရှိ ပါ​သည်။ ထို​ငွေ​ကို​သူ့​အား​ပေး​နိုင်​ပါ​သည်။ ထို အ​ခါ​သူ​သည်​မြည်း​များ​အ​ဘယ်​အ​ရပ်​တွင် ရှိ​သည်​ကို အ​ကျွန်ုပ်​တို့​အား​ပြော​ပြ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​၏။
1SA 9:9 ရှော​လု​က​လည်း``ကောင်း​ပြီ။ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​တော်​စင်​နေ ထိုင်​ရာ​မြို့​သို့​သွား​ကြ​၏။ မြို့​တည်​ရာ​တောင်​ကုန်း ကို​တက်​၍​သွား​ကြ​စဉ် သူ​တို့​သည်​လမ်း​တွင်​ရေ ခပ်​ရန်​လာ​သော​အ​မျိုး​သ​မီး​က​လေး​အ​ချို့​နှင့် တွေ့​သ​ဖြင့်``ထို​မြို့​ထဲ​၌​ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ ရှိ​ပါ​၏​လော'' ဟု​မေး​မြန်း​စုံ​စမ်း​ကြ​၏။ (ထို​ခေတ်​အ​ခါ​က​ပ​ရော​ဖက်​အား​ရှေး​ဖြစ်​ကို ဟော​နိုင်​သူ​ဟု​ခေါ်​ဝေါ်​ကြ​၏။ သို့​ဖြစ်​၍​လူ တစ်​ဦး​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ လျှောက်​ထား​မေး​မြန်း​လို​သော​အ​ခါ``ရှေ့​ဖြစ် ကို​ဟော​နိုင်​သူ​ထံ​သို့​ငါ​တို့​သွား​ကြ​ကုန် အံ့'' ဟု​ဆို​လေ့​ရှိ​သ​တည်း။)
1SA 9:12 အ​မျိုး​သ​မီး​က​လေး​များ​က​လည်း``ရှိ​ပါ သည်။ အ​မှန်​မှာ​သူ​သည်​သင်​တို့​မ​လာ​မီ က​လေး​က​မှ​ရောက်​ရှိ​လာ​ပါ​သည်။ သင်​တို့ မြန်​မြန်​သွား​လျှင်​သူ့​ကို​မီ​ပါ​လိမ့်​မည်။ သင် တို့​မြို့​ထဲ​ကို​ဝင်​လျှင်​ဝင်​ချင်း​သူ့​အား​တွေ့ ရှိ​ပါ​လိမ့်​မည်။ လူ​တို့​သည်​တောင်​ကုန်း​ပေါ် ရှိ​ယဇ်​ပလ္လင်​တွင်​ပူ​ဇော်​သကာ​ဆက်​သ​ကြ မည်​ဖြစ်​၍ ထို​သူ​သည်​မြို့​သို့​ယ​နေ့​ရောက် ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ သူ​မ​ရောက်​မ​ချင်း ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည်​စား​သောက်​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​ယဇ်​ကောင်​ကို​ဦး​စွာ​ကောင်း​ချီး​ပေး ရ​မည်​ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။ ထို​ကြောင့် သင်​တို့​သည်​မြို့​ထဲ​သို့​ဝင်​လျှင်​ဝင်​ချင်း ထို​သူ​တောင်​ထိပ်​သို့​စား​သောက်​ရန်​မ​တက် မီ​သူ့​အား​တွေ့​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။-
1SA 9:14 သို့​ဖြစ်​၍​ရှော​လု​နှင့်​အ​စေ​ခံ​တို့​သည်​မြို့ သို့​သွား​ကြ​၏။ သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​မည် အ​ပြု​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ထွက် ခွာ​၍​လာ​နေ​သော​ရှ​မွေ​လ​ကို​တွေ့​ကြ​၏။
1SA 9:15 ရှော​လု​ရောက်​မ​လာ​မီ​တစ်​နေ့​၌​ရှ​မွေ​လ အား ထာ​ဝ​ရ​ဘု​ရား​က၊-
1SA 9:16 ``နက်​ဖြန်​ဤ​အ​ချိန်​လောက်​၌​ဗင်္ယာ​မိန်​အ​နွယ် ဝင်​လူ​တစ်​ယောက်​ကို သင့်​ထံ​သို့​ငါ​စေ​လွှတ် လိုက်​မည်။ သူ့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ သူ​သည် ငါ​၏​လူ​မျိုး​တော်​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​၏​ဘေး​မှ​ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​ဆင်း​ရဲ​ဒုက္ခ​ကို မြင်​ရ​ပြီ။ သူ​တို့​ဟစ်​အော်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​များ​ကို​လည်း​ကြား​ရ​ပြီ'' ဟု မိန့်​တော်​မူ​၏။
1SA 9:17 ရှော​လု​ကို​ရှ​မွေ​လ​တွေ့​မြင်​ချိန်​၌​ထာ​ဝ​ရ ဘု​ရား​က``သင့်​အား​ငါ​ဖော်​ပြ​ခဲ့​သော​သူ ကား​ဤ​သူ​ပင်​ဖြစ်​၏။ သူ​သည်​ငါ​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
1SA 9:18 ထို​နောက်​ရှော​လု​သည်​မြို့​တံ​ခါး​အ​နီး​ရှိ ရှ​မွေ​လ​ထံ​သို့​ချဉ်း​ကပ်​၍``ရှေ့​ဖြစ်​ကို​ဟော နိုင်​သူ​သည်​အ​ဘယ်​အ​ရပ်​မှာ​နေ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ပြော​ပြ​ပါ​လော့'' ဟု​တောင်း ပန်​၏။
1SA 9:19 ရှ​မွေ​လ​က``ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ​သည် ငါ ပင်​ဖြစ်​၏။ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော် သို့​ငါ​၏​ရှေ့​မှ​သွား​လော့။ သင်​တို့​နှစ်​ယောက် စ​လုံး ယ​နေ့​ငါ​နှင့်​အ​တူ​စား​သောက်​ရ​ကြ မည်။ နက်​ဖြန်​နံ​နက်​၌​ငါ​သည်​သင်​တို့​၏​မေး ခွန်း​ရှိ​သ​မျှ​ကို​ဖြေ​ကြား​ပြီး​နောက် သင် တို့​အား​အိမ်​သို့​ပြန်​စေ​မည်။-
1SA 9:20 လွန်​ခဲ့​သော​သုံး​ရက်​က​ပျောက်​ဆုံး​ခဲ့​သည့် မြည်း​များ​အ​တွက် ကို​မူ​မ​စိုး​ရိမ်​နှင့်။ ယင်း တို့​ကို​ပြန်​၍​တွေ့​ရှိ​ပြီး​ဖြစ်​၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လွန်​စွာ​လို​လား တောင့်​တ​နေ​သူ​ကား​အ​ဘယ်​သူ​နည်း။ သင် နှင့်​သင့်​အ​ဖ​၏​အိမ်​ထောင်​စု​ပင်​မ​ဟုတ် လော'' ဟု​ပြန်​ပြော​၏။
1SA 9:21 ရှော​လု​က``အ​ကျွန်ုပ်​သည် ဗင်္ယာ​မိန်​အ​နွယ်​ဝင် ဖြစ်​ပါ​၏။ ထို​သား​ချင်း​စု​သည်​ဣ​သ​ရေ​လ အ​မျိုး​တွင်​အ​သေး​ငယ်​ဆုံး​ဖြစ်​ပါ​၏။ အ ကျွန်ုပ်​၏​အိမ်​ထောင်​စု​သည်​လည်း ထို​သား​ချင်း စု​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား ဤ​သို့​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။
1SA 9:22 ထို​နောက်​ရှ​မွေ​လ​သည် ရှော​လု​နှင့်​သူ​၏ အ​စေ​ခံ​ကို​ဧည့်​ခန်း​သို့​ခေါ်​သွား​ပြီး​လျှင် ဧည့်​သည်​စု​စု​ပေါင်း​သုံး​ဆယ်​ထိုင်​လျက်​နေ သော​စား​ပွဲ​ထိပ်​တွင်​နေ​ရာ​ချ​ထား​ပေး​၏။-
1SA 9:23 ရှ​မွေ​လ​က​စား​တော်​ကဲ​အား``သင့်​အား​သီး သန့်​ထား​ရှိ​ရန် ငါ​မှာ​ကြား​ထား​သည့်​အ​မဲ သား​တုံး​ကို​ယူ​ခဲ့​လော့'' ဟု​ဆို​၏။-
1SA 9:24 သို့​ဖြစ်​၍​စား​တော်​ကဲ​သည်​လက်​ရွေး​စင်​ပေါင် တစ်​ပေါင်​ကို​ယူ​လာ​ပြီး​လျှင် ရှော​လု​၏​ရှေ့​တွင် ချ​ထား​လေ​၏။ ရှ​မွေ​လ​က``ဤ​အ​ရာ​ကား သင်​၏​အ​တွက်​သီး​သန့်​ဖယ်​ထား​သော​အ​သား ဖြစ်​၏။ ယူ​၍​စား​လော့။ ငါ​ဖိတ်​ခေါ်​ထား​သူ​တို့ နှင့်​အ​တူ​ယ​ခု​အ​ချိန်​၌​သင်​စား​ရန်​ဤ အ​သား​ကို​ငါ​ဖယ်​ထား​ခဲ့​၏'' ဟု​ဆို​၏။ ထို့​ကြောင့်​ရှော​လု​သည် ထို​နေ့​၌​ရှ​မွေ​လ​နှင့် အ​တူ​စား​သောက်​လေ​၏။-
1SA 9:25 သူ​တို့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​မှ​မြို့ သို့​ပြန်​၍​ဆင်း​သွား​ကြ​သော​အ​ခါ ရှော​လု အ​တွက်​အိမ်​ခေါင်​မိုး​ပေါ်​တွင် အိပ်​ရာ​တစ်​ခု​ကို​ခင်း​ပေး​ကြ​၏။-
1SA 9:26 ရှော​လု​သည်​လည်း​အိပ်​ရာ​တွင်​အိပ်​လေ​၏။ အ​ရုဏ်​တက်​ချိန်​၌​ရှ​မွေ​လ​သည်​အိမ်​ခေါင်​မိုး​ထက် တွင်​ရှိ​သော​ရှော​လု​အား``ထ​လော့။ သင်​အိမ်​ပြန်​ရန် ခ​ရီး​လမ်း​သို့​ငါ​ပို့​ဆောင်​ပေး​အံ့'' ဟု​အော်​၍​ပြော သော​အ​ခါ​ရှော​လု​သည်​အိပ်​ရာ​မှ​ထ​လေ​၏။ ထို နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည်​အ​တူ​တ​ကွ​ထွက် သွား​ကြ​၏။-
1SA 9:27 သူ​တို့​သည်​မြို့​စွန်​မြို့​ဖျား​သို့​ရောက်​သော​အ​ခါ ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​၏​အ​စေ​ခံ​ကို​ငါ တို့​ရှေ့​က​သွား​နှင့်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​လည်း​သွား​နှင့်​၏။ ထို​အ​ခါ​ရှ​မွေ​လ က``ဤ​တွင်​ခေတ္တ​ရပ်​နား​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​သင့်​အား​ငါ​ဖော်​ပြ​ပေ​အံ့'' ဟု ဆို​၏။
1SA 10:1 ထို​နောက်​ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ဘူး​ကို​ယူ ၍ ရှော​လု​၏​ဦး​ခေါင်း​ပေါ်​သို့​သွန်း​လောင်း​ပြီး လျှင် သူ့​အား​နမ်း​ရှုပ်​လျက်``ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​တော်​မူ​၏။ သင်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​လျက် ရန်​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရ​သူ​အ​ဖြစ်​ဖြင့် ဘိ​သိက်​ပေး​တော် မူ​ကြောင်း​သက်​သေ​ကား​ဤ​သို့​တည်း။-
1SA 10:2 ယ​နေ့​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​သော​အ​ခါ သင်​သည်​ဗင်္ယာ​မိန်​နယ်၊ ဇေ​လ​ဇ​မြို့​ရှိ​ရာ ခေ​လ​၏​သင်္ချိုင်း​အ​နီး​တွင်​လူ​နှစ်​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​က​သင်​လိုက်​လံ​ရှာ ဖွေ​နေ​သော​မြည်း​တို့​ကို​ပြန်​လည်​တွေ့​ရှိ​ပြီ ဖြစ်​၍ သင့်​အ​ဖ​သည်​မြည်း​များ​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​တော့​ဘဲ​သင်​၏​အ​တွက် သာ​လျှင် စိုး​ရိမ်​ပူ​ပန်​လျက်​နေ​ကြောင်း​ကို လည်း​ကောင်း`ငါ့​သား​အ​တွက်​အ​ဘယ်​သို့ ငါ​ပြု​ရ​ပါ​မည်​နည်း' ဟု​မြည်​တမ်း​လျက် နေ​ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​ပြော ကြား​ကြ​လိမ့်​မည်။-
1SA 10:3 သင်​သည်​ထို​အ​ရပ်​မှ​နေ​၍​တာ​ဗော်​လွင်​ပြင် ရှိ မြတ်​သည့်​ဝက်​သစ်​ချ​ပင်​သို့​ရောက်​သည်​တိုင် အောင်​သွား​ရ​မည်။ ထို​နေ​ရာ​တွင်​လူ​သုံး​ယောက် ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​သွား​ကြ သူ​များ​ဖြစ်​၏။ သူ​တို့​အ​နက်​တစ်​ယောက် သည်​ဆိတ်​သုံး​ကောင်​ကို​ဆွဲ​လျက်​တစ်​ယောက် က​မုန့်​သုံး​လုံး​ကို​ကိုင်​လျက်၊ အ​ခြား​တစ် ယောက်​က​စ​ပျစ်​ရည်​အ​ပြည့်​ပါ​သော​သား ရေ​ဘူး​ကို​ဆောင်​လျက်​လာ​လိမ့်​မည်။-
1SA 10:4 သူ​တို့​သည်​သင့်​အား​နှုတ်​ခွန်း​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး​လိမ့်​မည်။ ထို​မုန့်​တို့​ကို သင်​သည်​လက်​ခံ​ရ​မည်။-
1SA 10:5 ထို​နောက်​သင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏ တပ်​စ​ခန်း​ချ​ရာ ဂိ​ဗာ​မြို့​ရှိ​ဘု​ရား​သ​ခင် ၏​တောင်​တော်​သို့​သွား​ရောက်​ရ​မည်။ ဂိ​ဗာ​မြို့ အ​ဝင်​ဝ​၌​သင်​သည်​စောင်း​ကြီး၊ စောင်း​ငယ်၊ ပတ်​သာ၊ ပြွေ​တို့​ကို​တီး​မှုတ်​လျက်​တောင်​ပေါ် ရှိ​ယဇ်​ပလ္လင်​မှ​လာ​ကြ​သော​ပ​ရော​ဖက်​တစ်​စု ကို​တွေ့​လိမ့်​မည်။ သူ​တို့​သည်​က​ခုန်​ဟစ်​အော် ၍​နေ​ကြ​လိမ့်​မည်။-
1SA 10:6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သင်​၏​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သင်​သည် ထို​သူ​တို့​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​အော်​ဟစ် ကာ​ခြား​နား​သော​သူ​ဖြစ်​၍​သွား​လိမ့်​မည်။-
1SA 10:7 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင့်​အား​ဘု​ရား​သ​ခင်​လမ်း​ပြ​တော်​မူ​သည့် အ​တိုင်း​ပြု​လော့။-
1SA 10:8 သင်​သည်​ငါ​၏​အ​လျင်​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​ထို​မြို့​တွင်​သင်​နှင့်​တွေ့ ဆုံ​၍​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​များ​ကို​ပူဇော်​မည်။ သင်​အ​ဘယ်​သို့​ပြု ရ​မည်​ကို ငါ​လာ​၍​မ​ဖော်​ပြ​မ​ချင်း​ထို မြို့​တွင်​ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​နေ​လော့'' ဟု​ဆို​၏။
1SA 10:9 ရှော​လု​သည်​ရှ​မွေ​လ​ထံ​မှ​ထွက်​ခွာ​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​အား စိတ်​သ​ဘော​သစ်​ကို​ပေး​တော်​မူ​၏။ ရှ​မွေ​လ ဖော်​ပြ​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည် လည်း​ထို​နေ့​၌​ဖြစ်​ပျက်​လာ​လေ​သည်။-
1SA 10:10 ရှော​လု​နှင့်​သူ​၏​အ​စေ​ခံ​သည်​ဂိ​ဗာ​မြို့ သို့​ရောက်​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​တစ် စု​သည်​သူ​တို့​အား​ဆီး​ကြို​ကြ​၏။ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​အ​ပေါ် သို့​သက်​ရောက်​သ​ဖြင့်​သူ​သည်​ပ​ရော​ဖက် များ​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​ဟစ်​အော် လေ​သည်။-
1SA 10:11 သူ့​အား​ယ​ခင်​က​သိ​ရှိ​ခဲ့​ကြ​သော​လူ တို့​သည် ရှော​လု​ဤ​သို့​က​ခုန်​ဟစ်​အော်​နေ သည်​ကို​မြင်​လျှင်``ကိ​ရှ​၏​သား​ကား​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟု အ​ချင်း​ချင်း​ပြော​ဆို​မေး​မြန်း​ကြ​၏။-
1SA 10:12 ထို​အ​ရပ်​သား​တစ်​ဦး​က``အ​ခြား​ပ​ရော ဖက်​တို့​၏​ဖ​ခင်​များ​ကား​မည်​သူ​တို့​နည်း'' ဟု​ဆို​၏။ ဤ​သို့​လျှင်``ရှော​လု​သည်​လည်း ပ​ရော​ဖက်​ဖြစ်​လာ​လေ​ပြီ​လော'' ဟူ​သော ဆို​ရိုး​စ​ကား​စ​တင်​ပေါ်​ပေါက်​လာ သ​တည်း။-
1SA 10:13 က​ခုန်​ဟစ်​အော်​ပြီး​သော​အ​ခါ​ရှော​လု သည်​တောင်​ကုန်း​ပေါ်​ရှိ​ယဇ်​ပလ္လင်​သို့​ထွက် ခွာ​သွား​၏။
1SA 10:14 ရှော​လု​၏​ဦး​လေး​သည်​ရှော​လု​နှင့်​အ​စေ​ခံ ကို​မြင်​လျှင် ``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​ပြန် လာ​ကြ​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``မြည်း​များ​ကို​ရှာ​ဖွေ​ရာ​မှ​ဖြစ် ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​မြည်း​များ​ကို​ရှာ မ​တွေ့​သ​ဖြင့် ရှ​မွေ​လ​ထံ​ကို​သွား​ရောက်​ခဲ့ ကြ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။
1SA 10:15 ``သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​ပြော လိုက်​ပါ​သ​နည်း'' ဟု​ဦး​လေး​က​မေး ပြန်​သော်၊
1SA 10:16 ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။
1SA 10:17 ရှ​မွေ​လ​သည်​လူ​တို့​အား​မိ​ဇ​ပါ​မြို့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်​ယူ​စု​ရုံး စေ​ပြီး​လျှင်၊-
1SA 10:18 ဤ​သို့​ဆို​၏။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​၍ သင်​တို့ အား​နှိပ်​စက်​က​လူ​ပြု​သော​အီ​ဂျစ်​အ​မျိုး သား​များ​နှင့်​အ​ခြား​အ​မျိုး​သား​အ​ပေါင်း တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့​သည်။-
1SA 10:19 ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။''
1SA 10:20 ထို​နောက်​ရှ​မွေ​လ​သည်​အ​နွယ်​တို့​ကို​တစ် စု​ပြီး​တစ်​စု ရှေ့​သို့​လာ​ရောက်​စေ​ပြီး​လျှင် မဲ​ချ​၍ ဗင်္ယာ​မိန်​အ​နွယ်​ကို​ရွေး​ချယ်​၏။-
1SA 10:21 ထို​နောက်​ရှ​မွေ​လ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အိမ်​ထောင်​စု​များ​ကို ရှေ့​သို့​လာ​ရောက်​စေ သော​အ​ခါ​မာ​တ​ရိ​အိမ်​ထောင်​စု​သည် အ​ရွေး​ခံ​ရ​၏။ ထို​နောက်​မာ​တ​ရိ​အိမ်​ထောင် စု​မှ​အ​မျိုး​သား​တို့​သည်​ရှေ့​သို့​ထွက်​၍ လာ​ကြ​လျှင် ကိ​ရှ​၏​သား​ရှော​လု​သည် အ​ရွေး​ခံ​ရ​၏။ သို့​ရာ​တွင်​သူ့​ကို​ရှာ​၍ မ​တွေ့​ကြ​သော​အ​ခါ၊-
1SA 10:22 လူ​တို့​သည်``ရှော​လု​အ​ပြင်​အ​ခြား​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​သည်​ကုန်​ထုပ် များ​၏​နောက်​တွင်​ပုန်း​ကွယ်​လျက်​ရှိ​သည်'' ဟု​မိန့်​တော်​မူ​၏။
1SA 10:23 သို့​ဖြစ်​၍​သူ​တို့​သည်​ပြေး​၍​ရှော​လု​ကို လူ​တို့​ရှေ့​သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ သူ​သည် အ​ခြား​သူ​အ​ပေါင်း​တို့​ထက်​အ​ရပ်​တစ် ပေ​မျှ​ပို​၍​မြင့်​သည်​ကို​တွေ့​မြင်​ရ​ကြ​၏။-
1SA 10:24 ရှ​မွေ​လ​က​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကား​ဤ​သူ​တည်း။ ငါ​တို့​တွင်​သူ​နှင့်​တူ​သူ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​ဆို​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း``အ​ရှင်​မင်း​ကြီး သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​၏။
1SA 10:25 ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။-
1SA 10:26 ရှော​လု​သည်​လည်း​ဂိ​ဗာ​မြို့​နေ​အိမ်​သို့​ပြန် လေ​သည်။ သူ​ရဲ​ကောင်း​အ​ချို့​တို့​၏​စိတ်​ကို ဘု​ရား​သ​ခင်​ပြု​ပြင်​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ရှော​လု​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။-
1SA 10:27 သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။
1SA 11:1 နောက်​တစ်​လ​ခန့်​ကြာ​သော​အ​ခါ အမ္မုန်​ဘု​ရင် နာ​ဟတ်​သည်​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ဂိ​လဒ် ပြည်​ယာ​ဗက်​မြို့​သို့​ချီ​တက်​လာ​၏။ သူ​တို့​သည် မြို့​ကို​ဝိုင်း​ရံ​ထား​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့ က​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​နှင့်​မ​ဟာ​မိတ် စာ​ချုပ်​ချုပ်​ဆို​ပါ​က အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ၏​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
1SA 11:2 နာ​ဟတ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တစ် ရပ်​လုံး​အ​သ​ရေ​ပျက်​စေ​ရန် သင်​တို့​၏​ညာ မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်​ပစ်​ခွင့်​ပေး​မှ​သာ ငါ​သည်​သင်​တို့​နှင့်​မ​ဟာ​မိတ်​စာ​ချုပ်​ချုပ် ဆို​နိုင်​မည်'' ဟု​ဆို​၏။
1SA 11:3 ယာ​ဗက်​မြို့​သား​ခေါင်း​ဆောင်​များ​က``ဣ​သ​ရေ​လ ပြည်​တစ်​လျှောက်​လုံး​သို့​တ​မန်​များ​စေ​လွှတ်​၍ သ​တင်း​ပေး​ပို့​နိုင်​ရန်​အ​ကျွန်ုပ်​တို့​အား​ခု​နစ် ရက်​မျှ​အ​ခွင့်​ပေး​ပါ။ အ​ကယ်​၍​အ​ကျွန်ုပ်​တို့ အား​ကူ​မ​မည့်​သူ​မ​ရှိ​ပါ​က​အ​ရှင့်​ထံ​တွင် အ​ညံ့​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
1SA 11:4 စေ​တ​မန်​တို့​သည်​ရှော​လု​နေ​ထိုင်​ရာ​ဂိ​ဗာ မြို့​သို့​ရောက်​ရှိ​လာ​လျက် ထို​သ​တင်း​ကို​ပြော ကြား​ကြ​သော​အ​ခါ လူ​တို့​သည်​စိတ်​ပျက် အား​လျော့​လျက်​ငို​ကြွေး​ကြ​ကုန်​၏။-
1SA 11:5 ထို​အ​ချိန်​၌​ရှော​လု​သည်​မိ​မိ​၏​နွား​များ နှင့်​အ​တူ လယ်​တော​မှ​ပြန်​လည်​ရောက်​ရှိ​လာ ကာ``အ​ကြောင်း​ကား​အ​ဘယ်​သို့​နည်း။ လူ အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့်​ငို​ကြွေး နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ယာ​ဗက်​မြို့​မှ​စေ​တ​မန်​တို့​ယူ​ဆောင်​လာ သော​သ​တင်း​ကို​သူ့​အား​ပြော​ကြား​ကြ​၏။-
1SA 11:6 ထို​သ​တင်း​ကို​ရှော​လု​ကြား​ရ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သူ ၏​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သ​ဖြင့် သူ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​ကာ၊-
1SA 11:7 နွား​နှစ်​ကောင်​ကို​ယူ​၍​အပိုင်း​ပိုင်း​ခုတ်​ဖြတ် လျက် စေ​တ​မန်​တို့​အား​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​ယူ​ဆောင်​သွား​စေ​ပြီး လျှင်``စစ်​ပွဲ​ဝင်​ရန်​ရှော​လု​နှင့်​ရှ​မွေ​လ​တို့ နောက်​သို့​မ​လိုက်​သူ​မှန်​သ​မျှ​၏​နွား​များ သည် ဤ​နည်း​အ​တိုင်း​ခုတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​စေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​သ​ဖြင့် တ​ညီ​တ​ညွတ် တည်း​ထွက်​လာ​ကြ​၏။-
1SA 11:8 ရှော​လု​သည်​သူ​တို့​အား​ဗေ​ဇက်​မြို့​တွင် စု​ရုံး​စေ​ရာ ဣ​သ​ရေ​လ​ပြည်​မှ​လူ​သုံး သိန်း​နှင့်​ယု​ဒ​ပြည်​မှ​လူ​သုံး​သောင်း​ရ​ရှိ သ​တည်း။-
1SA 11:9 ထို​သူ​တို့​က​ယာ​ဗက်​မြို့​မှ​လာ​သော​စေ တ​မန်​တို့​အား``ငါ​တို့​သည်​နက်​ဖြန်​မွန်း မ​တည့်​မီ​သင်​တို့​မြို့​သား​များ​အား​ကယ် ဆယ်​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ပြော​ကြား ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ထို​သ​တင်း ကို​ရ​သော​အ​ခါ​ယာ​ဗက်​မြို့​သား​တို့​သည် အ​တိုင်း​ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​ကုန်​၏။-
1SA 11:10 သူ​တို့​သည်​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​သည် အ​ရှင့်​ထံ​တွင် နက်​ဖြန်​အ​ညံ့​ခံ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​ပြု​လို​ရာ​ပြု​နိုင် ပါ​သည်'' ဟု​လျှောက်​ကြ​၏။
1SA 11:11 နောက်​တစ်​နေ့​နံ​နက်​၌​ရှော​လု​သည်​မိ​မိ ၏​လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​လျှင် အ​ရုဏ် တက်​ချိန်​၌ ရန်​သူ​တပ်​စ​ခန်း​ကို​အ​တင်း ဝင်​၍​တိုက်​ခိုက်​ရာ​မွန်း​တည့်​ချိန်​ရောက်​သော် အမ္မုန်​အ​မျိုး​သား​တို့​ကျ​ဆုံး​ကြ​ကုန်​၏။ မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​တို့​သည်​လည်း တ​ကွဲ​တ​ပြား​ကိုယ်​လွတ်​ရုန်း​၍​ထွက်​ပြေး ကြ​လေ​သည်။
1SA 11:12 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ရှ​မွေ​လ​အား``ရှော​လု​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရင်​မ​ဖြစ်​ထိုက်​ဟု​ဆို​သော​သူ​တို့​အ​ဘယ် မှာ​ရှိ​ပါ​သ​နည်း။ သူ​တို့​ကို​အ​ကျွန်ုပ်​တို့​လက် သို့​ပေး​အပ်​ပါ။ သူ​တို့​အား​အ​ကျွန်ုပ်​တို့ အ​ဆုံး​စီ​ရင်​ကြ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
1SA 11:13 သို့​ရာ​တွင်​ရှော​လု​က``ဤ​နေ့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကယ်​ဆယ် တော်​မူ​သော​နေ့​ဖြစ်​၏။ ယ​နေ့​အ​ဘယ်​သူ​ကို မျှ​မ​သတ်​ရ'' ဟု​ဆို​၏။-
1SA 11:14 ရှ​မွေ​လ​က​လည်း``ငါ​တို့​အ​ပေါင်း​သည်​ဂိ​လ ဂါ​လ​မြို့​သို့​သွား​၍​ရှော​လု​အား ငါ​တို့ ဘု​ရင်​အ​ဖြစ်​ဖြင့်​ထပ်​မံ​ကြွေး​ကြော်​တင် မြှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
1SA 11:15 သို့​ဖြစ်​၍​သူ​တို့​အား​လုံး​ပင်​ဂိ​လ​ဂါ​လ မြို့​သို့​သွား​ပြီး​လျှင် သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​ရှော​လု​အား​ဘု​ရင်​အ​ဖြစ်​ကြွေး​ကြော် တင်​မြှောက်​ကြ​လေ​သည်။ သူ​တို့​သည်​မိတ် သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ကြ​၏။ ရှော​လု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သည် လည်း​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​၏။
1SA 12:1 ထို​နောက်​ရှ​မွေ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``ငါ​သည်​သင်​တို့​တောင်း​ဆို သည့်​အ​တိုင်း​သင်​တို့​အား​ဘု​ရင်​ကို​ခန့် အပ်​ပေး​သ​ဖြင့်၊-
1SA 12:2 ယ​ခု​သင်​တို့​သည်​ခေါင်း​ဆောင်​ကို​ရ​ရှိ​ကြ လေ​ပြီ။ ငါ​မူ​ကား​အ​သက်​အ​ရွယ်​အို​မင်း ၍​ဆံ​ပင်​ဖြူ​လျက်​ရှိ​၏။ ငါ​၏​သား​များ သည်​လည်း​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ငယ်​စဉ်​မှ​အ​စ​ပြု​၍ သင်​တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​ခဲ့​၏။-
1SA 12:3 ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။
1SA 12:4 လူ​တို့​က``အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​လိမ် လည်​လှည့်​စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှဉ်း ဆဲ​နှိပ်​စက်​မှု​ကို​သော်​လည်း​ကောင်း​မ​ပြု​ခဲ့ ပါ။ မည်​သူ​၏​ပစ္စည်း​ဥစ္စာ​ကို​မျှ​လည်း​မ​ယူ ခဲ့​ဖူး​ပါ'' ဟု​လျှောက်​ကြ​၏။
1SA 12:5 ရှ​မွေ​လ​က``ငါ​၌​လုံး​ဝ​အ​ပြစ်​မ​ရှိ​ကြောင်း သင်​တို့​တွေ့​ရှိ​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား သက်​သေ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​သည်​လည်း​သက်​သေ ဖြစ်​တော်​မူ​၏'' ဟု​ဆို​လျှင်၊ လူ​တို့​က``မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​၏​သက်​သေ​ဖြစ်​တော်​မူ​ပါ သည်'' ဟု​ဆို​ကြ​၏။
1SA 12:6 ရှ​မွေ​လ​သည်​ဆက်​လက်​၍``မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ရွေး​ချယ်​တော်​မူ​သော​သင်​တို့​၏​ဘိုး ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ ဘု​ရား​ပင်​ဖြစ်​၏။-
1SA 12:7 သင်​တို့​သည်​ယ​ခု​ထ​၍​ရပ်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​သင်​တို့​ကို​ငါ​ပြစ်​တင် စွပ်​စွဲ​မည်။ ကိုယ်​တော်​သည်​သင်​တို့​နှင့်​ဘိုး​ဘေး တို့​အား မ​ဟာ​အ​မှု​တော်​များ​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-
1SA 12:8 ယာ​ကုပ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​ကြ​သော​အ​ခါ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​အား နှိပ်​စက်​က​လူ​ပြု​ကြ​၏။ ထို​အ​ခါ​သင်​တို့ ၏​ဘိုး​ဘေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​အား ကယ်​တော်​မူ​ရန်​ဟစ်​အော်​တောင်း​လျှောက် ကြ​သ​ဖြင့် ကိုယ်​တော်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​တို့ သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ကာ​ဤ​ပြည်​တွင်​နေ​ရာ ချ​ထား​ပေး​ကြ​၏။-
1SA 12:9 သို့​ရာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​အား​မေ့​လျော့​သွား​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ အား​လည်း​ကောင်း၊ မော​ဘ​ဘု​ရင်​နှင့်​ဟာ​ဇော် တပ်​မှူး​သိ​သ​ရ​အား​လည်း​ကောင်း​သူ​တို့ ကို​တိုက်​ခိုက်​နှိမ်​နင်း​ခွင့်​ပြု​တော်​မူ​၏။-
1SA 12:10 ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကူ​မ​တော်​မူ​ရန် ဟစ်​အော်​လျက်`အ​ကျွန်ုပ်​တို့ သည်​အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​၍​ဗာ​လ​ဘု​ရား​နှင့် အာ​ရှ တ​ရက်​ဘု​ရား​မ​တို့​၏​ရုပ်​တု​များ​ကို​ဝတ် ပြု​ရှိ​ခိုး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အား​ရန် သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​ကို​ဝတ်​ပြု​ကိုး​ကွယ်​ပါ မည်' ဟု​လျှောက်​ထား​ကြ​၏။-
1SA 12:11 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-
1SA 12:12 သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။
1SA 12:13 ``သင်​တို့​ရွေး​ချယ်​သည့်​ဘု​ရင်​သည်​ယ​ခု​သင် တို့​ရှေ့​မှောက်​တွင်​ရှိ​၏။ သင်​တို့​တောင်း​ဆို​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​လေ​ပြီ။-
1SA 12:14 သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​စွာ​ဝတ်​ပြု​ကိုး​ကွယ် လျက် အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ဘဲ​စ​ကား တော်​ကို​လိုက်​နာ​၍ သင်​တို့​၏​ဘု​ရင်​နှင့်​အ​တူ ကိုယ်​တော်​၏​ကျေး​ဇူး​သစ္စာ​တော်​ကို​စောင့်​ထိန်း ကြ​လျှင်​သင်​တို့​၏​ဘ​ဝ​သာ​ယာ​လိမ့်​မည်။-
1SA 12:15 ``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။-
1SA 12:16 သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ရှိ​ရာ​အ​ရပ် တွင်​ရပ်​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြ တော်​မူ​မည့်​တန်​ခိုး​တော်​ကို​မြင်​ရ​ကြ လိမ့်​မည်။-
1SA 12:17 ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။
1SA 12:18 ရှ​မွေ​လ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြုသ​ဖြင့်​ထို နေ့​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ် ချုန်း​စွာ​ရွာ​သွန်း​စေ​တော်​မူ​၏။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ အား​ကြောက်​လန့်​ကြ​သည်​ဖြစ်​၍၊-
1SA 12:19 ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။
1SA 12:20 ရှ​မွေ​လ​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် ဤ​သို့​ဆိုး​ယုတ်​သည့်​အ​မှု​ကို​ပြု​ခဲ့​မိ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​ကို​မ​စွန့်​ပယ်​ကြ​နှင့်။ ကိုယ်​တော်​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။-
1SA 12:21 ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။-
1SA 12:22 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-
1SA 12:23 ငါ​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ဘဲ​နေ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား ခြင်း​မှ​ကင်း​ဝေး​ပါ​စေ​သော။ ငါ​သည်​သင်​တို့ အား​ကောင်း​ရာ​မှန်​ရာ​ကို​သာ​လျှင်​သင်​ကြား ပေး​မည်။-
1SA 12:24 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​သစ္စာ​နှင့်​ဝတ်​ပြု​ကြ​လော့။ သင်​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သည့်​ထူး မြတ်​သော​အ​မှု​တော်​တို့​ကို​အောက်​မေ့​သ​တိ​ရ ကြ​လော့။-
1SA 12:25 သို့​ရာ​တွင်​သင်​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး နေ​ကြ​ပါ​မူ ဘု​ရင်​နှင့်​တ​ကွ​သင်​တို့​ဆုံး​ပါး ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​လူ​တို့​အား​မိန့်​ဆို လေ​၏။
1SA 13:1 ရှော​လု​သည်​လူ​သုံး​ထောင်​ကို​ရွေး​ချယ်​ပြီး လျှင် နှစ်​ထောင်​ကို​မိ​မိ​နှင့်​အ​တူ​မိတ်​မတ်​မြို့​နှင့် ဗေ​သ​လ​တောင်​ကုန်း​ဒေ​သ​အ​တွက်​ခေါ်​ထား​၏။ တစ်​ထောင်​ကို​မိ​မိ​၏​သား​ယော​န​သန်​နှင့်​အ​တူ ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​သို့​စေ​လွှတ်​လိုက်​၏။ အ​ခြား လူ​အ​ပေါင်း​တို့​ကို​မူ မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ပြန်​စေ​လေ​သည်။
1SA 13:3 ယော​န​သန်​သည် ဂေ​ဗာ​မြို့​ရှိ​ဖိ​လိတ္တိ​တပ်​မှူး ကို​သတ်​ဖြတ်​လိုက်​၏။ ထို​သ​တင်း​ကို​ဖိ​လိတ္တိ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​ကြ​၏။ ထို အ​ခါ​ရှော​လု​သည်​စေ​တ​မန်​များ​အား ဣ​သ ရေ​လ​ပြည်​တစ်​လျှောက်​လုံး​သို့​လွှတ်​ကာ​ဟေ​ဗြဲ အ​မျိုး​သား​တို့​အား​စစ်​ပွဲ​ဝင်​ကြ​ရန်​တံ​ပိုး ခ​ရာ​မှုတ်​၍​စု​ရုံး​စေ​၏။-
1SA 13:4 ဖိ​လိတ္တိ​တပ်​မှူး​အား​ရှော​လု​သတ်​ဖြတ်​လိုက် ကြောင်း​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မုန်း​တီး ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား သိ​ရ​သ​ဖြင့် ရှော​လု​၏​ဆင့်​ဆို​ချက်​အ​တိုင်း ဂိ​လ​ဂါ​လ​မြို့​သို့​လာ​ရောက်​စု​ရုံး​ကြ​၏။
1SA 13:5 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​စု​ဝေး ကြ​၏။ သူ​တို့​မှာ​စစ်​ရ​ထား​သုံး​သောင်း၊ မြင်း စီး​သူ​ရဲ​ခြောက်​ထောင်​နှင့်​သ​မုဒ္ဒ​ရာ​သဲ​လုံး ကဲ့​သို့​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော စစ်​သည်​တပ်​သား​များ​ရှိ​သ​တည်း။ သူ​တို့ သည်​ချီ​တက်​၍​ဗေ​သ​ဝင်​မြို့​အ​ရှေ့​ဘက် ရှိ​မိတ်​မတ်​မြို့​တွင်​စ​ခန်း​ချ​ကြ​၏။-
1SA 13:6 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။-
1SA 13:7 အ​ချို့​တို့​က​မူ​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ကာ​ဂဒ်​နှင့်​ဂိ​လဒ်​နယ်​များ​သို့​ထွက်​ပြေး ကြ​၏။ ရှော​လု​သည်​ဂိ​လ​ဂါ​လ​မြို့​တွင်​ပင်​ရှိ​နေ သေး​၏။ သူ​နှင့်​အ​တူ​ရှိ​သည့်​တပ်​သား​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​၏။-
1SA 13:8 ရှ​မွေ​လ​ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​ရှော​လု သည် ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​ဆိုင်း​၍​နေ​ခဲ့ သော်​လည်း ရှ​မွေ​လ​ကား​ဂိ​လ​ဂါ​လ​မြို့ သို့​မ​ရောက်​လာ။ သူ​တို့​သည်​ရှော​လု​ထံ​မှ ထွက်​ပြေး​စ​ပြု​ကြ​ပြီ​ဖြစ်​၍၊-
1SA 13:9 ရှော​လု​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​တို့​ကို မိ​မိ​ထံ​သို့​ယူ​ဆောင်​လာ​စေ​ရန် လူ​တို့​အား​စေ​ခိုင်း​ပြီး​လျှင်​မီး​ရှို့​ရာ​ယဇ် ကို​ပူ​ဇော်​လေ​သည်။-
1SA 13:10 ယင်း​သို့​ယဇ်​ပူ​ဇော်​၍​ပြီး​ခါ​နီး​၌​ရှ​မွေ​လ ရောက်​ရှိ​လာ​၏။ ရှော​လု​သည်​သူ့​ကို​သွား​ရောက် ကြို​ဆို​သော်​လည်း၊-
1SA 13:11 ရှ​မွေ​လ​က``သင်​သည်​အ​ဘယ်​သို့​ပြု​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``လူ​တို့​သည်​အ​ကျွန်ုပ်​ထံ​မှ​စွန့်​ခွာ ထွက်​ပြေး​လျက်​နေ​ကြ​ပါ​၏။ အ​ရှင်​သည်​ချိန်း သော​အ​ချိန်​၌​မ​ပေါ်​လာ​ပါ။ ထို့​အ​ပြင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိတ်​မတ်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ​ပါ​၏။-
1SA 13:12 သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျွန်ုပ်​ရှိ​ရာ​ဂိ​လ ဂါ​လ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​ကြ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည်​လည်း​ထာ ဝ​ရ​ဘု​ရား​၏​ထံ​တော်​၌ အ​သ​နား​မ​ခံ ရ​သေး​ဟူ​၍​လည်း​ကောင်း​အ​ကျွန်ုပ်​တွေး​တော မိ​ပါ​၏။ ထို့​ကြောင့်​ယဇ်​ကို​မ​ပူ​ဇော်​လျှင် မ​ဖြစ်​တော့​သ​ဖြင့်​ပူ​ဇော်​ရ​ခြင်း​ဖြစ်​ပါ သည်'' ဟု​လျှောက်​၏။
1SA 13:13 ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။-
1SA 13:14 ယ​ခု​မှာ​မူ​သင်​သည်​နန်း​သက်​ရှည်​တော့ မည်​မ​ဟုတ်။ သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​လွန်​ဆန်​သည်​ဖြစ်​၍ ကိုယ်​တော်​သည် မိ​မိ​လူ​မျိုးတော်​အား​အုပ်​စိုး​စေ​ရန်​စိတ် တော်​နှင့်​တွေ့​သူ​ကို​ခန့်​ထား​တော်​မူ​လိမ့် မည်'' ဟု​ဆို​၏။
1SA 13:15 ရှ​မွေ​လ​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​၍ ဆက်​လက်​ခ​ရီး​ပြု​လေ​သည်။ ကျန်​ရစ်​သူ​တို့ သည်​ရှောလု​နှင့်​အ​တူ​သူ​၏​စစ်​သည်​တော်​များ ရှိ​ရာ​သို့​လိုက်​သွား​ကြ​၏။ သူ​တို့​သည်​ဂိ​လ ဂါ​လ​မြို့​မှ​ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​သို့​သွား ကြ​၏။ ရှော​လု​သည်​မိ​မိ​၏​တပ်​သား​အ​ရေ အ​တွက်​ကို​စစ်​ဆေး​ရာ​ခြောက်​ရာ​ခန့်​တွေ့ ရှိ​လေ​သည်။-
1SA 13:16 သူ​နှင့်​သား​တော်​ယော​န​သန်​တို့​သည်​မိ​မိ တို့​တွင်​ရှိ​သော​စစ်​သည်​တို့​လိုက်​ပါ​လျက် ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​တွင်​တပ်​ချ​လျက် နေ​ကြ​၏။-
1SA 13:17 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကား မိတ်​မတ်​မြို့​တွင်​ရှိ​လေ​သည်။ ဖိ​လိတ္တိ​တပ်​သား တို့​သည်​တိုက်​ကင်း​သုံး​စု​ခွဲ​၍​တပ်​စ​ခန်း​မှ ထွက်​သွား​ကြ​၏။ တစ်​စု​သည်​ရွှာ​လ​နယ် သြ​ဖ​ရ​မြို့​ရှိ​ရာ​သို့​လည်း​ကောင်း၊-
1SA 13:18 နောက်​တစ်​စု​သည်​ဗေ​သော​ရုန်​မြို့​ရှိ​ရာ​သို့ လည်း​ကောင်း၊ ကျန်​တစ်​စု​ကား​ဇေဘိုင်​ချိုင့်​ဝှမ်း နှင့်​တော​ကန္တာ​ရ​ကို​မျက်​နှာ​မူ​လျက်​ရှိ​သော နယ်​စပ်​လမ်း​သို့​လည်း​ကောင်း​လိုက်​သွား​ကြ သည်။
1SA 13:19 ဟေ​ဗြဲ​အ​မျိုး​သား​တို့​ဋ္ဌား​လှံ​လက်​နက်​များ ပြု​လုပ်​ခြင်း​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က ပိတ်​ပင်​တား​မြစ်​သ​ဖြင့် ဣ​သ​ရေ​လ​ပြည် တွင်​ယ​နေ့​တိုင်​အောင်​ပန်း​ပဲ​ဆ​ရာ​များ မ​ရှိ​ချေ။-
1SA 13:20 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထွန်​သွား၊ ပေါက်​တူး၊ ပု​ဆိန်၊ တံ​စဉ်​စ​သည်​တို့​ကို​သွေး ရန်​အ​တွက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရ​ကြ​၏။-
1SA 13:21 ပု​ဆိန်​သွေး​ခ​နှင့်​လှံ​တံ​တပ်​ခ​မှာ​ငွေ သုံး​ပဲ​သား​ဖြစ်​၍ ထွန်​သွား​နှင့်​ပေါက်​တူး သွေး​ခ​မှာ​ငွေ​သုံး​မူး​သား​ဖြစ်​၏။-
1SA 13:22 ထို့​ကြောင့်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌​ရှော​လု​နှင့် သား​တော်​ယော​န​သန်​မှ​လွဲ​၍ အ​ခြား​ဣ​သ ရေ​လ​စစ်​သည်​တော်​တို့​တွင်​ဋ္ဌား​လှံ​လက် နက်​များ​မ​ရှိ​ကြ။
1SA 13:23 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စစ်​သည်​တပ်​သား တစ်​စု​ကို​စေ​လွှတ်​၍ မိတ်​မတ်​တောင်​ကြား​လမ်း ကို​ကာ​ကွယ်​စေ​ကြ​၏။
1SA 14:1 တစ်​နေ့​သ​၌​ယော​န​သန်​သည် မိ​မိ​၏​လက် နက်​ကို​သယ်​ဆောင်​သူ​လူ​ငယ်​အား``ဖိ​လိတ္တိ တပ်​စခန်း​သို့​ငါ​တို့​ဝင်​ရောက်​ကြ​အံ့'' ဟု ဆို​၏။ ယင်း​သို့​ဆို​သော်​လည်း​ဂိ​ဗာ​မြို့​နှင့် မ​လှမ်း​မ​ကမ်း​ရှိ​မိ​ဂြုန်​ရွာ၊ သ​လဲ​ပင်​အောက် တွင်​စ​ခန်း​ချ​လျက်​နေ​သော​ခ​မည်း​တော် ထံ​မှ​ခွင့်​ပန်​ခြင်း​မ​ပြု​ခဲ့။ မင်း​ကြီး​၏​ထံ တွင်​လူ​ခြောက်​ရာ​ခန့်​ရှိ​သ​တည်း။-
1SA 14:3 (သင်​တိုင်း​ကို​ဝတ်​ဆင်​သော​ယဇ်​ပု​ရော​ဟိတ် မှာ​အ​ဟိ​ယ​ဖြစ်​သည်။ သူ​၏​အ​ဖ​ကား ဣ​ခ​ဗုဒ်​၏​အစ်​ကို​အ​ဟိ​တုပ်​ဖြစ်​သည်။ အ​ဟိ​တုပ်​သည်​ဖိ​န​ဟတ်​၏​သား​ဖြစ်​၏။ ရှိ​လော​မြို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဧ​လိ​၏​မြေး​ဖြစ်​၏။) စစ်​သည်​တပ်​သား တို့​သည်​ယော​န​သန်​ထွက်​ခွာ​သွား​သည်​ကို မ​သိ​ကြ။
1SA 14:4 မိတ်​မတ်​တောင်​ကြား​လမ်း တစ်​ဘက်​တစ်​ချက် တွင် ကျောက်​အ​ငူ​ကြီး​တစ်​ခု​စီ​ရှိ​၏။ ကျောက် အ​ငူ​ကြီး​တစ်​ခု​မှာ​ဗော​ဇက်​ဟု​နာ​မည် တွင်​၏။ ယင်း​သည်​တောင်​ကြား​လမ်း​၏​မြောက် ဘက်​တွင်​တည်​ရှိ​၍ မိတ်​မတ်​မြို့​ကို​မျက်​နှာ မူ​လျက်​နေ​၏။ အ​ခြား​ကျောက်​အ​ငူ​ကြီး မှာ​သေ​နေ​ဟု​နာ​မည်​တွင်​၏။ ယင်း​သည်​တောင် ကြား​လမ်း​၏​တောင်​ဘက်​တွင်​တည်​ရှိ​၍ ဂိ​ဗာ မြို့​ကို​မျက်​နှာ​မူ​လျက်​နေ​၏။ ယော​န​သန် သည်​ဖိ​လိတ္တိ​တပ်​စ​ခန်း​သို့​ဝင်​ရာ​၌ ဤ တောင်​ကြား​လမ်း​ကို​ဖြတ်​သွား​ရ​၏။
1SA 14:6 ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။
1SA 14:7 လူ​ငယ်​က``အ​ရှင်​အ​လို​ရှိ​ရာ​ပြု​တော်​မူ ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ​လိုက် ပါ​မည်'' ဟု​ဆို​လျှင်၊
1SA 14:8 ယော​န​သန်​က``ကောင်း​ပြီ။ ငါ​တို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ကိုယ်​ရိပ်​ပြ ကြ​အံ့။-
1SA 14:9 အ​ကယ်​၍​သူ​တို့​က​ငါ​တို့​အား​သူ​တို့ အ​လာ​ကို​စောင့်​ဆိုင်း​စေ​ပါ​မူ ငါ​တို့​သည် ရောက်​ရာ​နေ​ရာ​တွင်​ရပ်​၍​နေ​မည်။-
1SA 14:10 သို့​ရာ​တွင်​သူ​တို့​က​မိ​မိ​တို့​ထံ​သို့​လာ ရန်​ခေါ်​ကြ​လျှင်​မူ​ကား ငါ​တို့​သည်​သူ​တို့ ရှိ​ရာ​သို့​သွား​မည်။ ဤ​သို့​ခေါ်​ခြင်း​သည် ငါ​တို့​အောင်​ပွဲ​ရ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မှတ်​လက္ခ​ဏာ ဖြစ်​မည်'' ဟု​ဆို​၏။
1SA 14:11 ထို့​ကြောင့်​သူ​တို့​နှစ်​ဦး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား​ကိုယ်​ရိပ်​ပြ​ကြ​၏။ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က``ကြည့်​လော့။ ဟေ​ဗြဲ​အ​မျိုး သား​အ​ချို့​တို့​သည် မိ​မိ​တို့​ပုန်း​ကွယ်​ရာ​မြေ တွင်း​များ​မှ​ထွက်​လာ​လေ​ပြီ'' ဟု​ဆို​ပြီး လျှင်၊-
1SA 14:12 ယော​န​သန်​နှင့်​သူ​ငယ်​အား``ဤ​အ​ရပ်​သို့ လာ​ခဲ့​လော့။ သင်​တို့​အား​ငါ​တို့​ပြော​စ​ရာ ရှိ​သည်'' ဟု​ဟစ်​အော်​၍​ဖိတ်​ခေါ်​ကြ​၏။ ယော​န​သန်​သည်​သူ​ငယ်​အား``ငါ့​နောက်​ကို လိုက်​ခဲ့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောင်​ပွဲ​ကို ပေး​တော်​မူ​ပြီ'' ဟု​ဆို​ပြီး​လျှင်၊-
1SA 14:13 တောင်​ကြား​လမ်း​ထဲ​မှ​လေး​ဖက်​တွား​၍​ထွက် လာ​ခဲ့​၏။ လူ​ငယ်​သည်​လည်း​သူ​၏​နောက်​မှ လိုက်​လာ​လေ​သည်။ ယော​န​သန်​သည်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​အား​ခုတ်​လှဲ​၍​လူ​ငယ်​က သူ​တို့​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
1SA 14:14 ဤ​ပ​ထ​မ​လူ​သတ်​ပွဲ​တွင်​ယော​န​သန်​နှင့် သူ​ငယ်​တို့​၏​လက်​ချက်​ဖြင့် ဧ​က​ဝက်​ခန့် ရှိ​သော​နယ်​မြေ​တွင်​လူ​ပေါင်း​နှစ်​ဆယ်​ခန့် သေ​သ​တည်း။-
1SA 14:15 စစ်​မြေ​ပြင်​တွင်​ရှိ​သ​မျှ​သော​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။ တိုက်​ကင်း​ထွက်​လာ​ကြ​သူ​များ​နှင့်​တပ် စ​ခန်း​ရှိ​စစ်​သည်​တပ်​သား​တို့​သည် ထိတ် လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ မြေ​ကြီး​ပင်​လျှင် တုန်​လှုပ်​ကာ​ရန်​သူ​တို့​သည်​က​စဥ့်​က​ရဲ ပြေး​ကြ​ကုန်​၏။
1SA 14:16 ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​ရှိ​ရှော​လု​၏​ကင်း​သ​မား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စဥ့်​က​ရဲ ထွက်​ပြေး​ကြ​သည်​ကို​မြင်​ကြ​၏။-
1SA 14:17 ထို့​အ​ခါ​ရှော​လု​က​မိ​မိ​၏​လူ​တို့​အား``တပ် တွင်း​မှ​ပျောက်​နေ​သူ​ကို​သိ​ရှိ​နိုင်​ရန်​စစ် သည်​တို့​ကို​စစ်​ဆေး​ကြည့်​လော့'' ဟု​အမိန့် ပေး​သည်​အ​တိုင်း​စစ်​ဆေး​ကြည့်​ကြ​ရာ ယော​န​သန်​နှင့်​သူ​၏​လက်​နက်​သယ်​ဆောင် သူ​လူ​ငယ်​တို့​မ​ရှိ​ကြောင်း​တွေ့​ရ​ကြ​၏။-
1SA 14:18 ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​ယ အား``သင်​တိုင်း​တော်​ကို ဤ​နေ​ရာ​သို့​ယူ​ခဲ့​လော့'' ဟု​ဆို​၏။ (ထို နေ့​၌​အ​ဟိ​ယ​သည်​သင်​တိုင်း​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှေ့​မှ​သယ် ဆောင်​လျက်​ရှိ​သ​တည်း။-)
1SA 14:19 ဤ​သို့​ယဇ်​ပု​ရော​ဟိတ်​အား​ရှော​လု​ပြော​ဆို နေ​စဉ် ဖိ​လိတ္တိ​တပ်​စ​ခန်း​၌​က​စဥ့်​က​ရဲ​ဖြစ် မှု​သည်​ပို​မို​ဆိုး​ရွား​လာ​သ​ဖြင့်​ရှော​လု က``ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​ချိန် မ​ရှိ​တော့​ပြီ'' ဟု​ဆို​၏။-
1SA 14:20 ထို​နောက်​သူ​နှင့်​သူ​၏​တပ်​သား​များ​သည် ရှုပ်​ထွေး​နေ​သည့်​အ​ခြေ​အ​နေ​တွင် အ​ချင်း ချင်း​ခုတ်​နေ​ကြ​သော​ဖိ​လိတ္တိ​အမျိုး​သား တို့​အား​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-
1SA 14:21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ဘက်​သို့​ကူး​ပြောင်း ကာ သူ​တို့​၏​တပ်​စ​ခန်း​သို့​လိုက်​သွား​ခဲ့​ကြ သော​ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည် ရှော​လု နှင့်​ယော​န​သန်​တို့​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။-
1SA 14:22 ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​တွင်​ပုန်း​အောင်း​နေ ကြ​သော​သူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကြ​ကြောင်း​ကို​ကြား​လျှင်​လိုက် လံ​တိုက်​ခိုက်​ကြ​၏။-
1SA 14:23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​အား ဗေ​သ​ဝင်​မြို့​လွန်​အောင် လိုက်​လံ​တိုက်​ခိုက်​ကြ​၏။ ထို​နေ့​၌​ထာဝရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ကယ်​တင်​တော်​မူ​သ​တည်း။
1SA 14:24 ရှော​လု​က``ယ​နေ့​ရန်​သူ​တို့​အား​ငါ​လက်​စား မ​ချေ​ရ​မီ အ​စား​အ​စာ​စား​သောက်​သူ​သည် ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း'' ဟု​ကျိန်​ဆို​ထား သ​ဖြင့်​ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဆာ​လောင်​မွတ်​သိပ်​ကာ​နွမ်း​နယ်​လျက်​ရှိ ကြ​၏။ တစ်​နေ့​လုံး​အ​ဘယ်​သူ​မျှ​အ​စား အ​စာ​မ​စား​ရ​ကြ။-
1SA 14:25 သူ​တို့​သည်​သစ်​တော​ရှိ​ရာ​သို့​ရောက်​ကြ သော​အ​ခါ နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ပျား ရည်​များ​ကို​တွေ့​ရှိ​ကြ​၏။-
1SA 14:26 တော​ထဲ​တွင်​ပျား​ရည်​ပေါ​များ​သော်​လည်း ရှော​လု​၏​ကျိန်​ဆဲ​ချက်​ကို​ကြောက်​သ​ဖြင့် အ​ဘယ်​သူ​မျှ​မ​စား​ဝံ့။-
1SA 14:27 ယော​န​သန်​မူ​ကား​ခ​မည်း​တော်​ကျိန်​ဆဲ​ခဲ့ သည်​ကို​မ​ကြား​ခဲ့​ပေ။ ထို့​ကြောင့်​သူ​သည် မိ​မိ​တွင်​ပါ​သော​တုတ်​ချောင်း​ဖြင့် ပျား​လ​ပို့ တွင်​နှစ်​၍​ပျား​ရည်​အ​နည်း​ငယ်​ကို​စား​လေ သည်။ ထို​အ​ခါ​သူ​သည်​ချက်​ချင်း​ပင်​လန်း ဆန်း​၍​လာ​၏။-
1SA 14:28 ထို့​ကြောင့်​တပ်​သား​တစ်​ယောက်​က``အ​ကျွန်ုပ် တို့​အား​လုံး​ပင်​နွမ်း​နယ်​လျက်​နေ​ကြ​ပါ​၏။ သို့​သော်​အ​ရှင့်​ခမည်း​တော်​က`ယ​နေ့​အ​စား အ​စာ​စား​သူ​သည်​ကျိန်​စာ​သင့်​ပါ​စေ' ဟု ကျိန်​ဆို​ထား​ပါ​၏'' ဟု​ဆို​၏။
1SA 14:29 ယော​န​သန်​က``ငါ​တို့​အ​မျိုး​သား​များ​အား ခ​မည်း​တော်​ပြု​သော​အ​မှု​သည်​ဆိုး​ရွား​လှ ပါ​သည်​တ​ကား။ ပျား​ရည်​အ​နည်း​ငယ်​ကို စား​ရ​သ​ဖြင့်​ငါ​အ​ဘယ်​မျှ​လန်း​ဆန်း​လာ သည်​ကို​ကြည့်​လော့။-
1SA 14:30 အ​ကယ်​၍​ငါ​တို့​အ​မျိုး​သား​များ​သည် ရန်​သူ​ထံ​မှ​ရ​ရှိ​သည်​အ​စား​အ​စာ​ကို​စား ခဲ့​ရ​ကြ​လျှင် အ​ဘယ်​မျှ​လောက်​အ​ကျိုး​ရှိ လိမ့်​မည်​နည်း။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို အ​ဘယ်​မျှ​ပို​မို​သတ်​ဖြတ်​နိုင်​ခဲ့​မည်​ကို သာ​စဉ်း​စား​၍​ကြည့်​ကြ​လော့'' ဟု​ပြန် ပြော​၏။
1SA 14:31 ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် ဖိလိတ္တိ​အ​မျိုး​သား​တို့​အား မိတ်​မတ်​မြို့​မှ အာ​ဇ​လုန်​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် နှိမ်​နင်း​ခဲ့​ကြ​ပြီး​သည်​နောက် အ​စာ​မ​စား ရ​သ​ဖြင့်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ​ကြ​၏။-
1SA 14:32 ထို့​ကြောင့်​သူ​တို့​သည်​ရန်​သူ​များ​လက်​မှ သိမ်း​ဆည်း​ရ​မိ​သည့်​ပစ္စည်း​များ​ရှိ​ရာ​သို့ ပြေး​ပြီး​လျှင် သိုး၊ ဆိတ်၊ နွား​များ​ကို​ယူ ဆောင်​ကာ​ထို​နေ​ရာ​၌​ပင်​သတ်​၍​သွေး သံ​ရဲ​ရဲ​နှင့်​စား​ကြ​၏။-
1SA 14:33 ယင်း​သို့​လူ​တို့​သည်​သွေး​သံ​ရဲ​ရဲ​နှင့်​စား သောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​ကြောင်း​ကို​ရှော​လု​အား​လျှောက်​ထား ကြ​သော​အ​ခါ၊ ရှော​လု​က``သင်​တို့​သည်​သစ္စာ​ဖောက်​ကြ​လေ ပြီ​တ​ကား။ ကျောက်​တုံး​ကြီး​ကို​ဤ​အ​ရပ် သို့​လှိမ့်​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို​၏။-
1SA 14:34 ထို​နောက်​သူ​က``လူ​တို့​ထံ​သို့​သွား​၍​သူ တို့​၏​နွား​များ​တို့​ကို ဤ​နေ​ရာ​သို့​ယူ​ဆောင် လာ​စေ။ သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ဤ​နေ ရာ​တွင်​သတ်​၍​စား​ကြ​စေ။ သွေး​ပါ​သည့် အသား​ကို​စား​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ကို​မ​ပြစ်​မှား​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​ည​၌​လူ​တို့​သည်​မိ​မိ​တို့​၏​သိုး နွား​များ​ကို ထို​နေ​ရာ​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သတ်​ကြ​၏။-
1SA 14:35 ရှော​လု​သည်​ထာဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ယဇ်​ပလ္လင်​ကား ပ​ထ​မ​ဆုံး​အ​ကြိမ်​ရှော​လု​တည်​ဆောက် သည့်​ယဇ်​ပလ္လင်​ဖြစ်​သ​တည်း။
1SA 14:36 ရှော​လု​သည်​မိ​မိ​၏​လူ​တို့​အား``ငါ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ညဥ့်​အ​ခါ သွား ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ မိုး​လင်း​သည်​တိုင် အောင်​သူ​တို့​အား​လု​ယက်​၍​တစ်​ယောက်​မ​ကျန် သုတ်​သင်​ပစ်​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​လျှင် လူ​တို့​က``စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​က``ငါ​တို့​သည် ဦး​စွာ​ထာ​ဝ​ရ​ဘု​ရား​အား​မေး​မြန်း လျှောက်​ထား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။
1SA 14:37 ထို့​ကြောင့်​ရှော​လု​သည်​ဘု​ရား​သ​ခင်​အား``ကျွန် တော်​မျိုး​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘုရား​သည်​ထို​နေ့​၌​ဖြေ​ကြား တော်​မ​မူ။-
1SA 14:38 ထို​အ​ခါ​ရှောလု​သည်​လူ​တို့​၏​ခေါင်း​ဆောင် များ​အား``ချဉ်း​ကပ်​လာ​ကြ​လော့။ ယ​နေ့​ငါ တို့​အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​မိ​ကြ​သည် ကို​စစ်​ဆေး​ကြ​လော့။-
1SA 14:39 အပြစ်​ရှိ​သူ​သည်​ငါ​၏​သား​ယော​န​သန်​ပင် ဖြစ်​စေ​ကာ​မူ​သေ​ဒဏ်​ခံ​ရ​လိမ့်​မည်​ဖြစ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကတိ​ပြု​ပါ ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​အ​ဘယ်​သူ မျှ​ပြန်​လည်​လျှောက်​ထား​ခြင်း​မ​ပြု​ကြ သ​ဖြင့်၊-
1SA 14:40 ရှော​လု​က``သင်​တို့​သည်​ထို​နေ​ရာ​တွင်​ရပ် ၍​နေ​ကြ​လော့။ ယော​န​သန်​နှင့်​ငါ​မူ​ကား ဤ​နေ​ရာ​တွင်​ရပ်​၍​နေ​ကြ​အံ့'' ဟု​ဆို​၏။ လူ​တို့​က​လည်း``အ​ရှင်​စိတ်​တော်​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
1SA 14:41 ရှော​လု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား​ယ​နေ့​ဖြေ​ကြား တော်​မ​မူ​ပါ​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျောက်​တော် များ​အား​ဖြင့်​ကျွန်​တော်​မျိုး​အား​ဖြေ​ကြား​တော် မူ​ပါ။ ယော​န​သန်​၌​ဖြစ်​စေ၊ ကျွန်​တော်​မျိုး​၌ ဖြစ်​စေ​အ​ပြစ်​ရှိ​ပါ​လျှင်​ဥ​ရိမ်​ကျောက် မဲ​ကျ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၌​အ​ပြစ်​ရှိ​ပါ​လျှင် သု​မိမ်​ကျောက်​ကို​မဲ​ကျ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ထား​၏။ ထို​အ​ခါ​ရှော​လု​နှင့်​ယော​န​သန်​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​မဲ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပြစ်​လွတ်​ကြ​ကုန်​၏။-
1SA 14:42 ထို​အ​ခါ​ရှော​လု​က``ငါ့​သား​ယော​န​သန်​နှင့် ငါ့​အား​မဲ​ချ​ဦး​လော့'' ဟု​ဆို​လျှင်​ယော​န သန်​မဲ​ကျ​လေ​၏။-
1SA 14:43 ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊
1SA 14:44 ရှော​လု​က``ငါ​သည်​သင့်​အား​သေ​ဒဏ်​မ​ပေး ခဲ့​သော် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
1SA 14:45 သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။
1SA 14:46 ထို​နောက်​ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား လိုက်​လံ​တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​လိုက် ၏။ လူ​တို့​သည်​လည်း​မိ​မိ​တို့​နယ်​အ​သီး သီး​သို့​ပြန်​ကြ​ကုန်​၏။
1SA 14:47 ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည် သာ​ဖြစ်​၏။-
1SA 14:48 သူ​သည်​ရွပ်​ရွပ်​ချွံ​ချွံ​တိုက်​ပွဲ​များ​ဝင်​ခဲ့ သည်။ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​ပင် တိုက်​ခိုက်​နှိမ်​နင်း​ခဲ့​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​ကယ်​ဆယ်​ခဲ့​၏။
1SA 14:49 ရှော​လု​၏​သား​တော်​များ​ကား​ယော​န​သန်၊ ဣ​ရွှိ၊ မေ​လ​ခိ​ရွှ​တည်း။ သူ​၏​သ​မီး​တော်​အ​ကြီး​သည် မေ​ရပ်​ဟု​နာ​မည်​တွင်​၍ သ​မီး​တော်​အ​ငယ်​မှာ မိ​ခါ​လ​ဟု​နာ​မည်​တွင်​လေ​သည်။-
1SA 14:50 သူ​၏​ကြင်​ယာ​တော်​ကား​အ​ဟိ​မတ်​၏​သ​မီး အ​ဟိ​နောင်​ဖြစ်​၏။ သူ​၏​စစ်​သေ​နာ​ပ​တိ​မှာ ဦး​ရီး​တော်​နေ​ရ​၏​သား​အာ​ဗ​နာ​ဖြစ်​သည်။-
1SA 14:51 ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ​နှင့်​အာ​ဗ​နာ ၏​ဖ​ခင်​နေ​ရ​တို့​သည် အ​ဗျေ​လ​၏​သား​များ ဖြစ်​သ​တည်း။
1SA 14:52 ရှော​လု​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဖိလိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ပြင်း​အ​ထန်​တိုက် ပွဲ​ဝင်​ခဲ့​ရ​၏။ ထို့​ကြောင့်​သူ​သည်​ခွန်​အား​ကြီး သူ​သို့​မ​ဟုတ်​ရဲ​စွမ်း​သတ္တိ​ရှိ​သူ​ကို​တွေ့​ရှိ​ရ သည့်​အ​ခါ​တိုင်း မိ​မိ​၏​တပ်​မ​တော်​တွင်​ဝင် ရောက်​အ​မှု​ထမ်း​စေ​တော်​မူ​၏။
1SA 15:1 ရှ​မွေ​လ​သည်​ရှော​လု​အား``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ် သင့်​အား​ဘိ​သိက်​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​နား​ထောင်​လော့။-
1SA 15:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​သော​အ​ခါ အာ​မ​လက် အ​မျိုး​သား​တို့​က​ဆီး​တား​ကြ​၏။ ထို့​ကြောင့် ကိုယ်​တော်​သည်​သူ​တို့​အား​ဒဏ်​ခတ်​တော် မူ​မည်။-
1SA 15:3 သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-
1SA 15:4 ရှော​လု​သည်​တေ​လိမ်​မြို့​တွင်​မိ​မိ​၏​စစ် သည်​တပ်​သား​အ​ပေါင်း​ကို​စု​ရုံး​၍​ကြည့် ရှု​စစ်​ဆေး​ရာ ဣ​သ​ရေ​လ​နယ်​မှ​တပ်​သား နှစ်​သိန်း​နှင့်​ယု​ဒ​နယ်​မှ​တပ်​သား​တစ် သောင်း​ရှိ​သ​တည်း။-
1SA 15:5 ထို​နောက်​သူ​သည်​မိ​မိ​စစ်​သူ​ရဲ​များ​နှင့် အ​တူ အာ​မ​လက်​မြို့​သို့​ချီ​တက်​၍​ခြောက် သွေ့​နေ​သော​မြစ်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ လျက်​နေ​၏။-
1SA 15:6 သူ​သည်​ကေ​နိ​အမျိုး​သား​များ​အား``သင်​တို့ သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​စဉ်​အ​ခါ​က သူ​တို့​အား ကျေး​ဇူး​ပြု​ခဲ့​ကြ​ပါ​၏။ သို့​ဖြစ်​၍​သင်​တို့ အား​ငါ​မ​သတ်​မိ​စေ​ရန် အာ​မ​လက်​အ​မျိုး သား​တို့​ထံ​မှ​တိမ်း​ရှောင်​သွား​ကြ​လော့'' ဟု ကြို​တင်​သ​တိ​ပေး​ထား​၏။ ထို့​ကြောင့်​ကေ​နိ အ​မျိုး​သား​တို့​သည်​တိမ်း​ရှောင်​သွား​ကြ လေ​သည်။
1SA 15:7 ရှော​လု​သည်​ဟ​ဝိ​လ​မြို့​မှ​အီ​ဂျစ်​ပြည်​၏ အ​ရှေ့​ဘက်​၌​ရှိ​သော ရှု​ရ​မြို့​တိုင်​အောင်​အာ မ​လက်​အ​မျိုး​သား​တို့​အား​လိုက်​လံ​တိုက် ခိုက်​လေ​သည်။-
1SA 15:8 သူ​သည်​အာ​မ​လက်​ဘု​ရင်​အာ​ဂတ်​ကို​လက်​ရ ဖမ်း​ဆီး​မိ​၏။ လူ​အ​ပေါင်း​တို့​ကို​မူ​သုတ်​သင် ပစ်​၏။-
1SA 15:9 သို့​ရာ​တွင်​ရှော​လု​နှင့်​သူ​၏​တပ်​သား​တို့​သည် အာ​ဂတ်​ကို အ​သက်​ချမ်း​သာ​ပေး​၍​အ​ဆူ​ဖြိုး ဆုံး​သော​သိုး​နွား​များ၊ အ​လှ​ဆုံး​သော​နွား သူ​ငယ်​သိုး​သူ​ငယ်​များ​နှင့် ကောင်း​မွန်​သည့် အ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ဖျက်​မ​ဆီး​ကြ။ အ​သုံး​မ​ဝင်​သော​အ​ရာ၊ တန်​ဖိုး​မ​ရှိ​သော အရာ​များ​ကို​သာ​လျှင်​ဖျက်​ဆီး​ပစ်​ကြ လေ​သည်။
1SA 15:10 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``ရှော​လု​ကို ဘု​ရင်​ခန့်​မိ​သည်​မှာ​မှား​လေ​စွ။ သူ​သည်​ငါ့​အား ကျော​ခိုင်း​ကာ​ငါ​၏​အ​မိန့်​တော်​တို့​ကို​လွန်​ဆန် ခဲ့​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ရှ​မွေ​လ​သည် ဒေါ​သ​ထွက်​၏။ သူ​သည်​တစ်​ညဥ့်​လုံး​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​လဲ​အ​သ​နား​ခံ​ပြီး​နောက်၊-
1SA 15:12 နံ​နက်​စော​စော​၌​ရှော​လု​ကို​ရှာ​ရန်​ထွက်​ခွာ သွား​၏။ ရှော​လု​သည်​က​ရ​မေ​လ​မြို့​သို့​သွား ၍ မိ​မိ​အ​တွက်​အ​မှတ်​တ​ရ​ကျောက်​တိုင်​ကို တည်​ဆောက်​ကြောင်း၊ ထို​မှ​တစ်​ဆင့်​ဂိ​လ​ဂါ​လ မြို့​သို့​ထွက်​ခွာ​သွား​ကြောင်း​ရှ​မွေ​လ​ကြား သိ​ရ​၏။-
1SA 15:13 ရှ​မွေ​လ​သည်​ရှော​လု​ရှိ​သည့်​အ​ရပ်​သို့ ရောက်​သော်​ရှော​လု​က``ကိုယ်​တော်​အား​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​ခဲ့​ပါ​ပြီ'' ဟု​ဆို​၍​ကြို​ဆို​၏။
1SA 15:14 ရှ​မွေ​လ​က``ယင်း​သို့​ဖြစ်​ပါ​မူ​အ​ဘယ် ကြောင့်​သိုး​နွား​တို့​အော်​မြည်​သံ​ကို​ငါ​ကြား ရ​ပါ​သ​နည်း'' ဟု​မေး​၏။
1SA 15:15 ရှော​လု​က``အ​ကျွန်ုပ်​၏​လူ​တို့​သည်​ထို​သိုး နွား​များ​ကို​အာ​မ​လက်​အ​မျိုး​သား​တို့​ထံ မှ​သိမ်း​ယူ​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​အ​ဆူ ဖြိုး​ဆုံး​သော​သိုး​နွား​တို့​ကို အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ထား​ရှိ​ကြ​ပါ​၏။ အ​ခြား​ကျန်​ရှိ​သည့် အ​ရာ​များ​ကို​မူ​လုံး​ဝ​ဖျက်​ဆီး လိုက်​ကြ​ပါ​ပြီ'' ဟု​ဖြေ​ကြား​၏။
1SA 15:16 ရှ​မွေ​လ​က``နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​ယ​မန်​နေ့​ည​က​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သင့်​အား​ငါ​ဖော်​ပြ​မည်'' ဟု​ဆို​လျှင်​ရှောလု​က``အ​မိန့်​ရှိ​ပါ'' ဟု​ဆို​၏။
1SA 15:17 ရှ​မွေ​လ​က``သင်​သည်​မိ​မိ​ကိုယ်​ကို​သေး နုတ်​သူ​ဟု​ယူ​ဆ​သော်​လည်း သင်​သည်​ဣ​သ ရေ​လ​အနွယ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​ချေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​တော်​မူ​ခဲ့​၏။-
1SA 15:18 ယုတ်​မာ​သော​ထို​အာ​မ​လက်​အ​မျိုး​သား​တို့ အား သုတ်​သင်​ပစ်​ရန်​အ​မိန့်​ပေး​၍​သင့်​ကို​စေ လွှတ်​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​ပြီး​သည်​တိုင်​အောင် စစ်​တိုက်​ရန်​မှာ​ကြား​တော်​မူ​ခဲ့​၏။-
1SA 15:19 သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။
1SA 15:20 ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​မှန်​ပင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​ခဲ့​ပါ​၏။ ကိုယ် တော်​စေ​ခိုင်း​တော်​မူ​သည့်​အ​တိုင်း​သွား​ရောက် ၍​အာ​ဂတ်​မင်း​ကို​ခေါ်​ဆောင်​ခဲ့​ပါ​၏။ အာ​မ လက်​အ​မျိုး​သား​အ​ပေါင်း​ကို​လည်း​သုတ် သင်​ပစ်​ခဲ့​ပါ​၏။-
1SA 15:21 သို့​ရာ​တွင်​အ​ကျွန်ုပ်​၏​လူ​တို့​သည်​မိ​မိ​တို့ လက်​ရ​အ​ဆူ​ဖြိုး​ဆုံး​သိုး​နွား​များ​ကို​မ သတ်​ဘဲ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ဤ​ဂိ​လ​ဂါ​လ မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏'' ဟု​ပြန်​လည် ဖြေ​ကြား​၏။
1SA 15:22 ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။-
1SA 15:23 ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။
1SA 15:24 ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။-
1SA 15:25 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ဝတ် ပြု​ကိုး​ကွယ်​ခွင့်​ရ​စေ​ရန် အ​ရှင်​သည်​အ​ကျွန်ုပ် ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​၍ အ​ကျွန်ုပ်​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့​လိုက်​ခဲ့​ပါ​ရန်​အ​ကျွန်ုပ် တောင်း​ပန်​ပါ​၏'' ဟု​ဆို​လေ​၏။
1SA 15:26 ရှ​မွေ​လ​က​လည်း``သင်​နှင့်​ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ပယ်​သော ကြောင့် ကိုယ်​တော်​သည်​သင့်​ကို​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ'' ဟု​ဆို​၏။
1SA 15:27 ထို​နောက်​ရှ​မွေ​လ​သည်​လှည့်​၍​ထွက်​ခွာ​မည်​ပြု သော​အ​ခါ ရှော​လု​သည်​သူ​၏​ဝတ်​လုံ​ကို​ဆွဲ ကိုင်​လိုက်​သ​ဖြင့်​ဝတ်​လုံ​စုတ်​သွား​လေ​သည်။-
1SA 15:28 ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ယ​နေ့​ပင် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သင့်​ထံ​မှ​ဆွဲ​ယူ​ကာ သင့်​ထက်​ကောင်း​မြတ်​သူ​တစ်​ဦး​၏​လက်​သို့ ပေး​အပ်​တော်​မူ​လေ​ပြီ။-
1SA 15:29 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ်​သော ဘု​ရား​သည်​မု​သား​ကို​သုံး​တော်​မ​မူ။ စိတ်​တော် ကို​လည်း​ပြောင်း​လဲ​တော်​မ​မူ။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​တော် မူ​သည်​မ​ဟုတ်'' ဟု​ဆို​၏။
1SA 15:30 ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကူး​လွန်​မိ​ပါ ပြီ။ သို့​ရာ​တွင်​ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အ​မျိုး သား​ခေါင်း​ဆောင်​များ​ရှေ့​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​၏​ရှေ့​၌​လည်း​ကောင်း အ​ကျွန်ုပ် ၏​ဂုဏ်​အ​သ​ရေ​မ​ပျက်​စေ​ဘဲ အ​ကျွန်ုပ်​သည်​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်ပြု​ကိုး ကွယ်​နိုင်​ရန်​အ​ကျွန်ုပ်​နှင့်​အ​တူ​အ​ရှင်​ပြန်​၍ လိုက်​ခဲ့​ပါ'' ဟု​တောင်း​ပန်​၏။-
1SA 15:31 ထို​ကြောင့်​ရှ​မွေ​လ​သည်​သူ​နှင့်​အ​တူ​ဂိ​လ​ဂါ​လ မြို့​သို့​လိုက်​သွား​၏။ ရှော​လု​သည်​လည်း​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​၏။
1SA 15:32 ရှ​မွေ​လ​က``အာ​ဂတ်​မင်း​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​၏။ အာ​ဂတ်​က``သေ​ဘေး​သည် အ​လွန်​ဆိုး​ရွား​ပါ​သည်​တ​ကား'' ဟု​တစ်​ကိုယ် တည်း​စဉ်း​စား​ကာ​တုန်​လှုပ်​လျက်​ရှ​မွေ​လ​ထံ သို့​လာ​၏။-
1SA 15:33 ထို​အ​ခါ​ရှ​မွေ​လ​က``သင်​၏​ဋ္ဌား​ဖြင့်​မိ​ခင် အ​များ​ပင် မိ​မိ​တို့​၏​သား​များ​ကို​ဆုံး​ရှုံး​ခဲ့​ရ ကြ​၏။ သို့​ဖြစ်​၍​ယ​ခု​သင့်​မိ​ခင်​သည်​လည်း​သူ ၏​သား​ဆုံး​ရှုံး​ရ​ပေ​တော့​အံ့'' ဟု​ဆို​ကာ​အာ ဂတ်​အား​ဂိ​လ​ဂါ​လ​မြို့​ယဇ်​ပလ္လင်​ရှေ့​တွင်​အ ပိုင်း​ပိုင်း​ခုတ်​ဖြတ်​လိုက်​လေ​သည်။
1SA 15:34 ထို​နောက်​ရှ​မွေ​လ​သည်​ရာ​မ​မြို့​သို့​သွား ၏။ ရှော​လု​မင်း​သည်​လည်း​ဂိ​လ​ဂါ​လ​နန်း တော်​သို့​ပြန်​လေ​၏။-
1SA 15:35 ရှ​မွေ​လ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး နောင်​အ​ဘယ်​အ​ခါ​မျှ​မင်း​ကြီး​နှင့်​မ​တွေ့ ရ​တော့​ချေ။ သို့​ရာ​တွင်​သူ​သည်​ရှော​လု​အ​တွက် များ​စွာ​ဝမ်း​နည်း​မိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​ရှော​လု​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ခန့်​ထား​မိ​ခဲ့​သည့်​အ​တွက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။
1SA 16:1 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``သင်​သည် အ​ဘယ်​မျှ​ကြာ​အောင်​ရှော​လု​အ​တွက်​ဝမ်း​နည်း နေ​ပါ​မည်​နည်း။ ငါ​သည်​သူ့​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ။ သံ​လွင်​ဆီ​ယူ ၍​ဗက်​လင်​မြို့​ရှိ​ယေ​ရှဲ​နာ​မည်​တွင်​သူ​လူ​တစ် ယောက်​ထံ​သို့​သွား​လော့။ ငါ​သည်​သူ​၏​သား တစ်​ယောက်​အား​ဘု​ရင်​အ​ဖြစ်​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။
1SA 16:2 ရှ​မွေ​လ​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သို့​ပြု​နိုင် ပါ​မည်​နည်း။ ရှော​လု​ကြား​သိ​ပါ​က​အ​ကျွန်ုပ် အား​သတ်​ပစ်​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
1SA 16:3 ဘု​ရား​သ​ခင်​က``နွား​က​လေး​တစ်​ကောင်​ကို​ယူ ၍​သွား​ပြီး​လျှင် သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရန်​ရောက်​ရှိ​လာ​ကြောင်း​ပြော​ကြား လော့။ ယေ​ရှဲ​အား​ယဇ်​ပူ​ဇော်​ပွဲ​သို့​ဖိတ်​ခေါ် လော့။ သင်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ငါ​ပြော မည်။ ငါ​ဖော်​ပြ​သူ​အား​ရာ​ဇ​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။
1SA 16:4 ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း ဆောင်​ရွက်​ပြီး​နောက်​ဗက်​လင်​မြို့​သို့ သွား​၏။ ထို​မြို့​မှ​ခေါင်း​ဆောင်​များ​သည်​တုန် လှုပ်​လျက်​ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်``ကိုယ် တော်​အေး​ချမ်း​စွာ​ကြွ​လာ​ပါ​သ​လော'' ဟု မေး​ကြ​၏။
1SA 16:5 ရှ​မွေ​လ​က``အေး​ချမ်း​စွာ​လာ​ခြင်း​ဖြစ်​ပါ သည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ ဇော်​ရန်​ရောက်​လာ​ခြင်း​ဖြစ်​၏။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​၍​ငါ​နှင့်​အ​တူ လိုက်​ခဲ့​ကြ​လော့'' ဟု​ဆို​၏။ ယေ​ရှဲ​၏​သား များ​ကို​လည်း​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ ပြီး​လျှင် ယဇ်​ပူ​ဇော်​ရာ​သို့​လိုက်​လာ​ရန် ခေါ်​ဖိတ်​လေ​၏။
1SA 16:6 သူ​တို့​ရောက်​လာ​ကြ​သော​အ​ခါ​ရှ​မွေ​လ သည်​ယေ​ရှဲ​၏​သား​ဧ​လျာ​ဘ​ကို​မြင်​လျှင်``ဤ တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရပ်​နေ သော​သူ​ကား​ကိုယ်​တော်​ရွေး​ချယ်​တော်​မူ သည့်​သူ​အ​မှန်​ပင်​ဖြစ်​ရာ​၏'' ဟု​တွေး တော​မိ​၏။-
1SA 16:7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။
1SA 16:8 ထို​နောက်​ယေ​ရှဲ​သည်​မိ​မိ​သား​အ​ဘိ​န​ဒပ် ကို​ရှ​မွေ​လ​ထံ​သို့​ခေါ်​ခဲ့​၏။ သို့​ရာ​တွင် ရှ​မွေ​လ​က``သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မ​မူ'' ဟု​ဆို​၏။-
1SA 16:9 ယေ​ရှဲ​သည်​ရှိ​မာ​ကို​ခေါ်​လိုက်​၏။ ထို​အ​ခါ``ဤ သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မ​မူ'' ဟု​ရှ​မွေ​လ​ဆို​ပြန်​၏။-
1SA 16:10 ဤ​နည်း​အား​ဖြင့်​ယေ​ရှဲ​သည်​မိ​မိ​၏​သား ခု​နစ်​ယောက်​အ​ထိ​ရှ​မွေ​လ​ထံ​သို့​ခေါ်​ပေး လေ​သည်။ ရှ​မွေ​လ​က​လည်း``ဤ​သူ​တို့​အ​ထဲ မှ​မည်​သူ့​ကို​မျှ​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မ​မူ'' ဟု​ဆို​ပြီး​လျှင်၊-
1SA 16:11 ``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။ ယေ​ရှဲ​က``သား​အ​ငယ်​ဆုံး​ရှိ​ပါ​သေး​သည်။ သူ​သည်​သိုး​များ​ကို​ကျောင်း​လျက်​နေ​ပါ​၏'' ဟု​ဆို​၏။ ရှ​မွေ​လ​က``သူ့​အား​ခေါ်​ခဲ့​လော့။ သူ​မ​ရောက် မ​ချင်း​ငါ​တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဝင်​ကြ မည်​မ​ဟုတ်'' ဟု​ပြော​၏။-
1SA 16:12 သို့​ဖြစ်​၍​ယေ​ရှဲ​သည်​ထို​သား​ကို​ခေါ်​စေ​၏။ သူ​သည်​တင့်​တယ်​လှ​ပ၊ ကျန်း​မာ​သန်​စွမ်း​သော လူ​ငယ်​လူ​ရွယ်​တစ်​ဦး​ဖြစ်​၏။ သူ​၏​မျက်​စိ များ​သည်​တောက်​ပ​ကြည်​လင်​၏။ ထာ​ဝ​ရ ဘု​ရား​က​ရှ​မွေ​လ​အား``ငါ​ရွေး​ချယ်​သူ ကား​ဤ​သူ​ပေ​တည်း။ သူ့​အား​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။-
1SA 16:13 ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။
1SA 16:14 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​ထံ မှ​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​သူ​သည် ကိုယ်​တော်​စေ​လွှတ်​လိုက်​သည့် နတ်​မိစ္ဆာ​၏​နှောင့် ယှက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​လေ​တော့​သည်။-
1SA 16:15 အ​စေ​ခံ​တို့​က​လည်း​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ် လိုက်​သည့်​နတ်​မိစ္ဆာ​သည် အ​ရှင်​မင်း​ကြီး​အား​နှောင့် ယှက်​ညှင်း​ဆဲ​လျက်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။-
1SA 16:16 သို့​ဖြစ်​၍​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​အား​အ​မိန့်​ပေး​တော်​မူ​ပါ​လျှင် စောင်း​တီး​တတ် သူ​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​မည်။ သူ​သည်​နတ်​မိစ္ဆာ ဝင်​လာ​ချိန်​၌​စောင်း​ကို​တီး​သ​ဖြင့် အ​ရှင်​မင်း ကြီး​သည်​ပြန်​လည်​၍​အ​ကောင်း​ပ​က​တိ​ဖြစ် လာ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
1SA 16:17 ရှော​လု​က``သာ​ယာ​စွာ​စောင်း​တီး​တတ်​သူ​ကို ရှာ​၍​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး တော်​မူ​လျှင်၊-
1SA 16:18 အ​ပါး​တော်​တွင်​ခ​စား​နေ​သူ​တစ်​ဦး​က``ဗက်​လင် မြို့​သား​ယေ​ရှဲ​တွင် တူ​ရိ​ယာ​ကောင်း​စွာ​တီး​တတ် သူ​သား​တစ်​ယောက်​ရှိ​ပါ​၏။ သူ​သည်​ရဲစွမ်း​သတ္တိ ရှိ​သူ၊ အ​ဆင်း​လှ​သူ၊ စစ်​ရေး​တတ်​သူ၊ နှုတ်​သတ္တိ ရှိ​သူ​ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။
1SA 16:19 ရှော​လု​သည်​ယေ​ရှဲ​ထံ​သို့​စေ​တ​မန်​များ လွှတ်​၍``သိုး​များ​ကို​ထိန်း​ကျောင်း​နေ​သူ​သင် ၏​သား​ဒါ​ဝိဒ်​အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။-
1SA 16:20 ယေ​ရှဲ​သည်​မုန့်​တင်​မြည်း​တစ်​စီး၊ စ​ပျစ်​ရည် အ​ပြည့်​ပါ​သော​သား​ရေ​ဘူး​တစ်​ဘူး​နှင့်​ဆိတ်​ငယ် တစ်​ကောင်​ကို ဒါ​ဝိဒ်​နှင့်​အ​တူ​ရှော​လု​မင်း​ထံ သို့​ပို့​ဆက်​လေ​၏။-
1SA 16:21 ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​သို့​လာ​ရောက်​ပြီး​လျှင် အ​မှု​တော်​ကို​ထမ်း​ဆောင်​လေ​သည်။ ရှော​လု သည်​လည်း​သူ့​ကို​လွန်​စွာ​နှစ်​သက်​တော်​မူ သ​ဖြင့်​မိ​မိ​၏​လက်​နက်​သယ်​ဆောင်​သူ အ​ရာ​၌​ခန့်​ထား​တော်​မူ​၏။-
1SA 16:22 ထို​နောက်``ငါ​သည်​ဒါ​ဝိဒ်​ကို​နှစ်​သက်​တော်​မူ​သည်။ သူ့​အား​ငါ့​ထံ​၌​ခ​စား​ပါ​စေ'' ဟု​ယေရှဲ​ထံ​လူ လွှတ်​မိန့်​ကြား​တော်​မူ​လိုက်​၏။-
1SA 16:23 ထို​နေ့​မှ​အ​စ​ပြု​၍​ရှော​လု​ကို​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​နတ်​မိစ္ဆာ​ဝင်​သည့်​အ​ခါ​တိုင်း ဒါ​ဝိဒ်​သည်​စောင်း​ကို​ယူ​၍​တီး​လေ့​ရှိ​၏။ ထို အ​ခါ​နတ်​မိစ္ဆာ​သည်​ထွက်​ခွာ​သွား​သ​ဖြင့် ရှော​လု​သည်​သက်​သာ​၍​တစ်​ဖန်​ကျန်း​မာ လာ​လေ​သည်။
1SA 17:1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ရှော​ခေါ မြို့​တွင်​စု​ရုံး​ကာ ထို​မြို့​နှင့်​အ​ဇေ​ကာ​မြို့​စပ် ကြား​ဧ​ဖက်​ဒ​မိမ်​အ​ရပ်​တွင်​တပ်​ချ​ထား ကြ​၏။-
1SA 17:2 ရှော​လု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် လည်း​စု​ရုံး​၍ ဝက်​သစ်​ချ​ချိုင့်​ဝှမ်း​တွင်​တပ်​ချ ပြီး​လျှင်​ဖိ​လိတ္တိ​တပ်​သား​တို့​အား​တိုက်​ခိုက် ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-
1SA 17:3 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​တောင်​ကုန်း​တစ်​ခု ပေါ်​တွင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​အ​ခြား​တောင်​ကုန်း​တစ်​ခု​ပေါ်​တွင် လည်း​ကောင်း​နေ​ရာ​ယူ​ထား​ကြ​၏။ သူ​တို့​၏ စပ်​ကြား​တွင်​ကား​ချိုင့်​ဝှမ်း​ခံ​လျက်​နေ​သ​တည်း။
1SA 17:4 ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-
1SA 17:5 တစ်​ရာ​နှစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သော​ကြေး​ဝါ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​ကာ​ကြေး​ဝါ​ခ​မောက် ကို​ဆောင်း​ထား​၏။-
1SA 17:6 ကြေး​ဝါ​ခြေ​စွပ်​ကို​လည်း​ဝတ်​လျက်​ကြေး​ဝါ လက်​ပစ်​လှံ​ကို​ပု​ခုံး​တွင်​လွယ်​ထား​၏။-
1SA 17:7 သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-
1SA 17:8 ဂေါ​လျတ်​သည်​ရပ်​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ လာ​ကြ​သနည်း။ စစ်​တိုက်​ရန်​လော။ အ​ချင်း​ရှော​လု ၏​ကျွန်​တို့၊ ငါ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​ဖြစ်​၏။ ငါ​နှင့်​စစ်​ထိုး​ရန်​သင်​တို့​အ​ထဲ​မှ​လူ​တစ် ယောက်​ကို​ရွေး​ချယ်​ကြ​လော့။-
1SA 17:9 အ​ကယ်​၍​ထို​သူ​သည်​ငါ့​ကို​နှိမ်​နင်း​သတ် ဖြတ်​နိုင်​လျှင် ငါ​တို့​သည်​သင်​တို့​ထံ​တွင်​ကျွန် ခံ​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​သူ့​ကို နှိမ်​နင်း​သတ်​ဖြတ်​နိုင်​ပါ​မူ သင်​တို့​သည်​ငါ တို့​ထံ​၌​ကျွန်​ခံ​ရ​ကြ​မည်။-
1SA 17:10 ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​အား​ငါ နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ်​ပါ​၏။ ငါ​နှင့် တိုက်​ခိုက်​ရန်​လူ​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​လော့'' ဟု​ဆို​၏။-
1SA 17:11 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ရှော​လု​နှင့် သူ​၏​စစ်​သည်​တပ်​သား​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။
1SA 17:12 ဒါ​ဝိဒ်​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​မှ​ဧ​ဖ​ရတ် အ​ရပ်​သား​ယေ​ရှဲ​၏​သား​ဖြစ်​၏။ ယေ​ရှဲ​တွင် သား​ရှစ်​ယောက်​ရှိ​၏။ ရှော​လု​မင်း​နန်း​စံ​ချိန်​၌ ယေ​ရှဲ​သည်​များ​စွာ​အို​မင်း​လျက်​နေ​လေ​ပြီ။-
1SA 17:13 သူ​၏​သား​ကြီး​သုံးယောက်​သည်​ရှော​လု​နှင့်​အ​တူ တိုက်​ပွဲ​ဝင်​ရန်​လိုက်​သွား​ကြ​၏။ အ​ကြီး​ဆုံး သည်​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား​မှာ​အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ကား​ရှိ​မာ​ဖြစ်​၏။-
1SA 17:14 ဒါ​ဝိဒ်​သည်​အ​ငယ်​ဆုံး​သား​ဖြစ်​၏။ သား​ကြီး သုံး​ယောက်​တို့​သည်​ရှော​လု​ထံ​တွင်​ခ​စား​လျက် နေ​ကြ​သော်​လည်း ဒါ​ဝိဒ်​မူ​ကား​ရံ​ဖန်​ရံ​ခါ ဗက်​လင်​မြို့​သို့​ပြန်​ပြီး​လျှင်​ဖ​ခင်​၏​သိုး​တို့ ကို​ထိန်း​ကျောင်း​လေ့​ရှိ​၏။
1SA 17:16 ဂေါ​လျတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​နံ​နက်​တစ်​ခါ၊ ည​တစ်​ခါ​အရက်​လေး​ဆယ်​တိုင်​တိုင်​စိန် ခေါ်​လေ​သည်။
1SA 17:17 တစ်​နေ့​သ​၌​ယေ​ရှဲ​သည်​ဒါ​ဝိဒ်​အား``ဤ​ပေါက် ပေါက်​တစ်​တင်း​နှင့်​မုန့်​ဆယ်​လုံး​ကို​ယူ​၍​သင် ၏​အစ်​ကို​များ​ရှိ​ရာ​တပ်​စ​ခန်း​သို့​အ​မြန် သွား​လော့။-
1SA 17:18 တပ်​မှူး​အ​တွက်​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း​ယူ ၍​သွား​ပါ​လေ။ သင်​၏​အစ်​ကို​များ​ကျန်း​မာ သည်​မ​ကျန်း​မာ​သည်​ကို​စုံ​စမ်း​ပြီး​လျှင် သူ​တို့​ကျန်း​မာ​စွာ​ရှိ​ကြောင်း​သက်​သေ​တစ် ခု​ခု​ကို​ယူ​ခဲ့​လော့။-
1SA 17:19 ရှော​လု​မင်း​မှ​စ​၍​သင့်​အစ်​ကို​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဧ​လာ​ချိုင့်​ဝှမ်း တွင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တိုက်​ပွဲ​ဝင်​လျက် ရှိ​နေ​ကြ​၏'' ဟု​ဆို​၏။
1SA 17:20 ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော​ထ ၍ သိုး​တို့​ကို​အ​ခြား​လူ​တစ်​ယောက်​လက်​တွင် အပ်​ပြီး​နောက် အ​စား​အ​စာ​များ​ကို​ယူ​ကာ ယေ​ရှဲ​မှာ​ကြား​သည့်​အ​တိုင်း​ထွက်​ခွာ​သွား လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် ဖိလိတ္တိ​အ​မျိုး​သား​တို့​စစ်​တိုက်​ရန် ကြွေး​ကြော်​ကာ စစ်​မြေ​ပြင်​သို့​ထွက်​ခွာ​လာ ချိန်​၌​ရောက်​ရှိ​လာ​၏။-
1SA 17:21 ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် မျက်​နှာ ချင်း​ဆိုင်​နေ​ရာ​ယူ​ကြ​၏။-
1SA 17:22 ဒါ​ဝိဒ်​သည်​မိမိ​ယူ​ဆောင်​လာ​သည့်​အ​စား​အ​စာ များ​ကို ရိက္ခာ​တာ​ဝန်​ခံ​ထံ​တွင်​အပ်​ထား​၍​စစ် မြေ​ပြင်​သို့​ပြေး​သွား​၏။ ထို​နောက်​မိ​မိ​၏ အစ်​ကို​များ​ထံ​သွား​ရောက်​နှုတ်​ဆက်​၏။-
1SA 17:23 ယင်း​သို့​သူ​တို့​နှင့်​စ​ကား​ပြော​နေ​ချိန်​၌ ဂေါ​လျတ်​သည် ရှေ့​သို့​ထွက်​လာ​ပြီး​လျှင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​နှင့်​တစ်​ဦး ချင်း​စစ်​ထိုး​ရန်​ယ​ခင်​က​နည်း​တူ​စိန်​ခေါ် လေ​သည်။ ထို​စိန်​ခေါ်​သံ​ကို​ဒါ​ဝိဒ်​ကြား​၏။-
1SA 17:24 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဂေါ​လျတ် ကို​မြင်​လျှင်​ကြောက်​၍​ထွက်​ပြေး​ကြ​၏။-
1SA 17:25 ``သူ့​အား​ကြည့်​ကြ​လော့။ သူ​ကြိမ်း​ဝါး​သည် ကို​လည်း​နား​ထောင်​ကြ​လော့။ ရှော​လု​မင်း သည်​ထို​သူ့​ကို​သတ်​ဖြတ်​နိုင်​သူ​အား​ဆု တော်​လာဘ်​တော်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ ပြု​ထား​၏။ မင်း​ကြီး​သည်​ထို​သူ​အား သ​မီး တော်​နှင့်​လည်း​ထိမ်း​မြား​စုံ​ဖက်​တော်​မူ​ပါ လိမ့်​မည်။ ထို့​ပြင်​သူ့​ဖ​ခင်​၏​အိမ်​ထောင်​စု​ကို အ​ခွန်​တော်​များ​လွတ်​ငြိမ်း​ခွင့်​ပြု​တော်​မူ လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​နေ ကြ​၏။
1SA 17:26 ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-
1SA 17:27 သူ​တို့​က​လည်း​ဂေါ​လျတ်​ကို​သတ်​နိုင်​သူ သည် မည်​သည့်​အ​ကျိုး​ခံ​စား​ရ​မည်​ကို ဒါ​ဝိဒ်​အား​ပြော​ကြ​၏။
1SA 17:28 ထို​သူ​တို့​နှင့်​ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို အစ်​ကို​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် အ​မျက် ထွက်​၍``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ် သို့​လာ​သ​နည်း။ တော​ကန္တာ​ရ​တွင်​သိုး​များ ကို​အ​ဘယ်​သူ​ထိန်း​ကျောင်း​လျက်​နေ​ပါ သ​နည်း။ သင်​၏​စိတ်​နေ​မြင့်​မှု၊ ဆိုး​ညစ်​ယုတ် မာ​မှု​ကို​ငါ​သိ​၏။ သင်​သည်​စစ်​ပွဲ​ကြည့် ရန်​လာ​ရောက်​ခြင်း​သာ​ဖြစ်​၏'' ဟု​ဆို​၏။
1SA 17:29 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း။ မေး​ခွန်း​တစ်​ခု​ကို​မျှ​မေး နိုင်​ခွင့်​မ​ရှိ​ပါ​သ​လော'' ဟု​ဆို​၍၊-
1SA 17:30 အ​ခြား​သူ​တို့​ဘက်​သို့​လှည့်​ပြီး​လျှင် ယ​ခင် ကဲ့​သို့​မေး​မြန်း​ပြီး​လျှင်​ရှေး​နည်း​တူ​ပြန် ပြော​ကြ​၏။
1SA 17:31 လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​ပြော​ဆို​သော​စ​ကား ကို​ကြား​၍ ရှော​လု​အား​သံ​တော်​ဦး​တင်​ကြ သော​အ​ခါ​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​တော် မူ​၏။-
1SA 17:32 ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ ဤ​ဖိ​လိတ္တိ​အ​မျိုး သား​အား အ​ဘယ်​သူ​မျှ​မ​ကြောက်​သင့်​ပါ။ အ​ကျွန်ုပ်​သည်​သွား​၍​သူ​နှင့်​စစ်​ထိုး​ပါ​မည်'' ဟု​ရှော​လု​အား​လျှောက်​၏။
1SA 17:33 ရှော​လု​က``အ​ဘယ်​သို့​လျှင်​သင်​သည်​သူ​နှင့် စစ်​ထိုး​နိုင်​ပါ​မည်​နည်း။ သင်​သည်​သူ​ငယ်​မျှ သာ​ရှိ​သေး​၏။ ထို​သူ​မူ​ကား​တစ်​သက်​လုံး စစ်​သူ​ရဲ​လုပ်​ခဲ့​သူ​ဖြစ်​၏'' ဟု​ဆို​သော်၊
1SA 17:34 ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဖ​ခင်​၏​သိုး​များ​ကို​ထိန်း​ကျောင်း​ရ​သူ ဖြစ်​ပါ​၏။ သိုး​တစ်​ကောင်​ကို​ခြင်္သေ့​သော် လည်း​ကောင်း၊ ဝက်​ဝံ​သော်​လည်း​ကောင်း ကိုက်​ချီ​သွား​ပါ​လျှင်၊-
1SA 17:35 အ​ကျွန်ုပ်​သည်​ထို​သား​ရဲ​ကို​လိုက်​လံ​တိုက်​ခိုက် ကာ သိုး​ငယ်​ကို​ကယ်​ဆယ်​ပါ​၏။ အ​ကယ်​၍​ခြင်္သေ့ သို့​မ​ဟုတ်​ဝက်​ဝံ​သည် အ​ကျွန်ုပ်​ကို​လှည့်​၍​ကိုက် ခဲ့​သော်​အ​ကျွန်ုပ်​သည်​သူ​၏​လည်​မြို​ကို​ကိုင်​၍ ရိုက်​သတ်​ပါ​၏။-
1SA 17:36 အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-
1SA 17:37 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား​ခြင်္သေ့ ဘေး၊ ဝက်​ဝံ​ဘေး​မှ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား ဤ​ဖိ​လိတ္တိ အ​မျိုး​သား​၏​လက်​မှ​လည်း​ကယ်​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ ရှော​လု​က``ကောင်း​ပြီ၊ သွား​လော့။ ထာ​ဝ​ရ ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော'' ဟု​ဆို​ကာ၊-
1SA 17:38 မိ​မိ​ကိုယ်​ပိုင်​လက်​နက်​စုံ​ကို​ဒါ​ဝိဒ်​အား တပ်​ဆင်​ပေး​၏။ ကြေး​ဝါ​ခ​မောက်​ကို​ဆောင်း ပေး​ပြီး​လျှင်​သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​စေ တော်​မူ​၏။-
1SA 17:39 ဒါ​ဝိဒ်​သည်​သံ​ချပ်​အင်္ကျီ​အ​ပေါ်​တွင် ရှော​လု ၏​ဋ္ဌား​ကို​ချိတ်​ဆွဲ​ကာ​လမ်း​လျှောက်​ကြည့်​၏။ သို့​ရာ​တွင်​သံ​ချပ်​အင်္ကျီ​ဝတ်​ကျင့်​မ​ရှိ​သ​ဖြင့် သူ​သည်​လမ်း​လျှောက်​၍​မ​ရ။ ထို့​ကြောင့်​ရှော​လု အား``အ​ကျွန်ုပ်​သည်​ဤ​တန်​ဆာ​မျိုး​ကို​ဝတ် ကျင့်​မ​ရှိ​ပါ'' ဟု​လျှောက်​ပြီး​လျှင်​ချွတ် လိုက်​၏။-
1SA 17:40 သူ​သည်​မိ​မိ​၏​သိုး​ထိန်း​တောင်​ဝှေး​ကို​ယူ​၍ စမ်း​ချောင်း​ထဲ​မှ​ကျောက်​ခဲ​ငါး​လုံး​ကို​ကောက် ယူ​ကာ​လွယ်​အိတ်​ထဲ​သို့​ထည့်​လိုက်​၏။ ထို​နောက် လောက်​လွှဲ​ကို​အ​သင့်​ကိုင်​၍ ဂေါ​လျတ်​နှင့် တွေ့​ဆုံ​ရန်​ထွက်​သွား​လေ​သည်။
1SA 17:41 ဂေါ​လျတ်​သည်​မိ​မိ​၏​ဒိုင်း​လွှား​ကိုင်​ဆောင် သူ​၏​နောက်​မှ​နေ​၍ ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း ကပ်​လာ​၏။-
1SA 17:42 သူ​သည်​ဒါ​ဝိဒ်​ကို​သေ​ချာ​စွာ​ကြည့်​သော အ​ခါ ဒါ​ဝိဒ်​ကား​ရှု​ချင်​ဖွယ်​ကောင်း​သည့် သူ​ငယ်​တစ်​ယောက်​မျှ​သာ​ဖြစ်​သည်​ကို​တွေ့ ရှိ​ရ​သော​ကြောင့် သူ့​အား​မ​ထီ​လေး​စား​ပြု လေ​သည်။-
1SA 17:43 သူ​က​ဒါ​ဝိဒ်​အား``တောင်​ဝှေး​နှင့်​အ​ဘယ်​ကြောင့် လာ​ပါ​သ​နည်း။ ငါ့​အား​ခွေး​ထင်​မှတ်​သ​လော'' ဟု​ဆို​ပြီး​လျှင်​မိ​မိ​၏​ဘု​ရား​ကို​တိုင်​တည်​၍ ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လေ​သည်။-
1SA 17:44 ထို​နောက်``လာ​ခဲ့​လော့။ ငါ​သည်​သင့်​အ​သား ကို​ငှက်​များ​နှင့်​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​စေ​အံ့'' ဟု​ဆို​၏။
1SA 17:45 ဒါ​ဝိဒ်​က``သင်​သည်​ဋ္ဌား၊ ပစ်​လှံ၊ ထိုး​လှံ​တို့​နှင့် သာ​လာ​၏။ ငါ​မူ​ကား​သင်​အံ​တု​သည့်​ဣ​သ​ရေ လ​စစ်​သည်​တော်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် နှင့်​လာ​၏။-
1SA 17:46 ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။-
1SA 17:47 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ် တင်​ရန်​အ​တွက် ဋ္ဌား၊ လှံ​လက်​နက်​များ​ကို​အ​သုံး ပြု​တော်​မူ​ရန်​မ​လို​ကြောင်း​ကို​လည်း ဤ​အ​ရပ် တွင်​ရှိ​သ​မျှ​သော​လူ​တို့​တွေ့​မြင်​ရ​ကြ​လိမ့် မည်။ ကိုယ်​တော်​သည်​စစ်​မက်​ရေး​ရာ​ကို​ပိုင် တော်​မူ​သ​ဖြင့် သင်​တို့​အား​လုံး​ကို​ငါ​တို့ လက်​သို့​အပ်​နှင်း​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
1SA 17:48 ဂေါ​လျတ်​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​တစ်​ဖန်​ချဉ်း​ကပ် လာ​၏။ ဒါ​ဝိဒ်​သည်​သူ​နှင့်​စစ်​ထိုး​ရန်​ဖိ​လိတ္တိ တပ်​ဦး​သို့​အ​လျင်​အ​မြန်​ပြေး​၍၊-
1SA 17:49 မိ​မိ​လွယ်​အိတ်​မှ​ကျောက်​ခဲ​တစ်​လုံး​ကို​နှိုက်​ယူ ပြီး​လျှင် လောက်​လွှဲ​နှင့်​ဂေါ​လျတ်​အား​ပစ်​လိုက်​၏။ ကျောက်​ခဲ​သည်​ဂေါ​လျတ်​၏​န​ဖူး​ကို​ထိ​မှန်​၍ န​ဖူး​ပေါက်​သ​ဖြင့်​ဂေါ​လျတ်​သည်​မြေ​ပေါ်​သို့ ငိုက်​စိုက်​လဲ​ကျ​သွား​တော့​၏။-
1SA 17:50 ဤ​ကဲ့​သို့​ဒါ​ဝိဒ်​သည်​ဋ္ဌား​မ​ပါ​ဘဲ လောက်​လွှဲ​နှင့် ကျောက်​ခဲ​တစ်​လုံး​ဖြင့်​ဂေါ​လျတ်​အား​သေ လောက်​သည့်​ဒဏ်​ရာ​ရ​စေ​လျက်​နှိမ်​နင်း​လိုက် သ​တည်း။-
1SA 17:51 သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-
1SA 17:52 ဣ​သ​ရေ​လ​နှင့်​ယု​ဒ​တပ်​သား​များ​သည်​လည်း အော်​သံ​ပေး​ကာ​ဂါ​သ​မြို့​နှင့် ဧ​ကြုန်​မြို့​တံ​ခါး​များ​တိုင်​အောင်​သူ​တို့​အား လိုက်​လံ​တိုက်​ခိုက်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ဒဏ်​ရာ​ရ​၍ ဂါ​သ​မြို့​နှင့်​ဧ​ကြုန်​မြို့ တိုင်​အောင်​ရှာ​ရိမ်​လမ်း​တစ်​လျှောက်​လုံး​၌ ကျ​ဆုံး​ကြ​ကုန်​၏။-
1SA 17:53 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​လံ တိုက်​ခိုက်​ရာ​မှ​ပြန်​လာ​ကြ​ပြီး​နောက် ဖိ​လိတ္တိ တပ်​စ​ခန်း​ကို​ဝင်​ရောက်​လု​ယက်​ကြ​လေ​သည်။-
1SA 17:54 ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏​ဦး​ခေါင်း​ကို​ယူ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​သွား​၏။ ဂေါ လျတ်​၏​လက်​နက်​များ​ကို​မူ​မိ​မိ​၏​တပ် စ​ခန်း​တွင်​သိမ်း​ဆည်း​ထား​၏။
1SA 17:55 ဂေါ​လျတ်​နှင့်​စစ်​ထိုး​ရန် ဒါ​ဝိဒ်​ထွက်​သွား​သည် ကို​ရှော​လု​မြင်​သော​အ​ခါ ဗိုလ်​ချုပ်​အာ​ဗ​နာ အား``အာ​ဗ​နာ၊ ထို​သူ​ငယ်​ကား​အ​ဘယ်​သူ နည်း'' ဟု​မေး​တော်​မူ​၏။ အာ​ဗ​နာ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​လျှောက်​၏။
1SA 17:56 ရှော​လု​က``မ​သိ​လျှင်​သွား​၍​စုံ​စမ်း​လော့'' ဟု မိန့်​တော်​မူ​၏။
1SA 17:57 ထို့​ကြောင့်​ဂေါ​လျတ်​ကို​ဒါ​ဝိဒ်​သတ်​ပြီး​နောက် တပ်​စ​ခန်း​သို့​ပြန်​လာ​သော​အ​ခါ​အာ​ဗ​နာ သည်​သူ့​ကို​ခေါ်​၍ ရှော​လု​၏​ရှေ့​တော်​သို့​သွင်း လေ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏ ဦး​ခေါင်း​ကို​ကိုင်​ဆောင်​လျက်​ပင်​ရှိ​သေး​၏။-
1SA 17:58 ရှော​လု​က``အ​ချင်း​လူ​ငယ်၊ သင်​ကား​အ​ဘယ် သူ​၏​သား​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ၊ ဗက်​လင်​မြို့​သား​ယေ​ရှဲ​၏​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
1SA 18:1 ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-
1SA 18:2 ရှော​လု​သည်​ဒါ​ဝိဒ်​အား​ထို​နေ့​မှ​စ​၍​အ​ပါး တော်​တွင်​နေ​စေ​တော်​မူ​၏။ အိမ်​ပြန်​ခွင့်​ကို​ပေး တော်​မ​မူ။-
1SA 18:3 ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-
1SA 18:4 သူ​သည်​မိ​မိ​ဝတ်​ဆင်​ထား​သည့်​ဝတ်​လုံ​နှင့် တ​ကွ​သံ​ချပ်​အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါး​စည်း​တို့ ကို​ဒါ​ဝိဒ်​အား​ပေး​၏။-
1SA 18:5 ဒါ​ဝိဒ်​သည်​ရှောလု​စေ​ခိုင်း​လေ​သ​မျှ​သော အ​မှု​ကိစ္စ​တို့​၌​အောင်​မြင်​သည်​သာ​ဖြစ်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သူ့​အား​တပ်​မ​တော် အ​ရာ​ရှိ​တစ်​ဦး​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​ကို​ရှော​လု​၏​အ​ရာ ရှိ​များ​နှင့်​ပြည်​သူ​ပြည်​သား​များ​က နှစ်​သက်​သ​ဘော​ကျ​ကြ​၏။
1SA 18:6 ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။-
1SA 18:7 ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။-
1SA 18:8 ရှော​လု​သည်​ဤ​သို့​သီ​ဆို​ကြ​သည်​ကို​မ​နှစ် သက်​သ​ဖြင့် အ​မျက်​ထွက်​၍``သူ​တို့​က​ဒါ​ဝိဒ် သည်​သောင်း​ပေါင်း​များ​စွာ​သတ်​၍ ငါ​မူ​ကား ထောင်​ပေါင်း​များ​စွာ​သာ​သတ်​ခဲ့​ကြောင်း​သီ ဆို​ချေ​သည်။ သူ့​အား​ထီး​နန်း​အပ်​နှင်း​ရန် သာ​ကျန်​ပါ​တော့​သည်​တ​ကား'' ဟု​ဆို ပြီး​လျှင်၊-
1SA 18:9 ထို​နေ့​မှ​စ​၍​ဒါ​ဝိဒ်​အား​မ​နာ​လို​စိတ်​ပွား များ​ကာ​မ​ယုံ​သင်္ကာ​ဖြစ်​၍​နေ​တော့​၏။
1SA 18:10 နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊-
1SA 18:11 ``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။
1SA 18:12 ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ကြောက်​၏။ အ​ဘယ်​ကြောင့် ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​၍ မိ​မိ​ကို​မူ​စွန့်​ပယ်​တော်​မူ​ပြီး​ဖြစ် သော​ကြောင့်​တည်း။-
1SA 18:13 သို့​ဖြစ်​၍​ရှော​လု​သည်​ဒါ​ဝိဒ်​အား​လူ​တစ် ထောင်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​၍ အ​ပါး တော်​မှ​အ​ဝေး​သို့​စေ​လွှတ်​တော်​မူ​၏။ ဒါ​ဝိဒ် သည်​မိ​မိ​၏​တပ်​သား​တို့​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ရာ၊-
1SA 18:14 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့ သည်​အောင်​မြင်​လေ​၏။-
1SA 18:15 ယင်း​သို့​အောင်​မြင်​သည်​ကို​မြင်​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​အား​ပို​၍​ကြောက်​လန့် လာ​၏။-
1SA 18:16 သို့​ရာ​တွင်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နယ်​များ​မှ လူ​အ​ပေါင်း​တို့​က​မူ​ဒါ​ဝိဒ်​အား​ချစ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​တို့​အား အောင်​မြင်​စွာ​ခေါင်း​ဆောင်​၍​တိုက်​ပွဲ​ဝင်​နိုင်​သူ ဖြစ်​သော​ကြောင့်​တည်း။
1SA 18:17 ထို​နောက်​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``ငါ့ မှာ​ငါ့​သ​မီး​ကြီး​မေ​ရပ်​ရှိ​၏။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​စစ်​ပွဲ​များ​တွင်​ရဲ​ရင့်​စွာ​ပါ​ဝင်​ဆင်​နွှဲ လျက် ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည်​ဆို ပါ​က ငါ​သည်​သင့်​အား​ဤ​သ​မီး​တော်​နှင့်​ထိမ်း မြား​ပေး​စား​မည်'' ဟု​ဆို​၏။ (ဤ​နည်း​အား​ဖြင့် ဒါ​ဝိဒ်​အား​မိ​မိ​ကိုယ်​တိုင်​သတ်​ရန်​မ​လို​တော့ ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ချက်​ဖြင့် ကျ​ဆုံး​စေ​ရန်​ရှော​လု​အ​ကောက်​ကြံ​သ​တည်း။)
1SA 18:18 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​အ​မျိုး​အ​နွယ်​သည် အ​ဘယ်​သို့​သော​အ​မျိုး​အ​နွယ်၊ အ​ကျွန်ုပ် သည်​လည်း​အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​ဖြင့် ဘု​ရင်​၏​သ​မက်​တော်​ဖြစ်​ထိုက်​ပါ​သ​နည်း'' ဟု​လျှောက်​၏။-
1SA 18:19 သို့​သော်​အ​ချိန်​ရောက်​သော​အ​ခါ​ရှော​လု​သည် သ​မီး​တော်​မေ​ရပ်​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​မ​ပြု​ဘဲ မေ​ဟော​လ​သိ​မြို့​သား အ​ဒြေ​လ​နှင့်​စုံ​ဖက်​လိုက်​လေ​သည်။
1SA 18:20 သို့​ရာ​တွင်​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် ဒါ​ဝိဒ်​အား​ချစ်​ကြိုက်​၏။ ဤ​အ​ကြောင်း​ကို​ရှော​လု သိ​သော​အ​ခါ​နှစ်​သက်​အား​ရ​တော်​မူ​သ​ဖြင့်၊-
1SA 18:21 ``ငါ​သည်​မိ​ခါ​လ​ကို​ဒါ​ဝိဒ်​နှင့်​စုံ​ဖက်​စေ​မည်။ သူ့​အား​ကျော့​ကွင်း​သ​ဖွယ်​ပြု​၍​ဒါ​ဝိဒ်​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ဖြင့်​အ​သတ် ခံ​ရ​စေ​မည်'' ဟု​ဆို​၏။-
1SA 18:22 သူ​သည်​နန်း​တွင်း​အ​ရာ​ရှိ​အ​ချို့​တို့​ကို​လည်း ခေါ်​ပြီး​လျှင်``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး သည်​သင့်​ကို​မြတ်​နိုး​တော်​မူ​သည်။ အ​ရာ​ရှိ အ​ပေါင်း​တို့​က​လည်း​ချစ်​ခင်​ကြ​သည်။ သို့​ဖြစ် ၍​ယ​ခု​အ​ချိန်​သည်​ဘု​ရင့်​သ​မီး​တော်​နှင့် သင် ထိမ်း​မြား​ရန်​အ​ချိန်​ကောင်း​ပင်​ဖြစ်​သည်​ဟု တိတ်​တ​ဆိတ်​တိုက်​တွန်း​ကြ​လော့'' ဟု​မှာ ထား​တော်​မူ​၏။
1SA 18:23 ထို့​ကြောင့်​သူ​တို့​သည်​မင်း​ကြီး​မှာ​ကြား​သည့် အ​တိုင်း​ဒါ​ဝိဒ်​အား​တိုက်​တွန်း​ကြ​၏။ ဒါ​ဝိဒ် က``ဘု​ရင့်​သ​မက်​တော်​ဖြစ်​ရ​သည်​မှာ​အ​ထူး ဂုဏ်​ယူ​ဖွယ်​ရာ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ကဲ့​သို့ မ​ရေ​ရာ​သူ​ဆင်း​ရဲ​သား​တစ်​ယောက်​အ​တွက် မ​ထိုက်​တန်​သော​အ​ခွင့်​အ​ရေး​ဖြစ်​ပါ​၏'' ဟု​ဆို​၏။
1SA 18:24 အ​ရာ​ရှိ​တို့​သည်​လည်း​ဒါ​ဝိဒ်​၏​စ​ကား​ကို ရှော​လု​အား​ပြန်​၍​လျှောက်​ထား​ကြ​၏။-
1SA 18:25 ထို​အ​ခါ​ရှော​လု​က``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး​သည်​သင့်​အား​သ​မီး​တော်​ကို​ပေး​ရ သည့်​အ​တွက်​လက်​ဆောင်​အ​ဖြစ် သင့်​ထံ​မှ ဖိ​လိတ္တိ​အ​မျိုး​သား​လူ​သေ​အလောင်း​တစ်​ရာ တို့​၏​အ​ရေ​ဖျား​များ​ကို​သာ​လျှင် ရန်​သူ တို့​အား​လက်​စား​ချေ​သည့်​အ​နေ​ဖြင့်​အ​လို ရှိ​တော်​မူ​သည်​ဟု​ပြော​ကြား​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ (ရှော​လု​ဤ​သို့​ပြု ခြင်း​မှာ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက် ဖြင့်​ဒါ​ဝိဒ်​အ​သတ်​ခံ​ရ​ရန်​ဖြစ်​၏။-)
1SA 18:26 ရှော​လု​၏​နန်း​တွင်း​အ​ရာ​ရှိ​တို့​သည်​မင်း ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း ဒါ​ဝိဒ်​အား ပြော​ကြား​ကြ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ဘု​ရင့် သ​မက်​တော်​ဖြစ်​ရ​မည့်​အ​ရေး​ကို​တွေး​တော ကာ​ဝမ်း​မြောက်​လေ​သည်။ ထိမ်း​မြား​မင်္ဂ​လာ ပွဲ​နေ့​မ​တိုင်​မီ​တစ်​ရက်​၌၊-
1SA 18:27 ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​သား​များ​နှင့်​ထွက်​သွား ပြီး​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​နှစ်​ရာ​ကို​သတ် ဖြတ်​၍ သ​မက်​တော်​ဖြစ်​ရန်​ထို​သူ​တို့​၏​အ​ရေ ဖျား​များ​ကို​မင်း​ကြီး​ထံ​သို့​ယူ​ခဲ့​ကာ​ရေ တွက်​၍​ဆက်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သမီး တော်​မိ​ခါ​လ​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား​စုံ​ဖက် ပေး​ရ​လေ​တော့​၏။
1SA 18:28 ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ခါ​လ​သည်​ဒါ​ဝိဒ် အား​ချစ်​ကြောင်း​ကို​လည်း​ကောင်း ကောင်း​စွာ​သိ သ​ဖြင့်၊-
1SA 18:29 ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ပို​၍​ပင်​ကြောက်​ရွံ့​လာ လျက် အ​သက်​ထက်​ဆုံး​ရန်​ငြိုး​ဖွဲ့​တော်​မူ​၏။
1SA 18:30 ဖိ​လိတ္တိ​စစ်​တပ်​များ​သည်​လာ​ရောက်​တိုက်​ခိုက် လေ့​ရှိ​ကြ​၏။ ဒါ​ဝိဒ်​သည်​တိုက်​ပွဲ​တိုင်း​၌​ပင် ရှော​လု​၏​အ​ခြား​တပ်​မ​တော်​အ​ရာ​ရှိ​များ ထက်​ပို​၍​အောင်​မြင်​သ​ဖြင့်​အ​လွန်​ထင်​ပေါ် ကျော်​စော​လာ​၏။
1SA 19:1 ဒါ​ဝိဒ်​အား​သတ်​ပစ်​ရန် မိ​မိ​ကြံ​စည်​တော်​မူ​ကြောင်း ရှော​လု​သည်​သား တော်​ယော​န​သန်​နှင့်​နန်း​တွင်း​အ​ရာ​ရှိ​အ​ပေါင်း တို့​အား​ပြော​ပြ​၏။ သို့​ရာ​တွင်​ယော​န​သန်​သည် ဒါ​ဝိဒ်​ကို​အ​လွန်​ချစ်​ခင်​စွဲ​လန်း​သ​ဖြင့်၊-
1SA 19:2 ``အ​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့်​အား သေ​ကြောင်း​ကြံ​လေ​ပြီ။ နက်​ဖြန်​နံ​နက်​၌ သတိ​နှင့်​ပုန်း​ရှောင်​၍​နေ​လော့။-
1SA 19:3 ငါ​သည်​သင်​ရှိ​ရာ​လယ်​ကွင်း​ထဲ​သို့​သွား​၍ ခ​မည်း တော်​အ​နီး​တွင်​ရပ်​လျက်​သင့်​အ​ကြောင်း​ကို​ပြော ပြ​မည်။ သူ့​ထံ​မှ​သ​တင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ ပါ​က သင့်​အား​ပြော​ကြား​ပါ​မည်'' ဟု​ဆို​၏။
1SA 19:4 ယော​န​သန်​သည်​ခ​မည်း​တော်​ရှော​လု​ထံ ဒါ​ဝိဒ် ၏​ဂုဏ်​ကို​ချီး​ကူး​ပြော​ဆို​၏။ ထို​နောက်``အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ပြစ်​မှား​တော်​မ​မူ ပါ​နှင့်။ သူ​သည်​အ​ရှင်​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြစ်​မှား​ခဲ့​ပါ။ သူ​ပြု​လေ​သ​မျှ​အ​မှု များ​အား​ဖြင့် အ​ရှင့်​အ​တွက်​အ​ထောက်​အ​ကူ များ​စွာ​ဖြစ်​စေ​ခဲ့​ပါ​၏။-
1SA 19:5 သူ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍​ဂေါ​လျတ်​ကို သတ်​ခဲ့​ပါ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောင်​ပွဲ ကြီး​တစ်​ရပ်​ကို​ခံ​စေ​တော်​မူ​ခဲ့​ပါ​၏။ ထို အ​ချင်း​အ​ရာ​ကို​အ​ရှင်​မြင်​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ပြစ်​မ​ရှိ​သူ​တစ်​ယောက် အား အ​ဘယ်​ကြောင့်​ပြစ်​မှား​လို​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ဒါ​ဝိဒ်​ကို​အ​ကြောင်း​မဲ့​သတ် တော်​မူ​လို​ပါ​သ​နည်း'' ဟု​လျှောက်​၏။
1SA 19:6 ယော​န​သန်​၏​စ​ကား​များ​မှန်​ကန်​ကြောင်း​ကို ရှော​လု​ကောင်း​စွာ​သ​ဘော​ပေါက်​သ​ဖြင့် မိ​မိ သည်​ဒါ​ဝိဒ်​အား​သေ​ကြောင်း​ကြံ​စည်​တော့​မည် မ​ဟုတ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​တော်​မူ​၏။-
1SA 19:7 ထို့​ကြောင့်​ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​၍ အ​လုံး​စုံ​ကို​ပြော​ကြား​ပြီး​လျှင် ရှော​လု​ထံ သို့​ခေါ်​ဆောင်​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​ယ​ခင် က​ကဲ့​သို့​ဘု​ရင်​၏​ထံ​တွင်​ခ​စား​လေ​၏။
1SA 19:8 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တစ်​ဖန်​စစ်​ဖြစ် ပြန်​၏။ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ပြင်း​ထန်​စွာ တိုက်​ခိုက်​နှိမ်​နင်း​လိုက်​သ​ဖြင့် သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။
1SA 19:9 တစ်​နေ့​သ​၌​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နတ် မိစ္ဆာ​သည်​ရှော​လု​အား​ပူး​ဝင်​လာ​၏။ ရှော​လု သည်​လှံ​တံ​တော်​ကို​ကိုင်​၍​နန်း​တော်​တွင် ထိုင်​လျက်​နေ​တော်​မူ​၏။ ဒါ​ဝိဒ်​ကား​စောင်း တီး​လျက်​နေ​၏။-
1SA 19:10 ရှောလု​သည်​မိ​မိ​၏​လှံ​တံ​တော်​ဖြင့်​ဒါ​ဝိဒ် အား​နံ​ရံ​တွင်​ကပ်​၍​နေ​အောင်​ထိုး​လိုက် သော်​လည်း ဒါ​ဝိဒ်​ရှောင်​တိမ်း​လိုက်​သ​ဖြင့် လှံ​တံ​သည်​နံ​ရံ​တွင်​စိုက်​လျက်​နေ​၏။ ဒါ​ဝိဒ် ထွက်​ပြေး​လွတ်​မြောက်​သွား​လေ​သည်။
1SA 19:11 ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-
1SA 19:12 ဒါ​ဝိဒ်​ကို​ပြူ​တင်း​ပေါက်​မှ​လျော​ချ​ပေး​လေ သည်။ ဒါ​ဝိဒ်​သည်​ထွက်​ပြေး​လွတ်​မြောက်​သွား ၏။-
1SA 19:13 ထို​နောက်​မိ​ခါ​လ​သည်​အိမ်​စောင့်​နတ်​ရုပ်​ကို ယူ​ပြီး​လျှင် အိပ်​ရာ​ပေါ်​မှာ​တင်​၍​ဆိတ်​မွေး ခေါင်း​အုံး​တစ်​လုံး​နှင့်​သိပ်​ထား​၏။ ထို​နောက် စောင်​ခြုံ​ပေး​ထား​၏။-
1SA 19:14 ရှော​လု​၏​လူ​တို့​သည်​ဒါ​ဝိဒ်​အား​ဖမ်း​ဆီး ရန်​လာ​ကြ​သော​အ​ခါ မိ​ခါ​လ​က``ဒါ​ဝိဒ် ဖျား​နေ​ပါ​သည်'' ဟု​ဆို​၏။-
1SA 19:15 သို့​ရာ​တွင်​ရှော​လု​သည်​မိ​မိ​လူ​တို့​ကို​တစ် ဖန်​စေ​လွှတ်​လျက်``သင်​တို့​ကိုယ်​တိုင်​ဒါ​ဝိဒ်​ကို ဝင်​ကြည့်​ကြ​လော့။ သူ့​ကို​အိပ်​ရာ​နှင့်​တ​ကွ ယ​ခု​ပင်​ငါ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​လော့။ သူ့​ကို​ငါ​ကိုယ်​တိုင်​သတ်​မည်'' ဟု​ဆို​၏။-
1SA 19:16 သူ​တို့​သည်​အိပ်​ခန်း​ထဲ​သို့​ဝင်​ကြည့်​ကြ​သော အ​ခါ ဆိတ်​မွေး​ခေါင်း​အုံး​နှင့်​သိပ်​ထား​သော အိမ်​စောင့်​နတ်​ရုပ်​ကို​အိပ်​ရာ​ပေါ်​တွင်​တွေ့​ရှိ ကြ​၏။-
1SA 19:17 ရှော​လု​က​မိ​ခါ​လ​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​အား​ဤ​သို့​လှည့်​စား​၍ ငါ့​ရန်​သူ ကို​ထွက်​ပြေး​စေ​ပါ​သ​နည်း''ဟု​မေး​တော် မူ​လျှင်၊ မိ​ခါ​လ​က``သူ့​အား​လွတ်​မြောက်​အောင်​မ​ကူ ညီ​လျှင် ကျွန်​မ​အား​သတ်​ပစ်​မည်​ဟု​ဆို​သော ကြောင့်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​၏။
1SA 19:18 ဒါ​ဝိဒ်​သည်​ယင်း​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား ပြီး​လျှင် ရာ​မ​မြို့​ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​၍ မိ​မိ အား​ရှော​လု​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ပြော​ပြ​၏။ ထို​နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည် နာ​ယုတ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​၏။-
1SA 19:19 ရှော​လု​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ်​ရွာ​တွင် ဒါ​ဝိဒ်​ရှိ​နေ​ကြောင်း​သ​တင်း​ရ​သ​ဖြင့်၊-
1SA 19:20 သူ့​ကို​ဖမ်း​ဆီး​ရန်​လူ​အ​ချို့​တို့​ကို​စေ​လွှတ် တော်​မူ​လိုက်​၏။ သူ​တို့​သည်​ရှ​မွေ​လ​ခေါင်း ဆောင်​ကာ က​ခုန်​အော်​ဟစ်​နေ​ကြ​သော ပ​ရော​ဖက်​တစ်​စု​ကို​မြင်​ကြ​၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ရှော​လု ၏​လူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။-
1SA 19:21 ဤ​အ​ကြောင်း​ကို​ရှော​လု​ကြား​သော​အ​ခါ စေ​တ​မန်​များ​ကို​ထပ်​မံ​၍​လွှတ်​လိုက်​ပြန်​၏။ သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။ ရှော​လု သည်​တ​တိ​ယ​အ​ကြိမ်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​သော​အ​ခါ​၌​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ပြန်​လေ​သည်။-
1SA 19:22 ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​ကိုယ်​တိုင်​ရာ​မ မြို့​သို့​ထွက်​လာ​တော်​မူ​၏။ သူ​သည်​စေ​ခု​ရေ တွင်း​ကြီး​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ရှ​မွေ​လ နှင့်​ဒါ​ဝိဒ်​တို့​ရှိ​ရာ​အ​ရပ်​ကို​မေး​မြန်း​စုံ​စမ်း ရာ​နာ​ယုတ်​ရွာ​တွင်​ရှိ​နေ​ကြ​ကြောင်း​သိ​ရှိ တော်​မူ​၏။-
1SA 19:23 ထို​ရွာ​သို့​ခ​ရီး​ပြု​နေ​ခိုက်​သူ​၏​အ​ပေါ်​သို့ လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သက်​ရောက် တော်​မူ​၍ သူ​သည်​တစ်​လမ်း​လုံး​နာ​ယုတ်​ရွာ ရောက်​သည်​တိုင်​အောင်​က​ခုန်​အော်​ဟစ်​လျက် သွား​လေ​သည်။-
1SA 19:24 သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ချွတ်​၍ ရှ​မွေ​လ​၏​ရှေ့​တွင်​လည်း​က​ခုန်​အော်​ဟစ် သည်။ ထို့​နောက်​ယင်း​နေ့​တစ်​နေ့​လုံး​နှင့်​တစ်ည လုံး​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လဲ​လျက်​နေ သည်။ (ဤ​နည်း​အား​ဖြင့်​ရှော​လု​ပင်​လျှင် ပ​ရော​ဖက်​ဖြစ်​လေ​ပြီ​လော'' ဟူ​သော​ဆို ရိုး​စ​ကား​ဖြစ်​ပေါ်​၍​လာ​သ​တည်း။)
1SA 20:1 ထို​နောက်​ဒါ​ဝိဒ်​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ် ရွာ​မှ​ထွက်​ပြေး​ပြီး​လျှင် ယော​န​သန်​ထံ​သို့ သွား​၍``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​ပါ​သ​နည်း။ အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကူး​လွန် မိ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ကို​သတ်​ချင်​ရ​အောင် သင့်​ခ​မည်း​တော်​အား​ကျွန်ုပ်​သည်​အ​ဘယ် သို့​ပြစ်​မှား​မိ​ပါ​သ​နည်း'' ဟု​မေး​၏။
1SA 20:2 ယော​န​သန်​က``ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ သင် သည်​မ​သေ​ရ​ပါ။ ကျွန်ုပ်​၏​ခ​မည်း​တော်​သည် အ​မှု​ကြီး​ငယ်​မှန်​သ​မျှ​ကို​မ​ပြု​မီ​ကျွန်ုပ် အား​ပြော​ပြ​တတ်​ပါ​၏။ ကျွန်ုပ်​ထံ​မှ​အ​ဘယ် အ​ရာ​ကို​မျှ​ဖုံး​ကွယ်​ထား​လေ့​မ​ရှိ​ပါ။ သင့် ကို​သတ်​မည်​ဆို​သည်​မှာ​မ​ဖြစ်​နိုင်​ပါ'' ဟု ဆို​၏။
1SA 20:3 သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​ကျွန်ုပ်​အား​အ​ဘယ် မျှ​ခင်​မင်​သည်​ကို သင်​၏​ခ​မည်း​တော်​ကောင်း စွာ​သိ​ပါ​၏။ သင်​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​မည်​စိုး​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ကြံ အ​စည်​ကို​သင့်​အား​မ​ပြော​ကြား​ဘဲ​နေ လေ​ပြီ။ ကျွန်ုပ်​သည်​သေ​ဘေး​နှင့်​ခြေ​တစ် လှမ်း​မျှ​သာ​ကွာ​တော့​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင် တည်​၍​သင့်​အား​ကျိန်​ဆို​ဖော်​ပြ​ပါ​၏'' ဟု​ပြန်​ပြော​၏။
1SA 20:4 ယော​န​သန်​က``သင်​အ​လို​ရှိ​သည်​အ​တိုင်း ကျွန်ုပ်​ပြု​ပါ​မည်'' ဟု​ဆို​လျှင်၊
1SA 20:5 ဒါ​ဝိဒ်​က``နက်​ဖြန်​နေ့​သည်​လ​ဆန်း​နေ့​ပွဲ တော်​ဖြစ်​၍​ကျွန်ုပ်​သည်​မင်း​ကြီး​နှင့်​အ​တူ စား​သောက်​သင့်​သည့်​အ​ချိန်​ဖြစ်​ပါ​၏။ သို့ ရာ​တွင်​သင်​ကန့်​ကွက်​ရန်​မ​ရှိ​ပါ​လျှင် ကျွန်ုပ် သည်​ကွင်း​ထဲ​သို့​သွား​၍​သန်​ဘက်​ခါ ည​နေ​အ​ထိ​ပုန်း​အောင်း​နေ​ပါ​မည်။-
1SA 20:6 အ​ကယ်​၍​စား​ပွဲ​တွင်​ကျွန်ုပ်​မ​ရှိ​ကြောင်း သင့်​ခ​မည်း​တော်​မြင်​သွား​ခဲ့​သော် ယ​ခု အ​ချိန်​သည်​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့ နှစ်​ပတ်​လည်​ယဇ်​ပူ​ဇော်​ရာ​ကာ​လ​ဖြစ် သ​ဖြင့် သင့်​ထံ​တွင်​ကျွန်ုပ်​အ​ခွင့်​ပန်​သွား ကြောင်း​လျှောက်​ထား​ပေး​ပါ။-
1SA 20:7 အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။-
1SA 20:8 ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။
1SA 20:9 ယော​န​သန်​က``ထို​သို့​မ​စဉ်း​စား​ပါ​နှင့်။ အ​ကယ်​၍​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန် စိတ်​ပိုင်း​ဖြတ် ထား​သည်​ကို​ကျွန်ုပ်​သိ​ပါ​မူ​သင့်​ကို မ​ပြော​ဘဲ​နေ​မည်​လော'' ဟု​ဆို​၏။
1SA 20:10 ထို​အ​ခါ​ဒါ​ဝိဒ်​က``အ​ကယ်​၍​သင်​၏ ခ​မည်း​တော်​သည်​သင့်​အား​အ​မျက်​ထွက်​၍ ပြန်​လည်​ဖြေ​ကြား​ပါ​က ကျွန်ုပ်​အား​အ​ဘယ် သူ​လာ​၍​အ​သိ​ပေး​ပါ​မည်​နည်း'' ဟု​မေး ၏။
1SA 20:11 ယော​န​သန်​က``ကွင်း​ထဲ​သို့​ငါ​တို့​သွား​ကြ စို့'' ဟု​ဆို​ပြီး​လျှင်​သူ​တို့​နှစ်​ယောက်​သွား ကြ​၏။-
1SA 20:12 ထို​နောက်​ယော​န​သန်​သည်​ဒါ​ဝိဒ်​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ကျွန်ုပ်​က​တိ​ပြု ပါ​၏။ ကျွန်ုပ်​သည်​နက်​ဖြန်​ခါ​နှင့်​သန်​ဘက်​ခါ ဤ​အ​ချိန်​တွင်​ခ​မည်း​တော်​အား​စုံ​စမ်း​မေး မြန်း​ပါ​မည်။ သင့်​အ​ပေါ်​တွင်​သူ​၏​စိတ်​နေ စိတ်​ထား​ကောင်း​မွန်​ပါ​က သင့်​ထံ​သို့ အ​ကြောင်း​ကြား​ပါ​မည်။-
1SA 20:13 သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-
1SA 20:14 သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊-
1SA 20:15 သင်​၏​ရန်​သူ​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော​အ​ခါ​၌ လည်း ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့​အ​ပေါ် တွင်​အ​စဉ်​အ​မြဲ​သစ္စာ​စောင့်​ပါ​လော့။-
1SA 20:16 ကျွန်ုပ်​တို့​နှစ်​ဦး​ထား​ရှိ​ကြ​သည့်​က​တိ သစ္စာ​မ​ပျက်​မ​ပြယ်​တည်​မြဲ​ပါ​စေ​သ​တည်း။ အ​ကယ်​၍​ထို​ကတိ​သစ္စာ​ကို​ဖျက်​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ပါ​စေ​သော''ဟု​ဆို​၏။
1SA 20:17 ယော​န​သန်​သည်​ဒါ​ဝိဒ်​အား​ကိုယ်​နှင့်​အ​မျှ ချစ်​သ​ဖြင့် မိ​မိ​ကို​လည်း​ချစ်​ရန်​က​တိ​ပြု စေ​၏။-
1SA 20:18 ထို​နောက်​ယော​န​သန်​က``နက်​ဖြန်​နေ့​သည် လ​ဆန်း​ပွဲ​တော်​အ​ခါ​ဖြစ်​သ​ဖြင့် ပွဲ​တော် သို့​သင်​မ​တက်​ရောက်​ပါ​မူ သင်​၏​နေ​ရာ လစ်​လပ်​လျက်​နေ​သည်​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။-
1SA 20:19 သန်​ဘက်​ခါ​၌​လည်း​ယင်း​သို့​ပင်​သင်​မ​ရှိ ကြောင်း​တွေ့​ရှိ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယခင်​က သင်​ပုန်း​အောင်း​နေ​ခဲ့​ဖူး​သည့်​အ​ရပ်​သို့​သွား ၍​ကျောက်​ပုံ နောက်​တွင်​ပုန်း​ကွယ်​လျက်​နေ​လော့။-
1SA 20:20 ထို​အ​ခါ​ကျွန်ုပ်​၏​သည်​ကျောက်​ပုံ​ကို​ပစ် မှတ်​သ​ဖွယ်​ပြု​၍ မြား​သုံး​စင်း​ပစ်​လွှတ် လိုက်​မည်။-
1SA 20:21 ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။-
1SA 20:22 အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။-
1SA 20:23 ကျွန်ုပ်​တို့​နှစ်​ဦး​အ​ချင်း​ချင်း​ပြု​ခဲ့​ကြ​သည့် က​တိ​သစ္စာ​ကို ထာ​ဝ​စဉ်​မ​ပျက်​မ​ကွက်​စောင့် ထိန်း​နိုင်​ကြ​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် စီ​မံ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
1SA 20:24 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ကွင်း​ထဲ​တွင်​ပုန်း​အောင်း လျက်​နေ​၏။ လ​ဆန်း​ပွဲ​တော်​နေ့​၌​ရှော​လု မင်း​သည်​စား​တော်​ခေါ်​ရန်​ကြွ​လာ​တော် မူ​၍၊-
1SA 20:25 နံ​ရံ​အ​နီး​မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင် တော်​မူ​၏။ အာ​ဗ​နာ​သည်​မင်း​ကြီး​၏​နံ​ဘေး တွင်​လည်း​ကောင်း၊ ယော​န​သန်​သည်​မင်း​ကြီး ၏​ရှေ့​တွင်​လည်း​ကောင်း​ထိုင်​၏။ ဒါ​ဝိဒ်​၏ နေ​ရာ​မူ​ကား​လပ်​၍​နေ​၏။-
1SA 20:26 သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။-
1SA 20:27 လ​ဆန်း​ပွဲ​တော်​နေ့​အ​လွန်​နောက်​တစ်​နေ့​၌ လည်း​ဒါ​ဝိဒ်​၏​နေ​ရာ​သည်​လပ်​လျက်​ပင်​ရှိ သော​ကြောင့် ရှော​လု​က​ယော​န​သန်​အား``အ​ဘယ် ကြောင့်​ဒါ​ဝိဒ်​သည်​ဤ​စား​ပွဲ​တော်​သို့​ယ​မန် နေ့​က​မ​လာ၊ ယ​နေ့​လည်း​မ​လာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
1SA 20:28 ယော​န​သန်​က``ဒါ​ဝိဒ်​သည်​ကျွန်ုပ်​ထံ​တွင် ခွင့်​ပန်​၍ ဗက်​လင်​မြို့​သို့​သွား​ပါ​သည်။ သူ က`အ​ကျွန်ုပ်​တို့​အား​ကျေး​ဇူး​ပြု​၍​သွား ခွင့်​ပြု​ပါ။-
1SA 20:29 ထို​မြို့​တွင်​အ​ကျွန်ုပ်​၏​ဆွေ​မျိုး​သား​ချင်း တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကျင်း​ပ​လျက်​နေ​ကြ သ​ဖြင့် အစ်​ကို​က​လည်း​အ​ကျွန်ုပ်​အား​လာ ရ​မည်​ဟု​ဆို​ပါ​သည်။ သင်​သည်​အ​ကျွန်ုပ်​ကို ခင်​မင်​ပါ​က​အ​ကျွန်ုပ်​အား​ညီ​အစ်​ကို​တို့ ကို​တွေ့​ရန်​သွား​ခွင့်​ပြု​ပါ​ဟု​ပန်​ကြား​ပါ​၏။ ထို့​ကြောင့်​သူ​သည်​အ​ရှင်​၏​စား​ပွဲ​တော် တွင်​မ​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန်​ကြား လျှောက်​ထား​၏။
1SA 20:30 ရှော​လု​သည်​ယော​န​သန်​အား​ပြင်း​စွာ​အ​မျက် ထွက်​သ​ဖြင့်``တ​ရား​မ​ဝင်​သော​သား၊ သင်​သည် ဒါ​ဝိဒ်​ဘက်​သား​ဖြစ်​ကြောင်း​ယ​ခု​ငါ​သိ​ပြီ။ သင်​သည်​ကိုယ့်​ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ့် မိ​ခင်​ကို​လည်း​ကောင်း​အ​သ​ရေ​ယုတ်​စေ လေ​ပြီ​တ​ကား။-
1SA 20:31 ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
1SA 20:32 ယော​န​သန်​က``အ​ဘယ်​ကြောင့်​သေ​ဒဏ်​ခံ ရ​ပါ​မည်​နည်း။ သူ​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း'' ဟု​လျှောက်​လျှင်၊
1SA 20:33 ရှော​လု​သည်​ယော​န​သန်​အား​ထိ​မှန်​စေ​ရန် လှံ​တံ​တော်​နှင့်​ပစ်​လိုက်​လေ​သည်။ ထို​အ​ခါ ယော​န​သန်​သည် မင်း​ကြီး​အ​ကယ်​ပင်​ဒါ​ဝိဒ် အား​သတ်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​တော်​မူ ကြောင်း​ကို​သိ​လေ​၏။-
1SA 20:34 သူ​သည်​ဒေါ​သ​ဖြစ်​လျက်​စား​ပွဲ​မှ​ထ​သွား ပြီး​လျှင် လ​ဆန်း​ပွဲ​တော်​ဒု​တိ​ယ​နေ့​တစ်​နေ့ လုံး​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ဘဲ နေ​၏။ သူ​သည်​ဒါ​ဝိဒ်​အား​ရှော​လု​အ​သ​ရေ ဖျက်​သည့်​အ​တွက်​များ​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​၏။-
1SA 20:35 နောက်​တစ်​နေ့​နံ​နက်​၌​ယော​န​သန်​သည်​ယ​ခင် က​ချိန်း​ဆို​ထား​သည့်​အ​တိုင်း ဒါ​ဝိဒ်​နှင့်​တွေ့​ဆုံ ရန်​ကွင်း​ထဲ​သို့​သွား​၏။ မိ​မိ​နှင့်​အ​တူ​သူ​ငယ် တစ်​ယောက်​ကို​လည်း​ခေါ်​ဆောင်​သွား​ကာ၊-
1SA 20:36 ထို​သူ​ငယ်​အား``ယ​ခု​ပင်​ငါ​ပစ်​လွှတ်​လိုက်​မည့် မြား​ကို​ပြေး​၍​ရှာ​လော့'' ဟု​ဆို​၏။ ထို​သူ​ငယ် ပြေး​လေ​လျှင်​ယော​န​သန်​သည်​သူ့​ကို​လွန် အောင်​မြား​တစ်​စင်း​ကို​ပစ်​လွှတ်​၏။-
1SA 20:37 မြား​ကျ​ရာ​သို့​သူ​ငယ်​ရောက်​သော​အ​ခါ ယော​န​သန်​က``မြား​သည်​ဟို​ဘက်​မှာ​ရှိ​သည်။-
1SA 20:38 ရပ်​၍​မ​နေ​နှင့်။ မြန်​မြန်​ပြေး​၍​ကောက်​လော့'' ဟု​ဟစ်​အော်​လိုက်​၏။ သူ​ငယ်​သည်​မြား​ကို ကောက်​ပြီး​လျှင် မိ​မိ​သ​ခင်​ရှိ​ရာ​သို့​ပြန် လာ​လေ​သည်။-
1SA 20:39 သူ​သည်​ထို​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို မ​သိ။ ယော​န​သန်​နှင့်​ဒါ​ဝိဒ်​တို့​သာ​လျှင် သိ​ကြ​၏။-
1SA 20:40 ယော​န​သန်​သည်​မိ​မိ​၏​လေး​နှင့်​မြား​တို့​ကို သူ​ငယ်​အား​ပေး​၍​မြို့​သို့​ပြန်​ယူ​သွား​စေ​၏။
1SA 20:41 သူ​ငယ်​ထွက်​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည် ကျောက်​ပုံ နောက်​မှ​ထွက်​လာ​ပြီး​လျှင်​ဒူး​ထောက်​၍ ယော န​သန်​အား​သုံး​ကြိမ်​တိုင်​တိုင်​ပျပ်​ဝပ်​ဦး ညွှတ်​၏။ ထို​နောက်​သူ​တို့​သည်​အ​ချင်း​ချင်း ဖက်​နမ်း​ငို​ကြွေး​ကြ​၏။ ဒါ​ဝိဒ်​၏​ကြေ​ကွဲ မှု​သည် ယော​န​သန်​၏​ကြေ​ကွဲ​မှု​ထက်​ပင် ပို​မို​ပြင်း​ထန်​လေ​သည်။-
1SA 20:42 ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။
1SA 21:1 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​မ​လက်​ရှိ ရာ နော​ဗ​မြို့​သို့​သွား​၏။ အ​ဟိ​မ​လက်​သည် ကြောက်​လန့်​တုန်​လှုပ်​လျက် ဒါ​ဝိဒ်​အား​လာ ရောက်​တွေ့​ဆုံ​ပြီး​လျှင်``သင်​သည်​အ​ဘယ် ကြောင့်​တစ်​ကိုယ်​တည်း​ဤ​အ​ရပ်​သို့​လာ ပါ​သ​နည်း'' ဟု​မေး​၏။
1SA 21:2 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ဘု​ရင့်​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန်​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ မင်း​ကြီး​က မိ​မိ​စေ​ခိုင်း​သည့်​အ​မှု​ကိစ္စ​ကို အ​ဘယ်​သူ့​အား​မျှ​မ​ပြော​ရန်​မှာ​ကြား လိုက်​ပါ​သည်။-
1SA 21:3 ယ​ခု​ကိုယ်​တော်​၏​ထံ​တွင်​ရိက္ခာ​မည်​မျှ​ရှိ ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​မုန့်​ငါး​လုံး​သို့ မ​ဟုတ်​ကိုယ်​တော့်​ထံ​၌​ရှိ​သော​အ​စား အ​စာ​တစ်​စုံ​တစ်​ခု​ကို​ပေး​ပါ'' ဟု​တောင်း​၏။
1SA 21:4 ယဇ်​ပု​ရော​ဟိတ်​က``ငါ​၏​ထံ​တွင်​မုန့်​ရိုး​ရိုး မ​ရှိ။ ရှေ့​တော်​မုန့်​သာ​လျှင်​ရှိ​၏။ သင့်​ငယ် သား​တို့​သည်​မ​ကြာ​သေး​မီ​အ​ခါ​က ကာ​မ​ရာ​ဂ​စပ်​ယှက်​မှု​မ​ပြု​ခဲ့​ကြ​ပါ​မူ သင်​သည်​ထို​မုန့်​ကို​ယူ​နိုင်​ခွင့်​ရှိ​ပါ​၏'' ဟု​ဆို​၏။
1SA 21:5 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​ငယ်​သား​တို့​သည်​ကာ​မ ရာ​ဂ​စပ်​ယှက်​မှု​နှင့်​ကင်း​လွတ်​ကြ​ပါ​၏။ သူ​တို့ သည်​သာ​မန်​ကိစ္စ​နှင့်​ခ​ရီး​ထွက်​သည့်​အ​ခါ​၌ ပင်​လျှင် ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ​သန့်​စင်​မှု ရှိ​အောင်​နေ​ထိုင်​ကြ​သည်​ဖြစ်​၍ ယ​ခု​ကဲ့​သို့ အ​ထူး​ကိစ္စ​နှင့်​ခ​ရီး​ထွက်​ချိန်​၌​ပို​၍​သန့် စင်​အောင်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။
1SA 21:6 ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​ထံ တွင်​အ​ခြား​မုန့်​လည်း​မ​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ထား​သည့်​ရှေ့​တော်​မုန့် ကို​ဒါ​ဝိဒ်​အား​ပေး​လေ​သည်။ ထို​မုန့်​ဟောင်း ကို​မုန့်​သစ်​ဖြင့်​အ​စား​ထိုး​ပူ​ဇော်​ရန်​ဖြစ် သည်။
1SA 21:7 (ရှော​လု​၏​သိုး​ထိန်း​မှူး​ဖြစ်​သူ​ဧ​ဒုံ​ပြည် သား​ဒေါ​ဂ​သည် ထို​နေ့​၌​ဘာ​သာ​ရေး​ကျင့် ဝတ်​အ​ရ​သန့်​စင်​မှု​မင်္ဂ​လာ​ပြု​ရန်​အ​တွက် ထို​အ​ရပ်​သို့​ရောက်​ရှိ​နေ​ခိုက်​ဖြစ်​သ​တည်း။)
1SA 21:8 ဒါ​ဝိဒ်​က​အ​ဟိ​မ​လက်​အား``ကိုယ်​တော်​ထံ တွင်​လှံ​သော်​လည်း​ကောင်း၊ ဋ္ဌား​သော်​လည်း ကောင်း​ရှိ​ပါ​သ​လော။ ဘု​ရင်​အ​မိန့်​တော်​ကြောင့် အ​ကျွန်ုပ်​သည်​အ​လျင်​စ​လို​ထွက်​ခွာ​လာ​ခဲ့ ရ​သ​ဖြင့် ဋ္ဌား​လက်​နက်​တစ်​စုံ​တစ်​ရာ​ကို​မျှ ယူ​ဆောင်​ရန်​အချိန်​မ​ရ​ပါ'' ဟု​ဆို​လျှင်၊
1SA 21:9 အ​ဟိ​မ​လက်​က``ငါ့​မှာ​ဧ​လာ​ချိုင့်​ဝှမ်း​တွင် သတ်​ဖြတ်​ခဲ့​သည့်​ဖိ​လိတ္တိ​အ​မျိုး​သား​ဂေါ လျတ်​၏​ဋ္ဌား​ရှိ​ပါ​၏။ ထို​ဋ္ဌား​ကို​ပ​ဋိ​ညာဉ် သေတ္တာ​တော်​၏​နောက်​တွင်​အ​ဝတ်​နှင့်​ပတ်​၍ ထား​ပါ​၏။ သင်​အ​လို​ရှိ​လျှင်​ယူ​ပါ​လေ။ ဤ​အ​ရပ်​တွင်​အ​ခြား​လက်​နက်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``ထို​ဋ္ဌား​ထက်​ကောင်း သည့်​ဋ္ဌား​အ​ဘယ်​မှာ​မျှ​မ​ရှိ​ပါ။ ယင်း​ကို အ​ကျွန်ုပ်​အား​ပေး​ပါ​လော့'' ဟု​ဆို​၏။
1SA 21:10 ထို​နေ့​၌​ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​မှ​တိမ်း ရှောင်​ကာ ဂါ​သ​ဘု​ရင်​အာ​ခိတ်​မင်း​ထံ​သို့ သွား​၏။-
1SA 21:11 ဘု​ရင့်​မှူး​မတ်​တို့​က``ဤ​ဒါ​ဝိဒ်​ဆို​သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ပင်​မ​ဟုတ်​ပါ​လော။ အ​မျိုး သ​မီး​တို့​သည်​က​ခုန်​ကာ`ရှော​လု​သတ်​သူ အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သူ​၏​အ​ကြောင်း​ကို​သီ​ချင်း​ဆို ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက် ထား​ကြ​၏။
1SA 21:12 ထို​သူ​တို့​၏​စ​ကား​ကို​ဒါ​ဝိဒ်​နှ​လုံး​သွင်း​၍ အာ​ခိတ်​မင်း​အား​အ​လွန်​ကြောက်​ရွံ့​သော ကြောင့်၊-
1SA 21:13 ရူး​သွပ်​ဟန်​ဆောင်​လျက်​သူ​တို့​၏​ရှေ့​တွင် အ​ရူး​ကဲ့​သို့​ပြု​ပြီး​လျှင် တံ​ခါး​ရွက်​ပေါ် တွင်​ရေး​ခြစ်​၍​နေ​၏။ မိ​မိ​၏​မုတ်​ဆိတ်​ပေါ် မှာ​သွား​ရည်​ယို​ကျ​စေ​၏။-
1SA 21:14 သို့​ဖြစ်​၍​အာ​ခိတ်​မင်း​သည်​မှူး​မတ်​တို့ အား``ကြည့်​လော့၊ ဤ​သူ​သည်​သူ​ရူး​ဖြစ်​ပါ သည်​တ​ကား။ သူ့​အား​သင်​တို့​အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​သွင်း​ကြ​သ​နည်း။-
1SA 21:15 ငါ့​ထံ​တွင်​ရူး​သွပ်​သူ​နည်း​ပါး​နေ​သော​ကြောင့် လော။ ငါ​၏​နန်း​တော်​ထဲ​မှာ​ငါ့​အား​အ​နှောင့် အ​ယှက်​ပေး​ရန် အ​ဘယ်​ကြောင့်​အ​ရူး​ကို​သွင်း ကြ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
1SA 22:1 ဒါ​ဝိဒ်​သည်​ဂါ​သ​မြို့​မှ​ထွက်​ပြေး​ပြီး​လျှင် အ​ဒု​လံ​မြို့​အ​နီး​ရှိ​ဂူ​သို့​သွား​၏။ ဤ​အ​ကြောင်း ကို​သူ​၏​အစ်​ကို​များ​နှင့်​အ​ခြား​ဆွေ​မျိုး​တို့ သိ​ကြ​သော​အ​ခါ​သူ​နှင့်​အ​တူ​လာ​၍​နေ ကြ​၏။-
1SA 22:2 ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​ကြ​သူ၊ ကြွေး​မြီ တင်​သူ၊ စိတ်​မ​ကျေ​မ​နပ်​ဖြစ်​သူ​မှ​စ​၍​စု​စု ပေါင်း​လူ​လေး​ရာ​ခန့်​တို့​သည် သူ​၏​ထံ​သို့ ဝင်​ရောက်​လာ​ကြ​သ​ဖြင့် ဒါ​ဝိဒ်​သည်​သူ​တို့ ၏​ခေါင်း​ဆောင်​ဖြစ်​လာ​လေ​သည်။
1SA 22:3 ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​မှ​မော​ဘ​ပြည်​မိ​ဇ​ပါ မြို့​သို့​သွား​၍​မော​ဘ​ဘု​ရင်​အား``အ​ကျွန်ုပ် အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​စီ​မံ​တော် မူ​မည်​ကို​မ​သိ​ရ​မီ​အ​တော​အ​တွင်း အ​ကျွန်ုပ် ၏​မိ​ဘ​နှစ်​ပါး​ကို​အ​ရှင်​၏​ထံ​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​လေ​၏။-
1SA 22:4 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​ဘ​နှစ်​ပါး​ကို​မော​ဘ ဘု​ရင်​၏​ထံ​တွင်​ထား​ခဲ့​၏။ မိ​ဘ​နှစ်​ပါး​သည် ဂူ​ထဲ​တွင် ဒါ​ဝိဒ်​ပုန်း​အောင်း​၍​နေ​ရ​သ​မျှ ကာ​လ​ပတ်​လုံး​မော​ဘ​ဘုရင်​၏​ထံ​တွင်​နေ ထိုင်​ကြ​၏။
1SA 22:5 ထို​နောက်​ပ​ရော​ဖက်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့ လာ​၍``သင်​သည်​ဤ​အ​ရပ်​တွင်​မ​နေ​နှင့်။ ယု​ဒ​ပြည်​သို့​ချက်​ချင်း​ထွက်​၍​သွား​လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဟာ​ရက် တော​သို့​ထွက်​သွား​လေ​သည်။
1SA 22:6 တစ်​နေ့​သ​၌​ရှော​လု​သည်​ဂိ​ဗာ​မြို့​သို့​ရောက် ရှိ​လာ​၏။ မင်း​ကြီး​သည်​လှံ​ကို​ကိုင်​လျက်​တောင် ကုန်း​ပေါ်​ရှိ​အင်​ကြင်း​ပင်​အောက်​တွင် အ​ရာ​ရှိ များ​ခြံ​ရံ​ကာ​ထိုင်​လျက်​နေ​တော်​မူ​၏။-
1SA 22:7 မင်း​ကြီး​သည်​ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​တွေ့​ရှိ ပြီ​ဖြစ်​ကြောင်း​ကြား​သိ​ရ​သော​အ​ခါ အ​ရာ​ရှိ တို့​အား``အ​ချင်း​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့၊ နား ထောင်​ကြ​လော့။ ဒါ​ဝိဒ်​သည်​သင်​တို့​အား​လယ် ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ပေး​၍ တပ်​မ​တော်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ် လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။-
1SA 22:8 ယင်း​သို့​ထင်​မှတ်​သ​ဖြင့်​သင်​တို့​သည် ငါ့ အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက် နေ​ကြ​သ​လော။ ငါ​၏​သား​တော်​ကိုယ်​တိုင် ပင်​လျှင် ဒါ​ဝိဒ်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​ထား​သည့် အ​ကြောင်း​ကို သင်​တို့​တစ်​စုံ​တစ်​ယောက်​မျှ ငါ့​အား​မ​ပြော​ကြ။ ငါ့​အား​ကြင်​နာ​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ ငါ​၏​ငယ်​သား တစ်​ဦး​ဖြစ်​သူ​ဒါ​ဝိဒ်​သည်​ငါ့​အား​လုပ် ကြံ​ရန်​အ​ခွင့်​ကောင်း​ကို ယ​ခု​ပင်​ရှာ​လျက် နေ​ကြောင်း​ကို​သော်​လည်း​ကောင်း၊ သူ့​အား ငါ​၏​သား​တော်​က​အား​ပေး​အား​မြှောက် ပြု​ခဲ့​ကြောင်း​ကို​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ငါ့​အား​မ​ပြော​ကြ'' ဟု​မိန့်​တော် မူ​၏။
1SA 22:9 ထို​အ​ခါ​၌​ဧ​ဒုံ​မြို့​သား​ဒေါ​ဂ​သည်​ရှော​လု ၏​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ရပ်​လျက် မင်း​ကြီး အား``ဒါ​ဝိဒ်​သည်​အ​ဟိ​တုပ်​၏​သား​အ​ဟိ မ​လက်​ရှိ​ရာ​နော​ဗ​မြို့​သို့​သွား​ရောက်​သည် ကို​အ​ကျွန်ုပ်​တွေ့​မြင်​ခဲ့​ပါ​၏။-
1SA 22:10 အ​ဟိ​မ​လက်​သည်​ဒါ​ဝိဒ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​တွင်​စုံ​စမ်း​လျှောက်​ထား​ပြီး​လျှင် အ​စား​အ​စာ​ကို​လည်း​ကောင်း၊ ဖိ​လိတ္တိ​အ​မျိုး သား​ဂေါ​လျတ်​၏​ဋ္ဌား​ကို​လည်း​ကောင်း​ပေး အပ်​လိုက်​ပါ​၏'' ဟု​လျှောက်​လေ​၏။
1SA 22:11 သို့​ဖြစ်​၍​ရှော​လု​မင်း​သည်​နော​ဗ​မြို့​နေ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​သော အ​ဟိ​မ​လက် နှင့်​သူ​၏​ဆွေ​မျိုး​အ​ပေါင်း​တို့​အား​ဆင့် ခေါ်​သ​ဖြင့်​သူ​တို့​သည်​အ​ထံ​တော်​သို့ လာ​ကြ​၏။-
1SA 22:12 ရှော​လု​က​အ​ဟိ​မ​လက်​အား``အ​ချင်း အ​ဟိ​မ​လက်​နား​ထောင်​လော့'' ဟု​ဆို​လျှင်၊ အ​ဟိ​မ​လက်​က``အ​မိန့်​တော်​ကို​နာ​ခံ​လျက် ပါ'' ဟု​ဆို​၏။
1SA 22:13 ရှော​လု​က``သင်​နှင့်​ဒါ​ဝိဒ်​သည်​အ​ဘယ်​ကြောင့် ငါ့​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ့​အား​ရိက္ခာ​နှင့်​ဋ္ဌား ကို​ပေး​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​၏​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လျှောက်​ထား​ပေး​ပါ သနည်း။ ယ​ခု​သူ​သည်​ငါ့​ကို​တော်​လှန်​လျက် နေ​လေ​ပြီ။ ငါ့​အား​သတ်​ရန်​အ​ခွင့်​ကောင်း ကို​စောင့်​ဆိုင်း​လျက်​နေ​ပါ​သည်​တ​ကား'' ဟု မိန့်​တော်​မူ​၏။
1SA 22:14 အ​ဟိ​မ​လက်​က``ဒါ​ဝိဒ်​သည်​အ​ရှင်​၏​အ​ပေါ် တွင် သစ္စာ​အ​ရှိ​ဆုံး​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​ပါ​၏။ သူ​သည်​အ​ရှင့်​သ​မက်​တော်​ဖြစ်​သည့်​အ​ပြင် အ​ရှင့်​ကိုယ်​ရံ​တော်​တပ်​မှူး​လည်း​ဖြစ်​သ​ဖြင့် နန်း​တွင်း​သူ​နန်း​တွင်း​သား​အ​ပေါင်း​တို့​၏ ကြည်​ညို​လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။-
1SA 22:15 သူ​၏​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ကျွန်ုပ်​လျှောက်​ထား​ပေး​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​ယ​ခင်​က​လည်း​ဤ​သို့​လျှောက်​ထား ပေး​ခဲ့​ဖူး​ပါ​သည်။ အ​ရှင်​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​မှု​နှင့်​ပတ်​သက်​၍​မူ​ကား အ​ရှင်​မင်း​ကြီး​သည်​အ​ကျွန်ုပ်​ကို​သော်​လည်း ကောင်း၊ အ​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တစ်​ဦး တစ်​ယောက်​ကို​သော်​လည်း​စွပ်​စွဲ​တော်​မ​မူ ပါ​နှင့်။ ဤ​ကိစ္စ​ကို​အ​ကျွန်ုပ်​အလျှင်း​မ​သိ​ပါ'' ဟု​ပြန်​၍​လျှောက်​ထား​၏။
1SA 22:16 မင်း​ကြီး​သည်``အ​ဟိ​မ​လက်၊ သင်​နှင့်​သင်​၏ ဆွေ​မျိုး​အ​ပေါင်း​တို့​သည်​သေ​ရ​ကြ​မည်'' ဟု​ဆို​ပြီး​လျှင်၊-
1SA 22:17 မိ​မိ​အ​နီး​တွင်​ရပ်​လျက်​နေ​သော​အ​စောင့် တပ်​သား​များ​အား``ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​တို့​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ကြံ​ရာ ပါ​များ​ဖြစ်​သ​ဖြင့် ဒါ​ဝိဒ်​ထွက်​ပြေး​ကြောင်း ကို​သိ​သော်​လည်း ငါ့​အား​မ​ပြော​သော​ကြောင့် သတ်​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ရာ​တွင်​အ​စောင့်​တပ်​သား​တစ်​စုံ​တစ်​ယောက် က​မျှ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​ကို​သတ်​ရန်​လက်​ကို​မျှ​မ​ဆန့်​ဝံ့​ကြ ချေ။
1SA 22:18 ထို့​ကြောင့်​ရှော​လု​သည်​ဒေါ​ဂ​အား``သင်​သည် သူ​တို့​ကို​သတ်​လော့'' ဟု​မိန့်​တော်​မူ​လျှင် ဒေါ​ဂ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​ကို သတ်​လေ​၏။ ထို​နေ့​၌​ဒေါ​ဂ​သည်​သင်​တိုင်း ကို​ဝတ်​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို​သတ်​လိုက် သ​တည်း။-
1SA 22:19 ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​မြို့​တည်း​ဟူ သော​နော​ဗ​မြို့​တွင်​နေ​ထိုင်​သည့် ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​အ​ရွယ်​မှ​စ​၍​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ နွား၊ မြည်း၊ သိုး​တို့​ကို​လည်း ကောင်း​သတ်​စေ​တော်​မူ​၏။
1SA 22:20 သို့​ရာ​တွင်​အ​ဟိ​မ​လက်​၏​သား​တစ်​ဦး​ဖြစ် သူ​အ​ဗျာ​သာ​သည် ထွက်​ပြေး​လွတ်​မြောက် သွား​ကာ​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။-
1SA 22:21 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ် တို့​အား ရှော​လု​သတ်​ဖြတ်​ပုံ​ကို​ဒါ​ဝိဒ်​အား ပြော​ပြ​လေ​သည်။-
1SA 22:22 ဒါ​ဝိဒ်​က``ဒေါ​ဂ​သည်​ရှော​လု​အား​ဤ​သို့​ပြန် ကြား​မည်​ကို သူ့​အား​ထို​အ​ရပ်​တွင်​တွေ့​ရ​သည့် နေ့​က​ပင်​လျှင်​ငါ​သိ​၏။ သို့​ဖြစ်​၍​သင်​၏​ဆွေ မျိုး​သား​ချင်း​အ​ပေါင်း​သေ​ရ​ကြ​သည်​မှာ ငါ့​ကြောင့်​ပါ​တ​ကား။ သင်​သည်​ငါ​နှင့်​အ​တူ နေ​လော့။ မ​ကြောက်​နှင့်။-
1SA 22:23 သင်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​သူ သည် ငါ​၏​အ​သက်​အန္တ​ရာယ်​ကို​လည်း​ရှာ​ကြံ ၏။ သို့​ရာ​တွင်​သင်​သည်​ငါ​နှင့်​အ​တူ​နေ​လျှင် လုံ​ခြုံ​လိမ့်​မည်'' ဟု​ဆို​၏။
1SA 23:1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ကိ​လ​မြို့​ကို တိုက်​ခိုက်​၍ ရိတ်​သိမ်း​ပြီး​စ​ကောက်​သစ်​များ ကို​လု​ယူ​သော​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား လျှင်၊-
1SA 23:2 ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ သူ​တို့​ကို တိုက်​ခိုက်​၍ ကိ​လ​မြို့​ကို​ကယ်​တင်​လော့'' ဟု​မိန့်​တော်​မူ​၏။
1SA 23:3 သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ပေါင်း​ပါ​တို့​က``ဤ ယု​ဒ​ပြည်​တွင်​ပင်​လျှင်​အ​ကျွန်ုပ်​တို့​ကြောက် လန့်​လျက်​နေ​ရ​ကြ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကို​သွား​ရောက်​တိုက်​ခိုက်​ပါ​မူ ပို​၍​ပင်​အ​ခြေ အ​နေ​ဆိုး​ရွား​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​သ​ဖြင့်၊-
1SA 23:4 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ဖန် လျှောက်​ထား​မေး​မြန်း​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား က``ကိ​လ​မြို့​သို့​သွား​ရောက်​တိုက်​ခိုက်​လော့။ ငါ သည်​သင့်​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
1SA 23:5 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​သူ​၏​အ​ပေါင်း​ပါ​တို့​သည် ကိ​လ​မြို့​သို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​လူ​အ​မြောက်​အ​မြား ကို​သတ်​ဖြတ်​၍​သိုး​နွား​များ​ကို​သိမ်း​ယူ​ကြ​၏။ ဤ​သို့​လျှင်​ဒါ​ဝိဒ်​သည်​ကိ​လ​မြို့​ကို​ကယ်​တင် လေ​သည်။
1SA 23:6 အ​ဟိ​မ​လက်​၏​သား​အ​ဗျာ​သာ​သည်​ထွက် ပြေး​လွတ်​မြာက်​ပြီး​နောက် ကိ​လ​မြို့​ရှိ​ဒါ​ဝိဒ် ထံ​သို့​ဝင်​ရောက်​လာ​သော​အ​ခါ သူ​သည်​မိ​မိ နှင့်​အ​တူ​ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ယူ ဆောင်​လာ​ခဲ့​၏။
1SA 23:7 ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-
1SA 23:8 ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။
1SA 23:9 ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-
1SA 23:10 ထို​နောက်​ဒါ​ဝိဒ်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး ကြောင့်​ကိ​လ​မြို့​သို့​လာ​ရောက်​၍ မြို့​ကို​ဖျက် ဆီး​ပစ်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကြား​ရ ပါ​၏။-
1SA 23:11 ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​လာ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​လျှင်၊
1SA 23:12 ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။
1SA 23:13 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။
1SA 23:14 ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-
1SA 23:15 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊-
1SA 23:16 ယော​န​သန်​သည်​ဒါ​ဝိဒ်​ထံ​သို့​လာ​၍ ဘု​ရား​သ​ခင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​စိတ်​ချ ယုံ​ကြည်​ရန်​အား​ပေး​လျက်၊-
1SA 23:17 ``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-
1SA 23:18 ထို​နောက်​သူ​တို့​သည်​အ​ပြန်​အ​လှန်​ကတိ​သစ္စာ ပြု​ကြ​ပြီး​လျှင် ဒါ​ဝိဒ်​သည်​ဟော​ရေ​ရှ​အ​ရပ် တွင်​နေ​ရစ်​၍​ယော​န​သန်​မူ​ကား​မိ​မိ​၏​အိမ် သို့​ပြန်​လေ​၏။
1SA 23:19 ဇိ​ဖ​အ​ရပ်​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ ရာ​ဂိ​ဗာ​မြို့​သို့​သွား​၍``ဒါ​ဝိဒ်​သည်​အ​ကျွန်ုပ် တို့​၏​နယ်​အ​တွင်း​ယု​ဒ​တော​ကန္တာ​ရ​တောင် ပိုင်း၊ ဟ​ခိ​လ​တောင်​ထိပ်​ပေါ်​ရှိ​ဟော​ရေ​ရှ အ​ရပ်​တွင်​ပုန်း​အောင်း​နေ​ပါ​သည်။-
1SA 23:20 အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​သူ့​အား​အ​လွန် ပင်​ဖမ်း​ဆီး​ရ​မိ​လို​ကြောင်း​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​နယ် သို့​ကြွ​တော်​မူ​ပါ။ သူ့​အား​ဖမ်း​မိ​ရန်​အ​ကျွန်ုပ် တို့​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။
1SA 23:21 ရှော​လု​က``ဤ​သို့​ငါ့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​ကြ​သည့်​အ​တွက် သင်​တို့​အား​ထာ​ဝ​ရ ဘုရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။-
1SA 23:22 သင်​တို့​သည်​သွား​၍​တစ်​ဖန်​သေ​ချာ​အောင် ပြု​ကြ​လော့။ သူ​သည်​အ​ဘယ်​အ​ရပ်​တွင်​ရှိ သည်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​သူ့​အား အ​ဘယ်​သူ​တွေ့​ရှိ​ခဲ့​သည်​ကို​လည်း​ကောင်း အ​သေ​အ​ချာ​စုံ​စမ်း​ကြ​လော့။ သူ​သည် အ​လွန်​ပါး​နပ်​လိမ္မာ​သည်​ဟု​ငါ​ကြား​သိ ရ​သည်။-
1SA 23:23 သူ​ပုန်း​အောင်း​နေ​သည့်​အ​ရပ်​များ​ကို​တိ​ကျ သေ​ချာ​စွာ​မှတ်​သား​ပြီး​မှ ငါ့​ထံ​သို့​ချက် ချင်း​သ​တင်း​ပေး​ပို့​လော့။ ထို​အ​ခါ​သင်​တို့ နှင့်​အ​တူ​ငါ​လိုက်​၍​ရှာ​ဖွေ​မည်။ ဒါ​ဝိဒ်​သည် ယု​ဒ​ပြည်​တွင်​ရှိ​နေ​သေး​လျှင် ငါ​သည်​ယု​ဒ ပြည်​တစ်​လျှောက်​လုံး​ကို​ပင်​လိုက်​လံ​ရှာ​ဖွေ ရ​စေ​ကာ​မူ​သူ့​ကို​မိ​အောင်​ဖမ်း​မည်'' ဟု မိန့်​တော်​မူ​၏။
1SA 23:24 သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ရှော​လု​၏​အ​လျင် ဇိ​ဖ​အ​ရပ်​သို့​ပြန်​လည်​ထွက်​ခွာ​လာ​ခဲ့​ကြ ၏။ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​ယေ​ရှိ​မုန် မြို့​တောင်​ဘက်၊ အာ​ရ​ဗာ​ချိုင့်​ဝှမ်း​ရှိ​မော​န တော​ကန္တာ​ရ​တွင်​ရှိ​နေ​ကြ​၏။-
1SA 23:25 ရှော​လု​နှင့်​စစ်​သည်​တပ်​သား​တို့​သည်​ဒါ​ဝိဒ် ကို​ရှာ​ရန်​ထွက်​လာ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​ရ​လျှင် မော​န တော​ကန္တာ​ရ​ရှိ​ကျောက်​တောင်​သို့​သွား​ရောက် ပုန်း​အောင်း​လေ​သည်။ ဤ​အ​ကြောင်း​ကို ကြား​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​ရှိ ရာ​သို့​လိုက်​၍​ရှာ​တော်​မူ​၏။-
1SA 23:26 ရှော​လု​နှင့်​တပ်​သား​များ​က​တောင်​တစ်​ဘက် တွင်​ရှိ​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​က​အ​ခြား တစ်​ဘက်​တွင်​ရှိ​ကြ​၏။ ရှော​လု​နှင့်​တပ်​သား တို့​သည်​ဒါ​ဝိဒ်​တို့​လူ​စု​အား​ဖမ်း​မိ​ခါ​နီး ပြီ​ဖြစ်​၍ ဒါ​ဝိဒ်​တို့​လူ​စု​သည်​လွတ်​မြောက် ရန်​ကြိုး​စား​နေ​စဉ်၊-
1SA 23:27 ခြေ​လျင်​တော်​သည်​ရှော​လု​ထံ​သို့​ရောက်​ရှိ လာ​၍``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ကျွန်ုပ် တို့​၏​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လျက်​နေ ပါ​ပြီ။ ချက်​ချင်း​ပြန်​၍​ကြွ​တော်​မူ​ပါ'' ဟု​မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့်၊-
1SA 23:28 ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ဆက်​၍​လိုက်​လံ​ဖမ်း ဆီး​မှု​မ​ပြု​တော့​ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​သွား​တော်​မူ​၏။ ထို အ​ရပ်​တွင်​သူ​တို့​နှစ်​စု​အား​ခွဲ​ခြား​ထား သည်​ကို​အ​ကြောင်း​ပြု​၍ ထို​အ​ရပ်​ကို``ခွဲ ခြား​ထား​သော​တောင်'' ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​သ​တည်း။-
1SA 23:29 ဒါ​ဝိဒ်​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​၍ အင်္ဂေ​ဒိ ဒေ​သ​သို့​သွား​ရောက်​ပုန်း​အောင်း​လျက်​နေ လေ​သည်။
1SA 24:1 ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ် တိုက်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ အင်္ဂေ​ဒိ​မြို့​အ​နီး​ရှိ​တော​ကန္တာ​ရ​တွင်​ဒါ​ဝိဒ် ရှိ​နေ​ကြောင်း​ကြား​လျှင်၊-
1SA 24:2 ဣ​သ​ရေ​လ​လက်​ရွေး​စင်​စစ်​သည်​တော်​သုံး ထောင်​ကို​ခေါ်​၍ ဆိတ်​ရိုင်း​များ​နေ​ရာ​ကျောက် ဆောင်​များ​တွင် ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့ အား​ရှာ​ဖွေ​ရန်​ထွက်​ခွာ​သွား​တော်​မူ​သည်။-
1SA 24:3 မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​သိုး​ခြံ​များ အ​နား​မှာ​ဂူ​တစ်​ခု​ကို​တွေ့​သ​ဖြင့် ကိုယ်​လက် သုတ်​သင်​ရန်​ဝင်​တော်​မူ​၏။ ထို​ဂူ​ကား​အ​ခြား မ​ဟုတ်၊ အ​တွင်း​ပိုင်း​တွင်​ဒါ​ဝိဒ်​တို့​လူ​စု ပုန်း​အောင်း​နေ​သည့်​ဂူ​ပင်​ဖြစ်​သည်။
1SA 24:4 ဒါ​ဝိဒ်​၏​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန် သူ​အား အ​ရှင်​၏​လက်​သို့​ပေး​အပ်​တော်​မူ​မည် ဟူ​၍​လည်း​ကောင်း၊ သူ့​အား​အ​ရှင်​အ​လို​ရှိ သ​လို​ပြု​နိုင်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မိန့် တော်​မူ​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ရှင်​အ​ခွင့် ကောင်း​ကြုံ​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ ဒါ​ဝိဒ်​သည် ရှော​လု​ရှိ​ရာ​သို့​သွား​ကာ ရှော​လု​၏​ဝတ်​လုံ ကို​တိတ်​တ​ဆိတ်​လှီး​ဖြတ်​လိုက်​၏။-
1SA 24:5 သို့​ရာ​တွင်​ယင်း​သို့​ပြု​မိ​သည့်​အ​တွက် ဒါ​ဝိဒ် လိပ်​ပြာ​မ​သန့်​ဖြစ်​လာ​၏။-
1SA 24:6 ထို့​ကြောင့်​မိ​မိ​၏​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်၊ ငါ​၏​သခင် အား​ဘေး​အန္တ​ရာယ်​မ​ပြု​မိ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​ကို​ဆီး​တား​တော်​မူ​ပါ​စေ သော။ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘုရင်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့ အား​စိုး​စဉ်း​မျှ​ဘေး​အန္တရာယ်​မ​ပြု​အပ်'' ဟု ဆို​၏။-
1SA 24:7 သို့​ဖြစ်​၍​ရှော​လု​အား​တိုက်​ခိုက်​ရန်​မ​သင့် ကြောင်း မိ​မိ​၏​လူ​တို့​ကို​ဒါ​ဝိဒ်​က​ကောင်း စွာ​နား​လည်​သ​ဘော​ပေါက်​စေ​လေ​သည်။ ရှော​လု​သည်​ထ​၍​ဂူ​မှ​ထွက်​သွား​လေ​၏။-
1SA 24:8 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​လိုက်​၍​ထွက်​ပြီး​လျှင်``အ ရှင်​မင်း​ကြီး'' ဟု​ဟစ်​ခေါ်​လိုက်​၏။ ရှော​လု​လှည့် ၍​ကြည့်​သော​အ​ခါ​ဒါ​ဝိဒ်​သည်​ရို​သေ​စွာ မြေ​ပေါ်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-
1SA 24:9 ဤ​သို့​လျှောက်​တင်​၏။ ``အ​ကျွန်ုပ်​သည်​အ​ရှင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြိုး​စား​နေ​သည် ဟု လူ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို​အ​ရှင် အ​ဘယ်​ကြောင့်​ယုံ​တော်​မူ​ပါ​သ​နည်း။-
1SA 24:10 ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့် အား အ​ကျွန်ုပ်​၏​လက်​သို့​အပ်​တော်​မူ​ခဲ့​ကြောင်း အ​ရှင်​ကိုယ်​တိုင်​သိ​မြင်​နိုင်​ပါ​၏။ အ​ကျွန်ုပ်​၏ လူ​အ​ချို့​တို့​က​အ​ရှင့်​အား​အ​သတ်​ခိုင်း ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ရှင် ၏​အ​တွက်​စိတ်​မ​ကောင်း​ဖြစ်​သ​ဖြင့် အ​ရှင့် ကို​စိုး​စဉ်း​မျှ​ဘေး​အန္တ​ရာယ်​မ​ပြု​လို​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် အ​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင် ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။-
1SA 24:11 အ​ကျွန်ုပ်​၏​ခ​မည်း​တော်၊ ဤ​မှာ​ကြည့်​တော် မူ​ပါ။ အ​ကျွန်ုပ်​ကိုင်​ထား​သည့်​အ​ရှင့်​ဝတ်​လုံ​စ ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင့် အား​သတ်​ဖြတ်​နိုင်​ခွင့်​ရ​ရှိ​ခဲ့​သော်​လည်း ဤ ဝတ်​လုံ​စ​ကို​သာ​လျှင်​လှီး​ဖြတ်​ခဲ့​ပါ​၏။ အ​ရှင့် အား​ပုန်​ကန်​ရန်​သော်​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ် ပြု​ရန်​သော်​လည်း​ကောင်း အ​ကျွန်ုပ်​မ​ကြံ​ရွယ် ကြောင်း​ကို​ဤ​အ​ချက်​အား​ဖြင့် အ​ရှင်​မင်း ကြီး​ကောင်း​စွာ​နား​လည်​သ​ဘော​ပေါက်​သင့် ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင့်​အား​အ​ဘယ်​သို့ မျှ​မ​ပြစ်​မှား​ခဲ့​သော်​လည်း အ​ရှင်​သည် အ​ကျွန်ုပ်​ကို​သတ်​ရန်​လိုက်​လံ​ဖမ်း​ဆီး လျက်​နေ​ပါ​၏။-
1SA 24:12 အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​ဆုံး​ဖြတ်​တော်​မူ ပါ​စေ​သော။ အ​ရှင်​အ​ကျွန်ုပ်​အား​ပြု​ခဲ့​သည့် အ​မှု​အ​ရာ​အ​တွက် ကိုယ်​တော်​သည်​အ​ရှင့် အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​အ​ရှင်​အား​စိုး​စဉ်း​မျှ ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။-
1SA 24:13 `ယုတ်​မာ​မှု​ကို​ယုတ်​မာ​သူ​တို့​သာ​လျှင်​ပြု ကျင့်​တတ်​၏' ဟူ​သော​ရှေး​စ​ကား​ပုံ​ကို​အ​ရှင် သိ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည် အ​ရှင့်​အား​ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည် မ​ဟုတ်​ပါ။-
1SA 24:14 ဣ​သ​ရေ​လ​ဘုရင်​သည်​မည်​သူ့​ကို​သတ်​ဖြတ် ရန် လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ​သ​နည်း။ ခွေး​သေ ကောင်​ခွေး​လှေး​တို့​ကို​လော။-
1SA 24:15 အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား သည်​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ဆုံး​ဖြတ်​တော် မူ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဤ​အ​မှု​ကို ကြည့်​ရှု​စစ်​ဆေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ် ၏​ဘက်​မှ​ချေ​ပ​တော်​မူ​၍​အ​ကျွန်ုပ်​အား အ​ရှင်​၏​လက်​မှ​ကယ်​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။
1SA 24:16 ဤ​သို့​ဒါ​ဝိဒ်​လျှောက်​ထား​ပြီး​သော​အ​ခါ ရှော​လု​က``သင်​သည်​အ​ကယ်​ပင်​ငါ​၏​သား ဒါ​ဝိဒ်​ပေ​လော'' ဟု​ဆို​၍​ငို​ကြွေး​တော်​မူ​၏။-
1SA 24:17 ထို​နောက်​ဒါ​ဝိဒ်​အား``သင်​သည်​မှန်​ကန်​၍ ငါ​သည်​မှား​ပါ​၏။ ငါ​သည်​သင့်​အား​ဆိုး ယုတ်​စွာ​ပြု​ခဲ့​သော်​လည်း သင်​သည်​ငါ့ ကို​ကျေး​ဇူး​ပြု​ပါ​သည်​တ​ကား။-
1SA 24:18 ယ​နေ့​ငါ့​အား​သင်​ပြု​သော​ကျေး​ဇူး​သည် ကြီး​လှ​ပါ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား​သင့်​လက်​သို့​ပေး​အပ်​တော်​မူ​သော် လည်း​သင်​သည်​ငါ့​ကို​မ​သတ်​ခဲ့​ပါ။-
1SA 24:19 လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-
1SA 24:20 သင်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​မည်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သည်​သင်​၏ လက်​ဝယ်​ဆက်​လက်​တည်​မြဲ​နေ​မည်​ကို​လည်း ကောင်း​ယ​ခု​ငါ​အ​သေ​အ​ချာ​သိ​ပါ​၏။-
1SA 24:21 သို့​ရာ​တွင်​ငါ​၏​နာမည်​နှင့်​ငါ့​အိမ်​ထောင်​စု​နာ မည်​သည်​လုံး​ဝ​ပျောက်​ကွယ်​၍​မ​သွား​စေ​ရန် သင်​သည်​ငါ့​သား​မြေး​တို့​အား​အ​သက်​ချမ်း သာ​ပေး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ငါ့​အား​က​တိ​ပြု​ပါ လော့'' ဟု​ဆို​လျှင်၊-
1SA 24:22 ဒါ​ဝိဒ်​သည်​က​တိ​ပြု​လေ​၏။ ထို​နောက်​ရှော​လု​သည်​မိ​မိ​၏​နန်း​တော်​သို့ ပြန်​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​မိ​မိ တို့​ပုန်း​အောင်း​ရာ​အ​ရပ်​သို့​ထွက်​သွား​ကြ​၏။
1SA 25:1 ရှ​မွေ​လ​ကွယ်​လွန်​သွား​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လာ​ရောက်​စု ဝေး​လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ ထို​နောက် သူ့​အား​ရာ​မ​မြို့​နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက် ကြ​၏။ ယင်း​သို့​သင်္ဂြိုဟ်​ပြီး​သော​အ​ခါ​ဒါ​ဝိဒ်​သည် ပါ​ရန်​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား​လေ သည်။-
1SA 25:2 ကာ​လက်​သား​ချင်း​စု​တွင်​မော​န​မြို့​သား နာ​ဗ​လ​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည် က​ရ​မေ​လ​မြို့​အ​နီး​တွင်​နေ​ထိုင်​သော​မြေ ပိုင်​ရှင်​ဖြစ်​သည်။ သူ​သည်​သိုး​သုံး​ထောင်​နှင့် ဆိတ်​တစ်​ထောင်​ကို​ပိုင်​သ​ဖြင့် အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​၏။ သူ​၏​ဇ​နီး​အ​ဘိ​ဂဲ​လ သည်​အ​ဆင်း​လှ​၍ ပ​ညာ​အ​မြော်​အ​မြင်​ရှိ သူ​အ​မျိုး​သ​မီး​ဖြစ်​၏။ နာ​ဗ​လ​မူ​ကား သ​ဘော​ယုတ်​၍​ရိုင်း​ပြ​သူ​ဖြစ်​သ​တည်း။ နာ​ဗ​လ​သည်​က​ရ​မေ​လ​မြို့​တွင်​မိ​မိ​၏​သိုး များ​ကို​အ​မွေး​ညှပ်​လျက်​နေ​၏။-
1SA 25:4 ထို​အ​ကြောင်း​ကို​တော​ကန္တာ​ရ​ရှိ​ဒါ​ဝိဒ်​ကြား သိ​ရ​သ​ဖြင့်၊-
1SA 25:5 က​ရ​မေ​လ​မြို့​သို့​လူ​ငယ်​လူ​ရွယ်​ဆယ်​ယောက် ကို​စေ​လွှတ်​ကာ``သင်​တို့​သည်​နာ​ဗ​လ​ကို​ရှာ​၍ ငါ့​ကိုယ်​စား​နှုတ်​ဆက်​ကြ​လော့။-
1SA 25:6 သူ့​အား​ဤ​သို့​ပြော​ကြား​လော့။ `ချစ်​မိတ်​ဆွေ၊ ဒါ​ဝိဒ်​သည်​သင့်​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ သင် နှင့်​တ​ကွ​သင်​၏​အိမ်​ထောင်​စု​သား​များ​သည် လည်း​ကောင်း၊ သင်​နှင့်​သက်​ဆိုင်​သူ​အ​ပေါင်း​တို့ သည်​လည်း​ကောင်း ကျန်း​မာ​ချမ်း​သာ​ကြ​စေ ရန်​ဆု​တောင်း​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။-
1SA 25:7 သင်​သည်​သိုး​များ​ကို​အ​မွေး​ညှပ်​လျက်​နေ ကြောင်း​ကြား​သိ​ရ​သ​ဖြင့် ဒါ​ဝိဒ်​က​သင်​၏ သိုး​ထိန်း​တို့​သည်​ကျွန်​တော်​တို့​ရှိ​ရာ​အ​ရပ် တွင် သိုး​များ​ကို​ထိန်း​ကျောင်း​နေ​ကြ​သော် လည်း ကျွန်​တော်​တို့​သည်​သူ​တို့​အား​ဘေး အန္တ​ရာယ်​မ​ပြု​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည်​က​ရ​မေ​လ​မြို့​တွင်​ရှိ​နေ​စဉ် အ​တော​အ​တွင်း​၌ မည်​သည့်​အ​ရာ​တစ် စုံ​တစ်​ခု​မျှ​ခိုး​ဝှက်​ခြင်း​မ​ခံ​ရ​ကြ ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​သိ​စေ လို​ပါ​သည်။-
1SA 25:8 ဤ​အ​ကြောင်း​ကို​သိုး​ထိန်း​တို့​အား​မေး​မြန်း လျှင်​သင်​သိ​ရှိ​နိုင်​ပါ​လိမ့်​မည်။ ကျွန်​တော်​တို့ သည်​ဤ​ပွဲ​နေ့​၌​ဤ​အ​ရပ်​သို့​လာ​ပါ​ပြီ။ ဒါ​ဝိဒ်​က​ကျွန်​တော်​တို့​အား​ကြို​ဆို​ဧည့်​ခံ ပါ​ရန်​ပန်​ကြား​လိုက်​ပါ​၏။ သင်​၏​အ​စေ​ခံ ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ သင်​၏​မိတ် ဆွေ​ဒါ​ဝိဒ်​အား​လည်း​ကောင်း​သင်​ပေး​နိုင် သည့်​အ​ရာ​ကို​ကျေး​ဇူး​ပြု​၍​ပေး​ပါ​လော့။'
1SA 25:9 ယင်း​သို့​ညွှန်​ကြား​လိုက်​သည့်​အ​တိုင်း​ဒါ​ဝိဒ် ၏​လူ​တို့​သည် နာ​ဗ​လ​အား​နှုတ်​ဆက်​ပြော ကြား​ပြီး​လျှင်​စောင့်​ဆိုင်း​၍​နေ​ကြ​၏။-
1SA 25:10 နာ​ဗ​လ​က​လည်း``ဒါ​ဝိဒ်​ဆို​သူ​မှာ​အ​ဘယ် သူ​နည်း။ သူ​၏​အကြောင်း​ကို​ငါ​တစ်​ခါ​မျှ မ​ကြား​ဘူး​ပါ​တ​ကား။ ယ​ခု​ခေတ်​အ​ခါ ၌​တိုင်း​ပြည်​သည်​ကျွန်​ပြေး​များ​နှင့်​ပြည့် နှက်​လျက်​ရှိ​နေ​လေ​ပြီ။-
1SA 25:11 သိုး​မွေး​ညှပ်​သူ​တို့​အ​တွက်​ပြင်​ဆင်​ထား​သည့် ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​အ​မဲ​သား​ကို​ယူ​၍​လေ​လွင့် နေ​သူ​တို့​အား​မ​ပေး​နိုင်'' ဟု​ပြန်​၍​ပြော​၏။
1SA 25:12 ဒါ​ဝိဒ်​၏​လူ​တို့​သည်​ပြန်​လာ​ပြီး​လျှင် နာ​ဗ​လ ပြော​ဆို​လိုက်​သော​စ​ကား​ကို​ဒါ​ဝိဒ်​အား ပြော​ပြ​ကြ​၏။-
1SA 25:13 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​သူ​တို့​အား``ဋ္ဌား​ကို​ခါး တွင်​ပတ်​စည်း​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ပတ်​စည်း​ကြ​၏။ ဒါ​ဝိဒ် သည်​လည်း​မိ​မိ​၏​ဋ္ဌား​ကို​ခါး​တွင်​ပတ်​စည်း ကာ လူ​လေး​ရာ​ခန့်​နှင့်​အ​တူ​ထွက်​ခွာ​သွား လေ​သည်။ လူ​နှစ်​ရာ​ကို​မူ​စ​ခန်း​စောင့်​ရန် ထား​ခဲ့​၏။
1SA 25:14 နာ​ဗ​လ​၏​အ​စေ​ခံ​တစ်​ဦး​က နာ​ဗ​လ​၏ ဇ​နီး​အ​ဘိ​ဂဲ​လ​အား``ဤ​အ​ကြောင်း​ကို သ​ခင်​မ​ကြား​ပြီး​ပါ​ပြီ​လော။ ဒါ​ဝိဒ်​သည် တော​ကန္တာ​ရ​မှ​နေ​၍ ကျွန်​တော်​တို့​၏​သ​ခင် ထံ​သို့​စေ​တ​မန်​တို့​ကို​လွှတ်​ကာ​နှုတ်​ဆက် ပါ​၏။ သို့​ရာ​တွင်​သ​ခင်​က​ထို​သူ​တို့​အား စော်​ကား​မော်​ကား​ပြော​ဆို​လိုက်​ပါ​၏။-
1SA 25:15 သူ​တို့​သည်​ကား​ကျွန်​တော်​တို့​အား​များ​စွာ ကျေး​ဇူး​ပြု​သူ​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ ၌​မျှ​ကျွန်​တော်​တို့​အား​အ​နှောင့်​အ​ယှက်​မ ပေး​ခဲ့​ကြ​ပါ။ ကျွန်​တော်​တို့​သည်​သူ​တို့​နှင့် အ​တူ​ကွင်း​ထဲ​တွင်​ရှိ​နေ​စဉ်​အ​ခါ​များ​၌ လည်း တစ်​စုံ​တစ်​ရာ​မျှ​ပျောက်​ဆုံး​ခဲ့​သည် ဟူ​၍​ပင်​မ​ရှိ​ပါ။-
1SA 25:16 သိုး​အုပ်​များ​ကို​ကျွန်​တော်​တို့​ထိန်း​ကျောင်း လျက်​နေ​စဉ် သူ​တို့​သည်​ကျွန်​တော်​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​ခဲ့​ကြ​ပါ​၏။-
1SA 25:17 ဤ​အ​မှု​ကို​ဆင်​ခြင်​စဉ်း​စား​၍​အ​ဘယ်​သို့ ပြု​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့။ ဤ​ကိစ္စ သည်​ကျွန်​တော်​တို့​၏​သ​ခင်​နှင့်​အိမ်​ထောင်​စု တစ်​ခု​လုံး​ကို​ဘေး​ဥ​ပဒ်​ပေး​နိုင်​ပါ​သည်။ ကျွန်​တော်​တို့​၏​သ​ခင်​သည်​စိတ်​သ​ဘော ထား​သေး​သိမ်​သူ​ဖြစ်​၍ အ​ဘယ်​သူ​၏ စ​ကား​ကို​မျှ​နား​ထောင်​လိမ့်​မည်​မ​ဟုတ် ပါ'' ဟု​ဆို​၏။
1SA 25:18 အ​ဘိ​ဂဲ​လ​သည်​မုန့်​အ​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည် အ​ပြည့်​ရှိ​သော​သား​ရေ​ဘူး​နှစ်​ဘူး၊ သိုး​ကင် ငါး​ကောင်၊ ပေါက်​ပေါက်​နှစ်​တင်း၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ​နှင့်​သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​နှစ်​ရာ​ကို အ​လျင်​အ​မြန်​စု​ဆောင်း ပြီး​လျှင်​မြည်း​များ​အ​ပေါ်​သို့​တင်​၏။-
1SA 25:19 ထို​နောက်​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​ရှေ့ မှ​သွား​နှင့်​ကြ။ ငါ​နောက်​က​လိုက်​ခဲ့​မည်'' ဟု ဆို​၏။ မိ​မိ​၏​ခင်​ပွန်း​နာ​ဗ​လ​ကို​မူ​အ​သိ မ​ပေး​ချေ။
1SA 25:20 သူ​သည်​မြည်း​ကို​စီး​၍​လာ​ရာ​တောင်​ခြေ​လမ်း ကွေ့​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​ထံ​သို့​ဦး​တည် လာ​နေ​သော​ဒါ​ဝိဒ်​တို့​လူ​စု​နှင့်​ရုတ်​တ​ရက် ဆုံ​မိ​လေ​၏။-
1SA 25:21 ထို​သို့​မ​ဆုံ​မိ​ခင်​ဒါ​ဝိဒ်​က ဤ​သို့​ဆို​၏။ ``အ​ဘယ် ကြောင့်​တော​ကန္တာ​ရ​တွင် ထို​လူ​၏​ပစ္စည်း​ဥစ္စာ​များ ကို​ငါ​စောင့်​ထိန်း​ပေး​ခဲ့​မိ​ပါ​သ​နည်း။ ယင်း​သို့ သူ့​အား​ကူ​ညီ​စောင့်​ရှောက်​ခဲ့​သ​ဖြင့် ဤ​သို့​ငါ့ အား​ကျေး​ဇူး​ကန်း​လေ​ပြီ​တ​ကား။-
1SA 25:22 မိုး​မ​လင်း​မီ​သူ​တို့​အား​တစ်​ယောက်​မ​ကျန် ငါ​မ​သတ်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။''
1SA 25:23 အ​ဘိ​ဂဲ​လ​သည်​ဒါ​ဝိဒ်​ကို​မြင်​လျှင်​ဆော​လျင် စွာ​မြည်း​ပေါ်​မှ​ဆင်း​၍ ဒါ​ဝိဒ်​၏​ခြေ​ရင်း​တွင် မြေ​ပေါ်​သို့​လှဲ​ချ​ကာ ဤ​သို့​လျှောက်​၏။ ``အ​ရှင်၊ ကျေး​ဇူး​ပြု​၍​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ။ ဖြစ်​ခဲ့​သ​မျှ​အ​မှု​အ​တွက်​ကျွန်​မ ကို​ပင်​အ​ပြစ်​တင်​တော်​မူ​ပါ။-
1SA 25:25 အ​သုံး​မ​ကျ​သူ၊ နာ​ဗ​လ​၏​စ​ကား​ကို​ဂ​ရု ပြု​တော်​မ​မူ​ပါ​နှင့်။ သူ​သည်​မိ​မိ​နာ​မည်​နှင့် လိုက်​အောင် မိုက်​မဲ​သူ​ဖြစ်​ပါ​၏။ အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​များ​လာ​ရောက်​ချိန်​က အိမ်​တွင်​ကျွန်​မ​မ​ရှိ​ပါ။-
1SA 25:26 ရန်​သူ​များ​ကို​အ​ရှင်​ကိုယ်​တိုင်​သတ်​ဖြတ်​၍ လက် စား​ချေ​မှု​ကို​မ​ပြု​ရန်​ဆီး​တား​တော်​မူ​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ အ​ရှင်​၏ ရန်​သူ​များ​သည်​လည်း​ကောင်း၊ အ​ရှင့်​အား​ဘေး အန္တ​ရာယ်​ပြု​လို​သူ​အ​ပေါင်း​တို့​သည်​လည်း ကောင်း နာ​ဗ​လ​ကဲ့​သို့​ပင်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော​ဟု အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​ကျွန်​မ​ကျိန်​ဆို​ပါ​၏။-
1SA 25:27 အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။-
1SA 25:28 ကျွန်​မ​ပြု​မိ​ခဲ့​သော​အ​မှား​အ​တွက်​အ​ပြစ် လွှတ်​တော်​မူ​ပါ။ အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စစ်​ပွဲ​များ​ကို​ဆင်​နွှဲ​လျက်​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင်​နှင့်​အ​ရှင့်​သား​မြေး​တို့​အား မင်း​မြှောက်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​၌​လည်း အ​သက်​ထက်​ဆုံး​ဘေး​ရောက်​မည်​မ​ဟုတ်​ပါ။-
1SA 25:29 အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ရှင့်​အား​တိုက်​ခိုက်​သတ်​ဖြတ်​ရန်​ကြိုး​စား ပါ​မူ လူ​သည်​အ​ဖိုး​ထိုက်​သည့်​ရ​တ​နာ​ကို လုံ​ခြုံ​စွာ​သိမ်း​ဆည်း​ထား​တတ်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​အ​သက်​ကို လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​လိမ့် မည်။ အ​ရှင်​၏​ရန်​သူ​တို့​ကို​မူ​ကား လူ​သည် ကျောက်​ခဲ​ကို​လောက်​လွှဲ​ဖြင့်​ပစ်​ထုတ်​သ​ကဲ့ သို့​ကိုယ်​တော်​ပစ်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။-
1SA 25:30 ထာ​ဝ​ရ​ဘု​ရား​သည်​မိမိ​က​တိ​ထား​တော်​မူ သ​မျှ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ​ကို အ​ရှင် အား​မု​ချ​ပေး​တော်​မူ​၍​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​ဘိ​သိက်​သွန်း​တော်​မူ​သော​အ​ခါ၊-
1SA 25:31 အ​ရှင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​လက်​စား​ချေ​မှု​နှင့် အ​ကြောင်း​မဲ့​သတ်​ဖြတ်​မှု​တို့​အ​တွက်​ဝမ်း​နည်း ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ နောင်​တ​ရ​ရန်​အ​ကြောင်း လည်း​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင်​ပြု​သည့်​အ​မှု မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး တော်​မူ​သော​အ​ခါ ကျွန်​တော်​မ​အား​သ​တိ​ရ တော်​မူ​ပါ။''
1SA 25:32 ဒါ​ဝိဒ်​က​လည်း``ယ​နေ့​သင့်​အား​ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-
1SA 25:33 လူ​သတ်​မှု​နှင့်​လက်​စား​ချေ​မှု​တို့​ကို​မ​ပြု​မိ စေ​ရန် သင်​သည်​ယ​နေ့​အ​မြော်​အ​မြင်​ကြီး​စွာ ဖြင့် ငါ့​အား​ဆီး​တား​ခဲ့​သည့်​အ​တွက်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​၏။-
1SA 25:34 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဘေး​အန္တ​ရာယ် မ​ပြု​မိ​စေ​ရန်​လည်း ငါ့​အား​ဆီး​တား​တော်​မူ လေ​ပြီ။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​ငါ့​ထံ သို့​အ​လျင်​အ​မြန်​မ​ရောက်​လာ​ပါ​မူ နက်​ဖြန် နံ​နက်​မ​တိုင်​မီ​နာ​ဗ​လ​၏​လူ​အ​ပေါင်း​တို့​အား ငါ​သတ်​မိ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​၏'' ဟု​ပြော​၏။-
1SA 25:35 ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​ယူ​ဆောင် လာ​သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပြီး လျှင်​သူ့​အား``သင်​ပြု​စေ​လို​သည့်​အ​တိုင်း ငါ​ပြု​မည်။ စိုး​ရိမ်​မှု​မ​ရှိ​ဘဲ​အိမ်​သို့​ပြန် လော့'' ဟု​ဆို​၏။
1SA 25:36 အ​ဘိ​ဂဲ​လ​သည်​လည်း​နာ​ဗ​လ​ထံ​သို့​ပြန် လေ​၏။ နာ​ဗ​လ​ကား​မိ​မိ​၏​အိမ်​တွင် ဘု​ရင့် ပွဲ​တော်​တ​မျှ​ခမ်း​နား​သည့်​စား​ပွဲ​ကြီး​ကို ကျင်း​ပ​လျက်​နေ​၏။ သူ​သည်​သေ​ရည်​ယစ်​မူး ကာ​ပျော်​ရွှင်​လျက်​ရှိ​သ​ဖြင့် အ​ဘိ​ဂဲ​လ သည်​သူ့​အား​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ပြော​ဘဲ​နေ​၏။-
1SA 25:37 ထို​နောက်​အ​ရက်​မူး​ပြေ​၍​လာ​သော​အ​ခါ​၌ မူ သူ့​အား​ဇ​နီး​သည်​က​ဖြစ်​သ​မျှ​သော​အ​မှု တို့​ကို​ပြော​ပြ​လေ​သည်။ ထို​အ​ခါ​သူ​သည် လေ​ဖြတ်​သ​ဖြင့်​တစ်​ကိုယ်​လုံး​မ​လှုပ်​မ​ရှား နိုင်​တော့​ချေ။-
1SA 25:38 ဆယ်​ရက်​ခန့်​ကြာ​သော်​ထာ​ဝ​ရ​ဘု​ရား​ဒဏ် ခတ်​တော်​မူ​သ​ဖြင့်​နာ​ဗ​လ​ကွယ်​လွန်​လေ​၏။
1SA 25:39 ဒါ​ဝိဒ်​သည် နာ​ဗ​လ​ကွယ်​လွန်​ကြောင်း​ကြား သိ​ရ​သော​အ​ခါ``ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော် သည်​နာ​ဗ​လ​ငါ့​ကို​စော်​ကား​သည့်​အ​တွက် လက်​စား​ချေ​တော်​မူ​၍​ကိုယ်​တော်​၏​အ​စေ​ခံ ငါ့​ကို​လည်း​မိုက်​မှား​မှု​မ​ပြု​ရန်​ဆီး​တား တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နာ​ဗ​လ ပြု​သည့်​ဒု​စ​ရိုက်​အ​တွက် သူ့​ကို​ဒဏ်​ခတ် တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ဂဲ​လ​အား မိ​မိ နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရန်​လူ​လွှတ်​၍​စ​ကား ကမ်း​လှမ်း​လိုက်​လေ​သည်။-
1SA 25:40 သူ​၏​အ​စေ​ခံ​တို့​သည်​က​ရ​မေ​လ​မြို့​သို့ သွား​ပြီး​လျှင် အ​ဘိ​ဂဲ​လ​အား``ဒါ​ဝိဒ်​သည် သ​ခင်​မ​နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့် သ​ခင်​မ​အား​ခေါ်​ဆောင်​ခဲ့​ရန်​ကျွန်​တော်​တို့ အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ပြော​ကြား ကြ​၏။
1SA 25:41 အ​ဘိ​ဂဲ​လ​သည် မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပြီး​လျှင်``ကျွန်​မ​သည်​ထို​သခင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သူ့​အ​စေ​ခံ​များ​၏​ခြေ​ကို​ပင် ဆေး​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​ဆို​ကာ၊-
1SA 25:42 လျင်​မြန်​စွာ​ထ​၍​မြည်း​ကို​စီး​လေ​၏။ ထို နောက်​အ​မျိုး​သ​မီး​အ​စေ​ခံ​ငါး​ယောက် ကို​ခေါ်​၍ ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​နှင့်​အ​တူ လိုက်​သွား​ပြီး​လျှင် ဒါ​ဝိဒ်​၏​ဇ​နီး​အ​ဖြစ် ခံ​ယူ​လေ​သည်။
1SA 25:43 ဒါ​ဝိဒ်​သည်​ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင် နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ထား​ပြီး​ဖြစ်​သော် လည်း ယ​ခု​အဘိ​ဂဲ​လ​အား​လည်း​မိ​မိ​၏ ဇ​နီး​အ​ဖြစ်​ဖြင့်​သိမ်း​ပိုက်​လိုက်​၏။-
1SA 25:44 ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် ဒါ​ဝိဒ်​၏ ဇ​နီး​ဟောင်း၊ မိ​မိ​၏​သ​မီး​တော်​မိ​ခါ​လ အား​ဂလ္လိမ်​မြို့​မှ​လဲ​ရှ​၏​သား​ဖာ​လ​တိ​နှင့် ထိမ်း​မြား​ပေး​စား​ပြီး​ဖြစ်​သ​တည်း။
1SA 26:1 ဇိ​ဖ​မြို့​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ​ရာ​ဂိ​ဗာ မြို့​သို့​လာ​ရောက်​၍ ဒါ​ဝိဒ်​သည်​ယု​ဒ​တော​ကန္တာ​ရ အ​စွန်​နား​ရှိ​ဟ​ခိ​လ​တောင်​ပေါ်​တွင်​ပုန်း​အောင်း နေ​ပါ​သည်​ဟု​လျှောက်​ထား​ကြ​၏။-
1SA 26:2 ရှော​လု​သည်​ချက်​ချင်း​ပင်​မိ​မိ​၏​လက်​ရွေး စင်​စစ်​သည်​တော်​သုံး​ထောင်​နှင့်​အ​တူ ဒါ​ဝိဒ် ကို​ရှာ​ရန်​ဇိ​ဖ​တော​ကန္တာ​ရ​သို့​ချီ​တက်​ပြီး လျှင်၊-
1SA 26:3 ဟ​ခိ​လ​တောင်​ပေါ်​လမ်း​အနီး​တွင်​တပ်​စ​ခန်း ချ​၏။ ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​တော​ကန္တာ​ရ တွင်​ပင်​ရှိ​၍ မိ​မိ​အား​ရှာ​ဖွေ​ရန်​ရှော​လု​တော ကန္တာ​ရ​ထဲ​သို့​ရောက်​ရှိ​လာ​သည့်​သ​တင်း ကို​ကြား​သော​အ​ခါ၊-
1SA 26:4 သူ​လျှို​များ​ကို​စေ​လွှတ်​စုံ​စမ်း​စေ​ရာ​အ​ကယ် ပင်​ရှော​လု​ရောက်​ရှိ​နေ​ကြောင်း​သိ​ရှိ​ရ​လေ သည်။-
1SA 26:5 သူ​သည်​ရှော​လု​တပ်​ချ​ရာ​သို့​ချက်​ချင်း​သွား ၍​ရှော​လု​နှင့်​နေ​ရ​၏​သား၊ ရှော​လု​၏​ဗိုလ်​ချုပ် အာ​ဗ​နာ​တို့​အိပ်​စက်​သည့်​နေ​ရာ​ကို​ကြည့်​ရှု ၏။ ရှော​လု​သည်​တပ်​စ​ခန်း​အ​လယ်​တွင်​အိပ်​၍ သူ​၏​လူ​တို့​မူ​ကား​သူ့​ကို​ဝိုင်း​ရံ​လျက်​အိပ် ကြ​၏။
1SA 26:6 ထို​နောက်​ဒါ​ဝိဒ်​သည်​ဟိတ္တိ​အ​မျိုး​သား​အ​ဟိ မ​လက်​နှင့်​ဇေ​ရု​ယာ​၏​သား၊ ယွာ​ဘ​၏​ညီ အ​ဘိ​ရှဲ​တို့​အား``သင်​တို့​နှစ်​ဦး​အ​နက် အ​ဘယ်​သူ​သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့ ငါ​နှင့်​အ​တူ လိုက်​ပါ​မည်​နည်း'' ဟု​မေး​၏။ အ​ဘိ​ရှဲ​က``အ​ကျွန်ုပ်​လိုက်​ပါ​မည်'' ဟု​ဆို​၏။
1SA 26:7 သို့​ဖြစ်​၍​ထို​ညဥ့်​၌​ဒါ​ဝိဒ်​နှင့်​အ​ဘိ​ရှဲ​တို့ သည်​ရှော​လု​၏​တပ်​စ​ခန်း​သို့​ဝင်​ရောက်​ကြ ရာ​တပ်​စ​ခန်း​အ​လယ်​တွင် ရှော​လု​သည်​မိ​မိ ၏​လှံ​ကို​ခေါင်း​ရင်း​တွင်​စိုက်​၍​အိပ်​ပျော်​နေ သည်​ကို​တွေ့​ရှိ​ကြ​၏။ အာ​ဗ​နာ​နှင့်​စစ်​သည် တပ်​သား​တို့​က​မူ​ရှော​လု​ပတ်​လည်​တွင် အိပ်​လျက်​နေ​ကြ​လေ​သည်။-
1SA 26:8 အ​ဘိ​ရှဲ​က​ဒါ​ဝိဒ်​အား``ဘု​ရား​သ​ခင်​သည် အ​ရှင်​၏​ရန်​သူ​ကို​ယ​နေ့​အ​ရှင့်​လက်​သို့​အပ် တော်​မူ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​သူ့​လှံ​ဖြင့်​ပင် တစ်​ချက်​တည်း​မြေ​တွင်​စိုက်​နေ​အောင်​ထိုး သတ်​ခွင့်​ပေး​တော်​မူ​ပါ။ နှစ်​ချက်​ထိုး​ရန် လို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​၏။
1SA 26:9 သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​သည်​မင်း​ကြီး​အား ဘေး​အန္တ​ရာယ်​မ​ပြု​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ဘေး အန္တ​ရာယ်​ပြု​သူ​မည်​သူ​ကို​မ​ဆို​ဧ​ကန်​မု​ချ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-
1SA 26:10 ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​လျှင်​ရှော​လု အား ဋ္ဌမ္မ​တာ​အ​လျောက်​သေ​ချိန်​ရောက်​သည့်​အ​ခါ ၌​ဖြစ်​စေ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သော​အ​ခါ​၌​ဖြစ် စေ​ဒဏ်​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း အ​သက် ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​သိ​၏။-
1SA 26:11 ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သည့်​ဘု​ရင်​ကို ဘေး​အန္တ​ရာယ်​မ​ပြုမိ​စေ​ရန် ငါ့​အား​ကိုယ်​တော် ဆီး​တား​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​မင်း ကြီး​၏​လှံ​တော်​နှင့်​ရေ​ဘူး​တော်​တို့​ကို​ယူ​၍ သွား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
1SA 26:12 ထို​နောက်​ဒါ​ဝိဒ်​သည်​ရှော​လု​၏​ခေါင်း​ရင်း​တွင် ရှိ​သော​လှံ​နှင့်​ရေ​ဘူး​ကို​ယူ​၍ အ​ဘိ​ရှဲ​နှင့် အ​တူ​ထွက်​သွား​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​တစ် တပ်​လုံး​ကို​အိပ်​မော​ကျ​စေ​တော်​မူ​သ​ဖြင့် အ​ဘယ်​သူ​မျှ​မ​သိ​မ​မြင်​မ​နိုး​မ​ကြား ကြ။
1SA 26:13 ထို​နောက်​ဒါ​ဝိဒ်​သည်​ချိုင့်​ဝှမ်း​တစ်​ဘက်​သို့​ကူး ပြီး​နောက် ဘေး​ကင်း​လောက်​အောင်​ဝေး​ရာ​သို့ ရောက်​သော​အ​ခါ​တောင်​ကုန်း​ထိပ်​တွင်​ရပ် လျက်၊-
1SA 26:14 ရှော​လု​၏​တပ်​သား​များ​နှင့်​အာ​ဗ​နာ​အား``အို အာ​ဗ​နာ​သင်​သည်​ငါ​ပြော​သည်​ကို​ကြား ရ​ပါ​၏​လော'' ဟု​ဟစ်​အော်​လေ​၏။ အာ​ဗ​နာ​က``မင်း​ကြီး​အိပ်​ရာ​မှ​နိုး​အောင်​အော် ဟစ်​နေ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။
1SA 26:15 ဒါ​ဝိဒ်​က``အို အာ​ဗ​နာ၊ သင်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ခွန်​အား​အ​ကြီး​ဆုံး​သော​သူ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​၍​သင်​၏​အ​ရှင်​သ​ခင်​ဘု​ရင် မင်း​မြတ်​အား အ​ဘယ်​ကြောင့်​မ​ကာ​ကွယ်​မ​စောင့် ရှောက်​ဘဲ​နေ​ပါ​သ​နည်း။ ခု​တင်​က​ပင်​လျှင်​လူ တစ်​ယောက်​သည်​သင်​၏​အ​ရှင်​သ​ခင်​ကို​သတ် ရန်​တပ်​စ​ခန်း​ထဲ​သို့​ဝင်​ခဲ့​၏။-
1SA 26:16 အ​ချင်း​အာ​ဗ​နာ၊ သင်​သည်​ဝတ္တ​ရား​ပျက်​ကွက် ခဲ့​ပါ​သည်​တ​ကား။ ဘု​ရင်​အဖြစ်​ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သင်​၏​အ​ရှင်​ကို သင်​သည် မ​စောင့်​ရှောက်​ခဲ့​သ​ဖြင့်​သင်​တို့​အား​လုံး​ပင် သေ​ဒဏ်​ခံ​သင့်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏။ ဘု​ရင်​၏​လှံ​တော်​သည် အ​ဘယ်​မှာ​ရှိ​သည်​ကို​ကြည့်​လော့။ ခေါင်း ရင်း​တော်​အ​နီး​တွင်​ထား​သည့်​ရေ​ဘူး​တော် ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​၏။
1SA 26:17 ရှော​လု​သည်​ဒါ​ဝိဒ်​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့်``သင် သည်​ငါ့​သား​ဒါ​ဝိဒ်​ပေ​လော'' ဟု​မေး​တော်​မူ​၏။ ဒါ​ဝိဒ်​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊-
1SA 26:18 အ​ရှင်​သည်​အ​ဘယ်​ကြောင့်​မိ​မိ​၏​အ​စေ​ခံ​ဖြစ် သူ​အ​ကျွန်ုပ်​အား လိုက်​လံ​ဖမ်း​ဆီး​လျက်​ပင်​ရှိ နေ​ပါ​သေး​သ​နည်း။ အ​ကျွန်ုပ်​သည်​အ​ဘယ် ရာ​ဇ​ဝတ်​မှု​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။-
1SA 26:19 အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ရှင့်​အား​အ​ကျွန်ုပ်​နှင့် ရန်​သူ​ဖြစ်​အောင်​ပြု​သူ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ခဲ့​သော်​အ​မျက်​တော်​ပြေ​စေ​ရန်​ပူ​ဇော် သ​ကာ​ကို​ဆက်​သ​နိုင်​ပါ​သည်။ အ​ကယ်​၍ ယင်း​သို့​ရန်​သူ​ဖြစ်​အောင်​ပြု​သော​သူ​တို့​မှာ လူ​သား​များ​ဖြစ်​ပါ​မူ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ကြ​ပါ​စေ​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​နယ်​မြေ​မှ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​သာ​ကိုး​ကွယ် နိုင်​သော​နယ်​မြေ​သို့​အ​ကျွန်ုပ်​အား​သူ​တို့ နှင်​ထုတ်​ကြ​ပါ​၏။-
1SA 26:20 အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဝေး​ရာ တိုင်း​တစ်​ပါး​တွင်​မ​သေ​ပါ​ရ​စေ​နှင့်။ ဣ​သ ရေ​လ​ဘု​ရင်​သည်​အ​ဘယ်​ကြောင့်​ခွေး​လှေး မျှ​သာ​ဖြစ်​သော​အ​ကျွန်ုပ်​ကို သတ်​ဖြတ်​ရန် ကြွ​လာ​တော်​မူ​ရ​ပါ​သ​နည်း။ မင်း​ကြီး​သည် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​တော​ငှက်​သ​ဖွယ် လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​ရ​ပါ​သ​နည်း။''
1SA 26:21 ရှော​လု​က​လည်း``ငါ​မှား​လေ​ပြီ။ ငါ့​သား​ဒါ​ဝိဒ်၊ ငါ့​ထံ​သို့​ပြန်​ခဲ့​လော့။ သင်​သည်​ယ​နေ့​ည​ငါ​၏ အ​သက်​ကို​ချမ်း​သာ​ပေး​ခဲ့​သ​ဖြင့် ငါ​သည်​သင့် အား​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ပြု​တော့​မည်​မ​ဟုတ်။ ငါ​သည်​မိုက်​မဲ​သူ​ဖြစ် ချေ​ပြီ။ အ​လွန်​ဆိုး​ရွား​သည့်​အ​မှု​ကို​ပြု​မိ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။
1SA 26:22 ဒါ​ဝိဒ်​က​ပြန်​၍​လျှောက်​ထား​သည်​မှာ ``အ​ရှင် မင်း​ကြီး၊ အ​ရှင့်​လှံ​တော်​သည်​ဤ​မှာ​ရှိ​ပါ​၏။ လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍​ယူ​စေ​တော်​မူ​ပါ။-
1SA 26:23 ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​စောင့်​သူ၊ ဖြောင့်​မှန် သူ​တို့​ကို​ဆု​တော်​လာဘ်​တော်​များ​ပေး​သ​နား တော်​မူ​ပါ​၏။ ယ​နေ့​ကိုယ်​တော်​သည်​အ​ရှင့်​အား အ​ကျွန်ုပ်​လက်​သို့​ပေး​အပ်​တော်​မူ​ခဲ့​သော်​လည်း အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဘု​ရင်​အား​ဘေး​အန္တ​ရာယ်​မ​ပြု ခဲ့​ပါ။-
1SA 26:24 ယ​နေ့​အ​ရှင်​၏​အ​သက်​ကို​အ​ကျွန်ုပ်​ချမ်း​သာ ပေး​ခဲ့​သည့်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​၏​အသက်​ကို​ချမ်း​သာ​ပေး​၍ ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​စေ သော'' ဟူ​၍​ဖြစ်​၏။
1SA 26:25 ရှော​လု​က​လည်း``ငါ့​သား၊ သင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည်​ပြု လေ​သ​မျှ​သော​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင် ပါ​လိမ့်​မည်'' ဟု​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​၏။ ထို​နောက်​ဒါ​ဝိဒ်​သည်​ထွက်​ခွာ​၍​ရှော​လု​သည် နန်း​တော်​သို့​ပြန်​သွား​တော်​မူ​၏။
1SA 27:1 ``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-
1SA 27:2 ထို့​ကြောင့်​မိ​မိ​၏​တပ်​သား​ခြောက်​ရာ​နှင့် အ​တူ​မော​ခ​၏​သား၊ ဂါ​သ​ဘု​ရင်​အာ​ခိတ် ထံ​သို့​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။-
1SA 27:3 ဒါ​ဝိဒ်​တို့​လူ​စု​သည်​မိ​မိ​တို့​သား​မ​ယား​များ နှင့်​တ​ကွ ဂါ​သ​မြို့​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​တူ​သူ​၏​ဇ​နီး​များ​ဖြစ် သော​ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​နှင့် က​ရ မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲလ တို့​ပါ​လာ​ကြ​၏။-
1SA 27:4 ရှော​လု​သည်​ဂါ​သ​မြို့​သို့​ဒါ​ဝိဒ်​ထွက်​ပြေး ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ဒါ​ဝိဒ်​အား ရှာ​ဖွေ​မှု​ကို​လက်​လျော့​လိုက်​လေ​သည်။
1SA 27:5 ဒါ​ဝိဒ်​သည်​အာ​ခိတ်​အား``အ​ရှင်​သည်​အ​ကျွန်ုပ် အ​ပေါ်​မိတ်​ဆွေ​ကဲ့​သို့​သ​ဘော​ထား​ပါ​လျှင် အ​ကျွန်ုပ်​အား​မြို့​က​လေး​တစ်​မြို့​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ။ ဤ​မြို့​တော်​ကြီး​တွင်​အ​ရှင် နှင့်​အ​တူ​အ​ကျွန်ုပ်​နေ​ထိုင်​ရန်​မ​လို​ပါ'' ဟု လျှောက်​၏။-
1SA 27:6 သို့​ဖြစ်​၍​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား​ဇိ​က​လတ် မြို့​ကို​ပေး​တော်​မူ​၏။ ဤ​အ​ကြောင်း​ကြောင့် ဇိ​က​လတ်​မြို့​သည် ယ​နေ့​တိုင်​အောင်​ယု​ဒ ရှင်​ဘု​ရင်​တို့​၏​ပိုင်​နက်​ဖြစ်​လေ​သည်။-
1SA 27:7 ဖိ​လိတ္တိ​ပြည်​တွင်​ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည်​မှာ တစ်​ဆယ့်​ခြောက်​လ​တိုင်​တိုင်​ဖြစ်​သ​တည်း။
1SA 27:8 ထို​ကာ​လ​အ​တော​အ​တွင်း​၌​ဒါ​ဝိဒ်​တို့​လူ​စု သည်​ဂေ​ရှု​ရိ​အ​မျိုး​သား၊ ဂေ​ရ​ဇိ​အ​မျိုး​သား နှင့်​အာ​မ​လက်​အ​မျိုး​သား​တို့​၏​နယ်​မြေ​များ ကို အီ​ဂျစ်​ပြည်​အ​နီး​ရှု​ရ​မြို့​တိုင်​အောင်​သွား ရောက်​တိုက်​ခိုက်​လေ့​ရှိ​၏။ ထို​အ​မျိုး​သား​တို့ သည်​ယင်း​၏​နယ်​မြေ​များ​တွင်​နှစ်​ပေါင်း​များ စွာ​နေ​ထိုင်​ခဲ့​ကြ​သူ​များ​ဖြစ်​၏။-
1SA 27:9 ဒါ​ဝိဒ်​သည်​သူ​တို့​အား​ယောကျာ်း​မိန်း​မ​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​လျက် သိုး၊ နွား၊ မြည်း၊ ကု​လား​အုတ်​နှင့်​အင်္ကျီ​အ​ဝတ်​အ​စား​များ ကို​သိမ်း​ယူ​၍​အာ​ခိတ်​ထံ​သို့​ပြန်​လာ​လေ့ ရှိ​၏။-
1SA 27:10 အာ​ခိတ်​က​လည်း​သူ့​အား``ယ​ခု​အ​ကြိမ်​သင် သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရောက်​တိုက်​ခိုက်​ခဲ့ ပါ​သ​နည်း'' ဟု​မေး​မြန်း​လေ့​ရှိ​၏။ ထို​အ​ခါ ဒါ​ဝိဒ်​က​ယု​ဒ​ပြည်​တောင်​ပိုင်း​ယေ​ရ​မေ​လ အ​နွယ်​ဝင်​တို့​နယ်​မြေ၊ ကေ​နိ​အ​မျိုး​သား​တို့ ၏​နယ်​မြေ​စ​သည်​တို့​ကို​သွား​ရောက်​ခဲ့​ကြောင်း လျှောက်​ထား​လေ့​ရှိ​၏။-
1SA 27:11 ဒါ​ဝိဒ်​သည်​မိ​မိ​ပြု​ခဲ့​သ​မျှ​တို့​ကို​အ​ဘယ် သူ​မျှ​ဂါ​သ​မြို့​သို့​သတင်း​မ​ပို့​နိုင်​စေ​ရန် ယောကျာ်း၊ မိန်း​မ​ရှိ​သ​မျှ​တို့​ကို​သတ်​ဖြတ် လေ​သည်။ သူ​သည်​ဖိ​လိတ္တိ​ပြည်​တွင်​နေ​ထိုင် ခဲ့​သည့်​ကာ​လ​ပတ်​လုံး​ဤ​နည်း​အ​တိုင်း ပြု​ခဲ့​သ​တည်း။-
1SA 27:12 သို့​ရာ​တွင်​အာ​ခိတ်​သည်​ဒါ​ဝိဒ်​၏​စကား​ကို ယုံ​ကြည်​သ​ဖြင့်``ဤ​လူ​သည်​မိ​မိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မုန်း​တီး​မှု​ကို​လွန်​စွာ​ခံ​ရ ပြီ​ဖြစ်​၍​တစ်​သက်​လုံး​ငါ​၏​အ​စေ​ကို​ခံ​ရ ပေ​အံ့'' ဟု​တွေး​တော​လျက်​နေ​၏။
1SA 28:1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊
1SA 28:2 ဒါ​ဝိဒ်​က``မှန်​လှ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အ​ဘယ်​သို့​စွမ်း ဆောင်​နိုင်​သည်​ကို​ကိုယ်​တော်​တွေ့​မြင်​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။ အာ​ခိတ်​က​လည်း``ကောင်း​ပြီ။ သင့်​အား​ငါ ၏​အ​မြဲ​တမ်း​သက်​တော်​စောင့်​အ​ဖြစ်​ခန့် ထား​မည်'' ဟု​ဆို​၏။
1SA 28:3 ရှ​မွေ​လ​ကွယ်​လွန်​ရာ​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သည်​ငို​ကြွေး​မြည်​တမ်း​လျက် သူ​၏​နေ​ရင်း​ဌာ​န​ရာ​မ​မြို့​တွင်​သူ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ကြ​၏။ ရှော​လု​သည်​ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​အ​ပေါင်း​တို့​အား​ဣ​သ​ရေ​လ ပြည်​မှ​နှင်​ထုတ် ထား​တော်​မူ​ခဲ့​၏။
1SA 28:4 ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-
1SA 28:5 ဖိ​လိတ္တိ​တပ်​မ​တော်​ကို​မြင်​သော​အ​ခါ​ရှော​လု သည်​ထိတ်​လန့်​လျက်၊-
1SA 28:6 မိ​မိ​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ထာ​ဝ​ရ​ဘု​ရား အား​မေး​လျှောက်​လေ​သည်။ သို့​သော်​ထာ​ဝ​ရ ဘု​ရား​သည်​အိပ်​မက်​များ​အား​ဖြင့်​သော်​လည်း ကောင်း၊ ဥ​ရိမ်​နှင့်​သု​မိမ်​အား​ဖြင့်​သော်​လည်း ကောင်း၊ ပ​ရော​ဖက်​များ​အား​ဖြင့်​သော်​လည်း ကောင်း​လုံး​ဝ​ဖြေ​ကြား​တော်​မ​မူ။-
1SA 28:7 ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​၏​တပ်​မှူး​တို့ အား``နတ်​ဝင်​သည်​တစ်​ဦး​ကို​ရှာ​ကြ​လော့။ သူ​၏​ထံ​သို့​သွား​၍​ငါ​စုံ​စမ်း​မေး​မြန်း မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က``အင်္ဒေါ​ရ​မြို့​တွင်​နတ်​ဝင်​သည်​မ တစ်​ယောက်​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။
1SA 28:8 ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။
1SA 28:9 ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။
1SA 28:10 ထို​အ​ခါ​ရှော​လု​က``ဤ​အ​မှု​ကို​ပြု​သည့် အ​တွက်​သင်​အ​ပြစ်​ဒဏ်​မ​သင့်​စေ​ရ​ပါ​ဟု အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​က​တိ​ပြု​ပါ​၏'' ဟု​ဆို​လျှင်၊
1SA 28:11 နတ်​ဝင်​သည်​မ​က``သင့်​အ​တွက်​အ​ဘယ်​သူ ကို​ခေါ်​ပေး​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ ရှော​လု က``ရှ​မွေ​လ'' ဟု​ဆို​၏။
1SA 28:12 နတ်​ဝင်​သည်​မ​သည်​ရှ​မွေ​လ​ကို​မြင်​လျှင် အ​သံ​ကုန်​အော်​၍​ရှော​လု​အား``အ​ဘယ်​ကြောင့် ကျွန်​မ​အား​လိမ်​လည်​လှည့်​စား​တော်​မူ​ပါ သ​နည်း။ အ​ရှင်​ကား​ရှော​လု​ဘု​ရင်​ပင်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ဆို​၏။
1SA 28:13 မင်း​ကြီး​က​လည်း``မ​ကြောက်​နှင့်။ သင်​မြင်​သည့် အ​ရာ​ကို​ငါ့​အား​ဖော်​ပြ​လော့'' ဟု​မိန့်​တော် မူ​၏။ ထို​အ​မျိုး​သ​မီး​က``မြေ​ထဲ​မှ​နတ်​တစ်​ပါး ပေါ်​ထွက်​လာ​သည်​ကို​ကျွန်​မ​မြင်​ပါ​၏'' ဟု ဆို​လျှင်၊
1SA 28:14 ရှော​လု​က``ထို​သူ​သည်​အ​ဘယ်​သို့​အ​ဆင်း သဏ္ဌာန်​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``ထို​သူ​သည်​အို​မင်း​သူ​တစ် ဦး​ဖြစ်​၍​ဝတ်​လုံ​ကို​ခြုံ​ထား​ပါ​၏'' ဟု​ဖြေ ကြား​၏။ ထို​အ​ခါ​ရှော​လု​သည်​ရှ​မွေ​လ ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် ရို​သေ​စွာ​မြေ​သို့ ဦး​ညွှတ်​လျက်​နေ​၏။
1SA 28:15 ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​ကို​နှောင့်​ယှက်​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ငါ့​ကို​ပြန်​၍​ခေါ်​ယူ​ပါ​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``အ​ကျွန်ုပ်​သည်​ဒုက္ခ​အ​ကြီး​အ​ကျယ် ရောက်​လျက်​နေ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့ သည်​အ​ကျွန်ုပ်​နှင့်​စစ်​ဖြစ်​လျက်​ရှိ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​ကျွန်ုပ်​ကို​စွန့် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ပ​ရော​ဖက် များ​အား​ဖြင့်​သော်​လည်း​ကောင်း၊ အိပ်​မက် များ​အား​ဖြင့်​သော်​လည်း​ကောင်း​အ​ကျွန်ုပ် အား​ဖြေ​ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင့်​ကို​ခေါ်​ယူ​ရ​ခြင်း ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ မည်​ကို​မိန့်​ကြား​တော်​မူ​ပါ'' ဟု​ဆို​၏။
1SA 28:16 ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို စွန့်​တော်​မူ​၍​ရန်​ဘက်​ဖြစ်​ပါ​လျက် သင် သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ယူ​ပါ သ​နည်း။-
1SA 28:17 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဖြင့်​မိန့်​မြွက် တော်​မူ​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင့်​ကို​ပြု တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​၏​နိုင်​ငံ ကို​သင့်​ထံ​မှ​ရုပ်​သိမ်း​၍​ဒါ​ဝိဒ်​အား​ပေး အပ်​တော်​မူ​လေ​ပြီ။-
1SA 28:18 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​ကို လွန်​ဆန်​၍ အာ​မ​လက်​အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့​ကို​အ​ကုန် အ​စင်​မ​ဖျက်​ဆီး​သ​ဖြင့် ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​ဤ​သို့​ဒဏ်​ခတ်​တော် မူ​ခြင်း​ဖြစ်​၏။-
1SA 28:19 ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ​ဣ​သ​ရေ​လ နိုင်​ငံ​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်။ နက်​ဖြန်​ခါ​သင် နှင့်​သင်​၏​သား​တို့​သည်​ငါ​ရှိ​ရာ​အရပ်​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို လည်း ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
1SA 28:20 ရှ​မွေ​လ​၏​စ​ကား​ကြောင့်​ရှော​လု​သည်​ထိတ် လန့်​ကာ​ရုတ်​တ​ရက်​မြေ​ပေါ်​သို့​လဲ​ကျ​ပြီး လျှင် အ​လျား​မှောက်​၍​နေ​လေ​သည်။ သူ​သည် တစ်​နေ့​လုံး​တစ်​ညဥ့်​လုံး​မည်​သည့်​အ​စား အ​စာ​ကို​မျှ​မ​စား​သ​ဖြင့်​အား​အင် ချည့်​နဲ့​၍​နေ​၏။-
1SA 28:21 နတ်​ဝင်​သည်​မ​သည်​သူ့​အား​သွား​၍​ကြည့် ရာ​ထိတ်​လန့်​လျက်​နေ​သည်​ကို​တွေ့​သ​ဖြင့် ``အ​ရှင်၊ ကျွန်​မ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍ အ​ရှင်​ခိုင်း​စေ​ရာ​ကို​ပြု​ခဲ့​ပါ​၏။-
1SA 28:22 ယ​ခု​ကျွန်​မ​လျှောက်​ထား​သည့်​အ​တိုင်း​အ​ရှင် ပြု​တော်​မူ​ပါ။ အ​ရှင့်​အား​ကျွန်​မ​အ​စား အ​စာ​အ​နည်း​ငယ်​ကို​ရှေ့​တော်​၌​တင်​ပါ​ရ စေ။ အ​ရှင်​သည်​ခ​ရီး​ပြု​နိုင်​အောင်​ခွန်​အား ရ​ရှိ​ရန်​စား​တော်​ခေါ်​ပါ'' ဟု​လျှောက်​၏။
1SA 28:23 ရှော​လု​က​မိ​မိ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​စား လို​ကြောင်း​ငြင်း​ဆန်​၍​နေ​၏။ သို့​ရာ​တွင်​သူ​၏ ငယ်​သား​တို့​က​ဝိုင်း​၍​တိုက်​တွန်း​ကြ​သ​ဖြင့် သူ​သည်​နောက်​ဆုံး​၌​အ​လျော့​ပေး​ပြီး​လျှင် မြေ​ပေါ်​မှ​ထ​၍​ကု​တင်​ပေါ်​တွင်​ထိုင်​တော် မူ​၏။-
1SA 28:24 နတ်​ဝင်​သည်​မ​လည်း​မိ​မိ​ဝ​အောင်​ကျွေး​ထား သည့်​နွား​ငယ်​ကို​အ​လျင်​အ​မြန်​စီ​ရင်​၍ မုန့် ညက်​အ​နည်း​ငယ်​ကို​နယ်​ကာ​တ​ဆေး​မ​ပါ သော​မုန့်​ကို​ဖုတ်​လေ​၏။-
1SA 28:25 ထို​နောက်​ထို​အ​စား​အ​စာ​ကို​ရှော​လု​နှင့် ငယ်​သား​တို့​အား​ကျွေး​၏။ သူ​တို့​သည်​စား သောက်​ကြ​ပြီး​လျှင်​ထို​ညဥ့်​၌​ပင်​ထွက် ခွာ​သွား​ကြ​၏။
1SA 29:1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။-
1SA 29:2 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​မိ​မိ​တို့​၏​တစ် ရာ​တပ်၊ တစ်​ထောင်​တပ်​များ​နှင့်​ချီ​တက်​လာ​ကြ​၏။ ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တပ်​မှ​အာ​ခိတ်​မင်း နှင့်​အ​တူ​လိုက်​ကြ​၏။-
1SA 29:3 ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​သူ​တို့​ကို​မြင်​လျှင်``ဤ ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည်​အ​ဘယ်​ကြောင့်​ငါ တို့​နှင့်​အ​တူ​လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။ အာ​ခိတ်​က``သူ​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လု ၏​အ​စေ​ခံ​ဒါ​ဝိဒ်​ဖြစ်​၏။ ငါ့​ထံ​တွင်​နေ​ထိုင် လျက်​ရှိ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပါ​ပြီ။ ငါ့​ဘက်​သို့​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သူ ၏​အ​ပေါ်​တွင်​အ​ပြစ်​ဆို​စ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​တွေ့​ရ​ပါ'' ဟု​ပြော​၏။
1SA 29:4 သို့​ရာ​တွင်​ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​အာ​ခိတ် ကို​စိတ်​ဆိုး​၍``ထို​သူ့​အား​သင်​ပေး​အပ်​ထား သည့်​မြို့​သို့​ပြန်​လွှတ်​လိုက်​လော့။ ငါ​တို့​နှင့် အ​တူ​စစ်​တိုက်​ရာ​သို့​မ​လိုက်​စေ​နှင့်။ စစ် တိုက်​နေ​စဉ်​သူ​သည်​ငါ​တို့​အား​ရန်​မူ​ကောင်း ရန်​မူ​ပါ​လိမ့်​မည်။ သူ​သည်​မိ​မိ​အရှင့်​ထံ​တွင် ပြန်​၍​မျက်​နှာ​ရ​အောင်​ပြု​လုပ်​နိုင်​သည့် နည်း​မှာ​ငါ​တို့​လူ​များ​ကို​သတ်​သော​နည်း ထက်​ပို​၍​ကောင်း​သော​နည်း​ရှိ​ပါ​သ​လော။-
1SA 29:5 အ​မျိုး​သ​မီး​တို့​သည်​က​ခုန်​လျက်`ရှော​လု သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သီ​ဆို​ခဲ့​ရာ​တွင်​ဤ​ဒါ​ဝိဒ်​၏​အ​ကြောင်း ကို​သီ​ဆို​ခြင်း​ပင်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ ၏။
1SA 29:6 အာ​ခိတ်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``သင်​သည် ငါ့​အ​ပေါ်​၌​သစ္စာ​စောင့်​ကြောင်း​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။ ငါ​သည်​သင့်​အား​ငါ​နှင့်​အ​တူ​စစ်​ပွဲ​တွင် ဝင်​ရောက်​တိုက်​ခိုက်​စေ​လို​ပါ​၏။ ငါ​၏​ထံ​သို့ သင်​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သင့်​အ​ပေါ် တွင်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့ မ​မြင်​ပါ။ သို့​ရာ​တွင်​အ​ခြား​ဘုရင်​တို့​က သ​ဘော​မ​တူ​ကြ​ပါ။-
1SA 29:7 သို့​ဖြစ်​၍​သင်​သည်​အေး​ချမ်း​စွာ​အိမ်​သို့​ပြန်​၍ သူ​တို့​မ​နှစ်​သက်​မည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ပါ​နှင့်'' ဟု​ဆို​၏။
1SA 29:8 ဒါ​ဝိဒ်​က​လည်း``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှား ကို​ပြု​မိ​ပါ​သ​နည်း။ အ​ရှင်​မိန့်​ကြား​သည့်​အ​တိုင်း အ​ရှင့်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက်​သည့်​နေ့ မှ​စ​၍ အ​ကျွန်ုပ်​အ​ပေါ်​တွင်​အ​ပြစ်​တစ်​စုံ​တစ် ရာ​မျှ​မ​တွေ့​ရ​ပါ​မူ အ​ကျွန်ုပ်​၏​သ​ခင်​နှင့်​ဘု​ရင် ဖြစ်​သော​ကိုယ်​တော်​အ​တွက်​အ​ကျွန်ုပ်​အ​ဘယ် ကြောင့်​လိုက်​၍ ရန်​သူ​တို့​ကို​တိုက်​ခိုက်​ခွင့်​မ​ရ ပါ​သ​နည်း'' ဟု​လျှောက်​၏။
1SA 29:9 အာ​ခိတ်​က​လည်း``သင်​၏​စ​ကား​မှန်​ကန်​ပါ ပေ​သည်။ ငါ​သည်​သင့်​အား​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့​သစ္စာ​ရှိ​သူ​ဟု​မှတ် ယူ​ပါ​၏။ သို့​ရာ​တွင်​အ​ခြား​ဘု​ရင်​တို့​က သင့်​အား​ငါ​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ခွင့်​မ​ပေး နိုင်​သ​ဖြင့်၊-
1SA 29:10 ဒါ​ဝိဒ်၊ သင်​နှင့်​တ​ကွ​ရှော​လု​ထံ​မှ​ငါ့​ထံ​သို့ ပြောင်း​ရွှေ့​လာ​ကြ​သူ​အ​ပေါင်း​တို့​သည် နက်​ဖြန် နံ​နက်​စော​စော​ထ​၍​မိုး​လင်း​လျှင်​လင်း​ချင်း ထွက်​ခွာ​သွား​ကြ​လော့'' ဟု​ပြန်​ပြော​၏။
1SA 29:11 ထို့​ကြောင့်​ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တစ်​နေ့ နံ​နက်​စော​စော​အ​ချိန်​၌ ဖိ​လိတ္တိ​ပြည်​သို့​ပြန် သွား​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လည်း ယေ​ဇ​ရေ​လ​မြို့​သို့​ချီ​တက်​ကြ​၏။
1SA 30:1 နှစ်​ရက်​မျှ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​တို့​လူ​စု သည် ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ ကြ​၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ယု​ဒ ပြည်​တောင်​ပိုင်း​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ​ဇိ က​လတ်​မြို့​ကို​တိုက်​ခိုက်​မီး​ရှို့​၍၊-
1SA 30:2 အ​မျိုး​သ​မီး​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ခေါ်​ဆောင်​သွား​ကြ​၏။ သို့​ရာ​တွင်​မည် သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​သတ်​ခဲ့​ကြ။
1SA 30:3 ဒါ​ဝိဒ်​တို့​လူ​စု​ရောက်​ရှိ​လာ​သော​အ​ခါ မြို့​မှာ မီး​ကျွမ်း​လျက် မိ​မိ​တို့​၏​မ​ယား​နှင့်​သား​သ​မီး များ​ကို ရန်​သူ​တို့​ဖမ်း​ဆီး​သွား​ကြောင်း​ကို တွေ့​ရှိ​သ​ဖြင့်၊-
1SA 30:4 အား​အင်​ကုန်​ခန်း​သည့်​တိုင်​အောင်​ငို​ကြွေး ကြ​၏။-
1SA 30:5 ဒါ​ဝိဒ်​၏​မ​ယား​များ​ဖြစ်​ကြ​သော အ​ဟိ​နောင် နှင့်​အ​ဘိ​ဂဲ​လ​တို့​ပင်​လျှင်​ပါ​သွား​ကြ​လေ သည်။
1SA 30:6 ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။-
1SA 30:7 ဒါ​ဝိဒ်​သည်​အ​ဟိ​မ​လက်​၏​သား၊ ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​လျှင်​အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို​ယူ​ဆောင်​ခဲ့​၏။-
1SA 30:8 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။ ကိုယ်​တော်​က``သူ​တို့​၏​နောက်​သို့​လိုက်​လော့။ သင် သည်​သူ​တို့​ကို​ဖမ်း​ဆီး​ရ​မိ​၍​သုံ့​ပန်း​များ ကို​ကယ်​ဆယ်​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။
1SA 30:9 သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​လူ​ခြောက်​ရာ​တို့​သည် ထွက်​ခွာ​သွား​ကြ​ရာ​ဗေ​သော်​ချောင်း​သို့​ရောက် ရှိ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ရစ်​ကြ​၏။-
1SA 30:10 ဒါ​ဝိဒ်​သည်​လူ​လေး​ရာ​နှင့်​ဆက်​၍​သွား​၏။ အ​ခြား​လူ​နှစ်​ရာ​မှာ​မော​ပန်း​လွန်း​သ​ဖြင့် ချောင်း​ကို​မ​ကူး​နိုင်​ဘဲ​နေ​ရစ်​ကြ​၏။
1SA 30:11 ဒါ​ဝိဒ်​နှင့်​ပါ​လာ​သော​လူ​တို့​သည် အီ​ဂျစ် အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​ကို​ကျေး​တော တွင်​တွေ့​၍​ဒါ​ဝိဒ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သူ​တို့​သည်​ထို​လူ​ငယ်​အား​အ​စား​အ​စာ နှင့်​ရေ​ကို​လည်း​ကောင်း၊-
1SA 30:12 သင်္ဘော​သ​ဖန်း​သီး​ခြောက်​အ​နည်း​ငယ်​နှင့် စ​ပျစ် သီး​ခြောက်​နှစ်​ပြွတ်​ကို​လည်း​ကောင်း​ပေး​ကြ​၏။ လူ​ငယ်​သည်​ထို​အ​စား​အ​စာ​များ​ကို​စား​ပြီး နောက်​ပြန်​၍​အား​ပြည့်​လာ​လေ​သည်။ သူ​သည် သုံး​ရက်​တိုင်​တိုင်​မည်​သည့်​အ​စာ​ရေ​စာ​မျှ မ​စား​မ​သောက်​ခဲ့​ရ။-
1SA 30:13 ဒါ​ဝိဒ်​သည်​သူ့​အား``သင်​၏​သ​ခင်​ကား​မည်​သူ နည်း။ သင်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု မေး​၏။ လူ​ငယ်​က``ကျွန်​တော်​သည်​အာ​မ​လက်​အ​မျိုး သား​တစ်​ဦး​၏​ကျွန်၊ အီ​ဂျစ်​လူ​မျိုး​ဖြစ်​ပါ​၏။ ဖျား​နာ​နေ​သော​ကြောင့်​ကျွန်​တော်​အား​လွန်​ခဲ့ သည့်​သုံး​ရက်​က​ပင်​သ​ခင်​က​ထား​ခဲ့​ပါ​၏။-
1SA 30:14 ကျွန်​တော်​တို့​သည်​ယု​ဒ​ပြည်​တောင်​ပိုင်း​ခေ​ရ​သိ နယ်​မြေ​နှင့် ကာ​လက်​သား​ချင်း​စု​၏​နယ်​မြေ​ကို တိုက်​ခိုက်​၍​ဇိ​က​လတ်​မြို့​ကို​မီး​ရှို့​ခဲ့​ကြ​ပါ ၏'' ဟု​ပြန်​ပြော​၏။
1SA 30:15 ဒါ​ဝိဒ်​က``သင်​သည်​ထို​လူ​စု​ရှိ​ရာ​သို့​ငါ့​ကို လမ်း​ပြ​ပါ​မည်​လော'' ဟု​မေး​လျှင်၊ လူ​ငယ်​က``အ​ရှင်​သည်​ကျွန်​တော်​ကို​မ​သတ်၊ ကျွန်​တော်​၏​သ​ခင်​လက်​သို့​မ​ပေး​အပ်​ပါ​ဟူ ၍​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​လျှင်​အ​ရှင့်​အား​လမ်း​ပြ​ပါ မည်'' ဟု​ဆို​ပြီး​လျှင်၊-
1SA 30:16 ဒါဝိဒ်​ကို​ထို​သူ​တို့​ထံ​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ ထို​သူ​တို့​သည်​ဖိ​လိတ္တိ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​မှ ပစ္စည်း​ဥစ္စာ​အ​မြောက်​အ​မြား​ကို သိမ်း​ယူ​ရ​ရှိ​ခဲ့ သ​ဖြင့် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​စား​သောက်​ကာ အောင်​ပွဲ​ခံ​လျက်​နေ​ကြ​၏။-
1SA 30:17 ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​မှ​အ​စ ပြု​၍​ညဥ့်​ဦး​တိုင်​အောင် သူ​တို့​အား​တိုက်​ခိုက်​ရာ ကု​လား​အုတ်​စီး​သူ​လူ​ငယ်​လေး​ရာ​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထွက်​မ​ပြေး​နိုင်​ချေ။-
1SA 30:18 ဒါ​ဝိဒ်​သည်​မိ​မိ​မ​ယား​နှစ်​ယောက်​နှင့်​တ​ကွ အာ​မ​လက်​အ​မျိုး​သား​တို့​သိမ်း​ယူ​သွား သ​မျှ​တို့​ကို​ပြန်​လည်​ရ​ရှိ​လိုက်​လေ​သည်။-
1SA 30:19 အ​ဘယ်​အ​ရာ​မျှ​ပျောက်​ဆုံး​မှု​မ​ရှိ။ ဒါ​ဝိဒ် သည်​မိ​မိ​လူ​စု​၏​သား​သ​မီး​အ​ပေါင်း​ကို လည်း​ကောင်း၊ အာ​မ​လက်​အ​မျိုး​သား​တို့​တိုက် ယူ​သွား​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း ပြန်​၍​ရ​လေ​သည်။-
1SA 30:20 သူ​တို့​လူ​စု​သည် သိုး​အုပ်​နွား​အုပ်​တို့​ကို​လည်း​ပြန်​လည်​ရ​ရှိ​သ ဖြင့် မိ​မိ​တို့​ရှေ့​တွင်​မောင်း​နှင်​ကာ``ဤ​သိုး​နွား​များ ကား​ဒါ​ဝိဒ်​ပိုင်​ပစ္စည်း​များ​ဖြစ်​သည်'' ဟု​ဆို​ကြ​၏။
1SA 30:21 ထို​နောက်​မော​ပန်း​လွန်း​သ​ဖြင့် မိ​မိ​နှင့်​မ​လိုက်​နိုင် ဘဲ​ဗေ​သော်​ချောင်း​အ​နီး​တွင် နေ​ရစ်​သူ​လူ​နှစ်​ရာ ရှိ​ရာ​သို့​ဒါ​ဝိဒ်​ပြန်​လည်​ရောက်​ရှိ​လာ​၏။ ထို​သူ တို့​သည်​ခ​ရီး​ဦး​ကြို​ပြု​ရန်​ထွက်​လာ​၍ ဒါ​ဝိဒ် တို့​လူ​စု​အား​နှုတ်​ဆက်​ကြ​၏။-
1SA 30:22 သို့​ရာ​တွင်​ဒါ​ဝိဒ်​နှင့်​အ​တူ​လိုက်​ပါ​သွား​သူ​များ အ​နက် စိတ်​သ​ဘော​ထား​သေး​သိမ်​ယုတ်​မာ​သော​လူ အ​ချို့​တို့​က``ထို​သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​မ​လိုက် ခဲ့​ကြ​သ​ဖြင့် သူ​တို့​အား​တိုက်​ရာ​ပါ​ပစ္စည်း​ကို​မျှ မ​ပေး​နိုင်​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​သား​သ​မီး များ​ကို​ခေါ်​၍​ထွက်​ခွာ​သွား​နိုင်​ပါ​သည်'' ဟု​ဆို ကြ​၏။
1SA 30:23 သို့​သော်​ဒါ​ဝိဒ်​က``ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ပစ္စည်း​ဥစ္စာ​များ ကို​သင်​တို့​ဤ​သို့​မ​ပြု​ရ။ ကိုယ်​တော်​သည်​ငါ​တို့ အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၍ ငါ​တို့​မြို့ ကို​ချင်း​နင်း​ဝင်​ရောက်​တိုက်​ခိုက်​ခဲ့​သူ​တို့​အား နှိမ်​နင်း​နိုင်​ခွင့်​ပေး​တော်​မူ​၏။-
1SA 30:24 သင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​အ​ဘယ်​သူ​မျှ လက်​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​လုံး​ညီ တူ​ညီ​မျှ​ခွဲ​ဝေ​ယူ​ရ​ကြ​မည်။ စ​ခန်း​စောင့်​နေ ရစ်​ခဲ့​သူ​သည်​စစ်​ပွဲ​ဝင်​ရန်​သွား​ရောက်​သူ​ရ​ရှိ သည့်​အ​တိုင်း​ပင်​ရ​ရှိ​စေ​ရ​မည်'' ဟု​ဆို​၏။-
1SA 30:25 ဒါ​ဝိဒ်​သည်​ဤ​သို့​ဥ​ပ​ဒေ​ကို​ပြု​လုပ်​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​တွင်​ယင်း​ဥ​ပ​ဒေ​သည်​ယ​နေ့ တိုင်​အောင်​တည်​မြဲ​လျက်​ရှိ​ပေ​သည်။
1SA 30:26 ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-
1SA 30:27 သူ​သည်​ပစ္စည်း​အချို့​ကို​လည်း​ဗေ​သ​လ​မြို့၊ ယု​ဒ​ပြည်​တောင်​ပိုင်း​ရှိ​ရာ​မ​မြို့၊ ယတ္တိ​ယ​မြို့၊-
1SA 30:28 အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊-
1SA 30:29 ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​သား​ချင်း​စု​တို့​နေ ထိုင်​ရာ​မြို့၊ ကေ​နိ​သား​ချင်း​စု​တို့​နေ​ထိုင်​ရာ​မြို့၊-
1SA 30:30 ဟော​မာ​မြို့၊ ခေါ​ရာ​ရှန်​မြို့၊ အာ​သက်​မြို့၊-
1SA 30:31 ဟေ​ဗြုန်​မြို့​မှ​စ​၍​မိ​မိ​နှင့်​မိ​မိ​၏​လူ​စု​တည်း ခို​ခဲ့​ဖူး​သည့်​မြို့​ရွာ​ရှိ​သ​မျှ​သို့​ပေး​ပို့​လိုက် လေ​သည်။
1SA 31:1 ဂိ​လ​ဗော​တောင်​ပေါ်​တွင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တိုက်​ပွဲ ဖြစ်​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ အ​ပြား​ကျ​ဆုံး​ကြ​၏။ ကျန်​သော​သူ​တို့ သည်​ထွက်​ပြေး​ကြ​၏။-
1SA 31:2 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရှော​လု​၏​သား များ​ဖြစ်​ကြ​သော​ယော​န​သန်၊ အ​ဘိ​န​ဒပ် နှင့်​မေ​လ​ခိ​ရွှ​တို့​ကို လိုက်​၍​မီ​သ​ဖြင့် သတ်​ဖြတ်​လိုက်​ကြ​၏။-
1SA 31:3 ရှော​လု​၏​ပတ်​လည်​တွင်​တိုက်​ပွဲ​ပြင်း​ထန်​သည် ဖြစ်​၍ မင်း​ကြီး​ကိုယ်​တိုင်​ပင်​မြား​မှန်​သ​ဖြင့် ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-
1SA 31:4 မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။-
1SA 31:5 ရှော​လု​သေ​သွား​သည်​ကို​မြင်​လျှင် လူ​ငယ်​သည် မိ​မိ​ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​ရှော​လု​နှင့်​အ​တူ သေ​လေ​၏။-
1SA 31:6 ဤ​ကား​ရှော​လု​သား​တော်​သုံး​ပါး​နှင့် လူ​ငယ် တို့​သေ​ရ​ကြ​ပုံ​ဖြစ်​ပေ​သည်။ ထို​နေ့​၌​ရှော​လု ၏​လူ​အ​ပေါင်း​တို့​သည်​သေ​ဆုံး​ကြ​ကုန်​၏။-
1SA 31:7 ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တစ်​ဘက်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဣ​သ​ရေ​လ​တပ်​မ​တော်​ထွက်​ပြေး​ပြီ ဖြစ်​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​မြို့​များ​ကို​စွန့်​၍​ထွက်​ပြေး​ကြ​ကုန်​၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လာ ရောက်​၍​ထို​မြို့​များ​တွင်​နေ​ထိုင်​ကြ​၏။
1SA 31:8 တိုက်​ပွဲ​ဖြစ်​ပြီး​နောက်​တစ်​နေ့​၌​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် လူ​သေ​အ​လောင်း​တို့ ထံ​မှ​ပစ္စည်း​တန်​ဆာ​များ​ကို​ချွတ်​ရန်​ရောက် ရှိ​လာ​ကြ​ရာ ဂိ​လ​ဗော​တောင်​ထိပ်​တွင်​လဲ ၍​သေ​နေ​သော​ရှော​လု​နှင့်​သား​တော်​သုံး​ပါး ကို​တွေ့​ရှိ​ကြ​၏။-
1SA 31:9 သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ သူ့ ထံ​မှ​ချွတ်​ယူ​သော​လက်​နက်​တန်​ဆာ​များ​နှင့် တ​ကွ ဖိ​လိတ္တိ​ပြည်​ရှိ​မိ​မိ​တို့​၏​နတ်​ဘု​ရား ရုပ်​တု​များ​နှင့် မိ​မိ​တို့​၏​အ​မျိုး​သား​များ ထံ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန်​လူ လွှတ်​ပေး​ပို့​ကြ​လေ​သည်။-
1SA 31:10 ထို​နောက်​သူ​တို့​သည်​အ​ဆို​ပါ​လက်​နက် တန်​ဆာ​များ​ကို အ​ရှ​တ​ရက်​နတ်​သ​မီး ၏​ဝတ်​ကျောင်း​တွင်​ထား​ရှိ​၍​ရှော​လု​၏ အ​လောင်း​ကို​မူ​ဗက်​ရှန်​မြို့​ရိုး​တွင်​ဆွဲ ထား​ကြ​၏။
1SA 31:11 ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့ သား​တို့​ကြား​သိ​ကြ​သော​အ​ခါ၊-
1SA 31:12 သူ​ရဲ​ကောင်း​အ​ချို့​တို့​သည် ဗက်​ရှန်​မြို့​ကို တစ်​ည​လုံး​ချီ​တက်​သွား​ကြ​၏။ သူ​တို့​သည် ရှော​လု​နှင့်​သား​တော်​တို့​၏​အ​လောင်း​များ ကို​မြို့​ရိုး​မှ​ဖြုတ်​ယူ​ပြီး​လျှင် ယာ​ဗက်​မြို့ သို့​သယ်​ဆောင်​၍​မီး​သင်္ဂြိုဟ်​လိုက်​ကြ​၏။-
1SA 31:13 ထို​နောက်​အ​ရိုး​တို့​ကို​ကောက်​ယူ​၍​မြို့​ရှိ မန်​ကျည်း​ပင်​အောက်​တွင်​မြှုပ်​နှံ​ပြီး​နောက် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ​စောင်​ပြီး​၏။
2SA 1:1 ရှော​လု​ကွယ်​လွန်​ပြီး​နောက်​ဒါ​ဝိဒ်​သည်​အာ မ​လက်​မြို့​သား​တို့​ကို​နှိမ်​နင်း​ရာ​မှ​ပြန် လာ​၍ ဇိ​က​လတ်​မြို့​တွင်​နှစ်​ရက်​မျှ​နေ​၏။-
2SA 1:2 နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။-
2SA 1:3 ဒါ​ဝိဒ်​က​သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ် က​လာ​သ​နည်း'' ဟု​မေး​၏။ ထို​သူ​က``ကျွန်​တော်​သည်​ဣသ​ရေ​လ​တပ်​စခန်း မှ​ထွက်​ပြေး​ခဲ့​ပါ​သည်'' ဟု​ဖြေ​ကြား​၏။
2SA 1:4 ဒါ​ဝိဒ်​က``အ​မှု​ကား​အ​ဘယ်​သို့​နည်း'' ဟု မေး​လျှင်၊ လူ​ငယ်​က``ကျွန်​တော်​တို့​၏​တပ်​မ​တော်​သည် တပ်​လန်​၍​သွား​သ​ဖြင့် လူ​အ​များ​ကျ​ဆုံး ကြ​ပါ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​ယော န​သန်​တို့​သည်​လည်း​အ​သတ်​ခံ​ရ​ကြ​ပါ ၏'' ဟု​ဆို​၏။
2SA 1:5 ဒါ​ဝိဒ်​က``ရှော​လု​နှင့်​ယော​န​သန်​ကွယ်​လွန် ကြောင်း​ကို​သင်​အ​ဘယ်​သို့​သိ​သ​နည်း'' ဟု မေး​လျှင်၊
2SA 1:6 ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-
2SA 1:7 ထို​အ​ခါ​သူ​သည်​နောက်​သို့​လှည့်​ကြည့်​လိုက် ရာ​ကျွန်​တော့်​ကို​မြင်​၍​ခေါ်​ပါ​၏။ ကျွန်​တော် က``ရောက်​ပါ​ပြီ​အ​ရှင်'' ဟု​ထူး​သော​အ​ခါ၊-
2SA 1:8 မင်း​ကြီး​သည်​ကျွန်​တော်​အား​မည်​သူ​ဖြစ် သည်​ကို​မေး​တော်​မူ​သ​ဖြင့် ကျွန်​တော်​က အာ​မ​လက်​ပြည်​သား​ဖြစ်​ကြောင်း​ဖြေ ကြား​လျှောက်​ထား​ပါ​၏။-
2SA 1:9 ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ပြင်း​စွာ​ဒဏ် ရာ​ရ​သ​ဖြင့်​သေ​ခါ​နီး​ပြီ။ ထို့​ကြောင့်​လာ ၍​ငါ့​အား​သတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။-
2SA 1:10 မင်း​ကြီး​လဲ​လျှင်​လဲ​ချင်း​သက်​တော်​ဆုံး တော့​မည်​ကို​သိ​သ​ဖြင့်​ကျွန်​တော်​သည်​သူ့ အား​သတ်​ပြီး​လျှင် သူ​၏​ဦး​ခေါင်း​မှ​သ​ရ​ဖူ နှင့်​လက်​မောင်း​မှ​လက်​ကောက်​တော်​ကို​ဖြုတ် ၍​အ​ရှင့်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​သည်'' ဟု လျှောက်​၏။
2SA 1:11 ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ကြ​၏။-
2SA 1:12 သူ​တို့​သည်​စစ်​ပွဲ​တွင်​ရှော​လု​နှင့်​ယော​န​သန် မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြောက်​မြား စွာ​ကျ​ဆုံး​သော​ကြောင့် ညဥ့်​ဦး​တိုင်​အောင် အ​စာ​မ​စား​ဘဲ​ငို​ကြွေး​မြည်​တမ်း​ကြ​၏။
2SA 1:13 သ​တင်း​ယူ​ဆောင်​လာ​သူ​လူ​ငယ်​အား​ဒါ​ဝိဒ် က``သင်​သည်​အ​ဘယ်​ပြည်​သား​နည်း'' ဟု​မေး လျှင်၊ ``ကျွန်​တော်​သည်​အာ​မ​လက်​ပြည်​သား​ဖြစ် ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏​ပြည်​တွင်​နေ​ထိုင် ပါ​သည်'' ဟု​ပြန်​၍​လျှောက်​၏။
2SA 1:14 ဒါ​ဝိဒ်​က``သင်​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို သတ်​ဝံ့​ပါ​သ​နည်း'' ဟု​ဆို​ပြီး​လျှင်​ငယ်​သား တစ်​ယောက်​ကို​ခေါ်​၍``ဤ​သူ​ကို​ကွပ်​မျက်​ပစ် လော့'' ဟု​အ​မိန့်​ပေး​ရာ၊-
2SA 1:15 ငယ်​သား​သည်​အာ​မ​လက်​အ​မျိုး​သား​ကို ခုတ်​သတ်​လေ​၏။-
2SA 1:16 ဒါ​ဝိဒ်​က``ဤ​အ​မှု​သည်​သင်​ပြု​သော​အ​မှု ပင်​ဖြစ်​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​ကို​သတ်​ခဲ့​ပါ​သည် ဟု​ဖြောင့်​ချက်​ပေး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ် ကို​သေ​ဒဏ်​သင့်​စေ​ပြီ​တ​ကား'' ဟု​ဆို​၏။
2SA 1:17 ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​အ​တွက် အောက်​ပါ​သီ​ချင်း​ကို​ဖွဲ့​ဆို​၏။
2SA 1:18 ယင်း​ကို​ယု​ဒ​ပြည်​သူ​တို့​အား​လည်း​သင်​ကြား ပေး​ရန်​အ​မိန့်​ပေး​၏။ (ဤ​အ​ကြောင်း​အ​ရာ ကို​ယာရှာ​စာ​စောင်​တွင်​မှတ်​တမ်း​တင်​ထား သ​တည်း။)
2SA 1:19 ``ငါ​တို့​ခေါင်း​ဆောင်​များ​ကား​ဣ​သ​ရေ​လ တောင်​ကုန်း​များ​တွင်​သေ​ဆုံး​ကြ​လေ​ပြီ။ သူ​ရဲ​ကောင်း​ကြီး​များ​ကျ​ဆုံး​ကြ​လေ​ပြီ။
2SA 1:20 ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။
2SA 1:21 ``ဂိ​လ​ဗော​တောင်​ကုန်း​များ​ပေါ်​၌ မိုး​မ​ရွာ​နှင်း​မ​ကျ​ပါ​စေ​နှင့်။ ထို​တောင်​ကုန်း​များ​မှ​လယ်​ယာ​များ​သည် ထာ​ဝ​စဉ်​အ​သီး​အ​နှံ​ကင်း​မဲ့​ပါ​စေ​သော။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရပ်​သည် သူ​ရဲ​ကောင်း​တို့​၏​ဒိုင်း​လွှား​များ​အ​သ​ရေ ပျက်​၍ ကျန်​ရစ်​ရာ၊ ရှော​လု​၏​ဒိုင်းလွှား​သံ​ချေး​တက်​လျက်​နေ​ရာ ဖြစ်​သော​ကြောင့်​တည်း။
2SA 1:22 ခွန်​အား​ကြီး​သူ​တို့​ကို​ပစ်​ခတ်​ရာ​တွင်​လည်း ကောင်း၊ ရန်​သူ​ကို​သတ်​ဖြတ်​ရာ​တွင်​လည်း​ကောင်း၊ ယော​န​သန်​၏​လေး​သည်​အာ​နိ​သင်​ထက်​လှ​၍ ရှော​လု​၏​ဋ္ဌား​သည်​သ​နား​ညှာ​တာ​မှု​မ​ရှိ။
2SA 1:23 ``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲ လင်း​ယုန်​ငှက်​ထက်​လျင်​မြန်​၍​ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​ပါ​သည်​တ​ကား။
2SA 1:24 ``ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ရှော​လု​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သူ​သည်​သင်​တို့​အား​ကမ္ဗ​လာ​နီ​ထည်​ကို ဝတ်​ဆင်​စေ​၍ ကျောက်​မျက်​ရ​တ​နာ၊ရွှေ​တန်​ဆာ​ဖြင့် ဆင်​ယင်​ပေး​တော်​မူ​၏။
2SA 1:25 သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​ကျ​ဆုံး ကြ​လေ​ပြီ။ သူ​တို့​သည်​တိုက်​ပွဲ​တွင်​အ​သတ်​ခံ​ရ​ကြ​၏။ ယော​န​သန်​သည်​တောင်​ကုန်း​များ​ပေါ်​တွင် လဲ​၍​သေ​နေ​လေ​ပြီ။
2SA 1:26 ``ငါ့​ညီ​ယော​န​သန်၊ငါ​သည်​သင့်​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ပါ​၏။ ငါ​သည်​သင့်​ကို​လွန်​စွာ​ချစ်​မြတ်​နိုး​ပါ​၏။ ငါ့​အ​ပေါ်​၌​သင်​ထား​ရှိ​သော​မေတ္တာ​သည် အံ့​သြ​ဖွယ်​ကောင်း​၍ အ​မျိုး​သ​မီး​တို့​၏​မေတ္တာ​ထက်​ပင်​လွန်​ကဲ ပါ​ပေ​သည်။
2SA 1:27 ``သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​သည် ကျ​ဆုံး​ကြ​လေ​ပြီ။ သူ​တို့​၏​လက်​နက်​များ​သည်​စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​၍ အ​သုံး​မ​ဝင်​ကြ​တော့​သည်​တ​ကား။''
2SA 2:1 ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော့်​ကျွန်​သည်​ယု​ဒ​မြို့​တစ်​မြို့​မြို့​သို့​သွား​ရောက် အုပ်​ချုပ်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့'' ဟု​မိန့်​တော် မူ​လျှင်၊ ``အ​ဘယ်​မြို့​သို့​သွား​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဟေ​ဗြုန်​မြို့'' ဟု​ဆို​သ​ဖြင့်၊-
2SA 2:2 ဒါ​ဝိဒ်​သည်​မိ​မိ​ဇ​နီး​နှစ်​ယောက်​ဖြစ်​ကြ​သော ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့်​က​ရ​မေ​လ မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲ​လ​ကို ခေါ်​၍​ဟေ​ဗြုန်​မြို့​သို့​သွား​လေ​သည်။-
2SA 2:3 သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။-
2SA 2:4 ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-
2SA 2:5 ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-
2SA 2:6 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သစ္စာ က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ​သော။ သင်​တို့ ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​ငါ​သည်​လည်း​သင် တို့​အား​ကျေး​ဇူး​ပြု​မည်။-
2SA 2:7 သင်​တို့​သည်​အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ လော့။ သင်​တို့​ဘု​ရင်​ရှော​လု​သည်​ကွယ်​လွန်​သွား ပြီ​ဖြစ်​၍ ယု​ဒ​ပြည်​သား​တို့​က​ငါ့​အား​သူ တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​လေ​ပြီ'' ဟု​အ​မှာ​စာ​ရေး​သား​ပေး​ပို့​လိုက်​၏။
2SA 2:8 ရှော​လု​၏​တပ်​မ​တော်​ဗိုလ်​ချုပ်၊ နေ​ရ​၏​သား အာ​ဗ​နာ​သည်​ရှော​လု​၏​သား​တော်​ဣ​ရှ​ဗော ရှက်​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို​ဖြတ်​၍​မ​ဟာ နိမ်​မြို့​သို့​ထွက်​ပြေး​သွား​လေ​သည်။-
2SA 2:9 သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-
2SA 2:10 ဣ​ရှ​ဗော​ရှက်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ သော​အ​ခါ အ​သက်​လေး​ဆယ်​ရှိ​၍​နှစ်​နှစ်​မျှ နန်း​စံ​ရ​၏။ သို့​ရာ​တွင်​ယု​ဒ​အ​နွယ်​ဝင်​တို့​မူ​ကား​ဒါ​ဝိဒ် အား​ကျေး​ဇူး​သစ္စာ​စောင့်​ကြ​၏။-
2SA 2:11 ဒါ​ဝိဒ်​သည်​သူ​တို့​အား​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ် နှစ်​ခွဲ​တိုင်​အုပ်​စိုး​တော်​မူ​၏။
2SA 2:12 အာ​ဗ​နာ​သည်​ဣ​ရှ​ဗော​ရှက်​၏​စစ်​သူ​ရဲ​များ နှင့်​အ​တူ​မ​ဟာ​နိမ်​မြို့​မှ​ဂိ​ဗောင်​မြို့​သို့​သွား ၏။-
2SA 2:13 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​စစ်​သူ​ရဲ တို့​သည်​လည်း ဂိ​ဗောင်​ကန်​အ​နီး​သို့​လာ​ရောက်​၍ သူ​တို့​နှင့်​တွေ့​ဆုံ​ကြ​၏။ သူ​တို့​လူ​နှစ်​စု​သည် ကန်​တစ်​ဘက်​တစ်​ချက်​စီ​၌​နေ​ရာ​ယူ​ကြ​၏။-
2SA 2:14 အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​တစ်​ဘက်​စီ မှ​လူ​ငယ်​အ​ချို့​တို့​ကို​စစ်​က​စား​စေ​ကြ​အံ့'' ဟု​ဆို​လျှင်၊ ယွာ​ဘ​က``ကောင်း​ပြီ'' ဟု​ဆို​လေ​၏။
2SA 2:15 သို့​ဖြစ်​၍​ဣ​ရှ​ဗော​ရှက်​နှင့်​ဗင်္ယာ​မိန်​လူ​မျိုး​စု​ကို ကိုယ်​စား​ပြု​သူ​လူ​တစ်​ဆယ့်​နှစ်​ယောက်​တို့​သည် ဒါ​ဝိဒ်​၏​လူ​တစ်​ဆယ့်​နှစ်​ယောက်​နှင့်​စစ်​က​စား ကြ​၏။-
2SA 2:16 လူ​တိုင်း​ပင်​မိ​မိ​တိုက်​ခိုက်​ရ​သူ​နှင့်​အ​ပြန်​အ​လှန် ဦး​ခေါင်း​ကို​ကိုင်​၍ နံ​ဘေး​ကို​ဋ္ဌား​နှင့်​ထိုး​လျက် သူ​တို့​အား​လုံး​ပင်​လဲ​၍​သေ​ကြ​ကုန်​၏။ ဤ အ​ကြောင်း​ကြောင့်​ဂိ​ဗောင်​နယ်​ရှိ​ဤ​အ​ရပ် ကို``ဋ္ဌား​ကွင်း'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ​လေ သည်။
2SA 2:17 ထို​နောက်​ပြင်း​ထန်​သော​စစ်​ပွဲ​ဖြစ်​ပွား​၍​အာ​ဗ​နာ နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​၏​လူ​တို့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​သည်။-
2SA 2:18 ဇေ​ရု​ယာ​၏​သား​သုံး​ယောက်​ဖြစ်​ကြ​သော​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အာ​သ​ဟေ​လ​တို့​သည်​တိုက်​ပွဲ​တွင် ပါ​ဝင်​ကြ​၏။ အာ​သ​ဟေ​လ​သည်​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​စွာ​ပြေး​နိုင်​၏။ သူ​သည်​အာ​ဗ​နာ​အား တ​သ​မတ်​တည်း​လိုက်​လျက်​နေ​၏။-
2SA 2:20 အာ​ဗ​နာ​သည်​နောက်​သို့​လည့်​၍​ကြည့်​ပြီး လျှင်``သင်​သည်​အာ​သ​ဟေ​လ​လော'' ဟု​မေး​၏။ အာ​သ​ဟေ​လ​က``ငါ​ဟုတ်​သည်'' ဟု​ပြန်​ပြော သော​အ​ခါ၊
2SA 2:21 အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်​တော့။ အ​ခြား စစ်​သည်​တစ်​ယောက်​ယောက်​ကို​လိုက်​၍​ဖမ်း​ပြီး​မှ သူ့​ထံ​မှ​ရ​သည့်​ပစ္စည်း​ကို​ယူ​လော့'' ဟု​ဆို​၏။ သို့ ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက်​၍ နေ​၏။-
2SA 2:22 အာ​ဗ​နာ​က``ငါ့​ကို​လိုက်​မ​နေ​နှင့်။ သင့်​ကို​ငါ မ​သတ်​လို​ပါ။ သင့်​ကို​သတ်​ပြီး​လျှင်​သင်​၏​အစ်​ကို ယွာ​ဘ​အား​ငါ​အ​ဘယ်​သို့​မျက်​နှာ​ပြ​နိုင်​ပါ မည်​နည်း'' ဟု​ဆို​၏။-
2SA 2:23 သို့​ရာ​တွင်​အာ​သ​ဟေ​လ​သည်​လိုက်​မြဲ​လိုက် သ​ဖြင့် အာ​ဗ​နာ​သည်​မိ​မိ​လှံ​နှင့်​နောက်​ပြန်​ထိုး လိုက်​ရာ လှံ​သည်​အာ​သ​ဟေ​လ​၏​ဝမ်း​ကို​ထုတ် ချင်း​ဖောက်​လေ​၏။ အာ​သ​ဟေ​လ​သည်​ထို​နေ​ရာ ၌​လဲ​ကျ​သေ​ဆုံး​သွား​၏။ သူ​လဲ​ကျ​ရာ​သို့ ရောက်​ရှိ​လာ​သူ​အ​ပေါင်း​တို့​သည် ရှေ့​သို့​ဆက် ၍​မ​သွား​တော့​ဘဲ​ထို​နေ​ရာ​၌​ပင်​ရပ်​၍​နေ ကြ​၏။
2SA 2:24 သို့​ရာ​တွင်​ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​တို့​မူ​ကား အာ​ဗ​နာ ကို​လိုက်​လံ​တိုက်​ခိုက်​ရန်​ထွက်​ခွာ​သွား​ကြ​၏။ သူ တို့​သည်​နေ​ဝင်​ချိန်​၌​ဂိ​ဗောင်​တော​ကန္တာ​ရ​သို့ သွား​ရာ​လမ်း​အ​နီး၊ ဂိ​အာ​မြို့​၏​အ​ရှေ့​ဘက် တွင်​ရှိ​သော​အမ္မ​တောင်​ကုန်း​သို့​ရောက်​ကြ​၏။-
2SA 2:25 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အာ​ဗ​နာ​၏​ထံ​တွင် ပြန်​လည်​စု​ရုံး​ကြ​ပြီး​လျှင် တောင်​ကုန်း​ထိပ်​တွင် တပ်​စွဲ​နေ​ကြ​၏။-
2SA 2:26 အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​သည်​အ​စဉ်​အ​မြဲ ဆက်​လက်​တိုက်​ခိုက်​နေ​ရ​ကြ​ပါ​မည်​လော။ နောက်​ဆုံး ၌​စိတ်​နာ​မှု​မှ​တစ်​ပါး​အ​ဘယ်​အ​ကျိုး​မျှ​ရှိ​မည် မ​ဟုတ်​ကြောင်း သင်​မ​သိ​မ​မြင်​ပါ​သ​လော။ ငါ​တို့ သည်​သင်​တို့​နှင့်​တစ်​မြေ​တည်း​နေ၊ တစ်​ရေ​တည်း သောက်​သူ​များ​ဖြစ်​ပါ​၏။ ငါ​တို့​အား​လိုက်​လံ တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​စေ​ရန် သင်​၏​လူ​တို့ အား​အ​မိန့်​မ​ပေး​ဘဲ​အ​ဘယ်​မျှ​ကြာ​အောင် ဆိုင်း​ငံ့​နေ​ပါ​ဦး​မည်​နည်း'' ဟု​ဟစ်​အော်​၍ ပြော​၏။
2SA 2:27 ယွာ​ဘ​က``အ​ကယ်​၍​သင်​ဤ​ကဲ့​သို့​မ​ပြော​ခဲ့ လျှင် ငါ​၏​လူ​တို့​သည်​သင်​တို့​အား​နက်​ဖြန်​နံ နက်​တိုင်​အောင် လိုက်​လံ​ကြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော လေ​၏။-
2SA 2:28 ထို​နောက်​ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​ကို​မှုတ် လိုက်​ရာ​သူ​၏​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​မှု​ကို​မ​ပြု​ကြ​တော့ ချေ။ သို့​ဖြစ်​၍​တိုက်​ခိုက်​မှု​လည်း​ရပ်​စဲ​သွား လေ​သည်။
2SA 2:29 အာ​ဗ​နာ​နှင့်​သူ​၏​လူ​တို့​သည်​တစ်​ည​လုံး ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​သွား​ကြ​၏။ သူ​တို့ သည်​ယော်​ဒန်​မြစ်​ကို​ကူး​၍ နောက်​တစ်​နေ့​တစ် မ​နက်​လုံး​ခ​ရီး​ပြု​ကြ​ပြီး​နောက်​မ​ဟာ​နိမ် မြို့​သို့​ရောက်​ကြ​၏။
2SA 2:30 ယွာ​ဘ​သည်​အာ​ဗ​နာ​ကို​လိုက်​လံ​မှု​ရပ်​စဲ​စေ ပြီး​နောက် မိ​မိ​၏​လူ​အ​ပေါင်း​ကို​စု​ရုံး​စေ​၏။ ထို အ​ခါ​အာသ​ဟေ​လ​အ​ပြင်​လူ​တစ်​ဆယ့်​ကိုး ယောက်​ပျောက်​ဆုံး​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ သည်။-
2SA 2:31 ဒါ​ဝိဒ်​၏​လူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အာ​ဗ​နာ​၏​လူ​ပေါင်း​သုံး​ရာ​ခြောက်​ဆယ် ကို​သတ်​ဖြတ်​ခဲ့​ကြ​သ​တည်း။-
2SA 2:32 ယွာ​ဘ​တို့​လူ​စု​သည်​အာ​သ​ဟေ​လ​၏​အ​လောင်း ကို​ယူ​၍ ဗက်​လင်​မြို့​ရှိ​မိ​သား​စု​ဂူ​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​တို့​သည်​တစ်​ညဥ့်​လုံး​ခ​ရီး ပြု​ကြ​ရာ​အရုဏ်​တက်​ချိန်​၌​ဟေ​ဗြုန်​မြို့​သို့ ရောက်​ရှိ​ကြ​၏။
2SA 3:1 ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့် ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​သည် ကာ​လ​ကြာ​မြင့်​စွာ ဆက်​လက်​၍​စစ်​ဖြစ်​ပွား​လျက်​နေ​၏။ ဒါ​ဝိဒ်​သည် တ​ဖြည်း​ဖြည်း​အင်​အား​တိုး​တက်​လာ​၍​သူ​၏ ရန်​သူ​တို့​မူ​ကား​အင်​အား​ဆုတ်​ယုတ်​လာ​လေ သည်။
2SA 3:2 ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​ရ​ရှိ​သော​သား​ခြောက် ယောက်​တို့​၏​အ​မည်​များ​ကို​ဖော်​ပြ​အံ့။ သား​ဦး မှာ​အာ​မ​နုန်​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ​ယေ​ဇ​ရေ​လ မြို့​သူ​အ​ဟိ​နောင်​ဖြစ်​၏။-
2SA 3:3 ဒု​တိ​ယ​သား​မှာ​ခိ​လပ်​ဖြစ်​၍​သူ​၏​မိ​ခင်​ကား က​ရ​မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ ဂဲ​လ​ဖြစ်​၏။ တ​တိ​ယ​သား​ကား​အ​ဗ​ရှ​လုံ ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ​ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ ၏​သ​မီး​တော်​မာ​ခါ​ဖြစ်​၏။-
2SA 3:4 စ​တုတ္ထ​သား​သည်​အ​ဒေါ​နိ​ယ​ဖြစ်​၍​သူ​၏ မိ​ခင်​မှာ​ဟ္ဂိတ်​ဖြစ်​၏။ ပဉ္စ​မ​သား​မှာ​ရှေ​ဖ​တိ ဖြစ်​၍​သူ​၏​မိ​ခင်​သည်​အ​ဘိ​တ​လ​ဖြစ်​၏။-
2SA 3:5 ဆ​ဋ္ဌ​မ​သား​ကား​ဣသ​ရံ​ဖြစ်​၍​သူ​၏​မိ​ခင်​မှာ ဧ​ဂ​လာ​ဖြစ်​၏။ ဤ​သား​တော်​များ​သည်​ဟေ​ဗြုန် မြို့​၌​ဖွား​မြင်​သူ​များ​ဖြစ်​သ​တည်း။
2SA 3:6 ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့်​ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​ဆက်​လက်​၍ စစ်​ဖြစ်​နေ​သည့် ကာ​လ​ကြာ​လာ​သည်​နှင့်​အ​မျှ​အာ​ဗ​နာ​သည် ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​တို့​အ​ပေါ်​တွင် ပို​၍​ပို​၍​တန်​ခိုး​အာ​ဏာ​လွှမ်း​မိုး​လာ​လေ သည်။
2SA 3:7 တစ်​နေ့​သ​၌​ရှော​လု​၏​သား​တော်​ဣရှ​ဗော​ရှက် သည်​အာ​ဗ​နာ​အား​အဲ​အာ​၏​သ​မီး၊ ရှော​လု ၏​မောင်း​မ​ငယ်​ရိ​ဇ​ပ​နှင့်​သ​မုတ်​ကာ​ပြစ်​တင် စွပ်​စွဲ​၏။-
2SA 3:8 ယင်း​သို့​ပြစ်​တင်​စွပ်​စွဲ​သည်​ကို​အာ​ဗ​နာ​သည် လွန်​စွာ​စိတ်​ဆိုး​သ​ဖြင့်``ငါ​သည်​ရှော​လု​အား သစ္စာ​ဖောက်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။ ငါ​သည် ယု​ဒ​ပြည်​၏​အ​ကျိုး​အ​တွက်​ဆောင်​ရွက်​နေ​သူ ဟု​မှတ်​ယူ​ပါ​သ​လော။ အ​စ​မူ​လ​က​ပင်​ငါ သည်​သင်​၏​ခမည်း​တော်​ရှော​လု​၏​အ​ပေါ်​၌ လည်း​ကောင်း၊ သူ​၏​ညီ​အစ်​ကို​များ၊ မိတ်​ဆွေ များ​အ​ပေါ်​၌​လည်း​ကောင်း​သစ္စာ​စောင့်​ခဲ့​၏။ သင့်​အား​လည်း​ဒါ​ဝိဒ်​လက်​တွင်း​သို့​မ​ကျ ရောက်​စေ​ရန်​ဆီး​တား​ခဲ့​၏။ သို့​ပါ​လျက် ယ​နေ့​သင်​သည်​ငါ့​အား​မိန်း​မ​မှု​နှင့်​ပြစ် တင်​စွပ်​စွဲ​ပါ​သည်​တ​ကား။-
2SA 3:9 ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​နှင့်​သူ​၏​သား မြေး​များ​ထံ​မှ​နိုင်​ငံ​တော်​ကို​ရုပ်​သိမ်း​၍ ဒါ​ဝိဒ်​အား​နိုင်​ငံ​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင် အ​ဖြစ်​ခန့်​ထား​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ခဲ့​၏။ ယ​ခု​ငါ​သည်​ထို​က​တိ​တော်​အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​မ​ဆောင်​ရွက်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၏။-
2SA 3:11 ဣ​ရှ​ဗော​ရှက်​သည်​အာ​ဗ​နာ​ကို​လွန်​စွာ ကြောက်​သ​ဖြင့်​စ​ကား​တစ်​ခွန်း​မျှ​ပြန်​၍ မ​တုံ့​မ​ပြန်​ဝံ့​ချေ။
2SA 3:12 ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​တွင်​ရှိ နေ​သ​ဖြင့် အာ​ဗ​နာ​သည်​သူ​၏​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``ဤ​ပြည်​ကို​အ​ဘယ်​သူ​အုပ်​စိုး ပါ​မည်​နည်း။ အ​ကျွန်ုပ်​နှင့်​သစ္စာ​ဖွဲ့​တော်​မူ​လျှင် အ​ရှင့်​ဘက်​သို့​ဣသ​ရေ​လ​တစ်​ပြည်​လုံး​ပါ လာ​စေ​ရန်​အ​ကျွန်ုပ်​ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ မည်'' ဟု​လျှောက်​စေ​၏။
2SA 3:13 ဒါ​ဝိဒ်​က``ကောင်း​ပြီ။ သို့​သော်​ငါ့​ထံ​သို့​သင် လာ​ရောက်​ချိန်​၌ ရှော​လု​၏​သ​မီး​မိ​ခါ​လ ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မှ​သာ​ငါ​သည်​သင် နှင့်​သစ္စာ​ဖွဲ့​နိုင်​မည်'' ဟု​ပြန်​ကြား​လိုက်​၏။-
2SA 3:14 ထို​နောက်​ဒါ​ဝိဒ်​သည်​ဣရှ​ဗော​ရှက်​ထံ​စေ​တ​မန် များ​လွှတ်​၍``ငါ​၏​ဇ​နီး​မိ​ခါ​လ​ကို​ပြန်​၍ ပေး​လော့။ ငါ​သည်​သူ့​ကို​ထိမ်း​မြား​နိုင်​ရန် ဖိ​လိတ္တိ​အ​မျိုး​သား​အ​ရေ​ဖျား​တစ်​ရာ​ဖြင့် ဝယ်​ယူ​ခဲ့​ရ​၏'' ဟု​မှာ​ကြား​လိုက်​၏။-
2SA 3:15 သို့​ဖြစ်​၍​ဣရှ​ဗော​ရှက်​သည်​မိ​ခါ​လ​ကို​လဲ​ရှ ၏​သား၊ ခင်​ပွန်း​ဖာ​လ​တိ​ထံ​မှ​ပြန်​သိမ်း​စေ​၏။-
2SA 3:16 ဖာ​လ​တိ​သည်​ငို​ကြွေး​လျက်​ဗာဟု​ရိမ်​မြို့​တိုင် အောင်​မိ​ခါ​လ​နောက်​သို့​လိုက်​လေ​၏။ ထို့​နောက် အာ​ဗ​နာ​က``အိမ်​သို့​ပြန်​လော့'' ဟု​ဆို​သ​ဖြင့် ပြန်​သွား​ရ​၏။
2SA 3:17 အာ​ဗ​နာ​သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ ထံ​သို့​သွား​၍``ဒါ​ဝိဒ်​အား​သင်​တို့​မင်း​မြှောက် လို​ကြ​သည်​မှာ​ကြာ​ပေ​ပြီ။-
2SA 3:18 ယ​ခု​အ​ခါ​ကား​သင်​တို့​အ​ဖို့​အ​ခွင့်​ကောင်း​ပင် ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က`ငါ​၏​လူ​မျိုး​တော် အား​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​အ​ခြား​ရန်​သူ တို့​လက်​တွင်း​မှ​ငါ့​ကျွန်​ဒါ​ဝိဒ်​၏​လက်​ဖြင့် ကယ်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။-
2SA 3:19 အာ​ဗ​နာ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား​လည်း တိုက်​တွန်း​ပြော​ဆို​၏။ ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အ​ဘယ်​သို့​သ​ဘော တူ​ညီ​ကြ​ကြောင်း​ကို ဒါ​ဝိဒ်​အား​ပြန်​ကြား လျှောက်​ထား​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​၏။
2SA 3:20 အာ​ဗ​နာ​သည်​လူ​နှစ်​ကျိပ်​နှင့်​ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ် သည်​သူ​တို့​အား​စား​ပွဲ​တည်​ခင်း​ကျွေး​မွေး​၏။-
2SA 3:21 အာ​ဗ​နာ​က​ဒါဝိဒ်​အား``အ​ကျွန်ုပ်​သည်​ယ​ခု သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး ကို​အ​ရှင်​မင်း​ကြီး​၏​ဘက်​သို့​ပါ​အောင်​ဆောင် ရွက်​ပေး​ပါ​မည်။ သူ​တို့​သည်​အ​ရှင့်​အား​မိ​မိ တို့​၏​ဘု​ရင်​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ ပါ​လိမ့်​မည်။ ထို​အ​ခါ​အ​ရှင်​သည်​မိ​မိ​ဆန္ဒ ရှိ​နှင့်​ထား​သည့်​အ​တိုင်း​ဣသ​ရေ​လ​ပြည် တစ်​ခု​လုံး​ကို​အုပ်​စိုး​ရ​ပါ​လိမ့်​မည်'' ဟု လျှောက်​၏။ ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အား ဘေး​မဲ့​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။
2SA 3:22 ထို​နောက်​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​စစ်​သူ​ရဲ တို့​သည် ရန်​သူ​တို့​အား​လု​ယက်​တိုက်​ခိုက်​ရာ​မှ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​နှင့်​ပြန်​လာ ကြ​၏။ အာ​ဗ​နာ​သည်​ကား​ဒါ​ဝိဒ်​နှင့်​အ​တူ ဟေ​ဗြုန်​မြို့​တွင်​မ​ရှိ​တော့​ပေ။ အ​ဘယ်​ကြောင့် ဆို​သော်​ဒါ​ဝိဒ်​သည်​သူ့​အား​ဘေး​မဲ့​ထွက်​ခွာ စေ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
2SA 3:23 ယွာ​ဘ​တို့​လူ​စု​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​မင်း​ထံ​သို့​အာ​ဗ​နာ​လာ​ကြောင်း၊ သူ့ အား​ဒါ​ဝိဒ်​သည်​ဘေး​မဲ့​ပြန်​လွှတ်​လိုက်​ကြောင်း သ​တင်း​ကို​ယွာ​ဘ​ကြား​သိ​ရ​လေ​သည်။-
2SA 3:24 ထို​အ​ခါ​သူ​သည်​ဘု​ရင့်​ထံ​သို့​သွား​၍``အ​ရှင် အ​ဘယ်​သို့​ပြု​တော်​မူ​ပါ​သ​နည်း။ အာ​ဗ​နာ​သည် အ​ရှင့်​ထံ​သို့​ရောက်​ရှိ​လာ​သော်​လည်း အ​ရှင်​သည် အ​ဘယ်​ကြောင့်​သူ့​အား​ဤ​သို့​ပြန်​၍​လွှတ်​တော် မူ​ပါ​သ​နည်း။-
2SA 3:25 သူ​သည်​အ​ရှင့်​အား​လိမ်​လည်​လှည့်​စား​၍ အ​ရှင် သွား​လာ​လှုပ်​ရှား​မှု​အ​လုံး​စုံ​ကို​စုံ​စမ်း​ရန် လာ​ရောက်​ခြင်း​ဖြစ်​သည်​ကို​အ​ရှင်​သိ​တော်​မူ သည်​မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​၏။
2SA 3:26 ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​မှ​ထွက်​လာ​ပြီး​နောက် အာ​ဗ​နာ​ကို​ပြန်​ခေါ်​ရန်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​၏။ သူ​တို့​သည်​အာ​ဗ​နာ​အား​သိ ရ​ရေ​တွင်း​မှ​ပြန်​၍​ခေါ်​ဆောင်​ခဲ့​ကြ​၏။-
2SA 3:27 ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-
2SA 3:28 ဤ​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​တော်​မူ​သော အ​ခါ``အာ​ဗ​နာ​အား​လုပ်​ကြံ​မှု​တွင်​ငါ​နှင့် ငါ​၏​ပြည်​သူ​ပြည်​သား​တို့​သည် လုံး​ဝ​အ​ပြစ် ကင်း​ကြ​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ ပါ​၏။-
2SA 3:29 ထို​အ​မှု​အ​တွက်​ယွာ​ဘ​နှင့် သူ​၏​အိမ်​ထောင် စု​ဝင်​အ​ပေါင်း​တို့​အ​ပြစ်​ဒဏ်​သင့်​ကြ​ပါ​စေ သော။ သူ​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​ရိ​နာ စွဲ​သူ၊ နူ​နာ​စွဲ​သူ၊ ခါး​ကုန်း​ချည့်​နဲ့​သူ၊ ဋ္ဌား ဘေး​သင့်​သူ၊ ငတ်​မွတ်​သူ​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။-
2SA 3:30 သို့​ဖြစ်​၍​ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​တို့​သည် ဂိ​ဗောင်​စစ်​ပွဲ​တွင် မိ​မိ​တို့​၏​ညီ​အာ​သ​ဟေ​လ အား​အာ​ဗ​နာ​သတ်​ခဲ့​သည့်​အ​တွက်​အာ ဗ​နာ​ကို​လက်​စား​ချေ​လိုက်​ကြ​သ​တည်း။
2SA 3:31 ထို​နောက်​ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ပေါင်း​ပါ တို့​အား အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လျှော်​တေ ကို​ဝတ်​ပြီး​လျှင် အာ​ဗ​နာ​အ​တွက်​ငို​ကြွေး မြည်​တမ်း​မှု​ပြု​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ ထို​နောက်​အ​လောင်း​ကို​သင်္ချိုင်း​သို့​ပို့​ဆောင်​သွား သော​အ​ခါ​၌​လည်း မင်း​ကြီး​ကိုယ်​တိုင်​တ​လား ၏​နောက်​မှ​လမ်း​လျှောက်​၍​လိုက်​ပါ​ပို့​ဆောင် တော်​မူ​၏။-
2SA 3:32 အာ​ဗ​နာ​ကို​ဟေ​ဗြုန်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ သင်္ချိုင်း​မှာ​မင်း​ကြီး​သည်​အော်​ဟစ်​၍​ငို​ကြွေး တော်​မူ​သ​ဖြင့် အ​ခြား​သူ​အ​ပေါင်း​တို့​သည် လည်း​ထို​နည်း​တူ​ပြု​ကြ​ကုန်​၏။-
2SA 3:33 ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အ​တွက်​ငို​ချင်း​ကို​ဖွဲ့ ဆို​တော်​မူ​၏။ အ​ဆို​ပါ​ငို​ချင်း​မှာ ``အို အာ​ဗ​နာ​သင်​သည်​အ​ဘယ်​ကြောင့် လူ​မိုက်​တစ်​ယောက်​ကဲ့​သို့​သေ​ရ​ပါ​သ​နည်း။
2SA 3:34 ရာ​ဇ​ဝတ်​ကောင်​၏​လက်​ချက်​ဖြင့်​သေ​ရ​သူ နည်း​တူ လက်​ထိတ်​မ​ခတ်​ခြေ​ချင်း​မ​စွဲ​ဘဲ ကျ​ဆုံး​လေ​ပြီ​တ​ကား'' ဟူ​၍​ဖြစ်​သည်။ ထို​အ​ခါ​လူ​တို့​သည်​အာ​ဗ​နာ​အ​တွက်​ငို ကြွေး​မြည်​တမ်း​ကြ​ပြန်​၏။
2SA 3:35 စား​တော်​ခေါ်​ရန်​ဒါ​ဝိဒ်​အား​လူ​တို့​တစ်​နေ့​လုံး တိုက်​တွန်း​ကြ​သော်​လည်း​မင်း​ကြီး​က``ငါ​သည် နေ​မ​ဝင်​မီ​စား​တော်​ခေါ်​ခဲ့​သော် ငါ့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော'' ဟု ကျိန်​ဆို​အဋ္ဌိ​ဋ္ဌာန်​ပြု​တော်​မူ​၏။-
2SA 3:36 ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ သည်​နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ အ​မှန်​စင် စစ်​သူ​တို့​သည်​မင်း​ကြီး​ပြု​သ​မျှ​သော အ​မှု​တို့​ကို​နှစ်​သက်​ကြ​သည်​သာ​တည်း။-
2SA 3:37 ဒါ​ဝိဒ်​၏​လူ​တို့​နှင့်​ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့​သည် အာ​ဗ​နာ​ကို​သတ်​ဖြတ်​မှု တွင်​မင်း​ကြီး​မ​ပါ​ကြောင်း​ကို​သိ​ရှိ​နား လည်​ကြ​၏။-
2SA 3:38 မင်း​ကြီး​က​မိ​မိ​၏​အ​ရာ​ရှိ​တို့​အား``ယ​နေ့ သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​ကြီး​တစ်​ဦး ကွယ်​လွန်​သည့်​နေ့​ဖြစ်​ကြောင်း​သင်​တို့​မ​သိ ကြ​ပါ​သ​လော။-
2SA 3:39 ငါ​သည်​ဘု​ရား​သ​ခင်​ဘိ​သိက်​ပေး​တော်​မူ သော​ဘု​ရင်​ပင်​ဖြစ်​သော်​လည်း ယ​နေ့​အား လျော့​ပါ​၏။ ဇေ​ရု​ယာ​၏​သား​တို့​သည်​ငါ့ အ​တွက်​ရက်​စက်​ကြမ်း​ကြုတ်​လွန်း​လှ​ပါ​သည် တ​ကား။ ဤ​ရာ​ဇ​ဝတ်​ကောင်​တို့​အား​အ​ပြစ် နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော် မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
2SA 4:1 ရှော​လု​၏​သား​ဣရှ​ဗော​ရှက်​သည်​ဟေ​ဗြုန်​မြို့ တွင် အာ​ဗ​နာ​အ​သတ်​ခံ​ရ​ကြောင်း​ကြား​သော အ​ခါ​ကြောက်​လန့်​လေ​၏။ ဣ​သ​ရေ​လ​ပြည် သား​အ​ပေါင်း​တို့​သည်​လည်း​ကြောက်​လန့် ကြ​ကုန်​၏။-
2SA 4:2 ဣ​ရှ​ဗော​ရှက်​တွင်​လု​ယက်​တိုက်​ခိုက်​သည့်​အ​ဖွဲ့ များ​၏​ခေါင်း​ဆောင်​နှစ်​ယောက်​ရှိ​၏။ သူ​တို့​၏ နာ​မည်​မှာ​ဗာ​နာ​နှင့်​ရေ​ခပ်​ဖြစ်​၍​ဗေ​ရုတ်​မြို့ မှ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရိမ္မုန်​၏​သား​များ​ဖြစ် ကြ​၏။ (ဗေ​ရုတ်​မြို့​သည်​ဗင်္ယာ​မိန်​နယ်​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။-
2SA 4:3 ထို​မြို့​တွင်​လက်​ဦး​နေ​ထိုင်​ခဲ့​ကြ​သော​လူ တို့​သည်​ဂိတ္တိမ်​မြို့​သို့​ထွက်​ပြေး​ကာ ယ​နေ့​တိုင် အောင်​နေ​ထိုင်​လျက်​ရှိ​သ​တည်း။)
2SA 4:4 ရှော​လု​၏​သား​ယော​န​သန်​တွင်​မေ​ဖိ​ဗော​ရှက် ဟု​နာ​မည်​တွင်​သော​သား​တစ်​ယောက်​ကျန်​ရစ်​၏။ အ​သက်​ငါး​နှစ်​ရှိ​သော​သား​ငယ်​ကို​အ​ထိန်း တော်​သည်​ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့်​ယော န​သန်​တို့​အ​သတ်​ခံ​ရ​ကြောင်း​သ​တင်း​ကို ကြား​လျှင်​သူ့​အား​ချီ​ပွေ့​၍​ထွက်​ပြေး​လေ သည်။ သို့​ရာ​တွင်​အ​လျင်​အ​မြန်​ပြေး​ရ​သည့် အ​တွက်​က​လေး​သည်​အ​ထိန်း​တော်​၏​လက် မှ​လွတ်​ကျ​သ​ဖြင့်​ခြေ​ဆွံ့​လေ​၏။
2SA 4:5 ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည်​ဣရှ​ဗော​ရှက်​၏​အိမ် တော်​သို့​သွား​ရာ ဣ​ရှ​ဗော​ရှက်​နေ့​လယ်​အိပ် စက်​အ​နား​ယူ​နေ​ချိန်​မွန်း​တည့်​ခန့်​၌​ရောက် ရှိ​လာ​ကြ​၏။-
2SA 4:6 တံ​ခါး​ဝ​တွင်​ရှိ​သော​အ​မျိုး​သ​မီး​သည်​လည်း ဂျုံ​ဆန်​ကို​ဆန်​ကာ​ချ​ရင်း ငိုက်​မြည်း​အိပ်​ပျော် လျက်​နေ​၏။ ထို့​ကြောင့်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့ သည်​အိမ်​ထဲ​သို့​တိတ်​တ​ဆိတ်​ဝင်​ကြ​၏။-
2SA 4:7 အိမ်​တွင်း​သို့​ရောက်​သည်​နှင့်​တစ်​ပြိုင်​နက်​ကောင်း စွာ​အိပ်​ပျော်​နေ​သော ဣ​ရှ​ဗော​ရှက်​၏​အိမ်​ခန်း သို့​ဝင်​၍​သူ့​အား​လုပ်​ကြံ​ကြ​၏။ ထို​နောက်​သူ ၏​ဦး​ခေါင်း​ကို​ဖြတ်​၍​ယူ​ဆောင်​ကာ တစ်​ညဥ့် လုံး​ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​လာ​ကြ​၏။-
2SA 4:8 ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ​သူ​တို့ သည်​ဒါ​ဝိဒ်​အား``အ​ရှင်​၏​အ​သက်​ကို​ရန် ရှာ​သော​အ​ရှင့်​ရန်​သူ​ရှော​လု​၏​သား​တော် ဣ​ရှ​ဗော​ရှက်​၏​ဦး​ခေါင်း​ကို​ရှု​တော်​မူ​ပါ။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး အား ရှော​လု​နှင့်​သား​မြေး​တို့​အ​ပေါ်​တွင် လက်​စား​ချေ​ခွင့်​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၍​ဣ​ရှ​ဗော​ရှက်​၏​ဦး​ခေါင်း ကို​ဆက်​သ​ကြ​၏။
2SA 4:9 ဒါ​ဝိဒ်​က``ငါ့​အား​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ကယ်​တော်​မူ​သော​အ​သက်​ရှင်​တော်​မူ​သော ထာဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။-
2SA 4:10 ရှော​လု​ကွယ်​လွန်​တော်​မူ​ကြောင်း​ဇိ​က​လတ် မြို့​တွင်​ငါ့​ထံ​သို့​လာ​ရောက်​ပြော​ကြား​သူ သည် မိ​မိ​ယူ​ဆောင်​လာ​သော​သ​တင်း​ကို သ​တင်း​ကောင်း​ဟု​ထင်​မှတ်​ခဲ့​သည်။ သို့​ရာ တွင်​ငါ​သည်​သူ့​ကို​ဖမ်း​ဆီး​၍​ကွပ်​မျက် လိုက်​၏။ ဤ​ကား​မိ​မိ​ပေး​သည့်​သ​တင်း အ​တွက်​ထို​သူ​ရ​ရှိ​သည့်​ဆု​လာဘ်​ပင် ဖြစ်​သည်။-
2SA 4:11 မိ​မိ​၏​အိမ်​ခန်း​တွင်​အိပ်​စက်​နေ​သော​အ​ပြစ်​မဲ့ သူ​အား​သတ်​ဖြတ်​ကြ​သည့်​လူ​ဆိုး​တို့​ကို ပို​၍ ပြင်း​ထန်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​သင့်​သည်​မ ဟုတ်​လော။ ထို​အပြစ်​မဲ့​သူ​ကို​သတ်​သည့်​အ​တွက် ယ​ခု​ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လက်​စား​ချေ မည်။ သင်​တို့​အား​မြေ​မျက်​နှာ​ပြင်​ပေါ်​မှ​သုတ် သင်​ပယ်​ရှင်း​မည်'' ဟု​မိန့်​တော်​မူ​၏။-
2SA 4:12 ဒါ​ဝိဒ်​အ​မိန့်​ပေး​သ​ဖြင့်​စစ်​သည်​တော်​တို့ သည်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့​အား​သတ်​ပြီး​လျှင် သူ​တို့​၏​ခြေ​လက်​တို့​ကို​ဖြတ်​၍​ဟေ​ဗြုန် ရေ​ကန်​အ​နီး​တွင်​ဆွဲ​ထား​ကြ​၏။ ဣ​ရှ ဗော​ရှက်​၏​ဦး​ခေါင်း​ကို​မူ​ဟေ​ဗြုန်​မြို့​ရှိ အာ​ဗ​နာ​၏​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။
2SA 5:1 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​လာ​ရောက်​၍​ဒါ​ဝိဒ် အား``အ​ရှင်​နှင့်​အ​ကျွန်ုပ်​တို့​သည်​သွေး​သား ချင်း​ဖြစ်​ကြ​ပါ​၏။-
2SA 5:2 အ​တိတ်​ကာ​လ​၌​ရှော​လု​ဘု​ရင်​ဖြစ်​စဉ်​အ​ခါ က​အ​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​၍​စစ်​ပွဲ​ဝင်​ခဲ့ ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း`သင်​သည်​ငါ ၏​လူ​မျိုး​တော်​ကို​ခေါင်း​ဆောင်​ရ​မည်။ သူ​တို့​၏ ဘု​ရင်​ဖြစ်​ရ​မည်' ဟု​အ​ရှင့်​အား​မိန့်​တော်​မူ ခဲ့​ပါ​၏'' ဟု​လျှောက်​ကြ​၏။-
2SA 5:3 ထို့​ကြောင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​အ​ပေါင်း​တို့ သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​ကြ ၏။ ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် သူ​တို့​နှင့်​သစ္စာ​က​တိ​ပြု​တော်​မူ​သ​ဖြင့် သူ တို့​က​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။-
2SA 5:4 ဒါ​ဝိဒ်​ဘုရင်​ဖြစ်​သော​အ​ခါ​အ​သက်​သုံး ဆယ်​ရှိ​၏။ သူ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​နန်း​စံ​တော်​မူ​ရ​လေ​သည်။-
2SA 5:5 ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဟေ​ဗြုန်​မြို့​တွင် ခု​နစ်​နှစ်​ခွဲ၊ ဣ​သ​ရေ​လ​ပြည်​တစ်​ခု​လုံး​နှင့် ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော်​မူ သ​တည်း။
2SA 5:6 ဒါ​ဝိဒ်​မင်း​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ထိုင်​သူ​ယေ​ဗု​သိ အ​မျိုး​သား​တို့​က ထို​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​မ​ဝင်​နိုင်​အောင်​မျက် မ​မြင်​များ​နှင့်​ခြေ​ဆွံ့​သူ​များ​ပင်​ဆီး​တား နိုင်​ပါ​၏'' ဟု​ဆို​ကြ​၏။-
2SA 5:7 (သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။)
2SA 5:8 ထို​နေ့​၌​ဒါ​ဝိဒ်​က​မိ​မိ​၏​လူ​တို့​အား``ယေ ဗု​သိ​အ​မျိုး​သား​တို့​ကို​ငါ​မုန်း​သ​ကဲ့​သို့ မုန်း​သူ​တို့​အား​သတ်​ဖြတ်​မည့်​သူ​ရှိ​လျှင် ရေ​ပြွန်​ခေါင်း​အ​တွင်း​မှ​နေ​၍​မြို့​ထဲ​သို့​ဝင် ပြီး​လျှင်​မျက်​မ​မြင်​ခြေ​ဆွံ့​သူ​တို့​အား​တိုက် ခိုက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ (ထို​အ​ကြောင်း ကို​အ​စွဲ​ပြု​၍``မျက်​မ​မြင်​နှင့်​ခြေ​ဆွံ့​သူ​တို့ သည်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​မ​ဝင် ရ​ကြ'' ဟု​ဆို​လေ့​ရှိ​လေ​သည်။)
2SA 5:9 ဒါ​ဝိဒ်​သည်​ခံ​တပ်​ကို​သိမ်း​ယူ​တော်​မူ​ပြီး နောက်​ထို​ခံ​တပ်​အ​တွင်း​၌​နေ​ထိုင်​တော်​မူ ၍​ယင်း​ကို​ဒါ​ဝိဒ်​မြို့​ဟု​သ​မုတ်​တော်​မူ​၏။ မင်း ကြီး​သည်​ထို​ခံ​တပ်​ပတ်​လည်​တွင်​တောင်​ကုန်း အ​ရှေ့၊ မြေ​ဖို့​ထား​ရာ​အ​ရပ်​မှ​အ​စ​ပြု​၍ မြို့​ကို​တည်​တော်​မူ​၏။-
2SA 5:10 အ​နန္တ​တန်ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်​၍ သူ​၏​တန်​ခိုး​အာ​ဏာ​သည်​ပို​၍​ပို​၍​လွှမ်း​မိုး လာ​လေ​သည်။
2SA 5:11 တု​ရု​ဘု​ရင်​ဟိ​ရံ​မင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​လေ​၏။ နန်း​တော်​တည် ဆောက်​ရန်​အ​တွက်​သစ်​က​တိုး​သစ်၊ လက်​သ​မား နှင့်​ပန်း​ရန်​ဆ​ရာ​များ​ကို​လည်း​ပေး​ပို့​လိုက်​၏။-
2SA 5:12 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣသ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​တည် ပြု​တော်​မူ​ကြောင်း​နှင့်​ကိုယ်​တော်​သည် မိ​မိ လူ​မျိုး​တော်​၏​အ​ကျိုး​ကို​ထောက်​၍ သူ​၏ နိုင်​ငံ​ကို​သာ​ယာ​ဝ​ပြော​စေ​တော်​မူ လျက်​ရှိ​ကြောင်း​ကို​သိ​မြင်​လာ​လေ​သည်။
2SA 5:13 ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​မှ​ပြောင်း​ရွှေ့​သွား​ပြီး နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​မောင်း​မ​များ​နှင့် မိ​ဖု​ရား​များ​ကို ထပ်​မံ​သိမ်း​ပိုက်​တော်​မူ သ​ဖြင့်​သား​သ​မီး​များ​ကို​ထပ်​မံ​ရ​ရှိ တော်​မူ​ပြန်​၏။-
2SA 5:14 ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​သ​မီး များ​မှာ​ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊-
2SA 5:15 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ နေ​ဖက်၊ ယာ​ဖျာ၊
2SA 5:16 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​တို့ ဖြစ်​ကြ​၏။
2SA 5:17 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​ခြင်း​ကို​ခံ​ရ​ကြောင်း​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သ​ဖြင့်​သူ့​ကို​ဖမ်း​ဆီး ရန်​ချီ​တက်​လာ​ကြ​၏။ ထို​သ​တင်း​ကို​ဒါ​ဝိဒ် ကြား​သော​အ​ခါ​ခံ​တပ်​ရှိ​ရာ​သို့​ကြွ​တော် မူ​၏။-
2SA 5:18 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း ကို​သိမ်း​ပိုက်​လိုက်​ကြ​၏။-
2SA 5:19 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ်​တော် ကျွန်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကိုယ်​တော့်​ကျွန်​အား​အောင်​ပွဲ​ခံ​စေ တော်​မူ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။
2SA 5:20 ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ ငါ​သည်​သင့် အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​မိန့်​တော် မူ​သ​ဖြင့်​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား​၍​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဖြို​ခွင်း ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟုန်​ပြင်း သည့်​ရေ​လျှံ​မြစ်​ကဲ့​သို့​ငါ​၏​ရန်​သူ​များ​ကို ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ သို့ ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိန်​ဟု ခေါ်​ဝေါ်​ကြ​ခြင်း​ဖြစ်​၏။-
2SA 5:21 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး ကွယ်​သော​ရုပ်​တု​များ​ကို​ထို​အ​ရပ်​တွင်​စွန့် ပစ်​ခဲ့​ကြ​သ​ဖြင့် ယင်း​တို့​ကို​ဒါ​ဝိဒ်​၏​လူ တို့​က​သိမ်း​ယူ​ကြ​လေ​သည်။
2SA 5:22 ထို​နောက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ် ချိုင့်​ဝှမ်း​သို့​ပြန်​လာ​ပြီး​လျှင်​ထို​အ​ရပ်​ကို သိမ်း​ပိုက်​ကြ​ပြန်​၏။-
2SA 5:23 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တစ်​ဖန်​စုံ​စမ်း မေး​လျှောက်​ပြန်​၏။ ကိုယ်​တော်​က``သူ​တို့​အား ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​မ​ခိုက်​နှင့်။ သူ​တို့ ၏​တပ်​နောက်​ဘက်​ပိုင်း​ကို​ကွေ့​၍​သွား​ပြီး လျှင်​ပိုး​စာ​တော​အ​နီး​မှ​တိုက်​ခိုက်​လော့။-
2SA 5:24 သင်​သည်​သစ်​ပင်​များ​ထိပ်​၌​စစ်​ချီ​သံ​ကို ကြား​သော​အ​ခါ​စ​တင်​တိုက်​ခိုက်​လော့။ ထို အ​ခါ​၌​ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ချေ​မှုန်း ရန်​သင်​၏​ရှေ့​မှ​ကြွ​နှင့်​မည်''ဟု​မိန့်​တော်​မူ​၏။-
2SA 5:25 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လိုက်​နာ​၍​ဖိ​လိတ္တိ​တပ်​ကို ဂေ​ဗ​မြို့​မှ​ဂါ​ဇ​ရ​မြို့​တိုင်​အောင်​နှင်​ထုတ် နိုင်​လေ​သည်။
2SA 6:1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ပြည်​မှ​လက်​ရွေး စင်​စစ်​သည်​ပေါင်း​သုံး​သောင်း​ကို​စု​ရုံး​ကာ၊-
2SA 6:2 ခေ​ရု​ဗိမ် တို့​အ​ထက်​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ် သ​မုတ်​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့် ဆောင်​ရန်​ယု​ဒ​ပြည်​ဗာ​လာ​မြို့​သို့​ချီ သွား​တော်​မူ​၏။-
2SA 6:3 သူ​တို့​သည်​သေတ္တာ​တော်​ကို​လှည်း​သစ်​တစ်​စီး တွင်​တင်​၍ တောင်​ကုန်း​ပေါ်​တွင်​ရှိ​သော​အ​ဘိ န​ဒပ်​၏​အိမ်​မှ​ပင့်​ဆောင်​သွား​ကြ​၏။ အ​ဘိ န​ဒပ်​၏​သား​များ​ဖြစ်​ကြ​သော​သြ​ဇ​နှင့် အဟိ​သြ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် လှည်း​ကို​မောင်း​နှင်​ရ​ကြ​၏။-
2SA 6:4 အ​ဟိ​သြ​သည်​သေတ္တာ​တော်​၏​ရှေ့​မှ​သွား လေ​သည်။-
2SA 6:5 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရန်​အ​စွမ်း​ကုန်​က​ခုန်​ကြ​၏။ သူ​တို့​သည် စောင်း​ကြီး​စောင်း​ငယ်၊ ပတ်​သာ၊ နှဲ၊ ခ​ရာ၊ လင်း ကွင်း​အ​စ​ရှိ​သည့်​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​၏။
2SA 6:6 သူ​တို့​သည်​နာ​ခုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ နွား​တို့​သည်​ခြေ​ချော်​သ​ဖြင့်​သြဇ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လှမ်း​၍​ကိုင် ထား​လိုက်​ရာ၊-
2SA 6:7 ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​အမျက် ထွက်​တော်​မူ​သ​ဖြင့် သြ​ဇ​အား​ရို​သေ​မှု ကင်း​မဲ့​သည့်​အ​တွက်​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။ သို့​ဖြစ်​၍​သြ​ဇ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ၏​အ​နီး​တွင်​သေ​လေ​၏။-
2SA 6:8 ထို့​ကြောင့်​ထို​အ​ရပ်​ကို​ပေ​ရ​ဇာ​သြ​ဇ ဟု​ယ​နေ့​တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇ​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်​ဒါ​ဝိဒ် သည်​လွန်​စွာ​စိတ်​ဆိုး​တော်​မူ​၏။
2SA 6:9 ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက် သ​ဖြင့်``ငါ​သည်​အ​ဘယ်​သို့​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ရ​ပါ​မည်​နည်း'' ဟု​ဆို​ပြီး လျှင်၊-
2SA 6:10 မိ​မိ​နေ​ပြည်​တော်​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့် ဆောင်​ခြင်း​မ​ပြု​ဘဲ​ဂါ​သ​မြို့​သား​သြ​ဗ ဒေ​ဒုံ​၏​အိမ်​သို့​ပင့်​ဆောင်​သွား​တော်​မူ​၏။-
2SA 6:11 သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ကျိန်း ဝပ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သြ​ဗ​ဒေ​ဒုံ​နှင့်​မိ​သား​စု​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​၏။
2SA 6:12 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​ကြောင့်​သြ​ဗ ဒေ​ဒုံ​မိ​သား​စု​နှင့် သူ​ပိုင်​သ​မျှ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း ဒါ​ဝိဒ် ကြား​သိ​တော်​မူ​သော​အ​ခါ​ထို​သေတ္တာ​တော် ကို​အ​ခမ်း​အ​နား​နှင့်​တ​ကွ​သြ​ဗ​ဒေ​ဒုံ​အိမ် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင်​တော်​မူ​၏။-
2SA 6:13 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​သူ​တို့ သည်​ခြေ​ခြောက်​လှမ်း​မျှ​လှမ်း​မိ​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ရပ်​စေ​ပြီး​လျှင် ထာ​ဝ​ရ ဘုရား​အား​နွား​ထီး​တစ်​ကောင်​နှင့်​ဆူ​ဖြိုး​သော သိုး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​လေ​သည်။-
2SA 6:14 သူ​သည်​ပိတ်​စ​တစ်​ခု​ကို​သာ​ဝတ်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် အ​စွမ်း​ကုန်​က​ခုန်​လေ​၏။-
2SA 6:15 သို့​ဖြစ်​၍​မင်း​ကြီး​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင် လာ​ကြ​၏။
2SA 6:16 သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​သော အ​ခါ​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌ ဒါ​ဝိဒ်​မင်း​က​ခုန်​လျက်​နေ​သည် ကို​မြင်​လေ​သော်​မင်း​ကြီး​အား​ရွံ​ရှာ​မိ​၏။-
2SA 6:17 လူ​တို့​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကာ ဒါ​ဝိဒ်​တည်​ဆောက်​ထား​သည့်​တဲ​တော်​အ​တွင်း လျာ​ထား​သည့်​နေ​ရာ​၌​ထား​ကြ​၏။ ထို​နောက် ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော် လေ​သည်။-
2SA 6:18 ယင်း​သို့​ပူ​ဇော်​ပြီး​သော​အ​ခါ​သူ​သည် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​၏။-
2SA 6:19 ဣ​သ​ရေ​လ​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ ကင်​တစ်​တုံး​နှင့်​စ​ပျစ်​ပျဉ်​တစ်​ပြား​စီ​ကို ဝေ​ငှ​တော်​မူ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အိမ်​သို့​ပြန်​သွား​ကြ​၏။
2SA 6:20 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​အား နှုတ်​ဆက်​ရန်​နန်း​တော်​သို့​ပြန်​သော​အ​ခါ ရှော​လု ၏​သ​မီး​တော်​မိ​ခါ​လ​သည်​သူ့​အား​ကြို​ဆို ရန်​ထွက်​လာ​၏။ မိ​ခါ​လ​က``ပေါ့​ပျက်​သူ​အ ရှက်​မဲ့​အ​ဝတ်​လှစ်​သည့်​နည်း​တူ​အ​ရာ​ရှိ​တို့ ၏​ကျွန်​မိန်း​မ​တို့​ရှေ့​တွင်​မိ​မိ​ကိုယ်​ကို​အ​ဝတ် လှစ်​သော​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ယ​နေ့ အ​လွန်​ဘုန်း​ကြီး​ပါ​သည်​တ​ကား'' ဟု ဆို​၏။
2SA 6:21 ဒါ​ဝိဒ်​က``ငါ့​အား​သင့်​ခ​မည်း​တော်​နှင့်​သား မြေး​တို့​ကို​ကျော်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​အပ်​ရွေး​ချယ် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​ကူး​ရန်​ငါ​သည်​က​ခုန်​နေ​ခဲ့​ခြင်း​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး ရန်​နောင်​ကို​လည်း​ဆက်​လက်​က​ခုန်​လျက်၊-
2SA 6:22 ငါ​၏​ကိုယ်​ကို​ပို​၍​ပင်​အ​သ​ရေ​ပျက်​စေ​ပါ ဦး​မည်။ သင်​သည်​ငါ့​အား​အ​ထင်​သေး​သော် လည်း​ထို​ကျွန်​မိန်း​မ​တို့​က​မူ​အ​ထင်​ကြီး ကြ​မည်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။
2SA 6:23 ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည်​လည်း တစ်​သက်​လုံး​သား​သ​မီး​မ​ရ​တော့​ချေ။
2SA 7:1 ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည်​နန်း​တော်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ရ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဒါ​ဝိဒ်​မင်း​အား​ရန်​သူ​အ​ပေါင်း တို့​ဘေး​မှ​ကင်း​ဝေး​စေ​တော်​မူ​သ​ဖြင့်၊-
2SA 7:2 ပ​ရော​ဖက်​နာ​သန်​အား`ကြည့်​လော့။ ငါ​သည် သစ်​က​တိုး​သား​နန်း​တော်​နှင့်​နေ​ထိုင်​ရ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​မူ​ကား​တဲ​တော်​၌​သာ​ကျိန်း​ဝပ်​တော် မူ​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။
2SA 7:3 နာ​သန်​က`ဘု​ရား​သ​ခင်​သည်​အ​ရှင်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ အ​ရှင်​အ​လို​ရှိ​သည့် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။-
2SA 7:4 သို့​ရာ​တွင်​ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည် နာ​သန်​အား၊-
2SA 7:5 ``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား`သင်​သည်​ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ​မည်​မ​ဟုတ်။-
2SA 7:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ ယ​နေ့​တိုင်​အောင်​ငါ​သည် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ​ခဲ့။ တဲ​တော် ၌​သာ​ကျိန်း​ဝပ်​လျက်​ဒေ​သ​စာ​ရီ​လှည့်​လည် တော်​မူ​ခဲ့​၏။-
2SA 7:7 ယင်း​သို့​မိ​မိ​၏​လူ​မျိုး​တော်​နှင့်​လှည့်​လည်​တော် မူ​ခဲ့​စဉ်​အ​ဘယ်​အ​ခါ​၌​မျှ ငါ​သည်​မိ​မိ​ခန့် ထား​သော​ခေါင်း​ဆောင်​တို့​အား`သင်​တို့​အ​ဘယ် ကြောင့်​ငါ​၏​အ​တွက်​သစ်​က​တိုး​သား​ဗိ​မာန် တော်​ကို​ဆောက်​လုပ်​၍​မ​ပေး​ကြ​သ​နည်း' ဟု မေး​တော်​မ​မူ​ခဲ့။-
2SA 7:8 သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`ငါ​သည်​သင့် ကို​ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​ဖြစ်​စိမ့်​သော​ငှာ​သိုး​ကျောင်း​ရာ ကွင်း​ထဲ​မှ​ခေါ်​ယူ​ခဲ့​၏။-
2SA 7:9 သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ငါ​ပါ​ရှိ လျက် သင်​၏​ရန်​သူ​ရှိ​သ​မျှ​တို့​ကို​နှိမ်​နင်း​ပေး ခဲ့​၏။ ငါ​သည်​သင့်​အား​ကမ္ဘာ​ပေါ်​တွင်​အ​ကျော် စော​ဆုံး​သော​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​စေ​မည်။-
2SA 7:10 ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​နေ​ရာ​အ​ရပ်​ကို​ရွေး​ချယ်​၍ နောက် တစ်​ဖန်​ညှင်း​ဆဲ​ခြင်း​ကို​မ​ခံ​ရ​တော့​ဘဲ အ​တည်​တ​ကျ​နေ​ထိုင်​စေ​ပြီ။ ဤ​ပြည် သို့​ဝင်​ရောက်​လာ​ချိန်​မှ​အ​စ​ပြု​၍ သူ​တို့ သည်​အ​ကြမ်း​ဖက်​သူ​လူ​စု​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ခဲ့​ရ​ကြ​သော်​လည်း​နောက်​တစ်​ဖန် ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ သင့်​အား​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​လုံ​ခြုံ​စေ​၍ သား မြေး​များ​ဖြစ်​ထွန်း​စေ​မည်​ဖြစ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။-
2SA 7:12 သင်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​နှင့်​အ​တူ​သင်္ဂြိုဟ် ခြင်း​ကို​ခံ​ရ​သော​အ​ခါ ငါ​သည်​သင်​၏​သား တစ်​ယောက်​ကို​မင်း​မြှောက်​ကာ​သူ​၏​နိုင်​ငံ ကို​တည်​တံ့​ခိုင်​မြဲ​စေ​မည်။-
2SA 7:13 သူ​သည်​ငါ​၏​အ​တွက်​ဗိမာန်​တော်​ကို​တည် ဆောက်​ရ​မည်။ ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-
2SA 7:14 ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​၍​သူ​သည်​လည်း​ငါ ၏​သား​ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​အ​မှား​ကို ပြု​သော​အ​ခါ​အ​ဖ​က​သား​ကို​ဆုံး​မ သ​ကဲ့​သို့​သူ့​ကို​ဆုံး​မ​မည်။-
2SA 7:15 သင့်​အား​ထီး​နန်း​အပ်​နှင်း​နိုင်​ရန်​ငါ​ဖယ်​ရှား လိုက်​သည့်​ရှော​လု​၏​ထံ​မှ ငါ​၏​ထောက်​ခံ​မှု ကို​ရုပ်​သိမ်း​သ​ကဲ့​သို့​သင်​၏​ထံ​မှ​ရုပ်​သိမ်း မည်​မ​ဟုတ်။-
2SA 7:16 သင်​၏​အ​မျိုး​အ​နွယ်​သည်​အ​ဘယ်​အ​ခါ ၌​မျှ​မ​တိမ်​ကော​ဘဲ သင်​၏​နိုင်​ငံ​သည်​ထာ​ဝ စဉ်​တည်​လိမ့်​မည်။ သင်​၏​ရာ​ဇ​အာ​ဏာ​စက် သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း သွား​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
2SA 7:17 နာ​သန်​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​မိန့် ကြား​တော်​မူ​သ​မျှ​တို့​ကို ဒါ​ဝိဒ်​အား​ဆင့် ဆို​လေ​၏။
2SA 7:18 ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​သို့​ဝင်​ပြီး​လျှင်​ထိုင် ၍``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​၏​မိ​သား​စု​သည်​အ​ကျွန်ုပ်​အ​တွက် ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​ကျေး​ဇူး တော်​နှင့်​မ​ထိုက်​မ​တန်​ပါ။-
2SA 7:19 အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား ယ​ခင်​က​ထက်​ပင်​ပို​၍​ကျေး​ဇူး ပြု​တော်​မူ​ပါ​သည်​တ​ကား။ လာ​လတ္တံ့​သော ကာ​လ​၌​အ​ကျွန်ုပ်​၏​သား​မြေး​တို့​အ​တွက် က​တိ​တော်​ပေး​တော်​မူ​ပါ​ပြီ။ အို အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​ကြောင်း​ကို​လူ​တစ်​ယောက်​အား​အ​သိ ပေး​တော်​မူ​ပါ​သည်​တ​ကား။-
2SA 7:20 အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​အား ထပ်​မံ​လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​အ​ကျွန်ုပ်​အ​ကြောင်း​ကို​ကိုယ် တော်​ရှင်​သိ​တော်​မူ​ပါ​၏။-
2SA 7:21 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ကြံ​အ​စည်​တော်​အ​ရ ဤ​သို့​ပြု​တော်​မူ ခြင်း​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အား​သွန်​သင်​စေ​ရန် ဤ​ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု တော်​မူ​ပါ​ပြီ။-
2SA 7:22 အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​လွန်​ကြီး​မြတ်​တော်​မူ​ပါ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​ကြား​သိ​သ​မျှ​အ​တိုင်း​ကိုယ် တော်​ရှင်​နှင့်​တူ​သော​ဘု​ရား၊ ကိုယ်​တော်​ရှင် မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။-
2SA 7:23 အ​ဘယ်​လူ​မျိုး​မျှ​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​လူ​မျိုး​နှင့်​နှိုင်း​ယှဉ်​၍​မ​ရ ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော် စစ်​ချီ​လာ​ချိန်​၌​အ​ခြား​လူ​မျိုး​တို့​နှင့် သူ တို့​၏​ဘု​ရား​များ​အား​နှင်​ထုတ်​တော်​မူ​ခဲ့ ပါ​၏။ အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ​ကယ် ဆယ်​တော်​မူ​ခဲ့​သော​လူ​တို့​ကို​မိ​မိ​၏​လူ မျိုး​တော်​ဖြစ်​စေ​တော်​မူ​ပါ​၏။-
2SA 7:24 ကိုယ်​တော်​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​အား မိမိ​ထာ​ဝ​စဉ်​ပိုင်​ရာ​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​ပြီ။''
2SA 7:25 ``အို ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​နှင့်​အိမ်​ထောင်​အ​တွက်​ပေး​တော်​မူ​သော က​တိ​တော်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​တော် မူ​၍ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ။-
2SA 7:26 ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည်​အ​စဉ် အ​မြဲ​ထင်​ပေါ်​ကျော်​ကြား​ပါ​လိမ့်​မည်။ လူ တို့​က`အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏' ဟု​အ​စဉ်​အ​မြဲ​ပြော​ဆို ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​၏​မင်း​ဆက်​ကို​လည်း​တည်​မြဲ​စေ တော်​မူ​ပါ။-
2SA 7:27 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​အား​ဤ​အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​၍ ကိုယ်​တော့်​ကျွန်​၏​သား​မြေး​များ​ကို​မင်း မြှောက်​တော်​မူ​မည်​ဖြစ်​ကြောင်း​မိန့်​တော်​မူ သော​ကြောင့် ကိုယ်​တော့်​ကျွန်​သည်​ဤ​ဆု​တောင်း ပတ္ထနာ​ကို​အ​ထံ​တော်​သို့​တင်​လျှောက်​ဝံ့ ပါ​၏။''
2SA 7:28 ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ က​တိ​တော် တို့​ကို​လည်း​အ​စဉ်​တည်​မြဲ​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော့်​ကျွန်​အား​ဤ​အံ့​သြ​ဖွယ်​သော က​တိ​တော်​ကို​ပေး​တော်​မူ​ပါ​ပြီ။-
2SA 7:29 ကိုယ်​တော့်​ကျွန်​၏​သား​မြေး​တို့​သည်​ရှေ့ တော်​၌ ဆက်​လက်​၍​မျက်​နှာ​ရ​စေ​ရန်​သူ တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ။ အို အ​ရှင် ထာ​ဝ​ရ​ဘုရား၊ ကိုယ်​တော်​ရှင်​သည်​က​တိ ထား​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ကိုယ်​တော့်​ကျွန်​၏​သား​မြေး တို့​ထာ​ဝ​စဉ်​ခံ​စား​စေ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​သ​တည်း။
2SA 8:1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဒါ​ဝိဒ် သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​နှိမ်​နင်း ကာ သူ​တို့​၏​စိုး​မိုး​မှု​ကို​နိ​ဂုံး​ချုပ်​စေ တော်​မူ​၏။
2SA 8:2 ထို​နောက်​မင်း​ကြီး​သည်​မော​ဘ​ပြည်​သား တို့​ကို​နှိမ်​နင်း​တော်​မူ​၍ ဖမ်း​ဆီး​ရ​မိ​သူ​တို့ အား မြေ​ပေါ်​တွင်​လှဲ​ချ​စေ​ပြီး​လျှင် သုံး​ပုံ နှစ်​ပုံ​မျှ​သော​သူ​တို့​ကို​သတ်​စေ​၏။ သို့​ဖြစ် ၍​မော​ဘ​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​သ​ရ ကြ​၏။
2SA 8:3 ထို​နောက်​ရ​ဟော​ဘ​၏​သား​ဇော​ဘ​ဘု​ရင် ဟာ​ဒ​ဒေ​ဇာ​သည် အ​ထက်​ဥ​ဖ​ရတ်​မြစ် အ​နီး​ရှိ​နယ်​မြေ​ကို​ပြန်​လည်​သိမ်း​ပိုက် ရန်​သွား​တိုက်​စဉ်​ဒါ​ဝိဒ်​သည်​သူ့​အား နှိမ်​နင်း​တော်​မူ​၍၊-
2SA 8:4 မြင်း​တပ်​သား​တစ်​ထောင်​ခုနစ်​ရာ​နှင့်​ခြေ​လျင် တပ်​သား​နှစ်​သောင်း​ကို​ဖမ်း​ဆီး​ရ​မိ​တော် မူ​၏။ မင်း​ကြီး​သည်​ရ​ထား​အ​စီး​တစ်​ရာ အ​တွက်​မြင်း​တစ်​ရာ​ကို​သိမ်း​၍ ကျန်​သော မြင်း​ရှိ​သ​မျှ​တို့​၏​ခြေ​ကြော​ကို​ဖြတ် လေ​၏။-
2SA 8:5 ဒ​မာ​သက်​မြို့​မှ​ရှုရိ​ပြည်​သား​တို့​သည် ဟာ​ဒ​ဒေ​ဇာ​ကို​စစ်​ကူ​ရန်​လာ​ရောက်​ကြ သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​ကို​တိုက် ခိုက်​၍​လူ​နှစ်​သောင်း​နှစ်​ထောင်​ကို​သုတ် သင်​ပစ်​လေ​၏။-
2SA 8:6 ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​နယ် မြေ​တွင်​စစ်​စ​ခန်း​များ​ကို​တည်​ဆောက် ထား​သ​ဖြင့် သူ​တို့​သည်​မင်း​ကြီး​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​သွား​ရောက် လေ​ရာ​အ​ရပ်​ရပ်​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။-
2SA 8:7 ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ​၏​စစ်​ဗိုလ်​များ ကိုင်​ဆောင်​သည့်​ရွှေ​ဒိုင်း​လွှား​များ​ကို​သိမ်း ၍​ယေ​ရု​ရှလင်​မြို့​သို့​ယူ​ဆောင်​သွား​၏။-
2SA 8:8 မင်း​ကြီး​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​မြို့ များ​ဖြစ်​သော ဘေ​တ​မြို့​များ​နှင့်​ဗေ​ရော​သဲ မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား​ကို လည်း​သိမ်း​ယူ​လေ​၏။
2SA 8:9 ဟာ​ဒ​ဒေ​ဇာ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို ဒါ​ဝိဒ်​ချေ​မှုန်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင် တော​ဣ​မင်း​ကြား​လျှင်၊-
2SA 8:10 သား​တော်​ယော​ရံ​ကို​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ် ပြီး​လျှင် ဟာ​ဒ​ဒေ​ဇာ​၏​အ​ပေါ်​တွင်​အောင်​ပွဲ ရ​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​မှု​ရှိ​ကြောင်း နှုတ်​ခွန်း​ဆက်​စ​ကား​ပြော​ကြား​စေ​၏။ တော​ဣ ကား​ဟာ​ဒ​ဒေ​ဇာ​ကို​အ​ကြိမ်​ပေါင်း​များ စွာ​တိုက်​ခိုက်​ခဲ့​သူ​ဖြစ်​သ​တည်း။ ယော​ရံ သည်​မိ​မိ​နှင့်​အ​တူ​ရွှေ၊ ငွေ​နှင့်​ကြေး​ဝါ ဖြင့်​ပြီး​သော​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဒါ​ဝိဒ်​ထံ​သို့​ယူ​ဆောင်​လာ​လေ​သည်။-
2SA 8:11 ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ ထို​နည်း တူ​မိ​မိ​နှိမ်​နင်း​ခဲ့​သော​ဧ​ဒုံ၊ မော​ဘ၊ အမ္မုန်၊ ဖိ​လိတ္တိ​နှင့် အာ​မ​လက်​ပြည်​များ​မှ​သိမ်း ယူ​ခဲ့​သည့်​ရွှေ၊ ငွေ​များ​နှင့်​ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ရ​ရှိ​သည့်​ပစ္စည်း​အချို့​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။
2SA 8:13 ဒါ​ဝိဒ်​သည်​ဆား​ချိုင့်​ဝှမ်း​မှ​ဧ​ဒုံ​ပြည်​သား တစ်​သောင်း​ရှစ်​ထောင်​ကို သုတ်​သင်​ရာ​မှ​ပြန် လာ​သော​အ​ခါ​ပို​၍​ပင်​ထင်​ပေါ်​ကျော် ကြား​၍​လာ​လေ​သည်။-
2SA 8:14 သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​စစ် စ​ခန်း​များ​တည်​ဆောက်​ထား​သ​ဖြင့် ထို​ပြည် သား​တို့​သည်​သူ​၏​လက်​အောက်​ခံ​ဖြစ်​လာ ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား စစ်​ချီ​သွား​လေ​ရာ​၌​အောင်​ပွဲ​ကို​ခံ​စေ တော်​မူ​၏။
2SA 8:15 ဒါ​ဝိဒ်​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အုပ်​စိုး​၍ မိ​မိ​၏​ပြည်​သူ​တို့​အား​တ​ရား မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။-
2SA 8:16 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုပ်​၏​သား​ယော ရှ​ဖတ်​မှာ​စာ​ရင်း​ထိန်း​ဖြစ်​၏။-
2SA 8:17 အ​ဟိ​တုတ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မ​လက်​တို့​ကား​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။ စ​ရာ​ယ​သည်​စာ​ရေး တော်​ကြီး​ဖြစ်​၍၊-
2SA 8:18 ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​မှာ​ခေ​ရ​သိ​နှင့် ပေ​လ​သိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော ကိုယ်​ရံ​တော်​အ​စောင့်​တပ်​သား​တို့​ကို​အုပ် ချုပ်​ရ​သူ​ဖြစ်​၏။ ဒါ​ဝိဒ်​၏​သား​တော်​များ ကား​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သ​တည်း။
2SA 9:1 ဒါ​ဝိဒ်​က``ရှော​လု​၏​မိ​သား​စု​ထဲ​မှ​ကျန်​ကြွင်း သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော။ ရှိ​ခဲ့ လျှင်​ငါ​သည်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက် သော​အား​ဖြင့်​သူ့​အား​ကျေး​ဇူး​ပြု​လို​သည်'' ဟု​မိန့်​တော်​မူ​၏။
2SA 9:2 ထို​အ​ခါ​လူ​တို့​သည်​ဇိ​ဘ​နာ​မည်​ရှိ​သော လူ​တစ်​ယောက်​ကို​အ​ထံ​တော်​သို့​သွင်း​ကြ​၏။ ထို​သူ​ကား​ရှော​လု​မိ​သား​စု​၏​အ​စေ​ခံ တစ်​ဦး​ဖြစ်​၏။ မင်း​ကြီး​က​သူ့​အား``သင် သည်​ဇိ​ဘ​လော'' ဟု​မေး​တော်​မူ​လျှင်၊ ``မှန်​လှ​ပါ​အ​ရှင်'' ဟု​ဇိ​ဘ​က​လျှောက် ထား​၏။
2SA 9:3 မင်း​ကြီး​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​လို တော်​အ​တိုင်း ကျေး​ဇူး​သစ္စာ​စောင့်​သူ​ဖြစ်​ကြောင်း ပြ​သ​နိုင်​ရန် ရှော​လု​မိ​သား​စု​မှ​ကျန်​ကြွင်း​နေ သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု မေး​တော်​မူ​လျှင်၊ ဇိ​ဘ​က``ယော​န​သန်​၏​သား​တစ်​ယောက်​ကျန် ရှိ​နေ​ပါ​သေး​သည်။ သူ​သည်​ခြေ​ဆွံ့​၍​နေ​ပါ သည်'' ဟု​လျှောက်​၏။
2SA 9:4 မင်း​ကြီး​က``သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ ဇိ​ဘ​က``လော​ဒေ​ဗာ​ရွာ၊ အ​မျေ​လ​၏​သား မာ​ခိ​ရ​၏​အိမ်​တွင်​ရှိ​ပါ​သည်'' ဟု​လျှောက် ၏။-
2SA 9:5 သို့​ဖြစ်​၍​ဒါ​ဝိဒ်​မင်း​သည်​ယော​န​သန်​၏ သား​ကို​အ​ခေါ်​ခိုင်း​တော်​မူ​၏။
2SA 9:6 ရှော​လု​၏​မြေး​ယော​န​သန်​၏​သား​မေ​ဖိ​ဗော ရှက်​သည်​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​၏ ရှေ့​တွင်​ရို​သေ​စွာ​ပျပ်​ဝပ်​လျက်​နေ​၏။ ဒါ​ဝိဒ် က``မေ​ဖိ​ဗော​ရှက်'' ဟု​ခေါ်​လျှင်​မေ​ဖိ​ဗော ရှက်​က``ကိုယ်​တော့်​ကျွန်​ရှိ​ပါ​သည်'' ဟု​ထူး လေ​၏။
2SA 9:7 ဒါ​ဝိဒ်​က​လည်း``မ​ကြောက်​နှင့်​ငါ​သည်​သင်​၏ ဖ​ခင်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက်​၍​သင့် အား​ကျေး​ဇူး​ပြု​မည်။ သင်​၏​အ​ဖိုး​ရှော​လု ပိုင်​ဆိုင်​ခဲ့​သည့်​မြေ​ယာ​မှန်​သ​မျှ​ကို​သင့် အား​ပြန်​၍​ပေး​မည်။ သင့်​အား​ငါ့​စား​ပွဲ တွင်​နေ့​စဉ်​စား​သောက်​ခွင့်​ကို​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
2SA 9:8 မေ​ဖိ​ဗော​ရှက်​သည်​တစ်​ဖန်​ဦး​ချ​ပြီး လျှင်``အ​ရှင်​ခွေး​သေ​ကောင်​သ​ဖွယ်​ဖြစ်​သူ ကျွန်​တော်​မျိုး​အား​အ​ရှင်​သည် အ​ဘယ် ကြောင့်​ဤ​သို့​ကျေး​ဇူး​ပြု​တော်​မူ​ပါ သ​နည်း'' ဟု​လျှောက်​၏။
2SA 9:9 ထို​အ​ခါ​မင်း​ကြီး​သည်​ရှော​လု​၏​အ​စေ​ခံ ဇိ​ဘ​ကို​ခေါ်​ယူ​၍``ငါ​သည်​သင့်​သ​ခင်​၏ မြေး​မေ​ဖိ​ဗော​ရှက်​အား ရှော​လု​မိ​သား​စု ပိုင်​ဆိုင်​သ​မျှ​သော​မြေ​ယာ​တို့​ကို​ပေး​မည်။-
2SA 9:10 သင်​နှင့်​တ​ကွ​သင်​၏​သား​သင်​၏​အစေ​ခံ​တို့ သည် သင့်​သ​ခင်​ရှော​လု​၏​အိမ်​ထောင်​စု​အ​တွက် ထို​မြေ​ယာ​များ​ကို​ထွန်​ယက်​စိုက်​ပျိုး​၍ အ​သီး အ​နှံ​များ​ကို​ယူ​ဆောင်​ကာ​သူ​တို့​အ​ဖို့​ရိက္ခာ အ​ဖြစ်​ဖြင့်​ပေး​သွင်း​ရ​မည်။ သို့​ရာ​တွင်​မေ​ဖိ ဗော​ရှက်​မူ​ကား​ငါ​၏​စား​ပွဲ​တွင်​ငါ​နှင့်​အ​တူ စား​သောက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ (ဇိ​ဘ တွင်​သား​တစ်​ဆယ့်​ငါး​ယောက်​နှင့်​အ​စေ​ခံ နှစ်​ဆယ်​ရှိ​သ​တည်း။)
2SA 9:11 ဇိ​ဘ​က``အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သ​မျှ အ​တိုင်း ကျွန်​တော်​မျိုး​နာ​ခံ​ပါ​မည်'' ဟု လျှောက်​၏။ သို့​ဖြစ်​၍​မေ​ဖိ​ဗော​ရှက်​သည်​ဘု​ရင်​၏​သား တော်​တစ်​ပါး​ကဲ့​သို့ စား​ပွဲ​တော်​၌​စား​သောက် ရ​လေ​၏။-
2SA 9:12 မေ​ဖိ​ဗော​ရှက်​မှာ​မိက္ခာ​နာ​မည်​တွင်​သော​သား ငယ်​တစ်​ယောက်​ရှိ​၏။ ဇိ​ဘ​၏​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​သည်​လည်း မေ​ဖိ​ဗော​ရှက်​၏ အ​စေ​ခံ​များ​ဖြစ်​လာ​ကြ​၏။-
2SA 9:13 ထို့​ကြောင့်​ခြေ​နှစ်​ဘက်​စ​လုံး​ဆွံ့​သော​မေ​ဖိ ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​၌​နေ​ထိုင်​လျက် ဘု​ရင့်​စား​ပွဲ​တော်​တွင်​စား​သောက်​ခွင့်​ကို​ရ လေ​သည်။
2SA 10:1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန် ဘု​ရင်​နာ​ဟတ်​မင်း​ကွယ်​လွန်​၍​သူ​၏​သား တော်​ဟာ​နုန်​နန်း​တက်​၏။
2SA 10:2 ဒါ​ဝိဒ်​က``သူ​၏​ဖ​ခင်​နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​သစ္စာ​စောင့်​ခဲ့​သည့်​နည်း​တူ ငါ​သည် လည်း​ဟာ​နုန်​အား​ကျေး​ဇူး​သစ္စာ​စောင့်​ရ​ပေ မည်'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ဟာ​နုန်​ထံ​သို့ နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​စေ​တ​မန်​များ ကို​လွှတ်​လိုက်​၏။ သို့​ရာ​တွင်​ထို​သူ​တို့ ရောက်​ရှိ​ကြ​သော​အ​ခါ၊-
2SA 10:3 အမ္မုန်​ပြည်​သား​ခေါင်း​ဆောင်​များ​က​မိ​မိ​တို့ ဘု​ရင်​အား``ဒါ​ဝိဒ်​သည်​အ​ရှင့်​ခ​မည်း​တော်​ကို ဂုဏ်​ပြု​ရန်​အ​တွက် ဤ​လူ​များ​ကို​စေ​လွှတ် လိုက်​သည်​ဟု​အ​ရှင်​ထင်​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ သူ သည်​အ​ကျွန်ုပ်​တို့​ကို​နှိမ်​နင်း​နိုင်​ရန်​ဤ​မြို့ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​လို​၍​ဤ​သူ​တို့ အား​သူ​လျှို​အ​ဖြစ်​စေ​လွှတ်​လိုက်​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။
2SA 10:4 ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​ကို ဖမ်း​ဆီး​ကာ​မုတ်​ဆိတ်​တစ်​ခြမ်း​ကို​ရိတ်​၍ အင်္ကျီ​အ​ဝတ်​များ​ကို​ခါး​မှ​ဖြတ်​ပြီး လျှင်​ပြန်​၍​လွှတ်​လိုက်​လေ​သည်။-
2SA 10:5 သူ​တို့​သည်​ပြန်​လာ​ရန်​အ​လွန်​ရှက်​ကြ​၏။ ထို​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သော​အ​ခါ လူ​စေ​လွှတ်​ပြီး​လျှင်​သူ​တို့​အား မိ​မိ​တို့ မုတ်​ဆိတ်​များ​ပြန်​၍​ရှည်​လာ​သည့်​တိုင်​အောင် ယေ​ရိ​ခေါ​မြို့​တွင်​နေ​ပြီး​မှ​မြို့​တော်​သို့ ပြန်​လာ​ကြ​ရန်​မှာ​ကြား​တော်​မူ​လိုက်​၏။
2SA 10:6 အမ္မုန်​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​အား​မိ​မိ​တို့ ရန်​ဘက်​ပြု​မိ​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​လာ သ​ဖြင့် ဗက်​ရ​ဟော​ဘ​မြို့​နှင့်​ဇော​ဘ​မြို့​တို့ မှ​ရှု​ရိ​စစ်​သည်​နှစ်​သောင်း​ကို​လည်း​ကောင်း၊ တော​ဘ​မြို့​မှ​လူ​တစ်​သောင်း​နှစ်​ထောင်​အ​ပြင် မာ​ခါ​မင်း​နှင့်​လူ​တစ်​ထောင်​ကို​လည်း​ကောင်း ငှား​ရမ်း​ကြ​၏။-
2SA 10:7 ထို​သတင်း​ကို​ကြား​သိ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချီ​တက် စေ​၏။-
2SA 10:8 အမ္မုန်​ပြည်​သား​တို့​သည်​ရဗ္ဗာ​မြို့​မှ​ထွက်​ပြီး လျှင် မြို့​တံ​ခါး​အ​နီး​တွင်​နေ​ရာ​ယူ​ကြ​၏။ ရှု​ရိ​ပြည်​သား​များ၊ တော​ဘ​မြို့​သား​များ နှင့်​မာ​ခါ​၏​လူ​များ​အ​စ​ရှိ​သော​အ​ခြား သူ​တို့​မူ​ကား​လွင်​ပြင်​၌​နေ​ရာ​ယူ​ကြ လေ​သည်။
2SA 10:9 ရန်​သူ​တပ်​များ​သည်​မိ​မိ​တို့​အား​ရှေ့​နှင့်​နောက် မှ​တိုက်​ခိုက်​ကြ​မည်​ကို​သိ​သ​ဖြင့် ယွာ​ဘ​သည် လက်​ရွေး​စင်​ဣ​သ​ရေ​လ​စစ်​သည်​များ​ကို​ရှု​ရိ အ​မျိုး​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​စေ​၏။-
2SA 10:10 အ​ခြား​တပ်​သား​များ​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အဘိ​ရှဲ​သည်​လည်း​သူ​တို့​အား အမ္မုန်​ပြည်​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​ရာ ယူ​စေ​၏။-
2SA 10:11 အ​ဘိ​ရှဲ​အား​ယွာ​ဘ​က``အ​ကယ်​၍​ရှု​ရိ​ပြည် သား​တို့​သည်​ငါ့​ကို​အ​နိုင်​ရ​လျက်​နေ​သည် ကို​တွေ့​ရှိ​ရ​လျှင် သင်​သည်​ငါ့​ထံ​စစ်​ကူ​လာ လော့။ အ​ကယ်​၍​သင့်​ကို​အမ္မုန်​ပြည်​သား​တို့ အ​နိုင်​ရ​နေ​ခဲ့​သော်​ငါ​သည်​သင့်​ထံ​သို့​စစ် ကူ​လာ​မည်။-
2SA 10:12 ငါ​တို့​သည်​ရဲ​ရင့်​စွာ​ငါ​တို့​အ​မျိုး​သား​များ နှင့်​ငါ​တို့​ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက် အား​ကြိုး​မာန်​တက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
2SA 10:13 ယွာ​ဘ​နှင့်​သူ​၏​လူ​တို့​သည်​တိုက်​ခိုက်​ရန် ရှေ့​သို့​ချီ​တက်​ကြ​လျှင် ရှု​ရိ​ပြည်​သား တို့​သည်​ထွက်​ပြေး​ကြ​၏။-
2SA 10:14 ဤ​သို့​ရှု​ရိ​ပြည်​သား​တို့​ဆုတ်​ပြေး​ကြ​သည် ကို​အမ္မုန်​ပြည်​သား​တို့​မြင်​သော​အ​ခါ အ​ဘိ ရှဲ​ထံ​မှ​ထွက်​ပြေး​ကာ​မြို့​ထဲ​သို့​ပြန်​၍​ဝင် သွား​ကြ​၏။ ထို​အ​ခါ​ယွာ​ဘ​သည်​အမ္မုန်​ပြည် သား​နှင့်​တိုက်​ပွဲ​မှ​တပ်​ခေါက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လေ​၏။
2SA 10:15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် အ ရေး​ရှုံး​နိမ့်​ခဲ့​ကြောင်း​ရှု​ရိ​ပြည်​သား​တို့​သိ ရှိ​ကြ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​အ​ပေါင်း တို့​အား​တစ်​ဖန်​စု​ရုံး​စေ​ကြ​၏။-
2SA 10:16 ဟာ​ဒ​ဒေ​ဇာ​မင်း​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ရှိ​ရှု​ရိ​ပြည်​သား​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​ဗိုလ်​ချုပ် ရှော​ဗက်​ကွပ်​ကဲ​လျက်​ဟေ​လံ​မြို့​သို့​ရောက် ရှိ​လာ​လေ​သည်။-
2SA 10:17 ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​တပ်​များ​ကို​စု​ရုံး​စေ​၍ ယော်​ဒန် မြစ်​ကို​ကူး​ပြီး​လျှင်​ဟေ​လံ​မြို့​သို့​ချီ​တက် လေ​၏။ ထို​မြို့​တွင်​ရှု​ရိ​ပြည်​သား​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​မျက်​နှာ​မူ​လျက်​နေ​ရာ​ယူ ကြ​၏။ စစ်​ပွဲ​စ​တင်​သည်​နှင့်၊-
2SA 10:18 ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ရှု​ရိ​ပြည် သား​တို့​အား​တိုက်​ထုတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ် ၏​လူ​တို့​က​ရှု​ရိ​စစ်​ရ​ထား​မှူး​ခု​နစ်​ရာ နှင့်​မြင်း​စီး​သူ​ရဲ​လေး​သောင်း​တို့​ကို​သုတ် သင်​ပြီး​လျှင် ရန်​သူ​ဗိုလ်​ချုပ်​ရှော​ဗက်​ကို လည်း​ဒဏ်​ရာ​ရ​စေ​၏။ ထို့​ကြောင့်​သူ​သည် စစ်​မြေ​ပြင်​၌​ပင်​သေ​ဆုံး​လေ​သည်။-
2SA 10:19 ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် မိ​မိ တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​စစ်​ပြေ​ငြိမ်း​ရန်​စေ့​စပ်​၍​သူ​တို့​၏​လက် အောက်​ခံ​ဖြစ်​လာ​ကြ​၏။ ရှု​ရိ​ပြည်​သား​တို့ သည်​လည်း​အမ္မုန်​ပြည်​သား​တို့​အား​နောက် တစ်​ဖန်​စစ်​မ​ကူ​ဝံ့​ကြ​တော့​ချေ။
2SA 11:1 ထို​နှစ်​နွေ​ဦး​ပေါက်​၍ ဘု​ရင်​တို့​စစ်​တိုက် ထွက်​လေ့​ရှိ​သည့်​အ​ချိန်​ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည်​ယွာ​ဘ​အား​သူ​၏​တပ်​မှူး​များ နှင့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို​စေ​လွှတ်​ရာ သူ​တို့​သည်​အမ္မုန်​ပြည်​သား​တို့​ကို​နှိမ်​နင်း​၍ ရဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ​၏။ ဒါ​ဝိဒ်​မူ​ကား ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ရစ်​သ​တည်း။
2SA 11:2 တစ်​နေ့​သ​၌​ည​နေ​ခင်း​အ​ချိန်​တွင်​ဒါ​ဝိဒ် သည်​အိပ်​စက်​နား​နေ​ရာ​မှ​နိုး​ထ​၍ နန်း​တော် အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​စင်္ကြံ​လျှောက်​နေ စဉ် ရှု​ချင်​ဖွယ်​အ​ဆင်း​လှ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရေ​ချိုး​နေ​သည်​ကို​မြင်​တော်​မူ​၏။-
2SA 11:3 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​လူ​လွှတ်​၍​မည်​သူ​ဖြစ် ကြောင်း​စုံ​စမ်း​စေ​ရာ​ဧ​လျံ​၏​သ​မီး၊ ဟိတ္တိ အ​မျိုး​သား​ဥ​ရိ​ယ​၏​ဇ​နီး​ဗာ​သ​ရှေ​ဘ ဖြစ်​ကြောင်း​ကို​သိ​ရှိ​တော်​မူ​ရ​၏။-
2SA 11:4 မင်း​ကြီး​သည်​လူ​လွှတ်​၍​ထို​အ​မျိုး​သ​မီး အား​ခေါ်​စေ​ပြီး​လျှင်​သူ​နှင့်​ချစ်​တင်း​နှီး​နှော တော်​မူ​၏။ (ဗာ​သ​ရှေ​ဘ​သည်​မိန်း​မ​တို့​ဋ္ဌမ္မ တာ​ရာ​သီ​ပန်း​ပွင့်​မှု​ကို​သန့်​စင်​ပြီး​စ​အ​ချိန် ဖြစ်​သ​တည်း) ထို​နောက်​ဗာ​သ​ရှေ​ဘ​သည် အိမ်​သို့​ပြန်​၏။-
2SA 11:5 မိ​မိ​၌​ပ​ဋိ​သန္ဓေ​ရှိ​နေ​ကြောင်း​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​ထံ​သို့​သ​တင်း​ပေး​ပို့​လျှောက် ထား​လေ​သည်။
2SA 11:6 ထို​အ​ခါ​ဒါ​ဝိဒ်​သည်``ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​ယွာ​ဘ​ထံ​သို့ လူ​လွှတ်​မှာ​ကြား​တော်​မူ​၏။ သို့​ဖြစ်​၍​ယွာ​ဘ သည်​ဥ​ရိ​ယ​အား​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​လိုက် လေ​သည်။-
2SA 11:7 ဥရိယ​ရောက်​ရှိ​လာ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ နှင့်​စစ်​သည်​တော်​များ​၏​ကျန်း​မာ​ရေး​နှင့်​စစ်​ပွဲ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။-
2SA 11:8 ထို​နောက်​မင်း​ကြီး​သည်​ဥ​ရိ​ယ​အား``အိမ်​သို့ ပြန်​၍​ခေတ္တ​နား​နေ​လော့'' ဟု​ဆို​၏။ ဥ​ရိ​ယ ထွက်​ခွာ​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​၏ အိမ်​သို့​လက်​ဆောင်​တစ်​ခု​ပေး​ပို့​လိုက်​၏။-
2SA 11:9 သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​အိမ်​သို့​မ​ပြန်​ဘဲ အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​နန်း​တော် တံ​ခါး​ဝ​၌​အိပ်​လေ​သည်။-
2SA 11:10 ဤ​သို့​ဥ​ရိ​ယ​အိမ်​မ​ပြန်​ဘဲ​နေ​ခဲ့​ကြောင်း ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ့​အား``သင် သည်​ခ​ရီး​ဝေး​မှ​ယ​ခု​ပင်​ပြန်​လည်​ရောက် ရှိ​လာ​သည်​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့် အိမ်​သို့​မ​ပြန်​ဘဲ​နေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။
2SA 11:11 ဥ​ရိ​ယ​က``ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယု​ဒ ပြည်​သား​တို့​သည် ရပ်​ဝေး​တွင်​စစ်​တိုက်​လျက် ရှိ​နေ​ကြ​ပါ​သည်။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​ပါ​၏။ အ​ကျွန်ုပ်​၏ ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​တပ်​မှူး​များ​သည်​လည်း ကွင်း​ပြင်​ထဲ​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​ရ ကြ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ကျွန်ုပ်​သည် အိမ်​သို့​ပြန်​၍​စား​သောက်​ကာ​မ​ယား​နှင့် ပျော်​မွေ့​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ထို​သို့​မ​ပြု​နိုင်​ကြောင်း​ကျိန်​ဆို​ပါ​၏'' ဟု​လျှောက်​၏။
2SA 11:12 ထို့​ကြောင့်​ဒါ​ဝိဒ်​က``သို့​ဖြစ်​လျှင်​ဤ​အ​ရပ်​တွင် ပင်​ယ​နေ့​နား​နေ​လော့။ နက်​ဖြန်​သင့်​အား​ပြန်​၍ လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ဥ​ရိ​ယ သည်​ထို​နေ့​နှင့်​နောက်​တစ်​နေ့​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​လေ​သည်။-
2SA 11:13 ဒါ​ဝိဒ်​သည်​သူ့​အား​ည​စာ​စား​ရန်​ဖိတ်​ခေါ်​ပြီး လျှင်​ယစ်​မူး​အောင်​သောက်​စား​စေ​၏။ သို့​သော် လည်း​ဥ​ရိ​ယ​သည်​ထို​ည​၌​လည်း​အိမ်​သို့​မ ပြန်​ဘဲ​နန်း​တော်​အ​စောင့်​တပ်​သား​များ​၏ အ​ခန်း​တွင်​စောင်​ခင်း​၍​အိပ်​လေ​သည်။
2SA 11:14 နောက်​တစ်​နေ့​၌​ဒါ​ဝိဒ်​သည်​ယွာ​ဘ​ထံ​သို့ စာ​တစ်​စောင်​ရေး​၍​ဥ​ရိ​ယ​နှင့်​ပေး​လိုက်​၏။-
2SA 11:15 စာ​တွင်``တိုက်​ပွဲ​အ​ပြင်း​ထန်​ဆုံး​ရှေ့​တန်း​စစ် မျက်​နှာ​သို့​ဥ​ရိ​ယ​အား​စေ​လွှတ်​လော့။ ထို နောက်​သူ​အ​သတ်​ခံ​ရ​စေ​ရန်​သင်​သည်​နောက် သို့​ဆုတ်​ခွာ​လာ​ခဲ့​လော့'' ဟု​ပါ​ရှိ​၏။-
2SA 11:16 ထို့​ကြောင့်​ယွာ​ဘ​သည်​မြို့​ကို​မိ​မိ​ဝိုင်း​ရံ လျက်​နေ​စဉ် ဥ​ရိ​ယ​အား​ရန်​သူ​အင်​အား ကြီး​မား​သည့်​စစ်​မျက်​နှာ​သို့​စေ​လွှတ်​၏။-
2SA 11:17 ရန်​သူ​တပ်​သား​တို့​သည်​မြို့​ထဲ​မှ​ထွက်​လာ ပြီး​နောက် ယွာ​ဘ​၏​တပ်​သား​များ​နှင့်​တိုက် ခိုက်​ကြ​ရာ ဒါ​ဝိဒ်​၏​တပ်​မှူး​အ​ချို့​ကျ​ဆုံး သွား​ကြ​လေ​သည်။ ယင်း​သို့​ကျ​ဆုံး​သူ​တို့ အ​ထဲ​တွင်​ဥ​ရိ​ယ​လည်း​ပါ​၏။
2SA 11:18 ထို​နောက်​ယွာ​ဘ​သည်​ဒါ​ဝိဒ်​ထံ​သို့​တိုက်​ပွဲ အ​ကြောင်း​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကာ၊-
2SA 11:19 စေ​တ​မန်​အား``တိုက်​ပွဲ​အ​ကြောင်း​ကို​သင် အ​စီ​ရင်​ခံ​ပြီး​သော​အ​ခါ၊-
2SA 11:20 မင်း​ကြီး​သည်​အ​မျက်​ထွက်​လျက်`သင်​တို့​သည် ရန်​သူ​ကို​တိုက်​ခိုက်​ရန်​အ​ဘယ်​ကြောင့်​မြို့​အ​နီး သို့​ချဉ်း​ကပ်​ကြ​သ​နည်း။ မြို့​ရိုး​များ​မှ​နေ​၍ ရန်​သူ​တို့​သည်​မြား​များ​ဖြင့်​ပစ်​ခတ်​ကြ​မည် ကို​မ​သိ​ကြ​ပါ​သ​လော။-
2SA 11:21 ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​အ​ဘယ်​သို့ သေ​ရ​သည်​ကို​သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။ သေ​ဗက်​မြို့​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​သည် မြို့​ရိုး​ပေါ်​မှ​ကျိတ်​ဆုံ​ကျောက်​ကို​ပစ်​ချ​လိုက် သ​ဖြင့်​သူ​သေ​ခဲ့​ရ​၏။ သို့​ဖြစ်​၍​သင်​တို့​သည် အ​ဘယ်​ကြောင့်​မြို့​ရိုး​အ​နီး​သို့​ချဉ်း​ကပ်​ကြ သ​နည်း' ဟု​မေး​တော်​မူ​လိမ့်​မည်။ ထို​သို့​မင်း ကြီး​မေး​ခဲ့​သော်`အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​သည် လည်း​ကျ​ဆုံး​သွား​ပါ​၏' ဟု​ပြန်​လည်​လျှောက် ထား​လော့'' ဟု​မှာ​ကြား​လိုက်​လေ​သည်။
2SA 11:22 သို့​ဖြစ်​၍​စေ​တ​မန်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ယွာ​ဘ​အ​မိန့်​ပေး​လိုက်​သည့်​အ​တိုင်း​လျှောက် ထား​၏။-
2SA 11:23 သူ​သည်​မင်း​ကြီး​အား``ရန်​သူ​တို့​သည်​အ​ကျွန်ုပ် တို့​ထက်​အင်​အား​ကြီး​မား​၍ အ​ကျွန်ုပ်​တို့​အား တိုက်​ခိုက်​ရန်​မြို့​ထဲ​မှ​မြို့​ပြင်​သို့​ထွက်​လာ​ကြ ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​သူ​တို့​အား မြို့​တံ​ခါး​ဝ​သို့​ပြန်​၍​တိုက်​ထုတ်​လိုက်​ကြ ပါ​၏။-
2SA 11:24 ထို​အ​ခါ​သူ​တို့​သည်​မြို့​ရိုး​မှ​မြား​များ​ဖြင့် ပစ်​ခတ်​ကြ​ရာ​အ​ရှင်​မင်း​ကြီး​၏​တပ်​မှူး​အ​ချို့ ကျ​ဆုံး​သွား​ပါ​၏။ အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​လည်း ကျ​ဆုံး​ပါ​၏'' ဟု​လျှောက်​လေ​၏။
2SA 11:25 မင်း​ကြီး​က​စေ​တ​မန်​အား``စစ်​ပွဲ​တွင်​မည်​သူ မည်​ဝါ​ကျ​ဆုံး​မည်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​ပြော​နိုင်။ သို့​ဖြစ်​၍​ယွာ​ဘ​အား​စိတ်​မ​ပျက် ရန်​အား​ပေး​စ​ကား​ပြော​ကြား​လော့။ မြို့​ကို ပို​မို​ပြင်း​ထန်​စွာ​တိုက်​စစ်​ဆင်​၍​သိမ်း​ယူ​ရန် ကို​လည်း​ပြော​လော့''ဟု​မှာ​တော်​မူ​လိုက်​၏။
2SA 11:26 ဗာ​သ​ရှေ​ဘ​သည်​မိ​မိ​၏​ခင်​ပွန်း​ကျ​ဆုံး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ငို​ကြွေး မြည်​တမ်း​ခြင်း​ကို​ပြု​၏။-
2SA 11:27 ငို​ကြွေး​မြည်​တမ်း​ချိန်​ကုန်​လွန်​သော​အ​ခါ​ဒါ​ဝိဒ် သည် သူ့​အား​နန်း​တော်​သို့​ခေါ်​စေ​၍​မိ​ဖု​ရား​မြှောက် ရာ​သား​တော်​ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​ပြု​ခဲ့​သည့်​အ​မှု ကို​နှစ်​သက်​တော်​မ​မူ။
2SA 12:1 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​နာ​သန်​အား ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​တော်​မူ​သ​ဖြင့် နာ​သန်​သည် သွား​၍​မင်း​ကြီး​အား``အ​ခါ​တစ်​ပါး​က​တစ်​မြို့ တည်း​နေ​လူ​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည်​ချမ်း သာ​ကြွယ်​ဝ​၍​တစ်​ယောက်​က​ဆင်း​ရဲ​၏။-
2SA 12:2 သူ​ဌေး​တွင်​နွား​နှင့်​သိုး​အ​မြောက်​အ​မြား​ရှိ​၏။-
2SA 12:3 သူ​ဆင်း​ရဲ​၌​ကား​မိ​မိ​ဝယ်​ထား​သော​သိုး​က​လေး တစ်​ကောင်​သာ​ရှိ​၏။ သူ​သည်​ထို​သိုး​ငယ်​ကို​ကြည့်​ရှု စောင့်​ရှောက်​၏။ သိုး​ငယ်​သည်​သမီး​သ​ဖွယ်​အိမ်​တွင် သား​သ​မီး​များ​နှင့်​အ​တူ​ကြီး​ပြင်း​လာ​သည်။ သူ​သည်​သိုး​ငယ်​အား​မိ​မိ​စား​သည့်​အ​စား အ​စာ​ကို​ကျွေး​တတ်​၏။ မိ​မိ​၏​သောက်​ရေ​ခွက် မှ​ရေ​ကို​တိုက်​၍​ပေါင်​ပေါ်​တွင်​ချီ​ပွေ့​ထား တတ်​၏။-
2SA 12:4 တစ်​နေ့​သ​၌​သူ​ဌေး​၏​အိမ်​သို့​ဧည့်​သည်​တစ် ယောက်​ရောက်​ရှိ​လာ​၏။ သူ​ဌေး​သည်​ဧည့်​ဝတ် ပြု​ရန်​အ​တွက်​မိ​မိ​၏​သိုး​နွား​ကို​မ​သတ် လို​သ​ဖြင့် သူ​ဆင်း​ရဲ​၏​သိုး​ငယ်​ကို​ယူ​၍ သတ်​ပြီး​လျှင်​ဧည့်​သည်​အား​ကျွေး​မွေး​ရန် ချက်​ပါ​၏'' ဟု​လျှောက်​၏။
2SA 12:5 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထို​သူ​ဌေး​အား​လွန်​စွာ အ​မျက်​ထွက်​သ​ဖြင့်``ဤ​သို့​သော​အ​မှု​ကို​ပြု​သူ သည်​သေ​ဒဏ်​ခံ​သင့်​ကြောင်း​အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​ပါ​၏။-
2SA 12:6 သူ​သည်​ဤ​သို့​ရက်​စက်​သည့်​အ​မှု​ကို​ပြု​သည့် အ​တွက် မိ​မိ​ယူ​ထား​သည့်​သိုး​ငယ်​တစ်​ကောင် အ​စား​လေး​ဆ​ပြန်​၍​ပေး​လျော်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
2SA 12:7 နာ​သန်​က``ထို​သူ​ကား​အ​ရှင်​မင်း​ကြီး​ပင်​ဖြစ် ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား​၍​ရှော​လု လက်​မှ​ကယ်​ဆယ်​ခဲ့​၏။-
2SA 12:8 သင့်​အား​ရှော​လု​၏​နိုင်​ငံ​နှင့်​မိ​ဖု​ရား​တို့ ကို​ပေး​အပ်​ခဲ့​၏။ ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တို့​ကို​အ​စိုး​ရ​သော​ဘု​ရင်​ဖြစ်​စေ​ခဲ့​၏။ အ​ကယ်​၍​ဤ​မျှ​နှင့်​မ​လုံ​လောက်​သေး​ပါ မူ​ငါ​သည်​သင့်​အား​နှစ်​ဆ​တိုး​၍​ပေး​ဦး မည်​ဖြစ်​သည်။-
2SA 12:9 သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​ဆိုး ညစ်​မှု​ကို​ပြု​ဘိ​သ​နည်း။ သင်​သည်​ဥ​ရိ​ယ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​ခဲ့​၏။ အမ္မုန်​ပြည် သား​တို့​အား​သူ့​ကို​သတ်​ခွင့်​ပေး​ပြီး​လျှင် သူ ၏​ဇ​နီး​ကို​သိမ်း​ပိုက်​ခဲ့​ပါ​သည်​တ​ကား။-
2SA 12:10 သင်​သည်​ငါ့​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ ဥ​ရိ​ယ​၏​ဇ​နီး​ကို​သိမ်း​ယူ​သော​ကြောင့် သင်​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​သေ​ခြင်း ဆိုး​ဖြင့်​သေ​ရ​သူ​များ​ရှိ​လိမ့်​မည်။-
2SA 12:11 ငါ​သည်​သင်​၏​မိ​သား​စု​ထဲ​မှ​ပင်​သင့်​အား ဒုက္ခ​ပေး​မည့်​သူ​တစ်​ဦး​ကို​ပေါ်​ပေါက်​လာ စေ​မည်။ သင်​၏​မ​ယား​များ​ကို​အ​ခြား​သူ အား​ငါ​ပေး​အပ်​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်။ ထို​သူ​သည်​သင်​၏​မ​ယား​တို့​နှင့်​နေ့​ခင်း ကြောင်​တောင်​၌​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု လိမ့်​မည်။-
2SA 12:12 သင်​သည်​ထို​အ​ပြစ်​ကို​ဆိတ်​ကွယ်​ရာ​၌​ပြု ခဲ့​၏။ ငါ​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ရပ်​လုံး​တွေ့​မြင်​နိုင်​ရန် ထို​အ​မှု​ကို​နေ့ ခင်း​ကြောင်​တောင်​၌​ဖြစ်​ပွား​စေ​မည်' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​၏။
2SA 12:13 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​ပါ​ပြီ'' ဟု​ဝန်​ချ​လျှင်​နာ​သန် က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​ပြစ်​ကို ဖြေ​လွှတ်​၍​သေ​ဒဏ်​မှ​ချမ်း​သာ​စေ​တော် မူ​ပြီ။-
2SA 12:14 သို့​ရာ​တွင်​သင်​သည်​ထို​အ​ပြစ်​ကို​ကူး​လွန် ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​အား​လွန်​စွာ​မ​ထီ မဲ့​မြင်​ပြု​ရာ​ရောက်​သ​ဖြင့်​သင့်​က​လေး သည်​သေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​ပြီး​လျှင်၊-
2SA 12:15 အိမ်​သို့​ပြန်​လေ​၏။ ဥ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​ရ​သော​က​လေး ငယ်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​ဖျား နာ​စေ​တော်​မူ​၏။-
2SA 12:16 ဒါ​ဝိဒ်​သည်​ထို​က​လေး​ကျန်း​မာ​လာ​စေ​ရန် ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ မင်း​ကြီး​သည်​အ​ဘယ်​အ​စား​အ​စာ​ကို​မျှ မ​စား။ ည​စဉ်​ည​တိုင်း​မိ​မိ​၏​အ​ခန်း​သို့​ဝင် ပြီး​လျှင် ကြမ်း​ပြင်​ပေါ်​တွင်​တစ်​ညဥ့်​လုံး​လှဲ လျောင်း​လျက်​နေ​၏။-
2SA 12:17 နန်း​တွင်း​အ​ရာ​ရှိ​များ​သည်​လာ​၍​သူ့​အား ကြိုး​စား​ပြီး​အ​ထ​ခိုင်း​ကြ​သော်​လည်း မင်း ကြီး​သည်​ငြင်း​ဆန်​လျက်​သူ​တို့​နှင့်​အ​တူ အ​စား​အ​စာ​သုံး​ဆောင်​တော်​မ​မူ။-
2SA 12:18 သီတင်း​တစ်​ပတ်​မျှ​ကြာ​သော​အ​ခါ​က​လေး ငယ်​သည်​သေ​ဆုံး​သွား​သ​ဖြင့် ဒါ​ဝိဒ်​၏​မှူး မတ်​တို့​သည်​ထို​သ​တင်း​ကို​သူ့​အား​မ​ပြော ဝံ့​ကြ။ သူ​တို့​က``က​လေး​ငယ်​အ​သက်​ရှင် လျက်​ရှိ​စဉ်​အ​ခါ​၌​မင်း​ကြီး​သည် ငါ​တို့ လျှောက်​ထား​ချက်​များ​ကို​ပြန်​၍​ပင်​ဖြေ ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍​က​လေး​ငယ် သေ​ကြောင်း​ကို​သူ့​အား​ငါ​တို့​အ​ဘယ်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ သူ​သည်​မိ​မိ ကိုယ်​ကို​အန္တ​ရာယ်​ပြု​ကောင်း​ပြု​လိမ့်​မည်''ဟု ဆို​ကြ​၏။
2SA 12:19 ဒါ​ဝိဒ်​သည်​ထို​သူ​တို့​အ​ချင်း​ချင်း​တီး​တိုး ပြော​ဆို​နေ​ကြ​သည်​ကို​မြင်​လျှင် က​လေး သေ​ကြောင်း​ကို​ရိပ်​မိ​သ​ဖြင့်​သူ​တို့​အား``က​လေး သေ​ပြီ​လော'' ဟု​မေး​၏။ သူ​တို့​က​လည်း``မှန်​လှ​ပါ၊ က​လေး​သေ​ပါ​ပြီ'' ဟု​လျှောက်​ကြ​၏။
2SA 12:20 ဒါ​ဝိဒ်​သည်​ကြမ်း​ပြင်​ပေါ်​မှ​ထ​၍ ရေ​ချိုး ခေါင်း​ဖီး​ပြီး​လျှင်​အ​ဝတ်​အ​စား​များ​ကို လဲ​၏။ ထို​နောက်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော် သို့​သွား​၍​ဝတ်​ပြု​ကိုး​ကွယ်​၏။ နန်း​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ​မင်း ကြီး​သည် စား​သောက်​ဖွယ်​တို့​ကို​တောင်း​၍ ချက်​ချင်း​ပင်​စား​တော်​ခေါ်​လေ​သည်။-
2SA 12:21 မှူး​မတ်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​ပြု တော်​မူ​ပုံ​ကို​နား​မ​လည်​နိုင်​ကြ​ပါ။ အ​ရှင် သည်​က​လေး​အ​သက်​ရှင်​နေ​စဉ်​အ​ခါ​က ငို​ယို​လျက်​အ​စား​အ​စာ​ကို​မ​စား​ဘဲ​နေ ပါ​၏။ သို့​ရာ​တွင်​ယ​ခု​က​လေး​သေ​ဆုံး​သည် နှင့်​တစ်​ပြိုင်​နက်​ထ​၍​စား​တော်​ခေါ်​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။
2SA 12:22 ဒါ​ဝိဒ်​က​လည်း``က​လေး​အ​သက်​ရှင်​နေ​စဉ် အ​ခါ​၌​ငါ​သည်​အ​စာ​ရှောင်​လျက်​ငို​ယို လျက်​နေ​သည်​မှာ​မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​သ​နား​သ​ဖြင့် က​လေး​၏​အ​သက် ကို​ချမ်း​သာ​ပေး​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။-
2SA 12:23 သို့​သော်​ယ​ခု​မှာ​က​လေး​သေ​ဆုံး​ပြီ​ဖြစ် ၍​ငါ​သည် အ​ဘယ်​ကြောင့်​အ​စာ​ရှောင်​ရ​မည် နည်း။ ငါ​သည်​က​လေး​အား​အ​သက်​ပြန်​၍ ရှင်​စေ​နိုင်​မည်​လော။ တစ်​နေ့​သော​အ​ခါ​၌ ငါ​သည်​သူ​ရှိ​ရာ​အ​ရပ်​သို့​သွား​ရ​လိမ့်​မည်။ သူ​မူ​ကား​ငါ့​ထံ​သို့​အ​ဘယ်​အ​ခါ​မျှ ပြန်​လာ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ပြန်​၍ မိန့်​တော်​မူ​၏။
2SA 12:24 ထို​နောက်​ဒါ​ဝိဒ်​သည်​သူ​၏​မိ​ဖု​ရား​ဗာ​သ ရှေ​ဘ​အား နှစ်​သိမ့်​စေ​ပြီး​နောက်​သူ​နှင့်​ကိုယ် လက်​နှီး​နှော​မှု​ကို​ပြု​၏။ ဗာ​သ​ရှေ​ဘ​သည် လည်း​သား​ယောကျာ်း​လေး​ကို​ဖွား​မြင်​လေ သည်။ ထို​သား​ကို​ဒါ​ဝိဒ်​သည်​ရှော​လ​မုန်​ဟု နာ​မည်​မှည့်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​ငယ်​ကို​ချစ်​မြတ်​နိုး​တော်​မူ​သ​ဖြင့်၊-
2SA 12:25 မိ​မိ​ချစ်​မြတ်​နိုး​မှု​ကို​ထောက်​၍​ထို​သူ​ငယ် ကို​ယေ​ဒိ​ဒိ ဟု​နာ​မည်​မှည့်​ရန်​ပ​ရော​ဖက်​နာ​သန်​အား အ​မိန့်​ပေး​တော်​မူ​၏။
2SA 12:26 ဤ​အ​တော​အ​တွင်း​၌​ယွာ​ဘ​သည် အမ္မုန်​ပြည် ၏​မြို့​တော်​ရဗ္ဗာ​မြို့​ကို​တိုက်​ခိုက်​သ​ဖြင့်​မြို့ တော်​ကျ​ခါ​နီး​သော​အ​ခါ၊-
2SA 12:27 ဒါ​ဝိဒ်​ထံ​သို့``အ​ကျွန်ုပ်​သည်​ရဗ္ဗာ​မြို့​ကို တိုက်​ခိုက်​၍​ရေ​ကန်​ကို​သိမ်း​ယူ​ပြီး​ပါ​ပြီ။-
2SA 12:28 အ​ရှင်​သည်​ကျန်​ရှိ​နေ​သေး​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​ကြွ​တော်​မူ​၍ ထို​မြို့​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ထို​မြို့​ကို သိမ်း​ယူ​သူ​အ​ဖြစ်​ဖြင့်​နာ​မည်​ကောင်း​မ​ယူ လို​ပါ'' ဟု​စေ​တ​မန်​များ​ကို​လွှတ်​၍ အ​စီ​ရင်​ခံ​လေ​သည်။-
2SA 12:29 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​၏​စစ်​သည်​တော် များ​ကို​စု​ရုံး​၍ ရဗ္ဗာ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​နှိမ်​နင်း​တော်​မူ​၏။-
2SA 12:30 မင်း​ကြီး​သည်​မိ​လ​ကုံ​နတ်​ဘု​ရား​ရုပ်​တု​၏ ဦး​ခေါင်း​မှ​ရွှေ​သ​ရ​ဖူ​ကို​ယူ​၍​ဆောင်း​တော် မူ​၏။ ထို​သ​ရ​ဖူ​ကား​အ​လေး​ချိန်​ခွက်​တစ် ဆယ်​ရှိ​၍​အ​ဖိုး​ထိုက်​သည့်​ကျောက်​မျက်​တစ် လုံး​တပ်​ဆင်​ထား​၏။ မင်း​ကြီး​သည်​ကျောက် မျက်​ကို​ချွတ်​၍​မိ​မိ​သ​ရ​ဖူ​တွင်​တပ်​ဆင်​၏။ မင်း​ကြီး​သည်​ထို​မြို့​မှ​တိုက်​ရာ​ပါ​ပစ္စည်း အ​မြောက်​အ​မြား​ကို​လည်း​သိမ်း​ယူ​တော် မူ​၏။-
2SA 12:31 ထို​မြို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​ကာ လွှ၊ ပေါက် တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ကိုင်​ရ​သော​အ​လုပ် ကြမ်း​ကို​လည်း​ကောင်း၊ အုတ်​ဖုတ်​သော​အ​လုပ် ကို​လည်း​ကောင်း​လုပ်​စေ​တော်​မူ​၏။ မင်း​ကြီး သည်​အမ္မုန်​ပြည်​၏​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​လုပ်​ကိုင်​စေ တော်​မူ​၏။ ထို​နောက်​သူ​နှင့်​သူ​၏​လူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။
2SA 13:1 ဒါ​ဝိဒ်​၏​သား​တော်​အ​ဗ​ရှ​လုံ​တွင် တာ​မာ နာ​မည်​ရှိ​သော​အ​ဆင်း​လှ​သူ​နှ​မ​တော်​ရှိ ၏။ ဒါ​ဝိဒ်​၏​သား​တော်​တစ်​ပါး​ဖြစ်​သူ​အာ မ​နုန်​သည်​ထို​နှ​မ​တော်​ကို​အ​လွန်​စုံ​မက်​၏။-
2SA 13:2 သူ​သည်​တာ​မာ​ကို​အ​လွန်​ချစ်​လှ​သ​ဖြင့် စိတ္တ​ဇ​ရော​ဂါ​စွဲ​ကပ်​လာ​လေ​သည်။ နှ​မ​တော် သည်​အ​ပျို​စင်​ဖြစ်​သ​ဖြင့် အာ​မ​နုန်​သည် မိ​မိ​အ​လို​ပြည့်​စေ​ရန်​မ​ကြံ​တတ်​အောင် ဖြစ်​လေ​၏။-
2SA 13:3 သို့​ရာ​တွင်​သူ့​မှာ​ယော​န​ဒပ်​အ​မည်​တွင်​သော မိတ်​ဆွေ​ရှိ​၏။ ယော​န​ဒပ်​သည်​ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ဖြစ်​၏။ သူ​သည်​အ​လွန်​ပါး​နပ် လိမ္မာ​သူ​တည်း။-
2SA 13:4 ယော​န​ဒပ်​က``သင်​သည်​ဘု​ရင့်​သား​တော်​ဖြစ် ပါ​လျက် နေ့​စဉ်​ရက်​ဆက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​သည်​ကို​ငါ​တွေ့​မြင်​ရ​ပါ​၏။ အ​ကြောင်း​အ​ဘယ်​သို့​ရှိ​သည်​ကို​ငါ့​အား ပြော​လော့'' ဟု​အာ​မ​နုန်​အား​ဆို​၏။ အာ​မ​နုန်​က``ငါ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ အစ်​ကို​တော်​သူ​အ​ဗ​ရှ​လုံ​၏​နှ​မ​တာ​မာ ကို​ငါ​ချစ်​လျက်​နေ​ပါ​၏'' ဟု​ပြန်​ပြော​၏။
2SA 13:5 ယော​န​ဒပ်​က``သင်​သည်​ဖျား​နာ​ဟန်​ပြု​၍ အိပ်​ရာ​ပေါ်​တွင်​နေ​လော့။ သင့်​ခ​မည်း​တော် လာ​၍​ကြည့်​သော​အ​ခါ`နှ​မ​တော်​တာ​မာ အား​အ​ကျွန်ုပ်​ထံ​သို့​စေ​လွှတ်​၍ အ​ကျွန်ုပ် အား​အ​စား​အ​စာ​ကျွေး​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ရှေ့​တွင်​သူ​ချက်​၍ သူ့​လက်​ဖြင့် ကျွေး​သော​အ​စား​အ​စာ​ကို​စား​လို​ပါ သည်' ဟု​လျှောက်​ထား​လော့'' ဟု​အ​ကြံ ပေး​၏။-
2SA 13:6 သို့​ဖြစ်​၍​အာ​မ​နုန်​သည်​ဖျား​နာ​ဟန်​ပြု ၍​အိပ်​ရာ​ပေါ်​တွင်​အိပ်​နေ​လေ​၏။ ဒါ​ဝိဒ်​မင်း​သည်​သူ့​ကို​လာ​၍​ကြည့်​သော​အ​ခါ အာ​မ​နုန်​က``တာ​မာ​ကို​စေ​လွှတ်​၍​အ​ကျွန်ုပ် ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​လုပ်​စေ​ပြီး​လျှင်​သူ့ လက်​ဖြင့်​အ​ကျွန်ုပ်​အား​ကျွေး​မွေး​စေ​တော် မူ​ပါ'' ဟု​လျှောက်​၏။
2SA 13:7 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​နန်း​တော်​တွင်း​ရှိ​တာ​မာ ၏​အိမ်​သို့​လူ​ကို​စေ​လွှတ်​၍ အာ​မ​နုန်​၏​အိမ် သို့​သွား​၍​သူ့​အ​တွက်​အ​စား​အ​စာ​အ​နည်း ငယ်​ကို​ပြင်​ဆင်​ပေး​လော့'' ဟု​မှာ​လိုက်​၏။-
2SA 13:8 တာ​မာ​ရောက်​ရှိ​သော​အ​ခါ​အာ​မ​နုန်​ကို အိပ်​ရာ​ထဲ​တွင်​တွေ့​ရှိ​ရ​၏။ တာ​မာ​သည် မုန့်​ညက်​အ​နည်း​ငယ်​ကို​ယူ​၍​နယ်​ပြီး​လျှင် အာ​မ​နုန်​၏​ရှေ့​တွင်​မုန့်​အ​နည်း​ငယ်​ကို​လုပ် ၏။ ထို​နောက်​မုန့်​ကို​ဖုတ်​၍၊-
2SA 13:9 အာ​မ​နုန်​စား​ရန်​မုန့်​ကို​အိုး​ကင်း​မှ​ယူ​၍ ထည့်​ထား​ပေး​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည် မ​စား​ဘဲ``လူ​အ​ပေါင်း​တို့​အား​ငါ့​ထံ​မှ ထွက်​ခွာ​သွား​စေ​လော့'' ဟု​ဆို​၏။ သူ​တို့ သည်​လည်း​ထွက်​သွား​ကြ​၏။-
2SA 13:10 ထို​အ​ခါ​သူ​သည်​တာ​မာ​အား``မုန့်​ကို​ငါ​၏ အိပ်​ရာ​သို့​ယူ​ခဲ့​၍​သင်​ကိုယ်​တိုင်​ငါ့​အား​ကျွေး ပါ​လော့'' ဟု​ဆို​၏။ တာ​မာ​သည်​မိ​မိ​လုပ်​ထား သည့်​မုန့်​ကို​ယူ​၍​အာ​မ​နုန်​ရှိ​ရာ​သို့​သွား​၏။-
2SA 13:11 မုန့်​ကို​ကမ်း​၍​ပေး​လိုက်​သော​အ​ခါ​အာ​မ​နုန် သည်​တာ​မာ​၏​လက်​ကို​ဆွဲ​ကိုင်​ကာ``ငါ​နှင့် အ​တူ​အိပ်​စက်​ပါ​လော့'' ဟု​ဆို​၏။
2SA 13:12 တာ​မာ​က``ဤ​ယုတ်​မာ​မှု​ကို​မ​ပြု​ပါ​နှင့်။ ဤ အ​မှု​သည်​ရွံ​ရှာ​စက်​ဆုတ်​ဖွယ်​ကောင်း​ပါ​၏။-
2SA 13:13 ကျွန်​မ​သည်​လူ​ပုံ​လယ်​တွင်​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ခေါင်း​ထောင်​ရဲ​တော့​မည်​မ​ဟုတ်​ပါ။ သင်​သည် လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင်​လုံး​ဝ အ​သ​ရေ​ပျက်​သွား​ပါ​လိမ့်​မည်။ ကျေး​ဇူး​ပြု​၍ မင်း​ကြီး​အား​လျှောက်​ထား​ပါ​လော့။ ထို​သို့ လျှောက်​ထား​ပါ​လျှင်​မင်း​ကြီး​သည်​ကျွန်​မ အား သင်​နှင့်​မ​ပေး​စား​ဘဲ​နေ​တော်​မူ​မည်​မ ဟုတ်​ကြောင်း​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​ဆို​၏။-
2SA 13:14 သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်။ သူ​သည်​တာ​မာ​ထက်​ပို​၍ ခွန်​အား​ကြီး​သ​ဖြင့် တာ​မာ​အား​မ​တော် မ​တ​ရား​ပြု​ကျင့်​လေ​၏။
2SA 13:15 ထို​နောက်​အာ​မ​နုန်​သည်​တာ​မာ​ကို​လွန်​စွာ​မုန်း လေ​၏။ သူ​သည်​ယ​ခင်​အ​ခါ​က​ချစ်​အား​ကြီး သည်​ထက် ယ​ခု​အ​ခါ​၌​မုန်း​အား​ပို​၍​ကြီး သ​ဖြင့်​တာ​မာ​အား``ထွက်​သွား​လော့'' ဟု​နှင် ထုတ်​လေ​သည်။
2SA 13:16 တာ​မာ​က``နှ​မ​တော်​ကို​ဤ​သို့​နှင်​ထုတ်​ခြင်း​မှာ ခု​တင်​က​သင်​ကူး​လွန်​သည့်​ပြစ်​မှု​ထက်​ပင် ပို​မို​ဆိုး​ရွား​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​အာ​မ​နုန်​သည်​တာ​မာ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ၊-
2SA 13:17 သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ကို​ခေါ်​၍``ဤ​မိန်း​မ ကို​ငါ့​မျက်​မှောက်​မှ​ထုတ်​၍​တံ​ခါး​ကျင်​ကို ထိုး​ထား​လော့'' ဟု​ဆို​၏။-
2SA 13:18 အ​စေ​ခံ​သည်​လည်း​တာ​မာ​ကို​အ​ပြင်​သို့ ထုတ်​၍​တံ​ခါး​ကျင်​ကို​ထိုး​လိုက်​၏။ တာ​မာ​သည်​ထို​ခေတ်​အ​ခါ​က​အိမ်​ထောင်​မ​ပြု ရ​သေး​သည့် မင်း​သ​မီး​များ​ဝတ်​ဆင်​တတ်​သည့် လက်​ရှည်​ဝတ်​လုံ​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​၏။-
2SA 13:19 သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။-
2SA 13:20 သူ​၏​အစ်​ကို​အ​ဗ​ရှ​လုံ​က``သင့်​အား​အာ​မ​နုန် စော်​ကား​လိုက်​ပြီ​လော။ ငါ့​နှ​မ၊ အ​ခြား​မည်​သူ့ ကို​မျှ​မ​ပြော​နှင့်။ သူ​သည်​သင်​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​၏။ ဤ​အမှု​ကြောင့် များ​စွာ​စိတ်​ဒုက္ခ​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​၏။
2SA 13:21 ထို​သို့​ဖြစ်​ပျက်​သည်​ကို​ကြား​သိ​သော အ​ခါ​ဒါ​ဝိဒ်​သည်​လွန်​စွာ​အ​မျက်​ထွက်​၏။-
2SA 13:22 အ​ဗ​ရှ​လုံ​မူ​ကား​မိ​မိ​၏​နှ​မ​တာ​မာ​ကို​မ တော်​မ​တ​ရား​ပြု​ကျင့်​သည့်​အ​တွက် အာ​မ​နုန် အား​လွန်​စွာ​မုန်း​သ​ဖြင့်​စ​ကား​မ​ပြော​ဘဲ နေ​၏။
2SA 13:23 နှစ်​နှစ်​မျှ​ကြာ​သော်​အ​ဗ​ရှ​လုံ​သည်​ဧ​ဖ​ရိမ် မြို့​အ​နီး​ဗာ​လ​ဟာ​ဇော်​ရွာ​တွင် မိ​မိ​သိုး​များ အ​မွေး​ညှပ်​ပွဲ​ကို​ကျင်း​ပ​၏။ ထို​အ​ခါ​သူ သည်​ဘု​ရင့်​သား​တော်​အ​ပေါင်း​တို့​ကို​ဖိတ် ခေါ်​လေ​သည်။-
2SA 13:24 သူ​သည်​ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​သိုး​မွေး ညှပ်​ပွဲ​ကျင်း​ပ​မည်​ဖြစ်​၍​အ​ရှင်​နှင့်​မှူး​မတ် များ​ကြွ​ရောက်​တော်​မူ​ပါ'' ဟု​လျှောက်​၏။
2SA 13:25 မင်း​ကြီး​က``ငါ့​သား​ငါ​တို့​မ​လာ​လို။ လာ​ခဲ့ သော်​သင့်​အ​တွက်​တာ​ဝန်​ကြီး​ပါ​လိမ့်​မည်'' ဟု ဆို​၏။ အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​အား​မ​ရ​မ က​ဖိတ်​ခေါ်​ပါ​သော်​လည်း မင်း​ကြီး​သည်​မ လိုက်​ဘဲ​အ​ဗ​ရှ​လုံ​အား​ကောင်း​ချီး​ပေး​၍ ထွက်​ခွာ​သွား​စေ​တော်​မူ​၏။
2SA 13:26 သို့​ရာ​တွင်​အ​ဗ​ရှ​လုံ​က``ထို​သို့​ဖြစ်​ပါ​မူ ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အစ်​ကို​အာ​မ​နုန် ကို​သွား​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သူ့​အား သွား​စေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။-
2SA 13:27 သို့​သော်​လည်း​အဗ​ရှ​လုံ​သည်​မ​ရ​မ​က​ဆက် လက်​ပူ​ဆာ​နေ​သ​ဖြင့် နောက်​ဆုံး​၌​ဒါ​ဝိဒ်​သည် အာ​မ​နုန်​နှင့်​အ​ခြား​သား​တော်​အား​လုံး​ကို သွား​ခွင့်​ပြု​တော်​မူ​၏။
2SA 13:28 အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့် စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​ပြီး​နောက် မိ​မိ​၏​အ​စေ ခံ​တို့​အား``အာ​မ​နုန်​သည်​စ​ပျစ်​ရည်​အ​လွန် အ​ကြူး​သောက်​မိ​သော​အ​ခါ ငါ​အ​မိန့်​ပေး လိုက်​မည်။ ထို​အ​ခါ​သင်​တို့​သူ့​အား​လုပ်​ကြံ ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ ငါ​ကိုယ်​တိုင်​တာ ဝန်​ယူ​မည်။ ရဲ​ရင့်​စွာ​ပြု​ကြ​လော့။ လက်​မ​ရွံ့ စေ​ကြ​နှင့်'' ဟု​မှာ​ကြား​၍​ထား​၏။-
2SA 13:29 အ​စေ​ခံ​တို့​သည်​အ​ဗ​ရှ​လုံ​အ​မိန့်​ပေး​ထား သည့်​အ​တိုင်း​အာ​မ​နုန်​ကို​လုပ်​ကြံ​ကြ​၏။ ထို အ​ခါ​ဒါ​ဝိဒ်​၏​အ​ခြား​သား​တော်​အ​ပေါင်း တို့​သည်​လား​များ​ကို​စီး​၍​ထွက်​ပြေး​ကြ လေ​သည်။
2SA 13:30 သူ​တို့​သည်​အိမ်​အ​ပြန်​လမ်း​၌​ရှိ​နေ​သေး စဉ်``အ​ဗ​ရှ​လုံ​သည်​အ​ရှင်​၏​သား​တော် အ​ပေါင်း​တို့​ကို​သတ်​လေ​ပြီ။ တစ်​ဦး​တစ် ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့​ပါ'' ဟူ​သော သ​တင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​ရောက်​ရှိ​လာ​၏။-
2SA 13:31 မင်း​ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​မိ​မိ ၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် ကိုယ်​ကို​မြေ ပေါ်​သို့​လှဲ​ချ​လိုက်​၏။ ထို​အ​ရပ်​တွင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​သော​အ​စေ​ခံ​တို့​သည် လည်း မိ​မိ​တို့​၏​အင်္ကျီ​များ​ကို​ဆုတ်​ဖြဲ ကြ​၏။-
2SA 13:32 သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အစ်​ကို​ရှိ​မာ​၏​သား ယော​န​ဒပ်​က``အ​ရှင်​မင်း​ကြီး၊ အရှင်​၏​သား တော်​အား​လုံး​ကို​သတ်​လိုက်​ကြ​သည်​မ​ဟုတ် ပါ။ အာ​မ​နုန်​တစ်​ယောက်​တည်း​ကို​သာ​သတ် ခြင်း​ဖြစ်​ပါ​သည်။ အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏ နှ​မ​တော်​တာ​မာ​ကို​အာ​မ​နုန်​မ​တ​ရား ပြု​ကျင့်​သည့်​နေ့​မှ​စ​၍ ဤ​အ​မှု​ကို​ပြု​ရန် စိတ်​ပိုင်း​ဖြတ်​ထား​ကြောင်း​သူ​၏​မျက်​နှာ တွင်​ပေါ်​ပါ​၏။-
2SA 13:33 သို့​ဖြစ်​၍​အ​ရှင်​၏​သား​တော်​အား​လုံး​သေ လေ​ပြီ​ဟူ​သော​သ​တင်း​ကို​ယုံ​ကြည်​တော် မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ဦး​တည်း​သာ သေ​ပါ​၏'' ဟု​လျှောက်​၏။
2SA 13:34 ဤ​အ​တော​အ​တွင်း​၌​အ​ဗ​ရှ​လုံ​သည်​ထွက် ပြေး​လေ​၏။ ထို​နောက်​မ​ကြာ​မီ​ကင်း​စောင့်​တာ ဝန်​ကျ​သော​တပ်​သား​သည်​ဟော​ရော​နိမ်​မြို့ လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ​အ​ချို့​ဆင်း​လာ သည်​ကို​တွေ့​သ​ဖြင့်​ဘု​ရင့်​ထံ​သို့​သွား ၍``ဟော​ရော​နိမ်​လမ်း​တောင်​ကုန်း​ပေါ်​မှ​လူ အ​ချို့​တို့​ဆင်း​လာ​နေ​ကြ​ပါ​သည်'' ဟု လျှောက်​၏။-
2SA 13:35 ယော​န​ဒပ်​က​ဒါ​ဝိဒ်​အား`အ​ကျွန်ုပ်​လျှောက် ထား​ခဲ့​သည့်​အ​တိုင်း ထို​သူ​တို့​သည်​အ​ရှင် ၏​သား​တော်​များ​ဖြစ်​ပါ​၏' ဟု​လျှောက်​၏။-
2SA 13:36 သူ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက်​ဒါ​ဝိဒ် ၏​သား​တော်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၏။ သူ တို့​သည်​စ​တင်​ငို​ကြွေး​ကြ​သ​ဖြင့်​ဒါ​ဝိဒ် နှင့်​မှူး​မတ်​တို့​သည်​လည်း​ပြင်း​စွာ​ငို​ကြွေး ကြ​၏။
2SA 13:37 အ​ဗ​ရှ​လုံ​သည်​ထွက်​ပြေး​ပြီး​လျှင်​ဂေ​ရှု​ရ ပြည်​အ​မိ​ဟုဒ်​၏​သား​ဘု​ရင်​တာ​လ​မဲ​ထံ သို့​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​သား​တော် အာ​မ​နုန်​အ​တွက် ကာ​လ​ကြာ​မြင့်​စွာ​ဝမ်း နည်း​ကြေ​ကွဲ​လျက်​နေ​၏။ အ​ဗ​ရှ​လုံ​သည် ဂေ​ရှု​ရ​ပြည်​တွင်​သုံး​နှစ်​မျှ​နေ​လေ​သည်။-
2SA 13:39 မင်း​ကြီး​သည်​သေ​ဆုံး​သော​အာ​မ​နုန်​ကို အ​လွမ်း​ပြေ​သော​အ​ခါ အ​ဗ​ရှ​လုံ​အား လွမ်း​ဆွတ်​တ​သ​လေ​၏။
2SA 14:1 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​ကို ဒါ​ဝိဒ်​မင်း​လွန်​စွာ​လွမ်း​ဆွတ်​တ​သ​လျက်​နေ ကြောင်း​သိ​၏။-
2SA 14:2 ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။-
2SA 14:3 ထို​နောက်​ဘု​ရင်​၏​ထံ​တော်​သို့​သွား​၍​ငါ​ပြော သည့်​အ​တိုင်း​လျှောက်​ထား​လော့'' ဟု​ဆို​ပြီး နောက်​မင်း​ကြီး​အား​မည်​သို့​လျှောက်​ထား​ရ မည်​ကို​သင်​ကြား​ပေး​၏။
2SA 14:4 ထို​အ​မျိုး​သ​မီး​သည်​ဘု​ရင့်​ထံ​သို့​သွား​၍ ပျပ်​ဝပ်​ရှိ​ခိုး​လျက်``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​ကယ်​တော်​မူ​ပါ'' ဟု​လျှောက်​၏။
2SA 14:5 မင်း​ကြီး​က``သင်​သည်​အ​ဘယ်​အ​ရာ​ကို အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ အ​မျိုး​သ​မီး​က``ကျွန်​တော်​မ​သည်​ဆင်း​ရဲ သူ​မု​ဆိုး​မ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​၏​ခင်​ပွန်း သည်​သေ​ပါ​ပြီ။-
2SA 14:6 ကျွန်​တော်​မ​တွင်​သား​နှစ်​ယောက် ရှိ​ပါ​၏။ တစ်​နေ့ သော​အ​ခါ​သူ​တို့​သည်​ဖျန်​ဖြေ​ပေး​မည့်​သူ​တစ် ဦး​တစ်​ယောက်​မျှ​မ​ရှိ​သည့်​လယ်​ကွင်း​ထဲ​၌​ရန် ဖြစ်​ကြ​သ​ဖြင့် တစ်​ယောက်​က​အ​ခြား​တစ် ယောက်​ကို​သတ်​ဖြတ်​လိုက်​ပါ​၏။-
2SA 14:7 သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။
2SA 14:8 မင်း​ကြီး​က``ဤ​အ​မှု​ကို​ငါ​ဆောင်​ရွက်​ပေး မည်။ သင်​အိမ်​သို့​ပြန်​လော့'' ဟု​ဆို​လျှင်၊
2SA 14:9 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် အ​ဘယ်​သို့​ပင်​ပြု​သည်​မ​ဆို​ကျွန်​တော်​မ နှင့်​မိ​သား​စု​တို့​အ​ပေါ်​အ​ပြစ်​ရောက်​ပါ စေ​သော။ အ​ရှင်​နှင့်​အရှင့်​ဆွေ​တော်​မျိုး​တော် တို့​သည်​အ​ပြစ်​ကင်း​ကြ​ပါ​စေ​သော'' ဟု လျှောက်​၏။
2SA 14:10 မင်း​ကြီး​က``အ​ကယ်​၍​သင့်​အား​ခြိမ်း​ခြောက် သူ​ရှိ​လျှင်​သူ့​အား​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ သူ သည်​သင့်​ကို​နောက်​တစ်​ဖန်​မ​နှောင့်​ယှက်​ရ'' ဟု ဆို​၏။
2SA 14:11 အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​မင်း​ကြီး၊ ကျွန် တော်​မ​၏​သား​ကြီး​အ​တွက်​လက်​စား​ချေ​ရန် ကြံ​စည်​နေ​ကြ​သော​ဆွေ​မျိုး​တို့​သည် ကျွန်​တော် မ​၏​သား​ငယ်​ကို​သတ်​ခြင်း​အား​ဖြင့် ပို​မို​ကြီး လေး​သည့်​ရာ​ဇ​ဝတ်​မှု​ကို​မ​ပြု​ကြ​စေ​ရန် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``သင်​၏​သား​ငယ်​သည်​စိုး စဉ်း​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​ရန် အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ငါ​က​တိ​ပြု​၏'' ဟု​ဆို​၏။
2SA 14:12 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​စ​ကား​တစ်​ခွန်း​ထပ်​မံ​လျှောက်​ထား ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​သော​အ​ခါ၊ မင်း​ကြီး​က``လျှောက်​လော့'' ဟု​ဆို​၏။
2SA 14:13 အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား အ​ဘယ် ကြောင့်​မ​တ​ရား​ပြု​တော်​မူ​ပါ​သ​နည်း။ ပြည် နှင်​ဒဏ်​သင့်​သူ​သား​တော်​ကို​ပြန်​လာ​ခွင့်​ပေး တော်​မ​မူ​သ​ဖြင့် အ​ရှင်​သည်​ယ​ခု​ပင်​မိန့်​ကြား တော်​မူ​ခဲ့​သည့်​စ​ကား​အ​ရ မိ​မိ​ကိုယ်​ကို ပြန်​၍​အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​ပါ​ပြီ။-
2SA 14:14 ကျွန်​တော်​မ​တို့​အား​လုံး​ပင်​သေ​ရ​ကြ​မည့် သူ​များ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​တို့​သည်​မြေ ပေါ်​သို့​ဖိတ်​ကျ​သွား​သော​ရေ​နှင့်​တူ​ပါ​၏။ ယင်း​ရေ​ကို​နောက်​တစ်​ဖန်​ကျုံး​၍​မ​ယူ​နိုင် တော့​ပါ။ ဘု​ရား​သ​ခင်​ပင်​လျှင်​သေ​သူ​ကို ပြန်​၍​ရှင်​စေ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ဘု​ရင် သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တစ်​ဦး​ကို​ပြန် လည်​ခေါ်​ယူ​နိုင်​ပါ​၏။-
2SA 14:15 အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​ထံ​သို့​ကျွန်​တော် မ​လာ​ရောက်​လျှောက်​ထား​ရ​သည့်​အ​ကြောင်း မှာ လူ​တို့​သည်​ကျွန်​တော်​မ​အား​ခြိမ်း​ခြောက် ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန် တော်​မ​၏​ပြန်​ကြား​ချက်​အ​တိုင်း​ပြု​တော် မူ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​ကျွန်​တော်​မ သည်​အ​ရှင့်​အား​လျှောက်​ထား​ရ​သော်​ကောင်း အံ့​ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​ပါ​၏။-
2SA 14:16 မင်း​ကြီး​သည်​ကျွန်​တော်​မ​၏​သား​ကို​သတ် ၍​မိ​မိ​လူ​မျိုး​တော်​အား ဘု​ရား​သခင်​ပေး တော်​မူ​သည့်​ပြည်​မှ​ပယ်​ရှား​ရန်​ကြိုး​စား သူ​တို့​၏​လက်​မှ​ကျွန်​တော်​မ​ကို​ကယ်​တော် မူ​မည်​ဖြစ်​ကြောင်း​ကျွန်​တော်​မ​သည်​တွေး တော​မိ​ပါ​၏။-
2SA 14:17 အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့ ကောင်း​မ​ကောင်း​ကို​ပိုင်း​ခြား သိ​မြင်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မ သည်​အ​ရှင်​၏​က​တိ​တော်​အ​တိုင်း အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​ဟု​တစ်​ကိုယ်​တည်း ပြော​ဆို​နေ​မိ​ပါ​၏။ အ​ရှင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​နှင့်​အ​တူ​ရှိ တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။
2SA 14:18 မင်း​ကြီး​က``သင့်​အား​မေး​ခွန်း​တစ်​ခု​ကို​ငါ မေး​မည်။ သင်​သည်​မှန်​သည့်​အ​တိုင်း​ပွင့်​လင်း စွာ​ဖြေ​ကြား​ရ​မည်'' ဟု​ဆို​သော်၊ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​မေး​လို​ရာ မေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
2SA 14:19 မင်း​ကြီး​က``ဤ​သို့​ငါ့​အား​လျှောက်​ထား​ရန် သင့်​အား​စေ​ခိုင်း​သူ​မှာ​ယွာ​ဘ​ပေ​လော'' ဟု မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏​မေး ခွန်း​ကို​ဖြေ​ကြား​ရန်​လွှဲ​ဖယ်​၍​မ​ဖြစ်​နိုင်​ကြောင်း ကျွန်​တော်​မ​ကျိန်​ဆို​လျှောက်​ထား​ပါ​၏။ မည်​သို့ ပြု​ရ​မည်​ကို​လည်း​ကောင်း၊ မည်​သို့​လျှောက်​ထား ရ​မည်​ကို​လည်း​ကောင်း သင်​ကြား​ပေး​သူ​မှာ ကိုယ်​တော့်​ကျွန်​ယွာ​ဘ​ပင်​ဖြစ်​ပါ​၏။-
2SA 14:20 သူ​သည်​ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​၏ အ​ခြေ​အ​နေ​ကို​ပြောင်း​လဲ​စေ​ရန်​ပင်​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဉာဏ်​ပ​ညာ​ရှိ​၍​ဖြစ် ပျက်​သည့်​အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။
2SA 14:21 ထို​နောက်​မင်း​ကြီး​သည်​ယွာ​ဘ​အား``သင်​အ​လို ရှိ​သည့်​အ​တိုင်း​ပြု​ရန်​ငါ​ဆုံး​ဖြတ်​ပြီး​ပြီ။ ထို သူ​ငယ်​အ​ဗ​ရှ​လုံ​ကို​သွား​၍​ခေါ်​လော့'' ဟု မိန့်​တော်​မူ​၏။
2SA 14:22 ယွာ​ဘ​သည်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ရှင်​သည် အ​ကျွန်ုပ်​အား​နှစ်​သက်​တော်​မူ​ကြောင်း​ယ​ခု အ​ကျွန်ုပ်​သိ​ရှိ​ရ​ပါ​ပြီ။ အ​ဘယ်​ကြောင့်​ဆို သော်​အ​ရှင်​သည်​အ​ကျွန်ုပ်​ပန်​ကြား​သည့် အ​တိုင်း​ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။-
2SA 14:23 ထို​နောက်​သူ​သည်​ထ​၍​ဂေ​ရှု​ရ​မြို့​သို့​သွား​၍ အ​ဗ​ရှ​လုံ​အား​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည် ခေါ်​ခဲ့​၏။-
2SA 14:24 သို့​ရာ​တွင်​မင်း​ကြီး​သည်​အ​ဗ​ရှ​လုံ​အား နန်း​တော်​တွင်း​၌​နေ​ထိုင်​ခွင့်​မ​ပြု​ရန်​အ​မိန့် ထုတ်​ဆင့်​တော်​မူ​၏။ မင်း​ကြီး​က``ငါ​သည်​သူ့ ကို​မ​တွေ့​မ​မြင်​လို'' ဟု​ဆို​၏။ ထို့​ကြောင့် အ​ဗ​ရှ​လုံ​သည်​ကိုယ်​ပိုင်​အိမ်​တော်​တွင်​နေ ထိုင်​ရ​သော်​လည်း​မင်း​ကြီး​၏​ရှေ့​တော်​သို့ ဝင်​ရောက်​ခွင့်​မ​ရ​ချေ။
2SA 14:25 ဣ​သ​ရေ​လ​ပြည်​တွင်​ရုပ်​ရည်​ချော​မော​မှု ကြောင့်​အ​ဗ​ရှ​လုံ​ကဲ့​သို့ ထင်​ပေါ်​ကျော်​ကြား သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည်​ဦး ခေါင်း​မှ​ခြေ​ဖျား​တိုင်​ခြောက်​ပြစ်​ကင်း​သူ ဖြစ်​၏။-
2SA 14:26 သူ​၏​ဆံ​ပင်​သည်​အ​လွန်​ကောင်း​၍​ရှည်​လွန်း လေး​လွန်း​သ​ဖြင့် ယင်း​ကို​တစ်​နှစ်​လျှင်​တစ် ကြိမ်​ဖြတ်​ပစ်​ရ​လေ​သည်။ ဖြတ်​လိုက်​သည့် ဆံ​ပင်​သည်​တော်​ဝင်​စံ​မီ​အ​လေး​ချိန်​အား ဖြင့်​ငါး​ပေါင်​ခန့်​ရှိ​၏။-
2SA 14:27 အ​ဗ​ရှ​လုံ​တွင်​သား​သုံး​ယောက်​နှင့်​တာ​မာ​မည် သော​သ​မီး​တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး သည်​အ​လွန်​အ​ဆင်း​လှ​၏။
2SA 14:28 အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​မ​ဝင် ရ​ဘဲ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး​နေ ထိုင်​လေ​သည်။-
2SA 14:29 သူ​သည်​ယွာ​ဘ​အား​မိ​မိ​၏​အ​တွက်​မင်း​ကြီး ထံ​စေ​လွှတ်​လို​သ​ဖြင့်​ခေါ်​စေ​ရာ ယွာ​ဘ​သည် မ​လာ​ဘဲ​နေ​၏။ နောက်​တစ်​ကြိမ်​ခေါ်​စေ​သော် လည်း​ယွာ​ဘ​မ​လာ​ဘဲ​နေ​ပြန်​၏။-
2SA 14:30 ထို့​ကြောင့်​အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏​အ​စေ​ခံ တို့​အား``ကြည့်​လော့၊ ယွာ​ဘ​၏​လယ်​သည်​ငါ့ လယ်​နှင့်​ကပ်​လျက်​နေ​၏။ ထို​လယ်​တွင်​မု​ယော စ​ပါး​ခင်း​များ​ရှိ​၏။ ယင်း​တို့​ကို​မီး​ရှို့​ပစ် လော့'' ဟု​ဆို​လျှင်​အ​စေ​ခံ​တို့​သည်​ထို လယ်​ကို​သွား​၍​မီး​ရှို့​ကြ​၏။
2SA 14:31 ယွာ​ဘ​သည်​အ​ဗ​ရှ​လုံ​၏​အိမ်​သို့​သွား​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​၏ လယ်​ကို​မီး​ရှို့​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
2SA 14:32 အ​ဗ​ရှ​လုံ​က``ငါ့​အ​တွက်​လျှောက်​ထား​ပေး​ရန် သင့်​အား​ဘု​ရင့်​ထံ​သို့​စေ​လွှတ်​လို​သ​ဖြင့် အ​ခေါ် ခိုင်း​ခဲ့​ပါ​၏။ ငါ​သည်​အ​ဘယ်​ကြောင့်​ဂေ​ရှု​ရ​မြို့ မှ​ထွက်​ခွာ​၍​ဤ​အ​ရပ်​သို့​လာ​ရောက်​မိ​ပါ​သ နည်း။ ထို​မြို့​တွင်​နေ​ရ​သည်​က​ငါ့​အ​တွက်​ပို ၍​ပင်​ကောင်း​မည်။ ဘု​ရင်​နှင့်​တွေ့​ဆုံ​ခွင့်​ရ​ရန် ငါ့​အ​တွက်​စီ​စဉ်​ပေး​စေ​လို​ပါ​သည်။ အ​ကယ် ၍​ငါ့​မှာ​အ​ပြစ်​ရှိ​ခဲ့​လျှင်​မင်း​ကြီး​သည်​ငါ့ ကို​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ယွာ​ဘ အား​ပြော​၏။
2SA 14:33 သို့​ဖြစ်​၍​ယွာ​ဘ​သည်​မင်း​ကြီး​ထံ​သို့​သွား​၍ ထို​အ​ကြောင်း​ကို​လျှောက်​ထား​၏။ မင်း​ကြီး​သည် အဗ​ရှ​လုံ​အား​အ​ခေါ်​ခိုင်း​သ​ဖြင့် အ​ဗ​ရှ​လုံ သည်​လာ​ရောက်​၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ် လေ​၏။ မင်း​ကြီး​သည်​သူ့​အား​နမ်း​ရှုပ်​လေ​၏။
2SA 15:1 ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။-
2SA 15:2 သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊-
2SA 15:3 အ​ဗ​ရှ​လုံ​က``ကြည့်​လော့၊ သင်​၏​အ​မှု​သည် တ​ရား​ဥ​ပ​ဒေ​အ​ရ​မှန်​ကန်​၏။ သို့​ရာ​တွင် ဘု​ရင်​၏​ကိုယ်​စား​သင့်​အ​မှု​ကို​စီ​ရင်​ပေး မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-
2SA 15:4 ငါ​သာ​လျှင်​တ​ရား​သူ​ကြီး​ဖြစ်​ခဲ့​ပါ​မူ​ငြင်း ခုံ​မှု၊ တ​ရား​မှု​ရှိ​သူ​သည်​ငါ့​ထံ​သို့​လာ​၍ ငါ​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​မည်'' ဟု​ပြော ဆို​လေ့​ရှိ​၏။-
2SA 15:5 အ​ကယ်​၍​ထို​သူ​သည်​အ​ဗ​ရှ​လုံ​၏​အ​နီး​သို့ ချဉ်း​ကပ်​၍​ဦး​ညွှတ်​အ​ရို​အ​သေ​ပြု​ခဲ့​သော် အ​ဗ​ရှ​လုံ​သည်​လက်​ကို​ဆန့်​၍​ထို​သူ​အား ကိုင်​ပြီး​လျှင်​နမ်း​ရှုပ်​တတ်​၏။-
2SA 15:6 အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။
2SA 15:7 လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား``အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။-
2SA 15:8 ရှု​ရိ​ပြည်​ဂေ​ရှု​ရ​မြို့​တွင်​နေ​ထိုင်​စဉ်​အ​ခါ​က အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​အား ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ပို့​ဆောင်​ပေး တော်​မူ​ပါ​လျှင် ကိုယ်​တော်​အား​ဟေ​ဗြုန်​မြို့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်​ဟု​အ​ကျွန်ုပ် က​တိ​ထား​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။-
2SA 15:9 မင်း​ကြီး​က``ငြိမ်း​ချမ်း​စွာ​သွား​လော့'' ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။-
2SA 15:10 သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။-
2SA 15:11 အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။-
2SA 15:12 ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။
2SA 15:13 အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။
2SA 15:14 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား``အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်'' ဟု​ဆို​၏။
2SA 15:15 ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။-
2SA 15:16 သို့​ကြောင့်​မင်း​ကြီး​သည် မိ​မိ​၏​အိမ်​ထောင်​စု သား​ချင်း​များ​နှင့်​မှူး​မတ်​များ​ကို​ခေါ်​၍ ထွက်​ခွာ​သွား​တော်​မူ​၏။ နန်း​တော်​စောင့်​အ​ဖြစ် ဖြင့်​မောင်း​မ​တော်​ဆယ်​ယောက်​သာ​လျှင်​ကျန် ရစ်​သ​တည်း။
2SA 15:17 မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။-
2SA 15:18 မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊-
2SA 15:19 မင်း​ကြီး​က​သူ​တို့​၏ တပ်​မှူး​အိတ္တဲ​အား``သင် သည်​အ​ဘယ်​ကြောင့်​ငါ​တို့​နှင့်​အ​တူ​လိုက် လာ​ပါ​သ​နည်း။ ဘု​ရင်​သစ်​ထံ​သို့​ပြန်​၍​နေ ပါ​လော့။ သင်​သည်​လူ​မျိုး​ခြား​ဖြစ်​ပါ​၏။ မိ​မိ တိုင်း​ပြည်​နှင့်​လည်း​ဝေး​ကွာ​လျက်​တိုင်း တစ်​ပါး​တွင်​ခို​လှုံ​နေ​သူ​ဖြစ်​သည်။-
2SA 15:20 ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
2SA 15:21 သို့​ရာ​တွင်​အိတ္တဲ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ် သည်​သေ​ရ​မည်​ဆို​သော်​လည်း အ​ရှင်​မင်း​ကြီး သွား​လေ​ရာ​ရာ​သို့​အ​စဉ်​လိုက်​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
2SA 15:22 ဒါ​ဝိဒ်​က``ကောင်း​ပြီ။ ဆက်​လက်​ချီ​သွား​လော့'' ဟု မိန့်​တော်​မူ​သ​ဖြင့် အိတ္တဲ​သည်​မိ​မိ​၏​လူ​စု​နှင့် တ​ကွ​သူ​တို့​အား​မှီ​ခို​သူ​များ​ကို​ခေါ် သွား​၏။-
2SA 15:23 ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။
2SA 15:24 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ပါ​လာ​ကြ​၏။ သူ​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ချ​ထား​၍ လူ​အ​ပေါင်း​တို့ မြို့​မှ​ထွက်​ခွာ​ပြီး​ချိန်​တိုင်​အောင်​စောင့်​နေ ကြ​၏။ သူ​တို့​အ​ထဲ​တွင်​အ​ဗျာ​သာ​လည်း ပါ​၏။-
2SA 15:25 ထို​နောက်​မင်း​ကြီး​သည်​ဇာ​ဒုတ်​အား``ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပြန်​၍​ပင့် ဆောင်​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​နှစ်​သက်​တော်​မူ​လျှင် တစ်​နေ့​နေ့​၌​ထို သေတ္တာ​တော်​ကို​လည်း​ကောင်း၊ သေတ္တာ​တော် ကျိန်း​ဝပ်​ရာ​အ​ရပ်​ကို​လည်း​ကောင်း ကြည့်​ရှု​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
2SA 15:26 သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။-
2SA 15:27 ထို့​အ​ပြင်​မင်း​ကြီး​က​ဇာဒုတ်​အား``ကြည့်​လော့၊ သင်​၏​သား​အ​ဟိ​မတ်​နှင့်​အ​ဗျာ​သာ​၏​သား ယော​န​သန်​တို့​ကို​ခေါ်​၍​ငြိမ်း​ချမ်း​စွာ​မြို့ တော်​သို့​ပြန်​လော့။-
2SA 15:28 ဤ​အ​တော​အ​တွင်း​၌​ငါ​သည်​သင်​၏​ထံ မှ​သ​တင်း​စ​ကား​မ​ရ​မ​ချင်း​တော​ကန္တာ​ရ ရှိ​ကူး​တို့​ဆိပ်​တွင်​စောင့်​ဆိုင်း​နေ​မည်'' ဟု မိန့်​တော်​မူ​၏။-
2SA 15:29 ထို့​ကြောင့်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​မြို့​တော်​သို့​ပြန် လည်​ပင့်​ဆောင်​၍​မြို့​တော်​တွင်​နေ​ကြ​၏။
2SA 15:30 ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။-
2SA 15:31 အ​ဟိ​သော​ဖေ​လ​သည်​အ​ဗ​ရှ​လုံ​၏ သူ​ပုန်​အ​ဖွဲ့​သို့​ဝင်​ရောက်​သွား​ကြောင်း ဒါ​ဝိဒ် ကြား​သိ​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​အ​စည် များ​ကို​အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
2SA 15:32 ဒါ​ဝိဒ်​သည်​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ရှိ​သည့် တောင်​ထိပ်​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​လူ​ယုံ တော်​အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် မိ​မိ​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​လျက်​ဦး​ခေါင်း​ကို​လည်း မြေ​မှုန့်​ဖြင့်​လူး​လျက်​မင်း​ကြီး​အား​ခ​ရီး ဦး​ကြို​ပြု​၏။
2SA 15:33 ဒါ​ဝိဒ်​က​ဟု​ရှဲ​အား``သင်​သည်​ငါ​နှင့်​အ​တူ လိုက်​လာ​လျှင် ငါ့​အား​မည်​သို့​မျှ​အ​ကူ အ​ညီ​ပေး​နိုင်​မည်​မ​ဟုတ်။-
2SA 15:34 သို့​ရာ​တွင်​သင်​သည်​မြို့​သို့​ပြန်​၍​အ​ဗ​ရှ​လုံ အား``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​အ​ရှင့် ခ​မည်း​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ခဲ့​သည့်​နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ပါ​မည်' ဟု​လျှောက်​ထား​ပြီး နောက်​အ​ဟိ​သော​ဖေလ​ပေး​သည့်​အ​ကြံ ကို​ဆန့်​ကျင်​ဘက်​ပြု​ခြင်း​အား​ဖြင့်​ငါ့ အား​အ​ကူ​အ​ညီ​ပေး​နိုင်​၏။-
2SA 15:35 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့ သည်​မြို့​တော်​တွင်​ရှိ​နေ​ကြ​ပါ​မည်။ နန်း တော်​တွင်​သင်​ကြား​သိ​ရ​သ​မျှ​သ​တင်း ကို​သူ​တို့​အား​ပြော​ကြား​လော့။-
2SA 15:36 သူ​တို့​နှင့်​အ​တူ​သူ​တို့​၏​သား​များ​ဖြစ်​ကြ သော အ​ဟိ​မတ်​နှင့်​ယောန​သန်​တို့​လည်း​ရှိ​ကြ သည်​ဖြစ်​၍ သင်​ရ​ရှိ​သည့်​သ​တင်း​မှန်​သ​မျှ ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ဖြင့်​ငါ့​ထံ​သို့ ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။
2SA 15:37 သို့​ဖြစ်​၍​ဒါ​ဝိဒ်​၏​အ​ဆွေ​တော်​ဟု​ရှဲ​သည် မြို့​တော်​သို့​ပြန်​လေ​၏။ ထို​အ​ချိန်​၌​ပင် လျှင်​အ​ဗ​ရှ​လုံ​သည်​မြို့​တော်​သို့​ရောက် ရှိ​လာ​လေ​သည်။
2SA 16:1 ဒါ​ဝိဒ်​သည်​တောင်​ထိပ်​ကို​အ​နည်း​ငယ်​ကျော် မိ​သော​အ​ခါ မေ​ဖိ​ဗော​ရှက်​၏​အ​စေ​ခံ​ဇိ​ဘ နှင့်​တွေ့​ဆုံ​လေ​၏။ ဇိ​ဘ​သည်​မုန့်​အ​လုံး​နှစ် ရာ၊ စ​ပျစ်​သီး​ခြောက်​အ​ခိုင်​တစ်​ရာ၊ စ​ပျစ်​သီး မှည့်​အ​ခိုင်​တစ်​ရာ​နှင့်​စ​ပျစ်​ရည်​ဘူး​တစ်​ဘူး ကို​မြည်း​နှစ်​ကောင်​ဖြင့်​တင်​ဆောင်​လာ​၏။-
2SA 16:2 ဒါ​ဝိဒ်​မင်း​က``သင်​သည်​ဤ​ပစ္စည်း​များ​ကို အ​ဘယ်​ကြောင့် ယူ​ဆောင်​လာ​ပါ​သ​နည်း'' ဟု မေး​တော်​မူ​၏။ ဇိ​ဘ​က``မြည်း​များ​သည်​အ​ရှင်​မင်း​ကြီး​၏ မိ​သား​စု​စီး​ရန်​ဖြစ်​ပါ​သည်။ မုန့်​နှင့်​သစ်​သီး များ​မှာ​ငယ်​သား​တို့​စား​ရန်​ဖြစ်​၍​စ​ပျစ် ရည်​မှာ​တော​ကန္တာရ​တွင်​သူ​တို့​မော​ပန်း​ကြ သော​အ​ခါ​သောက်​ရန်​ဖြစ်​ပါ​သည်'' ဟု လျှောက်​၏။
2SA 16:3 မင်း​ကြီး​က``သင်​၏​သ​ခင်​မေ​ဖိ​ဗော​ရှက် ကား​အ​ဘယ်​မှာ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ဇိ​ဘ​က``ယ​ခု​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် သူ့​အား​ဘိုး​တော်​ရှော​လု​၏​နိုင်​ငံ​ကို အပ်​နှင်း​ကြ​တော့​မည်​ဟု​ယုံ​ကြည်​သ​ဖြင့် သူ သည်​ယေ​ရု​ရှလင်​မြို့​တွင်​နေ​ရစ်​ပါ​၏'' ဟု လျှောက်​လေ​သည်။
2SA 16:4 မင်း​ကြီး​က​လည်း``မေ​ဖိ​ဗော​ရှက်​ပိုင်​သ​မျှ သော​ပစ္စည်း​ဥစ္စာ​တို့​ကို​သင့်​အား​ငါ​ပေး​၏'' ဟု​မိန့်​တော်​မူ​၏။ ဇိ​ဘ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော် ၌​အ​စဉ်​မျက်​နှာ​ရ​ပါ​စေ​သော'' ဟု လျှောက်​၏။
2SA 16:5 ဒါ​ဝိဒ်​သည်​ဗာ​ဟု​ရိမ်​မြို့​သို့​ရောက်​သော​အ​ခါ ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​ဂေ​ရ​၏​သား၊ ရှိ​မိ ဆို​သူ​သည်​ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လျက်​မြို့​မှ ထွက်​လာ​၏။-
2SA 16:6 ဒါ​ဝိဒ်​အား​ကိုယ်​ရံ​တော်​တပ်​သား​များ​နှင့်​လူ တို့​ခြံ​ရံ​လျက်​ရှိ​နေ​သော်​လည်း ရှိ​မိ​သည် ဒါ​ဝိဒ်​နှင့်​မှူး​မတ်​တို့​အား​ခဲ​နှင့်​ပေါက်​လေ သည်။-
2SA 16:7 ရှိ​မိ​က``အ​သက်​ကို​သတ်​သော​အ​ချင်း ရာ​ဇ​ဝတ်​ကောင်၊ ထွက်​သွား​လော့။ ထွက်​သွား လော့။-
2SA 16:8 သင်​သည်​ရှော​လု​၏​နိုင်​ငံ​ကို​သိမ်း​ယူ​ခဲ့​၍ သူ​၏​မိ​သား​စု​တို့​ကို​သတ်​သည့်​အ​တွက် ယ​ခု​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ဒဏ် ခတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ တော်​ကို​သင်​၏​သား​အ​ဗ​ရှ​လုံ​၏​လက်​သို့ ပေး​အပ်​တော်​မူ​ပြီ။ အ​ချင်း​လူ​သတ်​သ​မား၊ သင်​သည်​အကျိုး​နည်း​ရ​လေ​ပြီ'' ဟု​ကျိန် ဆဲ​လေ​၏။
2SA 16:9 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က​မင်း​ကြီး အား``အ​ရှင်​မင်း​ကြီး၊ အ​ဘယ်​ကြောင့်​ဤ​ခွေး သေ​ကောင်​ကို​အ​ရှင့်​အား​ကျိန်​ဆဲ​ခွင့်​ပြု တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​သွား​၍ သူ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​ပါ​ရ​စေ'' ဟု လျှောက်​၏။
2SA 16:10 မင်း​ကြီး​က​အ​ဘိ​ရှဲ​နှင့်​သူ​၏​အစ်​ကို​ယွာ​ဘ အား``ဤ​အ​မှု​သည်​သင်​တို့​နှင့်​မ​သက်​ဆိုင်။ ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့် သူ သည်​ကျိန်​ဆဲ​ခဲ့​သော်​သူ့​အား`သင်​သည် အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း' ဟု အ​ဘယ်​သူ​မေး​မြန်း​မည်​နည်း'' ဟု​ဆို​၏။-
2SA 16:11 ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ရှဲ​နှင့်​မှူး​မတ် အ​ပေါင်း​တို့​အား``ငါ​၏​သား​ရင်း​က​ပင်​လျှင် ငါ့​ကို​သေ​ကြောင်း​ကြံ​လျက်​နေ​သည်​ဖြစ်​ရာ ဤ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ပြု​သည့်​အ​မှု​မှာ အံ့​သြ​လောက်​ပါ​သ​လော။ သူ​ပြု​လို​ရာ ပြု​ပါ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့်​သူ​သည် ဤ​သို့​ပြု​လုပ်​ရ​ခြင်း​ဖြစ်​၏။-
2SA 16:12 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင် တော်​မူ​၍ ထို​သူ​၏​ကျိန်​စာ​အ​စား​ကောင်း ချီး​မင်္ဂ​လာ​ကို​ချ​ပေး​ကောင်း​ချ​ပေး​တော် မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။-
2SA 16:13 ထို​နောက်​ဒါ​ဝိဒ်​နှင့်​နောက်​တော်​လိုက်​သူ​တို့ သည်​ဆက်​လက်​၍​ခ​ရီး​ပြု​ကြ​၏။ ရှိ​မိ​သည် တောင်​ခါး​ပန်း​တစ်​လျှောက်​လိုက်​၍​ကျိန်​ဆဲ ကာ​ကျောက်​ခဲ​များ​ဖြင့်​ပေါက်​၏။ မြေ​မှုန့် များ​နှင့်​လည်း​ပက်​၏။-
2SA 16:14 မင်း​ကြီး​နှင့်​အ​တူ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ နွမ်း​နယ်​ကြ သ​ဖြင့်​ထို​အ​ရပ်​တွင်​အ​ပန်း​ဖြေ​ကြ​၏။
2SA 16:15 အ​ဗ​ရှ​လုံ​သည်​လိုက်​ပါ​လာ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု ရှ​လင်​မြို့​သို့​ဝင်​ကြ​၏။ ထို​သူ​တို့​နှင့်​အ​တူ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​၏။-
2SA 16:16 ဒါ​ဝိဒ်​၏​လူ​ယုံ​တော်​ဟု​ရှဲ​သည်​အ​ဗ​ရှ​လုံ ကို​တွေ့​သော​အ​ခါ``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော။ မင်း​ကြီး​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြို​ဆို​လေ​၏။
2SA 16:17 အ​ဗ​ရှ​လုံ​က``သင်​၏​အ​ဆွေ​တော်​အ​ပေါ်​၌ ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​စ​ကား​အ​ဘယ်​သို့ ဖြစ်​လေ​ပြီ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ နှင့်​အ​တူ​လိုက်​မ​သွား​ပါ​သ​နည်း'' ဟု​မေး​၏။
2SA 16:18 ဟု​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​လိုက်​သွား နိုင်​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့် ထား​သူ​ဤ​လူ​စု​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရွေး​ချယ်​ခန့်​ထား​သူ​၏​အ​စေ ကို​အ​ကျွန်ုပ်​ခံ​ပါ​မည်။ အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​နေ​ပါ​မည်။-
2SA 16:19 အ​မှန်​မှာ​အ​ကျွန်ုပ်​သည်​မိ​မိ​သ​ခင်​၏ သား​တော်​ထံ​တွင်​အ​မှု​တော်​မ​ထမ်း​ဆောင် ပါ​လျှင် အ​ဘယ်​သူ​၏​ထံ​တွင်​ထမ်း​ဆောင် ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အ​ရှင့်​ခ​မည်း တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​သည့် နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက်​၏။
2SA 16:20 ထို​နောက်​အ​ဗ​ရှ​လုံ​သည်​အ​ဟိ​သော​ဖေ​လ ၏​ဘက်​သို့​လှည့်​၍``ငါ​တို့​သည်​အ​ဘယ်​အ​မှု ကို​ပြု​ရ​ကြ​ပါ​မည်​နည်း။ ငါ​တို့​အား​အ​ကြံ ပေး​လော့'' ဟု​ဆို​၏။
2SA 16:21 အ​ဟိ​သော​ဖေ​လ​က``နန်း​တော်​ကို​စောင့်​စေ ရန်​အ​ရှင့်​ခ​မည်း​တော်​ထား​ခဲ့​သော​မောင်း​မ များ​ရှိ​ရာ​သို့​ဝင်​၍ ကိုယ်​လက်​နှီး​နှော​မှု​ကို ပြု​တော်​မူ​ပါ။ သို့​ပြု​လျှင်​ခ​မည်း​တော်​သည် အ​ရှင့်​အား​ရန်​သူ​အ​ဖြစ်​သတ်​မှတ်​ကြောင်း လူ​အ​ပေါင်း​တို့​သိ​သော​အ​ခါ​အ​ရှင်​၏ နောက်​လိုက်​နောက်​ပါ​တို့​သည်​အ​လွန်​အား ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။-
2SA 16:22 သို့​ဖြစ်​၍​အ​ဗ​ရှ​လုံ​သည်​နန်း​တော်​အ​မိုး ထက်​တွင်​အ​မိုး​မိုး​စေ​ပြီး​နောက် လူ​အ​ပေါင်း တို့​၏​မျက်​မှောက်​၌​ခ​မည်း​တော်​၏​မောင်း​မ များ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု​၏။
2SA 16:23 ထို​စဉ်​အ​ခါ​က​လူ​တို့​သည်​အ​ဟိ​သော ဖေ​လ​ပေး​သည့်​အ​ကြံ​ကို ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​သ​ဖွယ်​မှတ်​ယူ​တတ်​ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​ဗ​ရှ​လုံ​တို့​လည်း​မှတ်​ယူ ကြ​သ​တည်း။
2SA 17:1 အ​ဟိ​သော​ဖေ​လ​က``အ​ကျွန်ုပ်​သည်​လူ တစ်​သောင်း​နှစ်​ထောင်​ရွေး​ချယ်​၍ ဒါ​ဝိဒ် နောက်​သို့​ယ​နေ့​ညဥ့်​ပင်​လိုက်​ပါ​ရ​စေ။-
2SA 17:2 မော​ပန်း​စိတ်​ပျက်​နေ​ချိန်​၌​သူ့​အား​အ​ကျွန်ုပ် ဝင်​ရောက်​တိုက်​ခိုက်​ပါ​မည်။ ထို​အ​ခါ​သူ​သည် ကြောက်​လန့်​သွား​မည်​ဖြစ်​၍ သူ​၏​လူ​တို့​သည် လည်း​ထွက်​ပြေး​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ဘု​ရင်​တစ်​ပါး​တည်း​ကို​သာ​သတ်​ပြီး​လျှင်၊-
2SA 17:3 မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည်​မိ​မိ​၏ ခင်​ပွန်း​ထံ​သို့​ပြန်​လာ​သ​ကဲ့​သို့ သူ​၏​လူ အ​ပေါင်း​ကို​အ​ရှင့်​ထံ​သို့​ပြန်​လာ​စေ​ပါ မည်။ အ​ရှင်​သေ​စေ​လို​သူ​မှာ​တစ်​ယောက် တည်း​ဖြစ်​ပါ​၏။ အ​ခြား​လူ​အ​ပေါင်း​တို့ သည်​ဘေး​ဥ​ပဒ်​ရောက်​ရ​ကြ​လိမ့်​မည် မ​ဟုတ်​ပါ'' ဟု​အ​ဗ​ရှ​လုံ​အား​လျှောက် ထား​၏။-
2SA 17:4 ဤ​အ​ကြံ​ကို​အ​ဗ​ရှ​လုံ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​များ​က​နှစ်​သက် ကြ​၏။
2SA 17:5 အ​ဗ​ရှ​လုံ​က``ယ​ခု​ဟု​ရှဲ​ကို​ခေါ်​ခဲ့​ကြ။ သူ ၏​အ​ကြံ​ကို​လည်း​နား​ထောင်​ကြ​စို့'' ဟု ဆို​၏။-
2SA 17:6 ဟု​ရှဲ​ရောက်​လာ​သော​အ​ခါ​အ​ဗ​ရှ​လုံ က``အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​မှာ ဤ​သို့​ဖြစ်​၏။ ထို​အ​ကြံ​အ​တိုင်း​ငါ​တို့ လိုက်​သင့်​ပါ​သ​လော။ မ​လိုက်​သင့်​ပါ​မူ​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ပြော​ပါ လော့'' ဟု​ဆို​၏။
2SA 17:7 ဟု​ရှဲ​က``ယ​ခု​တစ်​ကြိမ်​အ​ရှင့်​အား အ​ဟိ သော​ဖေ​လ​ပေး​သည့်​အ​ကြံ​မှာ​မ​သင့် လျော်​ပါ။-
2SA 17:8 အ​ရှင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့ သည်​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည်​ကို​လည်း ကောင်း၊ သူ​တို့​သည်​သား​ငယ်​ပျောက်​သည့်​ဝက် ဝံ​မ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည်​ကို လည်း​ကောင်း​အ​ရှင်​သိ​တော်​မူ​ပါ​၏။ အ​ရှင့် ခ​မည်း​တော်​သည်​အ​တွေ့​အ​ကြုံ​များ​သည့် စစ်​သည်​တော်​တစ်​ဦး​ဖြစ်​သ​ဖြင့် ညဥ့်​အ​ခါ မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​အိပ်​စက်​တော်​မ​မူ တတ်​ပါ။-
2SA 17:9 ယ​ခု​ပင်​လျှင်​သူ​သည်​ဂူ​တစ်​ခု​ခု​၌​ဖြစ် စေ၊ အ​ခြား​တစ်​နေ​ရာ​ရာ​၌​ဖြစ်​စေ​ပုန်း အောင်း​လျက်​နေ​ပါ​လိမ့်​မည်။ ဒါ​ဝိဒ်​က စ​တင်​တိုက်​ခိုက်​သည်​နှင့်​တစ်​ပြိုင်​နက် အ​ရှင်​၏​လူ​အ​ချို့​တို့​ကျ​ဆုံး​ကြ​ပါ လိမ့်​မည်။ ထို​သ​တင်း​ကို​ကြား​သော​သူ တို့​က အ​ရှင်​၏​လူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ ပြီ​ဟု​ပြော​ဆို​ကြ​ပါ​လိမ့်​မည်။-
2SA 17:10 ထို​အ​ခါ​ခြင်္သေ့​ကဲ့​သို့​ကြောက်​စိတ်​ကင်း​၍ ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​သော​သူ​များ​ပင်​လျှင် ထိတ်​လန့်​သွား​ကြ​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​အ​ရှင့်​ခ​မည်း​တော်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ယောက်​ဖြစ်​၍ သူ​၏​စစ်​သည်​တော် တို့​သည်​လည်း​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သိ ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။-
2SA 17:11 အ​ရှင့်​အား​အ​ကျွန်ုပ်​အ​ကြံ​ပေး​လို​သည်​မှာ သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​ကို​နိုင်​ငံ တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​ခေါ်​ယူ​စေ​ရန်​ဖြစ် ပါ​၏။ ထို​နောက်​သူ​တို့​အား​အ​ရှင်​ကိုယ်​တိုင် ခေါင်း​ဆောင်​၍​စစ်​ပွဲ​သို့​ဝင်​တော်​မူ​ပါ။-
2SA 17:12 ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​မ​တွေ့​တွေ့​အောင် ရှာ​၍ အ​ကျွန်ုပ်​တို့​သည်​သူ့​အား​ရုတ်​တ​ရက် အ​မှတ်​မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​ကြ​ပါ မည်။ သူ​မှ​စ​၍​သူ​၏​လူ​တစ်​စုံ​တစ်​ယောက် မျှ​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်​ပါ။-
2SA 17:13 အ​ကယ်​၍​သူ​သည်​မြို့​တစ်​မြို့​အ​တွင်း သို့​ဆုတ်​ခွာ​သွား​လျှင် အ​ကျွန်ုပ်​တို့​၏​လူ များ​သည်​ကြိုး​များ​ကို​ယူ​ဆောင်​ကာ​တောင် ကုန်း​ပေါ်​တွင်​ကျောက်​တစ်​လုံး​မျှ​မ​ကျန်​ဘဲ ထို​မြို့​ကို​ချိုင့်​ဝှမ်း​အောက်​သို့​ဆွဲ​ချ​ကြ ပါ​မည်'' ဟု​လျှောက်​၏။
2SA 17:14 အ​ဗ​ရှ​လုံ​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​က``ဟု​ရှဲ​၏​အ​ကြံ​သည်​အ​ဟိ သော​ဖေ​လ​၏​အ​ကြံ​ထက်​ကောင်း​၏'' ဟု ဆို​ကြ​၏။ အ​ဗ​ရှ​လုံ​၌​ဘေး​ရောက်​စေ​ခြင်း ငှာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟိ​သော​ဖေ​လ ပေး​သော​အ​ကြံ​ကောင်း​ကို​ပျက်​စေ​ရန် စီ​ရင်​တော်​မူ​သ​တည်း။
2SA 17:15 ထို​နောက်​ဟု​ရှဲ​သည်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​အား မိ​မိ​သည်​အ​ဗ​ရှ​လုံ နှင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​ကို​အ​ဘယ် သို့​အ​ကြံ​ပေး​၍​အ​ဟိ​သော​ဖေ​လ​က မည်​သို့​အ​ကြံ​ပေး​သည်​ကို​ပြော​ပြ​၏။-
2SA 17:16 ထို​နောက်​ဟု​ရှဲ​က``လူ​တစ်​ယောက်​ကို​စေ လွှတ်​၍​ဒါ​ဝိဒ်​မင်း​အား`တော​ကန္တာ​ရ​ကူး​တို့ ဆိပ်​တွင်​ညဥ့်​အိပ်​တော်​မ​မူ​ပါ​နှင့်။ ယော်​ဒန် မြစ်​တစ်​ဘက်​ကမ်း​သို့​ချက်​ချင်း​ကူး​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​အ​ရှင်​နှင့်​အ​ရှင့်​လူ တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​ပါ လိမ့်​မည်' ဟု​လျှောက်​ထား​စေ​လော့'' ဟု​မှာ ကြား​လေ​သည်။
2SA 17:17 ဇာ​ဒုတ်​၏​သား​ယော​န​သန်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မတ်​တို့​သည်​လူ​မြင်​မည်​စိုး ၍ မြို့​ထဲ​မ​ဝင်​ဝံ့​ဘဲ​အင်္ရော​ဂေ​လ​ရွာ​တွင် စောင့်​နေ​ကြ​၏။ ဒါ​ဝိဒ်​ထံ​သို့​သူ​တို့​ယူ ဆောင်​ရန်​သ​တင်း​ကို​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​က​လာ​ရောက်​ပေး​ပို့​သည့်​အ​တိုင်း သူ​တို့​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​လျှောက် ကြ​၏။-
2SA 17:18 သို့​ရာ​တွင်​ယ​ခု​တစ်​ကြိမ်​၌​လူ​က​လေး တစ်​ယောက်​သည် သူ​တို့​ကို​မြင်​သ​ဖြင့်​အ​ဗ ရှ​လုံ​အား​လျှောက်​ထား​လေ​၏။ ထို့​ကြောင့် ယော​န​သန်​နှင့်​အ​ဟိ​မတ်​တို့​သည်​ဗာ​ဟု ရိမ်​မြို့​ရှိ​အိမ်​တစ်​အိမ်​သို့​အ​ဆော​တ​လျင် သွား​ပြီး​လျှင် ထို​အိမ်​အ​နီး​ရှိ​ရေ​တွင်း​ထဲ သို့​ဆင်း​၍​ပုန်း​ကြ​၏။-
2SA 17:19 အိမ်​ရှင်​မ​သည်​ရေ​တွင်း​ကို​ဖုံး​အုပ်​ပြီး​လျှင် မည်​သူ​မျှ​မ​ရိပ်​မိ​စေ​ရန်​အ​ဖုံး​ပေါ်​တွင် ဆန်​လှန်း​၍​ထား​လေ​သည်။-
2SA 17:20 အ​ဗ​ရှ​လုံ​၏​အ​မှု​ထမ်း​တို့​သည်​ထို​အိမ် သို့​လာ​ရောက်​၍​ထို​အ​မျိုး​သမီး​အား``အ​ဟိ မတ်​နှင့်​ယော​န​သန်​အ​ဘယ်​မှာ​နည်း'' ဟု မေး​၏။ အ​မျိုး​သ​မီး​က``မြစ်​တစ်​ဘက်​သို့​ကူး​သွား ကြ​ပါ​သည်'' ဟု​ဖြေ​၏။ အ​မှု​ထမ်း​တို့​သည်​ထို​သူ​တို့​ကို​ရှာ​သော် လည်း​မ​တွေ့​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ​၏။-
2SA 17:21 သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ​အ​ဟိ​မတ် နှင့်​ယော​န​သန်​တို့​သည်​ရေ​တွင်း​ထဲ​မှ​တက် လာ​ပြီး​လျှင် ဒါ​ဝိဒ်​မင်း​ထံ​သွား​ရောက်​သ​တင်း ပို့​ကြ​၏။ သူ​တို့​သည်​မင်း​ကြီး​အား​အ​ဟိ​သော ဖေ​လ​အ​ဘယ်​သို့​မ​ကောင်း​ကြံ​သည်​ကို​သံ တော်​ဦး​တင်​ပြီး​နောက်``မြစ်​တစ်​ဘက်​ကမ်း​သို့ ဆော​လျင်​စွာ​ကူး​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။-
2SA 17:22 သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​အ​ပေါင်း​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ရာ မိုး သောက်​ချိန်​၌​တစ်​ယောက်​မ​ကျန်​တစ်​ဘက် ကမ်း​သို့​ရောက်​ရှိ​ကြ​၏။
2SA 17:23 အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။
2SA 17:24 အ​ဗ​ရှ​လုံ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​ကမ်း​သို့​ကူး​မိ ကြ​သော​အ​ခါ ဒါ​ဝိဒ်​သည်​မ​ဟာ​နိမ်​မြို့ သို့​ရောက်​ရှိ​နေ​လေ​ပြီ။-
2SA 17:25 (အ​ဗ​ရှ​လုံ​သည်​အာ​မ​သ​အား​ယွာ​ဘ​၏ နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့် ထား​၏။ အာ​မ​သ​ကား​ဣ​ရှ​မေ​လ​အ​မျိုး သား​ယေ​သာ​၏​သား​ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ နာ​ဟတ်​၏​သ​မီး၊ ယွာ​ဘ​၏​မိ​ခင်​ဇေ​ရု​ယာ ၏​ညီ​မ​အ​ဘိ​ဂဲ​လ​ဖြစ်​သ​တည်း။-)
2SA 17:26 အ​ဗ​ရှ​လုံ​နှင့်​နောက်​ပါ​အ​ပေါင်း​တို့​သည် ဂိ​လဒ်​ပြည်​တွင်​တပ်​စ​ခန်း​ချ​ကြ​၏။
2SA 17:27 မ​ဟာ​နိမ်​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ရှိ​လာ​သော အ​ခါ​အမ္မုန်​ပြည်၊ ရဗ္ဗာ​မြို့​သား​နာ​ဟတ်​၏ သား​ရှောဘိ၊ လော​ဒေ​ဗာ​မြို့​သား​အ​မျေ​လ ၏​သား​မာ​ခိ​ရ​နှင့်​ဂိ​လဒ်​ပြည်​ရော​ဂေ​လိမ် မြို့​သား​ဗာ​ဇိ​လဲ​တို့​သည်​သူ​၏​ထံ​လာ ရောက်​တွေ့​ဆုံ​ကြ​၏။-
2SA 17:28 တော​ကန္တာ​ရ​၌​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​သည် အ​စာ​ရေ​စာ​ငတ်​မွတ်​လျက်၊ နွမ်း​နယ်​လျက် နေ​ကြ​မည်​ကို​သူ​တို့​သိ​သော​ကြောင့် ခွက် ဖ​လား​များ၊ မြေ​အိုး​များ၊ အိပ်​ရာ​များ၊ ဂျုံ ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်၊ ပဲ​တောင့်၊ ပဲ​ကြား၊ ပျား​ရည်၊ ဒိန်​ခဲ၊ မ​လိုင်​နှင့်​သိုး​များ ကို​ယူ​ဆောင်​လာ​ကြ​၏။
2SA 18:1 ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​၏​လူ​တို့​ကို​စု​ရုံး​စေ ပြီး​လျှင် တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​များ​ကို ဖွဲ့​၍​ယင်း​တို့​ကို​အုပ်​ချုပ်​ရန်​တပ်​မှူး​များ ခန့်​ထား​တော်​မူ​၏။-
2SA 18:2 ထို​နောက်​သူ​သည်​ထို​တပ်​တို့​ကို​သုံး​စု​ခွဲ ၍​စေ​လွှတ်​တော်​မူ​၏။ တစ်​စု​ကို​ယွာ​ဘ​အား လည်း​ကောင်း၊ တစ်​စု​ကို​ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ အား​လည်း​ကောင်း၊ အ​ခြား​တစ်​စု​ကို​ဂါ​သ မြို့​သား​အိတ္တဲ​အား​လည်း​ကောင်း​ဦး​စီး​စေ တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည်​မိ​မိ​၏ လူ​တို့​အား``ငါ​ကိုယ်​တိုင်​သင်​တို့​နှင့်​အ​တူ ချီ​တက်​မည်'' ဟု​မိန့်​တော်​မူ​၏။
2SA 18:3 လူ​တို့​က``အ​ရှင်၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​၍​အ​ကျွန်ုပ် တို့​အား​လုံး​ပင်​တပ်​လန့်​ထွက်​ပြေး​ကြ သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အ​နက် ထက်​ဝက်​မျှ​ပင်​ကျ​ဆုံး​သွား​သော်​လည်း ကောင်း၊ ရန်​သူ​အ​တွက်​အ​ဘယ်​သို့​မျှ ထူး​ခြား​မှု​ရှိ​မည်​မ​ဟုတ်​ပါ။ အ​ရှင် သည်​ကား​အ​ကျွန်ုပ်​တို့​လူ​တစ်​သောင်း လောက်​တန်​ဖိုး​ရှိ​ပါ​၏။ အ​ရှင်​သည်​မြို့ ထဲ​တွင်​နေ​ရစ်​၍​အ​ကျွန်ုပ်​တို့​အား​စစ် ကူ​ပို့​ပေး​ပါ​က​ပို​၍​ကောင်း​ပါ​လိမ့် မည်'' ဟု​လျှောက်​ထား​ကြ​၏။
2SA 18:4 မင်း​ကြီး​က​လည်း``အ​ကောင်း​ဆုံး​ဟု​သင်​တို့ ထင်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​သူ​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ တပ်​တို့​ချီ​တက်​ထွက်​ခွာ​သွား​ကြ​စဉ်​မြို့ တံ​ခါး​အ​နီး​တွင်​ရပ်​၍​နေ​တော်​မူ​၏။-
2SA 18:5 ``ငါ့​မျက်​နှာ​ကို​ထောက်​၍​သူ​ငယ်​အ​ဗ ရှ​လုံ​အား​ဘေး​အန္တ​ရာယ်​မ​ပြု​ကြ​ပါ နှင့်'' ဟု​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အိတ္တဲ​တို့​အား မှာ​ကြား​တော်​မူ​လိုက်​၏။ ဤ​သို့​တပ်​မှူး ကြီး​တို့​အား​မှာ​ကြား​သည်​ကို​တပ်​သား အ​ပေါင်း​တို့​ကြား​ကြ​၏။
2SA 18:6 ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။-
2SA 18:7 ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ်​၏ လူ​တို့​လက်​တွင် အ​ကြီး​အ​ကျယ်​အ​ရေး ရှုံး​နိမ့်​ကြ​လေ​သည်။ ထို​နေ့​တွင်​သူ​တို့​ဘက် မှ​လူ​ပေါင်း​နှစ်​သောင်း​မျှ​ကျ​ဆုံး​သွား သ​တည်း။-
2SA 18:8 တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။
2SA 18:9 အ​ဗ​ရှ​လုံ​သည်​ရုတ်​တ​ရက်​ဒါ​ဝိဒ်​၏​လူ အ​ချို့​နှင့်​တွေ့​၏။ သူ​သည်​လား​ကို​စီး​၍ ဝက်​သစ်​ချ​ပင်​ကြီး​တစ်​ပင်​အောက်​သို့​ဝင် လိုက်​ရာ​သူ​၏​လည်​သည်​သစ်​ကိုင်း​များ ကြား​တွင်​ညပ်​၍​နေ​လေ​၏။ လား​သည်​ဆက် လက်​၍​ပြေး​သွား​သ​ဖြင့်​အ​ဗ​ရှ​လုံ​မှာ လေ​ထဲ​တွင်​တွဲ​လွဲ​ကျန်​ရစ်​လေ​တော့​သည်။-
2SA 18:10 ဒါ​ဝိဒ်​၏​လူ​တစ်​ယောက်​သည်​သူ့​ကို​မြင် သ​ဖြင့်​ယွာ​ဘ​အား``အ​ရှင်၊ ဝက်​သစ်​ချ​ပင် မှာ​အ​ဗ​ရှ​လုံ​တွဲ​လွဲ​နေ​သည်​ကို​အ​ကျွန်ုပ် မြင်​ခဲ့​ပါ​သည်'' ဟု​ပြော​၏။
2SA 18:11 ယွာ​ဘ​က``သင်​မြင်​ခဲ့​သည်​မှန်​က အ​ဘယ် ကြောင့်​ထို​နေ​ရာ​၌​ပင်​မ​ထိုး​သတ်​ခဲ့​ပါ သ​နည်း။ အ​ကယ်​၍​သာ​သတ်​ခဲ့​လျှင်​သင့် အား​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ခါး​စည်း​ကို ငါ​ဆု​ပေး​လေ​ပြီ'' ဟု​ဆို​၏။
2SA 18:12 သို့​ရာ​တွင် ထို​သူ​က``အ​ကယ်​၍​အ​ရှင်​သည် အ​ကျွန်ုပ်​အား​ငွေ​ဒင်္ဂါး​တစ်​ရာ​ပင်​ပေး​သော် လည်း အ​ကျွန်ုပ်​သည်​ဘု​ရင့်​သား​တော်​ကို လက်​ဖျား​နှင့်​မျှ​တို့​မည်​မ​ဟုတ်​ပါ။ မင်း ကြီး​က​အ​ရှင့်​အား​လည်း​ကောင်း၊ အ​ဘိ​ရှဲ နှင့်​အိတ္တဲ​အား​လည်း​ကောင်း`ငါ့​မျက်​နှာ​ကို ထောက်​၍​လူ​ငယ်​အ​ဗ​ရှ​လုံ​ကို​ဘေး အန္တ​ရာယ်​မ​ပြု​ပါ​နှင့်'' ဟု​မှာ​ကြား​တော် မူ​သည်​ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ကြား ကြ​ပါ​၏။-
2SA 18:13 သို့​ပါ​လျက်​အကျွန်ုပ်​သည်​မင်း​ကြီး​၏ အ​မိန့်​တော်​ကို​နား​မ​ထောင်​ဘဲ အ​ဗ​ရှ​လုံ အား​သတ်​မည်​ဆို​ပါ​က​မင်း​ကြီး​မ​ကြား မ​သိ​သည့်​အ​မှု​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သ​ဖြင့် ထို​အ​ကြောင်း​ကို​ကြား​သိ တော်​မူ​မည်​သာ​ဖြစ်​ပါ​၏။ ထို​အ​ခါ​အ​ရှင် သည်​အ​ကျွန်ုပ်​ဘက်​၌​နေ​၍​ကာ​ကွယ်​ပြော ဆို​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော​လေ​၏။
2SA 18:14 ယွာ​ဘ​က``ငါ​သည်​သင်​နှင့်​ထပ်​မံ​၍​အ​ချိန် မ​ဖြုန်း​လို​တော့​ပြီ'' ဟု​ဆို​ပြီး​လျှင်​လှံ​သုံး စင်း​ကို​ယူ​၍​ဝက်​သစ်​ချ​ပင်​မှ​တွဲ​လွဲ​ကျ လျက် အ​သက်​ရှင်​နေ​သော​အ​ဗ​ရှ​လုံ​၏ ရင်​ကို​ထုတ်​ချင်း​ပေါက်​ထိုး​လေ​သည်။-
2SA 18:15 ထို​နောက်​ယွာ​ဘ​၏​တပ်​သား​ဆယ်​ယောက် တို့​သည် အ​ဗ​ရှ​လုံ​ကို​ဝိုင်း​၍​အ​ဆုံး စီ​ရင်​လိုက်​ကြ​၏။
2SA 18:16 ယွာ​ဘ​သည်​အ​တိုက်​အ​ခိုက်​ရပ်​စဲ​စေ​ရန် တံ​ပိုး​ခ​ရာ​ကို​မှုတ်​စေ​၏။ ထို​အ​ခါ​သူ ၏​တပ်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ရာ​မှ​ပြန် လာ​ကြ​၏။-
2SA 18:17 သူ​တို့​သည်​အ​ဗ​ရှ​လုံ​၏​အ​လောင်း​ကို ယူ​၍ တော​ထဲ​တွင်​တွင်း​နက်​တစ်​ခု​ထဲ​သို့ ပစ်​ချ​ကာ ကျောက်​ခဲ​ပုံ​ကြီး​ဖြင့်​ဖုံး​အုပ် ထား​ကြ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ထွက်​ပြေး​ကြ​ကုန်​၏။
2SA 18:18 အ​ဗ​ရှ​လုံ​သည်​မိ​မိ​တွင်​သား​မ​ရှိ​သ​ဖြင့် မိ​မိ​နာ​မည်​မ​တိမ်​ကော​စေ​ရန်​အ​သက်​ရှင် စဉ်​အ​ခါ​က ဘု​ရင့်​ချိုင့်​ဝှမ်း​တွင်​ကျောက်​တိုင် ကို​တည်​ဆောက်​၍ မိ​မိ​၏​နာ​မည်​ဖြင့်​ခေါ်​တွင် စေ​ရာ​အ​ဗ​ရှ​လုံ​ကျောက်​တိုင်​ဟု​ယ​နေ့ တိုင်​အောင်​တွင်​သ​တည်း။
2SA 18:19 ထို​နောက်​ဇာ​ဒုတ်​၏​သား​အ​ဟိ​မတ်​သည်​ယွာ​ဘ အား``ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​ရန်​သူ များ​လက်​မှ​ကယ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သ​တင်း ကောင်း​ကို​မင်း​ကြီး​ထံ​သွား​ရောက်​ကြား​လျှောက် ပါ​ရ​စေ'' ဟု​တောင်း​ပန်​၏။
2SA 18:20 ယွာ​ဘ​က``ယ​နေ့​သင်​သည်​အ​ဘယ်​သ​တင်း ကောင်း​ကို​မျှ​ယူ​ဆောင်​၍​မ​သွား​ရ။ အ​ခြား တစ်​နေ့​နေ့​၌​သွား​ခွင့်​ပြု​မည်။ ဘု​ရင်​၏​သား တော်​သေ​ဆုံး​ပြီ​ဖြစ်​၍​ယ​နေ့​သင်​သွား​၍ မ​ဖြစ်'' ဟု​ဆို​၏။-
2SA 18:21 ထို​နောက်​ယွာ​ဘ​သည်​မိ​မိ​၏​ကျွန်​ကု​ရှိ အ​မျိုး​သား​အား``သင်​တွေ့​မြင်​ရ​သည့်​အ​မှု ကို​မင်း​ကြီး​ထံ​သွား​၍​သံ​တော်​ဦး​တင် လော့'' ဟု​ဆို​သ​ဖြင့်​သူ​သည်​ယွာ​ဘ​အား ဦး​ညွှတ်​ပြီး​လျှင်​ပြေး​၍​သွား​လေ​သည်။
2SA 18:22 အ​ဟိ​မတ်​က``အ​ကျွန်ုပ်​အား​လည်း​ထို​သတင်း ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ပါ။ ဘေး​တွေ့​မည် ဖြစ်​သော်​လည်း​အ​ကျွန်ုပ်​အ​မှု​မ​ထား​ပါ'' ဟု​ထပ်​မံ​၍​တောင်း​ပန်​၏။ ယွာ​ဘ​က``ငါ့​သား၊ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို​ပြု​လို​ပါ​သ​နည်း။ ယင်း​သို့​ပြု သည့်​အ​တွက်​ဆု​လာဘ်​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။
2SA 18:23 အ​ဟိ​မတ်​က​လည်း``ဘေး​တွေ့​မည်​ဖြစ်​သော် လည်း​အ​ကျွန်ုပ်​သွား​လို​ပါ​သည်'' ဟု​တစ်​ဖန် တောင်း​ပန်​၏။ ယွာ​ဘ​က``ဤ​သို့​ဖြစ်​ပါ​မူ​သင်​သွား​လော့'' ဟု​ဆို​သ​ဖြင့်​အ​ဟိ​မတ်​သည်​ယော်​ဒန်​မြစ် ချိုင့်​ဝှမ်း​လမ်း​ဖြင့်​ပြေး​သွား​ရာ ကု​ရှိ​အ​မျိုး သား​ကို​ကျော်​လွန်​၍​သွား​လေ​၏။
2SA 18:24 ဒါ​ဝိဒ်​သည်​မြို့​အ​ပြင်​တံ​ခါး​နှင့်​အ​တွင်း တံ​ခါး​စပ်​ကြား​တွင်​ရှိ​သော​မြေ​ကွက်​လပ် တွင်​ထိုင်​လျက်​နေ​၏။ ကင်း​စောင့်​သည်​မြို့​ရိုး ပေါ်​သို့​တက်​ပြီး​လျှင် မြို့​တံ​ခါး​အ​မိုး​ပေါ် မှ​ရပ်​၍​ကြည့်​လိုက်​ရာ​လူ​တစ်​ယောက် အ​ဖော်​မ​ပါ​ဘဲ​ပြေး​လာ​သည်​ကို​မြင် သ​ဖြင့်၊-
2SA 18:25 မင်း​ကြီး​အား​ဟစ်​အော်​လျှောက်​ထား​၏။ မင်း ကြီး​က``ထို​သူ​သည်​တစ်​ကိုယ်​တည်း​ဖြစ်​လျှင် သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​သူ​ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ပြေး​လာ​သူ​သည်​လည်း အ​နီး​သို့​ရောက်​ရှိ​လာ​၏။
2SA 18:26 ထို​အ​ခါ​ကင်း​စောင့်​သည် အ​ခြား​လူ​တစ် ယောက်​တစ်​ကိုယ်​တည်း​ပြေး​လာ​သည်​ကို မြင်​ပြန်​သ​ဖြင့် တံ​ခါး​မှူး​အား``ကြည့်​လော့၊ အ​ခြား​သူ​တစ်​ယောက်​တစ်​ကိုယ်​တည်း ပြေး​လာ​နေ​ပါ​သည်'' ဟု​အော်​၍​ပြော​၏။ မင်း​ကြီး​က``ဤ​သူ​သည်​လည်း သ​တင်း​ကောင်း ကို​ယူ​ဆောင်​လာ​သူ​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
2SA 18:27 ကင်း​စောင့်​က``ပ​ထ​မ​လူ​ပြေး​ပုံ​မှာ​အ​ဟိ မတ်​ပြေး​ပုံ​နှင့်​တူ​ပါ​သည်'' ဟု​လျှောက်​လျှင်၊ မင်း​ကြီး​က``သူ​သည်​လူ​ကောင်း​ဖြစ်​၍ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
2SA 18:28 အ​ဟိ​မတ်​သည်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက် သ​ပြီး​လျှင် ရှေ့​တော်​၌​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​ကာ``သူ​ပုန်​တို့​အ​ပေါ်​တွင်​အ​ရှင်​မင်း ကြီး​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​စေ​သ​တည်း'' ဟု​လျှောက်​၏။
2SA 18:29 မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​လျှင်၊ အ​ဟိ​မတ်​က``အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင် ၏​တပ်​မှူး​စေ​လွှတ်​စဉ်​အ​ခါ​က​ရုန်း​ရင်း​ဆန် ခတ်​ဖြစ်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည်​အ​ဘယ် သို့​မျှ​မ​လျှောက်​ထား​တတ်​ပါ'' ဟု​ပြန်​လည် ဖြေ​ကြား​၏။
2SA 18:30 မင်း​ကြီး​က``ထို​နေ​ရာ​သို့​ရွှေ့​၍​ရပ်​လော့'' ဟု ဆို​လျှင်​အ​ဟိ​မတ်​သည်​ရွှေ့​၍​ရပ်​နေ​၏။
2SA 18:31 ထို​နောက်​ကု​ရှိ​အ​မျိုး​သား​ရောက်​ရှိ​လာ​၍ မင်းကြီး​အား``အ​ကျွန်ုပ်​သည်​အ​ရှင်​မင်း​ကြီး အ​တွက်​သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​ပါ သည်။ ယ​နေ့​အ​ရှင်​အား​ထာ​ဝ​ရ​ဘု​ရား သည်​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အ​ပေါ်​တွင် အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၏။
2SA 18:32 မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​တော်​မူ​သော်​ကု​ရှိ​အ​မျိုး သား​က``အ​ရှင်၊ အ​ရှင်​၏​ရန်​သူ​များ​နှင့်​အ​ရှင့် အား​ပုန်​ကန်​ကြ​သူ​များ​သည်​ထို​သူ​ငယ် ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု​လျှောက်​၏။
2SA 18:33 မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။
2SA 19:1 ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။-
2SA 19:2 မင်း​ကြီး​သည်​သား​တော်​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​၏​တပ်​သား​အ​ပေါင်း​တို့​အ​ဖို့ ထို​နေ့​၌​အောင်​ပွဲ​သည်​ဝမ်း​နည်း​ပူ​ဆွေး​ပွဲ ဖြစ်​ရ​လေ​၏။-
2SA 19:3 တိုက်​ပွဲ​မှ​ထွက်​ပြေး​ခဲ့​သ​ဖြင့်​ရှက်​ကြောက် နေ​သည့်​စစ်​သား​များ​ကဲ့​သို့ သူ​တို့​သည်​မြို့ ထဲ​သို့​တိတ်​တ​ဆိတ်​ပြန်​လည်​ဝင်​ရောက် လာ​ကြ​၏။-
2SA 19:4 မင်း​ကြီး​သည်​မျက်​နှာ​ကို​အုပ်​၍``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား'' ဟု​ကျယ်​လောင်​စွာ​ငို​ကြွေး​တော်​မူ​၏။
2SA 19:5 ယွာ​ဘ​သည်​ဘု​ရင့်​အိမ်​တော်​သို့​သွား​၍``ယ​နေ့ အ​ရှင်​သည်​အ​ရှင်​၏​အ​သက်​ကို​လည်း​ကောင်း၊ အ​ရှင့်​သား​သ​မီး၊ မိ​ဖု​ရား​မောင်း​မ​တို့​၏ အ​သက်​ကို​လည်း​ကောင်း​ကယ်​ဆယ်​သော အ​ရှင့်​လူ​တို့​အား​ချီး​မြှင့်​မည့်​အ​စား ရှုတ်​ချ​တော်​မူ​လေ​ပြီ။-
2SA 19:6 အ​ရှင်​သည်​မိ​မိ​အား​ချစ်​မြတ်​နိုး​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရှင့်​အား​မုန်း​သူ​တို့​ကို ထောက်​ခံ​အား​ပေး​တော်​မူ​ပြီ။ မိ​မိ​၏​တပ်​မှူး များ​နှင့်​တပ်​သား​များ​အား​မည်​သို့​မျှ​ပ​မာ​ဏ မ​ပြု​ကြောင်း​ထင်​ရှား​စေ​တော်​မူ​ပြီ။ ယ​ခု အ​ခါ​၌​အ​ကျွန်ုပ်​တို့​အား​လုံး​သေ​၍​အ​ဗ ရှ​လုံ​အ​သက်​ရှင်​လျက်​နေ​မည်​ဆို​ပါ​မူ အ​ရှင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​မည် ဖြစ်​ကြောင်း​အ​ကျွန်ုပ်​သိ​မြင်​နိုင်​ပါ​၏။-
2SA 19:7 ယ​ခု​အ​ရှင်​ကြွ​တော်​မူ​၍​အ​ရှင်​၏​လူ​တို့ အား​မေတ္တာ​စ​ကား​ကို​မိန့်​တော်​မူ​ပါ။ ထို​သို့ အရှင်​ပြု​တော်​မ​မူ​ပါ​လျှင်​နက်​ဖြန်​နံ​နက် ၌​ထို​သူ​တို့​အ​နက်​တစ်​ဦး​တစ်​ယောက်​မျှ အ​ရှင်​နှင့်​အ​တူ​ရှိ​နေ​တော့​မည်​မ​ဟုတ် သ​ဖြင့် အ​ရှင့်​တစ်​သက်​တွင်​အ​ဆိုး​ရွား ဆုံး​သော​ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ကြုံ​ရ​မည် ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​လျှောက်​လေ​၏။-
2SA 19:8 ထို​အ​ခါ​မင်း​ကြီး​သည်​ထ​ပြီး​လျှင်​မြို့ တံ​ခါး​အ​နီး​သို့​သွား​၍​ထိုင်​တော်​မူ​၏။ လူ တို့​သည်​ထို​အရပ်​တွင်​မင်း​ကြီး​ရှိ​တော်​မူ ကြောင်း​ကြား​သော​အ​ခါ​အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​ကြ​၏။ ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ထွက်​ပြေး​ကြ​၏။-
2SA 19:9 တစ်​ပြည်​လုံး​တွင်​လူ​တို့​က``ဒါ​ဝိဒ်​မင်း​သည် ငါ​တို့​ကို​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ သူ​သည်​ငါ​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​အ​ဗ​ရှ​လုံ​အ​တွက်​ကြောင့်​တိုင်း ပြည်​ကို​စွန့်​ခွာ​သွား​လေ​ပြီ။-
2SA 19:10 ငါ​တို့​သည်​အ​ဗ​ရှ​လုံ​အား​ငါ​တို့​၏​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​ခဲ့​ကြ​သော်​လည်း သူ​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သွား​လေ​ပြီ။ ထို့​ကြောင့် ဒါ​ဝိဒ်​မင်း​အား​ပြန်​လည်​ခေါ်​ဆောင်​ရန် အ​ဘယ်​ကြောင့် ငါ​တို့​မ​ကြံ​စည်​ဘဲ​နေ​ကြ ပါ​သ​နည်း'' ဟူ​၍​အ​ချင်း​ချင်း​ငြင်း​ခုံ ပြော​ဆို​ကြ​၏။
2SA 19:11 ဤ​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ပြော​ဆို နေ​ကြ​သည့်​သ​တင်း​သည် ဒါ​ဝိဒ်​ထံ​သို့ ရောက်​ရှိ​လာ​၏။ ``အ​ဘယ်​ကြောင့်​သင်​တို့ သည်​မိ​မိ​တို့​ဘု​ရင်​အား​နန်း​တော်​သို့​ပြန် လည်​ခေါ်​ဆောင်​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​နောက်​ကျ​လျက်​နေ​ကြ​ပါ သ​နည်း။-
2SA 19:12 သင်​တို့​သည်​ငါ​၏​ဆွေ​မျိုး၊ ငါ​၏​သွေး​သား များ​ဖြစ်​ကြ​၏။ ငါ့​အား​ပြန်​လည်​ခေါ်​ဆောင် ရန်​အ​ဘယ်​ကြောင့်​နောက်​ကျ​နေ​ရ​ပါ​သ​နည်း'' ဟု​မေး​မြန်း​စေ​ရန်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​ကို​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-
2SA 19:13 ထို့​ပြင်​အာ​မ​သ​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​၏။ ယ​ခု​အ​ချိန်​မှ​စ​၍​သင့်​အား​ယွာ​ဘ ၏​နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ငါ ခန့်​ထား​ပြီ။ ယင်း​သို့​ငါ​မ​ပြု​ပါ​မူ​ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ စေ​သော'' ဟု​ပြော​ကြား​ရန်​လည်း​မှာ​တော်​မူ လိုက်​၏။-
2SA 19:14 ဒါ​ဝိဒ်​၏​စ​ကား​ကြောင့်​ယု​ဒ​ပြည်​သူ​ပြည် သား​အ​ပေါင်း​တို့​၏​စိတ်​ကို​ညွှတ်​စေ​သ​ဖြင့် သူ​တို့​က``မင်း​ကြီး​နှင့်​မှူး​မတ်​အ​ပေါင်း​တို့ ပြန်​ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​စေ​ကြ​၏။
2SA 19:15 အ​ပြန်​ခ​ရီး​တွင်​မင်း​ကြီး​အား​မြစ်​တစ်​ဘက် ကမ်း​သို့​ပို့​ဆောင်​ပေး​ရန် ဂိ​လ​ဂါ​လ​မြို့​သို့ လာ​ရောက်​ကြ​သည့်​ယု​ဒ​ပြည်​သား​တို့ သည်​ယော်​ဒန်​မြစ်​မှ​နေ​၍​ခရီး​ဦး​ကြို ပြု​ကြ​လေ​သည်။-
2SA 19:16 ထို​အ​ချိန်​၌​ပင်​လျှင်​ဂေ​ရ​၏​သား၊ ဗာ​ဟု ရိမ်​မြို့​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရှိ​မိ​သည် လည်း ဒါ​ဝိဒ်​မင်း​ကို​ကြို​ဆို​ရန်​ယော်​ဒန်​မြစ် သို့​အ​လျင်​အ​မြန်​လာ​ရောက်​၏။-
2SA 19:17 သူ​နှင့်​အ​တူ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​ပေါင်း တစ်​ထောင်​ပါ​၏။ ထို့​ပြင်​ရှော​လု​မိ​သား​စု ၏​အ​စေ​ခံ​ဇိ​ဘ​သည်​လည်း​မိ​မိ​၏​သား တစ်​ဆယ့်​ငါး​ယောက်၊ အ​စေ​ခံ​နှစ်​ဆယ်​နှင့် အ​တူ​လာ​ရောက်​လေ​သည်။ သူ​တို့​သည်​မင်း ကြီး​၏​အ​လျင်​ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ ကြ​၏။-
2SA 19:18 သူ​တို့​သည်​ဘု​ရင့်​အိမ်​တော်​သား​တို့​ကို မြစ်​တစ်​ဘက်​သို့​ပို့​ဆောင်​ပေး​ရန်​နှင့် မင်း ကြီး​အ​လို​ရှိ​ရာ​ကို​ဆောင်​ရွက်​ပေး​ရန် မြစ်​ကို​ကူး​ကြ​၏။ မင်း​ကြီး​သည်​မြစ်​ကို​ကူး​ရန်​အ​သင့်​ပြင် ဆင်​နေ​စဉ်​ရှိ​မိ​သည်​ရှေ့​တော်​၌​ပျပ်​ဝပ် ပြီး​လျှင်၊-
2SA 19:19 အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ယေ​ရု​ရှ​လင်​မြို့ မှ​ထွက်​ကြွ​တော်​မူ​စဉ်​အ​ခါ​က အ​ရှင့် အား​အ​ကျွန်ုပ်​ပြစ်​မှား​ခဲ့​သည်​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ ထို​အ​မှု​အ​တွက်​အ​ကျွန်ုပ် အား​ရန်​ငြိုး​ထား​တော်​မ​မူ​ပါ​နှင့်။ ထို အ​မှု​ကို​မေ့​ပျောက်​တော်​မူ​ပါ။-
2SA 19:20 အ​ရှင်၊ အ​ကျွန်ုပ်​သည်​ပြစ်​မှား​မိ​ပါ​ပြီ။ သို့ ဖြစ်​၍​မြောက်​ဘက်​အ​နွယ်​ဝင်​များ​ထဲ​မှ အ​ကျွန်ုပ်​သည်​ဦး​စွာ​ပ​ထ​မ​အ​ရှင်​မင်း ကြီး​အား ယ​နေ့​လာ​ရောက်​ကြို​ဆို​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
2SA 19:21 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က``ရှိ​မိ​အား​သေ ဒဏ်​ပေး​သင့်​ပါ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို​ကျိန်​ဆဲ သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
2SA 19:22 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည် အ​ဘိ​ရှဲ​နှင့်​သူ​၏ အစ်​ကို​ယွာ​ဘ​အား``သင်​တို့​ထင်​မြင်​ချက် ကို​အ​ဘယ်​သူ​တောင်း​ခံ​ပါ​သ​နည်း။ သင် တို့​သည်​ငါ့​ကို​ဒုက္ခ​ပေး​လို​ကြ​ပါ​သ​လော။ ငါ​သည်​ကား​ယ​ခု​အ​ခါ​ဣသ​ရေ​လ​ဘု​ရင် ဖြစ်​လေ​ပြီ။ ထို့​ကြောင့်​အ​ဘယ်​ဣသ​ရေ​လ အ​မျိုး​သား​ကို​မျှ​မ​သတ်​ရ​ကြ'' ဟု ဆို​ပြီး​လျှင်၊-
2SA 19:23 ရှိ​မိ​အား``သင်​သည်​သေ​ဒဏ်​ခံ​ရ​မည်​မ​ဟုတ် ကြောင်း​ငါ​က​တိ​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။
2SA 19:24 ထို​နောက်​ရှော​လု​၏​မြေး​မေ​ဖိ​ဗော​ရှက်​သည် မင်း​ကြီး​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​လာ​ရောက် ၏။ သူ​သည်​မင်း​ကြီး​ယေ​ရု​ရှ​လင်​မြို့​က​ထွက် ခွာ​သွား​ချိန်​မှ​အ​စ​ပြု​၍ အောင်​မြင်​စွာ​ပြန် လည်​ရောက်​ရှိ​လာ​ချိန်​အ​ထိ မိ​မိ​၏​ခြေ​တို့ ကို​မ​ဆေး၊ မုတ်​ဆိတ်​ကို​မ​ညှပ်၊ အ​ဝတ်​အ​စား ကို​လည်း​မ​လျှော်​မ​ဖွတ်​ဘဲ​နေ​၏။-
2SA 19:25 မင်း​ကြီး​သည်​မေ​ဖိ​ဗော​ရှက်​ယေ​ရု​ရှ​လင် မြို့​မှ​ရောက်​ရှိ​လာ​သော​အ​ခါ``မေ​ဖိ​ဗော​ရှက်၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ​နှင့်​အ​တူ​မ လိုက်​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
2SA 19:26 မေ​ဖိ​ဗော​ရှက်​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သိ တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​သည်​ခြေ​ဆွံ့ သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ မြည်း​စီး​၍​လိုက်​နိုင်​ရန်​မြည်း​ကို​ကုန်း​နှီး အ​တင်​ခိုင်း​သော်​လည်း​အ​ကျွန်ုပ်​၏​အ​စေ​ခံ သည်​အ​ကျွန်ုပ်​အား​လှည့်​စား​ပါ​၏။-
2SA 19:27 သူ​သည်​အ​ကျွန်ုပ်​အ​ကြောင်း​ကို​လည်း​မင်း ကြီး​အား​လိမ်​လည်​လျှောက်​ထား​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့​ဖြစ်​သ​ဖြင့် မိ​မိ​မှန်​ကန် သည်​ဟု​အရှင်​ထင်​မြင်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​၏။-
2SA 19:28 အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​ထောင်​စု​သား အ​ပေါင်း​တို့​သည် အ​ရှင်​၏​လက်​တွင်​ကွပ်​မျက် ခြင်း​ကို​ခံ​ထိုက်​သူ​များ​ဖြစ်​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အ​ရှင့်​စား တော်​ပွဲ​တွင်​စား​သောက်​ခွင့်​ကို​ပေး​တော်​မူ ပါ​၏။ အ​ရှင်​မင်း​ကြီး​ထံ​မှ​အ​ဘယ်​အ​ရာ ကို​မျှ​ထပ်​မံ​အ​သ​နား​ခံ​ရန်​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။
2SA 19:29 မင်း​ကြီး​က``သင်​နောက်​ထပ်​ပြော​ဆို​ရန်​မ​လို တော့​ပြီ။ ရှော​လု​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သင်​နှင့် ဇိ​ဘ​တစ်​ဝက်​စီ​ယူ​ကြ​ရန်​ငါ​ဆုံး​ဖြတ်​ပြီး ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
2SA 19:30 မေ​ဖိ​ဗော​ရှက်​က​လည်း``အား​လုံး​သူ့​ကို​ပင် ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​ကောင်း​မွန် ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​ခြင်း​နှင့်​ပင် လျှင်​အ​ကျွန်ုပ်​ကျေ​နပ်​လျက်​နေ​ပါ​၏'' ဟု လျှောက်​၏။
2SA 19:31 ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​သည်​လည်း​မင်း ကြီး​အား ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ပို့​ဆောင် ရန်​ရော​ဂေ​လိမ်​မြို့​မှ​လာ​၏။-
2SA 19:32 ဗာ​ဇိ​လဲ​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​၍​အ​လွန် အို​မင်း​နေ​လေ​ပြီ။ သူ​သည်​အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​သ​ဖြင့် မ​ဟာ​နိမ်​မြို့​တွင် မင်း​ကြီး​စ​ခန်း​ချ​နေ​စဉ်​အ​ခါ​က​စား​နပ် ရိက္ခာ​ထောက်​ပံ့​ခဲ့​သူ​ဖြစ်​၏။-
2SA 19:33 မင်း​ကြီး​က​သူ့​အား``ငါ​နှင့်​အ​တူ​ယေ​ရု ရှ​လင်​မြို့​သို့​လိုက်​ခဲ့​လော့။ သင့်​အား​ငါ ကြည့်​ရှု​စောင့်​ရှောက်​မည်'' ဟု​ဆို​၏။
2SA 19:34 သို့​ရာ​တွင်​ဗာ​ဇိ​လဲ​က``အ​ကျွန်ုပ်​သည်​ကြာ ကြာ​အ​သက်​ရှင်​ရ​တော့​မည်​မ​ဟုတ်​ပါ။ အ ဘယ်​ကြောင့်​အ​ရှင်​မင်း​ကြီး​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​လိုက်​ရ​ပါ​မည်​နည်း။-
2SA 19:35 အ​ကျွန်ုပ်​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​ပါ​ပြီ။ အ​ဘယ်​အ​မှု​တွင်​မျှ​ပျော်​မွေ့​နှစ်​သက် ခြင်း​မ​ရှိ​တော့​ပါ။ စား​သောက်​သည့်​အ​စား အ​စာ​၏​အ​ရ​သာ​ကို​လည်း​မ​သိ​နိုင်​တော့ ပါ။ သီ​ချင်း​သံ​ကို​လည်း​မ​ကြား​နိုင်​ပါ။ အ ကျွန်ုပ်​သည်​အ​ရှင်​မင်းကြီး​အ​တွက်​ဝန်​လေး မည်​သာ​ဖြစ်​ပါ​၏။-
2SA 19:36 ဤ​သို့​ကြီး​မြတ်​သည့်​ဆု​လာဘ်​တော်​နှင့်​လည်း မ​ထိုက်​မ​တန်​ပါ။ သို့​သော်​အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် အ​ရှင် နှင့်​အ​တူ​အ​နည်း​ငယ်​လိုက်​ပါ​မည်။-
2SA 19:37 မိ​ဘ​တို့​၏​သင်္ချိုင်း​အ​နီး​တွင်​သေ​နိုင်​ရန် အကျွန်ုပ်​အား​အိမ်​သို့​ပြန်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​သူ​သည်​အ​ကျွန်ုပ်​၏​သား​ခိ​မ​ဟံ​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး၊ သူ့​အား​ခေါ်​ဆောင် သွား​ပြီး​နောက်​သူ့​အ​တွက်​အရှင်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။
2SA 19:38 မင်း​ကြီး​က​လည်း``ငါ​သည်​သူ့​ကို​ခေါ်​သွား ပြီး​လျှင်​သင်​အ​လို​ရှိ​သည့်​အ​တိုင်း​သူ့​အ​တွက် ဆောင်​ရွက်​ပေး​မည်။ သင်​၏​အ​တွက်​သင်​တောင်း လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​ပြန်​လည် မိန့်​ကြား​တော်​မူ​၏။-
2SA 19:39 ထို​နောက်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​၏။ မင်း​ကြီး​သည် ဗာ​ဇိ​လဲ​အား​နမ်း​ရှုပ်​ပြီး​လျှင်​ကောင်း​ချီး​ပေး တော်​မူ​၏။ ထို​နောက်​ဗာ​ဇိ​လဲ​သည်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။
2SA 19:40 မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​မှ​လူ​တို့​နှင့် ဣ​သ​ရေ​လ ပြည်​တစ်​ဝက်​မှ​လူ​တို့​သည်​မင်း​ကြီး​အား​လိုက် ပါ​ပို့​ဆောင်​ကြ​၏။ ထို​နောက်​မင်း​ကြီး​သည် ဂိ​လ​ဂါ​လ​မြို့​သို့​ဆက်​လက်​၍​ကြွ​တော်​မူ ၏။ ခိ​မ​ဟံ​သည်​လည်း​လိုက်​ပါ​သွား​လေ​သည်။-
2SA 19:41 ထို​အ​ခါ​ဣသ​ရေ​လ​အမျိုး​သား​အ​ပေါင်း​တို့ သည် မင်း​ကြီး​ထံ​လာ​၍``အ​ကျွန်ုပ်​တို့​၏​ညီ အစ်​ကို​များ​ဖြစ်​ကြ​သော​ယု​ဒ​ပြည်​သား တို့​သည်​အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​မိ​သား​စု၊ အ​ရှင့်​လူ​တို့​ကို​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့ ပို့​ဆောင်​ခွင့်​ရှိ​သည်​ဟု​အ​ဘယ်​ကြောင့်​ထင် မှတ်​ကြ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​ကြ​၏။
2SA 19:42 ယု​ဒ​ပြည်​သား​တို့​က``မင်း​ကြီး​သည်​ငါ​တို့ အ​နွယ်​ဝင်​ဖြစ်​သ​ဖြင့် ငါ​တို့​ထို​သို့​ပြု​ကြ ခြင်း​ဖြစ်​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ် ကြောင့်​အ​မျက်​ထွက်​ရ​ကြ​ပါ​သ​နည်း။ ငါ တို့​သည်​မင်း​ကြီး​၏​ရိက္ခာ​တော်​ကို​စား​၍ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ပါ​သ​လော'' ဟု ပြန်​ပြော​ကြ​၏။
2SA 19:43 ဣသ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​က``ဒါ​ဝိဒ် မင်း​သည်​သင်​တို့​ပြော​သည့်​အ​တိုင်း​သင်​တို့ အ​နွယ်​ဝင်​ပင်​ဖြစ်​စေ​ကာ​မူ ငါ​တို့​သည်​သင် တို့​ထက်​ဆယ်​ဆ​ပို​၍​သူ့​အား​ပိုင်​ဆိုင်​ခွင့်​ရှိ ပါ​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ အား​အ​ထင်​သေး​ကြ​ပါ​သ​နည်း။ အ​မှန် စင်​စစ်​မင်း​ကြီး​အား​ပြန်​လည်​ဖိတ်​ခေါ်​ရန် ဦး​စွာ​ပ​ထ​မ​ပြော​ဆို​ကြ​သူ​များ​ကား ငါ​တို့​ပင်​ဖြစ်​ပါ​၏'' ဟု​ဆို​၏။ သို့​ရာ​တွင်​ဤ​သို့​အ​ရေး​ဆို​ရာ​တွင်​ယု​ဒ ပြည်​သား​တို့​က​ဣ​သ​ရေ​လ​ပြည်​သား​တို့ ထက်​ပို​၍​ပြင်း​ထန်​ကြ​၏။
2SA 20:1 ဂိ​လ​ဂါ​လ​မြို့​တွင်​ဗိ​ခ​ရိ​၏​သား၊ ဗင်္ယာ​မိန် အ​နွယ်​ဝင်၊ ရှေ​ဘ​ဆို​သူ​လူ​ဆိုး​လူ​သွမ်း တစ်​ယောက်​ရှိ​၏။ သူ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​ပြီး လျှင်``ဒါ​ဝိဒ်​ကို​အ​လို​မ​ရှိ။ ငါ​တို့​သူ့​နောက် သို့​မ​လိုက်​လို။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​ငါ​တို့ သည်​အိမ်​သို့​ပြန်​ကြ​ကုန်​အံ့'' ဟု​ဟစ်​အော် ကြွေး​ကြော်​၏။-
2SA 20:2 ထို့​ကြောင့်​ဣ​သ​ရေ​လ​ပြည်​မှ​လူ​တို့​သည် ဒါ​ဝိဒ်​ကို​စွန့်​၍ ရှေ​ဘ​နှင့်​လိုက်​သွား​ကြ​၏။ ယု​ဒ​ပြည်​မှ​လူ​တို့​မူ​ကား​သစ္စာ​မ​ဖောက်​ဘဲ ယော်​ဒန်​မြစ်​မှ​ယေ​ရု​ရှ​လင်​မြို့​တိုင်​အောင် ဒါ​ဝိဒ်​နှင့်​လိုက်​သွား​ကြ​လေ​သည်။
2SA 20:3 ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှိ​သော​မိ​မိ ၏​နန်း​တော်​သို့​ရောက်​သော​အ​ခါ နန်း​တော်​စောင့် အ​ဖြစ်​ထား​ခဲ့​သည့်​မောင်း​မ​ဆယ်​ယောက်​ကို ထိန်း​သိမ်း​လိုက်​ပြီး​လျှင်​အ​စောင့်​နှင့်​ထား​၏။ သူ​တို့​အ​တွက်​လို​အပ်​သော​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပေး​တော်​မူ​သော်​လည်း​မင်း ကြီး​သည်​သူ​တို့​နှင့်​ကိုယ်​လက်​နှီး​နှော​မှု​ကို ပြု​တော်​မ​မူ။ သူ​တို့​သည်​တစ်​သက်​လုံး အ​ချုပ်​ခံ​ရ​ကာ​မု​ဆိုး​မ​များ​ကဲ့​သို့ နေ​ထိုင်​ရ​ကြ​၏။
2SA 20:4 မင်း​ကြီး​သည်​အာ​မ​သ​အား``သင်​သည်​ယု​ဒ ပြည်​သူ​တို့​အား​ခေါ်​ယူ​စု​ရုံး​စေ​ပြီး​လျှင် သန် ဘက်​ခါ​ထို​သူ​တို့​နှင့်​အ​တူ​ဤ​အ​ရပ်​သို့​ပြန် လာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
2SA 20:5 အာ​မ​သ​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​ခေါ်​ယူ ရန်​ထွက်​ခွာ​သွား​သော်​လည်း မင်း​ကြီး​ချိန်း​ဆို သည့်​အ​ချိန်​၌​ပြန်​လည်​၍​ရောက်​မ​လာ​ချေ။-
2SA 20:6 ထို့​ကြောင့်​မင်း​ကြီး​သည်​အ​ဘိ​ရှဲ​အား``ရှေ​ဘ သည်​အ​ဗ​ရှ​လုံ​ထက်​ပင်​ပို​၍​ငါ​တို့​အား ဒုက္ခ​ပေး​လိမ့်​မည်။ ငါ​၏​လူ​တို့​ကို​ခေါ်​၍​သူ့ နောက်​သို့​လိုက်​လော့။ သို့​မ​ဟုတ်​လျှင်​သူ​သည် မြို့​ရိုး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​များ​ကို​သိမ်း ယူ​ကာ​ငါ​တို့​လက်​မှ​လွတ်​မြောက်​သွား​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။-
2SA 20:7 သို့​ဖြစ်​၍​ယွာဘ​၏​လူ​များ၊ ကိုယ်​ရံ​တော်​တပ် သား​များ​နှင့်​အ​ခြား​တပ်​သား​အ​ပေါင်း​တို့ သည် အ​ဘိ​ရှဲ​နှင့်​အ​တူ​ရှေ​ဘ​ကို​လိုက်​လံ ရှာ​ဖွေ​ရန်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​ကြ လေ​သည်။-
2SA 20:8 ဂိ​ဗောင်​မြို့​ရှိ​ကျောက်​တုံး​ကြီး​သို့​ရောက် သော​အ​ခါ သူ​တို့​သည်​အာ​မ​သ​နှင့်​တွေ့ ဆုံ​မိ​ကြ​၏။ ယွာ​ဘ​သည်​စစ်​ပွဲ​ဝင်​ရန် အ​ဝတ်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ကာ ဋ္ဌား ကို​ဋ္ဌား​အိမ်​တွင်​ထည့်​၍​ခါး​ပတ်​တွင်​ချိတ် ထား​၏။ သူ​သည်​ရှေ့​သို့​တိုး​လိုက်​ရာ​ဋ္ဌား အိမ်​မှ​လျှော​ကျ​လာ​၏။-
2SA 20:9 ယွာ​ဘ​သည်​အာ​မ​သ​အား``မိတ်​ဆွေ၊ ကျန်း မာ​ပါ​၏​လော'' ဟု​ဆို​ပြီး​လျှင်​နမ်း​ရှုပ်​ဟန် ပြု​၍​ညာ​လက်​ဖြင့်​အာ​မ​သ​၏​မုတ်​ဆိတ် ကို​ဆွဲ​ကိုင်​ကာ၊-
2SA 20:10 အာ​မ​သ​သ​တိ​လစ်​နေ​စဉ်​သူ​၏​ဝမ်း​ကို လက်​ဝဲ​လက်​တွင်​ကိုင်​ထား​သော​ဋ္ဌား​နှင့်​ထိုး လိုက်​ရာ အူ​များ​မြေ​ပေါ်​သို့​ကျ​၍​ချက်​ချင်း ပင်​အာ​မ​သ​သေ​ဆုံး​လေ​၏။ ထို့​ကြောင့် ယွာ​ဘ​သည်​သူ့​အား​နောက်​တစ်​ချက်​ထပ် ၍​ထိုး​ရန်​မ​လို​တော့​ချေ။ ထို​နောက်​ယွာ​ဘ​နှင့် သူ​၏​ညီ​အ​ဘိ​ရှဲ တို့​သည် ရှေ​ဘ​၏​နောက်​သို့​လိုက်​ကြ​၏။-
2SA 20:11 ယွာ​ဘ​၏​ငယ်​သား​တစ်​ယောက်​သည်​အာ​မ​သ ၏​အ​လောင်း​အ​နီး​တွင်​ရပ်​လျက်``ယွာ​ဘ​နှင့် ဒါ​ဝိဒ်​၏​ဘက်​သား​မှန်​သ​မျှ​သည်​ယွာ​ဘ နောက်​သို့​လိုက်​ကြ​လော့'' ဟု​အော်​ဟစ်​၏။-
2SA 20:12 အာ​မ​သ​၏​အ​လောင်း​သည်​လမ်း​လယ်​တွင် သွေး​၌​လူး​လျက်​နေ​၏။ လူ​တိုင်း​ပင်​ထို နေ​ရာ​သို့​ရောက်​သော​အ​ခါ​ရပ်​တန့်​လိုက် ကြ​သည်​ကို​ယွာ​ဘ​၏​ငယ်​သား​မြင်​သော အ​ခါ အ​လောင်း​ကို​ကွင်း​ပြင်​သို့​ဆွဲ​ယူ ပြီး​လျှင်​အ​ဝတ်​နှင့်​အုပ်​ထား​လိုက်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​နီး​မှ​ဖြတ် သွား​သူ​အ​ပေါင်း​တို့​သည်​ထို​အ​လောင်း ကို​မြင်​ရ​ကြ​သော​ကြောင့်​ဖြစ်​၏။-
2SA 20:13 လမ်း​ပေါ်​မှ​အ​လောင်း​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ လူ​အ​ပေါင်း​တို့​သည်​ရှေ​ဘ​အား​လိုက် လံ​ဖမ်း​ဆီး​ရန်​ယွာ​ဘ​၏​နောက်​သို့​လိုက်​သွား ကြ​၏။
2SA 20:14 ရှေ​ဘ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​ထံ သို့ လှည့်​လည်​ပြီး​လျှင်​အာ​ဗေ​လ​ဗက်​မာ​ခ မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​အ​ခါ​ဗိ​ခ​ရိ သား​ချင်း​စု​ရှိ​သ​မျှ​တို့​သည် သူ့​နောက်​သို့ လိုက်​၍​မြို့​ထဲ​သို့​ဝင်​ကြ​၏။-
2SA 20:15 ယွာ​ဘ​၏​လူ​တို့​သည်​လည်း​ရောက်​ရှိ​လာ​ကြ လျက်​မြို့​ထဲ​တွင် ရှေ​ဘ​ခို​နေ​ကြောင်း​ကြား​၍ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လေ​သည်။ သူ​တို့​သည် မြို့​အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍ မြေ​က​တုတ် များ​ဖို့​ကာ​မြို့​ရိုး​ပြို​ကျ​စေ​ရန်​တံ​တိုင်း အောက်​မြေ​ကို​တူး​ကြ​၏။-
2SA 20:16 ထို​မြို့​ထဲ​တွင်​အသိ​အ​လိမ္မာ​ရှိ​သူ​အ​မျိုး သ​မီး​တစ်​ယောက်​ရှိ​၏။ သူ​က``သင်​တို့​နား ထောင်​ကြ​လော့။ နား​ထောင်​ကြ​လော့။ ငါ​သည် ယွာ​ဘ​နှင့်​စ​ကား​ပြော​လို​သည်။ သူ့​အား ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မြို့​ရိုး ပေါ်​မှ​ဟစ်​အော်​၏။-
2SA 20:17 ယွာ​ဘ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မျိုး သ​မီး​က``သင်​သည်​ယွာ​ဘ​ပေ​လော'' ဟု မေး​၏။ ``ဟုတ်​ပါ​သည်'' ဟု​ယွာ​ဘ​ဆို​လျှင်၊ ``အ​ရှင်​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ'' ဟု​အ​မျိုး​သ​မီး​က​ပြော​၏။ ``ယွာ​ဘ​က`အ​ကျွန်ုပ်​နား​ထောင်​နေ​ပါ​သည်' ဟု​ဆို​သော​အ​ခါ၊
2SA 20:18 အ​မျိုး​သ​မီး​က``အ​ကြောင်း​ပြီး​စေ​လို​သော် အာ​ဗေ​လ​မြို့​သို့​သွား​လော့' ဟု​ရှေး​ဆို​ရိုး စ​ကား​ရှိ​ပါ​၏။ လူ​တို့​သည်​ဤ​အ​တိုင်း လည်း​ပြု​ခဲ့​ကြ​၏။-
2SA 20:19 ကျွန်​မ​တို့​၏​မြို့​သည်​ကြီး​မြတ်​သည့်​မြို့၊ ဣ​သ​ရေ​လ​ပြည်​တွင်​ငြိမ်း​ချမ်း​မှု​ကို​အ​လို လား​ဆုံး၊ သစ္စာ​အ​ရှိ​ဆုံး​မြို့​တစ်​မြို့​ဖြစ်​ပါ​၏။ အ​ရှင်​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​ရန်​အ​ဘယ် ကြောင့်​ကြိုး​စား​နေ​ပါ​သ​နည်း။ ဘု​ရား​သ​ခင် ပိုင်​တော်​မူ​သော​အ​ရာ​ကို​အ​ရှင်​ပျက်​စီး​စေ လို​တော်​မူ​ပါ​သ​လော'' ဟု​မေး​၏။
2SA 20:20 ယွာ​ဘ​က``ထို​သို့​မ​ဟုတ်​ပါ။ ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ သင်​တို့​၏​မြို့​ကို​ဖျက်​ဆီး​မည် မ​ဟုတ်​ပါ။-
2SA 20:21 ဖျက်​ဆီး​ရန်​ငါ​တို့​မှာ​အ​ကြံ​အ​စည်​လည်း မ​ရှိ​ပါ။ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ဗိ​ခ​ရိ ၏​သား​ရှေ​ဘ​ဆို​သူ​သည် ဒါ​ဝိဒ်​မင်း​အား ပုန်​ကန်​မှု​ကို​စ​တင်​ပြု​လုပ်​ခဲ့​ပါ​၏။ ထို​သူ တစ်​ဦး​တည်း​ကို​ငါ့​အား​ပေး​အပ်​ပါ​မူ​ငါ သည်​ဤ​မြို့​မှ​ထွက်​ခွာ​သွား​ပါ​အံ့'' ဟု ပြန်​ပြော​လေ​၏။ အ​မျိုး​သ​မီး​က``ထို​သူ​၏​ဦး​ခေါင်း​ကို​မြို့​ရိုး ပေါ်​သို့​ကျော်​၍​ပစ်​ချ​လိုက်​ပါ​မည်'' ဟု​ဆို ပြီး​လျှင်၊-
2SA 20:22 မြို့​သူ​မြို့​သား​များ​ထံ​သွား​၍​အ​ကြံ​ပေး​၏။ သူ​တို့​သည်​ရှေ​ဘ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပြီး လျှင် တံ​တိုင်း​ကို​ကျော်​၍​ယွာ​ဘ​ထံ​သို့​ပစ် ပေး​ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ထို​မြို့​မှ​ထွက်​ခွာ​ကာ​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ကြ​ကုန်​၏။ ယွာ​ဘ​သည်​လည်း​ယေ​ရု ရှ​လင်​မြို့​ဘု​ရင့်​ထံ​တော်​သို့​ပြန်​လေ​၏။
2SA 20:23 ယွာ​ဘ​သည်​တပ်​မ​တော်​ဗိုလ်​ချုပ်​ဖြစ်​၍ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည် ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​သား​များ​ကို​အုပ်​ချုပ် ရ​၏။-
2SA 20:24 အ​ဒေါ​နိ​ရံ​သည်​ချွေး​တပ်​ကို​အုပ်​ချုပ်​ရ ၍​အ​ဟိ​လုပ်​၏​သား​ယော​ရှ​ဖတ်​သည်​မော် ကွန်း​ထိန်း​ဖြစ်​၏။-
2SA 20:25 ရှေ​ဝ​သည်​တ​ရား​ရုံး​တော်​အ​တွင်း​ဝန်​ဖြစ် ၍​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​ကြ​၏။-
2SA 20:26 ယာ​ဣ​ရ​မြို့​သား​ဣ​ရ​သည်​လည်း​ဒါ​ဝိဒ်​၏ ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ဖြစ်​သ​တည်း။
2SA 21:1 ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။-
2SA 21:2 (ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​များ​မ​ဟုတ်။ သူ​တို့​သည်​အာ မော​ရိ​အ​မျိုး​သား​လူ​နည်း​စု​ဖြစ်​၍ သူ​တို့ အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ကာ ကွယ်​စောင့်​ရှောက်​မည်​ဟု​က​တိ​ထား​ခဲ့​၏။ သို့ ရာ​တွင်​ရှော​လု​သည်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သူ​တို့​အ​တွက် စိတ်​ထက်​သန်​မှု​ကြောင့် ဂိ​ဗောင်​မြို့​မှ​လူ​တို့​အား​သုတ်​သင်​ရန် ကြိုး​စား​ခဲ့​သ​တည်း။-)
2SA 21:3 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ ကို​ခေါ်​၍``ငါ​သည်​သင်​တို့​အ​ဖို့​အ​ဘယ် အ​မှု​ကို​ပြု​ရ​ပါ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​အား​ကောင်း ချီး​ပေး​ကြ​စေ​ရန် ငါ​သည်​သင်​တို့​ခံ​ခဲ့​ရ သည့်​မ​တ​ရား​မှု​အ​တွက်​တစ်​ခု​ခု​ပြု လုပ်​ပေး​လို​ပါ​သည်'' ဟု​မိန့်​တော်​မူ​လျှင်၊
2SA 21:4 ထို​သူ​တို့​က``ရှော​လု​တို့​မိ​သား​စု​နှင့်​အ​ကျွန်ုပ် တို့​အ​ချင်း​ပွား​မှု​ကို​ရွှေ​ငွေ​နှင့်​ပေး​လျော်​၍ မ​ရ​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​ဣ​သ ရေ​လ​အ​မျိုး​သား​ကို​မျှ​လည်း​မ​သတ်​လို ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ``ထို​သို့​ဖြစ်​ပါ​မူ​သင်​တို့​အ​တွက်​အ​ဘယ်​သို့ ပြု​စေ​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
2SA 21:5 ထို​သူ​တို့​က``ရှော​လု​သည်​ဣသ​ရေ​လ​နိုင်​ငံ အ​တွင်း​၌ အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ အ​လျှင်း​မ​ကျန်​ရစ်​ရ​အောင်​သုတ်​သင်​ပစ် ရန်​ကြံ​ရွယ်​ခဲ့​ပါ​၏။-
2SA 21:6 သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။
2SA 21:7 ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊-
2SA 21:8 အဲ​အာ​၏​သ​မီး​ရိ​ဇ​ပ​နှင့်​ရှော​လု​ရ​ရှိ​သည့် သား​တော်​အာ​မော​နိ​နှင့်​မေ​ဖိ​ဗော​ရှက်​နှစ် ယောက်၊ မေ​ဟော​လ​မြို့​နေ​ဗာ​ဇိ​လဲ​၏​သား အ​ဒြေ​လ​နှင့်​ရှော​လု​၏​သ​မီး​မိ​ရပ်​ရ​ရှိ သည့်​သား​ငါး​ယောက်​တို့​ကို ဂိ​ဗောင်​မြို့​မှ လူ​တို့​အား​ပေး​အပ်​တော်​မူ​၏။-
2SA 21:9 ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ထို​သူ​တို့​အား တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် ၌​စက်​တိုင်​တင်​လိုက်​ကြ​၏။ ထို​သူ​ခု​နစ် ယောက်​စ​လုံး​တို့​သည်​နွေ​ဦး​ပေါက်​မု​ယော စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​၌​တစ်​ပြိုင်​နက် သေ​ကြ​လေ​သည်။
2SA 21:10 ထို​အ​ခါ​အဲ​အာ​၏​သ​မီး၊ ရှော​လု​၏​မောင်း​မ တော်​ရိ​ဇ​ပ​သည် လျှော်​တေ​ဝတ်​ကို​အ​လောင်း များ​ထား​ရာ​ကျောက်​ပေါ်​မှာ​မိုး​ပြီး​လျှင် စ​ပါး​ရိတ်​သိမ်း​စ​ကာ​လ​မှ​စ​၍ မိုး​ဦး​ကျ ချိန်​တိုင်​အောင်​အ​လောင်း​များ​ကို​နေ့​အ​ချိန် ၌​လေ​သတ္တ​ဝါ၊ ညဥ့်​အ​ချိန်​၌​မြေ​သတ္တ​ဝါ တို့​မ​ချဉ်း​ကပ်​စေ​ရန်​စောင့်​ရှောက်​လျက်​နေ လေ​၏။
2SA 21:11 ရိ​ဇ​ပ​၏​အ​ပြု​အ​မူ​ကို​သိ​ရှိ​တော်​မူ​သော အ​ခါ၊-
2SA 21:12 ဒါ​ဝိဒ်​သည်​ဂိ​လဒ်​ပြည်​သို့​သွား​၍​ယာ​ဗက်​မြို့ သား​တို့​ထံ​မှ ရှော​လု​နှင့်​ယော​န​သန်​၏​အ​ရိုး တို့​ကို​ဆောင်​ယူ​တော်​မူ​၏။ (ယာ​ဗက်​မြို့​သား တို့​သည်​ထို​အ​ရိုး​တို့​ကို​ဗက်​ရှန်​မြို့​ရင်​ပြင်​မှ လျှို့​ဝှက်​စွာ​ဆောင်​ယူ​ခဲ့​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ဂိ​လ​ဗော​တောင်​ပေါ်​တွင် ရှော​လု ကို​သတ်​ပြီး​နောက်​သူ​၏​အ​လောင်း​နှင့်​ယော န​သန်​၏​အ​လောင်း​ကို​ဗက်​ရှန်​မြို့​ရင်​ပြင် တွင်​ဆွဲ​ထား​ကြ​သည်။-)
2SA 21:13 ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​၏ အ​ရိုး​ကို​ယူ​ပြီး​နောက် စက်​တိုင်​အ​တင်​ခံ ရ​သော​ခု​နစ်​ယောက်​တို့​၏​အ​ရိုး​တို့​ကို လည်း​စု​သိမ်း​တော်​မူ​၏။-
2SA 21:14 ထို​နောက်​သူ​တို့​သည်​ထို​အ​ရိုး​များ​ကို​ရှော​လု နှင့်​ယော​န​သန်​၏​အ​ရိုး​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် နယ်၊ ဇေ​လ​မြို့​ရှိ​ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ ၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​တို့​သည်​မင်း ကြီး​မိန့်​မှာ​တော်​မူ​လိုက်​သ​မျှ​တို့​ကို​ဆောင် ရွက်​ကြ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ပြည် တော်​အ​တွက် ထို​သူ​တို့​တောင်း​လျှောက်​သည့် ဆု​တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​တော် မူ​၏။
2SA 21:15 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​တစ်​ဖန်​စစ်​ဖြစ်​ကြ​ပြန်​၏။ ဒါ​ဝိဒ် နှင့်​လူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ တိုက်​ပွဲ​တစ်​ခု​တွင် ဒါ​ဝိဒ်​သည်​မော​ပန်း​လျက်​နေ​၏။-
2SA 21:16 ဣ​ရှ​ဗိ​ဗေ​နုပ်​ဟု​နာ​မည်​တွင်​သော​အ​လွန် ထွား​ကြိုင်း​သူ​လူ​တစ်​ယောက်​သည် ဒါ​ဝိဒ် အား​လုပ်​ကြံ​မည်​ပြု​၏။ သူ​သည်​ဋ္ဌား​တစ် လက်​ကို​ကိုင်​ဆောင်​ထား​၏။ သူ​၏​ကြေး​ဝါ လှံ​သည်​ခု​နစ်​ပေါင်​လေး​၏။ ဇေ​ရု​ယာ​သား အ​ဗိ​ရှဲ​သည်​ဒါ​ဝိဒ်​ကို​ကူ​ညီ​၍​ဖိ​လိတ္တိ လူ​ကို​တိုက်​သတ်​လေ​၏။-
2SA 21:17 ဒါ​ဝိဒ်​၏​လူ​တို့​သည်​မင်း​ကြီး​အား နောက် တစ်​ဖန်​မိ​မိ​တို့​နှင့်​အ​တူ​စစ်​ပွဲ​သို့​လိုက် တော်​မ​မူ​ရန်​က​တိ​ပြု​စေ​ကြ​၏။ သူ​တို့ က``အ​ရှင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​အ​ရှင့်​အား​ဘေး​မ​ရောက်​စေ​လို​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
2SA 21:18 ထို​နောက်​ဂေါ​ဘ​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​နှင့်​တစ်​ဖန်​တိုက်​ပွဲ​ဖြစ်​ပြန်​ရာ ဟု​ရှ မြို့​သား​သိ​ဗေ​ခဲ​သည်​သာ​ဖ​နာ​မည်​ရှိ အ​လွန်​ထွား​ကျိုင်း​သူ​ကို​သတ်​ဖြတ်​လိုက် လေ​သည်။
2SA 21:19 ဂေါ​ဘ​မြို့​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ နှင့်​အ​ခြား​တိုက်​ပွဲ​တစ်​ခု​ဖြစ်​ပြန်​၏။ ထို တိုက်​ပွဲ​တွင်​ယာ​ဣရ​၏​သား၊ ဗက်​လင်​မြို့ သား​ဧ​လ​ဟာ​နန်​သည်​ဂါ​သ​မြို့​သား ဂေါ​လျတ်​ကို​သတ်​ဖြတ်​လိုက်​၏။ ဂေါ​လျတ် ၏​လှံ​ရိုး​သည်​ယက်​ကန်း​လက်​လိပ်​တန် တ​မျှ​ကြီး​သ​တည်း။
2SA 21:20 ထို​နောက်​တစ်​ဖန်​ဂါ​သ​မြို့​၌​ပင်​တိုက်​ပွဲ တစ်​ခု​ဖြစ်​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​စစ်​တိုက် ဝါ​သ​နာ​ပါ​၍​အ​လွန်​ထွား​ကျိုင်း​သူ​လူ တစ်​ယောက်​ပါ​ရှိ​၏။ သူ​၏​လက်​များ​တွင် လက်​ချောင်း​ခြောက်​ချောင်း​စီ​နှင့်​ခြေ​များ တွင်​ခြေ​ချောင်း​ခြောက်​ချောင်း​စီ​ရှိ​၏။-
2SA 21:21 သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ကြိုး​စား​ပြော​ဆို​သ​ဖြင့် ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ယော​န​သန်​က​သူ့​ကို​သတ် လိုက်​လေ​သည်။
2SA 21:22 ဤ​လူ​လေး​ယောက်​တို့​သည်​ဂါ​သ​မြို့​ရှိ​ထွား ကျိုင်း​သူ​များ​အ​မျိုး​အ​နွယ်​မှ​ဆင်း​သက် ပေါက်​ဖွား​လာ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့ သည်​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​၏​လက်​ရုံး​ရည် ဖြင့်​ကျ​ဆုံး​ရ​ကြ​လေ​သ​တည်း။
2SA 22:1 ရှော​လု​နှင့်​အ​ခြား​ရန်​သူ​တို့​၏​လက်​မှ​ထာ​ဝ​ရ ဘု​ရား​ကယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​ပြီး​သည့် အ​ခါ​၌ ဒါ​ဝိဒ်​သည်​အောက်​ပါ​သီ​ချင်း​ကို ဖွဲ့​ဆို​၏။
2SA 22:2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ကယ်​တင်​ရှင် ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။
2SA 22:3 ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ပါ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍ ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ့​ကို​ကွယ်​ကာ​၍​အ​ကြမ်း​ဖက်​မှု​မှ​ကယ်​တော် မူ​၏။
2SA 22:4 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​သည့် အ​ခါ​တိုင်း​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
2SA 22:5 သေ​မင်း​၏​လှိုင်း​တံ​ပိုး​များ​သည်​ငါ့​ကို​ဝိုင်း​ရံ လျက်​ရှိ​၏။ ဆုံး​ပါး​ပျက်​စီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏ အ​ပေါ်​သို့ လွှမ်း​မိုး​၍​လာ​ကြ​၏။
2SA 22:6 မ​ရ​ဏာ​နိုင်​ငံ​၏​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ကြ​၏။ သေ​မင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​၏။
2SA 22:7 ငါ​သည်​ဒုက္ခ​ရောက်​၍​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​သ​ခင်​အား ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှာ​ငါ​၏​အ​သံ ကို ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​ခေါ်​သံ​ကို​ကြား​တော် မူ​၏။
2SA 22:8 ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကြောင့် မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။ မိုး​ကောင်း​ကင်​၏​အ​ခြေ​အ​မြစ်​တို့​သည် ရွေ့​လျား​တုန်​လှုပ်​ကြ​၏။
2SA 22:9 နှာ​ခေါင်း​တော်​ထဲ​မှ​မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။
2SA 22:10 ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ကွေး​ညွှတ်​စေ​ပြီး​လျှင်​ဆင်း​သက်​ကြွ​လာ တော်​မူ​၏။ ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။
2SA 22:11 ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်​လေ​ပြင်း အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။
2SA 22:12 ကိုယ်​တော်​သည်​မှောင်​မိုက်​တည်း​ဟူ​သော ရေ​ခိုး​ရေ​ငွေ့​အ​ပြည့်​ပါ​ရှိ​သည့် ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ကို​ပတ်​လည်​တော်​၌ ကာ​ရံ​စေ​တော်​မူ​၏။
2SA 22:13 ရှေ့​တော်​၌​လျှပ်​စီး​ပြက်​သ​ဖြင့်​မီး​ကျီး ခဲ​များ​သည် အ​လျှံ​ထ​လေ​၏။
2SA 22:14 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ တော်​သည် ထွက်​ပေါ်​လာ​၏။
2SA 22:15 ကိုယ်​တော်​သည်​မြား​တော်​တို့​ကို ပစ်​လွှတ်​တော်​မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ လျှပ်​စီး​ပြက်​စေ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။
2SA 22:16 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​၍ ဆုံး​မ​ကြိမ်း​ဝါး​တော်​မူ​သော​အ​ခါ၊သ​မုဒ္ဒ​ရာ အောက်​ခံ​နှင့်​ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​အ​မြစ်​တို့​သည်​ဟင်း​လင်း​ထင်​ပေါ်​လာ ကုန်​၏။
2SA 22:17 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​လက်​တော်​ကို ဆန့်​တော်​မူ​၍​ငါ့​ကို​ကိုင်​တော်​မူ​၏။ ရေ​နက်​ကြီး​ထဲ​မှ​ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။
2SA 22:18 ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ရန်​သူ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏​လက်​မှ ငါ့​ကို​ကယ်​တော်​မူ​၏။ သူ​တို့​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​အောင်​ခွန်​အား ကြီး​ပါ​၏။
2SA 22:19 ငါ​သည်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
2SA 22:20 ကိုယ်​တော်​သည်​ငါ့​ကို​ဘေး​မှ​လွတ်​မြောက်​ရန် ကူ​မ​တော်​မူ​၏။ ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။
2SA 22:21 ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဆု​လာဘ်​များ ချ​ပေး​တော်​မူ​၏။ ငါ​သည်​အ​ပြစ်​ကင်း​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။
2SA 22:22 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခဲ့​ပါ​၏။ ငါ​၏​ဘု​ရား​သ​ခင်​ကို​ကျော​မ​ခိုင်း​ခဲ့​ပါ။
2SA 22:23 ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ခဲ့​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။
2SA 22:24 ငါ​သည်​အ​ပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
2SA 22:25 ထို့​ကြောင့်​ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ငါ့​အား​ဆု​လာဘ်​များ​ကို ပေး​သ​နား​တော်​မူ​၏။
2SA 22:26 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သစ္စာ​ရှိ သူ​တို့​အား​သစ္စာ​စောင့်​တော်​မူ​၏။ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့​အား အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ​ကျေး​ဇူး​ပြု​တော်​မူ တတ်​၏။
2SA 22:27 စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ဆန့်​ကျင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း​ပြ​တော် မူ​၏။
2SA 22:28 ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​အား​ကယ်​တော် မူ​၏။ သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​၏။
2SA 22:29 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​၏​အ​လင်း​ဖြစ်​လျက်​အ​ကျွန်ုပ်​၏ အ​မှောင်​ကို​လင်း​စေ​တော်​မူ​၏။
2SA 22:30 ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန် ခွန်​အား​ကို​လည်း​ကောင်း၊ သူ​တို့​၏​ခံ​တပ်​များ​ကို​ဖြို​ခွင်း​ရန်​တန်​ခိုး​ကို လည်း​ကောင်း​အ​ကျွန်ုပ်​အား​ပေး​တော်​မူ​၏။
2SA 22:31 ဤ​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​ပါ​၏။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​လည်း ယုံ​ကြည်​ကိုး​စား​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​အား​ကိုး​စား​သူ​အ​ပေါင်း တို့ အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ်​တော်​မူ​၏။
2SA 22:32 ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့ ကွယ်​ကာ​ရာ​ဖြစ်​တော်​မူ​၏။
2SA 22:33 ဤ​ဘု​ရား​ကား​ငါ​ခို​လှုံ​ရာ​ခိုင်​ခံ့​သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​လိုက်​လျှောက်​ရာ ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ​စေ​တော်​မူ​၏။
2SA 22:34 ကိုယ်​တော်​သည်​ငါ့​အား​သ​မင်​ကဲ့​သို့​ခြေ​မြဲ​စေ​၍ တောင်​များ​ပေါ်​တွင်၊ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော် မူ​၏။
2SA 22:35 အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။
2SA 22:36 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​သ​ဖြင့်​အ​ကျွန်ုပ်​သည် ကြီး​မြင့်​လာ​ရ​ပါ​၏။
2SA 22:37 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ရန်​သူ​ဖမ်း​ဆီး​ခြင်း မ​ခံ​ရ​အောင်​စီ​ရင်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ခဲ့​သည်​မ​ရှိ​ပါ။
2SA 22:38 အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​လျက် သူ​တို့​အား​နှိမ်​နင်း​ပယ်​ရှား​ပြီး​သည့်​တိုင်​အောင် မ​ပြန်​ပါ။
2SA 22:39 အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​ပါ​၏။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ခြေ​ရင်း​တွင်​လဲ​၍ အ​ညံ့​ခံ​ကြ​ပါ​၏။
2SA 22:40 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​စစ်​ပွဲ​ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​ပါ​၏။ ရန်​သူ​များ​အ​ပေါ်​တွင်​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။
2SA 22:41 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​၏​ရှေ့​မှ​ရန်​သူ​များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​မိ​မိ​ကို​မုန်း​သော​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ခွင့်​ကို​ရ​ပါ​၏။
2SA 22:42 သူ​တို့​သည်​ကယ်​မည့်​သူ​ကို​ရှာ​သော်​လည်း ကယ်​မည့်​သူ​မ​ရှိ​ပါ။ ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​ကြ​သော်​လည်း ထူး​တော်​မ​မူ​ပါ။
2SA 22:43 အ​ကျွန်ုပ်​သည်​သူ​တို့​အား​ချေ​မှုန်း​သ​ဖြင့် သူ​တို့​သည် မြေ​မှုန့်​ကဲ့​သို့​ညက်​ညက်​ကြေ​ကြ​ပါ​၏။ လမ်း​ပေါ်​မှ​ရွှံ့​ကို​နင်း​သ​ကဲ့​သို့​သူ​တို့​အား အ​ကျွန်ုပ်​နင်း​ပါ​၏။
2SA 22:44 ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ပုန်​ကန်​သော ပြည်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​မ​သိ​ဘူး​သော​လူ​မျိုး​တို့​သည်​ယခု​အ​ခါ​၌ အ​ကျွန်ုပ်​ထံ​အ​ခွန်​ဆက်​ရ​ကြ​ပါ​၏။
2SA 22:45 လူ​မျိုး​ခြား​တို့​သည်​အ​ကျွန်ုပ်​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​အ​မိန့်​ကို​ကြား​သော အ​ခါ နာ​ခံ​ကြ​ပါ​၏။
2SA 22:46 သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ မိ​မိ​တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။
2SA 22:47 ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​၏။ ငါ့​အား​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ တန်​ခိုး​ကြီး​၍​ငါ့​ကို​ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း ကြွေး​ကြော်​ကြ​လော့။
2SA 22:48 ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို​အောင် မြင်​ခွင့် ပေး​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊
2SA 22:49 ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား​ရန်​သူ​များ​ကို​အောင်​မြင်​ခွင့် ပေး​တော်​မူ​၍ အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။
2SA 22:50 သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​လူ​မျိုး​တ​ကာ​တို့​ရှေ့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို ပါ​မည်။
2SA 22:51 ဘု​ရား​သ​ခင်​သည်​မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော ဘု​ရင်​အား​အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော ဒါ​ဝိဒ်​မင်း​မှ​စ​၍​အ​ဆက်​အ​နွယ်​တို့​အား၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ပြ​တော်​မူ​၏။
2SA 23:1 ဘု​ရား​သ​ခင်​ချီး​မြှင့်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဘု​ရင်​အ​ဖြစ်​ဖြင့် ယာ​ကုပ်​၏​ဘု​ရား​ဘိ​သိက်​ပေး တော်​မူ​သော​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် သာ​ယာ​စွာ သီ​ချင်း​ဖွဲ့​ဆို​သော​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​နောက် ဆုံး​မိန့်​မြွက်​သည့်​စ​ကား​ကား​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။
2SA 23:2 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​ဖြင့် မိန့်​ကြား​တော်​မူ​၏။ နှုတ်​က​ပတ်​တော်​သည်​ငါ​၏​နှုတ်​ဖျား​တွင် တည်​လျက်​ရှိ​၏။
2SA 23:3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ်​ကာ​ရာ အ​ရှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ဤ​သို့​မိန့်​တော်​မူ​၏။ ``ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​လျက် တ​ရား​မျှ​တ​စွာ​အုပ်​စိုး​သော​မင်း​သည်၊
2SA 23:4 မိုး​ရွာ​ပြီး​နောက်​မိုး​သား​များ​ကင်း​စင်​လျက် အ​ရုဏ်​တက်​ချိန်​အ​ခါ​မြက်​များ​ကို​အ​ရောင် လက်​စေ​သည့်​နေ​မင်း​နှင့်​တူ​၏''
2SA 23:5 ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။
2SA 23:6 သို့​ရာ​တွင်​ဘု​ရား​မဲ့​သူ​တို့​မူ​ကား​ဖယ် ရှား​ခြင်း​ကို ခံ​ရ​သည့်​ဆူး​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​ဆူး​ပင်​တို့​ကို​အ​ဘယ်​သူ​မျှ​လက်​နှင့် မ​ကိုင်​မ​တွယ်​နိုင်။
2SA 23:7 ယင်း​တို့​ကို​ကိုင်​တွယ်​ရန်​သံ​တန်​ဆာ​သို့​မ​ဟုတ် လှံ​တံ​ကို​အ​သုံး​ပြု​ရ​၏။ ထို​ဆူး​ပင်​တို့​သည်​မီး​ရှို့​၍​လုံး​ဝ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။
2SA 23:8 ဒါ​ဝိဒ်​၏​သူ​ရဲ​ကောင်း​တို့​၏​နာ​မည်​များ​ကို ဖော်​ပြ​အံ့။ ပ​ထ​မ​သူ​ရဲ​ကောင်း​မှာ​ဟ​ပေါ​နိ မြို့​သား၊ သူ​ရဲ​ကောင်း​သုံး​ဦး​တို့​၏​ခေါင်း​ဆောင် ယာ​ရှော​ဘံ​ဘက်​ရှိ​ဗက်​ဖြစ်​သည်။ သူ​သည်​တိုက် ပွဲ​တစ်​ခု​တည်း​၌​လူ​ရှစ်​ရာ​ကို​မိ​မိ​၏​လှံ​ဖြင့် ထိုး​သတ်​ခဲ့​သူ​ဖြစ်​၏။
2SA 23:9 သူ​ရဲ​ကောင်း​သုံး​ဦး​တို့​အ​နက်​ဒု​တိ​ယ​သူ​ရဲ ကောင်း​မှာ​အာ​ဟော​၏​သား​ချင်း​စု​ဝင်​ဒေါ​ဒေါ ၏​သား၊ ဧ​လာ​ဇာ​ဖြစ်​၏။ အ​ခါ​တစ်​ပါး​က ဧ​လာ​ဇာ​သည်​စစ်​ဆင်​ရန်​စု​ရုံး​လျက်​ရှိ​သော ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဒါ​ဝိဒ်​နှင့်​တ​ကွ စိန်​ခေါ်​ခဲ့​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဆုတ်​ခွာ​ကြ​သော်​လည်း၊-
2SA 23:10 သူ​သည်​မ​ဆုတ်​ခွာ​ဘဲ​လက်​အံ​သေ​၍​ဋ္ဌား ကို​လက်​နှင့်​ခွာ​မ​ရ​သည့်​တိုင်​အောင် ဖိ​လိတ္တိ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။ ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး ကို​ခံ​စေ​တော်​မူ​သ​ဖြင့်​တိုက်​ပွဲ​ပြီး​ဆုံး သွား​သော​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျ​ဆုံး​သည့်​သူ​များ​ထံ​မှ​လက် နက်​တန်​ဆာ​များ​ကို​သိမ်း​ယူ​ရန်​ဧ​လာ ဇာ​ရှိ​ရာ​သို့​လာ​ရောက်​ကြ​၏။
2SA 23:11 တ​တိ​ယ​သူ​ရဲ​ကောင်း​မှာ​အာ​ဂိ​၏​သား၊ ဟ​ရ​ရိ​မြို့​သား​ရှမ္မ​ဖြစ်​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ပဲ​ခင်း​ရှိ​သော​လေ​ဟိ​အ​ရပ် တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​ထံ​မှ​ထွက်​ပြေး​ကြ​သော်​လည်း၊-
2SA 23:12 ရှမ္မ​သည်​ပဲ​ခင်း​မှ​မ​ဆုတ်​ခွာ​ဘဲ​ခု​ခံ​ကာ ကွယ်​ကာ​ဖိ​လိတ္တိ​အမျိုး​သား​တို့​ကို​သတ် ဖြတ်​သ​ဖြင့် ထို​နေ့​၌​ထာ​ဝ​ရ​ဘုရား​သည် အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။
2SA 23:13 ကောက်​ရိတ်​ချိန်​နီး​သော​အ​ခါ​ရဲ​ဘော်​သုံး ကျိပ်​ဝင်​သူ​ရဲ​ကောင်း​သုံး​ယောက်​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​အ​ဒု​လံ​ဥ​မင်​သို့​ဆင်း​သွား ကြ​၏။ ထို​အ​ချိန်​၌​ဖိ​လိတ္တိ​အ​မျိုး​သား တစ်​စု​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​၌​တပ်​စ​ခန်း ချ​လျက်​ရှိ​နေ​ကြ​၏။-
2SA 23:14 ထို​အ​ခါ​က​ဒါ​ဝိဒ်​သည်​တောင်​ပေါ်​ခံ​တပ် ထဲ​တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု က​ဗက်​လင်​မြို့​ကို​သိမ်း​ယူ​ထား​ကြ​၏။-
2SA 23:15 ဒါ​ဝိဒ်​က``ဗက်​လင်​မြို့​တံ​ခါး​အ​နီး​ရှိ ရေ​တွင်း​မှ​ရေ​ကို​ငါ​သောက်​ချင်​ပါ​ဘိ'' ဟု​တောင့်​တ​ပြော​ဆို​မိ​ရာ၊-
2SA 23:16 နာ​မည်​ကျော်​ရဲ​ဘော်​သုံး​ယောက်​တို့​သည် ဖိ​လိတ္တိ​တပ်​စ​ခန်း​ကို​ထိုး​ဖောက်​ပြီး​နောက် ရေ​တွင်း​မှ​ရေ​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​မင်း​ကြီး​သည် ထို​ရေ​ကို​သောက်​တော်​မ​မူ​ဘဲ​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း လောင်း​လျက်၊-
2SA 23:17 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ဘယ် နည်း​နှင့်​မျှ​ဤ​ရေ​ကို​မ​သောက်​နိုင်​ပါ။ အ​သက် စွန့်​၍​ရေ​ခပ်​ကြ​သူ​တို့​၏​သွေး​ကို​သောက် သည်​နှင့်​တူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​သုံး​ဦး တို့​၏​စွန့်​စား​ခန်း​များ​ပင်​တည်း။
2SA 23:18 ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​ခဲ့​သ ဖြင့်​ရဲ​ဘော်​သုံး​ကျိပ်​တွင်​နာ​မည်​ကြီး​လာ ၏။-
2SA 23:19 သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း​သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။
2SA 23:20 ကပ်​ဇေ​လ​မြို့​မှ​ယော​ယ​ဒ​၏​သား​ဗေ နာ​ယ​သည်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရဲ​ဝံ့​စွန့်​စား​ရ​သော​အ​မှု များ​ကို​ပြု​ခဲ့​၏။ သူ​သည်​အ​လွန်​ကြီး​မား သော​မော​ဘ​စစ်​သူ​ရဲ​နှစ်​ယောက်​ကို​သတ် ခဲ့​၏။ အ​လွန်​ချမ်း​ဧ​သော​ဆောင်း​နေ့​တစ်​နေ့ ၌​သား​ရဲ​တွင်း​တစ်​ခု​သို့​ဝင်​၍​ခြင်္သေ့​တစ် ကောင်​ကို​သတ်​ခဲ့​၏။-
2SA 23:21 သူ​သည်​လှံ​ကို​ကိုင်​ဆောင်​ထား​သူ​အလွန် ကြီး​မား​သော​အီ​ဂျစ်​အ​မျိုး​သား​တစ် ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ​သည် ထို​သူ​ကို​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ ၏​လက်​မှ​လှံ​ကို​လု​ယူ​လိုက်​၏။ ထို​နောက် ထို​လှံ​ဖြင့်​ပင်​သူ့​အား​သတ်​လိုက်​၏။-
2SA 23:22 ဤ​သည်​တို့​ကား​ရဲ​ဘော်​သုံး​ကျိပ်​ဝင်​ဗေ နာ​ယ​၏​စွန့်​စား​ခန်း​များ​ပင်​ဖြစ်​၏။-
2SA 23:23 သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း​သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​သည်​သူ့ အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့် ထား​တော်​မူ​၏။
2SA 23:24 ရဲ​ဘော်​သုံး​ကျိပ်​ဝင်​အ​ခြား​သူ​ရဲ​ကောင်း များ​ကို​ဖော်​ပြ​အံ့။ ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ၊ ဗက်​လင်​မြို့​နေ​ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်၊ ဟ​ရော​ဒိ​မြို့​သား၊ ရှမ္မ​နှင့်​ဧ​လိ​က၊ ဖာ​လာ​တိ​မြို့​သား​ဟေ​လက် တေ​ကော​မြို့​နေ​ဣ​ကေ​ရှ​၏​သား​ဣ​ရ အ​နေ​သော​သိ​မြို့​သား​အ​ဗျေ​ဇာ၊ ဟု​ရှ​သိ​မြို့​သား​မေ​ဗုန္နဲ၊ အ​ဟော​ဟိ​မြို့​သား​ဇာ​လ​မုန်၊ နေ​တော​ဖာ​သိ​မြို့​သား​မ​ဟာ​ရဲ​နှင့် ဗာ​နာ​၏​သား​ဟေ​လက်၊ ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​နေ​ရိ​ဘဲ​၏​သား​အိတ္တဲ၊ ပိ​ရ​သော​နိ​မြို့​သား​ဗေ​နာ​ယ၊ ဂါ​ရှ​အ​နီး​ရှိ​ချိုင့်​ဝှမ်း​နေ​ဟိဒ္ဒဲ၊ အ​ရ​ဗ​မြို့​သား​အ​ဗျာ​လ​ဗုန်၊ ဗာ​ဟု​မိ​မြို့​သား​အာ​ဇ​မာ​ဝက်၊ ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ၊ ယာ​ရှင်​၏​သား​များ၊ ယော​န​သန်၊ ဟာ​ရာ​ရိ​မြို့​သား​ရှမ္မ၊ အာ​ရာ​မြို့​နေ​ရှာ​ရ​၏​သား​အ​ဟိ​အံ၊ မာ​ခါ​သိ​မြို့​နေ​အ​ဟ​သ​ဘဲ​၏​သား​ဧ​လိ​ဖ၊ ဂိ​လော​မြို့​နေ​အ​ဟိ​သော​ဖေ​လ​၏​သား ဧ​လျံ၊ က​ရ​မေ​လ​မြို့​သား​ဟေ​ဇ​ရဲ၊ အာ​ရပ်​မြို့​သား​ဖာ​ရဲ၊ ဇော​ဘ​မြို့​နေ​နာ​သန်​၏​သား​ဣဂါ​လ၊ ဂဒ်​နယ်​၏​သား​ဗာ​နိ၊ အမ္မုန်​အ​မျိုး​သား​ဇေ​လက်၊ ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​၏​လက်​နက်​ကိုင် ဗေ​ရော​သိ​မြို့​သား​န​ဟာ​ရဲ၊ ဣ​သ​ရိ​မြို့​သား​ဣ​ရ​နှင့်​ဂါ​ရက်၊ ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ၊ စ​သည်​ဖြင့်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​စု​စု ပေါင်း​သုံး​ကျိပ်​ခု​နစ်​ယောက်​ရှိ​သ​တည်း။
2SA 24:1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​ဒဏ်​ခတ်​ရန်​ဒါ​ဝိဒ်​အား​အ​ပြစ်​ကူး မိ​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် သွား​၍​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​တွင်​သန်း ခေါင်​စာ​ရင်း​ကောက်​ယူ​လော့'' ဟု​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​၏။-
2SA 24:2 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​မ​တော် ဗိုလ်​ချုပ်​ယွာ​ဘ​အား``သင်​၏​တပ်​မှူး​များ​နှင့် အ​တူ​တိုင်း​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​တို့​ထံ​သို့​သွား ၍​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​လော့။ လူ​ဦး ရေ​မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု​မိန့်​တော်​မူ​၏။
2SA 24:3 သို့​ရာ​တွင်​ယွာ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား ယ​ခု​ထက်​အ​ဆ တစ်​ရာ​ပို​၍​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ စေ​သော။ အ​ရှင်​သည်​လည်း​ယင်း​သို့​တိုး​ပွား သည်​ကို​တွေ့​မြင်​ရ​သည်​တိုင်​အောင်​အ​သက် ရှည်​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​အ​ရှင် မင်း​ကြီး​သည်​အ​ဘယ်​ကြောင့်​ဤ​အ​မှု ကို​ပြု​တော်​မူ​လို​ပါ​သ​နည်း'' ဟု​ဒါ​ဝိဒ် အား​လျှောက်​လေ​၏။-
2SA 24:4 သို့​သော်​လည်း​အ​ရှင်​မင်း​ကြီး​သည်​ယွာ​ဘ နှင့်​တပ်​မှူး​တို့​အား မိ​မိ​၏​အ​မိန့်​အ​တိုင်း လိုက်​နာ​စေ​တော်​မူ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက် ယူ​ရန်​အ​ထံ​တော်​မှ​ထွက်​သွား​ကြ​၏။
2SA 24:5 သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး လျှင် ဂဒ်​နယ်​ချိုင့်​ဝှမ်း​အ​လယ်​ရှိ​အာ​ရော်​မြို့ ၏​တောင်​ဘက်​တွင်​စ​ခန်း​ချ​ကြ​၏။ ထို​နောက် ထို​အ​ရပ်​မှ​မြောက်​ဘက်​တွင်​ရှိ​သော​ယာ​ဇာ မြို့​သို့​လည်း​ကောင်း၊-
2SA 24:6 ထို​မှ​တစ်​ဖန်​ဂိ​လဒ်​ပြည်​နှင့်​ဟိတ္တိ​နယ်​ကာ ဒေ​ရှ​မြို့​သို့​လည်း​ကောင်း​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​၏။ ထို​နောက်​ဒန်​မြို့​နှင့်​ဇိ​ဒုန်​မြို့​တစ် ဝိုက်​သို့​သွား​ကြ​၏။-
2SA 24:7 ထို​နောက်​ရဲ​တိုက်​ရှိ​ရာ​တု​ရု​မြို့​သို့​သွား ပြီး​လျှင် ဟိ​ဝိ​အ​မျိုး​သား​များ​နှင့်​ကာ​န​နိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​မြို့​အ​ပေါင်း​သို့ လည်း​ကောင်း၊ နောက်​ဆုံး​၌​ယု​ဒ​ပြည်​တောင် ပိုင်း​ရှိ​ဗေ​ရ​ရှေ​ဗ​မြို့​သို့​လည်း​ကောင်း​သွား ရောက်​ကြ​လေ​သည်။-
2SA 24:8 သူ​တို့​သည်​တိုင်း​နိုင်​ငံ​တစ်​ဝန်း​လုံး​ကို​လှည့် လည်​၍ ကိုး​လ​နှင့်​အ​ရက်​နှစ်​ဆယ်​ကြာ​သော အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​ကြ​၏။-
2SA 24:9 သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​စစ်​မှု​ထမ်း နိုင်​သူ​လူ​ပေါင်း​ရှစ်​သိန်း​နှင့် ယု​ဒ​ပြည်​တွင် ငါး​သိန်း​ရှိ​ကြောင်း​မင်း​ကြီး​အား​အ​စီ​ရင် ခံ​ကြ​၏။
2SA 24:10 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​သန်း​ခေါင်​စာ​ရင်း ကောက်​ပြီး​သော​အ​ခါ​နောင်​တ​ရ​လျက် ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ဤ ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​အား​အပြစ်​ဖြေ​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​မိုက်​မဲ​စွာ​ပြု မိ​ပါ​ပြီ'' ဟု​လျှောက်​ထား​၏။
2SA 24:11 ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​၏​ပု​ရော​ဟိတ် ဖြစ်​သူ​ပ​ရော​ဖက်​ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ် ထံ​သို့​သွား​လော့။ ငါ​ပြု​ရန်​ရှိ​သည့်​အ​မှု သုံး​ခု​အ​နက်​သူ​ကြိုက်​နှစ်​သက်​ရာ​တစ်​ခု ကို​ရွေး​ချယ်​နိုင်​ကြောင်း​ပြော​ကြား​လော့။ သူ ရွေး​ချယ်​ရာ​ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​ဒါ​ဝိဒ်​အိပ်​ရာ မှ​ထ​တော်​မူ​သော​အ​ခါ၊-
2SA 24:13 ဂဒ်​သည်​လာ​ရောက်​၍ မိ​မိ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မင်း​ကြီး အား​တင်​ပြ​လျှောက်​ထား​ပြီး​လျှင်``အ​ရှင် မင်း​ကြီး​သုံး​နှစ်​ပတ်​လုံး​အ​စာ​ငတ်​မွတ် ခေါင်း​ပါး​မှု၊ သုံး​လ​ပတ်​လုံး​ရန်​သူ​တပ် များ​ကို​တိမ်း​ရှောင်​ထွက်​ပြေး​နေ​မှု၊ သုံး​ရက် ပတ်​လုံး​ကပ်​ရော​ဂါ​ကျ​ရောက်​မှု​တည်း​ဟူ သော​ဘေး​တို့​အ​နက်​အ​ဘယ်​ဘေး​ကို​ရွေး ချယ်​တော်​မူ​ပါ​မည်​နည်း။ အ​ဘယ်​သို့ ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ပြန် ကြား​လျှောက်​ထား​ရ​မည်​ကို​စဉ်း​စား တော်​မူ​ပါ'' ဟု​မေး​လျှောက်​၏။
2SA 24:14 ဒါ​ဝိဒ်​က``ငါ​သည်​အ​လွန်​ဆိုး​ရွား​သည့် အ​ခြေ​အ​နေ​နှင့်​ကြုံ​တွေ့​ရ​ပါ​သည်​တ ကား။ လူ့​လက်​ဖြင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ပင်​ဒဏ်​ပေး​တော်​မူ​ပါ စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား​တော် မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု​ဂဒ် အား​ဆို​၏။-
2SA 24:15 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​နံ​နက်​ချိန် မှ​စ​၍​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​အ​ချိန်​အ​ထိ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​ဆိုက်​ရောက်​စေ​တော်​မူ​၏။ တိုင်း ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင်​ဣ​သ ရေ​လ​အ​မျိုး​သား​ပေါင်း​ခု​နစ်​သောင်း မျှ​သေ​ဆုံး​ကြ​၏။-
2SA 24:16 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တမန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ပြု​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မှု​နှင့်​ပတ်​သက်​၍​စိတ်​ပြောင်း လဲ​တော်​မူ​သ​ဖြင့်``ရပ်​တန့်​လော့။ တော်​လောက် ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​၌​ကောင်း​ကင်​တမန်​သည်​ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။
2SA 24:17 လူ​တို့​အား​ဒဏ်​ခတ်​သော​ကောင်း​ကင်​တ​မန် ကို​ဒါ​ဝိဒ်​မြင်​သော​အ​ခါ``အ​ပြစ်​ရှိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဒု​စ​ရိုက်​ပြု​မိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဤ​သူ​တို့​သည်​အ​ဘယ် ပြစ်​မှု​ကို​ပြု​မိ​ကြ​ပါ​သ​နည်း။ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အိမ်​ထောင်​စု​ကို​သာ အ​ပြစ်​ပေး​တော်​မူ​သင့်​ပါ​၏'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​၏။
2SA 24:18 ထို​နေ့​၌​ပင်​လျှင်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သွား ၍``အ​ရှင်​သည်​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န ၏​ကောက်​နယ်​တ​လင်း​၌​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လော့'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို လေ​၏။-
2SA 24:19 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း အ​ရော​န​၏​ကောက်​နယ်​တ​လင်း​သို့ သွား​တော်​မူ​၏။-
2SA 24:20 အ​ရော​န​သည်​ကြည့်​လိုက်​သော​အ​ခါ​မိ​မိ​ထံ သို့​မင်း​ကြီး​နှင့်​မှူး​မတ်​များ​လာ​နေ​ကြ​သည် ကို​မြင်​လျှင်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​မြေ​ပေါ်​သို့ လှဲ​ချ​ပျပ်​ဝပ်​လျက်၊-
2SA 24:21 ``အ​ရှင်​မင်း​ကြီး​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​ငြိမ်း​အေး​သွား​စေ ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​လို​သ​ဖြင့် သင်​၏​ကောက်​နယ်​တ​လင်း ကို​ဝယ်​ယူ​ရန်​ငါ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။
2SA 24:22 အ​ရော​န​က``အ​ရှင်​မင်း​ကြီး​ဤ​ကောက်​နယ် တလင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​တော်​ရှိ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​တော်​မူ​ပါ။ ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​မှာ ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ထမ်း​ပိုး များ​နှင့်​ကောက်​နယ်​တန်​ဆာ​များ​လည်း​ဤ မှာ​ရှိ​ပါ​၏။-
2SA 24:23 ထို​အ​ရာ​အ​ပေါင်း​ကို​မင်း​ကြီး​အား​ဆက်​ပါ ၏။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ရှင်​၏​ပူ​ဇော်​သကာ​ကို​လက်​ခံ​တော် မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။
2SA 24:24 သို့​ရာ​တွင်​မင်း​ကြီး​က``ဤ​သို့​မ​ယူ​လို။ တန် ဖိုး​ကို​ငါ​ပေး​မည်။ ငါ​သည်​မိ​မိ​အ​ဖိုး​မ​ပေး ဘဲ​ရ​ရှိ​သည့်​ပူ​ဇော်​သကာ​များ​ကို ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး သည်​ကောက်​နယ်​တ​လင်း​နှင့်​နွား​များ​ကို​ငွေ သား​ကျပ်​ငါး​ဆယ်​ပေး​၍​ဝယ်​ယူ​တော်​မူ​၏။-
2SA 24:25 သူ​သည်​ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘုရား​၏ အ​တွက် ယဇ်​ပလ္လင်​ကို​တည်​ဆောက်​တော်​မူ​ပြီး လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့ ကို​ပူ​ဇော်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား ညောင်း​တော်​မူ​၍ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ကပ်​ရော​ဂါ​ဘေး​ကို​ငြိမ်း​အေး​စေ​တော် မူ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး​၏။
1KI 1:1 ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​အို​မင်း​သော​အ​ခါ အ​စေ​ခံ​တို့​က​စောင်​များ​ခြုံ​ပေး​သော်​လည်း မ​နွေး​နိုင်​အောင်​ရှိ​တတ်​၏။-
1KI 1:2 သို့​ဖြစ်​၍​မှူး​မတ်​များ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ခ​စား​ပြု​စု​ရန်​အ​တွက်​အ​မျိုး သ​မီး​ပျို​တစ်​ဦး​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​ရ စေ။ ထို​အ​မျိုး​သ​မီး​သည်​အ​ရှင်​၏​အ​နီး တွင်​ကပ်​၍​အိပ်​ပြီး​လျှင် အ​ရှင့်​အား​နွေး​အောင် ပြု​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
1KI 1:3 သူ​တို့​သည်​အ​ဆင်း​လှ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက် လိုက်​လံ​ရှာ​ဖွေ​ကြ​ရာ​ရှု​နင်​မြို့​သူ​အ​ဘိ ရှက်​ကို​တွေ့​ရှိ​ကြ​သ​ဖြင့် မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။-
1KI 1:4 လွန်​စွာ​အ​ဆင်း​လှ​သည့်​ထို​အ​မျိုး​သ​မီး​သည် မင်း​ကြီး​အ​ပါး​တော်​တွင်​လုပ်​ကျွေး​ပြု​စု​သော် လည်း မင်း​ကြီး​သည်​သူ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု ကို​မ​ပြု​ချေ။
1KI 1:5 ဟ္ဂိတ်​နှင့်​ဒါ​ဝိဒ်​ရ​သော​သား​အ​ဒေါ​နိ​ယ​သည် အ​လွန်​အ​ဆင်း​လှ​၏။ အ​ဗ​ရှ​လုံ​သေ​ဆုံး​သ​ဖြင့် သူ​သည်​ဒါ​ဝိဒ်​၏​လက်​ရှိ​သား​တို့​တွင်​အ​ကြီး ဆုံး​ဖြစ်​၏။ ဒါ​ဝိဒ်​သည်​သူ့​အား​အ​ဘယ်​အ​မှု တွင်​မျှ​ပြော​ဆို​ဆုံး​မ​ဖူး​သည်​ဟူ​၍​မ​ရှိ။ သူ သည်​ထီး​နန်း​ကို​မျှော်​မှန်း​သူ​ဖြစ်​၍ မိ​မိ​ကိုယ် ပိုင်​ရ​ထား​များ၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး လူ​ငါး​ဆယ်​ကို​ရ​ရှိ​လေ​သည်။-
1KI 1:7 သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-
1KI 1:8 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ နှင့်​ဒါ​ဝိဒ်​၏​ကိုယ်​ရံ​တော်​တပ်​သား​များ​က​မူ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။
1KI 1:9 တစ်​နေ့​သော​အ​ခါ​အ​ဒေါ​နိ​ယ​သည် အင်္ရော ဂေ​လ​စမ်း​ချောင်း​အ​နီး၊ မြွေ​ကျောက်​ဆောင် တွင်​သိုး​နွား​နှင့်​ဆူ​ဖြိုး​သော​ကျွဲ​ငယ်​များ ကို​ယဇ်​ပူ​ဇော်​ကာ ဒါ​ဝိဒ်​မင်း​၏​အ​ခြား သား​တော်​များ​နှင့်​ယု​ဒ​မှူး​မတ်​များ​အား ထို​ပူ​ဇော်​ပွဲ​သို့​ခေါ်​ဖိတ်​လေ​သည်။-
1KI 1:10 သို့​သော်​မိ​မိ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ တော်​သူ​ရှော​လ​မုန်​နှင့်​ပ​ရော​ဖက်​နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား များ​ကို​မ​ခေါ်​မ​ဖိတ်​ချေ။
1KI 1:11 ထို​အ​ခါ​နာ​သန်​သည် ရှော​လ​မုန်​၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား​၍``ဟ္ဂိတ်​၏​သား အ​ဒေါ​နိယ​သည် မိ​မိ​ကိုယ်​ကို​မိ​မိ​မင်း​မြှောက် လိုက်​ကြောင်း​သင်​ကြား​ပြီ​လော။ ဒါ​ဝိဒ်​မင်း​ပင် ထို​သ​တင်း​ကို​ကြား​တော်​မ​မူ​သေး​ပါ။-
1KI 1:12 သင်​သည်​သင့်​အ​သက်​နှင့်​သား​တော်​ရှော​လ​မုန် ၏​အ​သက်​ကို​ကယ်​လို​လျှင် သင့်​အား​အ​ကျွန်ုပ် အ​ကြံ​ပေး​ပါ​မည်။-
1KI 1:13 သင်​သည်​ယ​ခု​ချက်​ချင်း​ဒါ​ဝိဒ်​မင်း​ထံ​သွား ၍`အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​၏​သား​ရှော​လ​မုန် အား​အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း ထိုင်​ရ​မည်​ဟု​အ​ရှင်​ကျိန်​ဆို​က​တိ​ပြု​တော် မူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ယ​ခု​အ​ဘယ်​ကြောင့် အ​ဒေါ​နိ​ယ​သည်​ဘု​ရင်​ဖြစ်​သွား​ပါ​သ​နည်း' ဟု​မေး​လျှောက်​လော့။-
1KI 1:14 ယင်း​သို့​သင်​မေး​လျှောက်​နေ​စဉ်​အ​ကျွန်ုပ်​သည် ဝင်​လာ​၍ သင်​၏​စကား​ကို​အ​တည်​ပြု​မည်'' ဟု ဆို​၏။
1KI 1:15 ထို့​ကြောင့်​ဗာ​သ​ရှေ​ဘ​သည် မင်း​ကြီး​အား ခ​စား​ရန်​အ​ဆောင်​ထဲ​သို့​ဝင်​လေ​၏။ မင်း​ကြီး သည်​လွန်​စွာ​အို​မင်း​ပြီ​ဖြစ်​၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​က​သူ့​အား​လုပ်​ကျွေး​ပြု​စု​လျက် နေ​၏။-
1KI 1:16 ဗာ​သ​ရှေ​ဘ​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​သော​အ​ခါ​မင်း​ကြီး က``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​သနည်း'' ဟု​မေး​တော်​မူ​၏။
1KI 1:17 ဗာ​သ​ရှေ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​မ​၏​သား​ရှော​လ​မုန်​အား​အ​ရှင့်​အ​ရိုက် ရာ​ကို​ဆက်​ခံ​၍ နန်း​တင်​ရ​မည်​ဟု​အ​ရှင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။-
1KI 1:18 သို့​ရာ​တွင်​ယ​ခု​အ​ဒေါ​နိ​ယ​သည်​ဘု​ရင် ဖြစ်​လျက်​နေ​လေ​ပြီ။ သို့​သော်​အ​ရှင်​ထို သ​တင်း​ကို​ကြား​သိ​တော်​မ​မူ​သေး​ပါ။-
1KI 1:19 သူ​သည်​နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ် များ​ကို​ယဇ်​ပူ​ဇော်​ကာ​အ​ရှင်​၏​သား​တော် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​ရှင့်​တပ်​မ တော်​ဗိုလ်​ချုပ်​ယွာ​ဘ​တို့​အား​ယဇ်​ပူ​ဇော်​ပွဲ သို့​ခေါ်​ဖိတ်​ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏ သား​တော်​ရှော​လ​မုန်​ကို​မူ​မ​ခေါ်​ဖိတ်​ပါ။-
1KI 1:20 အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​မည့်​သူ​မှာ​အ​ဘယ်​သူ​ဖြစ်​ကြောင်း​မိန့် ကြား​တော်​မူ​ရန် ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ် လုံး​သည်​အ​ရှင့်​အား​စောင့်​မျှော်​လျက်​နေ​ကြ ပါ​၏။-
1KI 1:21 အ​ရှင်​ဤ​သို့​မိန့်​တော်​မ​မူ​ပါ​လျှင်​ကျွန်​မ​နှင့် ကျွန်​မ​၏​သား​ရှော​လ​မုန်​သည် အ​ရှင်​မ​ရှိ​သည့် နောက်​သစ္စာ​ဖောက်​များ​အ​ဖြစ်​ဖြင့်​ရာ​ဇ​ဝတ် သင့်​သူ​များ​ဖြစ်​ကြ​တော့​မည်'' ဟု​လျှောက်​၏။
1KI 1:22 ယင်း​သို့​လျှောက်​ထား​နေ​ချိန်​၌ ပ​ရော​ဖက် နာ​သန်​ရောက်​ရှိ​လာ​သ​ဖြင့်၊-
1KI 1:23 ပ​ရော​ဖက်​ရောက်​ရှိ​ကြောင်း​မင်း​ကြီး​အား​သံ တော်​ဦး​တင်​ကြ​၏။ နာ​သန်​သည်​လည်း​အ​ခန်း ထဲ​သို့​ဝင်​လာ​ပြီး​လျှင်​ရှေ့​တော်​၌​ဦး​ညွှတ် ပျပ်​ဝပ်​လျက်၊-
1KI 1:24 ``အ​ရှင်​မင်း​ကြီး၊ အ​ဒေါ​နိ​ယ​အား​အ​ရှင် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​မည် ဟု​အ​ရှင်​ကြေ​ငြာ​ပြီ​လော။-
1KI 1:25 ယ​နေ့​ပင်​လျှင်​သူ​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ်​များ​ကို​ယဇ် ပူ​ဇော်​ပါ​၏။ သူ​သည်​အ​ရှင့်​သား​တော်​အ​ပေါင်း နှင့်​တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​ကို​ခေါ်​ဖိတ်​သ​ဖြင့် ယ​ခု အ​ချိန်​၌​သူ​တို့​သည်​အ​ဒေါ​နိ​ယ​နှင့်​အ​တူ စား​သောက်​ကာ`အ​ဒေါ​နိ​ယ​မင်း​သက်​တော် ရှည်​ပါ​စေ​သော်' ဟု​ကြွေး​ကြော်​လျက်​နေ ကြ​ပါ​၏။-
1KI 1:26 သို့​ရာ​တွင်​အ​ဒေါ​နိ​ယ​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​အ​ကျွန်ုပ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ဗေ​နာ​ယ​နှင့်​ရှော​လ​မုန်​တို့​ကို​မ​ခေါ် မ​ဖိတ်​ပါ။-
1KI 1:27 ဤ​အ​မှု​အ​ရာ​တို့​ကို​အ​ရှင်​မင်း​ကြီး​နှစ်​သက် လက်​ခံ​တော်​မူ​ပါ​သ​လော။ အ​ရှင်​၏​အ​ရိုက် အ​ရာ​ကို​မည်​သူ​လက်​ခံ​၍​နန်း​တက်​ရ​မည် ကို​မှူး​မတ်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ​ဤ​အ​မှု ကို​အ​ရှင်​မင်း​ကြီး​စီ​ရင်​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​လေ​၏။
1KI 1:28 ဒါ​ဝိဒ်​မင်း​က``ဗာ​သ​ရှေ​ဘ​အား အ​ခန်း​ထဲ​သို့ ပြန်​၍​ဝင်​စေ​လော့'' ဟု​ဆို​လျှင် ဗာ​သ​ရှေ​ဘ သည်​ဝင်​လာ​၍​ရှေ့​တော်​တွင်​ရပ်​လျက်​နေ​၏။-
1KI 1:29 ထို​အ​ခါ​မင်း​ကြီး​က``ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း မှ​ငါ့​အား​ကယ်​ဆယ်​တော်​မူ​၍ အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကာ​သင့်​အား​ငါ​ကျိန်​ဆို​ပါ​၏။-
1KI 1:30 ငါ​သည်​သင်​၏​သား​ရှော​လ​မုန်​အား​ငါ့ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ​မည် ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို​တိုင် တည်​၍ ကျိန်​ဆို​ခဲ့​သည်​အ​တိုင်း​ငါ​ပြု​မည် ဖြစ်​ကြောင်း​ယ​နေ့​ငါ​က​တိ​ပေး​၏'' ဟု မိန့်​တော်​မူ​၏။
1KI 1:31 ဗာ​သ​ရှေ​ဘ​သည်​ဦး​ညွတ်​ပျပ်​ဝပ်​လျက်``ကျွန်​မ ၏​သ​ခင် အ​ရှင်​မင်း​ကြီး​သည်​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​မြွက်​ဆို​လေ​၏။
1KI 1:32 ထို့​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဇာ​ဒုတ်၊ နာ​သန်​နှင့် ဗေ​နာ​ယ​တို့​ကို​ခေါ်​စေ​တော်​မူ​၏။ သူ​တို့ ရောက်​ရှိ​လာ​သော​အ​ခါ၊-
1KI 1:33 မင်း​ကြီး​က``ငါ​၏​မှူး​မတ်​တို့​ကို​အ​တူ​ခေါ်​ကာ သား​တော်​ရှော​လ​မုန်​အား ငါ​၏​မြည်း​တော်​ကို စီး​စေ​၍​ဂိ​ဟုန်​စမ်း​သို့​ပို့​ဆောင်​ကြ​လော့။-
1KI 1:34 ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။-
1KI 1:35 သူ​သည်​ငါ​၏​ရာ​ဇာ​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​ရန် ဤ​အ​ရပ်​သို့​ပြန်​လာ​ချိန်​၌​သင်​တို့​သည်​လည်း သူ​၏​နောက်​မှ​လိုက်​ခဲ့​ရ​ကြ​မည်။ သူ့​အား​ဣ​သ ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင်​အ​ဖြစ် ငါ​ရွေး​ချယ်​တော်​မူ​ပြီ။ ထို့​ကြောင့်​သူ​သည်​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
1KI 1:36 ဗေ​နာ​ယ​က``အ​မိန့်​တော်​အ​တိုင်း​ဖြစ်​စေ ပါ​မည်။ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​လည်း ထို​အ​မိန့်​တော်​ကို​အ​တည် ပြု​တော်​မူ​ပါ​စေ​သော။-
1KI 1:37 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ ရှော​လ​မုန် နှင့်​လည်း​အ​တူ​ရှိ​တော်​မူ​၍ သူ​နန်း​စံ​ချိန်​၌ အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက်​ပင်​ပို​၍ ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော'' ဟု ပြန်​လည်​လျှောက်​ထား​၏။
1KI 1:38 ထို့​ကြောင့်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့်​ဘု​ရင့် ကိုယ်​ရံ​တော်​တပ်​သား​တို့​သည်​ရှော​လ​မုန်​အား ဒါ​ဝိဒ်​မင်း​၏​မြည်း​တော်​ကို​စီး​စေ​လျက် ဂိ​ဟုန်​စမ်း​သို့​ပို့​ကြ​၏။-
1KI 1:39 ဇာ​ဒုတ်​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​မှ မိ​မိ​ဆောင်​ခဲ့​သော​သံ​လွင်​ဆီ​ဘူး​ကို​ယူ​၍ ရှော​လ​မုန်​အား​ဘိ​သိက်​ပေး​လေ​သည်။ ထို့​နောက် တံပိုး​ခ​ရာ​မှုတ်​လိုက်​သော​အ​ခါ လူ​အ​ပေါင်း တို့​သည်``ရှော​လ​မုန်​မင်း​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြွေး​ကြော်​ကြ​၏။-
1KI 1:40 ထို့​နောက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ်​လျက် ပ​လွေ​များ​ကို​မှုတ်​လျက် မြေ​ကြီး​ကွဲ​မ​တတ် အ​သံ​ဗ​လံ​များ​ကို​ပြု​ကာ​ရှော​လ​မုန်​၏ နောက်​မှ​လိုက်​ကြ​၏။
1KI 1:41 အ​ဒေါ​နိ​ယ​နှင့်​သူ​၏​ဧည့်​သည်​တော်​တို့​သည် မိ​မိ တို့​စား​သောက်​ပွဲ​ပြီး​ခါ​နီး​၌​ထို​အ​သံ​ကို​ကြား ကြ​၏။ ယွာ​ဘ​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား သော်``မြို့​ထဲ​၌​ဤ​အ​သံ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။-
1KI 1:42 သူ​၏​စ​ကား​မ​ဆုံး​မီ​၌​ပင်​ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​၏​သား ယော​န​သန်​ရောက်​ရှိ​လာ​သ​ဖြင့် အ​ဒေါ​နိ​ယ​က``ဝင်​ခဲ့​လော့။ သင်​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​သ​တင်း​ကောင်း​ကို​ဆောင်​ယူ လာ​သူ​ဖြစ်​ရ​ပေ​မည်'' ဟု​ဆို​၏။
1KI 1:43 ယော​န​သန်​က``သ​တင်း​ကောင်း​ဖြစ်​မည်​မ ထင်​ပါ။ အ​ကျွန်ုပ်​တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​သည် ရှော​လ​မုန်​အား​မင်း​မြှောက်​လိုက်​လေ​ပြီ။-
1KI 1:44 မင်း​ကြီး​သည်​ဇာ​ဒုတ်၊ နာ​သန်၊ ဗေ​နာ​ယ​နှင့် ဘု​ရင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား ရှော​လ​မုန် ကို​ဘု​ရင်​၏​မြည်း​တော်​ပေါ်​တွင်​တင်​၍​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​၏။-
1KI 1:45 ထို့​နောက်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​ရှော​လ​မုန် အား ဂိ​ဟုန်​စမ်း​တွင်​ဘိ​သိက်​ပေး​ကြ​ပါ​သည်။ သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​အော်​ဟစ် လျက်​မြို့​ထဲ​သို့​ဝင်​ကြ​သ​ဖြင့် မြို့​သူ​မြို့​သား တို့​သည်​ယ​ခု​အ​ခါ​အုတ်​အုတ်​ကျက်​ကျက် ဖြစ်​၍​နေ​ကြ​ပါ​၏။ အ​ရှင်​ကြား​ရ​သည့် အ​သံ​သည်​ထို​သူ​တို့​၏​အ​သံ​ပင်​ဖြစ်​ပါ​၏။-
1KI 1:46 ရှော​လ​မုန်​သည်​ယ​ခု​ဘု​ရင်​ဖြစ်​လေ​ပြီ။
1KI 1:47 မှူး​မတ်​များ​သည်​ဒါ​ဝိဒ်​မင်း​ထံ​အ​ရို​အ​သေ ပြု​ရန် သွား​ရောက်​၍`အ​ရှင်​၏​ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား​အ​ရှင့်​ထက်​ပင်​ပို​၍​ထင်​ပေါ် ကျော်​စော​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ သူ​နန်း စံ​ချိန်​၌​လည်း​အ​ရှင်​နန်း​စံ​တော်​မူ​ချိန်​မှာ​ထက် ပို​၍​ပြည်​တော်​သာ​ယာ​ဝ​ပြော​ပါ​စေ​သော' ဟု လျှောက်​ထား​ကြ​ပါ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​မင်း သည်​မိ​မိ​၏​အိပ်​ရာ​ပေါ်​တွင်​ဦး​ညွှတ်​လျက်၊-
1KI 1:48 `ငါ​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​တစ်​ဦး​အား​ငါ ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​စေ​တော် မူ​သည်​သာ​မ​က​ငါ့​အား​လည်း ထို​အ​မှု​ကို မြင်​နိုင်​ခွင့်​ပေး​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​စို့' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​တော်​မူ​ပါ​၏'' ဟူ​၍​ပြန်​လည်​ဖြေ​ကြား လေ​သည်။
1KI 1:49 ထို​အ​ခါ​အ​ဒေါ​နိ​ယ​၏ ဧည့်​သည်​တော်​တို့ သည်​ကြောက်​လန့်​ကြ​သ​ဖြင့် ထ​၍​တစ်​ယောက် တစ်​လမ်း​စီ​ပြန်​သွား​ကြ​၏။-
1KI 1:50 အ​ဒေါ​နိ​ယ​သည်​ရှော​လ​မုန်​ကို​လွန်​စွာ ကြောက်​သော​ကြောင့် ထာ​ဝရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​သို့​သွား​၍​ယဇ်​ပလ္လင်​ထောင့် စွယ်​များ ကို​ဆုပ်​ကိုင်​ထား​ပြီး​လျှင်၊-
1KI 1:51 ``ရှော​လ​မုန်​မင်း​သည်​ကျွန်​တော်​အား​ကွပ်​မျက် တော်​မူ​မည်​မ​ဟုတ်​ဟု ဦး​စွာ​ကျိန်​ဆို​မိန့်​မြွက် တော်​မူ​ပါ​စေ'' ဟု​ဆို​၏။ ဤ​အ​ချင်း​အ​ရာ ကို​ရှော​လ​မုန်​မင်း​အား​လျှောက်​ထား​ကြ​၏။-
1KI 1:52 ရှော​လ​မုန်​က``သူ​သည်​သစ္စာ​ရှိ​သူ​ဖြစ်​ပါ လျှင် သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​ကို မျှ​လက်​ဖျား​နှင့်​ထိ​လိမ့်​မည်​မ​ဟုတ်။ သစ္စာ မဲ့​သူ​ဖြစ်​လျှင်​မူ​ကား​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​ဆို​၏။-
1KI 1:53 ထို့​နောက်​ရှော​လ​မုန်​မင်း​သည်​လူ​လွှတ်​၍ အ​ဒေါ​နိ​ယ​အား​ယဇ်​ပလ္လင်​မှ​ခေါ်​ခဲ့​စေ​၏။ အ​ဒေါ​နိ​ယ​သည်​မင်း​ကြီး​ထံ​လာ​ရောက် ၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``သင့်​အိမ် သို့​ပြန်​နိုင်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
1KI 2:1 ဒါ​ဝိဒ်​သည်​မိ​မိ​ကွယ်​လွန်​ချိန်​နီး​သော​အ​ခါ သား​တော်​ရှော​လ​မုန်​ကို​ခေါ်​၍​နောက်​ဆုံး​ညွှန် ကြား​ချက်​များ​ကို​ပေး​လေ​သည်။-
1KI 2:2 မင်း​ကြီး​က``ငါ​သေ​ရ​မည့်​အ​ချိန်​ရောက်​ပြီ။ သင်​သည်​မိ​မိ​အ​စွမ်း​ကို​ယုံ​၍​ဇွဲ​သတ္တိ​ရှိ​စွာ၊-
1KI 2:3 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား စေ​ခိုင်း သည့်​အ​တိုင်း​ပြု​လော့။ မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း ကိုယ်​တော်​၏ ပညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို လိုက်​နာ​လော့။ သို့​မှ​သာ​သင်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။-
1KI 2:4 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​နာ​ခံ​လျှင် ကိုယ် တော်​သည်​ငါ့​အား​ပေး​တော်​မူ​သော​က​တိ တော်​ကို​တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် က`သင်​၏​သား​မြေး​တို့​သည်​ငါ​၏​အ​မိန့် တော်​တို့​ကို​ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ​သ​မျှ​နှင့် တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ရန်​သ​တိ​ပြု သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​တို့​အား ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။
1KI 2:5 ``ထို့​ပြင်​သင့်​အား​မှာ​ကြား​ရန်​ကိစ္စ​တစ်​ခု ရှိ​သေး​၏။ ယွာ​ဘ​သည်​ဣ​သ​ရေ​လ​တပ်​မ တော်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော​နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ယေ​သာ​၏​သား​အာ​မ​သ​တို့ ကို​သတ်​ခြင်း​အား​ဖြင့် ငါ့​အား​အ​ဘယ်​သို့ ပြု​ခဲ့​ကြောင်း​သင်​မှတ်​မိ​ပါ​လိမ့်​မည်။ စစ် ဖြစ်​ချိန်​က​သတ်​ဖြတ်​မှု​များ​အ​တွက် လက်​စား​ချေ​သည့်​အ​နေ​ဖြင့် သူ​သည်​ထို သူ​တို့​အား​ငြိမ်း​ချမ်း​နေ​ချိန်​၌​အ​ဘယ် သို့​သတ်​ဖြတ်​ခဲ့​သည်​ကို​လည်း​သင်​မှတ်​မိ ပါ​လိမ့်​မည်။ သူ​သည်​အ​ပြစ်​မဲ့​သူ​များ အား​သတ်​ခဲ့​သည်။ သူ​ပြု​ခဲ့​သည့်​အ​မှု အ​တွက်​ယ​ခု​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့် သူ​၏​ဆိုး​မွေ​ကို​ငါ​ခံ​ရ​၏။-
1KI 2:6 သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။
1KI 2:7 ``ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​၏​သား​များ​ကို မူ က​ရု​ဏာ​ထား​၍​ကြည့်​ရှု​စောင့်​ရှောက်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​၏​အစ်​ကို​အ​ဗ ရှ​လုံ​၏​ဘေး​မှ​ငါ​ထွက်​ပြေး​ရ​စဉ်​အ​ခါ​က သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ပြု​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။
1KI 2:8 ``ဗင်္ယာ​မိန်​ပြည်၊ ဗာ​ဟု​ရိမ်​မြို့​သား​ဂေ​ရ​၏ သား​ရှိမိ​တစ်​ယောက်​လည်း​ရှိ​သေး​၏။ မ​ဟာ​နိမ် မြို့​သို့​ငါ​သွား​သည့်​နေ့​က​သူ​သည်​ငါ့​ကို ကြမ်း​တမ်း​စွာ​ကျိန်​ဆဲ​သော်​လည်း ယော်​ဒန် မြစ်​သို့​လာ​၍​ငါ့​အား​ခ​ရီး​ဦး​ကြို​ပြု​သော အ​ခါ​၌ ငါ​သည်​သူ့​အား​ကွပ်​မျက်​မည်​မ ဟုတ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု ခဲ့​သည်။-
1KI 2:9 သို့​ရာ​တွင်​သင်​သည်​သူ့​ကို​အ​ပြစ်​ဒဏ်​မ​စီ ရင်​ဘဲ​မ​နေ​နှင့်။ ပြု​ရ​မည့်​အ​မှု​ကို​သင်​သိ သည်​အ​တိုင်း​သူ့​အား​သေ​ဒဏ်​စီရင်​ရ​မည်'' ဟု​မှာ​ကြား​တော်​မူ​၏။
1KI 2:10 ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။-
1KI 2:11 သူ​သည်​ဟေ​ဗြုန်​မြို့​၌​ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင် မြို့​၌​သုံး​ဆယ့်​သုံး​နှစ်၊ စု​စု​ပေါင်း​အ​နှစ်​လေး ဆယ်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​နန်း​စံ တော်​မူ​၏။-
1KI 2:12 ရှော​လ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ သူ​၏​တန်​ခိုး အာ​ဏာ​သည်​လည်း​တည်​တံ့​ခိုင်​မြဲ​၍ လာ​၏။
1KI 2:13 ထို​နောက်​ဟ္ဂိတ်​၏​သား​အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​၏​မယ်​တော်​ဗာ​သ​ရှေ​ဘ​ထံ​သို့ သွား​၏။ ဗာ​သ​ရှေ​ဘ​က``သင်​ယ​ခု​လာ​သည် မှာ​မိတ်​ဆွေ​အ​နေ​နှင့်​လော့'' ဟု​မေး​၏။ အ​ဒေါ​နိ​ယ​က``ဟုတ်​ပါ​သည်'' ဟု ပြန်​ပြော ပြီး​နောက်၊-
1KI 2:14 ``အ​ကျွန်ုပ်​မှာ​မယ်​တော်​အား​ပန်​ကြား​စ​ရာ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မယ်​တော်​က``အ​ဘယ်​အ​ရာ​နည်း'' ဟု​မေး​၏။
1KI 2:15 အ​ဒေါ​နိ​ယ​က``အ​ကျွန်ုပ်​သည်​ဘု​ရင်​ဖြစ် သင့်​သည်။ ယင်း​သို့​ဖြစ်​လိမ့်​မည်​ဟု​လည်း ဣသ​ရေ​လ​အ​မျိုး​သား​တိုင်း​မျှော်​လင့်​ခဲ့ သည်​ကို​မယ်​တော်​သိ​ပါ​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ အ​ကျွန်ုပ် သည်​ဘု​ရင်​မ​ဖြစ်​ဘဲ​အ​ကျွန်ုပ်​၏​ညီ​တော် က​ဘု​ရင်​ဖြစ်​လာ​ပါ​၏။-
1KI 2:16 ယ​ခု​ကျွန်ုပ်​တွင်​မယ်​တော်​အား​ပန်​ကြား စ​ရာ​ရှိ​ပါ​သည်။ ကျေး​ဇူး​ပြု​၍​မ​ငြင်း ပယ်​ပါ​နှင့်'' ဟု​ပြန်​ပြော​၏။ ဗာ​သ​ရှေ​ဘ​က``အ​ဘယ်​အ​ရာ​နည်း'' ဟု မေး​၏။
1KI 2:17 အ​ဒေါ​နိ​ယ​က``ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို အ​ကျွန်ုပ်​နှင့်​ပေး​စား​ထိမ်း​မြား​ရန်​ရှော​လ​မုန် မင်း​အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​ပေး​ပါ။ သူ​သည်​မယ်​တော်​၏​စ​ကား​ကို​ငြင်း​ပယ်​လိမ့် မည်​မ​ဟုတ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်'' ဟု ပြန်​ပြော​၏။
1KI 2:18 ဗာ​သ​ရှေ​ဘ​က​လည်း``ကောင်း​ပြီ။ သင်​၏ အ​တွက်​မင်း​ကြီး​အား​ငါ​လျှောက်​ထား မည်'' ဟု​ဆို​၏။
1KI 2:19 ဗာ​သ​ရှေ​ဘ​သည်​အ​ဒေါ​နိ​ယ​အ​တွက် လျှောက်​ထား​ရန် မင်း​ကြီး​ထံ​သို့​သွား​လေ​၏။ မင်း​ကြီး​သည်​လည်း​မယ်​တော်​ကို​ခ​ရီး​ဦး ကြို​ပြု​အံ့​သော​ငှာ ထ​၍​ဦး​ညွှတ်​ပြီး​လျှင် ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ ထို့​နောက် အ​ခြား​ပလ္လင်​တစ်​ခု​ခု​ကို​ယူ​ခဲ့​စေ​၍ မယ် တော်​အား​မိ​မိ​၏​လက်ယာ​ဘက်​တွင်​ထိုင်​စေ တော်​မူ​၏။-
1KI 2:20 မယ်​တော်​က``သေး​ငယ်​သော​ဆု​ကျေးဇူး​တစ် ခု​တောင်း​လို​ပါ​သည်။ မ​ငြင်း​ပါ​နှင့်'' ဟု လျှောက်​၏။ မင်း​ကြီး​က``မယ်​တော်၊ တောင်း​ပါ၊ အ​ကျွန်ုပ် မ​ငြင်း​ပါ'' ဟု​မိန့်​တော်​မူ​၏။
1KI 2:21 ထို​အ​ခါ​မယ်​တော်​က``အ​ဘိ​ရှက်​ကို​နောင်​တော် အ​ဒေါ​နိ​ယ​အား​ပေး​စား​တော်​မူ​ပါ'' ဟု တောင်း​လေ​၏။
1KI 2:22 မင်း​ကြီး​က``မယ်​တော်​သည်​အ​ဘယ်​ကြောင့် သူ​၏​အ​တွက် အ​ဘိ​ရှက်​ကို​သာ​လျှင်​တောင်း ပါ​သ​နည်း။ ထီး​နန်း​ကို​ပါ​တောင်း​ခံ​ပါ​လော့။ အ​မှန်​ကို​ဆို​ရ​လျှင်​သူ​သည်​အ​ကျွန်ုပ်​၏ နောင်​တော်​ဖြစ်​၍ အ​ဗျာ​သာ​နှင့်​ယွာ​ဘ​တို့ သည်​လည်း​သူ​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​ပါ​သည်'' ဟု​မိန့်​တော်​မူ​၏။-
1KI 2:23 ထို့​နောက်​ရှော​လ​မုန်​က``ဤ​အ​မှု​ကို​ပြုသည့် အ​တွက် အ​ဒေါ​နိ​ယ​အား​ငါ​အ​သက်​မ​သေ စေ​လျှင် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော။-
1KI 2:24 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ခ​မည်း​တော် ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင် တည်​မြဲ​စွာ​တည် ၍​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ ၏​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ငါ​နှင့်​ငါ​၏ သား​မြေး​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​တော် မူ​လေ​ပြီ။ အ​ဒေါ​နိ​ယ​သည်​ယ​နေ့​ပင်​လျှင် သေ​ရ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏'' ဟု​အ​လေး​အ​နက်​အ​ဋ္ဌိ ဋ္ဌာန်​ပြု​တော်​မူ​၏။
1KI 2:25 ထို့​ကြောင့်​ရှော​လ​မုန်​မင်း​အ​မိန့်​ပေး​တော်​မူ သ​ဖြင့် ဗေ​နာ​ယ​သည်​သွား​၍​အ​ဒေါ​နိ​ယ အား​ကွပ်​မျက်​လေ​သည်။
1KI 2:26 ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-
1KI 2:27 ထို့​နောက်​ရှော​လ​မုန်​သည်​အ​ဗျာ​သာ​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ဆောင်​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။ ဤ​သို့​ဖြင့်​မင်း​ကြီး​သည်​ရှိ​လော​မြို့​၌ ယဇ်​ပု​ရော​ဟိတ်​ဧ​လိ​နှင့်​သား​မြေး​တို့​ကို အ​ကြောင်း​ပြု​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​တော်​တို့​ကို​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​သ​တည်း။
1KI 2:28 ဤ​အ​ဖြစ်​အ​ပျက်​ကို​ယွာ​ဘ​ကြား​သိ သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​သို့​ထွက်​ပြေး​ပြီး​လျှင်​ယဇ်​ပလ္လင် ထောင့်​စွယ်​များ ကို​ဆုပ်​ကိုင်​၍​ထား​၏။ (သူ​သည်​အ​ဒေါ​နိ​ယ အား​ကူ​ညီ​ခဲ့​သော်​လည်း​အ​ဗ​ရှ​လုံ​ကို​မူ မ​ကူ​ညီ​ခဲ့၊-)
1KI 2:29 သူ​သည်​အ​ဒေါ​နိ​ယ​စံ​တော်​မူ​ရာ​တဲ​တော် သို့​ထွက်​ပြေး​ပြီး​လျှင် ယဇ်​ပလ္လင်​အ​နီး​တွင် ရပ်​လျက်​နေ​ကြောင်း​သ​တင်း​ရ​ရှိ​သော​အ​ခါ ရှော​လ​မုန်​မင်း​သည်​ယွာ​ဘ​အား​အ​ဘယ် ကြောင့်​ယဇ်​ပလ္လင်​သို့​ထွက်​ပြေး​ရ​သည်​ကို​လူ လွှတ်​၍​မေး​တော်​မူ​၏။ ထို​အ​ခါ​ယွာ​ဘ​က မိ​မိ​သည်​ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထာ ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထွက်​ပြေး​ရ​ခြင်း ဖြစ်​ကြောင်း​ပြန်​ကြား​လျှောက်​ထား​လေ​သည်။ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​သည်​ဗေ​နာ​ယ ကို​စေ​လွှတ်​၍​ယွာ​ဘ​အား​ကွပ်​မျက်​စေ တော်​မူ​၏။-
1KI 2:30 ဗေ​နာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​သို့​သွား​၍ ယွာ​ဘ​အား``အပြင် သို့​ထွက်​ခဲ့​လော့။ မင်း​ကြီး​အ​မိန့်​တော်​ရှိ သည်'' ဟု​ဆို​၏။ ယွာ​ဘ​က``ငါ​မ​လာ​လို။ ဤ​အ​ရပ်​တွင်​ပင် အ​သေ​ခံ​မည်'' ဟု​ပြန်​ပြော​၏။ ဗေ​နာ​ယ​သည်​လည်း​မင်း​ကြီး​ထံ​ပြန်​သွား ပြီး​လျှင် ယွာ​ဘ​ပြော​သည့်​စ​ကား​ကို​ပြန် ကြား​လျှောက်​ထား​လေ​သည်။
1KI 2:31 ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။-
1KI 2:32 ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။-
1KI 2:33 ထို​လူ​သတ်​မှု​များ​အ​တွက်​ယွာ​ဘ​နှင့်​သူ​၏ သား​မြေး​တို့​သည် ထာ​ဝ​စဉ်​အ​ပြစ်​ဒဏ်​ခံ​ရ ကြ​လတ္တံ့။ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ဆက်​ခံ​ကြ​သော​သား​မြေး​တို့​ကို​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည်​အ​စဉ်​အ​မြဲ​အောင်​ပွဲ ခံ​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
1KI 2:34 ထို့​ကြောင့်​ဗေ​နာ​ယ​သည်​ထာ​ဝရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား​၍​ယွာ​ဘ အား​သတ်​ပြီး​လျှင် ကျေး​လက်​ရှိ​သူ​၏ နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက်​လေ​သည်။-
1KI 2:35 မင်း​ကြီး​သည်​ဗေ​နာ​ယ​ကို​ယွာ​ဘ​၏​နေ​ရာ တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား တော်​မူ​၍ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း အ​ဗျာ​သာ​၏​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။
1KI 2:36 ထို့​နောက်​မင်း​ကြီး​သည် ရှိ​မိ​ကို​ဆင့်​ခေါ်​တော် မူ​ပြီး​လျှင်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် အိမ်​တစ်​လုံး​ဆောက်​၍​နေ​ထိုင်​လော့။ ဤ​မြို့ မှ​မ​ထွက်​မ​ခွာ​နှင့်။-
1KI 2:37 အ​ကယ်​၍​ကေ​ဒြုန်​ချောင်း​လွန်​အောင်​ထွက်​လာ လျှင်​သင်​သည်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်။ ထို​အ​ခါ မိ​မိ​ကိုယ်​ကို​သာ​လျှင်​အ​ပြစ်​တင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
1KI 2:38 ရှိ​မိ​က​လည်း``ကောင်း​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး။ အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ် လိုက်​နာ​ပါ​မည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​တွင်​ကာ​လ​ကြာ မြင့်​စွာ​နေ​ထိုင်​လေ​၏။
1KI 2:39 သို့​ရာ​တွင်​သုံး​နှစ်​ကြာ​သော​အ​ခါ​ရှိ​မိ​၏ ကျွန်​နှစ်​ယောက်​သည်​မာ​ခါ​၏​သား၊ ဂါ​သ ဘု​ရင်​အာ​ခိတ်​ထံ​သို့​ထွက်​ပြေး​ကြ​၏။ ရှိ​မိ သည်​ဂါ​သ​မြို့​တွင်​ထို​သူ​တို့​ရှိ​နေ​ကြောင်း သ​တင်း​ကြား​သော​အ​ခါ၊-
1KI 2:40 မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်​ကျွန်​များ​ကို ရှာ​ရန်​အာ​ခိတ်​မင်း​ထံ​သို့​သွား​လေ​သည်။ သူ သည်​မိ​မိ​၏​ကျွန်​တို့​ကို​တွေ့​ရှိ​သ​ဖြင့်​အိမ် သို့​ပြန်​၍​ခေါ်​ခဲ့​၏။-
1KI 2:41 ရှိ​မိ​ပြု​သော​အ​မှု​ကို​ရှော​လ​မုန်​မင်း​ကြား တော်​မူ​လျှင်​သူ့​အား​ဆင့်​ခေါ်​တော်​မူ​၍``ငါ သည်​သင့်​အား​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​ခွာ ရန် ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​လျက်​က​တိ ပြု​စေ​ခဲ့​၏။ အ​ကယ်​၍​ထွက်​ခွာ​ခဲ့​သော်​သင် သည်​ဧ​ကန်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်​ဟု​လည်း ကြို​တင်​သ​တိ​ပေး​ခဲ့​၏။ သင်​က​လည်း​ဤ အ​တိုင်း​သ​ဘော​တူ​သ​ဖြင့် ငါ​၏​စ​ကား ကို​နား​ထောင်​ပါ​မည်​ဟု​ဝန်​ခံ​ခဲ့​သည် မ​ဟုတ်​လော။-
1KI 2:43 သို့​ပါ​လျက်​အ​ဘယ်​ကြောင့်​မိ​မိ​၏​က​တိ ကို​ဖျက်​၍ ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန်​ပါ သ​နည်း။-
1KI 2:44 သင်​သည်​ခ​မည်း​တော်​အား​ပြစ်​မှား​ခဲ့​သည့် အ​မှု​အ​ပေါင်း​ကို​ကောင်း​စွာ​သိ​ပေ​သည်။ ထို အ​မှု​များ​အ​တွက်​သင့်​အား​ထာ​ဝ​ရ​ဘု​ရား သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။-
1KI 2:45 ငါ့​ကို​မူ​ကား​ကောင်း​ချီး​ပေး​၍​ဒါ​ဝိဒ်​၏ နိုင်​ငံ​တော်​ကို​ထာ​ဝ​စဉ်​တည်​တံ့​ခိုင်​မြဲ​စေ တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
1KI 2:46 ထို​နောက်​ဗေ​နာ​ယ​သည် မင်း​ကြီး​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း အ​ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​ကွပ်​မျက်​လေ​၏။ ရှော​လ​မုန်​မင်း​သည် ယ​ခု​အ​ခါ​၌​မိ​မိ​၏​နိုင်​ငံ​တော်​ကို​ပိုင်​နိုင် စွာ​အုပ်​စိုး​တော်​မူ​ရ​၏။
1KI 3:1 ရှော​လ​မုန်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​ကို မိ​ဖု​ရား​မြှောက်​ခြင်း​အား​ဖြင့် ထို​မင်း​နှင့်​မ​ဟာ မိတ်​ဖွဲ့​တော်​မူ​၏။ ထို့​နောက်​မိ​မိ​တည်​ဆောက်​လျက် ရှိ​သည့်​နန်း​တော်၊ ဗိ​မာန်​တော်​နှင့်​မြို့​ရိုး​မ​ပြီး​မီ ဒါ​ဝိဒ်​မြို့​တွင်​နေ​ထိုင်​ရန်​မင်း​သ​မီး​အား​ခေါ် ဆောင်​ခဲ့​၏။-
1KI 3:2 ထာ​ဝရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​မ​ဆောက် ရ​သေး​သ​ဖြင့် လူ​တို့​သည်​ယဇ်​ပလ္လင်​အ​နှံ့ အ​ပြား​တို့​တွင်​ယဇ်​ပူ​ဇော်​လျက်​ရှိ​နေ​ကြ သေး​၏။-
1KI 3:3 ရှော​လ​မုန်​မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​၍ မိ​မိ​ခ​မည်း​တော်​၏​ပြ​ညွှန်​သွန်​သင်​ချက်​တို့ ကို​လိုက်​နာ​သော်​လည်း တိ​ရစ္ဆာန်​များ​ကို​သတ် ၍​ယဇ်​ပလ္လင်​အ​မျိုး​မျိုး​တွင်​ယဇ်​ပူ​ဇော်​လေ သည်။
1KI 3:4 ဂိ​ဗောင်​မြို့​တွင်​အ​လွန်​ထင်​ရှား​ကျော်​စော​သော ယဇ်​ပလ္လင်​ရှိ​သ​ဖြင့် အ​ခါ​တစ်​ပါး​၌​မင်း​ကြီး သည်​ယဇ်​ပူ​ဇော်​ရန်​ထို​အ​ရပ်​သို့​သွား​တော် မူ​၏။ သူ​သည်​ယ​ခင်​အ​ခါ​များ​က​ထောင် ပေါင်း​များ​စွာ​သော​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို​ထို​ယဇ်​ပလ္လင်​တွင်​ပူဇော်​ခဲ့​ဖူး​၏။-
1KI 3:5 ယ​ခု​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​မက် တွင်​ထင်​ရှား​တော်​မူ​၍``သင်​သည်​အ​ဘယ် ဆု​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
1KI 3:6 ရှော​လ​မုန်​က``ကိုယ်​တော်​ရှင်​သည်​ကိုယ်​တော်​၏ အ​စေ​ခံ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မ​ဟာ​မေတ္တာ​တော်​ကို​အ​စဉ်​အ​မြဲ​ပြ​တော်​မူ ပါ​၏။ သူ​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင် ကောင်း မွန်​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့်​ကျင့်​ကြံ​ပြု​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​သူ့​အား​သား​တော် တစ်​ပါး​ကို​ပေး​သ​နား​တော်​ခြင်း​အား​ဖြင့် က​ရု​ဏာ​တော်​ကို​ဆက်​လက်​၍​ပြ​တော်​မူ ပါ​၏။ ယ​နေ့​ထို​သား​တော်​သည် မိ​မိ​ခ​မည်း တော်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​လျက်​ရှိ ပါ​၏။-
1KI 3:7 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​သက်​အ​ရွယ်​ငယ်​၍​တိုင်း​ပြည်​ကို မ​အုပ်​စိုး​တတ်​သော်​လည်း ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား​ခ​မည်း​တော်​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​စေ​၍​နန်း​တင်​တော်​မူ​ပါ​ပြီ။-
1KI 3:8 ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရွေး​ချယ် တော်​မူ​သော​လူ​မျိုး​ကြီး​အ​လယ်​တွင်​ရှိ​ပါ​၏။ ထို​သူ​တို့​သည်​ရေ​တွက်​၍​မ​ရ​နိုင်​အောင်​ပင် များ​ပြား​ပါ​၏။-
1KI 3:9 သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​နိုင်​စေ​ရန် အ​ကျွန်ုပ် အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​ပါ။ ယင်း​သို့ ပေး​တော်​မ​မူ​ပါ​လျှင်​အ​ကျွန်ုပ်​သည် ဤ​မျှ များ​ပြား​သော​ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​ကို အ​ဘယ်​သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း''ဟု တောင်း​လျှောက်​လေ​၏။
1KI 3:10 ဤ​သို့​ရှော​လ​မုန်​တောင်း​လျှောက်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နှစ်​သက်​တော်​မူ​သ​ဖြင့်၊-
1KI 3:11 ``သင်​သည်​မိ​မိ​အ​သက်​ရှည်​မှု၊ ချမ်း​သာ​ကြွယ်​ဝ မှု​သို့​မ​ဟုတ်​ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​မှု ကို​တောင်း​လျှောက်​မည့်​အ​စား​တ​ရား​မျှ​တ စွာ​အုပ်​စိုး​နိုင်​ရန် ဉာဏ်​ပ​ညာ​ကို​တောင်း​လျှောက် သည်​ဖြစ်​၍၊-
1KI 3:12 သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်။ သင် ၏​အ​လျင်​အ​ဘယ်​သူ​မျှ​မ​ရ​ရှိ​စ​ဖူး၊ သင်​၏ နောက်​၌​လည်း​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်​သည့် ဉာဏ် ပ​ညာ​နှင့်​အ​သိ​တ​ရား​ကို​သင်​အား​ငါ​ပေး မည်။-
1KI 3:13 သင်​မ​တောင်း​လျှောက်​သည့်​ဆု​ကို​လည်း​ငါ​ပေး မည်။ သင်​သည်​တစ်​သက်​လုံး​အ​ခြား​အ​ဘယ် ဘု​ရင်​နှင့်​မျှ​မ​တူ​အောင် စည်း​စိမ်​ချမ်း​သာ နှင့်​ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​မည်။-
1KI 3:14 သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နည်း​တူ ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​လျှင် ငါ​သည်​သင့်​အား​ကြာ​ရှည် သော​အ​သက်​ကို​လည်း​ငါ​ပေး​မည်''ဟု​မိန့် တော်​မူ​၏။
1KI 3:15 ရှော​လ​မုန်​သည်​အိပ်​ရာ​မှ​နိုး​၍ မိ​မိ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​စ​ကား​များ​ကို​အိပ်​မက် တွင်​ကြား​သိ​ခဲ့​ရ​ကြောင်း​ကို​သိ​လေ​၏။ ထို့​နောက် သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထာ​ဝရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ရပ်​လျက် မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​နှင့်​မိတ်​သ​ဟာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​နောက် မှူး​မတ် အ​ပေါင်း​တို့​အ​တွက်​စား​သောက်​ပွဲ​ကို​ကျင်း​ပ လေ​သည်။
1KI 3:16 အ​ခါ​တစ်​ပါး​၌​ပြည့်​တန်​ဆာ​နှစ်​ယောက်​တို့​သည် လာ​၍​ရှော​လ​မုန်​မင်း​၏​ရှေ့​တော်​၌​ရပ်​ကြ​၏။-
1KI 3:17 တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​သည်​ဤ မိန်း​မ​နှင့်​တစ်​အိမ်​တည်း​နေ​ထိုင်​ပါ​သည်။ ယင်း သို့​နေ​ထိုင်​စဉ်​သား​က​လေး​တစ်​ယောက်​ကို ဖွား​မြင်​ပါ​သည်။-
1KI 3:18 ကျွန်​မ​က​လေး​မွေး​ပြီး​၍​သုံး​ရက်​အ​ကြာ တွင် ဤ​မိန်း​မ​သည်​လည်း​သား​က​လေး​တစ် ယောက်​ကို​ဖွား​မြင်​ပါ​၏။-
1KI 3:19 အိမ်​တွင်​ကျွန်​မ​တို့​နှစ်​ဦး​သာ​လျှင်​ရှိ​ပါ​၏။ အ​ခြား​မည်​သူ​မျှ​မ​ရှိ​ပါ။ တစ်​ည​သ​၌​ဤ မိန်း​မ​သည်​မိ​မိ​၏​သား​ငယ်​ကို​မ​တော်​တ​ဆ ဖိ​၍​အိပ်​မိ​သ​ဖြင့်​သား​ငယ်​သေ​ဆုံး​သွား​ပါ​၏။-
1KI 3:20 သူ​သည်​ညဥ့်​ချင်း​တွင်​ပင်​ထ​၍​ကျွန်​မ​အိပ်​ပျော် နေ​စဉ် နံ​ဘေး​ရှိ​ကျွန်​မ​၏​သား​ငယ်​ကို​ပွေ့​၍​မိ​မိ အိပ်​ရာ​သို့​ယူ​သွား​ပါ​၏။ ထို့​နောက်​သေ​နေ​သော က​လေး​ကို​ကျွန်မ​၏​အိပ်​ရာ​တွင်​ထား​ပါ​၏။-
1KI 3:21 နောက်​တစ်​နေ့​နံ​နက်​၌​ကျွန်​မ​သည်​အိပ်​ရာ မှ​နိုး​၍ က​လေး​ကို​နို့​တိုက်​မည်​ပြု​သော​အ​ခါ က​လေး​သေ​နေ​သည်​ကို​တွေ့​ရ​ပါ​သည်။ က​လေး ကို​သေ​ချာ​စွာ​ကြည့်​ရာ​ထို​က​လေး​သည် ကျွန်​မ​၏​က​လေး​မ​ဟုတ်​ကြောင်း​သိ​ရှိ​ရ ပါ​၏'' ဟု​လျှောက်​ထား​လေ​သည်။
1KI 3:22 သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``သင်​၏​စ​ကား မ​မှန်​ပါ။ အ​သက်​ရှင်​လျက်​နေ​သည့်​က​လေး သည်​ငါ​၏​က​လေး​ဖြစ်​၍ သေ​နေ​သော​က​လေး မှာ​သင့်​က​လေး​ဖြစ်​ပါ​သည်'' ဟု​ဆို​၏။ ပ​ထ​မ​မိန်း​မ​က​လည်း``သင့်​စ​ကား​မ​မှန်​ပါ။ သေ​နေ​သော​က​လေး​သည်​သင်​၏​က​လေး​ဖြစ် ၍​အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​မှာ​ငါ​၏ က​လေး​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော​လေ​၏။ ဤ​သို့​လျှင်​သူ​တို့​နှစ်​ဦး​သည် မင်း​ကြီး​၏ ရှေ့​တော်​တွင်​ငြင်း​ခုံ​လျက်​နေ​ကြ​၏။
1KI 3:23 ထို​အ​ခါ​မင်း​ကြီး​သည်``သင်​တို့​နှစ်​ဦး​စ​လုံး​က အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​သည်​ငါ​၏​သား၊ သေ​နေ​သော​က​လေး​သည် သင်​၏​သား​ဟု​ပြော ဆို​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊
1KI 3:24 ဋ္ဌား​တစ်​လက်​ကို​တောင်း​ယူ​တော်​မူ​၍ ရ​ရှိ​တော် မူ​သော​အ​ခါ``အ​သက်​ရှင်​လျက်​ရှိ​သော​က​လေး ကို​နှစ်​ပိုင်း​ဖြတ်​၍ ဤ​မိန်း​မ​တို့​အား​တစ်​ပိုင်း​စီ ဝေ​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။
1KI 3:26 မိ​ခင်​စစ်​သည်​မိ​မိ​၏​သား​ကို​ချစ်​လှ​သ​ဖြင့် မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ က​လေး​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ ထို​မိန်း​မ​အား​ပေး တော်​မူ​ပါ''ဟု​လျှောက်​၏။ သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``က​လေး​ကို​မည် သူ​မျှ​မ​ယူ​ပါ​စေ​နှင့်။ နှစ်​ပိုင်း​ဖြတ်​တော်​မူ​ပါ'' ဟု​လျှောက်​လေ​သည်။-
1KI 3:27 ရှော​လ​မုန်​က``က​လေး​ကို​မ​သတ်​နှင့်​တော့။ သူ့​ကို ပ​ထ​မ​မိန်း​မ​အား​ပေး​လော့။ ထို​မိန်း​မ​သည် က​လေး​၏​မိ​ခင်​စစ်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
1KI 3:28 ရှော​လ​မုန်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို ဣသ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​ကြား​ကြ​သော​အ​ခါ ဘု​ရား သခင်​သည်​မင်း​ကြီး​အား​တ​ရား​မျှ​တ​စွာ​စီ​ရင် ဆုံး​ဖြတ်​နိုင်​သော​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ ကြောင်း​သိ​ရှိ​လျက် မင်း​ကြီး​အား​လွန်​စွာ​ရို​သေ ကြ​၏။
1KI 4:1 ရှော​လ​မုန်​မင်း​သည်​ဣသ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​ကို အုပ်​စိုး​လျက်​နေ​တော်​မူ​၏။-
1KI 4:2 သူ​၏​မှူး​တော်​မတ်​တော်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​၏​သား​အာ​ဇ​ရိ၊
1KI 4:3 နန်း​တော်​အ​တွင်း​ဝန်​များ၊ ရှိ​ရှ​၏​သား​များ​ဖြစ် ကြ​သော​ဧ​လိ​ဟော​ရပ်​နှင့်​အ​ဟိ​ယ​မှတ်​တမ်း တာ​ဝန်​ခံ၊ အ​ဟိ​လုပ်​၏​သား​ယေ​ဟော​ရှ​ဖတ်၊
1KI 4:4 တပ်​မ​တော်​ဗိုလ်​ချုပ်၊ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊
1KI 4:5 နယ်​ဘု​ရင်​ခံ​ချုပ်၊ နာ​သန်​၏​သား​အာ​ဇ​ရိ၊ ဘု​ရင့် အ​တိုင်​ပင်​ခံ​အ​မတ်၊ နာ​သန်​၏​သား​ယဇ်​ပု​ရော ဟိတ်​ဇာ​ဗုဒ်၊
1KI 4:6 နန်း​တော်​အုပ်၊ အ​ဟိ​ရှာ၊ ချွေး​တပ်​ဝန်၊ အာ​ဗ​ဒ ၏​သား​အ​ဒေါ​နိ​ရံ၊
1KI 4:7 ရှော​လ​မုန်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် နယ်​ဘု​ရင် ခံ​တစ်​ဆယ့်​နှစ်​ယောက်​ခန့်​ထား​လေ​သည်။ ထို​သူ တို့​သည်​တစ်​ယောက်​လျှင်​တစ်​လ​စီ၊ မင်း​ကြီး နှင့်​နန်း​တော်​အ​တွက်​မိ​မိ​၏​နယ်​မှ​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။-
1KI 4:8 ထို​ဘု​ရင်​ခံ​များ​နှင့်​သူ​တို့​ပိုင်​သည့်​နယ်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ဗင်​ဟု​ရ၊ဧ​ဖ​ရိမ်​တောင်​ကုန်း
1KI 4:9 ဗင်​ဒေ​ကာ၊မာ​ကတ်​မြို့၊ရှာ​လ​ဗိမ်​မြို့၊ဗက်​ရှေ​မက်​မြို့၊ ဧ​လုဒ်​မြို့​နှင့်​ဗက်​ဟ​နန်​မြို့၊
1KI 4:10 ဗင်​ဟေ​သက်၊အ​ရု​ဗုတ်​မြို့၊စော​ခေါ​မြို့​နှင့်​ဟေ​ဖာ နယ်​မြေ​တစ်​ခု​လုံး၊
1KI 4:11 ရှော​လ​မုန်​၏​သ​မီး​တော်​တာ​ဖတ်​နှင့်​စုံ​ဖက်​သည့် ဗင်​အ​ဘိ​န​ဒပ်၊ဒေါ​ရ​နယ်​မြေ​တစ်​ခု​လုံး၊
1KI 4:12 အ​ဟိ​လုပ်​၏​သား​ဗာ​န၊တာ​နက်​မြို့၊မေ​ဂိဒ္ဒေါ​မြို့​နှင့် တ​ကွ အာ​ဗေ​လ​မ​ဟော​လ​မြို့​များ​နှင့်​ယုတ်​နန် မြို့​တိုင်​အောင်​ရှိ​သည့်​နယ်​မြေ​တစ်​ခု​လုံး။ ထို​နယ် မြေ​သည်​ဗက်​ရှန်​မြို့​နှင့်​ဇာ​တ​န​မြို့​များ​အ​နီး၊ ယေ​ဇ​ရေ​လ​မြို့​၏​တောင်​ဘက်​တွင်​ရှိ​သ​တည်း။
1KI 4:13 ဗင်​ဂေ​ဗာ မ​နာ​ရှေ​၏​သား၊ယာ​ဣ​ရ​၏​သား​ချင်း​စု ပိုင်​သည့်​မြို့​များ​ဖြစ်​သော​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့ နှင့်​ရွာ​များ၊ဗာ​ရှန်​ပြည်၊အာ​ဂေါ​ဘ​ဒေ​သ၊မြို့​ရိုး​နှင့် ကြေး​ဝါ​တံ​ခါး​ကျင်​များ​ဆောက်​လုပ်​တပ်​ဆင် ထား​သည့်​မြို့​ကြီး​ပေါင်း​ခြောက်​ဆယ်၊
1KI 4:14 ဣ​ဒေါ​၏​သား​အ​ဟိ​န​ဒပ်၊မ​ဟာ​နိမ်​မြို့​နယ်၊
1KI 4:15 ရှော​လ​မုန်​၏​သ​မီး​တော်​ဗာ​သ​မတ်​နှင့်​စုံ​ဖက် သည့် အ​ဟိ​မတ်၊န​ဿ​လိ​နယ်​မြေ
1KI 4:16 ဟု​ရှဲ​၏​သား​ဗာ​နာ၊အာ​ရှာ​ဒေ​သ​နှင့်​အာ​လုပ်​မြို့
1KI 4:17 ပါ​ရွာ​၏​သား​ယော​ရှ​ဖတ်၊ဣ​ဿ​ခါ​နယ်​မြေ
1KI 4:18 ဧ​လာ​၏​သား​ရှိ​မိ၊ဗင်္ယာ​မိန်​နယ်​မြေ
1KI 4:19 ဥ​ရိ​၏​သား​ဂေ​ဗ​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန် နှင့်၊ဗာ​ရှန်​ဘု​ရင်​သြ​ဃ​အုပ်​စိုး​ခဲ့​သော​ဂိ​လဒ် နယ်​မြေ၊ ဤ​ဘု​ရင်​ခံ​တစ်​ဆယ်​နှစ်​ယောက် အ​ပြင် တစ်​ပြည်​လုံး​အုပ်​စိုး​ရ​သည့်​ဘု​ရင်​ခံ တစ်​ယောက်​ရှိ​သေး​သ​တည်း။
1KI 4:20 ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-
1KI 4:21 ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။
1KI 4:22 တစ်​နေ့​အ​တွက် ရှော​လ​မုန်​လို​အပ်​သည့်​ရိက္ခာ မှာ ဂျုံ​မှုန့်​အ​နု​တင်း​တစ်​ရာ့​ငါး​ဆယ်​နှင့်​ဂျုံ မှုန့်​အ​ကြမ်း​တင်း​သုံး​ရာ။-
1KI 4:23 ဆတ်၊ သ​မင်၊ ဒ​ရယ်​နှင့်​ကြက်​များ​အ​ပြင်​ခြံ လှောင်​မွေး​သည့်​နွား​ဆယ်​ကောင်၊ စား​ကျက် နွား​အ​ကောင်​နှစ်​ဆယ်​နှင့်​သိုး​အ​ကောင် တစ်​ရာ​ဖြစ်​၏။
1KI 4:24 ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ်​ရှိ​တိ​ဖ​သ မြို့​မှ အ​နောက်​ဘက်​ဂါ​ဇ​မြို့​တိုင်​အောင်​ဥ​ဖ​ရတ် မြစ်​အ​နောက်​ဘက်​ခြမ်း​နယ်​မြေ​အ​ပေါင်း​ကို အ​စိုး​ရ​တော်​မူ​၏။ ဥ​ဖ​ရတ်​မြစ်​၏​အ​နောက် ဘက်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​သူ​၏​လက် အောက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​သည်​လည်း​မိ​မိ အိမ်​နီး​ချင်း​တိုင်း​ပြည်​ရှိ​သ​မျှ​နှင့်​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​တော်​မူ​၏။-
1KI 4:25 သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။
1KI 4:26 ရှော​လ​မုန်​မင်း​တွင်​ရ​ထား​မြင်း​များ​အ​တွက် မြင်း​ဇောင်း​လေး​သောင်း​နှင့်​တိုက်​မြင်း​များ အ​တွက်​မြင်း​ဇောင်း​တစ်​သောင်း​နှစ်​ထောင် ရှိ​လေ​သည်။-
1KI 4:27 တစ်​လ​လျှင်​တစ်​ယောက်​ကျ​ရိက္ခာ​ပေး​ဆက် ရန် တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သည့်​ဘု​ရင်​ခံ​တစ် ဆယ့်​နှစ်​ယောက်​တို့​သည် ရှော​လ​မုန်​မင်း​ကိုယ် တိုင်​စား​သုံး​ရန်​အ​တွက်​နှင့် နန်း​တွင်း​သား အ​ပေါင်း​တို့​အ​တွက်​လို​အပ်​သော​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။ သူ​တို့​သည်​နန်း​တော် တွင်​လို​အပ်​သော​အ​ရာ​မှန်​သ​မျှ​ကို​အ​စဉ် အ​မြဲ​ပေး​ဆက်​ရ​ကြ​လေ​သည်။-
1KI 4:28 ဘု​ရင်​ခံ​တိုင်း​သည်​မိ​မိ​တို့​၏​ဝေ​ပုံ​ကျ မု​ယော​စ​ပါး​နှင့်​ကောက်​ရိုး​ကို​လည်း​စစ် ရ​ထား​မြင်း​များ၊ လား​များ​အ​တွက်​လို အပ်​သည့်​နေ​ရာ​အ​ရပ်​သို့​အ​ရောက်​ပေး ဆက်​ကြ​၏။
1KI 4:29 ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​အား ထူး​ကဲ သော​ဉာဏ်​ပ​ညာ​နှင့်​ထိုး​ထွင်း​ဉာဏ်​ကို​လည်း ကောင်း၊ အ​တိုင်း​မ​သိ​သော​အ​သိ​တ​ရား ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-
1KI 4:30 ရှော​လ​မုန်​သည်​အ​ရှေ့​တိုင်း​သား​ပညာ​ရှင် များ​နှင့် အီ​ဂျစ်​ပြည်​သား​ပ​ညာ​ရှင်​များ ထက်​ပင်​ပို​၍​ပ​ညာ​ရှိ​လေ​သည်။-
1KI 4:31 သူ​သည်​ဧ​ဇ​ရ​ဟိတ်​အမျိုး​သား​ဧ​သန်​ထက် လည်း​ကောင်း၊ မ​ဟော​လ​၏​သား​များ​ဖြစ် သော​ဟေ​မန်၊ ခါ​လ​ကော​လ​နှင့်​ဒါ​ရ​ဒ​တို့ ထက်​လည်း​ကောင်း​ပ​ညာ​ရှိ​၏။ သူ​သည်​လူ အ​ပေါင်း​တို့​တွင်​ပ​ညာ​အ​ရှိ​ဆုံး​ဖြစ် သ​တည်း။ ပတ်​ဝန်း​ကျင်​တိုင်း​နိုင်​ငံ​အ​ပေါင်း သို့​သူ​၏​ပ​ညာ​သ​တင်း​ပျံ့​နှံ့​၍​သွား ၏။-
1KI 4:32 သူ​စီ​ကုံး​ပြု​စု​သည့်​စ​ကား​ပုံ​သုံး​ထောင် နှင့်​သီ​ချင်း​တစ်​ထောင်​ကျော်​ရှိ​၏။-
1KI 4:33 သူ​သည်​လေ​ဗ​နုန်​သစ်​က​တိုး​ပင်​မှ​သည် အုတ် ရိုး​ကပ်​ဟု​ဿုတ်​ပင်​အ​ထိ​သစ်​ပင်​ကြီး​ငယ် များ​အ​ကြောင်း​ကို​ဆွေး​နွေး​တင်​ပြ​ခဲ့​၏။ တိ​ရစ္ဆာန်​များ၊ ငှက်​များ၊ တွား​တတ်​သော​သတ္တ​ဝါ များ​နှင့်​ငါး​များ​၏​အ​ကြောင်း​ကို​လည်း ဖော်​ပြ​ခဲ့​ပေ​သည်။-
1KI 4:34 ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​မင်း​တို့​သည်​ရှော​လ​မုန်​၏ ပ​ညာ​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ စေ​တ​မန်​များ​ကို​လွှတ်​၍​သူ​၏​သြ​ဝါ​ဒ များ​ကို​ကြား​နာ​စေ​ကြ​၏။
1KI 5:1 တု​ရု​ဘု​ရင်​ဟိ​ရံ​သည် ဒါ​ဝိဒ်​မင်း​၏​အ​ဆွေ တော်​အ​ဖြစ်​နှင့်​အ​စဉ်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ ထို့​ကြောင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ကို​ရှော​လ​မုန်​ဆက်​ခံ​၍ နန်း​တက်​သည့်​အ​ကြောင်း ကို​ကြား​သိ​သော​အ​ခါ​သံ​တ​မန်​များ​ကို ရှော​လ​မုန်​ထံ​သို့​စေ​လွှတ်​လေ​သည်။-
1KI 5:2 ရှော​လ​မုန်​သည်​ဟိ​ရံ​အား``ကျွန်ုပ်​ခ​မည်း တော်​ဒါ​ဝိဒ်​သည် မိ​မိ​ပတ်​လည်​ရှိ​ရန်​သူ နိုင်​ငံ​များ​ကို​အ​မြဲ​တ​စေ​တိုက်​ခိုက်​လျက် နေ​ရ​သ​ဖြင့် သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ကို​ဝတ်​ပြု​ရန်​အ​တွက် ဗိ​မာန်​တော် ကို​မ​တည်​မ​ဆောက်​နိုင်​ခဲ့​ကြောင်း​အ​ဆွေ တော်​သိ​ပါ​၏။ သူ​၏​ရန်​သူ​အ​ပေါင်း​တို့ အား ထာ​ဝ​ရ​ဘု​ရား​မ​နှိမ်​နင်း​မ​ချင်း သူ​သည်​ဗိ​မာန်​တော်​ကို​မ​တည်​မ​ဆောက် နိုင်​ပါ။-
1KI 5:4 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင် အ​ရပ်​ရပ်​၌​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး တော်​မူ​ပါ​ပြီ။ ကျွန်ုပ်​မှာ​ရန်​သူ​မ​ရှိ​ပါ။ ရန် သူ​တိုက်​ခိုက်​မည့်​အန္တ​ရာယ်​လည်း​မ​ရှိ​ပါ။-
1KI 5:5 ထာ​ဝ​ရ​ဘု​ရား​က​ကျွန်ုပ်​၏​ခ​မည်း​တော် အား`သင့်​နောက်​၌​ငါ​မင်း​မြှောက်​မည့်​သူ​သင် ၏​သား​သည် ငါ့​အ​တွက်​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်' ဟု​က​တိ​ထား​တော် မူ​ခဲ့​ပါ​၏။ ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​အ​တွက် ထို​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ယ​ခု ကျွန်ုပ်​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​ပြီ။-
1KI 5:6 သို့​ဖြစ်​၍​ကျွန်ုပ်​အ​တွက်​သစ်​က​တိုး​ပင် များ​ကို​ခုတ်​လှဲ​ပေး​ရန် လေ​ဗ​နုန်​တော​သို့ အ​ဆွေ​တော်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​စေ လို​ပါ​သည်။ ကျွန်ုပ်​အ​စေ​ခံ​များ​သည်​လည်း ကူ​ညီ​စေ​ပါ​မည်။ အ​ဆွေ​တော်​ဆုံး​ဖြတ် သည့်​အ​ခ​ကြေး​ငွေ​ကို​ကျွန်ုပ်​ပေး​ပါ​မည်။ အ​ဆွေ​တော်​သိ​သည့်​အ​တိုင်း ကျွန်ုပ်​၏​လူ တို့​သည်​အ​ဆွေ​တော်​၏​လူ​တို့​ကဲ့​သို့​သစ် ခုတ်​မှု​တွင်​မ​ကျွမ်း​ကျင်​ကြ​ပါ'' ဟု​မှာ ကြား​လိုက်​၏။
1KI 5:7 ရှော​လ​မုန်​မင်း​မှာ​ကြား​သော​စ​ကား​ကို ကြား​ရ​သော​အ​ခါ ဟိ​ရံ​မင်း​သည်​လွန်​စွာ အား​ရ​နှစ်​သက်​သ​ဖြင့်``ဤ​သို့​ကြီး​မား​သည့် နိုင်​ငံ​တော်​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ် အား​ဤ​မျှ​ပ​ညာ​ရှိ​သော​သား​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ယ​နေ့​ထော မ​နာ​ပြု​ကြ​လော့'' ဟု​မြွက်​ဆို​တော်​မူ​၏။-
1KI 5:8 ထို​နောက်​ဟိ​ရံ​သည် ရှော​လ​မုန်​ထံ​သို့``အ​ဆွေ တော်​ပေး​ပို့​သော​အ​မှာ​တော်​စ​ကား​ကို​ကြား သိ​ပါ​ပြီ။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​အ​သင့်​ရှိ ပါ​၏။ အ​ဆွေ​တော်​၏​ထံ​သို့​သစ်​က​တိုး နှင့်​ထင်း​ရှူး​သစ်​များ​ကို​ပေး​ပို့​လိုက်​ပါ မည်။-
1KI 5:9 ကျွန်ုပ်​၏​လူ​တို့​သည်​သစ်​လုံး​များ​ကို​လေ ဗ​နုန်​တောင်​မှ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ယူ ဆောင်​ကာ​ဖောင်​ဖွဲ့​၍ အ​ဆွေ​တော်​အ​လို​ရှိ ရာ​ဆိပ်​ကမ်း​သို့​မျှော​ချ​ပေး​ပါ​မည်။ သူ တို့​သည်​ထို​ဆိပ်​ကမ်း​တွင်​ဖောင်​များ​ကို ဖျက်​၍ သစ်​လုံး​များ​ကို​အ​ဆွေ​တော်​၏​လူ တို့​အား​ပေး​အပ်​ကြ​ပါ​မည်။ အ​ဆွေ​တော် အ​နေ​ဖြင့်​ကျွန်ုပ်​၏​လူ​များ​အ​တွက်​စား နပ်​ရိက္ခာ​ကို​ထောက်​ပံ့​စေ​လို​ပါ​သည်'' ဟု ပြန်​ကြား​လိုက်​၏။
1KI 5:10 ထို့​ကြောင့်​ဟိ​ရံ​က​ရှော​လ​မုန်​လို​သ​မျှ သော သစ်​က​တိုး​နှင့်​ထင်း​ရှူး​သစ်​ကို​ပေး​ပို့​၍၊-
1KI 5:11 ရှော​လ​မုန်​က​လည်း​ဟိ​ရံ​၏​လူ​များ​စား​သုံး ရန်​အ​တွက် တစ်​နှစ်​လျှင်​ဂျုံ​ဆန်​တင်း​တစ်​သိန်း နှင့်​သံ​လွင်​ဆီ​အ​စစ်​ဂါ​လံ​တစ်​သိန်း​တစ် သောင်း​ကို​ပေး​ပို့​လေ​သည်။
1KI 5:12 ထာ​ဝရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လ​မုန်​အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​၏။ ဟိ​ရံ​နှင့်​ရှော​လ​မုန်​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​လျက် မ​ဟာ​မိတ်​စာ​ချုပ်​ချုပ်​ဆို​ကြ လေ​သည်။
1KI 5:13 ရှော​လ​မုန်​သည်​ဣသ​ရေ​လ​ပြည်​တစ်​ပြည်​လုံး မှ လူ​သုံး​သောင်း​ကို​ချွေး​တပ်​သား​အ​ဖြစ်​ဖြင့် ဆင့်​ခေါ်​တော်​မူ​ပြီး​လျှင်၊-
1KI 5:14 အ​ဒေါ​နိ​ရံ​အား​သူ​တို့​ကို​အုပ်​ချုပ်​စေ​တော် မူ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​လူ​တစ် သောင်း​စီ​အ​ဖွဲ့​သုံး​ဖွဲ့​ဖွဲ့​တော်​မူ​၍ တစ်​ဖွဲ့​ကို တစ်​လ​ကျ​လေ​ဗ​နုန်​တောင်​သို့​စေ​လွှတ်​ပြီး လျှင် နှစ်​လ​မျှ​အိမ်​သို့​ပြန်​၍​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။-
1KI 5:15 ရှော​လ​မုန်​သည်​ကျောက်​ဆစ်​ရန်​လူ​ရှစ်​သောင်း ကို​လည်း​ကောင်း၊ ကျောက်​သယ်​မည့်​သူ​လူ​ခု​နစ် သောင်း​နှင့်​အ​တူ​တောင်​ပေါ်​ဒေ​သ​သို့​စေ လွှတ်​တော်​မူ​၏။-
1KI 5:16 ထို့​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​အ​လုပ် ကို​ကြီး​ကြပ်​သူ လူ​သုံး​ထောင်​သုံး​ရာ​ကို​ခန့် ထား​တော်​မူ​၏။-
1KI 5:17 ရှော​လ​မုန်​မင်း​၏​အ​မိန့်​တော်​အ​ရ​ထို ချွေး​တပ်​သား​တို့​သည် ဗိ​မာန်​တော်​တိုက်​မြစ် အ​တွက်​ကျောက်​တုံး​ကြီး​များ​ကို​ဆစ်​ရ ကြ​၏။-
1KI 5:18 ရှော​လ​မုန်​၏​အ​လုပ်​သ​မား​များ​နှင့်​ဟိ​ရံ​၏ အ​လုပ်​သ​မား​များ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ် ရန်​အ​တွက် ဂေ​ဗာ​လ​မြို့​သား​များ​နှင့်​အ​တူ ကျောက်​များ​နှင့်​သစ်​များ​ကို​ပြင်​ဆင်​ကြ လေ​သည်။
1KI 6:1 အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​သွား​ပြီး​နောက် အ​နှစ်​လေး​ရာ့​ရှစ်​ဆယ် ကြာ​သော​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လ​မုန် မင်း​သည် မိ​မိ​နန်း​စံ​လေး​နှစ်​မြောက်၊ ဇိ​ဖ​ဟု အ​မည်​တွင်​သော​ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော် ကို​စ​တင်​တည်​ဆောက်​တော်​မူ​၏။-
1KI 6:2 ထို​ဗိ​မာန်​တော်​၏​အ​တွင်း​မှာ​အ​လျား​ပေ ကိုး​ဆယ်၊ အ​နံ​ပေ​သုံး​ဆယ်၊ အ​မြင့်​လေး ဆယ့်​ငါး​ပေ​ရှိ​၏။-
1KI 6:3 မျက်​နှာ​စာ​မုဒ်​ဦး​ဆောင်​သည်​ဗိ​မာန်​တော်​ကဲ့​သို့ ပင် အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​ပေ​သုံး​ဆယ် ရှိ​လေ​သည်။-
1KI 6:4 ဗိ​မာန်​တော်​နံ​ရံ​များ​တွင်​ပြူတင်း​ပေါက်​များ​ရှိ ၍ ယင်း​တို့​၏​အ​ပြင်​ပိုင်း​သည်​အ​တွင်း​ပိုင်း ထက်​ပို​၍​ကျဉ်း​၏။-
1KI 6:5 ဗိ​မာန်​တော်​၏​အ​ပြင်​နံ​ဘေး​နှစ်​ဘက်​နံ​ရံ​များ နှင့်​ကျော​ဘက်​နံ​ရံ​တွင်​ကပ်​၍ အ​ခန်း​ငယ်​များ ကို​ဆောက်​လုပ်​ထား​လေ​သည်။ ထို​အ​ခန်း​ငယ် များ​မှာ​အ​ထပ်​သုံး​ထပ်​ရှိ​၍​တစ်​ထပ်​လျှင် ခု​နစ်​ပေ​ခွဲ​စီ​မြင့်​၏။-
1KI 6:6 အောက်​ဆုံး​ထပ်​အ​ခန်း​များ​သည်​အ​ကျယ် ခု​နစ်​ပေ​ခွဲ၊ အ​လယ်​ထပ်​၌​ကိုး​ပေ​စီ၊ အ​ပေါ် ဆုံး​ထပ်​၌​ဆယ်​ပေ​ခွဲ​စီ​ရှိ​၏။ ထို​အ​ခန်း​များ ကို​ဆောက်​လုပ်​ရာ​တွင်​ယက်​မ​များ​ကို နံ​ရံ ကို​မ​ဖောက်​ဘဲ​နံ​ရံ​ပေါ်​တွင်​တင်​၍​ဆောက် လုပ်​နိုင်​စေ​ရန် ဗိ​မာန်​တော်​နံ​ရံ​တို့​ကို​အ​ထက် ထပ်​တွင်​အောက်​ထပ်​ထက်​ပို​၍​ပါး​အောင် ပြု​လုပ်​ထား​လေ​သည်။
1KI 6:7 ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် အ​သုံး​ပြု​သည့် ကျောက်​များ​ကို​ကျောက်​တွင်း​တွင်​ဆစ်​ပြီး​မှ ယူ​ခဲ့​သ​ဖြင့် ဗိ​မာန်​တော်​တည်​ဆောက်​ချိန်​၌ တူ၊ ပု​ဆိန်​စ​သော​သံ​တန်​ဆာ​များ​နှင့်​ထု​လုပ် သံ​မ​ကြား​ရ​ချေ။
1KI 6:8 အောက်​ဆုံး​ခန်း​ငယ်​အ​ဝင်​ဝ​မှာ​ဗိ​မာန်​တော် ၏​တောင်​ဘက်​တွင်​ရှိ​၏။ ဒု​တိ​ယ​နှင့်​တ​တိ​ယ ထပ်​များ​သို့​တက်​ရန်​လှေ​ကား​များ​တပ်​ဆင် ထား​၏။-
1KI 6:9 ဗိ​မာန်​တော်​ကို​တည်​ဆောက်​ပြီး​သော​အ​ခါ ရှော​လ​မုန်​သည် သစ်​က​တိုး​သား​ထုပ်​များ ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​ကို​တပ်​ဆင် တော်​မူ​၏။-
1KI 6:10 တစ်​ထပ်​လျှင်​ခု​နစ်​ပေ​ခွဲ​မြင့်​သည့်​သုံး​ထပ် အ​ခန်း​ငယ်​များ​ကို​ဗိ​မာန်​တော်​အ​ပြင်​နံ​ရံ များ​နှင့်​ကပ်​၍​ဆောက်​လုပ်​ပြီး​လျှင် သစ်​က​တိုး ယက်​မ​များ​ဖြင့်​နံ​ရံ​နှင့်​ဆက်​စပ်​၍​ထား လေ​သည်။
1KI 6:11 ထာ​ဝ​ရ​ဘု​ရား​က​ရှော​လ​မုန်​အား၊-
1KI 6:12 ``သင်​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​လျှင် သင့်​ခ​မည်း တော်​ဒါ​ဝိဒ်​အား​ငါ​ပေး​ခဲ့​သည့်​က​တိ အ​တိုင်း​သင့်​အ​တွက်​ငါ​ပြု​မည်။-
1KI 6:13 သင်​ဆောက်​လုပ်​လျက်​ရှိ​သည့်​ဗိ​မာန်​တော်​တွင် ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​လယ်​တွင်​ငါ​ကျိန်း​ဝပ်​မည်'' ဟု မိန့်​တော်​မူ​၏။
1KI 6:14 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ကို​ပြီး အောင်​တည်​ဆောက်​တော်​မူ​၏။
1KI 6:15 အ​တွင်း​နံ​ရံ​များ​ကို​ကြမ်း​မှ​မျက်​နှာ​ကျက် တိုင်​အောင် သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ဖုံး​အုပ်​ပြီး လျှင် ကြမ်း​ကို​ထင်း​ရှူး​ပျဉ်​များ​ဖြင့်​ခင်း​ထား လေ​သည်။-
1KI 6:16 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​တွင် သော​ဗိ​မာန်​တော်​အ​တွင်း​ခန်း​သည် အ​လျား ပေ​သုံး​ဆယ်​ရှိ​၍​ယင်း​ကို​သစ်​က​တိုး​သား ပျဉ်​များ​ဖြင့်​မျက်​နှာ​ကျက်​အ​ထိ​ကာ​ရံ ထား​၏။-
1KI 6:17 အ​လွန်​သန့်​ရှင်း​ရာ​ဌာန​အ​ရှေ့​ရှိ​အ​ခန်း​သည် အ​လျား​ပေ​ခြောက်​ဆယ်​ရှိ​၏။-
1KI 6:18 သစ်​က​တိုး​သား​ပျဉ်​များ​တွင်​အ​သီး​အ​ပွင့်​ပုံ များ​ထု​လုပ်​ခြယ်​လှယ်​ထား​လေ​သည်။ ကျောက် နံ​ရံ​ကို​မ​မြင်​နိုင်​စေ​ရန် ဗိ​မာန်​တော်​အ​တွင်း ပိုင်း​တစ်​ခု​လုံး​ကို​သစ်​က​တိုး​သား​ဖြင့်​ဖုံး အုပ်​ထား​သ​တည်း။
1KI 6:19 ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ပိုင်း​တွင် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထား​ရှိ​ရန် အ​တွက် ဗိ​မာန်​တော်​အ​တွင်း​ခန်း​ကို​ဆောက် လုပ်​ထား​၏။-
1KI 6:20 ထို​အ​ခန်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အနံ​ပေ သုံး​ဆယ်၊ အ​မြင့်​ပေ​သုံး​ဆယ်​ရှိ​၍ ယင်း​ကို​ရွှေ စင်​ဖြင့်​မွမ်း​မံ​ထား​လေ​သည်။ ယဇ်​ပလ္လင်​ကို​မူ သစ်​က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​၏။-
1KI 6:21 ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား ပြီး​လျှင် ရွှေ​ဖြင့်​ပင်​မွမ်း​မံ​သည့်​ဗိ​မာန်​တော် အ​တွင်း​ခန်း​၏​အ​ဝင်​ဝ​ကို​ရွှေ​ကြိုး​များ​ဆွဲ ချိပ်​ထား​လေ​သည်။-
1KI 6:22 ဗိ​မာန်​တော်​အတွင်း​ပိုင်း​တစ်​ခု​လုံး​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​၏​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ကောင်း​ရွှေ​ဖြင့် မွမ်း​မံ​၍​ထား​သ​တည်း။
1KI 6:23 သံ​လွင်​သား​ဖြင့်​ပြု​လုပ်​၍ အ​မြင့်​ဆယ့်​ငါး​ပေ စီ​ရှိ​သော​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​တွင်​ထား​ရှိ​၏။-
1KI 6:24 ထို​ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည်​အ​ရပ်​နှင့်​သဏ္ဌာန် တူ​ညီ​ကြ​၏။ ယင်း​တို့​တွင်​အ​လျား​ခု​နစ်​ပေ​ခွဲ ရှိ​သော​အ​တောင်​နှစ်​ခု​စီ​ရှိ​သ​ဖြင့် အ​တောင် ဖျား​တစ်​ခု​မှ​အ​ခြား​တစ်​ခု​အ​ထိ​တစ်​ဆယ့် ငါး​ပေ​ရှိ​လေ​သည်။-
1KI 6:27 ခေ​ရု​ဗိမ်​တို့​ဖြန့်​ထား​သည့်​အ​တောင်​နှစ်​ခု​တို့ သည် နံ​ရံ​များ​နှင့်​ထိ​၍​နေ​ကြ​စေ​ရန်​ခေ​ရု​ဗိမ် နှစ်​ပါး​ကို​ယှဉ်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​၌ ထား​ရှိ​၏။-
1KI 6:28 ခေ​ရု​ဗိမ်​တို့​ကို​ရွှေ​ဖြင့်​မွမ်း​မံ​၍​ထား​သ​တည်း။
1KI 6:29 ဗိ​မာန်​တော်​ခန်း​မ​ကြီး​နံ​ရံ​နှင့် အ​တွင်း​ခန်း​နံ​ရံ တို့​ကို​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့် ပုံ​များ​ဖြင့်​ထု​လုပ်​တန်​ဆာ​ဆင်​ထား​၏။-
1KI 6:30 ကြမ်း​ပြင်​ကို​ပင်​လျှင်​ရွှေ​ဖြင့်​မွမ်း​မံ​၍​ထား လေ​သည်။
1KI 6:31 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​အ​ဝင်​ဝ​၌​သံ​လွင် သား​တံ​ခါး​ရွက်​နှစ်​ရွက်​ကို​တပ်​ဆင်​ထား​၍ တံ​ခါး​ပေါက်​ထိပ်​ပိုင်း​မှာ​အ​ခုံး​ချွန်​ပုံ​သဏ္ဌာန် ရှိ​၏။-
1KI 6:32 တံ​ခါး​ရွက်​များ​၌​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင် နှင့်​ပန်း​ပွင့်​ပုံ​များ​ကို​ထု​လုပ်​ထား​၏။ တံ​ခါး​ရွက် များ၊ ခေ​ရု​ဗိမ်​ရုပ်​များ​နှင့်​စွန်​ပ​လွံ​ပင်​ပုံ​များ ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား​၏။-
1KI 6:33 ဗိ​မာန်​တော်​ခန်း​မ​ကြီး​၏​အ​ဝင်​ဝ​အ​တွက် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​ရှိ​သော​တံ​ခါး ဘောင်​ကို​သံ​လွင်​သား​ဖြင့်​ခွေ​လျက်၊-
1KI 6:34 ခေါက်​တံ​ခါး​ရွက်​တစ်​စုံ​ကို​ထင်း​ရှူး​သား​ဖြင့် ပြု​လုပ်​ပြီး​လျှင်၊-
1KI 6:35 ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့်​ပုံ​များ ထု​လုပ်​၍ ပုံ​လုံး​ပေါ်​ရွှေ​ဖြင့်​မွမ်း​မံ​လေ​၏။
1KI 6:36 ဗိ​မာန်​တော်​ရှေ့​၌​အ​တွင်း​တန်​တိုင်း​ကို​ဆစ် ကျောက်​သုံး​ဆင့်​လျှင် သစ်​က​တိုး​သား​ယက်​မ တစ်​ဆင့်​စီ​ဖြင့်​အ​ထပ်​ထပ်​ဆောက်​လုပ်​ထား​၏။
1KI 6:37 ရှော​လ​မုန်​မင်း​နန်း​စံ​လေး​နှစ်​မြောက်​ဇိ​ဖ​ခေါ် ဒု​တိ​ယ​လ​၌ ဗိ​မာန်​တော်​ကို​ကျောက်​မြစ်​ချ​၍၊-
1KI 6:38 ရှော​လ​မုန်​မင်း​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ ဗု​လ ခေါ်​အ​ဋ္ဌ​မ​လ​၌ ဗိ​မာန်​တော်​ကို​ရေး​ဆွဲ​ထား​သည့် ပုံ​စံ​အ​တိုင်း​တစ်​သ​ဝေ​မ​တိမ်း​ဆောက်​လုပ်​ပြီး လေ​သည်။ ယင်း​သို့​ဆောက်​လုပ်​မှု​မှာ​ခု​နစ်​နှစ် တိုင်​တိုင်​ကြာ​သ​တည်း။
1KI 7:1 ရှော​လ​မုန်​မင်း​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကို တစ်​ဆယ့်​သုံး​နှစ်​နှင့်​အ​ပြီး​သတ်​တည်​ဆောက် တော်​မူ​လေ​သည်။-
1KI 7:2 လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ​ဆောင် အ​လျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ​ခု​နစ်​ဆယ့် ငါး​ပေ၊ အ​မြင့်​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ထို ခန်း​မ​ဆောင်​တွင်​သစ်​က​တိုး​သား​တစ်​ဆယ့် ငါး​တိုင်​ရှိ​သော​တိုင်​တန်း​သုံး​တန်း​ရှိ​၏။ ထို တိုင်​များ​ပေါ်​တွင်​သစ်​က​တိုး​သား​ထုပ်​များ တင်​ထား​၏။ မျက်​နှာ​ကျက်​ကို​လည်း​သစ် က​တိုး​သား​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-
1KI 7:4 နံ​ရံ​နှစ်​ခု​၌​မျက်​နှာ​ချင်း​ဆိုင်​ပြူ​တင်း ပေါက်​သုံး​တန်း​စီ​ရှိ​၏။-
1KI 7:5 တံ​ခါး​ပေါက်​များ​နှင့်​ပြူ​တင်း​ပေါက်​များ​တွင် ထောင့်​မှန်​စ​တု​ဂံ​ပုံ​သဏ္ဌာန်​တံ​ခါး​ဘောင်​များ ရှိ​၏။
1KI 7:6 ထောက်​တိုင်​များ​ပါ​သော​ခန်း​မ​ဆောင်​မှာ​အ​လျား ခု​နစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​ငါး​ပေ​ရှိ​၏။ ၎င်း​၏​မျက်​နှာ​စာ​မှာ​တိုင်​များ​နှင့်​တ​ကွ အ​မိုး​ရှိ​၏။
1KI 7:7 အ​မှု​အ​ခင်း​များ​ကို​ရှော​လ​မုန်​စစ်​ဆေး​စီ​ရင် သည့် တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​ဟု​ခေါ်​သော ရာ​ဇ​ပလ္လင်​ခန်း​ကို​ကြမ်း​ပြင်​မှ​ဒိုင်း​များ​အ​ထိ သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ခင်း​ကာ​ထား​လေ သည်။
1KI 7:8 တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​၏​နောက်​၌ တံ တိုင်း​တစ်​ခု​အ​တွင်း​တွင်​ရှော​လ​မုန်​၏​စံ​နန်း ဆောင်​ကို အ​ခြား​အ​ဆောက်​အ​အုံ​များ​နည်း တူ​ဆောက်​လုပ်​ထား​၏။ မင်း​ကြီး​သည်​မိ​မိ​၏ မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​အ​တွက် စံ​အိမ်​တော်​ကို​လည်း​မိ​မိ​၏ စံ​နန်း​ကဲ့​သို့​ပင်​ဆောက်​လုပ်​တော်​မူ​လေ သည်။
1KI 7:9 ဤ​အ​ဆောက်​အ​အုံ​ရှိ​သ​မျှ​ကို​အ​မြစ်​မှ တံ​စက်​မြိတ်​တိုင်​အောင် ကျောက်​တုံး​များ​ဖြင့် ဆောက်​လုပ်​ထား​၏။ ထို​ကျောက်​တို့​ကို​ကျောက် ခွဲ​စခန်း​တွင်​အ​တိုင်း​အ​တာ​အ​ရ ဆစ်​၍ အ​တွင်း​အပြင်​တို့​ကို​လွှ​ဖြင့်​ညှိ​ထား လေ​သည်။-
1KI 7:10 အ​မြစ်​တည်​ဆောက်​သည့်​ကျောက်​များ​မှာ​ကျောက် ခွဲ​စ​ခန်း​တွင်​ဆစ်​ထား​သည့်​ကျောက်​တုံး​ကြီး များ​ဖြစ်​၍ အ​ချို့​မှာ​အ​လျား​တစ်​ဆယ့်​နှစ်​ပေ၊ အ​ချို့​မှာ​တစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-
1KI 7:11 ကျောက်​တုံး​ကြီး​များ​အ​ပေါ်​တွင်​ထပ်​ဆင့်​၍ အ​တိုင်း​အ​တာ​အ​ရ​ဆစ်​ထား​သည့်​အ​ခြား ကျောက်​များ၊ သစ်​က​တိုး​ယက်​မ​တုံး​များ နှင့်​တည်​ဆောက်​ထား​၏။-
1KI 7:12 နန်း​တော်​တံ​တိုင်း၊ ဗိ​မာန်​တော်​တံ​တိုင်း​နှင့်​ဗိ​မာန် တော်​မုခ်​ဦး​ဆောင်​နံ​ရံ​တို့​ကို​ဆစ်​ပြီး​ကျောက် သုံး​ထပ်​လျှင် သစ်​က​တိုး၊ ယက်​မ​တုံး​တစ်​ထပ် ကျ​ဖြင့်​တည်​ဆောက်​ထား​သ​တည်း။
1KI 7:13 ရှော​လ​မုန်​မင်း​သည်​တု​ရု​မြို့​သား၊ လက်​ရာ မြောက်​သူ​ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ဟိ​ရံ​ကို ဖိတ်​ခေါ်​တော်​မူ​၏။-
1KI 7:14 ကွယ်​လွန်​သွား​ပြီ​ဖြစ်​သော​သူ​၏​ဖ​ခင်​သည်​လည်း တု​ရု​မြို့​တွင်​နေ​ထိုင်​ခဲ့​၍​လက်​ရာ​မြောက်​သည့် ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ပင်​ဖြစ်​သည်။ သူ​၏ မိ​ခင်​မှာ​န​ဿ​လိ​အ​နွယ်​ဝင်​ဖြစ်​ပေ​သည်။ ဟိ​ရံ သည်​အ​သိ​ဉာဏ်​ရှိ​၍​အ​လုပ်​ရည်​ဝ​သူ​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရှော​လ​မုန်​မင်း​ဖိတ်​ခေါ်​စေ​ခိုင်း သည့်​အ​တိုင်း ကြေး​ဝါ​လုပ်​ငန်း​မှန်​သ​မျှ​ကို တာ​ဝန်​ယူ​၍​ဆောင်​ရွက်​လေ​သည်။
1KI 7:15 ဟိ​ရံ​သည်​အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ် တစ်​ဆယ့်​ရှစ်​ပေ​ရှိ​သော​ကြေး​ဝါ​တိုင်​ကြီး နှစ်​လုံး​ကို​သွန်း​လုပ်​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ မှာ​ထား​ရှိ​၏။-
1KI 7:16 ထို​တိုင်​ကြီး​များ​ထိပ်​တွင်​တပ်​ဆင်​ရန် အ​မြင့် ခု​နစ်​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​အုပ်​နှစ်​ခု​ကို လည်း​ပြု​လုပ်​လေ​သည်။-
1KI 7:17 တိုင်​ထိပ်​တိုင်း​ကို​လည်း​ကြေး​ဝါ​ကွန်​ရွက်​များ ဖြင့်​လည်း​ကောင်း၊-
1KI 7:18 ကြေး​ဝါ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​၏။
1KI 7:19 တိုင်​ထိပ်​အုပ်​များ​ကို အ​မြင့်​ခြောက်​ပေ​ရှိ​သည့် ကြာ​ပွင့်​ပုံ​သဏ္ဌာန်​ပြု​လုပ်​၍၊-
1KI 7:20 ကွန်​ရက်​ပုံ​၏​အ​ထက်​ရှိ​ထုပ်​ကာ​အ​ပေါ်​၌​တပ် ဆင်​ထား​လေ​သည်။ တိုင်​ထိပ်​အုပ်​တစ်​ခု​စီ​၏​ပတ် လည်​ရှိ​သ​လဲ​သီး​ကုံး​နှစ်​ကုံး​တွင် သ​လဲ​သီး လုံး​ရေ​နှစ်​ရာ​ရှိ​သ​တည်း။
1KI 7:21 ဟိ​ရံ​သည်​ဤ​ကြေး​ဝါ​တိုင်​ကြီး​နှစ်​လုံး​ကို ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှေ့​၌​စိုက်​ထူ​ထား​ပြီး လျှင် တောင်​ဘက်​တိုင်​ကို​ယာ​ခိန်၊ မြောက်​ဘက်​တိုင် ကို​ဗောဇ​ဟူ​၍​လည်း​ကောင်း​နာ​မည်​မှည့်​၏။-
1KI 7:22 ထို​တိုင်​ကြီး​တို့​တွင်​ကြာ​ပွင့်​ပုံ​သဏ္ဌာန်​တိုင် ထိပ်​အုပ်​များ​ရှိ​လေ​သည်။ သို့​ဖြစ်​၍​တိုင်​ကြီး များ​သွန်း​လုပ်​သည့်​လုပ်​ငန်း​မှာ​ပြီး​ဆုံး သ​တည်း။
1KI 7:23 ဟိ​ရံ​သည်​အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့် ငါး​ပေ၊ အ​ဝန်း​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး ဝါ​ရေ​ကန်​ဝိုင်း​ကို​သွန်း​လုပ်​၏။-
1KI 7:24 ရေ​ကန်​၏​အ​ပြင်​အနား​ပတ်​လည်​၌​ဘူး​သီး တန်း​နှစ်​တန်း​ကို ရေ​ကန်​ကြီး​နှင့်​တစ်​စပ်​တည်း သွန်း​လုပ်​လေ​သည်။-
1KI 7:25 ရေ​ကန်​ကို​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင်​ကျ အ​ပြင်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ပေါ်​တွင် တင်​ထား​၏။-
1KI 7:26 ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍​အ​ပေါ် အ​နား​မှာ ဖ​လား​အ​နား​ကဲ့​သို့​ကြာ​ပွင့်​ချပ် သဏ္ဌာန်​ရှိ​လေ​သည်။ ထို​ရေ​ကန်​သည်​ဂါ​လံ​တစ် သောင်း​ဝင်​သ​တည်း။
1KI 7:27 ဟိ​ရံ​သည် ကြေး​ဝါ​လက်​တွန်း​လှည်း​ဆယ်​စီး​ကို လည်း​ပြု​လုပ်​၏။ ထို​လှည်း​တို့​သည်​အ​လျား​ခြောက် ပေ၊ အ​နံ​ခြောက်​ပေ​နှင့်​အ​မြင့်​လေး​ပေ​ခွဲ​စီ​ရှိ ကြ​၏။-
1KI 7:28 ယင်း​တို့​ကို ဘောင်​သွင်း​ထား​သည့်​စ​တု​ရန်း မှန်​ကူ​ကွက်​ပုံ​များ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-
1KI 7:29 ထို​မှန်​ပုံ​များ​တွင် ခြင်္သေ့​ရုပ်၊ နွား​ရုပ်​နှင့်​ခေ​ရု​ဗိမ် ရုပ်​များ​ကို​ထု​လုပ်​ထား​၏။ ခြင်္သေ့​ရုပ်​များ၊ နွား​ရုပ် များ​၏​အ​ထက်​နှင့်​အောက်​တွင်​ရှိ​သည့်​ဘောင် များ​၏​အ​ပေါ်​၌​ပန်း​ဆိုင်း​များ​ကို​ရုပ်​လုံး ဖော်​၍​ထု​လုပ်​ထား​၏။-
1KI 7:30 လှည်း​တစ်​စီး​လျှင်​ကြေး​ဝါ​ဘီး​လေး​ခု​နှင့်​ကြေး ဝင်​ရိုး​များ​ရှိ​၏။ လှည်း​၏​ထောင့်​လေး​ခု​၌​အင်​တုံ တင်​ရန်​အ​တွက် ကြေး​ဝါ​ထောက်​တိုင်​လေး​ခု​ရှိ​၏။ ထို​ထောက်​တိုင်​တို့​ကို​ပန်း​ဆိုင်း​များ​ဖြင့်​ရုပ်​လုံး ဖော်​၍​တန်​ဆာ​ဆင်​ပြီး​နောက်၊-
1KI 7:31 အင်​တုံ​တင်​ရန်​အ​တွက်​တိုင်​ထိပ်​များ​ကို​စက်​ဝိုင်း ပုံ​သဏ္ဌာန်​ဘောင်​ခတ်​၍​ထား​လေ​သည်။ ထို​ဘောင် သည်​လှည်း​ထက်​တစ်​ဆယ့်​ရှစ်​လက်​မ​မြင့်​၍ လှည်း အ​တွင်း​သို့​ခု​နစ်​လက်​မ​ဝင်​လျက်​နေ​၏။ ယင်း ၏​ပတ်​လည်​၌​လည်း​အ​ရုပ်​များ​ထု​လုပ်​၍ ထား​သ​တည်း။-
1KI 7:32 ဘီး​များ​မှာ​နှစ်​ဆယ့်​ငါး​လက်​မ​စီ​မြင့်​၍ မှန် ကူ​ကွက်​ပုံ​များ​အောက်​၌​တည်​ရှိ​၏။ ဝင်​ရိုး များ​ကို​မူ​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​ထား​လေ​သည်။-
1KI 7:33 ဘီး​တို့​သည်​ရ​ထား​ဘီး​နှင့်​တူ​၍​ဝင်​ရိုး​များ၊ ခွေ​များ၊ ထောက်​များ၊ ပုံ​တောင်း​များ​ကို​ကြေး ဝါ​ဖြင့်​ပြု​လုပ်​ထား​၏။-
1KI 7:34 လှည်း​အိမ်​အောက်​ပိုင်း​ထောင့်​လေး​ထောင့်​၌ လှည်း နှင့်​တစ်​ဆက်​တည်း​သွန်း​လုပ်​ထား​သော​ထောက် တိုင်​လေး​ခု​ရှိ​၏။-
1KI 7:35 လှည်း​၏​ထိပ်​တို့​ကို​ထု​ကိုး​လက်​မ​ရှိ​ကြေး​ဝါ​ခွေ ဖြင့်​ပတ်​၍​ထား​လေ​သည်။ ထောက်​တိုင်​များ​နှင့်​မှန် ကူ​ကွက်​ပုံ​များ​ကို​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​သည်။-
1KI 7:36 ထောက်​တိုင်​များ​နှင့်​မှန်​ကူ​ကွက်​ပုံ​များ​တွင်​နေ​ရာ လပ်​ရှိ​သ​မျှ​တို့​၌​ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင် ပုံ​များ​နှင့် ပတ်​လည်​တွင်​ပန်း​ဆိုင်း​များ​ကို​ထု လုပ်​ထား​၏။-
1KI 7:37 ဤ​ကား​လက်​တွန်း​လှည်း​များ​ကို​ပြု​လုပ်​ပုံ​ဖြစ် လေ​သည်။ ထို​လှည်း​တို့​သည်​တစ်​မျိုး​တစ်​စား တည်း​ဖြစ်​၍​ပုံ​သဏ္ဌာန်​လုံး​ရပ်​တူ​ညီ​ကြ​၏။
1KI 7:38 ဟိ​ရံ​သည်​လှည်း​တစ်​စီး​လျှင်​အင်​တုံ​တစ်​လုံး ကျ​ဖြင့် အင်​တုံ​ဆယ်​လုံး​ကို​လည်း​သွန်း​လုပ်​၏။ အင်​တုံ​တစ်​လုံး​လျှင်​အ​ချင်း​ခြောက်​ပေ​ရှိ​၍ ဂါ​လံ​နှစ်​ရာ​ဝင်​လေ​သည်။-
1KI 7:39 ဟိ​ရံ​သည်​ဗိ​မာန်​တော်​တောင်​ဘက်​၌​လှည်း​ငါး​စီး၊ မြောက်​ဘက်​၌​အ​ခြား​လှည်း​ငါး​စီး​ကို​နေ​ရာ​ချ ထား​၍ ရေ​ကန်​ကို​မူ​အ​ရှေ့​တောင်​ထောင့်​၌​ထား​၏။
1KI 7:40 ဟိ​ရံ​သည်​အိုး​များ၊ ရေ​မှုတ်​များ၊ ခွက်​ဖ​လား​များ ကို​လည်း​ပြု​လုပ်​၏။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​အ​တွက် ရှော​လ​မုန်​မင်း​စေ​ခိုင်း​သ​မျှ သော​အ​လုပ်​တို့​ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​လေ သည်။ သူ​ပြု​လုပ်​သော​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​လေ​သည်။ တိုင်​ကြီး​နှစ်​လုံး၊ ဖ​လား​ပုံ​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​များ​တွက်​ကွန်​ရက်​များ၊ ကွန်​ရက်​ပတ်​လည်​မှ​အ​လုံး​တစ်​ရာ​စီ​ရှိ​သော သ​လဲ​သီး​ကုံး​နှစ်​ကုံး​အ​တွက်​သ​လဲ​သီး အ​လုံး​လေး​ရာ၊ လက်​တွန်း​လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​တင်​ရန်​နွား​ရုပ်​ဆယ့်​နှစ်​ခု၊ အိုး​များ၊ ကော်​ပြား​များ​နှင့်​ခွက်​ဖ​လား​များ၊ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​ရှော​လ​မုန်​မင်း​အ​တွက် ဟိ​ရံ​ပြု​လုပ်​ပေး​သော​ဤ​ပစ္စည်း​တန်​ဆာ​တို့​သည် အ​ရောင်​တင်​ထား​ချွတ်​ပြီး​ကြေး​ဝါ​ဖြင့်​ပြီး​ကြ​၏။-
1KI 7:46 မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ​သု​ကုတ်​မြို့​နှင့် ဇာ​ရ​တန်​မြို့​စပ်​ကြား​တွင်​ရှိ​သော​ကြေး​အ​ရည် ကြို​စက်​၌ ထို​တန်​ဆာ​များ​ကို​သွန်း​လုပ်​စေ​တော် မူ​၏။-
1KI 7:47 ထို​ပစ္စည်း​တန်​ဆာ​တို့​သည်​အ​လွန်​များ​သော ကြောင့်​မ​ချိန်​တွယ်​ဘဲ​ထား​၏။ ထို့​ကြောင့်​ယင်း တို့​၏​အ​လေး​ချိန်​ကို​မ​သိ​နိုင်။
1KI 7:48 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ​တန်​ဆာ များ​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။ ယင်း​တို့​မှ ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ၊-
1KI 7:49 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှေ့​၌​လက်​ယာ ဘက်​တွင်​ထား​ရှိ​သည့် မီး​တင်​ခုံ​ငါး​ခု​နှင့်​လက် ဝဲ​ဘက်​တွင်​ထား​ရှိ​သည့်​မီး​တင်​ခုံ​ငါး​ခု၊ ရွှေ ပန်း​ပွင့်​များ၊ ရွှေ​မီး​ခွက်​များ​နှင့်​မီး​ကိုင်​တန် ဆာ​များ၊-
1KI 7:50 ရွှေ​ခွက်​များ၊ ရွှေ​မီး​ညှပ်​များ၊ ရွှေ​လင်​ပန်း​များ၊ ရွှေ​ဇွန်း​များ၊ ရွှေ​ပြာ​ခံ​အိုး​များ​နှင့်​ဗိ​မာန် တော်​အ​တွင်း​သန့်​ရှင်း​ရာ​ဌာန​တံ​ခါး​များ​နှင့် ဗိ​မာန်​တော်​အ​ပြင်​ခန်း​တံ​ခါး​များ​အ​တွက် ရွှေ​ပတ္တာ​များ​ဖြစ်​လေ​သည်။
1KI 7:51 ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။
1KI 8:1 ရှော​လ​မုန်​မင်း​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဇိ​အုန်​တည်း​ဟူ​သော​ဒါ​ဝိဒ်​မြို့ မှ ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ရန်​အ​တွက် ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ​ဖြစ်​သည့်​အ​နွယ်​ခေါင်း​ဆောင်​များ နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​အား အ​ထံ​တော် သို့​ဆင့်​ခေါ်​တော်​မူ​၏။-
1KI 8:2 ထို​သူ​အ​ပေါင်း​တို့​သည်​ဧ​သ​နိမ်​အ​မည်​တွင် သော​သတ္တ​မ​လ​၌ ကျင်း​ပ​သည့်​သစ်​ခက်​တဲ​နေ ပွဲ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။-
1KI 8:3 ခေါင်း​ဆောင်​အ​ပေါင်း​တို့​လာ​ရောက်​စု​ဝေး​ကြ သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ထမ်း​၍၊-
1KI 8:4 ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော် တန်​ဆာ​များ​ကို​လည်း ဗိ​မာန်​တော်​သို့​သယ် ဆောင်​ကြ​၏။-
1KI 8:5 ရှော​လ​မုန်​မင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​၌​စု​ဝေး​၍ မ​ရေ​တွက်​နိုင်​အောင်​များ​ပြား​သည့်​သိုး​နွား များ​ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-
1KI 8:6 ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ ခေ​ရု​ဗိမ် တို့​၏​အ​တောင်​များ​အောက်​တွင်​ထား​ကြ​၏။-
1KI 8:7 ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​အ​ပေါ်​သို့​ဖြန့်​လျက် သေတ္တာ​တော်​နှင့် ထမ်း​ပိုး​များ​ကို​ပါ​လွှမ်း​မိုး​ထား​လေ​သည်။-
1KI 8:8 ထမ်း​ပိုး​အ​စွန်း​တို့​ကို​ဗိ​မာန်​တော်​အ​လွန်​သန့် ရှင်း​ရာ​ဌာ​န​၏​ရှေ့​တည့်​တည့်​မှ​နေ​၍​တွေ့​မြင် နိုင်​၏။ သို့​ရာ​တွင်​အ​ခြား​အ​ဘယ်​နေ​ရာ​မှ နေ​၍​မ​မြင်​နိုင်။ (ထို​ထမ်း​ပိုး​တို့​သည်​ယ​နေ့ တိုင်​အောင်​ထို​နေ​ရာ​၌​ရှိ​နေ​၏။-)
1KI 8:9 အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​သော​အ​ခါ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ရာ​သိ​နာ​တောင် ၌​မော​ရှေ​ထည့်​ထား​ခဲ့​သည့်​ကျောက်​ပြား​နှစ် ချပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​အ​ရာ​မျှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထဲ​တွင်​မ​ရှိ။
1KI 8:10 ဗိ​မာန်​တော်​ထဲ​မှ​ယဇ်​ပု​ရော​ဟိတ်​များ​ထွက် ခွာ​သွား​ကြ​စဉ် ဗိ​မာန်​တော်​သည်​မိုး​တိမ် ဖြင့်​ချက်​ချင်း​ပြည့်​၍​လာ​လေ​သည်။-
1KI 8:11 ယင်း​သို့​ဗိ​မာန်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ရန် ဗိ​မာန် တော်​ထဲ​သို့​ပြန်​၍​မ​ဝင်​နိုင်​ကြ။-
1KI 8:12 ထို​အ​ခါ​ရှော​လ​မုန်​က၊ ``အို ထာ​ဝရ​ဘု​ရား၊ကိုယ်​တော်​သည် မိုး​ကောင်း​ကင်​တွင်​နေ​ကို​ထား​ရှိ​တော်​မူ​သော်​လည်း၊ မိုး​တိမ်​တွင်​လည်း​ကောင်း၊မှောင်​မိုက်​တွင်​လည်း​ကောင်း စံ​ရန်​ရွေး​ချယ်​တော်​မူ​ပါ​၏။
1KI 8:13 ယ​ခု​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်၊ကိုယ်​တော်​ထာ​ဝ​စဉ်​စံ​တော်​မူ​ရန်၊ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။
1KI 8:14 လူ​အ​ပေါင်း​တို့​သည် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ စဉ် ရှော​လ​မုန်​မင်း​သည်​သူ​တို့​ဘက်​သို့​မျက်​နှာ​မူ ပြီး​လျှင်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-
1KI 8:15 ထို​နောက်​မင်း​ကြီး​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပြု​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို​တည် မြဲ​စေ​တော်​မူ​ပြီ။-
1KI 8:16 ကိုယ်​တော်​က`ငါ​သည်​ငါ​၏​လူ​မျိုးတော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​ဘယ်​မြို့​ကို​မျှ​မ​ရွေး ချယ်​ခဲ့။ သို့​ရာ​တွင်​ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရန် သင့်​ကို​ရွေး​ချယ်​ပြီ' ဟု​ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။
1KI 8:17 ထို​နောက်​ဆက်​လက်​၍​ရှော​လ​မုန်​က``ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန် ဗိ​မာန်​တော်​ကို​တည်​ဆောက်​လို​သော် လည်း၊-
1KI 8:18 ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင်​၏​အ​ကြံ အ​စည်​ကို​နှစ်​သက်​တော်​မူ​၏။-
1KI 8:19 သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည်​မ​ဟုတ်။ သင်​၏​သား​တော်​တစ်​ပါး​သာ​လျှင် တည်​ဆောက်​ရ​မည်' ဟု​မိန့်​တော်​မူ​ခဲ့​၏။''
1KI 8:20 ``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​က​တိ တော်​ကို​အ​ကောင်​အ​ထည်​ပေါ်​လွင်​စေ​တော်​မူ ပြီ။ ငါ​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော် ကို​တည်​ဆောက်​၍​ပြီး​လေ​ပြီ။-
1KI 8:21 ငါ​တို့​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​တော်​မူ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ထား​ရန်​နေ​ရာ​ကို​ဗိ​မာန်​တော်​တွင်​ပြင်​ဆင်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။
1KI 8:22 ထို့​နောက်​လူ​တို့​၏​ရှေ့​မှောက်​တွင်​ရှော​လ​မုန်​သည် ယဇ်​ပလ္လင်​ရှေ့​သို့​သွား​ရပ်​တော်​မူ​၏။ မင်း​ကြီး သည်​လက်​များ​ကို​မြှောက်​ချီ​လျက်၊-
1KI 8:23 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-
1KI 8:24 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မိန့်​တော်​မူ​ခဲ့ သ​မျှ​တို့​ကို ယ​နေ့​အ​ကောင်​အ​ထည်​ပေါ် စေ​တော်​မူ​ပါ​ပြီ။-
1KI 8:25 `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​သင်​၏​သား​မြေး​တို့​သည် သင့် ကဲ့​သို့​ငါ့​စ​ကား​ကို​ဂ​ရု​ပြု​၍​နား​ထောင်​ကြ လျှင် ဣ​သ​ရေ​လ​ပြည်​တွင်​အ​ဘယ်​အ​ခါ​မျှ သင်​၏​အ​မျိုး​မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ခဲ့​သည့်​က​တိ​တော်​အ​တိုင်း ယ​ခု​ပြု​တော်​မူ​ပါ။-
1KI 8:26 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ကိုယ် တော့်​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် ကတိ​တော်​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော် မူ​ရန်​လျှောက်​ထား​ပါ​၏။''
1KI 8:27 ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-
1KI 8:28 အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ယ​နေ့ အ​ကျွန်ုပ်​လျှောက်​ထား​ပန်​ကြား​ချက်​ကို​နား ညောင်း​တော်​မူ​ပါ။-
1KI 8:29 ကိုယ်​တော်​အား​ဝတ်​ပြုကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​နေ့ ည​မ​ပြတ်​စောင့်​ထိန်း​ကြည့်​ရှု​တော်​မူ​ပါ။ ဤ ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​တောင်း လျှောက်​သော​အ​ခါ​နား​ညောင်း​တော်​မူ​ပါ။-
1KI 8:30 ဤ​ဌာ​န​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ဆု​တောင်း​သော အ​ခါ​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော် မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​အ​ကျွန်ုပ်​တို့​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​လျက် အ​ကျွန်ုပ် တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
1KI 8:31 ``လူ​တစ်​ယောက်​သည် အ​ခြား​သူ​တစ်​ယောက်​အား ပြစ်​မှား​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင် အ​ပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ​ကိုယ်​တော် ၏​ယဇ်​ပလ္လင်​တော်​ရှေ့​၌​ကျမ်း​ကျိန်​သော​အ​ခါ၊-
1KI 8:32 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​က​နေ​၍​နား ထောင်​တော်​မူ​ပြီး​လျှင် ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ပြစ်​ရှိ​သူ​အား ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး​တော်​မူ​၍ အ​ပြစ် မဲ့​သူ​အား​အ​ပြစ်​မှ​လွတ်​စေ​တော်​မူ​ပါ။''
1KI 8:33 ``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ရန်​သူ့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ ဤ​ဗိ​မာန် တော်​သို့​လာ​၍၊ မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊-
1KI 8:34 ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ ကိုယ် တော်​၏​လူ​မျိုး​တော်​ကို​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​၍ ဘိုး​ဘေး​တို့​ကို​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့ သူ​တို့​အား​ပြန်​၍​ပို့​ဆောင်​တော်​မူ​ပါ။''
1KI 8:35 ``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကိုယ် တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ဆုံး​မ​တော်​မူ ရန်​မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောင်​တ​ရ​၍​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​လျှင်၊-
1KI 8:36 ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော​လမ်း​မှန်​ကို​ညွှန်​ပြ​တော် မူ​ပါ။ ထို့​နောက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး​သ​နား​တော်​မူ သည့်​ပြည်​တော်​တွင်​မိုး​ရွာ​စေ​တော်​မူ​ပါ။''
1KI 8:37 ``ပြည်​တော်​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​သော အ​ခါ​၌​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး ဆိုက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကောက်​ပဲ သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့ မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ​ခြင်း​တို့​ကြောင့် ပျက်​စီး​၍​သွား​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​တိုက် ခိုက်​ကြ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ သူ​တို့ တွင်​ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊-
1KI 8:38 သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ချို့​တို့​သည်​လှိုက်​လှဲ​စွာ​ဝမ်း​နည်း လျက် ဤ​ဗိ​မာန်​တော်​ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျှင်၊-
1KI 8:39 ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ဘိုး​ဘေး​များ အား​ပေး​တော်​မူ​မည့်​ပြည်​တော်​တွင်​နေ​ထိုင်​ရ သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ကြောက်​ရွံ့ ရို​သေ​ကြ​စေ​ရန်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ လျက် သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​၍​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ​အ​ပေါင်း တို့​၏​အ​ကြံ​အ​စည်​များ​ကို​သိ​တော်​မူ​ပါ ၏။ လူ​တိုင်း​ခံ​စား​သင့်​သည့်​အ​ကျိုး​အ​ပြစ် အ​လျောက်​စီ​ရင်​တော်​မူ​ပါ။''
1KI 8:41 ``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊-
1KI 8:43 သူ​၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော် စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင် တော်​မူ​ပြီး​လျှင်​သူ​ပန်​ကြား​သည့်​အ​တိုင်း​ပြု တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​နည်း​တူ​ကိုယ်​တော် အား​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​ရှင်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​ထား သည့် ဤ​ဗိ​မာန်​တော်​သည်​ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ ရှိ​ကြ​ပါ​လိမ့်​မည်။''
1KI 8:44 ``ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ရန်​သူ​များ​နှင့်​စစ်​တိုက်​ရန်​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ သူ​တို့​သည်​ကိုယ်​တော်​ရွေး​ချယ်​ထား တော်​မူ​သည့်​ဤ​မြို့​တော်​နှင့်​ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော် သို့​မျက်​နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သော အ​ခါ၊-
1KI 8:45 နား​ညောင်း​တော်​မူ​ပါ၊ ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင်​တော်​မူ​လျက် သူ​တို့​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ။''
1KI 8:46 ``အ​ပြစ်​မ​ကူး​လွန်​သူ​လူ​တစ်​ယောက်​မျှ​မ​ရှိ ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့ အား​ရန်​သူ​များ​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ လျက် တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း ကို​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်။-
1KI 8:47 ထို​တိုင်း​ပြည်​သည်​အ​လွန်​ဝေး​ကွာ​လျက်​ပင်​နေ စေ​ကာ​မူ ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ တို့​သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​ခဲ့​၍​အ​ဘယ်​မျှ​ဆိုး ညစ်​ယုတ်​မာ​ခဲ့​ကြောင်း​ကို​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။-
1KI 8:48 အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​၏​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့​လည်း ကောင်း၊ ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ မြို့​တော်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက် ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ပါ​လျှင်၊-
1KI 8:49 သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က နေ​၍​နား​ထောင်​တော်​မူ​ပြီး​လျှင် သူ​တို့​အား ကရု​ဏာ​ထား​တော်​မူ​ပါ။-
1KI 8:50 ကိုယ်​တော်​အား​သူ​တို့​ပြစ်​မှား​ပုန်​ကန်​သည့် အ​ပြစ်​မှန်​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ရန်​သူ​များ​သည်​သူ​တို့​အား​သ​နား​ကြင် နာ​ကြ​ပါ​စေ​သော။-
1KI 8:51 သူ​တို့​သည်​အ​လျှံ​တောက်​လျက်​နေ​သည့်​မီး​ဖို နှင့်​တူ​သော အီ​ဂျစ်​ပြည်​မှ​ကိုယ်​တော်​ထုတ်​ဆောင် တော်​မူ​ခဲ့​သော​လူ​မျိုး​တော် ကိုယ်​တော်​ရှင်​ပိုင် တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​ပါ​၏။''
1KI 8:52 ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​၏ ဘု​ရင်​အား အ​စဉ်​အ​မြဲ​က​ရု​ဏာ​ဖြင့်​ကြည့်​ရှု့ တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့​သူ တို့​ပန်​ကြား​လျှောက်​ထား​သည့်​အ​ခါ​တိုင်း သူ​တို့ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။-
1KI 8:53 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​တော်​မူ​စဉ် အ​ခါ​က ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဤ​သူ​တို့​အား​ကိုယ် တော်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ​ရန် လူ မျိုး​တ​ကာ​တို့​အ​ထဲ​က​ရွေး​ချယ်​တော်​မူ​ခဲ့ ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​တော်​မူ​၏။
1KI 8:54 ရှော​လ​မုန်​သည်​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် လက်​ကို မြှောက်​ချီ​ကာ​ဒူး​ထောက်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ နေ​ရာ​မှ​ထ​၍​ရပ်​တော်​မူ​ပြီး​လျှင်၊-
1KI 8:55 ထို​နေ​ရာ​တွင်​စုဝေး​လျက်​နေ​ကြ​သော​လူ​အ​ပေါင်း တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​အ​သံ​ကျယ်​စွာ​တောင်း​ခံ​တော်​မူ​၏။-
1KI 8:56 မင်း​ကြီး​က``က​တိ​တော်​ရှိ​သည့်​အ​တိုင်း​မိ​မိ​၏ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် ပေး​တော်​မူ​ခဲ့​သော​ကတိ​တော်​အ​ပေါင်း​ကို တစ်​သ​ဝေ​မ​တိမ်း​တည်​စေ​တော်​မူ​ပြီ။-
1KI 8:57 အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​သည် ဘိုး​ဘေး​များ​နှင့်​အ​တူ​နေ​တော်​မူ​ခဲ့​သည့်​နည်း တူ အ​ကျွန်ုပ်​အား​အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့် မ​ခွာ​ဘဲ​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။-
1KI 8:58 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ဘိုး​ဘေး တို့​အား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​များ​နှင့် အ​မိန့်​တော်​တို့​ကို​လိုက်​နာ​ကြ​စေ​ရန်​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား​အ​မိန့်​တော်​ကို​နာ​ခံ​သူ​များ ဖြစ်​အောင်​ပြု​ပြင်​တော်​မူ​ပါ​စေ​သော။-
1KI 8:59 အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် ဤ​ဆု​တောင်း​ပတ္ထနာ​နှင့်​ပန်​ကြား​လျှောက်​ထား ချက်​များ​ကို အ​ခါ​ခပ်​သိမ်း​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​သူ​များ​နှင့်​ဘု​ရင်​အား နေ့​စဉ်​လို​အပ်​ချက် များ​နှင့်​အ​ညီ​က​ရု​ဏာ​ပြ​တော်​မူ​ပါ​စေ သော။-
1KI 8:60 သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​ဘု​ရား​ဖြစ်​ကြောင်း၊ အ​ခြား​ဘု​ရား​မ​ရှိ ကြောင်း​ကို​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့ သိ​ရှိ​ကြ​ပါ​လိမ့်​မည်။-
1KI 8:61 ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သူ​သင်​တို့​သည် လည်း အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘုရား​အား​သစ္စာ​စောင့်​၍ ယ​နေ့​ကျင့်​သ​ကဲ့​သို့ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​နိုင်​ကြ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။
1KI 8:62 ထို့​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-
1KI 8:63 မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့်​သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ကြ လေ​သည်။-
1KI 8:64 ထို​နေ့​၌​ပင်​မင်း​ကြီး​သည်​ဗိ​မာန်​တော်​ရှေ့​၌ ရှိ​သော အ​လယ်​တံ​တိုင်း​ကို​လည်း​အ​နု​မော​ဒ​နာ ပြု​တော်​မူ​၏။ သူ​သည်​ထို​နေ​ရာ​၌​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​ဆီ​ဥ​ကို လည်း​ကောင်း​ပူ​ဇော်​လေ​သည်။ ထို​သို့​ပြု​ရ​ခြင်း မှာ​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ ကြေး​ဝါ ယဇ်​ပလ္လင်​သည်​ထို​ပူ​ဇော်​သကာ​အ​ပေါင်း​တို့ အ​တွက်​အ​လွန်​သေး​ငယ်​၍​နေ​သော​ကြောင့် တည်း။
1KI 8:65 ဗိ​မာန်​တော်​တွင်​ရှော​လ​မုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ကြ​လေ သည်။ လူ​အုပ်​ကြီး​မှာ​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​လမ်း​မှ​သည် တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ် စပ်​တိုင်​အောင်​အ​နှံ့​အ​ပြား​အ​ရပ်​ရပ်​မှ​လာ ရောက်​သူ​များ​ဖြစ်​သတည်း။-
1KI 8:66 ရှစ်​ရက်​မြောက်​သော​နေ့​၌​မင်း​ကြီး​သည်​လူ​တို့ အား မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​စေ​တော်​မူ​၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​အား ထော​မ​နာ​ပြု​ကြ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ခံ​ယူ​ရ​ရှိ​သည့် ကျေး​ဇူး​တော်​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​သွား​ကြ​၏။
1KI 9:1 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်၊ နန်း​တော်​မှ စ​၍​ဆောက်​လုပ်​လို​သ​မျှ​သော အ​ဆောက်​အ​အုံ များ​ကို​ဆောက်​လုပ်​ပြီး​သော​အ​ခါ၊-
1KI 9:2 ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဗောင်​မြို့​မှာ​ကဲ့​သို့ သူ့ အား​ထင်​ရှား​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-
1KI 9:3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​ဆောက်​လုပ်​သည့် ဤ​ဗိ​မာန်​တော်​ကို​ငါ့​အား​ထာ​ဝ​စဉ်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​တော်​အ​ဖြစ်​ငါ​သီး​သန့်​၍ ထား​၏။ ဤ​ဗိ​မာန်​တော်​ကို​အ​ခါ​ခပ်​သိမ်း ငါ​ကြည့်​ရှု​စောင့်​ရှောက်​မည်။-
1KI 9:4 သင်​သည်​သင်​၏​ခမည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ရိုး​သား ဖြောင့်​မတ်​စွာ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​၍ ငါ ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လျက် ငါ​၏ အ​မိန့်​တော်​မှန်​သ​မျှ​ကို​လိုက်​နာ​လျှင်၊-
1KI 9:5 သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ရာ​ဇ ပလ္လင်​ထက်​စံ​ရ​သော သူ​၏​အ​မျိုး​မင်း​ရိုး​မ​ပြတ် စေ​ရ​ဟု​ငါ​ပေး​ခဲ့​သည့်​က​တိ​အ​တိုင်း​ငါ​ပြု မည်။-
1KI 9:6 သို့​ရာ​တွင်​အ​ကယ်​၍​သင်​သို့​မ​ဟုတ်​သင်​၏​သား မြေး​များ​ငါ့​နောက်​သို့​မ​လိုက်​ဘဲ ငါ​ပေး​အပ်​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​များ​ကို​မ​လိုက် နာ​ဘဲ​အ​ခြား​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု ကြ​မည်​ဆို​ပါ​မူ၊-
1KI 9:7 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​ပေး​ထား​သည့်​ပြည်​မှ​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက်​သီး သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို​လည်း​ငါ​စွန့် မည်။ ထို​အ​ခါ​အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​ကို​ကဲ့​ရဲ့​ပြောင်​လှောင် ကြ​လိမ့်​မည်။-
1KI 9:8 ဤ​ဗိ​မာန်​တော်​သည်​လည်း​ယို​ယွင်း​ပျက်​စီး သည့်​အ​ဆောက်​အ​အုံ​ဖြစ်​လာ​လိမ့်​မည်။ ယင်း ၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​အံ့​အား​သင့်​လျက်`ထာ​ဝရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့် ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-
1KI 9:9 ထို​အ​ခါ​လူ​တို့​က​ဤ​သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား`အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ကို​စွန့်​၍ အ​ခြား​ဘု​ရား​များ​ထံ​မှီ​ဝဲ​ဆည်း ကပ်​ကြ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​အ​ပေါ်​ဘေး​ဆိုး​ကို​သင့်​ရောက်​စေ​တော်​မူ ခြင်း​ဖြစ်​သည်' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
1KI 9:10 ရှော​လ​မုန်​မင်း​သည် ဗိ​မာန်​တော်​နှင့်​နန်း​တော် ကို​တည်​ဆောက်​ရာ​တွင် အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင် ကြာ​လေ​သည်။-
1KI 9:11 တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​၏​တည်​ဆောက် ရေး​အ​တွက် လို​သ​မျှ​သော​သစ်​က​တိုး​သား၊ ထင်း ရှူး​သား​နှင့်​ရွှေ​ကို​ပေး​ပို့​လေ​သည်။ တည်​ဆောက် ရေး​ပြီး​ဆုံး​ချိန်​၌​ရှော​လ​မုန်​မင်း​သည်​ဟိ​ရံ အား​ဂါ​လိ​လဲ​နယ်​မြေ​ရှိ​မြို့​နှစ်​ဆယ်​ကို​ပေး တော်​မူ​၏။-
1KI 9:12 ဟိ​ရံ​သည်​ထို​မြို့​များ​သို့​သွား​ရောက်​ကြည့်​ရှု ပြီး​နောက် မ​နှစ်​သက်​သ​ဖြင့်​ရှော​လ​မုန်​မင်း အား``အ​ဆွေ​တော်​ပေး​သည့်​မြို့​များ​ကား အ​ဘယ်​သို့​သော​မြို့​များ​နည်း'' ဟု​ဆို​သည် ကို၊-
1KI 9:13 အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို​ကာ​ဗု​လ​ဟူ​၍ ယ​ခု​တိုင်​အောင်​သ​မုတ်​ကြ​လေ​သည်။-
1KI 9:14 ဟိ​ရံ​သည်​ရှော​လ​မုန်​အား​ရွှေ​ချိန်​လေး​တန် နီး​ပါး​ပေး​ပို့​ခဲ့​သ​တည်း။
1KI 9:15 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​တည် ဆောက်​မှု​တွင်​လည်း​ကောင်း၊ မြို့​၏​အ​ရှေ့​ပိုင်း​၌​မြေ ဖို့​လုပ်​ရာ​တွင်​လည်း​ကောင်း၊ မြို့​ရိုး​တည်​ဆောက် ရာ​တွင်​လည်း​ကောင်း ချွေး​တပ်​ကို​အ​သုံး​ပြု​တော် မူ​၏။ မင်း​ကြီး​သည်​ချွေး​တပ်​ဖြင့်​ပင်​လျှင်​ဟာ​ဇော် မြို့၊ မေ​ဂိဒ္ဒေါ​မြို့​နှင့်​ဂေ​ဇာ​မြို့​တို့​ကို​လည်း​ပြန် လည်​တည်​ဆောက်​တော်​မူ​၏။-
1KI 9:16 (အီ​ဂျစ်​ဘု​ရင်​သည်​ဂေ​ဇာ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မြို့​သူ​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို မီး​ရှို့​ပစ်​လေ​သည်။ ထို့​နောက်​သ​မီး​တော်​အား ရှော​လ​မုန်​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ချိန်​၌​ထို မြို့​ကို​လက်​ဖွဲ့​တော်​မူ​၏။-
1KI 9:17 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဂေ​ဇာ​မြို့​ကို​ပြန် လည်​တည်​ဆောက်​တော်​မူ​ခြင်း​ဖြစ်​၏။) ရှော လ​မုန်​သည်​အောက်​ဗေ​သော​ရုန်​မြို့၊-
1KI 9:18 ဗာ​လက်​မြို့၊ ယု​ဒ​ပြည်​တော​ကန္တာ​ရ​ရှိ​တာ ဒ​မော်​မြို့​တို့​ကို​လည်း​ကောင်း၊-
1KI 9:19 ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​များ၊ စစ်​ရ​ထား များ၊ စ​ခန်း​မြို့​များ​ကို​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်​ပေါ်​နှင့်​နိုင်​ငံ​တော် အ​တွင်း​အ​ခြား​ဒေ​သ​များ​တွင် မိ​မိ​ဆောက် လုပ်​လို​သ​မျှ​သော​အ​ဆောက်​အ​အုံ​များ​ကို လည်း​ကောင်း​ချွေး​တပ်​ဖြင့်​ပင်​တည်​ဆောက်​တော် မူ​၏။-
1KI 9:20 ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ထား​ခဲ့​သည့်​ခါ​နာန်​အ​မျိုး​သား​များ​မှ ဆင်း​သက်​လာ​သူ​တို့​ကို​မိ​မိ​၏​ချွေး​တပ် အ​ဖြစ်​အ​သုံး​ပြု​လေ​သည်။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ၊ ဟိတ္တိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို​သူ တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင်​အောင် ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။-
1KI 9:22 ရှော​လ​မုန်​သည်​ယု​ဒ​အ​မျိုး​သား​တို့​ကို​မူ ကျွန်​ခံ​စေ​တော်​မ​မူ။ သူ​တို့​သည်​စစ်​သူ​ရဲ များ၊ မှူး​မတ်​များ၊ စစ်​ရ​ထား​မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လေ​သည်။
1KI 9:23 ရှော​လ​မုန်​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ​တွင် လုပ်​ကိုင်​နေ​သော​ချွေး​တပ်​သား​တို့​အ​ပေါ်​ကြီး ကြပ်​အုပ်​ချုပ်​ရေး​မှူး​ငါး​ရာ​ငါး​ဆယ်​ရှိ​သ​တည်း။
1KI 9:24 ထို့​နောက်​ရှော​လ​မုန်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး တော်​ကို​သူ​၏​အ​တွက် မိ​မိ​ဆောက်​လုပ်​ပေး​သည့် စံ​နန်း​သို့​ဒါ​ဝိဒ်​မြို့​မှ​ခေါ်​ဆောင်​လာ​ပြီး နောက် မြို့​၏​အ​ရှေ့​ပိုင်း​တွင်​မြေ​ဖို့​တော်​မူ​၏။
1KI 9:25 ရှော​လ​မုန်​သည်​ထာ​ဝရ​ဘု​ရား​အ​တွက် မိ​မိ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​တစ် နှစ်​လျှင်​သုံး​ကြိမ်​ပူ​ဇော်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​လည်း​မီး​ရှို့​ပူ ဇော်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​သည်​ဗိ​မာန် တော်​တည်​ဆောက်​မှု​ကို​အ​ပြီး​သတ်​တော်​မူ သ​တည်း။
1KI 9:26 ရှော​လ​မုန်​မင်း​သည်​ဧ​ဒုံ​ပြည်၊ ဧ​လုတ်​မြို့​အ​နီး အ​ကွာ​ဗာ​ပင်​လယ်​ကွေ့​ကမ်း​ခြေ​ပေါ်​ရှိ​ဧ​ဇ​ယုန် ဂါ​ဗာ​မြို့​တွင်​သင်္ဘော​များ​ကို​လည်း​တည်​ဆောက် လေ​သည်။-
1KI 9:27 ဟိ​ရံ​မင်း​သည်​လည်း​အ​လုပ်​ရည်​ဝ​သည့်​သင်္ဘော သား​အ​ချို့​ကို ရှော​လ​မုန်​၏​လူ​တို့​နှင့်​အ​တူ အ​မှု​ထမ်း​ရန်​ပေး​ပို့​တော်​မူ​၏။-
1KI 9:28 သူ​တို့​သည်​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့်​ကြ ပြီး​နောက် ရွှေ​အ​ချိန်​တစ်​ဆယ့်​ခြောက်​တန် နီး​ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​လာ ကြ​၏။
1KI 10:1 ရှေ​ဘ​ပြည့်​ရှင်​ဘု​ရင်​မ​သည် ရှော​လ​မုန်​၏​ကျော် စော​ကိတ္တိ​သ​တင်း​ကို​ကြား​လျှင် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။-
1KI 10:2 ဘု​ရင်​မ​သည်​နံ့​သာ​မျိုး၊ ကျောက်​မျက်​ရ​တ​နာ၊ ရွှေ​အ​မြောက်​အ​များ​တင်​ဆောင်​ထား​သည့် ကု​လား​အုတ်​များ​နှင့်​တ​ကွ များ​စွာ​သော အ​ခြံ​အ​ရံ​လိုက်​ပါ​လျက်​ရောက်​ရှိ​လာ​လေ သည်။ သူ​သည်​မင်း​ကြီး​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော​ပုစ္ဆာ​တို့​ကို မေး​တော်​မူ​၏။-
1KI 10:3 မင်း​ကြီး​က​လည်း​တစ်​ခု​မ​ကျန်​ဖြေ​ကြား တော်​မူ​သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​လောက် အောင်​ခက်​ခဲ​သည့်​ပုစ္ဆာ​ဟူ​၍​မ​ရှိ။-
1KI 10:4 ဘု​ရင်​မ​သည်​မင်း​ကြီး​ဉာဏ်​ပ​ညာ​ရှိ​ပုံ၊ မင်း​ကြီး ဆောက်​လုပ်​ထား​သည့်​နန်း​တော်၊ သူ​ကျွေး​မွေး​သည့် အ​စား​အ​စာ၊ မှူး​မတ်​များ​နေ​ထိုင်​ရန်​အ​ဆောက် အ​အုံ​များ၊ နန်း​တွင်း​အ​ရာ​ရှိ​အ​စေ​ခံ​များ​ကို စီ​မံ​ခန့်​ခွဲ​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ထား​သော​ဆင် တူ​ဝတ်​စုံ​များ၊ စား​သောက်​ပွဲ​များ​တွင်​မင်း​ကြီး အား​လုပ်​ကျွေး​ရ​သည့်​အ​စေ​အ​ပါး​များ၊ ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ထား​သည့်​ယဇ်​များ​ကို မြင်​သော​အ​ခါ​အံ့​သြ​တွေ​ဝေ​၍​သွား​လေ​သည်။-
1KI 10:6 သူ​သည်​ရှော​လ​မုန်​အား``ကျွန်ုပ်​သည်​ရှေ​ဘ​ပြည် တွင်​ရှိ​စဉ်​အ​ခါ​က အ​ဆွေ​တော်​နှင့်​အ​ဆွေ​တော် ၏​ဉာဏ်​ပ​ညာ​တော်​အ​ကြောင်း​ကို​ကြား​သိ​ခဲ့​ရ သည့်​သ​တင်း​မှန်​ပေ​၏။-
1KI 10:7 သို့​ရာ​တွင်​ကျွန်ုပ်​သည်​ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ မ​တွေ့​မ​မြင်​ရ​မိ​စဉ်​အ​ခါ​က ထို​သတင်း​ကို မ​ယုံ​နိုင်​ပါ။ ထို​စဉ်​အ​ခါ​က​ကျွန်ုပ်​ကြား​သိ ရ​သည့်​အ​ရာ​များ​သည် ယ​ခု​တွေ့​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​၏​ထက်​ဝက်​မျှ​ပင်​မ​ရှိ​ပါ။ အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​တော်​နှင့်​စည်း​စိမ် ချမ်း​သာ​သည်​ကျွန်ုပ်​ကြား​သိ​ခဲ့​သည်​ထက် များ​စွာ​ပို​မို​ကြီး​ကျယ်​ပါ​ပေ​သည်။-
1KI 10:8 အ​ဆွေ​တော်​၏​မိ​ဖု​ရား​များ​သည်​အ​လွန်​မင်္ဂ လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ဆွေ​တော်​၏ အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား​လျက် အ​ဆွေ တော်​၏​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​ကြား​ရ​သူ​အ​ဆွေ​တော်​၏​အ​စေ​ခံ များ​သည်​လည်း အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည် တ​ကား။-
1KI 10:9 အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​သည် အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဖြစ်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး​မြှောက် တော်​မူ​လေ​ပြီ။ ဣ​သ​ရေ​လ​လူ​မျိုး​ကို​ထာ​ဝ​စဉ် ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​အား​တ​ရား​မျှ​တ​စွာ အုပ်​စိုး​စေ​ရန်​အ​ဆွေ​တော်​ကို​မင်း​မြှောက်​တော် မူ​လေ​ပြီ'' ဟု​ပြော​၏။
1KI 10:10 ထို​နောက်​ရှေ​ဘ​ဘု​ရင်​မ​သည်​ရှော​လ​မုန်​အား ရွှေ​ချိန်​ငါး​တန်​နီး​ပါး​ကို​လည်း​ကောင်း၊ နံ့​သာ မျိုး​အ​မြောက်​အ​မြား​နှင့်​ကျောက်​မျက်​ရ​တ​နာ တို့​ကို​လည်း​ကောင်း​ပေး​ဆက်​တော်​မူ​၏။ ရှော​လ​မုန် ရ​ရှိ​ဖူး​သ​မျှ​သော​နံ့​သာ​မျိုး​တို့​အ​နက်​ဘု​ရင် မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး​၏​ပ​မာ​ဏ​မှာ အ​များ​ဆုံး​ဖြစ်​သ​တည်း။
1KI 10:11 သြ​ဖိ​ရ​မြို့​မှ​ရွှေ​များ​ကို​တင်​ဆောင်​လာ​သော ဟိ​ရံ​၏​သင်္ဘော​စု​သည် စန္ဒ​ကူး​သား​နှင့်​ကျောက် မျက်​ရ​တ​နာ​မြောက်​မြား​စွာ​ကို​လည်း​ယူ ဆောင်​ခဲ့​လေ​သည်။-
1KI 10:12 ရှော​လ​မုန်​သည်​စန္ဒ​ကူး​သား​ကို​ဗိ​မာန်​တော်​နှင့် နန်း​တော်​တွင် လက်​ရန်း​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း​ကြီး၊ စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း​ကောင်း အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း​သော​စန္ဒ​ကူး သား​မျိုး​ကို​ဣသ​ရေ​လ​ပြည်​သို့ ယ​ခင်​အ​ဘယ် အ​ခါ​က​မျှ​မ​သွင်း​စ​ဖူး​ချေ။ ယ​နေ့​တိုင် အောင်​လည်း​မ​မြင်​ဘူး​ချေ။
1KI 10:13 ရှော​လ​မုန်​မင်း​သည်​အ​ခါ​အား​လျော်​စွာ ပေး​လေ့ ပေး​ထ​ရှိ​သည့်​လက်​ဆောင်​များ​ကို ရှေ​ဘ​ဘု​ရင်​မ အား​ရက်​ရော​စွာ​ပေး​တော်​မူ​သည့်​အ​ပြင် ဘု​ရင်​မ အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း​ပေး​တော် မူ​၏။ ထို့​နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။
1KI 10:14 နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​သည်​ရွှေ​ချိန်​နှစ်​ဆယ့် ငါး​တန်​ရ​ရှိ​၏။-
1KI 10:15 ထို့​အ​ပြင်​ကုန်​သည်​ကြီး​များ​ထံ​မှ​ကောက်​ခံ​ရ​ရှိ သည့်​အ​ခွန်​အ​ကောက်​များ၊ ကုန်​စည်​ကူး​သန်း​ရောင်း ဝယ်​မှု​မှ​ထွက်​ပေါ်​လာ​သည့်​အမြတ်​အ​စွန်း​များ၊ အာ​ရပ်​ဘု​ရင်​များ​နှင့်​နယ်​မြေ​ဘုရင်​ခံ​များ ဆက်​သ​သည့်​အ​ခွန်​များ​ရ​ရှိ​သေး​၏။
1KI 10:16 ရှော​လ​မုန်​သည်​ဒိုင်း​ကြီး​နှစ်​ရာ​ကို​ပြု​လုပ်​ပြီး လျှင် တစ်​ခု​စီ​ကို​ရွှေ​ချိန်​တစ်​ဆယ့်​ငါး​ပေါင်​ခန့် ဖြင့်​မွမ်း​မံ​ထား​စေ​၏။-
1KI 10:17 ရွှေ​ချိန်​လေး​ပေါင်​ခန့်​စီ​ဖြင့်​မွမ်း​မံ​ထား​သော​ဒိုင်း ငယ်​သုံး​ရာ​ကို​လည်း​ပြု​လုပ်​၍ ထို​ဒိုင်း​အား​လုံး ကို​လေ​ဗ​နုန်​ခန်း​မ​ဆောင်​တွင်​ထား​ရှိ​စေ​၏။
1KI 10:18 မင်း​ကြီး​သည်​ရွှေ​စင်​ဖြင့်​မွမ်း​မံ​ထား​သည့် ဆင် စွယ်​ရာ​ဇ​ပလ္လင်​ကြီး​ကို​လည်း​ပြု​လုပ်​တော်​မူ​၏။-
1KI 10:19 ရာဇ​ပလ္လင်​ကို​တက်​ရန်​လှေ​ကား​ထစ်​ခြောက်​ထစ်​ရှိ​၍ ယင်း​တို့​၏​အ​စွန်း​တစ်​ဘက်​တစ်​ချက်​တွင်​ခြင်္သေ့ ရုပ်​တစ်​ကောင်​စီ​ရှိ​သ​ဖြင့် စု​စု​ပေါင်း​ခြင်္သေ့​ရုပ် တစ်​ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​၏ ကျော​ဘက်​တွင်​နွား​လား​ဥ​သ​ဘ​၏​ခေါင်း​ရုပ် တစ်​ခု​ရှိ​၍ လက်​တင်​နှစ်​ခု​၏​ဘေး​တစ်​ဘက် တစ်​ချက်​၌​ခြင်္သေ့​ရုပ်​တစ်​ခု​စီ​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ်​နိုင်​ငံ​တွင်​မျှ​ဤ​သို့​သော ရာ​ဇ​ပလ္လင်​မျိုး​မ​ရှိ​ချေ။
1KI 10:21 ရှော​လ​မုန်​၏​သောက်​တော်​ရေ​ဖ​လား​မှန်​သ​မျှ သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခေါ်​ခန်း​မ ဆောင်​တွင်​ရှိ​သ​မျှ​သော​အ​သုံး​အ​ဆောင်​များ သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ရှော​လ​မုန် ၏​လက်​ထက်​က​ငွေ​ကို​တန်​ဖိုး​မ​ထား​သ​ဖြင့် ငွေ​အ​သုံး​အ​ဆောင်​မ​ထား​ချေ။-
1KI 10:22 မင်း​ကြီး​သည်​ဟိ​ရံ​၏​သင်္ဘော​စု​နှင့်​အ​တူ ကူး​သန်း သွား​လာ​ရန်​ပင်​လယ်​ကူး​သင်္ဘော​များ​ရှိ​လေ​သည်။ ထို​သင်္ဘော​တို့​သည်​သုံး​နှစ်​လျှင်​တစ်​ကြိမ်​ပြည်​တော် သို့​ပြန်​လာ​၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ ကို​ယူ​ဆောင်​လာ​တတ်​ကြ​၏။
1KI 10:23 ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​တ​ကာ​တို့​ထက်​ပို​၍ စည်း​စိမ်​ချမ်း​သာ​နှင့်​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​၏။-
1KI 10:24 ထို့​ကြောင့်​ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​တို့​သည်​မင်း​ကြီး အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ ဖြင့် မြွက်​ဆို​သည့်​စ​ကား​များ​ကို​ကြား​နာ​ရန် လာ​ရောက်​ကြ​၏။-
1KI 10:25 နှစ်​စဉ်​လာ​ရောက်​ကြ​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​စီ ကိုယ်​ငှ ရွှေ​ထည်၊ အ​ဝတ်​တန်​ဆာ၊ လက်​နက်၊ နံ့​သာ မျိုး၊ မြင်း၊ လား​တို့​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ် မင်း​ကြီး​အား​ဆက်​သ​ကြ​လေ​သည်။
1KI 10:26 ရှော​လ​မုန်​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး​ရာ​နှင့် မြင်း​ကောင်​ရေ​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော​တပ်​ကို ဖွဲ့​စည်း​ပြီး​နောက် အ​ချို့​ကို​ယေ​ရု​ရှ​လင်​မြို့​တွင် လည်း​ကောင်း၊ အ​ချို့​ကို​အ​ခြား​မြို့​တို့​တွင်​လည်း ကောင်း​စ​ခန်း​ချ​၍​ထား​တော်​မူ​၏။-
1KI 10:27 သူ​၏​လက်​ထက်​တော်​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငွေ သည်​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး သား​သည်​ယု​ဒ​ပြည်​တောင်​ခြေ​၌​အ​လေ့​ကျ ပေါက်​သော​ပိုး​စာ​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ များ​လေ​သည်။-
1KI 10:28 မူ​သ​ရိ​ပြည်​နှင့်​ကိ​လိ​ကိ​ပြည် မှ​မြင်း​များ၊-
1KI 10:29 အီ​ဂျစ်​ပြည်​မှ​ရထား​များ​တင်​သွင်း​မှု​ကို​မင်း ကြီး​၏​အ​ဝယ်​တော်​များ​က​ချုပ်​ကိုင်​ထား​ကြ​၏။ သူ​တို့​သည်​ဟိတ္တိ​နှင့်​ရှု​ရိ​ဘု​ရင်​တို့​အား​မြင်း တစ်​ကောင်​လျှင် ငွေ​သား​ခြောက်​ရာ​နှုန်း​ဖြင့်​လည်း ကောင်း၊ ရထား​တစ်​စီး​လျှင်​ငွေ​သား​တစ်​ရာ့​ငါး ဆယ်​နှုန်း​ဖြင့်​လည်း​ကောင်း​ရောင်း​ချ​ကြ​လေ သည်။
1KI 11:1 ရှော​လ​မုန်​ချစ်​ခင်​မြတ်​နိုး​သည့် လူ​မျိုး​ခြား အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​၏။ သူ​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ကို​သာ​မ​က​ဘဲ ဟိတ္တိ​အ​မျိုး​သ​မီး​များ၊ မော​ဘ​အ​မျိုး​သ​မီး များ၊ အမ္မုန်​အ​မျိုး​သ​မီး​များ၊ ဧ​ဒုံ​အ​မျိုး သ​မီး​များ​နှင့်​ဇိ​ဒုန်​အ​မျိုး​သ​မီး​များ​ကို လည်း​မိ​ဖု​ရား​မြှောက်​တော်​မူ​လေ​သည်။-
1KI 11:2 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နှင့်​အိမ် ထောင်​မ​ပြု​ရ။ သူ​တို့​သည်​သင်​တို့​၏​စိတ်​နှ​လုံး ကို​သူ​တို့​ဘု​ရား​များ​ဘက်​သို့​အ​မှန်​ပင်​ယိမ်း ယိုင်​စေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။ သို့ ပါ​လျက်​ရှော​လ​မုန်​သည်​ထို​အ​မျိုး​သ​မီး များ​နှင့်​စုံ​ဖက်​တော်​မူ​လေ​သည်။-
1KI 11:3 ရှော​လ​မုန်​သည်​မင်း​သ​မီး​ခု​နစ်​ရာ​ကို​ထိမ်း မြား​သည့်​အ​ပြင် သူ​၏​မောင်း​မ​တော်​သုံး​ရာ ရှိ​သေး​၏။ သူ​တို့​သည်​မင်း​ကြီး​အား​ထာ​ဝ​ရ ဘု​ရား​ကို​ကျော​ခိုင်း​စေ​ပြီး​လျှင်၊-
1KI 11:4 အို​မင်း​လာ​ချိန်​၌​လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​ကြ​၏။ မင်း​ကြီး သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား​သစ္စာ​မ​စောင့်​ဘဲ၊-
1KI 11:5 ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်​နှင့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့် အမ္မုန်​ဘု​ရား​မိ​လ​ကုံ​အား​ဝတ်​ပြု ကိုး​ကွယ်​၍၊-
1KI 11:6 ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​ဒု​စ​ရိုက်​ကို​ပြု လျက် ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား ထံ​လုံး​ဝ​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း​မ​ပြု​ပေ။-
1KI 11:7 ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။-
1KI 11:8 လူ​မျိုး​ခြား​မိ​ဖု​ရား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ သက်​ဆိုင်​ရာ​ဘု​ရား​များ​အား​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​နိုင်​ရန်​နှင့် ယဇ်​ပူ​ဇော်​နိုင်​ရန်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက် ပေး​တော်​မူ​၏။
1KI 11:9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လ​မုန်​အား​နှစ်​ကြိမ် တိုင်​တိုင်​ထင်​ရှား​၍ လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​ရန်​မိန့် ကြား​တော်​မူ​သော်​လည်း ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား မ​ထောင်​ဘဲ ကိုယ်​တော်​အား​ကျော​ခိုင်း​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လ​မုန်​အား အမျက်​ထွက်​တော်​မူ​သ​ဖြင့်၊-
1KI 11:11 ``သင်​သည်​ငါ​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို ချိုး​ဖောက်​လျက် ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် သည်​ဖြစ်​၍ ငါ​သည်​နိုင်​ငံ​တော်​ကို​သင့်​လက်​မှ မု​ချ​ရုပ်​သိမ်း​ပြီး​လျှင် သင်​၏​မှူး​မတ်​တစ်​ဦး အား​ပေး​အပ်​မည်။-
1KI 11:12 သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-
1KI 11:13 သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။
1KI 11:14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​မင်း​မျိုး​နွယ် တစ်​ဦး​ဖြစ်​သူ​ဟာ​ဒဒ်​အား ရှော​လ​မုန်​ကို​ပုန်​ကန် စေ​တော်​မူ​၏။-
1KI 11:15 ဤ​အ​ရေး​အ​ခင်း​မ​ပေါ်​ပေါက်​မီ​ကာ​လ​အ​တော် ကြာ​က ဧ​ဒုံ​ပြည်​ကို​ဒါ​ဝိဒ်​နှိမ်​နင်း​အောင်​မြင်​ပြီး နောက် တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​တို့​ကို​သင်္ဂြိုဟ်​ရန်​ထို​ပြည်​သို့​သွား​၍ မိ​မိ​၏​တပ်​သား​များ​နှင့်​အ​တူ​ခြောက်​လ​မျှ နေ​ထိုင်​ကာ​ဧ​ဒုံ​ပြည်​သား​ယောကျာ်း​မှန်​သ​မျှ ကို​သတ်​လေ​သည်။-
1KI 11:17 ဟာ​ဒဒ်​နှင့်​သူ့​ဖ​ခင်​၏​အ​စေ​ခံ​အ​ချို့​သာ​လျှင် လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။ (ထို​စဉ်​အ​ခါ​က​ဟာ​ဒဒ်​သည်​က​လေး​သူ​ငယ် မျှ​သာ​ရှိ​သေး​၏။-)
1KI 11:18 သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-
1KI 11:19 ဟာ​ဒဒ်​သည်​မင်း​ကြီး​နှင့်​ချစ်​ကျွမ်း​ဝင်​၍​လာ ရ​ကား မင်း​ကြီး​က​သူ့​အား​မိ​ဖု​ရား​တာ​ပ​နက် ၏​ညီ​မ၊ မိ​မိ​၏​ခယ်​မ​တော်​နှင့်​စုံ​ဖက်​ပေး​တော် မူ​၏။-
1KI 11:20 ထို​အ​မျိုး​သ​မီး​သည်​သား​ဂေ​နု​ဗတ်​ကို​ဖွား​မြင် ရာ ထို​သား​ကို​နန်း​တော်​တွင်း​၌​မိ​ဖု​ရား​က​ပင် လျှင်​စောင့်​ရှောက်​ပြု​စု​ထား​သ​ဖြင့် သူ​ငယ်​သည် ဘု​ရင်​၏​သား​တော်​များ​နှင့်​အ​တူ​နေ​ထိုင်​ရ လေ​သည်။
1KI 11:21 ဒါ​ဝိဒ်​မင်း​ကွယ်​လွန်​တော်​မူ​၍ တပ်​မ​တော်​ဗိုလ် ချုပ်​ယွာ​ဘ​သည်​လည်း​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အီ​ဂျစ်​ပြည်​သို့​သ​တင်း​ရောက်​ရှိ​လာ​သော အ​ခါ ဟာ​ဒဒ်​က​အီ​ဂျစ်​ဘု​ရင်​ထံ``အ​ကျွန်ုပ် အား​မိ​မိ​တိုင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​တော်​မူ ပါ'' ဟု​လျှောက်​လေ​၏။
1KI 11:22 မင်း​ကြီး​က``အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​လို ဆန္ဒ​မ​ပြည့်​ဝ​၍​သင့်​ပြည်​သို့​ပြန်​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ဟာ​ဒဒ်​က``ယင်း​သို့​မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ပြန် ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ပြီး​လျှင် မိ​မိ​၏​ပြည်​သို့​ပြန်​သွား​လေ​၏။ ဟာ​ဒဒ်​သည်​ဧ​ဒုံ​ပြည်​တွင်​မင်း​ပြု​လျက် ဣ​သ ရေ​လ​လူ​မျိုး​ကို​ရွံ​ရှာ​၍​ရန်​မူ​လေ​သည်။
1KI 11:23 ဘု​ရား​သ​ခင်​သည်​ဧ​လျာ​ဒ​၏​သား​ရေ​ဇုန်​ကို လည်း ရှော​လ​မုန်​အား​ပုန်​ကန်​စေ​တော်​မူ​၏။ ရေ​ဇုန် သည်​မိ​မိ​၏​သ​ခင်၊ ဇော​ဘ​ဘု​ရင်၊ ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ထွက်​ပြေး​ပြီး​လျှင်​တော​ပုန်း​အ​ဖွဲ့​ခေါင်း ဆောင်​လုပ်​၍​နေ​လေ​၏။-
1KI 11:24 (ဤ​သို့​ဖြစ်​ပျက်​မှု​မှာ​ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ ကို​နှိမ်​နင်း​၍ ထို​မင်း​၏​ရှု​ရိ​မ​ဟာ​မိတ်​များ​ကို သုတ်​သင်​ပြီး​ချိန်​၌​ဖြစ်​သ​တည်း။) ရေ​ဇုန်​သည် မိ​မိ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ဒ​မာ​သက်​မြို့ သို့​သွား​ရောက်​နေ​ထိုင်​ရာ​သူ​၏​လူ​တို့​သည်​သူ့ ကို​ရှု​ရိ​ဘုရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​လေ​သည်။-
1KI 11:25 ရေ​ဇုန်​သည်​လည်း​ရှော​လ​မုန်​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား ရန်​မူ​လျက်​နေ​၏။
1KI 11:26 ရှော​လ​မုန်​အား​ပုန်​ကန်​သူ​အ​ခြား​လူ​တစ်​ယောက် မှာ ဧ​ဖ​ရိမ်​ပြည်၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ဖြစ်​သည်။ သူ​သည်​ရှော​လ​မုန်​၏ နန်း​တွင်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​၍ သူ​၏​မိ​ခင်​မှာ ဇေရွာ​နာ​မည်​ရှိ​သော​မု​ဆိုး​မ​ဖြစ်​၏။-
1KI 11:27 ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။-
1KI 11:28 လုပ်​ရည်​ကိုင်​ရည်​ကောင်း​သူ​ယေ​ရော​ဗောင်​၏​လုံ့​လ ဝိ​ရိ​ယ​ကို​မြင်​တော်​မူ​သော​အ​ခါ ရှော​လ​မုန် သည်​သူ့​အား​မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​များ အ​တွက် ချွေး​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​အပ်​တော် မူ​၏။-
1KI 11:29 တစ်​နေ့​သ၌​ယေ​ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့ မှ​ခ​ရီး​ပြု​ရန်​ထွက်​ခွာ​လာ​စဉ် လမ်း​ပေါ်​၌​သူ နှင့်​ရှိ​လော​မြို့​သား​ပ​ရော​ဖက်​အ​ဟိ​ယ​တို့ နှစ်​ဦး​တည်း​တွေ့​ဆုံ​မိ​ကြ​လေ​သည်။-
1KI 11:30 အ​ဟိ​ယ​သည်​မိ​မိ​ဝတ်​ထား​သည့်​ဝတ်​လုံ သစ်​ကို​ချွတ်​၍ တစ်​ဆယ့်​နှစ်​ပိုင်း​ဆုတ်​ဖြဲ ပြီး​လျှင်၊-
1KI 11:31 ယေ​ရော​ဗောင်​အား``သင့်​အ​တွက်​ဝတ်​လုံ​စ ဆယ်​ခု​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ငါ​သည်​ရှော​လ​မုန်​ထံ​မှ​နိုင်​ငံ​တော်​ကို ရုပ်​သိမ်း​၍ ဣသ​ရေ​လ​တို့​၏​နယ်​မြေ​ဆယ်​ခု ကို​ပေး​မည်။-
1KI 11:32 ငါ​၏​အ​စေ​ခံ​ဒါဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍ လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​မှ​ငါ ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု ရှ​လင်​မြို့​ကို​ထောက်​ထား​၍​လည်း​ကောင်း၊ ငါ​သည် ရှော​လ​မုန်​အ​တွက်​နယ်​မြေ​တစ်​ခု​ကို​ချန်​ထား ပေး​မည်။-
1KI 11:33 ဤ​သို့​ငါ​ပြု​ရ​မည့်​အ​ကြောင်း​မှာ​ရှော​လ​မုန်​သည် ငါ့​ကို​ပစ်​ပယ်​၍ ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ အမ္မုန်​ဘု​ရား​မိ​လ​ကုံ တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​သော​ကြောင့်​ဖြစ်​၏။ ရှော​လ​မုန်​သည်​ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် လေ​ပြီ။ သူ​သည်​မ​ကောင်း​မှု​ကို​ပြု​၍​ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့​ကို​သူ​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​နာ​ခံ​သ​ကဲ​သို့​မ​နာ​ခံ။-
1KI 11:34 သို့​ရာ​တွင်​ငါ​သည်​သူ​၏​ထံ​မှ​တစ်​နိုင်​ငံ​လုံး ကို​ရုပ်​သိမ်း​ဦး​မည်​မ​ဟုတ်။ ငါ​ရွေး​ချယ်​ခန့်​ထား ၍​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​နာ​ခံ​သူ၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​မျက်​နှာ ကို​ထောက်​၍ ငါ​သည်​ရှော​လ​မုန်​အား​တစ်​သက် လုံး​ထို​နိုင်​ငံ​ကို​အုပ်​စိုး​စေ​မည်။-
1KI 11:35 သူ​၏​သား​လက်​ထက်​ရောက်​မှ​ထို​နိုင်​ငံ​ကို ရုပ်​သိမ်း​၍ ဣ​သ​ရေ​လ​ဆယ်​နွယ်​ကို​သင့်​အား ငါ​ပေး​မည်။-
1KI 11:36 ရှော​လ​မုန်​၏​သား​ကို​မူ​ကား​ဣ​သ​ရေ​လ​တစ် နွယ်​ကို​ငါ​ပေး​မည်။ ဤ​သို့​ပေး​ရ​ခြင်း​အ​ကြောင်း မှာ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့် ငါ​ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​၌ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏ သား​မြေး​များ​အ​ဆက်​မ​ပြတ်​နန်း​စံ​လျက် ရှိ​နေ​စေ​ရန်​ဖြစ်​၏။-
1KI 11:37 အ​ချင်း​ယေ​ရော​ဗောင်၊ ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​မည်။ သင်​သည်​မိ​မိ​အ​လို​ရှိ သော​နယ်​မြေ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။-
1KI 11:38 အ​ကယ်​၍​သင်​သည်​ငါ​၏​စ​ကား​ကို​အ​ကြွင်း​မဲ့ နား​ထောင်​ကာ​ငါ့​ပ​ညတ်​တော်​တို့​ကို​ကျင့်​သုံး ပြီး​လျှင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နည်း​တူ​ငါ့​အ​မိန့် တို့​ကို​နာ​ခံ​ခြင်း​အား​ဖြင့် ငါ​နှစ်​သက်​မြတ်​နိုး အောင်​ပြု​လျှင်​သင်​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ငါ ရှိ​မည်။ သင့်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့် ထား​ပြီး​လျှင် ဒါ​ဝိဒ်​၏​သား​မြေး​များ​အ​တွက် ငါ​ပြု​သ​ကဲ့​သို့​သင်​၏​သား​မြေး​တို့​ကို​လည်း သင့်​နောက်​၌​ဧ​ကန်​အ​မှန်​ဆက်​လက်​နန်း​စံ စေ​မည်။-
1KI 11:39 ရှော​လ​မုန်​၏​အ​ပြစ်​အ​တွက်​ငါ​သည်​ဒါဝိဒ်​၏ သား​မြေး​တို့​အား​ဒဏ်​ခတ်​မည်။ သို့​သော်​အ​စဉ် အ​မြဲ​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို လေ​သည်။
1KI 11:40 ထို့​ကြောင့်​ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ် ရန်​ကြိုး​စား​လေ​၏။ ယေ​ရော​ဗောင်​သည်​အီ​ဂျစ် ဘု​ရင်​ရှိ​ရှက်​ထံ​သို့​ထွက်​ပြေး​၍ ရှော​လ​မုန် ကွယ်​လွန်​သည့်​တိုင်​အောင်​အီ​ဂျစ်​ပြည်​တွင်​နေ လေ​သည်။
1KI 11:41 ရှော​လ​မုန်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ၊ နေ​ထိုင်​ပြု​မူ​ပုံ​နှင့်​ပ​ညာ​ဉာဏ်​ရှိ​ပုံ​အ​ကြောင်း တို့​ကို​ရှော​လ​မုန်​အတ္ထု​ပ္ပတ္တိ​စာ​စောင်​တွင်​ရေး​သား ဖော်​ပြ​ထား​လေ​သည်။-
1KI 11:42 သူ​သည်​လေး​ဆယ့်​တစ်နှစ်​တိုင်​တိုင်​ယေ​ရု​ရှ​လင် မြို့​တွင်​နန်း​စံ​တော်​မူ​လျက် ဣ​သ​ရေ​လ​တစ် နိုင်​ငံ​လုံး​ကို​အုပ်​စိုး​တော်​မူ​ခဲ့​သတည်း။-
1KI 11:43 သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။
1KI 12:1 ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣ​သ​ရေ​လ ပြည်​မြောက်​ပိုင်း​ရှိ​လူ​တို့​စု​ရုံး​လျက်​ရှိ​ရာ​ရှေ​ခင် မြို့​သို့​သွား​၏။-
1KI 12:2 ရှော​လ​မုန်​မင်း​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​သွား​သူ​နေ​ဗက်​၏​သား​ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​အီ​ဂျစ်​ပြည် မှ​ပြန်​လာ​လေ​သည်။-
1KI 12:3 ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​လူ​တို့​သည်​သူ့​ကို ခေါ်​ယူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ရောဗောင်​မင်း​ထံ​သို့ သွား​ကြ​၏။ သူ​တို့​က၊-
1KI 12:4 ``အ​ရှင့်​ခ​မည်း​တော်​ရှော​လ​မုန်​သည်​ကျွန်ုပ်​တို့ အ​ပေါ်​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​တော်​မူ​ခဲ့ ပါ​၏။ အ​ရှင်​သည်​ထို​လေး​လံ​သော​ထမ်း​ပိုး​နှင့် ပင်​ပန်း​သော​ဝန်​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့ အား​နေ​သာ​ထိုင်​သာ​ရှိ​အောင်​ပြု​တော်​မူ​မည်​ဆို ပါ​က အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင့်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
1KI 12:5 ရော​ဗောင်​က​လည်း``သုံး​ရက်​ကြာ​လျှင်​ငါ့​ထံ​သို့ ပြန်​ခဲ့​ကြ။ ထို​အ​ခါ​မှ​သင်​တို့​အား​ငါ​အ​ဖြေ ပေး​မည်'' ဟု​ဆို​၏။
1KI 12:6 ထို့​နောက်​ရော​ဗောင်​သည် ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ​အား``ထို သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ​ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
1KI 12:7 မှူး​မတ်​တို့​က``အ​ရှင်​သည်​ထို​သူ​တို့​အား​အ​ကျိုး ပြု​လို​တော်​မူ​ပါ​လျှင် သူ​တို့​၏​ပန်​ကြား​ချက်​ကို လိုက်​လျော​တော်​မူ​ပါ။ သူ​တို့​သည်​အ​ရှင်​၏​အမှု တော်​ကို အ​စဉ်​အ​မြဲ​သစ္စာ​နှင့်​ထမ်း​ဆောင်​ကြ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
1KI 12:8 သို့​ရာ​တွင်​ရော​ဗောင်​သည်​ထို​မှူး​မတ်​တို့​ပေး​သည့် အ​ကြံ​ကို​လျစ်​လူ​ရှု​၍ အ​ပါး​တော်​တွင်​ခ​စား နေ​ကျ​ဖြစ်​သော​မိ​မိ​၏​ငယ်​သူ​ငယ်​ချင်း လူ​ငယ်​လူ​ရွယ်​များ​ထံ​သို့​သွား​ပြီး​လျှင်၊-
1KI 12:9 ``သင်​တို့​က​ငါ့​အား​အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ ပါ​မည်​နည်း။ သူ​တို့​၏​ဝန်​ကို​ပေါ့​ပါး​အောင်​ပြု လုပ်​ပေး​ရန် ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​နေ​သူ တို့​အား​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
1KI 12:10 ထို​သူ​ငယ်​များ​က``အ​ရှင်​သည်​သူ​တို့​အား`ငါ​၏ လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ထက်​ပို​၍ တုတ်​၏။-
1KI 12:11 ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး​သည်​မှန်​၏။ ငါ တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို​၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ဖြေ​ကြား​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
1KI 12:12 သုံး​ရက်​မျှ​ကြာ​သော​အ​ခါ​ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရော​ဗောင်​မင်း မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြန်​လာ​ကြ​၏။-
1KI 12:13 ထို​အ​ခါ​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​အ​တိုင် ပင်​ခံ​အ​မတ်​များ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​ပြီး​လျှင်၊-
1KI 12:14 လူ​ငယ်​လူ​ရွယ်​တို့​ပေး​သည့်​အ​ကြံ​အ​တိုင်း​ထို သူ​တို့​အား``ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး သည်​မှန်​၏။ ငါ​တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို ၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့် ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု ခက်​ထန်​စွာ​ဖြေ​ကြား​တော်​မူ​၏။-
1KI 12:15 မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​အား​အ​လေး ဂ​ရု​မ​ပြု​ဘဲ​နေ​တော်​မူ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​ယေ​ရော​ဗောင်​အား​ကိုယ်​တော် ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​အ​လို ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။
1KI 12:16 မိ​မိ​တို့​၏​ပန်​ကြား​ချက်​ကို မင်း​ကြီး​နား​ထောင် တော့​မည်​မ​ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ တို့​က``ဒါ​ဝိဒ်​၌​ငါ​တို့​လူ​မျိုး​တော်​မ​ရှိ။ ယေ​ရှဲ ၏​သား​၌​ငါ​တို့​အ​မွေ​မ​ရှိ။ အို ဣ​သ​ရေ​လ​ပြည် သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ အို ဒါ​ဝိဒ်၊ သင်​၏​အိမ်​ကို​ပြန်​ကြည့်​လော့'' ဟု​ဟစ်​အော်​ကြ ကုန်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ပုန်​ကန် ကြ​၏။-
1KI 12:17 ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​လျှင် အုပ်​စိုး​ရ​လေ​သည်။
1KI 12:18 ထို​အ​ခါ​ရော​ဗောင်​မင်း​သည် ချွေး​တပ်​တာ​ဝန်​ခံ အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အမျိုး​သား​တို့​က ထို​သူ့​အား​ခဲ​နှင့်​ပစ်​သတ်​ကြ သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ်​သို့​အ​ဆော တ​လျင်​တက်​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ထွက်​ပြေး လေ​၏။-
1KI 12:19 ထို​ကာ​လ​မှ​စ​၍​ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​မျိုး​ကို​ပုန်​ကန် ကြ​လေ​သ​တည်း။
1KI 12:20 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် မှ​ယေ​ရော​ဗောင်​ပြန်​လည်​ရောက်​ရှိ​လာ​သည့် သ​တင်း​ကို​ကြား​သော​အ​ခါ သူ့​အား​လူ​ထု အ​စည်း​အ​ဝေး​သို့​ဖိတ်​ခေါ်​ကာ ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​ကုန်​၏။ ယု​ဒ အ​နွယ်​သာ​လျှင်​ဒါ​ဝိဒ်​၏​သား​မြေး​တို့ အ​ပေါ်​တွင်​သစ္စာ​စောင့်​ကြ​လေ​သည်။
1KI 12:21 ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​ကို​ပြန် လည်​သိမ်း​ပိုက်​ရန်​ကြံ​စည်​လျက် ယု​ဒ​နှင့်​ဗင်္ယာ မိန်​အ​နွယ်​များ​မှ​လက်​ရွေး​စင်​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ကို​စု​ရုံး​စေ​တော်​မူ​၏။
1KI 12:22 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက် ရှေ​မာ​ယ​ကို​စေ​လွှတ်​၍၊-
1KI 12:23 ရော​ဗောင်​မင်း​နှင့်​တ​ကွ​ယုဒ​အ​နွယ်​ဝင်​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​အ​ပေါင်း​တို့​အား၊-
1KI 12:24 ``သင်​တို့​သည်​သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ် ကြ​သော​ဣ​သ​ရေ​လ​ပြည်​သူ​တို့​ကို​မ​တိုက် မ​ခိုက်​ကြ​နှင့်။ ယ​ခု​ဖြစ်​ပျက်​ခဲ့​သော​အ​မှု သည်​ငါ​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​သ​ဖြင့် သင်​တို့​အား​လုံး​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ လော့'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​စေ​တော်​မူ​၏။ သူ​တို့​အား​လုံး​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျက်​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​သွား ကြ​၏။
1KI 12:25 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​တောင် ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည်၊ ရှေ​ခင်​မြို့​ကို တံ​တိုင်း​ကာ​ပြီး​လျှင်​ကာ​လ​အ​တန်​ကြာ​မျှ နန်း​စံ​တော်​မူ​၏။ ထို့​နောက်​ထို​မြို့​မှ​ထွက်​ခွာ ၍​ပေ​နွေ​လ​မြို့​ကို​တံ​တိုင်း​ကာ​တော်​မူ​၍၊-
1KI 12:26 ``ငါ​၏​ပြည်​သူ​တို့​သည်​ယခု​အ​တိုင်း​ယေ​ရု ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် သူ​တို့ သည်​ယု​ဒ​ဘု​ရင်​ရော​ဗောင်​၏​ကျေး​ဇူး​သစ္စာ ကို​ပြောင်း​လဲ​ခံ​ယူ​ကာ​ငါ့​အား​လုပ်​ကြံ ကြ​ပေ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။
1KI 12:28 ယင်း​သို့​တွေး​တော​ပြီး​နောက် ယေ​ရော​ဗောင်​သည် ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​နှစ်​ကောင်​ကို​သွန်း လုပ်​၍​ပြည်​သူ​တို့​အား``သင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ ကြ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပြီ။ အို ဣ​သ ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​တော်​မူ​သော​ဘု​ရား​များ ကား​ဤ​ဘုရား​များ​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။-
1KI 12:29 ထို့​နောက်​ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ကောင် ကို​ဗေ​သ​လ​မြို့​၌​လည်း​ကောင်း၊ အ​ခြား​တစ် ကောင်​ကို​ဒန်​မြို့​၌​လည်း​ကောင်း​ထား​တော်​မူ​၏။-
1KI 12:30 ထို့​ကြောင့်​ပြည်​သူ​တို့​သည်​ထို​မြို့​များ​သို့​သွား ရောက်​ကာ ကိုး​ကွယ်​ဝတ်​ပြု​လျက်​အ​ပြစ်​ကူး လွန်​ကြ​ကုန်​၏။-
1KI 12:31 ယေ​ရော​ဗောင်​သည်​တောင်​ထိပ်​များ​တွင်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​ပြီး လျှင် လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ်​သော​သူ​တို့​အား ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​လေ သည်။
1KI 12:32 ယေ​ရော​ဗောင်​သည်​ယု​ဒ​ပြည်​တွင်​ကျင်း​ပ​သည့် ပွဲ​တော်​နှင့်​အ​လား​တူ​ဘာ​သာ​ရေး​ပွဲ​တော်​ကို လည်း အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌​ကျင်း​ပ ရန်​ပြ​ဋ္ဌာန်း​တော်​မူ​၏။ သူ​သည်​မိ​မိ​သွန်း​လုပ် ထား​သော​နွား​လား​ဥ​သ​ဘ​ရုပ်​များ​အား ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူ​ဇော်​၍ မိ​မိ​ဆောက်​လုပ်​ထား​သည့်​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင် အ​မှု​တော်​ဆောင် လျက်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ထို မြို့​၌​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။-
1KI 12:33 မင်း​ကြီး​သည်​မိ​မိ​သတ်​မှတ်​ပေး​သည့်​နေ့​ရက် ဖြစ်​သည့် အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​၌ ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​သို့​သွား​၍ ယဇ်​ပူ​ဇော် ကာ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အ​တွက် မိ​မိ​ကိုယ် တိုင်​တီ​ထွင်​ပြ​ဋ္ဌာန်း​ပေး​သည့်​ပွဲ​တော်​ကို ကျင်း​ပ​တော်​မူ​သ​တည်း။
1KI 13:1 ယု​ဒ​ပြည်​မှ​ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ဗေ​သ​လ​မြို့​သို့ သွား​ရာ​ယဇ်​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​တွင်​ယေ​ရော ဗောင်​ရပ်​လျက်​နေ​ချိန်​၌​ရောက်​ရှိ​လာ​လေ​သည်။-
1KI 13:2 ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​တိုင်း​ပ​ရော ဖက်​က``အို ယဇ်​ပလ္လင်၊ ယဇ်​ပလ္လင်၊ ထာ​ဝ​ရ​ဘု​ရား က`ယော​ရှိ​နာ​မည်​တွင်​မည့်​သူ​ငယ်​သည်​ဒါ​ဝိဒ် ၏​သား​ချင်း​စု​တွင်​ဖွား​မြင်​လိမ့်​မည်။ ပူ​ဇော် သကာ​များ​ကို​သင်​၏​အ​ပေါ်​တွင်​တင်​လှူ​ကာ မိစ္ဆာ​ယဇ်​ပလ္လင်​များ​တွင်​အ​မှု​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား သူ​သည်​သင့်​အ​ပေါ် မှာ​တင်​၍​ယဇ်​ပူ​ဇော်​လိမ့်​မည်။ လူ​ရိုး​တို့​ကို လည်း​တင်​၍​မီး​ရှို့​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။-
1KI 13:3 ထို့​နောက်​ပ​ရော​ဖက်​က​ဆက်​လက်​၍``ဤ​ယဇ်​ပလ္လင် သည်​ပြို​ကွဲ​၍ ပလ္လင်​ပေါ်​ရှိ​ပြာ​တို့​သည်​လည်း​ပျံ့ လွင့်​လိမ့်​မည်။ ထို​အ​ခါ​ငါ့​အား​ဖြင့်​ဤ​စ​ကား ကို​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​သင် သိ​လိမ့်​မည်'' ဟု​ဟော​လေ​၏။
1KI 13:4 ထို​စ​ကား​ကို​ကြား​လျှင်​ယေ​ရော​ဗောင်​မင်း​သည် ပ​ရော​ဖက်​အား​လက်​ညှိုး​ထိုး​၍``ထို​သူ​ကို​ဖမ်း ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို​ခ​ဏ ၌​သူ​သည်​လေ​ဖြတ်​သ​ဖြင့်​မိ​မိ​၏​လက်​ကို ပြန်​လည်​ရုပ်​သိမ်း​၍​မ​ရ​တော့​ချေ။-
1KI 13:5 ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ယဇ်​ပလ္လင် သည်​လည်း​ရုတ်​တ​ရက်​ပြို​ကွဲ​ကာ​ပြာ​တို့​သည် မြေ​ပေါ်​သို့​ဖိတ်​စင်​၍​ကျ​လေ​သည်။-
1KI 13:6 ယေ​ရော​ဗောင်​မင်း​က``အ​ကျွန်ုပ်​၏​လက်​ပျောက်​ကင်း စေ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ အ​သ​နား​ခံ​ပါ​လော့'' ဟု​တောင်း​ပန်​၏။ ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု တောင်း​သ​ဖြင့် မင်း​ကြီး​၏​လက်​သည်​ရော​ဂါ ပျောက်​လေ​၏။-
1KI 13:7 ထို​အ​ခါ​မင်း​ကြီး​က​ပ​ရော​ဖက်​အား``အ​ကျွန်ုပ် နှင့်​အ​တူ နန်း​တော်​သို့​လိုက်​၍​အ​စား​အ​စာ သုံး​ဆောင်​ပါ​လော့။ သင့်​အား​လက်​ဆောင်​ပေး ပါ​မည်'' ဟု​ဆို​၏။
1KI 13:8 ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။-
1KI 13:9 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​အ​ဘယ်​အ​စာ ရေ​စာ​ကို​မျှ​မ​စား​မ​သောက်​ရန်​နှင့် လာ​လမ်း အ​တိုင်း​မ​ပြန်​ရန်​ပ​ညတ်​တော်​မူ​ပြီ'' ဟု လျှောက်​၏။-
1KI 13:10 ထို့​နောက်​သူ​သည်​လာ​လမ်း​ဖြင့်​မ​ပြန်​ဘဲ အ​ခြား​လမ်း​ဖြင့်​ပြန်​လေ​၏။
1KI 13:11 ထို​အ​ချိန်​အ​ခါ​၌​ဗေ​သ​လ​မြို့​တွင်​နေ​ထိုင် သူ​ပ​ရော​ဖက်​အို​ကြီး​တစ်​ပါး​ရှိ​၏။ သူ​၏​သား များ​သည်​ထို​နေ့​၌​ဗေ​သ​လ​မြို့​တွင်​ယု​ဒ ပ​ရော​ဖက်​ပြု​မူ​သွား​ပုံ​နှင့် မင်း​ကြီး​အား ပြော​ကြား​သော​စ​ကား​များ​ကို​ဖခင်​အား ပြန်​ပြော​ကြ​၏။-
1KI 13:12 ပ​ရော​ဖက်​အို​ကြီး​က``ထို​သူ​သည်​အ​ဘယ် လမ်း​ဖြင့်​ပြန်​သ​နည်း'' ဟု​သား​တို့​အား​မေး လျှင်​သား​တို့​သည်​ယု​ဒ​ပ​ရော​ဖက်​ပြန်​သည့် လမ်း​ကို​ညွှန်​ပြ​ကြ​၏။-
1KI 13:13 ပ​ရော​ဖက်​အို​ကြီး​က``ငါ​၏​မြည်း​ကို​ကုန်း​နှီး တင်​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သား​တို့ သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-
1KI 13:14 ထို​အ​ခါ​သူ​သည်​မြည်း​ကို​စီး​၍​ယု​ဒ​ပ​ရော ဖက်​၏​နောက်​သို့​လိုက်​လေ​၏။ ဝက်​သစ်​ချ​ပင် တစ်​ပင်​အောက်​တွင်​ထို​ပ​ရော​ဖက်​ထိုင်​လျက် နေ​သည်​ကို​တွေ့​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​က``သင်​သည်​ယု​ဒ​ပြည်​မှ​လာ​သော ပ​ရော​ဖက်​လော'' ဟု​မေး​၏။ ထို​သူ​က​လည်း``ဟုတ်​ပါ​သည်'' ဟု​ဖြေ​၏။
1KI 13:15 ``ငါ​နှင့်​အ​တူ​အိမ်​သို့​လိုက်​၍​အ​စား​အ​စာ​ကို စား​သောက်​ပါ​လော့'' ဟု​ပ​ရော​ဖက်​အို​ကြီး​က ခေါ်​ဖိတ်​၏။
1KI 13:16 သို့​ရာ​တွင်​ယု​ဒ​ပ​ရော​ဖက်​က``ငါ​သည်​သင်​နှင့် အ​တူ​မ​လိုက်​နိုင်။ သင်​ဧည့်​ဝတ်​ပြု​သည်​ကို​လည်း လက်​မ​ခံ​နိုင်။ သင်​နှင့်​အ​တူ​ဤ​အ​ရပ်​တွင် အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား​မ​သောက် နိုင်။-
1KI 13:17 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား မ​သောက်​နှင့်။ လာ​လမ်း​အ​တိုင်း​လည်း​မ​ပြန် နှင့်' ဟု​ပ​ညတ်​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ သည်'' ဟု​ပြန်​ပြော​လေ​၏။
1KI 13:18 ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊
1KI 13:19 ယု​ဒ​ပ​ရော​ဖက်​သည်​သူ​နှင့်​အ​တူ အိမ်​သို့ လိုက်​၍​အ​စား​အ​စာ​ကို​သုံး​ဆောင်​လေ​သည်။-
1KI 13:20 သူ​တို့​သည်​စား​ပွဲ​တွင်​ထိုင်​လျက်​နေ​စဉ်​ပ​ရော ဖက်​အို​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ရောက်​၍၊-
1KI 13:21 ယု​ဒ​ပ​ရော​ဖက်​အား``ထာ​ဝရ​ဘု​ရား​က​သင်​သည် ငါ​၏​စ​ကား​တော်​ကို​မ​နာ​ခံ။ ငါ​၏​အ​မိန့်​တော် အ​တိုင်း​မ​ဆောင်​ရွက်။ အ​စား​အ​စာ​မ​စား​ရန်​ငါ မှာ​ကြား​သော်​လည်း ဤ​အ​ရပ်​သို့​ပြန်​လာ​ကာ​စား သောက်​သည်​ဖြစ်​သော​ကြောင့်​အ​သတ်​ခံ​ရ​လိမ့်​မည်။ သင်​၏​အ​လောင်း​ကို​ဘိုး​ဘေး​တို့​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ရ​လိမ့်​မည်​ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
1KI 13:23 သူ​တို့​စား​သောက်​၍​ပြီး​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​သည်​မြည်း​ကို​ကုန်း​နှီး​တင်​၍​ပေး​သ​ဖြင့်၊-
1KI 13:24 ယု​ဒ​ပ​ရော​ဖက်​သည်​မြည်း​ကို​စီး​၍​ထွက်​လာ ရာ​လမ်း​တွင် ခြင်္သေ့​ကိုက်​၍​သေ​လေ​၏။-
1KI 13:25 သူ​၏​အ​လောင်း​သည်​လမ်း​ပေါ်​တွင်​လဲ​လျက် မြည်း​နှင့်​ခြင်္သေ့​သည်​လည်း ထို​အ​လောင်း​အ​နီး ၌​ပင်​ရပ်​လျက်​နေ​ကြ​၏။ ယင်း​သို့​လမ်း​ပေါ် တွင်​လဲ​နေ​သော​အ​လောင်း​ကို​လည်း​ကောင်း၊ အ​နီး​တွင်​ရပ်​လျက်​နေ​သော​မြည်း​နှင့်​ခြင်္သေ့ ကို​လည်း​ကောင်း​ခ​ရီး​သွား​သူ​အ​ချို့​တို့ မြင်​ကြ​၏။ သူ​တို့​သည်​ဗေ​သ​လ​မြို့​သို့ သွား​ပြီး​လျှင်​မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့် အ​ဖြစ်​အ​ပျက်​ကို​ပြော​ကြား​ကြ​၏။
1KI 13:26 ပ​ရော​ဖက်​အို​ကြီး​သည် ထို​သ​တင်း​ကို​ကြား သော​အ​ခါ``ဤ​သူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​လွန်​ဆန်​သည့်​ပ​ရော​ဖက်​ပင်​ဖြစ်​ပါ​သည် တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မိန့်​တော်​ရှိ ခဲ့​သည့်​အ​တိုင်း ခြင်္သေ့​ကို​စေ​လွှတ်​၍​ကိုက်​သတ်​စေ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-
1KI 13:27 ထို​နောက်​သူ​သည်​မိ​မိ​၏​သား​တို့​အား``ငါ​၏​မြည်း ကို​ကုန်း​နှီး​တင်​ကြ​လော့'' ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-
1KI 13:28 ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။-
1KI 13:29 ပ​ရော​ဖက်​အို​ကြီး​သည်​ထို​အလောင်း​ကို​ယူ​၍ မြည်း​ပေါ်​သို့​တင်​ပြီး​လျှင် ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြ​ရန်​နှင့်​သင်္ဂြိုဟ်​ရန် ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​လာ​၏။-
1KI 13:30 သူ​သည်​ထို​အ​လောင်း​ကို​မိ​မိ​၏​အိမ်​ထောင်​စု သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ပြီး​နောက် မိ​မိ​၏​သား​များ နှင့်​အ​တူ``အို ငါ့​ညီ၊ ငါ့​ညီ'' ဟု​ဆို​၍​ငို​ကြွေး မြည်း​တမ်း​လေ​သည်။-
1KI 13:31 ထို​နောက်​ပ​ရော​ဖက်​အို​ကြီး​သည်​မိ​မိ​၏​သား များ​အား``ငါ​သေ​သော​အ​ခါ​ထို​သူ​၏​အ​နီး တွင်​ကပ်​၍​ဤ​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လော့။-
1KI 13:32 ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။
1KI 13:33 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​ယ​ခု​တိုင် အောင်​ပင် မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်​သေး ဘဲ မိ​မိ​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​တွင် အ​မှု​ထမ်း​ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သာ​မန် အိမ်​ထောင်​စု​များ​မှ​ရွေး​ချယ်​ခန့်​ထား​လေ့​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​လုပ်​လို​သူ​မှန်​သ​မျှ​ကို ခန့်​ထား​လေ​သည်။-
1KI 13:34 ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။
1KI 14:1 ထို​အ​ချိန်​၌​ယေ​ရော​ဗောင်​၏​သား​အ​ဘိ​ယ သည်​ဖျား​နာ​လျက်​နေ​၏။-
1KI 14:2 ယေ​ရော​ဗောင်​သည်​မိ​မိ​၏​မိ​ဖု​ရား​အား``သင် သည်​မိ​ဖု​ရား​မှန်း​မ​သိ​စေ​ရန်​ရုပ်​ဖျက်​၍ ငါ့ အား​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဟော​ခဲ့​သူ​ပ​ရော​ဖက်​အ​ဟိ​ယ​နေ​ထိုင် ရာ​ရှိ​လော​မြို့​သို့​သွား​လော့။-
1KI 14:3 သူ့​အ​တွက်​မုန့်​ဆယ်​လုံး၊ မုန့်​ပြား​အ​ချို့​နှင့် ပျား​ရည်​တစ်​ဘူး​ကို​ယူ​ဆောင်​သွား​ပြီး​လျှင် ငါ​တို့​၏​သား​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စုံ​စမ်း မေး​မြန်း​လော့။ သူ​သည်​သင့်​အား​ပြော​ပြ လိမ့်​မည်'' ဟု​ဆို​၏။
1KI 14:4 သို့​ဖြစ်​၍​မိ​ဖု​ရား​သည် ရှိ​လော​မြို့​ရှိ​အ​ဟိ​ယ ၏​အိမ်​သို့​သွား​လေ​သည်။ အ​ဟိ​ယ​သည် အ​သက်​ကြီး​သ​ဖြင့်​မျက်​စိ​ကွယ်​လျက်​နေ​၏။-
1KI 14:5 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရော​ဗောင်​၏​မိ​ဖု​ရား သည် ဖျား​နာ​နေ​သော​သား​အ​ကြောင်း​ကို​မေး မြန်း​စုံ​စမ်း​ရန်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ့ အား​ဤ​အ​တိုင်း​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။ ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည်​အ​ဟိ​ယ​ထံ​သို့ ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​ကိုယ်​ကို​အ​ခြား သူ​၏​အ​ယောင်​ကို​ဆောင်​၍​လာ​၏။-
1KI 14:6 သို့​ရာ​တွင်​အ​ဟိ​ယ​သည်​တံ​ခါး​ဝ​မှ​သူ​၏ ခြေ​သံ​ကို​ကြား​သည်​နှင့်``ဝင်​ခဲ့​လော့။ သင်​သည် ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​ဖြစ်​ကြောင်း​ကို​ငါ သိ​၏။ အ​ဘယ်​ကြောင့်​သင်​သည် မိ​မိ​ကိုယ်​ကို အ​ခြား​သူ​၏​အ​ယောင်​ကို​ဆောင်​သ​နည်း။ သင်​၏​အ​တွက်​ငါ့​မှာ​သ​တင်း​ဆိုး​ရှိ​၏။-
1KI 14:7 ယေ​ရော​ဗောင်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​ဤ​သို့​တည်း။ ကိုယ်​တော်​က`ငါ​သည်​သင့် အား​ပြည်​သူ​များ​အ​ထဲ​မှ​ရွေး​ချယ်​၍ ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​အုပ်​စိုး​စေ​ခဲ့​၏။-
1KI 14:8 ဒါ​ဝိဒ်​၏​သား​မြေး​များ​လက်​မှ​နိုင်​ငံ​တော်​ကို ယူ​၍ သင့်​အား​ပေး​အပ်​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည် ငါ့​အား​အ​ကြွင်း​မဲ့​သစ္စာ​စောင့်​၍​ငါ​၏​ပ​ညတ် တို့​ကို​စောင့်​ထိန်း​ကာ ငါ​နှစ်​သက်​သည့်​အ​မှု များ​ကို​သာ​ပြု​သော​ငါ​၏​အစေ​ခံ​ဒါ​ဝိဒ်​နှင့် မ​တူ။-
1KI 14:9 သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။-
1KI 14:10 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-
1KI 14:11 သင်​၏​အိမ်​ထောင်​စု​သား​များ​သည်​မြို့​တွင်း​၌ သေ​လျှင်​ခွေး​စာ၊ မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
1KI 14:12 ထို့​နောက်​အ​ဟိ​ယ​သည်​ဆက်​လက်​၍​ယေ​ရော ဗောင်​၏​မိ​ဖု​ရား​အား``ယ​ခု​နန်း​တော်​သို့​ပြန် လော့။ မြို့​ကို​သင်​ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက် သင်​၏​သား​သည်​သေ​လိမ့်​မည်။-
1KI 14:13 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏ အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ် ကို​ပြု​၍​သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လိမ့် မည်။ ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​များ​အ​နက် ထို​သား​တစ်​ဦး​တည်း​သာ​လျှင် လျောက်​ပတ် စွာ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တစ်​ဦး​တည်း​ကို​သာ​လျှင်​နှစ်​သက် တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
1KI 14:14 ထာ​ဝရ​ဘု​ရား​သည်​ယေ​ရော​ဗောင်​၏​မင်း ဆက်​ကို​ပျက်​သုဉ်း​စေ​မည့်​မင်း​တစ်​ပါး​အား ဣသ​ရေ​လ​ပြည်​တွင်​အုပ်​စိုး​စေ​တော်​မူ​လိမ့် မည်။-
1KI 14:15 ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဣသ​ရေ​လ ပြည်​သည်​ချောင်း​ငယ်​တွင်​တုန်​လှုပ်​လျက်​နေ​သော ကူ​ပင်​သ​ဖွယ်​တုန်​လှုပ်​သွား​လိမ့်​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဘိုး​ဘေး​များ​အား​ကိုယ်​တော် ပေး​အပ်​တော်​မူ​ခဲ့​သည့် ဤ​သာ​ယာ​သော​ပြည်​တော် မှ​နုတ်​ပယ်​ခြင်း​ကို​ခံ​ရ​ကာ​ဥ​ဖ​ရတ်​မြစ်​တစ် ဖက်​ကမ်း​သို့​ကွဲ​လွင့်​သွား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​တို့​သည်​အာ​ရှ​ရ​ဘု​ရား​မ ရုပ်​များ​ကို​ပြု​လုပ်​လျက်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။-
1KI 14:16 ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။
1KI 14:17 ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည် တိ​ရ​ဇ​မြို့​သို့​ပြန် လည်​ထွက်​ခွာ​သွား​၏။ သူ​သည်​မိ​မိ​နန်း​တော်​သို့ ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက်​သူ​၏​သား​သည်​သေ လေ​၏။-
1KI 14:18 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​အ​ဟိ​ယ​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထို​သူ​ငယ်​၏​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​၍ သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​၏။
1KI 14:19 ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
1KI 14:20 ယေ​ရော​ဗောင်​သည်​နှစ်​ဆယ့်​နှစ်​နှစ်​တိုင်​တိုင်​နန်း​စံ တော်​မူ​ခဲ့​၏။ သူ​ကွယ်​လွန်​သော​အ​ခါ​သား​တော် နာ​ဒဒ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​၏။
1KI 14:21 ရှော​လ​မုန်​၏​သား​ရော​ဗောင်​သည် ယု​ဒ​ဘု​ရင်​ဖြစ် လာ​ချိန်​၌ အ​သက်​လေး​ဆယ့်​တစ်​နှစ်​ရှိ​၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ် ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​နေ ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ကိုယ်​တော်​ရွေး​ချယ် တော်​မူ​သော​ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​ခု​နစ် နှစ်​နန်း​စံ​တော်​မူ​၏။ ရော​ဗောင်​၏​မယ်​တော်​မှာ အမ္မုန်​ပြည်​သူ​နေမ​ဖြစ်​၏။-
1KI 14:22 ယု​ဒ​ပြည်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​အား ပြစ်​မှား​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး အ​ပေါင်း​တို့​ထက်​ပင် ပို​၍​ဆိုး​ရွား​စွာ​ပြစ်​မှား လျက်​ကိုယ်​တော်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ကြ​လေ​သည်။-
1KI 14:23 သူ​တို့​သည်​ဘု​ရား​အ​တု​အ​ယောင်​များ​အား ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​များ​ကို​တည်​ဆောက် ကြ​၏။ တောင်​ထိပ်​များ​နှင့်​အ​ရိပ်​ကောင်း​သည့် သစ်​ပင်​အောက်​တို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​တံ​ခွန်​တိုင် များ​ကို​စိုက်​ထူ​ကြ​၏။-
1KI 14:24 အ​ဆိုး​ရွား​ဆုံး​အ​ပြု​အ​မူ​မှာ ရုပ်​တု​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ပြည့်​တန်​ဆာ​အ​လုပ် ကို​အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​လုပ်​ကိုင် ကြ​ခြင်း​ပင်​ဖြစ်​၏။ ပြည်​တော်​သို့​ဣသ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သော ပြည်​သူ​ပြည်​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ​အ​လေ့​ဟူ​သ​မျှ​ကို ယု​ဒ ပြည်​သူ​တို့​သည်​ပြု​ကျင့်​ကြ​ကုန်​၏။
1KI 14:25 ရော​ဗောင်​နန်း​စံ​ငါး​နှစ်​မြောက်​၌ အီ​ဂျစ်​ဘု​ရင် ရှိ​ရှက်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ပြီး လျှင်၊-
1KI 14:26 ရှော​လ​မုန်​ပြု​လုပ်​ခဲ့​သည့်​ရွှေ​ဒိုင်း​လွှား​များ အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း​တော်​မှ​ဘဏ္ဍာ တော်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​သွား​လေ သည်။-
1KI 14:27 ရော​ဗောင်​သည်​ထို​ဒိုင်း​လွှား​များ​ကို​အ​စား​ထိုး ရန် ကြေး​ဝါ​ဒိုင်း​လွှား​များ​ပြု​လုပ်​၍​နန်း​တော် တံ​ခါး​စောင့်​မှူး​တို့​အား​ပေး​အပ်​တော်​မူ​၏။-
1KI 14:28 ဗိ​မာန်​တော်​သို့​မင်း​ကြီး​သွား​ရောက်​သည့်​အ​ခါ တိုင်း အ​စောင့်​တပ်​သား​တို့​သည်​ထို​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ရ​ကြ​၏။ ထို​နောက်​ကင်း ခန်း​ထဲ​တွင်​ပြန်​၍​ထား​ရ​ကြ​၏။
1KI 14:29 ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​လျက်​ရှိ​သ​တည်း။-
1KI 14:30 ရော​ဗောင်​နှင့်​ယေ​ရော​ဗောင်​တို့​သည်​အ​ဆက် မ​ပြတ်​စစ်​ဖြစ်​လျက်​နေ​ခဲ့​ကြ​၏။-
1KI 14:31 ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ (သူ​၏​မိ​ခင် မှာ​အမ္မုန်​ပြည်​သူ​နေ​မ​ဖြစ်​၏။) သူ​၏​သား​တော် အ​ဘိ​ယ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
1KI 15:1 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​တွင်​နန်း​တက်​၍၊-
1KI 15:2 ယေ​ရု​ရှ​လင်​မြို့​၌​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​အ​ဗ​ရှ​လုံ​၏​သ​မီး​မာ​ခါ ဖြစ်​၏။-
1KI 15:3 အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။-
1KI 15:4 သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-
1KI 15:5 အ​ဘယ်​ကြောင့်​ဆို​သော်​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သည့်​အ​မှု​တို့​ကို​သာ​လျှင်​ပြု​ခဲ့ သော​ကြောင့်​ဖြစ်​၏။ မင်း​ကြီး​သည်​ဟိတ္တိ​အ​မျိုး​သား ဥ​ရိ​ယ​၏​အ​မှု​ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ် အ​ခါ​၌​မျှ​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​လွန်​ဆန် ခဲ့​ခြင်း​မ​ရှိ​ပေ။-
1KI 15:6 အ​ဘိ​ယ​သည်​မိ​မိ​၏​နန်း​သက်​တစ်​လျှောက် လုံး​၌​ယေ​ရော​ဗောင်​နှင့်​စစ်​ဖြစ်​ခဲ့​၏။-
1KI 15:7 အ​ဘိ​ယ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။
1KI 15:8 အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော်​အာ​သ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။
1KI 15:9 ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​၌ အာ​သ​သည်​ယု​ဒ​ပြည်​တွင် နန်း​တက်​၍၊-
1KI 15:10 ယေ​ရု​ရှ​လင်​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​နန်း​စံ လေ​သည်။ သူ​၏​အ​ဖွား​မှာ​အ​ဗ​ရှ​လုံ​၏ သ​မီး​မာခါ​ဖြစ်​၏။-
1KI 15:11 အာ​သ​သည်​မိ​မိ​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု တို့​ကို​ပြု​၏။-
1KI 15:12 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ တွင် ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​နေ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​များ​ကို တိုင်း​ပြည်​မှ​နှင်​ထုတ် ပြီး​လျှင် မိ​မိ​၏​ဘိုး​တော်​ဘေး​တော်​ဘု​ရင်​များ ပြု​လုပ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ဖယ်​ရှား​ပစ်​တော် မူ​၏။-
1KI 15:13 မိ​မိ​၏​အ​ဖွား​မာ​ခါ​၏​ထံ​မှ​လည်း​မယ်​တော် ဘု​ရင်​မ​ရာ​ထူး​ကို​နုတ်​သိမ်း​တော်​မူ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ​သည်​အ​သီး​အ​နှံ ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ အာ​ရှ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု ကိုး​ကွယ်​ရန်​အ​တွက် ရှု​မ​ကောင်း​မြင်​မ​ကောင်း​သော ရုပ်​တု​ကို​ပြု​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ အာ​သ သည်​ထို​ရုပ်​တု​ကို​ခုတ်​ပြီး​လျှင်​ကေ​ဒြုန်​ချောင်း အ​နီး​တွင်​မီး​ရှို့​ပစ်​တော်​မူ​၏။-
1KI 15:14 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​အ​ကုန်​အ​စင် မ​ဖျက်​ဆီး​သော်​လည်း အာ​သ​သည်​ထာ​ဝရ​ဘု​ရား အား​တစ်​သက်​လုံး​သစ္စာ​စောင့်​တော်​မူ​ပေ​သည်။-
1KI 15:15 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သမျှ​သော​ဥစ္စာ​ပစ္စည်း​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ အ​သုံး ဆောင်​များ​ကို​ဗိ​မာန်​တော်​တွင်​ထား​ရှိ​တော်​မူ​၏။
1KI 15:16 ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက်​လုံး​၌​စစ် ဖြစ်​လျက်​နေ​ကြ​လေ​သည်။-
1KI 15:17 ဗာ​ရှာ​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး လျှင် ယု​ဒ​ပြည်​သို့​အ​ဝင်​အ​ထွက်​လမ်း​ကို​ပိတ် စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​၍​ထား​၏။-
1KI 15:18 ထို့​ကြောင့်​အာ​သ​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း တော်​တွင်​ကျန်​ရှိ​နေ​သေး​သော ရွှေ၊ ငွေ​ရှိ​သ​မျှ​ကို မှူး​မတ်​အ​ချို့​တို့​လက်​ဖြင့်​ဒ​မာ​သက်​မြို့​ရှိ ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ယူ​ဆောင်​သွား​စေ တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ကား​ရေ​ဇုန်​၏​မြေး၊ တာ​ဗ​ရိ မုန်​၏​သား​ဖြစ်​သ​တည်း။-
1KI 15:19 အာ​သ​သည်​သူ​၏​ထံ​သို့``အ​ကျွန်ုပ်​တို့​သည်​ကျွန်ုပ် တို့​၏​ခ​မည်း​တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​များ​မှာ​အ​ဆွေ​တော်​အ​တွက် လက်​ဆောင်​ဖြစ်​ပါ​၏။ ဗာ​ရှာ​မင်း​သည်​မိမိ​၏​စစ်​တပ် များ​ကို​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား​စေ​ရန် အ​ဆွေ​တော်​သည်​သူ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​မှု​ကို​ဖျက် သိမ်း​ပစ်​ပါ​လော့'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။
1KI 15:20 ဗင်္ဟာ​ဒဒ်​မင်း​သည် အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​၏​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣသ​ရေ​လ မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည် န​ဿ​လိ​နယ်​မြေ​တစ်​ခု​လုံး​အ​ပြင်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​နှင့်​ဂင်္နေ​သ​ရက် နယ်​တို့​ကို​သိမ်း​ဆည်း​ကြ​၏။-
1KI 15:21 ဤ​သ​တင်း​ကို​ကြား​သော​အ​ခါ​ဗာ​ရှာ​မင်း သည်​ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​ကို​ရပ်​စဲ​၍ တိ​ရ​ဇ​မြို့​သို့​ထွက်​ခွာ​သွား​တော်​မူ​၏။
1KI 15:22 ထို​အ​ခါ​အာ​သ​မင်း​သည် ယု​ဒ​ပြည်​တစ်​လျှောက် လုံး​သို့​အ​မိန့်​ထုတ်​ပြန်​တော်​မူ​ပြီး​လျှင် ပြည်​သူ အ​ပေါင်း​တို့​အား​တစ်​ယောက်​မ​ကျန်​ရာ​မ​မြို့ တံ​တိုင်း​တည်​ဆောက်​ရန်​အ​တွက် ဗာ​ရှာ​မင်း​အ​သုံး ပြု​လျက်​နေ​ခဲ့​သည့်​ကျောက်​တုံး​များ​နှင့်​သစ် သား​များ​ကို​ဝိုင်း​ဝန်း​သယ်​ဆောင်​စေ​တော်​မူ​၏။ ထို​ပစ္စည်း​များ​ဖြင့်​အာ​သ​သည် မိ​ဇ​ပါ​မြို့​နှင့် ဗင်္ယာ​မိန်​နယ်​တွင်​ရှိ​သော​ဂေ​ဘ​မြို့​ကို​တံ​တိုင်း ကာ​ရံ​တော်​မူ​၏။
1KI 15:23 အာ​သ​မင်း​ဆောင်​ရွက်​တော်​မူ​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​သူ​၏​စွန့်​စား​ခန်း​များ၊ မြို့​များ​ကို​တံ​တိုင်း​ကာ​ရံ​ပုံ​အ​ကြောင်း​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။ သူ​သည် အို​မင်း​ချိန်​တွင်​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊-
1KI 15:24 ကွယ်​လွန်​သော်​သူ့​ကို​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​ယေ​ဟော​ရှ​ဖတ် သည်​ခ​မည်း​တော်​၏​အရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
1KI 15:25 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​ဒု​တိ​ယ​နှစ်​၌ ယေ​ရော ဗောင်​မင်း​၏​သား​တော်​နာ​ဒဒ်​သည် ဣ​သ​ရေ​လ ပြည်​တွင်​နန်း​တက်​၍​နှစ်​နှစ်​မျှ​နန်း​စံ​တော်​မူ​၏။-
1KI 15:26 သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကဲ့​သို့​ပင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​လေ သည်။
1KI 15:27 နာ​ဒဒ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည်​ဖိ​လိတ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​စဉ် ယု​ဒ​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင် ဣ​သ​ခါ​သား​ချင်း​စု ဝင်​အ​ဟိ​ယ​၏​သား​ဗာ​ရှာ​သည် နာ​ဒဒ်​ကို​လျှို့​ဝှက် ကြံ​စည်​ကာ​လုပ်​ကြံ​လိုက်​လေ​သည်။ သို့​ဖြစ်​၍ ဗာ​ရှာ​သည်​နာ​ဒဒ်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-
1KI 15:29 ထို့​နောက်​ချက်​ချင်း​ပင်​ဗာ​ရှာ​သည်​ယေ​ရော​ဗောင် ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​လေ​သည်။ ရှိ​လော​မြို့​နေ​ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​အ​သတ်​ခံ​ရ​ကြ​သ​တည်း။-
1KI 15:30 ယင်း​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ယေ​ရော​ဗောင်​သည် မိ​မိ​ကိုယ်​တိုင်​ကူး​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့် လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​ကူး စေ​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး သော​ကြောင့်​ဖြစ်​၏။
1KI 15:31 နာ​ဒဒ်​ဆောင်​ရွက်​ခဲ့​သော အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
1KI 15:32 ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင် ဗာ​ရှာ​တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက် လုံး​စစ်​ဖြစ်​ကြ​လေ​သည်။
1KI 15:33 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​တ​တိ​ယ​နှစ်​၌၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​သည် ဣ​သ​ရေ​လ​နိုင်​ငံ​၏​ဘု​ရင်​ဖြစ် လာ​ပြီး​လျှင်၊ တိ​ရ​ဇ​မြို့​တွင်​နှစ်​ဆယ့်​လေး​နှစ်​နန်း စံ​တော်​မူ​၏။-
1KI 15:34 ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​လေ​သည်။
1KI 16:1 ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​ထံ​သို့၊ ဗာ​ရှာ အား​ဆင့်​ဆို​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​၏။ ``သင်​သည်​မ​ရေ ရာ​သူ​ဖြစ်​ခဲ့​သော်​လည်း ငါ​သည်​သင့်​အား​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​ပင် အ​ပြစ်​ကူး​ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​အား လည်း​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့ လေ​ပြီ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​သည်​ဖြစ်​၍၊-
1KI 16:3 ငါ​သည်​ယေ​ရော​ဗောင်​အား​ပြု​သ​ကဲ့​သို့ သင် နှင့်​သင့်​အိမ်​ထောင်​စု​သား​များ​အား​သုတ် သင်​ပယ်​ရှင်း​ပစ်​မည်။-
1KI 16:4 မြို့​တွင်​သေ​သူ​သင်​၏​အိမ်​ထောင်​စု​သား​တို့ သည်​ခွေး​စာ၊ မြို့​ပြင်​တွင်​သေ​သူ​သည်​လင်း တ​စာ​ဖြစ်​ကြ​လိမ့်​မည်။''
1KI 16:5 ဗာ​ရှာ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ များ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
1KI 16:6 ဗာ​ရှာ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​တိ​ရ​ဇ မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ဧ​လာ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
1KI 16:7 ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။
1KI 16:8 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခြောက်​နှစ် မြောက်​၌ ဗာ​ရှာ​၏​သား​တော်​ဧ​လာ​သည်​ဣ​သ ရေ​လ​ပြည်​တွင်​နန်း​တက်​ပြီး​လျှင် တိ​ရ​ဇ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-
1KI 16:9 ဘု​ရင့်​ရ​ထား​တပ်​ခွဲ​မှူး​ဇိ​မ​ရိ​ဆို​သူ​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ တစ်​နေ့​သ​၌​မင်း​ကြီး​သည်​တိ​ရ​ဇ​မြို့​ရှိ​နန်း တော်​အုပ်​အာ​ဇ​၏​အိမ်​တွင်​သောက်​စား​မူး​ယစ် လျက်​နေ​စဉ်၊-
1KI 16:10 ဇိ​မ​ရိ​သည်​ထို​အိမ်​သို့​ဝင်​၍​ဧ​လာ​အား​လုပ် ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​မင်း ပြု​၏။ ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့် ခု​နစ်​နှစ်​မြောက်​၌​ဧ​လာ​သည်​လုပ်​ကြံ​ခြင်း ကို​ခံ​ရ​သ​တည်း။
1KI 16:11 ဇိ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လျှင်​ဖြစ်​ချင်း ဗာ​ရှာ ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​ပြီး နောက် ဗာ​ရှာ​၏​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ အ​နက်​ယောကျာ်း​မှန်​သ​မျှ​ကို​လည်း​သတ် လေ​သည်။-
1KI 16:12 သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့်​ဗာ​ရှာ အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား နှင့်​အ​ညီ ဇိ​မ​ရိ​သည်​ဗာ​ရှာ​နှင့်​အိမ်​ထောင် စု​သား​အ​ပေါင်း​ကို​သတ်​လေ​သ​တည်း။-
1KI 16:13 ဗာ​ရှာ​နှင့်​သား​တော်​ဧ​လာ​သည်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
1KI 16:14 ဧ​လာ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ​ကို​ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။
1KI 16:15 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ဇိ​မ​ရိ​သည်​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​တိ​ရ​ဇ​မြို့​တွင်​ခု​နစ်​ရက်​မျှ နန်း​စံ​ရ​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​စစ် သည်​တော်​တို့​သည် ဖိ​လိတ္တိ​ပြည်​ဂိ​ဗေ​သုန် မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-
1KI 16:16 သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။-
1KI 16:17 သြ​မ​ရိ​နှင့်​သူ​၏​စစ်​သူ​ရဲ​တို့​သည်​ဂိ​ဗေ​သုန် မြို့​မှ​ထွက်​ခွာ​၍ တိ​ရ​ဇ​မြို့​သို့​သွား​ရောက်​ဝိုင်း ရံ​ထား​ကြ​၏။-
1KI 16:18 မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-
1KI 16:19 ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။-
1KI 16:20 လျှို့​ဝှက်​လုပ်​ကြံ​မှု​အ​ပါ​အ​ဝင်​ဇိ​မ​ရိ​ဆောင် ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။
1KI 16:21 ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။-
1KI 16:22 နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။-
1KI 16:23 သို့​ဖြစ်​၍​သူ​သည်​ယု​ဒ​ဘု​ရင်​အာ​သ​နန်း စံ​သုံး​ဆယ့်​တစ်​နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ပြည် တွင်​နန်း​တက်​၍​တစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​လေ သည်။ သူ​သည်​တိ​ရ​ဇ​မြို့​တွင်​ပ​ထ​မ​ခြောက် နှစ်​နန်း​စံ​ပြီး​လျှင်၊-
1KI 16:24 ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။
1KI 16:25 သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-
1KI 16:26 သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​ယေ​ရော​ဗောင် ကဲ့​သို့ မိ​မိ​၏​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​နှင့်​ရုပ်​တု များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန်​ရှေ့​ဆောင်​လမ်း ပြ​ပေး​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​၏။-
1KI 16:27 သြ​မ​ရိ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​သား​ထား သ​တည်း။-
1KI 16:28 သြ​မ​ရိ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
1KI 16:29 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။-
1KI 16:30 သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-
1KI 16:31 သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-
1KI 16:32 သူ​သည်​ရှ​မာ​ရိ​မြို့​တွင်​ဗာ​လ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ကာ​ထို​ဗိ​မာန်​တွင် ယဇ်​ပလ္လင်​ကို​တည်​၏။-
1KI 16:33 အာ​ရှ​ရ​ဘု​ရား​မ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​တွက် တံ​ခွန်​တိုင်​ကို​လည်း​စိုက်​ထူ​လေ​သည်။ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဣ​သ​ရေ လ​ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပို​၍​လှုံ့​ဆော် ပေး​၏။-
1KI 16:34 သူ​နန်း​စံ​နေ​စဉ်​အ​တွင်း​ဗေ​သ​လ​မြို့​သား ဟိ​ဧ​လ​သည် ယေ​ရိ​ခေါ​မြို့​ကို​ပြန်​လည်​တည် ထောင်​လေ​သည်။ နုန်​၏​သား​ယော​ရှု​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​နှင့် အ​ညီ ဟိ​ဧ​လ​သည်​ယေ​ရိ​ခေါ​မြို့​ကို​အုတ် မြစ်​ချ​ချိန်​၌​မိ​မိ​၏​သား​ဦး​အ​ဘိ​ရံ​ကို လည်း​ကောင်း၊ မြို့​တံ​ခါး​များ​တည်​ဆောက် ချိန်​၌​သား​ထွေး​စေ​ဂုပ်​ကို​လည်း​ကောင်း ဆုံး​ရှုံး​ရ​လေ​သည်။
1KI 17:1 ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။
1KI 17:2 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​အား၊-
1KI 17:3 ``ဤ​မြို့​မှ​ထွက်​ခွာ​ကာ​အ​ရှေ့​အ​ရပ်​သို့​သွား ပြီး​လျှင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ခေ​ရိတ် ချောင်း​အ​နီး​တွင်​ပုန်း​အောင်း​လော့။-
1KI 17:4 သင်​သည်​ထို​ချောင်း​မှ​သောက်​ရေ​ကို​ရ​လိမ့်​မည်။ သင်​ရှိ​ရာ​သို့​အ​စား​အ​စာ​ယူ​ဆောင်​လာ​ရန် ကျီး​အ​တို့​ကို​လည်း​ငါ​မှာ​ထား​ပြီး​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
1KI 17:5 ဧ​လိ​ယ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက်​ခေ​ရိတ်​ချောင်း​သို့​သွား​ရောက် နေ​ထိုင်​လေ​သည်။-
1KI 17:6 သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။-
1KI 17:7 ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​မိုး​ခေါင်​သ​ဖြင့် ချောင်း​ရေ​သည်​ခန်း​ခြောက်​လေ​၏။
1KI 17:8 ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​က​ဧ​လိ​ယ​အား၊-
1KI 17:9 ``ယ​ခု​သင်​သည်​ဇိ​ဒုန်​မြို့​အ​နီး​ရှိ​ဇ​ရတ္တ​မြို့ သို့​သွား​၍​နေ​ထိုင်​လော့။ ထို​မြို့​သူ​မု​ဆိုး​မ တစ်​ယောက်​အား သင့်​ကို​ကျွေး​မွေး​ရန်​ငါ​မှာ ကြား​ထား​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
1KI 17:10 သို့​ဖြစ်​၍​ဧ​လိ​ယ​သည်​ဇ​ရတ္တ​မြို့​သို့​သွား လေ​သည်။ သူ​သည်​မြို့​တံ​ခါး​ဝ​သို့​ရောက်​သော အ​ခါ ထင်း​ခွေ​နေ​သော​မု​ဆိုး​မ​တစ်​ယောက်​ကို တွေ့​သ​ဖြင့်``ငါ့​အား​သောက်​ရေ​တစ်​ပေါက် လောက်​ပေး​ပါ'' ဟု​ပြော​၏။-
1KI 17:11 မု​ဆိုး​မ​သည်​ရေ​ခပ်​ရန်​ထွက်​သွား​သော​အ​ခါ ဧ​လိ​ယ​က``ငါ့​အ​တွက်​မုန့်​အ​နည်း​ငယ်​ကို လည်း​ယူ​လာ​ခဲ့​ပါ'' ဟု​ဟစ်​အော်​၍​ပြော​၏။
1KI 17:12 မု​ဆိုး​မ​က``ကျွန်​မ​မှာ​မုန့်​တစ်​ချပ်​မျှ​မ​ရှိ ကြောင်း အ​သက်​ရှင်​တော်​မူ​သော​သင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​ပါ​၏။ မုန့်​ခွက် ထဲ​တွင်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​နှင့်​ဆီ​ဘူး တွင် သံ​လွင်​ဆီ​အ​နည်း​ငယ်​မျှ​သာ​ကျွန်​မ​မှာ ရှိ​ပါ​၏။ ဤ​ရှိ​စု​မဲ့​စု​က​လေး​ဖြင့်​ကျွန်​မ နှင့်​သား​ငယ်​အ​တွက်​မုန့်​လုပ်​၍​မီး​ဖုတ်​စား နိုင်​ရန် ဤ​နေ​ရာ​သို့​လာ​၍​ထင်း​အ​နည်း​ငယ် ခွေ​နေ​ခြင်း​ဖြစ်​ပါ​သည်။ ထို​မုန့်​သည်​ကျွန်​မ တို့​နောက်​ဆုံး​စား​ကြ​ရ​မည့်​အ​စား​အ​စာ​ပင် ဖြစ်​ပါ​သည်။ ထို့​နောက်​ကျွန်​မ​တို့​သည်​အ​စာ ငတ်​၍​သေ​ကြ​ရန်​ပင်​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​လေ​၏။
1KI 17:13 ဧ​လိ​ယ​က​လည်း``မ​စိုး​ရိမ်​နှင့်။ သင်​တို့​စား​ရန် အ​စား​အ​စာ​ကို​သာ​သွား​၍​ပြင်​ဆင်​ပါ​လော့။ သို့​ရာ​တွင်​ဦး​စွာ​ပ​ထ​မ​ငါ​၏​အ​တွက်​မုန့် ပြား​တစ်​ချပ်​ကို​လုပ်​၍​ယူ​ခဲ့​လော့။ နောက်​မှ ကျန်​ရှိ​သော​မုန့်​ညက်​ဖြင့်​သင်​တို့​သား​အ​မိ အ​တွက်​မုန့်​ကို​လုပ်​ပါ​လော့။-
1KI 17:14 အ​ဘယ်​ကြောင့်​ဆို​သော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​မ​ရွာ​စေ​မီ​ကာ​လ အ​တွင်း မုန့်​ခွက်​တွင်​မုန့်​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်'' ဟု မု​ဆိုး​မ​အား​ပြော​လေ​၏။
1KI 17:15 မု​ဆိုး​မ​သည်​ဧ​လိ​ယ​ပြော​သည့်​အ​တိုင်း​ပြု သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ရက်​ပေါင်း​များ​စွာ စား​ရန်​အ​တွက် အ​စား​အ​စာ​ကို​အ​လုံ အ​လောက်​ရ​ရှိ​ကြ​လေ​သည်။-
1KI 17:16 ဧ​လိ​ယ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​က​တိ ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း မုန့်​ခွက်​တွင်​မုန့် ညက်​မ​ပြတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​မ​ပြတ်။
1KI 17:17 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ မု​ဆိုး​မ ၏​သား​သည်​ဖျား​နာ​၍ သူ​၏​ရော​ဂါ​အ​ခြေ အ​နေ​မှာ​ဆိုး​သည်​ထက်​ဆိုး​၍​လာ​ပြီး​လျှင် နောက်​ဆုံး​၌​သူ​ငယ်​သည်​သေ​ဆုံး​သွား​တော့ ၏။-
1KI 17:18 မု​ဆိုး​မ​သည်​ဧလိယ​အား``အို ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ၊ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​မ အား​ဤ​သို့​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ရှင် သည်​ကျွန်​မ​၏​သား​သေ​ရ​အောင်​ဘု​ရား​သ​ခင်​အား ကျွန်​မ​၏​အ​ပြစ်​များ​ကို​ပြန် လည်​သ​တိ​ပေး​ရန်​အ​တွက် ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဆို​၏။
1KI 17:19 ဧ​လိ​ယ​က``သင်​၏​သား​ကို​ငါ့​အား​ပေး​လော့'' ဟု​ဆို​ကာ​မု​ဆိုး​မ​၏​လက်​မှ​သူ​ငယ်​ကို​ယူ​၍ မိ​မိ​တည်း​ခို​ရာ​အ​ထက်​ခန်း​သို့​ပွေ့​ချီ​သွား ပြီး​လျှင် အိပ်​ရာ​ပေါ်​တွင်​ချ​ထား​လိုက်​၏။-
1KI 17:20 ထို့​နောက်​သူ​သည်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​မု​ဆိုး​မ​အား​အ​ဘယ် ကြောင့်​ကိုယ်​တော်​သည် ဤ​သို့​ထိတ်​လန့်​ဖွယ် ကောင်း​သော​အ​မှု​ကို​ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​မျိုး​သ​မီး​သည်​ကျွန်ုပ်​အား​ကောင်း​စွာ ကျွေး​မွေး​ပြု​စု​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​ကိုယ် တော်​သည်​သူ​၏​သား​ငယ်​ကို​သေ​စေ​တော် မူ​ပါ​ပြီ'' ဟု​ကျယ်​လောင်​စွာ​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။-
1KI 17:21 ထို့​နောက်​ဧ​လိ​ယ​သည်​သူ​ငယ်​၏​အ​ပေါ်​တွင် သုံး​ကြိမ်​တိုင်​တိုင်​ဝမ်း​လျား​မှောက်​ပြီး​လျှင်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​က​လေး​ကို​အ​သက်​ပြန်​၍​ရှင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​၏။-
1KI 17:22 ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​၏​ပန်​ကြား ချက်​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် က​လေး သည်​ထွက်​သက်​ဝင်​သက်​ကို​ပြန်​လည်​ရ​ရှိ ကာ​အ​သက်​ပြန်​၍​ရှင်​လာ​လေ​သည်။
1KI 17:23 ဧ​လိ​ယ​သည်​သူ​ငယ်​ကို​အိမ်​အောက်​ထပ်​သို့ ချီ​ဆောင်​သွား​ပြီး​လျှင် မိ​ခင်​ဖြစ်​သူ​အား``ကြည့် လော့။ သင်​၏​သား​သည်​အ​သက်​ရှင်​လျက်​ရှိ ပါ​၏'' ဟု​ဆို​၏။
1KI 17:24 ထို​အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား​သည်​အ​ရှင်​အား​ဖြင့်​ဗျာ​ဒိတ် ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု ကျွန်​မ​သိ​ပါ​ပြီ'' ဟု​ပြန်​ပြော​လေ​၏။
1KI 18:1 ထို့​နောက်​ကာ​လ​အ​တန်​ကြာ​၍ မိုး​ခေါင်​ချိန် သုံး​နှစ်​မျှ​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား``သင်​သည်​သွား​၍​အာ​ဟပ်​မင်း ၏​ရှေ့​တော်​သို့​ဝင်​လော့။ ငါ​သည်​မိုး​ကို​ရွာ စေ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း၊-
1KI 18:2 ဧ​လိ​ယ​သည်​လည်း​သွား​လေ​၏။ ထို​အ​ချိန်​အ​ခါ​၌ ရှ​မာ​ရိ​ပြည်​မိုး​ခေါင်​မှု သည် အ​ဆိုး​ဆုံး​အ​ခြေ​အ​နေ​သို့​ရောက် လျက်​ရှိ​၏။-
1KI 18:3 ထို့​ကြောင့်​အာ​ဟပ်​သည်​နန်း​တော်​အုပ်​သြ​ဗ​ဒိ ကို​ခေါ်​တော်​မူ​၏။ (သြ​ဗ​ဒိ​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​လွန်​ကြည်​ညို​လေး​မြတ်​သူ ဖြစ်​သ​ဖြင့်၊-
1KI 18:4 ထာ​ဝ​ရ​ဘုရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ​ဗေ​လ သတ်​ဖြတ်​နေ​ချိန်​၌ ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး ဆယ်​စီ​နှစ်​စု​ခွဲ​၍​ဂူ​များ​တွင်​ဝှက်​ထား​ပြီး​လျှင် အ​စာ​ရေ​စာ​ကျွေး​မွေး​ခဲ့​၏။-)
1KI 18:5 အာ​ဟပ်​သည်​သြ​ဗ​ဒိ​အား``မြင်း​နှင့်​လား​များ မ​သေ​စေ​ခြင်း​ငှာ မြက်​တော​တွေ့​ကောင်း​တွေ့​နိုင် ရန်​တစ်​ပြည်​လုံး​ရှိ​စမ်း​ရေ​တွင်း​နှင့်​ချောင်း​များ ရှိ​ရာ​အ​ရပ်​ရပ်​သို့ ငါ​တို့​သွား​၍​ကြည့်​ရှု​ကြ ကုန်​အံ့။'' ဟု​ဆို​၏။-
1KI 18:6 သူ​တို့​နှစ်​ဦး​သွား​ရောက်​ကြည့်​ရ​မည့်​အ​ရပ် များ​ကို​သ​ဘော​တူ​ကြ​ပြီး​လျှင် တစ်​ယောက် တစ်​လမ်း​စီ​ထွက်​သွား​ကြ​၏။
1KI 18:7 ယင်း​သို့​ထွက်​ခွာ​သွား​စဉ်​သြ​ဗ​ဒိ​သည် ဧ​လိ​ယ နှင့်​ရုတ်​တ​ရက်​တွေ့​ဆုံ​မိ​လေ​သည်။ သူ​သည် ဧ​လိ​ယ​ကို​မှတ်​မိ​သ​ဖြင့်​ဦး​ညွှတ်​ပျပ်​ဝပ် ၍``အ​ရှင်​သည်​အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ​ပါ လော'' ဟု​မေး​၏။
1KI 18:8 ဧ​လိ​ယ​က​လည်း``ဟုတ်​ပါ​သည်။ သင်​သည်​သင် ၏​အ​ရှင်​ဘု​ရင်​မင်း​မြတ်​ထံ​သို့​သွား​၍ ဤ​အ​ရပ် တွင်​ငါ​ရှိ​ကြောင်း​လျှောက်​ထား​လော့'' ဟု​ဆို​၏။
1KI 18:9 သြ​ဗ​ဒိ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​သည့်​အ​တွက် အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အာ​ဟပ် မင်း​၏​လက်​တွင်​အ​သတ်​ခံ​ရ​စေ​ရန် ဤ​သို့​ခိုင်း စေ​တော်​မူ​လို​ပါ​သ​နည်း။-
1KI 18:10 မင်း​ကြီး​သည်​အ​ရှင့်​အား​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ တွင်​ရှာ​ဖွေ​စေ​ကြောင်း​ကို အ​သက်​ရှင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​အ​ရှင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​အ​ကျွန်ုပ်​ကျိန်​ဆို​ပါ​၏။ ဤ မည်​သော​နိုင်​ငံ​တွင်​ဧ​လိ​ယ​မ​ရှိ​ပါ​ဟု​ဆို​သော မင်း​အား မင်း​ကြီး​က​အ​ကယ်​ပင်​ရှာ​၍​မ​တွေ့ ကြောင်း​ကို​သစ္စာ​ဆို​စေ​ပါ​၏။-
1KI 18:11 ယ​ခု​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အာ​ဟပ်​မင်း ထံ​သို့​သွား​၍ ဤ​အ​ရပ်​တွင်​အ​ရှင်​ရှိ​နေ ကြောင်း​လျှောက်​ထား​စေ​ပါ​၏။-
1KI 18:12 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော် သည်​အ​ကျွန်ုပ်​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် အ​ရှင့်​အား​အ​ကျွန်ုပ်​မ​သိ​သည့်​အ​ရပ်​သို့ ခေါ်​ဆောင်​သွား​ခဲ့​သော် အ​ကျွန်ုပ်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ ဤ​အ​ရပ်​တွင်​အ​ရှင်​ရှိ နေ​ကြောင်း​မင်း​ကြီး​အား​အကျွန်ုပ်​လျှောက်​ထား ပြီး​နောက် မင်း​ကြီး​သည်​အ​ရှင်​အား​မ​တွေ့ ရ​ပါ​က​အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​သူ​ငယ်​အ​ရွယ်​မှ​အ​စ​ပြု ၍​ထာ​ဝ​ရ​ဘု​ရား​အား​အ​လွန်​ကြည်​ညို လေး​မြတ်​ခဲ့​သူ​ဖြစ်​ကြောင်း​အောက်​မေ့ သ​တိ​ရ​တော်​မူ​ပါ။-
1KI 18:13 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော​ဖက်​များ​ကို​ယေ​ဇ ဗေ​လ​သတ်​နေ​သော​အ​ခါ​၌ အ​ကျွန်ုပ်​သည် ပ​ရော​ဖက်​တစ်​ရာ​ကို​ငါး​ဆယ်​စီ​နှစ်​စု​ခွဲ​၍ ဂူ​များ​တွင်​ဝှက်​ထား​ကာ အ​စာ​ရေ​စာ​ကျွေး မွေး​ခဲ့​ကြောင်း​ကို​အ​ရှင်​ကြား​တော်​မ​မူ​ပါ သ​လော။-
1KI 18:14 သို့​ဖြစ်​၍​အ​ရှင်​သည်​အ​ဘယ်​သို့​လျှင် အ​ကျွန်ုပ် အား​မင်း​ကြီး​ထံ​သို့​စေ​လွှတ်​၍ ဤ​အ​ရပ်​တွင် အ​ရှင်​ရှိ​တော်​မူ​ကြောင်း​လျှောက်​ထား​စေ​နိုင် ပါ​မည်​နည်း။ သူ​သည်​အ​ကျွန်ုပ်​အား​သတ် ပါ​လိမ့်​မည်'' ဟု​ဆို​၏။
1KI 18:15 ဧ​လိ​ယ​က``ငါ​သည်​ယ​နေ့​မင်း​ကြီး​၏​ရှေ့​တော် သို့​ဝင်​မည်​ဖြစ်​ကြောင်း ငါ​ကိုး​ကွယ်​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​၏'' ဟု​ဆို​၏။
1KI 18:16 ထို့​ကြောင့်​သြ​ဗ​ဒိ​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍ လျှောက်​ထား​ရာ အာ​ဟပ်​သည်​ဧ​လိ​ယ​နှင့်​တွေ့​ဆုံ ရန်​ကြွ​လာ​တော်​မူ​၏။-
1KI 18:17 ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ​အာ​ဟပ်​က``ဣ​သ ရေ​လ​ပြည်​တွင်​ဒုက္ခ​ပေး​သူ​ကို​ယ​ခု​ငါ​တွေ့ ပြီ'' ဟု​ဆို​၏။
1KI 18:18 ဧ​လိ​ယ​က``ဒုက္ခ​ပေး​သူ​မှာ​ငါ​မ​ဟုတ်။ ဒုက္ခ​ပေး သူ​များ​မှာ​သင်​နှင့်​သင်​၏​ခ​မည်း​တော်​သာ​လျှင် ဖြစ်​ပါ​သည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​တို့​ကို​လွန်​ဆန်​၍ ဗာ​လ​ဘု​ရား​၏​ရုပ်​တု များ​ကို​ရှိ​ခိုး​ဝတ်​ပြု​လျက်​နေ​ပေ​သည်။-
1KI 18:19 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​က​ရ မေ​လ​တောင်​ထိပ်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ကြ​ရန် အ​မိန့်​ပေး​ပါ​လော့။ ယေ​ဇ​ဗေ​လ​မိ​ဖု​ရား ထောက်​ပံ့​ကျွေး​မွေး​ထား​သည့်​ဗာ​လ​ပ​ရော​ဖက် လေး​ရာ့​ငါး​ဆယ်​နှင့်​အာ​ရှ​ရ​ဘု​ရား​မ​၏ ပ​ရော​ဖက်​လေး​ရာ​တို့​ကို​လည်း​ခေါ်​ဖိတ်​ပါ လော့'' ဟု​ပြန်​ပြော​၏။
1KI 18:20 သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​နှင့် ဗာ​လ​ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ထိပ်​သို့​စု​ရုံး​စေ​တော်​မူ​၏။-
1KI 18:21 ဧ​လိ​ယ​သည်​ထို​လူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍``သင် တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင်​စိတ်​ဇ​ဝေ​ဇ​ဝါ ရှိ​နေ​ကြ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​မှန်​ဖြစ်​လျှင် ကိုယ်​တော်​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။ ဗာ​လ​သည်​ဘု​ရား​အ​မှန် ဖြစ်​လျှင်​မူ​ကား​သူ့​အား​ဝတ်​ပြု​ကိုး​ကွယ် ကြ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​လူ​တို့​သည် မည်​သို့​မျှ​ပြန်​၍​မ​ပြော​ကြ။-
1KI 18:22 ထို​အ​ခါ​ဧ​လိ​ယ​က``ထာ​ဝရ​ဘု​ရား​၏ ပ​ရော​ဖက်​များ​အ​နက် ငါ​တစ်​ဦး​တည်း​ကျန် ရှိ​နေ​၏။ ဗာ​လ​ပ​ရော​ဖက်​များ​မူ​ကား​လေး ရာ​ငါး​ဆယ်​ရှိ​ပေ​သည်။-
1KI 18:23 နွား​လား​ဥ​သ​ဘ​နှစ်​ကောင်​ကို​ယူ​ပြီး​လျှင် တစ်​ကောင်​ကို​ထို​သူ​တို့​အား​ပေး​ကြ​လော့။ သူ​တို့​သည်​ထို​နွား​ကို​သတ်​၍​အ​ပိုင်း​ပိုင်း ခုတ်​ပြီး​လျှင်​ထင်း​များ​အ​ပေါ်​တွင်​တင်​ထား ကြ​ပါ​စေ။ သို့​ရာ​တွင်​မီး​မ​ညှိ​စေ​ကြ​နှင့်။ ငါ​သည်​အ​ခြား​နွား​တစ်​ကောင်​ကို​ထို​နည်း တူ​ပြု​မည်။-
1KI 18:24 ထို့​နောက်​ဗာ​လ​ပ​ရော​ဖက်​တို့​သည်​မိ​မိ​တို့ ဘု​ရား​ထံ​သို့​ဆု​တောင်း​ကြ​စေ။ ငါ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​မည်။ ငါ​တို့​အ​သီး​သီး​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​၍ မီး​ကို​ချ​ပေး​တော် မူ​သော​အ​ရှင်​သည်​ဘု​ရား​အ​မှန်​ဖြစ်​၏'' ဟု ဆို​လေ​သည်။ လူ​အ​ပေါင်း​တို့​သည် ဧ​လိ​ယ​၏​ပြော​ကြား ချက်​ကို​သ​ဘော​တူ​ကြောင်း​ဟစ်​အော်​၍ ဖော်​ပြ​ကြ​၏။
1KI 18:25 ထို​အ​ခါ​ဧ​လိ​ယ​သည် ဗာ​လ​ပ​ရော​ဖက်​တို့ အား``သင်​တို့​က​အ​ရေ​အ​တွက်​အား​ဖြင့်​များ သည်​ဖြစ်​သော​ကြောင့် နွား​တစ်​ကောင်​ကို​ဦး​စွာ ယူ​၍​ပြင်​ဆင်​ကြ​လော့။ သင်​တို့​၏​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ထင်း​များ ကို​မူ​မီး​မ​ညှိ​ကြ​နှင့်'' ဟု​ဆို​၏။
1KI 18:26 သူ​တို့​သည်​လည်း​မိ​မိ​တို့​ထံ​သို့​ယူ​ဆောင် လာ​သော​နွား​ကို​ယဇ်​ပူ​ဇော်​ရန်​အ​တွက် ပြင် ဆင်​ကြ​ပြီး​လျှင်​ဗာ​လ​ဘု​ရား​ထံ​သို့​မွန်း တည့်​ချိန်​တိုင်​အောင်​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​၏။ သူ​တို့​က``အို ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ ပါ'' ဟု​ဟစ်​အော်​ကြ​ပြီး​လျှင် မိ​မိ​တို့​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​၏​ပတ်​လည်​တွင် က​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ဗာ​လ​ဘု​ရား ထံ​မှ​မည်​သို့​မျှ​အ​ဖြေ​မ​ရ​ကြ။
1KI 18:27 မွန်း​တည့်​ချိန်​၌​ဧ​လိ​ယ​သည်​သူ​တို့​အား``သင် တို့​သည်​ပို​၍​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ကြ လော့။ ဗာ​လ​ကား​ဘု​ရား​ပေ​တည်း။ သူ​သည်​ဆင် ခြင်​စဉ်​စား​လျက်​သော်​လည်း​ကောင်း၊ တ​ပို​တ​ပါး သွား​လျက်​သော်​လည်း​ကောင်း၊ ခ​ရီး​လွန်​၍​သော် လည်း​ကောင်း​နေ​ပေ​မည်။ ထို​သို့​မ​ဟုတ်​လျှင်​လည်း အိပ်​လျက်​နေ​ကောင်း​နေ​မည်​ဖြစ်​၍​သူ့​အား နှိုး​ရ​ကြ​မည်'' ဟု​ပြက်​ရယ်​ပြု​၍​ဆို​၏။-
1KI 18:28 သို့​ဖြစ်​၍​ဗာ​လ​ပရော​ဖက်​တို့​သည်​ပို​၍​အ​သံ ကျယ်​စွာ​ဆု​တောင်း​လျက် ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့် အ​တိုင်း​ဋ္ဌား​နှင့်​ဋ္ဌား​မြှောင်​များ​ဖြင့်​သွေး​ယို စီး​လာ​သည့်​တိုင်​အောင်​ကိုယ်​ကို​ရှ​စေ​ကြ လေ​သည်။-
1KI 18:29 သူ​တို့​သည်​ည​နေ​စောင်း​တိုင်​အောင်​ကျယ်​လောင် စွာ​ဟစ်​အော်​ကြ​သော်​လည်း​အ​ဖြေ​မ​ရ​ကြ။ မည်​သည့်​အ​သံ​ကို​လည်း​မ​ကြား​ရ​ကြ။
1KI 18:30 ထို့​နောက်​ဧ​လိ​ယ​က​လူ​တို့​အား``ငါ့​အ​နီး သို့​လာ​ကြ​လော့'' ဟု​ဆို​သ​ဖြင့် လူ​တို့​သည် သူ​၏​ပတ်​လည်​သို့​လာ​ရောက်​စု​ရုံး​ကြ​သော အ​ခါ ဧ​လိ​ယ​သည်​ဖြို​ချ​ထား​သည့်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ကို​ပြန်​၍​ပြု​ပြင်​၏။-
1KI 18:31 သူ​သည်​ဣ​သ​ရေ​လ​ဟူ​သော​နာ​မည်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သ​မုတ်​တော်​မူ​သူ ယာ​ကုပ်​မှ ဆင်း​သက်​လာ​သော​တစ်​ဆယ့်​နှစ်​နွယ်​ကို​ရည် စူး​၍​ကျောက်​ဆယ့်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင်၊-
1KI 18:32 ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယဇ် ပလ္လင်​ကို​တည်​လေ​သည်။ ထို​ယဇ်​ပလ္လင်​၏​ပတ်​လည် ၌​ရေ​လေး​ဂါ​လံ​ခန့်​ဝင်​သည့်​မြောင်း​ကို​တူး​၏။-
1KI 18:33 ထို့​နောက်​ထင်း​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စီ​၍​တင် ပြီး​နောက် နွား​ကို​အ​ပိုင်း​ပိုင်း​ခုတ်​၍​ထင်း​ပေါ်​တွင် တင်​ထား​လေ​သည်။ သူ​က``အိုး​လေး​လုံး​ကို​ရေ အ​ပြည့်​ခပ်​၍​ပူ​ဇော်​သကာ​နှင့်​ထင်း​ပေါ်​သို့ လောင်း​လော့'' ဟု​ဆို​သည့်​အ​တိုင်း​လူ​တို့ လောင်း​ပြီး​သော​အ​ခါ၊-
1KI 18:34 ဧ​လိ​ယ​က``တစ်​ဖန်​လောင်း​ဦး​လော့'' ဟု​ဆို​၏။ လူ​တို့​သည်​နောက်​တစ်​ကြိမ်​လောင်း​ပြီး​သော​အ​ခါ ဧ​လိ​ယ​က``ထပ်​မံ​၍​လောင်း​ဦး​လော့'' ဟု​ဆို ပြန်​၏။ လူ​တို့​သည်​လည်း​ထပ်​မံ​၍​လောင်း​ကြ သ​ဖြင့်၊-
1KI 18:35 ရေ​သည်​ယဇ်​ပလ္လင်​ပတ်​လည်​သို့​စီး​၍​မြောင်း သည်​ရေ​ပြည့်​လေ​၏။
1KI 18:36 ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။-
1KI 18:37 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ထာ​ဝ​ရ​အ​ရှင် သည် ဘု​ရား​အ​မှန်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ဤ​သူ​တို့​အား​အ​ထံ​တော်​သို့​ပြန် လည်​ခေါ်​ယူ​လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း ကောင်း ဤ​လူ​တို့​သိ​စေ​ခြင်း​ငှာ​အ​ကျွန်ုပ်​အား ဖြေ​ကြား​တော်​မူ​ပါ။ ဖြေ​ကြား​တော်​မူ​ပါ'' ဟု ဆု​တောင်း​လေ​၏။
1KI 18:38 ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် ယဇ်​ပူ​ဇော်​သကာ​နှင့်​တ​ကွ​ထင်း​နှင့်​ကျောက်​တုံး​များ ပါ​ကျွမ်း​လောင်​သွား​သည့်​အ​ပြင် မြေ​ကြီး​သည်​လည်း မီး​ကျွမ်း​၍​မြောင်း​ထဲ​ရှိ​ရေ​ကို​ခန်း​ခြောက်​စေ​၏။-
1KI 18:39 ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ လူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​မြေ​ပေါ်​တွင်​လှဲ​ချ​ကာ``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​အ​မှန်​ပင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​အ​မှန်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။
1KI 18:40 ဧ​လိ​ယ​က``ဗာ​လ​ပ​ရော​ဖက်​တို့​ကို​ဖမ်း​ဆီး​ကြ လော့။ တစ်​ယောက်​မျှ​ထွက်​မ​ပြေး​စေ​ကြ​နှင့်'' ဟု အ​မိန့်​ပေး​၏။ လူ​တို့​သည်​ပ​ရော​ဖက်​အား​လုံး​ကို ဖမ်း​ဆီး​၍​ပေး​သ​ဖြင့် ဧ​လိ​ယ​သည်​သူ​တို့​အား ကိ​ရှုန်​ချောင်း​သို့​ထုတ်​သွား​ပြီး​လျှင်​ကွပ်​မျက် လေ​၏။
1KI 18:41 ထို့​နောက်​ဧ​လိ​ယ​သည် အာ​ဟပ်​မင်း​အား``ယ​ခု သင်​သွား​၍​အ​စား​အ​စာ​ကို​စား​သောက်​ပါ​လော့။ မိုး​လာ​နေ​သည့်​အ​သံ​ကို​ငါ​ကြား​၏'' ဟု​ဆို သ​ဖြင့်၊-
1KI 18:42 အာ​ဟပ်​သည်​စား​သောက်​ရန်​ထွက်​ခွာ​သွား​စဉ် ဧ​လိ​ယ​သည်​က​ရ​မေ​လ​တောင်​ထိပ်​သို့​တက် ပြီး​လျှင် မိ​မိ​၏​ဒူး​နှစ်​ခု​အ​ကြား​တွင်​မြေ သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-
1KI 18:43 မိ​မိ​၏​အ​စေ​ခံ​အား``သင်​သွား​၍​ပင်​လယ်​သို့ မျှော်​ကြည့်​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​သွား​၍​ကြည့်​ရာ​မှ​ပြန်​လာ​ပြီး နောက်``အ​ဘယ်​အ​ရာ​ကို​မျှ​ကျွန်​တော်​မ​မြင် ပါ'' ဟု​ပြော​၏။ ဧ​လိ​ယ​သည်​မိ​မိ​၏​အ​စေ​ခံ အား ဤ​နည်း​အ​တိုင်း​ခု​နစ်​ကြိမ်​တိုင်​တိုင်​သွား ၍​ကြည့်​စေ​၏။-
1KI 18:44 သတ္တ​မ​အ​ကြိမ်​၌​အ​စေ​ခံ​သည်​ယင်း​သို့​သွား ၍​ကြည့်​ရာ​မှ​ပြန်​လာ​ကာ``လူ​၏​လက်​သ​ဖွယ် သေး​ငယ်​သော​မိုး​တိမ်​ကို​ကျွန်​တော်​မြင်​ပါ​သည်'' ဟု​လျှောက်​၏။ ဧ​လိ​ယ​က​မိ​မိ​၏​အ​စေ​ခံ​အား``သင်​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်​မိုး​မ​ဆီး တား​မီ​ရ​ထား​ပေါ်​သို့​တက်​၍ နန်း​တော်​သို့ ပြန်​တော်​မူ​ရန်​လျှောက်​ထား​လော့'' ဟု​အ​မိန့် ပေး​၏။
1KI 18:45 အ​ချိန်​အ​နည်း​ငယ်​အ​တွင်း​၌​ပင်​ကောင်း​ကင် ပြင်​တွင် တိမ်​မည်း​များ​အုပ်​ဆိုင်း​လာ​ပြီး​လျှင် လေ​တိုက်​လျက်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​လေ​၏။ အာ​ဟပ်​သည်​လည်း​ရ​ထား​ပေါ်​သို့​တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​၏။-
1KI 18:46 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ဧ​လိ​ယ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည်​မိ​မိ​၏ ဝတ်​လုံ​ကို​ခါး​တွင်​စည်း​၍​ယေ​ဇ​ရေ​လ​မြို့ သို့​ရောက်​သည့်​တိုင်​အောင်​အာ​ဟပ်​၏​ရှေ့​က ပြေး​လေ​၏။
1KI 19:1 အာ​ဟပ်​မင်း​သည်​ဧ​လိ​ယ​ပြု​သည့်​အ​မှု​အ​လုံး စုံ​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက်​တို့​အ​သတ် ခံ​ရ​ကြ​ပုံ​ကို​လည်း​ကောင်း​မိ​ဖု​ရား​ယေ​ဇ ဗေ​လ​အား​ပြော​ပြ​လေ​သည်။-
1KI 19:2 ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။-
1KI 19:3 ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့် အ​သက်​ဘေး​မှ လွတ်​ရန်​ထွက်​ပြေး​လေ​၏။ သူ​သည်​မိ​မိ​၏ အ​စေ​ခံ​ကို​ခေါ်​၍​ယု​ဒ​ပြည်၊ ဗေ​ရ​ရှေ​ဘ မြို့​သို့​သွား​၏။ ထို​မြို့​တွင်​အ​စေ​ခံ​ကို​ထား​ခဲ့​ပြီး​လျှင်၊-
1KI 19:4 တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။
1KI 19:5 သူ​သည်​သစ်​ပင်​အောက်​တွင်​လှဲ​လျက်​အိပ်​ပျော် လေ​၏။ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​သူ့ အား​တို့​ပြီး​လျှင်``ထ​၍​စား​လော့'' ဟု​ဆို​၏။-
1KI 19:6 ဧလိ​ယ​သည်​လှည့်​၍​ကြည့်​လိုက်​ရာ​ခေါင်း​ရင်း​၌ မုန့်​တစ်​လုံး​နှင့်​ရေ​တစ်​ဘူး​ကို​တွေ့​သ​ဖြင့်​စား သောက်​ပြီး​နောက်​အိပ်​ပြန်​၏။-
1KI 19:7 ကောင်း​ကင်​တ​မန်​သည်​ဒုတိယ​အ​ကြိမ်​လာ​ပြီး လျှင်``သင်​သွား​ရ​မည့်​ခ​ရီး​ဝေး​သော​ကြောင့် ထ​၍​စား​ဦး​လော့'' ဟု​ဆို​၏။-
1KI 19:8 ထို့​ကြောင့်​ဧ​လိ​ယ​သည်​ထ​၍​စား​ပြီး​နောက် သန့်​ရှင်း​မြင့်​မြတ်​သော​သိ​နာ​တောင်​သို့ ရက်​ပေါင်း လေး​ဆယ်​တိုင်​တိုင်​ခြေ​လျင်​ခ​ရီး​ပြု​နိုင်​သော ခွန်​အား​ကို​ရ​ရှိ​လေ​သည်။-
1KI 19:9 သူ​သည်​ထို​တောင်​သို့​ရောက်​သော​အ​ခါ​ဂူ​ထဲ သို့​ဝင်​၍​အိပ်​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​လာ သ​နည်း'' ဟု​မေး​တော်​မူ​၏။
1KI 19:10 ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့်​ပြု​ထား သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ​ကိုယ်​တော်​၏ ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း သာ​မ​သေ​ဘဲ​ကျန်​ရှိ​သော​အ​ကျွန်ုပ်​၏​အ​သက် အန္တ​ရာယ်​ကို​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​ပါ​၏'' ဟု လျှောက်​၏။
1KI 19:11 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဂူ​ပြင် သို့​ထွက်​၍​တောင်​ထိပ်​ပေါ်​၌​ငါ​၏​အ​ရှေ့​မျက် မှောက်​တွင်​ရပ်​နေ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​နီး​မှ ဖြတ်​ကြွ​တော်​မူ​၍ လေ​ပြင်း​မုန်​တိုင်း​ကို​တိုက် ခတ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​တောင်​များ​သည် ပြို​ကွဲ​ကြ​လျက်​ကျောက်​တို့​သည်​လည်း​ကြေ မွ​သွား​လေ​သည်။ သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား သည်​ထို​လေ​မုန်​တိုင်း​ထဲ​၌​ရှိ​တော်​မ​မူ။ လေ အ​တိုက်​ရပ်​သော​အ​ခါ​မြေ​င​လျင်​လှုပ်​လေ ၏။ သို့​ရာ​တွင်​ထို​မြေ​င​လျင်​ထဲ​၌​လည်း ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မ​မူ။-
1KI 19:12 မြေ​င​လျင်​လှုပ်​ပြီး​နောက်​မီး​လျှံ​တောက် လောင်​လေ​သည်။ သို့​ရာ​တွင်​ထို​မီး​လျှံ​ထဲ​၌ လည်း​ထာ​ဝရ​ဘု​ရား​ရှိ​တော်​မ​မူ။ မီး​လျှံ တောက်​လောင်​ပြီး​နောက်​ဖြည်း​ညှင်း​သော​အ​သံ ပေါ်​ထွက်​လာ​၏။
1KI 19:13 ထို​အ​သံ​ကို​ကြား​သော​အ​ခါ ဧ​လိ​ယ​သည် မိ​မိ​၏​မျက်​နှာ​ကို​ဝတ်​လုံ​ဖြင့်​အုပ်​၍​ထွက်​သွား ပြီး​လျှင်​ဂူ​ဝ​တွင်​ရပ်​နေ​၏။ ထို​အ​ခါ``ဧ​လိ​ယ၊ သင်​သည်​အဘယ်​ကြောင့်​ဤ​အ​ရပ်​သို့​ရောက်​ရှိ လာ​သ​နည်း'' ဟု​မေး​သံ​ကို​ကြား​ရ​၏။
1KI 19:14 ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့် ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ကိုယ်​တော်​၏​ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း​သာ​လျှင်​မ​သေ​ဘဲ ကျန်​ရှိ​သော အ​ကျွန်ုပ်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​နေ ကြ​ပါ​၏'' ဟု​လျှောက်​၏။
1KI 19:15 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ဒ​မာ​သက်​မြို့​အ​နီး တော​ကန္တာ​ရ​သို့​ပြန်​သွား​ပြီး​နောက် ထို​မြို့​သို့​ဝင် ၍​ဟာ​ဇေ​လ​အား​ရှု​ရိ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက် ပေး​လော့။-
1KI 19:16 နိမ်​ရှိ​၏​သား​ယေ​ဟု​ကို​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ မြို့​သား​ရှာ​ဖတ်​၏​သား​ဧ​လိ​ရှဲ​ကို​သင်​၏ အ​ရိုက်​အ​ရာ​ဆက်​ခံ​ရန်​ပ​ရော​ဖက်​အ​ဖြစ် ဘိ​သိက်​ပေး​လော့။-
1KI 19:17 ဟာ​ဇေ​လ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​လက်​မှ​လွတ် မြောက်​သူ​ကို​ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။-
1KI 19:18 သို့​ရာ​တွင်​ငါ့​အား​သစ္စာ​စောင့်​၍​ဗာ​လ​အား​ဦး မ​ညွှတ်​သူ၊ သူ​၏​ရုပ်​တု​ကို​မ​နမ်း​ရှုပ်​သူ​လူ ပေါင်း​ခု​နစ်​ထောင်​တို့​ကို ဣ​သ​ရေ​လ​ပြည်​တွင် ကျန်​ကြွင်း​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
1KI 19:19 ဧ​လိ​ယ​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​သွား​သော အ​ခါ နွား​တစ်​ရှဉ်း​နှင့်​လယ်​ထွန်​နေ​သော ဧ​လိ​ရှဲ ကို​တွေ့​လေ​သည်။ သူ​၏​ရှေ့​တွင်​နွား​တစ်​ဆယ့် တစ်​ရှဉ်း​ရှိ​၍​သူ​သည်​နောက်​ဆုံး​နွား​တစ်​ရှဉ်း ဖြင့်​လယ်​ထွန်​၍​နေ​သ​တည်း။ ဧ​လိ​ယ​သည် မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ်​၍​ဧ​လိ​ရှဲ​၏​အ​ပေါ် တွင်​တင်​လေ​သည်။-
1KI 19:20 ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​မိ​မိ​၏​နွား​များ​ကို ထား​ခဲ့​၍ ဧ​လိ​ယ​၏​နောက်​သို့​လိုက်​ပြီး လျှင်``အ​ကျွန်ုပ်​၏​မိ​ဘ​ထံ​သို့​သွား​၍​နှုတ် ဆက်​ခွင့်​ပြု​ပါ။ ထို့​နောက်​အ​ရှင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြော​၏။ ဧ​လိ​ယ​က``ကောင်း​ပြီ၊ သွား​လော့။ သင့်​အား ငါ​မ​ဆီး​တား​ပါ'' ဟု​ဆို​၏။
1KI 19:21 ထို​အ​ခါ​ဧ​လိ​ရှဲ​သည် မိ​မိ​၏​နွား​နှစ်​ကောင်​ကို သတ်​ပြီး​လျှင် နွား​ထမ်း​ပိုး​ကို​ထင်း​လုပ်​၍​ချက်​၏။ ထို​နောက်​အ​မဲ​သား​ဟင်း​ကို​လူ​တို့​အား​ကျွေး မွေး​ပြီး​လျှင် ဧ​လိ​ယ​၏​နောက်​သို့​တ​ပည့် အ​ဖြစ်​လိုက်​သွား​လေ​သည်။
1KI 20:1 ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။-
1KI 20:2 သူ​သည်​သံ​တ​မန်​များ​ကို​မြို့​တွင်း​သို့​စေ​လွှတ် ၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​အား``ဗင်္ဟာ​ဒဒ်​မင်း သည်​သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး တော်​များ​ကို​သူ့​အား​ပေး​အပ်​ရန်​တောင်း​ဆို လိုက်​ပါ​သည်'' ဟု​လျှောက်​ထား​စေ​၏။
1KI 20:4 ထို​အ​ခါ​အာ​ဟပ်​က``ငါ​နှင့်​ငါ​ပိုင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ်​အား​ပေး အပ်​ရန် သ​ဘော​တူ​ကြောင်း​ငါ့​အ​ရှင်​ဗင်္ဟာ​ဒဒ် မင်း​အား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။
1KI 20:5 ထို့​နောက်​တစ်​ဖန်​သံ​တ​မန်​တို့​သည်​အာ​ဟပ်​ထံ သို့​ပြန်​လာ​ပြီး​လျှင်``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏ ရွှေ ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ​ကို ငါ​တောင်း​ဆို​ခဲ့​၏။-
1KI 20:6 ယ​ခု​ငါ​သည်​သင်​၏​နန်း​တော်​နှင့်​တ​ကွ​မှူး မတ်​တို့​၏​နေ​အိမ်​များ​ကို​ရှာ​ဖွေ​၍ အ​ဖိုး ထိုက်​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​သိမ်း​ယူ​ရန် တပ်​မ​တော်​အ​ရာ​ရှိ​တို့​ကို​စေ​လွှတ်​မည်။ သူ တို့​သည်​နက်​ဖြန်​ဤ​အ​ချိန်​ခန့်​၌​သင်​ထံ​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်' ဟု​မိန့်​မှာ​လိုက် ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။
1KI 20:7 အာ​ဟပ်​မင်း​သည်​တိုင်း​ပြည်​ခေါင်း​ဆောင်​အ​ပေါင်း ကို​ခေါ်​ပြီး​လျှင်``ဤ​သူ​သည်​ငါ​တို့​အား​ပျက်​စီး စေ​လို​သူ​ဖြစ်​၏။ ငါ့​ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ ရွှေ​ငွေ၊ မိ​ဖု​ရား၊ သား​တော်​သ​မီး​တော်​များ ကို​တောင်း​ဆို​စဉ်​အ​ခါ​က ငါ​မ​ငြင်း​ဆန်​ခဲ့ ပါ'' ဟု​ဆို​၏။
1KI 20:8 ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က``ဤ​သူ​၏ စ​ကား​ကို​အ​ရေး​စိုက်​တော်​မ​မူ​ပါ​နှင့်။ အ​ညံ့ လည်း​ခံ​တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​၏။
1KI 20:9 သို့​ဖြစ်​၍​အာ​ဟပ်​သည်​ဗင်္ဟာ​ဒဒ်​၏​သံ​တ​မန် တို့​အား``ငါ​သည်​ပ​ထ​မ​တောင်း​ဆို​ချက်​ကို လိုက်​လျော​ရန်​သ​ဘော​တူ​သော်​လည်း ဒု​တိ​ယ တောင်း​ဆို​ချက်​ကို​မူ​မ​လိုက်​လျော​နိုင်​ကြောင်း ငါ့​အ​ရှင်​ဘု​ရင်​မင်း​အား​လျှောက်​ထား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သံ​တ​မန်​တို့​သည်​ပြန်​သွား​ပြီး​နောက် တစ်​ဖန် ပြန်​လာ​၍၊-
1KI 20:10 ``ဗင်္ဟာ​ဒဒ်​မင်း​က`သင်​၏​မြို့​ကို​ဖြို​ဖျက်​၍ ကျောက်​ခဲ​အ​ကျိုး​အ​ပဲ့​တို့​ကို လက်​နှင့်​သယ် နိုင်​လောက်​အောင်​လူ​အ​မြောက်​အ​မြား​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ဤ​သို့​မ​ပြု​ခဲ့​သော်​ဘု​ရား များ​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​ကြ​ပါ​စေ သော' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက်​ကြ​၏။
1KI 20:11 အာ​ဟပ်​မင်း​က​လည်း``စစ်​သူ​ရဲ​ပီ​သ​သူ​သည် တိုက်​ပွဲ​ပြီး​မှ​ဝါ​ကြွား​တတ်​၏။ တိုက်​ပွဲ​မ​ပြီး မီ​ဝါ​ကြွား​လေ့​မ​ရှိ​ကြောင်း ဗင်္ဟာ​ဒဒ်​မင်း​အား ပြန်​ကြား​လျှောက်​ထား​ကြ​လော့'' ဟု​ဆို​၏။
1KI 20:12 ဗင်္ဟာ​ဒဒ်​သည်​မိ​မိ​၏​မ​ဟာ​မိတ်​မင်း​များ​နှင့် အ​တူ သူ​တို့​၏​တဲ​ရှင်​များ​တွင်​သေ​ရည်​သေ ရက်​သောက်​လျက် နေ​စဉ်​အာ​ဟပ်​၏​ပြန်​ကြား ချက်​ကို​ကြား​သိ​ရ​လေ​သည်။ ထို​အ​ခါ​သူ သည်​မိ​မိ​၏​စစ်​သည်​တော်​များ​အား ရှ​မာ​ရိ မြို့​ကို​တိုက်​ခိုက်​ရန်​အမိန့်​ပေး​သ​ဖြင့်​သူ​တို့ သည်​နေ​ရာ​ယူ​ကြ​ကုန်​၏။
1KI 20:13 ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​တစ်​ပါး​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍``ထာ​ဝ​ရ​ဘု​ရား က​သင့်​အား`ထို​ကြီး​မား​သည့်​စစ်​သည်​အ​လုံး အ​ရင်း​ကို​မြင်​၍​မ​ကြောက်​နှင့်။ ယ​နေ့​သင့် အား​ထို​တပ်​မ​တော်​ကြီး​ကို​ဖြို​ခွင်း​ခွင့်​ငါ ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။
1KI 20:14 အာ​ဟပ်​က``အ​ဘယ်​သူ​ခေါင်း​ဆောင်​၍​တိုက်​ခိုက် ပါ​မည်​နည်း'' ဟု​မေး​၏။ ပ​ရော​ဖက်​က``နယ်​မြေ​ဘု​ရင်​ခံ​များ​၏​လက် အောက်​ရှိ​စစ်​လု​လင်​တို့​ကို​ခေါင်း​ဆောင်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို ပြန်​၏။ မင်း​ကြီး​က``တပ်​မ​တော်​ကြီး​ကို​အ​ဘယ်​သူ ကွပ်​ကဲ​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှင်၊- ``ဘု​ရင်​မင်း​ကိုယ်​တိုင်​ဖြစ်​ပါ​သည်'' ဟု ပ​ရော​ဖက်​က​ပြန်​ပြော​လေ​သည်။
1KI 20:15 သို့​ဖြစ်​၍​မင်း​ကြီး​သည် နယ်​မြေ​တပ်​မှူး​များ ၏​လက်​အောက်​ရှိ​စစ်​လု​လင်​စု​စု​ပေါင်း​နှစ်​ရာ့ သုံး​ဆယ့်​နှစ်​ယောက်​တို့​ကို​ခေါ်​ပြီး​နောက် တပ် သား​ခု​နစ်​ထောင်​ရှိ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​စု​ရုံး​စေ​တော်​မူ​၏။
1KI 20:16 မွန်း​တည့်​ချိန်​၌​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​သုံး​ကျိပ် နှစ်​ပါး​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​သေ ရည်​သေ​ရက်​သောက်​စား​မူး​ယစ်​နေ​ကြ​စဉ်၊-
1KI 20:17 အာ​ဟပ်​သည်​စ​တင်​၍​တိုက်​ခိုက်​လေ​သည်။ နယ် မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​က​ရှေ့​ဆုံး​မှ ချီ​တက်​ကြ​၏။ ဗင်္ဟာ​ဒဒ်​စေ​လွှတ်​ထား​သည့် အ​ထောက်​တော်​တို့​သည်​လည်း ရှ​မာ​ရိ​မြို့​မှ စစ်​သူ​ရဲ​တစ်​စု​ထွက်​ခွာ​လာ​နေ​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။-
1KI 20:18 မင်း​ကြီး​က``ထို​သူ​တို့​သည်​တိုက်​ခိုက်​ရန်​လာ သည်​ဖြစ်​စေ၊ စစ်​ပြေ​ငြိမ်း​ရန်​လာ​သည်​ဖြစ်​စေ သူ​တို့​အား​အ​ရှင်​ရ​အောင်​ဖမ်း​ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
1KI 20:19 နယ်​မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​သည် ဣ​သ​ရေ​လ​တပ်​မ​တော်​၏​ရှေ့​မှ​ခေါင်း ဆောင်​၍​တိုက်​ကြ​၏။-
1KI 20:20 သူ​တို့​အ​သီး​သီး​တစ်​ယောက်​ကျ​သတ်​ဖြတ် ကြ​၏။ ထို​အ​ခါ​ရှု​ရိ​တပ်​သား​တို့​သည်​ထွက်​ပြေး ကြ​သ​ဖြင့် ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​သူ​တို့ နောက်​မှ​အ​ပြင်း​လိုက်​ကြ​၏။ ထို့​ကြောင့်​ဗင်္ဟာ​ဒဒ် သည်​မြင်း​တပ်​သား​အ​ချို့​နှင့်​အ​တူ​မြင်း​စီး​၍ ထွက်​ပြေး​လေ​သည်။-
1KI 20:21 အာ​ဟပ်​မင်း​သည်​လည်း​စစ်​ပွဲ​သို့​ဝင်​တော်​မူ​၍ မြင်း​များ​စစ်​ရ​ထား​များ​ကို​ဖမ်း​ဆီး​သိမ်း ယူ​၍ ရှု​ရိ​အ​မျိုး​သား​တို့​အား​အ​ကြီး အ​ကျယ်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-
1KI 20:22 ထို​အ​ခါ​ပ​ရော​ဖက်​သည်​အာ​ဟပ်​မင်း​ထံ သို့​သွား​၍``ရှု​ရိ​ဘု​ရင်​သည်​လာ​မည့်​နွေ​ဦး ပေါက်​တွင်​တစ်​ဖန်​ချီ​လာ​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​သည်​ပြန်​၍​မိ​မိ​၏​တပ်​မ​တော်​ကို​အင် အား​ပြည့်​စေ​ရန်​သ​တိ​နှင့်​စီ​မံ​လော့'' ဟု ဆို​၏။
1KI 20:23 ဗင်္ဟာ​ဒဒ်​မင်း​၏​မှူး​မတ်​များ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​သည် တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​များ​ဖြစ်​သ​ဖြင့် အ​ကျွန်ုပ် တို့​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​နိုင်​ရ ကြ​ခြင်း​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​သူ​တို့ နှင့်​လွင်​ပြင်​တွင်​တိုက်​ခိုက်​ရ​ကြ​ပါ​မူ​သူ​တို့ အား​ဧ​ကန်​မု​ချ​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်။-
1KI 20:24 ယ​ခု​သုံး​ကျိပ်​နှစ်​ပါး​သော​မင်း​တို့​အား​မိ​မိ တို့​တပ်​များ​ကို​မ​အုပ်​ချုပ်​စေ​တော့​ဘဲ သူ​တို့ ၏​နေ​ရာ​တွင်​စစ်​ဗိုလ်​မှူး​များ​ကို​အ​စား​ထိုး ၍​ခန့်​ထား​တော်​မူ​ပါ။-
1KI 20:25 ထို့​နောက်​ယ​ခင်​အ​ခါ​က​အ​ရှင့်​အား​စွန့်​ခွာ ထွက်​ပြေး​သည့်​တပ်​မ​တော်​နှင့်​အ​မျှ​ကြီး​မား ၍ ယ​ခင်​က​ကဲ့​သို့​ပင်​များ​ပြား​သော​မြင်း တပ်၊ ရ​ထား​တပ်​များ​ပါ​ဝင်​သည့်​တပ်​မ​တော် ကို​ဖွဲ့​စည်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​လွင်​ပြင်​တွင်​တိုက် ခိုက်​ကြ​မည်​ဖြစ်​၍ ယ​ခု​အ​ကြိမ်​၌​သူ​တို့ အား​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​ကြ​၏။ ယင်း​သို့​လျှောက်​ထား​သည်​ကို​ဗင်္ဟာ​ဒဒ်​မင်း သည်​နှစ်​သက်​သ​ဖြင့် ထို​သူ​တို့​ပေး​သည့် အ​ကြံ​အ​တိုင်း​ဆောင်​ရွက်​တော်​မူ​၏။-
1KI 20:26 နွေ​ဦး​ပေါက်​သော​အ​ခါ​မင်း​ကြီး​သည် မိ​မိ​၏ စစ်​သည်​တော်​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင်​အာ​ဖက် မြို့​သို့​ချီ​တက်​လေ​၏။-
1KI 20:27 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း​စု​ရုံး ကာ စား​နပ်​ရိက္ခာ​စုံ​နှင့်​မြို့​ပြင်​သို့​ထွက်​လာ​ကြ လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​တပ်​ကို​နှစ်​စု ခွဲ​၍​ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​ကာ​နေ​ရာ​ယူ ကြ​၏။ လွင်​ပြင်​တစ်​ခု​လုံး​ပြည့်​နှက်​နေ​သည့် ရှု​ရိ​အ​မျိုး​သား​တို့​နှင့်​နှိုင်း​ယှဉ်​ကြည့်​ပါ လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဆိတ် အုပ်​က​လေး​နှစ်​စု​နှင့်​တူ​ပေ​သည်။
1KI 20:28 ပ​ရော​ဖက်​တစ်​ပါး​သည်​အာ​ဟပ်​မင်း​ထံ​သို့ သွား​၍``ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​သည်။ လွင်​ပြင်​ကို အ​စိုး​မ​ရ​ဟု​ရှု​ရိ​အ​မျိုး​သား​တို့​က​ဆို သော​ကြောင့် သူ​တို့​၏​ကြီး​မား​သော​တပ်​မ တော်​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​နှင့် တ​ကွ​သင်​၏​ပြည်​သူ​တို့​သိ​ရ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
1KI 20:29 ရှု​ရိ​အ​မျိုး​သား​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​သည် ခု​နစ်​ရက်​တိုင်​တိုင်​မျက်​နှာ​ချင်း​ဆိုင် တပ်​စွဲ​လျက်​နေ​ကြ​၏။ ခု​နစ်​ရက်​မြောက်​သော နေ့​၌​စ​တင်​တိုက်​ခိုက်​ကြ​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​ရှု​ရိ​အ​မျိုး​သား တစ်​သိန်း​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
1KI 20:30 ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။-
1KI 20:31 သူ​၏​အ​မှု​ထမ်း​များ​သည်​သူ့​ထံ​သို့​လာ​၍``ဣသ ရေ​လ​ဘု​ရင်​များ​သည်​သ​နား​ညှာ​တာ​တတ် ကြောင်း အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​ပါ​သည်။ သို့​ဖြစ် ၍​အ​ကျွန်ုပ်​တို့​အား​ဣ​သ​ရေ​လ​ဘု​ရင်​ထံ​သွား ခွင့်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ခါး​တွင် လျှော်​တေ​စည်း​၍​လည်​တွင်​ကြိုး​များ​ပတ်​ပြီး လျှင်​သွား​ရောက်​ကြ​ပါ​မည်။ သူ​သည်​အ​ရှင် ၏​အ​သက်​ကို​ချမ်း​သာ​ပေး​ကောင်း​ပေး​ပါ လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
1KI 20:32 ထို့​နောက်​သူ​တို့​သည်​ခါး​တွင်​လျှော်​တေ​စည်း​၍ လည်​တွင်​ကြိုး​များ​ပတ်​ပြီး​လျှင် အာ​ဟပ်​မင်း ထံ​သို့​သွား​ရောက်​ကာ``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ ဒဒ်​က​သူ​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ရန်​ပန်​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက် ထား​ကြ​၏။ အာ​ဟပ်​က``ငါ့​နောင်​တော်​အ​သက်​ရှင်​သေး သ​လော'' ဟု​ဆို​၏။
1KI 20:33 ဗင်္ဟာ​ဒဒ်​၏​အ​မှု​ထမ်း​တို့​သည် အ​ရိပ်​အ​ခြည် ကို​စောင့်​၍​ကြည့်​နေ​ရ​ကြ​ရာ၊ အာ​ဟပ်​က``နောင် တော်'' ဟု​ဆို​လိုက်​သော​အ​ခါ​ချက်​ချင်း​ပင် ဆက်​၍``အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဗင်္ဟာ ဒဒ်​သည်​အ​ရှင်​၏​နောင်​တော်​ပါ'' ဟု​လျှောက် ကြ​၏။ ထို​အ​ခါ​အာ​ဟပ်​က``သူ​အား​ငါ့​ထံ​သို့​ခေါ် ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ရောက်​ရှိ လာ​သော​အ​ခါ အာ​ဟပ်​သည်​သူ့​အား​မိ​မိ​၏ ရ​ထား​ပေါ်​သို့​တက်​ရန်​ဖိတ်​ခေါ်​တော်​မူ​၏။-
1KI 20:34 ဗင်္ဟာ​ဒဒ်​က``အရှင့်​ခ​မည်း​တော်​၏​လက်​မှ​အ​ကျွန်ုပ် ၏​ခ​မည်း​တော်​သိမ်း​ယူ​ခဲ့​သော​မြို့​များ​ကို အ​ရှင့် အား​ပြန်​လည်​ပေး​အပ်​ပါ​မည်။ အ​ကျွန်ုပ်​၏​ခ​မည်း တော်​သည်​ရှ​မာ​ရိ​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ကို ထား​ရှိ​ခဲ့​သည့်​နည်း​တူ အ​ရှင်​သည်​လည်း​ဒ​မာ သက်​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ထား​ရှိ​နိုင်​ပါ သည်'' ဟု​ဆို​၏။ အာ​ဟပ်​က``ဤ​သ​ဘော​တူ​ညီ​ချက်​များ​အ​ရ သင်​၏​အ​သက်​ကို​ချမ်း​သာ​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ပြီး​လျှင် ဗင်္ဟာ​ဒဒ်​အား​သွား​ခွင့်​ပြု​တော် မူ​၏။
1KI 20:35 ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​ရ​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​အား``ငါ့ ကို​ရိုက်​လော့'' ဟု​ဆို​၏။ သို့​သော်​လည်း​ပ​ရော​ဖက် က​ငြင်း​ဆန်​သ​ဖြင့်၊-
1KI 20:36 သူ့​အား``သင်​သည်​ထာဝရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​သည်​ဖြစ်​၍ ငါ​၏​ထံ​မှ​ထွက်​ခွာ သွား​သည်​နှင့်​တစ်​ပြိုင်​နက်​ခြင်္သေ့​ကိုက်​၍​သေ လိမ့်​မည်'' ဟု​ဆို​၏။ ယင်း​သို့​ဆို​သည့်​အ​တိုင်း ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​သည်​နှင့်​တစ်​ပြိုင် နက် ထို​ပ​ရော​ဖက်​သည်​ခြင်္သေ့​ကိုက်​၍​သေ လေ​သည်။
1KI 20:37 ထို့​နောက်​အ​ရိုက်​ခိုင်း​သော​ပ​ရော​ဖက်​သည် အ​ခြား​သူ​တစ်​ဦး​ထံ​သွား​၍``ငါ့​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သူ​သည်​ပြင်း​စွာ​ရိုက် ၍​ဒဏ်​ရာ​ရ​စေ​၏။-
1KI 20:38 ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။-
1KI 20:39 မင်း​ကြီး​ကြွ​လာ​တော်​မူ​သော​အ​ခါ​ပ​ရော ဖက်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​တိုက်​ပွဲ ဝင်​လျက်​နေ​စဉ် စစ်​သား​တစ်​ယောက်​သည်​ရန်​သူ သုံ့​ပန်း​တစ်​ဦး​ကို​အ​ကျွန်ုပ်​ထံ​အပ်​၍`ဤ​သူ​ကို ထိန်း​သိမ်း​ထား​လော့။ အ​ကယ်​၍​ထို​သူ​ထွက်​ပြေး သွား​ပါ​က သင်​သည်​သူ​၏​အ​သက်​အ​စား​မိ​မိ ၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သို့​မ​ဟုတ်​လျှင် လည်း​ငွေ​သား​သုံး​ထောင်​ဒဏ်​ဆောင်​ရ​မည်' ဟု မှာ​ကြား​ခဲ့​ပါ​၏။-
1KI 20:40 သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​အ​လုပ်​များ​နေ​စဉ်​ထို​သုံ့​ပန်း​ထွက် ပြေး​သွား​ပါ​သည်'' ဟု​လျှောက်​၏။ မင်း​ကြီး​က``သင်​ကိုယ်​တိုင်​စီ​ရင်​ချက်​ချ​ပြီး ဖြစ်​၍ သင်​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု ဆို​၏။
1KI 20:41 ထို​အ​ခါ​ပ​ရော​ဖက်​သည် မိ​မိ​၏​မျက်​နှာ​မှ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​လိုက်​သော​အ​ခါ မင်း ကြီး​သည်​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​ကြောင်း ကို​သိ​လေ​သည်။-
1KI 20:42 ပရော​ဖက်​က​လည်း``ထာ​ဝ​ရ​ဘု​ရား​က`ရန်​သူ ကို​သတ်​ရန် ငါ​အ​မိန့်​ပေး​ထား​သော်​လည်း​သူ့ ကို​လွှတ်​ပစ်​လိုက်​သည့်​အ​တွက် ထို​သူ​၏​အ​သက် အ​စား​သင်​၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သင် ၏​တပ်​မ​တော်​သည်​လည်း​ထို​ရန်​သူ​၏​တပ်​မ တော်​ကို​ထွက်​ပြေး​ခွင့်​ပြု​သည့်​အ​တွက် သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်' ဟု​မိန့်​တော် မူ​ပါ​၏'' ဟု​မင်း​ကြီး​အား​ဆင့်​ဆို​ပါ​၏။
1KI 20:43 မင်း​ကြီး​သည် ပူ​ပင်​စိုး​ရိမ်​စိတ်​ပျက်​အား လျော့​လျက် ရှ​မာ​ရိ​မြို့​နန်း​တော်​သို့​ပြန် တော်​မူ​၏။
1KI 21:1 ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊-
1KI 21:2 အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။
1KI 21:3 နာ​ဗုတ်​က``အ​ကျွန်ုပ်​သည်​ဤ​ဥ​ယျာဉ်​ကို ဘိုး​ဘေး​များ​ထံ​မှ​အ​မွေ​ရ​ရှိ​ထား​သ​ဖြင့် အ​ရှင့်​အား​ဆက်​သ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။-
1KI 21:4 အာ​ဟပ်​သည်​နာ​ဗုတ်​၏​စ​ကား​ကြောင့်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၏။ အ​မျက်​ထွက်​၍​နန်း​တော် သို့​ပြန်​တော်​မူ​၏။ သူ​သည်​နံ​ရံ​ဘက်​သို့​လှည့်​၍ အိပ်​ရာ​ပေါ်​တွင်​လှဲ​လျောင်း​ကာ​ပွဲ​တော်​မ​တည် ဘဲ​နေ​၏။-
1KI 21:5 သူ​၏​မိ​ဖု​ရား​ယေ​ဇ​ဗေ​လ​သည်​သူ့​ထံ​သို့ လာ​၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက်​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ပွဲ​တော်​မ​တည်​ဘဲ​နေ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​လေ​သည်။
1KI 21:6 မင်း​ကြီး​က``ငါ​သည်​နာ​ဗုတ်​အား​သူ​၏​ဥ​ယျာဉ် ကို​ရောင်း​ချ​ရန် အ​ကယ်​၍​သူ​အ​လို​ရှိ​ပါ​လျှင် အ​ခြား​ဥ​ယျာဉ်​နှင့်​လဲ​လှယ်​ရန်​ပြော​ဆို​သော် လည်း၊ နာ​ဗုတ်​က`ဤ​ဥ​ယျာဉ်​ကို​အ​ရှင့်​အား​မ ဆက်​သ​နိုင်​ပါ' ဟု​ဆို​ချေ​သည်။ ထို့​ကြောင့်​ငါ သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​နေ​သည်'' ဟု​မိန့် တော်​မူ​၏။
1KI 21:7 ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။
1KI 21:8 ထို​နောက်​ယေ​ဇ​ဗေ​လ​သည်​စာ​များ​ကို​ရေး ပြီး​လျှင် အာ​ဟပ်​အ​မည်​ဖြင့်​လက်​မှတ်​ရေး​ထိုး ကာ ဘု​ရင့်​တံ​ဆိပ်​ခပ်​နှိပ်​၍​ယေ​ဇ​ရေ​လ​မြို့ ရှိ​မြို့​မိ​မြို့​ဖ​များ​နှင့်​မှူး​မတ်​များ​ထံ​သို့ ပေး​ပို့​လိုက်​လေ​သည်။-
1KI 21:9 ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။-
1KI 21:10 ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။
1KI 21:11 မှူး​မတ်​များ​နှင့်​ယေ​ဇ​ရေ​လ​မြို့​ရှိ မြို့​မိ​မြို့​ဖ များ​သည်​လည်း​ယေ​ဇ​ဗေ​လ​အ​မိန့်​ပေး​သည့် အ​တိုင်း​ပြု​ကြ​၏။-
1KI 21:12 သူ​တို့​သည်​အ​စာ​ရှောင်​ရာ​နေ့​တစ်​နေ့​ကို​ကြေ​ညာ ပြီး​လျှင် ပြည်​သူ​တို့​အား​စု​ဝေး​စေ​လျက်​နာ​ဗုတ် အား​ဂုဏ်​ထူး​ဆောင်​နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​၏။-
1KI 21:13 မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။-
1KI 21:14 နာ​ဗုတ်​အား​သေ​ဒဏ်​ခတ်​ပြီး​ကြောင်း​ကို​လည်း ယေ​ဇ​ဗေ​လ​ထံ​သ​တင်း​ပေး​ပို့​ကြ​လေ​သည်။
1KI 21:15 ထို​သ​တင်း​ကို​ရ​လျှင်​ရ​ခြင်း​ယေ​ဇ​ဗေ​လ​သည် အာ​ဟပ်​အား``နာ​ဗုတ်​သေ​ပြီ​ဖြစ်​၍​ယ​ခု​အ​ရှင် သွား​၍​သူ​မ​ရောင်း​လို​သော​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​လော့'' ဟု​လျှောက်​၏။-
1KI 21:16 အာ​ဟပ်​သည်​လည်း​ထို​ဥ​ယျာဉ်​ကို​သိမ်း​ယူ ရန်​ချက်​ချင်း​ထ​၍​သွား​တော်​မူ​၏။
1KI 21:17 ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​တိ​ရှ​ဘိ​မြို့​သား ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
1KI 21:18 ``သင်​သည်​ရှ​မာ​ရိ​မြို့​ရှိ​အာဟပ်​မင်း​ထံ​သို့​သွား လော့။ သူ​သည်​နာ​ဗုတ်​၏​ဥယျာဉ်​ကို​သိမ်း​ယူ​ရန် ထို​ဥ​ယျာဉ်​ထဲ​၌​ရှိ​နေ​သည်​ကို​တွေ့​လိမ့်​မည်။-
1KI 21:19 ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။
1KI 21:20 အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။ ဧ​လိ​ယ​က​လည်း``တွေ့​ပြီ။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​မျက်​နှာ​တော်​တွင်​ဒု​စ​ရိုက်​ကို သာ​ပြု​လို​၏။-
1KI 21:21 ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​က`ငါ​သည်​သင့် အား​ဘေး​ဒဏ်​သင့်​စေ​မည်။ သင့်​ကို​သုတ်​သင် ပယ်​ရှင်း​၍​သင်​၏​အိမ်​ထောင်​စု​သား​ယောကျာ်း ဟူ​သ​မျှ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-
1KI 21:22 သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'-
1KI 21:23 ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊-
1KI 21:24 မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ​ဖြစ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
1KI 21:25 (ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။-
1KI 21:26 သူ​သည်​အာ​မော​ရိ​ပြည်​သား​တို့​ပြု​သည့်​အ​တိုင်း ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့် အ​လွန်​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ပြစ်​များ ကို​ပြု​လေ​သည်။ အာ​မော​ရိ​ပြည်​သူ​တို့​ကား ခါ​နာန်​ပြည်​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝရ​ဘု​ရား​နှင်​ထုတ် တော်​မူ​သော​သူ​များ​ဖြစ်​သ​တည်း။)
1KI 21:27 ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။
1KI 21:28 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား၊-
1KI 21:29 ``ငါ​၏​ရှေ့​မှောက်​တွင်​အ​ဘယ်​မျှ​အာ​ဟပ်​နှိမ့်​ချ လျက်​နေ​သည်​ကို​သင်​မြင်​သ​လော။ ဤ​သို့​နှိမ့်​ချ သည့်​အ​တွက်​ငါ​သည်​သူ​၏​လက်​ထက်​၌​ဘေး​ဒဏ် သင့်​စေ​မည်​မ​ဟုတ်။ သူ​၏​သား​လက်​ထက်​သူ​၏ အိမ်​ထောင်​စု​အ​ပေါ်​တွင်​သင့်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
1KI 22:1 ဣ​သ​ရေ​လ​ပြည်​နှင့်​ရှု​ရိ​ပြည်​တို့​သည် သုံး နှစ်​တိုင်​တိုင်​စစ်​ပြေ​ငြိမ်း​လျက်​ရှိ​၏။-
1KI 22:2 သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​ယု​ဒ​ဘု​ရင်​ယော ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ထံ​သို့ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​လေ​သည်။
1KI 22:3 အာ​ဟပ်​သည်​မိ​မိ​၏​မှူး​မတ်​တို့​အား``ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို​ရှု​ရိ​ဘု​ရင်​ထံ​မှ​ပြန် လည်​ရ​ရှိ​ရန် အ​ဘယ်​ကြောင့်​မည်​သို့​မျှ​မ​ပြု​ဘဲ နေ​ကြ​ပါ​သ​နည်း။ ထို​မြို့​ကို​ငါ​တို့​ပိုင်​သည် မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော်​မူ​၏။-
1KI 22:4 ထို့​နောက်​အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``အ​ဆွေ တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ ချီ​တက်​မည်​လော'' ဟု​မေး​၏။ ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ​လျှင် ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​စစ်​သည် တော်​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ​သည်​လည်း အဆင်​သင့်​ရှိ​ပါ​သည်။-
1KI 22:5 သို့​ရာ​တွင်​ဤ​ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး စွာ​မေး​မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။
1KI 22:6 သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​လော့'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
1KI 22:7 သို့​ရာ​တွင်​ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖက်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။
1KI 22:8 အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣ​မ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အ​ခါ​မျှ​အ​ကောင်း​ကို​မ​ဟော၊ အ​ဆိုး ကို​သာ​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့​ကို​ကျွန်ုပ် မ​နှစ်​သက်​ပါ'' ဟု​ပြန်​ပြော​လေ​သည်။ ထို​အ​ခါ​ယော​ရှ​ဖတ်​က``ဤ​သို့​မ​ပြော​သင့် ပါ'' ဟု​ဆို​၏။-
1KI 22:9 သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း သွား​ခေါ်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။
1KI 22:10 ဘု​ရင်​နှစ်​ပါး​တို့​သည် မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​အ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌​ပ​ရော ဖက်​အ​ပေါင်း​တို့​သည်​လည်း​ရှေ့​ဖြစ်​ကို​ဟော ၍​နေ​ကြ​၏။-
1KI 22:11 ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝ​ရ​ဘု​ရား​က`ကိုယ်​တော် သည်​ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​အ​မျိုး​သား​တို့ အား​ချေ​မှုန်း​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-
1KI 22:12 အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း ဤ အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​သို့​ချီ​တက်​တော်​မူ​ပါ။ အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု​ဟော​ကြ​၏။
1KI 22:13 ဤ​အ​တော​အ​တွင်း​၌ မိက္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``အ​ခြား ပ​ရော​ဖက်​အား​လုံး​က​ပင်​မင်း​ကြီး​သည် အောင်​မြင်​မှု​ရ​ရှိ​လိမ့်​မည်​ဟု​ဟော​ခဲ့​ကြ လေ​ပြီ။ အ​ရှင်​သည်​လည်း​ဤ​အ​တိုင်း​ပင် ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။
1KI 22:14 သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။
1KI 22:15 သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့ ရောက်​သော​အ​ခါ မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ်​မင်း​နှင့် ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ဖြေ​ကြား​ပါ​လော့'' ဟု​မိန့်​တော်​မူ​၏။ မိက္ခာ​က``ချီ​တက်​တိုက်​ခိုက်​တော်​မူ​ပါ။ အ​ရှင် မင်း​ကြီး​သည်​အောင်​မြင်​တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။
1KI 22:16 သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​ရာ​တွင်​သစ္စာ​စ​ကား ကို​သာ​လျှင် သုံး​စွဲ​ရန်​သင့်​အား​ဘယ်​နှစ်​ကြိမ် ငါ​သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။
1KI 22:17 ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။
1KI 22:18 အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​ဟော​တတ်​ကြောင်း ကျွန်ုပ်​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဆို​၏။
1KI 22:19 မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-
1KI 22:20 ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့ သို့​ချီ​တက်​၍​ကျ​ဆုံး​စေ​ရန် အ​ဘယ်​သူ​သည် သူ့​အား​လိမ်​လည်​လှည့်​စား​မည်​နည်း' ဟု​မေး တော်​မူ​လျှင်​ကောင်း​ကင်​တ​မန်​တို့​သည် အ​မျိုး​မျိုး​အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။-
1KI 22:21 နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ်​လည် လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘုရား က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊-
1KI 22:22 ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော ဖက်​များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည် ဟော​ပြော​စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝ​ရ ဘု​ရား​က​လည်း`သင်​သွား​၍​အာ​ဟပ်​အား​လိမ် လည်​လှည့်​စား​လော့။ အောင်​မြင်​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​လျှောက်​ထား​၏။
1KI 22:23 ထို့​နောက်​မိက္ခာ​က``ဖြစ်​ပျက်​ပုံ​ကား​ဤ​သို့​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပ​ရော​ဖက်​တို့​ကို အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး​အန္တ​ရာယ် ကို​မူ​ကိုယ်​တော်​တိုင်​စီ​ရင်​ထား​တော်​မူ​ပြီ'' ဟု နိ​ဂုံး​ချုပ်​လိုက်​လေ​သည်။
1KI 22:24 ထို​အ​ခါ​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး​သို့​ချဉ်း​ကပ်​၍ ပါး​ကို​ရိုက်​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ် တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန်​အ​ဘယ် အ​ခါ​က ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ သ​နည်း'' ဟု​ဆို​၏။
1KI 22:25 မိက္ခာ​က​လည်း``သင်​ပုန်း​အောင်း​ရန်​အ​တွက်​အ​တွင်း ခန်း​တစ်​ခု​ခု​သို့​ဝင်​သော​အ​ခါ​၌​သိ​ရ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​လေ​သည်။
1KI 22:26 ထို့​နောက်​အာ​ဟပ်​သည်​နန်း​တွင်း​အ​ရာ​ရှိ​တစ် ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန်​အာ​မုန် နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင်​သွား​လော့။-
1KI 22:27 သူ့​အား​ထောင်​သွင်း​အ​ကျဉ်း​ချ​ကာ​ကောင်း မွန်​ချော​မော​စွာ ငါ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန် တိုင်​အောင်​မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား ရန်​သူ​တို့​အား​မှာ​ကြား​လော့'' ဟု​အ​မိန့် ပေး​တော်​မူ​၏။
1KI 22:28 မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​မူ​အ​ကျွန်ုပ် ဆင့်​ဆို​သော​စ​ကား​များ​သည်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​များ​မ​ဟုတ်​နိုင်။ အို လူ အပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ထား ကြ​လော့'' ဟု​ဆို​၏။
1KI 22:29 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့ ကို​တိုက်​ခိုက်​ရန်​ချီ​တက်​ကြ​၏။-
1KI 22:30 အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​သော အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ​ဝတ်​ဆင် လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို ပြီး​သော်​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ရုပ်​ဖျက်​၍ တိုက်​ပွဲ​ဝင်​လေ​၏။
1KI 22:31 ရှ​ရိ​ဘု​ရင်​သည် မိ​မိ​၏​ရ​ထား​တပ်​မှူး​သုံး​ဆယ့် နှစ်​ယောက်​တို့​အား ဣ​သ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​မည်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-
1KI 22:32 ထို့​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင်​သော အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ​ပြန်​လှည့် ၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ​ဖတ်​ဟစ်​အော် လိုက်​သော​အ​ခါ၊-
1KI 22:33 သူ​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​မ​ဟုတ်​မှန်း​သိ​ရ​၍ လွှဲ​ရှောင်​ကြ​၏။-
1KI 22:34 သို့​ရာ​တွင်​ရှ​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို အ​မှတ်​မ​ထင်​ပစ်​လွှတ်​လိုက်​ရာ​အာ​ဟပ် ၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို​ထိ​မှန်​သွား​လေ သည်။ မင်း​ကြီး​က``ငါ့​ကို​မြား​ထိ​ပြီ၊ တိုက်​ပွဲ​မှ မောင်း​ထွက်​သွား​လော့'' ဟု​ရ​ထား​မှူး​အား​အ​မိန့် ပေး​တော်​မူ​၏။
1KI 22:35 တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​၏​ရ​ထား ထက်​တွင်​မှီ​၍​ထိုင်​နေ​တော်​မူ​၏။ သူ​၏​ဒဏ်​ရာ မှ​ယို​စီး​လာ​သော​သွေး​သည်​ရ​ထား​ကြမ်း​ပြင် ပေါ်​တွင်​အိုင်​ဖြစ်​၍​နေ​၏။ ည​နေ​စောင်း​အ​ချိန် ၌​သူ​သည်​ကွယ်​လွန်​လေ​သည်။-
1KI 22:36 နေ​ဝင်​ချိန်​နီး​သော​အ​ခါ``လူ​တိုင်း​ကိုယ့်​ပြည်၊ ကိုယ့်​မြို့​ရွာ​များ​သို့​ပြန်​ကြ​ကုန်​အံ့'' ဟူ​သော ဟစ်​သံ​သည်​ဣ​သ​ရေ​လ​တပ်​တစ်​တပ်​လုံး သို့​ရောက်​ရှိ​လာ​လေ​သည်။
1KI 22:37 ဤ​သို့​ဖြင့်​အာ​ဟပ်​မင်း​သည်​ကွယ်​လွန်​လေ​သည်။ သူ​၏​အ​လောင်း​ကို​ရှ​မာ​ရိ​မြို့​သို့​ယူ​ဆောင် ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။-
1KI 22:38 သူ​၏​ရ​ထား​ကို​ပြည့်​တန်​ဆာ​တို့​ရေ​ချိုး​လေ့​ရှိ သည့်​ရှ​မာ​ရိ​ရေ​ကန်​တွင်​ဆေး​ကြော​ကြ​၏။ ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခွေး​တို့ သည်​လာ​၍​သူ​၏​သွေး​ကို​လျက်​ကြ​ကုန်​၏။
1KI 22:39 အာ​ဟပ်​မင်း​၏​ဆင်​စွယ်​နန်း​တော်​အ​ကြောင်း နှင့် သူ​တည်​ထောင်​ခဲ့​သော​မြို့​များ​အ​ပါ​ဝင် သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
1KI 22:40 အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ​သား​တော်​အာ​ခ​ဇိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
1KI 22:41 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​နန်း​စံ​စ​တုတ္ထ​နှစ်​၌ အာ​သ​၏​သား​တော်​ယော​ရှ​ဖတ်​သည်​ယု​ဒ​ပြည် တွင်​နန်း​တက်​၍၊-
1KI 22:42 ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ နန်း​တက်​ချိန်​၌​သူ​သည်​အသက်​သုံး ဆယ့်​ငါး​နှစ်​ရှိ​၏။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ ၏​သ​မီး​အ​ဇု​ဘ​ဖြစ်​၏။-
1KI 22:43 သူ​သည်​မိ​မိ​အ​လျင်​နန်း​စံ​ခဲ့​သည့်​ခ​မည်း​တော် အာ​သ​ကဲ့​သို့​ပင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက် တွင်​ဖြောင့်​မှန်​စွာ​ပြု​ကျင့်​လေ့​ရှိ​၏။ သို့​ရာ​တွင်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ​မ​ဖြို​မ​ဖျက်​သ​ဖြင့် လူ တို့​သည်​ထို​အ​ရပ်​များ​တွင်​ဆက်​လက်​၍​ယဇ်​ပူ​ဇော် ၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လေ​သည်။-
1KI 22:44 ယော​ရှ​ဖတ်​သည်​ဣသ​ရေ​လ​ဘု​ရင်​နှင့်​လည်း ငြိမ်း​ချမ်း​စွာ​နေ​တော်​မူ​၏။
1KI 22:45 ယော​ရှ​ဖတ်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​၏​စွန့်​စား​မှု​များ​နှင့် သူ​ဆင်​နွှဲ​ခဲ့​သည့်​တိုက်​ပွဲ​များ​ကို​လည်း​ကောင်း ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
1KI 22:46 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​ခ​မည်း တော်​အာ​သ​လက်​ထက်​မှ ကျန်​ရစ်​ခဲ့​သည့်​အ​မျိုး သား​ပြည့်​တန်​ဆာ​များ​နှင့်​အ​မျိုး​သ​မီး​ပြည့် တန်​ဆာ​များ​အား​လုံး​ကို​သုတ်​သင်​ပယ်​ရှင်း တော်​မူ​၏။
1KI 22:47 ဧ​ဒုံ​ပြည်​တွင်​ဘု​ရင်​မ​ရှိ။ ယု​ဒ​ဘု​ရင်​ခန့်​ထား သည့်​ဘု​ရင်​ခံ​က​ထို​ပြည်​ကို​အုပ်​ချုပ်​ရ​လေ​သည်။
1KI 22:48 ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။-
1KI 22:49 ထို​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​က​မိ​မိ ၏​လူ​တို့​နှင့်​အ​တူ ယော​ရှ​ဖတ်​၏​လူ​တို့​အား သင်္ဘော​လွှင့်​ခွင့်​ပြု​မည်​ဟု စ​ကား​ကမ်း​လှမ်း​သော် လည်း​ယော​ရှ​ဖတ်​က​ထို​ကမ်း​လှမ်း​ချက်​ကို လက်​ခံ​တော်​မ​မူ။
1KI 22:50 ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ယ​ဟော​ရံ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
1KI 22:51 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​အာ​ဟပ်​၏​သား​တော်​အာ​ခ​ဇိ​သည် ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-
1KI 22:52 သူ​သည်​ခ​မည်း​တော်​အာဟပ်​နှင့်​မယ်​တော်​ယေ​ဇ ဗေ​လ​၏​စံ​န​မူ​နာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​စေ​ရန် ရှေ့​ဆောင် လမ်း​ပြ​ခဲ့​သူ ယေ​ရော​ဗောင်​မင်း​၏​စံ​န​မူ​နာ ကို​လည်း​ကောင်း​ယူ​၍၊-
1KI 22:53 ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ မိ​မိ အ​လျင်​နန်း​စံ​တော်​မူ​ခဲ့​သည့်​ခ​မည်း​တော်​ကဲ့ သို့​ပင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​သည်။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး​၏။
2KI 1:1 ဣသ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ မော​ဘ​ပြည်​သည်​ဣသ​ရေ​လ​ပြည်​ကို​ပုန်​ကန် လေ​သည်။
2KI 1:2 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​သည် ရှ​မာ​ရိ​မြို့ နန်း​တော်​အ​မိုး​ထက်​ရှိ​လ​သာ​ဆောင်​မှ​လိမ့် ကျ​သ​ဖြင့် ပြင်း​ထန်​စွာ​ဒဏ်​ရာ​ရ​ရှိ​၏။ သို့ ဖြစ်​၍​သူ​သည်​ဖိ​လိတ္တိ​ပြည်​ဧ​ကြုန်​မြို့​၏​ဘု​ရား ဗာ​လ​ဇေ​ဗုပ်​ထံ​သံ​တ​မန်​များ​စေ​လွှတ်​ကာ မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည်​မ​လာ​မည် ကို​စုံ​စမ်း​မေး​မြန်း​စေ​၏။-
2KI 1:3 သို့​ရာ​တွင်​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် တိ​ရှ​ဘိ​မြို့​သား​ပ​ရော​ဖက်​ဧ​လိ​ယ အား``အာ​ခ​ဇိ​မင်း​၏​သံ​တ​မန်​များ​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သူ​တို့​အား​ဣ​သ​ရေ​လ ပြည်​တွင်​ဘု​ရား​မ​ရှိ​သော​ကြောင့် ဧ​ကြုန် ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​ထံ​သွား​ရောက်​စုံ​စမ်း မေး​မြန်း​ရ​သ​လော​ဟု​မေး​လော့။-
2KI 1:4 မင်း​ကြီး​အား`မိ​မိ​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍ ထ​နိုင်​မည်​မ​ဟုတ်​ကြောင်း၊ သေ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​သင်​တို့ လျှောက်​ထား​ကြ​လော့' ဟု​ဆင့်​ဆို​ရ​မည်'' ဟု မိန့်​တော်​မူ​သည်။ ဧ​လိ​ယ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ပြု​သ​ဖြင့်၊-
2KI 1:5 သံ​တ​မန်​တို့​သည်​မင်း​ကြီး​ထံ​သို့​ပြန်​ကြ​၏။ မင်း​ကြီး​က``အ​ဘယ်​ကြောင့်​သင်​တို့​ပြန်​လာ ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
2KI 1:6 ထို​သူ​တို့​က``လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​နှင့် လာ​ရောက်​တွေ့​ဆုံ​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား`ဣ​သ​ရေ​လ​ပြည်​တွင်​ဘု​ရား​မ​ရှိ သော​ကြောင့် ဧ​ကြုန်​ဘု​ရား​ထံ​သံ​တ​မန်​များ စေ​လွှတ်​၍​စုံ​စမ်း​မေး​မြန်း​ရ​သ​လော။ သင်​သည် သင်​၏​သ​လွန်​မှ​တစ်​ဖန်​ပြန်​၍​ထ​နိုင်​မည် မ​ဟုတ်။ သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း အ​ရှင့်​ထံ​ပြန်​ကြား​လျှောက်​ထား​ရန် အ​ကျွန်ုပ် တို့​အား​ပြော​ကြား​သွား​ပါ​သည်'' ဟု​သံ တော်​ဦး​တင်​ကြ​၏။
2KI 1:7 မင်း​ကြီး​က``ထို​သူ​၏​ပုံ​ပန်း​သဏ္ဌာန်​ကား အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။
2KI 1:8 ထို​သူ​တို့​က``သူ​သည်​တိ​ရစ္ဆာန်​သား​ရေ​ဖြင့် ချုပ်​လုပ်​ထား​သည့်​ဝတ်​လုံ​ကို​ဝတ်​၍ သား​ရေ ခါး​ပတ်​ကို​စည်း​ထား​ပါ​သည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​သည်​ဧ​လိ​ယ​ဖြစ် ပါ​သည်​တကား'' ဟု​မြွက်​ဆို​တော်​မူ​၏။
2KI 1:9 ထို​နောက်​မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​ကို လူ​ငါး​ဆယ်​တပ်​နှင့်​အ​တူ​ဧ​လိ​ယ​ထံ​သို့ စေ​လွှတ်​တော်​မူ​၏။ တပ်​မှူး​သည်​တောင်​ကုန်း တစ်​ခု​ပေါ်​တွင်​ဧ​လိ​ယ​ထိုင်​နေ​သည်​ကို​တွေ့ မြင်​သ​ဖြင့် သူ့​အား``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ ဆင်း​ခဲ့​လော့။ ဘု​ရင်​အမိန့်​တော်​ရှိ​သည်'' ဟု ဆို​၏။
2KI 1:10 ဧ​လိ​ယ​က``ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​စေ ခံ​မှန်​လျှင် ကောင်း​ကင်​မှ​မီး​ကျ​၍​သင်​နှင့်​သင် ၏​တပ်​သား​တို့​ကို​ကျွမ်း​လောင်​ပါ​စေ​သော'' ဟု ဆို​သော်​ချက်​ချင်း​ပင်​မီး​ကျလာ​သ​ဖြင့် တပ်​မှူး နှင့်​သူ​၏​တပ်​သား​တို့​သည်​ကျွမ်း​လောင်​လေ ၏။
2KI 1:11 မင်း​ကြီး​သည်​အ​ခြား​တပ်​မှူး​တစ်​ယောက်​နှင့် လူ​ငါး​ဆယ်​တပ်​ကို​စေ​လွှတ်​ပြန်​၏။ သူ​တို့ သည်​ဧ​လိ​ယ​ထံ​သို့​သွား​၍``ဘု​ရား​သ​ခင် ၏​အ​စေ​ခံ၊ အ​မြန်​ဆင်း​ခဲ့​လော့။ ဘု​ရင် အ​မိန့်​တော်​ရှိ​သည်'' ဟု​ဆို​၏။
2KI 1:12 ဧ​လိ​ယ​က``ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​စေ ခံ​မှန်​လျှင် ကောင်း​ကင်​မှ​မီး​ကျ​၍​သင်​နှင့်​သင် ၏​တပ်​သား​တို့​ကို​ကျွမ်း​လောင်​ပါ​စေ​သော'' ဟု ဆို​သော်​ချက်​ချင်း​ပင်​ကောင်း​ကင်​မှ​မီး​ကျ သ​ဖြင့် တပ်​မှူး​နှင့်​တပ်​သား​တို့​သည်​ကျွမ်း လောင်​လေ​၏။
2KI 1:13 မင်း​ကြီး​သည်​တပ်​မှူး​တစ်​ယောက်​နှင့်​လူ​ငါး ဆယ်​တပ်​ကို​နောက်​တစ်​ကြိမ်​စေ​လွှတ်​ပြန်​၏။ ထို​တပ်​မှူး​သည်​တောင်​ကုန်း​ပေါ်​သို့​တက်​၍ ဧ​လိ​ယ​ရှေ့​တွင်​ဒူး​ထောက်​လျက်``ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ်​နှင့်​အ​ကျွန်ုပ်​၏ တပ်​သား​တို့​ကို​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော်​မူ​ပါ။-
2KI 1:14 အ​ခြား​တပ်​မှူး​နှစ်​ယောက်​နှင့်​သူ​တို့​၏​တပ် သား​များ​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​သေ ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ'' ဟု​တောင်း​ပန်​၏။
2KI 1:15 ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က​ဧ​လိ​ယ အား``မ​ကြောက်​နှင့်။ ထို​သူ​နှင့်​အ​တူ​လိုက်​သွား လော့'' ဟု​ဆို​သ​ဖြင့် ဧ​လိ​ယ​သည်​မင်း​ကြီး​ထံ သို့​တပ်​မှူး​နှင့်​အ​တူ​လိုက်​သွား​ပြီး​လျှင်၊-
2KI 1:16 ``ထာ​ဝ​ရ​ဘု​ရား​က`ဣ​သ​ရေ​လ​ပြည်​တွင် ဗျာ​ဒိတ်​တော်​ကို​မေး​လျှောက်​ရန် ဘု​ရား​မ​ရှိ သော​ကြောင့်​ဧ​ကြုန်​မြို့​၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ် အား​စုံ​စမ်း​မေး​မြန်း​ရန်​သံ​တမန်​တို့​ကို​စေ လွှတ်​ရ​သ​လော။ သို့​ဖြစ်​၍​သင်​သည်​ပြန်​လည် ကျန်း​မာ​လာ​လိမ့်​မည်​မ​ဟုတ်။ သေ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​လေ​၏။
2KI 1:17 ဧ​လိ​ယ​ဆင့်​ဆို​သော​ထာ​ဝရ​ဘု​ရား​၏​ဗျာ ဒိတ်​တော်​အ​တိုင်း အာ​ခ​ဇိ​သည်​ကွယ်​လွန်​လေ​၏။ အာ​ခ​ဇိ​တွင်​သား​တော်​မ​ရှိ​သ​ဖြင့်​ညီ​တော် ယော​ရံ​သည် ယော​ရှ​ဖတ်​၏​သား​ယု​ဒ​ဘု​ရင် ယ​ဟော​ရံ​၏​နန်း​စံ​ဒုတိ​ယ​နှစ်​၌​နန်း​တက် လေ​သည်။
2KI 1:18 အာ​ခ​ဇိ​မင်း​၏​အ​ခြား​လုပ်​ဆောင်​ချက်​ရှိ သ​မျှ​တို့​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။
2KI 2:1 ဧ​လိ​ယ​အား​လေ​ပွေ​ဖြင့် ကောင်း​ကင်​ဘုံ​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​ယူ​တော်​မူ​ရန်​အ​ချိန် ကျ​ရောက်​လာ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ၊-
2KI 2:2 လမ်း​တွင်​ဧ​လိ​ယ​က``ဤ​တွင်​နေ​ရစ်​ပါ​လော့။ ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ဗေ​သ​လ​မြို့ သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဧ​လိ​ရှဲ​အား ပြော​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် ခွဲ​ခွာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ်​ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​နှစ်​ဦး​သည်​ဗေ​သ​လ​မြို့ သို့​ဆက်​၍​သွား​ကြ​၏။
2KI 2:3 ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ကိုယ်​တော်​၏​သ​ခင် ကို​ကိုယ်​တော့်​ထံ​မှ ယ​နေ့​ထာ​ဝရ​ဘု​ရား​ရုပ် သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု​မေး ကြ​၏။ ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော'' ဟု​ပြန်​၍​ဖြေ​ကြား​၏။
2KI 2:4 ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​အ​ရပ် တွင်​နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယေ​ရိ​ခေါ​မြို့​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် ခွဲ​ခွာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ်​ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍​ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား ကြ​၏။
2KI 2:5 ထို​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​ပ​ရော​ဖက်​တစ်​စု သည် ဧ​လိ​ရှဲ​ထံ​သို့​လာ​၍``ထာ​ဝရ​ဘု​ရား​သည် ကိုယ်​တော်​၏​သ​ခင်​ကို​ကိုယ်​တော်​ထံ​မှ ယ​နေ့ ရုပ်​သိမ်း​တော်​မူ​မည်​ကို​သိ​ပါ​၏​လော'' ဟု မေး​ကြ​၏။ ဧ​လိ​ရှဲ​က``ငါ​သိ​၏။ ဆိတ်​ဆိတ်​နေ​ကြ​လော့'' ဟု​ပြန်​၍​ဖြေ​ကြား​၏။
2KI 2:6 ထို​နောက်​ဧ​လိ​ယ​သည်​ဧ​လိ​ရှဲ​အား``ဤ​တွင် နေ​ရစ်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား ယော်​ဒန်​မြစ်​သို့​စေ​လွှတ်​တော်​မူ​သည်'' ဟု ဆို​၏။ သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​ခွဲ​ခွာ​မည်​မ​ဟုတ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင့်​အ​ပေါ်​၌ အ​ကျွန်ုပ် ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ သို့​ဖြစ်​၍ သူ​တို့​သည်​ဆက်​လက်​ထွက်​ခွာ​သွား​ကြ​၏။-
2KI 2:7 ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည်​ယော်​ဒန်​မြစ်​အ​ထိ လိုက်​သွား​ကြ​၏။ ဧ​လိ​ယ​နှင့်​ဧ​လိ​ရှဲ​တို့​သည် မြစ်​အ​နီး​တွင်​ရပ်​တန့်​ကြ​သော​အ​ခါ ပ​ရော ဖက်​ငါး​ကျိပ်​တို့​သည်​မ​လှမ်း​မ​ကမ်း​တွင်​ရပ် လျက်​နေ​ကြ​၏။-
2KI 2:8 ထို​နောက်​ဧ​လိ​ယ​သည်​မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ် ၍​လိပ်​ပြီး​လျှင် ရေ​ကို​ရိုက်​လေ​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​၍​သွား​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ မြစ်​တစ်​ဘက်​သို့​ကူး​ကြ​၏။-
2KI 2:9 ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ​ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​အား``သင်​နှင့်​မ​ခွဲ​မ​ခွာ​ရ​မီ​ငါ့​ထံ ဆု​တစ်​ခု​ကို​တောင်း​လော့'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``အ​ရှင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ နိုင်​ရန် သား​ဦး​ရ​သင့်​ရ​ထိုက်​သော​အ​ရှင်​၏ တန်​ခိုး​ဝေ​စု ကို အ​ကျွန်ုပ်​အား​ပေး​တော်​မူ​ပါ'' ဟု​တောင်း လေ​၏။
2KI 2:10 ဧ​လိ​ယ​က``သင်​တောင်း​သော​ဆု​ကို​ပေး​ရန် မလွယ်​ကူ​ပါ။ သို့​ရာ​တွင်​သင်​သည်​ငါ့​အား​ဆောင် ယူ​သွား​သည်​ကို​တွေ့​မြင်​ရ​ပါ​လျှင် သင်​တောင်း သော​ဆု​ကို​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​မ​တွေ့ မ​မြင်​ရ​ပါ​မူ​ထို​ဆု​ကို​ရ​မည်​မ​ဟုတ်'' ဟု ဆို​၏။
2KI 2:11 သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။-
2KI 2:12 ဧ​လိ​ရှဲ​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​ဖြင့် ဧ​လိ​ယ​အား``အို အ​ကျွန်ုပ်​၏​အ​ဖ၊ အို အ​ကျွန်ုပ် ၏​အ​ဖ၊ တန်​ခိုး​ကြီး​မား​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​သော​အ​ရှင်၊ ကိုယ် တော်​သည်​ထွက်​ခွာ​သွား​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ဟစ်​အော်​၍​ပြော​၏။ ထို​နောက်​သူ​သည်​ဧ​လိ​ယ ကို​တစ်​ဖန်​ပြန်​၍​မ​တွေ့​မ​မြင်​ရ​တော့​ချေ။ ဧ​လိ​ရှဲ​သည်​ကြေ​ကွဲ​ဝမ်း​နည်း​သ​ဖြင့် မိ​မိ​၏ ဝတ်​လုံ​ကို​နှစ်​ခြမ်း​ဆုတ်​ဖြဲ​လိုက်​၏။-
2KI 2:13 ထို​နောက်​သူ​သည်​ဧ​လိ​ယ​ထံ​မှ​ကျ​ခဲ့​သည့် ဝတ်​လုံ​ကို​ကောက်​ယူ​ပြီး​လျှင် ယော်​ဒန်​မြစ် သို့​ပြန်​လာ​၏။-
2KI 2:14 သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။-
2KI 2:15 ယေ​ရိ​ခေါ​မြို့​မှ​ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည် ဧ​လိ​ရှဲ​ကို​မြင်​သ​ဖြင့်``ဧ​လိ​ယ​၏​တန်​ခိုး​ကို ဧ​လိ​ရှဲ​ခံ​ယူ​ရ​ရှိ​လေ​ပြီ'' ဟု​ဆို​ကြ​၏။ သူ တို့​သည်​ဧ​လိ​ရှဲ​အား​လာ​ရောက်​ကြို​ဆို​ကာ သူ​၏​ရှေ့​တွင်​ဦး​ညွှတ်​ကြ​ပြီး​နောက်၊-
2KI 2:16 ``ဤ​အ​ရပ်​တွင်​အကျွန်ုပ်​တို့​လူ​ငါး​ကျိပ်​ရှိ ပါ​၏။ အ​ကျွန်ုပ်​တို့​အား​လုံး​ပင်​သန်​မာ​သူ များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​အား အ​ရှင် ၏​သ​ခင်​ကို​သွား​ရောက်​ရှာ​ဖွေ​ခွင့်​ပြု​တော်​မူ ပါ။ ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့​ကို ဆောင်​ယူ​ပြီး​လျှင် တောင်​ပေါ်​ဖြစ်​စေ၊ ချိုင့်​ထဲ သို့​ဖြစ်​စေ​တစ်​နေ​ရာ​ရာ​တွင်​ချ​ထား​ကောင်း ချ​ထား​ခဲ့​ပါ​လိမ့်​မည်'' ဟု​ပြော​ကြ​၏။ ဧ​လိ​ရှဲ​က``သင်​တို့​မ​သွား​ကြ​ပါ​နှင့်'' ဟု တား​မြစ်​၏။
2KI 2:17 သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြိမ်​ကြိမ်​တောင်း​ပန် ကြ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​သူ​တို့​အား​ခွင့်​ပြု​လိုက် လေ​သည်။ ထို​သူ​ငါး​ကျိပ်​တို့​သည်​သုံး​ရက်​တိုင် တိုင် တစ်​တောင်​တက်​ဆင်း​ရှာ​ဖွေ​ကြ​သော်​လည်း ဧ​လိ​ယ​ကို​မ​တွေ့​ကြ။-
2KI 2:18 ထို​အ​ခါ​သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင် စောင့်​လျက် နေ​သည့်​ဧ​လိ​ရှဲ​၏​ထံ​သို့​ပြန်​လာ​ကြ​၏။ ထို​အ​ခါ ဧ​လိ​ရှဲ​က``သင်​တို့​အား​မ​သွား​ကြ​ရန်​ငါ​ပြော သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။
2KI 2:19 ယေ​ရိ​ခေါ​မြို့​သား​အ​ချို့​တို့​သည် ဧ​လိ​ရှဲ​ထံ သွား​၍``အ​ရှင်၊ အ​ရှင်​သိ​တော်​မူ​သည့်​အ​တိုင်း ဤ​မြို့​သည်​သာ​ယာ​သော​မြို့​ပင်​ဖြစ်​သော်​လည်း ရေ​မ​ကောင်း​သ​ဖြင့်​နေ​ထိုင်​သူ​တို့​သား​ပျက် တတ်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
2KI 2:20 ဧ​လိ​ရှဲ​က``အိုး​သစ်​တွင်​ဆား​အ​နည်း​ငယ်​ထည့် ၍​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ယူ​ခဲ့​ကြ သော​အ​ခါ၊-
2KI 2:21 သူ​သည်​စမ်း​ရေ​တွင်း​သို့​သွား​၍​ဆား​ကို​ရေ​တွင် ခတ်​ပြီး​လျှင်``ထာ​ဝရ​ဘု​ရား​က`ငါ​သည်​ဤ​ရေ ကို​သန့်​စင်​စေ​ပြီ။ နောက်​တစ်​ဖန်​သေ​ဘေး၊ သား ပျက်​ဘေး​မ​ဖြစ်​ပွား​စေ​ရ' ဟု​မိန့်​တော်​မူ​ပြီ'' ဟူ​၍​ပြော​၏။
2KI 2:22 ဧ​လိ​ရှဲ​ပြော​သည့်​အ​တိုင်း​ပင်​ထို​အ​ချိန်​မှ​အ​စ ပြု​၍ ယ​နေ့​တိုင်​အောင်​ထို​ရေ​သည်​သန့်​စင်​လျက်​ရှိ သ​တည်း။
2KI 2:23 ဧ​လိ​ရှဲ​သည်​ဗေ​သ​လ​မြို့​သို့​သွား​ရန် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​ခဲ့​၏။ လမ်း​တွင်​မြို့​တစ်​မြို့​မှ​သူ ငယ်​အ​ချို့​တို့​သည်​ထွက်​လာ​ပြီး​လျှင် သူ့​အား ပြောင်​လှောင်​ကြ​၏။ သူ​တို့​က``ဦး​ပြည်း၊ ခေါင်း​တုံး ကြီး၊ ဤ​အ​ရပ်​မှ​ထွက်​သွား​လော့'' ဟု​အော်​ဟစ် ကြ​၏။
2KI 2:24 ဧ​လိ​ရှဲ​သည်​လှည့်​၍​သူ​တို့​အား​စိမ်း​စိမ်း​ကြည့် ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ကျိန်​ဆဲ​လေ​သည်။ ထို​အ​ခါ​တော​အုပ်​ထဲ မှ​ဝက်​ဝံ​မ​နှစ်​ကောင်​ထွက်​လာ​ကာ ထို​သူ​ငယ် လေး​ဆယ့်​နှစ်​ယောက်​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက် ဖြတ်​ကြ​၏။
2KI 2:25 ဧ​လိ​ရှဲ​သည်​က​ရ​မေ​လ​တောင်​သို့​သွား​ပြီး နောက် ရှ​မာ​ရိ​မြို့​သို့​ပြန်​လာ​လေ​သည်။
2KI 3:1 ယု​ဒ​ပြည်​ဘု​ရင်​ယော​ရှ​ဖတ်​၏​နန်း​စံ​တစ်​ဆယ့် ရှစ်​နှစ်​မြောက်​၌ အာ​ဟပ်​၏​သား​တော်​ယော​ရံ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​နှစ်​နှစ်​စိုး​စံ​ရ​၏။-
2KI 3:2 သူ​သည်​ဘု​ရား​သခင်​အား​ပြစ်​မှား​သော်​လည်း မိ​မိ ၏​ခ​မည်း​တော်​သို့​မ​ဟုတ်​မယ်​တော်​ယေ​ဇ​ဗေ​လ လောက်​မ​ဆိုး​ချေ။ သူ​သည်​ခ​မည်း​တော်​တည်​လုပ် ခဲ့​သော​ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ပယ်​ရှား လိုက်​လေ​သည်။-
2KI 3:3 သို့​ရာ​တွင်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​နေ​ဗတ် ၏​သား​ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​စေ​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ပေး​လေ​သည်။ ထို​သို့​အ​ပြစ် ကူး​လွန်​မှု​ကို​အ​မြဲ​ပြု​၏။
2KI 3:4 မော​ဘ​ဘု​ရင်​မေ​ရှာ​သည်​သိုး​များ​ကို​မွေး​မြူ​ကာ နှစ်​စဉ်​နှစ်​တိုင်း​ဣ​သ​ရေ​လ​ဘု​ရင်​အား​သိုး​ငယ် အ​ကောင်​တစ်​သိန်း​ကို​လည်း​ကောင်း၊ သိုး​ကြီး​အ ကောင်​တစ်​သိန်း​မှ​ရ​ရှိ​သော​သိုး​မွေး​ကို​လည်း ကောင်း အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​ဆက်​သ​လေ့​ရှိ​၏။-
2KI 3:5 သို့​ရာ​တွင်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန် သွား​သော​အ​ခါ မေ​ရှာ​သည်​ဣ​သ​ရေ​လ​ပြည် ကို​ပုန်​ကန်​လေ​၏။-
2KI 3:6 ယော​ရံ​မင်း​သည်​ချက်​ချင်း​ပင်​ရှ​မာ​ရိ​မြို့​မှ ထွက်​၍ စစ်​သည်​တော်​တို့​ကို​စု​ရုံး​၏။-
2KI 3:7 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​ထံ​သို့​သံ​တ​မန်​စေ လွှတ်​၍``မော​ဘ​မင်း​သည်​အ​ကျွန်ုပ်​ကို​ပုန်​ကန် လေ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​တိုက်​ခိုက်​ရန်​အ​ဆွေ တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ပါ မည်​လော'' ဟု​မေး​မြန်း​၏။ ယော​ရှ​ဖတ်​က``ကျွန်ုပ်​ဝင်​ပါ​မည်။ ကျွန်ုပ်​သည် အ​ဆွေ​တော်​ခိုင်း​ရာ​ကို​ပြု​ရန်​အ​သင့်​ရှိ​ပါ သည်။ ကျွန်ုပ်​၏​စစ်​သည်​တော်​များ၊ မြင်း​များ သည်​လည်း​အ​ဆွေ​တော်​၏​စစ်​သည်၊ မြင်း​များ ကဲ့​သို့​ဖြစ်​ပါ​၏။-
2KI 3:8 တိုက်​ခိုက်​ရန်​အ​ဘယ်​လမ်း​ဖြင့်​ချီတက်​ကြ​ပါ​မည် နည်း'' ဟု​မေး​၏။ ယော​ရံ​က``ကျွန်ုပ်​တို့​သည်​ဧ​ဒုံ​တော​ကန္တာ​ရ​လမ်း​ကို ဖြတ်​၍ လမ်း​ရှည်​ဖြင့်​ချီ​တက်​ကြ​ပါ​မည်'' ဟု​ဖြေ ကြား​၏။
2KI 3:9 သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်၊ ယု​ဒ​ဘု​ရင်​နှင့်​ဧဒုံ ဘု​ရင်​တို့​သည်​ထွက်​ခွာ​သွား​ကြ​ရာ ခု​နစ်​ရက်​မျှ ကြာ​သော​အ​ခါ​တပ်​သား​များ​အ​တွက်​သော် လည်း​ကောင်း၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​တွက်​သော် လည်း​ကောင်း​သောက်​သုံး​ရန်​ရေ​ကုန်​သွား​သ​ဖြင့်၊-
2KI 3:10 ယော​ရံ​မင်း​က``ငါ​တို့​အ​ခက်​ကြုံ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​မင်း​သုံး​ပါး​ကို​မော​ဘ​ဘု​ရင် ၏​လက်​သို့​အပ်​တော်​မူ​လေ​ပြီ​တ​ကား'' ဟု​ဆို​၏။
2KI 3:11 ယော​ရှ​ဖတ်​မင်း​က``ထာ​ဝရ​ဘု​ရား​အား​မေး လျှောက်​ပေး​မည့်​ပ​ရော​ဖက်​တစ်​ပါး​မျှ ဤ​အ​ရပ် တွင်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။ ယော​ရံ​၏​တပ်​များ​မှ​တပ်​မှူး​တစ်​ယောက်​က``ရှာ ဖတ်​၏​သား​ဧ​လိ​ရှဲ​ရှိ​ပါ​သည်။ သူ​သည်​ဧ​လိ​ယ ၏​လက်​ထောက်​ဖြစ်​ခဲ့​ဖူး​ပါ​၏'' ဟု​လျှောက်​လေ​၏။
2KI 3:12 ယော​ရှ​ဖတ်​မင်း​က``ထို​သူ​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​ပေ​သည်'' ဟု​ဆို​သ​ဖြင့်​မင်း​သုံး​ပါး တို့​သည်​ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ​၏။
2KI 3:13 ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``အ​ဘယ် ကြောင့်​သင့်​အား ငါ​ကူ​ညီ​ရ​ပါ​မည်​နည်း။ သင် ၏​ခ​မည်း​တော်၊ မယ်​တော်​တို့​၏​အ​တိုင်​ပင်​ခံ ပ​ရော​ဖက်​များ​ထံ​သို့​သွား​၍​တိုင်​ပင်​ပါ​လော့'' ဟု​ဆို​၏။ ယော​ရံ​က``ဤ​သို့​မ​ဆို​ပါ​နှင့်။ ငါ​တို့​မင်း​သုံး ပါး​ကို မော​ဘ​ဘု​ရင်​၏​လက်​သို့​အပ်​တော်​မူ သော​အ​ရှင်​မှာ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော် မူ​ပါ​၏'' ဟု​ဆို​၏။
2KI 3:14 ဧ​လိ​ရှဲ​က``ငါ​ကိုး​ကွယ်​လျက်​နေ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း​အ​ကယ်​၍​ငါ​သည်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​၏​မျက်​နှာ​တော်​ကို​သာ​မ​ထောက် ခဲ့​သော်​သင့်​အား​လှည့်​၍​ပင်​ကြည့်​မည်​မ​ဟုတ် ပါ။-
2KI 3:15 ယ​ခု​ငါ့​ထံ​သို့​စောင်း​သ​မား​တစ်​ဦး​ကို ခေါ်​ခဲ့​ပါ​လော့'' ဟု​ဆို​၏။ စောင်း​သ​မား​သည်​စောင်း​တီး​၍​နေ​စဉ် ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​သည်​ဧ​လိ​ရှဲ​အ​ပေါ်​သို့​သက်​ရောက် လာ​၏။-
2KI 3:16 သို့​ဖြစ်​၍​ဧ​လိ​ရှဲ​က``ထာ​ဝ​ရ​ဘု​ရား​က`ခြောက် သွေ့​လျက်​ရှိ​သည့်​ဤ​ချောင်း​တွင်​မြောင်း​များ​ကို တူး​လော့။-
2KI 3:17 သင်​တို့​သည်​မိုး​နှင့်​လေ​ကို​မ​တွေ့​မ​မြင်​ရ​သော် လည်း ဤ​ချောင်း​သည်​ရေ​ပြည့်​လိမ့်​မည်။ သင်​တို့​နှင့် သင်​တို့​၏​သိုး​နွား​များ​ဝန်​တင်​တိ​ရစ္ဆာန်​များ အ​တွက် သောက်​သုံး​ရန်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ လိမ့်​မည်' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ပြီ'' ဟု ဆို​၏။-
2KI 3:18 ထို့​နောက်​ဧ​လိ​ရှဲ​သည်​ဆက်​၍``ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​ရန်​လွယ်​ကူ​သော​အ​မှု ဖြစ်​၏။ ကိုယ်​တော်​သည်​မော​ဘ​ပြည်​သား​တို့ အား သင်​တို့​၏​လက်​သို့​အပ်​တော်​မူ​လိမ့်​မည်။-
2KI 3:19 သင်​တို့​သည်​ထို​သူ​တို့​၏​လှ​ပ​သည့်​ခံ​တပ်​မြို့ များ​ကို​သိမ်း​ယူ​၍ သစ်​သီး​ပင်​ရှိ​သ​မျှ​ကို​ခုတ် လှဲ​ပစ်​ကြ​လိမ့်​မည်။ သူ​တို့​၏​စမ်း​ရေ​တွင်း​ရှိ​သ​မျှ ကို​ပိတ်​ဆို့​ကာ မြေ​ကောင်း​မြေ​သန့်​ရှိ​သ​မျှ​တို့ ကို​ကျောက်​ခဲ​များ​နှင့်​ဖုံး​၍​ဖျက်​ဆီး​ကြ​လိမ့် မည်'' ဟု​ဆင့်​ဆို​၏။
2KI 3:20 နောက်​တစ်​နေ့​နံ​နက်​ယဇ်​ပူ​ဇော်​နေ​ကျ​အ​ချိန်​၌ ရေ​သည်​ဧ​ဒုံ​ပြည်​ဘက်​မှ​စီး​ဆင်း​လာ​ပြီး​လျှင် မြေ​ပြင်​ကို​ဖုံး​လွှမ်း​လေ​၏။
2KI 3:21 ဘု​ရင်​သုံး​ပါး​တို့​စစ်​ချီ​လာ​ကြ​ကြောင်း​မော​ဘ ပြည်​သား​တို့​သိ​ရှိ​လာ​ကြ​သော​အ​ခါ သူ​တို့​သည် လက်​နက်​ကိုင်​ဆောင်​နိုင်​သူ​အ​ကြီး​ဆုံး​မှ​အ​ငယ် ဆုံး​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့​ကို​စု​ရုံး​စေ ၍ နယ်​စပ်​တွင်​နေ​ရာ​ယူ​စေ​ကြ​၏။-
2KI 3:22 နောက်​တစ်​နေ့​နံနက်​သူ​တို့​အိပ်​ယာ​မှ​နိုး​ထ​ချိန်​၌ နေ​သည်​ရေ​ပေါ်​တွင်​အ​ရောင်​ဟပ်​သ​ဖြင့် ရေ​ကို သွေး​ကဲ့​သို့​နီ​မြန်း​သော​အ​သွင်​ကို​ဆောင်​စေ​၏။-
2KI 3:23 မော​ဘ​ပြည်​သား​တို့​က``သွေး​တွေ​ပါ​တ​ကား။ ရန်​သူ့ တပ်​မ​တော်​သုံး​ခု​သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​သတ် ဖြတ်​ကြ​လေ​ပြီ။ ငါ​တို့​သွား​၍​သူ​တို့​၏​တပ်​စ​ခန်း ကို​လု​ယက်​ကြ​ကုန်​အံ့'' ဟု​ကြွေး​ကြော်​ကြ​၏။
2KI 3:24 သို့​ရာ​တွင်​ထို​တပ်​စ​ခန်း​သို့​သူ​တို့​ရောက်​ရှိ​လာ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က သူ​တို့​အား​တိုက်​ခိုက်​နှင်​ထုတ်​ကြ​လေ​သည်။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​ပြည် သား​တို့​အား ဆက်​လက်​လိုက်​လံ​သတ်​ဖြတ်​ပြီး လျှင်​သူ​တို့​၏​မြို့​များ​ကို​ဖျက်​ဆီး​ကြ​၏။-
2KI 3:25 မြေ​ကောင်း​မြေ​သန့်​ကို​တွေ့​ရှိ​သည့်​အ​ခါ​တိုင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ ကျောက်​ခဲ​တစ်​လုံး​စီ​ပစ်​ချ​ကြ​သ​ဖြင့် နောက်​ဆုံး ၌​ထို​မြေ​တို့​ကို​ကျောက်​ခဲ​များ​ဖြင့်​ဖုံး​အုပ်​စေ ကြ​၏။ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို​လည်း​ပိတ်​ဆို့​၍ သစ်​သီး​ပင်​များ​ကို​လည်း​ခုတ်​လှဲ​ကြ​၏။ နောက် ဆုံး​၌​ကိ​ရ​ဟ​ရက်​မြို့​တော်​သာ​လျှင်​ကျန်​တော့ သ​ဖြင့် လောက်​လွှဲ​တပ်​သား​တို့​သည်​ထို​မြို့​ကို ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​၏။
2KI 3:26 မော​ဘ​ဘု​ရင်​သည်​မိ​မိ​ရှုံး​နိမ့်​လျက်​ရှိ​ကြောင်း ကို​သိ​သော​အ​ခါ ဋ္ဌား​ကိုင်​စစ်​သူ​ရဲ​ခု​နစ်​ရာ​ကို ခေါ်​၍​ရန်​သူ​၏​တပ်​ကို​ထိုး​ဖောက်​ပြီး​လျှင် ရှု​ရိ ဘု​ရင်​ထံ​သို့​ထွက်​ပြေး​ရန်​အား​ထုတ်​လေ​သည်။ သို့​ရာ​တွင်​မ​အောင်​မြင်​ချေ။-
2KI 3:27 ထို့​ကြောင့်​သူ​သည်​မိ​မိ​၏​အ​ရိုက်​အ​ရာ​ဆက်​ခံ မည့်​သား​ဦး​ကို​မြို့​ရိုး​ပေါ်​တွင် မော​ဘ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လေ​၏။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ကြောက်​လန့်​၍ မော​ဘ​အ​မျိုး​သား တို့​၏​ဘု​ရား​တစ်​ခု​ခု​ပြု​လုပ်​မည်​ကို​ကြောက် သော​ကြောင့်​လည်း​ကောင်း၊ သို့​မ​ဟုတ်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား တစ်​ခု​ခု​ပြု​လုပ်​မည်​ကို​ကြောက်​ကြ​သ​ဖြင့် လည်း​ကောင်း ထို​မြို့​မှ​ဆုတ်​ခွာ​၍​မိ​မိ​တို့​ပြည် သို့​ပြန်​ကြ​ကုန်​၏။
2KI 4:1 ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။
2KI 4:2 ဧ​လိ​ရှဲ​က``သင်​၏​အ​တွက် ငါ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း။ သင်​၏​အိမ်​တွင်​အ​ဘယ်​ပစ္စည်း​ဥစ္စာ ရှိ​ပါ​သ​နည်း။ ငါ့​အား​ပြော​လော့'' ဟု​ဆို​၏။ မု​ဆိုး​မ​က``သံ​လွင်​ဆီ​အိုး​က​လေး​တစ်​လုံး မှ​တစ်​ပါး အခြား​အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြား​၏။
2KI 4:3 ဧ​လိ​ရှဲ​က``သင်​၏​အိမ်​နီး​ချင်း​များ​ထံ​သို့ သွား​၍ အိုး​လွတ်​ရ​နိုင်​သ​မျှ​ကို​ငှား​ရမ်း​လော့။-
2KI 4:4 ထို​နောက်​သင်​နှင့်​သင်​၏​သား​တို့​သည် အိမ်​ထဲ​သို့ ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် ငှား​ရမ်း​ထား​သည့် အိုး​များ​ပြည့်​အောင်​ဆီ​ကို​လောင်း​ထည့်​ကြ​လော့။ ဆီ​ပြည့်​သည်​နှင့်​တစ်​ပြိုင်​နက် တစ်​အိုး​ပြီး​တစ် အိုး​ဖယ်​၍​ထား​ကြ​လော့'' ဟု​ဆို​၏။
2KI 4:5 သို့​ဖြစ်​၍​ထို​မု​ဆိုး​မ​သည် မိ​မိ​၏​သား​များ​ကို ခေါ်​၍ အိမ်​ထဲ​သို့​ဝင်​ကာ​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် သူ​၏​သား​များ​ယူ​ဆောင်​လာ​သော​အိုး​များ ထဲ​သို့​ဆီ​လောင်း​ထည့်​လေ​သည်။-
2KI 4:6 ထို​အိုး​များ​အား​လုံး​ဆီ​ပြည့်​သော​အ​ခါ မု​ဆိုး​မ​က``အိုး​လွတ်​ကျန်​သေး​သ​လော'' ဟု သား​တို့​အား​မေး​၏။ သား​တစ်​ယောက်​က``မ​ကျန် တော့​ပါ'' ဟု​ဆို​လိုက်​သည်​နှင့်​ဆီ​ထွက်​ရပ်​လေ​၏။-
2KI 4:7 မု​ဆိုး​မ​သည်​ပ​ရော​ဖက်​ဧ​လိ​ရှဲ​ထံ​သို့​ပြန် လာ​သော​အ​ခါ ပ​ရော​ဖက်​က``ဆီ​ကို​ရောင်း​ချ​၍ အကြွေး​ရှိ​သ​မျှ​ကို​ဆပ်​ပြီး​နောက် ကျန်​ငွေ​ဖြင့် သင်​နှင့်​သား​များ​အ​သက်​မွေး​ကြ​လော့'' ဟု ပြော​၏။
2KI 4:8 တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည်​ရှု​နင်​မြို့​သို့​သွား​၏။ ထို​မြို့​တွင်​ချမ်း​သာ​ကြွယ်​ဝ​သော​အ​မျိုး​သ​မီး တစ်​ဦး​ရှိ​၏။ သူ​သည်​ဧ​လိ​ရှဲ​အား​ဖိတ်​ခေါ်​၍ ကျွေး​မွေး​ဧည့်​ခံ​၏။ ထို​ကြောင့်​ထို​အ​ချိန်​မှ အ​စ​ပြု​၍​ဧ​လိ​ရှဲ​သည် ထို​မြို့​သို့​ရောက်​သည့် အ​ခါ​တိုင်း​ထို​အ​မျိုး​သ​မီး​၏​အိမ်​တွင်​စား သောက်​လေ​သည်။-
2KI 4:9 ထို​အ​မျိုး​သ​မီး​က​မိ​မိ​၏​ခင်​ပွန်း​အား``ကျွန်​မ တို့​၏​အိမ်​သို့​မ​ကြာ​ခ​ဏ​လာ​ရောက်​တတ်​သူ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း ကျွန်​မ​သိ​ပါ​၏။-
2KI 4:10 ကျွန်မ​တို့​သည်​အိမ်​မိုး​ပေါ်​တွင် အ​ခန်း​ငယ်​ကို​ပြု လုပ်​၍​ကု​တင်၊ စား​ပွဲ၊ ကု​လား​ထိုင်​နှင့်​မီး​ခွက်​တို့ ကို​ထား​လျှင် ထို​သူ​သည်​ကျွန်​မ​တို့​ထံ​သို့​ရောက် ရှိ​လာ​သည့်​အ​ခါ​တိုင်း ထို​အ​ခန်း​တွင်​တည်း​ခို နိုင်​ပါ​လိမ့်​မည်'' ဟု​ပြော​၏။
2KI 4:11 တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​ပြန်​လာ ပြီး​လျှင် နား​နေ​ရန်​မိ​မိ​၏​အ​ခန်း​သို့​သွား​၏။-
2KI 4:12 သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား အိမ်​ရှင် အ​မျိုး​သ​မီး​ကို​အ​ခေါ်​ခိုင်း​လေ​သည်။ ထို အ​မျိုး​သ​မီး​ရောက်​ရှိ​လာ​သော​အ​ခါ၊-
2KI 4:13 ဂေ​ဟာ​ဇိ​အား``ဤ​အ​မျိုး​သ​မီး​သည် ငါ​တို့ အား​ဤ​မျှ​ဒုက္ခ​ခံ​၍​လုပ်​ကျွေး​ပြု​စု​သည့် အ​တွက် ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​တုံ့​ပြန် ရ​ပါ​မည်​နည်း။ သူ့​အား​မေး​ကြည့်​ပါ​လော့။ သူ​သည်​မိ​မိ​၏​အ​တွက်​ငါ့​အား​ဘု​ရင့်​ထံ တော်​သို့​သော်​လည်း​ကောင်း၊ တပ်​မ​တော်​ဗိုလ်​ချုပ် ထံ​သို့​သော်​လည်း​ကောင်း သွား​ရောက်​ပြော​ကြား ပေး​ရန်​အ​လို​ရှိ​ကောင်း​ရှိ​ပေ​လိမ့်​မည်'' ဟု ဆို​၏။ ထို​အ​ခါ​အ​မျိုး​သ​မီး​က``ကျွန်​မ​သည်​ဤ အ​ရပ်​တွင် ဆွေ​မျိုး​များ​နှင့်​နေ​ရ​သ​ဖြင့်​ကျွန်​မ မှာ​လို​လေ​သေး​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။
2KI 4:14 ထို​နောက်​ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား``ထို​အ​မျိုး သ​မီး​ကို ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​ပြု​ပါ​မည် နည်း'' ဟု​မေး​ပြန်​၏။ ဂေ​ဟာ​ဇိ​က``သူ​မှာ​သား​သ​မီး​မ​ရှိ​ပါ။ သူ​၏ ခင်​ပွန်း​သည်​လည်း​အို​မင်း​ပါ​ပြီ'' ဟု​ဆို​၏။
2KI 4:15 ဧ​လိ​ရှဲ​က``ထို​အ​မျိုး​သ​မီး​ကို ဤ​နေ​ရာ​သို့ ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​မျိုး သ​မီး​သည်​လာ​၍​တံ​ခါးဝ​တွင်​ရပ်​လျက်​နေ​၏။-
2KI 4:16 ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​သား​ကို​ချီ​ပိုက်​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အ​မျိုး​သ​မီး​က``အို အ​ရှင်၊ ကျွန်​မ​အား​လိမ် လည်​၍​မ​ပြော​ပါ​နှင့်။ အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​အ​စေ​ခံ​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။
2KI 4:17 သို့​ရာ​တွင်​နောင်​တစ်​နှစ်​ဤ​အ​ချိန်​လောက်​၌ အ​မျိုး သ​မီး​သည်​သား​ယောကျာ်း​ကို​ဖွား​မြင်​လေ​သည်။
2KI 4:18 နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကောက်​ရိတ်​ချိန် တစ်​ခု​သော​နံ​နက်​ခင်း​၌ သူ​ငယ်​သည်​လယ်​ထဲ တွင်​ကောက်​ရိတ်​သ​မား​များ​နှင့်​အ​တူ​ရှိ​သည့် ဖ​ခင်​ထံ​သို့​သွား​ရောက်​ပြီး​နောက်၊-
2KI 4:19 ရုတ်​တ​ရက်``ခေါင်း​ကိုက်​သည်၊ ခေါင်း​ကိုက်​သည်၊'' ဟု ဆို​၏။ သို့​ဖြစ်​၍​ဖ​ခင်​သည် အ​စေ​ခံ​တစ်​ယောက်​အား``ဤ သူ​ငယ်​ကို​ချီ​၍​သူ​၏​မိ​ခင်​ထံ​သို့​ပို့​လော့'' ဟု အ​မိန့်​ပေး​၏။-
2KI 4:20 အ​စေ​ခံ​သည်​လည်း​သူ​ငယ်​ကို​ချီ​၍ သူ​၏​မိ​ခင် ထံ​သို့​ပို့​၏။ မိ​ခင်​သည်​သား​ငယ်​ကို​မွန်း​တည့်​ချိန် တိုင်​အောင် မိ​မိ​၏​ပေါင်​ပေါ်​တွင်​တင်​ထား​၏။ ထို အ​ချိန်​၌​သူ​ငယ်​သေ​ဆုံး​သွား​လေ​သည်။-
2KI 4:21 ထို့​ကြောင့်​မိ​ခင်​သည်​သူ့​ကို​ဧ​လိ​ရှဲ​၏​အ​ခန်း သို့​ပွေ့​ချီ​ကာ ကု​တင်​ပေါ်​မှာ​တင်​ပြီး​နောက် တံ​ခါး​ကို​ပိတ်​ထား​၏။-
2KI 4:22 ထို​နောက်​မိ​မိ​၏​ခင်​ပွန်း​ကို​ခေါ်​၍``ပ​ရော​ဖက် ဧ​လိ​ရှဲ​ထံ​သို့​ကျွန်​မ​သွား​ရ​ပါ​မည်။ အ​စေ​ခံ တစ်​ယောက်​နှင့်​မြည်း​တစ်​ကောင်​ကို​ကျွန်​မ​ထံ သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော​၏။
2KI 4:23 ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။ ဇ​နီး​ဖြစ်​သူ​က``ယင်း​သို့​ပင်​မ​ဟုတ်​သော်​လည်း ကိစ္စ​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။-
2KI 4:24 ထို​နောက်​သူ​သည်​မြည်း​ကို​ကုန်း​နှီး​တင်​စေ​ပြီး လျှင် အ​စေ​ခံ​အား``မြည်း​ကို​အ​မြန်​ဆုံး​မောင်း နှင်​ပေး​ပါ။ ငါ​အ​မိန့်​မ​ပေး​ဘဲ​အ​သွား​မ​နှေး စေ​နှင့်'' ဟု​မှာ​ကြား​ထား​၏။-
2KI 4:25 သို့​ဖြစ်​၍​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ရှိ​ရာ ကာ​ရ မေ​လ​တောင်​ထိပ်​သို့​ထွက်​ခွာ​သွား​လေ​သည်။ သူ့​ကို​အ​ဝေး​မှ​လာ​နေ​သည်​ကို​ဧ​လိ​ရှဲ​မြင်​နေ သ​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား``ရှု​နင်​မြို့ သူ​လာ​နေ​ပါ​သည်​တ​ကား။-
2KI 4:26 သူ့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍`ကိုယ်​တိုင်​မာ ၏​လော၊ ခင်​ပွန်း​မာ​၏​လော၊ သား​ငယ်​မာ​၏​လော၊' ဟု​မေး​မြန်း​လော့'' ဟု​ဆို​၏။ အ​မျိုး​သ​မီး​သည်​ဂေ​ဟာ​ဇိ​အား``ကျန်း​မာ​ပါ သည်'' ဟု​ပြန်​ပြော​၏။-
2KI 4:27 သို့​ရာ​တွင်​ဧ​လိ​ရှဲ​ထံ​သို့​ရောက်​သော​အ​ခါ​ဦး ညွှတ်​ပျပ်​ဝပ်​ပြီး​လျှင် ဧ​လိ​ရှဲ​၏​ခြေ​ကို​ဖက်​၏။ ဂေ​ဟာ​ဇိ​သည်​အ​မျိုး​သ​မီး​အား​တွန်း​ဖယ်​မည် ပြု​သော​အ​ခါ ဧ​လိ​ရှဲ​က``သူ့​အား​ရှိ​စေ​တော့။ သူ​သည်​အ​လွန်​စိတ်​ဆင်း​ရဲ​လျက်​နေ​သည်​ကို မ​မြင်​သ​လော။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ထာ​ဝရ ဘု​ရား​သည်​ငါ့​အား​ဖော်​ပြ​တော်​မ​မူ​ခဲ့'' ဟု ဆို​၏။
2KI 4:28 အ​မျိုး​သ​မီး​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရှင့်​ထံ တွင်​သား​ဆု​ကို​တောင်း​ပါ​သ​လော။`အ​ချည်း​နှီး ကျွန်​မ​မျှော်​လင့်​၍​မ​နေ​ပါ​ရ​စေ​နှင့်' ဟု​အ​ရှင့် အား​ပြော​ကြား​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု ဆို​၏။
2KI 4:29 ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​၏​ဘက်​သို့​လှည့်​၍``ငါ ၏​တောင်​ဝှေး​ကို​ယူ​၍​အ​လျင်​အ​မြန်​သွား​လော့။ လမ်း​တွင်​မည်​သူ့​ကို​မျှ​နှုတ်​မ​ဆက်​နှင့်။ သင့်​အား နှုတ်​ဆက်​သူ​ရှိ​လျှင်​လည်း​ပြန်​၍​ဖြေ​မ​နေ​နှင့်။ အိမ်​သို့​အ​ရောက်​သွား​၍​သူ​ငယ်​၏​အ​ပေါ်​တွင် ငါ​၏​တောင်​ဝှေး​ကို​တင်​ထား​လော့'' ဟု​စေ​ခိုင်း လေ​သည်။
2KI 4:30 အ​မျိုး​သ​မီး​က​ဧ​လိ​ရှဲ​အား``အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင်​၏​အ​ပေါ် တွင်​ကျွန်​မ​ထား​ရှိ​သော​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍ အ​ရှင်​မ​ပါ​က​ကျွန်​မ​သွား​မည်​မ​ဟုတ် ပါ'' ဟု​ပြော​၏။ သို့​ဖြစ်​၍​ဧ​လိ​ရှဲ​သည်​ထ​၍ သူ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။-
2KI 4:31 ဂေ​ဟာ​ဇိ​သည်​ရှေ့​မှ​သွား​နှင့်​ပြီး​လျှင်​ဧ​လိ​ရှဲ ၏​တောင်​ဝှေး​ကို​က​လေး​၏​အ​ပေါ်​တွင်​တင်​ထား​၏။ သို့​ရာ​တွင်​သူ​ငယ်​ထံ​မှ​အ​သံ​ကို​မ​ကြား​ရ။ အ​သက်​ရှင်​သည့်​လက္ခ​ဏာ​ကို​လည်း​မ​တွေ့​ရ သ​ဖြင့်​ဂေ​ဟာ​ဇိ​သည်​ဧ​လိ​ရှဲ​ကို​ပြန်​၍ ကြို​ဆို​ကာ``သူ​ငယ်​မ​နိုး​ပါ'' ဟု​ပြော​၏။
2KI 4:32 ဧ​လိ​ရှဲ​သည်​အိမ်​သို့​ရောက်​သော​အ​ခါ​တစ်​ကိုယ် တည်း​အ​ခန်း​ထဲ​သို့​ဝင်​၍ ကု​တင်​ပေါ်​တွင်​သေ​နေ သော​သူ​ငယ်​ကို​တွေ့​လေ​၏။-
2KI 4:33 သူ​သည်​တံ​ခါး​ကို​ပိတ်​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား အား​ဆု​တောင်း​လေ​၏။-
2KI 4:34 ထို​နောက်​သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​လျက်​နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​၍​ထား​၏။ ယင်း​သို့ သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​၍​နေ​သော​အ​ခါ သူ​ငယ်​၏​ကိုယ်​ခန္ဓာ​သည်​နွေး​စ​ပြု​လာ​၏။-
2KI 4:35 ဧ​လိ​ရှဲ​သည်​ထ​၍​အ​ခန်း​ထဲ​တွင်​စင်္ကြံ​လျှောက် ပြီး​နောက် သူ​ငယ်​၏​အ​ပေါ်​တွင်​တစ်​ဖန်​မှောက်​၍ နေ​ပြန်​၏။ သူ​ငယ်​သည်​ခု​နစ်​ကြိမ်​ချေ​ဆတ်​ပြီး နောက်​မျက်​စိ​ဖွင့်​၏။-
2KI 4:36 ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား​သူ​ငယ်​၏​မိ​ခင်​ကို အ​ခေါ်​ခိုင်း​၏။ အ​မျိုး​သ​မီး​ရောက်​လာ​သော​အ​ခါ ဧ​လိ​ရှဲ​က​သူ့​အား``ဤ​မှာ​သင်​၏​သား'' ဟု​ဆို​၏။-
2KI 4:37 အမျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် ပြီး​လျှင် မိ​မိ​၏​သား​ကို​ချီ​၍​ထွက်​ခွာ​သွား​လေ သည်။
2KI 4:38 အ​ခါ​တစ်​ပါး​၌​နိုင်​ငံ​တစ်​ဝှမ်း​လုံး​တွင် အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​နေ​ချိန် ၌ ဧ​လိ​ရှဲ​သည်​ဂိ​လ​ဂါ​လ​မြို့​သို့​ပြန်​လေ​သည်။ သူ​သည်​ပ​ရော​ဖက်​တစ်​စု​ကို​သွန်​သင်​လျက်​နေ စဉ် ထို​သူ​တို့​အ​တွက်​အိုး​ကြီး​တစ်​လုံး​ဖြင့် ဟင်း​ချက်​ရန် မိ​မိ​၏​အ​စေ​ခံ​အား​ပြော ကြား​၏။-
2KI 4:39 ပ​ရော​ဖက်​တစ်​ပါး​သည်​ဟင်း​သီး​ဟင်း​ရွက်​များ ခူး​ရန် လယ်​တော​သို့​သွား​ရာ​ဘူး​ပင်​ရိုင်း​တစ်​ပင် ကို​တွေ့​သ​ဖြင့် သယ်​နိုင်​သ​မျှ​သော​ဘူး​သီး​တို့ ကို​ခူး​ဆွတ်​ပြီး​သော် ဘူး​ရိုင်း​မှန်း​မ​သိ​ဘဲ​ခွဲ စိတ်​၍​ဟင်း​အိုး​တွင်​ခတ်​လေ​သည်။-
2KI 4:40 ထို​ဟင်း​ကို​လူ​တို့​စား​သောက်​ရန်​လောင်း​ထည့် လိုက်​သော​အ​ခါ သူ​တို့​သည်​မြည်း​စမ်း​မိ​သည် နှင့်​တစ်​ပြိုင်​နက်​ဧ​လိ​ရှဲ​အား``ဤ​ဟင်း​တွင် အ​ဆိပ်​ခတ်​ထား​ပါ​သည်​တ​ကား'' ဟု​ဟစ် အော်​ကာ​မ​စား​ဘဲ​နေ​ကြ​၏။-
2KI 4:41 ဧ​လိ​ရှဲ​သည်​မုန့်​ညက်​အ​နည်း​ငယ်​ကို​တောင်း​ယူ ကာ​အိုး​ထဲ​သို့​ပစ်​ထည့်​လိုက်​၏။ ထို​နောက်``ဤ​သူ တို့​စား​သောက်​ရန်​လောင်း​ထည့်​လော့'' ဟု​ဆို​သည့် အ​တိုင်း​လောင်း​ထည့်​သော​အ​ခါ​အ​ဆိပ်​မ​ရှိ တော့​ချေ။
2KI 4:42 အ​ခြား​အ​ခါ​တစ်​ပါး​၌​လည်း​လူ​တစ်​ယောက်​သည် ထို​နှစ်​ပေါ်​မု​ယော​ကောက်​ဦး​နှင့်​လုပ်​သော​မုန့်​အ​လုံး နှစ်​ဆယ်​ကို​ဧ​လိ​ရှဲ​အ​တွက် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ ယူ​ဆောင်​လာ​၏။ ဧ​လိ​ရှဲ​သည်​ပ​ရော​ဖက်​တို့​ကို ထို​အ​စား​အ​စာ​ဖြင့်​ဧည့်​ခံ​ရန်​မိ​မိ​၏​အ​စေ​ခံ အား​ပြော​၏။-
2KI 4:43 သို့​ရာ​တွင်​အ​စေ​ခံ​က``လူ​တစ်​ရာ​ကို​ဤ​မျှ​လောက် နှင့်​ကျွေး​နိုင်​ပါ​မည်​လော'' ဟု​ဆို​၏။ ဧ​လိ​ရှဲ​က``ထို အ​စား​အ​စာ​ကို ဤ​သူ​တို့​ကို​ကျွေး​လော့။ ထာ​ဝရ ဘု​ရား​က`သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​သည့်​အ​ပြင် စား​စ​ရာ​အ​ချို့​ပင်​ကျန်​ကြွင်း​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​ပြန်​ပြော​လေ​သည်။-
2KI 4:44 သို့​ဖြစ်​၍​အ​စေ​ခံ​သည်​ပ​ရော​ဖက်​တို့​အား ထို အ​စား​အ​စာ​ကို​တည်​ခင်း​ကျွေး​မွေး​ရာ​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ထို​သူ​တို့​အား လုံး​ဝ​စွာ​စား​ရ​ကြ​ပြီး​နောက်​စား​စ​ရာ အ​ချို့​ပင်​ကျန်​ကြွင်း​သေး​သည်။
2KI 5:1 ရှု​ရိ​တပ်​မ​တော်​ဗိုလ်​ချုပ်​နေ​မန်​သည် ရှု​ရိ​ဘု​ရင် ၏​ရို​သေ​လေး​စား​မှု​ကို​များ​စွာ​ခံ​ရ​သူ​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​နေ​မန်​အား​ဖြင့် ထာ​ဝရ ဘု​ရား​သည်​ရှု​ရိ​တပ်​များ​ကို​အောင်​ပွဲ​ခံ​စေ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ နေ​မန်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ဦး​ဖြစ်​သော်​လည်း ကြောက်​ရွံ့​ဖွယ်​ဖြစ် သော​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​ဖြစ်​ပေ သည်။-
2KI 5:2 ရှု​ရိ​အ​မျိုး​သား​တို့​သည်​အ​ခါ​တစ်​ပါး​က ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​လု​ယက်​တိုက်​ခိုက်​ကြ ရာ​ဝယ် ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​သူ​ငယ်​မ​တစ် ယောက်​ကို​ဖမ်း​ဆီး​ရ​မိ​ခဲ့​၏။ သူ​သည်​နေ​မန် ၏​ဇ​နီး​ထံ​တွင်​အ​စေ​ခံ​ရ​လေ​သည်။-
2KI 5:3 တစ်​နေ့​သော​အ​ခါ​သူ​သည်​မိ​မိ​၏​သ​ခင်​မ အား``ကျွန်​မ​တို့​သ​ခင်​သည်​ရှ​မာ​ရိ​မြို့​တွင်​နေ ထိုင်​သူ​ပ​ရော​ဖက်​ထံ​သို့​သွား​နိုင်​ပါ​က အ​ဘယ် မျှ​ကောင်း​ပါ​မည်​နည်း။ ထို​ပ​ရော​ဖက်​သည်​သ​ခင် ၏​ရော​ဂါ​ကို​ပျောက်​ကင်း​အောင်​ကု​သ​ပေး​ပါ လိမ့်​မည်'' ဟု​ပြော​၏။-
2KI 5:4 ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​နေ​မန်​သည်​မင်း ကြီး​ထံ​သို့​သွား​၍ သူ​ငယ်​မ​ပြော​သည့်​စ​ကား ကို​သံ​တော်​ဦး​တင်​၏။-
2KI 5:5 မင်း​ကြီး​က``ဣသ​ရေ​လ​ဘု​ရင်​ထံ​သို့​သွား​၍​ဤ စာ​ကို​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​နေ​မန် သည်​ငွေ​သား​သုံး​သောင်း၊ ရွှေ​သား​ခြောက်​ထောင်​နှင့် ဝတ်​စား​တန်​ဆာ​ဆယ်​စုံ​ကို​ယူ​၍​ထွက်​ခွာ​သွား လေ​သည်။-
2KI 5:6 သူ​ယူ​ဆောင်​သွား​သည့်​စာ​တွင်``ယ​ခု​စာ​နှင့်​လာ​သူ ကျွန်ုပ်​၏​အ​မှု​ထမ်း​နေ​မန်​၏​ရော​ဂါ​ကို​ပျောက်​ကင်း အောင်​ကု​သ​ပေး​ရန် ဤ​စာ​နှင့်​တ​ကွ​အ​ဆွေ​တော် ထံ​လွှတ်​လိုက်​သည်'' ဟု​ပါ​ရှိ​၏။
2KI 5:7 ဣ​သ​ရေ​လ​ဘု​ရင်​သည်​ထို​စာ​ကို​ရ​သော​အ​ခါ အ​ဝတ်​တော်​ကို​ဆုတ်​လျက်``ငါ​သည်​ဤ​သူ​၏ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​အ​ဘယ် သို့​ရှု​ရိ​မင်း​မျှော်​လင့်​နိုင်​ပါ​သ​နည်း။ ငါ​သည် အ​သက်​ကို​ပေး​ပိုင်​နုတ်​ပိုင်​သော​တန်​ခိုး​နှင့်​ပြည့် စုံ​သည့်​ဘုရား​ဖြစ်​ပါ​သ​လော။ သူ​သည်​ငါ့​အား ရန်​ရှာ​သည်​မှာ​ထင်​ရှား​ပါ​သည်​တ​ကား'' ဟု ဆို​၏။
2KI 5:8 ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို ကြား​သိ​သော​အ​ခါ``အ​ဘယ်​ကြောင့်​အ​ရှင်​သည် ဤ​မျှ​စိတ်​အ​နှောက်​အ​ယှက်​ဖြစ်​တော်​မူ​ရ​ပါ သ​နည်း။ ဣသ​ရေ​လ​ပြည်​တွင်​ပ​ရော​ဖက်​ရှိ ကြောင်း​သိ​စေ​ရန် သူ့​အား​ငါ့​ထံ​သို့​လွှတ် လိုက်​ပါ​လော့'' ဟု​မင်း​ကြီး​အား​မှာ​လိုက်​လေ သည်။
2KI 5:9 သို့​ဖြစ်​၍​နေ​မန်​သည်​မြင်း​များ​က​သည့်​ရ​ထား ကို​စီး​၍ ဧ​လိ​ရှဲ​၏​အိမ်​အ​ဝင်​ဝ​သို့​လာ​ရောက် ရပ်​တန့်​၏။-
2KI 5:10 ဧ​လိ​ရှဲ​က​သူ့​အား``သင်​သည်​ယော​ဒန်​မြစ်​တွင် ခု​နစ်​ကြိမ်​တိုင်​တိုင်​ရေ​ချိုး​ပါ​လျှင် သင်​၏​ရော​ဂါ လုံး​ဝ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​အ​စေ​ခံ ကို​လွှတ်​၍​ပြော​ကြား​စေ​၏။-
2KI 5:11 သို့​ရာ​တွင်​နေ​မန်​သည်​ပြင်း​စွာ​အ​မျက်​ထွက် လျက်``သူ​သည်​ယုတ်​စွ​အဆုံး​ငါ့​ထံ​သို့​ထွက်​လာ ပြီး​လျှင် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ကာ ရော​ဂါ​ရှိ​သည့်​နေ​ရာ​တွင် တောင်​ဝှေး​ကို​ဝှေ့​ရမ်း​ခြင်း​အား​ဖြင့် ငါ​၏​ရော​ဂါ ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​၏။-
2KI 5:12 ထို့​ပြင်​ဒ​မာ​သက်​မြို့​ရှိ​အာ​ဗ​န​မြစ်​နှင့်​ဖာ​ဖာ မြစ်​တို့​သည် ဣသ​ရေ​လ​မြစ်​ရှိ​သ​မျှ​ထက်​ပို​၍ ကောင်း​သ​ဖြင့် ထို​မြစ်​တို့​တွင်​ရေ​ချိုး​၍​ရော​ဂါ ကို​ပျောက်​ကင်း​နိုင်​သည်​မ​ဟုတ်​လော'' ဟု​ဆို​၍ ပြန်​လေ​သည်။
2KI 5:13 သူ​၏​အ​စေ​ခံ​တို့​သည် သူ့​ထံ​သို့​ချဉ်း​ကပ်​၍``အ​ရှင်၊ အ​ကယ်​၍​ပ​ရော​ဖက်​က​အ​ရှင့်​အား​ခက်​ခဲ​သည့် အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု​လုပ်​ခိုင်း​ပါ​က အ​ရှင် နာ​ခံ​မည်​မ​ဟုတ်​ပါ​လော။ `ရေ​ချိုး​၍​ရော​ဂါ​ပျောက် ကင်း​လော့' ဟု​ခိုင်း​သည်​ကို​ပို​၍​နာ​ခံ​သင့်​သည် မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​ထား​ကြ​၏။-
2KI 5:14 သို့​ဖြစ်​၍​နေ​မန်​သည်​ယော်​ဒန်​မြစ်​သို့​ဆင်း​ပြီး လျှင် ဧ​လိ​ရှဲ​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း ခု​နစ်​ကြိမ် တိုင်​တိုင်​မိ​မိ​ကိုယ်​ကို​ရေ​တွင်​နှစ်​လိုက်​သော​အ​ခါ ရော​ဂါ​လုံး​ဝ​ပျောက်​ကင်း​သွား​လေ​သည်။ သူ​၏ အ​သား​အ​ရေ​သည်​က​လေး​သူ​ငယ်​၏​အ​သား အ​ရေ​ကဲ့​သို့​တောင့်​တင်း​စို​ပြေ​လာ​၏။-
2KI 5:15 သူ​သည်​မိ​မိ​၏​နောက်​လိုက်​နောက်​ပါ​အ​ပေါင်း​နှင့် အ​တူ ဧ​လိ​ရှဲ​ထံ​သို့​ပြန်​သွား​ပြီး​လျှင်'' ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား မ​ရှိ​ကြောင်း​ကို​ယ​ခု​အ​ကျွန်ုပ်​သိ​ပါ​ပြီ။ သို့​ဖြစ်​၍ အ​ရှင်၊ အ​ကျွန်ုပ်​ပေး​လှူ​သော​လက်​ဆောင်​ကို​လက်​ခံ တော်​မူ​ပါ'' ဟု​ပြော​၏။
2KI 5:16 ဧ​လိ​ရှဲ​က``ငါ​သည်​လက်​ဆောင်​ကို​လက်​ခံ​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​ပြော​၏'' ဟု ဆို​၏။ နေ​မန်​သည်​ဧ​လိ​ရှဲ​အား​လက်​ဆောင်​ကို​လက်​ခံ ပါ​ရန် အ​ကြိမ်​ကြိမ်​တိုက်​တွန်း​သော်​လည်း​ဧ​လိ​ရှဲ သည်​လက်​မ​ခံ​ဘဲ​နေ​၏။-
2KI 5:17 သို့​ဖြစ်​၍​နေ​မန်​က``အ​ကျွန်ုပ်​ပေး​လှူ​သော​လက် ဆောင်​ကို​အ​ရှင်​လက်​မ​ခံ​ပါ​မူ လား​နှစ်​စီး​တင် မြေ​ကို​အ​ကျွန်ုပ်​၏​နေ​ရင်း​ပြည်​သို့​ယူ​ဆောင် သွား​ခွင့်​ပြု​တော်​မူ​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ယ​ခု​မှ​စ​၍​အ​ကျွန်ုပ် သည် ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် ဘု​ရား​ကို​မျှ မီး​ရှို့​ရာ​ယဇ်​သို့​မ​ဟုတ်​အ​ခြား အ​ဘယ်​ယဇ်​ကို​မျှ​ပူ​ဇော်​တော့​မည်​မ​ဟုတ် သော​ကြောင့်​ဖြစ်​ပါ​၏။-
2KI 5:18 ထို​ကြောင့်​အ​ကျွန်ုပ်​သည်​မိ​မိ​၏​ဘု​ရင်​နှင့်​အ​တူ ရှု​ရိ​ဘု​ရား​ရိမ္မုန်​ဗိ​မာန်​သို့​လိုက်​ပါ​သွား​ရောက်​၍ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ထာ​ဝရ ဘု​ရား​သည် အ​ကျွန်ုပ်​အား​အ​ပြစ်​လွှတ်​တော်​မူ​လိမ့် မည်​ဟု​မျှော်​လင့်​ပါ​၏။ ထာ​ဝရ​ဘု​ရား​သည်​အ​ကျွန်ုပ် အား​အ​မှန်​ပင်​အ​ပြစ်​လွှတ်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
2KI 5:19 ထို​အ​ခါ​ဧ​လိ​ရှဲ​က``အေး​ချမ်း​စွာ​သွား​ပါ​လော့'' ဟု​ဆို​သ​ဖြင့် နေ​မန်​သည်​ထွက်​ခွာ​သွား​လေ​၏။ သူ​သည်​သွား​၍​အ​ဝေး​သို့​မ​ရောက်​မီ၊-
2KI 5:20 ဧ​လိ​ရှဲ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​က``ငါ့​သ​ခင်​သည် နေ​မန်​ထံ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ဘဲ သူ့ အား​ထွက်​ခွာ​သွား​ခွင့်​ပြု​လေ​ပြီ​တ​ကား။ သ​ခင် သည်​ရှု​ရိ​အ​မျိုး​သား​ပေး​လှူ​သည့်​ပစ္စည်း​များ ကို​လက်​ခံ​သင့်​သည်။ ငါ​သည်​နေ​မန်​၏​နောက်​သို့ ပြေး​၍​လိုက်​ပြီး​လျှင် သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရ​အောင်​ယူ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ပါ​၏'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ၊-
2KI 5:21 နေ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ နေ​မန်​သည်​မိ​မိ ၏​နောက်​သို့​လူ​တစ်​ယောက်​လိုက်​လာ​သည်​ကို​မြင် သော​အ​ခါ ထို​သူ​နှင့်​တွေ့​ဆုံ​ရန်​ရ​ထား​ပေါ်​မှ ဆင်း​၍``အ​ရေး​ကိစ္စ​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။
2KI 5:22 ဂေ​ဟာ​ဇိ​က``မ​ရှိ​ပါ။ သို့​ရာ​တွင်​ကျွန်​တော်​၏​သ​ခင် က ယ​ခု​ပင်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ပ​ရော​ဖက် နှစ်​ပါး​ရောက်​ရှိ​လာ​သ​ဖြင့် သူ​တို့​အ​တွက်​ငွေ​သား သုံး​ထောင်​နှင့်​ဝတ်​စုံ​နှစ်​စုံ​ကို​အ​ရှင့်​ထံ​မှ​တောင်း​ခံ ရန် ကျွန်​တော်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ဖြေ​၏။
2KI 5:23 နေ​မန်​က``ကျေး​ဇူး​ပြု​၍​ငွေ​သား​ခြောက်​ထောင်​ယူ ပါ​လော့'' ဟု​တိုက်​တွန်း​ပြီး​လျှင်​ထို​ငွေ​ကို​အိတ်​နှစ် လုံး​တွင်​ထည့်​၍ ဝတ်​စုံ​နှစ်​စုံ​နှင့်​အ​တူ​မိ​မိ​၏ အစေ​ခံ​နှစ်​ယောက်​အား​ပေး​အပ်​ကာ​ဂေ​ဟာ​ဇိ ရှေ့​မှ​ထမ်း​ယူ​သွား​စေ​၏။-
2KI 5:24 သူ​တို့​သည်​ဧ​လိ​ရှဲ​နေ​ထိုင်​ရာ​တောင်​ကုန်း​သို့​ရောက် သော​အ​ခါ ဂေ​ဟာ​ဇိ​သည်​အိတ်​နှစ်​လုံး​ကို​ယူ​၍​အိမ် ထဲ​သို့​သယ်​ဆောင်​သွား​လေ​သည်။ ထို​နောက်​နေ​မန်​၏ အ​စေ​ခံ​များ​အား​ပြန်​၍​လွှတ်​လိုက်​၏။-
2KI 5:25 သူ​သည်​အိမ်​ထဲ​သို့​ပြန်​၍​ဝင်​လာ​သော​အ​ခါ​ဧ​လိ ရှဲ​က``အ​ဘယ်​သို့​သွား​နေ​ပါ​သ​နည်း'' ဟု​မေး​၏။ ဂေ​ဟာ​ဇိ​က``အ​ရှင်၊ ကျွန်​တော်​အ​ဘယ်​ကို​မျှ မ​သွား​ပါ'' ဟု​ပြန်​ပြော​၏။
2KI 5:26 သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``သင်​နှင့်​တွေ့​ဆုံ​ရန်​ထို​သူ ရ​ထား​ပေါ်​မှ​ဆင်း​ရာ​အ​ရပ်​သို့ ငါ​၏​စိတ်​ဝိ​ညာဉ် သည်​ရောက်​ရှိ​ခဲ့​သည်​မ​ဟုတ်​လော။ ဤ​အ​ချိန်​သည် ငွေ၊ အ​ထည်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး၊ နွား၊ အ​စေ​ခံ​များ​ကို​ခံ​ယူ​ရန်​အ​ချိန်​မ​ဟုတ်။-
2KI 5:27 ယ​ခု​နေ​မန်​၏​ရော​ဂါ​သည်​သင့်​အ​ပေါ်​သို့​သက် ရောက်​၍ သင်​နှင့်​သင့်​သား​မြေး​တို့​၌​ထာ​ဝ​စဉ်​စွဲ ကပ်​နေ​လိမ့်​မည်'' ဟု​ဆို​၏။ ဂေ​ဟာ​ဇိ​ထွက်​သွား ချိန်​၌​ထို​ရော​ဂါ​စွဲ​ကပ်​သ​ဖြင့် သူ​၏​ကိုယ်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်​နေ​၏။
2KI 6:1 ဧ​လိ​ရှဲ​၏​လက်​အောက်​ခံ​ပ​ရော​ဖက်​တစ်​စု က``အ​ကျွန်ုပ်​တို့​နေ​ထိုင်​သည့်​အ​ဆောင်​သည် အ​လွန်​ပင်​ကျဉ်း​ပါ​သည်။-
2KI 6:2 အ​ဆောင်​သစ်​တစ်​ဆောင်​ဆောက်​လုပ်​နိုင်​ရန် အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​နား​သို့​သွား​၍ သစ်​ပင်​ခုတ်​လှဲ​ပါ​ရ​စေ'' ဟု​အ​ခွင့်​တောင်း​ကြ​၏။ ဧ​လိ​ရှဲ​က``ကောင်း​ပြီ'' ဟု​ဆို​၏။
2KI 6:3 ပ​ရော​ဖက်​တစ်​ပါး​က​ဧ​လိ​ရှဲ​အား မိ​မိ​တို့​နှင့် အ​တူ​လိုက်​ရန်​တိုက်​တွန်း​သည့်​အ​တိုင်း ဧ​လိ​ရှဲ သည်​သ​ဘော​တူ​သ​ဖြင့်၊-
2KI 6:4 သူ​တို့​သည်​အ​တူ​တ​ကွ​သွား​ကြ​လေ​သည်။ သူ​တို့​သည်​ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ အ​လုပ်​ကို​စ​ကြ​၏။-
2KI 6:5 သူ​တို့​အ​ထဲ​မှ​လူ​တစ်​ယောက်​သည်​သစ်​ပင် ကို​ခုတ်​လှဲ​နေ​စဉ် သူ​၏​ပု​ဆိန်​သည်​ရေ​ထဲ​သို့ ကျ​သွား​၏။ ထို​အ​ခါ​သူ​သည်​ဧ​လိ​ရှဲ​အား``အ ရှင်၊ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ ထို​ပု​ဆိန်​သည်​ငှား​ယူ​ခဲ့​သော​ပု​ဆိန်​ဖြစ် ပါ​၏'' ဟု​ဟစ်​အော်​၍​ပြော​၏။
2KI 6:6 ဧ​လိ​ရှဲ​က``ပု​ဆိန်​အ​ဘယ်​မှာ​ကျ​သ​နည်း'' ဟု မေး​လျှင် ထို​သူ​သည်​ကျ​သည့်​နေ​ရာ​ကို​ပြ​၏။ ဧ​လိ​ရှဲ သည်​တုတ်​တစ်​ချောင်း​ကို​ခုတ်​၍​ရေ​ထဲ​သို့​ပစ် ချ​ကာ ပု​ဆိန်​ကို​ပေါ​လော​ပေါ်​စေ​ပြီး​နောက်၊-
2KI 6:7 ``ထို​ပု​ဆိန်​ကို​ဆယ်​ယူ​လော့'' ဟု​ဆို​၏။ ထို​သူ သည်​လည်း​လက်​ကို​ဆန့်​၍​ပု​ဆိန်​ကို​ဆယ်​ယူ လိုက်​လေ​သည်။
2KI 6:8 ရှု​ရိ​ဘု​ရင်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​စစ်​ဖြစ် နေ​ချိန်​၌ မိ​မိ​၏​တပ်​မှူး​များ​နှင့်​တိုင်​ပင်​၍ တပ်​စ​ခန်း​ချ​ရန်​နေ​ရာ​ကို​ရွေး​ချယ်​၏။-
2KI 6:9 သို့​ရာ​တွင်​ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``ဤ မည်​သော​နေ​ရာ​တွင်​ရှု​ရိ​အ​မျိုး​သား​တို့​သည် ခြုံ ခို​တိုက်​ခိုက်​ရန်​စောင့်​လျက်​နေ​ကြ​ပါ​သည်။ သို့ ဖြစ်​၍​ထို​နေ​ရာ​သို့​မ​သွား​ပါ​နှင့်'' ဟု​လူ​လွှတ် ၍​သ​တိ​ပေး​လေ​သည်။-
2KI 6:10 ထို့​ကြောင့်​ဣသ​ရေ​လ​ဘု​ရင်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​သူ​တို့​အား ကြို​တင်​သ​တိ​ပေး​၍​သ​တိ ဝိ​ရိ​ယ​နှင့်​စောင့်​နေ​စေ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ပင်​ဖြစ်​သ​တည်း။
2KI 6:11 ရှု​ရိ​ဘု​ရင်​သည်​လွန်​စွာ​စိတ်​ပူ​ပန်​သ​ဖြင့် မိ​မိ​၏ တပ်​မှူး​များ​ကို​ခေါ်​၍``သင်​တို့​အ​နက်​အ​ဘယ် သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဘက်​သို့​ပါ​နေ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
2KI 6:12 တပ်​မှူး​တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ အ​ဘယ် သူ​မျှ​မ​ပါ​ပါ။ ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​အ​ရှင် ၏​အိမ်​ခန်း​တွင်​တီး​တိုး​ပြော​သည့်​စ​ကား​ကို ပင် ဣသ​ရေ​လ​ဘု​ရင်​အား​သံ​တော်​ဦး​တင် ပါ​၏'' ဟု​လျှောက်​၏။
2KI 6:13 မင်း​ကြီး​က``ထို​သူ​အ​ဘယ်​မှာ​ရှိ​သည်​ကို စုံ​စမ်း​ကြ​လော့။ သူ့​အား​ငါ​ဖမ်း​ဆီး​မည်'' ဟု​မိန့်​တော်​မူ​၏။ မင်း​ကြီး​သည်​ဒေါ​သန်​မြို့​တွင်​ဧ​လိ​ရှဲ​ရှိ​နေ ကြောင်း ကြား​သိ​တော်​မူ​သော​အ​ခါ-
2KI 6:14 မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​ထို​အ​ရပ်​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​ညဥ့်​အ​ချိန်​၌​ရောက်​ရှိ​လာ​ကာ​ထို မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-
2KI 6:15 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဧ​လိ​ရှဲ​၏ အ​စေ​ခံ​သည်​ထ​၍​အိမ်​ပြင်​သို့​ထွက်​လိုက်​ရာ မြို့​ကို​ဝိုင်း​ရံ​ထား​သော​ရှု​ရိ​တပ်​သား​များ​နှင့် တ​ကွ​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ကို မြင်​လေ​၏။ သူ​သည်​ဧ​လိ​ရှဲ​ထံ​သို့​ပြန်​လာ​ပြီး လျှင်``ကျွန်​တော်​တို့​ခက်​ချေ​ပြီ။ အ​ဘယ်​သို့​ပြု ရ​ကြ​ပါ​မည်​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။
2KI 6:16 ဧ​လိ​ရှဲ​က``မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်​၌​ရှိ​နေ သူ​တို့​သည် သူ​တို့​ဘက်​၌​ရှိ​နေ​သူ​တို့​ထက် ပို​မို​များ​ပြား​၏'' ဟု​ဆို​၏။-
2KI 6:17 ထို​နောက်​သူ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည် အ​တိုင်း​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့် သူ​သည်​ဧ​လိ​ရှဲ​၏​ပတ် လည်​တောင်​ကုန်း​ပေါ်​၌ မီး​မြင်း​များ​နှင့်​မီး စစ်​ရ​ထား​များ​ပြည့်​နှက်​လျက်​နေ​သည်​ကို မြင်​လေ​၏။
2KI 6:18 ရှု​ရိ​တပ်​ချဉ်း​ကပ်​လာ​သော​အခါ​ဧ​လိ​ရှဲ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထို​သူ​တို့​အား​မျက်​စိ​ကွယ် စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မျက်​စိ ကွယ်​စေ​တော်​မူ​၏။-
2KI 6:19 ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​သူ​တို့​ထံ​သို့​သွား​ပြီး လျှင်``သင်​တို့​လမ်း​မှား​နေ​ကြ​သည်။ ဤ​မြို့​သည် သင်​တို့​ရှာ​သော​မြို့​မ​ဟုတ်။ ငါ့​နောက်​သို့​လိုက် ခဲ့​ကြ​လော့။ သင်​တို့​အ​လို​ရှိ​သူ​ထံ​သို့​ငါ​ပို့ ဆောင်​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​ထို​သူ​တို့ အား​ရှ​မာ​ရိ​မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။
2KI 6:20 သူ​တို့​မြို့​တွင်း​သို့​ဝင်​ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် ဧ​လိ​ရှဲ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​တို့​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​၍​တစ်​ဖန်​မြင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​သည့်​အ​တိုင်း​ထာ​ဝရ ဘု​ရား​သည် သူ​တို့​အား​မျက်​စိ​အ​လင်း​ကို ပြန်​၍​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည် ရှ​မာ​ရိ​မြို့​တွင်း​သို့​ရောက်​ရှိ​နေ​သည်​ကို မြင်​ရ​ကြ​၏။
2KI 6:21 ဣသ​ရေ​လ​ဘု​ရင်​သည်​ရှ​ရိ​အ​မျိုး​သား​တို့ ကို​တွေ့​သော​အ​ခါ ဧ​လိ​ရှဲ​အား``အ​ရှင်၊ သူ​တို့ အား​သတ်​ရ​ပါ​မည်​လော။ သူ​တို့​အား​သတ်​ရ ပါ​မည်​လော'' ဟု​မေး​တော်​မူ​၏။
2KI 6:22 ဧ​လိ​ရှဲ​က``မ​သတ်​ပါ​နှင့်။ တိုက်​ပွဲ​တွင်​ဖမ်း​ဆီး​ရ မိ​သည့်​စစ်​သည်​များ​ကို​ပင်​လျှင်​သတ်​ရ​သည်​မ ဟုတ်​ပါ။ သူ​တို့​အား​စား​သောက်​ဖွယ်​ရာ​များ​ကို ကျွေး​မွေး​၍ သူ​တို့​၏​ဘု​ရင်​ထံ​သို့​ပြန်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​ဆို​၏။-
2KI 6:23 သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်​သည်​စား​ပွဲ​ကြီး ခင်း​ကျင်း​၍ သူ​တို့​အား​စား​သောက်​စေ​ပြီး သော​အ​ခါ ရှု​ရိ​ဘု​ရင်​ထံ​သို့​ပြန်​စေ​တော် မူ​၏။ ထို​နေ့​မှ​အ​စ​ပြု​၍​ရှု​ရိ​အ​မျိုး​သား တို့​သည် ဣသ​ရေ​လ​ပြည်​ကို​တိုက်​ခိုက်​လု​ယက် မှု​မ​ပြု​ဝံ့​ကြ​တော့​ချေ။
2KI 6:24 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ရှု​ရိ​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် ဣသ​ရေ​လ​ပြည်​သို့​မိ​မိ​၏​တပ်​မ တော်​တစ်​ခု​လုံး​နှင့်​ချီ​တက်​၍​ရှ​မာ​ရိ​မြို့​ကို ဝိုင်း​ရံ​ထား​သ​ဖြင့်၊-
2KI 6:25 မြည်း​ခေါင်း​တစ်​လုံး​ကို​ငွေ​သား​ရှစ်​ဆယ်​ဖြင့် လည်း​ကောင်း၊ ခို​ချေး အ​စိတ်​သား​ကို​ငွေ​သား​ငါး​ခု​ဖြင့်​လည်း​ကောင်း ဝယ်​ယူ​ရ​သည့်​တိုင်​အောင်​ထို​မြို့​တွင်​အ​စာ ခေါင်း​ပါး​၏။
2KI 6:26 ဣသ​ရေ​လ​ဘု​ရင်​သည်​မြို့​ရိုး​ပေါ်​တွင်​လမ်း​လျှောက် သွား​စဉ် အ​မျိုး​သ​မီး​တစ်​ယောက်​က``အ​ရှင်​မင်း ကြီး၊ ကျွန်​တော်​မ​အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ် အော်​လေ​သည်။
2KI 6:27 မင်း​ကြီး​က``သင့်​အား​ထာ​ဝရ​ဘု​ရား​ကယ်​တော် မ​မူ​လျှင် ငါ​အ​ဘယ်​သို့​ကယ်​နိုင်​ပါ​မည်​နည်း။ ငါ့​မှာ​ဂျုံ​ဆန်​သော်​လည်း​ကောင်း၊ စ​ပျစ်​ရည် သော်​လည်း​ကောင်း​ရှိ​ပါ​သ​လော။-
2KI 6:28 သင်​၏​အ​ခက်​အ​ခဲ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``ဤ​မိန်း​မ​သည်​ယ​မန်​နေ့​က`သင် ၏​သား​ကို​ငါ​တို့​ယ​နေ့​စား​ကြ​ပြီး​လျှင် နောက် တစ်​နေ့​၌​ငါ​၏​သား​ကို​စား​ကြ​ပါ​မည်' ဟု ကျွန်​တော်​မ​အား​ပြော​ပါ​၏။-
2KI 6:29 သို့​ဖြစ်​၍​ကျွန်​တော်​မ​၏​သား​ကို​ချက်​ပြုတ်​စား ကြ​ပြီး​လျှင် နောက်​တစ်​နေ့​၌​ကျွန်​တော်​မ​က သူ​၏​သား​ကို​စား​ရန်​ပြော​သော​အ​ခါ သူ​သည် က​လေး​ကို​ဝှက်​ထား​ပါ​သည်'' ဟု​လျှောက်​၏။
2KI 6:30 ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​မင်း​ကြီး​သည် ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ​၏​အ​ဝတ်​တော်​ကို ဆုတ်​သ​ဖြင့် ထို​အ​ဝတ်​တော်​အောက်​တွင်​ဝတ်​ဆင် ထား​သော​လျှော်​တေ​ကို​မြို့​ရိုး​အ​နီး​ရှိ​လူ​တို့ တွေ့​မြင်​ရ​ကြ​လေ​သည်။-
2KI 6:31 မင်း​ကြီး​က``ယ​နေ့​နေ​မ​ဝင်​မီ​ဧ​လိ​ရှဲ​ဦး​ခေါင်း မ​ပြတ်​လျှင် ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ကျိန်​ဆို​တော်​မူ ပြီး​နောက်၊-
2KI 6:32 ဧ​လိ​ရှဲ​အား​ဖမ်း​ဆီး​ရန်​လူ​တစ်​ယောက်​ကို စေ​လွှတ်​တော်​မူ​၏။ ဤ​အ​တော​အ​တွင်း​၌​ဧ​လိ​ရှဲ​သည်​မိ​မိ​ထံ​သို့ အ​လည်​အ​ပတ်​လာ​သော​အ​မျိုး​သား​အ​ကြီး အ​ကဲ​များ​နှင့်​အ​တူ မိ​မိ​၏​အိမ်​တွင်​ရှိ​လေ သည်။ မင်း​ကြီး​၏​စေ​တ​မန်​မ​ရောက်​လာ​မီ ဧ​လိ​ရှဲ​က ထို​အ​ကြီး​အကဲ​တို့​အား``လူ​သတ် သ​မား​သည် ငါ့​အား​သတ်​ရန်​လူ​တစ်​ယောက် ကို​စေ​လွှတ်​လေ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​ရောက်​လာ သော​အ​ခါ​တံ​ခါး​ကို​ပိတ်​ထား​ကြ​လော့။ သူ့ အား​အ​ထဲ​သို့​ဝင်​ခွင့်​မ​ပြု​ကြ​နှင့်။ မင်း​ကြီး ကိုယ်​တိုင်​ပင်​လျှင်​သူ​၏​နောက်​မှ​လိုက်​လာ လိမ့်​မည်'' ဟု​ပြော​၏။-
2KI 6:33 သူ​ပြော​သော​စ​ကား​မ​ဆုံး​မီ​ပင်​မင်း​ကြီး သည်​ရောက်​ရှိ​လာ​လျက်``ဤ​ဘေး​ဒုက္ခ​နှင့်​ငါ တို့​အား​တွေ့​ကြုံ​စေ​သူ​မှာ ထာ​ဝရ​ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​သည်​ကိုယ်​တော်​ကူ​မ တော်​မူ​မည်​ကို အ​ဘယ်​ကြောင့်​ဆက်​လက်​စောင့် မျှော်​နေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။
2KI 7:1 ဧ​လိ​ရှဲ​က``ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​ထောင်​တော်​မူ​ပါ။ နက်​ဖြန်​ဤ အ​ချိန်​ရောက်​သော် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင် အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ် မု​ရော​ဆန်​ပေါင်​နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ် ဖြင့်​ဝယ်​ယူ​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။
2KI 7:2 မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဖြင့် လိုက်​ပါ လာ​သည့်​တပ်​မှူး​က``အ​ကယ်​၍​ထာ​ဝရ​ဘု​ရား ကိုယ်​တော်​တိုင်​ပင်​လျှင်​မိုး​ကို​ချက်​ချင်း​ရွာ​စေ ကာ​မူ ဤ​သို့​ဖြစ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက်​သည်​ကို တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း စား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ပြန်​ပြော​လေ​၏။
2KI 7:3 အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​လေး​ယောက်​တို့ သည် မြို့​တံ​ခါး​ပြင်​တွင်​ထိုင်​လျက်``ငါ​တို့​သည် မ​သေ​မ​ချင်း​ဤ​အ​ရပ်​တွင်​အ​ဘယ်​ကြောင့် စောင့်​နေ​ရ​ကြ​မည်​နည်း။-
2KI 7:4 မြို့​ထဲ​သို့​ဝင်​လျှင်​ငါ​တို့​အ​စာ​ငတ်​၍​သေ​ရ မည်။ ဤ​အ​ရပ်​တွင်​နေ​လျှင်​လည်း​သေ​ရ​ကြ​မည်။ ထို့​ကြောင့်​ရှု​ရိ​တပ်​စ​ခန်း​သို့​ငါ​တို့​သွား​ကြ ကုန်​အံ့။ သူ​တို့​ထား​လျှင်​ရှင်​ရ​မည်။ သတ်​လျှင် သေ​ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
2KI 7:5 ထို​နောက်​သူ​တို့​သည်​မှောင်​စ​ပြု​ချိန်​၌​ရှု​ရိ​တပ် စ​ခန်း​သို့​သွား​ကြ​၏။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​တွေ့​ရ​ကြ။-
2KI 7:6 ထာ​ဝ​ရ​ဘု​ရား​သည်​ရှု​ရိ​အ​မျိုး​သား​တို့ အား​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ဖြင့် တပ်​မ​တော်​ကြီး​ချီ​တက်​လာ​သော​အ​သံ​ကို ကြား​စေ​တော်​မူ​သ​ဖြင့် ရှု​ရိ​အ​မျိုး​သား​တို့ က``ငါ​တို့​ကို​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​ဘု​ရင် သည် ဟိတ္တိ​ဘု​ရင်​နှင့်​အီ​ဂျစ်​ဘု​ရင်​တို့​ကို​စစ် ကူ​တောင်း​လေ​ပြီ'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။-
2KI 7:7 သို့​ဖြစ်​၍​ထို​ည​ဦး​၌​သူ​တို့​သည်​မိ​မိ​တို့​၏ တဲ​များ၊ မြင်း​များ​နှင့်​မြည်း​တို့​ကို​စွန့်​ကာ အ သက်​ဘေး​မှ​လွတ်​ရန်​ထွက်​ပြေး​ကြ​ကုန်​၏။ သူ တို့​၏​တပ်​စ​ခန်း​ကို​မူ​ရှိ​မြဲ​အ​တိုင်း​ထား​ခဲ့ ကြ​၏။
2KI 7:8 ထို​သူ​လေး​ယောက်​တို့​သည်​တပ်​စ​ခန်း​အ​စပ် သို့​ရောက်​သော​အ​ခါ တဲ​တစ်​ခု​ကို​ဝင်​၍​ထို တဲ​တွင်​ရှိ​သော​အ​စား​အ​စာ​များ​ကို​စား သောက်​ကြ​၏။ ထို​နောက်​မိ​မိ​တို့​တွေ့​ရှိ​သည့် ရွှေ၊ ငွေ၊ အဝတ်​အ​စား​များ​ကို​ယူ​၍​ထွက်​သွား ပြီး​လျှင် ထို​ပစ္စည်း​များ​ကို​ဝှက်​ထား​ကြ​၏။ သူ တို့​သည်​နောက်​တစ်​ဖန်​ပြန်​လာ​၍ အ​ခြား​တဲ တစ်​ခု​သို့​ဝင်​ကာ​ရှေး​နည်း​တူ​ပြု​ကြ​ပြန်​၏။-
2KI 7:9 သို့​ရာ​တွင်​သူ​တို့​က``ငါ​တို့​ဤ​သို့​ပြု​နေ​ကြ ရန်​မ​သင့်။ ငါ​တို့​မှာ​သ​တင်း​ကောင်း​ရှိ​သည် ဖြစ်​၍ ထို​သ​တင်း​ကို​မျို​သိပ်​မ​ထား​သင့်​ကြ။ အ​ကယ်​၍​ငါ​တို့​သည်​ထို​သ​တင်း​ကို​မိုး လင်း​ချိန်​တိုင်​အောင်​မ​ပြော​ဘဲ​နေ​လျှင် ဧ​ကန် မု​ချ​အ​ပြစ်​ဒဏ်​သင့်​ရ​ကြ​ပေ​မည်။ သို့​ဖြစ် ၍​ယ​ခု​ပင်​မင်း​ကြီး​၏​မှူး​မတ်​တို့​ထံ​သွား ရောက်​ပြော​ကြား​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။-
2KI 7:10 ထို​နောက်​သူ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း​မှ​ထွက် ခွာ​၍​မြို့​သို့​သွား​ပြီး​လျှင် မြို့​တံ​ခါး​ရှိ​အ​စောင့် တပ်​သား​တို့​အား``ငါ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း သို့​သွား​ရောက်​ရာ​လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​မြင်​ခဲ့​ပါ။ လူ​သံ​ကို​လည်း​မ​ကြား​ခဲ့​ပါ။ မြင်း​များ​နှင့်​မြည်း​များ​သည်​ချည်​လျက်​ပင် ရှိ​ပါ​သည်။ တဲ​များ​မှာ​လည်း​ရှု​ရိ​အ​မျိုး​သား တို့​ထား​ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​ပါ​သည်'' ဟု အော်​ဟစ်​၍​ပြော​ကြား​ကြ​၏။
2KI 7:11 တံ​ခါး​စောင့်​တို့​သည်​ထို​သ​တင်း​ကို​ကြေ​ညာ ၍ နန်း​တော်​သို့​သ​တင်း​ရောက်​ရှိ​သွား​၏။-
2KI 7:12 ထို​အ​ချိန်​၌​မိုး​မ​လင်း​သေး​သော်​လည်း မင်း​ကြီး သည်​အိပ်​ယာ​မှ​ထ​၍​မှူး​မတ်​တို့​အား``ရှု​ရိ အ​မျိုး​သား​တို့​၏​ပ​ရိ​ယာယ်​ကို​ငါ​ပြော​မည်။ ဤ​မြို့​တွင်​ငါ​တို့​အ​စာ​ငတ်​လျက်​နေ​ကြ ကြောင်း​သိ​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​တပ် စ​ခန်း​မှ​ထွက်​ခွာ​၍​တပ်​ပုန်း​ချ​ထား​လေ​ပြီ။ မြို့​ပြင်​သို့​ငါ​တို့​ထွက်​၍​အ​စား​အ​စာ​ရှာ​ဖွေ ကြ​သော​အ​ခါ​မှ ငါ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကာ​မြို့​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
2KI 7:13 အ​မတ်​တစ်​ဦး​က``ဤ​မြို့​ရှိ​လူ​တို့​သည်​သေ ဆုံး​သွား​ကြ​သူ​တို့​နည်း​တူ​သေ​ရ​ကြ​မည် ဖြစ်​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖြစ်​မှန်​ကို​သိ​ရှိ နိုင်​ရန် အ​ကျွန်ုပ်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော မြင်း​ငါး​ကောင်​နှင့်​လူ​အ​ချို့​ကို​စေ​လွှတ် တော်​မူ​ပါ'' ဟု​လျှောက်​၏။-
2KI 7:14 ထို့​နောက်​သူ​တို့​သည်​လူ​အ​ချို့​ကို​ရွေး​ချယ် ကြ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​ရှု​ရိ​တပ် မ​တော်​၏​ဖြစ်​ရပ်​ကို စုံ​စမ်း​ရန်​စစ်​ရ​ထား​နှစ် စီး​နှင့်​စေ​လွှတ်​တော်​မူ​၏။-
2KI 7:15 သူ​တို့​သည်​ယော်​ဒန်​မြစ်​တိုင်​အောင်​သွား​ရောက် ကြ​ရာ ရှု​ရိ​အ​မျိုး​သား​တို့​ထွက်​ပြေး​စဉ်​အ​ခါ က စွန့်​ထား​ခဲ့​သည့်​အ​ဝတ်​အ​စား​များ​နှင့်​လက် နက်​ပစ္စည်း​များ​ကို လမ်း​တစ်​လျှောက်​လုံး​တွင်​တွေ့ မြင်​ရ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး ထံ​ပြန်​၍​အ​စီ​ရင်​ခံ​ကြ​၏။-
2KI 7:16 ရှ​မာ​ရိ​မြို့​သား​တို့​သည်​ပြေး​၍​ထွက်​လာ​ပြီး လျှင် ရှု​ရိ​တပ်​စ​ခန်း​ကို​လု​ယက်​ကြ​ကုန်​၏။ ထို့ နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင်​သို့​မ​ဟုတ် မု​ယော​ဆန်​ပေါင်​နှစ်​ဆယ်​ကို ငွေ​သား​တစ်​ကျပ် ဖြင့်​ရောင်း​ချ​ကြ​လေ​သည်။
2KI 7:17 မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဆောင်​ရွက် ခဲ့​သူ​တပ်​မှူး​သည် ထို​အ​ချိန်​၌​မြို့​တံ​ခါး အ​စောင့်​တပ်​ကို​ကြီး​ကြပ်​အုပ်​ချုပ်​နေ​ရ​စဉ် လူ​တို့​တိုး​ကြိတ်​ထွက်​ဝင်​ရာ​တွင် သူ့​အား​နင်း မိ​ကြ​သ​ဖြင့်​သေ​လေ​၏။ ဧ​လိ​ရှဲ​အား​တွေ့​ဆုံ ရန်​မင်း​ကြီး​လာ​ရောက်​စဉ်​အ​ခါ​က ဧ​လိ​ရှဲ ကြို​တင်​ဟော​ကြား​ခဲ့​သည်​အ​တိုင်း​ဖြစ်​ပျက် လေ​သည်။-
2KI 7:18 ဧ​လိ​ရှဲ​က``နောက်​တစ်​နေ့​ဤ​အ​ချိန်​ရောက် လျှင် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင်​အ​ကောင်း​ဆုံး ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ်​မု​ယော​ဆန်​ပေါင် နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ်​နှင့်​ရောင်း​ချ ကြ​လိမ့်​မည်'' ဟု​မင်း​ကြီး​အား​လျှောက်​ထား သော​အ​ခါ၊-
2KI 7:19 ထို​တပ်​မှူး​က``ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် မိုး​ကို​ချက်​ချင်း​ရွာ​စေ​ကာ​မူ​ဤ​သို့​ဖြစ်​နိုင် လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​ပြော​ကြား​ခဲ့​လေ​သည်။ ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက် သည်​ကို​တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း​စား​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ခဲ့​၏။-
2KI 7:20 ဧ​လိ​ရှဲ​ပြော​ကြား​ခဲ့​သည့်​အ​တိုင်း​ပင်​တပ် မှူး​သည် မြို့​တံ​ခါး​ဝ​တွင်​လူ​တို့​နင်း​မိ​ကြ သ​ဖြင့်​သေ​လေ​သ​တည်း။
2KI 8:1 ဧ​လိ​ရှဲ​သည်​မိ​မိ​အ​သက်​ပြန်​၍​ရှင်​စေ​ခဲ့ သည့်​က​လေး​၏​မိ​ခင်၊ ရှု​နင်​မြို့​သူ​အား``ထာ​ဝ​ရ ဘု​ရား​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​တစ်​ပြည်​လုံး​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် စေ​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​သည်​သင်​၏ မိ​သား​စု​နှင့်​အ​တူ အ​ရပ်​တစ်​ပါး​သို့​ပြောင်း ရွှေ့​နေ​ထိုင်​ပါ​လော့'' ဟု​ပြော​ကြား​ခဲ့​၏။-
2KI 8:2 ထို​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ညွှန်​ကြား​သည့် အ​တိုင်း မိ​မိ​၏​မိ​သား​စု​နှင့်​အ​တူ​ဖိ​လိတ္တိ​ပြည် သို့​သွား​ရောက်​၍​ခု​နစ်​နှစ်​တိုင်​တိုင်​နေ​ထိုင်​လေ သည်။
2KI 8:3 ခု​နစ်​နှစ်​စေ့​သော​အ​ခါ​သူ​သည်​ဣသ​ရေ​လ ပြည်​သို့​ပြန်​လာ​ပြီး​လျှင် မင်း​ကြီး​ထံ​သို့​သွား ၍​မိ​မိ​၏​အိမ်​နှင့်​မြေ​ကို​ပြန်​လည်​ပေး​သ​နား တော်​မူ​ရန်​လျှောက်​ထား​၏။-
2KI 8:4 ထို​အ​ချိန်​၌​မင်း​ကြီး​သည်​ဧ​လိ​ရှဲ​၏​အ​စေ​ခံ ဂေ​ဟာ​ဇိ​နှင့်​ဆွေး​နွေး​ဆဲ​ဖြစ်​၏။ မင်း​ကြီး​သည် ဧ​လိ​ရှဲ​ပြ​ခဲ့​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​အ ကြောင်း​ကို​ကြား​သိ​လို​၏။-
2KI 8:5 သို့​ဖြစ်​၍​ဂေ​ဟာ​ဇိ​သည်​သေ​သူ​အား အ​ဘယ်​သို့ ဧ​လိ​ရှဲ​ရှင်​ပြန်​စေ​ကြောင်း​ကို​သံ​တော်​ဦး​တင် လျက်​နေ​၏။ ထို​အ​ချိန်​၌​ရှု​နင်​မြို့​သူ​သည်​ရောက် ရှိ​လာ​၍ မင်း​ကြီး​အား​အ​သ​နား​ခံ​ခြင်း​ဖြစ်​၏။ ဂေ​ဟာ​ဇိ​က​မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ ဧ​လိ​ရှဲ​အ​သက်​ရှင်​ပြန်​စေ​သော​သူ​ငယ်​နှင့် မိ​ခင်​မှာ​ဤ​သူ​တို့​ပင်​ဖြစ်​ကြ​ပါ​၏'' ဟု လျှောက်​၏။-
2KI 8:6 မင်း​ကြီး​က​ဂေ​ဟာ​ဇိ​၏​စ​ကား​မှန်​မ​မှန် ကို​မေး​မြန်း​တော်​မူ​သော​အ​ခါ အ​မျိုး​သ​မီး က``မှန်​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​အ​မတ်​တစ်​ယောက်​ကို​ခေါ်​၍``ဤ အ​မျိုး​သ​မီး​အ​ဝေး​သို့​ရောက်​ရှိ​နေ​ခဲ့​သည့် ခု​နစ်​နှစ်​အ​တွင်း သူ​၏​လယ်​များ​မှ​ထွက်​သည့် အ​သီး​အ​နှံ​တန်​ဖိုး​အ​ပါ​အ​ဝင်​သူ​ပိုင် ဆိုင်​ခဲ့​သ​မျှ​ကို​သူ့​အား​ပြန်​၍​ပေး​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
2KI 8:7 ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​နာ​မ​ကျန်း​ရှိ​တော်​မူ ချိန်​၌ ဧ​လိ​ရှဲ​သည်​ဒ​မာ​သက်​မြို့​သို့​ရောက် ရှိ​လာ​၏။ ဧ​လိ​ရှဲ​ရောက်​ရှိ​နေ​ကြောင်း​မင်း ကြီး​ကြား​သိ​တော်​မူ​သော​အ​ခါ၊-
2KI 8:8 အ​မတ်​တစ်​ဦး​ဖြစ်​သော​ဟာ​ဇေ​လ​အား လက်​ဆောင်​ယူ​ပြီး​လျှင် ပ​ရော​ဖက်​ထံ​သို့ သွား​၍​မိ​မိ​သည်​ပြန်​လည်​ကျန်း​မာ​လာ မည်​မ​လာ​မည်​ကို​ထာ​ဝရ​ဘု​ရား​အား မေး​မြန်း​လျှောက်​စေ​ရန်​စေ​လွှတ်​တော်​မူ​၏။-
2KI 8:9 ထို့​ကြောင့်​ဟာ​ဇေ​လ​သည်​ဒ​မာ​သက်​မြို့​မှ ထွက်​သော အ​ဖိုး​တန်​ပစ္စည်း​တို့​ကို​ကု​လား အုတ်​လေး​ဆယ်​ဖြင့်​တင်​၍ ဧ​လိ​ရှဲ​ထံ​သို့ သွား​ပြီး​နောက်``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ​ဒဒ် မင်း​က မိ​မိ​ပြန်​လည်​ကျန်း​မာ​လာ​မည် မ​လာ​မည်​ကို​အ​ရှင့်​ထံ​စုံ​စမ်း​မေး​မြန်း​ရန် အ​ကျွန်ုပ်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​၏။
2KI 8:10 ဧ​လိ​ရှဲ​က``မင်း​ကြီး​သည်​ကွယ်​လွန်​မည်​ဖြစ် ကြောင်း ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော် မူ​ပြီ။ သို့​ရာ​တွင်​သူ​သည်​ပြန်​လည်​ကျန်း​မာ လာ​လိမ့်​မည်​ဟု​သူ့​အား​ပြော​ကြား​လော့'' ဟု​ဆို​၏။-
2KI 8:11 ထို​နောက်​ဧ​လိ​ရှဲ​သည်​ဟာ​ဇေ​လ​အား​အ​နေ ခက်​စေ​သည့်​တိုင်​အောင် ထိတ်​လန့်​သည့်​အ​မူ အ​ရာ​ဖြင့်​စိုက်​၍​ကြည့်​ပြီး​လျှင်​ငို​လေ​၏။-
2KI 8:12 ဟာ​ဇေ​လ​က``အ​ရှင်၊ အ​ဘယ်​ကြောင့်​ငို​ပါ သ​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပြု​မည့်​ကြမ်း​ကြုတ်​ဆိုး​ယုတ်​သည့်​အ​မှု တို့​ကို ငါ​သိ​မြင်​သော​ကြောင့်​ဖြစ်​၏။ သင်​သည် သူ​တို့​၏​ရဲ​တိုက်​များ​ကို​မီး​ရှို့​ကာ အ​ဖိုး​တန် လူ​ငယ်​လူ​ရွယ်​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ က​လေး​သူ​ငယ်​တို့​ကို​ဆောင့်​၍​သတ်​ပြီး​လျှင် ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​တို့​၏​ဝမ်း​ကို ခွဲ​လိမ့်​မည်'' ဟု​ဆို​၏။
2KI 8:13 ဟာ​ဇေ​လ​က``အ​ကျွန်ုပ်​သည်​မ​ရေ​ရာ​သူ တစ်​ဦး​ဖြစ်​ပါ​သည်။ အ​ဘယ်​သို့​လျှင်​ဤ မျှ​တန်​ခိုး​ကြီး​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ရှု​ရိ​ပြည်​ကို​စိုး​စံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း ငါ့​အား​ထာ​ဝရ​ဘု​ရား​ဖော်​ပြ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
2KI 8:14 ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ပြန်​ရောက်​သော အ​ခါ မင်း​ကြီး​က``ဧ​လိ​ရှဲ​အ​ဘယ်​သို့​အ​မိန့် ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင် ``အ​ရှင်​ပြန်​လည်​ကျန်း​မာ​လာ​လိမ့်​မည်​ဟု ပြော​ပါ​သည်'' ဟု​လျှောက်​၏။-
2KI 8:15 သို့​ရာ​တွင်​နောက်​တစ်​နေ့​၌​ဟာ​ဇေ​လ​သည် စောင်​တစ်​ထည်​ကို​ရေ​ဆွတ်​ပြီး​လျှင်​မင်း​ကြီး ၏​မျက်​နှာ​ကို​ဖုံး​အုပ်​၍​သတ်​လေ​၏။ ထို​နောက်​ဟာ​ဇေ​လ​သည်​ဗင်္ဟာ​ဒဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​၏။
2KI 8:16 ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​သား​တော်​ယော​ရံ ၏​နန်း​စံ​ငါး​နှစ်​မြောက်​၌ ယော​ရှ​ဖတ်​၏​သား​တော် ယ​ဟော​ရံ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၏။ သူ သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​မျှ​နန်း​စံ​ရ​၏။-
2KI 8:18 သူ​၏​မိ​ဖုရား​မှာ​အာ​ဟပ်​၏​သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​အာ​ဟပ်​မင်း​မျိုး​တို့​ကဲ့​သို့ ဣ​သ ရေ​လ​ဘု​ရင်​များ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို လိုက်​လျှောက်​လေ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။-
2KI 8:19 သို့​သော်​လည်း​ထာ​ဝရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား``သင် ၏​သား​မြေး​တို့​ကို​ထာ​ဝစဉ်​အုပ်​စိုး​စေ​မည်'' ဟု ပြု​ခဲ့​သည့်​က​တိ​တော်​ကို​ထောက်​၍ ယု​ဒ​ပြည် ကို​ဖျက်​ဆီး​ရန်​အ​လို​တော်​မ​ရှိ​ချေ။
2KI 8:20 ယ​ဟော​ရံ​နန်း​စံ​နေ​ချိန်​၌​ဧ​ဒုံ​ပြည်​သည် ယု​ဒ ပြည်​ကို​ပုန်​ကန်​၍​လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ လေ​သည်။-
2KI 8:21 သို့​ဖြစ်​၍​ယ​ဟော​ရံ​သည်​မိ​မိ​၏​စစ်​ရ​ထား အ​လုံး​အ​ရင်း​နှင့် ဇာ​ဣ​ရ​မြို့​သို့​ချီ​တက်​တော် မူ​ရာ​ထို​အ​ရပ်​တွင် ဧ​ဒုံ​တပ်​မ​တော်​၏​ဝိုင်း​ရံ ခြင်း​ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​နှင့်​စစ်​ရ​ထား မှူး​တို့​သည် ယင်း​သို့​ဝိုင်း​ရံ​မှု​ကို​ချိုး​ဖောက်​လွတ် မြောက်​သွား​ကြ​၏။ သူ​၏​စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့​က​စဥ့်​က​ရဲ​ထွက်​ပြေး ကြ​ကုန်​၏။-
2KI 8:22 ထို​အ​ခါ​မှ​အ​စ​ပြု​၍​ယ​ခု​တိုင်​ဧ​ဒုံ​ပြည် သည် ယု​ဒ​သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ​လွတ်​လပ် သော​နိုင်​ငံ​ဖြစ်​လာ​လေ​သည်။ ထို​အ​ချိန်​ကာ​လ ၌​လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​၏။
2KI 8:23 ယ​ဟော​ရံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
2KI 8:24 ယ​ဟော​ရံ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက် သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2KI 8:25 အာ​ဟပ်​၏​သား​တော်၊ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ ၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ်​မြောက်​၌ ယု​ဒ​ပြည် ဘု​ရင်​အ​ဖြစ်​ယ​ဟော​ရံ​၏​သား​အ​သက်​နှစ် ဆယ့်​နှစ်​နှစ်​ရှိ​အာ​ခ​ဇိ​နန်း​တက်​၏။-
2KI 8:26 သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ်​မျှ​အုပ် စိုး​ရ​၏။ သူ​၏​မယ်​တော်​မှာ​ဣသ​ရေ​လ​ဘု​ရင် သြ​မ​ရိ​၏​မြေး​အာ​သ​လိ​ဖြစ်​၏။-
2KI 8:27 အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​နှင့်​အိမ်​ထောင်​ရေး အ​ရ​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် အာ​ဟပ်​မင်း​အိမ် ထောင်​စု​နည်း​တူ​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား လေ​သည်။
2KI 8:28 ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ​နှင့်​ရှု​ရိ​ဘု​ရင် ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ကြ​သော​အ​ခါ အာ​ခ​ဇိ က​ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​ခိုက်​လေ​သည်။ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​တွင် တိုက်​ပွဲ​ဖြစ်​ပွား​ရာ ယော​ရံ​သည်​ဒဏ်​ရာ​များ​ရ​ရှိ​သ​ဖြင့်၊-
2KI 8:29 အ​နာ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန် လေ​၏။ အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု​ရန် ထို​မြို့​သို့​သွား​လေ​၏။
2KI 9:1 ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​ဧ​လိ​ရှဲ သည် လူ​ငယ်​ပ​ရော​ဖက်​တစ်​ပါး​ကို​ခေါ်​၍``သင် သည်​ရာ​မုတ်​မြို့​သို့​သွား​ရန်​အ​သင့်​ပြင်​လော့။ ဤ​သံ​လွင်​ဆီ​ဘူး​ကို​လည်း​ယူ​သွား​လော့။ ထို မြို့​သို့​ရောက်​သော​အ​ခါ၊-
2KI 9:2 နိမ်​ရှိ​၏​မြေး၊ ယေ​ဟော​ရှ​ဖတ်​၏​သား​ယေ​ဟု ကို​ရှာ​လော့။ သူ့​ကို​အ​ဖော်​များ​ရှိ​ရာ​မှ​ဝေး ရာ​ဆိတ်​ကွယ်​သည့်​အ​ခန်း​သို့​ခေါ်​ပြီး​လျှင်၊-
2KI 9:3 ဤ​ဆီ​ကို​သူ​၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​၍ ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏' ဟု​မိန့်​တော် မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မှာ​ကြား​လိုက်​၏။
2KI 9:4 သို့​ဖြစ်​၍​ပ​ရော​ဖက်​ငယ်​သည်​ရာ​မုတ်​မြို့ သို့​သွား​ရာ၊-
2KI 9:5 ထို​အ​ရပ်​တွင်​တပ်​မှူး​များ​တိုင်​ပင်​နေ​ကြ​သည် ကို​တွေ့​လျှင်``တပ်​မှူး​မင်း၊ အ​ကျွန်ုပ်​သည်​အ​ရှင့် အ​တွက်​သ​တင်း​ယူ​ဆောင်​လာ​ပါ​သည်'' ဟု ဆို​၏။ ယေ​ဟု​က``ငါ​တို့​အ​နက်​မည်​သူ့​အ​တွက်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ​ပ​ရော​ဖက်​ငယ်​က``အ​ရှင့်​အ​တွက် ဖြစ်​ပါ​သည်'' ဟု​ဆို​၏။-
2KI 9:6 ထို​နောက်​သူ​တို့​နှစ်​ယောက်​သည်​အိမ်​ထဲ​သို့​ဝင် သွား​ပြီး​လျှင် လူ​ငယ်​ပ​ရော​ဖက်​သည်​ယေ​ဟု ၏​ဦး​ခေါင်း​ပေါ်​သို့​သံ​လွင်​ဆီ​ကို​သွန်း​လောင်း ကာ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​၏။-
2KI 9:7 ငါ​၏​ပ​ရော​ဖက်​များ​နှင့်​အ​ခြား​အ​စေ​ခံ များ​ကို​သတ်​သည့်​အ​ပြစ်​အ​တွက် ယေ​ဇ​ဗေ​လ အား​ငါ​ဒဏ်​ခတ်​နိုင်​ရန်​သင်​သည် အာ​ဟပ်​၏ သား၊ သင့်​အ​ရှင်​ဘု​ရင်​မင်း​အား​လုပ်​ကြံ​ရ​မည်။-
2KI 9:8 အာ​ဟပ်​၏​မိ​သား​စု​နှင့်​သူ​၏​မြေး​အ​ပေါင်း တို့​သည်​သေ​ရ​ကြ​မည်။ သူ​၏​မိ​သား​စု​မှ ယောကျာ်း​မှန်​သ​မျှ​ကို​ကြီး​ငယ်​မ​ရွေး​ငါ ပယ်​ရှား​မည်။-
2KI 9:9 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​ဗာ​ရှာ​တို့ ၏​အိမ်​ထောင်​စု​တို့​ကို ငါ​စီ​ရင်​ခဲ့​သည့်​နည်း​တူ အာ​ဟပ်​၏​အိမ်​ထောင်​စု​ကို​လည်း​ငါ​စီ​ရင်​မည်။-
2KI 9:10 ယေ​ဇ​ဗေ​လ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရ​လိမ့် မည်​မ​ဟုတ်။ သူ​၏​အ​လောင်း​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင် ခွေး​စာ​ဖြစ်​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။ ထို​နောက်​ပ​ရော​ဖက်​ငယ် သည်​အ​ခန်း​ထဲ​မှ​ထွက်​ပြေး​လေ​၏။
2KI 9:11 ယေ​ဟု​သည်​မိ​မိ​၏​အ​ဖော်​တပ်​မှူး​များ​ထံ သို့​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့​က``အ​စ​စ အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​၏​လော။ ထို​သူ​ရူး သည်​အ​ဘယ်​ကိစ္စ​နှင့်​သင့်​ထံ​သို့​လာ​ပါ သ​နည်း'' ဟု​မေး​ကြ​၏။ ယေ​ဟု​က``သူ​၏​ကိစ္စ​ကို​သင်​တို့​သိ​ပါ​၏'' ဟု ဖြေ​၏။
2KI 9:12 ထို​သူ​တို့​က``ငါ​တို့​မ​သိ​ပါ။ သူ​ပြော​သည့် စ​ကား​ကို​ငါ​တို့​သိ​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။ ယေ​ဟု​က``ထို​သူ​သည်​ငါ့​အား`သင့်​ကို​ဣ​သ ရေ​လ​ဘု​ရင်​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​ပြီ' ဟု​ပြော​ပါ​သည်'' ဟူ​၍​ပြန် ပြော​လေ​၏။
2KI 9:13 ချက်​ချင်း​ပင်​ယေ​ဟု​၏​အ​ဖော်​ဗိုလ်​မှူး​တို့​သည် လှေ​ကား​ထိပ်​ပေါ်​တွင်​ယေ​ဟု​နင်း​ရန် မိ​မိ​တို့​၏ ဝတ်​လုံ​များ​ကို​ဖြန့်​ခင်း​ပြီး​လျှင်​တံ​ပိုး​ခ​ရာ မှုတ်​၍``ယေ​ဟု​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု ကြွေး​ကြော်​ကြ​၏။
2KI 9:14 ထို​နောက်​ယေ​ဟု​သည်​ယော​ရံ​မင်း​အား​လုပ် ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ ထို​အ​ခါ မင်း​ကြီး​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​ရာ မုတ်​မြို့​တွင်​တိုက်​ပွဲ​ဖြစ်​ရာ​မှ ရ​ရှိ​ခဲ့​သည့် ဒဏ်​ရာ​များ​ကို​ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့ သို့​သွား​နှင့်​ပြီ။ သို့​ဖြစ်​၍​ယေ​ဟု​က​မိ​မိ ၏​အ​ဖော်​တပ်​မှူး​တို့​အား``သင်​တို့​သည်​ငါ ၏​ဘက်​တော်​သား​များ​ဖြစ်​ပါ​လျှင် ယေ​ဇ ရေ​လ​မြို့​သား​တို့​အား​ကြို​တင်​သ​တိ​ပေး ရန်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရာ​မုတ်​မြို့ မှ​မ​ထွက်​ပါ​စေ​နှင့်'' ဟု​ဆို​၏။-
2KI 9:16 ထို​နောက်​သူ​သည်​မိ​မိ​၏​စစ်​ရ​ထား​ပေါ်​သို့ တက်​၍ ယေ​ဇ​ရေ​လ​မြို့​သို့​ထွက်​ခွာ​သွား​လေ သည်။ ယော​ရံ​၏​ဒဏ်​ရာ​များ​မ​ပျောက်​သေး သ​ဖြင့် ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​သည်​သူ့​ထံ​သို့ လာ​ရောက်​လည်​ပတ်​လျက်​ရှိ​၏။
2KI 9:17 ယေ​ဇ​ရေ​လ​မြို့​မျှော်​စင်​ပေါ်​တွင်​တာ​ဝန်​ကျ သော​ကင်း​စောင့်​သည် ယေ​ဟု​နှင့်​သူ​၏​လူ​စု တို့​ချဉ်း​ကပ်​လာ​နေ​သည်​ကို​မြင်​လျှင်``မြင်း စီး​သူ​လူ​အ​ချို့​လာ​နေ​သည်​ကို​မြင်​ပါ​သည်'' ဟု​ဟစ်​အော်​၏။ ယော​ရံ​က``ထို​သူ​တို့​သည်​မိတ်​ဆွေ​များ​သို့ မ​ဟုတ်​ရန်​သူ​များ​ဖြစ်​သည်​ကို သိ​ရှိ​နိုင်​ရန် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို​စေ​လွှတ်​စုံ​စမ်း လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
2KI 9:18 မင်းကြီး​၏​စေ​တ​မန်​သည်​ယေ​ဟု​ထံ​ရောက် ၍``အ​ရှင်​သည်​မိတ်​ဆွေ​အ​နေ​ဖြင့်​လာ​ပါ သ​လော​ဟု​မင်း​ကြီး​က​စုံ​စမ်း​ခိုင်း​ပါ သည်'' ဟု​မေး​၏။ ယေဟု​က``ဤ​ကိစ္စ​သည်​သင်​နှင့်​မသက်​ဆိုင်။ ငါ့ နောက်​မှ​လိုက်​လော့'' ဟု​ဆို​၏။ ထို​စေ​တ​မန်​သည်​ယေ​ဟု​ထံ​သို့​ရောက်​ရှိ​သွား သော်​လည်း ပြန်​မ​လာ​ဘဲ​နေ​သည်​ကို​မျှော်​စင် ပေါ်​ရှိ​ကင်း​စောင့်​က​အ​စီ​ရင်​ခံ​သော​အ​ခါ၊-
2KI 9:19 မင်း​ကြီး​သည်​အ​ခြား​စေ​တ​မန်​တစ်​ယောက် ကို​လွှတ်​ပြန်​၏။ သူ​သည်​လည်း​ရှေး​နည်း​တူ ယေ​ဟု​အား​မေး​၏။ ယေ​ဟု​က``ဤ​ကိစ္စ​သည် သင်​နှင့်​မ​သက်​ဆိုင်။ ငါ့​နောက်​မှ​လိုက်​လော့'' ဟု​ဆို​ပြန်​၏။
2KI 9:20 ထို​စေ​တ​မန်​သည်​ယေ​ဟု​တို့​လူ​စု​ထံ​သို့ ရောက်​ရှိ​သွား​သော်​လည်း ပြန်​မ​လာ​ဘဲ​နေ သည်​ကို​ကင်း​စောင့်​သည်​နောက်​တစ်​ကြိမ်​အ​စီ ရင်​ခံ​ပြန်​၏။ ထို​နောက်​သူ​သည်​ဆက်​လက်​၍``ထို လူ​စု​၏​ခေါင်း​ဆောင်​သည် မိ​မိ​စစ်​ရ​ထား​ကို ယေ​ဟု​မောင်း​နှင်​သ​ကဲ့​သို့​ပင် သူ​ရူး​သ​ဖွယ် အ​ပြင်း​မောင်း​နှင်​လာ​ပါ​သည်'' ဟု​လျှောက် ထား​၏။
2KI 9:21 ယော​ရံ​က``ငါ​၏​စစ်​ရ​ထား​ကို​အ​သင့်​ပြင် လော့'' ဟု​အ​မိန့်​ပေး​၏။ အ​သင့်​ရှိ​သော​အ​ခါ သူ​နှင့်​အာ​ခ​ဇိ​မင်း​သည် စစ်​ရ​ထား​ကိုယ်​စီ​စီး ၍​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရန်​ထွက်​သွား​ကြ​၏။ သူ တို့​သည်​နာ​ဗုတ်​၏​မြေ​သို့​ရောက်​သော​အ​ခါ ယေ​ဟု​နှင့်​ဆုံ​မိ​ကြ​၏။-
2KI 9:22 ယော​ရံ​က``သင်​သည်​ငြိမ်း​ချမ်း​စွာ​လာ သ​လော'' ဟု​မေး​တော်​မူ​၏။ ယေ​ဟု​က``သင်​၏​မိ​ခင်​ယေ​ဇ​ဗေ​လ​စ​တင် ကျင့်​သုံး​ခဲ့​သည့် စုန်း​အ​တတ်​နှင့်​ရုပ်​တု​ကိုး ကွယ်​မှု​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး အ​ဘယ် မှာ​ငြိမ်း​ချမ်း​မှု​ရှိ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။
2KI 9:23 ယော​ရံ​က``အို အာ​ခ​ဇိ၊ တော်​လှန်​ပုန်​ကန်​မှု ပါ​တ​ကား'' ဟု​အော်​ဟစ်​ကာ​မိ​မိ​၏​စစ် ရ​ထား​ကို​လှည့်​၍​ထွက်​ပြေး​လေ​၏။-
2KI 9:24 ယေ​ဟု​သည်​မိ​မိ​၏​လေး​ကို​ယူ​ပြီး​လျှင် အား ကုန်​ဆွဲ​၍​မြား​တစ်​လက်​ကို​ပစ်​လွှတ်​လိုက်​ရာ ယော​ရံ​၏​ကျော​မှ​နှ​လုံး​အ​ထိ​ခွင်း​ဖောက် သ​ဖြင့် ယော​ရံ​သည်​ရ​ထား​ပေါ်​၌​ပင်​လဲ​ကျ သေ​ဆုံး​လေ​သည်။-
2KI 9:25 ထို​အ​ခါ​ယေ​ဟု​သည်​မိ​မိ​၏​ရ​ထား​မှူး ဗိ​ဒ​က​အား``သူ​၏​အ​လောင်း​ကို​ယူ​၍​နာ​ဗုတ် မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့။ ယော​ရံ​မင်း​၏​ဖ​ခင် အာ​ဟပ်​နောက်​မှ သင်​နှင့်​ငါ​မြင်း​စီး​၍​လိုက် လာ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​က​အာ​ဟပ် အား`ယ​မန်​နေ့​က​နာ​ဗုတ်​နှင့်​သား​များ​အား သတ်​သည့်​အ​မှု​ကို​ငါ​တွေ့​မြင်​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​ထို​မြေ​ကွက်​ထဲ​၌​ပင် အ​ပြစ် ဒဏ်​စီ​ရင်​မည်' ဟု​မိန့်​တော်​မူ​သည်​ကို​သ​တိ ရ​လျက် ထာ​ဝရ​ဘု​ရား​မိန့်​ကြား​တော်​မူ​ခဲ့ သည့်​အ​တိုင်း ယော​ရံ​၏​အ​လောင်း​ကို​နာ ဗုတ်​၏​မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့'' ဟု​ဆို ၏။
2KI 9:27 အာ​ခ​ဇိ​မင်း​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို မြင်​သ​ဖြင့် မိ​မိ​၏​စစ်​ရ​ထား​ဖြင့်​ဗေ​သာ​ဂ​နံ မြို့​ဘက်​သို့​ထွက်​ပြေး​လေ​၏။ ယေ​ဟု​သည် သူ​၏​နောက်​မှ​လိုက်​၍``သူ့​ကို​လည်း​သတ်​ကြ လော့'' ဟု​မိ​မိ​၏​တပ်​သား​များ​အား​အ​မိန့် ပေး​၏။ အာ​ခ​ဇိ​မင်း​သည်​ဣ​ဗ​လံ​မြို့​အ​နီး ရှိ​ဂု​ရ​မြို့​သို့​သွား​ရာ​လမ်း​တွင်​ဒဏ်​ရာ​ရ လေ​သည်။ သို့​ရာ​တွင်​သူ​သည် မေ​ဂိဒ္ဒေါ​မြို့​သို့ ရောက်​သည့်​တိုင်​အောင်​ဆက်​လက်​သွား​ပြီး မှ​သေ​လေ​၏။-
2KI 9:28 သူ​၏​အ​မှု​ထမ်း​တို့​သည်​သူ​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့​ယူ ဆောင်​ပြီး​လျှင်​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​၌ သင်္ဂြိုဟ်​ကြ​၏။
2KI 9:29 အာ​ခ​ဇိ​သည်​အာ​ဟပ်​၏​သား​တော်​ဣ​သ ရေ​လ​ဘု​ရင်​ယော​ရံ​၏​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်​၌ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​ခဲ့​သ​တည်း။
2KI 9:30 ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​ရှိ​လာ ၏။ ယေ​ဇ​ဗေ​လ​သည်​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​ကို​ကြား​သိ​ပြီး​ဖြစ်​သ​ဖြင့် မိ​မိ​၏​မျက် ခမ်း​တို့​ကို​ဆေး​ဆိုး​၍​ဆံ​ပင်​ကို​အ​လှ​ပြင် ကာ နန်း​တော်​ပြူ​တင်း​မှ​လမ်း​သို့​မျှော်​ကြည့် လျက်​နေ​၏။-
2KI 9:31 ယေ​ဟု​သည်​နန်း​တော်​ဝင်​တံ​ခါး​ဝ​ကို​ဝင်​၍ လာ​သော​အ​ခါ ယေ​ဇ​ဗေ​လ​သည်​ယေ​ဟု အား``ကိုယ့်​သ​ခင်​ကို​သတ်​သော​အ​ချင်း ဇိ​မ​ရိ သင်​သည်​အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ သ​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။
2KI 9:32 ယေ​ဟု​သည်​မော်​၍​ကြည့်​ပြီး​လျှင်``ငါ​၏​ဘက် သို့​အ​ဘယ်​သူ​ပါ​မည်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ သူ့​အား​မိန်း​မ​စိုး​နှစ်​ယောက်​သုံး​ယောက်​တို့​သည် နန်း​တော်​ပြူ​တင်း​မှ​ငုံ့​၍​ကြည့်​ကြ​၏။-
2KI 9:33 ယေ​ဟု​က​သူ​တို့​အား``သူ့​ကို​တွန်း​ချ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ယေ​ဇ​ဗေ​လ ကို​တွန်း​ချ​ကြ​သ​ဖြင့် သွေး​စက်​သည်​နန်း တော်​နံ​ရံ​နှင့်​မြင်း​များ​အ​ပေါ်​သို့​စဉ်​၍​ကျ လေ​သည်။ ယေ​ဟု​သည်​ယေ​ဇ​ဗေ​လ​၏​အ​လောင်း ပေါ်​ဖြတ်​၍ မိ​မိ​၏​စစ်​ရ​ထား​ကို​မောင်း​နှင် ပြီး​လျှင်၊-
2KI 9:34 နန်း​တော်​သို့​ဝင်​၍​အ​စား​အ​စာ​စား​၏။ ထို နောက်​သူ​က``အ​မင်္ဂ​လာ​ခံ​ရ​သော​ထို​မိန်း​မ ကို​သင်္ဂြိုဟ်​ကြ​လော့။ မည်​သို့​ပင်​ဆို​စေ​ကာ​မူ သူ​သည်​မင်း​သ​မီး​ဖြစ်​သည်'' ဟု​ဆို​၏။-
2KI 9:35 သို့​ရာ​တွင်​သူ့​အား​သင်္ဂြိုဟ်​ရန်​သွား​ကြ​သော သူ​တို့​သည် သူ​၏​ဦး​ခွံ၊ လက်​ရိုး၊ ခြေ​ရိုး​မျှ​ကို သာ​တွေ့​ရှိ​ရ​ကြ​သ​ဖြင့်၊-
2KI 9:36 ယေ​ဟု​အား​အ​စီ​ရင်​ခံ​ကြ​၏။ ထို​အ​ခါ ယေ​ဟု​က``ယေ​ဇ​ဗေ​လ​သည်​ယေ​ဇ​ရေ​လ အ​ရပ်​တွင်​ခွေး​စာ​ဖြစ်​လိမ့်​မည်။-
2KI 9:37 သူ​၏​အ​လောင်း​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​အောင် ထို​အ​ရပ်​တွင်​နောက်​ချေး​ကဲ့​သို့​ကြဲ​လျက်​နေ လိမ့်​မည်​ဟု ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ချက်​နှင့်​အ​ညီ​ဖြစ်​သည်'' ဟု​ဆို​၏။
2KI 10:1 အာ​ဟပ်​မင်း​၏​သား​မြေး​ခု​နစ်​ဆယ်​တို့​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ယေ​ဟု သည်​အုပ်​ချုပ်​ရေး​မှူး​များ၊ မြို့​မိ​မြို့​ဖ​များ နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း​သူ​များ ထံ​သို့​စာ​ရေး​၍​ပို့​လိုက်​၏။ ထို​စာ​တွင်၊-
2KI 10:2 ``သင်​တို့​သည်​မင်း​ကြီး​၏​သား​မြေး​များ ကို​တာ​ဝန်​ယူ​စောင့်​ရှောက်​ရ​ကြ​သူ​များ​ဖြစ် သ​ဖြင့် သင်​တို့​၌​စစ်​ရ​ထား​တပ်၊ မြင်း​တပ်၊ လက်​နက်၊ ခံ​တပ်​မြို့​များ​ရှိ​ပေ​သည်။ ထို့​ကြောင့် ဤ​စာ​ကို​ရ​လျှင်​ရ​ခြင်း၊-
2KI 10:3 သင်​တို့​သည်​မင်း​ကြီး​၏​သား​မြေး​များ​ထဲ​မှ အ​သင့်​တော်​ဆုံး​သူ​ကို​ရွေး​ချယ်​၍​မင်း​မြှောက် ပြီး​လျှင် သူ​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက် ကြ​လော့'' ဟု​ပါ​ရှိ​၏။
2KI 10:4 ရှ​မာ​ရိ​မြို့​ရှိ​အုပ်​ချုပ်​ရေး​မှူး​များ​သည် ထိတ် လန့်​လျက်``ယေ​ဟု​အား​ယော​ရံ​မင်း​နှင့်​အာ​ခ​ဇိ မင်း​တို့​ပင်​လျှင် မ​ခံ​မ​ရပ်​နိုင်​ကြ​ပါ​လျှင် ငါ တို့​အ​ဘယ်​သို့​သူ့​အား​ခံ​ရပ်​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။-
2KI 10:5 သို့​ဖြစ်​၍​နန်း​တော်​အုပ်၊ မြို့ဝန်၊ မြို့​မိ​မြို့​ဖ များ​နှင့်​အာ​ဟပ်​သား​မြေး​တို့​၏​အုပ်​ထိန်း သူ​များ​က​ယေ​ဟု​ထံ​သို့``အ​ကျွန်ုပ်​တို့​သည် အ​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​သ​ဖြင့် အ​ရှင့် အ​မိန့်​တော်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သူ​ကို မျှ​မင်း​မြှောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင် သင့်​တော်​သ​လို​စီ​မံ​တော်​မူ​ပါ'' ဟု​ပြန် စာ​ရေး​၍​ပို့​ကြ​၏။
2KI 10:6 ယေ​ဟု​က​လည်း``သင်​တို့​သည်​ငါ​၏​ဘက်​သို့ ပါ​၍ ငါ့​အ​မိန့်​ကို​လိုက်​နာ​ရန်​အ​သင့်​ရှိ​ပါ လျှင် အာ​ဟပ်​မင်း​၏​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ကို နက်​ဖြန်​ဤ​အ​ချိန်​အ​ရောက်​ငါ့​ထံ သို့​ယူ​ဆောင်​ခဲ့​ကြ​လော့'' ဟု​နောက်​ထပ်​စာ ရေး​ပေး​ပို့​လိုက်​လေ​သည်။ ရှ​မာ​ရိ​မြို့​ရှိ​မြို့​မိ​မြို့​ဖ​တို့​သည် အာ​ဟပ် မင်း​၏​သား​မြေး​ခု​နစ်​ဆယ်​ကို​အုပ်​ထိန်း စောင့်​ရှောက်​လျက်​ရှိ​ကြ​၏။-
2KI 10:7 သူ​တို့​သည်​ယေ​ဟု​၏​စာ​ကို​ရ​ရှိ​ကြ​သော အ​ခါ ထို​မင်း​ညီ​မင်း​သား​ခု​နစ်​ဆယ်​ကို​သတ် ပြီး​လျှင် သူ​တို့​၏​ဦး​ခေါင်း​များ​ကို​တောင်း များ​တွင်​ထည့်​၍ ယေ​ဇ​ရေ​လ​မြို့​ရှိ​ယေ​ဟု ထံ​သို့​ပို့​လိုက်​ကြ​၏။
2KI 10:8 ယင်း​သို့​အာ​ဟပ်​သား​မြေး​တို့​၏​ဦး​ခေါင်း များ​ရောက်​ရှိ​လာ​ကြောင်း​ယေ​ဟု​ကြား​သိ လျှင် ယင်း​တို့​ကို​မြို့​တံ​ခါး​ဝ​တွင်​နှစ်​ပုံ​ပုံ ၍​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ထား​ရှိ​ရန် အ​မိန့်​ပေး​၏။-
2KI 10:9 နံ​နက်​ရောက်​သော​အ​ခါ​ယေ​ဟု​သည် မြို့ တံ​ခါး​သို့​သွား​၍​ရောက်​ရှိ​နေ​သည့်​လူ​တို့ အား``ယော​ရံ​မင်း​ကို​လုပ်​ကြံ​ခဲ့​သူ​မှာ​ငါ ပင်​ဖြစ်​၏။ ထို​အ​မှု​အ​တွက်​သင်​တို့​တွင် တာ​ဝန်​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဤ​သူ​တို့​ကို သတ်​သော​သူ​ကား​အ​ဘယ်​သူ​ဖြစ်​ပါ သ​နည်း။-
2KI 10:10 အာ​ဟပ်​၏​သား​မြေး​များ​နှင့်​ပတ်​သက်​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း စီ ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း ဤ​အ​မှု​ကို ထောက်​၍​သိ​ရှိ​နိုင်​ပါ​၏။ ထာ​ဝရ​ဘု​ရား သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား​ဖြင့် မိန့် တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ အ​ကောင် အ​ထည်​ဖော်​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။-
2KI 10:11 ထို​နောက်​ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့ တွင်​နေ​ထိုင်​လျက်​ရှိ​သော အာ​ဟပ်​၏​ဆွေ မျိုး​များ၊ သူ​၏​မှူး​မတ်​များ၊ ရင်း​နှီး​သော မိတ်​ဆွေ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ကို တစ်​ယောက်​မ​ကျန်​ကွပ်​မျက်​လေ​၏။
2KI 10:12 ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သို့​သွား​ရန်​ယေ​ဇ ရေ​လ​မြို့​မှ​ထွက်​ခွာ​သွား​၏။ လမ်း​၌​သိုး​ထိန်း များ​စ​ခန်း​ဟု​အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊-
2KI 10:13 သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က``အာ​ခ​ဇိ​၏​ဆွေ​တော်​မျိုး​တော် များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​ယေ​ဇ ဗေ​လ​မိ​ဖု​ရား​၏​သား​တော်​သ​မီး​တော်​များ နှင့် အ​ခြား​မင်း​ဆွေ​မင်း​မျိုး​တို့​အား​ဂါ​ရ​ဝ ပြု​ရန် ယေ​ဇ​ရေ​လ​မြို့​သို့​သွား​ကြ​ပါ​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-
2KI 10:14 ယေ​ဟု​က``ဤ​သူ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကြ​လော့'' ဟု​မိ​မိ​၏​လူ​တို့​အား​အ​မိန့်​ပေး သည့်​အ​တိုင်း ဖမ်း​ဆီး​၍​တွင်း​တစ်​ခု​အ​နီး တွင်​လူ​ပေါင်း​လေး​ဆယ့်​နှစ်​ယောက်​တို့​ကို ကွပ်​မျက်​လေ​သည်။
2KI 10:15 ယေ​ဟု​သည်​တစ်​ဖန်​ထွက်​ခွာ​သွား​သော​အ​ခါ လမ်း​၌​ရေ​ခပ်​၏​သား​ယော​န​ဒပ်​နှင့်​တွေ့​လေ​၏။ ယေ​ဟု​သည်​သူ့​ကို​နှုတ်​ဆက်​ပြီး​လျှင်``သင်​သည် ငါ​နှင့်​စိတ်​နေ​သ​ဘော​ထား​ချင်း​တူ​ပါ​၏။ သို့ ဖြစ်​၍​ငါ့​အား​ကူ​ညီ​မည်​လော'' ဟု​မေး​၏။ ယော​န​ဒပ်​က``ကူ​ညီ​ပါ​မည်'' ဟု​ဖြေ​၏။ ယေ​ဟု​က``ယင်း​သို့​ဖြစ်​ပါ​မူ​ငါ့​အား​သင်​၏ လက်​ကို​ကမ်း​ပေး​လော့'' ဟု​ဆို​၏။ ယော​န​ဒပ် က​လက်​ကို​ကမ်း​ပေး​လိုက်​သော​အ​ခါ ယေ​ဟု သည်​လက်​ကို​ဆွဲ​၍​ယော​န​ဒဒ်​အား​ရ​ထား ပေါ်​တက်​စေ​ပြီး​သော်၊-
2KI 10:16 ငါ​နှင့်​အ​တူ​လိုက်​၍​ထာ​ဝရ​ဘု​ရား​အ​တွက် ငါ​အ​ဘယ်​မျှ​စိတ်​ထက်​သန်​သည်​ကို​သင် ကိုယ်​တိုင်​ကြည့်​ရှု့​လော့'' ဟု​ဆို​၏။ သူ​တို့ နှစ်​ဦး​သည်​အ​တူ​တ​ကွ ရှ​မာ​ရိ​မြို့​သို့ ရ​ထား​စီး​၍​သွား​ကြ​၏။-
2KI 10:17 ထို​မြို့​သို့​ရောက်​သော​အ​ခါ​ယေ​ဟု​သည် အာ​ဟပ် ၏​ဆွေ​မျိုး​ရှိ​သ​မျှ​တို့​ကို​တစ်​ယောက်​မ​ကျန် သတ်​လေ​သည်။ ဤ​ကား​ဧ​လိ​ယ​အား​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက် ခြင်း​ပင်​ဖြစ်​သ​တည်း။
2KI 10:18 ယေ​ဟု​သည်​ရှ​မာ​ရိ​မြို့​သား​တို့​အား စု​ဝေး စေ​ပြီး​သော​အ​ခါ``အာ​ဟပ်​မင်း​သည်​ဗာ​လ ဘု​ရား​ကို​အ​နည်း​ငယ်​မျှ​သာ​ကိုး​ကွယ်​ခဲ့​၏။ ငါ​သည်​သူ့​ထက်​များ​စွာ​ပို​၍​ထို​ဘု​ရား ကို​ကိုး​ကွယ်​မည်။-
2KI 10:19 ဗာ​လ​ဘု​ရား​၏​ပ​ရော​ဖက်​များ၊ ထို​ဘု​ရား ကို​ကိုး​ကွယ်​သူ​များ​နှင့် ဗာ​လ​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​ဖိတ်​ကြ​လော့။ ငါ​သည် ဗာ​လ​ဘု​ရား​အား​တစ်​ခမ်း​တစ်​နား​ယဇ် ပူ​ဇော်​မည်​ဖြစ်​၍ ထို​သူ​တို့​အား​လုံး​လာ ရောက်​ကြ​ရ​မည်။ မည်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​လာ​ဘဲ​မ​နေ​ရ'' ဟု​ဆို​၏။ (ယင်း​သို့ ဆို​ရာ​၌​ယေ​ဟု​သည် ဗာ​လ​ဘု​ရား​ကို ကိုး​ကွယ်​သူ​အ​ပေါင်း​အား​သတ်​ဖြတ်​နိုင်​ရန် ပ​ရိ​ယာယ်​သုံး​လိုက်​ခြင်း​ဖြစ်​ပေ​သည်။-)
2KI 10:20 ထို​နောက်​ယေ​ဟု​က``ဗာ​လ​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ရန် နေ့​တစ်​နေ့​ကို​သတ်​မှတ်​ကြေ ညာ​ကြ​လော့'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ကြေ​ညာ​ချက်​ထုတ်​ပြန်​ကြ​၏။-
2KI 10:21 ထို့​နောက်​ယေ​ဟု​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ် ဝှမ်း​လုံး​သို့​သ​တင်း​ပေး​ပို့​လိုက်​သ​ဖြင့် ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​သူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​လာ​ရောက်​ကြ​၏။ ထို​သူ အား​လုံး​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ထဲ သို့​ဝင်​ကြ​ရာ တစ်​ဗိ​မာန်​လုံး​ပြည့်​လေ​သည်။-
2KI 10:22 ထို​အ​ခါ​ယေ​ဟု​သည်​အ​မြတ်​ထား​သည့် ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ​သူ​ယဇ်​ပု​ရော ဟိတ်​အား ထို​ဝတ်​လုံ​တို့​ကို​ထုတ်​၍​ဝတ်​ပြု ကိုး​ကွယ်​သူ​တို့​အား​ပေး​အပ်​စေ​၏။-
2KI 10:23 ထို​နောက်​မိ​မိ​ကိုယ်​တိုင်​ရေ​ခပ်​၏​သား​ယော န​ဒပ်​နှင့်​အ​တူ ဗာ​လ​ဗိ​မာန်​ထဲ​သို့​ဝင်​၍​ထို အ​ရပ်​တွင်​ရှိ​သူ​တို့​အား``ဤ​နေ​ရာ​တွင်​ရှိ သော​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​သူ​များ​သာ​ဖြစ်​စေ​ရ​မည်။ ထာ​ဝရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တစ်​စုံ တစ်​ယောက်​မျှ​မ​ပါ​မ​ရှိ​စေ​ရန် သင်​တို့ အ​သေ​အ​ချာ​စစ်​ဆေး​ကြ​လော့'' ဟု ဆို​၏။-
2KI 10:24 ထို​နောက်​သူ​နှင့်​ယော​န​ဒပ်​သည် ဗာ​လ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို ဆက်​သ​ရန်​အ​တွင်း​သို့​ဝင်​ကြ​၏။ ယေ​ဟု​သည် ဗာ​လ​ဗိ​မာန်​အ​ပြင်​တွင် လူ​ရှစ်​ဆယ်​ကို​နေ​ရာ ယူ​စေ​ပြီး​လျှင်``သင်​တို့​သည်​ဤ​သူ​အ​ပေါင်း ကို​သတ်​ဖြတ်​ရ​ကြ​မည်။ အ​ကယ်​၍​တစ်​စုံ တစ်​ယောက်​ထွက်​ပြေး​လွတ်​မြောက်​သွား​လျှင် တာ​ဝန်​ရှိ​သူ​သည်​အ​သတ်​ခံ​ရ​မည်'' ဟု အ​မိန့်​ပေး​ထား​လေ​သည်။
2KI 10:25 ယေ​ဟု​သည်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် အ​စောင့်​တပ်​သား​များ နှင့်​တပ်​မှူး​တို့​အား``ဝင်​၍​ထို​သူ​အ​ပေါင်း​ကို သတ်​လော့။ တစ်​ဦး​တစ်​ယောက်​မျှ​မ​လွတ်​သွား စေ​နှင့်'' ဟု​ပြော​၏။ သူ​တို့​သည်​ဋ္ဌား​လွတ်​များ ကိုင်​ဆောင်​ကာ ထို​သူ​တို့​ကို​သတ်​ပြီး​လျှင် အ​လောင်း​များ​ကို​အ​ပြင်​သို့​ဆွဲ​ထုတ်​ကြ ၏။ ထို​နောက်​သူ​တို့​သည်​ဗာ​လ​ဗိ​မာန်​အ​တွင်း ခန်း​သို့​ဝင်​၍၊-
2KI 10:26 ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ယူ​ပြီး​လျှင် မီး​ရှို့​ကြ​၏။-
2KI 10:27 သို့​ဖြစ်​၍​သူ​တို့​သည်​ဗာ​လ​ကျောက်​တိုင်​နှင့် ဗာ​လ​ဗိ​မာန်​ကို​ဖြို​ဖျက်​ပစ်​ကြ​၏။ ထို​ဘု​ရား ဗိ​မာန်​ကို​ကိုယ်​လက်​သုတ်​သင်​ရန် အိမ်​အ​ဖြစ် အ​သုံး​ပြု​ခဲ့​သည်​မှာ​ယ​နေ့​တိုင်​အောင်​ပင် ဖြစ်​သ​တည်း။
2KI 10:28 ဤ​ကား​ဗာ​လ​ဘု​ရား​အား​ကိုး​ကွယ်​မှု​ကို ဣ​သ​ရေ​လ​ပြည်​တွင်​ပယ်​ရှား​ခဲ့​ပုံ​ပင်​ဖြစ်​၏။-
2KI 10:29 သို့​ရာ​တွင်​ယေ​ဟု​သည်​ယေ​ရော​ဗောင်​မင်း ကို​အ​တု​ခိုး​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဗေ​သ​လ​မြို့ နှင့်​ဒန်​မြို့​တွင် မိ​မိ​ပြု​လုပ်​ထား​သည့်​ရွှေ နွား​ရုပ်​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​သည့် အ​ပြစ်​ကို​ကူး​လွန်​ခဲ့​၏။-
2KI 10:30 ထာ​ဝရ​ဘု​ရား​က​ယေ​ဟု​အား``သင်​သည် ငါ​ပြု​စေ​လို​သည့်​အ​တိုင်း အာ​ဟပ်​၏​သား မြေး​တို့​ကို​ပယ်​ရှား​ခဲ့​လေ​ပြီ။ သို့​ဖြစ်​၍ သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက် တိုင်​အောင်​ဣသ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ မည်'' ဟု​မိန့်​တော်​မူ​၏။-
2KI 10:31 သို့​ရာ​တွင်​ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ပ​ညတ်​တ​ရား​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း မဲ့​မ​လိုက်​လျှောက်​ဘဲ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန် လမ်း​ပြ သူ​ယေ​ရော​ဗောင်​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။
2KI 10:32 ထို​အ​ခါ​ကာ​လ​၌​ထာ​ဝရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နယ်​မြေ​၏​အ​ကျယ်​အ​ဝန်း ကို​ကျုံ့​စေ​တော်​မူ​၏။ ရှု​ရိ​ဘု​ရင်​ဟာ​ဇေ လ​သည်၊-
2KI 10:33 ယော်​ဒန်​မြစ်​အရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​နယ် မြေ​အား​လုံး​ကို တောင်​ဘက်​အာ​နုန်​မြစ်​ကမ်း ပေါ်​ရှိ​အာ​ရော်​မြို့​သို့​တိုင်​အောင်​သိမ်း​ယူ​လေ သည်။ ထို​နယ်​မြေ​တွင်​ဂဒ်၊ ရုဗင်​နှင့်​အ​ရှေ့​မ​နာ ရှေ​မျိုး​နွယ်​စု​တို့​နေ​ထိုင်​ရာ​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​တို့​ပါ​ဝင်​၏။
2KI 10:34 ယေ​ဟု​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင် သူ​လုပ် ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။-
2KI 10:35 ယေ​ဟု​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ရှ​မာ​ရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက် သူ​၏​သား​တော်​ယော​ခတ်​သည် သူ့​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။-
2KI 10:36 ယေ​ဟု​သည်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဖြင့် ရှ​မာ​ရိ​မြို့​တွင်​နှစ်​ဆယ့်​ရှစ်​နှစ်​နန်း​စံ ခဲ့​သ​တည်း။
2KI 11:1 အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-
2KI 11:2 အာ​ခ​ဇိ​၏​သား​ယော​ရှ​တစ်​ဦး​တည်း သာ​လျှင် လွတ်​မြောက်​သွား​၏။ အ​ခြား​သူ များ​နှင့်​အ​တူ​သူ့​အား​သတ်​မည့်​ဆဲ​ဆဲ ၌​ဒွေး​တော်​ယော​ရှေ​ဘ​က​ကယ်​ဆယ်​လိုက် လေ​သည်။ ယော​ရှေ​ဘ​သည်​ယ​ဟော​ရံ​မင်း ၏​သ​မီး​ဖြစ်​၍ အာ​ခ​ဇိ​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​သ​တည်း။ သူ သည်​ယော​ရှ​အ​သတ်​မ​ခံ​ရ​စေ​ရန်​ယော​ရှ နှင့်​အ​ထိန်း​တော်​အား​ခေါ်​၍ ဗိ​မာန်​တော် အိပ်​ခန်း​တွင်​ဝှက်​ထား​လေ​သည်။-
2KI 11:3 ဘု​ရင်​မ​အ​ဖြစ်​ဖြင့်​အာ​သ​လိ​နန်း​စံ​နေ​စဉ် သူ​သည်​ခြောက်​နှစ်​တိုင်​တိုင် ထို​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​ကာ​ဗိ​မာန်​တော်​၌​ပုန်း အောင်း​၍​နေ​စေ​၏။
2KI 11:4 သို့​ရာ​တွင်​သတ္တမ​မြောက်​သော​နှစ်​သို့​ရောက် သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဘု​ရင်​မ​၏​ကိုယ်​ရံ​တော်​တပ်​မှူး​များ​နှင့် နန်း​တော်​အ​စောင့်​တပ်​မှူး​များ​ကို​ဗိ​မာန် တော်​သို့​ခေါ်​ပြီး​လျှင် မိ​မိ​၏​အ​ကြံ​အ​စည် အ​တိုင်း​လိုက်​နာ​ကြ​ရန်​သစ္စာ​ဆို​စေ​၏။ ထို နောက်​သူ​သည်​ထို​သူ​တို့​အား အာ​မ​ဇိ မင်း​၏​သား​တော်​ယော​ရှ​ကို​ပြ​ပြီး​လျှင်၊-
2KI 11:5 ``ဥ​ပုသ်​နေ့​၌​တာဝန်​ထမ်း​ဆောင်​ရန်​လာ​သော အ​ခါ သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သည်​နန်း တော်​ကို​စောင့်​ရ​ကြ​မည်။-
2KI 11:6 နောက်​သုံး​ပုံ​တစ်​ပုံ​မှာ​သု​ရ​တံ​ခါး​ဝ​ကို စောင့်​ရ​ကြ​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​က​မူ ကင်း​နောက်​တံ​ခါး​ဝ​ကို​စောင့်​ရ​ကြ​မည်။-
2KI 11:7 ဥ​ပုသ်​နေ့​၌​အား​လပ်​ခွင့်​ရ​သော​လူ​နှစ်​စု သည်​ကား ရှင်​ဘု​ရင်​အား​ကာ​ကွယ်​ရန် ဗိ​မာန် တော်​ကို​စောင့်​ရ​ကြ​မည်။-
2KI 11:8 သူ​တို့​သည်​ဋ္ဌား​လွတ်​ကို​ကိုင်​ဆောင်​ကာ​ရှင် ဘု​ရင်​အား စောင့်​ရှောက်​ရ​ကြ​မည်။ မင်း​ကြီး သွား​လေ​ရာ​သို့​သူ​နှင့်​အ​တူ​လိုက်​ရ​ကြ မည်။ သင်​တို့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သူ မှန် သ​မျှ​ကို​ကွပ်​မျက်​ရ​မည်'' ဟု​အ​မိန့်​ပေး​၏။
2KI 11:9 တပ်​မှူး​တို့​သည်​ယော​ယ​ဒ​၏​ညွှန်​ကြား​ချက် များ​ကို​နာ​ခံ​လျက် မိ​မိ​တို့​တပ်​များ​မှ​ဥ​ပုသ် နေ့​၌​တာ​ဝန်​ကျ​သော​တပ်​သား​များ​နှင့် အား လပ်​ခွင့်​ရ​သည့်​တပ်​သား​များ​ကို​သူ​၏​ထံ သို့​ခေါ်​ခဲ့​ကြ​၏။-
2KI 11:10 ယော​ယ​ဒ​သည်​ထို​တပ်​သား​တို့​အား​ဗိ​မာန် တော်​တွင် ထား​ရှိ​သည့်​ဒါ​ဝိဒ်​မင်း​၏​လှံ​နှင့် ဒိုင်း​လွှား​များ​ကို​ပေး​အပ်​လေ​သည်။-
2KI 11:11 သူ​သည်​မင်း​ကြီး​ကို​ကာ​ကွယ်​စောင့်​ရှောက် ရန်​အ​တွက်​ထို​သူ​တို့​အား ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​ဋ္ဌား​လွတ်​များ ကို​ကိုင်​၍​နေ​ရာ​ယူ​စေ​၏။-
2KI 11:12 ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ​သ​ရ​ဖူ​ကို​ဆောင်း​စေ​ပြီး လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​၏။ ထို့​နောက်​သူ့​အား​ဘိ​သိက်​ပေး​၍ ဘု​ရင် ဖြစ်​ကြောင်း​ကြေ​ညာ​လေ​သည်။ လူ​တို့​သည် လည်း​လက်​ခုပ်​တီး​လျက်``မင်း​ကြီး​သက် တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​ကုန်​၏။
2KI 11:13 အာ​သ​လိ​ဘု​ရင်​မ​သည်​အ​စောင့်​တပ်​သား များ​နှင့် လူ​တို့​၏​ကြွေး​ကြော်​သံ​ကို​ကြား သ​ဖြင့် ပ​ရိ​သတ်​စု​ဝေး​ရာ​ဗိ​မာန်​တော်​သို့ အ​ဆော​တ​လျင်​လာ​သော​အ​ခါ၊-
2KI 11:14 ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​တိုင်​အ​နီး​၌ ယု​ဒ မင်း​တို့​ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​ရပ် လျက်​နေ​သော​ဘု​ရင်​သစ်​ကို​လည်း​ကောင်း၊ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ သည် မင်း​ကြီး​ကို​ခြံ​ရံ​လျက်​လူ​အ​ပေါင်း တို့​က​လည်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး ကြော်​လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​လျက်``ပုန်​ကန်​မှု ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား'' ဟု အော်​ဟစ်​၏။
2KI 11:15 ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​ကွပ်​မျက်​သည်​ကို​မ​လို​လား သဖြင့်``သူ့​အား​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​နေ​၍​ခေါ်​သွား​ကြ​လော့၊ သူ့​အား​ကယ်​ရန် ကြိုး​စား​သူ​မှန်​သမျှ​ကို​ကွပ်​မျက်​ကြ​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး​လေ​သည်။-
2KI 11:16 တပ်​မှူး​တို့​သည်​လည်း​အာ​သ​လိ​ကို​ဖမ်း ဆီး​ပြီး​လျှင် နန်း​တော်​သို့​ခေါ်​ဆောင်​ကာ မြင်း​တံ​ခါး​ဝ​၌​ကွပ်​မျက်​ကြ​၏။
2KI 11:17 ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန်​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ် ဖွဲ့​စေ​လေ​သည်။ မင်း​ကြီး​နှင့်​ပြည်​သူ​တို့​ကို လည်း​အ​ပြန်​အ​လှန်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-
2KI 11:18 ထို​နောက်​ပြည်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန် ကို​ဖြို​ဖျက်​၍ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​ကို ချိုး​ဖဲ့​ပြီး​လျှင် ယဇ်​ပလ္လင်​များ​၏​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​ကွပ်​မျက်​ကြ​၏။ ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​အ​စောင့်​များ ချ​ထား​ပြီး​နောက်၊-
2KI 11:19 တပ်​မှူး​များ၊ ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​သား များ၊ နန်း​တော်​အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ မင်း​ကြီး​အား​နန်း​တော်​သို့​ပို့​ဆောင်​ရာ​ပြည်​သူ တို့​သည် သူ​တို့​၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​လေ သည်။ မင်း​ကြီး​သည်​ကင်း​တံ​ခါး​ဝ​မှ​ဝင်​တော် မူ​၍​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။-
2KI 11:20 အာ​သ​လိ​အား​နန်း​တော်​တွင်​လုပ်​ကြံ​နှင့် ပြီး​ဖြစ်​ရာ ပြည်​သူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​၍​မြို့​တော်​သည်​လည်း​အေး​ချမ်း လျက်​နေ​၏။
2KI 11:21 ယော​ရှ​သည်​အ​သက်​ခု​နစ်​နှစ်​တွင် ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​သ​တည်း။
2KI 12:1 ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​ယေ​ဟု​မင်း​၏​နန်း စံ​ခု​နစ်​နှစ်​မြောက်​တွင် ယော​ရှ​သည်​ယု​ဒ​ပြည် ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌ အ​နှစ်​လေး​ဆယ်​နန်း​စံ​လေ​သည်။ သူ​၏​မယ် တော်​ကား​ဗေ​ရ​ရှေ​ဘ​မြို့​သူ​ဇိ​ဗိ​ဖြစ်​၏။-
2KI 12:2 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သွန် သင်​မှု​ကို​ခံ​ယူ​ရ​ရှိ​သ​ဖြင့် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​များ​ကို​ပြု​၏။-
2KI 12:3 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​မူ​ကား မ​ဖျက်​မ​သိမ်း​ဘဲ​ထား​သ​ဖြင့် ပြည်​သူ​တို့​သည်​ထို​အ​ရပ်​များ​တွင်​ယဇ် ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​သေး​၏။
2KI 12:4 ယော​ရှ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်​ပြီး လျှင် ဗိ​မာန်​တော်​အ​တွင်း​၌​ယဇ်​ပူ​ဇော်​မှု​နှင့် ပတ်​သက်​၍​ရ​ရှိ​သည့်​ငွေ​များ၊ ယဇ်​ကောင် များ​အ​တွက်​ပေး​ချေ​ငွေ​များ​နှင့် စေ​တ​နာ အ​လျောက်​ပေး​လှူ​ငွေ​များ​ကို​စု​ဆောင်း ထား​ရန်​အ​မိန့်​ပေး​၏။-
2KI 12:5 ယဇ်​ပု​ရော​ဟိတ်​အ​သီး​သီး​တို့​သည်​မိ​မိ တို့​ယဇ်​ပူ​ဇော်​ပေး​၍​ရ​ရှိ​သည့်​ငွေ​များ​ဖြင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​တွင်​လို​အပ် သ​လို​အ​သုံး​ပြု​ရန်​တာ​ဝန်​ယူ​ရ​သည်။
2KI 12:6 သို့​ရာ​တွင်​ယော​ရှ​၏​နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ် မြောက်​သို့​ရောက်​ရှိ​သည်​တိုင်​အောင် ဗိ​မာန်​တော် တွင်​မည်​သည့်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို​မျှ​မ​ပြု ရ​သေး​သ​ဖြင့်၊-
2KI 12:7 ယော​ရှ​သည်​ယော​ယ​ဒ​နှင့်​အ​ခြား​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​၍``သင်​တို့​သည်​အ​ဘယ် ကြောင့်​ဗိ​မာန်​တော်​ကို​မ​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ ယ​ခု​အ​ချိန်​မှ​အ​စ​ပြု​၍ သင်​တို့​သည်​မိ​မိ တို့​ရ​ရှိ​သည့်​ငွေ​ကို​သိမ်း​ဆည်း​၍​မ​ထား​ရ ကြ။ ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပေး​အပ်​ရ​ကြ​မည်'' ဟု​ဆို​၏။-
2KI 12:8 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငွေ​ကို​ပေး အပ်​ရန်​နှင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို တာ​ဝန်​မ​ယူ​ရန်​သ​ဘော​တူ​ကြ​လေ​သည်။
2KI 12:9 ထို​နောက်​ယော​ယ​ဒ​သည်​သေတ္တာ​တစ်​လုံး ကို​ယူ​၍​အ​ဖုံး​တွင်​အ​ပေါက်​ဖောက်​ပြီး​လျှင် ဗိ​မာန်​တော်​အဝင်​လမ်း​လက်​ယာ​ဘက်​ရှိ​ယဇ် ပလ္လင်​အနီး​တွင်​ထား​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော​ဟိတ်​များ သည် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​သူ​တို့ ပေး​လှူ​သော​ငွေ​တို့​ကို​သေတ္တာ​ထဲ​သို့​ထည့် ကြ​၏။-
2KI 12:10 အ​လှူ​ခံ​သေတ္တာ​တွင်​ငွေ​များ​လာ​သည့်​အ​ခါ တိုင်း ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ်​ပု​ရော​ဟိတ် မင်း​တို့​လာ​၍ ငွေ​ကို​ထုတ်​ယူ​ကာ​အ​ရည် ကြို​ပြီး​လျှင်​ချိန်​တွယ်​ကြ​၏။-
2KI 12:11 သူ​တို့​သည်​အ​လေး​ချိန်​အ​တိ​အ​ကျ​ကို မှတ်​သား​ထား​ပြီး​လျှင် ငွေ​ကို​ဗိ​မာန်​တော် ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​၏​လက် သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ​တို့​သည် ထို​ငွေ​ကို​လက်​သ​မား၊-
2KI 12:12 ပန်း​ရံ​သ​မား​နှင့်​ကျောက်​ဆစ်​သ​မား​တို့​၏ လုပ်​ခ​များ​အ​တွက်​လည်း​ကောင်း၊ မွမ်း​မံ​ပြင် ဆင်​ရာ​တွင်​လို​အပ်​သော​သစ်​သား၊ ကျောက် ဝယ်​ယူ​ရန်​နှင့်​အ​ခြား​လို​အပ်​သည့်​စ​ရိတ် များ​အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​ကြ​၏။-
2KI 12:13 ငွေ​ခွက်၊ ငွေ​ဖ​လား၊ ငွေ​တံ​ပိုး​ခ​ရာ​နှင့်​ငွေ မီး​ညှပ်​များ​ပြု​လုပ်​ရန်​အ​တွက်​သော်​လည်း ကောင်း ထို​ငွေ​ကို​လုံး​ဝ​အ​သုံး​မ​ပြု​ကြ။-
2KI 12:14 အ​လုပ်​သ​မား​ခ​များ​ပေး​ရန်​နှင့်​မွမ်း​မံ ပြင်​ဆင်​မှု​ဆိုင်​ရာ​ပစ္စည်း​များ​ဝယ်​ယူ​ရန် အ​တွက်​သာ ထို​ငွေ​ကို​အ​သုံး​ပြု​ကြ​၏။-
2KI 12:15 လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​သည်​လုံး​ဝ​ယုံ ကြည်​စိတ်​ချ​ရ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့ အား​ငွေ​စာ​ရင်း​အင်း​များ​ကို​တင်​ပြ​ခိုင်း ရန်​မ​လို​ချေ။-
2KI 12:16 ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သကာ​နှင့်​အ​ပြစ်​ဖြေ ရာ​ပူ​ဇော်​သ​ကာ​တို့​မှ​ရ​ရှိ​သည့်​ငွေ​ကို​မူ အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​မ​ထည့်​ဘဲ​ယဇ်​ပု​ရော ဟိတ်​တို့​ယူ​ရ​ကြ​၏။
2KI 12:17 ထို​ကာ​လ​၌​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ ထို​နောက် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် လာ​သည့်​ကာ​လ၊-
2KI 12:18 ယု​ဒ​ဘု​ရင်​ယော​ရှ​သည်​မိ​မိ​၏​အ​လျင် အုပ်​စိုး​ခဲ့​ကြ​သော​ယော​ရှ​ဖတ်​မင်း၊ ယ​ဟော​ရံ မင်း​နှင့်​အာ​ခ​ဇိ​မင်း​တို့​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သည့်​ပူ​ဇော်​သ​ကာ​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ပေး​လှူ​ထား​သည့်​ပူ​ဇော်​သကာ များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​တွင်​ရှိ​သ​မျှ​သော​ရွှေ​ကို​လည်း ကောင်း​ယူ​၍ လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဟာ​ဇေ​လ မင်း​ထံ​ပေး​ပို့​လိုက်​၏။ ထို​အ​ခါ​ဟာ​ဇေ​လ သည်​မိ​မိ​၏​တပ်​မ​တော်​ကို ယေ​ရု​ရှ​လင်​မြို့ မှ​ရုပ်​သိမ်း​သွား​လေ​၏။
2KI 12:19 ယော​ရှ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။
2KI 12:20 ယော​ရှ​မင်း​၏​မှူး​မတ်​တို့​သည်​သူ့​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​၏။ ထို​သူ​တို့​အ​နက်​ရှိ​မတ် ၏​သား​ယော​ဇ​ကာ​နှင့်​ရှော​မေ​ရ​၏​သား​ယ​ဟော ဇ​ဗပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​သိ​လ ရွာ​သွား​ရာ​လမ်း​ရှိ​ဖို့​မြေ​ပေါ်​တွင်​တည်​ဆောက် ထား​သော​စံ​နန်း​၌​သူ့​အား​လုပ်​ကြံ​ကြ​၏။ သူ့ အား​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မ​ဇိ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
2KI 13:1 ယု​ဒ​ဘု​ရင်​အာ​ခ​ဇိ​၏​သား​တော်​ယော​ရှ​၏​နန်း စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌ ယေ​ဟု​၏​သား​တော် ယော​ခတ်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ် နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​လေ​သည်။-
2KI 13:2 သူ​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​ယေ​ရော ဗောင်​မင်း​ကဲ့​သို့ ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး လွန်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။ သူ​သည်​အ​ဘယ် အ​ခါ​မျှ​မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်။-
2KI 13:3 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား အ​မျက်​ထွက်​တော်​မူ​သ ဖြင့် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​နှင့်​သား​တော်​ဗင်္ဟာ ဒဒ်​တို့​၏​လက်​တွင် အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-
2KI 13:4 ထို​အ​ခါ​ယော​ခတ်​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထာ​ဝရ​ဘု​ရား​သည် လည်း​ရှု​ရိ​ဘု​ရင်​၏​ညှဉ်း​ဆဲ​နှိပ်​စက်​မှု​ကို ဣ​သ ရေ​လ​အ​မျိုး​တို့​အ​ဘယ်​မျှ​ခံ​နေ​ရ​ကြ ကြောင်း​ကို​ရှု​မှတ်​တော်​မူ​သ​ဖြင့် ယော​ခတ် ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။-
2KI 13:5 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တင် မည့်​သူ​ကို​ပေါ်​ထွန်း​စေ​တော်​မူ​သည်။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခင်​က နည်း​တူ​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​ကြ​၏။-
2KI 13:6 သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​အား ယေ​ရော ဗောင်​မင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သည့်​ဒု​စ​ရိုက် လမ်း​စဉ်​ကို​မ​စွန့်​ဘဲ ဆက်​လက်​၍​လိုက်​မြဲ လိုက်​ကြ​၏။ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန် တိုင်​သည်​ရှ​မာ​ရိ​မြို့​တွင်​ရှိ​မြဲ​ရှိ​သေး​၏။
2KI 13:7 ရှု​ရိ​ဘု​ရင်​၏​မြေ​မှုန့်​ကဲ့​သို့​ဖျက်​ဆီး​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​သ​ဖြင့် ယော​ခတ်​တွင်​မြင်း စီး​သူ​ရဲ​ငါး​ဆယ်၊ စစ်​ရ​ထား​ဆယ်​စီး​နှင့် ခြေ​လျင်​တပ်​သား​တစ်​သောင်း​မျှ​သာ​ကျန် ရှိ​တော့​သည်။
2KI 13:8 ယော​ခတ်​၏​လက်​ရုံး​ရည်​နှင့်​သူ​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
2KI 13:9 သူ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင်​သူ့​ကို သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယ​ဟော​ရှ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
2KI 13:10 ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​၏​နန်း​စံ​သုံး​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ယော​ခတ်​၏​သား​တော်​ယ​ဟော​ရှ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း​စံ လေ​သည်။-
2KI 13:11 သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​ယေ​ရော​ဗောင်​မင်း ၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​လိုက်​လျှောက်​သူ​ဖြစ်​၏။-
2KI 13:12 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင် သူ​လုပ် ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
2KI 13:13 ယ​ဟော​ရှ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို ရှ​မာ​ရိ​မြို့​ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2KI 13:14 ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဝေဒ​နာ​စွဲ​၍​နေ​၏။ သူ သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​သေ​အံ့​ဆဲ​ဆဲ ဖြစ်​နေ​ချိန်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် သူ့​အား​ကြည့်​ရှု​ရန်​လာ​ရောက်​ပြီး​လျှင်``အ ကျွန်ုပ်​၏​အ​ဖ၊ အ​ကျွန်ုပ်​၏​အ​ဖ၊ အ​ရှင်​သည် ကြီး​မား​သော​တန်​ခိုး​စွမ်း​အင်​ဖြင့် ဣ​သ​ရေ​လ ပြည်​ကို​ကာ​ကွယ်​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု ငို​ကြွေး​၏။
2KI 13:15 ဧ​လိ​ရှဲ​က``လေး​နှင့်​မြား​တို့​ကို​ယူ​ခဲ့​လော့'' ဟု ဆို​သည့်​အ​တိုင်း​ယ​ဟော​ရှ​ယူ​လာ​သော​အ​ခါ၊-
2KI 13:16 ဧ​လိ​ရှဲ​က``လေး​ကို​တင်​လော့'' ဟု​ဆို​၏။ ထို အ​ခါ​မင်း​ကြီး​သည်​လေး​ကို​တင်​လေ​၏။ ထို နောက်​ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို​မင်း​ကြီး ၏​လက်​ပေါ်​တွင်​တင်​ပြီး​လျှင်၊-
2KI 13:17 ရှု​ရိ​ပြည်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​ပြူ တင်း​ပေါက်​ကို မင်း​ကြီး​အား​ဖွင့်​စေ​၏။ ထို​နောက် ဧ​လိ​ရှဲ​က``မြား​ကို​ပစ်​လော့'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​ပစ်​လေ​သော်​ပ​ရော​ဖက်​က``သင်​သည် ထာ​ဝရ​ဘု​ရား​၏​မြား​ဖြစ်​၏။ ဘု​ရား​ရှင်​သည် ထို​မြား​အား​ဖြင့်​ရှု​ရိ​ပြည်​ကို​အ​နိုင်​ရ​တော် မူ​လိမ့်​မည်။ သင်​သည်​အာ​ဖက်​မြို့​တွင် ရှု​ရိ​အ​မျိုး သား​တို့​အား​အ​နိုင်​မ​ရ​မ​ချင်း​တိုက်​ခိုက်​လိမ့် မည်'' ဟု​ဆို​၏။
2KI 13:18 ထို​နောက်​ဧ​လိ​ရှဲ​သည်​မင်း​ကြီး​အား အ​ခြား မြား​တို့​ကို​ယူ​စေ​၍``မြေ​ကြီး​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သုံး​ကြိမ်​ရိုက်​ပြီး​လျှင် ရပ်​လိုက်​၏။-
2KI 13:19 ယင်း​သို့​ရပ်​လိုက်​သည့်​အ​တွက်​ဧ​လိ​ရှဲ​သည် အ​မျက်​ထွက်​၍ မင်း​ကြီး​အား``အ​ကယ်​၍​ငါး ကြိမ်​ခြောက်​ကြိမ်​ရိုက်​ခဲ့​ပါ​မူ ရှု​ရိ​အ​မျိုး​သား တို့​အား​အ​ပြီး​အ​ပိုင်​အ​နိုင်​ရ​မည်။ ယ​ခု မှာ​မူ​သုံး​ကြိမ်​သာ​လျှင်​သူ​တို့​အား​အ​နိုင် ရ​လိမ့်​မည်'' ဟု​ဆို​၏။
2KI 13:20 ဧ​လိ​ရှဲ​ကွယ်​လွန်​သွား​သော​အ​ခါ သူ့​ကို​သင်္ဂြိုဟ် ကြ​၏။ မော​ဘ​ပြည်​သား​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း ဣသ ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လေ့​ရှိ​ကြ​၏။
2KI 13:21 အ​ခါ​တစ်​ပါး​၌​လူ​သေ​တစ်​လောင်း​ကို​သင်္ဂြိုဟ် မည်​ပြု​နေ​စဉ် လူ​တို့​သည်​မော​ဘ​တပ်​တစ်​တပ် ကို​မြင်​သ​ဖြင့် အ​လောင်း​ကို​ဧ​လိ​ရှဲ​၏​သ​င်္ချိုင်း တွင်း​သို့​ပစ်​ချ​ပြီး​လျှင်​ထွက်​ပြေး​ကြ​၏။ ထို အ​လောင်း​သည်​ဧ​လိ​ရှဲ​၏​အ​ရိုး​များ​နှင့်​ထိ မိ​သည်​နှင့်​တစ်​ပြိုင်​နက် အ​သက်​ပြန်​ဝင်​လာ ပြီး​လျှင်​မတ်​တပ်​ရပ်​လေ​၏။
2KI 13:22 ယော​ခတ်​၏​လက်​ထက်​ကာ​လ​ပတ်​လုံး​ဣသ​ရေ​လ အ​မျိုး​သား​တို့​သည် ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​၏ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​၏။-
2KI 13:23 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။
2KI 13:24 ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​ကွယ်​လွန်​သော​အ​ခါ သူ​၏​သား​တော်​ဗင်္ဟာ​ဒဒ်​နန်း​တက်​၏။-
2KI 13:25 ထို​ကာ​လ​၌​ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ် မင်း​၏​သား​တော်​ယ​ဟော​ရှ​သည် ဗင်္ဟာ​ဒဒ်​ကို သုံး​ကြိမ်​တိုင်​တိုင်​နှိမ်​နင်း​ပြီး​လျှင် ခ​မည်း တော်​ယော​ခတ်​လက်​ထက်​၌​ဗင်္ဟာ​ဒဒ်​သိမ်း​ယူ သွား​သော​မြို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။
2KI 14:1 ယော​ခတ်​၏​သား​တော်​ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ ၏​နန်း​စံ​ဒု​တိ​ယ​နှစ်​၌​ယော​ရှ​၏​သား​တော်​သည်၊ အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော်​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့် ကိုး​နှစ်​နန်း​စံ​ရ​၏။ သူ​၏​မယ်​တော်​မှာ​ယေ​ရု ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-
2KI 14:3 အာ​မ​ဇိ​သည်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​၏။ သို့​ရာ​တွင်​သူ​သည် မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​ကဲ့​သို့​မ​ပြု ကျင့်​ဘဲ ခ​မည်း​တော်​ယော​ရှ​ကဲ့​သို့​ပြု​ကျင့် ၏။-
2KI 14:4 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​ခြင်း​မ​ပြု​သ​ဖြင့် ပြည်​သူ​တို့​သည် ဆက်​လက်​၍​ထို​ဌာ​န​များ​တွင်​ယဇ်​ပူ​ဇော် ၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လေ​သည်။
2KI 14:5 အာ​မ​ဇိ​သည်​မိ​မိ​၏​အာ​ဏာ​တည်​သည်​နှင့် တစ်​ပြိုင်​နက် ခ​မည်း​တော်​ဘု​ရင်​မင်း​ကို​လုပ် ကြံ​သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-
2KI 14:6 သို့​ရာ​တွင်​သူ​သည်​ထို​သူ​တို့​၏​သား​သ​မီး တို့​ကို​မူ​မ​သတ်​ဘဲ``မိ​ဘ​တို့​သည်​သား​သ​မီး များ​ကူး​လွန်​သည့်​ပြစ်​မှု​များ​အ​တွက် အ​သတ် မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​တို့ ကူး​လွန်​သည့်​ပြစ်​မှု​များ​အ​တွက်​အ​သတ် မ​ခံ​စေ​ရ။ လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ ကိုယ်​တိုင်​ကူး​လွန်​သည့်​ပြစ်​မှု​အ​တွက်​သာ လျှင် အ​သတ်​ခံ​စေ​ရ​မည်'' ဟူ​၍​မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင် ပါ​ရှိ​သည့်​ထာ​ဝရ​ဘု​ရား ၏​ပ​ညတ်​တော်​ကို​လိုက်​လျှောက်​ကျင့်​သုံး တော်​မူ​၏။
2KI 14:7 အာ​မ​ဇိ​သည်​ပင်​လယ်​သေ​၏​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​တွင် ဧ​ဒုံ​စစ်​သည်​တစ်​သောင်း ကို​သုတ်​သင်​တော်​မူ​၏။ သူ​သည်​သေ​လ​မြို့ ကို​သိမ်း​ယူ​ပြီး​လျှင် မြို့​၏​နာ​မည်​ကို​ပြောင်း သ​ဖြင့် ယု​ဿေ​လ​မြို့​ဟု​ယ​နေ့​တိုင်​အောင် ခေါ်​တွင်​သ​တည်း။
2KI 14:8 ထို​နောက်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ် ပြီး​လျှင် မိ​မိ​နှင့်​စစ်​ပြိုင်​ရန်​ဖိတ်​ခေါ်​လိုက် လေ​သည်။-
2KI 14:9 သို့​ရာ​တွင်​ယ​ဟော​ရှ​မင်း​က``အ​ခါ​တစ်​ပါး​က လေ​ဗ​နုန်​တောင်​ထိပ်​တွင် ဆူး​ပင်​တစ်​ပင်​က​သစ် က​တိုး​ပင်​အား`သင်​၏​သ​မီး​ကို​ငါ့​သား​နှင့် ပေး​စား​ထိမ်း​မြား​လော့' ဟု​အ​မှာ​စာ​ပေး​ပို့​ခဲ့​၏။ သို့​ရာ​တွင်​အ​နီး​မှ​ဖြတ်​သန်း​လာ​သော သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​သည်​ထို​ဆူး​ပင်​ကို​နင်း​ချေ လိုက်​လေ​သည်။-
2KI 14:10 အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ ပြည်​သား​တို့​ကို​အ​နိုင်​ရ​သ​ဖြင့်​စိတ်​နေ​မြင့် လျက်​နေ​၏။ မိ​မိ​ရ​ရှိ​ထား​သည့်​ကျော်​စော​ကိတ္တိ ဖြင့်​ပင်​ကျေ​နပ်​ရောင့်​ရဲ​စွာ သင်​၏​နန်း​တော်​တွင် စံ​မြန်း​ပါ​လော့။ သင်​သည်​မိ​မိ​နှင့်​ပြည်​သူ​တို့ အား​ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး​ဒုက္ခ​ကို အ​ဘယ်​ကြောင့်​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန် စာ​ရေး​၍​ပေး​ပို့​လိုက်​၏။
2KI 14:11 သို့​ရာ​တွင်​သူ​၏​စ​ကား​ကို​အာ​မ​ဇိ​သည် နား​မ​ထောင်။ ထို့​ကြောင့်​ယ​ဟော​ရှ​မင်း​သည် မိ​မိ​၏​စစ်​သည်​တော်​များ​နှင့်​ချီ​တက်​ပြီး​လျှင် အာ​မ​ဇိ​မင်း​အား​ယု​ဒ​ပြည်၊ ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ခိုက်​လေ​သည်။-
2KI 14:12 အာ​မ​ဇိ​၏​တပ်​မ​တော်​မှာ​အ​ရေး​ရှုံး​နိမ့်​သ ဖြင့် သူ​၏​စစ်​သည်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ နေ​ရပ်​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-
2KI 14:13 ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​၍​မြို့​ရိုး​ပေ​ခြောက်​ရာ ကို​ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ချ​လိုက်​၏။-
2KI 14:14 သူ​သည်​မိ​မိ​တွေ့​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​နှင့်​ဘဏ္ဍာ​တော် တိုက်​တွင် ရှိ​သ​မျှ​ကို​ယူ​၍​ရှ​မာ​ရိ​မြို့​သို့ သယ်​ဆောင်​သွား​တော်​မူ​၏။ ယ​ဟော​ရှ​မင်း သည်​ဋ္ဌား​စာ​ခံ​များ​ကို​လည်း ဖမ်း​ဆီး​ခေါ် ဆောင်​ခဲ့​လေ​သည်။
2KI 14:15 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင်​သူ​လုပ် ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
2KI 14:16 ယ​ဟော​ရှ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ရှ​မာ​ရိ မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2KI 14:17 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣသ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​ပြီး​နောက်​တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​နေ​၏။-
2KI 14:18 အာ​မ​ဇိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။
2KI 14:19 အာ​မ​ဇိ​သည်​မိ​မိ​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင် လျှို့​ဝှက်​ကြံ​စည်​မှု​တစ်​ရပ်​ဖြစ်​ပေါ်​လာ သ​ဖြင့် လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့ ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-
2KI 14:20 သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင်​၍​ယူ ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင်​များ ၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-
2KI 14:21 ထို​နောက်​ယု​ဒ​ပြည်​သူ​တို့​သည် အ​သက်​တစ် ဆယ့်​ခြောက်​နှစ်​ရှိ​သား​တော်​သြ​ဇိ​ကို​မင်း မြှောက်​ကြ​၏။-
2KI 14:22 သြ​ဇိ​သည်​ခ​မည်း​တော်​ကွယ်​လွန်​ပြီး​သည် နောက် ဧ​လတ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ ပြန်​လည်​ထူ​ထောင်​လေ​သည်။
2KI 14:23 ယော​ရှ​၏​သား​တော်​ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​၏ နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​၌ ယ​ဟော​ရှ​၏ သား​တော်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​တိုင်​တိုင်​နန်း စံ​လေ​သည်။-
2KI 14:24 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​၏​ဆိုး​ယုတ်​သည့်​လမ်း​စဉ်​ကို လိုက်​၏။-
2KI 14:25 သူ​သည်​မြောက်​သို့​လား​သော်​ဟာမတ်​တောင်​ကြား လမ်း၊ တောင်​သို့​လား​သော်​ပင်​လယ်​သေ​တိုင်​အောင် ယ​ခင်​အ​ခါ​က​ဣသ​ရေ​လ​ပြည်​၏​ပိုင်​နက်​နယ် မြေ​မှန်​သ​မျှ​တို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။ ဤ​ကား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် မိ​မိ​၏​ကျွန်​တော် ရင်း၊ ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိတ္တဲ​၏​သား​ပရော​ဖက် ယော​န​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ပင်​ဖြစ်​သ​တည်း။
2KI 14:26 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြင်း​ပြ​စွာ​ခံ​စား​နေ​ရ​ကြ​သော​ဆင်း​ရဲ​ဒုက္ခ ကို​မြင်​တော်​မူ​၏။ သူ​တို့​အား​ကူ​မ​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ချေ။-
2KI 14:27 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ထာ​ဝစဉ်​ပျက် ပြုန်း​အောင်​စီ​ရင်​ရန်​အ​လို​တော်​မ​ရှိ​သ​ဖြင့် ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​အား​ဖြင့် သူ​တို့​ကို​ကယ်​တော်​မူ​၏။
2KI 14:28 ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ တိုက်​ပွဲ​တွင်​သူ​၏ လက်​ရုံး​ရည်၊ ဒ​မာ​သက်​မြို့​နှင့်​ဟာ​မတ်​မြို့​တို့ ကို ဣသ​ရေ​လ​နိုင်​ငံ​နယ်​မြေ​အ​တွင်း​သို့​ပြန် လည်​သိမ်း​ယူ​ခဲ့​ပုံ​အ​ကြောင်း​တို့​ကို ဣသ​ရေ​လ ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။-
2KI 14:29 ယေ​ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ သူ့​အား ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဇာ​ခ​ရိ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
2KI 15:1 ဣ​သ​ရေ​လ​ဘု​ရင်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင် မင်း​၏ နန်း​စံ​နှစ်​ဆယ့်​ခု​နစ်​နှစ်​မြောက်​၌​အာ​မ​ဇိ ၏​သား​သည်၊ အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​၏။ သူ ၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင်​မြို့​သူ​ယေ​ခေါ​လိ ဖြစ်​၏။-
2KI 15:3 သြ​ဇိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း​စဉ်​ကို လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။-
2KI 15:4 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် လူ​တို့​သည်​ထို ဌာ​န​များ​တွင် ဆက်​လက်​၍​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။-
2KI 15:5 ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇိ​အား​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​သေ သည့်​တိုင်​အောင်​ထို​ရော​ဂါ​ကို​ခံ​စား​ရ​၏။ သို့ ဖြစ်​၍​သား​တော်​ယော​သံ​အား တိုင်း​ပြည်​အုပ် ချုပ်​မှု​တာ​ဝန်​ကို​လွှဲ​အပ်​ပြီး​လျှင် သီး​ခြား အိမ်​တော်​တွင်​စံ​တော်​မူ​ရ​လေ​သည်။-
2KI 15:6 သြ​ဇိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-
2KI 15:7 သြ​ဇိ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယော​သံ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။
2KI 15:8 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​၏ သား​ဇာ​ခ​ရိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌​ခြောက် နှစ်​နန်း​စံ​ရ​၏။-
2KI 15:9 သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​များ​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ နေ​ဗတ်​၏​သား​ယေရော ဗောင်​၏​ဆိုး​ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၏။-
2KI 15:10 ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​လျှို့​ဝှက်​ကြံ​စည် ကာ ဇာ​ခ​ရိ​မင်း​အား​ဣ​ဗိ​လံ​မြို့​တွင်​လုပ်​ကြံ ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
2KI 15:11 ဇာ​ခ​ရိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။
2KI 15:12 သို့​ဖြစ်​၍``ငါ​သည်​သင်​၏​သား​မြေး​တို့​အား စ​တုတ္ထ​အ​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​မည်'' ဟု​ယေ​ဟု အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ဖြစ်​သ​တည်း။
2KI 15:13 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​သုံး​ဆယ့်​ကိုး​နှစ် မြောက်​၌ ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​ဣ​သ​ရေ​လ ပြည်​ဘုရင်​အ​ဖြစ် နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ တစ်​လ​မျှ​နန်း​စံ​ရ​၏။
2KI 15:14 ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ ရှ​မာ​ရိ​မြို့​သို့​သွား​၍​ရှလ္လုံ​ကို​လုပ်​ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။-
2KI 15:15 ဇာ​ခ​ရိ​မင်း​အား​လျှို့​ဝှက်​ကြံ​စည်​မှု​အ​ပါ အ​ဝင်​ရှလ္လုံ​လုပ်​ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင် ရေး​ထား​သ​တည်း။-
2KI 15:16 မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ​ချီ​တက်​လာ​စဉ် လမ်း​ခ​ရီး​တွင်​တိ​ဖ​သ​မြို့​သား​တို့​သည် မိ​မိ အား​အ​ညံ့​မ​ခံ​ကြ​သော​ကြောင့် ထို​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​နယ်​မြေ​များ​ကို​လုံး​ဝ ဖျက်​ဆီး​လေ​၏။ သူ​သည်​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​တို့​၏​ဝမ်း​ကို​ပင်​ခွဲ​၍​သတ်​လေ​သည်။
2KI 15:17 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​နှစ်​ဆယ့်​ကိုး​နှစ် မြောက်​၌ ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည် ဣ​သ​ရေ​လ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ ဆယ်​နှစ်​နန်း​စံ​လေ​သည်။-
2KI 15:18 သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​မင်း​၏​ဆိုး ညစ်​သည့်​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​သူ​၏​အ​သက်​ရှင် သ​ရွေ့​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​ပြစ်​ကူး​လွန်​ရန်​ရှေ့​ဆောင်​လမ်း ပြ​ခဲ့​သူ​ဖြစ်​သ​တည်း။-
2KI 15:19 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​တိ​က​လတ်​ပိ​လေ​သာ သည် ဣသ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လာ​၏။ ထို​အ​ခါ​မေ​န​ဟင်​သည်​မိ​မိ​၏​ပြည်​တွင် အာ​ဏာ တည်​တံ့​ခိုင်​မြဲ​ရေး​အ​တွက် တိ​က​လတ်​ပိ​လေ​သာ ၏​အ​ထောက်​အ​ကူ​ကို​ရ​ရှိ​နိုင်​ရန် သူ့​အား​ငွေ​သုံး ဆယ့်​ရှစ်​တန်​ဆက်​သ​လေ​သည်။-
2KI 15:20 ယင်း​သို့​ဆက်​သ​နိုင်​ရန်​မေ​န​ဟင်​သည် ဣ​သ​ရေ​လ သူ​ဌေး​သူ​ကြွယ်​များ​ထံ​မှ​တစ်​ဦး​လျှင် ငွေ​သား ငါး​ဆယ်​စီ​ကောက်​ယူ​၏။ သို့​ဖြစ်​၍​တိ​ဂ​လတ် ပိ​လေ​သာ​သည်​မိ​မိ​၏​တိုင်း​ပြည်​သို့​ပြန်​သွား လေ​၏။
2KI 15:21 မေ​န​ဟင်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-
2KI 15:22 သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​ပေ​က​ဟိ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2KI 15:23 ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​နန်း​စံ​တစ်​ဆယ့်​ငါး နှစ်​မြောက်​၌ မေ​န​ဟင်​၏​သား​ပေ​က​ဟိ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​နှစ်​နှစ်​နန်း​စံ​လေ​သည်။-
2KI 15:24 သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​သ​တည်း။-
2KI 15:25 ပေ​က​ဟိ​၏​တပ်​မ​တော်​အ​ရာ​ရှိ​တစ်​ဦး​ဖြစ် သူ​ပေ​ကာ​သည် ဂိ​လဒ်​ပြည်​သား​လူ​ငါး​ကျိပ် နှင့်​အ​တူ လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​က​ဟိ​ကို ရှ​မာ​ရိ​နန်း​တော်​အ​တွင်း​၌​လုပ်​ကြံ​ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
2KI 15:26 ပေ​က​ဟိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။
2KI 15:27 ယု​ဒ​ဘု​ရင်​သြဇိ​၏​နန်း​စံ​ငါး​ဆယ့်​နှစ်​နှစ် မြောက်​၌ ရေ​မ​လိ​၏​သား​ပေ​ကာ​သည် ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ရှ​မာ​ရိ​မြို့​၌ အ​နှစ်​နှစ်​ဆယ်​နန်း​စံ​လေ​သည်။-
2KI 15:28 သူ​သည်​နေ​ဗတ်​၏​သား​ယေ​ရော​ဗောင်​မင်း​၏​ဆိုး ညစ်​သော​လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ပြစ်​ကူး​လွန်​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခဲ့​သူ​ဖြစ်​၏။
2KI 15:29 ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။
2KI 15:30 သြ​ဇိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​သံ​၏​နန်း​စံ အ​နှစ်​နှစ်​ဆယ်​မြောက်​၌​ဧ​လာ​၏​သား​ဟော​ရှေ သည် လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​ကာ​မင်း​ကို​လုပ် ကြံ​ပြီး​လျှင် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-
2KI 15:31 ပေ​ကာ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။
2KI 15:32 ရေ​မ​လိ​၏​သား၊ ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ​၏ နန်း​စံ​နှစ်​နှစ်​မြောက်​၌ သြ​ဇိ​၏​သား​ယော​သံ သည် အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​တစ်​ဆယ့်​ခြောက်​နှစ်​စိုး​စံ​လေ သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ဒုတ်​၏​သ​မီး ယေ​ရု​ရှာ​ဖြစ်​၏။-
2KI 15:34 ယော​သံ​သည်​မိ​မိ​၏​ခ​မည်း​တော်​သြ​ဇိ​မင်း ၏​စံ​န​မူ​နာ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​သော​အ​မှု​တို့​ကို​ပြု​၏။-
2KI 15:35 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​မူ ဖျက်​ဆီး​ခြင်း​မ​ပြု​သ​ဖြင့် ပြည်​သူ​တို့​သည် ထို ဌာ​န​များ​တွင်​ဆက်​လက်​၍​ယဇ်​များ​ကို​ပူ ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​၏။ ယော​သံ သည်​ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​တည်​ဆောက် ခဲ့​သူ​ဖြစ်​ပေ​သည်။
2KI 15:36 ယော​သံ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
2KI 15:37 ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​အား ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​ကြ​ရန် ထာ​ဝရ ဘု​ရား​စေ​လွှတ်​တော်​မူ​သည်​မှာ​ယော​သံ​၏ လက်​ထက်​၌​ဖြစ်​၏။-
2KI 15:38 ယော​သံ​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​ခတ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
2KI 16:1 ရေ​မ​လိ​၏​သား​ပေ​ကာ​၏ နန်း​စံ​တစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌​ယော​သံ​၏​သား​အာ​ခတ်​သည်၊ အ သက်​နှစ်​ဆယ်​ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင် အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့် ခြောက်​နှစ်​နန်း​စံ​ရ​၏။ သူ​သည်​မိ​မိ​၏​ဘေး​တော် ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကောင်း​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ​သည့် အ​မှု​တို့​ကို​ပြု​၍၊-
2KI 16:3 ဣ​သ​ရေ​လ​မင်း​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို​အ​တု​ခိုး​ကာ မိ​မိ ၏​သား​တော်​ကို​ပင်​လျှင်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ အ​ဖြစ်​ရုပ်​တု​တို့​အား​ပူ​ဇော်​လေ​သည်။-
2KI 16:4 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ဖြစ်​သော​တောင် ကုန်း​များ​နှင့် အ​ရိပ်​ကောင်း​သည့်​သစ်​ပင်​အောက် တို့​တွင်​အာ​ခတ်​သည်​ယဇ်​များ​ကို​ပူ​ဇော်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။
2KI 16:5 ရှု​ရိ​ဘု​ရင်​ရေ​ဇိန်​နှင့်​ဣသ​ရေ​လ​ဘု​ရင်​ပေ​ကာ တို့​သည် စစ်​ချီ​၍​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​ကြ​သော်​လည်း အာ​ခတ်​မင်း​ကို​မ​နှိမ်​နင်း နိုင်​ကြ။-
2KI 16:6 (ထို​အ​ချိန်​၌​ပင်​လျှင်​ဧ​ဒုံ​ဘု​ရင်​သည်​ဧ​လတ် မြို့​ကို​ပြန်​လည်​သိမ်း​ယူ​ပြီး​နောက် ထို​ပြည်​တွင် နေ​ထိုင်​သူ​ယု​ဒ​ပြည်​သား​တို့​အား​နှင်​ထုတ် လိုက်​လေ​သည်။ ဧ​ဒုံ​ပြည်​သား​တို့​သည်​ဧ​လတ် မြို့​သို့​လာ​ရောက်​နေ​ထိုင်​၍​ယ​နေ့​တိုင်​အောင် ရှိ​နေ​ကြ​သ​တည်း။-)
2KI 16:7 အာ​ခတ်​မင်း​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့``အ​ကျွန်ုပ်​သည် အ​ရှင်​၏​သစ္စာ​တော်​ခံ၊ အ​စေ​ခံ​တစ်​ဦး​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက်​နေ​သူ ရှု​ရိ​ဘု​ရင်​နှင့် ဣသ​ရေ​လ​ဘု​ရင်​တို့​လက်​မှ ကယ်​တော်​မူ​ပါ'' ဟု​သ​ဝဏ်​လွှာ​ရေး​၍​သံ တ​မန်​များ​စေ​လွှတ်​ပေး​ပို့​လိုက်​၏။-
2KI 16:8 အာ​ခတ်​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​ထဲ​မှ​ရွှေ၊ ငွေ​တို့​ကို​ယူ​၍​ဧ​က​ရာဇ် မင်း​အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဆက်​သ လေ​သည်။-
2KI 16:9 တိ​ဂ​လတ်​ပိ​လေ​သာ​သည်​အာ​ခတ်​မင်း​၏​ပန် ကြား​ချက်​အ​ရ မိ​မိ​၏​တပ်​မ​တော်​နှင့်​အ​တူ ဒ​မာ​သက်​မြို့​ကို​ချီ​တက်​သိမ်း​ယူ​ပြီး​လျှင် ရေ​ဇိန်​မင်း​အား​လုပ်​ကြံ​၍​ပြည်​သူ​တို့​အား ကိ​ရ​မြို့​သို့​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​သွား တော်​မူ​၏။
2KI 16:10 အာ​ခတ်​မင်း​သည်​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ် ပိ​လေ​သာ​ကို​တွေ့​ဆုံ​ရန် ဒ​မာ​သက်​မြို့​သို့​သွား သော​အ​ခါ ထို​မြို့​တွင်​ရှိ​သော​ယဇ်​ပလ္လင်​ကို​မြင် သ​ဖြင့် ထို​ယဇ်​ပလ္လင်​၏​ပုံ​တူ​တစ်​ခု​ကို​စေ့​စပ် သေ​ချာ​စွာ​ပြု​လုပ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ် ဥ​ရိ​ယ​ထံ​သို့​ပေး​ပို့​လိုက်​၏။-
2KI 16:11 သို့​ဖြစ်​၍​ဥ​ရိ​ယ​သည်​ထို​ပုံ​စံ​အ​တိုင်း တိ​ကျ စွာ​ယဇ်​ပလ္လင်​တစ်​ခု​ကို​အာ​ခတ်​မင်း​ပြန်​၍ မ​ရောက်​မီ အ​ပြီး​ဆောက်​လုပ်​ထား​လေ​သည်။-
2KI 16:12 ဒ​မာ​သက်​မြို့​မှ​ပြန်​၍​ရောက်​ရှိ​လာ​သော အ​ခါ အာ​ခတ်​မင်း​သည်​တည်​ဆောက်​ပြီး သည့်​ယဇ်​ပလ္လင်​ကို​မြင်​လေ​လျှင်၊-
2KI 16:13 ထို​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​များ​နှင့်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​ကို​မီး​ရှို့​ပူ​ဇော်​၏။ ထို​နောက် စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ​နှင့် မိတ်​သ​ဟာ​ယ ယဇ်​ဆိုင်​ရာ​သွေး​တို့​ကို​လည်း ထို​ယဇ်​ပလ္လင်​ပေါ် တွင်​သွန်း​လောင်း​လေ​သည်။-
2KI 16:14 ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​ကြေး ဝါ​ပလ္လင်​မှာ ယဇ်​ပလ္လင်​သစ်​နှင့်​ဗိ​မာန်​တော်​စပ်​ကြား တွင်​တည်​ရှိ​နေ​သော​ကြောင့် အာ​ခတ်​သည်​ထို ပလ္လင်​ကို​ယဇ်​ပလ္လင်​သစ်​၏​မြောက်​ဘက်​သို့​ပြောင်း ရွှေ့​လိုက်​ပြီး​လျှင်၊-
2KI 16:15 ဥ​ရိ​ယ​အား``ငါ​၏​ယဇ်​ပလ္လင်​ကြီး​ကို​နံ​နက်​ချိန် မီး​ရှို့​ရာ​ယဇ်​နှင့် ည​နေ​ချိန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရင်​နှင့်​ပြည်​သူ​တို့ ၏​မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ ပြည်​သူ​တို့​၏​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​လော့။ ထို​ယဇ် ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​ရှိ​သ​မျှ​တို့​၏​သွေး ကို​သွန်း​လောင်း​လော့။ ကြေး​ဝါ​ပလ္လင်​မှာ​ငါ အ​တိတ်​နိ​မိတ်​ဖတ်​ခြင်း​ကို​မေး​လျှောက်​ရာ ဖြစ်​ရ​မည်'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း၊-
2KI 16:16 ဥ​ရိ​ယ​သည်​ပြု​လေ​၏။
2KI 16:17 အာ​ခတ်​မင်း​သည်​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု သည့်​ကြေး​ဝါ​လှည်း​တို့​ကို​ယူ​၍ ယင်း​တို့​အ​ပေါ် ရှိ​အင်​တုံ​များ​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ သူ သည်​ကြေး​ဝါ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ဆယ့် နှစ်​ကောင်​၏​ကျောက်​ကုန်း​ထက်​မှ ကြေး​ဝါ​ကန် များ​ကို​လည်း​ယူ​၍​အောက်​ခံ​ကျောက်​ပေါ်​တွင် ထား​ရှိ​လေ​သည်။-
2KI 16:18 ထို​နောက်​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​နှစ်​သက် စေ​ရန် အာ​ခတ်​သည်​ဗိ​မာန်​တော်​ရှိ​ရာ​ဇ​ပလ္လင် တည်​ရာ​စင်​မြင့်​ကို​ဖယ်​ရှား​ပြီး​လျှင် ဘု​ရင် အ​တွက်​သီး​သန့်​ထား​သည့်​ဗိ​မာန်​တော် အ​ဝင်​ဝ​ကို​လည်း​ပိတ်​လိုက်​၏။
2KI 16:19 အာ​ခတ်​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
2KI 16:20 အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ သူ့​အား​ဒါ​ဝိဒ် မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဟေ​ဇ​ကိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။
2KI 17:1 ယု​ဒ​ဘု​ရင်​အာ​ခတ်​၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ် မြောက်​၌ ဧ​လာ​၏​သား​ဟော​ရှေ​သည်​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင် ကိုး​နှစ်​နန်း​စံ​လေ​သည်။-
2KI 17:2 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​သော် လည်း မိ​မိ​၏​နောင်​တော်​ဣသ​ရေ​လ​ဘု​ရင် များ​လောက်​မ​ဆိုး​ရွား​ချေ။-
2KI 17:3 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာလ​မ​နေ​ဇာ​စစ်​ချီ လာ​သော​အ​ခါ ဟော​ရှေ​သည်​အ​ရှုံး​ပေး​ပြီး လျှင်​နှစ်​စဉ်​နှစ်​တိုင်း​အ​ခွန်​ဘဏ္ဍာ​ဆက်​သ လေ​သည်။-
2KI 17:4 သို့​ရာ​တွင်​နှစ်​တစ်​နှစ်​တွင်​ဟော​ရှေ​သည် အီ​ဂျစ် ဘု​ရင်​သွာ​မင်း​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​ပြီး​လျှင် အာ​ရှု​ရိ​ပြည် သို့​အ​ခွန်​ဘဏ္ဍာ​မ​ဆက်​သ​ဘဲ​နေ​၏။ ဤ​အ​ခြင်း အ​ရာ​ကို​ရှာ​လ​မ​နေ​ဇာ​သိ​ရှိ​သော​အ​ခါ ဟော​ရှေ​အား​ဖမ်း​ဆီး​၍​ထောင်​သွင်း​ထား​စေ​၏။
2KI 17:5 ထို​နောက်​ရှာ​လ​မ​နေ​ဇာ​သည်​ဣသ​ရေ​လ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း ရံ​ထား​၏။ သုံး​နှစ်​မျှ​ကြာ​သော​အ​ခါ၊-
2KI 17:6 ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။
2KI 17:7 ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​သည်​မှာ​ဣသ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​အား​အီ​ဂျစ်​ဘု​ရင်​၏​လက် မှ​ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ကြ​၏။-
2KI 17:8 ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ချီ​တက်​လာ ချိန်​၌ ကိုယ်​တော်​နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​လျှောက်​ကြ ၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​တီ​ထွင်​ခဲ့​သည့် ဋ္ဌ​လေ့ ထုံး​စံ​များ​ကို​ခံ​ယူ​ကျင့်​သုံး​ကြ​၏။-
2KI 17:9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက် သည့်​အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​အ​ငယ်​ဆုံး​သော​ရွာ​များ​မှ​အ​ကြီး ဆုံး​သော​မြို့​များ​တိုင်​အောင် ရှိ​ရှိ​သ​မျှ​သော မြို့​ရွာ​တို့​တွင်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ ဌာ​န​များ​ကို​တည်​ဆောက်​လျက်၊-
2KI 17:10 တောင်​ကုန်း​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​၏​အောက်​တွင် လည်း​ကောင်း၊ ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​ဘု​ရား မ​၏​တံ​ခွန်​တိုင်​များ​ကို​ထား​ရှိ​ကြ​၏။-
2KI 17:11 ထို​နောက်​သူ​တို့​သည်​ခါ​နာန်​ပြည်​မှ​ထာ​ဝ​ရ ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သည့် လူ​မျိုး​များ ၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​ယူ​ကာ ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ​ပေါ်​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အ​ကျင့်​ဆိုး​များ​ဖြင့် ထာ​ဝရ​ဘု​ရား​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
2KI 17:12 ရုပ်​တု​ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ရ​ဟူ​သော ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ။
2KI 17:13 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
2KI 17:14 သို့​ရာ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ကြ၊ မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ယုံ​ကြည် ကိုး​စား​မှု​မ​ပြု​သူ​ဘိုး​ဘေး​တို့​ကဲ့​သို့ ခေါင်း​မာ​လျက်​နေ​ကြ​၏။-
2KI 17:15 သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-
2KI 17:16 သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ချိုး​ဖောက် ကြ​လျက် ကိုး​ကွယ်​ရန်​နွား​လား​ဥ​သ​ဘ​ရုပ် နှစ်​ကောင်​ကို​သွန်း​လုပ်​ကြ​၏။ သူ​တို့​သည် အာ​ရှ​ရ​ဘု​ရား​မ​ရုပ်​တု​ကို​လည်း​ပြု​လုပ် ကြ​၏။ ကြယ်​နက္ခတ်​များ​ကို​ရှိ​ခိုး​၍​ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​ကြ​၏။-
2KI 17:17 သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ရုပ်​တု​တို့​အား​ပူ​ဇော် ကြ​၏။ နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ နှင့်​တိုင်​ပင်​ကာ​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် မှား​ယွင်း​သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု လုပ်​သော​အား​ဖြင့်​ကိုယ်​တော်​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​ကြ​၏။-
2KI 17:18 ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သူ တို့​အား​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ရှေ့​တော် မှောက်​မှ​နှင်​ထုတ်​တော်​မူ​၏။ ယု​ဒ​နိုင်​ငံ​ကို သာ​ကျန်​ရှိ​စေ​တော်​မူ​၏။
2KI 17:19 သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​ပင်​လျှင်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော် တို့​ကို​မ​စောင့်​ထိန်း​ကြ။ သူ​တို့​သည်​ဣ​သ​ရေ​လ ပြည်​သူ​တို့​ခံ​ယူ​ကျင့်​သုံး​ခဲ့​သည့်​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​အ​တု​ခိုး​ကြ​၏။-
2KI 17:20 ထာ​ဝရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စွန့်​တော်​မူ​၏။ သူ​တို့​အား​မျက် မှောက်​တော်​မှ​နှင်​ထုတ်​၍ ရက်​စက်​သည့်​ရန်​သူ များ​၏​လက်​သို့​အပ်​နှင်း​တော်​မူ​သည့်​တိုင် အောင်​ဒဏ်​ခတ်​တော်​မူ​၏။
2KI 17:21 ဣ​သ​ရေ​လ​ပြည်​ကို​ယု​ဒ​ပြည်​မှ​ထာ​ဝရ ဘု​ရား​ခွဲ​ထုတ်​တော်​မူ​လိုက်​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ကို​မင်း​မြှောက်​ကြ​၏။ သူ​တို့​အား ယေ​ရော​ဗောင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​စေ ရန်​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​စေ​ရန် လည်း​ကောင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​၏။-
2KI 17:22 သူ​တို့​သည်​ယေ​ရော​ဗောင်​၏​အ​တု​ကို​ယူ​၍ သူ​ပြု​သ​မျှ​အ​ပြစ်​ကို​ပြု​ကြ​၏။-
2KI 17:23 ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား အ​စေ​ခံ​ပ​ရော​ဖက်​များ​အား​ဖြင့် သ​တိ ပေး​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​မျက် မှောက်​တော်​မှ​နှင်​ထုတ်​တော်​မူ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အာ​ရှု​ရိ ပြည်​သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​လျက် ထို​ပြည် တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင်​ရ​ကြ​လေ သည်။
2KI 17:24 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​ဗာ​ဗု​လုန်​မြို့၊ ကု​သ​မြို့၊ အာ​ဝ​မြို့၊ ဟာ​မတ်​မြို့​နှင့်​သေ​ဖ​ရ ဝိမ်​မြို့​တို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​၍ ပြည်​နှင် ဒဏ်​သင့်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ ထိုင်​ခဲ့​သော​မြို့​ရွာ​များ​တွင်​နေ​ထိုင်​စေ​လေ သည်။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​မြို့​ရွာ​များ ကို အ​ပိုင်​ရ​လျက်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။-
2KI 17:25 ယင်း​သို့​နေ​ထိုင်​စဉ်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ကို​မ​ကိုး​ကွယ်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် ခြင်္သေ့​များ​ကို​စေ​လွှတ်​၍​လူ​အ​ချို့​ကို​ကိုက် သတ်​စေ​တော်​မူ​၏။-
2KI 17:26 ရှ​မာ​ရိ​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည့် လူ​တို့​သည် ထို​ပြည်​စောင့်​နတ်​ဘု​ရား​၏​တ​ရား ကို​မ​သိ​နား​မ​လည်​ကြ​သ​ဖြင့် ထို​ဘု​ရား သည်​ခြင်္သေ့​များ​ကို​စေ​လွှတ်​၍ သူ​တို့​အား ကိုက်​သတ်​စေ​ကြောင်း​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​ကြား​သိ​သော​အ​ခါ၊-
2KI 17:27 မင်း​ကြီး​က``ထို​ပြည်​မှ​ငါ​တို့​ဖမ်း​ဆီး​ခဲ့ သော​သုံ့​ပန်း​များ​အ​နက် ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ကို​ပြန်​၍​စေ​လွှတ်​လော့။ လူ​တို့​အား ထို​ပြည်​စောင့်​ဘု​ရား​၏​တ​ရား​ကို​သွန်​သင် ပေး​နိုင်​ရန်​သူ့​အား ထို​ပြည်​သို့​ပြန်​လည် သွား​ရောက်​နေ​ထိုင်​စေ​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။-
2KI 17:28 သို့​ဖြစ်​၍​ရှ​မာ​ရိ​ပြည်​မှ​သုံ့​ပန်း​များ​အ​နက် ဣ​သ​ရေ​လ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် ဗေ​သ​လ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၍ ထာ​ဝရ ဘု​ရား​အား​အ​ဘယ်​သို့​ကိုး​ကွယ်​ရ​မည်​ကို လူ​တို့​အား​သွန်​သင်​၏။
2KI 17:29 သို့​ရာ​တွင်​ရှ​မာ​ရိ​ပြည်​တွင်​လာ​ရောက်​နေ​ထိုင် ကြ​သူ​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ​ရုပ်​တု​များ ကို​ပြု​မြဲ​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တည်​ဆောက်​ခဲ့​သည့်​တန်​ဆောင်း​များ​တွင်​ထား ရှိ​ကြ​၏။ ထို​သူ​တို့​သည် အုပ်​စု​အ​လိုက်​သက် ဆိုင်​ရာ​ရုပ်​တု​များ​ကို​မိ​မိ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​ပြု​လုပ်​ကြ​၏။-
2KI 17:30 ဗာ​ဗု​လုန်​မြို့​သား​တို့​က​သု​ကုတ်​ဗေ​နုတ် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊ ကု​သ မြို့​သား​တို့​က​နေ​ရ​ဂါ​လ​ဘု​ရား​ရုပ်​တု များ​ကို​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သား​တို့​က အ​ရှိ​မ​ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊-
2KI 17:31 အာ​ဝ​မြို့​သား​တို့​က နိ​ဗ​ဟာ​ဇ​နှင့်​တာ​တက် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း​ပြု​လုပ် ကြ​လေ​သည်။ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​သည် အာ​ဒြမ္မေ​လက်​နှင့်​အ​နမ္မေ​လက်​ဘု​ရား​တို့​အား မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​ပူ​ဇော်​ကြ​၏။-
2KI 17:32 ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​ကို​လည်း​ဝတ်​ပြု ကိုး​ကွယ်​ကြ​ပြီး​လျှင် ရုပ်​တု​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ယဇ်​ပု​ရော​ဟိတ်​ပြု လုပ်​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မိ​မိ​တို့​အ ထဲ​မှ​လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ကြ​၏။-
2KI 17:33 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ် ကြ​သော်​လည်း မိ​မိ​တို့​ထွက်​ခွာ​လာ​သည့်​တိုင်း ပြည်​များ​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​အ​ရ​သက် ဆိုင်​ရာ​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ်​ကြ လေ​သည်။
2KI 17:34 သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း များ​ကို ယ​နေ့​တိုင်​အောင်​ကျင့်​သုံး​လျက်​ရှိ ကြ​၏။ ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ခြင်း​မ​ရှိ​ကြ။ ဣသ​ရေ​လ​ဟူ​သော​နာ​မည် ဖြင့်​ကိုယ်​တော်​သ​မုတ်​တော်​မူ​သော ယာ​ကုပ် ၏​သား​မြေး​တို့​အား​ကိုယ်​တော်​ပေး​အပ်​တော် မူ​ခဲ့​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော် များ​ကို​လည်း​မ​လိုက်​နာ​ကြ။-
2KI 17:35 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့ တော်​မူ​၍``သင်​တို့​သည်​အ​ခြား​ဘု​ရား​များ ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​နှင့်။ သူ​တို့​ရှေ့​တွင် ဦး​မ​ညွှတ်​ကြ​နှင့်။ သူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​သော်​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​ကြ​နှင့်၊-
2KI 17:36 သင်​တို့​သည်​မိ​မိ​တို့​အား​မ​ဟာ​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ရ​ကြ​မည်။ သင်​တို့​သည်​ငါ့​အား ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​ယဇ်​များ​ကို​ပူ​ဇော်​ရ ကြ​မည်။-
2KI 17:37 သင်​တို့​အ​တွက်​ငါ​ရေး​သား​ပေး​သည့်​ပ​ညတ် တော်​များ​နှင့် အ​မိန့်​တော်​များ​ကို​အ​စဉ်​အ​မြဲ လိုက်​နာ​ရ​ကြ​မည်။ သင်​တို့​သည်​အ​ခြား ဘု​ရား​များ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။-
2KI 17:38 သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို မ​မေ့​မ​လျော့​ရ။-
2KI 17:39 သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝရ​ဘု​ရား​၏ စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ငါ​သည်​လည်း သင်​တို့​အား ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​မည်'' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။-
2KI 17:40 သို့​ရာ​တွင်​သူ​တို့​သည်​နား​မ​ထောင်​ဘဲ မိ​မိ တို့​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း​များ​ကို​သာ​ဆက်​လက် ကျင့်​သုံး​ကြ​လေ​သည်။
2KI 17:41 သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​သော်​လည်း မိ​မိ​တို့​၏​ရုပ်​တု​များ ကို​လည်း​ကိုး​ကွယ်​ကြ​၏။ သူ​တို့​၏​သား​မြေး တို့​သည်​လည်း ယ​နေ့​တိုင်​အောင်​ဤ​နည်း အ​တိုင်း​ဆက်​လက်​ပြု​ကျင့်​ကြ​ကုန်​သည်။
2KI 18:1 ဧ​လာ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ဟော​ရှေ​၏ နန်း​စံ​သုံး​နှစ်​မြောက်​၌ အာ​ခတ်​၏​သား​တော် ဟေ​ဇ​ကိ​သည်၊ အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏ သ​မီး​အာ​ဘိ​ဖြစ်​၏။-
2KI 18:3 ထို​မင်း​သည်​မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​၏​စံ​န မူ​နာ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​၏။-
2KI 18:4 သူ​သည်​ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​ဖျက်​သိမ်း​၍ ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ကာ​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ပူ​ဇော် ထား​သည့်​တံ​ခွန်​တိုင်​တို့​ကို​ခုတ်​လှဲ​၏။ မော​ရှေ ပြု​လုပ်​ခဲ့​သည့်​ကြေး​ဝါ​မြွေ​ကို​လည်း အ​ပိုင်း ပိုင်း​ဖြတ်​လေ​သည်။ ထို​မြွေ​ရုပ်​ကား​န​ဟုတ္တန်​ဟု နာ​မည်​တွင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ထို​အ​ချိန်​ကာ​လ​တိုင်​အောင်​ပင် ထို​မြွေ ရုပ်​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍​ပူ​ဇော်​ခဲ့ ကြ​သ​တည်း။-
2KI 18:5 ဟေ​ဇ​ကိ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​စား သူ​ဖြစ်​၏။ ရှေး​ကာ​လ​မှ​စ​၍​နောင်​ကာ​လ တိုင်​အောင် ယု​ဒ​ပြည်​တွင်​သူ​ကဲ့​သို့​သော ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ်​ပေါက်​ချေ။-
2KI 18:6 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​၍ ကိုယ် တော်​၏​စ​ကား​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​လွန်​ဆန်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ စောင့်​ထိန်း​၏။-
2KI 18:7 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ တော်​မူ​သ​ဖြင့် သူ​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​အောင်​မြင်​လေ​သည်။ သူ​သည် အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကို​အ​ညံ့​မ​ခံ​ဘဲ ပုန်​ကန်​လေ​သည်။-
2KI 18:8 ဖိ​လိတ္တိ​ပြည်​သား​တို့​ကို​လည်း​တိုက်​ခိုက်​နှိမ်​နင်း လေ​၏။ ဂါ​ဇ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​နယ်​မြေ​အ​ပါ အ​ဝင်​သူ​တို့​နေ​ထိုင်​ရာ အ​ငယ်​ဆုံး​ကျေး​ရွာ မှ​အ​ကြီး​ဆုံး​မြို့​သို့​တိုင်​အောင်​သွား​ရောက် တိုက်​ခိုက်​လု​ယက်​လေ​သည်။
2KI 18:9 ဣ​သ​ရေ​လ​ဘု​ရင်​ဟော​ရှေ​၏​နန်း​စံ​ခု​နစ် နှစ်​မြောက်၊ ဟေ​ဇ​ကိ​မင်း​၏​နန်း​စံ​လေး​နှစ်​မြောက် ၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာ​လ​မ​နေ​ဇာ သည် ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​၏။-
2KI 18:10 သုံး​နှစ်​ကြာ​သော​အ​ခါ​ရှ​မာ​ရိ​မြို့​ကျ​ဆုံး သွား​လေ​သည်။ ယင်း​သို့​ဖြစ်​ပျက်​သည်​မှာ​ဟေ ဇ​ကိ​၏​နန်း​စံ​လေး​နှစ်​မြောက်​နှင့် ဟော​ရှေ​၏ နန်း​စံ​ကိုး​နှစ်​မြောက်​၌​ဖြစ်​သ​တည်း။-
2KI 18:11 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​သွား​ပြီး​လျှင်​အ​ချို့​ကို​ဟာ​လ​မြို့​၌ လည်း​ကောင်း၊ အ​ချို့​ကို​ဂေါ​ဇန်​ခ​ရိုင်​ဟာ​ဗော်​မြစ် အ​နီး​၌​လည်း​ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ မြို့​များ​၌​လည်း​ကောင်း​နေ​ထိုင်​စေ​၏။
2KI 18:12 ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​ခြင်း​မှာ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ဘဲ ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ချိုး ဖောက်​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ ပေး​အပ်​ခဲ့​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့် ထိန်း​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​စ​ကား တော်​ကို​နား​မ​ထောင်​အ​မိန့်​တော်​ကို​လည်း မ​လိုက်​နာ​ကြ။
2KI 18:13 ဟေ​ဇ​ကိ​မင်း​နန်း​စံ​တစ်​ဆယ့်​လေး​နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ယု​ဒ ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို​သိမ်း​ယူ​လေ​သည်။-
2KI 18:14 ဟေ​ဇ​ကိ​သည်​စေ​တ​မန်​လွှတ်​၍​လာ​ခိ​ရှ​မြို့​ရှိ သ​နာ​ခ​ရိပ်​အား``အ​ကျွန်ုပ်​မှား​ပါ​ပြီ။ အ​ရှင်​၏ တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​တော်​မူ​ပါ။ အ​ရှင်​တောင်း​ဆို သ​မျှ​အ​ကျွန်ုပ်​ပေး​ပါ​မည်'' ဟု​လျှောက်​စေ​၏။ ဧ​က​ရာဇ်​ဘု​ရင်​က​မိ​မိ​ထံ​သို့​ငွေ​ဆယ်​တန်​နှင့် ရွှေ​တစ်​တန်​ပေး​ဆက်​ရ​မည်​ဖြစ်​ကြောင်း​ပြန် ကြား​လိုက်​လေ​သည်။-
2KI 18:15 ဟေ​ဇ​ကိ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​၌ ရှိ​သ​မျှ​သော​ငွေ​ကို​လည်း​ကောင်း၊-
2KI 18:16 ဗိ​မာန်​တော်​တံ​ခါး​ဝ​များ​နှင့် မိ​မိ​ကိုယ်​တိုင် မွမ်း​မံ​ချယ်​လှယ်​ထား​သည့်​တံ​ခါး​တိုင်​များ​မှ ရွှေ​ကို​လည်း​ကောင်း​သ​နာ​ခရိပ်​အား​ပေး​၏။-
2KI 18:17 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-
2KI 18:18 ထို့​နောက်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​အား​လူ​လွှတ် ၍​ဖိတ်​ခေါ်​ကြ​၏။ ထို​အ​ခါ​ဟေ​ဇ​ကိ​၏​နန်း​တွင်း အ​ရာ​ရှိ​သုံး​ဦး​တို့​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​ရန် ထွက်​လာ​ကြ​၏။ သူ​တို့​ကား​ဟိ​လ​ခိ​၏​သား​နန်း တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း​တော်​အ​တွင်း​ဝန်​ရှေ​ဗ​န နှင့် အာ​သပ်​၏​သား​အ​မှု​တွဲ​ထိန်း​ယော​အာ​တို့ ဖြစ်​သ​တည်း။-
2KI 18:19 အာ​ရှု​ရိ​အ​မျိုး​သား​တစ်​ဦး​က​သူ​တို့​အား``အာ ရှု​ရိ​ဘု​ရင်​က​ဟေ​ဇ​ကိ​မင်း​အား`သင်​သည်​အ​ဘယ် ကြောင့်​မိ​မိ​ကိုယ်​ကို ဤ​မျှ​ယုံ​ကြည်​ကိုး​စား​လျက် နေ​သ​နည်း။-
2KI 18:20 စ​ကား​ပြော​ရုံ​ဖြင့်​စစ်​တိုက်​ရန်​စွမ်း​ရည်​ရှိ​သည် ဟု​ထင်​ပါ​သ​လော။ ငါ့​ကို​ပုန်​ကန်​ရန်​သင့်​အား အ​ဘယ်​သူ​ကူ​ညီ​လိမ့်​မည်​နည်း။-
2KI 18:21 သင်​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို​စောင့် စား​လျက်​နေ​၏။ သို့​သော်​ထို​ပြည်​ကို​အား​ကိုး ခြင်း​သည် ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး ပြု​ခြင်း​နှင့်​တူ​ပေ​သည်။ ထို​ကူ​ရိုး​သည်​ကျိုး​၍ သင်​၏​လက်​ကို​စူး​လိမ့်​မည်။ အီ​ဂျစ်​ဘု​ရင်​ကား သူ့​ကို​အား​ကိုး​သူ​အ​ဖို့ ထို​အ​ရိုး​နှင့်​တူ​သည်' ဟု​မိန့်​တော်​မူ​သည်'' ဟု​ပြော​၏။
2KI 18:22 သူ​သည်​ဆက်​လက်​၍``သင်​က`ငါ​တို့​သည် ငါ​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး ပါ​သည်' ဟု​ပြော​ဆို​ကြ​မည်​လော။ မြင့်​သော အ​ရပ်​ဌာ​န​များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဟေ​ဇ​ကိ ဖျက်​ဆီး​၍ ယု​ဒ​ပြည်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​ရှိ​ယဇ်​ပလ္လင်​၌​သာ ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန် အ​မိန့်​ထုတ်​သည်​မ​ဟုတ်​ပါ​လော။-
2KI 18:23 ငါ​၏​သ​ခင်​ဧ​က​ရာဇ်​ဘု​ရင်​သည် သင်​တို့​နှင့် အ​လောင်း​အ​စား​ပြု​မည်။ သင်​တို့​သည်​မြင်း​စီး သူ​ရဲ​နှစ်​ထောင်​ရ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင် တို့​အား​မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-
2KI 18:24 သင်​တို့​သည်​အာ​ရှု​ရိ​တပ်​မ​တော်​တွင်​အ​ငယ်​ဆုံး သော​ဗိုလ်​ကို​ပင်​ယှဉ်​ပြိုင်​နိုင်​မှု​မရှိ​ဘဲ အီ​ဂျစ်​အမျိုး သား​တို့​ထံ​မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ အ​ညီ​များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-
2KI 18:25 ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​ကူ​အ​ညီ​မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သည်​ဟု သင် တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ပြည်​ကို​တိုက် ခိုက်​ဖျက်​ဆီး​ရန် ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​ငါ့​အား​စေ​ခိုင်း​တော်​မူ​၏'' ဟု​ဆို​၏။
2KI 18:26 ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည် ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ​ဘာ​သာ စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​ပါ။ ထို စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည်​ပါ​သည်။ ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​မ​သုံး​ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ လူ​အ​ပေါင်း​တို့​နား​ထောင်​လျက်​နေ​ကြ​ပါ သည်'' ဟု​ပြော​၏။
2KI 18:27 ထို​သူ​က``ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​နှင့်​သင်​တို့ ဘု​ရင်​အား ဤ​စ​ကား​များ​ကို​ပြော​ကြား​ရန်​ငါ့ အား​စေ​လွှတ်​တော်​မူ​လိုက်​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင်​ထိုင်​နေ​ကြ​သူ​တို့​အား​လည်း ပြော​ကြား​ပါ​၏။ သင်​တို့​နည်း​တူ​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ကျင်​ကြီး​ကျင်​ငယ်​ကို​ပြန်​၍​စား​သောက် ကြ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော​၏။
2KI 18:28 ထို​နောက်​သူ​သည်​ထ​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား ဖြင့်``သင်​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
2KI 18:29 သင်​တို့​အား​ဟေ​ဇ​ကိ​လှည့်​စား​သည်​ကို​နား​မ ယောင်​ကြ​နှင့်။ ဟေ​ဇ​ကိ​သည်​သင်​တို့​အား​မ​ကယ် နိုင်။-
2KI 18:30 ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး​ရန်​သူ​၏​သွေး ဆောင်​စကား​ကို​နား​မ​ထောင်​ကြ​နှင့်။ ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ကယ်​တော်​မူ​မည်​ဟူ ၍​လည်း​ကောင်း၊ အာ​ရှု​ရိ​တပ်​မ​တော်​အား ဤ မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ် ဟူ​၍​လည်း​ကောင်း​မ​ထင်​မှတ်​ကြ​နှင့်။-
2KI 18:31 ဟေ​ဇ​ကိ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ မြို့​ထဲ မှ​ထွက်​၍​လက်​နက်​ချ​ကြ​ရန် သင်​တို့​အား​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​အ​မိန့်​တော်​ရှိ​၏။ သင်​တို့​အား ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​နှင့်​တူ​သည့် ပြည်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​သစ်​နှင့်​ပြည့်​စုံ​သော ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​ရှိ​သော​ပြည်၊ သံ​လွင် ဆီ​နှင့်​ပျား​ရည်​ရှိ​သော​ပြည်​သို့​မ​ပို့​ဆောင်​မီ အ​တော​အ​တွင်း​၌ သင်​တို့​သည်​မိ​မိ​တို့​၏ စ​ပျစ်​ပင်​များ​နှင့်​သင်္ဘော​သ​ဖန်း​ပင်​များ​မှ အ​သီး​များ​ကို​စား​ကြ​၍ မိ​မိ​တို့​၏​ရေ​တွင်း များ​မှ​ရေ​ကို​လည်း​သောက်​သုံး​ခွင့်​ရ​လိမ့်​မည်။ ဧ​က​ရာဇ်​မင်း​အ​မိန့်​ရှိ​သည်​အ​တိုင်း​လိုက် နာ​ပါ​လျှင် သင်​တို့​သည်​သေ​ရ​ကြ​မည်​မ​ဟုတ်။ အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ ထာ​ဝရ ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ်​တော်​မူ​နိုင် သည်​ဟု သင်​တို့​ထင်​မှတ်​စေ​ရန်​ဟေ​ဇ​ကိ လှည့်​စား​သည်​ကို​နား​မ​ထောင်​ကြ​နှင့်။-
2KI 18:33 အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည်​ထို​သူ တို့​၏​ပြည်​များ​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် ၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-
2KI 18:34 ဟာ​မတ်​ပြည်​နှင့်​အာ​ပဒ်​ပြည်​တို့​၏​ဘု​ရား များ​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၊ ဟေန​ပြည်​နှင့်​ဣ​ဝါ​ပြည် တို့​၏​ဘု​ရား​များ​သည် အ​ဘယ်​မှာ​ရှိ​ပါ သ​နည်း။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​ကို​ကယ် ခဲ့​ကြ​ပါ​သ​လော။-
2KI 18:35 ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ​အ​နက် အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို​ငါ တို့​ဧ​က​ရာဇ်​ဘု​ရင်​၏​လက်​မှ​အ​ဘယ်​အ​ခါ က​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကို ကယ်​တော်​မူ​နိုင်​သည်​ဟု သင်​တို့​အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။-
2KI 18:36 ပြည်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​မှာ​ကြား​လိုက် သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ် ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-
2KI 18:37 ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည်​ဝမ်း​နည်း​လျက် မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ကာ​အာ​ရှု​ရိ​အ​ရာ​ရှိ​၏​စကား​ကို​မင်း ကြီး​ထံ​ပြန်​ကြား​လျှောက်​ထား​ကြ​၏။
2KI 19:1 ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ချင်း​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​အ​ဝတ် တော်​ကို​ဆုတ်​ပြီး​လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ကြွ​တော် မူ​၏။-
2KI 19:2 မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး​သူ ယဇ်​ပု​ရော​ဟိတ်​များ​ကို အာ​မုတ်​၏​သား​ဟေ​ရှာ ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-
2KI 19:3 မင်း​ကြီး​က``ယ​နေ့​သည်​ဒု​က္ခ​ရောက်​ရာ​နေ့​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​၍ အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် သား​ဖွား​ချိန်​စေ့​သော်​လည်း သား​ဖွား​နိုင်​ရန် အား​မ​ရှိ​သည့်​အမျိုး​သ​မီး​နှင့်​တူ​ပါ​၏။-
2KI 19:4 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​မိ​မိ​၏​ဗိုလ်​ချုပ် ကို​စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​စ​ကား​ကို​ကြား​တော်​မူ​၍​ယင်း​သို့ ပြော​ဆို​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​ပါ​စေ​သော။ သို့​ဖြစ်​၍​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ လော့'' ဟု​ဟေ​ရှာ​ယ​ထံ​လျှောက်​ထား​စေ​၏။
2KI 19:5 ဟေ​ဇ​ကိ​မင်း​၏​စ​ကား​ကို​ကြား​သော​အ​ခါ ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော် မူ​၏။ အာ​ရှု​ရိ​မင်း​၏​ကျွန်​တို့​သည် ငါ့​ကို​ပြစ် မှား​၍​ပြော​ဆို​သည့်​စ​ကား​ကို​သင်​တို့​ကြား ရ​သော​အ​ခါ​မ​ကြောက်​နှင့်။-
2KI 19:7 ငါ​သည်​ဧ​က​ရာဇ်​မင်း​အား​မိ​မိ​၏​တိုင်း​ပြည် သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တ​ရာ​ကို​ကြား စေ​တော်​မူ​မည်။ ထို​နောက်​သူ့​ကို​ထို​ပြည်​၌​ပင် လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​စေ​လတ္တံ့'' ဟု​ပြန်​ကြား လိုက်​၏။
2KI 19:8 ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက်​ခွာ​ပြီး လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို​တိုက်​ခိုက် လျက်​ရှိ​ကြောင်း​ကို အာ​ရှု​ရိ​အ​ရာ​ရှိ​ကြား​သိ သော​အ​ခါ မင်း​ကြီး​နှင့်​ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ​သည်။-
2KI 19:9 ထို​အ​ခါ​အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည် မိ​မိ တို့​အား​တိုက်​ခိုက်​ရန်​ဆူ​ဒန်​ဘု​ရင်​တိ​ရက္က​ဦး စီး​ခေါင်း​ဆောင်​သည့် အီ​ဂျစ်​တပ်​မ​တော်​ချီ တက်​လာ​နေ​ကြောင်း​ကို​သ​တင်း​ရ​ရှိ​ကြ​၏။-
2KI 19:10 ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ်​မင်း သည် ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​အ​မှာ​တော် စာ​ပေး​ပို့​လိုက်​လေ​သည်။ ထို​အ​မှာ​တော်​စာ တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​က​သင်​သည် ငါ ၏​လက်​တွင်း​သို့​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ကြောင်း​မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​နား မ​ယောင်​နှင့်။-
2KI 19:11 အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​မိ​မိ​ဖျက်​ဆီး​ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ်​သို့ ပြု​တော်​မူ​တတ်​ကြောင်း​သင်​ကြား​သိ​ရ​ပြီ ဖြစ်​၏။ သင်​သည်​ငါ​၏​လက်​မှ​လွတ်​မြောက် နိုင်​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ​လော။-
2KI 19:12 ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန် မြို့၊ ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပြီး​လျှင် တေ​လ သာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင်​အ​မျိုး​သား တို့​အား​သုတ်​သင်​သတ်​ဖြတ်​ခဲ့​ကြ​၏။ သူ​တို့​၏ ဘု​ရား​များ​အ​နက်​အ​ဘယ်​ဘု​ရား​မျှ​သူ တို့​ကို​မ​ကယ်​နိုင်​ကြ။-
2KI 19:13 ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န မြို့​နှင့်​ဣ​ဝါ​မြို့​တို့​တွင်​စိုး​စံ​ခဲ့​သော​ဘု​ရင် များ​သည်​အ​ဘယ်​မှာ​နည်း'' ဟု​ဖော်​ပြ​ပါ ရှိ​၏။
2KI 19:14 ဟေ​ဇ​ကိ​မင်း​သည်​ထို​အ​မှာ​တော်​စာ​ကို​စေ တမန်​များ​ထံ​မှ​ယူ​၍​ဖတ်​ပြီး​လျှင် ဗိ​မာန်​တော် သို့​သွား​၍​ထာ​ဝရ​ဘု​ရား​၏​ရှေ့​တော်​၌​ချ ထား​၏။-
2KI 19:15 ထို​နောက်​ဤ​သို့​ပတ္ထ​နာ​ပြု​၏။ ``ခမ်း​နား​တင့် တယ်​သည့်​ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​သော အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ကမ္ဘာ နိုင်​ငံ​အ​ရပ်​ရပ်​ကို​အ​စိုး​ရ​သော​ဘုရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိုး​မြေ​ကို​ဖန် ဆင်း​တော်​မူ​ပါ​၏။-
2KI 19:16 အို ထာ​ဝရ​ဘု​ရား၊ ယ​ခု​အ​ကျွန်ုပ်​တို့​တွေ့​ကြုံ နေ​ရ​ကြ​သော​အ​မှု​ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော ကိုယ်​တော်​အား​သ​နာ​ခ​ရိပ်​စော်​ကား ပြော​ဆို​သော​စ​ကား​ကို​ကြား​တော်​မူ​ပါ။-
2KI 19:17 အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း များ​သည် လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်၊-
2KI 19:18 သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ဖျက်​ဆီး ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့် လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက်​ရုပ်​များ​သာ ဖြစ်​ပါ​၏။-
2KI 19:19 အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သိ​ရှိ​ကြ​စေ​ရန် ယ​ခု​ပင်​အ​ကျွန်ုပ်​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။''
2KI 19:20 ထို​နောက်​မင်း​ကြီး​၏​ပတ္ထ​နာ​ကို​ထာ​ဝ​ရ ဘု​ရား​နား​ညောင်း​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ မင်း​အ​တွက် ဟေ​ရှာ​ယ​မှ​တစ်​ဆင့်​ရောက် လာ​သော​ဗျာ​ဒိတ်​တော်​မှာ၊-
2KI 19:21 ``အ​ချင်း​သ​နာ​ခ​ရိပ်၊ ယေ​ရု​ရှ​လင်​မြို့​သည် သင့်​ကို​ကြည့်​၍​ပြုံး​ကာ​ပြက်​ရယ်​ပြု​လေ​ပြီ။-
2KI 19:22 သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ကို သင်​သိ​ပါ​သ​လော။ သင်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော ငါ​ဘု​ရား​အား​မ​လေး​မ​ခန့် ပြု​၍ နေ​ပါ​သည်​တ​ကား။-
2KI 19:23 သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် လေ​ဗ​နုန် ပြည်​ရှိ​အ​မြင့်​ဆုံး​တောင်​များ​ကို​နှိမ်​နင်း​အောင်​မြင် ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန်​သံ​တ​မန်​များ​ကို စေ​လွှတ်​ခဲ့​၏။ သင်​သည်​ထို​အ​ရပ်​ရှိ​အ​မြင့်​ဆုံး သစ်​က​တိုး​ပင်​များ​နှင့် အ​လှ​ဆုံး​ထင်း​ရှူး​ပင် များ​ကို​ခုတ်​လှဲ​ကာ တော​နက်​ကြီး​များ​သို့ ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ​ခဲ့​၏။-
2KI 19:24 သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင် ၏​တပ်​မ​တော်​သား​တို့​သည် ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ခဲ့​၏။
2KI 19:25 ``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခဲ့​ကြောင်း​သင်​အ​ဘယ်​အ​ခါ​၌​မျှ မ​ကြား​ဘူး​သ​လော။ ယ​ခု​ထို​အ​မှု​အ​ရာ များ​ကို​ငါ​ဖြစ်​ပွား​စေ​ပြီ။ ခံ​တပ်​မြို့​များ​ကို အ​မှိုက်​ပုံ​ဖြစ်​စေ​နိုင်​သော​တန်​ခိုး​ကို​သင့် အား​ငါ​ပေး​အပ်​ခဲ့​၏။-
2KI 19:26 ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​စွမ်း​ရည် မ​ရှိ၊ ထိတ်​လန့်​ကြောက်​ရွံ့​လျက်​အ​ရှေ့​အ​ရပ်​မှ လေ​ပူ​တိုက်​၍ ညှိုး​နွမ်း​သွား​သည့်​စား​ကျက် မြက်၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့် တူ​ကြ​၏။
2KI 19:27 ``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန်​အ​စင် ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု​၍​အ​ဘယ် အ​ရပ်​သို့​သွား​သည်​ကို​လည်း​ကောင်း၊ ငါ့​အား အ​ဘယ်​မျှ​အ​မျက်​ထွက်​လျက်​နေ​သည်​ကို လည်း​ကောင်း​ငါ​သိ​၏။-
2KI 19:28 သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့​ကို ငါ​ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို နှာ​ကွင်း​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင် လာ​လမ်း​အ​တိုင်း ပြန်​စေ​မည်'' ဟူ​၍​တည်း။
2KI 19:29 ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင်​သည်​ယ​ခု​နှစ်​နှင့်​နောင်​နှစ်​ခါ​၌ စ​ပါး ရိုင်း​ကို​သာ​လျှင်​စား​ရ​လိမ့်​မည်။ သို့​ရာ​တွင် တ​တိ​ယ​နှစ်​၌​မူ​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း စိုက်​၍ စပျစ်​သီး​များ​ကို​စား​ရ​လိမ့်​မည်။-
2KI 19:30 ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည် မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​များ ကဲ့​သို့​တိုး​တက်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-
2KI 19:31 ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင်​လူ တို့​သည် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ဖြစ်​ပျက်​စေ ရန်​ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချမှတ်​ထား တော်​မူ​သော​ကြောင့်​ဖြစ်​၏။
2KI 19:32 ``အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​နှင့်​ပတ် သက်​၍ ထာ​ဝ​ရ​ဘု​ရား​က`သူ​သည်​ဤ​မြို့​သို့ ဝင်​ရ​မည်​မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ် လက်​မျှ​ပစ်​လွှတ်​ရ​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ရန်​မြေ​က​တုတ်​များ​ကို​လည်း​ဖို့ လုပ်​ရ​မည်​မ​ဟုတ်။-
2KI 19:33 သူ​သည်​မြို့​ထဲ​သို့​မဝင်​ရ​ဘဲ​လာ​လမ်း​ဖြင့်​ပြန် ရ​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။-
2KI 19:34 ငါ​သည်​ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ ၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ဤ​မြို့​ကို​ကာ ကွယ်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​လေ​သည်။
2KI 19:35 ထို​ည​၌​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား​တစ်​သိန်း ရှစ်​သောင်း​ငါး​ထောင်​ကို​ဒဏ်​ခတ်​သ​ဖြင့် နောက် တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌​ထို​သူ​အ​ပေါင်း တို့​သည်​သေ​လျက်​နေ​ကြ​၏။-
2KI 19:36 ထို​အ​ခါ​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည် တပ် ခေါက်​၍​နိ​နေ​ဝေ​မြို့​သို့​ပြန်​တော်​မူ​၏။-
2KI 19:37 တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​နေ​စဉ်​သား​တော်​များ ဖြစ်​သော​အာ​ဒြမ္မေ​လက်​နှင့်​ရှ​ရေ​ဇာ​တို့​သည် မင်း ကြီး​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ပြီး​လျှင်​အာ​ရ​ရတ် ပြည်​သို့​ထွက်​ပြေး​ကြ​၏။ အ​ခြား​သား​တော် တစ်​ပါး​ဖြစ်​သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
2KI 20:1 ထို​အ​ချိန်​ကာ​လ​၌​ပင်​ဟေ​ဇ​ကိ​မင်း​သည် သေ​လု​မ​တတ်​ဖျား​နာ​၏။ အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် မင်း​ကြီး​ကို​လာ ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည်​ပြန်​လည် ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ​ဖြင့် အ​ရှင် နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့​ကို​မှာ​ကြား ခဲ့​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ သို့ ဖြစ်​၍​သေ​ရန်​အ​သင့်​ပြင်​ပါ​လော့'' ဟု​ဆင့် ဆို​၏။
2KI 20:2 ဟေ​ဇ​ကိ​သည် နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့်​လျက်၊-
2KI 20:3 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​အ​မှု​တော်​ကို​သစ္စာ​နှင့်​ဆောင်​ရွက်​လျက် ကိုယ် တော်​ပြု​စေ​လို​သည်​အ​တိုင်း​ပြု​သည်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​ပြီး​လျှင်​အ​လွန် ငို​ကြွေး​လေ​၏။
2KI 20:4 ဟေ​ရှာ​ယ​သည်​မင်း​ကြီး​ထံ​မှ​ထွက်​ခွာ​သွား ရာ နန်း​တော်​အ​လယ်​ဝင်း​ကို​မ​ဖြတ်​မီ​ဟေ ရှာ​ယ​ထံ​သို့၊-
2KI 20:5 ``ငါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ကို အ​စိုး ရ​သူ​ဟေ​ဇ​ကိ​မင်း​ထံ​သို့​ပြန်​သွား​၍`သင်​၏ ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​၏​ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည်​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည် သင်​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​မည် ဖြစ်​၍ သင်​သည်​သုံး​ရက်​ကြာ​သော်​ဗိ​မာန် တော်​သို့​သွား​နိုင်​လိမ့်​မည်။-
2KI 20:6 ငါ​သည်​သင့်​အား​နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ် အ​သက်​ရှင်​စေ​မည်။ ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​လက် မှ​ကယ်​ဆယ်​မည်။ ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ငါ​ပေး​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ငါ​သည်​ဤ​မြို့ ကို​ကာ​ကွယ်​မည်' ဟု​ဆင့်​ဆို​လော့'' ဟု​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။
2KI 20:7 ဟေ​ရှာ​ယ​သည်​မင်း​ကြီး​၏​အ​စေ​ခံ​တို့ အား``အ​ရှင်​၏​အ​နာ​စိမ်း​ကို​သ​င်္ဘော​သ​ဖန်း သီး​ဖြင့်​အုံ​၍​ထား​ပါ။ ထို​အ​နာ​သည်​သက် သာ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​ပြော​၏။-
2KI 20:8 မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​နာ ကို​ပျောက်​ကင်း​စေ​သ​ဖြင့် ငါ​သည်​သုံး​ရက်​ကြာ သော်​ဗိ​မာန်​တော်​သို့​သွား​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ်​သက်​သေ​လက္ခ​ဏာ​အား​ဖြင့်​သိ​ရှိ​နိုင် ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။-
2KI 20:9 ဟေ​ရှာ​ယ​က``ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏ ကတိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​သက်​သေ​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​မည်။ အ​ရှင်​သည်​လှေ​ကား ပေါ်​တွင်​ကျ​လျက်​ရှိ​သော​အ​ရိပ်​ကို​ရှေ့​သို့ ဆယ်​ထစ်​တိုး​စေ​လို​ပါ​သ​လော။ သို့​မ​ဟုတ် နောက်​သို့​ဆယ်​ထစ်​ဆုတ်​စေ​လို​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။
2KI 20:10 ဟေ​ဇ​ကိ​က``အ​ရိပ်​ကို​ဆယ်​ထစ်​တိုး​စေ​ရန် မှာ​လွယ်​ကူ​၏။ သို့​ဖြစ်​၍​ဆယ်​ထစ်​ဆုတ်​ပါ လေ​စေ'' ဟု​ဆို​၏။
2KI 20:11 ဟေ​ရှာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ ပြု​ခြင်း​အား​ဖြင့် အာ​ခတ်​မင်း​ဆောက်​လုပ်​ထား ခဲ့​သည့်​လှေ​ကား​ပေါ်​တွင်​ကျ​လျက်​ရှိ​သော အ​ရိပ်​သည်​နောက်​သို့​ဆယ်​ထစ်​ဆုတ်​လေ​၏။
2KI 20:12 ထို​အ​ချိန်​ကာ​လ​၌​ဗာ​လ​ဒန်​မင်း​၏​သား​တော် ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒ​ဗာ​လ​ဒန်​သည် ဟေ ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား​သိ​ရ သ​ဖြင့် သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက်​ဆောင်​ပေး ပို့​ရာ၊-
2KI 20:13 ဟေ​ဇ​ကိ​သည်​စေ​တ​မန်​တို့​ကို​ကြို​ဆို​ပြီး လျှင် မိ​မိ​၏​ဘဏ္ဍာ​တော်​များ​ဖြစ်​သည့် ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ နံ့​သာ​ဆီ​နှင့်​လက်​နက်​ရှိ​သ​မျှ ကို​ပြ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​နှင့်​နိုင်​ငံ တော်​အ​ရပ်​ရပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ ကို ထို​သူ​တို့​အား​မင်း​ကြီး​ပြ​လေ​၏။-
2KI 20:14 ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ​သွား ၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​ပါ သ​နည်း။ သူ​တို့​က​အ​ရှင်​အား​အ​ဘယ်​သို့​တင် လျှောက်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ က``သူ​တို့​သည်​အ​လွန်​ဝေး​သော​ဗာ​ဗု​လုန် ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​၏။
2KI 20:15 ဟေ​ရှာ​ယ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌ အ​ဘယ်​အ​ရာ​များ​ကို​တွေ့​မြင်​သွား​ကြ ပါ​သ​နည်း'' ဟု​မေး​ပြန်​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​တွေ့​မြင်​ကြ​ပါ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​ထဲ​မှ​သူ​တို့​အား ငါ မ​ပြ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု မိန့်​တော်​မူ​၏။
2KI 20:16 ထို​အ​ခါ​ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင့် နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး​ဘေး​တို့​စု ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့​ဆောင်​ယူ​သွား ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ​လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​ကျန်​ရစ် လိမ့်​မည်​မ​ဟုတ်။-
2KI 20:18 အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့​သည် လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင်​၏​နန်း တော်​တွင် မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့် ဆို​လေ​သည်။
2KI 20:19 ဟေ​ဇ​ကိ​မင်း​သည်​မိ​မိ​၏​လက်​ထက်​၌ ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့် မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ်​ကောက်​ယူ​ကာ``ငါ့​အား ဆင့်​ဆို​သည့်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ် တော်​သည်​ကောင်း​ပေ​၏'' ဟု​ဆို​၏။
2KI 20:20 ဟေ​ဇ​ကိ​မင်း​၏​လက်​ရုံး​ရည်၊ ရေ​လှောင်​ကန် ဆောက်​လုပ်​ခြင်း၊ မြို့​တွင်း​သို့​ရေ​သွင်း​ပြွန်​သွယ် ခြင်း​အ​ပါ​အ​ဝင် သူ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား အမှု​အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။-
2KI 20:21 ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား​တော် မ​နာ​ရှေ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2KI 21:1 မ​နာ​ရှေ​ယု​ဒ​ပြည်​တွင်​နန်း​တက်​ချိန်​၌​အ​သက် တစ်​ဆယ့်​နှစ်​နှစ်​ရှိ​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့ တွင် ငါး​ဆယ့်​ငါး​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​ဟဇ္ဇိ​ဘ​ဖြစ်​၏။-
2KI 21:2 မ​နာ​ရှေ​သည်​ခါ​နာန်​ပြည်​သို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​ဋ္ဌ​လေ့ များ​ကို​ကျင့်​သုံး​၍​ကိုယ်​တော်​အား​ပြစ်​မှား ၏။-
2KI 21:3 သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက် သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ပြန်​လည်​တည်​ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​စိုက်​ထူ​၏။ ကြယ် နက္ခတ်​များ​ကို​လည်း​ဝတ်​ပြု​ရှိ​ခိုး​၏။-
2KI 21:4 ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာန တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ​ဗိ​မာန် တော်​တွင် ရုပ်​တု​များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် များ​ကို​တည်​ဆောက်​၏။-
2KI 21:5 ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ခု​အ​တွင်း​၌​လည်း​ကြယ် နက္ခတ်​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။-
2KI 21:6 မိ​မိ​၏​သား​တော်​ကို​လည်း မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ယဇ်​ပူ​ဇော်​၏။ နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​လေ့​လာ​၍ ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​တို့​ကို​တိုင်​ပင်​၏။ သူ​သည်​ထာ​ဝရ ဘု​ရား​အား များ​စွာ​ပြစ်​မှား​၍​အ​မျက်​တော် ကို​လှုံ့​ဆော်​လေ​သည်။-
2KI 21:7 သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက် ၍ ထာ​ဝ​ရ​ဘု​ရား​က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော လ​မုန်​အား``ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ် နွယ်​တို့​၏​နယ်​မြေ​ရှိ​သ​မျှ​မှ ငါ​ရွေး​ချယ် တော်​မူ​ရာ​ယေ​ရု​ရှ​လင်​မြို့​ရှိ ဤ​ဗိ​မာန်​တော် သည်​ငါ့​ကို​အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ဖြစ်​လိမ့်​မည်။-
2KI 21:8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​မိန့် တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ​ပေး​အပ် သည့်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ​လျှင် ငါ သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့​အား​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​တော်​မှ​နှင်​ထုတ်​တော်​မူ​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။-
2KI 21:9 သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ကြ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ​တက်​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက် သည့်​လူ​မျိုး​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ အ​ပြစ်​ကူး​လွန်​ကြ​စေ​ရန်​မ​နာ​ရှေ​ရှေ့ ဆောင်​လမ်း​ပြ​၏။
2KI 21:10 ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ များ​နှင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်၊-
2KI 21:11 ``မ​နာ​ရှေ​သည်​ဤ​စက်​ဆုတ်​ဖွယ်​ကောင်း​သော အ​မှု​တို့​ကို​ပြု​လေ​ပြီ။ ခါ​နာန်​အ​မျိုး​သား တို့​ပြု​သော​အ​မှု​များ​ထက်​ပင် လွန်​စွာ​ပို​မို ဆိုး​ရွား​သည့်​အ​မှု​တို့​ကို​ပြု​လေ​ပြီ။ သူ​သည် မိ​မိ​၏​ရုပ်​တု​များ​အား​ဖြင့် ယု​ဒ​ပြည်​သူ တို့​အား​အ​ပြစ်​ကူး​လွန်​စေ​ရန်​ရှေ့​ဆောင် လမ်း​ပြ​၏။-
2KI 21:12 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သ​တင်း ကြား​သူ​တိုင်း​အံ့​သြ​လောက်​အောင် ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အား​ဘေး​သင့်​စေ​မည်။-
2KI 21:13 ရှ​မာ​ရိ​မြို့​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့် သား​မြေး​တို့​ကို​ဒဏ်​ခတ်​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​ကို​ငါ​ဒဏ်​ခတ်​မည်။ စင်​အောင်​သုတ်​၍​မှောက် ထား​သည့်​ပန်း​ကန်​သ​ဖွယ် ယေ​ရု​ရှ​လင်​မြို့​တွင် လူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​အောင်​သုတ် သင်​ရှင်း​လင်း​မည်။-
2KI 21:14 မ​သေ​ဘဲ​ကျန်​ရစ်​သူ​တို့​ကို ငါ​သည်​စွန့်​၍​ရန်​သူ များ​၏​လက်​သို့​အပ်​မည်။ ရန်​သူ​တို့​သည်​သူ​တို့ ကို​နှိမ်​နင်း​၍ သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု ယူ​ကြ​လိမ့်​မည်။-
2KI 21:15 ငါ​၏​လူ​မျိုး​တော်​သည်​သူ​တို့​၏​ဘိုး​ဘေး များ​အီ​ဂျစ်​ပြည်​က​ထွက်​ခွာ​လာ​ချိန်​မှ​အ​စ ပြု​၍ ယ​နေ့​တိုင်​အောင်​ငါ့​အား​ပြစ်​မှား​လျက် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​နေ​ကြ​သ​ဖြင့် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
2KI 21:16 မ​နာ​ရှေ​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ရုပ်​တု​ကိုး ကွယ်​စေ​ရန် ရှေ့​ဆောင်​လမ်း​ပြ​ကာ​ထာ​ဝရ​ဘု​ရား အား​ပြစ်​မှား​စေ​၏။ ထို့​အ​ပြင်​အ​ပြစ်​မဲ့​သူ​လူ အ​မြောက်​အ​မြား​ကို​သတ်​၍ ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​တွင်​သွေး​ချောင်း​စီး​စေ​လေ​သည်။
2KI 21:17 သူ​ကူး​လွန်​သည့်​အ​ပြစ်​များ​အ​ပါ​အ​ဝင် မ​နာ​ရှေ​လုပ်​ဆောင်​ခဲ့​သော အ​ခြား​အ​မှု​အ​ရာ ရှိ​သ​မျှ​ကို​ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-
2KI 21:18 မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ သူ့​အား​သြ​ဇ ဥ​ယျာဉ်​ခေါ်​နန်း​တော်​ဥ​ယျာဉ်​တွင်​သင်္ဂြိုဟ်​ကြ ၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မုန်​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
2KI 21:19 အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ​ယုမ္ဘာ​မြို့​သား ဟာ​ရုပ်​၏​သ​မီး မေ​ရှု​လ​မက်​ဖြစ်​၏။-
2KI 21:20 အာ​မုန်​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့ သို့​ပင် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-
2KI 21:21 သူ​သည်​ခ​မည်း​တော်​၏​အ​ကျင့်​များ​ကို အ​တု​ခိုး​၏။ ခ​မည်း​တော်​ကိုး​ကွယ်​သည့် ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၏။-
2KI 21:22 မိ​မိ​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ကို​ပစ်​ပယ်​ကာ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​၏။
2KI 21:23 အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်း​၌​လုပ်​ကြံ​ကြ​၏။-
2KI 21:24 ထို့​ကြောင့်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။
2KI 21:25 အာ​မုန်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
2KI 21:26 အာမုန်​အား​သြ​ဇ​ဥ​ယျာဉ်​ရှိ​သင်္ချိုင်း​တွင် သင်္ဂြိုဟ် လိုက်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ယော​ရှိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။
2KI 22:1 ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဗော​ဇ​ကတ်​မြို့​သား​အ​ဒါ ယ​၏​သ​မီး​ယေ​ဒိ​ဒ​ဖြစ်​၏။-
2KI 22:2 ယော​ရှိ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။ သူ​သည်​မိ​မိ​၏​ဘိုး တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ လိုက်​နာ​ကျင့်​သုံး​၏။
2KI 22:3 ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ မေ​ရှု​လံ​၏​မြေး၊ အာ​ဇ​လိ​၏​သား၊ နန်း​တော် အ​တွင်း​ဝန်​ရှာ​ဖန်​ကို၊-
2KI 22:4 ``ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​ထံ​သို့​သွား​၍ ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ကောက်​ခံ​ရ​ရှိ​သည့်​ငွေ​စာ​ရင်း​ကို​တောင်း​ယူ လော့။-
2KI 22:5 ထို​နောက်​ငွေ​ကို​ဗိ​မာန်​တော်​ပြင်​ဆင်​မှု​ကြီး ကြပ်​သူ​တို့​ထံ​သို့​ပေး​အပ်​ရန် သူ့​အား​ပြော ကြား​လော့။ ကြီး​ကြပ်​သူ​တို့​သည်၊-
2KI 22:6 လက်​သ​မား​များ၊ ဗိ​သု​ကာ​များ​နှင့်​ပန်း​ရံ များ​၏​လုပ်​ခ​ကို​ပေး​ရန်​နှင့် ဗိ​မာန်​တော်​ပြင် ဆင်​ရာ​တွင်​လို​အပ်​သည့်​သစ်​သား​နှင့်​ကျောက် ကို​ဝယ်​ရန်​ထို​ငွေ​ကို​အ​သုံး​ပြု​ရ​မည်။-
2KI 22:7 ကြီး​ကြပ်​သူ​တို့​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ရ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​စာ​ရင်း​အင်း များ​ပြ​ခိုင်း​ရန်​မ​လို'' ဟု​အ​မိန့်​ပေး​၍ ဗိ​မာန်​တော်​သို့​စေ​လွှတ်​လေ​၏။
2KI 22:8 ရှာ​ဖန်​သည်​မင်း​ကြီး​၏​အ​မိန့်​တော်​ကို​ဟိ​လ​ခိ အား​ပြော​ကြား​၏။ ထို​နောက်​ဟိ​လ​ခိ​က​မိ​မိ သည် ဗိ​မာန်​တော်​ထဲ​တွင်​ပ​ညတ်​တ​ရား​ကျမ်း စောင်​ကို​တွေ့​ရှိ​ကြောင်း​ပြော​ပြ​၏။ ဟိ​လ​ခိ သည်​ထို​ကျမ်း​စောင်​ကို​ရှာ​ဖန်​အား​ပေး သ​ဖြင့်​ရှာ​ဖန်​သည်​ဖတ်​လေ​သည်။-
2KI 22:9 ထို​နောက်​သူ​သည်​မင်း​ကြီး​ထံ​သို့​ပြန်​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​ဗိ​မာန်​တော်​မှ​ငွေ​ကို​ယူ​၍ ပြင်​ဆင်​မှု​ကြီး​ကြပ်​သူ​တို့​၏​လက်​သို့​ပေး အပ်​ပြီး​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား​အ​စီ​ရင် ခံ​လေ​သည်။-
2KI 22:10 ထို​နောက်``ဤ​ကျမ်း​စောင်​ကို​အ​ကျွန်ုပ်​အား ဟိ​လ​ခိ​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​မင်း​ကြီး​အား ထို​ကျမ်း​စောင်​ကို အ​သံ​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။-
2KI 22:11 မင်း​ကြီး​သည်​ပ​ညတ်​တ​ရား​ကျမ်း​စ​ကား ကို​ကြား​သော​အ​ခါ ဝမ်း​နည်း​လျက်​အ​ဝတ် တော်​ကို​ဆုတ်​လေ​သည်။-
2KI 22:12 မင်း​ကြီး​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်၊ ရှာ​ဖန်​၏​သား အ​ဟိ​ကံ၊ မိက္ခာ​၏​သား​အာ​ခ​ဗော်၊ မိ​မိ​၏ အ​စေ​ခံ​အ​သ​ဟိ​တို့​ကို​ခေါ်​၍၊-
2KI 22:13 ``သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့ သွား​၍ ငါ​နှင့်​ယု​ဒ​ပြည်​သူ​လူ​အ​ပေါင်း​တို့ အ​တွက် ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့်​သွန် သင်​ချက်​များ​အ​ကြောင်း​ကို​မေး​လျှောက်​ကြ လော့။ ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို မ​လိုက်​နာ​မ​ပြု​ကျင့်​ကြ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက်​တော် မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
2KI 22:14 ဟိ​လ​ခိ၊ ရှာ​ဖန်၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်​နှင့်​အ သ​ဟိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​တွင်​နေ ထိုင်​သူ​ဟု​လ​ဒ​နာ​မည်​ရှိ အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​ရောက်​၍​စုံ​စမ်း​မေး​မြန်း ကြ​ရာ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း​မှာ​ဟ​ရ ဟတ်​၏​မြေး၊ တိ​က​ဝ​၏​သား​ရှလ္လုံ​ဖြစ်​၍​သူ သည် ဗိ​မာန်​တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ​ဖြစ်​၏။-)
2KI 22:15 အမျိုး​သ​မီး​ပ​ရော​ဖက်​က​သူ​တို့​အား``မင်း​ကြီး ထံ​ဤ​သို့​ပြန်​ကြား​ကြ​လော့။ ထာ​ဝရ​ဘု​ရား က`ငါ​သည်​မင်း​ကြီး​ဖတ်​ရ​သည့်​ကျမ်း​စောင်​တွင် ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့ နှင့်​တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​သုတ် သင်​ဖျက်​ဆီး​မည်။-
2KI 22:17 သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သူ​တို့​သည်​ဤ အ​မှု​တို့​ကို​ပြု​ခြင်း​ဖြင့်​ငါ​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ် မ​ငြိမ်း​နိုင်​သော​ဒေါ​သ​မီး​သင့်​လောင်​စေ​မည်။-
2KI 22:18 မင်း​ကြီး​နှင့်​ပတ်​သက်​၍​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်။ သင်​သည်​ပ​ညတ်​တ​ရား ကျမ်း​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း လိုက်​နာ​ပေ​သည်။-
2KI 22:19 ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​မြို့​သူ​မြို့​သား​တို့ အား ဒဏ်​ခတ်​ရန်​ငါ​ခြိမ်း​ခြောက်​သည်​ကို​ကြား သိ​သော​အ​ခါ သင်​သည်​ငို​ကြွေး​ကာ​မိ​မိ​အ​ဝတ် ကို​ဆုတ်​ပြီး​လျှင် နောင်​တ​ရ​၍​ငါ​၏​ရှေ့​တော် တွင်​စိတ်​နှိမ့်​ချ​လျက်​နေ​၏။ ငါ​သည်​ဤ​မြို့​ကို ပျက်​ပြုန်း​စေ​မည်။ ဤ​မြို့​၏​နာ​မည်​သည် လူ​တို့ ကျိန်​ဆဲ​ရာ​လက်​သုံး​စ​ကား​ဖြစ်​လိမ့်​မည်။ သို့ ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပြီ။-
2KI 22:20 သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​အား​ငါ​သင့်​စေ​မည့် ဘေး​ကို သင်​ကိုယ်​တိုင်​မြင်​ရ​မည်​မ​ဟုတ်။ ငါ​သည် သင့်​အား​ငြိမ်း​ချမ်း​စွာ​စု​တေ​ခွင့်​ကို​ပေး​တော် မူ​မည်၊ ထို​သူ​တို့​သည်​မင်း​ကြီး​အား​ပြန် လျှောက်​ကြ​၏'' ဟု​ဆင့်​ဆို​လေ​သည်။
2KI 23:1 ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊-
2KI 23:2 ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ဆင်း​ရဲ ချမ်း​သာ​မ​ရွေး​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ကြွ တော်​မူ​၏။ မင်း​ကြီး​သည်​ထို​သူ​အ​ပေါင်း​တို့ အား ဗိ​မာန်​တော်​ထဲ​တွင်​တွေ့​ရှိ​ရ​သော​ပ​ဋိ ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​အ​သံ​ကျယ် စွာ​ဖတ်​ပြ​တော်​မူ​၏။-
2KI 23:3 သူ​သည်​ဘု​ရင့်​ကျောက်​တိုင်​အ​နီး​တွင်​ရပ် လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​တ​ရား​တော် နှင့်​ပ​ညတ်​တော်​တို့​ကို ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​စောင့်​ထိန်း​ပါ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။
2KI 23:4 ထို​နောက်​ယော​ရှိ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ၊ သူ​၏​လက်​ထောက်​ယဇ်​ပု​ရော​ဟိတ် များ​နှင့် ဗိ​မာန်​တော်​အ​ဝင်​ဝ​တွင်​တာ​ဝန်​ကျ သည့်​အ​စောင့်​တပ်​သား​များ​အား​ဗာ​လ​ဘု​ရား၊ အာ​ရှ​ရ​ဘု​ရား​မ​နှင့်​ကြယ်​နက္ခတ်​တို့​ကို ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ပစ္စည်း​အ​သုံး အ​ဆောင်​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​ထုတ်​ဆောင် လာ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ မင်း​ကြီး​သည် ဤ​ပစ္စည်း​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို မြို့ ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​အ​နီး​တွင်​မီး​ရှို့​ပြီး လျှင် ပြာ​ကို​ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​သွား စေ​၏။-
2KI 23:5 သူ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ နီး​နား​ဝန်း​ကျင်​တွင် ရုပ်​တု​များ​ကို​ယဇ်​ပူ ဇော်​ရန်​ယု​ဒ​ဘု​ရင်​များ​ခန့်​အပ်​ထား​သည့် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း​ကောင်း၊ ဗာ​လ ဘု​ရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်​တို့​ကို​ယဇ်​ပူ​ဇော် ကြ​သည့် ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ကောင်း​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။
2KI 23:6 သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား သည့်​တံ​ခွန်​တိုင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​မှ​ဖယ် ရှား​ကာ မြို့​ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​သို့​ထုတ်​ပြီး လျှင်​မီး​ရှို့​လေ​သည်။ ထို​နောက်​ပြာ​ကို​ညက်​အောင် ထောင်း​၍ အ​များ​ပြည်​သူ​တို့​၏​သင်္ချိုင်း​မြေ​ပေါ် တွင်​ကြဲ​ဖြန့်​လေ​သည်။-
2KI 23:7 ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)
2KI 23:8 မင်း​ကြီး​သည်​ယု​ဒ​မြို့​များ​မှ​ယဇ်​ပု​ရော ဟိတ်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် ပြီး​လျှင် တစ်​ပြည်​လုံး​ရှိ​ထို​သူ​တို့​ယဇ်​ပူ ဇော်​ခဲ့​သော​ပလ္လင်​များ​ကို​ညစ်​ညမ်း​စေ​တော် မူ​၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ​မြို့​တံ​ခါး​မ ကြီး​၏​လက်​ဝဲ​ဘက်​တွင်​မြို့​ဝန်​ယော​ရှု​တည် ဆောက်​ထား​သည့်​တံ​ခါး​အ​နီး ဆိတ်​နတ်​မိစ္ဆာ တို့​အား​ဆက်​ကပ်​ထား​သော​ယဇ်​ပလ္လင်​များ ကို​လည်း​ဖြို​ဖျက်​တော်​မူ​၏။-
2KI 23:9 အ​ဆို​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန် တော်​တွင် အ​မှု​တော်​ဆောင်​ခွင့်​မ​ရ​ကြ​သော် လည်း မိ​မိ​တို့​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​ရ ရှိ​ကြ​သည့်​တ​ဆေး​မဲ့​မုန့်​ကို​မူ​စား​ခွင့်​ရ ကြ​၏။
2KI 23:10 နောက်​တစ်​ဖန်​မည်​သူ​မျှ​မော​လုတ်​ဘု​ရား အား သား​သ​မီး​ကို​မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​စေ​ရန် ယော​ရှိ​မင်း​သည်​ဟိန္နုံ​ချိုင့်​ဝှမ်း​ရှိ​ရုပ်​တု​ကိုး ကွယ်​ရာ​တော​ဖက်​ဟု​ခေါ်​သော​အ​ရပ်​ကို လည်း​ညစ်​ညမ်း​စေ​တော်​မူ​၏။-
2KI 23:11 သူ​သည်​နေ​ကို​ဆက်​ကပ်​ပူ​ဇော်​ရန်​ယု​ဒ​ဘု​ရင် တို့​ပေး​လှူ​ထား​သည့်​မြင်း​တို့​ကို​ဖယ်​ရှား​၍ ဝတ် ပြု​ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​သည့်​ရ​ထား​များ ကို​လည်း​မီး​ရှို့​တော်​မူ​၏။ (ဤ​အ​ရာ​များ​ကို အ​ထက်​တန်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​သူ​နာ​သမ္မေ လက်​၏​အိမ်​အ​နီး​ဗိ​မာန်​တော်​ဝင်း​အ​ဝင်​ဝ တွင်​ထား​ရှိ​သည်။-)
2KI 23:12 အာ​ခတ်​မင်း​စံ​ခဲ့​သည့်​အ​ဆောင်​တော်​အ​ထက် ရှိ​နန်း​တော်​အ​မိုး​ပေါ်​တွင်​ယု​ဒ​ဘု​ရင်​တို့ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း၊ ဗိ​မာန်​တော်​ဝင်း​နှစ်​ခု​အ​တွင်း​မ​နာ​ရှေ မင်း​ဆောက်​လုပ်​ခဲ့​သော ယဇ်​ပလ္လင်​များ​ကို​လည်း ကောင်း​ယော​ရှိ​မင်း​သည်​ဖြို​ဖျက်​၍​ကြေ​မွ အောင်​ဖျက်​ဆီး​ပြီး​လျှင် ကေဒြုန်​ချိုင့်​ဝှမ်း ထဲ​သို့​ပစ်​ချ​လိုက်​လေ​သည်။-
2KI 23:13 ယော​ရှိ​သည်​ယေ​ရု​ရှ​လင်​မြို့​၏​အ​ရှေ့၊ သံ လွင်​တောင်​၏​တောင်​ဘက်​၌​ဇိ​ဒုန်​ဘု​ရား​အာ​ရှ တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့်​အမ္မုန်​ဘု​ရား မော​လုတ်​တို့​ကို​ကိုး​ကွယ်​ရန် ရှော​လ​မုန်​မင်း​ကြီး တည်​ဆောက်​ခဲ့​သော​ယဇ်​ပလ္လင်​များ​ကို​လည်း ညစ်​ညမ်း​စေ​တော်​မူ​၏။-
2KI 23:14 ယော​ရှိ​မင်း​သည်​ကျောက်​တိုင်​များ​ကို​ဖြို​ဖျက် ၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ခုတ်​လှဲ​ကာ ယင်း​တို့​တည်​ရာ​ဌာ​န​များ​တို့​ကို လူ​သေ​အ​ရိုး​တို့​နှင့်​ပြည့်​စေ​လေ​၏။-
2KI 23:15 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ် ကူး​လွန်​ရန် ရှေ့​ဆောင်​လမ်း​ပြ​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​မင်း​တည်​ဆောက်​ခဲ့​သည့်​ဗေ​သ​လ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​ကို​လည်း​ဖြို​ဖျက်​လေ သည်။ ယော​ရှိ​သည်​ယဇ်​ပလ္လင်​ကို​ဖြို​ချ​ပြီး​လျှင် အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား​သော တံ​ခွန်​တိုင်​ကို​မီး​ရှို့​၏။-
2KI 23:16 ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-
2KI 23:17 ဤ​သင်္ချိုင်း​ကား​မည်​သူ​၏​သ​င်္ချိုင်း​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။ ဗေ​သ​လ​မြို့​သား​တို့​က``ဤ​သင်္ချိုင်း​သည် ယု​ဒ ပြည်​မှ​လာ​သော​ပ​ရော​ဖက်​၏​သင်္ချိုင်း​ဖြစ်​ပါ သည်။ ထို​ပ​ရော​ဖက်​ကား​ဤ​အ​ရပ်​ရှိ​ယဇ်​ပလ္လင် တွင် အ​ရှင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို ကြို​တင်​ဟော​ကြား​ခဲ့​သူ​ဖြစ်​ပါ​၏'' ဟု​ပြန်​၍ လျှောက်​ထား​ကြ​၏။
2KI 23:18 ယော​ရှိ​က``ထို​သင်္ချိုင်း​ကို​ရှိ​မြဲ​ရှိ​စေ​လော့။ သူ​၏​အ​ရိုး​တို့​ကို​မ​ရွှေ့​မ​ပြောင်း​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​၏​အ​ရိုး​တို့​ကို​လည်း​ကောင်း၊ ရှမာ​ရိ မြို့​မှ​လာ​သော​ပ​ရော​ဖက်​၏​အ​ရိုး​တို့​ကို​လည်း ကောင်း​မ​ရွှေ့​မ​ပြောင်း​ဘဲ​ထား​ကြ​၏။
2KI 23:19 ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​ပြည်​အ​မြို့​မြို့ အ​ရွာ​ရွာ​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ဖြို​ဖျက်​တော်​မူ​၏။ ထို​ဌာ​န​များ​ကို​တည်​ဆောက် ခြင်း​အား​ဖြင့် ဣသ​ရေ​လ​ဘု​ရင်​တို့​သည်​ထာ​ဝရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ သ​တည်း။ ယော​ရှိ​သည်​ဗေ​သ​လ​မြို့​တွင်​ပြု တော်​မူ​သ​ကဲ့​သို့ ထို​ယဇ်​ပလ္လင်​အ​ပေါင်း​တို့ ကို​လည်း​ပြု​တော်​မူ​၏။-
2KI 23:20 သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် အ​မှု​ထမ်း​သော​ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့ ကို မိ​မိ​တို့​ယဇ်​ပူ​ဇော်​သည့်​ပလ္လင်​များ​ပေါ်​တွင် တင်​၍​သတ်​ပြီး​လျှင် လူ​သေ​အရိုး​တို့​ကို​ထို ပလ္လင်​များ​အ​ပေါ်​တွင်​မီး​ရှို့​လေ​သည်။ ထို​နောက် မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။
2KI 23:21 ယော​ရှိ​မင်း​သည်​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​တော်​တွင် ပါ​ရှိ​သည့်​အ​တိုင်း လူ​တို့​အား​မိ​မိ​တို့​ဘု​ရား သခင်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သည့်​ပ​သ​ခါ​ပွဲ​ကျင်း​ပ​ကြ​ရန်​အ​မိန့်​ပေး တော်​မူ​၏။-
2KI 23:22 ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ခဲ့​သော​တ​ရား​သူ ကြီး​များ​၏​လက်​ထက်​မှ​စ​၍ အ​ဘယ်​ဣ​သ​ရေ​လ ဘု​ရင်​သို့​မ​ဟုတ်​ယုဒ​ဘု​ရင်​မျှ ဤ​ပ​သ​ခါ​ပွဲ မျိုး​ကို​ကျင်း​ပ​ခဲ့​ဖူး​သည်​မ​ရှိ။-
2KI 23:23 ယ​ခု​ယော​ရှိ​၏​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ်​မြောက် ၌ ယေ​ရု​ရှ​လင်​မြို့​တွင်​ပ​သ​ခါ​ပွဲ​ကို​ကျင်း​ပ ခြင်း​ဖြစ်​သ​တည်း။
2KI 23:24 ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​တွင် ယဇ်​ပု​ရော​ဟိတ် မင်း​တွေ့​ရှိ​ခဲ့​သည့်​ကျမ်း​စာ​တော်​၌​ဖော်​ပြ​ထား သော​ပ​ညတ်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​တစ်​ပြည်​လုံး​၌​တွေ့ ရှိ​သ​မျှ​နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ၊ အိမ်​စောင့်​နတ်​အ​ရုပ်​များ၊ ရုပ်​တု​များ​နှင့် အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဝတ္ထု​ပစ္စည်း​များ ကို​ဖယ်​ရှား​တော်​မူ​၏။-
2KI 23:25 ယ​ခင်​အ​ခါ​များ​က​ယော​ရှိ​ကဲ့​သို့​မော​ရှေ ၏​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း​၍ စိတ်​စွမ်း၊ ဉာဏ်​စွမ်း၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ ဘု​ရား​အား ကိုး​ကွယ်​သည့်​ဘု​ရင်​တစ်​ပါး​မျှ မ​ပေါ်​စ​ဖူး။ သူ​၏​နောက်​၌​လည်း​မ​ပေါ်​ခဲ့ ချေ။-
2KI 23:26 သို့​သော်​မ​နာ​ရှေ​မင်း​ပြု​ခဲ့​သည့်​အ​ပြစ်​များ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​ရာ​ယ​ခု​တိုင် အောင်​ပင်​အ​မျက်​တော်​မ​ပြေ​ချေ။-
2KI 23:27 ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣသ​ရေ​လ​ပြည်​ကို ပြု​သ​ကဲ့​သို့ ယု​ဒ​ပြည်​ကို​လည်း​ပြု​မည်။ ယု​ဒ ပြည်​သူ​တို့​ကို ငါ​၏​မျက်​မှောက်​တော်​မှ​နှင်​ထုတ် မည်။ ငါ​ရွေး​ချယ်​ထား​သည့်​ယေရု​ရှ​လင်​မြို့​နှင့် ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာ​န​အ​ဖြစ် ငါ​သတ်​မှတ်​ပေး​သော​ဗိ​မာန်​တော်​ကို​ပင်​ငါ စွန့်​ခွာ​မည်'' ဟု​မိန့်​တော်​မူ​၏။
2KI 23:28 ယော​ရှိ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင် ရေး​ထား​သ​တည်း။-
2KI 23:29 ယော​ရှိ​နန်း​စံ​ချိန်​၌​အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည် အာ​ရှု​ရိ​ဘု​ရင်​ကို​စစ်​ကူ​ပေး​ရန်​တပ်​မ​တော် နှင့်​ဥ​ဖ​ရတ်​မြစ်​သို့​ချီ​တက်​လာ​၏။ ယော​ရှိ​မင်း သည်​အီ​ဂျစ်​တပ်​မ​တော်​ကို​မေ​ဂိဒ္ဒေါ​မြို့​တွင် ဆီး တား​ရန်​ကြိုး​စား​ရာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​တော် မူ​၏။-
2KI 23:30 သူ​၏​အရာ​ရှိ​များ​သည်​မင်း​ကြီး​၏​အ​လောင်း​ကို စစ်​ရ​ထား​ပေါ်​တွင်​တင်​၍ ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​ပြီး​လျှင်​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ယုဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏ သား​တော်​ယော​ခတ်​ကို​ရွေး​ချယ်​ကာ​ဘိ​သိက် ပေး​၍​မင်း​မြှောက်​ကြ​လေ​သည်။
2KI 23:31 ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ​လေ​သည်။ သူ ၏​မယ်​တော်​မှာ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏ သ​မီး​ဟာ​မု​တာ​လ​ဖြစ်​၏။-
2KI 23:32 ထို​မင်း​သည်​မိ​မိ​ဘိုး​ဘေး​တော်​တို့​၏​လမ်း​စဉ် ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၏။-
2KI 23:33 အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​အား​ဟာ​မတ် ပြည်​ရိ​ဗ​လ​မြို့​၌​အ​ကျဉ်း​ချ​ထား​ပြီး​လျှင် ယု​ဒ​ပြည်​မှ​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ်​ထောင့် ငါး​ရာ​နှင့်​ရွှေ​အ​လေး​ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင် ကို အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​တောင်း​လေ​၏။ ထို​အ​ခါ မှ​စ​၍​ယော​ခတ်​၏​နန်း​သက်​မှာ​ကုန်​ဆုံး​သွား တော့​၏။-
2KI 23:34 နေ​ခေါ​မင်း​သည်​ယော​ရှ​၏​သား​တော်​ဧ​လျာ​ကိမ် အား ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး​၍ ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​၌​နန်း​တင်​လေ သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​၏။ ယော​ခတ်​သည်​ထို​ပြည်​၌​ပင်​ကွယ်​လွန် လေ​သည်။
2KI 23:35 ယော​ယ​ကိမ်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​တောင်း​ခံ သည့်​အ​ခွန်​ဘဏ္ဍာ​ကို​ဆက်​သ​နိုင်​ရန် ပြည်​သူ တို့​ထံ​မှ​ဋ္ဌ​န​အင်​အား​အ​လိုက်​အ​ချိုး​ကျ အ​ခွန်​တော်​ကို​ကောက်​ခံ​လေ​သည်။
2KI 23:36 ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရုမ​မြို့​သား ပေ​ဒဲ​ယ​၏​သမီး​ဇေ​ဗု​ဒ​ဖြစ်​၏။-
2KI 23:37 ယော​ယ​ကိမ်​သည်​ဘေး​တော်​ဘိုး​တော်​တို့​၏ လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​အား​ပြစ် မှား​၏။
2KI 24:1 ယော​ယ​ကိမ်​နန်း​စံ​ချိန်​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း ဝင်​ရောက်​လာ​၏။ ယော​ယ​ကိမ်​သည်​လည်း​သုံး နှစ်​တိုင်​တိုင် သူ​၏​ထံ​တွင်​အ​ညံ့​ခံ​လျက်​နေ ပြီး​မှ​ပုန်​ကန်​လေ​၏။-
2KI 24:2 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန် ဗာ​ဗု​လုန်၊ ရှု​ရိ၊ မော​ဘ​နှင့်​အမ္မုန်​တပ်​သား​များ​ကို​စေ​လွှတ် တော်​မူ​၏။-
2KI 24:3 ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​ပြု​ခဲ့​သည့် ဒု​စ​ရိုက်​အ​ပေါင်း​တို့​ကြောင့် အ​ထူး​သ​ဖြင့် အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ် ကြောင့် ယု​ဒ​ပြည်​သူ​တို့​အား​မျက်​မှောက်​တော် မှ​နှင်​ထုတ်​တော်​မူ​လို​သ​ဖြင့် ဤ​သို့​စီ​ရင် တော်​မူ​ခြင်း​ဖြစ်​သ​တည်း။ ထို​ပြစ်​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မ​မူ​နိုင်။
2KI 24:5 ယော​ယ​ကိမ်​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။-
2KI 24:6 ယော​ယ​ကိမ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2KI 24:7 အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​သည်​နောင် အ​ဘယ်​အ​ခါ​၌ အီ​ဂျစ်​ပြည်​မှ​မ​ထွက်​ခွာ​ရ ကြ​တော့​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဥ​ဖ​ရတ် မြစ်​မှ​အီ​ဂျစ်​ပြည်​မြောက်​ဘက်​နယ်​စပ်​တိုင် အောင် အီ​ဂျစ်​ပိုင်​နယ်​မြေ​ရှိ​သ​မျှ​ကို​ဗာ​ဗု​လုန် ဘု​ရင်​က​ထိန်း​သိမ်း​အုပ်​ချုပ်​လျက်​နေ​သော ကြောင့်​ဖြစ်​၏။
2KI 24:8 ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင် မြို့​သား​ဧ​လ​နာ​သန်​၏​သ​မီး​န​ဟုတ္တ​ဖြစ်​၏။-
2KI 24:9 ယေ​ခေါ​နိ​သည်​မိ​မိ​ခ​မည်း​တော်​၏​လမ်း စဉ်​ကို​လိုက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ် မှား​၏။-
2KI 24:10 နေ​ဗု​ခဒ်​နေ​ဇာ​၏​တပ်​မှူး​များ​ကွပ်​ကဲ​သည့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ ကို​ဝိုင်း​ရံ​ထား​သည်​မှာ​ယေ​ခေါ​နိ​မင်း​၏ လက်​ထက်​၌​ဖြစ်​၏။-
2KI 24:11 ယင်း​သို့​ဝိုင်း​ရံ​ထား​ချိန်​၌​နေ​ဗု​ခဒ်​နေ​ဇာ​ကိုယ် တိုင်​ပင် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​လေ​သည်။-
2KI 24:12 ယေ​ခေါ​နိ​မင်း​သည်​မိ​မိ​၏​မယ်​တော်၊ သား​တော် များ၊ တပ်​မှူး​များ၊ နန်း​တော်​အ​ရာ​ရှိ​များ​နှင့်​တ​ကွ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​တွင်​အ​ညံ့​ခံ​တော် မူ​ရ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​နန်း​စံ​ရှစ်​နှစ် မြောက်​၌​ယေ​ခေါ​နိ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ၍၊-
2KI 24:13 ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိ​မာန်​တော်​တွင်​သုံး​ရန် ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​သည့်​ရွှေ​တန်​ဆာ ရှိ​သ​မျှ​ကို​ချွတ်​ယူ​လေ​သည်။-
2KI 24:14 နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ မင်း​ညီ​မင်း​သား​ရှိ​သ​မျှ​နှင့်​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ စု​စု​ပေါင်း​လူ​တစ်​သောင်း ကို​သုံ့​ပန်း​များ​အ​ဖြစ်​ဖမ်း​ဆီး​သွား​၏။ သူ​သည် အ​လွန့်​အ​လွန်​ဆင်း​ရဲ​သူ​များ​ကို​သာ​လျှင် ယု​ဒ​ပြည်​တွင်​ချန်​ထား​ပြီး​လျှင်​ပန်း​ပဲ​ဆ​ရာ များ​မှ​စ​၍ အ​တတ်​ပ​ညာ​သည်​အ​ပေါင်း​ကို ခေါ်​ဆောင်​သွား​လေ​သည်။
2KI 24:15 နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​မှ​စ​၍​သူ​၏ မယ်​တော်၊ မိ​ဖု​ရား​များ၊ မှူး​မတ်​များ၊ ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို ဗာ​ဗု​လုန်​မြို့ သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လေ​သည်။-
2KI 24:16 သူ​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​စု​စု​ပေါင်း လူ​ခု​နစ်​ထောင်​ကို ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး ခေါ်​ဆောင်​သွား​၏။ ထို့​ပြင်​ပန်း​ပဲ​ဆ​ရာ​များ အ​ပါ​အ​ဝင်​အ​တတ်​ပ​ညာ​သည်​တစ်​ထောင် ကို​လည်း​ခေါ်​ဆောင်​သွား​၏။ ထို​သူ​အား​လုံး​ပင် ကိုယ်​လက်​သန်​စွမ်း​၍​စစ်​မှု​ထမ်း​နိုင်​သူ​များ ဖြစ်​ကြ​သ​တည်း။
2KI 24:17 နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏​ဘ​ထွေး တော်​မ​ဿ​နိ​အား ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း တင်​ပြီး​လျှင်​ဇေ​ဒ​ကိ​ဟု​နာ​မည်​ပြောင်း ၍​ခေါ်​တွင်​စေ​၏။
2KI 24:18 ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍​ယေ​ရု​ရှ​လင် မြို့​တွင် တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏ မယ်​တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး၊ ဟာ​မု​တာ​လ​ဖြစ်​၏။-
2KI 24:19 ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​နည်း​တူ​ပင် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​လေ​သည်။-
2KI 24:20 ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​သား​များ နှင့် ယု​ဒ​ပြည်​သူ​တို့​အား​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​သ​ဖြင့်​ရှေ့​တော်​မှ​နှင်​ထုတ်​တော် မူ​၏။
2KI 25:1 ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ပုန်​ကန်​သ​ဖြင့် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏ တပ်​မ​တော်​နှင့်​လာ​ရောက်​၍ ဇေ​ဒ​ကိ​၏​နန်း​စံ ကိုး​နှစ်၊ ဆယ်​လ​နှင့်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​လေ​သည်။ သူ​သည်​မြို့​ပြင်​၌ တပ်​စ​ခန်း​ချ​ပြီး​လျှင် မြို့​ပတ်​လည်​တွင်​မြေ က​တုတ်​များ​ကို​ဖို့​လုပ်​၏။-
2KI 25:2 ထို​နောက်​ဇေ​ဒ​ကိ​၏​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ် မြောက်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​၏။-
2KI 25:3 ထို​နှစ်​စ​တုတ္ထ​လ​ကိုး​ရက်​နေ့​၌​အ​စာ​ရေ​စာ လွန်​စွာ​ခေါင်း​ပါး​မှု​ကြောင့် မြို့​သူ​မြို့​သား​တို့ တွင်​စား​စ​ရာ​အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-
2KI 25:4 ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-
2KI 25:5 သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့​သည် ဇေ​ဒ​ကိ​မင်း​ကို​လိုက်​၍​ဖမ်း​ကြ​ရာ ယေ​ရိ​ခေါ မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ​လေ​သည်။ ဇေ​ဒ​ကိ ၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​ကား​မိ​မိ​တို့ အ​ရှင်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။-
2KI 25:6 ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​အား​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ ရာ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ထို​အ​ရပ်​၌​ပင်​စီ​ရင် ချက်​ချ​မှတ်​လေ​သည်။-
2KI 25:7 ဇေ​ဒ​ကိ​၏​သား​များ​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ကွပ်​မျက်​ပြီး​လျှင် ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို ဖောက်​၍​သူ့​အား​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင် ကာ​ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး​သွား​လေ သည်။
2KI 25:8 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်၊ ပဉ္စ​မ​လ၊ ခု​နစ်​ရက်​နေ့​၌​မင်း​ကြီး ၏​အ​တိုင်​ပင်​ခံ​ဖြစ်​သူ​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​၍၊-
2KI 25:9 ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ အ​ရေး​ပါ​အ​ရာ​ရောက်​သူ​အ​ပေါင်း​တို့​၏​နေ အိမ်​များ​ကို​မီး​ရှို့​လေ​သည်။-
2KI 25:10 သူ​၏​တပ်​သား​တို့​သည်​မြို့​ရိုး​ကို​ဖြို​ချကြ​၏။-
2KI 25:11 ထို​နောက်​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန် ရှိ​နေ​သေး​သူ​များ၊ ကြွင်း​ကျန်​သော​အ​တတ် ပ​ညာ​သည်​များ​နှင့် ဗာ​ဗု​လုန်​ဘု​ရင်​ဘက်​သို့ ကူး​ဝင်​လာ​သူ​များ​အား​ဗာ​ဗု​လုန်​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၏။-
2KI 25:12 သို့​ရာ​တွင်​ဆင်း​ရဲ​သား​အ​ချို့​တို့​ကို​မူ​ယု​ဒ ပြည်​တွင် စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ တွင်​အ​လုပ်​လုပ်​စေ​ရန်​ထား​ခဲ့​လေ​သည်။
2KI 25:13 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော်​ရှိ ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​လှည်း​များ၊ ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန်​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား​ကြ​၏။-
2KI 25:14 သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက်​အ​သုံး ပြု​သည့် တူ​ရွင်း​ပြား​များ၊ ပြာ​ခွက်​များ​မီး​ခွက် များ​ကို​တိုက်​ချွတ်​ပြင်​ဆင်​ရာ​၌​အ​သုံး​ပြု​သည့် တန်​ဆာ​ပ​လာ​များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖ​လား များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့် အ​ခြား​ကြေး​ဝါ​ပစ္စည်း​အ​သုံး​အ​ဆောင် များ​ကို​လည်း​ယူ​ဆောင်​သွား​ကြ​၏။-
2KI 25:15 သူ​တို့​သည်​မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​၌ အ​သုံး​ပြု​သည့် ခွက်​ငယ်​က​လေး​များ​နှင့်​အိုး ကင်း​များ​အ​ပါ​အ​ဝင်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ယူ​ဆောင် သွား​ကြ​သည်။-
2KI 25:16 ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု​လုပ်​ခဲ့ သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့်​တိုင်​ကြီး​နှစ်​လုံး၊ လှည်း​များ​နှင့်​ရေ​စည်​ကြီး​တို့​သည်​ချိန်​တွယ်​၍ မ​ရ​အောင်​ပင်​လေး​လံ​ပေ​သည်။-
2KI 25:17 ထို​တိုင်​ကြီး​နှစ်​လုံး​မှာ​ဆင်​တူ​ဖြစ်​၍​တစ်​တိုင် လျှင် နှစ်​ဆယ့်​ခု​နစ်​ပေ​မြင့်​လေ​သည်။ ယင်း​တို့ ကို​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​ထိပ်​အုပ် များ​တပ်​ဆင်​ထား​၏။ ထို​တိုင်​ထိပ်​အုပ်​တို့​၏​ပတ် လည်​တွင် ကြေး​ဝါ​ကွန်​ရွက်​နှင့်​ကြေးဝါ​သ​လဲ သီး​များ​ဖြင့်​ချယ်​လှယ်​၍​ထား​သ​တည်း။
2KI 25:18 ထို့​အ​ပြင်​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ် ပု​ရော​ဟိတ်​မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက် ဇေ​ဖ​နိ​နှင့်​အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန် တော်​အ​ရာ​ရှိ​သုံး​ဦး​တို့​ကို​လည်း​ကောင်း၊-
2KI 25:19 ယု​ဒ​တပ်​မှူး​ဟောင်း၊ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ အ​မတ်​ငါး​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း​လက် ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး​ပါ​အရာ ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို​လည်း​ကောင်း ယေ​ရု​ရှ​လင်​မြို့​မှ​ဖမ်း​ဆီး​၍၊-
2KI 25:20 ဗာ​ဗု​လုန်​ဘု​ရင်​ရှိ​ရာ​ဟာ​မတ်​ပြည်​ရိ​ဗ​လ မြို့​သို့​ခေါ်​ဆောင်​သွား​ရာ​မင်း​ကြီး​သည် ထို​မြို့ တွင်​သူ​တို့​အား​ဒဏ်​ပေး​ပြီး​မှ​ကွပ်​မျက်​လိုက်​၏။ သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​တို့​သည်​တိုင်း​တစ်​ပါး သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ကြ​လေ​သ​တည်း။
2KI 25:22 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။-
2KI 25:23 ဤ​အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ အ​ညံ့​မ​ခံ​အ​ရှုံး​မ​ပေး​ခဲ့​ကြ​သူ​ယု​ဒ​တပ်​မှူး များ​နှင့်​စစ်​သူ​ရဲ​တို့​သည် မိ​ဇ​ပါ​မြို့​ရှိ​ဂေ​ဒ​လိ ထံ​ဝင်​ရောက်​လာ​ကြ​၏။ ထို​တပ်​မှူး​များ​မှာ နာ​သနိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ​၏​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​မြို့​သား​တာ​နု​မက် ၏​သား​စ​ရာ​ယ​နှင့်​မာ​ခ​သိ​မြို့​သား​ယေ ဇ​နိ​တို့​ဖြစ်​ကြ​၏။-
2KI 25:24 ဂေ​ဒ​လိ​က​သူ​တို့​အား``သင်​တို့​သည်​ဗာ​ဗု​လုန် အ​ရာ​ရှိ​တို့​အား ကြောက်​ရွံ့​စ​ရာ​မ​လို​ကြောင်း ငါ​က​တိ​ပြု​၏။ ဤ​ပြည်​တွင်​နေ​ထိုင်​၍​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​ပါ​လျှင် သင်​တို့​ချမ်း​သာ​ရ​လိမ့်​မည်'' ဟု​ပြော​၏။
2KI 25:25 သို့​ရာ​တွင်​သတ္တမ​လ​သို့​ရောက်​သော​အ​ခါ​မင်း မျိုး​မင်း​နွယ်​ဖြစ်​သူ ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ ဣ​ရှ​မေ​လ​သည်​လူ​တစ်​ကျိပ်​နှင့်​မိ​ဇ​ပါ မြို့​သို့​သွား​ပြီး​လျှင် ဂေ​ဒ​လိ​ကို​လုပ်​ကြံ​လေ သည်။ သူ​သည်​ဂေ​ဒ​လိ​နှင့်​အ​တူ​ရှိ​နေ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ဗာ​ဗု​လုန် အ​မျိုး​သား​တို့​ကို​လည်း​သတ်​ဖြတ်​လိုက်​၏။-
2KI 25:26 ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ကြောက် သော​ကြောင့် ဆင်း​ရဲ​ချမ်း​သာ​သူ​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် တပ်​မ​တော်​အ​ရာ​ရှိ​များ နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။
2KI 25:27 ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မေ​ရော​ဒက်​သည်​မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌ ယု​ဒ​ဘု​ရင်​ယေ​ခေါ နိ​အား​အ​ကျဉ်း​ထောင်​မှ​လွှတ်​သော​အား​ဖြင့် က​ရု​ဏာ​ပြ​တော်​မူ​၏။ ယေ​ခေါ​နိ​အ​ကျဉ်း ကျ​ပြီး​နောက် သုံး​ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ ဒ​သ​မ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​ဤ​သို့ ဖြစ်​ပျက်​သ​တည်း။-
2KI 25:28 ဧ​ဝိ​လ​မေ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား​ကြင်​နာ စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင်​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော အ​ခြား​ဘု​ရင်​များ​ထက်​ပို​၍​ချီး မြှင့်​မြှောက်​စား​တော်​မူ​၏။-
2KI 25:29 သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အဝတ်​များ​ကို​လဲ ခွင့်​ရ​လျက် မိ​မိ​အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ် လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည်​ခွင့်​ကို​ရ​ရှိ လေ​သည်။-
2KI 25:30 မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​နေ့​စဉ်​မှန်​မှန် အ​သုံး​စ​ရိတ်​ကို​လည်း တစ်​သက်​လုံး​ရ​ရှိ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​စ​တုတ္ထ​စောင်​ပြီး​၏။
1CH 1:1 အာ​ဒံ​၏​သား​သည်​ရှေ​သ၊ ရှေ​သ​၏​သား​မှာ ဧ​နုတ်၊ ဧ​နုတ်​၏​သား​ကား​ကာ​ဣ​နန်​ဖြစ်​၏။-
1CH 1:2 ကာ​ဣ​နန်​၏​သား​သည်​မ​ဟာ​လေ​လ၊ မ​ဟာ လေ​လ​၏​သား​ကား​ယာ​ရက်​တည်း။-
1CH 1:3 ယာ​ရက်​၏​သား​သည်​ဧ​နောက်၊ ဧ​နောက်​၏​သား မှာ​မ​သု​ရှ​လ၊ မ​သု​ရှ​လ​၏​သား​ကား​လာ​မက် ဖြစ်​၏။-
1CH 1:4 လာ​မက်​၏​သား​သည်​နော​ဧ​ဖြစ်​၍​နော​ဧ​တွင် ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။
1CH 1:5 ယာ​ဖက်​၏​သား​များ​ဖြစ်​ကြ​သော ဂေါ​မာ၊ မာ ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှ​က​နှင့်​တိ ရတ်​တို့​သည်​မိ​မိ​တို့​နာ​မည်​အ​သီး​သီး​ကို ဆောင်​ကုန်​သော​အ​မျိုး​သား​တို့​၏​ဘိုး​ဘေး များ​ဖြစ်​ကြ​၏။-
1CH 1:6 ဂေါ​မာ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​အာ​ရှ ကေ​နတ်၊ ရိ​ဖတ်​နှင့်​တော​ဂါ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။-
1CH 1:7 ယာ​ဝန်​မှ​ဆင်း​သက်​လာ​သူ​များ​သည်​ဧ​လိ​ရှာ၊ တာ​ရှု၊ ကိတ္တိမ်​နှင့်​ဒေါ​ဒါ​နိမ်​အ​မျိုး​သား​များ ဖြစ်​ကြ​၏။
1CH 1:8 ဟာ​မ​၏​သား​များ​ဖြစ်​ကြ​သော​ကု​ရှ၊ အီ​ဂျစ်၊ လိ​ဘိ​ယ​နှင့်​ခါ​နာန်​တို့​သည်​မိ​မိ​တို့​၏​နာ​မည် အ​သီး​သီး​ကို ဆောင်​ကုန်​သော​အ​မျိုး​သား တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။-
1CH 1:9 ကု​ရှ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​သေ​ဘ၊ ဟ​ဝိ​လ၊ သာ​ဗ​တ၊ ရာ​ဂ​မ​နှင့်​သတ္တေ​ခါ အ​မျိုး​သား​များ​ဖြစ်​ပေ​သည်။ ရာ​ဂ​မ​မှ ဆင်း​သက်​လာ​သူ​များ​သည်​ရှေ​ဘ​နှင့် ဒေ​ဒန်​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။-
1CH 1:10 (ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သော​သား​တစ် ယောက်​ရှိ​၏။ သူ​သည်​ကမ္ဘာ​ပေါ်​တွင်​ပ​ထ​မ အ​ဦး​ဆုံး​လူ​စွမ်း​ကောင်း​ဖြစ်​လာ​၏။-)
1CH 1:11 အီ​ဂျစ်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​လု​ဒိန်၊ အာ​န​မိမ်၊ လ​ဟာ​ဗိမ်၊ နတ္တု​ဟိမ်၊-
1CH 1:12 ပါ​သ​ရု​သိမ်၊ ကာ​သ​လု​ဟိမ်​နှင့်​ကတ္တော​ရိမ် အ​မျိုး​သား​များ​တည်း။ (ကတ္တော​ရိမ်​အ​မျိုး သား​များ​မှ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ဆင်း သက်​ပေါက်​ပွား​လာ​ကြ​ပေ​သည်။-)
1CH 1:13 ခါ​နာန်​၏​သား​အ​ကြီး​ဇိ​ဒုန်​နှင့်​သား​ငယ် ဟေ​သ​တို့​မှ​ဆင်း​သက်​လာ​သူ​များ​မှာ မိ​မိ တို့​၏​အ​မည်​နာ​မ​အ​သီး​သီး​ကို​ဆောင် ကုန်​သော​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။-
1CH 1:14 ခါ​နာန်​သည်​ယေ​ဗု​သိ၊ အာ​မော​ရိ၊ ဂိ​ရ​ဂါ​ရှိ၊- ဟိ​ဝိ၊ အာ​ကိ၊ သိ​နိ၊- အာ​ဝ​ဒိ၊ ဇေ​မ​ရိ​နှင့်​ဟာ​မ​သိ အ​မျိုး​သား​များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။
1CH 1:17 ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော ဧ​လံ၊ အာ​ရှု၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ၊ ဥ​ဇ၊ ဟု​လ၊ ဂေ​သာ နှင့်​မာ​ရှ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​အ​သီး သီး​ကို​ဆောင်​ကုန်​သော​အ​မျိုး​သား​တို့​၏ ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။-
1CH 1:18 အာ​ဖာ​ဇဒ်​၏​သား​သည် ရှာ​လ၊ ရှာ​လ​၏​သား မှာ​ဟေ​ဗာ​ဖြစ်​၏။-
1CH 1:19 ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည် ဖာ​လက်​ဟု​နာ​မည်​တွင်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​၏​လက်​ထက်​တွင် ကမ္ဘာ​ပေါ်​ရှိ​လူ​တို့ သည်​ကွဲ​သွား​ကြ​သော​ကြောင့်​ဖြစ်​၏။ အ​ခြား သား​တစ်​ယောက်​သည်​ယုတ္တန်​ဟု​နာ​မည်​တွင်​၏။-
1CH 1:20 ယုတ္တန်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ အာ​လ မော​ဒန်၊ ရှေ​လပ်၊ ဟာ​ဇာ​မာ​ဝက်၊ ယေ​ရ၊-
1CH 1:21 ဟ​ဒေါ​ရံ၊ ဥ​ဇာ​လ၊ ဒိ​က​လ၊
1CH 1:22 သြ​ဗာ​လ၊ အ​ဘိ​မေ​လ၊ ရှေ​ဘ၊ သြ​ဖိ​ရ၊ ဟ​ဝိ​လ​နှင့်​ယော​ဗပ်​အ​မျိုး​သား​များ​ဖြစ် သ​တည်း။
1CH 1:24 ရှေ​မ​မှ​အာ​ဗြ​ဟံ​အ​ထိ​ဆွေ​စဉ်​မျိုး​ဆက် များ​မှာ ရှေ​မ၊ အာ​ဖာ​ဇဒ်၊ ရှာ​လ၊-
1CH 1:25 ဟေ​ဗာ၊ ဖာ​လက်၊ ရာ​ဂေါ၊- စေ​ရောက်၊ နာ​ခေါ်၊ တေ​ရ နှင့်၊-အာ​ဗြ​ဟံ​ဟု​လည်း​နာ​မည်​တွင်​သော​အာ​ဗြံ တို့​ဖြစ်​ကြ​၏။
1CH 1:28 အာ​ဗြ​ဟံ​တွင်​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ​ဟူ​၍ သား​နှစ်​ယောက်​ရှိ​၏။-
1CH 1:29 ဣ​ရှ​မေ​လ​မှ​ဆင်း​သက်​လာ​သူ​များ​သည် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ ဖြစ်​လာ​ကြ​၏။ ထို​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နာ မည်​များ​မှာ (ဣ​ရှ​မေ​လ​၏​သား​ဦး​ကို အ​စွဲ ပြု​၍​မှည့်​ခေါ်​သည်) န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ ဗေ​လ၊ မိ​ဗ​သံ၊-
1CH 1:30 မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊ ဟာ​ဒါ၊ တေ​မ၊-
1CH 1:31 ယေ​တု​ရ၊ နာ​ဖိ​ရှ၊ ကေ​ဒ​မာ​ဟူ​၍​ဖြစ်​သ​တည်း။
1CH 1:32 အာ​ဗြ​ဟံ​၏​မ​ယား​နှောင်း​နာ​မည်​မှာ​ကေ​တု​ရ ဖြစ်​၏။ သူ​သည်​ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဘတ်​နှင့်​ရှု​အာ​ဟူ​သော​သား​ခြောက်​ယောက် ကို​ဖွား​မြင်​လေ​သည်။ ယုတ်​ရှန်​တွင်​ရှာ​ဘ​နှင့် ဒေ​ဒန်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-
1CH 1:33 မိ​ဒျန်​တွင်​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ နှင့်​ဧ​လ​ဒါ​ဟူ​သော​သား​ငါး​ယောက်​ရှိ​၏။
1CH 1:34 အာ​ဗြ​ဟံ​၏​သား​ဣ​ဇာက်​တွင် ဧ​သော​နှင့် ယာ​ကုပ်​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။-
1CH 1:35 ဧ​သော​၏​သား​များ​ကား ဧ​လိ​ဖတ်၊ ရွေ​လ၊ ယု​ရှ၊ ယာ​လံ၊ နှင့်​ကော​ရ​ဖြစ်​၏။-
1CH 1:36 ဧ​လိ​ဖတ်​သည် တေ​မန်၊ သြ​မ​ရ၊ ဇေ​ပေါ်၊ ဂါ​တံ၊ ကေ​နတ်၊ တိ​မ​န​နှင့်​အာ​မ​လက်​အ​နွယ်​တို့​၏ ဘိုး​ဘေး​ဖြစ်​လာ​၏။-
1CH 1:37 ရွေ​လ​သည်​လည်း၊ နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ အ​နွယ်​တို့​၏​ဘိုး​ဘေး​ဖြစ်​လာ​၏။
1CH 1:38 ဧ​ဒုံ​ပြည်​တွင်​မူ​လ​နေ​ထိုင်​ကြ​သူ​များ​သည် အောက်​ဖော်​ပြ​ပါ​စိ​ရ​၏​သား​များ​ဖြစ်​ကြ သော​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​မှ​ဆင်း​သက်​လာ​သူ​များ ဖြစ်​ပေ​သည်။ လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​သား​ချင်း​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။ (လော​တန်​တွင်​တိ​မ​န​နာ​မည် တွင်​သော​နှ​မ​တစ်​ယောက်​ရှိ​၏။) ရှော​ဗ​လ​သည် အာ​လာ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗာ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ ဇိ​ဘောင်​မှာ​အာ​ယ​နှင့်​အာ​န​နာ​မည်​တွင်​သော သား​နှစ်​ယောက်​ရှိ​၏။ အာ​န​၏​သား​သည်​ဒိ​ရှုန်​ဖြစ်​၏။ ဒိ​ရှုန်​သည် ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်​နှင့်​ခေ​ရန် သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ ဧ​ဇာ​သည်​ဗိ​လ​ဟန်၊ ဇာ​ဝန်​နှင့်​အာ​ကန်​သား ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။
1CH 1:43 ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ် ပေါက်​မီ​ကာ​လ​၌ ဧ​ဒုံ​ပြည်​ကို​အောက်​ပါ​ဘု​ရင် များ​အုပ်​စိုး​ကြ​လေ​သည်။ ဗော​ရ​၏​သား​ဖြစ်​သူ၊ဒိန္နာ​ဗာ​မြို့​သား​ဗေ​လ၊ ဇေ​ရ​၏​သား​ဖြစ်​သူ၊ဗော​ဇ​ရ​အ​ရပ်​သား​ယော​ဗပ်၊ တေ​မာ​နိ​အ​ရပ်​သား​ဟု​ရှံ၊ဗေ​ဒဒ်​၏​သား​ဟာ​ဒဒ်၊ သူ​၏​မြို့​မှာ​အာ​ဗိတ်​မြို့​ဖြစ်​သည်။ (သူ​သည်​မော​ဘ​လွင်​ပြင်​တိုက်​ပွဲ​တွင် မိ​ဒျန်​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခဲ့​သည်။) မာ​သ​ရက်​အ​ရပ်​သား​စာ​မ​လ၊ရ​ဟော​ဘုတ် မြစ်​အ​နီး​မှ​ရှော​လ၊ အာ​ခ​ဗော်​၏​သား​ဗာ​လ​ဟာ​နန်၊ပေါ​မြို့​မှ​ဟာ​ဒါ၊ (သူ​၏​မိ​ဖု​ရား​ကား​မ​ဟေ​တ​ဗေ​လ​ဖြစ်​၏။ မ​ဟေ​တ​ဗေ​လ​သည်​မာတ​ရေ​ဒ​၏​သ​မီး၊ မေ​ဇ​ဟပ်​၏​မြေး​ဖြစ်​သ​တည်း။)
1CH 1:51 ဧ​ဒုံ​ပြည်​သူ​များ​တွင်​ပါ​ဝင်​ကြ​သော​အ​နွယ် များ​မှာ တိ​မ​နာ၊ အာ​လ​ဝ၊ ယေ​သက်၊-
1CH 1:52 အ​ဟော​လိ​ဗာ​မ၊ ဧ​လာ၊ ပိ​နုန်၊- ကေ​နတ်၊ တေ​မန်၊ မိ​ဗ​ဇ၊-မာ​ဂ​ဒေ​လ​နှင့်​ဣ​ရံ​တို့​ဖြစ်​သ​တည်း။
1CH 2:1 ယာ​ကုပ်​တွင်​ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊-
1CH 2:2 ဒန်၊ ယော​သပ်၊ င်္ဗယာ​မိန်၊ န​ဿာ​လိ၊ ဂဒ်၊ အာ​ရှာ​ဟူ​၍ သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။
1CH 2:3 ယု​ဒ​တွင်​စု​စု​ပေါင်း​သား​ငါး​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး၊ ခါ​နာန်​အ​မျိုး​သ​မီး​ဖြစ်​သူ ရှု​အာ​နှင့်​ရ သော​သား​သုံး​ယောက်​တို့​ကား​ဧ​ရ၊ သြ​နန်​နှင့် ရှေ​လ​တို့​ဖြစ်​၏။ သူ​၏​သား​အ​ကြီး​ဆုံး​ဧ​ရ သည်​အ​လွန်​ဆိုး​ညစ်​သူ​ဖြစ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ကွပ်​မျက်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။-
1CH 2:4 ယု​ဒ​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ရ​ပြန်​သော သား​နှစ်​ယောက်​မှာ​ဖာ​ရက်​နှင့်​ဇာ​ရ​ဖြစ်​၏။
1CH 2:5 ဖာ​ရက်​တွင်​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ​ဟူ​သော သား​နှစ်​ယောက်​ရှိ​၏။-
1CH 2:6 သူ​၏​ညီ​ဇာ​ရ​တွင်​ဇိ​မ​ရိ၊ ဧ​သန်၊ ဟေ​မန်၊ ကာ​လ​ကော​လ၊ ဒါ​ရ​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။-
1CH 2:7 ကာ​မိ​၏​သား​အာ​ခန်​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သော​တိုက်​ခိုက်​သိမ်း​ယူ​ရ​ရှိ​သည့် ဝတ္ထု​ပစ္စည်း​ကို​ယူ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကပ်​ဆိုက်​ရ​ကြ​ကုန်​၏။
1CH 2:8 ဧ​သန်​တွင်​အ​ဇ​ရိ​ဟူ​သော​သား​တစ်​ယောက် ရှိ​၏။
1CH 2:9 ဟေ​ဇ​ရုံ​တွင် ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက် ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
1CH 2:10 အာ​ရံ​မှ​ယေ​ရှဲ​တိုင်​အောင်​ဆွေ​စဉ်​မျိုး​ဆက်​ကား အာ​ရံ၊ အ​မိ​န​ဒပ်၊ (ယု​ဒ​အ​နွယ်​တွင်​ထင်​ပေါ် ကျော်​ကြား​သူ) နာ​ရှုန်၊
1CH 2:11 စာ​လ​မုန်၊ ဗော​ဇ၊- သြ​ဗက်၊ ယေ​ရှဲ​ဟူ​၍​ဖြစ်​သ​တည်း။
1CH 2:13 ယေ​ရှဲ​တွင်​သား​ခု​နစ်​ယောက်​ရှိ​၏။ သူ​တို့​အား ကြီး​စဉ်​ငယ်​လိုက်​ဖော်​ပြ​ရ​သော်​ဧ​လျာ​ဘ၊ အ​ဘိ​န​ဒပ်၊ ရှိ​မာ၊-
1CH 2:14 နာ​သ​နေ​လ၊ ရဒ္ဒဲ၊-
1CH 2:15 သြ​ဇင်​နှင့်​ဒါ​ဝိဒ်​တို့​ဖြစ်​၏။ ယေ​ရှဲ​တွင်​ဇေ​ရု​ယာ နှင့်​အ​ဘိ​ဂဲ​လ​ဟူ​၍​သမီး​နှစ်​ယောက်​လည်း​ရှိ​၏။ ယေ​ရှဲ​၏​သ​မီး​ဇေ​ရု​ယာ​တွင်​အ​ဘိ​ရှဲ၊ ယွာ​ဘ နှင့်​အာ​သ​ဟေ​လ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-
1CH 2:17 သူ​၏​အ​ခြား​သ​မီး​အ​ဘိ​ဂဲ​လ​သည် ဣ​ရှ​မေ​လ မှ​ဆင်း​သက်​လာ​သူ​ယေ​သာ​နှင့်​အိမ်​ထောင်​ပြု​၏။ သူ​တို့​မှာ​အာ​မ​သ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။
1CH 2:18 ဟေ​ဇ​ရုံ​၏​သား​ကာ​လက်​သည် အ​ဇု​ဘ​နှင့်​အိမ် ထောင်​ပြု​၍​ယေ​ရုတ်​နာ​မည်​တွင်​သော​သ​မီး​တစ် ယောက်​ကို​ရ​၏။ ယေ​ရုတ်​တွင်​ယေ​ရှာ၊ ရှော​ဗပ်​နှင့် အာ​ဒုန်​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-
1CH 2:19 အ​ဇု​ဘ​သေ​လွန်​ပြီး​နောက်​ကာ​လက်​သည် ဧ​ဖ​ရတ် နှင့်​အိမ်​ထောင်​ပြု​၍​ဟု​ရ​နာ​မည်​တွင်​သော​သား ကို​ရ​၏။-
1CH 2:20 ဟု​ရ​၏​သား​သည်​ဥ​ရိ၊ ဥ​ရိ​၏​သား​ကား​ဗေ​ဇ လေ​လ​တည်း။
1CH 2:21 ဟေ​ဇ​ရုံ​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​သော​အ​ခါ မာ​ခိ​ရ​၏​သ​မီး၊ ဂိ​လဒ်​၏​ညီ​မ​နှင့်​အိမ်​ထောင် ပြု​၍​စေ​ဂုပ်​နာ​မည်​တွင်​သော​သား​တစ်​ယောက် ကို​ရ​၏။-
1CH 2:22 စေ​ဂုပ်​တွင်​ယာ​ဣ​ရ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ယာ​ဣ​ရ​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့ ကြီး​နှစ်​ဆယ့်​သုံး​မြို့​ကို​အုပ်​စိုး​ရ​၏။-
1CH 2:23 သို့​ရာ​တွင်​ဂေ​ရှု​ရ​နှင့်​အာ​ရံ​ဘု​ရင်​တို့​သည် ထို​ပြည်​မှ​ယာ​ဣ​ရ​နှင့်​ကေ​နတ်​ရွာ​တို့​နှင့် တ​ကွ အ​နီး​အ​နား​ရှိ​မြို့​များ​အ​ပါ​အ​ဝင် မြို့​ခြောက်​ဆယ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​လိုက် ကြ​၏။ ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း တို့​မှာ​ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​၏​သား​မြေး များ​ဖြစ်​သ​တည်း။-
1CH 2:24 ဟေ​ဇ​ရုံ​သေ​လွန်​ပြီး​နောက်​သူ​၏​သား​ကာ​လက် သည် ဖ​ခင်​၏​ဇ​နီး​မု​ဆိုး​မ​ဖြစ်​သူ​ဧ​ဖ​ရတ်​ကို သိမ်း​ပိုက်​လိုက်​၏။ သူ​တို့​တွင်​အာ​ရှု​ရ​နာ​မည်​တွင် သော​သား​တစ်​ယောက်​ကို​ရ​ရှိ​ကြ​၏။ အာ​ရှု​ရ ကား​တေ​ကော​မြို့​ကို​တည်​ထောင်​သူ​တည်း။
1CH 2:25 ဟေ​ဇ​ရုံ​၏​သား​အ​ကြီး​ဆုံး​ဖြစ်​သူ​ယေ​ရ မေ​လ​တွင်​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့​အ​နက် အ​ကြီး​ဆုံး​မှာ​အာ​ရံ​ဖြစ်​၍​အ​ခြား​သား များ​မှာ​ဗု​န၊ သြ​ရင်၊ သြ​ဇင်​နှင့်​အ​ဟိ​ယ တို့​ဖြစ်​၏။-
1CH 2:26 အာ​ရံ​တွင်​မာ​ဇ၊ ယာ​မိန်၊ ဧ​ကာ​ဟူ​၍​သား​သုံး ယောက်​ရှိ​၏။ ယေ​ရ​မေ​လ​တွင်​အာ​တ​ရ​နာ​မည် တွင်​သော​အ​ခြား​ဇ​နီး​တစ်​ယောက်​ရှိ​၏။ ထို ဇ​နီး​ဖြင့်​သြ​နံ​ဟူ​သော​သား​တစ်​ယောက်​ကို ရ​၏။-
1CH 2:28 သြ​နံ​တွင်​ရှမ္မဲ​နှင့်​ယာဒ​ဟူ​သော​သား​နှစ်​ယောက် ရှိ​၏။ ရှမ္မဲ​တွင်​လည်း​နာ​ဒပ်​နှင့်​အ​ဘိ​ရှု​ရ​ဟူ သော​သား​နှစ်​ယောက်​ရှိ​ပေ​သည်။
1CH 2:29 အ​ဘိ​ရှု​ရ​သည်​အ​ဘိ​ဟဲ​လ​နာ​မည်​ရှိ​သော အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင်​ပြု​၍ အာ​ဗန်​နှင့် မော​လိဒ်​နာ​မည်​တွင်​သော​သား​နှစ်​ယောက်​ကို ရ​၏။-
1CH 2:30 အ​ဘိ​ရှု​ရ​၏​ညီ​ဖြစ်​သူ​နာ​ဒပ်​တွင်​သေ​လက် နှင့်​အပ္ပိမ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ တွင်​သေ​လက်​သည်​သား​တစ်​ယောက်​မျှ​မ​ရ ဘဲ​ကွယ်​လွန်​သွား​၏။-
1CH 2:31 အပ္ပိမ်​၏​သား​သည်​ဣ​ရှိ၊ ဣ​ရှိ​၏​သား​မှာ​ရှေ​ရှန်၊ ရှေ​ရှန်​၏​သား​ကား​အာ​လဲ​ဖြစ်​၏။
1CH 2:32 ရှမ္မဲ​၏​ညီ​ယာ​ဒ​တွင်​ယေ​သာ​နှင့် ယော​န​သန်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ​တွင်​ယေ​သာ သည်​သား​တစ်​ယောက်​မျှ​မ​ရ​ဘဲ​ကွယ်​လွန် သွား​၏။-
1CH 2:33 ယော​န​သန်​တွင်​ပေ​လက်​နှင့်​ဇာ​ဇ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ ဤ​သူ​အ​ပေါင်း​တို့​သည်​ယေ​ရ မေ​လ​၏​သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။
1CH 2:34 ရှေ​ရှန်​တွင်​သား​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ သူ့​မှာ ယာ​ဟ​နာ​မည်​တွင်​သော​အီ​ဂျစ်​အ​မျိုး​သား အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။-
1CH 2:35 သူ​သည်​မိ​မိ​၏​သ​မီး​တစ်​ယောက်​အား​ထို​ကျွန် နှင့်​ပေး​စား​ရာ အတ္တဲ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ကို​ရ​လေ​၏။
1CH 2:36 အတ္တဲ​၏​သား​မြေး​အ​ဆက်​ဆက်​မှာ​နာ​သန်၊ ဇာ​ဗဒ်၊ ဧ​ဖ​လ​လ၊ သြ​ဗက်၊
1CH 2:39 ယေ​ဟု၊ အာ​ဇ​ရိ၊- ဟေ​လက်၊ ဧ​လာ​သ၊ သိ​သ​မဲ၊ ရှလ္လုံ၊ ယေ​က​မိ​နှင့်​ဧ​လိ​ရှ​မာ​တို့​ဖြစ်​ကြ​၏။
1CH 2:42 ယေ​ရ​မေ​လ​၏​ညီ​ဖြစ်​သူ​ကာ​လက်​၏​သား​ဦး မှာ​မေ​ရှ​ဟု​နာ​မည်​တွင်​၏။ မေ​ရှ​၏​သား​သည် ဇိ​ဖ၊ ဇိ​ဖ​၏​သား​မှာ​မ​ရေ​ရှ၊ မ​ရေ​ရှ​၏​သား ကား​ဟေ​ဗြုန်​ဖြစ်​၏။-
1CH 2:43 ဟေ​ဗြုန်​တွင်​ကော​ရ၊ တာ​ပွာ၊ ရေ​ကင်​နှင့် ရှေ​မ​ဟူ​သော​သား​လေး​ယောက်​ရှိ​၏။-
1CH 2:44 ရှေ​မ​၏​သား​သည်​ရာ​ဟံ၊ ရာ​ဟံ​၏​သား​မှာ ယော်​ကောင်​ဖြစ်​၏။ ရှေ​မ​၏​ညီ​ဖြစ်​သူ​ရေ​ကင် ၏​သား​သည်​ရှမ္မဲ၊-
1CH 2:45 ရှမ္မဲ​၏​သား​မှာ​မော​န၊ မော​န​၏​သား​ကား​ဗက် ဇု​ရ​တည်း။
1CH 2:46 ကာ​လက်​မှာ​ဧ​ဖာ​နာ​မည်​တွင်​သော​မ​ယား ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မယား​ငယ်​ဖြင့် သူ​သည်​ဟာ​ရန်၊ မော​ဇ၊ ဂါ​ဇက်​ဟူ​သော​သား သုံး​ယောက်​ကို​ထပ်​မံ​ရ​ရှိ​ပြန်​၏။ ဟာ​ရန် တွင်​ဂါ​ဇက်​ဟု​ပင်​နာ​မည်​တွင်​သော​သား တစ်​ယောက်​ရှိ​၏။
1CH 2:47 (ယာ​ဒဲ​နာ​မည်​တွင်​သော​လူ​တစ်​ယောက်​တွင် ရေ​ဂင်၊ ယော​သံ၊ ဂေ​ရှံ၊ ပေ​လက်၊ ဧ​ဖာ၊ ရှာ​ဖ ဟူ​၍​သား​ခြောက်​ယောက်​ရှိ​၏။)
1CH 2:48 ကာ​လက်​မှာ​မာ​ခါ​နာ​မည်​တွင်​သော​အ​ခြား မ​ယား​ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မ​ယား ငယ်​ဖြင့်​သူ​သည်​ရှေ​ဗာ​နှင့် တိ​ရ​ဟာ​န​ဟူ သော​သား​နှစ်​ယောက်​ကို​ရ​၏။-
1CH 2:49 ထို​နောက်​မာ​ခါ​သည်​မာ​ဒ​မေ​န​မြို့​ကို​တည် ထောင်​သူ​ဖြစ်​လာ​သည့်​ရှာ​ဖ​ကို​လည်း​ကောင်း၊ မာ​ခ​ဗေ​န​မြို့​ကို​တည်​ထောင်​သူ​ဖြစ်​လာ သည့်​ရှေ​ဝ​ကို​လည်း​ကောင်း​ရ​ရှိ​ပြန်​၏။ ထို​သား​များ​အ​ပြင်​ကာ​လက်​မှာ​အာ​ခ​သ နာ​မည်​တွင်​သော​သ​မီး​တစ်​ယောက်​လည်း​ရှိ​၏။
1CH 2:50 အောက်​ဖော်​ပြ​ပါ​တို့​သည်​လည်း​ကာ​လက် ၏​သား​မြေး​များ​ဖြစ်​ပေ​သည်။ ဇ​နီး​ဖြစ်​သူ​ဧ​ဖ​ရတ်​နှင့်​ကာ​လက်​ရ​သော သား​ဦး​မှာ​ဟု​ရ​ဖြစ်​၏။ ဟု​ရ​၏​သား​ရှော ဗာ​လ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို တည်​ထောင်​လေ​သည်။-
1CH 2:51 ရှော​ဗာ​လ​၏​ဒု​တိ​ယ​သား​စ​လ​မ​သည် ဗက်​လင်​မြို့​ကို​တည်​ထောင်​၍ သူ​၏​တ​တိ​ယ သား​ဟာ​ရပ်​မူ​ကား​ဗက်​ဂါ​ဒါ​မြို့​ကို​တည် ထောင်​သ​တည်း။
1CH 2:52 ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို​တည်​ထောင်​သူ ရှော​ဗာ​လ​သည်​ဟာ​ရော​အ​မျိုး​သား​များ​၏ ဘိုး​ဘေး​နှင့် မ​န​ဟေ​သိ​အ​မျိုး​သား​ထက် ဝက်​ခန့်​တို့​၏​ဘိုး​ဘေး​ဖြစ်​ပေ​သည်။-
1CH 2:53 သူ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​တွင်​နေ ထိုင်​ကြ​ကုန်​သော​ဣ​သ​ရိ၊ ဖု​ဟိ၊ ရှု​မ​သိ​နှင့် မိ​ရှ​ရိ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​လည်း ဖြစ်​၏။ (ဇာ​ရာ​သိ​နှင့်​ဧ​ရှ​တော​လိ​အ​မျိုး သား​တို့​ကား​ထို​သား​ချင်း​စု​များ​မှ​ဆင်း သက်​လာ​သူ​များ​တည်း။)
1CH 2:54 ဗက်​လင်​မြို့​ကို​တည်​ထောင်​သူ​စ​လ​မ​သည် နေ​တော​ဖာ​သိ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ​သား ချင်း​စု​များ​နှင့်​ဇော​ရိ​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​ပေ​သည်။ ဇော​ရိ​သား​ချင်း​စု သည်​မ​န​ဟေ​သိ​သား​ချင်း​စု​နှစ်​စု​မှ တစ်​စု​ဖြစ်​၏။
1CH 2:55 (စာ​ချုပ်​စာ​တမ်း​များ​ရေး​မှတ်​ကူး​ယူ​သည့် အ​တတ်​တွင် အ​ထူး​ကျွမ်း​ကျင်​ကုန်​သော​တိ ရ​သိ၊ ရှိ​မ​သိ​နှင့် စု​ခ​သိ​သား​ချင်း​စု​တို့ သည်​ယာ​ဗက်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ထို​သူ တို့​သည်​ရေ​ခပ်​အ​မျိုး​အ​နွယ်​များ​နှင့် အ​ပြန်​အ​လှန်​လက်​ထပ်​ထိမ်း​မြား​ခဲ့​ကြ သော​ကိ​နိ​အ​မျိုး​သား​များ​ဖြစ်​သ​တည်း။)
1CH 3:1 ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​မင်း​နန်း​စံ​စဉ်​အ​ခါ ရ​ရှိ​သော​သား​များ​ကား ကြီး​စဉ်​ငယ်​လိုက် အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​က​မွေး​သော သား​အာ​မ​နုန်၊ က​ရ​မေ​လ​မြို့​သူ​အ​ဘိ​ဂဲ​လ​က​မွေး​သော သား​ဒံ​ယေ​လ၊ ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ​၏​သ​မီး​မာ​ခါ​က မွေး​သော​သား​အ​ဗ​ရှ​လုံ၊ ဟ္ဂိတ်​က​မွေး​သော​သား​အ​ဒေါ​နိ​ယ၊ အ​ဘိ တ​လ​က​မွေး​သော​သား​ရှေ​ဖ​တိ၊ ဧ​ဂ​လ​မွေး​သော​သား​ဣ​သ​ရံ။
1CH 3:4 ဒါ​ဝိဒ်​မင်း​သည်​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ်​နှစ်​နှင့် ခြောက်​လ​နန်း​စံ​တော်​မူ​စဉ် ဤ​သား​ခြောက် ပါး​စ​လုံး​ကို​ရ​ရှိ​သ​တည်း။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​သုံး နှစ်​နန်း​စံ​တော်​မူ​၍၊-
1CH 3:5 သား​များ​ထပ်​မံ​၍​ရ​ရှိ​လေ​သည်။ အ​မျေ​လ​၏​သ​မီး​ဗာ​သ​ရှေ​ဘ​သည်​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်​နှင့်​ရှော​လ​မုန်​ဟူ​သော​သား တော်​လေး​ပါး​ကို​မွေး​ဖွား​၏။
1CH 3:6 ဒါ​ဝိဒ်​မင်း​တွင်​ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊ နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​ဟူ​၍​အ​ခြား​သား​တော်​ကိုး ပါး​ရှိ​၏။-
1CH 3:9 ဤ​သား​များ​အ​ပြင်​မောင်း​မ​တော်​များ​နှင့်​ရ​ရှိ သည့်​သား​များ​ရှိ​သေး​သည်။ သူ့​မှာ​တာ​မာ​နာ မည်​တွင်​သော​သ​မီး​တော်​တစ်​ပါး​လည်း​ရှိ​၏။
1CH 3:10 အ​ဖ​အ​မည်​နှင့်​သား​အ​မည်​မျိုး​ရိုး​စဉ်​ဆက်​မှာ ရှော​လ​မုန်၊ ရော​ဗောင်၊ အ​ဘိ​ယ၊ အာ​သံ၊ ယော​ရှ​ဖတ်၊ ယော​ရံ၊ အာ​ခ​ဇိ၊ ယော​ရှ၊ အာ​မ​ဇိ၊ သြ​ဇိ၊ ယော​သံ၊ အာ​ခတ်၊ ဟေ​ဇ​ကိ၊ မ​နာ​ရှေ၊ အာ​မုန်၊ ယော​ရှိ​တည်း။-
1CH 3:15 ယော​ရှိ​တွင်​ယော​ဟာ​နန်၊ ယော​ယ​ကိမ်၊ ဇေ​ဒ​ကိ နှင့် ရှလ္လုံ​ဟူ​၍​သား​တော်​လေး​ပါး​ရှိ​၏။-
1CH 3:16 ယော​ယ​ကိမ်​တွင်​ယေ​ခေါ​နိ​နှင့် ဇေ​ဒ​ကိ​ဟူ သော​သား​တော်​နှစ်​ပါး​ရှိ​၏။
1CH 3:17 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ဖမ်း​ဆီး​ထိန်း​သိမ်း သွား​သည့် ယေ​ခေါ​နိ​မင်း​တွင်​သား​တော်​ခု​နစ် ပါး​ရှိ​၏။ ထို​မင်း​၏​သား​များ​မှာ​ရှာ​လ သေ​လ၊-
1CH 3:18 မာ​လ​ခိ​ရံ၊ ပေ​ဒါ​ယ၊ ရှေ​န​ဇာ၊ ယေ​က​မိ၊ ဟော​ရှ​မ၊ နေ​ဒ​ဘိ​တို့​ဖြစ်​၏။-
1CH 3:19 ပေ​ဒါ​ယ​တွင်​ဇေ​ရု​ဗ​ဗေ​လ​နှင့် ရှိ​မိ​ဟူ​သော သား​တော်​နှစ်​ပါး​ရှိ​၏။ ဇေ​ရု​ဗ​ဗေ​လ​တွင် မေ​ရှု​လံ​နှင့်​ဟာ​န​နိ​ဟူ​သော​သား​တော်​နှစ် ပါး​နှင့် ရှေ​လော​မိတ်​ဟူ​သော​သ​မီး​တော် တစ်​ပါး​ရှိ​၏။-
1CH 3:20 ထို့​ပြင်​ဟ​ရှု​ဘ၊ သြ​ဟေ​လ၊ ဗေ​ရ​ခိ၊ ဟ​သ​ဒိ၊ ယု​ရှ​ဿေ​သက်​ဟူ​၍​အခြား​သား​တော်​ငါး ပါး​လည်း​ရှိ​၏။
1CH 3:21 ဟာ​န​နိ​တွင်​ပေ​လ​တိ​နှင့်​ယေ​ရှာ​ယ​ဟူ သော​သား​တော်​နှစ်​ပါး​ရှိ​၏။ ယေ​ရှာ​ယ​၏ သား​သည်​ရေ​ဖာ​ယ၊ ရေ​ဖာ​ယ​၏​သား​မှာ အာ​နန်၊ အာ​နန်​၏​သား​ကား​သြ​ဗ​ဒိ၊ သြ​ဗ​ဒိ​၏​သား​သည်​ရှေ​ခ​နိ တည်း။-
1CH 3:22 ရှေ​ခ​နိ​တွင်​ရှေ​မာ​ယ​ဟူ​သော​သား​တော် တစ်​ပါး​နှင့် ဟတ္တုတ်၊ ဣ​ဂါ​လ၊ ဗာ​ရိ၊ နာ​ရိ၊ အာ​ဇ​ရိ၊ ရှာ​ဖတ်​ဟူ​သော​မြေး​တော် ခြောက်​ပါး​ရှိ​၏။-
1CH 3:23 နာ​ရိ​တွင်​ဧ​လိ​သြ​နဲ၊ ဟေ​ဇ​ကိ၊ အာ​ဇ​ရိ​ကံ ဟူ​၍​သား​တော်​သုံး​ပါး​ရှိ​၏။-
1CH 3:24 ဧ​လိ​သြ​နဲ​တွင်​ဟော​ဒါ​ယ၊ ဧ​လျာ​ရှိပ်၊ ပေ လာ​ယ၊ အက္ကုပ်၊ ယော​ဟန်၊ ဒ​လာ​ယ၊ အာ​န​နိ ဟူ​၍​သား​တော်​ခု​နစ်​ပါး​ရှိ​သ​တည်း။
1CH 4:1 ယု​ဒ​၏​သား​များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တို့​ဖြစ်​၏။-
1CH 4:2 ရှော​ဗာ​လ​၏​သား​သည်​ရာ​ယ၊ ရာ​ယ​၏​သား မှာ​ယာ​ဟတ်၊ ယာ​ဟတ်​၏​သား​များ​ကား အ​ဟု​မဲ​နှင့်​လာ​ဟဒ်​ဖြစ်​သ​တည်း။ ထို​သူ နှစ်​ဦး​တို့​သည်​ဇော​ရေ​သိ​တွင်​နေ​ထိုင်​ကြ သော​သူ​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။
1CH 4:3 ဟု​ရ​သည်​ဖ​ခင်​ဖြစ်​သူ​ကာ​လက်​၏​ဇ​နီး​ဧ​ဖ ရတ်​မှ​မွေး​သော​သား​ဦး​ဖြစ်​၍ သူ​၏​သား​မြေး တို့​သည်​ဗက်​လင်​မြို့​ကို​တည်​ထောင်​ကြ​၏။ ဟု​ရ တွင်​ဧ​တံ၊ ပေ​နွေ​လ၊ ဧ​ဇာ​ဟူ​သော​သား​သုံး ယောက်​ရှိ​၏။ ဧ​တံ​တွင်​ယေ​ဇ​ရေ​လ၊ ဣ​ရှ​မ နှင့်​ဣ​ဒ​ဗတ်​ဟူ​သော​သား​သုံး​ယောက်​နှင့် ဟာ​ဇ​လေ​လ​ပေါ​နိ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။ ပေ​နွေ​လ​သည်​ဂေ​ဒေါ်​မြို့​ကို တည်​ထောင်​၍​ဧ​ဇာ​သည်​ဟု​ရှ​မြို့​ကို​တည် ထောင်​၏။
1CH 4:5 တေ​ကော​မြို့​ကို​တည်​ထောင်​သူ​အာ​ရှု​ရ​တွင် ဟေ​လ​နှင့်​နာ​ရ​နာ​မည်​တွင်​သော​မ​ယား နှစ်​ယောက်​ရှိ​၏။-
1CH 4:6 နာ​ရ​သည်​အ​ဟု​ဇံ၊ ဟေ​ဖာ၊ တေ​မ​နိ​နှင့် ဟာ​ဟ​ရှ တာ​ရိ​ဟူ​သော​သား​လေး​ယောက်​ကို​ဖွား​မြင်​၍၊-
1CH 4:7 ဟေ​လ​သည်​ဇေ​ရက်၊ ယေ​ဇော်၊ ဧ​သ​နန်​ဟူ သော​သား​သုံး​ယောက်​ကို​ဖွား​မြင်​လေ​သည်။
1CH 4:8 ကော​ဇ​သည်​အာ​နုပ်​နှင့်​ဇော​ဗေ​ဒ​တို့​၏​ဖ​ခင် ဖြစ်​၍ ဟာ​ရုံ​၏​သား​အ​ဟာ​ရေ​လ​မှ​ဆင်း သက်​လာ​သော​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​သ​တည်း။
1CH 4:9 ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-
1CH 4:10 ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။
1CH 4:11 ရှု​အာ​၏​မောင်​ကာ​လက်​တွင်​မ​ဟိ​ရ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။ မ​ဟိ​ရ​၏​သား​မှာ​ဧ​ရှ တုန်​တည်း။-
1CH 4:12 ဧ​ရှ​တုန်​တွင်​ဗက်​ရာ​ဖ၊ ပါ​သာ၊ တေ​ဟိန္န​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ တေ​ဟိန္န​သည်​နာ​ဟက် မြို့​ကို​တည်​ထောင်​သူ​ဖြစ်​၏။ ထို​သူ​၏​သား​မြေး များ​သည်​ရေ​ခါ​အ​ရပ်​တွင်​နေ​ထိုင်​ကြ​လေ သည်။
1CH 4:13 ကေ​နတ်​တွင်​သြ​သံ​ယေ​လ​နှင့်​စ​ရာ​ယ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သြ​သံ​ယေ​လ​တွင် လည်း​ဟာ​သတ်​နှင့်​မော​နော​သဲ​ဟူ​သော​သား​နှစ် ယောက်​ရှိ​၏။-
1CH 4:14 မော​နော​သဲ​၏​သား​မှာ​သြ​ဖ​ရာ​တည်း။ စ​ရာ​ယ​၏​သား​သည်​လက်​မှု​ပညာ​သည်​ချိုင့်​ဝှမ်း ကို​တည်​ထောင်​သူ​ယွာ​ဘ​ဖြစ်​၏။ ထို​ချိုင့်​ဝှမ်း တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကား​လက်​မှု​ပ​ညာ ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ​ဖြစ်​သ​တည်း။
1CH 4:15 ယေဖုန္န​၏​သား​ဖြစ်​သော​ကာ​လက်​တွင်​ဣ​ရု၊ ဧ​လာ၊ နာ​မ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။ ဧ​လာ​၏ သား​မှာ​ကေ​နတ်​ဖြစ်​၏။
1CH 4:16 ယေ​ဟ​လ​လေ​လ​တွင်​ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ နှင့်​အာ​သ​ရေ​လ​ဟူ​သော​သား​လေး​ယောက် ရှိ​၏။
1CH 4:17 ဧ​ဇ​ရ​တွင်​ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်၊ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ မေ​ရက်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ဗိ​သ​ယာ​နှင့် စုံ​ဖက်​၍ မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ်​ယောက် နှင့်​ရှမ္မဲ၊ ဣ​ရှ​ဘ​ဟူ​သော​သား​နှစ်​ယောက်​ကို ရ​လေ​သည်။ ဣ​ရှ​ဘ​သည်​ဧ​ရှ​တ​မော​မြို့ ကို​တည်​ထောင်​၏။ မေ​ရက်​သည်​ယု​ဒ​အ​မျိုး သ​မီး​တစ်​ယောက်​နှင့်​လည်း​စုံ​ဖက်​လေ​သည်။ သူ​တို့​နှစ်​ဦး​တွင်​ဂေ​ဒေါ်​မြို့​ကို​တည်​ထောင် သူ​ယေ​ရက်၊ စော​ခေါ​မြို့​ကို​တည်​ထောင်​သူ ဟေ​ဗာ​နှင့်​ဇာ​နော်​မြို့​ကို​တည်​ထောင်​သူ ယေ​ကု​သေ​လ​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။
1CH 4:19 ဟော​ဒိ​ယ​သည်​နာ​ဟံ​၏​နှ​မ​နှင့်​စုံ​ဖက်​၏။ သူ​တို့​၏​သား​မြေး​များ​သည်​ကိ​လ​မြို့​တွင် နေ​ထိုင်​သော​မာ​ခ​သား​ချင်း​စု​ကို​လည်း ကောင်း တည်​ထောင်​သူ​များ​ဖြစ်​ကြ​၏။
1CH 4:20 ရှိ​မုန်​တွင်​အာ​မ​နုန်၊ ရိန္န၊ ဗင်္ဟာ​နန်၊ တိ​လုန်​ဟူ သော​သား​လေး​ယောက်​ရှိ​၏။ ဣ​ရှိ​တွင်​ဇော​ဟက်​နှင့်​ဗင်္ဇော​ဟက်​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။
1CH 4:21 ရှေ​လ​သည်​ယု​ဒ​၏​သား​တစ်​ယောက်​ဖြစ်​၏။ သူ​၏​သား​မြေး​များ​တွင်​လေ​က​မြို့​ကို​တည် ထောင်​သူ ဧ​ရ​နှင့်​မ​ရေ​ရှ​မြို့​ကို​တည်​ထောင် သူ​လာ​ဒ​သည်​လည်း​ကောင်း၊ ဗေ​သ​ရှေ​ဘ မြို့​တွင်​နေ​ထိုင်​ကြ​သော ပိတ်​ချော​ထည်​ယက် သည့်​သား​ချင်း​စု​သည်​လည်း​ကောင်း၊-
1CH 4:22 ယော​ယ​ကိမ်​နှင့်​ခေါ​ဇေ​ဘ​မြို့​တွင် နေ​ထိုင် ကြ​သော​လူ​တို့​သည်​လည်း​ကောင်း၊ မော​ဘ ပြည်​သူ​အ​မျိုး​သ​မီး​များ​နှင့်​အိမ်​ထောင် ပြု​၍​ဗက်​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​လည်း​ကောင်း ပါ​ဝင်​ကြ​၏။ (ဤ​သည်​ကား​ရှေး​စကား​ဖြစ် သ​တည်း။-)
1CH 4:23 ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​ဘု​ရင်​၏​အ​မှု တော်​ထမ်း​အိုး​ထိန်း​သည်​များ​ဖြစ်​၍ န​တိမ် နှင့်​ဂ​ဒေ​ရ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​ပေ​သည်။
1CH 4:24 ရှိ​မောင်​တွင်​ယေ​မွေ​လ၊ ယာ​မိန်၊ ယာ​ရိပ်၊ ဇေ​ရ၊ ရှော​လ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။-
1CH 4:25 ရှော​လ​၏​သား​သည်​ရှလ္လုံ၊ သူ​၏​မြေး​မှာ မိ​ဘ​သံ၊ သူ​၏​မြစ်​မှာ​မိ​ရှ​မ​ဖြစ်​၏။-
1CH 4:26 မိ​ရှ​မ​မှာ​အ​စ​ပြု​၍​ဟ​မွေ​လ၊ ဇက္ကု​ရ​နှင့် ရှိ​မိ​တိုင်​အောင်​မျိုး​ဆက်​ပေါက်​ပွား​လာ​၏။-
1CH 4:27 ရှိ​မိ​တွင်​သား​တစ်​ဆယ့်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​ရှိ​၏။ သို့​သော်​သူ​၏ ဆွေ​မျိုး​သား​ချင်း​တို့​တွင်​သား​သ​မီး​များ စွာ​မ​ထွန်း​ကား​သ​ဖြင့် ရှိ​မောင်​၏​အ​မျိုး အ​နွယ်​များ​သည်​ယု​ဒ​အ​မျိုး​အ​နွယ် များ​ကဲ့​သို့​တိုး​တက်​ပွား​များ​မှု​မ​ရှိ​ချေ။
1CH 4:28 ရှိ​မောင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ဒါ​ဝိဒ် မင်း​၏​လက်​ထက်​တိုင်​အောင်​ဗေ​ရ​ရှေ​ဘ မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊-
1CH 4:29 ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊-
1CH 4:30 ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊-
1CH 4:31 ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ မြို့၊ ရှာ​ရိမ်​မြို့​တို့​၌​နေ​ထိုင်​ကြ​၏။-
1CH 4:32 ထို​ပြင်​သူ​တို့​သည်​ဧ​တံ၊ အိန်း၊ ရိမ္မုန်၊ တော​ခင်၊ အာ​ရှန်​တည်း​ဟူ​သော​မြို့​ငါး​မြို့​နှင့်​တ​ကွ၊-
1CH 4:33 အ​နောက်​တောင်​ဘက်​ရှိ​ဗာလ​မြို့​တိုင်​အောင် အ​နီး အ​နား​ကျေး​ရွာ​တို့​တွင်​လည်း​နေ​ထိုင်​ကြ​၏။ ဤ​ကား​မိ​မိ​တို့​ဆွေ​မျိုး​သား​ချင်း​စု​နှင့် မိမိ တို့​နေ​ထိုင်​ရာ​ဒေ​သ​များ​အ​ကြောင်း​ကို မှတ်​တမ်း​တင်​ထား​ခြင်း​အ​ရ​ဖြစ်​ပေ​သည်။
1CH 4:34 ထို​သူ​တို့​၏​သား​ချင်း​စု​ဦး​စီး​ခေါင်း​ဆောင် များ​မှာ မေ​ရှော​ဗပ်၊ယာ​မ​လက်၊အာ​မ​ဇိ​၏​သား ယော​ရှ၊ယော​လ၊ စ​ရာ​ယ​၏​မြေး၊အာ​သေ​လ​၏​မြစ်၊ယော​ရှိ​ဘိ​ယ သား​ဖြစ်​သော​ယေ​ဟု၊ ဧ​လျော​နဲ၊​ယာ​ကော​ဘ၊ယေ​ရှော​ဟာ​ယ၊အ​သာ​ယ၊ အ​ဒျေ​လ၊ယေ​သိ​မျေ​လ၊ဗေ​နာ​ယ၊ ယေ​ဒါ​ယ၊ရှိ​မ​ရိ၊ရှေ​မာ​ယ​နှင့်​အလ္လုန်​မှ​ဆင်း သက် လာ​သော​ရှိ​ဖိ​၏​သား​ဇိ​ဇ။ ထို​သူ​တို့​၏​အိမ်​ထောင်​စု​များ​သည်​ဆက် လက်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊-
1CH 4:39 အ​နောက်​ဘက်​တွင်​ဂေရာ​မြို့​အ​နီး​သို့​တိုင် အောင်​ပြန့်​နှံ့​သွား​လျက် ထို​မြို့​တည်​ရာ​ချိုင့် ဝှမ်း​အ​ရှေ့​ဘက်​တွင်​သိုး​များ​ကို​ထိန်း ကျောင်း​ကြ​၏။-
1CH 4:40 သူ​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​မြေ​ပြန့် ဒေ​သ​တွင် စား​ကျက်​ကောင်း​များ​ကို​အ​လုံ အ​လောက်​တွေ့​ရှိ​ကြ​လေ​သည်။ ထို​အရပ်​တွင် နေ​ထိုင်​ခဲ့​ကြ​သူ​တို့​မှာ​ဟာ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။
1CH 4:41 ယု​ဒ​ဘု​ရင်၊ ဟေ​ဇ​ကိ​မင်း​လက်​ထက်​၌ အ​ထက်​ဖော်​ပြ​ပါ​လူ​တို့​သည် ဂေ​ရာ​မြို့ သို့​သွား​၍​ဟာ​မ​အ​မျိုး​သား​တို့​ကို​သူ တို့​၏​တဲ​အိမ်​များ​နှင့်​တ​ကွ​သုတ်​သင် ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​တွင် အ​တည်​တ​ကျ​အ​ခြေ​စိုက်​၍​နေ​ထိုင် ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိ​မိ​တို့​၏​သိုး​များ​အ​တွက် စား​ကျက်​အ​လုံ​အ​လောက်​ကို​ရ​ရှိ​ကြ သော​ကြောင့်​ဖြစ်​၏။-
1CH 4:42 ရှိ​မောင်​အ​နွယ်​ဝင်​လူ​ငါး​ရာ​တို့​သည် အ​ရှေ့​ဘက်၊ ဧ​ဒုံ​ပြည်​သို့​သွား​ကြ​၏။ သူ တို့​အား​ဦး​ဆောင်​သွား​ကြ​သူ​များ​မှာ ပေ​လ​တိ၊ နာ​ရိ၊ ရေ​ဖာ​ယ​နှင့်​သြ​ဇေ​လ တို့​ဖြစ်​၏။ သူ​တို့​ကား​ဣ​ရှိ​၏​သား​များ ဖြစ်​သ​တည်း။-
1CH 4:43 သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​အ​ကြွင်း အ​ကျန်​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင် လျက်​ရှိ​ကြ​၏။
1CH 5:1 ရု​ဗင်​၏​သား​မြေး​များ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ (ရု​ဗင်​သည်​ဣ​သ​ရေ​လ ၏​သား​ဦး​ဖြစ်​သော်​လည်း အ​ဖ​၏​မောင်း​မ တစ်​ယောက်​နှင့်​ပြစ်​မှား​သ​ဖြင့် သား​ဦး​၏ အ​ခွင့်​အ​ရေး​များ​ကို​ဆုံး​ရှုံး​ရ​လေ​သည်။ ထို​အ​ခွင့်​အ​ရေး​များ​သည်​ဣ​သ​ရေ​လ ၏​သား​ယော​သပ်​၏​လက်​သို့​ရောက်​ရှိ သွား​၏။ သို့​ဖြစ်​၍​သား​စဉ်​မြေး​ဆက် အ​လိုက်​ရေ​တွက်​သော​အ​ခါ သား​ဦး အ​ရာ​ကို​ရု​ဗင်​မ​ရ​ရှိ​ပေ။-
1CH 5:2 ယု​ဒ​အ​နွယ်​သည်​ခွန်​အား​အ​ကြီး​မား​ဆုံး ဖြစ်​လာ​၍ အ​နွယ်​စု​အ​ပေါင်း​တို့​အ​တွက် မင်း​ပေါ်​ထွန်း​ခဲ့​၏။)-
1CH 5:3 ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​တွင်​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ​နှင့်​ကာ​မိ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-
1CH 5:4 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​တိုင်း ယော​လ​၏​သား​မြေး​စာ​ရင်း​မှာ​ရှေ မာ​ယ၊ ဂေါ​ဂ၊ ရှေ​မိ၊ မိက္ခ၊ ရာ​ယ၊ ဗာ​လ​နှင့် ဗေ​ရာ​ဟူ​၍​ဖြစ်​၏။ အာ​ရှု​ရိ​ပြည်​ကို​အ​စိုး ရ​သော​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ သာ​သည် အ​နွယ်​ခေါင်း​ဆောင်​ဗေ​ရာ​ကို ဖမ်း​ဆီး​၍​ပြည်​နှင်​ဒဏ်​ပေး​လေ​သည်။
1CH 5:7 အိမ်​ထောင်​စု​မှတ်​တမ်း​များ​အ​ရ​ရု​ဗင် အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ မှာ ယေ​ယေ​လ၊ ဇာ​ခ​ရိ​နှင့်၊-
1CH 5:8 ဗေ​လ​တို့​ဖြစ်​၏။ ဗေ​လ​သည်​အာ​ဇတ်​၏​သား ရှေ​မ​၏​မြေး​ဖြစ်​၍ ယော​လ​၏​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။ ထို​သား​ချင်း​စု​သည်​အာ​ရော် မြို့​တွင်​လည်း​ကောင်း၊ ထို​မြို့​မြောက်​ဘက်​နေ ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တို့​တိုင်​အောင်​ရောက် ရှိ​သည့်​နယ်​မြေ​ဒေ​သ​တွင်​လည်း​ကောင်း နေ​ထိုင်​ကြ​လေ​သည်။-
1CH 5:9 ဂိ​လဒ်​ပြည်​တွင်​သူ​တို့​၏​သိုး​အုပ်၊ နွား​အုပ် ကြီး​များ​ပွား​များ​၍​လာ​သ​ဖြင့် သူ​တို့​၏ နယ်​မြေ​သည်​အ​ရှေ့​ဘက်​သဲ​ကန္တာ​ရ​အ​ဆုံး ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​ကျယ်​ပြန့်​၏။
1CH 5:10 ရှော​လု​မင်း​လက်​ထက်​၌​ရု​ဗင်​အ​နွယ်​ဝင် တို့​သည် ဟာ​ဂ​ရ​အ​မျိုး​သား​တို့​ကို​တိုက် ခိုက်​သတ်​ဖြတ်​ကာ ဂိ​လဒ်​ပြည်​အ​ရှေ့​ဘက် ပိုင်း​ကို​သိမ်း​ယူ​လေ​သည်။
1CH 5:11 ဂဒ်​အ​နွယ်​ဝင်​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်​တို့ နေ​ထိုင်​ရာ​အ​ရပ်​၏ မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​တွင်​နေ​ထိုင်​ကြ​၏။ သူ​တို့​၏​ဒေ​သ သည်​သ​လ​ကာ​မြို့​တိုင်​အောင်​ကျယ်​ပြန့်​၏။-
1CH 5:12 ယော​လ​သည်​အ​ရေး​အ​ကြီး​ဆုံး​သား​ချင်း စု​ကို​တည်​ထောင်​၍​ရှာ​ဖံ​ကား ဒု​တိ​ယ​အ​ရေး ကြီး​ဆုံး​သား​ချင်း​စု​ကို​တည်​ထောင်​သ​တည်း။ ဗာ​ရှန်​ပြည်​တွင်​အ​ခြား​သား​ချင်း​စု​တို့ ကို​တည်​ထောင်​သူ​များ​မှာ​ယာ​နဲ​နှင့်​ရှာ​ဖတ် တို့​ဖြစ်​၏။-
1CH 5:13 အ​ခြား​အ​နွယ်​ဝင်​တို့​သည်​အောက်​ပါ​သား ချင်း​စု​များ​ဖြစ်​ကြ​သော​မိက္ခေ​လ၊ မေ​ရှု​လံ၊ ရှေ​ဘ၊ ယော​ရဲ၊ ယာ​ခန်၊ ဇ​ယာ​နှင့်​ယေ​ဗာ တို့​တွင်​ပါ​ဝင်​ကြ​၏။-
1CH 5:14 သူ​တို့​သည်​ဟု​ရိ​၏​သား​အ​ဘိ​ဟဲ​လ​မှ ဆင်း​သက်​လာ​သူ​များ​ဖြစ်​ပေ​သည်။ အ​ဘိ ဟဲ​လ​၏​ဘိုး​ဘေး​များ​မှာ​ဟု​ရိ၊ ယာ​ရော်၊ ဂိ​လဒ်၊ မိက္ခေ​လ၊ ယေ​ရှိ​ရှဲ၊ ယာ​ဒေါ၊ ဗု​ဇာ​ဟိ တို့​ဖြစ်​သ​တည်း။-
1CH 5:15 အာ​ဗ​ဒျေ​လ​၏​သား​ဂု​နိ​၏​မြေး​အာ​ဟိ သည် ထို​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း ဆောင်​ဖြစ်​သည်။-
1CH 5:16 သူ​တို့​သည်​ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​ရှိ မြို့​များ​တွင်​လည်း​ကောင်း၊ ရှာ​ရုန်​မြက်​ခင်း များ​တစ်​လျှောက်​တွင်​လည်း​ကောင်း​နေ​ထိုင် ကြ​၏။-
1CH 5:17 (ဤ​စာ​ရင်း​မှတ်​တမ်း​များ​မှာ​ယု​ဒ​ဘု​ရင် ယော​သံ​မင်း​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော ဗောင်​မင်း​တို့​၏​လက်​ထက်​၌​ပြု​စု​ရေး​သား သော​မှတ်​တမ်း​များ​ဖြစ်​သ​တည်း။)
1CH 5:18 ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ​တို့​တွင် လေး၊ ဋ္ဌား၊ ဒိုင်း​လွှား​ကိုင်​ဆောင်​မှု​တွင်​ကောင်း စွာ​ကျင်​လည်​သူ စစ်​သား​ပေါင်း​လေး​သောင်း လေး​ထောင်​ခု​နစ်​ရာ့​ခြောက်​ဆယ်​ရှိ​၏။-
1CH 5:19 သူ​တို့​သည်​ဟာ​ဂ​ရ​အ​နွယ်​များ​ဖြစ်​ကြ သော​ယေ​တု​ရ၊ နာ​ဖိ​ရှ၊ နော​ဒပ်​သား​ချင်း​စု တို့​နှင့်​စစ်​တိုက်​ကြ​၏။-
1CH 5:20 ထို​အ​ခါ​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​ကိုး​စား​လျက် ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ ဘု​ရား​သ​ခင် သည်​လည်း​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ဟာ​ဂ​ရ​အ​မျိုး​သား​နှင့်​၎င်း​၏​မ​ဟာ မိတ်​တို့​ကို​အ​နိုင်​ရ​ကြ​၏။-
1CH 5:21 သူ​တို့​သည်​ရန်​သူ​များ​ဘက်​မှ​ကု​လား​အုတ် ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း​နှင့်​မြည်း နှစ်​ထောင်​ကို​လက်​ရ​ဖမ်း​မိ​ကြ​၏။ သုံ့​ပန်း တစ်​သိန်း​ကို​လည်း​ရ​ရှိ​ကြ​၏။-
1CH 5:22 ဤ​စစ်​ပွဲ​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် အ​ရ​ဖြစ်​သ​ဖြင့် ရန်​သူ​အ​များ​အ​ပြား သေ​ကြ​ကုန်​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ပြည်​နှင်​ဒဏ်​ခံ​ရ ချိန်​မ​တိုင်​မီ ထို​ပြည်​တွင်​ဆက်​လက်​နေ ထိုင်​ကြ​၏။
1CH 5:23 အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​တို့​သည်​ဗာ​ရှန် ပြည်​တွင်​မြောက်​သို့​လား​သော်​ဗာ​လ​ဟေ​ရ မုန်​မြို့၊ စ​နိ​ရ​မြို့​နှင့်​ဟေ​ရ​မုန်​တောင်​ပိုင်း တိုင်​အောင်​ပြန့်​နှံ့​လျက်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​လေ​သည်။ သူ​တို့​၏​လူ​ဦး​ရေ​သည် လည်း​များ​စွာ​တိုး​တက်​၍​လာ​၏။-
1CH 5:24 သူ​တို့​သား​ချင်း​စု​ခေါင်း​ဆောင်​များ​မှာ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော ဒ​ဝိ​နှင့်​ယာ​ဒျေ​လ​တို့​ဖြစ်​ကြ​၏။ ထို​သူ​တို့ အား​လုံး​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ ဖြစ်​၍ မိ​မိ​တို့​၏​သား​ချင်း​စု​များ​ပေါ်​တွင် ထင်​ပေါ်​ကျော်​စော​သူ​များ​ဖြစ်​ကြ​၏။
1CH 5:25 သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​ကို​သစ္စာ​ဖောက်​ကြ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​တိုင်း​ပြည်​မှ​ဘု​ရား​သ​ခင် နှင်​ထုတ်​ထား​တော်​မူ​သော​သူ​တို့​၏​ဘု​ရား ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ကိုယ်​တော်​ကို​စွန့် ပစ်​ကြ​၏။-
1CH 5:26 သို့​ဖြစ်​၍​ကိုယ်​တော်​သည်(တိ​ဂ​လတ်​ပိ​လေ သာ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​ရှု​ရိ ပြည်​ဧ​က​ရာဇ်​ဘု​ရင်​ပု​လ​အား​သူ​တို့ ၏​တိုင်း​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​ပိုင်း​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​အား​ပြည်​နှင်​ဒဏ်​ပေး​တော်​မူ​၍ ဟေ​လ၊ ဟာ​ဗော်​နှင့်​ဟာ​ရ​နယ်​များ​တွင် လည်း​ကောင်း၊ ဂေါ​ဇန်​မြစ်​အ​နီး​တွင်​လည်း ကောင်း၊ အ​မြဲ​တမ်း​အ​ခြေ​စိုက်​၍​နေ ထိုင်​စေ​တော်​မူ​၏။
1CH 6:1 လေ​ဝိ​တွင်​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။
1CH 6:2 ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
1CH 6:3 အာ​မ​ရံ​တွင်​အာ​ရုန်၊ မော​ရှေ​ဟူ​သော​သား နှစ်​ယောက်​နှင့်​မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။ အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
1CH 6:4 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း ဧ​လ​ဇာ​၏​သား​မြေး​စာ​ရင်း​မှာ​ဧ​လ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊-
1CH 6:8 ဇာ​ဒုတ်၊ အ​ဟိ​မတ်၊-
1CH 6:9 အာ​ဇ​ရိ၊ ယော​ဟနန်​ဟူ​၍​လည်း​ကောင်း၊
1CH 6:10 (ရှော​လ​မုန်​မင်း​ယေ​ရု​ရှ​လင်​မြို့​တွင်​တည် ဆောက်​သည့်​ဗိ​မာန်​တော်​တွင်​အ​မှု​တော်​ဆောင် သူ) အာ​ဇ​ရိ၊-
1CH 6:11 အာ​မ​ရိ၊ အ​ဟိ​တုပ်၊
1CH 6:12 ဇာ​ဒုတ်၊ ရှလ္လုံ၊
1CH 6:13 ဟိ​လ​ခိ၊ အာ​ဇ​ရိ၊
1CH 6:14 စ​ရာ​ယ၊ ယော​ဇ​ဒက်​ဟူ​၍​လည်း​ကောင်း​ဖြစ် သ​တည်း။
1CH 6:15 ဘု​ရား​သ​ခင်​သည်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကို အ​သုံး​ပြု​၍ ယု​ဒ​ပြည်​သူ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ပြည်​နှင် ဒဏ်​ပေး​သော​အ​ခါ​ယော​ဇ​ဒက်​လည်း​ပါ သွား​လေ​သည်။
1CH 6:16 လေ​ဝိ​တွင်​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။-
1CH 6:17 သူ​တို့​သုံး​ယောက်​စ​လုံး​တွင်​လည်း​သား​များ ရှိ​၏။ ဂေ​ရ​ရှုံ​၏​သား​များ​သည်​လိ​ဗ​နိ​နှင့် ရှိ​မိ​ဖြစ်​၏။-
1CH 6:18 ကော​ဟတ်​၏​သား​များ​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်​နှင့်​သြ​ဇေ​လ​တို့​ဖြစ်​၏။-
1CH 6:19 မေ​ရာ​ရိ​၏​သား​များ​ကား​မ​ဟာ​လိ​နှင့်​မု​ရှိ ဖြစ်​သ​တည်း။
1CH 6:20 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက် အ​တိုင်း ဂေ​ရ​ရှုံ​၏​သား​မြေး​စာ​ရင်း​မှာ ဂေ​ရ​ရှုံ၊ လိ​ဗ​နိ၊ ယာ​ဟတ်၊ ဇိမ္မ၊-
1CH 6:21 ယော​အာ၊ ဣဒ္ဒေါ၊ ဇေ​ရ၊ ယာ​တ​ရဲ​ဟူ​၍​ဖြစ်​၏။
1CH 6:22 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း ကော​ဟတ်​၏​သား​မြေး​စာ​ရင်း​မှာ​ကော​ဟပ်၊ ဣ​ဇ​ဟာ(ခေါ်) အ​မိ​န​ဒပ်၊ ကော​ရ၊ အ​ဿိ​ရ၊-
1CH 6:23 ဧ​လ​ကာ​န၊ ဧ​ဗျာ​သပ်၊ အ​ဿိ​ရ၊
1CH 6:24 တာ​ဟပ်၊ ဥ​ရေ​လ၊ သြ​ဇိ၊ ရှော​လ​ဟူ​၍​ဖြစ်​၏။
1CH 6:25 ဧ​လ​ကာ​န​တွင်​အာ​မ​သဲ​နှင့် အ​ဟိ​မုတ်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။-
1CH 6:26 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း အ​ဟိ​မုတ်​၏​သား​မြေး​စာ​ရင်း​မှာ အ​ဟိ​မုတ်၊ ဧ​လ​ကာ​န၊ ဇော်​ဖဲ၊ နာ​ဟတ်၊-
1CH 6:27 ဧ​လျာ​ဘ၊ ယေ​ရော​ဟံ​နှင့်​ဧ​လ​ကာ​န​ဟူ​၍ ဖြစ်​၏။
1CH 6:28 ရှ​မွေ​လ​တွင်​သား​ကြီး​ယော​လ​နှင့် သား​ငယ် အ​ဘိ​ယ​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။
1CH 6:29 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း မေ​ရာ​ရိ​၏​သား​မြေး​စာ​ရင်း​မှာ​မေ​ရာ​ရိ၊ မ​ဟာ​လိ၊ လိ​ဗ​နိ၊ ရှိ​မိ၊ သြ​ဇ၊-
1CH 6:30 ရှိ​မာ၊ ဟ္ဂျာ​နှင့်​အ​သာ​ယ​ဟူ​၍​ဖြစ်​၏။
1CH 6:31 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့ ရှိ​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​ပြောင်း ရွှေ့​ရ​ပြီး​နောက် ဒါ​ဝိဒ်​မင်း​သည်​ဤ​သူ​တို့ အား​ဗိ​မာန်​တော်​တွင်​ဂီ​တ​သီ​ဆို​တီး​မှုတ် ရန်​အ​တွက်​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။-
1CH 6:32 သူ​တို့​သည်​ရှော​လ​မုန်​မင်း​ကြီး​ဗိ​မာန်​တော် ကို​မ​တည်​မ​ဆောက်​မီ​ကာ​လ​၌ ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​တွင် အ​လှည့်​ကျ​တာ​ဝန်​ယူ​၍​မ​ပျက်​မ​ကွက် ဆောင်​ရွက်​ရ​ကြ​သည်။-
1CH 6:33 ဤ​ရာ​ထူး​တွင်​ခန့်​ထား​ခြင်း​ခံ​ရ​သူ​တို့ ၏ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ကော​ဟတ်​သား​ချင်း​စု​မှ​ယော​လ​၏​သား ဟေ​မန်​သည် ပ​ထ​မ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့ ခေါင်း​ဆောင်​ဖြစ်​၏။ ဟေ​မန်​၏​အ​ဖ​သည် ယော​လ၊ ယော​လ​၏​အ​ဖ​မှာ ရှ​မွေ​လ၊ ရှ​မွေ​လ​၏​အ​ဖ​ကား​ဧ​လ​ကာ​န​ဖြစ်​၏။ ဧ​လ​ကာ​န​၏​အ​ဖ​သည် ယေ​ရော​ဟံ၊ ယေ ရော​ဟံ​၏​အ​ဖ​မှာ​ဧ​လျာ​ဘ၊ ဧ​လျာ​ဘ ၏​အ​ဖ​ကား​တော​အာ​ဖြစ်​၏။ တော​အာ​၏ အ​ဖ​သည်​ဇော​ဖဲ၊ ဇော​ဖဲ​၏​အ​ဖ​မှာ ဧ​လ ကာ​န၊ ဧ​လ​ကာ​န​၏​အ​ဖ​ကား​မာ​ဟတ် ဖြစ်​၏။ မာ​ဟတ်​၏​အ​ဖ​သည် အ​မာ​သဲ၊ အ​မာ​သဲ​၏​အ​ဖ​သည်​ဧ​လ​ကာ​န၊ ဧ​လ ကာ​န​၏​အ​ဖ​မှာ​ယော​လ၊ ယော​လ​၏​အ​ဖ ကား​အာ​ဇ​ရိ​ဖြစ်​၏။ အာ​ဇ​ရိ​၏​အ​ဖ​သည် ဇေ​ဖ​နိ၊ ဇေ​ဖ​နိ​၏​အ​ဖ​မှာ​တာ​ဟတ်၊ တာ ဟတ်​၏​အ​ဖ​သည်​အ​ဿိ​ရ၊ အ​ဿိ​ရ​၏​အ​ဖ ကား​ဧ​ဗျာ​သပ်​ဖြစ်​၏။ ဧ​ဗျာ​သပ်​၏​အ​ဖ သည်​ကော​ရ၊ ကော​ရ​၏​အ​ဖ​မှာ​ဣ​ဇ​ဟာ၊ ဣ​ဇ​ဟာ​၏​အ​ဖ​ကား​ကော​ဟတ်​ဖြစ်​၏။ ကော​ဟပ်​၏​အ​ဖ​သည်​လေ​ဝိ၊ လေ​ဝိ​၏ အ​ဖ​ကား​ယာ​ကုပ်​ဖြစ်​၏။ ဤ​သို့​လျှင် ဟေ​မန်​၏​ဘိုး​ဘေး​စာ​ရင်း​မှာ​ယာကုပ် တွင်​အ​ဆုံး​သတ်​သ​တည်း။
1CH 6:39 ဒု​တိ​ယ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​မှာ အာ​သပ်​ဖြစ်​၏။ အာ​သပ်​၏​အ​ဖ​သည်​ဗေ​ရ​ခိ၊ ဗေ​ရ​ခိ​၏​အ​ဖ​မှာ​ရှိ​မာ၊ ရှိ​မာ​၏​အ​ဖ​ကား မိက္ခေ​လ​ဖြစ်​၏။ မိက္ခေ​လ​၏​အ​ဖ​သည်​ဗာ​သေ ယ၊ ဗာ​သေ​ယ​၏​အ​ဖ​မှာ​မာ​လ​ခိ၊ မာ​လ​ခိ ၏​အ​ဖ​ကား​ဧ​သ​နိ​ဖြစ်​၏။ ဧ​သ​နိ​၏ အ​ဖ​သည်​ဇေ​ရ၊ ဇေ​ရ​၏​အ​ဖ​မှာ​အ​ဒါ​ယ၊ အ​ဒါ​ယ​၏​အ​ဖ​ကား​ဧ​သန်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ဇိမ္မ၊ ဇိမ္မ​၏​အ​ဖ​မှာ​ရှိ​မိ၊ ရှိ​မိ ၏​အ​ဖ​သည်​ယာ​ဟတ်​ဖြစ်​၏။ ယာ​ဟတ်​၏ အ​ဖ​သည်​ဂေ​ရ​ရှုံ၊ ဂေ​ရ​ရှုံ​၏​အ​ဖ​ကား လေ​ဝိ​ဖြစ်​၏။ ဤ​သို့​လျှင်​အာ​သပ်​၏​ဘိုး ဘေး​စာ​ရင်း​သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ် သ​တည်း။
1CH 6:44 မေ​ရာ​ရိ​သား​ချင်း​စု​မှ​ဧ​သန်​သည်​တ​တိ​ယ သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ကိ​ရှိ၊ ကိ​ရှိ​၏​အ​ဖ​မှာ​အာ​ဖ​ဒိ၊ အာ​ဖ​ဒိ​၏​အ​ဖ​ကား​မလ္လုတ်​ဖြစ်​၏။ မလ္လုတ် ၏​အ​ဖ​သည်​ဟာ​ရှ​ဗိ၊ ဟာ​ရှ​ဗိ​၏​အ​ဖ​မှာ အာ​မ​ဇိ၊ အာ​မ​ဇိ​၏​အ​ဖ​ကား​ဟိ​လ​ခိ ဖြစ်​၏။ ဟိ​လ​ခိ​၏​အ​ဖ​သည်​အံ​ဇိ၊ အံ​ဇိ ၏​အ​ဖ​မှာ​ဗာ​နိ၊ ဗာ​နိ​၏​အ​ဖ​ကား​ရှ​မေ​ရ ဖြစ်​၏။ ရှ​မေ​ရ​၏​အ​ဖ​သည်​မ​ဟာ​လိ၊ မ​ဟာ လိ​၏​အ​ဖ​မှာ​မု​ရှိ၊ မု​ရှိ​၏​အ​ဖ​ကား​မေ ရာ​ရိ​ဖြစ်​၍ မေ​ရာ​ရိ​၏​အ​ဖ​သည်​လေ​ဝိ ဖြစ်​၏။ ဤ​သို့​လျှင်​ဧ​သန်​၏​ဘိုး​ဘေး​စာ​ရင်း သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ်​သ​တည်း။
1CH 6:48 ထို​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​တွင်​အ​ခြား​တာ​ဝန် ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။
1CH 6:49 အာ​ရုန်​နှင့်​သူ​၏​သား​မြေး​တို့​သည်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​နှင့် ပလ္လင်​ပေါ် တွင်​တင်​၍​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ဆက်​သ ရ​ကြ​၏။ သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​၌​ကိုး​ကွယ်​ဝတ်​ပြု​မှု​မှန်​သ​မျှ ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​မှု​များ ကို​လည်း​ကောင်း၊ တာ​ဝန်​ယူ​၍​ဆောင်​ရွက် ရ​ကြ​၏။ ယင်း​သို့​ဆောင်​ရွက်​ရာ​၌​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​သူ မော​ရှေ​ဆင့်​ဆို​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရ​ကြ​ပေ​သည်။-
1CH 6:50 အာ​ရုန်​၏​သား​မြေး​များ​စာ​ရင်း​မှာ​အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊-
1CH 6:51 ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊- မ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊ ဇာ​ဒုတ်၊ အ​ဟိ​မတ်​ဟူ​၍​ဖြစ်​၏။
1CH 6:54 ကော​ဟတ်​သား​ချင်း​စု​ဖြစ်​သော၊ အာ​ရုန် ၏​သား​မြေး​များ​ပ​ထ​မ​ဆုံး​ဝေ​စု​အ​ဖြစ်​ဖြင့် ခွဲ​ဝေ​ပေး​ခြင်း​ခံ​ရ​သည့်​နယ်​မြေ​များ​မှာ ယု​ဒ​နယ်​မှ​ဟေ​ဗြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင် ရှိ​မြက်​ခင်း​များ​ဖြစ်​၏။-
1CH 6:56 ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​လယ်​များ၊ ရွာ​များ​ကို မူ​ယေ​ဖုန္န​၏​သား​ကာ​လက်​က​ရ​ရှိ​လေ​သည်။-
1CH 6:57 အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။-
1CH 6:60 သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။-
1CH 6:61 ကော​ဟပ်​သား​ချင်း​စု​ထဲ​မှ​ကျန်​ရှိ​နေ​သော သူ​တို့​သည် အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​ရှိ​မြို့ ဆယ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍ ခွဲ​ဝေ​ယူ​ရ​ကြ​၏။
1CH 6:62 ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​သည် ဣ​သ​ခါ​နယ်၊ အာ​ရှာ​နယ်၊ န​ဿ​လိ​နယ်၊ ဗာ​ရှန်​ပြည်​အ​ရှေ့ မ​နာ​ရှေ​နယ်​တို့​မှ​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ရ ကြ​၏။-
1CH 6:63 ထို​နည်း​တူ​စွာ​မေ​ရာ​ရိ​သား​ချင်း​စု​တို့​သည် ရု​ဗင်​နယ်၊ ဂဒ်​နယ်​နှင့်​ဇာ​ဗု​လုန်​နယ်​တို့​မှ​မြို့ တစ်​ဆယ့်​နှစ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ ၍​ခွဲ​ဝေ​ယူ​ရ​ကြ​၏။-
1CH 6:64 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရန် မြို့​များ​ကို​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​နှင့်​တ​ကွ​ခွဲ​ဝေ​ပေး ကြ​ကုန်​သည်။-
1CH 6:65 (အ​ထက်​ဖော်​ပြ​ပါ​ယု​ဒ​နယ်၊ ရှိ​မောင်​နယ်၊ င်္ဗယာ​မိန်​နယ်​တို့​မှ​မြို့​တို့​ကို​လည်း​မဲ​ချ​၍ ခွဲ​ဝေ​ပေး​ကြ​၏။)
1CH 6:66 ကော​ဟတ်​သား​ချင်း​စု​ထဲ​မှ​အ​ချို့​သော​အိမ် ထောင်​စု​တို့​သည် ဧ​ဖ​ရိမ်​နယ်​မှ​မြို့​များ​နှင့် မြက်​ခင်း​များ​ကို​ရ​ရှိ​ကြ​၏။-
1CH 6:67 ထို​မြို့​များ​မှာ​ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​ပေါ် တွင်​တည်​ရှိ​လျက် အပြစ်​လွတ်​ငြိမ်း​ခွင့်​အ​တွက် ခို​လှုံ​ရာ​ဖြစ်​သော​ရှေ​ခင်​မြို့၊ ဂေ​ဇာ​မြို့၊ ယော က​မံ​မြို့၊ ဗက်​ဟော​ရုန်​မြို့၊ အာ​ဇ​လုန်​မြို့ နှင့်​ဂါ​သ​ရိမ္မုန်​မြို့​တို့​ဖြစ်​ကြ​၏။-
1CH 6:70 ထို​သူ​တို့​သည်​အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​မှ အ​နေ​ရ​မြို့၊ ဗိ​လံ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​ရ​ရှိ​ကြ​၏။
1CH 6:71 ဂေ​ရ​ရှုံ​သား​ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​တို့​သည် အ​ရှေ့​မ​နာ​ရှေ​နယ်၊ ဗာ​ရှန်​ပြည်​ရှိ၊ ဂေါ​လန်​မြို့၊ အာ​ရှ​တ​ရုတ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး​တစ် ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
1CH 6:72 ဣ​သာ​ခါ​နယ်​မှ​ကေ​ဒေ​ရှ​မြို့၊ ဒါ​ဗ​ရတ်​မြို့၊
1CH 6:73 ရာ​မုတ်​မြို့၊ အာ​နင်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
1CH 6:74 အာ​ရှာ​နယ်​မှ​မိ​ရှ​လ​မြို့၊ အာ​ဗ​ဒုန်​မြို့၊
1CH 6:75 ဟု​ကုတ်၊ ရ​ဟော​ဘ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
1CH 6:76 န​ဿ​လိ​နယ်​မှ​ဂါ​လိ​လဲ​ပြည်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဟမ္မုန်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း​ရ ရှိ​ကြ​၏။
1CH 6:77 မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကြွင်း​ကျန်​နေ​သော အိမ်​ထောင်​စု​တို့​သည် ဇာ​ဗု​လုန်​နယ်​မှ​ရိမ္မုန်​မြို့၊ တာ​ဗော်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး​တစ်​ဝိုက်​ရှိ မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
1CH 6:78 ရု​ဗင်​နယ်​မှ​ယေ​ရိ​ခေါ​မြို့​၏​အ​လွန်​ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ကမ်း၊ ယာ​ဇ​ကုန်း​ပြင်​မြင့်​ပေါ် ရှိ​ဗေ​ဇာ​မြို့၊-
1CH 6:79 ကေ​ဒ​မုတ်​မြို့၊ မေဖတ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊
1CH 6:80 ဂဒ်​နယ်​မှ​ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့၊ မ​ဟာ​နိမ်​မြို့၊
1CH 6:81 ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​လေ​သည်။
1CH 7:1 ဣ​သ​ခါ​တွင်​တော​လ၊ ဖု​ဝါ၊ ယာ​ရှုပ်၊ ရှိ​မ​ရုန် ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
1CH 7:2 တော​လ​တွင်​သြ​ဇိ၊ ရေ​ဖာ​ယ၊ ယေ​ရေ​လ၊ ယာ​မဲ၊ ယိ​ဗ​သံ၊ ရှ​မွေ​လ​ဟူ​၍​သား​ခြောက်​ယောက်​ရှိ ၏။ ထို​သူ​တို့​သည်​တော​လ​သား​ချင်း​စု​၏ ဦး​စီး​ခေါင်း​ဆောင်​များ၊ ထင်​ပေါ်​ကျော်​စော သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား မြေး​ဦး​ရေ​သည်​ဒါ​ဝိဒ်​မင်း​၏​လက်​ထက်​၌ နှစ်​သောင်း​နှစ်​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။
1CH 7:3 သြ​ဇိ​တွင်​ဣ​ဇ​ရ​ဟိ​ဟူ​သော​သား​တစ် ယောက်​ရှိ​၏။ ဣ​ဇ​ရ​ဟိ​နှင့်​သူ​၏​သား​များ ဖြစ်​ကြ​သော​မိက္ခေ​လ၊ သြ​ဗ​ဒိ၊ ယော​လ၊ ဣ​ရှ​ယ​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ ဖြစ်​ကြ​၏။-
1CH 7:4 သူ​တို့​တွင်​သား​မယား​အ​များ​အ​ပြား​ရှိ သော​ကြောင့် သူ​တို့​၏​သား​မြေး​များ​မှ​စစ် မှု​ထမ်း​ရန်​လူ​ပေါင်း​သုံး​သောင်း​ခြောက် ထောင်​ရ​ရှိ​နိုင်​လေ​သည်။
1CH 7:5 အ​စိုး​ရ​မှတ်​တမ်း​များ​အ​ရ​ဣ​သ​ခါ​၏​သား ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​ရှိ​သ​မျှ​တို့​တွင် စစ် မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ပေါင်း ရှစ်​သောင်း​ခု​နစ်​ထောင်​ရှိ​၏။
1CH 7:6 င်္ဗယာ​မိန်​တွင်​ဗေ​လ၊ ဗေ​ခါ၊ ယေ​ဒ​ယေ​လ ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
1CH 7:7 ဗေ​လ​တွင်​ဧ​ဇ​ဗုန်၊ သြ​ဇိ၊ သြ​ဇေ​လ၊ ယေ​ရိ မုတ်၊ ဣ​ရိ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့ သည်​မိမိ​တို့​သား​ချင်း​စု​ထဲ​တွင်​အိမ်​ထောင် ဦး​စီး​များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ များ​ဖြစ်​ကြ​၏။ သူ​တို့​၏​သား​မြေး​များ​ထဲ တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အချင်း​ပြည့်​သူ နှစ်​သောင်း​နှစ်​ထောင့်​သုံး​ဆယ့်​လေး​ယောက် ရှိ​၏။
1CH 7:8 ဗေ​ခါ​တွင်​ဇေ​မိ​ရ၊ ယော​ရှ၊ ဧ​လျေ​ဇာ၊ ဧ​လိ သြ​နဲ၊ သြ​မ​ရိ၊ ယေ​ရိ​မုတ်၊ အ​ဘိ​ယ၊ အာ​န သုတ်၊ အာ​လ​မက်​ဟူ​၍​သား​ကိုး​ယောက်​ရှိ​၏။-
1CH 7:9 အ​စိုး​ရ​မှတ်​တမ်း​အ​ရ​သူ​တို့​၏​သား​မြေး များ​တွင် အိမ်​ထောင်​စု​အ​လိုက်​စစ်​မှု​ထမ်း​ရန် အ​ရည်​အ​ချင်း​ပြည့်​သူ​များ​မှာ လူ​ပေါင်း နှစ်​သောင်း​နှစ်​ရာ​ယောက်​ရှိ​၏။
1CH 7:10 ယေ​ဒ​ယေ​လ​တွင်​ဗိ​လ​ဟန်​ဟူ​သော​သား တစ်​ယောက်​ရှိ​၏။ ဗိ​လ​ဟန်​တွင်​ယု​ရှ၊ င်္ဗယာ​မိန်၊ ဧ​ဟုတ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ ရှ​ဟာ​ဟူ​၍​သား​ခု​နစ်​ယောက်​ရှိ​၏။-
1CH 7:11 သူ​တို့​အား​လုံး​သည်​မိ​မိ​တို့​သား​ချင်း​စု ထဲ​မှ​အိမ်​ထောင်​ဦး​စီး​များ၊ ထင်​ပေါ်​ကျော် စော​သော​စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့ ၏​သား​မြေး​များ​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည် အ​ချင်း​ပြည့်​သူ​လူ​ပေါင်း​တစ်​သောင်း​ခုနစ် ထောင့်​နှစ်​ရာ​ယောက်​ရှိ​သည်။-
1CH 7:12 ရှု​ပိမ်​နှင့်​ဟု​ပိမ်​တို့​သည်​လည်း​ဤ​အ​နွယ်​စု တွင်​ပါ​ဝင်​ကြ​သ​တည်း။ ဒန်​တွင်​ဟု​ရှိမ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။
1CH 7:13 န​ဿ​လိ​တွင်​ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှလ္လုံ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (သူ​တို့​သည် ဗိ​လ​ဟာ​၏​သား​မြေး​များ​ဖြစ်​သ​တည်း။)
1CH 7:14 မ​နာ​ရှေ​သည်​အာ​ရ​မိ​အ​မျိုး​သ​မီး​မ​ယား ငယ်​နှင့်​ရ​သော​သား​နှစ်​ယောက်​မှာ အာ​သ​ရေ​လ နှင့်​မာ​ခိ​ရ​ဖြစ်​၏။ မာ​ခိ​ရ​၏​သား​သည်​ဂိ​လဒ် ဖြစ်​၏။-
1CH 7:15 မာ​ခိ​ရ​သည်​ဟု​ပိမ်​နှင့်​ရှုပိမ်​တို့​အ​တွက်​အိမ် ထောင်​ဖက်​များ​ကို​ရှာ​၍​ပေး​၏။ သူ့​နှ​မ ၏​နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။ မာ​ခိ​ရ​၏​ဒု​တိ​ယ သား​မှာ​ဇ​လော​ဖတ်​ဖြစ်​၍​ထို​သူ​၌​သ​မီး များ​သာ​လျှင်​ရှိ​လေ​သည်။
1CH 7:16 မာ​ခိ​ရ​၏​ဇ​နီး​မာ​ခါ​သည်​သား​နှစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​အား​ပေ​ရက်​နှင့် ရှေ​ရက်​ဟု​နာ​မည်​မှည့်​၏။ ပေ​ရက်​တွင်​ဥ​လံ နှင့်​ရေ​ကင်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-
1CH 7:17 ဥ​လံ​တွင်​ဗေ​ဒန်​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​လေ​သည်။ ဤ​သူ​တို့​ကား​မာ​ခိ​ရ ၏​သား၊ မ​နာ​ရှေ​၏​မြေး​ဂိ​လဒ်​မှ​ဆင်း​သက် လာ​သူ​များ​ဖြစ်​ကြ​၏။
1CH 7:18 ဂိ​လဒ်​၏​နှ​မ၊ ဟမ္မော​လေ​ကက်​တွင် ဣ​ရှော​ဒ၊ အ​ဗျေ​ဇာ၊ မ​ဟာ​လ​ဟူ​၍​သား​သုံး​ယောက် ရှိ​၏။-
1CH 7:19 (ရှ​မိ​ဒ​တွင်​အ​ဟိ​အန်၊ ရှေ​ခင်၊ လိ​က​ဟိ၊ အ​နိ​အံ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။)
1CH 7:20 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​အ​လိုက် အ​ရ ဧ​ဖ​ရိမ်​၏​သား​မြေး​စာ​ရင်း​မှာ​ဧ​ဖ​ရိမ်၊ ရှု​သေ​လ၊ ဗေ​ရက်၊ တာ​ဟတ်၊ ဧ​လာ​ဒ၊ တာ​ဟတ်၊-
1CH 7:21 ဇာ​ဗဒ်​နှင့်​ရှု​သေ​လ​တို့​ဖြစ်​၏။ ဧ​ဖ​ရိမ်​တွင် ဧ​ဇာ​နှင့်​ဧ​လဒ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ သေး​၏။ သူ​တို့​သည်​ဂါ​သ​မြို့​နေ​တိုင်း​ရင်း သား​တို့​၏​နွား​များ​ကို ခိုး​ယူ​ရန်​ကြိုး​စား သည့်​အ​တွက်​အ​သတ်​ခံ​ရ​ကြ​၏။-
1CH 7:22 ဖ​ခင်​ဖြစ်​သူ​ဧဖရိမ်​သည်​သား​နှစ်​ယောက် အ​တွက် ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သ​ဖြင့် သူ​၏​ညီ​အစ်​ကို များ​လာ​ရောက်​၍​သူ့​အား​နှစ်​သိမ့်​ကြ​၏။-
1CH 7:23 ထို​နောက်​သူ​သည်​မိ​မိ​၏​ဇနီး​နှင့်​ကိုယ်​လက် နှီး​နှော​ပြန်​သ​ဖြင့် ဇ​နီး​သည်​တွင်​ကိုယ်​ဝန် ရှိ​၍​သား​တစ်​ယောက်​ကို​ဖွား​မြင်​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​အိမ်​ထောင်​သို့​ဆိုက်​ရောက် ခဲ့​သော​ဒုက္ခ​ကို​အ​ကြောင်း​ပြု​၍​ထို​သား အား​ဗေ​ရိ​ယ​ဟု​နာ​မည်​မှည့်​ကြ​၏။
1CH 7:24 ဧ​ဖ​ရိမ်​တွင်​ရှေ​ရ​နာ​မည်​တွင်​သော​သ​မီး တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး​သည် အ​ထက်​ဗေ​သော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန် မြို့​နှင့်​သြ​ဇင်​ရှေ​ရ​မြို့​တို့​ကို​တည်​ထောင် သူ​ဖြစ်​၏။
1CH 7:25 ဧ​ဖ​ရိမ်​တွင်​ရေ​ဖ​ဟု​နာ​မည်​တွင်​သော သား​တစ်​ယောက်​ရှိ​၏။ သူ​၏​သား​မြေး​များ မှာ​ရေ​ရှပ်၊ တေ​လ၊ တာ​ဟန်၊ လာ​ဒန်၊ အ​မိ ဟုဒ်၊ ဧ​လိ​ရှ​မာ၊ နုန်၊ ယော​ရှု​တို့​ဖြစ်​ကြ​၏။
1CH 7:28 သူ​တို့​သိမ်း​ယူ​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ သည့်​နယ်​မြေ​တွင်​အ​ရှေ့​သို့​လား​သော်​နာ​ရန် မြို့​အ​ထိ၊ ထို​မြို့​နှင့်​ဗေ​သ​လ​မြို့​နှင့်​အ​နီး တစ်​ဝိုက်​ရှိ​မြို့​များ၊ အ​နောက်​သို့​လား​သော် ဂေ​ဇာ​မြို့​အ​ထိ၊ ထို​မြို့​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​မြို့​များ​ပါ​ဝင်​၏။ ရှေ​ခင်​မြို့၊ အာ​ရ​မြို့​နှင့် ယင်း​တို့​၏​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​လည်း ပါ​၏။
1CH 7:29 မ​နာ​ရှေ​၏​သား​မြေး​တို့​သည် ဗက်​ရှန်၊ တာ နက်၊ မေ​ဂိဒ္ဒေါ၊ ဒေါ​ရ​မြို့​ကြီး​များ​နှင့်​ယင်း တို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​များ​ကို​အ​စိုး​ရ ကြ​၏။ ဤ​မြို့​တို့​သည်​ယာ​ကုပ်​၏​သား​ဖြစ်​သူ ယော​သပ်​၏​သား​မြေး​တို့​နေ​ထိုင်​ရာ​ဖြစ် သ​တည်း။
1CH 7:30 အာ​ရှာ​၏​သား​မြေး​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ အာ​ရှာ​တွင်​ယိ​မ​န၊ ဣ​ရွာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​ဟူ​သော​သား​လေး​ယောက် နှင့်​စေရ​ဟူ​သော​သ​မီး​တစ်​ယောက်​ရှိ​၏။
1CH 7:31 ဗေ​ရိ​ယ​တွင်​ဟေ​ဗာ​နှင့်​မာ​လ​ကျေ​လ ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ (မာ​လ​ကျေ​လ သည်​ဗိ​ရ​ဇာ​ဝိတ်​မြို့​ကို​တည်​ထောင်​သည်။)
1CH 7:32 ဟေ​ဗာ​တွင်​ယာ​ဖ​လက်၊ ရှော​မာ၊ ဟော​သံ​ဟူ သော​သား​သုံး​ယောက်​နှင့်​ရှု​အာ​ဟူ​သော သ​မီး​တစ်​ယောက်​ရှိ​၏။
1CH 7:33 ယာ​ဖ​လက်​တွင်​ပါ​သက်၊ ဗိ​မ​ဟာ​လ၊ အာ​ရှ​ဝတ်​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
1CH 7:34 ယာ​ဖ​လက်​၏​ညီ​ရှော​မာ​တွင်​ရော​ဂ၊ ယေ​ဟုဗ္ဗ၊ အာ​ရံ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
1CH 7:35 သူ​၏​ညီ​ငယ်​ဟော​သံ​တွင်​ဇော​ဖ၊ ဣ​မ​န၊ ရှေ​လက်၊ အာ​မ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
1CH 7:36 ဇော​ဖ​၏​သား​မြေး​များ​မှာ​သု​အာ၊ ဟာ​နေ​ဖာ၊ ရွှ​လ၊ ဗေ​ရိ၊ ဣ​မ​ရ၊-
1CH 7:37 ဗေ​ဇာ၊ ဟော​ဒ၊ ရှမ္မ၊ ရှိ​လ​ရှ၊ ဣ​သ​ရန်၊ ဗေ​ရ​တို့ ဖြစ်​၏။
1CH 7:38 ယေ​သာ​၏​သား​မြေး​များ​မှာ​ယေ​ဖုန္န၊ ပိ​သ​ပ၊ အာ​ရ​တို့​ဖြစ်​၏။-
1CH 7:39 ဥလ္လ​၏​သား​မြေး​များ​မှာ​အာ​ရ၊ ဟံ​ယေ​လ၊ ရေ​ဇိ​ယ​တို့​ဖြစ်​သ​တည်း။
1CH 7:40 ဤ​သူ​အ​ပေါင်း​တို့​သည်​အာ​ရှာ​၏​သား​မြေး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အိမ်​ထောင်​ဦး​စီး များ၊ ထင်​ပေါ်​ကျော်​စော​သော​စစ်​သူ​ရဲ​များ၊ ထူး​ချွန်​သော​ခေါင်း​ဆောင်​များ​ဖြစ်​ပေ​သည်။ သူ​တို့​တွင်​စစ်​မှု​ထမ်း​ရန်​အ​ရည်​အ​ချင်း ရှိ​သူ​လူ​ပေါင်း​နှစ်​သောင်း​ခြောက်​ထောင်​ရှိ သ​တည်း။
1CH 8:1 ဗင်္ယာမိန်​တွင်​ဗေ​လ၊ အာ​ရှ​ဗေ​လ၊ အ​ဟိ​ရံ၊-
1CH 8:2 နော​ဟ၊ ရာဖ​ဟူ​၍​ကြီးစဉ်​ငယ်​လိုက်​သား ငါး​ယောက်​ရှိ​၏။
1CH 8:3 ဗေ​လ​၏​သား​များ​မှာ အဒ္ဒါ၊ ဂေ​ရ၊ အ​ဘိ​ဟုဒ်၊- အ​ဘိ​ရွှ၊ နေ​မန်၊ အာ​ဟော၊ ဂေ​ရာ၊ ရှေ​ဖု​ဖံ၊ ဟု​ရံတို့ဖြစ်​၏။
1CH 8:6 ဧဟုဒ်​၏သား​များ​မှာ​နေ​မန်၊ အ​ဟိ​ယ​နှင့် ဂေ​ရ​ဖြစ်​၏။-သူ​တို့သည်​ဂေ​ဗ​မြို့တွင်​နေ​ထိုင် သူ​တို့၏​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​၏။ သို့ရာတွင်​ထို​မြို့​မှ​နှင်​ထုတ်​ခြင်း​ခံ​ရကြ သော​အ​ခါ​သူ​တို့​သည်​မာ​န​ဟက်​မြို့သို့ သွား​ရောက်​နေ​ထိုင်​ကြ​လေ​သည်။ ယင်း​သို့ ပြောင်း​ရွှေ့ရာ​တွင်​သြ​ဇ​နှင့်အ​ဟိ​ဟုဒ်​တို့၏ အ​ဖ​ဖြစ်​သူ​ဂေ​ရသည်​သူ​တို့အား ဦး​စီး​ခေါင်း​ဆောင်​ပြု၏။
1CH 8:8 ရှ​ဟာ​ရိမ်​သည်​မိ​မိ​၏ဇ​နီး​ဟု​ရှိမ်​နှင့် ဗာ​ရာတို့​ကို​ကွာ​ရှင်း​ပြီးနောက်​မော​ဘ ပြည်​တွင်​နေ​ထိုင်​သော​အ​ခါ-
1CH 8:9 ဟော​ဒေ​ရှ​နှင့်​အိမ်​ထောင်​ပြု၍​ယော​ဗပ်၊ ဇိ​ဘိ၊ မေ​ရှ၊ မာ​လ​ခံ၊-
1CH 8:10 ယု​ဇ၊ ရှာ​ခိ၊ မိ​ရမ​ဟူ​သော​သား​ခု​နစ်​ယောက် ကို​ရလေ​သည်။ သူ​၏သား​များ​အား​လုံး​ပင် အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​လာ​ကြ​၏။
1CH 8:11 သူ​သည်​ယ​ခင်​ဇ​နီး​ဟု​ရှိမ်​နှင့်​လည်း​အ​ဘိ တုပ်​နှင့်​ဧလ​ပါ​လ​ဟူ​သော​သား​နှစ်​ယောက် ကို​ရ၏။
1CH 8:12 ဧလ​ပါ​လ​တွင်​ဧဗာ၊ မိ​ရှ​ဟံ၊ ရှာ​မက်၊ ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ သြ​နော​မြို့၊ လော​ဒ​မြို့ နှင့်​အ​နီး​တစ်​ဝိုက်​ရှိ​ကျေး​ရွာ​များ​ကို​တည် ထောင်​သူ​မှာ​ရှာ​မက်​ဖြစ်​၏။
1CH 8:13 ဗေ​ရိယ​နှင့်​ရှေ​မ​တို့သည်​အာ​ဇ​လုန်​မြို့တွင် အ​ခြေ​စိုက်​နေ​ထိုင်​ကြ​သူ​တို့၏​အိမ်​ထောင် ဦး​စီး​များ​ဖြစ်​၍ ဂါ​သ​မြို့​သား​တို့ကို​နှင် ထုတ်​ကြ​သူ​များ​ဖြစ်​၏။-
1CH 8:14 ဗေ​ရိ​ယ​၏သား​မြေး​တို့တွင်​အ​ဟိ​သြ၊ ရှာ​ရှက်၊ ယေ​ရိ​မုတ်၊-
1CH 8:15 ဇေ​ဗ​ဒိ၊ အာ​ရဒ်၊ အာ​ဒါ၊ မိက္ခေ​လ၊ ဣ​ရှ​ပ၊ ယော​ဟ​တို့ပါ​ဝင်​ကြ​၏။
1CH 8:17 ဧလ​ပါ​လ​၏သား​မြေး​တို့​တွင်​ဇေ​ဗ​ဒိ၊ မေ​ရှု​လံ၊ ဟေ​ဇ​ကိ၊-
1CH 8:18 ဟေ​ဗာ၊ ဣ​ရှ​မေ​ရဲ၊ ယေ​ဇ​လိ၊ ယော​ဗပ်​တို့ ပါ​ဝင်​ကြ​၏။
1CH 8:19 ရှိ​မ​ဟိ​၏သား​မြေး​တို့​တွင်​ယာ​ကိမ်၊ ဇိ​ခ​ရိ၊ ဇာ​ဗ​ဒိ၊- ဧ​လျေ​နဲ၊ ဇိ​လ​သဲ၊ ဧလေ​လ၊- အ​ဒါ ယ၊ ဗေ​ရာ​ယ၊ ရှိ​မ​ရတ်​တို့ပါ​ဝင်​ကြ​၏။
1CH 8:22 ရှာ​ရှက်​၏သား​မြေး​တို့​တွင်​ဣ​ရှ​ပန်၊ ဟေ​ဗာ၊ ဧလေ​လ၊-
1CH 8:23 အာ​ဗ​ဒုန်၊ ဇိ​ခ​ရိ၊ ဟာ​နန်၊
1CH 8:24 ဟာ​န​နိ၊ ဧ​လံ၊ အေန္တောသိ​ယ၊
1CH 8:25 ဣ​ဖ​ဒိ​ယ၊ ပေ​နွေလ​တို့ပါ​ဝင်​ကြ​၏။
1CH 8:26 ယေ​ရော​ဟံ​၏သား​မြေး​တို့​တွင်​ရှံ​ရှ​ရဲ၊ ရှေ​ဟာ​ရိ၊ အာ​သ​လိ၊-
1CH 8:27 ယာ​ရရှိ၊ ဧလိ​ယ၊ ဇိ​ခ​ရိ၊ တို့ပါ​ဝင်​ကြ​၏။
1CH 8:28 ဤ​သူ​တို့သည်​ဘိုး​ဘေး​အ​စဉ်​အ​ဆက်​မှ အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​၍ သူ​တို့၏ သား​မြေး​များ​သည်​ယေ​ရုရှ​လင်​မြို့တွင် နေ​ထိုင်​ကြ​လေ​သည်။
1CH 8:29 ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့ကို​တည်​ထောင်​၍ ထို​မြို့တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ ၏​ဇ​နီး​၏နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။-
1CH 8:30 သူ​၏​သား​ဦး​ကား​အာဗဒုန်​တည်း။ အ​ခြား သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊-
1CH 8:31 ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိနှင့်​မိ​က​လုတ် တို့​ဖြစ်​၏။-
1CH 8:32 မိ​က​လုတ်​၏သား​သည်​ရှိ​မံ​ဖြစ်​၏။ သူ​တို့ ၏​သား​မြေး​များ​သည်​မိ​မိ​တို့​၏သား​ချင်း အ​ခြား​အိမ်​ထောင်​စု​များ​အ​နီး​ယေ​ရု ရှ​လင်​မြို့တွင်​နေ​ထိုင်​ကြ​လေ​သည်။
1CH 8:33 နေ​ရ၏သား​သည်​ကိ​ရှ၊ ကိ​ရှ​၏သား​မှာ ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍ သား​လေး​ယောက်​ရှိ​၏။-
1CH 8:34 ယော​န​သန်​၏သား​သည်​မေ​ရိဗ္ဗာ​လ​ဖြစ်​၍ မေ​ရိဗ္ဗာ​လ​၏သား​မှာ​မိက္ခာ​ဖြစ်​၏။
1CH 8:35 မိက္ခာ​တွင်​ပိ​သုန်၊ မေ​လက်၊ တာ​ရာ၊ အာ​ခတ် ဟူ​၍​သား​လေး​ယောက်​ရှိ​၏။-
1CH 8:36 အာ​ခတ်​၏​သား​သည်​ယုဒ္ဒါ​ဖြစ်​၏။ ယုဒ္ဒါ​တွင် အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မ​ရိဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ ဇိ​မ​ရိ၏​သား​သည် မော​ဇ၊-
1CH 8:37 မော​ဇ​၏သား​မှာ​ဗိ​နာ၊ ဗိ​နာ​၏သား​ကား ရေဖာ​ယ​ဖြစ်၏။ ရေဖာ​ယ၏​သား​သည် ဧလာ​သ၊ ဧလာ​သ​၏​သား​မှာ​အာ​ဇေ​လ ဖြစ်​သ​တည်း။
1CH 8:38 အာ​ဇေ​လ​တွင်​အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ မေ​လ၊ ရှ​ရိယ၊ သြ​ဗ​ဒိ၊ ဟာ​နန်၊ ဟူ​၍​သား ခြောက်​ယောက်​ရှိ​၏။-
1CH 8:39 အာ​ဇေ​လ​၏​ညီ​ဧ​ရှက်​တွင်​ဥ​လံ၊ ယေ​ဟုတ်၊ ဧလိ​ဖ​လက်​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
1CH 8:40 ဥလံ​၏သား​များ​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ များ​နှင့်​လေး​သည်​တော်​များ​ဖြစ်​ကြ​၏။ သူ ၏သား​မြေး​ပေါင်း​တစ်​ရာ့​ငါး​ဆယ်​ရှိ​၏။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သူ​အ​ပေါင်း​တို့ သည်​ဗင်္ယာမိန်​အ​နွယ်​ဝင်​များ​ဖြစ်​သ​တည်း။
1CH 9:1 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​အိမ် ထောင်​စု​များ​အ​လိုက်​စာ​ရင်း​ပြု​လုပ်​ထား ကြောင်း ဣ​သ​ရေ​လ​ဘု​ရင်​များ​ကျမ်း​တွင် မှတ်​တမ်း​တင်​၍​ထား​လေ​သည်။ ယု​ဒ​ပြည်​သား​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့် ဗာ​ဗု​လုန်​ပြည်​သို့​ပြည်​နှင်​ဒဏ် အ​ပေး​ခံ​ရ​ကြ​၏။-
1CH 9:2 ပ​ထ​မ​ဦး​ဆုံး​မိ​မိ​တို့​၏​ဘိုး​ဘွား​ပိုင်​မြို့ ရွာ​များ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သူ များ​အ​ထဲ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား ဝတ်​ကြောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​ပါ​ဝင်​လေ​သည်။-
1CH 9:3 ယု​ဒ၊ ဗင်္ယာ​မိန်၊ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက် နေ​ထိုင်​ကြ​၏။
1CH 9:4 ယု​ဒ​အ​နွယ်​မှ​အိမ်​ထောင်​စု​ပေါင်း​ခြောက်​ရာ ကိုး​ဆယ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။ ယု​ဒ​၏​သား​ဖာ​ရက်​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​ဥသဲ​ဖြစ်​၏။ သူ​သည်​အ​မိ ဟုဒ်​၏​သား၊ သြ​မ​ရိ​၏​မြေး​တည်း။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ဣ​မ​ရိ​နှင့် ဗာ​နိ​တို့​ပါ​ဝင်​သည်။ ယု​ဒ​၏​သား​ရှေ​လ​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​အ​သာ​ယ​ဖြစ်​၏။ သူ​သည် မိ​မိ​၏​အိမ်​ထောင်​ဦး​စီး​ဖြစ်​လေ​သည်။ ယု​ဒ​၏​သား​ဇေ​ရ​မှ​ဆင်း​သက်​လာ​သူ တို့​၏​ခေါင်း​ဆောင်​မှာ​ယွေ​လ​ဖြစ်​၏။
1CH 9:7 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော၊ ဟာ​သေ​နွာ​၏​သား​ဟော​ဒ​ဝိ၊ဟော​ဒ​ဝိ​၏​သား မေ​ရှု​လံ၊ မေ​ရှု​လံ​၏​သား​သလ္လု၊ ယေ​ရော​ဟံ​၏​သား​ဣ​ဗ​နိ​ယ၊ သြ​ဇိ​၏​သား၊ မိ​ခ​ရိ​၏​မြေး​ဧ​လာ၊ ဣ​ဗ​နိ​ယ​၏​သား​ရွေ​လ၊ ရွေ​လ​၏​သား ရှေ​ဖ​တိ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။
1CH 9:9 ဤ​အ​နွယ်​မှ​ထို​မြို့​တွင်​နေ​ထိုင်​သူ​အိမ်​ထောင်​စု များ​မှာ​ကိုး​ရာ့​ငါး​ဆယ့်​ခြောက်​စု​ရှိ​သ​တည်း။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား အား​လုံး​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ပေ သည်။
1CH 9:10 ယေ​ရု​ရှ​လင်​မြို့​တွင် အောက်​ပါ​ယဇ်​ပု​ရော ဟိတ်​များ​သီ​တင်း​သုံး​နေ​ထိုင်​ကြ​သည်။ ယေ​ဒါ​ယ၊ယော​ယ​ရိပ်​နှင့်​ယာ​ခိန်၊ မေ​ရှု​လံ၊ဇာ​ဒုတ်၊မ​ရာ​ယုတ်၊အ​ဟိ​တုပ်​တို့​မှ ဆင်း​သက်​လာ​သူ​ဟိ​လ​ခိ​၏​သား (ဗိ​မာန်​တော်​မှူး​ချုပ်) အာ​ဇ​ရိ။ ပါ​ရှု​ရ​နှင့်​မာ​လ​ခိ​တို့​မှ​ဆင်း​သက်​လာ​သူ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ ယာ​ဇေ​ရ၊ မေ​ရှု​လံ၊ မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ တို့​မှ​ဆင်း​သက်​လာ​သူ​အ​ဒေ​လ​၏​သား မာ​ရှဲ​တို့​ဖြစ်​ကြ​၏။
1CH 9:13 အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ရေ​အ​တွက်​မှာ စု​စု​ပေါင်း​တစ် ထောင့်​ခု​နစ်​ရာ​ခြောက်​ဆယ်​ဖြစ်​၏။ သူ​တို့​သည် ဗိ​မာန်​တော်​အ​တွင်း​၌​ဆောင်​ရွက်​ရ​သော​အ​မှု ကိစ္စ​မှန်​သ​မျှ​တို့​တွင်​အ​ထူး​ကျွမ်း​ကျင်​သူ များ​ဖြစ်​ကြ​၏။
1CH 9:14 အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​ကြ​၏။ မေ​ရာ​ရိ​သား​ချင်း​စု​ဝင်၊ ဟာ​ရှ​ဘိ​နှင့်​အာ​ဇ​ရိ​ကံ တို့​မှ ဆင်း​သက်​လာ​သော​ဟာ​ရှုပ်​၏​သား​ရှေ​မာ​ရ။ ဗာ​က​ဗက္ကာ၊ဟေ​ရက်​နှင့်​ဂ​လာ​လ။ အာ​သပ်၊ဇိ​ခ​ရိ​တို့​မှ​ဆင်း​သက်​လာ​သော မိက္ခာ​၏​သား​မ​ဿ​နိ။ ဂ​လာ​လ၊ ယေ​ဒု​သုံ​တို့​မှ​ဆင်း​သက်​လာ သော ရှေ​မာ​ယ​၏​သား​သြ​ဗ​ဒိ။ ဧ​လ​ကာ​န​၏​မြေး၊အာ​သ​၏​သား​ဗေ​ရ​ခိ၊ ဧ​လ​ကာ​န​သည်​နေ​တော​ဖာ​သိ​မြို့​အ​ပိုင် နယ်​မြေ​သား​ဖြစ်​၏။
1CH 9:17 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သည့်​ဗိ​မာန်​တော် အ​စောင့်​တပ်​သား​များ​မှာ​ရှလ္လုံ၊ အက္ကုပ်၊ တာ လ​မုန်​နှင့်​အ​ဟိ​မန်​တို့​ဖြစ်​၏။ ရှလ္လုံ​သည်​သူ တို့​၏​ခေါင်း​ဆောင်​တည်း။-
1CH 9:18 သူ​တို့​သည်​ယ​ခင်​အ​ခါ​က​သူ​တို့​သည် လေ​ဝိ​တဲ​စ​ခန်း​မှ​တံ​ခါး​စောင့်​များ​ဖြစ် သည်။ အ​ရှေ့​အ​ဝင်​ဝ​ရှင်​ဘု​ရင်​၏​တံ​ခါး ကို​စောင့်​ရ​ကြ​၏။
1CH 9:19 ဘု​ရား​သ​ခင်​၏​တဲ​စ​ခန်း​ကို​ဘိုး​ဘေး​တို့ တာ​ဝန်​ယူ​၍​စောင့်​ရ​ကြ​သ​ကဲ့​သို့ ဧ​ဗျာ​သပ် ၏​မြေး၊ ကော​ရ​၏​သား​ရှလ္လုံ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​ဖြစ်​ကြ​သော အ​ခြား ကော​ရ​သိ​သား​ချင်း​စု​ဝင်​တို့​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သည့်​တဲ​တော်​အ​ဝင်​ဝ ကို​စောင့်​ရန်​တာ​ဝန်​ယူ​ရ​၏။-
1CH 9:20 ဧ​လာ​ဇာ​၏​သား​ဖိ​န​ဟတ်​သည်​အ​ခါ တစ်​ပါး​က ထို​သူ​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​ရ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။
1CH 9:21 မေ​ရှိ​လ​မိ​၏​သား​ဇာ​ခ​ရိ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​ရာ​တဲ​တော် တံ​ခါး​စောင့်​ဖြစ်​၏။
1CH 9:22 အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။-
1CH 9:23 ထို​အ​စောင့်​တပ်​သား​များ​နှင့်​သား​မြေး​တို့ သည် ဆက်​လက်​၍​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး များ​ကို​စောင့်​ရ​ကြ​၏။-
1CH 9:24 ဗိ​မာန်​တော်​၏​အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​တွင်​တံ​ခါး​တစ်​ပေါက် စီ​ရှိ​၏။ ထို​တံ​ခါး​တစ်​ပေါက်​စီ​တွင်​တံခါး မှူး​တစ်​ယောက်​စီ​ရှိ​၏။-
1CH 9:25 ယင်း​တံ​ခါး​မှူး​တို့​အား​ရွာ​များ​တွင်​နေ​ထိုင် ကြ​သူ​ဆွေ​မျိုး​သား​ချင်း​တို့​က တစ်​ကြိမ် လျှင်​ခု​နစ်​ရက်​အ​လှည့်​ကျ​တံ​ခါး​စောင့် အ​လုပ်​တွင်​ကူ​ညီ​ရ​ကြ​လေ​သည်။-
1CH 9:26 တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။-
1CH 9:27 သူ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​မှာ​ဗိ​မာန်​တော်​ကို စောင့်​ရန်​နှင့် တံ​ခါး​များ​ကို​နံ​နက်​တိုင်း​ဖွင့် ပေး​ရန်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ဗိ​မာန်​တော် အ​နီး​တွင်​နေ​ထိုင်​ရ​ကြ​၏။
1CH 9:28 အ​ချို့​သော​လေဝိ​အ​နွယ်​ဝင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရာ​၌​အ​သုံး​ပြု​သော​ခွက်​ဖ​လား​များ ကို​တာ​ဝန်​ယူ​ရ​ကြ​၏။ ခွက်​ဖ​လား​များ​ကို အ​သုံး​ပြု​သည့်​အ​ခါ​တိုင်း စစ်​ဆေး​၍​ထုတ် ပေး​ပြီး​နောက်​စစ်​ဆေး​၍​ပြန်​လည်​လက်​ခံ ရ​ကြ​၏။-
1CH 9:29 အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။-
1CH 9:30 သို့​ရာ​တွင်​နံ့သာ​မျိုး​တို့​ကို​ပေါင်း​စပ်​ရော နှော​သည့်​အ​လုပ်​မှာ​မူ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​တာ​ဝန်​ဖြစ်​ပေ​သည်။
1CH 9:31 ကော​ရ​ဆွေ​မျိုး​စု​မှ​ရှလ္လုံ​၏​သား​ဦး​မတ္တိ​သိ နာ​မည်​ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက် သည် မီး​ဖြင့်​ဖုတ်​လုပ်​ရ​သည့်​ပူ​ဇော်​သ​ကာ များ​ကို​တာ​ဝန်​ယူ​၍​ပြင်​ဆင်​ရ​၏။-
1CH 9:32 ကော​ဟတ်​သား​ချင်း​တွင်​ပါ​ဝင်​သူ​တို့​သည် ဥ​ပုသ်​နေ့​တိုင်း​ဗိ​မာန်​တော်​အ​တွက်​ရှေ့ တော်​မုန့်​ကို​ပြင်​ဆင်​ရ​ကြ​၏။
1CH 9:33 လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။
1CH 9:34 အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​အ​ဆက်​အ​နွယ် စာ​ရင်း​များ​အ​ရ​လေ​ဝိ​အိမ်​ထောင်​ဦး​စီး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​သည့်​ခေါင်း​ဆောင်​များ​ဖြစ် ပေ​သည်။
1CH 9:35 ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့​ကို​တည်​ထောင်​၍ ထို​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ​၏​ဇနီး​မှာ​မာခါ​နာ​မည်​ရှိ​၏။-
1CH 9:36 သူ​၏​သား​ဦး​ကား​အာ​ဗ​ဒုန်​ဖြစ်​၏။ သူ​၏ အ​ခြား​သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊-
1CH 9:37 ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိ၊ မိ​က​လုတ်​တို့ ဖြစ်​ကြ​၏။-
1CH 9:38 မိ​က​လုတ်​၏​သား​သည်​ရှိ​မံ​ဖြစ်​၏။ သူ​တို့​၏ သား​မြေး​များ​သည် မိ​မိ​တို့​၏​အ​နွယ်​ဝင် အ​ခြား​အိမ်​ထောင်​စု​များ​နှင့်​ယှဉ်​တွဲ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။
1CH 9:39 နေ​ရ​၏​သား​သည်​ကိ​ရှ၊ ကိ​ရှ​၏​သား​သည် ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-
1CH 9:40 ယော​န​သန်​၏​သား​သည်​မေ​ရိဗ္ဗာ​လ၊ မေ​ရိဗ္ဗာ​လ ၏​သား​မှာ​မိက္ခာ​ဖြစ်​၏။-
1CH 9:41 မိက္ခာ​တွင်​ပိ​သုန်၊ မေ​လက်၊ တာ​ရာ၊ အာ​ခတ်​ဟူ ၍​သား​လေး​ယောက်​ရှိ​၏။-
1CH 9:42 အာ​ခတ်​၏​သား​သည်​ယာ​ရ​ဖြစ်​၏။ ယာ​ရ​တွင် အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မ​ရိ​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ ဇိ​မ​ရိ​၏​သား​သည်​မော​ဇ၊-
1CH 9:43 မော​ဇ​၏​သား​မှာ​ဗိ​နာ၊ ဗိ​နာ​၏​သား​ကား ရေ​ဖာ​ယ​ဖြစ်​၏။ ရေ​ဖာ​ယ​၏​သား​သည် ဧ​လာ​သ၊ ဧ​လာ​သ​၏​သား​မှာ​အာ​ဇေ​လ ဖြစ်​၏။
1CH 9:44 အာ​ဇေ​လ​တွင်​အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ​မေ​လ၊ ရှ​ရိ​ယ၊ သြ​ဗ​ဒိ၊ ဟာ​နန်​ဟူ​၍​သား​ခြောက်​ယောက် ရှိ​၏။
1CH 10:1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့် ဂိ​လ​ဗော​တောင်​ပေါ်​တွင် တိုက်​ပွဲ​ဖြစ်​ကြ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​မြောက်​အ​မြား​ကျ​ဆုံး​ကြ လေ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​များ အ​ပါ​အ​ဝင်​ကျန်​ရှိ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။-
1CH 10:2 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လိုက်​၍​မီ​သော အ​ခါ ရှော​လု​၏​သား​များ​ဖြစ်​ကြ​သော ယော​န​သန်၊ အ​ဘိ​န​ဒပ်​နှင့်​မေ​လ​ခိ​ရွှ တို့​ကို​ကွပ်​မျက်​ပစ်​ကြ​၏။-
1CH 10:3 တိုက်​ပွဲ​သည်​ရှော​လု​၏​ပတ်​လည်​တွင်​ပြင်း ထန်​လှ​သ​ဖြင့် ရှော​လု​သည်​ရန်​သူ​များ​၏ မြား​ချက်​ဖြင့်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-
1CH 10:4 သူ​သည်​မိ​မိ​၏​လက်​နက်​များ​ကို​သယ် ဆောင်​ပေး​သူ​လု​လင်​ပျို​အား``ဘု​ရား​မဲ့ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​၍ ငါ့​အား သ​ရော်​မော်​ကား​မ​ပြု​လုပ်​နိုင်​ကြ​စေ​ရန် သင်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ကာ​ငါ့​အား သတ်​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လု​လင် သည်​မင်း​ကြီး​ကို​သတ်​ရန်​ကြောက်​ရွံ့​လျက် နေ​သ​ဖြင့် ရှော​လု​သည်​မိ​မိ​၏​ဋ္ဌား​ကို​ဆွဲ ထုတ်​ပြီး​လျှင် ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​တော်​မူ​၏။-
1CH 10:5 လု​လင်​ပျို​သည်​ရှော​လု​ကွယ်​လွန်​သွား ကြောင်း​တွေ့​မြင်​သော​အ​ခါ မိ​မိ​ကိုယ်​ကို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​သေ​လေ​၏။-
1CH 10:6 ဤ​သို့​လျှင်​ရှော​လု​နှင့်​သား​သုံး​ယောက် စ​လုံး​ပင်​ကွယ်​လွန်​ကြ​သ​ဖြင့် သူ​၏​မင်း ဆက်​ပြတ်​လေ​တော့​၏။-
1CH 10:7 ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တွင်​နေ​ထိုင်​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ စစ်​သည်​များ​တပ်​လန့်​၍​သွား​ကြောင်း​ကို​လည်း ကောင်း၊ ရှော​လု​မင်း​နှင့်​သား​တို့​ကွယ်​လွန်​သွား ကြောင်း​ကို​လည်း​ကောင်း​ကြား​သိ​လေ​သော် မိ​မိ တို့​၏​မြို့​များ​ကို​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​ကုန် ၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် လာ​၍​ထို​မြို့​များ​ကို​သိမ်း​ပိုက်​ကြ​၏။
1CH 10:8 တိုက်​ပွဲ​ပြီး​ဆုံး​ပြီး​နောက်​တစ်​နေ့​၌ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အ​လောင်း​ကောင်​များ​မှ ပစ္စည်း​များ​ကို​လု​ယူ​ရန်​လာ​ကြ​သော​အ​ခါ ရှော​လု​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို ဂိ​လ​ဗော​တောင်​ထိပ်​တွင်​တွေ့​ရှိ​ကြ​၏။-
1CH 10:9 သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ အ​ဝတ်​တန်​ဆာ​များ​ကို​ချွတ်​ပစ်​ကြ​၏။ ထို နောက်​စေ​တ​မန်​တို့​အား​ရှော​လု​၏​ဦး​ခေါင်း နှင့်​လက်​နက်​များ​ကို​ယူ​ဆောင်​၍ ဖိ​လိတ္တိ ပြည်​ကို​လှည့်​လည်​ကာ​မိ​မိ​တို့​အ​မျိုး သား​များ​နှင့်​ရုပ်​တု​များ​ရှိ​ရာ​အ​ရပ် များ​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ စေ​ကြ​၏။-
1CH 10:10 သူ​တို့​သည်​ရှော​လု​၏​လက်​နက်​များ​ကို မိ​မိ​တို့​၏​ဘု​ရား​ကျောင်း​တွင်​ထား​၍ သူ ၏​ဦး​ခေါင်း​ကို​ဒါဂုန်​ဗိ​မာန်​တွင်​ချိတ်​ဆွဲ ထား​ကြ​၏။-
1CH 10:11 ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကျင့်​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာဗက် မြို့​သား​တို့​ကြား​လျှင်။-
1CH 10:12 သူ​ရဲ​ကောင်း​အ​ပေါင်း​တို့​သည်​သွား​၍ ရှော​လု မင်း​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို​ယာ​ဗက် မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​အရိုး​တို့​ကို ဝက်​သစ်​ချ​ပင်​အောက်​တွင်​သင်္ဂြိုဟ်​ကြ​ပြီး​လျှင် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​ကုန်​၏။
1CH 10:13 ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​ပေါ်​သစ္စာ​ဖောက် သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​ခဲ့​၏။-
1CH 10:14 ထာ​ဝ​ရ​ဘု​ရား​နှင့်​တိုင်​ပင်​မည့်​အ​စား​လူ​သေ တို့​၏​ဝိ​ညာဉ်​များ​နှင့်​နှီး​နှော​တိုင်​ပင်​ခဲ့​လေ သည်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု အား ကွပ်​မျက်​တော်​မူ​၍​သူ​၏​နိုင်​ငံ​ကို​ယေ​ရှဲ ၏​သား​ဒါ​ဝိဒ်​အား​အုပ်​စိုး​စေ​တော်​မူ သ​တည်း။
1CH 11:1 ဣ​သ​ရေလ​ပြည်သား​အ​ပေါင်း​တို့သည်​ဟေ​ဗြုန် မြို့​ရှိ​ဒါ​ဝိဒ်​ထံ​သို့​လာ​ရောက်​လျက်``ကျွန်​တော် တို့သည်​အ​ရှင်​၏သွေး​သား​များ​ဖြစ်​ပါ​၏။-
1CH 11:2 အ​တိတ်​ကာ​လ​က​ရှော​လု​မင်း​ဘု​ရင်​ဖြစ်​စဉ် အ​ခါ​၌ပင်​လျှင် အ​ရှင်​သည်​ဣ​သ​ရေလ​ပြည် သား​တို့​အား​ရှေ့​ဆောင်​၍​တိုက်​ပွဲ​ဝင်​ခဲ့​ပါ​၏။ အ​ရှင်​၏ဘု​ရားသ​ခင်​ထာ​ဝ​ရဘု​ရားက လည်း အ​ရှင်​သည်​ကိုယ်​တော့်လူ​မျိုး​တော်​၏ ခေါင်း​ဆောင်၊ သူ​တို့၏ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား ကြ​၏။-
1CH 11:3 ယင်း​သို့ဣ​သ​ရေလ​အ​မျိုး​သား​ခေါင်း​ဆောင် အ​ပေါင်း​တို့သည် ဟေ​ဗြုန်​မြို့​ရှိ​ဒါ​ဝိဒ်​မင်း​ထံ တော်​သို့​လာ​ရောက်​ကြ​သော​အ​ခါ မင်း​ကြီး​သည် ထာ​ဝ​ရဘု​ရား၏​ရှေ့​တော်​၌ထို​သူ​တို့နှင့်​သစ္စာ မိတ်​ဖွဲ့တော်​မူ​၏။ သူ​တို့သည်​လည်း​ရှ​မွေ​လ​အား ဖြင့်​ထာ​ဝ​ရဘု​ရား​က​တိ​ပေး​တော်​မူ​ခဲ့​သည့် အ​တိုင်း ဒါ​ဝိဒ်​အား​ဘိ​သိက်​ပေး​၍​ဣ​သ​ရေလ ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​ကြ​၏။
1CH 11:4 ဒါ​ဝိဒ်​မင်း​နှင့်​ဣ​သ​ရေလ​အ​မျိုးသား အ​ပေါင်း​တို့သည်​ချီ​တက်​၍ ယေ​ရုရှ​လင် မြို့​ကို​တိုက်​ခိုက်​ကြ​၏။ ထို​စဉ်​အ​ခါ​က ယေ​ရု​ရှ​လင်​မြို့သည်​ယေ​ဗုတ်​မြို့ဟု​နာ​မည် တွင်​၏။ ထို​မြို့​တွင်​ပင်​ကိုယ်​ရှိ​ရင်း​စွဲ​ယေ​ဗု​သိ မြို့သား​တို့ပင်​လျှင်​နေ​ထိုင်​လျက်​ရှိ​သေး​၏။-
1CH 11:5 ယေ​ဗု​သိ​မြို့သား​တို့​က​ဒါ​ဝိဒ်​မင်း​အား``သင် သည်​ဤ​မြို့ထဲ​သို့အ​ဘယ်​အ​ခါ​၌မျှ​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ သိုရာ​တွင် ဒါ​ဝိဒ်​မင်း​သည်​သူ​တို့၏​ဇိ​အုန်​ခံ​တပ်​ကို တိုက်​ခိုက်​သိမ်း​ပိုက်​လိုက်​သ​ဖြင့် ခံ​တပ်​သည် ဒါ​ဝိဒ်​မြို့ဟူ​သော​နာ​မည်​ကို​ရ​ရှိ​လေ​သည်။-
1CH 11:6 ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။-
1CH 11:7 ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-
1CH 11:8 မင်း​ကြီးသည်​ဇိ​အုန်​တောင်​၏​အ​ရှေ့​ဘက်၊ မြေ​က​တုတ်​ဖို့ထား​သည့်​အ​ရပ်​မှ​အ​စ​ပြု ၍​ခံ​တပ်​ပတ်​လည်​တွင်​မြို့ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​၏။ ထို​မြို့ရှိ​ကျန်​သော​အ​ရပ် တို့​ကို​မူ​ယွာ​ဘ​က​ပြုပြင်​တည်​ဆောက် ပေး​လေ​သည်။-
1CH 11:9 ဒါ​ဝိဒ်​မင်း​သည်​တစ်​နေ့တစ်​ခြား​တန်​ခိုး ကြီး​မား​၍​လာ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​အန​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​မင်း​ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။
1CH 11:10 အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။
1CH 11:11 သူ​တို့၏နာ​မည်​များ​မှာ​ပ​ထ​မ​ဆုံး၊ ဟ​ခ မော​နိ​သား​ချင်း​စု​ဝင်​ယာ​ရှော​ဗံ​ဖြစ်​သည်။ သူ​သည်​သူ​ရဲကောင်း​သုံး​ယောက်​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ တိုက်​ပွဲ​တစ်​ခု​တည်း​၌ပင်​လျှင် လူ​သုံး​ရာကို​လှံ​ဖြင့်​ထိုး​သတ်​တိုက်​ခိုက်​ခဲ့ သူ​ဖြစ်​သ​တည်း။-
1CH 11:12 နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး​ယောက်​အ​ပါ အ​ဝင်​ဒု​တိ​ယ​သူ​ရဲကောင်း​မှာ​အ​ဟော​ဟိ သား​ချင်း​စု​ဝင်၊ ဒေါ​ဒေါ​၏သား​ဧလ​ဇာ ဖြစ်​၏။-
1CH 11:13 သူ​သည်​ပါ​သ​ဒမ္မိမ်​တိုက်​ပွဲ​တွင်​ဒါ​ဝိဒ်​နှင့် အ​တူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ခဲ့​သူ​ဖြစ်​၏။ ဣ​သ​ရေ​လ​အ​မျိုးသား​တို့ တပ်​လှန့်​စ​ပြုသော​အ​ခါ​သူ​သည်​မု​ယော စ​ပါး​လယ်​ပြင်​တစ်​ခု​တွင်​ရှိ​၏။-
1CH 11:14 သို့ဖြစ်​၍​သူ​သည်​မိ​မိ​၏အ​ဖော်​များ​နှင့် လယ်​ပြင်​အ​လယ်​တွင်​ရပ်​လျက် ဖိ​လိတ္တိ​အ​မျိုး သား​တို့ကို​တိုက်​ခိုက်​လေ​သည်။ ထာ​ဝ​ရ ဘု​ရားသည်​သူ့အား​ကြီးစွာ​သော​အောင်​ပွဲ ကို​ပေး​တော်​မူ​၏။
1CH 11:15 တစ်​နေ့​သ​၌ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု သည်​ရေဖိမ်​ချိုင့်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ​လျက် ရှိ​နေ​စဉ် ရှေ့​တန်း​ခေါင်း​ဆောင်​များ​ဖြစ်​သော ရဲ​ဘော်​သုံး​ကျိပ်​မှ​ရဲဘော်​သုံး​ဦး​တို့သည် အ​ဒု​လံ​လှိုဏ်​ဂူ​အ​နီး​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ကျောက်​ဆောင်​သို့​သွား​ရောက်ကြ​၏။-
1CH 11:16 ထို​အ​ချိန်​၌ဒါ​ဝိဒ်​သည်​အ​ခိုင်​အ​မာ​ခံ တပ်​တည်​ထား​သော​တောင်​ကုန်း​တစ်​ခု​ပေါ် တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုးသား​တစ်​စု​က​လည်း ဗက်​လင်​မြို့ကို​ဝင်​ရောက်​သိမ်း​ပိုက်​၍​ထား ကြ​၏။-
1CH 11:17 ဒါ​ဝိဒ်​မင်း​သည်​ပြည်​တော်​ကို​လွမ်း​ဆွတ် တော်​မူ​သ​ဖြင့်``ငါ့​အား​ဗက်​လင်​မြို့တံ​ခါး အ​နီး​ရှိ​ရေ​တွင်း​မှ​သောက်​ရေတစ်​ပေါက် လောက်​ယူ​ဆောင်​ပေး​မည့်​သူ​ရှိ​လျှင် အ​ဘယ် မျှ​ကောင်း​လိမ့်​မည်​နည်း'' ဟု​တောင့်တ​ပြော ဆို​တော်​မူ​၏။-
1CH 11:18 ထို​အ​ခါ​နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး ယောက်​တို့သည် ဖိ​လိတ္တိ​အ​မျိုးသား​တပ်​စ​ခန်း ကို​ဖောက်​ထွင်း​ပြီးလျှင်ရေတွင်း​မှ​ရေ​အ​နည်း ငယ်​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​မင်း​ထံ​ယူ​ဆောင်​ခဲ့ ကြ​၏။ သို့ရာတွင်​မင်း​ကြီးသည်​ထို​ရေကို သောက်​တော်​မ​မူ​လို။ ယင်း​ကို​သောက်​မည့် အ​စား​ထာ​ဝ​ရဘု​ရား​အား​ပူ​ဇော်​သည့် အ​နေ​ဖြင့်​သွန်း​လောင်း​လေ​၏။-
1CH 11:19 ထို့နောက်​မင်း​ကြီး​က``ငါ​သည်​ဤ​ရေကို အ​ဘယ်​နည်း​နှင့်​မျှ​မ​သောက်​နိုင်၊ သက်​စွန့် ကြိုးပမ်း​အ​မှုတော်​ထမ်း​ကြ​သူ​တို့၏ သွေး​ကို​သောက်​သည်​နှင့်​တူ​လိမ့်​မည်'' ဟု မိန့်တော်​မူ​လျက်​ထို​ရေကို​မ​သောက်​ဘဲ နေ​တော်​မူ​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ယောက်​တို့၏​စွန့်စား​ခန်း​တစ် ရပ်​ဖြစ်​သ​တည်း။
1CH 11:20 ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​တိုက် ခိုက်​ခဲ့​သ​ဖြင့်​ရဲဘော်​သုံး​ကျိပ်​တို့တွင် နာ​မည်​ကြီး၍​လာ​၏။-
1CH 11:21 သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​နာ​မည် အ​ကြီးဆုံး​ဖြစ်​၍ သူ​တို့၏ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သို့ရာ​တွင်​သူ​ရဲ​ကောင်း သုံး​ယောက်​လောက်​နာ​မည်​မ​ကြီး​ချေ။
1CH 11:22 ကပ်​ဇေ​လ​မြို့မှ​ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ သည် နာ​မည်​ကျော်​စစ်​သူ​ရဲတစ်​ဦး​ဖြစ်​၏။ သူ သည်​ရဲဝံ့​စွန့်​စား​မှုအ​မြောက်​အ​များ​ကို ပြုခဲ့​၏။ ယင်း​အ​မှုတို့တွင်​အ​လွန်​ကြီး​မား သော​မော​ဘ​အ​မျိုးသား​နှစ်​ယောက်​ကို​သတ် သော​ကိစ္စ​လည်း​ပါ​၏။ အ​ခါ​တစ်​ပါး​က​သူ သည်​မိုး​ပွင့်​ကျ​သည့်​နေ့တစ်​နေ့၌​သား​ရဲ တွင်း​တစ်​ခု​သို့ဝင်​၍​ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏။-
1CH 11:23 အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။-
1CH 11:24 ဤ​အ​မှုများ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တွင် ပါ​ဝင်​သူ ဗေ​နာ​ယ​၏​စွန့်​စား​ခန်း​များ ဖြစ်​လေ​သည်။-
1CH 11:25 သူ​သည်​ရဲဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​အပ်​တော်​မူ​၏။
1CH 11:26 ထူး​ချွန်​သော​အ​ခြား​စစ်​သူ​ရဲများ​စာ​ရင်း မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယွာ​ဘ​၏​ညီ၊အာ​သ​ဟေ​လ။ ဗက်​လင်​မြို့​သား၊ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်။ ဟေ​ရောဒိ​မြို့​သား၊ရှမ္မ။ ဖာ​လ​တိ​မြို့​သား​ဟေ​လက်။ တေ​ကော​မြို့သား​ဣ​ကေ​ရှ​၏​သား​ဣ​ရ။ အ​နေ​သော​သိ​မြို့သား​အ​ဗျေ​ဇာ။ ဟု​ရှ​သိ​မြို့သား​သိ​ဗေ​ကဲ။ အ​ဟော​ဟိ​မြို့သားဣ​လဲ။ နေ​တော​ဖာ​သိ​မြို့သား​မ​ဟာ​ရဲ၊ နေ​တော​ဖာ​သိ​မြို့သား​ဗာ​န​၏​သား ဟေ​လက်။ ဗင်္ယာမိန်​ပြည်​ဂိ​ဗာ​မြို့​သား​ရိ​ဘဲ​၏​သား​ဣတ္တဲ။ ပိ​ရသော​နိ​မြို့​သား​ဗေ​နာ​ယ။ ဂါ​ရှ​မြို့​အ​နီး​ချိုင့်​ဝှမ်း​များ​မှ​ဟု​ရဲ။ အာ​ဗ​သိ​မြို့​သား​အ​ဗျေ​လ။ ဗာ​ဟု​မိ​မြို့သား​အာ​ဇ​မာ​ဝက်။ ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ။ ဂိ​ဇော​နိ​မြို့သား​ယာ​ရှင်။ ဟာ​ရာ​မြို့​သား​ရှာ​ဂဲ​၏​သား​ယော​န​သန်။ ဟာ​ရာ​မြို့သား​စာ​ကာ​ရ၏​သား​အ​ဟိ​အံ။ ဥ​ရ၏​သား​ဧလိ​ဖ​လ။ မေ​ခေ​ရသိ​မြို့​သား​ဟေ​ဖာ။ ပေ​လော​နိ​မြို့သား​အ​ဟိ​ယ။ က​ရ​မေ​လ​မြို့သား​ဟေ​ဇ​ရဲ။ ဧဇ​ပဲ​၏​သား​နာ​ရဲ။ နာ​သန်​၏ညီ​ယော​လ။ ဟ​ဂ္ဂေ၏​သား​မိ​ဗ​ဟာ။ အမ္မုန်​မြို့​သား​ဇေ​လက်။ ယွာ​ဘ​၏လက်​နက်​ကိုင်​ဆောင်​သူ ဗေ​ရောသိ​မြို့​သား​န​ဟာ​ရဲ။ ဣ​သ​ရိမြို့​သား​ဣရနှင့်​ဂါ​ရက်။ ဟိတ္တိ​လူ​မျိုး​ဥရိယ။ အာ​လဲ​၏​သား​ဇာ​ဗဒ်။ ရှိ​ဇ​၏သား​အ​ဒိ​န(သူ​သည်​ရု​ဗင်​အ​နွယ်​မှ ဦး​စီး​ခေါင်းဆောင်​တစ်​ဦး​ဖြစ်​၍ လူ​သုံး​ကျိပ်​ရှိ တပ်​စိပ်​တစ်​စိပ်​အုပ်​ချုပ်ရသူ​ဖြစ်​၏။) မာ​ခါ​၏သား​ဟာ​နန်။ မိ​သ​နိ​မြို့သား​ယော​ရှ​ဖတ်။ အာ​ရှ​တ​ယော​သိ​မြို့သား​သြ​ဇိ။ အာ​ရော်​မြို့​မှ​ဟော​သန်​၏​သား​များ​ဖြစ် ကြ​သော ရှာ​မ​နှင့်​ယေ​ဟေ​လ။ တိ​ဇိ​မြို့သား​ရှိ​မ​ရိ​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဒျေ​လ​နှင့်​ယော​ဟ။ မ​ဟာ​ဝိ​မြို့သား​ဧ​လျေ​လ။ ဧလ​နန်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ရိ​ဗဲ​နှင့်​ယော​ရှ​ဝိ၊မော​ဘ​မြို့​သား​ဣသ​မ။ မေ​ဇော​ဗိတ်​မြို့သား​ဧ​လျေ​လ၊သြ​ဗက်​နှင့် ယာ​သေ​လ​တို့​ဖြစ်​ကြ​၏။
1CH 12:1 ဒါ​ဝိဒ်​သည်​ရှော​လု​မင်း​ထံ​တော်​မှ​ထွက်​ပြေး တိမ်း​ရှောင်​နေ​ချိန်​၌ ဇိ​က​လတ်​မြို့​တွင်​နေ​ထိုင် ၏။ ထို​အ​ခါ​လူ​အ​များ​ပင်​သူ​၏​ဘက်​သို့ ဝင်​ရောက်​လာ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လု​နှင့်​ဆွေ​မျိုး​တော်​စပ်​သည့်​ဗင်္ယာ​မိန် အ​နွယ်​ဝင်​မှ စစ်​ရည်​ဝ​၍​အား​ကိုး​အား​ထား လောက်​သော​စစ်​သူ​ရဲ​များ​ဖြစ်​သ​တည်း။ သူ တို့​သည်​လက်ယာ​လက်​ဖြင့်​သော်​လည်း​ကောင်း၊ လက်​ဝဲ​လက်​ဖြင့်​သော်​လည်း​ကောင်း လောက်​လွှဲ နှင့်​လေး​ကို​ပစ်​ခတ်​နိုင်​ကြ​၏။-
1CH 12:3 သူ​တို့​၏​တပ်​မှူး​များ​မှာ​ဂိ​ဗာ​မြို့​သား ရှေ​မာ​၏​သား​ဖြစ်​ကြ​သော အ​ဟေ​ဇာ​နှင့် ယော​ရှ​တို့​ဖြစ်​ကြ​၏။ စစ်​သူ​ရဲ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အာ​ဇ​မာ​ဝက်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဇေ​လ​နှင့်​ပေ​လက်။ အ​န​သုတ်​မြို့​သား​ဗေ​ရာ​ခ​နှင့်​ယေ​ဟု။ ရဲ​ဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​သူ ဂိ​ဗောင်​မြို့​သား​နာ​မည်​ကျော်​စစ်​သူ​ရဲ​ဣ​ရှ​မာ​ယ။ ဂေ​ဒ​ရ​မြို့​သား​များ​ဖြစ်​ကြ​သော​ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ယော​ဟ​နန်​နှင့်​ယော​ဇ​ဗဒ်။ ဟ​ရု​ဖိ​မြို့​သား​များ​ဖြစ်​ကြ​သော​ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာ​လျာ၊ရှေ​မ​ရိ​နှင့်​ရှေ​ဖ​တိ။ ကော​ရ​သား​ချင်း​စု​မှ​ဧ​လ​ကာ​န၊ယေ​ရှာ၊ အာ​ဇ​ရေ​လ၊ယော​ဇာ​နှင့်​ယာ​ရှော​ဗ။ ဂေ​ဒေါ်​မြို့​သား​ယေ​ရော​ဟံ​၏​သား​များ ဖြစ်​ကြ​သော ယော​လာ​နှင့်​ဇေ​ဗ​ဒိ​တို့​ဖြစ်​ကြ​၏။
1CH 12:8 ဒါ​ဝိဒ်​သည်​သဲ​ကန္တာ​ရ​ရဲ​တိုက်​တွင်​ရှိ​နေ​စဉ် အ​ခါ သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက်​လာ​ကြ သူ​နာ​မည်​ကျော်​စစ်​ရည်​ဝ​သူ​ရဲ​တို့​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ခြင်္သေ့​ကဲ့ သို့​ကြောက်​မက်​ဖွယ်​သဏ္ဌာန်​ကို​ဆောင်​လျက် ဒိုင်း​လွှား​အ​တတ်၊ လှံ​အ​တတ်​တို့​တွင်​အ​ထူး ကျွမ်း​ကျင်​သူ​များ​ဖြစ်​ကြ​၏။ တောင်​ပေါ် ဒ​ရယ်​ကဲ့​သို့​လည်း​လျင်​မြန်​ဖြတ်​လတ် ကြ​၏။-
1CH 12:9 ရာ​ထူး​ကြီး​ငယ်​အ​လိုက်​သူ​တို့​၏​နာ​မည် များ​မှာ​ဧ​ဇာ၊ သြ​ဗ​ဒိ၊ ဧ​လျာ​ဘ၊ မိ​ရှ​မန္န၊ ယေ​ရ​မိ၊ အတ္တဲ၊ ဧ​လျေ​လ၊ ယော​ဟ​နန်၊ ဧ​လ ဇာ​ဗဒ်၊ ယေ​ရ​မိ၊ မာ​ခ​ဗာ​နဲ​ဟူ​၍​ဖြစ်​သ​တည်း။
1CH 12:14 ဂဒ်​အ​နွယ်​ဝင်​မှ​ထို​သူ​အ​ချို့​တို့​သည်​တစ် ထောင်​တပ်​ကို​အုပ်​ချုပ်​ရ​သူ၊ အ​ချို့​မှာ​တစ် ရာ​တပ်​ကို​အုပ်​ချုပ်​ရ​သူ​တပ်​မှူး​များ​ဖြစ် ကြ​၏။-
1CH 12:15 ထို​နှစ်​၏​ပ​ထ​မ​လ​၌​ယော်​ဒန်​မြစ်​ရေ​လျှံ သော​အ​ခါ သူ​တို့​သည်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် မြစ်​၏​အ​ရှေ့​နှင့်​အ​နောက်​ဘက်​ရှိ​ချိုင့် ဝှမ်း​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​ကို​ထွက်​ပြေး စေ​ကြ​၏။
1CH 12:16 အ​ခါ​တစ်​ပါး​၌​ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​တို့​မှ လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ရဲ​တိုက်​သို့​လာ​သော​အ​ခါ၊-
1CH 12:17 ဒါ​ဝိဒ်​မင်း​သည်​သူ​တို့​အား​ခရီး​ဦး​ကြို​ပြု လျက်``သင်​တို့​သည်​မိတ်​ဆွေ​အ​ဖြစ်​ဖြင့်​ငါ့ ကို​ကူ​ညီ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​အား​ကြို​ဆို​လက်​ခံ​ပါ​၏။ ငါ​တို့​ဘက်​သို့​ဝင်​ကြ​လော့။ သို့​ရာ​တွင်​သင် တို့​သည်​ငါ့​အား​ရန်​သူ​များ​လက်​သို့​အပ် ရန်​လာ​လျှင်​မူ​ကား ငါ​သည်​သင်​တို့​အား အ​နာ​တ​ရ​ပြု​မည်​မ​ဟုတ်​သော်​လည်း ငါ တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​သင်​တို့​ပြု သည့်​အ​မှု​ကို​မြင်​တော်​မူ​၍ သင်​တို့​အား အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
1CH 12:18 ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊ ``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည် အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။
1CH 12:19 ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-
1CH 12:20 ဇိ​က​လတ်​မြို့​သို့​ဒါ​ဝိဒ်​ပြန်​သွား​ချိန်​၌​မ​နာ ရှေ​အ​နွယ်​ဝင်​မှ သူ​၏​ဘက်​သို့​ဝင်​ရောက်​လာ သည့်​စစ်​သူ​ရဲ​များ​မှာ​အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိက္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု နှင့်​ဇိ​လ​သဲ​တို့​ဖြစ်​ကြ​၏။ သူ​တို့​အား​လုံး သည်​မ​နာ​ရှေ​အ​နွယ်​တွင်​တစ်​ထောင်​တပ် တပ်​မှူး​များ​ဖြစ်​ကြ​သ​တည်း။-
1CH 12:21 သူ​တို့​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ​ဖြစ် သ​ဖြင့် ဒါ​ဝိဒ်​၏​တပ်​သား​တို့​ကို​အုပ်​ချုပ်​သူ အ​ရာ​ရှိ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း​ရ​ကြ ၏။ နောင်​အ​ခါ​၌​သူ​တို့​သည်​ဣ​သ​ရေ​လ တပ်​မ​တော်​တွင်​အ​ရာ​ရှိ​များ​ဖြစ်​လာ​ကြ လေ​သည်။-
1CH 12:22 နေ့​တိုင်း​လို​ပင်​ဒါ​ဝိဒ်​၏​တပ်​ဖွဲ့​ထဲ​သို့​လူ​သစ် များ​ဝင်​ရောက်​လာ​ကြ​သ​ဖြင့် သူ​၏​တပ်​မ​တော် သည်​အ​လွန်​အင်​အား​ကြီး​မား​လာ​လေ​သည်။
1CH 12:23 ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လု​မင်း​၏​နေ​ရာ​တွင်​ဒါ​ဝိဒ်​အား​မင်း မြှောက်​နိုင်​ရေး​အ​တွက်​ကူ​ညီ​ဆောင်​ရွက်​ရန် စစ်​အ​တတ်​ကို​လေ့​ကျင့်​ပြီး​သော​စစ်​သူ​ရဲ အ​များ​ပင်​သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက် လာ​ကြ​၏။ ထို​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဒိုင်း​လွှား​များ​နှင့်​လှံ​များ​ကိုင်​ဆောင်​လျက် စစ်​လက်​နက်​အ​ပြည့်​အ​စုံ​ပါ​သော​ယု​ဒ အ​နွယ်​ဝင်​စစ်​သူ​ရဲ​ခြောက်​ထောင့်​ရှစ်​ရာ။ ကောင်း​စွာ​လေ့​ကျင့်​ပြီး​သူ​ရှိ​မောင်​အ​နွယ် ဝင် စစ်​သူ​ရဲ​ခု​နစ်​ထောင့်​တစ်​ရာ။ လေ​ဝိ​အ​နွယ်​ဝင်​လူ​ပေါင်း​လေး​ထောင့်​ခြောက်​ရာ။ အာ​ရုန်​မှ​ဆင်း​သက်​သော​ယော​ယ​ဒ​၏​နောက်​လိုက် လူ​ပေါင်း​သုံး​ထောင့်​ခု​နစ်​ရာ။ စစ်​တိုက်​ကောင်း​သူ၊လု​လင်​ပျို​ဇာ​ဒုတ်​၏​ဆွေ​မျိုး၊ ခေါင်း​ဆောင်​နှစ်​ဆယ့်​နှစ်​ဦး။ ရှော​လု​၏​အ​နွယ်​စု​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင် လူ​ပေါင်း​သုံး​ထောင်။ (ဗင်္ယာ​မိန်​အ​နွယ်​မှ​လူ​များ​စု သည်​ရှော​လု​မင်း​၏​သစ္စာ​တော်​ကို​စောင့်​သိ​ကြ​သူ များ​ဖြစ်​၏။) ဧ​ဖ​ရိမ်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ရာ။ သူ​တို့​သည် မိ​မိ​တို့​သား​ချင်း​စု​တွင်​နာ​မည်​ကျော်​သူ များ​တည်း။ အ​နောက်​ပိုင်း​မ​နာ​ရှေ​အ​မျိုး​သား​များ​မှ ဒါ​ဝိဒ်​အား​မင်း​မြှောက်​နိုင်​ရေး​အ​တွက်​သွား ရောက်​ဆောင်​ရွက်​ရန် ရွေး​ချယ်​ထား​သူ​လူ​ပေါင်း တစ်​သောင်း​ရှစ်​ထောင်။ ဣ​သ​ခါ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​နှစ်​ရာ​နှင့် သူ​တို့ ၏​နောက်​လိုက်​များ (ဤ​ခေါင်း​ဆောင်​များ​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​အပ်​သော​အ​မှု​နှင့်​ပြု ရန် အ​ချိန်​ကာ​လ​ကို​သိ​ရှိ​သူ​များ​ဖြစ်​ကြ​၏။) ယုံ​ကြည်​စိတ်​ချ​ရ​၍​သစ္စာ​ရှိ​သူ​ဇာ​ဗု​လုန် အ​နွယ်​ဝင်​လူ​ငါး​သောင်း။ သူ​တို့​သည်​စစ်​တိုက် ရန်​အ​ဆင်​သင့်​ရှိ​ကြ​လျက်​လက်​နက်​မျိုး​စုံ ကို​ကိုင်​ဆောင်​တတ်​သူ​များ​ဖြစ်​ကြ​၏။ ဒိုင်း​လွှား၊ လှံ​တံ​ကိုင်​ဆောင်​သူ​လူ​သုံး​သောင်း​ခု​နစ် ထောင်​နှင့်​တ​ကွ န​ဿ​လိ​အ​နွယ်​ဝင်​ခေါင်း​ဆောင် တစ်​ထောင်။ စစ်​အ​တတ်​ကို​လေ့​ကျင့်​ထား​ပြီး​သူ၊ ဒန်​အ​နွယ်​ဝင်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ထောင်​ခြောက် ရာ။ တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သူ​အာ​ရှာ​အ​နွယ်​ဝင် လူ​ပေါင်း​လေး​သောင်း။ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​မှ​ရု​ဗင်၊ ဂဒ်​နှင့် အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​များ​ထဲ​မှ​လက်​နက် မျိုး​စုံ​ကိုင်​ဆောင်​တတ်​သူ လူ​ပေါင်း​တစ်​သိန်း နှစ်​သောင်း​တို့​ဖြစ်​သ​တည်း။
1CH 12:38 တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သော​ဤ​စစ်​သူ​ရဲ အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​သော​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှောက်​ကြ​ရန်​သန္နိ​ဋ္ဌာန်​ပြု​လျက်​ဟေ​ဗြုန်​မြို့ သို့​သွား​ကြ​၏။ ကျန်​ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့​သည်​လည်း ထို​ရည်​ရွယ်​ချက် ဖြင့်​တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​၏။-
1CH 12:39 သူ​တို့​သည်​မိ​မိ​တို့​၏​အ​မျိုး​သား​များ​ပြင် ဆင်​ကျွေး​မွေး​သော​အ​စား​အ​သောက်​များ​ကို စား​သောက်​ကာ သုံး​ရက်​တိုင်​တိုင်​ဒါ​ဝိဒ်​နှင့် အ​တူ​နေ​ကြ​၏။-
1CH 12:40 ဝေး​ကွာ​သော​ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် န​ဿ​လိ​ခ​ရိုင်​မှ​စ​သော​မြောက်​ပိုင်း​အ​ရပ်​များ မှ​လူ​တို့​သည်​မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​တို့​ကို​မြည်း​များ၊ ကု​လား အုတ်​များ၊ လား​များ၊ နွား​များ​ဖြင့်​တင်​ဆောင် လာ​ကြ​၏။ သူ​တို့​သည်​သတ်​၍​စား​ရန်​အ​တွက် နွား​များ​နှင့်​သိုး​များ​ကို​လည်း​ယူ​ဆောင်​လာ လေ​သည်။ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​အား​ဖြင့် နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပျော်​ရွှင်​ကြ​ပုံ​ကို​ထုတ်​ဖော်​၍​ပြ​သ​တည်း။
1CH 13:1 ဒါ​ဝိဒ်​မင်း​သည်​တစ်​ထောင်​တပ်​နှင့် တစ်​ရာ​တပ် တို့​၏​တပ်​မှူး​အား​လုံး​နှင့်​ဆွေး​နွေး​တိုင်​ပင်​၏။-
1CH 13:2 ထို​နောက်​စု​ရုံး​လျက်​ရှိ​သော​ဣ​သ​ရေ​လ​ပြည် သား​တို့​အား``သင်​တို့​သ​ဘော​တူ​ညီ​၍​ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​လို တော်​ရှိ​မည်​ဆို​ပါ​က ကျန်​ရှိ​နေ​သော​အ​ခြား ငါ​တို့​အ​မျိုး​သား​အ​ပေါင်း​နှင့်​မြို့​ရွာ​များ ရှိ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​အား ဤ​အ​ရပ်​သို့​အ​ရောက်​စု​ဝေး​ကြ ရန်​စေ​တ​မန်​များ​လွှတ်​၍​ခေါ်​ဖိတ်​ကြ ကုန်​အံ့။-
1CH 13:3 ထို​နောက်​ရှော​လု​နန်း​စံ​ခဲ့​စဉ်​အ​ခါ​က လျစ် လူ​ရှု​ထား​ခဲ့​သည့်​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​သွား​၍​ယူ​ဆောင်​ကြ​ကုန် အံ့'' ဟု​ကြေ​ညာ​၏။-
1CH 13:4 လူ​တို့​သည်​ဤ​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် သ​ဘော​တူ​လက်​ခံ​ကြ​၏။
1CH 13:5 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​တောင်​ဘက်​အီ​ဂျစ်​နယ် စပ်​မှ မြောက်​ဘက်​ဟာ​မတ်​တောင်​ကြား​လမ်း​သို့ တိုင်​အောင် နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ဣ​သ​ရေ​လ ပြည်​သား​အ​ပေါင်း​တို့​အား​လာ​ရောက်​စု​ဝေး ကြ​ရန်​ခေါ်​ယူ​လေ​သည်။ သူ​တို့​သည်​ကိ​ရ ယတ်​ယာ​ရိမ်​မြို့​မှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဆောင်​ယူ​ကြ​ရန်​စု​ဝေး​ကြ​၏။-
1CH 13:6 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ခေ​ရု​ဗိမ်​များ​ထက်​တွင်​စံ​ပယ်​တော်​မူ​သည့် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယူ​ဆောင်​ရန် ယု​ဒ​ပြည်​ရှိ​ဗာ​လာ​မြို့​တည်း ဟူ​သော​ကိ​ရိ​ယတ်​ယာ​ရိမ်​မြို့​သို့​သွား ကြ​၏။-
1CH 13:7 သူ​တို့​သည်​အ​ဘိ​န​ဒပ်​၏​အိမ်​မှ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ထုတ်​ယူ​ပြီး​နောက်​လှည်း​သစ် ပေါ်​သို့​တင်​ကြ​၏။ သြ​ဇ​နှင့်​အ​ဟိ​သြ​တို့ က​ထို​လှည်း​ကို​မောင်း​လျက်-
1CH 13:8 ဒါ​ဝိဒ်​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​က​အ​စွမ်း ကုန်​က​လျက် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး ကူး​လျက်​လာ​ကြ​၏။ သူ​တို့​သည်​သီ​ချင်း​ဆို ၍​စောင်း၊ ပတ်​သာ၊ လင်း​ကွင်း​နှင့်​တံ​ပိုး​ခ​ရာ များ​ကို​တီး​မှုတ်​ကြ​၏။
1CH 13:9 ထို​သူ​တို့​ခိ​ဒုန်​ကောက်​နယ်​တ​လင်း​သို့​ရောက် သော​အ​ခါ​နွား​တို့​သည်​ခြေ​ချော်​လဲ​သ​ဖြင့် သြ​ဇ​သည်​လက်​ကို​ဆန့်​၍​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​ထား​လိုက်​၏။-
1CH 13:10 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ခဏ​၌​အ​မျက်​ထွက် တော်​မူ​၍ သြ​ဇ​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တို့​ထိ​သည့်​အ​တွက်​သေ​ဒဏ်​ပေး​တော်​မူ​၏။ သြ​ဇ​သည်​ထို​အ​ရပ်​၌​ပင်​ဘုရား​သခင်​၏ ရှေ့​တော်​ဝယ်​သေ​လေ​၏။-
1CH 13:11 သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ပေ​ရ​ဇော​ဇ​ဟု​ယ​နေ့ တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။ ယင်း သို့​သြ​ဇ​အား​ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော် ထွက်​၍ ဒဏ်​ခတ်​တော်​မူ​သည့်​အ​တွက်​ဒါ​ဝိဒ် သည်​စိတ်​နာ​လေ​၏။
1CH 13:12 ထို့​နောက်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​ကို​ကြောက် ရွံ့​တော်​မူ​သ​ဖြင့်``ယ​ခု​ငါ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​အ​ဘယ်​သို့​လျှင်​ယူ​ဆောင် ရ​ပါ​တော့​မည်​နည်း'' ဟု​ဆို​၍။-
1CH 13:13 သေတ္တာ​တော်​ကို​မိ​မိ​နှင့်​အ​တူ​ယေ​ရု​ရှ​လင်​မြို့ သို့​မ​ယူ​ဆောင်​တော့​ချေ။ ယင်း​သို့​ယူ​ဆောင်​မည့် အ​စား​သေတ္တာ​တော်​ကို​ဂိတ္တိ​မြို့​သား​သြ​ဗ ဒေ​ဒုံ​နာ​မည်​ရှိ​သူ​တစ်​ဦး​၏​အိမ်​၌​ထား​ခဲ့​၏။-
1CH 13:14 သေတ္တာ​တော်​သည်​ထို​အိမ်​တွင်​သုံး​လ​မျှ​ရှိ​နေ တော်​မူ​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဗ​ဒေ​ဒုံ​၏ အိမ်​ထောင်​စု​နှင့်​သူ​ပိုင်​ဆိုင်​သည့်​အ​ရာ​ရှိ​သ​မျှ တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။
1CH 14:1 တု​ရု​မြို့​မှ​ဟိ​ရံ​မင်း​သည်​ဒါဝိဒ်​ထံ​သို့​ကုန်​သွယ် ရေး​သံ​တ​မန်​အ​ဖွဲ့​တစ်​ဖွဲ့​ကို​စေ​လွှတ်​ကာ နန်း တော်​တည်​ဆောက်​ရန်​အ​တွက်​အာ​ရဇ်​သစ်​များ နှင့်​တ​ကွ လက်​သ​မား​များ၊ ပန်း​ရံ​များ​ကို ပေး​ပို့​လိုက်​၏။-
1CH 14:2 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ မိ​မိ​၏​ပြည်​သူ​တို့ အ​ကျိုး​ငှာ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို ချမ်း​သာ ကြွယ်​ဝ​စေ​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ရ​၏။
1CH 14:3 ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထပ်​မံ​၍ လက်​ထပ်​ထိမ်း​မြား​မှု​များ​ကို​ပြု​သ​ဖြင့် သား​သ​မီး​များ​ထပ်​မံ​၍​ရ​ရှိ​လေ​သည်။-
1CH 14:4 ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​တို့​၏ နာ​မည်​များ​မှာ​ရှမွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော လ​မုန်၊-
1CH 14:5 ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊-
1CH 14:6 နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊
1CH 14:7 ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​ဟူ​၍ ဖြစ်​၏။
1CH 14:8 ဣ​သ​ရေ​လ​နိုင်​ငံ​တော်​တစ်​ဝှမ်း​လုံး​မှ​ဒါ​ဝိဒ် အား​မင်း​မြှောက်​လိုက်​ကြ​ကြောင်း ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သော​အ​ခါ ဒါ​ဝိဒ်​ကို​ဖမ်း ဆီး​ရန်​တပ်​ချီ​လာ​ကြ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ် သည်​ထို​သူ​တို့​နှင့်​ရင်​ဆိုင်​ရန်​ထွက်​ခွာ​လာ​ခဲ့​၏။-
1CH 14:9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ လူ​တို့​အား​စ​တင်​တိုက် ခိုက်​လု​ယက်​ကြ​ကုန်​၏။-
1CH 14:10 ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကို​တိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော် မူ​ပါ​မည်​လော'' ဟု​ဘု​ရား​သခင်​အား​မေး လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့၊ ငါ​သည်​သင့် အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့် တော်​မူ​၏။
1CH 14:11 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရာ​အ​နိုင် ရ​လေ​၏။ ဒါ​ဝိဒ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ တပ်​ကို​မြစ်​ရေ​လျှံ​၍​ဖြို​ခွင်း​သ​ကဲ့​သို့ ငါ့​ကို အ​သုံး​ပြု​၍​ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​ဆို ၏။ သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိမ်​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-
1CH 14:12 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး​ကွယ် သည့်​ရုပ်​တု​များ​ကို ထို​အ​ရပ်​တွင်​ထား​ရစ်​ခဲ့ ကြ​၏။ ဒါ​ဝိဒ်​သည်​လည်း​ယင်း​တို့​ကို​မီး​ရှို့ ပစ်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။
1CH 14:13 ထို​နောက်​များ​မ​ကြာ​မီ​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ထို​ချိုင့်​ဝှမ်း​သို့​တစ်​ဖန်​ပြန်​လာ​ကြ လျက်​စတင်​လု​ယက်​တိုက်​ခိုက်​ကြ​ပြန်​၏။-
1CH 14:14 ဒါ​ဝိဒ်​သည်​လည်း​နောက်​တစ်​ကြိမ်​ဘု​ရား​သ​ခင် အား​လျှောက်​ထား​စုံ​စမ်း​ပြန်​၏။ ဘု​ရား​သ​ခင် က``သင်​သည်​ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​နှင့်။ အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​သွား​ပြီး​လျှင် သစ်​ဆီ​မွှေး​ပင်​များ​အ​နီး​မှ​နေ​၍​တိုက်​လော့။-
1CH 14:15 ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ဖြို​ခွင်း​ရန်​သင်​တို့​၏ ရှေ့​မှ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည် သစ်​ဆီ​မွှေး​ပင်​ထိပ်​ဖျား​များ​တွင်​စစ်​ချီ​သံ များ​ကို​ကြား​ရ​သော​အ​ခါ​တိုက်​ခိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
1CH 14:16 ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သခင်​မိန့်​တော်​မူ​သည် အ​တိုင်း​ပြု​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​ဂိ ဗောင်​မြို့​မှ​သည်​ဂါ​ဇေ​ရ​မြို့​သို့​တိုင်​အောင် နှင်​ထုတ်​တော်​မူ​၏။-
1CH 14:17 ဒါ​ဝိဒ်​မင်း​၏​ဂုဏ်​သ​တင်း​သည်​အ​ရပ်​တ​ကာ သို့​ပြန့်​နှံ့​၍​သွား​၏။ မင်း​ကြီး​အား​လူ​မျိုး တ​ကာ​တို့​ကြောက်​လန့်​လာ​ကြ​စေ​ရန် ထာ​ဝ​ရ ဘု​ရား​သည်​စီ​ရင်​တော်​မူ​သ​တည်း။
1CH 15:1 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​တွက်​အိမ်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​တည်​ဆောက်​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​လည်း နေ​ရာ​တစ်​နေ​ရာ​ကို​အ​သင့်​ပြင်​ဆင်​ကာ တဲ​တော်​တစ်​ဆောင်​ကို​ဆောက်​လုပ်​လေ​သည်။-
1CH 15:2 ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-
1CH 15:3 မိ​မိ​အ​သင့်​ပြင်​ဆင်​ထား​သည့်​အ​ရပ်​သို့ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် ယေ​ရု ရှ​လင်​မြို့​တွင်​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း တို့​အား​စု​ရုံး​စေ​၏။-
1CH 15:4 ထို​နောက်​မင်း​ကြီး​သည်​အာ​ရုန်​၏​သား​မြေး များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​ခေါ်​ယူ​တော် မူ​၏။-
1CH 15:5 ကော​ဟတ်​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​ဥ​ရေ​လ​သည်၊-
1CH 15:6 မေ​ရာ​ရိ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​နှစ်​ဆယ် ကို​ခေါင်း​ဆောင်​၍​အ​သာ​ယ​သည်၊-
1CH 15:7 ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​လူ​တစ်​ရာ့​သုံး​ဆယ် ကို​ခေါင်း​ဆောင်​၍​ယော​လ​သည်၊-
1CH 15:8 ဧ​လိ​ဇ​ဖန်​သား​ချင်း​စု​မှ​လူ​နှစ်​ရာ​ကို ခေါင်း​ဆောင်​၍​ရှေ​မာ​ယ​သည်၊-
1CH 15:9 ဟေ​ဗြုန်​သား​ချင်း​စု​မှ​လူ​ရှစ်​ဆယ်​ကို​ခေါင်း ဆောင်​၍​ဧ​လျေ​လ​သည်၊-
1CH 15:10 သြ​ဇေ​လ​သား​ချင်း​စု​မှ​လူ​တစ်​ရာ​တစ်​ဆယ့် နှစ်​ယောက်​ကို​ခေါင်း​ဆောင်​၍ အ​မိ​န​ဒပ်​ရောက် ရှိ​လာ​၏။
1CH 15:11 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ လေ​ဝိ​အ​နွယ်​ဝင်​များ ဖြစ်​ကြ​သော​သြ​ရေ​လ၊ အ​သာ​ယ၊ ယော​လ၊ ရှေ​မာ​ယ၊ ဧ​လျေ​လ​နှင့်​အ​မိ​န​ဒပ်​တို့​ကို ခေါ်​ယူ​တော်​မူ​၍၊-
1CH 15:12 သူ​တို့​အား``သင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​အ​သင့် ပြင်​ဆင်​ထား​သည့်​ဌာ​န​တော်​သို့ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ နိုင်​စေ​ရန် သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လည်း ကောင်း၊ သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​သော လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​လည်း​ကောင်း​သန့် စင်​စေ​ကြ​လော့။-
1CH 15:13 ပ​ထ​မ​အ​ကြိမ်​ပင့်​ဆောင်​စဉ်​အ​ခါ​က​သင် တို့​မ​ပါ​မ​ရှိ​ခဲ့​ကြ။ သို့​ဖြစ်​၍​ငါ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား လျောက်​ပတ်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို မ​ပြု​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခဲ့​၏'' ဟု​မိန့်​တော် မူ​လေ​သည်။
1CH 15:14 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြောင်း​ရွှေ့​ပင့်​ဆောင်​နိုင် ရန် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​ကြ​ကုန်​၏။-
1CH 15:15 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း သေတ္တာ​တော်​ကို​ထမ်း​ပိုး​များ​ဖြင့်​ပ​ခုန်း​ထက် တွင်​ထမ်း​ကာ​ပင့်​ဆောင်​ခဲ့​ကြ​၏။
1CH 15:16 ဒါ​ဝိဒ်​မင်း​သည်​စောင်း​များ၊ လင်း​ကွင်း​များ​ဖြင့် ပျော်​ရွှင်​ဖွယ်​ကောင်း​သော​သီ​ချင်း​များ​သီ​ဆို တီး​မှုတ်​ရန် လေ​ဝိ​အ​နွယ်​ဝင်​အ​သီး​သီး​တို့ ကို​တာ​ဝန်​ပေး​အပ်​မည့်​အ​ကြောင်း ထို​သူ​တို့ ၏​ခေါင်း​ဆောင်​များ​အား​အ​မိန့်​ပေး​တော်​မူ​၏။-
1CH 15:17 သူ​တို့​သည်​ကြေး​လင်း​ကွင်း​တီး​ရန်​အ​ဆို တော်​သား​ချင်း​စု​များ​မှ​ယော​လ​၏​သား ဟေ​မန်​နှင့် သူ​၏​ဆွေ​မျိုး​ဗေ​ရ​ခိ​၏​သား အာ​သပ်​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကု​ရှာ​ယ ၏​သား​ဧ​သန်​ကို​ရွေး​ချယ်​ကြ​၏။ ထို​သူ​တို့ ကို​ကူ​ညီ​ရာ​တွင်​အ​သံ​မြင့်​စောင်း​များ​ကို တီး​ရန်​ဇာ​ခ​ရိ၊ ဗင်​ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥန္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ သေ​ယ၊ မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ ဟူ​သော​လေဝိ​အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ် ကြ​၏။ အ​သံ​နိမ့်​စောင်း​များ​တီး​ရန်​အ​တွက် မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ​နှင့်​ဗိ​မာန်​တော်​စောင့် သြ​ဗ​ဒေ​ဒုံ၊ ယေ​လ​နှင့်​အာ​ဇ​ဇိ​တို့​ကို ရွေး​ချယ်​ကြ​၏။
1CH 15:22 ခေ​န​နိ​သည်​ဂီ​တ​ပ​ညာ​တွင်​ကျွမ်း​ကျင် သူ​ဖြစ်​သ​ဖြင့် သူ့​အား​လေ​ဝိ​ဂီ​တ​ပ​ညာ သည်​တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ခန့်​ထား​ကြ​၏။-
1CH 15:23 ဗေ​ရ​ခိ​နှင့်​ဧ​လ​ကာ​န​တို့​အား သြ​ဗ​ဒေ​ဒုံ၊ ယေ​ဟိ​တို့​နှင့်​အ​တူ ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​တဲ​တော်​တံ​ခါး​စောင့်​များ​အ​ဖြစ် ဖြင့်​ရွေး​ချယ်​ခန့်​ထား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် များ​ဖြစ်​ကြ​သော​ရှေ​ဗ​နိ၊ ယော​ရှ​ဖတ်၊ နာ​သ နေ​လ၊ အာ​မ​သဲ၊ ဇာ​ခ​ရိ၊ ဗေ​နာ​ယ၊ ဧ​လျေ​ဇာ တို့​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​တံ​ပိုး ခ​ရာ​မှုတ်​ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား ကြ​၏။
1CH 15:25 သို့​ဖြစ်​၍​ဒါဝိဒ်​မင်း​နှင့်​တ​ကွ​ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ၊ စစ်​ဘက်​ဆိုင်​ရာ​တပ်​မှူး များ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ရန်​အ​တွက်​သြ​ဗ​ဒေ​ဒုံ​၏​အိမ်​သို့​သွား​ကြ ပြီး​လျှင်​ခမ်း​နား​သော​ပွဲ​လမ်း​သ​ဘင်​တစ်​ရပ် ကို​ကျင်း​ပ​ကြ​၏။-
1CH 15:26 ဘု​ရား​သ​ခင်​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ကြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​မ​စ​တော် မူ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ခု​နစ် ကောင်​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-
1CH 15:27 ဒါ​ဝိဒ်​မင်း​သည်​အ​လွန်​ကောင်း​မွန်​သော​ပိတ် ချော​ထည်​ဝတ်​လုံ​ကို​ဝတ်​ဆင်​ထား​လေ​သည်။ ထို​နည်း​တူ​ဂီ​တ​ပ​ညာ​သည်​များ၊ သူ​တို့​၏ ခေါင်း​ဆောင်​ခေ​န​နိ​နှင့်၊ သေတ္တာ​တော်​ကို​ပင့် ဆောင်​ကြ​သူ​လေဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း ဝတ်​ဆင်​ထား​သ​တည်း။ ဒါ​ဝိဒ်​သည်​ပိတ်​ချော သင်​တိုင်း​ကို​လည်း​ဝတ်​ထား​သေး​၏။-
1CH 15:28 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် ကာ တံ​ပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို တီး​မှုတ်​လျက်​ယေ​ရု​ရှ​လင်​မြို့​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​ကြ​၏။
1CH 15:29 သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​စဉ် ရှော​လု​မင်း​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​သော​အ​ခါ ဝမ်း မြောက်​စွာ​က​ခုန်​လျက်​နေ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လေ​သည်။ ထို​အ​ခါ​သူ​သည်​မင်း​ကြီး အား​ရွံ​ရှာ​စက်​ဆုပ်​စိတ်​ပေါ်​လာ​၏။
1CH 16:1 သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဒါ​ဝိဒ် မင်း​အ​သင့်​ပြင်​ဆင်​ထား​သည့်​တဲ​တော်​သို့ ပင့်​ဆောင်​ပြီး​နောက် ထို​တဲ​တော်​ထဲ​တွင်​ထား ရှိ​ကြ​၏။ ထို့​နောက်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ် သ​ဟာ​ယ​ယဇ်​တို့​ကို​ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​၏။-
1CH 16:2 ဒါ​ဝိဒ်​မင်း​သည်​ဤ​သို့​ယဇ်​များ​ကို​ပူ​ဇော် ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး ပေး​ပြီး​လျှင်၊-
1CH 16:3 အ​စား​အ​စာ​များ​ကို​ဝေ​ပေး​တော်​မူ​၏။ မင်း ကြီး​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​မျိုး​သား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ​သား​တစ်​တုံး​နှင့် စ​ပျစ်​သီး​ခြောက် အ​နည်း​ငယ်​စီ​ပေး​တော်​မူ​၏။
1CH 16:4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​သီ​ချင်း​ဆို​ခြင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​ခြင်း​တို့​ဖြင့်​ဦး​ဆောင်​ရန် ဒါ​ဝိဒ်​မင်း​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့​တို့ ကို​ခန့်​ထား​တော်​မူ​၏။-
1CH 16:5 သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊-
1CH 16:6 ယဇ်​ပု​ရော​ဟိတ်​ဗေ​နာ​ယ​နှင့်​ယ​ဟာ​ဇေ​လ တို့​က​တံ​ပိုး​ခ​ရာ​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​၏​ရှေ့​တွင်​အ​ချိန်​မှန်​မှန်​မှုတ်​ရ​ကြ​၏။-
1CH 16:7 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ၍​သီ​ချင်း​ဆို​ကြ​ရန် အာ​သပ်​နှင့်​မိ​မိ​၏​အ​ဖော် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဒါ​ဝိဒ်​မင်း​ပ​ထ​မ​ဆုံး အ​ကြိမ်​တာ​ဝန်​ပေး​ခြင်း​ပင်​ဖြစ်​သ​တည်း။
1CH 16:8 ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။
1CH 16:9 ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဘွယ်​ရာ​တို့ ကို ပြော​ကြား​လျက် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို​၍ ချီး​မွမ်း​ကြ​လော့။
1CH 16:10 ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​အ​ပေါင်း တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​စေ။
1CH 16:11 ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။
1CH 16:12 ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ယာ​ကုပ်​၏​သား မြေး​တို့၊ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​၏​သား​မြေး​တို့၊ ကိုယ်​တော်​ပြ​တော်​မူ​သည့်​ကြီး​မြတ်​အံ့​သြ​ဖွယ် ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား စီ​ရင်​ချက်​တို့​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။
1CH 16:14 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​အ​တွက်​ဖြစ်​၏။
1CH 16:15 ထာ​ဝ​စဉ်​တည်​မြဲ​စေ​ရန်​ကိုယ်​တော်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​တည်း​ဟူ​သော အာ​ဗြ​ဟံ​နှင့်​ကိုယ်​တော်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း၊ ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော် ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​မ​လျော့​ကြ​နှင့်။
1CH 16:17 ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​တည်​မြဲ​မည့် ပ​ဋိ​ညာဉ်​တော်​ကို​ယာ​ကုပ်​နှင့်​ပြု​တော်​မူ​ခဲ့​၏။
1CH 16:18 ကိုယ်​တော်​က``ခါ​နာန်​ပြည်​ကို​သင့်​အား​ငါ​ပေး​မည်။ သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
1CH 16:19 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍၊ ခါ​နာန်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​များ အဖြစ်​ဖြင့် နေ​ရ​ကြ​၏။
1CH 16:20 တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ၊လူ​မျိုး​တစ်​မျိုး​မှ တစ်​မျိုး​သို့ လှည့်​လည်​သွား​လာ​ရ​ကြ​၏။
1CH 16:21 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဖိ​စီး နှိပ်​စက်​ရန် အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​ရန် ရှင်​ဘု​ရင်​တို့​အား​သ​တိ​ပေး​တော်​မူ​၏။
1CH 16:22 ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ တို့​ကို ဘေး​ဥ​ပဒ်​မ​ရောက်​စေ​ကြ​နှင့်။ ငါ​၏​ပ​ရော​ဖက်​တို့​ကို​မ​ထိ​ကြ​နှင့်'' ဟု​မိန့် တော်​မူ​၏။
1CH 16:23 ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကယ်​တော်​မူ​ကြောင်း သ​တင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း​ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။
1CH 16:24 လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။
1CH 16:25 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ငါ​တို့​သည်​ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ကြ ပေ​မည်။ ငါ​တို့​သည်​ကိုယ်​တော်​အား​အ​ခြား​ဘု​ရား​များ ထက် ပို​၍​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပေ​မည်။
1CH 16:26 အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။
1CH 16:27 ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​အာ​နု​ဘော် တော်​သည် ကိုယ်​တော်​အား​ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​ဗိ​မာန်​တော်​သည်​ဝမ်း​မြောက် ရွှင်​မြူး​သံ​နှင့်​ပြည့်​လျက်​ရှိ​၏။
1CH 16:28 ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝရ​ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။
1CH 16:29 ဘုန်း​အ​သ​ရေ​တော်​ရှင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ယူ​လျက်​ကိုယ်​တော်​၏ ဗိ​မာန်​တော်​သို့​ဝင်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါ​ဦး​ညွှတ်​ပျပ်​ဝပ် ကြ​လော့။
1CH 16:30 ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌ ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​သည်​မ​ရွှေ့​မ​လျား​နိုင်​အောင် မိ​မိ​၏​နေ​ရာ​တွင်​ခိုင်​မြဲ​စွာ​တည်​နေ​၏။
1CH 16:31 အ​ချင်း​ကုန်း​မြေ​နှင့်​မိုး​ကောင်း​ကင်​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​ကြောင်း လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​လော့။
1CH 16:32 ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​တွင်​ရှိ​သ​မျှ​သော သတ္တဝါ​တို့၊ မြည်​ဟည်း​သံ​ကို​ပြု​ကြ​လော့။ ပင်​လယ်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။
1CH 16:33 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​လော​က​ကို​အုပ်​စိုး ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တော​များ​ရှိ​သစ်​ပင်​တို့​သည်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။
1CH 16:34 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​၏။
1CH 16:35 ``ကျွန်​တော်​မျိုး​တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​စေ​ရန်​ကျွန်​တော်​မျိုး​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ကျွန်​တော်​မျိုး​တို့​ကို​ကယ်​တင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ကို​စု​ရုံး​၍​ကျွန်​တော်​မျိုး​တို့​အား လူ​မျိုး​တ​ကာ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​မြွက်​ဆို​ကြ​လော့။
1CH 16:36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကမ္ဘာ​အ​ဆက်​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်``အာ​မင်'' ဟု​ဆို ၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ ကုန်​၏။
1CH 16:37 ဒါ​ဝိဒ်​မင်း​သည်​အာ​သပ်​နှင့်​သူ​၏​သား​ချင်း လေ​ဝိ​အ​နွယ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​ဌာ​န​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် အ​မြဲ​တမ်း​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​နေ့​စဉ်​နေ့​တိုင်း​မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရ​ကြ​၏။-
1CH 16:38 ယေ​ဒု​သုန်​၏​သား​သြဗ​ဒေဒုံ​နှင့်​သူ​၏​သား​ချင်း စု​မှ​လူ​ခြောက်​ဆယ့်​ရှစ်​ယောက်​တို့​သည် အာ​သပ် နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ကူ​ညီ​မ​စ​ရ ကြ​၏။ ဟော​သံ​နှင့်​သြ​ဗ​ဒေ​ဒုံ​တို့​ကား တံ​ခါး​မှူး​များ​ဖြစ်​သ​တည်း။
1CH 16:39 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​သူ​၏​အ​ဖော်​ယဇ် ပု​ရော​ဟိတ်​များ​မူ​ကား ဂိ​ဗောင်​၌​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တွင် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။-
1CH 16:40 သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သော​ပ​ညတ် ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း​နေ့​စဉ် နံ​နက်​၌​တစ်​ကြိမ်၊ ည​နေ​၌​တစ်​ကြိမ်​ယဇ်​ပလ္လင် ပေါ်​တွင် ယဇ်​ကောင်​များ​ကို​အ​ကောင်​လိုက်​တင် ၍​မီး​ရှို့​ပူ​ဇော်​ရ​ကြ​၏။-
1CH 16:41 ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ တည်​သည်​ဖြစ်​၍ ထော​မ​နာ​သီ​ချင်း​များ​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​သီး​ခြား သတ်​မှတ်​ရွေး​ချယ်​ထား​သူ​ဟေ​မန်၊ ယေ​ဒု​သုန် နှင့်​အ​ခြား​သူ​တို့​သည်​လည်း ထို​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ရှိ​ကြ​ပေ သည်။-
1CH 16:42 ထော​မ​နာ​သီ​ချင်း​များ​ကို​သီ​ဆို​ချိန်​၌​ဟေ​မန် နှင့်​ယေ​ဒု​သုန်​တို့​သည်​တံပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့် အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး​မှုတ်​ရာ​၌​လည်း တာ​ဝန်​ယူ​ရ​ကြ​၏။ ယေ​ဒု​သုန်​၏​သား​ချင်း​စု မှ​လူ​တို့​သည် တံ​ခါး​များ​ကို​တာ​ဝန်​ယူ​၍ စောင့်​ရ​သူ​များ​ဖြစ်​ကြ​၏။
1CH 16:43 ထို့​နောက်​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​အိမ် အ​သီး​သီး​သို့​ပြန်​သွား​ကြ​၏။ ဒါ​ဝိဒ်​မင်း သည်​လည်း​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​ထံ သို့​ပြန်​သွား​တော်​မူ​၏။
1CH 17:1 ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည် မိ​မိ​နန်း​တော်​တွင် စံ​မြန်း​လျက်​နေ​တော်​မူ​လေ​ပြီ။ တစ်​နေ့​သ​၌ သူ​သည်​ပ​ရော​ဖက်​နာ​သန်​အား​ခေါ်​ပြီး​လျှင်``ငါ သည်​အာ​ရစ်​သား​နှင့်​တည်​ဆောက်​သော​နန်း​တော် တွင်​စံ​နေ​ရ​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​မူ​ကား တဲ​တော်​၌​ပင်​ရှိ​နေ​ပေ သည်'' ဟု​မိန့်​တော်​မူ​၏။
1CH 17:2 နာ​သန်​က``အ​ကြံ​အ​စည်​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​၏။
1CH 17:3 သို့​ရာ​တွင်​ထို​ည​၌​ဘု​ရား​သ​ခင်​သည်​နာ​သန် အား၊
1CH 17:4 ``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ​သည် ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည့်​သူ​မ​ဟုတ်​ကြောင်း​ပြော​ကြား​လော့။-
1CH 17:5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​အ​ဘယ် အ​ခါ​မျှ​ဗိ​မာန်​တော်​တွင်​မ​ကျိန်း​မ​ဝပ်​ခဲ့။ တဲ တော်​များ​တွင်​သာ​လျှင်​ကျိန်း​ဝပ်​၍ တစ်​နေ​ရာ မှ​တစ်​နေ​ရာ​သို့​ပြောင်း​ရွှေ့​ခဲ့​၏။-
1CH 17:6 ဣ​သ​ရေ​လ​ပြည်​သား​တို့​နှင့်​အ​တူ​လှည့်​လည် သွား​လာ​လေ​သ​မျှ​သော​အ​ရပ်​တို့​တွင် ငါ​သည် မိ​မိ​ခန့်​ထား​သော​မည်​သည့်​ခေါင်း​ဆောင်​ကို မျှ`သင်​တို့​သည်​ငါ​၏​အ​တွက်​အာ​ရစ်​သား ဗိ​မာန်​တော်​ကို အ​ဘယ်​ကြောင့်​မ​တည်​မ​ဆောက် သ​နည်း' ဟု​မေး​မြန်း​ခဲ့​ဖူး​သည်​မ​ရှိ။''
1CH 17:7 ``သို့​ဖြစ်​၍​ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား၊ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား`ငါ​သည်​သင့်​အား​သိုး​တို့​ကို​ထိန်း​ကျောင်း ရာ​မှ​ခေါ်​ယူ​၍ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး မြှောက်​တော်​မူ​ခဲ့​၏။-
1CH 17:8 သင်​သွား​လေ​ရာ​ရာ​သို့​သင်​နှင့်​အ​တူ​ငါ​ရှိ ခဲ့​၏။ သင်​၏​လမ်း​မှ​ရန်​သူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ဖျက်​ဆီး​ခဲ့​၏။ ကမ္ဘာ​မြေ​ပေါ်​တွင် အ​ကြီး​မြတ်​ဆုံး​သူ​များ​နည်း​တူ​သင့်​ကို ငါ​ထင်​ပေါ်​ကျော်​ကြား​စေ​မည်။-
1CH 17:9 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နေ​ထိုင်​ရန်​အ​ရပ်​ကို​ရွေး​ချယ်​၍ သူ တို့​အား​နေ​ရာ​ချထား​ပေး​ခဲ့​၏။ သူ​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ​ဖိ​စီး​နှိပ်​စက်​မှု​ကို​ခံ​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ပြည်​သို့​ဝင်​ရောက်​လာ ချိန်​မှ​အ​စ​ပြု​၍​အ​ကြမ်း​ဖက်​သ​မား​တို့​၏ တိုက်​ခိုက်​မှု​ကို​ခံ​ခဲ့​ရ​သော်​လည်း နောင်​အ​ဘယ် အ​ခါ​၌​မျှ​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ငါ သည်​သင်​၏​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း​မည်၊ သင်​၏​အ​မျိုး​အ​နွယ်​ကို​လည်း​တည်​မြဲ​စေ မည်​ဟူ​၍​က​တိ​ပြု​၏။-
1CH 17:11 သင်​သည်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း များ​အ​နီး​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​သော အ​ခါ ငါ​သည်​သင့်​သား​တစ်​ယောက်​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှင့်​၍​သူ​၏​နိုင်​ငံ​ကို​တည်​တံ့ ခိုင်​မြဲ​စေ​မည်။-
1CH 17:12 သူ​သည်​ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ မင်း​ဆက်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-
1CH 17:13 ငါ​သည်​သူ​၏​အဖ​ဖြစ်​လိမ့်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်​မည်။ ငါ​သည်​သင့်​အား​ဘု​ရင် အ​ဖြစ်​ဖြင့်​ချီး​မြှောက်​နိုင်​ရန်​ရှော​လု​ကို​ဖယ် ရှား​၍ ငါ​၏​အ​ထောက်​အ​ကူ​ကို​သူ့​ထံ​မှ ရုတ်​သိမ်း​သ​ကဲ့​သို့ သင်​၏​သား​ထံ​မှ​ရုတ်​သိမ်း လိမ့်​မည်​မ​ဟုတ်။-
1CH 17:14 ငါ​၏​လူ​မျိုး​တော်​နှင့်​ငါ့​နိုင်​ငံ​တော်​ကို​ထာ​ဝ စဉ်​စောင့်​ရှောက်​ရန် သူ့​ကို​တာ​ဝန်​ပေး​အပ်​မည်။ သူ​၏​မင်း​ဆက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟူ​၍​နာ​သန်​အား​မိန့်​တော်​မူ​၏။
1CH 17:15 နာ​သန်​သည်​ဘု​ရား​သခင်​ဖွင့်​ပြ​တော်​မူ​သော ဗျာ​ဒိတ်​တော်​မှန်​သ​မျှ​ကို ဒါ​ဝိဒ်​အား​ပြန် ကြား​လျှောက်​ထား​လေ​၏။
1CH 17:16 ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ထိုင်​ပြီး​လျှင်``အို ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​နှင့်​ကျွန် တော်​မျိုး​၏​အိမ်​ထောင်​စု​သည် ကိုယ်​တော်​ရှင် ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​နှင့် မ​ထိုက်​တန်​ပါ။-
1CH 17:17 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဤ​ထက်​မ​က ပို​၍​ပင် ကျေး​ဇူး​ပြု​တော်​မူ​လျက်​ရှိ​ပါ​၏။ နောင်​လာ​လတ္တံ့​သော​နှစ်​များ​တွင်​ကျွန်​တော်​မျိုး ၏​သား​မြေး​တို့​အ​တွက် မည်​သို့​ပြု​တော်​မူ​မည် ကို​က​တိ​ထား​တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကြီး​မြတ်​သူ​တစ်​ဦး​အ​ဖြစ်​ကြို တင်​၍​သိ​မှတ်​တော်​မူ​ပါ​ပြီ။-
1CH 17:18 ဤ​ထက်​ပို​၍​မည်​သို့​လျှောက်​ထား​ရ​ပါ​မည် နည်း။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​ကောင်း​စွာ​သိ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​အား ချီး​မြှင့်​မြှောက်​စား​တော်​မူ​ပါ​၏။-
1CH 17:19 အ​နာ​ဂတ်​ကာ​လ​၌​ကျွန်​တော်​မျိုး​ကြီး​မြတ် လာ​မည်​ကို​ဖော်​ပြ​ရန် ကျွန်​တော်​မျိုး​အ​တွက် အ​လို​တော်​နှင့်​အ​ကြံ​အ​စည်​တော်​အ​ရ ဤ သို့​ပြု​တော်​မူ​ခြင်း​ပင်​ဖြစ်​ပါ​၏။-
1CH 17:20 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ​မျှ​မ​တူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​စဉ်​သိ မြင်​သည်​အ​တိုင်း ကိုယ်​တော်​ရှင်​သာ​လျှင် ဘု​ရား​သခင်​ဖြစ်​တော်​မူ​ပါ​၏။-
1CH 17:21 ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ဣ​သ​ရေ​လ​လူ​မျိုး​နှင့် တူ​သော​လူ​မျိုး​မ​ရှိ​ပါ။ သူ​တို့​အား​ကိုယ်​တော် ရှင်​သည်​မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ် လာ​စေ​ရန် ကျွန်​ဘ​ဝ​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့ ပါ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​ပြု​တော်​မူ သော​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​များ​ကြောင့် ဂုဏ်​သတင်း​တော်​သည်​ကမ္ဘာ သို့​ပျံ့​နှံ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​စု​တော်​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် တော်​မူ​ခဲ့​ပြီး​လျှင် သူ​တို့​ချီ​တက်​လာ​ကြ သော​အ​ခါ​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့ ကို​နှင်​ထုတ်​တော်​မူ​ပါ​၏။-
1CH 17:22 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကိုယ်​တော်​ရှင် ထာ​ဝ​စဉ်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​လာ​တော် မူ​ပါ​ပြီ။
1CH 17:23 ``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး နှင့်​သား​မြေး​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ပြု တော်​မူ​သော​က​တိ​တော်​ကို ယ​ခု​ပင်​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြု တော်​မူ​မည်​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း အ​စဉ်​ပင်​ပြု​တော်​မူ​ပါ။-
1CH 17:24 ကိုယ်​တော်​ရှင်​၏​သ​တင်း​တော်​သည်​ထင်​ပေါ် ကျော်​ကြား​ပါ​လိမ့်​မည်။ လူ​တို့​က​လည်း`အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​၏' ဟု​အ​စဉ်​အ​မြဲ​မြွက်​ဆို​ကြ​ပါ​လိမ့် မည်။ ကျွန်​တော်​မျိုး​၏​ရာ​ဇ​ပလ္လင်​ကို​လည်း ထာ​ဝ​စဉ်​တည်​စေ​တော်​မူ​ပါ​လိမ့်​မည်။-
1CH 17:25 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ​ကျွန်​တော် မျိုး​အား ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​တော် မျိုး​၏​သား​မြေး​တို့​အား​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှင့်​မြှောက်​စား​တော်​မူ​မည်​ဟု​မိန့်​တော် မူ​သော​ကြောင့်​လည်း​ကောင်း​ကျွန်​တော်​မျိုး သည် ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ကျွန်​တော်​မျိုး ၏​ဘု​ရား​ထံ​တော်​သို့​တင်​လျှောက်​ဝံ့​ခြင်း ဖြစ်​ပါ​၏။-
1CH 17:26 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား ဤ​အံ့​သြ​ဖွယ်​သော​က​တိ​တော်​ကို​ပေး တော်​မူ​ပါ​ပြီ။-
1CH 17:27 ကျွန်​တော်​မျိုး​၏​သား​မြေး​တို့​သည်​ကိုယ်​တော် ရှင်​၏​ရှေ့​တော်​၌​ဆက်​လက်​၍​မျက်​နှာ​ရ​ကြ စေ​ရန် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ ဟု​ပန်​ကြား​လျှောက်​ထား​ပါ​၏။ အို ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော် ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​အ​စဉ်​အ​မြဲ ခံ​စား​ရ​ကြ​ပါ​စေ​သော'' ဟု​ဆု​တောင်း သ​တည်း။
1CH 18:1 ထို့​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဒါ​ဝိဒ်​မင်း​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့် စစ်​တိုက်​ရာ​အ​နိုင်​ရ​တော်​မူ​၏။ သူ​တို့​၏​လက် မှ​ဂါ​သ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​ကျေး​ရွာ​များ ကို​သိမ်း​ယူ​တော်​မူ​၏။-
1CH 18:2 မော​ဘ​အ​မျိုး​သား​တို့​ကို​လည်း​နှိမ်​နင်း​တော် မူ​သ​ဖြင့် သူ​တို့​သည်​မင်း​ကြီး​၏​လက်​အောက် ခံ​များ​ဖြစ်​လာ​ကြ​လျက်​အ​ခွန်​ဘဏ္ဍာ​များ ကို​ဆက်​သ​ရ​ကြ​လေ​သည်။
1CH 18:3 ထို​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဟာမတ်​မြို့​အ​နီး​တွင် ဇောဘ​ဘု​ရင်​ဟာ​ဒ​ဒေ​ဇာ​ကို​တိုက်​ခိုက်​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဒ​ဒေ​ဇာ သည်​ဥ​ဖ​ရတ်​မြစ်​အ​ထက်​ပိုင်း​ရှိ​နယ်​မြေ ကို​သိမ်း​ယူ​ရန်​ကြိုး​စား​အား​ထုတ်​သော ကြောင့်​ဖြစ်​၏။-
1CH 18:4 ဒါ​ဝိဒ်​သည်​ထို​မင်း​၏​စစ်​ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင်​တပ် သား​နှစ်​သောင်း​တို့​ကို​လက်​ရ​ဖမ်း​မိ​တော် မူ​၏။ သူ​သည်​စစ်​ရ​ထား​တစ်​ရာ​အ​တွက် လို​အပ်​သ​မျှ​သော​မြင်း​တို့​ကို​သိမ်း​ယူ​ထား ပြီး​လျှင် အ​ခြား​မြင်း​တို့​အား​ဒူး​ခေါက်​ကြော ကို​ဖြတ်​၍​ခြေ​ဆွံ့​အောင်​ပြု​တော်​မူ​၏။
1CH 18:5 ဒ​မာ​သက်​မြို့​မှ​ရှု​ရိ​အ​မျိုး​သား​တို့​သည် ဟာ​ဒ​ဒေ​ဇာ​ဘု​ရင်​ကို​စစ်​ကူ​ရန်​တပ်​တစ် တပ်​စေ​လွှတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ်​မင်း​သည် သူ​တို့​အား​တိုက်​တော်​မူ​၍ လူ​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​ပစ်​တော်​မူ​သည်။-
1CH 18:6 ထို​နောက်​ထို​သူ​တို့​ပိုင်​နက်​တွင်​စစ်​စ​ခန်း များ​ချ​၍​ထား​တော်​မူ​၏။ သူ​တို့​သည်​လည်း ဒါ​ဝိဒ်​မင်း​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​လျက် သူ့​အား​အ​ခွန်​ဘဏ္ဍာ​များ​ကို​ဆက် သ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် မင်း​အား​အ​ရပ်​တ​ကာ​၌​အောင်​ပွဲ​ကို ပေး​တော်​မူ​၏။-
1CH 18:7 ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ​၏​အ​ရာ​ရှိ​များ ကိုင် ဆောင်​သည့်​ရွှေ​ဒိုင်း​လွှား​တို့​ကို​ဖမ်း​ဆီး​သိမ်း​ယူ တော်​မူ​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့​ဆောင်​ယူ သွား​တော်​မူ​၏။-
1CH 18:8 သူ​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​တိ​ဗ​ဟတ် မြို့​နှင့် ခုန်​မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား ကို​လည်း​သိမ်း​ယူ​၍​သွား​လေ​သည်။ (နောင်​အ​ခါ ၌​ရှော​လ​မုန်​မင်း​သည်​ထို​ကြေး​ဝါ​တို့​ဖြင့်​ရေ ကန်​တိုင်​ကြီး​များ၊ ဗိ​မာန်​တော်​အ​တွက်​အိုး ခွက်​များ​ကို​ပြု​လုပ်​သ​တည်း။)
1CH 18:9 ဒါ​ဝိဒ်​မင်း​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​တပ်​မ တော်​တစ်​ခု​လုံး​ကို​ဖြို​ခွင်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင်​တော​ဣ​ကြား​သိ​လေ​သော်-
1CH 18:10 ဒါ​ဝိဒ်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက်​သ​ရန်​နှင့် စစ်​ပွဲ​နိုင်​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​ကြောင်း ဖော်​ပြ​ရန်​သား​တော်​ဟ​ဒေါ​ရံ​ကို​စေ​လွှတ် လိုက်​လေ​သည်။ ဟ​ဒေါ​ရံ​သည်​ဒါ​ဝိဒ်​မင်း အ​တွက် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ တို့​ဖြင့်​ပြီး​သော လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင်​သွား​၏။-
1CH 18:11 ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။
1CH 18:12 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​သည်​ဆား​ချိုင့်​ဝှမ်း တွင် ဧ​ဒုံ​အ​မျိုး​သား​လူ​တစ်​သောင်း​ရှစ်​ထောင် ကို​လုပ်​ကြံ​လေ​သည်။-
1CH 18:13 သူ​သည်​ဧ​ဒုံ​ပြည်​တစ်​လျှောက်​လုံး​တွင်​တပ်​စ​ခန်း များ​ချ​၍​ထား​သ​ဖြင့် ထို​အ​ရပ်​ရှိ​လူ​တို့​သည် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ​ကြ​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား​အ​ရပ် တ​ကာ​တွင်​အောင်​ပွဲ​ကို​ပေး​တော်​မူ​သ​တည်း။
1CH 18:14 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​၍ မိ​မိ​၏​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​အ​ပေါ်​တွင်​အ​စဉ်​ပင်​တ​ရား မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​တော်​မူ​၏။-
1CH 18:15 ဇေ​ရု​ယာ​၏​ညီ​ယွာ​ဘ​သည်​တပ်​မ​တော် ဗိုလ်​ချုပ်​ဖြစ်​၍ အ​ဟိ​လုဒ်​၏​သား​ယော​ရှ​ဖတ် သည်​မှတ်​တမ်း​ထိမ်း​မှူး​ဖြစ်​၏။-
1CH 18:16 အ​ဟိ​တုပ်​၏​သား​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​၏ သား​အ​ဟိ​မ​လက်​သည်​ယဇ်​ပု​ရော​ဟိတ်​များ ဖြစ်​ကြ​၏။ စ​ရာ​ယ​ကား​နန်း​တော်​အ​တွင်း​ဝန် ဖြစ်​သ​တည်း။-
1CH 18:17 ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည်​ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​ဖွဲ့​ဝင်၊ ခေ​ရ​သိ​အ​မျိုး​သား များ​နှင့်​ပေ​လ​သိ​အ​မျိုး​သား​တို့​ကို​အုပ်​ချုပ် ရ​လေ​သည်။ ဒါ​ဝိဒ်​၏​သား​တော်​တို့​သည်​လည်း ကြီး​မြင့်​သည့်​ရာ​ထူး​ရာ​ခံ​များ​တွင်​မင်း​ကြီး ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ​၏။
1CH 19:1 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော အ​ခါ အမ္မုန်​ဘု​ရင်​နာ​ဟတ်​ကွယ်​လွန်​၍ သူ​၏​သား​ဟာ​နုန်​မင်း​ဖြစ်​လေ​၏။-
1CH 19:2 ဒါ​ဝိဒ်​က``ဟာ​နုန်​၏​အ​ဖ​နာ​ဟတ်​သည်​သစ္စာ ရှိ​သော​မိတ်​ဆွေ​ဖြစ်​ကြောင်း ငါ့​အား​ပြ​သ​ခဲ့ သည့်​နည်း​တူ​ငါ​သည်​လည်း​ဟာနုန်​အား​ပြ​သ ရ​ပေ​မည်'' ဟု​ဆို​လျက်​သူ​၏​ထံ​သို့​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို​စေ​တ​မန်​များ နှင့်​ပေး​ပို့​တော်​မူ​လိုက်​၏။ ထို​သူ​တို့​အမ္မုန်​ပြည်​သို့​ရောက်​ရှိ​ကြ​သော အ​ခါ ဟာ​နုန်​မင်း​၏​ရှေ့​သို့​ဝင်​ကြ​၏။-
1CH 19:3 အမ္မုန်​အ​မျိုး​သား​ခေါင်း​ဆောင်​များ​က``ဒါ​ဝိဒ် သည်​အ​ရှင်​မင်း​ကြီး​၏​ခမည်း​တော်​ကို​ဂုဏ်​ပြု သည့်​အ​နေ​ဖြင့် ဤ​စေ​တ​မန်​များ​ကို​စေ​လွှတ် ၍​ဝမ်း​နည်း​ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို ပေး​ပို့​ခြင်း​ဖြစ်​သည်​ဟု​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ ဤ နိုင်​ငံ​ကို​ချင်း​နင်း​ဝင်​ရောက်​သိမ်း​ပိုက်​နိုင်​ရန် အ​ခြေ​အ​နေ​ကို​လေ့​လာ​စုံ​စမ်း​ရန် ထို​သူ တို့​အား​သူ​လျှို​များ​အ​ဖြစ်​ဖြင့်​စေ​လွှတ် လိုက်​ခြင်း​သာ​လျှင်​ဖြစ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။
1CH 19:4 ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏ စေ​တ​မန်​တို့​ကို​ဖမ်း ဆီး​ကာ​မုတ်​ဆိတ်​များ​ကို​ရိတ်​၍ အ​ဝတ်​များ ကို​တင်​ပါး​အ​ထိ​ဖြတ်​ပြီး​လျှင်​သူ​တို့ အား​ပြန်​၍​လွှတ်​လိုက်​၏။-
1CH 19:5 သူ​တို့​သည်​အ​လွန်​ပင်​ရှက်​သ​ဖြင့်​မိ​မိ​တို့ တိုင်း​ပြည်​သို့​မ​ပြန်​ဘဲ​နေ​ကြ​၏။ ဤ​အ​ဖြစ် အ​ပျက်​ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ တို့​အား``သင်​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင်​နေ ကြ​လော့။ မုတ်​ဆိတ်​များ​ပြန်​၍​မ​ရှည်​မ​ချင်း မိ​မိ​တို့​ပြည်​သို့​မ​ပြန်​ခဲ့​ကြ​နှင့်'' ဟု အ​ကြောင်း​ကြား​တော်​မူ​၏။
1CH 19:6 ဟာ​နုန်​မင်း​နှင့်​အမ္မုန်​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်​မင်း​အား မိ​မိ​တို့​ရန်​ဖက်​ပြု​မိ​ကြ ကြောင်း​သိ​ရှိ​လာ​ကြ​သော​အ​ခါ​မေ​သော ပေါ​တာ​မိ​ပြည်​အ​ထက်​ပိုင်း​နှင့် ရှု​ရိ​ပြည် ဖြစ်​ကြ​သော​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့ မှ​စစ်​တပ်​တစ်​တပ်​ကို​ငွေ​တန်​ချိန်​လေး ဆယ်​မျှ​ပေး​၍​ငှား​ရမ်း​ကြ​၏။-
1CH 19:7 သူ​တို့​သည်​မိ​မိ​တို့​ငှား​ရမ်း​ထား​သည့်​စစ် ရထား​သုံး​သောင်း​နှစ်​ထောင်​နှင့် မာ​ခါ​ပြည် ဘု​ရင်​၏​တပ်​မ​တော်​ကို​ခေါ်​ဆောင်​ကာ မေ ဒဘ​မြို့​အ​နီး​သို့​လာ​၍​စ​ခန်း​ချ​လေ​သည်။ အမ္မုန်​အမျိုး​သား​တို့​သည်​လည်း​မိ​မိ​တို့​၏ မြို့​အ​ပေါင်း​မှ​ထွက်​၍​စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​ကုန်​၏။
1CH 19:8 ဒါ​ဝိဒ်​သည်​ဤ​အ​ကြောင်း​အ​ရာ​ကို​ကြား သော​အ​ခါ ယွာ​ဘ​နှင့်​တပ်​မ​တော်​ကြီး တစ်​ခု​လုံး​ကို​စေ​လွှတ်​တော်​မူ​၏။-
1CH 19:9 အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။
1CH 19:10 ယွာ​ဘ​သည်​မိ​မိ​အား​အ​ရှေ့​မှ​လည်း​ကောင်း၊ အ​နောက်​မှ​လည်း​ကောင်း၊ ရန်​သူ​တပ်​သား​တို့ တိုက်​ခိုက်​ကြ​လိမ့်​မည်​ကို​သိ​မြင်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အ​တော် ဆုံး​စစ်​သူ​ရဲ​တို့​ကို​ရွေး​ချယ်​ကာ​ရှုရိ​တပ် ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-
1CH 19:11 ကြွင်း​သော​သူ​တို့​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အ​ဘိ​ရှဲ​သည်​လည်း​သူ တို့​အား​အမ္မုန်​တပ်​သား​တို့​ကို​မျက်​နှာ​မူ ၍​နေ​ရာ​ယူ​စေ​၏။-
1CH 19:12 ယွာ​ဘ​က``ရှု​ရိ​တပ်​သား​တို့​သည်​ငါ​တို့ အား​အ​နိုင်​ရ​လျက်​နေ​ပါ​မူ သင်​သည်​လာ ၍​ငါ့​အား​ကူ​ညီ​လော့။ အ​ကယ်​၍​အမ္မုန် တပ်​သား​တို့​က​သင့်​ကို​အ​နိုင်​ရ​လျက် နေ​ပါ​မူ​ငါ​သည်​လာ​၍​သင့်​ကို​ကူ​ညီ​မည်။-
1CH 19:13 စွမ်း​ရည်​သတ္တိ​ရှိ​စေ​ကြ​လော့။ ငါ​တို့​သည် မိ​မိ​တို့​၏​လူ​မျိုး၊ မိ​မိ​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက်​ကြိုး စား​၍​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည် အ​တိုင်း​ဖြစ်​ပါ​စေ​သော'' ဟု​အ​ဘိ​ရှဲ အား​ဆို​၏။
1CH 19:14 ယွာ​ဘ​နှင့်​သူ​၏​တပ်​သား​တို့​သည်​ရှေ့​သို့ ချီ​တက်​တိုက်​ခိုက်​လျှင် ရှု​ရိ​တပ်​သား​တို့ သည်​ထွက်​ပြေး​ကြ​ကုန်​၏။-
1CH 19:15 ယင်း​သို့​ထွက်​ပြေး​သည်​ကို​အမ္မုန်​တပ်​သား တို့​မြင်​သော​အ​ခါ သူ​တို့​သည်​လည်း​အ​ဘိ​ရှဲ ၏​ရှေ့​မှ​ထွက်​ပြေး​ကာ​မြို့​တွင်း​သို့​ဆုတ် ခွာ​သွား​ကြ​ကုန်​၏။ ထို​အ​ခါ​ယွာဘ​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။
1CH 19:16 ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​နိုင်​ရ​သွား​ကြောင်း​ကို​သိ​ရှိ​လာ ကြ​သ​ဖြင့် သူ​တို့​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ကမ်း​ရှိ​ရှု​ရိ​ပြည်​နယ်​မှ​စစ်​သား​တို့​ကို ခေါ်​ယူ​ကာ ဇော​ဘ​ပြည်​မှ​ဟာ​ဒ​ဒေ​ဇာ​မင်း တပ်​မ​တော်​တပ်​မှူး​ရှော​ဗက်​၏​လက်​အောက် တွင်​ထား​ရှိ​ကြ​၏။-
1CH 19:17 ဤ​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​လေ​သော် ဣ​သ​ရေ​လ​တပ်​သား​များ​ကို​စု​ရုံး​စေ​လျက် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ရှု​ရိ​တပ် များ​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​တော် မူ​၏။ စစ်​ပွဲ​ကား​အ​စ​ပြု​လေ​ပြီ။-
1CH 19:18 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​အ​မျိုး​သား​တို့​အား​တပ်​လှန့်​ထွက်​ပြေး စေ​ကြ​၏။ ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​မ​တော်​သည် ရ​ထား​စီး​စစ်​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင် တပ်​သား​လေး​သောင်း​တို့​ကို​သုတ်​သင်​ပစ် လိုက်​ကြ​သ​တည်း။ သူ​တို့​သည်​ရှု​ရိ​တပ်​မှူး ရှော​ဗက်​အား​လည်း​သုတ်​သင်​လိုက်​ကြ​သည်။-
1CH 19:19 ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​တို့ သည် မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ် ကြောင်း​သိ​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​နှင့် စစ်​ပြေ​ငြိမ်း​ရန်​ဆောင်​ရွက်​ကြ​လျက် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​၏။ ရှု​ရိ​အ​မျိုး​သား​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ အမ္မုန်​အ​မျိုး​သား တို့​အား​စစ်​ကူ​လို​စိတ်​မ​ရှိ​ကြ​တော့​ပေ။
1CH 20:1 နောက်​တစ်​နှစ်​နွေ​ဦး​ပေါက်​စ၊ ဘု​ရင်​တို့​စစ် ချီ​လေ့​ရှိ​သည့်​အ​ခါ​ကာ​လ​၌ ယွာ​ဘ​သည် တပ်​မ​တော်​ကို​ဦး​ဆောင်​၍ အမ္မုန်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ ရဗ္ဗာ​မြို့​ကို​ဝိုင်း​၍ ထား​၏။ ဒါ​ဝိဒ်​မူ​ကား​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ရစ်​သ​တည်း။ ယွာ​ဘ​သည်​ရဗ္ဗာ​မြို့ ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ဖျက်​ဆီး​လိုက်​၏။-
1CH 20:2 အမ္မုန်​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော​မော​လုတ် ဘု​ရား​ရုပ်​တု​၏​ဦး​ခေါင်း​ထက်​တွင် အ​လေး ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင်​ရှိ​သော​ရွှေ​သ​ရ​ဖူ တစ်​ခု​ရှိ​၏။ ထို​သ​ရ​ဖူ​တွင်​ကျောက်​မျက် ရ​တ​နာ​တစ်​လုံး​ရှိ​၏။ ထို​ကျောက်​ကို​ဒါ​ဝိဒ် သည်​ယူ​၍​မိ​မိ​၏​သ​ရ​ဖူ​တွင်​တပ်​ဆင် လေ​သည်။ သူ​သည်​ရဗ္ဗာ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​အ​မြောက်​အ​မြား​ကို​လည်း​ယူ​၍ သွား​၏။-
1CH 20:3 ထို​မြို့​မှ​လူ​တို့​ကို​ခေါ်​ဆောင်​ပြီး​လျှင် လွှ၊ ပေါက်​တူး၊ ပု​ဆိန်​တို့​ဖြင့်​လုပ်​ရ​သော​အ​လုပ် ကြမ်း​များ​ကို​လုပ်​စေ​လေ​သည်။ ဒါ​ဝိဒ်​သည် အမ္မုန်​ပြည်​ရှိ​အ​ခြား​မြို့​များ​မှ​လူ​တို့ ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု​တော်​မူ ပြီး​လျှင် မိ​မိ​၏​တပ်​မ​တော်​သား​များ​နှင့် အ​တူ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သွား တော်​မူ​၏။
1CH 20:4 ထို​နောက်​တစ်​ဖန်​ဂေဇာ​မြို့​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ပြန်​၏။ ဤ တိုက်​ပွဲ​တွင်​ဟု​ရှ​သိ​မြို့​မှ​သိ​ဗေ​ခဲ​သည် သာ​ဖ​ဆို​သူ​ကြီး​မား​သော​စစ်​သူ​ရဲ​ကြီး ကို​လုပ်​ကြံ​လိုက်​သ​ဖြင့် ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။
1CH 20:5 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ခြား​တိုက်​ပွဲ တစ်​ရပ်​ဖြစ်​သေး​၏။ ထို​တိုက်​ပွဲ​တွင်​ယာ​ဣ​ယ ၏​သား​ဧ​လ​ဟာ​နန်​သည် ဂါ​သ​မြို့​မှ ဂေါ​လျက်​၏​ညီ​လာ​ခ​မိ​အား​လုပ်​ကြံ လိုက်​၏။ ဧ​လ​ဟာ​နန်​လှံ​ရိုး​သည်​ရက်​ကန်း လက်​လိပ်​တ​မျှ​ကြီး​မား​သ​တည်း။
1CH 20:6 ဂါ​သ​မြို့​တွင်​အ​ခြား​တိုက်​ပွဲ​တစ်​ရပ်​ဖြစ် ပွား​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​လက်​တစ်​ဖက် လျှင်​လက်​ချောင်း​ခြောက်​ချောင်း​နှင့် ခြေ​တစ် ဖက်​လျှင်​ခြေ​ချောင်း​ခြောက်​ချောင်း​ရှိ​၍ အ​လွန်​ထွား​ကြိုင်း​ကြီး​မား​သူ​လူ​တစ် ယောက်​ပါ​ဝင်​၏။ သူ​သည်​ကိုယ်​လက်​ကြီး ထွား​သည့်​ရှေး​လူ​မျိုး​မှ​ဆင်း​သက်​လာ သူ​ဖြစ်​သတည်း။-
1CH 20:7 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စစ်​ထိုး​ရန် ကြုံး​ဝါး​ဖိတ်​ခေါ်​လိုက်​သော​အ​ခါ ဒါ​ဝိဒ်​၏​အစ်ကို​ဖြစ်​သူ​ရှိ​မာ​၏​သား ယော​န​သန်​က​သူ့​အား​သတ်​ပစ်​လေ​သည်။
1CH 20:8 ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​သား​တို့​သတ်​ဖြတ်​ပစ် ကြ​သည့်​ဤ​လူ​သုံး​ဦး​တို့​သည် ဂါ​သ​မြို့ မှ​ကိုယ်​လက်​ကြီး​ထွား​သည့်​လူ​မျိုး​အ​ဆက် အ​နွယ်​များ​ဖြစ်​သ​တည်း။
1CH 21:1 စာ​တန်​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ဒုက္ခ​ပေး​လို​သ​ဖြင့် ဒါ​ဝိဒ်​အား​သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​ဆုံး​ဖြတ်​စေ​၏။-
1CH 21:2 ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ခြား​တပ်​မှူး​များ အား``သင်​တို့​သည်​တိုင်း​ပြည်​တစ်​စွန်း​မှ အ​ခြား​တစ်​စွန်း​သို့​တိုင်​အောင် ဣ​သ​ရေ​လ နိုင်ငံ​တစ်​လျှောက်​လုံး​ကို​သွား​ရောက်​၍​လူ​ဦး ရေ​စာ​ရင်း​ကောက်​ယူ​ကြ​လော့။ လူ​ဦး​ရေ မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု မိန့်​တော်​မူ​၏။
1CH 21:3 ယွာ​ဘ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အား ယ​ခု​ထက်​အ​ဆ​တစ်​ရာ ပို​မို​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး၊ သူ​တို့​အ​ပေါင်း​သည်​ကိုယ် တော်​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​ပြစ် ရ​ကြ​စေ​ရန် အ​ဘယ်​ကြောင့်​ဤ​အ​မှု​ကို ပြု​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​၏။-
1CH 21:4 သို့​ရာ​တွင်​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့် အ​တိုင်း​လိုက်​နာ​စေ​တော်​မူ​၏။ ယွာ​ဘ​သည် ထွက်​ခွာ​သွား​ပြီး​လျှင် ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​သို့​လှည့်​လည်​ကာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​၏။-
1CH 21:5 သူ​သည်​စစ်​မှု​ထမ်း​နိုင်​သူ​လူ​ပေါင်း​ဣ​သ ရေ​လ​ပြည်​မှ တစ်​သန်း​တစ်​သိန်း​နှင့်​ယု​ဒ ပြည်​မှ​လေး​သိန်း​ခု​နစ်​သောင်း​ရှိ​ကြောင်း ဒါ​ဝိဒ်​မင်း​အား​အ​စီ​ရင်​ခံ​လေ​သည်။-
1CH 21:6 ယွာ​ဘ​သည်​ဘု​ရင်​၏​အ​မိန့်​ကို​မ​နှစ်​သက် သ​ဖြင့် လေ​ဝိ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​တွင် သန်း​ခေါင်​စာ​ရင်း​မ​ကောက်​ယူ​ခဲ့​ပေ။
1CH 21:7 ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို​ဘု​ရား​သ​ခင်​သည် နှစ်​သက်​တော်​မ​မူ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။-
1CH 21:8 ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။
1CH 21:9 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​၏ ပ​ရော​ဖက်​ဖြစ်​သူ​ဂဒ်​အား၊-
1CH 21:10 သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​လော့။ ငါ​ပြု​ရန် ရှိ​သည့်​အ​မှု​သုံး​ခု​အ​နက် သူ​သည်​မိ​မိ ကြိုက်​နှစ်​သက်​ရာ​တစ်​ခု​ကို ရွေး​ချယ်​နိုင် ကြောင်း​ပြော​ကြား​လော့။ သူ​ရွေး​ချယ်​ရာ ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။
1CH 21:11 ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း​တင်​ပြ​ပြီး​လျှင်၊-
1CH 21:12 ``အ​ရှင်​မင်း​ကြီး၊ သုံး​နှစ်​ပတ်​လုံး​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​သည့်​ဘေး၊ သုံး​လ​ပတ် လုံး​သင့်​ကို​ရန်​သူ​လိုက်​မီ​၍​ထား​ဖြင့် လုပ်​ကြံ​သော​ဘေး၊ သုံး​ရက်​ပတ်​လုံး​ကပ် ရော​ဂါ​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ဋ္ဌား​ဖြင့် ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ် ကာ ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​လျှောက်​လုံး တွင်​သတ်​ဖြတ်​မည့်​ဘေး​တို့​အ​နက် အ​ဘယ်​ကို​ရွေး​ချယ်​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘုရား​အား​အ​ကျွန်ုပ်​ပြန်​ကြား လျှောက်​ထား​ရ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
1CH 21:13 ဒါ​ဝိဒ်​သည်​ဂဒ်​အား``ငါ​သည်​အ​လွန်​ဆိုး​ဝါး သော​အ​ခြေ​အ​နေ​သို့​ရောက်​၍​နေ​လေ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အပြစ်​ပေး​သည်​ကို​ငါ မ​ခံ​လို။ ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​ပေး​တော် မူ​ပါ​စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု ဆို​၏။
1CH 21:14 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​သက် ရောက်​စေ​တော်​မူ​သ​ဖြင့်​လူ​ခု​နစ်​သောင်း သေ​လေ​၏။-
1CH 21:15 ဘု​ရား​သ​ခင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​တော်​မူ​ရန် ကောင်း​ကင်​တ​မန်​တစ် ပါး​စေ​လွှတ်​တော်​မူ​ပြီး​မှ​စိတ်​ပြောင်း​လဲ တော်​မူ​၍``ဤ​မျှ​နှင့်​တော်​လောက်​ပြီ။ ရပ် တန့်​လော့။ ဆက်​၍​မ​ဖျက်​ဆီး​နှင့်'' ဟု ထို ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​သည်​ယေ​ဗု​သိ​အ​မျိုး သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။
1CH 21:16 ကောင်း​ကင်​တ​မန်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​ပစ်​ရန် ဋ္ဌား​ကို​ကိုင်​ကာ​လေ​ထဲ​တွင် ရပ်​နေ​သည်​ကို​ဒါ​ဝိဒ်​မြင်​လေ​၏။ ထို​အ​ခါ သူ​သည်​ဣ​သ​ရေ​လ​ပြည်​သား​ခေါင်း​ဆောင် များ​နှင့်​အ​တူ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပျပ်​ဝပ်​လိုက်​၏။ သူ​တို့​အား​လုံး​ပင်​လျှင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သ​တည်း။-
1CH 21:17 ဒါ​ဝိဒ်​က``အို ဘု​ရား​သ​ခင်၊ အ​မှား​ကို​ပြု သူ​မှာ​ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​အ​မိန့်​ပေး​သူ​မှာ ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ ဤ​သ​နား​စ​ရာ ကောင်း​သော​သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ကြ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့် ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​ကို​ဒဏ်​ခတ် တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ချမ်း​သာ​ပေး​တော်​မူ​ပါ'' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။
1CH 21:18 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န​ကောက် တ​လင်း​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။-
1CH 21:19 ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက် ဂဒ်​စေ​ခိုင်း​သည်​အ​တိုင်း​သွား လေ​သည်။-
1CH 21:20 အ​ရော​န​နှင့်​သူ​၏​သား​လေး​ယောက်​တို့​သည် ဂျုံ​စ​ပါး​များ​ကို​နယ်​၍​နေ​ကြ​၏။ သူ​တို့ သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော​အ​ခါ အ​ရော​န​၏​သား​တို့​သည်​ထွက်​ပြေး​ပုန်း ရှောင်​ကြ​၏။-
1CH 21:21 အ​ရော​န​သည်​ချဉ်း​လာ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လျှင် ကောက်​နယ်​ရာ​မှ​ထွက်​လာ​၍ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လေ​၏။-
1CH 21:22 ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​မှ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် နိုင်​ရန်​သင်​၏​ကောက်​နယ်​တ​လင်း​ကို​ငါ့ အား​ရောင်း​လော့။ တန်​ဖိုး​အ​ပြည့်​အ​ဝ ငါ​ပေး​မည်'' ဟု​အ​ရော​န​အား​ဆို​၏။
1CH 21:23 အ​ရော​န​က``အ​ရှင်​မင်း​ကြီး၊ ဤ​ကောက်​နယ် တ​လင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ။ ယဇ်​ပလ္လင်​ပေါ်​တွင် တင်​၍ မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​တွင် ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ကောက် နယ်​တန်​ဆာ​များ​သည်​လည်း​ကောင်း၊ ပူ​ဇော် သ​ကာ​အ​ဖြစ်​ဆက်​သ​ရန်​ဂျုံ​စ​ပါး​များ သည်​လည်း​ကောင်း ဤ​တွင်​ရှိ​ပါ​၏။ ဤ​အ​ရာ အား​လုံး​ကို​အ​ရှင့်​အား ကျွန်​တော်​မျိုး ဆက်​သ​ပါ​၏'' ဟု​လျှောက်​လေ​၏။
1CH 21:24 သို့​ရာ​တွင်​မင်းကြီး​က``ဤ​သို့​မ​ယူ​လို။ တန်​ဖိုး​အ​ပြည့်​အ​ဝ​ငါ​ပေး​မည်။ သင်​ပိုင် သည့်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​နှင့်၊ ငါ​တန်​ဖိုး မ​ပေး​ဘဲ​ရ​ရှိ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ငါ​မ​ဆက်​လို'' ဟု​မိန့်​တော် မူ​၏။-
1CH 21:25 ထို​နောက်​မင်း​ကြီး​သည်​အ​ရော​န​အား ရွှေ​ဒင်္ဂါး​ခြောက်​ရာ​ကို​ပေး​တော်​မူ​၍၊-
1CH 21:26 ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် တော်​မူ​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ ယ​ယဇ်​တို့​ကို​ပူ​ဇော်​တော်​မူ​၏။ မင်းကြီး ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​များ ကို​မီး​ရှို့​ရန်​အ​တွက် ကောင်း​ကင်​မှ​မီး​ကို ချ​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​မင်း ကြီး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​တည်း။
1CH 21:27 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​အား မိ​မိ​၏​ဋ္ဌား​ကို​ဖယ်​ရှား​လိုက်​ရန်​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း ကောင်း​ကင်​တ​မန်​သည် လည်း​ဖယ်​ရှား​လိုက်​၏။-
1CH 21:28 ဤ​အ​ချင်း​အ​ရာ​ကို​ဒါ​ဝိဒ်​မင်း​မြင်​သော် မိ​မိ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​လေ​၏။ သို့​ဖြစ်​၍​သူ​သည်​အ​ရော​န​၏​ကောက်​နယ် တ​လင်း​ရှိ​ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​များ​ကို ပူ​ဇော်​ခြင်း​ဖြစ်​သ​တည်း။-
1CH 21:29 ထို​အ​ချိန်​ကာ​လ​၌​တော​ကန္တာ​ရ​တွင် မော​ရှေ​တည်​ဆောက်​ခဲ့​သော​ထာ​ဝ​ရ​ဘု​ရား ၏​တဲ​တော်​နှင့် ယဇ်​များ​ပူ​ဇော်​ရာ​ယဇ်​ပလ္လင် သည်​ဂိ​ဗောင်​မြို့​ကိုး​ကွယ်​ရာ​ဌာ​န​၌​တည် ရှိ​လျက်​နေ​သေး​၏။-
1CH 21:30 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ရန် ထို​အ​ရပ်​သို့​မ​သွား​ဝံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ဋ္ဌား​ကို​ကြောက် သော​ကြောင့်​ဖြစ်​၏။
1CH 22:1 ထို့​ကြောင့်​ဒါ​ဝိဒ်​က``ဤ​အ​ရပ်​ကား​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တည် ဆောက်​ရ​မည့်​အ​ရပ်​ဖြစ်​၏။ ဤ​နေ​ရာ​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ရန်​နေ​ရာ​ဖြစ်​၏'' ဟု​ဆို​၏။
1CH 22:2 ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​၍​လုပ်​အား​ပေး​စေ​တော်​မူ​၏။ အ​ချို့​သော​သူ​တို့​သည်​ဗိ​မာန်​တော် အ​ဆောက်​အ​အုံ​အ​တွက်​ကျောက်​တုံး များ​ကို​ဆစ်​ရ​ကြ​၏။-
1CH 22:3 မင်း​ကြီး​သည်​အိမ်​ရိုက်​သံ​များ​ပြု​လုပ်​ရန် နှင့်​ဝင်း​တံ​ခါး​ကြီး​များ​အ​တွက် ပျဉ်​ဆက် ကိ​ရိ​ယာ​များ​ပြု​လုပ်​ရန်​သံ​အ​မြောက် အ​မြား​ကို​ထုတ်​ပေး​တော်​မူ​၏။ ချိန်​တွယ်​၍ ပင်​မ​ရ​နိုင်​အောင်​များ​ပြား​သော​ကြေး​ဝါ များ​ကို​ထုတ်​ပေး​တော်​မူ​၏။-
1CH 22:4 တု​ရု​နှင့်​ဇိ​ဒုန်​မြို့​များ​မှ​လူ​တို့​အား အာ​ရဇ် သစ်​အ​မြောက်​အ​များ​ကို​လည်း​အ​ထံ​တော် သို့​ယူ​ဆောင်​လာ​စေ​တော်​မူ​၏။-
1CH 22:5 ဒါ​ဝိဒ်​သည်``ငါ​၏​သား​ရှော​လ​မုန်​တည်​ဆောက် မည့်​ဗိ​မာန်​တော်​သည်​ခမ်း​နား​ထည်​ဝါ​၍ ကမ္ဘာ ပေါ်​တွင်​ထင်​ပေါ်​ကျော်​ကြား​ရ​ပေ​မည်။ သို့ ရာ​တွင်​ရှော​လ​မုန်​သည်​အ​သက်​အ​ရွယ် ငယ်​၍​အ​တွေ့​အ​ကြုံ​နည်း​ပါး​သေး​သူ ဖြစ်​သ​ဖြင့် ငါ​သည်​ဗိ​မာန်​တော်​အ​တွက် ပြင်​ဆင်​မှု​များ​ကို​ပြု​လုပ်​ပေး​မည်'' ဟု တွေး​တော​ဆင်​ခြင်​ကာ မ​ကွယ်​လွန်​မီ​ဗိ​မာန် တော်​တည်​ဆောက်​ရန်​ပစ္စည်း​အ​မြောက် အ​မြား​ကို​အ​သင့်​စု​ဆောင်း​လေ​သည်။
1CH 22:6 မင်း​ကြီး​သည်​သား​တော်​ရှော​လ​မုန်​ကို ခေါ်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​တစ်​ဆောင်​ကို​တည်​ဆောက်​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
1CH 22:7 ဒါ​ဝိဒ်​က``ငါ့​သား၊ ငါ​သည်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ချီး​မြှောက် ရန်​အ​တွက် ဗိ​မာန်​တော်​တစ်​ဆောင်​ကို​တည် ဆောက်​လို​သည်။-
1CH 22:8 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည် လူ​အ​မြောက်​အ​မြား​ကို​သတ်​ခဲ့​သူ၊ စစ်​ပွဲ အ​မြောက်​အ​များ​ကို​ဝင်​ခဲ့​သူ​ဖြစ်​သ​ဖြင့် ငါ​ဖြစ်​ပွား​စေ​ခဲ့​သည့်​သွေး​ထွက်​သံ​ယို​မှု အ​ပေါင်း​ကို​အ​ကြောင်း​ပြု​၍ ငါ့​အား​ဗိ​မာန် တော်​တည်​ဆောက်​ခွင့်​ကို​ပေး​တော်​မ​မူ။-
1CH 22:9 သို့​သော်​ကိုယ်​တော်​သည်​ငါ့​အား​ကတိ​တော် ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​က`သင်​သည်​တိုင်း နိုင်​ငံ​ကို​ငြိမ်း​ချမ်း​စွာ​အုပ်​စိုး​မည့်​သား​တစ် ဦး​ကို​ရ​လိမ့်​မည်။ သူ​သည်​မိ​မိ​ရန်​သူ​များ နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရေး​ကို​ငါ​ပေး​မည်။ သူ​သည်​မိ​မိ​နန်း​သက်​အ​တွင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ငြိမ်း​ချမ်း​လုံ​ခြုံ​စွာ ထား​မည်​ဖြစ်​၍၊ ရှော​လ​မုန် ဟု​နာ​မည်​တွင်​လိမ့်​မည်။-
1CH 22:10 သူ​သည်​ငါ​၏​အ​ဖို့​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​ရ​လိမ့်​မည်။ သူ​သည်​ငါ​၏ သား​ဖြစ်​ရ​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ အဖ​ဖြစ်​လိမ့်​မည်။ သူ​၏​နန်း​ဆက်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​စဉ်​အ​မြဲ​တည် လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ပြော ကြား​တော်​မူ​၏။
1CH 22:11 ထို​နောက်​ဒါ​ဝိဒ်​သည်​ဆက်​၍``ငါ့​သား၊ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့် အ​တူ​ရှိ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့် အ​တိုင်း​သင်​သည်​ကိုယ်​တော်​အ​ဖို့​ဗိ​မာန် တော်​ကို​အောင်​မြင်​စွာ​တည်​ဆောက်​နိုင်​ပါ စေ​သော။-
1CH 22:12 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် သင့်​အား​ကိုယ်​တော်​၏​တ​ရား​တော်​အ​ရ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အုပ်​စိုး​နိုင်​ရန်​ထိုး ထွင်း​ဉာဏ်​နှင့်​အ​သိ​ပညာ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော။-
1CH 22:13 သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​တွက် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပညတ်​တော်​တို့​ကို​စောင့်​ထိန်း ပါ​မူ သင်​၏​အ​ကြံ​အ​စည်​ထ​မြာက်​လိမ့် မည်။ အား​မာန်​တင်း​၍​စိတ်​ချ​ယုံ​ကြည် လော့။ အ​ဘယ်​အ​ရာ​ကို​မျှ​မကြောက်​နှင့်။-
1CH 22:14 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-
1CH 22:15 သင့်​မှာ​များ​စွာ​သော​အ​လုပ်​သ​မား များ​ရှိ​၏။ ကျောက်​ဆစ်​သ​မား​များ၊ ပန်း​ရံ များ၊ လက်​သ​မား​များ​နှင့်၊-
1CH 22:16 ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ​တို့​နှင့်​သက်​ဆိုင်​သော လက်​မှု​ပ​ညာ​သည်​အ​မျိုး​မျိုး​တို့​လည်း များ​စွာ​ရှိ​၏။ သင်​သည်​ယ​ခု​ပင်​အ​လုပ် ကို​စ​တင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့် တော်​မူ​၏။
1CH 22:17 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​အား ရှော​လ​မုန်​ကို​ကူ​ညီ ကြ​ရန်​မိန့်​မှာ​တော်​မူ​၏။-
1CH 22:18 မင်း​ကြီး​က``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ လျက် သင်​တို့​အား​အ​ရပ်​တ​ကာ​တွင်​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော်​မူ​ပြီ။ ကိုယ်​တော် သည်​ယ​ခင်​က​ဤ​ပြည်​တွင်​နေ​ထိုင်​ကြ​သူ တို့​အား​ငါ​၏​လက်​သို့​အပ်​တော်​မူ​၍ ငါ သည်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​နှိမ် နင်း​ခဲ့​၏။-
1CH 22:19 သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
1CH 23:1 ဒါ​ဝိဒ်​သည်​ကြီး​ရင့်​အို​မင်း​သော​အ​ခါ သား တော်​ရှော​လ​မုန်​ကို​ထီး​နန်း​လွှဲ​အပ်​တော်​မူ​၏။
1CH 23:2 ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​တော်​မူ​၏။-
1CH 23:3 အ​သက်​သုံး​ဆယ်​နှင့်​အ​ထက်​ရှိ​သော​လေ​ဝိ အ​နွယ်​ဝင်​အ​မျိုး​သား​တို့​ကို​စာ​ရင်း​ကောက် ယူ​ရာ စု​စု​ပေါင်း​သုံး​သောင်း​ရှစ်​ထောင်​ရှိ သ​တည်း။-
1CH 23:4 မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​တို့​အား ဗိ​မာန်​တော် တွင်​ဝတ်​ကြီး​ဝတ်​ငယ်​တို့​ကို​ဆောင်​ရွက်​ရန် စီ​စဉ်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။ လူ​ခြောက် ထောင်​တို့​အား​စာ​ရင်း​အင်း​များ​ကို​ထိန်း သိမ်း​စေ​၍​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဖြင့်​ဆောင်​ရွက်​စေ​တော်​မူ​၏။-
1CH 23:5 လူ​လေး​ထောင်​တို့​အား​တံ​ခါး​စောင့်​တာ​ဝန်​ကို အပ်​နှင်း​လျက် အ​ခြား​လေး​ထောင်​တို့​ကို​မင်း ကြီး​ပေး​အပ်​ထား​သည့်​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​ရန် ခွဲ​ခန့်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။
1CH 23:6 ဒါ​ဝိဒ်​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​မိ​မိ​တို့ သား​ချင်း​စု​များ​အ​လိုက်​ဂေ​ရ​ရှုံ၊ ကော​ဟတ် နှင့်​မေ​ရာ​ရိ​ဟူ​၍​အ​စု​သုံး​စု​ခွဲ​တော်​မူ​၏။
1CH 23:7 ဂေ​ရ​ရှုံ​တွင်​လာ​ဒန်​နှင့်​ရှိ​မိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။-
1CH 23:8 လာ​ဒန်​တွင်​ယေ​ဟေ​လ၊ ဇေ​သံ​နှင့်​ယော​လ ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-
1CH 23:9 သူ​တို့​သည်​ယာ​ဒန်​မှ​ဆင်း​သက်​လာ​သော ဆွေ​မျိုး​သား​ချင်း​စု​ဦး​စီး​များ​ဖြစ်​ကြ​၏။ (ရှိ​မိ​တွင်​ရှေ​လော​မိတ်၊ ဟာ​ဇေ​လ​နှင့်​ဟာ​ရန် ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-)
1CH 23:10 ရှိ​မိ​တွင်​ယာ​ဟတ်၊ ဇိ​ဇ၊ ယု​ရှ၊ ဗေ​ရိ​ဟူ​၍​ကြီး စဉ်​ငယ်​လိုက်​သား​လေး​ယောက်​ရှိ​၏။ ယု​ရှ​နှင့် ဗေ​ရိ​နှစ်​ဦး​တို့​တွင်​သား​မြေး​များ​စွာ​မ​ရှိ သ​ဖြင့် သူ​တို့​အား​တာ​ဝန်​ပေး​အပ်​ရာ​တွင် သား​ချင်း​စု​တစ်​စု​အ​ဖြစ်​ဖြင့်​သတ်​မှတ်​၍ ထား​သ​တည်း။
1CH 23:12 ကော​ဟတ်​တွင်​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန် နှင့်​သြ​ဇေ​လ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။-
1CH 23:13 သူ​၏​သား​ကြီး​အာ​မ​ရံ​သည်​အာ​ရုန်​နှင့် မော​ရှေ​တို့​၏​အ​ဖ​ဖြစ်​၏။ (အာ​ရုန်​နှင့်​သူ ၏​သား​မြေး​တို့​သည်​အ​မွန်​အ​မြတ်​ထား သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​တို့​ကို​အ​စဉ် အ​မြဲ​ထိန်း​သိမ်း​ရန် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရန်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင် ရွက်​ရန်​နှင့်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ တို့​အား​ကောင်း​ချီး​ပေး​ရန်​သီး​သန့်​တာ​ဝန် ပေး​အပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
1CH 23:14 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​လူ​မော​ရှေ​၏ သား​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​များ​အ​ဖြစ် ဖြင့်​စာ​ရင်း​သွင်း​ခြင်း​ကို​ခံ​ရ​ကြ​၏။-)
1CH 23:15 မော​ရှေ​တွင်​ဂေ​ရ​ရှုံ​နှင့်​ဧ​လျေ​ဇာ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။-
1CH 23:16 ဂေ​ရ​ရှုံ​၏​သား​တို့​တွင်​ရှေ​ဗွေ​လ​သည် ခေါင်း​ဆောင်​ဖြစ်​၏။-
1CH 23:17 ဧ​လျေ​ဇာ​တွင်​ရေဟဘိ​ဟူ​သော​သား​တစ်​ယောက် တည်း​ရှိ​၏။ သို့​ရာ​တွင်​ရေ​ဟ​ဘိ​တွင်​မူ​ကား သား​မြေး​များ​စွာ​ရှိ​သ​တည်း။
1CH 23:18 ကော​ဟတ်​၏​ဒု​တိ​ယ​သား​ဣ​ဇ​ဟာ​တွင် ရှေ​လော​မိတ်​ဟူ​သော​သား​တစ်​ယောက်​ရှိ​၏။ သူ​သည်​သား​ချင်း​စု​ဦး​စီး​ဖြစ်​၏။-
1CH 23:19 ကော​ဟတ်​၏​တ​တိ​ယ​သား​ဟေ​ဗြုန်​တွင်​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့်​ယေ​က​မံ​ဟူ​သော သား​လေး​ယောက်​ရှိ​၏။-
1CH 23:20 ကော​ယတ်​၏​စ​တုတ္ထ​သား​သြ​ဇေ​လ​တွင် မိက္ခာ​နှင့်​ယေ​ရှိ​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။
1CH 23:21 မေ​ရာ​ရိ​တွင်​မ​ဟာ​လိ​နှင့်​မု​ရှိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ မ​ဟာ​လိ​တွင်​ဧ​လာ​ဇာ​နှင့် ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-
1CH 23:22 ဧ​လာ​ဇာ​သည်​သား​များ​ကို​မ​ရ၊ သ​မီး​များ ကို​သာ​လျှင်​ရ​ရှိ​၏။ သူ​၏​သ​မီး​များ​သည် မိ​မိ​တို့​၏​အစ်​ကို​ဝမ်း​ကွဲ​များ​နှင့်​အိမ်​ထောင် ပြု​ကြ​၏။ ထို​သူ​တို့​ကား​ကိ​ရှ​၏​သား​များ ဖြစ်​သ​တည်း။-
1CH 23:23 မေ​ရာ​ရိ​၏​ဒု​တိ​ယ​သား​မု​ရှိ​တွင်​မ​ဟာ​လိ၊ ဧ​ဒါ​နှင့်​ယေ​ရိ​မုတ်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။
1CH 23:24 ဤ​သူ​တို့​ကား​သား​ချင်း​စု​နှင့်​အိမ်​ထောင်​စု အ​လိုက်​ဖော်​ပြ​သည့် လေ​ဝိ​အ​ဆက်​အ​နွယ် များ​ဖြစ်​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​အား​တစ် ဦး​စီ​၏​နာ​မည်​ကို​မှတ်​ပုံ​တင်​ထား​လေ​သည်။ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေဝိ​၏ သား​မြေး​တိုင်း​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ပါ​ဝင်​၍​အ​မှု​တော်​ထမ်း ဆောင်​ရ​ကြ​၏။
1CH 23:25 ဒါ​ဝိဒ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​တော်​မူ​၍ မိ​မိ​ကိုယ်​တော်​တိုင်​ယေ​ရု ရှ​လင်​မြို့​တွင်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ လိမ့်​မည်။-
1CH 23:26 ယ​ခု​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲတော် ကို​လည်း​ကောင်း၊ ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့်​ပစ္စည်း​တန်​ဆာ​ပ​လာ​များ​ကို​လည်း ကောင်း​သယ်​ဆောင်​ကြ​ရန်​လို​တော့​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
1CH 23:27 ဒါ​ဝိဒ်​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်​များ​အ​ရ အ​သက်​နှစ်​ဆယ်​ပြည့်​သူ လေ​ဝိ​အ​နွယ်​ဝင် အ​ပေါင်း​တို့​သည်​အ​မှု​ဆောင်​ရန်​မှတ်​ပုံ​တင် ရ​ကြ​၏။-
1CH 23:28 သူ​တို့​၏​အ​လုပ်​ဝတ္တ​ရား​များ​မှာ​ဗိ​မာန်​တော် တွင် ဝတ်​ပြု​ကိုး​ကွယ်​မှု​၌​အာ​ရုန်​၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​အား​ကူ​ညီ​ရန်၊ ဗိ​မာန် တော်​ဝင်း​နှင့်​အ​ခန်း​များ​ကို​ကြည့်​ရှု​စောင့် ထိန်း​ရန်၊ အ​မွန်​အ​မြတ်​ထား​သည့်​အ​ရာ ဟူ​သ​မျှ​ကို​သန့်​စင်​စွာ​ထား​ရှိ​ရန်​တို့​ဖြစ်​၏။-
1CH 23:29 သူ​တို့​သည်​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​မုန့်၊ ပူ​ဇော်​သ​ကာ​အ​ဖြစ်​အ​သုံး​ပြု​သည့်​မုန့်​ညက်၊ တ​ဆေး​မဲ့​မုန့်​ပြား​များ၊ မီး​ဖြင့်​ထုတ်​လုပ်​သည့် ပူ​ဇော်​သ​ကာ​များ၊ ဆီ​နှင့်​ရော​သော​မုန့်​ညက် တို့​အ​တွက်​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည် ဗိ​မာန်​တော်​ပူ​ဇော်​သ​ကာ​များ​ချိန်​တွယ်​မှု ကို​လည်း​တာ​ဝန်​ယူ​ရ​ကြ​၏။-
1CH 23:30 သူ​တို့​သည်​နံ​နက်​တိုင်း​ည​နေ​တိုင်း​ဥ​ပုသ် နေ့၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​တွင်​ပူ​ဇော် သ​ကာ​ဆက်​သ​ချိန်​တိုင်း ထာ​ဝ​ရ​ဘု​ရား ကို​ထော​မ​နာ​ပြု​၍​ဘုန်း​အ​သ​ရေ​တော် ချီး​ကူး​ရ​ကြ​၏။ ဤ​အ​မှု​ကို​တစ်​ကြိမ် လျှင်​လေ​ဝိ​အ​နွယ်​ဝင်​မည်​မျှ​ဆောင်​ရွက် ရ​မည်​ကို​သတ်​မှတ်​ထား​သည့်​နည်း​ဥ​ပ​ဒေ များ​ရှိ​၏။ လေဝိ​အ​နွယ်​ဝင်​တို့​အ​စဉ်​အ​မြဲ ထမ်း​ဆောင်​ရ​ကြ​သည့် တာ​ဝန်​ဝတ္တ​ရား​မှာ ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ဝတ်​ပြု​ကြ ရန်​ပင်​ဖြစ်​ပေ​သည်။-
1CH 23:32 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​နှင့် ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ကြ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​၏​ဆွေ​မျိုး များ​ဖြစ်​သော​အာ​ရုန်​၏​သား​မြေး​ယဇ်​ပု​ရော ဟိတ်​တို့​အား ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​၌​ကူ​ညီ​ကြ​ရန်​လည်း​ကောင်း​တာ​ဝန်​ယူ​ရ ကြ​၏။
1CH 24:1 အာ​ရုန်​၏​သား​မြေး​များ​မှ​ဆင်း​သက်​လာ သော​အုပ်​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။-
1CH 24:2 နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​မိ​မိ​တို့​၏​အ​ဖ မ​ကွယ်​လွန်​မီ​သေ​သွား​ကြ​သ​ဖြင့် သူ​တို့​တွင် သား​မြေး​များ​မ​ကျန်​ရစ်။ သို့​ဖြစ်​၍​သူ​တို့ ၏​ညီ​များ​ဖြစ်​သော​ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​လာ​ကြ သည်။-
1CH 24:3 ဒါ​ဝိဒ်​သည်​အာ​ရုန်​၏​သား​မြေး​တို့​အား​သူ တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​အ​လိုက် အုပ်​စု​များ ခွဲ​၍​ပေး​တော်​မူ​၏။ ဤ​သို့​တာ​ဝန်​ခွဲ​ပေး​ရာ ၌​မင်း​ကြီး​အား​ဧ​လာ​ဇာ​၏​သား​မြေး​ဖြစ်​သူ ဇာ​ဒုတ်​နှင့်​ဣ​သ​မာ​၏​သား​မြေး​ဖြစ်​သူ အ​ဟိ​မ​လက်​တို့​က​ကူ​ညီ​ကြ​၏။-
1CH 24:4 ဧ​လာ​ဇာ​၏​သား​မြေး​တို့​ကို​အုပ်​စု​တစ်​ဆယ့် ခြောက်​ခု​ဖွဲ့​၍ ဣ​သ​မာ​၏​သား​မြေး​တို့​ကို​မူ အုပ်​စု​ရှစ်​ခု​ဖွဲ့​၍​ထား​လေ​သည်။ ဤ​သို့​ပြု​ရ ခြင်း​အ​ကြောင်း​မှာ​ဧ​လာ​ဇာ​၏​သား​မြေး တို့​တွင်​အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​ဦး​ရေ ပို​၍​များ​သော​ကြောင့်​ဖြစ်​၏။-
1CH 24:5 ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​နှစ်​ဦး​စ​လုံး​၏​သား မြေး​တို့​တွင်​ဗိ​မာန်​တော်​အ​ရာ​ရှိ​များ​နှင့် ဝိ​ညာဉ်​ရေး​ခေါင်း​ဆောင်​များ​ပါ​ရှိ​သ​ဖြင့် တာ​ဝန်​ခွဲ​ခန့်​သတ်​မှတ်​မှု​ကို​မဲ​ချ​၍​ဆောင် ရွက်​ရ​ကြ​လေ​သည်။-
1CH 24:6 ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​၏​သား​မြေး​များ သည် အ​လှည့်​ကျ​မဲ​နှိုက်​ရ​ကြ​၏။ ထို့​နောက်​သူ တို့​၏​နာ​မည်​များ​ကို​နာ​သ​နေ​လ​၏​သား၊ လေ​ဝိ​အ​နွယ်​ဝင်​အ​တွင်း​ရေး​မှူး​တစ်​ဦး​ဖြစ် သူ ရှေ​မာ​ရ​က​မှတ်​ပုံ​တင်​ရ​၏။ ယင်း​သို့​မှတ် ပုံ​တင်​ရာ​တွင်​ရှင်​ဘု​ရင်၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​၏​သား​အ​ဟိ မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အိမ်​ထောင်​ဦး​စီး များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။
1CH 24:7 မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့် သတ်​မှတ်​ပေး​ခြင်း​ခံ​ကြ​ရ​သော အိမ်​ထောင် အုပ်​စု​နှစ်​ဆယ့်​လေး​စု​တို့​မှာ၊ ၁။ ယော​ယာ​ရိပ်၊ ၂။ ယေ​ဒါ​ယ၊ ၃။ ဟာ​ရိမ်၊ ၄။ စော​ရိမ်၊ ၅။ မာ​လ​ခိ​ယ၊ ၆။ မိ​ယ​မိန်၊ ၇။ ဟက္ကုတ်၊ ၈။ အ​ဘိ​ယ၊ ၉။ ယေ​ရွှာ၊ ၁၀။ ရှေ​က​နိ၊ ၁၁။ ဧ​လျာ​ရှိပ်၊ ၁၂။ ယာ​ကိမ်၊ ၁၃။ ဟုပ္ပ၊ ၁၄။ ယေ​ရှေ​ဗပ်၊ ၁၅။ ဗိ​လ​ဂ၊ ၁၆။ ဣ​မ္မေရ၊ ၁၇။ ဟေ​ဇိ​ရ၊ ၁၈။ အပ်​ဇဇ်၊ ၁၉။ ပေ​သ​ဟိ၊ ၂၀။ ယေ​ဇ​ကျေ​လ၊ ၂၁။ ယာ​ခိန်၊ ၂၂။ ဂါ​မု​လ၊ ၂၃။ ဒေ​လာ​ယ​နှင့် ၂၄။ မာ​ဇိ တို့​ဖြစ်​သ​တည်း။
1CH 24:19 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဘိုး​ဘေး အာ​ရုန်​စီ​ရင်​သတ်​မှတ်​ထား​သည့်​အ​တိုင်း​ဗိ​မာန် တော်​သို့​သွား​ရောက်​၍ မိ​မိ​တို့​အပ်​နှင်း​ခံ​ရ​သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​ရန် ဤ သူ​တို့​၏​နာ​မည်​များ​ကို​မှတ်​ပုံ​တင်​၍​ထား လေ​သည်။
1CH 24:20 လေ​ဝိ​မှ​ဆင်း​သက်​လာ​သူ​အ​ခြား​အိမ်​ထောင် ဦး​စီး​များ​မှာ ရှု​ဗွေ​လ​မှ​တစ်​ဆင့်​အာ​မ​ရံ မှ​ဆင်း​သက်​လာ​သူ​ယေ​ဒေ​ယ။
1CH 24:21 ရေ​ဟ​ဘိ​မှ​ဆင်း​သက်​လာ​သူ​ဣ​ရှ​ယာ။
1CH 24:22 ရှေ​လော​မိတ်​မှ​တစ်​ဆင့်​ဣ​ဇ​ဟာ​မှ​ဆင်း​သက် လာ​သူ​ယာ​ဟတ်။
1CH 24:23 ကြီး​စဉ်​ငယ်​လိုက်​ဟေ​ဗြုန်​၏​သား​များ​ဖြစ် သော​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့် ယေ​က​မံ။
1CH 24:24 မိက္ခာ​မှ​တစ်​ဆင့်​သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ ရှ​မိ​ရ။
1CH 24:25 သြ​ဇေ​လ​၏​သား၊ မိက္ခာ​၏​ညီ​ဣ​ရှ​ယာ​မှ​တစ်​ဆင့် သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ​ဇာ​ခ​ရိ။
1CH 24:26 မေ​ရာ​ရိ​မှ​ဆင်း​သက်​လာ​သူ​များ​ဖြစ်​ကြ​သော မ​ဟာ​လိ၊ မု​ရှိ​နှင့်​ယာ​ဇိ။-
1CH 24:27 ရှော​ဟံ၊ ဇက္ကု​ရ​နှင့်​ဣဗရိ​ဟူ​၍​သား​သုံး​ယောက် ယာ​ဇိ​၌​ရှိ​၏။-
1CH 24:28 ဧ​လာ​ဇာ​နှင့်​ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက် မ​ဟာ​လိ​၌​ရှိ​၏။ ဧ​လာ​ဇာ​တွင်​သား​မ​ရှိ။ သို့​ရာ​တွင်​ကိ​ရှ​၌​ယေ​ရ​မေ​လ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။-
1CH 24:30 မု​ရှိ​၌​မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​ဟူ သော​သား​သုံး​ယောက်​ရှိ​သ​တည်း။ ဤ​သူ​တို့​သည်​အိမ်​ထောင်​စု​အ​လိုက်​လေဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​၏။
1CH 24:31 မိ​မိ​တို့​၏​ဆွေ​မျိုး​များ​ဖြစ်​သော​အာ​ရုန်​မှ ဆင်း​သက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​များ​ပြု​ခဲ့ ကြ​သည့်​နည်း​တူ၊ အိမ်​ထောင်​စု​တိုင်း​မှ​အိမ် ထောင်​ဦး​စီး​နှင့်​ယင်း​အိမ်​ထောင်​မှ​ညီ​ဖြစ်​သူ တစ်​ယောက်​သည်​မဲ​ချ​၍ တာ​ဝန်​ဝတ္တ​ရား​များ ကို​ယူ​ရ​ကြ​၏။ ဤ​သို့​ပြု​ရာ​၌​ဒါ​ဝိဒ်​မင်း၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​အိမ်​ထောင်​ဦး​စီး​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​၏​အိမ်​ထောင်​ဦး​စီး​များ​သည်​အ​သိ သက်​သေ​ဖြစ်​ကြ​၏။
1CH 25:1 ဒါ​ဝိဒ်​နှင့်​လေဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​တို့ သည် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​အ​မှု​၌​ဦး​ဆောင် ရန်​အာ​သပ်၊ ဟေ​မန်​နှင့်​ယေ​ဒု​သုန်​သား​ချင်း စု​တို့​ကို​ရွေး​ချယ်​ကြ​၏။ သူ​တို့​သည်​စောင်း သံ၊ လင်း​ကွင်း​သံ​များ​နှင့်​တွဲ​ဖက်​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​ကြ ရန်​ဖြစ်​၏။ ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ဦး​ဆောင်​ရန် ရွေး​ချယ်​ခြင်း​ခံ​သူ​များ​နှင့်​သူ​တို့​ထမ်း ဆောင်​ရ​မည့်​အ​လုပ်​တာ​ဝန်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။
1CH 25:2 အာ​သပ်​၏​သား​များ​ဖြစ်​ကြ​သော​ဇက္ကု​ရ၊ ယော​သပ်၊ နေ​သ​နိ​နှင့်​အာ​ရှ​ရေ​လ​တို့​သည်​မင်း​ကြီး​အ​မိန့် ပေး​သည့်​အ​ခါ​တိုင်း ဘု​ရား​သခင်​၏​တ​ရား​တော် ကို​ဟော​ပြော​ရ​သူ​အာ​သပ်​၏​ညွှန်​ကြား​ကွပ် ကဲ​မှု​ကို​ခံ​ယူ​ရ​ကြ​၏။
1CH 25:3 ယေ​ဒု​သုန်​၏​သား​ခြောက်​ယောက်​ဖြစ်​ကြ​သော ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မတ္တိ သိ​တို့​သည်​မိ​မိ​တို့​၏​ဖ​ခင်​ညွှန်​ကြား​ကွပ်​ကဲ မှု​ကို​ခံ​ယူ​လျက် စောင်း​သံ​နှင့်​တွဲ​ဖက်​၍​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း၊ ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ခြင်း​အ​မှု​တို့​ကို​ပြု​ရ​ကြ​၏။
1CH 25:4 ဟေ​မန်​၏​သား​တစ်​ဆယ့်​လေး​ယောက်​မှာ ဗုက္ကိ၊ မတ္တ​နိ၊ သြ​ဇေ​လ၊ ရှေ​ဗွေ​လ၊ ယေ​ရိ​မုတ်၊ ဟာ​န​နိ၊ ဟာ​နန်၊ ဧ​လျာ​သ၊ ဂိဒ္ဒါ​လ​တိ၊ ရော​မန္တေ​ဇာ၊ ယော​ရှ​ဗေ​က​ရှ၊ မလ္လော​သိ၊ ဟော​သိ​ရ၊ မ​ဟာ​ဇုတ်​ဟူ​၍​ဖြစ်​သ​တည်း။-
1CH 25:5 ဘု​ရင်​၏​ပ​ရော​ဖက်​ဖြစ်​သူ​ဟေ​မန်​အား​ဘု​ရား​သ​ခင်​သည် မိ​မိ​ကတိ​တော်​ရှိ​သည့်​အ​တိုင်း​ချီး မြှင့်​ရန် သား​တစ်​ဆယ့်​လေး​ယောက်​နှင့်​သ​မီး​သုံး ယောက်​ကို​ပေး​တော်​မူ​၏။-
1CH 25:6 သူ​တို့​အား​လုံး​ပင်​ဖ​ခင်​စီ​စဉ်​ညွှန်​ကြား​မှု​အ​ရ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို​ဗိ​မာန်​တော်​ဝတ်​ပြု ကိုး​ကွယ်​မှု​နှင့်​တွဲ​ဖက်​၍​တီး​ကြ​၏။ အာ​သပ်၊ ယေ​ဒု​သုန်​နှင့်​ဟေ​မန်​တို့​သည်​ဘု​ရင်​၏ အ​မိန့်​တော်​ခံ​များ​ဖြစ်​ကြ​၏။
1CH 25:7 ဤ​သူ​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​ညီ​အစ်​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် လေ့​ကျင့်​ထား​သော ဂီ​တ​ပ​ညာ​သည်​များ​ဖြစ်​၍​အ​ထူး​ကျွမ်း ကျင်​သူ​များ​တည်း။ သူ​တို့​၏​ဦး​ရေ​မှာ​စု​စု ပေါင်း​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​ဖြစ်​၏။
1CH 25:8 ထို​သူ​တို့​သည်​ကြီး​သူ​ငယ်​သူ၊ ကျွမ်း​ကျင်​သူ၊ မ​ကျွမ်း​ကျင်​သူ​ဟူ​၍​ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ခန့်​သတ်​မှတ်​ရာ​၌ မဲ​နှိုက်​၍ ယူ​ရ​ကြ​၏။
1CH 25:9 ဤ​သူ​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​တို့​ကို​တစ်​အုပ်​စု လျှင် တစ်​ဆယ့်​နှစ်​ယောက်​ပါ​ဝင်​သော​အုပ်​စု​နှစ်​ဆယ့် လေး​စု​ခွဲ​ထား​၏။ တစ်​အုပ်​စု​လျှင်​ခေါင်း​ဆောင်​တစ် ယောက်​စီ​ရှိ​၏။ တာ​ဝန်​အ​ရ​အောက်​ပါ​အ​တိုင်း​ခွဲ ထား​၏။ အာ​သပ်​၏​အိမ်​ထောင်​စု​မှ၊ ၁။ ယော​သပ်၊ ၂။ ဂေ​ဒ​လိ၊ ၃။ ဇက္ကု​ရ၊ ၄။ ဣ​ဇ​ရိ၊ ၅။ နေ​သ​နိ၊ ၆။ ဗုက္ကိ၊ ၇။ ယေ​ရှ​ရေ​လ၊ ၈။ ယေ​ရှာ​ယ၊ ၉။ မတ္တ​နိ၊ ၁၀။ ရှိ​မိ၊ ၁၁။ အာ​ရေ​လ၊ ၁၂။ ဟာ​ရှ​ဘိ၊ ၁၃။ ရှေ​ဗွေ​လ၊ ၁၄။ မတ္တိ​သိ၊ ၁၅။ ယေ​ရ​မုတ်၊ ၁၆။ ဟာ​န​နိ၊ ၁၇။ ယော​ရှ​ဗေ​က​ရှ၊ ၁၈။ ဟာ​နန်၊ ၁၉။ မ​လ္လော​သိ၊ ၂၀။ ဧ​လျာ​သာ၊ ၂၁။ ဟော​သိ​ရ၊ ၂၂။ ဂိဒ္ဒါ​လ​တိ၊ ၂၃။ မ​ဟာ​ဇ​ယုတ်​နှင့် ၂၄။ ရော​မန္တေ​ဇာ၊ ဟူ​၍​ဖြစ်​သ​တည်း။
1CH 26:1 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​အား ခွဲ​ခန့် သတ်​မှတ်​ပေး​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ကော​ရ​ဟိ​ဆွေ​မျိုး စု​တွင်​အာ​သပ်​၏​အိမ်​ထောင်​စု​မှ​ကော​ရ​၏ သား​မေ​ရှ​လေ​မိ​ဆို​သူ​ရှိ​၏။-
1CH 26:2 သူ့​မှာ​ဇာ​ခ​ရိ၊ ယေ​ဒျေ​လ၊ ဇေ​ဗ​ဒိ၊ ယာ​သ​နေ​လ၊-
1CH 26:3 ဧ​လံ၊ ယော​ဟ​နန်​နှင့်​ဧ​လဲ​သြ​နဲ​ဟူ​၍​ကြီး​စဉ် ငယ်​လိုက်​သား​ခု​နစ်​ယောက်​ရှိ​၏။
1CH 26:4 ရှေ​မာ​ယ၊ ယော​ဇ​ဗပ်၊ ယော​အာ၊ စာ​ကာ၊ နာ​သ နေ​လ၊ အ​မျေ​လ၊ ဣ​သ​ခါ၊ ပု​လ​သဲ​ဟူ​သော သား​ရှစ်​ယောက်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ကောင်း ချီး​ပေး​သူ​သြ​ဗ​ဒေ​ဒုံ​ဆို​သူ​လည်း​ရှိ​၏။
1CH 26:6 သြ​ဗ​ဒေ​ဒုံ​၏​သား​ဦး​ရှေ​မာ​ယ​တွင်​စွမ်း​ရည် ကြီး​မား​သ​ဖြင့် မိ​မိ​တို့​ဆွေ​မျိုး​စု​၌​အ​ရေး ပါ​အ​ရာ​ရောက်​သည့်​သား​များ​ရှိ​လေ​သည်။ သူ တို့​၏​နာ​မည်​များ​မှာ​သြ​သ​နိ၊ ရေ​ဖေ​လ၊ သြ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်၊ ဧ​လိ​ဟု​နှင့်​သေ​မ​ခိ ဟူ​၍​ဖြစ်​၏။ နောက်​ဆုံး​ဖော်​ပြ​သူ​နှစ်​ဦး​မှာ အ​ထူး​ပင်​အ​စွမ်း​အ​စ​ကောင်း​သူ​များ ဖြစ်​ကြ​၏။
1CH 26:8 သြ​ဗ​ဒေ​ဒုံ​၏​အိမ်​ထောင်​စု​မှ​ဤ​အ​လုပ် တာ​ဝန်​အ​တွက် အ​ထူး​အ​ရည်​အ​ချင်း​နှင့် ပြည့်​စုံ​သူ​လူ​ခြောက်​ဆယ့်​နှစ်​ယောက်​ရ​ရှိ​၏။
1CH 26:9 မေ​ရှ​လေ​မိ​၏​အိမ်​ထောင်​စု​မှ အ​ရည်​အ​ချင်း နှင့်​ပြည့်​စုံ​သူ​တစ်​ဆယ့်​ရှစ်​ယောက်​ရ​ရှိ​၏။
1CH 26:10 မေ​ရာ​ရိ​၏​အိမ်​ထောင်​စု​၌ ဟော​သ​ဆို​သူ​တစ် ဦး​ရှိ​၏။ သူ့​မှာ​ရှိ​မ​ရိ၊ ဟိ​လ​ခိ၊ တေ​ဗ​လိ၊ ဇာ​ခ​ရိ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (ထို​သူ တို့​အ​နက်​ရှိ​မ​ရိ​သည်​သား​ဦး​မ​ဟုတ်​သော် လည်း​သူ​၏​ဖ​ခင်​က​ခန့်​ထား​သ​ဖြင့်​ခေါင်း ဆောင်​ဖြစ်​လေ​၏။) ဟော​သ​၏​အိမ်​ထောင်​စု​မှ ဗိ​မာန်​တော်​တပ်​သား​စု​စု​ပေါင်း​တစ်​ဆယ့် သုံး​ယောက်​ရ​သ​တည်း။
1CH 26:12 ဗိ​မာန်​တော်​၏​အ​စောင့်​တပ်​သား​တို့​ကို အိမ်​ထောင် စု​များ​အ​လိုက်​အုပ်​စု​များ​ခွဲ​၍ အ​ခြား​လေ​ဝိ အ​နွယ်​ဝင်​တို့​နည်း​တူ​အ​လုပ်​တာ​ဝန်​များ​ကို ခွဲ​ခန့်​ပေး​လေ​သည်။-
1CH 26:13 လူ​ဦး​ရေ​အ​နည်း​အ​များ​ကို​ပ​မာ​ဏ​မ​ထား ဘဲ​အိမ်​ထောင်​စု​တိုင်း​ပင်​လျှင် မိ​မိ​တို့​အ​စောင့် တာ​ဝန်​ကျ​မည့်​တံ​ခါး​ကို​မဲ​နှိုက်​၍​ယူ​ရ​ကြ​၏။-
1CH 26:14 ရှေ​လ​မိ​သည်​အ​ရှေ့​တံ​ခါး​ကို​ရ​၍ သူ​၏​သား ဇာ​ခ​ရိ​သည်​မြောက်​တံ​ခါး​ကို​ရ​လေ​သည်။ သူ သည်​အ​စဉ်​ပင်​အ​ကြံ​ကောင်း​ဉာဏ်​ကောင်း​ကို ပေး​တတ်​သူ​ဖြစ်​၏။-
1CH 26:15 သြ​ဗ​ဒေ​ဒုံ​သည်​တောင်​တံခါး​ကို​စောင့်​ရန် တာ​ဝန်​ကျ​၏။ သူ​၏​သား​တို့​သည်​ကုန် လှောင်​ရုံ​ကို​စောင့်​ရ​ကြ​၏။-
1CH 26:16 ရှု​ပိန်​နှင့်​ဟော​သ​တို့​သည်​အ​နောက်​တံ​ခါး​နှင့် အ​ထက်​လမ်း​ရှိ၊ ရှလ္လေ​ခက်​တံ​ခါး​တွင်​တာ​ဝန် ကျ​ကြ​၏။ အ​စောင့်​တာ​ဝန်​ကို​တစ်​ချိန်​ပြီး တစ်​ချိန် ခွဲ​ခန့်​သတ်​မှတ်​ထား​၏။-
1CH 26:17 အ​ရှေ့​မျက်​နှာ​တွင်​အ​စောင့်​တပ်​သား​ခြောက် ယောက်၊ မြောက်​မျက်​နှာ​တွင်​လေး​ယောက်​နှင့် တောင်​မျက်​နှာ​တွင်​လေး​ယောက်​နေ့​စဉ်​တာ​ဝန် ကျ​လေ​သည်။ ကုန်​လှောင်​ရုံ​များ​တွင်​တစ်​ရုံ လျှင်​ခြောက်​ယောက်​စီ​နေ့​စဉ်​တပ်​သား​လေး ယောက်​စောင့်​ရ​ကြ​၏။-
1CH 26:18 အ​နောက်​မျက်​နှာ​စင်္ကြံ​အ​နီး​လမ်း​ပေါ်​တွင် အ​စောင့်​တပ်​သား​လေး​ယောက်​နှင့်​စင်္ကြံ​ထဲ တွင်​နှစ်​ယောက်​ရှိ​၏။-
1CH 26:19 ဤ​ကား​ကော​ရ​၏​အိမ်​ထောင်​စု​နှင့်​မေ​ရာ​ရိ ၏​အိမ်​ထောင်​စု​တို့​အား​အ​စောင့်​တာ​ဝန်​ခွဲ​ခန့် သတ်​မှတ်​ပေး​ပုံ​ဖြစ်​သ​တည်း။
1CH 26:20 အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။-
1CH 26:21 ဂေ​ရ​ရှုံ​၏​သား​လာ​ဒန်​သည်​ယေ​ဟေ​လိ​အိမ် ထောင်​စု​အ​ပါ​အ​ဝင် အိမ်​ထောင်​စု​များ​၏​ဘိုး ဘေး​ဖြစ်​၏။-
1CH 26:22 လာ​ဒန်​၏​အ​ခြား​သား​များ​ဖြစ်​ကြ​သော ဇေ​သံ​နှင့်​ယော​လ​တို့​သည် ဗိ​မာန်​တော်​ဘဏ္ဍာ တိုက်​နှင့်​ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​လေ​သည်။
1CH 26:23 အာ​မ​ရံ​၏​သား​မြေး​များ​ဖြစ်​ကြ​သော ဣ​ဇ​ဟာ၊ ဟေ​ဗြုန်​နှင့်​သြ​ဇေ​လ​တို့​ကို​လည်း အ​လုပ်​တာ​ဝန်​ခံ​များ​ခွဲ​ခန့်​သတ်​မှတ်​၍ ပေး​၏။
1CH 26:24 မော​ရှေ​၏​သား​ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ ရှေ​ဗွေ​လ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​၏​တာ​ဝန်​ခံ​အုပ် ချုပ်​ရေး​မှူး​ဖြစ်​၏။-
1CH 26:25 သူ​သည်​ဂေ​ရ​ရှုံ​၏​ညီ၊ ဧ​လျာ​ဇာ​နှင့်​ဆက်​စပ် ၍​ရှေ​လော​မိတ်​၏​ဆွေ​မျိုး​ဖြစ်​လာ​လေ​သည်။ ဧ​လျာ​ဇာ​၏​သား​သည်​ရေ​ဟ​ဗိ၊ ရေ​ဟ​ဗိ​၏ သား​မှာ​ယေ​ရှာ​ယ၊ ယေ​ရှာ​ယ​၏​သား​ကား ယော​ရံ​ဖြစ်​၏။ ယော​ရံ​၏​သား​သည်​ဇိ​ခ​ရိ ဖြစ်​၍​ဇိ​ခ​ရိ​၏​သား​မှာ​ရှေ​လော​မိတ်​ဖြစ် သ​တည်း။-
1CH 26:26 ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-
1CH 26:27 သူ​တို့​သည်​စစ်​ပွဲ​မှ​တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့ ကို​ယူ​၍ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဆက်​ကပ်​ကြ​လေ​သည်။-
1CH 26:28 ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၊ ရှော​လု​မင်း၊ နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​တို့​ယူ ဆောင်​လာ​သော လှူ​ဖွယ်​ပစ္စည်း​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​တွင် အ​သုံး​ပြု​ရန်​ဆက်​ကပ်​လေ သ​မျှ​သော​အ​ရာ​တို့​ကို​တာ​ဝန်​ယူ​၍​ထိန်း သိမ်း​ရ​ကြ​၏။
1CH 26:29 ဣ​ဇ​ဟာ​၏​သား​မြေး​များ​အ​နက်​ခေ​န​နိ​နှင့် သား​များ​သည် စာ​ရင်း​အင်း​များ​ထိန်း​သိမ်း​ခြင်း နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အ​ချင်း​ဖြစ်​ပွား မှု​များ​ကို ဖြေ​ရှင်း​ခြင်း​စ​သော​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။
1CH 26:30 ဟေ​ဗြုန်​၏​သား​မြေး​တို့​အ​နက်​ဟာ​ရှ​ဘိ​နှင့် သူ​၏​ဆွေ​မျိုး​သား​ချင်း​တစ်​ထောင့်​ခု​နစ်​ရာ တို့​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး​နှင့်​မြို့​ပြ​ရေး ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို စီ​မံ​အုပ်​ချုပ်​ရန် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။ သူ​တို့​အား​လုံး ပင်​ထူး​ချွန်​သူ​များ​ဖြစ်​သ​တည်း။-
1CH 26:31 ယေ​ရိ​ယ​သည်​ဟေဗြုန်​၏​သား​မြေး​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​အ​နှစ်​လေး​ဆယ် မြောက်​တွင်​ဟေ​ဗြုန်​၏​သား​မြေး​ဆွေ​စဉ်​မျိုး​ဆက် များ​ကို​စုံ​စမ်း​ရှာ​ဖွေ​၍​ကြည့်​ရာ ယင်း​အ​ဆက် အ​နွယ်​များ​ထဲ​မှ​ထူး​ချွန်​သော​စစ်​သူရဲ​များ သည်​ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့​၌​နေ​ထိုင် လျက်​ရှိ​ကြောင်း​တွေ့​ရ​လေ​သည်။-
1CH 26:32 ဒါ​ဝိဒ်​မင်း​သည်​ယေ​ရိ​ယ​၏​ဆွေ​မျိုး​များ ထဲ​မှ ထူး​ချွန်​သူ​အိမ်​ထောင်​ဦး​စီး​နှစ်​ထောင့် ခု​နစ်​ရာ​ကို​ရွေး​ချယ်​၍​ရု​ဗင်​ပြည်၊ ဂဒ် ပြည်​နှင့်​မ​နာ​ရှေ​အ​ရှေ့​ပိုင်း​တို့​တွင်​ဘာ​သာ ရေး​နှင့် မြို့​ပြ​ရေး​ရာ​အ​မှု​ကိစ္စ​မှန်​သ​မျှ တို့​ကို​စီ​မံ​အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​အပ် တော်​မူ​၏။
1CH 27:1 ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ရ​သူ ဣ​သ​ရေ​လ အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​များ၊ သား​ချင်း​စု ခေါင်း​ဆောင်​များ​နှင့်​နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ သူ​တို့​သည်​လူ​ပေါင်း​နှစ်​သောင်း​လေး ထောင်​စီ​ရှိ​သည့်​အ​ဖွဲ့​များ​ဖွဲ့​၍​တစ်​လ​လျှင် တစ်​ဖွဲ့​တာ​ဝန်​ယူ​ရ​ကြ​၏။ ထို​အ​ဖွဲ့​တိုင်း​ကို သက်​ဆိုင်​ရာ​တပ်​မ​ဟာ​မှူး​တစ်​ယောက်​က ကွပ်​ကဲ​အုပ်​ချုပ်​လေ​သည်။
1CH 27:2 တစ်​လ​စီ​တာ​ဝန်​ကျ​သည့်​တပ်​မ​ဟာ​မှူး​များ မှာ၊ ပ​ထ​မ​လ​၌​ဇာ​ဗ​ဒေ​လ​၏​သား​ယာ​ရှော​ဗံ (သူ​သည်​ယု​ဒ​အ​နွယ်​ဝင်​ဖာ​ရက်​၏​သား​ချင်း စု​ဝင်​ဖြစ်​၏။) ဒု​တိ​ယ​လ​၌​အ​ဟော​ဟိ​၏​သား​မြေး​ဒေါ​ဒဲ။ (သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​မိ​က​လုပ်​ဖြစ်​၏။) တ​တိ​ယ​လ​၌​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ ၏​သား​ဗေ​နာ​ယ။ သူ​သည်​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ကျိပ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​သ​တည်း၊ (သူ​၏​သား​အ​မိ​ဇ​ဗဒ်​သည်​သူ​၏​ရာ​ထူး​ကို ဆက်​ခံ​ရ​ရှိ​၍​တပ်​မ​ဟာ​မှူး​ဖြစ်​လာ​၏။) စ​တုတ္ထ​လ​၌​ယွာ​ဘ​၏​ညီ၊ အာ​သ​ဟေ​လ (သူ​၏​သား​ဇေ​ဗ​ဒိ​သည်​ရာ​ထူး​ကို​ဆက်​ခံ ရ​ရှိ​၏။) ပဉ္စ​မ​လ​၌​ဣ​ဇ​ဟာ​၏​သား​မြေး​ရှံ​ဟုတ်။ ဆ​ဋ္ဌ​မ​လ​၌​တေ​ကော​မြို့​မှ​ဣ​ကေ​ရှ​၏ သား​ဣ​ရ။ သတ္တမ​လ​၌​ပေ​လာ​နိ​မြို့​မှ​ဧ​ဖ​ရိမ်​အ​နွယ် ဝင်​ဟေ​လက်။ အ​ဋ္ဌ​မ​လ​၌​ဟု​ရှ​မြို့​မှ​သိ​ဗေ​ကဲ (သူ​သည် ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​မှ​ဖြစ်​၏။) န​ဝ​မ​လ​၌​အ​နေ​သော​သိ​မြို့​ဗင်္ယာ​မိန် အ​နွယ်​ဝင် ဒေ​သ​မှ​အ​ဗျေ​ဇာ။ ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​မ​ဟာ​ရဲ (သူ​သည်​ဇာ​ရ​သား​ချင်း​စု​ဝင်​ဖြစ်​၏။) ဧ​က​ဒ​သ​မ​လ​၌​ပိ​ရ​သော​နိ​မြို့​မှ​ဧ​ဖ​ရိမ် အ​နွယ်​ဝင် ဒေ​သ​မှ​ဗေ​နာ​ယ။ ဒွါ​ဒ​သ​မ​လ​၌​နေ​တော​ဖာ​သိ​မြို့​မှ​ဟေ​လ​ဒဲ (သူ​သည်​သြ​သ​နေ​လ​၏​သား​မြေး​ဖြစ်​၏။)
1CH 27:16 ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​၏​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ အ​နွယ် အုပ်​ချုပ်​သူ ရု​ဗင် ဇိ​ခ​ရိ​၏​သား​ဧ​လျေ​ဇာ။ ရှိ​မောင် မာ​ခ​၏​သား​ရှေ​ဖ​တိ။ လေဝိ ကေ​မွေ​လ​၏​သား​ဟာ​ရှ​ဘိ။ အာ​ရုန် ဇာ​ဒုတ်။ ယု​ဒ ဒါ​ဝိဒ်​၏​အစ်​ကို​ဧ​လိ​ဟု။ ဣ​သ​ခါ မိက္ခေ​လ​၏​သား​သြ​မ​ရိ။ ဇာ​ဗု​လုန် သြ​ဗ​ဒိ​သား​ဣရှ​မာ​ယ။ န​ဿ​လိ အာ​ဇ​ရေ​လ​၏​သား ယေ​ရိ​မုတ်။ ဧ​ဖ​ရိမ် အာ​ဇ​ဇိ​၏​သား​ဟော​ရှေ။ အ​နောက်​ပိုင်း​မ​နာ​ရှေ ပေ​ဒါ​ယ​၏​သား​ယောလ။ အ​ရှေ့​ပိုင်း​မ​နာ​ရှေ ဇာ​ခ​ရိ​၏​သား​ဣ​ဒ္ဒေါ။ ဗင်္ယာ​မိန် အာ​ဗ​နာ​၏​သား​ယာ​သေ​လ။ ဒန် ယေ​ရော​ဟံ​၏​သား အာ​ဇ​ရေ​လ။
1CH 27:23 ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​ပြည်​သား​တို့ အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား စေ​တော်​မူ​မည်​ဟု​က​တိ​တော်​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​မင်း​သည်​အသက်​နှစ်​ဆယ်​အောက်​ရှိ သူ​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ တော်​မ​မူ။-
1CH 27:24 ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည်​သန်း​ခေါင်​စာ​ရင်း တစ်​ရပ်​စ​တင်​ကောက်​ယူ​ခဲ့​သော်​လည်း​အ​ပြီး မ​သတ်​ချေ။ ဤ​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​မှု အ​တွက်​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သို့​ဖြစ် ၍​ကောက်​ယူ​ရ​ရှိ​သည့်​နောက်​ဆုံး​ကိန်း​ဂ​ဏန်း များ​ကို​ဒါဝိဒ်​မင်း​၏​တ​ရား​ဝင်​မှတ်​တမ်း​များ တွင်​ရေး​မှတ်​ထား​ခြင်း​မ​ရှိ​ပေ။
1CH 27:25 ဘု​ရင်​၏​ပစ္စည်း​ဥစ္စာ​များ​ကို​စီ​မံ​အုပ်​ချုပ်​ရ​သူ တို့​၏​စာ​ရင်း​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ဘု​ရင့်​ကုန်​လှောင်​ရုံ​များ​ကို အ​ဒေ​လ​၏​သား အာ​ဇိ​မာ​ဝက်​က​အုပ်​ချုပ်​ရ​၏။ ဒေ​သ​ဆိုင်​ရာ​ကုန်​လှောင်​ရုံ​များ​ကို သြ​ဇိ​၏​သား ယော​န​သန်​က​အုပ်​ချုပ်​ရ​၏။ တောင်​သူ​လယ်​သ​မား​စု​ကို ခေ​လုပ်​၏​သား​ဧ​ဇ​ရိ အုပ်​ချုပ်​ရ​၏။ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​ရာ​မ​မြို့​သား​ရှိ​မိ​က အုပ်​ချုပ်​ရ​၏။ စ​ပျစ်​ရည်​တိုက်​တို့​ကို​ရှိ​ဖ​မိ​မြို့​သား​ဇ​ဗ​ဒိ​က အုပ်​ချုပ်​ရ​၏။ အ​နောက်​တောင်​ခြေ​ရှိ​သံ​လွင်​ပင်​များ​နှင့် သ​ဖန်း​ပင်​တို့​ကို ဂေ​ဒ​ရိ​မြို့​သား​ဗာ​လ​ဟာ​နန်​က​အုပ်​ချုပ်​ရ​၏။ ဆီ​တိုက်​ကို​ယော​ရှ​သည်​အုပ်​ချုပ်​ရ​၏။ ရှာ​ရုန်​လွင်​ပြင်​ရှိ​နွား​တို့​ကို​ရှာ​ရုန်​မြို့​သား​ရှိ တ​ရဲ​က အုပ်​ချုပ်​ရ​၏။ ချိုင့်​ဝှမ်း​များ​ရှိ​နွား​တို့​ကို​အာ​ဒ​လဲ​၏​သား ရှာ​ဖတ်​က အုပ်​ချုပ်​ရ​၏။ ကု​လား​အုတ်​တို့​ကို​ဣ​ရှ​မေ​လ​အ​နွယ်​ဝင်၊ သြ​ဗိ​လ​က​အုပ်​ချုပ်​ရ​၏။ မြည်း​တို့​ကို​မေ​ရော​န​သိ​မြို့​သား​ယေ​ဒေ​ယ​က အုပ်​ချုပ်​ရ​၏။ သိုး​နှင့်​ဆိတ်​တို့​ကို​ဟာ​ဂ​ရ​အ​နွယ်​ဝင်​ယာ​ဇဇ်​က အုပ်​ချုပ်​ရ​၏။
1CH 27:32 ဒါ​ဝိဒ်​၏​ဘ​ထွေး​တော်​ယော​န​သန်​သည် တတ် သိ​လိမ္မာ​စွာ​အ​ကြံ​ဉာဏ်​ပေး​တတ်​သူ​ပ​ညာ​ရှင် ဖြစ်​၏။ သူ​နှင့်​ဟ​ခ​မော​နိ​၏​သား​ယေ​ဟေ​လ တို့​သည်​ဘု​ရင့်​သား​တော်​များ​အား​ပ​ညာ​ပို့ ချ​ရေး​ကို​တာ​ဝန်​ယူ​ရ​ကြ​၏။-
1CH 27:33 အ​ဟိ​သော​ဖေ​လ​သည်​ဘု​ရင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ဖြစ်​၍ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည်​ဘု​ရင် ၏​အ​ဆွေ​တော်​တိုင်​ပင်​ဖော်​တိုင်​ပင်​ဖက်​ဖြစ် သ​တည်း။-
1CH 27:34 အ​ဟိ​သော​ဖေ​လ​သေ​လွန်​ပြီး​နောက်​အ​ဗျာ​သာ နှင့်​ဗေ​နာ​ယ​၏​သား​ယော​ယ​ဒ​တို့​သည်​အ​တိုင် ပင်​ခံ​များ​ဖြစ်​လာ​ကြ​၏။ ယွာ​ဘ​ကား​ဘု​ရင့် တပ်​မ​တော်​၏​ဗိုလ်​ချုပ်​ဖြစ်​သ​တည်း။
1CH 28:1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။
1CH 28:2 ဒါ​ဝိဒ်​မင်း​သည်​ထို​သူ​တို့​ရှေ့​တွင်​ရပ်​လျက် မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။ မင်း​ကြီး​က``ငါ ၏​ပြည်​သူ​ပြည်​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ခြေ​တင်​ခုံ​ဖြစ်​သော ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ရန်​အ​တွက်​အိမ်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လို​ပေ​သည်။ ဘု​ရား​သ​ခင် နာ​မ​တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော် တည်​ဆောက်​ရေး​အ​တွက်​ငါ​သည်​ပြင်​ဆင် မှု​များ​ကို​ပြု​ခဲ့​လေ​ပြီ။-
1CH 28:3 သို့​ရာ​တွင်​ငါ​သည်​စစ်​သည်​တစ်​ဦး​ဖြစ်​၍ များ​စွာ​သွေး​ထွက်​သံ​ယို​ဖြစ်​ပွား​စေ​ခဲ့ သ​ဖြင့် ငါ့​အား​ကိုယ်​တော်​က​မ​တည်​မ ဆောက်​ရ​ဟု​တား​မြစ်​တော်​မူ​၏။-
1CH 28:4 ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ​နှင့် ငါ​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ တော်​ကို​ထာ​ဝ​စဉ်​အုပ်​စိုး​ရန်​ရွေး​ချယ်​တော် မူ​၏။ ကိုယ်​တော်​သည်​ခေါင်း​ဆောင်​မှု​ပေး​ရန် အ​တွက်​ယု​ဒ​အ​နွယ်​ကို​ရွေး​ချယ်​တော် မူ​၏။ ယု​ဒ​ပြည်​မှ​ငါ့​အ​ဖ​၏​အိမ်​ထောင်​စု ကို​ရွေး​ချယ်​တော်​မူ​ပေ​သည်။ ထို​အိမ်​ထောင်​စု မှ​ငါ့​အား​ထုတ်​ယူ​၍​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​နိုင်​ငံ​လုံး​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။-
1CH 28:5 ကိုယ်​တော်​သည်​ငါ့​အား​သား​များ​ထွန်း​ကား စေ​တော်​မူ​၍​ထို​သား​တို့​အ​နက်​ရှော​လ​မုန် ကို​ထာ​ဝ​ရ​ဘု​ရား​၏​နိုင်​ငံ​တည်း​ဟူ​သော ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ရန်​ရွေး​ချယ် တော်​မူ​၏။''
1CH 28:6 ``ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သင်​၏​သား ရှော​လ​မုန်​သည်​ငါ​၏​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရ​မည့်​သူ​ဖြစ်​၏။ သူ့​အား​ငါ​သည် ငါ​၏​သား​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​တော်​မူ ပြီ။ ငါ​သည်​လည်း​သူ​၏​အ​ဖ​ဖြစ်​လိမ့် မည်။-
1CH 28:7 သူ​သည်​ယ​ခု​တိုင်​ဆက်​လက်​၍​ငါ​၏ ပ​ညတ်​တို့​ကို​စောင့်​ထိန်း​ပါ​မူ ငါ​သည် သူ​၏​နိုင်​ငံ​ကို​ကာ​လ​အ​စဉ်​အ​ဆက် တည်​တံ့​စေ​တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။''
1CH 28:8 ``သို့​ဖြစ်​၍​သင်​တို့​အား ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​ပ​ရိတ်​သတ်​ရှေ့​တော်​၌​လည်း ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​တည်း ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ထု ကြီး​၏​ရှေ့​၌​လည်း​ကောင်း၊ သင်​တို့​အား တာ​ဝန်​ပေး​အပ်​ပါ​၏။ သင်​တို့​သည်​ငါ တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ် တော်​မူ​သ​မျှ​တို့​ကို တိ​ကျ​စွာ​လိုက်​နာ ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည် ဤ​ပြည်​ကောင်း​ပြည်​မြတ်​ကို​ဆက်​လက် ပိုင်​ဆိုင်​ရ​ကြ​လျက် မိ​မိ​တို့​၏​သား​မြေး အား​အ​ဆက်​မ​ပြတ်​လွှဲ​ပြောင်း​ပေး အပ်​နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
1CH 28:9 ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-
1CH 28:10 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့် မြတ်​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် အ​တွက် သင့်​အား​ရွေး​ချယ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​သင်​သိ​မှတ်​ရ​ပေ​မည်။ သို့​ဖြစ်​၍ ယ​ခု​ပင်​လျှင်​ထို​ဗိ​မာန်​တော်​ကို​တည် ဆောက်​လော့။ အား​မာန်​တင်း​၍​တည်​ဆောက် လော့'' ဟု​မိန့်​တော်​မူ​၏။
1CH 28:11 ဒါ​ဝိဒ်​သည်​ဗိ​မာန်​တော်​ဆိုင်​ရာ​အ​ဆောက် အ​အုံ​ရှိ​သ​မျှ​တို့​၏​ပုံ​စံ​များ​ကို​လည်း ကောင်း၊ ပစ္စည်း​သို​လှောင်​ရာ​မှ​စ​၍​အ​ခြား အ​ခန်း​အ​ပေါင်း​နှင့်​အ​ပြစ်​ဖြေ​လွှတ်​ရာ မြင့်​မြတ်​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​စံ​ကို လည်း​ကောင်း​ရှော​လ​မုန်​အား​ပေး​အပ်​တော် မူ​၏။-
1CH 28:12 မင်း​ကြီး​သည်​မိ​မိ​ကြံ​စည်​ထား​တော်​မူ သည့်​အ​တိုင်း ဗိ​မာန်​တော်​တံ​တိုင်း​များ​နှင့် တံ​တိုင်း​ပတ်​လည်​ရှိ​အ​ခန်း​များ၊ ဗိ​မာန် တော်​ပစ္စည်း​တန်​ဆာ​များ​သို​မှီး​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည့် လှူ​ဖွယ်​ပစ္စည်း​သို​လှောင်​ခန်း​တို့​၏​ပုံ​စံ များ​ကို​လည်း​ပေး​အပ်​တော်​မူ​၏။-
1CH 28:13 ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား များ​ကို​ထမ်း​ဆောင်​မှု၊ ဗိ​မာန်​တော်​ဝေ​ယျာ ဝစ္စ​များ​ကို​ဆောင်​ရွက်​မှု​နှင့်၊ ဗိ​မာန်​တော် ခွက်​ဖ​လား​များ​ကို​ထိန်း​သိမ်း​မှု​တို့ အ​တွက်​စည်း​ရုံး​ဖွဲ့​စည်း​ခြင်း​ဆိုင်​ရာ အ​စီ​အ​စဉ်​များ​ကို​လည်း​ပေး​အပ် တော်​မူ​၏။-
1CH 28:14 မင်း​ကြီး​သည်​ခွက်​ဖ​လား​များ​အ​တွက်၊ မီး​ခွက်​နှင့်​မီး​တင်​ခုံ​တစ်​ခု​စီ​အ​တွက်၊ ရွှေ စား​ပွဲ​များ​အ​တွက်​နှင့် ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရာ​မုန့်​များ​တင်​သည့်​ရွှေ​စား ပွဲ​တစ်​ခု​စီ​အ​တွက်​ငွေ​ချိန်၊ ရွှေ​ချိန်​မည် မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန်​ကြား​တော် မူ​၏။-
1CH 28:17 အ​မဲ​သား​ချိတ်​များ၊ ဖ​လား​များ၊ အိုး​များ အ​တွက်​ရွှေ​စင်​မည်​မျှ​အ​သုံး​ပြု​၍ ပန်း​ကန် များ​အ​တွက်​ငွေ​နှင့်​ရွှေ​မည်​မျှ​အ​သုံး​ပြု ရ​မည်၊-
1CH 28:18 နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​အ​တွက် နှင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို အ​တောင်​ဖြင့်​လွှမ်း​မိုး​ထား​သော ခေ​ရု​ဗိမ်​များ​က​သည့်​ရ​ထား​အ​တွက် ရွှေ​စင်​မည်​မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန် ကြား​တော်​မူ​၏။-
1CH 28:19 ဒါ​ဝိဒ်​မင်း​က``ဤ​အ​ရာ​အား​လုံး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ငါ့​အား​ဆောင် ရွက်​ရန်​ညွှန်​ကြား​တော်​မူ​သည်​အ​တိုင်း​ရေး ဆွဲ​ထား​ခြင်း​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
1CH 28:20 ဒါ​ဝိဒ်​မင်း​သည်​သား​တော်​ရှော​လ​မုန်​အား``သင် သည်​တည်​ကြည်​ခိုင်​ခန့်​၍​ဇွဲ​သတ္တိ​ရှိ​လော့။ အ​လုပ် ကို​အ​စ​ပြု​လော့။ အ​ဘယ်​အ​ရာ​မျှ​သင့်​အား မ​ဆီး​မ​တား​စေ​နှင့်။ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​စွန့်​ပစ် တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဗိ​မာန်​တော်​အ​တွက် လို​အပ်​သ​မျှ​သော​အ​မှု​ကိစ္စ​များ​ပြီး​ဆုံး သည်​တိုင်​အောင် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့် မည်။-
1CH 28:21 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင် တို့​အား ဗိ​မာန်​တော်​တွင်​ဆောင်​ရွက်​ရန် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့်​သတ်​မှတ် ပေး​ပြီး​ဖြစ်​လေ​ပြီ။ အ​ဘက်​ဘက်​မှ​ကျွမ်း ကျင်​သူ​အ​လုပ်​သ​မား​တို့​သည် သင့်​အား ကူ​ညီ​ရန်​စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ ၏။ လူ​အ​ပေါင်း​နှင့်​သူ​တို့​၏​ခေါင်း​ဆောင် များ​သည်​လည်း​သင်​၏​အ​မိန့်​ကို​လိုက် နာ​ဆောင်​ရွက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
1CH 29:1 ဒါ​ဝိဒ်​မင်း​သည်​လူ​ထု​တစ်​ရပ်​လုံး​အား``ငါ့ သား​ရှော​လ​မုန်​သည်​ဘု​ရား​သ​ခင်​ရွေး​ချယ် တော်​မူ​သော​သူ​ဖြစ်​၏။ သို့​သော်​လည်း​အ​သက် အ​ရွယ်​ငယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သေး​သူ ဖြစ်​၏။ သူ​ပြု​ရ​မည့်​အ​မှု​ကား​အ​လွန်​ကြီး မား​လှ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​တည်​ဆောက်​ရ​မည်​မှာ​လူ​တို့​အ​တွက် နန်း​တော်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​ဖြစ်​သော ကြောင့်​တည်း။-
1CH 29:2 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပစ္စည်း များ​ဖြစ်​သည့်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်၊ ကျောက်​မျက်​ရ​တ​နာ၊ ကျောက်​စီ​ပန်း​ဖော် ကျောက်​များ​နှင့် မြောက်​မြား​စွာ​သော​ကျောက် ဖြူ​တို့​ကို​စု​ဆောင်း​ပြင်​ဆင်​ထား​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​ခဲ့​၏။-
1CH 29:3 ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။-
1CH 29:4 ငါ​သည်​ရွှေ​စင်​တန်​ချိန်​တစ်​ရာ​တစ်​ဆယ့် ငါး​နှင့်​ဗိ​မာန်​တော်​နံ​ရံ​များ​မွမ်း​မံ​ချယ် လှယ်​ရန်၊-
1CH 29:5 နှင့်​လက်​မှု​ပ​ညာ​သည်​တို့​ပြု​လုပ်​ရန်​ရှိ​သ​မျှ သော​ဝတ္ထု​ပစ္စည်း​များ ငွေ​စင်​အ​ချိန်​နှစ်​ရာ​ခြောက် ဆယ့်​ငါး​တန်​ကို​လည်း​ပေး​လှူ​ခဲ့​လေ​ပြီ။ ယ​နေ့ အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ရက်​ရော စွာ​ပေး​လှူ​လို​ပါ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
1CH 29:6 ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။-
1CH 29:7 သူ​တို့​သည်​ရွှေ​တန်​ချိန်​တစ်​ရာ့​ကိုး​ဆယ်၊ ငွေ တန်​ချိန်​သုံး​ရာ့​ရှစ်​ဆယ်၊ ကြေး​ဝါ​တန်​ချိန် ခြောက်​ရာ​ခု​နစ်​ဆယ့်​ငါး​နှင့်​သံ​တန်​ချိန်​သုံး ထောင်​ခု​နစ်​ရာ့​ငါး​ဆယ်​ကို​ပေး​လှူ​ကြ​လေ သည်။-
1CH 29:8 ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ကြ​သူ​တို့​သည် ယင်း​တို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​သား ချင်း​စု​မှ​ယေ​ဟေ​လ​အုပ်​ချုပ်​သည့်​ဗိ​မာန် တော်​ဘဏ္ဍာ​တိုက်​သို့​ပေး​လှူ​ကြ​၏။-
1CH 29:9 သူ​တို့​သည်​စေ​တ​နာ​စိတ်​နှင့်​ထာ​ဝ​ရ ဘု​ရား​အား​ပေး​လှူ​ကြ​သည်​ဖြစ်​ရာ မိ​မိ တို့​ဤ​မျှ​မြောက်​မြား​စွာ​ပေး​လှူ​ခဲ့​ရ​ကြ သည့်​အ​တွက်​အား​ရ​ဝမ်း​မြောက်​ကြ​ကုန်​၏။ ဒါ​ဝိဒ်​မင်း​သည်​လည်း​လွန်​စွာ​အား​ရ​ဝမ်း မြောက်​တော်​မူ​၏။
1CH 29:10 ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​ရှိ​လူ​စု​တစ်​ရပ်​လုံး​၏​ရှေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​တော် မူ​၏။ မင်းကြီး​က``ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး ယာ​ကုပ်​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ် တော်​ရှင်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​မင်္ဂလာ​ရှိ​တော် မူ​ပါ​စေ​သ​တည်း။-
1CH 29:11 ကိုယ်​တော်​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး တော်​ဘုန်း​အ​သ​ရေ​တော်၊ အ​ရောင်​အ​ဝါ​တော်၊ အာ​နု​ဘော်​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။ ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ပိုင်​တော်​မူ​၍ ကိုယ်​တော်​ရှင်​သည် လူ​ခပ်​သိမ်း​တို့​အား​အ​ချုပ်​အ​ခြာ​အာ​ဏာ တော်​ဖြင့်​အ​စိုး​ရ​သည့်​ဘုရင်​ဖြစ်​တော်​မူ​ပါ ၏။-
1CH 29:12 စည်း​စိမ်​ချမ်း​သာ​နှင့်​ပစ္စည်း​ဥစ္စာ​ပေါ​များ ကြွယ်​ဝ​မှု​မှန်​သ​မျှ​ကို​ကိုယ်​တော်​ရှင်​ပေး တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​ရာ​ခပ် သိမ်း​တို့​ကို​ခွန်​အား​စွမ်း​ရည်​တန်​ခိုး​နှင့် အ​စိုး​ရ​တော်​မူ​၍ မည်​သူ့​ကို​မ​ဆို​ကြီး မြတ်​၍​သန်​စွမ်း​မှု​ကို​ပေး​တော်​မူ​ပါ​၏။-
1CH 29:13 ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​ဝ​သည့်​နာ​မ​တော် ကို​ထော​မ​နာ​ပြု​ကြ​ပါ​၏။''
1CH 29:14 ``အ​ကယ်​စင်​စစ်​ကျွန်​တော်​မျိုး​နှင့်​ကျွန်​တော် မျိုး​၏​လူ​တို့​သည် ကိုယ်​တော်​ရှင်​အား​အ​ဘယ် အ​ရာ​ကို​မျှ​ပေး​လှူ​နိုင်​စွမ်း​မ​ရှိ​ပါ။ ခပ်​သိမ်း သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​ပေး​သ​နား ထား​သည့်​ဆု​ကျေး​ဇူး​များ​ဖြစ်​သ​ဖြင့် ကျွန် တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပိုင်​သည့် အ​ရာ​များ​ကို​သာ​လျှင်​ကိုယ်​တော်​ရှင် အား​ပြန်​လည်​ဆက်​သ​ခြင်း​ဖြစ်​ပါ​၏။-
1CH 29:15 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် ဘိုး​ဘေး​များ​နည်း​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ ကြ​သူ​များ​နှင့်​သူ​စိမ်း​တစ်​ရံ​ဆံ​များ​ကဲ့ သို့​ဤ​ဘ​ဝ​တွင်​ကျင်​လည်​ရ​ကြ​ကြောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော် မျိုး​တို့​၏​နေ့​ရက်​များ​သည်​ရှည်​လျား လျက်​နေ​သော​အ​ရိပ်​ကဲ့​သို့​ဖြစ်​၍ ကျွန် တော်​မျိုး​တို့​သည်​သေ​ဘေး​နှင့်​မ​လွတ် နိုင်​ကြ​ပါ။-
1CH 29:16 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​၏ ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​နာ​မ​တော်​ကို​ချီး​မြှောက်​နိုင်​ရန် ဗိ​မာန် တော်​တစ်​ဆောင်​တည်​ဆောက်​ရေး​အ​တွက် ဤ​ဥစ္စာ​အ​ပေါင်း​ကို​ကျွန်​တော်​မျိုး​တို့ စု​ဆောင်း​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏။ သို့​ရာ တွင်​ထို​ဥစ္စာ​ပစ္စည်း​အား​လုံး​သည်​ကိုယ် တော်​ရှင်​ပေး​သ​နား​တော်​မူ​သော​အ​ရာ များ​ဖြစ်​၍​ယင်း​တို့​ကို​ကိုယ်​တော်​ရှင် ပိုင်​တော်​မူ​ပါ​၏။-
1CH 29:17 ကိုယ်​တော်​ရှင်​သည်​လူ​တိုင်း​၏​စိတ်​နှ​လုံး ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၍ သ​မာ​ဋ္ဌိ ရှိ​သူ​တို့​အား​နှစ်​သက်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​သိ​ပါ​၏။ ကျွန်​တော်​မျိုး သည်​ရိုး​ဖြောင့်​မှန်​ကန်​သော​စေ​တ​နာ စိတ်​ဖြင့် ဤ​ဘဏ္ဍာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​၏။ ဤ​အ​ရပ်​တွင်​စု​ရုံး​လျက် ရှိ​သော​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​သည် လည်း ကိုယ်​တော်​ရှင်​အား​ပေး​လှူ​ပူ​ဇော် ရ​သ​ဖြင့်​အ​ဘယ်​မျှ​ဝမ်း​မြောက်​ကြ သည်​ကို​ကျွန်​တော်​မျိုး​တွေ့​ရှိ​ရ​ပါ​ပြီ။-
1CH 29:18 ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​ဖြစ် ကြ​သော​အာ​ဗြ​ဟံ၊ ယာ​ကုပ်​နှင့်​ဣ​ဇာက် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ သို့​ဘု​ရား​တ​ရား​စွဲ​လန်း​တတ်​သော​စိတ် သ​ဘော​ကို ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ စိတ်​နှ​လုံး​တွင်​အ​စဉ်​သ​ဖြင့်​ခိုင်​မြဲ စွာ​တည်​ရှိ​စေ​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​တော်​ရှင်​အ​ပေါ်​အ​စဉ်​အ​မြဲ သစ္စာ​ရှိ​စေ​တော်​မူ​ပါ။-
1CH 29:19 ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။
1CH 29:20 ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။
1CH 29:21 နောက်​တစ်​နေ့​၌​သူ​တို့​သည်​ယဇ်​ကောင်​များ အ​ဖြစ်​ဖြင့်​တိ​ရစ္ဆာန်​များ​ကို​သတ်​၍ ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ပြီး​လျှင် လူ​တို့​အား စား​သုံး​ရန်​ပေး​ကြ​၏။ သူ​တို့​သည်​စပျစ်​ရည် ပူ​ဇော်​သ​ကာ​များ​ကို​လည်း​ယူ​ဆောင်​လာ ကြ​၏။ ထို​အ​ပြင်​နွား​သိုး​တစ်​ထောင်၊ သိုး ထီး​တစ်​ထောင်​နှင့်​သိုး​ငယ်​တစ်​ထောင်​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​တစ်​ကောင်​လုံး မီး​ရှို့​ပူ​ဇော်​ကြ​လေ​သည်။-
1CH 29:22 သို့​ဖြစ်​၍​ထို​နေ့​၌​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​စား​သောက်​ကာ အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ သူ​တို့​သည်​ရှော​လ​မုန်​အား​ဘု​ရင်​အ​ဖြစ် ဖြင့်​ဒု​တိ​ယ​အ​ကြိမ်​ကြေ​ညာ​လေ​သည်။ သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ဇာ​ဒုတ်​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဘိ​သိက် ပေး​ကြ​၏။-
1CH 29:23 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​မိ​မိ​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား​တည်​စေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင်​ထိုင်​တော်​မူ​၏။ သူ​သည်​အောင်​မြင် သော​ဘု​ရင်​ဖြစ်​ပေ​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​သည်​လည်း သူ​၏​အ​မိန့်​ကို​နာ​ခံ​ကြ​လေ​သည်။-
1CH 29:24 အ​ရာ​ရှိ​များ​နှင့်​စစ်​သူ​ရဲ​အ​ပေါင်း​တို့ နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​သား​တို့​သည်​ရှော လ​မုန်​မင်း​၏​ကျေး​ဇူး​သစ္စာ​ကို​စောင့် ပါ​မည်​ဟု​က​တိ​ပေး​ကြ​၏။-
1CH 29:25 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​၏​ရှေ့​တွင်​ရှော​လ​မုန်​အား လွန်​စွာ​ချီး​မြှောက်​တော်​မူ​၍ အ​ခြား​အ​ဘယ် ဣ​သ​ရေ​လ​ဘု​ရင်​မျှ​မ​ရ​ရှိ​ဘူး​သည့် ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​စေ​တော်​မူ​၏။
1CH 29:26 ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​ကို​အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော် မူ​၏။ သူ​သည်​ဟေဗြုန်​မြို့​တွင်​ခု​နစ်​နှစ်၊ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော် မူ​၏။-
1CH 29:28 သူ​သည်​စည်း​စိမ်​ချမ်း​သာ​ကြွယ်​ဝ​လျက်​ကြည်​ညို လေး​စား​မှု​ကို​ခံ​ရ​ကာ အ​လွန်​အို​မင်း​ချိန်​ကျ မှ​ကွယ်​လွန်​တော်​မူ​လေ​သည်။-
1CH 29:29 ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ဝင်​ကို​အ​စ​မှ​အ​ဆုံး​တိုင် အောင်​ရှ​မွေ​လ၊ နာ​သန်​နှင့်​ဂဒ်​ဟူ​သော​ပ​ရော ဖက်​သုံး​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​ရေး​မှတ် ၍​ထား​၏။-
1CH 29:30 ထို​ပ​ရော​ဖက်​တို့​သည်​ဒါ​ဝိဒ်​မင်း​တိုင်း​ပြည်​ကို အုပ်​စိုး​ပုံ​နှင့်​တန်​ခိုး​ကြီး​ပုံ​တို့​ကို​လည်း​ကောင်း၊ သူ​ကြုံ​တွေ့​ရ​သော​အ​ဖြစ်​အ​ပျက်​များ​နှင့် တ​ကွ​ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​တိုင်း​ပြည်​များ​၏​အ​ဖြစ်​အ​ပျက်​မှန်​သ​မျှ တို့​ကို​လည်း​ကောင်း​ဖော်​ပြ​ကြ​လေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​ပြီး​၏။
2CH 1:1 ဒါ​ဝိဒ်​မင်း​၏​သား​တော်​ရှော​လ​မုန်​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​ဏာ​တည်​မြဲ​လာ​၏။ သူ​၏​ဘု​ရား​သည်​သူ့​ကို​ကောင်း​ချီး​ပေး​တော် မူ​သ​ဖြင့်​သူ​သည်​အ​လွန်​တန်​ခိုး​ကြီး​လာ​၏။
2CH 1:2 ရှော​လ​မုန်​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​တို့ ကို​အုပ်​ချုပ်​သော​တပ်​မှူး​များ၊ အ​စိုး​ရ​အ​ရာ ရှိ​များ၊ အိမ်​ထောင်​ဦး​စီး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​အား-
2CH 1:3 မိ​မိ​နှင့်​အ​တူ​ဂိ​ဗောင်​မြို့​ရှိ​ကိုး​ကွယ်​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ သွား​ရောက်​ကြ​ရန်​အ​မိန့်​ထုတ် ပြန်​တော်​မူ​၏။ ထို​အ​ရပ်​သို့​သွား​ရ​ခြင်း​မှာ တော​ကန္တာ​ရ​၌ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​ပြု​လုပ်​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား​စံ တော်​မူ​ရာ​တဲ​တော်​တည်​ရာ​ဖြစ်​ခြင်း​ကြောင့် ဖြစ်​၏။-
2CH 1:4 (သို့​ရာ​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​မှာ​မူ​ယေ​ရု ရှ​လင်​မြို့​တွင်​ရှိ​နေ​သည်။ ထို​သေတ္တာ​တော်​ကို ဒါ​ဝိဒ်​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ​ပင့်​ဆောင် လာ​စဉ်​အ​ခါ​က​မိ​မိ​တည်​ဆောက်​သည့်​တဲ တော်​တွင်​ထား​ရှိ​ခဲ့​သ​တည်း။-)
2CH 1:5 ဂိ​ဗောင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ ရာ​တဲ​တော်​ရှေ့​၌ ဟု​ရ​သား​ချင်း​စု​မှ​ဥ​ရိ ၏​သား​ဗေ​ဇ​လေ​လ​ဆောက်​လုပ်​ခဲ့​သည့်​ကြေး ဝါ​ယဇ်​ပလ္လင်​လည်း​ရှိ​၏။ ထို​အ​ရပ်​တွင်​ရှော​လ​မုန် နှင့်​ပြည်​သူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင် အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လေ​သည်။-
2CH 1:6 မင်း​ကြီး​သည်​ယဇ်​ကောင်​တစ်​ထောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ ကြေး​ဝါ​ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​တော်​မူ သည်။
2CH 1:7 ထို​ည​၌​ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင့်​အား​အ​ဘယ်​ဆု ကို​ပေး​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။
2CH 1:8 ရှော​လ​မုန်​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ကြီး​မြတ်​သည့်​မေတ္တာ တော်​ကို​အ​စဉ်​ပြ​တော်​မူ​ပြီး​လျှင် ယ​ခု အ​ကျွန်ုပ်​အား​လည်း​သူ​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​စေ​တော်​မူ​ပါ​ပြီ။-
2CH 1:9 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ခ​မည်း​တော်​အား​ပေး​တော်​မူ​သော​ကတိ တော်​ကို​တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အား မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့်​ဤ လူ​မျိုး​၏​ဘု​ရင်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။-
2CH 1:10 ထို့​ကြောင့်​ထို​သူ​တို့​ကို​အုပ်​စိုး​ရန်​လို​အပ် သည့်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​အ​ကျွန်ုပ် အား​ပေး​တော်​မူ​ပါ။ ယင်း​သို့​ပေး​တော်​မ​မူ ပါ​လျှင်​အ​ကျွန်ုပ်​သည်​ဤ​မျှ​များ​ပြား​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ကြီး​ကို​အ​ဘယ် သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း'' ဟု​တောင်း လျှောက်​လေ​၏။
2CH 1:11 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​လျောက်​ပတ် သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ စည်း​စိမ်​ဥစ္စာ နှင့်​ဂုဏ်​သ​တင်း​ကျော်​စော​မှု​တို့​ကို​သော် လည်း​ကောင်း၊ ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​ရန် ကို​သော်​လည်း​ကောင်း​မ​တောင်း​ခံ​ဘဲ သင့်​အား ငါ​ပေး​အပ်​ထား​သည့်​ပြည်​သူ​တို့​ကို​အုပ်​စိုး နိုင်​ရန်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​တောင်း ခံ​ပေ​သည်။ သို့​ဖြစ်​၍​သင့်​အား​အ​သိ​ပ​ညာ နှင့်​ဉာဏ်​ပ​ညာ​ကို​ငါ​ပေး​မည်။-
2CH 1:12 ထို့​အ​ပြင်​ရှေး​အ​ခါ​၌​သော်​လည်း​ကောင်း၊ နောင်​အ​ခါ​၌​သော်​လည်း​ကောင်း ဘု​ရင်​တစ် ပါး​မျှ​မ​ရ​ရှိ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ဂုဏ်​သ​တင်း​ကျော်​စော​မှု​ကို​လည်း​ငါ​ပေး ဦး​မည်'' ဟု​မိန့်​တော်​မူ​၏။
2CH 1:13 သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော် တည်​ရှိ​သည့်​ဂိ​ဗောင်​မြို့ ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​မှ​ထွက်​ခွာ​တော် မူ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​တော်​မူ​၏။-
2CH 1:14 ထို​နောက်​သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​လေး ရာ​နှင့် တိုက်​မြင်း​တစ်​သောင်း​နှစ်​ထောင်​ရှိ​သော တပ်​မ​တော်​ကို​ဖွဲ့​စည်း​တော်​မူ​ပြီး​လျှင် အ​ချို့ ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း​ထား​ရှိ တော်​မူ​၏။-
2CH 1:15 သူ​၏​နန်း​သက်​တစ်​လျှောက်​၌​ယေ​ရု​ရှ​လင် မြို့​တွင်​ငွေ​နှင့်​ရွှေ​သည်​ကျောက်​ခဲ​ကဲ့​သို့၊ သစ် က​တိုး​သား​သည်​ယု​ဒ​တောင်​ခြေ​၌​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​ပေါ​များ​လေ​သည်။-
2CH 1:16 မင်း​ကြီး​၏​အ​ဝယ်​တော်​တို့​သည်​မု​သ​ရိ ပြည် နှင့်​ကိ​လ​ကိ​ပြည် တို့​မှ​မြင်း​များ၊-
2CH 1:17 အီ​ဂျစ်​ပြည်​မှ​စစ်​ရ​ထား​များ​တင်​သွင်း​မှု ကို​ချုပ်​ကိုင်​ထား​ကြ​၏။ ဟိတ္တိ​ဘု​ရင်​နှင့်​ရှု​ရိ ဘု​ရင်​တို့​သည်​စစ်​ရ​ထား​တစ်​စီး​လျှင်​ငွေ သား​ခြောက်​ရာ၊ မြင်း​တစ်​ကောင်​လျှင်​ငွေ​သား တစ်​ရာ့​ငါး​ဆယ်​နှုန်း​ဖြင့် အ​ဝယ်​တော်​တို့​မှ ဝယ်​ရ​ကြ​လေ​သည်။
2CH 2:1 ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ် ပြု​ကိုး​ကွယ်​ရန်​အ​တွက်​ဗိ​မာန်​တော်​ကို လည်း​ကောင်း၊ မိ​မိ​၏​အ​တွက်​နန်း​တော်​ကို လည်း​ကောင်း​တည်​ဆောက်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-
2CH 2:2 မင်း​ကြီး​သည်​ပစ္စည်း​သယ်​ယူ​ပို့​ဆောင်​ရေး အ​လုပ်​သ​မား​ခု​နစ်​သောင်း၊ ကျောက်​ဆစ် အ​လုပ်​သ​မား​ရှစ်​သောင်း၊ အ​လုပ်​သ​မား များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​သူ​သုံး​ထောင့် ခြောက်​ရာ​တို့​ကို​ခန့်​ထား​တော်​မူ​၏။
2CH 2:3 ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-
2CH 2:4 ကျွန်ုပ်​သည်​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ ဘု​ရား​အား​ဂုဏ်​ပြု​ဆက်​ကပ်​ရန်​ဗိ​မာန်​တော် ကို​တည်​ဆောက်​လှူ​ဒါန်း​ပါ​မည်။ ထို​ဗိ​မာန် တော်​သည်​ကျွန်ုပ်​နှင့်​ပြည်​သူ​တို့​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တော်​ဖြစ်​လိမ့်​မည်။ ထို​ဗိ​မာန် တော်​တွင်​မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​မီး​ရှို့ ပူ​ဇော်​၍​ရှေ့​တော်​မုန့်​ကို​အ​ဆက်​မ​ပြတ် ဆက်​သ​လျက်​နံ​နက်​တိုင်း​ည​တိုင်း၊ ဥပုသ် နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဂုဏ်​ပြု​သော အ​ခြား​နေ့​ထူး​နေ့​မြတ်​များ​၌ မီး​ရှို့​ပူ​ဇော် ရန်​သ​ကာ​များ​ကို​ဆက်​သ​မည်​ဖြစ်​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည်​သူ တို့​အား ဤ​သို့​ထာ​ဝ​စဉ်​ပြု​လုပ်​ဆောင်​ရွက် ရန်​ပ​ညတ်​တော်​မူ​ပါ​သည်။-
2CH 2:5 ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​သည်​ဖြစ်​၍ ကျွန်ုပ်​သည်​ကြီး ကျယ်​ခမ်း​နား​သည့်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရန်​ရည်​ရွယ်​ပါ​၏။-
2CH 2:6 သို့​ရာ​တွင်​အ​ပြော​ကျယ်​စွာ​သော​ကောင်း​ကင် ပင်​လျှင်​ကိုယ်​တော်​၏​အ​တွက်​ကျဉ်း​မြောင်း သည်​ဖြစ်​၍ အ​မှန်​စင်​စစ်​အ​ဘယ်​သူ​မျှ ကိုယ်​တော်​စံ​တော်​မူ​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍ ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ရန်​အ​တွက်​သာ​ဗိ​မာန် တော်​ကို​တည်​ဆောက်​ပါ​မည်။-
2CH 2:7 ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-
2CH 2:8 အ​ဆွေ​တော်​၏​သစ်​ခုတ်​သ​မား​များ​သည် အ​ဘယ်​မျှ​ကျွမ်း​ကျင်​သည်​ကို​ကျွန်ုပ်​သိ​ပါ​၏။ သို့​ဖြစ်​၍​လေ​ဗ​နုန်​တော​မှ​သစ်​က​တိုး၊ ထင်း ရှူး​နှင့်​အာ​လ​ဂုံ​သစ်​များ​ကို​ပေး​ပို့​စေ​လို ပါ​သည်။ ကျွန်ုပ်​တည်​ဆောက်​ရန်​ကြံ​ရွယ်​သည့် ဗိ​မာန်​တော်​သည်​ကြီး​ကျယ်​ခမ်း​နား​မည်​ဖြစ် ၍​သစ်​သား​အ​မြောက်​အ​မြား​ကို​ရွေး​ရာ​တွင် အ​ဆွေ​တော်​၏​လူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ ရန်​ကျွန်ုပ်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​ပါ​မည်။-
2CH 2:10 ကျွန်ုပ်​သည်​အ​ဆွေ​တော်​၏​အလုပ်​သ​မား များ​အ​တွက်​ရိက္ခာ​အ​ဖြစ်​ဖြင့်​ဂျုံ​တင်း​တစ် သိန်း၊ မု​ယော​ဆန်​တင်း​တစ်​သိန်း၊ စ​ပျစ်​ရည် ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​နှင့်​သံ​လွင်​ဆီ ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​ကို​ပေး​ပို့​ပါ မည်'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။
2CH 2:11 တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​ထံ​သို့ အ​မှာ​တော်​စာ​ပြန်​ကြား​ပေး​ပို့​တော်​မူ​၏။ ထို​အ​မှာ​စာ​တော်​တွင်``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​တော်​အား​ချစ်​တော်​မူ သ​ဖြင့် အ​ဆွေ​တော်​အား​ထို​သူ​တို့​၏ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ​ပြီ။-
2CH 2:12 မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဣသ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ ကိုယ် တော်​သည်​ဒါ​ဝိဒ်​အား​အ​သိ​အ​လိမ္မာ​ဉာဏ် ပ​ညာ​ရှိ​သော​သား​တော်​တစ်​ပါး​ကို​ပေး တော်​မူ​၏။ ထို​သား​တော်​သည်​ယ​ခု​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​နှင့် မိ​မိ​အ​တွက် နန်း​တော်​ကို​တည်​ဆောက်​ရန်​အ​ကြံ​အ​စည် ရှိ​၏။-
2CH 2:13 သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဟိ​ရံ​ဆို​သူ​လက်​မှု ပ​ညာ​ဆ​ရာ​ကို​အ​ဆွေ​တော်​ထံ​သို့​စေ​လွှတ် လိုက်​ပါ​မည်။ သူ​သည်​ဉာဏ်​ပ​ညာ​ထက်​မြက် ၍​အ​လုပ်​ကျွမ်း​ကျင်​သူ​ဖြစ်​ပေ​သည်။-
2CH 2:14 သူ​၏​အ​မိ​သည်​ဒန်​အ​နွယ်​ဝင်၊ သူ​၏​အဖ​မှာ တု​ရု​မြို့​သား​ဖြစ်​ပါ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်​နှင့်​သစ်​သား​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပြု​လုပ်​တတ်​၍​နီ၊ ပြာ၊ ညို မောင်း​သော​အ​ထည်​များ၊ ပိတ်​ချော​ထည်​များ ကို​လည်း​ယက်​လုပ်​တတ်​ပါ​သည်။ တီ​ထွင်​မှု လုပ်​ငန်း​အ​မျိုး​မျိုး​တွင်​ကျွမ်း​ကျင်​၍​သူ့ အား​အ​ကြံ​ပေး​ဖော်​ပြ​သည့်​ပုံ​စံ​အ​တိုင်း လုပ်​ကိုင်​နိုင်​သူ​ဖြစ်​ပေ​သည်။ သူ့​အား အ​ဆွေ​တော်​၏​ခ​မည်း​တော်​အ​သုံး​ပြု ခဲ့​သည့်​လက်​မှု​ပ​ညာ​သည်​များ​နှင့်​အ​တူ လုပ်​ကိုင်​စေ​ပါ​လော့။-
2CH 2:15 အ​ဆွေ​တော်​က​တိ​ပြု​သည်​အ​တိုင်း​ယ​ခု ကျွန်ုပ်​ထံ​သို့​ဂျုံ၊ မု​ယော​ဆန်၊ စ​ပျစ်​ရည် နှင့်​သံလွင်​ဆီ​တို့​ကို​ပေး​ပို့​လိုက်​ပါ​လော့။-
2CH 2:16 ကျွန်ုပ်​သည်​လေ​ဗ​နုန်​တောင်​ပေါ်​ရှိ​သစ်​က​တိုး ပင်​များ​ကို​အ​ဆွေ​တော်​လို​သ​မျှ​ခုတ်​လှဲ​၍ ဖောင်​ဖွဲ့​ကာ​ပင်​လယ်​လမ်း​ဖြင့်​ယုပ္ပေ​မြို့​အ​ရောက် စုန်​မျော​စေ​ပါ​မည်။ ထို​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​အ​ဆွေ​တော်​၏​လူ​တို့​သယ်​ယူ​နိုင်​ကြ ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
2CH 2:17 ရှော​လ​မုန်​မင်း​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​သည့်​နည်း​တူ ဣသ​ရေ​လ​နိုင်​ငံ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား များ​ကို​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​တော် မူ​ရာ လူ​ပေါင်း​တစ်​သိန်း​ငါး​သောင်း​သုံး​ထောင့် ခြောက်​ရာ​ရ​လေ​သည်။-
2CH 2:18 မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​ပစ္စည်း​သယ် ယူ​ရန်​လူ​ခုနစ်​သောင်း၊ တောင်​ပေါ်​တွင်​ကျောက် ဆစ်​ရန်​လူ​ရှစ်​သောင်း၊ အ​လုပ်​ကြီး​ကြပ် အုပ်​ချုပ်​ရန်​လူ​သုံး​ထောင့်​ခြောက်​ရာ​ကို ခန့်​ထား​တော်​မူ​၏။
2CH 3:1 ရှော​လ​မုန်​မင်း​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သည် ဗိ​မာန်​တော်​တည်​ဆောက်​ရာ​အ​ရပ်​ကို ပြင်​ဆင်​ထား​ခဲ့​ပြီး​ဖြစ်​သည်။ ထို​အ​ရပ်​မှာ ယေ​ရု​ရှ​လင်​မြို့၊ မော​ရိ​တောင်​ပေါ်၊ ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း ဖြစ်​သည်။ ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​တည် ဆောက်​မှု​ကို​နန်း​စံ​စတုတ္ထ​နှစ်​ဒု​တိ​ယ​လ ၌​အ​စ​ပြု​သ​တည်း။-
2CH 3:3 ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​သည့်​ဗိ​မာန် တော်​သည်​အ​လျား​ပေ​ကိုး​ဆယ်၊ အ​နံ​ပေ သုံး​ဆယ်​ရှိ​၏။-
2CH 3:4 ဗိ​မာန်​တော်​မုခ်​ဦး​ဆောင်​အ​နံ​သည်​ဗိ​မာန် တော်​၏​အ​နံ​အ​တိုင်း​ပေ​သုံး​ဆယ်​ရှိ​၍ အ​မြင့် ပေ​တစ်​ရာ့​ရှစ်​ဆယ်​ရှိ​လေ​သည်။ ထို​မုခ်​ဦး ဆောင်​အ​တွင်း​ပိုင်း​ကို​ရွှေ​စင်​ဖြင့်​မွမ်း​မံ ထား​၏။-
2CH 3:5 အ​ခန်း​မ​ကြီး​မှာ​စွန်​ပ​လွံ​ပင်​နှင့် ကွန်​ရွက် ပုံ​သဏ္ဌာန်​များ​ထု​လုပ်​ထား​သော​သစ်​က​တိုး သား​ပျဉ်​များ​တပ်​ဆင်​ကာ​ရွှေ​ဖြင့်​မွမ်း​မံ ထား​၏။-
2CH 3:6 မင်း​ကြီး​သည်​ဗိ​မာန်​တော်​ကို​လှ​ပ​သော ကျောက်​မျက်​ရ​တ​နာ​များ​ဖြင့်​ချယ်​လှယ်​၍ ပါ​ရ​ဝိမ်​ပြည်​မှ​တင်​သွင်း​သော​ရွှေ​ဖြင့်​မွမ်း မံ​တော်​မူ​၏။-
2CH 3:7 သူ​သည်​ဗိ​မာန်​တော်​နံ​ရံ​များ၊ ထုပ်​များ၊ အ​ဝင် လမ်း​နှင့်​တံ​ခါး​များ​ကို​မွမ်း​မံ​ရန်​အ​တွက်​ရွှေ ကို​အ​သုံး​ပြု​တော်​မူ​သည်။ နံ​ရံ​များ​အ​ပေါ် တွင်​လက်​မှု​ပ​ညာ​သည်​တို့​သည်​ခေ​ရု​ဗိမ် ရုပ်​များ​ကို​ထွင်း​ထား​ကြ​၏။-
2CH 3:8 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​နာ​မည်​တွင် သော​အ​တွင်း​ခန်း​သည်​အ​လျား​မှာ​ပေ​သုံး​ဆယ်၊ အ​နံ​မှာ​ဗိ​မာန်​တော်​အ​နံ​အ​တိုင်း​ပေ​သုံး​ဆယ် ရှိ​၏။ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​မွမ်း​မံ ရန်​ရွှေ​နှစ်​ဆယ့်​ငါး​တန်​ကို​အ​သုံး​ပြု​တော် မူ​၏။-
2CH 3:9 ရွှေ​သံ​မှို​များ​ပြု​လုပ်​ရာ​တွင်​ရွှေ​အောင်​စ​နှစ် ဆယ်​ကုန်​လေ​သည်။ အ​ထက်​ခန်း​များ​၏​နံ​ရံ တို့​ကို​လည်း​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သ​တည်း။
2CH 3:10 မင်း​ကြီး​သည်​မိ​မိ​၏​လက်​မှု​ပ​ညာ​သည်​တို့ အား​ခေ​ရု​ဗိမ်​နှစ်​ပါး​ရုပ်​များ​ကို​ထု​လုပ်​စေ ၍ ရွှေ​နှင့်​မွမ်း​မံ​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​တွင်​ထား​ရှိ​စေ​တော်​မူ​၏။-
2CH 3:11 ခေ​ရု​ဗိမ်​နှစ်​ပါး​ရုပ်​များ​သည်​တံ​ခါး​ဝ​ကို မျက်​နှာ​မူ​လျက်​တစ်​ပါး​နှင့်​တစ်​ပါး​ယှဉ်​၍ ရပ်​စေ​ကြ​၏။ သူ​တို့​တွင်​ခု​နစ်​ပေ​ခွဲ​ရှည်​သော အ​တောင်​နှစ်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင် များ​ကို​အ​နံ​ပေ​သုံး​ဆယ်​ရှိ​သော​အ​ခန်း​ကို ဖြတ်​၍​ဖြန့်​ထား​ကြ​သ​ဖြင့် အ​တောင်​နှစ်​ခု သည်​အ​ခန်း​အ​လယ်​တွင်​အ​ဖျား​ချင်း​ထိ လျက်​အ​ခြား​အ​တောင်​နှစ်​ခု​သည်​နံ​ရံ များ​နှင့်​ထိ​လျက်​နေ​၏။-
2CH 3:14 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက်​ပိတ်​ချော ချည်​မှ​စ​၍​အ​ပြာ၊ အ​မောင်း၊ အနီ​ချည်​တို့​ဖြင့် ပြီး​၍​ခေ​ရု​ဗိမ်​ရုပ်​များ​ဖြင့်​ခြယ်​လှယ်​ထား သော​ကန့်​လန့်​ကာ​ကို​လည်း​ယက်​လုပ်​ထား လေ​သည်။
2CH 3:15 မင်း​ကြီး​သည်​ငါး​ဆယ့်​နှစ်​ပေ​မြင့်​သော​တိုင် ကြီး​နှစ်​လုံး​ကို​သွန်း​လုပ်​ပြီး​လျှင်​ဗိ​မာန်​တော် ၏​ရှေ့​တွင်​ထား​တော်​မူ​၏။ တိုင်​ထိပ်​တစ်​ခု​စီ ပေါ်​တွင်​ခု​နစ်​ပေ​ခွဲ​မြင့်​သော​တိုင်​အုပ်​ရှိ​၏။-
2CH 3:16 တိုင်​ထိပ်​များ​မှာ​ထု​လုပ်​သော​ပန်း​ကုန်း​နှင့် ကြေး​ဝါ​သ​လဲ​သီး​တစ်​ရာ​စီ​ဖြင့်​တန်​ဆာ ဆင်​ထား​လေ​သည်။-
2CH 3:17 ထို​တိုင်​ကြီး​တို့​ကို​ဗိ​မာန်​တော်​အ​ဝ​တစ်​ဖက် တစ်​ချက်​တွင်​ထား​ရှိ​၍​တောင်​ဘက်​ရှိ​တိုင်​ကြီး ကို​ယာ​ခိန်၊ မြောက်​ဘက်​ရှိ​တိုင်​ကြီး​ကို​ဗော​ဇ ဟု​သ​မုတ်​သ​တည်း။
2CH 4:1 ရှော​လ​မုန်​မင်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အ​မြင့်​တစ်​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ယဇ်​ပလ္လင်​ကို​ပြု​လုပ်​စေ​တော်​မူ​၏။-
2CH 4:2 အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့်​ငါး​ပေ၊ လုံး​ပတ်​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ရေ​ကန်​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။-
2CH 4:3 ရေ​ကန်​၏​အ​ပြင်​အ​နား​ပတ်​လည်​ကို​နွား​ရုပ် များ​ဖြင့်​တန်​ဆာ​ဆင်​ထား​၏။ ထို​နွား​ရုပ်​များ အထက်​အောက်​အ​တန်း​နှစ်​တန်း​ကို​ရေ​ကန်​နှင့် တစ်​စပ်​တည်း​သွန်း​လုပ်​ထား​သ​တည်း။-
2CH 4:4 ရေ​ကန်​သည်​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင် ကျ၊ အ​ရပ်​လေး​မျက်​နှာ​မူ​နေ​သော​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ထက်​တွင် တည်​လျက်​ရှိ​၏။-
2CH 4:5 ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍ ယင်း ၏​အ​ပေါ်​အ​နား​သည်​ဖ​လား​နှုတ်​ခမ်း​ကဲ့​သို့ ပန်း​ပွင့်​ချပ်​သဏ္ဌာန်​အ​ပြင်​သို့​ခုံး​တက်​နေ​လေ သည်။ ထို​ရေ​ကန်​သည်​ရေ​ဂါ​လံ​တစ်​သောင်း ငါး​ထောင်​မျှ​ဝင်​သ​တည်း။-
2CH 4:6 သူ​တို့​သည်​ဗိ​မာန်​တော်​တောင်​ဘက်​တွင်​ငါး​လုံး နှင့်​မြောက်​ဘက်​တွင် ငါး​လုံး​ထား​ရှိ​ရန်​အင်​တုံ ဆယ်​လုံး​ကို​လည်း​ပြု​လုပ်​လေ​သည်။ ထို​အင်​တုံ တို့​သည်​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​၏ အ​စိတ်​အ​ပိုင်း​တို့​ကို​ဆေး​ကြော​ရန်​အ​တွက် ဖြစ်​၏။ ရေ​ကန်​မူ​ကား​ယဇ်​ပု​ရော​ဟိတ်​တို့ ဆေး​ကြော​ရန်​အ​တွက်​ဖြစ်​လေ​သည်။
2CH 4:7 သူ​တို့​သည်​ပြ​ဋ္ဌာန်း​သတ်​မှတ်​ထား​သည့်​ပုံ​စံ နှင့်​အ​ညီ​ရွှေ​မီး​တင်​ခုံ​ဆယ်​ခု​နှင့်​စား​ပွဲ​ဆယ် လုံး​ကို​ပြု​လုပ်​၍ ဗိ​မာန်​တော်​ခန်း​မ​ဆောင်​တွင် လက်​ယာ​ဘက်​၌​ငါး​လုံး၊ လက်​ဝဲ​ဘက်​၌​ငါး လုံး​ထား​ကြ​၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း ပြု​လုပ်​ကြ​၏။
2CH 4:9 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် အ​တွင်း​တံ​တိုင်း​ကို​ဆောက်​လုပ်​ပြီး​နောက် အ​ပြင် တံတိုင်း​ကို​လည်း​ဆောက်​လုပ်​ကြ​၏။ ဤ​တံ​တိုင်း နှစ်​ခု​၏​စပ်​ကြား​၌​ရှိ​သော​တံ​ခါး​များ​ကို ကြေး​ဝါ​ဖြင့်​ဖုံး​အုပ်​ကြ​၏။-
2CH 4:10 ရေ​ကန်​ကို​ဗိ​မာန်​တော်​၏​အ​ရှေ့​တောင်​ဘက်​တွင် ထား​ကြ​၏။
2CH 4:11 ဟိ​ရံ​သည်​အိုး​များ၊ ဂေါ်​ပြား​များ​နှင့်​ခွက် ဖ​လား​များ​ကို​လည်း​ပြု​လုပ်​လေ​သည်။ သူ​သည် ရှော​လ​မုန်​မင်း​အား​က​တိ​ထား​သည့်​အ​တိုင်း ဗိ​မာန်​တော်​အ​တွက်​အောက်​ပါ​ပစ္စည်း​တန်​ဆာ များ​ကို​ပြု​လုပ်​ပြီး​စီး​လေ​သည်။ တိုင်​နှစ်​လုံး၊ အိုး​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​တို့​အ​တွက်​ပန်း​ကုန်း​ပုံ​များ ပန်း​ကုန်း​များ​ပတ်​လည်​ရှိ​အ​လုံး​တစ်​ရာ​စီ ရှိ​သော သ​လဲ​သီး​နှစ်​တန်း​အ​တွက်​သ​လဲ​သီး​လေး​ရာ၊ လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​အောက်​ခံ​နွား​တစ်​ဆယ့်​နှစ်​ကောင်၊ အိုး​များ၊ဂေါ်​ပြား​များ​နှင့်​ခက်​ရင်း​ခွ​များ လက်​မှု​ပ​ညာ​ဆ​ရာ​ဟိ​ရံ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဤ ပစ္စည်း​တန်​ဆာ​အ​ပေါင်း​ကို​ရှော​လ​မုန်​မင်း ၏​အ​မိန့်​တော်​နှင့်​အညီ​တောက်​ပြောင်​နေ​သည့် ကြေး​ဝါ​ဖြင့်​ပြု​လုပ်​လေ​သည်။
2CH 4:17 ထို​အ​ရာ​များ​ကို​မင်း​ကြီး​သည်​ယော်​ဒန်​မြစ် ဝှမ်း၊ သု​ကုတ်​မြို့​နှင့်​ဇာ​သန်​မြို့​များ​ကြား​၌ ရှိ​သော​ကြေး​ရည်​ကြို​စက်​တွင်​သွန်း​လုပ်​စေ တော်​မူ​သည်။-
2CH 4:18 ပြု​လုပ်​ရ​သော​ပစ္စည်း​အ​ရေ​အ​တွက်​မှာ​များ ပြား​လှ​သ​ဖြင့် ကုန်​ကျ​သည့်​ကြေး​ဝါ​အ​လေး ချိန်​ကို​အ​ဘယ်​သူ​မျှ​မ​သိ​ချေ။
2CH 4:19 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ ဖြင့်​ပြီး​သော​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​စေ​တော်​မူ​၏။ ထို​အ​ရာ​များ​မှာ​ရွှေ​ယဇ် ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ​များ၊-
2CH 4:20 စီ​မံ​ချက်​အ​ရ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှေ့​တွင်​ထွန်း​ညှိ​ထား​ရန် ရွှေ​စင်​မီး​ခွက် များ​နှင့်​မီး​တင်​ခုံ​များ၊-
2CH 4:21 တန်​ဆာ​ဆင်​ရန်​ပန်း​ပွင့်​များ၊ မီး​ခွက်​များ နှင့်​မီး​ကိုင်​တန်​ဆာ​များ၊-
2CH 4:22 မီး​ညှပ်​များ၊ လင်​ပန်း​များ၊ ခွက်​များ​နှင့်​မီး ကျီး​ခံ​များ​ဖြစ်​၏။ ထို​ပစ္စည်း​ရှိ​သ​မျှ​သည် ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ဗိ​မာန်​တော်​အ​ပြင် တံ​ခါး​များ​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော် အ​ဝင်​တံ​ခါး​များ​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား သ​တည်း။
2CH 5:1 ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​တည်​ဆောက် မှု​လုပ်​ငန်း​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သော​ရွှေ၊ ငွေ​နှင့်​အ​ခြား ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန်​တော် သို​လှောင်​ခန်း​များ​တွင်​ထား​တော်​မူ​၏။
2CH 5:2 ထို​နောက်​ရှော​လ​မုန်​မင်း​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို ဇိ​အုန်​မည်​သော​ဒါ​ဝိဒ်​မြို့​မှ​ပင့်​ဆောင် ရန်​အ​တွက် ဣသ​ရေ​လ​အ​နွယ်​များ​နှင့်​သား ချင်း​စု​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို ယေ​ရု ရှ​လင်​မြို့​တွင်​စု​ရုံး​ရန်​ဆင့်​ခေါ်​တော်​မူ​၏။-
2CH 5:3 သူ​တို့​အား​လုံး​သည်​သစ်​ခက်​တဲ​နေ​ပွဲ​တော် အ​ခါ​၌​လာ​ရောက်​စု​ရုံး​ကြ​လေ​သည်။-
2CH 5:4 ခေါင်း​ဆောင်​အ​ပေါင်း​တို့​စု​ရုံး​မိ​ကြ​သော အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ချီ​ပင့်​၍-
2CH 5:5 ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ကို​လည်း သက်​ဆိုင်​ရာ​ပစ္စည်း​တန်​ဆာ​ရှိ​သ​မျှ​တို့​နှင့် တ​ကွ​ဗိ​မာန်​တော်​သို့​ပြောင်း​ရွှေ့​ကြ​၏။-
2CH 5:6 ရှော​လ​မုန်​မင်း​နှင့်​ဣသ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​စု​ဝေး ၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​သော​သိုး​နွား တို့​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-
2CH 5:7 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-
2CH 5:8 ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​သေတ္တာ​တော် နှင့်​ထမ်း​ပိုး​များ​ကို​လွှမ်း​မိုး​ထား​လေ​သည်။-
2CH 5:9 ထမ်း​ပိုး​အ​ဖျား​များ​ကို​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​ဝင်​ဝ​တစ်​နေ​ရာ​မှ​တွေ့​မြင်​နိုင်​သော်​လည်း အ​ခြား​မည်​သည့်​နေ​ရာ​က​မျှ​မ​တွေ့​မ​မြင် နိုင်။ ထို​ထမ်း​ပိုး​များ​သည်​ယ​နေ့​တိုင်​အောင်​ထို နေ​ရာ​တွင်​ရှိ​ပေ​သေး​၏။-
2CH 5:10 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွင်း​၌​ပညတ်​တော် ကျောက်​ပြား​နှစ်​ချပ်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် အ​ရာ​မျှ​မ​ရှိ။ အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​ထွက်​ခွာ​လာ​ချိန်​၌ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​စဉ်​အ​ခါ​က မော​ရှေ သည်​ထို​ကျောက်​ပြား​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​တွင်​ထား​ခဲ့​သ​တည်း။
2CH 5:11 ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည်​မည်​သည့် အ​ဖွဲ့​တွင်​ပါ​ဝင်​သည်​မ​ဆို မိ​မိ​တို့​ကိုယ် ကို​ဆက်​ကပ်​ပြီး​ဖြစ်​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​ဂီ​တ​ဆ​ရာ​များ​ဖြစ်​ကြ​သော​အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​နှင့်​သူ​တို့​၏​တပည့်​အ​ပေါင်း တို့​သည်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍​လင်း ကွင်း​များ၊ စောင်း​များ​ကို​ကိုင်​လျက်​တံ​ပိုး ခရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​ပေါင်း​တစ်​ရာ့ နှစ်​ဆယ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယဇ်​ပလ္လင် ၏​အ​ရှေ့​ဘက်​တွင်​ရပ်​နေ​ကြ​လေ​သည်။ သီ ဆို​သူ​တို့​သည်​တံ​ပိုး​ခ​ရာ​သံ၊ လင်း​ကွင်း သံ​နှင့်​အ​ခြား​တူ​ရိ​ယာ​သံ​များ​နှင့်​စည်း လိုက်​ဝါး​လိုက်​ညီ​ညာ​စွာ​ထာ​ဝ​ရ​ဘု​ရား အား​သီ​ဆို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ သည်​ဖြစ်​၍​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည် သ​တည်း'' ဟု​သီ​ဆို​ကြ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန်​တော်​မှ​ထွက်​လာ စဉ်​ဗိ​မာန်​တော်​သည်​ရုတ်​တ​ရက်​မိုး​တိမ်​ဖြင့် ပြည့်​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​သည်​ဖြစ်​၍​သူ​တို့​သည်​ဝတ် ပြု​ကိုး​ကွယ်​ခြင်း​ကို​ဆက်​လက်​၍​မ​ပြု​နိုင်​ကြ ချေ။
2CH 6:1 ရှော​လ​မုန်​က ``အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည် စံ​တော်​မူ​ရန်​အ​တွက်​မိုး​တိမ်​နှင့်​မှောင်​မိုက်​ကို ရွေး​ချယ်​တော်​မူ​ပါ​ပြီ။
2CH 6:2 ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​စံ​တော်​မူ​ရာ ဗိ​မာန်​တော်၊ ကိုယ်​တော်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ​ရာ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ပတ္ထနာ​ပြု​တော်​မူ​၏။
2CH 6:3 ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထို​နေ​ရာ တွင်​ရပ်​လျက်​နေ​ကြ​၏။ မင်း​ကြီး​သည်​သူ​တို့ ဘက်​သို့​မျက်​နှာ​မူ​ပြီး​လျှင် သူ​တို့​အား​ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​ရန်​တောင်း​လျှောက်​တော် မူ​၏။-
2CH 6:4 ထို​နောက်​မင်း​ကြီး​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော် ဒါ​ဝိဒ်​အား​ငါ​သည် ငါ​၏​လူ​မျိုး​တော်​အား​ပေး အပ်​ခဲ့​သည့်​က​တိ​တော်​ကို​တည်​မြဲ​စေ​လေ​ပြီ။-
2CH 6:5 `သူ​တို့​ကို​အီ​ဂျစ်​ပြည်​က​ထုတ်​ဆောင်​ခဲ့​ချိန် မှ​အ​စ​ပြု​၍​ယ​နေ့​တိုင်​အောင် ငါ​သည်​အ​ဘယ် ဣ​သ​ရေ​လ​မြို့​ကို​မျှ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​သတ်​မှတ်​ခဲ့​ဖူး သည်​မ​ရှိ။ အ​ဘယ်​သူ​ကို​မျှ​လည်း​ငါ​၏​လူ မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခေါင်း​ဆောင်​ရန်​မ​ရွေး​မ​ချယ်​ခဲ့။-
2CH 6:6 သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ဒါ​ဝိဒ်၊ သင့်​အား​ငါ ၏​လူ​မျိုး​တော်​ကို​အုပ်​စိုး​မည့်​သူ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ရွေး​ချယ်​ထား​လေ​ပြီ' ဟူ ၍​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
2CH 6:7 ထို​နောက်​ရှော​လ​မုန်​သည်​ဆက်​လက်​၍``ငါ​၏ ခ​မည်း​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ကိုး ကွယ်​ဝတ်​ပြု​ရာ​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရန်​ကြံ​စည်​ခဲ့​သော်​လည်း၊-
2CH 6:8 ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား`ငါ့​အ​ဖို့​ဗိ​မာန် တော်​တည်​ဆောက်​ရန်​သင်​ဆန္ဒ​ပြု​သည်​မှာ လျောက်​ပတ်​ပေ​သည်။-
2CH 6:9 သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​ကို​တည်​ဆောက်​ရ​မည် မ​ဟုတ်။ တည်​ဆောက်​မည့်​သူ​မှာ​သင်​၏​ရင်​သွေး ဖြစ်​သော​သင်​၏​သား​တော်​ပင်​ဖြစ်​၏' ဟု​မိန့် တော်​မူ​၏။
2CH 6:10 ``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော် ကို​တည်​စေ​တော်​မူ​ပြီ။ ငါ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​တည်​ဆောက်​ပြီး​လေ​ပြီ။-
2CH 6:11 ငါ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လည်း​ဗိ​မာန်​တော်​တွင်​ထား​ရှိ​ပြီး လေ​ပြီ'' ဟု​ပြည်​သူ​တို့​အား​မိန့်​တော်​မူ​၏။
2CH 6:12 ထို​နောက်​လူ​တို့​၏​မျက်​မှောက်​တွင်​ရှော​လ​မုန် သည်​ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​တော်​မူ​ပြီး လျှင် လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။-
2CH 6:13 (ရှော​လ​မုန်​သည်​အ​လျား​ရှစ်​ပေ၊ အ​နံ​ရှစ်​ပေ၊ အမြင့်​ငါး​ပေ​ရှိ​သော​ကြေး​နီ​ပ​လ္လင်​စင်​မြင့် ကို​တည်​ဆောက်​ပြီး​တံ​တိုင်း​အ​လယ်​တွင်​ထား တော်​မူ​ခဲ့​၏။ မင်း​ကြီး​သည်​ထို​ပလ္လင်​စင်​မြင့်​ပေါ် သို့​တက်​၍​လူ​အ​ပေါင်း​မြင်​သာ​သည့်​နေ​ရာ တွင်​ဒူး​ထောက်​ကာ​လက်​အုပ်​ချီ​လျက်၊-)
2CH 6:14 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​တူ​သော ဘု​ရား​မိုး​မြေ​၌​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည်​စ​ကား​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း နာ​ယူ​ကျင့်​သုံး​ကြ​သော​အ​ခါ​ကိုယ်​တော် သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ်​တော် ကို​စောင့်​ထိန်း​တော်​မူ​လျက်​သူ​တို့​အား မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-
2CH 6:15 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား ပေး​ခဲ့​သည့်​က​တိ​တော်​ကို​တည်​စေ​တော် မူ​ပါ​ပြီ။ ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သ​မျှ အ​တိုင်း​ယ​နေ့​အ​ကောင်​အ​ထည်​ပေါ်​ပါ​ပြီ။-
2CH 6:16 အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​တို့ သည်​သင်​နည်း​တူ​ပ​ညတ်​တော်​ကို​ဂရု​ပြု​၍ လိုက်​လျှောက်​ကြ​လျှင် ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​မည်​မ​ဟုတ်' ဟု​ပေး​တော်​မူ​ခဲ့​သည့် က​တိ​တော်​ကို​လည်း​တည်​စေ​တော်​မူ ပါ။-
2CH 6:17 အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် ၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​က​တိ​ထား​တော်​မူ သ​မျှ​တို့​ကို​ယ​ခု​ဖြစ်​ပွား​စေ​တော်​မူ​ပါ။''
2CH 6:18 ``သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့် အ​တူ​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ နေ​တော်​မူ​နိုင်​ပါ​သ​လော။ ကောင်း​ကင်​ဘ​ဝဂ် ပင်​လျှင်​ကိုယ်​တော်​စံ​နေ​တော်​မူ​နိုင်​အောင် မ​ကျယ်​ဝန်း​ပါ​လျှင်​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဗိ​မာန်​တော်​ကား​စံ​နေ​တော်​မူ​နိုင်​ရန် ကျယ်​ဝန်း​မည်​မ​ဟုတ်​ပါ။-
2CH 6:19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ကျွန်​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​သော ဆု​ကို​ပေး​သ​နား​တော်​မူ​ပါ။-
2CH 6:20 ဤ​ဗိ​မာန်​တော်​ကို​နေ့​ည​မ​ပြတ်​စောင့်​ထိန်း ကြည့်​ရှု​တော်​မူ​ပါ။ ဤ​ဌာ​န​တော်​တွင်​ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရ​ကြ​မည်​ဖြစ် ကြောင်း​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​ခဲ့​သည်​ဖြစ် ၍ ဤ​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​အ​ကျွန်ုပ် ဆု​တောင်း​သော​အ​ခါ​နား​ညောင်း​တော်​မူ ပါ။-
2CH 6:21 အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​လည်း ကောင်း၊ ဤ​အ​ရပ်​သို့​မျက်​နှာ​မူ​လျက်​ကိုယ် တော်​၏​လူ​မျိုး​တော်​ပြု​သော ဆု​တောင်း​ပတ္ထ​နာ များ​ကို​လည်း​ကောင်း​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​များ​ကို နား ညောင်း​တော်​မူ​ပြီး​လျှင်​အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
2CH 6:22 ``လူ​တစ်​ယောက်​သည်​အ​ခြား​လူ​တစ်​ယောက် အား​မ​တ​ရား​ပြု​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင်​အပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင်​ကျမ်း ကျိန်​သော​အ​ခါ၊-
2CH 6:23 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ထောင် တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။''
2CH 6:24 ``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက် ရန်​သူ​တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​မှ​ဖြေ​လွှတ် ရန်​အ​ထံ​တော်​သို့​ပြန်​လာ​၍​ဤ​ဗိ​မာန်​တော် သို့​လာ​ရောက်​ကာ​စိတ်​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​သော​အ​ခါ၊-
2CH 6:25 ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ လူ​မျိုး​တော်​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​နှင့်​သူ​တို့ ၏​ဘိုး​ဘေး​များ​အား​အ​ပိုင်​ပေး​သ​နား တော်​မူ​သည့်​ပြည်​တော်​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​ပါ။''
2CH 6:26 ``ကိုယ်​တော်​အား​လူ​မျိုး​တော်​ပြစ်​မှား​သည့် အ​တွက် မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ​သူ​တို့ သည်​နောင်​တ​ရ​၍ ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ မူ​ကာ​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ပါ​လျှင်၊-
2CH 6:27 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​အ​စေ​ခံ​ဣသ​ရေ​လ ပြည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော် မူ​ပါ။ သူ​တို့​အား​လမ်း​မှန်​ကို​ပြ​ညွှန်​တော်​မူ ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး သ​နား​တော်​မူ​သည့်​ပြည်​တော်​တွင်​မိုး​ရွာ စေ​တော်​မူ​ပါ။''
2CH 6:28 ``ပြည်​တော်​တွင်​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး သော​အ​ခါ၊ အ​နာ​ရော​ဂါ​ဘေး​ဆိုက်​သော အ​ခါ၊ ကောက်​ပဲ​သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့​မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ ခြင်း​တို့​ကြောင့်​ပျက်​စီး​သွား​သော​အ​ခါ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့ တိုက်​ခိုက်​ကြ​သော​အ​ခါ၊ သူ​တို့​တွင်​ဘေး ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ရာ​ကပ် ရောက်​သော​အ​ခါ၊-
2CH 6:29 သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း တော်​မူ​ပါ။ အ​ကယ်​၍​ကိုယ်​တော်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် လှိုက်​လှဲ​စွာ​ဝမ်း​နည်း​လျက် ဤ​ဗိ​မာန်​တော် ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လျှင်-
2CH 6:30 သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ မှ​နား​ညောင်း​တော်​မူ​၍ သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ ၏​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​ပါ​၏။ လူ တစ်​ဦး​စီ​အား​ထိုက်​သင့်​သည့်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။-
2CH 6:31 သို့​မှ​သာ​လျှင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ဘိုး​ဘေး​တို့​အား​ပေး​သ​နား​တော်​မူ​သည့် ပြည်​တော်​တွင် နေ​ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့် မည်။''
2CH 6:32 ``ကိုယ်​တော်​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​တော်​မူ ကြောင်း၊ အ​ဘယ်​မျှ​တန်​ခိုး​ကြီး​တော်​မူ​ကြောင်း၊ လက်​ရုံး​တော်​ဖြင့်​အ​ဘယ်​သို့​ပြု​တော်​မူ​ကြောင်း တို့​ကို​ရပ်​ဝေး​လူ​မျိုး​ခြား​သား​တစ်​ယောက်​သည် ကြား​သိ​ရ​သ​ဖြင့် ဤ​ဗိ​မာန်​တော်​သို့​လာ​၍ ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ-
2CH 6:33 ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား ညောင်း​တော်​မူ​ပြီး​လျှင် ထို​သူ​တောင်း​လျှောက် သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လျှင် ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​နည်း​တူ ကိုယ်​တော်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို့​အ​ပြင်​ကိုယ်​တော် အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​သည့်​ဗိ​မာန်​တော် သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ ပါ​လိမ့်​မည်။''
2CH 6:34 ``ကိုယ်​တော်​သည်​လူ​မျိုး​တော်​အား​ရန်​သူ​တို့ ကို​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မည်​သည့်​အ​ရပ်​၌​ရှိ​သည်​မ​ဆို ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့် ဤ​မြို့ တော်​နှင့်​ကိုယ်​တော်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​၍​ဆု တောင်း​ပတ္ထနာ​ပြု​ကြ​လျှင်-
2CH 6:35 ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော်​မူ​၍​သူ​တို့ အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။''
2CH 6:36 ``အ​ပြစ်​မ​ကူး​လွန်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ကိုယ် တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍​သူ​တို့ အား​ရန်​သူ​များ​လက်​တွင် အ​ရေး​ရှုံး​နိမ့်​စေ လျက်​တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​လိမ့်​မည်။ ထို​တိုင်း​ပြည် သည်​အ​လွန်​ဝေး​ကွာ​စေ​ကာ​မူ-
2CH 6:37 ကိုယ်​တော်​သည်​လူ​မျိုး​တော်​၏​ဆု​တောင်း​ပတ္ထ နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ​တို့ သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍​အ​ဘယ်​မျှ ဆိုး​ညစ်​ခဲ့​ကြောင်း​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော်​မူ​ပါ။-
2CH 6:38 အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်၊ ကိုယ်​တော် ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ​မြို့​တော်၊ အ​ကျွန်ုပ် တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊-
2CH 6:39 စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော် မူ​ပြီး​လျှင် သူ​တို့​အား​က​ရု​ဏာ​ထား​တော်​မူ ၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
2CH 6:40 ``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ် တို့​ကို​ကြည့်​ရှု​တော်​မူ​၍​ဤ​ဌာ​န​တော်​တွင်​ပြု သည့်​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော် မူ​ပါ။-
2CH 6:41 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ထ​တော် မူ​၍​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို​သ​ရုပ်​ဆောင် သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ ဗိ​မာန်​တော် ထဲ​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ကာ​လ​အ​စဉ်​အမြဲ စံ​နေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။-
2CH 6:42 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော​ဘု​ရင်​ကို​ပစ်​ပယ် တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါဝိဒ် အ​ပေါ်​တွင်​ထား​ရှိ​တော်​မူ​ခဲ့​သည့်​မေတ္တာ တော်​ကို​အောက်​မေ့​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ ပြု​တော်​မူ​၏။
2CH 7:1 ထို​သို့​ရှော​လ​မုန်​မင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​မီး​လျှံ​ကျ​၍ ပူ​ဇော်​သ​ကာ တို့​ကို​ကျွမ်း​လောင်​သွား​စေ​၏။ ထို​နောက်​ဗိ​မာန် တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော ဘုန်း​အသ​ရေ​တော်​ဖြင့်​ပြည့်​လေ​၏။-
2CH 7:2 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ကြ။-
2CH 7:3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိုး​ကောင်း​ကင် မှ​မီး​လျှံ​ကျ​လာ​၍ ဗိ​မာန်​တော်​သည်​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လာ​သည် ကို​မြင်​သော​အ​ခါ​ကြမ်း​ပြင်​ပေါ်​တွင်​ပျပ်​ဝပ် ရှိ​ခိုး​လျက်``ကိုယ်​တော်​သည်​ကောင်း​မြတ်​တော် မူ​၍​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-
2CH 7:4 ထို​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-
2CH 7:5 မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့် သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို​မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ ပြု​ကြ​လေ​သည်။-
2CH 7:6 ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​အ​တွက် သတ်​မှတ်​ထား​သည့်​နေ​ရာ​တွင်​ရပ်​လျက်​နေ ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယဇ်​ပု​ရော ဟိတ်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​ရပ်​လျက် ဒါ​ဝိဒ် မင်း​ပြု​လုပ်​ခဲ့​သော​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ဒါ​ဝိဒ်​မင်း​စီ​မံ​ခဲ့​သည့်​အ​တိုင်း``ကိုယ်​တော် ၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ သော​ဋ္ဌမ္မ​သီ​ချင်း​ကို​သီ​ဆို​ကြ​လေ​သည်။ လူ​အ​ပေါင်း​တို့​ရပ်​လျက်​နေ​စဉ်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​တံ​ပိုး​ခရာ​များ​ကို​မှုတ်​ကြ​၏။
2CH 7:7 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​၌​ရှိ​သော​အလယ် တံ​တိုင်း​ကို​ဆက်​ကပ်​ပြီး​နောက် ထို​နေ​ရာ​၌​တစ် ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​မှ​ဆီ​ဥ​တို့​ကို​ပူ​ဇော်​တော် မူ​၏။ ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​မင်း​ကြီး တည်​ဆောက်​ထား​သည့်​ကြေး​ဝါ​ယဇ်​ပလ္လင်​သည် ထို​ပူဇော်​သ​ကာ​အား​လုံး​တို့​အ​တွက်​အ​လွန် သေး​ငယ်​သော​ကြောင့်​ဖြစ်​လေ​သည်။
2CH 7:8 ရှော​လ​မုန်​မင်း​နှင့်​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​မှ​တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင် အောင် အ​ရပ်​ရပ်​မှ​လာ​ရောက်​ကြ​သော​ဣသ​ရေ​လ ပြည်​သူ​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ​ပွဲ တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ပြီး​နောက်၊-
2CH 7:9 အ​ဋ္ဌ​မ​နေ့​၌​ဋ္ဌမ္မ​အ​စည်း​အ​ဝေး​ကို​ကျင်း​ပ ကြ​၏။ ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​သည် မှာ​ခု​နစ်​ရက်၊ ပွဲ​တော်​ကျင်း​ပ​သည်​မှာ​လည်း ခု​နစ်​ရက်​ဖြစ်​၏။-
2CH 7:10 သတ္တ​မ​လ​နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ရှော​လ​မုန် သည်​ပြည်​သူ​တို့​အား မိ​မိ​တို့​နေ​ရပ်​သို့​ပြန် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​အား​ပြု​တော် မူ​သော​ကျေး​ဇူး​တော်​ကြောင့်​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​စွာ​ပြန်​ကြ​ကုန်​၏။
2CH 7:11 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​နှင့် နန်း​တော်​တည် ဆောက်​မှု​ကို​မိ​မိ​၏​စီ​မံ​ချက်​နှင့်​အ​ညီ​ထ မြောက်​၍​အ​ပြီး​သတ်​သော​အ​ခါ၊-
2CH 7:12 ထာ​ဝ​ရ​ဘု​ရား​သည်​ညဥ့်​အ​ခါ​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ငါ​ကြား​ပြီ။ သို့​ဖြစ်​၍​ဤ​ဗိ​မာန်​တော်​ကို ငါ့​အား​ယဇ်​ပူ​ဇော်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ငါ လက်​ခံ​၏။-
2CH 7:13 ငါ​သည်​မိုး​ကို​ခေါင်​စေ​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ကောက်​ပဲ​သီး​နှံ​များ​ကို​ကိုက်​ဖျက်​ရန်​ကျိုင်း ကောင်​များ​ကို​စေ​လွှတ်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ငါ​ပိုင်​ဆိုင်​သူ​များ​ဟု​ခေါ်​ဆို​သ​မုတ်​အပ် သည့်​ငါ​၏​လူ​မျိုး​တော်​အား​ကာ​လ​နာ သင့်​စေ​သော​အ​ခါ​၌​ဖြစ်​စေ၊-
2CH 7:14 သူ​တို့​သည်​ငါ့​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ​နောင်​တ​ရ​၍​မိ​မိ​တို့​၏​ဒု​စ​ရိုက်​လမ်း ကို​ရှောင်​ကြဉ်​ကြ​လျှင် ငါ​သည်​ကောင်း​ကင်​ဘုံ မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း မည်။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ပြည်​ကို​တစ်​ဖန်​ပြန်​လည်​ဝ​ပြော သာ​ယာ​လာ​စေ​မည်။-
2CH 7:15 ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ကြည့်​ရှု​စောင့်​ရှောက် မည်။ ဤ​ဗိ​မာန်​တော်​တွင်​ပြု​သ​မျှ​သော​ဆု တောင်း​ပတ္ထနာ​များ​ကို​နား​ညောင်း​မည်။-
2CH 7:16 ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ရွေး​ချယ်​၍​ငါ့​အား ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့်​သီး​သန့်​စေ​ပြီ။ ငါ​သည်​ဤ​ဌာ​န​တော် ကို​စောင့်​ကြပ်​ကြည့်​ရှု​မည်။ ကာ​လ​အ​စဉ် အ​ဆက်​ကာ​ကွယ်​စောင့်​ရှောက်​မည်။-
2CH 7:17 သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ငါ ၏​တ​ရား​တော်​ကို​စောင့်​ထိန်း​၍​ငါ​ပညတ်​သ​မျှ အ​တိုင်း​ပြု​ကျင့်​ကာ​ငါ့​အား​ကိုး​ကွယ်​လျှင်၊-
2CH 7:18 သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား`ဣသ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု ငါ​ပေး​ခဲ့​သည့် က​တိ​ကို​တည်​စေ​မည်။-
2CH 7:19 သို့​ရာ​တွင်​အ​ကယ်​၍​သင်​နှင့်​သင်​၏​ပြည်​သူ တို့​သည်​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့် တော်​တို့​ကို​ချိုး​ဖောက်​၍​အ​ခြား​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လျှင်​မူ​ကား၊-
2CH 7:20 ငါ​ပေး​သ​နား​သည့်​ပြည်​မှ​သင်​တို့​ကို​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့် ငါ​သီး​သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို လည်း​စွန့်​ခွာ​မည်​ဖြစ်​၍ အ​ရပ်​တ​ကာ​ရှိ​လူ တို့​တွင်​အ​ထင်​အ​မြင်​သေး​ခြင်း​နှင့်​ပြောင် လှောင်​ခြင်း​ဖြစ်​စေ​မည်။
2CH 7:21 ``ယ​ခု​အ​ခါ​ဗိ​မာန်​တော်​သည်​များ​စွာ​ဂုဏ် အ​သ​ရေ​ရှိ​သော်​လည်း ထို​အ​ခါ​၌​မူ​အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း​တို့​သည် အံ့​အား​သင့်​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ဤ​ပြည်​နှင့်​ဤ​ဗိ​မာန်​တော်​ကို ဤ​သို့​စီ​ရင်​တော်​မူ​ပါ​သ​နည်း' ဟု​မေး​မြန်း ကြ​လိမ့်​မည်။-
2CH 7:22 လူ​တို့​က`ဣသ​ရေ​လ​အမျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား ကို​စွန့်​ပစ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ထံ​တွင်​ကျေး​ဇူး​သစ္စာ ခံ​လျက်​ထို​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​လေ ပြီ။ ထို​ကြောင့်​ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​အား ဤ​ဘေး​ဒဏ်​ကို​သင့်​စေ​တော်​မူ​ပြီ' ဟု​ဖြေ ဆို​ကြ​လိမ့်​မည်။''
2CH 8:1 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​နှင့် မိ​မိ​၏​နန်း တော်​ကို​အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင်​တည်​ဆောက် ရ​လေ​သည်။-
2CH 8:2 သူ​သည်​မိ​မိ​အား​ဟိ​ရံ​မင်း​ပြန်​၍​ပေး​အပ် သည့်​မြို့​များ​ကို​လည်း​ပြန်​လည်​တည်​ထောင် ကာ ထို​မြို့​တို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ရန် ဣသ​ရေ​လ​အမျိုး​သား​တို့​ကို​ပို့​တော်​မူ​၏။-
2CH 8:3 ဟာ​မတ်​နှင့်​ဇော​ဘ​နယ်​များ​ကို​လည်း​တိုက် ခိုက်​သိမ်း​ယူ​ပြီး​လျှင်၊-
2CH 8:4 သဲ​ကန္တာ​ရ​တွင်​ရှိ​သော​တာ​ဒ​မော်​မြို့​ကို​တံ တိုင်း​ကာ​တော်​မူ​၏။ ဟာ​မတ်​နယ်​ရှိ​ရိက္ခာ​သို လှောင်​ရာ​မြို့​အ​ပေါင်း​ကို​လည်း​ပြန်​လည် တည်​ထောင်​တော်​မူ​၏။-
2CH 8:5 ရှော​လ​မုန်​သည်​အောက်​ပါ​မြို့​များ​ကို​ပြန်​လည် တည်​ဆောက်​တော်​မူ​၏။ (တံ​ခါး​ကန့်​လန့်​ကျင် များ​နှင့်​တ​ကွ​တံ​တိုင်း​ကာ​ရံ​ထား​သော) အ​ထက်​ဗေသော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန်​မြို့၊-
2CH 8:6 ဗာ​လတ်​မြို့၊ ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​နှင့် စစ်​ရ​ထား​စ​ခန်း​မြို့​များ​ဖြစ်​လေ​သည်။ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်၊ နိုင်​ငံ​တော်​အ​ရပ် ရပ်​တွင် မိ​မိ​တည်​ဆောက်​လို​သ​မျှ​ကို​တည် ဆောက်​၏။-
2CH 8:7 ရှော​လ​မုန်​သည်​ခါ​နာန်​ပြည်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သိမ်း​ယူ​စဉ်​အ​ခါ​က မ​သတ် ဘဲ​ကျန်​ကြွင်း​ခဲ့​သည့်​ခါ​နာန်​ပြည်​သား​များ မှ​ဆင်း​သက်​လာ​သူ​တို့​ကို မိ​မိ​၏​ချွေး​တပ် အ​တွက်​အသုံး​ပြု​တော်​မူ​၏။ ထို​သူ​တို့​အ​ထဲ တွင်​အာ​မော​ရိ​အမျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ပါ​ဝင်​ကြ​၏။ ထို သူ​တို့​၏​သား​မြေး​များ​သည်​ယ​နေ့​တိုင် အောင်​ဆက်​လက်​၍​ကျွန်​ခံ​နေ​ရ​ကြ​သ​တည်း။-
2CH 8:9 မင်း​ကြီး​သည်​အ​ဘယ်​ဣသ​ရေ​လ​အ​မျိုး​သား ကို​မျှ​ချွေး​တပ်​တွင်​အ​သုံး​ပြု​တော်​မ​မူ။ သူ တို့​သည်​စစ်​သူ​ရဲ​များ၊ တပ်​မှူး​များ၊ စစ်​ရ​ထား မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့် အ​မှု​ထမ်း​ရ​ကြ​လေ​သည်။-
2CH 8:10 ရှော​လ​မုန်​မင်း​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ တွင်​လုပ်​ကိုင်​လျက်​ရှိ​သော​ချွေး​တပ်​များ​ကို ကြီး​ကြပ်​အုပ်​ချုပ်​သူ​နှစ်​ရာ့​ငါး​ဆယ်​ရှိ​သ​တည်း။
2CH 8:11 ရှော​လ​မုန်​သည်​မိ​မိ​၏​မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို​ဒါ​ဝိဒ်​မြို့​တော်​မှ​သူ ၏​အ​တွက်​ဆောက်​လုပ်​ထား​သော​စံ​နန်း​သို့​ခေါ် ဆောင်​လာ​တော်​မူ​၏။ မင်း​ကြီး​က``ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကိန်း​ဝပ်​ဖူး​ရာ​အ​ရပ်​သည်​သန့်​ရှင်း​မြင့် မြတ်​သည်​ဖြစ်​၍ ထို​အ​မျိုး​သ​မီး​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဒါ​ဝိဒ်​၏​နန်း​တော်​တွင်​နေ​ထိုင် ရန်​မ​သင့်'' ဟု​မိန့်​တော်​မူ​၏။
2CH 8:12 ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​တွင် မိ​မိ​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူဇော်​တော်​မူ​၏။-
2CH 8:13 သူ​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​ဥ​ပုသ်​နေ့ များ၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​တစ်​နှစ်​တစ် ကြိမ်​ကျင်း​ပ​ရ​သည့်​ပွဲ​တော်​သုံး​ခု​ဖြစ်​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်၊ ကောက်​သိမ်း​ပွဲ​တော်​နှင့် သစ်​ခက်​တဲ​နေ​ပွဲ​တော်​နေ့​တို့​တွင်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​တော်​မူ​၏။-
2CH 8:14 ခ​မည်း​တော်​ဒါဝိဒ်​ချ​မှတ်​ထား​ခဲ့​သည့်​စည်း မျဉ်း​များ​အ​တိုင်း​မင်း​ကြီး​သည် ယဇ်​ပု​ရော ဟိတ်​တို့​နေ့​စဉ်​လုပ်​ဆောင်​ရန်​တာ​ဝန်​များ​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​မှု​တော် ဆောင်​ရာ​တွင်​ပါ​ဝင်​ကူ​ညီ​ကာ ဋ္ဌမ္မ​သီ​ချင်း များ​အေး​ကူး​ကြ​ရ​သူ​လေ​ဝိ​အ​နွယ်​ဝင် တို့​၏​အ​လုပ်​တာ​ဝန်​များ​ကို​လည်း​ကောင်း စီ​စဉ်​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​အ​မိန့်​ရှိ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​ကို​လည်း​နေ့​စဉ် တာ​ဝန်​ဝတ္တ​ရား​များ​ထမ်း​ဆောင်​ရန်​အ​ဖွဲ့ များ​ဖွဲ့​စည်း​ပေး​တော်​မူ​၏။-
2CH 8:15 ပစ္စည်း​သို​လှောင်​ရုံ​များ၊ အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​ပေး​ခဲ့​သည့်​ညွှန် ကြား​ချက်​များ​ကို​လည်း​အ​သေး​စိတ် လိုက်​နာ​ဆောင်​ရွက်​တော်​မူ​၏။
2CH 8:16 ယ​ခု​အ​ခါ​၌​ရှော​လ​မုန်​၏​စီ​မံ​ကိန်း​ရှိ​သ​မျှ ကို​လက်​စ​သတ်​လိုက်​လေ​ပြီ။ ထာ​ဝရ​ဘု​ရား​၏ ဗိ​မာန်​တော်​ကို​အုတ်​မြစ်​ချ​ချိန်​မှ​တည်​ဆောက် မှု​လက်​စ​သတ်​ချိန်​အ​ထိ ဆောင်​ရွက်​စ​ရာ​ရှိ သ​မျှ​သော​အ​လုပ်​တို့​သည်​အောင်​မြင်​စွာ ပြီး​စီး​သွား​လေ​ပြီ။
2CH 8:17 ထို​နောက်​ရှော​လ​မုန်​သည်​ဧ​ဒုံ​ပြည်၊ အာ​ကွ​ဗာ ပင်​လယ်​ကွေ့​ပေါ်​ရှိ​သင်္ဘော​ဆိပ်​မြို့​များ​ဖြစ် သော​ဧဇယုန်​ဂါ​ဗာ​မြို့​နှင့်​ဧ​လုတ်​မြို့​သို့​ကြွ တော်​မူ​၏။-
2CH 8:18 သူ​၏​ထံ​သို့​ဟိ​ရံ​မင်း​သည်​မိ​မိ​၏​ပင်​လယ် သွား​ကျွမ်း​ကျင်​သူ​များ​နှင့်​အ​လုပ်​ရည်​ဝ သူ​သင်္ဘော​သား​များ​လိုက်​ပါ​သည့်​သင်္ဘော များ​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် ရှော​လ​မုန်​၏​ပင်​လယ်​သွား​ကျွမ်း​ကျင်​သူ များ​နှင့်​အ​တူ​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့် ကြ​ပြီး​လျှင်​ရွှေ​တစ်​ဆယ့်​ခြောက်​တန်​နီး ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ ၏။
2CH 9:1 ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​၏​ဂုဏ် သတင်း​ကို​ကြား​သိ​ရ​သ​ဖြင့် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။ ဘု​ရင်​မ သည်​များ​စွာ​သော​အ​ခြွေ​အ​ရံ​လိုက်​ပါ လျက်​နံ့​သာ​မျိုး​များ၊ ကျောက်​မျက်​ရ​တ​နာ များ၊ ရွှေ​အ​မြောက်​အ​မြား​တင်​ဆောင်​သည့် ကု​လား​အုတ်​များ​နှင့်​ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​ရှိ လာ​သော​အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော ပုစ္ဆာ​တို့​ကို​မေး​တော်​မူ​၏။-
2CH 9:2 မင်း​ကြီး​သည်​တစ်​ခု​မ​ကျန်​ဖြေ​ကြား​တော်​မူ သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​သော​ပုစ္ဆာ​ဟူ​၍ မ​ရှိ။-
2CH 9:3 ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​ထံ​မှ ဉာဏ်​ပညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို​ကြား ၍ သူ​ဆောက်​လုပ်​ထား​သည့်​နန်း​တော်​ကို​မြင် တော်​မူ​၏။-
2CH 9:4 ဘု​ရင်​မ​သည်​မင်း​ကြီး​ပွဲ​တော်​တည်​သော အ​စား​အ​စာ​များ၊ မှူး​မတ်​တို့​၏​နေ​အိမ် များ၊ နန်း​တော်​အ​မှု​ထမ်း​အ​ရာ​ထမ်း​များ အား​ဖွဲ့​စည်း​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ကြ​သည့် ဆင်​တူ​ဝတ်​စုံ​များ၊ ပွဲ​လမ်း​သ​ဘင်​အ​ခါ​တွင် မင်း​ကြီး​အား​ခ​စား​ရ​သူ​အ​စေ​ခံ​များ​နှင့် သူ​တို့​၏​ဝတ်စုံ​များ၊ ဗိ​မာန်​တော်​တွင်​မင်း ကြီး​ပူ​ဇော်​သည့်​ယဇ်​များ​ကို​တွေ့​မြင်​သော အ​ခါ​လွန်​စွာ​အံ့​သြ​လေ​သည်။
2CH 9:5 ဘု​ရင်​မ​က​မင်း​ကြီး​အား``အ​ကျွန်ုပ်​သည် ကျွန်ုပ်​၏​တိုင်း​ပြည်​တွင်​ရှိ​စဉ်​အ​ခါ​က​အ​ဆွေ တော်​နှင့်​အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​အ​ကြောင်း ကို​ကြား​သိ​ခဲ့​ရ​သည့်​သ​တင်း​သည်​မှန်​ပါ သည်​တ​ကား။-
2CH 9:6 ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ​မ​တွေ့​မ​မြင်​ရ​မီ အ​ခါ​က​ထို​သ​တင်း​ကို​ကျွန်ုပ်​မ​ယုံ​ပါ။ အ​ဆွေ တော်​သည်​လူ​တို့​ပြော​ဆို​နေ​ကြ​သည်​ထက်​ပင် ပို​၍​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​ပါ​၏။-
2CH 9:7 အ​ဆွေ​တော်​၏​အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား လျက် အ​ဆွေ​တော်​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​စ​ကား​များ​ကို​ကြား​ရ​သူ​တို့​သည် အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။-
2CH 9:8 အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​ပါ​စေ​သ​တည်း။ ကိုယ် တော်​သည်​အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက် မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ မိ​မိ​၏​ကိုယ်​စား အုပ်​စိုး​နိုင်​ရန်​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ချစ် တော်​မူ​၍​ထာ​ဝစဉ်​စောင့်​ရှောက်​တော်​မူ​လို သ​ဖြင့်​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​နှင့်​တ​ရား မျှ​တ​မှု​ရှိ​နိုင်​စေ​ရန်​အ​ဆွေ​တော်​အား သူ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက် တော်​မူ​ပြီ'' ဟု​ပြော​၏။
2CH 9:9 ဘု​ရင်​မ​သည်​ရှော​လ​မုန်​မင်း​အား​ရွှေ​ချိန် ငါး​တန်၊ နံ့​သာ​မျိုး​နှင့်​ကျောက်​မျက်​ရ​တ​နာ အ​မြောက်​အ​မြား​ကို​လက်​ဆောင်​အ​ဖြစ်​ပေး ဆက်​တော်​မူ​၏။ ရှော​လ​မုန်​မင်း​အား​ရှေ​ဘ ပြည်​ဘု​ရင်​မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး ကဲ့​သို့​ကောင်း​သည့်​နံ့​သာ​မျိုး​ကို​နောင် အ​ဘယ်​အ​ခါ​၌​မျှ​မ​တွေ့​ရ​တော့​ချေ။
2CH 9:10 (သြ​ဖိ​ရ​မြို့​မှ​ရွှေ​ကို​ယူ​ဆောင်​လာ​သော ဟိ​ရံ​မင်း​နှင့်​ရှော​လ​မုန်​မင်း​၏​လူ​တို့​သည် ထင်း​ရှူး​သား​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ ကို​လည်း​ယူ​ဆောင်​လာ​ကြ​၏။-
2CH 9:11 ရှော​လ​မုန်​သည်​ထင်း​ရှူး​သား​ကို​ဗိ​မာန်​တော်​နှင့် မိ​မိ​၏​နန်း​တော်​လှေ​ကား​များ​ပြု​လုပ်​ရာ​တွင် လည်း​ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း ကြီး​စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း​အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း သော​ထင်း​ရှူး​သား​မျိုး​ကို ယ​ခင်​အ​ဘယ်​အ​ခါ က​မျှ​ယု​ဒ​ပြည်​တွင်​မ​တွေ့​မ​မြင်​ဘူး​ကြ။)
2CH 9:12 ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​မ​ထံ​မှ​ရ​ရှိ​သည့် လက်​ဆောင်​များ​အ​တွက် မိ​မိ​ပြန်​လည်​ပေး​သည့် လက်​ဆောင်​များ​အ​ပြင်​ဘု​ရင်​မ​အ​လို​ရှိ သ​မျှ​သော​အ​ရာ​များ​ကို​ပေး​တော်​မူ​၏။ ထို နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။
2CH 9:13 ကုန်​သည်​တို့​ပေး​သွင်း​သည့်​အ​ခွန်​တော်​များ အပြင်​နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​မင်း​ထံ​ဆက် သွင်း​ရ​သော​ရွှေ​ချိန်​မှာ​နှစ်​ဆယ့်​ငါး​တန်​ကျော် ကျော်​ဖြစ်​၏။ အာ​ရပ်​ဘု​ရင်​များ​နှင့်​ဣသ​ရေ​လ နယ်​မြေ​ဘု​ရင်​ခံ​များ​က​လည်း​မင်း​ကြီး​ထံ ရွှေ၊ နှင့်​ငွေ​များ​ကို​ဆက်​သွင်း​ရ​ကြ​သည်။-
2CH 9:15 ရှော​လ​မုန်​သည်​တစ်​ဆယ့်​ငါး​ပေါင်​နီး​ပါး စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့်​မွမ်း​မံ​ထား​သည့် ဒိုင်း​ကြီး​နှစ်​ရာ၊-
2CH 9:16 ရှစ်​ပေါင်​နီး​ပါး​စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့် မွမ်း​မံ​ထား​သော​ဒိုင်း​ငယ်​သုံး​ရာ​ကို​ပြု​လုပ် တော်​မူ​သည်။ သူ​သည်​ထို​ဒိုင်း​အား​လုံး​ကို လေ​ဗ​နုန်​တော​ခန်း​မ​ဆောင်​တွင်​ထား​ရှိ စေ​၏။
2CH 9:17 မင်း​ကြီး​သည်​တစ်​ပိုင်း​ကို​ဆင်​စွယ်​ဖြင့်​လည်း ကောင်း၊ ကျန်​တစ်​ပိုင်း​ကို​ရွှေ​စင်​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​သော​ရာ​ဇ​ပလ္လင်​ကြီး ကို​ပြု​လုပ်​စေ​တော်​မူ​၏။-
2CH 9:18 ထို​ရာ​ဇ​ပလ္လင်​သို့​တတ်​ရန်​လှေ​ကား​ခြောက် ထစ်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​နှင့်​တစ်​စပ်​တည်း ရွှေ​ဖြင့်​မွမ်း​မံ​ထား​သော​ခြေ​တော်​တင်​ခုံ​ရှိ​၏။ ရာ​ဇ​ပလ္လင်​၏​တစ်​ဖက်​တစ်​ချက်​တွင်​လက်​ရုံး တန်း​တစ်​ခု​စီ​ရှိ​၍​ယင်း​တို့​၏​နံ​ဘေး​တွင် ရပ်​လျက်​နေ​သော​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ ရှိ​၏။-
2CH 9:19 လှေ​ကား​ထစ်​များ​၏​အ​စွန်း​တစ်​ဖက်​တစ်​ချက် စီ​တွင်​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ​ဖြင့်​ခြင်္သေ့​ရုပ်​တစ် ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ် တိုင်း​ပြည်​တွင်​မျှ​ဤ​ကဲ့​သို့​သော​ရာ​ဇ​ပလ္လင် မျိုး​မ​ရှိ​ခဲ့​ဘူး​ချေ။
2CH 9:20 ရှော​လ​မုန်​မင်း​၏​သောက်​တော်​ရေ​ဖ​လား​မှန် သ​မျှ​သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခန်း မ​ဆောင်​တွင်​ရှိ​သ​မျှ​သော​ခွက်​ယောက်​အ​သုံး အ​ဆောင်​များ​သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး သ​တည်း။ ရှော​လ​မုန်​၏​ခေတ်​၌​ငွေ​ကို​တန် ဖိုး​မ​ထား​ကြ။-
2CH 9:21 မင်း​ကြီး​၌​ဟိရံ​မင်း​၏​သင်္ဘော​စု​နှင့်​အ​တူ​ပင် လယ်​သွား​သင်္ဘော​များ​ရှိ​၏။ သူ​၏​သင်္ဘော​တို့ သည် ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ​ကို တင်​ဆောင်​၍​သုံး​နှစ်​တစ်​ကြိမ်​ပြန်​လည်​ရောက် ရှိ​လေ​သည်။-
2CH 9:22 ရှော​လ​မုန်​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​တ​ကာ တို့​ထက်​ချမ်း​သာ​ကြွယ်​ဝ​၍​ဉာဏ်​ပ​ညာ​ရှိ တော်​မူ​၏။-
2CH 9:23 သူ​တို့​သည်​ရှော​လ​မုန်​အား​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ​တော်​နှင့် ယှဉ် သည့်​စ​ကား​များ​ကြား​နာ​ရန်​သူ့​ထံ​သို့ လာ​ရောက်​ကြ​၏။-
2CH 9:24 ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။
2CH 9:25 ရှော​လ​မုန်​မင်း​တွင်​စစ်​ရ​ထား​များ​နှင့်​မြင်း​များ အ​တွက်​မြင်း​စောင်း​လေး​ထောင်​ရှိ​၍​တိုက်​မြင်း တစ်​သောင်း​နှစ်​ထောင်​လည်း​ရှိ​လေ​သည်။ ထို​မြင်း အ​ချို့​တို့​ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း ထား​ရှိ​တော်​မူ​၏။-
2CH 9:26 ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​သည်​ဖိ​လိတ္တိ ပြည်​နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် အ​ရပ် ရပ်​ရှိ​ဘု​ရင်​တို့​ကို​အုပ်​စိုး​ရ​၏။-
2CH 9:27 သူ​၏​လက်​တော်​၌​ယေရု​ရှ​လင်​မြို့​တွင်​ငွေ​သည် ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး​သား သည်​ယု​ဒ​တောင်​ခြေ​တွင်​အ​လေ့​ကျ​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ​များ လေ​သည်။-
2CH 9:28 ရှော​လ​မုန်​သည်​မြင်း​များ​ကို​မု​သ​ရိ ခေါ်​အီ​ဂျစ်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ တင်​သွင်း​ခဲ့​သည်။
2CH 9:29 ကြွင်း​ကျန်​သော​ရှော​လ​မုန်​၏​အ​ကြောင်း​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင်​ပ​ရော​ဖက်​နာ​သန် ၏​ကျမ်း၊ ရှိလော​မြို့​သား​အ​ဟိ​ယ​၏​ပ​ရော​ဖက် ကျမ်း၊ ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​၏​နန်း ဆက်​အ​ကြောင်း​ကို​လည်း​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​ဣဒ္ဒေါ​၏​ဗျာ​ဒိတ်​ရူပါ​ရုံ​ကျမ်း​များ တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-
2CH 9:30 ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​၍​ဣသ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော်​မူ​၏။-
2CH 9:31 သူ​ကွယ်​လွန်​သော​အ​ခါ​သား​တော်​ရော​ဗောင် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။
2CH 10:1 ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣသ ရေ​လ​အ​မျိုး​သား​တို့​စု​ရုံး​လျက်​ရှိ​ရာ ရှေ​ခင်​မြို့​သို့​သွား​၏။-
2CH 10:2 ရှော​လ​မုန်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​သွား​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ​မိ​မိ​၏​ပြည်​သို့​ပြန်​လာ​၏။-
2CH 10:3 ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​အ​နွယ်​တို့​သည် သူ့​ကို​ခေါ်​ပြီး​လျှင်​ရော​ဗောင်​ထံ​ကို​သွား​၍၊-
2CH 10:4 ``အ​ရှင်​၏​ခ​မည်း​တော်​သည်​အ​ကျွန်ုပ်​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​ခဲ့​ပါ​၏။ အ​ကယ်​၍​အ​ရှင်​သည် ယင်း​သို့​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့​နေ​သာ​ထိုင်​သာ​အောင်​ပြု​တော် မူ​လျှင် အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
2CH 10:5 ရော​ဗောင်​က``သုံး​ရက်​လွန်​ပြီး​မှ​ပြန်​လာ​ကြ လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ထို​လူ​တို့​သည်​ထွက် ခွာ​သွား​ကြ​၏။
2CH 10:6 ရော​ဗောင်​မင်း​သည်​ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ အား``ထို​သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
2CH 10:7 အ​မတ်​တို့​က``အ​ကယ်​၍​အ​ရှင်​သည်​သူ​တို့ အား​က​ရု​ဏာ​ပြ​လျက်​နှစ်​သက်​စေ​သော စ​ကား​ဖြင့်​ဖြေ​ကြား​ပါ​လျှင်​သူ​တို့​သည် အ​ရှင်​၏​အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​သစ္စာ ရှိ​စွာ​ထမ်း​ဆောင်​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။
2CH 10:8 သို့​ရာ​တွင်​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​တို့ ၏​အ​ကြံ​ကို​လျစ်​လူ​ရှု​ကာ​မိ​မိ​နှင့်​အ​တူ ကြီး​ပြင်း​လာ​၍ ယ​ခု​အ​ခါ​မိ​မိ​၏​တိုင်​ပင် ဖော်​တိုင်​ပင်​ဘက်​များ​ဖြစ်​လာ​ကြ​သူ​လူ ငယ်​လူ​ရွယ်​များ​နှင့်​တိုင်​ပင်​၏။-
2CH 10:9 သူ​တို့​အား​မင်း​ကြီး​က``သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ​ပါ​မည်​နည်း။ ဖိ​နှိပ် ချုပ်​ချယ်​မှု​ကို​လျော့​ပါး​အောင်​ပြု​လုပ်​ပေး ရန်​ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​သူ​တို့​အား အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု မေး​တော်​မူ​၏။
2CH 10:10 ထို​သူ​ငယ်​တို့​က``အ​ရှင်​သည်​သူ​တို့​အား`ငါ ၏​လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ပိုင်း ထက်​ပို​၍​တုပ်​၏။-
2CH 10:11 ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ်​လေး​လံ သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား​ထို​ထက်​ပင် ပို​၍​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​အံ့။ သူ​သည် သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ပြန်​ပြော​သင့်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
2CH 10:12 မိ​မိ​တို့​အား​ရော​ဗောင်​မှာ​ကြား​လိုက်​သည် အ​တိုင်း​သုံး​ရက်​ကြာ​သော်​ယေ​ရော​ဗောင်​နှင့် ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏​ထံ​သို့​ပြန် လာ​ကြ​၏။-
2CH 10:13 မင်း​ကြီး​သည်​အ​သက်​ကြီး​သူ​တို့​၏​အ​ကြံ ကို​လျစ်​လူ​ရှု​၍၊-
2CH 10:14 လူ​ငယ်​တို့​အ​ကြံ​ပေး​သည့်​အ​တိုင်း​ပြည်​သူ တို့​အား``ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ် လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား ထို​ထက်​ပင်​ပို​လေး​လံ​သော​ထမ်း​ပိုး​ကို​တင် အံ့။ သူ​သည်​သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု​ခက်​ထန် စွာ​မိန့်​တော်​မူ​၏။-
2CH 10:15 မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​နေ​ဗတ်​၏​သား​ယေ​ရော ဗောင်​အား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော် အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ထာ​ဝ​ရ အရှင်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။
2CH 10:16 မိ​မိ​တို့​၏​စ​ကား​ကို နား​ထောင်​တော့​မည်​မ ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ​တို့ သည်``ဒါ​ဝိဒ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​ထံ မှ​ငါ​တို့​ဝေ​ပုံ​မ​ရ။ ယေ​ရှဲ​၏​သား​၌​ငါ​တို့ အ​မွေ​မ​ခံ​ရ။ အို ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ ရော​ဗောင် သည်​မိ​မိ​အိမ်​ထောင်​ကို​ကြည့်​ရှု​ပါ​စေ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဣသ​ရေ​လ​ပြည်​သူ​တို့​ပုန်​ကန်​ကြ သ​ဖြင့်၊-
2CH 10:17 ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​အုပ်​စိုး​ရ​လေ​၏။
2CH 10:18 ထို​အ​ခါ​ရော​ဗောင်​မင်း​သည်​ချွေး​တပ်​တာ​ဝန် ခံ​အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​ပြည်​သူ​တို့ ထံ​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ပြည်​သူ​တို့​က​ထို​သူ​အား​ခဲ​နှင့်​ပေါက်​သတ် ကြ​သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ် သို့​အ​ဆော​တ​လျင်​တက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ထွက်​ပြေး​လေ​၏။-
2CH 10:19 ထို​ကြောင့်​ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​မှ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း ဆက်​ကို​ယ​နေ့​တိုင်​အောင်​ပုန်​ကန်​ကြ​သ​တည်း။
2CH 11:1 ရော​ဗောင်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် ရောက်​လာ​သော​အ​ခါ ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​လက်​ရွေး​စင်​တပ်​သား​တစ်​သိန်း​ရှစ်​သောင်း ကို​စု​ရုံး​စေ​တော်​မူ​၏။ မင်း​ကြီး​သည်​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​နယ်​မြေ​များ​ကို ပြန်​လည်​သိမ်း ပိုက်​နိုင်​ရန်​စစ်​ဆင်​မည်​အ​ကြံ​ရှိ​တော်​မူ​၏။-
2CH 11:2 သို့​ရာ​တွင်​ထာဝ​ရ​ဘု​ရား​က``သင်​တို့​အား​လုံး မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ​လော့။ ဣသ​ရေ​လ အ​မျိုး​သား​အ​ချင်း​ချင်း​မ​တိုက်​ခိုက်​ကြ နှင့်။ ယ​ခု​ဖြစ်​ပွား​ခဲ့​သော​အ​မှု​သည်​ငါ​၏ အ​လို​တော်​အ​ရ​ဖြစ်​ကြောင်း​ကို ရော​ဗောင် မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား​ဆင့်​ဆို​လော့'' ဟု​ပ​ရော ဖက်​ရှေ​မာ​ယ​အား​မိန့်​တော်​မူ​၏။ ထို​သူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​နာ​ခံ​လျက်​ယေ​ရော​ဗောင်​ကို​စစ် မ​တိုက်​ဘဲ​ပြန်​ကြ​ကုန်​၏။
2CH 11:5 ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​၌​နန်း​စံ​၍ ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​ရှိ၊-
2CH 11:6 ဗက်​လင်​မြို့၊ ဧ​တံ​မြို့၊ တေ​ကော​မြို့၊- ဗက်​ဇု​ရ မြို့၊ ရှော​ကော​မြို့၊ အ​ဒု​လံ​မြို့၊-
2CH 11:8 ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊- အ​ဒေါ​ရိမ် မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊-
2CH 11:10 ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​များ ကို​တံ​တိုင်း​ကာ​စေ​တော်​မူ​၏။-
2CH 11:11 ထို​မြို့​တို့​ကို​ခိုင်​ခံ့​စွာ​တံ​တိုင်း​ကာ​ပြီး​လျှင် မြို့​တိုင်း​တွင် တပ်​မှူး​တစ်​ဦး​စီ​ခန့်​ထား​၍ ဆီ၊ စ​ပျစ်​ရည်၊ စား​နပ်​ရိက္ခာ၊-
2CH 11:12 ဒိုင်း​လွှား​နှင့်​လှံ​တံ​များ​ကို​သို​လှောင်​ထား​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ယု​ဒ​နှင့်​ဗင်္ယာ မိန်​နယ်​မြေ​များ​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​ထား တော်​မူ​၏။
2CH 11:13 ဣသ​ရေ​လ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​မှ​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် တောင် ဘက်​ရှိ​ယု​ဒ​ပြည်​သို့​လာ​ရောက်​ကြ​၏။-
2CH 11:14 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​သူ​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​တို့​သည် လေ​ဝိ​အ​နွယ်​ဝင် တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ထမ်း​ဆောင်​ရန်​ခွင့်​မ​ပြု ကြ​ချေ။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မိ​မိ​တို့​၏​စား​ကျက်​များ​နှင့်​အ​ခြား​မြေ​ယာ များ​ကို​စွန့်​၍ ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ရှိ​လာ​ကြ​၏။-
2CH 11:15 ယေ​ရော​ဗောင်​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န များ​၌​လည်း​ကောင်း၊ နတ်​မိစ္ဆာ​များ​နှင့်​မိ​မိ သွန်း​လုပ်​ထား​သည့်​နွား​သ​ငယ်​ရုပ်​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ရာ​၌​လည်း​ကောင်း​အ​မှု​တော် ဆောင်​ရန်​မိ​မိ​အ​လို​ရှိ​သူ​တို့​အား​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ သည်။-
2CH 11:16 ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မှန်​အ​ကန်​ဝတ်​ပြု ကိုး​ကွယ်​လို​သူ ဣသ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​ပူ​ဇော်​နိုင် ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ယေ​ရု​ရှ လင်​မြို့​သို့​လိုက်​သွား​ကြ​၏။-
2CH 11:17 သူ​တို့​သည်​ယု​ဒ​ပြည်​ကို​အင်​အား​တောင့် တင်း​လာ​စေ​လျက် သုံး​နှစ်​တိုင်​တိုင်​ရှော​လ​မုန် ၏​သား​ရော​ဗောင်​ကို​အား​ပေး​ထောက်​ခံ​ကာ ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​တို့​အုပ်​စိုး ချိန်​ကဲ့​သို့​နေ​ထိုင်​ကြ​လေ​သည်။
2CH 11:18 ရော​ဗောင်​သည်​မ​ဟာ​လတ်​နှင့်​စုံ​ဖက်​တော်​မူ ၏။ မ​ဟာ​လတ်​၏​ခ​မည်း​တော်​သည်​ဒါ​ဝိဒ်​၏ သား​ယေ​ရိ​မုတ်​ဖြစ်​၍​မယ်​တော်​မှာ​ယေ​ရှဲ ၏​မြေး၊ ဧ​လျာ​ဘ​၏​သ​မီး​အ​ဘိ​ဟဲ​လ ဖြစ်​၏။-
2CH 11:19 သူ​တို့​သည်​ယု​ရှ၊ ရှ​မာ​ရိ​နှင့်​ဇာ​ဟံ​ဟူ​သော သား​သုံး​ယောက်​ကို​ရ​ကြ​၏။-
2CH 11:20 ထို​နောက်​ရော​ဗောင်​သည်​အ​ဗ​ရှ​လုံ​၏​သ​မီး မာ​ခါ​နှင့်​စုံ​ဖက်​၍ အ​ဘိ​ယ၊ အတ္တဲ၊ ဇိ​ဇ၊ ရှေ​လော မိတ်​ဟူ​သော​သား​လေး​ယောက်​ကို​ရ​လေ​သည်။-
2CH 11:21 ရော​ဗောင်​တွင်​စု​စု​ပေါင်း​မိ​ဖု​ရား​တစ်​ဆယ့် ရှစ်​ပါး​နှင့် မောင်း​မ​မိ​ဿံ​ခြောက်​ဆယ်​ရှိ​၏။ သူ​သည်​သား​နှစ်​ဆယ့်​ရှစ်​ယောက်​နှင့်​သ​မီး ခြောက်​ဆယ်​တို့​၏​ဖခင်​ဖြစ်​သော်​လည်း မိ​မိ​၏ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​အ​ပေါင်း​တို့ အ​နက်​မာ​ခါ​ကို​အ​များ​ဆုံး​ချစ်​တော်​မူ​၏။-
2CH 11:22 သို့​ဖြစ်​၍​မင်း​ကြီး​သည်​မာ​ခါ​နှင့်​ရ​သော​သား တော်​အ​ဘိ​ယ​ကို အ​ခြား​သား​သ​မီး​အ​ပေါင်း တို့​ထက်​ပို​၍​မျက်​နှာ​သာ​ပေး​ကာ မိ​မိ​၏​အ ရိုက်​အ​ရာ​ကို​ဆက်​ခံ​မင်း​လုပ်​ရ​မည့်​သူ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ထား​တော်​မူ​လေ​သည်။-
2CH 11:23 ရော​ဗောင်​သည်​ပ​ညာ​သ​တိ​ရှိ​စွာ​မိ​မိ​၏​သား တော်​များ​အား​တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ဝေ​သတ် မှတ်​ပေး​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တစ် လျှောက်​ရှိ​ခံ​တပ်​မြို့​များ​တွင်​နေ​ရာ​ချ​ထား တော်​မူ​၏။ မင်း​ကြီး​သည်​သူ​တို့​အား​ရက်​ရော စွာ​စား​နပ်​ရိက္ခာ​များ​ထောက်​ပံ့​၍​ကြင်​ဖော် အ​မြောက်​အ​မြား​ကို​လည်း​ရှာ​ပေး​တော် မူ​၏။
2CH 12:1 ရော​ဗောင်​သည်​မိ​မိ​၏​ရာ​ဇ​အာ​ဏာ​တည်​မြဲ အောင်​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​နှင့်​သူ ၏​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​တ​ရား​တော်​ကို​စွန့်​ပယ်​၍၊-
2CH 12:2 သစ္စာ​တော်​ကို​ဖောက်​သော​ကြောင့်​ရော​ဗောင်​နန်း​စံ ပ​ထ​မ​နှစ်​၌ အီ​ဂျစ်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-
2CH 12:3 သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​နှစ်​ရာ၊ မြင်း​စီး သူ​ရဲ​ခြောက်​သောင်း​နှင့်​လိ​ဗု​ပြည်​သား၊ သု​ကိ ပြည်​သား၊ ဆူ​ဒန်​ပြည်​သား​တို့​အ​ပါ​အ​ဝင် မ​ရေ​မ​တွက်​နိုင်​သော​စစ်​သည်​တော်​များ​ပါ ရှိ​သည့်​တပ်​မ​တော်​ကြီး​ကို​ခေါင်း​ဆောင်​၍ လာ​၏။-
2CH 12:4 သူ​သည်​ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​တို့​ကို​တိုက်​ခိုက် သိမ်း​ယူ​ကာ ယေ​ရု​ရှ​လင်​မြို့​အ​ရောက်​ချီ​တက် လာ​လေ​သည်။
2CH 12:5 ရှိ​ရှက်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ယေ​ရု​ရှ​လင်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​သော ရော​ဗောင်​မင်း​နှင့်​ယု​ဒ ခေါင်း​ဆောင်​များ​ထံ​ပ​ရော​ဖက်​ရှေ​မာ​ယ​သွား ၍``ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​ငါ့​ကို​စွန့် ပယ်​ကြ​သ​ဖြင့် ငါ​သည်​သင်​တို့​ကို​ရှိ​ရှက်​လက် သို့​ပေး​အပ်​လိုက်​ပြီ' ဟု​မိန့်​တော်​မူ​၏'' ဟု ဆင့်​ဆို​၏။
2CH 12:6 မင်း​ကြီး​နှင့်​ခေါင်း​ဆောင်​များ​သည်​မိ​မိ တို့​အ​ပြစ်​ကူး​ခဲ့​သည်​ကို​ဝန်​ခံ​ကြ​ပြီး လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ တော်​မူ​ပါ​၏'' ဟု​ဆို​ကြ​၏။
2CH 12:7 ဤ​အ​ချင်း​အ​ရာ​ကို​ထာ​ဝ​ရ​ဘု​ရား​မြင် တော်​မူ​သော​အ​ခါ``သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ် ကို​ဝန်​ခံ​ကြ​သည်​ဖြစ်​၍​ငါ​သည်​သူ​တို့​အား ဖျက်​ဆီး​မည်​မ​ဟုတ်။ ရှိ​ရှက်​တိုက်​ခိုက်​မှု​ကြောင့် သူ​တို့​သည်​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​ရုံ​မျှ သာ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​အ​ပြည့်​အ​ဝ ခံ​ရ​မည်​မ​ဟုတ်။-
2CH 12:8 သို့​ရာ​တွင်​ရှိ​ရှက်​သည်​သူ​တို့​ကို​အ​နိုင်​ရ​လိမ့် မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ခြင်း​နှင့်​လော​ကီ​ဘု​ရင်​တို့​၏​အ​မှု​ကို​ဆောင် ရွက်​ခြင်း​ကွာ​ခြား​ပုံ​ကို​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​ရှေ​မာ​ယ​ထံ​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။
2CH 12:9 ရှိ​ရှက်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက် ၍ ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​ခဲ့​သော​ရွှေ​ဒိုင်း လွှား​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​သွား​လေ သည်။-
2CH 12:10 ရော​ဗောင်​မင်း​သည်​ထို​ဒိုင်း​လွှား​များ​ကို​အ​စား ထိုး​ရန်​ကြေး​ဝါ​ဒိုင်း​လွှား​များ​ပြု​လုပ်​၍ နန်း​တော် အ​ဝင်​တံ​ခါး​များ​တွင်​တာ​ဝန်​ကျ​သည့်​တပ်​မှူး တို့​ကို​ပေး​အပ်​တော်​မူ​၏။-
2CH 12:11 ဗိ​မာန်​တော်​သို့​မင်း​ကြီး​သွား​ရောက်​သည့်​အ​ခါ တိုင်း​ကိုယ်​ရံ​တော်​တပ်​သား​တို့​သည် ထို​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ရ​ကြ​ပြီး​နောက်​ကင်း​စောင့် ခန်း​တွင်​ပြန်​၍​ထား​ရ​ကြ​၏။-
2CH 12:12 မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​သူ့​အား​လုံး​လုံး လျား​လျား​ဖျက်​ဆီး​တော်​မ​မူ။ ယု​ဒ​ပြည်​၌ လည်း​ပြည်​မှု​ပြည်​ရေး​သာ​ယာ​လေ​သည်။
2CH 12:13 ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နန်း​စံ​ကာ ရာ​ဇ​တန်​ခိုး​တိုး​တက်​လာ​လေ​သည်။ နန်း​တက် စဉ်​အ​ခါ​က​သူ​သည်​သက်​တော်​လေး​ဆယ့်​တစ် နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​တော်​မူ​၏။ ဣ​သ​ရေ​လ​နွယ်​အ​ပေါင်း​တို့ နေ​ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ထို​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​သ​တည်း။ ရော​ဗောင်​၏​မယ်​တော်​မှာ​အမ္မုန်​ပြည်​သူ၊ နေ​မ ဖြစ်​၏။-
2CH 12:14 မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​ရှာ​လို​စိတ်​မ​ရှိ​သ​ဖြင့်​ဒု​စ​ရိုက်​ကို​ပြု တော်​မူ​၏။
2CH 12:15 ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-
2CH 12:16 ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​တော်​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
2CH 13:1 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍၊-
2CH 13:2 ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​ဂိ​ဗာ​မြို့​သား​ဥ​ရိ​ယ​၏ သ​မီး​မာ​ခါ​ဖြစ်​၏။
2CH 13:3 အ​ဘိ​ယ​နှင့်​ယေ​ရော​ဗောင်​တို့​သည်​စစ်​ဖြစ်​ကြ သ​ဖြင့် အ​ဘိ​ယ​သည်​စစ်​သည်​လေး​သိန်း​ရှိ​သော တပ်​မ​တော်​ဖြင့်​တိုက်​ခိုက်​ရာ ယေ​ရော​ဗောင်​က စစ်​သည်​ရှစ်​သိန်း​ရှိ​သော​တပ်​မ​တော်​ဖြင့်​ပြန် လည်​ခု​ခံ​လေ​သည်။
2CH 13:4 တပ်​မ​တော်​နှစ်​စု​သည်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ် ပြည်​တွင်​တွေ့​ဆုံ​မိ​ကြ​၏။ အ​ဘိ​ယ​မင်း​သည်​ဇေ မ​ရိမ်​တောင်​ပေါ်​သို့​တက်​ပြီး​လျှင် ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``နား​ထောင်​ကြ လော့။-
2CH 13:5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဖျက်​မ​ချေ​နိုင်​သော ပ​ဋိ​ညာဉ်​တော်​ကို​ပြု​တော်​မူ​၍ ဒါ​ဝိဒ်​နှင့်​သား မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ​တော်​ကို​ကာ​လ အ​စဉ်​အ​ဆက်​အုပ်​စိုး​ပိုင်​ခွင့်​ပေး​တော်​မူ ကြောင်း​သင်​တို့​မ​သိ​ကြ​သ​လော။-
2CH 13:6 နေ​ဗတ်​သား​ယေ​ရော​ဗောင်​သည်​မိ​မိ​၏​ဘု​ရင် ရှော​လ​မုန်​အား​ပုန်​ကန်​ပြီး​လျှင်၊-
2CH 13:7 ယုတ်​မာ​သူ​လူ​တစ်​စု​ကို​စု​ရုံး​လေ​သည်။ သူ​တို့ သည်​ရှော​လ​မုန်​၏​သား​တော်​ရော​ဗောင်​အား မိ​မိ တို့​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လုပ်​စေ​ကြ​၏။ ရော ဗောင်​သည်​နု​နယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သူ​ဖြစ် သ​ဖြင့်​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပေ။-
2CH 13:8 ယ​ခု​သင်​တို့​သည်​ဒါ​ဝိဒ်​၏​သား​မြေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​ထား​တော်​မူ​သော​ရာဇ အာ​ဏာ​ကို​ဆိုင်​ပြိုင်​ရန်​ကြံ​စည်​ကြ​သည်။ သင်​တို့ တွင်​အင်​အား​ကြီး​မား​သော​တပ်​မ​တော်​နှင့်​သင် တို့​ကိုး​ကွယ်​ရန်​အ​တွက် ယေ​ရော​ဗောင်​သွန်း​လုပ် ထား​သော​နွား​သ​ငယ်​ရုပ်​များ​ရှိ​၏။-
2CH 13:9 သင်​တို့​သည်​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို နှင်​ထုတ်​ကာ သူ​တို့​၏​နေ​ရာ​တွင်​လူ​မျိုး​ခြား တို့​၏​ဋ္ဌ​လေ့​ကို​လိုက်​၍​အ​ခြား​သူ​တို့​အား ယဇ်​ပု​ရော​ဟိတ်​ခန့်​ထား​ကြ​၏။ မည်​သူ​မ​ဆို နွား​တစ်​ကောင်​သို့​မ​ဟုတ်​သိုး​ခု​နစ်​ကောင်​ကို ယူ​ဆောင်​လာ​လျှင်​သင်​တို့​ကိုး​ကွယ်​သော နာ​မည်​ခံ​ဘု​ရား​များ​၏​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​နိုင်​ပါ​သည်​တ​ကား။
2CH 13:10 ``ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​မ​စွန့်​ဘဲ​ဆက်​လက်​ကိုး​ကွယ်​လျက် ရှိ​ကြ​သည်။ အာ​ရုန်​မှ​ဆင်း​သက်​လာ​သော​ယဇ်​ပု ရော​ဟိတ်​များ​သည်​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ ကို​ထမ်း​ဆောင်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​များ​က​ကူ​ညီ​လျက်​ရှိ​ကြ​၏။-
2CH 13:11 သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။-
2CH 13:12 ငါ​တို့​၏​ခေါင်း​ဆောင်​ကား​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​ဖြစ်​၏။ ကိုယ်​တော်​၏​ယဇ်ပု​ရော ဟိတ်​တို့​သည်​လည်း​ငါ​တို့​စစ်​ပွဲ​ဝင်​ရန် တံ​ပိုး ခ​ရာ​မှုတ်​၍​အ​ချက်​ပေး​ဖို့​အ​သင့်​ရှိ​နေ​ကြ သည်။ ဣသ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​ပြိုင်​၍​စစ်​မ​တိုက်​ကြ​နှင့်။ သင်​တို့​မ​နိုင် နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
2CH 13:13 ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​တပ်​မ​တော် သည် ယု​ဒ​တပ်​မ​တော်​ကို​မျက်​နှာ​မူ​လျက်​တပ် စွဲ​နေ​စဉ် ယေ​ရော​ဗောင်​သည်​အ​ချို့​တပ်​သား များ​ကို ယု​ဒ​တပ်​မ​တော်​အ​နောက်​မှ​နေ​၍ ပုန်း​ကွယ်​တိုက်​ခိုက်​ရန်​စေ​လွှတ်​တော်​မူ​၏။-
2CH 13:14 ယု​ဒ​အ​မျိုး​သား​တို့​သည်​နောက်​သို့​လှည့်​၍ ကြည့်​လိုက်​သော​အ​ခါ မိ​မိ​တို့​အ​ဝိုင်း​ခံ​ရ သည်​ကို​မြင်​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား``ကူ မ​တော်​မူ​ပါ'' ဟု​ဟစ်​အော်​တောင်း​လျှောက် ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​ပိုး​ခရာ များ​ကို​မှုတ်​ကြ​၏။-
2CH 13:15 ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။-
2CH 13:16 ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယု​ဒ အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​သ​တည်း။-
2CH 13:17 အ​ဘိ​ယ​နှင့်​သူ​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​ကို​ချေ​မှုန်း​လိုက်​ကြ​သ​ဖြင့် ဣသ​ရေ​လ​လက်​ရွေး​စင်​တပ်​သား​ငါး​သိန်း ကျ​ဆုံး​လေ​၏။-
2CH 13:18 ယု​ဒ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​သည် ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​ရ​ကြ​ခြင်း​ဖြစ်​ပေ​သည်။
2CH 13:19 အ​ဘိ​ယ​သည်​ယေ​ရော​ဗောင်​၏​တပ်​မ​တော်​ကို လိုက်​လံ​တိုက်​ခိုက်​ပြီး​လျှင်​ဗေ​သ​လ​မြို့၊ ယေ ရှ​န​မြို့၊ ဧ​ဖ​ရိမ်​မြို့​များ​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​ကို​သိမ်း​ယူ​တော်​မူ​သည်။-
2CH 13:20 အ​ဘိ​ယ​လက်​ထက်​၌​ယေ​ရော​ဗောင်​သည် တန်​ခိုး​အာ​ဏာ​ဆုတ်​ယုတ်​လျက်​နေ​၏။ နောက် ဆုံး​၌​ထာ​ဝရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ကွယ်​လွန်​လေ​သည်။
2CH 13:21 အ​ဘိ​ယ​မူ​ကား​တိုး​၍​တန်​ခိုး​ကြီး​လာ​၏။ သူ​၌​မိ​ဖု​ရား​တစ်​ဆယ့်​လေး​ယောက်၊ သား​နှစ် ဆယ့်​နှစ်​ယောက်​နှင့်​သ​မီး​တစ်​ဆယ့်​ခြောက် ယောက်​ရှိ​၏။-
2CH 13:22 အ​ဘိ​ယ​ပြော​ဆို​ခဲ့​သော​စ​ကား​များ၊ သူ ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ကျန် ရှိ​နေ​သေး​သော​သူ​၏​အတ္ထု​ပ္ပတ္တိ​အ​ကြောင်း အ​ရာ​များ​ကို ပ​ရော​ဖက်​ဣ​ဒေါ​စီ​ရင်​သော စာ​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။
2CH 14:1 အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ ဒါ​ဝိဒ်​မြို့​တော် ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​သ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။ ထို​မင်း​၏​လက်​ထက်​၌​ပြည်​တော် သည် ဆယ်​နှစ်​တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက် နေ​၏။-
2CH 14:2 အာ​သ​သည်​ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို​ပြု​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​တွင်​မျက်​နှာ​ရ​တော်​မူ​၏။-
2CH 14:3 သူ​သည်​လူ​မျိုး​ခြား​တို့​၏​ယဇ်​ပလ္လင်​များ​နှင့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက် ပြီး​လျှင် ကျောက်​တိုင်​များ​နှင့်​တံ​ခွန်​တိုင် များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​လေ​သည်။-
2CH 14:4 ယု​ဒ​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး​များ ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အလို​တော် ကို​လိုက်​လျှောက်​ကြ​ရန်​နှင့်​ကိုယ်​တော်​၏ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
2CH 14:5 ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင် များ​ကို​ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ထို​မင်း​၏ လက်​ထက်​၌​နိုင်​ငံ​တော်​သည်​ငြိမ်း​ချမ်း သာ​ယာ​လျက်​နေ​၏။-
2CH 14:6 သူ​သည်​မိ​မိ​နန်း​စံ​နေ​ချိန်​၌​ယု​ဒ​မြို့​များ ကို တံ​တိုင်း​ကာ​ရံ​စေ​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား​ငြိမ်း​ချမ်း​သာ​ယာ​ရေး ကို​ပေး​တော်​မူ​သ​ဖြင့် နှစ်​ပေါင်း​များ​စွာ​စစ် ဖြစ်​ပွား​မှု​မ​ရှိ​ချေ။-
2CH 14:7 မင်း​ကြီး​က​ယု​ဒ​ပြည်​သူ​တို့​အား``မြို့​ရိုး များ၊ ပြ​အိုး​များ၊ ကန့်​လန့်​ကျင်​များ​တပ်​ဆင် ထား​သည့်​မြို့​တံ​ခါး​များ​နှင့်​ပြည့်​စုံ​သော မြို့​များ​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ငါ​တို့ သည်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​လိုက် လျှောက်​သည်​ဖြစ်​၍ ပြည်​တော်​ကို​ထိန်း​သိမ်း အုပ်​ချုပ်​နိုင်​ကြ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ကို ပေး​တော်​မူ​ပြီ'' ဟု​မိန့်​ဆို​သည့်​အ​တိုင်း​ခံ တပ်​မြို့​များ​ကို​တည်​ဆောက်​၍​ထ​မြောက် အောင်​မြင်​ကြ​၏။-
2CH 14:8 အာ​သ​မင်း​တွင်​ဒိုင်း​လွှား​လှံ​တံ​ကိုင်​ဆောင်​သူ ယု​ဒ​စစ်​သည်​သုံး​သိန်း​နှင့် ဗင်္ယာ​မိန်​စစ်​သည်​နှစ် သိန်း​ရှစ်​သောင်း​ပါ​ဝင်​သည့်​တပ်​မ​တော်​ရှိ​လေ သည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ရဲ​စွမ်း​သတ္တိ​ရှိ​၍ ကောင်း​စွာ​လေ့​ကျင့်​ထား​သူ​များ​ဖြစ်​ကြ​၏။
2CH 14:9 ဆူ​ဒန်​အ​မျိုး​သား​ဇေ​ရ​ဆို​သူ​သည်​စစ်​သည် တစ်​သန်း၊ စစ်​ရ​ထား​သုံး​ရာ​ဖြင့်​ယု​ဒ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ​မ​ရေ​ရှ​မြို့​တိုင် အောင်​ချီ​တက်​လာ​လေ​သည်။-
2CH 14:10 ထို​အ​ခါ​အာ​သ​သည်​ထို​သူ​အား​တိုက်​ခိုက် ရန်​ထွက်​လာ​ပြီး​လျှင် ဇေ​ဖ​သ​ချိုင့်​ဝှမ်း​တွင် နေ​ရာ​ယူ​၍၊-
2CH 14:11 မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။
2CH 14:12 အာ​သ​နှင့်​ယု​ဒ​တပ်​မ​တော်​သည်​ဆူ​ဒန် အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ကြ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​အ​မျိုး သား​တို့​ကို​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-
2CH 14:13 ထို​သူ​တို့​ကို​အာ​သ​နှင့်​သူ​၏​တပ်​သား​တို့ သည်​ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် ကြ​လေ​သည်။ ဆူ​ဒန်​အ​မျိုး​သား​အ​မြောက် အ​မြား​ကျ​ဆုံး​သ​ဖြင့်​သူ​တို့​သည်​ပြန်​လည် တိုက်​ခိုက်​ရန်​စု​ရုံး​နိုင်​စွမ်း​မ​ရှိ​ကြ​တော့​ချေ။ ထာ​ဝရ​ဘု​ရား​နှင့်​ယု​ဒ​တပ်​မ​တော်​၏​လက် တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​၏။ ယု​ဒ​တပ်​မ တော်​သား​တို့​သည်​လည်း​လက်​ရ​ပစ္စည်း​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ရ​ရှိ​ကြ​လေ​သည်။-
2CH 14:14 ထို​နောက်​ဂေ​ရာ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​လန့်​လျက် နေ​ကြ​သ​ဖြင့် ယု​ဒ​တပ်​မ​တော်​သား​တို့​သည် ထို​မြို့​များ​ကို​ဖြို​ဖျက်​နိုင်​ကြ​လေ​သည်။ သူ တို့​သည်​ထို​မြို့​အ​ပေါင်း​ကို​တိုက်​ခိုက်​ကြ​ရာ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​ကို​သိမ်း​ယူ ရ​ရှိ​ကြ​၏။-
2CH 14:15 သူ​တို့​သည်​သိုး​ထိန်း​စ​ခန်း​အ​ချို့​ကို​လည်း တိုက်​ခိုက်​၍ သိုး​နှင့်​ကု​လား​အုတ်​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ကြ​ပြီး​နောက်​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။
2CH 15:1 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သြ​ဒက် ၏​သား​အာ​ဇ​ရိ​အ​ပေါ်​သို့​သက်​ရောက်​၍၊-
2CH 15:2 အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-
2CH 15:3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ကာ​လ ကြာ​မြင့်​စွာ​မှန်​သော​ဘု​ရား​မ​ရှိ၊ သွန်​သင် ပေး​မည့်​ယဇ်​ပု​ရော​ဟိတ်​များ​မ​ရှိ၊ တ​ရား လည်း​မ​ရှိ။-
2CH 15:4 သို့​ရာ​တွင်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍​ကိုယ် တော်​ကို​ရှာ​သော​အ​ခါ​တွေ့​ရှိ​ကြ​၏။-
2CH 15:5 ထို​စဉ်​အ​ခါ​က​အ​တိုင်း​တိုင်း​အ​ပြည်​ပြည် တွင်​အေး​ချမ်း​သာ​ယာ​ခြင်း​မ​ရှိ​သ​ဖြင့် အ​ဘယ် သူ​မျှ​ဘေး​မဲ့​လုံ​ခြုံ​စွာ​ခ​ရီး​မ​သွား​မ​လာ နိုင်​ကြ။-
2CH 15:6 ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​တော်​မူ​သ​ဖြင့် တစ်​နိုင်​ငံ​က တစ်​နိုင်​ငံ​ကို​လည်း​ကောင်း၊ တစ်​မြို့​က​တစ် မြို့​ကို​လည်း​ကောင်း​ဖိ​နှိပ်​ကြ​လေ​သည်။-
2CH 15:7 သို့​ရာ​တွင်​သင်​တို့​သည်​အား​မာန်​တင်း​ကြ လော့။ စိတ်​အား​မ​လျော့​ကြ​နှင့်။ သင်​တို့​ပြု သည့်​အ​မှု​အ​တွက်​ကောင်း​ကျိုး​ကို​ခံ​စား ရ​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။
2CH 15:8 ဤ​သို့​သြ​ဒက်​၏​သား​အာ​ဇ​ရိ​ဆင့်​ဆို​သည့် ဗျာ​ဒိတ်​တော်​ကို​ကြား​သော​အ​ခါ အာ​သ​သည် အား​တက်​လာ​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ် မြေ​များ​နှင့်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည် ရှိ​မြို့​များ​မှ​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖယ်​ရှား​တော် မူ​၏။ မင်း​ကြီး​သည်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ပြန်​လည်​ပြု​ပြင်​တော်​မူ​၏။
2CH 15:9 ထာ​ဝရ​ဘု​ရား​သည် အာ​သ​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​တွေ့​မြင်​ကြ​သ​ဖြင့် ဧ​ဖ​ရိမ်၊ မ​နာ ရှေ​နှင့်​ရှိ​မောင်​နယ်​မြေ​များ​မှ​လူ​အ​မြောက် အ​မြား​အာ​သ​ဘက်​သို့​ကူး​ပြောင်း​၍​သူ​၏ နိုင်​ငံ​တော်​တွင်​လာ​ရောက်​နေ​ထိုင်​ကြ​၏။ အာ​သ သည်​ဤ​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗင်္ယာ မိန်​နှင့်​ယု​ဒ​ပြည်​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​ရန်​အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။-
2CH 15:10 သူ​တို့​သည်​အာ​သ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​တ​တိ​ယ​လ​၌ ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လေ​သည်။-
2CH 15:11 ထို​နေ့​၌​သူ​တို့​သည်​မိ​မိ​တို့​ဆောင်​ခဲ့​သော လက်​ရ​ပစ္စည်း​များ​အ​နက် နွား​ခု​နစ်​ရာ​နှင့် သိုး​ခု​နစ်​ထောင်​ကို​ထာ​ဝရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​ကြ​၏။-
2CH 15:12 သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ်​စွမ်း​ကိုယ်​စွမ်း ရှိ​သ​မျှ​နှင့်​ကိုး​ကွယ်​မည်​ဟူ​၍​ပ​ဋိ​ညာဉ် ပြု​ကြ​၏။-
2CH 15:13 ကြီး​သည်​ဖြစ်​စေ၊ ငယ်​သည်​ဖြစ်​စေ၊ အ​မျိုး​သား ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ၊ မည်​သူ​မ​ဆို ကိုယ်​တော်​အား​ကိုး​ကွယ်​ခြင်း​မ​ပြု​ပါ​က ထို​သူ​သည်​အ​သတ်​ခံ​ရ​မည်​ဖြစ်​၏။-
2CH 15:14 ထို​သူ​တို့​သည်​ဤ​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း ပါ​မည်​ဟု ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​၍​အ​သံ​ကျယ်​စွာ​သစ္စာ​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ကြွေး​ကြော်​လျက် တံ​ပိုး ခ​ရာ​များ​ကို​မှုတ်​ကြ​ကုန်​၏။-
2CH 15:15 ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​စိတ်​စွမ်း​ကိုယ် စွမ်း​ရှိ​သ​မျှ​ဖြင့် ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​သ​ဖြင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ဆန္ဒ​အ​ပြည့်​အ​ဝ​ဖြင့်​ဆည်း​ကပ် ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏ ဆည်း​ကပ်​မှု​ကို​လက်​ခံ​၍​အ​ရပ်​ရပ်​၌​ငြိမ်း ချမ်း​သာ​ယာ​စေ​တော်​မူ​၏။
2CH 15:16 အာ​သ​မင်း​သည်​မိ​မိ​၏​အ​ဘွား​တော်​မာ​ခါ ၏​ထံ​တော်​မှ မယ်​တော်​ဘု​ရင်​မ​ရာ​ထူး​ကို​နှုတ် သိမ်း​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ သည်​မြေ​သြ​ဇာ​ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ​အာ​ရှ​ရ ဘု​ရား​မ​အား​ကိုး​ကွယ်​ရန် အ​တွက်​ရှု​မ​ကောင်း မြင်​မ​ကောင်း​သော​ရုပ်​တု​ကို​ပြု​လုပ်​ထား​သော ကြောင့်​ဖြစ်​၏။ အာ​သ​သည်​ထို​ရုပ်​တု​ကို အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ကာ ကေ​ဒြုန်​ချိုင့်​ဝှမ်း တွင်​မီး​ရှို့​စေ​တော်​မူ​၏။-
2CH 15:17 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​မ​ဖျက် ဆီး​သော်​လည်း အာ​သ​သည်​တစ်​သက်​လုံး ထာ​ဝရ​ဘု​ရား​ကို​သစ္စာ​စောင့်​တော်​မူ​လေ သည်။-
2CH 15:18 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သ​မျှ​သော​တန်​ဆာ​တို့​ကို မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ၊ တန် ဆာ​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​တွင်​ထား​ရှိ တော်​မူ​၏။-
2CH 15:19 သူ​၏​နန်း​စံ​သုံး​ဆယ့်​ငါး​နှစ်​အ​ထိ​နောက် တစ်​ဖန်​စစ်​မက်​မ​ဖြစ်​ပွား​တော့​ချေ။
2CH 16:1 ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ခြောက် နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယု​ဒ​ပြည်​သို့​ဝင်​ထွက်​သွား​လာ​မှု​မ​ပြု နိုင်​စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​လေ​သည်။-
2CH 16:2 ထို​ကြောင့်​အာ​သ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​မှ​ရွှေ၊ ငွေ၊ ရှိ​သ​မျှ​ကို​ယူ​၍ ဒ​မာ​သက်​မြို့​ရှိ​ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပို့​၍၊-
2CH 16:3 ``အ​ကျွန်ုပ်​တို့​သည်​အ​ကျွန်ုပ်​တို့​၏​ခ​မည်း တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ​ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​မှာ​အ​ဆွေ​တော်​အ​တွက်​လက် ဆောင်​ဖြစ်​ပါ​၏။ ဗာရှာ​မင်း​သည်​မိ​မိ​စစ်​တပ် များ​ကို အ​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား စေ​ရန်​အ​ဆွေ​တော်​သည် သူ​နှင့်​ဖွဲ့​သော​မ​ဟာ မိတ်​ကို​ဖျက်​သိမ်း​၍​ကူ​ညီ​ပါ​လော့'' ဟု မှာ​လိုက်​၏။
2CH 16:4 ဗင်္ဟာ​ဒဒ်​သည်​အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣ​သ ရေ​လ​မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ တို့​သည်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့ နှင့်​န​ဿ​လိ​နယ်​မြေ​ရှိ​ပစ္စည်း​သို​လှောင်​ရာ မြို့​အ​ပေါင်း​ကို​သိမ်း​ယူ​လိုက်​ကြ​၏။-
2CH 16:5 ဤ​သ​တင်း​ကို​ကြား​သော​အ​ခါ​ဗာ​ရှာ​မင်း သည် ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​ကို​ရပ်​စဲ လိုက်​လေ​သည်။-
2CH 16:6 ထို​အ​ခါ​အာ​သ​မင်း​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​မှ လူ​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင် ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​တွင် အ​သုံး​ပြု လျက်​ရှိ​သော​ကျောက်​တုံး​များ​နှင့်​သစ်​သား များ​ကို​သယ်​ဆောင်​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​ထို​ပစ္စည်း​များ​ဖြင့် ဂေ​ဘ​မြို့​နှင့်​မိ​ဇ​ပါ မြို့​တို့​ကို​တံ​တိုင်း​ကာ​ကြ​၏။
2CH 16:7 ထို​အ​ချိန်​၌​ပ​ရော​ဖက်​ဟာ​နန်​သည်​အာ​သ မင်း​ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​မိ​မိ​၏ ဘု​ရား​သ​ခင်​ကို​အား​ကိုး​မည့်​အ​စား​ရှု​ရိ မင်း​ကို​အား​ကိုး​သည်​ဖြစ်​၍​ဣ​သ​ရေ​လ ၏​တပ်​မ​တော်​သည်​ဘု​ရင်​မင်း​၏​လက်​မှ​လွတ် မြောက်​သွား​လေ​ပြီ။-
2CH 16:8 ဆူ​ဒန်​နှင့်​လိ​ဗု​အ​မျိုး​သား​တို့​တွင်​စစ်​ရ​ထား နှင့် မြင်း​စီး​သူ​ရဲ​အ​မြောက်​အ​မြား​ပါ​ဝင် သည့်​တပ်​မ​တော်​များ​ရှိ​ခဲ့​ကြ​သည်​မ​ဟုတ် ပါ​လော။ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘုရား​ကို အား​ကိုး​ခဲ့​သ​ဖြင့် ကိုယ်​တော်​သည်​ဘု​ရင်​မင်း အား​ထို​တပ်​မ​တော်​တို့​ကို​နှိမ်​နင်း​ခွင့်​ပေး တော်​မူ​ခဲ့​၏။-
2CH 16:9 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-
2CH 16:10 ထို​စ​ကား​ကြောင့်​အာ​သ​သည်​ပ​ရော​ဖက် အား​အ​မျက်​ထွက်​၍ သံ​ကြိုး​များ​နှင့်​ချည် နှောင်​ထား​စေ​၏။ ဤ​အ​ချိန်​၌​အာ​သ​သည် ပြည်​သူ​အ​ချို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​စ​ပြု လေ​သည်။
2CH 16:11 အာ​သ​၏​လက်​ထက်​၌​ဖြစ်​ပျက်​သ​မျှ​သော အမှု​အ​ရာ​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-
2CH 16:12 နန်း​စံ​သုံး​ဆယ့်​ကိုး​နှစ်​မြောက်​၌​အာ​သ​သည် နူ​နာ​စွဲ​သ​ဖြင့် ခြေ​မ​စွမ်း​မ​သန်​ဖြစ်​သော​အ​ခါ ထာ​ဝရ​ဘု​ရား​အား​ဆည်း​ကပ်​မည့်​အ​စား ဆေး သ​မား​များ​ကို​သာ​လျှင်​ဆည်း​ကပ်​လေ​၏။-
2CH 16:13 နောက်​နှစ်​နှစ်​မျှ​ကြာ​သော်​သူ​သည်​ကွယ်​လွန် သော​အ​ခါ၊-
2CH 16:14 ဒါ​ဝိဒ်​မြို့​တွင်​သူ​၏​အ​တွက်​ပြု​လုပ်​ထား သည့်​ကျောက်​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ပြည်​သူ​တို့ သည်​သင်္ဂြိုဟ်​ရန်​အ​တွက်​မင်း​ကြီး​၏​အ​လောင်း ကို နံ့​သာ​မျိုး​များ၊ ဆီ​မွှေး​များ​နှင့်​မွမ်း​မံ ပြင်​ဆင်​ကြ​ပြီ​လျှင်​ဝမ်း​နည်း​ကြေ​ကွဲ​သည့် အ​ထိမ်း​အ​မှတ်​ဖြင့်​မီး​ပုံ​ပွဲ​ကြီး​ကို ကျင်း​ပ​ကြ​လေ​သည်။
2CH 17:1 ယော​ရှ​ဖတ်​သည်​ခ​မည်း​တော်​အာ​သ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး နောက် ဣ​သ​ရေ​လ​နိုင်​ငံ​အား​ခု​ခံ​တိုက်​ခိုက် ရန်​မိ​မိ​၏​နိုင်​ငံ​ကို​ခိုင်​ခံ့​အောင်​ပြု​တော် မူ​၏။-
2CH 17:2 သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​များ၊ ယု​ဒ ကျေး​လက်​များ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​မှ အာ​သ​သိမ်း​ယူ​ထား​သည့်​မြို့​များ​တွင် မိ​မိ​၏​စစ်​တပ်​များ​ကို​ချ​ထား​လေ​သည်။-
2CH 17:3 ယော​ရှ​ဖတ်​သည်​ခ​မည်း​တော်​အာ​သ​နန်း တက်​စ​အ​ခါ​က​ပြု​မူ​ခဲ့​သည့်​စံ​န​မူ​နာ ကို​လိုက်​၍ ဗာ​လ​ဘု​ရား​အား​ဝတ်​မ​ပြု ရှိ​မ​ခိုး​ဘဲ​နေ​သ​ဖြင့်​ထာ​ဝရ​ဘု​ရား​သည် သူ့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-
2CH 17:4 သူ​သည်​ခ​မည်း​တော်​၏​ဘု​ရား​ကို​ကိုး​ကွယ် ၍​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​နာ​ခံ တော်​မူ​၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ် ကို​လိုက်​တော်​မ​မူ။-
2CH 17:5 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှ​ဖတ်​၏​အာ​ဏာ ကို​တည်​စေ​တော်​မူ​၏။ ပြည်​သူ​အ​ပေါင်း​တို့ သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ ဆောင်​လာ​ကြ​၏။ ထို​ကြောင့်​မင်း​ကြီး​သည် ချမ်း​သာ​ကြွယ်​ဝ​ကာ​ဂုဏ်​အ​သ​ရေ​ကြီး မြင့်​လာ​တော်​မူ​၏။-
2CH 17:6 သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ကိုး​ကွယ်​မှု တွင်​စိတ်​အား​ထက်​သန်​လျက်​ယု​ဒ​ပြည်​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​နှင့်​အာ​ရှ​ရ ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို​ဖျက် ဆီး​တော်​မူ​၏။
2CH 17:7 နန်း​စံ​တ​တိ​ယ​နှစ်​၌​ယော​ရှ​ဖတ်​သည် မှူး​မတ်​များ​ဖြစ်​ကြ​သော​ဗင်​ဟဲ​လ၊ သြ​ဗ​ဒိ၊ ဇာ​ခ​ရိ၊ နာ​သ​နေ​လ​နှင့်​မိက္ခာ​ယ​တို့​အား ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​သြ​ဝါ​ဒ​ပေး​ရန် စေ​လွှတ်​တော်​မူ​၏။-
2CH 17:8 သူ​တို့​နှင့်​အ​တူ​လေ​ဝိ​အ​နွယ်​ဝင်​ကိုး​ဦး နှင့်​ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​လိုက်​ပါ​သွား ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှာ​ရှေ​မာ​ယ၊ နေ​သ​နိ၊ ဇေ​ဗ​ဒိ၊ အာ​သ​ဟေ​လ၊ ရှေ​မိ​ရ​မုတ်၊ ယော​န​သန်၊ အ​ဒေါ​နိ​ယ၊ တော​ဘိ​ယ၊ တော​ဘ၊ ဒေါ​နိ​ယ​တို့​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် တို့​မှာ​ဧ​လိ​ရှ​မာ​နှင့်​ယော​ရံ​တို့​ဖြစ်​ကြ ၏။-
2CH 17:9 သူ​တို့​သည်​မိ​မိ​တို့​နှင့်​အ​တူ​ယူ​ဆောင် သွား​သော​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား ကျမ်း​အ​ရ ယု​ဒ​မြို့​အ​သီး​သီး​သို့​လှည့် လည်​ကာ​ပြည်​သူ​တို့​အား​သွန်​သင်​ကြ​၏။
2CH 17:10 ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း​ကျင်​နိုင်​ငံ အ​ပေါင်း​တို့​အား ယော​ရှ​ဖတ်​နှင့်​စစ်​ဖြစ် ရန်​ကြောက်​လန့်​စေ​တော်​မူ​၏။-
2CH 17:11 ဖိ​လိတ္တိ​အ​မျိုး​သား​အ​ချို့​တို့​သည်​ယော ရှ​ဖတ်​ထံ​သို့ ငွေ​အ​မြောက်​အ​မြား​နှင့် အ​ခြား​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင် လာ​ကြ​၏။ အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့ က​လည်း​သိုး​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ် ရာ​နှင့် ဆိတ်​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ်​ရာ ကို​ယူ​ဆောင်​လာ​လေ​သည်။-
2CH 17:12 သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​တန်​ခိုး​ကြီး​သည် ထက်​ကြီး​လာ​တော်​မူ​၏။ သူ​သည်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ခံ​တပ်​များ​ကို​လည်း ကောင်း၊-
2CH 17:13 ရိက္ခာ​အ​မြောက်​အ​မြား​သို​လှောင်​ရာ​မြို့ များ​ကို​လည်း​ကောင်း​တည်​ဆောက်​တော်​မူ​၏။ မင်း​ကြီး​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ထူး​ချွန် သည့်​တပ်​မှူး​များ​ကို၊-
2CH 17:14 သား​ချင်း​စု​များ​အ​လိုက်​နေ​ရာ​ချ​ထား တော်​မူ​၏။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး သည်​အာ​ဒ​န​ဖြစ်​၍ သူ​၏​လက်​အောက် တွင်​စစ်​သည်​သုံး​သိန်း​ရှိ​လေ​သည်။-
2CH 17:15 ဒု​တိ​ယ​တပ်​မှူး​မှာ​ယော​ဟ​နန်​ဖြစ်​၍​စစ် သည်​နှစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ်​ရ​၏။-
2CH 17:16 တ​တိ​ယ​တပ်​မှူး​ကား​ဇိ​ခ​ရိ​၏​သား​အာ​မ​သိ ဖြစ်​၍​စစ်​သည်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​လေ​သည်။ (အာ​မ​သိ​သည်​မိ​မိ​စေ​တ​နာ​အ​လျောက် ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် သူ​ဖြစ်​သည်။-)
2CH 17:17 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး​သည်​ဧ​လျာ​ဒ ဖြစ်​၏။ သူ​သည်​လေး​နှင့်​ဒိုင်း​လွှား​ကိုင်​စစ်​သည် တော်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​သူ၊ ထူး​ချွန်​သည့် စစ်​သူ​ရဲ​တစ်​ဦး​ဖြစ်​လေ​သည်။-
2CH 17:18 သူ​၏​လက်​ထောက်​တပ်​မှူး​မှာ​လက်​နက်​အ​ပြည့် အ​စုံ​နှင့် လူ​တစ်​သိန်း​ရှစ်​သောင်း​ကို​အုပ်​ချုပ် ရ​သူ​ယော​ဇ​ဗဒ်​ဖြစ်​၏။-
2CH 17:19 ယု​ဒ​ပြည်​ခံ​တပ်​မြို့​များ​တွင်​နေ​ရာ​ချ​ထား သည့်​စစ်​သည်​တော်​များ​အ​ပြင် ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ရာ​ချ​ထား​သည့်​ဤ​သူ​တို့​သည် လည်း မင်း​ကြီး​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ရ​ကြ​လေ​သည်။
2CH 18:1 ယော​ရှ​ဖတ်​မင်း​သည်​ချမ်း​သာ​ကြွယ်​ဝ​၍​ဂုဏ် သ​တင်း​ကျော်​စော​လာ​သော​အ​ခါ ဣ​သ​ရေ​လ ဘုရင်​အာ​ဟပ်​မင်း​နှင့်​အ​မျိုး​ဆက်​တော်​မူ​၏။-
2CH 18:2 နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယော​ရှ​ဖတ် သည် အာ​ဟပ်​ထံ​လည်​ပတ်​ရန်​ရှ​မာ​ရိ​မြို့​သို့ ရောက်​ရှိ​လာ​လေ​သည်။ အာ​ဟပ်​သည်​ယော​ရှ ဖတ်​နှင့်​တ​ကွ​သူ​နှင့်​လိုက်​ပါ​လာ​သူ​တို့​ကို ဂုဏ်​ပြု​ရန် သိုး​နွား​အ​မြောက်​အ​မြား​ကို​သတ် ၍​ဧည့်​ခံ​ပွဲ​ကျင်း​ပ​တော်​မူ​၏။ သူ​သည်​ယော ရှ​ဖတ်​အား​မိ​မိ​နှင့်​အ​တူ​ဂိ​လဒ်​ပြည်​ရာ မုတ်​မြို့​ကို​တိုက်​ခိုက်​ရန်​သွေး​ဆောင်​လေ​၏။-
2CH 18:3 သူ​က``အ​ဆွေ​တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက် ခိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ​လိုက်​မည်​လော'' ဟု မေး​၏။ ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ ချိန်​၌​ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​တပ်​မ​တော်​သည်​လည်း​ထို​နည်း​တူ ပင်​ဖြစ်​ပါ​၏။ ကျွန်ုပ်​တို့​သည်​သင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြန်​ပြော​တော်​မူ​၏။-
2CH 18:4 ထို​နောက်​သူ​သည်​ဆက်​၍``သို့​ရာ​တွင်​ဤ ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး​စွာ​မေး မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။
2CH 18:5 သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​သွား​ရောက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​ကြ​လော့'' ဟု​မိန့်​တော်​မူ၏။ ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။
2CH 18:6 သို့​ရာ​တွင် ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖတ်​တစ်​ပါး​ရှိ ပါ​သေး​သ​လော'' ဟု​မေး​၏။
2CH 18:7 အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖတ်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣမ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အခါ​မျှ​အ​ကောင်း​ကို​မ​ဟော။ အ​ဆိုး ကို​သာ​လျှင်​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့ ကို​ကျွန်ုပ်​မုန်း​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ ထို​အ​ခါ​ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​ဤ​သို့ မပြော​သင့်​ပါ'' ဟု​ဆို​၏။
2CH 18:8 သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အ​ရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။
2CH 18:9 ဘု​ရင်​နှစ်​ပါး​တို့​သည်​မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌ ပ​ရော​ဖက်​အ​ပေါင်း​သည်​ဟော​လျက်​နေ ကြ​၏။-
2CH 18:10 ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝရ​ဘု​ရား​က`သင်​သည် ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​တပ်​အား​ချေ​မှုန်း လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-
2CH 18:11 အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​သည်​လည်း ဤ​အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​ကို​ချီ​တက် တော်​မူ​ပါ။ ထာ​ဝရ​ဘုရား​သည်​အ​ရှင့်​အား အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု ဟော​ကြ​၏။
2CH 18:12 ဤ​အ​တော​အ​တွင်း​၌​မိ​က္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``ပ​ရော​ဖက်​အား လုံး​က​ပင်​မင်း​ကြီး​သည်​အောင်​မြင်​လိမ့်​မည် ဖြစ်​ကြောင်း​ဟော​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် လည်း​ဤ​အ​တိုင်း​ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။
2CH 18:13 သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​ရ​လိမ့်​မည်​ဖြစ် ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။
2CH 18:14 သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ် မင်း​နှင့်​ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက် ခိုက်​သင့်​သ​လော၊ မ​သင့်​သ​လော'' ဟု​မေး တော်​မူ​၏။ မိက္ခာ​က​လည်း``တိုက်​ခိုက်​တော်​မူ​ပါ၊ အောင်​မြင် တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။
2CH 18:15 သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ဟော​ရာ​တွင်​ဟုတ်​မှန်​သည် ကို​သာ​ဟော​ရန်​သင့်​အား​ငါ​ဘယ်​နှစ်​ကြိမ် သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။
2CH 18:16 ထို​အ​ခါ​မိက္ခာ​က``ဣသ​ရေ​လ​ပြည်​သူ​တို့​သည် သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့​တောင်​ကုန်း များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို​ငါ မြင်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​အေး​ချမ်း​စွာ​ပြန်​ခွင့်​ပြု​လော့' ဟု​မိန့် တော်​မူ​ပါ​သည်''ဟု​ဆို​၏။
2CH 18:17 အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ​ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​အ​စဉ်​ဟော​တတ် ကြောင်း​အ​ဆွေ​တော်​အား​ကျွန်ုပ်​ဖော်​ပြ​ပြီး လေ​ပြီ'' ဟု​ဆို​၏။
2CH 18:18 မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး တော်​တွင် ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-
2CH 18:19 ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့​ကို သွား​၍​အ​သတ်​ခံ​ရ​စေ​ရန်​သူ့​အား​အ​ဘယ်​သူ လိမ်​လည်​လှည့်​စား​ပါ​မည်​နည်း' ဟု​မေး​တော်​မူ လျှင်​ကောင်း​ကင်​တ​မန်​တို့​သည်​အ​မျိုး​မျိုး အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။-
2CH 18:20 နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ် လည်​လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ ဘုရား​က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊-
2CH 18:21 ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော​ဖက် များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည်​ဟော​ပြော စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`သင် သွား​၍​အာ​ဟပ်​အား​လိမ်​လည်​လှည့်​စား​လော့။ အောင်​မြင်​ခွင့်​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့်​ဆို​လေ​၏။
2CH 18:22 ထို​နောက်​မိက္ခာ​က``ထာ​ဝရ​ဘု​ရား​သည်​ဤ​ပ​ရော ဖက်​တို့​ကို​အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး အန္တ​ရာယ်​ကို​မူ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် စီ​ရင်​ခွဲ​ခန့်​ထား​တော်​မူ​၏'' ဟု​ဆို​လေ​သည်။
2CH 18:23 ထို​အ​ခါ​ပ​ရော​ဖက်​ဇေ​ဒ​ကိ​သည်​မိက္ခာ​အ​နီး သို့​ချဉ်း​ကပ်​၍​ပါး​ကို​ရိုက်​လျက်``ထာ​ဝရ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​သည်​သင့်​အား​မိန့်​မြွက်​တော်​မူ​ရန် ဘယ်​အ​ချိန်​တွင်​ငါ့​ထံ​မှ​ထွက်​ခွာ​သွား​တော် မူ​ပါ​သ​နည်း'' ဟု​မေး​၏။
2CH 18:24 မိက္ခာ​က``သင်​ပုန်း​အောင်း​ရန်​အ​တွင်း​ခန်း​သို့ ဝင်​သော​အ​ခါ​သိ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော လေ​သည်။
2CH 18:25 ထို​နောက်​အာ​ဟပ်​သည်​မိ​မိ​၏​နန်း​တွင်း​အ​ရာ ရှိ​တစ်​ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန် အာ​မုန်​နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင် သွား​လော့။-
2CH 18:26 သူ့​အား​အ​ကျဉ်း​ချ​ကာ​ငါ​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန်​တိုင်​အောင် မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား​ရန်​သူ​တို့ အား​ပြော​ကြား​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။
2CH 18:27 မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လာ​ရ​လျှင်​ငါ​ဆင့်​ဆို​သော​စ​ကား သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား မ​ဟုတ်'' ဟု​ပြော​ပြီး​နောက်​ဆက်​လက်​၍``အို လူ အ​ပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ လော့'' ဟု​ဆို​၏။
2CH 18:28 ထို​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည်​ဂိ​လဒ်​ပြည်၊ ရာ​မုတ် မြို့​သို့​ချီ​တက်​ကြ​၏။-
2CH 18:29 အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​ရောက် သော​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား ပါ​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ ကို​ဝတ်​ဆင်​လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို​ပြီး​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​သည် ရုပ်​ဖျက်​၍​တိုက်​ပွဲ​ဝင်​လေ​၏။
2CH 18:30 ရှု​ရိ​ဘု​ရင်​သည်​မိ​မိ​၏​ရ​ထား​တပ်​မှူး​တို့ အား​ဣသ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-
2CH 18:31 ထို​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင် သော​အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ ပြန်​လှည့်​၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ ဖတ်​ဟစ်​အော်​လိုက်​သော​အ​ခါ​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​သည်​သူ့​ကို​ကယ်​ဆယ်​၍ ရန်​သူ တို့​သည်​အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​တိုက်​ခိုက် ကြ​၏။-
2CH 18:32 ရ​ထား​တပ်​မှူး​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင် မ​ဟုတ်​ကြောင်း​သိ​သော်​လွှဲ​ရှောင်​သွား​ကြ​၏။-
2CH 18:33 သို့​ရာ​တွင်​ရှု​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို​ပစ်​လွှတ်​လိုက်​ရာ အ​မှတ်​မ​ထင် အာ​ဟပ်​၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို ထိ​မှန်​သွား​လေ​သည်။ မင်း​ကြီး​သည်​မိ​မိ​ကို မြား​ချက်​ထိ​ပြီ​ဖြစ်​ကြောင်း​ပြော​ပြီး​နောက် ရ​ထား​မှူး​အား​တိုက်​ပွဲ​မှ​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
2CH 18:34 တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​ရ​ထား​ပေါ် တွင်​မှီ​၍​ထိုင်​နေ​၏။ နေ​ဝင်​ချိန်​၌​ကွယ်​လွန် လေ​၏။
2CH 19:1 ယော​ရှ​ဖတ်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​နန်း တော်​သို့ ကောင်း​မွန်​ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ တော်​မူ​၏။-
2CH 19:2 ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။-
2CH 19:3 သို့​ရာ​တွင်​ဘု​ရင်​မင်း​သည်​လူ​တို့​ကိုး​ကွယ်​သော အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို ဖယ်​ရှား​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​၏​အ​လို​တော် ကို​လိုက်​လျှောက်​ရန်​ကြိုး​စား​သ​ဖြင့် ဘု​ရင်​မင်း မှာ​အ​ကျင့်​ကောင်း​အ​နည်း​ငယ်​ရှိ​သေး​၏'' ဟု ဆို​လေ​သည်။
2CH 19:4 ယော​ရှ​ဖတ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​သော်​လည်း တောင်​ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ မြို့​မှ​သည်​မြောက်​ဘက်​တောင်​ပေါ​များ​သည့် ဧ​ဖ​ရိမ်​နယ်​စပ်​တိုင်​အောင် အ​မြဲ​တ​စေ​လှည့် လည်​၍​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ပြန်​စေ​တော်​မူ​၏။-
2CH 19:5 သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​တိုင်း​တွင်​တ​ရား သူ​ကြီး​များ​ကို​ခန့်​ထား​ပြီး​လျှင်၊-
2CH 19:6 သူ​တို့​အား``သ​တိ​ထား​၍​တ​ရား​စီ​ရင်​ကြ လော့။ သင်​တို့​သည်​လူ​ပေး​အပ်​သည့်​အခွင့်​အာ ဏာ​အ​ရ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သည့်​အ​ခွင့်​အာ​ဏာ​အ​ရ​ဆောင်​ရွက်​ရ​ကြ ခြင်း​ဖြစ်​သည်။ သင်​တို့​စီ​ရင်​ချက်​ချ​မှတ်​ချိန် ၌​ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​၏။-
2CH 19:7 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​သ​တိ နှင့်​ဆောင်​ရွက်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​ကောက်​ကျစ်​မှု၊ လူ​မျက်​နှာ​ကို​ထောက် မှု၊ တံ​စိုး​လက်​ဆောင်​စား​မှု​တို့​ကို​ခွင့်​ပြု​တော် မ​မူ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
2CH 19:8 ယော​ရှ​ဖတ်​သည်​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​များ​နှင့်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​ချိုး​ဖောက်​မှု​များ​ကို​စီ​ရင်​ရန်​အ​တွက် လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​မြို့​မိ​မြို့​ဖ​များ​အား တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-
2CH 19:9 မင်း​ကြီး​က​ထို​သူ​တို့​အား``သင်​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် မိ​မိ​တို့ ၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ကြ​ရ​မည်။ ရိုး​သား​ဖြောင့်​မတ်​ရ​ကြ​မည်။ ဘက်​မ​လိုက်​ကြ​ရ။-
2CH 19:10 အ​ခြား​မြို့​များ​တွင်​နေ​ထိုင်​သော​အ​မျိုး​သား ချင်း​တို့​သည်​လူ​သတ်​မှု​ကို​ဖြစ်​စေ၊ တ​ရား ဥ​ပ​ဒေ​သို့​မ​ဟုတ်​ပ​ညတ်​တော်​ကို​လွန်​ကူး မှု​ကို​ဖြစ်​စေ​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​သည့် အ​ခါ​တိုင်း သူ​တို့​သည်​တ​ရား​စီ​ရင်​ရာ​တွင် ထာ​ဝရ​ဘု​ရား​အား​မ​ပြစ်​မှား​မိ​စေ​ရန်​သင် တို့​က​သေ​ချာ​စွာ​ညွှန်​ကြား​ရ​ကြ​မည်။ ယင်း သို့​မ​ပြု​ပါ​မူ​သင်​တို့​နှင့်​သူ​တို့​၏​အ​ပေါ်​သို့ ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​သက်​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ရှိ​သည်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျှင် မူ​ကား​အ​ပြစ်​လွှတ်​ကြ​လိမ့်​မည်။-
2CH 19:11 ဘာ​သာ​ရေး​အမှု​အ​ခင်း​ရှိ​သ​မျှ​တွင်​ယဇ်​ပု​ရော ဟိတ်​မင်း​အာ​မ​ရိ​သည်​လည်း​ကောင်း၊ တ​ရား​အ​မှု မှန်​သ​မျှ​တွင် ဣရှ​မေ​လ​၏​သား၊ ယု​ဒ​ဘု​ရင်​ခံ ဇေ​ဗ​ဒိ​သည်​လည်း​ကောင်း​နောက်​ဆုံး​အာ​ဏာ​ပိုင် ဖြစ်​စေ​ရ​မည်။ တ​ရား​ရုံး​များ​မှ​ချ​မှတ်​သည့် စီ​ရင်​ချက်​များ​ကို​အ​ရေး​ယူ​ဆောင်​ရွက်​ရန်​မှာ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်​ဖြစ်​၏။ သင်​တို့ သည်​ဤ​ညွှန်​ကြား​ချက်​များ​ကို​ရဲ​ရင့်​စွာ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မှန်​သူ​တို့​ဘက်​၌​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
2CH 20:1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​မော​ဘ ပြည်​နှင့်​အမ္မုန်​ပြည်​မှ​စစ်​တပ်​များ​သည် မိ​မိ တို့​၏​မ​ဟာ​မိတ်​မ​ဟု​နိမ် နှင့်​အ​တူ​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ ကြ​၏။-
2CH 20:2 သ​တင်း​ပို့​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ထံ​လာ ရောက်​၍``အင်​အား​ကြီး​မား​သည့်​တပ်​ကြီး​တစ် တပ်​သည်​အ​ရှင့်​အား တိုက်​ခိုက်​ရန်​ပင်​လယ်​သေ တစ်​ဖက်​ကမ်း​ဧ​ဒုံ​ပြည်​မှ​ချီ​တက်​လာ​ပါ​ပြီ။ သူ​တို့​သည်​အင်္ဂေ​ဒိ​ခေါ်​ဟာ​ဇ​ဇုန္တာ​မာ​မြို့​ကို သိမ်း​ယူ​လိုက်​ကြ​ပါ​ပြီ'' ဟု​လျှောက်​ထား ကြ​၏။-
2CH 20:3 ယော​ရှ​ဖတ်​သည်​ကြောက်​လန့်​သ​ဖြင့်​လမ်း ပြ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ​ပြု တော်​မူ​၏။ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌ အ​စာ​ရှောင်​ရန်​နေ့​ကို​သတ်​မှတ်​တော်​မူ​၏။-
2CH 20:4 ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​လူ​တို့​သည်​ထာ​ဝရ ဘု​ရား​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လေ​သည်။-
2CH 20:5 ထို​နောက်​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​အ​တူ ဗိ​မာန်​တော်​တံ​တိုင်း​သစ် တွင်​စု​ဝေး​ကြ​၏။ ယော​ရှ​ဖတ်​မင်း​သည်​သူ တို့​၏​ရှေ့​သို့​လာ​၍​ရပ်​ပြီး​လျှင်၊-
2CH 20:6 ``အို အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ တွင်​စံ​တော်​မူ​၍ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ကို​အုပ်​စိုး​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​တန်​ခိုး အာ​နု​ဘော်​ပြည့်​စုံ​တော်​မူ​သ​ဖြင့်​အ​ဘယ် သူ​မျှ​ကိုယ်​တော်​အား​အ​တိုက်​အ​ခံ​မ​ပြု နိုင်​ပါ။-
2CH 20:7 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပြည်​တော်​သို့ ဝင်​ရောက်​လာ​ချိန်​၌​ကိုယ်​တော်​သည်​မူ​လ​နေ ထိုင်​သော​ပြည်​သား​တို့​ကို​နှင်​ထုတ်​၍ ပြည် တော်​ကို​ကိုယ်​တော်​၏​အ​ဆွေ​တော်​အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​ပေး သ​နား​တော်​မူ​ပါ​၏။-
2CH 20:8 သူ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​လျက်​ကိုယ်​တော် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ကြ​ပါ​၏။-
2CH 20:9 စစ်​မက်​ဘေး၊ ကူး​စက်​တတ်​သော​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​အ​စ​ရှိ​သော ကြီး​မား​သည့် အ​ဘယ်​ဘေး​အန္တ​ရာယ်​မ​ဆို ကျ​ရောက်​လာ​ချိန်​၌ သူ​တို့​သည်​ကိုယ်​တော်​အား ကိုး​ကွယ်​ဝတ်​ပြု​ရာ ဤ​ဗိ​မာန်​တော်​ရှေ့​သို့​လာ ၍​ရပ်​လျက်​ပတ္ထနာ​ပြု​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​၍​သူ​တို့​အား​ကယ်​ဆယ် တော်​မူ​မည်​ဟု​ယုံ​ကြည်​ကြ​ပါ​၏။''
2CH 20:10 ``ယ​ခု​အ​ခါ​အမ္မုန်​ပြည်​သား၊ မော​ဘ​ပြည်​သား နှင့်​ဧ​ဒုံ​ပြည်​သား​တို့​သည်​အ​ကျွန်ုပ်​အား​တိုက် ခိုက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​အ​ခါ​က ဘိုး​ဘေး​တို့​သည်​ထို​ပြည်​များ​သို့​ဝင်​ရောက် ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မ​မူ​ပါ။ သို့​ဖြစ် ၍​သူ​တို့​သည်​ထို​ပြည်​များ​ကို​ရှောင်​ကွင်း ပြီး​လျှင်​မ​ဖျက်​မ​ဆီး​ဘဲ​ထား​ခဲ့​ကြ ပါ​၏။-
2CH 20:11 ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။-
2CH 20:12 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။
2CH 20:13 ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သား မယား​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​ရှေ့​တွင် ရပ်​လျက်​နေ​ကြ​၏။-
2CH 20:14 ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​သည်​လူ​အုပ်​ထဲ​တွင် ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မူ​၏။ ထို​သူ​သည်​ဇာ​ခ​ရိ သား​ယ​ဟာ​ဇေ​လ​ဖြစ်​၏။ မတ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ​နှင့်​အာ​သပ်​မှ​ဆင်း​သက်​လာ​သူ အာ​သပ်​အ​နွယ်​ဝင်​တည်း။-
2CH 20:15 ယ​ဟာ​ဇေ​လ​က``အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယု​ဒ​ပြည်​သူ​များ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့၊ သင်​တို့​သည်​စိတ်​မ​ပျက်​အား မ​လျော့​ကြ​နှင့်။ ဤ​ကြီး​မား​သည့်​တပ်​မ​တော် ကို​ရင်​ဆိုင်​ရန်​မ​ကြောက်​ကြ​နှင့်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ တိုက်​ပွဲ​သည်​သင် တို့​၏​အ​ပေါ်​တွင်​မ​တည်။ ဘု​ရား​သ​ခင် ၏​အ​ပေါ်​တွင်​တည်​ပေ​သည်။-
2CH 20:16 နက်​ဖြန်​ထို​သူ​တို့​ဇိ​ဇ​မြို့​တောင်​ကြား​လမ်း သို့​ချီ​တက်​လာ​သော​အ​ခါ သူ​တို့​အား​တိုက် ခိုက်​ကြ​လော့။ သင်​တို့​သည်​ယေ​ရွေ​လ​အ​နီး တော​ကန္တာ​ရ​သို့​သွား​ရာ​ချိုင့်​ဝှမ်း​အ​ဆုံး​၌ သူ​တို့​နှင့်​တွေ့​ဆုံ​မိ​ကြ​လိမ့်​မည်။-
2CH 20:17 သင်​တို့​သည်​ဤ​တိုက်​ပွဲ​ကို​ဆင်​နွဲ​ရ​ကြ​မည် မ​ဟုတ်။ နေ​ရာ​သာ​ယူ​၍​စောင့်​နေ​ကြ​လော့။ ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​သည်​ကို​တွေ့​ရ​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့၊ မ​တွန့်​မ​ဆုတ်​ကြ​နှင့်။ မ​ကြောက် မ​လန့်​ဘဲ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့။ ထာ​ဝရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ လိမ့်​မည်'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။
2CH 20:18 ထို​အ​ခါ​ယော​ရှ​ဖတ်​မင်း​သည်​မြေ​သို့​တိုင် အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ပြည်​သူ အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​နှင့်​အ​တူ ပျပ်​ဝပ်​ကာ​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ကြ​၏။-
2CH 20:19 ကော​ဟတ်​နှင့်​ကော​ရ​သား​ချင်း​စု​များ​မှ​လေဝိ အ​နွယ်​ဝင်​တို့​သည်​မတ်​တပ်​ရပ်​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင်​ထာ​ဝရ​ဘု​ရား အား​အ​သံ​ကျယ်​စွာ​ထော​မ​နာ​ပြု​ကြ​ကုန်​၏။
2CH 20:20 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌ ပြည်​သူ​တို့​သည် တေ​ကော​အ​နီး​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား ကြ​၏။ ထွက်​ခွာ​စ​ပြု​သော​အ​ခါ ယော​ရှ​ဖတ် သည်​ပြည်​သူ​တို့​အား``ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လျှင်​ရပ်​တည်​နိုင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ဟော​ကြား သည်​ကို​ယုံ​ကြည်​ကြ​လျှင်​အောင်​မြင် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
2CH 20:21 မင်း​ကြီး​သည်​ပြည်​သူ​တို့​နှင့်​တိုင်​ပင်​၍​ဂီ​တ ပ​ညာ​သည် အ​ချို့​ကို​နေ့​ထူး​နေ့​မြတ်​များ​တွင် ဝတ်​ဆင်​လေ့​ရှိ​သည့်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၍ တပ်​မ​တော်​ရှေ့​က​ချီ​တက်​စေ​ပြီး​လျှင်``ထာ​ဝရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော် ၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​၏'' ဟု​သီ​ဆို ကြ​စေ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။
2CH 20:22 သူ​တို့​စ​၍​သီ​ချင်း​ဆို​ကြ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ချင်း​နင်း​ဝင်​ရောက်​လာ​သော​တပ် တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော်​မူ​၏။-
2CH 20:23 အမ္မုန်​တပ်​မ​တော်​နှင့်​မော​ဘ​တပ်​မ​တော်​တို့ သည် ဧ​ဒုံ​တပ်​မ​တော်​ကို​တိုက်​ခိုက်​ချေ​မှုန်း ဖျက်​ဆီး​ပြီး​လျှင် အ​ချင်း​ချင်း​ပြန်​၍​ကြမ်း ကြုတ်​စွာ​တိုက်​ခိုက်​ကြ​လေ​သည်။-
2CH 20:24 ယု​ဒ​တပ်​မ​တော်​သည်​သဲ​ကန္တာ​ရ​ရှိ​ကင်း​မျှော် စင်​သို့​ရောက်​သော​အ​ခါ ရန်​သူ​တို့​ဘက်​သို့​ကြည့် လိုက်​ရာ​တစ်​ယောက်​မ​ကျန်​မြေ​ပေါ်​တွင်​လဲ​သေ နေ​ကြ​သည်​ကို​မြင်​ရ​ကြ​၏။
2CH 20:25 ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။-
2CH 20:26 လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည်​ဗ​ရာ​ခ ချိုင့်​ဝှမ်း​တွင်​စု​ရုံး​ကြ​လျက် ဘု​ရား​သ​ခင်​ပြု တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​အ​တွက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ဤ သည်​ကို​အ​ကြောင်း​ပြု​၍​ထို​ချိုင့်​ဝှမ်း​ကို ဗ​ရာ​ခ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-
2CH 20:27 ယော​ရှ​ဖတ်​သည်​အောင်​ပွဲ​ခံ​၍​မိ​မိ​၏​စစ် သည်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် လည်​ခေါ်​ဆောင်​လာ​တော်​မူ​၏။-
2CH 20:28 သူ​တို့​သည်​မြို့​တော်​သို့​ရောက်​ကြ​သော​အ​ခါ စောင်း​များ၊ တံ​ပိုး​ခ​ရာ​များ​တီး​မှုတ်​လျက် ဗိ​မာန်​တော်​သို့​ချီ​တက်​ကြ​လေ​သည်။-
2CH 20:29 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​၏​ရန်​သူ​တို့ ကို ထာ​ဝရ​ဘု​ရား​အ​ဘယ်​သို့​နှိမ်​နင်း​တော်​မူ ကြောင်း​ကို​ကြား​သိ​ရ​သည့်​လူ​မျိုး​အ​ပေါင်း တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။-
2CH 20:30 သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​ငြိမ်း​ချမ်း​စွာ​နန်း​စံ တော်​မူ​ရ​၏။ ဘု​ရား​သ​ခင်​သည်​သူ​၏​နိုင်​ငံ အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ရှိ​စေ​တော်​မူ​၏။
2CH 20:31 ယော​ရှ​ဖတ်​သည်​သက်​တော်​သုံး​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ​၏​သ​မီး အ​ဇု​ဘ​ဖြစ်​၏။-
2CH 20:32 သူ​သည်​မိ​မိ​ခ​မည်း​တော်​အာ​သ​ကဲ့​သို့​ပင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင်​ဖြောင့် မှန်​သည့်​အ​မှု​ကို​သာ​ပြု​ကျင့်​၏။-
2CH 20:33 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို မ​ဖြို​ဖျက်။ ပြည်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ် ပါ​လက်​ပါ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​မ​ပြု​ကြ သေး​ပေ။
2CH 20:34 ယော​ရှ​ဖတ်​၏​နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင် အောင်​သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​၏​တစ်​စိတ် တစ်​ဒေ​သ​ဖြစ်​သော​ဟာ​နန်​၏​သား​ယေ​ဟု အတ္ထု​ပ္ပတ္တိ​တွင်​ရေး​ထား​သ​တည်း။
2CH 20:35 အ​ခါ​တစ်​ပါး​က​ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ် သည် ဆိုး​ညစ်​ယုတ်​မာ​သော​အ​မှု​များ​စွာ​တို့ ကို​ပြု​ကျင့်​သူ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ နှင့်​မ​ဟာ​မိတ်​ဖွဲ့​ခဲ့​၏။-
2CH 20:36 သူ​တို့​နှစ်​ဦး​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ​သင်္ဘော​ဆိပ်​တွင် တာ​ရှု​မြို့​သို့​ရွက်​လွှင့်​ရန်​သင်္ဘော​များ​ကို​ဆောက် လုပ်​ကြ​၏။-
2CH 20:37 သို့​ရာ​တွင်​မ​ရေ​ရှ​မြို့​နေ​ဒေါ​ဒ​ဝ​၏​သား ဧ​လျေ​ဇ​က​ယော​ရှ​ဖတ်​အား``အ​ရှင်​သည် အာ​ခ​ဇိ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရင်​ဆောက်​လုပ်​ထား​သည့် သင်္ဘော​များ​ကို​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သင်္ဘော​တို့​သည် ပျက်​၍​တာ​ရှု​မြို့​သို့​မ​သွား​ရ​ချေ။
2CH 21:1 ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ​ဒါ​ဝိဒ်​မြို့​ရှိ ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား တော်​ယ​ဟော​ရံ​သည်​ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2CH 21:2 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏​သား​တော်​ယ​ဟော​ရံ တွင်​အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ​ဟု၊ မိက္ခေ​လ၊ ရှေ​ဖတိ​ဟူ​သော​ညီ​ခြောက်​ယောက် ရှိ​၏။-
2CH 21:3 ခ​မည်း​တော်​သည်​သူ​တို့​အား ရွှေ၊ ငွေ၊ အ​မြောက် အ​များ​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​ဥစ္စာ​များ ကို​ပေး​၍ ယု​ဒ​ပြည်​ခံ​တပ်​မြို့​တစ်​မြို့​စီ​ကို အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​တော်​မူ​၏။ သို့​သော် ယ​ဟော​ရံ​သည်​အ​ကြီး​ဆုံး​သား​တော် ဖြစ်​သ​ဖြင့် သူ့​အား​ယော​ရှ​ဖတ်​က​မိ​မိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​၏။-
2CH 21:4 နိုင်​ငံ​တော်​ကို​ပိုင်​နိုင်​စွာ​အုပ်​စိုး​နိုင်​သော​အ​ခါ ယ​ဟော​ရံ​သည်​ညီ​တော်​အ​ပေါင်း​နှင့်​ဣ​သ ရေ​လ​မှူး​မတ်​အ​ချို့​တို့​ကို​ကွပ်​မျက်​လေ​သည်။
2CH 21:5 ယ​ဟော​ရံ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း စံ​လေ​သည်။-
2CH 21:6 သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။-
2CH 21:7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။
2CH 21:8 ယ​ဟော​ရံ​၏​လက်​ထက်​၌​ဧ​ဒုံ​ပြည်​သည် ပုန်​ကန်​၍ လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ​လေ သည်။ ယ​ဟော​ရံ​နှင့်​သူ​၏​တပ်​မှူး​တို့​သည် စစ်​ရ​ထား​များ​နှင့်​ထွက်​ခွာ​၍ ဧ​ဒုံ​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကြ​၏။ သူ​တို့​သည်​ထို အ​ရပ်​တွင်​ဧ​ဒုံ​တပ်​မ​တော်​၏​အ​ဝိုင်း​ခံ ရ​ကြ​သော်​လည်း​ညဥ့်​အ​ခါ​ချိုး​ဖောက် ထွက်​ပြေး​ကြ​လေ​သည်။-
2CH 21:9 ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဧ​ဒုံ​ပြည်​သည် သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ လွတ်​လပ်​သော နိုင်​ငံ​အ​ဖြစ်​ရပ်​တည်​လျက်​ရှိ​သ​တည်း။-
2CH 21:10 ယ​ဟော​ရံ​သည်​မိ​မိ​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​တော်​မူ သ​ဖြင့် ဤ​အ​ချိန်​ကာ​လ​အ​တွင်း​၌​ပင် လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​သည်။-
2CH 21:11 သူ​သည်​ယု​ဒ​ကုန်း​မြင့်​ဒေ​သ​များ​၌​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ပင်​တည် ဆောက်​၍ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​များ​အား​ထာ​ဝရ​ဘု​ရား​ကို​ပြစ် မှား​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။
2CH 21:12 ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယ​ဟော​ရံ​ထံ​သို့​စာ တစ်​စောင်​ပေး​ပို့​လိုက်​၏။ ထို​စာ​တွင်``သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​နှင့်​ဘိုး​တော်​အာ​သ ၏​လမ်း​စဉ်​ကို​မ​လိုက်​ဘဲ​ဣ​သ​ရေ​လ​ဘု​ရင် တို့​၏​လမ်း​စဉ်​ကို​လိုက်​သ​ဖြင့် သင့်​ဘိုး​ဘေး ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခဲ့​ပြီ။-
2CH 21:13 အာ​ဟပ်​နှင့်​သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ကြ သူ​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ရန် ရှေ့​ဆောင်​လမ်း ပြ​ခဲ့​ကြ​သည့်​နည်း​တူ​သင်​သည်​ယု​ဒ​ပြည်​သူ များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​များ​ကို​သစ္စာ ဖောက်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​ပေ​သည်။ သင် သည်​မိ​မိ​ထက်​ကောင်း​မြတ်​သော​ညီ​များ အား​လည်း​သတ်​ခဲ့​၏။-
2CH 21:14 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သင်​၏​ပြည်​သူ များ၊ သား​သ​မီး​များ​နှင့်​မိ​ဖု​ရား​များ​ကို ပြင်း​ထန်​စွာ​ဒဏ်​စီ​ရင်​၍ သင်​ပိုင်​ဆိုင်​သ​မျှ ကို​လည်း​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။-
2CH 21:15 သင်​ကိုယ်​တိုင်​အူ​၌​တစ်​နေ့​တစ်​ခြား​ဆိုး ရွား​လာ​သည့်​ရော​ဂါ​စွဲ​ကပ်​လာ​လိမ့်​မည်''ဟု ပါ​ရှိ​၏။
2CH 21:16 ပင်​လယ်​ကမ်း​ခြေ​တွင်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​သော​ဆူ​ဒန်​အ​မျိုး​သား​တို့​အ​နီး​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​နှင့်​အာ​ရပ်​အ​မျိုး​သား အ​ချို့​တို့​သည်​နေ​ထိုင်​ကြ​၏။ ထာ​ဝရ​ဘု​ရား သည်​ဤ​သူ​တို့​ကို​ယ​ဟော​ရံ​အား​တိုက် ခိုက်​စေ​တော်​မူ​၏။-
2CH 21:17 သူ​တို့​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင် ရောက်​ကာ​နန်း​တော်​ကို​လု​ယက်​ကြ​၏။ ထို နောက်​သား​တော်​အ​ငယ်​ဆုံး​ဖြစ်​သူ​အာ​ခ​ဇိ မှ​တစ်​ပါး​အ​ခြား​သား​တော်​များ​နှင့်​မိ ဖု​ရား​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ဖမ်း ဆီး​သွား​လေ​သည်။
2CH 21:18 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​အူ နာ​စွဲ​ကပ်​စေ​တော်​မူ​၏။-
2CH 21:19 ထို​ရော​ဂါ​သည်​နှစ်​နှစ်​နီး​ပါး​မျှ​တစ်​နေ့ တစ်​ခြား​ပို​မို​ဆိုး​ရွား​လာ​ပြီး​လျှင် နောက်​ဆုံး ၌​မင်း​ကြီး​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​နှင့် ကွယ်​လွန်​လေ​၏။ ပြည်​သူ​တို့​သည်​သူ​၏​ဘိုး ဘေး​တို့​အ​တွက်​မီး​ပုံ​ပွဲ​များ​ပြု​သ​ကဲ့​သို့ သူ့​အ​တွက်​မ​ပြု​ကြ။
2CH 21:20 သူ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ်​၌​နန်း တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း​စံ တော်​မူ​၏။ ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​တွက် အ​ဘယ်​သူ​မျှ​ဝမ်း​မ​နည်း​ကြ။ သူ့​အ​လောင်း ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​တို့​၏​သင်္ချိုင်း​တွင်​မ​သင်္ဂြိုဟ်​ကြ။
2CH 22:1 အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့​သည်​ဝင်​ရောက် တိုက်​ခိုက်​ကာ ယ​ဟော​ရံ​၏​သား​တော်​အ​ငယ် ဆုံး​အာ​ခ​ဇိ​မှ​တစ်​ပါး အ​ခြား​သား​တော် အ​ပေါင်း​ကို​သတ်​လိုက်​ကြ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သား​တို့​သည်​အာ​ခ​ဇိ​အား​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် စေ​ကြ​၏။-
2CH 22:2 အာ​ခ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ် မျှ​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ​၏​မြေး​အာ​သ​လိ ဖြစ်​၏။-
2CH 22:3 မယ်​တော်​က​မ​ကောင်း​သော​အ​ကြံ​ဉာဏ်​များ ကို​ပေး​သ​ဖြင့် အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​အိမ် ထောင်​စု​သား​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ​သည်။-
2CH 22:4 ခမည်း​တော်​ကွယ်​လွန်​ပြီး​နောက် မိ​မိ​၏​အ​တိုင် ပင်​ခံ​အ​မတ်​များ​မှာ အာ​ဟပ်​၏​အိမ်​ထောင်​စု သား​များ​ဖြစ်​သည့်​အ​လျောက် အာ​ခ​ဇိ​သည် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ​ဆုံး​ရှုံး​ပျက် စီး​ရ​လေ​၏။-
2CH 22:5 သူ​သည်​ထို​သူ​တို့​၏​အ​ကြံ​ပေး​ချက်​ကို လိုက်​လျှောက်​ကာ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ နှင့်​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ချိန်​၌ ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​၏။ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​တိုက်​ပွဲ​တွင်​ယော​ရံ​သည်​ဒဏ်​ရာ များ​ရ​ရှိ​သ​ဖြင့်၊-
2CH 22:6 ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန်​လေ​၏။ ထို​အ​ခါ​အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု ရန်​ထို​မြို့​သို့​သွား​၏။
2CH 22:7 ထာ​ဝရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သည်​နှင့်​အ​ညီ ယင်း​သို့​သွား​ရောက်​ခြင်း​အား​ဖြင့် အာ​ခ​ဇိ အ​သက်​ဆုံး​ရှုံး​ရ​လေ​သည်။ အာ​ခ​ဇိ​သည် ထို​မြို့​၌​ယော​ရံ​နှင့်​အ​တူ​ရှိ​နေ​စဉ်​အာ​ဟပ် ၏​မင်း​ရိုး​ပျက်​သုဉ်း​မှု​အ​တွက်​ဆောင်​ရွက်​ရန် ထာ​ဝရ​ဘု​ရား​ရွေး​ချယ်​ထား​သူ၊ နိမ်​ရှိ​၏ သား​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရ​လေ​သည်။-
2CH 22:8 ယေ​ဟု​သည်​အာ​ဟပ်​မင်း​ရိုး​အ​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​စီ​ရင် ချက်​ကို​လိုက်​နာ​ဆောင်​ရွက်​လျက်​နေ​စဉ် အာ​ခ​ဇိ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​သည့် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​နှင့် အာ​ခ​ဇိ​၏​တူ​တော်​တို့​ကို​တွေ့​မြင်​လေ ၏။-
2CH 22:9 ယေ​ဟု​သည်​ထို​သူ​အား​လုံး​ကို​သတ်​ပြီး နောက် လူ​အ​ချို့​အား​အာ​ခ​ဇိ​ကို​လိုက်​လံ ရှာ​ဖွေ​စေ​၏။ ထို​သူ​တို့​သည်​ရှ​မာ​ရိ​မြို့​တွင် ပုန်း​အောင်း​နေ​သော​အာ​ခ​ဇိ​ကို​တွေ့​၍ ယေ​ဟု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​သူ့​အား ကွပ်​မျက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့ သည်​ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​အ​စွမ်း ကုန်​ဆောင်​ရွက်​ခဲ့​သူ ယော​ရှ​ဖတ်​မင်း​ကို​ရို​သေ လေး​စား​သော​အား​ဖြင့် သူ​၏​မြေး​အာ​ခ​ဇိ ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​လိုက်​ကြ​၏။ အာ​ခ​ဇိ အိမ်​ထောင်​စု​မှ​တိုင်း​ပြည်​ကို​အုပ်​စိုး​နိုင်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့ ချေ။
2CH 22:10 အာ​ခ​ဇိ​၏​မယ်​တော်​အာ​သ​လိ​သည်​သား တော်​လုပ်​ကြံ​ခံ​ရ​ကြောင်း​ကို​ကြား​သည်​နှင့် တစ်​ပြိုင်​နက် ယု​ဒ​ပြည်​ရှိ​မင်း​မျိုး​မင်း​နွယ် ရှိ​သ​မျှ​ကို​သုတ်​သင်​လေ​၏။-
2CH 22:11 အာ​ခ​ဇိ​တွင်​ယော​ရှေ​ဘ​ဆို​သူ​အ​ဖေ​တူ အ​မေ​ကွဲ​ညီ​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် ယော​ယ​ဒ​နာ​မည်​ရှိ​ယဇ်​ပု​ရော​ဟိတ်​နှင့် အိမ်​ထောင်​ကျ​၏။ ယော​ရှ​ဘ​သည်​အ​သတ် ခံ​ရ​မည့်​မင်း​ညီ​မင်း​သား​များ​အ​နက် အာ​ခ​ဇိ​၏​သား​ယော​ရှ​အား​လျှို့​ဝှက်​စွာ ကယ်​ဆယ်​ပြီး​လျှင် နို့​ထိန်း​တစ်​ယောက်​နှင့် အ​တူ​ဗိ​မာန်​တော်​ရှိ​အိပ်​ခန်း​၌​ဝှက်​ထား လေ​သည်။ သူ​သည်​ယင်း​သို့​ဝှက်​ထား​ခြင်း အား​ဖြင့် သူ​ငယ်​အား​အာ​သ​လိ​၏​ဋ္ဌား ဘေး​မှ​လွတ်​မြောက်​စေ​၏။-
2CH 22:12 အာ​သ​လိ​နန်း​စံ​နေ​စဉ်​ယော​ရှ​သည် ခြောက်​နှစ်​တိုင်​တိုင် ဗိ​မာန်​တော်​တွင်​ပုန်း အောင်း​လျက်​နေ​၏။
2CH 23:1 ယော​ယ​ဒ​သည်​ခြောက်​နှစ်​မျှ​စောင့်​ဆိုင်း​နေ ပြီး​နောက် အ​ရေး​ယူ​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ ပြီ​ဖြစ်​ကြောင်း​ဆုံး​ဖြတ်​လျက် တပ်​မ​တော် အ​ရာ​ရှိ​ငါး​ဦး​ဖြစ်​ကြ​သော​ယေ​ရော​ဟံ ၏​သား​အာ​ဇ​ရိ၊ ယော​ဟ​နန်​၏​သား​ဣရှ​မေ​လ၊ သြ​ဗက်​၏​သား​အာ​ဇ​ရိ၊ အဒါ​ယ​၏​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား​ဧ​လိ​ရှ​ဖတ်​တို့ နှင့်​သ​ဘော​တူ​ညီ​ချက်​ရ​ပြီး​နောက်၊-
2CH 23:2 သူ​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ​သို့​သွား​၍ လေ​ဝိ​အ​နွယ်​ဝင်​များ၊ သား​ချင်း​စု​ခေါင်း ဆောင်​အ​ပေါင်း​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။
2CH 23:3 ထို​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ဝေး​၍ ဘု​ရင့် သား​တော်​ယော​ရှ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကြ​၏။ ယော ယ​ဒ​က​သူ​တို့​အား``ကွယ်​လွန်​သော​ဘု​ရင် ၏​သား​တော်​သည်​ဤ​တွင်​ရှိ​ပါ​၏။ ဒါ​ဝိဒ်​မင်း ၏​သား​မြေး​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​သူ​သည် ယ​ခု​နန်း​တက်​ရ​မည်​ဖြစ်​သည်။-
2CH 23:4 ငါ​တို့​အ​ဘယ်​သို့​ဆောင်​ရွက်​ရ​ကြ​မည်​ကို ဖော်​ပြ​ပါ​အံ့။ ဥ​ပုသ်​နေ့​၌​တာ​ဝန်​ကျ​၍ ရောက်​ရှိ​လာ​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​နက်​သုံး​ပုံ​တစ်​ပုံ​မှာ​ဗိမာန်​တော်​အ​ဝင် တံ​ခါး​ကို​စောင့်​ကြပ်​ရ​ကြ​မည်။-
2CH 23:5 အ​ခြား​သုံး​ပုံ​တစ်​ပုံ​သည်​နန်း​တော်​ကို လည်း​ကောင်း၊ ကျန်​သုံး​ပုံ​တစ်​ပုံ​သည်​မြင်း တံ​ခါး​ကို​လည်း​ကောင်း​စောင့်​ကြပ်​ရ​မည်။ လူ​အ​ပေါင်း​တို့​က​ဗိ​မာန်​တော်​ဝင်း​အ​တွင်း ၌​စု​ရုံး​ရ​ကြ​မည်။-
2CH 23:6 တာ​ဝန်​ကျ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေဝိ​အ​နွယ်​ဝင်​များ​မှ​တစ်​ပါး အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ​ထဲ သို့​မ​ဝင်​ရ။ ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား အား​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ် သ​ဖြင့် ဝင်​နိုင်​ခွင့်​ရှိ​သော်​လည်း​အ​ခြား သူ​အ​ပေါင်း​တို့​မူ​ကား​အ​ပြင်​တွင် နေ​ရ​ကြ​မည်။-
2CH 23:7 လေဝိ​အ​နွယ်​ဝင်​တို့​သည်​မင်း​လောင်း​၏​ပတ် လည်​တွင် ဋ္ဌား​လွတ်​များ​ကို​ကိုင်​၍​စောင့်​ကြပ် ရ​ကြ​မည်။ မင်း​လောင်း​သွား​လေ​ရာ​သို့​လိုက် ရ​ကြ​မည်။ ဗိ​မာန်​တော်​သို့​ဝင်​ရန်​ကြိုး​စား​သူ ဟူ​သ​မျှ​ကို​သတ်​ရ​မည်'' ဟု​မှာ​ကြား​ထား လေ​သည်။
2CH 23:8 လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-
2CH 23:9 ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။-
2CH 23:10 သူ​သည်​မင်း​လောင်း​အား​စောင့်​ရှောက်​ကြည့်​ရှု​ရန် ဋ္ဌား​လွတ်​ကိုင်​တပ်​သား​များ​ကို​ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​နေ​ရာ​ယူ​စေ​၏။-
2CH 23:11 ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ သ​ရ​ဖူ​ကို​ဆောင်း​ပေး​ပြီး​လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​လေ​သည်။ ဤ​သို့​ဖြင့်​ယော​ရှ​ကို​မင်း​မြှောက်​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​ယော​ယ​ဒ​နှင့်​သူ​၏​သား​တို့​သည် ယော​ရှ​အား ဘိ​သိက်​ပေး​ပြီး​ကြ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။
2CH 23:12 အာ​သ​လိ​သည်​မင်း​ကြီး​အား လူ​တို့​သြ​ဘာ ပေး​သံ​ကို​ကြား​သ​ဖြင့်​လူ​တို့​စု​ဝေး​လျက် ရှိ​ရာ ဗိ​မာန်​တော်​သို့​အ​ဆော​တ​လျင်​ရောက် လာ​သော်၊-
2CH 23:13 တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ ခြံ​ရံ​လျက် ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​ကျောက် တိုင်​အ​နီး​တွင်​ဘု​ရင်​တို့​အ​တွက် သီး​သန့် ထား​သည့်​နေ​ရာ​တွင်​ရပ်​နေ​သော​ဘုရင်​သစ် ကို​တွေ့​မြင်​လေ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​စွာ​ကြွေး​ကြော်​လျက် တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​လျက်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် များ​က​လည်း မိ​မိ​တို့​တူ​ရိ​ယာ​များ​ကို တီး​မှုတ်​လျက်​ဘိ​သိက်​ပွဲ​ကို​ကျင်း​ပ​နေ ကြ​၏။ အာ​သ​လိ​သည်​မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက်``ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန် မှု​ပါ​တ​ကား'' ဟု​အော်​ဟစ်​၏။
2CH 23:14 ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​သတ်​ဖြတ်​သည်​ကို​မ​လို​လား သ​ဖြင့်``သူ့​ကို​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​ထုတ်​သွား​ကြ​လော့။ သူ့​ကို​ကယ်​မည့်​သူ​ကို သတ်​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး လေ​သည်။-
2CH 23:15 သူ​တို့​သည်​အာ​သ​လိ​ကို​ဖမ်း​ဆီး​၍​နန်း တော်​သို့​ထုတ်​ပြီး​လျှင် မြင်း​တံ​ခါး​ဝ​၌ ကွပ်​မျက်​ကြ​၏။
2CH 23:16 ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန် မိ​မိ​နှင့်​အ​တူ​ပါ​ဝင် ၍​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-
2CH 23:17 သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ကို​သွား ရောက်​ဖြို​ဖျက်​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု များ​ကို​ချိုး​ဖဲ့​ကာ ယဇ်​ပလ္လင်​များ​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​သတ်​ကြ​၏။-
2CH 23:18 ယော​ယ​ဒ​သည်​ယဇ်ပု​ရော​ဟိတ်​များ​နှင့် လေဝိ အ​နွယ်​ဝင်​တို့​အား ဗိ​မာန်​တော်​ဆိုင်​ရာ​အ​မှု များ​ကို​ဆောင်​ရွက်​ရန်​တာ​ဝန်​ပေး​အပ်​လေ​သည်။ သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့ သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​၍ မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​မီး​ရှို့​ရာ​ယဇ် များ​ကို​ထာ​ဝရ​ဘု​ရား​အား​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​နှင့် ပွဲ​ကျင်း​ပ​မှု​များ​အ​တွက်​လည်း​တာ​ဝန် ယူ​ရ​ကြ​မည်။-
2CH 23:19 ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​ထဲ​သို့​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ မ​သန့်​စင်​သူ​တစ်​စုံ​တစ်​ယောက် မျှ​မ​ဝင်​နိုင်​စေ​ရန်​တံ​ခါး​ဝ​တွင်​အ​စောင့် များ​ကို​ချ​ထား​လေ​သည်။-
2CH 23:20 တပ်​မ​တော်​အ​ရာ​ရှိ​များ၊ မြို့​မိ​မြို့​ဖ​များ၊ မှူး​မတ်​များ​နှင့် အ​ခြား​ပြည်​သူ​အ​ပေါင်း​တို့ သည်​ယော​ယ​ဒ​နှင့်​အ​တူ​လိုက်​ပါ​၍ မင်း​ကြီး အား​ဗိ​မာန်​တော်​မှ​နန်း​တော်​သို့​တံ​ခါး မ​ကြီး​လမ်း​ဖြင့်​ပို့​ဆောင်​၍​မင်း​ကြီး​ကို ရာ​ဇ​ပလ္လင်​ထက်​တင်​ကြ​၏။-
2CH 23:21 အာ​သ​လိ​ကို​ကွပ်​မျက်​နှင့်​ပြီး​ဖြစ်​၍​ပြည်​သူ အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​လျက်​မြို့​တော် သည်​ငြိမ်း​ချမ်း​လေ​၏။
2CH 24:1 ယော​ရှ​သည်​သက်​တော်​ခု​နစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​အ​နှစ်​လေး​ဆယ်​တိုင်​တိုင်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဗေ​ရ​ရှေ​ဘ​မြို့ သူ​ဇိ​ဗိ​ဖြစ်​၏။-
2CH 24:2 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​အ​သက် ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​၏။-
2CH 24:3 ယော​ယ​ဒ​သည်​ယော​ရှ​အ​တွက်​မိ​ဖု​ရား နှစ်​ပါး​ကို​ရွေး​ချယ်​ပေး​၏။ ယော​ရှ​သည် လည်း​ထို​မိ​ဖု​ရား​များ​ဖြင့်​သား​သ​မီး များ​ကို​ရ​ရှိ​လေ​သည်။
2CH 24:4 ယော​ရှ​သည်​နန်း​တက်​ပြီး​နောက်​ကာ​လ​အ​တန် ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-
2CH 24:5 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​များ​အား​ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​စေ​လွှတ် ၍ ဗိ​မာန်​တော်​ကို​နှစ်​စဉ်​မွမ်း​မံ​ပြင်​ဆင်​ရန် အ​တွက်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​မှ ငွေ​အ​လုံ အ​လောက်​ကောက်​ခံ​စေ​တော်​မူ​၏။ မင်း​ကြီး သည်​ဤ​အ​မှု​ကို​ဆော​လျင်​စွာ​ဆောင်​ရွက် ရန်​အ​မိန့်​ပေး​ခဲ့​သော်​လည်း လေ​ဝိ​အ​နွယ် ဝင်​တို့​သည်​ဖင့်​နွဲ​လျက်​နေ​ကြ​၏။-
2CH 24:6 သို့​ဖြစ်​၍​သူ​သည်​ထို​သူ​အ​ပေါင်း​တို့​၏ ခေါင်း​ဆောင်​ယော​ယ​ဒ​ကို​ခေါ်​ပြီး​လျှင်``ထာ ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် အ​တွက် ပြည်​သူ​တို့​ပေး​ဆောင်​ရန်​ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​ပြ​ဋ္ဌာန်း​သည့် အ​လှူ​ငွေ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား အ​ဘယ်​ကြောင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​မ​ကောက်​ခံ​စေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။
2CH 24:7 (ဖောက်​ပြန်​ဆိုး​ညစ်​သည့်​အ​မျိုး​သ​မီး အာ​သ​လိ​၏​နောက်​လိုက်​တို့​သည် ဗိ​မာန်​တော် ကို​ဖျက်​ဆီး​ပြီး​လျှင်​အ​မြတ်​တ​နိုး​ထား​အပ် သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို ဗာ​လ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​ခဲ့​ကြ​သ​တည်း။)
2CH 24:8 မင်း​ကြီး​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​အ​လှူ ခံ​သေတ္တာ​ကို​ပြု​လုပ်​စေ​၍ ဗိ​မာန်​တော်​တံ​ခါး ဝ​တွင်​ထား​ရှိ​စေ​တော်​မူ​၏။-
2CH 24:9 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​ရှိ​လူ​အ​ပေါင်း​တို့​အား တော က​န္တာရ​တွင်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ ကောက်​ခံ​ခဲ့​သည်​အ​တိုင်း ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​အ​လှူ​ငွေ​များ​ကို​ယူ​ဆောင်​လာ ကြ​ရန်​ထုတ်​ဆင့်​ကြေ​ညာ​လေ​သည်။-
2CH 24:10 ပြည်​သူ​များ​နှင့်​သူ​တို့​၏​ခေါင်း​ဆောင်​များ သည်​ဝမ်း​မြောက်​စွာ​ဖြင့် မိ​မိ​တို့​အ​လှူ​ငွေ များ​ကို​ယူ​ဆောင်​ကာ​အ​လှူ​ခံ​သေတ္တာ ပြည့်​အောင်​ထည့်​ဝင်​ကြ​ကုန်​၏။-
2CH 24:11 နေ့​စဉ်​နေ့​တိုင်း​လေဝိ​အ​နွယ်​ဝင်​တို့​သည် ထို သေတ္တာ​ကို​တာ​ဝန်​ခံ​အ​ရာ​ရှိ​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​လေ​သည်။ သေတ္တာ​ပြည့် သည့်​အ​ခါ​တိုင်း​ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​စား​လှယ်​တစ်​ဦး သည်​လာ​၍ ငွေ​များ​ကို​ထုတ်​ယူ​ပြီး​လျှင် သေတ္တာ​ကို​နေ​ရာ​တ​ကျ​ပြန်​၍​ထား​ရ ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​ငွေ အ​မြောက်​အ​မြား​ကို​ရ​ရှိ​ကြ​လေ​သည်။
2CH 24:12 မင်း​ကြီး​နှင့်​ယော​ယ​ဒ​သည် ထို​ငွေ​ကို​ဗိ​မာန် တော်​မွမ်း​မံ​ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ များ​၏​လက်​သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပန်း​ရန် သ​မား၊ လက်​သ​မား၊ ပန်း​ပဲ၊ ပန်း​တဉ်း သ​မား​တို့​ကို​ငှား​ရမ်း​ကြ​၏။-
2CH 24:13 ထို​အ​လုပ်​သ​မား​အား​လုံး​ပင်​အ​လုပ်​ကို ကြိုး​စား​လုပ်​ကိုင်​လျက် ဗိ​မာန်​တော်​ကို​န​ဂို အ​တိုင်း​ခိုင်​ခိုင်​ခံ့​ခံ့​ပြန်​လည်​ရောက်​ရှိ​စေ ကြ​၏။-
2CH 24:14 သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။-
2CH 24:15 သူ​သည်​အ​လွန်​အို​၍​အ​သက်​တစ်​ရာ့​သုံး ဆယ်​ရှိ​သော​အ​ခါ​ကွယ်​လွန်​လေ​သည်။-
2CH 24:16 ဣသ​ရေ​လ​ပြည်​သူ​တို့​အ​တွက်၊ ဘု​ရား​သ​ခင် အ​တွက်​နှင့် ဗိ​မာန်​တော်​အ​တွက်​ဆောင်​ရွက်​ခဲ့ သည်​ကို​အ​သိ​အ​မှတ်​ပြု​သည့်​အ​နေ​ဖြင့် ပြည်​သူ​တို့​သည်​သူ​၏​အ​လောင်း​ကို ဒါ​ဝိဒ် မြို့​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။
2CH 24:17 သို့​ရာ​တွင်​ယော​ယ​ဒ​ကွယ်​လွန်​ပြီး​သည်​နောက် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယော​ရှ မင်း​အား​မိ​မိ​တို့​၏​စ​ကား​ကို​နား​ထောင်​ရန် သွေး​ဆောင်​ကြ​၏။-
2CH 24:18 ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​ဘိုး​ဘေး များ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဝတ် ပြု​ကိုး​ကွယ်​မှု​ကို​စွန့်​လျက် ရုပ်​တု​များ​နှင့် အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ​သည်။ ဤ​သို့​သူ​တို့ ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​ယု​ဒ​ပြည် နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​သက် ရောက်​တော်​မူ​၏။-
2CH 24:19 ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​များ​ကို စေ​လွှတ်​၍ ထို​သူ​တို့​အား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​ရန်​သ​တိ​ပေး​စေ​တော်​မူ သော်​လည်း​သူ​တို့​သည်​မ​လိုက်​နာ​ကြ။-
2CH 24:20 ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သား ဇာ​ခ​ရိ​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ သ​ဖြင့် ဇာ​ခ​ရိ​သည်​ပြည်​သူ​တို့​မြင်​သာ သည့်​နေ​ရာ​တွင်​ရပ်​လျက်``သင်​တို့​သည်​မိ​မိ တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက် စေ​ရန် အ​ဘယ်​ကြောင့်​ငါ​ထာ​ဝရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ကြ​ပါ​သ​နည်း။ ငါ့​အား​သင်​တို့​စွန့်​ပယ်​ကြ​သ​ဖြင့်​ငါ သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော်​မူ ပြီ'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။-
2CH 24:21 ယော​ရှ​မင်း​သည်​ဇာ​ခ​ရိ​အား​မ​ကောင်း​ကြံ မှု​တွင်​ပါ​ဝင်​လျက် သူ​၏​အ​မိန့်​အ​ရ​ပြည်​သူ တို့​သည်​ဇာ​ခ​ရိ​အား​ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ခဲ​နှင့်​ပစ်​သတ်​ကြ​၏။
2CH 24:22 မင်း​ကြီး​သည်​မိ​မိ​အား​ဇာ​ခ​ရိ​၏​ဖ​ခင်​ယော ဒ​ယ​သစ္စာ​ရှိ​စွာ​အ​မှု​ထမ်း​ခဲ့​သည်​ကို​သ​တိ မ​ရ​ဘဲ​သား​ကို​သတ်​လေ​၏။ ဇာ​ခ​ရိ​သည် သေ​အံ့​ဆဲ​ဆဲ​၌``ထာ​ဝ​ရ​ဘု​ရား​သည်​သင် ပြု​သည့်​အ​မှု​ကို​မြင်​၍ သင့်​အား​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
2CH 24:23 ထို​နှစ်​ဆောင်း​ဦး​ပေါက်​၌​ရှု​ရိ​တပ်​မ​တော် သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ တက်​တိုက်​ခိုက်​၍ ခေါင်း​ဆောင်​အ​ပေါင်း​ကို သတ်​ပြီး​လျှင်​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား ကို​ဒ​မာ​သက်​မြို့​သို့​ယူ​ဆောင်​သွား​၏။-
2CH 24:24 ရှု​ရိ​တပ်​မ​တော်​သည်​သေး​ငယ်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​ပို​မို​ကြီး​မား​သည့် ယု​ဒ​တပ်​မ​တော်​ကို​နှိမ်​နင်း​ခွင့်​ပေး​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သူ တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​ကြ သော​ကြောင့်​ဖြစ်​၏။ ဤ​နည်း​အား​ဖြင့် ယော​ရှ​မင်း​သည်​အ​ပြစ်​ဒဏ်​စီ​ရင် တော်​မူ​ခြင်း​ကို​ခံ​ရ​သ​တည်း။-
2CH 24:25 သူ​သည်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လျက်​ကျန်​ရစ်​ခဲ့​၏။ ရန်​သူ​များ​ဆုတ်​ခွာ​သွား​သော​အ​ခါ​အ​မတ် နှစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏ သား​ကို​သတ်​သည့်​အ​တွက် လက်​စား​ချေ​သည့် အ​နေ​ဖြင့်​လျှို့​ဝှက်​ကြံ​စည်​ကာ​သူ့​အား သ​လွန်​ပေါ်​တွင်​လုပ်​ကြံ​ကြ​၏။ သူ​၏ အ​လောင်း​ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ သော်​လည်း​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​၌ မ​သင်္ဂြိုဟ်​ကြ​ချေ။-
2CH 24:26 (သူ့​အား​လျှို့​ဝှက်​လုပ်​ကြံ​ကြ​သူ​များ​မှာ အမ္မုန်​အ​မျိုး​သ​မီး​ရှိ​မတ်​၏​သား​ယော​ဇ​ဗဒ် နှင့်​မော​ဘ​အ​မျိုး​သ​မီး​ရှိ​မ​ရိတ်​၏​သား ယ​ဟော​ဇ​ဗဒ်​တို့​ဖြစ်​သ​တည်း။-)
2CH 24:27 ဋ္ဌမ္မ​ရာ​ဇ​ဝင်​ကျမ်း​တွင်​ယောရှ​၏​သား​များ အ​ကြောင်း၊ သူ့​အား​ဆင့်​ဆို​သည့်​ဗျာ​ဒိတ် တော်​များ​အ​ကြောင်း၊ ဗိ​မာန်​တော်​ကို​သူ ပြန်​လည်​တည်​ဆောက်​ခြင်း​အ​ကြောင်း​များ ပါ​ရှိ​၏။ သား​တော်​အာ​မ​ဇိ​သည်​သူ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
2CH 25:1 အာ​မ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​ငါး​နှစ်​တွင် နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ငါး နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ယေ​ရု​ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-
2CH 25:2 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​မျက်​မှောက်​တော် ၌​ဖြောင့်​မှန်​သော​အ​မှု​ကို​ပြု​သော်​လည်း စိတ်​ရော​ကိုယ်​ပါ​ပြု​သည်​မ​ဟုတ်။-
2CH 25:3 သူ​သည်​အာ​ဏာ​တည်​မြဲ​မှု​ရ​ရှိ​လာ​သည်​နှင့် တစ်​ပြိုင်​နက် မိ​မိ​၏​ခ​မည်း​တော်​ကို​သတ်​ကြ သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-
2CH 25:4 သို့​ရာ​တွင်​သူ​တို့​၏​သား​သ​မီး​တို့​ကို​ကား``မိ ဘ​တို့​သည်​သား​သ​မီး​တို့​ကူး​လွန်​သည့်​ပြစ်​မှု ကြောင့်​အ​သတ်​မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည် လည်း​မိ​ဘ​တို့​ကူး​လွန်​သည့်​ပြစ်​မှု​ကြောင့် အ​သတ်​မ​ခံ​စေ​ရ။ မည်​သူ​မ​ဆို​မိ​မိ​ကူး လွန်​သည့်​ပြစ်​မှု​ကြောင့်​သာ​အ​သတ်​ခံ​စေ​ရ မည်'' ဟူ​၍​မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင်​ပါ ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော်​နှင့် အ​ညီ​မ​ကွပ်​မျက်​ချေ။
2CH 25:5 အာ​မ​ဇိ​သည်​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား မိ​မိ​တို့​သား​ချင်း​စု​များ အ​လိုက်​တပ်​စု​များ​ဖွဲ့​၍ လူ​တစ်​ထောင်​တပ်​မှူး နှင့်​လူ​တစ်​ရာ​တပ်​မှူး​များ​ကို​ခန့်​ထား​တော် မူ​၏။ ထို​တပ်​သား​များ​သည်​အ​သက်​နှစ်​ဆယ် နှင့်​အ​ထက်​ရှိ​သူ​များ​ဖြစ်​၍ စု​စု​ပေါင်း​သုံး သိန်း​ရှိ​လေ​သည်။ သူ​တို့​သည်​လှံ​နှင့်​ဒိုင်း​လွှား ကိုင်​ဆောင်​မှု​တွင်​ကျွမ်း​ကျင်​၍​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ရှိ​သူ​လက်​ရွေး​စင်​တပ်​သား​များ ဖြစ်​ကြ​သ​တည်း။-
2CH 25:6 အာ​မ​ဇိ​သည်​ထို​သူ​များ​အ​ပြင်​ဣသ​ရေ​လ ပြည်​မှ စစ်​သည်​တစ်​သိန်း​ကို​လည်း​ငွေ​လေး တန်​ပေး​၍​ငှား​ရမ်း​လေ​သည်။-
2CH 25:7 သို့​ရာ​တွင်​ပ​ရော​ဖက်​သည်​မင်း​ကြီး​ထံ​လာ ရောက်​၍``ဤ​ဣသ​ရေ​လ​စစ်​သည်​များ​ကို​မင်း ကြီး​နှင့်​အ​တူ​ခေါ်​ဆောင်​မ​သွား​ပါ​နှင့်။ ထာ​ဝရ ဘု​ရား​သည်​ဤ​မြောက်​ပိုင်း​နယ်​မြေ​သား တို့​နှင့်​အ​တူ​ရှိ​တော်​မ​မူ။-
2CH 25:8 စစ်​ပွဲ​တွင်​သူ​တို့​ပါ​ရှိ​ခြင်း​အား​ဖြင့်​ပို​မို အင်​အား​တောင့်​တင်း​လိမ့်​မည်​ဟု မင်း​ကြီး ထင်​မှတ်​ကောင်း​ထင်​မှတ်​ပါ​လိမ့်​မည်။ သို့ သော်​လည်း​ဘု​ရား​သ​ခင်​သည်​စစ်​ပွဲ​အ​နိုင် အ​ရှုံး​ကို​ပေး​ပိုင်​သော​တန်​ခိုး​ရှင်​ဖြစ်​တော် မူ​သ​ဖြင့် ထို​သူ​တို့​နှင့်​အ​ရှင်​မင်း​ကြီး မ​ဟာ​မိတ်​ဖွဲ့​ပါ​မူ​မင်းကြီး​အား​ရန်​သူ တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ လိမ့်​မည်''ဟု​လျှောက်​ထား​၏။
2CH 25:9 ထို​အ​ခါ​အာ​မ​ဇိ​က​ပ​ရော​ဖက်​အား``ထို သူ​တို့​အား​ပေး​ထား​သည့်​ငွေ​အ​ချည်း​နှီး ဖြစ်​ရ​မည်​လော'' ဟု​မေး​တော်​မူ​၏။ ပ​ရော​ဖက်​က``ဘု​ရား​သ​ခင်​သည်​ထို​ငွေ ထက်​များ​စွာ​ပေး​တော်​မူ​နိုင်​၏'' ဟု​ဆို လေ​၏။-
2CH 25:10 သို့​ဖြစ်​၍​အာ​မ​ဇိ​သည်​ငှား​ရမ်း​ထား​သည့် တပ်​သား​တို့​ကို မိ​မိ​နေ​ရပ်​သို့​ပြန်​စေ​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ယု​ဒ​ပြည်​သူ တို့​အား​အ​လွန်​အ​မျက်​ထွက်​လျက် မိ​မိ​တို့ နေ​ရပ်​သို့​ပြန်​သွား​ကြ​၏။
2CH 25:11 အာ​မ​ဇိ​သည်​အား​ခဲ​၍​မိ​မိ​၏​တပ်​မ​တော် ကို​ဦး​ဆောင်​ကာ ပင်​လယ်​သေ​တောင်​ဘက်​ရှိ ဆား​ချိုင့်​ဝှမ်း​သို့​ချီ​တက်​တော်​မူ​၏။ ထို အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​၍​ဧ​ဒုံ​တပ်​သား တစ်​သောင်း​ကျ​ဆုံး​လေ​သည်။-
2CH 25:12 ယု​ဒ​တပ်​မ​တော်​သည်​သုံ့​ပန်း​တစ်​သောင်း​ကို ဖမ်း​ဆီး​ရ​မိ​သ​ဖြင့် သူ​တို့​အား​သေ​လ​မြို့ ကျောက်​တောင်​ထိပ်​သို့​ခေါ်​ဆောင်​ကာ​ကျောက် ပေါ်​ကျ​၍​သေ​စေ​ရန်​အောက်​သို့​တွန်း​ချ ကြ​၏။
2CH 25:13 ဤ​အ​တော​အ​တွင်း​၌​မိ​မိ​နှင့်​အ​တူ​စစ်​ပွဲ ဝင်​ရန် အာ​မ​ဇိ​အ​ခွင့်​မ​ပြု​ခဲ့​သည့်​ဣသ​ရေ​လ တပ်​သား​တို့​သည် ရှ​မာ​ရိ​မြို့​နှင့်​ဗေ​သော​ရုန် မြို့​စပ်​ကြား​တွင်​ရှိ​သော​ယု​ဒ​မြို့​များ​ကို တိုက်​ခိုက်​ကာ လူ​သုံး​ထောင်​ကို​သတ်​၍​ပစ္စည်း အ​မြောက်​အ​မြား​ကို​သိမ်း​သွား​ကြ​လေ သည်။
2CH 25:14 အာ​မ​ဇိ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ် နင်း​ရာ​မှ​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​မိ​မိ​နှင့် အ​တူ​ယူ​ဆောင်​လာ​လေ​သည်။ မင်း​ကြီး သည်​ယင်း​တို့​ကို​တည်​ထား​ကိုး​ကွယ်​ကာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​တော်​မူ​၏။-
2CH 25:15 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက် တော်​မူ​၍ ပ​ရော​ဖက်​ကို​အာ​မ​ဇိ​ထံ​စေ​လွှတ် တော်​မူ​၏။ ပ​ရော​ဖက်​က``မင်း​ကြီး​၏​လက်​မှ မိ​မိ​လူ​တို့​ကို​မ​ကယ်​နိုင်​သော​လူ​မျိုး​ခြား ဘု​ရား​တို့​ကို မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဝတ်​ပြု​ရှိ​ခိုး​ပါ​သ​နည်း'' ဟု​မေး​၏။
2CH 25:16 ထို​အ​ခါ​အာ​မ​ဇိ​က``ဘယ်​အ​ခါ​က​သင့်​အား ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​အ​ဖြစ်​ခန့်​ထား​ခဲ့ ပါ​သ​နည်း။ သင်​သည်​ဆိတ်​ဆိတ်​မ​နေ​ပါ​မူ အ​သတ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​က​လည်း``မင်း​ကြီး​သည်​ဤ​အ​မှု တို့​ကို​ပြု​၍​ငါ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​ကို သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​ရွယ်​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​ဆို​ပြီး​လျှင် ဆိတ်​ဆိတ်​နေ​လေ​၏။
2CH 25:17 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည်​ဣသ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန် လျှို့​ဝှက်​ကြံ​စည်​ပြီး​နောက် ယေ​ဟု​၏​မြေး၊ ယော​ခတ်​၏​သား​ယ​ဟော​ရှ ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ မိ​မိ​နှင့်​စစ်​ပြိုင် ရန်​စိန်​ခေါ်​လိုက်​လေ​သည်။-
2CH 25:18 ယ​ဟော​ရှ​က``အ​ခါ​တစ်​ပါး​၌​လေ​ဗ​နုန် တောင်​ထိပ်​တွင် ဆူး​ပင်​သည်​သစ်​က​တိုး​ပင် ထံ​စေ​တ​မန်​လွှတ်​၍`သင်​၏​သ​မီး​ကို​ငါ့ သား​နှင့်​ပေး​စား​ပါ​လော့' ဟု​ပြော​ကြား စဉ်​အ​နီး​မှ​ဖြတ်​၍​လာ​သော​တော​တိ​ရစ္ဆာန် သည်​ထို​ဆူး​ခြုံ​ကို​နင်း​ချေ​လိုက်​လေ​သည်။-
2CH 25:19 အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​လိုက်​ပြီ​ဟု ဝါ​ကြွား​ပြော​ဆို​၏။ သို့​ရာ​တွင်​အ​ဆွေ​တော် နန်း​တော်​၌​ပင်​စံ​မြဲ​စံ​နေ​ရန်​ကျွန်ုပ်​အ​ကြံ ပေး​ပါ​၏။ အ​ဘယ်​ကြောင့်​အဆွေ​တော်​နှင့်​ပြည် သူ​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး ဒုက္ခ​ကို​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန်​ကြား လိုက်​၏။
2CH 25:20 သို့​ရာ​တွင်​သူ​၏​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ သူ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု​ရှိ​ခိုး သ​ဖြင့် သူ့​အား​အ​ရေး​ရှုံး​နိမ့်​စေ​ရန်​ထာ​ဝရ ဘု​ရား​အ​လို​ရှိ​တော်​မူ​၏။-
2CH 25:21 ထို​ကြောင့်​ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​စစ်​ပြိုင်​တိုက် ခိုက်​လေ​သည်။ ယု​ဒ​ပြည်​ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ပွဲ​ဖြစ်​ရာ၊-
2CH 25:22 ယု​ဒ​တပ်​မ​တော်​သည်​အ​ရေး​ရှုံး​နိမ့်​သ​ဖြင့် စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ထွက်​ပြေး​ကြ​ကုန်​၏။-
2CH 25:23 ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-
2CH 25:24 သူ​သည်​သြ​ဗ​ဒေ​ဒုံ​၏​သား​မြေး​များ​စောင့် ကြပ်​သော​ဗိ​မာန်​တော်​ထဲ​ရှိ ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​နှင့်​နန်း​တော် ရှိ​ဘဏ္ဍာ​များ​ကို​ယူ​၍ ရှ​မာ​ရိ​မြို့​သို့​ပြန် သွား​တော်​မူ​၏။ မင်း​ကြီး​သည်​ဋ္ဌား​စား​ခံ များ​ကို​လည်း​ခေါ်​ဆောင်​ခဲ့​၏။
2CH 25:25 ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​သည့်​နောက် တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​၏။-
2CH 25:26 နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင်​အောင်​အာ​မ​ဇိ ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
2CH 25:27 ထာ​ဝရ​ဘု​ရား​အား​အာ​မ​ဇိ​ပုန်​ကန်​ချိန်​မှ အ​စ​ပြု​၍ သူ့​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင်​လျှို့​ဝှက်​ကြံ​စည်​မှု​ရှိ​ခဲ့​၏။ နောက်​ဆုံး ၌​သူ​သည်​လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့​ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။-
2CH 25:28 ထို​နောက်​သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင် ၍​ယူ​ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင် တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။
2CH 26:1 ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​အာ​မ​ဇိ​၏ သား​တော်​အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ သြ​ဇိ​ကို ဘု​ရင်​အ​ဖြစ်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​ရန်​ရွေး​ချယ် ကြ​လေ​သည်။-
2CH 26:2 (ဧ​လုတ်​မြို့​ကို​သြ​ဇိ​ပြန်​လည်​သိမ်း​ယူ​၍ ပြန်​လည်​တည်​ဆောက်​သည်​မှာ​အာ​မ​ဇိ ကွယ်​လွန်​ပြီး​မှ​ဖြစ်​၏။)
2CH 26:3 သြ​ဇိ​သည်​အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​၌ နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​ငါး​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​နန်း​စံ​လေ​သည်။ သူ​၏​မယ် တော်​မှာ​ယေ​ရု​ရှ​လင်​မြို့​သူ​ယေ​ခေါ​လိ ဖြစ်​၏။-
2CH 26:4 သူ​သည်​ခ​မည်း​တော်​၏​စံ​န​မူ​နာ​ကို​ယူ​၍ ထာ​ဝရ​ဘု​ရား​၏​မျက်​မှောက်​တော်​၌​ဖြောင့်​မှန် သော​အ​မှု​တို့​ကို​ပြု​၏။-
2CH 26:5 သူ​သည်​မိ​မိ​၏​ဘာ​သာ​ရေး​အ​တိုင်​ပင်​ခံ ဇာ​ခ​ရိ​အ​သက်​ရှင်​လျက်​နေ​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝရ​ဘု​ရား​အား​သစ္စာ​နှင့်​ကိုး ကွယ်​သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။
2CH 26:6 သြ​ဇိ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား စစ် ဆင်​တိုက်​ခိုက်​ကာ ဂါ​သ​မြို့၊ ယာ​ဗ​နေ​မြို့​နှင့် အာ​ဇုတ်​မြို့​တို့​၏​မြို့​ရိုး​များ​ကို​ဖြို​ချ​ပြီး လျှင်​အာ​ဇုတ်​မြို့​အ​နီး​နှင့်​ဖိလိတ္တိ​ပြည်​အ​ခြား ဒေ​သ​များ​၌​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့ များ​ကို​တည်​ထောင်​တော်​မူ​၏။-
2CH 26:7 သူ့​အား​ဘု​ရား​သ​ခင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား များ၊ ဂု​ရ​ဗာ​လ​မြို့​တွင်​နေ​ထိုင်​သော​အာ​ရပ် အ​မျိုး​သား​များ၊ မ​ဟု​နိမ်​အ​မျိုး​သား​များ ကို​နှိမ်​နင်း​ရန်​ကူ​မ​တော်​မူ​သည်။-
2CH 26:8 အမ္မုန်​အ​မျိုး​သား​တို့​သည်​သြ​ဇိ​အား​လက် ဆောင်​ပဏ္ဏာ​များ​ဆက်​သ​ရ​ကြ​၏။ သူ​သည် အ​လွန်​တန်​ခိုး​ကြီး​မား​လာ​သ​ဖြင့်​သူ​၏ ဂုဏ်​သ​တင်း​သည်​အီ​ဂျစ်​ပြည်​သို့​ပင်​ပျံ့​နှံ့ သွား​လေ​၏။
2CH 26:9 သြ​ဇိ​သည်​မြို့​ရိုး​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး​နှင့် မြို့​ရိုး​ထောင့်​ထိပ်​တို့​တွင်​မျှော်​စင်​များ​ကို​တည် ဆောက်​ခြင်း​အား​ဖြင့် ယေ​ရု​ရှ​လင်​ကို​ခိုင်​ခံ့ အောင်​ပြု​တော်​မူ​၏။-
2CH 26:10 မင်း​ကြီး​သည်​အ​နောက်​ဘက်​တောင်​ခြေ​ရင်း​ရှိ တောင်​ပူ​စာ​များ​နှင့် လွင်​ပြင်​များ​တွင်​နွား​အုပ် ကြီး​များ​မွေး​မြူ​ထား​သ​ဖြင့် တော​ကန္တာ​ရ​ရှိ မြို့​များ​ကို​မျှော်​စင်​များ​နှင့်​တ​ကွ​တံ​တိုင်း ကာ​၍​ရေ​လှောင်​ကန်​အ​မြောက်​အ​မြား​ကို​တူး တော်​မူ​၏။ မင်း​ကြီး​သည်​လယ်​ယာ​စိုက်​ပျိုး​မှု ကို​ဝါ​သ​နာ​ပါ​သ​ဖြင့် တောင်​ကုန်း​ဒေ​သ​များ တွင်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး​မှု၊ မြေ ကောင်း​မြေ​သန့်​များ​တွင်​လယ်​ယာ​များ စိုက်​ပျိုး​မှု​ကို​အား​ပေး​တော်​မူ​လေ​သည်။
2CH 26:11 သူ​၌​စစ်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သော​တပ်​မ​တော် ကြီး​ရှိ​၏။ တပ်​မ​တော်​မှတ်​တမ်း​များ​ကို​စာ​ရေး တော်​များ​ဖြစ်​သူ ယေ​ယေ​လ​နှင့်​မာ​သေ​ယ​တို့ က​ထိန်း​သိမ်း​ထား​ရ​ကြ​၏။ သူ​တို့​အား​အ​မတ် ဟာ​န​နိ​က​ကြီး​ကြပ်​ကွပ်​ကဲ​ရ​လေ​သည်။-
2CH 26:12 တပ်​မ​တော်​တွင်​တပ်​မှူး​နှစ်​ထောင့်​ခြောက်​ရာ ရှိ​၍၊-
2CH 26:13 သူ​တို့​၏​လက်​အောက်​တွင်​မင်း​ကြီး​၏​ရန်​သူ များ​ကို ရဲ​စွမ်း​သတ္တိ​နှင့်​တိုက်​ခိုက်​နိုင်​သော တပ်​သား​သုံး​သိန်း​ခု​နစ်​ထောင့်​ငါး​ရာ​ရှိ​၏။-
2CH 26:14 သြ​ဇိ​သည်​တပ်​မ​တော်​အား ဒိုင်း​လွှား၊ လှံ၊ သံ ခ​မောက်၊ သံ​ချပ်​အင်္ကျီ၊ လေး၊ မြား​နှင့်​လောက်​လွှဲ ပစ်​ရန်​ကျောက်​ခဲ​များ​ကို​ပေး​အပ်​တော်​မူ​၏။-
2CH 26:15 မြို့​ရိုး​ထောင့်​ထိပ်​နှင့်​မျှော်​စင်​များ​မှ​နေ​၍ မြား​နှင့်​ကျောက်​တုံး​ကြီး​များ​ပစ်​ခတ်​ရန် ယန္တ​ယား​စက်​များ​ကို​လည်း ယေ​ရု​ရှ​လင် မြို့​ရှိ​တီ​ထွင်​တတ်​သူ​အ​တတ်​ပ​ညာ​ရှင် များ​က​ပြု​လုပ်​ပေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​ထံ​မှ​အံ့​သြ​ဖွယ်​မ​စ​တော်​မူ​ခြင်း ကို​ခံ​ရ​သ​ဖြင့် မင်း​ကြီး​သည်​အ​လွန် တန်​ခိုး​ကြီး​လာ​ပြီး​လျှင်​သူ​၏​ဂုဏ် သ​တင်း​သည်​အ​ရပ်​တ​ကာ​သို့​ပျံ့​နှံ့ သွား​လေ​၏။
2CH 26:16 သို့​သော်​သြ​ဇိ​မင်း​သည်​တန်​ခိုး​ကြီး​လာ​သော အ​ခါ မာန်​မာ​န​လည်း​ထောင်​လွှား​လာ​သ​ဖြင့် အ​ကျိုး​နည်း​ရ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော် သို့​ဝင်​၍​နံ့​သာ​ပေါင်း​ကို သက်​ဆိုင်​ရာ​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့် မိ​မိ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ပြစ်​မှား​၏။-
2CH 26:17 ယဇ်​ပု​ရော​ဟိတ်​အာ​ဇ​ရိ​နှင့်​ရဲ​ရင့်​သော ယဇ်​ပု​ရော​ဟိတ်​ရှစ်​ကျိပ်​တို့​သည်​မင်း​ကြီး အား-
2CH 26:18 တား​ဆီး​ရန်​လိုက်​သွား​ပြီး​လျှင်``အို သြ​ဇိ​မင်း၊ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘု​ရား​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ခွင့်​ရှိ​သူ​မ​ဟုတ်​ပါ။ ဤ​အ​မှု ကို​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​မှာ အာ​ရုန် မှ​ဆင်း​သက်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​သာ လျှင်​ဖြစ်​ပါ​၏။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ ထွက်​ခွာ​သွား​ပါ​လော့။ ဘု​ရင်​မင်း​သည်​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​လေ​ပြီ။ ထို ကြောင့်​ကိုယ်​တော်​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​ကို​မ​ခံ​ရ​တော့​ပါ'' ဟု ဆို​၏။
2CH 26:19 သြ​ဇိ​သည်​နံ့​သာ​ပေါင်း​ကို​ရှို့​ရန်​မီး​ကျီး​ခဲ ကို​ကိုင်​၍ ဗိ​မာန်​တော်​တွင်​နံ့​သာ​ပေါင်း​မီး​ရှို့ ရာ​ပလ္လင်​အ​နီး​၌​ရပ်​လျက်​နေ​၏။ သူ​သည် ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​မျက်​ထွက်​လာ သည်​နှင့်​တစ်​ပြိုင်​နက် သူ​၏​န​ဖူး​သည်​ကြောက် မက်​ဖွယ်​ကောင်း​သော​အ​ရေ​ပြား​ရော​ဂါ စွဲ​ကပ်​လေ​သည်။-
2CH 26:20 အာ​ဇ​ရိ​နှင့်​အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကြောက်​ရွံ့​သည့်​အ​မူ​အ​ရာ​ဖြင့် မင်း​ကြီး​န​ဖူး ကို​စိုက်​၍​ကြည့်​ပြီး​လျှင်​သူ့​အား​ဗိ​မာန်​တော် မှ​နှင်​ထုတ်​ကြ​၏။ မင်း​ကြီး​သည်​လည်း​မိ​မိ အား​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​ကို​သိ​၍ အ​ဆော​တ​လျင်​ထွက်​ခွာ သွား​တော်​မူ​၏။
2CH 26:21 သြ​ဇိ​မင်း​သည်​ထို​အ​ချိန်​မှ​စ​၍​သေ​သည် တိုင်​အောင် ဤ​ရော​ဂါ​ကြောင့်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​ဖြစ်​လာ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော်​သို့​နောက်​တစ်​ဖန်​ပြန် လည်​ဝင်​ရောက်​ခွင့်​မ​ရ​တော့​သ​ဖြင့် သား​တော် ယော​သံ​အား​မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ ကို​လွှဲ​ပြောင်း​ပေး​အပ်​လိုက်​ရ​၏။ တိုင်း​ပြည် ကို​သား​တော်​အုပ်​စိုး​လျက်​နေ​စဉ် သူ​သည် မိ​မိ​၏​အိမ်​တော်​၌​သာ​နေ​ထိုင်​ရ​လေ​သည်။
2CH 26:22 နန်း​သက်​တစ်​လျှောက်​သြ​ဇိ​မင်း​ဆောင်​ရွက်​ခဲ့ သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​က​မှတ်​တမ်း တင်​ထား​သ​တည်း။-
2CH 26:23 သြ​ဇိ​မင်း​ကွယ်​လွန်​သော​အ​ခါ​သူ့​အား ဒါ​ဝိဒ်​မြို့​တော်​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း သူ​၏​ရော​ဂါ​ကြောင့်​ရာ​ဇ​ဂူ​၌​မ​သင်္ဂြိုဟ် ကြ။ သူ​၏​သား​တော်​ယောသံ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။
2CH 27:1 ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဇာ​ဒုတ်​၏​သ​မီး​ယေ​ရု​ရှာ​ဖြစ်​၏။-
2CH 27:2 သူ​သည်​ခ​မည်း​တော်​နည်း​တူ​ထာ​ဝရ​ဘု​ရား ၏​မျက်​မှောက်​တော်​၌ ဖြောင့်​မှန်​သော​အ​မှု​တို့ ကို​ပြု​၏။ သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော် ကဲ့​သို့ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍​အ​ပြစ်​မ​ကူး လွန်​ချေ။ ပြည်​သူ​တို့​မူ​ကား​အ​ပြစ်​ကူး​မြဲ ကူး​လွန်​လျက်​နေ​ကြ​လေ​သည်။
2CH 27:3 ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​ပြု​လုပ်​၍ ယေ​ရု​ရှ​လင်​မြို့၊ သြ​ဖေ​လ​အ​ရပ်​ရှိ​မြို့ ရိုး​ကို​အ​လွန်​ခိုင်​ခံ့​စေ​သူ​မှာ​ယော​သံ​ပင် ဖြစ်​၏။-
2CH 27:4 သူ​သည်​ယု​ဒ​တောင်​ရိုး​များ​ပေါ်​တွင်​မြို့ များ​ကို​တည်​၍ တောင်​ကုန်း​မြင့်​များ​တွင် ခံ​တပ်​များ​နှင့်​မျှော်​စင်​များ​ကို​တည် ဆောက်​ခဲ့​၏။
2CH 27:5 အမ္မုန်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက် ခိုက်​နှိမ်​နင်း​ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့ အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဖြင့်​တစ်​နှစ် လျှင်​ငွေ​ချိန်​လေး​တန်၊ ဂျုံ​ဆန်​တင်း​ငါး​သောင်း နှင့် မု​ယော​ဆန်​တင်း​ငါး​သောင်း​ကို​သုံး​နှစ် တိုင်​တိုင်​ပေး​ဆက်​စေ​လေ​သည်။-
2CH 27:6 ယော​သံ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​မတ်​တည်း လိုက်​နာ​သ​ဖြင့်​တန်​ခိုး​ကြီး​လာ​၏။-
2CH 27:7 ယော​သံ​၏​နန်း​သက်​အ​တွင်း​ဖြစ်​ပျက်​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ သူ​ဆင်​နွှဲ​သည့် စစ်​ပွဲ​များ​နှင့်​သူ​ချ​မှတ်​သည့်​မူ​ဝါ​ဒ​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​နှင့်​ယု​ဒ​ရာ​ဇ​ဝင် တို့​တွင်​ရေး​ထား​သ​တည်း။-
2CH 27:8 ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။-
2CH 27:9 သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား​တော်​အာ​ခတ် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2CH 28:1 အာ​ခတ်​သည်​အ​သက်​နှစ်​ဆယ်​၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက်​နှစ်​နန်း စံ​ရ​လေ​သည်။ သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း ၏​ကောင်း​သော​စံ​န​မူ​နာ​ကို​မ​လိုက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော​အ​မှု​တို့ ကို​ပြု​၍၊-
2CH 28:2 ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​လမ်း​စဉ်​ကို​လိုက်​၏။ သူ​သည်​ဗာ​လ​ဘု​ရား​၏​ရုပ်​တု​များ​ကို သွန်း​လုပ်​စေ​၍၊-
2CH 28:3 ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို အ​တု​ခိုး​၍ မိ​မိ​၏​သား​တော်​များ​ကို​ပင် မီး​ရှို့​၍​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​ရုပ်​တု တို့​အား​ပူ​ဇော်​လေ​သည်။-
2CH 28:4 ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​၌​လည်း​ကောင်း၊ တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​အောက်​၌ လည်း​ကောင်း​အာ​ခတ်​သည်​ယဇ်​များ​ကို ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၏။
2CH 28:5 အာ​ခတ်​သည်​အ​ပြစ်​ပြု​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ရှု​ရိ​ဘု​ရင်​အား​သူ့​ကို​နှိမ်​နင်း​၍ ယု​ဒ​ပြည် သူ​အ​မြောက်​အ​မြား​ကို​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဒ​မာ​သက်​မြို့​သို့​သိမ်း​သွား​ခွင့်​ပေး​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​မ​လိ​၏​သား၊ ဣ​သ​ရေ​လ​ဘု​ရင်​ပေ​ကာ​အား​အာ​ခတ်​ကို နှိမ်​နင်း​၍​တစ်​နေ့​ချင်း​တွင် ယု​ဒ​တပ်​သား တစ်​သိန်း​နှစ်​သောင်း​ကို​လည်း​သတ်​ဖြတ်​ခွင့် ပေး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​စွန့်​ပစ်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ဤ​သို့​ဖြစ်​ပျက်​စေ​တော်​မူ​ခြင်း​ဖြစ် သ​တည်း။-
2CH 28:7 ဇိ​ခ​ရိ​ဆို​သူ​ဣ​သ​ရေ​လ​တပ်သား​တစ်​ယောက် သည် အာ​ခတ်​၏​သား​တော်​မာ​သေ​ယ၊ နန်း​တော် အုပ်​ချုပ်​ရေး​မှူး​အာ​ဇ​ရိ​ကံ​နှင့်​ဘု​ရင့်​အ​မတ် ချုပ်​ဧ​လ​ကာ​န​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ် လိုက်​လေ​သည်။-
2CH 28:8 ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​မိ​မိ​တို့​၏​ဆွေ မျိုး​သား​ချင်း​ဖြစ်​ကြ​သော​အ​မျိုး​သား​တို့ အ​နက် ယု​ဒ​အ​မျိုး​သ​မီး​နှင့်​က​လေး​နှစ်​သိန်း ကို​ဖမ်း​ဆီး​၍​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား နှင့်​တ​ကွ​ရှ​မာ​ရိ​မြို့​သို့​သိမ်း​သွား​ကြ​၏။
2CH 28:9 သြ​ဒက်​အ​မည်​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ရော ဖက်​သည် ရှ​မာ​ရိ​မြို့​တွင်​နေ​ထိုင်​၏။ သူ​သည် တိုက်​ပွဲ​မှ​ပြန်​လာ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​မြို့​အ​ဝင်​ဝ​မှ​ဆီး​ကြို​ပြီး​လျှင်``သင် တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ယု​ဒ​ပြည်​သူ​တို့​ကို​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​အား​သူ​တို့​ကို နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​၏။ သို့​ရာ​တွင်​သင် တို့​သည်​မိ​မိ​တို့​အ​မျက်​ဒေါ​သ​ကို​မ​ချုပ် တည်း​ဘဲ​သုတ်​သင်​သတ်​ဖြတ်​မှု​ကို​ပြု​ခဲ့ ကြ​၏။-
2CH 28:10 ယ​ခု​အ​ခါ​၌​လည်း​ယေရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့​အား​ကျွန်​ခံ စေ​ရန် သင်​တို့​အ​ကြံ​ရှိ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လည်း​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သူ​များ​ဖြစ် သည်​ကို​မ​သိ​ကြ​ပါ​သ​လော။-
2CH 28:11 ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​သုံ့​ပန်း များ​သည် ငါ​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​ပေ သည်။ သူ​တို့​ကို​ပြန်​၍​လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​အ​မျက် တော်​ထွက်​၍ သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်'' ဟု​ပြော​၏။
2CH 28:12 ထို​အ​ခါ​မြောက်​ပိုင်း​နိုင်​ငံ​အ​ကြီး​အ​ကဲ လေး​ဦး​ဖြစ်​ကြ​သော ယော​ဟ​နန်​၏​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​၏​သား​ဗေ​ရ​ခိ၊ ရှလ္လုံ ၏​သား​ဟေ​ဇ​ကိ​နှင့် ဟာ​ဒ​လဲ​၏​သား အာ​မ​သာ​တို့​သည်​လည်း တပ်​မ​တော်​၏ အ​ပြု​အ​မူ​ကို​ကန့်​ကွက်​ကြ​လေ​သည်။-
2CH 28:13 သူ​တို့​က``သင်​တို့​၏​သုံ့​ပန်း​များ​ကို​ဤ​မြို့ ထဲ​သို့​မ​ခေါ်​ခဲ့​ကြ​နှင့်။ ငါ​တို့​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​စေ​လောက်​အောင်​ပင် ထာ​ဝရ​ဘု​ရား​ကို​ငါ​တို့​ပြစ်​မှား​ခဲ့​လေ​ပြီ။ ယ​ခု​သင်​တို့​သည်​ငါ​တို့​အ​ပြစ်​ကို​ပို​မို ကြီး​လာ​အောင်​ပြု​လို​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-
2CH 28:14 သို့​ဖြစ်​၍​တပ်​မ​တော်​သား​တို့​သည်​ပြည် သူ​များ​နှင့် ခေါင်း​ဆောင်​များ​လက်​သို့​သုံ့​ပန်း များ​နှင့်​လက်​ရ​ပစ္စည်း​များ​ကို​ပေး​အပ် လိုက်​ကြ​၏။-
2CH 28:15 ပြည်​သူ​တို့​သည်​သုံ့​ပန်း​များ​အား​လက်​ရ ပစ္စည်း​များ​ထဲ​က အ​ဝတ်​အ​စား​ဝေငှ​ပေး​ရေး အ​တွက်​အ​ကြီး​အ​ကဲ​လေး​ဦး​ကို​ခန့်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​သုံ့​ပန်း​များ​ဝတ် ဆင်​ရန်​အ​ဝတ်​အ​စား​များ၊ ဖိ​နပ်​များ​နှင့် စား​ရန်​အ​စား​အ​စာ​အ​လုံ​အ​လောက်​ကို ပေး​၍ သူ​တို့​၏​ဒဏ်​ရာ​များ​ကို​သံ​လွင်​ဆီ နှင့်​လိမ်း​ပေး​ကြ​၏။ အား​နည်း​သူ​တို့​ကို မြည်း​စီး​စေ​လျက် ယု​ဒ​နယ်​မြေ​ရှိ​စွန် ပ​လွံ​မြို့​ခေါ်​ယေ​ရိ​ခေါ​မြို့​သို့​အ​ရောက် ပို့​ကြ​၏။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရှ​မာ​ရိ​မြို့​သို့​ပြန်​ကြ​၏။
2CH 28:16 ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ကို​တစ်​ဖန် လာ​ရောက်​တိုက်​ခိုက်​ကာ သုံ့​ပန်း​အ​မြောက်​အမြား ကို​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သ​ဖြင့် အာ​ခတ်​မင်း သည်​အာ​ရှု​ရိ​ဘု​ရင်​ထံ​အ​ကူ​အ​ညီ​တောင်း ခံ​လေ​သည်။-
2CH 28:18 ထို​အ​ချိန်​ကာ​လ​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​နှင့်​အ​နောက် ဘက်​ရှိ​တောင်​ခြေ​ရင်း​မြို့​များ​ကို​တိုက်​ခိုက် ကြ​၏။ သူ​တို့​သည်​ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန် မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့၊ တိ​မ​နာ​မြို့၊ ဂိ​မ​ဇော​မြို့​များ​နှင့်​ကျေး​ရွာ​များ​ကို​သိမ်း ယူ​ပြီး​လျှင် ထို​မြို့​ရွာ​တို့​တွင်​အတည်​တ​ကျ နေ​ထိုင်​ကြ​လေ​သည်။-
2CH 28:19 ယု​ဒ​ဘု​ရင်​အာခတ်​သည်​ပြည်​သူ​တို့​အား အ​ခွင့်​အ​ရေး​များ​ဆုံး​ရှုံး​စေ​လျက် ထာ​ဝရ ဘု​ရား​ကို​သစ္စာ​ဖောက်​သ​ဖြင့်​ထာ​ဝရ​ဘု​ရား သည် ယု​ဒ​ပြည်​ကို​ဒုက္ခ​ရောက်​စေ​တော်​မူ​၏။-
2CH 28:20 သို့​ဖြစ်​၍​အာ​ရှု​ရိ​ဧ​က​ရဇ်​မင်း​တိ​ဂ​လတ် ပိ​လေ​သာ​သည် အာ​ခတ်​အား​အ​ကူ​အ​ညီ ပေး​မည့်​အ​စား​ဆန့်​ကျင်​ဘက်​ပြု​၍​ဒုက္ခ ရောက်​စေ​၏။-
2CH 28:21 အာ​ခတ်​သည်​ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ပြည် သူ​ခေါင်း​ဆောင်​များ​၏​အိမ်​တို့​မှ​ရွှေ၊ ငွေ၊ ဘဏ္ဍာ​ရှိ​သ​မျှ​ကို​ယူ​၍​အာ​ရှု​ရိ​ဘု​ရင် အား​ပေး​သော်​လည်း​အ​ကျိုး​မ​ရှိ​ချေ။
2CH 28:22 ဤ​သို့​အာ​ခတ်​မင်း​သည်​အ​ခြေ​အ​နေ အ​ဆိုး​ရွား​ဆုံး​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား အား​ယ​ခင်​က​ထက်​ပို​၍​ပြစ်​မှား​လေ​သည်။-
2CH 28:23 သူ​သည်​မိ​မိ​အား​နှိမ်​နင်း​ခဲ့​သည့်​အာ​ရှု​ရိ အ​မျိုး​သား​တို့​၏​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော် လေ​၏။ သူ​က``အာ​ရှု​ရိ​ဘု​ရား​တို့​သည် အာ​ရှု​ရိ​ဘု​ရင်​များ​ကို​ကူ​မ​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​အား​ငါ​ယဇ်​ပူ​ဇော်​ပါ​က သူ​တို့​သည် ငါ့​ကို​လည်း​ကူ​မ​ကောင်း​ကူ​မ ကြ​လိမ့်​မည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​အ​မှု တို့​သည် သူ​နှင့်​သူ​၏​ပြည်​သူ​တို့​အ​ပေါ် သို့​ဘေး​အန္တရာယ်​ဆိုက်​ရောက်​စေ​လေ​သည်။-
2CH 28:24 ထို့​အ​ပြင်​အာ​ခတ်​သည်​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​ရှိ​သ​မျှ​ကို​ယူ​၍ အ​ပိုင်း​ပိုင်း​ချိုး​ဖဲ့ ၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း​ပိတ်​ထား လိုက်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​၌​အ​နှံ့ အ​ပြား​ယဇ်​ပလ္လင်​များ​ကို​တည်​လေ​သည်။-
2CH 28:25 သူ​သည်​ယု​ဒ​ပြည်​မြို့​ကြီး​မြို့​ငယ်​ဟူ​သ​မျှ တွင် လူ​မျိုး​ခြား​သား​များ​၏​ဘု​ရား​များ​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရန် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက်​၏။ ဤ​နည်း အား​ဖြင့်​မိ​မိ​အ​ပေါ်​သို့ ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​၏​အ​မျက်​တော် ကို​သက်​ရောက်​စေ​လေ​သည်။
2CH 28:26 နန်း​သက်​အ​စ​မှ​အ​ဆုံး​အာ​ခတ်​ပြု​သော အ​ခြား​အ​မှု​အ​ရာ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင် နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။-
2CH 28:27 အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို ယေ​ရု​ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​မ​သင်္ဂြိုဟ်​ကြ။ သူ​၏​သား​တော်​ဟေ​ဇ​ကိ​သည်​ခ​မည်း​တော် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။
2CH 29:1 ဟေ​ဇ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ကိုး​နှစ်​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဇာ​ခ​ရိ​၏​သ​မီး အာ​ဘိ​ဖြစ်​၏။-
2CH 29:2 သူ​သည်​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​စံ​န​မူ​နာ ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​၏။
2CH 29:3 ဟေ​ဇ​ကိ​သည်​မိ​မိ​နန်း​တက်​သည့်​နှစ် ပ​ထ​မ​လ​၌ ဗိ​မာန်​တော်​တံ​ခါး​များ​ကို ပြန်​လည်​ဖွင့်​လှစ်​၍​ပြု​ပြင်​စေ​တော်​မူ​၏။-
2CH 29:4 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​တို့​အား ဗိ​မာန်​တော်​အ​ရှေ့​တံ​တိုင်း​အ​တွင်း တွင်​စု​ဝေး​စေ​ပြီး​လျှင်၊-
2CH 29:5 မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​သည်။ မင်း​ကြီး က``အ​ချင်း​လေ​ဝိ​အ​နွယ်​ဝင်​တို့၊ သင်​တို့ သည်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ပူ​ဇော်​လျက် သင်​တို့​ဘိုး​ဘေး​များ​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​သန့်​စင်​မှု ကို​ဆောင်​ရွက်​ကြ​လော့။ ဗိ​မာန်​တော်​ကို​ညစ် ညမ်း​စေ​သည့်​အ​ရာ​ဟူ​သ​မျှ​ကို​ဖယ်​ရှား ကြ​လော့။-
2CH 29:6 ငါ​တို့​ဘိုး​ဘေး​များ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​ဖောက်​၍ ကိုယ်​တော်​မ​နှစ်​သက်​သည့်​အ​မှု​တို့​ကို​ပြု ကြ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​စွန့်​၍ စံ​တော်​မူ​ရာ​ဌာ​န​ကို​ကျော​ခိုင်း​ကြ​၏။-
2CH 29:7 သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​များ​ကို ပိတ်​ထား​ပြီး​လျှင် မီး​ခွက်​များ​တွင်​မီး​ငြိမ်း စေ​ကာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​မှု​မ​ပြု​ကြ။ မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​လည်း​မ​ဆက်​သ​ကြ။-
2CH 29:8 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​ပြည် နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​ကို​အ​မျက်​ထွက်​၍ ပြု​တော်​မူ​သော​အ​မှု​တို့​ကို မြင်​ရ​ကြ​သူ အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​ကောင်း စွာ​သိ​ကြ​၏။-
2CH 29:9 ငါ​တို့​၏​ဖ​ခင်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​ကြ​၍ ငါ​တို့​သား​မ​ယား​များ​သည်​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ကို​ခံ​ရ​ကြ​လေ သည်။
2CH 29:10 ``အ​မျက်​တော်​ပြေ​စေ​ရန်​ယ​ခု​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​ရန်​အ​ကြံ ရှိ​၏။-
2CH 29:11 ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်၊ ထာ​ဝရ​ဘု​ရား အား​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရန်​နှင့် ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​တွင်​ဦး​ဆောင် ရန် ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​သူ​များ​မှာ သင်​တို့​ပင်​ဖြစ်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
2CH 29:12 ထို​အ​ရပ်​၌​ရှိ​သော​လေဝိ​အ​နွယ်​ဝင်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကော​ဟပ်​သား​ချင်း စု​မှ​အာ​မ​သဲ​၏​သား​မာ​ဟတ်​နှင့်​အာ​ဇ​ရိ ၏​သား​ယော​လ။ မေ​ရာ​ရိ​သား​ချင်း​စု​မှ​အာ ဗ​ဒိ​၏​သား​ကိ​ရှ​နှင့်​ယေ​ဟ​လေ​လ​၏​သား အာ​ဇ​ရိ။ ဂေ​ရ​ရှုံ​သား​ချင်း​စု​မှ​ဇိမ္မ​၏​သား ယော​အာ​နှင့်​ယော​အာ​၏​သား​ဧ​ဒင်။ ဧ​လိ ဇ​ဖန်​သား​ချင်း​စု​မှ​ရှိ​မ​ရိ​နှင့်​ယေ​ယေ​လ။ အာ​သပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မတ္တ​နိ။ ဟေ​မန်​သား​ချင်း​စု​မှ​ယေ​ဟေ​လ​နှင့်​ရှိ​မိ။ ယေ​ဒု​သုန်​သား​ချင်း​စု​မှ​ရှေ​မာ​ယ​နှင့် သြ​ဇေ​လ။
2CH 29:15 ထို​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချင်း ချင်း​တို့​အား​စု​ဝေး​စေ​ပြီး​လျှင် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​စေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​မိန့် မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထာ​ဝရ​ဘု​ရား ၏​တ​ရား​နှင့်​အ​ညီ​ဗိ​မာန်​တော်​ကို သန့်​စင်​စေ​ကြ​၏။-
2CH 29:16 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​စင်​မှု​ကို ဆောင်​ရွက်​ရန် ဗိ​မာန်​တော်​သို့​ဝင်​၍​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ မ​သန့်​စင်​သည့်​အ​ရာ ဟူ​သ​မျှ​ကို​တံ​တိုင်း​တော်​သို့​ထုတ်​လာ သော​အ​ခါ ထို​အ​ရာ​များ​ကို​လေဝိ​အ​နွယ် ဝင်​တို့​က​မြို့​ပြင်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​သို့ သယ်​ပို့​ကြ​လေ​သည်။
2CH 29:17 သူ​တို့​သည်​ပ​ထ​မ​လ​တစ်​ရက်​နေ့​မှ​အ​စ ပြု​၍ မုခ်​ဦး​ခန်း​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် သန့်​စင်​မှု​ကို​ဆောင်​ရွက်​ကြ​ရာ​ရှစ်​ရက်​နေ့ ၌​ပြီး​စီး​သွား​၏။ ထို​နောက်​သူ​တို့​သည် ထပ်​မံ​၍​ရှစ်​ရက်​တိုင်​တိုင် လ​ဆန်း​တစ်​ဆယ့် ခြောက်​ရက်​နေ့​အ​ထိ​ဗိ​မာန်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​မှု​အ​တွက်​ပြင်​ဆင်​ကြ​လေ သည်။
2CH 29:18 လေဝိ​အ​နွယ်​ဝင်​တို့​သည် ဟေ​ဇ​ကိ​မင်း အား``အ​ကျွန်ုပ်​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​အ​တွက်​ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့် တင်​ရာ​စား​ပွဲ​နှင့်​အ​သုံး​အ​ဆောင်​များ အ​ပါ​အ​ဝင်​ဗိ​မာန်​တော်​တစ်​ခု​လုံး​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု ဆောင်​ရွက်​ပြီး​ကြ​ပါ​ပြီ။-
2CH 29:19 အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​အား​အာ ခတ်​မင်း​သစ္စာ​ဖောက်​စဉ်​အ​ခါ​က ယူ​သွား သည့်​အ​သုံး​အ​ဆောင်​များ​ကို​လည်း​ပြန် ၍​ယူ​ဆောင်​ကာ​ပြန်​လည်​ဆက်​ကပ်​ပြီး ကြ​ပါ​ပြီ။ ထို​အ​ရာ​အား​လုံး​သည် ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် ရှိ​ပါ​၏'' ဟု​သံ​တော်​ဦး​တင်​ကြ​၏။
2CH 29:20 ဟေ​ဇ​ကိ​မင်း​သည်​မ​ဆိုင်း​မ​တွ​ဘဲ ယေ​ရု ရှ​လင်​မြို့​မှ​လူ​ကြီး​လူ​ကောင်း​များ​ကို စု​ဝေး​စေ​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​ဗိ​မာန် တော်​သို့​ကြွ​တော်​မူ​၏။-
2CH 29:21 မင်း​ဆွေ​မင်း​မျိုး​များ​အ​ပြစ်၊ ယု​ဒ​ပြည်​သူ များ​အ​ပြစ်​ပြေ​စေ​ရန်​နှင့် ဗိ​မာန်​တော်​သန့် စင်​စေ​ရန်​သူ​တို့​သည်​နွား​ခု​နစ်​ကောင်၊ သိုး ခု​နစ်​ကောင်၊ သိုး​ငယ်​ခုနစ်​ကောင်​နှင့်​ဆိတ် ခု​နစ်​ကောင်​ကို​ယူ​ဆောင်​သွား​ကြ​၏။ မင်း ကြီး​သည်​အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ် ပု​ရော​ဟိတ်​တို့​အား``တိ​ရစ္ဆာန်​များ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​တင်​၍​ပူ​ဇော်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။-
2CH 29:22 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဦး​စွာ​နွား​များ ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက် ဖြန်း​ကြ​၏။ ထို​နောက်​သိုး​များ​ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။ ထို​နောက်​သိုး​ငယ်​များ​ကို​သတ်​၍​သွေး ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။-
2CH 29:23 နောက်​ဆုံး​၌​သူ​တို့​သည်​ဆိတ်​များ​ကို​မင်း​ကြီး နှင့်​လူ​ပ​ရိ​သတ်​တို့​ထံ​သို့​ယူ​ဆောင်​ကာ ဆိတ် တို့​အ​ပေါ်​သို့​လက်​များ​ကို​တင်​စေ​ကြ​၏။-
2CH 29:24 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။
2CH 29:25 မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။-
2CH 29:26 သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​အ​သုံး​ပြု​ခဲ့​သော တူ​ရိ​ယာ​မျိုး​များ​ကို​ကိုင်​၍​ရပ်​နေ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကိုင်​၍​ရပ်​နေ​ကြ​၏။-
2CH 29:27 မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​ရန် မင်း​ကြီး​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ပူ​ဇော် ဆက်​သ​မှု​ကို​အ​စ​ပြု​သော​အ​ခါ​လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လေ​သည်။ ဂီ​တ​ပ​ညာ​သည်​တို့​လည်း တံ​ပိုး​ခ​ရာ များ​နှင့်​အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​လေ​သည်။-
2CH 29:28 ထို​အ​ရပ်​တွင်​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့ သည် ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​သည် အ​ထိ​ပါ​ဝင်​၍​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သီ​ချင်း​သီ​ဆို​သူ​များ​က​သီ​ချင်း​သီ​ဆို​၍ တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ​က​တံ​ပိုး​ခ​ရာ မှုတ်​ကြ​ကုန်​၏။-
2CH 29:29 ထို​နောက်​မင်း​ကြီး​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​အား ရှိ​ခိုး​ကြ​လေ​သည်။-
2CH 29:30 ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။
2CH 29:31 ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။-
2CH 29:32 သူ​တို့​သည်​နွား​ကောင်​ရေ​ခု​နစ်​ဆယ်၊ သိုး ကောင်​ရေ​တစ်​ရာ​နှင့်​သိုး​ငယ်​ကောင်​ရေ​နှစ် ရာ​တို့​ကို​ထာ​ဝရ​ဘု​ရား​အား မီး​ရှို့​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ယူ​ဆောင်​လာ​ပြီး​လျှင်၊-
2CH 29:33 လူ​တို့​စား​ရန်​အ​တွက်​နွား​ကောင်​ရေ​ခြောက် ရာ​နှင့် သိုး​ကောင်​ရေ​သုံး​ထောင်​ကို​လည်း ယဇ် ပူ​ဇော်​ဖို့​ယူ​ဆောင်​လာ​ကြ​၏။-
2CH 29:34 ဤ​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​ယဇ်​ပု​ရော​ဟိတ် မ​လုံ​လောက်​သ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် မှု​ပြု​ပြီး​သူ၊ ယဇ်​ပု​ရော​ဟိတ်​များ​ကို​မ​ရ ရှိ​မီ​အ​တွင်း​ဆောင်​ရွက်​စ​ရာ​များ​ပြီး​ဆုံး ချိန်​အ​ထိ လေ​ဝိ​အ​နွယ်​ဝင်​တို့​က​ကူ​ညီ ရ​ကြ​၏။ (ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​အ​နွယ်​ဝင်​များ​က​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပို​၍​တိ​ကျ စွာ​ပြု​တတ်​ကြ​သည်။-)
2CH 29:35 တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရ​သည့်​ယဇ် များ​အ​ပြင် လူ​တို့​စား​သုံး​သည့်​ယဇ်​များ မှ​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​မှု၊ မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​နှင့်​အ​တူ​ဆက်​ကပ်​ရ​သည့် စ​ပျစ်​ရည်​ကို သွန်း​လောင်း​ပူ​ဇော်​မှု​တို့​ကို လည်း​ယဇ်​ပု​ရော​ဟိတ်​များ​က​တာ​ဝန် ယူ​ရ​ကြ​လေ​သည်။ သို့​ဖြစ်​၍​ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ် မှု​သည်​ပြန်​လည်​တည်​မြဲ​လေ​၏။-
2CH 29:36 ထာ​ဝရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​လျင် မြန်​စွာ​ဆောင်​ရွက်​နိုင်​ခွင့်​ပေး​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။
2CH 30:1 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ပြု​ပြီး သူ ယဇ်​ပု​ရော​ဟိတ်​အ​ရေ​အ​တွက်​လုံ​လောက် အောင်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​သို့​လာ​ရောက်​စု​ဝေး​သူ​တို့​သည် မ​များ​သော​ကြောင့်​လည်း​ကောင်း၊ ပြည်​သူ တို့​သည်​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​မြဲ ဖြစ်​သည့်​ပ​ထ​မ​လ​တွင်​မ​ကျင်း​ပ​နိုင် ကြ​ချေ။ ထို​ကြောင့်​ဟေ​ဇ​ကိ​မင်း​နှင့် တ​ကွ မှူး​မတ်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​သည် ထို​ပွဲ​တော် ကို​ဒု​တိ​ယ​လ​၌​ကျင်း​ပ​ရန်​သ​ဘော တူ​ကြ​လေ​သည်။ ထို​နောက်​မင်း​ကြီး​သည် ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ လူ အ​ပေါင်း​တို့​ထံ​သို့​အ​ကြောင်း​ကြား​တော် မူ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​နှင့်​မ​နာ​ရှေ အ​နွယ်​တို့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​လာ ရောက်​ကြ​ရန်​အ​ထူး​ဂ​ရု​ပြု​၍ ဖိတ် ကြား​စာ​များ​ပေး​ပို့​တော်​မူ​လေ​သည်။-
2CH 30:4 မင်း​ကြီး​နှင့်​ပြည်​သူ​တို့​သည်​မိ​မိ​တို့ အ​ကြံ​အ​စည်​ကို​နှစ်​သက်​ကြ​သ​ဖြင့်၊-
2CH 30:5 ပ​ညတ်​တ​ရား​တော်​နှင့်​အ​ညီ​ပ​သ​ခါ​ပွဲ တော်​ကို ယ​ခင်​အ​ခါ​များ​ထက်​ပို​မို​စည် ကား​စွာ​ကျင်း​ပ​နိုင်​ရန်​မြောက်​ဘက်​ရှိ​ဒန် မြို့​မှ တောင်​ဘက်​ရှိ​ဗေ​ရ​ရှေ​ဗ​မြို့​တိုင် အောင်​ရှိ​သ​မျှ​သော ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား​ယေ​ရု​ရှ​လင် မြို့​သို့​ဖိတ်​ခေါ်​၏။-
2CH 30:6 မင်း​ကြီး​နှင့်​မှူး​မတ်​များ​၏​အ​မိန့်​အ​ရ စေ​တ​မန်​တို့​သည် ဖိတ်​စာ​များ​ယူ​ဆောင် လျက်​ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​သွား​ရောက်​ကြ​၏။ ဖိတ်​စာ​တွင်``အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည်​အာ​ရှု​ရိ​မင်း​၏​လက်​မှ​လွတ် မြောက်​၍​မ​သေ​ဘဲ​ကျန်​ခဲ့​ကြ​လေ​ပြီ။ အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ ကိုယ်​တော်​သည်​လည်း​သင်​တို့​ထံ သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​လိမ့်​မည်။
2CH 30:7 သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သစ္စာ​ဖောက်​သူ​ဘိုး​ဘေး​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​မ​ပြု ကြ​နှင့်။ သင်​တို့​သိ​ရှိ​ကြ​သည့်​အ​တိုင်း ကိုယ် တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ခဲ့​၏။-
2CH 30:8 သင်​တို့​သည်​သူ​တို့​ကဲ့​သို့​ခေါင်း​မ​မာ​ကြ နှင့်။ ထာ​ဝရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထာ​ဝ​စဉ်​သီး​သန့် ထား​တော်​မူ​သော​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန် တော်​သို့​လာ​၍ ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​မျက်​ထွက်​တော်​မူ တော့​မည်​မ​ဟုတ်။-
2CH 30:9 သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​ထံ​တော်​သို့ ပြန်​လာ​ကြ​လျှင် သင်​တို့​၏​ဆွေ​မျိုး​သား ချင်း​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့် ဖမ်း​ဆီး ခေါ်​ဆောင်​သွား​သူ​တို့​သည်​သူ​တို့​အား သ​နား​၍​နေ​ရင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​ကြ လိမ့်​မည်။ သင်​တို့​ဘု​ရား​သခင်​ထာ​ဝရ​ဘု​ရား သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​ထား တော်​မူ​တတ်​၏။ သင်​တို့​သည်​အ​ထံ​တော် သို့​ပြန်​လာ​ကြ​လျှင်​ကိုယ်​တော်​သည်​သင် တို့​အား​လက်​ခံ​တော်​မူ​ပေ​အံ့'' ဟု​ရေး သား​ဖော်​ပြ​ထား​သ​တည်း။
2CH 30:10 စေ​တ​မန်​တို့​သည်​ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် များ​၏​နယ်​မြေ​များ​မြို့​ရှိ​သ​မျှ​နှင့် မြောက်​ဘက် ဇာ​ဗု​လုန်​နယ်​မြေ​သို့​သွား​ရောက်​ကြ​သော်​လည်း လူ​တို့​သည်​သူ​တို့​အား​ပြက်​ရယ်​ပြု​ကာ​ပြောင် လှောင်​ကြ​လေ​သည်။-
2CH 30:11 သို့​သော်​အာ​ရှာ၊ မ​နာ​ရှေ​နှင့်​ဇာ​ဗု​လုန်​အနွယ် ဝင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​မူ​ကား ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​၏။-
2CH 30:12 ထို​အ​ပြင်​မင်း​ကြီး​နှင့်​မှူး​မတ်​တို့​ထုတ်​ပြန် ကြေ​ညာ​သည့်​အ​မိန့်​များ​ကို​လိုက်​နာ​သော အား​ဖြင့် လူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း အ​လို​တော်​ကို​လိုက်​လျှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ယု​ဒ​ပြည်​သူ​တို့​၏​စိတ်​ကို​ပြု ပြင်​ပေး​တော်​မူ​၏။
2CH 30:13 ဒု​တိ​ယ​လ​၌​များ​စွာ​သော​လူ​တို့​သည် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​၏။-
2CH 30:14 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​များ​ပူ ဇော်​ရာ​နှင့် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ရှိ သ​မျှ​ကို​ယူ​၍​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ပစ် ချ​လိုက်​ကြ​၏။ လ​ဆန်း​တစ်​ဆယ့်​လေး​ရက် နေ့​၌​သူ​တို့​သည် ပ​သ​ခါ​ယဇ်​ပူ​ဇော်​ရန် အ​တွက်​သိုး​များ​ကို​သတ်​ကြ​လေ​သည်။-
2CH 30:15 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​မ​ပြု ခဲ့​သူ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​သည် လွန်​စွာ​အ​ရှက်​ရ​၍ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ကြ​သ​ဖြင့် ယ​ခု အ​ခါ​ဗိ​မာန်​တော်​တွင်​မီး​ရှို့​ရာ​ယဇ်​များ​ကို ပူ​ဇော်​နိုင်​ကြ​၏။-
2CH 30:16 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ စီ​ရင်​သည့်​ပ​ညတ်​ကျမ်း​တွင် ဖော်​ပြ​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ဗိ​မာန်​တော်​တွင် နေ​ရာ​ယူ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​က ယဇ်​ကောင်​များ​၏​သွေး​ကို​ယဇ်​ပု​ရော​ဟိတ် တို့​အား​ပေး​အပ်​၍ ယဇ်​ပု​ရော​ဟိတ်​တို့​က ထို​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း ကြ​လေ​သည်။-
2CH 30:17 လူ​အ​မြောက်​အ​မြား​ပင်​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​များ​ဖြစ်​သ​ဖြင့် ပ​သ​ခါ သိုး​တို့​ကို​မ​သတ်​နိုင်​ကြ။ သို့​ဖြစ်​၍​သူ​တို့​ကိုယ် စား​လေဝိ​အ​နွယ်​ဝင်​များ​က​သိုး​တို့​ကို​သတ် ပြီး​လျှင် ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ပူ​ဇော် ပေး​ကြ​၏။-
2CH 30:18 ဧ​ဖ​ရိမ်၊ မ​နာ​ရှေ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​နွယ် ဝင်​အ​မြောက်​အ​မြား​မှာ​လည်း​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​မ​ပြု​ဘဲ​ပ​သ​ခါ ပွဲ​တော်​သို့​ဝင်​ရောက်​ဆင်​နွှဲ​ကြ​သူ​များ​ဖြစ် ပေ​သည်။ ထို​သူ​တို့​အ​တွက်​ဟေ​ဇ​ကိ​မင်း​က၊-
2CH 30:19 ``အို အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ထို​သူ​တို့​မှာ​သန့်​စင်​မှု မ​ရှိ​သော်​လည်း​ကိုယ်​တော်​အား စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​သူ​များ​ဖြစ်​သ​ဖြင့် ကောင်း​မြတ်​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ​သူ​တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော် မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​တော်​မူ​၏။-
2CH 30:20 ထာ​ဝရ​ဘု​ရား​သည်​မင်း​ကြီး​၏​လျှောက်​ထား ချက်​ကို​နား​ညောင်း​တော်​မူ​လေ​သည်။ ကိုယ်​တော် သည်​လူ​တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဘေး​ဥ​ပဒ်​ရောက်​စေ​တော်​မ​မူ။-
2CH 30:21 ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​လျက်​နေ​သော လူ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ခု​နစ်​ရက်​တိုင်​တိုင်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော် ကို​ကျင်း​ပ​ကြ​ကုန်​၏။ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တစ်​နေ့​ပြီး တစ်​နေ့ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​အ​စွမ်း ကုန်​ချီး​မွမ်း​ကြ​လေ​သည်။-
2CH 30:22 ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊-
2CH 30:23 နောက်​ထပ်​ခု​နစ်​ရက်​ကျင်း​ပ​ရန်​ဆုံး​ဖြတ်​ကြ လျက် ထို​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ဆက်​လက်​ကျင်း​ပ​ကြ​ကုန်​၏။-
2CH 30:24 ဟေ​ဇ​ကိ​မင်း​သည်​လူ​တို့​စား​ရန်​အ​တွက် နွား ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​ခု​နစ်​ထောင် ကို​ပေး​လှူ​တော်​မူ​၏။ မှူး​မတ်​များ​က​လည်း နွား​ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​တစ် သောင်း​ကို​ပေး​လှူ​ကြ​လေ​သည်။ ယဇ်​ပု​ရော ဟိတ်​အ​မြောက်​အ​မြား​ပင်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​ကုန်​၏။-
2CH 30:25 သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ် များ၊ လေဝိ​အ​နွယ်​ဝင်​များ၊ မြောက်​အ​ရပ်​မှ​လာ ရောက်​ကြ​သူ​များ၊ ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​သူ လူ​မျိုး ခြား​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​လေ​သည်။-
2CH 30:26 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဒါ​ဝိဒ် ၏​သား​တော်​ရှော​လ​မုန်​မင်း​လက်​ထက်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​သော​ပွဲ​မျိုး​ကို​မ​ကျင်း ပ​ဘူး​ကြ​သ​ဖြင့်​အ​တိုင်း​ထက်​အ​လွန် ဝမ်း​မြောက်​ကြ​ကုန်​၏။-
2CH 30:27 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင်​တို့ သည်​ပြည်​သူ​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​ထံ တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​လျှောက် ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​စံ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ပတ္ထ​နာ​ကို​နား ညောင်း​တော်​မူ​၏။
2CH 31:1 ပွဲ​တော်​ပြီး​ဆုံး​သွား​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ သို့​သွား​လျက် ကျောက်​တိုင်​များ​ကို​ဖြို​ဖျက်​၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို​ခုတ် လှဲ​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​ဖြို​ဖျက်​ကြ​၏။ သူ​တို့ သည်​ယု​ဒ​နယ်​မြေ၊ ဗင်္ယာ​မိန်​နယ်​မြေ​နှင့်​မ​နာ​ရှေ နယ်​မြေ​တို့​တွင်​လည်း​ဤ​နည်း​အ​တိုင်း​ပြု​လုပ် ကြ​ပြီး​လျှင်​မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့ ပြန်​သွား​ကြ​၏။
2CH 31:2 ဟေ​ဇ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ အနွယ်​ဝင်​အ​ဖွဲ့​ကို​ပြန်​လည်​ဖွဲ့​စည်း​တော်​မူ​၍ သူ​တို့​အ​သီး​သီး​အ​တွက်​တိ​ကျ​သော​တာ​ဝန် ဝတ္တ​ရား​များ​ကို​သတ်​မှတ်​ပေး​တော်​မူ​၏။ ထို တာ​ဝန်​ဝတ္တ​ရား​များ​တွင်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​ပူ​ဇော်​ခြင်း၊ ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ခြင်း၊ ဗိ​မာန်​တော်​ဌာ​န အ​သီး​သီး​တွင်​ဂုဏ်​တော်​နှင့်​ကျေး​ဇူး တော်​ချီး​မွမ်း​ခြင်း​တို့​ပါ​ဝင်​လေ​သည်။-
2CH 31:3 မင်း​ကြီး​သည်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း အ​ရ နေ့​စဉ်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ ဥ​ပုသ်​နေ့ လ​ဆန်း​ပွဲ​တော်​နေ့​နှင့်​အ​ခြား​ပွဲ​တော်​များ​၌ မီး​ရှို့​ပူ​ဇော်​ရန် လို​အပ်​သော​သိုး​နွား​များ​ကို မိ​မိ​ပိုင်​သိုး​အုပ်​နွား​အုပ်​များ​မှ​ပေး​လှူ​တော် မူ​၏။
2CH 31:4 ထို​အ​ပြင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် ကျမ်း​ပြ​ဋ္ဌာန်း​ချက်​များ​ကို​အ​ချိန်​ပြည့် တာ​ဝန်​ယူ​ဆောင်​ရွက်​နိုင်​ကြ​စေ​ခြင်း​ငှာ သူ တို့​ခံ​ယူ​ထိုက်​သော​လှူ​ဖွယ်​ပစ္စည်း​များ​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ယူ​ဆောင် လာ​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
2CH 31:5 အ​မိန့်​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဣသ​ရေ​လ ပြည်​သူ​တို့​သည်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​အ​ခြား​လယ်​ယာ​ထွက်​သီး​နှံ လက်​ဦး​လက်​ဖျား​များ ကို​လည်း​ကောင်း၊ ရှိ​သ​မျှ​သော​ဥစ္စာ​များ​၏ ဆယ်​ပုံ​တစ်​ပုံ​ကို​လည်း​ကောင်း​ယူ​ဆောင်​လာ ကြ​လေ​သည်။-
2CH 31:6 ယုဒ​မြို့​များ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် လည်း မိ​မိ​တို့​၏​သိုး​နွား​ဆယ်​ပုံ​တစ်​ပုံ​နှင့် လှူ​ဖွယ်​ပစ္စည်း​အ​မြောက်​အ​မြား​ကို​ယူ​ဆောင် လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လှူ​ဒါန်း​ကြ​၏။-
2CH 31:7 ထို​လှူ​ဖွယ်​ပစ္စည်း​များ​သည်​တ​တိ​ယ​လ​မှ အ​စ​ပြု​၍ နောက်​လေး​လ​တိုင်​တိုင်​ဆက်​လက် ရောက်​ရှိ​လာ​ကာ​စု​ပုံ​လျက်​နေ​လေ​၏။-
2CH 31:8 မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည်​စု​ပုံ​လျက်​နေ သော​ပစ္စည်း​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ချီး​ကူး​ကြ​ကုန်​၏။-
2CH 31:9 မင်း​ကြီး​သည်​ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့် ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မိန့်​ကြား​တော်​မူ​သော အခါ၊-
2CH 31:10 ဇာ​ဒုတ်​၏​သား​မြေး​ယဇ်​ပု​ရော​ဟိတ်​မင်း အာ​ဇ​ရိ​က``ပြည်​သူ​တို့​သည်​ဤ​လှူ​ဖွယ် ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ ချိန်​မှ​အ​စ​ပြု​၍ အ​ကျွန်ုပ်​တို့​စား​သုံး​ရန် အ​လုံ​အ​လောက်​ရ​ရှိ​ကြ​သည့်​အ​ပြင် များ​စွာ​ပင်​ပို​လျှံ​လျက်​နေ​ပါ​၏။ ဤ​မျှ အ​ကျွန်ုပ်​တို့​ရ​ရှိ​ကြ​ခြင်း​မှာ​ထာ​ဝရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်​ဖြစ် ပါ​၏'' ဟု​လျှောက်​လေ​သည်။
2CH 31:11 မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊-
2CH 31:12 ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့်​ဆယ်​ပုံ​တစ်​ပုံ အ​လှူ​များ​ကို​သိမ်း​ဆည်း​ထား​ကြ​၏။ သူ တို့​သည်​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက် လေ​ဝိ​အ​နွယ်​ဝင်​ကော​န​နိ​အား​တာ​ဝန်​ခံ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ သူ​၏​ညီ​ရှိ​မိ​အား လက်​ထောက်​တာ​ဝန်​ခံ​အ​ဖြစ်​ဖြင့်​လည်း ကောင်း​ခန့်​အပ်​ကြ​လေ​သည်။-
2CH 31:13 သူ​တို့​၏​လက်​အောက်​တွင်​အ​မှု​ထမ်း​ရန် လေ​ဝိ အ​နွယ်​ဝင်​ဆယ်​ဦး​ဖြစ်​ကြ​သော​ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ် နှင့်​ဗေ​နာ​ယ​တို့​ကို​လည်း​ခန့်​ထား​ကြ​၏။ ဤ​ရာ​ထူး​များ​ကို​ဟေ​ဇ​ကိ​မင်း​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​အာ​ဇ​ရိ​တို့​၏​အ​မိန့်​အ​ရ ခန့်​ထား​ခြင်း​ဖြစ်​သ​တည်း။-
2CH 31:14 လေ​ဝိ​အ​နွယ်​ဝင်​ဣမ​န​၏​သား၊ ဗိ​မာန်​တော် အ​ရှေ့​တံ​ခါး​မှူး​ကော​ရ​သည်​ထာ​ဝ​ရ​ဘု​ရား အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လက် ခံ​ရန်​နှင့်​ဝေ​မျှ​ရန်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​၏။-
2CH 31:15 ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။-
2CH 31:17 ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​သား ချင်း​စု​အ​လိုက် တာ​ဝန်​ဝတ္တ​ရား​များ​ကို ထမ်း​ဆောင်​ရ​ကြ​၍​အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​လေဝိ​အနွယ်​ဝင်​များ​မှာ​မူ လုပ်​ငန်း အ​ဖွဲ့​များ​အ​လိုက်​တာ​ဝန်​ထမ်း​ဆောင်​ကြ ရ​၏။-
2CH 31:18 ထို​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​အ​တွက် သီး​သန့်​ထား​သော​တာ​ဝန်​ဝတ္တ​ရား​များ​ကို အ​ချိန်​မ​ရွေး​ထမ်း​ဆောင်​ရန်​အ​သင့်​ရှိ​အပ် သည်​ဖြစ်​၍ သား​မ​ယား​များ​နှင့်​တ​ကွ အ​ခြား​မှီ​ခို​သူ​များ​နှင့်​အ​တူ​မှတ်​ပုံ တင်​ထား​ရ​ကြ​လေ​သည်။-
2CH 31:19 အာ​ရုန်​မှ​ဆင်း​သက်​လာ​သူ​တို့​အား​နေ​ရာ ချ​ထား​သည့်​မြို့​များ​၌​ဖြစ်​စေ၊ ထို​မြို့​တို့ နှင့်​သက်​ဆိုင်​သည့်​စား​ကျက်​များ​၌​ဖြစ်​စေ နေ​ထိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​တွင်​ရိက္ခာ ခွဲ​ဝေ​မှု​တာ​ဝန်​ခံ​များ​ရှိ​၏။ သူ​တို့​သည်​ယဇ် ပု​ရော​ဟိတ်​များ​၏​အိမ်​ထောင်​စု​ဝင်​ယောကျာ်း မှန်​သ​မျှ​နှင့် လေ​ဝိ​သား​ချင်း​စု​စာ​ရင်း ဝင်​သူ​မှန်​သ​မျှ​တို့​အား​စား​နပ်​ရိက္ခာ များ​ကို​ခွဲ​ဝေ​ပေး​ကြ​၏။
2CH 31:20 ဟေ​ဇ​ကိ​မင်း​သည်​ယု​ဒ​ပြည်​တစ်​လျှောက် လုံး​တွင်​ဖြောင့်​မှန်​သော၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။-
2CH 31:21 သူ​သည်​ဗိ​မာန်​တော်​အ​တွက်​ပြု​လေ​သ​မျှ သော​အ​မှု​တို့​တွင်​လည်း​ကောင်း၊ ပ​ညတ်​တော် ကို​စောင့်​ထိန်း​ရာ​၌​လည်း​ကောင်း၊ မိ​မိ​၏ ဘု​ရား​သ​ခင်​အား​စိတ်​ရော​ကိုယ်​ပါ ဆည်း ကပ်​လျက်​ပြု​တော်​မူ​သည့်​အ​တွက်​အောင် မြင်​ထ​မြောက်​တော်​မူ​၏။
2CH 32:1 ဤ​သို့​ဟေ​ဇ​ကိ​သည်​ထာ​ဝရ​ဘု​ရား​အား သစ္စာ​နှင့်​ဆည်း​ကပ်​ကိုး​ကွယ်​လျက်​နေ​သည့် နောက်​ပိုင်း​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ် သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ လေ​သည်။ သူ​သည်​တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ မြို့​ရိုး​များ ကို​ချိုး​ဖောက်​ဝင်​ရောက်​ရန်​မိမိ​၏​တပ်​မ တော်​အား​အ​မိန့်​ပေး​တော်​မူ​၏။-
2CH 32:2 သ​နာ​ခ​ရိပ်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​လည်း တိုက်​ခိုက်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း ဟေ​ဇ​ကိ သိ​မြင်​သော​အ​ခါ၊-
2CH 32:3 မိ​မိ​၏​မှူး​မတ်​များ​နှင့်​တိုင်​ပင်​၍​အာ​ရှု​ရိ အ​မျိုး​သား​တို့​ရောက်​လာ​ချိန်​၌ ရေ​မ​ရ​အောင် မြို့​ပြင်​သို့​ရေ​လွှတ်​မြောင်း​များ​ကို​ဖြတ်​တောက် စေ​တော်​မူ​၏။ မှူး​မတ်​တို့​သည်​လူ​အ​မြောက် အ​မြား​ကို​စု​ရုံး​လျက်​စမ်း​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​ပိတ်​ဆို့​လိုက်​ကြ​၏။-
2CH 32:5 မင်း​ကြီး​သည်​မြို့​တော်​ကာ​ကွယ်​ရေး​အ​တွက် ခိုင်​ခံ့​စေ​ရန် မြို့​ရိုး​များ​ကို​ပြန်​လည်​ပြု​ပြင် ခြင်း၊ ပြ​အိုး​များ​ကို​ဆောက်​လုပ်​ခြင်း၊ အ​ပြင် မြို့​ရိုး​တစ်​ထပ်​ကို​တည်​ဆောက်​ခြင်း​တို့​ကို ပြု​တော်​မူ​၏။ ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ဟောင်း အ​ရှေ့​ပိုင်း​၌​ရှိ​သော​မြေ​က​တုတ်​များ​ကို ပြု​ပြင်​၍ လှံ​နှင့်​ဒိုင်း​လွှား​အ​မြောက်​အ​မြား ကို​ပြု​လုပ်​စေ​တော်​မူ​၏။-
2CH 32:6 မင်း​ကြီး​သည်​မြို့​သား​အ​ပေါင်း​တို့​အား တပ်​မ​တော်​အ​ရာ​ရှိ​များ​၏​အောက်​တွင် ထား​ရှိ​ကာ​မြို့​တံ​ခါး​ဝ​ရှိ​ကွက်​လပ်​တွင် စု​ဝေး​စေ​ပြီး​လျှင်၊-
2CH 32:7 ``အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ အာ​ရှု​ရိ​ဧ​က​ရာဇ်​ကို​သော်​လည်း​ကောင်း၊ သူ ဦး​စီး​ခေါင်း​ဆောင်​ပြု​သည့်​တပ်​မ​တော်​ကို သော်​လည်း​ကောင်း​မ​ကြောက်​ကြ​နှင့်။ သူ​၏ တန်​ခိုး​စွမ်း​ရည်​ထက်​ပို​မို​ကြီး​မား​သော တန်​ခိုး​စွမ်း​ရည်​ငါ​တို့​တွင်​ရှိ​၏။-
2CH 32:8 သူ​၏​ဘက်​၌​လူ​သား​တို့​၏​တန်​ခိုး​စွမ်း​ရည် သာ​လျှင်​ရှိ​ပေ​သည်။ ငါ​တို့​ဘက်​၌​မူ​ကား ကူ​မ​တော်​မူ​၍​စစ်​ပွဲ​များ​တွင်​ပါ​ဝင်​တိုက် ခိုက်​တော်​မူ​သော​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ရှိ​တော်​မူ​၏'' ဟု​မိန့်​တော် မူ​လေ​သည်။ ဤ​သို့​မင်း​ကြီး​မိန့်​တော်​မူ သော​စ​ကား​ကြောင့်​လူ​တို့​သည်​အား တက်​လာ​ကြ​ကုန်​၏။
2CH 32:9 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သ​နာ ခ​ရိပ်​သည် မိ​မိ​တပ်​မ​တော်​နှင့်​အ​တူ​လာ​ခိ​ရှ မြို့​၌​ပင်​ရှိ​နေ​စဉ် ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင် မြို့​တွင်​ရှိ​နေ​ကြ​သော​ယု​ဒ​ပြည်​သူ​တို့​ထံ သို့​စေ​တ​မန်​လွှတ်​၍၊-
2CH 32:10 ``သင်​တို့​ယေရု​ရှ​လင်​မြို့​သား​များ​သည်​အ​ဝိုင်း ခံ​လျက်​နေ​ရ​ချိန်​၌​ပင်​အ​ဘယ်​သို့​လျှင် စိတ် ချ​လက်​ချ​နေ​နိုင်​ကြ​ပါ​သ​နည်း​ဟု​ငါ အာ​ရှု​ရိ​ဧ​က​ရာဇ်​မေး​မြန်း​လိုက်​၏။-
2CH 32:11 ဟေ​ဇ​ကိ​က​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ငါ​၏​လက်​မှ​ကယ်​တော် မူ​မည်​ဟု​ဆို​ချေ​သည်။ သို့​ရာ​တွင်​ဟေ​ဇ​ကိ သည်​သင်​တို့​အ​စာ​ရေ​စာ​ငတ်​မွတ်​၍​သေ​ကြ စေ​ရန်​လှည့်​စား​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-
2CH 32:12 ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ယု​ဒ ပြည်​သူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​ယဇ်​ပလ္လင်​တစ်​ခု​တည်း​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​၍​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြော​ကြား​သူ​ကား​ဟေဇ​ကိ​ပင်​ဖြစ်​သည်။-
2CH 32:13 ငါ​နှင့်​ငါ​၏​ဘိုး​ဘေး​များ​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​မှ​လူ​တို့​အား​အ​ဘယ်​သို့​ပြု ခဲ့​သည့်​ကို​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ အ​ခြား​အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​များ သည်​မိ​မိ​တို့​လူ​များ​အား​အာ​ရှု​ရိ​ဧ​က​ရာဇ် ၏​လက်​မှ​ကယ်​ခဲ့​ကြ​ပါ​သ​နည်း။-
2CH 32:14 ထို​နိုင်​ငံ​များ​ရှိ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​၏​လူ​တို့​အား​ငါ​၏​လက်​မှ​ကယ်​ခဲ့​ဖူး ပါ​သ​နည်း။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​၏​ဘု​ရား သည်​သင်​တို့​ကို​ကယ်​တော်​မူ​နိုင်​သည်​ဟု အ​ဘယ်​ကြောင့်​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​နည်း။-
2CH 32:15 ယ​ခု​သင်​တို့​အား​ဟေ​ဇ​ကိ​မ​လှည့်​စား​မ​ဖြား ယောင်း​စေ​နှင့်။ သူ​၏​စ​ကား​ကို​သင်​တို့​မ​ယုံ ကြ​စေ​နှင့်။ အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​မျှ မိ​မိ​၏​လူ​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက် မှ​ကယ်​နိုင်​ခဲ့​ဘူး​သည်​မ​ရှိ။ သို့​ဖြစ်​၍​သင်​တို့ ၏​ဘု​ရား​သည်​လည်း​အ​မှန်​ပင်​သင်​တို့​အား မ​ကယ်​နိုင်'' ဟု​ပြော​ကြား​စေ​လေ​သည်။
2CH 32:16 အာ​ရှု​ရိ​တပ်​မှူး​သည်​လည်း​ထာ​ဝရ​အ​ရှင် ဘု​ရား​သ​ခင်​အား​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား ၏​အ​စေ​ခံ​ဟေ​ဇ​ကိ​အား​လည်း​ကောင်း​ထို ထက်​ပင်​ပို​မို​ရှုတ်​ချ​ပြော​ဆို​ကြ​သေး​၏။-
2CH 32:17 ဧ​က​ရာဇ်​မင်း​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ကို​အာ​ခံ​လျက် ပေး​ပို့ သော​အ​မှာ​တော်​စာ​တွင်``အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​ဘု​ရား​များ​သည်​မိ​မိ​တို့​၏​လူ​များ အား​ငါ​၏​လက်​မှ​မ​ကယ်​နိုင်​ခဲ့​ကြ။ ဟေ​ဇ​ကိ ၏​ဘု​ရား​သည်​လည်း​မိ​မိ​၏​လူ​တို့​ကို​ငါ ၏​လက်​မှ​ကယ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု ဖော်​ပြ​ထား​သ​တည်း။-
2CH 32:18 တပ်​မှူး​တို့​သည်​မြို့​ရိုး​ပေါ်​ရှိ​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား​ခြိမ်း​ခြောက်​ကာ​စိတ်​ပျက်​အား လျော့​အောင်​ပြု​၍ မြို့​ကို​အ​လွယ်​တ​ကူ​သိမ်း ပိုက်​နိုင်​စေ​ရန်​ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် အော်​ဟစ်​ပြော​ဆို​ကြ​လေ​သည်။-
2CH 32:19 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ဘု​ရား​သ​ခင်​ကို​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​ရုပ်​တု များ​ဖြစ်​သည့်​အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား များ​နှင့်​တန်း​တူ​ထား​၍​ပြော​ဆို​ကြ​၏။
2CH 32:20 ထို​အ​ခါ​ဟေ​ဇ​ကိ​မင်း​နှင့်​အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ဘု​ရား​သ​ခင်​ထံ တော်​သို့​ကယ်​မ​တော်​မူ​ရန်​ဟစ်​လျက်​ပတ္ထ​နာ ပြု​ကြ​လေ​သည်။-
2CH 32:21 ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။
2CH 32:22 ဤ​နည်း​အား​ဖြင့်​ထာ​ဝရ​ဘု​ရား​သည်​ဟေ ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ်​၏​လက် မှ​လည်း​ကောင်း၊ အ​ခြား​ရန်​သူ​များ​၏​လက် မှ​လည်း​ကောင်း​ကယ်​တော်​မူ​၍​ပတ်​ဝန်း​ကျင် နိုင်​ငံ​များ​နှင့်​ငြိမ်း​ချမ်း​မှု​ကို​ပေး​တော်​မူ​၏။-
2CH 32:23 လူ​အ​မြောက်​အ​မြား​ပင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပူ​ဇော်​သ​ကာ​များ​နှင့် ဟေ​ဇ​ကိ မင်း​အ​တွက်​လက်​ဆောင်​များ​ကို​ယေ​ရု​ရှ​လင် မြို့​သို့​ယူ​ဆောင်​လာ​ကြ​၏။ ထို​ကာ​လ​မှ အ​စ​ပြု​၍​ဟေ​ဇ​ကိ​သည်​နိုင်​ငံ​တ​ကာ တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​လေ​၏။
2CH 32:24 ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဟေ​ဇ​ကိ​သည် သေ​လု​နီး​ပါး​ဖျား​နာ​သ​ဖြင့် ဆု​တောင်း​ပတ္ထ နာ​ပြု​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​သူ​ပြန် လည်​ကျန်း​မာ​လာ​မည့်​နိ​မိတ်​ကို​ပြ​တော်​မူ​၏။-
2CH 32:25 သို့​ရာ​တွင်​ဟေ​ဇ​ကိ​မင်း​သည်​မာန်​မာ​န​ရှိ သ​ဖြင့် ခံ​စား​ရ​သော​ကျေး​ဇူး​တော်​အ​တွက် ကျေး​ဇူး​တော်​ကို​မ​ချီး​မွမ်း။ ထို​ကြောင့်​ယု​ဒ ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လေ​သည်။-
2CH 32:26 နောက်​ဆုံး​တွင်​ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​သည်​နှိမ့်​ချ​သော​စိတ်​ရှိ​လာ ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ဇ​ကိ ၏​လက်​ထက်​ကာ​လ​တွင်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မ​မူ။
2CH 32:27 ဟေ​ဇ​ကိ​သည်​လွန်​စွာ​ချမ်း​သာ​ကြွယ်​ဝ​လာ ပြီး​လျှင် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ ရေ​ကြီး​မြင့်​လေ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​များ၊ နံ့​သာ​မျိုး​များ၊ ဒိုင်း​လွှား​များ နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ​သို​လှောင် ရန်​တိုက်​များ​ကို​တည်​ဆောက်​တော်​မူ​၏။-
2CH 32:28 စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံလွင်​ဆီ​အ​တွက်​ကုန် လှောင်​ရုံ​များ၊ မိ​မိ​၏​ကျွဲ​နွား​များ​အ​တွက် တင်း​ကုပ်​များ၊ သိုး​များ​အ​တွက်​ခြံ​များ ကို​လည်း​တည်​ဆောက်​တော်​မူ​၏။-
2CH 32:29 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဤ​အ​ရာ များ​အ​ပြင်​သိုး​နွား​များ​နှင့်​အ​ခြား​ပစ္စည်း ဥစ္စာ​အ​မြောက်​အ​မြား​ကို​လည်း​ပေး​သ​နား တော်​မူ​သ​ဖြင့် သူ​သည်​မြောက်​မြား​စွာ​သော မြို့​တို့​ကို​တည်​ထောင်​တော်​မူ​၏။-
2CH 32:30 ဂိ​ဟုန်​စမ်း​မှ​ရေ​စီး​ကြောင်း​ကို​ပိတ်​ဆို့​လိုက် ပြီး​လျှင်​ဥ​မင်​လိုဏ်​ခေါင်း​တူး​၍ ယေ​ရု​ရှ​လင် မြို့​တံ​တိုင်း​အ​တွင်း​သို့​ရေ​ကို​သွယ်​သူ​မှာ ဟေ​ဇ​ကိ​ပင်​ဖြစ်​၏။ ဟေ​ဇ​ကိ​သည်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင်​အောင်​မြင်​တော်​မူ သည်။-
2CH 32:31 တိုင်း​ပြည်​တွင်​ဖြစ်​ပွား​ခဲ့​သော​အံ့​ဖွယ်​အ​မှု ကို​စုံ​စမ်း​ရန်​ဗာ​ဗု​လုန်​သံ​တ​မန်​များ​လာ ရောက်​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​သည်​ဟေ ဇ​ကိ​၏​သ​ဘော​ကို​စမ်း​သပ်​သိ​ရှိ​နိုင်​ရန်​သူ ပြု​လို​သည့်​အ​တိုင်း​ပြု​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။
2CH 32:32 ဟေ​ဇ​ကိ​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ​ဘု​ရား အား​ဆည်း​ကပ်​ပုံ​တို့​ကို အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင် တွင်​ရေး​ထား​သ​တည်း။-
2CH 32:33 ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​အ​ထက်​ပိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ သူ​ကွယ်​လွန်​ချိန်​၌​ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​သူ့​အား အ​ထူး​ဂုဏ်​ပြု​ကြ​၏။ သား​တော်​မ​နာ​ရှေ သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2CH 33:1 မ​နာ​ရှေ​သည်​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက် ချိန်​၌​အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​ရှိ​၏။ သူ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​ငါး​နှစ်​နန်း​စံ ရ​လေ​သည်။-
2CH 33:2 မ​နာ​ရှေ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ချီ​တက် စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော​လူ မျိုး​တို့​၏​အ​ကျင့်​ဋ္ဌ​လေ့​များ​ကို​ယူ​၍​ကိုယ် တော်​အား​ပြစ်​မှား​၏။-
2CH 33:3 မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက်​သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ပြန်​လည်​တည် ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား​အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​စိုက်​ထူ​၍​ကြယ်​နက္ခတ်​များ ကို​ဝတ်​ပြု​ရှိ​ခိုး​၏။-
2CH 33:4 ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ ဗိ​မာန်​တော်​တွင်​ရုပ်​တု​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၏။-
2CH 33:5 ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ထပ်​တွင်​ကြယ်​နက္ခတ် များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။-
2CH 33:6 မိ​မိ​၏​သား​တော်​များ​ကို​ဟိန္နုံ​ချိုင့်​တွင်​မီး​ဖြင့် ပူ​ဇော်​၏။ မင်း​ကြီး​သည်​နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​ကျင့်​သုံး​၍​ဗေ​ဒင်​ဆရာ​နှင့်​နတ် ဝင်​သည့်​သူ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​များ​ကို​တောင်း ယူ​တတ်​လေ​သည်။ သူ​သည်​ထာ​ဝရ​ဘုရား​အား လွန်​စွာ​ပြစ်​မှား​၍​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​၏။-
2CH 33:7 သူ​သည်​ရုပ်​တု​တစ်​ခု​ကို​ဗိ​မာန်​တော်​တွင်​ထား ၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက်​၍​ထာ​ဝရ​ဘုရား က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော​လ​မုန်​အား``ဣ​သ ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နယ်​မြေ ရှိ​သ​မျှ​အ​နက် ငါ​ရွေး​ချယ်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​ရှိ​ဤ​ဗိ​မာန်​တော်​၌ ငါ့​ကို အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​မည်။-
2CH 33:8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏ အမိန့်​တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ ပေး​အပ်​သည့်​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ကြ​လျှင် ငါ​သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တော်​မှ​နှင် ထုတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​ခဲ့​၏။-
2CH 33:9 မ​နာ​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ချီ​တက်​စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​လိုက်​သည့်​လူ​မျိုး​တို့​ထက်​ပို​၍​ပြစ်​မှား စေ​ရန် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရှေ့ ဆောင်​လမ်း​ပြ​၏။
2CH 33:10 ထာ​ဝရ​ဘု​ရား​သည်​မ​နာ​ရှေ​နှင့်​ပြည်​သူ​တို့ အား သ​တိ​ပေး​တော်​မူ​သော်​လည်း​သူ​တို့ သည်​နား​မ​ထောင်​ကြ။-
2CH 33:11 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​အာ​ရှု​ရိ​တပ် မ​တော်​နှင့်​တပ်​မှူး​တို့​အား​ယု​ဒ​ပြည်​သို့​ချင်း နင်း​ဝင်​ရောက်​ခွင့်​ပြု​တော်​မူ​၏။ သူ​တို့​သည်​မ​နာ ရှေ​ကို​သံ​ချိပ်​များ​ဖြင့်​ဆွဲ​ချိပ်​ဖမ်း​ဆီး​ကာ သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ပြီး​လျှင်​ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-
2CH 33:12 မင်း​ကြီး​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​သော​အ​ခါ မာန်​မာ​န​ကျိုး​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ပြီး​လျှင်​ကူ​မ တော်​မူ​ရန်​အ​သ​နား​ခံ​တော်​မူ​၏။-
2CH 33:13 ဘု​ရား​သ​ခင်​သည်​မ​နာ​ရှေ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ သူ့​အား​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​လည်​သွား​ရောက်​အုပ်​စိုး​ခွင့် ကို​ပေး​တော်​မူ​၏။ ထို​အ​ခါ​မှ​ထာ​ဝရ​ဘု​ရား သည်​ဘု​ရား​မှန်​ကြောင်း​မ​နာ​ရှေ​သေ​ချာ စွာ​သိ​လေ​၏။
2CH 33:14 ထို​နောက်​မ​နာ​ရှေ​သည်​ဒါ​ဝိဒ်​မြို့​တော်​အ​ရှေ့ ဘက်​ဂိ​ဟုန်​စမ်း​ချောင်း​အ​နီး​ချိုင့်​ဝှမ်း​တစ်​နေ ရာ​မှ မြောက်​ဘက်​ငါး​တံ​ခါး​နှင့်​သြ​ဖေ​လ​ဟု ခေါ်​တွင်​သည့်​အ​ရပ်​တိုင်​အောင်​အ​ပြင်​မြို့​ရိုး ကို​မြှင့်​တင်​လိုက်​လေ​သည်။ မင်း​ကြီး​သည်​ယု​ဒ ပြည်​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​ရှိ​သ​မျှ​တွင် လည်း​တပ်​မှူး​တစ်​ယောက်​ကို​တပ်​စု​တစ်​စု​နှင့် တ​ကွ​ခန့်​ထား​တော်​မူ​၏။-
2CH 33:15 သူ​သည်​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​နှင့်​မိ​မိ ထား​ရှိ​ခဲ့​သည့်​ရုပ်​တု​ကို​ဗိ​မာန်​တော်​ထဲ​မှ လည်း​ကောင်း၊ ရုပ်​တု​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ ကို​ဗိ​မာန်​တော်​တည်​ရာ​တောင်​ကုန်း​နှင့်​ယေ​ရု ရှ​လင်​မြို့​ရှိ​အ​ခြား​အ​ရပ်​များ​မှ​လည်း ကောင်း​ဖယ်​ရှား​တော်​မူ​၏။ မင်း​ကြီး​သည် ထို​အ​ရာ​အ​ပေါင်း​ကို​မြို့​ပြင်​သို့​ထုတ်​ပစ် ပြီး​လျှင်၊-
2CH 33:16 ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ယဇ် ပလ္လင်​ကို​ပြန်​လည်​ပြင်​ဆင်​ပြီး​နောက်​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​များ ကို​ပူ​ဇော်​တော်​မူ​၏။ ယု​ဒ​ပြည်​သူ​အ​ပေါင်း သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
2CH 33:17 ပြည်​သူ​တို့​သည်​အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​၌​လည်း​ဆက်​လက်​၍ ယဇ်​များ​ကို ပူ​ဇော်​ကြ​သော်​လည်း​ထာ​ဝရ​ဘု​ရား​ကို​သာ ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။
2CH 33:18 မ​နာ​ရှေ​ဆောင်​ရွက်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​သည့်​ဆု​တောင်း​ပတ္ထ နာ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​တို့​သူ့​အား​ပြန်​ကြား​သော​ဗျာ ဒိတ်​စ​ကား​များ​ကို​လည်း​ကောင်း​ဣသ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။-
2CH 33:19 မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​နှင့်​ထာ​ဝရ​ဘု​ရား နား​ညောင်း​တော်​မူ​ပုံ၊ သူ​ကူး​လွန်​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​မ​ကောင်း​မှု​များ၊ သူ​တည် ဆောက်​ခဲ့​သည့်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ နှင့်​တည်​လုပ်​ခဲ့​သည့် အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​နှင့်​သူ​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​အ​ကြောင်း​ကို ပ​ရော​ဖက်​များ ၏​အတ္ထု​ပ္ပတ္တိ​တွင်​အ​ကုန်​အ​စင်​မှတ်​တမ်း တင်​ထား​သ​တည်း။-
2CH 33:20 မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ​သူ့​အား​နန်း တော်​ထဲ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော် အာ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2CH 33:21 အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။-
2CH 33:22 သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့​သို့​ပင် ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​၍​ခ​မည်း​တော်​ကိုး ကွယ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ပင်​ကိုး​ကွယ်​၏။-
2CH 33:23 သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော်​ကဲ့​သို့​စိတ်​နှ​လုံး နှိမ့်​ချ​၍​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​မ​ချဉ်း ကပ်။ ခ​မည်း​တော်​ထက်​ပင်​ပို​၍​အ​ပြစ်​ကူး လွန်​တော်​မူ​၏။
2CH 33:24 အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်​လုပ်​ကြံ​ကြ​၏။-
2CH 33:25 သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။
2CH 34:1 ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ လေ​သည်။-
2CH 34:2 သူ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ် မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ​လိုက် နာ​ကျင့်​သုံး​၏။
2CH 34:3 ယော​ရှိ​သည်​နန်း​စံ​ရှစ်​နှစ်​မြောက်​၌​အ​သက် အ​ရွယ်​အ​လွန်​နု​နယ်​လျက်​ပင်​ရှိ​နေ​သေး​စဉ် အ​ခါ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​ဘု​ရား​သ​ခင်​ကို​စ​တင်​ဆည်း​ကပ်​လေ​သည်။ နောက် လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​သူ​သည်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ၊ အာ​ရှ​ရ​ဘု​ရား​မ ၏​တံ​ခွန်​တိုင်​များ​နှင့်​အ​ခြား​ရုပ်​တု​ရှိ သ​မျှ​တို့​ကို​ဖျက်​ဆီး​လေ​သည်။-
2CH 34:4 သူ​၏​ညွှန်​ကြား​ချက်​အ​ရ​မင်း​ချင်း​တို့​သည် ဗာ​လ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ယဇ် ပလ္လင်​များ​ကို​ချိုး​ဖဲ့​ချေ​မှုန်း​ပြီး​လျှင် ထို ယဇ်​ပလ္လင်​များ​တွင်​ယဇ်​ပူ​ဇော်​ခဲ့​ကြ​သူ တို့​၏​သင်္ချိုင်း​များ​အ​ပေါ်​တွင်​ကြဲ​ဖြန့် ကြ​၏။-
2CH 34:5 မင်း​ကြီး​သည်​ရုပ်​တု​ကိုး​ကွယ်​သူ​ယဇ် ပု​ရော​ဟိတ်​တို့​၏​အ​ရိုး​များ​ကို​သူ​တို့​၏ ယဇ်​ပလ္လင်​များ​ပေါ်​တင်​၍​မီး​ရှို့​စေ​၏။ ဤ သို့​ပြု​ခြင်း​အား​ဖြင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​တို့​ကို​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​မှု​ကို​ပြန်​လည်​ရ​ရှိ​စေ တော်​မူ​၏။-
2CH 34:6 သူ​သည်​မ​နာ​ရှေ​နယ်​မြေ၊ ဧ​ဖ​ရိမ်​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ​နှင့်​မြောက်​ဘက်​ရှိ​န​ဿ​လိ နယ်​မြေ​တိုင်​အောင်​အ​ရပ်​ရပ်​ရှိ​မြို့​များ​နှင့် ပျက်​စီး​သော​အ​ရပ်​များ​၌​လည်း​ဤ​နည်း အ​တိုင်း​ပြု​တော်​မူ​၏။-
2CH 34:7 မြောက်​ဘက်​နိုင်​ငံ​တစ်​လျှောက်​လုံး​၌​ယဇ်​ပလ္လင် များ​နှင့်​တံ​ခွန်​တိုင်​များ​ကို​ဖြို​ဖျက်​တော် မူ​၏။ ရုပ်​တု​များ​ကို​ညက်​ညက်​ချေ​၍​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​အ​ပိုင်း ပိုင်း​ချိုး​ဖဲ့​ပြီး​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် တော်​မူ​၏။
2CH 34:8 ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​၌​တိုင်း​ပြည်​နှင့် ဗိ​မာန်​တော်​ကို​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​မှု​နှင့်​ကင်း​ရှင်း​သန့်​စင် အောင်​ပြု​ပြီး​နောက်​အာ​ဇ​လိ​၏​သား​ရှာ​ဖန်၊ ယေ​ရု​ရှ​လင်​ဘု​ရင်​ခံ​မာ​သေ​ယ​နှင့်​ယော ခတ်​၏​သား​အ​တွင်း​ဝန်​ယော​အာ​တို့​အား ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​တွက်​စေ လွှတ်​တော်​မူ​၏။-
2CH 34:9 (ဧ​ဖ​ရိမ်၊ မ​နာ​ရှေ​နှင့်​အ​ခြား​မြောက်​ဘက် နိုင်​ငံ​သား​များ​ထံ​မှ​လည်း​ကောင်း၊ ယု​ဒ နိုင်​ငံ​သား​များ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​ထံ​မှ လည်း​ကောင်း) ဗိ​မာန်​တော်​တွင်​လေ​ဝိ​အ​နွယ် ဝင်​တံ​ခါး​စောင့်​များ​ကောက်​ခံ​ရ​ရှိ​သော ငွေ​ကို​ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​အား ပေး​အပ်​ကြ​၏။-
2CH 34:10 ထို​နောက်​ထို​ငွေ​ကို​ဗိ​မာန်​တော်​မွမ်း​မံ​ပြင် ဆင်​မှု​ကြီး​ကြပ်​သူ​သုံး​ဦး​တို့​လက်​သို့ ပေး​အပ်​ကြ​၏။-
2CH 34:11 သူ​တို့​သည်​ထို​ငွေ​ဖြင့်​လက်​သ​မား​နှင့် ဗိ​သု​ကာ​တို့​လက်​သို့​ပေး​အပ်​ရာ​သူ​တို့ က​တစ်​ဖန်​ယု​ဒ​ဘု​ရင်​များ​လျစ်​လူ​ရှု သ​ဖြင့် ယို​ယွင်း​ပျက်​စီး​လျက်​နေ​သော အ​ဆောက်​အ​အုံ​များ​ကို​ပြင်​ဆင်​ရန် ကျောက်​များ​နှင့်​သစ်​သား​များ​ဝယ်​ယူ ကြ​လေ​သည်။-
2CH 34:12 ဤ​အ​လုပ်​ကို​လုပ်​ဆောင်​သူ​တို့​သည်​လုံး​ဝ စိတ်​ချ​ယုံ​ကြည်​ရ​သူ​များ​ဖြစ်​၏။ ထို​သူ​တို့ အား​လေ​ဝိ​အ​နွယ်​ဝင်​မေ​ရာ​ရိ​သား​ချင်း​စု မှ​ယာ​ဟပ်​နှင့်​သြ​ဗ​ဒိ၊ လေ​ဝိ​အ​နွယ်​ဝင် ကော​ဟပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ တို့​ကြီး​ကြပ်​အုပ်​ချုပ်​ရ​ကြ​၏။ (လေ​ဝိ အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ဂီ​တ​ပ​ညာ တွင်​ကျွမ်း​ကျင်​သူ​များ​ဖြစ်​သတည်း။-)
2CH 34:13 လေဝိ​အ​နွယ်​ဝင်​အ​ချို့​တို့​သည်​ဆောက်​လုပ် ရေး​ပစ္စည်း​များ​သယ်​ယူ​ပို့​ဆောင်​မှု​ကို​လည်း ကောင်း၊ အ​ချို့​တို့​က​လုပ်​ငန်း​ခွင်​အ​သီး​သီး ရှိ​အ​လုပ်​သ​မား​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​မှု​ကို​လည်း​ကောင်း၊ အ​ချို့​မှာ​စာ​ရင်း ထိန်း​များ​သို့​မ​ဟုတ်​တံခါး​စောင့်​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​အ​မှု​ထမ်း​ရ​ကြ​လေ​သည်။
2CH 34:14 ပစ္စည်း​သို​လှောင်​ခန်း​မှ​ငွေ​ကို​ထုတ်​ယူ​နေ​စဉ် ဟိ​လ​ခိ​သည်​မော​ရှေ​အား ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တ​ရား​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို တွေ့​ရှိ​ရ​၏။-
2CH 34:15 သို့​ဖြစ်​၍​ယင်း​သို့​တွေ့​ရှိ​သည့်​အ​ကြောင်း​ကို ရှာ​ဖန်​အား ပြော​ပြ​ပြီး​လျှင်​ထို​ကျမ်း​ကို​ပေး အပ်​လိုက်​၏။-
2CH 34:16 ရှာ​ဖန်​သည်​လည်း​မင်း​ကြီး​ထံ​သို့​ယူ​သွား ကာ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​စေ​ခိုင်း​သ​မျှ သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-
2CH 34:17 ဗိ​မာန်​တော်​တွင်​ထား​ရှိ​သည့်​ငွေ​ကို​လည်း​ယူ​၍ အ​လုပ်​သ​မား​များ​နှင့်​သူ​တို့​အား​ကြီး​ကြပ် အုပ်​ချုပ်​သူ​တို့​၏​လက်​သို့ ပေး​အပ်​လိုက်​ပါ ပြီ'' ဟု​အ​စီ​ရင်​ခံ​ပြီး​နောက်၊-
2CH 34:18 ``ဤ​ကျမ်း​ကို​အ​ကျွှန်ုပ်​အား​ပ​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​ကျမ်း​ကို​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။
2CH 34:19 ယင်း​သို့​ဖတ်​ပြ​သည်​ကို​မင်း​ကြီး​ကြား​သော အ​ခါ မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​လေ​သည်။-
2CH 34:20 သူ​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်​၏​သား​အ​ဟိ​ကံ၊ မိက္ခာ ၏​သား​အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်​နှင့်​သက်​တော်​စောင့် အာ​သာ​ယ​တို့​ကို​ခေါ်​၍၊-
2CH 34:21 ``သင်​တို့​သည်​ထာ​ဝရ​ဘုရား​ထံ​တော်​သို့​သွား ၍​ဤ​ကျမ်း​တွင်​ပါ​ရှိ​သည့်​သွန်​သင်​ချက် အ​ကြောင်း​ကို ငါ့​အ​တွက်​နှင့်​ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သော သူ​တို့​အ​တွက်​မေး​မြန်း​ကြ​လော့။ ငါ​တို့ ၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ခဲ့​ကြ။ ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ ကို​မ​လိုက်​နာ​ခဲ့​ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက် တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
2CH 34:22 မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဟိ​လ​ခိ​နှင့်​အ​ချို့ သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​ပိုင်း​တွင် နေ​ထိုင်​သူ၊ ဟု​လ​ဒ​အ​မည်​ရှိ​အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​၍​စုံ​စမ်း​မေး​မြန်း ကြ​၏။ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း၊ ဟ​ရ​ဟတ် ၏​မြေး၊ တိ​က​ဝ​၏​သား၊ ရှလ္လုံ​သည်​ဗိ​မာန် တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ သူ​ဖြစ်​သ​တည်း။) သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​များ ကို​ပြော​ပြ​ကြ​၏။-
2CH 34:23 ထို​အ​ခါ​အ​မျိုး​သ​မီး​သည်​သူ​တို့​အား​မင်း ကြီး​ထံ​သို့၊-
2CH 34:24 ထာ​ဝရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​စေ​၏။ ဗျာ​ဒိတ်​တော်​မှာ``မင်း​ကြီး​အား ဖတ်​ပြ​သည့်​ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့် ကျိန်​စာ​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​နှင့် တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်။-
2CH 34:25 သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား​ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​ကြ​၏။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​လျက်​နေ​ပြီ​ဖြစ်​၍ ထို​အ​မျက် ကို​ငြိမ်း​သတ်​ရ​မည်​မ​ဟုတ်။-
2CH 34:26 မင်း​ကြီး​အား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည် ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း လိုက်​နာ​ပေ​သည်။-
2CH 34:27 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် ငါ​ကြုံး​ဝါး​သည်​ကို​ကြား​သိ​ရ သော​အ​ခါ သင်​သည်​ငို​ယို​ကာ​မိ​မိ​၏​အ​ဝတ် များ​ကို​ဆုတ်​ပြီး​လျှင်​နောင်​တ​ရ​လျက်​ငါ​၏ ရှေ့​တော်​တွင်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​နေ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ကြား​တော်​မူ​ပြီ​ဖြစ်​၍၊-
2CH 34:28 ယေ​ရု​ရှ​လင်​မြို့​အား​ပေး​မည့်​အ​ပြစ်​ဒဏ် ကို​သင်​၏​လက်​ထက်​တွင်​တွေ့​မြင်​ရ​မည် မ​ဟုတ်။ ငါ​သည်​သင့်​အား​ငြိမ်း​ချမ်း​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​မည်' ဟု​မိန့်​တော် မူ​သည်'' ဟူ​၍​ဖြစ်​၏။ သူ​တို့​သည်​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​ရန်​မင်း​ကြီး​ထံ​သို့ ပြန်​သွား​ကြ​၏။
2CH 34:29 ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊-
2CH 34:30 ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ မှ​စ​၍​ဆင်း​ရဲ​သူ​ချမ်း​သာ​သူ​အ​ပါ​အ​ဝင် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​နှင့် အ​တူ​ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​၏။ မင်း​ကြီး သည်​ထို​သူ​အ​ပေါင်း​တို့​အား​ဗိ​မာန်​တော်​ထဲ ၌​တွေ့​ရှိ​ရ​သော​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​ဖတ်​ပြ​တော်​မူ​၏။-
2CH 34:31 သူ​သည်​ဘု​ရင့်​ကျောက်​တိုင် အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-
2CH 34:32 မင်း​ကြီး​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​တွင်​ရှိ​သ​မျှ​သော​သူ​တို့ အား​လည်း ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​ရန် က​တိ​ပြု​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​သည့် ပ​ဋိ​ညာဉ်​တော်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​လေ​သည်။-
2CH 34:33 ယော​ရှိ​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သည့်​နယ်​မြေ​မှ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သည့်​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ပြည်​သူ​တို့​အား​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​ကွယ်​စေ တော်​မူ​၏။
2CH 35:1 ယော​ရှိ​မင်း​သည်​ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့်​ယေ​ရု​ရှ​လင်​မြို့ တွင် ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​၍​ပ​ထ​မ​လ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ထို​ပွဲ​တော်​အ​တွက် သိုး​နွား​များ​ကို​သတ်​စေ​၏။-
2CH 35:2 မင်း​ကြီး​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ဗိ​မာန် တော်​တွင်​ထမ်း​ဆောင်​ရ​မည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​သတ်​မှတ်​ပေး​ပြီး​လျှင် ယင်း​တို့​ကို ကျေ​ပွန်​စွာ​ထမ်း​ဆောင်​ကြ​ရန်​အား​ပေး တိုက်​တွန်း​တော်​မူ​၏။-
2CH 35:3 ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သြ​ဝါ​ဒ​ပေး ရ​သော၊ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မင်း​ကြီး​က``ဒါ​ဝိဒ်​၏​သား တော်​ရှော​လ​မုန်​မင်း​တည်​ဆောက်​တော်​မူ​ခဲ့ သည့်​ဗိ​မာန်​တော်​တွင် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ကြ​လော့။ သင်​တို့​သည်​ထို​သေတ္တာ တော်​ကို​တစ်​နေ​ရာ​မှ​တစ်​နေ​ရာ​သို့​ပြောင်း ရွှေ့​မှု​မ​ပြု​ကြ​တော့​ဘဲ သင်​တို့​ဘု​ရား​သခင် ထာ​ဝရ​ဘု​ရား​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော် အ​တွက်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​ကြ မည်။-
2CH 35:4 ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​မင်း​ပေး အပ်​တော်​မူ​ခဲ့​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​အ​ရ သား​ချင်း​စု​အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ​ရာ ယူ​ရ​ကြ​မည်။-
2CH 35:5 ယင်း​သို့​ပြု​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အိမ်​ထောင်​စု​တိုင်း​ကို သင်​တို့​အ​နက်​အ​ချို့​တို့ သည်​ကူ​ညီ​မ​စ​နိုင်​စေ​ရန်​စီ​စဉ်​ဆောင်​ရွက် ကြ​လော့။-
2CH 35:6 သင်​တို့​သည်​ပ​သ​ခါ​သိုး​များ၊ ဆိတ်​များ ကို​သတ်​ရ​မည်။ ယ​ခု​မိ​မိ​တို့​ကိုယ်​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ရှိ အောင်​ပြု​၍ မော​ရှေ​အား​ဖြင့်​ထာ​ဝရ​ဘု​ရား ပေး​တော်​မူ​သော​ညွှန်​ကြား​ချက်​များ​ကို အ​မျိုး​သား​ချင်း​တို့​လိုက်​နာ​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ယဇ်​ပူ​ဇော်​မှု​ကို​ပြင်​ဆင်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
2CH 35:7 ယော​ရှိ​မင်း​သည်​ပ​သ​ခါ​ပွဲ​တော်​တွင်​ပြည် သူ​တို့​အ​သုံး​ပြု​ရန်​အ​တွက် မိ​မိ​ပိုင်​သိုး ကြီး​သိုး​ငယ်​နှင့် ဆိတ်​ငယ်​ကောင်​ရေ​သုံး သောင်း၊ နွား​ကောင်​ရေ​သုံး​ထောင်​ပေး​လှူ တော်​မူ​၏။-
2CH 35:8 သူ​၏​မှူး​မတ်​များ​က​လည်း​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​အ​သုံး​ပြု​ရန်​အ​တွက်​ပေး​လှူ​ကြ​လေ သည်။ ဗိ​မာန်​တော်​မှူး​များ​ဖြစ်​ကြ​သော​ယဇ် ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ၊ ဇာ​ခ​ရိ​နှင့်​ယေ ဟေ​လ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား သိုး​ငယ်​ဆိတ်​ငယ်​ကောင်​ရေ​နှစ်​သောင်း​ခြောက် ထောင်​နှင့်​နွား​ကောင်​ရေ​သုံး​ရာ​ကို​ပွဲ​တော် အ​တွင်း​ယဇ်​ပူ​ဇော်​ရန်​ပေး​လှူ​ကြ​၏။-
2CH 35:9 လေ​ဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​များ​ဖြစ်​ကြ သော​ကော​န​နိ၊ ရှေ​မာ​ယ၊ ရှေ​မာ​ယ​၏​ညီ နာ​သ​နေ​လ၊ ဟာ​ရှ​ဘိ၊ ယေ​ယေ​လ​နှင့်​ယော ဇ​ဗဒ်​တို့​က​လည်း​လေ​ဝိ​အ​နွယ်​ဝင်​တို့​ယဇ် ပူ​ဇော်​ရန်​အ​တွက် သိုး​ငယ်​ဆိတ်​ငယ်​ကောင် ရေ​ငါး​ရာ​ကို​ပေး​လှူ​ကြ​၏။
2CH 35:10 ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ရန်​လို​အပ်​သည့်​ပြင် ဆင်​မှု​များ​ပြု​လုပ်​ပြီး​သော​အ​ခါ​ယဇ်​ပု​ရော ဟိတ်​များ​နှင့် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မင်း​ကြီး ၏​အ​မိန့်​တော်​အ​တိုင်း​မိ​မိ​တို့​၏​နေ​ရာ​များ ကို​ယူ​ကြ​၏။-
2CH 35:11 လေဝိ​အနွယ်​ဝင်​တို့​သည်​သိုး​များ​ဆိတ်​များ​ကို သတ်​ပြီး​နောက်​အ​ရေ​ကို​ခွာ​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင်​သွေး​ကို​ပက်​ဖြန်း ကြ​၏။-
2CH 35:12 ထို​နောက်​သူ​တို့​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ညွှန်​ကြား​ထား​သည့်​အ​တိုင်း မီး​ရှို့​ရန် ယဇ်​ကောင်​များ​ကို​ပြည်​သူ​တို့​အား​အိမ် ထောင်​စု​အ​လိုက်​ခွဲ​ဝေ​ပေး​ကြ​၏။-
2CH 35:13 လေဝိ​အ​နွယ်​ဝင်​တို့​သည်​သတ်​မှတ်​ထား​သည့်​စည်း မျဉ်း​များ​အ​ရ​ပ​သ​ခါ​ယဇ်​ကို​မီး​တင်​၍​မြေ အိုး၊ သံ​က​ရား၊ သံ​ဒယ်​များ​နှင့်​ပြုတ်​ကြ​ပြီး လျှင်​ပြည်​သူ​တို့​အား​အ​လျင်​အ​မြန်​ဝေ​ပေး ကြ​၏။-
2CH 35:14 ထို​နောက်​လေဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့ အ​တွက်​နှင့်​အာ​ရုန်​မှ​ဆင်း​သက်​သူ ယဇ်​ပု​ရော ဟိတ်​များ​အ​တွက်​အ​သား​များ​ကို​ပေး​ဝေ ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ် ပု​ရော​ဟိတ်​တို့​သည်​တစ်​ကောင်​လုံး​မီး​ရှို့ ပူ​ဇော်​ရ​သော​ယဇ်​များ​နှင့် ယဇ်​ကောင်​ဆီ​ဥ များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​ဖြင့်​ညဥ့်​ဦး​တိုင် အောင်​အ​လုပ်​များ​လျက်​နေ​ကြ​သော ကြောင့်​ဖြစ်​၏။-
2CH 35:15 အာ​သပ်​သား​ချင်း​စု​မှ​ဂီ​တ​ပ​ညာ​သည် များ​ဖြစ်​ကြ​သည့်​အာ​သပ်၊ ဟေ​မန်​နှင့်​ဘု​ရင် ပ​ရော​ဖက်​ယေ​ဒု​သုန်​တို့​သည်​ဒါ​ဝိဒ်​မင်း ညွှန်​ကြား​ချက်​အ​ရ မိ​မိ​တို့​နှင့်​ဆိုင်​ရာ​နေ​ရာ များ​တွင်​ရှိ​နေ​ကြ​၏။ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​သည်​မိ​မိ​တို့​အား​သတ်​မှတ် ချ​ထား​သည့်​နေ​ရာ​များ​မှ​ထွက်​ခွာ​ကြ​ရန် မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​အ​တွက် အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​က ပ​သ​ခါ ည​စာ​ကို​ပြင်​ဆင်​ပေး​ကြ​သော​ကြောင့် ဖြစ်​၏။-
2CH 35:16 ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​မှု၊ ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​မှု​နှင့်​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ကို​ဆက်​ကပ်​မှု​တို့​အ​တွက် ယော​ရှိ​မင်း​၏ အ​မိန့်​တော်​အ​တိုင်း​နေ့​ချင်း​ပြင်​ဆင်​ကြ​၏။-
2CH 35:17 ထို​အ​ရပ်​၌​ရှိ​ကြ​ကုန်​သော​ဣ​သ​ရေ​လ​ပြည် သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​တော်​နှင့်​တ​ဆေး မဲ့​မုန့်​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ ကြ​လေ​သည်။-
2CH 35:18 ပ​ရော​ဖက်​ရှ​မွေ​လ​လက်​ထက်​မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​ပ​သ​ခါ​ပွဲ​တော်​ကို ဤ​ကဲ့ သို့​ကျင်း​ပ​ခဲ့​ဘူး​သည်​မ​ရှိ။ ယော​ရှိ​မင်း​နန်း​စံ တစ်​ဆယ့်​ရှစ်​နှစ်​မြောက်​၌​ယော​ရှိ​မင်း​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ယု​ဒ​ပြည်​သူ​များ၊ ဣ​သ​ရေ​လ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ ကျင်း​ပ ကြ​သည့်​ပ​သ​ခါ​ပွဲ​တော်​မျိုး​ကို​အ​ခြား အ​ဘယ်​ဘု​ရင်​မျှ​မ​ကျင်း​ပ​ခဲ့​ဘူး​ချေ။
2CH 35:20 ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​အ​တွက်​ဤ​သို့ သော​အ​မှု​အ​ရာ​များ​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ် ရှိ​ခါ​ခေ​မိတ်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ လေ​သည်။ ယော​ရှိ​သည်​သူ့​အား​ဆီး​တား​ရန် ချီ​တက်​ရာ၊-
2CH 35:21 နေ​ခေါ​က``အို ယု​ဒ​မင်း၊ ယ​ခု​ကျွန်ုပ်​တိုက်​သည့် စစ်​ပွဲ​သည်​အ​ဆွေ​တော်​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​အား​တိုက်​ခိုက်​ရန် လာ​သည်​မ​ဟုတ်။ ကျွန်ုပ်​၏​ရန်​သူ​များ​ကို​တိုက် ခိုက်​ရန်​သာ​လာ​ရောက်​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​က​ဆော​လျင်​စွာ​တိုက်​ခိုက်​ရန်​ကျွန်ုပ် အား​မိန့်​တော်​မူ​ပါ​၏။ ကျွန်ုပ်​၏​ဘက်​၌​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင် ဘက်​မ​ပြု​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင်​ဘု​ရား​သ​ခင်​သည်​အ​ဆွေ​တော်​ကို​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ယော​ရှိ ထံ​သို့​စေ​တ​မန်​လွှတ်​၍​မှာ​လိုက်​၏။-
2CH 35:22 သို့​ရာ​တွင်​ယော​ရှိ​သည်​စစ်​တိုက်​ရန်​သန္နိ​ဋ္ဌာန် ချ​ထား​ပြီ​ဖြစ်​သ​ဖြင့် မိ​မိ​ကိုယ်​ကို​ရုပ်​ဖျက် ၍​တိုက်​ပွဲ​ဝင်​လေ​သည်။ သူ​သည်​နေ​ခေါ​မင်း အား​ဖြင့်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​မ​ထောင်​ဘဲ​မေ​ဂိဒ္ဒေါ​လွင်​ပြင် ၌​တိုက်​ပွဲဝင်​လေ​၏။
2CH 35:23 တိုက်​ပွဲဝင်​နေ​စဉ်​ယော​ရှိ​သည်​အီ​ဂျစ်​လေး​သည် တော်​တို့​၏​မြား​ချက်​ထိ​မှန်​သ​ဖြင့်``ငါ​သည် ပြင်း​စွာ​ဒဏ်​ရာ​ရ​ပြီ။ ငါ့​အား​ထုတ်​ဆောင် သွား​လော့'' ဟု​မိန့်​တော်​မူ​၏။-
2CH 35:24 သူ​၏​တပ်​သား​တို့​သည်​လည်း​မင်း​ကြီး​ကို​ချီ ကြွ​၍ အ​သင့်​ရှိ​နေ​သော​အ​ခြား​ရ​ထား​တစ် စီး​အ​ပေါ်​သို့​တင်​ပြီး​လျှင်​ယေ​ရု​ရှ​လင်​မြို့ သို့​ယူ​ဆောင်​သွား​ကြ​၏။ မင်း​ကြီး​သည်​ရ​ထား ပေါ်​၌​ပင်​ကွယ်​လွန်​တော်​မူ​သ​ဖြင့် သူ​၏ အ​လောင်း​ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် မင်း​ကြီး ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​ကြ​ကုန်​၏။
2CH 35:25 ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။
2CH 35:26 ထာ​ဝရ​ဘု​ရား​အား​ယော​ရှိ​ဆည်း​ကပ်​ပုံ​နှင့် ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ပုံ​တို့​ကို လည်း​ကောင်း၊-
2CH 35:27 သူ​၏​အတ္ထု​ပ္ပတ္တိ​အ​စ​အ​ဆုံး​နှင့်​သူ​ဆောင် ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို လည်း​ကောင်း​ဣသ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။
2CH 36:1 ယု​ဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏​သား​တော် ယော​ခတ်​ကို​ရွေး​ချယ်​၍ ယေ​ရု​ရှ​လင်​မြို့ တွင်​မင်း​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​၏။-
2CH 36:2 ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ နန်း​စံ​ရ​လေ​သည်။-
2CH 36:3 အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​ကို​ဖမ်း​ဆီး​ထား ပြီး​နောက်​ယု​ဒ​ပြည်​သူ​တို့​ထံ​မှ လက်​ဆောင် ပဏ္ဏာ​အ​ဖြစ်​ဖြင့်​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ် ထောင့်​ငါး​ရာ​နှင့်​ရွှေ​ပေါင်​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ကို​တောင်း​ခံ​တော်​မူ​၏။-
2CH 36:4 နေ​ခေါ​သည်​ယော​ခတ်​၏​ညီ​ဧ​လျာ​ကိမ်​ကို ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တင်​ပြီး​လျှင် ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး လေ​သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။
2CH 36:5 ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ် ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​တစ်​နှစ် နန်း​စံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၏။-
2CH 36:6 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယု​ဒ ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယော​ယ ကိမ်​ကို​ဖမ်း​ဆီး​၍​သံ​ကြိုး​နှင့်​ချည်​နှောင်​ကာ ဗာ​ဗု​လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​လေ သည်။-
2CH 36:7 ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​လည်း​ယူ​၍ မိ​မိ​၏​ဗာ​ဗု​လုန်​နန်း​တော်​တွင်​ထား​တော် မူ​၏။-
2CH 36:8 ယော​ယ​ကိမ်​၏​စက်​ဆုပ်​ဖွယ်​ကောင်း​သည့် အ​ပြု​အ​မူ​များ​နှင့်​ကူး​လွန်​သည့်​ဒု​စ​ရိုက် များ​အ​ပါ​အ​ဝင်​သူ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​တွင် မှတ်​တမ်း​တင်​ထား​သ​တည်း။ သူ​၏​သား​တော် ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2CH 36:9 ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ ရ​လေ​သည်။ သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား ကို​ပြစ်​မှား​၏။-
2CH 36:10 နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။
2CH 36:11 ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ သည်။-
2CH 36:12 သူ​သည်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍​ထာ​ဝရ ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​သူ ပ​ရော ဖက်​ယေ​ရ​မိ​၏​စကား​ကို​နှိမ့်​ချ​သော​စိတ် ဖြင့်​နား​မ​ထောင်​ဘဲ​နေ​၏။
2CH 36:13 ဇေ​ဒ​ကိ​သည်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကို​ပုန်​ကန် လေ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​ကျေး​ဇူး သစ္စာ​တော်​ကို​စောင့်​ထိန်း​ရန် သူ့​အား​အ​တင်း အ​ကြပ်​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင် တည်​ကျိန်​ဆို​စေ​တော်​မူ​ခဲ့​၏။ ဇေ​ဒ​ကိ​သည် ခေါင်း​မာ​၍​နောင်​တ​မ​ရ။ ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​မ​လာ​ဘဲ​နေ​လေ​သည်။-
2CH 36:14 ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​တို့​သည်​လည်း မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​ကျင့် ကို​လိုက်​၍ ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကာ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​သီး​သန့် ထား​တော်​မူ​သော​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။-
2CH 36:15 သူ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​နှင့်​ဗိ​မာန်​တော် ကို​ချမ်း​သာ​ပေး​တော်​မူ​လို​သ​ဖြင့် သူ​တို့​အား သ​တိ​ပေး​ရန်​စေ​တ​မန်​များ​ကို​ဆက်​လက် စေ​လွှတ်​တော်​မူ​ခဲ့​၏။-
2CH 36:16 သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​စေ​တ​မန် တို့​အား​ပြက်​ရယ်​ပြု​၍ အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။ ပ​ရော​ဖက်​တို့​အား​ပြောင်​လှောင်​ကြ​၏။ သို့ ဖြစ်​၍​နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​အား ချမ်း​သာ​မ​ပေး​တော့​ချေ။
2CH 36:17 ထာ​ဝရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ခေါ် ဆောင်​တော်​မူ​ခဲ့​၏။ ထို​ဘု​ရင်​သည်​လည်း​ယု​ဒ လူ​ငယ်​လူ​ရွယ်​များ​ကို​ဗိ​မာန်​တော်​ထဲ​၌​ပင် သတ်​ဖြတ်​လေ​သည်။ ဘု​ရား​သ​ခင်​သည်​အ​သက် ကြီး​သူ၊ ငယ်​သူ၊ ယောကျာ်း​မိန်း​မ၊ ဖျား​နာ​သူ၊ ကျန်း​မာ​သူ​တို့​ကို​မ​သ​နား​ဘဲ​ရှိ​ရှိ​သ​မျှ သော​သူ​တို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​သို့ အပ်​တော်​မူ​၏။-
2CH 36:18 ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဗိ​မာန်​တော်​ရှိ​အ​သုံး အ​ဆောင်၊ ဗိ​မာန်​တော်​ဘဏ္ဍာ၊ မင်း​ကြီး​နှင့်​မှူး မတ်​တို့​၏​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​သွား​လေ သည်။-
2CH 36:19 သူ​သည်​ဗိ​မာန်​တော်​နှင့်​မြို့​တော်​ကို​မီး​ရှို့ လျက်​ယေ​ရု​ရှ​လင်​မြို့​ရိုး​တို့​ကို​ဖြို​ဖျက်​၍ နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို​အ​ဖိုး တန်​ပစ္စည်း​များ​နှင့်​အ​တူ​မီး​ရှို့​ဖျက်​ဆီး တော်​မူ​၏။-
2CH 36:20 အ​သတ်​မ​ခံ​ရ​ဘဲ​ကျန်​ရှိ​နေ​သူ​တို့​ကို​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ယူ​သွား​ပြီး​လျှင် ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ချိန်​တိုင်​အောင် မိ​မိ နှင့်​မိ​မိ​၏​သား​မြေး​များ​ထံ​ကျွန်​ခံ​စေ​လေ သည်။-
2CH 36:21 သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့်``ဥ​ပုသ် နေ့​အ​လုပ်​ရပ်​နား​မှု မ​ပြု​ခဲ့​ကြ​သည်​ကို​ပြန်​လည်​အ​စား​ထိုး သည့်​အ​နေ​ဖြင့် ပြည်​တော်​တွင်​အ​နှစ်​ခု​နစ် ဆယ်​တိုင်​တိုင်​လူ​သူ​ဆိတ်​ညံ​လျက်​နေ​လိမ့် မည်'' ဟု​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာဒိတ်​တော်​သည်​အ​ကောင်​အ​ထည်​ပေါ် လာ​တော့​၏။
2CH 36:22 ပေ​ရ​သိ​ဘု​ရင်​ကု​ရု နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝရ​ဘုရား​သည် သူ့​အား အ​မိန့်​တော်​တစ်​ရပ်​ထုတ်​ဆင့်​စေ​တော်​မူ​၍​သူ ၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝန်း​လုံး​တွင်​ဖတ်​ကြား ကြေ​ညာ​စေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့်​ထာ​ဝရ ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​အ​တိုင်း ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​သ​တည်း။
2CH 36:23 ထို​အ​မိန့်​တော်​တွင်``ဤ​အ​မိန့်​ကား​ပေ​ရ​သိ ဧ​က​ရာဇ်​ကု​ရု​၏​အ​မိန့်​တော်​ဖြစ်​၏။ ကောင်း ကင်​ဗိုလ်​ခြေ​ဘု​ရင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို အုပ်​စိုး​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင် မြို့​၌​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်​ကို တည်​ဆောက်​ရန်​တာ​ဝန်​ကို​ငါ့​အား​ပေး​အပ် တော်​မူ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး​၏။
EZR 1:1 ပေ​ရ​သိ​ဘု​ရင်​ကုရု​သည်​ဧ​က​ရာဇ် မင်း​အ​ဖြစ်​နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည် သူ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး​တွင်​ကြေ​ညာ​ရန်​အ​မိန့်​စာ​ထုတ်​ပြန်​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။
EZR 1:2 ထို​အ​မိန့်​တော်​တွင် ဤ​ကား​ပေ​ရ​သိ​ပြည်​ကု​ရု​မင်း​၏​အ​မိန့်​တော်​ဖြစ်​သည်။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​၌​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် တာ​ဝန်​ကို​ငါ့​အား​ပေး​အပ်​တော်​မူ​လေ​ပြီ။-
EZR 1:3 ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​ဝင်​ဖြစ်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ သင်​တို့​သည်​ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထို​မြို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​သည့်​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ရ​မည်။-
EZR 1:4 အ​ကယ်​၍​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​သည့် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဝင်​ပြန်​သွား​ရန်​အ​တွက် အ​ကူ​အ​ညီ​လို​ပါ​က​သူ​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​က ကူ​ညီ​ရ​ကြ​မည်။ သူ​တို့​သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​ပြင် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​ရ​ကြ​မည်'' ဟု​ပါ​ရှိ​သ​တည်း။
EZR 1:5 ထို​အ​ခါ​ယု​ဒ​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် မိ​မိ​တို့​စိတ်​နှ​လုံး​ကို​ဘု​ရား​သခင်​ပြင်​ဆင်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​ကုန်​၏။-
EZR 1:6 ထို​သူ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​သည် သူ​တို့​အား​ငွေ​ထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်၊ အ​ခြား​အ​ဖိုး​ထိုက်​ပစ္စည်း​များ​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​အပ်​ကူ​ညီ​ကြ​လေ​သည်။
EZR 1:7 သူ​တို့​အား​ကု​ရု​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​မှ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သိမ်း​ယူ​၍ မိ​မိ​၏​ဘု​ရား​တို့​ဗိ​မာန်​တွင်​ထား​ရှိ​ခဲ့​သည့်​ဖ​လား​များ​ကို​ပေး​အပ်​တော်​မူ​၏။-
EZR 1:8 မင်း​ကြီး​သည်​ထို​ဖ​လား​တို့​ကို​ရွှေ​တိုက်​စိုး​မိ​သ​ရေ​ဒတ်​သို့​ပေး​အပ်​၍ မိ​သ​ရေ​ဒတ်​သည်​ယင်း​တို့​ကို​ယု​ဒ​ဘု​ရင်​ခံ​ရှေ​ရှ​ဗာ​ဇာ​သို့၊-
EZR 1:9 အောက်​ပါ​အ​တိုင်း​စာ​ရင်း​ပြု​လုပ်​ပေး​အပ်​လေ​သည်။ ပူ​ဇော်​သ​ကာ​များ​ထည့်​ရန်​ရွှေ​ဖ​လား ၃၀ ပူ​ဇော်​သ​ကာ​များ​ထည့်​ရန်​ငွေ​ဖ​လား ၁၀၀၀ အ​ခြား​ဖ​လား ၂၉ ရွှေ​ဖ​လား​အ​ငယ် ၃၀ ငွေ​ဖ​လား​အ​ငယ် ၄၁၀ အ​ခြား​အ​သုံး​အ​ဆောင်​များ ၁၀၀၀
EZR 1:11 ရှေ​ရှ​ဗာ​ဇာ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့်​အ​တူ ဗာ​ဗု​လုန်​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သော​အ​ခါ ရွှေ​ဖ​လား၊ ငွေ​ဖ​လား​နှင့်​အ​ခြား​ပစ္စည်း​အ​သုံး​အ​ဆောင်​အ​ရေ​အ​တွက် စု​စု​ပေါင်း​ငါး​ထောင့်​လေး​ရာ​တို့​ကို​ယူ​ဆောင်​ခဲ့​၏။
EZR 2:1 ပြည်​နှင်​ဒဏ်​သင့်​သူ​များ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်​ဇာ​တိ​မြို့​ရွာ​များ​သို့​လည်း​ကောင်း ပြန်​ရန်​ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​၏။ သူ​တို့​အိမ်​ထောင်​စု​များ​သည်​မိ​မိ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​လာ​စဉ်​အ​ခါ​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ခဲ့​ကြ​၏။-
EZR 2:2 သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​ကြ​၏။ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​သား​ချင်း​စု​အ​လိုက် လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။
EZR 2:3 ပါ​ရုတ်​သား​ချင်း​မှ ၂၁၇၂ ရှေ​ဖ​တိ​သား​ချင်း​စု​မှ ၃၇၂ အာ​ရာ​သား​ချင်း​စု​မှ ၇၇၅ ပါ​ဟတ်​မော​ဘ​သား​ချင်း​စု (ယော​ရှု​နှင့်​ယွာ​ဘတို့​၏​မြေး​များ) ၂၈၁၂ ဧ​လံ​သား​ချင်း​စု​မှ ၁၂၅၄ ဇတ္တု​သား​ချင်း​စု​မှ ၉၄၅ ဇက္ခဲ​သား​ချင်း​စု​မှ ၇၆၀ ဗာ​နိ​သား​ချင်း​စု​မှ ၆၄၂ ဗေ​ဗဲ​သား​ချင်း​စု​မှ ၆၂၃ အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ ၁၂၂၂ အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ ၆၆၆ ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ ၂၀၅၆ အာ​ဒိန်​သား​ချင်း​စု​မှ ၄၅၄ အာ​တာ​ဟု​လည်း​ကောင်း​နာ​မည်​တွင်​သည့် ဟ​ဇ​ကိ​သား​ချင်း​စု​မှ ၉၈ ဗေ​ဇဲ​သား​ချင်း​စု​မှ ၃၂၃ ယော​ရ​သား​ချင်း​စု​မှ ၁၁၂ ဟာ​ရှုံ​သား​ချင်း​စု​မှ ၂၂၃ ဂိဗ္ဗာ​သား​ချင်း​စု​မှ ၉၅
EZR 2:21 အောက်​ပါ​ဖော်​ပြ​ပါ​မြို့​တွင်​နေ​ထိုင်​ခဲ့​သူ​ဘိုး​ဘေး​တို့​မှ ဆင်း​သက်​ပေါက်​ပွား​လာ​သူ​များ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​လေ​သည်။ ဗက်​လင်​မြို့​မှ ၁၂၃ နေ​တော​ဖ​မြို့​မှ ၅၆ အာ​န​သုတ်​မြို့​မှ ၁၂၈ အာ​ဇ​မာ​ဝက်​မြို့​မှ ၄၂ ကိ​ရ​ယ​သာ​ရိမ်​မြို့​ခေ​ဖိ​ရ​မြို့​နှင့် ဗေ​ရုတ်​မြို့​တို့​မှ ၇၄၃ ရာ​မ​မြို့​နှင့်​ဂါ​ဘ​မြို့​မှ ၆၂၁ မိတ်​မတ်​မြို့​မှ ၁၂၂ ဗေ​သ​လ​မြို့​နှင့်​အာဣ​မြို့​မှ ၂၂၃ နေ​ဗော​မြို့​မှ ၅၂ မာ​ဂ​ဗိတ်​မြို့​မှ ၁၅၆ အ​ခြား​ဧ​လံ​မြို့​မှ ၁၂၅၄ ဟာ​ရိမ်​မြို့​မှ ၃၂၀ လော​ဒ​မြို့​ဟာ​ဒိဒ်​မြို့​နှင့် သြ​နော​မြို့​တို့​မှ ၇၂၅ ယေ​ရိ​ခေါ​မြို့​မှ ၃၄၅ သေ​နာ​မြို့​မှ ၃၆၃၀
EZR 2:36 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယေ​ဒါ​ယ​သား​ချင်း​စု (ယော​ရှု​၏ သား​မြေး​များ) ၉၇၃ ဣ​မေ​ရ​သား​ချင်း​စု​မှ ၁၀၅၂ ပါ​ရှု​ရ​သား​ချင်း​စု​မှ ၁၂၄၇ ဟာ​ရိမ်​သား​ချင်း​စု​မှ ၁၀၁၇
EZR 2:40 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယော​ရှု​နှင့်​ကာ​ဒ​မေ​လ​သား​ချင်း​စု​မှ (ဟော​ဒ​ဝိ​၏​သား​မြေး​များ) ၇၄
EZR 2:41 ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် (အာ​သပ်​၏​သား​မြေး​များ) ၁၂၈
EZR 2:42 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား (ရှလ္လုံ၊ အာ​တာ၊ တာ​လ​မုန်၊ အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၉
EZR 2:43 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သော​ဗိ​မာန်​တော်​အ​လုပ်​သ​မား​သား​ချင်း​စု​များ​မှာ၊ ဇိ​ဟ၊ဟ​သု​ဖ၊တ​ဗ္ဗောက်၊ ကေ​ရုတ်၊သ​ယာ​ဟ၊ပါ​ဒုန်၊ လေ​ဗန၊ဟာ​ဂ​ဘ၊အက္ကုပ်၊ ဟာ​ဂပ်၊ရှာ​လ​မဲ၊ဟာ​နန်၊ ဂိဒ္ဒေ​လ၊ဂါ​ဟာ၊ရာ​ယ၊ ရေ​ဇိန်၊နေ​ကော​ဒ၊ဂဇ္ဇမ်၊ သြ​ဇ၊ပါ​သာ၊ဗေ​သဲ၊ အာ​သ​နာ၊မ​ဟု​နိမ်၊န​ဖု​သိမ်၊ ဗာ​က​ဗုတ်၊ဟ​ကု​ဖ၊ယာ​ရ​ဟု​ရ၊ ဗာ​ဇ​လုတ်၊မ​ဟိ​ဒ၊ဟ​ရ​ရှ၊ ဗာ​ကုတ်၊သိ​သ​ရ၊သာ​မ နေ​ဇိ​နှင့်​ဟ​တိ​ဖ​တို့​ဖြစ်​ကြ​၏။
EZR 2:55 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​များ​မှာ၊ သော​တဲ၊သော​ဖ​ရက်၊ပေ​ရု​ဒ၊ ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ဇေ​ဗိမ်​နှင့်​အာ​မိ​တို့​ဖြစ်​သည်။
EZR 2:58 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ရှော​လ​မုန်​၏​အ​စေ​ခံ​များ​နှင့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​မြေး​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​သ​တည်း။
EZR 2:59 တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​သ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော၊-
EZR 2:60 ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​ငါး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ပွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။
EZR 2:61 အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​မှတ်​တမ်း​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ​သား​ချင်း​စု၊ ဟ​က္ကုတ်​သား​ချင်း​စု​နှင့်​ဗာ​ဇိ​လဲ​သား​ချင်း​စု။ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏ ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက် မိ​မိ​ယောက္ခ​မ​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။) ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ကြ​ရ။-
EZR 2:63 ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား​သင်​တို့​သည် ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​နိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မ​ပေါ်​ထွန်း​မီ၊ သန့်​ရှင်း​သော​အ​စာ​များ​ကို​မ​သုံး​ဆောင်​ရ​ဟု​ပြော​ကြား​လိုက်​သည်။
EZR 2:64 ပြန်​လာ​ကြ​သော​ပြည်​နှင်​ဒဏ်​သင့်​သူ​စု​စု​ပေါင်း​ဦး​ရေ​မှာ ၄၂၃၆၀ သူ​တို့​၏​အ​စေ​ခံ​ယောကျာ်း မိန်း​မ ၇၃၃၇ အ​မျိုး​သား​အ​မျိုး​သ​မီး ဂီ​တ​ပ​ညာ​သည်​များ ၂၀၀ မြင်း ၇၃၆ ကောင် မြည်း ၂၄၅ ကောင် ကု​လား​အုတ် ၄၃၅ ကောင် လား ၆၇၂၀ ကောင်
EZR 2:68 ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ သား​ချင်း​စု​ခေါင်း​ဆောင်​အ​ချို့​တို့​သည် နေ​ရာ​ဟောင်း​တွင်​ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​ရန်​အ​တွက် မိ​မိ​တို့​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ကြ​လေ​သည်။-
EZR 2:69 ဤ​တည်​ဆောက်​မှု​ဖြစ်​မြောက်​ရေး​အ​တွက် သူ​တို့​သည်​တတ်​နိုင်​သ​မျှ​အ​တိုင်း ရွှေ​တစ်​ထောင့်​သုံး​ဆယ်​ပေါင်၊ ငွေ​ငါး​ထောင်​ခု​နစ်​ရာ​လေး​ဆယ်​ပေါင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဝတ်​စုံ​တစ်​ရာ​တို့​ကို​လှူ​ကြ​၏။
EZR 2:70 ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​လူ​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​မ​ဟုတ်​ထို​မြို့​အ​နီး​တွင်​နေ​ထိုင်​ကြ​၏။ ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် အ​နီး​အ​နား​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ​သည်။ ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​နေ​ထိုင်​ခဲ့​သော​မြို့​များ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည်။
EZR 3:1 သတ္တ​မ​လ​သို့​ရောက်​သော​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​မြို့​ရွာ​များ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ထို​နောက်​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လျက်၊-
EZR 3:2 ယော​ဇ​ဒက်​၏​သား​ယော​ရှု​နှင့်​အ​ဖော်​ယဇ်​ပု​ရော ဟိတ်​များ၊ ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့်​တ​ကွ သူ​၏​ဆွေ​မျိုး​သား​ချင်း​များ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​စီ​ရင်​သည့် ပ​ညတ်​ကျမ်း​တွင်​ပါ​ရှိ​သော​ညွှန်​ကြား​ချက် များ​အ​တိုင်း ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​နိုင် ရန်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-
EZR 3:3 သူ​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ခြား အ​မျိုး​သား​တို့​ကို​ကြောက်​သော်​လည်း ယဇ် ပ​လ္လင်​ကို​အ​ဟောင်း​၌​ပင်​ပြန်​လည်​တည်​ဆောက် ကြ​လေ​သည်။ ထို​နောက်​နံ​နက်​နှင့်​ညဥ့်​ဦး​တွင် ပူ​ဇော်​နေ​ကျ​ဖြစ်​သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို စ​တင်​ပူ​ဇော်​ကြ​၏။-
EZR 3:4 သူ​တို့​သည်​စည်း​မျဉ်း​သတ်​မှတ်​ချက်​များ​ရှိ သည့်​အ​တိုင်း တဲ​နေ​ပွဲ​ကို​ကျင်း​ပ​ကြ​၏။ နေ့ စဉ်​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း​ပူ​ဇော် ကြ​၏။-
EZR 3:5 ထို့​အ​ပြင်​သူ​တို့​သည်​အ​မြဲ​ပူ​ဇော်​ရ​သည့် တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​ကောင်း၊ လ​ဆန်း​နေ့​ပွဲ​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ အ​ခြား​ပွဲ​နေ့ များ​၌​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​တို့​စေ​တ​နာ အ​လျောက်​ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ ကို​လည်း​ကောင်း​တင်​လှူ​ပူ​ဇော်​ကြ​လေ သည်။-
EZR 3:6 ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည် ဆောက်​ရန်​အ​စ​မ​ပြု​ရ​သေး​သော်​လည်း သတ္တ​မ လ၊ ပ​ထ​မ​နေ့​၌​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား စ​တင်​ပူ​ဇော်​ကြ​ကုန်​၏။
EZR 3:7 ပြည်​သူ​တို့​သည်​ပန်း​ရန်​များ​နှင့်​လက်​သ​မား များ​ကို​ပေး​ချေ​ရန်​ငွေ​ပေး​လှူ​ကြ​၏။ ပေ​ရ​သိ ဘု​ရင်​ကု​ရု​မင်း​ခွင့်​ပြု​ချက်​အ​ရ​လေ​ဗ​နုန် တော​မှ သစ်​က​တိုး​များ​ကို ယုပ္ပေ​ဆိပ်​အ​ရောက် စုံ​မျော​စေ​ခြင်း​ငှာ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​သား များ​ထံ​သို့​အ​စား​အ​စာ၊ စ​ပျစ်​ရည်​နှင့် သံ​လွင်​ဆီ​တို့​ကို​ပေး​ပို့​ကြ​၏။-
EZR 3:8 သို့​ဖြစ်​၍​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဗိ​မာန် တော်​တည်​ခဲ့​ရာ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သည့် နှစ်၊ ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော်​တည်​ဆောက်​မှု လုပ်​ငန်း​ကို စ​တင်​လုပ်​ကိုင်​ကြ​လေ​သည်။ ဇေ​ရု​ဗ ဗေ​လ၊ ယော​ရှု​နှင့်​ဆွေ​မျိုး​သား​ချင်း​များ၊ ယဇ် ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​မှ​စ ၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​သည့်​ပြည် နှင်​ဒဏ်​သင့်​သူ​အ​ပေါင်း​တို့​သည် တည်​ဆောက် မှု​လုပ်​ငန်း​တွင်​ပါ​ဝင်​ကြ​လေ​သည်။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို ကြီး​ကြပ်​ရန်​တာ​ဝန်​ယူ​ကြ​ရ​၏။-
EZR 3:9 လေ​ဝိ​အ​နွယ်​ဝင်​ယော​ရှု​နှင့်​သား​များ (ဟော​ဒ​ဝိ သား​ချင်း​စု​မှ) ကာ​ဒ​မေ​လ​နှင့်​သား​များ​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​ကြီး​ကြပ်​ရန် တာ​ဝန်​ယူ​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ကြ​လေ သည်။ (သူ​တို့​အား​ဟေ​န​ဒဒ်​သား​ချင်း​စု​မှ လေ​ဝိ​အ​နွယ်​ဝင်​များ​က​အ​ကူ​အ​ညီ ပေး​ကြ​၏။)
EZR 3:10 တည်​ဆောက်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​အုတ် မြစ်​ချ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​မိ​မိ​တို့​ဝတ်​လုံ​များ​ကို​ဝတ်​၍ တံ​ပိုး ခ​ရာ​များ​ကို​ကိုင်​ဆောင်​ကာ​နေ​ရာ​ယူ​ကြ​၏။ အာ​သပ်​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ်​ဝင်​တို့ က​လင်း​ကွင်း​များ​ကို​ကိုင်​ကြ​၏။ သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ပေး​ခဲ့​သည့်​ညွှန်​ကြား​ချက်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-
EZR 3:11 သူ​တို့​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟူ​သော​သီ​ချင်း​ကို​ထပ်​ကာ​ထပ်​ကာ​သီ​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။ ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချပြီး​ဖြစ်​သ​ဖြင့် လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို​ဟစ်​အော်​ချီး​မွမ်း​ကြ​ကုန်​၏။-
EZR 3:12 ဗိ​မာန်​တော်​ဟောင်း​ကို​မြင်​ဖူး​သော​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​သား​ချင်း​စု​ဦး​စီး​အ​မြောက်​အ​မြား​တို့​သည် ဤ​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​သည်​ကို​မြင်​သော် အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သို့​ရာ​တွင်​အ​ခြား​သူ​တို့ က​မူ​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လေ​သည်။-
EZR 3:13 ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သံ​နှင့်​ငို​ကြွေး​သံ​ကို အ​ဘယ်​သူ​မျှ​ခွဲ​ခြား​၍​မ​ရ​ကြ။ လူ​တို့​သည် ကျယ်​စွာ​အော်​ဟစ်​ကြ​သော​ကြောင့် အ​ဝေး​က​ပင် ကြား​ရ​လေ​သည်။
EZR 4:1 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း ယု​ဒ​အ​နွယ်​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​၏​ရန်​သူ​များ​ကြား​သိ​ကြ​သော​အ​ခါ၊-
EZR 4:2 သူ​တို့​သည်​ဇေ​ရု​ဗ​ဗေ​လ​နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​ထံ​သို့​သွား​၍``ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ငါ​တို့​ကို​လည်း​သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခွင့်​ပြု​ပါ။ ငါ​တို့​သည်​သင်​တို့​ကိုး​ကွယ်​သည့်​ဘု​ရား​ကို​ပင်​ကိုး​ကွယ်​ပါ​၏။ ငါ​တို့​အား​ဤ​အ​ရပ်​တွင်​နေ​ထိုင်​ရန်​အာ​ရှု​ရိ​ဘု​ရင်​ဧ​သ​ရ​ဟဒ္ဒုန်​စေ​လွှတ်​လိုက်​ချိန်​မှ​အ​စ​ပြု​၍ ထို​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ခဲ့​ကြ​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။
EZR 4:3 ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု​နှင့်​သား​ချင်း​စု​ဦး​စီး​များ​က သူ​တို့​အား``ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​တည်​ဆောက်​ရာ​တွင် သင်​တို့​၏​အ​ကူ​အ​ညီ​ကို​မ​လို​ပါ။ ပေ​ရ​သိ​ဘု​ရင်​ကု​ရု​၏​အ​မိန့်​တော်​အ​ရ ထို​ဗိ​မာန်​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​တည်​ဆောက်​ကြ​ပါ​မည်'' ဟု​ပြန်​ပြော​ကြ​၏။
EZR 4:4 ထို​အ​ခါ​ထို​ပြည်​တွင်​နေ​ထိုင်​လာ​ခဲ့​ကြ​သူ​များ​သည် တည်​ဆောက်​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို စိတ်​ပျက်​အား​လျော့​၍​အ​ထ​မ​မြောက်​စေ​ရန် အ​စိုး​ရ​အ​ရာ​ရှိ​တို့​အား​တံ​စိုး​လက်​ဆောင်​ပေး​ကြ​၏။-
EZR 4:5 ဧ​က​ရာဇ်​မင်း​ကု​ရု​လက်​ထက်​မှ​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​လက်​ထက်​တိုင်​အောင် သူ​တို့​သည်​ဤ​အ​တိုင်း​နှောင့်​ယှက်​ကြ​လေ​သည်။
EZR 4:6 ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​ဇေ​ရဇ်​နန်း​တက်​စ​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​ရန်​သူ​များ​သည် သူ​တို့​အ​ပေါ်​၌​စွပ်​စွဲ​ချက်​တင်​သွင်း​ကြ​၏။
EZR 4:7 တစ်​ဖန်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌​ဗိ​ရှ​လံ၊ မိ​သ​ရေ​ဒတ်၊ တ​ဗေ​လ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မင်း​ကြီး​ထံ​သို့​လျှောက်​လွှာ​တင်​သွင်း​ကြ​၏။ ထို​လျှောက်​လွှာ​ကို​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့် ရေး​သား​ပြန်​ဆို​ကာ​ဖတ်​ပြ​ရန်​ပင်​ဖြစ်​သည်။
EZR 4:8 ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဘု​ရင်​ခံ​ရေ​ဟုံ​နှင့်​အ​တွင်း​ဝန်​ရှိ​မ​ရှဲ​တို့​က အာ​တ​ဇေ​ရဇ်​မင်း​ထံ​သို့​အောက်​ဖော်​ပြ​ပါ​စာ​ကို​ရေး​သား​ပေး​ပို့​ကြ​လေ​သည်။
EZR 4:9 ``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​များ၊ တ​ရား​သူ​ကြီး​များ၊ ဘေ​ရက်​မြို့၊ ဗာ​ဗု​လုန်​မြို့၊ ဧ​လံ​ပြည်​ရှိ​ရှု​ရှန်​မြို့​တို့​မှ လာ​ရောက်​အ​မှု​ထမ်း​ကြ​သော​အ​ရာ​ရှိ​များ၊-
EZR 4:10 ရှ​မာ​ရိ​မြို့​နှင့်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ရှိ​ပြည်​နယ် သို့​ပြောင်း​ရွှေ့​နေ​ထိုင်​စေ​ရန်​တန်​ခိုး​ကြီး​မား​သည့်​အာ​သ​နပ္ပါ​မင်း​စေ​လွှတ်​လိုက်​သည့်​အ​ခြား​ပြည်​သူ​များ​ထံ​မှ''
EZR 4:11 (စာ​တွင်​ပါ​ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။) ``အာ​တ​ဇေ​ရဇ်​မင်း​ထံ​သို့​ဘု​ရင်​အ​စေ​ခံ​များ​ဖြစ်​ကြ​သော ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​သား​တို့​က​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။''
EZR 4:12 ``အ​ရှင်​၏​အ​ခြား​နယ်​မြေ​များ​မှ ဤ​အ​ရပ်​သို့​လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ကာ ထို​ဆိုး​ညစ်​ပုန်​ကန်​တတ်​သော​မြို့​ကို​ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​လျှောက်​ထား​အပ်​ပါ​သည်။ သူ​တို့​သည်​မြို့​ရိုး​များ​ကို ပြန်​လည်​စ​တင်​ဆောက်​လုပ်​လျက်​နေ​ကြ​ပြီ​ဖြစ်​၍​မ​ကြာ​မီ​ပြီး​စီး​ပါ​မည်။-
EZR 4:13 အ​ရှင်​မင်း​ကြီး၊ ဤ​မြို့​ကို​ပြန်​လည်​တည်​ထောင်​ကာ​မြို့​ရိုး​များ​ကို​လည်း​ဆောက်​လုပ်​ပြီး​စီး​သွား​ပါ​က မြို့​သူ​မြို့​သား​တို့​သည်​အ​ကောက်​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​၏​အ​ခွန်​တော်​လျော့​နည်း​သွား​ပါ​လိမ့်​မည်။''
EZR 4:14 ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏​ကျေး​ဇူး​တော်​နှင့်​မ​ကင်း​သူ​များ​ဖြစ်​သည့်​အ​လျောက် ယင်း​သို့​အ​ခွန်​တော်​ယုတ်​လျော့​မှု​ကို​မ​တွေ့​မ​မြင်​လို​ကြ​ပါ။-
EZR 4:15 ထို့​ကြောင့်​အ​ရှင်​၏​ဘိုး​တော်​ဘေး​တော်​များ​ထား​ရှိ​ခဲ့​သည့် မှတ်​တမ်း​များ​ကို​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​စေ​တော်​မူ​ပါ​က ဤ​မြို့​သည်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​အ​စ​ပြု​၍​ပြည်​နယ်​များ​ကို​အုပ်​စိုး​သော​ဘု​ရင်​များ၊ ဘု​ရင်​ခံ​များ​အား​ဒုက္ခ​ပေး​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​ပါ​လိမ့်​မည်။ ဤ​မြို့​သား​တို့​သည်​အ​စဉ်​ပင်​အုပ်​ချုပ်​ရ​ခက်​သူ​များ​ဖြစ်​ကြ​ပါ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​မြို့​သည်​ဖျက်​ဆီး​ခြင်း​ခံ​ခဲ့​ရ​ပါ​သည်။-
EZR 4:16 သို့​ဖြစ်​၍​ဤ​မြို့​နှင့်​မြို့​ရိုး​ကို​ပြီး​စီး​အောင်​ပြန်​လည်​တည်​ဆောက်​ခဲ့​လျှင် အ​ရှင်​မင်း​ကြီး​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​နိုင်​တော့​မည်​မ​ဟုတ်​ကြောင်း​လျှောက်​ထား​အပ်​ပါ​သည်'' ဟူ​၍​တည်း။
EZR 4:17 မင်း​ကြီး​၏​ပြန်​ကြား​လွှာ​မှာ၊ ``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​တ​ကွ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော​ရှ​မာ​ရိ​မြို့​သား​များ​နှင့် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​သား​တို့​အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။''
EZR 4:18 ``သင်​တို့​ပေး​ပို့​လိုက်​သော​စာ​ကို​ဘာ​သာ​ပြန်​၍ ငါ့​အား​ဖတ်​ပြ​ကြ​သည်။-
EZR 4:19 ငါ​သည်​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​ရာ​ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ကာ​လ​မှ​အ​စ​ပြု​၍ ဧ​က​ရာဇ်​မင်း​တို့​ကို​တော်​လှန်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ပုန်​ကန်​သူ​များ၊ အ​နှောင့်​အ​ယှက်​ပေး​တတ်​သူ​များ​နှင့်​ပြည့်​နှက်​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​သည်။-
EZR 4:20 တန်​ခိုး​ကြီး​သော​ဘု​ရင်​များ​သည်​ထို​မြို့​တွင်​စိုး​စံ​ကာ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​တစ်​ခု​လုံး​မှ​အ​ခွန်​ဘဏ္ဍာ​တော်​များ​ကို​ကောက်​ခံ​ခဲ့​ကြ​၏။-
EZR 4:21 သို့​ဖြစ်​၍​ငါ​၏​ထံ​မှ​နောက်​ထပ်​အ​မိန့်​တစ်​စုံ​တစ်​ရာ​မ​ရ​မ​ချင်း၊ ထို​မြို့​ပြန်​လည်​တည်​ဆောက်​မှု​ကို​ရပ်​ဆိုင်း​ထား​ကြ​ရန်​သင်​တို့​အ​မိန့်​ထုတ်​ဆင့်​ကြ​ရ​မည်။-
EZR 4:22 ငါ​၏​အ​ကျိုး​ကို​ထပ်​မံ​၍​မ​ထိ​မ​ခိုက်​စေ​ရန်​ယင်း​အ​မိန့်​ကို​ချက်​ချင်း​ထုတ်​ပြန်​ကြ​ရ​မည်'' ဟူ​၍​တည်း။
EZR 4:23 ဧ​က​ရဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​ထံ​မှ​ဤ​စာ​ကို ရေ​ဟုံ၊ ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​အား​ဖတ်​ပြ​သော​အ​ခါ သူ​တို့​သည်​ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​အ​လျင်​အ​မြန်​သွား​၍ ယု​ဒ​အ​မျိုး​သား​တို့​အား​ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​အ​နိုင်​အ​ထက်​ရပ်​ဆိုင်း​စေ​ကြ​၏။
EZR 4:24 ဗိ​မာန်​တော်​တည်​ဆောက်​မှု​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ နန်း​စံ​ဒု​တိ​ယ​နှစ်​တိုင်​အောင်​ရပ်​စဲ​ခဲ့​လေ​သည်။
EZR 5:1 ပ​ရော​ဖက်​ဟ္ဂဲ​နှင့်​ဣ​ဒေါ​သား​ပ​ရော​ဖက်​ဇာ​ခ​ရိ​တို့​သည် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ကြ​၏။-
EZR 5:2 ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ​နှင့်​ယော​ဇ​ဒက်​၏​သား​ယော​ရှု​တို့​သည် ထို​ဗျာ​ဒိတ်​စ​ကား​များ​ကို​ကြား​သော​အ​ခါ​ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​ကို​ပြန်​လည်​စ​တင်​တည်​ဆောက်​ကြ​လေ​သည်။ ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်​သူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ​ကြ​၏။
EZR 5:3 ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​၏​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍``ဤ​ဗိ​မာန်​တော်​ကို​တည်​ဆောက်​မွမ်း​မံ​ရန် သင်​တို့​အား​အ​ဘယ်​သူ​အ​မိန့်​ပေး​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
EZR 5:4 သူ​တို့​သည်​ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ပါ​ဝင်​ကူ​ညီ​ကြ​သူ​တို့​၏​အ​မည်​များ​ကို​တောင်း​ယူ​ကြ​၏။-
EZR 5:5 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​စောင့်​ထိန်း​ကြည့်​ရှု​လျက်​နေ​တော်​မူ​သ​ဖြင့် ပေ​ရ​သိ​အ​ရာ​ရှိ​တို့​သည်​ဒါ​ရိ​မင်း​ထံ​သို့​စာ​ရေး​အ​ကြောင်း​ကြား​ရန်​နှင့် ထို​မင်း​ထံ​မှ​အ​မိန့်​တစ်​စုံ​တစ်​ရာ​ပြန်​လည်​မ​ရ​မ​ချင်း​မည်​သို့​မျှ​အ​ရေး​ယူ​ဆောင်​ရွက်​ခြင်း​မ​ပြု​ရန်​ဆုံး​ဖြတ်​ကြ​၏။-
EZR 5:6 သူ​တို့​သည်​မင်း​ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကြ​၏။
EZR 5:7 ထို​အ​စီ​ရင်​ခံ​စာ​တွင်``ဧ​က​ရာဇ်​မင်း​ဒါ​ရိ​ထံ​သို့​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ အ​ရှင်​သည်​ငြိမ်း​ချမ်း​စွာ​စိုး​စံ​တော်​မူ​နိုင်​ပါ​စေ​သော။
EZR 5:8 ``အ​ကျွန်ုပ်​တို့​သည်​ယု​ဒ​ပြည်​သို့​သွား​ရောက်​ကြ​ရာ ကြီး​မြတ်​သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​တည်​ဆောက်​၍ ကျောက်​နံ​ရံ​များ​ပေါ်​တွင်​သစ်​သား​ယက်​မ​များ​ကပ်​လျက်​လုပ်​ဆောင်​နေ​ကြ​သည်​ကို​တွေ့​မြင်​ရ​ကြောင်း အ​ရှင်​မင်း​ကြီး​အား​လျှောက်​ထား​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ တည်​ဆောက်​မှု​ကို​လုံ့​လ​ဖြင့်​လုပ်​ဆောင်​ကြ​သော​ကြောင့် တိုး​တက်​အောင်​မြင်​လျက်​ရှိ​ပါ​သည်။
EZR 5:9 ``ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​ပြည်​သူ့​ခေါင်း​ဆောင်​များ​အား ထို​ဗိ​မာန်​ကို​အ​ဘယ်​သူ​၏​အ​မိန့်​ခွင့်​ပြု​ချက်​အ​ရ​ပြန်​လည်​တည်​ဆောက်​ကြ​သည်​ကို​မေး​မြန်း​ပါ​သည်။-
EZR 5:10 ထို​တည်​ဆောက်​မှု​ကို​ခေါင်း​ဆောင်​သူ​များ​၏​အ​မည်​များ​ကို​လည်း အ​ရှင့်​ထံ​အ​ကြောင်း​ကြား​နိုင်​ရန်​အ​ကျွန်ုပ်​တို့​တောင်း​ယူ​ကြ​ပါ​သည်။-
EZR 5:11 သူ​တို့​က`ငါ​တို့​သည်​မိုး​မြေ​ရှင်​ဘု​ရား​သ​ခင်​အ​စေ​ခံ​များ​ဖြစ်​၍ ရှေး​နှစ်​ပေါင်း​များ​စွာ​က​ပင်​တန်​ခိုး​ကြီး​မား​သည့် ဣ​သ​ရေ​လ​ဘု​ရင်​တစ်​ပါး​တည်​ဆောက်​မွမ်း​မံ​ထား​ခဲ့​သည့်​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​မွမ်း​မံ​ကြ​ခြင်း​ဖြစ်​ပါ​သည်။-
EZR 5:12 သို့​ရာ​တွင်​ငါ​တို့​သည်​မိုး​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​အပ်​တော်​မူ​လေ​သည်။ ဗိ​မာန်​တော်​သည်​လည်း​ပြို​ပျက်​၍​ပြည်​သူ​တို့​သည် ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင်​ဒဏ်​သင့်​ကြ​ရ​ပါ​၏'' ဟု​ပြော​ကြား​ကြ​ပါ​သည်။-
EZR 5:13 ထို့​နောက်​သူ​တို့​က`ဗာ​ဗု​လုန်​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​သည် မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန် အ​မိန့်​ထုတ်​ဆင့်​တော်​မူ​ပါ​၏။-
EZR 5:14 ထို​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​နေ​ဗု​ခဒ်​နေ​ဇာ​သိမ်း​ယူ​ကာ ဗာ​ဗု​လုန်​မြို့​ဘု​ရား​ဗိ​မာန်​တွင်​ထား​ရှိ​သည့်​ဗိ​မာန်​တော်​ဆိုင်​ရာ​ရွှေ၊ ငွေ​အ​သုံး​အ​ဆောင်​တော်​များ​ကို​ပြန်​လည်​ပေး​အပ်​တော်​မူ​ခဲ့​ပါ​၏။-
EZR 5:15 ကု​ရု​မင်း​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် မိ​မိ​ခန့်​ထား​သည့်​ရှေ​ရှ​ဗာ​ဇာ​အ​မည်​ရှိ​သူ​၏​လက်​သို့ ထို​အ​သုံး​အ​ဆောင်​တော်​များ​ကို​အပ်​နှံ​တော်​မူ​၍ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ယူ​ဆောင်​သွား​စေ​ပြီး​လျှင် ထို​ဗိ​မာန်​တော်​ကို​နေ​ရာ​ဟောင်း​တွင် ပြန်​လည်​တည်​ဆောက်​ရန်​မိန့်​မှာ​တော်​မူ​ပါ​၏။-
EZR 5:16 သို့​ဖြစ်​၍​ရှေ​ရှ​ဗာ​ဇာ​သည်​လာ​ရောက်​ပြီး​နောက် ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချ​ပါ​၏။ ထို​ဗိ​မာန်​တော်​တည်​ဆောက်​မှု​မှာ ယ​နေ့​တိုင်​ဆက်​လက်​လုပ်​ကိုင်​လာ​ခဲ့​သော်​လည်း​မ​ပြီး​ပြတ်​သေး​ပါ' ဟု​ပြန်​လည်​ပြော​ကြား​ကြ​ပါ​သည်။
EZR 5:17 ``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​စေ​ရန် ကု​ရု​မင်း​အ​မိန့်​တော်​ရှိ​မ​ရှိ​သိ​နိုင်​ရန် အ​ရှင်​မင်း​ကြီး​အ​လို​ရှိ​တော်​မူ​ပါ​လျှင် နန်း​တွင်း​မှတ်​တမ်း​များ​တွင်​ယ​ခု​ရှာ​ဖွေ​၍​ကြည့်​စေ​တော်​မူ​ပါ။ ထို​နောက်​ဤ​အ​မှု​ကို​အ​ရှင်​အ​ဘယ်​သို့​ပြု​စေ​တော်​မူ​လို​သည်​ကို အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။
EZR 6:1 သို့​ဖြစ်​၍​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ဗာ​ဗု​လုန်​မြို့​တွင် ထား​ရှိ​သည့်​နန်း​တော်​မှတ်​တမ်း​များ​တွင်​ရှာ​ဖွေ​ကြည့်​ရှု​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
EZR 6:2 သို့​ရာ​တွင်​အောက်​ပါ​မှတ်​တမ်း​၌​ပါ​ရှိ​သည့်​စာ​လိပ်​ကို မေ​ဒိ​ပြည်​နယ်၊ အာ​ခ​မေ​သ​မြို့​၌​သာ​တွေ့​ရှိ​ကြ​ရ​၏။
EZR 6:3 ထို​စာ​လိပ်​တွင်``ကု​ရု​ဘု​ရင်​သည်​မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ယဇ်​များ​ကို​ပူ​ဇော်​ရန်​နှင့် ပူ​ဇော်​သကာ​များ​ကို​မီး​ရှို့​ရန်​ဌာ​န​တော်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရ​မည်​ဟု​အ​မိန့်​တော်​ရှိ​၏။ ဗိ​မာန်​တော်​သည်​အ​မြင့်​ပေ​ကိုး​ဆယ်​နှင့်​အ​ချင်း​ပေ​ကိုး​ဆယ်​ရှိ​ရ​မည်။-
EZR 6:4 နံ​ရံ​များ​ကို​ကျောက်​တုံး​တန်း​သုံး​ဆင့်၊ သစ်​သား​တန်း​တစ်​ဆင့်​ကျ​အ​ထပ်​ထပ်​ဆောက်​လုပ်​ရ​မည်။ ကုန်​ကျ​သည့်​စ​ရိတ်​မှန်​သ​မျှ​ကို ဘု​ရင့်​ဘဏ္ဍာ​တော်​တိုက်​မှ​ထုတ်​၍​သုံး​စွဲ​ရ​မည်။-
EZR 6:5 ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ယူ​ဆောင်​လာ​ခဲ့​သည့်​ရွှေ​ငွေ​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း သက်​ဆိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ပေး​ပို့​ရ​မည်'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပါ​၏။
EZR 6:6 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ပြန်​ကြား​စာ​ကို​ပေး​ပို့​တော်​မူ​သည်။ ထို​ပြန်​ကြား​စာ​တွင်၊ ``ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ၊ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ရှိ သင်​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သို့၊ ``သင်​တို့​သည်​ဗိ​မာန်​တော်​အ​နီး​သို့​မ​ချဉ်း​မ​ကပ်​ကြ​နှင့်။-
EZR 6:7 ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​လည်း​မ​နှောင့်​ယှက်​ကြ​နှင့်။ ယု​ဒ​ဘု​ရင်​ခံ​နှင့်​ယု​ဒ​ခေါင်း​ဆောင်​တို့​အား ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​နေ​ရာ​ဟောင်း​တွင် ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု​ကြ​လော့။-
EZR 6:8 ပြန်​လည်​တည်​ဆောက်​မှု​တွင်​သူ​တို့​ကို​ကူ​ညီ​ကြ​ရန် ယ​ခု​သင်​တို့​အား​ငါ​အ​မိန့်​တော်​ရှိ​သည်။ တည်​ဆောက်​မှု​အ​ဆက်​မ​ပြတ်​စေ​ရန် ကုန်​ကျ​စ​ရိတ်​များ​ကို​ဥ​ဖ​ရတ်​မြစ်​အ​နောက်​ဘက်​ဒေ​သ​မှ ကောက်​ခံ​ရ​ရှိ​သော​အ​ခွန်​ငွေ​များ​ဖြစ်​သည့်​ဘု​ရင်​၏​ဘဏ္ဍာ​တော်​မှ​မ​ဆိုင်း​မ​တွ​ထုတ်​ပေး​ကြ​လော့။-
EZR 6:9 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​သည့်​ယဇ်​များ​ကို​ပူ​ဇော်​၍ ငါ​နှင့်​ငါ​၏​သား​များ​အ​တွက်​ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ပေး​ကြ​ရန် ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​က မီး​ရှို့​ရာ​ပူ​ဇော်​သကာ​များ​အ​ဖြစ်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​အား​ဆက်​သ​ရန် လို​အပ်​သ​မျှ​သော​နွား​သ​ငယ်၊ သိုး၊ သိုး​သ​ငယ်၊ ဂျုံ​စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​ကို​နေ့​စဉ်​နေ့​တိုင်း​မ​ပျက်​မ​ကွက်​ပေး​ကြ​လော့။-
EZR 6:11 ထပ်​မံ​၍​ငါ​မိန့်​ဆို​သည်​မှာ ဤ​အ​မိန့်​ကို​မ​နာ​ခံ​သော​သူ​အား သူ​၏​အိမ်​မှ​ယက်​မ​တစ်​ချောင်း​ကို​ယူ​၍​ထိပ်​ကို​ချွန်​အောင်​ပြု​လျက်၊ သပ်​လျှို​၍​သတ်​စေ၊ သူ​၏​အိမ်​သည်​လည်း​အ​မှိုက်​ပုံ​ကဲ့​သို့​ဖြစ်​ပါ​စေ။-
EZR 6:12 ယေ​ရု​ရှ​လင်​မြို့​ကို မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​အ​ဖြစ်​ရွေး​ချယ်​သတ်​မှတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ဤ​အ​မိန့်​ကို​ဖီ​ဆန်​ကာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ရန်​ကြိုး​စား​သူ အ​ဘယ်​ဘု​ရင်​သို့​မ​ဟုတ်​လူ​မျိုး​ကို​မ​ဆို​ဖျက်​ဆီး​တော်​မူ​ပါ​စေ​သ​တည်း။ ဤ​ကား​ငါ​ဒါ​ရိ​မင်း​၏​အ​မိန့်​တော်​ဖြစ်​၏။ အ​မိန့်​တော်​အ​တိုင်း​နာ​ခံ​ကြ​လော့'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။
EZR 6:13 ထို​အ​ခါ​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် မင်း​ကြီး​မိန့်​တော်​မူ​သည့်​အ​တိုင်း တစ်​သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ကြ​လေ​သည်။-
EZR 6:14 ယု​ဒ​ခေါင်း​ဆောင်​တို့​သည်​ဟ္ဂဲ​နှင့်​ဇာ​ခ​ရိ​တို့​၏​အား​ပေး​မှု​ကြောင့် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​တိုး​တက်​အောင်​မြင်​စွာ​ဆောင်​ရွက်​နိုင်​ကြ​လေ​သည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ဘု​ရင်​များ​ဖြစ်​သည့်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း​နှင့်​အာ​တ​ဇေ​ရဇ်​မင်း​တို့​၏​အ​မိန့်​တော်​များ​အ​ရ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင်​တည်​ဆောက်​ကြ​ရာ၊-
EZR 6:15 ဒါ​ရိ​မင်း​နန်း​စံ​ခြောက်​နှစ်​မြောက်၊ အာ​ဒါ​လ​သုံး​ရက်​နေ့​၌​လက်​စ​သတ်​ကြ​၏။-
EZR 6:16 ထို​နောက်​ဣ​သ​ရေ​လ​ပြည်​သူ​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​မှန်​သ​မျှ​တို့​သည် ဗိ​မာန်​တော်​ကို​ရွှင်​လန်း​ဝမ်း​မြောက်​စွာ အ​နု​မော​ဒ​နာ​ပြု​ကြ​ကုန်​၏။-
EZR 6:17 ထို​အ​နု​မော​ဒ​နာ​ပွဲ​၌​သူ​တို့​သည်​နွား​ကောင်​ရေ​တစ်​ရာ၊ သိုး​ကောင်​ရေ​နှစ်​ရာ​နှင့်​သိုး​သား​ငယ်​ကောင်​ရေ​လေး​ရာ​ကို​ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ဆိတ်​တစ်​ကောင်​ကျ​ဖြင့် ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ကြ​၏။-
EZR 6:18 သူ​တို့​သည်​မော​ရှေ​၏​ကျမ်း​တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လှည့်​ကျ​ခွဲ​ထား​သော​တာ​ဝန်​ကို​ပေး​အပ်​ကြ​လေ​သည်။
EZR 6:19 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​သူ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​၌​ကျင်း​ပ​ကြ​၏။-
EZR 6:20 ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း​စေ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လျက်​ရှိ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မိ​မိ​တို့​ကိုယ်​တိုင်​တို့​အ​တွက်​ပ​သ​ခါ​ယဇ်​ကောင်​များ​ကို​သတ်​ကြ​၏။-
EZR 6:21 ထို​ယဇ်​ကောင်​တို့​၏​အ​သား​ကို​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ​ထို​ဒေ​သ​တွင်​နေ​ထိုင်​လျက်​ရှိ​သော​သူ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​စွန့်​လွှတ်​ကြ​သူ​များ​နှင့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန်​လာ​ကြ​သူ​အ​ပေါင်း​တို့​သည်​စား​ကြ​၏။-
EZR 6:22 သူ​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း အား​ထောက်​ပံ့​ကူ​ညီ​လို​စိတ်​ကို​သွင်း​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် အ​လွန်​ပင်​ဝမ်း​မြောက်​ကြ​လေ​သည်။
EZR 7:1 နှစ်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ပေ​ရ​သိ ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌ ဧ​ဇ​ရ​နာ​မည်​ရှိ​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​ရုန်​မှ​ဆင်း​သက် လာ​ကြောင်း အောက်​ပါ​အ​တိုင်း​သိ​နိုင်​ပေ​သည်။ ဧ​ဇ​ရ​၏​အ​ဖ​သည်​စ​ရာ​ယ၊ စ​ရာ​ယ​၏ အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား ဟိ​လ​ခိ​ဖြစ်​၏။-
EZR 7:2 ဟိ​လ​ခိ​၏​အ​ဖ​သည်​ရှလ္လုံ၊ ရှလ္လုံ​၏​အ​ဖ မှာ​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​အ​ဖ​ကား​အ​ဟိ တုတ်​ဖြစ်​၏။-
EZR 7:3 အ​ဟိ​တုတ်​၏​အ​ဖ​သည်​အာ​မ​ရိ၊ အာ​မ​ရိ ၏​အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား မေ​ရာ​ယုတ်​ဖြစ်​၏။-
EZR 7:4 မေ​ရာ​ယုတ်​၏​အ​ဖ​သည်​ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ ၏​အ​ဖ​မှာ​သြ​ဇိ၊ သြ​ဇိ​၏​အ​ဖ​ကား​ဗုက္ကိ ဖြစ်​၏။-
EZR 7:5 ဗုက္ကိ​၏​အ​ဖ​သည်​အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​၏​အ​ဖ သည် ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​၏​အ​ဖ​မှာ​ဧ​လာ​ဇာ၊ ဧ​လ​ဇာ​၏​အ​ဖ​ကား​အာ​ရုန်​ဖြစ်​သ​တည်း။
EZR 7:6 ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-
EZR 7:7 ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပညာ​သည် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့် အ​လုပ်​သ​မား​များ​ပါ​ဝင်​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​အ​တူ အာ​တ​ဇေ​ရဇ် မင်း​နန်း​စံ​ခု​နစ်​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​မြို့ မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ​ခဲ့​၏။-
EZR 7:8 ထို​သူ​တို့​သည်​ပ​ထ​မ​လ၊ တစ်​ရက်​နေ့​၌ ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ ထာ​ဝ​ရ ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကြောင့်​ပဉ္စမ​လ၊ တစ်​ရက်​နေ့​၌​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် ရှိ​ကြ​လေ​သည်။-
EZR 7:10 ဧ​ဇ​ရ​သည်​တစ်​သက်​ပတ်​လုံး ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ဆည်း ပူး​လိုက်​နာ​ကျင့်​သုံး​ကာ ထို​ကျမ်း​တွင်​ပါ ရှိ​သည့်​ပ​ညတ်​များ​နှင့်​စည်း​မျဉ်း​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သင် ကြား​ပို့​ချ​ပေး​၏။
EZR 7:11 အာ​တ​ဇေ​ရဇ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​သည့်​တ​ရား​တော်​များ​နှင့် ပ​ညတ်​တော်​တို့ ကို​ကြေ​ညက်​စွာ​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​အား အ​မိန့်​တော်​စာ​ကို​ပေး​တော် မူ​၏။ ထို​စာ​တွင်၊
EZR 7:12 ``ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ် ထံ​မှ​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​ထံ​သို့၊
EZR 7:13 ``ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး တွင်​ရှိ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ သည်​ယေ​ရု​ရှ​လင်​မြို့​သို့ သင်​နှင့်​အ​တူ​သွား လို​ပါ​က​သွား​ခွင့်​ပြု​သည်။ ဤ​ကား​ငါ​၏ အ​မိန့်​တော်​ဖြစ်​သည်။-
EZR 7:14 ငါ​ဘု​ရင်​မင်း​မြတ်​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ​အ မတ်​ခု​နစ်​ဦး​တို့​သည် သင့်​အား​ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အ​ခြေ​အ​နေ​ကို​စုံ​စမ်း​ရန် စေ​လွှတ်​သည်။ သင်​သည်​သင့်​အား​ပေး​အပ်​ထား တော်​မူ​သည့် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​လူ​တို့​အ​ဘယ်​မျှ​လိုက်​နာ​ကျင့် သုံး​ကြ​သည်​ကို​စုံ​စမ်း​လော့။-
EZR 7:15 သင်​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​စံ တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အား ငါ​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ အ​မတ်​များ​လှူ​ဒါန်း​သည့်​ရွှေ​နှင့်​ငွေ​ကို​ယူ ဆောင်​သွား​လော့။-
EZR 7:16 ထို့​အ​ပြင်​သင်​သည်​ဗာ​ဗု​လုန်​ပြည်​နယ်​တစ် ခု​လုံး​မှ​ကောက်​ခံ​ရ​သ​မျှ​ရွှေ​ငွေ​ကို​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယဇ် ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စံ တော်​မူ​သည့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကောင်း​ယူ​ဆောင်​သွား​လော့။
EZR 7:17 ``သင်​သည်​ဤ​ငွေ​ကို​သ​တိ​နှင့်​သုံး​စွဲ​၍ နွား၊ သိုး​ထီး၊ သိုး​သား​ငယ်၊ ဂျုံ​စ​ပါး​နှင့်​စ​ပျစ် ရည်​တို့​ကို​ဝယ်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ယဇ်​ပလ္လင်​တွင်​တင်​လှူ​ပူ​ဇော် လော့။-
EZR 7:18 ကြွင်း​ကျန်​သည့်​ရွှေ​ငွေ​ကို သင်​နှင့်​သင်​၏​အ​မျိုး သား​များ​ဆန္ဒ​ရှိ​သည့်​အ​တိုင်း သင်​တို့​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​သုံး​စွဲ​နိုင် သည်။-
EZR 7:19 ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​တွင်​အ​သုံး ပြု​ရန် သင့်​အား​ပေး​အပ်​လိုက်​သည့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စံ​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​လော့။-
EZR 7:20 ထို့​ပြင်​ဗိ​မာန်​တော်​အ​တွက်​လို​သေး​သော အ​ရာ​များ​ကို ဘဏ္ဍာ​တော်​တိုက်​မှ​ငွေ​ကို ထုတ်​၍​ဝယ်​နိုင်​သည်။
EZR 7:21 ``ငါ​အာ​တ​ဇေ​ရဇ်​မင်း​သည်​ကောင်း​ကင်​ဘုံ ရှင် ဘု​ရား​သ​ခင်​၏​ပ​ညတ်​ကျမ်း​တတ်​မြောက် သော​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ သော​အ​ရာ​တို့​ကို​အ​လျင်​အ​မြန်​ထုတ် ပေး​ကြ​ရန် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​ရှိ​ငွေ​တိုက်​စိုး​အ​ပေါင်း တို့​အား​အ​မိန့်​တော်​ရှိ​သည်။-
EZR 7:22 သင်​တို့​သည်​ငွေ​ပေါင်​ခု​နစ်​ထောင့်​ငါး​ရာ၊ ဂျုံ ဆန်​တင်း​ငါး​ရာ၊ စ​ပျစ်​ရည်​ဂါ​လံ​ငါး​ရာ့ ငါး​ဆယ်၊ သံ​လွင်​ဆီ​ဂါ​လံ​ငါး​ရာ့​ငါး ဆယ်​အ​ထိ​လို​သ​မျှ​ဆား​ကို​ထုတ်​ပေး ကြ​စေ။-
EZR 7:23 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဗိ​မာန်​တော်​အ​တွက်​လို​အပ်​သည့် အ​ရာ​ဟူ​သ​မျှ​ကို​ပေး​ရန် သင်​တို့​သ​တိ ပြု​ကြ​ရ​မည်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည် ငါ​နှင့်​ငါ​၏​နောက်​တွင်​အုပ်​စိုး​မည့် ဘု​ရင်​များ​အား​အ​မျက်​ထွက်​တော်​မ​မူ ဘဲ​နေ​လိမ့်​မည်။-
EZR 7:24 သင်​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ အ​စောင့် တပ်​သား​များ​နှင့်​အ​လုပ်​သ​မား​များ​ထံ​မှ သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​သက်​ဆိုင် သည့်​အ​ခြား​သူ​များ​ထံ​မှ​သော်​လည်း​ကောင်း အ​ဘယ်​အ​ခွန်​တော်​ကို​မျှ​မ​ကောက်​မ​ခံ ကြ​ရ။
EZR 7:25 ``သင်​ဧ​ဇ​ရ​သည်​သင့်​အား​ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​သည့်​ပ​ညာ​ဉာဏ်​ကို​အ​သုံး​ပြု လျက် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည် နယ်​တွင် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ကြ​သူ​လူ​အ​ပေါင်း​တို့​အား အုပ်​စိုး​ရန်​အ​တွက်​အုပ်​ချုပ်​ရေး​မှူး​များ​နှင့် တ​ရား​သူ​ကြီး​များ​ကို​ခန့်​ထား​လော့။ ထို တ​ရား​တော်​ကို​မ​သိ​သူ​ကို​သင်​သည်​သင် ကြား​ပို့​ချ​ပေး​လော့။-
EZR 7:26 အ​ကယ်​၍​သင့်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော် များ​ကို​ဖြစ်​စေ၊ အင်​ပါ​ယာ​နိုင်​ငံ​တော်​၏ တ​ရား​ဥ​ပ​ဒေ​များ​ကို​ဖြစ်​စေ​ချိုး​ဖောက် သူ​အား​သေ​ဒဏ်၊ ပြည်​နှင်​ဒဏ်၊ ထို​သူ​ပိုင်​ပစ္စည်း များ​ကို​သိမ်း​ယူ​ခြင်း​ဒဏ်၊ သို့​မ​ဟုတ်​ထောင် ဒဏ်​အ​လျင်​အ​မြန်​ခံ​စေ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​၏။
EZR 7:27 ဧ​ဇ​ရ​က``ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​သည်​မင်း​ကြီး​အား ယေ​ရု ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ဗိ​မာန်​တော်​ကို ဤ​သို့​ဂုဏ်​ပြု​စိတ်​ကို​ပေး​တော်​မူ​ပါ​တ​ကား။-
EZR 7:28 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ငါ​သည် မင်း​ကြီး​နှင့်​တ​ကွ သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ် များ၊ တန်​ခိုး​ကြီး​သည့်​အ​ရာ​ရှိ​များ​၏​ရှေ့ တွင်​မျက်​နှာ​သာ​ရ​စေ​တော်​မူ​သည်။ ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော် မူ​၍ ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ခေါင်း ဆောင်​အ​မြောက်​အ​မြား​ကို ငါ​နှင့်​အ​တူ လိုက်​ကြ​ရန်​စု​ရုံး​နိုင်​လေ​ပြီ'' ဟု​ဆို​၏။
EZR 8:1 အာ​တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​လက်​ထက်​၌​ဗာ​ဗု လုန်​မြို့​တွင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင် များ​၏​အ​မည်​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။
EZR 8:2 ဖိ​န​ဟတ်​သား​ချင်း​စု​မှ​ဂေ​ရ​ရှုံ​ဣ​သ​မာ သား​ချင်း​စု​မှ​ဒံ​ယေ​လ ဒါ​ဝိဒ်​သား​ချင်း​စု​မှ​ရှေ​ခ​နိတ်​သား​ဟတ္တုတ် ဖာ​ရုတ်​၏​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​သူ​၏ အ​နွယ်​ဝင်​ယောကျာ်း ၁၅၀ (သူ​တို့​အိမ်​ထောင်​စု မှတ်​တမ်း​များ​ရှိ​သည်။) ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ​ဇေ​ရာ​ယ ၏​သား ဧ​လျော​နဲ​နှင့်​ယောကျာ်း ၂၀၀ ဇတ္တု​သား​ချင်း​စု​မှ​ယ​ဟာ​ဇေ​လ​၏​သား ရှေ​ခ​နိ​နှင့်​ယောကျာ်း ၃၀၀ အာ​ဒိန်​သား​ချင်း​စု​မှ​ယော​န​သန်​၏​သား ဧ​ဗက်​နှင့်​ယောကျာ်း ၅၀ ဧ​လံ​သား​ချင်း​စု​မှ​အာ​သ​လိ​၏​သား ယေ​ရှာ​ယ​နှင့်​ယောကျာ်း ၇၀ ရှေ​ဖ​တိ​သား​ချင်း​စု​မှ​မိက္ခေ​လ​၏​သား ဇေ​ဗ​ဒိ​နှင့်​ယောကျာ်း ၈၀ ယွာ​ဘ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏​သား သြ​ဗ​ဒိ​နှင့်​ယောကျာ်း ၂၁၈ ဗာ​နိ​သား​ချင်း​စု​မှ​ယော​သိ​ဖိ​၏​သား ရှေ​လော​မိတ်​နှင့်​ယောကျာ်း ၁၆၀ ဗေ​ဗဲ​သား​ချင်း​စု​မှ​ဗေ​ဗဲ​၏​သား ဇာ​ခ​ရိ​နှင့်​ယောကျာ်း ၂၈ အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ​ဟက္က​တန်​၏​သား ယော​ဟ​နန်​နှင့်​ယောကျာ်း ၁၁၀ အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ​ဧ​လိ​ဖ​လက်၊ ယေ​ယေ​လ၊ ရှေ​မာ​ယ​နှင့်​ယောကျာ်း ၆၀ (သူ​တို့​သည်​နောက်​မှ​လိုက်​လာ​ကြ​သူ​များ ဖြစ်​၏။) ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ​ဥ​သဲ၊ဇဗ္ဗုဒ်​နှင့်​ယောကျာ်း ၇၀
EZR 8:15 ငါ​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ဟာ​ဝ​မြို့ သို့​စီး​သော​တူး​မြောင်း​အ​နီး​တွင်​စု​ဝေး​စေ​၍ ထို​အ​ရပ်​တွင်​ငါ​တို့​သုံး​ရက်​မျှ​စ​ခန်း​ချ ကြ​၏။ ထို​လူ​စု​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ပါ​ရှိ​သော်​လည်း လေ​ဝိ​အ​နွယ်​ဝင်​များ​ကို မ​တွေ့​သ​ဖြင့်၊-
EZR 8:16 ငါ​သည်​ခေါင်း​ဆောင်​ကိုး​ဦး​ဖြစ်​ကြ​သော ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ယာ​ရိမ်၊ ဧ​လ​နာ​သန်၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​ကို​လည်း ကောင်း၊ ပ​ညာ​ရှိ​နှစ်​ဦး​ဖြစ်​ကြ​သော​ယွာ​ရိပ် နှင့် ဧ​လ​နာ​သန်​တို့​ကို​လည်း​ကောင်း​ခေါ်​ပြီး လျှင်၊-
EZR 8:17 က​သိ​ဖိ​မြို့​သူ​ကြီး​ဣ​ဒေါ​ထံ​သို့​စေ​လွှတ်​၍ ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​အား``ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တွင် အ​မှု​တော်​ဆောင်​ရန်​လူ​များ ကို​ငါ​တို့​ထံ​သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော ကြား​စေ​၏။-
EZR 8:18 ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကြောင့် မ​ဟာ​လိ​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ် ဝင်၊ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ​ရှေ​ရ​ဘိ​ကို ငါ​တို့​ထံ​သို့​စေ​လွှတ်​လေ​သည်။ သူ​၏​သား​နှင့် ညီ​အစ်​ကို​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည်​လည်း အ​တူ​လိုက်​ပါ​လာ​ကြ​၏။-
EZR 8:19 ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မေ ရာ​ရိ​သား​ချင်း​စု​ဟာ​ရှ​ဘိ​နှင့်​ယေ​ရှာ​ယ တို့​ကို​လည်း​ကောင်း သူ​တို့​ဆွေ​မျိုး​သား​ချင်း နှစ်​ဆယ်​နှင့်​အ​တူ​စေ​လွှတ်​၏။-
EZR 8:20 ထို့​ပြင်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို​ကူ​ညီ​ရန် ဒါ​ဝိဒ်​မင်း​နှင့်​မှူး​မတ်​တော်​များ​စီ​မံ​ခဲ့​သည့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​နှစ်​ရာ့​နှစ်​ဆယ် တို့​လည်း​ပါ​လာ​လေ​သည်။ သူ​တို့​အား​လုံး ၏​နာ​မည်​များ​ကို​စာ​ရင်း​သွင်း​ထား​သ​တည်း။
EZR 8:21 ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။-
EZR 8:22 ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-
EZR 8:23 ထို့​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကာ​ကွယ် စောင့်​ရှောက်​မှု​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ​ရန် အ​စာ ရှောင်​လျက်​အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ရ​၏။ ကိုယ်​တော်​သည်​ငါ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။
EZR 8:24 ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ အ​နက် ရှေ​ရ​ဘိ၊ ဟာ​ရှ​ဘိ​နှင့်​အ​ခြား​ဆယ် ဦး​တို့​ကို​ရွေး​ချယ်​ပြီး​လျှင်၊-
EZR 8:25 ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​မင်း​ကြီး​နှင့် သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ၊ အ​ရာ​ရှိ များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပေး လှူ​ကြ​သော​ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင် များ​ကို​ချိန်​တွယ်​၍ ထို​ယဇ်​ပု​ရော​ဟိတ်​တို့ အား​ပေး​အပ်​လိုက်​၏။-
EZR 8:26 ငါ​ပေး​အပ်​သည့်​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ငွေ ၂၅ တန်၊ ငွေ​အ​သုံး​အ​ဆောင် ၁၀၀ ငွေ​သား​ပေါင် ၁၅၀ ရွှေ​ပေါင် ၇၅၀၀ ရွှေ​ဖ​လား၂၀ ခွက် ရွှေ​ချိန် ၂၇၀ အောင်​စ။ ရွှေ​ဖ​လား​နှင့်​တန်​ဖိုး​ညီ​မျှ​သည့်​ကြေး​ဝါ​စစ် ဖ​လား ၂ လုံး
EZR 8:28 ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား``သင်​တို့​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ဖို့ သီး​သန့်​သူ​များ​ဖြစ်​ကြ​သ​ကဲ့​သို့ ကိုယ် တော်​အား​စေ​တ​နာ​အ​လျောက် ပေး​လှူ​သော ရွှေ​ငွေ​အ​သုံး​အ​ဆောင်​များ​သည်​လည်း သီး သန့်​သော​ဝတ္ထု​ပစ္စည်း​ဖြစ်​သည်။-
EZR 8:29 သင်​တို့​သည်​ဗိ​မာန်​တော်​သို့​မ​ရောက်​မ​ချင်း ထို​ပစ္စည်း​များ​ကို​စောင့်​ထိန်း​လျက် ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ခန်း​များ​တွင် ချိန်​တွယ်​၍ ယဇ်​ပု​ရော​ဟိတ်​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​ခေါင်း​ဆောင်​များ၊ ယေ​ရု​ရှ​လင် မြို့​ရှိ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​လက်​သို့​ပေး​အပ်​ကြ​လော့'' ဟု​မှာ ထား​၏။-
EZR 8:30 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ အ​နွယ်​ဝင်​များ​သည်​ရွှေ​ငွေ​နှင့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော် သို့​ပို့​ဆောင်​ရန်​တာ​ဝန်​ယူ​ကြ​လေ​သည်။
EZR 8:31 ပ​ထ​မ​လ​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ငါ​တို့​သည် အ​ဟာ​ဝ​တူး​မြောင်း​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ထွက်​ခွာ​လာ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ငါ​တို့​အား ရန်​သူ့​ဘေး​မှ​လည်း​ကောင်း၊ ခြုံ​ခို​တိုက်​ခိုက် မှု​မှ​လည်း​ကောင်း​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​၏။-
EZR 8:32 ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ​ငါ​တို့ သည် သုံး​ရက်​တိုင်​တိုင်​နား​နေ​ကြ​၏။-
EZR 8:33 ထို​နောက်​စ​တုတ္ထ​နေ့​၌​ဗိ​မာန်​တော်​သို့​သွား​၍ ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင်​များ​ကို​ချိန်​တွယ် ကာ ဥ​ရိ​ယ​၏​သား​ယဇ်​ပု​ရော​ဟိတ်​မေ​ရ​မုတ် လက်​သို့​ပေး​အပ်​ကြ​၏။ သူ​နှင့်​အ​တူ​ဖိ​န​ဟတ် ၏​သား ဧ​လာ​ဇာ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​နှစ်​ဦး ဖြစ်​ကြ​သော ယော​ရှု​၏​သား​ယော​ဇ​ဗဒ်​နှင့် ဗိ​နွိ​၏​သား​နော​ဒိ​တို့​လည်း​ရှိ​ကြ​၏။-
EZR 8:34 ငါ​တို့​သည်​ပစ္စည်း​ရှိ​သ​မျှ​ကို​ရေ​တွက်​ချိန် တွယ်​ကြ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​စာ​ရင်း​မှတ် ယူ​ကြ​၏။
EZR 8:35 ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​မီး​ရှို့​ဆက်​သ​ရန် ပူ​ဇော် သကာ​များ​ကို​ယူ​လာ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် နွား​တစ်​ဆယ့် နှစ်​ကောင်၊ သိုး​ထီး​ကိုး​ဆယ့်​ခြောက်​ကောင်၊ သိုး သား​ငယ်​ခု​နစ်​ဆယ့်​ခု​နစ်​ကောင်​ကို​ပူ​ဇော် ကြ​၏။ ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​လည်း အ​ပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​၏။ ဤ​တိ​ရစ္ဆာန် အား​လုံး​ကို​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ သကာ​အ​ဖြစ်​ပူ​ဇော်​ကြ​လေ​သည်။-
EZR 8:36 လူ​တို့​သည်​မိ​မိ​တို့​အား​မင်း​ကြီး​ပေး​အပ် လိုက်​သည့်​အ​မိန့်​တော်​စာ​ကို ဥ​ဖ​ရတ်​မြစ်​ကြီး အ​နောက်​ဘက်​ပြည်​နယ် ဘု​ရင်​ခံ​များ​နှင့် အ​ရာ​ရှိ​များ​အား​ပေး​အပ်​ကြ​သော​အ​ခါ သူ​တို့​သည်​ပြည်​သူ​များ​နှင့်​ဗိ​မာန်​တော် ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​အား​ပေး​ကူ​ညီ​ကြ ကုန်​၏။
EZR 9:1 ဤ​အ​မှု​ကိစ္စ​အ​ပေါင်း​ကို​ဆောင်​ရွက်​၍​ပြီး​သော အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍``ပြည်​သူ​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည် မိ​မိ တို့​ပတ်​ဝန်း​ကျင်​တွင် ရှိ​သည့်​အမ္မုန်​ပြည်၊ မော​ဘ ပြည်၊ အီ​ဂျစ်​ပြည်​တို့​မှ​လူ​များ​နှင့်​လည်း​ကောင်း၊ ခါ​နာ​နိ၊ ဟိတ္တိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​များ၊ အာ​မော​ရိ အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ကင်း​ရှင်း စွာ​မ​နေ​ကြ။ သူ​တို့​သည်​ထို​သူ​တို့​ပြု​ကျင့် သည့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော​အ​မှု တို့​ကို​ပြု​ကျင့်​ကြ​ပါ​၏။-
EZR 9:2 ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​အိမ်​ထောင်​ပြု​ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​သီး​သန့်​လူ​မျိုး​တော်​သည် ညစ်​ညမ်း​လေ​ပြီ။ ဤ​အ​ပြစ်​ကို​ကူး​လွန်​ရာ တွင်​ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ​များ​သည် အ​ဆိုး​ဆုံး​ဖြစ်​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။-
EZR 9:3 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် အ​ဝတ်​များ​ကို​ဆုတ်​ပြီး​နောက် ဆံ​ပင်​နှင့် မုတ်​ဆိတ်​ကို​ဆွဲ​နုတ်​ကာ​ဝမ်း​နည်း​လျက် ထိုင်​နေ​၏။-
EZR 9:4 ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ကျ​ရောက်​၍​လူ​တို့​သည် ငါ​၏​အ​နီး​တွင်​လာ​ရောက်​စု​ရုံး​ကြ​သည့်​တိုင် အောင် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သော​စိတ်​နှင့် ထို​အ​ရပ်​တွင်​ထိုင်​လျက်​နေ​၏။ ထို​သူ​တို့​သည် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပြစ်​များ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့် ကြောက်​လန့် နေ​ကြ​သူ​များ​ဖြစ်​သ​တည်း။
EZR 9:5 ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ငါ သည်​ညည်း​တွား​မြည်​တမ်း​လျက် ထိုင်​၍​နေ​ရာ မှ​ထ​ပြီး​လျှင် စုတ်​နေ​သော​အ​ဝတ်​များ​နှင့်​ပင် ဒူး​ထောက်​လျက် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။-
EZR 9:6 ငါ​က``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ရှေ့​တော်​၌ ခေါင်း​မ​မော်​ဝံ့​အောင်​ပင်​ရှက်​ပါ​၏။ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​သည် အ​ကျွန်ုပ်​တို့ ဦး​ခေါင်း​ကို​လွှမ်း​မိုး​သည့်​တိုင်​အောင်​များ​ပြား ပါ​၏။ ထို​အ​ပြစ်​များ​သည် မိုး​ကောင်း​ကင် အ​ထိ​မြင့်​မား​ကြီး​လေး​ပါ​၏။-
EZR 9:7 ဘိုး​ဘေး​များ​လက်​ထက်​မှ​အ​စ​ပြု​၍​ယ​နေ့ တိုင်​အောင်​ပင် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ကျွန်ုပ် တို့​သည် လွန်​စွာ​အ​ပြစ်​ကူး​ခဲ့​ကြ​ပါ​၏။ ထို အ​ပြစ်​များ​ကြောင့်​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​မျိုး​ခြား​ဘု​ရင် များ​၏​လက်​သို့​အပ်​နှင်း​ခြင်း၊ ဋ္ဌား​ဘေး​သင့်​ခြင်း၊ လု​ယက်​ခြင်း၊ သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​ခြင်း၊ ယ​ခု​အ​ခါ​၌​ကဲ့​သို့​လုံး​ဝ​အ​သ​ရေ​ပျက် ခြင်း​တို့​ကို​ခံ​ရ​ကြ​ပါ​၏။-
EZR 9:8 အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-
EZR 9:9 အ​ကျွန်ုပ်​တို့​သည်​ကျွန်​ခံ​လျက်​နေ​ကြ​ရ သော်​လည်း ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​တို့ ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​ပေ​ရ​သိ ဘု​ရင်​တို့​ရှေ့​တွင် အ​ကျွန်ုပ်​တို့​ကို​မျက်​နှာ​သာ ရ​စေ​တော်​မူ​၍ အ​သက်​ရှင်​ခွင့်​နှင့်​ပျက်​စီး ယို​ယွင်း​နေ​သည့်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ခွင့်​နှင့် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​တို့​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ခွင့်​ကို ပေး​စေ​တော်​မူ​ပါ​၏။
EZR 9:10 ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ထို​သို့​ကျေး​ဇူး တော်​ကို​ခံ​စား​ရ​ပြီး​မှ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​လျှောက်​ထား​နိုင်​ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​က`သင်​တို့​သိမ်း​ပိုက်​လတ္တံ့​သော​ပြည် သည်​ညစ်​ညမ်း​သည်။ ပြည်​သူ​ပြည်​သား​တို့​သည် ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ကျင့်​ဆိုး​များ​ဖြင့် ပြည့်​နှက်​စေ​လေ​ပြီ။ သင်​တို့​သည်​ထို​ပြည် ထွက်​အ​သီး​အ​နှံ​များ​ကို​ဝ​စွာ​စား​သုံး​ကာ ထို​ပြည်​ကို​လည်း​မိ​မိ​တို့​သား​မြေး​များ လက်​သို့​ထာ​ဝ​စဉ်​အပ်​နှံ​လို​ကြ​ပါ​က ထို ပြည်​သူ​ပြည်​သား​တို့​နှင့်​အ​ဘယ်​အ​ခါ​၌ မျှ​ထိမ်း​မြား​စုံ​ဖက်​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့ ၏​ကြီး​ပွား​တိုး​တက်​ရေး​အ​တွက်​အ​ဘယ် အ​ခါ​၌​မျှ အ​ကူ​အ​ညီ​မ​ပေး​ကြ​နှင့်' ဟု​ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် ပေး​တော်​မူ​သော​အ​မိန့်​တော်​တို့​ကို အ​ကျွန်ုပ်​တို့​မ​နာ​ခံ​ကြ​ပါ။-
EZR 9:13 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ဒု​စ​ရိုက် များ​အ​တွက် ဤ​မျှ​အ​ပြစ်​ဒဏ်​ခံ​ကြ​ရ​ပြီး သော်​လည်း၊ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ခံ​ထိုက်​သည် ထက်​ပင်​လျှော့​၍​အ​ပြစ်​ပေး​တော်​မူ​ကာ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​စေ​တော်​မူ​ပြီ။-
EZR 9:14 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။-
EZR 9:15 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။
EZR 10:1 ဧ​ဇ​ရ​သည်​ဗိ​မာန်​တော်​ရှေ့​တွင်​ခေါင်း​ငုံ့​လျက် ငို​ကြွေး​ကာ ဤ​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​နေ​စဉ် ဣ​သ​ရေ​လ အ​မျိုး​သား၊ အ​မျိုး​သ​မီး​နှင့်​က​လေး​ပါ ဝင်​သော​လူ​အုပ်​ကြီး​သည်​ငို​ကြွေး​လျက် သူ့​ထံ​စု​ရုံး​ကြ​ကုန်​၏။-
EZR 10:2 ထို​အ​ခါ​ဧ​လံ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏ သား ရှေ​က​နိ​က​ဧ​ဇ​ရ​အား``အ​ကျွန်ုပ်​တို့​သည် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​သစ္စာ ဖောက်​ကြ​ပါ​ပြီ။ သို့​သော်​လည်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် မျှော်​လင့်​စ​ရာ​ရှိ ပါ​သေး​၏။-
EZR 10:3 ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ထို​မိန်း​မ​များ​နှင့် သား​သ​မီး​များ​ကို​စွန့်​ကြ​ပါ​မည်​ဟု အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​အား​ကျိန်​ဆို​က​တိ​ပြု ရ​ကြ​မည်။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​များ ကို​ရို​သေ​လေး​စား​ကြ​သော​အ​ရှင်​နှင့် အ​ခြား သူ​များ​အ​ကြံ​ပေး​သည့်​အ​တိုင်း အ​ကျွန်ုပ် တို့​ပြု​ကြ​ပါ​မည်။ ဘု​ရား​သ​ခင်​၏​တ​ရား တော်​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း​ပြု​ပါ​မည်။-
EZR 10:4 ဤ​အ​မှု​ကို​အ​ရှင်​တာ​ဝန်​ယူ​ဆောင်​ရွက် တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​အား ဝိုင်း​ဝန်း​ကူ​ညီ​ကြ​ပါ​မည်။ သို့​ဖြစ်​၍​ရဲ​ရင့် စွာ​ဆောင်​ရွက်​တော်​မူ​ပါ'' ဟု​ပြော​၏။
EZR 10:5 ထို့​ကြောင့်​ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့ ၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏ ခေါင်း​ဆောင်​များ၊ ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​အား​ရှေ​က​နိ​ပေး​သည့်​အ​ကြံ​အ​တိုင်း ဆောင်​ရွက်​ပါ​မည်​ဟူ​သော​သစ္စာ​က​တိ​ကို ပြု​စေ​၏။-
EZR 10:6 ထို​နောက်​သူ​သည်​ဗိ​မာန်​တော်​ရှေ့​မှ​ထ​သွား​၍ ဧ​လျာ​ရှိပ်​၏​သား​ယော​ဟ​နန်​၏​အ​ခန်း​သို့ သွား​ပြီး​လျှင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ သူ​တို့​သစ္စာ​မဲ့​မှု​ကြောင့်​တစ်​ညဥ့်​လုံး​မ​စား မ​သောက်​ဘဲ​ညဉ်း​တွား​မြည်​တမ်း​လျက်​နေ​၏။
EZR 10:7 ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် အုပ်​ချုပ်​ရေး​မှူး​များ​နှင့် ပြည်​သူ​ခေါင်း​ဆောင်​များ​၏​အ​မိန့်​အ​ရ ယေ​ရု​ရှ​လင်​မြို့​သို့​သုံး​ရက်​အ​တွင်း​လာ ရောက်​စု​ရုံး​ကြ​ရ​မည်​ဖြစ်​ကြောင်း၊ ယင်း သို့​လာ​ရောက်​ရန်​ပျက်​ကွက်​သူ​များ​သည် မိ​မိ​တို့​တွင်​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ ကို​အ​သိမ်း​ခံ​ရ​ကာ ဣ​သ​ရေ​လ​အ​မျိုး သား​အ​သိုင်း​အ​ဝိုင်း​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ကို ယေ​ရု ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​လျှောက်​လုံး ၌​ကြေ​ညာ​ကြ​၏။-
EZR 10:9 ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​တွင်​နေ​ထိုင် သူ​ယောကျာ်း​အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း န​ဝ​မ​လ​နှစ်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​ရှေ့​တံ​တိုင်း​သို့​လာ​ရောက် စု​ဝေး​ကြ​၏။ ထို​အ​ခါ​၌​မိုး​သည်း​ထန် စွာ​ရွာ​လျက်​နေ​၏။ လူ​အ​ပေါင်း​တို့​သည် ရာ​သီ​ဥ​တု​အ​ခြေ​အ​နေ​ကြောင့်​လည်း ကောင်း၊ အ​စည်း​အ​ဝေး​အ​ရေး​ကြီး​မှု ကြောင့်​လည်း​ကောင်း​တုန်​လှုပ်​လျက်​နေ ကြ​၏။
EZR 10:10 ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည်​ထ​၍ ထို​သူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​၏။ ဧ​ဇ​ရ​က``သင်​တို့ သည်​သစ္စာ​မဲ့​ကြ​လေ​ပြီ။ လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကာ ဣ​သ ရေ​လ​အ​မျိုး​အား​အ​ပြစ်​သင့်​စေ​ကြ လေ​ပြီ။-
EZR 10:11 သို့​ဖြစ်​၍​သင်​တို့​အ​ပြစ်​ကို သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​ဝန်​ခံ​ပြီး​လျှင် ကိုယ်​တော်​နှစ်​သက်​တော် မူ​သည့်​အ​မှု​ကို​ပြု​ကြ​လော့။ ငါ​တို့​ပြည် တွင်​သင်​တို့​နှင့်​အ​တူ နေ​ထိုင်​ကြ​သူ​လူ​မျိုး ခြား​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​၏​လူ​မျိုး ခြား​ဇ​နီး​များ​နှင့်​လည်း​ကောင်း​ခွဲ​ခွာ ကြ​လော့'' ဟု​ဆို​၏။
EZR 10:12 လူ​တို့​က​လည်း``အ​ရှင်​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်'' ဟု​ပြန်​လည်​ဟစ် အော်​ပြော​ဆို​ကြ​၏။-
EZR 10:13 သို့​ရာ​တွင်​သူ​တို့​က​ဆက်​လက်​၍``ဤ​လူ​အုပ် သည်​အ​လွန်​ကြီး​မား​၍ မိုး​သည်​လည်း​သည်း ထန်​စွာ​ရွာ​လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် လ​ဟာ​ပြင်​တွင် ဤ​သို့​ရပ်​လျက်​မ​နေ​နိုင် ကြ​ပါ။ အ​ကျွန်ုပ်​တို့​အ​မြောက်​အ​မြား​ပင် ထို​အ​ပြစ်​ကို​ကူး​လွန်​ခဲ့​ကြ​သည်​ဖြစ်​၍ ဤ​အ​မှု​ကိစ္စ​ကို​တစ်​ရက်​နှစ်​ရက်​နှင့်​ဆောင် ရွက်​၍​ပြီး​မည်​မ​ဟုတ်​ပါ။-
EZR 10:14 ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​၏​အုပ်​ချုပ်​ရေး​မှူး များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​၍ ဤ အ​မှု​ကိစ္စ​ကို​တာ​ဝန်​ယူ​ဆောင်​ရွက်​ကြ ပါ​စေ။ ထို​နောက်​အ​ကျွန်ုပ်​တို့​မြို့​ရွာ​များ တွင် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​မြို့​ရွာ​ခေါင်း​ဆောင်​များ၊ တ​ရား​သူ ကြီး​များ​နှင့်​အ​တူ​ချိန်း​ချက်​သော အ​ချိန်​တွင်​လာ​ရောက်​လျက် ဤ​အ​မှု နှင့်​စပ်​လျဉ်း​၍​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ပြေ​ငြိမ်း​အောင်​ပြု​ကြ​ပါ​စေ'' ဟု​ပြော​ကြား​ကြ​၏။-
EZR 10:15 မေ​ရှု​လံ​နှင့်​လေဝိ​အ​နွယ်​ဝင်​ရှဗ္ဗ​သဲ​တို့​၏ ထောက်​ခံ​မှု​ကို​ရ​သော အာ​သ​ဟေ​လ​၏​သား ယော​န​သန်​နှင့်​တိ​က​ဝ​၏​သား​ယ​ဟာ​ဇိ တို့​က​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထို အ​ကြံ​ကို​မ​ကန့်​ကွက်​ကြ။
EZR 10:16 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​တို့ သည် ထို​အ​ကြံ​ကို​သ​ဘော​တူ​လက်​ခံ​ကြ သ​ဖြင့် ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် သား​ချင်း​စု ခေါင်း​ဆောင်​များ​အ​နက်​လူ​အ​ချို့​ကို​ရွေး ချယ်​ကာ​သူ​တို့​၏​အ​မည်​များ​ကို​မှတ်​တမ်း တင်​ထား​၏။ ထို​သူ​တို့​သည်​လူ​မျိုး​ခြား အ​မျိုး​သ​မီး​များ​နှင့် အိမ်​ထောင်​ပြု​သူ​တို့ ၏​အ​မှု​များ​ကို​ဒ​သ​မ​လ​တစ်​ရက်​နေ့ ၌​စ​တင်​၍ စုံ​စမ်း​စစ်​ဆေး​ကြ​ရာ​သုံး​လ အ​တွင်း​ပြီး​ဆုံး​လေ​သည်။
EZR 10:18 လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ သား​ချင်း​စု​အ​လိုက်​ယဇ်​ပု​ရော​ဟိတ်​များ ယော​ရှု​သား​ချင်း​စု​နှင့်​သူ​၏​ညီ​များ။ ယော​ဇ ဒက်​၏​သား​များ​ဖြစ်​ကြ​သော​မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်​နှင့်​ဂေ​ဒ​လိ။-
EZR 10:19 သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​နှင့်​ကွာ​ရှင်း ပါ​မည်​ဟု​က​တိ​ပြု​ကြ​ပြီး​လျှင် မိ​မိ​တို့ အ​ပြစ်​များ​အ​တွက်​သိုး​ထီး​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​ကြ​၏။
EZR 10:20 ဣ​မေ​ရ​သား​ချင်း​စု​မှ​ဟာ​နန်​နှင့်​ဇေ​ဗ​ဒိ။
EZR 10:21 ဟာ​ရိမ်​သား​ချင်း​စု​မှ မာ​သေ​ယ၊ ဧ​လိ​ယ၊ ရှေ​မာ​ယ၊ ယေ​ဟေ​လ​နှင့်​သြ​ဇိ။
EZR 10:22 ပါ​ရှု​ရ​သား​ချင်း​စု မှ​ဧ​လိ​သြ​နဲ၊ မာ​သေ​ယ၊ ဣရှ​မေ​လ၊ နာ​သ​နေ​လ၊ ယော​ဇ​ဗဒ်​နှင့်​ဧ​လာ​သ။
EZR 10:23 ယော​ဇ​ဗဒ်၊ ရှိ​မိ၊ ကေ​လာ​ယ (ခေါ်) ကေ​လိ​တ၊ ပေ​သာ​ဟိ၊ ယု​ဒ​နှင့်​ဧ​လျေ​ဇာ။
EZR 10:24 ဧ​လျာ​ရှိပ်။ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ ရှလ္လုံ၊ တေ​လင်​နှင့်​ဥ​ရိ။
EZR 10:25 ပါ​ရုတ်​သား​ချင်း​စု​မှ ရာ​မိ၊ ယေ​ဇိ၊ မာ​လ​ခိ​ယ၊ မျာ​မိန်၊ ဧ​လာ​ဇာ၊ မာ​လ​ခိ​ယ​နှင့်​ဗေ​နာ​ယ။
EZR 10:26 ဧ​လံ​သား​ချင်း​စု​မှ​မတ္တ​နိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ၊ အာ​ဗ​ဒိ၊ ယေ​ရ​မုတ်​နှင့်​ဧ​လိ​ယ၊
EZR 10:27 ဇတ္တု​သား​ချင်း​စု​မှ​ဧ​လိ​သြ​နဲ၊ ဧ​လျာ​ရှိပ်၊ မတ္တ​နိ၊ ယေ​ရ​မုတ်၊ ဇာ​ဗဒ်​နှင့်​အာ​ဇိ​ဇ။
EZR 10:28 ဗေ​ဗဲ​သား​ချင်း​စု​မှ​ယော​ဟ​နန်၊ ဟာ​န​နိ၊ ဇဗ္ဗဲ​နှင့် အာ​သ​လဲ။
EZR 10:29 ဗာ​နိ​သား​ချင်း​စု​များ​မှ​မေ​ရှု​လ၊ မလ္လုတ်၊ အ​ဒါ​သ၊ ယာ​ရှုပ်၊ ရှာ​လ​နှင့်​ရာ​မုတ်။
EZR 10:30 ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ အ​ဒ​န၊ ခေ​လာ​လ၊ ဗေ​နာ​ယ၊ မာ​သေ​ယ ၊မတ္တ​နိ၊ ဗေ​ဇ​လေ​လ၊ ဗိ​နွိ​နှင့် မ​နာ​ရှေ။
EZR 10:31 ဟာ​ရိမ်​သား​ချင်း​စု​မှ ဧ​လျေဇာ၊ ဣရှိ​ယ၊ မာ​လ​ခိ၊ ရှေ​မာ​ယ၊ ရှိ​မောင်၊-
EZR 10:32 ဗင်္ယာ​မိန်၊ မလ္လုတ်​နှင့်​ရှေ​မ​ရိ။
EZR 10:33 ဟာ​ရှုံ​သား​ချင်း​စု​မှ​မတ္တ​နဲ၊ မတ္တ​သ၊ ဇာ​ဗဒ်၊ ဧ​လိ​ဖ​လက်၊ ယေ​ရ​မဲ၊ မ​နာ​ရှေ​နှင့်​ရှိ​မိ။
EZR 10:34 ဗာ​နိ​သား​ချင်း​စု​မှ​မာ​ဒဲ၊ အာ​မ​ရံ၊ ဝေ​လ၊ ဗေ​နာ​ယ၊ ပေ​ဒိ၊ ခေ​လု၊ ဝါ​နိ၊ မေ​ရ​မုတ်၊ ဧ​လျာ​ရှိပ်၊ မ​တ္တ​နိ၊ မတ္တနဲ​နှင့်​ယာ​သော။
EZR 10:38 ဗိ​နွိ​သား​ချင်း​စု​မှ​ရှိ​မိ၊ ရှေ​လ​မိ၊ နာ​သန်၊ အ​ဒါ​ယ၊ မာ​ခ​န​ဒေ​ဗဲ၊ ရှာ​ရှဲ၊ ရှာ​ရဲ၊ အ​ဇ ရေ​လ၊ ရှေ​လ​မိ၊ ရှေ​မ​ရိ၊ ရှလ္လုံ၊ အာ​မ​ရိ နှင့်​ယော​သပ်။
EZR 10:43 နေ​ဗော​သား​ချင်း​စု​မှ ယေ​လ၊ မတ္တိ​သိ၊ ဇာ​ဗဒ်၊ ဇေ​ဗိ​န၊ ယာ​ဒေါ၊ ယော​လ​နှင့်​ဗေ​နာ​ယ။
EZR 10:44 ဤ​သူ​အ​ပေါင်း​တို့​သည် လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​ကို လည်း​ကောင်း၊ သူ​တို့​နှင့်​ရ​သော​သား​သ​မီး များ​ကို​လည်း​ကောင်း​စွန့်​လိုက်​ကြ​၏။ ဧ​ဇ​ရ​မှတ်​စာ​ပြီး​၏။
NEH 1:1 အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​သည် ဟာ လ​ခိ​၏​သား​နေ​ဟ​မိ​လုပ်​ဆောင်​ခဲ့​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ပင်​ဖြစ်​၏။ ပေ​ရ​သိ​ဧ​က​ရာဇ်​အာ​တ​ဇေ​ရဇ် နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်၊ ခိ​သ​လု​ဟု​ခေါ်​သော​လ​၌ ငါ​နေ​ဟ​မိ​သည်​ရှု​ရှန်​မြို့​တော်​တွင်​ရှိ​၏။-
NEH 1:2 ငါ​၏​ညီ​ဟာ​နန်​နှင့်​ယု​ဒ​အ​မျိုး​သား​တစ်​စု သည် ထို​မြို့​သို့​ရောက်​လာ​ကြ​၏။ ထို​အ​ခါ​ငါ သည်​သူ​တို့​အား​ပြည်​နှင်​ဒဏ်​သင့်​ရာ​ဗာ​ဗု​လုန် ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​ကြ​သူ ယု​ဒ​ညီ​အစ်​ကို​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​၏​အ​ကြောင်း​ကို​မေး​မြန်း​ရာ၊-
NEH 1:3 သူ​တို့​က​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကာ မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ သူ​တို့​သည် များ​စွာ​ဒုက္ခ​ဆင်း​ရဲ​ရောက်​လျက်​အနီး​အ​နား တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​၏​အ​ထင် သေး​မှု​ကို​ခံ​နေ​ကြ​ရ​ကြောင်း​ငါ့​အား ပြော​ကြား​ကြ​သည်။ ထို့​ပြင်​ယေ​ရု​ရှ​လင် မြို့​ရိုး​များ​သည်​ပြို​ကျ​လျက်​ပင်​ရှိ​နေ သေး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး များ​ကို​လည်း​မီး​လောင်​ကျွမ်း​ချိန်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပြန်​လည်​မ​ပြင်​ဆင်​ရ သေး​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား ကြ​၏။-
NEH 1:4 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် ထိုင်​၍​ငို​ကြွေး​၏။ ငါ​သည်​ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​အ​စာ​ရှောင်​ပြီး​လျှင်၊-
NEH 1:5 ဘု​ရား​သ​ခင်​အား``အို ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ် တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော် သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၍​အ​မိန့် တော်​ကို​လိုက်​နာ​သူ​များ​နှင့်​ပြု​တော်​မူ သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​တော် မူ​ပါ​၏။-
NEH 1:6 အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​ကို​ကြည့်​တော် မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​တွက် နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​တောင်း​လျှောက်​သော​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သူ​အ​ကျွန်ုပ်​တို့​သည် လည်း​ကောင်း၊ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ် ကြောင်း​အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​သည်​လည်း ကောင်း​ဝန်​ခံ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ် ကူး​လွန်​မိ​ပါ​ပြီ။-
NEH 1:7 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ဆိုး​သွမ်း စွာ​ပြစ်​မှား​ကြ​ပါ​ပြီ။ ကိုယ်​တော်​၏​အ​မိန့် တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ ကိုယ်​တော် ၏​အ​စေ​ခံ​မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော် မူ​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ကြ​ပါ။-
NEH 1:8 ကိုယ်​တော်​က​မော​ရှေ​အား​ထား​တော်​မူ​သည့် က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ``သင် တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​လျှင် ငါ​သည် သင်​တို့​အား​လူ​အ​မျိုး​မျိုး​တို့​တွင်​ကွဲ လွင့်​စေ​မည်။-
NEH 1:9 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ပြီး​ငါ​၏​အ​မိန့်​တော်​ကို​လိုက်​နာ​ကြ​လျှင် ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​သို့​ပင်​ကွဲ​လွင့် လျက်​နေ​စေ​ကာ​မူ သင်​တို့​ကို​ငါ့​အား​ဝတ် ပြု​ကိုး​ကွယ်​ရန် ရွေး​ချယ်​သတ်​မှတ်​ထား​သည့် ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ မည်။''
NEH 1:10 ``အို ထာ​ဝ​ရ​ဘု​ရား​ဤ​သူ​တို့​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်၊ ကိုယ်​တော်​၏​အ​စေ​ခံ များ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​အား​ကိုယ်​တော် သည်​မ​ဟာ​တန်​ခိုး​တော်၊ အား​ကြီး​သော လက်​ရုံး​တော်​ဖြင့်​ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။-
NEH 1:11 အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထနာ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား​ရို​သေ​သော​ကိုယ်​တော့်​ကျွန် များ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​လည်း​ကောင်း နား​ညောင်း​တော်​မူ​ပါ။ ယ​နေ့​အ​ကျွန်ုပ်​အား အောင်​မြင်​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ဧ​က​ရာဇ် မင်း​အား​အ​ကျွန်ုပ်​၏​အ​ပေါ်​တွင်​က​ရု​ဏာ ထား​စေ​တော်​မူ​ပါ'' ဟု​ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ဧ​က​ရာဇ်​မင်း ကြီး​အား​စ​ပျစ်​ရည်​ဆက်​သ​ရ​သူ​ဖြစ်​၏။
NEH 2:1 လေး​လ​မျှ​ကုန်​လွန်​ပြီး​နောက်၊ တစ်​နေ့​သော အ​ခါ​၌​ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်​သည် ပွဲ​တော်​တည်​လျက်​နေ​စဉ် ငါ​သည်​သူ​၏​ထံ သို့​သွား​၍​စ​ပျစ်​ရည်​ကို​ဆက်​လေ​၏။ မင်း ကြီး​သည်​ယ​ခင်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ ၏​မျက်​နှာ​ညှိုး​ငယ်​သည်​ကို​မ​တွေ့​မ​မြင် ဘူး​သ​ဖြင့်၊-
NEH 2:2 ငါ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ မျက်​နှာ​ညှိုး​ငယ်​ပါ​သ​နည်း။ သင့်​မှာ​ဖျား နာ​မှု​လည်း​မ​ရှိ​သ​ဖြင့် သင်​သည်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၍​မျက်​နှာ​ညှိုး​ငယ် ခြင်း​ဖြစ်​ရ​မည်'' ဟု​ဆို​၏။ ဤ​သို့​မင်း​ကြီး​ဆို​သော​အ​ခါ​ငါ​သည် ထိတ်​လန့်​ပြီး​လျှင်၊-
NEH 2:3 ``အ​ရှင်​မင်း​ကြီး​သည်​ထာ​ဝ​စဉ်​သက် တော်​ရှည်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏ ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ်​ရာ​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​မြို့​တံ​ခါး​များ သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​ပြီ​ဖြစ် သ​ဖြင့် ကျွန်​တော်​မျိုး​သည်​အ​ဘယ်​သို့ လျှင်​မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ​နေ​နိုင်​ပါ မည်​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
NEH 2:4 ဧ​က​ရာဇ်​မင်း​က``အ​ဘယ်​အ​ရာ​ကို​တောင်း လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​မှ၊-
NEH 2:5 မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​တော်​မျိုး​အား​စိတ်​တော်​နှင့်​တွေ့​တော်​မူ ၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ခွင့်​ပြု ရန်​အ​လို​ရှိ​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး အား​ယု​ဒ​ပြည်​သို့​သွား​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ် ရာ​မြို့​ကို​ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု တော်​မူ​ပါ'' ဟု​လျှောက်​၏။
NEH 2:6 မိ​ဖု​ရား​နှင့်​ယှဉ်​တွဲ​၍​ထိုင်​လျက်​နေ​သော ဧ​က​ရာဇ်​မင်း​သည် ငါ​၏​လျှောက်​ထား ချက်​ကို​ခွင့်​ပြု​တော်​မူ​ပြီး​လျှင် ငါ့​အား``သင် သည်​အ​ဘယ်​မျှ​ကြာ​အောင်​သွား​လို​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​ပြန်​လာ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ပြန်​လာ မည့်​အ​ချိန်​ကို​လျှောက်​ထား​၏။
NEH 2:7 ထို​နောက်​ငါ​သည်​ယု​ဒ​ပြည်​သို့​ခ​ရီး​ပြု ရာ​တွင် လို​အပ်​သည့်​အ​ကူ​အ​ညီ​ပေး​ရန် အ​တွက်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက် ပြည်​နယ်​ဘု​ရင်​ခံ​များ​ထံ​သို့​အ​မှာ​တော် စာ​ကို​လည်း​ကောင်း၊-
NEH 2:8 ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။
NEH 2:9 မင်း​ကြီး​သည်​စစ်​အ​ရာ​ရှိ​အ​ချို့​နှင့်​မြင်း တပ်​ကို​ငါ​နှင့်​အ​တူ​စေ​လွှတ်​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​သို့​ခ​ရီး​ပြု​ပြီး​လျှင် ထို အ​ရပ်​ရှိ​ဘု​ရင်​ခံ​တို့​အား​မင်း​ကြီး​၏ အ​မှာ​တော်​စာ​များ​ကို​ပေး​၏။-
NEH 2:10 သို့​ရာ​တွင်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​နှင့်​အမ္မုန်​ပြည်​နယ်​မှ​အ​ရာ​ရှိ​တော​ဘိ တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ကျိုး​ပြု​စု​ရန်​လူ​တစ်​ယောက်​ရောက်​ရှိ လာ​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ​လွန် စွာ​အ​မျက်​ထွက်​ကြ​၏။
NEH 2:11 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​လက် သွား​ရောက်​ကာ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။-
NEH 2:12 သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက်​မည်​သို့ ဆောင်​ရွက်​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​ကြောင်း​ကို​မူ အ​ဘယ်​သူ​ကို မျှ​ငါ​မ​ပြော​ဘဲ​သန်း​ခေါင်း​ယံ​အ​ချိန်​၌ ထ​၍​အ​ဖော်​အ​ချို့​ကို​ခေါ်​ပြီး​လျှင်​မြို့ ထဲ​မှ​ထွက်​လာ​ခဲ့​၏။ ငါ​တို့​သည်​ငါ​စီး သည့်​မြည်း​မှ​တစ်​ပါး​အ​ခြား​တိ​ရစ္ဆာန် မ​ပါ။-
NEH 2:13 ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။-
NEH 2:14 ထို​နောက်​မြို့​၏​အ​ရှေ့​ဘက်​မှ​နေ​၍​စမ်း​ရေ တွင်း​တံ​ခါး​နှင့် ဘု​ရင့်​ရေ​ကန်​ရှိ​ရာ​မြောက် ဘက်​သို့​သွား​၏။ ငါ​စီး​သည့်​မြည်း​သည် ကျောက်​အုတ်​ကျိုး​များ​အ​ကြား​တွင်​လမ်း ရှာ​၍​မ​ရ​သ​ဖြင့်၊-
NEH 2:15 ငါ​သည်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​၍ မြည်း​စီး​ပြီး​လျှင်​မြို့​ရိုး​ကို​စစ်​ဆေး ကြည့်​ရှု​၏။ ထို​နောက်​လာ​လမ်း​အ​တိုင်း ပြန်​ပြီး​လျှင်​ချိုင့်​ဝှမ်း​တံ​ခါး​မှ​နေ​၍ မြို့​ထဲ​သို့​ဝင်​၏။
NEH 2:16 အ​ဘယ်​အ​ရပ်​သို့​ငါ​သွား​ရောက်​ခဲ့​သည်၊ အ​ဘယ်​အ​မှု​ကို​ပြု​ခဲ့​သည်​တို့​ကို​မြို့​ထဲ မှာ​အ​ဘယ်​အ​ရာ​ရှိ​မျှ​မ​သိ​ချေ။ ယ​နေ့ တိုင်​အောင်​ငါ​သည်​ဤ​အမှု​ကိစ္စ​အ​ကြောင်း ကို​မျှ​ယု​ဒ​အ​မျိုး​သား​များ​ဖြစ်​ကြ သော​ယဇ်​ပု​ရော​ဟိတ်​များ၊ ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ ငါ​၏​အ​လုပ်​တွင်​ပါ​ဝင် ဆောင်​ရွက်​ကြ​မည့်​အ​ခြား​သူ​များ​အား ပြော​မ​ပြ​ရ​သေး။-
NEH 2:17 သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သူ​တို့​အား``ယေ​ရု ရှ​လင်​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက်​မြို့​ရိုး များ​သည်​လည်း​ပြို​ကျ​လျက်​နေ​သ​ဖြင့် ငါ တို့​အ​ဘယ်​သို့​ဒုက္ခ​ရောက်​နေ​သည်​ကို​သင် တို့​သိ​ကြ​၏။ ငါ​တို့​ဆက်​လက်​၍​အ​ရှက်​ကွဲ ခြင်း​မ​ခံ​ရ​စေ​ရန်​မြို့​ရိုး​တို့​ကို​ပြန်​လည် ပြု​ပြင်​ကြ​ကုန်​အံ့'' ဟု​ပြော​ဆို​ပြီး​လျှင်၊-
NEH 2:18 ထာ​ဝ​ရ​ဘုရား​သည်​ငါ​နှင့်​အ​ဘယ်​သို့​အ​တူ ရှိ​တော်​မူ​ခဲ့​၍ ငါ့​အား​ကူ​မ​တော်​မူ​ခဲ့​ကြောင်း ကို​လည်း​ကောင်း၊ ငါ့​အား​ဧ​က​ရာဇ်​မင်း​ကြီး အ​ဘယ်​သို့​အ​မိန့်​ရှိ​တော်​မူ​ခဲ့​ကြောင်း​ကို လည်း​ကောင်း​ဖော်​ပြ​၏။ ထို​သူ​တို့​က``ပြန်​လည်​တည်​ဆောက်​မှု​ကို​ငါ တို့​အ​စ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ကာ​အ​လုပ် စ​ရန်​အ​သင့်​ပြင်​ဆင်​ကြ​လေ​သည်။
NEH 2:19 ထို​သ​တင်း​ကို​သမ္ဘာ​လတ်၊ တော​ဘိ​နှင့်​အာ​ရပ် အ​မျိုး​သား​ဂေ​ရှင်​တို့​ကြား​ကြ​သော​အ​ခါ ငါ​တို့​အား​လှောင်​ပြောင်​ကြ​၏။ သူ​တို့​က``သင် တို့​၏​အ​ကြံ​အ​စည်​ကား​အ​ဘယ်​သို့​နည်း။ ဧ​က​ရာဇ်​ဘု​ရင်​အား​သင်​တို့​ပုန်​ကန်​ကြ မည်​လော'' ဟု​ဆို​ကြ​၏။
NEH 2:20 ထို​အ​ခါ​ငါ​က``ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။ ငါ​တို့​သည်​ကိုယ်​တော်​၏ အ​စေ​ခံ​များ​ဖြစ်​၍​ဗိ​မာန်​တော်​တည်​ဆောက် မှု​ကို​အ​စ​ပြု​ကြ​မည်။ သင်​တို့​မူ​ကား​ယေ​ရု ရှ​လင်​မြို့​တွင်​ဘာ​မျှ​မ​ပိုင်။ ဤ​မြို့​တွင်​သင် တို့​နှင့်​ဆိုင်​သော​မှတ်​သား​ဖွယ်​ရာ​ဘာ​မျှ မ​ရှိ'' ဟု​ပြန်​ပြော​၏။
NEH 3:1 မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပုံ​ကား ဤ သို့​တည်း။ ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​နှင့်​သူ​၏ အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် သိုး​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး လျှင် တံ​ခါး​ရွက်​များ​ကို​တပ်​ဆင်​ကြ​၏။ သူ​တို့​သည်​မြို့​ရိုး​ကို​ရာ​ပြည့်​ပြ​အိုး​နှင့် ဟာ​န​နေ​လ​ပြ​အိုး​တိုင်​အောင်​ဆက်​ကပ် ကြ​၏။
NEH 3:2 ယေ​ရိ​ခေါ​မြို့​သား​တို့​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၍၊ ဣ​မ​ရိ​၏​သား​ဇက္ကု​ရ​သည် နောက်​ထပ်​တစ် ပိုင်း​ကို​တည်​ဆောက်​လေ​သည်။
NEH 3:3 ဟ​ဿေ​နာ​သား​ချင်း​စု​သည်​ငါး​တံ​ခါး​ကို တည်​ဆောက်​ပြီး​လျှင်​တံ​ခါး​ထုပ်​များ၊ တံ​ခါး ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း​တုပ်​များ​နှင့် ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင်​ကြ​၏။
NEH 3:4 မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊ နောက်​ထပ်​တစ်​ပိုင်း​ကို​မေ​ရှ​ဇ​ဗေ​လ​၏​မြေး၊ ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ​တည်​ဆောက်​လေ သည်။ နောက်​တစ်​ပိုင်း​ကို​ဗာ​နာ​၏​သား​ဇာ​ဒုတ် တည်​ဆောက်​၏။
NEH 3:5 နောက်​ထပ်​တစ်​ပိုင်း​ကို​တေ​ကော​မြို့​သား​တို့ တည်​ဆောက်​ကြ​လေ​သည်။ သို့​ရာ​တွင်​မြို့​၏ အ​ကြီး​အ​ကဲ​များ​က​မူ မိ​မိ​တို့​အား​ကြီး ကြပ်​သူ​တို့​ပေး​အပ်​သည့်​ကာ​ယ​အ​လုပ် ကို​ငြင်း​ဆန်​ကြ​၏။
NEH 3:6 ပါ​သာ​၏​သား​ယော​ယ​ဒ​နှင့်​ဗေ​သော​ဒေ​ယ ၏​သား​မေ​ရှု​လံ​တို့​သည်​ယေ​ရှာ​နာ​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပြီး​လျှင်​တံ​ခါး ထုပ်​များ၊ တံခါး​ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း တုပ်​များ​နှင့်​ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင် ကြ​၏။
NEH 3:7 မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဂိ​ဗောင်​မြို့​သား​မေ လ​တိ၊ မေ​ရော​နုတ်​မြို့​သား​ယာ​ဒုန်​နှင့်​ဂိ​ဗောင် မြို့​သား၊ မိ​ဇ​ပါ​မြို့​သား​တို့​က​ဥ​ဖ​ရတ်​မြစ် အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​၏​အိမ်​တော် တိုင်​အောင်​တည်​ဆောက်​ကြ​၏။
NEH 3:8 နောက်​တစ်​ပိုင်း​ကို​ဟာ​ဟာ​ယ​၏​သား၊ ပန်း ထိမ်​သ​မား​သြ​ဇေ​လ​တည်​ဆောက်​၍ နောက် တစ်​ပိုင်း​ကို​မြို့​ရိုး​ကျယ်​တိုင်​အောင်​နံ့​သာ ဆီ​ထုတ်​လုပ်​သူ​ဟာ​န​နိ​တည်​ဆောက်​လေ သည်။
NEH 3:9 ဟု​ရ​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​တစ်​ပိုင်း​ကို အုပ်​ချုပ်​ရ​သူ ရေ​ဖာ​ယ​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​၏။
NEH 3:10 ဟာ​ရု​မပ်​၏​သား​ယေ​ဒါ​ယ​သည်​မိ​မိ​နေ အိမ်​အ​နီး​ရှိ​မြို့​ရိုး​တစ်​ပိုင်း​ကို​တည်​ဆောက်​၍၊ ဟာ​ရှ​ဗာ​နိ​၏​သား​ဟတ္တုတ်​သည်​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​လေ​သည်။
NEH 3:11 ဟာ​ရိမ်​၏​သား​မာ​လ​ခိ​ယ​နှင့်​ပါ​တတ်​မော​ဘ ၏​သား​ဟာ​ရှုတ်​တို့​သည် မြို့​ရိုး​နောက်​တစ်​ပိုင်း နှင့်​မုန့်​ဖို​ပြ​အိုး​ကို​တည်​ဆောက်​ကြ​၏။
NEH 3:12 ဟာ​လော​ဟတ်​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​ကျန် တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ရှလ္လုံ​သည် နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၏။ (တည်​ဆောက်​မှု​တွင် သူ​၏​သ​မီး​များ​က​ဝိုင်း​ဝန်း​ကူ​ညီ​ကြ လေ​သည်။)
NEH 3:13 ဟာ​နုန်​နှင့်​ဇာ​နော​မြို့​သား​တို့​သည် ချိုင့် တံ​ခါး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​လျှင် တံ​ခါး​ရွက်​များ၊ တံခါး​ပိတ်​ရန်​မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​ကြ​၏။ ထို့​နောက်​မြို့​ရိုး​ပေ​တစ်​ထောင့်​ငါး​ရာ​ကို အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​ပြင်​ဆင်​ကြ​၏။
NEH 3:14 ရေ​ခပ်​၏​သား​ဗေ​သက္က​ရင်​နယ်​ကို​အုပ်​ချုပ်​ရ သူ​မာ​လ​ခိ​ယ​သည် အ​မှိုက်​ပုံ​တံ​ခါး​ကို​ပြန် လည်​တည်​ဆောက်​၍​တံ​ခါး​ရွက်​များ၊ မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​လေ သည်။
NEH 3:15 ကော​လ​ဟော​ဇ​၏​သား၊ မိ​ဇ​ပါ​နယ်​ကို​အုပ် ချုပ်​ရ​သူ​ရှလ္လုံ​သည် စမ်း​ရေ​တွင်း​တံ​ခါး​ကို ပြန်​လည်​တည်​ဆောက်​ကာ​အ​မိုး​မိုး​၍​တံ​ခါး ရွက်​များ၊ မင်း​တုပ်​များ​နှင့်​ကန့်​လန့်​ကျင် များ​ကို​တပ်​ဆင်​၏။ သူ​သည်​ဘု​ရင်​ဥ​ယျာဉ် အ​နီး၊ ရှိ​လောင်​ရေ​ကန်​မြို့​ရိုး​ကို​ဒါ​ဝိဒ်​မြို့ တော်​လှေ​ကား​တိုင်​အောင်​တည်​ဆောက်​လေ သည်။
NEH 3:16 အာ​ဇ​ဗုတ်​၏​သား​ဗက်​ဇု​ရ​နယ်​တစ်​ဝက် ကို​အုပ်​ချုပ်​ရ​သူ​နေ​ဟ​မိ​သည် မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​ဒါ​ဝိဒ်​သင်္ချိုင်း၊ ရေ​ကန်​နှင့်​စစ် တန်း​လျား​များ​တိုင်​အောင်​ဆောက်​လုပ်​၏။
NEH 3:17 အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ သည်။ ဗာ​နိ​၏​သား​ရေ​ဟုံ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၍၊ ကိ​လ​နယ်​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ဟာ ရှ​ဘိ​သည် နောက်​တစ်​ပိုင်း​ကို​မိ​မိ​နယ်​ကိုယ် စား​တည်​ဆောက်​၏။
NEH 3:18 နောက်​တစ်​ပိုင်း​ကို​ဟေ​န​ဒဒ်​၏​သား၊ ကိ​လ နယ်​အ​ခြား​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ ဗာ​ဝဲ​တည်​ဆောက်​၏။
NEH 3:19 ယော​ရှ​၏​သား၊ မိ​ဇ​ပါ​မြို့​ကို​အုပ်​ချုပ်​ရ​သူ ဧ​ဇေ​ရ​သည် လက်​နက်​တိုက်​ရှေ့​ရှိ​မြို့​ရိုး​ကို မြို့​ထောင့်​တိုင်​အောင်​တည်​ဆောက်​လေ​သည်။
NEH 3:20 နောက်​တစ်​ပိုင်း​ကို​ဇဗ္ဗဲ​၏​သား​ဗာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​ဝင်​ဝ​တိုင်​အောင်​တည်​ဆောက်​၏။
NEH 3:21 နောက်​တစ်​ပိုင်း​ကို​ဟက္ကုတ်​၏​မြေး၊ ဥ​ရိ​ယ ၏​သား​မေ​ရ​မုတ်​သည် ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​စွန်​ဆုံး​တိုင်​အောင်​တည်​ဆောက် သ​တည်း။
NEH 3:22 အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မြို့​ရိုး​တည် ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​နယ်​မြေ​မှ ယဇ်​ပု​ရော​ဟိတ်​များ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​ကြ​၏။
NEH 3:23 နောက်​တစ်​ပိုင်း​ကို​ဗင်္ယာ​မိန်​နှင့်​ဟာ​ရှုပ်​တို့​က မိ​မိ​တို့​နေ​အိမ်​များ​ရှေ့​တွင်​တည်​ဆောက် ကြ​၍၊ အာ​န​နိ​၏​မြေး​မာ​သေ​ယ​၏​သား​အာ​ဇ​ရိ က မိ​မိ​အိမ်​ရှေ့​၌​နောက်​တစ်​ပိုင်း​ကို​တည် ဆောက်​လေ​သည်။
NEH 3:24 ဟေ​န​ဒဒ်​၏​သား​ဗိန္နိ​သည်​နောက်​တစ်​ပိုင်း ကို​အာ​ဇ​ရိ​၏​နေ​အိမ်​မှ​မြို့​ထောင့်​တိုင် အောင်​တည်​ဆောက်​၏။
NEH 3:25 ဥ​ဇဲ​၏​သား​ပါ​လ​လ​သည်​မြို့​ရိုး​ထောင့်​နှင့် အ​စောင့်​တပ်​ဝင်း​အ​နီး​ရှိ အ​ထက်​နန်း​တော် အိုး​မှ​အ​စ​ပြု​၍​မြို့​ရိုး​နောက်​တစ်​ပိုင်း ကို​တည်​ဆောက်​၏။ ပါ​ရုပ်​၏​သား​ပေ​ဒါ​ယ​သည်​နောက်​တစ်​ပိုင်း ကို အ​ရှေ့​ဘက်​ရှိ​ရေ​တံ​ခါး​နှင့်​ဗိ​မာန်​တော် အ​စောင့်​ပြ​အိုး​အ​နီး​သို့​တိုင်​အောင်​တည် ဆောက်​လေ​သည်။ (ဤ​နေ​ရာ​သည်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​နေ​ထိုင်​ရာ ယေ​ရု​ရှ​လင် မြို့​ရှိ​သြ​ဖေ​လ​ဟု​နာ​မည်​တွင်​သော ရပ်​ကွက်​တွင်​ရှိ​သ​တည်း။)
NEH 3:27 တေ​ကော​မြို့​သား​တို့​သည်​ဒု​တိ​ယ​အ​ကြိမ် မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို ဗိ​မာန်​တော်​အ​စောင့် မျှော်​စင်​ကြီး​ရှေ့​မှ​နေ​၍​သြ​ဖေ​လ​အ​ရပ် မြို့​ရိုး​အ​ထိ​တည်​ဆောက်​ကြ​၏။
NEH 3:28 နောက်​တစ်​ပိုင်း​ကို​ယဇ်​ပု​ရော​ဟိတ်​တစ်​စု​က မြင်း​တံ​ခါး​မှ​သည်​မြောက်​ဘက်​သို့ မိ​မိ​တို့ နေ​အိမ်​အ​သီး​သီး​ရှေ့​တွင်​တည်​ဆောက်​ကြ လေ​သည်။
NEH 3:29 ဣ​မေ​ရ​၏​သား​ဇာ​ဒုတ်​သည် မိ​မိ​၏​အိမ်​ရှေ့​၌ နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​၏။ ထို​နောက်​ရှေ​က​နိ​၏​သား၊ အ​ရှေ့​တံ​ခါး​မှူး ရှေ​မာ​ယ​သည် မြို့​ရိုး​တစ်​ပိုင်း​ကို​ဆက်​လက် တည်​ဆောက်​၏။
NEH 3:30 ရှေ​လ​မိ​၏​သား​ဟာ​န​နိ​နှင့်​ဇာ​လပ်​၏​ဆ​ဋ္ဌ မ​သား​ဟာ​နုန်​တို့​သည် ဒု​တိ​ယ​အ​ကြိမ်​မြို့ ရိုး​နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၏။ နောက်​တစ်​ပိုင်း​ကို​ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ သည် မိ​မိ​၏​အိမ်​ရှေ့​တွင်​တည်​ဆောက်​လေ​သည်။
NEH 3:31 ပန်း​ထိမ်​သ​မား​မာ​လ​ခိ​သည်​နောက်​တစ်​ပိုင်း ကို​ဗိ​မာန်​တော်​မိ​ဖ​ကဒ်​တံ​ခါး​နှင့် မြို့​ရိုး​၏ အ​ရှေ့​မြောက်​ထောင့်​ထိပ်​တွင်​ရှိ​သော​အ​ခန်း အ​နီး၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ကုန်​သည်​တို့​အ​သုံး​ပြု​ရာ​အ​ဆောက်​အ​အုံ တိုင်​အောင်​တည်​ဆောက်​၏။
NEH 3:32 နောက်​ဆုံး​အ​ပိုင်း​ကို​ပန်း​ထိမ်​သ​မား​များ နှင့်​ကုန်​သည်​များ​က​ထို​မြို့​ရိုး​ထောင့်​ခန်း မှ​သိုး​တံ​ခါး​တိုင်​အောင်​တည်​ဆောက်​ကြ သ​တည်း။
NEH 4:1 မြို့​ရိုး​ကို​ငါ​တို့​ယု​ဒ​အ​မျိုး​သား​တို့ ပြန် လည်​တည်​ဆောက်​လျက်​ရှိ​ကြ​ကြောင်း​ကို သမ္ဘာ​လတ်​ကြား​သိ​သော​အ​ခါ လွန်​စွာ အ​မျက်​ထွက်​၍​ငါ​တို့​အား​ပြက်​ရယ် ပြု​လေ​၏။-
NEH 4:2 သူ​၏​အ​ပေါင်း​အ​ဖော်​များ​နှင့်​ရှ​မာ​ရိ​တပ် သား​များ​ရှေ့​တွင်​သူ​က``ဤ​အ​စွမ်း​အ​စ​မ​ရှိ သော​ယု​ဒ​အ​မျိုး​သား​တို့​သည်​မည်​သို့​ပြု ကြ​သ​နည်း။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​တည်​ဆောက်​ရန်​ကြံ​ရွယ်​ကြ​သ​လော။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဤ​အ​မှု​ကို​နေ့ ချင်း​ပြီး​စီး​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ ကျွမ်း​လောင်​ထား​သည့်​အမှိုက်​ပုံ​မှ​ကျောက်​တုံး များ​ကို​ထုတ်​လုပ်​နိုင်​ကြ​မည်​လော'' ဟု​ဆို​၏။
NEH 4:3 သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။
NEH 4:4 ငါ​က``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​အား ထို​သူ​တို့​အ​ဘယ်​သို့​ပြက်​ရယ်​ပြု​ကြ​သည် ကို​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ တို့​ကဲ့​ရဲ့​ပြော​ဆို​သည့်​စ​ကား​ဖြင့်​တန်​ပြန် ထိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မိ​မိ​တို့​တွင် ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​အ​လု အ​ယက်​ခံ​ရ​လျက် နိုင်​ငံ​ရပ်​ခြား​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ သော။-
NEH 4:5 မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ​သူ​အ​ကျွန်ုပ် တို့​အား သူ​တို့​သည်​စော်​ကား​ကြ​သော​ကြောင့် သူ​တို့​ပြု​သော​ဒု​စ​ရိုက်​ကို​ခွင့်​လွှတ်​တော်​မ မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပြစ်​များ​ကို​မေ့​တော် မ​မူ​ပါ​နှင့်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
NEH 4:6 သို့​ဖြစ်​၍​ငါ​တို့​သည်​မြို့​ရိုး​ကို​ဆက်​လက် တည်​ဆောက်​ကြ​ရာ ဆောက်​လုပ်​သူ​တို့​၏​စိတ် အား​ထက်​သန်​မှု​ကြောင့် မ​ကြာ​မီ​ပင်​မြို့​ရိုး အ​မြင့်​တစ်​ဝက်​တိုင်​အောင်​ပြီး​လေ​၏။
NEH 4:7 သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-
NEH 4:8 သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ရောက်​တိုက်​ခိုက်​၍ မြို့​ကို​က​စဥ့်​က​လျား ဖြစ်​အောင်​ပြု​လုပ်​ရန်​တိုင်​ပင်​ကြံ​စည်​ကြ​၏။-
NEH 4:9 သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက် ရန်​သူ တို့​၏​ဘေး​မှ​ကာ​ကွယ်​ရန်​နေ့​ရော​ညဥ့်​ပါ ကင်း​စောင့်​ထား​ကြ​၏။
NEH 4:10 ယု​ဒ​ပြည်​သူ​တို့​က``ငါ​တို့​သည်​သယ်​ပိုး​၍ ပင်​ပန်း​နွမ်း​နယ်​ကြ​လေ​ပြီ။ သယ်​ယူ​ရန်​အ​မှိုက်​သ​ရိုက်​လည်း​များ​စွာ ရှိ​သေး​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ယ​နေ့​မြို့​ရိုး​ကို​ငါ​တို့ တည်​ဆောက်​နိုင်​ကြ​ပါ​မည်​နည်း'' ဟူ​သော​သီ​ချင်း​ကို​သီ​ဆို​ကြ​၏။
NEH 4:11 ငါ​တို့​၏​ရန်​သူ​များ​သည်​ငါ​တို့​မ​မြင် မ​သိ​နိုင်​မီ ငါ​တို့​အား​ဝင်​ရောက်​သတ်​ဖြတ် ကာ​မြို့​ရိုး​တည်​ဆောက်​မှု​ကို​ရပ်​စဲ​စေ​ရန် ကြံ​စည်​ကြ​၏။-
NEH 4:12 ရန်​သူ​များ​အ​ကြား​တွင်​နေ​ထိုင်​သူ​ယု​ဒ အ​မျိုး​သား​တို့​သည်​ငါ​တို့​ထံ​လာ​ရောက် ပြီး​လျှင် ငါ​တို့​အား​ရန်​သူ​တို့​တိုက်​ခိုက်​ရန် အ​ဘယ်​သို့​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကို အ​ကြိမ်​ပေါင်း​များ​စွာ​သ​တိ​ပေး​ကြ​၏။-
NEH 4:13 သို့​ဖြစ်​၍​ငါ​သည်​ပြည်​သူ​တို့​အား ဋ္ဌား၊ လှံ၊ လေး​လက်​နက်​များ​ကို​စွဲ​ကိုင်​စေ​ကာ​တည် ဆောက်​၍​မ​ပြီး​သေး​သည့်​မြို့​ရိုး​များ​၏ နောက်​တွင်​သား​ချင်း​စု​အ​လိုက်​နေ​ရာ ယူ​စေ​၏။
NEH 4:14 ငါ​သည်​ပြည်​သူ​တို့​စိုး​ရိမ်​ပူ​ပန်​လျက်​နေ ကြ​သည်​ကို​မြင်​သ​ဖြင့် သူ​တို့​နှင့်​တ​ကွ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး မှူး​များ​အား``ငါ​တို့​၏​ရန်​သူ​များ​ကို​မ ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ ဘယ်​မျှ​ကြီး​မြတ်​တော်​မူ​၍​ကြောက်​မက် ဖွယ်​ကောင်း​သည်​ကို​သ​တိ​ရ​လျက်​သင်​တို့ ၏​ညီ​အစ်​ကို​သား​မ​ယား​အိမ်​ရာ​များ အ​တွက်​တိုက်​ပွဲ​ဝင်​ကြ​လော့'' ဟု​နှိုး​ဆော်​၏။-
NEH 4:15 ရန်​သူ​များ​သည်​မိ​မိ​တို့​အ​ကြံ​အ​စည်​ကို ငါ​တို့​သိ​ရှိ​သွား​ကြောင်း​ကြား​ကြ​သော အ​ခါ သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ဘု​ရား​သ​ခင်​ပယ်​ဖျက်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ရိပ် မိ​ကြ​၏။ ထို​နောက်​ငါ​တို့​ရှိ​သ​မျှ​သည်​မြို့ ရိုး​ကို​ဆက်​လက်​တည်​ဆောက်​ကြ​လေ​သည်။
NEH 4:16 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ငါ​၏​လူ​စု​တစ်​ဝက် သည်​အ​လုပ်​လုပ်​၍​ကျန်​တစ်​ဝက်​က​လှံ၊ ဒိုင်း လွှား၊ လေး​တို့​ကို​ကိုင်​ဆောင်​ကာ​သံ​ချပ်​အင်္ကျီ များ​ကို​ဝတ်​ဆင်​ပြီး​လျှင်​ကင်း​စောင့်​ရ​ကြ လေ​သည်။ ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မြို့ ရိုး​ပြန်​လည်​တည်​ဆောက်​လျက်​နေ​သူ​ယု​ဒ အ​မျိုး​သား​တို့​အား​ထောက်​ခံ​အား​ပေး ကြ​၏။-
NEH 4:17 ဆောက်​လုပ်​ရေး​ပစ္စည်း​များ​ကို​သယ်​ယူ​သူ​တို့ သည်​ပင်​လျှင်​လက်​တစ်​ဖက်​ဖြင့်​သယ်​ယူ​၍ အ​ခြား​လက်​တစ်​ဖက်​ဖြင့်​လက်​နက်​ကို​စွဲ ကိုင်​ထား​ကြ​၏။-
NEH 4:18 တည်​ဆောက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ခါး​တွင်​ဋ္ဌား​ကို​ဆွဲ​လျက်​တည်​ဆောက်​ကြ​၏။ ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​ရန်​တံပိုး​ခ​ရာ မှုတ်​ရ​မည့်​သူ​သည်​ငါ​၏​အ​နီး​တွင်​ရပ် လျက်​နေ​၏။-
NEH 4:19 ငါ​သည်​ပြည်​သူ​များ၊ သူ​တို့​၏​အုပ်​ချုပ်​ရေး မှူး​များ​နှင့်​ခေါင်း​ဆောင်​များ​အား``ငါ​တို့​၏ အ​လုပ်​သည်​ပြန့်​ကျဲ​၍​နေ​သ​ဖြင့်​ငါ​တို့ သည်​မြို့​ရိုး​ပေါ်​တွင်​တစ်​ဦး​နှင့်​တစ်​ဦး အ​လှမ်း​ဝေး​စွာ​အ​လုပ်​လုပ်​ရ​ကြ​၏။-
NEH 4:20 ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​မှုတ် သံ​ကို​ကြား​လျှင် သင်​တို့​သည်​ငါ့​ထံ​သို့​လာ ရောက်​စု​ရုံး​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် သည်​ငါ​တို့​ဘက်​မှ​နေ​၍​တိုက်​ခိုက်​တော်​မူ လိမ့်​မည်'' ဟု​မှာ​ကြား​ထား​၏။-
NEH 4:21 သို့​ဖြစ်​၍​နေ့​စဉ်​နေ့​တိုင်း​နေ​အ​ရုဏ်​တက်​ချိန် မှ​ညဥ့်​အ​ခါ​ကြယ်​ပေါ်​ချိန်​တိုင်​အောင် ငါ​တို့ လူ​စု​တစ်​ဝက်​သည်​မြို့​ရိုး​ကို​တည်​ဆောက်​၍ အ​ခြား​တစ်​ဝက်​က​လှံ​များ​ကို​ကိုင်​ဆောင် ကာ​ကင်း​စောင့်​ကြ​လေ​သည်။
NEH 4:22 ထို​အ​ခါ​၌​ငါ​က``ငါ​တို့​သည်​ညဥ့်​အ​ခါ မြို့​ကို​ကင်း​စောင့်​၍​နေ့​အ​ခါ​အ​လုပ်​လုပ် နိုင်​ကြ​စေ​ရန် သင်​တို့​နှင့်​သင်​တို့​အား​ကူ​ညီ သူ​ရှိ​သ​မျှ​တို့​သည်​ညဥ့်​အ​ခါ​ယေ​ရု ရှ​လင်​မြို့​တွင်​အိပ်​ရ​မည်'' ဟု​တာ​ဝန် ရှိ​သူ​တို့​အား​ဆို​၏။-
NEH 4:23 ငါ​သည်​ညဥ့်​အ​ခါ​၌​ငါ​၏​အ​ဝတ်​များ​ကို မ​ချွတ်။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ၊အ​စေ​ခံ များ​နှင့်​ကိုယ်​ရံ​များ​သည်​လည်း​သူ​တို့​၏ အဝတ်​များ​ကို​မ​ချွတ်​ရ​ကြ။ ငါ​တို့​အား​လုံး ပင်​မိ​မိ​တို့​၏​လက်​နက်​များ​ကို​အ​နီး​တွင် ထား​ရှိ​ရ​ကြ​၏။
NEH 5:1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​အ​မြောက် အ​မြား​တို့​သည် အ​ချင်း​ချင်း​အား​အ​ပြစ် တင်​၍​ညဉ်း​ညူ​ကြ​ကုန်​၏။-
NEH 5:2 အ​ချို့​သော​သူ​တို့​က``ငါ​တို့​၏​အိမ်​သား​များ သ​ဖြင့်​ငါ​တို့​အ​သက်​ရှင်​မှု​အ​တွက်​ဂျုံ​စ​ပါး လို​ပါ​သည်'' ဟု​ဆို​ကြ​၏။
NEH 5:3 အ​ချို့​တို့​က``ငါ​တို့​သည်​မ​ငတ်​မ​ပြတ်​ရ​လေ အောင်​ဂျုံ​စ​ပါး​ရ​ရှိ​ရေး​အ​တွက်​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​အိမ်​များ​ကို​ပေါင်​နှံ ထား​ရ​ကြ​ပါ​သည်'' ဟု​ဆို​ကြ​၏။
NEH 5:4 အ​ခြား​သူ​တို့​က``ငါ​တို့​သည်​လယ်​ခွန်​နှင့် စ​ပျစ်​ဥ​ယျာဉ်​ခွန်​ပေး​ဆောင်​နိုင်​ရန်​ငွေ​ကို ချေး​ယူ​ထား​ကြ​ရ​ပါ​သည်။-
NEH 5:5 ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
NEH 5:6 ထို​သူ​တို့​ညည်း​ညူ​သံ​ကို​ကြား​သော်​ငါ သည်​အ​မျက်​ထွက်​၍၊-
NEH 5:7 အ​ရေး​ယူ​ဆောင်​ရွက်​ရန်​စိတ်​ပိုင်း​ဖြတ်​လိုက်​၏။ ငါ​သည်​ပြည်​သူ​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ် ရေး​မှူး​တို့​အား``သင်​တို့​သည်​မိ​မိ​တို့​ညီ အစ်​ကို​များ​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လျက်​နေ​ကြ ပါ​သည်​တ​ကား'' ဟု​ပြစ်​တင်​ပြော​ဆို​၏။ ငါ​သည်​ဤ​ပြ​ဿ​နာ​ကို ဖြေ​ရှင်း​ရန်​လူ​ထု စည်း​ဝေး​တစ်​ရပ်​ကို​ခေါ်​ယူ​ပြီး​လျှင်၊-
NEH 5:8 ``မိ​မိ​တို့​ကိုယ်​ကို​လူ​မျိုး​ခြား​များ​လက် သို့​ရောင်း​ချ​ရ​ကြ​သူ ယု​ဒ​အ​မျိုး​သား​ညီ အစ်​ကို​တို့​အား​တတ်​နိုင်​သ​မျှ​ငါ​တို့​ပြန် လည်​ဝယ်​ယူ​ပြီး​မှ ယ​ခု​သင်​တို့​က မိ​မိ​တို့ အ​မျိုး​သား​အ​ချင်း​ချင်း​ပြန်​လည်​ရောင်း စား​လျက်​နေ​ကြ​ပါ​တကား'' ဟု​ဆို​သော အ​ခါ​ခေါင်း​ဆောင်​များ​သည်​ဆိတ်​ဆိတ် နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍ မ​ပြော​နိုင်​ကြ။
NEH 5:9 ထို​နောက်​ငါ​သည်​သူ​တို့​အား``သင်​တို့​ပြု သော​အ​မှု​သည်​မ​ကောင်း​ပါ​တ​ကား။ ရန်​သူ လူ​မျိုး​ခြား​များ​သည်​ငါ​တို့​အား​သ​ရော် ခြင်း​မှ​ကင်း​လွတ်​စေ​ရန် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကာ​သင်​တို့​မှန်​ရာ​ကို​လုပ် ဆောင်​သင့်​ကြ​သည်။-
NEH 5:10 ငါ​သည်​ပြည်​သူ​တို့​အား​ငွေ​နှင့်​ဂျုံ​စ​ပါး​ကို ချေး​ငှား​ပါ​၏။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ နှင့်​လုပ်​သား​များ​သည်​လည်း​ဤ​နည်း​အ​တိုင်း ပင်​ပြု​ကြ​ပါ​၏။ ယ​ခု​ငါ​တို့​သည်​ထို​အ​ကြွေး များ​ကို​ပြန်​လည်​တောင်း​ခံ​မှု​မ​ပြု​ဘဲ​နေ ကြ​စို့။-
NEH 5:11 သူ​တို့​ပေး​ဆပ်​ရန်​ရှိ​သော ငွေ၊ ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​အ​ကြွေး​ရှိ​သ​မျှ ကို​သင်​ပုန်း​ချေ​လိုက်​ကြ​စို့။ သူ​တို့​၏​လယ် များ၊ စ​ပျစ်​ဥ​ယျာဉ်​များ၊ သံ​လွင်​ခြံ​များ နှင့်​အိမ်​များ​ကို​ယ​ခု​ချက်​ချင်း​ပြန်​လည် ပေး​အပ်​လိုက်​ကြ​စို့'' ဟု​ပြော​ကြား​၏။
NEH 5:12 ခေါင်း​ဆောင်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ပြော​ဆို​သည့်​အ​တိုင်း​ပြု​ပါ​မည်။ ထို​သူ​တို့ ၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြန်​လည်​ပေး​အပ်​ကြ ပါ​မည်။ အ​ကြွေး​များ​ကို​လည်း​တောင်း​ခံ​မှု ပြု​ကြ​တော့​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော ကြ​၏။ ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ယူ​ကာ သူ​တို့​၏​ရှေ့​တွင်​ခေါင်း​ဆောင်​တို့​အား မိ​မိ​တို့ က​တိ​အ​တိုင်း​ပြု​လုပ်​ကြ​ရန်​ကျိန်​ဆို​စေ​၏။-
NEH 5:13 ထို​နောက်​ငါ​ပတ်​ထား​သည့်​ခါး​စည်း ကို​ချွတ်​၍​ခါ​ပြီး​လျှင်``က​တိ​မ​တည်​သူ​သင် တို့​ရှိ​သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ဤ​သို့ ခါ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​အိမ်​များ​နှင့်​သင် တို့​ပိုင်​ပစ္စည်း​ဥစ္စာ​ဟူ​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​မည်​ဖြစ်​၍​သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ မျှ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။ ထို​အ​ရပ်​တွင်​ရှိ​သော​သူ​အ​ပေါင်း​တို့ က``အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ထာ​ဝ​ရ ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ထို နောက်​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့​၏ က​တိ​အ​တိုင်း​ဆောင်​ရွက်​ကြ​လေ​သည်။
NEH 5:14 ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ်​နှင့်​ငါ​တာ​ဝန်​ယူ​ရ သည့်​တစ်​ဆယ့်​နှစ်​နှစ်​အ​တော​အ​တွင်း​အာ တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​၏​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​မှ​သုံး​ဆယ့်​နှစ်​နှစ်​မြောက် တိုင်​အောင် ငါ​နှင့်​တ​ကွ​ငါ​၏​ဆွေ​မျိုး​သား ချင်း​တို့​သည်​ဘု​ရင်​ခံ​အ​နေ​ဖြင့်​ငါ​ရ သင့်​ရ​ထိုက်​သည့်​ရိက္ခာ​ကို​မ​ယူ​ပါ။-
NEH 5:15 ငါ​၏​အ​လျင်​ဘု​ရင်​ခံ​လုပ်​ခဲ့​သူ​တို့​သည် ပြည်​သူ​တို့​အား​ဝန်​လေး​စေ​ခဲ့​ကြ​၏။ သူ တို့​ထံ​မှ​ရိက္ခာ​နှင့်​စ​ပျစ်​ရည်​အ​တွက်​တစ် နေ့​လျှင် ငွေ​ဒင်္ဂါး​လေး​ဆယ်​တောင်း​ယူ​ခဲ့ ကြ​လေ​သည်။ ထို​ဘု​ရင်​ခံ​တို့​၏​အ​စေ အ​ပါး​များ​သည်​ပင်​လျှင်​ပြည်​သူ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​ကြ​၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ ဖြစ်​သ​ဖြင့်​ထို​သို့​မ​ပြု။-
NEH 5:16 ငါ့​မှာ​ရှိ​သ​မျှ​သော​စွမ်း​ရည်​ခွန်​အား​ကို​မြို့ ရိုး​တည်​ဆောက်​ရာ​တွင်​အ​သုံး​ပြု​၏။ ငါ​သည် အ​ဘယ်​လယ်​မြေ​ကို​မျှ​လည်း​မ​ဝယ်။ ငါ​၏ အ​လုပ်​သ​မား​ရှိ​သ​မျှ​သည်​လည်း​မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​လုပ်​ကိုင်​ကြ​သည်။-
NEH 5:17 ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​မှ​ငါ့​ထံ​သို့ လာ​ရောက်​ကြ​သည့်​လူ​များ​အ​ပြင် ယု​ဒ အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ခေါင်း​ဆောင် တစ်​ရာ့​ငါး​ဆယ်​ကို ငါ​သည်​ငါ့​စား​ပွဲ​တွင် ပုံ​မှန်​ကျွေး​မွေး​၏။-
NEH 5:18 ယင်း​သို့​ကျွေး​မွေး​ရန်​အ​တွက်​နေ့​စဉ်​နေ့​တိုင်း နွား​တစ်​ကောင်၊ လက်​ရွေး​စင်​သိုး​ခြောက်​ကောင် နှင့်​ကြက်​အ​မြောက်​အ​မြား​ကို​ချက်​ပြုတ် ကျွေး​မွေး​သည်။ ထို့​ပြင်​ဆယ်​ရက်​တစ်​ကြိမ် စ​ပျစ်​ရည်​ကို​လည်း​ထုတ်​ပေး​၏။ သို့​ရာ​တွင် ငါ​သည်​ပြည်​သူ​တို့​ထမ်း​ရ​သော​ဝန်​လေး ကြောင်း​ကို​သိ​သ​ဖြင့် ဘု​ရင်​ခံ​အ​နေ​ဖြင့် ခံ​စား​ထိုက်​သော​ရိက္ခာ​ကြေး​များ​ကို​မ တောင်း​ခံ​ပါ။
NEH 5:19 အို ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​တွက်​အ​ကျွန်ုပ် ပြု​ခဲ့​သ​မျှ​ကို​သ​တိ​ရ​၍​အ​ကျွန်ုပ်​အား ကျေး​ဇူး​ပြု​တော်​မူ​ပါ။
NEH 6:1 ငါ​တို့​သည်​မြို့​တံ​ခါး​များ​ကို​မ​တပ်​ဆင် ရ​ကြ​သေး​သော်​လည်း မြို့​ရိုး​ကို​တည်​ဆောက် ပြီး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​ရိုး​တွင်​ပေါက် ပျက်​နေ​သည့်​နေ​ရာ​များ​လည်း​မ​ရှိ​တော့ ကြောင်း​ကို​လည်း​ကောင်း​သမ္ဘာ​လတ်၊ တော​ဘိ၊ ဂေ​ရှင်​နှင့်​အ​ခြား​ရန်​သူ​များ​ကြား​သိ ကြ​၏။-
NEH 6:2 သို့​ဖြစ်​၍​သမ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​သည်​သြ နော​လွင်​ပြင်​ရှိ​ရွာ​တစ်​ရွာ​တွင် သူ​တို့​နှင့်​လာ ရောက်​တွေ့​ဆုံ​ရန်​ငါ့​အား​မှာ​ကြား​ကြ​၏။ ဤ​သို့​မှာ​ကြား​ခြင်း​မှာ​ငါ့​ကို​အန္တ​ရာယ် ပြု​ရန်​လှည့်​စား​မှု​သာ​ဖြစ်​ပေ​သည်။-
NEH 6:3 ငါ​သည်​သူ​တို့​ထံ​သို့​လူ​စေ​လွှတ်​၍``ငါ​သည် ဤ​အ​ရပ်​တွင်​အ​ရေး​ကြီး​သည့်​အ​လုပ်​ကို လုပ်​ဆောင်​လျက်​နေ​ရ​သ​ဖြင့် ထို​အ​ရပ်​သို့ မ​လာ​နိုင်။ သင်​တို့​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် ကိစ္စ​တစ်​ခု​တည်း​အ​တွက်​ဤ​အ​လုပ်​ကို​ရပ် ဆိုင်း​၍​မ​ထား​နိုင်​ပါ'' ဟု​ပြန်​ကြား​ပေး လိုက်​၏။
NEH 6:4 သူ​တို့​သည်​လေး​ကြိမ်​တိုင်​တိုင်​မှာ​ကြား​သ ဖြင့် ငါ​သည်​ထို​သို့​ပင်​လေး​ကြိမ်​တိုင်​တိုင် ပြန်​ကြား​လိုက်​၏။
NEH 6:5 ထို​နောက်​ငါး​ကြိမ်​မြောက်​သမ္ဘာ​လတ်​စေ လွှတ်​သော​အ​စေ​ခံ​၌​ချိပ်​မ​နှိပ်​သော​စာ ပါ​ရှိ​၏။-
NEH 6:6 ထို​စာ​တွင် ``သင်​နှင့်​ယု​ဒ​အ​မျိုး​သား​တို့​သည်​ပုန်​ကန် ရန်​အ​ကြံ​နှင့်​မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ ကြောင်း​နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​ပြော ဆို​နေ​ကြ​သည်​ဟူ​သော​သ​တင်း​ကို​ဂေ​ရှင် ထံ​မှ​ငါ​ကြား​သိ​ရ​ပါ​သည်။ သင်​သည်​မင်း လုပ်​လို​သ​ဖြင့်၊-
NEH 6:7 ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​အား​ယု​ဒ​ဘု​ရင် အ​ဖြစ်​ကြေ​ညာ​ရန် ပ​ရော​ဖက်​အ​ချို့​နှင့်​စီ​စဉ် ထား​ကြောင်း​ကို​လည်း​ငါ့​အား​ဂေ​ရှင်​ပြော​ပြ ပါ​သည်။ ဘု​ရင်​မင်း​မြတ်​သည်​ဤ​သ​တင်း​ကို ဧ​ကန်​မု​ချ​ကြား​သိ​တော်​မူ​လိမ့်​မည်။ ထို ကြောင့်​ငါ​နှင့်​တိုင်​ပင်​ရန်​လာ​ပါ​လော့'' ဟု ဖော်​ပြ​ပါ​ရှိ​၏။
NEH 6:8 ငါ​က​လည်း``သင်​ပြော​သ​မျှ​တို့​သည်​မ​ဟုတ် မ​မှန်။ သင်​ကိုယ်​တိုင်​လုပ်​ကြံ​ပြော​ဆို​ခြင်း သာ​ဖြစ်​၏'' ဟု​ပြန်​ကြား​လိုက်​၏။
NEH 6:9 မြို့​ရိုး​တည်​ဆောက်​မှု​ရပ်​ဆိုင်း​သွား​စေ​ရန်​သူ တို့​အား​လုံး​သည်​ငါ​တို့​အား​ခြိမ်း​ခြောက် လျက်​နေ​ကြ​၏။ သို့​ရာ​တွင်``အို ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ်​အား​ခွန်​အား​ကြီး​မား​စေ တော်​ပါ'' ဟု​ဆု​တောင်း​၏။
NEH 6:10 ထို​အ​ချိန်​အ​တော​အ​တွင်း​၌​မ​ဟေ​တ ဗေ​လ​၏​မြေး၊ ဒေ​လာ​ယ​၏​သား​ရှေ​မာ​ယ သည်​မိ​မိ​နေ​အိမ်​မှ​မ​ထွက်​ခွာ​နိုင်​သ​ဖြင့် ငါ​သည်​သူ့​ထံ​သို့​သွား​ရောက်​ရာ​သူ​က``ငါ တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍​သန့်​ရှင်း​ရာ ဌာ​န​တော်​တွင်​ပုန်း​အောင်း​ကာ​တံ​ခါး​များ ကို​ပိတ်​ထား​ကြ​ကုန်​အံ့။ သူ​တို့​သည်​ကိုယ် တော်​ကို​သတ်​ရန်​လာ​ကြ​လိမ့်​မည်။ အ​ဘယ် ည​၌​မ​ဆို​လာ​၍​ကိုယ်​တော်​ကို​သတ်​ကြ လိမ့်​မည်'' ဟု​ငါ့​အား​ပြော​ကြား​၏။
NEH 6:11 ထို​အ​ခါ​ငါ​က``ငါ​သည်​ထွက်​ပြေး​တိမ်း ရှောင်​တတ်​သော​သူ​မ​ဟုတ်။ အ​သက်​ချမ်း​သာ ရ​ရန်​ဗိ​မာန်​တော်​ထဲ​တွင်​ပုန်း​အောင်း​တတ် သူ​ဟု​သင်​ထင်​မှတ်​ပါ​သ​လော။ ဗိ​မာန် တော်​သို့​ငါ​မ​သွား'' ဟု​ပြန်​ပြော​လိုက်​၏။
NEH 6:12 ဤ​အ​မှု​ကို​ငါ​စဉ်း​စား​ဆင်​ခြင်​သော​အ​ခါ ယင်း​သို့​ရှေ​မာ​ယ​ငါ့​အား​သ​တိ​ပေး​သည် မှာ သူ့​အား​ဘု​ရား​သ​ခင်​မှာ​ကြား​ထား​တော် မူ​သော​ကြောင့်​မ​ဟုတ်။ တော​ဘိ​နှင့်​သမ္ဘာ​လတ် တို့​တံ​စိုး​လက်​ဆောင်​ပေး​၍ စေ​ခိုင်း​ထား​သော ကြောင့်​ဖြစ်​ကြောင်း​ရိပ်​မိ​သည်။-
NEH 6:13 ငါ​သည်​အ​ပြစ်​ကူး​လွန်​ခြင်း​အား​ဖြင့်​အ​သ ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လေ​အောင်​သူ​တို့​သည် ရှေ​မာ​ယ​ကို​ငှား​ရမ်း​၍​ငါ့​အား​ခြောက်​လှန့် ခိုင်း​ကြ​၏။
NEH 6:14 ``အို ဘု​ရား​သ​ခင်​တော​ဘိ​နှင့်​သမ္ဘာ​လတ်​တို့ ပြု​ကြ​သည့်​အ​မှု​ကို​သ​တိ​ရ​တော်​မူ​၍ သူ တို့​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ခြောက်​လှန့်​ရန်​ကြိုး​စား​သူ၊ အ​မျိုး​သ​မီး ပ​ရော​ဖက်​နော​ဒိ​နှင့်​အခြား​ပ​ရော​ဖက်​တို့ ကို​သ​တိ​ရ​တော်​မူ​ပါ။
NEH 6:15 အ​လုပ်​လုပ်​ရက်​ငါး​ဆယ့်​နှစ်​ရက်​ရှိ​သော​အ​ခါ ဧ​လု​လ၊ လ​နှစ်​ဆယ့်​ငါး​ရက်​နေ့​၌​မြို့​ရိုး​ကို လက်​စ​သတ်​ကြ​၏။-
NEH 6:16 ဤ​သ​တင်း​ကို​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​ရှိ​ငါ တို့​ရန်​သူ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့ အ​သ​ရေ​ပျက်​ရ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​အ​လုပ်​ပြီး​စီး သွား​သည်​မှာ ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​သော ကြောင့်​ဖြစ်​သည်​ကို​လူ​တိုင်း​ပင်​ရိပ်​မိ​သော ကြောင့်​ဖြစ်​၏။
NEH 6:17 ဤ​ကာ​လ​အ​တော​အ​တွင်း​၌​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် တော​ဘိ​နှင့်​စာ အား​ဖြင့်​ဆက်​သွယ်​လျက်​နေ​ခဲ့​ကြ​၏။-
NEH 6:18 သူ​သည်​အာ​ရာ​၏​သား၊ရှေ​က​နိ​၏​သ​မက် ဖြစ်​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​သူ​၏​ဘက်​သို့​ပါ​ကြ​၏။ ထို့ ပြင်​သူ​၏​သား​ယော​ဟ​နန်​သည်​ဗေ​ရ​ခိ ၏​သား၊ မေ​ရှု​လံ​၏​သ​မီး​နှင့်​အိမ်​ထောင် ကျ​၏။-
NEH 6:19 လူ​တို့​သည်​တော​ဘိ​ကောင်း​ကြောင်း​ကို​ငါ့ အား​ပြော​ဆို​တတ်​ကြ​၏။ ငါ့​စ​ကား​ကို​လည်း သူ့​အား​ပြန်​ပြော​တတ်​ကြ​၏။ တော​ဘိ​သည် ငါ့​ကို​ခြောက်​လှန့်​ရန်​စာ​များ​ကို​ဆက်​လက် ပေး​ပို့​လျက်​နေ​၏။
NEH 7:1 ယ​ခု​အ​ခါ​၌​မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​၍ တံ​ခါး​များ​ကို​နေ​ရာ​တ​ကျ​တပ်​ဆင်​ကာ​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဋ္ဌမ္မ​သီ​ချင်း​သည်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လုပ်​တာ​ဝန်​များ​ကို​ခွဲ​ဝေ​သတ်​မှတ်​ပေး​ပြီး​လေ​ပြီ။-
NEH 7:2 ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။-
NEH 7:3 ငါ​သည်​သူ​တို့​အား``နံ​နက်​ချိန်​၌​နေ​မ​မြင့်​မ​ချင်း​ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​များ​ကို​မ​ဖွင့်​စေ​နှင့်။ နေ​ဝင်​ချိန်​၌​တံ​ခါး​စောင့်​များ​တာ​ဝန်​ပြီး​ဆုံး​ချိန်​မ​တိုင်​မီ တံ​ခါး​များ​ကို​ပိတ်​၍​ကန့်​လန့်​ကျင်​များ​ကို​ထိုး​ထား​စေ'' ဟု​မှာ​ကြား​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ​ထဲ​မှ​ကင်း​စောင့်​သူ​များ​ခန့်​ထား​ပြီး​လျှင် ထို​သူ​အ​ချို့​ကို​နေ​ရာ​အ​တိ​အ​ကျ​တွင်​ကင်း​စောင့်​စေ​၍​အ​ချို့​ကို​မိ​မိ​တို့​အိမ်​များ​၏​ပတ်​ဝန်း​ကျင်​တွင်​ကင်း​စောင့်​စေ​ရန်​ကို​လည်း​မှာ​ကြား​ထား​၏။
NEH 7:4 ယေ​ရု​ရှ​လင်​မြို့​သည်​ကျယ်​ဝန်း​သော်​လည်း​နေ​ထိုင်​သူ​လူ​ဦး​ရေ​နည်း​ပါး​၍ အိမ်​အ​မြောက်​အ​မြား​ကို​လည်း​မ​တည်​မ​ဆောက်​ရ​ကြ​သေး​ပေ။-
NEH 7:5 ပြည်​သူ​များ၊ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး​မှူး​တို့​အား​စု​ရုံး​စေ​၍ အိမ်​ထောင်​စု​စာ​ရင်း​များ​ကို​စစ်​ဆေး​ရန်​ဘု​ရား​သ​ခင်​သည်​ငါ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​၏။ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ရာ​မှ​ရှေး​ဦး​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​၏​စာ​ရင်း​ကို​ဤ​သို့​ရှာ​ဖွေ​တွေ့​ရှိ​ရ​သည်။
NEH 7:6 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​သည် မိ​မိ​တို့​နေ​ရင်း​ဌာ​နေ​ဖြစ်​သော​ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​များ​သို့​ပြန်​လာ​ခဲ့​ကြ​၏။-
NEH 7:7 သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​သည်။
NEH 7:8 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​လူ​ဦး​ရေ​စာ​ရင်း​မှာ​သား​ချင်း​စု​အ​လိုက်​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ သား​ချင်း​စု ဦး​ရေ ပါ​ရုတ် ၂၁၇၂ ရှေ​ဖ​တိ ၃၇၂ အာ​ရာ ၆၅၂ ပါ​ဟတ်​မော​ဘ (ယော​ရှု​နှင့်​ယွာ​ဘ​တို့​၏ သား​မြေး​များ) ၂၈၁၈ ဧ​လံ ၁၂၅၄ ဇတ္တု ၈၄၅ ဇက္ခဲ ၇၆၀ ဗိနွိ ၆၄၈ ဗေ​ဗဲ ၆၂၈ အာ​ဇ​ဂဒ် ၂၃၂၂ အ​ဒေါ​နိ​ကံ ၆၆၇ ဗိ​ဂဝဲ ၂၀၆၇ အာ​ဒိန် ၆၅၅ (ဟေ​ဇ​ကိ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​တာ​ဦး​ရေ ၉၈ ဟာ​ရှုံ ၃၂၈ ဗေ​ဇဲ ၃၂၄ ဟာ​ရိပ် ၁၁၂ ဂိ​ဗောင် ၉၅
NEH 7:26 အောက်​ဖော်​ပြ​ပါ​မြို့​တို့​တွင်​နေ​ထိုင်​ခဲ့​သူ​ဘိုး​ဘေး​များ​မှ ဆင်း​သက်​ပေါက်​ဖွား​လာ​သော​သူ​များ​သည်​လည်း​ပြန်​လာ​ကြ​လေ​သည်။ ဗက်​လင်​မြို့​နှင့်​နေ​တော​ဖ​မြို့ ၁၈၈ အာ​န​သုတ်​မြို့ ၁၂၈ ဗေ​သာ​ဇ​မာ​ဝက်​မြို့ ၄၂ ကိ​ရ​ယက်​ယာ​ရိမ်​မြို့၊ခေ​ဖိ​ရ​မြို့​နှင့် ဗေ​ရုတ်​မြို့ ၇၄၃ ရာ​မ​မြို့​နှင့်​ဂါ​ဗ​မြို့ ၆၂၁ မိတ်​မတ်​မြို့ ၁၂၂ ဗေ​သ​လ​နှင့်​အာ​ဣ​မြို့ ၁၂၃ အ​ခြား​နေ​ဗော​မြို့ ၅၂ အ​ခြား​ဧ​လံ​မြို့ ၁၂၅၄ ဟာ​ရိမ်​မြို့ ၃၂၀ ယေ​ရိ​ခေါ​မြို့ ၃၄၅ လော​ဒ​မြို့၊ ဟာ​ဒိဒ်​မြို့​နှင့်​သြ​နော​မြို့ ၇၂၁ သေ​နာ​မြို့ ၃၉၃၀
NEH 7:39 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယေ​ဒါ​ယ (ယော​ရှု​၏​သား​မြေး​များ) ၉၇၃ ဣ​မေ​ရ ၁၀၅၂ ပါ​ရှု​ရ ၁၂၄၇ ဟာ​ရိမ် ၁၀၁၇
NEH 7:43 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​လေ​ဝိ​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယော​ရှု​နှင့်​ကာ​ဒ​မေ​လ(ဟော​ဒေ​ဝ​၏ သား​မြေး​များ) ၇၄ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ (အာ​သပ်​၏​သား​မြေး​များ) ၁၄၈ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ (ရှလ္လုံ၊အာ​တာ၊တာ​လ​မုန်၊အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၈
NEH 7:46 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဇိ​ဟ၊ဟ​သု​ဖ၊တ​ဗ္ဗောက်၊ ကေ​ရုတ်၊သ​ယ၊ပါ​ဒုန်၊ လေ​ဗ​န၊ဟာ​ဂ​ဗ၊ရှာ​လ​မဲ၊ ဟာ​နန်၊ဂိဒ္ဒေ​လ၊ဂါ​ဟာ၊ ရာ​ယ၊ရေ​ဇိန်၊နေ​ကော​ဒ၊ ဂဇ္ဇမ်၊သြ​ဇ၊ပါ​သာ၊ ဗေ​သဲ၊မု​နိမ်၊နေ​ဖိ​ရှေ​သိမ်၊ ဗာ​က​ဗုတ်၊ဟာ​ကု​ဖ၊ဟာ​ရ​ဟု​ရ၊ ဗာ​ဇ​လိတ်၊မေ​ဟိ​ဒ၊ဟာ​ရ​ရှ၊ ဗာ​ရ​ကုတ်၊သိ​သ​ရ၊တာ​မ၊ နေ​ဇိ​နှင့်​ဟ​တိ​ဖ။
NEH 7:57 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ သော​တဲ၊သော​ဖ​ရက်၊ပေ​ရိ​ဒ၊ ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ ဇေ​ဗိမ်​နှင့်​အာ​မုန်။
NEH 7:60 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ရှော​လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​ပေါက်​ဖွား​လာ​သူ​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။
NEH 7:61 တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒုန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော​ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​လေး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ဖွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။
NEH 7:63 အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ၊ ကော​ဇ​နှင့်​ဗာ​ဇိ​လဲ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏​ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက်​မိ​မိ​ယောက္ခ​မ​သား​ချင်း​စု​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။) ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ရ​ကြ။-
NEH 7:65 ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား``သင်​တို့​သည်​ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​၍​ဆုံး​ဖြတ်​နိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​မ​ပေါ်​မ​ချင်း​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​များ​ကို​မ​စား​ကြ​ရ'' ဟု​ဆို​၏။
NEH 7:66 ပြန်​လာ​ကြ​သော​ပြည်​နှင်​ဒဏ်​သင့်​သူ စု​စု​ပေါင်း​ဦး​ရေ ၄၂၃၆၀
NEH 7:67 ack သူ​တို့​၏​အ​စေ​ခံ​ယောကျာ်း မိန်း​မ ၇၃၃၇ အ​မျိုး​သား​အ​မျိုး​သ​မီး ဂီ​တ​ပ​ညာ​သည်​များ ၂၄၅ မြင်း ၇၃၆ ကောင် လား ၂၄၅ ကောင် ကု​လား​အုတ် ၄၃၅ ကောင် မြည်း ၆၇၂၀ ကောင်
NEH 7:70 ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​မှု​ကုန်​ကျ​စ​ရိတ်​အ​တွက် ပေး​လှူ​ကြ​သူ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဘု​ရင်​ခံ​ရွှေ​အောင်​စ ၂၇၀ ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​သည့်​အင်​တုံ ၅၀ ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ ၅၃၀ သား​ချင်း​စု​ခေါင်း​ဆောင်​များ ရွှေ ၃၃၇​ပေါင် ငွေ ၃၂၁၅​ပေါင် ကျန်​ပြည်​သူ​များ​ရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ ၆၇
NEH 7:73 ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ သာ​မန်​ပြည်​သူ​အ​မြောက်​အ​မြား၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​အ​စ​ရှိ​သော​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရွာ​များ​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။
NEH 8:1 သတ္တ​မ​လ​ရောက်​ချိန်​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​မြို့​ရွာ​များ​တွင်​အ​တည် တ​ကျ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ထို​လ​ပ​ထ​မ ရက်​နေ့​၌​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရေ တံ​ခါး​အ​တွင်း​ကွက်​လပ်​တွင်​စု​ဝေး​ကြ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ် တော်​မူ​ခဲ့​သော​ပ​ညတ်​တ​ရား​တော်​ကို ကျွမ်း​ကျင်​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​အား ပ​ညတ်​ကျမ်း​ကို​ဆောင်​ခဲ့​ရန်​တောင်း​ပန် ကြ​၏။-
NEH 8:2 ထို​ကြောင့်​ဧ​ဇ​ရ​သည်​နား​လည်​နိုင်​စွမ်း​ရှိ​သူ အ​မျိုး​သား၊ အ​မျိုး​သ​မီး​ပ​ရိ​သတ်​စု​ရုံး လျက်​ရှိ​ရာ​အ​ရပ်​သို့ ပ​ညတ်​ကျမ်း​ကို​ယူ ဆောင်​သွား​ပြီး​လျှင်၊-
NEH 8:3 တံ​ခါး​အ​နီး​ကွပ်​လပ်​တွင်​မိုး​လင်း​ခါ​စ​မှ မွန်း​တည့်​ချိန်​တိုင်​အောင်​ဖတ်​ပြ​၏။ လူ​အ​ပေါင်း တို့​သည်​အာ​ရုံ​စိုက်​၍​နား​ထောင်​ကြ​၏။
NEH 8:4 ဧ​ဇ​ရ​သည်​ထို​အ​ချိန်​အ​ခါ​အ​တွက်​ဆောက် လုပ်​ထား​သော​သစ်​သား​စင်​မြင့်​ပေါ်​တွင်​ရပ် ၍ ပ​ညတ်​ကျမ်း​ကို​ဖတ်​လေ​သည်။ မတ္တိ​သိ၊ ရှေ​မ၊ အ​နာ​ယ၊ ဥ​ရိ​ယ၊ ဟိ​လ​ခိ​နှင့်​မာ​သေ​ယ​တို့ သည်​သူ​၏​လက်ယာ​ဘက်​၌​လည်း​ကောင်း၊ ပေ​ဒါ ယ၊ မိ​ရှေ​လ၊ မာ​လ​ခိ၊ ဟာ​ရှုံ၊ ဟာ​ရှ​ဗ​ဒါ​န၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​သည်​လက်​ဝဲ​ဘက်​၌ လည်း​ကောင်း​ရပ်​လျက်​နေ​ကြ​၏။
NEH 8:5 ဧ​ဇ​ရ​သည်​ထို​သူ​တို့​၏​အ​ထက်​စင်​မြင့်​ပေါ် မှာ​ရပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​သူ့ ကို​စိုက်​ကြည့်​ကြ​၏။ ပ​ညတ်​ကျမ်း​ကို​ဖွင့် လိုက်​သော​အ​ခါ​သူ​တို့​သည်​ထ​ကြ​၏။-
NEH 8:6 ဧ​ဇ​ရ​က``ကြီး​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​ဆို​၏။ ပ​ရိတ်​သတ်​တို့​သည်​လက်​အုပ်​ချီ​လျက်``အာ​မင်၊ အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ဒူး​ထောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ လေ​သည်။
NEH 8:7 ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။
NEH 8:8 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တ​ရား တော်​ကို​လူ​တို့​နား​လည်​နိုင်​ရန် ဘာ​သာ​ပြန် ဆို ကာ​ရှင်း​ပြ​ကြ​လေ​သည်။
NEH 8:9 သူ​တို့​သည်​ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​ချက်​များ ကို​ကြား​သော​အ​ခါ စိတ်​ထိ​ခိုက်​သ​ဖြင့်​ငို ကြွေး​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​နှင့် ပ​ညတ်​ကျမ်း​စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​ပြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​က``ဤ​နေ့ သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား ၏​နေ့​မြတ်​ဖြစ်​၏။ သင်​တို့​သည်​ငို​ကြွေး​မြည် တမ်း​မှု​ကို​မ​ပြု​ကြ​နှင့်။-
NEH 8:10 ယ​ခု​အိမ်​သို့​ပြန်​၍​ပျော်​ရွှင်​စွာ​စား​သောက် ကြ​လော့။ သင်​တို့​၏​အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ကို မ​ရှိ​ဆင်း​ရဲ​သူ​တို့​အား​ဝေ​ငှ​ကြ လော့။ ဤ​နေ့​သည်​ငါ​တို့​ထာ​ဝ​ရ​ဘု​ရား ၏​နေ့​မြတ်​ဖြစ်​သ​ဖြင့် ဝမ်း​မ​နည်း​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​သော​ဝမ်း မြောက်​ခြင်း​သည် သင်​တို့​ကို​ခွန်​အား​ပြည့် ဝ​လာ​စေ​လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။
NEH 8:11 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လှည့်​လည်​၍​ထို နေ့​မြတ်​၌ ဝမ်း​မ​နည်း​ဘဲ​စိတ်​တည်​ငြိမ်​မှု ရှိ​ကြ​ရန်​လူ​တို့​အား​ပြော​ကြား​ကြ​၏။-
NEH 8:12 သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​ကြား​ခဲ့​ရ သော​ကျမ်း​စ​ကား​ကို​နား​လည်​သ​ဘော ပေါက်​သ​ဖြင့် မိ​မိ​တို့​အိမ်​သို့​ပြန်​၍​ပျော်​ရွှင် စွာ​စား​သောက်​လျက် အ​စား​အ​စာ​ကို​သူ တစ်​ပါး​အား​ဝေ​မျှ​ကြ​၏။
NEH 8:13 နောက်​တစ်​နေ့​၌​သား​ချင်း​စု​ခေါင်း​ဆောင်​များ သည် ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​အ​တူ ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ရန် ဧ​ဇ​ရ​ထံ​သို့​လာ​ရောက်​ကြ​၏။-
NEH 8:14 သူ​တို့​သည်​မော​ရှေ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​ထား​တော်​မူ​သော ပ​ညတ်​ကျမ်း​တွင် သစ်​ခက်​တဲ​နေ​ပွဲ​တော်​အ​ခါ​၌ ဣ​သ​ရေ​လ အ​မျိုး​သား​များ​သည်​ယာ​ယီ​တဲ​များ​တွင် နေ​ထိုင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​ပြ​ဋ္ဌာန်း ထား​သည်​ကို​တွေ့​ရှိ​ကြ​ရ​၏။-
NEH 8:15 သို့​ဖြစ်​၍​သူ​တို့​က``ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ ပါ​ရှိ​သည့် ညွှန်​ကြား​ချက်​များ​အ​တိုင်း​တောင် များ​သို့​သွား​၍​သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ တု​ခက်၊ စွန်​ပ​လွံ​ခက်​နှင့်​အ​ခြား​သစ်​ခက် များ​ကို​ခုတ်​ယူ​၍​တဲ​ထိုး​ကြ​ရ​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​ခြား​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို​ညွှန်​ကြား​ချက်​ပေး​ပို့​ကြ လေ​သည်။
NEH 8:16 သို့​ဖြစ်​၍​လူ​တို့​သည်​သစ်​ခက်​များ​ကို​ခုတ် ၍ မိ​မိ​တို့​အိမ်​မိုး​ပေါ်၊ အိမ်​ဝင်း၊ ဗိ​မာန်​တော် ဝင်း၊ ရေ​တံ​ခါး​နှင့်​ဧ​ဖ​ရိမ်​တံ​ခါး​အ​နီး ကွက်​လပ်​များ​တွင်​တဲ​များ​ထိုး​ကြ​၏။-
NEH 8:17 ဖမ်း​ဆီး​သိမ်း​သွား​ရာ​မှ​ပြန်​လာ​သူ​လူ အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​များ​ထိုး​၍ နေ​ထိုင်​ကြ​လေ​သည်။ နုန်​၏​သား​ယော​ရှု လက်​ထက်​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ပ​ထ​မ​ဆုံး​အ​ကြိမ်​သစ်​ခက်​တဲ​နေ​ပွဲ​ကို ကျင်း​ပ​ခြင်း​ဖြစ်​၍ လူ​တိုင်း​ပင်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ကုန်​၏။-
NEH 8:18 သူ​တို့​သည်​ပွဲ​တော်​ပ​ထ​မ​နေ့​မှ​နောက်​ဆုံး နေ့​အ​ထိ နေ့​စဉ်​နေ့​တိုင်း​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​ကို​ဖတ်​ရွတ်​ကြ​၏။ သူ​တို့ သည်​ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင် ကျင်း​ပ​ပြီး​လျှင် ရှစ်​ရက်​မြောက်​သော​နေ့ ၌​ပ​ညတ်​ကျမ်း​ပြ​ဋ္ဌာန်း​ချက်​အ​ရ​ဋ္ဌမ္မ ပွဲ​ကို​ခံ​ကြ​၏။
NEH 9:1 ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​ပြစ်​များ အ​တွက်​ဝမ်း​နည်း​သည့်​အ​ထိမ်း​အ​မှတ်​ဖြင့် အ​စာ​ရှောင်​ရန်​စု​ရုံး​ကြ​၏။ ထို​သူ​တို့​သည် လူ​မျိုး​ခြား​များ​နှင့်​ကွာ​ပြီး​ဖြစ်​သည်။ သူ တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ ဏာ​ဖြင့် လျှော်​တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​မြေ မှုန့်​ဖြင့်​ဖြူး​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ​နှင့်​ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ ကို​ဖော်​ပြ​ဝန်​ခံ​ကြ​လေ​သည်။-
NEH 9:3 သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​စာ​တော်​ဖတ်​ရွတ်​သည် ကို သုံး​နာ​ရီ​ခန့်​နား​ထောင်​ကြ​ပြီး​လျှင်​နောက် ထပ်​သုံး​နာ​ရီ​မျှ မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ကာ မိ​မိ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ သည်။
NEH 9:4 လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​ဆောက်​လုပ်​ထား သော​စင်​မြင့်​ပေါ်​တွင်​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗုန္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ​နှင့်​ခေ​န​နိ​တို့​သည် ရပ်​လျက် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။
NEH 9:5 လေ​ဝိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော​ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော ဒိ​ယ၊ ရှေ​ဗ​နိ​နှင့်​ပေ​သ​ဟိ​တို့​က၊ ``ထ​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လေ​၏။ ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လေ​၏။ ဘု​ရား​သ​ခင်​သည်​လူ​တို့​ချီး​မွမ်း​နိုင်​သည်​ထက် ပို​၍​ကြီး​မြတ်​တော်​မူ​သော်​လည်း ငါ​တို့​အ​ပေါင်း​သည်​ဘုန်း​ကြီး​သော​နာ​မ တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ကုန်​အံ့'' ဟု ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​စ​တင်​ရန်​လူ​တို့​အား ခေါ်​ဖိတ်​ကြ​လေ​သည်။
NEH 9:6 ထို​နောက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ဤ​ပတ္ထ​နာ​ကို ဆု​တောင်း​ကြ​၏။ ``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် ကြယ်​နက္ခတ်​များ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ မြေ​ကြီး​နှင့်​ပင်​လယ်​ကို​လည်း​ကောင်း မြေ​ကြီး​ပေါ်​နှင့်​ပင်​လယ်​တွင်​ရှိ​သော​အ​ရာ​များ ကို​လည်း​ကောင်း​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ​၏။ မိုး​ကောင်း​ကင်​ကြယ်​နက္ခတ်​တို့​သည် ကိုယ်​တော်​အား​ဦး​ညွှတ်​ရှိ​ခိုး​ကြ​ပါ​၏။
NEH 9:7 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည်​အာ​ဗြံ​ကို​ရွေး​ကောက်​တော် မူ​၍ ဗာ​ဗု​လုန်​ပြည်​ဥ​ရ​မြို့​မှ​ထုတ်​ဆောင်​တော်​မူ​ကာ သူ​၏​နာ​မည်​ကို​အာ​ဗြ​ဟံ​ဟု​ပြောင်း​လဲ ပေး​တော်​မူ​ပါ​၏။
NEH 9:8 ကိုယ်​တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ကြောင်း တွေ့​မြင်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ပါ​၏။ သူ​၏​သား​မြေး​များ​နေ​ထိုင်​ရန်​အ​တွက်​သူ့​အား ခါ​နာန်​ပြည်၊​ဟိတ္ထိ​ပြည်၊အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ယေ​ဗု​သိ​ပြည်​နှင့်​ဂိ​ရ​ဂါ​ရှိ ပြည်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ပါ​၏။ သစ္စာ​တော်​ရှင်​ဖြစ်​သည်​နှင့်​အ​ညီ​ကိုယ်​တော်​သည် က​တိ​တော်​တို့​ကို​တည်​စေ​တော်​မူ​ပါ​၏။
NEH 9:9 ``အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​တွင် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​သည်​ကို​ကိုယ်​တော် မြင်​တော်​မူ​ပါ​၏။ ပင်​လယ်​နီ​တွင်​ထို​သူ​တို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​ကို​ကြား​တော်​မူ​ပါ​၏။
NEH 9:10 ဖာ​ရော​ဘု​ရင်​၏​မှူး​မတ်​များ​နှင့် တိုင်း​သူ​ပြည်​သား​များ​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို ညှဉ်း​ပန်း​နှိပ်​စက်​ကြ​သ​ဖြင့် သူ​တို့​အား​ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍၊ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဂုဏ်​သ​တင်း​တော်​သည်​ယ​နေ့​တိုင်​အောင် ကျော်​စော​လျက်​ရှိ​ပါ​၏။
NEH 9:11 ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပင်​လယ်​ကို​ဖြတ်​၍​လမ်း​ဖောက်​ပြီး​လျှင် သူ​တို့​အား​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သူ​တို့​ကို​မူ ပင်​လယ်​ရေ​လှိုင်း​တွင် ကျောက်​ခဲ​နစ်​သ​ကဲ့​သို့​ရေ​ထဲ​၌​နစ်​စေ​တော် မူ​ပါ​၏။
NEH 9:12 ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား နေ့​အ​ချိန်​၌​မိုး​တိမ်​တိုက်​အား​ဖြင့် လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ညဥ့်​အ​ချိန်​၌ သူ​တို့​၏​ခ​ရီး​လမ်း​ကို​မီး​တိမ်​တိုက်​ဖြင့် ထွန်း​လင်း​စေ​တော်​မူ​ပါ​၏။
NEH 9:13 ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​တော်​မူ​၍ သိ​နာ​တောင်​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား မိန့်​မြွက်​တော်​မူ​ပါ​၏။ သူ​တို့​အား​မွန်​မြတ်​သည့်​ပ​ညတ်​တော်​များ​နှင့် မှန်​ကန်​သော​သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ ပါ​၏။
NEH 9:14 ကိုယ်​တော်​သည်​သူ​တို့​အား​ဥ​ပုသ်​တော်​နေ့​ကို နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ရန်​သွန်​သင်​တော်​မူ​၍ ပ​ညတ်​တော်​များ​ကို​ကိုယ်​တော်​၏​အ​စေ​ခံ မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော်​မူ​ပါ​၏။
NEH 9:15 ``သူ​တို့​ဆာ​လောင်​မွတ်​သိပ်​ကြ​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​အ​စား​အ​စာ​ကို​ချ​ပေး တော်​မူ​၍ ရေ​ငတ်​ကြ​သော​အ​ခါ​ကျောက်​ဆောင်​ထဲ​မှ ထွက်​သော​ရေ​ကို​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​မည်​ဟု က​တိ​ထား​သော​ပြည်​ကို​သိမ်း​ပိုက်​ရန် သူ​တို့​အား မိန့်​တော်​မူ​ပါ​၏။
NEH 9:16 သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် မာန်​မာ​န​ထောင်​လွှား​ကာ ခေါင်း​မာ​လာ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​မိန့်​တော် တို့​ကို မ​လိုက်​နာ​ကြ​ပါ။
NEH 9:17 သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။
NEH 9:18 သူ​တို့​သည်​နွား​လား​ဥ​သ​ဘ​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင် ဤ​ဘု​ရား​ကား​ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သော​ဘု​ရား​ပင်​တည်း'' ဟု​ဆို ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​သည်​ကိုယ်​တော်​အား လွန်​စွာ​စော်​ကား​ကြ​ပါ​သည်​တကား။
NEH 9:19 သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။ နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့် မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။
NEH 9:20 ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။
NEH 9:21 အ​နှစ်​လေး​ဆယ်​ပတ်​လုံး​သဲ​ကန္တာ​ရ​တွင် ကိုယ်​တော်​သည်​သူ​တို့​လို​သ​မျှ​သော အ​စား​အ​စာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အ​ဝတ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​ဟောင်း​မ​နွမ်း​ရ​ပါ။ သူ​တို့​၏​ခြေ​သည်​မ​ပွန်း​မ​ရောင်​ရ​ပါ။
NEH 9:22 ``ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​တို့​နယ် စပ်​တွင် ရှိ​သော​နိုင်​ငံ​များ​နှင့်၊ လူ​မျိုး​များ​ကို​နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​သည်​ရှိ​ဟုန်​မင်း​အ​စိုး​ရ​သည့် ဟေ​ရှ​ဘုန်​ပြည်​ကို​လည်း​ကောင်း သြ​ဃ​မင်း​အ​စိုး​ရ​သည့်​ဗာ​ရှန်​ပြည်​ကို လည်း​ကောင်း သိမ်း​ပိုက်​ကြ​ပါ​၏။
NEH 9:23 ကိုယ်​တော်​သည်​သူ​တို့​အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား​သည့် သား​သ​မီး​များ​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ ထို​နောက်​သူ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​က​တိ​ထား​တော်​မူ​သော​ပြည်​တော်​ကို သိမ်း​ပိုက်​စေ​ကာ​ထို​ပြည်​တွင်​နေ​ထိုင်​စေ​တော် မူ​ပါ​၏။
NEH 9:24 သူ​တို့​သည်​ခါ​နာန်​ပြည်​ကို​သိမ်း​ယူ​ကြ ရ​ပါ​၏။ ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ကိုယ်​တော် နှိမ်​နင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ခါ​နာန်​ပြည်​ဘု​ရင်​များ​နှင့် ပြည်​သူ​တို့​ကို​ပြု​ချင်​သ​လို​ပြု​နိုင်​သော တန်​ခိုး​ပေး​တော်​မူ​ပါ​၏။
NEH 9:25 ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ခံ​တပ်​မြို့​များ၊ မြေ​သြ​ဇာ​ကောင်း​သည့်​ပြည်၊ ဘဏ္ဍာ​အ​မျိုး​မျိုး​နှင့်​ပြည့်​ဝ​သည့်​အိမ်​များ အ​ဆင်​သင့်​တူး​ထား​ပြီး ရေ​တွင်း​များ​သံ​လွင်​ပင်​များ​သစ်​သီး​ပင်​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​သိမ်း​ယူ​ကြ​ရ​ပါ​၏။ သူ​တို့​သည်​စိတ်​ရှိ​သ​မျှ​စား​သောက်​ကာ ဝ​ဖြိုး​လာ​ကြ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​သော​ကောင်း​မြတ်​သည့် အ​ရာ​တို့​ကို​ခံ​စား​ကြ​ရ​ပါ​၏။
NEH 9:26 ``သို့​ရာ​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ပုန်​ကန်​ကာ​ကိုယ်​တော်​၏​စ​ကား​ကို နား​မ​ထောင်​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တ​ရား​တော်​ကို ပစ်​ပယ်​ကြ​ပါ​၏။ မိ​မိ​တို့​အား​သ​တိ​ပေး​သူ၊ မိ​မိ​တို့​အား ကိုယ်​တော်​ထံ​ပြန်​လာ​ရန် ပြော​ကြား​သူ​ပ​ရော​ဖက်​များ​အား သတ်​ဖြတ်​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ကြိမ်​ကြိမ် စော်​ကား​ကြ​ပါ​၏။
NEH 9:27 သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား သူ​တို့​ကို​နှိမ်​နင်း​အုပ်​စိုး​ခွင့်​ပေး​တော်​မူ ပါ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ​ဟု အ​ထံ​တော်​သို့​အော်​ဟစ်​ကြ​ပါ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ ကြား​တော်​မူ​၍ က​ရု​ဏာ​တော်​ကြီး​မား​သည်​နှင့်​အ​ညီ သူ​တို့​အား​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​ရန် ခေါင်း​ဆောင်​များ​ကို​စေ​လွှတ်​တော်​မူ​ပါ​၏။
NEH 9:28 ငြိမ်း​ချမ်း​မှု​ပြန်​လည်​ရ​ရှိ​ကြ​သော​အ​ခါ သူ​တို့​သည်​တစ်​ဖန်​အ​ပြစ်​ကူး​လွန်​ကြ​ပြန်​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​အား​ရန်​သူ​များ​၏​လက်​သို့ တစ်​ဖန်​အပ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​ရ​လျက် မိ​မိ​တို့​အား​ကယ်​တော်​မူ​ရန်​အ​ထံ​တော်​သို့ တောင်း​လျှောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​ကြီး​မား​တော်​မူ​သည့်​အ​လျောက် သူ​တို့​အား​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ကယ်​ဆယ်​တော်​မူ​ပါ​၏။
NEH 9:29 ကိုယ်​တော်​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ရန်​သူ​တို့​အား​သ​တိ​ပေး​တော်​မူ​ပါ​၏။ ပ​ညတ်​တ​ရား​တော်​ကို​စောင့်​ထိန်း​မှု​မှာ​မိ​မိ​တို့​၏ အ​သက်​ရှင်​ရာ​လမ်း​ပင်​ဖြစ်​သော်​လည်း သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​ကိုယ်​တော်​၏ တ​ရား​တော်​တို့​ကို​ပစ်​ပယ်​ကြ​ပါ​၏။ သူ​တို့​သည်​လွန်​စွာ​ခေါင်း​မာ​လျက်​စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​၏။
NEH 9:30 ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နှစ်​ပြီး​တစ်​နှစ် သည်း​ခံ​၍​သ​တိ​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​နှိုး​ဆော်​သူ​ပ​ရော​ဖက်​များ​က ပြော​ဆို​ဆုံး​မ​ကြ​သော်​လည်း ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​နား​ပင်း​လျက် နေ​ကြ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​လူ​မျိုး​ခြား​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​ပါ​၏။
NEH 9:31 သို့​ရာ​တွင်​လည်း​က​ရု​ဏာ​တော် ကြီး​မား​တော်​မူ​သည်​နှင့်​အ​ညီ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။
NEH 9:32 ``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​ပါ​၏။ အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​၍ တန်​ခိုး​ကြီး​မား​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တော် ဆိုင်​ရာ က​တိ​တော်​များ​ကို​သစ္စာ​ရှိ​စွာ စောင့်​ထိန်း​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အား​အာ​ရှု​ရိ​ဘု​ရင်​များ ညှဉ်း​ပန်း​နှိပ်​စက်​စဉ်​အ​ခါ​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ပင်​အ​ဘယ်​မျှ​ဆင်း​ရဲ ဒုက္ခ​ရောက်​လျက်​နေ​ခဲ့​ရ​ကြ​ပါ​သ​နည်း။ ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ပ​ရော​ဖက်​များ၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့​ရ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​အ​ဘယ်​မျှ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခဲ့ ရ​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။
NEH 9:33 အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အ​ပြစ်​ဒဏ် ပေး​တော်​မူ​သည်​မှာ​တ​ရား​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​လွန်​ခဲ့​ကြ​သော် လည်း ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​ပါ​၏။
NEH 9:34 အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ၊ ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​များ​သည်​ကိုယ်​တော်​၏ ပ​ညတ်​တ​ရား​တော်​ကို​မ​စောင့်​ထိန်း​ခဲ့​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​များ၊ သ​တိ​ပေး​တော်​မူ​ချက်​များ​ကို နား​မ​ထောင်​ကြ​ပါ။
NEH 9:35 အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ​သည် ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​ကျယ်​ပြန့် စို​ပြေ​သည့် ပြည်​တော်​တွင်​နေ​ထိုင်​ရ​စဉ်​အ​ခါ​၌ ကိုယ်​တော်​၏​ကောင်း​ချီး​ခံ​စား​ရ​သည်​နှင့်​အညီ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အုပ်​စိုး​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို မ​ကြဉ်​မ​ရှောင်၊ ကိုယ်​တော်​၏​အ​မှု​တော်​ကို​လည်း မ​ဆောင်​ရွက်​ကြ။
NEH 9:36 ယ​ခု​အ​ခါ​၌​အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့​စား​သုံး​ရန်​အ​သီး​အ​နှံ ပေါ​များ​သော​ပြည်​၌​ကျွန်​ဖြစ်​ရ​ကြ​ပါ​၏။
NEH 9:37 အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​များ​ကူး​လွန်​သော​ကြောင့် ဤ​ပြည်​မှ​ရ​သော​ကောက်​ပဲ​သီး​နှံ​များ​ကို အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အုပ်​စိုး​စေ​သည့် မင်း​တို့​က​ခံ​စား​ရကြ​ပါ​၏။ ထို​မင်း​တို့​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ ကျွဲ​နွား​များ​ကို​မိ​မိ​တို့​ထင်​သ​လို​ခိုင်း​စေ ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​သည်​လွန်​စွာ ဆင်း​ရဲ​ရ​ကြ​ပါ​၏။''
NEH 9:38 ဤ​သို့​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​ပေါင်း​ကြောင့် ငါ​တို့​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​က​တိ​ဝန်​ခံ ချက်​ကို​စာ​ဖြင့်​ရေး​၍ ငါ​တို့​၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ က​တံ​ဆိပ်​ခတ်​ကြ​၏။
NEH 10:1 ပ​ထ​မ​ဦး​စွာ​လက်​မှတ်​ရေး​ထိုး​သူ​မှာ ဟာ ခ​လိ​၏​သား၊ ဘု​ရင်​ခံ​နေ​ဟ​မိ​ဖြစ်​၏။ ထို နောက်​ဇိ​ဒ​ကိ​ယ​လက်​မှတ်​ရေး​ထိုး​လေ သည်။
NEH 10:2 လက်​မှတ်​ရေး​ထိုး​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ စ​ရာ​ယ၊အာ​ဇ​ရိ၊ယေ​ရ​မိ၊ ပါ​ရှု​ရ၊အာ​မ​ရိ၊မာ​လ​ခိ​ယ၊ ဟတ္ထုတ်၊ရှေ​ဗ​နိ၊မလ္လုတ် ဟာ​ရိမ်၊မေ​ရ​မုတ်၊သြ​ဗ​ဒိ၊ ဒံ​ယေ​လ၊ဂိ​န္နေသုန်၊ဗာ​ရုတ်၊ မေ​ရှု​လံ၊အ​ဘိ​ယ၊မိ​ယာ​မိန် မာ​ဇိ၊ဗိ​လ​ဂဲ၊ရှေ​မာ​ယ၊
NEH 10:9 လက်​မှတ်​ရေး​ထိုး​သူ​လေ​ဝိ​အ​နွယ်​ဝင် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ အာ​ဇ​နိ​၏​သား​ယော​ရှု၊ ဟေ​န​ဒဒ်​သား​ချင်း​စု​ခေါင်း​ဆောင်​ဗိနွိ၊ ကပ်​မျေလ၊ရှေ​ဗ​နိ၊ဟော​ဒိ​ယ၊ ကေ​လိ​တ၊ပေ​လာ​ယ၊ဟာ​နန်၊ မိက္ခာ၊ရေ​ဟုပ်၊ဟာ​ရှ​ဘိ၊ ဇက္ကုရ၊ရှေ​ရ​ဘိ၊ရှေ​ဗ​နိ၊ ဟော​ဒိ​ယ၊ဗာ​နိ၊ဗေ​နိ​နု။
NEH 10:14 လက်​မှတ်​ရေး​ထိုး​သူ​ပြည်​သူ​ခေါင်း​ဆောင် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ ပါ​ရုတ်၊ပါ​ဟတ်​မော​ဘ၊ ဧ​လံ၊ဇ​ဿု၊ဗာ​နိ၊ ဗုန္နိ၊အာ​ဇ​ဂဒ်၊ဗေ​ဗဲ၊ အ​ဒေါ​နိ​ယ၊ဗိ​ဂဝဲ၊အာ​ဒိန်၊ အာ​တာ၊ဟိ​ဇ​ကိ​ယ၊အဇ္ဇုရ၊ ဟော​ဒိ​ယ၊ဟ​ရှုံ၊ဗေ​ဇဲ၊ဟာ​ရိပ်၊ အာ​န​သုတ်၊နေ​ဗဲ၊မာ​ဂ​ပျာ​ရှ၊ မေ​ရှု​လံ၊ဟေ​ဇိ​ရ၊မေ​ရှ​ဇ​ဗေ​လ၊ ဇာ​ဒုတ်၊ယာ​ဒွါ၊ပေ​လ​တိ၊ဟာ​နန်၊ အ​နာ​ယ၊ဟော​ရှေ၊ဟာ​န​နိ၊ဟာ​ရှုပ်၊ ဟာ​လော​ဟက်၊ပိ​လ​ဟ၊ရှော​ဗက်၊ရေ​ဟုံ၊ ဟာ​ရှ​ဗ​န၊မာ​သေ​ယ၊အ​ဟိ​ယ၊ဟာ​နန်၊ အာ​နန်၊မလ္လုတ်၊ဟာ​ရိမ်၊ဗာ​နာ။
NEH 10:28 ငါ​တို့​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​များ နှင့် ကွာ​လိုက်​ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဗိ​မာန် တော်​ဂီ​တ​ပ​ညာ​သည်​များ၊ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​မှ​စ​သော​ငါ​တို့​သည် မိ​မိ​တို့ ဇ​နီး​များ​နှင့်​အ​ရွယ်​ရောက်​သူ​သား​သ​မီး တို့​နှင့်​အ​တူ​တ​ကွ​မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ ဘု​ရား​ပေး​အပ်​တော်​မူ​သော​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်။ ငါ​တို့​၏​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့်​တော်​ရှိ​သ​မျှ ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​ပ​ညတ် တော်​များ​နှင့်​ပြ​ဋ္ဌာန်း​တော်​မူ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​လျှောက်​ပါ​မည်။ ဤ က​တိ​သစ္စာ​ကို​ချိုး​ဖောက်​သော်​ကျိန်​စာ သင့်​ပါ​စေ။
NEH 10:30 ငါ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး ခြား​နှင့်​ထိမ်း​မြား​စုံ​ဖက်​မှု​ကို​ပြု​မည်​မ ဟုတ်​ပါ။
NEH 10:31 ထို​သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​ဖြစ်​စေ၊ အ​ခြား နေ့​ထူး​နေ့​မြတ်​၌​ဖြစ်​စေ၊ ဂျုံ​စ​ပါး​သို့​မ​ဟုတ် အ​ခြား​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​ရောင်း​ချ​ရန် ယူ​ဆောင်​လာ​ပါ​က​ငါ​တို့​သည်​သူ​တို့​ထံ မှ​ဝယ်​ယူ​မည်​မ​ဟုတ်​ပါ။ သတ္တ​မ​မြောက်​နှစ်​ရောက်​သည့်​အ​ခါ​တိုင်း​ငါ တို့​သည်​လယ်​လုပ်​မည်​မ​ဟုတ်​ပါ။ ကြွေး​မြီ ရှိ​သ​မျှ​ကို​လည်း​လျော်​ပစ်​ပါ​မည်။
NEH 10:32 ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​တစ်​ဦး​လျှင်​ငွေ တစ်​အောင်​စ​၏​ရှစ်​ပုံ​တစ်​ပုံ​ကို ဗိ​မာန်​တော် အ​သုံး​စ​ရိတ်​အ​တွက်​ပေး​လှူ​ပါ​မည်။
NEH 10:33 ငါ​တို့​သည်​ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု အ​တွက်​ရှေ့​တော်​မုန့်၊ နေ့​စဉ်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ နေ့​စဉ်​မီး​ရှို့​ပူ​ဇော်​ရန်​ယဇ်​ကောင် များ၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​အ​ခြား​ပွဲ နေ့​များ​အ​တွက်​ပူ​ဇော်​သ​ကာ​များ၊ အ​ခြား သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော်​သ​ကာ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​ခြား လို​အပ်​ရာ​တို့​ကို​ပေး​လှူ​ကြ​ပါ​မည်။
NEH 10:34 ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​ကျမ်း​အ​ရ​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​မီး​ရှို့ ပူ​ဇော်​ရန်​အ​တွက် လို​အပ်​သည့်​ထင်း​များ​ကို အ​ဘယ်​သား​ချင်း​စု​တို့​က​ဆောင်​ခဲ့​ရ​ကြ မည်​ကို​နှစ်​စဉ်​နှစ်​တိုင်း​မဲ​ချ​ဆုံး​ဖြတ်​ကြ ပါ​မည်။
NEH 10:35 ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​မိ​မိ​တို့​ရိတ်​သိမ်း ရ​ရှိ​သည့်​အ​သီး​အ​နှံ​ဦး​များ​ကို​လည်း​ကောင်း၊ ငါ​တို့​သစ်​သီး​ပင်​များ​တွင်​အ​ဦး​မှည့်​သည့် အ​သီး​များ​ကို​လည်း​ကောင်း​ဗိ​မာန်​တော် သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။
NEH 10:36 ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ဖော်​ပြ​ထား​သည့် အ​တိုင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​ရန်​အ​တွက် မိ​မိ​တို့​၏​သား​ဦး​ကို​လည်း ကောင်း၊ မိ​မိ​တို့​နွား၊ သိုး၊ ဆိတ်​တို့​မှ​မွေး​ဖွား သည့်​သား​ဦး​ကို​လည်း​ကောင်း​ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ မည်။
NEH 10:37 ငါ​တို့​နှစ်​စဉ်​အ​ဦး​အ​ဖျား​ရိတ်​သိမ်း​ရ​ရှိ သည့်​ဂျုံ​ဆန်​ဖြင့်​ပြု​လုပ်​ထား​သော​မုန့်​ညက်၊ အ​ခြား​ပူ​ဇော်​သ​ကာ​များ​ဖြစ်​သော​စ​ပျစ် ရည်၊ သံ​လွင်​ဆီ​နှင့်​သစ်​သီး​အ​မျိုး​မျိုး​တို့ ကို​ဗိ​မာန်​တော်​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​ထံ သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။ လယ်​လုပ်​သည့်​ရွာ​များ​တွင်​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​ကောက်​ခံ​ကြ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ထံ​သို့ ငါ​တို့​သည်​မိ​မိ​တို့​လယ်​ယာ ထွက်​အ​သီး​အ​နှံ​ဆယ်​ပုံ​တစ်​ပုံ​ကို​ယူ ဆောင်​ခဲ့​ပါ​မည်။-
NEH 10:38 ဤ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ကောက်​ခံ​ချိန် ၌​အာ​ရုန်​မှ​ဆင်း​သက်​သည့်​ယဇ်​ပု​ရော ဟိတ်​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် အ​တူ​ရှိ​ရ​မည်။ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင် တို့​က​မိ​မိ​တို့​ကောက်​ခံ​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​အ​နက် ဆယ်​ပုံ​တစ်​ပုံ​ကို​ဗိ​မာန် တော်​တွင်​အ​သုံး​ပြု​ရန်​ဗိ​မာန်​တော်​ပစ္စည်း သို​လှောင်​ခန်း​သို့​ယူ​ဆောင်​သွား​ပါ မည်။-
NEH 10:39 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည်​အ​သီး​အ​နှံ၊ စ​ပျစ်​ရည် နှင့်​သံ​လွင်​ဆီ​အ​လှူ​ကို​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ​ထား​ရှိ​သော​တာ​ဝန်​ကျ​သည့် ယဇ်​ပု​ရော​ဟိတ်​များ၊ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​နှင့် ဗိ​မာန်​တော်​ဂီတ​ပ​ညာ​သည် များ​နေ​ထိုင်​သော​အ​ခန်း​များ​သို့​ယူ​ဆောင် သွား​ပါ​မည်။ ငါ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​၏​အိမ် တော်​ကို​စွန့်​ပစ်​၍​ထား​မည်​မ​ဟုတ်​ပါ။
NEH 11:1 ခေါင်း​ဆောင်​များ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​၏။ အ​ခြား​သူ​တို့​မူ​ကား​ဆယ် အိမ်​ထောင်​လျှင် တစ်​အိမ်​ထောင်​ကျ​သန့်​ရှင်း သော​ယေ​ရု​ရှ​လင်​မြို့​တော်​တွင်​လည်း​ကောင်း၊ ကျန်​သော​သူ​တို့​ကို​အ​ခြား​မြို့​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​စေ​ရန်​မဲ​ချ​၍ ဆုံး​ဖြတ်​ကြ​၏။-
NEH 11:2 ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​တို့​အ​လို​အ​လျောက် နေ​ထိုင်​သူ​တို့​အား​ပြည်​သူ​တို့​က​ချီး​ကူး ကြ​၏။-
NEH 11:3 အ​ခြား​မြို့​ရွာ​များ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ် ဝင်​များ၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ၊ ရှော လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​လာ သူ​များ​သည်​ကိုယ်​ပိုင်​အိမ်​များ​တွင်​နေ​ထိုင် ကြ​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သော​ယု​ဒ​ပြည် နယ်​အ​ကြီး​အ​ကဲ​များ​ကို​ဖော်​ပြ​အံ့။
NEH 11:4 ယု​ဒ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ဇာ​ခ​ရိ​၏​မြေး၊ သြ​ဇိ​၏​သား​အ​သာ​ယ။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ယု​ဒ​၏​သား​ဖာ​ရက် မှ​ဆင်း​သက်​သူ​အာ​မ​ရိ၊ ရှေ​ဖ​တိ​နှင့်​မ​ဟာ လေ​လ​တို့​ပါ​ဝင်​သည်။
NEH 11:5 ကော​လ​ဟော​ဇ​၏​မြေး၊ ဗာ​ရုတ်​၏​သား​မာ​သေ​ယ။ သူ​၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ရှေ​လ​၏​သား ယု​ဒ​မှ​ဆင်း​သက်​သူ​ဟ​ဇာ​ယ၊ အ​ဒါ​ယ၊ ယော​ယ​ရိပ်​နှင့်​ဇာ​ခ​ရိ​တို့​ပါ​ဝင်​သည်။
NEH 11:6 ဖ​ရက်​၏​သား​မြေး​များ​အ​နက်​သူ​ရဲ​ကောင်း လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။
NEH 11:7 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​၏။ ယော​ဒ​၏​မြေး၊ မေ​ရှု​လံ​၏​သား​သလ္လု။ သူ ၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ပေ​ဒါ​ယ၊ ကော​လာ​ယ၊ မာ​သေ​ယ၊ ဣ​သေ​လ၊ ယေ​ရှာ​ယ တို့​ပါ​ဝင်​သည်။
NEH 11:8 သလ္လု​၏​ဆွေ​မျိုး​ရင်း​ခြာ​များ​ဖြစ်​ကြ​သော ဂဗ္ဗဲ​နှင့်​သလ္လဲ။ စု​စု​ပေါင်း ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ကိုး​ရာ​နှစ်​ဆယ့် ရှစ်​ယောက်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။-
NEH 11:9 ဇိ​ခ​ရိ​၏​သား​ယော​လ​သည်​သူ​တို့​၏​ခေါင်း ဆောင်​ဖြစ်​၍ သေ​နွာ​၏​သား​ယု​ဒ​သည်​ဒု​တိ​ယ ခေါင်း​ဆောင်​ဖြစ်​၏။
NEH 11:10 ယဇ်​ပု​ရော​ဟိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ ယော​ယ​ရိပ်​၏​သား​ယေ​ဒါ​ယ၊ ယာ​ခိန်။
NEH 11:11 မေ​ရှု​လံ​၏​မြေး၊ ဟိ​လ​ခိ​၏​သား​စ​ရာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဇာ​ဒုတ်၊ မ​ရာ​ယုတ် နှင့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဟိ​တုပ်​တို့​ပါ ဝင်​သည်။-
NEH 11:12 ဤ​သား​ချင်း​စု​မှ​လူ​စု​စု​ပေါင်း​ရှစ်​ရာ​နှစ် ဆယ့်​နှစ်​ယောက်​တို့​သည်​ဗိ​မာန်​တော်​တွင် အ​မှု​ထမ်း​ကြ​၏။ ပေ​လ​လိ​၏​မြေး၊ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​မ​ဇိ၊ ဇာ​ခ​ရိ၊ ပါ​ရှု​ရ၊ မာ​လ​ခိ​တို့​ပါ​ဝင်​သည်။-
NEH 11:13 ဤ​သား​ချင်း​စု​မှ​လူ​ပေါင်း​နှစ်​ရာ​လေး​ဆယ် နှစ်​ယောက်​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ် ကြ​၏။ အ​ဟ​ဇိ​၏​မြေး၊အာ​ဇ​ရေ​လ​၏​သား​အာ​မ​ရှဲ။ သူ​၏​ဘိုး​ဘေး​များ​တွင်​မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ​တို့​ပါ​ဝင်​သည်။-
NEH 11:14 ဤ​သား​ချင်း​စု​တွင်​ထူး​ချွန်​သော​စစ်​သူ​ရဲ တစ်​ရာ​နှစ်​ဆယ့်​ရှစ်​ယောက်​ရှိ​၏။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ရေး​ပါ​အ​ရာ​ရောက်​သည့်​အိမ် ထောင်​စု​ဝင် ဇာ​ဗ​ဒေ​လ​ဖြစ်​၏။
NEH 11:15 လေ​ဝိ​အ​နွယ်​ဝင်​များ​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ အာ​ဇ​ရိ​ကံ​၏​မြေး၊ ဟာ​ရှုပ်​၏​သား​ရှေ​မာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဟာ​ရှ​ဘိ​နှင့်​ဗုန္နိ​တို့ ပါ​ဝင်​သည်။
NEH 11:16 ဗိ​မာန်​တော်​အ​ပြင်​မှု​ကြီး​ကြပ်​သူ​လေ​ဝိ အ​နွယ်​ဝင်​အ​ကြီး​အ​ကဲ​များ​ဖြစ်​ကြ​သော ရှဗ္ဗေ​သဲ​နှင့်​ယော​ဇ​ဗဒ်။
NEH 11:17 ဇာ​ဗ​ဒိ​၏​မြေး၊ မိက္ခာ​၏​သား​မ​ဿ​နိ။ သူ​သည် အာ​သပ်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။ သူ​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဆု​တောင်း​ပတ္ထ​နာ သီ​ချင်း​ကို​သီ​ဆို​ရာ​တွင်​ဗိ​မာန်​တော်​သီ ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​အ​ဖြစ်​ဆောင်​ရွက် သူ​ဖြစ်​၏။ မ​ဿ​နိ​၏​လက်​ထောက်​ဗာ​က​ဗု​ကိ။ ဂ​လာ​လ​၏​မြေး၊ ရှ​မွာ​၏​သား​သြ​ဗ​ဒိ။ သူ သည်​ယေ​ဒု​သုန်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။
NEH 11:18 လေ​ဝိ​အ​နွယ်​ဝင်​စု​စု​ပေါင်း​နှစ်​ရာ​ရှစ်​ဆယ် လေး​ယောက်​တို့​သည်​သန့်​ရှင်း​သော​ယေ​ရု ရှ​လင်​မြို့​တော်​တွင်​နေ​ထိုင်​ကြ​လေ​သည်။
NEH 11:19 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။ အက္ကုပ်၊တာ​လ​မုန်​နှင့်​သူ​၏​ဆွေ​မျိုး​များ​ဖြစ် ၍​စု​စု​ပေါင်း​တစ်​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက် ရှိ​သ​တည်း။
NEH 11:20 ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည်​အ​ခြား ယု​ဒ​မြို့​ရွာ​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရာ​တွင်​နေ ထိုင်​ကြ​၏။
NEH 11:21 ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် ယေ​ရု ရှ​လင်​မြို့​သြ​ဖေ​လ​ဟု​အ​မည်​တွင်​သော အ​ရပ်​တွင်​နေ​ထိုင်​၍ ဇိ​ဟ​နှင့်​ဂိ​သ​ပ​တို့ ၏​ကွပ်​ကဲ​မှု​အောက်​တွင်​အ​လုပ်​လုပ်​ကြ လေ​သည်။
NEH 11:22 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ကို ကွပ်​ကဲ​အုပ်​ချုပ်​သူ​မှာ​ဟာ​ရှ​ဘိ​၏ မြေး၊ ဗာ​နိ​၏​သား​သြ​ဇိ​ဖြစ်​၏။ သူ​၏​ဘိုး​ဘေး များ​တွင်​မ​ဿ​နိ​နှင့်​မိက္ခာ​တို့​ပါ​ဝင်​၏။ သူ​သည် ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​ဆိုင်​ရာ​ဂီ​တ တာ​ဝန်​ခံ​ဖြစ်​သည့်​အာ​သပ်​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။-
NEH 11:23 သား​ချင်း​စု​တို့​သည်​ဗိ​မာန်​တော်​တွင်​သီ​ဆို တီး​မှုတ်​မှု​ကို နေ့​စဉ်​အ​ဘယ်​သို့​အ​လှည့် ကျ​ဦး​ဆောင်​ရ​ကြ​မည်​ကို​ဖော်​ပြ​သည့် ဘု​ရင့်​ညွှန်​ကြား​ချက်​များ​ရှိ​၏။
NEH 11:24 ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​ဝင်၊ မေ​ရှ​ဇ ဗေ​လ​၏​သား​ပေ​သ​ဟိ​သည်​ဣ​သ​ရေ​လ အ​မျိုး​တို့​အ​မှု​အ​ရေး​ရှိ​သ​မျှ​နှင့်​ဆိုင် ၍ ပေ​ရ​သိ​ဘု​ရင်​မင်း​အ​ပါး​တော်​တွင် ခ​စား​ခဲ့​၏။
NEH 11:25 လူ​အ​မြောက်​အ​မြား​ပင်​မိ​မိ​တို့​လယ်​ယာ များ​အ​နီး​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ကိ​ရ​ယ သာ​ဘ​မြို့၊ ဒိ​ဘုန်​မြို့​နှင့်​ယေ​ကပ်​ဇေ​လ​မြို့ တို့​၌​လည်း​ကောင်း၊ ထို​မြို့​များ​အ​နီး​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။-
NEH 11:26 သူ​တို့​သည်​ယေ​ရွှ၊ မော​လ​ဒ၊ ဗက်​ပါ​လက်၊-
NEH 11:27 ဟာ​ဇာ​ရွာ​လ၊ ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​ထို​မြို့​တို့ ၏​အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ ၌​လည်း​နေ​ထိုင်​ကြ​လေ​သည်။-
NEH 11:28 သူ​တို့​သည်​ဇိ​က​လတ်​မြို့၊ မေ​ကော​န​မြို့​နှင့် ထို​မြို့​အ​နီး​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-
NEH 11:29 အင်​ရိမ္မုန်​မြို့၊ ဇာ​ရ​မြို့၊ ယာ​မုတ်​မြို့၊
NEH 11:30 ဇာ​နော​မြို့၊အ​ဒုံ​လံ​မြို့​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊ လာ​ခိ​ရှ မြို့​နှင့်​အ​နီး​အ​နား​ရှိ​လယ်​ယာ​များ၊ အ​ဇေ ကာ​မြို့​နှင့်​အ​နီး​အ​နား​ရှိ​ကျေး​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။ အ​ချုပ်​အား ဖြင့်​ဆို​သော်​ယု​ဒ​ပြည်​သူ​တို့​သည်​တောင် ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​မြောက်​ဘက်​ဟိန္နုံ ချိုင့်​ဝှမ်း​စပ်​ကြား​ရှိ​နယ်​မြေ​တွင်​နေ​ထိုင် ကြ​သ​တည်း။
NEH 11:31 ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​ဂေ​ဗ​မြို့၊ မိတ် မတ်​မြို့၊ အာ​ဣ​မြို့၊ ဗေ​သ​လ​မြို့​နှင့်​အ​နီး အ​နား​ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-
NEH 11:32 အာ​န​သုတ်​မြို့၊ နော​ဗ​မြို့၊ အာ​န​နိ​မြို့၊- ဟာ​ဇော်​မြို့၊ ရာ​မ​မြို့၊ ဂိတ္တိမ်​မြို့၊- ဟာ​ဒိဒ်​မြို့၊ ဇေ​ဘိုင်​မြို့၊ နေ​ဗလ္လတ်​မြို့၊ လော​ဒ​မြို့၊သြ​နော​မြို့​နှင့်​လက်​မှု​ပ​ညာ သည်​ချိုင့်​ဝှမ်း​တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။-
NEH 11:36 ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​ခဲ့​သူ​လေ​ဝိ​အ​နွယ် ဝင်​အ​ချို့​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​အ​တူ​နေ​ထိုင်​ရ​ကြ​လေ​သည်။
NEH 12:1 ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​တို့​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​များ​၏​စာ​ရင်း​ကို​ဖော်​ပြ​ပေ​အံ့။
NEH 12:2 ယဇ်​ပု​ရော​ဟိတ်​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ စ​ရာ​ယ၊ယေ​ရ​မိ၊ဧ​ဇ​ရ၊ အာ​မ​ရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေ​ခ​နိ၊ရေ​ဟုံ၊မေ​ရ​မုတ်၊ ဣ​ဒေါ၊ဂိ​န္နေသုန်၊အ​ဘိ​ယ၊ မိ​ညာ​မိန်၊မာ​ဒျာ၊ဗိ​လ​ဂ၊ ရှေ​မာ​ယ၊ယော​ယ​ရိပ်၊ယေ​ဒါ​ယ၊ သလ္လု၊အာ​မောက်၊ဟိ​လ​ခိ၊ယေ​ဒါ​ယ။ ထို​သူ​တို့​သည်​ယော​ရှု​၏​လက်​ထက်​၌ မိ​မိ​တို့​၏​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။
NEH 12:8 လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း။ အောက်​ပါ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဋ္ဌမ္မ​သီ​ချင်း​များ​သီ​ဆို​မှု​တွင်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​များ​ဖြစ်​ကြ​သည်။ ယော​ရှု၊ဗိ​နွိ၊ကပ်​မျေလ၊ ရှေ​ရ​ဘိ၊ယု​ဒ​နှင့်​မ​ဿ​နိ၊
NEH 12:9 အောက်​ပါ​တို့​သည်​တုန့်​ပြန်​သီ​ဆို​မှု​ကို​ပြု​ရ​သည့်​သီ​ချင်း​သည်​များ​ဖြစ်​ကြ​၏။ ဗာ​က​ဗု​ကိ၊ ဥ​နိ​နှင့်​အ​ဖော်​လေ​ဝိ​အ​နွယ်​ဝင်​များ။
NEH 12:10 ယော​ရှု​၏​သား​သည်​ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​၏​သား​မှာ​ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​၏​သား​ကား​ယော​ယ​ဒ​ဖြစ်​၏။
NEH 12:11 ယော​ယ​ဒ​၏​သား​သည်​ယော​န​သန်၊ ယော​န​သန်​၏​သား​မှာ​ယာ​ဒွါ​ဖြစ်​၏။
NEH 12:12 ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ယ​ကိမ်​လက်​ထက်​၌​အောက်​ပါ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ​အ​ဖြစ်​ဆောင်​ရွက်​ရ​ကြ​၏။ သား​ချင်း​စု ဦး​စီး​ခေါင်း​ဆောင် စ​ရာ​ယ မေ​ရာ​ယ ယေ​ရ​မိ ဟာ​န​နိ ဧ​ဇ​ရ မေ​ရှု​လံ အာ​မ​ရိ ယော​ဟ​နန် မလ္လုတ် ယော​န​သန် ရှေ​ခ​နိ ယော​သပ် ဟာ​ရိ​မ အာ​ဒ​န မေ​ရာ​ယုတ် ဟေ​လ​ကဲ ဣ​ဒေါ ဇာ​ခ​ရိ ဂိန္နေ​သုန် မေ​ရှု​လံ အ​ဘိ​ယ ဇိ​ခ​ရိ မိ​ညာ​မိန် ဟေ​ဗြဲ​စာ​မူ​တွင်​နာ​မည်​မ​ပါ​လာ မာ​ဒျာ ပိ​လ​တဲ ဗိ​လ​ဂ ရှ​မွာ ရှေ​မာ​ယ ယေ​ဟော​န​သန် ယော​ယ​ရိပ် မတ္တေနဲ ယေ​ဒါ​ယ သြ​ဇိ သလ္လု ကာ​လဲ အာ​မောက် ဧ​ဗာ ဟိ​လ​ခိ ဟာ​ရှ​ဘိ ယေ​ဒါ​ယ နာ​သ​နေ​လ
NEH 12:22 ယဇ်​ပု​ရော​ဟိတ်​မင်း​များ​ဖြစ်​ကြ​သော​ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်​နှင့်​ယာ​ဒွါ​တို့​၏​လက်​ထက်​တွင်​လေ​ဝိ​အိမ်​ထောင်​စု​နှင့်​ယဇ်​ပု​ရော​ဟိတ်​အိမ်​ထောင်​စု​ဦး​စီး​ခေါင်း​ဆောင်​များ​၏​မှတ်​တမ်း​ကို​ထား​ရှိ​ခဲ့​၏။ ဤ​မှတ်​တမ်း​ကို​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ​လက်​ထက်​၌​ပြု​စု​ပြီး​စီး​လေ​သည်။
NEH 12:23 သို့​ရာ​တွင်​လေဝိ​အိမ်​ထောင်​ဦး​စီး​များ​စာ​ရင်း​ကို​ဧ​လျာ​ရှိပ်​၏​မြေး​ယော​ဟ​နန်​၏​လက်​ထက်​တိုင်​အောင်​သာ​လျှင်​တ​ရား​ဝင်​မှတ်​တမ်း​များ​တွင်​တွေ့​ရှိ​ရ​၏။
NEH 12:24 ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။
NEH 12:25 ဗိ​မာန်​တော်​အဝင်​တံ​ခါး​အ​နီး​ရှိ​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​မ​ဿ​နိ၊ ဗာ​က​ဗု​ကိ၊ သြ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်​နှင့်​အက္ကုပ်​တို့​ဖြစ်​ကြ​၏။
NEH 12:26 ဤ​သူ​အ​ပေါင်း​တို့​သည်​ယော​ဇ​ဒက်​၏​မြေး၊ ယော​ရှု​၏​သား​ယော​ယ​ကိန်၊ ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​မြောက်​သူ​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​တို့​၏​လက်​ထက်​၌​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ပေ​သည်။
NEH 12:27 ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို​အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် အား​ရ​ရွှင်​လန်း​စွာ​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​သီ​ဆို​လျက် လင်း​ကွင်း​နှင့်​စောင်း​များ​ကို​တီး​လျက်​ပါ​ဝင်​ဆင်​နွှဲ​ကြ​စေ​ရန် သူ​တို့​အား​ရောက်​ရှိ​နေ​ထိုင်​လျက်​ရှိ​သည့်​အ​ရပ်​များ​မှ​ခေါ်​ယူ​ခဲ့​ကြ​၏။
NEH 12:28 ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​သော​လေ​ဝိ​အိမ်​ထောင်​စု​များ​သည်၊ မိ​မိ​တို့​အ​တည်​တ​ကျ​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​ဒေ​သ​နေ​တော​ဖာ​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ၊-
NEH 12:29 ဂိ​လ​ဂါ​လ၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက်​ကျေး​လက်​များ​မှ​လာ​ရောက်​ကြ​လေ​သည်။-
NEH 12:30 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​အ​တွက်​လည်း​ကောင်း၊ ပြည်​သူ​များ၊ မြို့​တံ​ခါး​များ၊ မြို့​ရိုး​အ​တွက်​လည်း​ကောင်း​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​၏။
NEH 12:31 ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​မြို့​ရိုး​ပေါ်​တွင်​စု​ရုံး​စေ​ပြီး​လျှင် မြို့​ကို​လှည့်​လည်​၍​ကျေး​ဇူး​တော်​ကို​သီ​ဆို​ချီး​မွမ်း​ရန်​လူ​စု​ကြီး​နှစ်​စု​ကို​ကြီး​ကြပ်​စေ​၏။ ပ​ထ​မ​တစ်​စု​သည်​အ​မှိုက်​ပုံ​တံ​ခါး​သို့​ဦး​တည်​လျက်​မြို့​ရိုး​ပေါ်​တွင်​လက်​ယာ​ရစ်​လှည့်​ကြ​၏။-
NEH 12:32 သီ​ချင်း​သည်​များ​၏​နောက်​မှ​ဟော​ရှ​ယ​လိုက်​၏။ သူ​၏​နောက်​တွင်​ယု​ဒ​ခေါင်း​ဆောင်​တစ်​ဝက်​လိုက်​ကြ​၏။-
NEH 12:33 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ဇ​ရိ၊ ဧ​ဇ​ရ၊မေ​ရှု​လံ၊-
NEH 12:34 ယု​ဒ၊ ဗင်္ယာ​မိန်၊ ရှေ​မာ​ယ​နှင့်​ယေ​ရ​မိ​တို့​နှင့်၊-
NEH 12:35 ယဇ်​ပု​ရော​ဟိတ်​အ​ချို့​က တံ​ပိုး​ခ​ရာ​များ​မှုတ်​၍​လိုက်​ကြ​၏။ ထို​နောက်​ရှေ​မာ​ယ​၏​မြေး၊ ယော​န​သန်​၏​သား​ဇာ​ခ​ရိ​လိုက်​လေ​သည်။ (သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​သပ်​သား​ချင်း​စု​ဝင်​ဖြစ်​ကြ​သော​မ​ဿ​နိ၊ မိက္ခာ​ယ​နှင့်​ဇက္ကု​ရ​တို့​လည်း​ပါ​ဝင်​လေ​သည်။-)
NEH 12:36 သူ​၏​နောက်​၌​သူ့​သား​ချင်း​စု​ဝင်​များ​ဖြစ်​ကြ​သော​ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ​နှင့်​ဟာ​န​နိ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​မင်း​တီး​မှုတ်​သည့်​တူ​ရိ​ယာ​မျိုး​တို့​ကို​ကိုင်​ဆောင်​လျက်​လိုက်​ကြ​၏။ ကျမ်း​တတ်​မြောက်​သူ​ဧ​ဇ​ရ​က​ဤ​လူ​စု​တို့​လှည့်​လည်​ရာ​တွင်​ဦး​စီး​ခေါင်း​ဆောင်​ပြု​လေ​သည်။-
NEH 12:37 စမ်း​ရေ​တွင်း​တံ​ခါး​သို့​ရောက်​သော​အ​ခါ​သူ​တို့​သည် ဒါ​ဝိဒ်​မြို့​သို့​သွား​ရာ​လှေ​ကား​ထစ်​များ​ကို​တက်​၍ ဒါ​ဝိဒ်​နန်း​တော်​ကို​ဖြတ်​ကျော်​ကာ​မြို့​အ​ရှေ့​ဘက်၊ ရေ​တံ​ခါး​အ​နီး​ရှိ​မြို့​ရိုး​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​၏။
NEH 12:38 ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​အ​ခြား​လူ​စု​သည်​မြို့​ရိုး​ပေါ်​တွင်​လက်​ဝဲ​ရစ်​လှည့်​၏။ ငါ​သည်​ကျန်​ပ​ရိ​သတ်​တစ်​ဝက်​နှင့်​အ​တူ​သူ​တို့​၏​နောက်​မှ​လိုက်​ကြ​၏။ ငါ​တို့​သည်​မုန့်​ဖို​ပြ​အိုး​ကို​ဖြတ်​၍​မြို့​ရိုး​ကျယ်​အ​ထိ​လျှောက်​သွား​ကြ​ပြီး​လျှင်၊-
NEH 12:39 ဧ​ဖ​ရိမ်​တံ​ခါး၊ မြို့​ဟောင်း​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး​နှင့်​ရာပြည့်​ပြ​အိုး​တို့​ကို​ဖြတ်​၍ သိုး​တံ​ခါး​သို့​သွား​ပြီး​နောက်​ဗိ​မာန်​တော်​အ​နီး​ရှိ​တံ​ခါး​တွင်​ရပ်​နေ​ကြ​၏။
NEH 12:40 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့်​လူ​စု​နှစ်​စု​စ​လုံး​ပင်​ဗိ​မာန်​တော်​နယ်​မြေ​သို့​ရောက်​ရှိ​လာ​ကြ​လေ​သည်။ ငါ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​ခေါင်း​ဆောင်​များ​အ​ပြင်၊-
NEH 12:41 ငါ​၏​လူ​စု​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သည့်​ဧ​လျာ​ကိမ်၊ မာ​သေ​ယ၊ မိ​ညာ​မိန်၊ မိက္ခာ​ယ၊ ဧ​လိ​သြ​နဲ၊ ဇာ​ခ​ရိ​နှင့်​ဟာ​န​နိ​တို့​ပါ​ဝင်​ကြ​၏။-
NEH 12:42 သူ​တို့​၏​နောက်​မှ​မာ​သေ​ယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ သြ​ဇိ ၊ ယော​ဟ​နန်၊ မာ​လ​ခိ​ယ၊ ဧ​လံ​နှင့်​ဧ​ဇာ​တို့​က​လိုက်​ကြ​၏။ ယေ​ဇ​ရာ​ဟိ​ခေါင်း​ဆောင်​သော​သီ​ချင်း​သည်​များ​သည်​အ​သံ​ကုန်​ဟစ်​၍​သီ​ဆို​ကြ​၏။
NEH 12:43 ထို​နေ့​၌​ယဇ်​အ​မြောက်​အ​မြား​ကို​ပူ​ဇော်​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​ခွင့်​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကြောင့်​လူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ သူ​တို့​နှင့်​အ​တူ​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​သည်​လည်း​ပါ​ဝင်​ဆင်​နွှဲ​ကြ​သည်​ဖြစ်​၍ သူ​တို့​၏​ရွှင်​လန်း​ဝမ်း​မြောက်​သံ​ကို​အ​ဝေး​က​ပင်​ကြား​နိုင်​လေ​သည်။
NEH 12:44 ထို​ကာ​လ​၌​နှစ်​စဉ်​အ​သီး​အ​နှံ​ဦး​များ​နှင့်​အ​ဦး​မှည့်​သည့်​သစ်​သီး​များ​၏​ဆယ်​ဖို့​တစ်​ဖို့​နှင့်​အ​ခြား​အ​လှူ​များ​ထား​ရှိ​ရာ​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက်​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း​တို့​ကို​ခန့်​ထား​ကြ​၏။ ဤ​သူ​တို့​သည်​ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​အ​လှူ​များ​ကို​မြို့​ရွာ​များ​အ​နီး​ရှိ​လယ်​ယာ​အ​သီး​သီး​မှ​ကောက်​ခံ​ရန်​တာ​ဝန်​ယူ​ကြ​ရ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် သန့်​စင်​မှု​မင်္ဂ​လာ​နှင့်​အ​ခြား​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​ခြား​ဘာ​သာ​ရေး​ဝတ်​များ​ကို​လည်း​ပြု​ကြ​သည်​ဖြစ်​၍ ယု​ဒ​ပြည်​သူ​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​၏။ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​များ​က​လည်း ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​စီ​ရင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​လေ​သည်။
NEH 12:46 ရှေး​ကာ​လ​ဒါ​ဝိဒ်​မင်း​နှင့်​ဂီ​တ​ပ​ညာ​သည်​အာ​သပ်​၏​လက်​ထက်​မှ​အ​စ​ပြု​၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​ဂီတ​ပ​ညာ​သည်​များ​က​ဦး​ဆောင်​သီ​ဆို​ခဲ့​ကြ​သည်။-
NEH 12:47 ဇေ​ရု​ဗ​ဗေ​လ​၏​လက်​ထက်​နှင့်​နေ​ဟ​မိ​၏​လက်​ထက်​၌​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​တို့​အ​တွက် ရိက္ခာ​များ​ကို​နေ့​စဉ်​နေ့​တိုင်း​ထောက်​ပံ့​လှူ​ဒါန်း​ကြ​လေ​သည်။ ပြည်​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​ရှင်း​သည့်​အ​ရာ​တို့​ကို​လှူ​ဒါန်း​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​များ​က​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား​သင့်​ရာ​အ​ချိုး​ကို​တစ်​ဆင့်​လှူ​ဒါန်း​ကြ​၏။
NEH 13:1 ထို​နေ့​၌​မော​ရှေ​၏​ပ​ညတ်​ကျမ်း​ကို​လူ​များ ရှေ့​မှာ​ဖတ်​ရွတ်​ကြ​ရာ``အမ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​တို့​အား​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​ထဲ​တွင်​အ​ဘယ်​အ​ခါ​၌​မျှ ပါ​ဝင်​ခွင့်​မ​ပြု​ရ'' ဟူ​သော​ကျမ်း​ပိုဒ်​သို့ ရောက်​ရှိ​လာ​လေ​သည်။-
NEH 13:2 ဤ​သို့​ပ​ညတ်​ရ​ခြင်း​မှာ​အမ္မုန်​နှင့်​မော​ဘ ပြည်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား များ​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​၌ အ​စာ​ရေ​စာ​ကို​မ​ပေး​ဘဲ​နေ​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။ ထို​ပြင်​ဗာ​လမ်​ကို​ငှား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကျိန်​ဆဲ စေ​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​ဘု​ရား​သ​ခင် သည်​ထို​ကျိန်​ဆဲ​သော​စ​ကား​ကို​ကောင်း​ချီး ပေး​သော​စ​ကား​ဖြစ်​စေ​တော်​မူ​၏။-
NEH 13:3 ထို​ကျမ်း​စ​ကား​ဖတ်​ရွတ်​သည်​ကို​ကြား​ကြ သော​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​အ​သိုင်း​အ​ဝိုင်း​မှ​လူ​မျိုး​ခြား​များ ကို​ပယ်​ထုတ်​လိုက်​ကြ​လေ​သည်။
NEH 13:4 ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန် ယူ​ထိန်း​သိမ်း​ရ​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​လျာ​ရှိပ် သည်​တော​ဘိ​နှင့်​ခင်​မင်​ရင်း​နှီး​လျက်​နေ သ​ဖြင့်၊-
NEH 13:5 ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ၊ နံ့​သာ​ပေါင်း၊ ဗိ​မာန်​တော်​အ​သုံး​အ​ဆောင်​များ​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​လှူ​ရ​သော အ​လှူ​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ၊ ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​အ​တွက် ဆယ် ဖို့​တစ်​ဖို့​ပေး​လှူ​သော​ဆန်​စ​ပါး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​ကို​သို​လှောင်​ရန်​အ​တွက် သာ​လျှင် အ​သုံး​ပြု​သော​အ​ခန်း​ကြီး​ကို တော​ဘိ​အား​အ​သုံး​ပြု​ခွင့်​ပေး​ထား​လေ သည်။-
NEH 13:6 ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ချိန်​တွင်​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​၌​မ​ရှိ။ ဗာ​ဗု​လုန်​ဘု​ရင် အာ​တ​ဇေ​ရဇ်​၏ နန်း​စံ​သုံး​ဆယ့်​နှစ်​နှစ်​မြောက်​၌​ငါ​သည်​မင်း ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​ရန်​သွား​ရောက်​ချိန် ဖြစ်​၏။ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ငါ​သည်​မင်း​ကြီး​ထံ​မှ​ခွင့်​ပြု​ချက်​ရ​သ​ဖြင့်၊-
NEH 13:7 ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက်​၍​ဗိ​မာန်​တော် အ​ခန်း​တစ်​ခု​ကို တော​ဘိ​အား​ဧလျာရှိပ်​ပေး အပ်​ထား​ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ငါ​သည်​ထိတ်​လန့်​၍၊-
NEH 13:8 လွန်​စွာ​အ​မျက်​ထွက်​ပြီး​လျှင်​တော​ဘိ​၏ ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို​ပစ်​ထုတ်​လိုက်​၏။-
NEH 13:9 အ​ခန်း​များ​ကို​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပြု​စေ​၍​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ပြန်​သွင်း​ရန်​အ​မိန့် ပေး​၏။
NEH 13:10 လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​ဂီ​တ ပ​ညာ​သည်​များ​သည်​ရိက္ခာ​အ​လုံ​အ​လောက် မ​ရ​ကြ​သ​ဖြင့် မိ​မိ​တို့​၏​လယ်​ယာ​များ​ရှိ ရာ​သို့​ပြန်​သွား​ကြ​ကြောင်း​ကို​ငါ​ကြား သိ​ရ​၏။-
NEH 13:11 ယင်း​သို့​ဗိ​မာန်​တော်​ကို​စွန့်​ပစ်​ထား​ခဲ့​ရန် ခွင့်​ပြု​သူ​အုပ်​ချုပ်​ရေး​မှူး​တို့​အား ငါ​သည် ပြစ်​တင်​ပြော​ဆို​ကာ​လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​ဂီ​တ​ပ​ညာ​သည်​များ​ကို​ဗိ​မာန်​တော် သို့​ခေါ်​ယူ​ပြီး​လျှင်​အ​မှု​တော်​ကို​တစ်​ဖန် ပြန်​လည်​ထမ်း​ဆောင်​စေ​၏။-
NEH 13:12 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ဖြစ် သည့်​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​သို့​ယူ ဆောင်​လာ​ကြ​လေ​သည်။-
NEH 13:13 ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​ရှေ​လ​မိ၊ ပ​ညတ် ကျမ်း​တတ်​မြောက်​သူ​ဇာ​ဒုတ်​နှင့်​လေ​ဝိ​အ​နွယ် ဝင်​ပေ​ဒါ​ယ​တို့​အား​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း များ​အ​ဖြစ်​ခန့်​ထား​၏။ မ​ဿ​နိ​၏​မြေး၊ ဇက္ကု​ရ ၏​သား​ဟာ​နန်​အား​ထို​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ခန့်​ထား​၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့ ၏​လုပ်​ဖော်​ဆောင်​ဘက်​များ​အား​သစ္စာ​ရှိ​စွာ ရိက္ခာ​ဖြန့်​ဖြူး​ပေး​မည့်​သူ​များ​ဖြစ်​ကြောင်း ငါ​စိတ်​ချ​ယုံ​ကြည်​၏။
NEH 13:14 အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​ဗိ​မာန် တော်​အ​တွက်​နှင့်​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး ကွယ်​မှု​အ​တွက်​အ​ကျွန်ုပ်​ပြု​ခဲ့​သ​မျှ​သော အ​မှု​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။
NEH 13:15 ထို​ကာ​လ​ယု​ဒ​ပြည်​သူ​အ​ချို့​တို့​သည် ဥ​ပုသ် နေ့​၌​စ​ပျစ်​သီး​များ​နယ်​လျက်​နေ​ကြ​သည် ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည်​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သ​ဖန်း​သီး​အ​စ​ရှိ သည်​တို့​ကို မိ​မိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။ သို့ ဖြစ်​၍​ဥ​ပုသ်​နေ့​တွင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ရောင်း​ချ​ရန်​သူ​တို့​အား​ငါ​သ​တိ ပေး​၏။-
NEH 13:16 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​တု​ရု​မြို့ သား​အ​ချို့​တို့​သည်​ငါး​နှင့်​အ​ခြား​ပစ္စည်း အ​မျိုး​မျိုး​ကို ငါ​တို့​အ​မျိုး​သား​များ​အား ဥ​ပုသ်​နေ့​တွင်​ရောင်း​ချ​ရန်​ယူ​ဆောင်​လာ ကြ​၏။-
NEH 13:17 ထို​အ​ခါ​ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ အား``သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​ကို ကြည့်​ကြ​လော့။ သင်​တို့​သည်​ဥ​ပုသ်​နေ့​ကို ညစ်​ညမ်း​စေ​ကြ​၏။-
NEH 13:18 သင်​တို့​၏​ဘိုး​ဘေး​များ​သည်​ဒု​စ​ရိုက်​ကို ပြု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​ဤ​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​အား​ဖြင့်​သူ​တို့​အား​ဒဏ် ခတ်​တော်​မူ​၏။ သို့​ပါ​လျက်​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ညစ်​ညမ်း​စေ​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ပို​မို ပြင်း​ထန်​စွာ​သက်​ရောက်​စေ​ကြ​မည်​လော'' ဟု​ပြစ်​တင်​ပြော​ဆို​၏။
NEH 13:19 ထို​နောက်​ငါ​သည်​အ​ဖိတ်​နေ့​နေ​ဝင်​ချိန်​မှ ဥ​ပုသ်​နေ့​ကုန်​အ​ထိ​မြို့​တံ​ခါး​များ​ကို​ပိတ် ထား​ရန်​အ​မိန့်​ပေး​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ် ကုန်​စည်​ကို​မျှ​မြို့​ထဲ​သို့​မ​သွင်း​စေ​ရန်​ငါ သည်​လူ​အ​ချို့​တို့​အား​မြို့​တံ​ခါး​များ တွင်​အ​စောင့်​ချ​ထား​၏။-
NEH 13:20 ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ရောင်း​ချ​သူ​ကုန်​သည် အ​ချို့​တို့​သည်​သော​ကြာ​နေ့​ည​၌​မြို့​တံ​ခါး ပြင်​တွင်​လာ​၍​အိပ်​ကြ​၏။ သူ​တို့​သည်​ယင်း​သို့ တစ်​ကြိမ်​နှစ်​ကြိမ်​ပြု​ကြ​၏။-
NEH 13:21 ငါ​သည်​သူ​တို့​အား``သင်​တို့​သည်​မိုး​လင်း​ချိန် ကို​မြို့​ပြင်​မှ​စောင့်​ဆိုင်း​လျက်​နေ​သော်​လည်း အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​၏။ သင်​တို့​နောက် တစ်​ကြိမ်​ဤ​သို့​ပြု​ကြ​လျှင် ငါ​သည်​သင် တို့​အား​အ​ကြမ်း​ဖက်​၍​နှင်​ထုတ်​ရ​လိမ့်​မည်'' ဟု​သ​တိ​ပေး​၏။ ထို​အ​ခါ​မှ​အ​စ​ပြု​၍ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​မ​လာ​ကြ​တော့ ပေ။-
NEH 13:22 ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ပြီး​လျှင်​မြို့​တံ​ခါး​များ​သို့​သွား​၍ စောင့်​ရန်​ငါ​အ​မိန့်​ပေး​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​ကို​လည်း​ထောက်​၍ အ​ကျွန်ုပ်​ကို​သ​တိ​ရ​တော်​မူ​ပါ။ မေတ္တာ​တော် နှင့်​အ​ညီ​အ​ကျွန်ုပ်​အား​သ​နား​တော်​မူ​ပါ။
NEH 13:23 ထို​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား​အ​မြောက် အ​မြား​ပင်​အာ​ဇုတ်၊ အမ္မုန်​နှင့်​မော​ဘ အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက် ထား​ကြ​ကြောင်း​ကို​လည်း​ငါ​တွေ့​ရှိ​ရ လေ​သည်။-
NEH 13:24 သူ​တို့​၏​သား​သ​မီး​တစ်​ဝက်​မျှ​သည်​ငါ​တို့ ဘာ​သာ​စ​ကား​ကို​မ​ပြော​တတ်။ အာ​ဇုတ်​သို့ မ​ဟုတ်​အ​ခြား​ဘာ​သာ​စ​ကား​တစ်​မျိုး မျိုး​ကို​သာ​ပြော​တတ်​ကြ​၏။-
NEH 13:25 သို့​ဖြစ်​၍​ငါ​သည်​ထို​အ​မျိုး​သား​တို့​အား ပြစ်​တင်​ကျိန်​ဆဲ​ရိုက်​နှက်​၏။ သူ​တို့​ဆံ​ပင် ကို​လည်း​ဆွဲ​နုတ်​၏။ ထို​နောက်``အ​ကျွန်ုပ်​တို့ သည်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​၏​သား​သ​မီး များ​သည်​လည်း​ကောင်း နောင်​အ​ဘယ်​အ​ခါ ၌​မျှ​လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​မ​ပြု တော့​ပါ'' ဟု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏ နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ ပြု​စေ​၏။-
NEH 13:26 ငါ​သည်​သူ​တို့​အား``ရှော​လ​မုန်​မင်း​ကို​အ​ပြစ် ကူး​လွန်​စေ​သူ​များ​ကား​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​ပင်​တည်း။ ထို​မင်း​သည်​အ​ခြား​လူ မျိုး​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​ထက်​ပို​၍​တန်​ခိုး ကြီး​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ချစ်​တော် မူ​သ​ဖြင့်​ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို​အုပ် စိုး​စေ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​သည်​လူ​မျိုး ခြား​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သည့်​အ​ပြစ် ကို​ကူး​လွန်​ပေ​သည်။-
NEH 13:27 သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ခြင်း​သင် တို့​၏​စံ​န​မူ​နာ​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​ရ​မည်​လော'' ဟု​ပြော​၏။
NEH 13:28 ယော​ယ​ဒ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ ရှိပ်​၏​သား​ဖြစ်​၏။ သို့​ရာ​တွင်​သူ​၏​သား​တစ် ယောက်​သည်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​၏​သ​မီး​နှင့်​အိမ်​ထောင်​ပြု​သ​ဖြင့် ငါ သည်​ယော​ယ​ဒ​အား​ယေ​ရု​ရှ​လင်​မြို့​မှ နှင်​ထုတ်​လိုက်​လေ​သည်။
NEH 13:29 အို ဘု​ရား​သ​ခင်၊ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို လည်း​ကောင်း​အ​ဘယ်​သို့​ရှုတ်​ချ​ကြ​သည် ကို​မှတ်​တော်​မူ​ပါ။
NEH 13:30 ငါ​သည်​ပြည်​သူ​တို့​အား​လူ​မျိုး​ခြား​နှင့် ဆိုင်​သော​အ​မှု​အ​ရာ​ဟူ​သ​မျှ​နှင့်​ကင်း​စင် စေ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​အ​သီး သီး​ကို​သိ​ရှိ​နား​လည်​ကြ​စေ​ရန်​စည်း မျဉ်း​များ​ကို​ရေး​ဆွဲ​ပေး​၏။-
NEH 13:31 အ​ချိန်​ကျ​လျှင်​ထင်း​အ​လှူ​ကို​လည်း​ကောင်း၊ ဆန်​စ​ပါး​အ​ဦး​အ​ဖျား​များ​နှင့်​အ​ဦး မှည့်​သည့်​သစ်​သီး​ပူ​ဇော်​သ​ကာ​များ​ကို လည်း​ကောင်း​ယူ​ဆောင်​လာ​ကြ​စေ​ရန်​စီ​မံ​၏။ အို ဘု​ရား​သ​ခင်​ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို သ​တိ​ရ​တော်​မူ​၍​အ​ကျွန်ုပ်​အား​ကျေး​ဇူး ပြု​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး​၏။
EST 1:1 ဇေ​ရဇ်​မင်း​သည်​ပေ​ရ​သိ​ပြည်​ရှု​ရှန်​မြို့​တော် ရာ​ဇ​ပလ္လင်​ထက်​နန်း​စံ​၍​အိန္ဒိ​ယ​ပြည်​မှ​သည် ဆူ​ဒန်​ပြည်​တိုင်​အောင် တစ်​ရာ​နှစ်​ဆယ့်​ခု​နစ် ပြည်​နယ်​တို့​ကို​အုပ်​စိုး​တော်​မူ​၏။
EST 1:3 သူ​သည်​နန်း​စံ​တ​တိ​ယ​နှစ်​၌​မိ​မိ​၏​မှူး​မတ် များ​နှင့် မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​အား စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​တော် မူ​၏။ ထို​ပွဲ​သို့​ပေ​ရ​သိ​နှင့်​မေ​ဒိ​တပ်​မ တော်​များ၊ ပြည်​နယ်​ဘု​ရင်​ခံ​များ​နှင့်​မှူး မတ်​များ​လည်း​တက်​ရောက်​ကြ​လေ​သည်။-
EST 1:4 သူ​သည်​မိ​မိ​နန်း​တော်​၏​စည်း​စိမ်​နှင့်​ဘုန်း အ​သ​ရေ​ကို ခြောက်​လ​တိုင်​တိုင်​ခင်း​ကျင်း ပြ​သ​ထား​တော်​မူ​၏။
EST 1:5 ထို​နောက်​မင်း​ကြီး​သည်​ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ ရှု​ရှန်​မြို့​တော်​သူ​မြို့​တော်​သား​အ​ပေါင်း​တို့ အား စား​သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး တော်​မူ​၏။ ထို​စား​သောက်​ပွဲ​ကြီး​ကို​ဘု​ရင့် နန်း​တော်​ဥ​ယျာဉ်​အ​တွင်း​၌ ခု​နစ်​ရက်​ပတ် လုံး​ကျင်း​ပ​တော်​မူ​၏။-
EST 1:6 ဥ​ယျာဉ်​တော်​ဝင်း​တွင်​ငွေ​ကွင်း​တပ်​ထား သည့်​ကျောက်​ဖြူ​တိုင်​များ​၌ ပိတ်​ချော​အ​ဖြူ အ​ပြာ​ကန့်​လန့်​ကာ​များ​ကို​မ​ရမ်း​စေ့​ရောင် ပိတ်​ကြိုး​များ​ဖြင့်​ချည်​၍​တန်​ဆာ​ဆင်​ထား ၏။ ကျောက်​ဖြူ၊ ကျောက်​သ​လင်း၊ က​နု​က​မာ၊ စိမ်း​ပြာ​ကျောက်​များ​နှင့်​အ​ကွက်​ဖော်​၍​ခင်း ထား​သည့်​ဥ​ယျာဉ်​တော်​ဝင်း​အ​တွင်း​၌ ရွှေ နှင့်​ငွေ​တို့​ဖြင့်​ပြီး​သော​ညောင်​စောင်း​များ ကို​လည်း​ထား​ရှိ​လေ​သည်။-
EST 1:7 မင်း​ကြီး​သည်​စ​ပျစ်​ရည်​ကို​ရွှေ​ဖ​လား​များ နှင့်​ထည့်​၍​တိုက်​စေ​တော်​မူ​၏။ ထို​ဖ​လား​တို့ သည်​တစ်​ခု​နှင့်​တစ်​ခု​ဆင်​သည်​ဟူ​၍​မ​ရှိ ပေ။ စ​ပျစ်​ရည်​ကို​ရက်​ရော​စွာ​တိုက်​စေ​တော် မူ​၏။-
EST 1:8 အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ လူ​တိုင်း​အ​လို​ရှိ သ​လောက်​သောက်​သုံး​နိုင်​စေ​ရန် နန်း​တော် အ​စေ​ခံ​တို့​အား​မိန့်​မှာ​ထား​တော်​မူ​၏။
EST 1:9 ထို​အ​တော​အ​တွင်း​၌​ဝါ​ရှ​တိ​မိ​ဖု​ရား​သည် လည်း​နန်း​တွင်း​၌ အ​မျိုး​သ​မီး​များ​အား​စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​လျက် နေ​ပေ​သည်။
EST 1:10 ပွဲ​တော်​သတ္တ​မ​နေ့​ရက်​ရောက်​သော​အ​ခါ မင်း ကြီး​သည်​စ​ပျစ်​ရည်​သောက်​၍​ရွှင်​လန်း​သော အ​ခါ အ​ပါး​တော်​မြဲ​မိန်း​မ​စိုး​ခု​နစ်​ယောက် ဖြစ်​ကြ​သော​မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တို့ ကို​ခေါ်​ယူ​ကာ၊-
EST 1:11 မိ​ဖု​ရား​ဝါ​ရှ​တိ​အား​ရာ​ဇ​သ​ရ​ဖူ​ဆောင်း စေ​၍ ရှေ့​တော်​သို့​သွင်း​ရန်​အ​မိန့်​ပေး​တော် မူ​၏။ မိ​ဖု​ရား​သည်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​သူ​၏​အ​ဆင်း ကို​မှူး​မတ်​များ​နှင့်​ဧည့်​သည်​တော်​အ​ပေါင်း တို့​အား​ပြ​စား​လို​ပေ​သည်။-
EST 1:12 သို့​ရာ​တွင်​ဝါ​ရှ​တိ​သည်​ဘု​ရင့်​အ​မိန့်​တော် ကို​ဖီ​ဆန်​၍ ရှေ့​တော်​သို့​မ​ဝင်​ဘဲ​နေ​သ​ဖြင့် မင်း​ကြီး​သည်​အ​မျက်​ဒေါ​သ​ခြောင်း​ခြောင်း ထွက်​တော်​မူ​လေ​သည်။
EST 1:13 ဘု​ရင်​တို့​မည်​သည် ငြိမ်​ဝပ်​ပိ​ပြား​ရေး​ဆိုင် ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ်​သက်​၍ တ​ရား ဥ​ပ​ဒေ​သ​ကျွမ်း​ကျင်​သူ​တို့​၏​အ​ကြံ ဉာဏ်​ကို​တောင်း​ခံ​ကြ​စ​မြဲ​ဖြစ်​သည်​နှင့် အ​ညီ မင်း​ကြီး​သည်​ဤ​အ​မှု​ကိစ္စ​တွင် အ​ဘယ်​သို့​ဆောင်​ရွက်​သင့်​သည်​ကို​မေး မြန်း​ရန်​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​ကို ခေါ်​ယူ​တော်​မူ​၏။-
EST 1:14 မင်း​ကြီး​အ​များ​ဆုံး​တိုင်​ပင်​လေ့​ရှိ​သော သူ​များ​မှာ ပေ​ရ​သိ​နှင့်​မေ​ဒိ​အ​မတ်​များ ဖြစ်​ကြ​သော​ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ မာ​သ၊ တာ​ရှိ​ရှ၊ မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန် တို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ကား​နိုင်​ငံ​တော် တွင်​အ​မြင့်​ဆုံး​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့် ခြင်း​ခံ​ရ​သူ​များ​ဖြစ်​သ​တည်း။-
EST 1:15 မင်း​ကြီး​က​သူ​တို့​အား``ငါ​ဇေ​ရဇ်​မင်း သည်​ငါ​၏​အ​စေ​ခံ​တို့​ကို​ဝါ​ရှ​တိ​မိ ဖု​ရား​ထံ​သို့​စေ​လွှတ်​၍ ငါ​၏​အ​မိန့်​ကို ဆင့်​ဆို​စေ​ရာ​သူ​သည်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​ပါ။ သို့​ဖြစ်​၍​ငါ​သည်​သူ့​အား တရား​ဥ​ပ​ဒေ​အ​ရ​အ​ဘယ်​သို့​ပြု​သင့် ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
EST 1:16 ထို​အ​ခါ​မ​မု​ကန်​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​အား``ဝါ​ရှ​တိ​မိ​ဖု​ရား​သည်​ဘု​ရင် မင်း​မြတ်​ကို​သာ​လျှင်​စော်​ကား​သည်​မ​ဟုတ် ပါ။ ဘု​ရင့်​မှူး​ကြီး​မတ်​ရာ​တို့​ကို​လည်း​စော် ကား​ပေ​သည်။ အ​ကယ်​စင်​စစ်​သူ​သည်​အင် ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စော်​ကား​ပါ​၏။-
EST 1:17 အင်​ပါ​ယာ​နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​အ​မျိုး သ​မီး​အ​ပေါင်း​သည် မိ​ဖု​ရား​ပြု​သည့်​အ​မှု ကို​ကြား​သိ​လျှင် မိ​မိ​တို့​ခင်​ပွန်း​များ​အား အ​ထင်​သေး​ကြ​ပါ​လိမ့်​မည်။ သူ​တို့​က``ဇေ​ရဇ် မင်း​သည်​ဝါ​ရှ​တိ​မိ​ဖု​ရား​အား​အ​မိန့်​ပေး ၍​ခေါ်​ယူ​ပါ​သော်​လည်း မိ​ဖု​ရား​က​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​ဟု​ပြော​ဆို​ကြ​ပါ လိမ့်​မည်။-
EST 1:18 မိ​ဖု​ရား​၏​အ​ပြု​အ​မူ​ကို​ကြား​သိ​ရ သည့်​ပေ​ရ​သိ​နှင့် မေ​ဒိ​မှူး​မတ်​က​တော်​တို့ သည်​နေ​မ​ဝင်​မီ​မှူး​မတ်​တို့​အား ထို​အ​ကြောင်း ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ အ​မျိုး​သ​မီး များ​သည်​မိ​မိ​တို့​ခင်​ပွန်း​တို့​အား​မ​ထီ မဲ့​မြင်​ပြု​၍ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ဇ​နီး​တို့​အား​ဒေါ​သ​အ​မျက်​ထွက်​ကြ လိမ့်​မည်။-
EST 1:19 အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် ဝါ​ရှ​တိ​မိ​ဖု​ရား​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ ရှေ့​တော်​သို့​ဝင်​ခွင့်​မ​ပြု​ကြောင်း​ရာ​ဇ အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန်​တော်​မူ ပါ။ ထို​အ​မိန့်​တော်​ကို​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​မ​ပြောင်း​မ​လဲ​နိုင်​စိမ့်​သော​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဋ္ဌမ္မ​သတ်​များ​တွင်​ထည့်​သွင်း​ရေး​မှတ် ၍​ထား​တော်​မူ​ပါ။ ထို​နောက်​မိ​ဖု​ရား​၏ ရာ​ထူး​ကို သူ့​ထက်​သာ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​အား​ချီး​မြှင့်​တော်​မူ​ပါ။-
EST 1:20 အ​ရှင်​၏​အ​မိန့်​တော်​ကို ဤ​ကျယ်​ဝန်း​သည့် အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး​တွင် ကြေ​ညာ​လိုက်​သော​အ​ခါ အ​မျိုး​သ​မီး အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ခင်​ပွန်း​များ အား​ဆင်း​ရဲ​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည် ဖြစ်​စေ​ရို​သေ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ၏။
EST 1:21 မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည် ဤ​စ​ကား​ကို နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​မ​မု​ကန်​အ​ကြံ​ပေး​သည့် အ​တိုင်း​ပြု​တော်​မူ​၏။-
EST 1:22 သူ​သည်​မိ​မိ​၏​နယ်​ပယ်​ရှိ​သ​မျှ​တို့​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​၍ ဒေ​သ​ဆိုင်​ရာ​ဘာ သာ​စ​ကား​ဖြင့်``ခင်​ပွန်း​ဖြစ်​သူ​သည် မိ​မိ​အိမ် ထောင်​တွင်​ဦး​စီး​ခေါင်း​ဆောင်​ဖြစ်​စေ​ရ​မည်။ သူ​၏​စ​ကား​ကို​မ​လွန်​ဆန်​ရ'' ဟူ​၍​အ​မိန့် ထုတ်​ပြန်​တော်​မူ​၏။
EST 2:1 ထို​နောက်​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ သော​အ​ခါ ဝါ​ရှ​တိ​ပြု​ခဲ့​သည့်​အ​မှု​ကို လည်း​ကောင်း၊ မိ​မိ​ထုတ်​ပြန်​ကြေ​ငြာ​ခဲ့​သည့် အ​မိန့်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​၏။-
EST 2:2 သို့​ဖြစ်​၍​သူ​နှင့်​ရင်း​နှီး​သော​အ​ကြံ​ပေး​အ​ရာ ရှိ​များ​က​မင်း​ကြီး​အား``အ​ရှင်​သည်​အ​ဘယ် ကြောင့်​အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​များ ကို​ရှာ​စေ​တော်​မ​မူ​ပါ​သ​နည်း။-
EST 2:3 အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် အ​ပေါင်း​တွင် မင်း​အ​ရာ​ရှိ​များ​ကို​ခန့်​ထား​၍ အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​အ​ပေါင်း​ကို မြို့​တော်​ရှု​ရှန်​ရှိ​အ​ရှင့်​အ​ပျို​တော်​ဆောင်​သို့ ခေါ်​ဆောင်​လာ​စေ​တော်​မူ​ပါ။ သူ​တို့​အား အ​ရှင့်​မိန်း​မ​စိုး​ဟေ​ဂဲ​၏​လက်​တွင်​အပ်​၍ အ​လှ​ပြု​ပြင်​ပေး​စေ​တော်​မူ​ပါ။-
EST 2:4 ထို​နောက်​အ​ရှင်​အ​နှစ်​သက်​ဆုံး​အ​မျိုး​သ​မီး ကို​ရွေး​၍ ဝါ​ရှ​တိ​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​ပါ'' ဟု​အ​ကြံ​ပေး​လျှောက်​ထား​ကြ​၏။ မင်း ကြီး​သည်​ထို​အ​ကြံ​ပေး​လျှောက်​ထား​ချက် ကို​နှစ်​သက်​၍​ထို​အ​တိုင်း​ပြု​တော်​မူ​၏။
EST 2:5 မြို့​တော်​ရှု​ရှန်​တွင်​ယာ​ဣ​ရ​၏​သား မော်​ဒ​ကဲ ဆို​သူ​ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​ရှိ​၏။ သူ သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၍​ကိ​ရှ​နှင့်​ရှိ​မိ တို့​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။-
EST 2:6 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား​ယေ​ရု​ရှ​လင်​မြို့​မှ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သော​အ​ခါ​၌ မော် ဒ​ကဲ​သည်​လည်း​သုံ့​ပန်း​များ​အ​ထဲ​တွင် ပါ​သွား​လေ​သည်။-
EST 2:7 သူ့​မှာ​ဧ​သ​တာ​ဆို​သူ​နှ​မ​ဝမ်း​ကွဲ​ရှိ​၏။ ဧ​သ​တာ​၏​ယု​ဒ​နာ​မည်​ကား​ဟ​ဒ​ဿ တည်း။ သူ​၏​မိ​ဘ​များ​ကွယ်​လွန်​သွား​သော အ​ခါ​မော်​ဒ​ကဲ​သည်​သူ့​ကို​မွေး​စား​ကာ မိ​မိ​၏​သ​မီး​အ​ရင်း​သ​ဖွယ်​ကျွေး​မွေး ပြု​စု​ခဲ့​၏။ ဧ​သ​တာ​သည်​အ​ဆင်း​လှ​၍ ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​သည့်​အ​မျိုး သ​မီး​က​လေး​တစ်​ဦး​ဖြစ်​ပေ​သည်။
EST 2:8 ထို​ကြောင့်​မင်း​ကြီး​ကြေ​ငြာ​ချက်​အ​သစ် အ​ရ အ​မျိုး​သ​မီး​ငယ်​အ​မြောက်​အ​မြား ကို ရှု​ရှန်​မြို့​သို့​ခေါ်​ဆောင်​လာ​ကြ​သော အ​ခါ​ဧ​သ​တာ​ပါ​လာ​ခဲ့​လေ​သည်။ သူ့ အား​လည်း​နန်း​တွင်း​၌​ထား​ရှိ​ကာ​မိန်း​မ စိုး​ဟေ​ဂဲ​၏​လက်​သို့​ပေး​အပ်​ကြ​၏။-
EST 2:9 ဟေ​ဂဲ​သည်​ဧ​သ​တာ​အား​စိတ်​နှင့်​တွေ့​သ​ဖြင့် မျက်​နှာ​သာ​ပေး​၏။ နှိပ်​နယ်​ပေး​ခြင်း၊ အ​ထူး အ​စား​အ​စာ​ကို​ကျွေး​ခြင်း​တို့​ကို​အ​လျင် အ​မြန်​စ​တင်​ပြု​လုပ်​ပေး​၏။ အ​ပျို​တော် ဆောင်​တွင်​အ​ကောင်း​ဆုံး​နေ​ရာ​ထိုင်​ခင်း​ကို ပေး​၍ နန်း​တွင်း​သူ​အ​မျိုး​သ​မီး​ခု​နစ် ယောက်​ကို​အ​ထူး​ရွေး​ချယ်​ကာ​ဧ​သ​တာ ကို​လုပ်​ကျွေး​ပြု​စု​စေ​၏။
EST 2:10 ဧ​သ​တာ​သည်​မော်​ဒ​ကဲ​၏​အ​ကြံ​ပေး​ချက် အ​ရ မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို​လျှို့​ဝှက် ၍​ထား​လေ​သည်။-
EST 2:11 နေ့​စဉ်​နေ့​တိုင်း​ပင်​မော်​ဒ​ကဲ​သည်​ဧ​သ​တာ ၏​အ​ခြေ​အ​နေ​ကို​လည်း​ကောင်း၊ သူ့​အား အ​ဘယ်​သို့​ပြု​ကြ​မည်​ကို​လည်း​ကောင်း​သိ​ရှိ နိုင်​ရန် အ​ပျို​တော်​ဆောင်​ဝင်း​ရှေ့​၌​ခေါက်​တုန့် ခေါက်​ပြန်​လျှောက်​လျက်​နေ​တတ်​၏။
EST 2:12 အ​မျိုး​သ​မီး​များ​အ​တွက် ပြု​လုပ်​နေ​ကျ အ​လှ​ပြု​ပြင်​မှု​မှာ​တစ်​နှစ်​မျှ​ကြာ​လေ သည်။ သူ​တို့​အား​မု​ရန်​ဆီ​ဖြင့်​ခြောက်​လ၊ သစ်​ဆီ​မွှေး​ဖြင့်​နောက်​ထပ်​ခြောက်​လ​နှိပ်​နယ် ပေး​ရ​၏။ ထို​နောက်​အ​မျိုး​သ​မီး​များ​သည် တစ်​ယောက်​ပြီး​တစ်​ယောက်​အ​လှည့်​ကျ ဇေ​ရဇ်​မင်း​၏​အ​ထံ​တော်​သို့​ဝင်​ကြ​ရ သည်။-
EST 2:13 အ​လှည့်​ကျ​သူ​သည်​အ​ပျို​တော်​ဆောင်​မှ နန်း​တော်​သို့​သွား​သော​အ​ခါ မိ​မိ​နှစ်​သက် ရာ​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​နိုင်​၏။-
EST 2:14 သူ​သည်​ညဥ့်​ဦး​အ​ချိန်​၌​နန်း​တော်​သို့​ဝင် ရ​၍​နောက်​တစ်​နေ့​နံ​နက်​၌ ဘု​ရင့်​မိန်း​မ​စိုး ရှာ​ရှ​ဂါ​ဇ​အုပ်​ချုပ်​သည့်​မောင်း​မ​တော်​ဆောင် သို့​ပြန်​ရ​လေ​သည်။ မင်း​ကြီး​သည်​မြတ်​နိုး​၍ နာ​မည်​အား​ဖြင့်​ခေါ်​တော်​မ​မူ​လျှင် နောက် တစ်​ဖန်​မင်း​ကြီး​ထံ​သို့​မ​ဝင်​ရ။
EST 2:15 အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။-
EST 2:16 ထို့​ကြောင့်​ဧ​သ​တာ​သည်​ဇေ​ရဇ်​မင်း​နန်း​စံ သတ္တ​မ​နှစ်​တေ​ဗက်​ခေါ်​ဒ​သ​မ​လ​၌ နန်း တော်​အ​တွင်း​ဇေ​ရဇ်​မင်း​၏​ရှေ့​တော်​သို့ ရောက်​ရှိ​သွား​၏။-
EST 2:17 မင်း​ကြီး​သည်​သူ့​အား​အ​ခြား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​ထက်​ပို​၍​နှစ်​သက်​တော် မူ​သ​ဖြင့် သူ​သည်​ရှေ့​တော်​တွင်​မျက်​နှာ​ပွင့် လန်း​လျက်​ချစ်​ခင်​မြတ်​နိုး​တော်​မူ​ခြင်း ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​သည်​သူ့​အား ရာ​ဇ​သ​ရ​ဖူ​ကို​ဆောင်း​၍​ပေး​ပြီး​လျှင် ဝါ​ရှ​တိ​၏​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​၏။-
EST 2:18 ထို​နောက်​မိ​မိ​၏​မှူး​မတ်​များ​နှင့်​မင်း​အ​ရာ ရှိ​အ​ပေါင်း​ကို​ဖိတ်​ကြား​တော်​မူ​၍ ဧ​သ​တာ အား​ဂုဏ်​ပြု​စား​သောက်​ပွဲ​ကြီး​ကို​ကျင်း​ပ တော်​မူ​၏။ သူ​သည်​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝှမ်း​လုံး​တွင်​ထို​နေ့​ကို​အ​လုပ်​နား​ရက် အ​ဖြစ်​သတ်​မှတ်​ကြေ​ငြာ​တော်​မူ​၍ ဘု​ရင့် ဂုဏ်​နှင့်​လျော်​စွာ​ဆု​တော်​လာဘ်​တော်​များ ကို​လည်း​ပေး​သ​နား​တော်​မူ​၏။
EST 2:19 ဤ​အ​ချိန်​အ​တော​အ​တွင်း​၌​မင်း​ကြီး သည်​မော်​ဒ​ကဲ​အား အုပ်​ချုပ်​ရေး​ရာ​ထူး တစ်​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။-
EST 2:20 ဧ​သ​တာ​မူ​ကား​မော်​ဒ​ကဲ​၏​မှာ​ကြား ချက်​အ​ရ​မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို ယ​ခု​တိုင်​အောင်​အ​ဘယ်​သူ​ကို​မျှ​အ​သိ မ​ပေး​ဘဲ​နေ​၏။ သူ​သည်​က​လေး​ဘ​ဝ​က မော်​ဒ​ကဲ​၏​စ​ကား​ကို​နား​ထောင်​ခဲ့​သည့် နည်း​တူ ဤ​အ​မှု​ကိစ္စ​တွင်​လည်း​နား​ထောင် လေ​သည်။
EST 2:21 နန်း​တွင်း​၌​မော်​ဒ​ကဲ​သည် အုပ်​ချုပ်​ရေး​တာ​ဝန် ကို​ထမ်း​ဆောင်​နေ​ရ​စဉ်​အ​ခါ ဘု​ရင့်​အ​ဆောင် တော်​တံ​ခါး​စောင့်​မိန်း​မ​စိုး​နှစ်​ယောက်​တို့​သည် ဇေ​ရဇ်​မင်း​အား​အ​မျက်​ထွက်​သ​ဖြင့်​လုပ် ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-
EST 2:22 မော်​ဒ​ကဲ​သည်​ထို​အ​ကြောင်း​ကို​ကြား​သိ​ရ သ​ဖြင့် မိ​ဖု​ရား​ဧ​သ​တာ​အား​ပြော​ကြား​၏။ သို့​ဖြစ်​၍​ဧ​သ​တာ​သည်​မင်း​ကြီး​အား မော်​ဒ​ကဲ​သိ​ရှိ​ရ​ချက်​ကို​လျှောက်​ထား​၏။-
EST 2:23 ထို​အ​မှု​ကို​စုံ​စမ်း​စစ်​ဆေး​သော​အ​ခါ မော်​ဒ​ကဲ​ပေး​သည့်​သ​တင်း​မှန်​ကန်​ကြောင်း တွေ့​ရှိ​ရ​သ​ဖြင့် ထို​သူ​နှစ်​ယောက်​စ​လုံး​ပင် လည်​ဆွဲ​တိုင်​၌​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ​ကြ လေ​သည်။ မင်း​ကြီး​သည်​ဤ​အ​မှု​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ​တွင်​ရေး မှတ်​ထား​စေ​တော်​မူ​၏။
EST 3:1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ဇေ​ရဇ်​မင်း သည်​အာ​ဂတ် မှ​ဆင်း​သက်​သူ၊ ဟ​မ္မေဒါ​သ​၏​သား​ဟာ​မန် အား​ဝန်​ကြီး​ချုပ်​အ​ဖြစ်​ချီး​မြှင့်​တော်​မူ​၏။-
EST 3:2 မင်း​ကြီး​သည်​ဟာ​မန်​အား​ဦး​ညွတ်​ရှိ​ခိုး ၍​အ​ရို​အ​သေ​ပေး​ကြ​ရန် အ​မှု​တော်​ထမ်း အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​အ​မိန့်​ထုတ်​ပြန် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။-
EST 3:3 မော်​ဒ​ကဲ​တစ်​ဦး​တည်း​သာ​လျှင်​မ​လိုက်​နာ ဘဲ​နေ​၏။ အ​ခြား​နန်း​တွင်း​အ​ရာ​ရှိ​များ​က သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဘု​ရင့်​အ​မိန့် တော်​ကို​ဖီ​ဆန်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကာ၊-
EST 3:4 အ​လျှော့​ပေး​ရန်​နေ့​စဉ်​နေ့​တိုင်း​တိုက်​တွန်း ကြ​၏။ သို့​ရာ​တွင်​မော်​ဒ​ကဲ​သည်​နား​မ​ထောင် ဘဲ``ငါ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး​ဖြစ် သ​ဖြင့်​ဟာ​မန်​အား​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​နိုင် ပါ'' ဟု​ရှင်း​ပြ​လေ​သည်။ ထို့​ကြောင့်​ထို​သူ တို့​သည်​မော်​ဒ​ကဲ​၏​အ​ပြု​အ​မူ​ကို ဟာ​မန် သည်း​ခံ​မည်​မ​ခံ​မည်​ကို​သိ​လို​၍​ဟာ​မန် အား​တိုင်​ကြား​ကြ​၏။-
EST 3:5 ဤ​သို့​မော်​ဒ​ကဲ​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​လို သည့်​အ​ကြောင်း​ကို​ကြား​သိ​ရ​သော​အ​ခါ ဟာ​မန်​သည်​လွန်​စွာ​အ​မျက်​ထွက်​လေ​သည်။-
EST 3:6 မော်​ဒ​ကဲ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ရ​သ​ဖြင့် ဟာ​မန် သည်​မော်​ဒ​ကဲ​တစ်​ဦး​တည်း​ကို​သာ​မ​ဟုတ်၊ ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း ရှိ ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို​ပါ ကွပ်​မျက်​ရန်​ကြံ​စည်​လေ​သည်။
EST 3:7 ဇေ​ရဇ်​မင်း​နန်း​စံ​ဆယ့်​နှစ်​နှစ်​မြောက်၊ နိ​သန် ခေါ်​ပ​ထ​မ​လ​၌​ဟာ​မန်​သည် မိ​မိ​၏​အ​ကြံ အ​စည်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် သင့် လျော်​မည့်​နေ့​ရက်​ကို​ပု​ရ​ဟု​ခေါ်​သော မဲ စ​နစ်​ဖြင့်​ရွေး​ချယ်​စေ​ရာ​အာ​ဒါ​ခေါ်​ဒွါ ဒ​သ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​ကို​ရ​ရှိ​လေ သည်။
EST 3:8 ထို့​ကြောင့်​ဟာ​မန်​သည်​မင်း​ကြီး​အား``အ​ရှင် ၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​ပြည်​နယ်​တိုင်း​မှာ ပင်​ပျံ့​နှံ့​လျက်​နေ​သည့်​လူ​မျိုး​တစ်​မျိုး​ရှိ ပါ​သည်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​သည် အ​ခြား​လူ​မျိုး​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​နှင့် မ​တူ​ပါ။ သူ​တို့​သည်​နိုင်​ငံ​တော်​၏​တရား ဥ​ပ​ဒေ​များ​ကို​လည်း​မ​လိုက်​နာ​ကြ​ပါ။ သို့​ဖြစ်​၍​သူ​တို့​အား​သည်း​ခံ​လျက်​နေ ခြင်း​အား​ဖြင့်​အ​ရှင့်​၏​အ​တွက်​အ​ကျိုး ရှိ​မည်​မ​ဟုတ်​ပါ။-
EST 3:9 အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် သူ​တို့​အား​ကွပ်​မျက်​ရန်​အ​မိန့်​ထုတ်​ပြန်​တော် မူ​ပါ။ အ​ရှင်​ဤ​သို့​ပြု​တော်​မူ​မည်​ဆို​ပါ​လျှင် နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး​အ​တွက် အ​ရှင့်​ဘဏ္ဍာ တော်​သို့​ငွေ​သုံး​ရာ​ခု​နစ်​ဆယ့်​ငါး​တန်​ပေး သွင်း​ရန်​ကျွန်​တော်​မျိုး​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​၏။
EST 3:10 ထို​အ​ခါ​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့်​ကြေ ငြာ​ချက်​များ​ကို​တ​ရား​ဝင်​ဖြစ်​စေ​ရန် တံ​ဆိပ် ခတ်​နှိပ်​ရ​သည့်​လက်​စွပ်​တော်​ကို​ချွတ်​၍​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ၊ အာ​ဂတ်​မှ​ဆင်း သက်​သူ၊ ဟ​မ္မေ​ဒါ​သ​၏​သား​ဟာ​မန်​အား ပေး​အပ်​လျက်၊-
EST 3:11 ``သင့်​သ​ဘော​အ​တိုင်း​ပြု​ရန်​ထို​လူ​မျိုး​နှင့် သူ​တို့​၏​ငွေ​ကို​သင့်​လက်​သို့​ငါ​ပေး​အပ်​၏'' ဟု​မိန့်​တော်​မူ​၏။
EST 3:12 ပ​ထ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​၌​ဟာ​မန်​သည် မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ်​၍ အ​မိန့် ကြေ​ငြာ​ချက်​ရေး​သား​ရန်​နှုတ်​တိုက်​ချ​၍ ပေး​လေ​သည်။ ထို​နောက်​ထို​အ​မိန့်​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​လူ​အ​မျိုး မျိုး​တို့​၏​ဘာ​သာ​စ​ကား​သို့​ပြန်​ဆို​ရေး သား​စေ​၍​အုပ်​ချုပ်​သူ​များ၊ ဘု​ရင်​ခံ​များ နှင့်​မင်း​အရာ​ရှိ​ထံ​သို့​ပေး​ပို့​၏။ ထို​အ​မိန့် တော်​ကို​ဇေ​ရဇ်​မင်း​၏​နာ​မည်​နှင့်​ထုတ် ပြန်​ကာ ဘု​ရင့်​တံ​ဆိပ်​တော်​ခတ်​နှိပ်​ထား လေ​သည်။-
EST 3:13 စာ​ပို့​လု​လင်​တို့​သည်​ထို​အ​မိန့်​တော်​ကို အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် ရှိ​သ​မျှ​သို့​ယူ​ဆောင်​သွား​ကြ​၏။ ထို​အ​မိန့် တော်​တွင်``အာ​ဒါ​လ၊ ဆယ့်​သုံး​ရက်​နေ့​တစ်​နေ့ တည်း​၌​ယု​ဒ​အ​မျိုး​သား​လူ​ကြီး​လူ​ငယ် ယောကျာ်း​မိန်း​မ​ရှိ​သ​မျှ​ကို​မ​သ​နား၊ မ ညှာ​တာ​ဘဲ​သတ်​ဖြတ်​ကာ​သူ​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​လု​ယူ​စေ'' ဟု​ပါ​ရှိ​၏။-
EST 3:14 ယင်း​သို့​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ​လျှင် အ​သင့်​ရှိ​နေ​ကြ​စေ​ရန် ထို​အ​မိန့်​တော်​ကို ပြည်​နယ်​တိုင်း​တွင်​ကြေ​ငြာ​ရန်​ဖြစ်​သည်။
EST 3:15 မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ရှု​ရှန်​မြို့​တော် တွင်​ဤ​အ​မိန့်​တော်​ကို​ထုတ်​ပြန်​ကြေ​ငြာ ကြ​၏။ ထို​နောက်​စာ​ပို့​လု​လင်​တို့​သည်​ကြေ ငြာ​ချက်​ကို​ပြည်​နယ်​များ​သို့​ယူ​ဆောင်​သွား ကြ​၏။ ရှု​ရှန်​မြို့​တော်​တွင်​မ​ငြိမ်​မ​သက်​ဖြစ် နေ​ချိန်​၌​မင်း​ကြီး​နှင့်​ဟာ​မန်​တို့​သည်​ထိုင် လျက်​စ​ပျစ်​ရည်​သောက်​နေ​ကြ​လေ​သည်။
EST 4:1 ဤ​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို မော်​ဒ​ကဲ သိ​ရ​သော​အ​ခါ​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍​ဦး​ခေါင်း​ကို​ပြာ​နှင့်​လူး​၏။ ထို နောက်​သူ​သည်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည်​တမ်း လျက် နန်း​တော်​အ​ဝင်​ဝ​သို့​ရောက်​သည်​တိုင် အောင်​မြို့​ကို​ဖြတ်​၍​လျှောက်​သွား​လေ​သည်။ မည်​သူ​မ​ဆို​လျှော်​တေ​ကို​ဝတ်​၍ နန်း​တွင်း သို့​မ​ဝင်​ရ​သော​ကြောင့်​သူ​သည်​နန်း​တွင်း သို့​မ​ဝင်​ချေ။-
EST 4:3 မင်း​ကြီး​၏​အ​မိန့်​ကြေ​ငြာ​ချက်​ရောက်​ရှိ လေ​ရာ​ပြည်​နယ်​တို့​၌ ယု​ဒ​အ​မျိုး​သား တို့​သည်​အ​စာ​ရှောင်​၍​အော်​ဟစ်​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။ လူ​တိုင်း​လို​ပင်​လျှော် တေ​ကို​ဝတ်​ကာ​ပြာ​ပေါ်​တွင်​လှဲ​၍​နေ​ကြ ကုန်​၏။
EST 4:4 အ​ပျို​တော်​တို့​နှင့်​မိန်း​မ​စိုး​တို့​သည် မော်​ဒ​ကဲ အ​ဘယ်​သို့​ပြု​လျက်​နေ​သည်​ကို​ဧ​သ​တာ အား​ပြော​ပြ​ကြ​၏။ ထို​အ​ခါ​ဧ​သ​တာ သည်​လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​၍ မော်​ဒ​ကဲ​အား လျှော်​တေ​ကို​လဲ​စေ​ရန်​ပေး​ပို့​သော်​လည်း မော်​ဒ​ကဲ​လက်​မ​ခံ​ဘဲ​နေ​၏။-
EST 4:5 ထို​အ​ခါ​မိ​ဖု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ အ​ဖြစ် မင်း​ကြီး​ခန့်​ထား​ပေး​သူ၊ မိန်း​မ​စိုး ဟာ​တက်​ကို​ခေါ်​ယူ​ပြီး​လျှင် အ​ကျိုး အ​ကြောင်း​ကို​စုံ​စမ်း​ရန်​မော်​ဒ​ကဲ​ထံ သို့​စေ​လွှတ်​လိုက်​လေ​သည်။-
EST 4:6 ဟာ​တက်​သည်​နန်း​တော်​တံ​ခါး​ရှေ့​မြို့​တော် ကွက်​လပ်​တွင်​ရှိ​သော​မော်​ဒ​ကဲ​ထံ​သို့​သွား​၏။-
EST 4:7 မော်​ဒ​ကဲ​က​သူ့​အား​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ကွပ် မျက်​လျှင်​ဘု​ရင့်​ဘဏ္ဍာ​တော်​သို့​ငွေ​မည်​မျှ ပေး​သွင်း​ရန် ဟာ​မန်​က​တိ​ပြု​ထား​ကြောင်း ကို​လည်း​ကောင်း​ပြော​ပြ​၏။-
EST 4:8 ယု​ဒ​အ​မျိုး​သား​များ​အား​ကွပ်​မျက်​ရန် အ​တွက် ရှု​ရှန်​မြို့​တွင်​ထုတ်​ပြန်​ထား​သည့် အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​တစ်​စောင်​ကို လည်း​ပေး​လိုက်​၏။ မော်​ဒ​ကဲ​သည်​ဟာ​တက် အား``ဤ​အ​မိန့်​ကြေ​ငြာ​ချက်​မိတ္တူ​ကို​ဧ​သ တာ​အား​ပေး​၍ ဖြစ်​ပျက်​လျက်​ရှိ​သည့် အ​ခြေ​အ​နေ​ကို​ရှင်း​ပြ​ပါ​လော့။ ထို​နောက် သူ့​အား​မင်း​ကြီး​ထံ​သို့​ဝင်​၍ မိ​မိ​၏​လူ မျိုး​အ​ပေါ်​တွင်​က​ရု​ဏာ​ထား​တော်​မူ​ရန် လျှောက်​ထား​တောင်း​ပန်​စေ​ပါ​လော့'' ဟု မှာ​ကြား​လိုက်​လေ​သည်။-
EST 4:9 ဟာ​တက်​သည်​လည်း​မော်​ဒ​ကဲ​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ပြု​၏။-
EST 4:10 ထို​အ​ခါ​ဧ​သ​တာ​သည်​ဟာ​တက်​မှ​တစ်​ဆင့် မော်​ဒ​ကဲ​အား၊-
EST 4:11 ``ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​မင်း​ကြီး ခေါ်​တော်​မ​မူ​ဘဲ​နန်း​တော်​အ​တွင်း​တံ​တိုင်း၊ မင်း​ကြီး​ထံ​တော်​သို့​ဝင်​မိ​သူ​သည်​သေ​ဒဏ် ခံ​ရ​မည်​ဖြစ်​ပါ​၏။ ဤ​ကား​တ​ရား​ဥ​ပ​ဒေ အ​ရ​ဖြစ်​သ​ဖြင့်​ဘု​ရင့်​အ​ကြံ​ပေး​အ​မတ် များ​မှ​စ​၍ ပြည်​နယ်​အ​သီး​သီး​ရှိ​လူ​အ ပေါင်း​တို့​သိ​ကြ​ပါ​သည်။ ထို​ဥ​ပ​ဒေ​ကို ရှောင်​ကွင်း​နိုင်​ရန်​လမ်း​တစ်​လမ်း​သာ​ရှိ​ပါ သည်။ အ​ကယ်​၍​မင်း​ကြီး​က​ရာ​ဇ​လှံ​တံ တော်​ကို​ကမ်း​တော်​မူ​လျှင် ဝင်​မိ​သူ​အ​သက် ချမ်း​သာ​ရာ​ရ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​မ အား​မင်း​ကြီး​ခေါ်​ယူ​တော်​မ​မူ​သည်​မှာ တစ်​လ​ရှိ​ပါ​ပြီ'' ဟု​ပြန်​ကြား​လေ​သည်။
EST 4:12 မော်​ဒ​ကဲ​သည်​ဧ​သ​တာ​ပြန်​ကြား​သည့် စ​ကား​ကို​ကြား​ရ​သော​အ​ခါ၊-
EST 4:13 ဧ​သ​တာ​အား``သင်​သည်​နန်း​တွင်း​၌​နေ​ရ သ​ဖြင့် အ​ခြား​ယု​ဒ​အ​မျိုး​သား​များ​ထက် ပို​၍​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု​မ​ထင်​မှတ်​ပါ​နှင့်။-
EST 4:14 အ​ကယ်​၍​သင်​သည်​ယ​ခု​အ​ချိန်​အ​ခါ​မျိုး ၌​ဆိတ်​ဆိတ်​နေ​ပါ​မူ ယု​ဒ​အ​မျိုး​သား​တို့ သည် ကောင်း​ကင်​ဘုံ​မှ​အ​ကူ​အ​ညီ​ကို​ရ​ရှိ ၍​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​မည်။ သင်​မူ ကား​အ​သတ်​ခံ​ရ​လျက်​ဖ​ခင်​၏​အိမ်​ထောင်​စု သည်​လည်း​ပျက်​စီး​ဆုံး​ပါး​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​မိ​ဖု​ရား​ဖြစ်​လာ​ရ​သည်​မှာ ဤ အ​ချိန်​အ​ခါ​မျိုး​အ​တွက်​ပင်​ဖြစ်​သည်​မ ဟုတ်​ပါ​လော'' ဟု​သ​တိ​ပေး​စ​ကား​မှာ ကြား​လိုက်​၏။
EST 4:15 ဧ​သ​တာ​သည်​မော်​ဒ​ကဲ​အား၊
EST 4:16 ``ရှု​ရှန်​မြို့​တွင်​ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ကျွန်​မ​အ​တွက် အ​စာ​ရှောင်​စေ​၍ နေ့​ညဥ့်​မ​ပြတ်​သုံး​ရက် ပတ်​လုံး​မ​စား​မ​သောက်​ဘဲ​နေ​ကြ​ပါ​စေ။ ကျွန်​မ​နှင့်​ကျွန်​မ​၏​အ​ပျို​တော်​တို့​သည် လည်း​အ​စာ​ရှောင်​ကြ​ပါ​မည်။ ထို​နောက်​တ​ရား ဥ​ပ​ဒေ​ကူး​လွန်​၍​သေ​ဒဏ်​ခံ​ရ​စေ​ကာ​မူ မင်း​ကြီး​ထံ​သို့​ကျွန်​မ​ဝင်​ပါ​မည်'' ဟု​ပြန် ကြား​လိုက်​၏။
EST 4:17 ထို​အ​ခါ​မော်​ဒ​ကဲ​သည်​ထွက်​ခွာ​ကာ ဧ​သ​တာ မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြု​လေ​သည်။
EST 5:1 ဧ​သ​တာ​သည်​မိ​မိ​အ​စာ​ရှောင်​၍ သုံး​ရက်​မြောက် သော​နေ့​၌​မိ​ဖု​ရား​၏​အ​ဝတ်​တန်​ဆာ​ကို​ဝတ် ဆင်​ကာ ရာ​ဇ​ပလ္လင်​တည်​ရာ​ခန်း​မ​ဆောင်​၏​ရှေ့ ၌​ရှိ​သော​နန်း​တော်​အ​တွင်း​တံ​တိုင်း​သို့​သွား ၍​ရပ်​နေ​လေ​သည်။ မင်း​ကြီး​သည်​အ​ဝင်​ဝ ဘက်​သို့​လှည့်​၍​ထိုင်​လျက်​နေ​၏။-
EST 5:2 သူ​သည်​မိ​ဖု​ရား​ဧ​သ​တာ​ကို​မြင်​သော​အ​ခါ နူး​ညွတ်​သော​စိတ်​ရှိ​သ​ဖြင့် ရာ​ဇ​လှံ​တံ​ကို​ကမ်း ၍​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​ချဉ်း​ကပ်​လာ ပြီး​လျှင်​ရာ​ဇ​လှံ​တံ​ကို​တို့​ထိ​လိုက်​လေ သည်။-
EST 5:3 မင်း​ကြီး​က``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ကြောင်း အ​ဘယ်​သို့​ရှိ​သ​နည်း။ သင်​တောင်း​လို​သော ဆု​ကို​ငါ့​အား​ပြော​ကြား​လော့။ ငါ​၏​အင်​ပါ ယာ​နိုင်​ငံ​တစ်​ဝက်​ကို​ပင်​တောင်း​လျှင်​ငါ​ပေး မည်'' ဟု​ဆို​၏။
EST 5:4 ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော် မူ​ပါ​လျှင် ယ​နေ့​ည​ကျွန်​တော်​မ​ပြင်​ဆင်​ထား သည့်​ည​စာ​စား​ပွဲ​သို့​ဟာ​မန်​နှင့်​အ​တူ​ကြွ ရောက်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
EST 5:5 ထို​နောက်​မင်း​ကြီး​သည်​ဧ​သ​တာ​၏​အ​လို ပြည့်​စေ​ရန် ဟာ​မန်​အား​အ​လျင်​အ​မြန်​ခေါ် ယူ​တော်​မူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့​ကြွ​တော်​မူ​၏။-
EST 5:6 မင်း​ကြီး​သည်​စ​ပျစ်​ရည်​သောက်​လျက်​နေ​စဉ် ဧ​သ​တာ​အား``သင်​တောင်း​လို​သော​ဆု​ကို​ငါ့ အား​ပြော​ကြား​လော့။ သင့်​အား​ငါ​ပေး​မည်။ ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​ဝက်​ကို​ပင် တောင်း​ခံ​လျှင်​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
EST 5:7 ဧ​သ​တာ​က​အ​ကယ်​၍​အ​ရှင်​မင်း​ကြီး သည် ကျွန်​တော်​မ​တောင်း​ခံ​သည့်​ဆု​ကို​ပေး တော်​မူ​မည်​ဆို​ပါ​က နက်​ဖြန်​ခါ​အ​ရှင်​၏ အ​တွက်​ကျွန်​တော်​မ​ပြင်​ဆင်​ကျွေး​မွေး​မည့် ည​စာ​စား​ပွဲ​သို့​လည်း ဟာ​မန်​နှင့်​အ​တူ​ကြွ တော်​မူ​ပါ။ ထို​အ​ခါ​ကျွန်​တော်​မ​တောင်း​လို သော​ဆု​ကို​ပြော​ကြား​ပါ​မည်'' ဟု​လျှောက် လေ​၏။
EST 5:9 ည​စာ​စား​ပွဲ​မှ​ထွက်​ခွာ​လာ​သော​အ​ခါ ဟာ​မန် သည်​ဝမ်း​မြောက်​ပျော်​ရွှင်​လျက်​နေ​၏။ သို့​ရာ တွင်​သူ​သည်​မော်​ဒ​ကဲ​ကို​နန်း​တော်​အ​ဝင်​ဝ တွင်​တွေ့​ရှိ​ရ​၍ မော်​ဒ​ကဲ​က​သူ့​အား​အ​ရို အ​သေ​မ​ပြု​သော​အ​ခါ​၌​မူ​ပြင်း​စွာ အ​မျက်​ထွက်​လေ​သည်။-
EST 5:10 သို့​သော်​လည်း​သူ​သည်​မိ​မိ​စိတ်​ကို​ချုပ်​တည်း လျက်​အိမ်​သို့​ပြန်​ပြီး​လျှင် မိတ်​ဆွေ​များ​ကို မိ​မိ​အိမ်​သို့​ခေါ်​ဖိတ်​ကာ​မိ​မိ​ဇ​နီး​ဇေ​ရတ် ကို​လည်း​သူ​တို့​နှင့်​အ​တူ​ထိုင်​စေ​၏။-
EST 5:11 ထို​နောက်​ဟာ​မန်​သည်​မိ​မိ​အ​ဘယ်​မျှ​ချမ်း သာ​ကြွယ်​ဝ​ကြောင်း မိ​မိ​မှာ​သား​ယောကျာ်း အ​ဘယ်​မျှ​ရှိ​ကြောင်း၊ မိ​မိ​အား​ဘု​ရင်​မင်း မြတ်​သည်​ကြီး​မြင့်​သည့်​ရာ​ထူး​ဖြင့်​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​ကြောင်း၊ မိ​မိ​သည်​အ​ခြား မင်း​အ​ရာ​ရှိ​များ​ထက် အ​ဘယ်​မျှ​ပို​၍​အ​ရေး ပါ​အ​ရာ​ရောက်​ကြောင်း​များ​ကို​ကြွား​ဝါ​ပြော ဆို​လေ​သည်။-
EST 5:12 သူ​သည်​ဆက်​လက်​၍``ဤ​အ​မှု​အ​ရာ​များ အ​ပြင်​မိ​ဖု​ရား​ဧ​သ​တာ​က​လည်း​မင်း​ကြီး နှင့်​ငါ​သာ​လျှင် ည​စာ​စား​ပွဲ​နှင့်​ဧည့်​ခံ​ခဲ့ ပါ​၏။ နက်​ဖြန်​ခါ​လည်း​ငါ​တို့​အား​ည​စာ စား​ပွဲ​သို့​ဖိတ်​ကြား​ထား​ပါ​သေး​သည်။-
EST 5:13 သို့​ရာ​တွင်​နန်း​တော်​တံ​ခါး​ဝ​တွင်​ယု​ဒ​အ​မျိုး သား​မော်​ဒ​ကဲ​ထိုင်​လျက်​နေ​သည်​ကို ငါ​တွေ့​မြင် နေ​ရ​သ​မျှ​ကာ​လ​ပတ်​လုံး ယ​ခု​ဖော်​ပြ​သ​မျှ တို့​သည်​ငါ့​အ​တွက်​အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း'' ဟု​ဆို​၏။
EST 5:14 ထို့​အ​ခါ​သူ​၏​ဇ​နီး​နှင့်​မိတ်​ဆွေ​အ​ပေါင်း တို့​က​သူ့​အား``ခု​နစ်​ဆယ့်​ငါး​ပေ​မြင့်​သည့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​ပါ​လော့။ မော်​ဒ​ကဲ အား​ထို​လည်​ဆွဲ​တိုင်​တွင်​တင်​၍​သတ်​ရန် နက် ဖြန်​နံ​နက်​၌​မင်း​ကြီး​အား​လျှောက်​ထား​ပါ လော့။ ထို​နောက်​ပျော်​ရွှင်​စွာ​ည​စာ​စား​ပွဲ​သို့ သွား​နိုင်​ပါ​လိမ့်​မည်'' ဟု​အ​ကြံ​ပေး​ကြ​၏။ ဟာ​မန်​သည်​ထို​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​၏။
EST 6:1 ထို​ည​၌​မင်း​ကြီး​သည်​စက်​တော်​ခေါ်​၍​မ​ရ သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ ကို​တောင်း​ယူ​ကာ​ဖတ်​ပြ​စေ​တော်​မူ​၏။-
EST 6:2 ယင်း​မှတ်​တမ်း​များ​တွင်​အ​ဆောင်​တော်​စောင့် မိန်း​မ​စိုး​ဗိ​ဂ​သန်​နှင့်​တေ​ရက်​တို့​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​မှု ကို​အ​ဘယ်​သို့​မော်​ဒ​ကဲ​တွေ့​ရှိ​ရ​သည့် အ​ကြောင်း​ပါ​ရှိ​လေ​သည်။-
EST 6:3 မင်း​ကြီး​က``ဤ​အ​မှု​အ​တွက်​မော်​ဒ​ကဲ​အား ငါ​တို့​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ကာ​ဆု တော်​လာဘ်​တော်​များ​ပေး​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ နန်း​တွင်း​အ​စေ​ခံ​များ​က``ထို​သူ​၏​အ​တွက် အ​ဘယ်​သို့​မျှ​မ​ပြု​ရ​သေး​ပါ'' ဟု​ပြန် လည်​လျှောက်​ထား​ကြ​၏။
EST 6:4 မင်း​ကြီး​က​လည်း``နန်း​တော်​တွင်း​၌​ငါ​၏ မှူး​မတ်​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော'' ဟု မေး​တော်​မူ​၏။ ထို​အ​ချိန်​၌​ဟာ​မန်​သည်​နန်း​တော်​တွင်း​သို့ ဝင်​ရောက်​လာ​၏။ သူ​သည်​မိ​မိ​စိုက်​ထူ​ခဲ့​သည့် လည်​ဆွဲ​တိုင်​တွင် မော်​ဒ​ကဲ​အား​ကွပ်​မျက်​ရန် မင်း​ကြီး​ထံ​ခွင့်​ပန်​မည်​အ​ကြံ​နှင့်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-
EST 6:5 ထို​အ​ခါ​နန်း​တွင်း​အ​စေ​ခံ​များ​က``ဟာ​မန် ရှိ​ပါ​သည်။ သူ​သည်​ရှေ့​တော်​သို့​ဝင်​ရန်​စောင့် နေ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ မင်း​ကြီး​က``သူ့​အား​ဝင်​စေ'' ဟု​မိန့်​တော်​မူ​၏။
EST 6:6 ထို့​ကြောင့်​ဟာ​မန်​သည်​ရှေ့​တော်​သို့​ဝင်​ရောက် လာ​လေ​သည်။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``ငါ ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​တစ်​ယောက်​ရှိ​သည်။ ထို သူ​ကို​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ရ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ဟာ​မန်​သည်``အ​ဘယ်​သူ​အား​မင်း​ကြီး​ဂုဏ်​ပြု ချီး​မြှင့်​လို​ပါ​လိမ့်​မည်​နည်း။ ငါ့​ကို​သာ​လျှင် ဖြစ်​တန်​ရာ​၏'' ဟု​တွေး​တော​ပြီး​လျှင်၊-
EST 6:7 မင်း​ကြီး​က``ဘု​ရင်​မင်း​ကြီး​ဆင်​ယင်​တော် မူ​သော​မင်း​မြောက်​တန်​ဆာ၊ စီး​တော်​မူ​သော မြင်း​တော်၊ ဆောင်း​တော်​မူ​သော​ရာ​ဇ​သ​ရ​ဖူ ကို​ယူ​ခဲ့​စေ​တော်​မူ​ပါ။-
EST 6:9 ထို​နောက်​မှူး​ကြီး​မတ်​ကြီး​တစ်​ပါး​ကို ထို​သူ အား​ထို​တန်​ဆာ​တော်​များ​ကို​ဝတ်​ဆင်​ပေး စေ​ပြီး​လျှင် မြင်း​ပေါ်​တွင်​တင်​၍​မြင်း​ကို ဆွဲ​ကာ​မြို့​ကို​လှည့်​လည်​လျက်`ဘု​ရင်​မင်း​မြတ် သည်​မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား​အ​ဘယ် သို့​ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့' ဟု ကြွေး​ကြော်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
EST 6:10 ထို​အ​ခါ​မင်း​ကြီး​သည်​ဟာ​မန်​အား``အ​ဝတ် တန်​ဆာ​နှင့်​မြင်း​တော်​ကို​အ​မြန်​ယူ​၍​ယု​ဒ အ​မျိုး​သား​မော်​ဒ​ကဲ​အား​ဂုဏ်​ပြု​ချီး​မြှင့် လော့။ သင်​ပြော​သ​မျှ​အ​တိုင်း​ပြု​လော့။ သူ သည်​နန်း​တော်​အ​ဝင်​ဝ​တွင်​ထိုင်​လျက်​နေ သည်​ကို​သင်​တွေ့​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
EST 6:11 ထို့​ကြောင့်​ဟာ​မန်​သည်​အ​ဝတ်​တန်​ဆာ​တော် နှင့်​မြင်း​တော်​ကို​ယူ​ခဲ့​ပြီး​လျှင် မော်​ဒ​ကဲ အား​အ​ဝတ်​တန်​ဆာ​တော်​ကို​ဝတ်​ဆင်​ပေး ကာ​မြင်း​ပေါ်​သို့​တင်​၍``ဘု​ရင်​မင်း​မြတ်​သည် မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား အ​ဘယ်​သို့ ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​မြင်း​ကို​ဆွဲ​၍​မြို့​တွင်း​၌ လှည့်​လည်​ရ​လေ​သည်။
EST 6:12 ထို​နောက်​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ သို့​ပြန်​ရောက်​လေ​၏။ ဟာ​မန်​မူ​ကား​ညည်း တွား​၍ ဦး​ခေါင်း​ခြုံ​လျက်​အိမ်​သို့​ပြန်​ပြီး လျှင်၊-
EST 6:13 မိ​မိ​ဇ​နီး​နှင့်​မိတ်​ဆွေ​များ​အား မိ​မိ​ကြုံ​တွေ့ ခဲ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို​ပြော​ပြ လေ​သည်။ ထို​အ​ခါ​ဇ​နီး​ဖြစ်​သူ​နှင့်​မိတ်​ဆွေ ပ​ညာ​ရှိ​တို့​က``ကိုယ်​တော်​သည်​မော်​ဒ​ကဲ​ကို ရှုံး​စ​ပြု​လေ​ပြီ။ သူ​သည်​ယု​ဒ​အ​မျိုး​သား မှန်​လျှင်​ကိုယ်​တော်​သည်​သူ့​ကို​မ​နိုင်။ သူ​သည် ကိုယ်​တော်​ကို​မု​ချ​အ​နိုင်​ရ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​၏။
EST 6:14 ထို​သူ​တို့​ဤ​သို့​ပြော​ဆို​နေ​ကြ​စဉ်​ပင်​နန်း တော်​မိန်း​မ​စိုး​များ​သည် ဟာ​မန်​အား​ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့​ခေါ်​ဆောင်​ရန်​အ​လျင်​စ​လို ရောက်​ရှိ​လာ​ကြ​လေ​သည်။
EST 7:1 ဤ​သို့​ဖြင့်​မင်း​ကြီး​နှင့်​ဟာ​မန်​သည် ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့-
EST 7:2 ဒု​တိ​ယ​အ​ကြိမ်​သွား​ရောက်​ကြ​၏။ မင်း​ကြီး သည်​စ​ပျစ်​ရည်​သောက်​လျက်​နေ​စဉ်​ဧ​သ​တာ အား``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ဘယ်​ဆု​ကို​တောင်း လို​ပါ​သ​နည်း။ ငါ့​အား​ပြော​ကြား​လော့။ သင့် အား​ငါ​ပေး​မည်။ ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင်​သင့်​အား​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။
EST 7:3 မိ​ဖု​ရား​ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​ကျွန် တော်​မ​သည်​စိတ်​တော်​နှင့်​တွေ့​၍​တောင်း​လျှောက် သည်​ကို​ပေး​တော်​မူ​မည်​ဆို​ပါ​လျှင် ကျွန်​တော် မ​၏​အ​သက်​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ပါ။-
EST 7:4 ကျွန်​တော်​မ​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​အား​ရောင်း​စား​လိုက်​ကြ​ပြီ​ဖြစ်​၍ ကျွန်​တော်​မ​တို့​သည်​သေ​ရ​ကြ​ပါ​တော့​မည်။ အ​ကယ်​၍​ကျွန်​ဘ​ဝ​သို့​ရောက်​ရ​ကြ​ရုံ​သာ ဆို​လျှင်​ကျွန်​တော်​မ​သည်​အ​ရှင်​မင်း​ကြီး အား​အ​နှောင့်​အ​ယှက်​မ​ပေး​ဘဲ​ကြိတ်​၍​ခံ မည်​သာ​ဖြစ်​ပါ​၏။ ယ​ခု​မှာ​မူ​ကျွန်​တော် မ​တို့​သည်​အ​မျိုး​ပြုတ်​အောင်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​ပါ​တော့​မည်'' ဟု​လျှောက်​၏။
EST 7:5 ထို​အ​ခါ​ဧ​က​ရာဇ်​မင်း​က``ဤ​သို့​သော အ​မှု​မျိုး​ကို​အ​ဘယ်​သူ​ပြု​ရဲ​သ​နည်း။ ထို​သူ​ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု မေး​တော်​မူ​၏။
EST 7:6 ဧ​သ​တာ​က``ကျွန်​တော်​မ​တို့​၏​ရန်​သူ၊ ကျွန် တော်​မ​တို့​အား နှိပ်​စက်​ညှင်း​ပန်း​သူ​မှာ​ဤ သူ​ယုတ်​မာ​ဟာ​မန်​ပင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​လေ​၏။ ထို​အ​ခါ​ဟာ​မန်​သည်​ကြောက်​လန့်​တုန်​လှုပ် လျက်​နေ​တော့​၏။-
EST 7:7 မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ည​စာ​စား ပွဲ​မှ​ထ​ပြီး​လျှင်​ဥ​ယျာဉ်​တော်​သို့​ကြွ​တော် မူ​၏။ ဟာ​မန်​သည်​ဤ​အ​မှု​ကိစ္စ​အ​တွက် မိ​မိ​အား​ဧ​ကန်​မု​ချ​မင်း​ကြီး​အ​ပြစ်​ပေး တော်​မူ​မည်​ကို​သိ​သ​ဖြင့် မိ​မိ​၏​အ​သက် ကို​ချမ်း​သာ​ပေး​ပါ​မည့်​အ​ကြောင်း ဧ​သ​တာ​အား​အ​သ​နား​ခံ​ရန်​နေ ရစ်​ခဲ့​၏။-
EST 7:8 သူ​သည်​ဧ​သ​တာ​၏​သ​လွန်​ထက်​သို့​လှဲ​ချ ကာ​အ​သ​နား​ခံ​မည်​အ​ပြု​တွင်​မင်း​ကြီး သည် ဥ​ယျာဉ်​တော်​မှ​ပြန်​လည်​ရောက်​ရှိ​ကာ ည​စာ​ခန်း​မ​ဆောင်​သို့​ဝင်​လာ​လေ​သည်။ ဟာ​မန်​၏​အ​မူ​အ​ရာ​ကို​မြင်​သော​အ​ခါ မင်း​ကြီး​က``ဤ​သူ​သည်​မိ​ဖု​ရား​အား​နန်း တော်​အ​တွင်း​ငါ့​ရှေ့​မှောက်​၌​ပင်​မ​တ​ရား ပြု​ကျင့်​မည်​လော'' ဟု​ဟစ်​အော်​မိန့်​မြွက် တော်​မူ​၏။ ယင်း​သို့​မင်း​ကြီး​မိန့်​မြွက်​လိုက်​သည့်​အ​ခါ မိန်း​မ​စိုး​တို့​သည်​ဟာ​မန်​၏​မျက်​နှာ​ကို ဖုံး​အုပ်​ကြ​လေ​သည်။
EST 7:9 ထို​နောက်​မိန်း​မ​စိုး​ဟာ​ဗော​န​က``ဟာ​မန် သည်​အ​ရှင်​မင်း​ကြီး​၏​အ​သက်​ကို​ကယ် ဆယ်​သူ​မော်​ဒ​ကဲ​အား​သတ်​ရန် မိ​မိ​၏ အိမ်​၌​လည်​ဆွဲ​စိုက်​ထူ​ထား​ပါ​သည်။ ထို လည်​ဆွဲ​တိုင်​သည်​ခု​နစ်​ဆယ့်​ငါး​ပေ​မြင့် ပါ​၏'' ဟု​လျှောက်​လေ​၏။ မင်း​ကြီး​က``ဟာ​မန်​ကို​ထို​တိုင်​၌​ဆွဲ​ထား ကွပ်​မျက်​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။
EST 7:10 သို့​ဖြစ်​၍​ဟာ​မန်​သည်​မော်​ဒ​ကဲ​အ​တွက် မိ​မိ​စိုက်​ထူ​ထား​သည့်​လည်​ဆွဲ​တိုင်​၌​ပင် ကွပ်​မျက်​ခြင်း​ခံ​ရ​လေ​တော့​၏။ ထို​နောက် မှ​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ​သွား လေ​သည်။
EST 8:1 ထို​နေ့​၌​ပင်​လျှင်​ဇေ​ရဇ်​မင်း​သည်​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ​ဟာ​မန်​ပိုင်​သည့် အိမ်​ရာ​ပစ္စည်း​မှန်​သ​မျှ​ကို မိ​ဖု​ရား​ဧ​သ​တာ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​က​မိ​မိ​သည် မော်​ဒ​ကဲ​နှင့်​ဆွေ​မျိုး​တော်​စပ်​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့် မော်​ဒ​ကဲ သည်​ထို​နေ့​မှ​အ​စ​ပြု​၍​မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​ခွင့်​ရ​ရှိ​လေ​သည်။-
EST 8:2 မင်း​ကြီး​သည်​ဟာ​မန်​၏​ထံ​မှ​ပြန်​သိမ်း​သည့် တံ​ဆိပ်​လက်​စွပ်​တော်​ကို​ချွတ်​၍​မော်​ဒ​ကဲ အား​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​လည်း ဟာ​မန်​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မော်​ဒ​ကဲ အား​အုပ်​ထိန်း​စေ​၏။
EST 8:3 ထို​နောက်​ဧ​သ​တာ​သည်​မင်း​ကြီး​၏​ခြေ တော်​ရင်း​တွင်​ပျပ်​ဝပ်​လျက်​ငို​ယို​ကာ ယု​ဒ အ​မျိုး​သား​တို့​အား​ကွပ်​မျက်​ရန်​အ​တွက် အာ​ဂတ်​မှ​ဆင်း​သက်​သူ​ဟာ​မန်​ကြံ​စည် ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​တား​ဆီး ပေး​တော်​မူ​ရန်​တောင်း​ပန်​လေ​သည်။-
EST 8:4 မင်း​ကြီး​သည်​သူ့​အား​ရွှေ​ရာ​ဇ​လှံ​တံ ကို​ကမ်း​ပေး​တော်​မူ​သ​ဖြင့် ဧ​သ​တာ သည်​ထ​၍​ရပ်​ပြီး​လျှင်၊-
EST 8:5 ``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​လျှင် လည်း​ကောင်း၊ ကျွန်​တော်​မ​ကို​စိတ်​တော်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ လျောက်​ပတ် သည်​ဟု​ယူ​ဆ​တော်​မူ​လျှင်​လည်း​ကောင်း အင်​ပါ​ယာ​နိုင်ငံ​တော်​အ​တွင်း​ရှိ​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​အား​ကွပ်​မျက် ရန်​အာ​ဂတ် မှ​ဆင်း​သက်​သူ​ဟမ္မေဒါ​သ​၏​သား​ဟာ​မန် စီ​ရင်​ခဲ့​သည့်​အ​မိန့်​စာ​များ​ကို​ပယ်​ဖျက် သည့်​အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန် တော်​မူ​ပါ။-
EST 8:6 ကျွန်​တော်​မ​၏​အ​မျိုး​သား​ချင်း​များ​သည် ဤ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​လျက် ကျွန်​တော်​မ​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​များ သည်​လည်း​အ​သတ်​ခံ​ကြ​ရ​ပါ​မူ​ကျွန်​တော် မ​သည်​အ​ဘယ်​သို့​ရှု​စိမ့်​နိုင်​ပါ​အံ့​နည်း'' ဟု​လျှောက်​လေ​၏။
EST 8:7 ထို​အ​ခါ​ဇေ​ရဇ်​မင်း​သည်​ဧ​သ​တာ​နှင့် ယု​ဒ​အမျိုး​သား​မော်​ဒ​ကဲ​အား``ငါ​သည် ဟာ​မန်​အား​ယု​ဒ​အ​မျိုး​သား​များ​ကို သတ်​ဖြတ်​ရန်​ကြံ​စည်​သည့်​အ​တွက်​လည်​ဆွဲ တိုင်​၌​ကွပ်​မျက်​စေ​ခဲ့​ပြီ။ သူ​၏​အိမ်​ရာ​ပစ္စည်း များ​ကို​လည်း​ဧ​သ​တာ​အား​ပေး​ခဲ့​ပြီ။-
EST 8:8 သို့​ရာ​တွင်​ဘု​ရင့်​အ​မည်​ဖြင့်​ရေး​၍​လက်​စွပ် တော်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​အ​မိန့်​တော် စာ​ကို​မူ​မ​ဖျက်​မ​ပယ်​နိုင်။ သို့​သော်​လည်း သင်​တို့​အ​လို​ရှိ​သည့်​အ​တိုင်း​ယု​ဒ​အ​မျိုး သား​များ​ထံ​သို့​ငါ​၏​နာ​မည်​ဖြင့်​စာ​ရေး ၍​ဘု​ရင့်​လက်​စွပ်​တော်​တံ​ဆိပ်​ကို​ခတ်​နှိပ် လော့'' ဟု​မိန့်​တော်​မူ​၏။
EST 8:9 ဤ​သို့​ဖြစ်​ပျက်​သည်​မှာ​သိ​ဝန်​ခေါ်​တ​တိ​ယ လ၊ နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ဖြစ်​၏။ မော်​ဒ​ကဲ သည်​မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ် ယူ​ကာ​ယု​ဒ​အ​မျိုး​သား​တို့​ထံ​သို့​လည်း ကောင်း၊ အိန္ဒိ​ယ​ပြည်​မှ​အဲ​သ​ရော​ပိ​ပြည် တိုင်​အောင်​တစ်​ရာ့​နှစ်​ဆယ့်​ခု​နစ်​ပြည်​နယ် ရှိ​ဘု​ရင်​ခံ​များ၊ အုပ်​ချုပ်​ရေး​မှူး​များ နှင့်​မင်း​အ​ရာ​ရှိ​များ​ထံ​သို့​အ​မှာ​စာ များ​ရေး​သား​ရန်​နှုတ်​တိုက်​ချ​ပေး​လေ သည်။ ထို​စာ​များ​ကို​ပြည်​နယ်​အ​သီး​သီး တွင်​အ​သုံး​ပြု​သည့်​ဘာ​သာ​စ​ကား များ​ဖြင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား တို့​အ​တွက်​ယု​ဒ​ဘာ​သာ​ဖြင့်​လည်း ကောင်း​ရေး​သား​ထား​သ​တည်း။-
EST 8:10 မော်​ဒ​ကဲ​သည်​ထို​စာ​တို့​ကို​ဇေ​ရဇ်​မင်း​၏ အ​မည်​ဖြင့်​ရေး​လျက် ဘု​ရင့်​လက်​စွပ်​တော် တံ​ဆိပ်​ခတ်​နှိပ်​ပြီး​လျှင်​စာ​ပို့​လု​လင်​တို့ အား ဘု​ရင့်​မြင်း​ဇောင်း​မှ​လျင်​မြန်​သည့် မြင်း​များ​ဖြင့်​သွား​ရောက်​ပေး​ပို့​စေ​၏။
EST 8:11 ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-
EST 8:12 ထို​အ​မိန့်​တော်​သည်​ပေ​ရ​သိ​အင်​ပါ​ယာ နိုင်​ငံ​တစ်​ဝှန်း​လုံး​၌​ယု​ဒ​အ​မျိုး​သား တို့​အား သတ်​ဖြတ်​ရန်​သတ်​မှတ်​ထား​သည့် အာ​ဒါ​ခေါ်​ဒွါ​ဒ​သ​မ​လ​ဆယ့်​သုံး​ရက် နေ့​မှ​အ​စ​ပြု​၍​အ​တည်​ဖြစ်​စေ​ရ​မည်။-
EST 8:13 ထို​နေ့​ကျ​ရောက်​လာ​သော​အ​ခါ​ယု​ဒ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​အား​လက်​စား​ချေ ရန်​အ​သင့်​ရှိ​နိုင်​ကြ​စေ​ရန် ထို​အ​မိန့်​တော် ကို​ဥ​ပ​ဒေ​အ​ဖြစ်​ပြ​ဋ္ဌာန်း​ကာ​ပြည်​နယ် တိုင်း​တွင်​လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​ရန် ဖြစ်​သည်။-
EST 8:14 သို့​ဖြစ်​၍​မြင်း​စီး​စာ​ပို့​လု​လင်​တို့​သည်​မင်း ကြီး​၏​အ​မိန့်​တော်​အ​ရ ဘု​ရင့်​မြင်း​တော် များ​ကို​စီး​၍​ခ​ရီး​ပြင်း​နှင်​ကြ​ကုန်​၏။ မြို့ တော်​ရှု​ရှန်​၌​လည်း​ထို​အ​မိန့်​ကို​ကြေ​ညာ ကြ​လေ​သည်။
EST 8:15 မော်​ဒ​ကဲ​သည်​မင်း​မြောက်​တန်​ဆာ​တည်း​ဟူ သော​ဝတ်​လဲ​အ​ဖြူ​နှင့်​အ​ပြာ​ကို​လည်း​ကောင်း၊ ခ​ရမ်း​ရောင်​ပိတ်​ချော​ဝတ်​လုံ​ကို​လည်း​ကောင်း ဝတ်​ဆင်​ကာ​ခန့်​ညား​သည်​ရွှေ​သ​ရ​ဖူ​ကို ဆောင်း​၍ နန်း​တော်​မှ​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ခါ​ရှု​ရှန်​မြို့​တစ်​မြို့​လုံး​သည်​သြ​ဘာ သံ​များ၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် သံ​များ​နှင့်​ဆူ​ညံ​သွား​၏။-
EST 8:16 ယု​ဒ​အ​မျိုး​သား​တို့​သည်​စိတ်​သက်​သာ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​အ​သ​ရေ​မြင့် လာ​ကြ​၏။-
EST 8:17 မင်း​ကြီး​၏​အ​မိန့်​ကြေ​ညာ​ချက်​ရောက်​ရှိ သည့်​ပြည်​နယ်​နှင့်​မြို့​အ​ပေါင်း​တို့​တွင် ယု​ဒ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​စွာ စား​သောက်​လျက်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို ကျင်း​ပ​ကြ​ကုန်​၏။ အ​ခြား​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​ယု​ဒ​အ​မျိုး သား​တို့​ကို​ကြောက်​သော​ကြောင့်​ယု​ဒ ဘာ​သာ​သို့​ကူး​ပြောင်း​လာ​ကြ​လေ သည်။
EST 9:1 အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့​ကျ​ရောက်​လာ​၏။ ထို​နေ့​ရက်​သည်​ဘု​ရင့်​ကြေ​ညာ​ချက်​စ​တင် အ​တည်​ဖြစ်​သည့်​နေ့၊ မိ​မိ​တို့​လက်​တွင်း​သို့ ယု​ဒ​အ​မျိုး​သား​များ​ရောက်​ရှိ​လာ​ရန်​အ တွက်​ရန်​သူ​တို့​စောင့်​မျှော်​နေ​သော​နေ့​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​မျှော်​လင့်​သည့်​အ​တိုင်း မ​ဖြစ်​ဘဲ​ယု​ဒ​အ​မျိုး​သား​တို့​က​သူ တို့​အား​အ​နိုင်​ရ​ကြ​လေ​သည်။-
EST 9:2 အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​မြို့​တိုင်း​၌ ယု​ဒ​အ​မျိုး​သား​များ​သည် ဘေး​အန္တ​ရာယ် ပြု​မည့်​သူ​တို့​ကို​တိုက်​ခိုက်​ရန်​မိ​မိ​တို့​ရပ် ကွက်​များ​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ အ​ရပ် ရပ်​ရှိ​လူ​တို့​သည်​သူ​တို့​အား​ကြောက်​လန့် ကြ​၏။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ခု​ခံ တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ​ချေ။-
EST 9:3 အ​မှန်​အား​ဖြင့်​ဆို​သော်​အုပ်​ချုပ်​ရေး​မှူး များ၊ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​မှု​တော် ထမ်း​များ​ဖြစ်​သည့်​ပြည်​နယ်​အ​ရာ​ရှိ အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို​ကြောက်​လန့် သ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့​အား​ကူ​ညီ ကြ​လေ​သည်။-
EST 9:4 ယ​ခု​အ​ခါ​မော်​ဒ​ကဲ​သည်​နန်း​တော်​တွင် တန်​ခိုး​ကြီး​သူ​တစ်​ဦး​ဖြစ်​ကြောင်း၊ သူ ၏​တန်​ခိုး​အာ​ဏာ​သည်​တစ်​နေ့​တစ်​ခြား တိုး​တက်​လာ​ကြောင်း​အင်​ပါ​ယာ​နိုင်​ငံ တော်​တွင်​ကျော်​ကြား​လျက်​ရှိ​သ​ဖြင့်၊-
EST 9:5 ယု​ဒ​အ​မျိုး​သား​များ​သည်​ရန်​သူ​များ​ကို ပြု​လို​သ​မျှ​ပြု​နိုင်​ကြ​၏။ ထို့​ကြောင့်​သူ​တို့ သည်​ရန်​သူ​များ​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ကြ​၏။
EST 9:6 မြို့​တော်​ရှု​ရှန်​၌​ပင်​လျှင်​ယု​ဒ​အ​မျိုး​သား တို့​သည် လူ​ပေါင်း​ငါး​ရာ​ကို​သတ်​လိုက်​ကြ လေ​သည်။-
EST 9:7 ထို​သူ​တို့​အ​ထဲ​တွင်​ယု​ဒ​အ​မျိုး​သား​တို့ ၏​ရန်​သူ၊ ဟမ္မေ​ဒါ​သ​၏​သား​ဟာ​မန်​၏​သား တစ်​ကျိပ်​ဖြစ်​ကြ​သော​ပါ​ရှန္ဒာ​သ၊ ဒါ​လ​ဖုန်၊ အာ​သ​ပါ​သ၊ ပေါ​ရ​သ၊ အာ​ဒ​လိ၊ အာ​ရိ ဒါ​သ၊ ပါ​မ​ရှာ​တ၊ အ​ရိ​သဲ၊ အ​ရိ​ဒဲ၊ ဝါ​အီ ဇာ​သ​တို့​လည်း​ပါ​ကြ​၏။ သို့​ရာ​တွင်​သူ တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။
EST 9:11 ထို​နေ့​၌​ရှု​ရှန်​မြို့​တွင်​အ​သတ်​ခံ​ရ​သည့် လူ​ဦး​ရေ​ကို မင်း​ကြီး​အား​သံ​တော်​ဦး တင်​ကြ​၏။-
EST 9:12 ထို​အ​ခါ​မင်း​ကြီး​သည်​မိ​ဖု​ရား​ဧ​သ​တာ အား``ရှု​ရှန်​တစ်​မြို့​တည်း​၌​ပင်​ယု​ဒ​အ​မျိုး သား​တို့​သည် ဟာ​မန်​၏​သား​တစ်​ကျိပ်​အ​ပါ အ​ဝင်​လူ​ပေါင်း​ငါး​ရာ​ကို​သတ်​ဖြတ်​လိုက် ကြ​လေ​ပြီ။ သူ​တို့​သည်​ပြည်​နယ်​များ​တွင် အ​ဘယ်​မျှ​သတ်​ဖြတ်​ကြ​ဦး​မည်​နည်း။ ယ​ခု​သင်​သည်​အ​ဘယ်​အ​ရာ​ကို​အ​လို ရှိ​ပါ​သ​နည်း။ ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​လို​ပါ​သေး​သ​နည်း။ ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
EST 9:13 ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ တော်​မူ​ပါ​လျှင်​ယ​နေ့​ရှု​ရှန်​မြို့​တွင်​ယု​ဒ အ​မျိုး​သား​များ​ပြု​ခဲ့​သည့်​အ​တိုင်း​နက် ဖြန်​ခါ​၌​လည်း​ပြု​ခွင့်​ပေး​တော်​မူ​ပါ။ ထို နောက်​ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။-
EST 9:14 မင်း​ကြီး​သည်​ဧ​သ​တာ​လျှောက်​ထား​သည့် အ​တိုင်း ရှု​ရှန်​မြို့​တွင်​ကြေ​ညာ​ချက်​ထုတ် ပြန်​ကာ ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​၏။-
EST 9:15 အာ​ဒါ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​၌​ရှု​ရှန် မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​များ​သည်​စု​ရုံး​၍ လူ​ပေါင်း​သုံး​ရာ​ကို​ထပ်​မံ​သတ်​ဖြတ်​ကြ လေ​သည်။ သို့​ရာ​တွင်​ဤ​တစ်​ကြိမ်​၌​လည်း သူ​တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။
EST 9:16 ပြည်​နယ်​များ​တွင်​နေ​ထိုင်​သော​ယု​ဒ​အ​မျိုး သား​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​ကို​အ​သက် ဘေး​မှ​ကာ​ကွယ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ အား​မုန်း​ထား​သူ​လူ​ပေါင်း​ခု​နစ်​ထောင့်​ငါး ရာ​ကို​သတ်​ဖြတ်​ခြင်း​အား​ဖြင့် ရန်​သူ​များ ကို​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​သည်။ သို့​ရာ တွင်​လု​ယက်​မှု​ကို​မူ​မ​ပြု​ကြ။-
EST 9:17 ထို​နေ့​ကား​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့ ဖြစ်​သ​တည်း။ ဆယ့်​လေး​ရက်​နေ့​၌​သူ​တို့ သည်​သတ်​ဖြတ်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ရွှင်​လန်း​သော​စား​သောက်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-
EST 9:18 ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။-
EST 9:19 တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။
EST 9:20 မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊-
EST 9:21 နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။-
EST 9:22 ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။-
EST 9:23 ယု​ဒ​အ​မျိုး​သား​တို့​သည်​မော်ဒကဲ​၏​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ကြ​သ​ဖြင့် ထို ပွဲ​တော်​ကို​နှစ်​စဉ်​နှစ်​တိုင်း​ကျင်း​ပ​သည့် ဋ္ဌ​လေ့​ထုံး​စံ​ဖြစ်​လာ​သည်။
EST 9:24 အာ​ဂတ်​မှ​ဆင်း​သက်​သူ​ဟ​မ္မေဒါ​သ​၏​သား ဟာမန်​သည်​ပု​ရ​ဟု​ခေါ်​သည့်​မဲ​စ​နစ်​ဖြင့် ယု​ဒ အ​မျိုး​သား​တို့​အား​သတ်​ဖြတ်​ရန်​နေ့​ရက် ကို​ရွေး​ချယ်​ခဲ့​၏။ သူ​တို့​တစ်​မျိုး​လုံး​ကို သုတ်​သင်​ပယ်​ရှင်း​ရန်​ကြံ​စည်​ခဲ့​၏။-
EST 9:25 သို့​ရာ​တွင်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရောက်​လျှောက်​ထား​ရာ​မင်း​ကြီး​သည် ကြေ​ညာ​ချက်​ထုတ်​ပြန်​တော်​မူ​သ​ဖြင့် ဟာ​မန် သည်​ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ကြံ​စည် ခဲ့​သည့်​ဘေး​ဆိုး​ကို​မိ​မိ​ပင်​ကြုံ​တွေ့​ရ​လေ ၏။ သူ​နှင့်​သူ​၏​သား​တစ်​ကျိပ်​သည်​လည်​ဆွဲ တိုင်​၌​ကွပ်​မျက်​ခြင်း​ခံ​ရ​ကြ​၏။-
EST 9:26 ထို့​ကြောင့်​ထို​ပွဲ​နေ့​များ​ကို​မဲ​ဟု​အ​နက် အ​ဋ္ဌိပ္ပါယ်​ရ​သည့်​ပု​ရ​ဟူ​သော​ပုဒ်​ကို​အ​စွဲ ပြု​၍ ပု​ရ​ပွဲ​တော်​ဟု​ခေါ်​ဆို​ကြ​လေ​သည်။ မော်​ဒ​ကဲ​ပေး​ပို့​လိုက်​သည့်​စာ​ကြောင့်​လည်း ကောင်း၊ ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကြောင့်​လည်း​ကောင်း၊-
EST 9:27 ယု​ဒ​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ကိုယ် တိုင်​သာ​မ​က သား​မြေး​များ​နှင့်​ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​များ​အ​တွက် ထုံး​တမ်း​စဉ် လာ​တစ်​ရပ်​အ​နေ​ဖြင့်​နှစ်​စဉ်​နှစ်​တိုင်း​အ​ချိန် ကျ​သော​အ​ခါ ဆို​ခဲ့​သော​နှစ်​ရက်​ကို​မော်​ဒ​ကဲ ၏​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ရန် သော်​လည်း​ကောင်း၊-
EST 9:28 ပြည်​နယ်​အ​သီး​သီး​နှင့်​မြို့​အ​သီး​သီး​တို့ တွင်​ယု​ဒ​အိမ်​ထောင်​စု​မှန်​သ​မျှ​သည် ထို​ပု​ရ ပွဲ​တော်​ကို​သား​စဉ်​မြေး​ဆက်​သ​တိ​ရ​ကျင်း ပ​ရန်​လည်း​ကောင်း​ဆုံး​ဖြတ်​ကြ​၏။
EST 9:29 ထို​နောက်​အ​ဘိ​ဟဲ​လ​၏​သ​မီး​မိ​ဖု​ရား ဧ​သ​တာ​နှင့်​မော်​ဒ​ကဲ​တို့​သည် ပု​ရ​ပွဲ​တော် နှင့်​ပတ်​သက်​၍​မော်​ဒ​ကဲ​ရေး​သား​ပေး​ပို့​ခဲ့ သည့်​စာ​ကို​ဧ​သ​တာ​၏​အာ​ဏာ​ဖြင့်​အ​တည် ပြု​ရန်​စာ​ရေး​ကြ​၏။-
EST 9:30 ထို​စာ​မိတ္တူ​ကို​ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ တော်​အ​တွင်း​တစ်​ရာ့​နှစ်​ဆယ်​ခု​နစ်​ပြည်​နယ် များ​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ထံ ပေး​ပို့​လေ​သည်။ ထို​စာ​တွင်​ယု​ဒ​အ​မျိုး သား​တို့​အား​ဘေး​ရန်​ကင်း​၍​အေး​ချမ်း စေ​ကြောင်း​ဆု​မွန်​တောင်း​ပြီး​နောက်၊-
EST 9:31 အ​ချိန်​ကျ​ရောက်​သော​အ​ခါ​မိ​မိ​တို့ သ​ဘော​တူ​ပြ​ဋ္ဌာန်း​ခဲ့​သည်​နှင့်​အ​ညီ သူ တို့​နှင့်​သူ​တို့​၏​သား​မြေး​များ​သည်​အ​စာ ရှောင်​ခြင်း၊ ဝမ်း​နည်း​မြည်​တမ်း​ခြင်း​တို့​ကို ပြု​သည့်​ပြင်​ပု​ရ​နေ့​များ​ကို​စောင့်​ရန်​ညွှန် ကြား​လေ​သည်။ ဤ​ညွှန်​ကြား​ချက်​သည် မိ​ဖု​ရား​ဧ​သ​တာ​နှင့်​ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​တို့​အ​မိန့်​ထုတ်​ပြန်​ချက်​ဖြစ် သည်။-
EST 9:32 ပု​ရ​ပွဲ​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို ဧ​သ​တာ​၏​အ​မိန့်​အ​ရ​အ​တည်​ပြု​၍ စာ​လိပ်​တွင်​ရေး​သား​ထား​သ​တည်း။
EST 10:1 ဇေ​ရဇ်​မင်း​သည်​မိ​မိ​၏​အင်​ပါ​ယာ​နိုင်​ငံ တော်​ကမ်း​ရိုး​တန်း​ဒေ​သ​များ​တွင်​နေ​ထိုင် သူ​များ​နှင့် နိုင်​ငံ​တော်​အ​တွင်း​ပိုင်း​တွင်​နေ ထိုင်​သူ​များ​ကို ချွေး​တပ်​များ​တွင်​အ​မှု ထမ်း​စေ​တော်​မူ​၏။-
EST 10:2 မင်း​ကြီး​သည်​အ​ဘယ်​မျှ​တန်​ခိုး​ကြီး​တော် မူ​ကြောင်း​နှင့်​ကြီး​မြင့်​သော​ရာ​ထူး​ဖြင့် မော်​ဒ ကဲ​အား​အ​ဘယ်​သို့​ချီး​မြှင့်​တော်​မူ​ကြောင်း ကို​ပေ​ရ​သိ​နှင့်​မေ​ဒိ​ဘု​ရင်​တို့​၏​တ​ရား ဝင်​မှတ်​တမ်း​များ​တွင်​ရေး​သား​ထား​ပေ သည်။-
EST 10:3 ယု​ဒ​အ​မျိုး​သား​မော်​ဒ​ကဲ​သည်​ဇေ​ရဇ်​ဘု​ရင် ပြီး​လျှင် နိုင်​ငံ​တော်​တွင်​တန်​ခိုး​အ​ကြီး​ဆုံး သော​သူ​ဖြစ်​၏။ သူ​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ချစ်​ခင်​ကြည်​ညို​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​လူ​မျိုး​၏​အ ကျိုး​နှင့် သူ​တို့​၏​သား​မြေး​များ​၏​လုံ​ခြုံ​မှု အ​တွက်​ဆောင်​ရွက်​ခဲ့​သော​သူ​ဖြစ်​ပေ​သည်။ ဧ​သ​တာ​ဝတ္ထု​ပြီး​၏။
JOB 1:1 ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
JOB 1:2 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
JOB 1:3 သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
JOB 1:4 ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။
JOB 1:5 ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။
JOB 1:6 ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
JOB 1:7 ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
JOB 1:8 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
JOB 1:9 စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။
JOB 1:10 ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
JOB 1:11 ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
JOB 1:12 ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
JOB 1:13 တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
JOB 1:14 ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊
JOB 1:15 ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
JOB 1:16 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
JOB 1:17 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
JOB 1:18 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
JOB 1:19 တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
JOB 1:20 ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
JOB 1:21 အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
JOB 1:22 ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။
JOB 2:1 တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။
JOB 2:2 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။
JOB 2:3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
JOB 2:4 စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
JOB 2:5 ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
JOB 2:6 ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
JOB 2:7 စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
JOB 2:8 ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
JOB 2:9 ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။
JOB 2:10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
JOB 2:11 ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
JOB 2:12 ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
JOB 2:13 ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။ v
JOB 3:1 ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍
JOB 3:2 မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား။
JOB 3:3 ငါဘွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။
JOB 3:4 ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှင့်၊
JOB 3:5 မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။
JOB 3:6 ထိုညဉ့်သည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊
JOB 3:7 လအရေအတွက်၌ မဝင်ပါစေနှင့်။ အော်၊ ထိုညဉ့်သည်ဆိတ်ညံပါစေ။ ရွှင်လန်းသောအသံမရှိပါ စေနှင့်။
JOB 3:8 နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
JOB 3:9 ညဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညဉ့်သည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊
JOB 3:10 ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ။
JOB 3:11 ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။
JOB 3:12 ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက်ရသနည်း။
JOB 3:13 ထိုသို့မပြုလျှင် ငါသည်အိပ်၍ငြိမ်းပြီ။ ပျော်လျက်နေရပြီ။
JOB 3:14 မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊
JOB 3:15 မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
JOB 3:16 သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
JOB 3:17 ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ၏။
JOB 3:18 အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏စကားသံကိုမကြားရကြ။
JOB 3:19 ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့်လွတ်ရ၏။
JOB 3:20 ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း။
JOB 3:21 သူတို့သည် သေခြင်းကို တောင့်တ၍မရနိုင်။ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်းငှါ သာ၍ထူးကြ၏။
JOB 3:22 သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။
JOB 3:23 မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း။
JOB 3:24 အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။
JOB 3:25 ငါကြောက်သော အမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။
JOB 3:26 ငါသည်ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။
JOB 4:1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
JOB 4:2 ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
JOB 4:3 သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
JOB 4:4 သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
JOB 4:5 ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။
JOB 4:6 သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
JOB 4:7 အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
JOB 4:8 ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
JOB 4:9 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
JOB 4:10 ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
JOB 4:11 ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
JOB 4:12 တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။
JOB 4:13 လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
JOB 4:14 ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
JOB 4:15 ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
JOB 4:16 ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
JOB 4:17 သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။
JOB 4:18 အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
JOB 4:19 သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
JOB 4:20 တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
JOB 4:21 သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။
JOB 5:1 ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။
JOB 5:2 ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
JOB 5:3 မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ခြင်းကျိန်ဆဲ၏။
JOB 5:4 သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
JOB 5:5 သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။
JOB 5:6 မြေမှုန့်ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။
JOB 5:7 မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။
JOB 5:8 ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
JOB 5:9 ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
JOB 5:10 မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
JOB 5:11 ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
JOB 5:12 ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
JOB 5:13 ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
JOB 5:14 ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
JOB 5:15 ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
JOB 5:16 ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
JOB 5:17 အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
JOB 5:18 ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
JOB 5:19 သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
JOB 5:20 အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
JOB 5:21 သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။
JOB 5:22 ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
JOB 5:23 အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
JOB 5:24 သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
JOB 5:25 သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
JOB 5:26 အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
JOB 5:27 ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။
JOB 6:1 တဖန်ယောဘမြွက်ဆိုသည်ကား၊
JOB 6:2 ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။
JOB 6:3 သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။
JOB 6:4 အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
JOB 6:5 တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော။
JOB 6:6 မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။
JOB 6:7 လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။
JOB 6:8 ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။
JOB 6:9 တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။
JOB 6:10 ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။
JOB 6:11 ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
JOB 6:12 ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။
JOB 6:13 ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဥာဏ်လည်းကုန်ပြီ။
JOB 6:14 ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
JOB 6:15 ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
JOB 6:16 ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊
JOB 6:17 အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်း ခြောက်တတ်၏။
JOB 6:18 ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။
JOB 6:19 တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။
JOB 6:20 မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။
JOB 6:21 ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
JOB 6:22 ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။
JOB 6:23 ရန်သူလက်မှငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။
JOB 6:24 ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။
JOB 6:25 မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။
JOB 6:26 ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။
JOB 6:27 အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။
JOB 6:28 ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော။
JOB 6:29 ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။
JOB 6:30 ငါ့လျှာ၌ ကောက်သောသဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။
JOB 7:1 လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
JOB 7:2 ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊
JOB 7:3 ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်း အတာ ဖြစ်၏။
JOB 7:4 အဘယ်အခါမှ ညဉ့်ကုန်၍ ငါထရပါမည်နည်း ဟုငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုဃ်းလင်းသည် တိုင်အောင် လှိမ့်လျက် လူးလျက်နေရ၏။
JOB 7:5 လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏။
JOB 7:6 ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။
JOB 7:7 ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ။
JOB 7:8 ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ။
JOB 7:9 မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။
JOB 7:10 မိမိအိမ်သို့မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ။
JOB 7:11 ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ၏။
JOB 7:12 ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော။
JOB 7:13 ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊
JOB 7:14 ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ၏။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။
JOB 7:15 ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်တ ပါ၏။
JOB 7:16 ငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
JOB 7:17 ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊
JOB 7:18 သူ့ကိုနံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူဖြစ်ပါသနည်း။
JOB 7:19 အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း။
JOB 7:20 လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။
JOB 7:21 အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
JOB 8:1 ရှုအာအမျိုးသားဗိလဒဒ် မြွက်ဆိုသည်ကား၊
JOB 8:2 သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
JOB 8:3 ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။
JOB 8:4 သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
JOB 8:5 သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင်၊
JOB 8:6 စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့်၊
JOB 8:7 သင်သည်အစဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွါးလိမ့်မည်။
JOB 8:8 လွန်လေပြီးသောကာလကိုစစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့။
JOB 8:9 ငါတို့သည် မနေ့၏သားဖြစ်၍ အလျှင်းမသိရပါ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ်၏။
JOB 8:10 ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။
JOB 8:11 ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။
JOB 8:12 ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ ညှိုးနွမ်းတတ်၏။
JOB 8:13 ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။
JOB 8:14 ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။
JOB 8:15 ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။
JOB 8:16 သူသည် နေပူမှာစိမ်းလန်းလျက်၊အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊
JOB 8:17 အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊
JOB 8:18 သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။
JOB 8:19 ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူနေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။
JOB 8:20 စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ။
JOB 8:21 ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။
JOB 8:22 သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။
JOB 9:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
JOB 9:2 မှန်ပါ၏။ ထိုစကားမှန်ကြောင်းကိုငါသိ၏။ သို့သော်လည်း လူသည်ဘုရားသခင့်ရှေ့တော်၌ အဘယ် သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။
JOB 9:3 ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။
JOB 9:4 ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
JOB 9:5 ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။
JOB 9:6 မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ၏။
JOB 9:7 နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။
JOB 9:8 မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
JOB 9:9 အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။
JOB 9:10 စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။
JOB 9:11 ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။
JOB 9:12 သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။
JOB 9:13 ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။
JOB 9:14 ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကားကို ရွေး၍ လျှောက်ရအံ့နည်း။
JOB 9:15 ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။
JOB 9:16 ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။
JOB 9:17 အကြောင်းမူကား၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲငါ၌ အနာတို့ကို များပြား စေတော်မူ၏။
JOB 9:18 ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။
JOB 9:19 တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
JOB 9:20 ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။
JOB 9:21 တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။
JOB 9:22 ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။
JOB 9:23 ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ၏။
JOB 9:24 မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။
JOB 9:25 တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။
JOB 9:26 လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။
JOB 9:27 ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
JOB 9:28 ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌စီရင်တော် မမူကြောင်းကို ငါသိ၏။
JOB 9:29 ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီးကြိုးစားရမည်နည်း။
JOB 9:30 ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊
JOB 9:31 ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ် ကိုရွံလိမ့်မည်။
JOB 9:32 ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
JOB 9:33 ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ။
JOB 9:34 ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့်။
JOB 9:35 သို့ဖြစ်လျှင်၊ ငါသည်မကြောက်ဘဲပြောရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပြောရသောအခွင့်ကိုမရ။
JOB 10:1 ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်း သောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရ မည်။
JOB 10:2 ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
JOB 10:3 ကိုယ်တော်သည်ညှဉ်းဆဲတော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ၍၊ လူဆိုးတို့၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော။
JOB 10:4 ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော။ လူမြင်သည်နည်း တူမြင်တော်မူသလော။
JOB 10:5 ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော။
JOB 10:6 အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ်၍ အပြစ်ကို တွေ့ခြင်းငှါ အဘယ်ကြောင့် ရှာတော်မူသနည်း။
JOB 10:7 အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ၏။
JOB 10:8 အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခုဖျက်ဆီးတော်မူမည် လော။
JOB 10:9 သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
JOB 10:10 အကျွန်ုပ်ကိုနို့ကဲ့သို့ သွန်းလောင်း၍၊ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ မဟုတ်လော။
JOB 10:11 အရေအသားဖြင့်ဖုံးလွှမ်း၍၊ အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။
JOB 10:12 အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ်၏ဝိညာဉ်ကိုမစပါပြီ။
JOB 10:13 ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ၏။
JOB 10:14 အကျွန်ုပ်သည် ပြစ်မှားလျှင်၊ ကိုယ်တော် မှတ်တော်မူ၏။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည် မဟုတ်။
JOB 10:15 အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင်၍ မိန်းမောတွေဝေလျက် နေရ ပါ၏။
JOB 10:16 အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။
JOB 10:17 အကျွန်ုပ်တဘက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွါးစေခြင်းငှါ ပြုတော် မူသဖြင့်၊ အကျွန်ုပ်တဘက်၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ၏။
JOB 10:18 အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။
JOB 10:19 ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။
JOB 10:20 အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော။
JOB 10:21 မှောင်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊
JOB 10:22 သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မိုက်သဖြင့်၊ အလင်းပင်မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်၊ မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ် သား၍မရောက်မှီ၊ သက်သာခြင်း အနည်းငယ်ရှိပါမည် အကြောင်းနေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြွတ်ဆို၏။
JOB 11:1 နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊
JOB 11:2 စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
JOB 11:3 သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။
JOB 11:4 သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။
JOB 11:5 ဘုရားသခင်မိန့်တော်မူပါစေ။ သင့်တဘက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။
JOB 11:6 နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
JOB 11:7 သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
JOB 11:8 မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။
JOB 11:9 အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။
JOB 11:10 ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။
JOB 11:11 ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။
JOB 11:12 သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
JOB 11:13 သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊
JOB 11:14 သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊
JOB 11:15 အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည် လိမ့်မည်။
JOB 11:16 ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
JOB 11:17 သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
JOB 11:18 မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။
JOB 11:19 အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။
JOB 11:20 ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
JOB 12:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
JOB 12:2 သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။
JOB 12:3 သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။
JOB 12:4 ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။
JOB 12:5 ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။
JOB 12:6 ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
JOB 12:7 သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။
JOB 12:8 မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
JOB 12:9 ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။
JOB 12:10 အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။
JOB 12:11 ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။
JOB 12:12 အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။
JOB 12:13 ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
JOB 12:14 ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
JOB 12:15 ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။
JOB 12:16 တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
JOB 12:17 တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။
JOB 12:18 ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
JOB 12:19 ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။
JOB 12:20 နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။
JOB 12:21 မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။
JOB 12:22 မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။
JOB 12:23 တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။
JOB 12:24 မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။
JOB 12:25 သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။
JOB 13:1 ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍နားလည်ပြီ။
JOB 13:2 သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ်။
JOB 13:3 အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
JOB 13:4 သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
JOB 13:5 သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
JOB 13:6 ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
JOB 13:7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
JOB 13:8 မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။
JOB 13:9 သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။
JOB 13:10 သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။
JOB 13:11 သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
JOB 13:12 သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
JOB 13:13 တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
JOB 13:14 သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည်။
JOB 13:15 ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
JOB 13:16 ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။
JOB 13:17 ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက် ထားချက်ကို နားထောင်ကြလော့။
JOB 13:18 ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။
JOB 13:19 ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
JOB 13:20 ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။
JOB 13:21 လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့်။
JOB 13:22 ထိုအခါခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော်အမိန့်ရှိတော်မူပါ။
JOB 13:23 အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်းအပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ။
JOB 13:24 ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
JOB 13:25 လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
JOB 13:26 အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
JOB 13:27 အကျွန်ုပ်ကိုထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
JOB 13:28 ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။
JOB 14:1 လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏။
JOB 14:2 ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။
JOB 14:3 ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည် လော။
JOB 14:4 မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
JOB 14:5 လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊
JOB 14:6 မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။
JOB 14:7 သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။
JOB 14:8 မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊
JOB 14:9 ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။
JOB 14:10 လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
JOB 14:11 အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက် သကဲ့သို့၎င်း၊
JOB 14:12 လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။
JOB 14:13 ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။
JOB 14:14 လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
JOB 14:15 အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ။
JOB 14:16 ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။
JOB 14:17 အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
JOB 14:18 ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။
JOB 14:19 လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။
JOB 14:20 ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည်ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာ ကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။
JOB 14:21 သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။
JOB 14:22 သို့ရာတွင် သူ၏ကိုယ်သည်ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည်ညည်းတွားလျက်နေရပါသည်ဟု မြွတ်ဆို၏။
JOB 15:1 တဖန်တေမန် အမျိုးသားဧလိဖတ်မြွက်ဆိုသည် ကား၊
JOB 15:2 ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
JOB 15:3 အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင်သော စကားနှင့် ဆွေးနွှေးသင့်သလော။
JOB 15:4 သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆိုတောင်းပဌနာပြုရာ ဝတ်ကို ဆီးတားတတ်၏။
JOB 15:5 သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို သုံးတတ်၏။
JOB 15:6 ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက် ၌ သက်သေခံ၏။
JOB 15:7 သင်သည် အဦးဆုံးဘွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။
JOB 15:8 ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော။ ပညာကို ကိုယ်၌အကုန်အစင် သိမ်းထားပြီ လော။
JOB 15:9 ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။
JOB 15:10 သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ၏။
JOB 15:11 သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။
JOB 15:12 ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။
JOB 15:13 သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။
JOB 15:14 လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။
JOB 15:15 ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။
JOB 15:16 သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။
JOB 15:17 ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည်။
JOB 15:20 ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။
JOB 15:21 သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
JOB 15:22 မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
JOB 15:23 စားစရာကို ရှာ၍လှည့်လည်ရ၏။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ၏။
JOB 15:24 ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။
JOB 15:25 အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
JOB 15:26 လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။
JOB 15:27 မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
JOB 15:28 သို့သော်လည်း လူဆိတ်ညံသောမြို့၊ အဘယ်သူ မျှမနေ။ လဲလုသော အိမ်တို့၌ သူသည်နေရ၏။
JOB 15:29 ငွေမရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ။
JOB 15:30 သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
JOB 15:31 အဘယ်သူမျှလှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည်။
JOB 15:32 အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏ အခက်အလက်သည် မစိမ်းရာ။
JOB 15:33 စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သော အသီးကို ၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း ချွေရလိမ့်မည်။
JOB 15:34 အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသောသူတို့၏နေရာသည် မီးလောင်လိမ့်မည်။
JOB 15:35 ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။
JOB 16:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
JOB 16:2 ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်းစေသော သူဖြစ်ကြပါသည်တကား။
JOB 16:3 အချည်းနှီးသော စကားမကုန်နိုင်သလော။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း။
JOB 16:4 သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
JOB 16:5 ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
JOB 16:6 ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
JOB 16:7 ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။
JOB 16:8 ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။
JOB 16:9 အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။
JOB 16:10 သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။
JOB 16:11 ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။
JOB 16:12 ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။
JOB 16:13 မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။
JOB 16:14 ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
JOB 16:15 ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။
JOB 16:16 ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ၏။
JOB 16:17 သို့သော်လည်းငါ့လက်၌မတရားသော အမှုမရှိ။ ငါပြုသော ပဌနာသည် သန့်ရှင်း၏။
JOB 16:18 အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။
JOB 16:19 ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ၏။
JOB 16:20 ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
JOB 16:21 လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
JOB 16:22 နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။
JOB 17:1 ငါ့အသက်ကုန်ပြီ။ ငါနေရသော ကာလလွန်ပြီ။ သင်္ချိုင်းသည် ငါ့အဘို့ဖြစ်၏။
JOB 17:2 ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရသည်မဟုတ်လော။
JOB 17:3 အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ဂတိသစ္စထားမည်နည်း။
JOB 17:4 ကိုယ်တော်သည် သူတို့ဥာဏ် ကိုကွယ်စေတော် မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။
JOB 17:5 အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ်၏။ ထိုသူ၏သားတို့သည် မြော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။
JOB 17:6 ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။
JOB 17:7 ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။
JOB 17:8 ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။
JOB 17:9 ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
JOB 17:10 သင်တို့မူကား တယောက်မျှမကြွင်း၊ ပြန်သွားကြ ပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင်။
JOB 17:11 ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
JOB 17:12 ညဉ့်သည် ငါ၌ နေကဲ့သို့ဖြစ်၍၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။
JOB 17:13 သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။
JOB 17:14 ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ် သည်ဟူ၍၎င်း ငါဆိုရ၏။
JOB 17:15 သို့ဖြစ်၍ အဘယ်သို့ ငါမြော်လင့်ရသနည်း။ ငါမြော်လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း။
JOB 17:16 ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။
JOB 18:1 တဖန်ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊
JOB 18:2 ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည် နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြ မည်။
JOB 18:3 သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း။
JOB 18:4 အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။
JOB 18:5 အကယ်စင်စစ်ဆိုးသောသူ၏ အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံမတောက်ရ။
JOB 18:6 သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။
JOB 18:7 ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။
JOB 18:8 ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။
JOB 18:9 ဂိုင်းပြုတ်၍ ခြေကို မိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။
JOB 18:10 မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။
JOB 18:11 ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။
JOB 18:12 သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။
JOB 18:13 ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။
JOB 18:14 သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။
JOB 18:15 သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။
JOB 18:16 သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
JOB 18:17 မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
JOB 18:18 သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။
JOB 18:19 သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။
JOB 18:20 သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
JOB 18:21 အကယ်စင်စစ်ဆိုးသော သူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆိ၏။
JOB 19:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ရှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။
JOB 19:3 ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။
JOB 19:4 ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။
JOB 19:5 သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊
JOB 19:6 ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။
JOB 19:7 ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
JOB 19:8 ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။
JOB 19:9 ငါ့ဂုဏ်အသရေကိုချွတ်၍၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ။
JOB 19:10 ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင်ကို နှုတ်သကဲ့သို့၊ ငါမြော်လင့်ရသော အခွင့်ကို နှုတ်တော်မူပြီ။
JOB 19:11 ငါ၌အမျက်တော်ကိုနှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။
JOB 19:12 စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။
JOB 19:13 ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။
JOB 19:14 ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ၏။
JOB 19:15 ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့၎င်း၊ တကျွန်းတနိုင်ငံသားကဲ့သို့၎င်း မှတ်ကြ၏။
JOB 19:16 ငါ့ကျွန်ကိုငါခေါ်သောအခါသူသည် မထူး၊ သူ့ကို နှုတ်ဆက်၍ တောင်းပန်ရ၏။
JOB 19:17 ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို၎င်း ရွံ့ကြ၏။
JOB 19:18 သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။
JOB 19:19 ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ၏။
JOB 19:20 ငါ့အရေသားသည်ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတခုသာပါလျက်ငါပြေးလွတ်ရ၏။
JOB 19:21 အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။
JOB 19:22 ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင်ရဲ့ဘဲနေကြသနည်း။
JOB 19:23 ငါ့စကားကိုယခုရေးမှတ်ပါစေသော။ စာရင်း၌သွင်းထားပါစေသော။
JOB 19:24 ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။
JOB 19:25 ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
JOB 19:26 ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။
JOB 19:27 ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။
JOB 19:28 ယခုမှာသင်တို့က၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊
JOB 19:29 ထားဘေးကိုကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။
JOB 20:1 တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား၊
JOB 20:2 ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
JOB 20:3 ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
JOB 20:4 ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊
JOB 20:5 ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
JOB 20:6 သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊
JOB 20:7 မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
JOB 20:8 သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
JOB 20:9 သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။
JOB 20:10 သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
JOB 20:11 သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
JOB 20:12 သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
JOB 20:13 နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
JOB 20:14 စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
JOB 20:15 သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
JOB 20:16 သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
JOB 20:17 အသွယ်သွယ်သောမြစ်၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ။
JOB 20:18 မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ။
JOB 20:19 ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊
JOB 20:20 လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
JOB 20:21 သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
JOB 20:22 ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
JOB 20:23 သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
JOB 20:24 သံလက်နက်ကိုရှောင်၍ ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။
JOB 20:25 မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
JOB 20:26 ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
JOB 20:27 မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။
JOB 20:28 သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
JOB 20:29 ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။
JOB 21:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
JOB 21:2 ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့။
JOB 21:3 ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
JOB 21:4 ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
JOB 21:5 ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။
JOB 21:6 ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
JOB 21:7 လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
JOB 21:8 သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။
JOB 21:9 သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။
JOB 21:10 သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။
JOB 21:11 သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။
JOB 21:12 သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
JOB 21:13 ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။
JOB 21:14 ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
JOB 21:15 အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
JOB 21:16 သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
JOB 21:17 မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊
JOB 21:18 သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
JOB 21:19 ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊
JOB 21:20 ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
JOB 21:21 သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
JOB 21:22 မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။
JOB 21:23 တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။
JOB 21:24 သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။
JOB 21:25 တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
JOB 21:26 နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
JOB 21:27 သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။
JOB 21:28 အာဏာထားတတ်သော သူ၏အိမ်သည် အဘယ်မှာရှိသနည်း။ မတရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့် မည်။
JOB 21:29 ခရီးသွားသောသူတို့ကို မမေးကြဘူးသလော။
JOB 21:30 ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
JOB 21:31 သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။
JOB 21:32 သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။
JOB 21:33 သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။
JOB 21:34 သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
JOB 22:1 တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည် ကား၊
JOB 22:2 လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။
JOB 22:3 သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
JOB 22:4 သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော် မူမည်လော။ သင်နှင့်တရားတွေ့တော်မူမည်လော။
JOB 22:5 သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
JOB 22:6 သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။
JOB 22:7 မောသောသူသောက်ဘို့ ရေကိုမပေး။ ငတ်မွတ်သောသူကိုမကျွေး။
JOB 22:8 အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ၏။
JOB 22:9 သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကိုချိုးပြီ။
JOB 22:10 ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။
JOB 22:11 မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။
JOB 22:12 ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား။
JOB 22:13 သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
JOB 22:14 မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။
JOB 22:15 ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊
JOB 22:16 အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍၎င်း၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊
JOB 22:17 ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။
JOB 22:18 သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
JOB 22:19 ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။
JOB 22:20 အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။
JOB 22:21 ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
JOB 22:22 နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်းပါလော့။
JOB 22:23 အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
JOB 22:24 ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။
JOB 22:25 ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။
JOB 22:26 သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။
JOB 22:27 သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။
JOB 22:28 သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။
JOB 22:29 သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
JOB 22:30 အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
JOB 23:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍ ပြင်းပါ၏။
JOB 23:3 ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။
JOB 23:4 ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
JOB 23:5 ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ၏။
JOB 23:6 မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင် တော်မူမည်။
JOB 23:7 ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။
JOB 23:8 ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊
JOB 23:9 လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။
JOB 23:10 သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
JOB 23:11 ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။
JOB 23:12 ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။
JOB 23:13 သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။
JOB 23:14 ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများရှိကြ၏။
JOB 23:15 ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
JOB 23:16 ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။
JOB 23:17 အကြောင်းမူကား၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား။
JOB 24:1 အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။
JOB 24:2 အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။
JOB 24:3 မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။
JOB 24:4 ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။
JOB 24:5 သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။
JOB 24:6 လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။
JOB 24:7 ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။
JOB 24:8 တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။
JOB 24:9 အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။
JOB 24:10 အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။
JOB 24:11 သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။
JOB 24:12 လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။
JOB 24:13 အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။
JOB 24:14 လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဉ့်အခါ သူခိုးလုပ်တတ် ၏။
JOB 24:15 သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။
JOB 24:16 လူဆိုးတို့သည် ညဉ့်အချိန်၌ သူတပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။
JOB 24:17 နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။
JOB 24:18 ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
JOB 24:19 မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။
JOB 24:20 သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
JOB 24:21 မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ်။
JOB 24:22 အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။
JOB 24:23 သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။
JOB 24:24 ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။
JOB 24:25 သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
JOB 25:1 တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊
JOB 25:2 ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
JOB 25:3 ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း။
JOB 25:4 သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
JOB 25:5 လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။
JOB 25:6 ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။
JOB 26:1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
JOB 26:2 သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။
JOB 26:3 မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း။
JOB 26:4 ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
JOB 26:5 အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။
JOB 26:6 မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။
JOB 26:7 မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။
JOB 26:8 ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။
JOB 26:9 မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။
JOB 26:10 အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
JOB 26:11 ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
JOB 26:12 တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
JOB 26:13 ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။
JOB 26:14 ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
JOB 27:1 ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊
JOB 27:2 ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
JOB 27:3 ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊
JOB 27:4 တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
JOB 27:5 သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။
JOB 27:6 ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။
JOB 27:7 ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။
JOB 27:8 အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
JOB 27:9 ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။
JOB 27:10 ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
JOB 27:11 ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။
JOB 27:12 သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
JOB 27:13 လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊
JOB 27:14 သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
JOB 27:15 သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။
JOB 27:16 သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊
JOB 27:17 ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။
JOB 27:18 သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။
JOB 27:19 ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။
JOB 27:20 ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
JOB 27:21 အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
JOB 27:22 ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။
JOB 27:23 လူတို့သည်လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်း ကြလိမ့်မည်။
JOB 28:1 ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။
JOB 28:2 သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။
JOB 28:3 လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်း အရိပ်တိုင်အောင်၎င်း လိုက်၍ စစ်တတ်၏။
JOB 28:4 တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
JOB 28:5 မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
JOB 28:6 သူ၏ကျောက်တို့သည် ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
JOB 28:7 အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ၏။
JOB 28:8 ထိုလမ်းကိုသားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
JOB 28:9 လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
JOB 28:10 ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။
JOB 28:11 စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ်၏။
JOB 28:12 သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
JOB 28:13 ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
JOB 28:14 နက်နဲသော အရပ်ကငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိဟုဆို တတ်၏။
JOB 28:15 ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍ ပညာအဘိုးကို မမှီနိုင်။
JOB 28:16 ဩဖိရရွှေ၊ မြတ်သောရှဟံကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
JOB 28:17 ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။
JOB 28:18 သန္တာနှင့်ပုလဲကိုပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးကြီး၏။
JOB 28:19 ကုရှဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံးသော ရွှေနှင့်ဝယ်၍ မရနိုင်။
JOB 28:20 သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
JOB 28:21 အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
JOB 28:22 အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
JOB 28:23 ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
JOB 28:24 ပညာနေရာအရပ်ကို သိတော်မူ၏။
JOB 28:25 လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
JOB 28:26 မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
JOB 28:27 ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။
JOB 28:28 လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
JOB 29:1 ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆို သည်ကား၊
JOB 29:2 ငါသည် လွန်လေပြီသောနှစ်၊လ၊ ဘုရားသခင် စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။
JOB 29:3 ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။
JOB 29:4 ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
JOB 29:5 ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။
JOB 29:6 ထိုအခါငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကိုသွန်းလောင်းလေ၏။
JOB 29:7 ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
JOB 29:8 လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။
JOB 29:9 မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။
JOB 29:10 မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ကပ်လေ၏။
JOB 29:11 လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းကြီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။
JOB 29:12 အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။
JOB 29:13 ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ၏။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။
JOB 29:14 ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ် ဆင်၏။ တရားသည် ငါ့ဝတ်လုံငါ့ပေါင်းဖြစ်၏။
JOB 29:15 မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ်၏။ ခြေဆွံ့သော သူတို့အားခြေဖြစ်၏။
JOB 29:16 ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။
JOB 29:17 မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။
JOB 29:18 ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
JOB 29:19 ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။
JOB 29:20 ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါလေးသည် လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။
JOB 29:21 သူတပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။
JOB 29:22 ငါပြောပြီးသည် နောက်သူတို့သည် ပြန်၍ မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။
JOB 29:23 မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက်၊ ဗနာက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ၏။
JOB 29:24 ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။
JOB 29:25 ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။
JOB 30:1 ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
JOB 30:2 သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
JOB 30:3 ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ၏။
JOB 30:4 စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။
JOB 30:5 လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။
JOB 30:6 ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။
JOB 30:7 ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင် အောက်မှာ စုဝေးလျက် နေကြ၏။
JOB 30:8 လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။
JOB 30:9 ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား။
JOB 30:10 ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။
JOB 30:11 ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
JOB 30:12 သူငယ်တို့သည်ငါ့လက်ျာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။
JOB 30:13 ငါ့လမ်းကို ဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။
JOB 30:14 ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ၏။
JOB 30:15 ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ။
JOB 30:16 ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာ ကာလသည် ငါ့ကိုမှီပြီ။
JOB 30:17 ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ။
JOB 30:18 ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ၏။
JOB 30:19 ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့်မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။
JOB 30:20 ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။
JOB 30:21 အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။
JOB 30:22 အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။
JOB 30:23 သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
JOB 30:24 ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော် မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။
JOB 30:25 အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။
JOB 30:26 သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။
JOB 30:27 ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။
JOB 30:28 နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။
JOB 30:29 မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ၏။
JOB 30:30 အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။
JOB 31:1 ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
JOB 31:2 သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။
JOB 31:3 ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။
JOB 31:4 ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင် တော်မူသည်မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော။
JOB 31:5 မုသာလမ်းသို့ ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိ သော်၎င်း၊
JOB 31:6 မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ။
JOB 31:7 ငါသည်လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ် အကြေးကပ်မိသော်၎င်း၊
JOB 31:8 ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ။
JOB 31:9 သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော်၎င်း၊
JOB 31:10 ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရ ပါစေ။ သူတပါးသည် ငါ့မယားကိုရှုတ်ချပါစေ။
JOB 31:11 ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။
JOB 31:12 ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ်၏။
JOB 31:13 ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
JOB 31:14 ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါ့ပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း။
JOB 31:15 ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကို လည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ တပါးတည်း သောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော။
JOB 31:16 ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။
JOB 31:17 မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော။
JOB 31:18 ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်း ကို ခံပြီ။ ငါသည် ဘွားမြင်သော နေ့မှစ၍ မုတ်ဆိုးမကို မစပြီ။
JOB 31:19 အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင်၍၊
JOB 31:20 သူ၏ခါးသည် ငါ့ကို ကောင်းကြီးမပေး။ ငါ့ သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊
JOB 31:21 ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည် မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊
JOB 31:22 ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုး ကျိုးပါစေ။
JOB 31:23 ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ။
JOB 31:24 ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊
JOB 31:25 ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ် သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊
JOB 31:26 ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက် သွားသောလကို ငါကြည့်ရှုသောအခါ၊
JOB 31:27 ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊
JOB 31:28 ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏။
JOB 31:29 ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
JOB 31:30 ငါသည်သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး။
JOB 31:31 ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။
JOB 31:32 ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။
JOB 31:33 ငါသည်လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။
JOB 31:34 ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။
JOB 31:35 တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ။
JOB 31:36 အကယ်စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည်။ ဗေါင်းကဲ့သို့ ဆောင်းပါမည်။
JOB 31:37 ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည်။
JOB 31:38 ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့်၊ အော်ဟစ်၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော်၎င်း၊
JOB 31:39 စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊
JOB 31:40 စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယော ပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။
JOB 32:1 ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
JOB 32:2 ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့်၊ ယောဘကို အမျက်ထွက်၏။
JOB 32:3 ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
JOB 32:4 ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
JOB 32:5 ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏။
JOB 32:6 ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။
JOB 32:7 နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ်၏။
JOB 32:8 သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏။
JOB 32:9 လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
JOB 32:10 သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြပါမည်။
JOB 32:11 သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ။
JOB 32:12 စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ် သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။
JOB 32:13 သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
JOB 32:14 ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီ မဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။
JOB 32:15 ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
JOB 32:16 ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။
JOB 32:17 သို့ဖြစ်၍ငါသည်ကိုယ်အတွက်ပြန်ပြောမည်။ ကိုယ်သဘောကို ပြမည်။
JOB 32:18 ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။
JOB 32:19 ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ်၏။
JOB 32:20 ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။
JOB 32:21 အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။
JOB 32:22 သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။
JOB 33:1 သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။
JOB 33:2 ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊
JOB 33:3 ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။
JOB 33:4 ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော် သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။
JOB 33:5 သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။
JOB 33:6 ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။
JOB 33:7 သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။
JOB 33:8 အကယ်စင်စစ်သင့်စကားသံကို ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊
JOB 33:9 ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
JOB 33:10 ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။
JOB 33:11 ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။
JOB 33:12 ထိုသို့ဆိုသော်မှားပြီ။ ငါပြန်ပြောသောစကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။
JOB 33:13 ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။
JOB 33:14 ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။
JOB 33:15 လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊
JOB 33:16 ဘုရားသခင်သည် လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။
JOB 33:17 ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။
JOB 33:18 သူ၏အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။
JOB 33:19 လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊
JOB 33:20 မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။
JOB 33:21 အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။
JOB 33:22 အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။
JOB 33:23 သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင်၊
JOB 33:24 ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
JOB 33:25 ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည်။
JOB 33:26 ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။
JOB 33:27 သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
JOB 33:28 သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
JOB 33:29 ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
JOB 33:30 သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
JOB 33:31 အိုယောဘ၊ ငါ့စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။
JOB 33:32 သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။
JOB 33:33 ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို၏။
JOB 34:1 တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊
JOB 34:2 အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။
JOB 34:3 ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။
JOB 34:4 ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။
JOB 34:5 ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။
JOB 34:6 ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
JOB 34:7 ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏။
JOB 34:8 မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။
JOB 34:9 လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ။
JOB 34:10 သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
JOB 34:11 လူပြုသော အမှု၏အကျိုးအပြစ်ကို ပေးတော်မူ မည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည်။
JOB 34:12 အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ။
JOB 34:13 မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း။
JOB 34:14 ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
JOB 34:15 ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။
JOB 34:16 ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။
JOB 34:17 တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။
JOB 34:18 သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟုမင်းတို့ကို၎င်း ဆိုသင့် သလော။
JOB 34:19 ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
JOB 34:20 တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
JOB 34:21 အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။
JOB 34:22 မတရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစုံတခုမျှမရှိ။
JOB 34:23 ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့ သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ။
JOB 34:24 အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ ၏။
JOB 34:25 သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။
JOB 34:26 သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။
JOB 34:27 အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ကြ၏။ ပြုတော်မူသော အမှုတို့ကို အလျှင်းမဆင် ခြင်ကြ။
JOB 34:28 ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
JOB 34:29 ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။
JOB 34:30 ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။
JOB 34:31 အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တဖန် မပြစ်မှားပါ။
JOB 34:32 အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော။
JOB 34:33 သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။
JOB 34:34 ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ။
JOB 34:35 ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမဟုတ်။
JOB 34:36 ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။
JOB 34:37 ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို၏။
JOB 35:1 တဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊ ငါသည်ဘုရားသခင်ထက်သာ၍ ဖြောင့်မတ်၏ဟု သင်ပြောသောစကားမှန်သည် ထင်သလော။
JOB 35:3 သင်က၊ ငါသည်အဘယ်အကျိုးကိုရသနည်း။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏။
JOB 35:4 သင်နှင့်သင်၏အပေါင်းအဘော်တို့စကားကို ငါချေပါမည်။
JOB 35:5 မိုဃ်းကောင်းကင်ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုဃ်းတိမ်တို့ကို ကြည့်ရှုလော့။
JOB 35:6 သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရား သခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။
JOB 35:7 သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း။ သင့်လက် မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။
JOB 35:8 သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။
JOB 35:9 များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက် သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏။
JOB 35:10 သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော၊
JOB 35:11 မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။
JOB 35:12 ထိုကြောင့်အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။
JOB 35:13 အကယ်စင်စစ်ဘုရားသခင်သည် အချည်းနှီး သောစကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင် သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏။
JOB 35:14 ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။
JOB 35:15 ယခုမူကား၊ အမျက်ထွက်၍ ဆုံးမတော်မမူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူ သောကြောင့်၊
JOB 35:16 ယောဘသည်အချည်းနှီးသော စကားကို မြွက်ဆိုတတ်၏။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏။
JOB 36:1 တဖန်ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊
JOB 36:2 ငါ့ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး၏။
JOB 36:3 ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။
JOB 36:4 အကယ်စင်စစ်မမှန်သောစကားကို ငါမပြော။ ပညာ အတတ် စုံလင်သောသူသည် သင်၌ရှိ၏။
JOB 36:5 ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်းမထီမဲ့ မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဥာဏ်သတ္တိနှင့်ပြည့်စုံတော်မူ၏။
JOB 36:6 မတရားသောသူတို့၏ အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။
JOB 36:7 ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။
JOB 36:8 သူတို့သည်အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင်၊
JOB 36:9 သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ၏။
JOB 36:10 ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ၏။
JOB 36:11 စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။
JOB 36:12 နားမထောင်လျှင် ထားဘေးဖြင့် ဆုံး၍၊ ပညာ အတတ်မရှိဘဲ သေတတ်ကြ၏။
JOB 36:13 အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။
JOB 36:14 အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။
JOB 36:15 အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ၏။
JOB 36:16 ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။
JOB 36:17 သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။
JOB 36:18 အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။
JOB 36:19 သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။
JOB 36:20 ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။
JOB 36:21 သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။
JOB 36:22 ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။
JOB 36:23 ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။
JOB 36:24 လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။
JOB 36:25 လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။
JOB 36:26 ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။
JOB 36:27 ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
JOB 36:28 မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ၍၊ များစွာသော မိုဃ်းရွာတတ်၏။
JOB 36:29 မိုဃ်းတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ နားလည်သနည်း။
JOB 36:30 တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။
JOB 36:31 ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏။
JOB 36:32 အလင်းကိုလက်တော်နှင့် ကွယ်ကာ၍၊ တဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။
JOB 36:33 ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။
JOB 37:1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။
JOB 37:2 မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့။
JOB 37:3 မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
JOB 37:4 လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။
JOB 37:5 အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
JOB 37:6 မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။
JOB 37:7 ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။
JOB 37:8 ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။
JOB 37:9 လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။
JOB 37:10 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။
JOB 37:11 မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ၏။
JOB 37:12 လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
JOB 37:13 ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။
JOB 37:14 အိုယောဘ၊ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ၍ ဆင်ခြင်လော့။
JOB 37:15 ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
JOB 37:16 ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
JOB 37:17 မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။
JOB 37:18 သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
JOB 37:19 ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
JOB 37:20 ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
JOB 37:21 လေသည် လာ၍မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။
JOB 37:22 မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။
JOB 37:23 အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
JOB 37:24 သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။
JOB 38:1 ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
JOB 38:2 ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း။
JOB 38:3 လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။
JOB 38:4 မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
JOB 38:5 မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။
JOB 38:6 မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေ သနည်း။
JOB 38:7 နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
JOB 38:8 သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ ထွက်လာ သောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း။
JOB 38:9 သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊
JOB 38:10 သင်သည်ဤအရပ်တိုင်အောင်လာရ၏။
JOB 38:11 တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
JOB 38:12 သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော။
JOB 38:13 နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
JOB 38:14 မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။
JOB 38:15 လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။
JOB 38:16 သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူး သလော။
JOB 38:17 သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
JOB 38:18 မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။
JOB 38:19 အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။
JOB 38:20 အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။
JOB 38:21 သင်သည်ရှေးကာလ၌ ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
JOB 38:22 သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
JOB 38:23 ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
JOB 38:24 အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။
JOB 38:25 လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်း ရွာစေခြင်းငှါ၎င်း၊
JOB 38:26 လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊
JOB 38:27 လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။
JOB 38:28 မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။
JOB 38:29 ရေခဲသည်အဘယ်သူ၏ ဝမ်းထဲက ထွက်လာ သနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
JOB 38:30 ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ် မျက်နှာတင်းမာလျက် ရှိ၏။
JOB 38:31 သင်သည် ခိမကြယ်စု၏သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော။
JOB 38:32 မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော။ အာရှကြယ်နှင့်သူ၏သားတို့ကို ပဲ့ပြင် နိုင်သလော။
JOB 38:33 မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။
JOB 38:34 များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။
JOB 38:35 လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော။
JOB 38:36 ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း။
JOB 38:37 မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊
JOB 38:38 မိုဃ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
JOB 38:39 သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။
JOB 38:40 ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။
JOB 38:41 ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
JOB 39:1 သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။
JOB 39:2 ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။
JOB 39:3 သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ၏။
JOB 39:4 သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။
JOB 39:5 တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။
JOB 39:6 တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။
JOB 39:7 မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
JOB 39:8 တောင်ရိုး၌ ကျက်စား၍၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။
JOB 39:9 ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏ တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။
JOB 39:10 ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော။ သို့မဟုတ်သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။
JOB 39:11 ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။
JOB 39:12 သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
JOB 39:13 ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။
JOB 39:14 သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။
JOB 39:15 သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
JOB 39:16 သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။
JOB 39:17 အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဥာဏ်ကိုပေးတော်မမူ။
JOB 39:18 သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ်၏။
JOB 39:19 သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော။
JOB 39:20 ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။
JOB 39:21 လွင်ပြင်ကိုယက်၍၊ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ်၏။
JOB 39:22 ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ထားဘေးကို မရှောင်တတ်။
JOB 39:23 သူ့တဘက်၌ မြှားတောင့်လှုပ်သံမြည်၍၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။
JOB 39:24 မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မနေနိုင်။
JOB 39:25 တံပိုးများ အလယ်သို့ရောက်၍ အေ့ဟေ၊ အေ့ဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
JOB 39:26 သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
JOB 39:27 သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
JOB 39:28 သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။
JOB 39:29 ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။
JOB 39:30 သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ၏။
JOB 40:1 တဖန်ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော သူသည် ဆန့်ကျင်ဘက်ပြုဦးမလော။
JOB 40:2 ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊
JOB 40:3 ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။
JOB 40:4 ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
JOB 40:5 တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။
JOB 40:6 တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘအား မိန့်တော်မူသည်ကား၊
JOB 40:7 လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့။
JOB 40:8 သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
JOB 40:9 သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
JOB 40:10 ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
JOB 40:11 သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
JOB 40:12 မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊
JOB 40:13 သူတို့ကိုမြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
JOB 40:14 သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
JOB 40:15 သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။
JOB 40:16 သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။
JOB 40:17 သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။
JOB 40:18 အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီး တို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။
JOB 40:19 ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကို ပေးပြီ။
JOB 40:20 မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။
JOB 40:21 အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။
JOB 40:22 ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်း နားမိုဃ်းမခပင်တို့သည် ဝိုင်းကြ၏။
JOB 40:23 မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။
JOB 40:24 ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူမည်လော။ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော။
JOB 41:1 လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။
JOB 41:2 သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌သံကွင်းလျှိုမည် လော။
JOB 41:3 သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။
JOB 41:4 သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော။
JOB 41:5 ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော။
JOB 41:6 သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။
JOB 41:7 သူ၏အရေကို မှိန်းနှင့်၎င်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြားထိုးဖောက်နိုင် သလော။
JOB 41:8 သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။
JOB 41:9 တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး ထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။
JOB 41:10 သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။
JOB 41:11 ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။
JOB 41:12 လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သော တန်ဆာတို့ကို ငါသည် ဝှက်၍မထား။
JOB 41:13 သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။
JOB 41:14 သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
JOB 41:15 လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။
JOB 41:16 လေမျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
JOB 41:17 တချပ်နှင့်တချပ် မခွါနိုင်အောင် တခဲနက် ရှက်တင်လျက်ရှိကြ၏။
JOB 41:18 သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။
JOB 41:19 ပစပ်ထဲက မီးရူးထွက်၍ မီးပွါးတို့လည်း လွင့်ကြ၏။
JOB 41:20 ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့ တတ်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ် ၏။
JOB 41:21 အသက်ရှုသောအခါ မီးခဲတောက်၍ ပစပ်ထဲက မီးလျှံထွက်တတ်၏။
JOB 41:22 လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။
JOB 41:23 အသားအကြောတို့သည် တခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။
JOB 41:24 နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့ မာ၏။
JOB 41:25 သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။
JOB 41:26 သူ့ကိုတိုက်လျှင်ထားမခိုင်တတ်။ လှံ၊ မြှား၊ သံချပ်မခိုင်တတ်။
JOB 41:27 သံကို ကောက်ရိုးကဲ့သို့၎င်း၊ ကြေးဝါကို သစ်ဆွေး ကဲ့သို့၎င်း မှတ်တတ်၏။
JOB 41:28 လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲ နှင့်ပစ်သော ကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။
JOB 41:29 ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။
JOB 41:30 သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများရှိ၏။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။
JOB 41:31 အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။
JOB 41:32 သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။
JOB 41:33 မြေပေါ်မှာသူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ်၏။
JOB 41:34 ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။
JOB 42:1 ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊
JOB 42:2 ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။
JOB 42:3 ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။
JOB 42:4 နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ။
JOB 42:5 သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။
JOB 42:6 ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
JOB 42:7 ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။
JOB 42:8 သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
JOB 42:9 ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။
JOB 42:10 ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
JOB 42:11 ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
JOB 42:12 ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။
JOB 42:13 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကို လည်း ရပြန်၏။
JOB 42:14 သမီးကြီးကား၊ ယေမိမ၊ သမီးလပ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း။
JOB 42:15 တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ။ သူတို့၏အဘသည်သူတို့ မောင်များနှင့်အညီအမျှ သူတို့အာအမွေဥစ္စာကို ဝေပေး လေ၏။
JOB 42:16 ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
JOB 42:17 အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။ ယောဘဝတ္တုပြီး၏။
PSA 1:1 သူ​ယုတ်​မာ​တို့​၏​အ​ကြံ​ဉာဏ်​ကို​လက်​မ​ခံ၊ အ​ပြစ်​ကူး​သူ​တို့​၏​စံ​န​မူ​နာ​ကို​မလိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​တို့​နှင့်​လည်း မ​ပေါင်း​မ​ဖော်​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
PSA 1:2 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လျှောက်​၍ နေ့​ည​မ​ပြတ်​လေ့​လာ​ဆင်​ခြင်​မှု​ဖြင့်​ပျော်​မွေ့​တတ်​ကြ​၏။
PSA 1:3 ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌ အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။
PSA 1:4 သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။ သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။
PSA 1:5 အ​ပြစ်​ကူး​သူ​တို့​သည်​ဘု​ရား​သ​ခင် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အ​ပေါင်း​အ​သင်း​ထဲ​သို့​မ​ဝင်​ရ​ကြ။
PSA 1:6 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။
PSA 2:1 တိုင်း​နိုင်​ငံ​တို့​သည်​အ​ဘယ်​ကြောင့်​ဆူ​ပူ​ပုန်​ကန်​ရန် ကြံ​စည်​ကြ​သ​နည်း။ လူ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ချည်း​နှီး လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။
PSA 2:2 ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။ သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။
PSA 2:3 သူ​တို့​က``ငါ​တို့​သည်​သူ​တို့​စိုး​မိုး​မှု​မှ လွတ်​မြောက်​အောင်​ဆောင်​ရွက်​ကြ​ကုန်​အံ့။ သူ​တို့​၏​အ​ချုပ်​အ​နှောင်​ကို​ပယ်​ရှား​ကြ ကုန်​အံ့'' ဟု​ဆို​ကြ​၏။
PSA 2:4 ကောင်း​ကင်​ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​မှာ​ထာ​ဝ​ရ ဘု​ရား​သည် ပြုံး​ရယ်​တော်​မူ​လျက် ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ပြက်​ရယ်​ပြု တော်​မူ​၏။
PSA 2:5 ထို​နောက်​ကိုယ်​တော်​သည်​အ​မျက်​တော်​ထွက် လျက် သူ​တို့​အား​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​မျက်​တော်​အ​ရှိန်​ကြောင့် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
PSA 2:6 ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင် ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
PSA 2:7 မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို ငါ​ကြေ​ငြာ​မည်။ ကိုယ်​တော်​က​ငါ့​အား`သင်​သည်​ငါ​၏​သား ဖြစ်​၏။ ယ​နေ့​ပင်​လျှင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ ပြီ။
PSA 2:8 တောင်း​လော့။ လူ​မျိုး​တ​ကာ​တို့​ကို​သင့်​အား ငါ​ပေး​မည်။ ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​သင်​ပိုင်​ဆိုင်​ရ လိမ့်​မည်။
PSA 2:9 သင်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​လိမ့်​မည်။ သူ​တို့​အား​မြေ​အိုး​ကို​ခွဲ​သ​ကဲ့​သို့ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ဖြစ်​စေ​လိမ့်​မည်' ဟု မိန့်​တော်​မူ​ပါ​၏'' ဟူ​၍​ဆို​၏။
PSA 2:10 အ​ချင်း​ဘု​ရင်​တို့၊ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ အ​ချင်း​မင်း​အ​ပေါင်း​တို့၊သ​တိ​မူ​ကြ​လော့။
PSA 2:11 သင်​တို့​သည်​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ကြ​လော့။
PSA 2:12 တုန်​လှုပ်​လျက်​ရှေ့​တော်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ယင်း​သို့​မ​ပြု​ပါ​မူ​ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​သည်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ချဉ်း​ကပ်​ခို​လှုံ​သူ အ​ပေါင်း​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
PSA 3:1 ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တွင်​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​တစ်​ဘက်​၌​ထ​ကြွ​သူ​များ​ကြ​ပါ​၏။
PSA 3:2 သူ​တို့​က​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို ကူ​မ​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ပြော​ဆို​ကြ​ပါ​၏။
PSA 3:3 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ကျွန်​တော်​မျိုး အား ဘေး​ရန်​များ​မှ​အ​စဉ်​ကွယ်​ကာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​လျက်​ရဲ​စွမ်း​သတ္တိ​နှင့်​ပြန်​လည် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။
PSA 3:4 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ကူ​မ တော်​မူ​ရန် ဟစ်​အော်​တောင်း​လျှောက်​သည့်​အ​ခါ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ​တောင်​ပေါ်​မှ ငါ​၏​ဆု​တောင်း​ပတ္ထနာ​သံ​ကို​နား​ညောင်း​တော်​မူ​၏။
PSA 3:5 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​သော​ကြောင့်​ငါ​သည်​လဲ​လျောင်း အိပ်​ပျော်​ခွင့်​ကို​ရ​ရှိ​၏။
PSA 3:6 မိ​မိ​ပတ်​လည်​တွင်​ဝိုင်း​ရံ​လျက်​ရှိ​သော ရန်​သူ​ထောင်​သောင်း​များ​စွာ​တို့​ကို ငါ​သည်​မ​ကြောက်။
PSA 3:7 အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​အ​ပေါင်း​တို့​၏ ပါး​ရိုး​ကို​ရိုက်​၍​သူ​တို့​၏​သွား​ကို​ချိုး​တော်​မူ​၏။
PSA 3:8 ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကို​ပေး​ပိုင်​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​အ​ပေါ်​သို့ ကောင်း​ချီး​မင်္ဂလာ​သက်​ရောက်​ပါ​စေ​သော။
PSA 4:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​ခဲ့​ပါ​၏။ ယ​ခု​အ​ခါ​၌​လည်း​ကျွန်​တော်​မျိုး​အား သ​နား​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
PSA 4:2 အ​ချင်း​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​ကာ​လ​တိုင် အောင် ငါ့​အား​စော်​ကား​ကြ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​သင်​တို့​သည် အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​ကို​နှစ်​သက်​၍ အ​မှား​နောက်​သို့​လိုက်​ကြ​မည်​နည်း။
PSA 4:3 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​ဖို့​အ​လို့​ငှာ သူ​တော်​ကောင်း​အား​ရွေး​ချယ်​ထား​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။ ငါ​ခေါ်​သော​အ​ခါ​ကိုယ်​တော်​ကြား​တော်​မူ​၏။
PSA 4:4 သင်​တို့​သည်​ကြောက်​လန့်​လျက်​အ​ပြစ်​ဒု​စ​ရိုက်​ကို ရှောင်​ကြ​လော့။ သင်​တို့​သည်​အိပ်​ရာ​ပေါ်​တွင်​တစ်​ကိုယ်​တည်း ဆိတ်​ငြိမ်​စွာ ဤ​အ​ချက်​ကို​နက်​နက်​နဲ​နဲ​စဉ်း​စား​ဆင်​ခြင် ကြ​လော့။
PSA 4:5 ထာ​ဝ​ရ​ဘု​ရား​အား​ထိုက်​လျောက်​သည့် ယဇ်​များ​ကို​ပူ​ဇော်​၍​ကိုယ်​တော်​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။
PSA 4:6 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို​ထပ်​မံ​၍​ချ​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​စိတ်​ဖြင့် ကြည့်​တော်​မူ​ပါ'' ဟု​လူ​အ​များ​က​ဆု​တောင်း ကြ​၏။
PSA 4:7 သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အား​ကိုယ်​တော် ပေး​တော်​မူ​သော​ဝမ်း​မြောက်​ခြင်း​သည် ဂျုံ​စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​များ​သူ​တို့​ရ​ရှိ​သည့် ဝမ်း​မြောက်​ခြင်း​ထက်​သာ​လွန်​ပါ​၏။
PSA 4:8 ကျွန်​တော်​မျိုး​သည်​လဲ​လျောင်း​လိုက်​သော​အ​ခါ ငြိမ်​သက်​စွာ​အိပ်​ပျော်​သွား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​ကျွန်​တော်​မျိုး​အား​လုံ​ခြုံ​စွာ နေ​နိုင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​၏။
PSA 5:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​မြွက်​ဆို​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​မြည်​တမ်း​သံ​များ​ကို​ကြား​တော်​မူ​ပါ။
PSA 5:2 ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကူ​မ​တော်​မူ​ရန် ကျွန်​တော်​မျိုး​ဟစ်​အော်​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ​သည်။
PSA 5:3 ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။ နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။
PSA 5:4 ကိုယ်​တော်​သည်​ဒု​စ​ရိုက်​ကို​နှစ်​သက်​တော်​မူ​သော ဘု​ရား​မ​ဟုတ်​ပါ။ ရှေ့​တော်​၌​ဆိုး​ယုတ်​မှု​ကို​ခွင့်​ပြု​တော်​မ​မူ​ပါ။
PSA 5:5 မာ​န​ကြီး​သူ​တို့​သည်​ရှေ့​တော်​သို့​မ​ဝင်​ရ။ ကိုယ်​တော်​သည်​ယုတ်​မာ​သူ​အ​ပေါင်း​တို့​ကို မုန်း​တော်​မူ​၏။
PSA 5:6 ကိုယ်​တော်​သည်​လိမ်​လည်​သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​တော်​မူ​၍​အ​ကြမ်း​ဖက်​သူ၊ ကောက်​ကျစ်​သူ​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
PSA 5:7 ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​၏​ကြီး မား​သော မေတ္တာ​တော်​ကို​ခံ​စား​ရ​သ​ဖြင့် အိမ်​တော်​သို့​ဝင်​နိုင်​ပါ​၏။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကာ ကိုယ်​တော်​အား​ရို​သေ​လေး​မြတ်​စွာ ဦး​ညွှတ်​ရှိ​ခိုး​နိုင်​ပါ​၏။
PSA 5:8 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန် ကျွန်​တော်​မျိုး​အား​လမ်း​ပြ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် လိုက်​လျှောက်​စေ​လို​သည့်​လမ်း​ကို ဖြောင့်​ဖြူး​စေ​တော်​မူ​ပါ။
PSA 5:9 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​စ​ကား​ကို အ​ဘယ်​အ​ခါ​၌​ယုံ​ကြည်​၍​မ​ရ​ပါ။ သူ​တို့​တွင်​ဖျက်​ဆီး​လို​စိတ်​သာ​လျှင်​ရှိ​ပါ​၏။ သူ​တို့​၏​ခံ​တွင်း​သည်​ပွင့်​လျက်​နေ​သော သင်္ချိုင်း​တွင်း​နှင့်​တူ​ပါ​၏။ သူ​တို့​၏​လျှာ​သည်​လည်း​မြှောက်​ပင့်​လိမ်​လည် လှည့်​စား​တတ်​ပါ​၏။
PSA 5:10 အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​ရှုတ်​ချ​လျက်​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​ပါ။ သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​များ​က သူ​တို့​ကို​ပင်​အ​ကျိုး​နည်း​စေ​တော်​မူ​ပါ။ သူ​တို့​၏​များ​မြောင်​သော အ​ပြစ်​များ​ကြောင့်​လည်း​ကောင်း၊ကိုယ်​တော်​ကို ပုန်​ကန်​ကြ​သည့်​အ​တွက်​ကြောင့်​လည်း​ကောင်း သူ​တို့​အား​ရှေ့​တော်​မှောက်​မှ​နှင်​ထုတ်​တော်​မူ​ပါ။
PSA 5:11 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​ထံ​တော်​တွင်​လုံ​ခြုံ​စွာ ခို​လှုံ​ကြ​သော​သူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​အ​စဉ် သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​အား​ချစ်​သူ​တို့​ကို ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကြောင့်​သူ​တို့​သည်​အ​ကယ်​ပင် ဝမ်း​မြောက်​ရ​ကြ​ပါ​၏။
PSA 5:12 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ် သူ​တို့​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ​၏။
PSA 6:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အ​မျက်​တော်​ထွက်​၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။ အ​မျက်​တော်​ထွက်​၍​အ​ပြစ်​ဒဏ်​ပေး​တော် မ​မူ​ပါ​နှင့်။
PSA 6:2 ကျွန်​တော်​မျိုး​သည်​မော​ပန်း​နွမ်း​နယ်​လျက်​ရှိ သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လုံး​ဝ​အင်​အား​ကုန်​ခန်း​လျက်​ရှိ​သ​ဖြင့် ပြန်​လည်​အင်​အား​ပြည့်​စေ​တော်​မူ​ပါ။
PSA 6:3 ကျွန်​တော်​မျိုး​သည်​ကိုယ်​စိတ်​နှစ်​ပါး​ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​စား​လျက်​ရှိ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကာ​လ​ကြာ​မှ​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​မည်​နည်း။
PSA 6:4 အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။ ကိုယ်​တော်​၏​က​ရု​ဏာ​တော်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ပါ။
PSA 6:5 မ​ရ​ဏာ​နိုင်​ငံ​တွင်​ကိုယ်​တော်​အား အောက်​မေ့​သ​တိ​ရ​သူ​မ​ရှိ​ပါ။ ထို​အ​ရပ်​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား ထော​မ​နာ​ပြု​နိုင်​မည်​မ​ဟုတ်​ပါ။
PSA 6:6 ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ည​တိုင်း​ပင်​လျှင်​ငို​ယို​ရ​သ​ဖြင့်​အိပ်​ရာ​သည် စို​စွတ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ခေါင်း​အုံး​သည်​မျက်​ရည် စို​ရွှဲ​လျက်​ရှိ​ပါ​၏။
PSA 6:7 ရန်​သူ​များ​ကြောင့်​ငို​ယို​ရ​သ​ဖြင့်​ကျွန်​တော် မျိုး​၏ မျက်​စိ​များ​သည်​ရောင်​လျက်​ရှိ​ပါ​၏။ ကြည့်​၍​ပင်​မ​မြင်​နိုင်​ပါ။
PSA 6:8 အ​ကျင့်​ဆိုး​ယုတ်​သူ​တို့၊ငါ့​ထံ​မှ​ထွက်​သွား ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ငို​ကြွေး​သံ​ကို ကြား​တော်​မူ​၏။
PSA 6:9 ကူ​မ​တော်​မူ​ရန်​ငါ​တောင်း​လျှောက်​သံ​ကို​ကြား တော်​မူ​၏။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။
PSA 6:10 ငါ​၏​ရန်​သူ​တို့​သည်​အ​ရှက်​တ​ကွဲ အ​ရေး​နိမ့်​ကြ​လိမ့်​မည်။ သူ​တို့​သည်​တစ်​ခ​ဏ​ချင်း​တွင်​က​စဥ့်​က​ရဲ​ဖြစ်​လျက် ပြေး​ရ​ကြ​လိမ့်​မည်။
PSA 7:1 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊​ကိုယ်​တော်​၌​ကျွန်​တော်​မျိုး​ခို​လှုံ​ပါ​၏။ ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​နေ​သူ​အ​ပေါင်း​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
PSA 7:2 ကယ်​ဆယ်​တော်​မ​မူ​ပါ​လျှင်​သူ​တို့​သည်​ခြင်္သေ့​ကဲ့​သို့ ကျွန်​တော်​မျိုး​အား​ကယ်​မည့်​သူ​မ​ရှိ​သည့်​အ​ရပ်​သို့​ဆွဲ​ယူ​ကာ​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​ပါ​လိမ့်​မည်။
PSA 7:3 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​တစ်​စုံ​တစ်​ယောက်​ကို​ပြစ်​မှား​မိ​ခဲ့​လျှင်​သော်​လည်း​ကောင်း၊ မိတ်​ဆွေ​ကို​သစ္စာ​ဖောက်​ခဲ့​လျှင်​သော်​လည်း​ကောင်း၊ ရန်​သူ​ကို​အ​ကြောင်း​မဲ့​အ​ကျိုး​နည်း​စေ​ခဲ့​လျှင်​သော်​လည်း​ကောင်း
PSA 7:5 ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​လိုက်​၍​မီ​ကာ​သတ်​ဖြတ်​နိုင်​လျက် ကျွန်​တော်​မျိုး​ကို​မြေ​ပေါ်​တွင်​ပစ်​ထား​ကြ​ပါ​စေ။
PSA 7:6 အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်​၍​ထ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​တို့​၏​ဒေါ​သ​ကို​ဆီး​တား​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ တ​ရား​မျှ​တ​မှု​ကို​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သည်​ဖြစ်​၍
PSA 7:7 လူ​အ​ပေါင်း​တို့​ကို​ကိုယ်​တော်​ရှင်​၏​ပတ်​လည်​တွင်​စု​ရုံး​စေ​တော်​မူ​ပြီး​နောက် အ​ထက်​အ​ရပ်​မှ​သူ​တို့​အား​အုပ်​စိုး​တော်​မူ​ပါ။
PSA 7:8 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကျွန်​တော်​မျိုး​အ​ပြစ်​ကင်း​သည်​ကို​ထောက်​ထား​၍ ကျွန်​တော်​မျိုး​အား​မျက်​နှာ​သာ​ပေး​၍​တ​ရား​စီ​ရင်​တော်​မူ​ပါ။
PSA 7:9 ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ လူ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင်​ဆန္ဒ​များ​ကို​လည်း​စစ်​ဆေး​တော်​မူ​ပါ​၏။ သူ​ယုတ်​မာ​တို့​၏​ဆိုး​ညစ်​မှု​ကို​ဆီး​တား​တော်​မူ​လျက်၊ သူ​တော်​ကောင်း​တို့​အား​ကောင်း​ကျိုး​ကို​ပေး​သ​နား​တော်​မူ​ပါ။
PSA 7:10 ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင်​သူ​တို့​အား​ကယ်​တော်​မူ​၏။
PSA 7:11 ဘု​ရား​သ​ခင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၍ သူ​ယုတ်​မာ​တို့​အား​အ​စဉ်​အ​ပြစ်​ဒဏ်​ချ​မှတ်​တော်​မူ​၏။
PSA 7:12 အ​ကယ်​၍​လူ​တို့​သည်​နောင်​တ​မ​ရ​ကြ​ပါ​မူ ဘု​ရား​သ​ခင်​သည်​ဋ္ဌား​တော်​ကို​သွေး​တော်​မူ​၍ လေး​တော်​ကို​အ​ဆင်​သင့်​တင်​တော်​မူ​လိမ့်​မည်။
PSA 7:13 သေ​စေ​တတ်​သော​လက်​နက်​များ​ကို​ကိုင်​ဆောင်​တော်​မူ​၍ မီး​လျှံ​ထ​သည့်​မြား​တော်​ကို​ချိန်​ရွယ်​တော်​မူ​၏။
PSA 7:14 သူ​ယုတ်​မာ​တို့​သည်​မ​ကောင်း​မှု​ပြု​ရန်​အ​ဘယ်​သို့​စဉ်း​စား​ကြံ​စည်​သည်​ကို​ကြည့်​လော့။
PSA 7:15 သို့​ရာ​တွင်​သူ​တို့​သည်​မြေ​တွင်း​ကို​နက်​စွာ​တူး​၍ မိ​မိ​တို့​တူး​သည့်​တွင်း​များ​ထဲ​သို့​ပင်​ကျ​ကြ​၏။
PSA 7:16 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​မ​ကောင်း​မှု​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​၏။ မိ​မိ​တို့​ပြု​သည့်​အ​ကြမ်း​ဖက်​မှု​ကြောင့်​ဒဏ်​ရာ​ရ​ကြ​၏။
PSA 7:17 ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​တော်​မူ​သည့်​အ​တွက် ငါ​သည်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ပါ​မည်။
PSA 8:1 အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ကမ္ဘာ​တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သည့်​သီ​ချင်း သံ​သည် ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။
PSA 8:2 ယင်း​သီ​ချင်း​ကို​က​လေး​များ​နှင့်​နို့​စို့​သူ​ငယ် များ​က သီ​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ရန်​သူ​များ​၏​ဘေး​မှ ကင်း​လွတ်​လုံ​ခြုံ​ပါ​၏။ ကိုယ်​တော်​အား​ရန်​မူ​သူ​များ​ကို​ဆီး​တား​တော် မူ​ပါ​၏။
PSA 8:3 ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ စီ​မံ​ထား​ရှိ​တော်​မူ​သော လ​နှင့်​ကြယ်​တာ​ရာ​များ​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တွေ့​မြင်​ရ​ပါ​၏။
PSA 8:4 သို့​ဖြစ်​၍​လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​အား အောက်​မေ့​တော်​မူ​ရ​ပါ​သ​နည်း။ လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည်​သူ့​ကို​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ရ​ပါ​သ​နည်း။
PSA 8:5 သူ့​အား​ကောင်း​ကင်​တ​မန်​တို့​ထက်​သာ နိမ့်​ကျ​စေ​တော်​မူ​လျက် သူ့​အား​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း​ချီး​မြှင့်​တော် မူ​၏။
PSA 8:6 သူ့​အား​ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။
PSA 8:7 ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​သိုး၊နွား၊ တော​တိရစ္ဆာန်၊ငှက်၊ငါး​နှင့် ပင်​လယ်​ရေ​သတ္တ​ဝါ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော် မူ​၏။
PSA 8:9 အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ကမ္ဘာ​မြေ တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။
PSA 9:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​ပါ​မည်။
PSA 9:2 ကိုယ်​တော်​ရှင်​ကို​အ​မှီ​ပြု​၍​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
PSA 9:3 ကိုယ်​တော်​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဆုတ်​ခွာ ထွက်​ပြေး​ကြ​ပါ​၏။ သူ​တို့​သည်​လဲ​ကျ​သေ​ဆုံး​ကြ​ပါ​၏။
PSA 9:4 ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​၍ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​အ​ကျိုး​ကို​ထောက်​လျက် တ​ရား​စီ​ရင်​တော်​မူ​ပါ​ပြီ။
PSA 9:5 ကိုယ်​တော်​ရှင်​သည်​ဘု​ရား​မဲ့​သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​အ​မျိုး​သည်​တိမ်​ကော​သွား​လိမ့်​မည်။
PSA 9:6 ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထာ​ဝ​စဉ် အ​ရေး​ရှုံး​နိမ့်​ကြ​လေ​ပြီ၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​၏​မြို့​ကြီး​များ​ကို ဖြို​ဖျက်​တော်​မူ​သ​ဖြင့် ယင်း​တို့​အား​မေ့​လျော့​လျက်​လုံး​ဝ ကွယ်​ပျောက်​သွား​လေ​ပြီ။
PSA 9:7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​မူ​ကား​ထာ​ဝ​ရ ဘု​ရင် ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​တ​ရား​စီ​ရင်​ရန်​ပလ္လင်​တော်​ကို တည်​တော်​မူ​လေ​ပြီ။
PSA 9:8 လော​က​ကို​တ​ရား​သ​ဖြင့်​အုပ်​စိုး​တော်​မူ​၍ လူ​မျိုး​အ​ပေါင်း​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်မူ​၏။
PSA 9:9 ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​စီး​နှိပ်​စက်​ခြင်း ခံ​ရ​သူ​တို့​၏​ခို​လှုံ​ရာ၊ ဆင်း​ရဲ​ဒုက္ခ​ရောက်​ချိန်​များ​၌​ဘေး​လွတ်​လုံ​ခြုံ​ရာ ဖြစ်​တော်​မူ​၏။
PSA 9:10 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​သည် ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​သူ မှန်​သ​မျှ​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။
PSA 9:11 ဇိ​အုန်​မြို့​တော်​တွင်​စိုး​စံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​ကြ​လော့။
PSA 9:12 ထာ​ဝ​ရ​ဘု​ရား​သည်​ဒုက္ခ​ရောက်​သော​သူ​တို့​ကို သ​တိ​ရ​တော်​မူ​၏။ သူ​တို့​၏​အော်​ဟစ်​သံ​ကို​မေ့​တော်​မ​မူ။ သူ​တို့​အား​မ​တ​ရား​ပြု​သော​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။
PSA 9:13 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ ရန်​သူ​များ​ကြောင့်​ကျွန်​တော်​မျိုး​အ​ဘယ်​မျှ ဆင်း​ရဲ ဒုက္ခ​ခံ​ရ​ကြောင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​ပါ။
PSA 9:14 သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ရှေ့​တွင်​ရပ်​လျက် ကိုယ်​တော်​၏​ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဖော်​ပြ​နိုင်​ပါ​လိမ့်​မည်။ ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကြောင့် ကျွန်​တော်​မျိုး​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။
PSA 9:15 ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။
PSA 9:16 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အား​ဖြင့်​မိ​မိ​ကိုယ် ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​များ အား​ဖြင့် ပြန်​၍​ကျော့​မိ​ကြ​ကုန်​၏။
PSA 9:17 ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​အ​ပေါင်း​နှင့် သူ​ယုတ်​မာ​တို့​သည်​သေ​ခြင်း​တွင် လမ်း​ဆုံး​ရ​ကြ​လိမ့်​မည်။
PSA 9:18 ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​မေ့​လျော့​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဆင်း​ရဲ​သော​သူ​တို့​သည်​လည်း​ထာ​ဝ​စဉ် မျှော်​လင့်​ရာ​မဲ့​ဖြစ်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။
PSA 9:19 အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အား​လူ​တို့​အာ​ခံ​ရန် ခွင့်​ပြု​တော်​မ​မူ​ပါ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​အား​ရှေ့​တော်​သို့​ခေါ်​ဆောင်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။
PSA 9:20 အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​ကြောက်​လန့်​စေ​တော်​မူ​ပါ။ မိ​မိ​တို့​သည်​လူ​မျှ​သာ​ဖြစ်​ကြောင်း​ကို သိ​စေ​တော်​မူ​ပါ။
PSA 10:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ဝေး​၌ နေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​ချိန်​၌​အ​ဘယ် ကြောင့် မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ​သ​နည်း။
PSA 10:2 သူ​ယုတ်​မာ​တို့​သည်​မာ​န​ထောင်​လွှား​လျက် ဆင်း​ရဲ​သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​ကြ​၏။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​များ​တွင် ပြန်​၍​မိ​စေ​တော်​မူ​ပါ။
PSA 10:3 သူ​ယုတ်​မာ​သည်​မိ​မိ​၏​ဆိုး​ညစ်​သော အ​လို​ဆန္ဒ​များ​အ​ကြောင်း​ကို​ကြွား​ဝါ​တတ်​၏။ လော​ဘ​ကြီး​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကျိန်​ဆဲ​ပစ်​ပယ်​တတ်​၏။
PSA 10:4 သူ​ယုတ်​မာ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဂ​ရု​မ​စိုက်​တတ်။ သူ​သည်​မာ​န​ထောင်​လွှား​လျက်​ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ်​ယူ​ဆ​တတ်​၏။
PSA 10:5 သူ​ယုတ်​မာ​သည်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင် အောင်​မြင်​တတ်​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု တို့​ကို သိ​မြင်​နား​လည်​နိုင်​စွမ်း​မ​ရှိ။ ရန်​သူ​များ​ကို​လည်း​ပြက်​ရယ်​ပြု​တတ်​၏။
PSA 10:6 ``ငါ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​မျှ​ဒုက္ခ​ရောက်​ရ​လိမ့်​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။
PSA 10:7 သူ​၏​နှုတ်​သည်​ကျိန်​ဆဲ​ခြင်း၊လိမ်​လည်​ခြင်း၊ ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့်​ပြည့်​ဝ​၏။ မုန်း​တီး​သော​စ​ကား၊ယုတ်​မာ​သော​စ​ကား​ကို အ​လျင်​အမြန်​ပြော​ဆို​တတ်​၏။
PSA 10:8 သူ​သည်​ရွာ​များ​တွင်​ပုန်း​အောင်း​ကာ အ​ပြစ်​မဲ့​သူ​များ​ကို​သတ်​ဖြတ်​တတ်​၏။ ခို​ကိုး​ရာ​မဲ့​သူ​များ​ကို​ချောင်း​မြောင်း​နေ​တတ်​၏။
PSA 10:9 သူ​သည်​သား​ကောင်​ကို​ဖမ်း​ဆီး​ရန်​သား​ရဲ​တွင်း​၌ ချောင်း​မြောင်း​နေ​သော​ခြင်္သေ့​ကဲ့​သို့​ဝပ်​၍​နေ တတ်​၏။ သူ​သည်​ဆင်း​ရဲ​သူ​များ​ကို​ချောင်း​မြောင်း​၍ မိ​မိ​ပိုက်​ကွန်​တွင်​ဖမ်း​ဆီး​ပြီး​လျှင်​ဆွဲ​ယူ သွား​တတ်​၏။
PSA 10:10 သူ​၏​ရက်​စက်​သော​ခွန်​အား​ဖြင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​ကို ပြို​လဲ​စေ​၏။
PSA 10:11 သူ​ယုတ်​မာ​က``ဘု​ရား​သခင်​သည်​ဤ​အ​မှု​တွင် ဂ​ရု​စိုက်​တော်​မ​မူ။ ကိုယ်​တော်​သည်​မျက်​စိ​ကို​မှိတ်​၍​ထား​တော် မူ​ပြီ။ ငါ့​ကို​အ​ဘယ်​အ​ခါ​မျှ​မြင်​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​တတ်​၏။
PSA 10:12 အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ ထို​ယုတ်​မာ​သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။
PSA 10:13 သူ​ယုတ်​မာ​သည်​အ​ဘယ်​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​၍ ``ကိုယ်​တော်​သည်​ငါ့​ကို​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​မည် မ​ဟုတ်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​နိုင်​ပါ​သ​နည်း။
PSA 10:14 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။
PSA 10:15 ယုတ်​မာ​သူ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​တော့​သည့်​တိုင် အောင် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။
PSA 10:16 ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။
PSA 10:17 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လျက် သူ​တို့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော်​မူ​လိမ့် မည်။
PSA 10:18 ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​များ​နှင့် မိ​ဘ​မဲ့​သူ​များ​အား နောက်​တစ်​ဖန်​မ​ခြောက်​မ​လှန့်​နိုင်​စိမ့်​သော​ငှာ ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​၏​ဟစ်​အော်​သံ​ကို ကြား​တော်​မူ​၍ သူ​တို့​၏​အ​ကျိုး​ကို​ထောက်​လျက်​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။
PSA 11:1 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။
PSA 11:4 ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​ကောင်း​ကင်​ဘုံ တွင် ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၍ သူ​တို့​ပြု​သော​အ​မှု​အ​ရာ​များ​ကို​သိ​မြင် တော်​မူ​၏။
PSA 11:5 ကိုယ်​တော်​သည်​သူ​တော်​ကောင်း​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​ကို​လည်း​ကောင်း​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၏။ တ​ရား​လက်​လွတ်​ပြု​မူ​သော​သူ​တို့​ကို လွန်​စွာ​မုန်း​တော်​မူ​၏။
PSA 11:6 ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​အ​ပေါ်​သို့ မီး​ကျီး​ခဲ​များ​ကို​လည်း​ကောင်း၊ပူ​လောင်​လှ​သည့် မီး​လျှံ​ကို​လည်း​ကောင်း​ကျ​စေ​တော်​မူ​၏။ သူ​တို့​အား​ပူ​လောင်​လှ​သော​လေ​ပူ​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။
PSA 11:7 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​တော်​မူ​၍ အ​ကျင့်​ကောင်း​ကို​နှစ်​သက်​တော်​မူ​၏။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တို့​သည်​ကိုယ်​တော်​၏ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။
PSA 12:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ သူ​တော်​ကောင်း​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ တော့​ပါ။ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ကို​လည်း​ရှာ​၍ မ​တွေ့​နိုင်​တော့​ပါ။
PSA 12:2 လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။
PSA 12:3 အို ထာ​ဝ​ရ​ဘု​ရား မြှောက်​ပင့်​ပြော​ဆို​တတ်​သည့်​လျှာ​များ​ကို ဖြတ်​ပစ်​တော်​မူ​ပါ။ ဝါ​ကြွား​တတ်​သူ​တို့​၏​နှုတ်​များ​ကို​လည်း ပိတ်​တော်​မူ​၏။
PSA 12:4 ဝါ​ကြွား​တတ်​သူ​တို့​က``ငါ​တို့​သည်​မိ​မိ​တို့​၏ စ​ကား​အား​ဖြင့်​လို​ချင်​သည့်​အ​ရာ​ကို​ရ​ရှိ ကြ​၏။ ငါ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​အ​တိုင်း​ပြော ဆို​မည်။ အ​ဘယ်​သူ​မျှ​ငါ​တို့​အား​ဆီး​တား​၍​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​ကြ​၏။
PSA 12:5 ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
PSA 12:6 ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​၏။ မီး​ဖို​၌​ခု​နစ်​ကြိမ်​ချွတ်​ပြီး​သော​ငွေ​စင်​ကဲ့​သို့ ယုံ​ကြည်​စိတ်​ချ​နိုင်​၏။
PSA 12:7 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​ပင် ဘေး​လွတ်​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​ပါ။
PSA 12:8 သူ​ယုတ်​မာ​တို့​သည်​နေ​ရာ​တ​ကာ​တွင်​ရှိ​၏။ လူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို​ချီး​ကူး​ကြ​၏။
PSA 13:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​မေ့​လျော့​၍ နေ​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​စဉ်​မေ့​လျော့​၍​နေ​တော်​မူ​မည်​လော။ အ​ဘယ်​ကာ​လ​တိုင်​အောင်​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​မည်​နည်း။
PSA 13:2 ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ဒုက္ခ​ခံ​ရ​ပါ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​နေ့​ရော​ည​ပါ ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ရ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် အ​ဘယ်​ကာ​လ​တိုင်​အောင်​ကျွန်​တော်​မျိုး​အ​ပေါ်​တွင် အ​နိုင်​ရ​ကြ​ပါ​မည်​နည်း။
PSA 13:3 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ကြည့်​တော်​မူ​၍ ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ပြန်​လည်​၍​ခွန်​အား​ဖြင့် ပြည့်​ဝ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​သေ​စေ​တော်​မ​မူ​ပါ​နှင့်။
PSA 13:4 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ``ငါ​တို့​သူ့​ကို​အ​နိုင်​ရ​ပြီ'' ဟူ​၍ ပြော​ဆို​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ပြို​လဲ​မှု​ကြောင့် ဝမ်း​မြောက်​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။
PSA 13:5 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​အား​ကိုး​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။
PSA 13:6 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
PSA 14:1 လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ကို ပြု​ကျင့်​ကြ​လေ​ပြီ။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။
PSA 14:2 ထာ​ဝ​ရ​ဘု​ရား​သည်​အ​သိ​ပညာ​ရှိ​သူ​များ၊ မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို သိ​မြင်​ရန် ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​လူ​သား​တို့​အား ကြည့်​တော်​မူ​၏။
PSA 14:3 သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​သည်​လမ်း​လွဲ ကြ​ကုန်​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။ သူ​တို့​တွင်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​သူ​မ​ရှိ။ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။
PSA 14:4 ထာ​ဝ​ရ​ဘု​ရား​က ``ထို​သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ထံ​မှ​လု​ယူ တိုက်​ခိုက်​၍ အ​သက်​မွေး​ကြ​ကုန်​သည်။ ငါ​၏​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ကြ'' ဟု​မိန့်​တော်​မူ​၏။
PSA 14:5 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​၏ စကား​ကို နား​ထောင်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ရ​လိမ့်​မည်။
PSA 14:6 သူ​ယုတ်​မာ​တို့​သည်​နှိမ့်​ချ​သူ​၏​အ​ကြံ အ​စည်​ကို ပျက်​စေ​တတ်​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​၏။
PSA 14:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည် ဇိ​အုန်​တောင်​တော်​မှ​ထွက်​ပေါ်​လာ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား တစ်​ဖန်​ပြန်​၍​ကောင်း​စား​လာ​စေ​တော်​မူ​သော အ​ခါ၊ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။
PSA 15:1 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့် မြတ်​သော ဇိ​အုန်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​နိုင်​ပါ​မည်​နည်း။
PSA 15:2 ခပ်​သိမ်း​သော​အ​မှု​တို့​တွင်​ဘု​ရား​သ​ခင်​၏ စ​ကား​ကို​နား​ထောင်​လျက် ဖြောင့်​မှန်​ရာ​ကို​အ​စဉ်​ပြု​ကျင့်​တတ်​သူ၊ ဟုတ်​မှန်​ရိုး​သား​စွာ​ပြော​ဆို​တတ်​သူ၊
PSA 15:3 သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​မ​ဖျက်​တတ်​သူ ဖြစ်​ပါ​၏။ ထို​သူ​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို​မ​ပြစ်​မှား​တတ်။ အိမ်​နီး​ချင်း​တို့​၏​အ​ကြောင်း​ကို​လည်း​မ​ကောင်း သ​တင်း မ​လွှင့်​တတ်။
PSA 15:4 သူ​သည်​ဘု​ရား​သ​ခင်​ပစ်​ပယ်​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့်​တတ်​၏။ အ​ဘယ်​မျှ​ပင်​မိ​မိ​၏​အ​ကျိုး​ထိ​ခိုက်​နစ်​နာ စေ​ကာ​မူ မိ​မိ​၏​က​တိ​များ​အ​တိုင်း​အ​စဉ်​ပြု​တတ်​၏။
PSA 15:5 သူ​သည်​အ​တိုး​မ​ယူ​ဘဲ​မိ​မိ​၏​ငွေ​ကို ချေး​ငှား​တတ်​၏။ သူ​သည်​တံ​စိုး​လက်​ဆောင်​ယူ​၍​အ​ပြစ်​မဲ့ သူ​တို့ ထိ​ခိုက်​နစ်​နာ​စေ​ရန်​သက်​သေ​မ​ခံ​တတ်။ ဤ​သို့​သော​သူ​သည်​အ​စဉ်​အ​မြဲ​ဘေး ကင်း​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။
PSA 16:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​ပါ။
PSA 16:2 ``ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ကောင်း​ကျိုး​ချမ်း​သာ ဟူ​သ​မျှ​သည် ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​အ​ရာ​များ ဖြစ်​ပါ​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ငါ​လျှောက်​ထား​၏။
PSA 16:3 ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​စောင့်​သော​လူ​စု တော်​သည် ထူး​မြတ်​လှ​ပါ​သည်​တ​ကား။ ငါ​၏​အ​နှစ်​သက်​ဆုံး​အ​ရာ​သည်​ထို​သူ​တို့ နှင့်​အ​တူ နေ​ထိုင်​ခွင့်​ပင်​ဖြစ်​ပါ​၏။
PSA 16:4 အ​ခြား​ဘု​ရား​များ​အား​ဆည်း​ကပ်​ကိုး​ကွယ် ကြ​သော သူ​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ယဇ်​ပူ​ဇော်​မှု​များ​တွင် ပါ​ဝင်​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ် ဆည်း​ကပ် လိမ့်​မည်​မ​ဟုတ်။
PSA 16:5 အို ထာ​ဝ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှီ​ခို​ရာ​ကိုယ်​တော်​ရှင်​တစ်​ပါး သာ​လျှင် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​လို​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို​လည်း ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​နာ​ဂတ်​သည်​ကိုယ်​တော်​၏ လက်​ဝယ်​ရှိ​ပါ​၏။
PSA 16:6 ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​များ​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်။ ယင်း​တို့​သည်​ကောင်း​မြတ်​လှ​ပါ​သည်​တ​ကား။
PSA 16:7 ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​၏။ ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ညဥ့်​အ​ခါ​ငါ့​ကို သ​တိ​ပေး​နှိုး​ဆော်​တတ်​၏။
PSA 16:8 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့် အ​ဘယ်​အ​ရာ​မျှ​ငါ့​ကို​တုန်​လှုပ်​စေ​နိုင်​မည် မ​ဟုတ်​ပါ။
PSA 16:9 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက် ပါ​၏။ ကျွန်​တော်​မျိုး​သည်​ဘေး​ကင်း​လုံ​ခြုံ​လျက်​ရှိ​ပါ​၏။
PSA 16:10 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ​နိုင်​ငံ​သို့​လား​ရန် အ​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ ကျွန်​တော်​မျိုး​သည်​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ ထမ်း​ခဲ့​ပါ​၏။ ကွန်​တော်​မျိုး​အား​သေ​မင်း​၏​လက်​သို့ အပ်​တော်​မူ​မည်​မ​ဟုတ်​ပါ။
PSA 16:11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ရာ လမ်း​ကို​ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​၍ ထာ​ဝ​စဉ်​ပျော်​မွေ့​လျက်​ရှိ​ပါ​၏။
PSA 17:1 အို ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​မျှ​တ​မှု​ရ​ရန်​အ​တွက်​ကျွန်​တော်​မျိုး ပန်​ကြား​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ဂ​ရု​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရိုး​ဖြောင့်​စွာ တောင်း​လျှောက်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။
PSA 17:2 ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို​သိ​မြင်​တော် မူ​သ​ဖြင့် ကျွန်​တော်​မျိုး​၏​အ​ကျိုး​ကို​ထောက်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။
PSA 17:3 ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို သိ​တော်​မူ​ပါ​၏။ ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​ထံ​သို့​ကြွ​လာ​၍ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သေ​ချာ​စွာ စစ်​ဆေး​ကြည့်​တော်​မူ​သော​အ​ခါ ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​ကို​တွေ့​ရှိ​တော် မ​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​တို့​ကဲ့​သို့ ညစ်​ညမ်း​သည့် စ​ကား​ကို​မ​ပြော​မ​ဆို​ပါ။ ကိုယ်​တော်​၏​ပ​ညတ်​တော်​ကို​လိုက်​လျှောက်​ပါ​၏။ အ​ဋ္ဌမ္မ​လမ်း​စဉ်​ကို​မ​လိုက်​မ​လျှောက်​ခဲ့​ပါ။
PSA 17:5 ကိုယ်​တော်​၏​လမ်း​စဉ်​ကို​သာ​လိုက်​လျှောက်​ခဲ့​ပါ​၏။ ထို​လမ်း​စဉ်​မှ​မ​တိမ်း​မ​စောင်း​ခဲ့​ပါ။
PSA 17:6 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​နား​ညောင်း​တော်​မူ တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဆု​တောင်း​ပတ္ထ​နာပြု​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ပတ္ထ​နာ​စ​ကား​များ​ကို နား​ထောင်​တော်​မူ​ပါ။
PSA 17:7 ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။
PSA 17:8 ကိုယ်​တော်​၏​မျက်​ဆန်​တော်​ကဲ့​သို့​ကျွန်​တော်​မျိုး​ကို စောင့်​ရှောက်​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကျွန်​တော်​မျိုး​ကို ကိုယ်​တော်​၏​အ​တောင်​တော်​ရိပ်​အောက်​၌ ဖုံး​အုပ်​တော်​မူ​ပါ။ အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​ရန်​သူ​များ သည် ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။
PSA 17:10 သူ​တို့​သည်​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​လျက် မာန်​မာ​န​ထောင်​လွှား​၍​ပြော​ဆို​နေ​ကြ​ပါ​၏။
PSA 17:11 သူ​တို့​သည်​ကျွန်​တော်​မျိုး​သွား​လေ​ရာ​တွင် ကျွန်​တော်​မျိုး​အား​အ​လဲ​ထိုး​ရန် စောင့်​မျှော်​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။
PSA 17:12 သူ​တို့​သည်​ခြင်္သေ့​များ​ကဲ့​သို့​ကျွန်​တော်​မျိုး​အား အ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​လို​ကြ​၍​ကျွန်​တော်​မျိုး​ကို ချောင်း​မြောင်း​နေ​ကြ​ပါ​၏။
PSA 17:13 အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကို​တွန်း​လှန် ဖြို​ခွင်း​တော်​မူ​ပါ။ ကိုယ်​တော်​ဋ္ဌား​တော်​ဖြင့်​သူ​ယုတ်​မာ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
PSA 17:14 ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်း ပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​က သူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။
PSA 17:15 ကျွန်​တော်​မျိုး​သည်​အ​ပြစ်​မ​ကူး​လွန်​ခဲ့​သ​ဖြင့် ကိုယ်​တော်​ရှင်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် ရွှင်​လန်း​ဝမ်း​မြောက်​ရ​ပါ​လိမ့်​မည်။
PSA 18:1 အို ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​အ​လွန်​ပင် ချစ်​ခင်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။
PSA 18:2 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​သ​ဖြင့်​ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍​ငါ့​အား ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။
PSA 18:3 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 18:4 သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ ဖျက်​ဆီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏​အ​ပေါ် သို့ လွှမ်း​မိုး​ကြ​၏။
PSA 18:5 သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ သင်္ချိုင်း​တွင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း ထောင်​ထား​၏။
PSA 18:6 ငါ​သည်​ဒုက္ခ​ရောက်​၍​ဘု​ရား​သ​ခင်​အား လျှောက်​ထား​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​အား​လျှောက် ထား​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှ​ငါ​၏ အ​သံ​ကို​ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​၏။
PSA 18:7 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ကြောင့် ကမ္ဘာ​ပေါ်​တွင်​သိမ့်​သိမ့်​တုန်​အောင် မြေ​င​လျင်​လှုပ်​လေ​၏။ တောင်​တို့​သည်​လည်း​အောက်​ခြေ​မှ​တုန်​လှုပ် ကြ​ကုန်​၏။
PSA 18:8 ကိုယ်​တော်​၏​နှာ​ခေါင်း​တော်​ထဲ​မှ မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။
PSA 18:9 ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​ဟ​လျက် ဆင်း​သက်​ကြွ​လာ​တော်​မူ​၏။ ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။
PSA 18:10 ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်၊ လေ​၏​အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။
PSA 18:11 ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​အ​မှောင်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ ကိုယ်​တော်​၏​ပတ်​လည်​တွင်​ရေ​ဖြင့်​ပြည့်​လျက် ထူ​ထပ်​သော​မိုး​တိမ်​များ​ရှိ​၏။
PSA 18:12 ကိုယ်​တော်​၏​ရှေ့​တော်​တွင်​မိုး​သီး​နှင့်​မီး​လျှံ များ​သည် လျှပ်​စစ်​ပြက်​ရာ​မှ​ပေါ်​ထွက်​လာ​လျက်၊ မဲ​မှောင်​နေ​သော​မိုး​တိမ်​များ​ကို​ထွင်း​ဖောက်​၍ ကျ​လာ​၏။
PSA 18:13 ကိုယ်​တော်​သည်​ကောင်း​ကင်​မှ​မိုး​ချုန်း​တော်​မူ​၏။ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​၏ အ​သံ​တော်​ထွက်​ပေါ်​လာ​၏။
PSA 18:14 ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ပစ်​လွှတ်​တော် မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ လျှပ်​စစ်​ပြက်​စေ​တော်​မူ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။
PSA 18:15 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​အ​မျက် ထွက်​လျက် ဟိန်း​သံ​ဖြင့်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ သ​မုဒ္ဒ​ရာ အောက်​ခံ​မြေ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​ခံ​အုတ်​မြစ်​များ​သည်​လည်း​ကောင်း ပွင့်​လစ်​ပေါ်​ထွက်​လာ​ကုန်​၏။
PSA 18:16 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ လက်​တော်​ကို​ဆန့်​တော်​မူ​ပြီး​လျှင် ငါ့​ကို​ကိုင်​ဆွဲ​တော်​မူ​၍​ရေ​နက်​ကြီး​ထဲ​မှ ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။
PSA 18:17 ကိုယ်​တော်​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​သည့် အင်​အား​ကြီး​သော​ရန်​သူ​များ​၏​လက်​မှ လည်း​ကောင်း၊ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​လက်​မှ​လည်း​ကောင်း ငါ့​ကို​ကယ်​တော်​မူ​၏။
PSA 18:18 ငါ​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
PSA 18:19 ငါ​ဘေး​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​ကို​ကူ​မ​တော်​မူ​၏။ ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။
PSA 18:20 ငါ​သည်​မှန်​ရာ​ကို​ပြု​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​အား​ကောင်း​ကျိုး​ကို​ချ​ပေး​တော်​မူ​၏။ ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​၍​ကောင်း​ချီး ပေး​တော်​မူ​၏။
PSA 18:21 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ကို လိုက်​လျှောက်​ခဲ့​၏။ ငါ​၏​ဘု​ရား​ထံ​တော်​မှ​ရှောင်​ခွာ​၍​မ​သွား ခဲ့​ပါ။
PSA 18:22 ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ခဲ့​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။
PSA 18:23 ငါ​သည်​အပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ဒု​စ​ရိုက်​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​၏။
PSA 18:24 ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​သ​ဖြင့် လည်း​ကောင်း ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ကျိုး​ကို ပေး​သ​နား​တော်​မူ​၏။
PSA 18:25 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သစ္စာ​ရှိ​သူ​တို့​အား သစ္စာ​စောင့်​တော်​မူ​၏။ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့ အား အ​ကြွင်း​မဲ့​ကျေး​ဇူး​ပြု​တော်​မူ​တတ်​ပါ​၏။
PSA 18:26 စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ရန်​လို​သော​စိတ်​သ​ဘော ကို​လည်း​ကောင်း​ပြ​တော်​မူ​ပါ​၏။
PSA 18:27 ကိုယ်​တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​ပါ​၏။
PSA 18:28 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​လင်း​ကို ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​မှောင်​မိုက်​ကို​ပျောက်​လွင့် စေ​တော်​မူ​ပါ​၏။
PSA 18:29 ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန်​ခွန်​အား​ကို လည်း​ကောင်း၊ သူ​တို့​၏​တပ်​များ​ကို​ဖြို​ခွင်း​ရန် တန်​ခိုး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ​၏။
PSA 18:30 ဤ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​လင်​ပေ​၏။ ကိုယ်​တော်​၏​စ​ကား​တော်​တို့​သည်​လည်း ယုံ​ကြည်​စိတ်​ချ​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​ထံ​တွင်​ခို​လှုံ​သူ အ​ပေါင်း​တို့​အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ် တော်​မူ​၏။
PSA 18:31 ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ​၏။
PSA 18:32 ကိုယ်​တော်​သည်​ငါ့​ကို​သန်​စွမ်း​စေ​တော်​မူ​သော ဘု​ရား၊ ငါ​လိုက်​လျှောက်​ရာ​ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ စေ​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။
PSA 18:33 ကိုယ်​တော်​သည်​ငါ့​ခြေ​ကို​သ​မင်​ခြေ​ကဲ့​သို့ မြဲ​မြံ​စေ​တော်​မူ​၏။ တောင်​များ​ပေါ်​တွင်​ငါ့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​တော်​မူ​၏။
PSA 18:34 အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။
PSA 18:35 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကြည့်​ရှု​ပြု​စု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကြီး​မြင့်​လာ​ရ​ပါ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ဘေး​မဲ့ လုံ​ခြုံ​စွာ နေ​ရ​ပါ​၏။
PSA 18:36 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​ဖမ်း​မ​ခံ​ရ​အောင်​ကွယ်​ကာ​တော်​မူ​၏။ ကျွန်​တော်​မျိုး​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​မ​ရှုံး​နိမ့်​ခဲ့​ပါ။
PSA 18:37 ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​လိုက်​လံ ဖမ်း​ဆီး​ပါ​၏။ သူ​တို့​အား​နှိမ်​နင်း​နိုင်​သည့်​အ​ထိ​မ​ရပ် မ​နား​ပါ။
PSA 18:38 သူ​တို့​အား​ကျွန်​တော်​မျိုး​ထိုး​နှက်​တိုက်​ခိုက် လိုက်​သော​အ​ခါ​သူ​တို့​သည်​မ​ထ​နိုင်​ကြ တော့​ပါ။ ကျွန်​တော်​မျိုး​၏​ခြေ​ရင်း​တွင်​လဲ​၍ အ​ညံ့​ခံ​ကြ​ရ​ပါ​၏။
PSA 18:39 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​၏။ ရန်​သူ​များ​အား​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။
PSA 18:40 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ထံ​မှ​ရန်​သူ များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​လည်း​မိ​မိ​ကို​မုန်း​သူ​တို့​အား ချေ​မှုန်း​သုတ်​သင်​ပစ်​ပါ​၏။
PSA 18:41 သူ​တို့​သည်``ကယ်​တော်​မူ​ပါ'' ဟု အော်​ဟစ်​ကြ​သော်​လည်း၊သူ​တို့​အား အ​ဘယ်​သူ​မျှ​မ​ကယ်​နိုင်​ပါ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ထား​ကြ​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​ထူး​တော်​မ​မူ​ပါ။
PSA 18:42 လေ​တိုက်​၍​လွင့်​ပါ​သွား​သော​မြေ​မှုန့်​သ​ဖွယ် ဖြစ်​စေ​ရန် သူ​တို့​အား​ကျွန်​တော်​မျိုး​ချေ​မှုန်း​ပါ​၏။ လမ်း​များ​ပေါ်​မှ​ရွှံ့​သ​ဖွယ်​သူ​တို့​အား ကျွန်​တော်​မျိုး​ကျော်​နင်း​ပါ​၏။
PSA 18:43 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ပုန်​ကန်​သူ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​စေ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ​မ​သိ​ဘူး​သော​လူ များ​ကို ယ​ခု​အ​ခါ​၌​အုပ်​စိုး​ခွင့်​ရ​ပါ​၏။
PSA 18:44 လူ​မျိုး​ခြား​တို့​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​၏​အ​မိန့်​ကို ကြား​သော​အ​ခါ​နာ​ခံ​ကြ​ပါ​၏။
PSA 18:45 သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ​မိ​မိ တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။
PSA 18:46 ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​၏။ ငါ့​အား​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကြီး​မြတ်​တော်​မူ​ကြောင်း​ကို​ကြွေး​ကြော် ကြ​လော့။
PSA 18:47 ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မူ​၏။ လူ​မျိုး​တကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊
PSA 18:48 ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​ကို အောင်​မြင်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​၏။ အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​ကို ကွယ်​ကာ​တော်​မူ​ပါ​၏။
PSA 18:49 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရှေ့​တွင်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သော သီ​ချင်း​ကို​ဆို​ပါ​မည်။
PSA 18:50 ဘု​ရား​သ​ခင်​သည်​မိ​မိ​ခန့်​ထား​တော်​မူ​သော ဘု​ရင်​အား​အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဒါ​ဝိဒ်​မှ​စ​၍ သူ​၏​သား​မြေး​များ​အား​ခိုင်​မြဲ​သော​မေတ္တာ တော်​ကို ကာ​လ​အ​စဉ်​အ​ဆက်​ပြ​တော်​မူ​၏။
PSA 19:1 မိုး​ကောင်း​ကင်​သည်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင်​စေ​၍ ကိုယ်​တော်​၏ လက်​ရာ​တော်​တို့​ကို​ထင်​ရှား​စွာ​ဖော်​ပြ​၏။
PSA 19:2 ဤ​အ​ကြောင်း​ကို​တစ်​နေ့​ကို​တစ်​နေ့၊တစ်​ည​ကို​တစ်​ည လက်​ဆင့်​ကမ်း​ကြေ​ညာ​ကြ​ပေ​သည်။
PSA 19:3 အ​ဘယ်​သို့​မှ​နှုတ်​ဖြင့်​မ​မြွက်​မ​ဆို၊ စ​ကား​လည်း​မ​ပြော၊ မည်​သည့်​အ​သံ​ကို​မျှ​မ​ပြု​သော်​လည်း
PSA 19:4 နေ့​နှင့်​ည​မှ​ထွက်​ပေါ်​လာ​သည့်​အ​သံ​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ပျံ့​နှံ့​သွား​လျက် ယင်း​တို့​ကြေ​ညာ​သော​စ​ကား​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​လေ​၏။ ဘု​ရား​သ​ခင်​သည်​နေ​၏​အ​တွက်​မိုး​ကောင်း ကင်​၌ ဗိ​မာန်​တစ်​ဆောင်​ကို​တည်​တော်​မူ​၏။
PSA 19:5 မိ​မိ​အိပ်​ခန်း​မှ​ထွက်​၍​လာ​သော​မင်္ဂ​လာ ဆောင် သ​တို့​သား​ကဲ့​သို့​လည်း​ကောင်း၊ အ​ပြေး​ပြိုင်​ရန်​ဆန္ဒ​စော​လျက်​ရှိ​သည့် အား​က​စား​သ​မား​ကဲ့​သို့​လည်း​ကောင်း နေ​သည်​ထွက်​ပြူ​လာ​၏။
PSA 19:6 သူ​သည်​မိုး​ကောင်း​ကင်​တစ်​စွန်း​မှ​အ​စ​ပြု​ကာ အ​ခြား​တစ်​စွန်း​သို့​လှည့်​ပတ်​၍​သွား၏။ သူ​၏​အ​ပူ​ရှိန်​မှ​ကင်း​လွတ်​သော​အ​ရာ​တစ်​ခု မျှ​မ​ရှိ။
PSA 19:7 ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည်​ပြီး​ပြည့် စုံ​လင်​အောင်​ကောင်း​မြတ်​သည်​ဖြစ်​၍​စိတ်​ဝိ​ညာဉ် ကို ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​စေ​တတ်​၏။ ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ချက်​တို့​သည် အား​ကိုး​အား​ထား​ထိုက်​သည်​ဖြစ်​၍ မ​လိမ္မာ​သူ​တို့​ကို​လိမ္မာ​စေ​တတ်​၏။
PSA 19:8 ထာ​ဝ​ရ​ဘု​ရား​၏​နည်း​ဥ​ပ​ဒေ​တို့​သည် မှန်​ကန်​သည်​ဖြစ်​၍​လိုက်​နာ​စောင့်​ထိန်း​သူ တို့​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​တ​ရား မျှ​တ​သည် ဖြစ်​၍​စိတ်​နှ​လုံး​ကို​အ​သိ​ဉာဏ်​ပေး​တတ်​၏။
PSA 19:9 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ထာ​ဝ​စဉ်​တည်​မြဲ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​သည်​ဖြစ်​၍​ကာ​လ​အ​စဉ်​တ​ရား မျှ​တ​ပေ​၏။
PSA 19:10 ယင်း​တို့​သည်​ရွှေ​ထက်​မ​က၊အ​ကောင်း​ဆုံး ရွှေ​ထက် ပို​မို​နှစ်​သက်​ဖွယ်​ဖြစ်​၏။ ယင်း​တို့​သည်​ပျား​ရည်​ထက်​မ​က၊အ​စစ်​ဆုံး ပျား​ရည်​ထက်​ပို​၍​ချို​ကြ​၏။
PSA 19:11 ကိုယ်​တော်​၏​ကျွန်​ဖြစ်​သူ​ကျွန်​တော်​မျိုး​အား ထို​စီ​ရင်​တော်​မူ​ချက်​များ​က​အ​သိ​ဉာဏ်​ကို ပေး​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​လိုက်​နာ စောင့်​ထိန်း​သည်​ဖြစ်​၍​အ​ကျိုး​ကျေး​ဇူး​များ​ကို ခံ​ယူ​ရ​ရှိ​ပါ​၏။
PSA 19:12 အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မှား​အ​ယွင်း​များ​ကို မ​မြင်​နိုင်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ မ​ထင်​ရှား​သည့်​အ​ပြစ်​များ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​စင်​စေ​တော်​မူ​ပါ။
PSA 19:13 တ​မင်​တ​ကာ​ကြံ​ရွယ်​ချက်​ဖြင့်​ပြု​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​လည်း​ကင်း​စင်​စေ​တော်​မူ​ပါ။ ထို​ဒု​စ​ရိုက်​တို့​သည်​ကျွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဖြစ်​လျက်​အ​ပြစ် ဒု​စ​ရိုက်​နှင့် ကင်း​စင်​ပါ​လိမ့်​မည်။
PSA 19:14 ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရွေး​နုတ်​တော်​မူ​သော အ​ရှင်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ထွက်​စ​ကား​များ​နှင့် စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​သည်​ရှေ့​တော် ၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။
PSA 20:1 ဒုက္ခ​ရောက်​စဉ်​အ​ခါ​အ​ရှင်​မင်း​ကြီး​၏ ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​တော်​မူ ပါ​စေ​သော။ ယာ​ကုပ်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။
PSA 20:2 ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​အား​ဗိ​မာန် တော်​ထဲ​က အ​ကူ​အ​ညီ​ပေး​တော်​မူ​ပါ​စေ​သော။ ဇိ​အုန်​တောင်​တော်​ပေါ်​မှ​အ​ထောက်​အ​ကူ ပေး​တော်​မူ​ပါ​စေ​သော။
PSA 20:3 ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​၏​ပူ​ဇော် သ​ကာ ရှိ​သ​မျှ​ကို​လက်​ခံ​တော်​မူ​လျက် မီး​ရှို့​ရာ​ယဇ်​အ​ပေါင်း​ကို​လည်း​နှစ်​သက် တော်​မူ​ပါ​စေ​သော။
PSA 20:4 အ​ရှင်​မင်း​ကြီး​၏​လို​အင်​ဆန္ဒ​ကို​ပြည့်​ဝ​စေ တော်​မူ​၍ အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​ကို​လည်း​အောင် မြင်​စေ​ရန် ကူ​မ​တော်​မူ​ပါ​စေ​သော။
PSA 20:5 ထို​အ​ခါ​ကျွန်​တော်​မျိုး​တို့​သည်​အ​ရှင်​မင်း ကြီး​၏ အောင်​ပွဲ​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လျက် အ​ရှင် မင်း​ကြီး​၏​အောင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​မင်း​ကြီး​တောင်း လျှောက် သ​မျှ​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။
PSA 20:6 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဘိ​သိက်​ပေး​တော် မူ​သော ဘု​ရင်​အား​စစ်​ပွဲ​နိုင်​စေ​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ ကိုယ်​တော်​သည်​မင်း​ကြီး​၏​ပန်​ကြား​ချက်​ကို သန့်​ရှင်း မြင့်​မြတ်​သည့်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​၍ တန်​ခိုး​တော်​ဖြင့်​မင်း​ကြီး​အား​အောင်​ပွဲ​ကြီး များ​ကို ပေး​တော်​မူ​၏။
PSA 20:7 အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏ စစ်​ရ​ထား​များ​ကို​လည်း​ကောင်း၊ မြင်း​များ​ကို​လည်း​ကောင်း​အား​ကိုး​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​၏။
PSA 20:8 ထို​သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​လိမ့်​မည်။ ငါ​တို့​မူ​ကား​ထ​၍​ကြံ့​ကြံ့​ခိုင်​ရပ်​တည်​ကြ လိမ့်​မည်။
PSA 20:9 အို ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။
PSA 21:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မင်း​ကြီး​အား​ခွန်​အား​စွမ်း ရည်​ကို ပေး​တော်​မူ​သ​ဖြင့်​သူ​သည်​ဝမ်း​မြောက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​စစ်​ပွဲ​ကို​အောင်​စေ​တော်​မူ သ​ဖြင့် သူ​သည်​အ​လွန်​အား​ရ​ရွှင်​လန်း​ပါ​၏။
PSA 21:2 ကိုယ်​တော်​ရှင်​သည်​သူ​လို​လား​တောင့်​တ​သည့် အ​ရာ​ကို​ပေး​တော်​မူ​ပြီ။ သူ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပြီ။
PSA 21:3 ကိုယ်​တော်​ရှင်​သည်​သူ့​အား​မွန်​မြတ်​သော ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ချ​ပေး​တော်​မူ​ပြီ။ သူ့​အား​ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​စေ​တော်​မူ​ပြီ။
PSA 21:4 သူ​သည်​အ​သက်​ကို​တောင်း​ခံ​၍​ကိုယ်​တော်​ရှင်​သည် သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​သည်​သာ​မ​က ရှည်​၍​မ​ကုန်​မ​ဆုံး​နိုင်​သော​အ​သက်​ကို ပေး​တော်​မူ​ပြီ။
PSA 21:5 ကိုယ်​တော်​ရှင်​ကယ်​မ​တော်​မူ​သ​ဖြင့်​မင်း​ကြီး​သည် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ရ​ပါ​၏။ ကိုယ်​တော်​သည်​သူ့​အား​ကျော်​စော​ကိတ္တိ​နှင့် ခန့်​ညား​တင့်​တယ်​ခြင်း​ကို​ပေး​တော်​မူ​ပြီ။
PSA 21:6 ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​သည် သူ​၏​အ​ပေါ်​သို့​အ​စဉ်​သက်​ရောက်​လျက် ရှိ​ပါ​၏။ သူ​၏​အ​နီး​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​သည် ဖြစ်​၍ သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။
PSA 21:7 မင်း​ကြီး​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေ​တ္တာ​ကြောင့် သူ​သည် ဘေး​မဲ့​လုံ​ခြုံ​တော်​မူ​ပါ​လိမ့်​မည်။
PSA 21:8 မင်း​ကြီး​သည်​မိ​မိ​၏​ရန်​သူ​အ​ပေါင်း​ကို ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​မုန်း​သော​သူ​အ​ပေါင်း​တို့​ကို လက်​ရ​ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။
PSA 21:9 ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ အ​လျှံ​ထ​လျက်​နေ​သော​မီး​သ​ဖွယ် သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​မီး​တွင်​ကျွမ်း​လောင်​ကုန်​လိမ့်​မည်။
PSA 21:10 မင်း​ကြီး​သည်​သူ​တို့​၏​သား​သ​မီး​အ​ပေါင်း ကို သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​ကို သုတ်​သင်​တော်​မူ​လိမ့်​မည်။
PSA 21:11 သူ​တို့​သည်​မင်း​ကြီး​ကို​လုပ်​ကြံ​ရန်​မ​သ​မာ သော အ​ကြံ​အ​စည်​များ​ကို​ပြု​ကြ​၏။ သို့​ရာ​တွင်​အောင်​မြင်​ကြ​လိမ့်​မည်​မဟုတ်။
PSA 21:12 မင်း​ကြီး​သည်​လေး​နှင့်​ခွင်း​တော်​မူ​လျက် သူ​တို့​အား တပ်​ခေါက်​၍​ထွက်​ပြေး​စေ​တော်​မူ​လိမ့်​မည်။
PSA 21:13 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော်​ရှိ​တော်​မူ သော​ကြောင့် ကိုယ်​တော်​အား​ကျွန်​တော်​မျိုး​တို့​ထော​မ​နာ ပြု​ကြ​ပါ​၏။ ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
PSA 22:1 ကျွန်​တော်​မျိုး​၏​ဘု​ရား အို ကျွန်​တော်​မျိုး​၏ ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည်​ဟစ် အော်​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​တိုင်​အောင်​ကယ်​မ​တော်​မ​မူ​ပါ။
PSA 22:2 ကျွန်​တော်​မျိုး​၏​ဘု​ရား၊​နေ့​အ​ခါ​၌​ကိုယ်​တော် အား ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ထူး​တော်​မ​မူ​ပါ။ ညဥ့်​အ​ခါ​ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​စိတ်​သက်​သာ​ခွင့်​ကို မ​ရ​ပါ။
PSA 22:3 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင် စံ​တော်​မူ​သော​အ​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထော​မ​နာ​ပြု​ခြင်း​ကို ခံ​တော်​မူ​ရ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။
PSA 22:4 ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​ကိုယ်​တော်​ကို ကိုး​စား​ခဲ့​ကြ​ပါ​၏။ ယင်း​သို့​သူ​တို့​ကိုး​စား​သည့်​အ​တိုင်း ကိုယ်​တော်​သည်​လည်း​သူ​တို့​အား ကယ်​တော်​မူ​ခဲ့​ပါ​၏။
PSA 22:5 သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​အော်​ဟစ် တောင်း​လျှောက်​ကြ​သ​ဖြင့် ဘေး​ဥ​ပဒ်​များ​မှ​လွတ်​မြောက်​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား ကြ​သည် နှင့်​အ​မျှ​အ​ကျိုး​ကို​ခံ​စား​ကြ​ရ​ပါ​၏။
PSA 22:6 သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ​ဖြစ်​၍​လူ​တ​ကာ​တို့​ကဲ့​ရဲ့ စ​ရာ၊ မ​ထီ​လေး​စား​ပြု​စ​ရာ​ဖြစ်​ပါ​၏။
PSA 22:7 ကျွန်​တော်​မျိုး​အား​မြင်​သော​သူ​တိုင်း ပြောင်​လှောင်​ကြ​ပါ​၏။ သူ​တို့​သည်​လျှာ​ကို​ထုတ်​လျက်​ဦး​ခေါင်း​ကို ခါ​ကြ​ပါ​၏။
PSA 22:8 သူ​တို့​က``သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး ဘိ​၏။ ကိုယ်​တော်​သည်​သင့်​ကို​အ​ဘယ်​ကြောင့် မ​ကယ်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို နှစ်​သက်​မြတ်​နိုး​တော်​မူ​လျှင် အ​ဘယ်​ကြောင့်​သင့်​အား​ကယ်​မ​တော် မ​မူ ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။
PSA 22:9 ကျွန်​တော်​မျိုး​အား​ဘေး​ဥ​ပဒ်​ကင်း​ရှင်း​စွာ အ​မိ​ဝမ်း​မှ​မွေး​ဖွား​စေ​တော်​မူ​သော​အ​ရှင် ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။ နို့​စို့​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က​လည်း ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ခဲ့​ပါ​၏။
PSA 22:10 ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​အ​စ ပြု​၍ ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ခဲ့​ပါ​၏။ ထို​အ​ချိန်​မှ​စ​၍​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
PSA 22:11 ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ပါ​တော့​မည်။ ကူ​မ​မည့်​သူ​လည်း​တစ်​ယောက်​မျှ​မ​ရှိ​ပါ။
PSA 22:12 ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ဗာ​ရှန်​ဒေ​သ​မှ ကြောက်​မက်​ဖွယ်​ကောင်း​သော​နွား​သိုး​များ​ကဲ့​သို့ ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​၏။
PSA 22:13 ခြင်္သေ့​များ​ကဲ့​သို့​ခံ​တွင်း​ကို​ဟ​၍​ဟိန်း​ဟောက် ကာ ကျွန်​တော်​မျိုး​ကို​ကိုက်​ဖြတ်​မည်​ပြု​ကြ​၏။
PSA 22:14 ကျွန်​တော်​မျိုး​၏​ခွန်​အား​သည်​မြေ​ကြီး​ပေါ်​တွင် ဖိတ်​သည့်​ရေ​ကဲ့​သို့​ခန်း​ခြောက်​သွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​အား​လုံး​သည် အ​ဆစ်​ပြုတ်​လျက်​နေ​ပါ​၏။ ရင်​တွင်း​မှ​နှ​လုံး​သား​သည်​အ​ရည်​ပျော် သော ဖ​ယောင်း​ကဲ့​သို့​ဖြစ်​၍​နေ​ပါ​၏။
PSA 22:15 ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​မြေ​မှုန့် ကဲ့​သို့ ခြောက်​လျက်​ကျွန်​တော်​မျိုး​၏​လျှာ​သည်​လည်း အာ​ခေါင်​တွင်​ကပ်​၍​နေ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​သေ​စေ​ရန် မြေ​မှုန့်​တွင်​စွန့်​ပစ်​ထား​တော်​မူ​ပါ​ပြီ။
PSA 22:16 လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။
PSA 22:17 ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​အား​လုံး​ပင် ပြိုင်း​ပြိုင်း ပေါ်​လာ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​အား​ရ ဝမ်း​သာ​စွာ စူး​စိုက်​၍​ကြည့်​ကြ​ပါ​၏။
PSA 22:18 ကျွန်​တော်​မျိုး​၏​အ​ဝတ်​များ​ကို​သူ​တို့​သည် အ​ချင်း​ချင်း​ခွဲ​ဝေ​၍​ယူ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝတ်​လုံ​ကို​မဲ​ချ​ကြ​ပါ​၏။
PSA 22:19 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ လျင်​မြန်​စွာ​ကြွ​လာ​၍​ကယ်​တော်​မူ​ပါ။
PSA 22:20 ဋ္ဌား​ဘေး​မှ​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ခွေး​ကဲ့​သို့​သော​သူ​တို့​၏​ဘေး​မှ​ကျွန်​တော် မျိုး​၏ အ​သက်​ကို​ကယ်​တော်​မူ​ပါ။
PSA 22:21 ခြင်္သေ့​ကဲ့​သို့​ကြမ်း​ကြုတ်​သော​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။ နွား​သိုး​ရိုင်း​ကဲ့​သို့​သော​သူ​တို့​၏​အ​ရှေ့​တွင် ကျွန်​တော်​မျိုး​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​ပါ​၏။
PSA 22:22 ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​၏​သား​ချင်း​တို့​အား​ပြော ကြား​ပါ​မည်။ ထို​သူ​တို့​စည်း​ဝေး​ရာ​တွင်​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။
PSA 22:23 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ယာ​ကုပ်​၏​သား​မြေး​တို့၊​ကိုယ်​တော်​အား ဂုဏ်​ပြု​ချီး​ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ကိုယ်​တော်​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​လော့။
PSA 22:24 ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​အား​ပစ်​ထား တော်​မ​မူ​ပါ။ သူ​တို့​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​လည်း လျစ်​လူ​ရှု​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သူ​တို့​ကို​မျက်​နှာ​တော်​လွှဲ တော်​မ​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​သူ​တို့​အော်​ဟစ် တောင်း​လျှောက်​သည်​ကို​နား​ညောင်း​တော်​မူ​ပါ​၏။
PSA 22:25 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​တွက် ကိုယ်​တော်​အား​ကိုး​ကွယ်​သူ​လူ​ပ​ရိ​သတ်​ရှေ့​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​မိ​မိ​က​တိ​သစ္စာ​ပြု​ခဲ့​သည့် အ​တိုင်း ယဇ်​ပူ​ဇော်​ပါ​မည်။
PSA 22:26 ဆင်း​ရဲ​သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ​ပါ​စေ သော။
PSA 22:27 လူ​မျိုး​တ​ကာ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ကိုယ်​တော်​ကို ကိုး​ကွယ်​ဆည်း​ကပ်​ကြ​လိမ့်​မည်။
PSA 22:28 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​တော်​မူ​၏။
PSA 22:29 မာ​န​ကြီး​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​လိမ့်​မည်။ သေ​မျိုး​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌ ဦး​ညွှတ်​ရှိ​ခိုး​ကြ​လိမ့်​မည်။
PSA 22:30 အ​နာ​ဂတ်​လူ​မျိုး​ဆက်​တို့​သည်​ကိုယ်​တော်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​လိမ့်​မည်။ ယ​ခု​လူ​မျိုး​ဆက်​တို့​သည်​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ဘု​ရား​ရှင်​၏​အ​ကြောင်း တော်​ကို ပြော​ကြား​ကြ​လိမ့်​မည်။
PSA 22:31 ``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​ခဲ့​၏'' ဟု​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ပြော​ကြား​ကြ​လိမ့်​မည်။
PSA 23:1 ထာ​ဝ​ရ​ဘု​ရား​သည်​သိုး​ထိန်း​တော်​မြတ်​ဖြစ်​၍ ငါ့​ကို​စောင့်​ထိန်း​တော်​မူ​၏။ ထို့​ကြောင့်​ငါ​သည်​လို​သ​မျှ​ကို​ရ​ရှိ​၏။
PSA 23:2 ကိုယ်​တော်​သည်​ငါ့​အား​စိမ်း​လန်း​သော စား​ကျက်​များ​တွင်​နား​နေ​စေ​တော်​မူ​၏။ ဆိတ်​ငြိမ်​ရာ​မြစ်​ချောင်း​များ​သို့ လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၏။
PSA 23:3 ကိုယ်​တော်​သည်​ငါ့​ကို​အား​သစ်​လောင်း​တော်​မူ​၏။ က​တိ​တော်​ရှိ​တော်​မူ​သည့်​အ​တိုင်း​လမ်း​မှန်​သို့ ပို့​ဆောင်​တော်​မူ​၏။
PSA 23:4 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​အ​မှောင်​ဆုံး ချိုင့်​ဝှမ်း​ကို ဖြတ်​၍​ပင်​သွား​ရ​စေ​ကာ​မူ​မ​ကြောက်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏။
PSA 23:5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် ရန်​သူ​အ​ပေါင်း​တို့​၏​ရှေ့​မှောက်​တွင်​စား​ပွဲ​ကို တည်​ခင်း​တော်​မူ​ပါ​၏။ ဧည့်​သည်​တော်​အ​ဖြစ်​ကျွန်​တော်​မျိုး​၏​ဦး​ခေါင်း​ကို ဆီ​လောင်း​၍​ကြို​ဆို​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​ခွက်​ဖ​လား​ကို​လည်း ပြည့်​လျှံ​အောင်​ဖြည့်​တော်​မူ​ပါ​၏။
PSA 23:6 ဧ​ကန်​မု​ချ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ၏ ကျေး​ဇူး​နှင့်​က​ရု​ဏာ​တော်​ကို​တစ်​သက်​လုံး ခံ​စား​၍ ကိုယ်​တော်​ရှင်​၏​အိမ်​တော်​မှာ​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး​နေ​ရ​ပါ​လိမ့်​မည်။
PSA 24:1 လော​က​နှင့်​လော​က​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​သော​လူ​သတ္တ​ဝါ​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။
PSA 24:2 ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​မြေ​အောက် ရေ​နက်​ရာ​အ​ရပ်​၌​အုတ်​မြစ်​ချ​တော်​မူ​၏။ နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​များ​အ​ထဲ​တွင်​အ​ခြေ စိုက်​၍ တည်​ဆောက်​တော်​မူ​၏။
PSA 24:3 ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ တက်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။
PSA 24:4 အ​ကျင့်​သီ​လ​ကောင်း​၍​စိတ်​နှ​လုံး​ဖြူ​စင်​လျက် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​သူ၊လိမ် လည်​၍ သစ္စာ​က​တိ​မ​ပျက်​တတ်​သူ​ဖြစ်​ပါ​၏။
PSA 24:5 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ကောင်း​ချီး ပေး​၍ ကယ်​တင်​တော်​မူ​လိမ့်​မည်။ ထို​သူ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သည်​ကြေ​ညာ​တော်​မူ လိမ့်​မည်။
PSA 24:6 ထို​ကဲ့​သို့​သော​သူ​များ​ကား​ဘု​ရား​သ​ခင်​ထံ တော်​သို့ ချဉ်း​ကပ်​သူ​များ၊ ယာ​ကုပ်​၏​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သူ​များ​ပေ​တည်း။
PSA 24:7 မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော်​မူ မည်။
PSA 24:8 ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ထို​အ​ရှင်​ကား​တန်​ခိုး​စွမ်း​ရည်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ စစ်​ပွဲ​တွင်​အောင်​မြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
PSA 24:9 မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော် မူ​မည်။
PSA 24:10 ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား​စစ်​ပွဲ တွင် အောင်​မြင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ပေ​တည်း။
PSA 25:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။
PSA 25:2 ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ စစ်​အ​ရေး​နိမ့်​၍​အ​ရှက်​ရ​ခြင်း​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အ​ရေး​နိမ့်​သ​ဖြင့်​ရန်​သူ​တို့​အား နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။
PSA 25:3 ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​ရေး​မ​နိမ့်​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​တော်​လှန်​ပုန်​ကန်​ရန် ဝန်​မ​လေး​သူ​များ​သာ​လျှင်​အ​ရေး​နိမ့် ကြ​ရ​ပါ​၏။
PSA 25:4 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။
PSA 25:5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။
PSA 25:6 အို ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ​၍​ကိုယ်​တော်​ရှင်​ပြ​တော် မူ​သည့် က​ရု​ဏာ​တော်​နှင့်​ခိုင်​မြဲ​သော​မေတ္တာ​တော် တို့​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။
PSA 25:7 အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က ကျွန်​တော်​မျိုး​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​နှင့် အ​မှား​အ​ယွင်း​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ခိုင်​မြဲ​သော​မေတ္တာ​ရှိ​တော်​မူ​၍ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။
PSA 25:8 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ် ဖြောင့်​မှန်​တော်​မူ​သ​ဖြင့် အ​ပြစ်​ကူး​သူ​တို့​အား​လျှောက်​လိုက်​သင့်​သည် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။
PSA 25:9 စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား​လမ်း​မှန်​သို့ ပို့​ဆောင်​တော်​မူ​လျက် ကိုယ်​တော်​၏​အ​လို​တော်​ကို​သွန်​သင်​တော်​မူ​၏။
PSA 25:10 ပ​ဋိ​ညာဉ်​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား ကိုယ်​တော်​သည်​မေတ္တာ​နှင့်​လည်း​ကောင်း၊ သစ္စာ​နှင့်​လည်း​ကောင်း​လမ်း​ပြ​ပို့​ဆောင် တော်​မူ​၏။
PSA 25:11 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​တို့​သည်​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို တည်​စေ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။
PSA 25:12 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ တို့​သည် မိ​မိ​တို့​လျှောက်​အပ်​သည့်​လမ်း​စဉ်​ကို ကိုယ်​တော်​၏​ထံ​မှ​သင်​ယူ​ကြ​လိမ့်​မည်။
PSA 25:13 သူ​တို့​သည်​အ​စဉ်​ပင်​ကောင်း​စား​ကြ​လျက် သူ​တို့​၏​သား​သ​မီး​များ​သည်​ပြည်​တော် ကို ပိုင်​ရ​ကြ​လိမ့်​မည်။
PSA 25:14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​တော် မူ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တရား တော်​ကို တည်​မြဲ​စေ​တော်​မူ​၏။
PSA 25:15 ကယ်​မ​တော်​မူ​ရန်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ခါ​ခပ်​သိမ်း​မျှော်​ကြည့်​၏။ ကိုယ်​တော်​သည်​လည်း​ငါ့​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​၏။
PSA 25:16 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ကျန်​ရစ်​လျက် အား​အင်​ချိ​နဲ့​၍​နေ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ။
PSA 25:17 ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​အ​ပေါင်း​ကို ငြိမ်း​စေ​တော်​မူ​လျက် ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ ကယ်​တော်​မူ​ပါ။
PSA 25:18 ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ဒုက္ခ​များ​နှင့် ဝေ​ဒ​နာ​အ​ပေါင်း​ကို​အောက်​မေ့​ဆင်​ခြင်​တော် မူ​၍ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။
PSA 25:19 ကျွန်​တော်​မျိုး​တွင်​အ​ဘယ်​မျှ​ရန်​သူ​များ​ကြောင်း​ကို ကြည့်​တော်​မူ​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြောင်း​ကို​သိ​မှတ်​တော်​မူ​ပါ။
PSA 25:20 ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။ ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ရန်​ချဉ်း​ကပ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။
PSA 25:21 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​သစ္စာ​သ​မာ​ဋ္ဌိ​ရှိ​မှု​သည် ကျွန်​တော်​မျိုး​အား​စောင့်​ထိန်း​ပါ​စေ​သော။
PSA 25:22 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဣ​သ​ရေ​လ​လူ​မျိုး​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ပါ။
PSA 26:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍ ကိုယ်​တော်​အား​အ​ကြွင်း​မဲ့​ကိုး​စား​သူ​ဖြစ် ပါ​၏။ ထို့​ကြောင့်​ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။
PSA 26:2 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​စမ်း​သပ်​စစ်​ဆေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​အ​လို​ဆန္ဒ​များ​နှင့်​စိတ်​နှ​လုံး အ​ကြံ​အ​စည်​များ​ကို​စစ်​ကြော​တော်​မူ​ပါ။
PSA 26:3 ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​လမ်း​ပြ​ပါ​၏။ သစ္စာ​တော်​သည်​ကျွန်​တော်​မျိုး​အား အ​စဉ်​ပို့​ဆောင်​လျက်​ရှိ​ပါ​၏။
PSA 26:4 ကျွန်​တော်​မျိုး​သည်​လျှပ်​ပေါ်​သူ​တို့​နှင့် မ​ပေါင်း​မ​ဖော်​ပါ။ သူ​တော်​ယောင်​ဆောင်​သူ​တို့​နှင့်​လည်း​မည်​သို့​မျှ မ​ဆက်​ဆံ​ပါ။
PSA 26:5 ဆိုး​ညစ်​သူ​တို့​၏​အ​ပေါင်း​အ​သင်း​တို့​ကို ရွံ​မုန်း​၍ သူ​ယုတ်​မာ​တို့​ကို​ရှောင်​ရှား​ပါ​၏။
PSA 26:6 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း​ပြ​သ​ရန် ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လက်​ကို​ဆေး​ကြော​ပြီး နောက် ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​ကို​လှည့်​ပတ်​၍ ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။
PSA 26:7 ကျွန်​တော်​မျိုး​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို​ဆို​၍ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို​ပြော​ကြား​ပါ​၏။
PSA 26:8 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာ တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။
PSA 26:9 ကျွန်​တော်​မျိုး​အား​အ​ပြစ်​ကူး​သူ​များ​နှင့်​တ​ကွ ဖျက်​ဆီး​ပစ်​တော်​မ​မူ​ပါ​နှင့်။ သူ​သတ်​သ​မား​တို့​၏​ကံ​ကြမ္မာ​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။
PSA 26:10 ထို​သူ​တို့​သည်​မ​ကောင်း​မှု​ကို​အ​ခါ​ခပ်​သိမ်း ပြု​ကျင့်​လျက် တံ​စိုး​လက်​ဆောင်​ယူ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​သူ​များ​ဖြစ်​ကြ​ပါ​၏။
PSA 26:11 ကျွန်​တော်​မျိုး​မူ​ကား​မှန်​ရာ​ကို​ပြု​ကျင့်​ပါ​၏။ ကျွန်​တော်​မျိုး​အား​က​ရု​ဏာ​ထား​တော်​မူ​၍ ကယ်​တော်​မူ​ပါ။
PSA 26:12 ငါ​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ရှိ​၏။ လူ​ပ​ရိတ်​သတ်​အ​လယ်​တွင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 27:1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​လင်း၊ ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​ရ အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။
PSA 27:2 ဆိုး​ညစ်​သူ​တို့​ငါ့​ကို​သတ်​ရန်​တိုက်​ခိုက်​ကြ​သော အ​ခါ သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​၏။
PSA 27:3 စစ်​တပ်​တစ်​တပ်​လုံး​ပင်​ငါ့​ကို​ဝိုင်း​ရံ​ထား​စေ​ကာ​မူ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ငါ​၏​ရန်​သူ​များ​က​ပင်​လျှင် ငါ့​ကို​တိုက်​ခိုက်​စေ​ကာ​မူ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​မည်။
PSA 27:4 ထာ​ဝ​ရ​ဘု​ရား​အား​ငါ​တောင်း​လျှောက်​လို သော​ဆု၊ ငါ​လို​ချင်​တောင့်​တ​သော​ဆု​တစ်​ခု​တည်း​ရှိ​၏။ ထို​ဆု​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင် တစ်​သက်​လုံး​နေ​ရ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​အံ့​သြ​လျက် ကိုယ်​တော်​၏​လမ်း​ပြ​မှု​ကို​တောင်း​ခံ​နိုင်​ခွင့် ပင်​ဖြစ်​၏။
PSA 27:5 ဘေး​အန္တ​ရာယ်​ရောက်​သည့်​ကာ​လ ငါ့​အား​ကိုယ်​တော်​ကွယ်​ကာ​စောင့်​ရှောက်​၍ ထား​တော်​မူ​လိမ့်​မည်။ ဗိ​မာန်​တော်​တွင်​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။ ဘေး​ကင်း​စေ​ရန်​ကျောက်​ဆောင်​မြင့်​ပေါ်​မှာ​တင်​၍ ထား​တော်​မူ​လိမ့်​မည်။
PSA 27:6 သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​အား​ဝိုင်း​ရံ​ထား​သည့် ရန်​သူ​များ​ကို​အောင်​မြင်​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် လျက် ဗိ​မာန်​တော်​တွင်​ယဇ်​ပူ​ဇော်​မည်။ သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​မည်။
PSA 27:7 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ ထူး​တော်​မူ​ပါ။ က​ရု​ဏာ​ထား​တော်​မူ​၍​ထူး​တော်​မူ​ပါ။
PSA 27:8 ``ငါ့​ထံ​သို့​ချဉ်း​ကပ်​၍​ကိုး​ကွယ်​ဝတ်​ပြု​လော့'' ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​သည်​အ​တိုင်း အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ပါ​မည်။
PSA 27:9 ကျွန်​တော်​မျိုး​အား​မျက်​နှာ​တော်​ကို​လွှဲ​တော် မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
PSA 27:10 ငါ​၏​မိ​ဘ​တို့​သည်​ငါ့​အား​စွန့်​ပစ်​စေ​ကာ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​မည်။
PSA 27:11 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ပြု​စေ​လို​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ လမ်း​၌ ပို့​ဆောင်​တော်​မူ​ပါ။
PSA 27:12 လိမ်​လည်​ခြိမ်း​ခြောက်​သည့်​ရန်​သူ​များ​၏​လက်​တွင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​၍​ထား​တော်​မ​မူ​ပါ​နှင့်။
PSA 27:13 ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ငါ​သည်​ဤ​ဘ​ဝ​တွင်​တွေ့​မြင်​မည်​ဟု​ယုံ​ကြည်​၏။
PSA 27:14 ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။ စိတ်​မ​ပျက်​နှင့်၊ယုံ​ကြည်​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။
PSA 28:1 ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​အ​ရှင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ကျွန်​တော်​မျိုး ဟစ်​ခေါ်​ပါ​၏။ ထူး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ထူး​တော်​မ​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​သေ​ရွာ​သွား​ရ​ပါ​လိမ့်​မည်။
PSA 28:2 ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟု ကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။
PSA 28:3 မ​ကောင်း​မှု​ပြု​သည့်​သူ​ယုတ်​မာ​များ​နှင့်​အ​တူ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မ​မူ ပါ​နှင့်။ ထို​သူ​တို့​သည်​နှုတ်​ချို​သော်​လည်း​မုန်း​စိတ်​ရှိ ကြ​ပါ​၏။
PSA 28:4 ထို​သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​ကူး​လွန်​သော အ​ပြစ်​များ​အ​တွက်​သူ​တို့​အား​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ။ သူ​တို့​၏​အ​ကျင့်​ဆိုး​များ​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ သူ​တို့​အ​ပြစ်​နှင့်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို စီ​ရင်​တော်​မူ​ပါ။
PSA 28:5 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ကိုယ်​တော် ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ကြ​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၍​ထာ​ဝ​စဉ်​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။
PSA 28:6 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကူ​မ​တော်​မူ​ရန်​ငါ​အော်​ဟစ်​သည်​ကို ကိုယ်​တော်​ကြား​တော်​မူ​ပြီ။
PSA 28:7 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကိုး​စား​၏။ ကိုယ်​တော်​သည်​ငါ့​အား​ကူ​မ​တော်​မူ​သ​ဖြင့် ငါ​သည်​ဝမ်း​မြောက်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၏။
PSA 28:8 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ရှင်​ဘု​ရင်​အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​မ​တော်​မူ​၏။
PSA 28:9 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပိုင်​တော်​မူ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​အား​သိုး​ထိန်း​သ​ဖွယ်​ထာ​ဝ​စဉ်​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​ပါ။
PSA 29:1 အို ကောင်း​ကင်​သား​တို့၊​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။
PSA 29:2 ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါ ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။
PSA 29:3 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ပင်​လယ်​များ​ပေါ်​တွင်​ထွက်​ပေါ်​လာ​၏။ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ချုန်း​တော်​မူ​၏။ အ​သံ​တော်​သည်​သ​မုဒ္ဒ​ရာ​ပေါ်​တွင်​ပဲ့​တင်​ထပ် လေ​၏။
PSA 29:4 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​ထွက်​ပေါ် လာ​၏။ ထို​အ​သံ​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော်​နှင့် ပြည့်​စုံ​၏။
PSA 29:5 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ကြောင့် အာ​ရဇ်​ပင်​တို့​သည်​ကျိုး​ကျ​ကုန်​၏။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​တို့​ပင်​လျှင် ကျိုး​ကျ​ကုန်​၏။
PSA 29:6 ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​တို့​ကို နွား​သူ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​စေ​တော် မူ​၏။ ဟေ​ရ​မုန်​တောင်​ကို​လည်း​နွား​သိုး​ပျို​ကဲ့​သို့ ခုန်​စေ​တော်​မူ​၏။
PSA 29:7 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​အ​လင်း ရောင်​ကို ပေါ်​ထွက်​စေ​တော်​မူ​၏။
PSA 29:8 ကိုယ်​တော်​၏​အ​သံ​တော်​သည်​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကာ​ဒေ​ရှ​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။
PSA 29:9 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ဝက်​သစ်​ချ​ပင်​တို့​ကို​တုန်​လှုပ်​စေ​တော်​မူ​၍ သစ်​ပင်​များ​မှ​အ​ရွက်​ရှိ​သ​မျှ​ကို​ကြွေ​စေ တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်``ဘု​ရား​သ​ခင်​သည်​ဘုန်း အ​သ​ရေ ထွန်း​တောက်​တော်​မူ​စေ​သ​တည်း'' ဟု ဗိ​မာန်​တော်​တွင်​လူ​အ​ပေါင်း​တို့​ကြွေး​ကြော် ကြ​၏။
PSA 29:10 ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​နက်​ရာ​တို့​တွင်​စိုး​စံ တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘု​ရင်​အ​ဖြစ်​ဖြင့် စိုး​စံ​တော်​မူ​၏။
PSA 29:11 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား စွမ်း​အား​ပေး​တော်​မူ​၏။ သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကောင်း​ချီး မ​င်္ဂလာ​ကို​ပေး​တော်​မူ​၏။
PSA 30:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကြောင့် ရန်​သူ​တို့​အား​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်​လည်း​ကောင်း ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ထော​မ​နာ ပြု​ပါ​၏။
PSA 30:2 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ ကယ်​မ​တော်​မူ​ရန်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ကျွန်​တော်​မျိုး​အော်​ဟစ်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ ဝေ​ဒ​နာ​ကို​ငြိမ်း​စေ​တော်​မူ​ပါ​၏။
PSA 30:3 ကျွန်​တော်​မျိုး​အား​သေ​ရွာ​မှ​ပြန်​၍ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​သည်​သင်္ချိုင်း​တွင်း​သို့​ဆင်း​လျက် ရှိ​ခဲ့​သော်​လည်း ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပါ​၏။
PSA 30:4 ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်​ပြု တော်​မူ​သော အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
PSA 30:5 ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သည်​မှာ ခ​ဏ​သာ​လျှင်​ဖြစ်​၏။ ကျေး​ဇူး​ပြု​တော်​မူ​သည်​ကား​တစ်​သက်​လုံး ဖြစ်​သ​တည်း။ ညဥ့်​အ​ခါ​၌​မျက်​ရည်​များ​ပင်​ကျ​စေ​ကာ​မူ မိုး​သောက်​ချိန်​၌​ကား​ဝမ်း​မြောက်​ရွှင်​လန်း ခွင့်​ကို ရ​ရှိ​တတ်​၏။
PSA 30:6 မိ​မိ​တွင်​လုံ​ခြုံ​မှု​ရှိ​ပြီ​ဟု​ယုံ​ကြည်​လျက် ``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်'' ဟု ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​ခဲ့ ပါ​၏။
PSA 30:7 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​ပါ​ပြီ။ တောင်​ပေါ်​ရဲ​တိုက်​ကဲ့​သို့​ကျွန်​တော်​မျိုး​အား လုံ​ခြုံ​စွာ​ကွယ်​ကာ​တော်​မူ​ခဲ့​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး အား မျက်​နှာ​တော်​ကို​လွှဲ​၍​နေ​တော်​မူ​စဉ်​က ကျွန်​တော်​မျိုး​သည်​ကြောက်​လန့်​ပါ​၏။
PSA 30:8 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဟစ်​ခေါ်​လျက်
PSA 30:9 ``ကျွန်​တော်​မျိုး​သေ​ရ​ခြင်း​ဖြင့်​အ​ဘယ်​အ​ကျိုး ရှိ​ပါ​မည်​နည်း။ သင်္ချိုင်း​တွင်း​သို့​ရောက်​ရ​ခြင်း​ဖြင့်​အ​ဘယ်​အ​ကျိုး ဖြစ်​ထွန်း​ပါ​မည်​နည်း။ သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​နိုင်​ပါ​သ​လော။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ဖော်​ပြ​ကြေ​ညာ​နိုင်​ကြ​ပါ​သ​လော။
PSA 30:10 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​သ​နား​ကြင်​နာ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​ခဲ့​ပါ​၏။
PSA 30:11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ဝမ်း​နည်း​ပူ​ဆွေး​ရာ​မှ​က​ခုန်​မြူး​တူး​စေ​တော် မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် လျှော်​တေ​ကို​ချွတ်​၍ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​တော်​မူ​ပါ​ပြီ။
PSA 30:12 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​မည် မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။
PSA 31:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​နိမ့်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​ပါ​၏။
PSA 31:2 ကျွန်​တော်​မျိုး​၏​လျှောက်​ထား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ ယ​ခု​ပင်​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွှန်​တော်​မျိုး​အား​ကွယ်​ကာ​ရန်​ကျွန်​တော်​မျိုး​၏ ခို​လှုံ​ရာ​ကျောက်​ဖြစ်​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​၏​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။
PSA 31:3 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကျောက်​နှင့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကျွန်​တော်​မျိုး​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​ပါ။
PSA 31:4 ကျွန်​တော်​မျိုး​အ​တွက်​ထောင်​ထား​သော​ကျော့ ကွင်း​မှ လွတ်​မြောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။
PSA 31:5 ကျွန်​တော်​မျိုး​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​သစ္စာ​စောင့်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။
PSA 31:6 ကိုယ်​တော်​ရှင်​သည်​မိစ္ဆာ​ဘု​ရား​များ​ကို​ကိုး​ကွယ် ဆည်း​ကပ်​သူ​တို့​ကို​မုန်း​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကိုး​စား​ပါ​၏။
PSA 31:7 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့် ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ပါ လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​သိ​တော်​မူ​ပါ​၏။
PSA 31:8 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲ လွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။
PSA 31:9 ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​သ​ဖြင့် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ များ​စွာ​ငို​ကြွေး​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​၏ မျက်​စိ​များ​သည်​ကျိန်း​စပ်​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ကုန်​ခန်း​လျက်​နေ​ပါ​ပြီ။
PSA 31:10 ဝမ်း​နည်း​ကြေ​ကွဲ​မှု​ကြောင့်​ကျွန်​တော်​မျိုး မော​ပန်း​နွမ်း​လျ​လျက်​ရှိ​ပါ​၏။ ငို​ယို​မှု​ကြောင့်​ကျွန်​တော်​မျိုး​အ​သက်​တို ရ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​ကြောင့်​အား​အင်​ချိ​နဲ့​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​ပင်​လျှင် ဆွေး​မြေ့​ကုန်​ပါ​ပြီ။
PSA 31:11 ရန်​သူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား ပြောင်​လှောင်​ကြ​ပါ​၏။ အ​ထူး​သ​ဖြင့်​အိမ်​နီး​ချင်း​များ​က​မ​ထီ​မဲ့ မြင် ပြု​ကြ​ပါ​၏။ အ​သိ​မိတ်​ဆွေ​များ​သည်​ကျွန်​တော်​မျိုး​ကို ကြောက်​ကြ​ပါ​၏။ လမ်း​တွင်​ကျွန်​တော်​မျိုး​ကို​တွေ့​မြင်​သော​အ​ခါ ထွက်​ပြေး​ကြ​ပါ​၏။
PSA 31:12 ကျွန်​တော်​မျိုး​သေ​လေ​ပြီ​ကဲ့​သို့ လူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား မေ့​ပျောက်​သွား​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စွန့်​ပစ်​ခြင်း​ခံ​ရ​သည့် အိုး​ကွဲ​ကဲ့​သို့​ဖြစ်​ပါ​၏။
PSA 31:13 ရန်​သူ​အ​များ​သည်​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကျွန်​တော်​မျိုး​ကြား​ပါ​၏။ ကျွန်​တော်​မျိုး​၏​ပတ်​လည်​တွင် ကြောက်​မက်​ဖွယ်​ရာ​များ​နှင့်​ပြည့်​နှက်​နေ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​သတ်​ရန် ကြံ​စည်​နေ​ကြ​ပါ​၏။
PSA 31:14 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။
PSA 31:15 ကျွန်​တော်​မျိုး​၏​နေ့​ရက်​ကာ​လ​များ​သည် လက်​တော်​ထဲ​၌​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​နှင့် နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။
PSA 31:16 သ​နား​သော​စိတ်​နှင့်​ကိုယ်​တော်​၏​အ​စေ​ခံ ကျွန်​တော်​မျိုး​အား​ကြည့်​တော်​မူ​ပါ။ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် အ​ညီ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
PSA 31:17 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ ပါ​နှင့်။ သူ​ယုတ်​မာ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မ​ရ​ဏာ​နိုင်​ငံ​တွင်​ဆိတ်​ဆိတ် နေ​ရ​ကြ​ပါ​စေ​သော။
PSA 31:18 မာ​န​ထောင်​လွှား​လျက်​သူ​တော်​ကောင်း​တို့​အ​ကြောင်း ကဲ့​ရဲ့​ပြော​ဆို​တတ်​သူ​လူ​လိမ်​တို့​၏ နှုတ်​ကို​ပိတ်​တော်​မူ​ပါ။
PSA 31:19 ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ​သူ​တို့ ၏​အ​တွက် သို​မှီး​ထား​တော်​မူ​သော​ကောင်း​သော​အ​ရာ များ​ကား အ​လွန်​ပင်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ထံ​တော်​၌​ခို​လှုံ​ကြ​သူ​တို့​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။
PSA 31:20 လူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​မှ ကင်း​လွတ်​စေ​အံ့​သော​ငှာ​အ​ထံ​တော်​၌ ခို​လှုံ​ကြ​သူ​တို့​ကို​ကိုယ်​တော်​ရှင်​သည် အ​ထံ​တော်​တွင်​လုံ​ခြုံ​စွာ​ဝှက်​၍​ထား​တော်​မူ ပါ​၏။ ရန်​သူ​များ​၏​စော်​ကား​မှု​များ​မှ​ကင်း​လွတ်​စေ​ရန် သူ​တို့​ကို​လုံ​ခြုံ​ရာ​အ​ရပ်​တွင်​ဝှက်​၍ ထား​တော်​မူ​ပါ​၏။
PSA 31:21 ထာ​ဝ​ရ​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု ကြ​လော့။ ငါ့​အား​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ​ချိန်​၌ ကိုယ်​တော်​ပြ​တော်​မူ​သော​မေတ္တာ​တော်​သည် လွန်​စွာ​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။
PSA 31:22 ကိုယ်​တော်​ရှင်​သည်​ငါ့​အား​ရှေ့​တော်​မှောက်​မှ နှင်​ထုတ်​တော်​မူ​လေ​ပြီ​ဟူ​၍ ငါ​သည်​ကြောက်​လန့်​စိုး​ရိမ်​မိ​ပါ​၏။ သို့​ရာ​တွင်​အ​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန် ငါ​အော်​ဟစ်​သော​အ​ခါ၊ကိုယ်​တော်​ရှင်​သည် ငါ​၏​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​၏။
PSA 31:23 ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​ကြ​လော့။ သစ္စာ​စောင့်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​မာ​န​ကြီး​သူ​တို့​အား​ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​၏။
PSA 31:24 ထာ​ဝ​ရ​ဘု​ရား​အား​စောင့်​မျှော်​ကြ​သူ​အ​ပေါင်း တို့၊ ကြံ့​ခိုင်​မှု​ရှိ​၍​ရဲ​ရင့်​ကြ​ကုန်​လော့။
PSA 32:1 မိ​မိ​၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ခြင်း​ခံ​ရ​၍ ကူး​လွန်​မှု​များ​အ​တွက်​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏။
PSA 32:2 မ​ကောင်း​မှု​ပြု​သူ​ဟု​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​တင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ လိမ်​လည်​လှည့်​စား​မှု​မှန်​သ​မျှ​နှင့်​ကင်း​စင်​သူ​သည် မင်္ဂ​လာ​ရှိ​၏။
PSA 32:3 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို မ​ဖော်​ပြ၊​ဝန်​မ​ခံ​ဘဲ​နေ​သော​အ​ခါ တစ်​နေ့​လုံး​ငို​ကြွေး​ရ​သ​ဖြင့်​မော​ပန်း​နွမ်း​နယ် ခဲ့​ပါ​၏။
PSA 32:4 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​နေ့​ရော​ည​ပါ အ​ပြစ်​ဒဏ်​ပေး​တော်​မူ​ပါ​၏။ နွေ​ရာ​သီ​အ​ပူ​ရှိန်​ကြောင့်​အ​စို​ဋ္ဌာတ်​သည် ခန်း​ခြောက်​သွား​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ခန်း​သွား​ပါ​၏။
PSA 32:5 ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ် များ​ကို ကိုယ်​တော်​၏​ထံ​တွင်​ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​မှား​များ​ကို အ​ထံ​တော်​မှ​ဖုံး​ကွယ်​၍​မ​ထား​ပါ။ ယင်း​တို့​ကို​ကိုယ်​တော်​အား​ဖော်​ပြ​ဝန်​ခံ​ရန် ကျွန်​တော်​မျိုး​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကူး​လွန်​မှု ရှိ​သ​မျှ​တို့​အ​တွက်​အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ​၏။
PSA 32:6 သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သူ​တို့​သည် အ​ရေး​ကြုံ​သည့်​အ​ခါ​များ​၌ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သင့်​ကြ ပါ​သည်။ အ​ဟုန်​ပြင်း​စွာ​လွှမ်း​မိုး​၍​လာ​သော​ရေ​သည် သူ​တို့​ထံ​သို့​ရောက်​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။
PSA 32:7 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​အ​ကြောင်း​ကို အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​ပါ​မည်။
PSA 32:8 ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​လိုက်​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​မည်။ သင့်​အား​အ​ကြံ​ဉာဏ်​ပေး​၍​ကြည့်​ရှု​ပြု​စု​မည်။
PSA 32:9 သင်​သည်​ဇက်​နှင့်​ဇက်​ကြိုး​ဖြင့်​ထိန်း​ရ​သော မြင်း​သို့​မ​ဟုတ်​လား​ကဲ့​သို့​ဉာဏ်​မ​တုံး​နှင့်'' ဟု မိန့်​တော်​မူ​၏။
PSA 32:10 သူ​ယုတ်​မာ​တို့​သည်​ဒုက္ခ​ရောက်​ကြ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ကိုး​စား​သူ​တို့​မူ​ကား ခိုင်​မြဲ​သော​မေတ္တာ​တော်​ဖြင့်​ကွယ်​ကာ​ခြင်း​ကို ခံ​ရ​၏။
PSA 32:11 အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် အ​တွက် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။
PSA 33:1 အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊​သင်​တို့​သည် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက် ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 33:2 စောင်း​တီး​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​ဖြင့်​ရှေ့​တော်​၌ သီ​ချင်း​ဆို​ကြ​လော့။
PSA 33:3 ရှေ့​တော်​၌​သီ​ချင်း​သစ်​ကို​ဆို​ကြ​လော့။ သာ​ယာ​စွာ​စောင်း​ကို​တီး​ကြ​လော့။ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။
PSA 33:4 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​မှန်​ကန် ပေ​၏။ ကိုယ်​တော်​ပြု​တော်​မူ​ရာ​အ​မှု​အ​ရာ​တို့​သည်​လည်း သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​၏။
PSA 33:5 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​မှန်​ကန်​မှု​ကို နှစ်​သက်​တော်​မူ​၏။ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​ဖုံး​လွှမ်း​လျက်​ရှိ​၏။
PSA 33:6 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မိန့်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​ထွက်​စ​ကား​အား​ဖြင့် နေ၊လ၊ကြယ်​တာ​ယာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​၏။
PSA 33:7 ပင်​လယ်​ရှိ​သ​မျှ​တို့​ကို​တစ်​နေ​ရာ​တည်း​တွင် စု​ဝေး​စေ​တော်​မူ​၏။ နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​ရေ​များ​ကို သို​လှောင်​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား​တော် မူ​၏။
PSA 33:8 ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ရို​သေ​ကိုင်း​ရှိုင်း​ကြ​လော့။ ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ကြ​လော့။
PSA 33:9 ကိုယ်​တော်​မြွက်​ဆို​တော်​မူ​သော​အ​ခါ ကမ္ဘာ​လော​က​သည်​ဖြစ်​ပေါ်​လာ​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ​ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ပေါ်​ပေါက်​လာ​ကြ​၏။
PSA 33:10 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရည်​မှန်း​ချက်​များ​ကို​ပျက်​ပြား​စေ​တော်​မူ​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​လည်း အ​ထ​မ​မြောက်​စေ​ရန်​ဆီး​တား​တော်​မူ​၏။
PSA 33:11 သို့​ရာ​တွင်​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​တို့ မူ​ကား အ​ဘယ်​ကာ​လ​၌​မျှ​ပျက်​ပြား​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​ရည်​မှန်း​ချက်​တို့​သည်​ထာ​ဝ​စဉ် အောင်​မြင်​သ​တည်း။
PSA 33:12 ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရား​အ​ဖြစ်​နှင့်​ကိုး​ကွယ် သော လူ​မျိုး​သည်​မင်္ဂ​လာ​ရှိ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့် ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​လူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။
PSA 33:13 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ ငုံ့​၍​ကြည့်​တော်​မူ​ရာ၊ လူ​သား​အ​ပေါင်း​ကို​မြင်​တော်​မူ​၏။
PSA 33:14 ကိုယ်​တော်​သည်​မိ​မိ​စိုး​စံ​တော်​မူ​ရာ​အ​ရပ် မှ​ငုံ့​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ကြည့်​တော်​မူ​၏။
PSA 33:15 ကိုယ်​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​များ​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် သူ​တို့​ကြံ​စည်​ပြု​ကျင့်​သ​မျှ​သော အ​မှု​အ​ရာ​များ​ကို​သိ​တော်​မူ​၏။
PSA 33:16 ရှင်​ဘု​ရင်​မည်​သည်​မှာ​မိ​မိ​၏​ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​ကြောင့်​စစ်​ပွဲ​တွင် အ​နိုင်​ရ​သည်​မ​ဟုတ်။ စစ်​သား​သည်​လည်း​မိ​မိ​၏​ခွန်​အား​ဗ​လ​ကြောင့် အ​နိုင်​ရ​သည်​မ​ဟုတ်။
PSA 33:17 စစ်​မြင်း​တို့​သည်​အောင်​ပွဲ​ရ​မှု​အ​တွက်​အ​သုံး​မ​ဝင်။ သူ​တို့​၏​ကြီး​မား​သော​ခွန်​အား​က​မ​ကယ်​နိုင်။
PSA 33:18 ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​ကြောက်​ရွံ့ ရို​သေ​သော၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သော​သူ များ​အား ကြည့်​ရှု​စောင့်​ထိန်း​တော်​မူ​၏။
PSA 33:19 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​သေ​ဘေး​မှ ကယ်​တော်​မူ​၏။ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ရာ​ကာ​လ​များ​၌ သူ​တို့​အား​အ​သက်​ရှင်​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။
PSA 33:20 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကူ​မ​တော်​မူ​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
PSA 33:21 ငါ​တို့​သည်​ကိုယ်​တော်​ကြောင့်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ရ​၏။ ငါ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော နာ​မ​တော်​ကို​ကိုး​စား​ကြ​၏။
PSA 33:22 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ စောင့်​မျှော်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​တို့​အား​ခိုင်​မြဲ​သော​မေတ္တာ တော်​ကို ခံ​စား​စေ​တော်​မူ​ပါ။
PSA 34:1 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို အ​စဉ်​မ​ပြတ်​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​အား​အ​ခါ​ခပ်​သိမ်း​ထော​မ​နာ​ပြု​မည်။
PSA 34:2 ငါ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​များ​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​မည်။ အ​နှိပ်​အ​စက်​ခံ​ရ​သူ​အ​ပေါင်း​တို့​သည် ကြား​နာ​၍ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။
PSA 34:3 ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ငါ​နှင့် အ​တူ ကြွေး​ကြော်​ကြ​လော့။ ငါ​တို့​သည်​အ​တူ​တ​ကွ​ကိုယ်​တော်​၏​နာ​မ​တော် ကို ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။
PSA 34:4 ငါ​သည်​ထာ​ဝ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​ကိုယ်​တော်​သည် နား​ညောင်း​တော်​မူ​၏။ ကြောက်​လန့်​ဖွယ်​ရာ​ဟူ​သ​မျှ​မှ​ငါ့​ကို ကယ်​နုတ်​တော်​မူ​၏။
PSA 34:5 အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​၍​ဝမ်း​မြောက်​ပါ​၏။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ကြ ရ​လိမ့်​မည်​မ​ဟုတ်။
PSA 34:6 ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ကို ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​ထူး​တော်​မူ​၍​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။
PSA 34:7 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။
PSA 34:8 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မျှ ကောင်း​မြတ်​တော်​မူ​သည်​ကို​သင်​ကိုယ်​တိုင် စူး​စမ်း​၍​ကြည့်​လော့။ ကိုယ်​တော်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​နေ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။
PSA 34:9 ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​တို့​သည် ချို့​တဲ့​မှု​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။
PSA 34:10 ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။
PSA 34:11 ငယ်​ရွယ်​သူ​မိတ်​ဆွေ​တို့၊ငါ့​ထံ​သို့​လာ​၍ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​ရန် သင်​တို့​အား​ငါ​သင်​ကြား​ပေး​မည်။
PSA 34:12 သင်​တို့​သည်​ပျော်​ပျော်​ပါး​ပါး​နေ​ထိုင်​လို ကြ​ပါ​သ​လော။ အ​သက်​ရှည်​ခြင်း​နှင့်​တ​ကွ​ပျော်​ရွှင်​ခြင်း​ကို လို​လား​ကြ​ပါ​သ​လော။
PSA 34:13 လို​လား​ပါ​လျှင်​ညစ်​ညမ်း​သည့်​စ​ကား​နှင့် မု​သား​စ​ကား​ကို​မ​ပြော​ကြ​နှင့်။
PSA 34:14 ဒု​စ​ရိုက်​ကို​ရှောင်​၍​သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရ​ရှိ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​ကြ​လော့။
PSA 34:15 ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။
PSA 34:16 သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​မူ​ကား​သေ​သော အ​ခါ မ​ကြာ​မီ​ပင်​သူ​တို့​ကို​လူ​တို့​မေ့​ပျောက်​သွား စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု တော်​မူ​၏။
PSA 34:17 သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​အား ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ထူး​တော်​မူ​၍​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​၏။
PSA 34:18 ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။ မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။
PSA 34:19 သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။
PSA 34:20 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​သက်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​၏။ သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ​ပင်​လျှင်​မ​ကျိုး မ​ပဲ့​ရ။
PSA 34:21 သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက် ကြောင့် အ​သက်​ဆုံး​ကြ​ရ​လိမ့်​မည်။ သူ​တော်​ကောင်း​ကို​မုန်း​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​သင့်​ကြ​လိမ့်​မည်။
PSA 34:22 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ခို​လှုံ​ရန်​ချဉ်း​ကပ်​သူ​တို့​သည် အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။
PSA 35:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​ကို တိုက်​ခိုက်​တော်​မူ​ပါ။
PSA 35:2 ကိုယ်​တော်​ရှင်​၏​ဒိုင်း​လွှား​ကို​ကိုင်​ဆွဲ​၍ ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​တော်​မူ​ပါ။
PSA 35:3 ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​သူ​တို့​အား လှံ​တံ​တော်​နှင့်​ရဲ​တင်း​တော်​ကို​ချိန်​ရွယ်​၍ ဆီး​တား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကယ်​တင်​တော်​မူ​မည်​ဖြစ် ကြောင်း ကျွန်​တော်​မျိုး​အား​မိန့်​ကြား​တော်​မူ​ပါ။
PSA 35:4 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​လျက်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​ကို​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် သူ​တို့​သည် တပ်​လှန်​၍​က​စဥ့်​က​ရဲ​ဖြစ်​ရ​ကြ​ပါ​စေ​သော။
PSA 35:5 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့် သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။
PSA 35:6 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​စဉ် သူ​တို့​ပြေး​ရာ​လမ်း​သည်​မှောင်​မိုက်​၍ ခြေ​ချော်​ကြ​ရ​ပါ​စေ​သော။
PSA 35:7 သူ​တို့​သည်​အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အ​တွက် ကျော့​ကွင်း​ကို​ထောင်​၍​ကျွန်​တော်​မျိုး​ကို​ဖမ်း​ရန် တွင်း​ကို​နက်​စွာ​တူး​ကြ​ပါ​၏။
PSA 35:8 သို့​ရာ​တွင်​သူ​တို့​သည်​အ​မှတ်​မ​ထင်​ပျက်​စီး ဆုံး​ပါး ရ​ကြ​ပါ​လိမ့်​မည်။ မိ​မိ​တို့​ထောင်​သည့်​ကျော့​ကွင်း​တွင်​ပြန်​၍​မိ​လျက် မိ​မိ​တို့​တူး​သော​တွင်း​ထဲ​သို့​ကျ​၍ ပျက်​စီး​ဆုံး​ပါး​ရ​ကြ​ပါ​လိမ့်​မည်။
PSA 35:9 ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ ပြု​၍ ဝမ်း​မြောက်​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​ရွှင်​လန်း​လိမ့်​မည်။
PSA 35:10 ``ကိုယ်​တော်​နှင့်​အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​ကဲ့​သို့​အား​နွဲ့ သူ​ကို အား​ကြီး​သူ​၏​ဘေး​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​နွမ်း​ပါး​သူ​ကို​ဖိ​စီး​နှိပ်​စက်​တတ်​သူ​၏ ဘေး​မှ​လည်း​ကောင်း ကွယ်​ကာ​စောင့်​ရှောက်​ပါ​သ​နည်း'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ခံ​စား​ချက်​အ​ပြည့် အ​ဝ​ဖြင့် ငါ​လျှောက်​ထား​မည်။
PSA 35:11 ဆိုး​ညစ်​သူ​တို့​သည်​ငါ​အ​ဘယ်​အ​ခါ​မျှ မ​ကူး​လွန်​သည့်​ပြစ်​မှု​များ​နှင့်​ငါ့​အား စွပ်​စွဲ​ကြ​၏။
PSA 35:12 သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ကန်း​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​လွန်​စိတ်​ပျက်​လှ​၏။
PSA 35:13 ငါ​မူ​ကား​ထို​သူ​တို့​ဖျား​နာ​ကြ​သော​အ​ခါ၊ ဝမ်း​နည်း​သည့်​အ​နေ​ဖြင့်​နှိမ့်​ချ​ဆု​တောင်း​လျက် လျှော်​တေ​ကို​ဝတ်​၍​အ​စာ​မ​စား​ဘဲ​နေ​၏။
PSA 35:14 ငါ​သည်​မိတ်​ဆွေ​သို့​မ​ဟုတ်​ညီ​အစ်​ကို​၏​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​သ​ကဲ့​သို့ စိတ်​အား​ထက်​သန်​စွာ​သူ​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​၏​မိ​ခင်​အ​တွက်​ပူ​ဆွေး​သ​ကဲ့​သို့၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
PSA 35:15 သို့​ရာ​တွင်​ငါ​ဒုက္ခ​ရောက်​သော​အ​ခါ၊သူ​တို့​အား လုံး​ပင် ဝမ်း​မြောက်​ကြ​လျက် ငါ့​ကို​ပြောင်​လှောင်​ရန်​ဝိုင်း​ရံ​စု​ရုံး​လာ​ကြ​၏။ ငါ​မ​သိ​သော​သူ​တို့​သည်​ငါ့​အား​ရိုက်​နှက်​ကြ​၏။ မ​ရပ်​မ​စဲ​ဘဲ​ရိုက်​နှက်​ကြ​၏။
PSA 35:16 ငါ့​အား​နာ​ကြည်း​အောင်​ပြောင်​လှောင်​ကြ​၏။ မုန်း​မာန်​ပွား​၍​ငါ့​ကို​စူး​စူး​ဝါး​ဝါး​ကြည့် ကြ​၏။
PSA 35:17 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကြည့်​၍​နေ​တော်​မူ​ပါ​မည်​နည်း။ သူ​တို့​၏​တိုက်​ခိုက်​မှု​များ​မှ​ကျွန်​တော်​မျိုး​အား ကယ်​နုတ်​တော်​မူ​ပါ။ ဤ​ခြင်္သေ့​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကယ်​တော်​မူ​ပါ။
PSA 35:18 ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ လူ​စု​တော် အ​စည်း​အ​ဝေး​တွင် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​ပ​ရိ​သတ်​ကြီး​၏​ရှေ့​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 35:19 ကျွန်​တော်​မျိုး​၏​ရန်​သူ​လူ​လိမ်​လူ​ညာ​များ အား ကျွန်​တော်​မျိုး​အ​ရေး​ရှုံး​နိမ့်​မှု​ကို​အ​ကြောင်း ပြု​ကာ နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ နှင့်။ အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​အား ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​မှု​ကို​အ​ကြောင်း​ပြု​၍ လှောင်​ပြောင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။
PSA 35:20 သူ​တို့​သည်​ငြိမ်း​ချမ်း​စေ​မည့်​စ​ကား​ကို မ​ပြော​ဘဲ ငြိမ်း​ချမ်း​ရေး​လို​လား​သူ​တို့​၏​အ​ကြောင်း​ကို မ​ဟုတ်​မ​မှန်​လုပ်​ကြံ​၍​ပြော​ဆို​ကြ​ပါ​၏။
PSA 35:21 သူ​တို့​က``ဟား​ဟား​သင်​ပြု​သော​အ​မှု​ကို ငါ​တို့​မြင်​ကြ​၏'' ဟု​အော်​ဟစ်​၍​ကျွန်​တော် မျိုး​အား စွပ်​စွဲ​ပြော​ဆို​ကြ​ပါ​၏။
PSA 35:22 သို့​သော်​လည်း အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ​အ​မှု​ကို​သိ​မြင်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။
PSA 35:23 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊နိုး​ထ​တော်​မူ​၍ ကျွန်​တော်​မျိုး​ဖြောင့်​မှန်​ကြောင်း​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ။
PSA 35:24 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​တွင်​အပြစ်​မ​ရှိ​ကြောင်း​ထုတ်​ဖော် ကြေ​ညာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ကျွန်​တော်​မျိုး​ကို​အ​ကြောင်း​ပြု​၍​နှစ်​ထောင်း အား​ရ​ခွင့်​ကို​ရ​စေ​တော်​မ​မူ​ပါ​နှင့်။
PSA 35:25 ``ငါ​တို့​အ​လို​ဆန္ဒ​ပြည့်​ပြီ၊သူ့​ကို​ငါ​တို့ အ​နိုင်​ရ​ပြီ'' ဟူ​၍​သူ​တို့​ပြော​ဆို​နိုင်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။
PSA 35:26 ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ နှစ်​ထောင်း​အား​ရ​သူ​တို့​သည် မ​ရှု​မ​လှ​အ​ရေး​နိမ့်​၍​က​စဥ့်​က​ရဲ ဖြစ်​ကြ​ရ​ပါ​စေ​သော။ မိ​မိ​တို့​ကိုယ်​ကို​ကျွန်​တော်​မျိုး​ထက်​သာ သည်​ဟု ပြော​ဆို​သူ​တို့​သည်​အ​ရှက်​ကွဲ​၍ မျက်​နှာ​ပျက်​ကြ​ရ​ပါ​စေ​သော။
PSA 35:27 ကျွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​လို​သော သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ဖြင့် ``ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ကောင်း​စား​သည်​ကို အား​ရ​နှစ်​သက်​တော်​မူ​၏'' ဟု​အ​ဖန်​တ​လဲ​လဲ ကြွေး​ကြော်​ကြ​ပါ​စေ​သော။
PSA 35:28 ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ ပါ​မည်။ တစ်​နေ့​လုံး​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု ပါ​မည်။
PSA 36:1 သူ​ယုတ်​မာ​၏​စိတ်​နှ​လုံး​အ​တွင်း​၌ အ​ပြစ်​ဒု​စ​ရိုက်​သည်​တီး​တိုး​လှုံ့​ဆော်​လျက်​နေ​တတ်​၏။ ထို​သူ​သည်​ဘု​ရား​ကို​ပစ်​ပယ်​တတ်​၏။ ကိုယ်​တော်​ကို​လည်း​မ​ကြောက်​မ​ရွံ့​တတ်။
PSA 36:2 မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လှ​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ထာ​ဝ​ရ​ဘု​ရား တွေ့​ရှိ​တော်​မူ​လိမ့်​မည်​မ​ဟုတ်၊ မိ​မိ​အား​အ​ပြစ်​ဒဏ်​လည်း​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟု​ထင်​မှတ်​တတ်​၏။
PSA 36:3 သူ​ပြော​ဆို​သော​စ​ကား​သည်​ညစ်​ညမ်း​၍ မု​သား​အ​တိ​ဖြစ်​၏။ သူ​သည်​အ​ကျင့်​ကောင်း​ကို​မ​ပြု​တော့​ပြီ၊ ပ​ညာ​သ​တိ​လည်း​မ​ရှိ​တော့​ပြီ။
PSA 36:4 သူ​သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​စဉ် မ​ကောင်း​မှု​များ​ကို​ကြံ​စည်​တတ်​၏။ သူ​ပြု​ကျင့်​လေ​သ​မျှ​သည်​မ​ကောင်း​မှု သာ​ဖြစ်​၏။ သူ​သည်​ဆိုး​ညစ်​မှု​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ပစ် ပယ်။
PSA 36:5 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။
PSA 36:6 ကိုယ်​တော်​၏​တ​ရား​မျှ​တ​မှု​သည်​မြင့်​မား​သော တောင်​ရိုး​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ပင်​လယ်​၏​နက်​ရှိုင်း​ရာ​များ​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို စောင့်​ရှောက်​တော်​မူ​ပါ​၏။
PSA 36:7 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။
PSA 36:8 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပေါ​များ​စွာ ချ​ပေး​တော်​မူ​သော​အ​စာ​ရေ​စာ​ကို စား​သုံး​ကြ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော မြစ်​ရေ​မှ​သောက်​သုံး​ခွင့်​ကို​ပေး​တော်​မူ​ပါ။
PSA 36:9 ကိုယ်​တော်​ရှင်​ထံ​မှ​သတ္တ​ဝါ​မှန်​သ​မျှ​တို့​သည် အ​သက်​ကို​ရ​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​အ​လင်း​ကို​ရ​ရှိ​ကြ ပါ​၏။
PSA 36:10 ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​အား ဆက်​လက်​၍ မေတ္တာ​ထား​တော်​မူ​ပါ။ သူ​တော်​ကောင်း​တို့​အား​ဆက်​လက်​၍ ကျေး​ဇူး​ပြု​တော်​မူ​ပါ။
PSA 36:11 မာ​န​ကြီး​သူ​တို့​အား​ကျွန်​တော်​မျိုး​ကို​တိုက် ခိုက်​ခွင့်၊ သူ​ယုတ်​မာ​တို့​သည်​ကျွန်​တော်​မျိုး​ကို​နှင်​ထုတ်​ခွင့် မ​ရ​ပါ​စေ​နှင့်။
PSA 36:12 ဆိုး​ယုတ်​သူ​တို့​လဲ​ရာ​အ​ရပ်​ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​မ​ထ​နိုင်​တော့​ဘဲ​ထို​နေ​ရာ​တွင် လဲ​လျက်​နေ​ကြ​၏။
PSA 37:1 သူ​ယုတ်​မာ​တို့​၏​အ​တွက်​ကြောင့်​စိုး​ရိမ်​ပူ​ပန်​မှု မ​ဖြစ်​နှင့်။
PSA 37:2 သူ​တို့​သည်​ခြောက်​သွေ့​သွား​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ပျက်​ကြ​ကုန်​လိမ့်​မည်။ ညှိုး​နွမ်း​သော​အ​ပင်​ငယ်​များ​ကဲ့​သို့ သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။
PSA 37:3 ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက် အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။
PSA 37:4 ထာ​ဝ​ရ​ဘု​ရား​၌​မွေ့​လျော်​ပျော်​ပိုက်​မှု​ကို ရှာ​လော့။ သို့​ပြု​လျှင်​သင်​၏​အ​လို​ဆန္ဒ​ကို​ပြည့်​စုံ စေ​တော်​မူ​လိမ့်​မည်။
PSA 37:5 သင်​သည်​မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​လက်​သို့ အပ်​နှံ​လော့။ ကိုယ်​တော်​ကို​ကိုး​စား​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင့်​ကို ကူ​မ​တော်​မူ​လိမ့်​မည်။
PSA 37:6 သင်​၏​ဖြောင့်​မတ်​ခြင်း​ကို​မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့ ထွန်း​လင်း​တောက်​ပ​စေ​တော်​မူ​လိမ့်​မည်။
PSA 37:7 ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​ကို​သည်း​ခံ​၍ စောင့်​မျှော်​လော့။ ကောင်း​စား​သူ​တို့​ကြောင့်​လည်း​ကောင်း၊ အ​ကြံ​အ​စည်​အောင်​မြင်​သော ဆိုး​ညစ်​သူ​တို့​ကြောင့်​လည်း​ကောင်း​ပူ​ပင်​သော​က မ​ဖြစ်​နှင့်။
PSA 37:8 မ​စိုး​ရိမ်​နှင့်။ ဒေါ​သ​အ​မျက်​မ​ထွက်​နှင့်။ စိုး​ရိမ်​မှု​နှင့်​ဒေါ​သ​အ​မျက်​သည်​သင့်​အား ဆိုး​ကျိုး​သာ​ပေး​လိမ့်​မည်။
PSA 37:9 ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သော​သူ​တို့ သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​ပြည်​နှင် ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။
PSA 37:10 ကာ​လ​အ​နည်း​ငယ်​အ​တွင်း​၌​သူ​ယုတ်​မာ တို့​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​ကို​ရှာ​သော်​လည်း တွေ့​လိမ့်​မည်​မ​ဟုတ်။
PSA 37:11 သို့​ရာ​တွင်​စိတ်​နှိမ့်​ချ​သော​သူ​တို့​သည် ပြည်​တော်​ကို​ပိုင်​ရ​လျက်​ငြိမ်း​ချမ်း​သာ​ယာ​မှု​နှင့် ကြီး​ပွား​တိုး​တက်​မှု​တို့​ကို​ခံ​စား​ကြ​ရ လိမ့်​မည်။
PSA 37:12 သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အား မ​ကောင်း​ကြံ​လျက်​မုန်း​စိတ်​နှင့်​စူး​စူး​ဝါး​ဝါး ကြည့်​တတ်​၏။
PSA 37:13 သို့​ရာ​တွင်​ထို​သူ​သည်​မ​ကြာ​မ​မြင့်​မီ​ဆုံး​ပါး ပျက်​စီး ရ​တော့​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​သ​ဖြင့်​သူ့​အား ကြည့်​၍ ပြုံး​ရယ်​တော်​မူ​၏။
PSA 37:14 သူ​ယုတ်​မာ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​အား သတ်​ဖြတ်​ရန်​လည်း​ကောင်း၊မှန်​ရာ​ကို​ပြု​သူ​တို့ အား အ​ဆုံး​စီ​ရင်​ရန်​လည်း​ကောင်း ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​၍​လေး​များ​ကို တင်​ကြ​၏။
PSA 37:15 သို့​ရာ​တွင်​ထို​သူ​တို့​သည်​မိ​မိ​၏​ဋ္ဌား​များ​ဖြင့် ပင်​လျှင် ထိုး​သတ်​ခံ​ကြ​ရ​လိမ့်​မည်။ သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​ကုန်​ကြ လိမ့်​မည်။
PSA 37:16 သူ​တော်​ကောင်း​တစ်​ယောက်​၏​ဥစ္စာ​ပစ္စည်း အ​နည်း​ငယ်​သည် သူ​ယုတ်​မာ​အ​ပေါင်း​တို့​၏​စည်း​စိမ်​ချမ်း​သာ ထက် ပို​၍​တန်​ဖိုး​ရှိ​၏။
PSA 37:17 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​ယုတ်​မာ​တို့​၏​စွမ်း​ရည်​ကို​သိမ်း​ယူ​၍ သူ​တော်​ကောင်း​တို့​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​မည်​ဖြစ်​သော​ကြောင့် တည်း။
PSA 37:18 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​အား​စောင့်​ရှောက်​တော်​မူ​၏။ သူ​တို့​သည်​ပြည်​တော်​ကို​ထာ​ဝ​စဉ်​ပိုင်​ဆိုင် ရ​ကြ​လိမ့်​မည်။
PSA 37:19 ခဲ​ယဉ်း​ရာ​ကာ​လ​များ​၌​သူ​တို့​သည် ဒုက္ခ​ရောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ချိန်​များ​၌​အ​စာ ရေ​စာ လုံ​လောက်​စွာ​ရ​ရှိ​ကြ​လိမ့်​မည်။
PSA 37:20 သူ​ယုတ်​မာ​တို့​မူ​ကား​သေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ရန်​ဘက်​ပြု​သူ​တို့​သည် တော​ပန်း​များ​ကဲ့​သို့​ပျောက်​ကွယ်​ကြ​လိမ့်​မည်။ မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​ကြ​လိမ့်​မည်။
PSA 37:21 သူ​ယုတ်​မာ​သည်​ချေး​ငှား​ပြီး​နောက် ပြန်​၍​မ​ပေး​မ​ဆပ်​တတ်။ သူ​တော်​ကောင်း​မူ​ကား​ရက်​ရော​စွာ​ပေး​ကမ်း တတ်​၏။
PSA 37:22 ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော သူ​တို့​သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ကျိန်​တော်​မူ​ခြင်း​ခံ​ရ​သော သူ​တို့​မူ​ကား​ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။
PSA 37:23 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​လိုက်​လျှောက်​အပ်​သည့် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။ ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ​၏။
PSA 37:24 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ကူ​မ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည်​လဲ သော်​လည်း မ​ထ​ဘဲ​နေ​လိမ့်​မည်​မ​ဟုတ်။
PSA 37:25 ယ​ခု​အ​ခါ​ငါ​သည်​အ​သက်​ကြီး​ရင့်​လေ​ပြီ။ ငါ​သည်​ကြာ​ရှည်​စွာ​အ​သက်​ရှင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​သူ​တော်​ကောင်း​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ပစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​တို့​တောင်း​စား​ရ​သည်​ကို လည်း​ကောင်း တစ်​ချိန်​တစ်​ခါ​မျှ​ငါ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။
PSA 37:26 သူ​သည်​အ​စဉ်​ပင်​သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​ချေး​ငှား​တတ်​၏။ သူ​၏​သား​သ​မီး​များ​သည်​လည်း​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​ရ​ကြ​၏။
PSA 37:27 ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​၍​သု​စ​ရိုက်​ကို​ပြု​လော့။ သို့​ပြု​လျှင်​သင်​၏​သား​မြေး​တို့​သည်​ပြည်​တော် တွင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။
PSA 37:28 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မှန်​တ​ရား​ကို​နှစ်​သက်​တော်​မူ​၍ မိ​မိ​အား​သစ္စာ​စောင့်​သည့်​လူ​စု​တော်​ကို စွန့်​ပစ်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​အ​စဉ်​အ​မြဲ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​သား​မြေး​များ​မူ​ကား ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။
PSA 37:29 ဖြောင့်​မတ်​သော​သူ​တို့​သည်​ပြည်​တော်​ကို​ပိုင်​ဆိုင်​၍ အ​စဉ်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။
PSA 37:30 သူ​တော်​ကောင်း​သည်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​ရှိ​သော စ​ကား​ကို​ပြော​ဆို​တတ်​၏။ သူ​သည်​အ​စဉ်​ပင်​တ​ရား​မျှ​တ​၏။
PSA 37:31 သူ​သည်​မိ​မိ​ဘု​ရား​၏​တ​ရား​တော်​ကို နှ​လုံး​သွင်း​၍​ထား​၏။ အ​ဘယ်​အ​ခါ​၌​မျှ​ထို​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပေ။
PSA 37:32 သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အား​ချောင်း​မြောင်း​၍ သတ်​ရန်​ကြိုး​စား​တတ်​၏။
PSA 37:33 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တော်​ကောင်း​အား​ရန်​သူ​၏​လက်​တွင်​စွန့်​ပစ်​၍ ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​တ​ရား​ရုံး​သို့​ရောက်​၍​အ​စစ်​ခံ​ရ​သော် သူ့​အား အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
PSA 37:34 ထာ​ဝ​ရ​ဘု​ရား​ကို​မျှော်​ကိုး​လျက်​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​လော့။ ကိုယ်​တော်​သည်​သင့်​အား​ပြည်​တော်​ကို ပိုင်​ဆိုင်​ရ​သော​အ​ခွင့်​နှင့်​ချီး​မြှင့်​တော်​မူ လိမ့်​မည်။ သင်​သည်​သူ​ယုတ်​မာ​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​သည်​ကို​မြင်​ရ​လိမ့်​မည်။
PSA 37:35 ငါ​သည်​ပိုင်​စိုး​ပိုင်​နင်း​ပြု​တတ်​သည့် သူ​ယုတ်​မာ​တစ်​ယောက်​ကို​တွေ့​မြင်​ဖူး​၏။ သူ​သည်​လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​ကဲ့​သို့ လူ​အ​ပေါင်း​တို့​အ​ပေါ်​တွင်​လွှမ်း​မိုး​လျက်​နေ​၏။
PSA 37:36 သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​ငါ​ဖြတ်​သွား​သော အ​ခါ သူ​သည်​ထို​အ​ရပ်​တွင်​မ​ရှိ​တော့​ပြီ။ သူ့​ကို​ရှာ​သော်​လည်း​မ​တွေ့​မ​မြင်​နိုင်​တော့​ပေ။
PSA 37:37 သူ​တော်​ကောင်း​ကို​ကြည့်​ရှု​လော့။ ဖြောင့်​မတ်​သော​သူ​ကို​ကြည့်​ရှု​ဆင်​ခြင်​လော့။ ငြိမ်း​ချမ်း​မှု​ကို​လို​လား​သူ​တွင်​သား​မြေး အ​ဆက်​အ​နွယ်​ထွန်း​ကား​၏။
PSA 37:38 သို့​ရာ​တွင်​အ​ပြစ်​ကူး​သူ​တို့​မူ​ကား တစ်​ယောက်​မ​ကျန်​ဆုံး​ပါး​ပျက်​စီး​ကြ ကုန်​၏။ သူ​တို့​၏​သား​မြေး​အ​ဆက်​အ​နွယ်​များ​သည်​လည်း သုတ်​သင်​ဖယ်​ရှား​ခြင်း​ကို​ခံ​ကြ​ရ​၏။
PSA 37:39 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​သော​သူ​တို့​ကို ကယ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​များ​၌​သူ​တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
PSA 37:40 ကိုယ်​တော်​သည်​သူ​တို့​အား​ကူ​မ​တော်​မူ​၏။ ကယ်​မ​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​သည်​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား သူ​ယုတ်​မာ​များ​၏​လက်​မှ​ကယ်​တော်​မူ​၏။
PSA 38:1 အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။
PSA 38:2 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မြား ဖြင့်​ပစ်​၍ ဒဏ်​ရာ​ရ​ရှိ​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြို​လဲ စေ​တော်​မူ​ပါ​ပြီ။
PSA 38:3 ကိုယ်​တော်​၏​အ​မျက်​တော်​ကြောင့်​ကျွန်​တော်​မျိုး​သည် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​ပါ​၏။ မိ​မိ​၏​အ​ပြစ်​များ​ကြောင့်​တစ်​ကိုယ်​လုံး ရော​ဂါ​စွဲ​လျက်​နေ​ပါ​၏။
PSA 38:4 အ​ပြစ်​ဒု​စ​ရိုက်​ရေ​လွှမ်း​မိုး​ရာ​တွင်​ကျွန်​တော် မျိုး​သည် နစ်​မွန်း​လျက်​ရှိ​ပါ​၏။ ယင်း​တို့​သည်​လေး​လံ​သော​အ​ပြစ်​ဝန်​ထုပ်​ဖြစ်​၍ ကျွန်​တော်​မျိုး​မ​ထမ်း​နိုင်​ပါ။
PSA 38:5 ကျွန်​တော်​မျိုး​၏​မိုက်​မဲ​မှု​ကြောင့်​ရ​ရှိ​သော အ​နာ​များ​သည်​ပုပ်​စပ်​နံ​စော်​လျက်​နေ​ပါ​၏။
PSA 38:6 ကျွန်​တော်​မျိုး​သည်​မ​ချိ​မ​ဆန့်​ဝေ​ဒ​နာ​ခံ​၍ နေ​ရ​ပါ​၏။ တစ်​နေ့​လုံး​ပင်​ပူ​ဆွေး​ငို​ယို​လျက်​နေ​ရ​ပါ​၏။
PSA 38:7 ကျွန်​တော်​မျိုး​သည်​အ​ဖျား​အ​ပူ​ရှိန်​ပြင်း​ထန်​လျက် အ​သဲ​အ​သန်​ဖြစ်​နေ​ပါ​၏။
PSA 38:8 စိ​စိ​ညက်​ညက်​ကြေ​၍​နုန်း​နဲ့​ခွေ​ယိုင်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ဒုက္ခ​ရောက်​၍​ဝေ​ဒနာ​ကြောင့် ညည်း​ညူ​လျက်​ရှိ​ပါ​၏။
PSA 38:9 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​လို​ဆန္ဒ​ကို သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ညည်း​ညူ​သံ​ကို​ကြား​တော်​မူ​ပါ​၏။
PSA 38:10 ကျွန်​တော်​မျိုး​၏​နှ​လုံး​သည်​ခုန်​၍​နေ​ပါ​၏။ ကျွန်​တော်​မျိုး​တွင်​ခွန်​အား​မ​ရှိ​တော့​ပါ။ ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​သည်​လည်း မှုံ​လျက်​နေ​ပါ​၏။
PSA 38:11 ကျွန်​တော်​မျိုး​၏​အ​နာ​များ​ကြောင့်​မိတ်​ဆွေ​များ​နှင့် အိမ်​နီး​ချင်း​များ​သည် ကျွန်​တော်​မျိုး​၏​အ​နီး​သို့​မ​ကပ်​ကြ​တော့​ပါ။ ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​သား​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ထံ​သို့​မ​လာ​ကြ​ပါ။
PSA 38:12 ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​သူ​တို့​သည် ကျော့​ကွင်း​များ​ကို​ထောင်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဥ​ပဒ်​ပြု​လို​သူ​တို့​သည် ခြိမ်း​ခြောက်​ပြော​ဆို​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​လုပ်​ကြံ​ရန် အ​စဉ်​မ​ပြတ်​ကြံ​စည်​လျက်​နေ​ကြ​ပါ​၏။
PSA 38:13 ကျွန်​တော်​မျိုး​သည်​နား​ပင်း​သူ​ကဲ့​သို့​မ​ကြား နိုင်​ပါ။ ဆွံ့​အ​သူ​ကဲ့​သို့​စ​ကား​မ​ပြော​နိုင်​ပါ။
PSA 38:14 ကျွန်​တော်​မျိုး​သည်​နား​မ​ကြား​သ​ဖြင့် စ​ကား​ပြန်​မ​ပြော​နိုင်​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။
PSA 38:15 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​မည်​ဖြစ်​ပါ​၏။
PSA 38:16 ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ ရန်​သူ​တို့​သည်​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​ပြို​လဲ​မှု​ကို​အ​ကြောင်း ပြု​ကာ ကြွား​ဝါ​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။
PSA 38:17 ကျွန်​တော်​မျိုး​သည်​ပြို​လဲ​လု​ပါ​ပြီ။ ဝေ​ဒ​နာ​ကို​အ​စဉ်​ခံ​စား​လျက်​နေ​ရ​ပါ​၏။
PSA 38:18 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ယင်း​အ​ပြစ်​များ​ကြောင့်​စိုး​ရိမ်​ပူ​ပန်​ပါ​၏။
PSA 38:19 ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ကျန်း​မာ သန်​စွမ်း​ကြ​ပါ​၏။ အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အား​မုန်း​သူ​တို့​သည် များ​ပြား​ကြ​ပါ​၏။
PSA 38:20 ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် ကြိုး​စား​သဖြင့် အ​ကောင်း​ကို​အ​ဆိုး​အား​ဖြင့်​ပြန်​လည် ပေး​ဆပ်​တတ်​သူ​တို့​သည် ကျွန်​တော်​မျိုး​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​ပါ​၏။
PSA 38:21 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။
PSA 38:22 ကျွန်​တော်​မျိုး​ကို​ကယ်​တင်​မူ​သော​ဘု​ရား​ရှင်၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ။
PSA 39:1 ``ငါ​ပြု​သည့်​အ​မှု​အ​တွက်​ငါ​သ​တိ​ထား​မည်။ နှုတ်​ဖြင့်​မျှ​မ​ပြစ်​မှား​မိ​စေ​ရန်​ငါ​သည်​သ​တိ ပြု​မည်။ ဆိုး​ညစ်​သူ​တို့​အ​နီး​၌​ရှိ​စဉ်​ငါ​သည်​အ​ဘယ် စ​ကား​ကို​မျှ​မ​ပြော​ဘဲ​နေ​မည်'' ဟု​ငါ​ဆို​၏။
PSA 39:2 ငါ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော​ဘဲ ဆိတ်​ဆိတ်​နေ​ခဲ့​၏။ အ​ကောင်း​ကို​ပင်​မ​ပြော ဆို​ခဲ့​ပါ။ သို့​ရာ​တွင်​ငါ​၏​ဝေ​ဒ​နာ​သည်​ပို​မို​ဆိုး​ရွား ၍​သာ​လာ​၏။
PSA 39:3 ငါ​သည်​ပူ​ပင်​သော​က​ရောက်​ခဲ့​၏။ စဉ်း​စား​လေ​လေ​ပို​၍​စိတ်​ဒုက္ခ​ရောက်​လေ​လေ ဖြစ်​ခဲ့​၏။ ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​မျှ​အ​သက်​ရှည်​ပါ မည်​နည်း။ အ​ဘယ်​အ​ခါ​သေ​ရ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​အား​အနိစ္စ​တ​ရား​ကို သိ​စေ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​ငါ​မ​မေး​မ​လျှောက်​ဘဲ​မ​နေ​နိုင်​ပါ။
PSA 39:5 ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို လွန်​စွာ​တို​စေ​တော်​မူ​ပါ​ပြီ​တ​ကား။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ကျွန်​တော်​မျိုး​၏ အ​သက်​တာ​သည်​ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​ကယ်​စင်​စစ်​သက်​ရှိ​လူ​သတ္တ​ဝါ​မည်​သည်​ကား ထွက်​သက်​ဝင်​သက်​တ​မျှ၊
PSA 39:6 အ​ရိပ်​တ​မျှ​ခ​ဏ​သာ​အ​သက်​ရှင်​ပါ​၏။ သူ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ဘာ​မျှ အ​ကျိုး​မ​ရှိ။ သူ​သည်​စည်း​စိမ်​ဥစ္စာ​ကို​စု​ဆောင်း​သော်​လည်း အ​ဘယ်​အ​ရာ​ကို​အ​ဘယ်​သူ​ရ​ရှိ​လိမ့်​မည်​ကို သူ​မ​သိ။
PSA 39:7 သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ရာ​ကို မျှော်​ကိုး​နိုင်​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။
PSA 39:8 ကျွန်​တော်​မျိုး​၏​အ​ပြစ်​အ​ပေါင်း​မှ​ကယ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​အား​လူ​မိုက်​တို့​လှောင်​ပြောင် စေ​တော်​မ​မူ​ပါ​နှင့်။
PSA 39:9 ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ဤ​သို့​ဝေ​ဒ​နာ​ခံ​စေ​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​ပါ​မည်။ စ​ကား​တစ်​ခွန်း​မျှ​ပြော​မည်​မ​ဟုတ်​ပါ။
PSA 39:10 ထပ်​မံ​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့် ဒဏ်​ရာ​ဒဏ်​ချက်​များ​ကြောင့်​ကျွန်​တော်​မျိုး သည် သေ​လု​ပါ​ပြီ။
PSA 39:11 ကိုယ်​တော်​ရှင်​သည်​လူ​အား​သူ​၏ အ​ပြစ်​ဒု​စ​ရိုက်​အ​တွက်​ဆုံး​မ​၍​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ​၏။ သူ​နှစ်​သက်​စွဲ​လန်း​သော​အ​ရာ​တို့​ကို​ပိုး​ဖ​လံ ကဲ့​သို့ ကိုယ်​တော်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ​၏။ အ​ကယ်​စင်​စစ်​လူ​သည်​ထွက်​သက်​ဝင်​သက်​မျှ​သာ ဖြစ်​ပါ​သည်​တ​ကား။
PSA 39:12 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ငို​ယို​သော​အ​ခါ​ကူ​မ​ရန်​ကြွ တော်​မူ​ပါ။ ဘိုး​ဘေး​တို့​ကဲ့​သို့​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​ဧည့်​သည်​အ​ဖြစ်​နှင့် ခ​ဏ​မျှ​သာ​နေ​ရ​ပါ​၏။
PSA 39:13 ကျွန်​တော်​မျိုး​သေ​၍​ပျောက်​ကွယ်​မ​သွား​မီ ရွှင်​လန်း​မှု​အ​နည်း​ငယ်​ရ​ရှိ​စေ​ရန် ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ။
PSA 40:1 ငါ​သည်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​မည်​ကို သည်း​ခံ​စောင့်​မျှော်​လျက်​နေ​သော​အ​ခါ ကိုယ်​တော်​သည်​နား​စွင့်​တော်​မူ​၍​ငါ​၏ ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၏။
PSA 40:2 ကိုယ်​တော်​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် တွင်း​နှင့်​ရွှံ့​နွံ​ထဲ​မှ​ငါ့​ကို​ဆွဲ​တင်​တော်​မူ​၏။ ထို​နောက်​ငါ့​အား​ကျောက်​ပေါ်​တွင်​တင်​၍ ထား​တော်​မူ​ပြီး​လျှင်​လုံ​ခြုံ​မှု​ကို​ပေး​တော်​မူ​၏။
PSA 40:3 ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ​ပြု​ရာ သီ​ချင်း​သစ်​ကို​ဆို​ရန်​ကိုယ်​တော်​သည်​ငါ့​အား သင်​ကြား​ပေး​တော်​မူ​၏။ ယင်း​သို့​ပြု​တော်​မူ​သည်​ကို​မြင်​ကြ​ရ​သူ တို့​သည် ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​လျက် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​ကြ​လိမ့်​မည်။
PSA 40:4 အ​ခြား​ဘု​ရား​များ​ကို​မ​ဆည်း​ကပ်၊ မိစ္ဆာ​ဘု​ရား​များ​ကို​ရှိ​မ​ခိုး​ဘဲ​ထာ​ဝ​ရ​ဘု​ရား​အား ကိုး​စား​သူ​သည်​မင်္ဂလာ​ရှိ​၏။
PSA 40:5 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် များ​စွာ​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​နှင့်​နှိုင်း​ယှဉ်​နိုင်​သူ​တစ်​ယောက် မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​အ​တွက် ကြံ​စည်​သော​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​အ​မှု​အ​ရာ​တို့​သည်​များ​ပြား​လှ​သ​ဖြင့် ယင်း​တို့​ကို​မ​ရေ​မ​တွက်​နိုင်​ပါ။
PSA 40:6 ကိုယ်​တော်​ရှင်​သည်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ ယဇ်​တို့​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သည်​တောင်း​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ကိုယ်​တော်​အား ကြား​ရန် ကျွန်​တော်​မျိုး​အား​နား​ကို​ပေး​တော်​မူ​ပါ​ပြီ။
PSA 40:7 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ပြန်​လျှောက်​ထား​ပါ​၏။ ``ကျွန်​တော်​မျိုး​အ​သင့်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ညွှန်​ကြား​ချက်​များ​သည်​ပ​ညတ်​ကျမ်း​၌​ပါ ရှိ​ပါ​၏။
PSA 40:8 ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို​လိုက်​နာ​ရန် လွန်​စွာ​နှစ်​သက်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​စိတ်​နှ​လုံး အ​တွင်း​၌ မှတ်​ကြုံး​ထား​ပါ​၏။''
PSA 40:9 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင် ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို ပြော​ကြား​ပါ​၏။ ဤ​အ​ကြောင်း​ကို​ကျွန်​တော်​မျိုး​သည်​အ​စဉ် မ​ပြတ် ပြော​ကြား​နေ​မည်​ဖြစ်​ကြောင်း​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။
PSA 40:10 ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့် ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့် ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။
PSA 40:11 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​စဉ် သ​နား​ကြင်​နာ​တော်​မူ​မည်​ကို​ကျွန်​တော် မျိုး​သိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​နှင့်​သစ္စာ​တော်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ပါ လိမ့်​မည်။
PSA 40:12 ရေ​တွက်​၍​မ​ရ​နိုင်​အောင်​များ​မြောင်​သော ဘေး​ဒုက္ခ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက် ရှိ​ပါ​သည်​တ​ကား။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​က​ကျွန်​တော်​မျိုး​အား လိုက်​၍​မီ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မ​မြင်​နိုင်​တော့​ပါ။ ယင်း​အ​ပြစ်​တို့​သည်​ကျွန်​တော်​မျိုး​ဦး​ခေါင်း​မှ ဆံ​ပင်​ထက်​များ​ပြား​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​စိတ်​ပျက်​အား​လျော့​ပါ​ပြီ။
PSA 40:13 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ယ​ခု​ပင်​ကူ​မ​တော်​မူ​ပါ။
PSA 40:14 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည် လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏​ဒုက္ခ​များ​ကို​အ​ကြောင်း​ပြု​၍ ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍ အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။
PSA 40:15 ကွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​တုန်​လှုပ်​ချောက်​ချား​ကြ​ပါ​စေ သော။
PSA 40:16 ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည် ``ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟု အ​စဉ်​မ​ပြတ်​ချီး​ကူး​နိုင်​ကြ​ပါ​စေ​သော။
PSA 40:17 အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​၍ ခို​ကိုး​ရာ​မဲ့​သူ​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သ​တိ​ရ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ရန်​အ​လျင် အ​မြန် ကြွ​တော်​မူ​ပါ။
PSA 41:1 ဆင်း​ရဲ​သူ​တို့​အ​တွက်​စိုး​ရိမ်​ကြောင့်​ကြ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ ထို​သူ​ဒုက္ခ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​လိမ့်​မည်။
PSA 41:2 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍​သူ​၏​အ​သက်​ကို စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ့​အား​ပြည်​တော်​တွင်​ဝမ်း မြောက်​စွာ နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ရန်​သူ​တို့​၏​လက်​သို့​အပ်​တော်​မူ​မည်​မ​ဟုတ်။
PSA 41:3 သူ​ဖျား​နာ​ချိန်​၌​ကိုယ်​တော်​သည်​ကူ​မ​တော်​မူ​၍ သူ့​အား​ပြန်​လည်​ကျန်း​မာ​စေ​တော်​မူ​လိမ့်​မည်။
PSA 41:4 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​၍​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​ငါ​လျှောက်​ထား​၏။
PSA 41:5 ရန်​သူ​များ​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း ပြော​ကြ​၏။ သူ​တို့​က``ဤ​သူ​သည်​အ​ဘယ်​အ​ခါ​၌​သေ​၍ သူ​၏​နာ​မည်​ကို​လူ​တို့​မေ့​ပျောက်​သွား​မည်​နည်း'' ဟု​မ​နာ​လို​စိတ်​ဖြင့်​ဆို​ကြ​၏။
PSA 41:6 ငါ့​အား​လာ​၍​ကြည့်​ကြ​သူ​များ​သည် စိတ်​ရိုး​သ​ဘော​ရိုး​ရှိ​သူ​များ​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း​သ​တင်း များ​ကို ရှာ​ဖွေ​စု​ဆောင်း​လျက်​နေ​ရာ​အ​နှံ့​အ​ပြား​သို့ သွား​၍​ပြော​ဆို​တတ်​ကြ​၏။
PSA 41:7 ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည်​ငါ့​အ​ကြောင်း အ​ချင်း​ချင်း​တီး​တိုး​ပြော​ဆို​တတ်​ကြ​၏။
PSA 41:8 သူ​တို့​က``ဤ​သူ​သည်​အ​သဲ​အ​သန်​ဖျား နာ​လျက်​ရှိ​၏။ နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​အိပ်​ရာ​ပေါ်​မှ ထ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။
PSA 41:9 ငါ​အ​ချစ်​ဆုံး၊ငါ​အား​အ​ကိုး​ဆုံး၊ ငါ​နှင့်​ထ​မင်း​လက်​ဆုံ​စား​သူ၊ ငါ​၏​မိတ်​ဆွေ​က​ပင်​လျှင်​ငါ့​ကို​ခြေ​ဖြင့် ကျောက်​ကန်​လေပြီ။
PSA 41:10 အို ထာ​ဝ​ရ​ဘု​ရား၊ ရန်​သူ​တို့​ကို​က​လဲ့​စား​ချေ​နိုင်​ရန် ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​၍ ပြန်​လည်​ကျန်း​မာ​စေ​တော်​မူ​ပါ။
PSA 41:11 ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား အ​နိုင်​ရ​စေ​တော်​မ​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် နှစ်​သက်​တော်​မူ​ကြောင်း​ကို​ကျွန်​တော်​မျိုး သိ​ရ​ပါ​လိမ့်​မည်။
PSA 41:12 ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ်​နေ​ရ​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။
PSA 41:13 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ် အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ အာ​မင်၊ အာ​မင်။
PSA 42:1 အို ဘု​ရား​သ​ခင်၊ သ​မင်​ဒ​ရယ်​သည်​အေး​မြ​သော​စမ်း​ရေ​ကို တောင့်​တ​သ​ကဲ့​သို့ ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။
PSA 42:2 အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ခါ​မှ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​သို့​ချဉ်း​ကပ်​၍ ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ပါ​မည်​နည်း။
PSA 42:3 ငါ​သည်​နေ့​ရော​ည​ပါ​ငို​ကြွေး​ရ​သ​ဖြင့် မျက်​ရည်​များ​သည်​ငါ​၏​အ​စား​အ​စာ​ဖြစ် တော့​၏။ ရန်​သူ​တို့​က​ငါ့​အား``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​အ​စဉ်​ပင် မေး​လျက်​နေ​ကြ​၏။
PSA 42:4 ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကာ​ဘု​ရား​သ​ခင် အား ထော​မ​နာ​ပြု​လျက်​အိမ်​တော်​သို့​သွား​သူ လူ​ပ​ရိ​သတ်​အား ငါ​သည်​ဦး​ဆောင်​ခဲ့​ကြောင်း​ကို​သ​တိ​ရ​သော အ​ခါ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​ပါ​၏။
PSA 42:5 ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ် ရ​သ​နည်း။ အ​ဘယ်​ကြောင့်​ပူ​ပင်​သော​က​ရောက်​ရ​သ​နည်း။ ငါ​သည်​ဘု​ရား​သ​ခင်​အား​မျှော်​ကိုး​လျက် နေ​ပါ​မည်။ ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​အား​တစ်​ဖန် ထော​မ​နာ​ပြု​ပါ​မည်။
PSA 42:6 ယ​ခု​ပြည်​နှင်​ဒဏ်​ငါ​ခံ​နေ​ရ​ချိန်​၌​ငါ​၏ စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ရှိ​၏။ သို့​ဖြစ်​၍​ငါ​သည်​ကိုယ်​တော်​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ ကိုယ်​တော်​သည်​ဟေ​ရ​မုန်​တောင်​နှင့် မိ​ဇ​ရ​တောင်​မှ​ဝမ်း​နည်း​ခြင်း​လှိုင်း​လုံး​များ​ကို စေ​လွှတ်​တော်​မူ​ပြီး​လျှင် ယော်​ဒန်​မြစ်​မှ​ရေ​တံ​ခွန်​စီး​ဆင်း​လာ​သ​ကဲ့​သို့ အ​သံ​ဗ​လံ​နှင့်​ငါ့​ကို​လွှမ်း​မိုး​စေ​တော်​မူ​ပါ​၏။
PSA 42:8 နေ့​အ​ချိန်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​စေ​သော။ ထို​အ​ခါ​ည​အ​ချိန်​၌​ငါ​သည်​သီ​ချင်း​ဆို​နိုင်​၍ ငါ​၏​အ​သက်​သ​ခင်​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​နိုင်​ပါ​မည်။
PSA 42:9 ``ကိုယ်​တော်​သည်​အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား မေ့​လျော့​၍​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​သည်​ရန်​သူ​တို့​၏ ရက်​စက်​ကြမ်း​ကြုတ်​မှု​ဒဏ်​ကို​ခံ​လျက် နေ​ရ​ပါ​မည်​နည်း'' ဟု ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ဘု​ရား​သ​ခင်​အား ငါ​လျှောက်​ထား​ပါ​၏။
PSA 42:10 ငါ့​ရန်​သူ​များ​က``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​နည်း''ဟု​ငါ့​အား​အ​ဖန်​တ​လဲ​လဲ မေး​မြန်း​သ​ဖြင့် သူ​တို့​၏​စော်​ကား​မှု​ကြောင့်​ငါ​သည်​အ​လွန်​ပင် စိတ်​ပျက်​အား​လျော့​ရ​ပါ​၏။
PSA 42:11 ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ်​ရ​သ​နည်း။ အ​ဘယ်​ကြောင့်​ပူ​ပင်​သော​က​ရောက်​ရ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မျှော်​ကိုး​ပါ​မည်။ ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​သခင်​အား တစ်​ဖန်​ထော​မ​နာ​ပြု​ပါ​မည်။
PSA 43:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။ ဘု​ရား​တ​ရား​ကင်း​မဲ့​သူ​တို့​ကို​ဆန့်​ကျင်​လျက် ကျွန်​တော်​မျိုး​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​ပါ။ လိမ်​လည်​ဆိုး​ယုတ်​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
PSA 43:2 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ကို စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့်​ရန်​သူ​များ ၏ ရက်​စက်​ကြမ်း​ကြုတ်​မှု​ဒဏ်​ကို​ဆက်​လက်​၍ ခံ​နေ​ရ​ပါ​သ​နည်း။
PSA 43:3 ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​နှင့် သစ္စာ​တ​ရား​တော်​ကို​စေ​လွှတ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင် သို့​လည်း​ကောင်း၊ ကိုယ်​တော်​ကိန်း​ဝပ်​ရာ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း ပြန်​၍​ပို့​ဆောင်​စေ​တော်​မူ​ပါ။
PSA 43:4 ထို​အ​ခါ အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ယဇ်​ပလ္လင်​တော်​သို့​ချဉ်း​ကပ်​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​မှ​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကိုယ်​တော်​အား စောင်း​တီး​လျက်​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။
PSA 43:5 ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ်​ရ​သ​နည်း။ အ​ဘယ်​ကြောင့်​စိတ်​ဒုက္ခ​ရောက်​ရ​သ​နည်း။ ငါ​သည်​ဘု​ရား​သ​ခင်​အား​မျှော်​ကိုး​မည်။ ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​အား တစ်​ဖန်​ထော​မ​နာ​ပြု​မည်။
PSA 44:1 အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌ ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။
PSA 44:2 ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။
PSA 44:3 ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​ပြည်​ကို ဋ္ဌား​လက်​နက်​ဖြင့်​သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ မိ​မိ​တို့​၏​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​လည်း သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော် အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သူ​တို့​အား​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​နှင့်​အ​တူ​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ခြင်း အား​ဖြင့်​လည်း​ကောင်း သူ​တို့​သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ကြ​ပါ​၏။
PSA 44:4 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ​၏။
PSA 44:5 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော်​အား​ဖြင့်​ရန်​သူ​များ​ကို အ​နိုင်​ရ​ကြ​ပါ​၏။
PSA 44:6 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လေး​ကို​အား​မ​ကိုး​ပါ။ ကျွန်​တော်​မျိုး​၏​ဋ္ဌား​သည်​လည်း​ကျွန်​တော်​မျိုး​ကို မ​ကယ်​နိုင်​ပါ။
PSA 44:7 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အား ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​ကို​မုန်း​သူ​တို့​အား နှိမ်​နင်း​တော်​မူ​ခဲ့​ပါ​၏။
PSA 44:8 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​စဉ်​အ​မြဲ​ထော​မ​နာ​ပြု​၍​ကျေး​ဇူး​တော်​ကို ထာ​ဝ​စဉ်​ချီး​မွမ်း​ပါ​မည်။
PSA 44:9 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ပစ်​ပယ်​တော်​မူ​လျက် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​တော့​ပါ။
PSA 44:10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ရန်​သူ​များ​ထံ​မှ​ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​လည်း​ကျွန်​တော်​မျိုး​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​အ​ပိုင်​သိမ်း​ယူ​ကြ​ပါ​၏။
PSA 44:11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သိုး​များ သ​ဖွယ် အ​သတ်​ခံ​စေ​တော်​မူ​လျက်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ကွဲ​လွင့်​သွား​စေ​တော်​မူ​ပါ​၏။
PSA 44:12 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​ဖိုး​အ​နည်း​ငယ်​ဖြင့်​ရောင်း​ချ​တော်​မူ​ပါ​၏။ မည်​သည့်​အ​မြတ်​အ​စွန်း​မျှ​လည်း​ရ​ရှိ​တော်​မ​မူ​ပါ။
PSA 44:13 ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​ကို အိမ်​နီး​ချင်း​များ​သည်​မြင်​၍​ကျွန်​တော်​မျိုး​တို့​အား ပြောင်​လှောင်​၍​ပြက်​ရယ်​ပြု​ကြ​ပါ​၏။
PSA 44:14 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လူ​မျိုး​တ​ကာ​တို့​မ​ထီ​မဲ့​မြင်​ပြု​စ​ရာ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​မ​ခိုး​မ​ခန့် ဦး​ခေါင်း​ညိတ်​၍​ပြ​ကြ​ပါ​၏။
PSA 44:15 ရန်​သူ​များ​နှင့်​လက်​စား​ချေ​သူ​တို့​မ​ခိုး​မ​ခန့် စော်​ကား​ပြော​ဆို​ကြ​သည့်​စ​ကား​များ​ကြောင့် ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​အ​သ​ရေ ပျက်​၍ အ​ရှက်​ကွဲ​လျက်​နေ​ပါ​၏။
PSA 44:17 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​မ​ချိုး​ဖောက်​ခဲ့​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​လည်း​မ​မေ့​လျော့​ခဲ့​ကြ​ပါ။ သို့​ပါ​လျက်​ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ကျွန်​တော် မျိုး​တို့ ခံ​ကြ​ရ​ပါ​၏။
PSA 44:18 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​မ​ဖောက်​ခဲ့​ကြ​ပါ။ ကိုယ်​တော်​၏​အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ခဲ့ ကြ​ပါ။
PSA 44:19 သို့​ပါ​လျက်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​သား​ရဲ​များ​ရှိ​ရာ အ​ရပ်​တွင် ခို​ကိုး​ရာ​မဲ့​ထား​တော်​မူ​ခဲ့​ပါ​၏။ အ​မှောင်​ဆုံး​အ​ရပ်​တွင်​စွန့်​ပစ်​၍​ထား​တော် မူ​ခဲ့​ပါ​၏။
PSA 44:20 အ​ကယ်​၍​ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​အား​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ဘဲ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​၏​ဘု​ရား​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​မူ
PSA 44:21 ဧ​ကန်​မု​ချ​ကိုယ်​တော်​ရှင်​သိ​တော်​မူ​မည်​သာ ဖြစ်​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် လူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။
PSA 44:22 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သည့် အ​တွက်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​အ​ခါ​ခပ်​သိမ်း​သေ ဘေး​နှင့် ကြုံ​ရ​ကြ​ပါ​၏။ သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့​သူ​တစ်​ပါး​တို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​ပါ​၏။
PSA 44:23 အို ထာ​ဝ​ရ​ဘု​ရား၊ နိုး​ထ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျိန်း​စက်​၍ နေ​တော်​မူ​ပါ​သ​နည်း။ ထ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ်​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။
PSA 44:24 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​တော်​မျိုး​တို့​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​၏​ဝေ​ဒ​နာ​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို မေ့​တော်​မ​မူ​ပါ​နှင့်။
PSA 44:25 ကျွန်​တော်​မျိုး​တို့​သည်​မြေ​သို့​တိုင်​အောင် ချေ​မှုန်း​ခြင်း​ကို​ခံ​ကြ​ရ​ပါ​၏။ အ​ရေး​ရှုံး​နိမ့်​ကာ​မြေ​မှုန့်​တွင်​လဲ​လျက် နေ​ကြ​ရ​ပါ​၏။
PSA 44:26 ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍ ကယ်​တော်​မူ​ပါ။
PSA 45:1 မင်း​ကြီး​၏​အ​တွက်​ဤ​သီ​ချင်း​ကို​ငါ​ရေး​စပ်​နေ​စဉ် ငါ​၏​စိတ်​နှ​လုံး​သည်​မင်္ဂလာ​စ​ကား​များ​နှင့် ပြည့်​လျှံ​လျက်​ရှိ​ပါ​၏။ ငါ​၏​နှုတ်​သည်​စာ​ရေး​ဆ​ရာ​ကောင်း​တစ် ယောက်​၏ က​လောင်​နှင့်​တူ​ပါ​၏။
PSA 45:2 အ​ရှင်​မင်း​ကြီး​သည်​လူ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​ပါ​၏။ မွန်​မြတ်​သော​စ​ကား​ကို​မိန့်​မြွက်​တော်​မူ​တတ်​ပါ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ထာ​ဝ​စဉ်​ခံ​စား​တော်​မူ​ရ​ပါ​၏။
PSA 45:3 တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်၊​ဋ္ဌား​တော်​ကို တပ်​ဆင်​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။
PSA 45:4 သစ္စာ​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​စိုး​မိုး​ရေး အ​တွက် ဘုန်း​အ​သ​ရေ​တော်​နှင့်​တ​ကွ​ချီ​တက်​တိုက် ခိုက်​၍ အောင်​ပွဲ​ခံ​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​စွမ်း​ရည်​အား​ဖြင့် အောင်​ပွဲ​ကြီး​များ​ကို​ခံ​ရ​ပါ​လိမ့်​မည်။
PSA 45:5 မြား​တော်​တို့​သည်​ထက်​သည်​ဖြစ်​၍​ရန်​သူ​တို့​၏ နှ​လုံး​သား​ကို​ထိုး​ဖောက်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​ခြေ​တော်​ရင်း​၌​လဲ​ကြ ပါ​၏။
PSA 45:6 အ​ရှင်​မင်း​ကြီး​အား​ဘု​ရား​သ​ခင် ပေး​အပ်​တော်​မူ​သော​ရာ​ဇ​ပလ္လင်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။ အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​တိုင်း​နိုင်​ငံ​ကို တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​ပါ​၏။
PSA 45:7 အ​မှန်​တ​ရား​ကို​နှစ်​သက်​၍​ဆိုး​ညစ်​မှု​ကို မုန်း​တော်​မူ​ပါ​၏။ သို့​ဖြစ်​သော​ကြောင့်​အ​ရှင်​မင်း​ကြီး​၏ ဘု​ရား​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား​ရွေး​ချယ်​တော်​မူ​ပြီး​လျှင် အ​ခြား​ဘု​ရင်​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​၍​ဝမ်း​မြောက်​ခြင်း​တည်း​ဟူ​သော ဆီ​ကို​သွန်း​တော်​မူ​ပါ​ပြီ။
PSA 45:8 အ​ရှင်​မင်း​ကြီး​၏​ဝတ်​လဲ​တော်​တို့​သည် မု​ရန်၊အ​ကျော်၊ သစ်​ကြ​ပိုး​ရနံ့​တို့​ဖြင့်​မွှေး​ကြိုင်​လျက်​ရှိ​ပါ​၏။ ဂီ​တ​ပ​ညာ​သည်​တို့​သည်​ဆင်​စွယ်​နန်း​တော်​များ​တွင် အ​ရှင်​မင်း​ကြီး​အား​ဖျော်​ဖြေ​ကြ​ပါ​၏။
PSA 45:9 အ​ရှင်​မင်း​ကြီး​၏​မောင်း​မ​တော်​တို့​တွင် အ​ပြည်​ပြည်​မှ​မင်း​သ​မီး​များ​ပါ​ဝင်​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​၏​လက်​ယာ​ဘက်​တွင် ရွှေ​စင်​ဖြင့်​ပြီး​သော​တန်​ဆာ​များ​ကို​ဆင်​ယင်​ကာ မိ​ဖု​ရား​ကြီး​သည်​ရှိ​နေ​ပါ​၏။
PSA 45:10 အ​ရှင်​မင်း​ကြီး​၏​ကြင်​ရာ​တော်​လောင်း၊ နား​ထောင်​ပါ​လော့။ သင်​သည်​ကိုယ့်​အ​မျိုး​သား​များ​နှင့်​ဆွေ​မျိုး​တို့​ကို မေ့​ပစ်​ပါ​လော့။
PSA 45:11 သင်​၏​လှ​ပ​သော​အ​ဆင်း​သည်​မင်း​ကြီး​အား သင့်​ကို​နှစ်​သက်​စွဲ​လန်း​စေ​လိမ့်​မည်။ မင်း​ကြီး​သည်​သင်​၏​အ​ရှင်​သ​ခင်​ဖြစ်​သ​ဖြင့် သင်​သည်​သူ​၏​စ​ကား​ကို​နား​ထောင်​ရ​မည်။
PSA 45:12 တု​ရု​ပြည်​သား​တို့​သည်​သင့်​ထံ​မှ​မျက်​နှာ ရ​အောင် ကြိုး​စား​ကြ​လိမ့်​မည်။ ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​သင့်​ထံ​မှ မျက်​နှာ​ရ​အောင်​ကြိုး​စား​ကြ​လိမ့်​မည်။
PSA 45:13 မင်း​သ​မီး​သည်​နန်း​တွင်း​သို့​ရောက်​လေ​ပြီ။ သူ​သည်​အ​လွန်​လှ​ပ​တင့်​တယ်​ပါ​သည်​တ​ကား။ သူ​၏​ဝတ်​လဲ​တော်​ကို​ရွှေ​ချည်​ဖြင့် ရက်​လုပ်​ထား​ပေ​သည်။
PSA 45:14 သူ​သည်​အ​ရောင်​အ​ဝါ​တောက်​ပ​သည့် အ​ဝတ်​တန်​ဆာ​ကို​ဝတ်​ဆင်​ထား​၏။ သူ့​ကို​အ​ပျို​ရံ​များ​လိုက်​ပါ​လျက်​မင်း​ကြီး ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။ အ​ပျို​ရံ​များ​ကို​လည်း​မင်း​ကြီး​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ကြ​၏။
PSA 45:15 သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ လာ​ရောက်​ကြ​ပြီး​လျှင်​မင်း​ကြီး​၏​နန်း​တော်​သို့ ဝင်​ကြ​၏။
PSA 45:16 ကျွန်​တော်​မျိုး​၏​အ​ရှင်​မင်း​မြတ်၊​ဘိုး​တော် တို့​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​အ​တွက် အ​ရှင်​မင်း​ကြီး​မှာ​သား​ရ​တ​နာ​မြောက်​မြား​စွာ ထွန်း​ကား​ပါ​လိမ့်​မည်။ အ​ရှင်​မင်း​ကြီး​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​တွင် စိုး​မိုး​အုပ်​ချုပ်​မင်း​လုပ်​စေ​တော်​မူ​လိမ့်​မည်။
PSA 45:17 ကျွန်​တော်​မျိုး​၏​သီ​ချင်း​သည်​အ​ရှင်​မင်း ကြီး​အား ထာ​ဝ​စဉ်​ထင်​ပေါ်​ကျော်​ကြား​စေ​ပါ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည်​လည်း​အ​ရှင်​မင်း​ကြီး​အား ကာ​လ​အ​စဉ်​အ​ဆက်​ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။
PSA 46:1 ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခို​လှုံ​ရာ၊ ငါ​တို့​စွမ်း​အား​ဖြစ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန်​အ​စဉ်​ပင် အ​သင့်​ရှိ​တော်​မူ​၏။
PSA 46:2 သို့​ဖြစ်​၍​ပ​ထ​ဝီ​မြေ​ကြီး​တုန်​လှုပ်​လျက် တောင်​များ​သည်​နက်​ရှိုင်း​ရာ​သ​မုဒ္ဒ​ရာ​ထဲ​သို့ ကျ​လျှင်​သော်​လည်း​ကောင်း၊ ပင်​လယ်​လှိုင်း​တံ​ပိုး​ထ​၍​အ​သံ​မြည်​ဟည်း​သ​ဖြင့် တောင်​များ​တုန်​လှုပ်​သော်​လည်း​ကောင်း​ငါ​တို့​သည် ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။
PSA 46:4 ဘု​ရား​သ​ခင်​၏​မြို့​တော်​တည်း​ဟူ​သော အ​မြင့်​မြတ်​ဆုံး​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ ဌာ​န​တော်​ကို​သာ​ယာ​ရွှင်​လန်း​စေ​သော မြစ်​ရှိ​၏။
PSA 46:5 ထို​မြို့​တော်​သည်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရာ ဖြစ်​သ​ဖြင့်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျက်​စီး​ရ။ နေ​အ​ရုဏ်​တက်​စ​အ​ချိန်​၌​ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​၍​ထို​မြို့​ကို​ကူ​မ​တော်​မူ လိမ့်​မည်။
PSA 46:6 လူ​မျိုး​အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​၏။ ဘု​ရား​သ​ခင်​မိန့်​မြွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​အ​ရည်​ပျော်​လေ​၏။
PSA 46:7 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။
PSA 46:8 လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​တို့​ကို​ကြည့်​ကြ​လော့။ ကမ္ဘာ​မြေ​ပေါ်​တွင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ကြည့်​ကြ​လော့။
PSA 46:9 ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် တိုက်​ခိုက်​မှု​များ​ကို​ငြိမ်း​စေ​တော်​မူ​၏။ လေး​တို့​ကို​ချိုး​၍​လှံ​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ ဒိုင်း​တို့​ကို​မီး​ရှို့​တော်​မူ​၏။
PSA 46:10 ကိုယ်​တော်​က``တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​လော့၊ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း၊ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ဘု​ရား​ဖြစ်​တော်​မူ​သည်​ကို​သိ​မှတ်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
PSA 46:11 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။
PSA 47:1 လူ​မျိုး​အ​ပေါင်း​တို့၊ရွှင်​လန်း​စွာ​လက်​ခုပ်​တီး ကြ​လော့။ အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 47:2 အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် ကြောက်​မက်​ဖွယ်​ကောင်း​ပေ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်​ဖြစ်​တော် မူ​၏။
PSA 47:3 ကိုယ်​တော်​သည်​ငါ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ကို အ​နိုင်​ရ​စေ​၍ တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​စေ​တော်​မူ​၏။
PSA 47:4 ကိုယ်​တော်​သည်​ငါ​တို့​နေ​ထိုင်​ရာ​ပြည်​ကို ရွေး​ချယ်​ပေး​တော်​မူ​၏။ ထို​ပြည်​ကား​ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ သော လူ​စု​တော်​ပိုင်​ဆိုင်​၍​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​ဖြစ် ပေ​သည်။
PSA 47:5 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​သို့ တက်​ကြွ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တက်​ကြွ​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သည့်​အ​သံ များ​နှင့် တံ​ပိုး​ခ​ရာ​မှုတ်​သံ​များ​ကို​ကြား​ရ​ကြ​၏။
PSA 47:6 ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ငါ​တို့​ဘု​ရင်​အား​ချီး​မွမ်း​သီ​ချင်း​ဆို​ကြ​လော့။
PSA 47:7 ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​၏​ဘု​ရင် ဖြစ်​တော်​မူ​၏။ သီ​ချင်း​များ​ဖြင့်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။
PSA 47:8 ဘု​ရား​သ​ခင်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော ရာ​ဇ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​အုပ်​စိုး​တော်​မူ​၏။
PSA 47:9 တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​သည့်​မင်း​တို့​သည် လာ​၍ အာ​ဗြ​ဟံ​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​၏ လူ​စု​တော်​နှင့်​အ​တူ​စု​ဝေး​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​လော​က​စစ်​တပ်​ရှိ​သ​မျှ​တို့ ထက် တန်​ခိုး​ကြီး​တော်​မူ​၏။ ကိုယ်​တော်​သည်​တန်​ခိုး​အ​ကြီး​ဆုံး​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။
PSA 48:1 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​သည့်​တောင်​တော် တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​မြို့​တော်​တွင်​အ​လွန် ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​ပေ​၏။
PSA 48:2 ဘု​ရား​သ​ခင်​၏​တောင်​တော်​ဖြစ်​သည့် ဇိ​အုန်​တောင်​သည်​မြင့်​မား​၍​လှ​ပ​တင့်​တယ် ပါ​၏။ မ​ဟာ​မင်း​မြတ်​၏​မြို့​တော်​သည်​ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​စိတ်​ရွှင်​လန်း​စေ​ပါ​၏။
PSA 48:3 ထို​မြို့​တော်​၏​ခံ​တပ်​များ​အ​တွင်း​အ​ထံ တော်​တွင် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ကြောင်း​ကို​ဘု​ရား​သ​ခင် ပြ​သ​တော်​မူ​ပြီ။
PSA 48:4 ရှင်​ဘု​ရင်​တို့​သည်​စု​ရုံး​လျက်​ဇိ​အုန်​တောင်​ကို တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။
PSA 48:5 ထို​တောင်​ကို​မြင်​သော​အ​ခါ​သူ​တို့​သည် အံ့​သြ​ထိတ်​လန့်​၍​ထွက်​ပြေး​ကြ​၏။
PSA 48:6 သူ​တို့​သည်​သား​ဖွား​ချိန်​နီး​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​လည်း​ကောင်း၊ ပြင်း​ထန်​သော​လေ​မုန်​တိုင်း​မိ​သ​ဖြင့်​လူး​နေ​ရ​သော သင်္ဘော​ကြီး​များ​ကဲ့​သို့​လည်း​ကောင်း ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
PSA 48:8 ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို ငါ​တို့​ကြား​ဖူး​ကြ​၏။ ယင်း​သို့​ကြား​ဖူး​ကြ​သည့်​အ​တိုင်း​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ​တို့​ဘု​ရား​၏ မြို့​တော်​တွင်​ယ​ခု​ငါ​တို့​တွေ့​မြင်​ကြ​ရ​လေ​ပြီ။ ကိုယ်​တော်​သည်​ထို​မြို့​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။
PSA 48:9 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​အ​တွင်း​၌ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဆင်​ခြင်​ကြ​ပါ​၏။
PSA 48:10 နေ​ရာ​တ​ကာ​တွင်​လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဂုဏ်​သ​တင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​သို့​ပျံ့​နှံ့​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​စွာ အုပ်​စိုး​တော်​မူ​ပါ​၏။
PSA 48:11 ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​သည်​ဝမ်း​မြောက် ကြ​ပါ​စေ။ ကိုယ်​တော်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် တော်​မူ​ပါ​၏။ ယု​ဒ​ပြည်​မြို့​ကြီး​များ​တွင်​ရွှင်​လန်း​မှု​ရှိ ပါ​စေ။
PSA 48:12 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့၊ဇိ​အုန်​တောင် ကို လှည့်​ပတ်​၍​ပြ​အိုး​တို့​ကို​ရေ​တွက်​လော့။
PSA 48:13 ထို​မြို့​၏​တံ​တိုင်း​များ​ကို​မှတ်​သား​၍​ခံ​တပ် များ​ကို စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ ထို​အ​ခါ​သင်​တို့​သည်``ဤ​ဘု​ရား​ကား ကမ္ဘာ​အ​ဆက်​ဆက်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ငါ​တို့​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်'' ဟု နောင်​လာ​နောက်​သား​တို့​အား ပြော​ကြား​နိုင်​ကြ​လိမ့်​မည်။
PSA 49:1 လူ​အ​ပေါင်း​တို့၊ဤ​စ​ကား​ကို​နာ​ယူ​ကြ​လော့။ အ​ယုတ်​အ​မြတ်၊ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ အ​ရပ်​တ​ကာ​ရှိ​လူ​ခပ်​သိမ်း​တို့​နား​ထောင်​ကြ​လော့။
PSA 49:3 ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​တွေး​တော​ဆင် ခြင်​မည်။ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို ပြော​ဆို​မည်။
PSA 49:4 ငါ​သည်​စ​ကား​ပုံ​များ​ကို​အာ​ရုံ​စိုက်​၍​စဉ်း​စား​မည်။ ယင်း​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​စောင်း​တီး​လျက် ရှင်း​လင်း​ဖော်​ပြ​မည်။
PSA 49:5 ဆိုး​ယုတ်​သည့်​ရန်​သူ​တို့​သည်​ငါ့​အား ဝိုင်း​ရံ​ထား​သ​ဖြင့်​ငါ​သည်​ဘေး​သင့်​၍​နေ သော်​လည်း ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။
PSA 49:6 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။
PSA 49:7 လူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​ကိုယ်​ကို မ​ကယ်​နိုင်၊ မိ​မိ​အ​သက်​၏​တန်​ဖိုး​ကို​ထာ​ဝ​ရ​ဘု​ရား အား မ​ပေး​မ​ဆပ်​နိုင်။
PSA 49:8 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​၏​အ​သက်​တန်​ဖိုး​သည် ကြီး​လွန်း​သော​ကြောင့်​ဖြစ်​၏။ သူ့​မှာ​အ​ဘယ်​အ​ခါ​၌​မျှ​အ​သက်​ဖိုး ပေး​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် နေ​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သို့​လျှင်​သင်္ချိုင်း​တွင်း​သို့​မ​ဆင်း​ဘဲ နေ​နိုင်​ပါ​မည်​နည်း။
PSA 49:10 ပ​ညာ​ရှိ​တို့​သည်​လည်း​ကောင်း၊မိုက်​မဲ​၍ အ​သိ​ဉာဏ်​တုံး​သူ​တို့​သည်​လည်း​ကောင်း သေ​ခြင်း​တ​ရား​ကို​မ​လွန်​ဆန်​နိုင်​ကြောင်း​ကို မည်​သူ​မ​ဆို​တွေ့​မြင်​နိုင်​ပေ​သည်။ သူ​တို့​အား​လုံး​ပင်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို သား​မြေး​များ​အ​တွက်​ထား​ခဲ့​ရ​ကြ​၏။
PSA 49:11 အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မြေ​ပိုင်​ရှင်​များ ဖြစ်​ခဲ့​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သင်္ချိုင်း​တွင်း​များ​သာ​လျှင် ထို​သူ​တို့​အ​ခါ​ခပ်​သိမ်း​နေ​ထိုင်​ရာ၊ ထာ​ဝ​ရ​နေ​အိမ်​များ​ဖြစ်​ပေ​သည်။
PSA 49:12 လူ​သည်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​၍​တည်​မြဲ သည်​မ​ဟုတ်။ သူ​သည်​တိ​ရစ္ဆာန်​များ​ကဲ့​သို့​ပင်​သေ​ရ​ပေ​လိမ့်​မည်။
PSA 49:13 မိ​မိ​တို့​ကိုယ်​ကို​ယုံ​ကြည်​အား​ကိုး​သူ​များ၊ မိ​မိ​တို့​စည်း​စိမ်​ချမ်း​သာ​ဖြင့်​ကျေ​နပ်​နေ​သူ များ​၏ ကံ​ကြမ္မာ​ကို​ကြည့်​ကြ​လော့။
PSA 49:14 သူ​တို့​သည်​သိုး​များ​ကဲ့​သို့​သေ​ကြ​ရ​၏။ သေ​မင်း​သည်​သူ​တို့​၏​သိုး​ထိန်း​ဖြစ်​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​မိ​မိ​တို့​အိမ်​နှင့် ဝေး​ကွာ​လှ​သည့်​မ​ရ​ဏာ​နိုင်​ငံ​တွင် မ​ကြာ​မီ​ပုပ်​ပျက်​သွား​စဉ်​သူ​တော်​ကောင်း​တို့ သည် သူ​တို့​ကို​အ​နိုင်​ရ​ကြ​လိမ့်​မည်။
PSA 49:15 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကယ်​တော်​မူ​လိမ့်​မည်။ သေ​မင်း​၏​လက်​မှ​ငါ့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။
PSA 49:16 လူ​တစ်​စုံ​တစ်​ယောက်​သည်​ချမ်း​သာ​ကြွယ်​ဝ​ကာ သူ​၏​စည်း​စိမ်​ဥစ္စာ​သည်​လည်း​ပို​၍​ပင် တိုး​ပွား​လာ​သော​အ​ခါ​သင်​သည် စိတ်​မ​ကောင်း​မ​ဖြစ်​နှင့်။
PSA 49:17 သူ​သည်​သေ​သော​အ​ခါ​ထို​စည်း​စိမ်​ဥစ္စာ​ကို ယူ​၍​မ​သွား​နိုင်။ ယင်း​စည်း​စိမ်​ဥစ္စာ​သည်​သူ​နှင့်​အ​တူ​သင်္ချိုင်း တွင်း​သို့ လိုက်​ပါ​သွား​နိုင်​လိမ့်​မည်​မဟုတ်။
PSA 49:18 လူ​သည်​မိ​မိ​ဘ​ဝ​နှင့်​ကျေ​နပ်​၍ မိ​မိ​၏​အောင်​မြင်​မှု​အ​တွက်​အ​ချီး​အ​မွမ်း ခံ​ရ​စေ​ကာ​မူ
PSA 49:19 သေ​ချိန်​၌​ဘိုး​ဘေး​တို့​ရှိ​ရာ​ထာ​ဝ​စဉ်​မှောင် မိုက်​လျက် နေ​သည့်​အ​ရပ်​သို့​သွား​ရ​မည်။
PSA 49:20 လူ​သည်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ရ​သော်​လည်း တိ​ရ​စ္ဆာန်​များ​ကဲ့​သို့​ပင်​သေ​ရ​ပေ​လိမ့်​မည်။
PSA 50:1 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​မှ​အ​နောက်​သို့ တိုင်​အောင် ကမ္ဘာ​တစ်​ဝန်း​လုံး​အား​မိန့်​မြွက်​ဆင့်​ခေါ်​တော် မူ​၏။
PSA 50:2 ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​တ​ရာ​လှ​ပ တင့်​တယ်​သည့် မြို့​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​မှ​ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​၏။
PSA 50:3 ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။ သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက် ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။
PSA 50:4 မိ​မိ​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ သည်​ကို ကြည့်​ရှု​ကြ​ရန် ကိုယ်​တော်​သည်​သက်​သေ​များ​အ​ဖြစ် မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဆင့်​ခေါ် တော်​မူ​၏။
PSA 50:5 ကိုယ်​တော်​က``ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍​ငါ့​အား​သစ္စာ​စောင့်​သူ များ​ကို စု​ဝေး​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
PSA 50:6 ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​တ​ရား​သူ​ကြီး​ဖြစ်​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ကို မိုး​ကောင်း​ကင်​သည်​ကြေ​ညာ​၏။
PSA 50:7 ကိုယ်​တော်​က``ငါ​၏​လူ​စု​တော်​ဝင်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​မိန့်​မြွက်​တော်​မူ​မည်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ငါ​သည်​သင်​တို့​ကို ဝေ​ဖန်​ပြစ်​တင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား၊​သင်​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏။
PSA 50:8 သင်​တို့​သည်​ငါ့​အား​ယဇ်​နှင့်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​အ​စဉ်​ဆက်​သည့်​အ​တွက် ငါ​သည်​သင်​တို့​အား​ဝေ​ဖန်​ပြစ်​တင်​မှု​မ​ပြု​လို။
PSA 50:9 သို့​ရာ​တွင်​သင်​တို့​၏​ခြံ​များ​မှ​နွား​တို့​ကို လည်း​ကောင်း၊ သင်​တို့​၏​ဆိတ်​အုပ်​များ​မှ​ဆိတ်​တို့​ကို​လည်း ကောင်း ငါ​မ​လို။
PSA 50:10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​တော​တိ​ရစ္ဆာန် ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တောင်​ပေါင်း​များ​စွာ​သော​တောင်​ကုန်း​များ​ရှိ တိ​ရစ္ဆာန်​တို့​ကို​လည်း​ကောင်း​ပိုင်​သော​ကြောင့်​ဖြစ်​၏။
PSA 50:11 တော​ငှက်​အ​ပေါင်း​နှင့်​ကွင်း​ပြင်​များ​မှ​သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​လည်း​ငါ​ပိုင်​၏။
PSA 50:12 ``အ​ကယ်​၍​ငါ​သည်​ဆာ​မွတ်​ခဲ့​မူ​သင်​တို့​ထံ​မှ အ​စာ​ကို​တောင်း​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​ပေါ်​ရှိ အ​ရာ​ဟူ​သ​မျှ​ကို​ငါ​ပိုင်​သော​ကြောင့်​ဖြစ်​၏။
PSA 50:13 ငါ​သည်​အ​မဲ​သား​ကို​စား​ပါ​သ​လော။ ဆိတ်​သွေး​ကို​သောက်​ပါ​သ​လော။
PSA 50:14 ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင် ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။
PSA 50:15 ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
PSA 50:16 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။
PSA 50:17 သင်​သည်​ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လက်​မ​ခံ။ ငါ​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၏။
PSA 50:18 သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။
PSA 50:19 ``သင်​သည်​အ​စဉ်​ပင်​ညစ်​ညမ်း​သည့်​စ​ကား​ကို ပြော​ဆို​တတ်​၏။ မု​သား​ကို​သုံး​ရန်​အ​ဘယ်​အ​ခါ​၌​မျှ နှောင့်​နှေး​သည်​မ​ရှိ။
PSA 50:20 မိ​မိ​၏​ညီ​ရင်း​အစ်​ကို​များ​ကို​ပင်​လျှင်​အ​စဉ် ပြစ်​တင်​စွပ်​စွဲ​တတ်​၏။
PSA 50:21 သင်​သည်​ဤ​အ​မှု​တို့​ကို​ပြု​ကျင့်​သော်​လည်း ငါ​သည်​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ငါ့​ကို​သင်​နှင့်​တူ​သည်​ဟု​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သင့်​အား​ပြော​ဆို ဆုံး​မ​မည်။ သင်​၏​အ​ပြစ်​ကို​ပွင့်​လင်း​စွာ​သင့်​အား​ဖော်ပြ​မည်။
PSA 50:22 ``ငါ့​ကို​မေ့​လျော့​သူ​တို့၊​ဤ​အ​ချက်​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ပြု​ပါ​မူ​ငါ​သည်​သင်​တို့​အား​သုတ်​သင် ဖျက်​ဆီး​မည်။ သင်​တို့​အား​ကယ်​မည့်​သူ​လည်း​တစ်​ဦး​တစ်​ယောက် မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။
PSA 50:23 ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​ငါ့​အား ဂုဏ်​ပြု​ရာ​ယဇ်​ပင်​ဖြစ်​၏။ ငါ့​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့​အား ဧ​ကန်​အ​မှန်​ငါ​ကယ်​မည်'' ဟု​မိန့်​တော်​မူ​၏။
PSA 51:1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လွန်​စွာ​သ​နား​ကြင်​နာ​တော်​မူ​တတ်​သည် နှင့်​အ​ညီ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။
PSA 51:2 ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အ​ပြစ်​မှ​သန့်​စင်​စေ တော်​မူ​ပါ။
PSA 51:3 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​မှား​များ​ကို ဝန်​ချ​ပါ​၏။ မိ​မိ​၏​အ​ပြစ်​များ​ကို​အ​စဉ်​ပင်​သ​တိ​ရ​ပါ​၏။
PSA 51:4 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​၌​ဒု​စ​ရိုက်​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် တ​ရား​စီ​ရင်​တော်​မူ​သည်​မှာ​လျော်​ကန်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ သည်​မှာ တ​ရား​ပါ​၏။
PSA 51:5 ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​စ​၍ ဆိုး​ညစ်​ခဲ့​ပါ​၏။ မွေး​ဖွား​က​တည်း​က​အ​ပြစ်​ရှိ​ပါ​၏။
PSA 51:6 ကိုယ်​တော်​ရှင်​သည်​သစ္စာ​တ​ရား​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး စိတ်​နှ​လုံး​ကို​ဉာဏ်​ပ​ညာ​ဖြင့်​ပြည့်​ဝ​စေ တော်​မူ​၏။
PSA 51:7 ကျွန်​တော်​မျိုး​၏​အ​ပြစ်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​သန့်​စင်​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ဆေး​ကြော​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​မိုး​ပွင့်​ထက်​ပင် ပို​၍​ဖြူ​ပါ​လိမ့်​မည်။
PSA 51:8 ရွှင်​လန်း​ဝမ်း​မြောက်​သံ​များ​ကို​ကျွန်​တော်​မျိုး​အား ကြား​ခွင့်​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စိတ်​ပျက်​အား​လျော့​စေ​တော်​မူ​သော်​လည်း ကျွန်​တော်​မျိုး​သည်​တစ်​ဖန်​ပြန်​၍​ရွှင်​ပျ​လာ ပါ​လိမ့်​မည်။
PSA 51:9 ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​မှ​မျက်​နှာ​လွှဲ​၍ ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​ရှိ​သ​မျှ​ကို​လည်း ပ​ပျောက်​စေ​တော်​မူ​ပါ။
PSA 51:10 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သန့်​ရှင်း ဖြူ​စင်​အောင် ပြု​ပြင်​တော်​မူ​ပါ။ ကြံ့​ခိုင်​တည်​ကြည်​သော​စိတ်​သ​ဘော​သစ်​ကို ပေး​တော်​မူ​ပါ။
PSA 51:11 ရှေ့​တော်​မှောက်​မှ​ကျွန်​တော်​မျိုး​အား နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဝိ​ညာဉ်​တော်​ကို​ကျွန်​တော် မျိုး​ထံ​မှ ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။
PSA 51:12 ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကြောင့် ခံ​စား​ရ​ရှိ​သည့်​ဝမ်း​မြောက်​ခြင်း​ကို ကျွန်​တော်​မျိုး​အား​ပေး​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​ကို​နာ​ခံ​တတ်​စေ တော်​မူ​ပါ။
PSA 51:13 ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ကူး​သူ တို့​အား ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သွန်​သင်​ပါ​မည်။ သူ​တို့​သည်​လည်း​အ​ထံ​တော်​သို့​ပြန်​လာ ကြ​ပါ​လိမ့်​မည်။
PSA 51:14 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
PSA 51:15 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ကို​ဖွင့်​တော်​မူ​ပါ။ ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။
PSA 51:16 ကိုယ်​တော်​ရှင်​သည်​ယဇ်​ပူ​ဇော်​ခြင်း​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ သို့​မ​ဟုတ်​လျှင်​ကျွန်​တော်​မျိုး​သည် ယဇ်​ပူ​ဇော်​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို နှစ်​သက်​တော်​မ​မူ​ပါ။
PSA 51:17 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ပူ​ဇော်​သော​ယဇ်​သည်​နှိမ့်​ချ​သော စိတ်​နှ​လုံး​ပင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​နှိမ့်​ချ​၍​နောင်​တ​ရ​သော စိတ်​နှ​လုံး​ကို​ပစ်​ပယ်​တော်​မူ​မည်​မ​ဟုတ်​ပါ။
PSA 51:18 အို ဘု​ရား​သ​ခင်၊ ဇိ​အုန်​တောင်​ကို​သ​နား​တော်​မူ​၍​ကူ​မ​တော် မူ​ပါ။ ယေ​ရု​ရှ​လင်​မြို့​ရိုး​တို့​ကို​ပြန်​လည် တည်​ဆောက်​တော်​မူ​ပါ။
PSA 51:19 ထို​အ​ခါ​ကိုယ်​တော်​ရှင်​သည်​မှန်​ကန်​သည့် မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​နှစ်​သက် လက်​ခံ​တော်​မူ​လိမ့်​မည်။ နွား​လား​များ​ကို​လည်း​ကိုယ်​တော်​ရှင်​၏ ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​ပါ​လိမ့်​မည်။
PSA 52:1 တန်​ခိုး​ကြီး​သော​အ​ချင်း​လူ၊အ​ဘယ်​ကြောင့် မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ကြွား​ဝါ​သ​နည်း။ ဘု​ရား​သ​ခင်​၏​သစ္စာ​တော်​သည်​အ​စဉ်​အ​မြဲ​တည်​၏။
PSA 52:2 သင်​သည်​သူ​တစ်​ပါး​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို ကြံ​စည်​တတ်​၏။ သင်​၏​လျှာ​သည်​သင်​တုန်း​ဋ္ဌား​ကဲ့​သို့​ထက်​မြက်​၏။ သင်​သည်​မ​ဟုတ်​မ​မှန်​သည့်​စ​ကား​ကို​အ​စဉ်​ပင် လုပ်​ကြံ​ပြော​ဆို​တတ်​၏။
PSA 52:3 သင်​သည်​အ​ကောင်း​ထက်​အ​ဆိုး​ကို​လည်း​ကောင်း၊ သစ္စာ​စ​ကား​ထက်​မု​သား​စ​ကား​ကို​လည်း​ကောင်း ပို​၍​နှစ်​သက်​တတ်​၏။
PSA 52:4 အ​ချင်း​လူ​လိမ်၊သင်​သည်​မိ​မိ​၏​နှုတ်​အား​ဖြင့် လူ​တို့​အား​ထိ​ခိုက်​နစ်​နာ​အောင်​ပြော​ဆို​ရန် နှစ်​သက်​ပါ​သည်​တ​ကား။
PSA 52:5 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင့်​အား​ထာ​ဝ​စဉ် ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​နေ​အိမ်​မှ​ဆွဲ​ထုတ် တော်​မူ​လိမ့်​မည်။ သင့်​ကို​သက်​ရှင်​နေ​သူ​တို့​နေ​ထိုင်​ရာ​လူ့​ပြည်​မှ ဖယ်​ရှား​တော်​မူ​လိမ့်​မည်။
PSA 52:6 သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​လျှင် ကြောက်​လန့်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင့်​အား​ကြည့်​၍​ပြုံး​ရယ်​ကြ​လျက်
PSA 52:7 ``မိ​မိ​၏​လုံ​ခြုံ​မှု​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​မည့်​အ​စား​မိ​မိ​၏​စည်း​စိမ်​ချမ်း​သာ ကို အား​ကိုး​သူ​ကို​ကြည့်​ကြ​လော့။ သူ​သည်​ယုတ်​မာ​မှု​အား​ဖြင့်​မိ​မိ​၏​လုံ​ခြုံ​မှု​ကို ရှာ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​လိမ့်​မည်။
PSA 52:8 ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​အ​နီး​တွင် ပေါက်​သည့်​သံ​လွင်​ပင်​နှင့်​တူ​၏။ ငါ​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​ကို ကာ​လ​အ​စဉ်​အ​မြဲ​ကိုး​စား​၏။
PSA 52:9 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက် ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ရှေ့​တွင်​ထုတ်​ဖော် ကြေ​ညာ​ပါ​မည်။
PSA 53:1 လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​တတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​သော​အ​မှု​တို့​ကို​ပြု​ကြ​လေ​ပြီ။ မှန်​ရာ​ကို​ပြု​ကျင့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။
PSA 53:2 ဘု​ရား​သ​ခင်​သည်​အ​သိ​ပ​ညာ​ရှိ​သူ​များ၊ မိ​မိ​အား ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို​သိ​မြင် နိုင်​ရန် ကောင်း​ကင်​ဘုံ​မှ​လူ​သား​တို့​အား​ကြည့်​တော် မူ​၏။
PSA 53:3 သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​ကုန်​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​လျှင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။ သူ​တို့​တွင်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​မ​ရှိ။ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။
PSA 53:4 ဘု​ရား​သ​ခင်​က ``သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ဝင်​များ​ထံ​မှ လု​ယူ​တိုက်​ခိုက်​၍​အ​သက်​မွေး​ကြ​ကုန်​၏။ ငါ့​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု​ကြ'' ဟု မိန့်​တော်​မူ​၏။
PSA 53:5 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော့် လူ​စု​တော်​၏ ရန်​သူ​များ​၏​အ​ရိုး​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည် တစ်​ခါ​မျှ​မ​ခံ​စား​ခဲ့​ဘူး​သည့်​ကြောက်​ခြင်း​မျိုး ဖြင့် အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ ပြီ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လုံး​ဝ​အ​နိုင် ရ​ကြ​လိမ့်​မည်။
PSA 53:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည်​ဇိ​အုန်​တောင်​တော်​မှ ထွက်​ပေါ်​လာ​စေ​ရန်​ငါ​သည်​စိတ်​အား​ထက်​သန်​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဖန်​ပြန်​လည်​၍​ကောင်း​စား​စေ​တော်​မူ​သော အ​ခါ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။
PSA 54:1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​၏​အာ​နု​ဘော် အား​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။
PSA 54:2 ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထနာ​ကို ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တောင်း​လျှောက်​သော​စကား​တို့​ကို နား​ထောင်​တော်​မူ​ပါ။
PSA 54:3 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တိုက်​ခိုက်​ရန်​လာ​ကြ​ပါ​ပြီ။ ဘု​ရား​ကို​ပ​မာ​ဏ​မ​ပြု​သည့် ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​သည်​ကျွန်​တော်​မျိုး အား သတ်​ရန်​ကြိုး​စား​ကြ​ပါ​၏။
PSA 54:4 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကူ​မ​တော် မူ​သော အ​ရှင်​ဖြစ်​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် ဖြစ်​၏။
PSA 54:5 ငါ​၏​ရန်​သူ​တို့​၏​ဆိုး​ညစ်​မှု​သည်​သူ​တို့​အား ပြန်​လည်​၍​ဒဏ်​ခတ်​စေ​ရန်​ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​အား​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့် မည်။
PSA 54:6 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဝမ်း​မြောက်​စွာ​ယဇ်​ပူ​ဇော်​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​မည်။
PSA 54:7 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့် ကြ​သည်​ကို တွေ့​မြင်​ရ​ပါ​ပြီ။
PSA 55:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပန်​ကြား​သော​အ​ခါ မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။
PSA 55:2 ကျွန်​တော်​မျိုး​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​၍​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​မှု​များ​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပါ​၏။
PSA 55:3 ရန်​သူ​များ​၏​ခြိမ်း​ခြောက်​မှု​ကြောင့်​ကျွန်​တော်​မျိုး ကြောက်​လန့်​ပါ​၏။ သူ​ယုတ်​မာ​တို့​၏​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကြောင့် ကျွန်​တော်​မျိုး​စိတ်​ပျက်​အား​လျော့​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​မျက်​ထွက်​၍ မုန်း​ကြ​ပါ​၏။
PSA 55:4 ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​ကြောက်​လန့်​လျက် နေ​ပါ​၏။ သေ​ဘေး​ကို​လွန်​စွာ​ထိတ်​လန့်​လျက်​ရှိ​ပါ​၏။
PSA 55:5 ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။
PSA 55:6 အ​ကယ်​၍​ချိုး​ငှက်​ကဲ့​သို့​ငါ့​မှာ​အ​တောင်​များ ရှိ​ခဲ့​ပါ​မူ​ငါ​သည်​အ​ဝေး​သို့​ပျံ​သွား​ကာ နား​နေ​စ​ရာ​အ​ရပ်​ကို​ရှာ​မည်။
PSA 55:7 ငါ​သည်​အ​လွန်​ဝေး​ရာ​အ​ရပ်​သို့​ပျံ​သွား​လျက် တော​ကန္တာ​ရ​တွင်​နေ​ထိုင်​ပါ​မည်။
PSA 55:8 ငါ​သည်​လျင်​မြန်​စွာ​သွား​၍​လေ​ပြင်း​နှင့် မိုး​သက်​မုန်​တိုင်း​တို့​မှ​အ​ကာ​အ​ကွယ်​ကို​ရှာ​မည်။
PSA 55:9 အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ပြော​ဆို​သည့် စ​ကား​များ​ကို​ရှုပ်​ထွေး​စေ​တော်​မူ​ပါ။ မြို့​တွင်း​၌​အ​ကြမ်း​ဖက်​မှု​နှင့်​လု​ယက်​မှု​တို့​ကို ကျွန်​တော်​မျိုး​မြင်​ပါ​၏။
PSA 55:10 ထို​သူ​တို့​သည်​မြို့​ကို​နေ့​ည​မ​ပြတ်​ဝိုင်း​ရံ​ထား ကြ​ပါ​၏။ မြို့​ထဲ​တွင်​ရာ​ဇ​ဝတ်​မှု၊နှောင့်​ယှက်​မှု​များ​နှင့် ပြည့်​နှက်​လျက်​ရှိ​ပါ​၏။
PSA 55:11 နေ​ရာ​တ​ကာ​တွင်​အ​ပျက်​အ​စီး​များ​ရှိ​နေ​ပါ​၏။ လမ်း​များ​၌​နှိပ်​စက်​ညှဉ်း​ဆဲ​မှု၊လိမ်​လည် လှည့်​စား​မှု​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။
PSA 55:12 အ​ကယ်​၍​ငါ့​အား​ပြောင်​လှောင်​သူ​သည် ငါ​၏​ရန်​သူ​ဖြစ်​ခဲ့​သော်​ငါ​သည်​သည်း​ခံ​နိုင် ပါ​၏။ ငါ့​ကို​အ​ကြောင်း​ပြု​၍​ကြွား​ဝါ​သော​ရန်​ဘက် ဖြစ်​ခဲ့​သော် ငါ​သည်​သူ့​ကို​ရှောင်​ရှား​နိုင်​၏။
PSA 55:13 သို့​ရာ​တွင်​ယင်း​သို့​ပြု​သူ​မှာ​ငါ​၏​အ​ပေါင်း​အ​ဖော်၊ လုပ်​ဖော်​ဆောင်​ဘက်၊ ရင်း​နှီး​သည့်​မိတ်​ဆွေ​ဖြစ်​သူ​ပင်​ဖြစ်​ပါ​သည်​တ​ကား။
PSA 55:14 သင်​နှင့်​ငါ​သည်​ရင်း​နှီး​စွာ​ဆွေး​နွေး​တိုင်​ပင်​ခဲ့​ကြ​၏။ ဗိ​မာန်​တော်​တွင်​လည်း​အ​တူ​တူ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။
PSA 55:15 ငါ​၏​ရန်​သူ​များ​သည်​သေ​နေ့​မ​စေ့​မီ သေ​ရ​ကြ​ပါ​စေ​သော။ အ​ရှင်​လတ်​လတ်​သေ​ရွာ​သို့​သွား​ရ​ကြ​ပါ​စေ​သော။ သူ​တို့​၏​နေ​အိမ်​များ​သည်​ဆိုး​ညစ်​မှု​ကြီး​စိုး​ရာ ဌာ​န​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​သည်​ဆိုး​ညစ်​မှု​နှင့် ပြည့်​နှက်​လျက်​ရှိ​၏။
PSA 55:16 ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။
PSA 55:17 ငါ​၏​ညည်း​တွား​မြည်​တမ်း​သံ​များ​သည်​နံ​နက်​ချိန်၊ မွန်း​တည့်​ချိန်၊ညဥ့်​အ​ချိန်​တို့​၌ အ​ထံ​တော်​သို့​ရောက်​သ​ဖြင့်​ကိုယ်​တော်​သည် ကြား​တော်​မူ​လိမ့်​မည်။
PSA 55:18 ဤ​မျှ​များ​လှ​သော​ရန်​သူ​တို့​နှင့် တိုက်​ခိုက်​ရာ​စစ်​ပွဲ​များ​မှ​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​လာ​စေ​တော်​မူ​လိမ့်​မည်။
PSA 55:19 ရှေး​ကမ္ဘာ​အ​ဆက်​ဆက်​မှ​စ​၍ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​အား ပိုင်​သ​အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​၏​ပတ္ထနာ​စ​ကား​ကို​ကြား​၍​ရန်​သူ​တို့​အား အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​စိတ်​နှ​လုံး ပြောင်း​လဲ​မှု​မ​ရှိ​ကြ။ ကိုယ်​တော်​ကို​လည်း​မ​ကြောက်​ရွံ့​ကြ​သော​ကြောင့် ဖြစ်​၏။
PSA 55:20 ငါ​၏​မိတ်​ဆွေ​ဟောင်း​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို တိုက်​ခိုက်​၍​မိ​မိ​၏​က​တိ​ကို​လည်း​ဖျက်​၏။
PSA 55:21 သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်း သူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။ သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဋ္ဌား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။
PSA 55:22 သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
PSA 55:23 သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အား သူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။ ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။
PSA 56:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​တိုက်​ခိုက်​ခြင်း​ကို​ခံ​နေ​ရ​သ​ဖြင့် ကျွန်​တော်​မျိုး​ကို​သ​နား​တော်​မူ​ပါ။ ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​နေ့​ရှိ​သ​မျှ ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​ပါ​၏။
PSA 56:2 ကျွန်​တော်​မျိုး​၏​ရန်​ဘက်​တို့​သည်​တစ်​နေ့​လုံး​ပင် ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​များ​လှ​ပါ​၏။
PSA 56:3 အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကြောက်​လန့်​သော​အ​ခါ ကိုယ်​တော်​ရှင်​အား​ကိုး​စား​ပါ​၏။
PSA 56:4 ငါ​သည်​ဘု​ရား​သ​ခင်​အား​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​က​တိ​တော်​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​မည်။ လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​မည်​နည်း။
PSA 56:5 ငါ​၏​ရန်​သူ​များ​သည်​ငါ့​ကို​တစ်​နေ့​လုံး စော်​ကား​ပြော​ဆို​ကြ​၏။ ငါ့​အား​အ​ကျိုး​နည်း​စေ​ရန်​နည်း​လမ်း​ကို အ​စဉ်​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​၏။
PSA 56:6 သူ​တို့​သည်​ပုန်း​ကွယ်​ရာ​အ​ရပ်​များ​တွင် စု​ရုံး​ကာ ငါ့​ကို​သတ်​ဖြတ်​နိုင်​ရန်​ငါ​ပြု​သ​မျှ​သော အ​မှု​တို့​ကို​ချောင်း​မြောင်း​၍​ကြည့်​ကြ​၏။
PSA 56:7 အို ဘု​ရား​သ​ခင်၊ သူ​တို့​ပြု​သော​ဒု​စ​ရိုက်​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ အ​မျက်​တော်​ထွက်​၍​သူ​တို့​အား​နှိမ်​နင်း တော်​မူ​ပါ။
PSA 56:8 ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​မျက်​ရည်​ပေါက် များ​ကို​စာ​ရင်း​ပြု​၍​ထား​တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​၏​စာ​စောင်​တွင်​စာ​ရင်း​ပြု​၍​ထား​သည် မ​ဟုတ်​ပါ​လော။
PSA 56:9 ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး တောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။
PSA 56:10 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ချီး​မွမ်း​ပါ​၏။
PSA 56:11 ငါ​သည်​ကိုယ်​တော်​ကို​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။
PSA 56:12 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​သစ္စာ​က​တိ ပြု​ခဲ့​သည့်​အ​တိုင်း​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​မည်။
PSA 56:13 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မ​မူ​ခဲ့​သော​ကြောင့်​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည် အ​သက်​ရှင်​သူ​တို့​၏​အ​လင်း​ထဲ​မှာ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​သွား​လာ​ပါ​၏။
PSA 57:1 ကျွန်​တော်​မျိုး​သည်​ခို​လှုံ​ရန်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ သ​နား​တော်​မူ​ပါ။ မိုး​သက်​မုန်​တိုင်း​လွန်​သွား​သည်​အ​ထိ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​တွင်​ခို​လှုံ​ပါ​၏။
PSA 57:2 ငါ​လို​သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​တော် မူ​သော၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​သည်​တောင်း​လျှောက်​ပါ​၏။
PSA 57:3 ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ထူး​တော်​မူ​၍ ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​ညှဉ်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ တော်​နှင့် သစ္စာ​တော်​ကို​ငါ့​အား​ပြ​တော်​မူ​လိမ့်​မည်။
PSA 57:4 ရန်​သူ​များ​သည်​လူ​သား​ကို​စား​သည့်​ခြင်္သေ့​များ သ​ဖွယ် ငါ့​ကို​ဝိုင်း​ရံ​ထား​၏။ သူ​တို့​၏​သွား​များ​သည်​လှံ​များ၊မြား​များ နှင့်​တူ​၏။ သူ​တို့​၏​လျှာ​များ​သည်​သန်​လျက်​ကဲ့​သို့ ထက်​၏။
PSA 57:5 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို မိုး​ကောင်း​ကင်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း​ပေါ်​လွင်​ထင်​ရှား စေ​တော်​မူ​ပါ။
PSA 57:6 ရန်​သူ​တို့​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​ကြ​၏။ ငါ​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ သူ​တို့​သည်​ငါ​သွား​ရာ​လမ်း​တွင်​တွင်း​ကို တူး​ထား​ကြ​ပါ​၏။ သို့​ရာ​တွင်​ထို​တွင်း​ထဲ​သို့​သူ​တို့​ပင်​လျှင် ကျ​ကြ​၏။
PSA 57:7 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။
PSA 57:8 အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။ ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​လည်း​နေ​ကို​နိုး​ထ​စေ​မည်။
PSA 57:9 အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​လူ​မျိုး​တ​ကာ​တို့​၏​အ​လယ်​တွင် ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​မျိုး​အ​ပေါင်း​တို့​၏​အ​လယ်​တွင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 57:10 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​အာ​ကာ​သ​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။
PSA 57:11 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို မိုး​ကောင်း​ကင်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​ပါ။
PSA 58:1 အ​ချင်း​အာ​ဏာ​ပိုင်​တို့၊သင်​တို့​သည်​တ​ရား သ​ဖြင့် ဆုံး​ဖြတ်​မှု​ကို​ပြု​ကြ​သ​လော။ လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​ကြ​သ​လော။
PSA 58:2 သင်​တို့​ကား​ယင်း​သို့​မ​ပြု၊မိ​မိ​တို့​ပြု​မည့် ဒု​စ​ရိုက်​ကို​သာ​လျှင်​စဉ်း​စား​ကြံ​စည်​လျက် တိုင်း​ပြည်​တွင်​အ​ဋ္ဌမ္မ​အ​ကြမ်း​ဖက်​မှု​ကို ကူး​လွန်​ကြ​၏။
PSA 58:3 ဒု​စ​ရိုက်​သ​မား​တို့​သည်​တစ်​သက်​လုံး​အ​မှား​ကို သာ​လျှင်​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​မွေး​က​တည်း​က မု​သား​စ​ကား​ကို​ပြော​ဆို​တတ်​ကြ​၏။
PSA 58:4 သူ​တို့​သည်​အ​ဆိပ်​ရှိ​သည့်​မြွေ​များ​နှင့်​တူ ကြ​၏။ နား​ပင်း​သည့်​မြွေ​ဟောက်​သည်​အ​လမ္ပာယ် ဆ​ရာ​၏ အ​သံ​ကို​သော်​လည်း​ကောင်း၊ကျင်​လည်​သော မျက်​လှည့်​ဆ​ရာ​၏​မန္တန်​ကို​သော်​လည်း​ကောင်း မ​ကြား​ရ။ သူ​တို့​သည်​နား​ပင်း​သည့်​မြွေ​ဟောက်​နည်း​တူ မိ​မိ​တို့​၏​နား​များ​ကို​ပိတ်​ထား​ကြ​၏။
PSA 58:6 အို ဘု​ရား​သ​ခင်၊ ဤ​ရက်​စက်​ကြမ်း​ကြုတ်​သော​ခြင်္သေ့​၏​အ​စွယ် များ​ကို ချိုး​တော်​မူ​ပါ။
PSA 58:7 သူ​တို့​သည်​စီး​ဆင်း​ပျောက်​ကွယ်​သွား​တတ်​သည့် ရေ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။ လူ​သွား​လမ်း​ပေါ်​မှ​ပေါင်း​ပင်​များ​ကဲ့​သို့ ကြေ​မွ​သွား​ကြ​ပါ​စေ​သော။
PSA 58:8 သူ​တို့​သည်​အ​ကျိ​အ​ချွဲ​အ​ဖြစ်​သို့​အ​ရည် ပျော်​၍ သွား​တတ်​သည့်​ပက်​ကျိ​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။ အ​လင်း​ရောင်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​မြင်​ရ​သည့် လျှော​မွေး​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။
PSA 58:9 သူ​တို့​သည်​မ​မျှော်​လင့်​သော​အ​ချိန်​တွင်​ချုံ​ဖုတ် ကဲ့​သို့ ခုတ်​ပစ်​ခြင်း​ကို​ခံ​ကြ​ရ​၏။ ဘု​ရား​သ​ခင်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့​အား​ကွယ်​ပျောက်​သွား​စေ​တော်​မူ​လိမ့်​မည်။
PSA 58:10 သူ​တော်​ကောင်း​တို့​သည်​အ​ပြစ်​ကူး​သူ​များ အ​ပြစ်​ဒဏ်​သင့်​ကြ​သည်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​ယုတ်​မာ​တို့​၏​သွေး​အိုင်​တွင် ခြေ​ဆေး​ကြ​လိမ့်​မည်။
PSA 58:11 လူ​တို့​က``သူ​တော်​ကောင်း​တို့​သည်​ဧ​ကန်​အ​မှန်​ပင် ကောင်း​ကျိုး​ချမ်း​သာ​ခံ​စား​ကြ​ရ​၏။ ကမ္ဘာ​လော​က​ကို​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား ဧ​ကန်​အ​မှန်​ရှိ​တော်​မူ​ပေ​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။
PSA 59:1 ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား ရန်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။
PSA 59:2 ဒု​စ​ရိုက်​သ​မား​တို့​၏​လက်​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ လူ​သတ်​သ​မား​တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ပါ။
PSA 59:3 ကျွန်​တော်​မျိုး​အား​ထို​သူ​တို့​တိုက်​ခိုက်​ရန် စောင့်​လျက် နေ​ကြ​သည်​ကို​ကြည့်​တော်​မူ​ပါ။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​သည်​ကျွန်​တော်​မျိုး အား တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ထို​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​ရန် လျင်​မြန်​စွာ​နေ​ရာ​ယူ​စု​ရုံး​ကြ​သည်​မှာ ကျွန်​တော်​မျိုး​၏​ချွတ်​ယွင်း​မှု​တစ်​စုံ​တစ်​ရာ ကြောင့် မ​ဟုတ်​ပါ။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​ပြစ်​နှင့် မှား​ယွင်း​မှု​ကြောင့်​လည်း​မ​ဟုတ်​ပါ။
PSA 59:5 အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ နိုး​ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကူ​မ​ရန် ကြွ​တော်​မူ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား၊ ကိုယ်​တော်​တိုင် ရှု​ကြည့်​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​၍​ဘု​ရား​မဲ့​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ ဆိုး​ယုတ်​၍​သစ္စာ​ဖောက်​သူ​တို့​အား သ​နား​တော်​မ​မူ​ပါ​နှင့်။
PSA 59:6 သူ​တို့​သည်​မြို့​ထဲ​သို့​ည​ဦး​ယံ​၌ ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့​မာန်​ဖီ​ကာ​လှည့် လည် သွား​လာ​ကြ​ပါ​၏။
PSA 59:7 သူ​တို့​စော်​ကား​ပြော​ဆို​ခြိမ်း​ခြောက်​သည်​ကို ကြား​တော်​မူ​ပါ။ သူ​တို့​၏​လျှာ​သည်​ဋ္ဌား​သ​ဖွယ်​ဖြစ်​ပါ​၏။ သို့​သော်​လည်း​သူ​တို့​က``ငါ​တို့​စ​ကား​ကို အ​ဘယ်​သူ ကြား​ပါ​မည်​နည်း'' ဟု​ဆို​ကြ​ပါ​၏။
PSA 59:8 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​ကို​ကြည့်​၍ ပြုံး​ရယ်​တော်​မူ​ပါ​၏။ ဘု​ရား​မဲ့​သူ​အ​ပေါင်း​တို့​ကို​ပြက်​ရယ်​ပြု တော်​မူ​ပါ​၏။
PSA 59:9 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။
PSA 59:10 ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ချစ်​၍​ငါ့​ထံ​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို ငါ့​အား တွေ့​မြင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။
PSA 59:11 အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​သတ်​တော်​မ​မူ​ပါ​နှင့်။ သတ်​လျှင်​ကျွန်​တော်​မျိုး​၏​အ​မျိုး​သား​တို့​သည် သ​တိ​မ​ရ​ဘဲ​မေ့​သွား​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ထို​သူ​တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော် မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ။
PSA 59:12 သူ​တို့​၏​နှုတ်၊သူ​တို့​ပြော​ဆို​သ​မျှ​သော​စ​ကား အား​ဖြင့် အ​ပြစ်​ကူး​ကြ​ပါ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​မာန်​မာ​န​ကျော့​ကွင်း​တွင်​ပင် မိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​ကျိန်​ဆဲ​၍​မု​သား​စ​ကား​ကို ပြော​ဆို​တတ်​ကြ​သ​ဖြင့်
PSA 59:13 ကိုယ်​တော်​ရှင်​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ အ​ကုန်​အ​စင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အုပ်​စိုး​လျက် နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အာ​ဏာ​စက်​သည်​ကမ္ဘာ​တစ်​ပြင်​လုံး ပျံ့​နှံ့​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​လိမ့်​မည်။
PSA 59:14 ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​မြို့​ထဲ​သို့ ည​ဦး​ယံ​တွင်​ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့ မာန်​ဖီ​ကာ​လှည့်​လည်​ကြ​ပါ​၏။
PSA 59:15 သူ​တို့​သည်​ခွေး​များ​ကဲ့​သို့​လှည့်​လည်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ကြ​ပါ​၏။ အ​စား​အ​စာ​လုံ​လောက်​စွာ​မ​ရ​ကြ​ပါ​မူ မာန်​ဖီ​ကြ​ပါ​၏။
PSA 59:16 ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော် အ​ကြောင်း​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို နံ​နက်​တိုင်း​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ရဲ​တိုက်၊ ဒုက္ခ​ရောက်​ချိန်​၌​ကျွန်​တော်​မျိုး​ခို​ကိုး​ရာ ဖြစ်​တော်​မူ​ပါ​၏။
PSA 59:17 ကျွန်​တော်​မျိုး​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော် မူ​သော အ​ရှင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ကား​ကျွန်​တော်​မျိုး​ကို ချစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ပေ​တည်း။
PSA 60:1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား စွန့်​ပစ်​တော်​မူ​၍​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​မျက်​ထွက်​တော်​မူ​ပါ​ပြီ။ သို့​ရာ​တွင်​ယ​ခု​ကျွန်​တော်​မျိုး​တို့​ထံ​သို့ ပြန်​၍​ကြွ​တော်​မူ​ပါ။
PSA 60:2 ကိုယ်​တော်​ရှင်​သည်​ပြည်​တော်​ကို​သိမ့်​သိမ့်​တုန် စေ​၍ ကွဲ​အက်​စေ​တော်​မူ​ပါ​ပြီ။ ပြည်​တော်​သည်​ပြို​ကွဲ​လျက်​ရှိ​သ​ဖြင့် ကွဲ​အက်​ရာ​များ​ကို​ပြု​ပြင်​တော်​မူ​ပါ။
PSA 60:3 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​တိ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​သေ​သောက်​ကူး သူ​များ​သ​ဖွယ်​ယိမ်း​ယိုင်​စေ​တော်​မူ​ပါ​ပြီ။
PSA 60:4 ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​တို့ သည် အ​ပြစ်​ဒဏ်​လွတ်​မြောက်​စေ​ရန်​သူ​တို့​အား ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ပါ​ပြီ။
PSA 60:5 ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ ချစ်​တော်​မူ​သော​သူ​တို့​သည်​ကယ်​ဆယ် ခြင်း ခံ​ရ​ကြ​စေ​ရန်​ကျွန်​တော်​မျိုး​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။
PSA 60:6 သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည် အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း​ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​ငါ​၏​လူ​စု​တော်​အား ခွဲ​ဝေ​ပေး​မည်။
PSA 60:7 ဂိ​လဒ်​ပြည်​ကို​ငါ​ပိုင်​၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏။ ဧ​ဖ​ရိမ်​ပြည်​သည်​ငါ​၏​မ​ကိုဋ်​ဖြစ်​၍ ယု​ဒ​ပြည်​ကား​ငါ​၏​ရာ​ဇ​လှံ​တံ​ဖြစ်​၏။
PSA 60:8 သို့​ရာ​တွင်​ငါ​သည်​မော​ဘ​ပြည်​ကို​ငါ​၏ ခြေ​ဆေး​ခွက်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်​ကို​ငါ​၏​ဖိ​နပ်​ချွတ်​အ​ဖြစ်​ဖြင့် လည်း​ကောင်း အ​သုံး​ပြု​မည်။ ဖိ​လိတ္တိ​ပြည်​သည်​ငါ့​ကို​အ​နိုင်​ရ​၍​အောင်​သံ ဖြင့် ကြွေး​ကြော်​နိုင်​မည်​ဟု​ထင်​မှတ်​သ​လော'' ဟု မိန့်​တော်​မူ​၏။
PSA 60:9 အို ဘု​ရား​သ​ခင်၊ ခိုင်​ခံ့​လုံ​ခြုံ​သည့်​မြို့​တွင်း​သို့​အ​ဘယ်​သူ​သည် ကျွန်​တော်​မျိုး​အား​ခေါ်​ဆောင်​သွား​ပါ​မည် နည်း။ အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ​ပြည် သို့ ပို့​ဆောင်​ပါ​မည်​နည်း။
PSA 60:10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​ဘဲ​နေ​ပါ​မည်​လော။
PSA 60:11 ရန်​သူ​ကို​တိုက်​ခိုက်​နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အား ကူ​မ​တော်​မူ​ပါ။ လူ​သား​တို့​၏​အ​ကူ​အ​ညီ​သည်​အ​ချည်း​နှီး ဖြစ်​ပါ​၏။
PSA 60:12 ငါ​တို့​၏​ဘက်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ​လျှင် ငါ​တို့​သည်​အောင်​မြင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။
PSA 61:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​နား​ထောင်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
PSA 61:2 ကျွန်​တော်​မျိုး​သည်​အိမ်​နှင့်​ဝေး​ကွာ​လျက် စိတ်​ပျက်​အား​လျော့​လျက်​နေ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ။
PSA 61:3 ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​၏​ဘေး​မှ ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​အ​တွက်​ခိုင်​ခံ့​သော​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ​၏။
PSA 61:4 ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​တဲ​တော်​တွင် တစ်​သက်​လုံး​နေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​၏​အ​တောင်​တော်​အ​ရိပ်​အောက်​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​ခို​လှုံ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
PSA 61:5 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြု​သည့် က​တိ​သစ္စာ​ကို​ကြား​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​သူ တို့​အား ပေး​တော်​မူ​သည့်​ပြည်​တော်​နှင့် ကောင်း​ကျိုး​ချမ်း​သာ​ကို​ကျွန်​တော်​မျိုး အား ပေး​တော်​မူ​ပါ​ပြီ။
PSA 61:6 မင်း​ကြီး​အား​သက်​တော်​ရာ​ကျော်​ရှည်​စေ တော်​မူ​ပါ။ ကာ​လ​အ​စဉ်​အ​ဆက်​သက်​တော်​ရှည်​စေ​တော် မူ​ပါ။
PSA 61:7 အို ဘု​ရား​သ​ခင်၊ သူ​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ် အုပ်​စိုး​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​အား​ဖြင့် သူ့​အား​ကာ​ကွယ်​စောင့်​ထိန်း​တော်​မူ​ပါ။
PSA 61:8 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏ က​တိ​သစ္စာ​ဝတ်​ကို​နေ့​စဉ်​ဖြေ​လျက် ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
PSA 62:1 ငါ့​ကို​ဘု​ရား​သ​ခင်​ကယ်​တင်​ရန်​ငါ​သည် စိတ်​ရှည်​စွာ စောင့်​မျှော်​လျက်​နေ​ပါ​၏။ ငါ​သည်​ကိုယ်​တော်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။
PSA 62:2 ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက်​တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။
PSA 62:3 သင်​တို့​အ​ပေါင်း​သည်​ယိမ်း​ယိုင်​လျက်​ရှိ​သော နံ​ရံ​နှင့် ပြို​ကျ​ပျက်​စီး​လျက်​ရှိ​သော​ခြံ​ဝင်း​ကဲ့​သို့ အင်​အား​မ​ရှိ​သည့်​လူ​တစ်​ယောက်​အား အ​ဘယ်​မျှ ကြာ​အောင်​တိုက်​ခိုက်​ကြ​ပါ​မည်​နည်း။
PSA 62:4 သင်​တို့​သည်​သူ့​အား​ဂုဏ်​မြင့်​ရာ​မှ​ဆွဲ​ချ​ရန် ကို​သာ ကြံ​စည်​ကြ​၏။ သင်​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​နှစ်​သက် ကြ​၏။ သူ့​အား​နှုတ်​ဖြင့်​ကောင်း​ချီး​ပေး​လျက်၊ စိတ်​ထဲ​တွင်​မူ​ကား​ကျိန်​ဆဲ​ကြ​၏။
PSA 62:5 ငါ​သည်​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။ ကိုယ်​တော်​အား​မျှော်​ကိုး​ပါ​၏။
PSA 62:6 ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက် တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။
PSA 62:7 ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။
PSA 62:8 အ​ချင်း​လူ​တို့​ဘု​ရား​သ​ခင်​အား​အ​စဉ် အ​မြဲ ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဒုက္ခ​အ​ပေါင်း​ကို​ကိုယ်​တော်​အား ဖော်​ပြ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၏။
PSA 62:9 လူ​သား​တို့​သည်​ထွက်​သက်​ဝင်​သက်​လေ​မျှ​သာ ဖြစ်​ပေ​သည်။ လူ​တို့​သည်​ယုတ်​မြတ်​မ​ဟူ​အ​နတ္တ​မျှသာ​ဖြစ် ကြ​၏။ သူ​တို့​အား​ချိန်​ခွင်​တွင်​ချိန်​စက်​၍​ကြည့် ကြ​လော့။ သူ​တို့​သည်​အ​ချိန်​မ​စီး။ ထွက်​သက်​ဝင်​သက်​လေ​ထက်​ပင်​ပေါ့​ကြ​၏။
PSA 62:10 အ​ကြမ်း​ဖက်​မှု​ကို​အား​မ​ကိုး​ကြ​နှင့်။ လု​ယက်​မှု​ဖြင့်​အ​ကျိုး​ခံ​စား​ရ​လိမ့်​မည်​ဟု မ​မျှော်​လင့်​ကြ​နှင့်။ သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​သည် တိုး​ပွား​လာ​စေ​ကာ​မူ​ယင်း​တို့​ကို​အား​မ​ကိုး ကြ​နှင့်။
PSA 62:11 ဘု​ရား​သ​ခင်​၌​တန်​ခိုး​ရှိ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ခိုင်​မြဲ​ကြောင်း ကို​လည်း​ကောင်း တစ်​ကြိမ်​မ​က​ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ခဲ့​ရ​လေ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင်​ပင်​လူ​အ​ပေါင်း တို့​အား အ​ကျင့်​အ​လျောက်​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ချ​ပေး​တော်​မူ​ပါ​၏။
PSA 63:1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။
PSA 63:2 သန့်​ရှင်း​ရာ​ဌာ​န​တွင်​ကိုယ်​တော်​ရှင်​အား​ဖူး မြော်​ခွင့်​ကို ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြော်​ခွင့်​ပေး​တော်​မူ​ပါ။
PSA 63:3 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် အ​သက်​ထက်​ကောင်း​မြတ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 63:4 ကျွန်​တော်​မျိုး​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​မည်။ လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။
PSA 63:5 ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ချို​မြိန်​သည့်​အ​စာ​ကို စား​သုံး​ရ​သူ​ကဲ့​သို့​ကျေ​နပ်​ရောင့်​ရဲ​လျက်​နေ ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ဝမ်း​မြောက်​စွာ​ထော​မ​နာ သီ​ချင်း​ဆို​ပါ​မည်။
PSA 63:6 ကျွန်​တော်​မျိုး​သည်​အိပ်​ရာ​ပေါ်​တွင် လဲ​လျောင်း​လျက်​နေ​စဉ် ကိုယ်​တော်​ရှင်​အား​အောက်​မေ့​သ​တိ​ရ​ပါ​၏။ တစ်​ညဥ့်​လုံး​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​လျက်​နေ​ပါ​၏။
PSA 63:7 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​ကူ​မ တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​အောက်​၌​ခို​လှုံ​လျက် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။
PSA 63:8 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​မှီ​တွယ် ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရုံး​တော်​သည်​လည်း ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား တော်​မူ​ပါ​၏။
PSA 63:9 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ​ရ​ပါ​လိမ့် မည်။
PSA 63:10 သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ရ​၍ သူ​တို့​၏ ရုပ်​အ​လောင်း​များ​ကို​ဝံ​ပု​လွေ​တို့ စား​ကြ​ပါ​လိမ့်​မည်။
PSA 63:11 ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အောင်​ပွဲ ပေး​တော်​မူ​သ​ဖြင့် မင်း​ကြီး​သည်​ဝမ်း​မြောက်​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် သစ္စာ​က​တိ​ပြု​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မု​သား​ကို​သုံး​သော​သူ​တို့​၏ နှုတ်​များ​မူ​ကား​ပိတ်​လျက်​နေ​ရ​လိမ့်​မည်။
PSA 64:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​ကြောက်​လန့်​၍ နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။
PSA 64:2 သူ​ယုတ်​မာ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​များ မှ​လည်း​ကောင်း၊ ဆိုး​ညစ်​သူ​လူ​စု​လူ​ဝေး​တို့​၏​ဘေး​မှ​လည်း ကောင်း ကွယ်​ကာ​တော်​မူ​ပါ။
PSA 64:3 သူ​တို့​သည်​မိ​မိ​တို့​၏​လျှာ​ကို​ဋ္ဌား​သ​ဖွယ် သွေး​ကြ​ပါ​၏။ သ​နား​ကြင်​နာ​ခြင်း​ကင်း​မဲ့​သော​စ​ကား များ​ဖြစ်​သော မြား​များ​ကို​ချိန်​ရွယ်​ကြ​၏။
PSA 64:4 သူ​တို့​သည်​အ​ရှက်​ကင်း​မဲ့​စွာ​မိ​မိ​တို့​၏ မု​သား​စ​ကား​များ​ကို​လျင်​မြန်​စွာ​ပျံ့​နှံ့​စေ ကြ​၏။ သူ​တို့​သည်​စက်​ဆုတ်​ဖွယ်​ကောင်း​သော ဂုံး​ချော​စ​ကား​များ​ပြော​ဆို​ကာ သူ​တော်​ကောင်း​တို့​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။
PSA 64:5 သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ရာ​တွင် အ​ချင်း​ချင်း​အား​ပေး​ကြ​၏။ သူ​တို့​သည်​ထောင်​ချောက်​များ​ထား​ရန်​နေ​ရာ​ကို တိုင်​ပင်​ပြီး​နောက် ``ဤ​ထောင်​ချောက်​များ​ကို​အ​ဘယ်​သူ​မျှ​တွေ့​မြင် နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။
PSA 64:6 သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ပြီး​လျှင် ``လွန်​စွာ​ပါး​နပ်​လိမ္မာ​သည့်​အ​မှု​ကို​ငါ​တို့​ကြံ​စည်​၍ ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။ လူ​၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​ကို​သိ​ရှိ​ရန် လွန်​စွာ​ပင်​ခက်​ခဲ​နက်​နဲ​လှ​ပါ​သည်​တ​ကား။
PSA 64:7 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား မြား​တော်​ဖြင့်​ပစ်​တော်​မူ​၍​ချက်​ချင်း​ပင် ဒဏ်​ရာ​ရ​စေ​တော်​မူ​၏။
PSA 64:8 သူ​တို့​ပြော​ဆို​သည့်​စ​ကား​များ​ကြောင့်​ပင်​လျှင် ကိုယ်​တော်​သည်​သူ​တို့​အား​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​ကို​တွေ့​မြင်​သူ​အ​ပေါင်း​တို့​သည် ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။
PSA 64:9 ထို​သူ​အ​ပေါင်း​တို့​သည်​ကြောက်​လန့်​လျက် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို ဆင်​ခြင်​ကာ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​များ အ​ကြောင်း​ကို ပြော​ကြား​ကြ​လိမ့်​မည်။
PSA 64:10 ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကြောင့် သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​လိမ့်​မည်။ စိတ်​နှ​လုံး​ဖြူ​စင်​ဖြောင့်​မတ်​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
PSA 65:1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ဆု​တောင်း​ပတ္ထနာ​များ​ကို နား​ညောင်း​တော်​မူ​တတ်​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​ဇိ​အုန်​တောင်​တော် ပေါ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ထိုက်​ပါ​၏။ မိ​မိ​တို့​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ ထိုက်​ပါ​၏။ လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​တို့​၏​မှား​ယွင်း​ချက်​များ​သည် အ​လွန်​ပင်​များ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ပါ​၏။
PSA 65:4 ဗိ​မာန်​တော်​၌​နေ​၍​အ​ထံ​တော်​သို့​ချဉ်း​ကပ် စေ​ရန် ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​သူ​များ​သည် မင်္ဂ​လာ​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော်​မှ ကောင်း​မြတ်​သော​အ​ရာ​များ၊သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ​စား ရ​ရှိ ကြ​သ​ဖြင့်​ရောင့်​ရဲ​ကြ​ပါ​လိမ့်​မည်။
PSA 65:5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​၏။ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​လျက် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ​၏။ ကမ္ဘာ​တစ်​ဝန်း​လုံး​နှင့်​ပင်​လယ်​ရပ်​ဝေး​တွင် ရှိ​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​အား ကိုး​စား​ကြ​ပါ​၏။
PSA 65:6 ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​တော်​အား​ဖြင့် တောင်​များ​ကို​နေ​ရာ​ချ​ထား​တော်​မူ​လျက် တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပါ​၏။
PSA 65:7 ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။
PSA 65:8 ကိုယ်​တော်​ရှင်​ပြ​တော်​မူ​သော နိ​မိတ်​လက္ခ​ဏာ​များ​ကြောင့်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ရှိ လူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကြောင့် ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​သို့​တိုင်​အောင် ရွှင်​လန်း​ဝမ်း​မြောက်​သည့်​ကြွေး​ကြော်​သံ​များ ထွက်​ပေါ်​လာ​ပါ​၏။
PSA 65:9 ကိုယ်​တော်​ရှင်​သည်​မိုး​ရေ​ကို ချ​ပေး​တော်​မူ​ခြင်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​တော်​မူ​ကြောင်း​ကို ဖော်​ပြ​တော်​မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​ကို​မြေ​သြ​ဇာ​ထက်​သန်​စေ​တော် မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မြစ်​ချောင်း​တို့​ကို​ရေ​နှင့် ပြည့်​စေ​တော်​မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​တွင်​ကောက်​ပဲ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​စီ​ရင်​တော်​မူ​ပုံ​မှာ​ဤ​သို့​တည်း။
PSA 65:10 ကိုယ်​တော်​ရှင်​သည်​မိုး​ကို​ရွာ​စေ​တော်​မူ​လျက် ထွန်​ယက်​ထား​သည့်​လယ်​ယာ​များ​ကို​စို​စွတ် စေ​တော်​မူ​ပါ​၏။ ထို​နောက်​မိုး​ရေ​ဖြင့်​မြေ​ဆီ​လွှာ​ကို ပျော့​စေ​တော်​မူ​ပြီး​လျှင်​ပျိုး​ပင်​ငယ်​များ​ကို ပေါက်​စေ​တော်​မူ​ပါ​၏။
PSA 65:11 ကိုယ်​တော်​ရှင်​ကောင်း​မြတ်​တော်​မူ​ခြင်း​ကြောင့် ရိတ်​သိမ်း​ရ​သည့်​အ​သီး​အ​နှံ​များ​ကား များ​ပြား​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​ကြွ​ရောက်​တော်​မူ​ရာ​အ​ရပ် တိုင်း​၌ ပေါ​များ​ကြွယ်​ဝ​မှု​ရှိ​ပါ​သည်​တ​ကား။
PSA 65:12 စား​ကျက်​တို့​တွင်​သိုး​အုပ် ဆိတ်​အုပ်​များ​ရှိ​ပါ​၏။ တောင်​ကုန်း​တို့​သည်​သာ​ယာ​ရွှင်​လန်း​လျက်​ရှိ​ပါ​၏။
PSA 65:13 ကွင်း​ပြင်​တို့​သည်​သိုး​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ချိုင့်​ဝှမ်း​တို့​သည်​ဂျုံ​ပင်​များ​နှင့်​ဖုံး​လွှမ်း​လျက်​ရှိ​ပါ​၏။ အ​ရာ​ခပ်​သိမ်း​တို့​သည်​ရွှင်​လန်း​စွာ​အော်​ဟစ်​၍ သီ​ချင်း​ဆို​လျက်​ရှိ​ကြ​ပါ​၏။
PSA 66:1 လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား​ဝမ်း​မြောက်​စွာ အော်​ဟစ်​၍​ထော​မ​နာ​ပြု​ကြ​လော့။
PSA 66:2 ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​သော​နာ​မ​တော် အ​ကြောင်း​ကို သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။
PSA 66:3 ``ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည် ကြီး​မား​လှ​သည်​ဖြစ်​၍​ရန်​သူ​တို့​သည်​ရှေ့​တော်​တွင် ကြောက်​ရွံ့​ဝပ်​တွား​ကြ​ပါ​၏။
PSA 66:4 ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​ကို​ရှိ​ခိုး​ဝတ်​ပြု​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​ပါ​၏'' ဟု ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​လော့။
PSA 66:5 ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ၊ လူ​တို့​တွင်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ အ​မှု​များ​ကို​လာ​၍​ကြည့်​ကြ​လော့။
PSA 66:6 ကိုယ်​တော်​သည်​ပင်​လယ်​ကို​ကုန်း​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး​များ​သည်​မြစ်​ကို ခြေ​လျင်​ဖြတ်​ကူး​ခဲ့​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​အ​တွက်​ငါ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့​ကြ​၏။
PSA 66:7 ကိုယ်​တော်​သည်​ဘုန်း​အာ​နု​ဘော်​တော်​အား​ဖြင့် အ​စဉ်​အ​မြဲ​အုပ်​စိုး​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​၏​ခြေ​လှမ်း​ကို​ကြည့်​လျက် နေ​တော်​မူ​၏။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​မ​ပုန်​ကန်​ပါ​စေ​နှင့်။
PSA 66:8 လူ​မျိုး​အ​ပေါင်း​တို့၊ငါ​တို့​၏​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သင်​တို့​၏​ထော​မ​နာ​သံ​ကို​ကြား​ပါ​စေ။
PSA 66:9 ကိုယ်​တော်​သည်​ငါ​တို့​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ခဲ့​ပါ​၏။ ငါ​တို့​အား​ပြို​လဲ​စေ​တော်​မ​မူ​ခဲ့​ပါ။
PSA 66:10 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။ ငွေ​ကို​မီး​ဖြင့်​ချွတ်​သ​ကဲ့​သို့​ကျွန်​တော်​မျိုး တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။
PSA 66:11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ထောင်​ချောက်​တွင်​ကျ​စေ​တော်​မူ​၍ လေး​လံ​သော​ဝန်​ကို​ထမ်း​စေ​တော်​မူ​ပါ​၏။
PSA 66:12 ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား​ကျွန်​တော်​မျိုး တို့​ကို ကျော်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မီး​ဘေး​ရေ​ဘေး​တို့​နှင့် ကြုံ​တွေ့​ရ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ​ပြီ။
PSA 66:13 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော် သို့ မီး​ရှို့​ရာ​ပူ​ဇော်​သကာ​ကို​ယူ​ဆောင်​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ပြု​ခဲ့​သည့် က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။
PSA 66:14 ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​က၊ က​တိ​သစ္စာ​ထား​ခဲ့​သည့်​အ​တိုင်း​ကိုယ်​တော် ရှင်​အား ဆက်​သ​ပါ​မည်။
PSA 66:15 ကျွန်​တော်​မျိုး​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန် သိုး​ကို​ဆက်​သ​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​နွား​နှင့်​ဆိတ်​များ​ကို ယဇ်​ပူ​ဇော်​ပါ​မည်။ မီး​ရှို့​ရာ​ယဇ်​များ​မှ​မီး​ခိုး​သည်​ကောင်း​ကင်​သို့ တက်​ပါ​လိမ့်​မည်။
PSA 66:16 ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ လာ​၍​နား​ထောင်​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​အ​တွက်​အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​ငါ​ပြော​မည်။
PSA 66:17 ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​၏​ထံ​တော်​သို့ ငါ​အော်​ဟစ်​ခဲ့​ပြီ။ ကိုယ်​တော်​အား​သီ​ချင်း​များ​ဖြင့်​ထော​မ​နာ​ပြု​ခဲ့​ပြီ။
PSA 66:18 အ​ကယ်​၍​ငါ​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို လျစ်​လူ​ရှု​၍​နေ​ခဲ့​ပါ​မူ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်​ပါ။
PSA 66:19 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​၏​လျှောက်​ထား​ချက်​ကို အ​မှန်​ပင်​ကြား​တော်​မူ​လေ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လေ​ပြီ။
PSA 66:20 ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ပယ်​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ့​ထံ​မှ​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ရုပ်​သိမ်း​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း ငါ​သည်​ကိုယ်​တော်​အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။
PSA 67:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​ပါ။ က​ရု​ဏာ​စိတ်​နှင့်​ကျွန်​တော်​မျိုး​တို့​အား ကြည့်​တော်​မူ​ပါ။
PSA 67:2 သို့​မှ​သာ​လျှင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း တို့​သည် ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို​သိ​ကြ​ပါ လိမ့်​မည်။
PSA 67:3 အို ဘု​ရား​သ​ခင်၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။
PSA 67:4 ကိုယ်​တော်​ရှင်​သည်​လူ​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။
PSA 67:5 အို ဘု​ရား​သ​ခင်၊ လူ​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​စေ​သော။
PSA 67:6 မြေ​ကြီး​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ပွား​စေ​ပြီ။ ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပြီ။
PSA 67:7 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပြီ။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။
PSA 68:1 ဘု​ရား​သ​ခင်​သည်​ထ​တော်​မူ​၍​ကိုယ်​တော်​၏ ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​သည်​အ​ရေး​နိမ့်​၍ ထွက်​ပြေး​ကြ​၏။
PSA 68:2 ကိုယ်​တော်​သည်​သူ​တို့​အား​လေ​တွင်​လွင့်​ပါ သွား​သော မီး​ခိုး​ကဲ့​သို့​လွင့်​စင်​သွား​စေ​တော်​မူ​၏။ ဖ​ယောင်း​သည်​မီး​ရှေ့​တွင်​အ​ရည်​ပျော်​သ​ကဲ့​သို့ လူ​ယုတ်​မာ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တွင် သေ​ကျေ​ပျက်​စီး​ကြ​၏။
PSA 68:3 သူ​တော်​ကောင်း​တို့​မူ​ကား​ကိုယ်​တော်​၏​ရှေ့​တော်​တွင် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​အ​လွန်​ပင်​ပျော်​ရွှင်​ကြ​၍ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​၏။
PSA 68:4 ဘု​ရား​သ​ခင်​အား​သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ သီ​ချင်း​ဆို​ကြ​လော့။ မိုး​တိမ်​ကို​စီး​တော်​မူ​သော​အ​ရှင်​၏​အ​တွက် လမ်း​ခ​ရီး​ကို​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ဝမ်း​မြောက်​ကြ​လော့။
PSA 68:5 သန့်​ရှင်း​မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​တွင် ကိန်း​ဝပ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မိ​ဘ​မဲ့​သူ​များ​ကို​စောင့်​ရှောက်​၍​မု​ဆိုး​မ များ​ကို ကာ​ကွယ်​တော်​မူ​၏။
PSA 68:6 ကိုယ်​တော်​သည်​အ​ဖော်​မဲ့​သူ​တို့​အား​အိမ် ထောင်​နှင့် နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​၍ အ​ကျဉ်း​ခံ​ရ​သူ​တို့​ကို​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ​သူ​တို့ သည်​ကား သွေ့​ခြောက်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​ကြ​ရ​လိမ့်​မည်။
PSA 68:7 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား လမ်း​ပြ​ပို့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို​ဖြတ်​၍ ချီ​တက်​တော်​မူ​သော​အ​ခါ​၌
PSA 68:8 မြေ​ကြီး​သည်​တုန်​လှုပ်​၍​မိုး​ကောင်း​ကင်​မှ မိုး​ရွာ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သိ​နာ​တောင်​၏​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သည် ကြွ​လာ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။
PSA 68:9 ကိုယ်​တော်​ရှင်​သည်​မိုး​ကို​သည်း​ထန်​စွာ​ရွာ​စေ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​သည့်​ပြည်​တော်​ကို ပြန်​လည်​၍​လန်း​ဆန်း​စေ​တော်​မူ​ပါ​၏။
PSA 68:10 ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​ကြ​၏။ ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကောင်း​မြတ်​တော်​မူ​ခြင်း​ကြောင့်​ဖူ​လုံ​လျက်​ရှိ ကြ​ပါ​၏။
PSA 68:11 ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ​၍​အ​မျိုး​သ​မီး အ​မြောက်​အ​မြား​သည် ``ရှင်​ဘု​ရင်​များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ခြေ တို့​သည် ဆုတ်​ပြေး​ကြ​လေ​ပြီ'' ဟု​သ​တင်း​လွှင့်​ကြ​၏။ အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​အိမ်​များ​တွင် လက်​ရ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ကြ​၏။
PSA 68:13 ယင်း​ပစ္စည်း​များ​မှာ​ရွှေ​ရောင်​ပြောင်​လက်​သော အ​မွေး​အ​တောင်​များ​ရှိ​သည့် ငွေ​ဖြင့်​ဖုံး​အုပ်​သော​ချိုး​ငှက်​ရုပ်​များ​ဖြစ်​သည်။ (သင်​တို့​အ​ချို့​သည်​စစ်​ပွဲ​ဝင်​သော​နေ့​တွင် အ​ဘယ်​ကြောင့်​သိုး​ခြံ​များ​၌​နေ​ခဲ့​သ​နည်း။)
PSA 68:14 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ဇာ​လ​မုန်​တောင်​ပေါ်​တွင်​ဘု​ရင်​မင်း​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​သော​အ​ခါ​ထို​တောင်​ပေါ် တွင် မိုး​ပွင့်​များ​ကျ​စေ​တော်​မူ​၏။
PSA 68:15 ဗာ​ရှန်​တောင်​သည်​လွန်​စွာ​ကြီး​မား​လှ​ပါ​ပေ​သည်။ တောင်​ထိပ်​များ​စွာ​ရှိ​သည့်​တောင်​ဖြစ်​ပါ​သည် တ​ကား။
PSA 68:16 ကြီး​မား​သည့်​တောင်​ထိပ်​များ​မှ​သင်​သည် အ​ဘယ်​ကြောင့်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရန် ရွေး​ချယ်​ထား​သည့်​တောင်​တော်​ကို​မ​ထီ​လေး​စား စိတ်​ဖြင့်​ကြည့်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​တောင်​ပေါ်​တွင်​ထာ​ဝ​စဉ် ကိန်း​ဝပ်​တော်​မူ​မည်။
PSA 68:17 ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့် သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။
PSA 68:18 ကိုယ်​တော်​သည်​သုံ့​ပန်း​များ​ကို​ခေါ်​ဆောင်​၍ မြင့်​သော​အ​ရပ်​သို့​တက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​ပုန်​ကန်​သူ​တို့​၏​ထံ​မှ လက်​ဆောင်​ပဏ္ဏာ​များ​ကို​ခံ​ယူ​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရပ် တွင် ကိန်း​ဝပ်​တော်​မူ​မည်။
PSA 68:19 ငါ​တို့​၏​ဝန်​ထုပ်​များ​ကို​နေ့​စဉ်​နေ့​တိုင်း သယ်​ဆောင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။
PSA 68:20 ငါ​တို့​၏​ဘု​ရား​သည်​ကယ်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကား​ထာ​ဝ​ရ​ဘု​ရား၊ ငါ​တို့​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​သော ငါ​တို့​၏​ဘု​ရား​ရှင်​ဖြစ်​တော်​မူ​၏။
PSA 68:21 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရန်​သူ​များ​နှင့် အ​ပြစ်​ပြု​မြဲ​ပြု​နေ​သူ​များ​၏​ဦး​ခေါင်း​ကို ဧ​ကန်​အ​မှန်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။
PSA 68:22 ဘု​ရား​သ​ခင်​က``သင်​တို့​သည်​ရန်​သူ​များ​၏ သွေး​အိုင်​တွင်​လျှောက်​သွား​နိုင်​ကြ​စေ​ရန်​နှင့် သင်​တို့​၏​ခွေး​များ​သည်​သူ​တို့​၏​သွေး​ကို အ​လို​ရှိ​သ​မျှ​လျက်​သောက်​နိုင်​ကြ​စေ​ရန် သူ​တို့​အား​ဗာ​ရှန်​ပြည်​မှ​ငါ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်။ သ​မုဒ္ဒ​ရာ​ရေ​နက်​ကြီး​ထဲ​မှ​ပြန်​လည်​ခေါ်​ဆောင် ခဲ့​မည်'' ဟု​မိန့်​တော်​မူ​၏။
PSA 68:24 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အောင်​စစ်​ချီ​တော်​မူ​ခြင်း၊ ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​ကြွ​ဝင်​တော်​မူ​ခြင်း​ကို လူ​ပေါင်း​တို့​တွေ့​မြင်​ကြ​ပါ​၏။
PSA 68:25 သီ​ချင်း​သီ​ဆို​သူ​များ​သည်​ရှေ့​မှ​လိုက်​၍ တူ​ရိ​ယာ​တီး​မှုတ်​သူ​များ​က​နောက်​မှ​လိုက် ကြ​ပါ​၏။ ပတ်​သာ​တီး​မှုတ်​သူ​အ​မျိုး​သ​မီး​ငယ်​များ​က​မူ အ​လယ်​မှ​လိုက်​ပါ​ကြ​ပါ​၏။
PSA 68:26 ကိုယ်​တော်​၏​လူ​စု​တော်​အ​စည်း​အ​ဝေး​တွင် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လော့။ ယာ​ကုပ်​၏​သား​မြေး​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 68:27 ချီ​တက်​လာ​သော​ထို​လူ​စု​ထဲ​တွင်​ဦး​စွာ အ​ငယ်​ဆုံး​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ၊ ထို​နောက်​ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​အ​နွယ် ဝင်​များ၊ သူ​တို့​နောက်​မှ​ဇာ​ဗု​လုန်​နှင့်​န​ဿ​လိ ခေါင်း​ဆောင်​များ​နှင့်​အ​နွယ်​ဝင်​များ​လိုက်​ပါ ကြ​၏။
PSA 68:28 အို ဘု​ရား​သ​ခင်၊ ရှင်​ဘု​ရင်​များ​ကိုယ်​တော်​ထံ​လက်​ဆောင်​များ ဆက်​သ​ရာ​ယေ​ရု​ရှင်​လင်​မြို့​ရှိ​ဗိ​မာန်​တော်​မှ ကျွန်​တော်​မျိုး​တို့​အ​တွက်​အ​သုံး​ပြု​တော်​မူ ခဲ့​သော တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ။
PSA 68:30 ကူ​တော​မှ​သား​ရဲ​တိ​ရစ္ဆာန်​ဖြစ်​သည့်​အီ​ဂျစ် ပြည်​ကို ဆုံး​မ​တော်​မူ​ပါ။ နွား​လား​ဥ​သ​ဘ​များ​နှင့်​နောက်​လိုက် နွား​ပျို​များ​တည်း​ဟူ​သော​လူ​မျိုး​များ သည် ကိုယ်​တော်​ရှင်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ လက်​ဆောင် ပဏ္ဏာ​ဆက်​သ​လာ​သည်​တိုင်​အောင်​သူ​တို့​အား ဆုံး​မ​တော်​မူ​ပါ။ စစ်​တိုက်​ရန်​နှစ်​သက်​သော​လူ​မျိုး​တို့​ကို​ကွဲ​လွင့် စေ​တော်​မူ​ပါ။
PSA 68:31 အီ​ဂျစ်​ပြည်​မှ​သံ​တ​မန်​များ​သည်​အ​ထံ တော်​သို့ လာ​ကြ​ပါ​လိမ့်​မည်။ ဆူ​ဒန်​ပြည်​သား​တို့​သည်​လက်​အုပ်​ချီ​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ ပြု​ကြ​ပါ​လိမ့်​မည်။
PSA 68:32 လော​က​နိုင်​ငံ​အ​ပေါင်း​တို့၊ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​၍​ချီး​မွမ်း​ကြ​လော့။ ရှေး​မ​ဆွ​က​တည်​ရှိ​နေ​သည့်​မိုး​ကောင်း​ကင်​တွင် ကြွ​မြန်း​တော်​မူ​သော​ဘု​ရား​ရှင်​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ကျယ်​စွာ​မိန့်​မြွက်​တော်​မူ​သော​အ​သံ​ကို နား​ထောင်​ကြ​လော့။
PSA 68:34 ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို​ထုတ်​ဖော် ကြေ​ညာ​ကြ​လော့။ ကိုယ်​တော်​၏​ဂုဏ်​ကျက်​သ​ရေ​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင်​လွှမ်း​မိုး​၍ ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​သည် မိုး​ကောင်း​ကင်​၌​ထင်​ရှား​လျက်​ရှိ​၏။
PSA 68:35 သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရို​သေ​ကြောက်​ရွံ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​တန်​ခိုး​နှင့် စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 69:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ရေ​သည်​ကျွန်​တော်​မျိုး​၏​လည်​မျို​တိုင်​အောင် ရောက်​လျက်​နေ​ပါ​ပြီ။
PSA 69:2 ကျွန်​တော်​မျိုး​သည်​နက်​လှ​သော​ရွှံ့​ထဲ​တွင်​ကျွံ​နေ​ပါ​ပြီ။ ခြေ​နင်း​စ​ရာ​မြေ​မာ​မ​ရှိ​ပါ။ ကျွန်​တော်​မျိုး​သည်​ရေ​နက်​ထဲ​သို့​ရောက်​လျက် ရှိ​ပါ​၏။ လှိုင်း​လုံး​များ​သည်​ကျွန်​တော်​မျိုး​အား လွှမ်း​မိုး​ကြ​ပါ​တော့​မည်။
PSA 69:3 ကူ​မ​တော်​မူ​ရန်​အော်​ဟစ်​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​နာ​လျက်​နေ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​ရန် မျှော်​ကြည့်​ရ​ဖန်​များ​သ​ဖြင့်​မျက်​စိ​များ​သည် ညောင်း​လျက်​နေ​ပါ​ပြီ။
PSA 69:4 ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့​မုန်း​သော သူ​တို့​၏​အ​ရေ​အ​တွက်​သည်​ကျွန်​တော်​မျိုး ဦး​ခေါင်း​မှ​ဆံ​ပင်​ထက်​ပို​၍​များ​ပါ​၏။ လိမ်​လည်​ပြော​ဆို​၍​ကျွန်​တော်​မျိုး​အား ရန်​ဘက်​ပြု​သူ​တို့​သည်​ခွန်​အား​ကြီး​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​ကြ​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​မ​ခိုး​မ​ယူ​သည့် ပစ္စည်း​ဥစ္စာ​များ​ကို​ပြန်​၍​ပေး​ရ​ပါ​၏။
PSA 69:5 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ကိုယ်​တော် ထံ​တော်​မှ ဖုံး​ကွယ်​၍​မ​ရ​ပါ။ ကျွန်​တော်​မျိုး​အ​ဘယ်​မျှ​မိုက်​မဲ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။
PSA 69:6 အ​နန္တ​တန်​ခိုး​ရှင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​သူ​တို့​သည် ကျွန်​တော်​မျိုး​၏​အ​တွက်​ကြောင့်​အ​ရှက်​မ​ကွဲ ကြ​ရ​ပါ​စေ​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည် ကျွန်​တော်​မျိုး​၏​အ​တွက်​ကြောင့် ဂုဏ်​အ​သ​ရေ​မ​ပျက်​ရ​ကြ​ပါ​စေ​နှင့်။
PSA 69:7 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​တွက် စော်​ကား​ခြင်း​ကို​ခံ​ရ​ပါ​၏။ အ​လွန်​အ​ရှက်​ကွဲ​ရ​ပါ​၏။
PSA 69:8 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​ညီ​အစ်​ကို​တို့​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​ကဲ့​သို့​လည်း​ကောင်း၊ မိ​သား​စု​တွင်​လည်း​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​ပါ​၏။
PSA 69:9 ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို​စွဲ​လမ်း​မှု​သည် ကျွန်​တော်​မျိုး​၏​စိတ်​အ​တွင်း​၌​မီး​ကဲ့​သို့ ဟုန်း​ဟုန်း​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို​သော စ​ကား​များ​သည်​ကျွန်​တော်​မျိုး​အား​စော်​ကား ပြော​ဆို​သော​စ​ကား​များ​ဖြစ်​ပါ​၏။
PSA 69:10 ကျွန်​တော်​မျိုး​သည်​အ​စာ​ရှောင်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ​လူ​တို့​သည် ကျွန်​တော်​မျိုး​အား​စော်​ကား​ကြ​ပါ​၏။
PSA 69:11 ကျွန်​တော်​မျိုး​သည်​လျှော်​တေ​ကို​ဝတ်​သော အ​ခါ သူ​တို့​သည်​ပြောင်​လှောင်​ကြ​ပါ​၏။
PSA 69:12 သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။ သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။
PSA 69:13 သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​မ​ဟာ​မေတ္တာ​တော်​ကို ထောက်​၍​လည်း​ကောင်း၊ ကယ်​တော်​မူ​မည်​ဟု​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍​လည်း​ကောင်း တောင်း​လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​လို​တော်​ရှိ​ချိန်​၌​ကျွန်​တော်​မျိုး​၏ ဆု​တောင်း​ပတ္ထနာ​ကို​ဖြေ​ကြား​တော်​မူ​ပါ။
PSA 69:14 ရွှံ့​နွံ​တွင်​မ​ကျွံ​မ​နစ်​စေ​ရန်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ရန်​သူ​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ရေ​နက်​ရာ​မှ​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​ပါ။
PSA 69:15 ကျွန်​တော်​မျိုး​အား​ရေ​လွှမ်း​မိုး​စေ​တော်​မ​မူ​ပါ​နှင့်။ ရေ​နက်​ရာ​တွင်​နစ်​မြုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သင်္ချိုင်း​တွင်း​သို့​သက်​ဆင်း​စေ​တော်​မ​မူ ပါ​နှင့်။
PSA 69:16 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။
PSA 69:17 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ယ​ခု​ပင် နား​ညောင်း​တော်​မူ​ပါ။
PSA 69:18 ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​ကို​ကယ်​တော် မူ​ပါ။ ရန်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော်​မူ​ပါ။
PSA 69:19 ကျွန်​တော်​မျိုး​သည်​အ​ဘယ်​မျှ​အ​စော်​ကား ခံ​ရ​၍ အ​ဘယ်​မျှ​အ​ရှက်​ကွဲ​အ​သ​ရေ​ပျက်​ရ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ အပေါင်း​ကို မြင်​တော်​မူ​ပါ​၏။
PSA 69:20 အ​စော်​ကား​ခံ​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး ကြေ​ကွဲ​၍​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကြင်​နာ​မှု​ကို​တောင့်​တ​သော အ​ခါ သ​နား​မည့်​သူ​ကို​မ​တွေ့​ရ​ပါ။ စိတ်​သက်​သာ​မှု​ကို​တောင့်​တ​သော​အ​ခါ စိတ်​သက်​သာ​စေ​မည့်​သူ​မ​ရှိ​ပါ။
PSA 69:21 ကျွန်​တော်​မျိုး​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ ရန်​သူ​တို့​သည်​အ​ဆိပ်​ကို​ကျွေး​ကြ​ပါ​၏။ ရေ​ငတ်​သော​အ​ခါ​ပုန်း​ရည်​ကို​တိုက်​ကြ ပါ​၏။
PSA 69:22 သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့ ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ်​ပါ​စေ​သော။ သူ​တို့​ကျင်း​ပ​သည့်​ဋ္ဌမ္မ​ပွဲ​များ​သည်​လည်း သူ​တို့​ပြို​လဲ​ကြောင်း​ဖြစ်​ပါ​စေ​သော။
PSA 69:23 သူ​တို့​သည်​မ​မြင်​နိုင်​ကြ​စေ​ရန်​သူ​တို့​၏ မျက်​စိ​ကို ကွယ်​စေ​တော်​မူ​ပါ။ သူ​တို့​၏​ခါး​များ​ကို​လည်း​အ​စဉ်​အ​မြဲ ချိ​နဲ့​စေ​တော်​မူ​ပါ။
PSA 69:24 ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​သူ​တို့ အပေါ်​သို့ သွန်း​လောင်း​တော်​မူ​၍​အ​မျက်​တော်​အ​ဟုန်​သည် သူ​တို့​အား​မီ​စေ​တော်​မူ​ပါ။
PSA 69:25 သူ​တို့​၏​တဲ​စ​ခန်း​များ​သည်​လူ​သူ​ဆိတ်​ညံ​ရာ အ​ရပ်​များ​အ​ဖြစ်​ဖြင့်​ကျန်​ရစ်​ပါ​စေ​သော။ သူ​တို့​၏​တဲ​များ​အ​တွင်း​၌​လူ​တစ်​ဦး​တစ်​ယောက် မျှ အ​သက်​ရှင်​လျက်​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ နှင့်။
PSA 69:26 ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သူ တို့​ကို နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​ခဲ့​သော သူ​တို့ ခံ​ရ​သည့်​ဝေ​ဒ​နာ​အ​ကြောင်း​ကို​ပြော​ဆို ကြ​ပါ​၏။
PSA 69:27 သူ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​စာ​ရင်း​ပြု​၍ မှတ်​သား​ထား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကို သူ​တို့​အား​ခံ​စား​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။
PSA 69:28 သူ​တို့​၏​နာ​မည်​များ​သည်​အ​သက်​ရှင်​သူ​များ စာ​ရင်း​စာ​စောင်​မှ​ပယ်​ဖျက်​ခြင်း​ခံ​ရ​ပါ​စေ​သော။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တွင် စာ​ရင်း​မ​ဝင်​သူ​များ​ဖြစ်​ကြ​ပါ​စေ သော။
PSA 69:29 သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​နာ​ကျင်​၍ စိတ်​ပျက်​အား​လျော့​လျက်​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ချီ​ပင့်​၍​ကယ်​တော်​မူ​ပါ။
PSA 69:30 ကျွန်​တော်​မျိုး​သည်​သီ​ချင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​အား​ဖြင့် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ် ဖော် ကြေ​ညာ​ပါ​မည်။
PSA 69:31 ယင်း​သို့​ပြု​သည်​ကို​ထာ​ဝ​ရ​ဘု​ရား​သည် နွား​ပူ​ဇော်​သ​ကာ​ထက်​ပို​၍​နှစ်​သက်​တော် မူ​လိမ့်​မည်။ ထွား​ကြိုင်း​သန်​မာ​သော​နွား​လား​ကို​ပူ​ဇော် သည်​ထက် ပို​၍​နှစ်​သက်​တော်​မူ​လိမ့်​မည်။
PSA 69:32 ဤ​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​ညှဉ်း​ဆဲ ခံ​ရ​သူ​တို့​သည်​ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည် အား​တက်​ကြ​လိမ့်​မည်။
PSA 69:33 ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။ အ​ကျဉ်း​ခံ​နေ​ရ​သော​မိ​မိ​၏​လူ​စု​တော် အား မေ့​လျော့​တော်​မ​မူ​ပါ။
PSA 69:34 ကောင်း​ကင်​နှင့်​မြေ​ကြီး၊ပင်​လယ်​နှင့်​ပင်​လယ်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 69:35 ကိုယ်​တော်​သည်​ဇိ​အုန်​တောင်​ကို​ကယ်​ဆယ်​တော် မူ​၍ ယု​ဒ​မြို့​တို့​ကို​ပြန်​၍​တည်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​လူ​စု​တော်​သည်​ထို​မြို့​များ​တွင် နေ​ထိုင်​ကြ​လျက်​တိုင်း​ပြည်​ကို​ပိုင်​ဆိုင်​ကြ လိမ့်​မည်။
PSA 69:36 ကိုယ်​တော့်​အ​စေ​ခံ​များ​၏​သား​မြေး​တို့​သည် တိုင်း​ပြည်​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ ကိုယ်​တော်​အား​ချစ်​သော​သူ​တို့​သည်​ထို​ပြည်​တွင် နေ​ထိုင်​ကြ​ရ​လိမ့်​မည်။
PSA 70:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​အား​ကူ​မ​တော်​မူ​ပါ။
PSA 70:2 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ​ပါ​စေ သော။ ကျွန်​တော်​မျိုး​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​အကြောင်း​ပြု​၍ ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍​ကွဲ​ကြ ပါ​စေ​သော။
PSA 70:3 ကျွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​သည့်​အ​တွက် အ​လွန်​ကြောက်​လန့်​ကြ​ပါ​စေ​သော။
PSA 70:4 ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​သူ အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ စေ​သော။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည် ``ဘု​ရား​သ​ခင်​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟု​အ​စဉ်​မ​ပြတ်​ချီး​ကူး ကြ​ပါ​စေ​သော။
PSA 70:5 ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​လျက် ဆင်း​ရဲ​၍​နေ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ထံ​သို့​လျင်​မြန်​စွာ​ကြွ​လာ တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ကျွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​အ​လျင်​အ​မြန် ကြွ​တော်​မူ​ပါ။
PSA 71:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့်​ထံ​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​ချဉ်း​ကပ် ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မ​မူ​ပါ​နှင့်။
PSA 71:2 ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သည် နှင့်​အ​ညီ၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကယ်​ဆယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​နား​ညောင်း ၍ ကယ်​တော်​မူ​ပါ။
PSA 71:3 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ကျောက်​တောင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​ရန်​အ​တွက်​ခိုင်​ခံ့ သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​သော၊ ကျွန်​တော်​မျိုး​ကို​ကာ​ကွယ်​သော​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။
PSA 71:4 ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား သူ​ယုတ်​မာ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​ပါ။ ရက်​စက်​ဆိုး​ညစ်​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။
PSA 71:5 အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး ပါ​၏။ ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​ကိုယ်​တော်​ရှင်​အား ကိုး​စား​ခဲ့​ပါ​၏။
PSA 71:6 ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။
PSA 71:7 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​တွက် ခိုင်​ခံ့​သည့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​လူ​တို့​ရှေ့​တွင်​စံ​န​မူ​နာ ဖြစ်​ပါ​၏။
PSA 71:8 တစ်​နေ့​လုံး​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​၍ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​၏။
PSA 71:9 ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အို​မင်း​သော ကြောင့် ကျွန်​တော်​မျိုး​အား​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​အ​ခါ​မ​စွမ်း​မ​သန်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
PSA 71:10 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ကျွန်​တော် မျိုး​အား သတ်​လို​ကြ​သ​ဖြင့်​ဆွေး​နွေး​ကြံ​စည်​ကြ ပါ​၏။
PSA 71:11 ``သူ​၏​ဘု​ရား​သည်​သူ့​ကို​စွန့်​ပစ်​လေ​ပြီ။ သူ့​အား​ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​သ​ဖြင့် သူ့​ကို​လိုက်​ဖမ်း​ကြ​ကုန်​အံ့'' ဟု​သူ​တို့​ဆို ကြ​ပါ​၏။
PSA 71:12 အို ဘု​ရား​သ​ခင်၊ ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး အား ကူ​မ​ရန်​အ​လျင်​အ​မြန်​ကြွ​တော်​မူ​ပါ။
PSA 71:13 ကျွန်​တော်​မျိုး​ကို​တိုက်​ခိုက်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​ပျက်​စီး​ဆုံး​ပါး​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​ထိ​ခိုက်​ဒဏ်​ရာ​ရ​အောင် ကြိုး​စား​ကြ​သူ​တို့​သည် အ​ရှက်​ကွဲ​၍​အ​သ​ရေ​ပျက်​ကြ​ပါ​စေ​သော။
PSA 71:14 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​ပင် စောင့်​မျှော်​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​အ​ဖန်​ဖန်​အ​ခါ​ခါ ထော​မ​နာ​ပြု​ပါ​မည်။
PSA 71:15 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကောင်း​မြတ်​တော်​မူ​ပုံ​ကို​ပြော​ကြား​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် ကျွန်​တော်​မျိုး​နား​လည်​နိုင်​သည်​ထက်​ပို​၍ နက်​နဲ​ပါ​၏။ သို့​ရာ​တွင်​ထို​ကျေး​ဇူး​တော်​အ​ကြောင်း​ကို ကျွန်​တော်​မျိုး​သည်​တစ်​နေ့​လုံး​ပြော ကြား​ပါ​မည်။
PSA 71:16 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကို အ​မှီ​ပြု​၍ ကျွန်​တော်​မျိုး​သွား​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်၊ကိုယ်​တော်​ရှင်​သာ​လျှင် ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို ကျွန်​တော်​မျိုး​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
PSA 71:17 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ငယ် ရွယ်​စဉ် အ​ခါ​မှ​စ​၍​သွန်​သင်​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​ယ​နေ့​တိုင်​အောင် ပြော​ကြား​လျက်​ရှိ​ပါ​၏။
PSA 71:18 ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အ​သက် ကြီး​၍ ဆံ​ပင်​ဖြူ​လျက်​နေ​ပါ​ပြီ။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​နောင်​လာ​လတ္တံ့​သော သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော် အ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ​ညာ​လျက်​ရှိ​နေ​စဉ် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။
PSA 71:19 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု​တော် မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ။
PSA 71:20 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား များ​ပြား​ဆိုး​ရွား​သော​ဘေး​ဒုက္ခ​များ​နှင့် တွေ့​ကြုံ​စေ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြန်​၍ အား​အင်​ပြည့်​ဝ​စေ​တော်​မူ​လျက်​သေ​ဘေး​မှ ကယ်​တော်​မူ​ပါ​လိမ့်​မည်။
PSA 71:21 ကျွန်​တော်​မျိုး​အား​ယ​ခင်​အ​ခါ​က​ထက် ပို​မို​ကြီး​မြင့်​စေ​တော်​မူ​၍​နှစ်​သိမ့်​မှု​ကို တစ်​ဖန် ပေး​တော်​မူ​ပါ​လိမ့်​မည်။
PSA 71:22 ကျွန်​တော်​မျိုး​သည်​အ​မှန်​ပင်​ကိုယ်​တော်​ရှင်​အား စောင်း​တီး​၍​ထော​မ​နာ​ပြု​ပါ​မည်။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည့် ကိုယ်​တော်​ရှင်​အား​စောင်း​တီး​၍့​ဋ္ဌမ္မ​သီ​ချင်း များ​ဖြင့် ချီး​မွမ်း​ပါ​မည်။
PSA 71:23 ကိုယ်​တော်​ရှင်​အ​တွက်​စောင်း​ကို​တီး​စဉ် ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ သီ​ချင်း​ဆို​ပါ​မည်။
PSA 71:24 ကျွန်​တော်​မျိုး​အား​အ​ကျိုး​ယုတ်​စေ​ရန် ရှာ​ကြံ​သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​၍​အ​သ​ရေ​ပျက် ရ​ကြ​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ရှင်​ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​အ​ကြောင်း​ကို​တစ်​နေ့​လုံး​ပြော​ကြား ပါ​မည်။
PSA 72:1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​နှင့်​အ​ညီ စီ​ရင်​ဆုံး​ဖြတ် နိုင်​ရန်​မင်း​ကြီး​အား​သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​တ​ရား​မျှ​တ​စွာ အုပ်​ချုပ်​နိုင်​စေ​ရန်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို​တ​ရား​တော်​နှင့်​အ​ညီ အုပ်​စိုး​နိုင်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​အ​တိုင်း စီ​ရင်​နိုင်​ခွင့်​ကို​မင်း​ကြီး​အား​ပေး​တော် မူ​ပါ။
PSA 72:3 တိုင်း​ပြည်​တွင်​သာ​ယာ​ဝ​ပြော​၍​တ​ရား မျှ​တ​မှု စိုး​မိုး​ခြင်း​ရှိ​ပါ​စေ​သော။
PSA 72:4 မင်း​ကြီး​သည်​ဆင်း​ရဲ​သူ​တို့​အား​မျှ​တ​စွာ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ပါ​စေ​သော။ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​အား​ကူ​မ​တော်​မူ​ပါ စေ​သော။ ဖိ​စီး​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း​တော်​မူ​ပါ စေ​သော။
PSA 72:5 နေ​သည်​ထွန်း​လင်း​လျက်၊လ​သည်​အ​လင်း​ရောင် ပေး​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည် ကိုယ်​တော်​ရှင်​အား​ကာ​လ​အ​စဉ်​အ​ဆက် ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။
PSA 72:6 မင်း​ကြီး​သည်​လယ်​ယာ​များ​အ​ပေါ်​သို့ ရွာ​ချ​သည့် မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ပြင်​ပေါ်​သို့​ကျ​ရောက်​လာ​သည့်​မိုး​ပေါက် များ ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​စေ​သော။
PSA 72:7 မင်း​ကြီး​၏​လက်​ထက်​၌​တ​ရား​မျှ​တ​မှု စိုး​မိုး​ပါ​စေ​သော။ လ​သည်​အ​လင်း​ရောင်​ပေး​လျက်​နေ​သ​မျှ ကာ​လ​ပတ်​လုံး​သာ​ယာ​ဝ​ပြော​မှု​ရှိ​ပါ စေ​သော။
PSA 72:8 မင်း​ကြီး​သည်​ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင် တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​မှ​မြေ​ကြီး​စွန်း​တိုင်​အောင် လည်း​ကောင်း အုပ်​စိုး​လိမ့်​မည်။
PSA 72:9 သဲ​ကန္တာ​ရ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် မင်း​ကြီး​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ကြ​ပါ​လိမ့်​မည်။ မင်း​ကြီး​၏​ရန်​သူ​များ​သည်​ခြေ​တော်​ရင်း​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။
PSA 72:10 စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။ အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှ ရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။
PSA 72:11 ဘု​ရင်​အ​ပေါင်း​တို့​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​မင်း​ကြီး​၏ အ​စေ​ကို ခံ​ကြ​ပါ​လိမ့်​မည်။
PSA 72:12 မင်း​ကြီး​သည်​မိ​မိ​အား​ဟစ်​ခေါ်​ကြ​သည့် ဆင်း​ရဲ​သူ​တို့​အား​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​၍​ခို​ကိုး​ရာ​မဲ့​သူ​တို့ အား​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​၏။
PSA 72:13 ချို့​တဲ့​ဆင်း​ရဲ​သူ​တို့​ကို​သ​နား​တော်​မူ​၍ သူ​တို့​၏ အ​သက်​ကို​ကယ်​တော်​မူ​၏။
PSA 72:14 သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့် အ​ကြမ်း​ဖက်​မှု​များ​မှ​သူ​တို့​ကို​ကယ်​ဆယ် တော်​မူ​၏။
PSA 72:15 မင်း​ကြီး​သည်​သက်​တော်​ရှည်​ပါ​စေ​သော။ အာ​ရေ​ဗျ​ပြည်​မှ​ရွှေ​များ​ကို​လက်​ဆောင်​ပဏ္ဏာ အ​ဖြစ်​ရ​ရှိ​ပါ​စေ​သော။ လူ​တို့​သည်​မင်း​ကြီး​၏​အ​တွက်​အ​စဉ်​ဆု​တောင်း ပတ္ထ​နာ​များ​ပြု​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အ​စဉ်​အ​မြဲ ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။
PSA 72:16 တိုင်း​ပြည်​အ​တွင်း​၌​စား​နပ်​ရိက္ခာ​ပေါ​များ​ပါ စေ​သော။ လေ​ဗ​နုန်​တောင်​တွင်​သစ်​တော​များ​ဖြင့် ဖုံး​အုပ်​လျက်​ရှိ​သ​ကဲ့​သို့ တောင်​ကုန်း​များ​သည်​ကောက်​ပဲ​သီး​နှံ​များ ဖြင့် ဖုံး​အုပ်​လျက်​ရှိ​ပါ​စေ​သော။ မြို့​ကြီး​များ​ရှိ​လူ​ဦး​ရေ​သည်​ကွင်း​ပြင်​ရှိ မြက်​ကဲ့​သို့​ထူ​ထပ်​ပေါ​များ​ပါ​စေ​သော။
PSA 72:17 မင်း​ကြီး​၏​နာ​မ​တော်​သည်​တည်​မြဲ​ပါ စေ​သော။ ဂုဏ်​သ​တင်း​တော်​သည်​နေ​ကဲ့​သို့​အ​စဉ်​အ​မြဲ တည်​နေ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​ကောင်း​ချီး ပေး​တော်​မူ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ​တို့​အား​လည်း​ကောင်း၊ကောင်း​ချီး​ပေး​တော် မူ​ရန် ဘု​ရား​သ​ခင်​ထံ​တောင်း​လျှောက်​ကြ​ပါ​စေ​သော။
PSA 72:18 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သာ​လျှင်​ဤ​သို့​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​တို့​ကို​ပြု​တော်​မူ​၏။
PSA 72:19 ဘုန်း​ကြီး​သော​နာ​မ​တော်​ကို​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​တစ်​ပြင်​လုံး​၌​ဘုန်း​တော်​နှင့် ပြည့်​ပါ​စေ​သော။ အာ​မင်။ အာ​မင်။
PSA 72:20 ဤ​တွင်​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​ဆု​တောင်း​ပတ္ထနာ များ​ပြီး​ဆုံး​၏။
PSA 73:1 ဘု​ရား​သ​ခင်​သည်​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း သူ​များ ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​မှန်​ပင် ကျေး​ဇူး​ပြု​တော်​မူ​၏။
PSA 73:2 သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကောင်း​စား​သည်​ကို မြင်​ရ​သော​အ​ခါ မောက်​မာ​သူ​တို့​ကို​မ​ရှု​လို​စိတ်​ရှိ​သ​ဖြင့်​ငါ သည် ခ​လုတ်​တိုက်​၍​လဲ​လု​ပါ​ပြီ။ ငါ​၏​ခြေ​တို့​သည်​လည်း​တိမ်း​ချော်​လု​ပြီ။
PSA 73:4 ထို​သူ​တို့​သည်​ဝေ​ဒ​နာ​မ​ခံ​စား​ရ​ကြ။ ကျန်း​မာ​သန်​စွမ်း​သူ​များ​ဖြစ်​ကြ​၏။
PSA 73:5 သူ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့​ဝေ​ဒ​နာ မ​ခံ​ရ​ကြ။ အ​ခြား​သူ​များ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ရ​ကြ။
PSA 73:6 သို့​ဖြစ်​၍​သူ​တို့​သည်​မာန်​မာ​န​ကို​လည်​ဆွဲ တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း၊ အ​ကြမ်း​ဖက်​မှု​ကို​ဝတ်​လုံ​ကဲ့​သို့​လည်း ကောင်း ဝတ်​ဆင်​ကြ​၏။
PSA 73:7 သူ​တို့​၏​စိတ်​နှ​လုံး​မှ​မ​ကောင်း​မှု​များ​ကို ထုတ်​ဖော်​၍ သူ​တို့​၏​စိတ်​သည်​ယုတ်​မာ​သည့်​အ​ကြံ​အ​စည် များ​ကို​တွေး​တော​လျက်​နေ​ကြ​၏။
PSA 73:8 သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ပြက်​ရယ် ပြု​ကာ ညစ်​ညမ်း​သည့်​အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ မောက်​မာ​လျက်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှဉ်း​ဆဲ​ရန်​ကြံ​စည်​ကြ​၏။
PSA 73:9 သူ​တို့​သည်​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ဘု​ရား သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို​လျက်၊ ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​အား​မောက်​မာ​စွာ​အ​မိန့်​ပေး ကြ​၏။
PSA 73:10 ထို​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ပင်​လျှင် သူ​တို့​ဘက်​သို့​ပါ​လျက်​သူ​တို့​ပြော​သ​မျှ​သော စ​ကား​ကို​ယုံ​ကြ​လေ​သည်။
PSA 73:11 သူ​တို့​က``ဘု​ရား​သ​ခင်​သည်​သိ​တော်​မူ​လိမ့်​မည် မ​ဟုတ်။ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​သည်​တွေ့​မြင်​တော်​မူ လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​တတ်​ကြ​၏။
PSA 73:12 ဤ​ကား​သူ​ယုတ်​မာ​တို့​ပြု​ကြ​ပုံ​ပင်​ဖြစ်​ပေ​သည်။ သို့​သော်​သူ​တို့​သည်​ကောင်း​စား​၍​အ​စဉ်​ပင် စည်း​စိမ်​ချမ်း​သာ​တိုး​လျက်​နေ​ကြ​၏။
PSA 73:13 သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​စိတ်​နှ​လုံး​ကို ဖြူ​စင်​သန့်​ရှင်း​စေ​လျက်​အ​ပြစ်​မ​ပြု​ဘဲ​နေ သည်​မှာ အ​ချည်း​နှီး​ပေ​လော။
PSA 73:14 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​တစ်​နေ့​လုံး ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​နံ​နက်​တိုင်း ဒဏ်​ခတ်​တော်​မူ​ပါ​ပြီ။
PSA 73:15 ကျွန်​တော်​မျိုး​သည်​ဤ​နည်း​အ​တိုင်း​ပြော​ဆို ခဲ့​လျှင် ကိုယ်​တော်​၏​လူ​စု​တော်​ကို​ကိုယ်​စား​ပြု​၍ ပြော​ဆို​သည်​မ​ဟုတ်​ပါ။
PSA 73:16 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဤ​အ​ခြင်း​အ​ရာ​ကို သိ​ရှိ​နား​လည်​ရန်​ကြိုး​စား​၍​စဉ်း​စား​ဆင်​ခြင် ပါ​၏။ သို့​ရာ​တွင်​ယင်း​ကို​နား​လည်​နိုင်​ရန်​လွန်​စွာ ခက်​ခဲ​ပါ​၏။
PSA 73:17 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော် ထဲ​သို့ ရောက်​ရှိ​သည့်​အ​ခါ​ကျ​မှ​သာ​လျှင် သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​နိ​ဂုံး​ချုပ်​ရ​ကြ မည်​ကို သိ​ရှိ​နား​လည်​လာ​ပါ​၏။
PSA 73:18 ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ခြေ​ချော်​တတ်​သည့် နေ​ရာ​များ​တွင်​ခြေ​ချော်​စေ​တော်​မူ​၍ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​ပါ​မည်။
PSA 73:19 သူ​တို့​သည်​ချက်​ချင်း​ပင်​သေ​ကြေ​ပျက်​စီး ကြ​ပါ​၏။ သူ​တို့​၏​နောက်​ဆုံး​ဖြစ်​အင်​သည်​ကြောက်​မက်​ဖွယ် ကောင်း​လှ​ပါ​၏။
PSA 73:20 အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​နံ​နက်​ချိန်​၌​ပျောက်​ကွယ် သွား​သည့် အိပ်​မက်​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​နိုး​ထ​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ပျောက်​ကွယ်​သွား​ကြ​ပါ​၏။
PSA 73:21 ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​၍ စိတ်​နာ​ကြည်း​သော​အ​ခါ
PSA 73:22 တိရစ္ဆာန်​ကဲ့​သို့​မိုက်​မဲ​သ​ဖြင့်​ကိုယ်​တော်​ရှင်​၏ ရှေ့​တော်​၌​အ​သိ​ပညာ​မ​ရှိ​ပါ။
PSA 73:23 သို့​သော်​လည်း​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော် ရှင်​၏ ထံ​တော်​ပါး​တွင်​အ​စဉ်​အ​မြဲ​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ လက်​ကို​ဆွဲ​ကိုင်​ထား​တော်​မူ​ပါ​၏။
PSA 73:24 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကြံ​ပေး​၍ လမ်း​ပြ​တော်​မူ​ပြီး​လျှင်​နောက်​ဆုံး​၌ ကျွန်​တော်​မျိုး​အား​ချီး​မြှင့်​ရန်​လက်​ခံ​တော်​မူ လိမ့်​မည်။
PSA 73:25 ကျွန်​တော်​မျိုး​မှာ​ကိုယ်​တော်​ရှင်​မှ​လွဲ​၍ ကောင်း​ကင်​ဘုံ​တွင်​အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​ရှိ​တော်​မူ​လျှင် ကမ္ဘာ​မြေ​ပေါ်​၌​အ​ဘယ်​အ​ရာ​ကို​လို​ပါ​တော့ မည်​နည်း။
PSA 73:26 ကျွန်​တော်​မျိုး​၏​ကိုယ်​စိတ်​သည်​အင်​အား ချိ​နဲ့​လာ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ စွမ်း​အား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​မှ​တစ်​ပါး မည်​သူ့​ကို​မျှ​မ​လို​ပါ။
PSA 73:27 ကိုယ်​တော်​ရှင်​အား​စွန့်​ပစ်​ကြ​သူ​တို့​သည် အ​ကယ်​စင်​စစ် သေ​ကျေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​အား​သစ္စာ​ဖောက်​သူ​တို့​ကို ကိုယ်​တော်​ရှင်​သည်​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။
PSA 73:28 သို့​သော်​လည်း​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ဘု​ရား​သ​ခင်​၏ အ​ပါး​တော်​တွင်​နေ​ရ​ခြင်း၊ အ​ရှင်​ဘု​ရား​၏​ထံ​တော်​၌​ခို​လှုံ​ရ​ခြင်း​နှင့် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​ပေါင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​တို့​သည်​လွန်​စွာ​မြတ် နိုး​ဖွယ် ဖြစ်​ပါ​သည်​တ​ကား။
PSA 74:1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​တော်​မျိုး​တို့​အား​ဤ​သို့​စွန့်​ပစ်​၍ ထား​တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​စဉ်​အ​မြဲ အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​လော။
PSA 74:2 ရှေး​အ​ခါ​က​ရွေး​ကောက်​တော်​မူ​ခဲ့​သည့် လူ​စု​တော်၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့် ကျွန်​ဘ​ဝ​မှ​ရွေး​နုတ်​ဝယ်​ယူ​တော်​မူ​ခဲ့​သည့် လူ​စု​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ယ​ခင်​က​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ခဲ့​ရာ ဇိ​အုန်​တောင်​ကို​သ​တိ​ရ​တော်​မူ​ပါ။
PSA 74:3 ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည် ဗိ​မာန်​တော်​အ​တွင်း​မှ​ရှိ​သ​မျှ​သော​အ​ရာ တို့​ကို ဖျက်​ဆီး​ပစ်​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကြွ​လာ​တော်​မူ​၍​လုံး​ဝ ပျက်​စီး​နေ​သည့်​အ​ရာ​များ​ကို​ကြည့်​ရှု​တော် မူ​ပါ။
PSA 74:4 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ဗိ​မာန်​တော်​ထဲ​၌ အောင်​သံ​ကြွေး​ကြော်​ကြ​ပါ​ပြီ။ ဗိ​မာန်​တော်​တွင်​အောင်​လံ​များ​ကို​စိုက်​ထူ​ကြ ပါ​ပြီ။
PSA 74:5 သစ်​ခုတ်​သ​မား​များ​သည်​ပု​ဆိန်​ဖြင့်​သစ်​ပင်​များ​ကို ခုတ်​လှဲ​သ​ကဲ့​သို့
PSA 74:6 သူ​တို့​သည်​ဗိ​မာန်​တော်​သစ်​သား​ပန်း​ပု​လက်​ရာ များ​ကို ပု​ဆိန်​တင်း​ပုတ်​များ​ဖြင့်​ရိုက်​ချိုး​ပစ်​ကြ​ပါ​၏။
PSA 74:7 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို မီး​ရှို့​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ကို ဖြို​ဖျက်​၍​ညစ်​ညမ်း​စေ​ကြ​ပါ​၏။
PSA 74:8 သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​နာ​လန်​မ​ထူ​နိုင်​အောင် ချေ​မှုန်း​လို​ကြ​ပါ​၏။ တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တို့​ကို​မီး​ရှို့​ပစ်​ကြ​ပါ​၏။
PSA 74:9 ကျွန်​တော်​မျိုး​တို့​၏​ဘာ​သာ​တ​ရား​ဆိုင်​ရာ အ​မှတ်​အ​သား​များ​အား​လုံး​ပင်​မ​ရှိ​တော့​ပါ။ ပ​ရော​ဖက်​များ​လည်း​မ​ရှိ​တော့​ပါ။ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​နေ​မည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ပါ။
PSA 74:10 အို ဘု​ရား​သ​ခင်၊ ရန်​သူ​များ​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကိုယ်​တော်​ရှင်​အား​ပြောင်​လှောင်​လျက် နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို အ​စဉ်​အ​မြဲ စော်​ကား​ကြ​ပါ​မည်​လော။
PSA 74:11 အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​ရန် ငြင်း​ဆန်​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​လက်​ပိုက်​၍​နေ​တော်​မူ​ပါ သ​နည်း။
PSA 74:12 သို့​သော် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​စ​မူ​လ​က​တည်း​က​ပင်​လျှင် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ကို အ​ကြိမ်​ပေါင်း​များ​စွာ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။
PSA 74:13 ကိုယ်​တော်​ရှင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ ရေ​သူ​ရဲ​တို့​၏​ဦး​ခေါင်း​များ​ကို​ခွဲ​တော်​မူ ပါ​၏။
PSA 74:14 ကိုယ်​တော်​ရှင်​သည်​ရေ​န​ဂါး​ကြီး​လေ​ဝိ​သန် ၏ ဦး​ခေါင်း​များ​ကို​ချေ​မှုန်း​တော်​မူ​၍ အ​သေ​ကောင်​ကို​တော​ကန္တာ​ရ​ရှိ​သား​ရဲ တိ​ရစ္ဆာန်​တို့​အား​စား​ရန်​ပေး​အပ်​တော်​မူ ပါ​၏။
PSA 74:15 ကိုယ်​တော်​ရှင်​သည်​ချောင်း​ရေ​နှင့်​စမ်း​ရေ​ကို ပေါက်​စေ​တော်​မူ​၍ မြစ်​ကြီး​များ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ပါ​၏။
PSA 74:16 နေ့​နှင့်​ည​ကို​ဖန်​ဆင်း​တော်​မူ​၍​နေ​နှင့်​လ​ကို နေ​ရာ​ချ​တော်​မူ​ပါ​၏။
PSA 74:17 ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​၏​နယ် နိ​မိတ်​ကို သတ်​မှတ်​တော်​မူ​၍​နွေ​ဥ​တု​နှင့်​ဆောင်း​ဥ​တု​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။
PSA 74:18 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ကိုယ်​တော်​ရှင် အား ပြက်​ရယ်​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ဘု​ရား​မဲ့​၍​ကိုယ်​တော်​ရှင်​အား မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​ပါ။
PSA 74:19 ကိုယ်​တော်​ရှင်​၏​ခို​ကိုး​ရာ​မဲ့​သည့်​လူ​စု​တော်​အား ရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏ လက်​တွင် စွန့်​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​နေ​ရ​သော​ကိုယ်​တော် ရှင်​၏ လူ​စု​တော်​အား​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။
PSA 74:20 ကျွန်​တော်​မျိုး​တို့​နှင့်​ကိုယ်​တော်​ရှင်​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ တိုင်း​ပြည်​ရှိ​မှောင်​ကျ​ရာ​အ​ရပ်​တိုင်း​တွင် အ​ကြမ်း​ဖက်​မှု​ရှိ​ပါ​၏။
PSA 74:21 ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မ​မူ​ပါ​နှင့်။ ယင်း​ဆင်း​ရဲ​သူ​များ​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။
PSA 74:22 အို ဘု​ရား​သ​ခင်၊ ထ​တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​အာ​ဏာ​ကို တည်​စေ​တော်​မူ​ပါ။ ဘု​ရား​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​တစ်​နေ့​လုံး ပြက်​ရယ်​ပြု​ကြ​သည်​ကို​သ​တိ​ရ​တော်​မူ​ပါ။
PSA 74:23 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​အ​မျက်​ထွက်​၍​ဟစ် အော်​သံ၊ ကိုယ်​တော်​ရှင်​အား​ရန်​ဘက်​ပြု​သူ​တို့​၏​အ​စဉ်​မ​ပြတ် အော်​သံ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။
PSA 75:1 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​တော်​မူ သည်​ကို​ထုတ်​ဖော်​ကြေ​ညာ​၍ ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း ကို ပြော​ကြား​ကြ​ပါ​၏။
PSA 75:2 ဘု​ရား​သ​ခင်​က``တ​ရား​စီ​ရင်​မည့်​အ​ချိန်​ကို ငါ​သတ်​မှတ်​ထား​လေ​ပြီ။ ငါ​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​မည်။
PSA 75:3 ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ​သက်​ရှိ​သတ္တဝါ အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ​ကာ​မူ ငါ​သည်​ကမ္ဘာ​မြေ​ကြီး​၏​အ​ခြေ​ခံ​အုတ်​မြစ်​တို့​ကို တည်​တံ့​ခိုင်​မြဲ​စေ​မည်။
PSA 75:4 ငါ​ဤ​သို့​အ​မိန့်​ရှိ​၏။ သူ​ယုတ်​မာ​တို့​အား​မ​ကြွား​မ​ဝါ​ကြ​နှင့်။
PSA 75:5 မာန်​မာ​န​မ​ထောင်​လွှား​ကြ​နှင့်။
PSA 75:6 တ​ရား​စီ​ရင်​သော​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မ​ဟုတ် အ​နောက်​အ​ရပ်​မှ​သော်​လည်း​ကောင်း၊ တောင်​အ​ရပ်​သို့​မ​ဟုတ်​မြောက်​အ​ရပ်​မှ သော်​လည်း​ကောင်း​ပေါ်​ထွက်​လာ​သည်​မ​ဟုတ်။
PSA 75:7 တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပင် ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​အ​ချို့​သော​သူ​တို့​ကို​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက် အ​ချို့​တို့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​စေ​တော်​မူ​၏။
PSA 75:8 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​တည်း​ဟူ​သော အ​လွန်​ပြင်း​သည့်​စ​ပျစ်​ရည်​ထည့်​ထား​သော ခွက်​ဖ​လား​ကို​လက်​တော်​တွင်​ကိုင်​ထား​တော်​မူ​၏။ ထို​စ​ပျစ်​ရည်​ကို​ကိုယ်​တော်​လောင်း​ချ တော်​မူ​သော​အ​ခါ သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​သောက်​ကြ​ကုန်​၏။ သူ​တို့​သည်​တစ်​စက်​မျှ​မ​ကျန်​အောင်​သောက် ကြ​ကုန်​၏။
PSA 75:9 သို့​ရာ​တွင်​ငါ​မူ​ကား​ယာ​ကုပ်​၏ ဘု​ရား​အ​ကြောင်း​တော်​ကို​အ​စဉ်​မ​ပြတ် ပြော​ကြား​ပါ​မည်။ ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​မည်။
PSA 75:10 ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​၏​တန်​ခိုး အာ​ဏာ​ကို ချိုး​နှိမ်​တော်​မူ​မည်။ သူ​တော်​ကောင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​မူ​ကား တိုး​တက်​စေ​တော်​မူ​လိမ့်​မည်။
PSA 76:1 ယု​ဒ​ပြည်​တွင်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​၏။ ဣ​သ​ရေ​လ​ပြည်​တွင်​ကိုယ်​တော်​၏​နာ​မ​တော်​သည် ကြီး​မြတ်​တော်​မူ​၏။
PSA 76:2 ကိုယ်​တော်​၏​အိမ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​ပေ​သည်။ ကိုယ်​တော်​သည်​ဇိ​အုန်​တောင်​ပေါ်​တွင် ကိန်း​ဝပ်​တော်​မူ​၏။
PSA 76:3 ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​ရန်​သူ​တို့​၏ မြား၊ဒိုင်း​လွှား၊ဋ္ဌား​နှင့်​လက်​နက်​ရှိ​သ​မျှ​တို့​ကို ချိုး​ဖျက်​တော်​မူ​၏။
PSA 76:4 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​လွန်​စွာ​ဘုန်း​တန်​ခိုး​ကြီး ပါ​သည်​တ​ကား။ ရန်​သူ​တို့​ကို​နှိမ်​နင်း​ရာ​တောင်​ရိုး​များ​မှ ကိုယ်​တော်​ပြန်​လည်​ကြွ​လာ​တော်​မူ​သည်​မှာ ဂုဏ်​ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။
PSA 76:5 ရန်​သူ​တို့​၏​ရဲ​ရင့်​သည့်​စစ်​သည်​များ​သည် မိ​မိ​တို့​၌​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို ဆုံး​ရှုံး​ရ​ကြ​လျက်​ယ​ခု​အ​ခါ သေ​ဆုံး​ကြ​လေ​ကုန်​ပြီ။ သူ​တို့​၏​စွမ်း​အား​နှင့်​ကျွမ်း​ကျင်​မှု​တို့​သည် အ​ချည်း​နှီး​သာ​ဖြစ်​ခဲ့​သည်။
PSA 76:6 အို ယာ​ကုပ်​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ခြိမ်း​ခြောက်​တော်​မူ​လိုက်​သော အ​ခါ၊ မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​သည်​လဲ​ကျ သေ​ဆုံး​ကြ​ပါ​၏။
PSA 76:7 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အား​လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ရှေ့​တော်​တွင် ရပ်​တည်​နိုင်​ပါ​မည်​နည်း။
PSA 76:8 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​စီ​ရင်​ချက်​ကို ကောင်း​ကင်​ဘုံ​မှ​ကြေ​ညာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​ပေါ်​ရှိ​ဖိ​နှိပ်​ညှဉ်း​ပန်း ခြင်း ခံ​ရ​ကြ​သူ​တို့​အား​ကယ်​တော်​မူ​ရန်​အ​တွက် ထ​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​သော​အ​ခါ၊ ကမ္ဘာ​သည် ကြောက်​လန့်​၍​ဆိတ်​ဆိတ်​နေ​ကြ​ပါ​၏။
PSA 76:10 လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။
PSA 76:11 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထား​ရှိ​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ကြ​လော့။ နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့၊ ကိုယ်​တော်​၏​ထံ​တော်​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​ခဲ့​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​လူ​တို့ ကြောက်​လန့်​စေ​တော်​မူ​၏။
PSA 76:12 ကိုယ်​တော်​သည်​မာန်​မာန​ကြီး​သူ​မင်း​သား တို့​၏ စိတ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​ဘုန်း​ကြီး​သည့် ဘု​ရင်​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။
PSA 77:1 ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ကျယ်​စွာ အော်​ဟစ်​၏။ ငါ​သည်​ကျယ်​စွာ​အော်​ဟစ်​သ​ဖြင့် ကိုယ်​တော်​ကြား​တော်​မူ​၏။
PSA 77:2 ဒုက္ခ​ရောက်​ချိန်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ တစ်​ည​လုံး​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ သို့​ရာ​တွင်​စိတ်​သက်​သာ​ရာ​မ​ရ​နိုင်​ပါ။
PSA 77:3 ငါ​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​အောက်​မေ့ ဆင်​ခြင်​သော​အ​ခါ​သက်​ပြင်း​ချ​ရ​၏။ လေး​နက်​စွာ​တွေး​တော​သော​အ​ခါ​ငါ​သည် စိတ်​ပျက်​အား​ငယ်​ရ​၏။
PSA 77:4 ကိုယ်​တော်​သည်​ငါ့​အား​တစ်​ည​လုံး​အိပ်​ပျော်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ။ ငါ​သည်​ပူ​ပင်​သော​က​ရောက်​ရ​လွန်း​သ​ဖြင့် စ​ကား​ပင်​မ​ပြော​နိုင်​ပါ။
PSA 77:5 ငါ​သည်​ကုန်​လွန်​သွား​သည့်​နေ့​ရက်​များ​အ​ကြောင်း ကို စဉ်း​စား​၍​လွန်​လေ​ပြီး​သည့်​နှစ်​များ​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။
PSA 77:6 တစ်​ည​လုံး​ငါ​သည်​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​စဉ်၊
PSA 77:7 ဤ​သို့​မိ​မိ​ကိုယ်​ကို​မေး​၏။ ``ဘု​ရား​ရှင်​သည်​ငါ​တို့​ကို​အ​စဉ်​အ​မြဲ စွန့်​ပစ်​တော်​မူ​မည်​လော။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​ဘယ်​အ​ခါ​၌​မှ ပြန်​၍​နှစ်​သက်​တော်​မ​မူ​တော့​ပြီ​လော။
PSA 77:8 ကိုယ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မ​မူ​တော့ ပြီ​လော။ က​တိ​တော်​သည်​လည်း​ပျက်​လေ​ပြီ​လော။
PSA 77:9 ဘု​ရား​သ​ခင်​သည်​သ​နား​ကြင်​နာ​ရန် မေ့​လျော့​တော်​မူ​ပြီ​လော။ က​ရု​ဏာ​တော်​အ​စား​အ​မျက်​တော်​ကို ပြ​တော်​မူ​ပြီ​လော။''
PSA 77:10 ထို့​နောက်``ဘု​ရား​သ​ခင်​၌​တန်​ခိုး​မ​ရှိ​တော့ သ​ဖြင့် ငါ့​အ​တွက်​အ​နာ​ကြည်း​ဆုံး​ဖြစ်​သည်'' ဟု ငါ​ပြော​ဆို​နေ​မိ​၏။
PSA 77:11 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော ထူး​မြတ်​သည့်​အ​မှု​အ​ရာ​တို့​ကို​အောက်​မေ့ သ​တိ​ရ​ပါ​မည်။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော အံ့​သြ​ဖွယ်​ရာ​တို့​ကို​ပြန်​လည်​သ​တိ​ရ​ပါ​မည်။
PSA 77:12 ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို စဉ်း​စား​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။
PSA 77:13 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​တို့​သည် မြင့်​မြတ်​ပါ​၏။ ကိုယ်​တော်​ရှင်​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကြီး မြတ်​ပါ။
PSA 77:14 ကိုယ်​တော်​ရှင်​သည်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော ဘု​ရား​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ဘုန်း​တန်​ခိုး​တော် တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြ​တော်​မူ​ခဲ့​ပါ​၏။
PSA 77:15 ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တည်း​ဟူ​သော ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မျိုး​အ​နွယ်​များ​ကို တန်​ခိုး​တော်​အား​ဖြင့်​ကယ်​တော်​မူ​ပါ​၏။
PSA 77:16 အို ဘု​ရား​သ​ခင်၊ ရေ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​မြင်​သော​အ​ခါ ကြောက်​ရွံ့​ကြ​ပါ​၏။ ပင်​လယ်​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း တုန်​လှုပ်​ကြ​ပါ​၏။
PSA 77:17 မိုး​တိမ်​တို့​သည်​မိုး​ကို​ရွာ​သွန်း​ပေး​ပါ​၏။ ကောင်း​ကင်​ပြင်​တွင်​မိုး​ကြိုး​ပစ်​လျက် အ​ရပ်​လေး​မျက်​နှာ​တွင်​လျှပ်​စစ်​များ​လက်​ပါ​၏။
PSA 77:18 ကိုယ်​တော်​ရှင်​၏​မိုး​ကြိုး​သံ​သည်​မြည်​ဟည်း ထွက်​ပေါ်​လာ​လျက် လျှပ်​ပန်း​လျှပ်​နွယ်​တို့​သည်​လည်း​ကမ္ဘာ တစ်​ဝန်း​လုံး​ကို​လင်း​စေ​ပါ​၏။ မြေ​ကြီး​သည်​ထိတ်​လန့်​တုန်​လှုပ်​ပါ​၏။
PSA 77:19 ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင် လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။
PSA 77:20 ကိုယ်​တော်​ရှင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​၏ ကွပ်​ကဲ​မှု​ဖြင့် မိ​မိ​၏​လူ​စု​တော်​အား​သိုး​ထိန်း​သ​ဖွယ် ပို့​ဆောင်​တော်​မူ​ပါ​၏။
PSA 78:1 ငါ​၏​အ​မျိုး​သား​တို့၊ငါ​၏​သွန်​သင်​ချက်​ကို နား​ထောင်​ကြ​လော့။ ငါ​ပြော​သည့်​စ​ကား​ကို​အာ​ရုံ​စိုက်​ကြ​လော့။
PSA 78:2 ဘိုး​ဘေး​တို့​ပြော​ကြား​ခဲ့​သ​ဖြင့်​ငါ​တို့ ကြား​သိ​ရ​သည့်
PSA 78:3 အ​တိတ်​ကာ​လ​မှ​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​များ​အ​ကြောင်း​ကို သင်​တို့​အား​ငါ​စ​ကား​ပုံ​များ​ဖြင့်​ရှင်း ပြ​မည်။
PSA 78:4 ယင်း​တို့​ကို​ငါ​တို့​သည်​သား​မြေး​များ​ထံ​မှ ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​နှင့်​ကြီး​မြတ်​သော အ​မှု​တော်​ကို​လည်း​ကောင်း၊ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​လည်း​ကောင်း နောက်​လူ​မျိုး​ဆက်​အား​ဖော်​ပြ​မည်။
PSA 78:5 ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဥ​ပ​ဒေ​များ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​အ​မျိုး​အ​နွယ်​တို့​အား​ပ​ညတ်​တော် များ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​ခဲ့​၏။ ပ​ညတ်​တော်​များ​ကို​သား​မြေး​တို့​အား တစ်​ဆင့်​သွန်​သင်​ပေး​နိုင်​ကြ​ရန် ကိုယ်​တော်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​အား မှာ​ကြား​ဆင့်​ဆို​တော်​မူ​၏။
PSA 78:6 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ၊နောက်​လူ​မျိုး​ဆက် သည် ပ​ညတ်​တော်​တို့​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​၏​သား​မြေး​တို့​အား​တစ်​ဆင့်​ပြန်​၍ သွန်​သင်​ပေး​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။
PSA 78:7 ဤ​နည်း​အား​ဖြင့်​ယင်း​သား​မြေး​တို့​သည် ဘု​ရား​သ​ခင်​ကို​ကိုး​စား​လာ​ကာ ကိုယ်​တော်​ပြု​သော​အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့​ဘဲ​ပ​ညတ်​တော်​တို့​ကို​အ​စဉ် စောင့်​ထိန်း​ကြ​ပေ​လိမ့်​မည်။
PSA 78:8 သူ​တို့​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင်​ဘဲ ပုန်​ကန်​တတ်​သော​ဘိုး​ဘေး​တို့​ကဲ့​သို့​မ​ဖြစ် တော့​ပေ။ ထို​ဘိုး​ဘေး​တို့​ကား​အ​ဘယ်​အ​ခါ​က​မျှ ဘု​ရား​သ​ခင်​ကို​စွဲ​မြဲ​စွာ​ကိုး​စား​မှု​မ​ရှိ ခဲ့​ကြ။ ကိုယ်​တော်​၏​အ​ပေါ်​၌​လည်း​အ​စဉ်​အ​မြဲ သစ္စာ​မ​စောင့်​ကြ။
PSA 78:9 လေး​မြား​ကို​ကိုင်​စွဲ​တိုက်​ခိုက်​ကြ​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌ ထွက်​ပြေး​ကြ​ကုန်​၏။
PSA 78:10 သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​ကို​လိုက်​နာ​ရန် ငြင်း​ဆန်​ကြ​၏။
PSA 78:11 သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ပြု​တော်​မူ​သော​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​များ​ကို​လည်း​ကောင်း​မေ့​လျော့ ကြ​လေ​ကုန်​ပြီ။
PSA 78:12 အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​သူ​တို့​၏ ဘိုး​ဘေး​တို့​၏​မျက်​မှောက်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​ထူး​ဆန်း​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​၏။
PSA 78:13 ကိုယ်​တော်​သည်​ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ ရေ​ကို​စု​ပုံ​စေ​ပြီး​လျှင်​သူ​တို့​အား ဖြတ်​ကူး​စေ​တော်​မူ​၏။
PSA 78:14 နေ့​အ​ချိန်​၌​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက် အား​ဖြင့်​လည်း​ကောင်း၊ တစ်​ည​ပတ်​လုံး​မီး​အ​လင်း​ရောင် အား​ဖြင့်​လည်း​ကောင်း​သူ​တို့​အား​လမ်း​ပြ ပို့​ဆောင်​တော်​မူ​၏။
PSA 78:15 ကိုယ်​တော်​သည်​တော​ကန္တာ​ရ​တွင် ကျောက်​ဆောင်​ကို​ခွဲ​၍​နက်​ရှိုင်း​ရာ​မှ​ရေ​ကို ထို​သူ​တို့​အား​တိုက်​တော်​မူ​၏။
PSA 78:16 ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ စမ်း​ရေ​ထွက်​စေ​လျက်​မြစ်​သ​ဖွယ် စီး​ဆင်း​စေ​တော်​မူ​၏။
PSA 78:17 သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ပြစ်​မှား​မြဲ​ပြစ်​မှား​လျက် အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​ကို သဲ​ကန္တာ​ရ​တွင်​ပုန်​ကန်​ကြ​၏။
PSA 78:18 သူ​တို့​သည်​စား​လို​သည့်​အ​စား​အ​စာ​ကို တောင်း​ဆို​ခြင်း​အား​ဖြင့်​တ​မင်​သက်​သက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။
PSA 78:19 ``ဘု​ရား​သ​ခင်​သည်​တော​ကန္တာ​ရ​တွင်​ငါ​တို့​အား အ​စား​အ​စာ​ကို​ပေး​နိုင်​ပါ​မည်​လော။
PSA 78:20 ကျောက်​ဆောင်​ကို​ကိုယ်​တော်​ရိုက်​လိုက်​သော အ​ခါ အ​ရှိန်​ပြင်း​သည့်​ချောင်း​သ​ဖွယ်​ရေ​ထွက်​လာ သည်​မှာ မှန်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စား​အ​စာ​ကို ကျွေး​နိုင်​ပါ​မည်​လော။ မိ​မိ​၏​လူ​စု​တော်​အား​အ​မဲ​သား​ကို​ပေး​နိုင် ပါ​မည်​လော'' ဟု​ဆို​၍ ဘု​ရား​သ​ခင်​အား​မ​ကျေ​နပ်​သည့်​စ​ကား​ကို ပြော​ဆို​ကြ​၏။
PSA 78:21 ထို​သူ​တို့​၏​စ​ကား​ကို​ကြား​တော်​မူ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ မိ​မိ​လူ​စု​တော်​အား​မီး​ဘေး​သင့်​စေ​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​အား​မ​ကိုး။ ကိုယ်​တော်​ကယ်​တော်​မူ​မည်​ကို​လည်း​မ​ယုံ ကြည်​ကြ။ အ​မျက်​တော်​သည်​ပို​မို​ပြင်း​ထန်​လာ​၏။
PSA 78:23 သို့​သော်​လည်း​ကိုယ်​တော်​သည်​အ​ထက် ကောင်း​ကင်​အား​မိန့်​မြွက်​တော်​မူ​၏။ ကောင်း​ကင်​တံ​ခါး​များ​အား​ဖွင့်​ရန် အ​မိန့်​ပေး​တော်​မူ​၏။
PSA 78:24 ကိုယ်​တော်​သည်​သူ​တို့​စား​ရန်​မန္န​မုန့်​မိုး​ရွာ​စေ တော်​မူ​၏။ သူ​တို့​စား​သုံး​ရန်​ကောင်း​ကင်​မှ​ဆန်​စ​ပါး​ကို ချ​ပေး​တော်​မူ​၏။
PSA 78:25 ထို့​ကြောင့်​သူ​တို့​သည်​ကောင်း​ကင်​တ​မန်​တို့​၏ အ​စား​အ​စာ​ကို​စား​ကြ​ရ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ဝ​ကျွေး​တော်​မူ​၏။
PSA 78:26 ထို့​အ​ပြင်​ကိုယ်​တော်​သည် အ​ရှေ့​လေ​ကို​တိုက်​စေ​ပြီး​နောက်​တန်​ခိုး​တော်​အား​ဖြင့် တောင်​လေ​ကို​လှုပ်​ရှား​စေ​တော်​မူ​၏။
PSA 78:27 ထို​နောက်​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​သော​ငှက်​တို့​ကို မိ​မိ​၏​လူ​စု​တော်​အား​ချ​ပေး​တော်​မူ​၏။
PSA 78:28 ယင်း​ငှက်​တို့​သည်​တပ်​စ​ခန်း​အ​လယ်​တဲ​ရှင်​များ ပတ်​လည်​တွင်​ကျ​ကြ​၏။
PSA 78:29 သို့​ဖြစ်​၍​လူ​တို့​သည်​ကျေ​နပ်​အောင်​စား​ရ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​လည်း​သူ​တို့​စား​လို​သော အ​စား​အ​စာ​ကို​ကျွေး​တော်​မူ​၏။
PSA 78:30 သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။
PSA 78:31 ဘု​ရား​သ​ခင်​သည်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​အ​သန်​စွမ်း​ဆုံး လက်​ရွေး​စင်​ဣ​သ​ရေ​လ​လူ​ငယ်​လူ​ရွယ် များ​ကို သေ​ဒဏ်​သင့်​စေ​တော်​မူ​၏။
PSA 78:32 ဤ​အ​ဖြစ်​အ​ပျက်​အ​ပေါင်း​နှင့်​တွေ့​ကြုံ​ရ​သော်​လည်း လူ​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး​လျက်​နေ​ကြ​၏။ ကိုယ်​တော်​သည်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ကိုး​စား​ကြ။
PSA 78:33 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား ထွက်​သက်​ဝင်​သက်​တ​မျှ​တစ်​ခ​ဏ​ချင်း​၌ အ​သက်​ဆုံး​ရှုံး​စေ​တော်​မူ​၏။ သူ​တို့​၏​ဘ​ဝ​ကို​ရုတ်​တ​ရက်​ကျ​ရောက်​သည့် ဘေး​အန္တ​ရာယ်​ကြောင့်​နိ​ဂုံး​ချုပ်​စေ​တော်​မူ​၏။
PSA 78:34 သို့​ရာ​တွင်​ထို​သူ​အ​ချို့​တို့​ကို​ကိုယ်​တော် သေ​စေ​တော်​မူ​သော်​လည်း ကြွင်း​ကျန်​သော​သူ​တို့​မူ​ကား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​၏။ သူ​တို့​သည်​နောင်​တ​ရ​လျက်​စိတ်​အား​ထက် သန်​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​၏။
PSA 78:35 ဘု​ရား​သ​ခင်​သည်​မိ​မိ​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော ကျောက်​တောင်​သ​ဖွယ်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​သည် မိ​မိ​တို့​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း​သူ​တို့​သည်​သ​တိ​ရ​ကြ​ကုန်​၏။
PSA 78:36 သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​အား​နှုတ်​ဖြင့် မြှောက်​ပင့်​ပြော​ဆို​၍ လျှာ​ဖြင့်​လိမ်​လည်​လျှောက်​ထား​ကြ​၏။
PSA 78:37 သူ​တို့​သည်​ကိုယ်​တော်​အား​သစ္စာ​မ​စောင့်​ကြ။ ကိုယ်​တော်​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​လည်း မ​စောင့်​မ​ထိန်း။
PSA 78:38 သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​အား က​ရု​ဏာ​ထား​တော်​မူ​၏။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည်​ကြိမ်​ဖန်​များ​စွာ​မိ​မိ​၏​ဒေါ​သ​ကို ချုပ်​တည်း​တော်​မူ​၍ သူ​တို့​ပေါ်​တွင်​အ​မျက်​မ​ထွက်​ဘဲ​နေ​တော် မူ​၏။
PSA 78:39 ထို​သူ​တို့​ကား​လူ​သား​များ​သာ​ဖြစ်​ကြောင်း၊ အ​နီး​မှ​ဖြတ်​၍​တိုက်​ကာ ပျောက်​ကွယ်​သွား​တတ်​သော​လေ​ကဲ့​သို့ ဖြစ်​ကြောင်း​ကို​သ​တိ​ရ​တော်​မူ​၏။
PSA 78:40 သူ​တို့​သည်​တော​ကန္တာ​ရ​တွင်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​အား​ပုန်​ကန်​ခဲ့​ကြ​၏။ ကြိမ်​ဖန်​များ​စွာ​ကိုယ်​တော်​အား​စိတ်​မ​ချမ်း​မ​သာ ဖြစ်​စေ​ခဲ့​ကြ​ပါ​သည်​တ​ကား။
PSA 78:41 သူ​တို့​သည်​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​အား သွေး​စမ်း​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။
PSA 78:42 သူ​တို့​သည်​ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော် ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း မိ​မိ​တို့​အား​ရန်​သူ​တို့​လက်​မှ ကိုယ်​တော်​ကယ်​တော်​မူ​ခဲ့​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ တော်​မူ ခဲ့​ကြောင်း​ကို​လည်း​ကောင်း​သ​တိ​မ​ရ​ကြ။
PSA 78:44 အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​မ​သောက်​မ​သုံး နိုင်​ကြ​စေ​ရန် ချောင်း​များ​မြစ်​များ​မှ​ရေ​တို့​ကို​ကိုယ်​တော် သည် သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​၏။
PSA 78:45 ကိုယ်​တော်​သည်​သူ​တို့​အား​အ​တိ​ဒုက္ခ​ပေး​သည့် ယင်​ရဲ​များ​ကို​လည်း​ကောင်း၊ သူ​တို့​၏​လယ်​ယာ​များ​ကို​ဖျက်​ဆီး​ကြ​သည့် ဖား​များ​ကို​လည်း​ကောင်း​သူ​တို့​ထံ​သို့​စေ လွှတ်​တော်​မူ​၏။
PSA 78:46 သူ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ​ကို​စား​ပစ်​ရန်​နှင့် လယ်​ယာ​များ​ကို​ဖျက်​ဆီး​ပစ်​ရန်​နှံ​ကောင်​များ​ကို စေ​လွှတ်​တော်​မူ​၏။
PSA 78:47 သူ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​မိုး​သီး​အား​ဖြင့် လည်း​ကောင်း၊ သ​ဖန်း​ပင်​များ​ကို​ဆီး​နှင်း​ခဲ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​တော်​မူ​၏။
PSA 78:48 သူ​တို့​၏​ကျွဲ​နွား​တိ​ရစ္ဆာန်​များ​ကို မိုး​သီး​အား​ဖြင့်​လည်း​ကောင်း၊ သိုး​အုပ်​ဆိတ်​အုပ်​များ​ကို​မိုး​ကြိုး အား​ဖြင့်​လည်း​ကောင်း​ဖျက်​ဆီး​ပစ်​တော်​မူ​၏။
PSA 78:49 ကိုယ်​တော်​သည်​သူ​တို့​အား​ပြင်း​ထန်​သော အ​မျက်​တော်​ထွက်​တော်​မူ​၏။ အ​မျက်​တော်​သည်​သေ​မင်း​၏​တ​မန်​များ​သ​ဖွယ် သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။
PSA 78:50 ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ချုပ်​တည်း​တော်​မ​မူ။ ထို​သူ​တို့​၏​အ​သက်​ကို​လည်း​ချမ်း​သာ​ပေး တော်​မ​မူ။ သူ​တို့​အား​ကပ်​ရော​ဂါ​အား​ဖြင့်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​၏။
PSA 78:51 ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု​အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။
PSA 78:52 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို သိုး​ထိန်း​သ​ဖွယ်​ရှေ့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို ဖြတ်​၍​ပို့​ဆောင်​တော်​မူ​၏။
PSA 78:53 ကိုယ်​တော်​သည်​သူ​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပို့​ဆောင်​တော်​မူ​သည်​ဖြစ်​၍​သူ​တို့​သည် မ​ကြောက်​မ​လန့်​ကြ။ သို့​ရာ​တွင်​ပင်​လယ်​ရေ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို လွှမ်း​မိုး​လေ​၏။
PSA 78:54 ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ပြည်​တော်​သို့​လည်း​ကောင်း၊ ကိုယ်​တော်​တိုင်​သိမ်း​ပိုက်​တော်​မူ​ခဲ့​သည့် တောင်​တော်​သို့​လည်း​ကောင်း​ပို့​ဆောင်​တော် မူ​၏။
PSA 78:55 မိ​မိ​၏​လူ​စု​တော်​ရှေ့​သို့​ချီ​တက်​လာ​ကြ​သော​အ​ခါ ချဉ်း​နင်း​ဝင်​ရောက်​မည့်​ပြည်​၌​နေ​ထိုင်​ကြ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ဣသ​ရေ​လ​အ​နွယ်​တို့​အား​ထို​ပြည်​ကို​ခွဲ​ဝေ သတ်​မှတ် ပေး​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​အ​သီး​သီး​တွင်​အ​တည်​တ​ကျ နေ​ထိုင်​စေ​တော်​မူ​၏။
PSA 78:56 သို့​ရာ​တွင်​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​အား​ပုန်​ကန်​၍​သွေး​စမ်း​ကြ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို မ​စောင့်​မ​ထိန်း​ကြ။
PSA 78:57 မိ​မိ​တို့​ဘိုး​ဘေး​များ​နည်း​တူ​သစ္စာ​ဖောက်​၍ ပုန်​ကန်​ကြ​၏။ သူ​တို့​ကား​လေး​မှ​ပစ်​ထုတ်​လိုက်​သည့် လိမ်​ကောက်​နေ​သော​မြား​သ​ဖွယ်​စိတ်​မ​ချ​ရ သူ​များ​ဖြစ်​၏။
PSA 78:58 သူ​တို့​သည်​မိစ္ဆာ​နတ်​ဘု​ရား​တို့​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ ဌာ​န​များ​ထား​ရှိ​ခြင်း​အား​ဖြင့်​ကိုယ်​တော်​အား အ​မျက်​ထွက်​စေ​ကြ​၏။ ရုပ်​တု​များ​အား​ဖြင့်​ကိုယ်​တော်​အား ဒေါ​သ​ထွက်​စေ​ကြ​၏။
PSA 78:59 မိ​မိ​၏​လူ​စု​တော်​ယင်း​သို့​ပြု​ကြ​သည်​ကို တွေ့​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​လျက်​သူ​တို့​အား လုံး​လုံး​စွန့်​ပစ်​တော်​မူ​၏။
PSA 78:60 ငါ​တို့​တွင်​ကိန်း​ဝပ်​တော်​မူ​ရာ​ရှိ​လော​မြို့​ရှိ တဲ​တော်​ကို ကိုယ်​တော်​သည်​စွန့်​ပစ်​တော်​မူ​၏။
PSA 78:61 တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​အ​ထိမ်း အ​မှတ် ဖြစ်​သော​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း ရန်​သူ​တို့​အား​သိမ်း​ယူ​ခွင့်​ပြု​တော်​မူ​၏။
PSA 78:62 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​သတ်​ဖြတ်​ရန်​ရန်​သူ​တို့​အား အ​ခွင့် ပေး​တော်​မူ​၏။
PSA 78:63 ငယ်​ရွယ်​သူ​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကုန်​သ​ဖြင့်​ငယ်​ရွယ်​သူ အ​မျိုး​သ​မီး​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။
PSA 78:64 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​သွား​ကြ​ကုန်​၏။ သူ​တို့​၏​မု​ဆိုး​မ​များ​သည်​ငို​ကြွေး​မြည်​တမ်း​ခွင့် မ​ရ​ကြ။
PSA 78:65 နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​ရာ​မှ နိုး​ထ​သူ​ကဲ့​သို့​လည်း​ကောင်း စ​ပျစ်​ရည်​အ​ရှိန်​ဖြင့်​စိတ်​တက်​ကြွ​လာ​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း​နိုး​ထ​တော်​မူ​၏။
PSA 78:66 မိ​မိ​၏​ရန်​သူ​များ​ကို​ထာ​ဝ​စဉ်​အ​ရှက်​ကွဲ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။
PSA 78:67 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယော​သပ်​၏​သား​မြေး တို့​ကို ပစ်​ပယ်​တော်​မူ​၏။ ဧ​ဖ​ရိမ်​အ​မျိုး​အ​နွယ်​ကို​ရွေး​ချယ်​တော်​မ​မူ။
PSA 78:68 သူ​တို့​ကို​ရွေး​ချယ်​မည့်​အ​စား၊ယု​ဒ အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​လွန်​စွာ​ချစ်​မြတ်​နိုး​သည့် ဇိ​အုန်​တောင်​တော်​ကို​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​၏။
PSA 78:69 ထို​တောင်​တော်​ပေါ်​တွင်​ကောင်း​ကင်​ဘုံ​ရှိ​အိမ်​တော်​နှင့် တူ​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ဗိ​မာန်​တော်​ကို​ကမ္ဘာ​မြေ​ကြီး​ကဲ့​သို့ ကာ​လ​ခပ်​သိမ်း​တည်​တံ့​ခိုင်​မြဲ​စေ​တော်​မူ​၏။
PSA 78:70 ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ရွေး​ချယ်​တော်​မူ​၏။ သိုး​များ​ကို​ထိန်း​ကျောင်း​ရာ​မှ​သူ့​ကို​ခေါ်​ယူ တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်၊ ဘု​ရား​သ​ခင်​လူ​စု​တော်​ကို​စောင့်​ထိန်း​သော သိုး​ထိန်း​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။
PSA 78:72 ဒါ​ဝိဒ်​မင်း​သည်​သိုး​ထိန်း​အ​ဖြစ်​နှင့်​ထို​သူ​တို့​အား ကိုယ်​ကျိုး​စွန့်​ကာ​စောင့်​ရှောက်​ကြည့်​ရှု​၍ လိမ္မာ​ကျွမ်း​ကျင်​စွာ​ရှေ့​ဆောင်​လမ်းပြ​လေ​သည်။
PSA 79:1 အို ဘု​ရား​သ​ခင်၊ ပြည်​တော်​ထဲ​သို့​ဘု​ရား​မဲ့​သူ​တို့​ချဉ်း​နင်း ဝင်​ရောက်​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​ကြ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ဖြို​ဖျက်​လိုက်​ကြ ပါ​ပြီ။
PSA 79:2 သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ အ​လောင်း​များ​ကို​ငှက်​စာ​ဖြစ်​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင့်​အ​စေ​ခံ​တို့​၏​အ​လောင်း​များ​ကို သား​ရဲ​တိရစ္ဆာန်​စာ​ဖြစ်​စေ​ရန်​လည်း​ကောင်း ပစ်​ထား​ကြ​ပါ​ပြီ။
PSA 79:3 သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​၏​သွေး​ကို ရေ​ကဲ့​သို့ ယို​စီး​စေ​ကြ​ပါ​၏။ သွေး​ချောင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဖြတ်​၍ စီး​ဆင်း​လျက်​ရှိ​ပါ​၏။ အ​လောင်း​များ​ကို​သင်္ဂြိုဟ်​မည့်​သူ​တစ်​စုံ တစ်​ယောက်​မျှ မ​ကျန်​တော့​ပါ။
PSA 79:4 ပတ်​လည်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ကျွန်​တော်​မျိုး တို့​အား ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ကဲ့​ရဲ့​ပြောင်​လှောင်​ကြ​ပါ​၏။
PSA 79:5 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ် အ​မျက်​ထွက်​လျက်​နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​မ​ပြေ​ဘဲ​မီး​ကဲ့​သို့​တောက်​လောင် နေ​ပါ​မည်​လော။
PSA 79:6 ကိုယ်​တော်​ရှင်​အား​ရှိ​မ​ခိုး၊ဝတ်​မ​ပြု​သည့် လူ​မျိုး​တို့​အား​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​ထံ ဆု​တောင်း​ပတ္ထ​နာ​မ​တောင်း​မ​လျှောက် သူ​တို့​အား​လည်း​ကောင်း​အ​မျက်​ထွက်​တော်​မူ​ပါ။
PSA 79:7 ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို သတ်​ဖြတ်​ကြ​ပါ​ပြီ။ ပြည်​တော်​ကို​လည်း​ယို​ယွင်း​ပျက်​စီး​စေ​ကြ​ပါ​ပြီ။
PSA 79:8 ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ​အ​တွက် ကျွန်​တော်​မျိုး​တို့​အား​ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​မျှော်​လင့်​ရာ​မဲ့​လျက် ရှိ​ကြ​ပါ​၏။
PSA 79:9 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​ကူ​မ​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​ကို​ကယ်​ဆယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပါ။
PSA 79:10 ``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း'' ဟု လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့် မေး​ရ​ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​၏​သွေး​ကို​သွန်​သည့် လူ​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​တို့​မြင်​ရ​ကြ​ပါ​စေ​သော။
PSA 79:11 အ​ကျဉ်း​သား​တို့​၏​ညည်း​ညူ​သံ​များ​ကို နား​ထောင်​တော်​မူ​၍​သေ​ဒဏ်​သင့်​သူ​တို့​အား ကိုယ်​တော်​ရှင်​၏​မ​ဟာ​တန်​ခိုး​တော်​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။
PSA 79:12 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့် တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။
PSA 79:13 ထို​အ​ခါ​သိုး​စု​တော်​တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သည့်​ကျွန်​တော်​မျိုး​တို့​သည် ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ ပါ​မည်။ သား​စဉ်​မြေး​ဆက်​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ပါ​မည်။
PSA 80:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တော် ကြီး၊ ကျွန်​တော်​မျိုး​တို့​၏​ပန်​ကြား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ သိုး​စု​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​သော အ​ရှင်၊ ကျွန်​တော်​မျိုး​တို့​လျှောက်​ထား​ချက်​ကို နား​ညောင်း​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​ရုပ်​အ​ထက်​စံ​တော်​မူ​သော​အ​ရှင်၊
PSA 80:2 ဧ​ဖ​ရိမ်၊ဗင်္ယာ​မိန်​နှင့်​မ​နာ​ရှေ​အ​မျိုး​အ​နွယ် တို့​အား ပေါ်​လွင်​ထင်​ရှား​၍ တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပြီး​လျှင်​ကြွ​လာ တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။
PSA 80:3 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း ခံ​ရ​ကြ​ပါ​လိမ့်​မည်။
PSA 80:4 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မိ​မိ​၏​လူ​စု​တော်​ပြု​သည့်​ဆု​တောင်း​ပတ္ထနာ များ​ကို အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​နည်း။
PSA 80:5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ဝမ်း​နည်း​မှု တည်း​ဟူ​သော​အ​စား​အ​စာ​ကို​ကျွေး​၍ မျက်​ရည်​တည်း​ဟူ​သော​ရေ​ကို​ကြီး​မား​သည့် ခွက်​ဖ​လား​ဖြင့်​တိုက်​တော်​မူ​ပါ​ပြီ။
PSA 80:6 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​တိုင်း​ပြည်​ကို အိမ်​နီး​ချင်း​နိုင်​ငံ​တို့​၏​စစ်​မြေ​ပြင် ဖြစ်​စေ​တော်​မူ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား စော်​ကား​ကြ​ပါ​၏။
PSA 80:7 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​အား ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို​ပြ​တော် မူ​ပါ။ သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း ခံ​ရ​ကြ​ပါ​မည်။
PSA 80:8 ကိုယ်​တော်​ရှင်​သည်​အီ​ဂျစ်​ပြည်​မှ​စ​ပျစ်​ပင်​ကို ယူ​ဆောင်​တော်​မူ​ခဲ့​၍ အ​ခြား​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​တော်​မူ ပြီး​လျှင် သူ​တို့​၏​ပြည်​တွင်​ထို​စ​ပျစ်​ပင်​ကို​စိုက်​ပျိုး တော်​မူ​ပါ​၏။
PSA 80:9 ကိုယ်​တော်​ရှင်​သည်​စ​ပျစ်​ပင်​ပေါက်​နိုင်​ရန်​မြေ​ကို ရှင်း​လင်း​ပြု​ပြင်​တော်​မူ​ပါ​၏။ ထို​အ​ပင်​သည်​နက်​စွာ​အ​မြစ်​စွဲ​လျက်​တစ်​ပြည် လုံး​ကို လွှမ်း​မိုး​ပါ​၏။
PSA 80:10 ယင်း​သည်​တောင်​ကုန်း​များ​ကို​မိ​မိ​၏ အ​ရိပ်​ဖြင့်​လည်း​ကောင်း၊ ကြီး​မား​သည့်​အာ​ရဇ်​ပင်​များ​ကို​မိ​မိ​၏​အ​ကိုင်း အ​ခက်​များ​ဖြင့်​လည်း​ကောင်း​ဖုံး​လွှမ်း​စေ​ပါ​၏။
PSA 80:11 ယင်း​၏​အ​ခက်​အ​လက်​တို့​သည်​မြေ​ထဲ​ပင်​လယ် သို့​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​လည်း​ကောင်း ရောက်​ရှိ​ကြ​ပါ​၏။
PSA 80:12 ထို​အ​ပင်​ကို​ကာ​ရံ​ထား​သည့်​ခြံ​စည်း​ရိုး​များ​ကို အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ချိုး​ဖျက်​တော်​မူ​ပါ​သ​နည်း။ ယ​ခု​အ​ခါ​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ သူ​တိုင်း​ပင်​လျှင်​စ​ပျစ်​သီး​များ​ကို​ခိုး​ယူ နိုင်​ပါ​၏။
PSA 80:13 ထို​အ​ပင်​ကို​တော​ဝက်​များ​သည်​ကျော်​နင်း ကြ​၍ တော​တိ​ရစ္ဆာန်​များ​သည်​ကိုက်​စား​ကြ​ပါ​၏။
PSA 80:14 အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​ထံ တစ်​ဖန်​ကြွ​တော်​မူ​ပါ။ ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​ပါ။ ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​၏​လူ​စု​တော်​ကို ကယ်​တော်​မူ​ပါ။
PSA 80:15 ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင် စိုက်​ပျိုး​ပြီး​လျှင် အ​လွန်​သန်​မာ​ထွား​ကြိုင်း​အောင်​ပြု​စု​ထား​သည့် စ​ပျစ်​ပင်​ပျို​ကို​ကယ်​တော်​မူ​ပါ။
PSA 80:16 ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်​ထို​အ​ပင်​ကို မီး​ရှို့​ခုတ်​လှဲ​ကြ​ပါ​ပြီ။ ထို​သူ​တို့​ကို​အ​မျက်​တော်​နှင့်​ကြည့်​တော် မူ​၍ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ။
PSA 80:17 ကိုယ်​တော်​ရှင်​ရွေး​ချယ်​တော်​မူ​သော​လူ​စု၊ အင်​အား​ကြီး​မား​အောင် ကိုယ်​တော်​ရှင်​ပြု​စု​တော်​မူ​သည့်​လူ​မျိုး​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပါ။
PSA 80:18 ကျွန်​တော်​မျိုး​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ ကိုယ်​တော်​ရှင်​အား​ကျော​ခိုင်း​ကြ​တော့​မည် မ​ဟုတ်​ပါ။ ကျွန်​တော်​မျိုး​တို့​အား​အ​သက်​ရှင်​စေ​တော်​မူ​လျှင် ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 80:19 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​ကြ​ပါ​မည်။
PSA 81:1 ငါ​တို့​ဘက်​မှ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​ဘု​ရား​သ​ခင်​အား ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လော့။ ယာ​ကုပ်​၏​ဘု​ရား​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။
PSA 81:2 သီ​ဆို​တီး​မှုတ်​မှု​ကို​အ​စ​ပြု​ကြ​လော့။ စောင်း ကြီး စောင်း​ငယ်​တို့​ကို​သာ​ယာ​စွာ​တီး​ကြ​လော့။
PSA 81:3 လ​ဆန်း​နေ့​နှင့်​လ​ပြည့်​နေ့​တွင်​ပွဲ​သ​ဘင် ကျင်း​ပ​ရန်​အ​တွက်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ လော့။
PSA 81:4 ဤ​သို့​ပွဲ​သ​ဘင်​ကျင်း​ပ​ရန်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၌​ဥ​ပ​ဒေ​ရှိ​ပေ​သည်။ ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​မိန့်​တော်​လည်း​ဖြစ်​ပေ​သည်။
PSA 81:5 ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​တော် မူ​စဉ်​က ယင်း​အ​မိန့်​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​၏။ မ​သိ​မ​ကျွမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။
PSA 81:6 ထို​အ​သံ​က``သင်​တို့​၏​ပ​ခုံး​ထက်​မှ​လေး​လံ သော ဝန်​ထုပ်​ကို​ငါ​ယူ​ပစ်​လျက် သင်​တို့​အုတ်​သယ်​သည့်​ခြင်း​တောင်း​များ​ကို ချ​ထား​စေ​၏။
PSA 81:7 သင်​တို့​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌ ငါ့​ကို​အော်​ဟစ်​သော​အ​ခါ ငါ​သည်​သင်​တို့​အား​ကယ်​ခဲ့​၏။ မိုး​သက်​မုန်​တိုင်း​အ​တွင်း​မ​မြင်​နိုင်​သော​အ​ရပ် မှ​နေ​၍ သင်​တို့​အား​ငါ​ဖြေ​ကြား​ခဲ့​၏။ မေ​ရိ​ဘ​စမ်း​ရေ​အ​နီး​တွင်​သင်​တို့​အား​ငါ သွေး​စမ်း​ခဲ့​၏။
PSA 81:8 ငါ​၏​လူ​စု​တော်​တို့၊ငါ​သ​တိ​ပေး​သည်​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်​ငါ့ စ​ကား​ကို နား​ထောင်​ကြ​လော့။
PSA 81:9 သင်​တို့​သည်​အ​ခြား​သော​ဘု​ရား​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ကိုး​ကွယ်​ရ။
PSA 81:10 ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​ခံ​တွင်း​ကို​ဖွင့်​ဟ​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကျွေး​မွေး​မည်။
PSA 81:11 သို့​ရာ​တွင်​ငါ​၏​လူ​စု​တော်​ကား​ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အ​မိန့်​ကို မ​နာ​ခံ​ကြ။
PSA 81:12 သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​ခေါင်း​မာ​မြဲ​မာ စေ​ရန်​နှင့် သူ​တို့​အ​လို​အ​တိုင်း​ပြု​ကျင့်​စေ​ရန်​အ​ခွင့်​ပေး​၏။
PSA 81:13 ငါ​၏​လူ​စု​တော်​သည်​ငါ့​စ​ကား​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ ငါ့​အ​မိန့်​ကို​နာ​ခံ​စေ​ချင်​စမ်း​ပါ​ဘိ။
PSA 81:14 သို့​ဖြစ်​လျှင်​ငါ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို အ​လျင်​အ​မြန်​အ​ရေး​ရှုံး​နိမ့်​စေ​မည်။ သူ​တို့​၏​ရန်​ဘက်​အား​လုံး​ကို​နှိမ်​နင်း​မည်။
PSA 81:15 ငါ့​ကို​မုန်း​သော​သူ​တို့​သည်​ငါ့​ရှေ့​၌ ကြောက်​ရွံ့​ပျပ်​ဝပ်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ လိမ့်​မည်။
PSA 81:16 ငါ​သည်​သင်​တို့​အား​အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ကို ကျွေး​မွေး​၍ တော​ပျား​ရည်​ကို​သုံး​ဆောင်​စေ​မည်'' ဟု​ဆို​၏။
PSA 82:1 ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တွင်​ကျင်း​ပ သည့် ကောင်​စီ​အ​စည်း​အ​ဝေး​၌​နေ​ရာ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တို့​၏​အ​စည်း​ဝေး​၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သည်​မှာ
PSA 82:2 ``သင်​တို့​သည်​မ​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ် မှု​ကို မ​ပြု​ကြ​တော့​နှင့်။ သူ​ယုတ်​မာ​တို့​၏​မျက်​နှာ​ကို​ထောက်​၍ တ​ရား​စီ​ရင်​မှု​ကို​မ​ကျင့်​သုံး​ကြ​တော့​နှင့်။
PSA 82:3 ဆင်း​ရဲ​သူ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏​ရ​ပိုင်​ခွင့် များ​ကို ကွယ်​ကာ​စောင့်​ရှောက်​ရ​ကြ​မည်။ ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့​သူ​တို့​အ​တွက် တ​ရား​မျှ​တ​စွာ​တ​ရား​စီ​ရင်​ရ​ကြ​မည်။
PSA 82:4 သူ​တို့​အား​မ​တ​ရား​သော​သူ​တို့​၏​လက်​မှ ကယ်​ဆယ်​ရ​ကြ​မည်။
PSA 82:5 ``သင်​တို့​သည်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​လွန်​စွာ​ပင် မိုက်​မဲ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လုံး​ဝ​အ​ကျင့်​ပျက်​ကြ​ပြီ။ တ​ရား​မျှ​တ​မှု​သည်​ကမ္ဘာ​လော​က​မှ ကွယ်​ပျောက်​သွား​လေ​ပြီ။
PSA 82:6 သင်​တို့​သည်​ဘု​ရား​များ​ဖြစ်​ကြောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​၏ သား​များ ဖြစ်​ကြောင်း​ကို​ငါ​ဖော်​ပြ​ခဲ့​၏။
PSA 82:7 သို့​ရာ​တွင်​သင်​တို့​သည်​လူ​သာ​မန်​များ​နည်း​တူ သေ​ရ​ကြ​မည်။ မင်း​သား​တို့​နည်း​တူ​အ​သက်​ကုန်​ဆုံး​ရ​ကြ​မည်။''
PSA 82:8 အို ဘု​ရား​သ​ခင်၊ ကြွ​လာ​တော်​မူ​၍​ကမ္ဘာ​လော​က​ကို​အုပ်​စိုး​တော် မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​ကို​ကိုယ်​တော်​ရှင်​ပိုင်​တော် မူ​ပါ​၏။
PSA 83:1 အို ဘု​ရား​သ​ခင်၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ ငြိမ်​သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ ဆိတ်​ငြိမ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။
PSA 83:2 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သောင်း ကျန်း ထ​ကြွ​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​မုန်း​သော​သူ​တို့​သည် တော်​လှန်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​၏။
PSA 83:3 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား တိုက်​ခိုက်​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက်​နေ​ကြ ပါ​၏။ ကိုယ်​တော်​ရှင်​ကွယ်​ကာ​ထား​တော်​မူ​သော သူ​တို့​အား​ဆန့်​ကျင်​ရန်​တိုင်​ပင်​လျက်​နေ ကြ​ပါ​၏။
PSA 83:4 သူ​တို့​က``လာ​ကြ၊ဣသ​ရေ​လ​မျိုး​ရိုး​သည် ထာ​ဝ​စဉ်​တိမ်​ကော​၍​သွား​စေ​ရန်​သူ​တို့ လူ​မျိုး​ကို သုတ်​သင်​ချေ​မှုန်း​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
PSA 83:5 သူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြံ​စည်​ကြ​ပြီး​နောက် ကိုယ်​တော်​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​၍ မ​ဟာ​မိတ်​အ​ဖွဲ့​ကို​ဖွဲ့​စည်း​လိုက်​ကြ​ပါ​၏။
PSA 83:6 ထို​မ​ဟာ​မိတ်​အ​ဖွဲ့​တွင်​ဧ​ဒုံ၊ဣ​ရှ​မေ​လ၊ မော​ဘ၊ ဟာ​ဂ​ရ​အ​မျိုး​သား​များ၊
PSA 83:7 ဂေ​ဗ​လ၊အမ္မုန်၊အာ​မ​လက်၊ဖိ​လိတ္တိ​အ​မျိုး​သား များ​နှင့် တု​ရု​မြို့​သား​များ​ပါ​ဝင်​ကြ​၏။
PSA 83:8 အာ​ရှု​ရိ​အ​မျိုး​သား​များ​သည်​လည်း​လော​တ​၏ သား​မြေး​များ​ဖြစ်​သော​အမ္မုန်​နှင့်​မော​ဘ​ဘက်​မှ မ​ဟာ​မိတ်​အ​ဖြစ်​ဖြင့်​ပါ​ဝင်​ကြ​ပါ​၏။
PSA 83:9 အင်္ဒေါ​ရ​အ​ရပ်​တွင်​မိ​ဒျန်​အ​မျိုး​သား တို့​သည်​လည်း​ကောင်း၊ ခိ​ရှုန်​မြစ်​အ​နီး​၌​သိ​ရ​မင်း​နှင့်​ယာ​ဘိန်​မင်း တို့​သည်​လည်း​ကောင်း​စစ်​ပွဲ​ရှုံး​သ​ဖြင့် သူ​တို့​၏​အ​လောင်း​များ​သည်​စစ်​တ​လင်း ပေါ်​၌ ပုပ်​ပျက်​သွား​စေ​သ​ကဲ့​သို့ ဤ​မ​ဟာ​မိတ်​အ​ဖွဲ့​အား​လည်း​အ​လား တူ ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​ပါ။
PSA 83:11 သြ​ရ​ဘ​မင်း​နှင့်​ဇေ​ဘ​မင်း​တို့​ကို ကိုယ်​တော်​ရှင် ပြု​သ​ကဲ့​သို့ သူ​တို့​၏​ခေါင်း​ဆောင်​များ​အား​ပြု​တော်​မူ​ပါ။ ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​အား​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​သ​ကဲ့​သို့ သူ​တို့​၏​မင်း​ရှိ​သ​မျှ​အား​လည်း​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ။
PSA 83:12 ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​က``ငါ​တို့​သည် ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ပြည်​ကို သိမ်း​ယူ​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​ပါ​၏။
PSA 83:13 အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​လေ​ဗွေ​၌​ပါ​သွား​သော မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်​ရာ​လွင့်​ပါ​သွား​တတ်​သည့် ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​တော်​မူ​ပါ။
PSA 83:14 သစ်​တော​ကို​ကျွမ်း​လောင်​စေ​သည့် မီး​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ကုန်း​များ​ကို​ကျွမ်း​လောင်​စေ​သည့် မီး​တောက်​မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း
PSA 83:15 ကိုယ်​တော်​ရှင်​၏​မိုး​သက်​မုန်​တိုင်း​အား​ဖြင့် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လေ​ပြင်း​အား​ဖြင့်​သူ​တို့​ကို ကြောက်​လန့်​စေ​တော်​မူ​ပါ။
PSA 83:16 အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော် ကြီး​မား​ကြောင်း​ကို​ဝန်​ခံ​ကြ​စေ​ရန်​မျက်​နှာ​ကို ရှက်​စေ​တော်​မူ​ပါ။
PSA 83:17 သူ​တို့​သည်​အ​စဉ်​အ​မြဲ​အ​ရေး​ရှုံး​နိမ့်​လျက် ထိတ်​လန့်​ကြ​ပါ​စေ​သော။ သူ​တို့​သည်​လုံး​ဝ​ဂုဏ်​အ​သ​ရေ​ပျက်​လျက် သေ​ကျေ​ကြ​ပါ​စေ​သော။
PSA 83:18 သူ​တို့​သည်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၍ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင် ဖြစ်​တော်​မူ​ကြောင်း​ကို​သိ​ရှိ​ကြ​ပါ​စေ​သော။
PSA 84:1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန် တော်​ကို အ​လွန်​နှစ်​သက်​မြတ်​နိုး​လျက်
PSA 84:2 ထို​အ​ရပ်​တွင်​လွန်​စွာ​နေ​လို​လှ​ပါ​သည်။ ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တံ​တိုင်း​များ​ကို​တ​သ​ပါ​၏။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ဝမ်း မြောက်​စွာ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​၏။
PSA 84:3 ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ စာ​ငှက်​များ​နှင့်​ဇ​ရက်​များ​ပင်​လျှင်​မိ​မိ​တို့​၏ အ​သိုက်​အ​အုံ​များ​ကို ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​အ​နီး​တွင်​ဆောက် လုပ်​၍ သား​ငယ်​များ​ကို​ထား​ကြ​ပါ​၏။
PSA 84:4 ကိုယ်​တော်​ရှင်​အား​အ​စဉ်​မ​ပြတ်​ထော​မ​နာ ပြု​လျက် ဗိ​မာန်​တော်​တွင်​နေ​ကြ​သူ​တို့​သည်​အ​လွန်​ပင် မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။
PSA 84:5 ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ​ခွန်​အား​စွမ်း​ရည်​ကို ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။ သူ​တို့​သည်​ဇိ​အုန်​တောင်​တော်​သို့​ခ​ရီး​ပြု​ရန် စိတ်​ထက်​သန်​ကြ​ပါ​၏။
PSA 84:6 ထို​သူ​တို့​သည်​ခြောက်​သွေ့​နေ​သည့်​ဗာ​ကာ ချိုင့်​ဝှမ်း​ကို ဖြတ်​သန်း​သွား​စဉ်​ရေ​များ​ပေါက်​၍​လာ​ပါ​၏။ မိုး​ဦး​ရွာ​သ​ဖြင့်​အိုင်​များ​ထွန်း​၍​လာ​ပါ​၏။
PSA 84:7 ထို​သူ​တို့​သည်​ခ​ရီး​ပြု​ရင်း​ခွန်​အား​တိုး​၍ လာ​ကြ​ပါ​၏။ ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘု​ရား​တ​ကာ တို့​၏ ဘု​ရား​ကို​ဖူး​မြင်​ရ​ကြ​ပါ​လိမ့်​မည်။
PSA 84:8 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​ပါ။ အို ယာ​ကုပ်​၏​ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။
PSA 84:9 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​ထား​တော်​မူ​သော ဘု​ရင်​တည်း​ဟူ​သော​ကျွန်​တော်​မျိုး​တို့ ၏​ဘု​ရင်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ။
PSA 84:10 ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​တစ်​ရက်​မျှ နေ​ရ​ခြင်း​သည် အ​ခြား​သော​အ​ရပ်​တွင်​ရက်​ပေါင်း​တစ်​ထောင် နေ​ရ​ခြင်း​ထက်​သာ​၍​မြတ်​ပါ​၏။ ဘု​ရား​သ​ခင်​၏​အိမ်​တော်​တံ​ခါး​စောင့်​ဖြစ်​ရ ခြင်း​သည် သူ​ယုတ်​မာ​တို့​၏​အိမ်​တွင်​နေ​ရ​ခြင်း​ထက် သာ​၍​မြတ်​ပါ​၏။
PSA 84:11 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ဘုန်း​ကြီး​တော် မူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​သ​နား​ကြင်​နာ​၍ ချီး​မြှင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​တို့​အား ကောင်း​မြတ်​သည့်​အ​ရာ​များ​ကို​ပေး​ရန်​ငြင်း တော်​မ​မူ။
PSA 84:12 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​လွန်​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။
PSA 85:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပြည်​တော်​ကို သ​နား​တော်​မူ​ပါ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တစ်​ဖန် ပြန်​လည်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​ပါ​ပြီ။
PSA 85:2 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​၏​အ​ပြစ် များ​ကို ဖြေ​လွှတ်​တော်​မူ​၍​သူ​တို့​၏​အ​မှား​များ​ကို ခွင့်​လွှတ်​တော်​မူ​ပါ​ပြီ။
PSA 85:3 သူ​တို့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ ကိုယ်​တော်​၏​ပြင်း​ထန်​သော​အ​မျက်​ပြေ​တော် မူ​ပါ​ပြီ။
PSA 85:4 ကျွန်​တော်​မျိုး​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​မ​နှစ်​သက်​မှု​ရှိ​တော် မ​မူ​ပါ​နှင့်။
PSA 85:5 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။
PSA 85:6 ကျွန်​တော်​မျိုး​တို့​ကို​အား​သစ်​လောင်း​တော် မူ​ပါ။ သို့​ပြု​တော်​မူ​ပါ​လျှင်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သော​ကျွန်​တော်​မျိုး​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​မည်။
PSA 85:7 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ပြ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား ကယ်​တင်​တော်​မူ​ပါ။
PSA 85:8 ငါ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လျက်​နေ​၏။ ငါ​တို့​သည်​မိုက်​မဲ​သော​လမ်း​စဉ်​ကို​စွန့်​ပစ်​ပါ​လျှင် ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​တည်း​ဟူ​သော ငါ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​မည်​ဟု က​တိ​ပြု​တော်​မူ​ပါ​၏။
PSA 85:9 ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သော သူ​တို့​ကို​ကယ်​တော်​မူ​ရန်​အ​မှန်​ပင် အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​လည်း ငါ​တို့​ပြည်​တွင်​ကျိန်း​ဝပ်​လျက်​နေ​လိမ့်​မည်။
PSA 85:10 မေတ္တာ​နှင့်​သစ္စာ​သည်​ဆုံ​မိ​ကြ​လိမ့်​မည်။ တ​ရား​မျှ​တ​မှု​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​သည် ဖက်​ယမ်း​ကြ​လိမ့်​မည်။
PSA 85:11 လူ​တို့​သစ္စာ​စောင့်​မှု​သည်​ကမ္ဘာ​လော​က​မှ ပေါ်​ထွက်​လာ​၍ ဘု​ရား​သ​ခင်​၏​တ​ရား​မျှ​တ​မှု​သည် ကောင်း​ကင်​ဘုံ​မှ​ငုံ့​ကြည့်​လိမ့်​မည်။
PSA 85:12 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကြွယ်​ဝ​ချမ်း​သာ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ပြည်​သည်​လည်း​ကောက်​ပဲ​သီး​နှံ များ​စွာ​ထွက်​လိမ့်​မည်။
PSA 85:13 တ​ရား​မျှ​တ​မှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​ပြေး​ဖြစ်​၍​ကြွ​လာ​တော်​မူ​ရာ​လမ်း ခ​ရီး​ကို ကြို​တင်​ပြင်​ဆင်​ပေး​လိမ့်​မည်။
PSA 86:1 ကျွန်​တော်​မျိုး​သည်​အင်​အား​ချိ​နဲ့​လျက်​ခို​ကိုး​ရာ​မဲ့ ဖြစ်​၍​နေ​ပါ​၏။ ထို့​ကြောင့် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​လျှောက်​ထား​သည်​ကို​နား​ထောင်​တော် မူ​၍ ဖြေ​ကြား​တော်​မူ​ပါ။
PSA 86:2 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​စောင့်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ကိုး စား​သော အ​စေ​ခံ​ဖြစ်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
PSA 86:3 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​တစ်​နေ့​လုံး ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။
PSA 86:4 အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ထံ​သို့ ဆု​တောင်း​သည်​ဖြစ်​၍​ကိုယ်​တော်​ရှင့်​အ​စေ ခံ​အား ဝမ်း​မြောက်​စေ​တော်​မူ​ပါ။
PSA 86:5 ကိုယ်​တော်​ရှင်​၌​ကျွန်​တော်​မျိုး​တို့​အ​ပေါ် ကောင်း​မြတ်​သော​သ​ဘော၊အ​ပြစ်​လွှတ်​တတ်​သော သ​ဘော​ရှိ​တော်​မူ​ပါ​၏။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ အ​ပေါင်း​တို့ အ​ပေါ်​ထား​တော်​မူ​သည့်​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​ကြွယ်​ဝ​ပါ​၏။
PSA 86:6 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​များ​ကို ကြား​တော်​မူ​ပါ။
PSA 86:7 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သည်​ဖြစ်​၍ ဒုက္ခ​ရောက်​ချိန်​များ​၌​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ကို​ခေါ်​ပါ​၏။
PSA 86:8 အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​ဘု​ရား​မျှ​မ​ပြု​ခဲ့​ပါ။
PSA 86:9 ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ​၍​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။
PSA 86:10 ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​တော်​မူ​၍ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
PSA 86:11 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပြု​စေ တော်​မူ လို​သည့်​အ​တိုင်း​ညွှန်​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​သစ္စာ​နှင့်​လိုက်​နာ​ဆောင် ရွက်​ပါ​မည်။ ကိုယ်​တော်​ရှင်​အ​မှု​တော်​ကို​မ​မှိတ်​မ​သုန် ဆောင်​ရွက်​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။
PSA 86:12 အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကြီး​မြတ် ပုံ​ကို အ​စဉ်​အ​မြဲ​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
PSA 86:13 ကျွန်​တော်​မျိုး​အ​ပေါ်​၌​ကိုယ်​တော်​ရှင် ထား​တော်​မူ​သော​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကြီး​မား​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ နိုင်​ငံ​မှ ကယ်​နုတ်​တော်​မူ​ပါ​ပြီ။
PSA 86:14 အို ဘု​ရား​သ​ခင်၊ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​၏။ ရက်​စက်​ကြမ်း​ကြုတ်​သူ​လူ​တစ်​စု​သည် ကျွန်​တော်​မျိုး​ကို သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ပ​မာ​ဏ​မပြု​ကြ​ပါ။
PSA 86:15 အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ချစ်​ခင်​ကြင်​နာ​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပါ​၏။ အ​စဉ်​သ​နား​လျက်​သစ္စာ​ရှိ​တော်​မူ​ပါ​၏။
PSA 86:16 ကျွန်​တော်​မျိုး​ထံ​ကြွ​တော်​မူ​၍​ကျွန်​တော်​မျိုး အား သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​မိ​ခင်​နည်း​တူ ကိုယ်​တော်​ရှင်​၏​အ​စေ​ကို​ခံ​ပါ​သ​ဖြင့် ကျွန်​တော်​မျိုး​အား​ခွန်​အား​စွမ်း​ရည်​ကို ပေး​တော်​မူ​ပြီး​လျှင်​ကယ်​တော်​မူ​ပါ။
PSA 86:17 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​နှစ်​သိမ့် မှု​နှင့် ကူ​ညီ​မ​စ​မှု​ပေး​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​သည် မြင်​ကြ​သော​အ​ခါ​အ​ရှက်​ရ​ကြ​ပါ လိမ့်​မည်။
PSA 87:1 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော်​ကို သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင် ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။
PSA 87:2 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကြီး​ကို ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​ခြား​မြို့​အ​ပေါင်း​တို့​ထက် ပို​၍​နှစ်​သက်​မြတ်​နိုး​တော်​မူ​၏။
PSA 87:3 အို ဘု​ရား​သ​ခင်​၏​မြို့​တော်၊ သင်​၏​အ​ကြောင်း​ကိုယ်​တော်​ယ​ခု​မိန့်​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​နား​ထောင်​လော့။
PSA 87:4 ကိုယ်​တော်​မိန့်​တော်​မူ​သည်​မှာ ``ငါ​၏​စ​ကား​ကို​နား​ထောင်​သည့်​နိုင်​ငံ​များ စာ​ရင်း​ကို​ယူ​သော​အ​ခါ​အီ​ဂျစ်​ပြည်​နှင့် ဗာ​ဗု​လုန်​ပြည်​ကို​ငါ​ထည့်​သွင်း​မည်။ ဖိ​လိတ္တိ​ပြည်၊တု​ရု​ပြည်​နှင့်​ဆူ​ဒန်​ပြည်​မှ လူ​တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​သား​များ စာ​ရင်း​တွင်​ငါ​ဖော်​ပြ​မည်။''
PSA 87:5 ဇိ​အုန်​တောင်​အား​လူ​မျိုး​အ​ပေါင်း​တို့​ဖွား​မြင်​ရာ မိ​ခင်​ဟူ​၍​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သည် ထို​တောင်​ကို​ခိုင်​ခံ့​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း​လူ​တို့​ပြော​ဆို​ကြ လိမ့်​မည်။
PSA 87:6 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တို့​ကို​စာ​ရင်း ပြု​စု​တော်​မူ​လိမ့်​မည်။ ယင်း​စာ​ရင်း​တွင်​ပါ​ရှိ​သော​သူ​အ​ပေါင်း တို့​ကို ယေ​ရု​ရှ​လင်​မြို့​သား​များ​အ​ဖြစ်​ဖြင့်​ထည့်​သွင်း ရေး​မှတ်​တော်​မူ​လိမ့်​မည်။
PSA 87:7 ထို​သူ​အ​ပေါင်း​တို့​သည်​က​ခုန်​လျက် ``ဇိ​အုန်​တောင်​သည် ငါ​တို့​ခံ​စား​ရ​သော​ကောင်း​ချီး​မင်္ဂလာ​အ​ပေါင်း စီး​ဆင်း​ရာ​ဖြစ်​ပေ​သည်'' ဟု​သီ​ဆို​ကြ​၏။
PSA 88:1 ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​နေ့​အ​ချိန်​၌​ဟစ်​အော်​၍ ည​အ​ချိန်​၌​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။
PSA 88:2 ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။
PSA 88:3 ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​ရ​ဖန်​များ​လှ သ​ဖြင့် သေ​လု​ပါ​ပြီ။
PSA 88:4 ကျွန်​တော်​မျိုး​သည်​သေ​အံ့​ဆဲ​ဆဲ​ဖြစ်​လျက် နေ​သူ​တစ်​ယောက်​ဖြစ်​ပါ​၏။ အား​အင်​လည်း​ကုန်​ခန်း​ပါ​ပြီ။
PSA 88:5 ကျွန်​တော်​မျိုး​သည်​သူ​သေ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​သတ်​ခံ​ရ​၍​သင်္ချိုင်း​တွင်း​ထဲ​သို့​ရောက်​ရှိ​နေ​သည့် သူ​သေ​ကဲ့​သို့​ဖြစ်​ပါ​၏။ ကိုယ်​တော်​လုံး​ဝ​သ​တိ​မ​ရ​သော​သူ၊ကိုယ်​တော် မ​စ​ရန် မ​ဖြစ်​နိုင်​သော​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။
PSA 88:6 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​မှောင်​ဆုံး၊ အ​နက်​ဆုံး​သော​တွင်း​တည်း​ဟူ​သော​နက်​ရှိုင်း​ရာ သင်္ချိုင်း​တွင်း​ထဲ​သို့​ပစ်​ချ​တော်​မူ​ပါ​ပြီ။
PSA 88:7 အ​မျက်​တော်​သည်​ကျွန်​တော်​မျိုး​အား​ဖိ​လျက် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​မျက်​တော်​၏ လှိုင်း​တံ​ပိုး​အောက်​တွင်​ပိ​ပြား​၍​နေ​ပါ​၏။
PSA 88:8 ကျွန်​တော်​မျိုး​အား​မိတ်​ဆွေ​များ​စွန့်​ပစ်​စေ​တော် မူ​ပါ​ပြီ။ ထို​သူ​တို့​၏​ရှေ့​တွင်​ကျွန်​တော်​မျိုး​အား စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ပိတ်​မိ​နေ​သ​ဖြင့် မ​လွတ်​မြောက်​နိုင်​တော့​ပါ။
PSA 88:9 ကျွန်​တော်​မျိုး​ခံ​ရ​သော​ဒုက္ခ​ကြောင့်​မျက်​စိ​များ​သည် ပြာ​ဝေ​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင် အား​ခေါ်​ပါ​၏။ လက်​အုပ်​ချီ​၍​ကိုယ်​တော်​ထံ​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​၏။
PSA 88:10 ကိုယ်​တော်​ရှင်​သည်​သူ​သေ​တို့​အ​တွက်​ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ပါ​သ​လော။ သူ​တို့​သည်​သေ​ရာ​မှ​ထ​၍​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​သ​လော။
PSA 88:11 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို သင်္ချိုင်း​တွင်း​၌​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​ကို ပျက်​စီး​ရာ​ဌာ​န​၌​လည်း​ကောင်း ထုတ်​ဖော်​ပြော​ဆို​ခြင်း​ရှိ​ပါ​သ​လော။
PSA 88:12 ကိုယ်​တော်​ရှင်​၏​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို ထို​မှောင်​မိုက်​ရာ​အ​ရပ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို မေ့​လျော့​ရာ​အ​ရပ်​၌​လည်း​ကောင်း​သိ​မြင်​ခြင်း ရှိ​ပါ​သ​လော။
PSA 88:13 အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​အား​ဟစ်​ခေါ်​ပါ​၏။
PSA 88:14 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။
PSA 88:15 ကျွန်​တော်​မျိုး​သည်​ငယ်​စဉ်​က​တည်း​က​ဝေ​ဒ​နာ ခံ​ရ​လျက်​သေ​လု​နီး​ပါး​ဖြစ်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော အ​ပြစ်​ဒဏ်​ကြီး​လေး​မှု​ကြောင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​ပါ​၏။
PSA 88:16 ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော်​သည် ကျွန်​တော်​မျိုး​အား​ပြို​လဲ​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ကြောက်​မက်​ဖွယ်​သော တိုက်​ခိုက်​မှု​များ​သည်​ကျွန်​တော်​မျိုး​အား ချေ​မှုန်း​စေ​ပါ​၏။
PSA 88:17 ယင်း​တို့​သည်​မြစ်​ရေ​လျှံ​သ​ကဲ့​သို့​တစ်​နေ့​လုံး ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက်​ရှိ​ပါ​၏။ အ​ဘက်​ဘက်​မှ​နေ​၍​ကျွန်​တော်​မျိုး​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​ပါ​၏။
PSA 88:18 အ​ရင်း​နှီး​ဆုံး​သော​မိတ်​ဆွေ​များ​အား​ပင် လျှင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​မှာ​မိတ်​ဆွေ​ဖွဲ့​ရန်​မှောင်​မိုက်​သာ​လျှင် ကျန်​ရှိ​ပါ​တော့​၏။
PSA 89:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​အ​စဉ်​သီ​ချင်း​ဆို ပါ​မည်။ အ​ခါ​ခပ်​သိမ်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
PSA 89:2 ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည်​ကာ​လ​အ​စဉ် တည်​တော်​မူ​၍ သစ္စာ​တော်​သည်​လည်း​မိုး​ကောင်း​ကင်​ကဲ့​သို့ ခိုင်​မြဲ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။
PSA 89:3 ကိုယ်​တော်​ရှင်​က``ငါ​ရွေး​ကောက်​သူ​နှင့်​ငါ​သည် ပ​ဋိ​ညာဉ်​ပြု​ပြီ။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​အ​မြဲ​ရ​လိမ့်​မည်။ သင်​၏​မင်း​မျိုး​မင်း​နွယ်​သည်​အ​ဆက်​မ​ပြတ် ဖြစ်​လိမ့်​မည်' ဟု ငါ​က​တိ​ပေး​ပြီ'' ဟူ​၍​မိန့်​တော်​မူ​ပါ​၏။
PSA 89:5 ကောင်း​ကင်​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း​ကို​သီ​ချင်း​ဆို ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​သီ​ချင်း​ဆို​ကြ​ပါ​၏။
PSA 89:6 အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​တွင်​ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ တူ​ပါ​သ​နည်း။ အ​ဘယ်​ကောင်း​ကင်​သား​သည်​ကိုယ်​တော်​ကို တု​ပြိုင်​နိုင်​ပါ​သ​နည်း။
PSA 89:7 ကိုယ်​တော်​ရှင်​သည်​သန့်​ရှင်း​သူ​တို့​၏​ကောင်​စီ​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို​ခံ​ရ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​လွန်​စွာ ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​၏။
PSA 89:8 အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​တန်​ခိုး​ကြီး​မား​သူ မ​ရှိ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့​တွင် သစ္စာ​ရှိ​တော်​မူ​ပါ​၏။
PSA 89:9 ကိုယ်​တော်​ရှင်​သည်​လှိုင်း​ကြီး​သည့်​ပင်​လယ်​ကို အ​စိုး​ရ​တော်​မူ​၍ ပြင်း​ထန်​သော​လှိုင်း​တံ​ပိုး​တို့​ကို​ငြိမ်း​စေ​တော်​မူ​ပါ။
PSA 89:10 ကိုယ်​တော်​ရှင်​သည်​ရာ​ခပ် ကို ချေ​မှုန်း​သတ်​ဖြတ်​ပစ်​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​ကို နှိမ်​နင်း​တော်​မူ​ပါ​၏။
PSA 89:11 ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊မိုး​ကောင်း​ကင် ကို​လည်း​ကောင်း​ပိုင်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​နှင့်​ကမ္ဘာ​ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။
PSA 89:12 ကိုယ်​တော်​ရှင်​သည်​မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ တာ​ဗော်​တောင်​နှင့်​ဟေ​ရ​မုန်​တောင်​တို့​သည် ကိုယ်​တော်​ရှင်​အား​ရွှင်​လန်း​စွာ​ထော​မ​နာ ပြု​ကြ​ပါ​၏။
PSA 89:13 ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​ခွန်​အား​တော်​သည်​ကြီး​မား လှ​ပါ​သည်​တ​ကား။
PSA 89:14 ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။
PSA 89:15 သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် ဝတ်​ပြု​သော၊ ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​အ​လင်း​တွင် ကျင်​လည်​သော​သူ​တို့​သည်​အ​လွန်​မင်္ဂလာ ရှိ​ပါ​သည်​တ​ကား။
PSA 89:16 သူ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​အ​ကြောင်း​ပြု​၍ တစ်​နေ့​လုံး​ဝမ်း​မြောက်​ရွှင်​မြူး​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။
PSA 89:17 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​ပါ​၏။ မေတ္တာ​ရှိ​တော်​မူ​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့​အား အ​နိုင်​ရ​စေ​တော်​မူ​ပါ​၏။
PSA 89:18 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကွယ်​ကာ​သော​သူ​ကို​ရွေး​ချယ်​ပေး​တော် မူ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အ​တွက် ရှင်​ဘု​ရင်​ကို​ခန့်​ထား​ပေး​တော်​မူ​ပါ​၏။
PSA 89:19 လွန်​လေ​ပြီး​သော​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် သစ္စာ​ရှိ​သူ​အ​စေ​ခံ​များ​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်``ထင်​ရှား​ကျော်​စော​သူ စစ်​သူ​ရဲ​အား​ငါ​သည်​ကူ​မ​တော်​မူ​ပြီ။ လူ​တို့​အ​ထဲ​မှ​ရွေး​ချယ်​ထား​သူ​အား​ရာ​ဇ ပလ္လင်​ကို ငါ​အပ်​နှင်း​ပြီ။
PSA 89:20 ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ဆီ​တော်​ဖြင့်​ဘိ​သိက် ပေး​၍ ဘု​ရင်​အ​ဖြစ်​ငါ​ခန့်​ထား​ပြီ။
PSA 89:21 သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။
PSA 89:22 သူ​၏​ရန်​သူ​တို့​သည်​သူ့​အ​ပေါ်​တွင်​အ​ဘယ် အ​ခါ​၌​မျှ အ​နိုင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​ယုတ်​မာ​တို့​သည်​သူ့​ကို​နှိမ်​နင်း​နိုင် လိမ့်​မည်​မ​ဟုတ်။
PSA 89:23 ငါ​သည်​သူ​၏​ရန်​သူ​များ​ကို​ချေ​မှုန်း​ပစ်​မည်။ သူ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​မည်။
PSA 89:24 ငါ​သည်​သူ့​အား​အ​စဉ်​ချစ်​မြတ်​နိုး​၍​သစ္စာ စောင့်​မည်။ သူ့​အား​အ​စဉ်​အောင်​ပွဲ​ခံ​စေ​မည်။
PSA 89:25 ငါ​သည်​သူ​၏​တိုင်း​နိုင်​ငံ​ကို​မြေ​ထဲ​ပင်​လယ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​စေ​မည်။
PSA 89:26 သူ​သည်​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​ဖ၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ၊ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​ပါ​၏' ဟူ​၍​လျှောက်​ထား​လိမ့်​မည်။
PSA 89:27 ငါ​သည်​သူ့​အား​ငါ​၏​သား​ဦး​ဖြစ်​စေ​မည်။ ဘုန်း​အ​ကြီး​ဆုံး​သော​ဘု​ရင်​ဖြစ်​စေ​မည်။
PSA 89:28 ငါ​သည်​သူ့​အား​ထား​ရှိ​သည့်​က​တိ​သစ္စာ​ကို အ​စဉ်​တည်​စေ​မည်။ ငါ​နှင့်​သူ​ပြု​သော​ပ​ဋိ​ညာဉ်​ကို​ခိုင်​မြဲ​စေ​မည်။
PSA 89:29 သူ​၏​တိုင်း​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​ကဲ့​သို့ တည်​မြဲ​လိမ့်​မည်။ သူ​၏​သား​မြေး​များ​သည်​အ​ခါ​ခပ်​သိမ်း​ဘု​ရင် ဖြစ်​ကြ​လိမ့်​မည်။
PSA 89:30 ``သို့​ရာ​တွင်​အ​ကယ်​၍​သူ​၏​သား​မြေး​တို့​သည် ငါ့​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ​ငါ​၏​နည်း ဥ​ပ​ဒေ​ကို မ​ကျင့်​သုံး​လျှင်​သော်​လည်း​ကောင်း၊
PSA 89:31 ငါ​၏​ညွှန်​ကြား​ချက်​များ​ကို​လျစ်​လူ​ရှု​၍ ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​မ​ထိန်း​လျှင် သော်​လည်း​ကောင်း
PSA 89:32 ငါ​သည်​သူ​တို့​ပြု​သည့်​ဒု​စ​ရိုက်​များ​အ​တွက် အ​ပြစ်​ပေး​မည်။ သူ​တို့​၏​အ​မှား​များ​အ​တွက်​ဒဏ်​ခတ်​မည်။
PSA 89:33 သို့​သော်​ငါ​သည်​ဒါ​ဝိဒ်​ကို​ချစ်​မြဲ​ချစ်​မည်။ သူ့​အား​ငါ​ထား​သည့်​က​တိ​တော်​ကို​လည်း ဖျက်​မည်​မ​ဟုတ်။
PSA 89:34 ငါ​သည်​သူ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို ပျက်​ပြယ်​စေ​မည်​မ​ဟုတ်။ သူ့​အား​ပေး​ခဲ့​သော​က​တိ​တော်​တစ်​ခု​ကို​မျှ ရုပ်​သိမ်း​မည်​မ​ဟုတ်။
PSA 89:35 ``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဒါ​ဝိဒ်​အား လှည့်​စား​၍ မိန့်​ဆို​မည်​မ​ဟုတ်​ဟူ​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​ငါ့​နာ​မ​ကို​တိုင်​တည်​၍ တစ်​ခါ​တည်း​အ​ပြီး​အ​ပိုင်​က​တိ​ပေး​ပြီ။
PSA 89:36 ဒါ​ဝိဒ်​၏​မျိုး​ရိုး​အ​ဘယ်​အ​ခါ​၌​မျှ​မ​တိမ်​ကော​ရ။ နေ​သည်​ထွန်း​လင်း​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​မြဲ​စေ​မည်။
PSA 89:37 သူ​၏​နိုင်​ငံ​သည်​မိုး​ကောင်း​ကင်​တွင်​တည်​မြဲ​သော သက်​သေ​ဖြစ်​သည့်​လ​ကဲ့​သို့ အ​စဉ်​အ​မြဲ​တည်​လျက်​နေ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
PSA 89:38 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို အ​မျက်​ထွက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ့​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ့​အား​ပစ်​ပယ်​တော်​မူ​ပါ​ပြီ။
PSA 89:39 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​နှင့်​ပြု​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ပယ်​ဖျက်​တော်​မူ​ပါ​ပြီ။ သူ​၏​သ​ရ​ဖူ​ကို​မြေ​သို့​ချ​တော်​မူ​ပါ​ပြီ။
PSA 89:40 သူ​၏​မြို့​တော်​တံ​တိုင်း​များ​ကို​ချိုး​ဖျက်​တော်​မူ​၍ သူ​၏​ခံ​တပ်​များ​ကို​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။
PSA 89:41 သူ​၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​ကြ​သူ အ​ပေါင်း​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​ပါ​၏။ အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ပြောင်​လှောင် ကြ​ပါ​၏။
PSA 89:42 ကိုယ်​တော်​ရှင်​သည်​သူ​၏​ရန်​သူ​တို့​အား​အောင်​ပွဲ​ကို ခံ​စေ​တော်​မူ​ပါ​ပြီ။ သူ​တို့​အား​လုံး​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စေ​တော် မူ​ပါ​ပြီ။
PSA 89:43 ကိုယ်​တော်​ရှင်​သည်​သူ​၏​ဋ္ဌား​တို့​ကို​တုံး​စေ​တော် မူ​၍ သူ့​အား​စစ်​ပွဲ​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ ပါ​ပြီ။
PSA 89:44 ကိုယ်​တော်​ရှင်​သည်​သူ​၏​လှံ​တံ​တော်​ကို ယူ​သိမ်း​တော်​မူ​၍ သူ​၏​ရာ​ဇ​ပလ္လင်​တော်​ကို​မြေ​သို့ လဲ​ကျ​စေ​တော်​မူ​ပါ​ပြီ။
PSA 89:45 ကိုယ်​တော်​ရှင်​သည်​သူ့​အား​အ​ချိန်​မ​ကျ​မီ အို​စေ​တော်​မူ​၍​အ​ရှက်​တ​ကွဲ​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။
PSA 89:46 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​အ​စဉ်​ပင် ဖုံး​ကွယ်​၍​ထား​တော်​မူ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​အ​ဘယ်​မျှ ကြာ​အောင်​မီး​ကဲ့​သို့​တောက်​လောင်​၍ နေ​တော်​မူ​ပါ​မည်​နည်း။
PSA 89:47 ကျွန်​တော်​မျိုး​၏​အ​သက်​သည်​အ​ဘယ်​မျှ​တို​ကြောင်း အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​သေ​မျိုး​ဖြစ်​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား​ဖန်​ဆင်း​ထား တော်​မူ​သည်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။
PSA 89:48 အ​ဘယ်​သူ​သည်​မ​သေ​ဘဲ​အ​စဉ်​အ​သက်​ရှင်​၍ နေ​နိုင်​ပါ​မည်​နည်း။ လူ​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် သင်္ချိုင်း​တွင်း​သို့​မ​ရောက်​အောင်​တား​ဆီး​နိုင် ပါ​မည်​နည်း။
PSA 89:49 အို ဘု​ရား​သ​ခင်၊ ယ​ခင်​က​ဖော်​ပြ​ခဲ့​သော​ကိုယ်​တော်​ရှင်​၏ မေတ္တာ​တော်​ကား​အ​ဘယ်​မှာ​နည်း။ ဒါ​ဝိဒ်​အား​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သော က​တိ​တော်​များ​ကား​အ​ဘယ်​မှာ​နည်း။
PSA 89:50 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​သည် အ​ဘယ်​သို့ အ​စော်​ကား​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​မဲ့​သူ​တို့​၏​ကျိန်​ဆဲ​ခြင်း​များ​ကို အ​ဘယ်​သို့​ကျွန်​တော်​မျိုး​ခံ​ရ​သည်​ကို လည်း​ကောင်း မေ့​တော်​မ​မူ​ပါ​နှင့်။
PSA 89:51 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကို ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။ သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။
PSA 89:52 ထာ​ဝ​ရ​ဘု​ရား​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​ကုန်​လော့။ အာ​မင်၊ အာ​မင်။
PSA 90:1 အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ကျွန်​တော်​မျိုး​တို့​၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။
PSA 90:2 တောင်​များ​ကို​ဖြစ်​ပေါ်​စေ​တော်​မ​မူ​မီ​နှင့် ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ ကိုယ်​တော်​ရှင်​သည်​အ​စ​မ​ရှိ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ အ​ဆုံး​မ​ရှိ​သော​ဘု​ရား​သ​ခင်​လည်း​ဖြစ်​တော် မူ​ပါ​၏။
PSA 90:3 ကိုယ်​တော်​ရှင်​သည်​အ​မိန့်​ပေး​၍​လူ​သား​တို့​အား မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည်​ပြောင်း​လဲ​စေ​တော် မူ​ပါ​၏။
PSA 90:4 ကိုယ်​တော်​ရှင်​၏​အ​ဖို့​အ​နှစ်​တစ်​ထောင်​သည် တစ်​နေ့​ကဲ့​သို့​ဖြစ်​ပါ​၏။ ကုန်​လွန်​ပြီး​သည့်​ယ​မန်​နေ့​ကဲ့​သို့​လည်း​ကောင်း၊ တို​တောင်း​သော​ညဥ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​၏။
PSA 90:5 ကိုယ်​တော်​ရှင်​သည်​လူ​သား​တို့​အား​လျင်​မြန်​စွာ ပျောက်​ကွယ်​သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​အိပ်​မက်​သ​ကဲ့​သို့​တစ်​ခ​ဏ​မျှ​သာ နေ​ကြ​ရ​ပါ​၏။ နံ​နက်​ချိန်​၌​ကြီး​ပွား​ပွင့်​လန်း​၍​ည​နေ​ချိန်​၌ ညှိုး​နွမ်း​ခြောက်​သွေ့​သွား​တတ်​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ကွယ်​သွား​တတ်​ကြ​ပါ​၏။
PSA 90:7 ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​ပျက်​စီး​ကြ​ပါ​၏။ အ​မျက်​တော်​အ​ရှိန်​ကြောင့်​ကြောက်​လန့် တုန်​လှုပ်​ကြ​ပါ​၏။
PSA 90:8 ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို​ရှေ့​တော်​၌ ချ​ထား​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​လျှို့​ဝှက်​ကူး​လွန်​သည့် ဒု​စ​ရိုက်​များ​ကို​ကိုယ်​တော်​မြင်​သာ​သည့် နေ​ရာ​၌ ချ​ထား​တော်​မူ​ပါ​၏။
PSA 90:9 ကျွန်​တော်​မျိုး​တို့​သည်​အ​မျက်​တော်​ကို​ခံ​ရ သော​ကြောင့် အ​သက်​တို​ကြ​ရ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​အ​သက်​သည်​တီး​တိုး ပြော​သည့် လေ​သံ​ကဲ့​သို့​ပျောက်​ကွယ်​တတ်​ပါ​၏။
PSA 90:10 ကျွန်​တော်​မျိုး​တို့​သည်​အ​နှစ်​ခု​နစ်​ဆယ်​မျှ​သာ ရှည်​ကြ​ပါ​၏။ အ​ကယ်​၍​အား​အင်​ပြည့်​ဖြိုး​သူ​များ​ဖြစ်​ကြ​ပါ​မူ အ​နှစ်​ရှစ်​ဆယ်​နေ​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​ထို​နှစ်​ကာ​လ​များ​အ​တွင်း ကျွန်​တော်​မျိုး​တို့​သည်​ပူ​ပင်​သော​က​နှင့် ဆင်း​ရဲ​ဒုက္ခ​ကို​သာ​လျှင်​ခံ​စား​ကြ​ရ​ပါ​၏။ မ​ကြာ​မီ​ကွယ်​လွန်​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့ ကွယ်​ပျောက်​ကြ​ရ​ပါ​၏။
PSA 90:11 အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​၏​အ​မျက်​တော် အ​ရှိန် အ​ပြည့်​အ​ဝ​ကို​ခံ​ဖူး​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​မည်​မျှ ကြောက်​လန့်​ဖွယ်​ကောင်း​ကြောင်း​ကို အ​ဘယ်​သူ​သည်​သိ​ရှိ​ပါ​သ​နည်း။
PSA 90:12 ကျွန်​တော်​မျိုး​တို့​အား​မိ​မိ​တို့​အ​သက်​မည်​မျှ တို​တောင်း​ကြောင်း​ကို​သိ​ရှိ​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​တို့​သည်​ဉာဏ်​ပ​ညာ ရ​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။
PSA 90:13 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် အ​မျက်​တော်​မ​ပြေ​ဘဲ​နေ​တော်​မူ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​အား​သ​နား တော်​မူ​ပါ။
PSA 90:14 ကျွန်​တော်​မျိုး​တို့​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​နိုင်​ကြ​စေ​ရန် နံ​နက်​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ခံ​စား​စေ​တော်​မူ​ပါ။
PSA 90:15 ဒုက္ခ​ရောက်​စဉ်​အ​ခါ​က​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ခံ​စေ​သော​စိတ်​ဆင်း​ရဲ​မှု ပ​မာ​ဏ​အ​တိုင်း ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​တို့​အား​ဝမ်း​မြောက် ရွှင်​လန်း​မှု​ကို​ခံ​စား​စေ​တော်​မူ​ပါ။
PSA 90:16 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သော ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို​တွေ့​မြင်​ခွင့် ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​၏​သား​မြေး​များ​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ။
PSA 90:17 ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​စား​ကြ​ရ​ပါ​စေ​သော။ ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​လည်း ကျွန်​တော်​မျိုး​တို့​အား​အောင်​မြင်​ခွင့်​ပေး​တော်​မူ​ပါ။
PSA 91:1 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​သူ​သည်​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို ခံ​ယူ​သူ​သည်​လည်း​ကောင်း၊
PSA 91:2 ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​၍​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​နိုင်​လိမ့်​မည်။
PSA 91:3 ကိုယ်​တော်​သည်​မ​မြင်​နိုင်​သော ဘေး​ဥ​ပဒ်​များ​မှ​လည်း​ကောင်း၊ သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​များ​မှ လည်း​ကောင်း သင့်​ကို​ကင်း​လွတ်​စေ​တော်​မူ​လိမ့်​မည်။
PSA 91:4 ကိုယ်​တော်​သည်​မိ​မိ​၏​အ​တောင်​တော်​ဖြင့် သင့်​ကို​ဖုံး​အုပ်​တော်​မူ​လိမ့်​မည်။ သင်​သည်​ကိုယ်​တော်​၏​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၍​ဘေး​မဲ့​လုံ​ခြုံ​လျက်​နေ​လိမ့်​မည်။ ကိုယ်​တော်​၏​သစ္စာ​တော်​သည်​သင့်​ကို​စောင့်​ထိန်း ကွယ်​ကာ​ရာ​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။
PSA 91:5 ညဥ့်​အ​ခါ​တွေ့​ရ​တတ်​သော​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊ နေ့​အ​ချိန်​ပေါ်​ပေါက်​တတ်​သည့်​အန္တရာယ်​များ ကို​သော်​လည်း​ကောင်း၊
PSA 91:6 မှောင်​မိုက်​တွင်​ကျ​ရောက်​တတ်​သည့်​ကပ်​ရော​ဂါ​များ ကို​သော်​လည်း​ကောင်း၊ နေ့​လည်​ချိန်​၌​သေ​စေ​တတ်​သည့်​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊ ကြောက်​လန့်​ရ​လိမ့်​မည်​မ​ဟုတ်။
PSA 91:7 သင်​၏​အ​နီး​တွင်​လူ​တစ်​ထောင်၊ သင်​၏​ပတ်​လည်​တွင်​လူ​တစ်​သောင်း ကျ​ဆုံး​သော်​လည်း​သင်​၌​အ​ထိ​အ​ခိုက် မ​ရှိ​ရ။
PSA 91:8 သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​သင့်​ကြ သည်​ကို သင်​သည်​ဒိ​ဌ​မြင်​ရ​လိမ့်​မည်။
PSA 91:9 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သင့်​ကို​ကွယ်​ကာ​သော အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​အား သင်​ခို​လှုံ​သော​အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း လက်​ခံ​သည်​ဖြစ်​၍
PSA 91:10 သင်​သည်​ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်၊ သင်​၏​အိမ်​အ​နီး​သို့​လည်း​အ​ဘယ်​ဘေး​ဥ​ပဒ်​မျှ ချဉ်း​ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။
PSA 91:11 သွား​လေ​ရာ​ရာ​၌​သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို တာ​ဝန်​ပေး​အပ်​တော်​မူ​လိမ့်​မည်။
PSA 91:12 သူ​တို့​သည်​သင်​၏​ခြေ​ကို​ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ရန်​မိ​မိ​တို့​၏​လက်​ဖြင့်​သင့်​အား ချီ​ပင့်​ကြ​လိမ့်​မည်။
PSA 91:13 သင်​သည်​ခြင်္သေ့​နှင့်​မြွေ၊ကြောက်​မက်​ဖွယ်​ကောင်း​သည့် ခြင်္သေ့​နှင့်​မြွေ​ဆိုး​တို့​ကို​ခြေ​ဖြင့်​နင်း​ရ​လိမ့် မည်။
PSA 91:14 ဘု​ရား​သ​ခင်​က ``ငါ့​ကို​ချစ်​သော​သူ​တို့​အား​ငါ​ကယ်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဝန်​ခံ​သော သူ​တို့​အား​ငါ​ကွယ်​ကာ​စောင့်​ရှောက်​မည်။
PSA 91:15 သူ​တို့​သည်​ငါ့​ကို​ခေါ်​သော​အ​ခါ​ငါ​ထူး​မည်။ သူ​တို့​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​နှင့်​အ​တူ ငါ​ရှိ​မည်။ ငါ​သည်​သူ​တို့​အား​ကယ်​ဆယ်​၍​ချီး​မြှင့်​မည်။
PSA 91:16 သူ​တို့​အား​အ​သက်​ရှည်​စေ​၍​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​ခံ​စား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
PSA 92:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ခြင်း​သည်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ သီ​ချင်း ကူး​အေး​ရ​ခြင်း​သည်​လည်း​ကောင်း၊
PSA 92:2 ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့် နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍ ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။
PSA 92:4 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော အ​မှု​တော်​များ​သည်​ကျွန်​တော်​မျိုး​အား ဝမ်း​မြောက်​ရွှင်​လန်း​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​များ​ကြောင့် ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။
PSA 92:5 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​သည် ကြီး​မြတ်​လှ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​သည်​လည်း နက်​နဲ​လှ​ပါ​၏။
PSA 92:6 လူ​မိုက်​တို့​မ​သိ​နိုင်​သော​အ​ရာ၊အ​သိ​ဉာဏ်​တုံး သူ​တို့ နား​မ​လည်​နိုင်​သော​အ​ရာ​တစ်​ခု​ရှိ​ပါ​၏။
PSA 92:7 ထို​အ​ရာ​ကား၊သူ​ယုတ်​မာ​တို့​သည်​ပေါင်း​ပင်​များ သ​ဖွယ် ကြီး​ပွား​တိုး​တက်​၍ မ​ကောင်း​မှု​ပြု​သူ​တို့​သည်​ကောင်း​စား​ကြ​သော်​လည်း ထို​သူ​တို့​သည်​လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ကြ​ရ​မည်​ဖြစ်​၏။
PSA 92:8 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သော​ကိုယ်​တော်​ရှင်​သည် ထာ​ဝ​စဉ်​အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင် ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။
PSA 92:9 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သေ​ကြေ​ပျက်​စီး ရ​ကြ​မည်​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည် အ​ရေး​ရှုံး​နိမ့်​ရ​ကြ​မည်​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​သိ​ပါ​၏။
PSA 92:10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား နွား​လား​ရိုင်း​ကဲ့​သို့​သန်​စွမ်း​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​ရွှင်​လန်း​ဝမ်း​မြောက်​ရ​ခြင်း ကောင်း​ချီး​မင်္ဂလာ​ကို​ပေး​တော်​မူ​ပါ​ပြီ။
PSA 92:11 ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။ သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။
PSA 92:12 သူ​တော်​ကောင်း​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​စို​ပြေ​လျက်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရဇ်​ပင်​များ ကဲ့​သို့ ကြီး​ပွား​တိုး​တက်​ကြ​လိမ့်​မည်။
PSA 92:13 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင်​စိုက်​ပျိုး​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​စိမ်း​လန်း စို​ပြေ​လျက်​နေ​သည့်​သစ်​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​သစ်​ပင်​တို့​သည်​အ​သက်​အို​ချိန်​၌​ပင်​လျှင် အ​သီး​များ​သီး​၍​အ​စဉ်​အ​မြဲ​စိမ်း​လန်း သန်​မာ​လျက်​ရှိ​ကြ​၏။
PSA 92:15 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား မျှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​သည်။
PSA 93:1 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​ကို ဝတ်​ဆင်​တော်​မူ​၍ တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ခါး​ပန်း​စည်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​ယင်း​ကို​လှုပ်​ရှား​၍ မ​ရ​နိုင်​ရာ။
PSA 93:2 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရာ​ဇ​ပလ္လင်​တော်​သည်​အ​စ​အ​ဦး​မှ စ​၍​တည်​တံ့​ခိုင်​မြဲ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကပ်​ကာ​လ​မ​ပေါ်​မီ​က​ပင်​လျှင် ရှိ​နေ​တော်​မူ​ပါ​၏။
PSA 93:3 အို ထာ​ဝ​ရ​ဘု​ရား၊ သ​မုဒ္ဒ​ရာ​သည်​အ​သံ​ကို​ဟစ်​၍​အော်​ပါ​၏။ သ​မုဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​သံ​သည်​မြည်​ဟည်း​ပါ​၏။
PSA 93:4 ထာ​ဝ​ရ​ဘု​ရား​သည်​သ​မုဒ္ဒ​ရာ မြည်​ဟည်း​သံ​ထက်​လည်း​ကောင်း၊ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​ထက်​လည်း​ကောင်း​သာ​၍ တန်​ခိုး​ကြီး​ပြီး​လျှင် အ​ချုပ်​အ​ခြာ​အာ​ဏာ​တော်​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် စိုး​စံ​တော်​မူ​၏။
PSA 93:5 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ် တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​သည်​လည်း​အ​စဉ် အ​မြဲ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။
PSA 94:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ပြစ်​ပေး​ပိုင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​ပေါ်​လွင်​ထင်​ရှား စေ​တော်​မူ​ပါ။
PSA 94:2 ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​အား တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော် မူ​ပါ​၏။ ထ​တော်​မူ​၍​မာ​န​ကြီး​သူ​တို့​အား​ထိုက်​လျောက်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​ပါ။
PSA 94:3 သူ​ယုတ်​မာ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဝမ်း​မြောက်​ကြ​ပါ​ဦး​မည်​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​ပါ​ဦး​မည်​နည်း။
PSA 94:4 ပြစ်​မှု​ကူး​လွန်​သူ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မာန်​မာ​န​ထောင်​လွှား​၍ မိ​မိ​တို့​၏​ပြစ်​မှု​များ​အ​ကြောင်း​ကို​ကြွား​ဝါ​လျက် နေ​ကြ​ပါ​ဦး​မည်​နည်း။
PSA 94:5 အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို နှိပ်​ကွပ်​ကြ​ပါ​၏။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​အား ဖိ​စီး​နှိပ်​စက်​ကြ​ပါ​၏။
PSA 94:6 သူ​တို့​သည်​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​တို့​အား သတ်​ဖြတ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သော ဧည့်​သည်​တို့​ကို​သတ်​ကြ​ပါ​၏။
PSA 94:7 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မြင်​တော်​မ​မူ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရှု​မြင်​တော်​မ​မူ'' ဟု​ဆို​ကြ​၏။
PSA 94:8 ငါ​၏​လူ​စု​တော်​တို့၊သင်​တို့​သည်​အ​ဘယ် သို့​လျှင် ဤ​မျှ​အ​သိ​ဉာဏ်​တုံး​လျက်​မိုက်​မဲ​၍ နေ​နိုင်​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​ခါ​ကျ​မှ​တတ်​သိ​လိမ္မာ​၍ လာ​ကြ​ပါ​မည်​နည်း။
PSA 94:9 ငါ​တို့​၏​နား​များ​ကို​ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​သည် မြင်​တော်​မူ​နိုင်​သည်​မ​ဟုတ်​လော။
PSA 94:10 လူ​မျိုး​တ​ကာ​တို့​ကို​ဆုံး​မ​သော​အ​ရှင်​သည် သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​မည်​မ​ဟုတ် ပါ​လော။ လူ​အ​ပေါင်း​တို့​ကို​အ​သိ​ပ​ညာ​သွန်​သင်​သော အ​ရှင်​သည်​အ​သိ​ပ​ညာ​ရှိ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။
PSA 94:11 ထို​သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​၏။ သူ​တို့​စဉ်း​စား​ဆင်​ခြင်​မှု​များ​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော် မူ​၏။
PSA 94:12 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​မှု​ကို​ခံ​ရ​သော သူ၊ တ​ရား​တော်​နှင့်​ဆိုင်​၍​ကိုယ်​တော်​၏​သွန်​သင် မှု​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။
PSA 94:13 ထို​သူ​အား​သူ​ယုတ်​မာ​တို့​ကျ​စေ​ရန် တွင်း​တူး​၍ မ​ပြီး​စီး​မီ​ဆိုး​ရွား​သည့်​အ​ချိန်​ကာ​လ​မှ လွတ်​ငြိမ်း​ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မူ​ပါ​၏။
PSA 94:14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ပစ်​ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​ကို စွန့်​ပယ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
PSA 94:15 တ​ရား​ရုံး​များ​၌​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု တစ်​ဖန်​ရှိ​လိမ့်​မည်။ သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​လည်း ယင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု​ကို ထောက်​ခံ​ကြ​လိမ့်​မည်။
PSA 94:16 အ​ဘယ်​သူ​သည်​ငါ့​ဘက်​မှာ​ရှိ​၍​သူ​ယုတ်​မာ တို့​အား ဆန့်​ကျင်​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ငါ့​တစ်​ဘက်​ရှိ​မ​ကောင်း​မှု ပြု​သူ​တို့​အား​ဆန့်​ကျင်​ပါ​သ​နည်း။
PSA 94:17 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ငါ့​အား ကူ​မ​တော်​မ​မူ​ခဲ့​သော် ငါ​သည်​ဆိတ်​ညံ​ရာ​အ​ရပ်​သို့​အ​လျင်​အ​မြန် ရောက်​ရ​မည်​သာ​ဖြစ်​ပေ​သည်။
PSA 94:18 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ခြေ​ချော်​၍​လဲ​ပြီ​ဟု ထင်​ရ​သော​အ​ခါ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကျွန်​တော်​မျိုး​အား​ချီ​ပင့်​ထား​တော်​မူ​ပါ​၏။
PSA 94:19 ကျွန်​တော်​မျိုး​သည်​စိုး​ရိမ်​ပူ​ပန်​လျက် သော​က​ရောက်​သော​အ​ခါ​ကိုယ်​တော်​ရှင် သည် ကျွန်​တော်​မျိုး​အား​စိတ်​သက်​သာ​ခွင့်​ကို​ပေး​၍ ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။
PSA 94:20 ကိုယ်​တော်​ရှင်​သည်​မ​တ​ရား​သော​အ​မှု​ကို တ​ရား​ဝင်​ဖြစ်​အောင်​ပြု​လုပ်​တတ်​သည့် အ​ဂ​တိ​လိုက်​စား​သူ​တ​ရား​သူ​ကြီး​များ​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်​ပါ။
PSA 94:21 သူ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို​သေ​ကြောင်း ကြံ​စည်​ကြ​ပါ​၏။ အ​ပြစ်​မဲ့​သူ​တို့​ကို​သေ​ဒဏ်​စီ​ရင်​ကြ​ပါ​၏။
PSA 94:22 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။
PSA 94:23 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ယုတ်​မာ​မှု​များ အ​တွက် အ​ပြစ်​ဒဏ်​ပေး​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​ပြစ်​များ​အ​တွက်​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။
PSA 95:1 လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ကြ​ကုန်​အံ့။ ငါ​တို့​ခို​လှုံ​ရာ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။
PSA 95:2 ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​ရှေ့​တော်​သို့ ဝင်​ကြ​ကုန်​အံ့။ ဝမ်း​မြောက်​စွာ​ထော​မ​နာ​သီ​ချင်း​များ​ကို ဆို​ကြ​ကုန်​အံ့။
PSA 95:3 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး​ကြီး​သည့်​ဘု​ရင် ဖြစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။
PSA 95:4 ကိုယ်​တော်​သည်​အ​နက်​ဆုံး​သော​မြေ​ကြီး နက်​ရှိုင်း​ရာ​များ​မှ အ​မြင့်​ဆုံး​သော​တောင်​ထိပ်​များ​တိုင်​အောင် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော်​မူ​၏။
PSA 95:5 ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော ပင်​လယ်​ကို​လည်း​ကောင်း၊ မိ​မိ​လက်​တော်​ဖြင့်​ပြု​ပြင်​တော်​မူ​သည့်​ကုန်း​မြေ ကို​လည်း​ကောင်း​အ​စိုး​ရ​တော်​မူ​၏။
PSA 95:6 လာ​ကြ၊ကိုယ်​တော်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ ရှိ​ခိုး​ကြ​ကုန်​အံ့။ ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏ ရှေ့​တော်​တွင်​ဒူး​ထောက်​ကြ​ကုန်​အံ့။
PSA 95:7 ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော် စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​နေ့​နား​ထောင်​ကြ​လော့။
PSA 95:8 ကိုယ်​တော်​က​မော​ရိ​ဘ​အ​ရပ်​တွင်​ရောက်​ရှိ နေ​သော သင်​တို့​ဘိုး​ဘေး​များ​ကဲ့​သို့​သင်​တို့​သည် ခေါင်း​မ​မာ​ကြ​နှင့်။ တော​ကန္တာ​ရ​ရှိ​မဿာ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော ဘိုး​ဘေး​များ​ကဲ့​သို့​ခေါင်း​မ​မာ​ကြ​နှင့်။
PSA 95:9 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​တွက်​ငါ​ပြု​သည့် အ​မှု​ကို​တွေ့​မြင်​ကြ​ပြီး​ဖြစ်​သော်​လည်း ထို​အ​ရပ်​တွင်​ငါ့​ကို​သွေး​စမ်း​ကြ​၏။
PSA 95:10 ငါ​သည်​အ​နှစ်​လေး​ဆယ်​တိုင်​တိုင်​ထို​သူ​တို့​အား အ​မျက်​ထွက်​ခဲ့​၏။ ``သူ​တို့​သည်​လွန်​စွာ​သစ္စာ​ဖောက်​သူ​များ​ပါ တ​ကား။ ငါ​၏​ပ​ညတ်​တို့​ကို​လိုက်​နာ​ရန်​ငြင်း​ဆန်​သူ​များ ပါ​တ​ကား'' ဟု​ငါ​ဆို​၏။
PSA 95:11 ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက်​သ​ဖြင့်``သင်​တို့ စိတ်​အေး​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​မည့်​ပြည်​ကို သင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ဝင်​ရ​ကြ'' ဟု​ကျိန်​ဆို​၏။
PSA 96:1 သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့။
PSA 96:2 သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း​ပြော​ကြား​ကြ​လော့။
PSA 96:3 လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော်​တို့​ကို လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။
PSA 96:4 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​သည် ဖြစ်​၍ အ​လွန်​ပင်​ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​တော် မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ရို​သေ​ခြင်း​ကို​ခံ​ထိုက်​တော်​မူ​၏။
PSA 96:5 အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၏။
PSA 96:6 ဘုန်း​တော်​နှင့်​ဂုဏ်​တော်​သည်​ကိုယ်​တော်​ကို ခြံ​ရံ​လျက်​ရှိ​၏။ တန်​ခိုး​တော်​နှင့်​ဂုဏ်​ကြက်​သ​ရေ​တော်​သည် ဗိ​မာန်​တော်​၌​တည်​လျက်​ရှိ​၏။
PSA 96:7 ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။
PSA 96:8 ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​ကြီး​သော​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင်​၍​ကိုယ်​တော်​၏ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​ကြ​လော့။
PSA 96:9 သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌​ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။
PSA 96:10 ``ထာ​ဝ​ရ​ဘု​ရား​သည်​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​လှုပ်​ရှား​၍​မ​ရ နိုင်​ရာ။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟူ​၍ လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။
PSA 96:11 အ​ချင်း​ကုန်း​မြေ​နှင့်​ကောင်း​ကင်​တို့၊ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။ အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​ရှိ သတ္တဝါ​အ​ပေါင်း​တို့၊အ​သံ​ကျယ်​စွာ ကြွေး​ကြော်​ကြ​လော့။
PSA 96:12 အ​ချင်း​လယ်​ပြင်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ သော အ​ရာ​တို့၊ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ တော​၌​ရှိ​သော​သစ်​ပင်​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။
PSA 96:13 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။
PSA 97:1 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ချင်း​ကမ္ဘာ​မြေ​ကြီး၊ရွှင်​လန်း​ဝမ်း​မြောက်​လော့။ ပင်​လယ်​များ​တွင်​ရှိ​သည့်​ကျွန်း​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။
PSA 97:2 မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။
PSA 97:3 မီး​လျှံ​သည်​ရှေ့​တော်​မှ​သွား​၍​ကိုယ်​တော်​၏ ပတ်​လည်​ရှိ​ရန်​သူ​တို့​ကို​ကျွမ်း​လောင်​စေ​၏။
PSA 97:4 ကိုယ်​တော်​၏​လျှပ်​စစ်​လျှပ်​နွယ်​တို့​သည် ကမ္ဘာ​လော​က​ကို​လင်း​စေ​ကြ​၏။ ထို​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။
PSA 97:5 ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သော အ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့ တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။
PSA 97:6 မိုး​ကောင်း​ကင်​သည်​ကိုယ်​တော် ဖြောင့်​မှန်​တော်​မူ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ ညာ​၍ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​မြင်​ကြ​ရ​၏။
PSA 97:7 ရုပ်​တု​များ​ကို​ရှိ​ခိုး​ဝတ်​ပြု​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ရ​ကြ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​သည်​လည်း​ကိုယ်​တော်​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​၏။
PSA 97:8 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက် များ​ကြောင့် ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ပါ​၏။ ယု​ဒ​မြို့​တို့​သည်​လည်း​အား​ရ​ရွှင်​မြူး​ကြ​ပါ​၏။
PSA 97:9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော် ရှင်​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​ကို​အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​၏။
PSA 97:10 ထာ​ဝ​ရ​ဘု​ရား​သည်​မ​ကောင်း​မှု​ကို မုန်း​သော​သူ​တို့​အား​ချစ်​တော်​မူ​၏။ မိ​မိ​လူ​စု​တော်​၏​စည်း​စိမ်​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​သူ​ယုတ်​မာ​တို့ ၏​လက်​မှ ကယ်​ဆယ်​တော်​မူ​၏။
PSA 97:11 သူ​တော်​ကောင်း​တို့​အ​ပေါ်​သို့​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သူ​တို့​အ​ပေါ်​သို့ ရွှင်​လန်း​ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း သက်​ရောက်​၏။
PSA 97:12 အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ပြု​တော်​မူ​ခဲ့​သည့် အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
PSA 98:1 ထာ​ဝ​ရ​ဘု​ရား​အား​သီ​ချင်း​သစ်​ကို​ဆို​၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​တန်​ခိုး​တော်​ဖြင့် လည်း​ကောင်း၊ ခွန်​အား​စွမ်း​ရည်​တော်​ဖြင့်​လည်း​ကောင်း အောင်​ပွဲ​ကို​ရ​တော်​မူ​ပြီ။
PSA 98:2 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အောင်​ပွဲ​ကို ကြေ​ညာ​တော်​မူ​၍ ကယ်​တင်​နိုင်​သော​တန်​ခိုး​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​တော်​မူ​၏။
PSA 98:3 ကိုယ်​တော်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​နှင့်​အ​ညီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထား​တော်​မူ​သော က​တိ​တော်​ကို​တည်​စေ​တော်​မူ​၏။ အ​ရပ်​တ​ကာ​ရှိ​လူ​အ​ပေါင်း​တို့​သည်​ငါ​တို့ ဘု​ရား​၏ အောင်​ပွဲ​ကို​တွေ့​မြင်​ကြ​ရ​လေ​ပြီ။
PSA 98:4 ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သီ​ချင်း​များ​ကို​ဆို​၍​ဝမ်း​မြောက်​စွာ​ကြွေး ကြော်​လျက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 98:5 ထော​မ​နာ​သီ​ချင်း​ကို​ဆို​ကာ​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ စောင်း​များ​ကို​တီး​၍​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။
PSA 98:6 တံ​ပိုး​ခ​ရာ​နှင့်​နှဲ​တို့​ကို​မှုတ်​၍​ငါ​တို့​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​လော့။
PSA 98:7 အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း တို့၊ အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ချင်း​ကုန်း​မြေ​နှင့်​ကုန်း​မြေ​ပေါ်​တွင် အ​သက်​ရှင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ လော့။
PSA 98:8 အ​ချင်း​မြစ်​တို့၊လက်​ခုပ်​တီး​ကြ​လော့။ အ​ချင်း​တောင်​များ​တို့၊ထာ​ဝ​ရ​ဘု​ရား​သည် ကမ္ဘာ​လော​က​ကို​အုပ်​စိုး​ရန်​ကြွ​လာ​တော်​မူ ပြီ​ဖြစ်​၍ တစ်​ပြိုင်​နက်​ရှေ့​တော်​တွင်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။
PSA 99:1 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ လူ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ခေ​ရု​ဗိမ်​တို့​အ​ထက်​စံ​တော် မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။
PSA 99:2 ဇိ​အုန်​တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​ကို အ​စိုး​ရ​တော်​မူ​၏။
PSA 99:3 လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ ကြီး​မြတ်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​နာ​မ တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။
PSA 99:4 တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်၊ ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို မြတ်​နိုး​နှစ်​သက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် တ​ရား​မျှ​တ​မှု​စိုး​မိုး​စေ​တော်​မူ​ပါ​ပြီ။ အ​မှန်​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​ကို တည်​မြဲ​စေ​တော်​မူ​ပါ​ပြီ။
PSA 99:5 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ရာ​ဇ​ပလ္လင်​တော်​ရှေ့​၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော် မူ​၏။
PSA 99:6 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။ ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။
PSA 99:7 သူ​တို့​အား​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက်​ထဲ​က မိန့်​မှာ​တော်​မူ​၏။ သူ​တို့​သည်​လည်း​ကိုယ်​တော်​ပေး​တော်​မူ​သော တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​ကြ​၏။
PSA 99:8 အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​ခေါ်​သော အ​ခါ ထူး​တော်​မူ​ပါ​၏။ ထို​သူ​တို့​ပြု​သည့်​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
PSA 99:9 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။
PSA 100:1 အို ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊ သီ​ချင်း​ဆို​လျက်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော် ကို ချီး​မွမ်း​ကြ​လော့။
PSA 100:2 ထာ​ဝ​ရ​ဘု​ရား​အား​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ ဝမ်း​မြောက်​ဖွယ်​ရာ​သီ​ချင်း​များ​ဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့။
PSA 100:3 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​၍ ငါ​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​ကြ​၏။ ကိုယ်​တော်​စောင့်​ထိန်း​တော်​မူ​သည့်​သိုး​စု​ဖြစ် ကြ​၏။
PSA 100:4 ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​တံ​ခါး​တော် တွင်း​သို့ ဝင်​ကြ​လော့။ ထော​မ​နာ​ပြု​လျက်​တံ​တိုင်း​တော်​တွင်း​သို့​ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 100:5 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​မြဲ​၍​သစ္စာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​သ​တည်း။
PSA 101:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​သစ္စာ​စောင့်​သိ​ခြင်း​နှင့် တ​ရား​မျှ​တ​ခြင်း​အ​ကြောင်း​ကို​သီ​ချင်း​ဆို​ပါ​မည်။ ရှေ့​တော်​၌​သီ​ချင်း​ဆို​ပါ​မည်။
PSA 101:2 ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင် ကျင့်​ကြံ​ပါ​မည်။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​မှ​ကျွန်​တော်​မျိုး ထံ​သို့ ကြွ​လာ​တော်​မူ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အိမ်​တွင်​ဖြူ​စင်​သည့် စိတ်​သ​ဘော​ထား​ဖြင့်​ကျင့်​ကြံ​ပြု​မူ​ပါ​မည်။
PSA 101:3 မ​ကောင်း​မှု​ကို​အ​ဘယ်​အ​ခါ​၌​မျှ​သည်း​ခံ​မည် မ​ဟုတ်​ပါ။ ဘု​ရား​သ​ခင်​အား​ကျော​ခိုင်း​သူ​တို့​၏ အ​ပြု​အ​မူ​တို့​ကို​မုန်း​၍ ထို​အ​ပြု​အ​မူ​တို့​နှင့်​အ​ဘယ်​သို့​မျှ​ပတ်​သက် မည် မ​ဟုတ်​ပါ။
PSA 101:4 ငါ​သည်​လိမ်​လည်​ကောက်​ကျစ်​မည်​မ​ဟုတ်​ပါ။ မ​ကောင်း​မှု​ပြု​သူ​တို့​နှင့်​ပေါင်း​ဖော်​မည်​မဟုတ်​ပါ။
PSA 101:5 သူ​တစ်​ပါး​အ​ကြောင်း​မ​ကောင်း​သ​တင်း တီး​တိုး​လွှင့်​တတ်​သူ​ကို​ဖယ်​ရှား​ပစ်​ပါ​မည်။ မာန်​မာ​န​ထောင်​လွှား​လျက်​စိတ်​နေ​မြင့်​သူ​ကို သည်း​ခံ​မည်​မ​ဟုတ်​ပါ။
PSA 101:6 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​သူ​တို့​ကို နှစ်​သက်​ပါ​မည်။ သူ​တို့​အား​ငါ​၏​နန်း​တော်​တွင်​နေ​ခွင့်​ပြု​ပါ​မည်။ လိမ်​လည်​ကောက်​ကျစ်​မှု​ကင်း​ရှင်း​သူ​တို့​အား ငါ​၏​အ​မှု​တို့​ကို​ထမ်း​ဆောင်​စေ​ပါ​မည်။
PSA 101:7 လိမ်​လည်​ပြော​ဆို​တတ်​သူ​သည်​ငါ​၏​နန်း​တော်​တွင် နေ​ရ​မည်​မ​ဟုတ်​ပါ။ သူ​တော်​ယောင်​ဆောင်​တတ်​သူ​သည် ငါ​၏​ရှေ့​မှောက်​တွင်​နေ​ရ​မည်​မ​ဟုတ်​ပါ။
PSA 101:8 ငါ​တို့​တိုင်း​နိုင်​ငံ​တွင်​ရှိ​သ​မျှ​သော​သူ​ယုတ်​မာ တို့​ကို ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​သုတ်​သင်​ပစ်​ပါ​မည်။ ဆိုး​ညစ်​သူ​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ​ဘုရား​၏ မြို့​တော်​မှ​နှင်​ထုတ်​ပါ​မည်။
PSA 102:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ။
PSA 102:2 ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ချိန်​၌​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​နား​ထောင်​တော်​မူ​၍ လျင်​မြန်​စွာ​ထူး​တော်​မူ​ပါ။
PSA 102:3 ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည် မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​လျက် ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​လျက်​နေ​ပါ​၏။
PSA 102:4 ကျွန်​တော်​မျိုး​သည်​မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက် ခံ​ရ​၍​ညှိုး​နွမ်း​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​မှာ​အ​စား​စား​ချင်​စိတ်​မ​ရှိ တော့​ပါ။
PSA 102:5 ကျွန်​တော်​မျိုး​သည်​အ​သံ​ကျယ်​စွာ​ညည်း​ညူ ရ​ပါ​၏။ ကျွန်​တော်​မျိုး​မှာ​အ​ရိုး​နှင့်​အ​ရေ​သာ​လျှင် ရှိ​ပါ​တော့​သည်။
PSA 102:6 ကျွန်​တော်​မျိုး​သည်​တော​ကန္တာ​ရ​ရှိ တော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက်​အ​အုံ​ရှိ ဇီး​ကွက်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​၏။
PSA 102:7 ကျွန်​တော်​မျိုး​သည်​အိပ်​၍​မ​ပျော်​နိုင်​ဘဲ ဖြစ်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အိမ်​မိုး​ပေါ်​တွင်​တစ်​ကောင်​တည်း နား​နေ​ရ​သော​ငှက်​နှင့်​တူ​ပါ​၏။
PSA 102:8 ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​သည်​တစ်​နေ့​လုံး စော်​ကား​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​ပုံ​ခိုင်း​၍ ကျိန်​ဆဲ​ကြ​ပါ​၏။
PSA 102:9 ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော် ကြောင့် ကျွန်​တော်​မျိုး​သည်​ပြာ​ကို​အ​စား​အ​စာ အ​ဖြစ်​ဖြင့် စား​ရ​ပါ​၏။ စ​ပျစ်​ရည်​ကို​လည်း​မျက်​ရည်​နှင့်​ရော​၍​သောက် ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ချီး​မြှောက်​တော်​မူ​ပြီး​မှ​ပစ်​ချ​တော်​မူ​ပါ​၏။
PSA 102:11 ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည်​ည နေ​ချိန်​၌ ကျ​ရောက်​သည့်​အ​ရိပ်​ကဲ့​သို့​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မြက်​ကဲ့​သို့​ခြောက်​သွေ့ သွား​ပါ​၏။
PSA 102:12 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရင်​ဖြစ် တော်​မူ​ပါ​၏။ နာ​မ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။
PSA 102:13 ကိုယ်​တော်​ရှင်​သည်​ထ​တော်​မူ​၍​ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​လိမ့်​မည်။ ထို​မြို့​ကို​သ​နား​တော်​မူ​ရန်​အ​ချိန်​သည် ကျ​ရောက်​လာ​ပါ​ပြီ။ ယ​ခု​အ​ချိန်​သည်​သင့်​တော်​သည့်​အ​ချိန်​ပင် ဖြစ်​ပါ​၏။
PSA 102:14 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​သည်​ဇိ​အုန်​မြို့ ပျက်​စီး​သွား​ပြီ​ဖြစ်​သော်​လည်း ထို​မြို့​ကို​နှစ်​သက်​မြတ်​နိုး​လျက်​ပင် ရှိ​နေ​ကြ​ပါ​သေး​၏။ ဇိ​အုန်​မြို့​ယို​ယွင်း​လျက်​နေ​သော်​လည်း ထို​မြို့​ကို​သ​နား​ကြ​ပါ​သေး​၏။
PSA 102:15 လူ​မျိုး​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ လော​က​ဘု​ရင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ တန်​ခိုး​တော်​ကို​ကြောက်​ရွံ့​ရိုသေ​ကြ​လိမ့်​မည်။
PSA 102:16 ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ပြန်​လည် တည်​ထောင်​တော်​မူ​သော​အ​ခါ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။
PSA 102:17 ကိုယ်​တော်​သည်​မိ​မိ​စွန့်​ပစ်​ထား​သည့်​လူ​စု တော်​၏ လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​လိမ့်​မည်။
PSA 102:18 ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​ရာ တို့​ကို နောင်​လာ​နောက်​သား​တို့​အ​တွက် ရေး​မှတ်​ထား​ကြ​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
PSA 102:19 အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ရန်​လည်း​ကောင်း၊ သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​အား​လွတ်​ငြိမ်း​ခွင့် ပေး​တော်​မူ​ရန်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ထက်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍ ကမ္ဘာ​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၏။
PSA 102:21 သို့​ဖြစ်​၍​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ လူ​မျိုး​တ​ကာ​တို့​သည် စု​ရုံး​လာ​ကြ​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​၌ ကိုယ်​တော်​၏​နာ​မ​တော်​ကို​ကြေ​ညာ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။
PSA 102:23 ငါ​ငယ်​စဉ်​အ​ခါ​က​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​အင်​ချိ​နဲ့​စေ​တော်​မူ​၍​ငါ​၏​အ​သက် ကို တို​စေ​တော်​မူ​ပါပြီ။
PSA 102:24 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​မ​အို​မီ​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ အ​သက်​ရှင်​တော်​မူ​ပါ​၏။
PSA 102:25 ကိုယ်​တော်​ရှင်​သည်​ရှေး​အ​ခါ​က​ကမ္ဘာ​မြေ ကြီး​ကို တည်​စေ​တော်​မူ​ပြီး​လျှင်​လက်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။
PSA 102:26 ထို​အ​ရာ​အား​လုံး​သည်​ကွယ်​ပျောက်​သွား ကြ​မည်​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​မူ​ကား​ရှိ​နေ​တော်​မူ​မည်​ဖြစ်​ပါ​၏။ ထို​အ​ရာ​အ​ပေါင်း​တို့​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​သွား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ဝတ်​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့် ထို​အ​ရာ​တို့​သည်​ပြောင်း​လဲ​ကွယ်​ပျောက် သွား​ကြ​ပါ​လိမ့်​မည်။
PSA 102:27 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​မူ​ကား​အ​ဘယ်​အ​ခါ ၌​မျှ ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ကုန်​ဆုံး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ပါ။
PSA 102:28 ကျွန်​တော်​မျိုး​တို့​၏​သား​မြေး​များ​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရ​ပါ​လိမ့်​မည်။ သူ​တို့​၏​အ​မျိုး​အ​နွယ်​များ​သည်​လည်း ကိုယ်​တော်​ရှင်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​ခို​လှုံ ရ​ပါ​လိမ့်​မည်။
PSA 103:1 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ငါ​၏​ကိုယ်​စိတ်​နှ​လုံး​တို့၊ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 103:2 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။
PSA 103:3 ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖြေ​လွှတ်​တော်​မူ​၍ ငါ​၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​ကင်း​စေ​တော်​မူ​၏။
PSA 103:4 ကိုယ်​တော်​သည်​ငါ့​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​၍ မေတ္တာ​တော်​နှင့်​က​ရု​ဏာ​တော်​တို့​ဖြင့် ရစ်​ပတ်​တော်​မူ​၏။
PSA 103:5 ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​နု​ပျို​သန်​စွမ်း လျက်​ရှိ​၏။
PSA 103:6 ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​ဘက်​မှ​နေ​၍ တ​ရား​စီ​ရင်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​ပေး​တော်​မူ​၏။
PSA 103:7 ကိုယ်​တော်​သည်​မိ​မိ​၏​အ​ကြံ​အ​စည်​တော် များ​ကို မော​ရှေ​အား​ဖော်​ပြ​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​မြင်​စေ​တော်​မူ​၏။
PSA 103:8 ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​ခင်​ကြင်​နာ​တော်​မူ​၍ စိတ်​ရှည်​သည်း​ခံ​တော်​မူ​လျက် ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။
PSA 103:9 ကိုယ်​တော်​သည်​အ​စဉ်​မ​ပြတ်​ပြစ်​တင်​၍​နေ​တော် မ​မူ။ အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ။
PSA 103:10 ငါ​တို့​အား​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ တော်​မ​မူ၊ ငါ​တို့​၌​အ​ပြစ်​များ​နှင့်​အ​မှား​များ​ရှိ​သည့် အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ။
PSA 103:11 ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။
PSA 103:12 အ​ရှေ့​မျက်​နှာ​စွန်း​သည်​အ​နောက်​မျက်​နှာ စွန်း​နှင့် ဝေး​ကွာ​သ​ကဲ့​သို့ ကိုယ်​တော်​သည်​ငါ​တို့​အား​ငါ​တို့​အ​ပြစ်​များ​နှင့် ဝေး​ကွာ​စေ​တော်​မူ​၏။
PSA 103:13 ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။
PSA 103:14 ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့ တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။
PSA 103:15 ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။
PSA 103:16 လေ​တိုက်​သော​အ​ခါ​ပန်း​ပွင့်​သည် ကြွေ​ပျောက်​၍​သွား​သ​ဖြင့် ယင်း​ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​မြင်​ရ​တော့​ပေ။
PSA 103:17 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့ ရို​သေ​ကြ​သူ​တို့​အ​တွက် ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​မူ​ကား ထာ​ဝ​စဉ်​ခိုင်​မြဲ​ပေ​သည်။ ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​၍​ပ​ညတ်​တော်​တို့​ကို သစ္စာ​နှင့်​လိုက်​နာ​ကျင့်​သုံး​ကြ​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​၏​ကျေး​ဇူး​က​ရု​ဏာ​တော်​သည် သား​စဉ်​မြေး​ဆက်​သက်​ရောက်​သတည်း။
PSA 103:19 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။
PSA 103:20 တန်​ခိုး​စွမ်း​ရည်​ကြီး​မား​၍​ကိုယ်​တော်​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​လျက် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သော ကောင်း​ကင်​တ​မန်​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 103:21 ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း လုပ်​ဆောင်​သူ​အ​စေ​ခံ​များ​ဖြစ်​သော ကောင်း​ကင်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 103:22 ထာ​ဝ​ရ​ဘု​ရား​အုပ်​စိုး​တော်​မူ​ရာ​အ​ရပ်​ရှိ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​သတ္တဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။
PSA 104:1 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​တို့​ဖြင့်​တန်​ဆာ​ဆင်​လျက် ရှိ​တော်​မူ​ပါ​၏။
PSA 104:2 ကိုယ်​တော်​ရှင်​သည်​မိ​မိ​ကိုယ်​ကို​အ​လင်း​ရောင်​ဖြင့် လွှမ်း​ခြုံ​တော်​မူ​ပါ​၏။ မိုး​ကောင်း​ကင်​ကို​တဲ​ရှင်​သ​ဖွယ်​ဖြန့်​တော်​မူ​၍
PSA 104:3 မိုး​မျက်​နှာ​ကျက်​ရှိ​ရေ​ပြင်​အ​ထက်​တွင်​အိမ်​တော်​ကို တည်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိုး​တိမ်​တို့​ကို​ရ​ထား​သ​ဖွယ်၊ လေ​ကို​အ​တောင်​များ​သ​ဖွယ်​စီး​တော်​မူ​၏။
PSA 104:4 ကိုယ်​တော်​ရှင်​သည်​လေ​တို့​ကို​စေ​တ​မန်​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လျှပ်​စစ်​လျှပ်​နွယ်​တို့​ကို​အ​စေ​ခံ​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း​အ​သုံး​ပြု​တော် မူ​ပါ​၏။
PSA 104:5 ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​လှုပ်​ရှား​နိုင်​စိမ့် သော​ငှာ အုတ်​မြစ်​ချ​၍​တည်​တော်​မူ​ပါ​ပြီ။
PSA 104:6 ထို​နောက်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ​ဖြင့် ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​တော်​မူ​ပါ​၏။ ရေ​သည်​လည်း​တောင်​များ​ကို​လွှမ်း​မိုး​ပါ​၏။
PSA 104:7 ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ ရေ​တို့​သည်​ပြေး​သွား​ကြ​ပါ​၏။ ရေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​မိုး​ချုန်း​သံ​ကို ကြား​သော​အ​ခါ​လျင်​မြန်​စွာ​စီး​ဆင်း​သွား ကြ​ပါ​၏။
PSA 104:8 ရေ​တို့​သည်​တောင်​များ​ပေါ်​မှ ချိုင့်​ဝှမ်း​များ​သို့​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​သူ​တို့​အ​တွက်​ပြင်​ဆင်​သတ်​မှတ် ထား​သည့်​အ​ရပ်​သို့​လည်း​ကောင်း​စီး​သွား ကြ​ပါ​၏။
PSA 104:9 ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန်​ရေ​မ​လွှမ်း​မိုး​စေ​ရန် ကိုယ်​တော်​ရှင်​သည်​ရေ​တို့​ကူး​ကျော်​၍​မ​ရ​နိုင်​သည့် နယ်​နိ​မိတ်​ကို​သတ်​မှတ်​ပေး​တော်​မူ​ပါ​၏။
PSA 104:10 ကိုယ်​တော်​ရှင်​သည်​ချိုင့်​ဝှမ်း​များ​တွင်​စမ်း​ချောင်း တို့​ကို ပေါ်​ပေါက်​စေ​တော်​မူ​၍​တော​များ​အ​ကြား​တွင် မြစ်​များ​စီး​ဆင်း​စေ​တော်​မူ​ပါ​၏။
PSA 104:11 ထို​မြစ်​များ​သည်​တော​တိ​ရစ္ဆာန်​တို့​အား သောက်​ရေ​ကို​ပေး​ပါ​၏။ မြည်း​ရိုင်း​တို့​ကို​လည်း​ရေ​ငတ်​ပြေ​စေ ပါ​၏။
PSA 104:12 အ​နီး​အ​နား​ရှိ​သစ်​ပင်​များ​ပေါ်​တွင်​ငှက် တို့​သည် အ​သိုက်​လုပ်​လျက်​သာ​ယာ​စွာ​အော်​မြည် ကြ​ပါ​၏။
PSA 104:13 ကိုယ်​တော်​ရှင်​သည်​ကောင်း​ကင်​မှ​တောင်​များ ပေါ်​သို့ မိုး​ရွာ​ကျ​စေ​တော်​မူ​သ​ဖြင့် ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​ပြည့်​ဝ​စွာ​ခံ​စား​ရ​ပါ​၏။
PSA 104:14 ကိုယ်​တော်​သည်​တော​တိ​ရစ္ဆာန်​များ​စား​ဖို့ မြက်​များ​ကို​လည်း​ကောင်း၊ လူ​တို့​သုံး​ဖို့​ကောက်​ပင်​များ​ကို​လည်း ကောင်း ပေါက်​စေ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​လူ​သည်​သီး​နှံ​ပင်​များ​ကို​စိုက်​ပျိုး နိုင်​လျက်
PSA 104:15 မိ​မိ​အား​စိတ်​ကို​ပျော်​ရွှင်​စေ​ရန် စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ လန်း​ဆန်း​စေ​ရန်​သံ​လွင်​ဆီ​ကို​လည်း​ကောင်း၊ ခွန်​အား​ဖြစ်​စေ​ရန်​အ​စား​အ​စာ​ကို​လည်း​ကောင်း ရ​ရှိ​နိုင်​ပါ​၏။
PSA 104:16 ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော​ကိုယ်​တော်​၏ သစ်​ပင်​များ​ဖြစ်​သည့်​လေ​ဗ​နုန်​တော​မှ အာ​ရဇ်​ပင်​တို့​သည်​မိုး​ရေ​များ​စွာ​ရ​ရှိ​ကြ​ပါ​သည်။
PSA 104:17 ထို​အ​ရပ်​တွင်​ငှက်​တို့​သည်​အ​သိုက်​များ ပြု​လုပ်​ကြ​ပါ​၏။ တော​ငန်း​တို့​သည်​ထင်း​ရှူး​ပင်​များ​တွင် အ​သိုက်​များ​ပြု​လုပ်​ကြ​ပါ​၏။
PSA 104:18 တော​ဆိတ်​တို့​သည်​တောင်​မြင့်​များ​ပေါ်​တွင် နေ​ကြ​ပါ​၏။ ခွေး​တူ​ဝက်​တူ​တို့​သည် ကျောက်​တောင်​စောင်း​များ​တွင်​ခို​အောင်း ကြ​ပါ​၏။
PSA 104:19 ကိုယ်​တော်​ရှင်​သည်​အ​ချိန်​ကာ​လ​ကို သတ်​မှတ်​ရန်​အ​တွက်​လ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ နေ​သည်​မိ​မိ​ဝင်​ရ​မည့်​အ​ချိန်​ကို​သိ​ပါ​၏။
PSA 104:20 ကိုယ်​တော်​ရှင်​သည်​ညဥ့်​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် မှောက်​မိုက်​ချိန်​တွင်​တော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့ ထွက်​လာ​ကြ​ပါ​၏။
PSA 104:21 ခြင်္သေ့​ပျို​တို့​သည်​အ​စာ​ရှာ​နေ​စဉ်​ဟောက်​ကြ​ပါ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော အ​စာ​ကို​ရှာ​ကြ​၍
PSA 104:22 နေ​ထွက်​လာ​သော​အ​ခါ​မိ​မိ​တို့​၏ သား​ရဲ​တွင်း​များ​သို့​ပြန်​၍​ခို​အောင်း​ကြ​ပါ​၏။
PSA 104:23 ထို​အ​ခါ​လူ​တို့​သည်​မိ​မိ​တို့​အ​လုပ်​များ​ကို လုပ်​ကိုင်​ရန်​ထွက်​လာ​ကာ​ည​နေ​ချမ်း​တိုင်​အောင် အ​လုပ်​လုပ်​ကြ​ပါ​၏။
PSA 104:24 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​သည် များ​လှ​ပါ​၏။ ဉာဏ်​ပ​ညာ​တော်​ဖြင့်​ထို​အ​ရာ​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင် ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ​များ​နှင့် ပြည့်​လျက်​ရှိ​ပါ​၏။
PSA 104:25 မ​ရေ​မ​တွက်​နိုင်​သော​သတ္တ​ဝါ​ကြီး​ငယ်​တို့ နေ​ထိုင်​ရာ အ​ပြော​ကျယ်​သည့်​သ​မုဒ္ဒ​ရာ​ကြီး​ရှိ​ပါ​၏။
PSA 104:26 သ​မုဒ္ဒ​ရာ​ထဲ​တွင်​သင်္ဘော​များ​ရွက်​လွှင့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သည့်​ရေသတ္တ​ဝါ ကြီး လ​ဝိ​သန်​သည်​လည်း​ခုန်​ပေါက်​မြူး​တူး ပါ​၏။
PSA 104:27 ထို​တိ​ရစ္ဆာန်​များ​အား​လုံး​တို့​သည်​အ​ချိန်​တန်​လျှင် အ​စာ​ရ​ရှိ​ရန်​ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ကြ​ပါ​၏။
PSA 104:28 ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကျွေး​မွေး​တော် မူ​သ​ဖြင့် သူ​တို့​သည်​စား​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စာ​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ကျေ​နပ်​ရောင့်​ရဲ​ရ​ကြ​ပါ​၏။
PSA 104:29 ကိုယ်​တော်​ရှင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​သေ​၍​မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည် ရောက်​ရှိ​သွား​ရ​ကြ​ပါ​၏။
PSA 104:30 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​သူ​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​ကို​သွင်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဖန်​ဆင်း​ခြင်း​ခံ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကြီး​ကို အ​သစ်​တစ်​ဖန်​ရှင်​သန်​စေ​ပါ​၏။
PSA 104:31 ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် ထာ​ဝ​စဉ်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​အ​တွက် ဝမ်း​မြောက်​တော်​မူ​ပါ​စေ​သော။
PSA 104:32 ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့် တော်​မူ သော​အ​ခါ​ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ရ​၏။ တောင်​တို့​ကို​တို့​ထိ​တော်​မူ​သော​အ​ခါ​တောင် များ​မှ မီး​ခိုး​ထွက်​ရ​၏။
PSA 104:33 ငါ​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ငါ​၏​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
PSA 104:34 ကိုယ်​တော်​သည်​ငါ့​ကို​ဝမ်း​မြောက်​စေ​တော်​မူ​သည် ဖြစ်​၍ ငါ​ဆို​သော​သီ​ချင်း​ကို​ကိုယ်​တော်​နှစ်​သက် တော်​မူ​ပါ​စေ​သော။
PSA 104:35 အ​ပြစ်​ကူး​သူ​တို့​သည်​ကမ္ဘာ​မြေ​ပေါ်​မှ သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော။ သူ​ယုတ်​မာ​တို့​သည်​ကွယ်​ပျောက်​ကြ​ပါ​စေ​သော။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။
PSA 105:1 ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြလော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။
PSA 105:2 သီ​ချင်း​ဆို​၍​ထာ​ဝ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​ပေါင်း​တို့​ကို​ဖော်​ပြ​ကြ​လော့။
PSA 105:3 ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ဝတ်​ပြု​သူ​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။
PSA 105:4 အ​ကူ​အ​ညီ​တောင်း​ခံ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ ရှေ့​တော်​မှောက်​တွင်​အ​စဉ်​အ​မြဲ​နေ​ကြ​လော့။
PSA 105:5 ကိုယ်​တော်​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​၏​အ​မျိုး အ​နွယ်​တို့၊ ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​သော​ယာ​ကုပ်​၏ သား​မြေး​တို့၊ သင်​တို့​သည်​ကိုယ်​တော်​ပြ​တော်​မူ​သည့် အံ့​သြ​ဖွယ်​ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​လည်း​ကောင်း၊ ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား​စီ​ရင်​ချက် တို့​ကို​လည်း​ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။
PSA 105:7 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​သည် တစ်​ကမ္ဘာ​လုံး​အ​တွက်​ဖြစ်​၏။
PSA 105:8 ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။ က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။
PSA 105:9 အာ​ဗြ​ဟံ​နှင့်​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​နှင့် ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော်​ကို တည်​စေ​တော်​မူ​လိမ့်​မည်။
PSA 105:10 ``သင့်​အား​ခါ​နာန်​ပြည်​ကို​ငါ​ပေး​မည်။ သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ဤ​ပ​ဋိ​ညာဉ်​သည်​ထာ​ဝ​စဉ်​တည်​လိမ့်​မည်။
PSA 105:12 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍​ခါ​နာန်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​များ​ဖြစ်​ကြ​၏။
PSA 105:13 သူ​တို့​သည်​တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊ တစ်​ရပ်​မှ​တစ်​ရပ်​သို့​လည်း​ကောင်း​လှည့်​လည် သွား​လာ​ရ​ကြ​၏။
PSA 105:14 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား ဖိ​စီး​နှိပ်​စက်​ရန်​အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
PSA 105:15 ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ​တို့​ကို မ​ထိ​မ​ခိုက်​ကြ​နှင့်။ ငါ​၏​ပ​ရော​ဖက်​တို့​အား​လက်​ဖျား​နှင့်​ပင် မ​တို့​ကြ​နှင့်'' ဟု​ရှင်​ဘု​ရင်​တို့​အား သ​တိ​ပေး​တော်​မူ​၏။
PSA 105:16 ကိုယ်​တော်​သည်​သူ​တို့​ပြည်​၌​ငတ်​မွတ်​ခေါင်း​ပါး ခြင်း ဘေး​ဆိုက်​ရောက်​စေ​တော်​မူ​သ​ဖြင့် စား​နပ်​ရိက္ခာ​ပြတ်​လပ်​သွား​သော​အ​ခါ
PSA 105:17 ကျွန်​အ​ဖြစ်​အ​ရောင်း​ခံ​ရ​သူ​ယော​သပ်​အား သူ​တို့​၏​ရှေ့​မှ​စေ​လွှတ်​တော်​မူ​ပေ​သည်။
PSA 105:18 ယော​သပ်​ကြို​တင်​ဟော​ကြား​သည့်​အ​တိုင်း ဖြစ်​ပျက်​၍​မ​လာ​မီ ယော​သပ်​သည်​ခြေ​ကျင်း​အ​ခတ်​ခံ​ရ​၏။ သူ​၏​လည်​တွင်​လည်း​သံ​လည်​ပတ်​အ​တပ်​ခံ​ရ​၏။ သူ့​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ဖြစ်​ပျက်​လာ​၏။
PSA 105:20 ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​သည်​ယော​သပ်​အား အ​ကျဉ်း​ထောင်​မှ​လွှတ်​စေ​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​သည်​ယော​သပ် အား လွတ်​မြောက်​စေ​တော်​မူ​၏။
PSA 105:21 မင်း​ကြီး​သည်​သူ့​အား​တိုင်း​ပြည်​အုပ်​ချုပ်​ရေး တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​၍ တစ်​နိုင်​ငံ​လုံး​၏​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။
PSA 105:22 သူ​သည်​မင်း​ကြီး​ခန့်​ထား​သည့်​အ​ရာ​ရှိ များ​အား အ​မိန့်​ပေး​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​အား​ဆင့်​ဆို​ညွှန်​ကြား​ပိုင်​ခွင့် ကို​လည်း​ကောင်း​ရ​လေ​၏။
PSA 105:23 ထို​အ​ခါ​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက် ရှိ​လာ​၍ ထို​ပြည်​၌​အ​ခြေ​စိုက်​နေ​ထိုင်​လေ​၏။
PSA 105:24 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား သား​သ​မီး​များ​စွာ​ထွန်း​ကား​လာ​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ထက်​ပို​၍​အင်​အား​ကြီး​မား​စေ​တော်​မူ​၏။
PSA 105:25 ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​စိတ်​ကို ပြောင်း​လဲ​စေ​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​အား​မုန်း​၍ လိမ်​လည်​လှည့်​ဖျား​ကြ​၏။
PSA 105:26 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မောရှေ​နှင့် ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သူ​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ​၏။
PSA 105:27 သူ​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​အံ့​ဖွယ်​သော​တန်​ခိုး နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ကြ​၏။
PSA 105:28 ကိုယ်​တော်​သည်​တစ်​ပြည်​လုံး​တွင်​အ​မှောင် ကျ​စေ​တော်​မူ​၏။ သို့​သော်​လည်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။
PSA 105:29 ကိုယ်​တော်​သည်​သူ​တို့​၏​မြစ်​များ​ကို​သွေး အ​တိ ဖြစ်​စေ​တော်​မူ​၍ ငါး​ရှိ​သ​မျှ​တို့​ကို​သေ​စေ​တော်​မူ​၏။
PSA 105:30 ဘု​ရင့်​နန်း​တော်​အ​ပါ​အ​ဝင်​သူ​တို့​၏​ပြည်​သည် ဖား​များ​နှင့်​ပြည့်​လေ​၏။
PSA 105:31 ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ ငှက်​နှင့်​ယင်​ရဲ​တို့​သည်​တစ်​ပြည်​လုံး​သို့ အုပ်​လိုက်​ရောက်​ရှိ​လာ​ကြ​ကုန်​၏။
PSA 105:32 ကိုယ်​တော်​သည်​ထို​ပြည်​တွင်​မိုး​အ​စား မိုး​သီး​ကို​ရွာ​စေ​တော်​မူ​၍ လျှပ်​ပန်း​လျှပ်​နွယ်​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။
PSA 105:33 ထို​သူ​တို့​၏​စ​ပျစ်​ပင်​နှင့်​သင်္ဘော​သ​ဖန်း​ပင်​တို့​ကို ဖျက်​ဆီး​ပစ်​တော်​မူ​၍ တစ်​ပြည်​လုံး​ရှိ​သစ်​ပင်​များ​ကို​ကျိုး​ကျ စေ​တော်​မူ​၏။
PSA 105:34 ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ သန်း​ပေါင်း​များ​စွာ​မ​ရေ​မ​တွက်​နိုင်​သော နှံ​ကောင်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၍
PSA 105:35 တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ပင်​ငယ်​တို့​ကို စား​ကြ​ကုန်​၏။ အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​ကို​ကိုက်​စား​ကြ ကုန်​၏။
PSA 105:36 ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​ဒဏ်​ခတ်​တော်​မူ​၏။
PSA 105:37 ထို​နောက်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ထုတ်​ဆောင်​သွား​တော်​မူ​၏။ သူ​တို့​သည်​ရွှေ​ငွေ​များ​ကို​သယ်​ယူ​ခဲ့​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ကျန်း​မာ​သန်​စွမ်း​သူ​များ ဖြစ်​ကြ​၏။
PSA 105:38 အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို​ကြောက် သ​ဖြင့် သူ​တို့​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ဝမ်း​မြောက်​ကြ​ကုန်​၏။
PSA 105:39 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အ​ပေါ်​သို့ မိုး​တိမ်​ရိပ်​ကျ​စေ​တော်​မူ​၍ ညဥ့်​အ​ခါ​အ​လင်း​ရ​စေ​ရန်​မီး​ကို​ပေး​တော် မူ​၏။
PSA 105:40 သူ​တို့​တောင်း​ခံ​သ​ဖြင့်​ကိုယ်​တော်​သည်​ငုံး​များ​ကို စေ​လွှတ်​ပေး​တော်​မူ​၏။ သူ​တို့​ရောင့်​ရဲ​စွာ​စား​နိုင်​ကြ​စေ​ရန်​ကောင်း​ကင်​မှ အ​စား​အ​စာ​ကို​ချ​ပေး​တော်​မူ၏။
PSA 105:41 ကိုယ်​တော်​သည်​ကျောက်​ဆောင်​ကို​ခွဲ​တော်​မူ​သော​အ​ခါ ရေ​သည်​ပန်း​၍​ထွက်​လာ​ကာ​သဲ​ကန္တာ​ရ​တွင် မြစ်​သ​ဖွယ်​စီး​၍​သွား​၏။
PSA 105:42 ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​အား ပေး​တော်​မူ​ခဲ့​သော​က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​၏။
PSA 105:43 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက်​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။
PSA 105:44 ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ ပြည်​များ​ကို​ပေး​အပ်​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ထို​သူ​တို့​၏​လယ်​ယာ​များ​ကို သိမ်း​ပိုက်​ကြ​ရ​၏။
PSA 105:45 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​၏​လူ​စု​တော် သည် ကိုယ်​တော်​ပေး​အပ်​ထား​တော်​မူ​သည့် ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍​အ​မိန့်​တော်​များ​ကို လိုက်​နာ​ကြ​စေ​ရန်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 106:1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သည်​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ​တည် ၏။
PSA 106:2 အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​ကောင်း သော အ​မှု​တော်​အ​ပေါင်း​တို့​ကို​ဖော်​ပြ​နိုင်​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​ဂုဏ်​တော်​ရှိ သ​မျှ​ကို ဖော်​ကူး​နိုင်​ပါ​သ​နည်း။
PSA 106:3 တ​ရား​မျှ​တ​စွာ​ပြု​မူ​၍​အ​မှန်​တ​ရား​ကို အ​စဉ် ကျင့်​သုံး​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။
PSA 106:4 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ကူ​မ​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။ သူ​တို့​အား​ကယ်​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​ကို​လည်း​ကယ်​တော်​မူ​ပါ။
PSA 106:5 ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကောင်း​စား​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ။ ကိုယ်​တော်​ရှင်​၏​ပြည်​တော်​သား​များ ဝမ်း​မြောက်​ရာ​၌​လည်း​ကောင်း၊ ကိုယ်​တော်​ပိုင်​တော်​မူ​သော​သူ​တို့​ရွှင်​လန်း​အား ရ​စွာ ဂုဏ်​ယူ​ဝါ​ကြွား​ရာ​၌​လည်း​ကောင်း​ကျွန်​တော်​မျိုး ပါ​ဝင်​ပါ​ရ​စေ။
PSA 106:6 ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​နည်း​တူ အ​ပြစ်​ကူး​ကြ​ပါ​ပြီ။ ယုတ်​မာ​ဆိုး​ညစ်​ကြ ပါ​ပြီ။
PSA 106:7 ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​မှု​တော်​ကို​နား​မ​လည်​ကြ​ပါ။ သူ​တို့​အား​ကြိမ်​ဖန်​များ​စွာ​ပြ​တော်​မူ​သော မေတ္တာ​တော်​ကို​မေ့​လျော့​ကြ​ပါ​၏။ ထို​နောက်​ပင်​လယ်​နီ​အ​နီး​တွင်​အ​နန္တ တန်​ခိုး​ရှင်​ကို ပုန်​ကန်​ကြ​ပါ​၏။
PSA 106:8 သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏ မ​ဟာ​တန်​ခိုး​တော်​ကို​ပြ​ရန် က​တိ​တော်​ရှိ​သည်​အ​တိုင်း​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။
PSA 106:9 ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​အ​မိန့်​ပေး​တော် မူ​လျှင် ယင်း​သည်​ခန်း​ခြောက်​၍​သွား​၏။ ထို​နောက်​မိ​မိ​၏​လူ​စု​တော်​အား​ခန်း​ခြောက်​သော ပင်​လယ်​ကို​ဖြတ်​စေ​ရန်​ပို့​ဆောင်​တော်​မူ​၏။
PSA 106:10 ကိုယ်​တော်​သည်​သူ​တို့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ ကယ်​တော်​မူ​၏။ သူ​တို့​၏​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​တော်​မူ​၏။
PSA 106:11 သူ​တို့​၏​ရန်​သူ​များ​သည်​ရေ​နစ်​၍​သေ​ကြ​ကုန်​၏။ တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​ရှင်​၍​မ​ကျန်​ခဲ့။
PSA 106:12 ထို​အ​ခါ​ကိုယ်​တော်​၏​လူ​စု​တော်​သည်​က​တိ​တော်​ကို ယုံ​ကြည်​ကြ​လျက် ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​၏။
PSA 106:13 သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သည့် အ​မှု​တော်​ကို​လျင်​မြန်​စွာ​မေ့​ပျောက်​လိုက်​ပြီး​လျှင် ကိုယ်​တော်​၏​လမ်း​ညွှန်​တော်​မူ​ချက်​ကို​မ​ခံ​ယူ​ဘဲ ပြု​မူ​ကျင့်​ကြံ​ကြ​၏။
PSA 106:14 သူ​တို့​သည်​တော​ကန္တာ​ရ​၌​အာ​သာ​ရမ္မက် ဖြစ်​ပေါ်​လာ​သည့်​အ​လျောက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။
PSA 106:15 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​တောင်း​ခံ​သည့် အ​ရာ​ကို​ချ​ပေး​တော်​မူ​သော်​လည်း သူ​တို့​အား​ရော​ဂါ​ဆိုး​စွဲ​ကပ်​စေ​တော် မူ​၏။
PSA 106:16 သဲ​ကန္တာ​ရ​တွင်​သူ​တို့​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​စေ​ခံ အာ​ရုန်​အား​လည်း​ကောင်း​ငြူ​စူ​ကြ​၏။
PSA 106:17 ထို​အ​ခါ​မြေ​ကြီး​သည်​အက်​ကွဲ​၍ ဒါ​သန်​ကို​လည်း​ကောင်း၊ အ​ဘိ​ရံ​နှင့်​အိမ်​ထောင်​စု​သား​တို့​ကို​လည်း​ကောင်း မျို​လေ​၏။
PSA 106:18 မီး​လျှံ​သည်​သူ​တို့​၏​နောက်​လိုက်​သူ​ယုတ်​မာ​တို့ အ​ပေါ်​သို့​ကျ​၍​ကျွမ်း​လောင်​စေ​၏။
PSA 106:19 သူ​တို့​သည်​သိ​နာ​တောင်​အ​နီး​တွင် ရွှေ​ဖြင့်​နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​ကြ​ပြီး နောက် ရှိ​ခိုး​ကြ​၏။
PSA 106:20 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို မြက်​စား​တိ​ရစ္ဆာန်​ရုပ်​နှင့်​အ​စား​ထိုး​ကြ​ကုန်​၏။
PSA 106:21 အီ​ဂျစ်​ပြည်​တွင်​အံ့​သြ​ဖွယ်​ကောင်း​သော အ​မှု​တော်​များ​ဖြင့် မိ​မိ​တို့​အား​ကယ်​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။
PSA 106:22 ထို​ပြည်​တွင်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​တော်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ပင်​လယ်​အ​နီး​တွင်​ပြု​တော်​မူ​သော​အ​မှု တော်​တို့​သည် အံ့​ဖွယ်​သူ​ရဲ​ဖြစ်​လှ​ပါ​သည်​တ​ကား။
PSA 106:23 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဟု​မိန့်​တော်​မူ သော​အ​ခါ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​အ​စေ​ခံ မော​ရှေ​သည် ဆီး​တား​သ​ဖြင့် အ​မျက်​တော်​ထွက်​၍​ထို​သူ​တို့​အား​သုတ်​သင် ဖျက်​ဆီး​တော်​မ​မူ။
PSA 106:24 ထို​နောက်​သူ​တို့​သည်​သာ​ယာ​သော​ပြည်​သို့ ဝင်​ရန် ငြင်း​ဆန်​ကြ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို​မ​ယုံ​ကြ​သော​ကြောင့်​ဖြစ်​၏။
PSA 106:25 သူ​တို့​သည်​မိ​မိ​တို့​၏​တဲ​များ​တွင်​နေ​၍ ညည်း​ညူ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ ထောင်​ကြ။
PSA 106:26 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​တော ကန္တာ​ရ​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​၏​သား​မြေး​များ​အား​ဘု​ရား​မဲ့​သူ​တို့ ထံ​တွင် ကွဲ​လွင့်​စေ​လျက်​တိုင်း​တစ်​ပါး​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြပ်​တည်း​စွာ သ​တိ​ပေး​တော်​မူ​၏။
PSA 106:28 ထို​နောက်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် ဗာ​လ​ဘု​ရား​ကို​ပေ​ဂု​ရ​အ​ရပ်​တွင်​ရှိ​ခိုး ဝတ်​ပြု​၍ သက်​မဲ့​ဘု​ရား​များ​ကို​ပူ​ဇော်​သည့်​ယဇ်​ကောင်​သား​ကို စား​ကြ​၏။
PSA 106:29 သူ​တို့​သည်​ယင်း​သို့​ပြု​မူ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​ပေး​ကြ​ရာ​သူ​တို့​တွင်​ရော​ဂါ​ဆိုး ကပ်​ရောက်​လေ​၏။
PSA 106:30 သို့​ရာ​တွင်​ဖိ​န​ဟတ်​သည်​ထ​၍ အ​ပြစ်​ရှိ​သူ​တို့​ကို​ဒဏ်​စီ​ရင်​လိုက်​သ​ဖြင့် ကပ်​ရော​ဂါ​သည်​ငြိမ်း​လေ​၏။
PSA 106:31 ဖိ​န​ဟတ်​ပြု​ခဲ့​သည့်​ကျေး​ဇူး​ကို​ယ​နေ့​တိုင်​အောင် လူ​တို့​သ​တိ​ရ​ကြ​ကုန်​၏။ နောင်​ကာ​လ​အ​စဉ်​မ​ပြတ်​လည်း သ​တိ​ရ​ကြ​ပေ​လိမ့်​မည်။
PSA 106:32 သူ​တို့​သည်​မေ​ရိ​ဘ​စမ်း​ချောင်း​အ​နီး​တွင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​အ​တွက်​ကြောင့်​မော​ရှေ​သည်​ဒုက္ခ​ရောက် ရ​၏။
PSA 106:33 သူ​တို့​သည်​မော​ရှေ​အား​လွန်​စွာ စိတ်​နာ​ကြည်း​စေ​သ​ဖြင့်​သူ​မ​စဉ်း​စား မ​ဆင်​ခြင်​ဘဲ​စ​ကား​ပြော​မိ​၏။
PSA 106:34 သူ​တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​အား သုတ်​သင်​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း တော်​မူ​သည့်​အ​တိုင်း​မ​ပြု​မ​လုပ်​ကြ​ဘဲ
PSA 106:35 ထို​သူ​တို့​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​လျက်​သူ​တို့​၏ ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။
PSA 106:36 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရုပ်​တု​များ​ကို ရှိ​ခိုး​ကြ​သ​ဖြင့်​ပျက်​စီး​ဆုံး​ရှုံး​ရ ကြ​၏။
PSA 106:37 သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​ခါ​နာန်​ရုပ်​တု​တို့​အား ပူ​ဇော်​ကြ​၏။
PSA 106:38 သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​မဲ့​သူ သား​သ​မီး​အ​ရင်း​အ​ချာ​များ​ကို​သတ် ဖြတ်​ကာ ခါ​နာန်​ရုပ်​တု​များ​အား​ပူ​ဇော်​ကြ​ရာ​တိုင်း​ပြည်​ကို ညစ်​ညမ်း​စေ​ကြ​၏။
PSA 106:39 ယင်း​သို့​သတ်​ဖြတ်​မှု​များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို ညစ်​ညမ်း​စေ​ကြ​၏။ ယင်း​သို့​ပြု​မူ​ကြ​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​လည်း သစ္စာ​ဖောက်​ကြ​၏။
PSA 106:40 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု တော်​အား အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။
PSA 106:41 ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ လက်​တွင်​စွန့်​ပစ်​၍​ထား​တော်​မူ​သ​ဖြင့် ရန်​သူ​များ​သည်​သူ​တို့​ကို​အ​စိုး​ရ​ကြ​ကုန်​၏။
PSA 106:42 သူ​တို့​သည်​ရန်​သူ​များ​၏​ဖိ​စီး​နှိပ်​စက်​မှု​ကို ခံ​ရ​ကြ​ကာ​လက်​အောက်​ခံ​များ​ဖြစ်​လာ​ရ ကြ​၏။
PSA 106:43 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကြိမ်​ဖန်​များ​စွာ​ကယ်​ဆယ်​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​မြဲ ပုန်​ကန်​ကြ​သ​ဖြင့် အ​ပြစ်​နွံ​တွင်​ပို​၍​သာ​နစ်​ကြ​ကုန်​၏။
PSA 106:44 သို့​ရာ​တွင်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​၍​သူ​တို့​၏ ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သူ​တို့​ကို​သနား​တော်​မူ​၏။
PSA 106:45 ကိုယ်​တော်​သည်​သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​၏။ မေတ္တာ​တော်​သည်​ကြီး​မား​တော်​မူ​သည် ဖြစ်​၍ အ​မျက်​ပြေ​တော်​မူ​၏။
PSA 106:46 သူ​တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​ကြ​သူ​တို့​၏ စိတ်​နှ​လုံး​တွင်​သ​နား​တတ်​သော​သ​ဘော​ကို သွင်း​ပေး​တော်​မူ​၏။
PSA 106:47 ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ တော်​ကို ထော​မ​နာ​ပြု​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​နိုင် ကြ​စေ​ရန်​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​အား​လူ​မျိုး​တ​ကာ​တို့ အ​ထဲ​မှ ပြန်​လည်​ခေါ်​ဆောင်​တော်​မူ​ပါ။
PSA 106:48 ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကမ္ဘာ​အ​ဆက်​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ လူ​အ​ပေါင်း​တို့​သည်​အာ​မင်​ဟု​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။
PSA 107:1 ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​၏'' ဟု​
PSA 107:2 ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။
PSA 107:4 လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။
PSA 107:5 သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။
PSA 107:6 သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။
PSA 107:7 ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။
PSA 107:8 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။
PSA 107:9 ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။ ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။
PSA 107:10 အ​ချို့​သော​သူ​တို့​သည်​မှောင်​မိုက်​အ​တိ​ဖုံး​လွှမ်း​ရာ အ​ရပ်​၌​နေ​ထိုင်​ရ​လျက်​သံ​ကြိုး​ဖြင့် ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ဒုက္ခ​ခံ​ရ​ကြ​၏။
PSA 107:11 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​ဖီ​ဆန်​၍ အ​နန္တ​တန်​ခိုး​ရှင်​၏​ညွှန်​ကြား​ချက်​များ​ကို ပစ်​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။
PSA 107:12 သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။ လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။
PSA 107:13 သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။
PSA 107:14 ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍ သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။
PSA 107:15 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။
PSA 107:16 ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။
PSA 107:17 အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ ကြောင့် ဖျား​နာ​ရ​ကြ​၏။ မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​၏။
PSA 107:18 သူ​တို့​သည်​အ​စား​အ​စာ​ကို​ပင်​ကြည့်​ချင်​စိတ် မ​ရှိ​တော့​ဘဲ သေ​မင်း​၏​တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရ​ကြ​၏။
PSA 107:19 ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။
PSA 107:20 ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အား ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။
PSA 107:21 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
PSA 107:22 သူ​တို့​သည်​ယဇ်​ပူ​ဇော်​သကာ​ဖြင့်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​လျက် ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို ဖော်​ပြ​ရ​ကြ​ပေ​မည်။
PSA 107:23 လူ​အ​ချို့​တို့​သည်​သ​မုဒ္ဒ​ရာ​တွင်​သင်္ဘော​လွှင့်​၍ ကူး​သန်း​သွား​လာ​လျက်​အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ကြ​၏။
PSA 107:24 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​များ၊ပင်​လယ်​တွင်​ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​မြင်​တွေ့​ရ​ကြ​၏။
PSA 107:25 ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကျ​ရောက်​လာ​၍ လှိုင်း​တံ​ပိုး​များ​ထ​လေ​၏။
PSA 107:26 သင်္ဘော​များ​သည်​လေ​ထဲ​သို့​မြောက်​၍​သွား​ကြ ပြီး​နောက် ရေ​ထဲ​သို့​ထိုး​ဆင်း​သွား​ကြ​၏။ ယင်း​သို့​သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​ကြ​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
PSA 107:27 သူ​တို့​သည်​အ​ရက်​မူး​သူ​များ​ကဲ့​သို့​ယိမ်း​ယိုင် လဲ​ကျ​ကြ​ကုန်​၏။ သူ​တို့​၏​ကျွမ်း​ကျင်​မှု​သည်​အ​ချည်း​နှီး​ပင်​ဖြစ်​၏။
PSA 107:28 ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။
PSA 107:29 ကိုယ်​တော်​သည်​လေ​မုန်​တိုင်း​ကို​ရပ်​စဲ​စေ​တော် မူ​သ​ဖြင့် လှိုင်း​တံ​ပိုး​တို့​သည်​ငြိမ်သက်​လေ​၏။
PSA 107:30 ယင်း​သို့​လေ​ငြိမ်​သ​ဖြင့်​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​သူ​တို့​သွား​လို​ရာ​သင်္ဘော​ဆိပ်​မြို့​သို့ ဘေး​မဲ့​လုံ​ခြုံ​စွာ​ပို့ဆောင်​တော်​မူ​၏။
PSA 107:31 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အ​တွက်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
PSA 107:32 သူ​တို့​သည်​ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို လူ​တို့ စု​ဝေး​ရာ​အ​ရပ်​၌​ထုတ်​ဖော်​ကြေ​ညာ​ကြ​ရ​ပေ​မည်။ ခေါင်း​ဆောင်​များ​အ​စည်း​အ​ဝေး​၌​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​ရ​ပေ​မည်။
PSA 107:33 ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​များ​ကို​လုံး​ဝ ခန်း​ခြောက်​စေ​တော်​မူ​၏။ စမ်း​ချောင်း​များ​ကို​လည်း​ဆို့​ပိတ်​၍​ထား​တော်​မူ​၏။
PSA 107:34 ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ကိုယ်​တော်​သည် မြေ​ကောင်း​မြေ​သန့်​ကို အ​သုံး​မ​ဝင်​သည့်​ဆား​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။
PSA 107:35 ကိုယ်​တော်​သည်​သဲ​ကန္တာ​ရ​များ​ကို​ရေ​အိုင်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သည့်​ဒေ​သ​များ​ကို​စမ်း​ရေ​ပေါက် အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​တော်​မူ​၏။
PSA 107:36 ထို​ဒေ​သ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​အား နေ​ထိုင်​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​မိ​မိ​တို့​နေ​ထိုင်​ရန်​မြို့​ကို တည်​ကြ​၏။
PSA 107:37 သူ​တို့​သည်​လယ်​ယာ​လုပ်​ကိုင်​ကာ​စ​ပျစ်​ပင် များ​ကို စိုက်​ပျိုး​ကြ​၏။ ယင်း​တို့​သည်​များ​စွာ​သော​အ​သီး​အ​နှံ တို့​ကို​ဆောင်​ကုန်​၏။
PSA 107:38 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်​သူ​တို့​သည် သား​သ​မီး​များ​စွာ​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​နွား​အုပ်​များ​ကို​လည်း မ​ယုတ်​မ​လျော့​စေ​ရန်​စောင့်​ရှောက်​တော်​မူ​၏။
PSA 107:39 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရက်​စက်​စွာ ဖိ​စီး​နှိပ်​စက်​မှု​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် အ​ရေး​ရှုံး​နိမ့်​ကာ​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​ကြ သော​အ​ခါ
PSA 107:40 ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍ လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။
PSA 107:41 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။
PSA 107:42 သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​၍​ဝမ်း​မြောက်​ကုန်​၏။ သူ​ယုတ်​မာ​အပေါင်း​တို့​သည်​ကား​နှုတ်​ပိတ်​၍ နေ​ရ​ကြ​၏။
PSA 107:43 အ​သိ​ပညာ​ရှိ​သူ​တို့​သည်​ဤ​အ​မှု​အ​ရာ တို့​ကို နှ​လုံး​သွင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​စေ။
PSA 108:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ပါ​၏။ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။ အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။
PSA 108:2 ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​နေ​ကို​နိုး​ထ​စေ​မည်။
PSA 108:3 အို ထာ​ဝ​ရ​ဘု​ရား၊ လူ​မျိုး​တ​ကာ​တို့​အ​လယ်​တွင်​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​မျိုး​အ​ပေါင်း​တို့​အ​လယ်​တွင်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 108:4 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​သို့​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​ကောင်း​ကင် တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ​ပါ​၏။
PSA 108:5 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သော​ဂုဏ်​တော်​ကို မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ဘုန်း​အ​သ​ရေ တော်​ကို ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​လည်း​ကောင်း​ပြ​တော်​မူ​ပါ။
PSA 108:6 ကိုယ်​တော်​ရှင်​ချစ်​တော်​မူ​သော​လူ​စု​တော်​သည် အ​သက်​ချမ်း​သာ​ကြ​စေ​ရန် ဘုန်း​အာ​နု​ဘော်​တော်​ဖြင့်​ကျွန်​တော်​မျိုး​တို့​ကို ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
PSA 108:7 ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​က ``ငါ​သည်​အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​လည်း​ငါ​၏​လူ​စု​တော် အား ခွဲ​ဝေ​ပေး​မည်။
PSA 108:8 ဂိ​လဒ်​ပြည်​ကို​ငါ​ပိုင်​၏။ မ​နာ​ရှေ​ပြည်​ကို လည်း ငါ​ပိုင်​၏။ ဧ​ဖ​ရိမ်​ပြည်​သည်​ငါ​၏​သံ​ခ​မောက်​ဖြစ်​၍ ယု​ဒ​ပြည်​သည်​ငါ​၏​ရာ​ဇ​လှံ​တံ​ဖြစ်​၏။
PSA 108:9 သို့​ရာ​တွင်​ငါ​သည်​မော​ဘ​ပြည်​ကို​ငါ​၏ ခြေ​ဆေး​အိုး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်​ကို​ငါ​ပိုင်​ကြောင်း ငါ့​ဖိ​နပ်​တင်​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း အ​သုံး​ပြု​မည်။ ဖိ​လိတ္တိ​ပြည်​ပေါ်​၌​အောင်​ပွဲ​ခံ​၍​ကြွေး​ကြော် မည်'' ဟု​မိန့်​တော်​မူ​ပေ​သည်။
PSA 108:10 ဘု​ရား​သ​ခင်၊ခံ​တပ်​တည်​ဆောက်​ထား​သည့် မြို့​အ​တွင်း​သို့​အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​အား ပို့​ဆောင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ ပြည်​သို့ ပို့​ဆောင်​ပါ​မည်​နည်း။
PSA 108:11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​၏​တပ်​များ​နှင့်​အ​တူ​ချီ​တက် တော်​မ​မူ​တော့​ပြီ​လော။
PSA 108:12 လူ​တို့​၏​အ​ကူ​အ​ညီ​သည်​အ​ချည်း​နှီး​ပင် ဖြစ်​သော​ကြောင့်​ရန်​သူ​များ​ကို​တိုက်​ခိုက်​နိုင်​ရန် ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
PSA 108:13 ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက်​၌​ရှိ​တော် မူ​လျှင် ငါ​တို့​သည်​အ​နိုင်​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။
PSA 109:1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ဆိတ်​ဆိတ်​နေ​တော် မ​မူ​ပါ​နှင့်။
PSA 109:2 သူ​ယုတ်​မာ​များ​နှင့်​လူ​လိမ်​များ​သည်​ကျွန်​တော် မျိုး​ကို တိုက်​ခိုက်​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​၏​အ​ကြောင်း မု​သား​စ​ကား​ပြော​ကြ​ပါ​၏။
PSA 109:3 သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့ တိုက်​ခိုက်​၍​ကျွန်​တော်​မျိုး​၏​အ​ကြောင်း ဆိုး​ရွား​သော​သ​တင်း​များ​ကို​လွှင့်​ကြ​ပါ​၏။
PSA 109:4 ကျွန်​တော်​မျိုး​သည်​သူ​တို့​အား​မေတ္တာ​ပြ​လျက် သူ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော်​လည်း သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု ကြ​ပါ​၏။
PSA 109:5 သူ​တို့​သည်​ကျွန်​တော်​မျိုး​ပြု​သည့်​ကျေး​ဇူး​ကို ဆိုး​ညစ်​မှု​ဖြင့်​လည်း​ကောင်း၊ကျွန်​တော်​မျိုး​၏ မေတ္တာ​ကို​မုန်း​တီး​ခြင်း​ဖြင့်​လည်း​ကောင်း ပြန်​လည်​ပေး​ဆပ်​ကြ​ပါ​၏။
PSA 109:6 ကျွန်​တော်​မျိုး​၏​ရန်​သူ​အား​တ​ရား​စီ​ရင်​ရန် အ​ဂ​တိ​လိုက်​စား​သော​တ​ရား​သူ​ကြီး​ကို ခန့်​ထား​ရွေး​ချယ်​ပေး​တော်​မူ​ပါ။ သူ​၏​ရန်​သူ​တစ်​ယောက်​က​ပင်​လျှင်​သူ့​အား ပြစ်​တင်​စွပ်​စွဲ​စေ​တော်​မူ​ပါ။
PSA 109:7 သူ့​အား​စစ်​ဆေး​၍​ပြစ်​မှု​ထင်​ရှား​ပါ​စေ​သော။ သူ​၏​ဆု​တောင်း​ပတ္ထ​နာ​သည်​ပင်​လျှင် ပြစ်​မှု​ကူး​ရာ​ရောက်​ပါ​စေ​သော။
PSA 109:8 သူ​၏​အ​သက်​သည်​မ​ကြာ​မီ​ကုန်​ဆုံး​လျက် သူ​၏​ရာ​ထူး​ကို​အ​ခြား​သူ​တစ်​ဦး​ရ​ရှိ ပါ​စေ​သော။
PSA 109:9 သူ​၏​သား​သ​မီး​များ​သည်​မိ​ဘ​မဲ့​များ​ဖြစ် ကြ​လျက် သူ​၏​ဇ​နီး​သည်​မု​ဆိုး​မ​ဖြစ်​ပါ​စေ​သော။
PSA 109:10 သူ​၏​သား​သ​မီး​တို့​သည်​အိမ်​ရာ​မဲ့​သူ​တောင်း စား​များ ဖြစ်​ကြ​၍ မိ​မိ​တို့​နေ​ထိုင်​ရာ​အိမ်​ပျက်​များ​မှ​နှင်​ထုတ် ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။
PSA 109:11 ကြွေး​ရှင်​တို့​သည်​သူ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ​ကြ​လျက်​သူ​စိမ်း​တစ်​ရံ​ဆံ​တို့​သည် သူ​လုပ်​ကိုင်​၍​ရ​သ​မျှ​သော​အ​ကျိုး​ခံ​စား ရ​ကြ​ပါ​စေ​သော။
PSA 109:12 အ​ဘယ်​အ​ခါ​၌​မျှ​သူ့​အား​သ​နား​ကြင်​နာ မည့်​သူ၊ သူ​၏​ဘ​သက်​ဆိုး​များ​ကို​ကြည့်​ရှု​စောင့်​ရှောက် မည့်​သူ မ​ရှိ​ပါ​စေ​နှင့်။
PSA 109:13 သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။ သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။
PSA 109:14 သူ​၏​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သ​တိ​ရ​တော်​မူ​ပါ​စေ​သော။ သူ​၏​မိ​ခင်​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။
PSA 109:15 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ်​တို့​ကို သ​တိ​ရ​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​သူ​တို့​၏​နာ​မည်​သည်​လော​က​မှ လုံး​ဝ​ပျောက်​ကွယ်​သွား​ပါ​စေ​သော။
PSA 109:16 ထို​သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သ​နား ကြင်​နာ​ရန် စိတ်​မ​ကူး​ခဲ့။ ဆင်း​ရဲ​သူ၊ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သတ်​ဖြတ်​ခဲ့​၏။
PSA 109:17 သူ​သည်​ကျိန်​ဆဲ​ရန်​နှစ်​သက်​သည်​ဖြစ်​၍ သူ​ကိုယ်​တိုင်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ပါ​စေ သော။ သူ​သည်​သူ​တစ်​ပါး​အား​ကောင်း​ချီး​မင်္ဂလာ​ပေး​ရန် အ​လို​မ​ရှိ​သည်​ဖြစ်​၍ မည်​သူ​က​မျှ​သူ့​အား​ကောင်း​ချီး​မင်္ဂ​လာ မ​ပေး​ပါ​စေ​နှင့်။
PSA 109:18 ကျိန်​ဆဲ​မှု​သည်​သူ​၏​အ​တွက်​ခါး​ဝတ် ပု​ဆိုး​သ​ဖွယ်​ဖြစ်​၏။ သူ​၏​ကျိန်​ဆဲ​ချက်​များ​သည်​ရေ​ကဲ့​သို့ သူ​၏​ကိုယ်​ခန္ဓာ​ထဲ​သို့​လည်း​ကောင်း၊ဆီ​ကဲ့​သို့ သူ​၏ အ​ရိုး​များ​ထဲ​သို့​လည်း​ကောင်း​စိမ့်​ဝင်​ပါ စေ​သော။
PSA 109:19 ယင်း​ကျိန်​ဆဲ​ချက်​တို့​သည်​အ​ထည်​အ​ဝတ်​ကဲ့​သို့ သူ့​ကို​ဖုံး​လွှမ်း​၍​ခါး​ပတ်​သ​ဖွယ်​သူ့​ကို​အ​စဉ် အ​မြဲ ပတ်​၍​ထား​ပါ​စေ​သော။
PSA 109:20 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ဆိုး​ရွား​သည့် သ​တင်း​ကို​လွှင့်​သူ​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့ အား ဤ​နည်း​အ​တိုင်း​အ​ပြစ်​ပေး​တော်​မူ​ပါ။
PSA 109:21 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။
PSA 109:22 ကျွန်​တော်​မျိုး​သည်​ဆင်း​ရဲ​ချို့​တဲ့​နွမ်း​ပါး ပါ​၏။ အ​သည်း​နှ​လုံး​ထဲ​တွင်​နာ​ကြည်း​လျက်​ရှိ​ပါ​၏။
PSA 109:23 ကျွန်​တော်​မျိုး​သည် ည​နေ​ချိန်​အ​ရိပ်​ကဲ့​သို့ ပျောက်​ကွယ်​ရန်​နီး​ပါ​ပြီ။ ပိုး​ကောင်​ကဲ့​သို့​လေ​တိုက်​၍​လွင့်​သွား​ပါ​၏။
PSA 109:24 အ​စား​အ​စာ​ချို့​တဲ့​မှု​ကြောင့်​ကျွန်​တော်​မျိုး​၏ ဒူး​တို့​သည်​ချည့်​နဲ့​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် အ​ရိုး​နှင့်​အ​ရေ​သာ​ရှိ​ပါ​၏။
PSA 109:25 လူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​မြင်​သော​အ​ခါ ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ဦး​ခေါင်း​ကို​ခါ​ကြ ပါ​၏။
PSA 109:26 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။
PSA 109:27 ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​သော​သူ​သည် ကိုယ်​တော်​ရှင်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို ရန်​သူ​တို့​အား​သိ​စေ​တော်​မူ​ပါ။
PSA 109:28 သူ​တို့​သည်​ကျွန်​တော်​မျိုး​အား ကျိန်​ဆဲ​ကြ​သော်​လည်း​ကိုယ်​တော်​ရှင် မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ​မည်။ ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သော သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကျွန်​တော်​မျိုး​မူ​ကား ဝမ်း​မြောက်​ရ​ပါ​စေ​သော။
PSA 109:29 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဂုဏ်​အ​သ​ရေ ပျက်​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​အ​ရှက်​နှင့်​မိ​မိ​တို့​ကိုယ်​ကို ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​ရ​ကြ​ပါ​စေ​သော။
PSA 109:30 ငါ​သည်​အ​သံ​ကျယ်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ ပ​ရိ​သတ်​တို့​အ​လယ်​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 109:31 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ဆင်း​ရဲ​သူ​ကို​ကာ​ကွယ်​၍ သူ့​အား​သေ​ဒဏ်​စီ​ရင်​ကြ​သော​သူ​တို့ ၏​လက်​မှ ကယ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။
PSA 110:1 ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​၏​ရန်​သူ​များ​ကို​သင်​၏ ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ ယင်း​သို့​မ​ဖြစ်​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက် တွင် ထိုင်​နေ​လော့'' ဟု ငါ​၏​အ​ရှင်​မင်း​မြတ်​အား​မိန့်​တော်​မူ​၏။
PSA 110:2 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​ရာ​ဇ​အာ​ဏာ ကို ဇိ​အုန်​မြို့​မှ​နေ​ရာ​အ​နှံ့​အ​ပြား​သို့​တိုင်​အောင် တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​က​အ​ရှင့်​အား``သင်​၏​ရန်​သူ​တို့​ကို အုပ်​စိုး​လော့'' ဟု​မိန့်​တော်​မူ​၏။
PSA 110:3 ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌ အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည် အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။
PSA 110:4 ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​မေ​လ​ခိ ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​ကျိန်​ဆို က​တိ​ပေး​တော်​မူ​သည်​ဖြစ်​ရာ ထို​က​တိ​တော်​ကို​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ လိမ့်​မည် မ​ဟုတ်​ပါ။
PSA 110:5 ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။ အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။
PSA 110:6 လူ​မျိုး​တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ ရာ​တွင် စစ်​တ​လင်း​ကို​လူ​သေ​ကောင်​များ​နှင့် ပြည့်​နှက်​စေ​တော်​မူ​လိမ့်​မည်။ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ဘု​ရင်​တို့​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။
PSA 110:7 မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​စမ်း​ချောင်း​မှ ရေ​ကို​သောက်​လျက်​အား​အင်​ပြည့်​တင်း​လာ​ကာ အောင်​ပွဲ​ကို​ခံ​တော်​မူ​လိမ့်​မည်။
PSA 111:1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော် အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏​ကျေး​ဇူး တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း​မည်။
PSA 111:2 ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​ရာ တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​အ​မှု​အ​ရာ​များ​ကို​နှစ်​သက်​သူ​အ​ပေါင်း တို့​သည် ယင်း​တို့​ကို​လေ့​လာ​တတ်​ကြ​၏။
PSA 111:3 ကိုယ်​တော်​ပြု​သ​မျှ​သော​အ​မှု​တော်​တို့​သည် ဂုဏ်​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​ပေ​သည်။ ကိုယ်​တော်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။
PSA 111:4 ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​တို့​ကို မ​မေ့​လျော့​စေ​ရန်​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ က​ရု​ဏာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။
PSA 111:5 ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့​အား ကျွေး​မွေး​တော်​မူ​၏။ မိ​မိ​ပ​ဋိ​ညာဉ်​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​တော်​မ​မူ။
PSA 111:6 ကိုယ်​တော်​သည်​အ​ခြား​လူ​မျိုး​တို့​၏​နယ်​မြေ များ​ကို မိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​ခြင်း အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​လေ​ပြီ။
PSA 111:7 ကိုယ်​တော်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​သည် သစ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​မျှ​တ​မှု​နှင့်​လည်း​ကောင်း​ညီ​ပါ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​မှန်​သ​မျှ​သည် ယုံ​ကြည်​အား​ထား​ထိုက်​ပါ​ပေ​သည်။
PSA 111:8 ထို​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ်​တည်​ပါ​၏။ ယင်း​တို့​ကို​သစ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း စီ​ရင်​ထား​တော်​မူ​ပြီ။
PSA 111:9 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား လွတ်​မြောက်​စေ​တော်​မူ​ပြီး​လျှင် သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​တော် မူ​၏။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၍ တန်​ခိုး​ကြီး​တော်​မူ​ပါ​သည်​တ​ကား။
PSA 111:10 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​သော သ​ဘော​သည်​ပ​ညာ​၏​အ​ချုပ်​အ​ခြာ​ဖြစ်​၏။ ပ​ညတ်​တော်​ကို​စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား မှန်​ကန်​စွာ​ဆုံး​ဖြတ်​နိုင်​ခွင့်​ကို​ကိုယ်​တော်​ပေး တော်​မူ​၏။ ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သ​တည်း။
PSA 112:1 ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန် အ​ထူး​နှစ်​သက်​သူ​သည်​မင်္ဂ​လာ​ရှိ​၏။
PSA 112:2 ထို​သူ​၏​သား​သ​မီး​တို့​သည်​တိုင်း​ပြည်​တွင် တန်​ခိုး​အာ​ဏာ​ရှိ​ကြ​လိမ့်​မည်။ သူ​၏​သား​မြေး​တို့​သည်​ကောင်း​ချီး ခံ​စား​ရ​ကြ​လိမ့်​မည်။
PSA 112:3 သူ​၏​အိမ်​ထောင်​စု​သား​တို့​သည်​ချမ်း​သာ ကြွယ်​ဝ​လိမ့်​မည်။ သူ​သည်​အ​စဉ်​အ​မြဲ​ကောင်း​စား​လိမ့်​မည်။
PSA 112:4 သ​နား​ကြင်​နာ​တတ်​၍​က​ရု​ဏာ​နှင့်​ပြည့်​ဝ လျက် တ​ရား​မျှ​တ​သော​သူ​တော်​ကောင်း​တို့​အ​တွက် အ​မှောင်​ထဲ​၌​အ​လင်း​ရောင်​ပေါ်​ထွန်း​တတ်​၏။
PSA 112:5 ရက်​ရော​စွာ​ချေး​ငှား​တတ်​သော​မိ​မိ​အ​လုပ် တွင် ရိုး​သား​စွာ​ပြု​မူ​တတ်​သော​သူ​သည်​မင်္ဂ​လာ ရှိ​၏။
PSA 112:6 သူ​တော်​ကောင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ ဆုံး​ရှုံး​ရ​လိမ့်​မည်​မ​ဟုတ်။ လူ​တို့​သည်​သူ့​အား​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​ကြ​လိမ့်​မည်​မ​ဟုတ်။
PSA 112:7 သို့​ဖြစ်​၍​သူ​သည်​သ​တင်း​ဆိုး​ကို​ကြား​ရန် မ​ကြောက်​ရ။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည် ကိုး​စား​သူ​ဖြစ်​သ​ဖြင့်​သူ​၏​စိတ်​နှ​လုံး သည် တည်​ကြည်​ခိုင်​မြဲ​ပေ​သည်။
PSA 112:8 သူ​သည်​စိုး​ရိမ်​ပူ​ပန်​မှု​နှင့်​သော်​လည်း​ကောင်း၊ ကြောက်​လန့်​မှု​နှင့်​သော်​လည်း​ကောင်း​ကင်း​၏။ မိ​မိ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​သည်​ကို​မု​ချ တွေ့​မြင်​ရ​လိမ့်​မည်။
PSA 112:9 သူ​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​ရက်​ရော​စွာ ပေး​ကမ်း​တတ်​၏။ သူ​သည်​အ​စဉ်​သ​နား​ကြင်​နာ​တတ်​၏။ သူ​သည်​တန်​ခိုး​ကြီး​၍​ရို​သေ​လေး​စား​မှု​ကို ခံ​ရ​လိမ့်​မည်။
PSA 112:10 သူ​ယုတ်​မာ​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​သော​အ​ခါ​ဒေါ​သ​ထွက်​၍​အံ​သွား​ခဲ ကြိတ်​လျက် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လို​ဆန္ဒ​သည်​ပျက်​ပြား​ရ​လိမ့်​မည်။
PSA 113:1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ချင်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ​လော့။
PSA 113:2 ကိုယ်​တော်​၏​နာ​မ​တော်​အား​ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သော။
PSA 113:3 နေ​ထွက်​ရာ​အ​ရပ်​မှ​နေ​ဝင်​ရာ​အ​ရပ်​သို့ တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ ပါ​စေ​သ​တည်း။
PSA 113:4 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​ထွန်း​တောက်​တော်​မူ​၏။
PSA 113:5 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် နှိုင်း​ယှဉ်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​တွင်​စံ​နေ တော်​မူ​၏။
PSA 113:6 သို့​ရာ​တွင်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို ငုံ့​ကြည့်​တော်​မူ​၏။
PSA 113:7 ဆင်း​ရဲ​သူ​တို့​ကို​မြေ​မှုန့်​ထဲ​က​ချီး​မြှင့်​၍ နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​ထဲ​က ချီး​မြှောက်​တော်​မူ​၏။
PSA 113:8 ထို​နောက်​မင်း​သား​များ​ဖြစ်​ကြ​သော၊ကိုယ် တော်​၏ လူ​စု​တော်​ကို​အုပ်​စိုး​သော​မင်း​သား​များ​နှင့် အ​တူ သွား​လာ​ပေါင်း​ဖော်​ခွင့်​ကို​ပေး​တော်​မူ​၏။
PSA 113:9 ကိုယ်​တော်​သည်​မြုံ​သော​အိမ်​ရှင်​မ​အား ချီး​မြှင့်​တော်​မူ​ရာ​သား​သ​မီး​ရ​စေ​၍ ဝမ်း​မြောက်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 114:1 ယာ​ကုပ်​၏​သား​မြေး​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် နိုင်​ငံ​ရပ်​ခြား​အီ​ဂျစ်​ပြည်​မှ​ထွက်​သွား​ကြ သော​အ​ခါ၊
PSA 114:2 ယု​ဒ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဖြစ်​လာ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​တော် ပိုင်​တော်​မူ​သော​လူ​စု​တော်​ဖြစ်​လာ​ကြ​၏။
PSA 114:3 ပင်​လယ်​နီ​သည်​မြင်​၍​ထွက်​ပြေး​လေ​၏။ ယော်​ဒန်​မြစ်​သည်​မ​စီး​တော့​ဘဲ​ရပ်​တန့် သွား​၏။
PSA 114:4 တောင်​ကြီး​တို့​သည်​ဆိတ်​များ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည်​သိုး​များ​ကဲ့​သို့​လည်း​ကောင်း ခုန်​ပေါက်​ကြ​၏။
PSA 114:5 အ​ချင်း​ပင်​လယ်၊သင်​သည်​အ​ဘယ်​ကြောင့် ထွက်​ပြေး​ပါ​သ​နည်း။ အ​ချင်း​ယော်​ဒန်​မြစ်၊သင်​သည်​အ​ဘယ်​ကြောင့် မ​စီး​ဘဲ​ရပ်​တန့်​ပါ​သ​နည်း။
PSA 114:6 တောင်​ကြီး​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ဆိတ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ​သ​နည်း။ တောင်​ငယ်​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် သိုး​သ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ သ​နည်း။
PSA 114:7 အ​ချင်း​မြေ​ကြီး၊ယာ​ကုပ်​၏​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​၌ ရှေ့​တော်​တွင် တုန်​လှုပ်​လျက်​နေ​လော့။
PSA 114:8 ကိုယ်​တော်​သည်​ကျောက်​တောင်​ကို​ရေ​အိုင်၊ ကျောက်​ဆောင်​ကို​စမ်း​ချောင်း​ဖြစ်​စေ​တော် မူ​၏။
PSA 115:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​ကြောင့်​ကိုယ်​တော်​တစ်​ပါး​တည်း ၌​သာ​လျှင် ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၌​ဘုန်း​အ​သ​ရေ​မ​ရှိ​ပါ။
PSA 115:2 ``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့​အား မေး​ရ​ကြ​ပါ​သနည်း။
PSA 115:3 ငါ​တို့​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​၍ အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။
PSA 115:4 သူ​တို့​ဘု​ရား​များ​ကား​ရွှေ​ငွေ​ဖြင့်​ပြီး​၍ လူ့​လက်​ဖြင့် ပြု​လုပ်​သော​ဘု​ရား​များ​ဖြစ်​ကြ​၏။
PSA 115:5 ယင်း​တို့​သည်​နှုတ်​များ​ပါ​ရှိ​လျက်​နှင့်​စ​ကား မပြော​နိုင်။ မျက်​စိ​များ​ပါ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်။
PSA 115:6 နား​များ​ပါ​ရှိ​လျက်​နှင့်​မ​ကြား​နိုင်။ နှာ​ခေါင်း​များ​ရှိ​ပါ​လျက်​နှင့်​အ​နံ့​မ​ရ​နိုင်။
PSA 115:7 လက်​များ​ပါ​ရှိ​လျက်​နှင့်​မ​ထိ​မ​တွေ့​နိုင်။ ခြေ​များ​ရှိ​ပါ​လျက်​နှင့်​လမ်း​မ​လျှောက်​နိုင်။ သူ​တို့​သည်​အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​နိုင်။
PSA 115:8 ထို​ရုပ်​တု​တို့​ကို​ပြု​လုပ်​သူ​များ​နှင့်​ကိုး​စား သူ​တို့​သည် မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။
PSA 115:9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ​ဘု​ရား ကို ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
PSA 115:10 အ​ချင်း​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ် တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
PSA 115:11 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
PSA 115:12 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သ​တိ​ရ​တော် မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ကောင်း ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။
PSA 115:13 ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့​အား​ယုတ်​မြတ်​မ​ရွေး​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။
PSA 115:14 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။
PSA 115:15 ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။
PSA 115:16 ကောင်း​ကင်​ကို​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း သာ​လျှင် ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​ကို​မူ​ကား​လူ​သား​တို့​အား ပေး​တော်​မူ​၏။
PSA 115:17 သေ​လွန်​ကြ​သူ၊ဆိတ်​ငြိမ်​ရာ​သို့ သက်​ဆင်း​ကြ​သူ​များ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​မ​ပြု​ကြ။
PSA 115:18 သို့​ရာ​တွင်​အ​သက်​ရှင်​နေ​သူ​ငါ​တို့​မူ​ကား ယ​ခု​မှ​စ​၍​အ​စဉ်​အ​ဆက်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 116:1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ပန်​ကြား လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၏။ ကိုယ်​တော်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ထောင်​တော်​မူ​၏။
PSA 116:2 ငါ​လျှောက်​ထား​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် နား​ထောင်​တော်​မူ​၏။
PSA 116:3 သေ​မင်း​၏​ကျော့​ကွင်း​သည်​ငါ့​ကို​ဖမ်း​မိ​လျက် နေ​၏။ သေ​ဘေး​သည်​ငါ့​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ ငါ​သည်​ကြောက်​လန့်​၍​စိုး​ရိမ်​ပူ​ပန်​ရ​၏။
PSA 116:4 ထို​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တောင်း​ပန် ပါ​၏။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ငါ​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။
PSA 116:5 ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​က​ရု​ဏာ​တော်​ရှင် ဖြစ်​တော်​မူ​၏။
PSA 116:6 ထာ​ဝ​ရ​ဘု​ရား​သည်​ခို​ကိုး​ရာ​မဲ့​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ ငါ​ဘေး​ဥ​ပဒ်​ရောက်​သော​အ​ခါ​ငါ့​ကို ကယ်​တော်​မူ​၏။
PSA 116:7 အို ငါ့​စိတ်​နှ​လုံး၊ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ​ဖြစ်​၍ ယုံ​ကြည်​စိတ်​ချ​စွာ​နေ​လော့။
PSA 116:8 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​သက်​ကို သေ​ဘေး​မှ​လည်း​ကောင်း၊ ငါ့​မျက်​စိ​ကို​မျက်​ရည်​ကျ​ခြင်း​မှ​လည်း ကောင်း၊ ငါ​၏​ခြေ​ကို​ချော်​လဲ​ခြင်း​မှ​လည်း​ကောင်း ကယ်​တော်​မူ​ပြီ။
PSA 116:9 သို့​ဖြစ်​၍​ငါ​သည်​အ​သက်​ရှင်​သူ လူ​သား​တို့​၏​ဘောင်​တွင် ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော်​၌ သက်​ရှင်​လှုပ်​ရှား​လျက်​နေ​ရ​၏။
PSA 116:10 ငါ​သည်​ကြောက်​လန့်​သ​ဖြင့်``ငါ့​မှာ​ယုံ​ကြည် နိုင်​သူ တစ်​ယောက်​မျှ​မ​ရှိ'' ဟူ​၍​လည်း​ကောင်း ``ငါ​သည်​စိတ်​ဒုက္ခ​ကြီး​စွာ​ရောက်​ပါ​ပြီ'' ဟူ​၍​လည်း​ကောင်း​ဆို​စဉ်​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​မြဲ​ယုံ​ကြည် လျက်​နေ​ပါ​၏။
PSA 116:12 ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​များ​အ​တွက်​ငါ​သည်​ကိုယ်​တော်​အား အ​ဘယ်​အ​ရာ​ကို​ပူ​ဇော်​ရ​ပါ​မည်​နည်း။
PSA 116:13 ငါ့​ကို​ကယ်​တော်​မူ​သည့်​အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​စ​ပျစ်​ရည်​ကို ပူ​ဇော်​မည်။
PSA 116:14 ငါ​သည်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ခဲ့ သည့်​အ​တိုင်း ကိုယ်​တော်​၏​လူ​စု​တော်​စု​ဝေး​ရာ​တွင် မိ​မိ​၏​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။
PSA 116:15 ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော်​အ​နက်​တစ်​စုံ တစ်​ယောက် သေ​ဆုံး​သွား​လျှင် ကိုယ်​တော်​အ​တွက်​ကြီး​မား​သော​ဆုံး​ရှုံး​မှု ဖြစ်​ပါ​သည်​တ​ကား။
PSA 116:16 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​၏​မိ​ခင်​နည်း​တူ​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​အ​စေ​ကို​ခံပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သေ ဘေး​မှ ကယ်​တော်​မူ​ပါ​ပြီ။
PSA 116:17 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရာ​ယဇ်​ကို​ပူ​ဇော် ပါ​မည်။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။
PSA 116:18 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​တို့ စု​ဝေး​ရာ ယေ​ရု​ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​ရှင်​၏​ဗိ​မာန် တော်​၌ သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။
PSA 117:1 နိုင်​ငံ​တ​ကာ​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ လူ​မျိုး​အ​ပေါင်း​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 117:2 ငါ​တို့​အ​တွက်​ထား​ရှိ​သော​မေတ္တာ​တော်​သည် ကြီး​မား​တော်​မူ​၏။ ကိုယ်​တော်​၏​သစ္စာ​တော်​သည်​လည်း ထာ​ဝ​စဉ်​တည်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 118:1 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ လော့။
PSA 118:2 ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟု​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဝန်​ခံ​ကြ​စေ။
PSA 118:3 ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​ပါ​၏'' ဟု​ဘု​ရား​သ​ခင်​၏ ယဇ်​ပု​ရော​ဟိတ်​တို့​ဝန်​ခံ​ကြ​စေ။
PSA 118:4 ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​ပါ​၏'' ဟု ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့ ဝန်​ခံ​ကြ​စေ။
PSA 118:5 ငါ​သည်​အ​လွန်​ဒုက္ခ​ရောက်​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား ပတ္ထ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​၍ ငါ့​ကို​လွတ်​မြောက်​စေ​တော်​မူ​၏။
PSA 118:6 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​ပါ​သနည်း။
PSA 118:7 ငါ့​ကို​ကူ​မ​တော်​မူ​သော​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ သည်​ကို မြင်​ရ​လိမ့်​မည်။
PSA 118:8 လူ​ကို​အား​ကိုး​သည်​ထက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​ခြင်း​က​ပို​၍​ကောင်း​၏။
PSA 118:9 လူ့​ခေါင်း​ဆောင်​တို့​ကို​ကိုး​စား​သည်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ခြင်း​က​ပို​၍ ကောင်း​၏။
PSA 118:10 ငါ​၏​ပတ်​လည်​တွင်​ရန်​သူ​အ​များ​ပင်​ရှိ​သော် လည်း ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။
PSA 118:11 သူ​တို့​သည်​အ​ဘက်​ဘက်​မှ​ငါ့​ကို​ဝိုင်း​ရံ​လျက် နေ​ကြ​သော်​လည်း ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော် အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​၏။
PSA 118:12 သူ​တို့​သည်​ပျား​များ​ကဲ့​သို့​ငါ့​ထံ​သို့ ဝိုင်း​အုံ​၍ လာ​ကြ​သော်​လည်း ဆူး​ချုံ​ကို​လောင်​သော​မီး​ကဲ့​သို့​လျင်​မြန်​စွာ ချုပ်​ငြိမ်း​၍​သွား​ကြ​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိုက်​၏။
PSA 118:13 ငါ​သည်​ပြင်း​ထန်​စွာ​တိုက်​ခိုက်​ခြင်း​ကို​ခံ​ရ​၍ အ​ရေး​ရှုံး​နိမ့်​နေ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကူ​မ​တော်​မူ​၏။
PSA 118:14 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​စွမ်း​ရည် ကြီး​မား​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တင်​တော်​မူ ပြီ။
PSA 118:15 ``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု တော်​မူ​လေ​ပြီ။ ကြီး​မား​သည့်​တန်​ခိုး​တော်​ကြောင့်​ငါ​တို့​သည် အောင်​ပွဲ​ကို​ရ​ရှိ​လေ​ပြီ'' ဟု​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​သည် မိ​မိ​တို့​တဲ​များ​မှ​ဝမ်း​မြောက်​စွာ​အောင်​သံ​ပေး​၍ ကြွေး​ကြော်​ကြ​သည်​ကို​နား​ထောင်​ကြ​လော့။
PSA 118:17 ငါ​သည်​မ​သေ​သေး​ဘဲ​အ​သက်​ရှင်​၍​ထာ​ဝ​ရ ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို​ဖော်​ပြ​မည်။
PSA 118:18 ကိုယ်​တော်​သည်​ငါ့​ကို​ကြပ်​တည်း​စွာ ဆုံး​မ​တော်​မူ​သော်​လည်း​သေ​မင်း​၏​လက်​သို့ အပ်​တော်​မ​မူ။
PSA 118:19 ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​ဖွင့် လိုက်​ကြ။ ငါ​သည်​ဝင်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​မည်။
PSA 118:20 ဤ​တံ​ခါး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တံ​ခါး​ဖြစ်​၍ သူ​တော်​ကောင်း​တို့​သာ​လျှင်​ဝင်​ရ​ကြ​၏။
PSA 118:21 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​လျှောက်​ထား ချက်​ကို ကြား​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​ထော​မ​နာ ပြု​ပါ​၏။
PSA 118:22 တိုက်​ကို​တည်​ဆောက်​သူ​တို့​ပစ်​ပယ်​ထား​သော ကျောက်​သည်​အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​ရ​၏။
PSA 118:23 ဤ​အ​မှု​ကား​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ ငါ​တို့​မျက်​မှောက်​၌​အံ့​သြ​ဖွယ် ကောင်း​လှ​ပါ​သည်​တ​ကား။
PSA 118:24 ဤ​နေ့​ရက်​သည်​ထာ​ဝ​ရ​ဘု​ရား​အောင်​ပွဲ ခံ​တော်​မူ​သော​နေ့​ရက်​ဖြစ်​၍ ငါ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ ကြ​ကုန်​အံ့။
PSA 118:25 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အောင်​မြင်​ခွင့်​ကို​ပေး​တော် မူ​ပါ။
PSA 118:26 ထာ​ဝ​ရ​ဘု​ရား​၏​အ​ခွင့်​နှင့်​ကြွ​လာ​သော​သူ​အား ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​မှ​နေ​၍ ကိုယ်​တော်​ကို​ကောင်း​ချီး​ပေး​ပါ​၏။
PSA 118:27 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ သင်​တို့​သည်​သစ်​ခက်​များ​ကိုင်​၍၊ ပွဲ​သ​ဘင်​ကို​အ​စ​ပြု​ကာ​ယဇ်​ပလ္လင်​ကို​လှည့်​၍ ချီ​တက်​ကြ​လော့။
PSA 118:28 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ ကိုယ်​တော်​ရှင်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
PSA 118:29 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ မေတ္တာ​တော်​သည်​လည်း​ထာ​ဝ​စဉ် တည်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။
PSA 119:1 ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လှောက် လက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​သက်​ရှင်​လှုပ်​ရှား သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
PSA 119:2 သွန်​သင်​တော်​မူ​ခက်​တို့​ကို​လိုက်​နာ​၍ ကိုယ်​တော်​၏​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ ခံ​ယူ​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။
PSA 119:3 ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​မ​ကင့်​ဘဲ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​လမ်း​အ​တိုင်း လိုက်​လှောက်​တတ်​ကြ​၏။
PSA 119:4 အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​တို့​အား​ပေး​အပ်​တော်​မူ​လက် ယင်း​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ ရန် မှာ​ကြား​တော်​မူ​ပါ​ပြီ။
PSA 119:5 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ည"န်​ကြား​ခက်​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​နာ​ရန် ဆန္ဒ​ပြင်း​ပြ​ပါ​၏။
PSA 119:6 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော် ရှိ​သ​မှ​ကို​အ​လေး​ဂ​ရု​ပြု​ပါ​လှင် အ​ရှက်​တ​ကွဲ​အ​ကျိုး​နည်း​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။
PSA 119:7 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန် သည့် စီ​ရင်​တော်​မူ​ခက်​မား​ကို​ခံ​ယူ​မှတ်​သား​ကာ ဖြူ​စင်​သည့်​စိတ်​နှ​လုံး​ဖြင့်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 119:8 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​မား အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ပါ​မည်။ ကွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မှ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။
PSA 119:9 လူ​ငယ်​လူ​ရွယ်​သည်​အ​ဘယ်​သို့​အား​ဖြင့် ဖြောင့်​မတ်​စွာ​ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ်​စွာ ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​၏။
PSA 119:10 ကွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​၏ အ​စေ​ကို​ခံ​နိုင်​ရန်​ကြိုး​စား​ပါ​မည်။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား​ပါ​စေ​နှင့်။
PSA 119:11 ကိုယ်​တော်​ရှင်​အား​မ​ပြစ်​မှား​စေ​ရန် ကွန်​တော်​မျိုး​သည်​မိ​မိ​၏​စိတ်​နှ​လုံး​ထဲ​တွင် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သို​ထား​ပါ​၏။
PSA 119:12 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​မား​ကို​သွန်​သင်​တော်​မူ​ပါ။
PSA 119:13 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​အပ်​တော် မူ​သော ပ​ညတ်​တော်​အ​ပေါင်း​ကို​အ​သံ​ကယ်​စွာ ရွတ်​ဆို​ပါ​မည်။
PSA 119:14 ကွန်​တော်​မျိုး​သည်​စည်း​စိမ်​ဥစ္စာ​မား​ထက် ကိုယ်​တော်​ရှင်​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို ပို​၍​နှစ်​သက်​ပါ​၏။
PSA 119:15 ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို ဆင်​ခြင်​လက် နည်း​လမ်း​တော်​တို့​ကို​အ​စဉ်​အာ​ရုံ​စိုက်​ပါ​၏။
PSA 119:16 ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို နှစ်​သက်​ပါ​၏။ အ​မိန့်​တော်​တို့​ကို​မေ့​လော့​မည်​မ​ဟုတ်ပါ။
PSA 119:17 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား ကေး​ဇူး​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လှင်​ကွန်​တော်​မျိုး​သည်​အ​သက်​ရှင်​လက် ကိုယ်​တော်​ရှင်​၏​သွန်​သင်​ခက်​တို့​ကို လိုက်​နာ​နိုင်​ပါ​မည်။
PSA 119:18 ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ​အံ့​သြ​ဖွယ်​ရာ​မား​ကို တေ"​မြင်​နိုင်​ရန်​ကွန်​တော်​မျိုး​၏​မက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။
PSA 119:19 ကွန်​တော်​မျိုး​သည်​ဤ​ကမ္ဘာ​မြေ​ပေ"​တွင် ခေတ္တ​ခ​ဏ​မှ​သာ​နေ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​ထံ​မှ​ဝှက်​ထား​တော်​မ​မူ​ပါ နှင့်။
PSA 119:20 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံးဖြတ်​ခက်​တို့​ကို​အ​ခါ​ခပ်​သိမ်း စိတ်​စွဲ​လမ်း​တောင့်​တ​လက်​ရှိ​ပါ​၏။
PSA 119:21 ကိုယ်​တော်​ရှင်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ကြပ်​တည်း​စွာ​ဆို​ဆုံး​မ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မား​မှ သွေ​ဖည်​သွား​ကြ​သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ကြ​၏။
PSA 119:22 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ထို​သူ​တို့​၏​စော်​ကား​မှု​နှင့် မ​ထီ​မဲ့​မြင်​ပြု​မှု​တို့​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ။
PSA 119:23 အာ​ဏာ​ပိုင်​တို့​သည်​ကွန်​တော်​မျိုး​အား ဆန့်​ကင်​ဘက်​ပြု​၍​တိုင်​ပင်​ကြံ​စည်​လက် နေ​ကြ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး မူ​ကား ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လေ့​လာ​ပါ​မည်။
PSA 119:24 ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​တော်​မူ​ခက် တို့​သည် ကွန်​တော်​မျိုး​အား​စိတ်​ရ"င်​လန်း​စေ​ပါ​၏။ ယင်း​တို့​သည်​ကွန်​တော်​မျိုး​အား​လမ်း​ည"န် ကြ​ပါ​၏။
PSA 119:25 အ​ရေး​ရှုံး​နိမ့်​၍​ကွန်​တော်​မျိုး​သည် မြေ​မှုန့်​၌​လဲ​လက်​ရှိ​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​အ​သက်​ရှင်​စေ​တော် မူ​ပါ။
PSA 119:26 ကွန်​တော်​မျိုး​သည်​မိ​မိ​ပြု​မိ​သ​မှ​သော အ​ပြစ်​တို့​ကို​ဖော်​ပြ​ဝန်​ခံ​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ပန်​ကြား ခက်​ကို နား​ညောင်း​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။
PSA 119:27 ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​နား​လည် နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အံ့​သြ​ဖွယ်​ကောင်း​သည့်​သွန်​သင်​ခက် တို့​ကို ဆင်​ခြင်​ပါ​မည်။
PSA 119:28 ကွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု ခံ​စား​လက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ခွန်​အား​ပေး​တော်​မူ​ပါ။
PSA 119:29 ကွန်​တော်​မျိုး​သည်​လမ်း​လွဲ​၍​မ​သွား​စေ​ရန် ကူ​မ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကို​ထောက်​၍​ကွန်​တော်​မျိုး​အား တ​ရား​တော်​ကို​သွန်​သင်​တော်​မူ​ပါ။
PSA 119:30 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​စ​ကား တော်​ကို နား​ထောင်​ရန်​ရွေး​ခယ်​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​ခက်​တို့​ကို အာ​ရုံ​စိုက်​ပါ​ပြီ။
PSA 119:31 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ သြ​ဝါ​ဒ​မား​ကို​လိုက်​နာ​ပါ​ပြီ။ ကွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။
PSA 119:32 ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပို​မို​ပွင့်​လင်း​စေ​တော်​မူ​မည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​အ​မိန့်​တော်​တို့​ကို စိတ်​အား​ထက်​သန်​စွာ​လိုက်​နာ​ပါ​မည်။
PSA 119:33 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​မြဲ​တ​စေ လိုက်​လှောက်​ပါ​မည်။
PSA 119:34 ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ရှင်း​လင်း ဖော်​ပြ​တော်​မူ​ပါ။ ယင်း​ကို​ကွန်​တော်​မျိုး​သည်​လိုက်​နာ​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ထိန်း​ပါ​မည်။
PSA 119:35 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​နှစ်​သက်​သည်​ဖြစ်​၍ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
PSA 119:36 စည်း​စိမ်​ဥစ္စာ​ခမ်း​သာ​ကြွယ်​ဝ​လို​စိတ်​အ​စား ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို လိုက်​နာ​စိတ်​ကွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။
PSA 119:37 အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​မား​ကို​အာ​ရုံ​ပြု​မှု​နှင့် ကင်း​ဝေး​စေ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ က​တိ​တော်​အ​တိုင်း​ကေး​ဇူး​ပြု​တော်​မူ​ပါ။
PSA 119:38 ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​အား ထား​တော်​မူ​သည့်​က​တိ​တော်​ကို​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား​ခံ​စား​စေ​တော်​မူ​ပါ။
PSA 119:39 ကွန်​တော်​မျိုး​ကြောက်​လန့်​သည့်​စော်​ကား​မှု​မား​မှ ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။
PSA 119:40 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​တို့​ကို အ​လွန်​စောင့်​ထိန်း​လို​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​ပါ။
PSA 119:41 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​အ​ဘယ်​မှ ခစ်​တော်​မူ​ကြောင်း​ကို​ပြ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
PSA 119:42 ထို​အ​ခါ​ကွန်​တော်​မျိုး​သည်​မိ​မိ​အား​စော်​ကား သူ​တို့​ကို​ပြန်​လည်​ခေ​ပ​နိုင်​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကွန်​တော်​မျိုး​သည် နှုတ်​က​ပတ်​တော်​ကို​ကိုး​စား​သော​ကြောင့် ဖြစ်​ပါ​၏။
PSA 119:43 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံး​ဖြတ်​ခက်​တို့​ကို​စောင့်​မှော်​သည်​ဖြစ်​၍ အ​ခါ​ခပ်​သိမ်း​သစ္စာ​စ​ကား​ကို​ပြော​ဆို​နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
PSA 119:44 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​ပါ​မည်။ ကာ​လ​အ​စဉ်​အ​ဆက်​လိုက်​နာ​ပါ​မည်။
PSA 119:45 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သြ​ဝါ​ဒ မား​ကို ကြိုး​စား​၍​လိုက်​နာ​သ​ဖြင့် လွတ်​လပ်​မှု​အ​ပြည့်​အ​ဝ​ဖြင့်​သွား​လာ​နေ​ထိုင် ရ​ပါ​လိမ့်​မည်။
PSA 119:46 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​မား​ကို​ဘု​ရင်​တို့​ရှေ့​တွင် ဖော်​ပြ​ကြေ​ညာ​ပါ​မည်။ ကွန်​တော်​မျိုး​သည်​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်​ပါ။
PSA 119:47 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍​ယင်း​တို့​ကို​လိုက်​နာ စောင့်​ထိန်း​ရာ​တွင်​ရ"င်​လန်း​အား​ရ​မှု​ရှိ​ပါ​၏။
PSA 119:48 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​လေး​စား​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။
PSA 119:49 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော် မျိုး​အား ထား​တော်​မူ​သော​က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ယင်း​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား မှော်​လင့်​ခက်​ကို​ပေး​ပါ​ပြီ။
PSA 119:50 ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​သည်​ဖြစ်​၍ ဆင်း​ရဲ​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ပင်​လှင် ကွန်​တော်​မျိုး​သည်​စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​ပါ​၏။
PSA 119:51 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​ကို အ​စဉ်​ပင် ကဲ့​ရဲ့​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပါ။
PSA 119:52 အ​တိတ်​ကာ​လ​က​ကိုယ်​တော်​ရှင်​ပေး​တော်​မူ ခဲ့​သော စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​ကို​သ​တိ​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ယင်း​တို့​သည်​ကွန်​တော်​မျိုး​အား​စိတ်​သက်​သာ​စေ​ပါ​၏။
PSA 119:53 ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သူ​ယုတ်​မာ​တို့ စွန့်​ပယ်​ကြ​သည်​ကို​မြင်​သော​အ​ခါ ကွန်​တော်​မျိုး​သည်​အ​မက်​ထွက်​ပါ​၏။
PSA 119:54 ကွန်​တော်​မျိုး​သည်​ဤ​လော​က​၌​ခေတ္တ​မှ အ​သက်​ရှင်​နေ​ရ​ခိန်​၌ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​မား​အ​ကြောင်း​ကို သီ​ခင်း​စပ်​၍​ဆို​ပါ​၏။
PSA 119:55 အို ထာ​ဝ​ရ​ဘု​ရား" ညဥ့်​အ​ခါ​၌​ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို သ​တိ​ရ​လက် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ဆင်​ခြင်​စဉ်း​စား ပါ​၏။
PSA 119:56 ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရ​ခြင်း​သည်​ကွန်​တော်​မျိုး​အား ဝမ်း​မြောက်​စေ​ပါ​၏။
PSA 119:57 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​သာ​လှင် တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​က​တိ​ပြု​ပါ​၏။
PSA 119:58 ကိုယ်​တော်​ရှင်​က​တိ​ရှိ​တော်​မူ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ​ရန် စိတ်​ရော​ကိုယ်​ပါ​တောင်း​လှောက်​ပါ​၏။
PSA 119:59 ကွန်​တော်​မျိုး​သည်​မိ​မိ​၏​နေ​ထိုင်​ပုံ​ကို ပြန်​လည်​ဆင်​ခြင်​သုံး​သပ်​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​အ​တိုင်း​လိုက်​နာ​ရန် က​တိ​ပြု​ပါ​၏။
PSA 119:60 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို မ​ဆိုင်း​မ​တွ​ဘဲ​လိုက်​နာ​စောင့်​ထိန်း​ပါ​မည်။
PSA 119:61 သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ထား​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တရား​တော် ကို မ​မေ့​မ​လော့​ပါ။
PSA 119:62 ကွန်​တော်​မျိုး​သည်​သန်း​ခေါင်​ယံ​တွင်​နိုး​ထ​လက် ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​တော်​မူ​သည့် စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​အ​တွက်​ကိုယ်​တော် ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။
PSA 119:63 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ကို ခံ​သူ​အ​ပေါင်း​နှင့် ဥ​ပ​ဒေ​သ​တော်​တို့​ကို​ကင့်​သုံး​စောင့်​ထိန်း​သူ အ​ပေါင်း​တို့​၏​မိတ်​ဆွေ​ဖြစ်​ပါ​၏။
PSA 119:64 အို ထာ​ဝ​ရ​ဘု​ရား" ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​ပြည့်​ဝ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။
PSA 119:65 အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​က​တိ​တည်​တော်​မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား ကေး​ဇူး​ပြု​တော်​မူ​ပါ​၏။
PSA 119:66 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို ကိုး​စား​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို ပေး​တော်​မူ​ပါ။
PSA 119:67 ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​တော်​မ​မူ​မီ​အ​ခါ​က ကွန်​တော်​မျိုး​သည်​လမ်း​လွဲ​သော်​လည်း ယ​ခု​မှာ​မူ​နှုတ်​က​ပတ်​တော်​အ​တိုင်း​ပြု​ကင့်​ပါ​၏။
PSA 119:68 ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​ကောင်း​မြတ်​၍ သ​နား​ကြင်​နာ​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။
PSA 119:69 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​လိမ်​လည်​၍​ပြော​ဆို​ကြ​ပါ​၏။ ကွန်​တော်​မျိုး​မူ​ကား​ဥ​ပ​ဒေ​သ​တို့​ကို အ​စွမ်း​ကုန် လိုက်​နာ​ပါ​၏။
PSA 119:70 ထို​သူ​တို့​သည်​အ​သိ​ဉာဏ်​ရှိ​သူ​မား​မ​ဟုတ်​ပါ။ ကွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​ပါ​၏။
PSA 119:71 ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သည်​မှာ​ကွန်​တော် မျိုး အ​တွက်​ကောင်း​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ခံ​ရ​ခြင်း​အား​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​သိ​ရှိ​နား​လည်​၍ လာ​သော​ကြောင့်​ဖြစ်​ပါ​၏။
PSA 119:72 ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​လော​က​ရေ"​ငွေ ရှိ​သ​မှ​ထက်​ပို​၍​အ​ဖိုး​ထိုက်​ပါ​၏။
PSA 119:73 ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ဖန်​ဆင်း​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သိ​ရှိ နား​လည်​နိုင်​ရန် ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။
PSA 119:74 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို အား​ကိုး​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​တို့​သည် ကွန်​တော်​မျိုး​ကို​မြင်​၍​ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။
PSA 119:75 အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက် တို့​သည် တ​ရား​မှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း" သစ္စာ​တော်​နှင့်​အ​ညီ​ကွန်​တော်​မျိုး​အား ဒဏ်​ခတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကွန်​တော်​မျိုး​သိ​ပါ​၏။
PSA 119:76 က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​ရှင်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကိုယ်​တော့်​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား စိတ်​သက်​သာ​မှု​ကို​ပေး​တော်​မူ​ပါ​စေ​သော။
PSA 119:77 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ သို့​ပြု​လှင်​ကွန်​တော်​မျိုး​အ​သက်​ရှင်​ရ​ပါ လိမ့်​မည်။
PSA 119:78 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား လိမ်​လည် စွပ်​စွဲ​ကြ​သည့်​အ​တွက်​အ​ရှက်​ရ​ကြ​ပါ​စေ​သော။ ကွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​ဆင်​ခြင်​ပါ​မည်။
PSA 119:79 ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ" ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို သိ​သော​သူ​တို့​သည် ကွန်​တော်​မျိုး​၏​ထံ​သို့​လာ​ကြ​ပါ​စေ​သော။
PSA 119:80 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လှောက်​သ​ဖြင့် အ​ရေး​ရှုံး​နိမ့်​၍​အ​ရှက်​ကွဲ​မှု​နှင့် ကင်း​လွတ်​ပါ​စေ​သော။
PSA 119:81 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကယ်​တော် မူ​မည်​ကို စောင့်​ဆိုင်း​ရ​၍​အား​အင်​ကုန်​ခန်း​လက်​ရှိ​ပါ​၏။ ကွန်​တော်​မျိုး​သည်​နှုတ်​က​ပတ်​တော်​ကို ကိုး​စား​ပါ​၏။
PSA 119:82 ``ကွန်​တော်​မျိုး​အား​အ​ဘယ်​သော​အ​ခါ​၌ ကူ​မ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လှောက်​ကာ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည်​ကို စောင့်​မှော်​နေ​ရ​သည်​မှာ​ကွန်​တော်​မျိုး​၏ မက်​စိ​မား​သည်​ညောင်း​ညာ​လက်​နေ​ပါ​၏။
PSA 119:83 ကွန်​တော်​မျိုး​သည်​စွန့်​ပစ်​ထား​သည့်​သား​ရေ ဘူး​ကဲ့​သို့ အ​သုံး​မ​ဝင်​တော့​ပါ။ သို့​သော်​လည်း​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လော့​ပါ။
PSA 119:84 ကွန်​တော်​မျိုး​သည်​အ​ဘယ်​မှ​ကြာ​အောင် ဆိုင်း​ငံ့​ရ​ပါ​ဦး​မည်​နည်း။ ကွန်​တော်​မျိုး​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သူ​တို့​ကို အ​ဘယ်​အ​ခါ​မှ​ဒဏ်​ခတ်​တော်​မူ​ပါ​မည်​နည်း။
PSA 119:85 ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မ​လိုက်​နာ​ကြ​သော မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား ထောင်​ဖမ်း​ရန်​တွင်း​မား​ကို​တူး​ကြ​ပါ​ပြီ။
PSA 119:86 ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​စိတ်​ခ​ယုံ​ကြည်​ရ​ပါ​၏။ လူ​တို့​သည်​မု​သား​ပြော​ဆို​လက်​ကွန်​တော်​မျိုး​အား နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။
PSA 119:87 သူ​တို့​သည်​ကွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ရာ​တွင် အောင်​မြင်​လု​နီး​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​လစ်​လူ​မ​ရှု​ပါ။
PSA 119:88 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​နိုင်​ရန် ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့် ကွန်​တော်​မျိုး​အား​ကေး​ဇူး​ပြု​တော်​မူ​ပါ။
PSA 119:89 အို ထာ​ဝ​ရ​ဘု​ရား" နှုတ်​က​ပတ်​တော်​သည်​ကောင်း​ကင်​ဘုံ​၌ ထာ​ဝ​စဉ်​တည်​ရှိ​ပါ​၏။
PSA 119:90 သစ္စာ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​နေ​ရာ​ခ​ထား တော်​မူ​သည့်​အ​တိုင်း​တည်​လက်​ရှိ​ပါ​၏။
PSA 119:91 ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​မား​ဖြစ်​သ​ဖြင့် ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ​ရ​ယ​နေ့​တိုင်​အောင် တည်​လက်​ရှိ​ကြ​ပါ​၏။
PSA 119:92 အ​ကယ်​၍​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​ရ"င်​လန်း​အား​ရ​ဖွယ် မ​ဖြစ်​ပါ​မူ ကွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​ကြောင့်​ပင်​လှင်​သေ​မည်​ဖြစ်​ပါ​၏။
PSA 119:93 ကိုယ်​တော်​ရှင်​သည်​ဥ​ပ​ဒေ​သ​တော်​မား​အား​ဖြင့် ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​ဘယ်​အ​ခါ ၌​မှ လစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်​ပါ။
PSA 119:94 ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ပိုင်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ တော် တို့​ကို​ကြိုး​စား​၍​စောင့်​ထိန်း​ပါ​၏။
PSA 119:95 သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​ကို​သတ်​ရန် စောင့်​လက်​နေ​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို အောက်​မေ့​ဆင်​ခြင်​ပါ​မည်။
PSA 119:96 ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မှ​ပြီး​ပြည့်​စုံ​လင်​ခြင်း မ​ရှိ​ကြောင်း​ကို​ကွန်​တော်​မျိုး​သိ​မြင်​လာ ပါ​၏။
PSA 119:97 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို အ​လွန်​နှစ်​သက်​မြတ်​နိုး​ပါ​၏။ ထို​တ​ရား​တော်​အ​ကြောင်း​ကို​ကွန်​တော်​မျိုး​သည် တစ်​နေ့​လုံး​အောက်​မေ့​ဆင်​ခြင်​လက်​နေ​ပါ​၏။
PSA 119:98 ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​သည် ကွန်​တော်​မျိုး​နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​အား​ဖြင့်​ကွန်​တော်​မျိုး​သည် ရန်​သူ​မား​ထက်​ပ​ညာ​သာ​ပါ​၏။
PSA 119:99 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​ကို​အောက်​မေ့ ဆင်​ခြင်​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​၏​ဆ​ရာ​အ​ပေါင်း​တို့​ထက်​ပို​မို သိ​ရှိ​နား​လည်​ပါ​၏။
PSA 119:100 ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို လိုက်​နာ​သည်​ဖြစ်​၍​အ​သက်​ကြီး​သူ​မား​ထက် ပို​၍​ပ​ညာ​ဉာဏ်​ရှိ​ပါ​၏။
PSA 119:101 ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​အ​တိုင်း လိုက်​နာ​လို​သည်​ဖြစ်​၍​အ​ကင့်​ဆိုး​ဟူ​သ​မှ​ကို ရှောင်​ပါ​၏။
PSA 119:102 ကွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​သူ​မှာ ကိုယ်​တော်​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ခ​မှတ်​တော်​မူ​သည့်​စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​မှ သွေ​ဖည်​၍​မ​သွား​ပါ။
PSA 119:103 ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​သည်​ကွန်​တော်​မျိုး​၏ ခံ​တွင်း​၌​လွန်​စွာ​ချို​ပါ​၏။ ပား​ရည်​ထက်​ပင်​ချို​ပါ​၏။
PSA 119:104 ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​မား​မှ ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သ​ဖြင့်​အ​ကင့်​ဆိုး ဟူ​သ​မှ​ကို​မုန်း​ပါ​၏။
PSA 119:105 နှုတ်​က​ပတ်​တော်​သည်​မီး​ခွက်​ဖြစ်​၍​ကွန်​တော်​မျိုး သွား​ရာ​လမ်း​ကို​လင်း​စေ​ပါ​၏။
PSA 119:106 ဖြောင့်​မှန်​စွာ​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​ကို လိုက်​နာ​ပါ​မည်​ဟု​ကွန်​တော်​မျိုး ကိန်​ဆို​ခဲ့​သည့်​အ​တိုင်း​ပြု​ပါ​မည်။
PSA 119:107 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​အ​လွန်​ပင်​ဒုက္ခ​ဝေ​ဒ​နာ ခံ​စား​နေ​ရ​ပါ​၏။ က​တိ​တော်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။
PSA 119:108 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​ကေး​ဇူး​တော်​ခီး​မွမ်း​သည့် ဆု​တောင်း​ပတ္ထနာ​ကို​လက်​ခံ​တော်​မူ​၍ စီ​ရင်​တော်​မူ​ခက်​တို့​ကို​ကွန်​တော်​မျိုး​အား သွန်​သင်​တော်​မူ​ပါ။
PSA 119:109 ကွန်​တော်​မျိုး​သည်​နေ့​စဉ်​နှင့်​အ​မှ အ​သက်​အန္တ​ရာယ်​နှင့်​တေ"​ကြုံ​နေ​ရ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။
PSA 119:110 သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ကြ​ပါ​၏။ သို့​သော်​လည်း​ကွန်​တော်​မျိုး​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား ပါ။
PSA 119:111 ပ​ညတ်​တော်​တို့​သည်​ကွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ပိုင်​ဆိုင်​ရာ​ဖြစ်​၍​ကွန်​တော်​မျိုး​အား ရ"င်​လန်း​ဝမ်း​မြောက်​စေ​ပါ​၏။
PSA 119:112 ကွန်​တော်​မျိုး​သည်​သေ​သည့်​တိုင်​အောင် ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​သန္နိ​ဋ္ဌာန် ပြု​ပါ​ပြီ။
PSA 119:113 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​ပေ"​၌ ဒွိ​ဟ​သ​ဘော​ရှိ​သူ​တို့​ကို​မုန်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မူ​ကား နှစ်​သက်​မြတ်​နိုး​ပါ​၏။
PSA 119:114 ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​နှင့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကတိ​တော်​ကို စောင့်​မှော်​လက်​နေ​ပါ​၏။
PSA 119:115 အ​ခင်း​အ​ပြစ်​ကူး​သူ​တို့"ငါ့​ထံ​မှ​သွား ကြ​လော့။ ငါ​၏​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​တို့​ကို ငါ​စောင့်​ထိန်း​မည်။
PSA 119:116 ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​ကို​ခွန်​အား​ပေး​တော်​မူ​ပါ။ သို့​ပြု​လှင်​ကွန်​တော်​မျိုး​သည်​အ​သက်​ရှင် ရ​ပါ​လိမ့်​မည်။ ကွန်​တော်​မျိုး​၏​မှော်​လင့်​ခက်​ကို​ပက်​ပြယ် စေ​တော်​မ​မူ​ပါ​နှင့်။
PSA 119:117 ဘေး​မဲ့​လုံ​ခြုံ​မှု​ရ​ရှိ​စေ​ရန်​ကွန်​တော်​မျိုး​အား ထူ​ပင့်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ​ဂ​ရု​စိုက်​ပါ​မည်။
PSA 119:118 ကိုယ်​တော်​ရှင်​သည်​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​သူ အ​ပေါင်း​တို့​အား​ပစ်​ပယ်​တော်​မူ​ပါ​၏။ ထို​သူ​တို့​၏​လိမ်​လည်​လှည့်​စား​သည့်​အ​ကြံ​အ​စည် မား​သည်​အ​ခည်း​နှီး​ဖြစ်​ပါ​၏။
PSA 119:119 ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင် သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​အ​မှိုက်​သ​ရိုက် ကဲ့​သို့ ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ပေး​တော်​မူ​သော​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။
PSA 119:120 ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​သ​ဖြင့်​ကွန်​တော် မျိုး​သည် ကြက်​သီး​မွေး​ညင်း​ထ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ခက်​တို့​ကြောင့် ကွန်​တော်​မျိုး​ကြောက်​ပါ​၏။
PSA 119:121 ကွန်​တော်​မျိုး​သည်​ကောင်း​ရာ​မှန်​ရာ​ကို​ပြု​ပါ​ပြီ။ ကွန်​တော်​မျိုး​အား​ရန်​သူ​မား​၏​လက်​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ​ပါ​နှင့်။
PSA 119:122 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား ကူ​မ​တော်​မူ​မည်​ဟူ​သော​က​တိ​တော်​ကို ပေး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ရန်​မာန်​မာ​န​ကြီး သူ​တို့​အား ခွင့်​ပြု​တော်​မ​မူ​ပါ​နှင့်။
PSA 119:123 ကိုယ်​တော်​၏​ကူ​မ​တော်​မူ​ခြင်း"က​တိ​ထား​တော် မူ​သော ကယ်​နုတ်​ခြင်း​ကို​စောင့်​မှော်​ရ​သည်​မှာ ကွန်​တော်​မျိုး​၏​မက်​စိ​ညောင်း​ညာ​လက်​နေ​ပါ​၏။
PSA 119:124 ခိုင်​မြဲ​သော​မေတ္တာ​တော်​ရှိ​သည့်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကေး​ဇူး​ပြု​တော်​မူ​၍ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။
PSA 119:125 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သွန်​သင်​တော်​မူ​ခက်​တို့​ကို နား​လည်​နိုင်​ရန်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပေး​တော်​မူ​ပါ။
PSA 119:126 အို ထာ​ဝ​ရ​ဘု​ရား" လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို ချိုး​ဖောက်​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​အ​ရေး​ယူ​တော်​မူ​ရန်​အ​ခိန်​သည် ယ​ခု​က​ရောက်​ပါ​ပြီ။
PSA 119:127 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​ရေ"​ထက်​မ​က​ရေ"​စင်​ထက် ပို​၍​နှစ်​သက်​မြတ်​နိုး​ပါ​၏။
PSA 119:128 သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော် ရှိ​သ​မှ​တို့​ကို​စောင့်​ထိန်း​၍ လမ်း​မှား​ရှိ​သ​မှ​တို့​ကို​မုန်း​ပါ​၏။
PSA 119:129 ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​ခက်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​ပါ​၏။ ယင်း​တို့​ကို​ကွန်​တော်​မျိုး​သည်​အ​စွမ်း​ရှိ​သ​မှ​နှင့် လိုက်​နာ​ပါ​၏။
PSA 119:130 ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို ရှင်း​လင်း​ဖော်​ပြ​မှု​သည်​အ​လင်း​ကို​ပေး​၍ ပ​ညာ​မဲ့​သူ​တို့​ကို​ပ​ညာ​ရ​ရှိ​စေ​ပါ​၏။
PSA 119:131 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​ခုံ​မင်​တောင့်​တ​လှ​သည် ဖြစ်​၍ မော​ဟိုက်​နေ​ပါ​၏။
PSA 119:132 ကိုယ်​တော်​ရှင်​အား​ခစ်​သော​သူ​တို့​ကို သ​နား​တော်​မူ​သည့်​နည်း​တူ ကွန်​တော်​မျိုး​အား​ရှု​ကြည့်​၍​သ​နား​တော် မူ​ပါ။
PSA 119:133 က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး မ​လဲ​စိမ့်​သော​ငှာ​စောင့်​ထိန်း​တော်​မူ​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ကွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။
PSA 119:134 ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို စောင့်​ထိန်း​နိုင်​ရန် ကွန်​တော်​မျိုး​အား​ဖိ​စီး​နှိပ်​စက်​သူ​တို့​၏ လက်​မှ ကယ်​တော်​မူ​ပါ။
PSA 119:135 မက်​နှာ​တော်​၏​အ​လင်း​ကွန်​တော်​မျိုး​အ​ပေ" ထွန်း​လင်း​စေ​၍ ကွန်​တော်​မျိုး​အား​ပ​ညတ်​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။
PSA 119:136 လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​လိုက်​နာ​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​မက်​ရည်​မား​သည်​မြစ်​ရေ ကဲ့​သို့ စီး​ဆင်း​လက်​ရှိ​ပါ​၏။
PSA 119:137 အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​တို့​သည်​လည်း​တ​ရား​မှ​တ​ပါ​၏။
PSA 119:138 ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော နည်း​ဥ​ပ​ဒေ​သ​တော်​တို့​သည်​လုံး​ဝ တ​ရား​မှ​တ​၍​မှန်​ကန်​ပါ​၏။
PSA 119:139 ကွန်​တော်​မျိုး​၏​ရန်​သူ​မား​သည်​နှုတ်​က​ပတ် တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​အ​မက်​ဒေါ​သ​သည်​မီး​လှံ​သ​ဖွယ် တောက်​လောင်​လက်​ရှိ​ပါ​၏။
PSA 119:140 ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​လွန်​စွာ စိတ်​ခ​ရ​ပါ​၏။ ကွန်​တော်​မျိုး​သည်​က​တိ​တော်​ကို​လွန်​စွာ နှစ်​သက်​မြတ်​နိုး​ပါ​၏။
PSA 119:141 ကွန်​တော်​မျိုး​သည်​သိမ်​ငယ်​၍​မ​ထီ​လေး​စား ပြု​ခြင်း​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။ သို့​သော်​လည်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို မ​မေ့​မ​လော့​ပါ။
PSA 119:142 ကိုယ်​တော်​ရှင်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည်​အ​စဉ် မှန်​ကန်​ပါ​၏။
PSA 119:143 ကွန်​တော်​မျိုး​သည်​ပူ​ပင်​သော​က​ရောက်​လက် ရှိ​ပါ​၏။ သို့​ရာ​တွင်​ပ​ညတ်​တော်​မား​က​ကွန်​တော် မျိုး​အား စိတ်​ရ"င်​လန်း​မှု​ကို​ပေး​ပါ​၏။
PSA 119:144 ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​တို့​သည် အ​စဉ်​အ​မြဲ​ဖြောင့်​မှန်​ပါ​၏။ ကွန်​တော်​မျိုး​အား အ​သိ​ပ​ညာ​ကို​ပေးတော်​မူ​ပါ။ သို့​ပြု​တော်​မူ​လှင် ကွန်​တော်​မျိုး​သည် အ​သက်​ရှင်​ရ​ပါ​လိမ့်​မည်။
PSA 119:145 ကွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ပတ္ထ​နာ​ပြု​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​ထူး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို လိုက်​နာ​ပါ​မည်။
PSA 119:146 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ဟစ်ခေ"​ပါ​၏။ ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ပါ​မည်။
PSA 119:147 ကူ​မ​တော်​မူ​ရန်​ကွန်​တော်​မျိုး​သည်​နေ​မ​ထွက်​မီ ကိုယ်​တော်​ရှင်​ကို​ဟစ်​ခေ"​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကတိ​တော်​တို့​ကို​မှော်​ကိုး​ပါ​၏။
PSA 119:148 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​တို့​ကို​အောက်​မေ့​ဆင်​ခြင်​ရန် တစ်​ညဥ့်​လုံး​မ​အိပ်​ဘဲ​လဲ​လောင်း​လက်​နေ​ပါ​၏။
PSA 119:149 အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​၏​မေတ္တာ​တော်​ခိုင်​မြဲ​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​၏​ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။ က​ရု​ဏာ​ထား​တော်​မူ​၍ ကွန်​တော်​မျိုး​အား အသက်​ရှင်​စေ​တော်​မူ​ပါ။
PSA 119:150 ကွန်​တော်​မျိုး​အား​ရက်​စက်​စွာ ညဉ်း​ပန်း​နှိပ်စက်​သူ​မား​သည်​အ​နီး​သို့ ခဉ်း​ကပ်​၍​လာ​နေ​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မလိုက်​မ​လှောက်​ကြ​သူ​မား​ဖြစ်​ပါ​၏။
PSA 119:151 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​မှန်​ကန်​ပါ​၏။
PSA 119:152 ငယ်​စဉ်​အ​ခါ​က​ပင်​လှင်​ကွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏ဆုံး​မ​သွန်​သင်​ခက်​မား​ကို သိ​ခဲ့​ပါ​၏။ ယင်း​တို့​ကို​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​စဉ် တည်​မြဲ​စေ​ပါ​၏။
PSA 119:153 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​၏​ဒုက္ခ​ကို​ရှု​မှတ်​လက် ကယ်​တော်​မူ​ပါ။
PSA 119:154 ကွန်​တော်​မျိုး​၏​အ​မှု​တွင်​ကွန်​တော်​မျိုး​၏​ဘက်​မှ ခေ​ပ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ခမ်း​သာ​ခွင့် ရ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
PSA 119:155 သူ​ယုတ်​မာ​တို့​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့် ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကယ်တော်​မူ​လိမ့်​မည် မ​ဟုတ်​ပါ။
PSA 119:156 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​ရာ က​ရု​ဏာ​ထား​တော်​မူ​၍​ကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။
PSA 119:157 ကွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​နှင့်​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ အ​မား​ပင်​ရှိ​ပါ​၏။ သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​မ​ပက်​ကွက်​ပါ။
PSA 119:158 သူ​တို့​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို မ​စောင့်​ထိန်း​ကြ​ပါ။ သို့​ဖြစ်​၍​ထို​သ​စ္စာ​ဖောက်​တို့​ကို​မြင်​သော​အ​ခါ ကွန်​တော်​မျိုး​သည်​နှ​လုံး​နာ​ပါ​၏။
PSA 119:159 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကိုအ​ဘယ်​မှ​နှစ်​သက်​မြတ်​နိုး​သည်​ကို သိမှတ်​တော်​မူ​ပါ။ ကိုယ်​တော်​၏​မေတ္တာ​တော်​မ​ပြောင်း​လဲ​သော​ကြောင့် ကွန်​တော်​မျိုး​အား​ကယ်တော်​မူ​ပါ။
PSA 119:160 ကိုယ်​တော်​ရှင့်​တ​ရား​တော်​၏​အ​ခက်​အ​ခာ​မှာ သစ္စာ​တ​ရား​ပင်​ဖြစ်​ပါ​၏။ ဖြောင့်​မှန်​သော​စီ​ရင်​တော်​မူ​ခက်​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။
PSA 119:161 တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​သည်​ကွန်​တော်​မျိုး​အား မ​တ​ရား​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ တ​ရား​တော်​ကို​ရိုသေ​လေး​စား​ပါ​၏။
PSA 119:162 ကိုယ်​တော်​ရှင်​၏​က​တိ​တော်​မား​ကြောင့် ကွန်တော်​မျိုး​သည်​လွန်​စွာ​ပော်​ပါ​၏။ မား​စွာ​သော​လက်​ရ​ပစ္စည်း​တို့​ကို တေ"​ရှိ​ရ​သူ​ကဲ့​သို့​ပော်​ပါ​၏။
PSA 119:163 ကွန်​တော်​မျိုး​သည်​မု​သား​မှန်​သ​မှ​ကို မုန်း​တီး​စက်​ဆုပ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။
PSA 119:164 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​သော တ​ရား​စီ​ရင်​တော်​မူ​ခက်​မား​အ​တွက်​နေ့​စဉ် ခု​နစ်​ကြိမ်​ကေး​ဇူး​တော်​ကို​ခီး​မွမ်း​ပါ​၏။
PSA 119:165 ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​နှစ်​သက် မြတ်နိုး​သူ​မား​သည် ကြီး​စွာ​သော​စိတ်​ခမ်း​သာ​မှု​ကို​ရ​ရှိ​ကြ​ပါ​၏။ အ​ဘယ်​အ​ရာ​မှ​သူ​တို့​အား​ပြို​လဲ​စေ​နိုင်​လိမ့်​မည် မ​ဟုတ်​ပါ။
PSA 119:166 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင် ကယ်​တော်​မူ​မည်​ကို​စောင့်​မှော်​ကာ​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​ပါ​၏။
PSA 119:167 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့် ဆုံး​မ​သွန်​သင်​ခက်​တို့​ကို​လိုက်​နာ​ပါ​၏။ ယင်း​တို့​ကို​ကွန်​တော်​မျိုး​သည်​အ​လွန် နှစ်သက်​မြတ်​နိုး​ပါ​၏။
PSA 119:168 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​မား​နှင့်ပ​ညတ်​တော်​မား​ကို လိုက်​နာ​ပါ​၏။ ကွန်​တော်​မျိုး​ပြု​သ​မှ​သော​အ​မှု​တို့​ကို ကိုယ်တော်​ရှင်​မြင်​တော်​မူ​ပါ​၏။
PSA 119:169 အို ထာ​ဝ​ရ​ဘု​ရား" ကူ​မ​တော်​မူ​ရန် ကွန်​တော်​မျိုး​၏​အော်​ဟစ်​တောင်း​လှောက်​သံ​သည် နား​တော်​သို့​ရောက်​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။
PSA 119:170 ကွန်​တော်​မျိုး​၏ဆု​တောင်း​ပတ္ထနာ​ကို ကြား​တော်​မူ​၍ က​တိ​တော်​အ​တိုင်းကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။
PSA 119:171 ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​ပညတ်​တော်​ကို သွန်​သင်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ပါ​မည်။
PSA 119:172 ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​ဆုံး​မ သွန်​သင်​ခက်​မား​သည်​တ​ရား​မှတ​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ တရား​တော်​အ​ကြောင်း​ကို သီ​ခင်း​ဆို​ပါ​မည်။
PSA 119:173 ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို စောင့်​ထိန်း​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ကူ​မ​ရန် အ​စဉ်​အ​သင့်​ရှိ​တော်​မူ​ပါ။
PSA 119:174 အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ ကယ်​တင်​တော်​မူ​ခြင်း​ကေး​ဇူး​ကို တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အား​ပော်​ရ"င်​စေ​ပါ​၏။
PSA 119:175 ကိုယ်​တော်​ရှင်​ကို​ထော​မ​နာ​ပြု​နိုင်​ရန် ကွန်တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​မား​သည် ကွန်တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​စေ​သော။
PSA 119:176 ကွန်​တော်​မျိုး​သည်​ပောက်​သွား​သော​သိုး​ကဲ့​သို့ လမ်း​မှား​လက်​ရှိ​ပါ​၏။ သို့​ဖြစ်​၍​ကြွ​တော်​မူ​လက်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား ရှာ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​မေ့​မ​လော့​ပါ။
PSA 120:1 ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။
PSA 120:2 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​လိမ်​လည်​တတ်​သူ​များ နှင့် လှည့်​စား​တတ်​သူ​များ​၏​လက်​မှ​ကယ်​တော် မူ​ပါ။
PSA 120:3 အ​ချင်း​လိမ်​လည်​တတ်​သူ​တို့၊ သင်​တို့​အား​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သို့ စီ​ရင်​တော်​မူ​လိမ့်​မည်​နည်း။ သင်​တို့​အား​ကိုယ်​တော်​သည်​အ​ဘယ်​သို့ ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​နည်း။
PSA 120:4 စစ်​သည်​တို့​၏​ထက်​မြက်​သော​မြား​ဖြင့်​လည်း ကောင်း၊ ရဲ​ရဲ​တောက်​ပူ​လောင်​သည့်​မီး​ခဲ​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။
PSA 120:5 သင်​တို့​နှင့်​ငါ​နေ​ရ​သည်​မှာ​မေ​ရှက်​ပြည်​၌ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ ကေ​ဒါ အ​မျိုး​သား​များ​နှင့်​အ​တူ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း​ဆိုး​ရွား​ပါ​၏။
PSA 120:6 ငါ​သည်​ငြိမ်း​ချမ်း​ရေး​ကို​မုန်း​သော​သူ​တို့​နှင့် နေ​ရ​သည်​မှာ​ကြာ​မြင့်​လွန်း​လေ​ပြီ။
PSA 120:7 ငါ​သည်​ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ပြော​ဆို သော​အ​ခါ သူ​တို့​က​စစ်​တိုက်​ရန်​ပြော​ဆို​ကြ​၏။
PSA 121:1 ငါ​သည်​တောင်​ရိုး​များ​သို့​မျှော်​ကြည့်​၏။ အ​ဘယ်​မှ​ကူ​ညီ​မ​စ​မှု​ကို​ငါ​ရ​ပါ​မည်​နည်း။
PSA 121:2 ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ပါ​လိမ့်​မည်။
PSA 121:3 ကိုယ်​တော်​သည်​သင့်​အား​ခြေ​ချော်​၍ လဲ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော အ​ရှင်​သည်​အိပ်​တော်​မ​မူ။
PSA 121:4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​သည် အ​ဘယ်​အ​ခါ​၌​မျှ​ငိုက်​မျည်း​အိပ်​စက်​ခြင်း ရှိ​တော်​မ​မူ။
PSA 121:5 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​စောင့်​ကြပ်​တော် မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​နီး​တွင်​ရှိ​သော​သင့်​ကို ကွယ်​ကာ​ရာ​အ​ရိပ်​ဖြစ်​တော်​မူ​၏။
PSA 121:6 နေ​သည်​နေ့​အ​ခါ​၌​လည်း​ကောင်း၊ လ​သည်​ညဥ့်​အ​ခါ​၌​လည်း​ကောင်း သင့်​ကို​ဥ​ပဒ်​ပေး​လိမ့်​မည်​မ​ဟုတ်။
PSA 121:7 ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း တို့​မှ သင့်​ကို​ကွယ်​ကာ​တော်​မူ​လိမ့်​မည်။ သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။
PSA 121:8 ကိုယ်​တော်​သည်​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​မ​ပြတ် သင်​သွား​လာ​လေ​ရာ​တို့​၌​သင့်​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။
PSA 122:1 သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ ငါ​တို့​သွား​ကြ​ကုန်​အံ့'' ဟု​ဆို​သော​အ​ခါ ငါ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။
PSA 122:2 ယ​ခု​အ​ခါ​ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​အ​တွင်း​ရပ်​လျက်​ရှိ​နေ​ကြ​ပါ​၏။
PSA 122:3 ယေ​ရု​ရှ​လင်​မြို့​သည်​တင့်​တယ်​လျောက်​ပတ်​စွာ ပြန်​လည်​တည်​ဆောက်​ထား​သော​မြို့​ဖြစ်​ပေ​၏။
PSA 122:4 ဤ​မြို့​သည်​ဘု​ရား​သ​ခင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် ဣ​သ​ရေ​လ​အ​နွယ်​တို့​စု​ရုံး​ရာ​အ​ရပ် ဖြစ်​၏။
PSA 122:5 ဤ​မြို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​တို့​နန်း​စိုက်​၍ ပြည်​သူ​တို့​အား​တ​ရား​စီ​ရင်​ရာ​ဌာ​န​ဖြစ်​၏။
PSA 122:6 ``သင့်​ကို​ချစ်​မြတ်​နိုး​သူ​တို့​သည်​ကောင်း​စား ကြ​ပါ​စေ​သော။ သင်​၏​မြို့​ရိုး​များ​အ​တွင်း​၌​ငြိမ်း​ချမ်း​သာ​ယာ မှု​ရှိ​၍ သင်​၏​နန်း​တော်​များ​အ​တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​မှု ရှိ​ပါ​စေ​သော'' ဟု ယေ​ရု​ရှ​လင်​မြို့​၏​ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက် ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။
PSA 122:8 ငါ​သည်​ဆွေ​မျိုး​များ​နှင့်​မိတ်​ဆွေ​များ​ကို ထောက်​ထား​၍​ယေ​ရု​ရှ​လင်​မြို့​အား ``သင်​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​ပါ​၏။
PSA 122:9 ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အိမ်​တော်​ကို​ထောက်​ထား​၍ သင်​၏​စည်​ပင်​သာ​ယာ​မှု​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။
PSA 123:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​သို့ ကျွန်​တော်​မျိုး​မျှော်​ကြည့်​ပါ​၏။
PSA 123:2 အ​စေ​ခံ​သည်​မိ​မိ​၏​သ​ခင်​ကို​လည်း​ကောင်း၊ အ​စေ​ခံ​မ​သည်​မိ​မိ​သ​ခင်​မ​ကို​လည်း​ကောင်း မှီ​ခို​အား​ထား​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​က​ရု​ဏာ​တော်​ကို မ​ခံ​စား​ရ​မ​ချင်း​ကိုယ်​တော်​ရှင်​အား မျှော်​ကြည့်​လျက်​နေ​ပါ​မည်။
PSA 123:3 ကျွန်​တော်​မျိုး​တို့​သည်​လွန်​မင်း​စွာ​မ​ထီ​မဲ့​မြင် ပြု​ခြင်း​ကို​ခံ​ကြ​ရ​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​တို့​အား​သ​နား​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​သ​နား​တော်​မူ​ပါ။
PSA 123:4 ကျွန်​တော်​မျိုး​တို့​သည်​ချမ်း​သာ​ကြွယ်​ဝ သူ​တို့​၏ ပြောင်​လှောင်​ခြင်း​ကို​လည်း​ကောင်း၊ မာန်​မာ​န​ကြီး​သူ​တို့​၏​မ​ထီ​မဲ့​မြင်​ပြု​ခြင်း ကို​လည်း​ကောင်း​ခံ​ရ​ကြ​သည်​မှာ​ကြာ​ပါ​ပြီ။
PSA 124:1 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာ ငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင်​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း။ အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ဖြေ​ကြား​ကြ​လော့။
PSA 124:2 ငါ​တို့​အား​ရန်​သူ​များ​တိုက်​ခိုက်​ကြ​စဉ်​အ​ခါ​က ထာ​ဝ​ရ​ဘု​ရား​သာ​ငါ​တို့​ဘက်​၌​ရှိ​တော် မ​မူ​ခဲ့​လျှင်
PSA 124:3 သူ​တို့​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍ ငါ​တို့​အား​အ​ရှင်​လတ်​လတ်​ဝါး​မျို​လိုက်​ကြ လိမ့်​မည်။
PSA 124:4 ထို​နောက်​ငါ​တို့​သည်​ရေ​စီး​ရာ​သို့​မျော​ပါ​သွား​၍ ရေ​သည်​ငါ​တို့​ကို​လွှမ်း​မိုး​လိမ့်​မည်။
PSA 124:5 ငါ​တို့​သည်​အ​ဟုန်​ပြင်း​သည့်​ရေ​စီး​ချောင်း​တွင် နစ်​မြုပ်​သွား​ကြ​လိမ့်​မည်။
PSA 124:6 ငါ​တို့​ကို​ရန်​သူ​များ​အုပ်​ဖမ်း​ကိုက်​စား​သည့် အ​စာ​ဖြစ်​ခွင့်​ပေး​တော်​မ​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန်​စို့။
PSA 124:7 ငါ​တို့​သည်​မု​ဆိုး​၏​ကျော့​ကွင်း​မှ​လွတ်​မြောက် လာ​သော ငှက်​ကဲ့​သို့​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။ ကျော့​ကွင်း​ပြတ်​၍​ငါ​တို့​လွတ်​မြောက်​ရ​ကြ​၏။
PSA 124:8 ငါ​တို့​သည်​ကူ​ညီ​မ​စ​မှု​ကို​ကောင်း​ကင်​နှင့် ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ရှိ​ကြ သ​တည်း။
PSA 125:1 ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​သူ​တို့​သည် မ​ရွေ့​မ​ရှား၊အ​စဉ်​ခိုင်​ခံ့​တည်​မြဲ​သော ဇိ​အုန်​တောင်​ကဲ့​သို့​ဖြစ်​ကြ​၏။
PSA 125:2 တောင်​ရိုး​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဝန်း​ရံ​လျက် နေ​သ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​အ​ဆက်​မိ​မိ​၏ လူ​စု​တော်​ကို​ဝန်း​ရံ​လျက်​နေ​တော်​မူ​၏။
PSA 125:3 သူ​ယုတ်​မာ​တို့​သည်​ဖြောင့်​မတ်​သော​သူ​တို့​၏ ပြည်​ကို အ​စဉ်​အ​မြဲ​အုပ်​စိုး​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ယင်း​သို့​အုပ်​စိုး​ရ​ကြ​ပါ​မူ၊ ဖြောင့်​မတ်​သော​သူ​တို့​ကိုယ်​တိုင်​ပင်​လျှင် မ​ကောင်း​မှု​ကို​ပြု​ကောင်း​ပြု​ကြ​ပေ​လိမ့်​မည်။
PSA 125:4 အို ထာ​ဝ​ရ​ဘု​ရား၊ ဖြောင့်​မတ်​သူ၊ကိုယ်​တော်​ရှင်​၏​အ​မိန့်​ကို​နာ​ခံ သူ​များ​အား​ကျေး​ဇူး​ပြု​တော်​မူ​ပါ။
PSA 125:5 သို့​ရာ​တွင်​မ​ကောင်း​မှု​ပြု​သူ​တို့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​သော​အ​ခါ နည်း​လမ်း​တော်​ကို​စွန့်​သူ​တို့​ကို​လည်း အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။
PSA 126:1 ငါ​တို့​အား​ဇိ​အုန်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​ပြန်​လည်​ခေါ်​ဆောင်​သည်​မှာ အိပ်​မက်​ကဲ့​သို့​ဖြစ်​ပါ​၏။
PSA 126:2 ငါ​တို့​သည်​များ​စွာ​ရယ်​မော​ကြ​ရ​လျက် ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​ရ​၏။ ထို​အ​ခါ​အ​ခြား​လူ​မျိုး​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သူ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။
PSA 126:3 ကိုယ်​တော်​သည်​အ​မှန်​ပင်​ငါ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။ ငါ​တို့​သည်​အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့ ကြ ပါ​သည်​တ​ကား။
PSA 126:4 အို ထာ​ဝ​ရ​ဘု​ရား၊ မိုး​ရေ​သည်​ခြောက်​သွေ့​သည့်​ချောင်း​များ​ကို ရေ​ဖြင့်​တစ်​ဖန်​ပြည့်​စေ​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​တို့​ကို​တစ်​ဖန်​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ။
PSA 126:5 မျက်​ရည်​ကျ​လျက်​စိုက်​ပျိုး​ကြ​ရ​သူ​တို့​အား ဝမ်း​မြောက်​စွာ​သီး​နှံ​များ​ရိတ်​သိမ်း​ရ​သော အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
PSA 126:6 မျက်​ရည်​ကျ​လျက်​မျိုး​စေ့​များ​ကို ယူ​ဆောင်​သွား​ကြ​သူ​တို့​သည် သီး​နှံ​များ​ကို​သယ်​ဆောင်​ကာ​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍​ပြန်​လာ​ကြ​လိမ့်​မည်။
PSA 127:1 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အိမ်​ကို ဆောက်​တော်​မ​မူ​လျှင်​ဆောက်​လုပ်​သူ​တို့​၏ လုပ်​ဆောင်​ချက်​သည်​အ​ချည်း​နှီး​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​စောင့်​တော်​မ​မူ လျှင် ကင်း​စောင့်​တို့​၏​စောင့်​ကြပ်​မှု​သည်​အ​ချည်း​နှီး​ဖြစ်​၏။
PSA 127:2 အ​သက်​မွေး​ဝမ်း​ကျောင်း​မှု​အ​တွက် နံ​နက်​စော​စော​ထ​၍ ညဥ့်​နက်​သည်​တိုင်​အောင်​ပင်​ပန်း​စွာ​အ​လုပ် လုပ်​ရ​ခြင်း​သည်​အ​ချည်း​နှီး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ချစ်​တော်​မူ​သော​သူ​တို့​အိပ်​စက်​နေ​စဉ် သူ​တို့​လို​အပ်​သော​အ​ရာ​များ​ကို ပေး​သ​နား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။
PSA 127:3 သား​သ​မီး​များ​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး သော ဆု​လာဘ်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ကောင်း​ချီး​မင်္ဂလာ​အ​စစ်​အ​မှန် ဖြစ်​ကြ​၏။
PSA 127:4 အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​ရ​သော သား​သ​မီး​များ​သည်​စစ်​သူ​ရဲ​၏​လက်​တွင်​ရှိ​သော မြား​များ​နှင့်​တူ​ကြ​၏။
PSA 127:5 ဤ​သို့​သော​မြား​မြောက်​မြား​စွာ​ရှိ​သူ​သည် မင်္ဂလာ​ရှိ​၏။ သူ​သည်​ရန်​သူ​များ​နှင့်​တ​ရား​ရုံး​တွင် ရင်​ဆိုင်​သော​အ​ခါ​အ​ရေး​ရှုံး​နိမ့်​လိမ့်​မည် မ​ဟုတ်။
PSA 128:1 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​၏​နည်း​လမ်း​တော်​များ​နှင့်​အ​ညီ ကျင့်​ကြံ​ပြု​မူ​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
PSA 128:2 သင်​သည်​မိ​မိ​လက်​ဖြင့်​လုပ်​ဆောင်​၍​စား​ဝတ် နေ​ရေး ဖူ​လုံ​အောင်​ရ​ရှိ​လိမ့်​မည်။ သင်​သည်​ရွှင်​လန်း​၍​ကောင်း​စား​လိမ့်​မည်။
PSA 128:3 အိမ်​တွင်း​၌​သင်​၏​ဇ​နီး​သည်​အ​သီး​နှင့်​ပြည့်​သော စ​ပျစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ စား​ပွဲ​ပတ်​လည်​ရှိ​သင်​၏​သား​များ​သည်​လည်း စိုက်​ပျိုး​ထား​သော​သံ​လွင်​ပင်​ပျို​များ ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လိမ့်​မည်။
PSA 128:4 ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို နား​ထောင်​သော​သူ​သည်​ဤ​နည်း​အ​တိုင်း အ​မှန်​ပင် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​လိမ့်​မည်။
PSA 128:5 ဇိ​အုန်​တောင်​တော်​ပေါ်​မှ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့​၏​ဝ​ပြော​စည်​ပင်​နေ​သည်​ကို တွေ့​မြင်​ရ​ပါ​စေ​သော။
PSA 128:6 သင်​သည်​မြေး​များ​ရ​ရှိ​လာ​သည်​တိုင်​အောင် အ​သက်​ရှည်​ပါ​စေ​သော။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။
PSA 129:1 ဣ​သ​ရေ​လ၊သင်​ငယ်​စဉ်​အ​ခါ​မှ​စ​၍ ရန်​သူ​များ​သည် သင့်​ကို​အ​ဘယ်​သို့​ရက်​စက်​စွာ​ညှဉ်း​ဆဲ နှိပ်​စက်​ကြ​ကြောင်း​ကို​ငါ​တို့​အား​ဖော်​ပြ​လော့။
PSA 129:2 ``ငယ်​စဉ်​အ​ခါ​မှ​အ​စ​ပြု​၍​ငါ့​အား​ရန်​သူ​တို့​သည် ရက်​စက်​စွာ​ညှဉ်း​ဆဲ​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​အ​ပေါ်​တွင် အ​နိုင်​မ​ရ​ခဲ့​ကြ။
PSA 129:3 သူ​တို့​သည်​ငါ​၏​ကျော​ကုန်း​ကို​ပြင်း​ထန်​သည့် ဒဏ်​ရာ​များ​ရ​စေ​သ​ဖြင့်​ထွန်​ကြောင်း​များ​ရှိ​သည့် လယ်​ကွက်​သ​ဖွယ်​ဖြစ်​စေ​ကြ​၏။
PSA 129:4 သို့​ရာ​တွင်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​တော်​မူ​လေ​ပြီ''
PSA 129:5 ဇိ​အုန်​မြို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် အ​ရေး​ရှုံး​နိမ့်​လျက်​တပ်​လန်​ကြ​ပါ​စေ​သော။
PSA 129:6 သူ​တို့​သည်​အိမ်​ခေါင်​မိုး​ပေါ်​တွင်​ပေါက်​၍ မ​ကြီး​ထွား​မီ​ခြောက်​သွေ့​သွား​သည့် မြက်​ပင်​များ​ကဲ့​သို့​ဖြစ်​ပါ​စေ​သော။
PSA 129:7 ထို​မြက်​တို့​ကို​အ​ဘယ်​သူ​မျှ​စု​သိမ်း​သယ်​ယူ​မှု​ကို ပြု​လိမ့်​မည်​မ​ဟုတ်။
PSA 129:8 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး ပါ​၏'' ဟူ​၍ အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​က​သူ​တို့​အား ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။
PSA 130:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​ကြေ​ကွဲ​ရာ​မှ ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။
PSA 130:2 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​တောင်း​လျှောက် သံ​ကို နား​ထောင်​တော်​မူ​ပါ။
PSA 130:3 အ​ကယ်​၍​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ရေး​မှတ်​ထား​မည်​ဆို​ပါ​က အ​ဘယ်​သူ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​နိုင်​ပါ​မည်​နည်း။
PSA 130:4 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​အား ရို​သေ​ကျိုး​နွံ​ကြ​ပါ​၏။
PSA 130:5 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကို စောင့်​မျှော်​လျက်​နေ​၏။ ကိုယ်​တော်​၏​က​တိ​တော်​ကို​ယုံ​ကြည်​ကိုး​စား​ပါ​၏။
PSA 130:6 ကင်း​စောင့်​တို့​သည်​အ​ရုဏ်​တက်​ချိန်​ကို စောင့်​မျှော်​သည်​ထက် ငါ​သည်​ဘု​ရား​ရှင်​ကို​ပို​၍​စောင့်​မျှော်​လျက်​နေ​၏။
PSA 130:7 အို ဣ​သ​ရေ​လ၊ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည် ခိုင်​မြဲ​သည်​ဖြစ်​၍​ကိုယ်​တော်​သည်​ကယ်​တော်​မူ​ရန် အ​ခါ​ခပ်​သိမ်း​အ​သင့်​ရှိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။
PSA 130:8 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ဖြစ်​သော ဣသ​ရေ​လ​အား​အ​ပြစ်​အ​ပေါင်း​မှ ကယ်​တော်​မူ​လိမ့်​မည်။
PSA 131:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​မာန်​မာ​န​ကို​စွန့်​ပယ် ပါ​ပြီ။ မောက်​မာ​မှု​ကို​လည်း​ပယ်​ရှား​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကြီး​ကျယ်​လှ​သည့် အ​မှု​များ​တွင်​သော်​လည်း​ကောင်း၊ မိ​မိ​သိ​ရှိ​နား​လည်​ရန်​ခက်​ခဲ​လှ​သော အ​ကြောင်း​အ​ရာ​များ​တွင်​သော်​လည်း​ကောင်း စိတ်​မ​ဝင်​စား​တော့​ပါ။
PSA 131:2 ကျွန်​တော်​မျိုး​သည်​ကျေ​နပ်​ရောင့်​ရဲ​လျက် မိ​မိ​စိတ်​ကို​ငြိမ်း​အေး​စေ​ပါ​ပြီ။ က​လေး​ငယ်​သည်​မိ​ခင်​၏​ရင်​ခွင်​၌ ငြိမ်​သက်​စွာ​အိပ်​နေ​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​လည်း ငြိမ်​သက်​လျက်​ရှိ​ပါ​ပြီ။
PSA 131:3 အို ဣ​သ​ရေ​လ၊ယ​ခု​မှ​အ​စ​ပြု​၍ ကာ​လ​အ​စဉ်​အ​ဆက်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လော့။
PSA 132:1 အို ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​မင်း​နှင့်​သူ​ခံ​ခဲ့​ရ​သ​မျှ​သော​ဆင်း​ရဲ ဒုက္ခ​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။
PSA 132:2 အို ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား ကိန်း​ဝပ်​တော်​မူ​ရန်​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အ​တွက်​အိမ်​တော်​ကို​လည်း ကောင်း ဆောက်​လုပ်​၍​မ​ပြီး​သေး​သ​မျှ​ကာ​လ​ပတ်​လုံး နား​နေ​အိပ်​စက်​မှု​ကို​ပြု​မည်​မ​ဟုတ်​ပါ။ အိမ်​ကို​လည်း​မ​ပြန်။ အိပ်​ရာ​ထဲ​သို့​လည်း ဝင်​မည်​မ​ဟုတ်'' ဟု ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အား​ပြု​သော​သစ္စာ​က​တိ​ကို သ​တိ​ရ​တော်​မူ​၏။
PSA 132:6 ဗက်​လင်​မြို့​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​ကြောင်း​ကို ငါ​တို့​ကြား​သိ​ကြ​၍​ယင်း​သေတ္တာ​တော်​ကို ယာ​ရိမ်​ကွင်း​၌​တွေ့​ရှိ​ရ​ကြ​၏။
PSA 132:7 ``ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ သွား​ကြ​ကုန်​အံ့။ ပလ္လင်​တော်​ရှေ့​တွင်​ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​ကုန်​အံ့'' ဟု​ငါ​တို့​ဆို​ကြ​၏။
PSA 132:8 အို ထာ​ဝ​ရ​ဘု​ရား၊ တန်​ခိုး​တော်​၏​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ​ဗိ​မာန်​တော်​သို့ ကြွ​လာ​တော်​မူ​၏။
PSA 132:9 ကိုယ်​တော်​ရှင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မှန်​ကန်​ရာ​ကို အ​မြဲ​ပြု​ကျင့်​နိုင်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ဝမ်း​မြောက် ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​ပါ​စေ​သော။
PSA 132:10 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​ဘု​ရင်​ကို ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။
PSA 132:11 ကိုယ်​တော်​ရှင်​က``ငါ​သည်​သင်​၏​သား​တစ်​ဦး​ဦး​ကို ဘု​ရင်​အ​ရာ​၌​ခန့်​ထား​မည်။ သူ​သည်​သင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​၏​သား​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​ထိန်း​၍​ငါ​ပေး​သည့်​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​ပါ​မူ၊ သူ​၏​သား​တို့​သည်​လည်း​သင်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့် အ​စဉ်​အ​မြဲ​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ကျိန်​ဆို က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ယင်း​က​တိ​တော်​ကို​ပြန်​လည် ရုပ်​သိမ်း​တော်​မူ​မည်​မဟုတ်​ပါ။
PSA 132:13 ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ရွေး​ချယ် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ထို​မြို့​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန် အ​လို​တော်​ရှိ​သည်။
PSA 132:14 ``ဤ​မြို့​တွင်​ထာ​ဝ​စဉ်​ငါ​ကိန်း​ဝပ်​တော်​မူ​မည်။ ဤ​မြို့​တွင်​ငါ​စိုး​စံ​ရန်​အ​လို​ရှိ​တော်​မူ​သည်။
PSA 132:15 ငါ​သည်​ဇိ​အုန်​မြို့​ကို​လို​လေ​သေး​မ​ရှိ​အောင် အ​စာ​ရေ​စာ​ပေါ​များ​သော​မြို့​ဖြစ်​စေ​မည်။ ဤ​မြို့​မှ​ဆင်း​ရဲ​သူ​တို့​အား​ဝ​အောင်​ကျွေး​မွေး မည်။
PSA 132:16 ဤ​မြို့​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​ဆောင်​ရွက်​လေ​သ​မျှ တို့​ကို ကောင်း​ချီး​ပေး​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။
PSA 132:17 ငါ​သည်​ဤ​မြို့​တွင်​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​ကို ကြီး​မြတ်​သည့်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ ဤ​မြို့​တွင်​ငါ​ရွေး​ချယ်​သည့်​ဘု​ရင်​၏​အာ​ဏာ စက်​ကို တည်​စေ​မည်။
PSA 132:18 သူ​၏​ရန်​သူ​တို့​ကို​အ​ရှက်​ကွဲ​စေ​မည်။ သူ​၏​နိုင်​ငံ​မူ​ကား​စည်​ပင်​သာ​ယာ​ဖွံ့​ဖြိုး တိုး​တက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
PSA 133:1 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် စိတ်​သ​ဘော​ညီ​ညွတ်​လျက်​နေ​ထိုင်​ကြ​သည်​မှာ အ​လွန်​ကောင်း​မွန်​၍​တင့်​တယ်​လှ​ပါ​သည်​တ​ကား။
PSA 133:2 ယင်း​သို့​နေ​ထိုင်​မှု​သည်​အာ​ရုန်​၏​ဦး​ခေါင်း​မှ သူ​၏​မုတ်​ဆိတ်​နှင့်​ဝတ်​လုံ​အင်္ကျီ​လည်​ခွံ​သို့ တိုင်​အောင် စီး​ကျ​လာ​သည့်​အ​ဖိုး​တန်​ဘိ​သိက်​ဆီ​ကဲ့​သို့​ဖြစ်​၏။
PSA 133:3 ဟေ​ရ​မုန်​တောင်​ပေါ်​သို့​ကျ​သော​နှင်း​သည်​ဇိ​အုန် တောင်​ကုန်း​များ​ပေါ်​သို့​ကျ​သ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ရပ်​ကား​ထာ​ဝ​စဉ်​အ​သက်​ရှင်​ခွင့် တည်း​ဟူ​သော​ကောင်း​ချီး​မင်္ဂ​လာ​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ် သ​တည်း။
PSA 134:1 ကိုယ်​တော်​၏​အ​စေ​ခံ​သူ၊ဗိ​မာန်​တော်​တွင်​ညဥ့် အ​ခါ အ​မှု​တော်​ဆောင်​သူ​အ​ပေါင်း​တို့၊ လာ​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 134:2 လက်​အုပ်​ချီ​၍​ဗိ​မာန်​တော်​ထဲ​၌​ဆု​တောင်း ပတ္ထ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 134:3 ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​တော်​ပေါ်​မှ သင်​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။
PSA 135:1 ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​သူ၊ထာ​ဝ​ရ ဘု​ရား​၏ အိမ်​တော်​တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​ရပ်​နေ​သူ​တို့ နာ​မ​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 135:3 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​သည် ဖြစ်​၍ နာ​မ​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။
PSA 135:4 ကိုယ်​တော်​သည်​ယာ​ကုပ်​အား​မိ​မိ​အ​ဖို့​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​၏ ပိုင်​ရာ​တော် ဖြစ်​စေ​ရန်​လည်း​ကောင်း​ရွေး​ချယ်​တော်​မူ​၏။
PSA 135:5 ငါ​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ် တော်​မူ​ကြောင်း​ကို​ငါ​သိ​၏။ ကိုယ်​တော်​သည်​ဘု​ရား​ရှိ​သ​မျှ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။
PSA 135:6 ကိုယ်​တော်​သည်​ကောင်း​ကင်​နှင့်​ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ ပင်​လယ်​နှင့်​ပင်​လယ်​အောက်​နက်​ရှိုင်း​ရာ အ​ရပ်​တို့​၌​လည်း​ကောင်း အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။
PSA 135:7 ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​တို့​ကို​တက်​စေ တော်​မူ​၍ မိုး​သက်​မုန်​တိုင်း​များ​အ​တွက်​လျှပ်​စစ်​လျှပ် နွယ်​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ လေ​ကို​လည်း​မိ​မိ​၏​လှောင်​တိုက်​တော်​ထဲ​က ထုတ်​ဆောင်​လာ​တော်​မူ​၏။
PSA 135:8 အီ​ဂျစ်​ပြည်​တွင်​လူ​နှင့်​တိ​ရစ္ဆာန်​သား​ဦး​ရှိ သ​မျှ​ကို သေ​ဒဏ်​ခတ်​တော်​မူ​၏။
PSA 135:9 ထို​ပြည်​တွင်​ဖာ​ရော​ဘု​ရင်​နှင့် သူ​၏​အ​မှု​ထမ်း​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်​တော် မူ​ရန် ကိုယ်​တော်​သည်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။
PSA 135:10 များ​စွာ​သော​တိုင်း​နိုင်​ငံ​တို့​ကို ပြို​ပျက်​စေ​တော်​မူ​၍​ဘုန်း​ကြီး​သော ဘု​ရင်​တို့​ကို​ကွပ်​မျက်​တော်​မူ​၏။
PSA 135:11 အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​မင်း၊ဗာ​ရှန်​ဘု​ရင် သြ​ဃ​မင်း​နှင့်​ခါ​နာန်​နိုင်​ငံ​မှ​ဘု​ရင်​အ​ပေါင်း တို့​ကို ကွပ်​မျက်​တော်​မူ​၏။
PSA 135:12 သူ​တို့​၏​နယ်​မြေ​များ​ကို​မိ​မိ​၏​လူ​စု​တော်​အား ပေး​တော်​မူ​၏။ ထို​နယ်​မြေ​များ​ကို​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ပေး​တော်​မူ​၏။
PSA 135:13 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို လူ​တို့​သည်​အ​ခါ​ခပ်​သိမ်း​ကြား​သိ​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​ကာ​လ​အ​စဉ် အ​ဆက် ကျော်​ကြား​ပါ​လိမ့်​မည်။
PSA 135:14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကွယ်​ကာ​တော်​မူ​လိမ့်​မည်။ မိ​မိ​၏​အ​စေ​ခံ​တို့​အား​က​ရု​ဏာ ထား​တော်​မူ​လိမ့်​မည်။
PSA 135:15 လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​ကြ​သည့်​ရုပ်​တု များ​သည် ရွှေ​ငွေ​ဖြင့်​ပြီး​ကြ​၏။ ယင်း​တို့​သည်​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော အ​ရာ​များ​ဖြစ်​ပေ​သည်။
PSA 135:16 ထို​ရုပ်​တု​တို့​သည်​နှုတ်​များ​ရှိ​ပါ​လျက် စ​ကား​မပြော​နိုင်၊ မျက်​စိ​များ​ရှိ​ပါ​လျက်​မ​မြင်​နိုင်။
PSA 135:17 သူ​တို့​သည်​နား​များ​ရှိ​ပါ​လျက်​မ​ကြား​နိုင်။ သူ​တို့​၏​ခံ​တွင်း​၌​လည်း​ထွက်​သက်​ဝင်​သက်​မ​ရှိ။
PSA 135:18 ရုပ်​တု​များ​ကို​ပြု​လုပ်​သူ​တို့​နှင့်​ရုပ်​တု​ကို ကိုး​စား​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြု လုပ်​သည့် ရုပ်​တု​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။
PSA 135:19 အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 135:20 လေ​ဝိ​အ​နွယ်​ဝင်​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 135:21 ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ကိန်း​ဝပ်​တော်​မူ​ရာ ယေ​ရု​ရှ​လင်​မြို့​တွင်​လည်း​ကောင်း​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 136:1 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​ဖြင့် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
PSA 136:2 ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​ကြီး​မြတ်​တော်​မူ​သော အ​ရှင်​၏​ကျေး​ဇူး​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:3 အ​ရှင်​သ​ခင်​ရှိ​သ​မျှ​တို့​ထက် တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:4 ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​အ​လွန် ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:5 ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:6 ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:7 ကိုယ်​တော်​သည်​နေ​နှင့်​လ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:8 နေ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ​နေ့​ကို အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:9 လ​နှင့်​ကြယ်​များ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ ညဥ့်​ကို​အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:10 ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​များ​၏ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:11 ကိုယ်​တော်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:12 ယင်း​သို့​ထုတ်​ဆောင်​တော်​မူ​သည်​မှာ​ခွန်​အား ကြီး​မား​သည့်​လက်​တော်​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​ကြီး​မား​သည့်​လက်​ရုံး​တော် အား​ဖြင့်​လည်း​ကောင်း​ဖြစ်​ပေ​သည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:13 ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​နှစ်​ပိုင်း​ကွဲ​စေ တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:14 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​ထို​ပင်​လယ်​ကို ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:15 ကိုယ်​တော်​သည်​ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို ရေ​နစ်​သေ​ဆုံး​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:16 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပြ​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:17 ကိုယ်​တော်​သည်​ဘုန်း​ကြီး​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:18 ကိုယ်​တော်​သည်​ကျော်​စော​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:19 အာ​မော​ရိ​ပြည်​ဘု​ရင်​ရှိ​ဟုန်​မင်း​ကို ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:20 ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​မင်း​ကို​လည်း ကွပ်​မျက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:21 ကိုယ်​တော်​သည်​သူ​တို့​၏​ပြည်​နယ်​များ​ကို မိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:22 ထို​ပြည်​နယ်​များ​ကို​ကိုယ်​တော်​သည်​မိ​မိ​၏ အ​စေ​ခံ​ဣ​သ​ရေ​လ​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:23 ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ​ကိုယ်​တော်​သည် ငါ​တို့​အား​မေ့​လျော့​တော်​မ​မူ။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:24 ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​တို့​၏​လက်​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:25 ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​သတ္တဝါ​တို့​အား အ​စား​အ​စာ​များ​ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 136:26 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။
PSA 137:1 ဇိ​အုန်​မြို့​ကို​သ​တိ​ရ​သော​အ​ခါ ငါ​တို့​သည်​ဗာ​ဗု​လုံ​ပြည်​မြစ်​ချောင်း​များ အ​နီး​တွင်​ထိုင်​၍​ငို​ကြွေး​ကြ​၏။
PSA 137:2 အ​နီး​အ​နား​ရှိ​မိုး​မ​ခ​ပင်​များ​တွင်​ငါ​တို့​၏ စောင်း​များ​ကို​ချိတ်​ဆွဲ​ထား​ကြ​၏။
PSA 137:3 ငါ​တို့​ကို​ဖမ်း​သွား​ကြ​သူ​များ​က``ငါ​တို့​အား ဖျော်​ဖြေ​ရန်​ဇိ​အုန်​မြို့​အ​ကြောင်း သီ​ချင်း​ဆို​ပြ​ပါ'' ဟု​ငါ​တို့​အား​ခိုင်း​ကြ​၏။
PSA 137:4 ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ချီး​မွမ်း သီ​ချင်း​ကို ငါ​တို့​သည်​အ​ဘယ်​သို့​လျှင်​နိုင်​ငံ​ရပ်​ခြား​၌ ဆို​နိုင်​ကြ​ပါ​မည်​နည်း။
PSA 137:5 အို ယေ​ရု​ရှ​လင်​မြို့၊သင့်​ကို​ငါ​မေ့​လျော့​ပါ​လျှင် ငါ​သည်​စောင်း​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ မ​တီး​နိုင်​ဘဲ​နေ​ပါ​စေ​သော။
PSA 137:6 ငါ​သည်​သင့်​ကို​သ​တိ​မ​ရ​လျှင်​သော်​လည်း​ကောင်း၊ သင့်​ကို​ငါ့​အား​ဝမ်း​မြောက်​ရွှင်​လန်း​ဆုံး​ဖြစ်​စေ​သည့် မြို့​အ​ဖြစ်​ဖြင့် အ​မြတ်​တ​နိုး​မ​ထား​လျှင်​သော်​လည်း​ကောင်း ငါ​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ သီ​ချင်း​မ​ဆို​နိုင်​ဘဲ​နေ​ပါ​စေ​သော။
PSA 137:7 အို ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ချိန်​၌ ဧ​ဒုံ​အ​မျိုး​သား​တို့​ပြု​သည့်​အ​မှု​ကို သ​တိ​ရ​တော်​မူ​ပါ။ ``ဤ​မြို့​ကို​မြေ​ပြင်​နှင့်​တ​ပြေး​ညီ​အောင် ဖြို​ဖျက်​ကြ​လော့'' ဟု​ထို​သူ​တို့​ပြော​ဆို​ခဲ့​ကြ​သော စ​ကား​ကို​သ​တိ​ရ​တော်​မူ​ပါ။
PSA 137:8 အို ဗာ​ဗု​လုန်​မြို့၊သင်​သည်​ဖြို​ဖျက်​ခြင်း​ခံ​ရ ပေ​လိမ့်​မည်။ ငါ​တို့​ကို​သင်​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​အ​တွက် သင့်​အား​လက်​စား​ချေ​သူ၊ သင်​၏​နို့​စို့​က​လေး​တို့​ကို​ကိုင်​၍​ကျောက်​ပေါ်​တွင် ဆောင့်​သတ်​သူ​သည်​မင်္ဂလာ​ရှိ​၏။
PSA 138:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ ဘု​ရား​များ​ရှေ့​တွင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​၏။
PSA 138:2 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​မြင့်​မြတ် သန့်​ရှင်း​သော​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက် ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​သစ္စာ​တော်​ကြောင့်​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​နှင့်​က​တိ​တော်​တို့​သည် အ​ထွတ်​အ​မြတ်​ဆုံး​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။
PSA 138:3 ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ ကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။
PSA 138:4 အို ထာ​ဝ​ရ​ဘု​ရား၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​၏​က​တိ​တော်​များ​ကို​ကြား သိ​ရ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။
PSA 138:5 သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော် အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကြီး​မြတ်​သော​ဘုန်း​အ​သ​ရေ​တော် အ​ကြောင်း​ကို​လည်း​ကောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။
PSA 138:6 ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သော်​လည်း နိမ့်​ကျ​သူ​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၏။ မာန်​မာ​န​ကြီး​သူ​တို့​ကို​မူ​ကား​အ​ဝေး​က သိ​တော်​မူ​၏။
PSA 138:7 ဒုက္ခ​များ​ပတ်​လည်​ဝိုင်း​လျက်​နေ​ချိန်​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကာ​ကွယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​၏ အ​မျက်​ကို​ဆီး​တား​တော်​မူ​လျက် တန်​ခိုး​တော်​အား​ဖြင့်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​ပါ​၏။
PSA 138:8 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​တော်​မူ​ပါ​၏။ အ​စ​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြီး​စီး​စေ​တော်​မူ​ပါ။
PSA 139:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။
PSA 139:2 ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။
PSA 139:3 ကျွန်​တော်​မျိုး​သည်​အ​လုပ်​လုပ်​လျက်​နေ​သည် ဖြစ်​စေ၊ နား​လျက်​နေ​သည်​ဖြစ်​စေ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။
PSA 139:4 ကျွန်​တော်​မျိုး​နှုတ်​ကို​မ​ဖွင့်​မီ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြော​ဆို​မည့် စ​ကား​တို့​ကို​သိ​ရှိ​ပြီး​ဖြစ်​ပါ​၏။
PSA 139:5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​နောက်​တွင် စောင့်​ကြပ်​လျက်​နေ​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​ပါ​၏။
PSA 139:6 ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပုံ​မှာ​အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​သို့​သော​အ​သိ​ဉာဏ်​သည်​ကျွန်​တော်​မျိုး နား​မ​လည်​နိုင်​အောင်​နက်​နဲ​လှ​ပါ​၏။
PSA 139:7 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​နှင့်​ကင်း​ဝေး​စေ​ရန် အ​ဘယ်​အ​ရပ်​သို့​သွား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​တော်​မှ​ကင်း​လွတ် စေ​ရန် အ​ဘယ်​အ​ရပ်​သို့​ထွက်​ခွာ​နိုင်​ပါ​မည်​နည်း။
PSA 139:8 အ​ကယ်​၍​ကျွန်​တော်​မျိုး​သည် ကောင်း​ကင်​သို့​တက်​လျှင်​ထို​အ​ရပ်​တွင် ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မ​ရ​ဏာ နိုင်​ငံ​တွင် လဲ​လျောင်း​လျှင် ထို​အ​ရပ်​တွင်​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။
PSA 139:9 အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​နေ​ထွက်​ရာ အ​ရပ်​သို့ ပျံ​သွား​လျှင်​လည်း​ကောင်း၊ နေ​ဝင်​ရာ​အ​ရပ်​တွင်​နေ​ထိုင်​လျှင်​လည်း​ကောင်း
PSA 139:10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ရှေ့​ဆောင် လမ်း​ပြ​တော်​မူ​ရန်​ထို​အ​ရပ်​တွင်​ရှိ​နေ​တော် မူ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော် မူ​ရန် ထို​အ​ရပ်​တွင်​ရှိ​နေ​တော်​မူ​မည်။
PSA 139:11 အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​အား ဖုံး​လွှမ်း​ရန် မှောင်​မိုက်​ကို​လည်း​ကောင်း၊ မိ​မိ​၏​ပတ်​လည်​ရှိ​အ​လင်း​ကို​ညဥ့်​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​ရန်​လည်း​ကောင်း​စေ​ခိုင်း​လျှင်
PSA 139:12 ကိုယ်​တော်​၏​အ​တွက်​မှောင်​မိုက်​သည်​ပင်​လျှင် အ​မှောင်​မ​ဟုတ်​ပါ။ ညဥ့်​သည်​လည်း​နေ့​ကဲ့​သို့​ထွန်း​လင်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ဖို့​မှာ​မှောင်​မိုက်​နှင့်​အ​လင်း​သည် အ​တူ​တူ​ပင်​ဖြစ်​ပါ​၏။
PSA 139:13 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်​ယင်း​တို့​ကို​ကျွန်​တော်​မျိုး မိ​ခင်​၏​ဝမ်း​တွင်း​၌​ဆက်​စပ်​စေ​တော်​မူ​၏။
PSA 139:14 ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည် ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။
PSA 139:15 ကျွန်​တော်​မျိုး​သည်​မိ​ခင်​၏​ဝမ်း​တွင်​လျှို့​ဝှက်​စွာ ကြီး​ထွား​လာ​ချိန်၊ ကျွန်​တော်​မျိုး​၏​အ​ရိုး​တို့​သည်​ဖြစ်​ပေါ်​လာ​လျက် တစ်​ခု​နှင့်​တစ်​ခု​သေ​ချာ​စွာ​ဆက်​စပ်​ကြ​ချိန်​တို့​၌ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို​သိ​မြင်​တော် မူ​ပါ​၏။
PSA 139:16 ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သိ​မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​အ​သက်​ရှင်​ရန် လျာ​ထား​တော်​မူ​သော​နေ့​ရက်​အ​ရေ​အ​တွက် တို့​ကို ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​၏​စာ​စောင်​တော်​တွင် ရေး​မှတ်​ထား​တော်​မူ​ပြီး​ဖြစ်​ပါ​၏။
PSA 139:17 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် ကျွန်​တော်​မျိုး​အ​တွက်​ခက်​ခဲ​နက်​နဲ​လှ​ပါ​၏။ ယင်း​တို့​သည်​များ​ပြား​လှ​ပါ​သည်​တ​ကား။
PSA 139:18 ထို​အကြံ​အ​စည်​တော်​တို့​ကို​ကျွန်​တော်​မျိုး ရေ​တွက်​ရ​မည်​ဆို​သော် ယင်း​တို့​သည်​သဲ​လုံး​များ​ထက်​များ​ပါ​လိမ့်​မည်။ အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​နှင့်​အ​တူ​ရှိ​နေ​ဦး​မည်။
PSA 139:19 အို ဘု​ရား​သ​ခင်၊ သူ​ယုတ်​မာ​တို့​အား​ကိုယ်​တော်​ရှင် ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ကျွန်​တော်​မျိုး​ထံ​မှ ထွက်​သွား​စေ​တော်​မူ​ပါ။
PSA 139:20 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​တော်​ကို ယုတ်​မာ​စွာ​ပြော​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ပုတ်​ခတ် ပြော​ဆို​ကြ​ပါ​၏။
PSA 139:21 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​ပုန်​ကန်​သူ​တို့​အား ကျွန်​တော်​မျိုး​လွန်​စွာ​စက်​ဆုပ်​ပါ​၏။
PSA 139:22 ကျွန်​တော်​မျိုး​သည်​သူ​တို့​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ မုန်း​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကဲ့​သို့ မှတ်​ပါ​၏။
PSA 139:23 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​စစ်​ဆေး​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ စိတ်​နှ​လုံး​ကို​သိ​မှတ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​စစ်​ကြော​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ အ​ကြံ​အ​စည်​များ​ကို​သိ​မှတ်​တော်​မူ​ပါ။
PSA 139:24 ကျွန်​တော်​မျိုး​သည်​ဆိုး​သွမ်း​သော​လမ်း​သို့ လိုက်​သည်​မ​လိုက်​သည်​ကို​စစ်​ဆေး​တော်​မူ​၍ ထာ​ဝ​ရ​လမ်း​ထဲ​သို့​ပို့​ဆောင်​တော်​မူ​ပါ။
PSA 140:1 အို ထာ​ဝ​ရ​ဘု​ရား၊ ဆိုး​ညစ်​သူ​တို့​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။
PSA 140:2 သူ​တို့​သည်​အ​စဉ်​ပင်​မ​ကောင်း​မှု​ပြု​ရန် ကြံ​စည်​လျက်​အ​စဉ်​ပင်​ခိုက်​ရန်​ဖြစ်​ပွား စေ​ရန် လှုံ့​ဆော်​ပေး​ကြ​ပါ​၏။
PSA 140:3 သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​ပြင်း​သော​မြွေ​နှင့်​တူ​၍ သူ​တို့​၏​စ​ကား​သည်​မြွေ​ဟောက်​၏ အ​ဆိပ်​နှင့်​တူ​ပါ​၏။
PSA 140:4 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သူ​ယုတ်​မာ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပြို​လဲ​ပျက်​စီး​စေ​ရန်​ကြံ​စည်​သူ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​လုံ​ခြုံ​စွာ ထား​တော်​မူ​ပါ။
PSA 140:5 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဖမ်း​ရန် လမ်း​တွင်​ပိုက်​ကွန်​ကို​ဖြန့်​၍​ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ​ပြီ။
PSA 140:6 ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။ အို ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။
PSA 140:7 အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​စွမ်း​အား​ကြီး​သော​ကယ်​တင်​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ​တွင် ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​ပြီ။
PSA 140:8 အို ထာ​ဝ​ရ​ဘု​ရား၊ သူ​ယုတ်​မာ​၏​အ​လို​ဆန္ဒ​ကို ပြည့်​စုံ​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။
PSA 140:9 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​အား​အောင်​ပွဲ​ခံ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အား​ခြိမ်း​ခြောက်​ပြော​ဆို​သ​မျှ တို့​ကို သူ​တို့​ခံ​ကြ​ရ​ပါ​စေ​သော။
PSA 140:10 မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။
PSA 140:11 သူ​တစ်​ပါး​တို့​အား​လိမ်​လည်​စွပ်​စွဲ​ကြ သူ​တို့​သည် မ​အောင်​မြင်​ပါ​စေ​နှင့်။ မ​ကောင်း​မှု​သည်​အ​ကြမ်း​ဖက်​သ​မား​တို့​အား အ​မီ​လိုက်​၍​သုတ်​သင်​ဖျက်​ဆီး​ပါ​စေ​သော။
PSA 140:12 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဆင်း​ရဲ​သူ​တို့​၏​အ​ကျိုး​နှင့် ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏​အ​ခွင့်​အ​ရေး​များ​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။
PSA 140:13 သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​မှန်​ပင် ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​တွင် နေ​ရ​ကြ​ပါ​လိမ့်​မည်။
PSA 141:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​ပါ​၏။ ယ​ခု​ပင်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ နား​ထောင်​တော်​မူ​ပါ။
PSA 141:2 ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​မီး​ရှို့ ပူ​ဇော်​ရာ နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​လက်​အုပ်​ချီ​ခြင်း​ကို​ညဥ့်​ဦး ပူ​ဇော်​ရာ ယဇ်​ကဲ့​သို့​လည်း​ကောင်း​လက်​ခံ​တော်​မူ​ပါ။
PSA 141:3 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ခံ​တွင်း​အ​တွက် အ​စောင့်​အ​ကြပ်​ကို​လည်းကောင်း၊ ကျွန်​တော်​မျိုး​၏​နှုတ်​ဝ​တွင်​ကင်း​စောင့် ကို​လည်း​ကောင်း​ထား​ရှိ​တော်​မူ​ပါ။
PSA 141:4 မ​ကောင်း​မှု​ကို​သော်​လည်း​ကောင်း၊ ဆိုး​ညစ်​သူ​တို့​နှင့်​အ​တူ ယုတ်​မာ​မှု​များ​ကို​သော်​လည်း​ကောင်း ပြု​ကျင့်​လို​သော​စိတ်​ဆန္ဒ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​ဝေး​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ထို​သူ​တို့​၏​စား​သောက်​ပွဲ များ​ကို အ​စဉ်​အ​မြဲ​ရှောင်​ရှား​နိုင်​ပါ​စေ​သော။
PSA 141:5 သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍ ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။
PSA 141:6 သူ​တို့​ကို​အ​စိုး​ရ​သော​မင်း​တို့​သည် ချောက်​ကမ်း​ပါး​ပေါ်​မှ​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ လူ​တို့​သည်​ကျွန်​တော်​မျိုး​၏​စ​ကား​များ မှန်​ကန်​ကြောင်း​ကို​ဝန်​ခံ​ကြ​ပါ​လိမ့်​မည်။
PSA 141:7 ထို​မင်း​တို့​၏​အ​ရိုး​များ​သည်​အ​စိတ်​စိတ် အ​မြွှာ​မြွှာ ခွဲ​စိတ်​ဖြတ်​တောက်​ခြင်း​ခံ​ရ​သော​ထင်း​ကဲ့​သို့ သင်္ချိုင်း​တွင်း​ဝ​၌​ပြန့်​ကြဲ​၍​နေ​လိမ့်​မည်။
PSA 141:8 သို့​ရာ​တွင် အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​မြဲ​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကွယ်​ကာ​တော်​မူ​ပါ။
PSA 141:9 ကျွန်​တော်​မျိုး​အ​တွက်​ထို​သူ​တို့​ထောင်​ထား​သော ထောင်​ချောက်​မှ​လည်းကောင်း၊ မ​ကောင်း​မှု​ပြု​သူ​တို့​၏​ကျော့​ကွင်း​မှ​လည်း​ကောင်း ကွယ်​ကာ​တော်​မူ​ပါ။
PSA 141:10 ကျွန်​တော်​မျိုး​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထောင်​ချောက်​ကို ကျော်​သွား​နိုင်​ပါ​စေ​သော။ သူ​ယုတ်​မာ​တို့​မူ​ကား​မိ​မိ​တို့​ထောင်​ထား​သော ထောင်​ချောက်​ထဲ​သို့​ကျ​ကြ​ပါ​စေ​သော။
PSA 142:1 ကူ​မ​တော်​မူ​ရန်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​၏​ထံ​တော်​တွင်​အ​သ​နား​ခံ​ပါ​၏။
PSA 142:2 ငါ​သည်​မိ​မိ​အ​ခက်​အ​ခဲ​ရှိ​သ​မျှ​ကို ကိုယ်​တော်​အား​ဖော်​ပြ​ပါ​၏။ ဒုက္ခ​ရှိ​သ​မျှ​ကို​ကိုယ်​တော်​အား​လျှောက်​ထား ပါ​၏။
PSA 142:3 ငါ​သည်​လက်​လျှော့​စိတ်​ပျက်​သော​အ​ခါ​၌ ငါ​သွား​ရာ​လမ်း​ကို​ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ ငါ​လျှောက်​ရာ​လမ်း​တွင်​ရန်​သူ​တို့​သည်​ငါ​၏ အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​၏။
PSA 142:4 ငါ​၏​အ​နီး​သို့​ကြည့်​လိုက်​သော​အ​ခါ​ကူ​မ မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။ အ​ဘယ်​သူ​မျှ​ငါ့​ကို​ဂ​ရု​မ​စိုက်။
PSA 142:5 အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ဟစ်​အော်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဤ​ဘ​ဝ​တွင်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ လျှင် ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။
PSA 142:6 ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​လွန်​စိတ်​ပျက် အား​လျော့​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​ထက်​များ​စွာ​ခွန်​အား​ကြီး​မား သော ရန်​သူ​များ​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။
PSA 142:7 ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​ထဲ​မှ​လွတ်​မြောက် စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ယင်း​သို့​ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​အ​လယ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။
PSA 143:1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး အ​သ​နား​ခံ​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။
PSA 143:2 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​နှင့် တ​ရား​ဆိုင်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်​တွင်​အ​ပြစ်​ကင်း​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။
PSA 143:3 ရန်​သူ​သည်​ကျွန်​တော်​မျိုး​အား​လိုက်​လံ​၍​မီ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​စေ​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​မျိုး​ကို​မှောင်​သော​အ​ရပ်​တွင် ချုပ်​နှောင်​ထား​ပြီ​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရှေး​လွန်​လေ​ပြီး​သော အ​ခါ​က သေ​လွန်​ခဲ့​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။
PSA 143:4 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လက်​လျှော့​၍ အ​ရှုံး​ပေး​ရန်​အ​သင့်​ရှိ​ပါ​ပြီ။ အ​လွန်​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။
PSA 143:5 ကျွန်​တော်​မျိုး​သည်​ကုန်​လွန်​ခဲ့​သည့်​နေ့​ရက်​တို့​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ ရှိ​သ​မျှ​တို့​ကို​ဆင်​ခြင်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရာ​တော်​တို့​ကို​စဉ်း​စား​ပါ​၏။
PSA 143:6 ကျွန်​တော်​မျိုး​သည်​လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ရေ​ငတ်​သော​မြေ​ကဲ့​သို့​ကျွန်​တော်​မျိုး​၏ ဝိညာဉ်​သည် ကိုယ်​တော်​ရှင်​ကို​တောင့်​တ​ပါ​၏။
PSA 143:7 အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင်​ကျွန်​တော်​မျိုး​ပန်​ကြား လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​မျှော်​လင့်​ရာ​မဲ့​လျက် နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ ယင်း​သို့​ပြု​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သွား​ရ​သူ​ကဲ့​သို့​ဖြစ်​ပါ​လိမ့်​မည်။
PSA 143:8 နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။
PSA 143:9 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​၏​လက်​မှ ကယ်​တော်​မူ​ပါ။
PSA 143:10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက်​ရန် ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကျေး​ဇူး​ပြု​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​ရာ​လမ်း​ကို​ညွှန်​ပြ​တော်​မူ​ပါ။
PSA 143:11 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား ဆင်း​ရဲ​ဒုက္ခ​များ​မှ​ကယ်​တော်​မူ​ပါ။
PSA 143:12 ကျွန်​တော်​မျိုး​အ​ပေါ်​၌​ထား​ရှိ​သော​မေတ္တာ တော်​ကို ထောက်​၍​ရန်​သူ​များ​အား​ကွပ်​မျက်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် ကျွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ​အ​ပေါင်း တို့​ကို သုတ်​သင်​တော်​မူ​ပါ။
PSA 144:1 ငါ့​ကျောက်​တောင်​ဖြစ်​တော်​မူ​သော​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​ကို​တိုက်​ပွဲ​ဝင်​ရန်​အ​တွက် လေ့​ကျင့်​ပေး​တော်​မူ​၏။ စစ်​ဆင်​မှု​ကို​သွန်​သင်​ပေး​တော်​မူ​၏။
PSA 144:2 ကိုယ်​တော်​သည်​ငါ့​ကို​ကွယ်​ကာ​ရာ​ငါ့​ခံ​တပ်၊ ငါ့​ရဲ​တိုက်၊ငါ​၏​ကယ်​တင်​ရှင်၊ငါ​ကိုး​စား​ရာ ဒိုင်း​လွှား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏ လက်​အောက်​သို့​ရောက်​စေ​တော်​မူ​၏။
PSA 144:3 အို ထာ​ဝ​ရ​ဘု​ရား၊ လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​ကို​ပ​မာ​ဏ ပြု​တော်​မူ​ရ​ပါ​သ​နည်း။ သာ​မန်​လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​ကို​ဂ​ရု​ပြု​တော်​မူ ရ​ပါ​သ​နည်း။
PSA 144:4 လူ​သည်​ထွက်​သက်​ဝင်​သက်​လေ​နှင့်​တူ​ပါ​၏။ သူ​၏​အ​သက်​တာ​သည်​လွန်​သွား​တတ်​သော အ​ရိပ်​နှင့်​တူ​ပါ​၏။
PSA 144:5 အို ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​ကို​ကွေး​ညွှတ်​စေ​၍​ဆင်း​သက် ကြွ​လာ​တော်​မူ​ပါ။ တောင်​ရိုး​များ​ကို​တို့​ထိ​တော်​မူ​ပါ။ ယင်း​တို့​မှ​မီး​ခိုး​ထွက်​ပါ​လိမ့်​မည်။
PSA 144:6 လျှပ်​စစ်​ပြက်​တော်​မူ​၍​ကိုယ်​တော်​၏​ရန်​သူ တို့​ကို က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လေး​တော်​တို့​ကို​ပစ်​တော်​မူ​၍ သူ​တို့​အား​ထွက်​ပြေး​စေ​တော်​မူ​ပါ။
PSA 144:7 အ​ထက်​ဘုံ​မှ​လက်​တော်​ကို​ဆန့်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရေ​နက်​ရာ​မှ​ဆွဲ​တင် ကယ်​ဆယ်​တော်​မူ​ပါ။ တိုင်း​တစ်​ပါး​သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။
PSA 144:8 ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စကား​ကို မ​ပြော​တတ်​ကြ​ပါ။ ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။
PSA 144:9 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​သစ်​ကို​ဆို​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။ စောင်း​ကို​တီး​၍​သီ​ချင်း​ဆို​ကာ​ဂုဏ်​တော်​ကို ချီး​မွမ်း​ပါ​မည်။
PSA 144:10 ကိုယ်​တော်​ရှင်​သည်​ဘု​ရင်​တို့​အား​စစ်​ပွဲ​အောင်​ခွင့်​ကို ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ကယ်​ဆယ်​တော်​မူ​ပါ​၏။
PSA 144:11 ရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ တိုင်း​တစ်​ပါး​သား​တို့​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ။ ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စ​ကား​ကို​မ​ပြော​တတ်​ကြ​ပါ။ ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။
PSA 144:12 ကျွန်​တော်​မျိုး​တို့​၏​သား​များ​သည်​အ​သက် ပျို​ရွယ်​ချိန်​၌​သန်​မာ​ကြီး​ထွား​လာ​သော အ​ပင်​ငယ်​များ​ကဲ့​သို့​ဖြစ်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​သ​မီး​များ​သည်​နန်း​တော် ထောင့်​များ​တွင်​အ​လှ​စိုက်​ထူ​ထား​သော ခန့်​ညား​သည့်​ကျောက်​တိုင်​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။
PSA 144:13 ကျွန်​တော်​မျိုး​တို့​၏​ကျီ​များ​သည်​အ​သီး​အ​နှံ အ​မျိုး​မျိုး​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​စေ​သော။ ကွင်း​ပြင်​များ​ရှိ​သိုး​များ​သည်​ထောင်​ပေါင်း များ​စွာ​သော​သိုး​ငယ်​တို့​ကို​မွေး​ဖွား​ကြ ပါ​စေ​သော။
PSA 144:14 ကျွန်​တော်​မျိုး​တို့​၏​နွား​များ​သည်​လည်း​ဇီး​မ​လျှော၊ မ​သေ​မ​ပျောက်​ဘဲ​များ​စွာ​တိုး​ပွား​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​လမ်း​များ​သည် ဒုက္ခ​ရောက်​သူ​တို့​၏​အော်​ဟစ်​ညည်း​တွား​သံ​များ​နှင့် ကင်း​ဝေး​ပါ​စေ​သော။
PSA 144:15 ဤ​သို့​သော​အ​ခြေ​အ​နေ​၌​ရှိ​သည့်​နိုင်​ငံ​သည် မင်္ဂလာ​ရှိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ဘု​ရား​အ​ဖြစ်​ကိုး​ကွယ်​သော လူ​မျိုး​သည်​မင်္ဂလာ​ရှိ​ပါ​၏။
PSA 145:1 ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ကာ​လ​အစဉ် အ​ဆက် ချီး​မွမ်း​ပါ​မည်။
PSA 145:2 နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။ ကာ​လ​အ​စဉ်​အ​ဆက်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
PSA 145:3 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ထော​မ​နာ​ပြု​ခြင်း​ကို​အ​လွန်​ခံ​ထိုက်​တော်​မူ​၏။ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဆင်​ခြင်​တိုင်း​ထွာ​၍ မ​ရ​နိုင်။
PSA 145:4 ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​ကို လူ​တို့​သည်​သား​စဉ်​မြေး​ဆက်​ထော​မ​နာ​ပြု ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ထုတ်​ဖော်​ကြေ​ညာ ကြ​ပါ​လိမ့်​မည်။
PSA 145:5 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​တို့​ကို​စဉ်း​စား​ဆင်​ခြင် ပါ​မည်။
PSA 145:6 လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော မ​ဟာ​အ​မှု​တော်​တို့​ကို​ကြား​ပြော​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​သည်​လည်း​ကိုယ်​တော်​ရှင်​၏ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေညာ​ပါ​မည်။
PSA 145:7 သူ​တို့​သည်​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို မြွက်​ဆို​၍​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။
PSA 145:8 ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​တော်​မူ​၍ ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ကြွယ်​ဝ​တော် မူ​၏။
PSA 145:9 ကိုယ်​တော်​သည်​လူ​တိုင်း​ကို​ကျေး​ဇူး​ပြု​တော် မူ​၍ မိ​မိ​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​သတ္တ​ဝါ​တို့ အား က​ရု​ဏာ​ထား​တော်​မူ​၏။
PSA 145:10 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော သတ္တ​ဝါ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။
PSA 145:11 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့် အာ​နု​ဘော်​တော်​အကြောင်း​ကို​ပြော​ကြား ပါ​လိမ့်​မည်။
PSA 145:12 ဤ​နည်း​အား​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​၏ မ​ဟာ​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ နိုင်​ငံ​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​လည်း ကောင်း သိ​ရှိ​ကြ​ပါ​လိမ့်​မည်။
PSA 145:13 ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​နိစ္စ​ထာ​ဝ​ရ တည်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​က​တိ​တော်​တို့​ကို တည်​စေ​တော်​မူ​၍ ပြု​တော်​မူ​သ​မျှ​သော​အ​မှု​တို့​တွင်​မေတ္တာ​တော်​ကို ဖော်​ပြ​တော်​မူ​၏။
PSA 145:14 ကိုယ်​တော်​သည်​ဒုက္ခ​ရောက်​သူ​အ​ပေါင်း​ကို ကူ​မ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​ကို​ကူ​မ​တော်​မူ​၏။
PSA 145:15 သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ချိန်​တန်​လျှင် ကျွေး​မွေး​တော်​မူ​၏။
PSA 145:16 ကိုယ်​တော်​သည်​သူ​တို့​၏​လို​အင်​များ​ကို လုံ​လောက်​စွာ ဖြည့်​တင်း​ပေး​ကာ​သူ​တို့​ကို​ရောင့်​ရဲ​စေ​တော်​မူ​၏။
PSA 145:17 ထာ​ဝ​ရ​ဘု​ရား​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​ဖြောင့်​မတ်​ခြင်း​နှင့်​က​ရု​ဏာ တော်​ကို ဖော်ပြ​တော်​မူ​၏။
PSA 145:18 ကိုယ်​တော်​သည်​မိ​မိ​အား​စိတ်​ရော​ကိုယ်​ပါ ပတ္ထ​နာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​၏​အ​နီး​တွင် ရှိ​တော်​မူ​၏။
PSA 145:19 ကိုယ်​တော်​သည်​မိ​မိ​အား ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​၏​လို​အင် များ​ကို ဖြည့်​တင်း​ပေး​တော်​မူ​၏။ သူ​တို့​၏​ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၍ သူ​တို့​အား​ကယ်​တော်​မူ​၏။
PSA 145:20 ကိုယ်​တော်​သည်​မိ​မိ​အား​ချစ်​သော​သူ​အ​ပေါင်း တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သူ​ယုတ်​မာ​အ​ပေါင်း​တို့​ကို​မူ​ကား သုတ်​သင်​တော်​မူ​လိမ့်​မည်။
PSA 145:21 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​မည်။ သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ​တော်​အား ကာ​လ အ​စဉ်​အ​ဆက်​ထော​မ​နာ​ပြု​ကြ​ပါ​စေ။
PSA 146:1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။
PSA 146:2 ငါ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ တစ်​သက်​ပတ်​လုံး​ငါ​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​မည်။
PSA 146:3 လူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​မ​ကိုး​စား​ကြ​နှင့်။ အ​ဘယ်​လူ​သား​မျှ​သင်​တို့​ကို​မ​ကယ်​တင်​နိုင်။
PSA 146:4 သူ​တို့​သည်​သေ​သော​အ​ခါ​မြေ​သို့​ပြန်​ကြ​ရ​၍ သူ​တို့​၏​အ​ကြံ​အ​စည်​ပျက်​ပြား​ရ​ကြ​၏။
PSA 146:5 ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။
PSA 146:6 ကိုယ်​တော်​သည်​ကောင်း​ကင်၊ကမ္ဘာ​မြေ​ကြီး ပင်​လယ်​နှင့်​တ​ကွ​ယင်း​တို့​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​သစ္စာ​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​တော်​မူ​၏။
PSA 146:7 ကိုယ်​တော်​သည်​ဖိ​နှိပ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ တို့​အား မျက်​နှာ​သာ​ပေး​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လျက် ငတ်​မွတ်​သူ​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျဉ်း​ကျ​နေ​သူ​တို့​အား လွတ်​မြောက်​စေ​တော်​မူ​၍
PSA 146:8 မျက်​မ​မြင်​တို့​အား​မျက်​စိ​မြင်​စေ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​တို့​ကို​ကူ​မ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ​၏။
PSA 146:9 ကိုယ်​တော်​သည်​ဣသ​ရေ​လ​ပြည်​တွင်​နေ ထိုင်​သော တိုင်း​တစ်​ပါး​သား​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍​မု​ဆိုး​မ​နှင့် မိ​ဘ​မဲ့​သူ​တို့​ကို​ကူ​မ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကို​မူ​ပျက်​စီး​ဆုံး​ရှုံး စေ​တော်​မူ​၏။
PSA 146:10 ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​ဘု​ရင် ဖြစ်​တော်​မူ​လိမ့်​မည်။ အို ဇိ​အုန်​မြို့၊သင်​၏​ဘု​ရား​သည်​ကာ​လ အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 147:1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​ခြင်း​သည်​မွန်​မြတ်​ပါ​ပေ​သည်။ ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ခြင်း​သည် မှန်​ကန်​လျောက်​ပတ်​ဖွယ်​ကောင်း​ပါ​ပေ​သည်။
PSA 147:2 ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​ထူ​ထောင်​လျက်​တိုင်း​တစ်​ပါး​တွင် နေ​ကြ​ရ​သူ ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​လည် ခေါ်​ဆောင်​လာ​တော်​မူ​၏။
PSA 147:3 စိတ်​နှလုံး​ကြေ​ကွဲ​သူ​တို့​ကို​နှစ်​သိမ့်​စေ​တော် မူ​၍ သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပတ်​စည်း တော်​မူ​၏။
PSA 147:4 ကိုယ်​တော်​သည်​ကြယ်​တာ​ရာ​များ​၏​အ​ရေ အ​တွက်​ကို သတ်​မှတ်​တော်​မူ​၍​ကြယ်​တစ်​လုံး​စီ​ကို​နာ​မည် မှည့်​ခေါ်​တော်​မူ​၏။
PSA 147:5 ငါ​တို့​၏​ဘု​ရား​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​၏​ဉာဏ်​ပ​ညာ​တော်​ကို​တိုင်း​ထွာ​၍ မ​ရ​နိုင်​ပါ။
PSA 147:6 ကိုယ်​တော်​သည်​နိမ့်​ကျ​သူ​တို့​ကို​ထူ​ပင့်​တော် မူ​၍ ယုတ်​မာ​သူ​တို့​ကို​မူ​မြေ​သို့​တိုင်​အောင်​လဲ​ကျ စေ​တော်​မူ​၏။
PSA 147:7 ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၍​ထာ​ဝ​ရ ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ စောင်း​ကို​တီး​၍​ဂီ​တ​သံ​ဖြင့်​ငါ​တို့​ဘု​ရား အား ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။
PSA 147:8 ကိုယ်​တော်​သည်​ကောင်း​ကင်​ပြင်​ကို​မိုး​တိမ် များ​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​စေ​တော်​မူ​၍ တောင်​ကုန်း​များ​တွင်​မြက်​များ​ကို​ပေါက်​စေ တော်​မူ​၏။
PSA 147:9 ကိုယ်​တော်​သည်​တိ​ရစ္ဆာန်​များ​အား အ​စာ​ရေ​စာ​ကို​ပေး​တော်​မူ​၏။ ကျီး​သား​ငယ်​တို့​အော်​သော​အ​ခါ ကျွေး​မွေး​တော်​မူ​၏။
PSA 147:10 ကိုယ်​တော်​သည်​ခွန်​အား​ကြီး​မား​သော​မြင်း​တို့ ကို​သော်​လည်း​ကောင်း၊ ရဲ​စွမ်း​သတ္တိ​ရှိ​သော​စစ်​သည်​တို့​ကို​လည်း​ကောင်း နှစ်​သက်​တော်​မူ​သည်​မဟုတ်။
PSA 147:11 သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။
PSA 147:12 အို ယေ​ရု​ရှ​လင်​မြို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​လော့။ အို ဇိ​အုန်​မြို့၊သင်​၏​ဘု​ရား​ကို​ထော​မ​နာ​ပြု လော့။
PSA 147:13 ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ခိုင်​ခံ့ စေ​တော်​မူ​၍ သင်​၏​မြို့​သူ​မြို့​သား​တို့​ကို​ကောင်း​ချီး​ပေး တော်​မူ​၏။
PSA 147:14 ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ဘေး​မဲ့ လုံ​ခြုံ​စွာ​ထား​တော်​မူ​၍ သင့်​အား​အ​ကောင်း​ဆုံး​သော​ဂျုံ​ဆန်​ဖြင့် ရောင့်​ရဲ​စေ​တော်​မူ​၏။
PSA 147:15 ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​အား အ​မိန့်​ပေး​တော်​မူ​၏။ ထို​အ​မိန့်​တော်​အ​တိုင်း​လျင်​မြန်​စွာ​ဖြစ် ပျက်​လာ​၏။
PSA 147:16 ကိုယ်​တော်​သည်​သိုး​မွေး​သ​ဖွယ်​ထူ​ထပ်​သော မိုး​ပွင့်​များ​ကို​ကျ​စေ​တော်​မူ​၍ ပြာ​မှုန့်​သ​ဖွယ်​ဆီး​နှင်း​ခဲ​များ​ကို​ကြဲ​ချ တော်​မူ​၏။
PSA 147:17 ကိုယ်​တော်​သည်​မိုး​သီး​များ​ကို​မုန့်​ကျိုး မုန့်​ပဲ့​များ​သ​ဖွယ်​ကျ​စေ​တော်​မူ​၏။ ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​လိုက်​သည့် အ​အေး​ဋ္ဌာတ်​ကို​အ​ဘယ်​သူ​မျှ​မ​ခံ နိုင်​ပေ။
PSA 147:18 ထို​နောက်​ကိုယ်​တော်​သည်​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ရေ​ခဲ​သည်​အ​ရည်​ပျော်​လေ​၏။ လေ​ကို​တိုက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ဆင်း​လေ​၏။
PSA 147:19 ကိုယ်​တော်​သည်​နှုတ်​က​ပတ်​တော်​ကို​မိ​မိ လူ​စု​တော်​အား​လည်း​ကောင်း၊ အ​ထုံး​အ​ဖွဲ့​တော်​နှင့်​ပ​ညတ်​တော်​များ​ကို ဣသ​ရေ​လ​အား​လည်း​ကောင်း​ပေး​အပ်​တော် မူ​၏။
PSA 147:20 ကိုယ်​တော်​သည်​အ​ခြား​လူ​မျိုး​တို့​အ​တွက် ဤ​သို့​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကို မ​သိ​ရ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 148:1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ထက်​ဘ​ဝဂ်​ဝယ်​နေ​ထိုင်​သူ​တို့၊ကောင်း​ကင် ဘုံ​မှ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 148:2 ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ပေါင်း​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 148:3 နေ​နှင့်​လ​တို့၊ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ ထွန်း​တောက်​သော​ကြယ်​တာ​ရာ​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 148:4 ကောင်း​ကင်​ဘဝဂ်​နှင့်​ကောင်း​ကင်​အ​ထက်​ရှိ ရေ​များ တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 148:5 ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏ နာ​မ​တော်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကိုယ်​တော်​သည်​အ​မိန့်​ပေး​တော်​မူ​၍​ယင်း တို့​ကို ဖန်​ဆင်း​တော်​မူ​၏။
PSA 148:6 ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ယင်း​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ​နေ​ရာ​များ​တွင်​အ​စဉ် အ​မြဲ တည်​နေ​ရ​ကြ​၏။ ယင်း​တို့​သည်​အ​မိန့်​တော်​ကို​မ​လွန်​ဆန်​နိုင်​ကြ။
PSA 148:7 မြွေ​န​ဂါး​များ​နှင့်​ရေ​နက်​ရာ​အ​ရပ်​အ​ပေါင်း​တို့၊ လျှပ်​စစ်​လျှပ်​နွယ်​နှင့်​မိုး​သီး​တို့၊ မိုး​ပွင့်​နှင့်​မိုး​တိမ်​တို့၊ကိုယ်​တော်​၏​အ​မိန့်​တော်​ကို နာ​ခံ​သည့်​လေ​ပြင်း​မုန်​တိုင်း​တို့၊ ကမ္ဘာ​မြေ​ကြီး​မှ​နေ​၍​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 148:9 တောင်​ကုန်း​များ​နှင့်​တောင်​ရိုး​တို့၊သစ်​သီး​ပင် များ​နှင့် သစ်​တော​တို့​တိ​ရစ္ဆာန်​ယဉ်​နှင့်​တိ​ရစ္ဆာန်​ရိုင်း​တို့၊ တွား​တတ်​သော​သတ္တ​ဝါ​နှင့်​ငှက်​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 148:11 ဘု​ရင်​များ​နှင့်​လူ​မျိုး​အ​ပေါင်း​တို့၊ မင်း​ညီ​မင်း​သား​များ​နှင့်​အုပ်​ချုပ်​သူ​အ​ပေါင်း တို့၊ ပျို​ရွယ်​သူ​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့၊ လူ​အို​နှင့်​က​လေး​သူ​ငယ်​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 148:13 ယင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​နာ​မ​ရှိ​သ​မျှ​ထက် ကြီး​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း​ကင်​အ​ထက် ၌​ရှိ​၏။
PSA 148:14 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်၊ မိ​မိ​ချစ်​မြတ်​နိုး​တော်​မူ​လှ​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ခွန်​အား​ကြီး​မား​စေ​တော်​မူ​သ​ဖြင့်​ထို​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 149:1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ သီ​ချင်း​သစ်​ကို​ဆို​ကြ​လော့။ ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​တို့​စု​ဝေး ရာ​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 149:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အ​ကြောင်း​ပြု​၍​ဝမ်း​မြောက်​ကြ​လော့။
PSA 149:3 ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​၏​ဘု​ရင်​ကို အ​ကြောင်း​ပြု​၍​ရွှင်​မြူး​ကြ​လော့။ က​ခုန်​လျက်​ကိုယ်​တော်​၏​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ ပတ်​သာ​နှင့်​စောင်း​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 149:4 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား နှစ်​သက်​တော်​မူ​၏။ နိမ့်​ကျ​သူ​တို့​အား​အောင်​ပွဲ​ခံ​စေ​ခြင်း​အား​ဖြင့် ချီး​မြှင့်​တော်​မူ​၏။
PSA 149:5 ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော်​သည်​စစ်​ပွဲ​နိုင် သ​ဖြင့် ရွှင်​မြူး​ကြ​စေ။ အိပ်​စက်​ရာ​ပေါ်​မှာ​ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​စေ။
PSA 149:6 တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​နှိမ်​နင်း​၍ လူ​မျိုး​တ​ကာ​တို့​အား​ဒဏ်​ခတ်​ကြ​ရန်​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​များ​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင်​ကာ သူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​သံ​ခြေ​ကျင်း ခတ်​ကြ​ရန်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​အ​ရ​တိုင်း​နိုင်​ငံ​တို့​ကို ဒဏ်​ခတ်​ရန်​လည်း​ကောင်း ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ထက်​မြက်​သော သံ​လျက်​ကို​လက်​တွင်​ကိုင်​ထား​ကြ​စေ။ ဤ​ကား​ဘု​ရား​သ​ခင်​လူ​စု​တော်​၏ အောင်​ပွဲ​ပင်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
PSA 150:1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​လော့။ ကောင်း​ကင်​ထက်​တွင်​ကိုယ်​တော်​၏​တန်​ခိုး​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 150:2 ကိုယ်​တော်​ပြု​တော်​မူ​သည့်​မ​ဟာ အ​မှု​တော်​များ​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ အ​လွန်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ ထော​မ​နာ​ပြု​ကြ​လော့။
PSA 150:3 တံ​ပိုး​ခ​ရာ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​ကြီး​စောင်း​ငယ်​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 150:4 ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 150:5 သံ​လွင်​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ လင်း​ကွင်း​ကြီး​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
PSA 150:6 သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့်​ရှင်​အာ​သပ်​အ​စ​ရှိ​သော ပ​ရော​ဖက်​များ​တို့​ရေး​ထား​သော​ဆာ​လံ​ကျမ်း ပြီး​၏။
PRO 1:1 ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊
PRO 1:2 ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊
PRO 1:3 လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊
PRO 1:4 ဒါဝိဒ်၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား၊
PRO 1:5 ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။
PRO 1:6 ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
PRO 1:7 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
PRO 1:8 ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။
PRO 1:9 ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
PRO 1:10 ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။
PRO 1:11 သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။
PRO 1:12 သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။
PRO 1:13 အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
PRO 1:14 ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊
PRO 1:15 ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။
PRO 1:16 အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
PRO 1:17 အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။
PRO 1:18 လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။
PRO 1:19 မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။
PRO 1:20 ပညာသည်ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။
PRO 1:21 လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊
PRO 1:22 အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။
PRO 1:23 ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
PRO 1:24 ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
PRO 1:25 ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊
PRO 1:26 သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။
PRO 1:27 သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊
PRO 1:28 ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။
PRO 1:29 အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
PRO 1:30 ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
PRO 1:31 ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။
PRO 1:32 ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
PRO 1:33 ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။
PRO 2:1 ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
PRO 2:2 စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊
PRO 2:3 သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊
PRO 2:4 ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊
PRO 2:5 ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။
PRO 2:6 အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။
PRO 2:7 ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။
PRO 2:8 မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။
PRO 2:9 ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။
PRO 2:10 ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊
PRO 2:11 သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
PRO 2:12 ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊
PRO 2:13 ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊
PRO 2:14 ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ၊
PRO 2:15 ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့၏လက်မှ၎င်း၊
PRO 2:16 အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊
PRO 2:17 အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။
PRO 2:18 ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်၎င်း၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်၎င်း စပ်ဆိုင် သဖြင့်၊
PRO 2:19 သူ၏အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ။ အသက်လမ်းကို မမှီရ။
PRO 2:20 သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
PRO 2:21 ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။
PRO 2:22 အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။
PRO 3:1 ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။
PRO 3:2 အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ်ခြင်းကို ၎င်း တိုးပွါးစေလိမ့်မည်။
PRO 3:3 ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
PRO 3:4 ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။
PRO 3:5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
PRO 3:6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
PRO 3:7 ငါသည်ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။
PRO 3:8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
PRO 3:9 သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
PRO 3:10 သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။
PRO 3:11 ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့်။
PRO 3:12 ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။
PRO 3:13 ဥာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာ ရှိ၏။
PRO 3:14 အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။
PRO 3:15 ပညာသည် ပတ္တမြားထက်သာ၍ အဘိုးထိုက် ပေ၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
PRO 3:16 သူ၏လက်ျာလက်၌ အသက်တာရှည်သော ကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။
PRO 3:17 ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။
PRO 3:18 ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ၏။
PRO 3:19 ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင်တော်မူပြီ။
PRO 3:20 သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ် အက်ကွဲ၍၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ်၏။
PRO 3:21 ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။
PRO 3:22 သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။
PRO 3:23 သင်သည်ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည်။
PRO 3:24 အိပ်သောအခါ ကြောက်စရာမရှိရ။ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည်။
PRO 3:25 လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာ ဘေးကို ကြောက်စရာမရှိရ။
PRO 3:26 အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။
PRO 3:27 ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
PRO 3:28 အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်၊ သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့်။
PRO 3:29 စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီး ချင်း၌ မကောင်းသော အကြံကိုမကြံနှင့်။
PRO 3:30 သင်၌ အပြစ်မပြုသောသူကို အကြောင်းမရှိဘဲ ရန်မတွေ့
PRO 3:31 ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကိုမတောင့်တ နှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။
PRO 3:32 အကြောင်းမူကား၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
PRO 3:33 မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။
PRO 3:34 အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြု တော်မူ၏။
PRO 3:35 ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။
PRO 4:1 ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့။
PRO 4:2 ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ် တရားကို မပယ်ကြနှင့်။
PRO 4:3 ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော သားဖြစ်၏။
PRO 4:4 ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
PRO 4:5 ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။
PRO 4:6 ပညာကိုမစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။
PRO 4:7 ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့။
PRO 4:8 သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဘက်ယမ်းလျှင်၊ ဂုဏ်အသရေ ကို ပေးလိမ့်မည်။
PRO 4:9 သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်။
PRO 4:10 ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။
PRO 4:11 ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။
PRO 4:12 ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။
PRO 4:13 ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။
PRO 4:14 အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။
PRO 4:15 သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။
PRO 4:16 သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
PRO 4:17 ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။
PRO 4:18 ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
PRO 4:19 မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
PRO 4:20 ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။
PRO 4:21 သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။
PRO 4:22 အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။
PRO 4:23 နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။
PRO 4:24 ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။
PRO 4:25 သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့။
PRO 4:26 သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေ ရာရာ၌ တည်ကြည်ခြင်းရှိစေလော့။
PRO 4:27 လက်ျာဘက်၊လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့။
PRO 5:1 ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ် ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာ ကိုမှတ်ကျုံး၍၊ ငါပေးသောဥာဏ်သို့ သင့်နားကို လှည့်လော့။
PRO 5:3 အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍၊ သူပြောသောစကား သည် ဆီထက်ချောသော်လည်း၊
PRO 5:4 အဆုံး၌ကား၊ သူသည်ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။
PRO 5:5 သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။
PRO 5:6 သင်သည်အသက်လမ်းကို မဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။
PRO 5:7 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြ လော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။
PRO 5:8 ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့်။
PRO 5:9 သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူ တပါး၌၎င်း၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့၌ ၎င်း အပ်လိမ့်မည်။
PRO 5:10 တပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ်သို့ ရောက်လိမ့်မည်။
PRO 5:11 နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ၊
PRO 5:12 ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား။
PRO 5:13 ငါ့ဆရာတို့၏ စကားကိုနားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီ တကား။
PRO 5:14 စည်းဝေးသော ပရိတ်သတ်များအလယ်၌ ဒုစရိုက်မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီ တကားဟု မြည်တမ်းရလိမ့်မည်။
PRO 5:15 ကိုယ်ဆိုင်သော ရေအိုးကို သုံး၍၊ ကိုယ်ရေတွင်း ထဲက ထွက်သော စမ်းရေကို သောက်လော့။
PRO 5:16 သင်၏ စမ်းရေများပြား၍၊ လမ်းများအနားမှာ စီးသော မြစ်များ ဖြစ်စေလော့။
PRO 5:17 တပါးအမျိုးသားနှင့် ပေါင်းဘက်၍ မဆိုင်စေဘဲ၊ ကိုယ်တပါးတည်းသာ ဆိုင်စေလော့။
PRO 5:18 သင်၏စမ်းရေတွင်း၌မင်္ဂလာရှိစေ၍၊ အသက် အရွယ်ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယားနှင့်အတူ ပျော်မွေ့လော့။
PRO 5:19 သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
PRO 5:20 ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း။
PRO 5:21 လူသွားလာသမျှသော လမ်းတို့သည် ထာဝရ ဘုရားမျက်မှောက်တော်၌ ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။
PRO 5:22 အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
PRO 5:23 သူသည် အလွန်မိုက်သောကြောင့်မှားယွင်း၍၊ သွန်သင်ခြင်းကို မခံရဘဲသေသွားရလိမ့်မည်။
PRO 6:1 ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
PRO 6:2 ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
PRO 6:3 ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။
PRO 6:4 အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
PRO 6:5 မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။
PRO 6:6 အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
PRO 6:7 ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
PRO 6:8 နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
PRO 6:9 အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။
PRO 6:10 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
PRO 6:11 ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
PRO 6:12 ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
PRO 6:13 မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
PRO 6:14 ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
PRO 6:15 ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
PRO 6:16 ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
PRO 6:17 ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
PRO 6:18 မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
PRO 6:19 မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
PRO 6:20 ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။
PRO 6:21 နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
PRO 6:22 သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
PRO 6:23 အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
PRO 6:24 ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။
PRO 6:25 ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
PRO 6:26 အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
PRO 6:27 လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။
PRO 6:28 ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။
PRO 6:29 သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
PRO 6:30 မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ။
PRO 6:31 တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
PRO 6:32 သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
PRO 6:33 နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
PRO 6:34 အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
PRO 6:35 လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။
PRO 7:1 ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
PRO 7:2 ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
PRO 7:3 သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
PRO 7:4 ပညာကိုကိုယ်နှမဟူ၍၎င်း၊ ဥာဏ်ကို ကိုယ် ပေါက်ဘော်ဟူ၍၎င်း ခေါ်လော့။
PRO 7:5 သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
PRO 7:6 ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊
PRO 7:7 ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊
PRO 7:8 ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊
PRO 7:9 မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဉ့်နက်သော အချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ၏။
PRO 7:10 ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
PRO 7:11 ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။
PRO 7:12 ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။
PRO 7:13 ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊
PRO 7:14 ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။
PRO 7:15 ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။
PRO 7:16 ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့်၎င်း၊ အဲဂုတ္တုပိတ်ချောနှင့်၎င်း ပြင်ဆင်ပြီ။
PRO 7:17 ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။
PRO 7:18 လာပါ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။
PRO 7:19 ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ။
PRO 7:20 ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊
PRO 7:21 ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊
PRO 7:22 နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊
PRO 7:23 ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။
PRO 7:24 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။
PRO 7:25 ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။
PRO 7:26 အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။
PRO 7:27 သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။
PRO 8:1 ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။
PRO 8:2 မြင့်သောအရပ်ထိပ်၌၎င်း၊ လမ်းခရီးအနား၌ ၎င်းရပ်နေ၏။
PRO 8:3 ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊
PRO 8:4 အချင်းလူတို့၊ သင်တို့အားငါခေါ်၏။ လူသားတို့ အား အသံကို ငါလွှင့်၏။
PRO 8:5 ဥာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့။
PRO 8:6 နားထောင်ကြ။ မြတ်သောစကားကို ငါပြော မည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။
PRO 8:7 ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
PRO 8:8 ငါဟောပြောသမျှသော စကားတို့သည် ဖြောင့် မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘော နှင့် ကင်းစင်ကြ၏။
PRO 8:9 နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ၏။
PRO 8:10 ငွေအရင်၊ ငါ့နည်းကို၎င်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကို၎င်း ခံယူကြလော့။
PRO 8:11 အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
PRO 8:12 ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ်၏။
PRO 8:13 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
PRO 8:14 အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဥာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။
PRO 8:15 ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။
PRO 8:16 ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ၏။
PRO 8:17 ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
PRO 8:18 ငါ၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။
PRO 8:19 ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။
PRO 8:20 ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊
PRO 8:21 ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။
PRO 8:22 ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။
PRO 8:23 မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။
PRO 8:24 နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။
PRO 8:25 တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊
PRO 8:26 မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
PRO 8:27 မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊
PRO 8:28 အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
PRO 8:29 သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
PRO 8:30 ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊
PRO 8:31 ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဘော်၍ ပျော်ပါးလျက် နေ၏။
PRO 8:32 သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
PRO 8:33 ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။
PRO 8:34 ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။
PRO 8:35 ငါ့ကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။
PRO 8:36 ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
PRO 9:1 ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
PRO 9:2 သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။
PRO 9:3 ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊
PRO 9:4 ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
PRO 9:5 လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
PRO 9:6 မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
PRO 9:7 မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
PRO 9:8 မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
PRO 9:9 ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
PRO 9:10 ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
PRO 9:11 အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
PRO 9:12 သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
PRO 9:13 မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
PRO 9:14 မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊
PRO 9:15 လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊
PRO 9:16 ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
PRO 9:17 ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
PRO 9:18 ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။
PRO 10:1 ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
PRO 10:2 မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။
PRO 10:3 ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
PRO 10:4 ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။
PRO 10:5 အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။
PRO 10:6 တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
PRO 10:7 တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။
PRO 10:8 လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။
PRO 10:9 ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။
PRO 10:10 မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ်၏။ စကားများသော လူမိုက်မူကားဆုံးရှုံးတတ်၏။
PRO 10:11 ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
PRO 10:12 မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။
PRO 10:13 ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဥာဏ်မဲ့သောသူ၏ကျောအဘို့မူကား ကြိမ်လုံးရှိ၏။
PRO 10:14 ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
PRO 10:15 ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
PRO 10:16 ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်၎င်း၊ မတရားသောသူ၏ အကျိုးစီးပွါးသည် အပြစ်နှင့်၎င်း ယှဉ်၏။
PRO 10:17 နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။
PRO 10:18 အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။
PRO 10:19 စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။
PRO 10:20 ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ ၏။ ဆိုးသောသူ ၏ နှလုံးမူကား အဘိုးမထိုက်။
PRO 10:21 ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။
PRO 10:22 ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။
PRO 10:23 မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့ တတ်၏။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။
PRO 10:24 မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။
PRO 10:25 မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။
PRO 10:26 ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။
PRO 10:27 ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
PRO 10:28 ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
PRO 10:29 ထာဝရဘုရား၏ တရားလမ်းသည် ဖြောင့်မတ် သောသူ ခိုင်ခံ့ခြင်းအကြောင်း ဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြ လိမ့်မည်။
PRO 10:30 ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည် မကျရ။
PRO 10:31 ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။
PRO 10:32 ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ်၏။ မတရား သော သူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ၏။
PRO 11:1 မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
PRO 11:2 မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
PRO 11:3 ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
PRO 11:4 အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
PRO 11:5 ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။
PRO 11:6 ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
PRO 11:7 ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။
PRO 11:8 ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
PRO 11:9 အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
PRO 11:10 တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
PRO 11:11 တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။
PRO 11:12 ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
PRO 11:13 လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
PRO 11:14 အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
PRO 11:15 အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
PRO 11:16 နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
PRO 11:17 သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
PRO 11:18 မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
PRO 11:19 ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။
PRO 11:20 သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။
PRO 11:21 လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
PRO 11:22 သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
PRO 11:23 ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။
PRO 11:24 စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
PRO 11:25 စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။
PRO 11:26 စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။
PRO 11:27 ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
PRO 11:28 မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။
PRO 11:29 မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
PRO 11:30 ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
PRO 11:31 ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။
PRO 12:1 နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
PRO 12:2 သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။
PRO 12:3 လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။
PRO 12:4 သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
PRO 12:5 ဖြောင့်မတ်သော သူ၏အကြံသည် ဖြောင့်၏။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ်၏။
PRO 12:6 မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။
PRO 12:7 မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။
PRO 12:8 လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။
PRO 12:9 စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။
PRO 12:10 ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။
PRO 12:11 မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
PRO 12:12 မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
PRO 12:13 စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
PRO 12:14 လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ၏။
PRO 12:15 မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
PRO 12:16 မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။
PRO 12:17 မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။
PRO 12:18 သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
PRO 12:19 သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
PRO 12:20 မကောင်းသောအကြံကို ကြံသောသူတို့၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့၌ကား၊ ဝမ်းမြောက်စရာ အကြောင်းရှိ၏။
PRO 12:21 တရားသောသူ၌ အမင်္ဂလာမရောက်ရာ။ မတရားသော သူမူကား၊ အမင်္ဂလာနှင့်ပြည်ဝရလိမ့်မည်။
PRO 12:22 မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏။
PRO 12:23 ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။
PRO 12:24 လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။
PRO 12:25 ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။
PRO 12:26 ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
PRO 12:27 ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။
PRO 12:28 ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။
PRO 13:1 ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
PRO 13:2 လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သော သူမူ ကား၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။
PRO 13:3 မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
PRO 13:4 ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။
PRO 13:5 ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်း တတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဘွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။
PRO 13:6 ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသော သူကိုလှဲတတ်၏။
PRO 13:7 အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။
PRO 13:8 စည်းစိမ်သည် ရတတ်သောသူ၏အသက်ကို ရွေးဘို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သော စကားကို မကြားဘဲနေ၏။
PRO 13:9 ဖြောင့်မတ်သော သူ၏အလင်းသည် ရွှင်လန်း ၏။ မတရားသော သူ၏မီးခွက်မူကား၊ သေရလိမ့်မည်။
PRO 13:10 မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ၏။
PRO 13:11 လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏။ ကြိုးစားအား ထုတ်၍ဆည်းဖူးသော သူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။
PRO 13:12 မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
PRO 13:13 နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။
PRO 13:14 ပညာရှိသောသူ၏တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။
PRO 13:15 ကောင်းသောဥာဏ်ရှိသောသူသည် မျက်နှာ ရတတ်၏။ ပြစ်မှားသော သူတို့လမ်းမူကား၊ ခက်သော လမ်းဖြစ်၏။
PRO 13:16 သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။
PRO 13:17 မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ်၏။သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။
PRO 13:18 သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
PRO 13:19 အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သော အရာဖြစ်၏။
PRO 13:20 ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
PRO 13:21 အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။
PRO 13:22 သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
PRO 13:23 ဆင်းရဲသား၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ၏။ သို့ရာတွင်၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ်၏။
PRO 13:24 ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
PRO 13:25 ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။
PRO 14:1 ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။
PRO 14:2 ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
PRO 14:3 မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။
PRO 14:4 နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
PRO 14:5 သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။
PRO 14:6 မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဥာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။
PRO 14:7 မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။
PRO 14:8 ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
PRO 14:9 မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။
PRO 14:10 စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။
PRO 14:11 မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။
PRO 14:12 လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။
PRO 14:13 လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။
PRO 14:14 စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
PRO 14:15 ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။
PRO 14:16 ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။
PRO 14:17 စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။
PRO 14:18 ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။
PRO 14:19 လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။
PRO 14:20 ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။
PRO 14:21 မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။
PRO 14:22 မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည်။
PRO 14:23 ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
PRO 14:24 ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။
PRO 14:25 မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။
PRO 14:26 ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။
PRO 14:27 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။
PRO 14:28 ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။
PRO 14:29 စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။
PRO 14:30 ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။
PRO 14:31 ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
PRO 14:32 မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
PRO 14:33 ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။
PRO 14:34 ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။
PRO 14:35 ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။
PRO 15:1 ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။
PRO 15:2 ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
PRO 15:3 ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်း သောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏။
PRO 15:4 ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏။
PRO 15:5 မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ်၏။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။
PRO 15:6 ဖြောင့်မတ်သောသူ၏ အိမ်၌များစွာသော စည်းစိမ်ရှိ၏။ မတရားသော သူခံရသောအခွန်မူကား၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ်၏။
PRO 15:7 ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
PRO 15:8 မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
PRO 15:9 မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
PRO 15:10 လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။
PRO 15:11 မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။
PRO 15:12 မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။
PRO 15:13 ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။
PRO 15:14 ဥာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
PRO 15:15 ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား၊ အစဉ် အမြဲခံရသောပွဲဖြစ်၏။
PRO 15:16 နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။
PRO 15:17 ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။
PRO 15:18 မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သော သူမူကားငြိမ်းတတ်၏။
PRO 15:19 ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
PRO 15:20 ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
PRO 15:21 ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။
PRO 15:22 တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။
PRO 15:23 လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
PRO 15:24 ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။
PRO 15:25 မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။
PRO 15:26 မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။
PRO 15:27 မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။
PRO 15:28 ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။
PRO 15:29 ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။
PRO 15:30 မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏။ ကောင်းသော သိတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ်၏။
PRO 15:31 အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ၏။
PRO 15:32 ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နား ထောင်သော သူမူကား၊ ဥာဏ်ကိုရတတ်၏။
PRO 15:33 ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
PRO 16:1 စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။
PRO 16:2 လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘော တို့ကို ချိန်တော်မူ၏။
PRO 16:3 ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။
PRO 16:4 ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
PRO 16:5 မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။
PRO 16:6 ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
PRO 16:7 လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
PRO 16:8 ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။
PRO 16:9 လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။
PRO 16:10 ရှင်ဘုရင်၏ နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည် ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေ နှင့်။
PRO 16:11 မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
PRO 16:12 ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။
PRO 16:13 ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။
PRO 16:14 ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။
PRO 16:15 ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။
PRO 16:16 ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
PRO 16:17 ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။
PRO 16:18 မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။
PRO 16:19 စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။
PRO 16:20 ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။
PRO 16:21 လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ်၏။
PRO 16:22 ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။
PRO 16:23 ပညာရှိသော သူ၏နှလုံးသည် သူ၏နှုတ်ကို သွန် သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်း တတ်၏။
PRO 16:24 သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ၏။
PRO 16:25 လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ၏။
PRO 16:26 အလုပ်လုပ်သောသူသည်၊ မိမိပစပ်တောင်း သောကြောင့်၊ မိမိအဘို့ လုပ်တတ်၏။
PRO 16:27 အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
PRO 16:28 သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏။
PRO 16:29 ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။
PRO 16:30 ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
PRO 16:31 ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။
PRO 16:32 စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက်၎င်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်၎င်းသာ၍ ကောင်း၏။
PRO 16:33 စာရေးတံတို့ကို အိတ်ထဲ၌ လောင်းလျက်ရှိရာ တွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။
PRO 17:1 တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။
PRO 17:2 ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။
PRO 17:3 ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
PRO 17:4 မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။
PRO 17:5 ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
PRO 17:6 မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။
PRO 17:7 မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့်။ ထိုမျှမက၊ မုသာစကားသည် မင်းနှင့်မတော် မသင့်။
PRO 17:8 လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
PRO 17:9 သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
PRO 17:10 မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။
PRO 17:11 ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။
PRO 17:12 မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့်။ သားငယ်ပျောက်သော ဝံမနှင့်သာ၍ တွေ့ပါစေ သော။
PRO 17:13 အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။
PRO 17:14 ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
PRO 17:15 မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။
PRO 17:16 မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
PRO 17:17 အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။
PRO 17:18 ဥာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေ ခင်ပွန်းရှေ့မှာ အာမခံတတ်၏။
PRO 17:19 ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ်၏။
PRO 17:20 သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ်၏။
PRO 17:21 မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။
PRO 17:22 စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။
PRO 17:23 မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
PRO 17:24 ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
PRO 17:25 မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။
PRO 17:26 ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။
PRO 17:27 သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။
PRO 17:28 မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဥာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။
PRO 18:1 သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
PRO 18:2 မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး၊ အခြားသောအကြောင်းကြောင့် ဥာဏ် ပညာ၌ မပျော်မွေ့တတ်။
PRO 18:3 မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။
PRO 18:4 နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
PRO 18:5 တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။
PRO 18:6 မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
PRO 18:7 မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
PRO 18:8 ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
PRO 18:9 အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
PRO 18:10 ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
PRO 18:11 ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။
PRO 18:12 ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။
PRO 18:13 အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
PRO 18:14 လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။
PRO 18:15 သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
PRO 18:16 လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။
PRO 18:17 ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
PRO 18:18 စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။
PRO 18:19 အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
PRO 18:20 လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။
PRO 18:21 လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
PRO 18:22 မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။
PRO 18:23 ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။
PRO 18:24 အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။
PRO 19:1 ကောက်လိမ်သော စကားကိုသုံးတတ်သော လူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲ သူသည်သာ၍ ကောင်း၏။
PRO 19:2 စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေ ကောင်း။ အလျင်အမြန်သွားသော သူသည်လည်း မှား ယွင်းတတ်၏။
PRO 19:3 လူသည် မိုက်သောသဘောကြောင့်၊ လမ်းလွဲ၍ စိတ်ထဲမှာ ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ်၏။
PRO 19:4 စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ်၏။ ဆင်းရဲသားသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်း ဘော်ရ။
PRO 19:5 မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကို သုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ။
PRO 19:6 များသောသူတို့သည် မင်းကိုဖျောင်းဖျတတ်ကြ ၏။ လက်ဆောင်ပေးသော သူကိုလည်း၊ လူတိုင်းမိတ်ဆွေ ဖွဲ့တတ်၏။
PRO 19:7 ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။
PRO 19:8 ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။
PRO 19:9 မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကိုသုံးသော သူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
PRO 19:10 မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။
PRO 19:11 သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ၏။
PRO 19:12 ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။
PRO 19:13 မိုက်သော သားသည် အဘဆင်းရဲစရာ အကြောင်းဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုဃ်းပေါက်နှင့်တူ၏။
PRO 19:14 အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။
PRO 19:15 ပျင်းရိသော သဘောသည် လွန်ကျူးစွာ အိပ် ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။
PRO 19:16 ပညတ်တရားကို စောင့်သောသူသည် မိမိ အသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်း တို့ကို မထီလေးစားပြုသောသူမူကား၊ အသေခံရ၏။
PRO 19:17 ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
PRO 19:18 မြော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမ လော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့်။
PRO 19:19 ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နှုတ်လျှင် အဖန်ဖန်ကယ်နှုတ် ရမည်။
PRO 19:20 နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။
PRO 19:21 လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။
PRO 19:22 လူသည်စေတနာရှိလျှင် ကျေးဇူးပြုရာ ရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသာသုံးသော သူထက်သာ၍ ကောင်း၏။
PRO 19:23 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသော သူသည် အလိုဆန္ဒပြည့်စုံ လျက်ရှိ၍၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည်။
PRO 19:24 ပျင်းရိသောသူသည် မိမိလက်ကို အိုး၌ သွင်း သော်လည်း တဖန်နှုတ်၍ မိမိပစပ်သို့ မခွံ့လို။
PRO 19:25 မထီမဲ့မြင်ပြုသောသူကို ရိုက်လျှင် ဥာဏ်တိမ် သောသူသည် သတိရလိမ့်မည်။ ဥာဏ်ကောင်းသော သူကိုဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည် လိမ့်မည်။
PRO 19:26 အဘဥစ္စာကိုဖြုန်း၍ အမိကိုနှင်ထုတ်သော သားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကိုခံစေသောသားဖြစ်၏။
PRO 19:27 ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှါ၊ သွန်သင် သော သူ၏စကားကို နားမထောင်နှင့်။
PRO 19:28 အဓမ္မသက်သေသည် တရားကို မထီမဲ့မြင် ပြုတတ်၏။ မတရားသော သူသည်လည်း၊ ဒုစရိုက်ကို စား၍ မျိုတတ်၏။
PRO 19:29 မထီမဲ့မြင်ပြုသောသူတို့အဘို့ အပြစ်စီရင်ခြင်း၊ မိုက်သော သူတို့၏ကျောအဘို့ ဒဏ်ပေးခြင်းသည် အသင့် ရှိ၏။
PRO 20:1 စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။
PRO 20:2 ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား၏။
PRO 20:3 ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့်ရောနှော တတ်၏။
PRO 20:4 ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။
PRO 20:5 လူစိတ်နှလုံး၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။
PRO 20:6 လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
PRO 20:7 ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
PRO 20:8 တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။
PRO 20:9 ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။
PRO 20:10 အလေးချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
PRO 20:11 သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်း အရာအားဖြင့် ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။
PRO 20:12 ကြားတတ်သော နားကို၎င်း၊ မြင်တတ်သော မျက်စိကို၎င်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။
PRO 20:13 ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
PRO 20:14 ဝယ်သောသူက၊ မကောင်းဘူး၊ မကောင်းဘူးဟု ဆိုတတ်၏။ ဝယ်၍သွားပြီမှ ဝါကြွားတတ်၏။
PRO 20:15 ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။
PRO 20:16 မကျွမ်းသောသူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်းထားစေ။
PRO 20:17 လှည့်စား၍ ရသောအစာသည် ချိုမြိန်သော် လည်း၊ စားသော သူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။
PRO 20:18 အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။
PRO 20:19 လည်၍စကားများသောသူသည် လျှို့ဝှက်အပ် သောအရာကို ဘော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ် သောသူနှင့် မပေါင်းဘော်နှင့်။
PRO 20:20 အကြင်သူသည် မိဘကို ကျိန်ဆဲ၏။ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။
PRO 20:21 အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော် လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။
PRO 20:22 ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရ ဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည်။
PRO 20:23 အလေးချင်းမတူသော အလေးတို့ကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင် လည်း အပြစ်ရှိ၏။
PRO 20:24 လူသွားရာလမ်းတို့ကို ထာဝရဘုရား စီရင်တော် မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ် သို့ နားလည်နိုင်သနည်း။
PRO 20:25 ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။
PRO 20:26 ပညာရှိသော ရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့် ဖိတတ်၏။
PRO 20:27 လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏ မီးခွက်ဖြစ်၏။
PRO 20:28 ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင် ကို စောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံတတ်၏။
PRO 20:29 လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ် အသရေကား ဖြူသောဆံပင်ဖြစ်၏။
PRO 20:30 အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။
PRO 21:1 ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
PRO 21:2 လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
PRO 21:3 ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
PRO 21:4 ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။
PRO 21:5 လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။
PRO 21:6 မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။
PRO 21:7 မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။
PRO 21:8 လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တတ်၏။ စင်ကြယ်သော သူပြုသောအမှုမူကား မှန်ပေ၏။
PRO 21:9 ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။
PRO 21:10 မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သော အလိုမရှိ။
PRO 21:11 မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဥာဏ် တိမ်သောသူသည်သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွါးတတ်၏။
PRO 21:12 တရားသောသူသည် မတရားသောသူ၏အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
PRO 21:13 ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
PRO 21:14 တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။
PRO 21:15 ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
PRO 21:16 ဥာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သင်္ချိုင်းသား အစုအဝေး၌ နေရာကျလိမ့်မည်။
PRO 21:17 ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ။
PRO 21:18 မတရားသောသူသည် တရားသောသူအဘို့၊ လွန်ကျူးသော သူသည်ဖြောင့်မတ်သောသူအဘို့ ရွေးရန် ဖြစ်၏။
PRO 21:19 စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။
PRO 21:20 ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။
PRO 21:21 ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။
PRO 21:22 ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။
PRO 21:23 မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။
PRO 21:24 ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။
PRO 21:25 ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။
PRO 21:26 တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။
PRO 21:27 မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
PRO 21:28 မမှန်သော သက်သေသည် ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြော တတ်၏။
PRO 21:29 မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။
PRO 21:30 ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
PRO 21:31 စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
PRO 22:1 ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
PRO 22:2 ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
PRO 22:3 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
PRO 22:4 စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
PRO 22:5 သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။
PRO 22:6 သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
PRO 22:7 ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
PRO 22:8 ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
PRO 22:9 ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
PRO 22:10 မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
PRO 22:11 စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။
PRO 22:12 ထာဝရဘုရား၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။
PRO 22:13 ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
PRO 22:14 အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
PRO 22:15 မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
PRO 22:16 ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
PRO 22:17 သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
PRO 22:18 သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။
PRO 22:19 သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။
PRO 22:20 သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။
PRO 22:22 ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။
PRO 22:23 အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
PRO 22:24 စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။
PRO 22:25 လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။
PRO 22:26 လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။
PRO 22:28 ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။
PRO 22:29 ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
PRO 23:1 မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။
PRO 23:2 သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။
PRO 23:3 ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။
PRO 23:4 ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
PRO 23:5 ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
PRO 23:6 မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။
PRO 23:7 သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။
PRO 23:8 သင်သည် စားသောအစာကို တဖန်အန်ရ လိမ့်မည်။ သင်ချိုသော စကားလည်းယိုယွင်းလိမ့်မည်။
PRO 23:9 မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။
PRO 23:10 အရိပ်စိုက်သော မြေမှတ်တိုင်ကိုမရွှေ့နှင့်။ မိဘမရှိသော သူတို့၏ လယ်ကိုမသိမ်းနှင့်။
PRO 23:11 အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။
PRO 23:12 ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာ အတတ် စကားကို နာခံလော့။
PRO 23:13 သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။
PRO 23:14 ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။
PRO 23:15 ငါ့သား၊ သင့်နှလုံး၌ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။
PRO 23:16 သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။
PRO 23:17 အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့်။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
PRO 23:18 အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ။
PRO 23:19 ငါ့သား၊ ငါ့စကားကို နားထောင်၍ ပညာရှိသ ဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။
PRO 23:20 စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။
PRO 23:21 သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။
PRO 23:22 သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။
PRO 23:23 သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
PRO 23:24 ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
PRO 23:25 သင်၏မိဘတို့သည်ဝမ်းမြောက်၍၊ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည်။
PRO 23:26 ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
PRO 23:27 ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။
PRO 23:28 သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။
PRO 23:29 အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊
PRO 23:30 စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။
PRO 23:31 ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။
PRO 23:32 နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။
PRO 23:33 သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သော စကားကို မြွက်ဆိုလိမ့်မည်။
PRO 23:34 အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည်။
PRO 23:35 သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။
PRO 24:1 မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့်။
PRO 24:2 သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။
PRO 24:3 ဥာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။
PRO 24:4 ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက်၍၊ နှစ်သက်ဘွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။
PRO 24:5 ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ်၏။
PRO 24:6 ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
PRO 24:7 ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။
PRO 24:8 မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။
PRO 24:9 မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။
PRO 24:10 သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။
PRO 24:11 သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊
PRO 24:12 ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
PRO 24:13 ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။
PRO 24:14 ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။
PRO 24:15 အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
PRO 24:16 ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
PRO 24:17 သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
PRO 24:18 ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။
PRO 24:19 မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မ လူတို့ကို မငြူစူနှင့်။
PRO 24:20 အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။
PRO 24:21 ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။
PRO 24:22 သူတို့ဘေးသည် ချက်ခြင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏ အဆုံးကို အဘယ်သူသိသနည်း။
PRO 24:23 ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။
PRO 24:24 သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။
PRO 24:25 ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည်။
PRO 24:26 မှန်သောစကားကို ပြန်ပြောတတ်သောသူ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။
PRO 24:27 ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။
PRO 24:28 သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့်။
PRO 24:29 သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။
PRO 24:30 ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဥာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊
PRO 24:31 ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊
PRO 24:32 ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။
PRO 24:33 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊
PRO 24:34 ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။
PRO 25:1 ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊
PRO 25:2 အမှုအရေးကို ဝှက်ထားခြင်းသည် ဘုရားသခင် ၏ ဘုန်းတော်နှင့် သင်၏။ ရှင်ဘုရင်မူကား၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည်၏။
PRO 25:3 မိုဃ်းကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။
PRO 25:4 ငွေထဲက ချော်ကိုထုတ်ပယ်လျှင်၊ ပန်တိမ်သမား နှင့် တော်သင့်သောဖလားကို ရလိမ့်မည်။
PRO 25:5 မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည် လိမ့်မည်။
PRO 25:6 ရှင်ဘုရင်ထံ တော်၌ ကိုယ်ကိုမချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။
PRO 25:7 အကြောင်းမူကား၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ်ခြင်းကို ခံရသည်ထက်၊ ဤအရပ်သို့ တက်ပါဟူသော စကားကို သာ၍ကြားကောင်း၏။
PRO 25:8 အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။
PRO 25:9 သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေး နွှေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတပါးအား ထုတ်၍မပြနှင့်။
PRO 25:10 သို့မဟုတ်၊ သူသည် သင့်ကို အရှက်ခွဲသဖြင့်၊ သင်၏ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည်။
PRO 25:11 လျောက်ပတ်သော စကားသည် ငွေအပြောက် မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။
PRO 25:12 နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သော သူသည် ရွှေနားတောင်းကဲ့သို့၎င်း၊ ရွှေစင်တန်ဆာကဲ့သို့၎င်း ဖြစ်၏။
PRO 25:13 စပါးရိတ်ရာကာလ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့၊ သစ္စာစောင့်သော တမန်သည် စေလွှတ်သောသူ ၌ ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။
PRO 25:14 ပေးမည်ဟု ဝါကြွား၍ မပေးဘဲနေသောသူ သည် မိုဃ်းရေမပါသော တိမ်နှင့်လေကဲ့သို့ ဖြစ်၏။
PRO 25:15 ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။
PRO 25:16 ပျားရည်ကိုတွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင် ရင်ပြည့်၍ အန်ရလိမ့်မည်။
PRO 25:17 သင်၏အိမ်နီးချင်းအိမ်၌ ကြာမြင့်စွာ မနေနှင့်။ နေလျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။
PRO 25:18 အိမ်နီးချင်းတဘက်၌ မမှန်သောသက်သေကို ခံသောသူသည် ဒုတ်၊ ထား၊ သံချွန်နှင့်တူ၏။
PRO 25:19 အမှုရောက်သော ကာလ၌ သစ္စာပျက်တတ်သောသူ ကို ယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။
PRO 25:20 စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူ သည် ဆောင်းကာလ၌ အဝတ်ကို ချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့်တူ၏။
PRO 25:21 သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေး လော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။
PRO 25:22 ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထား ၍၊ ထာဝရဘုရားသည်လည်း၊ သင်၌ ဆုချတော်မူမည်။
PRO 25:23 မြောက်လေသည် မိုဃ်းရေကို ဆောင်တတ် သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။
PRO 25:24 ရန်တွေ့တတ်သောမိန်းမနှင့် လူများသော အိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ် ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။
PRO 25:25 ဝေးသောပြည်မှ ရောက်လာသော ဝမ်းမြောက် စရာ သိတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသော ရေကဲ့သို့ဖြစ်၏။
PRO 25:26 ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့ တွင် မှားယွင်းလျှင်၊ နောက်သောရေကန်၊ ပုပ်သောစမ်း ရေတွင်းနှင့်တူ၏။
PRO 25:27 ပျားရည်ကို စားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကို ရှာလျှင် ဂုဏ်အသရေမရှိ။
PRO 25:28 ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပျိုပျက်၍ ဟင်းလင်းရှိသော မြို့နှင့်တူ၏။
PRO 26:1 နွေကာလ၌ မိုဃ်းပွင့်ကဲ့သို့၎င်း၊ စပါးရိတ်ရာကာလ ၌ မိုဃ်းရေကဲ့သို့၎င်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။
PRO 26:2 စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။
PRO 26:3 မြင်းဘို့နှင်တံ၊ မြင်းဘို့ဇက်ကြိုး၊ မိုက်သောသူ၏ ကျောဘို့ ကြိမ်လုံးသည် သင့်ပေ၏။
PRO 26:4 မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။
PRO 26:5 မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည်။
PRO 26:6 မိုက်သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေကို ဖြတ်၍ အကျိုးနည်းရှိ၏။
PRO 26:7 သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်း ကဲ့သို့ဖြစ်၏။
PRO 26:8 မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။
PRO 26:9 ဆူးသည် ယစ်မူးသောသူ၏လက်ကို စူးသကဲ့သို့၊ သတ္တံစကားသည် မိုက်သောသူ၏ နှုတ်၌ရှိ၏။
PRO 26:10 ကြီးသောသူသည် ခပ်သိမ်းသောသူတို့ကို တုန်လှုပ်စေတတ်၏။ မိုက်သောသူနှင့် ပြစ်မှားတတ် သော သူတို့ကို စေသုံးတတ်၏။
PRO 26:11 ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်သကဲ့ သို့၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။
PRO 26:12 ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
PRO 26:13 ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။
PRO 26:14 တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏။
PRO 26:15 ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်း သော်လည်း၊ တဖန်နှုတ်၍ မိမိပစပ်သို့ ခွံရလျှင် စိတ်ညစ် တတ်၏။
PRO 26:16 ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
PRO 26:17 လမ်း၌ရှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူ နှင့်တူ၏။
PRO 26:18 ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက်၊
PRO 26:19 မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြှား၊ သေဘေးကို ပစ်တတ်သော အရူးနှင့်တူ၏။
PRO 26:20 ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။
PRO 26:21 မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည် မီးကိုမွေး သကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
PRO 26:22 ကုန်းတိုက်သော သူ၏စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
PRO 26:23 ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။
PRO 26:24 အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။
PRO 26:25 ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။
PRO 26:26 အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။
PRO 26:27 တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။
PRO 26:28 မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။
PRO 27:1 နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
PRO 27:2 ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်း ပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်းပါလေစေ။
PRO 27:3 ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။
PRO 27:4 မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
PRO 27:5 ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။
PRO 27:6 အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။
PRO 27:7 စား၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။
PRO 27:8 မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိ အသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။
PRO 27:9 နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏။
PRO 27:10 ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။
PRO 27:11 ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။
PRO 27:12 သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
PRO 27:13 မကျွမ်းသော သူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သော သူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ။
PRO 27:14 နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။
PRO 27:15 ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ၏။
PRO 27:16 ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။
PRO 27:17 သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။
PRO 27:18 သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
PRO 27:19 ရေ၌လူမျက်နှာချင်းတူသကဲ့သို့၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ၏။
PRO 27:20 မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။
PRO 27:21 ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။
PRO 27:22 မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း၊ မိုက်သောသဘောမထွက်တတ်။
PRO 27:23 သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။
PRO 27:24 စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။
PRO 27:25 မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှား တတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။
PRO 27:26 သိုးသငယ်တို့သည် သင်ဝတ်စရာဘို့၊ ဆိတ်တို့သည် လည်း မြေအဘိုးကိုဖြေစရာဘို့ ပြစ်၏။
PRO 27:27 သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည်။
PRO 28:1 လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
PRO 28:2 ပြည်သူပြည်သားအပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဥာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ်၏။
PRO 28:3 ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
PRO 28:4 တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။
PRO 28:5 အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
PRO 28:6 မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ၍မြတ်၏။
PRO 28:7 တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
PRO 28:8 အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။
PRO 28:9 တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
PRO 28:10 ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
PRO 28:11 ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။
PRO 28:12 ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။
PRO 28:13 မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
PRO 28:14 အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
PRO 28:15 ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။
PRO 28:16 ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။
PRO 28:17 လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။
PRO 28:18 ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။
PRO 28:19 လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
PRO 28:20 သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
PRO 28:21 လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။
PRO 28:22 ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
PRO 28:23 ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။
PRO 28:24 အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။
PRO 28:25 စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
PRO 28:26 မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
PRO 28:27 ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
PRO 28:28 မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။
PRO 29:1 အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
PRO 29:2 ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
PRO 29:3 ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။
PRO 29:4 တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
PRO 29:5 အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
PRO 29:6 အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။
PRO 29:7 ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
PRO 29:8 မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။
PRO 29:9 ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။
PRO 29:10 လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
PRO 29:11 မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။
PRO 29:12 မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။
PRO 29:13 ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ၏။
PRO 29:14 ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။
PRO 29:15 ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
PRO 29:16 မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။
PRO 29:17 သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။
PRO 29:18 ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။
PRO 29:19 စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။
PRO 29:20 သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
PRO 29:21 ကျွန်သည်ငယ်သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သား အရာကို ရလိမ့်မည်။
PRO 29:22 စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။
PRO 29:23 မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
PRO 29:24 သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။
PRO 29:25 လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
PRO 29:26 မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ် ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင် တော်မူ၏။
PRO 29:27 တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသော သူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။
PRO 30:1 ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလကိုဆုံးမသောတရား စကား ဟူမူကား၊
PRO 30:2 အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။
PRO 30:3 ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။
PRO 30:4 ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
PRO 30:5 ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
PRO 30:6 စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။
PRO 30:7 ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်။
PRO 30:8 အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။
PRO 30:9 သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
PRO 30:10 ကျွန်၏ အကျိုးကိုဖျက်ခြင်းငှါ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
PRO 30:11 အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး၊
PRO 30:12 ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊
PRO 30:13 အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊
PRO 30:14 ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
PRO 30:15 မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊
PRO 30:16 သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။
PRO 30:17 အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
PRO 30:18 ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊
PRO 30:19 လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
PRO 30:20 မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။
PRO 30:21 မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊
PRO 30:22 မင်းပြုသောကျွန်တပါး၊ ဝစွာစားရသော လူမိုက် တပါး၊
PRO 30:23 လက်ထပ်သော မိန်းမဆိုးတပါး၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း။
PRO 30:24 မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊
PRO 30:25 ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း၊ နွေ ကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး၊
PRO 30:26 မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊
PRO 30:27 မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး၊
PRO 30:28 လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင် နေတတ် သော အိမ်မြှောင်တပါးတည်း။
PRO 30:29 ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊
PRO 30:30 တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊
PRO 30:31 စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း။
PRO 30:32 သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
PRO 30:33 အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။
PRO 31:1 လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊
PRO 31:2 ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊
PRO 31:3 သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
PRO 31:4 အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။
PRO 31:5 သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
PRO 31:6 ဆုံးလုသောလူအား သေရည်သေရက်ကို၎င်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို၎င်း၊ ပေးလော့။
PRO 31:7 ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။
PRO 31:8 ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှါ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြော လော့။
PRO 31:9 စကားပြောလျက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။
PRO 31:10 သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။
PRO 31:11 သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။
PRO 31:12 ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တသက်လုံးပြုစုတတ်၏။
PRO 31:13 သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ်၏။
PRO 31:14 ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။
PRO 31:15 မိုဃ်းမလင်းမှီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကို၎င်း၊ ကျွန်မတို့အား အငန်အတာကို၎င်း၊ ပေးဝေတတ်၏။
PRO 31:16 ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူ တတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။
PRO 31:17 မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သတ်မြန်စေတတ်၏။
PRO 31:18 မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီး ခွက်သည် တညလုံးမသေတတ်။
PRO 31:19 ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ်လက် နှင့် ကိုင်၍ လုပ်ဆောင်တတ်၏။
PRO 31:20 ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။
PRO 31:21 မိုဃ်းပွင့်ကျသော်လည်း၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
PRO 31:22 ကိုယ်အလို့စောင်တို့ကို ရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်ကြ၏။
PRO 31:23 သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။
PRO 31:24 ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။
PRO 31:25 လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။
PRO 31:26 ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။
PRO 31:27 အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ် ၏။ပျင်းရိခြင်းအစာကို မစားတတ်၊
PRO 31:28 သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်း ကြီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊
PRO 31:29 လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ်၏။
PRO 31:30 ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
PRO 31:31 ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောသတ္တံကျမ်းပြီး၏။
ECC 1:1 ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊
ECC 1:2 အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
ECC 1:3 လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှ တို့၌ အဘယ်အကျိုးရှိသနည်း။
ECC 1:4 လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။
ECC 1:5 နေလည်းထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ ပြန်လည်တတ်၏။
ECC 1:6 လေသည်လည်း အစဉ်လည်သွား၍၊ လည်ပြီး သောအရပ်သို့ တဖန်ပြန်၍လည်ပြန်တတ်၏။
ECC 1:7 ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့် တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန်ပြန်သွား တတ်၏။
ECC 1:8 ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင် အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည် မြင်၍ မကုန်တတ်။ နားသည်လည်း ကြား၍မဝတတ်။
ECC 1:9 ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုအရာမရှိ။
ECC 1:10 ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
ECC 1:11 ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက်ဖြစ်လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည်။
ECC 1:12 ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်၊
ECC 1:13 မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။
ECC 1:14 နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
ECC 1:15 ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့ သောအရာကို မရေတွက်ရာ။
ECC 1:16 ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။
ECC 1:17 ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည်နှလုံး ထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။
ECC 1:18 အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။
ECC 2:1 တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
ECC 2:2 ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။
ECC 2:3 တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။
ECC 2:4 ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။
ECC 2:5 ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
ECC 2:6 သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။
ECC 2:7 ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
ECC 2:8 ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
ECC 2:9 ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။
ECC 2:10 ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။
ECC 2:11 ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
ECC 2:12 တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
ECC 2:13 သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
ECC 2:14 ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
ECC 2:15 သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
ECC 2:16 ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
ECC 2:17 ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
ECC 2:18 ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။
ECC 2:19 ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
ECC 2:20 ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
ECC 2:21 အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
ECC 2:22 လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။
ECC 2:23 သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
ECC 2:24 စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
ECC 2:25 ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရ သနည်း။ အဘယ်သူ ခံစားရသနည်း။
ECC 2:26 ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။
ECC 3:1 ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။
ECC 3:2 ဘွားချိန်နှင့်သေချိန်လည်းရှိ၏။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရသေအချိန် လည်း ရှိ၏။
ECC 3:3 သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ၏။
ECC 3:4 ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။
ECC 3:5 ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ၏။ ဘက်ယမ်းရသောအချိန်နှင့်၊ မဘက်ယမ်းဘဲ ခွဲခွါ၍ နေရသောအချိန်လည်း ရှိ၏။
ECC 3:6 ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
ECC 3:7 အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။
ECC 3:8 ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန် လည်း ရှိ၏။
ECC 3:9 လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာ တွင်၊ အဘယ်ကျေးဇူးရှိသနည်း။
ECC 3:10 လူသားတို့ ကျင်လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။
ECC 3:11 ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။
ECC 3:12 ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ၏။
ECC 3:13 လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။
ECC 3:14 ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
ECC 3:15 ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင် တောင်းပြန်တော်မူ၏။
ECC 3:16 ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကို၎င်း ငါမြင်ပြီ။
ECC 3:17 ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှု နှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူ မည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်း သောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသော အချိန်ရှိ၏။
ECC 3:18 လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊
ECC 3:19 လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည်တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
ECC 3:20 အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။
ECC 3:21 သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။
ECC 3:22 လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။
ECC 4:1 တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ECC 4:2 သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ၏။
ECC 4:3 သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍ မင်္ဂလာရှိ၏။
ECC 4:4 တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
ECC 4:5 မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိ အသားကို စားတတ်၏။
ECC 4:6 ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက်သာ၍ ကောင်း၏။
ECC 4:7 တဖန်ငါထပ်၍၊ နေအောက်မှာအနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား၊
ECC 4:8 လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
ECC 4:9 လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။
ECC 4:10 တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
ECC 4:11 လူသည် နှစ်ယောက်အတူအိပ်လျှင် နွေးတတ် ၏။ တယောက်တည်းသောသူမူကား၊ အဘယ်သို့ နွေးနိုင် သနည်း။
ECC 4:12 လူတယောက်သည် တယောက်ကိုနိုင်လျှင် ထိုလူကိုနှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။
ECC 4:13 ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သော ရှင် ဘုရင်ထက်၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍မြတ်၏။
ECC 4:14 ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
ECC 4:15 နေအောက်မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
ECC 4:16 ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
ECC 5:1 ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။
ECC 5:2 သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။
ECC 5:3 အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့ သို့၊ စကားများသောအားဖြင့် မိုက်သော သူ၏အသံကို ကြားရ၏။
ECC 5:4 ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့်။ မိုက်သောသူတို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့။
ECC 5:5 သစ္စာဂတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက်၊ သစ္စာဂတိအလျှင်းမဖြေဘဲနေသော် သာ၍ကောင်း၏။
ECC 5:6 သင်၏နှုတ်သည် သင်၏ကိုယ်ခန္ဓာ၌ အပြစ် မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု၊ တမန်တော်ရှေ့မှာ ပြောရသော အကြောင်းမရှိစေနှင့်။ ဘုရားသခင်သည် သင်၏စကားသံကို အမျက်ထွက်၍၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း။
ECC 5:7 အိမ်မက်များရာ၌၎င်း၊ စကားများရာ၌၎င်း၊ အချည်းနှီးသောအကြောင်း အရာပါတတ်၏။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့။
ECC 5:8 ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
ECC 5:9 မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ်၏။ ရှင်ဘုရင်သော်လည်း၊ လယ်၏ ကျေးဇူးကိုခံရ၏။
ECC 5:10 ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
ECC 5:11 ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည် လည်း တိုးပွားများပြားကြ၏။ ဥစ္စာရှင်သည် မျက်စိနှင့် ကြည့်ရှုခြင်း ကျေးဇူးမှတပါး အဘယ်ကျေးဇူးရှိသနည်း။
ECC 5:12 အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ်၏။
ECC 5:13 စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
ECC 5:14 ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ၏။
ECC 5:15 သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူပြန်သွား ရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
ECC 5:16 သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ်၏။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း။
ECC 5:17 သူ၏နေ့ရက်လာလကို မှောင်မိုက်၌ လွန်စေ တတ်၏။ များစွာသောနှောင့်ရှက်ခြင်း၊ ညှိုးငယ်ခြင်း၊ အမျက်ထွက်ခြင်းကို ခံရ၏။
ECC 5:18 ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်း အမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသော အကျိုး၌ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဘို့ ဖြစ်၏။
ECC 5:19 ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။
ECC 5:20 လွန်သောနေ့ရက်ကာလကို များစွာမအောက် မေ့ရ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ၏။
ECC 6:1 လူတို့တွင် အတွေ့များ၍၊ နေအောက်၌ ငါမြင်ရ သော အမှုဆိုးဟူမူကား၊
ECC 6:2 အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။
ECC 6:3 လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။
ECC 6:4 အကြောင်းမူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည်။
ECC 6:5 နေကိုလည်းမမြင်ရ။ အဘယ်အရာကိုမျှမသိရ။ သို့သော်လည်း၊ အရင်ဆိုသောသူထက်သာ၍ ချမ်းသာ ရ၏။
ECC 6:6 အကယ်၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။
ECC 6:7 လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။
ECC 6:8 ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း။
ECC 6:9 ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
ECC 6:10 ရှိသမျှသော အခြင်းအရာများကို မှတ်သား နှင့်ပြီ။ လူ၏အခြင်းအရာသက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။
ECC 6:11 အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။
ECC 6:12 အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး၊ လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ အဘယ်သူပြော နိုင်သနည်း။
ECC 7:1 ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း၏။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း၏။
ECC 7:2 မသာအိမ်သို့ သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။
ECC 7:3 ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ကောင်းတတ်၏။
ECC 7:4 ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ ရှိ၏။
ECC 7:5 လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။
ECC 7:6 အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
ECC 7:7 အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။
ECC 7:8 အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။
ECC 7:9 အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။
ECC 7:10 ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။
ECC 7:11 ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။
ECC 7:12 အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
ECC 7:13 ဘုရားသခင်၏ အမှုတော်ကိုဆင်ခြင်လော့။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း။
ECC 7:14 ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။
ECC 7:15 ငါသည် အချည်းနှီးနေသော ကာလ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကို၎င်း၊ အဓမ္မလူ သည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို၎င်း ငါမြင်၏။
ECC 7:16 လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း။
ECC 7:17 လွန်ကျူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း။
ECC 7:18 ဤစကားကိုစွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။
ECC 7:19 မြို့ထဲမှာနေသောသူရဲတကျိပ်ထက် ပညာရှိ သောသူတယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုး ကြီး၏။
ECC 7:20 အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
ECC 7:21 သူတပါးပြောသမျှသော စကားတို့ကို မမှတ်နှင့်။ သို့ပြု လျှင်၊ ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။
ECC 7:22 သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာသိ၏။
ECC 7:23 ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ။ ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း၊ ပညာသည် ငါနှင့်ဝေး၏။
ECC 7:24 ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
ECC 7:25 ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။
ECC 7:26 ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
ECC 7:27 ဓမ္မဒေသနာဆရာ ဆိုသည်ကား၊ ငါရှာ၍ မ တွေ့သေး သောအရာကို တွေ့အံ့သောငှါ၊ တခုနောက် တခု စစ်ဆေးချင့်တွက်သောအခါ၊
ECC 7:28 ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။
ECC 7:29 ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
ECC 8:1 အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။
ECC 8:2 ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။
ECC 8:3 သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။
ECC 8:4 ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။
ECC 8:5 အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကို၎င်း၊ စီရင်ရသောအခွင့်ကို၎င်း သိမြင် တတ်၏။
ECC 8:6 လူကြံစည်သမျှအဘို့၊ ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲ ခြင်းကို ခံရ၏။
ECC 8:7 နောက်ဖြစ်လတံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက်မျှမပြောနိုင်ရာ။
ECC 8:8 နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။
ECC 8:9 ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ၏။
ECC 8:10 ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
ECC 8:11 အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။
ECC 8:12 အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။
ECC 8:13 အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မ ကြောက် မရွံ့သောအကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်လည်းမရှည်ရ။
ECC 8:14 မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ၏။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ၏။
ECC 8:15 ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
ECC 8:16 လူအချို့တို့သည် တနေ့နှင့်တညဉ့်လုံး မအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှါ၎င်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ၎င်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။
ECC 8:17 ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။
ECC 9:1 အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။
ECC 9:2 ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။
ECC 9:3 နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။
ECC 9:4 အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။
ECC 9:5 အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။
ECC 9:6 သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက် ပျက်၏။ နေအောက်မှာ ပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။
ECC 9:7 သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
ECC 9:8 သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။
ECC 9:9 နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
ECC 9:10 ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ECC 9:11 တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
ECC 9:12 လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
ECC 9:13 နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား၊
ECC 9:14 မြို့သားနည်းသောမြို့ငယ်တမြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည်၍ဝိုင်းထား၏။
ECC 9:15 ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။
ECC 9:16 ထိုအခါ ငါဆိုသည်ကား၊ ပညာသည် ခွန်အားထက် သာ၍ ကောင်းမြတ်၏။ သို့သော်လည်း၊ ဆင်းရဲသောသူ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နား မထောင်တတ်ကြ။
ECC 9:17 အုပ်စိုးသောသူသည် မိုက်သောသူတို့တွင် ကြွေး ကြော်သောအသံကို နားထောင်ကြသည်ထက်၊ ငြိမ်ဝပ် ရာ၌ ပညာရှိပြောသောစကားကို သာ၍နားထောင်တတ် ကြ၏။
ECC 9:18 ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။
ECC 10:1 အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။
ECC 10:2 ပညာရှိသောသူ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။
ECC 10:3 မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။
ECC 10:4 မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
ECC 10:5 မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊
ECC 10:6 မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့ သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊
ECC 10:7 ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ။
ECC 10:8 တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။
ECC 10:9 ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည်။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည်။
ECC 10:10 ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။
ECC 10:11 မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။
ECC 10:12 ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။
ECC 10:13 သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။
ECC 10:14 မိုက်သောသူသည် စကားများတတ်၏။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
ECC 10:15 မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။
ECC 10:16 ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။
ECC 10:17 မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ၏။
ECC 10:18 အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။
ECC 10:19 ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။
ECC 10:20 ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့်။ လူကြီး ကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည်။
ECC 11:1 သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။
ECC 11:2 လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှ လော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။
ECC 11:3 မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
ECC 11:4 လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ။
ECC 11:5 နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။
ECC 11:6 နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။
ECC 11:7 အကယ်စင်စစ် အလင်းသည်ချို၏။ နေရောင် ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။
ECC 11:8 သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။
ECC 11:9 အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
ECC 11:10 သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။
ECC 12:1 ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ်အခါ ပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့။
ECC 12:2 နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။
ECC 12:3 ထိုကာလ၌ အိမ်စောင့်တို့သည် တုန်လှုပ်၍၊ ခိုင်ခံ့သော သူတို့သည် အားလျော့ကြလိမ့်မည်။ ဆန် ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့် မည်။ ပြတင်းပေါက်ဖြင့် ကြည့်သော သူတို့သည် အလင်း ကွယ်ကြလိမ့်မည်။
ECC 12:4 ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါး ရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကိုကြားသော အခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မ အပေါင်းတို့ သည် အသံသေးကြလိမ့်မည်။
ECC 12:5 ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
ECC 12:6 ငွေကြိုးပြုတ်ခြင်း၊ ရွှေဖလားကွဲခြင်း၊ စမ်းရေတွင်း ၌ ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာစက်ကျိုးခြင်း အခြင်း အရာတို့သည် ဖြစ်ကြလိမ့်မည်။
ECC 12:7 ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။
ECC 12:8 အနတ္တသက်သက်၊ အလုံးစုံတို့သည် အနတ္တဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာဟော၏။
ECC 12:9 ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။
ECC 12:10 ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာစကားဖြစ်၏။
ECC 12:11 ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။
ECC 12:12 တဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။ စာကို ကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကို နှောင့်ရှက် သောအမှုဖြစ်၏။
ECC 12:13 အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။
ECC 12:14 အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
SOL 1:1 သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါးစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။
SOL 1:2 ကိုယ်တော်၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ၏။
SOL 1:3 ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
SOL 1:4 အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
SOL 1:5 ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသော ကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
SOL 1:6 ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
SOL 1:7 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေး မွေးပါလော့။
SOL 1:8 ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသော မြင်းနှင့် ငါပုံပြမည်။
SOL 1:9 သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။
SOL 1:10 ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။
SOL 1:11 အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။
SOL 1:12 ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။
SOL 1:13 ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
SOL 1:14 ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။
SOL 1:15 ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်း သည် စိမ်းသော အဆင်းရှိ၏။
SOL 1:16 ငါတို့ ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်ရူးပင်ဖြင့်ပြီးသတည်း။
SOL 1:17 
SOL 2:1 ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ် သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ၏။
SOL 2:2 တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီး ကို စားရ၏။
SOL 2:3 ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။
SOL 2:4 ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍သက်သာ စေကြပါ။
SOL 2:5 သင်၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက် မလျက်၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ။
SOL 2:6 ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါမှာထား၏။
SOL 2:7 ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ၏။
SOL 2:8 ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
SOL 2:9 ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
SOL 2:10 ဆောင်းကာလလွန်ပြီ။ မိုဃ်းလည်းကြည်လင်ပြီ။
SOL 2:11 မြေကြီးပေါ်မှာ ပန်းများ ပွင့်ကြပြီ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက် တွန်သံကိုလည်း ကြာရ၏။
SOL 2:12 သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
SOL 2:13 တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကား သံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏ မျက်နှာလည်း လှ၏။
SOL 2:14 စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများ နှင့် မြေခွေးကလေးများကို ငါတို့ကို ဘမ်းကြလော့။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏။
SOL 2:15 ငါချစ်ရာသခင်ကိုငါဆိုင်ပေ၏။ ငါ့ကိုလည်း သခင်ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။
SOL 2:16 မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါ ချစ်ရာသခင်၊ ဗေသာတောင်ပေါ်မှာ သမင်ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။
SOL 2:17 
SOL 3:1 ငါထမည်။ မြို့လမ်းတို့တွင် လည်မည်။ ငါ့ ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။
SOL 3:2 မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။
SOL 3:3 သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။
SOL 3:4 ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။
SOL 3:5 မုရန်၊ လောဗန်အစရှိသော ကုန်သည် ရောင်း တတ်သောနံ့သာမှုန်မျိုးကို မီးရှို့၍၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား၊ အဘယ် သူဖြစ်ပါလိမ့်မည်နည်း။
SOL 3:6 ထိုသူအပေါင်းတို့သည် ထားကိုင်လျက်၊ စစ်မှု စစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။
SOL 3:7 ညဉ့်အခါ စိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်းမိမိ အပေါ်၌ မိမိထားကိုမြှောင်ထားလျက်ရှိ၏။
SOL 3:8 လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။
SOL 3:9 ကွန်းစင်တိုင်တို့ကို ငွေဖြင့်၎င်း၊ အောက်ပိုင်းကို ရွှေဖြင့်၎င်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ပလာဖြင့်၎င်း၊ ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီး တို့သည် မေတ္တာနှင့်ချယ်လှယ်ကြပြီ။
SOL 3:10 ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ ရှောလမုန်မင်း၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ၏။
SOL 3:11 
SOL 4:1 သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာ ဘွားတတ်ကြ၏။
SOL 4:2 နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။
SOL 4:3 လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။
SOL 4:4 ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ၏။
SOL 4:5 မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည်။
SOL 4:6 ငါချစ်သောနှမ၊ သင်သည်အပြစ်တစုံတခုမျှမရှိ။ တကိုယ်လုံးလှပေ၏။
SOL 4:7 ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင် ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။
SOL 4:8 ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။
SOL 4:9 ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန် ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူး သဖြင့် ကောင်းပေ၏။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။
SOL 4:10 ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၏။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။
SOL 4:11 ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။
SOL 4:12 သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊
SOL 4:13 နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ၏။
SOL 4:14 ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။
SOL 4:15 မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။
SOL 4:16 
SOL 5:1 ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
SOL 5:2 ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
SOL 5:3 ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့်၊
SOL 5:4 ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ၊ ငါ့လက်မှမုရန်ဆီ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက် ကျလေ၏။
SOL 5:5 ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော်၊ ငါချစ် ရာ သခင်သည်ထွက်သွားနှင့်ပြီ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက်၊ သခင်ကိုငါရှာသော်လည်း မတွေ့။ ခေါ်သော်လည်း ထူးတော်မမူ။
SOL 5:6 မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။
SOL 5:7 အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။
SOL 5:8 မိန်မတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည်။
SOL 5:9 ငါချစ်ရာသခင်သည် ဖြူသောအအဆင်း၊ နီသော အဆင်းနှင့် ပြည့်စုံ၍၊ လူတသောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။
SOL 5:10 ဦးခေါင်းတော်သည် ရွှေစင်နှင့်တူ၏။ ဆံပင် တော်သည် ထူထပ်၍၊ ကျီးအဆင်းကဲ့သို့ နက်၏။
SOL 5:11 မျက်စိတော်တို့သည် နို့၌ချိုးလျက် မြစ်ရေပေါ် မှာ ပုံ့ပုံ့ ကြွကြွဝပ်သာ ချိုးနှင့်တူကြ၏။
SOL 5:12 ပါးတော်တို့သည် နံ့သာတော၊ မွှေးကြိုင်သော ပန်းတောကဲ့သို့၎င်း နှုတ်ခမ်တော်တို့သည် ပကတိမုရန် ဆီယိုသော နှင့်ပွင့်ကဲ့သို့၎င်းဖြစ်ကြ၏။
SOL 5:13 လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့၎င်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့၎င်းဖြစ်၏။
SOL 5:14 ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။
SOL 5:15 နှုတ်တော်သည် အလွန်ချိုပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည် ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း။
SOL 5:16 
SOL 6:1 ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။
SOL 6:2 ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။
SOL 6:3 ငါချစ်သောနှမ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ၏။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်၏။
SOL 6:4 သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
SOL 6:5 သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှ တက် လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့၊ အမွှာသာ ဘွားတတ်ကြ၏။
SOL 6:6 နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက် နှင့် တူကြ၏။
SOL 6:7 မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။
SOL 6:8 ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တပါးတည်းရှိ၏။ ဘွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုး သမီးတို့သည် သူ့ကိုမြင်၍ ကောင်းကြီးပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။
SOL 6:9 လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်း လျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား၊ အဘယ်သူ နည်း။
SOL 6:10 ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
SOL 6:11 သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။
SOL 6:12 အိုရှုလမိတ်၊ ပြန်လာပါ။ ပြန်လာပါ။ အကျွန်ုပ် တို့သည် သင့်ကိုရှုမြင်ရမည်အကြောင်း၊ ပြန်လာပါ။ ပြန်လာပါ။ ရှုလမိတ်၌ အဘယ်သို့သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း။ စစ်တပ်နှစ်ထပ်ကဲ့သို့ တွေ့မြင်ကြ ပါမည်။
SOL 6:13 
SOL 7:1 သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ၏။
SOL 7:2 သင်၏ရင်သားနှစ်ဘက်တို့သည် ဒရယ်သငယ် အမွှာနှင့် တူကြပါ၏။
SOL 7:3 လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့၎င်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့၎င်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့၎င်း ဖြစ်ပါ၏။
SOL 7:4 သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။
SOL 7:5 ငါချစ်သောနှမ၊ ငါပျော်မွေ့ဘို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
SOL 7:6 သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ၏။
SOL 7:7 စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆို သော်၊ တဖန်သင်၏ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့၎င်း၊ သင်ရူ သောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့၎င်း၊
SOL 7:8 သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့၎င်းဖြစ်၏။
SOL 7:9 ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော် မူတတ်၏။
SOL 7:10 ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော် မူပါ။ တောအရပ်သို့ ထွက်သွား၍ ရွာတို့၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့။
SOL 7:11 နံနက်စောစောထ၍ စပျစ်ဥယျာဉ်သို့သွားကြ ကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှုကြကုန်အံ့၊ ထိုအရပ်၌ ကျွန်မ၏ မေတ္တာကို ကိုယ်တော်၌ အပ်ပေးပါမည်။
SOL 7:12 အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ၏။ ငါတို့ တံခါးနားမှာ ချိုသော အသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ၊ ငါချစ်ရာသခင်။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ၏။
SOL 7:13 
SOL 8:1 ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
SOL 8:2 သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။
SOL 8:3 ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။
SOL 8:4 မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။
SOL 8:5 ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
SOL 8:6 သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။
SOL 8:7 ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။
SOL 8:8 သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည်။
SOL 8:9 ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏။
SOL 8:10 ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ် စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။
SOL 8:11 ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတ ထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။
SOL 8:12 ဥယဉ်တို့၌နေသောသူ။ သင်၏စကားသံကို သင်၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။
SOL 8:13 အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။
SOL 8:14 ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ထိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။
ISA 1:1 ဤ​ကျမ်း​စောင်​တွင် ယု​ဒ​ဘု​ရင်​များ​ဖြစ်​သော​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း​နှင့်​ဟေ​ဇ​ကိ​မင်း​တို့​၏​လက်​ထက်​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည်​ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ပါ​ရှိ​၏။
ISA 1:2 ထာ​ဝ​ရ​ဘု​ရား​က``အို ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​တို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ကို​နား​ထောင်​ကြ​လော့။ ငါ​ကျွေး​မွေး​ပြု​စု​ထား​သည့်​သား​သ​မီး​များ​သည်​ငါ့​အား​ပုန်​ကန်​ကြ​လေ​ပြီ။-
ISA 1:3 ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 1:4 ``အ​ချင်း​အ​ပြစ်​ကူး​သည့်​လူ​မျိုး၊ ဖောက်​ပြန်​တတ်​သူ​ဒု​စ​ရိုက်​သ​မား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ​ကြ​ပါ​သည်​တ​ကား။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​လျက် ကိုယ်​တော်​ကို​ကျော​ခိုင်း​ကြ​လေ​ပြီ။-
ISA 1:5 သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဆက်​လက်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​သ​နည်း။ ယ​ခု​ထက်​ပင်​ပို​မို​ကြီး​လေး​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​လို​ကြ​ပါ​သ​လော။ အ​ချင်း​ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​၏​ဦး​ခေါင်း​သည်​ဒဏ်​ရာ​များ​ဖြင့်​ပြည့်​လျက်​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​သည်​လည်း​ညှိုး​နွမ်း​လျက်​နေ​၏။-
ISA 1:6 ခြေ​ဖ​ဝါး​မှ​ဦး​ခေါင်း​တိုင်​အောင် သင်​တို့​ကိုယ်​တစ်​ခု​လုံး​သည်​အ​နာ​နှင့်​ကင်း​သည်​ဟူ​၍​မ​ရှိ။ ပွန်း​ပဲ့​ကွဲ​ရှ​နာ​များ၊ ဒဏ်​ရာ​သစ်​ဒဏ်​ရာ​ဟောင်း​များ​နှင့်​ပြည့်​လျက်​နေ​ပေ​သည်။ ထို​ဒဏ်​ရာ​များ​ကို​ဆေး​ကြော​ကာ၊ အ​ဝတ်​ဖြင့်​မ​ပတ်​မ​စည်း​ရ​ကြ​သေး။ ဆေး​လည်း​မ​ထည့်​ရ​ကြ​သေး။
ISA 1:7 သင်​တို့​၏​ပြည်​သည်​ပျက်​ပြုန်း​ရ​၍၊ သင်​တို့​၏​မြို့​တို့​သည်​လည်း​ပြာ​ပုံ​ဆိုက်​ကြ​လေ​ပြီ။ သင်​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ပင်​တိုင်း​တစ်​ပါး​သား​တို့​သည် သင်​၏​နယ်​မြေ​ကို​သိမ်း​၍​အ​ရာ​ခပ်​သိမ်း​ကို​ဖျက်​ဆီး​စေ​ကြ​ပြီ။-
ISA 1:8 အ​ဝိုင်း​ခံ​လျက်​နေ​ရ​သည့်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​သာ​လျှင်​ကျန်​တော့​၏။ ထို​မြို့​ကား​မိ​မိ​အ​တွက်​ခု​ခံ​ကာ​ကွယ်​နိုင်​စွမ်း​မ​ရှိ​သည့်​စ​ပျစ်​ဥ​ယျာဉ်​အ​စောင့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​တဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​၏။
ISA 1:9 အ​ကယ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် မြို့​သူ​မြို့​သား​အ​ချို့​တို့​အား​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကဲ့​သို့​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​မည်​သာ​ဖြစ်​၏။
ISA 1:10 အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​အုပ်​စိုး​သော​မင်း​များ​နှင့် သင်​၏​မြို့​သူ​မြို့​သား​တို့​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​မှ​လူ​တို့​နှင့်​တူ​ကြ​၏။ သင့်​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​တော်​ကို​နား​ထောင်​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​သော​အ​ရာ​ကို​အာ​ရုံ​ပြု​လော့။-
ISA 1:11 ကိုယ်​တော်​က`သင်​တို့​ဆက်​ကာ​ဆက်​ကာ​ပူ​ဇော်​လျက်​ရှိ​သည့်​ယဇ်​တို့​ကို​ငါ​အ​လို​ရှိ​တော်​မူ​သည်'' ဟု​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​သိုး​များ​နှင့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​တို့​၏​ဆီ​ဥ​များ​ကို​ငါ​ငြီး​ငွေ့​တော်​မူ​ပြီ။ သိုး​နွား​ဆိတ်​တို့​၏​သွေး​များ​ကို​လည်း​ငါ​မ​နှစ်​သက်​တော့​ပေ။-
ISA 1:12 သင်​တို့​ငါ့​ထံ​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​အ​ခါ ထို​အ​ရာ​များ​ကို​ယူ​ဆောင်​လာ​ရ​ကြ​မည်​ဟု​သင်​တို့​အား​အ​ဘယ်​သူ​စေ​ခိုင်း​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သင်​တို့​အား​ငါ​၏​ဗိ​မာန်​တော်​တွင် ဤ​သို့​ရှုပ်​ယှက်​ခတ်​သွား​လာ​စေ​ပါ​သ​နည်း။-
ISA 1:13 သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။-
ISA 1:14 သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ​နှင့်​မြင့်​မြတ်​သန့်​ရှင်း​သော​နေ့​များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​သ​ဘင်​များ​သည်​ငါ​မ​ထမ်း​လို​တော့​သည့်​ဝန်​ထုပ်​ဖြစ်​ပေ​သည်။
ISA 1:15 ``သင်​တို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​လှည့်​၍​ကြည့်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​လက်​များ​သည်​အ​ပြစ်​သွေး​စွန်း​လျက်​နေ​သ​ဖြင့် သင်​တို့​အ​ဘယ်​မျှ​ပင်​ပြင်း​ပြ​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော်​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-
ISA 1:16 သင်​တို့​၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​အောင်​ပြု​ကြ​လော့။ ငါ့​ရှေ့​တော်​တွင်​သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​တို့​ကို​ရပ်​စဲ​ကြ​လော့။ ဒု​စ​ရိုက်​ပြု​မှု​ကို​ရပ်​စဲ​ကာ၊-
ISA 1:17 သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ခံ​ရ​သူ​တို့​ကို​ကူ​မ​၍​မိ​ဘ​မဲ့​သူ​များ​နှင့်​မု​ဆိုး​မ​တို့​၏ အ​ခွင့်​အ​ရေး​များ​ကို​ကာ​ကွယ်​စောင့်​ရှောက်​ခြင်း​အား​ဖြင့် တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​ရှိ​အောင်​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 1:18 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​အ​မှု​ကို ယ​ခု​စဉ်း​စား​ဆုံး​ဖြတ်​ကြ​ပါ​စို့။ သင်​တို့​သည်​အ​ပြစ်​သွေး​စွန်း​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​အောင် ဆေး​ကြော​တော်​မူ​မည်။ သင်​တို့​သည်​အ​ပြစ်​သွေး​ဖြင့်​နီ​မြန်း​လျက်​နေ​သော်​လည်း ဝါ​ဂွမ်း​ကဲ့​သို့​ဖြူ​ဖွေး​၍​လာ​လိမ့်​မည်။-
ISA 1:19 အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​မည်​ဆို​ပါ​က မြေ​ထွက်​သီး​နှံ​ကောင်း​များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။-
ISA 1:20 သို့​ရာ​တွင်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း​ဆန်​၍ ငါ့​အား​အာ​ခံ​ကြ​မည်​ဆို​လျှင်​မူ​ကား သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
ISA 1:21 အ​ခါ​တစ်​ပါး​က​သစ္စာ​ရှိ​ခဲ့​သော​မြို့​သည် ယ​ခု​အ​ခါ​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင်​လျက်​နေ​ပါ​သည်​တ​ကား၊ အ​ခါ​တစ်​ပါး​က​ထို​မြို့​တွင်​သူ​တော်​ကောင်း​များ​နေ​ထိုင်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​သူ​သတ်​သ​မား​များ​သာ​လျှင်​ကျန်​ရှိ​နေ​တော့​၏။-
ISA 1:22 အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​အ​ခါ​တစ်​ပါး​က​ငွေ​နှင့်​တူ​ခဲ့​၏။ ယ​ခု​မူ​ကား​တန်​ဖိုး​မဲ့​ဖြစ်​၍​နေ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​သင်​သည်​စ​ပျစ်​ရည်​ကောင်း​နှင့်​တူ​ခဲ့​၏။ ယ​ခု​မှာ​မူ​ရေ​ပ​က​တိ​ဖြစ်​၍​နေ​တော့​၏။-
ISA 1:23 သင်​၏​ခေါင်း​ဆောင်​တို့​သည်​လည်း​သူ​ပုန်​များ၊ သူ​ခိုး​လက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​တံ​စိုး​လက်​ဆောင်​များ​ကို​လက်​ခံ​လျက်​နေ​ကြ​သော်​လည်း တ​ရား​ရုံး​တော်​တွင်​မိ​ဘ​မဲ့​သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မှု​ကို​မ​ပြု​ကြ။ မု​ဆိုး​မ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​လည်း​ကြား​နာ​စစ်​ဆေး​၍​မ​ပေး​ကြ။
ISA 1:24 သို့​ဖြစ်​၍​တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား​ကို​ယ​ခု​နား​ထောင်​လော့။ ကိုယ်​တော်​က``ငါ​သည်​မိ​မိ​၏​ရန်​သူ​တည်း​ဟူ​သော​သင်​တို့​အား​လက်​စား​ချေ​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​မျှ​ဒုက္ခ​ပေး​နိုင်​ကြ​တော့​မည်​မ​ဟုတ်။-
ISA 1:25 ငါ​သည်​သင့်​အား​အ​ရေး​ယူ​အ​ပြစ်​ပေး​မည်။ သတ္တု​၏​ချေး​ညှော်​များ​ကို​ချွတ်​သည့်​နည်း​တူ သင်​၏​အ​ညစ်​အ​ကြေး​များ​ကို​လည်း​ချွတ်​၍ သင့်​အား​သန့်​စင်​အောင်​ငါ​ပြု​မည်။-
ISA 1:26 ရှေး​အ​ခါ​ကဲ့​သို့​သင့်​အား​ခေါင်း​ဆောင်​များ​နှင့် အ​တိုင်​ပင်​ခံ​အ​မတ်​များ​ကို​ငါ​ပေး​မည်။ ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​သူ​တော်​ကောင်း​တ​ရား​ပြည့်​ဝ​သည့်​မြို့၊ သစ္စာ​ရှိ​သည့်​မြို့​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 1:27 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​တော်​မူ​သည်​ဖြစ်​၍ ယေ​ရု​ရှ​လင်​မြို့​နှင့်​နောင်​တ​ရ​သူ​မှန်​သ​မျှ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
ISA 1:28 သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ကူး​လွန်​သူ​နှင့် မိ​မိ​ကို​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အား​ချေ​မှုန်း​ပစ်​တော်​မူ​လိမ့်​မည်။ မိ​မိ​အား​စွန့်​ပစ်​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။
ISA 1:29 သင်​သည်​သစ်​ပင်​များ​ကို​ဝတ်​ပြု​ရှိ​ခိုး​မိ​ခဲ့​သည့်​အ​တွက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​မိ​ခဲ့​သည့်​အ​တွက်​ဝမ်း​နည်း​ရ​လိမ့်​မည်။-
ISA 1:30 သင်​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​သော​ဝက်​သစ်​ချ​ပင်​နှင့် ရေ​မ​လောင်း​သည့်​ဥ​ယျာဉ်​ကဲ့​သို့​ညှိုး​နွမ်း​ခြောက်​သွေ့​၍​သွား​လိမ့်​မည်။-
ISA 1:31 သစ်​ခြောက်​သည်​မီး​ပွား​ကြောင့်​မီး​စွဲ​လောင်​ရ​သည်​နည်း​တူ​တန်​ခိုး​ကြီး​မား​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ယင်း​သို့​ဆုံး​ပါး​ပျက်​စီး​မှု​ကို​လည်း​အ​ဘယ်​သူ​မျှ​ဆီး​တား​၍​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မြွက်​ဆို​လေ​သည်။
ISA 2:1 အောက်​ပါ​ဗျာ​ဒိတ်​တော်​မှာ၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည် ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
ISA 2:2 ဟေ​ရှာ​ယ​က နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ယ​ခု​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​သည် တောင်​တ​ကာ​တို့​ကို​လွှမ်း​မိုး​၍ အ​မြင့်​ဆုံး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အပေါင်း​တို့​သည်​လည်း​ထို​တောင်​တော်​သို့ လာ​ရောက်​ကြ​လိမ့်​မည်။
ISA 2:3 သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''
ISA 2:4 ကိုယ်​တော်​သည်​လူ​မျိုး​ကြီး​တို့​အ​ငြင်း​ပွား မှု​ကို ပြေ​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း​မိ​မိ​တို့​၏​ဋ္ဌား​များ​ကို ထွန်​သွား​အ​ဖြစ်၊ မိ​မိ​တို့​လှံ​များ​ကို​တံ​စဉ်​အ​ဖြစ်​သို့ ပြောင်း​လဲ​ပြု​လုပ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​နောင်​ဘယ်​အ​ခါ​မျှ စစ်​တိုက်​ကြ​တော့​မည်​မဟုတ်။ နောက်​တစ်​ဖန်​စစ်​တိုက်​ရန်​လည်း​ပြင်​ဆင် ကြ​တော့​မည်​မ​ဟုတ်။
ISA 2:5 ယာ​ကုပ်​၏​သား​မြေး​တို့၊ ယ​ခု​ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​လင်း ၌​ကျင်​လည်​ကြ​ကုန်​အံ့။
ISA 2:6 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ယာ​ကုပ်​၏ သား​မြေး​များ​ဖြစ်​သည့်​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ​တို့​၏​ပြည် သည်​လည်း​အ​ရှေ့​နိုင်​ငံ​သား​များ၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​၏​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ပြည်​သူ တို့​သည်​နိုင်​ငံ​ခြား​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​လျှောက်​ကြ​ပါ​၏။-
ISA 2:7 သူ​တို့​၏​ပြည်​သည်​ရွှေ၊ ငွေ​ပေါ​များ​သ​ဖြင့် အ​တိုင်း​မ​သိ​အောင်​ချမ်း​သာ​ကြွယ်​ဝ​ပါ​၏။ သူ​တို့​၏​ပြည်​၌​မြင်း​ပေါ​များ​၍ မြင်း​ရ​ထား အ​ရေ​အ​တွက်​မှာ​လည်း​အ​တိုင်း​မ​သိ​အောင် များ​ပါ​၏။-
ISA 2:8 သူ​တို့​၏​ပြည်​သည်​ရုပ်​တု​ဆင်း​တု​များ​နှင့်​ပြည့် နှက်​နေ​လျက်​လူ​တို့​သည် မိ​မိ​တို့​လက်​ဖြင့်​ပြု လုပ်​သည့်​အ​ရာ​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​၏။
ISA 2:9 သို့​ဖြစ်​၍​လူ​တိုင်း​ပင်​လျှင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ၍​အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။
ISA 2:10 ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ်​တော် ၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​တို့​၏ အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် သူ​တို့ သည်​ကျောက်​တောင်​လှိုဏ်​ဂူ​များ​၌​သော်​လည်း ကောင်း၊ မြေ​တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း အောင်း​နေ​ကြ​လိမ့်​မည်။-
ISA 2:11 လူ​တို့​၏​မာန်​စွယ်​ကျိုး​မည့်​အ​ချိန်၊ မောက်​မာ ထောင်​လွှား​မှု​ပျက်​သုဉ်း​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး တည်း​သာ​လျှင်​ချီး​မြှောက်​ခြင်း​ကို​ခံ​တော်​မူ​ရ လိမ့်​မည်။-
ISA 2:12 ထို​ကာ​လ​၌​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​တန်​ခိုး​ကြီး​သူ၊ မာန်​မာ​န​ကြီး​သူ​နှင့်​စိတ် ကြီး​ဝင်​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-
ISA 2:13 ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရစ်​ပင် မြင့်​တို့​နှင့် ဗာ​ရှန်​တော​မှ​ဝက်​သစ်​ချ​ပင်​များ ကို​ချိုး​ချ​တော်​မူ​လိမ့်​မည်။-
ISA 2:14 တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ချ​တော်​မူ​၍၊-
ISA 2:15 မြင့်​မား​သော​မျှော်​စင်​မှန်​သ​မျှ​နှင့် မြို့​ရိုး မှန်​သ​မျှ​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။-
ISA 2:16 ကိုယ်​တော်​သည်​အ​ကြီး​ဆုံး​အ​လှ​ဆုံး​သော သင်္ဘော​များ​ကို​ပင် နစ်​မြုပ်​စေ​တော်​မူ​လိမ့်​မည်။-
ISA 2:17 လူ​တို့​၏​မာန်​စွယ်​သည်​ကျိုး​၍​မောက်​မာ​ထောင် လွှား​မှု​များ​သည်​ပျက်​သုဉ်း​ရ​လိမ့်​မည်။ ထို ကာ​လ​ကျ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင် ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​ရ​လိမ့်​မည်။-
ISA 2:18 ရုပ်​တု​ဆင်း​တု​တို့​သည်​လုံး​ဝ​ကွယ်​ပျောက်​၍ သွား​လိမ့်​မည်။
ISA 2:19 ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ် တော်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​သော်​လည်း​ကောင်း၊ မြေ တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း​အောင်း နေ​ကြ​လိမ့်​မည်။-
ISA 2:20 ထို​နေ့​ရက်​ကာ​လ​ရောက်​သော​အ​ခါ​လူ​တို့​သည် မိ​မိ​တို့​သွန်း​လုပ်​ထား​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ ကို​ပွေး​ကောင်​နှင့်​လင်း​နို့​တို့​၏​အ​ကြား​တွင် စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။-
ISA 2:21 ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​တို့ သည်​ကိုယ်​တော်​၏​အ​မျက်​တော်၊ တန်​ခိုး​တော် နှင့်​ဘုန်း​အ​သ​ရေ​တော်​၏​အ​ရှိန်​အ​ဝါ​မှ ကင်း​ဝေး​ကြ​စေ​ရန် မြေ​တွင်း​များ​နှင့်​ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ လိမ့်​မည်။
ISA 2:22 သေ​မျိုး​ဖြစ်​သော​သူ​တို့​အား ယုံ​ကြည်​ကိုး စား​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​အ​ဘယ် မျှ​တန်​ဖိုး​ရှိ​ပါ​သ​နည်း။
ISA 3:1 ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​မှီ​ခို အား​ထား​သူ​မှန်​သ​မျှ​နှင့် ဝတ္ထု​ပစ္စည်း​မှန် သ​မျှ​ကို​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ​တော့​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​အ​စာ​ရေ​စာ​များ​ကို​ရုပ်​သိမ်း တော်​မူ​လိမ့်​မည်။-
ISA 3:2 သူ​တို့​၏​သူ​ရဲ​ကောင်း​များ​နှင့်​စစ်​သည်​တော် များ၊ တ​ရား​သူ​ကြီး​များ​နှင့်​ပ​ရော​ဖက်၊ ဗေ​ဒင်​ဆ​ရာ​များ​နှင့်​တာ​ဝန်​ရှိ​ပ္ဂိုလ်​များ၊-
ISA 3:3 သူ​တို့​၏​စစ်​ဘက်​နယ်​ဘက်​ခေါင်း​ဆောင်​များ နိုင်​ငံ​ရေး​သ​မား​များ​နှင့်​မှော်​ဆ​ရာ​များ ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-
ISA 3:4 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရွယ်​မ​ရောက်​သေး သော​က​လေး​သူ​ငယ်​များ​အား ပြည်​သူ တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
ISA 3:5 လူ​တိုင်း​ပင်​တစ်​ဦး​အ​ပေါ်​တစ်​ဦး​အ​ခွင့်​ကောင်း ယူ​၍​ကိုယ်​ကျိုး​ရှာ​လိမ့်​မည်။ လူ​ငယ်​လူ​ရွယ်​တို့ သည်​လူ​ကြီး​သူ​မ​တို့​အား​လည်း​ကောင်း၊ ယုတ် ညံ့​သူ​တို့​သည်​မြင့်​မြတ်​သူ​တို့​အား​လည်း ကောင်း​အ​ရို​အ​သေ​ကင်း​မဲ့​ကြ​လိမ့်​မည်။
ISA 3:6 သား​ချင်း​စု​ဝင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ လူ​တစ်​စုံ​တစ်​ယောက်​ကို​ရွေး​ချယ်​ကာ``ယုတ်​စွ အ​ဆုံး​သင့်​မှာ​အ​ဝတ်​အ​စား​ရှိ​ပါ​သေး​သည်။ သို့​ဖြစ်​၍​ယ​ခု​လို​ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့ ၏​ဦး​စီး​ခေါင်း​ဆောင်​ပြု​လုပ်​ပေး​ပါ'' ဟု​ဆို ကြ​သည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။
ISA 3:7 သို့​ရာ​တွင်​ထို​သူ​က``ငါ​မ​လုပ်​ပါ​ရ​စေ​နှင့်။ ငါ​သည်​သင်​တို့​ကို​မ​ကယ်​နိုင်​ပါ။ ငါ့​မှာ​လည်း အ​စား​အ​စာ​နှင့်​အ​ဝတ်​မ​ရှိ​ပါ။ ငါ့​အား​သင် တို့​၏​ဦး​စီး​ခေါင်း​ဆောင်​အ​ဖြစ်​မ​ခန့်​ကြ ပါ​နှင့်'' ဟု​ပြန်​လည်​ပြော​ဆို​လိမ့်​မည်။
ISA 3:8 ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။ ယု​ဒ​ပြည်​လည်း​ပြို​ပျက်​လျက်​နေ လေ​ပြီ။ သူ​တို့​ပြု​သ​မျှ​သော​အ​မှု​များ​နှင့် ပြော​သ​မျှ​သော​စ​ကား​များ​သည် ထာ​ဝ​ရ ဘု​ရား​နှင့်​ဆန့်​ကျင်​ဘက်​သာ​လျှင်​ဖြစ်​၍ နေ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကို​လူ​သိ​ရှင်​ကြား​စော်​ကား​ကြ​၏။-
ISA 3:9 သူ​တို့​၏​မျက်​နှာ​အ​မူ​အ​ရာ​က​သူ​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​ဖော်​ပြ​သက်​သေ​ခံ​လျက် ရှိ​ပေ​သည်။ သော​ဒုံ​မြို့​မှ​လူ​များ​ကဲ့​သို့​သူ တို့​သည်​အ​ပြစ်​ကို​ပေါ်​လွင်​ထင်​ရှား​စွာ​ပြု ကြ​၏။ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​သူ​တို့ ကိုယ်​တိုင်​ပင်​ဖန်​တီး​ပေး​ကြ​လေ​ပြီ။
ISA 3:10 သူ​တော်​ကောင်း​တို့​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သူ တို့​အ​တွက်​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​၏​ကောင်း​ကျိုး​ကို​ခံ​စား​ရ ကြ​လိမ့်​မည်။-
ISA 3:11 သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။
ISA 3:12 ငွေ​ချေး​စား​သူ​တို့​သည်​ငါ​၏​လူ​များ​အား နှိပ်​စက်​ကြ​၏။ ငွေ​ရှင်​ကြေး​ရှင်​များ​က​သူ​တို့ အား​လိမ်​လည်​လှည့်​ဖြား​ကြ​၏။ ငါ​၏​လူ​တို့၊ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​သင်​တို့​အား လမ်း​မှား​ကို​ပြ​လျက်​နေ​သ​ဖြင့် သင်​တို့​သည် အ​ဘယ်​လမ်း​သို့​လိုက်​ရ​မည်​ကို​ပင်​မ​သိ နိုင်​ကြ​တော့​ပေ။
ISA 3:13 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​မှု​ကို​ဖော်​ပြ ရန်​အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​ရန်​အ​သင့်​ရှိ တော်​မူ​၏။-
ISA 3:14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အ​ထဲ​မှ အ​သက်​ကြီး​သူ​များ​နှင့်​ဦး​စီး ခေါင်း​ဆောင်​များ​အား​တ​ရား​စီ​ရင်​တော်​မူ ပေ​အံ့။ သူ​တို့​အား​ကိုယ်​တော်​က``သင်​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​လု​ယက်​ကြ​လေ​ပြီ။ သင်​တို့​၏​အိမ်​များ​သည်​လည်း​ဆင်း​ရဲ​သူ တို့​ထံ​မှ​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ နှင့်​ပြည့်​လျက်​နေ​၏။-
ISA 3:15 သူ​တို့​တွင်​ငါ​၏​လူ​မျိုး​တော်​အား​ဤ​သို့ နှိပ်​စက်​ပိုင်​ခွင့်၊ ဆင်း​ရဲ​သူ​တို့​အ​ပေါ်​၌​အ​ခွင့် ကောင်း​ယူ​ပိုင်​ခွင့်​လည်း​မ​ရှိ။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
ISA 3:16 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-
ISA 3:17 သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား ဦး​ပြည်း ခေါင်း​တုံး​ရိတ်​၍​အ​ပြစ်​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 3:18 ယေ​ရု​ရှ​လင်​မြို့​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​သ​မျှ သော​အ​ရာ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​ထံ​မှ​သိမ်း​ယူ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ သူ​တို့​၏​ခြေ​ချင်း​များ၊ ဦး​ခေါင်း တန်​ဆာ​များ၊ လည်​ဆွဲ​များ၊-
ISA 3:19 နား​ဆွဲ​များ၊ လက်​ကောက်​များ၊ သူ​တို့​၏ မျက်​နှာ​ဖုံး​ဇာ​ပု​ဝါ​များ၊ ဦး​ထုပ်​များ၊-
ISA 3:21 လက်​မောင်း​ပတ်၊ ခါး​ပတ်​လက်​ဖွဲ့​များ၊ လက်​စွပ် များ၊ နှာ​ဆွဲ​များ၊ ကောင်း​သော​ဝတ်​လုံ​များ၊ အ​ပေါ်​အ​င်္ကျီ​ရှည်​များ၊ ဂါ​ဝန်​များ၊ ပိုက်​ဆံ အိတ်​များ၊ ပါး​လွှာ​သော​အ​ဝတ်​တန်​ဆာ​များ၊ ပိတ်​ချော​လက်​ကိုင်​ပု​ဝါ​များ၊ ခေါင်း​အုပ်​ဇာ ပု​ဝါ​များ​ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။
ISA 3:24 သူ​တို့​သည်​ရေ​မွှေး​နံ့​မ​ရ​ဘဲ​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ လှ​ပ​သည့်​ခါး​ပတ်​များ​အ​စား ကြိုး​ကြမ်း​များ​ကို​အ​သုံး​ပြု​ရ​ကြ​လိမ့်​မည်။ ရှု​ချင်​စ​ဖွယ်​ကောင်း​သော​ဆံ​ထုံး​များ​အ​စား ဦး​ပြည်း​ခေါင်း​တုံး​ထား​ရ​ကြ​လိမ့်​မည်။ တင့် တယ်​လှ​ပ​သော​ဝတ်​စား​တန်​ဆာ​များ​အ​စား အ​ဝတ်​စုတ်​များ​ကို​ဝတ်​ဆင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​နှစ်​လို​ဖွယ်​ရာ​အ​ဆင်း​သည်​လည်း ရှက်​ဖွယ်​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား လိမ့်​မည်။
ISA 3:25 သူ​တို့​၏​လင်​ယောကျာ်း​များ​သည်​လည်း အ​ဘယ် မျှ​ပင်​ခွန်​အား​ကြီး​မား​ကြ​စေ​ကာ​မူ​စစ် ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။-
ISA 3:26 မြို့​တံ​ခါး​များ​သည်​ငို​ကြွေး​မြည်​တမ်း​လျက် မြို့​ကြီး​သည်​လည်း အ​ဝတ်​အ​ချည်း​စည်း​နှင့် မြေ​ပေါ်​တွင်​ထိုင်​လျက်​နေ​သည့်​မိန်း​မ​နှင့် တူ​လိမ့်​မည်။
ISA 4:1 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ အ​မျိုး​သား​တစ်​ယောက်​လျှင် အ​မျိုး​သ​မီး ခု​နစ်​ယောက်​ဝိုင်း​၍``ကျွန်​မ​တို့​သည်​မိ​မိ တို့​စား​ရေး​ဝတ်​ရေး​အ​တွက် တာ​ဝန်​ယူ နိုင်​ပါ​သည်။ အိမ်​ထောင်​မဲ့​ဖြစ်​၍​ကျွန်​မ​တို့ အ​ရှက်​မ​ရ​ကြ​စေ​ရန် ရှင့်​အား​ကျွန်​မ​တို့ ၏​ခင်​ပွန်း​အ​ဖြစ်​ဖြင့်​ဖော်​ပြ​ပါ​ရ​စေ'' ဟု​ပြော​ဆို​ကြ​လိမ့်​မည်။
ISA 4:2 ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​တော်​တွင်​သစ်​ပင် ကြီး​ငယ်​အ​ပေါင်း​ကို ထွား​ကြိုင်း​သန်​မာ​စို​ပြေ စေ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက်​လာ​တော့​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သေး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြည်​တော်​ထွက် သီး​နှံ​များ​အ​တွက်​ဂုဏ်​ယူ​ဝမ်း​မြောက်​ကြ လိမ့်​မည်။-
ISA 4:3 ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ ရ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သက်​ရှင်​ကျန်​ရှိ​နေ သူ​မှန်​သ​မျှ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
ISA 4:4 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​စစ်​ဆေး​စီ​ရင်​ကာ တန်​ခိုး​တော်​အား ဖြင့်​ဖြူ​စင်​သန့်​ရှင်း​စေ​တော်​မူ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​၏​အ​ပြစ်​ကို​လည်း​ကောင်း၊ ထို​မြို့ တွင်​သွန်း​သည့်​သွေး​များ​ကို​လည်း​ကောင်း ဆေး​ကြော​စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။-
ISA 4:5 ထို​နောက်​ဇိ​အုန်​တောင်​တော်​နှင့်​ထို​အ​ရပ်​တွင် စု​ရုံး​လျက်​နေ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့ ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ်၊ ညဥ့်​အ​ချိန်​၌​မီး​ခိုး​နှင့်​မီး​တောက်​မီး​လျှံ စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​သည် တစ်​မြို့​လုံး​ကို​လွှမ်း ခြုံ​လျက်​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပေ​အံ့။-
ISA 4:6 ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​မြို့ တော်​ကို နေ​၏​အ​ပူ​ရှိန်​မှ​ကာ​ကွယ်​၍ မိုး​သက် မုန်​တိုင်း​၏​ဒဏ်​နှင့်​ကင်း​ဝေး​စေ​ပြီး​လျှင် ဘေး​မဲ့​လုံ​ခြုံ​ရာ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။
ISA 5:1 နား​ထောင်​လော့။ ငါ​၏​မိတ်​ဆွေ​နှင့်​သူ​၏​စ​ပျစ်​ဥ​ယျာဉ်​အ​ကြောင်း ဤ​သီ​ချင်း​ကို​သင့်​အား​ငါ​သီ​ဆို​၍​ပြ​မည်။ အ​လွန်​မြေ​သြ​ဇာ​ကောင်း​သည့် တောင်​ကုန်း​တစ်​ခု​ပေါ်​တွင်၊ ငါ့​မိတ်​ဆွေ​၏​စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။
ISA 5:2 သူ​သည်​မြေ​ကို​တူး​ဆွ​၍​ကျောက်​ခဲ​များ​ကို ဖယ်​ရှား​ပစ်​ကာ၊ မျိုး​ကောင်း​မျိုး​သန့်​စ​ပျစ်​ပင်​များ​ကို​စိုက်​၏။ သူ​သည်​ထို​အ​ပင်​တို့​စောင့်​ကြပ်​ကြည့်​ရှု​ရန် လင့်​စင်​တစ်​ခု​ကို​တည်​ဆောက်​၏။ စ​ပျစ်​သီး​နယ်​ရန်​ကျင်း​တစ်​ခု​ကို​လည်း တူး​၏။ သူ​သည်​စ​ပျစ်​သီး​မှည့်​ချိန်​ကို​စောင့်​ဆိုင်း​လျက် နေ​၏။ သို့​ရာ​တွင်​စ​ပျစ်​သီး​မှန်​သ​မျှ​သည်​ချဉ်​၍ နေ​တော့​၏။
ISA 5:3 သို့​ဖြစ်​၍​ငါ​၏​မိတ်​ဆွေ​က``အ​ချင်း​ယေ​ရု ရှ​လင်​မြို့​သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့၊ ငါ နှင့်​ငါ့​စ​ပျစ်​ဥ​ယျာဉ်​၏​အ​မှု​ကို​စီ​ရင်​ဆုံး ဖြတ်​ကြ​လော့။-
ISA 5:4 ထို​ဥ​ယျာဉ်​ကို​ပြု​စု​ရာ​တွင်​ငါ့​မှာ​အ​ဘယ် လစ်​ဟင်း​မှု​ရှိ​ပါ​သ​နည်း။ သို့​ပါ​လျက်​စ​ပျစ် ပင်​များ​သည် အ​ဘယ်​ကြောင့်​ငါ​မျှော်​လင့်​သည့် အ​တိုင်း​စ​ပျစ်​သီး​ကောင်း​များ​အ​စား​စ​ပျစ် သီး​ချဉ်​များ​ကို​သီး​ရ​ပါ​သ​နည်း။
ISA 5:5 ``ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ဤ​သို့​ပြု​မည်။ ယင်း​၏​ခြံ​စည်း​ရိုး​ကို​ဖယ်​ရှား​ပစ်​ပြီး​လျှင် အုတ်​ရိုး​ကို​လည်း​ဖြို​ချ​ကာ​တော​တိ​ရစ္ဆာန် များ​အား​စား​သောက်​နင်း​ချေ​စေ​မည်။-
ISA 5:6 ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။
ISA 5:7 ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။
ISA 5:8 သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​တွင် ရှိ​ပြီး​အိမ်​များ၊ လယ်​ယာ​များ​ကို​အ​ရေ​အ​တွက် တိုး​ပွား​အောင်​ပြု​ကြ​သူ​တို့။ မ​ကြာ​မီ​ပင် အ​ခြား​သူ​များ​အ​တွက် နေ​ရာ​ထိုင်​ခင်း​ကျန် ရှိ​တော့​မည်​မ​ဟုတ်။ သင်​တို့​ချည်း​သာ​လျှင် ပြည်​တော်​တွင်​နေ​ထိုင်​ရ​ကြ​ပေ​တော့​အံ့။-
ISA 5:9 အ​နန္တ​တန်ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကြီး ကျယ်​လှ​ပ​သည့်​အိမ်​များ​သည်​လူ​သူ​မ​ရှိ သည့်​အိမ်​ပျက်​များ​ဖြစ်​ရ​ကြ​လိမ့်​မည်။-
ISA 5:10 ငါး​ဧ​က​ရှိ​သည့်​စ​ပျစ်​ခြံ​မှ​စ​ပျစ်​ရည် သည် တစ်​ဂါ​လံ​မျှ​သာ​ရ​ရှိ​လိမ့်​မည်။ မျိုး စေ့​ဆယ်​တင်း​ကြဲ​သော်​လည်း​တစ်​တင်း သာ​လျှင်​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။''
ISA 5:11 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် သေ​ရည်​သေ​ရက်​သောက်​ရန် စော​စော​ထ​၍ ည နေ​ချိန်​၌​လည်း​ကြာ​မြင့်​စွာ​မူး​ယစ်​၍​နေ တတ်​ကြ​၏။-
ISA 5:12 သင်​တို့​၏​ပွဲ​လမ်း​သ​ဘင်​များ​တွင်​စောင်း​များ၊ ပတ်​သာ​များ၊ ပ​လွေ​များ​နှင့်​စ​ပျစ်​ရည်​ပါ တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​ပြု​တော်​မူ​လျက်​နေ​သည်​ကို သင်​တို့​မ​သိ ကြ။-
ISA 5:13 ထို့​ကြောင့်​သင်​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည် အ​စာ​ငတ်​၍​သေ​ဆုံး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​ရေ​ငတ်​ကြ​လိမ့်​မည်။-
ISA 5:14 မ​ရ​ဏ​နိုင်​ငံ​သည်​သူ​တို့​အား​ဝါး​မျို​လို သ​ဖြင့် မိ​မိ​၏​ပါး​စပ်​ကို​ကျယ်​စွာ​ဟ​လျက် နေ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​မှူး​မတ်​များ​ကို​လည်း ယောက်​ယက်​ခတ်​ဆူ​ညံ​နေ​သော​ဆင်း​ရဲ​သား လူ​အုပ်​ကြီး​နှင့်​အ​တူ​မျို​ချ​လိုက်​လေ​သည်။
ISA 5:15 လူ​တိုင်း​ပင်​အ​ရှက်​ကွဲ​၍​မာန်​မာ​န​ကြီး​သူ မှန်​သ​မျှ​တို့​သည်​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။-
ISA 5:16 သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဖြောင့်​မှန်​စွာ​ပြု​တော်​မူ​ခြင်း​အား​ဖြင့် မိ​မိ​၏​ကြီး​မြတ်​မှု​ကို​ဖော်​ပြ​တော်​မူ​လိမ့် မည်။ မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကို​ထင်​ရှား စေ​တော်​မူ​လိမ့်​မည်။-
ISA 5:17 ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင်​သိုး​ငယ် တို့​သည်​မြက်​များ​ကို​စား​လျက်၊ ဆိတ်​ငယ်​တို့ သည်​လည်း​စား​ကျက်​များ​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။
ISA 5:18 သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​အ​ပြစ် များ​၏​အ​နှောင်​အ​ဖွဲ့​မှ​သင်​တို့​မ​ရုန်း​မ​ထွက် နိုင်​ကြ။-
ISA 5:19 သင်​တို့​က၊``ငါ​တို့​တွေ့​မြင်​ရကြ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​လျင် အ​မြန်​ပြု​တော်​မူ​ပါ​စေ​သော။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​ကြံ​အ​စည်​တော်​တို့​ကို အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​ကို​ငါ တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ချေ​သည်။
ISA 5:20 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကောင်း ကို​အ​ဆိုး၊ အ​ဆိုး​ကို​အ​ကောင်း​ဟု​သင်​တို့ ခေါ်​ဆို​တတ်​ကြ​၏။ အ​မှောင်​ကို​အ​လင်း အ​ဖြစ်​သို့၊ အ​လင်း​ကို​အ​မှောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​တတ်​ကြ​၏။ သင်​တို့​က​အ​ချို​ကို အ​ခါး၊ အ​ခါး​ကို​အ​ချို​ဖြစ်​စေ​တတ်​ကြ​၏။
ISA 5:21 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့ ကိုယ်​ကို​အ​လွန်​ပညာ​ရှိ​သည်။ တတ်​သိ​လိမ္မာ သည်​ဟု​ထင်​မှတ်​တတ်​ကြ​၏။
ISA 5:22 သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ချင်း​အ​ရက် ပု​လင်း​သူ​ရဲ​ကောင်း​တို့၊ သင်​တို့​သည်​အ​ရက် ရော​စပ်​မှု​တွင်​သတ္တိ​ကောင်း​၍​ကြောက်​စိတ်​ကင်း ကြ​ပါ​သည်​တ​ကား။-
ISA 5:23 သို့​ရာ​တွင်​သင်​တို့​သည်​တံ​စိုး​လက်​ဆောင်​ရ ခဲ့​သော် အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​မ​ပေး​ဘဲ လွှတ်​ပစ်​ကာ၊ အ​ပြစ်​မဲ့​သူ​တို့​ကို​မူ​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​၍​မ​ပေး​ကြ။-
ISA 5:24 ထို့​ကြောင့်​ကောက်​ရိုး​နှင့်​မြက်​ခြောက်​တို့​သည် မီး လျှံ​တွင်​တွန့်​လိမ်​လောင်​ကျွမ်း​သွား​သ​ကဲ့​သို့၊ သင်​တို့​၏​အ​မြစ်​များ​သည်​ဆွေး​မြေ့​လျက် အ​ပွင့်​များ​သည်​လည်း​ခြောက်​သွေ့​လွင့်​စင်​လျက် သွား​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့ သည်​ငါ​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟော​ပြော​သွန်​သင်​တော်​မူ သည့်​တ​ရား​တော်​ကို​ပစ်​ပယ်​ကြ​သော​ကြောင့် ဖြစ်​၏။-
ISA 5:25 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​အ​မျက်​ထွက်​တော်​မူ​၍ အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ရန်​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့် တောင်​တို့​သည်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သေ​သော သူ​တို့​၏​အ​လောင်း​များ​သည်​လမ်း​များ​ပေါ် တွင်​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ကျန်​ရစ်​လိမ့်​မည်။ ထို​အ​ခါ​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက် တော်​သည်​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော် သည်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို ဆန့်​လျက်​ပင်​ထား​ရှိ​လိမ့်​ဦး​မည်။
ISA 5:26 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ချက်​ပြ​၍​ရပ်​ဝေး နေ​လူ​မျိုး​ခြား​တို့​အား​ခေါ်​ယူ​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​သူ​တို့​အား​ကမ္ဘာ​မြေ​ကြီး စွန်း​မှ​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ​ဖြင့် အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လည်း​ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​လာ ရောက်​ကြ​လိမ့်​မည်။-
ISA 5:27 သူ​တို့​တွင်​မော​ပန်း​သူ၊ ခြေ​ချော်​သူ​ဟူ​၍ မ​ရှိ။ ငိုက်​မြည်း​သူ၊ အိပ်​ပျော်​သူ​လည်း​မ​ရှိ။ သူ​တို့​၏​ခါး​စည်း​များ​သည်​မ​ပြေ။ ဖိ​နပ် ကြိုး​များ​သည်​လည်း​မ​ပြတ်။-
ISA 5:28 သူ​တို့​၏​မြား​များ​သည်​ထက်​လျက်၊ လေး​တို့ သည်​လည်း​တင်​ရန်​အ​သင့်​ရှိ​ကြ​၏။ သူ​တို့ ၏​မြင်း​ခွာ​များ​သည်​မီး​ခတ်​ကျောက်​ကဲ့​သို့ မာ​၍​ရ​ထား​ဘီး​များ​သည်​လည်း​လေ​ဗွေ ကဲ့​သို့​လျင်​မြန်​စွာ​လည်​ကြ​၏။-
ISA 5:29 သူ​တို့​၏​ကြွေး​ကြော်​သံ​သည်​သား​ကောင်​လိုက် သတ်​ဆွဲ​ယူ​ကာ မိ​မိ​တို့​လက်​မှ​အ​ဘယ်​သူ​မျှ လု​မ​ယူ​နိုင်​စေ​ရန်​မာန်​ဖီ​တတ်​သည့်​ခြင်္သေ့​တို့ ၏​ဟောက်​သံ​နှင့်​တူ​၏။
ISA 5:30 ထို​ကာ​လ​၌​သူ​တို့​သည်​ပင်​လယ်​မြည်​ဟည်း​သံ ကဲ့​သို့ ကျယ်​စွာ​ဣ​သ​ရေ​လ​ပြည်​တွင်​ကြွေး​ကြော် ကြ​လိမ့်​မည်။ ထို​ပြည်​ကို​ကြည့်​ရှု​ကြ​လော့။ ယင်း သည်​မှောင်​အ​တိ၊ ဆင်း​ရဲ​ဒုက္ခ​အ​တိ​ဖြစ်​၍​နေ​လိမ့် မည်။ အ​လင်း​ကား​အ​မှောင်​တွင်​ကွယ်​ပျောက် သွား​လေ​တော့​သ​တည်း။
ISA 6:1 သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။-
ISA 6:2 ကိုယ်​တော်​အား​မီး​လျှံ​ထ​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​သည် ခြံ​ရံ​ကာ​ရပ်​လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​တောင်​ခြောက်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင်​နှစ်​ခု​ဖြင့်​မိ​မိ​တို့​မျက်​နှာ​ကို​လည်း​ကောင်း၊ အ​ခြား​နှစ်​ခု​ဖြင့်​ကိုယ်​ခန္ဓာ​ကို​လည်း​ကောင်း​ဖုံး​အုပ်​ထား​ကာ​ကျန်​အ​တောင်​နှစ်​ခု​ကို​မူ​ပျံ​တက်​ရာ​တွင်​အ​သုံး​ပြု​ကြ​လေ​သည်။-
ISA 6:3 သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။'' ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။
ISA 6:4 ဤ​သို့​သူ​တို့​ကြွေး​ကြော်​ကြ​သည့်​အ​သံ​ကြောင့်၊ ဗိ​မာန်​တော်​အုတ်​မြစ်​သည်​တုန်​လှုပ်​ကာ​ဗိ​မာန်​တော်​သည်​လည်း​မီး​ခိုး​များ​နှင့်​ပြည့်​၍​လာ​တော့​၏။
ISA 6:5 ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။
ISA 6:6 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပလ္လင်​မှ​မီး​ခဲ​တစ်​ခဲ​ကို​မီး​ညှပ်​နှင့်​ညှပ်​၍​ယူ​ဆောင်​ကာ ငါ့​ထံ​သို့​ပျံ​ဆင်း​လာ​၏။-
ISA 6:7 သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။
ISA 6:8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​ဘယ်​သူ​ကို​စေ​လွှတ်​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​က​လည်း``ကျွန်​တော်​မျိုး​သွား​ပါ​မည်။ ကျွန်​တော်​မျိုး​အား​စေ​လွှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
ISA 6:9 ဤ​သို့​ဖြင့်​ကိုယ်​တော်​သည်​ငါ့​အား​ထို​သူ​တို့​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သူ​တို့​အား`သင်​တို့​သည်​ထပ်​ကာ​ထပ်​ကာ​နား​ထောင်​သော်​လည်း​နား​လည်​လိမ့်​မည်​မ​ဟုတ်။ ထပ်​ကာ​ထပ်​ကာ​ကြည့်​သော်​လည်း​အ​ဖြစ်​အ​ပျက်​ကို​သိ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။-
ISA 6:10 ထို​နောက်​ကိုယ်​တော်​က``ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်၊ မျက်​စိ​များ​သည်​လည်း​ပိတ်​လျက်​နေ​အောင်​ပြု​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ နား​မ​လည်​နိုင်​ဘဲ​နေ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​မြင်​နိုင်​ကြား​နိုင်​နား​လည်​နိုင်​ကြ​မည်​ဆို​ပါ​မူ မိ​မိ​တို့​၏​ဝိ​ညာဉ်​ဆိုင်​ရာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​ရ​အောင်​စိတ်​နှ​လုံး​ပြောင်း​လဲ​ကြ​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။
ISA 6:11 ငါ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ပါ​မည်​နည်း'' ဟု​လျှောက်​လျှင် ကိုယ်​တော်​က``မြို့​များ​ပျက်​စီး​ယို​ယွင်း​၍​ဟာ​လာ​ဟင်း​လင်း​ဖြစ်​၍​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။ အိမ်​များ​တွင်​လူ​သူ​ကင်း​မဲ့​ပြီး​ထို​ပြည်​ကိုယ်​တိုင်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။-
ISA 6:12 ငါ​သည်​လူ​တို့​အား​တစ်​ပါး​အ​ရပ်​သို့​ပြောင်း​ရွှေ့​စေ​၍ ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ​မည်။-
ISA 6:13 အ​ကယ်​၍​ထို​ပြည်​တွင်​လူ​ဦး​ရေ​ဆယ်​ရာ​နှုန်း​မျှ​သာ​ကျန်​ရစ်​မည်​ဆို​လျှင်​လည်း ထို​သူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ထို​သူ​တို့​သည်​ခုတ်​လှဲ​လိုက်​သည့်​ဝက်​သစ်​ချ​ပင်​တို့​၏​ငုတ်​တို​များ​နှင့်​တူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (သစ်​ငုတ်​တို​များ​သည်​ဘု​ရား​သ​ခင်​လူ​မျိုး​တော်​၏​ဘ​ဝ​သစ်​အ​စ​ပျိုး​မှု​ကို​ဖော်​ပြ​သည်။)
ISA 7:1 ယု​ဒ​ပြည်​တွင် သြ​ဇိ​၏​မြေး၊ ယော​သံ​၏​သား၊ အာ​ခတ်​နန်း​စံ​စဉ်​အ​ခါ​စစ်​ဖြစ်​လေ​သည်။ ရှု​ရိ ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ရေ​မ​လိ ၏​သား​ပေ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​ကြ​သော်​လည်း​ထို​မြို့​ကို​သိမ်း​ယူ နိုင်​စွမ်း​မ​ရှိ​ကြ။
ISA 7:2 ရှု​ရိ​တပ်​များ​သည် ဣ​သ​ရေ​လ​နယ်​မြေ​အ​တွင်း သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ယု​ဒ​ဘု​ရင်​ကြား သိ​ရ​သော​အ​ခါ သူ​နှင့်​တ​ကွ​သူ​၏​ပြည်​သူ အ​ပေါင်း​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​ကုန်​၏။ လေ တိုက်​၍​လှုပ်​သော​သစ်​ရွက်​များ​ကဲ့​သို့ သူ​တို့ ၏​စိတ်​နှ​လုံး​သည်​တုန်​လှုပ်​လျက်​နေ​ကုန်​၏။
ISA 7:3 ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ​အား``သင်​၏ သား​ရှာ​ယာ​ရှုပ်​ကို​ခေါ်​၍​အာ​ခတ်​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သင်​သည်​သူ့​ကို​အ​ထက် ရေ​ကန်​ရေ​သွယ်​မြောင်း​အ​ဆုံး​အ​ထည်​ယက် သ​မား​များ​အ​လုပ်​လုပ်​သည့်​နေ​ရာ​အနီး ရှိ​လမ်း​ပေါ်​တွင်​တွေ့​လိမ့်​မည်။-
ISA 7:4 သူ့​အား​သ​တိ​ရှိ​မှု၊ တည်​ငြိမ်​မှု​ရှိ​ရန်​နှင့်​ထိတ် လန့်​မှု​နှင့်​စိတ်​အ​နှောက်​အ​ယှက်​မ​ဖြစ်​ရန် ကို​ပြော​ကြား​လော့။ ရေ​ဇိန်​မင်း​နှင့်​တ​ကွ ရှု​ရိ​ပြည်​သူ​တို့​၏​အ​မျက်​နှင့်​ပေ​ကာ​မင်း ၏​အ​မျက်​သည် ထင်း​စ​နှစ်​ခု​မှ​အ​ငွေ့​တ​လူ လူ​ထွက်​လျက်​နေ​သော​မီး​ခိုး​ထက်​ပို​၍ ဥ​ပဒ်​မ​ပေး​နိုင်။-
ISA 7:5 ရှု​ရိ​ပြည်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့် ၎င်း ၏​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တစ်​ခု​ကို​ပြု​၏။-
ISA 7:6 သူ​တို့​သည်​ယု​ဒ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက် ကာ​ပြည်​သူ​တို့​အား မိ​မိ​ဘက်​သို့​ပါ​အောင် ခြိမ်း​ခြောက်​၍​တ​ဗာ​လ​၏​သား​ကို​နန်း​တင် ရန်​ကြံ​ရွယ်​ထား​ကြ​၏။
ISA 7:7 သို့​ရာ​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖွင့်​ဟ ကြေ​ညာ​သည်​မှာ``ဤ​သို့​အ​ဘယ်​အ​ခါ ၌​မျှ​ဖြစ်​ရ​လိမ့်​မည်​မ​ဟုတ်။-
ISA 7:8 အ​ဘယ်​ကြောင့်​ဆို​သော်​ရှု​ရိ​ပြည်​၏​အင်​အား သည် ဒ​မာ​သက်​မြို့​ပင်​ဖြစ်​၍​ဒ​မာ​သက်​မြို့​၏ အင်​အား​မှာ​လည်း ရေ​ဇိန်​မင်း​ပင်​ဖြစ်​သော ကြောင့်​တည်း။ ဣ​သ​ရေ​လ​ပြည်​သည်​လည်း ခြောက်​ဆယ့်​ငါး​နှစ်​အ​တွင်း ပြို​ကွဲ​လျက် နိုင်​ငံ​တစ်​ခု​အ​နေ​ဖြင့်​ရပ်​တည်​နိုင်​တော့ မည်​မ​ဟုတ်။-
ISA 7:9 ဣ​သ​ရေ​လ​ပြည်​၏​အင်​အား​သည် ရှ​မာ​ရိ မြို့​ဖြစ်​၍​ရှ​မာ​ရိ​မြို့​၏​အင်​အား​မှာ​လည်း ပေ​ကာ​မင်း​ပင်​ဖြစ်​ပေ​သည်။'' ``အ​ကယ်​၍​သင်​တို့​သည် ခိုင်​မြဲ​စွာ​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​မ​ပြု​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ရပ်​တည်​နိုင်​ကြ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
ISA 7:10 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခတ်​ထံ​သို့ မိ​မိ ၏​စေ​တ​မန်​ကို​လွှတ်​တော်​မူ​ပြန်​၍၊-
ISA 7:11 ``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။
ISA 7:12 အာ​ခတ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကဲ​မ​စမ်း​လို​ပါ။ သို့​ဖြစ်​၍​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​လျှောက်​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။
ISA 7:13 ထို​အ​ခါ​ဟေ​ရှာ​ယ​က``အို ဒါ​ဝိဒ်​၏​သား​မြေး၊ နား​ထောင်​လော့။ သင်​သည်​မိ​မိ​အား​ပြည်​သူ​တို့ ငြီး​ငွေ့​အောင်​ပြု​ရုံ​ဖြင့်​မ​ကျေ​နပ်​ဘဲ ထာ​ဝ​ရ ဘု​ရား​လည်း​ငြီး​ငွေ့​လာ​အောင်​ပြု​လို​ပါ သ​လော။-
ISA 7:14 ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် သင့် အား​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ လိမ့်​မည်။ အ​မျိုး​သ​မီး​ပျို​တစ်​ယောက်​သည် ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်။ သူ​သည်​ထို​သား​ကို`ဧ​မာ​နွေ​လ' ဟု​နာ​မည်​ပေး​လိမ့်​မည်။-
ISA 7:15 ထို​သူ​ငယ်​သည်​အ​ရွယ်​ရောက်​၍​စဉ်း​စား ဆုံး​ဖြတ်​တတ်​ချိန်​ရောက်​သည့်​အ​ခါ နို့​နှင့် ပျား​ရည်​ကို​သာ​စား​သုံး​လိမ့်​မည်။-
ISA 7:16 ထို​အ​ချိန်​ကာ​လ​မ​ကျ​မီ​၌​ပင်​လျှင် သင် ကြောက်​လန့်​သည့်​ဘု​ရင်​နှစ်​ပါး​၏​တိုင်း ပြည်​များ​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လျက်​နေ​လိမ့်​မည်။
ISA 7:17 ``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နှစ်​ခြမ်း​ကွဲ​ချိန်​မှ​အ​စ ပြု​၍ မ​ကြုံ​ဘူး​သေး​သော​ဘေး​ဒုက္ခ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​သင်​၏​ပြည်​သူ​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ မင်း​ဆွေ​မင်း​မျိုး​မှန် သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း​သက်​ရောက်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​အာ​ရှု​ရိ ဘု​ရင်​ကို​ခေါ်​ဆောင်​လာ​တော်​မူ​ပေ​အံ့။
ISA 7:18 ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ယင် ကောင်​များ​သ​ဖွယ်​နိုင်း​မြစ်​လက်​တက်​များ​၏ အ​စွန်​အ​ဖျား​မှ​လည်း​ကောင်း၊ အာ​ရှု​ရိ​အ​မျိုး သား​တို့​အား​ပျား​များ​သ​ဖွယ်​မိ​မိ​တို့​ပြည် မှ​လည်း​ကောင်း​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ ဖြင့်​အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။-
ISA 7:19 သူ​တို့​သည်​လည်း​ကျောက်​ထူ​ထပ်​သည့်​ချိုင့် ဝှမ်း​များ၊ ကျောက်​ဂူ​များ၊ ဆူး​ခြုံ​ရှိ​သ​မျှ နှင့်​စား​ကျက်​ရှိ​သ​မျှ​တို့​ကို​ကြိတ်​ကြိတ် တိုး​လာ​ရောက်​ကြ​လိမ့်​မည်။
ISA 7:20 ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​ဥ​ဖ​ရတ်​မြစ်​တစ်​ဖက်​ကမ်း​မှ အာ​ရှု​ရိ​ဘု​ရင်​တည်း​ဟူ​သော​ဆံ​ပင်​ညှပ် သ​မား​ကို​ငှား​၍​သင်​တို့​၏​မုတ်​ဆိတ်​များ ကို​လည်း​ကောင်း၊ ဆံ​ပင်​နှင့်​ကိုယ်​မွေး​များ ကို​လည်း​ကောင်း​ရိတ်​စေ​တော်​မူ​လိမ့်​မည်။
ISA 7:21 ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ကယ် ၍​လယ်​သ​မား​တစ်​ယောက်​တွင် နွား​သ​ငယ် တစ်​ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​သာ​လျှင်​ရှိ သော်​လည်း၊-
ISA 7:22 သူ​သည်​မိ​မိ​စား​သုံး​ရန်​လို​သ​မျှ​သော​နို့ များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို​ပြည်​တွင်​မ​သေ​ဘဲ ကျန်​ရစ်​သ​မျှ​သော​လူ​တို့​သည်​နို့​နှင့်​ပျား ရည်​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။
ISA 7:23 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​စ​ပျစ် ပင်​တစ်​ထောင်​ရှိ​၍ ငွေ​ခွက်​တစ်​ထောင်​တန်​ဖိုး ထိုက်​သည့်​စ​ပျစ်​ဥ​ယျာဉ်​တိုင်း​ပင်​လျှင်​ဆူး ခြုံ​အ​မျိုး​မျိုး​ဖြင့်​ဖုံး​အုပ်​၍​နေ​လိမ့်​မည်။-
ISA 7:24 လေး​မြား​မ​ပါ​ဘဲ​အ​ဘယ်​သူ​မျှ​ထို​အ​ရပ် သို့​သွား​ရဲ​ကြ​လိမ့်​မည်​မ​ဟုတ်။ တိုင်း​ပြည် တစ်​ခု​လုံး​ပင်​လျှင်​ဆူး​ခြုံ​အ​မျိုး​မျိုး ဖြင့်​ပြည့်​၍​နေ​လိမ့်​မည်။-
ISA 7:25 အ​ခါ​တစ်​ပါး​က​သီး​နှံ​ပင်​များ​စိုက်​ပျိုး​ခဲ့ သည့်​တောင်​ကုန်း​မှန်​သ​မျှ​သည် ဆူး​ခြုံ​အ​မျိုး မျိုး​နှင့်​ပြည့်​နှက်​နေ​သ​ဖြင့် ထို​နေ​ရာ​များ​သို့ အ​ဘယ်​သူ​မျှ​သွား​ကြ​လိမ့်​မည်​မ​ဟုတ်။ နွား များ​သိုး​များ​ကျက်​စား​ရာ​သာ​လျှင်​ဖြစ် လိမ့်​မည် '' ဟု​ဆို​၏။
ISA 8:1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``စာ​ရေး​သင်​ပုန်း ကြီး​တစ်​ခု​ကို​ယူ​၍`မြန်​မြန်​တိုက်၊ မြန်​မြန်​လု' ဟူ​သည့်​စ​ကား​ရပ်​ကို​စာ​လုံး​ကြီး​ကြီး​နှင့် ရေး​မှတ်​လော့။-
ISA 8:2 ယုံ​ကြည်​စိတ်​ချ​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ နှင့်​ယေ​ဗ​ရ​ခိ​၏​သား​ဇာ​ခ​ရိ​နှစ်​ယောက်​တို့ အား အ​သိ​သက်​သေ​များ​အ​ဖြစ်​ဖြင့်​ခေါ် ထား​လော့'' ဟု​မိန့်​တော်​မူ​၏။
ISA 8:3 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ငါ​၏ ဇ​နီး​သည်​သည်​ကိုယ်​ဝန်​ဆောင်​ကာ​သား​ယောကျာ်း ကို​ဖွား​မြင်​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း ``ထို​သား​ကို​မြန်​မြန်​တိုက်​မြန်​မြန်​လု​ဟု နာ​မည်​မှည့်​လော့။-
ISA 8:4 ထို​သူ​ငယ်​သည်​မေ​မေ၊ ဖေ​ဖေ​ဟူ​၍​ပင်​ခေါ် တတ်​သည့်​အ​ရွယ်​သို့​မ​ရောက်​မီ အာ​ရှု​ရိ ဘု​ရင်​သည် ဒ​မာ​သက်​မြို့​ရှိ​စည်း​စိမ်​ဥစ္စာ မှန်​သ​မျှ​နှင့်​ရှ​မာ​ရိ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​များ​ကို​သိမ်း​ယူ​၍​သွား​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။
ISA 8:5 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နောက်​တစ်​ဖန် မိန့်​တော်​မူ​ပြန်​၏။-
ISA 8:6 ကိုယ်​တော်​က``ဤ​လူ​စု​သည်​ဆိတ်​ငြိမ်​စွာ စီး​ဆင်း​လျက်​နေ​သော ရှိ​လောင်​ချောင်း​ရေ ကို​ပစ်​ပယ်​ကာ​ရေ​ဇိန်​မင်း​နှင့်​ပေ​ကာ​မင်း တို့​၏​ရှေ့​တွင်​တုန်​လှုပ်​လျက်​နေ​သ​ဖြင့်၊-
ISA 8:7 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဘု​ရင်​နှင့် သူ​၏​တပ်​သား​များ​အား​ခေါ်​ယူ​၍ ယု​ဒ​ပြည် ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​ဥ​ဖ​ရတ် မြစ်​ရေ​လျှံ​သ​ကဲ့​သို့​ကျယ်​ပြန့်​စွာ​ချီ​တတ် လာ​ကြ​လိမ့်​မည်။-
ISA 8:8 အာ​ရှု​ရိ​ဘု​ရင်​နှင့်​တပ်​မ​တော်​တည်း​ဟူ​သော မြစ်​လျှံ​ရေ​တို့​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး သို့​ဆင်း​ဝင်​ကာ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​လူ တို့​လည်​မျို​လောက်​တိုင်​အောင်​လွှမ်း​မိုး​ကြ လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။ အို ဧ​မာ​နွေ​လ​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော် သည်​မိ​မိ​မေတ္တာ​အ​တောင်​တော်​ကို​ဖြန့်​၍ ငါ တို့​ပြည်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
ISA 8:9 အ​ချင်း​နိုင်​ငံ​ခြား​သား​အ​ပေါင်း​တို့​ကြောက်​ရွံ့ လျက်​စု​ဝေး​ကြ​လော့။ ရပ်​ဝေး​ဒေ​သ​မှ​လူ အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ စစ်​တိုက်​ရန် အ​သင့်​ပြင်​ဆင်​ကြ​လော့။ သို့​ရာ​တွင်​ကြောက် လန့်​လျက်​နေ​ကြ​လော့။ သင်​တို့​သည်​ယင်း​သို့ အ​သင့်​ပြင်​ဆင်​ကြ​သော်​လည်း​ကြောက်​လန့် လျက်​နေ​ရ​ကြ​၏။-
ISA 8:10 သင်​တို့​၏​စီ​မံ​ကိန်း​များ​ကို​ရေး​ဆွဲ​ကြ​လော့။ သို့​ရာ​တွင်​ထို​စီ​မံ​ကိန်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​ပြော လို​သ​မျှ​သော​စ​ကား​များ​ကို​ပြော​ဆို​ကြ​လော့။ သို့​ရာ​တွင်​ယင်း​တို့​သည်​အ​ချည်း​နှီး​သာ​လျှင် ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။
ISA 8:11 ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​လိုက်​သည့် လမ်း​စဉ်​ကို​မ​လိုက်​ရန် ငါ့​အား​ကြပ်​မတ်​စွာ သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊-
ISA 8:12 ``သင်​သည်​ထို​သူ​တို့​နှင့်​ကြံ​ရာ​ပါ​မ​ဖြစ် စေ​နှင့်။ သူ​တို့​ကြောက်​လန့်​သော​အ​ရာ​ကို မ​ကြောက်​နှင့်၊-
ISA 8:13 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​သည်​မြင့် မြတ်​သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​မ​မေ့​မ​လျော့ နှင့်။ သင်​ကြောက်​ရ​မည့်​သူ​ကား​ငါ​ပင်​တည်း။-
ISA 8:14 ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​သည်​ထိတ်​လန့်​အံ့​သြ ဖွယ်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​လူ​တို့​တိုက်​မိ​၍​လဲ စ​ရာ​ကျောက်​နှင့်​တူ​၏။ ယု​ဒ​ပြည်​သူ​များ၊ ဣ​သ​ရေ​လ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့​အား ထောင်​ဖမ်း​မည့်​ကျော့​ကွင်း နှင့်​လည်း​တူ​၏။-
ISA 8:15 လူ​အ​များ​ပင်​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​သို့​လဲ​ကျ​ကာ​ကျိုး​ပဲ့​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကျော့​ကွင်း တွင်​မိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 8:16 ငါ​၏​တ​ပည့်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​များ​ကို စောင့်​ရှောက်​ထိန်း​သိမ်း​ရ​ကြ​ပေ​မည်။-
ISA 8:17 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား မျက်​နှာ​တော်​ကို​မ​ပြ​ဘဲ​နေ​တော်​မူ သော်​လည်း၊ ငါ​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် အား​ထား​စောင့်​စား​မျှော်​ကိုး​ပါ​မည်။-
ISA 8:18 ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော် မူ​သော​သား​သ​မီး​များ​နှင့်​အ​တူ ငါ​သည် ဤ​မှာ​ရှိ​ပါ​၏။ ဇိ​အုန်​တောင်​တော်​ပေါ်​တွင် စိုး​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​ပြန်​ကြား​သည့်​ဗျာ​ဒိတ် တော်​တို့​ကို သ​ရုပ်​ဆောင်​သူ​များ​ဖြစ်​စေ တော်​မူ​လေ​ပြီ။
ISA 8:19 လူ​တို့​သည်​ဖတ်​ရွတ်​သ​ရဇ္စျာယ်​တတ်​သူ​ဗေ​ဒင် ဆ​ရာ​များ​နှင့် နတ်​ဝင်​သည်​တို့​အား​စုံ​စမ်း မေး​မြန်း​ရန်​သင်​တို့​အား​ပြော​ကြ​လိမ့်​မည်။ သူ​တို့​က``လူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကိုယ်​စား​သေ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​မေး မြန်း​စုံ​စမ်း​အပ်​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။
ISA 8:20 ထို​အ​ခါ​သင်​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏ သွန်​သင်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ။ သူ တို့​ပြော​ဆို​သော​စ​ကား​များ​သည်​သင်​တို့ အ​တွက်​အ​ကျိုး​မ​ရှိ'' ဟု​ပြန်​ပြော​ကြ လော့။
ISA 8:21 လူ​တို့​သည်​မိ​မိ​တို့​ပြည်​တွင်​စိတ်​ပျက်​အား လျော့​လျက် ဆာ​လောင်​မွတ်​သိပ်​လျက်​သွား​လာ ရကြ​လိမ့်​မည်။ သူ​တို့​သည်​ဆာ​လောင်​မွတ်​သိပ် မှု​နှင့်​အ​မျက်​ထွက်​မှု​တို့​ကြောင့်​မိ​မိ​တို့​၏ ဘု​ရင်​နှင့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ကို​ကျိန် ဆဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကောင်း​ကင်​သို့ မျှော်​ကြည့်​သည့်​အ​ခါ​သော်​လည်း​ကောင်း၊-
ISA 8:22 မြေ​ကြီး​သို့​စိုက်​ကြည့်​သည့်​အ​ခါ​သော် လည်း​ကောင်း​ဆင်း​ရဲ​ဒုက္ခ​နှင့်​ကံ​ဆိုး​မိုး​မှောင် မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​တွေ့​ရကြ လိမ့်​မည်​မ​ဟုတ်။ ထို​သူ​တို့​အ​ပေါ်​သို့​ထိတ် လန့်​ဖွယ်​ရာ​ကံ​ဆိုး​မိုး​မှောင်​ကျ​ရောက်​လာ လိမ့်​မည်။ ဤ​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရာ​ကာ​လ နှင့်​သူ​တို့​ကင်း​လွတ်​ရန်​လမ်း​ရှိ​တော့​မည် မ​ဟုတ်။
ISA 9:1 မြေ​ထဲ​ပင်​လယ်​မှ​သည်​အ​ရှေ့​သို့​လား​သော် ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​နှင့်​ဂါ​လိ​လဲ ပြည်​တိုင်​အောင် ရောက်​ရှိ​သည့်​ဇာ​ဗု​လုန်​နှင့် န​ဿ​လိ​သား​ချင်း​စု​တို့​၏​နယ်​မြေ​တည်း ဟူ​သော​လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​အ​ရပ် သည် ယ​ခင်​က​အ​သ​ရေ​ပျက်​ခဲ့​သော်​လည်း နောင်​အ​ခါ​၌​အ​သ​ရေ​ရှိ​လိမ့်​မည်။
ISA 9:2 အ​မှောင်​တွင်​သွား​လာ​နေ​သူ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို​မြင်​ရကြ​၏။ သူ​တို့​သည်​သေ​မင်း​၏​အ​ရိပ်​လွှမ်း​မိုး​ရာ​ပြည်​တွင် နေ​ထိုင်​ခဲ့​ရ​သော်​လည်း၊ ယ​ခု​အ​ခါ​သူ​တို့​အပေါ်​သို့​အ​လင်း​ရောင် ကျ​ရောက်​လာ​လေ​ပြီ။
ISA 9:3 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​သူ​တို့ အား လွန်​စွာ​အား​ရ​ရွှင်​လန်း​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ဝမ်း​မြောက် စေ​တော်​မူ​ပါ​ပြီ။ လူ​တို့​သည်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ချိန်​၌​လည်း​ကောင်း၊ တိုက်​ရာ​ပါ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ယူ​ချိန်​၌​လည်း​ကောင်း၊ ဝမ်း​မြောက်​ကြ​သ​ကဲ့​သို့ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ ပါ​၏။
ISA 9:4 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် သူ​တို့​ထမ်း​ပိုး​နှင့် သူ​တို့​အား​ရိုက်​သည့်​တုတ်​ကို​ချိုး​ပစ် တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ရှေး​အ​ခါ​က​ကိုယ်​တော်​သည်​မိ​ဒျန်​အ​မျိုး​သား တို့​အား​နှိမ်​နင်း​တော်​မူ​ခဲ့​သည့်​နည်း​တူ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​နှိပ်​စက်​ညှဉ်း​ဆဲ ကြ​သည့် လူ​မျိုး​အား​နှိမ်​နင်း​တော်​မူ​ပါ​ပြီ။
ISA 9:5 ချင်း​နင်း​ဝင်​ရောက်​လာ​သော​ရန်​သူ​စစ်​သည် တို့​၏ ဖိ​နပ်​များ​နှင့်​သွေး​စွန်း​လျက် ရှိ​သည့်​အ​ဝတ်​အ​စား​များ​သည်​မီး​ရှို့ ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။
ISA 9:6 ငါ​တို့​အ​ဖို့​သူ​ငယ်​ကို​ဖွားမြင်​၏။ ငါ​တို့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ သူ​သည်​ငါ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။ ``သူ​၏​နာ​မ​တော်​ကို​အံ့​သြ​ဖွယ်၊'' ``တိုင်​ပင်​ဘက်'' ``တန်​ခိုး​ကြီး​သော​ဘု​ရား'' ``ထာ​ဝ​ရ​အ​ဖ'' ``ငြိမ်း​ချမ်း​ရေး​အ​ရှင်'' ဟူ​၍​နာ​မည်​တွင် လိမ့်​မည်။
ISA 9:7 သူ​၏​ရာ​ဇ​အာ​ဏာ​သည်​ဆက်​လက်​တိုး တက်​လျက် သူ​၏​နိုင်​ငံ​တော်​သည်​လည်း၊အ​စဉ်​အ​မြဲ ငြိမ်း​ချမ်း​သာ​ယာ​လိမ့်​မည်။ သူ​သည်​ဒါ​ဝိဒ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ ယ​ခု​မှ​စ​၍​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​အား​ဖြစ်​ပျက်​စေ ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။
ISA 9:8 ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​၏​သား​မြေး များ​အ​ပေါ်​နှင့် ဣ​သ​ရေ​လ​ပြည်​အ​ပေါ်​၌ တ​ရား​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လေ​ပြီ။-
ISA 9:9 ယင်း​သို့​ပြု​တော်​မူ​ကြောင်း​ကို​ရှ​မာ​ရိ​မြို့ တွင်​နေ​ထိုင်​သူ​မှန်​သ​မျှ​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​မှန်​သ​မျှ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား လျက်​စိတ်​ကြီး​ဝင်​လျက်​နေ​ကြ​၏။ သူ​တို့​က၊-
ISA 9:10 ``အုတ်​တိုက်​များ​ပြို​ကျ​ပြီ​ဖြစ်​သော်​လည်း ယင်း​တို့​ကို​ငါ​တို့​သည်​ဆစ်​ကျောက်​များ​ဖြင့် အ​စား​ထိုး​တည်​ဆောက်​ကြ​ကုန်​အံ့။ သ​ဖန်း သား​ယက်​မ​များ​ကို​ခုတ်​ဖြတ်​ပစ်​ကြ​သော် လည်း၊ ငါ​တို့​သည်​ယင်း​တို့​ကို​အ​ကောင်း​ဆုံး အာ​ရစ်​သား(သစ်​က​တိုး​သား) ဖြင့်​အ​စား​ထိုး ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
ISA 9:11 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် ကြ​စေ​ရန် ရန်​သူ​တို့​ကို​လှုံ့​ဆော်​တော်​မူ​၏။-
ISA 9:12 အ​ရှေ့​ဘက်​ရှိ​အာ​ရှု​ရိ​ပြည်​နှင့်​အ​နောက် ဘက်​ရှိ​ဖိ​လိတ္တိ​ပြည်​တို့​သည် ဣ​သ​ရေ​လ ပြည်​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန်​အ​သင့်​ပြင် ဆင်​ကြ​ကုန်​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​သည်​မ​ပြေ။ သူ​တို့​အား​ဆုံး မ​ရန်​ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​လျက် ပင်​ရှိ​ထား​တော်​မူ​သေး​၏။
ISA 9:13 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။-
ISA 9:14 ထာ​ဝ​ရ​ဘု​ရား​သည်​တစ်​နေ့​တည်း​တွင်​ဣ​သ ရေ​လ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​ခေါင်း​ပိုင်း၊ အ​မြီး​ပိုင်း​တို့​ကို​တစ်​နေ့ တည်း​အ​တွင်း​ဖြတ်​တောက်​ပစ်​တော်​မူ​လိမ့်​မည်။-
ISA 9:15 ခေါင်း​ပိုင်း​သည်​သက်​ကြီး​ဝါ​ကြီး​ဂုဏ်​အ​သ​ရေ ရှိ​သူ​များ​ဖြစ်​၍ အ​မြီး​ပိုင်း​သည်​လိမ်​လည် ဟော​ပြော​တတ်​သူ​ပ​ရော​ဖက်​များ​ဖြစ်​၏။-
ISA 9:16 ဤ​လူ​တို့​အား​ရှေ့​ဆောင်​လမ်း​ပြ​သူ​တို့​သည် လမ်း​မှား​ကို​ပြ​၍​စိတ်​ရှုပ်​ထွေး​စေ​တတ်​ကြ​၏။-
ISA 9:17 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ် လူ​ငယ်​လူ​ရွယ်​ကို​မျှ ချမ်း​သာ​ပေး​တော်​မူ လိမ့်​မည်​မ​ဟုတ်။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​များ​အား​လည်း​က​ရု​ဏာ​ပြ​တော်​မူ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ အ​ပေါင်း​တို့​သည်​ဘု​ရား​မဲ့​လျက်​ယုတ်​မာ လျက်​ရှိ​ကြ​သည့်​အ​ပြင် ညစ်​ညမ်း​သည့် စ​ကား​ကို​သာ​လျှင်​ပြော​ဆို​ကြ​သော​ကြောင့် ဖြစ်​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​အ​မျက် တော်​မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ဆန့်​တန်း​ချိန်​ရွယ်​လျက်​ပင် ထား​တော်​မူ​၏။
ISA 9:18 လူ​တို့​၏​ယုတ်​မာ​မှု​သည် ဆူး​ပင်​အ​မျိုး​မျိုး ကို​ကျွမ်း​လောင်​စေ​သည့်​မီး​ကဲ့​သို့​တောက် လောင်​တတ်​၏။ တော​မီး​ကဲ့​သို့​တောက်​လောင်​၍ မီး​ခိုး​လုံး​ကြီး​များ​ကို​တက်​စေ​တတ်​၏။-
ISA 9:19 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​ကိုယ်​တော် ပေး​တော်​မူ​သော​အ​ပြစ်​ဒဏ်​သည် တစ်​ပြည် လုံး​တွင်​မီး​သ​ဖွယ်​တောက်​လောင်​ကာ​လူ တို့​အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ကိုယ်​လွတ်​ရုန်း ကြ​လိမ့်​မည်။-
ISA 9:20 နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​ရ​နိုင် သ​မျှ​သော​အ​စား​အ​စာ​များ​ကို​စား​ကြ သော်​လည်း အာ​သာ​မ​ပြေ​ဘဲ​ရှိ​လိမ့်​မည်။ သူ တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​ပင် ပြန်​၍​စား​ကြ​ပါ​သည်​တ​ကား၊-
ISA 9:21 မ​နာ​ရှေ​သား​ချင်း​စု​နှင့်​ဧ​ဖ​ရိမ်​သား​ချင်း စု​သည်​အ​ပြန်​အ​လှန်​တိုက်​ခိုက်​ကြ​ပြီး​လျှင် သူ​တို့​နှစ်​ဦး​ပေါင်း​၍​ယု​ဒ​သား​ချင်း​စု​ကို တိုက်​ခိုက်​ကြ​တော့​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​တော်​မ​ပြေ​ဘဲ​အ​ပြစ် ဒဏ်​ခတ်​တော်​မူ​ရန်​လက်​တော်​ကို​ချိန်​ရွယ် လျက်​ပင်​ထား​တော်​မူ​၏။
ISA 10:1 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ငါ​၏​လူ​မျိုး တော်​အား​နှိပ်​စက်​ညှင်း​ဆဲ​ရန်​မ​တ​ရား​သည့် ဥ​ပ​ဒေ​များ​ကို​ထုတ်​ကြ​၏။-
ISA 10:2 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဆင်း​ရဲ​သူ​တို့ အား မိ​မိ​တို့​ရ​ပိုင်​ခွင့်​များ​ကို​မ​ရ​ရှိ​ကြ စေ​ရန်၊ တ​ရား​သ​ဖြင့်​သင်​တို့​သည်​စီ​ရင် ဆုံး​ဖြတ်​မှု​များ​ကို​မ​ခံ​ရကြ​စေ​ရန်​ပြု ကြ​၏။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​သိမ်း​ယူ​ကြ​၏။-
ISA 10:3 သင်​တို့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြု ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​သင်​တို့​အား ရပ်​ဝေး​ဒေ​သ​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့ ကြုံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​တို့​အ​ဘယ် သို့​ပြု​ကြ​ပါ​မည်​နည်း။ အ​ကူ​အ​ညီ​တောင်း ခံ​ရန်​အ​ဘယ်​သူ​ထံ​သို့​ပြေး​ကြ​ပါ​မည်​နည်း။ မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​အ​ဘယ်​မှာ သို​ဝှက်​ထား​ကြ​ပါ​မည်​နည်း။-
ISA 10:4 သင်​တို့​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ရကြ​လိမ့် မည်။ သို့​မ​ဟုတ်​လျှင်​လည်း​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် ဆွဲ​သွား​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ သို့​နှင့် လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော် မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက် တော်​ကို​ချိန်​ရွယ်​လျက်​ပင်​ထား​တော်​မူ လိမ့်​မည်။
ISA 10:5 ထာ​ဝ​ရ​ဘု​ရား​က``အို အာ​ရှု​ရိ​အ​မျိုး​သား တို့၊ ငါ​အ​မျက်​ထွက်​သော​သူ​တို့​အား​အာ​ရှု​ရိ အ​မျိုး​သား​တို့​ကို​တင်း​ပုတ်​အ​ဖြစ်​ဖြင့်​ငါ အ​သုံး​ပြု​မည်။-
ISA 10:6 ဘု​ရား​မဲ့​လူ​မျိုး၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ပေး​သည့်​လူ​တို့​အား​တိုက်​ခိုက်​ရန်​အာ ရှု​ရိ​အ​မျိုး​သား​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။ သူ​တို့​သည်​လု​ယက်​ခိုး​ဝှက်​ကာ​ထို​လူ​စု​ကို မြေ​မှုန့်​သ​ဖွယ် လမ်း​များ​ပေါ်​တွင်​ကျော်​နင်း ကြ​စေ​ရန်​ငါ​စေ​လွှတ်​ခဲ့​သ​တည်း'' ဟု မိန့်​တော်​မူ​၏။
ISA 10:7 သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကြမ်း​ဖက် လို​သ​ဖြင့် မိ​မိ​ကိုယ်​ပိုင်​အ​ကြံ​အ​စည်​များ ကို​ပြု​လုပ်​ထား​လေ​သည်။ သူ​သည်​တိုင်း​နိုင်​ငံ အ​မြောက်​အ​မြား​ကို​ဖျက်​ဆီး​ပစ်​ရန်​သန္နိ ဋ္ဌာန်​ချ​ကာ၊-
ISA 10:8 ``ငါ​၏​တပ်​မှူး​မှန်​သ​မျှ​တို့​သည်​ဘု​ရင် များ​ဖြစ်​ကြ​ပါ​သည်​တ​ကား။-
ISA 10:9 ကာ​လ​နော​မြို့​နှင့်​ခါ​ခေ​မိတ်​မြို့၊ ဟာ​မတ်​မြို့ နှင့်​အာ​ပဒ်​မြို့၊ ရှ​မာ​ရိ​မြို့​နှင့်​ဒ​မာ​သက်​မြို့ တို့​ကို​ငါ​နှိမ်​နင်း​ခဲ့​၏။-
ISA 10:10 ရုပ်​တု​ကိုး​ကွယ်​သည့်​တိုင်း​ပြည်​များ​ကို​အ​ပြစ် ဒဏ်​ပေး​ရန် ငါ​သွား​ရောက်​ခဲ့​၏။ ထို​တိုင်း​ပြည် တွင် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဒ​မာ​သက်​မြို့​များ မှာ​ထက် ရုပ်​တု​ဆင်း​တု​ပေါ​များ​သည်​သာ တည်း။-
ISA 10:11 ရှမာရိ​မြို့​ကို​ရုပ်​တု​ဆင်း​တု​များ​နှင့်​တ​ကွ ငါ သုတ်​သင်​ဖျက်​ဆီး​ပြီး​လေ​ပြီ။ ယေ​ရု​ရှ​လင် မြို့​နှင့်​ထို​မြို့​သား​တို့​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​ကို​လည်း ထို​နည်း​တူ​ငါ​ပြု​မည်'' ဟု​ဝါ​ကြွား​၏။
ISA 10:12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။
ISA 10:13 အာ​ရှု​ရိ​ဘု​ရင်​က``ဤ​အ​မှု​ကို​ငါ​ကိုယ်​တိုင် ပြု​ခဲ့​၏။ ငါ​သည်​ခွန်​အား​ကြီး​၏။ ပ​ညာ​ရှိ​၍ တတ်​သိ​လိမ္မာ​၏။ တိုင်း​နိုင်​ငံ​တို့​၏​နယ်​နိ​မိတ် ကို​ဖယ်​ရှား​ပြီး​လျှင် သူ​တို့​သို​လှောင်​ထား​သည့် ရိက္ခာ​များ​ကို​သိမ်း​ယူ​ခဲ့​၏။ ထို​တိုင်း​နိုင်​ငံ များ​တွင်​နေ​ထိုင်​သူ​တို့​အား ငါ​သည်​နွား နင်း​သ​ကဲ့​သို့​နင်း​ချေ​ပစ်​ခဲ့​၏။-
ISA 10:14 ကမ္ဘာ​ပေါ်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ငှက်​သိုက်​နှင့် တူ​၍ ငါ​သည်​ထို​နိုင်​ငံ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ငှက်​ဥ​များ​သ​ဖွယ်​လွယ်​ကူ​စွာ​သိမ်း​ယူ​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​အ​တောင်​ကို​မ​ခတ်၊ ပါး​စပ်​ကို​မ​ဟ​ရဲ​ကြ​ဟု​ဝါ​ကြွား​လေ သည်။
ISA 10:15 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပု​ဆိန်​သည် မိ​မိ​ကို​အ​သုံး​ပြု​သူ​ထက်​ကြီး​မြတ်​သည် ဟု​ဆို​နိုင်​ပါ​မည်​လော။ လွှ​သည်​လည်း​မိ​မိ ကို​ကိုင်​၍​တိုက်​သူ​ထက်​အ​ရေး​ပါ​အ​ရာ ရောက်​သည်​ဟု​ဆို​နိုင်​ပါ​မည်​လော။ တင်း​ပုတ် က​လူ​ကို​ကိုင်​သည်​မ​ဟုတ်၊ လူ​က​တင်း​ပုတ် ကို​ကိုင်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
ISA 10:16 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု အ​ခါ​ဝ​လင်​စွာ​စား​ရ​ကြ​သူ​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် အ​နာ​ရော​ဂါ​ကပ်​ရောက်​စေ​တော် မူ​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​အ​တွင်း​ပိုင်း သည်​မီး​ကဲ့​သို့​အ​ဆက်​မ​ပြတ်​ပူ​လောင်​၍ နေ​လိမ့်​မည်။-
ISA 10:17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​လင်း​ဖြစ် တော်​မူ​၍ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ဆူး​ပင်​အ​မျိုး​မျိုး​ပါ​မ​ကျန် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို တစ်​နေ့​ချင်း​၌ ကျွမ်း​လောင်​စေ​တတ်​သော​မီး​ကဲ့​သို့​ဖြစ် လိမ့်​မည်။-
ISA 10:18 သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​ကြောင့်​လူ သည်​ဆုံး​ပါး​ပျက်​စီး​သွား​ရ​သည်​နည်း​တူ စိမ်း​လန်း​စို​ပြေ​သော​သစ်​တော​များ​နှင့်​လယ် ယာ​များ​သည်​လုံး​ဝ​ပျက်​ပြုန်း​၍​သွား​ရ ကြ​လိမ့်​မည်။-
ISA 10:19 သစ်​ပင်​များ​အ​နည်း​ငယ်​မျှ​သာ​ကျန်​ရှိ တော့​မည်​ဖြစ်​၍ ယင်း​တို့​ကို​က​လေး​သူ​ငယ် ပင်​လျှင်​ရေ​တွက်​၍​ကြည့်​နိုင်​လိမ့်​မည်။
ISA 10:20 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​ကြ​သည့်​ဣ​သ ရေ​လ​ပြည်​သူ​တို့​သည် မိ​မိ​တို့​အား​လုံး​နည်း ပါး​သုတ်​သင်​ဖျက်​ဆီး​ခဲ့​သည့်​လူ​မျိုး​ကို အား မ​ကိုး​တော့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှန်​တ​ကယ် ယုံ​ကြည်​ကိုး​စား​ကြ​လိမ့်​မည်။-
ISA 10:21 ဣ​သ​ရေ​လ​ပြည်​သူ​အ​ချို့​တို့​သည်​လည်း မိ​မိ​တို့​၏​တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင် ၏​အ​ထံ​တော်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-
ISA 10:22 ယ​ခု​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​သော် လည်း အ​ချို့​သာ​လျှင်​အ​ထံ​တော်​သို့​ပြန် လာ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန် စီ​မံ​ထား​ပြီး ဖြစ်​ပေ​သည်။ သူ​တို့​သည်​လည်း​ယင်း​သို့​သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​လုံး​ဝ​ခံ​ထိုက်​ကြ သ​တည်း။-
ISA 10:23 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း တစ်​ပြည်​လုံး​ကို အ​မှန်​ပင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ လိမ့်​မည်။
ISA 10:24 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန် မြို့​တွင်​နေ​ထိုင်​ကြ​သူ မိ​မိ​တို့​၏​လူ​မျိုး​တော် အား``အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​နည်း​တူ သင်​တို့​အား​ဖိ​နှိပ် ကြ​သော်​လည်း သင်​တို့​သည်​သူ​တို့​ကို​မ ကြောက်​ကြ​နှင့်။-
ISA 10:25 သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ပြီး​နောက် မ​ကြာ​မီ​ပင်​ငါ​သည်​သူ​တို့​အား​သုတ် သင်​ပယ်​ရှင်း​မည်။-
ISA 10:26 အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘုရား​သည် သြ​ရ​ဘ​ကျောက်​အ​နီး​တွင် မိ​ဒျန်​အ​မျိုး​သား တို့​အား​ငါ​၏​နှင်​တံ​နှင့်​ရိုက်​ဆုံး​မ​ခဲ့​သည် နည်း​တူ​သူ​တို့​ကို​လည်း​ရိုက်​ဆုံး​မ​မည်။ ငါ သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ​တို့​ကို လည်း​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​မည်။-
ISA 10:27 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​အာ​ရှု​ရိ​အ​မျိုး​သား တို့​၏​လက်​မှ​လွတ်​မြောက်​စေ​မည်။ သင်​တို့ ၏​ပ​ခုံး​ပေါ်​တွင်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​တော့ မည်​မ​ဟုတ်။ သင်​တို့​သည်​အ​လွန်​ဝ​ဖြိုး လာ​သော​ကြောင့် သင်​တို့​၏​ထမ်း​ပိုး​များ ကျိုး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 10:28 ရန်​သူ​များ​သည်​အာ​ရပ်​မြို့​သို့​ရောက်​ရှိ​နေ ကြ​၏။ သူ​တို့​သည်​မိ​ဂ​ရုန်​မြို့​ကို​ဖြတ်​သန်း ၍​လာ​ခဲ့​ကြ​၏။ မိ​မိ​တို့​၏​စား​နပ်​ရိက္ခာ​များ ကို​မိတ်​မတ်​မြို့​တွင်​ထား​ခဲ့​ကြ​လေ​သည်။-
ISA 10:29 သူ​တို့​သည်​တောင်​ကြား​လမ်း​ကို​ဖြတ်​ပြီး လျှင် ဂေ​ဗ​မြို့​တွင်​စ​ခန်း​ချ​လျက်​နေ​ကြ​၏။ ထို​အ​ခါ​ရာ​မ​မြို့​သား​တို့​သည်​ကြောက် လန့်​ကြ​ကုန်​လျက် ရှော​လု​မင်း​၏​ဌာ​နေ​ဖြစ် သော​ဂိ​ဗာ​မြို့​မှ​လူ​တို့​သည်​လည်း​ထွက် ပြေး​ကြ​ကုန်​၏။-
ISA 10:30 အို ဂလ္လိမ်​မြို့​သူ​မြို့​သား​တို့၊ ကြွေး​ကြော်​ကြ လော့။ အို လဲ​ရှ​မြို့၊ ထို​ကြွေး​ကြော်​သံ​ကို​နား ထောင်​ကြ​လော့။ အာ​န​သုတ်​မြို့​သူ​မြို့​သား တို့၊ တုံ့​ပြန်​ပြော​ကြား​ကြ​လော့။-
ISA 10:31 မာ​ဒ​မေ​န​မြို့​သူ​မြို့​သား​နှင့်​ဂေ​ဗိမ်​မြို့​သူ မြို့​သား​တို့​သည် မိ​မိ​တို့​အ​သက်​ဘေး​မှ လွတ်​မြောက်​ရန်​ထွက်​ပြေး​ကြ​လေ​ပြီ။-
ISA 10:32 ရန်​သူ​တို့​သည်​ယ​နေ့​နော​ဘ​မြို့​တွင်​ရှိ​ကြ ၏။ သူ​တို့​သည်​ထို​မြို့​မှ​နေ​၍​ဇိ​အုန်​တောင် နှင့် ယေ​ရု​ရှ​လင်​မြို့​အား​လက်​သီး​ဆုပ်​၍ ပြ​ကြ​၏။
ISA 10:33 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သစ် ပင်​မှ​ခုတ်​ဖြတ်​ချ​လိုက်​သည့်​သစ်​ကိုင်း​များ သ​ဖွယ် သူ​တို့​အား​ပြို​လဲ​ပျက်​စီး​စေ​တော်​မူ လိမ့်​မည်။ သူ​တို့​တွင်​မာန်​မာ​န​ထောင်​လွှား​ဆုံး၊ အ​ကြီး​မြတ်​ဆုံး​သော​သူ​တို့​ကို​ခုတ်​လှဲ ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-
ISA 10:34 တော​နက်​အ​တွင်း​မှ​သစ်​ပင်​တို့​သည်​ပု​ဆိန် ဒဏ်​ဖြင့်​လဲ​ကျ​ရ​သ​ကဲ့​သို့၊ လေ​ဗ​နုန်​တော မှ​အ​ဖိုး​အ​တန်​ဆုံး​သော​သစ်​ပင်​များ​လဲ ကျ​ကြ​သ​ကဲ့​သို့​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​သည်​ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။
ISA 11:1 ဒါ​ဝိဒ်​မင်း​ဆက်​သည်​ခုတ်​လှဲ​သည့်​သစ်​ပင်​နှင့် တူ​၏။ သို့​ရာ​တွင်​သစ်​ငုတ်​မှ​အ​ကိုင်း​အ​ခက် များ​ထွက်​လာ​သ​ကဲ့​သို့ ဒါ​ဝိဒ်​၏​သား​မြေး များ​အ​ထဲ​မှ​ဘု​ရင်​သစ်​တစ်​ပါး​ပေါ်​ထွက် လာ​လိမ့်​မည်။
ISA 11:2 သူ​သည်​မိ​မိ​ပြည်​သူ​တို့​အား​အုပ်​စိုး​ရန် ဉာဏ်​ပ​ညာ၊ အ​သိ​ပ​ညာ​နှင့်၊ စွမ်း​ရည်​ကို ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​ရ​လိမ့်​မည်။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​လိမ့်​မည်။
ISA 11:3 ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​မှု​၌​လည်း မွေ့​လျော်​ပျော်​ပိုက်​လိမ့်​မည်။ သူ​သည်​မျက်​စိ​နှင့်​မြင်​ယုံ​သို့​မ​ဟုတ် တစ်​ဆင့်​စ​ကား​နှင့်​ကြား​ယုံ​ဖြင့်​အ​ဆုံး အ​ဖြတ် ပေး​လိမ့်​မည်​မ​ဟုတ်။
ISA 11:4 ဆင်း​ရဲ​သား​တို့​အား​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​၍ နိမ့်​ကျ​သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ သူ​ပေး​သည့်​ရာ​ဇ​သံ​ဖြင့်​ပြည်​သူ​တို့​သည် ဒဏ်​သင့်​ကြ​လိမ့်​မည်။ ဆိုး​ညစ်​သူ​တို့​သည်​လည်း သေ​ရ​ကြ​လိမ့်​မည်။
ISA 11:5 သူ​သည်​မိ​မိ​ပြည်​သူ​တို့​အား​မျှ​တ​ဖြောင့် မတ်​စွာ အုပ်​စိုး​လိမ့်​မည်။
ISA 11:6 ဝံ​ပု​လွေ​များ​သည်​သိုး​တို့​နှင့်​အ​တူ အေး​ချမ်း​စွာ နေ​ကြ​လိမ့်​မည်။ ကျား​သစ်​များ​သည်​လည်း​ဆိတ်​ငယ်​များ​နှင့် အ​တူ အိပ်​ကြ​လိမ့်​မည်။ နွား​သူ​ငယ်​များ​နှင့်​ခြင်္သေ့​များ၊ အ​တူ​တူ​အ​စာ​စား​ကြ​လျက် သူ​တို့​အား​က​လေး​သူ​ငယ်​များ​က​ထိန်း​ကျောင်း လိမ့်​မည်။
ISA 11:7 နွား​မ​များ​နှင့်​ဝက်​ဝံ​မ​တို့​သည်​အ​တူ​တူ အ​စာ​စား​ကြ​လိမ့်​မည်။ သူ​တို့​၏​သား​ငယ်​များ​သည်​လည်း အ​တူ​တူ​အေး​ချမ်း​စွာ​နေ​ကြ​လိမ့်​မည်။ ခြင်္သေ့​တို့​သည်​ကျွဲ​နွား​များ​ကဲ့​သို့​မြက်​ကို စား​လိမ့်​မည်။
ISA 11:8 အ​ကယ်​၍​နို့​စို့​က​လေး​သည်​မြွေ​ဆိုး​တွင်း​ဝ​၌​ပင် က​စား​စေ​ကာ​မူ ဘေး​အန္တ​ရာယ်​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။
ISA 11:9 ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​တော်​ပေါ်​၌ ဘေး​အ​န္တရာယ်​ဖြစ်​စေ​သည့်​အ​ရာ​သို့​မ​ဟုတ် ဆိုး​ညစ်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။ ပင်​လယ်​များ​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​သို့၊ ထို​ပြည်​တော်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား သိ​ကျွမ်း​မှု​အ​သိ​ပ​ညာ​နှင့်​ပြည့်​ဝ​၍​နေ​လိမ့် မည်။
ISA 11:10 ဒါ​ဝိဒ်​မင်း​ဆက်​မှ​ပေါ်​ထွန်း​လာ​သည့်​ဘု​ရင် သည် လူ​မျိုး​တ​ကာ​တို့​အ​ဖို့​အ​ချက်​ပြ​အ​မှတ် လက္ခ​ဏာ​တစ်​ရပ်​ဖြစ်​သည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​သူ​၏​မြို့​တော် သို့​လာ​ရောက်​စု​ရုံး​ကြ​လျက် သူ့​အား​ဂုဏ်​ပြု ချီး​မြှင့်​ကြ​လိမ့်​မည်။-
ISA 11:11 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။-
ISA 11:12 မိ​မိ​သည်​ကွဲ​လွင့်​လျက်​နေ​သော​ဣ​သ​ရေ​လ ကို​လည်း​ကောင်း၊ ပြန့်​ကျဲ​နေ​သော​ယု​ဒ​လူ​မျိုး တို့​အား ကမ္ဘာ​မြေ​ပြင်​အ​ရပ်​လေး​မျက်​နှာ​မှ ပြန်​လည်​စု​သိမ်း​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဖော်​ပြ​ရန်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ချက်​ပြ​အ​လံ​တော်​ကို​လွှင့်​ထူ တော်​မူ​လိမ့်​မည်။-
ISA 11:13 ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်၊ ယု​ဒ​ပြည်​သူ တို့​အ​ပေါ်​တွင်​ငြူ​စူ​စိတ်​ရှိ​ကြ​တော့​မည် မ​ဟုတ်။ ယု​ဒ​ပြည်​သူ​တို့​သည်​လည်း​ဣ​သ​ရေ လ​ပြည်​သူ​တို့​၏​ရန်​ဘက်​ဖြစ်​ကြ​တော့​မည် မ​ဟုတ်။-
ISA 11:14 ထို​ပြည်​သူ​နှစ်​ရပ်​တို့​သည်​ပူး​ပေါင်း​၍ အ​နောက်​ဘက်​ရှိ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တိုက်​ခိုက်​၍ အ​ရှေ့​ပြည်​တွင်​နေ​ထိုင် ကြ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ဧ​ဒုံ​အ​မျိုး​သား​များ နှင့်​မော​ဘ​အ​မျိုး​သား​တို့​ကို​အ​နိုင်​ရ​၍ အမ္မုန်​အ​မျိုး​သား​တို့​အား​လည်း​မိ​မိ​တို့ ၏​သြ​ဇာ​ခံ​ဖြစ်​စေ​ကြ​လိမ့်​မည်။-
ISA 11:15 ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပူ​ကို​တိုက်​စေ​၍ စူး​အက်​ပင်​လယ်​ကွေ့​နှင့်​ဥ​ဖ​ရတ်​မြစ်​တို့​ကို ခန်း​ခြောက်​စေ​တော်​မူ​ပြီး​လျှင် မည်​သူ​မ​ဆို လမ်း​လျှောက်​ကျော်​ဖြတ်​နိုင်​သည့်​ချောင်း​ငယ် က​လေး​ခု​နစ်​ခု​သာ​လျှင် ကျန်​ရှိ​စေ​တော် မူ​လိမ့်​မည်။-
ISA 11:16 အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​စဉ်​အ​ခါ​က​ကဲ့​သို့​ပင် အာ​ရှု​ရိ ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သူ​ကိုယ်​တော်​၏​လူ မျိုး​တော်​ထွက်​ခွာ​ရန်​အ​တွက်​လမ်း​မ​ကြီး တ​သွယ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​လိမ့်​မည်။
ISA 12:1 ``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​အား၊ ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ယ​ခင်​က​ကျွန်​တော်​မျိုး​အား အ​မျက်​ထွက်​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု လူ​တို့​သီ​ဆို​ကူး​ဧ​ကြ​မည့်​အ​ချိန်​ကာ​လ ရောက်​လာ​လိမ့်​မည်။
ISA 12:2 ``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။
ISA 12:3 ရေ​ကောင်း​ရေ​သန့်​သည်​ရေ​ငတ်​သူ​တို့​အား ရွှင်​ပြ​စေ​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်၊ ကိုယ်​တော်​ကယ်​တင်​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​လိမ့်​မည်။
ISA 12:4 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကူ​မ​တော်​မူ​ရန်​တောင်း​လျှောက်​ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။ ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို သူ​တို့​အား​ပြော​ကြား​ကြ​လော့'' ဟု လူ​တို့​သီ​ဆို​ကူး​ဧ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။
ISA 12:5 ``ကိုယ်​တော်​ပြု​တော်​မူ​သော​ကြီး​မြတ်​သည့် အ​မှု​တော်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​အား ထို​သ​တင်း​ကို​ကြေ​ညာ​ကြ​လော့။
ISA 12:6 ဇိ​အုန်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​အား ကြွေး​ကြော်​သီ​ဆို​စေ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​၍၊ မိ​မိ​လူ​မျိုး​တော်​အ​လယ်​၌​ကျိန်း​ဝပ်​တော် မူ​၏။''
ISA 13:1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ဗာ​ဗု​လုန်​ပြည်​နှင့်​ပတ်​သက်​၍ အာ​မုတ်​၏ သား​ဟေ​ရှာ​ယ​ခံ​ယူ​ရ​ရှိ​သည့်​ဗျာ​ဒိတ် တော်​ဖြစ်​၏။
ISA 13:2 တောင်​က​တုံး​ပေါ်​တွင်​စစ်​အ​လံ​ကို​လွှင့် ထူ​ကြ​လော့။ မာန်​မာ​န​ထောင်​လွှား​သည့်​မြို့ တော်​တံ​ခါး​တို့​ကို​တိုက်​ခိုက်​ရန်​ဟစ်​အော် ကာ သင်​တို့​လက်​ကို​မြှောက်​၍ စစ်​သည်​တို့ အား​အ​ချက်​ပေး​ကြ​လော့။-
ISA 13:3 ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မျက်​တော်​ရှ သော​သူ​တို့​ကို​ဒဏ်​ခတ်​ရန်​အ​တွက် မိ​မိ​၏ ယုံ​ကြည်​စိတ်​ချ​ဂုဏ်​ယူ​ဝါ​ကြွား​ထိုက်​သော စစ်​သည်​တော်​တို့​ကို​ခေါ်​ယူ​တော်​မူ​ပြီ။
ISA 13:4 တောင်​ပေါ်​ရှိ​လူ​အုပ်​ကြီး​၏​အ​သံ​ကို​နား ထောင်​ကြ​လော့။ ထို​အ​သံ​သည်​လူ​မျိုး​တ​ကာ တို့​စု​ရုံး​နေ​ကြ​သော​အ​သံ​ဖြစ်​၏။ ဗိုလ်​ခြေ တို့​၏​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​စစ် သည်​တော်​တို့​ကို​တိုက်​ပွဲ​ဝင်​စေ​ရန်​အ​တွက် အ​သင့်​ပြင်​ဆင်​လျက်​နေ​တော်​မူ​၏။-
ISA 13:5 သူ​တို့​သည်​ကမ္ဘာ​အ​စွန်​အ​ဖျား​ရှိ​ရပ်​ဝေး နိုင်​ငံ​များ​မှ လာ​ရောက်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် လက်​နက်​ဖြင့် နိုင်​ငံ​တစ်​ခု​လုံး​ကို​သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​ကြွ​လာ​တော်​မူ​ပေ​အံ့။
ISA 13:6 အ​နန္တ​တန်​ခိုး​ရှင်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ တည်း​ဟူ​သော ထာ​ဝရ​ဘု​ရား​တ​ရား​စီ​ရင် တော်​မူ​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ ရ​ဦး​မည်။ ဝေ​ဒ​နာ​ခံ​စား​လျက်​ငို​ကြွေး မြည်​တမ်း​ကြ​လော့။-
ISA 13:7 လူ​အ​ပေါင်း​တို့​၏​လက်​သည်​နုံ့​နဲ့​၍​နေ​လိမ့် မည်။ ထို​သူ​တို့​သည်​သတ္တိ​ကြောင်​၍​နေ​လိမ့် မည်။-
ISA 13:8 သူ​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန်​လှုပ်​လျက် သား​ဖွား​သော​အ​မျိုး​သမီး​ကဲ့​သို့​ပြင်း​ပြ စွာ​ဝေ​ဒ​နာ​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြောက်​စိတ်​နှင့်​ကြည့်​ကြ​လိမ့်​မည်။ သူ​တို့ ၏​မျက်​နှာ​များ​သည်​လည်း​ရှက်​သွေး​သန်း လျက်​နေ​လိမ့်​မည်။-
ISA 13:9 သ​နား​ညှာ​တာ​မှု​ကင်း​မဲ့​သည့်​ဒေါ​သ​အ​မျက် တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည့်​နေ​ရက်​ကာ​လ​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ကမ္ဘာ မြေ​ကြီး​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​လျက် နေ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ​မှန်​သ​မျှ သည်​လည်း​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ ရကြ​လိမ့်​မည်။-
ISA 13:10 ကြယ်​နက္ခတ်​အ​ပေါင်း​တို့​သည်​မ​တောက်​ဘဲ နေ​လိမ့်​မည်။ နေ​ထွက်​လာ​သော​အ​ခါ​မှောင် လျက်​နေ​လိမ့်​မည်။ လ​သည်​လည်း​အ​လင်း ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။
ISA 13:11 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဘေး​အန္တ​ရာယ် ဆိုး​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သက်​ရောက်​စေ​၍ သူ ယုတ်​မာ​တို့​အား​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ငါ​သည်​မာန် မာ​န​ကြီး​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​၍ စိတ် ကြီး​ဝင်​ကာ​ရက်​စက်​ကြမ်း​ကြုတ်​သူ အ​ပေါင်း​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-
ISA 13:12 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​တို့​သည် ရွှေ ထက်​လည်း​ကောင်း​ရှား​လိမ့်​မည်။-
ISA 13:13 အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို​ပြ​တော်​မူ​သော​အ​ခါ မိုး ကောင်း​ကင်​သည်​တုန်​လှုပ်​၍​ကမ္ဘာ​မြေ​ကြီး သည်​လည်း​တည်​နေ​ရာ​မှ​ရွေ့​လျား​သွား လိမ့်​မည်။
ISA 13:14 မု​ဆိုး​တို့​၏​ဘေး​မှ​က​စင့်​က​လျား​ထွက်​ပြေး ကြ​သည့်​ဒ​ရယ်​များ​ကဲ့​သို့၊ ထိန်း​ကျောင်း​သူ​မ​ရှိ သည့်​သိုး​များ​ကဲ့​သို့ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင် သူ​လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​၏​နေ​ရင်း ပြည်​သို့​ပြန်​ပြေး​ကြ​လိမ့်​မည်။-
ISA 13:15 သူ​တို့​အ​ထဲ​မှ​အ​ဖမ်း​ခံ​ရ​သူ​တို့​သည် ဋ္ဌား​ဖြင့်​ထိုး​သတ်​ခြင်း​ကို​ခံ​ကြ​လိမ့်​မည်။-
ISA 13:16 သူ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ငေး​လျက်​ကြည့်​နေ စဉ် သူ​တို့​၏​နို့​စို့​က​လေး​များ​သည်​ဆောင့်​ဖွပ် ၍ အ​သတ်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​၏​အိမ်​များ မှာ​အ​လု​အ​ယက်​ခံ​ရ​၍ သူ​တို့​၏​ဇနီး​များ သည်​မု​ဒိန်း​အ​ကျင့်​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
ISA 13:17 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မေ​ဒိ​အ​မျိုး သား​တို့​အား ဗာ​ဗု​လုန်​ပြည်​ကို​တိုက်​ခိုက် ရန်​လှုံ့​ဆော်​လျက်​ရှိ​၏။ သူ​တို့​သည်​ငွေ​ကို ပ​မာ​ဏ​မ​ပြု။ ရွှေ​ကို​လည်း​မ​မက်​မော။-
ISA 13:18 မိ​မိ​တို့​၏​လေး​မြား​များ​ဖြင့်​လူ​ငယ်​လူ​ရွယ် တို့​ကို ပစ်​ခတ်​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည် နို့​စို့​သူ​ငယ်​များ​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ က​လေး​သူ​ငယ်​တို့​ကို​လည်း​သ​နား လိမ့်​မည်​မ​ဟုတ်။-
ISA 13:19 ဗာ​ဗု​လုန်​မြို့​သည်​မြို့​တ​ကာ​တို့​တွင်​အ​လှ​ဆုံး ဖြစ်​၍ မြို့​သူ​မြို့​သား​တို့​ဂုဏ်​ယူ​ဝါ​ကြွား​ရာ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​ပြု​ခဲ့​သည်​နည်း တူ​ဗာ​ဗု​လုန်​မြို့​ကို​လည်း​ပျက်​သုဉ်း​စေ​မည်။-
ISA 13:20 ထို​မြို့​တွင်​အ​ဘယ်​အ​ခါ​၌​မျှ​လူ​တို့​နေ​ထိုင် ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အာ​ရပ်​အ​မျိုး သား​ခ​ရီး​သည်​မျှ​လည်း​တဲ​ထိုး​တည်း​ခို​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သိုး​ထိန်း​မျှ လည်း​ထို​အ​ရပ်​တွင်​မိ​မိ​၏​သိုး​အုပ်​ကို​ထိန်း ကျောင်း​ရ​လိမ့်​မည်​မ​ဟုတ်။-
ISA 13:21 ထို​အ​ရပ်​သည်​တော​တိ​ရစ္ဆာန်​များ​ကျက်​စား​ရာ နေ​ရာ၊ ဇီး​ကွက်​များ​အ​သိုက်​လုပ်​ရာ​ဖြစ်​လိမ့်​မည်။ ယင်း​အ​ရပ်​တွင်​ငှက်​ကု​လား​အုတ်​များ​နေ​၍ တော ဆိတ်​များ​သည်​လည်း အ​ဆောက်​အ​ဦး​ပျက်​များ ၏​အ​ကြို​အ​ကြား​တွင်​ခုန်​ပေါက်​မြူး​တူး​ကြ လိမ့်​မည်။-
ISA 13:22 မျှော်​စင်​များ​နှင့်​နန်း​တော်​အ​ဆောက်​အ​ဦး များ​သည်​တော​ခွေး​နှင့်​ခွေး​အ​များ​ဟောင်​ကြ သည့်​အ​သံ​ဖြင့် ပဲ့​တင်​ထပ်​လျက်​နေ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​အ​ပြစ်​ဒဏ်​သင့်​မည့်​နေ့​ရက်​ကာ လ​ရောက်​ရှိ​လာ​လေ​ပြီ။ ထို​မြို့​တည်​ရှိ​မည့် နေ့​ရက်​ကာ​လ​သည်​လည်း​ဆုံး​ခန်း​တိုင် ရောက်​လု​ပြီ။
ISA 14:1 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဖန်​က​ရု​ဏာ​သက် တော်​မူ​ပြန်​၏။ မိ​မိ​ပိုင်​ဆိုင်​သူ​များ​အ​ဖြစ်​ဖြင့် ရွေး​ချယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​၌​ပြန်​လည်​နေ ထိုင်​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။ လူ​မျိုး​ခြား​များ သည်​သူ​တို့​နှင့်​အ​တူ​လာ​ရောက်​နေ​ထိုင် ကြ​လိမ့်​မည်။-
ISA 14:2 လူ​မျိုး​တ​ကာ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော​ပြည်​တော်​သို့​ပြန်​လာ​နိုင်​ကြ စေ​ရန်​ကူ​ညီ​မ​စ​ကြ​လိမ့်​မည်။ ထို​ပြည်​၌ လူ​မျိုး​ခြား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကျွန်​များ​ကဲ့​သို့​အ​စေ​ခံ ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဖမ်း​ဆီး​ချုပ်​နှောင်​သူ​တို့​သည် ယ​ခု အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဖမ်း ဆီး​ချုပ်​နှောင်​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။ ဣသ​ရေ​လ​ပြည်​သူ​တို့​သည်​လည်း​အ​ခါ တစ်​ပါး​က​မိ​မိ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ် ခဲ့​သူ​တို့​ကို​အုပ်​စိုး​ရကြ​လိမ့်​မည်။
ISA 14:3 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​မိ​တို့​ခံ​စား​ရ​သော​ဝေ​ဒ​နာ နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​မှ​လည်း​ကောင်း၊ အ​လုပ် ကြမ်း​လုပ်​ကိုင်​ရ​မှု​မှ​လည်း​ကောင်း​သက် သာ​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
ISA 14:4 ဤ​သို့​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​ခါ​၌ သူ​တို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ပြက်​ရယ် ပြု​ကာ၊ ``ရက်​စက်​ကြမ်း​ကြုတ်​သော​မင်း​သည်​ကျ​ဆုံး လေ​ပြီ။ သူ​သည်​နောက်​တစ်​ဖန်​အ​ဘယ်​သူ​ကို မျှ​ဖိ​နှိပ်​ချုပ်​ချယ်​ရ​တော့​မည်​မ​ဟုတ်။-
ISA 14:5 ပြည်​သူ​တို့​အား​အ​မျက်​ဒေါ​သ​နှင့်​ဖိ​နှိပ်​ချုပ် ချယ်​ကာ၊ မိ​မိ​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး တို့​အား​လည်း အ​ဆက်​မ​ပြတ်​ညှင်း​ဆဲ​နှိပ် စက်​တတ်​သူ​မင်း​ဆိုး​မင်း​ညစ်​များ​၏​တန်​ခိုး အာ​ဏာ​ကို​ထာ​ဝ​ရ​ဘု​ရား​ပျက်​သုဉ်း​စေ တော်​မူ​ပြီ။-
ISA 14:7 ဤ​အ​ခါ​ကျ​မှ​ကမ္ဘာ​တစ်​ခု​လုံး​သည် ငြိမ် သက်​အေး​ချမ်း​လျက်​လူ​အ​ပေါင်း​တို့​သည် လည်း​ရွှင်​ပြ​စွာ​သီ​ချင်း​ဆို​ရကြ​၏။-
ISA 14:8 လေ​ဗ​နုန်​တော​မှ​ထင်း​ရှူး​ပင်​များ​နှင့်​အာ​ရစ် ပင်​(သစ်​က​တိုး) တို့​က​သင်​ကျ​ဆုံး​ပြီ​ဖြစ် ၍​ငါ​တို့​အား​ခုတ်​လှဲ​မည့်​သူ​မ​ရှိ​တော့​ဟု ဆို​၍​ဗာ​ဗု​လုန်​ဘု​ရင်​ကျ​ဆုံး​မှု​အ​တွက် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။
ISA 14:9 ``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-
ISA 14:10 သူ​တို့​အား​လုံး​က​ဗာ​ဗု​လုန်​ဘု​ရင်​အား`သင် သည်​ယ​ခု​အ​ခါ၊ ငါ​တို့​ကဲ့​သို့​ချည့်​နဲ့​လျက်​နေ ပါ​ပြီ​တ​ကား၊ ငါ​တို့​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​လေ​ပြီ​တ​ကား။-
ISA 14:11 အ​ခါ​တစ်​ပါး​က​သင်​သည်​စောင်း​သံ​များ ဖြင့်​ဂုဏ်​ပြု​ဖျော်​ဖြေ​ခြင်း​ကို​ခံ​ခဲ့​ရ​သော် လည်း ယ​ခု​အ​ခါ​မ​ရ​ဏ​နိုင်​ငံ​သို့​ရောက်​ရှိ နေ​ပါ​ပြီ​တ​ကား။ လောက်​ကောင်​များ​ကို​အိပ် ရာ​လုပ်​၍​လဲ​လျောင်း​ကာ​တီ​ကောင်​များ​ကို စောင်​လုပ်​၍​ခြုံ​ရ​လေ​ပြီ​တ​ကား' ဟု​ဟစ် အော်​ပြော​ဆို​ကြ​၏။''
ISA 14:12 အို နံ​နက်​အ​ရုဏ်​၏​သား၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ထွန်း လင်း​တောက်​ပ​သည့်​မိုး​သောက်​ကြယ်၊ သင်​သည် မိုး​ကောင်း​ကင်​မှ​ပြုတ်​ကျ​ရ​လေ​ပြီ။ အ​တိတ် ကာ​လ​က​သင်​သည်​လူ​မျိုး​တ​ကာ​ကို​နှိမ် နင်း​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​မြေ ပေါ်​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​လေ​ပြီ။-
ISA 14:13 သင်​သည်​မိုး​ကောင်း​ကင်​သို့​အ​ရောက်​တက်​၍ အ​မြင့်​ဆုံး​သော​ကြယ်​များ​၏​အ​ထက်​တွင် မိ​မိ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​ရန်​သံန္နိ​ဋ္ဌာန် ပြု​ခဲ့​၏။ သင်​သည်​နတ်​ဘု​ရား​တို့​စု​ဝေး​ရာ မြောက်​အ​ရပ်​ရှိ​တောင်​တော်​ပေါ်​တွင်​ဘု​ရင် တစ်​ပါး​ပီ​ပီ​ထိုင်​နေ​ရ​လိမ့်​မည်​ဟု​ထင်​မှတ် ခဲ့​၏။-
ISA 14:14 ``ငါ​သည်​မိုး​တိမ်​များ​ပေါ်​သို့​တက်​၍​အ​နန္တ တန်​ခိုး​ရှင်​နှင့်​တူ​အောင်​ပြု​မည်'' ဟု​ဆင့်​ဆို ခဲ့​၏။-
ISA 14:15 သို့​ရာ​တွင်​ထို​သို့​ဖြစ်​မည့်​အ​စား​သင်​သည် မ​ရ​ဏ​နိုင်​ငံ​တွင်​အနက်​ရှိုင်း​ဆုံး​သော​အ​ရပ် သို့​ရောက်​ရှိ​လျက်​နေ​ရ​၏။
ISA 14:16 သူ​သေ​တို့​သည်​သင့်​ကို​အ​ကြောင်​သား​ငေး​၍ ကြည့်​နေ​ကြ​လိမ့်​မည်။ သူ​တို့​က``ကမ္ဘာ​ကို​တုန် လှုပ်​စေ​၍​တိုင်း​နိုင်​ငံ​တို့​ကို​ချောက်​ချား​စေ သော​သူ​ကား​ဤ​သူ​ပင်​လော။-
ISA 14:17 မြို့​များ​ကို​ပျက်​ပြုန်း​စေ​၍​ကမ္ဘာ​လော​က ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​သူ​ကား​ဤ​သူ​ပင်​လော။ အ​ကျဉ်း​သ​မား​တို့​ကို​အ​စဉ်​ချုပ်​နှောင်​ထား ကာ မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​၍​မ​လွှတ်​ဘဲ​နေ သူ​ကား​ဤ​သူ​ပင်​လော'' ဟု​မေး​မြန်း​ကြ လိမ့်​မည်။
ISA 14:18 ကမ္ဘာ​မြေ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် မိ​မိ တို့​၏​လှ​ပ​သော​သင်္ချိုင်း​များ​တွင်​လဲ​လျောင်း လျက်​ရှိ​ကြ​၏။-
ISA 14:19 သို့​ရာ​တွင်​သင့်​မှာ​မူ​သင်္ချိုင်း​မ​ရှိ။ ပုပ်​ပျက်​စေ ရန်​သင်​၏​အ​လောင်း​ကို​စွန့်​ပစ်​ထား​လိုက်​ကြ လေ​ပြီ။ ထို​အ​လောင်း​သည်​တိုက်​ပွဲ​တွင်​ကျ ဆုံး​သည့်​အ​သေ​ကောင်​များ​နှင့်​ဖုံး​လျက်၊ ဋ္ဌား​နှင့်​ထိုး​ဖောက်​ခံ​ရ​၍​ကျောက်​တွင်း​ထဲ သို့​ပစ်​ချ​ကျော်​နင်း​ခြင်း​ကို​ခံ​ရ​၏။-
ISA 14:20 သင်​သည်​မိ​မိ​၏​တိုင်း​ပြည်​ကို​ပျက်​ပြုန်း​စေ​၍ ကိုယ့်​ပြည်​သူ​တို့​ကို​သတ်​ဖြတ်​ပစ်​သည်​ဖြစ်​၍ အ​ခြား​ဘု​ရင်​များ​ကဲ့​သို့​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ဆိုး​ညစ်​သော အ​မျိုး​အ​နွယ်​ဝင်​တို့​သည်​လည်း တစ်​ဦး​တစ် ယောက်​မျှ​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့် မည်​မ​ဟုတ်။-
ISA 14:21 ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြောင့်​သား​တို့​အား ကွပ် မျက်​မှု​ကို​အ​စ​ပြု​ကြ​စေ။ ဤ​ဘု​ရင်​၏​သား မြေး​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ကမ္ဘာ​မြေ​ပေါ် တွင်​အုပ်​စိုး​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။
ISA 14:22 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​၍​ပျက်​စီး​ယို​ယွင်း စေ​မည်။ ထို​မြို့​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဖျက်​ဆီး​ပစ်​မည်။ က​လေး​သူ​ငယ်​များ​ပင်​လျှင် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။-
ISA 14:23 ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​ညွန်​ပျောင်း​ဖြစ်​စေ ၍၊ ဇီး​ကွက်​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ကြ​လိမ့် မည်။ ငါ​သည်​တံ​မြက်​လှည်း​သူ​ကဲ့​သို့​ဗာ​ဗု​လုန် မြို့​မှ​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​သုတ်​သင် ပယ်​ရှင်း​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
ISA 14:24 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ကျိန် ဆို​လျက်``ငါ​အ​ကြံ​အ​စည်​ပြု​ထား​သည့် အ​မှု​အ​ရာ​တို့​သည်​ဖြစ်​ပျက်​ကြ​လိမ့်​မည်။ သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ရကြ​လိမ့်​မည်။-
ISA 14:25 ငါ​သည်​မိ​မိ​၏​ဣ​သ​ရေ​လ​ပြည်​တော်​တွင် အာ​ရှု​ရိ​အ​မျိုး​သား​တို့​အား​သုတ်​သင်​ဖျက် ဆီး​၍၊ ငါ​၏​တောင်​ရိုး​များ​အ​ပေါ်​တွင်​သူ တို့​ကို​ခြေ​နှင့်​ကျော်​နင်း​ပစ်​မည်။ ငါ​၏​လူ​မျိုး တော်​အား သူ​တို့​ထမ်း​ရ​ကြ​သည့်​ထမ်း​ပိုး နှင့်​ဒုက္ခ​ဝန်​ထုပ်​များ​မှ​လွတ်​မြောက်​စေ​မည်။-
ISA 14:26 ဤ​ကား​ကမ္ဘာ​လော​က​အ​တွက်​ငါ​၏​အ​ကြံ အ​စည်​တော်​ပင်​ဖြစ်​၍၊ ငါ​သည်​လူ​မျိုး​တ​ကာ တို့​အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​လက်​တော်​ကို​ချိန် ရွယ်​လျက်​ထား​သ​တည်း'' ဟု​မိန့်​ကြား​တော် မူ​၏။-
ISA 14:27 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​တိုင်း​ပြု​တော်​မူ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော် မူ​လေ​ပြီ။ ကိုယ်​တော်​သည်​လည်း အ​ပြစ်​ဒဏ် ခတ်​ရန်​လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ ဆီး​တား​နိုင်​လိမ့်​မည်​မ​ဟုတ်။
ISA 14:28 ဤ​ဗျာ​ဒိတ်​တော်​သည်​အာ​ခတ်​မင်း​နတ်​ရွာ စံ​သည့်​နှစ်​၌​ပြန်​ကြား​သော​ဗျာ​ဒိတ်​တော် ဖြစ်​၏။
ISA 14:29 အို ဖိ​လိတ္တိ​အ​မျိုး​သား​တို့၊ သင်​တို့​အား​ရိုက် နှက်​သည့်​တုတ်​သည်​ကျိုး​၍​သွား​ပြီ​ဖြစ်​သော် လည်း​သင်​တို့​ဝမ်း​မြောက်​ကြ​ရန်​အ​ကြောင်း မ​ရှိ။ မြွေ​တစ်​ကောင်​သေ​သော​အ​ခါ​ထို​မြွေ ထက်​ဆိုး​သည့်​အ​ခြား​မြွေ​တစ်​ကောင်​ပေါက် ၍​လာ​လိမ့်​မည်။ မြွေ​ဥ​မှ​အ​ဆိပ်​ပြင်း​သော န​ဂါး​ပျံ​ပေါက်​ဖွား​လာ​တတ်​ပါ​သည် တ​ကား။-
ISA 14:30 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ထဲ​မှ ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​ကို သိုး​ထိန်း​သ​ဖွယ် စောင့်​ရှောက်​တော်​မူ​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​စေ တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​မူ​ကား ကြောက်​မက်​ဖွယ်​ရာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​ဆိုက်​ရောက်​စေ​တော်​မူ​မည်​ဖြစ်​၍ သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​မ​သေ​ဘဲ​ကျန် ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။
ISA 14:31 အို ဖိ​လိတ္တိ​မြို့​အ​ပေါင်း​တို့၊ ညည်း​တွား​မြည် တမ်း​လျက်​အ​ကူ​အ​ညီ​အော်​ဟစ်​တောင်း​ခံ ကြ​လော့။ သင်​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန် လှုပ်​လျက်​ရှိ​နေ​ကြ​လော့။ သူ​ရဲ​ဘော​ကြောင် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ပါ​သည့်​တပ် မ​တော်​ကြီး​တစ်​ခု​သည်​ဖုတ်​တ​ထောင်း ထောင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ​တက်​လာ​နေ​၏။
ISA 14:32 ဖိ​လိ​တ္တိ​ပြည်​မှ​ရောက်​ရှိ​လာ​သော​သံ​တ​မန် တို့​အား ငါ​တို့​အ​ဘယ်​သို့​ပြန်​ကြား​ရ​ပါ မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့ ကို​တည်​တော်​မူ​ပြီ​ဖြစ်​၍ ထို​မြို့​တွင်​ကိုယ် တော်​၏​ဒုက္ခ​သည်​လူ​စု​သည်​ဘေး​မဲ့​လုံ​ခြုံ မှု​ကို​ရ​ရှိ​ကြ​တော့​မည်​ဖြစ်​ကြောင်း သူ​တို့ အား​ငါ​တို့​ပြော​ကြား​ကြ​ကုန်​အံ့။
ISA 15:1 ဤ​ဗျာ​ဒိတ်​တော်​သည်​မော​ဘ​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ အာ​ရ​မြို့​နှင့်၊ ကိ​ရ​မြို့​တို့​သည်​တစ်​ညဥ့်​ချင်း ၌​ပျက်​ပြုန်း​၍​သွား​ရကြ​လေ​သည်။ မော​ဘ ပြည်​သည်​လည်း​ဆိတ်​ငြိမ်​လျက်​နေ​၏။-
ISA 15:2 ဒိ​ဘုန်​မြို့​သား​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​သို့ သွား​ရောက်​ငို​ကြွေး​ရန်​တောင်​ပေါ်​သို့ တက်​ကြ​၏။ မော​ဘ​ပြည်​သူ​တို့​သည်​လည်း နေ​ဗော​မြို့​နှင့်​မေ​ဒ​ဘ​မြို့​အ​တွက်​ဝမ်း​နည်း သ​ဖြင့်​အော်​ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သူ​တို့ သည်​ဝမ်း​နည်း​ခြင်း​အ​ထိမ်း​အ​မှတ်​ဖြင့် ဆံ​ပင်​နှင့် မုတ်​ဆိတ်​များ​ကို​ရိတ်​ပစ်​ကြ​လေ သည်။-
ISA 15:3 လမ်း​များ​ပေါ်​ရှိ​လူ​တို့​သည်​လျှော်​တေ​ကို ဝတ်​ထား​ကြ​၏။ မြေ​ကွက်​လပ်​များ​နှင့်​အိမ် ခေါင်​မိုး​များ​အ​ပေါ်​၌​လည်း​ဝမ်း​နည်း ကြေ​ကွဲ​မှု​ကို​ပြ​၍​ငို​ကြွေး​ကြ​၏။-
ISA 15:4 ဟေ​ရှ​ဘုန်​နှင့်​ဧ​လာ​လေ​မြို့​သူ​မြို့​သား​တို့ သည်​အော်​ဟစ်​ငို​ကြွေး​ကြ​ရာ သူ​တို့​ငို​ကြွေး သံ​ကို​ယာ​ဟတ်​မြို့​တိုင်​အောင်​ကြား​ရ​သ​ဖြင့် မော​ဘ​စစ်​သူ​ရဲ​များ​ပင်​လျှင်​တုန်​လှုပ်​ချောက် ချား​ကာ​ကြောက်​စိတ်​ဝင်​၍​လာ​ကုန်​၏။-
ISA 15:5 ငါ​သည်​မော​ဘ​ပြည်​အ​တွက်​ငို​ကျွေး​၏။ ပြည် သူ​တို့​သည်​ဇော​ရ​မြို့​ဧ​ဂ​လတ်​ရှ​လိ​ရှိ​ယ အ​ထိ​ထွက်​ပြေး​ကြ​၏။ အ​ချို့​သော​သူ​တို့ သည်​မျက်​ရည်​ကျ​လျက် လု​ဟိတ်​တောင်​လမ်း အ​တိုင်း​တက်​သွား​ကြ​၏။ အ​ချို့​တို့​က​မူ ဝမ်း​နည်း​အော်​ဟစ်​ငို​ကြွေး​ကာ ဟော​ရ​နိမ် မြို့​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-
ISA 15:6 နိ​မ​ရိမ်​ချောင်း​သည်​ခန်း​ခြောက်​လျက် ချောင်း​နံ ဘေး​ရှိ​မြက်​တို့​သည်​လည်း​ခြောက်​သွေ့​ခဲ့​ပြီ ဖြစ်​၍​စိမ်း​စို​နေ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​မ​ရှိ​တော့​ပေ။-
ISA 15:7 လူ​တို့​သည်​မိ​မိ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ယူ​၍ မိုး​မ​ခ​ပင်​ချိုင့်​ဝှမ်း​ကို​ဖြတ်​ကျော်​ထွက် ပြေး​ရန်​ကြိုး​စား​ကြ​၏။-
ISA 15:8 မော​ဘ​ပြည်၊ နယ်​စပ်​အ​နှံ့​အ​ပြား​တွင်​ငို ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရကြ​၏။ ထို အ​သံ​ကို​ဧ​ဂ​လိမ်​မြို့​နှင့်​ဗေ​ရ​ဧ​လိမ်​မြို့ မှ​ပင်​ကြား​ရ​ကြ​လေ​သည်။-
ISA 15:9 ဒိ​ဘုန်​မြို့​၌​မြစ်​ရေ​သည်​သွေး​များ​ဖြင့်​နီ မြန်း​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​မြို့​မှ​လူ​တို့​သည်​ပို​မို​ဆိုး​ရွား​သည့်​ဘေး အန္တ​ရာယ်​ကို​စီ​မံ​ထား​တော်​မူ​လေ​ပြီ။ မော​ဘ ပြည်​တွင်​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ​သည် ထို​အ​ရပ်​တွင်​ရက်​စက်​ကြမ်း​ကြုတ်​စွာ အ​သတ်​အ​ဖြတ်​ခံ​ရ​ကြ​လိမ့်​မည်။
ISA 16:1 သဲ​ကန္တာ​ရ​ရှိ​သေ​လ​မြို့​မှ​မော​ဘ​အ​မျိုး​သား တို့​သည် ဇိ​အုန်​တောင်​၏​သ​မီး​ထံ​သို့​သိုး​တစ် ကောင်​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ပေး​ပို့​လိုက် ကြ​၏။-
ISA 16:2 သူ​တို့​သည်​အာ​နုန်​မြစ်​ကမ်း​ပေါ်​တွင်​စောင့် ဆိုင်း​လျက်​နေ​စဉ် အ​သိုက်​ကို​စွန့်​ခွာ​ခဲ့​ရ​သည့် ငှက်​များ​ကဲ့​သို့ ခြေ​ဦး​တည့်​ရာ​ခေါက်​တုံ့ ခေါက်​ပြန်​သွား​လာ​လျက်​နေ​ကြ​၏။
ISA 16:3 သူ​တို့​က​ယု​ဒ​ပြည်​သူ​တို့​အား``ငါ​တို့​ကို အ​ကြံ​ပေး​ကြ​ပါ။ ငါ​တို့​သည်​စစ်​ပြေး​ဒုက္ခ သည်​များ​ဖြစ်​ပါ​၏။ မွန်း​တည့်​ချိန်​၌​အေး​မြ သော​သစ်​ပင်​၏​အ​ရိပ်​ကဲ့​သို့ သင်​တို့​သည်​ငါ တို့​အား​အ​ကာ​အ​ကွယ်​ပေး​ကြ​ပါ။ အ​ဘယ် သူ​မျှ​ရှာ​၍​မ​တွေ့​စေ​ရန်​ငါ​တို့​အား​ဝှက် ထား​ကြ​ပါ။-
ISA 16:4 သင်​တို့​၏​ပြည်​တွင်​နေ​ခွင့်​ပြု​ကြ​ပါ။ ငါ​တို့ ကို​သုတ်​သင်​ဖျက်​ဆီး​လို​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ကြ​ပါ'' ဟု​မော​ဘ ပြည်​သူ​တို့​ပြော​ကြား​ကြ​၏။ (ဖိ​နှိပ်​ချုပ်​ချယ်​မှု​နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု တို့​သည်​ပ​ပျောက်​၍​သွား​လိမ့်​မည်။ တိုင်း​ပြည် ကို​ပျက်​ပြုန်း​စေ​သော​သူ​တို့​သည်​လည်း​ရှိ ကြ​တော့​မည်​မ​ဟုတ်။-
ISA 16:5 ထို​အ​ခါ​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​တည်း နန်း​တက်​၍​ပြည်​သူ​တို့​အား​သစ္စာ၊ မေတ္တာ​နှင့် အုပ်​စိုး​လိမ့်​မည်။ သူ​သည်​မှန်​ရာ​ကို​ပြု​ရန် လက်​နှေး​လိမ့်​မည်​မ​ဟုတ်။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ပေး​လိမ့်​မည်။)
ISA 16:6 ယု​ဒ​ပြည်​သူ​တို့​က``မော​ဘ​ပြည်​သူ​တို့​သည် အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို​ငါ တို့​ကြား​ရကြ​လေ​ပြီ။ သူ​တို့​သည်​မောက်​မာ ထောင်​လွှား​လျက်​မိ​မိ​တို့​ကိုယ်​ကို​အ​ထင်​ကြီး လျက်​နေ​ခဲ့​ကြ​သော်​လည်း သူ​တို့​ဝါ​ကြွား​မှု များ​သည်​အ​ချည်း​နှီး​သာ​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​ပါ​၏'' ဟု​ဆို​ကြ​၏။
ISA 16:7 မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ယို​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့​တွင်​မိ​မိ​တို့​စား​ခဲ့​ရ​ဖူး သည့်​ကောင်း​သော​အ​စား​အ​စာ​များ​ကို ပြန်​လည်​သ​တိ​ရ​သော​အ​ခါ​သူ​တို့​အား လုံး​ပင်​ငို​ယို​ကြ​လိမ့်​မည်။ စိတ်​ပျက်​အား ငယ်​လျက်​နေ​ကြ​လိမ့်​မည်။-
ISA 16:8 ဟေ​ရှ​ဘုန်​မြို့​အ​နီး​ရှိ​လယ်​ယာ​များ​နှင့်​စိ ဗ​မာ​စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​ပြုန်း​၍ သွား​ကြ​၏။ လူ​မျိုး​ခြား​မင်း​အ​ပေါင်း​တို့​သည် ထို​စ​ပျစ်​ဥ​ယျာဉ်​တို့​မှ​ထွက်​သော​စ​ပျစ်​ရည် များ​ဖြင့်​မူး​ယစ်​နေ​ခဲ့​ကြ​ဖူး​၏။ အ​ခါ​တစ် ပါး​က​စ​ပျစ်​နွယ်​များ​သည် အ​ရှေ့​ဘက်​သို့ ယာ​ဇာ​မြို့​နှင့်​သဲ​ကန္တာ​ရ​တိုင်​အောင်​လည်း ကောင်း၊ အ​နောက်​ဘက်​သို့​ပင်​လယ်​သေ​တစ် ဘက်​ကမ်း​တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ ခဲ့​ကြ​၏။-
ISA 16:9 ယ​ခု​အ​ခါ​ငါ​သည်​ယာ​ဇာ​မြို့​အ​တွက်​ငို ယို​မိ​သ​ကဲ့​သို့ စိ​ဗ​မာ​စ​ပျစ်​ပင်​များ​အ​တွက် လည်း​ငို​ယို​မိ​ပါ​၏။ လူ​တို့​ဝမ်း​မြောက်​စွာ​စု သိမ်း​ရန်​အ​သီး​အ​နှံ​များ​မ​ရှိ​တော့​သ​ဖြင့် ငါ​သည်​ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့ တို့​အ​တွက်​မျက်​ရည်​ကျ​ပါ​၏။-
ISA 16:10 ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-
ISA 16:11 ငါ​သည်​မော​ဘ​ပြည်​အ​တွက်​စိတ်​ညှိုး​ငယ် လျက်၊ ကိ​ရ​ဟ​ရက်​မြို့​အ​တွက်​ဝမ်း​နည်း လျက်​ညည်း​ညူ​မိ​ပါ​၏။-
ISA 16:12 မော​ဘ​ပြည်​သူ​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​ရန်​အ​ပင်​ပန်း​ခံ​ကာ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် ဝတ်​ကျောင်း​များ​သို့​သွား​ရောက် ကြ​သော်​လည်း​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ လိမ့်​မည်​မ​ဟုတ်။
ISA 16:13 ဤ​ဗျာ​ဒိတ်​တော်​ကား​မော​ဘ​ပြည်​နှင့်​ပတ် သက်​၍​စော​စော​ပိုင်း​က ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​ခဲ့​သော​ဗျာ​ဒိတ်​တော်​ဖြစ်​ပေ​သည်။-
ISA 16:14 ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သုံး​နှစ်​တိ တိ​ရှိ​သော​အ​ခါ မော​ဘ​ပြည်​၏​စည်း​စိမ်​ဥစ္စာ များ​သည်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ မြောက် မြား​စွာ​သော​ပြည်​သူ​တို့​အ​နက်​မှ​လူ အ​နည်း​ငယ်​သာ​လျှင် အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လည်း​အား​အင် ချည့်​နဲ့​၍​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 17:1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဒ​မာ​သက်​မြို့​နှင့် သက်​ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဒ​မာ​သက်​မြို့​သည်​မြို့ အ​ဖြစ်​နှင့်​ရပ်​တည်​နေ​တော့​မည်​မ​ဟုတ်။ ယို ယွင်း​ပျက်​စီး​နေ​သည့်​အ​ဆောက်​အ​ဦး​စု သာ​လျှင်​ဖြစ်​ပေ​တော့​အံ့။-
ISA 17:2 ရှု​ရိ​မြို့​များ​သည်​လည်း​ထာ​ဝ​စဉ်​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​တို့​သည်​သိုး များ​နှင့်​ကျွဲ​နွား​များ​၏​စား​ကျက်​ဖြစ်​လိမ့် မည်။ ထို​တိ​ရစ္ဆာန်​တို့​အား​မောင်း​ထုတ်​မည့်​သူ ရှိ​လိမ့်​မည်​မ​ဟုတ်။-
ISA 17:3 ဣ​သ​ရေ​လ​ပြည်​သည်​ရန်​သူ​တို့​အား​ခု​ခံ နိုင်​စွမ်း​ကင်း​မဲ့​လျက်​နေ​လိမ့်​မည်။ ဒ​မာ​သက် မြို့​သည်​လည်း​လွတ်​လပ်​ရေး​ဆုံး​ရှုံး​၍​သွား လိမ့်​မည်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နည်း​တူ​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့် မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
ISA 17:4 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​၏ ဘုန်း​အ​သ​ရေ​မှေး​မှိန်​ရာ​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​ပြည်​သည်​ကြွယ် ဝ​ချမ်း​သာ​ရာ​မှ​ဆင်း​ရဲ​နွမ်း​ပါး​၍​သွား လိမ့်​မည်။-
ISA 17:5 ဣ​သ​ရေ​လ​ပြည်​သည်​အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ထား​သည့်​လယ်​ကွက်​ကဲ့​သို့​လည်း​ကောင်း၊ အ​ကုန်​အ​စင်​ကောက်​သင်း​ကောက်​ထား​သည့် ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှ လယ်​ယာ​ကဲ့​သို့​လည်း ကောင်း​ပြုတ်​ပြုတ်​ပြုန်း​၍​နေ​ပေ​လိမ့်​မည်။-
ISA 17:6 လူ​အ​နည်း​ငယ်​သာ​လျှင်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ခါ ဣ​သ​ရေ​လ​သည်​လည်း​အ​သီး​များ ကို​အ​ကုန်​အ​စင်​ဆွတ်​ခူး​ပြီး​နောက် အ​ပင် ထိပ်​ဖျား​တွင်​နှစ်​လုံး​သုံး​လုံး​နှင့်​အ​ကိုင်း​များ တွင် လေး​ငါး​လုံး​မျှ​သာ​ကျန်​ရှိ​သည့်​သံ​လွင် ပင်​နှင့်​တူ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
ISA 17:7 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည်​မိ​မိ​တို့​အား​ကူ​မ​တော်​မူ​ရန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​တော် မူ​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ဖန်​ဆင်း တော်​မူ​ရှင်​ကို​ဖူး​မြော်​ကြ​လိမ့်​မည်။-
ISA 17:8 သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ပြု​လုပ်​ထား​သည့် ယဇ်​ပလ္လင်​များ​ကို​သော်​လည်း​ကောင်း၊ အာ​ရှ​ရ နတ်​သ​မီး​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် မိ​မိ​လက် စွမ်း​လက်​စ​တံ​ခွန်​တိုင်​များ​နှင့်​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ယဇ်​ပလ္လင်​များ​ကို​လည်း​ကောင်း ယုံ ကြည်​ကိုး​စား​ကြ​တော့​မည်​မ​ဟုတ်။
ISA 17:9 ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ၊ အ​ခိုင် အ​မာ​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​များ​သည် ဟိ​ဝိ​နှင့်​အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး ရာ​တွင် စွန့်​ပစ်​ထား​ခဲ့​သည့်​မြို့​များ​ကဲ့​သို့​လူ သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ပျက်​စီး​ယို​ယွင်း ၍​နေ​လိမ့်​မည်။
ISA 17:10 အို ဣ​သ​ရေ​လ​ပြည်၊ သင်​သည်​မိ​မိ​အား​ကယ် ဆယ်​တော်​မူ​၍​ကျောက်​တုံး​ကြီး​သ​ဖွယ်​ကွယ် ကာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​မေ့​လျော့ ခဲ့​လေ​ပြီ။ သင်​သည်​လူ​မျိုး​ခြား​များ​၏​ဘု​ရား ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက် မွန်​မြတ်​သော အ​ပင်​များ​ကို​စိုက်​ပျိုး​ခဲ့​ပေ​သည်။
ISA 17:11 သို့​သော်​ထို​ဥ​ယျာဉ်​များ​မှ​သစ်​စေ့​တို့​သည် သင်​စိုက်​ပျိုး​သည့်​နေ့​နံ​နက်​၌​ပင်​အ​ပင်​ပေါက် ၍​အ​ပွင့်​များ​ပွင့်​ကြ​သည်​ဆို​စေ​ကာ​မူ ယင်း တို့​မှ​သင်​သည်​အ​သီး​များ​ကို​ဆွတ်​ခူး​ရ​လိမ့် မည်​မ​ဟုတ်။ ဆင်း​ရဲ​ဒုက္ခ​နှင့်​မ​ပျောက်​နိုင်​သည့် ဝေ​ဒ​နာ​ကို​သာ​လျှင်​ခံ​စား​ရ​လိမ့်​မည်။
ISA 17:12 တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​များ​သည် ပင်​လယ် မြည်​ဟည်း​သံ၊ လှိုင်း​လုံး​ကြီး​များ​ရိုက်​ပုတ် သံ​ကဲ့​သို့​သော​အ​သံ​နှင့်​ထ​ကြွ​သောင်း ကျန်း​လျက်​ရှိ​ကြ​၏။-
ISA 17:13 ထို​နိုင်​ငံ​သား​တို့​သည်​လှိုင်း​လုံး​များ​သ​ဖွယ် တစ်​ဟုန်​တည်း​ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ဘု​ရား​သ​ခင်​က​သူ​တို့​အား​ဖြင့် ပြင်း ပြင်း​ထန်​ထန်​မိန့်​ကြား​ဆုံး​မ​တော်​မူ​သော အ​ခါ​သူ​တို့​သည်​တောင်​နံ​ရံ​မှ​မြေ​မှုန့်​များ ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗွေ​တွင်​လွင့်​ပါ​သွား သည့်​ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဆုတ်​ပြေး​ကြ ကုန်​၏။-
ISA 17:14 သူ​တို့​သည်​လူ​တို့​အား​ညဥ့်​ဦး​ယံ​၌ တုန်​လှုပ် ချောက်​ချား​စေ​ကြ​သော်​လည်း မိုး​သောက်​ယံ​၌ မ​ရှိ​ကြ​တော့​ပါ​တ​ကား။ ဤ​ကား​ငါ​တို့​ပြည် ကို​လု​ယက်​တိုက်​ခိုက်​သူ​မှန်​သ​မျှ​တို့​၏​ကံ ကြမ္မာ​ပင်​ဖြစ်​လေ​သည်။
ISA 18:1 ဆူ​ဒန်​မြစ်​များ​၏​အ​လွန်​တွင် တောင်​ပံ​ခတ် သံ​များ​ကို​ကြား​ရ​သည့်​တိုင်း​ပြည်​တစ် ပြည်​ရှိ​၏။-
ISA 18:2 ထို​ပြည်​မှ​သံ​တ​မန်​များ​သည်​ကူ​ရိုး​ဖြင့် ပြီး​သည့်​လှေ​များ​ဖြင့် နိုင်း​မြစ်​ကို​စုံ​ဆင်း လာ​ကြ​၏။ ``အ​ချင်း​ခြေ​လျင်​သံ​တ​မန်​တို့၊ ဌာ​နေ​သို့​ပြန်​ကြ​လော့။ နိုင်း​မြစ်​ဖျား​တွင် တည်​ရှိ​သည့်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ကြောက်​ရွံ့ ကြ​၍ ခွန်​အား​တန်​ခိုး​ကြီး​မား​သည့်​ရုပ်​ရည် ချော​မော​မြင့်​မား​သည့်​သင်​တို့​ပြည်​သား များ​ထံ ဤ​သ​တင်း​စ​ကား​ကို​ယူ​ဆောင် သွား​ကြ​လော့။
ISA 18:3 ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ ကမ္ဘာ​မြေ​ပေါ်​တွင် နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ လော့။ တောင်​ထိပ်​ဖျား​တွင်​လွှင့်​ထူ​မည့်​အ​ချက် ပြ​အ​လံ​ကို​စောင့်​မျှော်​ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​နား​စွင့်​၍​နေ​ကြ လော့။-
ISA 18:4 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​သီး​အ​နှံ ရိတ်​သိမ်း​ချိန်​၏​ပူ​အိုက်​သည့်​ည​တို့​၌​ဆီး​နှင်း များ​သည်​ငြိမ်​သက်​စွာ​ကျ​လာ​သ​ကဲ့​သို့ လည်း​ကောင်း၊ အ​ပူ​ရှိန်​ပြင်း​သည့်​နေ့​၌​နေ သည်​ကြည်​လင်​ဆိတ်​ငြိမ်​စွာ​ထွန်း​လင်း​တောက် ပ​သ​ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ကောင်း​ကင် ဘုံ​မှ​ငြိမ်​သက်​စွာ​ငုံ့​၍​ကြည့်​တော်​မူ​မည်။-
ISA 18:5 စ​ပျစ်​သီး​များ​ကို​မ​စု​သိမ်း​မီ၊ အ​ပွင့်​များ ကြွေ​၍​အ​သီး​များ​မှည့်​လာ​ချိန်​၌​သူ​သည် ဋ္ဌား​ဖြင့် စ​ပျစ်​ခက်​များ​ကို​အ​လွယ်​တ​ကူ လှီး​ဖြတ်​သ​ကဲ့​သို့​ဆူ​ဒန်​အ​မျိုး​သား​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ကြ​လိမ့်​မည်။-
ISA 18:6 သူ​တို့​၏​အ​လောင်း​များ​သည်​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​များ​အ​တွက်​ကျန်​ရှိ​နေ လိမ့်​မည်။ နွေ​အ​ခါ​ငှက်​တို့​နှင့်​ဆောင်း​အ​ခါ သား​ရဲ​တို့​သည် ထို​လူ​သေ​ကောင်​တို့​ကို​စား ကြ​လိမ့်​မည်။
ISA 18:7 နိုင်း​မြစ်​ဖျား​တွင်​တည်​ရှိ​သည့်​ထို​နိုင်​ငံ​မှ လည်း​ကောင်း၊ ခွန်​အား​တန်​ခိုး​ကြီး​မား​သည့် ထို​လူ​မျိုး​ထံ​မှ​လည်း​ကောင်း၊ ရုပ်​ရည်​ချော​မော ၍​မြင့်​မား​သည့်​ထို​ပြည်​သား​တို့​ထံ​မှ​လည်း ကောင်း၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ကြောက်​ရွံ့​ကြ သူ​ထံ​မှ​လည်း​ကောင်း၊ ပူ​ဇော်​သကာ​များ​ကို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ တော်​မူ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဇိ​အုန်​တောင်​တော်​သို့​လာ​ရောက်​ကြ​လိမ့်​မည်။
ISA 19:1 ဤ​ဗျာ​ဒိတ်​တော်​သည်​အီ​ဂျစ်​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ကို​စီး​၍ အီ​ဂျစ် ပြည်​သို့​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​လေ​ပြီ။ အီ​ဂျစ်​ပြည်​ရှိ​ရုပ်​တု​ဆင်း​တု​များ​သည် ကိုယ် တော်​၏​ရှေ့​တော်​၌​ကြောက်​လန့်​တုန်​လှုပ်​ကြ ကုန်​၏။ အီ​ဂျစ်​ပြည်​သူ​တို့​သည်​လည်း​သူ​ရဲ ဘော​ကြောင်​၍​သွား​ကုန်​၏။-
ISA 19:2 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ်​ပြည်​တွင် ပြည်​တွင်း​စစ်​ဖြစ်​စေ​ရန်​လှုံ့​ဆော်​၍​ညီ​အစ်​ကို အ​ချင်း​ချင်း၊ အိမ်​နီး​ချင်း​အ​ချင်း​ချင်း​ခိုက် ရန်​ဖြစ်​ပွား​စေ​မည်။ ဂုဏ်​ပြိုင်​ဘက်​မြို့​များ​သည် လည်း​ကောင်း၊ ဂုဏ်​ပြိုင်​ဘက်​မင်း​တို့​သည်​လည်း ကောင်း၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကာ​အာ​ဏာ လု​ကြ​လိမ့်​မည်။-
ISA 19:3 ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏ အ​ကြံ အ​စည်​များ​ကို​ပျက်​စီး​စေ​၍ သူ​တို့​၏​စိတ် ဋ္ဌာတ်​ကို​လည်း​ပျက်​ပြား​သွား​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ထံ တွင်​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ နတ် ဝင်​သည်​များ​ထံ​သွား​ရောက်​မေး​မြန်း​စုံ​စမ်း ကာ၊ သူ​သေ​တို့​၏​ဝိ​ညာဉ်​များ​အား​အကြံ ဉာဏ်​တောင်း​ခံ​ကြ​လိမ့်​မည်။-
ISA 19:4 ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​မင်း​ဆိုး​မင်း​ညစ်​တစ်​ပါး​၏ လက်​သို့​အပ်​၍ ထို​မင်း​ကို​သူ​တို့​အား​အုပ်​စိုး စေ​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
ISA 19:5 နိုင်း​မြစ်​သည်​ရေ​နည်း​၍​တစ်​စ​တစ်​စ​ခန်း ခြောက်​သွား​လိမ့်​မည်။-
ISA 19:6 မြစ်​ဝ​ကျွန်း​ပေါ်​ဒေ​သ​ရှိ​ချောင်း​မြောင်း​များ သည်​လည်း တ​ဖြည်း​ဖြည်း​ခန်း​ခြောက်​ကာ​ပုပ် စော်​နံ​၍​လာ​လိမ့်​မည်။ ကူ​ပင်​ကိုင်း​ပင်​များ သည်​ခြောက်​သွေ့​သွား​ကြ​လိမ့်​မည်။-
ISA 19:7 နိုင်း​မြစ်​ကမ်း​ပေါ်​၌​စိုက်​ပျိုး​ထား​သည့်​သီး​နှံ ပင်​များ​သည်​လည်း ခြောက်​ကပ်​ပြီး​လျှင်​လေ တွင်​လွင့်​ပါ​သွား​ကြ​လိမ့်​မည်။-
ISA 19:8 နိုင်း​မြစ်​တွင်​ငါး​လုပ်​ငန်း​ဖြင့်​အ​သက်​မွေး​သူ အ​ပေါင်း​တို့​သည် ညည်း​ညူ​ငို​ကြွေး​ကြ​လိမ့်​မည်။ သူ​တို့​၏​ငါး​မျှား​ချိပ်​များ​နှင့်​ပိုက်​ကွန်​များ သည်​လည်း အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။-
ISA 19:9 ပိတ်​ချော​ချည်​ငင်​သူ​တို့​သည်​စိတ်​ပျက်​အား လျော့​ကြ​လျက်၊-
ISA 19:10 ရက်​ကန်း​သည်​များ​နှင့်​အ​တတ်​ပ​ညာ​ရှင် အ​လုပ်​သ​မား​များ​သည်​လက်​မှိုင်​ချ​လျက် နေ​ကြ​လိမ့်​မည်။
ISA 19:11 ဇော​န​မြို့​သူ​မြို့​သား​တို့​၏​ခေါင်း​ဆောင်​များ သည် အ​သိ​ဉာဏ်​တုံး​သူ​များ​ဖြစ်​ပါ​သည် တ​ကား၊ အီ​ဂျစ်​ပြည်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ ကျော်​တို့​က​လည်း မိုက်​မဲ​သော​အ​ကြံ​ဉာဏ် ကို​ပေး​ကြ​ပါ​သည်​တ​ကား။ သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် ရှေး​ဘု​ရင် များ​နှင့်​ရှေး​ပ​ညာ​ရှင်​တို့​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သည်​ဟု​မင်း​ကြီး​အား​လျှောက်​ထား ဝံ့​ကြ​ပါ​သ​နည်း။-
ISA 19:12 အို အီ​ဂျစ်​မင်း၊ သင်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ​ရှိ များ​ကား​အ​ဘယ်​မှာ​နည်း။ အီ​ဂျစ်​ပြည်​အ​တွက် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ အ​ကြံ​အ​စည်​တော်​ရှိ​သည်​ကို​သူ​တို့​အား မေး​မြန်း​ပါ​လော့။-
ISA 19:13 ဇော​န​မြို့​သား​များ​နှင့်​နော​ဗ​မြို့​သား​တို့​၏ ခေါင်း​ဆောင်​များ​သည် အ​သိ​ဉာဏ်​တုံး​သူ​များ သာ​တည်း။ သူ​တို့​အား​မိ​မိ​တို့​လူ​မျိုး​၏​ရှေ့ ဆောင်​လမ်း​ပြ​များ​ဟု​ယူ​ဆ​ရ​မည်​ဖြစ်​သော် လည်း သူ​တို့​က​လမ်း​မှား​ကို​ပြ​၍​ပေး​ကြ​၏။-
ISA 19:14 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​မ​ရှင်း​မ​လင်း သည့်​အ​ကြံ​ဉာဏ်​များ​ကို​ပေး​စေ​တော်​မူ​သ​ဖြင့် အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​မှား​မှား​အ​ယွင်း ယွင်း​ဖြစ်​လျက်၊ မိ​မိ​၏​အံ​ဖတ်​ပေါ်​တွင်​ပြန်​လဲ သော​သေ​သောက်​ကြူး​သူ​ကဲ့​သို့​ယိမ်း​ယိုင်​၍ နေ​ကြ​တော့​၏။-
ISA 19:15 ချမ်း​သာ​သူ​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ ကြီး မြတ်​သူ​ဖြစ်​စေ၊ ယုတ်​ညံ့​သူ​ဖြစ်​စေ၊ အ​ဘယ် သူ​မျှ​မိ​မိ​တို့​အီ​ဂျစ်​ပြည်​ကို​အ​ကူ အ​ညီ​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။
ISA 19:16 အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​မိန်း​မ​ကဲ့​သို့ သ​ဝန်​ကြောင်​ကြ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက် လာ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား​တော်​မူ သည်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ၊ သူ​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။-
ISA 19:17 အီ​ဂျစ်​ပြည်​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​ထား​တော် မူ​သည့်​ကံ​ကြမ္မာ​ကို​ပြန်​လည်​သ​တိ​ရ​သည့် အ​ခါ​တိုင်း​ယု​ဒ​ပြည်​ကို​ကြောက်​ကြ​လိမ့်​မည်။
ISA 19:18 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​မြို့​ကြီး​ငါး​မြို့​တွင်​ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​ကြ​လိမ့်​မည်။ ထို မြို့​များ​ရှိ​လူ​တို့​သည်​ကျိန်​ဆို​၍​ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြု​ကြ​လိမ့်​မည်။ ထို မြို့​တို့​အ​နက်​မှ​မြို့​တစ်​မြို့​သည်​နေ​မင်း​၏ မြို့​ဟု​နာ​မည်​တွင်​လိမ့်​မည်။
ISA 19:19 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ထား​လိမ့်​မည်။ ကိုယ် တော်​အား​အ​နု​မော​ဒ​နာ​ပြု​၍​စိုက်​ထူ​ထား သည့်​ကျောက်​တိုင်​တစ်​ခု​သည်​နယ်​စပ်​တွင်​ရှိ လိမ့်​မည်။-
ISA 19:20 ထို​အ​ရာ​တို့​သည်​အီ​ဂျစ်​ပြည်​တွင် အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ကြောင်း​သက်​သေ ခံ​အ​မှတ်​လက္ခ​ဏာ​များ​ဖြစ်​လိမ့်​မည်။ ပြည်​သူ​တို့ သည်​ဖိ​နှိပ်​ချုပ်​ချယ်​ခြင်း​ကို​ခံ​ရ​၍ ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန်​ဟစ်​အော် ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား ကယ်​တင်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လိမ့်​မည်။-
ISA 19:21 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကို​အီ​ဂျစ်​အ​မျိုး သား​တို့​သိ​ရှိ​လာ​အောင်​ပြု​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​အား​သိ​မှတ် လာ​ကြ​လျက်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။ အ​ထံ​တော်​သို့​လည်း​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ များ​ကို​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည် ကိုယ်​တော်​၏​ရှေ့​တော်​၌​သစ္စာ​က​တိ​ထား​ပြီး လျှင်​ယင်း​သစ္စာ​က​တိ​အ​တိုင်း​ပြု​မူ​ကြ လိမ့်​မည်။-
ISA 19:22 ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့ အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်​သော်​လည်း သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပေ​အံ့။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြောင်း​လဲ​လာ​သ​ဖြင့် သူ​တို့​တောင်း လျှောက်​သံ​ကို​နား​ထောင်​လျက် သူ​တို့​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​မည်။
ISA 19:23 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ​ပြည်​စပ်​ကြား​တွင် လမ်း​မ​ကြီး​တစ်​သွယ်​ဖောက်​လုပ်​ထား​လိမ့်​မည်။ ထို​ပြည်​များ​မှ​လူ​တို့​သည်​တစ်​ပြည်​နှင့်​တစ် ပြည်​အ​ပြန်​အ​လှန်​ကူး​သန်း​သွား​လာ​လျက် အ​တူ​တ​ကွ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ပြု ကြ​လိမ့်​မည်။-
ISA 19:24 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သည်​အီ​ဂျစ်​ပြည်၊ အာ​ရှု​ရိ ပြည်​နှင့်​ရင်​ဘောင်​တန်း​လျက်​နေ​လိမ့်​မည်။ ထို နိုင်​ငံ​သုံး​ခု​သည်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​အ​တွက် ကောင်း​ကျိုး​ချမ်း​သာ​ကို​ဖြစ်​ပွား​စေ​လိမ့်​မည်။-
ISA 19:25 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ထို ပြည်​တို့​ကို​ကောင်း​ချီး​ပေး​၍``ငါ​၏​လူ​စု အီ​ဂျစ်​အ​မျိုး​သား​တို့၊ ငါ​ဖန်​ဆင်း​ထား​သူ အာ​ရှု​ရိ​အ​မျိုး​သား​တို့​နှင့် ငါ​ရွေး​ကောက် သော​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​အား​ငါ​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 20:1 အာ​ရှု​ရိ​ဘု​ရင်​သာ​ဂုန်​၏​အ​မိန့်​တော်​အ​ရ အာ​ရှု​ရိ​တပ်​မ​တော်​ဦး​စီး​ချုပ်​သည်​ဖိ​လိတ္တိ ပြည်၊ အာ​ဇုတ်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-
ISA 20:2 လွန်​ခဲ့​သော​သုံး​နှစ်​က​ထာ​ဝ​ရ​ဘု​ရား​သည် အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား မိ​မိ​ဝတ်​ဆင် ထား​သည့်​လျှော်​တေ​အ​ဝတ်​နှင့်​ဖိ​နပ်​ကို​ချွတ် ပစ်​ရန်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဟေ​ရှာ​ယ သည်​အ​ဝတ်​မ​ဝတ်၊ ဖိ​နပ်​မ​စီး​ဘဲ​သွား​လာ လျက်​နေ​ခဲ့​၏။-
ISA 20:3 အာ​ဇုတ်​မြို့​ကျ​ဆုံး​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​က``ငါ​၏​အ​စေ​ခံ​ဟေ​ရှာ​ယ​သည် ဖိ​နပ်​မ​စီး​ဘဲ အ​ဝတ်​အ​ချည်း​စည်း​နှင့်​သုံး နှစ်​တိုင်​တိုင်​သွား​လာ​နေ​ခဲ့​သည်​မှာ အီ​ဂျစ် ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​ကြုံ​တွေ့​ရ​မည့် အ​ဖြစ်​အ​ပျက်​နိ​မိတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။-
ISA 20:4 အာ​ရှု​ရိ​ဘု​ရင်​သည်​ဤ​နိုင်​ငံ​နှစ်​ခု​မှ​ဖမ်း​ဆီး ရ​မိ​သည့်​သုံ့​ပန်း​များ​ကို အ​ဝတ်​အ​ချည်း​စည်း နှင့်​ခေါ်​ဆောင်​သွား​လိမ့်​မည်။ သူ​တို့​သည်​လူ​ကြီး လူ​ငယ်​မ​ကျန်၊ ဖိ​နပ်​မ​ပါ၊ မိ​မိ​တို့​အ​ရှက်​ကို ပင်​မ​ဖုံး​နိုင်​ဘဲ​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လိုက် ပါ​သွား​ကာ အီ​ဂျစ်​ပြည်​ကို​အ​သ​ရေ​ဖျက် ကြ​လိမ့်​မည်။-
ISA 20:5 ဆူ​ဒန်​ပြည်​ကို​ယုံ​ကြည်​ကိုး​စား​ကာ အီ​ဂျစ်​ပြည် အ​ကြောင်း​ကို​ဝါ​ကြွား​ပြော​ဆို​ကြ​သူ​တို့​သည် မျှော်​လင့်​ခြင်း​ပျက်​ပြား​လျက် အ​မြင်​မှန်​ရ​ရှိ လာ​ကြ​လိမ့်​မည်။-
ISA 20:6 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဖိ​လိတ္တိ​ကမ်း​ခြေ​တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်``ငါ တို့​အား​အာ​ရှု​ရိ​ဘု​ရင်​၏​ဘေး​မှ​ကာ​ကွယ်​စောင့် ရှောက်​ရန် ငါ​တို့​မှီ​ခို​အား​ကိုး​ခဲ့​သည့်​လူ​တို့​၏ ဖြစ်​အင်​ကို​ကြည့်​ကြ​လော့။ ငါ​တို့​သည်​အ​ဘယ် သို့​လျှင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ​ပါ မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။
ISA 21:1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဗာ​ဗု​လုန်​နှင့်​သက်​ဆိုင် သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ သဲ​က​န္တာ​ရ​ကို​ဖြတ်​ကျော်​၍​တိုက်​ခတ်​လာ သော​လေ​ဗွေ​ကဲ့​သို့ ဘေး​အန္တ​ရာယ်​ဆိုး​တစ်​ခု သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့်​တိုင်း​ပြည် တစ်​ပြည်​မှ​သက်​ရောက်​လာ​လိမ့်​မည်။-
ISA 21:2 ရက်​စက်​ကြမ်း​ကြုတ်​မှု​များ၊ သစ္စာ​ဖောက်​မှု နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု​တို့​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင်​ငါ​မြင်​ရ​ပြီ။ အို ဧ​လံ​တပ်​မ​တော်​သား​တို့၊ တိုက်​ခိုက်​ကြ လော့။ အို မေ​ဒိ​တပ်​မ​တော်​သား​တို့၊ မြို့​များ ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​သား​တို့​ပေး​သည့်​ဆင်း​ရဲ​ဒုက္ခ ကို​ချုပ်​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။
ISA 21:3 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​ကြား​ရ​သော​အ​မှု အ​ရာ​များ​ကြောင့် ငါ​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​သ​ဖွယ်​ထိတ်​လန့်​၍​ဝေ​ဒ​နာ​ခံ​ရ​၏။-
ISA 21:4 ငါ​၏​ဦး​ခေါင်း​သည်​ချာ​ချာ​လည်​လျက်​ငါ သည်​ကြောက်​စိတ်​ဖြင့်​တုန်​လှုပ်​၍​နေ​၏။ ငါ သည်​ညဥ့်​ဦး​ယံ​ကို​တမ်း​တ​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ထို​အ​ချိန်​သည် ငါ့​အား​ထိတ်​လန့် မှု​ကို​ဖြစ်​စေ​သည်​မှ​တစ်​ပါး​အ​ဘယ်​သို့ မျှ​မ​ပြု။
ISA 21:5 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ည​စာ​စား​ပွဲ​ကြီး​တစ် ခု​အ​သင့်​ပြင်​ဆင်​ထား​သည်​ကို​ငါ​မြင်​ရ​၏။ ဧည့်​သည်​တို့​ထိုင်​ရန်​အ​တွက်​ကော်​ဇော​များ ကို​ခင်း​ထား​လေ​သည်။ သူ​တို့​သည်​စား​သောက် လျက်​နေ​ကြ​စဉ်``တပ်​မှူး​တို့၊ သင်​တို့​၏​ဒိုင်း​လွှား များ​ကို​အ​သင့်​ပြင်​ကြ​လော့'' ဟူ​သော​အ​မိန့် တော်​တစ်​ရပ်​ရုတ်​တ​ရက်​ထွက်​ပေါ်​၍​လာ​၏။
ISA 21:6 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင် သွား​၍​ကင်း​စောင့်​တစ်​ဦး​ကို​ချ​ထား​ပြီး လျှင် သူ​တွေ့​မြင်​ရ​သည့်​အ​ရာ​များ​ကို အ​စီ​ရင်​ခံ​ရန်​မှာ​ကြား​လော့။-
ISA 21:7 အ​ကယ်​၍​နှစ်​ယောက်​တစ်​တွဲ​နှစ်​ယောက်​တစ်​တွဲ မြင်း​စီး​သူ​ရဲ​များ​လာ​သည်​ကို​လည်း​ကောင်း၊ မြည်း​များ​ကု​လား​အုတ်​များ​ကို​စီး​၍​လူ​တို့ လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် ထို​သူ တို့​အား​သတိ​ထား​၍​ကြည့်​ရန်​ကင်း​စောင့်​ကို မှာ​ကြား​ထား​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 21:8 ကင်း​စောင့်​က``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ဤ​မျှော်​စင် ပေါ်​တွင်​ရပ်​၍ နေ့​ရော​ည​ပါ​ကင်း​စောင့်​လျက် နေ​ပါ​၏'' ဟု​အော်​၍​ပြော​ကြား​စဉ်၊
ISA 21:9 မြင်း​စီး​သူ​ရဲ​တို့​သည်​နှစ်​ယောက်​တစ်​တွဲ​နှစ် ယောက်​တစ်​တွဲ​ရုတ်​တ​ရက်​ပေါ်​လာ​ကြ​၏။ ထို ကြောင့်​ကင်း​စောင့်​က``ဗာ​ဗု​လုန်​မြို့​ကျ​ဆုံး သွား​လေ​ပြီ။ သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​မှန် သ​မျှ​သည်​လည်း​မြေ​ပေါ်​တွင်​ကျိုး​ပဲ့​ကြေ​မွ လျက်​နေ​ပါ​၏'' ဟု​သ​တင်း​ပေး​ပို့​လိုက်​၏။
ISA 21:10 ငါ​၏​အ​မျိုး​သား​တို့၊ သင်​တို့​သည်​ဂျုံ​နှံ သ​ဖွယ်​အ​နင်း​အ​နယ်​ခံ​ခဲ့​ရ​ကြ​၏။ သို့​ရာ တွင်​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ကြား​ရ​သည့်​သ​တင်း​ကို ယ​ခု​သင်​တို့​အား​ကြေ​ညာ​ပြီး​လေ​ပြီ။
ISA 21:11 ဤ​ဗျာ​ဒိတ်​တော်​သည်​ဧ​ဒုံ​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ဧ​ဒုံ​ပြည်​မှ​လူ​တစ်​ယောက်​က​ငါ​အား``အို ကင်း​စောင့်၊ ညဥ့်​ယံ​ကုန်​ဆုံး​ရန်​အ​ဘယ်​မျှ ကြာ​ပါ​ဦး​မည်​နည်း။ အ​ဘယ်​အ​ခါ​၌​ကုန် ဆုံး​မည်​ကို​ငါ့​အား​ပြော​ပါ​လော့'' ဟု​အော် ဟစ်​မေး​မြန်း​၏။
ISA 21:12 ငါ​က​လည်း``မိုး​သောက်​ယံ​ရောက်​တော့​မည်၊ သို့​ရာ​တွင်​ညဥ့်​ယံ​ပြန်​လည်​ကျ​ရောက်​လာ လိမ့်​မည်။ သင်​ထပ်​မံ​မေး​မြန်း​လို​လျှင်​နောက် တစ်​ဖန်​လာ​၍​မေး​မြန်း​လော့'' ဟု​ဖြေ​ကြား လိုက်​၏။
ISA 21:13 ဤ​ဗျာ​ဒိတ်​တော်​ကား​အာ​ရပ်​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ သစ်​ပင်​မ​ပေါက်​သည့်​အာ​ရပ်​နယ်​မြေ​၌၊ ကုန် စည်​လှည်း​ရ​ထား​များ​ကို​စ​ခန်း​ချ​တတ် သည့်​အ​ချင်း​ဒေ​ဒန်​အ​မျိုး​သား​တို့၊-
ISA 21:14 သင်​တို့​ထံ​သို့​လာ​ရောက်​ကြ​သည့်​ရေ​ငတ် သူ​တို့​အား​ရေ​ကို​ပေး​ကြ​လော့။ အ​ချင်း တေ​မ​ပြည်​သူ​တို့၊ စစ်​ပြေး​ဒုက္ခ​သည်​တို့ အား​အ​စား​အ​စာ​များ​ကို​ပေး​ကြ​လော့။-
ISA 21:15 လူ​တို့​သည်​မိ​မိ​တို့​အား​ခုတ်​ရန်​အ​သင့် ရှိ​သည့်​ဋ္ဌား​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ပစ်​ရန်​အ​သင့်​ရှိ​သည့်​လေး​မြား​တို့​၏​ဘေး မှ​လည်း​ကောင်း၊ စစ်​ဘေး​အန္တ​ရာယ်​ဟူ​သ​မျှ​မှ လည်း​ကောင်း​လွတ်​မြောက်​ရန်​ထွက်​ပြေး​လျက် ရှိ​ကြ​၏။
ISA 21:16 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``တစ်​နှစ် တိ​တိ​ကြာ​သော​အ​ခါ ကေ​ဒါ​လူ​မျိုး​စု​၏ ဘုန်း​အ​သ​ရေ​သည်​လုံး​ဝ​ကွယ်​ပျောက်​သွား လိမ့်​မည်။-
ISA 21:17 ထို​လူ​မျိုး​စု​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​ဖြစ် သော​လေး​သည်​တော်​တို့​သည်​လည်း အ​နည်း ငယ်​မျှ​သာ​လျှင်​ကျန်​ရှိ​ပေ​တော့​မည်။ ဤ​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 22:1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့် ဝှမ်း​နှင့် သက်​ဆိုင်​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​အိမ်​ခေါင်​မိုး​များ​အ​ပေါ်​တွင်​ပွဲ​လမ်း သ​ဘင်​ဆင်​ယင်​ကျင်း​ပ​နေ​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​လျက်​ရှိ​ပါ သ​နည်း။-
ISA 22:2 တစ်​မြို့​လုံး​ပင်​အုတ်​အုတ်​ကျက်​ကျက်​ဖြစ် လျက် လူ​တို့​စိတ်​လှုပ်​ရှား​အော်​ဟစ်​သံ​များ နှင့်​ပြည့်​နှက်​၍​နေ​၏။ သင်​၏​လူ​တို့​သည်​ဤ​စစ်​ပွဲ​တွင်​တိုက်​ခိုက် ရင်း​ကျ​ဆုံး​ရ​ကြ​သည်​မ​ဟုတ်။-
ISA 22:3 မြား​တစ်​စင်း​ကို​မျှ​မ​ပစ်​မ​လွှတ်​ရ​မီ သင် ၏​ခေါင်း​ဆောင်​အ​ပေါင်း​သည်​ထွက်​ပြေး​သ​ဖြင့် သုံ့​ပန်း​အ​ဖြစ်​အ​ဖမ်း​ခံ​ရ​ကြ​၏။-
ISA 22:4 ယ​ခု​ငါ့​အား​တစ်​ကိုယ်​တည်း​ပြင်း​ပြ​စွာ ငို​ကြွေး​ခွင့်​ပြု​ပါ​လော့။ ငါ​၏​လူ​အ​မြောက် အ​မြား​သေ​ကြေ​ပျက်​စီး​ကြ​ပြီ​ဖြစ်​၍ ငါ့​အား​နှစ်​သိမ့်​ရန်​မ​ကြိုး​စား​ပါ​နှင့်။-
ISA 22:5 ဤ​အ​ချိန်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​ဝှမ်း တွင်​ကြောက်​လန့်​မှု၊ အ​ရေး​ရှုံး​နိမ့်​မှု​နှင့်​က​စင့် က​လျား​ဖြစ်​ပွား​မှု​များ​ပေါ်​ပေါက်​ရာ​ကာ​လ ပင်​ဖြစ်​၏။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က​လည်း ငါ​တို့​အား​ထို​ကာ​လ​နှင့်​ကြုံ​တွေ့ စေ​တော်​မူ​လေ​ပြီ။ ငါ​တို့​၏​မြို့​ရိုး​များ​သည် အ​ဖြို​ခံ​ရကြ​လေ​ပြီ။ ကယ်​မ​ရန်​လူ​တို့ အော်​ဟစ်​ကြ​သည့်​အ​သံ​များ​သည်​လည်း တောင်​ကုန်း​များ​တွင်​ပဲ့​တင်​ထပ်​လျက်​နေ လေ​ပြီ။
ISA 22:6 ဧ​လံ​ပြည်​မှ​မြင်း​စီး​သူ​ရဲ​တို့​သည် လေး​မြား များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။ ကိ​ရ​ပြည်​မှ စစ်​သူ​ရဲ​တို့​က​လည်း ဒိုင်း​လွှား​များ​ကို အ​သင့်​ကိုင်​ဆောင်​ထား​ကြ​၏။-
ISA 22:7 မြေ​သြ​ဇာ​ထက်​သန်​သည့်​ယု​ဒ​ချိုင့်​ဝှမ်း​များ သည် စစ်​မြင်း​ရ​ထား​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​ပြီး​လျှင် မြင်း​စီး​သူ​ရဲ​တို့​သည်​ယေ​ရု ရှ​လင်​မြို့​တံ​ခါး​တွင်​ရပ်​လျက်​နေ​ကြ​၏။-
ISA 22:8 ယု​ဒ​ပြည်​၏​ခံ​တပ်​ရှိ​သ​မျှ​တို့​သည်​ကား ပြို​ပျက်​၍​သွား​လေ​ပြီ။ ထို​အ​ခါ​သင်​၏​လူ​တို့​သည်​လက်​နက်​တိုက် မှ​လက်​နက်​များ​ကို​ထုတ်​ယူ​ကြ​၏။-
ISA 22:9 မြို့​ရိုး​တို့​တွင်​ပျက်​စီး​နေ​သည်​နေ​ရာ​များ ကို​ပြင်​ဆင်​ရန်​ကြည့်​ရှု​ကြ​၏။
ISA 22:10 မြို့​ထဲ​ရှိ​အိမ်​များ​ကို​ရေ​တွက်​ကာ​မြို့​ရိုး​များ ပြင်​ဆင်​ရန်​ကျောက်​တုံး​များ​ရ​ရှိ​ရေး​အ​တွက် အိမ်​အ​ချို့​ကို​ဖြို​ချ​ကြ​၏။-
ISA 22:11 ရေ​ကန်​ဟောင်း​မှ​စီး​ဆင်း​လာ​သည့်​ရေ​တို့​ကို မြို့​တွင်း​၌​သို​လှောင်​ထား​နိုင်​ရန် ရေ​လှောင်​ကန် တစ်​ခု​ကို​လည်း​တူး​ကြ​၏။ သို့​ရာ​တွင်​သူ တို့​သည်​ဤ​အ​မှု​ကို​ရှေး​မ​ဆွ​က​ပင် စီ​မံ ထား​တော်​မူ​သော​အ​ရှင်၊ ဖြစ်​ပျက်​စေ​တော် မူ​သော​အ​ရှင်​ဘု​ရား​သ​ခင်​ကို​မူ​အ​လေး ဂ​ရု​မ​ပြု​ကြ။
ISA 22:12 ထို​စဉ်​အ​ခါ​က​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ငို​ကြွေး​၍၊ ဝမ်းနည်း​သည့် အ​မှတ်​လက္ခ​ဏာ​ပြ​ရန်​နှင့်​ခေါင်း​တုံး​ရိတ်​၍ လျှော်​တေ​ကို​ဝတ်​ရန်​စေ​ခိုင်း​တော်​မူ​ခဲ့​၏။-
ISA 22:13 သင်​သည်​ယင်း​သို့​ပြု​မည့်​အ​စား​ရယ်​မော လျက် ပွဲ​လမ်း​သ​ဘင်​ကျင်း​ပ​ကာ​နေ​ခဲ့​၏။ သိုး​နွား​များ​ကို​သတ်​၍​စား​ကာ​စပျစ်​ရည် ကို​သောက်​ခဲ့​၏။ ``နက်​ဖြန်​သေ​ရကြ​မည် ဖြစ်​၍​ယ​ခု​ငါ​တို့​စား​ကြ​သောက်​ကြ ကုန်​အံ့'' ဟု​သင်​ဆို​ခဲ့​၏။
ISA 22:14 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင်​ပင်​ငါ့​အား``ထို​သူ​တို့​သည်​ဤ​မ​ကောင်း မှု​အ​တွက်​မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြစ်​ဖြေ​လွှတ် ရကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 22:15 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို နန်း​တော်​အုပ်​ချုပ်​ရေး​မှူး​ရှေ​ဗ​န​၏​အိမ်​သို့ သွား​၍​သူ့​အား၊-
ISA 22:16 ``သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သူ​ဟု​ထင် မှတ်​ပါ​သ​နည်း။ ကျောက်​တောင်​နံ​ရံ​တွင် မိ​မိ တို့​အ​တွက်​သင်္ချိုင်း​ဂူ​ကို​ထွင်း​ထု​လုပ်​ပိုင်​ခွင့် သင့်​မှာ​ရှိ​ပါ​သ​လော။-
ISA 22:17 သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-
ISA 22:18 ကိုယ်​တော်​သည်​သင့်​အား​လောက်​စာ​သ​ဖွယ် လုံး​၍ ပို​မို​ကျယ်​ဝန်း​သော​ပြည်​သို့​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။ သင်​သည်​ထို​ပြည်​တွင် မိ​မိ ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စစ်​ရ​ထား​များ​အ​နီး တွင်​သေ​ရ​လိမ့်​မည်။ သင်​သည်​မိ​မိ​အ​ရှင်​၏ နန်း​တော်​ကို အ​သ​ရေ​ယုတ်​စေ​လိမ့်​မည်။-
ISA 22:19 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​အ​လုပ်​မှ ထုတ်​ပယ်​တော်​မူ​၍ ကြီး​မြင့်​သည့်​ရာ​ထူး မှ​ဖြုတ်​ချ​တော်​မူ​လိမ့်​မည်'' ဟု​ပြော ကြား​စေ​တော်​မူ​ပါ​၏။
ISA 22:20 ထာ​ဝ​ရ​ဘု​ရား​က​ရှေ​ဗ​န​အား``ငါ​သည် မိ​မိ​၏​အ​စေ​ခံ၊ ဟိ​လ​ခိ​၏​သား​ဧ​လျာ ကိမ်​ကို​ခေါ်​ယူ​ကာ၊-
ISA 22:21 သင်​ရာ​ထူး​အ​လျောက်​ဝတ်​ဆင်​ရ​သည့်​ဝတ် လုံ​ကို​သူ့​အား​ဝတ်​ဆင်​စေ​၍ သင်​၏​ခါး​စည်း ကို​စည်း​စေ​လော့။ သင်​ရ​ရှိ​ခဲ့​သော​အ​ခွင့် အာ​ဏာ​ရှိ​သ​မျှ​ကို​အပ်​နှင်း​မည်။ ထို​သူ သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သူ​တို့​အ​တွက် ဖ​ခင်​သ​ဖွယ် ဖြစ်​လိမ့်​မည်။-
ISA 22:22 ငါ​သည်​သူ့​အား​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သူ ပြည်​ရှင်​မင်း​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် အာ​ဏာ​အ​ပြည့်​အ​ဝ​အပ်​နှင်း​ပေး​မည်။ သူ သည်​အ​လုပ်​ဝတ္တ​ရား​များ​ဆောင်​ရွက်​ရာ​တွင် သော့​ချက်​သ​ဖွယ်​ဖြစ်​၍​သူ​ပြု​သည့်​အ​မှု တို့​ကို​အ​ဘယ်​သူ​မျှ​ပြင်​ဆင်​ပြောင်း​လဲ နိုင်​လိမ့်​မည်​မ​ဟုတ်။-
ISA 22:23 ငါ​သည်​ခိုင်​မြဲ​စွာ​ရိုက်​ထား​သည့်​ငုတ်​ကဲ့​သို့ သူ့​အား​မြဲ​မြံ​စွာ​ထား​ရှိ​မည်။ သူ​သည်​လည်း မိ​မိ​အိမ်​ထောင်​စု​တစ်​စု​လုံး​၏​ဂုဏ်​အ​သ ရေ​ကို​ဆောင်​လိမ့်​မည်။
ISA 22:24 ``သို့​ရာ​တွင်​ဆွေ​မျိုး​ညာ​တိ​များ​နှင့်​မှီ​ခို သူ​တို့​သည် သူ​၏​အ​တွက်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ် ၍​နေ​လိမ့်​မည်။ ငုတ်​တွင်​ဆွဲ​ချိပ်​ထား​သည့်​အိုး ခွက်​များ​ကဲ့​သို့ သူ​တို့​သည်​သူ့​ကို​တွယ်​ကပ် နေ​ကြ​လိမ့်​မည်။-
ISA 22:25 ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ​ခိုင်​မြဲ​စွာ ရိုက်​သွင်း​ထား​သည့်​ငုတ်​သည် ချောင်​၍​လာ ကာ​လဲ​ကျ​သွား​လိမ့်​မည်။ ယင်း​တွင်​ဆွဲ​ချိပ် ထား​သ​မျှ​သော​အ​ရာ​တို့​သည်​လည်း ပျက် စီး​သွား​ကြ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
ISA 23:1 ဤ​ဗျာ​ဒိတ်​တော်​သည်​တု​ရု​မြို့​နှင့်​သက်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ပင်​လယ်​သို့​ရောက်​ရှိ နေ​ကြ​သူ​အ​ချင်း​သင်္ဘော​သား​တို့၊ ဝမ်း​နည်း လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သင်​တို့​၏ ဌာ​နေ​ဖြစ်​သည့်​တု​ရု​သင်္ဘော​ဆိပ်​မြို့​သည်​ပျက် ပြုန်း​သွား​လေ​ပြီ။ ယင်း​၏​အိမ်​များ​နှင့်​ဆိပ် ကမ်း​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်​နေ ၏။ ထို​သ​တင်း​ကို​သင်​တို့​သည်​ကု​ပ​ရု​ပြည် မှ​အ​ပြန်​ခ​ရီး​တွင်​ကြား​သိ​ရ​ကြ​၏။-
ISA 23:2 ပင်​လယ်​တွင်​ကုန်​ကူး​လျက်​ရှိ​သော​ဇိ​ဒုန်​ကုန် သည်​တို့၊ ဟစ်​အော်​ငို​ကြွေး​ကြ​လော့။ သင်​တို့ သည်​ထို​သူ​တို့​အား၊-
ISA 23:3 ပင်​လယ်​ရပ်​ခြား​သို့​စေ​လွှတ်​၍​အီ​ဂျစ် ပြည်​မှ​ထွက်​သည့်​ကောက်​ပဲ​သီး​နှံ​များ ကို​ရောင်း​ဝယ်​ကာ​လူ​မျိုး​တ​ကာ​တို့​နှင့် ကုန်​သွယ်​မှု​ကို​ပြု​စေ​ကြ​၏။
ISA 23:4 အို ဇိ​ဒုန်​မြို့၊ သင်​သည်​အ​သ​ရေ​ပျက်​လေ​ပြီ။ ပင်​လယ်​နှင့်​သ​မုဒ္ဒ​ရာ​ကြီး​များ​၏​နက်​နဲ​ရာ အ​ရပ်​က``ငါ့​မှာ​အ​ဘယ်​အ​ခါ​က​မျှ​သား သ​မီး​များ​မ​ရှိ​ခဲ့။ ငါ​သည်​ဘယ်​သော​အ​ခါ က​မျှ​သား​များ​ကို​သော်​လည်း​ကောင်း၊ သ​မီး များ​ကို​သော်​လည်း​ကောင်း​မ​မွေး​ဖွား​မ​ပြု စု​ခဲ့'' ဟု​ဆို​ကာ​သင့်​ကို​စွန့်​လွှတ်​လိုက်​လေ​ပြီ။
ISA 23:5 တု​ရု​မြို့​ပျက်​စီး​သွား​သည့်​သ​တင်း​ကို ကြား​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့ ပင်​လန့်​ဖျပ်​သွား​ကြ​ကုန်​၏။
ISA 23:6 အ​ချင်း​ဖို​နီး​ရှား​ပြည်​သူ​တို့၊ ဝမ်း​နည်း လျက်​ညည်း​တွား​မြည်​တမ်း​ကြ​လော့။ စ​ပိန် ပြည်​သို့​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​လော့။-
ISA 23:7 ဤ​မြို့​သည်​ရှေး​အ​ခါ​က​တည်​ထောင်​ခဲ့​သည့် မြို့၊ သာ​ယာ​ရွှင်​လန်း​ခဲ့​သည့်​တု​ရု​မြို့​ဖြစ်​နိုင် ပါ​သ​လော။ ဤ​မြို့​သည်​ကို​လို​နီ​နိုင်​ငံ​များ တည်​ထောင်​ရန်​ပင်​လယ်​ရပ်​ခြား​သို့​လူ​များ ကို​စေ​လွှတ်​နေ​ထိုင်​စေ​သည့်​မြို့​မ​ဖြစ်​နိုင် ပါ​သ​လော။-
ISA 23:8 ကမ္ဘာ​ပေါ်​တွင်​ဂုဏ်​အ​သ​ရေ​အ​ရှိ​ဆုံး​ဖြစ်​သူ မင်း​ညီ​မင်း​သား​ကုန်​သည်​များ​၏​ဧ​က​ရာဇ် နိုင်​ငံ၊ မြို့​တော်​တု​ရု​ကို​ဤ​သို့​ဖြစ်​ပျက်​စေ ရန်​ကြံ​စည်​တော်​မူ​သော​သူ​မှာ​အ​ဘယ်​သူ ဖြစ်​ပါ​သ​နည်း။-
ISA 23:9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ် ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ထို​သူ​တို့ ၏​မာန်​မာ​န​ကို​ချိုး​တော်​မူ​လို​သ​ဖြင့်၊ သူ တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​တို့​အား​ရှုတ်​ချ တော်​မူ​လို​သ​ဖြင့်​ဤ​သို့​ကြံ​စည်​တော်​မူ ခြင်း​ဖြစ်​ပေ​သည်။
ISA 23:10 စ​ပိန်​ပြည်​ရှိ​ကို​လို​နီ​နိုင်​ငံ​များ​မှ​လူ​တို့၊ သင်​တို့​သည်​သွား​၍​လယ်​ယာ​များ​ကို​ထွန် ယက်​ကြ​လော့။ သင်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ တော့​ပေ။-
ISA 23:11 ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ပေါ်​မှာ လက်​တော်​ကို​ချိန်​ရွယ်​လျက် တိုင်း​နိုင်​ငံ​များ ကို​ပျက်​ပြုန်း​စေ​တော်​မူ​ပြီ။ ဖို​နီး​ရှား​တို့ ၏​ကုန်​သွယ်​ရေး​ဌာ​န​များ​ကို​ဖျက်​ဆီး ပစ်​ရန်​လည်း​အ​မိန့်​ပေး​တော်​မူ​လေ​ပြီ။-
ISA 23:12 အို ဇိ​ဒုန်​မြို့၊ သင်​သည်​နောက်​တစ်​ဖန်​သာ​ယာ ရွှင်​လန်း​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​လူ​တို့ သည်​လည်း​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ခံ​ရ​လျက် ရှိ​၏။ အ​ကယ်​၍​သူ​တို့​သည်​ကု​ပ​ရု​ပြည်​သို့ ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ​သည်​ဆို​စေ ကာ​မူ ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရကြ​လိမ့်​မည် မ​ဟုတ်။
ISA 23:13 (တု​ရု​မြို့​ကို တော​တိ​ရစ္ဆာန်​များ​ခို​အောင်း​ရာ ဖြစ်​စေ​သူ​တို့​မှာ အာ​ရှု​ရိ​အ​မျိုး​သား​များ မ​ဟုတ်၊ ဗာ​ဗု​လုန်​အ​မျိုး​သား​များ​သာ​ဖြစ် ၏။ သူ​တို့​သည်​ခံ​တပ်​မြို့​စင်​မြင့်​များ​ကို တည်​ဆောက်​ပြီး​လျှင်၊ ခံ​တပ်​တို့​ကို​ဖြို​ချ ကာ​တု​ရု​မြို့​ကို​ဖျက်​ဆီး​၍​ထား​ခဲ့​ကြ​၏။)
ISA 23:14 သ​မုဒ္ဒ​ရာ​တွင်​ရောက်​ရှိ​နေ​သူ​အ​ချင်း​သင်္ဘော သား​တို့၊ ဝမ်း​နည်း​လျက်​ညည်း​တွား​မြည်​တမ်း ကြ​လော့။ သင်​တို့​ယုံ​ကြည်​အား​ထား​ရာ​မြို့ သည်​ပြို​ပျက်​သွား​လေ​ပြီ။
ISA 23:15 ဘု​ရင်​တစ်​ပါး​၏​တစ်​သက်၊ အ​နှစ်​ခု​နစ်​ဆယ် တိုင်​တိုင်​တု​ရု​မြို့​ကို​လူ​တို့​မေ့​ပျောက်​လျက် နေ​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ နှစ်​များ​ကုန်​လွန်​သွား​သော​အ​ခါ တု​ရု​မြို့​သည်၊ ``သ​နား​စ​ရာ​ကောင်း​၍​လူ​တို့ အ​မှတ်​မ​ရ​ကြ​တော့​သည့်​ပြည့်​တန်​ဆာ​မ၊ သင်​၏​စောင်း​ကို​ယူ​၍​မြို့​ကို​လှည့်​လည်​လော့။ သင်​၏​ချစ်​သူ​များ​ပြန်​လာ​ကြ​စေ​ရန် စောင်း​ကို​တီး​၍​သီ​ချင်း​များ​ကို​ဆို​ဦး​လော့'' အ​စ​ရှိ​သည့်​သီ​ချင်း​ထဲ​က​ပြည့်​တန်​ဆာ​မ နှင့်​တူ​လိမ့်​မည်။
ISA 23:17 အ​နှစ်​ခု​နစ်​ဆယ်​ကုန်​လွန်​သော​အခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​တု​ရု​မြို့​အား​ရှေး​အ​ခါ​က​နည်း တူ တစ်​ဖန်​ပြန်​၍​ကုန်​သွယ်​ရန်​ခွင့်​ပြု​တော်​မူ လိမ့်​မည်။ ထို​မြို့​သည်​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ ၏​အ​စေ​ကို​ခံ​လိမ့်​မည်။-
ISA 23:18 ကုန်​သွယ်​၍​ရ​ရှိ​သည့်​ငွေ​များ​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​လှူ​ဒါန်း​လိမ့်​မည်။ ယင်း တို့​ကို​သိမ်း​ဆည်း​၍​ထား​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ တို့​သည်​လည်း ထို​ငွေ​ဖြင့်​မိ​မိ​တို့​လို​အပ် သည့်​အ​စား​အ​စာ​များ​နှင့် အ​ဝတ်​အ​ထည် များ​ကို​ဝယ်​ခြမ်း​ကြ​လိမ့်​မည်။
ISA 24:1 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပျက် ပြုန်း​စေ​တော်​မူ​၍ လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ မျက်​နှာ​ပြင်​ကို​တွန့်​လိမ်​စေ​၍ လူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-
ISA 24:2 ယဇ်​ပု​ရော​ဟိတ်​နှင့်​ပြည်​သူ၊ ကျွန်​နှင့်​သ​ခင်၊ ဝယ်​သူ​နှင့်​ရောင်း​သူ၊ ချေး​သူ​နှင့်​ငှား​သူ၊ ချမ်း သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ရှိ​ရှိ​သ​မျှ​သော​လူ တို့​သည်​ကံ​ကြမ္မာ​တစ်​မျိုး​တစ်​စား​တည်း နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။-
ISA 24:3 ကမ္ဘာ​မြေ​ကြီး​သည်​က​စင့်​က​လျား​ဖြစ်​လျက် ယို​ယွင်း​ပျက်​စီး​နေ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​သ​ဖြင့်​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​မည်​သာ​တည်း။
ISA 24:4 ကမ္ဘာ​မြေ​ကြီး​သည်​ခြောက်​သွေ့​နွမ်း​နယ်​လျက် ရှိ​၏။ ချီး​မြှောက်​ခြင်း​ခံ​ရ​သော​ကမ္ဘာ​သူ​ကမ္ဘာ သား​အ​ပေါင်း​တို့​သည်​ချည့်​နဲ့​၍​နေ​ကြ​၏။ မိုး​ကောင်း​ကင်​သည်​လည်း​က​မ္ဘာ​မြေ​ကြီး နှင့်​အ​တူ​ဆွေး​မြေ့​လျက်​ရှိ​ပေ​သည်။-
ISA 24:5 လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​ပစ်​ပယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ကမ္ဘာ မြေ​ကြီး​ကို​ညစ်​ညမ်း​စေ​ကြ​၏။-
ISA 24:6 ထို့​ကြောင့်​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​၏။ ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည်​လည်း​မိ​မိ​တို့​ပြု​ခဲ့​သည့်​မ ကောင်း​မှု​၏​အ​ကျိုး​ဆက်​ကို​ခံ​ယူ​ရကြ​ကုန် ၏။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​များ​သည် လည်း​နည်း​သည်​ထက်​နည်း​၍​လာ​တော့​၏။-
ISA 24:7 စ​ပျစ်​ပင်​တို့​သည်​ညှိုး​နွမ်း​သ​ဖြင့်​စ​ပျစ် ရည်​ရှား​ပါး​၍​လာ​လေ​သည်။ အ​ခါ​တစ်​ပါး က​ကြည်​လင်​ရွှင်​လန်း​လျက်​ရှိ​ကြ​သူ​လူ အ​ပေါင်း​တို့​သည် ယ​ခု​အ​ခါ​စိတ်​ညှိုး ငယ်​လျက်​နေ​ကြ​၏။-
ISA 24:8 သူ​တို့​၏​စောင်း​များ၊ ပတ်​သာ​များ​မှ​ရွှင်​ပျ ချို​သာ​သော​သီ​ချင်း​သံ​သည်​လည်း ဆိတ် သုဉ်း​သွား​လေ​ပြီ။-
ISA 24:9 သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကာ​သီ​ချင်း များ​ကို​မ​ဆို​ကြ​တော့​ပေ။ အ​ဘယ်​သူ​မျှ စ​ပျစ်​ရည်​၏​အ​ရ​သာ​ကို​မ​ခံ​စား​ကြ တော့​ချေ။-
ISA 24:10 မြို့​တွင်း​၌​အ​စ​စ​အ​ရာ​ရာ​က​စင့်​က​လျား ဖြစ်​လျက်​နေ​၏။ လူ​တို့​မ​ဝင်​နိုင်​ရန်​အိမ်​တိုင်း ကို​လည်း​ပိတ်​ထား​ကြ​၏။-
ISA 24:11 လူ​တို့​သည်​လမ်း​များ​ပေါ်​တွင်​ရပ်​၍​စ​ပျစ် ရည်​ကို​အော်​ဟစ်​တောင့်​တ​လျက်​နေ​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​မှု​ကား​ထာ​ဝ​စဉ်​ကွယ် ပျောက်​သွား​တော့​၏။ ယင်း​ကို​ပြည်​တွင်း​မှ နှင်​ထုတ်​လိုက်​ကြ​လေ​ပြီ။-
ISA 24:12 မြို့​သည်​ပျက်​စီး​ယို​ယွင်း​လျက်​ကျန်​ခဲ့​၏။ မြို့​တံ​ခါး​များ​သည်​လည်း​ကျိုး​ပျက်​၍ သွား​လေ​ပြီ။-
ISA 24:13 ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှ​နိုင်​ငံ​ရှိ​သ​မျှ​တို့​တွင် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​ရာ​အ​ချိန်​သည်​သံ​လွင်​သီး များ​ကို​အ​ပင်​ရှိ​သ​မျှ​မှ​ရိုက်​ချ​လျက်၊ စ​ပျစ်​သီး​အ​ကြွင်း​အ​ကျန်​များ​ကို​လည်း စ​ပျစ်​နွယ်​များ​မှ​ဆွတ်​ခူး​ပြီး​သည့်​အ​ချိန်၊ သီး​နှံ​များ​ရိတ်​သိမ်း​မှု​ပြီး​ဆုံး​ရာ​ကာ​လ နှင့်​တူ​လိမ့်​မည်။
ISA 24:14 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​သူ​တို့​သည် ရွှင် လန်း​ဝမ်း​မြောက်​လျက်​သီ​ချင်း​ဆို​ကြ​လိမ့် မည်။ အ​နောက်​အ​ရပ်​မှ​လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဖော်​ပြ​၍၊-
ISA 24:15 အ​ရှေ့​အ​ရပ်​မှ​လူ​တို့​က​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ပင်​လယ်​ကမ်း​ခြေ တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။-
ISA 24:16 ငါ​တို့​သည်​သူ​တော်​ကောင်း​တ​ရား​ကျင့်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကမ္ဘာ​ရပ်​စွန်း ရပ်​ဖျား​များ​မှ​ချီး​ကူး​ကြ​သည့်​သီ​ချင်း သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည်​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက် လုံး​ပါး​ပါး​၍​နေ​ပါ​သည်​တ​ကား။ သစ္စာ​မဲ့ သူ​တို့​သည်​ဆက်​လက်​၍​သစ္စာ​ဖောက်​လျက် ဆိုး​ရွား​သည်​ထက်​ဆိုး​ရွား​၍​လာ​ကြ​၏။-
ISA 24:17 အို ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့၊ ထိတ်​လန့်​ဖွယ်​ရာ ဘေး​ဥ​ပဒ်​များ၊ မြေ​တွင်း​များ​နှင့်​ကျော့​ကွင်း များ​သည်​သင်​တို့​အား​စောင့်​မျှော်​လျက်​နေ ကြ​၏။-
ISA 24:18 ထိတ်​လန့်​ဖွယ်​ရာ​ဘေး​ဥ​ပဒ်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့​ကျ လိမ့်​မည်။ မြေ​တွင်း​မှ​လွတ်​မြောက်​လာ​သူ​သည် ကျော့​ကွင်း​တွင်​မိ​လိမ့်​မည်။ ကောင်း​ကင်​မှ​မိုး ကြီး​သည်း​ထန်​စွာ​ရွာ​သွန်း​၍ ကမ္ဘာ​မြေ​ကြီး ၏​အုတ်​မြစ်​များ​သည်​တုန်​လှုပ်​လိမ့်​မည်။-
ISA 24:19 ကမ္ဘာ​မြေ​ကြီး​သည်​ကွဲ​အက်​ကာ​က​စင့် က​လျား​ဖြစ်​လျက်​နှစ်​ခြမ်း​ပွင့်​၍​သွား လိမ့်​မည်။-
ISA 24:20 ကမ္ဘာ​မြေ​ကြီး​သည်​လေ​မုန်​တိုင်း​မိ​သည့်​တဲ ကဲ့​သို့​လည်း​ကောင်း၊ သေ​သောက်​ကြူး​သူ​ကဲ့​သို့ လည်း​ကောင်း​ယိမ်း​ယိုင်​လျက်​နေ​လိမ့်​မည်။ ကမ္ဘာ လော​က​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ သ​ဖြင့် ပြို​လဲ​သွား​လိမ့်​မည်။ နောက်​တစ်​ဖန် ပြန်​၍​ထ​နိုင်​တော့​မည်​မ​ဟုတ်။
ISA 24:21 မိုး​ကောင်း​ကင်​ကို​အ​စိုး​ရ​သည့်​နတ်​များ နှင့်​လော​ကီ​ဘု​ရင်​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-
ISA 24:22 ဘု​ရား​သ​ခင်​သည်​ပြည်​ရှင်​မင်း​တို့​အား အ​ကျဉ်း​သ​မား​များ​သ​ဖွယ် တွင်း​တစ်​ခု​တွင် ပြွတ်​သိပ်​၍​ချုပ်​နှောင်​ထား​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​အ​ချိန်​မ​ရောက် မ​ချင်း သူ​တို့​အား​ကိုယ်​တော်​သည်​အ​ကျဉ်း ချ​၍​ထား​တော်​မူ​လိမ့်​မည်။-
ISA 24:23 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။
ISA 25:1 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ချီး​မြှောက်​၍ နာ​မ​တော်​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို ပြု​တော်​မူ​ပါ​ပြီ။ ရှေး​မ​ဆွ​က​ပင်​ပြု​တော်​မူ​ခဲ့​သည့် အ​ကြံ​အ​စည်​တော်​တို့​ကို၊ တိ​ကျ​စွာ​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​ပြီ။
ISA 25:2 ကိုယ်​တော်​ရှင်​သည်​မြို့​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် နေ​စေ​တော်​မူ​၍၊ မြို့​တံ​တိုင်း​တို့​ကို​လည်း​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​တည်​ဆောက်​ခဲ့​သည့် နန်း​တော်​များ​သည် ထာ​ဝ​စဉ်​ကွယ်​ပျောက်​၍​သွား​လေ​ပြီ။
ISA 25:3 တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး​တို့​သည်​ကိုယ်​တော် ရှင်​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​လည်း ကိုယ်​တော်​အား​ကြောက်​လန့်​၍​နေ​ကြ​ပါ​လိမ့်​မည်။
ISA 25:4 ဆင်း​ရဲ​သူ​နှင့် ခို​ကိုး​ရာ​မဲ့​သူ​တို့​သည် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ခို​လှုံ​ကြ​သ​ဖြင့် ဒုက္ခ​ရောက်​ချိန်​၌​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​မိုး​သက်​မုန်​တိုင်း​မှ အ​ကာ​အ​ကွယ်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သည့်​အ​ပူ​ရှိန်​မှ​ခို​လှုံ​ရန်​အ​ရိပ် အာ​ဝါ​သ ကို​လည်း​ကောင်း​ပေး​တော်​မူ​ပါ​၏။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏​တိုက်​ခိုက်​မှု​သည်၊ ဆောင်း​လေ​ပြင်း​နှင့်​လည်း​ကောင်း၊
ISA 25:5 ခြောက်​သွေ့​ရာ​ဒေ​သ​တွင်​မိုး​ခေါင်​မှု​နှင့် လည်း​ကောင်း၊ တူ​ပါ​၏။ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​၏​အ​သံ​ကို တိတ်​စေ​တော်​မူ​ပါ​ပြီ။ မိုး​တိမ်​သည်​ပူ​အိုက်​သည့်​နေ​ကို​အေး​မြ​လာ​စေ သ​ကဲ့​သို့၊ ကိုယ်​တော်​ရှင်​သည်​ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏ အော်​ဟစ်​သံ​ကို​တိတ်​စေ​တော်​မူ​ပါ​၏။
ISA 25:6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန် တောင်​တော်​ပေါ်​တွင်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ တို့​အ​တွက် အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​ခဲ​ဖွယ်​များ နှင့်​အ​ကောင်း​ဆုံး​စ​ပျစ်​ရည်​များ​ဖြင့် ည​စာ စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​တော်​မူ​လိမ့်​မည်။-
ISA 25:7 ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​အုံ့​မှိုင်း​လျက်​ရှိ နေ​သည့်​ဝမ်း​နည်း​ဖွယ်​မိုး​တိမ်​လွှာ​ကို လူ​မျိုး တ​ကာ​တို့​အ​ပေါ်​မှ​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-
ISA 25:8 ထာ​ဝ​ရ​ဘု​ရား​သည်​သေ​ခြင်း​တ​ရား​ကို​ထာ​ဝ စဉ်​ချေ​မှုန်း​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ လူ​ခပ်​သိမ်း တို့​၏​မျက်​နှာ​မှ​မျက်​ရည်​များ​ကို​သုတ်​တော်​မူ ၍​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် မိ​မိ​၏​လူ​မျိုး​တော်​ကြုံ တွေ့​ရ​သည့်​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​ကို လည်း​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​သော​စ​ကား ပင်​ဖြစ်​၏။
ISA 25:9 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``ကိုယ်​တော်​သည်​ငါ​တို့​၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ကိုယ်​တော်​က​လည်း​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​ကား ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ငါ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တင်​တော် မူ​ပြီ​ဖြစ်​၍​ယ​ခု​အ​ခါ ငါ​တို့​သည်​ဝမ်း မြောက်​ကြည်​နူး​ရွှင်​မြူး​အား​ရ​ကြ​ပေ သည်'' ဟု​ဆို​ကြ​လိမ့်​မည်။
ISA 25:10 ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ကို​ကွယ် ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် မော​ဘ​ပြည်​သူ​တို့​မူ​ကား​နွား​ချေး​နှင့်​ရော နှော​နေ​သော​ကောက်​ရိုး​ကဲ့​သို့​နင်း​ချေ​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-
ISA 25:11 သူ​တို့​သည်​ရေ​ကူး​သူ​ကဲ့​သို့​လက်​များ​ကို ဆန့်​၍​ကူး​ယက်​ရန်​ကြိုး​စား​ပါ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​မာန်​မာ​န ကို​နှိမ့်​ချ​သ​ဖြင့်​လက်​များ​ကို​လေး​လံ ၍​နေ​စေ​လိမ့်​မည်။-
ISA 25:12 ဘု​ရား​သ​ခင်​သည်​မြင့်​မား​သည့်​မော​ဘ​မြို့ ရိုး၊ ခံ​တပ်​များ​ကို​ဖျက်​ဆီး​ကာ​ဖုတ်​ထဲ​သို့ ပြို​ကျ​စေ​တော်​မူ​လိမ့်​မည်။
ISA 26:1 ယု​ဒ​ပြည်​တွင်​အောက်​ပါ​သီ​ချင်း​ကို​လူ​တို့ သီ​ဆို​ကြ​သည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ သူ​တို့​က ``ငါ​တို့​၏​မြို့​တို့​သည်​ခိုင်​ခန့်​ပေ​သည်။ ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သော​မြို့​ရိုး​များ​ကို ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ကာ​ကွယ်​တော်​မူ ပါ​၏။
ISA 26:2 မြို့​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ပြီး​လျှင်​ဖြောင့်​မှန် ရာ​ကို ပြု​ကျင့်​သည့်​လူ​မျိုး၊ သစ္စာ​ရှိ​သည့်​လူ​မျိုး​အား​ဝင်​ခွင့်​ပြု​ကြ​လော့။
ISA 26:3 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့ အား စစ်​မှန်​သော​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​ပါ​၏။
ISA 26:4 ထာ​ဝ​ရ​ဘု​ရား​ကို​အ​မြဲ​တ​စေ​ယုံ​ကြည် ကိုး​စား​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စဉ်​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။
ISA 26:5 ကိုယ်​တော်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီး​လျှင်၊ သူ​တို့​နေ​ထိုင်​ရာ​ခိုင်​ခန့်​သည့်​မြို့​ကို ဖျက်​ဆီး​တော်​မူ​၍၊ မြို့​ရိုး​များ​ကို​ဖုတ်​ထဲ​သို့​ပြို​ကျ​စေ​တော်​မူ​လေ​ပြီ။
ISA 26:6 ဖိ​နှိပ်​ချုပ်​ချယ်​မှု​ခံ​ခဲ့​ရ​ကြ​သူ တို့​သည်​လည်း ယ​ခု​အ​ခါ၊ထို​မြို့​ကို​ခြေ​နှင့်​နင်း​၍ ကျော်​လွှား​သွား​လာ​လျက်​ရှိ​ကြ​၏။
ISA 26:7 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် သူ​တော်​ကောင်း​တို့​လမ်း​ကို​ဖြောင့်​စေ​တော်​မူ​ပါ​၏။ သူ​တို့​သွား​ရ​သော​ခရီး​လမ်း​သည်​လည်း​ညီ​ညာ ပါ​၏။
ISA 26:8 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​လို​တော်​အ​တိုင်း​လိုက်​၍၊ ကိုယ်​တော်​ရှင်​အား​မျှော်​ကိုး​လျက်​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင် တောင့်​တ​ကြ​ပါ​၏။
ISA 26:9 ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​တသ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား ကိုယ်​တော်​ရှင်​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ၊ တ​ရား​မျှ​တ​မှု​ဆို​သည်​မှာ​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို သူ​တို့​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။
ISA 26:10 ကိုယ်​တော်​ရှင်​သည်​သူ​ယုတ်​မာ​တို့​အား သ​နား​ညှာ​တာ​တော်​မူ​သော်​လည်း၊ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် နား​မ​လည်​ကြ​ပါ။ သူ​တော်​ကောင်း​တို့​နေ​ထိုင်​ရာ​ဤ​ပြည်​၌​ပင် လျှင် သူ​တို့​သည်​မ​တ​ရား​သော​အ​မှု​တို့​ကို​ပြု​လျက် ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အာနု​ဘော်​တော်​ကို​လည်း အ​သိ​အ​မှတ်​မ​ပြု​ကြ​ပါ။
ISA 26:11 ရန်​သူ​များ​သည်​မိ​မိ​တို့​အား၊ ကိုယ်​တော်​ရှင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည် ကို​မ​သိ​ကြ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မူ​ပါ။ ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြင်​ဆင်​ထား တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း သူ​တို့​အား​ပြ​တော်​မူ​ပါ​၏။
ISA 26:12 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ကောင်း​စား​ခွင့် ပေး​တော်​မူ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​တို့​၏​အောင်​မြင်​မှု​မှန်​သ​မျှ သည် ကိုယ်​တော်​ရှင်​စီ​ရင်​တော်​မူ​သော​အ​မှု​များ​၏ အ​ကျိုး​ဆက်​ပင်​ဖြစ်​ပါ​၏။
ISA 26:13 ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် သူ​တစ်​ပါး​တို့​အုပ်​စိုး​မှု​ကို ခံ​ရ​ကြ​ပါ​ပြီ။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင် တစ်​ပါး​တည်း​သာ​လျှင်၊ ကျွန်​တော်​မျိုး​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။
ISA 26:14 ထို​သူ​တို့​သည်​ယ​ခု​အ​ခါ​ကွယ်​လွန်​သွား ကြ​ပါ​ပြီ။ တစ်​ဖန်​ပြန်​၍​အ​သက်​ရှင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိုက်​ပြီ​ဖြစ်​သ​ဖြင့်၊ သူ​တို့​၏​ဝိညာဉ်​များ​သည်​လည်း​သင်္ချိုင်း​ထဲ​မှ ထ​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။ သူ​တို့​အား​အ​ဘယ်​သူ​မျှ​လည်း သ​တိ​မ​ရ​ကြ​တော့​ပါ။
ISA 26:15 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​၏​နိုင်ငံ​ကို​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ​ပြီ။ ကြီး​ပွား​တိုး​တက်​စေ​တော်​မူ​ပါ​ပြီ။ ယင်း​၏​နယ်​ပယ်​တို့​လည်း​လေး​ဘက်​လေး​တန် ပို​မို​ကျယ်​ဝန်း​စေ​တော်​မူ​ပါ​ပြီ။ ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​ကိုယ်​တော်​ရှင်​တွင် ဂုဏ်​အ​သ​ရေ​ရှိ​ပါ​၏။
ISA 26:16 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ပါ​၏။
ISA 26:17 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​အော်​ဟစ်​စေ​တော် မူ​ပါ​ပြီ။
ISA 26:18 ကျွန်​တော်​မျိုး​တို့​သည်​နာ​ကျင်​ခြင်း ဝေ​ဒ​နာ​ခံ​ရကြ​ပါ​၏။ သို့​ရာ​တွင်​အ​ဘယ်​အ​မှု​ကို​မျှ မ​ဖြစ်​ပွား​စေ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​အ​တွက် အ​ဘယ်​အောင်​ပွဲ​ကို​မျှ​မ​ရ​ကြ​ပါ။ အ​ဘယ်​အမှု​ကို​မျှ​အ​ထ​မြောက်​အောင် ဆောင်​နိုင်​ခဲ့​သည်​မ​ရှိ​ပါ။
ISA 26:19 ကျွန်​တော်​မျိုး​တို့​၏​လူ​စု​အ​နက်​မှ သေ​လွန်​သွား​ကြ​သူ​တို့​သည်၊တစ်​ဖန်​ပြန်​၍ အ​သက်​ရှင်​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​ခန္ဓာ​ကိုယ်​များ​သည်​အ​သက်​ဝင်​၍ လာ​ပါ​လိမ့်​မည်။ သ​င်္ချိုင်း​တွင်း​၌​လဲ​လျောင်း​နေ​သော​သူ​သေ​တို့​သည် ထ​၍​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ အ​ရောင်​လျှပ်​သည့်​ဆီး​နှင်း​များ​သည်​ကမ္ဘာ​မြေ ကြီး​ကို ပြန်​လည်​စိမ်း​လန်း​လာ​စေ​သ​ကဲ့​သို့ ကာ​လ​ကြာ​မြင့်​စွာ​က​ပင်​သေ​လွန်​ခဲ့​သော သူ​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​သည်​ပြန်​၍ အ​သက်​ရှင်​စေ​တော်​မူ​ပါ​လိမ့်​မည်။
ISA 26:20 ငါ​၏​အ​မျိုး​သား​တို့၊ သင်​တို့​သည်​မိ​မိ​တို့​အိမ် တွင်း​သို့​ဝင်​၍​တံ​ခါး​များ​ကို​ပိတ်​ထား​ကြ လော့။ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြေ​သည် တိုင်​အောင်​ကာ​လ​အ​နည်း​ငယ်​ပုန်း​အောင်း​နေ ကြ​လော့။-
ISA 26:21 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လျှို့​ဝှက်​ကူး​လွန် ထား​သည့်​လူ​သတ်​မှု​များ​သည်​ပေါ်​လွင်​ထင် ရှား​၍​လာ​လိမ့်​မည်။ အ​သတ်​ခံ​ရ​သူ​တို့​အား မြေ​ကြီး​သည်​ဖုံး​ကွယ်​ထား​တော့​မည်​မ​ဟုတ်။
ISA 27:1 ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား ထက်​မြက်​သော​ဋ္ဌား​တော်​ဖြင့် တွန့်​လိမ်​လျက်​နေ သည့်​မြွေ​ကြီး​လ​ဝိ​သန်​ကို​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​၍၊ ပင်​လယ်​န​ဂါး​ကြီး​ကို​လည်း​သတ် တော်​မူ​လိမ့်​မည်။
ISA 27:2 ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ သာ​ယာ​သော​စ​ပျစ်​ဥ​ယျာဉ်​နှင့်​ပတ်​သက်​၍၊-
ISA 27:3 ``ငါ​သည်​ဤ​ဥ​ယျာဉ်​ကို​အ​ခါ​မ​လပ်​စောင့် ကြပ်​ကြည့်​ရှု​ကာ​ရေ​လောင်း​၏။ အ​ဘယ်​သူ​မျှ မ​ဖျက်​ဆီး​နိုင်​စေ​ရန်​နေ့​ရော​ညဥ့်​ပါ​စောင့်​ကြပ် ကြည့်​ရှု​၏။-
ISA 27:4 စ​ပျစ်​ဥ​ယျာဉ်​အ​ပေါ်​၌​ငါ​အ​မျက်​မ​ထွက် တော့​ပြီ။ ငါ​ခုတ်​ထွင်​ပစ်​ရန်​ဆူး​ပင်​မျိုး​စုံ​ရှိ စေ​ချင်​ပါ​ဘိ။ ယင်း​တို့​ကို​ငါ​သည်​လုံး​ဝ မီး​ရှို့​ပစ်​မည်။-
ISA 27:5 သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​၏​ရန်​သူ​များ သည် ငါ​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​အ​လို​ရှိ ပါ​မူ ငါ​နှင့်​ပြေ​လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် ဆောင်​ရွက်​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​နှင့်​ပြေ လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် အ​မှန်​ပင်​ဆောင် ရွက်​ကြ​ရာ​၏'' ဟု​မိန့်​တော်​မူ​လိမ့်​မည်။
ISA 27:6 ထို​နေ့​၌​ယာ​ကုပ်​၏​သား​မြေး​များ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သစ်​ပင်​သ​ဖွယ် အ​မြစ်​စွဲ​၍​ဖူး​ပွင့်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး သည်​သူ​တို့​၏​သား​မြေး​များ​နှင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။
ISA 27:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရန်​သူ များ​လောက် ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ အ​ပြစ်​ဒဏ်​ကို​မ​ခံ​ရ​ကြ၊ ရန်​သူ​များ​လောက် လည်း​မ​သေ​ရ​ကြ။-
ISA 27:8 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​အား ပြည်​နှင်​ဒဏ်​ပေး​၍​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သူ​တို့​သည်​အ​ရှေ့​မှ​လာ​သော​လေ​ပြင်း​မုန် တိုင်း​တွင်​လွင့်​ပါ​သွား​ရ​ဘိ​သ​ကဲ့​သို့ မိ​မိ တို့​ပြည်​မှ​ထွက်​ခွာ​သွား​ရ​ကြ​လေ​သည်။-
ISA 27:9 ရုပ်​တု​ကိုး​ကွယ်​ရာ​ယဇ်​ပလ္လင်​ကျောက်​ရှိ​သ​မျှ သည် မြေ​ဖြူ​ကျောက်​ကဲ့​သို့​ထု​ထောင်း​ချေ​မှုန်း ခြင်း​ကို​ခံ​ရ​၍ အာ​ရှ​ရ​တံ​ခွန်​တိုင်​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင်​များ​မ​ကျန် မ​ရှိ​တော့​သည့်​အ​ချိန်​ကာ​လ​မ​ကျ​ရောက် မီ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် မိ​မိ​တို့ ၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ဖယ်​ရှား​လိမ့်​မည် မ​ဟုတ်။
ISA 27:10 ခိုင်​ခံ့​စွာ​တန်​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​၏။ ထို​မြို့​သည်​လူ​သူ မ​ရှိ​သည့်​တော​ကန္တာ​ရ​ကဲ့​သို့​ဆိတ်​ငြိမ်​၍​နေ​၏။ ယင်း​သည်​ကျွဲ​နွား​တို့​အ​စာ​စား​နား​နေ​ရာ စား​ကျက်​ဖြစ်​လေ​ပြီ။-
ISA 27:11 သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​တို့​သည်​ကျိုး ကျ​ခြောက်​သွေ့​လျက်​ရှိ​သ​ဖြင့် အ​မျိုး​သ​မီး များ​သည်​လာ​၍​ထင်း​ခွေ​ကြ​လေ​သည်။ လူ​တို့ သည်​အ​သိ​တ​ရား​မ​ရှိ​ကြ​သ​ဖြင့် သူ​တို့​၏ ဖန်​ဆင်း​တော်​မူ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သ​နား​ကြင်​နာ​က​ရု​ဏာ​ထား​တော်​မူ လိမ့်​မည်​မ​ဟုတ်။
ISA 27:12 ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဥ​ဖ​ရတ်​မြစ်​မှ​အီ​ဂျစ်​ပြည်​နယ်​စပ်​အ​ထိ မိ​မိ​လူ​တို့​ကို​တစ်​ယောက်​ပြီး​တစ်​ယောက် ယူ​တော်​မူ​၍​ဂျုံ​စ​ပါး​အ​ကောင်း​နှင့် အ​ညံ့ ကို​စ​ပါး​နယ်​လျက်​ခွဲ​ခြား​သ​ကဲ့​သို့​ခွဲ ခြား​တော်​မူ​မည်။
ISA 27:13 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။
ISA 28:1 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​မ​င်္ဂ​လာ​ရှိ​၏။ မိ​မိ ၏​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​များ​ဆောင်း ထား​သည့်​ပန်း​ဦး​ရစ်​များ​နွမ်း​သ​ကဲ့​သို့၊ ထို နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​သည်​ညှိုး​နွမ်း​လျက် နေ​၏။ ထို​ခေါင်း​ဆောင်​တို့​သည်​ဝင့်​ဝါ​မော်​ကြွား ကာ၊ မိ​မိ​တို့​ဦး​ခေါင်း​ကို နံ့​သာ​ဆီ​မွှေး​ကောင်း စွာ​လိမ်း​၍​ထား​ကြ​သော်​လည်း​သေ​သောက် ကြူး​ကာ​လဲ​၍​နေ​ကြ​၏။-
ISA 28:2 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် စေ​ရန် တန်​ခိုး​ခွန်​အား​ကြီး​မား​သူ​တစ်​ဦး ကို​အ​သင့်​ထား​ရှိ​တော်​မူ​၏။ ထို​သူ​သည် မိုး​သီး​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ပြင်း​သည့်​မိုး​ကဲ့​သို့​လည်း​ကောင်း၊ ထိန်း​ချုပ် ၍​မ​ရ​နိုင်​သည့်​မြစ်​လျှံ​ရေ​ကဲ့​သို့​လည်း ကောင်း တစ်​ပြည်​လုံး​ကို​လွှမ်း​ခြုံ​နှိမ်​နင်း ပစ်​လိမ့်​မည်။-
ISA 28:3 ထို​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​တို့ ဂုဏ်​ယူ​ဝါ​ကြွား​မှု​သည် ခြေ​နှင့်​နင်း​ချေ ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
ISA 28:4 မာန်​မာ​န​ထောင်​လွှား​သူ​ခေါင်း​ဆောင်​များ ၏​မှေး​မှိန်​လျက်​နေ​သော​ဂုဏ်​အ​သ​ရေ​သည် မှည့်​သည်​နှင့်​တစ်​ပြိုင်​နက်​ခူး​ဆွတ်​စား​သုံး လိုက်​သည့်​ရာ​သီ​စာ​သ​င်္ဘော​သ​ဖန်း​သီး များ​ကဲ့​သို့​ကွယ်​ပျောက်​၍​သွား​လိမ့်​မည်။
ISA 28:5 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​ခဲ့​သည့်​မိ​မိ​၏​လူ​မျိုး​တော် အ​တွက် ဘုန်း​အ​သ​ရေ​တောက်​ပ​သော​ဦး​ရစ် သ​ရ​ဖူ​သ​ဖွယ် ဖြစ်​တော်​မူ​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-
ISA 28:6 ကိုယ်​တော်​သည်​တ​ရား​သူ​ကြီး​အ​ဖြစ်​ဆောင် ရွက်​ရ​သူ​တို့​အား တ​ရား​မျှ​တ​စွာ​ပြု​ကျင့် တတ်​သော​စိတ်​နေ​သ​ဘော​ထား​ကို​လည်း​ကောင်း၊ ရန်​သူ​တို့​ကို​မြို့​တံ​ခါး​များ​မှ​နှင်​ထုတ်​ရ ကြ​သော​သူ​တို့​အား ရဲ​စွမ်း​သတ္တိ​ကို​လည်း ကောင်း​ပေး​တော်​မူ​လိမ့်​မည်။
ISA 28:7 ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-
ISA 28:8 သူ​တို့​၏​စား​ပွဲ​များ​သည်​ရ​စ​ရာ​မ​ရှိ အောင်​အန်​ဖတ်​များ​နှင့်​ပေ​ကျံ​၍​နေ​တော့​၏။
ISA 28:9 သူ​တို့​က``ဤ​သူ​သည်​ငါ​တို့​အား​အ​ဘယ် သူ​ထင်​မှတ်​၍ သွန်​သင်​နေ​ပါ​သ​နည်း။ သူ ၏​သ​တင်း​စ​ကား​သည်​အ​ဘယ်​သူ​တို့ အ​တွက်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။ နို့​ဖြတ် ကာ​စ​က​လေး​များ​နှင့်​သာ​လျှင်​သင့် တော်​ပေ​သည်။-
ISA 28:10 သူ​သည်​ငါ​တို့​အား​ကြိုး​စား​၍​လုံး​စေ့ ပတ်​စေ့၊ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ် ပြီး​တစ်​ပိုဒ်​သင်​ကြား​လျက်​နေ​၏'' ဟု​ငါ ၏​အ​ကြောင်း​ညဉ်း​ညူ​ပြော​ဆို​ကြ​လေ သည်။
ISA 28:11 အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်​ကြ​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​ထူး ဆန်း​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သူ လူ မျိုး​ခြား​တို့​ကို​အ​သုံး​ပြု​တော်​မူ​လိမ့်​မည်။-
ISA 28:12 ကိုယ်​တော်​သည်​သင်​တို့​အား​ငြိမ်း​အေး​ချမ်း​မြေ့ စွာ​နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​သော်​လည်း သင် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-
ISA 28:13 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​လုံး​စေ့​ပတ်​စေ့ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ်​ပြီး​တစ် ပိုဒ် သွန်​သင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့ သည်​ခြေ​လှမ်း​လိုက်​တိုင်း​လဲ​ကျ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ​လျက်​ကျော့ ကွင်း​တွင်​မိ​ကာ​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။
ISA 28:14 ယ​ခု​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​လူ​တို့​အား အုပ်​စိုး​လျက်​ရှိ​သည့်​အ​ချင်း​မောက်​မာ ထောင်​လွှား​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-
ISA 28:15 သင်​တို့​သည်​သေ​မင်း​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ထား​ပြီ​ဟူ​၍​လည်း​ကောင်း၊ မ​ရ​ဏ နိုင်​ငံ​နှင့်​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ပြီ​ဟူ​၍ လည်း​ကောင်း​ကြွား​ဝါ​တတ်​ကြ​၏။ သင်​တို့ သည်​လိမ်​လည်​လှည့်​စား​မှု​များ​ကို​အ​မှီ သ​ဟဲ​ပြု​ကာ​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရှာ​သူ များ​ဖြစ်​သ​ဖြင့် ဘေး​အန္တ​ရာယ်​ကျ​ရောက် ချိန်​၌​လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့် မည်​ဟု​စွဲ​မှတ်​ယုံ​ကြည်​ကြ​လေ​သည်။-
ISA 28:16 ယ​ခု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား``ငါ​သည်​ဇိ​အုန်​တောင် တွင်​တည်​တံ့​ခိုင်​မြဲ​သည့်​အုတ်​မြစ်​ကို​ချ တော်​မူ​မည်။ ငါ​သည်`ခိုင်​မြဲ​စွာ​ယုံ​ကြည်​မျှော် လင့်​တတ်​သူ​သည် သည်း​ခံ​လျက်​စောင့်​ဆိုင်း တတ်​၏' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ပါ​ရှိ​သည့် အ​ဖိုး​တန်​ထောင့်​ချုပ်​ကျောက်​ကို​လည်း​ထို အုတ်​မြစ်​တွင်​ထည့်​သွင်း​ထား​ရှိ​မည်။-
ISA 28:17 ထို​အုတ်​မြစ်​အ​တွက်​တရား​မျှ​တ​မှု​ကို တံ​မျဉ်း​ကြိုး၊ ရိုး​သား​ဖြောင့်​မှန်​မှု​ကို​ချိန် သီး​ကြိုး​အ​ဖြစ်​အ​သုံး​ပြု​မည်။ ထို​ကြောင့်​ငါ​သည်​မိုး​သီး​မုန်​တိုင်း​သ​ဖွယ် သင်​တို့​၏​အ​မှီ​သ​ဟဲ​ဖြစ်​သည့်​လိမ်​လည် မှု​များ​ကို သိမ်း​ကျုံး​ဖယ်​ရှား​ကာ​မြစ်​လျှံ ရေ​ကဲ့​သို့ သင်​တို့​၏​လုံ​ခြုံ​မှု​ကို​လည်း​လွှမ်း မိုး​ပျက်​ပြား​စေ​တော်​မူ​မည်။
ISA 28:18 သင်​တို့​သည်​သေ​မင်း​နှင့်​ချုပ်​ဆို​ထား​သည့်​စာ ချုပ်​ကို​ပယ်​ဖျက်​၍ မ​ရ​ဏ​နိုင်​ငံ​နှင့်​ရ​ရှိ​ထား သည့်​သ​ဘော​တူ​ညီ​မှု​ကို​လည်း​ရုပ်​သိမ်း​ရ ကြ​လိမ့်​မည်။ ရန်​သူ​များ​ချင်း​နင်း​ဝင်​ရောက် လာ​သော​အ​ခါ သင်​တို့​သည်​အ​ရေး​ရှုံး​နိမ့် ကြ​လိမ့်​မည်။-
ISA 28:19 သူ​တို့​သည်​သင်​တို့​အား​နံ​နက်​တိုင်း​ထပ်​ကာ ထပ်​ကာ​တိုက်​ခိုက်​ကြ​လိမ့်​မည်။ သင်​တို့​သည် နေ့​ရော​ညဥ့်​ပါ​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​သည့် အ​ခါ​တိုင်း ထိတ်​လန့်​၍​နေ​ကြ​လိမ့်​မည်။-
ISA 28:20 သင်​တို့​သည်``ငယ်​လွန်း​သော​စောင်​ကို​ခြုံ​၍ တို​လွန်း​သော​ကု​တင်​တွင်​အိပ်​ရန်​ကြိုး​စား သူ'' ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-
ISA 28:21 ထာ​ဝ​ရ​ဘု​ရား​သည်​ပေ​ရ​ဇိမ်​တောင်​နှင့် ဂိ​ဗောင်​ချိုင့်​ဝှမ်း​တွင် ပြု​တော်​မူ​ခဲ့​သည့်​နည်း တူ​စစ်​ချီ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် မိ​မိ​ပြု​ရန်​ရှိ​သည့်​အ​မှု​ကို​ပြီး​ပြတ်​အောင် ဆောင်​ရွက်​တော်​မူ​လိမ့်​မည်။ ထို​အ​မှု​ကား နက်​နဲ​သိမ်​မွေ့​သည့်​အ​ရာ​ဖြစ်​၏။
ISA 28:22 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​တစ် ပြည်​လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​ရန် သန္နိ​ဋ္ဌာန် ချ​မှတ်​ပြီး​ကြောင်း​ငါ​ကြား​သိ​ရ​လေ​ပြီ။ သင်​တို့​အား​ငါ​သ​တိ​ပေး​သည်​ကို​ပြက် ရယ်​မ​ပြု​ကြ​နှင့်။ ပြက်​ရယ်​ပြု​ကြ​ပါ​မူ သင်​တို့​သည်​အ​သက်​ဘေး​မှ​လွတ်​ကင်း ရန်​ပို​၍​ပင်​ခဲ​ယဉ်း​ပေ​လိမ့်​မည်။
ISA 28:23 ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့ အား​ငါ​ပြော​သည့်​စ​ကား​ကို​အာ​ရုံ​စိုက်​၍ နား​ထောင်​ကြ​လော့။-
ISA 28:24 အ​ဘယ်​လယ်​သ​မား​မျှ​စိုက်​ပျိုး​မှု​အ​တွက် မိ​မိ​၏​လယ်​ကို​အ​စဉ်​အ​မြဲ​ထွန်​ယက်​ပြင် ဆင်​၍​မ​နေ​တတ်။-
ISA 28:25 မြေ​ကို​ပြု​ပြင်​ပြီး​လျှင်​သူ​သည်​စ​မုန်​နက်၊ ဇီ​ယာ​အ​စ​ရှိ​သည့်​မျိုး​စေ့​များ​ကို​စိုက် ပျိုး​တတ်​၏။ ဂျုံ​စ​ပါး​နှင့်​မု​ယော​စ​ပါး​ကို အ​တန်း​လိုက်​စိုက်​ပျိုး​ကာ၊ လယ်​အ​နား​စွန်း တို့​တွင်​အ​ခြား​သော​သီး​နှံ​များ​ကို​စိုက် ပျိုး​တတ်​လေ​သည်။-
ISA 28:26 ဘု​ရား​သ​ခင်​သည်​သူ့​အား​အ​သိ​ဉာဏ်​ပေး ထား​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ​အ​ဘယ် သို့​လုပ်​ဆောင်​ရ​မည်​ကို​သိ​၏။-
ISA 28:27 စ​မုန်​နက်​နှင့်​ဇီ​ယာ​နှံ​များ​ကို​တင်း​ပုတ်​နှင့် ရိုက်​၍​မ​နယ်​တတ်။ ယင်း​သို့​ပြု​မည့်​အ​စား ထိုက်​လျောက်​ရာ​တုတ်​ငယ်​ဖြင့်​သာ​လျှင် ရိုက်​နယ်​တတ်​၏။-
ISA 28:28 သူ​သည်​ဂျုံ​နှံ​များ​ကို​လည်း​အ​ဆက်​မ​ပြတ် နင်း​နယ်​ခြင်း​အား​ဖြင့် ဂျုံ​ဆံ​အ​များ​ပျက်​စီး အောင်​မ​ပြု​တတ်။ ဂျုံ​ဆံ​များ​မ​ပွန်း​မ​ပဲ့​ရ လေ​အောင်​လှည်း​ဖြင့်​အ​ဘယ်​သို့​နင်း​နယ်​ရ မည်​ကို​သိ​၏။-
ISA 28:29 သူ​သည်​ဤ​အ​သိ​ပ​ညာ​မှန်​သ​မျှ​ကို အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​ရှိ ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​ကြံ​အ​စည်​တော်​တို့​သည် ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​နှင့်​ပြည့်​စုံ​၍​အ​စဉ်​အောင် မြင်​မှု​ရှိ​ပါ​ပေ​သည်။
ISA 29:1 ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော်​တည်း​ဟူ သော​ယေ​ရု​ရှ​လင်​မြို့​ပင်​လျှင်​အ​မင်္ဂ​လာ ရှိ​၏။ ဒါ​ဝိဒ်​တပ်​စ​ခန်း​ချ​ရာ​မြို့​သည်​အ မင်္ဂ​လာ​ရှိ​၏။ ထို​မြို့​တွင်​တစ်​နှစ်၊ နှစ်​နှစ်​မျှ ပွဲ​လမ်း​သ​ဘင်​များ​ကို​ဆင်​နွှဲ​လျက်​နေ ကြ​စေ​ဦး​တော့။-
ISA 29:2 ထို​နောက်​ဘု​ရား​သ​ခင်​သည်``ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပ​လ္လင်​တော်​ဟု​အ​မည်​တွင်​သော​မြို့​ကို ဘေး​အန္တ​ရာယ်​ဆိုး​ဆိုက်​ရောက်​စေ​တော်​မူ​လိမ့် မည်။ လူ​တို့​သည်​ငို​ယို​ညည်း​တွား​မြည်​တမ်း ကြ​လိမ့်​မည်။ တစ်​မြို့​လုံး​ပင်​ယဇ်​များ​ကို ပူ​ဇော်​ရာ​ပလ္လင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်။-
ISA 29:3 ဘု​ရား​သ​ခင်​သည်​ထို​မြို့​ကို​တိုက်​ခိုက် ဝိုင်း​ရံ​ထား​၍ သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။-
ISA 29:4 ယေ​ရု​ရှ​လင်​မြို့​သည်​မြေ​သင်္ချိုင်း​တွင်း​၌ စ​ကား​ပြော​ရန် ရုန်း​ကန်​အား​ထုတ်​လျက်​နေ သည့်​တစ္ဆေ​နှင့်​တူ​လိမ့်​မည်။ ထို​မြို့​၏​အ​သံ သည်​လည်း​ဖုတ်​တော​ထဲ​မှ မ​ပီ​မ​သ​ထွက် ပေါ်​လာ​သော​တိုး​ညှင်း​သော​အ​သံ​ဖြစ် လိမ့်​မည်။
ISA 29:5 အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​တိုက်​ခိုက်​ကြ သည့်​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မြေ​မှုန့် ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​၏​ကြောက်​မက် ဖွယ်​ကောင်း​သည့်​စစ်​တပ်​များ​သည် ဖွဲ​ကဲ့ သို့​လည်း​ကောင်း​ချက်​ခြင်း​လွင့်​စင်​သွား ကြ​လိမ့်​မည်။-
ISA 29:6 ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော​မိုး​ကြိုး မုန်​တိုင်း​များ၊ မြေ​င​လျင်​များ​အား​ဖြင့်​မြည် ဟည်း​ကာ သင်​တို့​ကို​ကယ်​ဆယ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​လေ​ပြင်း​မုန်​တိုင်း​များ နှင့်​မီး​လျှံ​ကို​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-
ISA 29:7 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော် မြို့​ကို​တိုက်​ခိုက်​ကြ​သည့်​စစ်​တပ်​အ​ပေါင်း​နှင့် သူ​တို့​၏​လက်​နက်​တန်​ဆာ​ရှိ​သ​မျှ​သည်​အိပ် မက်​ကဲ့​သို့​လည်း​ကောင်း၊ ညဥ့်​အ​ခါ​စိတ်​ကူး ယဉ်​မှု​ကဲ့​သို့​လည်း​ကောင်း​ကွယ်​ပျောက်​သွား လိမ့်​မည်။-
ISA 29:8 ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ကြ​သည့်​လူ​မျိုး အ​ပေါင်း​တို့​သည် အိပ်​မက်​တွင်​အ​စား​အ​သောက် များ​ကို​စား​ရ​၍ အိပ်​ရာ​မှ​နိုး​ထ​ချိန်​၌​မွတ် သိပ်​မြဲ​မွတ်​သိပ်​လျက်​နေ​သူ​နှင့်​လည်း​ကောင်း၊ အိပ်​မက်​တွင်​ရေ​ကို​သောက်​ရ​၍ အိပ်​ရာ​မှ​နိုး ထ​ချိန်​ရေ​ငတ်​မြဲ​ငတ်​လျက်​နေ​သူ​နှင့် လည်း​ကောင်း​တူ​လိမ့်​မည်။
ISA 29:9 သင်​တို့​သည်​အ​သိ​ဉာဏ်​တုံး​လျက်​ပင်​ရှိ​နေ ကြ​လော့။ မျက်​စိ​ကန်း​၍​နေ​ကြ​လော့။ စ​ပျစ် ရည်​မ​သောက်​ဘဲ​ယစ်​မူး​ကြ​လော့။ တစ်​စက်​မျှ ပင်​မ​သောက်​ဘဲ​ယိမ်း​ထိုး​၍​နေ​ကြ​လော့။-
ISA 29:10 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​လွယ် တ​ကူ​အိပ်​မော​ကျ​၍​သွား​စေ​တော်​မူ​လိမ့် မည်။ ပ​ရော​ဖက်​များ​သည်​လူ​တို့​၏​မျက်​စိ များ​ဖြစ်​သင့်​သော်​လည်း​ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​များ​ကို​ဖုံး​ပိတ်​၍​ထား တော်​မူ​၏။-
ISA 29:11 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​မှန်​သ​မျှ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် များ​သည် တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​စာ​လိပ်​ကဲ့ သို့ သင်​တို့​အ​တွက်​ဖုံး​ကွယ်​၍​နေ​လိမ့်​မည်။ စာ ဖတ်​တတ်​သူ​တစ်​ဦး​အား​သင်​အ​ဖတ်​ခိုင်း​ပါ မူ ထို​သူ​က``ဤ​စာ​လိပ်​ကို​တံ​ဆိပ်​ခတ်​နှိပ်​ထား သ​ဖြင့် အ​ကျွန်ုပ်​ဖတ်​၍​မ​ရ​ပါ'' ဟု​ဆို လိမ့်​မည်။-
ISA 29:12 စာ​မ​ဖတ်​တတ်​သူ​ကို​အ​ဖတ်​ခိုင်း​လျှင်​လည်း ထို​သူ​က``အ​ကျွန်ုပ်​အ​ဘယ်​သို့​ဖတ်​ရ​မည် မ​သိ​ပါ'' ဟု​ဆို​လိမ့်​မည်။
ISA 29:13 ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-
ISA 29:14 သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။
ISA 29:15 မိ​မိ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ ဖုံး​ကွယ်​ထား​ရန်​ကြိုး​စား သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​စီ​မံ​ကိန်း​များ​ကို​လျှို့​ဝှက်​၍ အ​ကောင်​အ​ထည်​ဖော်​ကာ​မိ​မိ​တို့​အား အ​ဘယ်​သူ​မျှ​မြင်​လိမ့်​မည်​မ​ဟုတ်။ မိ​မိ တို့​ပြု​သော​အ​မှု​တို့​ကို​လည်း​အ​ဘယ်​သူ မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​တတ် ကြ​၏။-
ISA 29:16 သူ​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​က​ပြောင်း​က ပြန်​ဖြစ်​စေ​တတ်​ကြ​၏။ အိုး​ထိန်း​သည်​နှင့် အိုး​မြေ​တို့​တွင် အ​ဘယ်​သူ​က​ပို​၍​အ​ရေး ကြီး​ပါ​သ​နည်း။ လူ့​လက်​ဖြင့်​ပြီး​သော​အ​ရာ တစ်​ခု​က​လူ​ကို​ပြန်​၍``ငါ​သည်​သင်​ပြု​လုပ် ထား​သည့်​အ​ရာ​မ​ဟုတ်'' ဟူ​၍​သော်​လည်း ကောင်း``သင်​သည်​မိ​မိ​ပြု​လုပ်​လျက်​နေ​သည့် အ​မှု​ကို​မ​သိ'' ဟူ​၍​သော်​လည်း​ကောင်း ဆို​နိုင်​ပါ​မည်​လော။
ISA 29:17 စ​ကား​ပုံ​ရှိ​သ​ကဲ့​သို့ မ​ကြာ​မီ​ပင်​တော နက်​သည်​လယ်​ပြင်​ဖြစ်​၍​လာ​လိမ့်​မည်။ လယ် ပြင်​သည်​လည်း​သစ်​တော​ပြန်​၍​ဖြစ်​လာ လိမ့်​မည်။
ISA 29:18 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-
ISA 29:19 ဆင်း​ရဲ​သူ​များ​နှင့်​နှိမ့်​ချ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ် သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​တစ် ဖန်​ပြန်​၍​ရ​ရှိ​ကြ​လိမ့်​မည်။-
ISA 29:20 သူ​တစ်​ပါး​တို့​ကို​ဖိ​နှိပ်​ချုပ်​ချယ်​ကာ​ဘု​ရား​သ​ခင်​အား မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​သည် အ​စ​တုံး​ကြ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ မှန်​သ​မျှ​သည်​ဆုံး​ပါး​ပျက်​စီး​ကြ​လိမ့်​မည်။-
ISA 29:21 ဘု​ရား​သ​ခင်​သည်​သူ​တစ်​ပါး​တို့​ကို အ​သ​ရေ​ဖျက်​သူ​များ၊ ရာ​ဇ​ဝတ်​သင့်​သူ တို့​ကို​အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​အောင်​ဆောင် ရွက်​ကြ​သူ​များ​နှင့်​ရိုး​ဖြောင့်​သူ​တို့​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​မ​ခံ​ရ​စေ ရန်​လိမ်​လည်​၍ သက်​သေ​ခံ​သော​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။
ISA 29:22 ထို့​ကြောင့်​အာ​ဗြ​ဟံ​အား​ဆင်း​ရဲ​ဒုက္ခ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``အို ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည် အ​သ​ရေ​ပျက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ အ​ရှက်​ရ​၍​မျက်​နှာ​ပျက်​ရကြ​တော့​မည် မ​ဟုတ်။-
ISA 29:23 သင်​တို့​သည်​ငါ​ပေး​သ​နား​မည့်​သား​သ​မီး များ​ကို​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့် ရှင်း​မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လိမ့်​မည်။ ငါ့​အား​လေး​စား ကြည်​ညို​ကာ​ရို​သေ​လေး​စား​ကြောက်​ရွံ့​ကြ လိမ့်​မည်။-
ISA 29:24 လူ​မိုက်​များ​သည်​အ​သိ​တ​ရား​ရှိ​၍​လာ လိမ့်​မည်။ ညည်း​ညူ​နေ​သူ​များ​နှင့်​ခေါင်း​မာ နေ​သူ​များ​သည်​လည်း ဆုံး​မ​သြ​ဝါ​ဒ ကို​ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ​လိမ့်​မည်။''
ISA 30:1 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​ကို​အ​စိုး​ရ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ငါ့​ကို​မုန်း​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​ငါ​၏​အ​လို​တော်​နှင့်​ဆန့် ကျင်​သည့်​အ​ကြံ​အ​စည်​များ​ကို​ပြု​၍ ငါ​၏ ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ဟာ​မိတ်​စာ​ချုပ်​များ ကို​ချုပ်​ဆို​ကာ၊ အ​ပြစ်​တစ်​ခု​အ​ပေါ်​တွင် တစ်​ခု​ထပ်​ဆင့်​၍​ကူး​လွန်​ကြ​၏။-
ISA 30:2 သူ​တို့​သည်​ငါ​၏​ထံ​မှ​အ​ကြံ​ဉာဏ်​ကို​မ တောင်း​ခံ​ဘဲ အီ​ဂျစ်​ပြည်​သို့​သွား​၍​အ​ကူ အ​ညီ​တောင်း​ခံ​ကြ​၏။ အီ​ဂျစ်​ပြည်​၏​ကာ ကွယ်​စောင့်​ရှောက်​မှု​ကို​အ​လို​ရှိ​သ​ဖြင့် သူ​တို့ သည်​အီ​ဂျစ်​ဘု​ရင်​ကို​ယုံ​ကြည်​ကိုး​စား ကြ​၏။-
ISA 30:3 သို့​ရာ​တွင်​ထို​ပြည်​သည်​သူ​တို့​အား​ကွယ်​ကာ စောင့်​ရှောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ အီ​ဂျစ်​ပြည် ၏​ကာ​ကွယ်​စောင့်​ရှောက်​မှု​သည်​လည်း တိုင်း ပြည်​ပျက်​ပြုန်း​မှု​တွင်​အ​ဆုံး​သတ်​လိမ့်​မည်။-
ISA 30:4 သူ​တို့​၏​သံ​တ​မန်​များ​သည်​အီ​ဂျစ်​ပြည်၊ ဇော​န​မြို့​နှင့်​ဟာ​နက်​မြို့​သို့​ရောက်​ရှိ​နေ လေ​ပြီ။-
ISA 30:5 ယု​ဒ​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​အ​ကူ အ​ညီ​ရ​ရှိ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ​မှ​ကူ​ညီ ရန်​ပျက်​ကွက်​သည့်​လူ​မျိုး၊ ယုံ​ကြည်​စိတ်​ချ ၍​မ​ရ​သည့်​ထို​လူ​မျိုး​ကို​အား​ကိုး​မှီ​ခို မိ​သည့်​အ​တွက်​နောင်​တ​ရ​ကြ​လိမ့်​မည်။
ISA 30:6 ဤ​ဗျာ​ဒိတ်​တော်​သည်​တောင်​ပိုင်း​သဲ​ကန္တာ​ရ တွင်​ရှိ​သည့် တိ​ရစ္ဆာန်​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ကိုယ်​တော်​က``သံ​တ​မန် တို့​သည်​ခြင်္သေ့​များ​ခို​အောင်း​ရာ၊ မြွေ​ဆိုး​များ၊ န​ဂါး​ပျံ​များ​ရှိ​၍​ဘေး​အန္တ​ရာယ်​ပေါ​များ ရာ​အ​ရပ်​ကို​ဖြတ်​၍​သွား​ရ​ကြ​၏။ ထို​သူ​တို့ သည်​မိ​မိ​တို့​အား​အ​ဘယ်​အ​ကူ​အ​ညီ​မျှ မ​ပေး​နိုင်​သည့်​လူ​မျိုး​အ​တွက် အ​ဖိုး​ထိုက် လက်​ဆောင်​ပဏ္ဏာ​များ​ကို​မြည်း​များ၊ ကု​လား အုတ်​များ​နှင့်​တင်​ယူ​လာ​ကြ​၏။-
ISA 30:7 အီ​ဂျစ်​ပြည်​မှ​ပေး​သော​အ​ကူ​အ​ညီ​ကား အ​ချည်း​နှီး​ပင်​တည်း။ ထို့​ကြောင့်​ငါ​သည်၊ အီ​ဂျစ်​ပြည်​အား`အ​ဆိပ်​မ​ရှိ​သည့်​န​ဂါး' ဟု နာ​မည်​ပေး​ထား​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
ISA 30:8 ဘု​ရား​သ​ခင်​က``ထို​သူ​တို့​သည်​အ​ဘယ်​သို့ သော​လူ​မျိုး​ဖြစ်​သည်​ကို နောင်​အ​ခါ​အ​စဉ် သက်​သေ​ခံ​အ​မှတ်​အ​သား​ရ​ရှိ​စေ​ရန် စာ စောင်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​လော့'' ဟု ငါ​အား​စေ​ခိုင်း​တော်​မူ​ပါ​၏။-
ISA 30:9 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​အ​မြဲ​တ​စေ ပုန်​ကန်​လျက်၊ အ​မြဲ​တ​စေ​လိမ်​လည်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​နာ​ယူ ရန်​အ​မြဲ​တ​စေ​ငြင်း​ဆန်​လျက်​နေ​ကြ​၏။-
ISA 30:10 ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-
ISA 30:11 ငါ​တို့​လမ်း​မှ​ဖယ်​ကြ​လော့။ ငါ​တို့​လမ်း​ကို မ​ပိတ်​ကြ​နှင့်။ သင်​တို့​ကိုး​ကွယ်​သော​သန့်​ရှင်း မြင့်​မြတ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​ငါ​တို့ မ​ကြား​လို'' ဟု​ဆို​ကြ​၏။
ISA 30:12 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဘု​ရား​သ​ခင်​က``သင် တို့​သည်​ငါ့​စ​ကား​ကို​အ​ရေး​မ​စိုက်​ဘဲ အ​ကြမ်း​ဖက်​မှု​နှင့်​လိမ်​လည်​မှု​ကို​သာ အား​ကိုး​ကြ​၏။-
ISA 30:13 သင်​တို့​သည်​အပြစ်​ဒဏ်​ခံ​ထိုက်​သူ​များ​သာ တည်း။ သင်​တို့​သည်​တောက်​လျှောက်​ကွဲ​အက် လျက်​နေ​သော အုတ်​တံ​တိုင်း​မြင့်​ကြီး​ကဲ့​သို့ ရုတ်​တ​ရက်​လဲ​ပြို​ပျက်​စီး​ကြ​လိမ့်​မည်။-
ISA 30:14 အိုး​ခြမ်း​ကွဲ​ဖြင့်​မီး​ခဲ​များ​ကို​ကောက်​ယူ​ရန် သော်​လည်း​ကောင်း၊ စည်​တွင်​နှစ်​၍​ရေ​ကို​ခပ်​ယူ ရန်​သော်​လည်း​ကောင်း၊ မ​ဖြစ်​နိုင်​အောင်​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ကွဲ​သွား​သော​မြေ​အိုး​နှင့်​တူ ကြ​လိမ့်​မည်။
ISA 30:15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့် မြတ်​သည့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား``သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကာ​တည်​ငြိမ်​စွာ ငါ့​အား​ယုံ​ကြည်​ကိုး​စား​၍ နေ​ကြ​လော့။ သို့​ပြု​လျှင်​သင်​တို့​သည်​ခွန်​အား စွမ်း​ရည်​ကို​ရ​၍​ကယ်​တင်​ခြင်း​ကို​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​ကြ။-
ISA 30:16 ယင်း​သို့​နား​ထောင်​မည့်​အ​စား၊ လျင်​မြန်​သည့် မြင်း​များ​ကို​စီး​၍ ရန်​သူ​တို့​ထံ​မှ​ထွက်​ပြေး ရန်​ကြံ​စည်​ကြ​လေ​သည်။ သင်​တို့​၏​အ​ကြံ အ​စည်​မှာ​မ​ဆိုး​လှ။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​အ​မှန်​ပင်​ထွက်​ပြေး​ရ​ကြ​လိမ့် မည်​ဖြစ်​သော​ကြောင့်​တည်း။ သင်​တို့​သည်​မိ​မိ တို့​မြင်း​များ​ကို​လျင်​မြန်​လှ​ပြီ​ဟု​ထင်​မှတ် ကြ​သော်​လည်း သင်​တို့​အား​လိုက်​လံ​ဖမ်း​ဆီး သူ​တို့​၏​မြင်း​များ​က​ပို​၍​ပင်​လျင်မြန်​ကြ လိမ့်​မည်။-
ISA 30:17 ရန်​သူ​တစ်​ယောက်​ကို​မြင်​လျှင်​သင်​တို့​ဘက် မှ​လူ​တစ်​ထောင်​ထွက်​ပြေး​ကြ​လိမ့်​မည်။ ရန် သူ​ငါး​ယောက်​ဆို​လျှင် သင်​တို့​အား​လုံး​ပင် ထွက်​ပြေး​ကြ​လိမ့်​မည်။ တောင်​ထိပ်​တွင်​အ​ထီး တည်း​စိုက်​ထူ​ထား​သည့်​အ​လံ​တိုင်​မှ​တစ်​ပါး သင်​တို့​၏​တပ်​မ​တော်​မှ​အ​ဘယ်​အ​ရာ​မျှ ကျန်​ရှိ​ခဲ့​လိမ့်​မည်​မ​ဟုတ်။-
ISA 30:18 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ရန် စောင့်​ဆိုင်း​၍​နေ​တော်​မူ ပါ​၏။ ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​ကို အ​စဉ်​ပြု​တော်​မူ​တတ်​သည်​ဖြစ်​၍ သင်​တို့ အား​က​ရု​ဏာ​ပြ​တော်​မူ​ရန်​အ​သင့်​ရှိ တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည် ကိုး​စား​ကြ​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
ISA 30:19 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့၊ သင်​တို့​သည်​ငို​ယို​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော် မူ​တတ်​၏။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့ သင်​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​တော်​မူ​၍​အ​ဖြေ​ပေး လိမ့်​မည်။-
ISA 30:20 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဆိုး​ယုတ် ခက်​ခဲ​မှု​များ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​မည် ဖြစ်​သော်​လည်း ကိုယ်​တော်​တိုင်​ပင်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​၍​လမ်း​ပြ​သွန်​သင်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​လည်း​ကိုယ်​တော်​ကို ရှာ​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။-
ISA 30:21 လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-
ISA 30:22 သင်​တို့​သည်​ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု များ​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု​များ ကို​ယူ​၍``ငါ​တို့​မျက်​မှောက်​မှ​သွား​ကြ​ပေ တော့'' ဟု​ဆို​ကာ၊ အ​ညစ်​အ​ကြေး​သ​ဖွယ် ပစ်​ထုတ်​လိုက်​လိမ့်​မည်။-
ISA 30:23 သင်​တို့​သီး​နှံ​များ​ကို​စိုက်​ပျိုး​ကြ​သည့် အ​ခါ​တိုင်း​အ​ပင်​ပေါက်​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​ကို​ရွာ​သွန်း​စေ​တော်​မူ လိမ့်​မည်။ သင်​တို့​ရိတ်​သိမ်း​ရန်​အ​သီး​အ​နှံ များ​ကို​လှိုင်​လှိုင်​ထွက်​စေ​၍ ကျွဲ​နွား​များ သည်​လည်း​စား​ကျက်​အ​လုံ​အ​လောက်​ရ​ရှိ ကြ​လိမ့်​မည်။-
ISA 30:24 သင်​တို့​လယ်​ယာ​များ​ကို​ထွန်​ယက်​ပေး​ကြ သည့်​နွား​များ၊ မြည်း​များ​သည်​ကောင်း​ပေ့၊ သန့်​ပေ့​ဆို​သည့်​အ​စာ​များ​ကို​စား​ရ​ကြ လိမ့်​မည်။-
ISA 30:25 သင်​တို့​သည်​ရန်​သူ့​ခံ​တပ်​များ​ကို​ဖမ်း​ဆီး သိမ်း​ယူ​ကာ သူ​တို့​အား​သတ်​ဖြတ်​လိုက်​သော အ​ခါ၊ တောင်​ကုန်း၊ တောင်​တန်း​ရှိ​သ​မျှ​ပေါ် မှ​ချောင်း​ရေ​တို့​သည်​စီး​ဆင်း​၍​လာ​လိမ့် မည်။-
ISA 30:26 လ​သည်​နေ​တ​မျှ​ထွန်း​လင်း​တောက်​ပ​လျက် နေ​သည်​လည်း ခု​နစ်​စင်း​ပြိုင်​တူ​ထွက်​သ​ကဲ့ သို့ ခါ​တိုင်း​ထက်​ခု​နစ်​ဆ​ထွန်း​လင်း​တောက်​ပ လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော် ရ​ရှိ​ခဲ့​သည်​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​အ​ဝတ် နှင့်​ပတ်​စည်း​၍ အ​နာ​များ​ကို​ကု​သ​ပျောက် ကင်း​စေ​တော်​မူ​သော​အ​ခါ၊ ဤ​အ​မှု​အ​ရာ အ​ပေါင်း​သည်​ဖြစ်​ပျက်​၍​လာ​လိမ့်​မည်။
ISA 30:27 ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ တော်​ကို​အ​ဝေး​မှ​ပင်​မြင်​နိုင်​ပါ​သည်​တ​ကား။ မီး​လျှံ​နှင့်​မီး​ခိုး​တို့​သည်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​ဖော်​ပြ​ကြ​၏။ ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သော​အ​ခါ​နှုတ်​တော်​ထွက်​စ​ကား​များ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​စေ​တတ်​၏။-
ISA 30:28 ကိုယ်​တော်​သည်​လေ​ပြင်း​ကို​တိုက်​ခတ်​စေ တော်​မူ​လိမ့်​မည်။ ထို​လေ​သည်​အ​ရာ​ခပ်​သိမ်း ကို​မြော​ပါ​သွား​စေ​တတ်​သည့်​မြစ်​ရေ​လျှံ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​ကို​ဆုံး​ပါး​ပျက်​စီး စေ​၍၊ သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကြံ​အ​စည် များ​ကို​ပျက်​ပြား​စေ​လိမ့်​မည်။-
ISA 30:29 သို့​ရာ​တွင်၊ အို ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​ဘာ​သာ​ရေး​ပွဲ​တော်​ညဥ့်​မှာ​ကဲ့ သို့​ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သင် တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ် ကာ​ရာ​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​သွား​ရာ​လမ်း​တွင် ပု​လွေ​သံ​နှင့်​စည်း​ချက် ကျ​ကျ​လမ်း​လျှောက်​၍​သွား​ကြ​သူ​တို့​ကဲ့ သို့​ပျော်​ရွှင်​ကြ​လိမ့်​မည်။
ISA 30:30 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​အား အာ​နု​ဘော်​တော်​နှင့်​ပြည့်​ဝ​သည့်​အ​သံ​တော် ကို​ကြား​စေ​တော်​မူ​၍ မိ​မိ​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​စား​စေ​တော်​မူ​လိမ့်​မည်။ မီး တောက်​မီး​လျှံ​များ၊ မိုး​ထစ်​ချုန်း​မှု၊ မိုး​သီး များ​ကျ​မှု​နှင့်​သည်း​ထန်​စွာ​မိုး​ရွာ​သွန်း မှု​ကို​ဖြစ်​ပွား​စေ​တော်​မူ​လိမ့်​မည်။-
ISA 30:31 အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​သံ​တော်​ကို​ကြား​သော​အ​ခါ ကြောက် လန့်​တုန်​လှုပ်​လျက်​ကိုယ်​တော်​ပေး​အပ်​တော် မူ​သော​အ​ပြစ်​ဒဏ်​အ​ဟုန်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။-
ISA 30:32 ထို​သူ​တို့​အား​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​ရိုက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏ လူ​မျိုး​တော်​သည်​စောင်း​သံ၊ ပတ်​သာ​သံ​များ ကို​စည်း​လိုက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ပင်​အာ​ရှု​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​တော်​မူ​လိမ့်​မည်။-
ISA 30:33 ရှေး​မ​ဆွ​က​ပင်​အာ​ရှု​ရိ​ဘု​ရင်​ကို​မီး​သင်္ဂြိုဟ် ရန် လောင်​တိုက်​ကို​ပြင်​ဆင်​၍​ထား​ခဲ့​၏။ ထို​လောင် တိုက်​သည်​အ​စောက်​နက်​၍​ကျယ်​ဝန်း​၏။ ထို အ​ရပ်​တွင်​မြင့်​မား​သော​ထင်း​ပုံ​ကြီး​တစ် ခု​လည်း​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ခံ​တွင်း တော်​မှ​မီး​လျှံ​ကို​မှုတ်​ထုတ်​တော်​မူ​၍ ထို ထင်း​ပုံ​ကို​မီး​စွဲ​လောင်​စေ​တော်​မူ​လိမ့်​မည်။
ISA 31:1 အီ​ဂျစ်​ပြည်​သို့​အ​ကူ​အ​ညီ​တောင်း​ခံ​ရန် သွား​ရောက်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော​အီ​ဂျစ် ပြည်​၏​ကြီး​မား​သော​စစ်​အင်​အား​ကို​မှီ​ခို အား​ကိုး​၍​နေ​ကြ​၏။ သို့​ရာ​တွင်​မြင့်​မြတ် သန့်​ရှင်း​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မူ​အား​မ​ကိုး​ကြ။ ကူ​မ​တော်​မူ​ရန် ကိုယ်​တော်​ကို​လည်း​မ​တောင်း​မ​လျှောက် ကြ။-
ISA 31:2 ကိုယ်​တော်​သည်​မိ​မိ​ပြု​တော်​မူ​လျက်​နေ သည့်​အ​မှု​ကို​သိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက် ရောက်​စေ​တော်​မူ​ပါ​၏။ ဆိုး​ညစ်​သူ​များ​နှင့် သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​ရန်​ကြုံး​ဝါး​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ​၏။-
ISA 31:3 အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​နတ်​ဘု​ရား​များ မ​ဟုတ်။ သာ​မန်​လူ​သား​များ​သာ​လျှင်​ဖြစ်​ပါ သည်​တ​ကား။ သူ​တို့​၏​မြင်း​များ​သည်​လည်း နတ်​မြင်း​များ​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အ​ရေး ယူ​ဆောင်​ရွက်​တော်​မူ​သော​အ​ခါ ခွန်​အား​ကြီး မား​သည့်​လူ​မျိုး​သည်​ကြေ​မွ​၍​သွား​လိမ့်​မည်။ အ​ကူ​အ​ညီ​ရ​သည့်​လူ​မျိုး​သည်​လည်း​ပြို​လဲ ၍​သွား​လိမ့်​မည်။ ထို​လူ​မျိုး​နှစ်​မျိုး​စ​လုံး​ပင် ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။
ISA 31:4 ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​တို့​သည်​အ​ဘယ် မျှ​ပင်​ငေါက်​ငန်း​အော်​ဟစ်​ကြ​သော်​လည်း သား ကောင်​ကို​ကိုက်​သတ်​ထား​သည့်​ခြင်္သေ့​ကို​ချောက် လှန့်​၍​မ​ရ​နိုင်​သ​ကဲ့​သို့၊ ဇိ​အုန်​တောင်​ကို​ကာ ကွယ်​စောင့်​ရှောက်​နေ​သည့် အ​နန္တ​တန်​ခိုး​ရှင်​ငါ ထာ​ဝ​ရ​ဘု​ရား​အား​လည်း​အ​ဘယ်​အ​ရာ က​မျှ​ဟန့်​တား​ပိတ်​ပင်​နိုင်​လိမ့်​မည်​မ​ဟုတ်။-
ISA 31:5 ငှက်​သည်​မိ​မိ​အ​သိုက်​ထက်​တွင်​ပျံ​ဝဲ​ကာ သား​ငယ်​ကို​ကာ​ကွယ်​စောင့်​ရှောက်​သ​ကဲ့​သို့၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက်​တော်​မူ​မည်'' ဟု ငါ့​အား​မိန့်​တော်​မူ​ပါ​၏။
ISA 31:6 ဘု​ရား​သ​ခင်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​သည်​ငါ့​ကို​ပြစ်​မှား​ကာ​ဆန့်​ကျင် ဘက်​ပြု​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ယ​ခု​ငါ​၏ ထံ​သို့​ပြန်​လာ​ကြ​လော့။-
ISA 31:7 သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​သွန်း​လုပ်​ထား သော​ညစ်​ညမ်း​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ​ကို​ပစ် ထုတ်​လိုက်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။-
ISA 31:8 အာ​ရှု​ရိ​ပြည်​သည်​စစ်​ပွဲ​တွင်​ကျ​ရှုံး​ရ​လိမ့် မည်။ သို့​ရာ​တွင်​လူ​တို့​တန်​ခိုး​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​တိုက်​ပွဲ​မှ ထွက်​ပြေး​ကြ​လိမ့်​မည်။ သူ​တို့​လူ​ငယ်​လူ ရွယ်​များ​သည်​လည်း​ကျွန်​ခံ​ရကြ​လိမ့်​မည်။-
ISA 31:9 သူ​တို့​၏​ဘု​ရင်​သည်​လည်း​ကြောက်​ရွံ့​၍​ထွက် ပြေး​ကြ​လိမ့်​မည်။ တပ်​မှူး​များ​သည်​မိ​မိ​တို့ တိုက်​ပွဲ​အ​လံ​များ​ကို​စွန့်​ပစ်​လိုက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏။ ကိုယ်​တော် သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​ကိုး​ကွယ် ဝတ်​ပြု​ကြ​သည့်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၍ ကိုယ်​တော်​၏​မီး​လျှံ​သည်​လည်း​ယဇ် ကောင်​များ​ကို​မီး​ရှို့​ရန်​အ​တွက်​တောက် လောင်​လျက်​ရှိ​သ​တည်း။
ISA 32:1 တစ်​နေ့​သော​အ​ခါ၊ သီ​လ​သ​မာ​ဋ္ဌိ​ရှိ​သည့် ဘု​ရင်​တစ်​ပါး​နှင့် တ​ရား​သ​ဖြင့်​အုပ်​စိုး​သည့် အ​မျိုး​သား​ခေါင်း​ဆောင်​များ​ပေါ်​ထွန်း​လာ လိမ့်​မည်။-
ISA 32:2 သူ​တို့​အား​လုံး​ပင်​လေ​နှင့်​မိုး​သက်​မုန်​တိုင်း များ​မှ​ခို​လှုံ​ရာ​အ​ရပ်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ခြောက်​သွေ့​ရာ​အ​ရပ်​၌​စီး​လျက် နေ​သည့်​ချောင်း​များ​နှင့်​လည်း​ကောင်း၊ ကွင်း ခေါင်​ခေါင်​နေ​ပူ​ကြဲ​ကြဲ​တွင်​ရှိ​သော​ကျောက် တုံး​ကြီး​၏​အ​ရိပ်​နှင့်​လည်း​ကောင်း​တူ​လိမ့် မည်။-
ISA 32:3 သူ​တို့​သည်​ပြည်​သူ​တို့​၏​ချို့​တဲ့​မှု​များ​ကို သိ​ရှိ​ရန်​မျက်​စိ​ရှင်​ရှင်​နား​ပါး​ပါး​နှင့်​နေ လိမ့်​မည်။-
ISA 32:4 စိတ်​လိုက်​မာန်​ပါ​မ​ပြု​ကြ​တော့​ဘဲ​အ​သိ ပ​ညာ​နှင့်​လုပ်​ကိုင်​ဆောင်​ရွက်​ကာ ပြတ်​ပြတ် သား​သား​ပြော​ဆို​ကြ​လိမ့်​မည်။-
ISA 32:5 လူ​မိုက်​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ဟူ ၍​သော်​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ရိုး ဖြောင့်​သူ​များ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ထင်​မှတ်​ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။-
ISA 32:6 လူ​မိုက်​သည်​မိုက်​မဲ​သည့်​စ​ကား​ကို​ပြော​ဆို​၍ ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ရန်​ကြံ​စည် တတ်​၏။ သူ​ပြု​သော​အ​မှု​နှင့်​သူ​ပြော​သော စ​ကား​တို့​သည်​ဘု​ရား​သ​ခင်​အား​စော်​ကား ရာ​ရောက်​၏။ သူ​သည်​ဆာငတ်​မွတ်​သိပ်​သူ​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ကျွေး​မွေး။ ရေ​ငတ်​သူ တို့​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ရေ​မ​တိုက်။-
ISA 32:7 သူ​သည်​ဆိုး​ညစ်​သူ​ဖြစ်​၍​ဆိုး​ညစ်​မှု​များ​ကို သာ​ပြု​တတ်​၏။ ဆင်း​ရဲ​သူ​တို့​၏​အ​ခွင့်​အ​ရေး များ​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​လိမ်​လည် ၍​ကြံ​စည်​တတ်​၏။-
ISA 32:8 သို့​ရာ​တွင်​ရိုး​ဖြောင့်​သူ​မူ​ကား​ရိုး​ဖြောင့်​စွာ ပြု​ကျင့်​တတ်​လျက် အ​မှန်​တ​ရား​ဘက်​မှ​စွဲ မြဲ​စွာ​ရပ်​တည်​နေ​တတ်​၏။
ISA 32:9 ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး​စွာ​နေ​ထိုင် ကြ​သူ​အ​ချင်း​အ​မျိုး​သ​မီး​တို့၊ ငါ​ပြော သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
ISA 32:10 သင်​တို့​သည်​ယ​ခု​အ​ခါ​ကျေ​နပ်​ရောင့်​ရဲ လျက်​ရှိ​နေ​မည်​ဖြစ်​သော်​လည်း နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​စိတ်​ပျက်​ရကြ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​စု​သိမ်း​ရန် စ​ပျစ်​သီး​များ​ရ​ရှိ​မည်​မ​ဟုတ်​သော ကြောင့်​ဖြစ်​၏။-
ISA 32:11 သင်​တို့​သည်​ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး စွာ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​ထိတ်​လန့်​တုန်​လှုပ်​၍​နေ​ကြ​ကုန်​လော့။ သင်​တို့​၏​အ​ဝတ်​များ​ကို​ချွတ်​၍​ခါး​တွင် စောင်​စုတ်​များ​ပတ်​ထား​ကြ​လော့။-
ISA 32:12 သီး​နှံ​ကောင်း​စွာ​ထွက်​သည့်​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​စီး​သွား​ပြီ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား တို့​၏​မြေ​ယာ​များ​ကို ဆူး​ခြုံ​အ​မျိုး​မျိုး ဖုံး​လွှမ်း​လျက်​နေ​ပြီ​ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​သည်​ကြေ​ကွဲ​ဝမ်း​နည်း​လျက်​မိ​မိ​တို့ ရင်​ပတ်​များ​ကို​တီး​ခတ်​ကြ​လော့။ ယ​ခင် အ​ခါ​က​လူ​တို့​ပျော်​ရွှင်​စွာ​နေ​ထိုင်​ခဲ့​ကြ သည့်​အိမ်​များ​နှင့် စည်​ကား​သိုက်​မြိုက်​စွာ​ရှိ နေ​ခဲ့​သည့်​မြို့​၏​အ​တွက်​ငို​ကြွေး​ကြ​လော့။-
ISA 32:14 နန်း​တော်​ပင်​လျှင်​အ​ထီး​တည်း​ကျန်​ရစ်​၍ နေ ပြည်​တော်​ကြီး​သည်​လုံး​ဝ​လူ​သူ​ဆိတ်​ငြိမ် လျက်​နေ​လိမ့်​မည်။ ထို​မြို့​တော်​ကို​စောင့်​ကြပ် ကာ​ကွယ်​ရာ​ခံ​တပ်​များ​နှင့်​အိမ်​များ​သည် လည်း ထာ​ဝ​စဉ်​ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့် မည်။ ထို​အ​ရပ်​တွင်​မြည်း​ရိုင်း​များ​လှည့်​လည် သွား​လာ​ကာ​သိုး​များ​ကျက်​စား​ကြ​လိမ့်​မည်။
ISA 32:15 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို ငါ​တို့​ထံ​သို့​တစ်​ဖန်​ပြန်​၍​စေ​လွှတ် တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​မြေ​လွတ်​မြေ​ရိုင်း များ​သည်​မြေ​ကောင်း​မြေ​သန့်​များ​ဖြစ်​လာ ကြ​လျက် လယ်​ယာ​များ​ကောက်​ပဲ​သီး​နှံ အ​မြောက်​အ​မြား​ထွက်​လိမ့်​မည်။-
ISA 32:16 တိုင်း​ပြည်​အ​တွင်း​၌​အ​ရပ်​တ​ကာ​တွင်​သူ တော်​ကောင်း​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​ကြ​လိမ့်​မည်။-
ISA 32:17 လူ​အ​ပေါင်း​တို့​သည်​အ​မှန်​တ​ရား​အ​တိုင်း ကို​ပြု​ကျင့်​ကြ​မည်​ဖြစ်​၍ ထာ​ဝ​စဉ်​ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​လုံ​ခြုံ​စိတ်​ချ​မှု​ရှိ လိမ့်​မည်။-
ISA 32:18 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​နေ​ထိုင်​ရာ အိမ်​များ​သည်​ငြိမ်​သက်​၍​လုံ​ခြုံ​လိမ့်​မည်။ ထို လူ​မျိုး​တော်​သည်​လည်း​ပူ​ပင်​သော​က​နှင့် ကင်း​ဝေး​ကြ​လိမ့်​မည်။-
ISA 32:19 (သစ်​တော​များ​အ​ပေါ်​သို့​မိုး​သီး​များ​ကျ လိမ့်​မည်။ မြို့​သည်​လည်း​ပြို​ပျက်​၍​သွား​လိမ့် မည်။-)
ISA 32:20 ကောက်​ပဲ​သီး​နှံ​များ​အ​တွက်​မြည်း​နှင့်​ကျွဲ နွား​စား​ကျက်​များ​အ​တွက် ရေ​အ​လုံ​အ​လောက် ရ​ရှိ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။
ISA 33:1 ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။
ISA 33:2 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား က​ရု​ဏာ​ထား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး​ပါ​၏။ နေ့​စဉ် နေ့​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကာ​ကွယ် စောင့်​ထိန်း​တော်​မူ​၍​ဒုက္ခ​ရောက်​ချိန်​များ​၌ ကယ်​တော်​မူ​ပါ။-
ISA 33:3 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ဘက် မှ​နေ​၍​တိုက်​ခိုက်​တော်​မူ​သော​အ​ခါ၊ ရန်​သူ တို့​သည်​စစ်​တိုက်​ခိုက်​သံ​များ​ကြောင့်​ထွက် ပြေး​ကြ​ပါ​၏။-
ISA 33:4 သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​ကို​လည်း​တိုက်​ရာ ပါ​အ​ဖြစ်​လု​ယက်​သိမ်း​ယူ​ခြင်း​ကို​ခံ​ရ ကြ​ပါ​၏။
ISA 33:5 ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တ​ရား​မျှ​တ​မှု​နှင့် သော်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ဖြင့်​သော် လည်း​ကောင်း​ပြည့်​ဝ​စေ​တော်​မူ​၍၊-
ISA 33:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြံ့​ခိုင် တည်​ငြိမ်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​စဉ်​အ​မြဲ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍၊ ဉာဏ်​ပ​ညာ နှင့်​အ​သိ​ပ​ညာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ တို့​၏​အ​ဖိုး​အ​ထိုက်​ဆုံး​ဘဏ္ဍာ​ကား​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​ပင်​ဖြစ် သ​တည်း။
ISA 33:7 သူ​ရဲ​ကောင်း​တို့​သည်​အ​ကူ​အ​ညီ​တောင်း​ခံ လျက် နေ​ကြ​ပါ​သည်​တ​ကား။ စစ်​ပြေ​ငြိမ်း ရန်​ကြိုး​စား​ကြ​သူ​သံ​တ​မန်​များ​သည် ပြင်း​ပြ​စွာ​ငို​ကြွေး​လျက်​နေ​ကြ​၏။-
ISA 33:8 လမ်း​မ​ကြီး​များ​သည်​ဘေး​အန္တရာယ်​အ​လွန် များ​သ​ဖြင့်​အ​ဘယ်​သူ​မျှ​မ​သွား​ဝံ့​ကြ၊ မ​ဟာ​မိတ်​စာ​ချုပ်​များ​ကို​ချိုး​ဖောက်​၍​သစ္စာ ကတိ​များ​သည်​လည်း​ပျက်​ပြယ်​၍​သွား​လေ ပြီ။ အ​ဘယ်​သူ​မျှ​ရို​သေ​လေး​စား​မှု​ကို မ​ခံ​ရကြ​တော့​ပေ။-
ISA 33:9 တိုင်း​ပြည်​သည်​လည်း​ခြောက်​သွေ့​၍ လူ​သူ​ဆိတ် ငြိမ်​လျက်​နေ​တော့​၏။ လေ​ဗ​နုန်​တော​သည်​ညှိုး နွမ်း​ခြောက်​သွေ့​၍​နေ​လေ​ပြီ။ မြေ​သြ​ဇာ​ထက် သန်​သည့်​ရှာ​ရုန်​ချိုင့်​ဝှမ်း​သည် သဲ​ကန္တာ​ရ​ကဲ့​သို့ ဖြစ်​လျက်၊ ဗာ​ရှန်​တောင်​နှင့်​က​ရ​မေ​လ​တောင် တွင်​ရှိ​သော​သစ်​ပင်​များ​သည် အ​ရွက်​ကြွေ​ကြ ကုန်​၏။
ISA 33:10 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့ အား``ယ​ခု​ငါ​သည်​အ​ရေး​ယူ​ဆောင်​ရွက် ပေ​တော့​အံ့။ ငါ​၏​တန်​ခိုး​တော်​ကြီး​မား​ပုံ ကို​ပြ​တော်​မူ​မည်။-
ISA 33:11 သင်​တို့​သည်​အ​ကျိုး​မ​ရှိ​သည့်​အ​ကြံ​အ​စည် များ​ကို​ပြု​ကြ​၏။ သင်​တို့​ပြု​သ​မျှ​သော​အ​မှု တို့​သည်​လည်း အ​ချည်း​နှီး​ပင်။ ငါ​၏​ဝိ​ညာဉ်​သည် မီး​ကဲ့​သို့​ဖြစ်​၍​သင်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။-
ISA 33:12 သင်​တို့​သည်​ထုံး​လုပ်​ရန်​မီး​အ​ဖုတ်​ခံ​ရ​သည့် ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ပြာ​ဖြစ်​အောင်​ကျွမ်း လောင်​သွား​သည့်​ဆူး​ပင်​ကဲ့​သို့​လည်း​ကောင်း ကြေ​မွ​သွား​ကြ​လိမ့်​မည်။-
ISA 33:13 ရပ်​နီး​ရပ်​ဝေး​တွင်​ရှိ​သ​မျှ​သော​သူ​တို့​သည် ငါ​ပြု​သည့်​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို ကြား​ရ​၍ ငါ​၏​တန်​ခိုး​တော်​ကို​သိ​မှတ်​ကြ ရာ​၏'' ဟု​မိန့်​တော်​မူ​၏။
ISA 33:14 အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-
ISA 33:15 သင်​တို့​သည်​အ​မှန်​တ​ရား​ကို​ပြော​ဆို​ပြု​ကျင့် ကြ​ပါ​မူ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ပါ​၏။ ဆင်း​ရဲ​သူ​တို့​အား​လိမ်​လည်​လှည့်​ဖြား​ရန်​သင် တို့​၏​တန်​ခိုး​အာ​ဏာ​အ​သုံး​မ​ပြု​ကြ​နှင့်။ တံ​စိုး လက်​ဆောင်​များ​ကို​လည်း​လက်​မ​ခံ​ကြ​နှင့်။ လူ့ အ​သက်​ကို​သတ်​ရန်၊ အ​ခြား​ဆိုး​ညစ်​မှု​များ ကို​ပြု​ရန်​ကြံ​စည်​ကြ​သူ​များ​နှင့်​ပူး​ပေါင်း ဆောင်​ရွက်​မှု​မ​ပြု​ကြ​နှင့်။-
ISA 33:16 သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။
ISA 33:17 သင်​တို့​သည်​အ​လွန်​ကြီး​မား​ကျယ်​ဝန်း သော​နယ်​မြေ​တွင်​ခမ်း​နား​သိုက်​မြိုက်​စွာ အုပ်​စိုး​လျက် နေ​သူ​ဘု​ရင်​တစ်​ပါး​ကို တွေ့​မြင်​ရကြ​လိမ့်​မည်။-
ISA 33:18 လူ​မျိုး​ခြား​အ​ခွန်​ခံ​များ​နှင့်​သူ​လျှို​တို့​အား သင်​တို့​ကြောက်​ရွံ့​ရ​မှု​များ​သည်​အ​တိတ် ကာ​လ​မှ​အ​ဖြစ်​အ​ပျက်​များ​သာ​လျှင် ဖြစ်​၍​နေ​လိမ့်​မည်။-
ISA 33:19 သင်​တို့​သည်​မိ​မိ​နား​မ​လည်​နိုင်​သည့်​ဘာ​သာ စ​ကား​ကို​ပြော​ဆို​သူ၊ မောက်​မာ​ထောင်​လွှား သည့်​လူ​မျိုး​ခြား​တို့​ကို တွေ့​မြင်​ရကြ​တော့ မည်​မ​ဟုတ်။-
ISA 33:20 ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-
ISA 33:21 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို ငါ​တို့​အား​ဖူး​မြင်​ခွင့်​ပေး​တော်​မူ လိမ့်​မည်။ ငါ​တို့​သည်​မြစ်​ကြီး​ချောင်း​ကြီး များ​အ​နီး​တွင်​နေ​ထိုင်​ရကြ​လိမ့်​မည်။ သို့ ရာ​တွင်​ထို​မြစ်​ကြီး​တို့​တွင်​ရန်​သူ​လှေ သင်္ဘော​များ​သွား​လာ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။-
ISA 33:22 ထို​လှေ​သင်္ဘော​များ​၏​ရွက်​တိုင်​နှင့်​ကြိုး​တို့ သည်​ပြုတ်​လျက် ရွက်​များ​သည်​လည်း​ဖြန့်​၍ မ​ရ​ပါ​တ​ကား။ ရန်​သူ​တပ်​မှ​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​ကြ​လိမ့်​မည်။ ထို​ပစ္စည်း​ဥစ္စာ တို့​မှာ​မြောက်​မြား​လှ​သည်​ဖြစ်​၍ ခြေ​မ​စွမ်း သူ​များ​ပင်​လျှင်​မိ​မိ​တို့​ဝေ​စု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​လျှင် ငါ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​ငါ​တို့​ကို​အုပ်​စိုး​၍ ကွယ်​ကာ​တော်​မူ​လိမ့်​မည်။-
ISA 33:24 ငါ​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​အ​ပေါင်း​တို့ သည်​ဖျား​နာ​ပါ​သည်​ဟူ​၍ အ​ဘယ်​အ​ခါ​၌ မျှ​ညည်း​ညူ​ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ပြစ် ရှိ​သ​မျှ​မှ​လည်း​ဖြေ​လွှတ်​ကြ​လိမ့်​မည်။
ISA 34:1 အို လူ​မျိုး​အ​ပေါင်း​တို့​လာ​ကြ​လော့။ လာ ရောက်​စု​ဝေး​၍​နား​ထောင်​ကြ​လော့။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​နေ​ထိုင်​သ​မျှ​သော​လူ​တို့​သည် ဤ​အ​ရပ်​သို့​လာ​၍​နား​ထောင်​ကြ​ရာ​၏။-
ISA 34:2 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား လည်း​ကောင်း၊ သူ​တို့​၏​စစ်​တပ်​အ​ပေါင်း​အား လည်း​ကောင်း၊ အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပျက်​စီး​စေ​ရန်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ လေ​ပြီ။-
ISA 34:3 သူ​တို့​၏​အ​လောင်း​များ​သည်​မြှုပ်​နှံ​ခြင်း​ကို မ​ခံ​ရ​ဘဲ မြေ​ပေါ်​တွင်​လဲ​လျက်​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ တောင်​တို့​သည်​လည်း​သွေး​များ ဖြင့်​နီ​ရဲ​လျက်​နေ​လိမ့်​မည်။-
ISA 34:4 နေ​လ​နက္ခတ်​တို့​သည်​မြေ​သို့​ကြွေ​ကျ​လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လိပ်​၍​တင်​လိုက်​သည့်​စာ လိပ်​သ​ဖွယ်​ပျောက်​ကွယ်​သွား​ကာ ကြယ်​တို့ သည်​စ​ပျစ်​ပင်​သို့​မ​ဟုတ်​သင်္ဘော​သ​ဖန်း​ပင် မှ​အ​ရွက်​ကြွေ​သ​ကဲ့​သို့​ကြွေ​ကျ​ကြ​လိမ့် မည်။
ISA 34:5 ထာ​ဝ​ရ​ဘု​ရား​သည်​ဋ္ဌား​တော်​ကို​ကောင်း​ကင် ဘုံ​တွင် အ​သင့်​ပြင်​ဆင်​တော်​မူ​ပြီး​မှ​ဆုံး​ပါး ပျက်​စီး​ရန် အ​ပြစ်​ဒဏ်​စီ​ရင်​ထား​တော်​မူ သော​ဧ​ဒုံ​ပြည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် စေ​တော်​မူ​လိမ့်​မည်။-
ISA 34:6 ကိုယ်​တော်​၏​ဋ္ဌား​တော်​သည်​ယဇ်​ပူ​ဇော်​ရာ သိုး​ဆိတ်​တို့​၏​အ​သွေး​အ​ဆီ​ဖြင့်​ဝ​လျက် နေ​သ​ကဲ့​သို့ ထို​သူ​တို့​၏​အ​သွေး​အ​ဆီ​များ နှင့်​ဝ​လျက်​နေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​ဤ​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဗော​ဇ​ရ​မြို့​တွင် ကျင်း​ပ​တော်​မူ​လိမ့်​မည်။ ဤ​လူ​သတ်​ပွဲ ကြီး​ကို​ဧ​ဒုံ​ပြည်​တွင်​ဖြစ်​ပွား​စေ​တော် မူ​လိမ့်​မည်။-
ISA 34:7 ပြည်​သူ​တို့​သည်​နွား​ရိုင်း​များ၊ နွား​သိုး​ပျို များ​ကဲ့​သို့​လဲ​ကျ​ကြ​လိမ့်​မည်။ မြေ​ကြီး သည်​လည်း​သွေး​များ​ဖြင့်​နီ​၍​လည်း​ကောင်း၊ အ​ဆီ​များ​ဖြင့်​အီ​၍​လည်း​ကောင်း​နေ​လိမ့် မည်။-
ISA 34:8 ဤ​အ​ချိန်​အ​ခါ​ကား​ဇိ​အုန်​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​ကယ်​ဆယ်​တော်​မူ​၍ ထို​မြို့​၏​ရန်​သူ တို့​အား​လက်​စား​ချေ​တော်​မူ​မည့်​အ​ခါ ပင်​ဖြစ်​သ​တည်း။
ISA 34:9 ဧ​ဒုံ​ပြည်​မှ​မြစ်​တို့​သည်​ကတ္တ​ရာ​စေး အ​ဖြစ်​သို့​လည်း​ကောင်း၊ မြေ​ဆီ​လွှာ​သည် ကန့်​အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​သွား လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​ကတ္တ​ရာ စေး​ကဲ့​သို့​မီး​စွဲ​လောင်​၍​နေ​လိမ့်​မည်။-
ISA 34:10 ယင်း​သည်​နေ့​ရော​ညဥ့်​ပါ​မီး​လောင်​လျက်​မီး ခိုး​များ​ထာ​ဝ​စဉ်​တက်​၍​နေ​လိမ့်​မည်။ ထို ပြည်​သည်​လူ​မျိုး​စဉ်​ဆက်​အ​ဟော​သိ​ကံ ဖြစ်​၍​နေ​လိမ့်​မည်။ ထို​ပြည်​ကို​နောင်​အ​ဘယ် အ​ခါ​၌​မျှ​ဖြတ်​သန်း​သွား​လာ​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-
ISA 34:11 ထို​ပြည်​သည်​ဇီး​ကွက်​များ​နှင့်​ကျီး​အ​တို့ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ကို​ဖန်​ဆင်း တော်​မ​မူ​မီ​အ​ခါ​က​ကဲ့​သို့​ပင် ထာ​ဝ​ရ ဘု​ရား​သည်​ထို​ပြည်​ကို​လွတ်​လပ်​လ​ဟာ ပြင်​ကြီး​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-
ISA 34:12 တိုင်း​ပြည်​ကို​စိုး​မိုး​အုပ်​ချုပ်​သည့်​ဘု​ရင်​နှင့် ပြည်​သူ့​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည်​လည်း ရှိ​ကြ​တော့​မည်​မ​ဟုတ်။-
ISA 34:13 နန်း​တော်​အ​ဆောက်​အ​ဦ​များ​နှင့်​တံ​တိုင်း ကာ​ရံ​ထား​သည့်​မြို့​အ​ပေါင်း​တို့​တွင် ဆူး ပင်​အ​မျိုး​မျိုး​ပေါက်​လျက် ခွေး​အ​များ​နှင့် ဇီး​ကွက်​များ​ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။-
ISA 34:14 ထို​အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လှည့်​လည် သွား​လာ​လျက် မ​ကောင်း​ဆိုး​ရွား​တို့​သည်​လည်း အ​ချင်း​ချင်း​အော်​မြည်​လျက်​နေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​ည​သတ္တ​ဝါ​ကြီး​သည်​လည်း ထို​အ​ရပ်​သို့​လာ​၍​နား​ရန်​နေ​ရာ​ကို​ရှာ လိမ့်​မည်။-
ISA 34:15 ဇီး​ကွက်​တို့​သည်​အ​သိုက်​များ​လုပ်​လျက်​ဥ များ​ကို​ဥ​ပြီး​နောက် ဝပ်​၍​သား​ငယ်​တို့​ကို စောင့်​ရှောက်​ကာ​နေ​လိမ့်​မည်။ လင်း​တ​များ သည်​လည်း​တစ်​ကောင်​ပြီး​တစ်​ကောင်​လာ ရောက်​စု​ရုံး​ကြ​လိမ့်​မည်။
ISA 34:16 သက်​ရှိ​သတ္တ​ဝါ​များ​အ​ကြောင်း​ဖော်​ပြ​ပါ ရှိ​သည့် ထာ​ဝ​ရ​ဘု​ရား​၏​စာ​စောင်​တော်​တွင် ရှာ​၍​ဖတ်​ကြည့်​ကြ​လော့။ ထို​သတ္တ​ဝါ​တစ် ကောင်​မျှ​ပျောက်​ဆုံး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ် သတ္တ​ဝါ​မျှ​လည်း​ကြင်​ဖော်​မဲ့​ဖြစ်​ရ​လိမ့် မည်​မ​ဟုတ်။ ဤ​နည်း​အ​တိုင်း​ဖြစ်​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​ခဲ့​လေ ပြီ။ ကိုယ်​တော်​သည်​သူ​တို့​အား​စု​ဝေး​စေ တော်​မူ​လိမ့်​မည်။-
ISA 34:17 ထို​သတ္တ​ဝါ​အ​သီး​သီး​တို့​အား​မြေ​ကြီး ပေါ်​တွင် နယ်​မြေ​ခွဲ​ဝေ​သတ်​မှတ်​ပေး​တော် မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ​ဘု​ရား​တည်း။ သူ​တို့​သည်​အ​မျိုး​စဉ်​ဆက်​ထို​နယ်​မြေ​များ တွင်​နေ​ရ​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​လည်း ထာ​ဝ​စဉ်​ပိုင်​ရ​ကြ​လိမ့်​မည်။
ISA 35:1 ကန္တာ​ရ​သည်​ရွှင်​မြူး​လိမ့်​မည်။ မြေ​ရိုင်း​များ​တွင်​လည်း​ပန်း​များ​ပွင့်​လိမ့်​မည်။ ကန္တာ​ရ​သည်​ဝမ်း​မြောက် ရွှင်​လန်း​သ​ဖြင့် သီ​ချင်း​ဆို​ကြွေး​ကြော်​လိမ့်​မည်။ လေ​ဗ​နုန်​တောင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လျက် ကာ​ရ​မေ​လ​နှင့်​ရှာ​ရုန်​တောင်​ကုန်း လယ်​ယာ​များ​ကဲ့​သို့​အ​သီး​အ​နှံ​များ ဝေ​ဆာ​လျက် ရှိ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို လည်း​ကောင်း ဖူး​မြင်​ရ​ကြ​လိမ့်​မည်။
ISA 35:3 နွမ်း​နယ်​လျက်​ရှိ​သည့်​လက်​တို့​ကို​လည်း​ကောင်း၊ အား​နည်း​တုန်​လှုပ်​လျက်​နေ​သည့် ဒူး​တို့​ကို​လည်း​ကောင်း​အား​ဖြည့်​၍​ပေး​ကြ​လော့။
ISA 35:4 စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။
ISA 35:5 မျက်​မ​မြင်​တို့​သည်​မျက်​စိ​မြင်​ကြ​လိမ့်​မည်။ နား​ပင်း​သူ​တို့​သည်​လည်း​နား​ကြား​ကြ​လိမ့်​မည်။
ISA 35:6 ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည် ခုန်​ကြ​လိမ့်​မည်။ ဆွံ့​အ​သူ​တို့​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။ ကန္တာ​ရ​၌​စမ်း​ရေ​ပေါက်​၍​ကန္တာ​ရ​တွင် စမ်း​ချောင်း​စီး​လိမ့်​မည်။
ISA 35:7 ခြစ်​ခြစ်​တောက်​ပူ​လောင်​လျက်​ရှိ​သည့်​သဲ​များ​သည် ရေ​အိုင်​ဖြစ်​၍၊ ခြောက်​သွေ့​သော​မြေ​သည်​လည်း​စမ်း​ရေ​တွင်း​များ ပြည့်​နှက်​၍​နေ​လိမ့်​မည်။ ခွေး​အ​များ​ကျက်​စား​လေ့​ရှိ​သည့်​အ​ရပ်​တွင် ကိုင်း​ပင်​ကူ​ပင်​များ​ပေါက်​လာ​လိမ့်​မည်။
ISA 35:8 ထို​အ​ရပ်​တွင်``သန့်​ရှင်း​မြင့်​မြတ်​ရာ​သို့ သွား​သည့်​လမ်း'' ဟု နာ​မည်​တွင်​သော​လမ်း​မ​ကြီး​တစ်​သွယ် ပေါ်​ပေါက်​၍​လာ​လိမ့်​မည်။ အ​ဘယ်​အ​ပြစ်​ကူး​သူ​မှန်​သ​မျှ​ထို​လမ်း​ကို လျှောက်​သွား​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​လူ​မိုက်​က​မျှ​ထို​လမ်း​တွင် လျှောက်​နေ​သူ​တို့​အား လမ်း​မှား​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်။
ISA 35:9 ထို​အ​ရပ်​တွင်​အ​ဘယ်​ခြင်္သေ့​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရပ်​သို့​အ​ဘယ်​သား​ရဲ​တိရစ္ဆာန်​မျှ​လည်း လာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကယ်​ဆယ်​ထား​တော်​မူ​သော သူ​တို့​သည် ထို​လမ်း​အ​တိုင်း​မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​ရ​ကြ​လိမ့်​မည်မဟုတ်။
ISA 35:10 သူ​တို့​သည်​ဝမ်း​မြောက်​ပျော်​ရွှင်​စွာ​သီ​ချင်း ဆို​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ လိမ့်​မည်။ ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ် ကြ​လိမ့်​မည်။
ISA 36:1 ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နန်း​စံ​တစ်​ဆယ့်​လေး နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင်​သ​နာ ခ​ရိပ်​သည် ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။-
ISA 36:2 ထို​နောက်​သူ​သည်​မိ​မိ​၏​ဗိုလ်​ချုပ်​အား လာ​ခိ​ရှ မြို့​မှ​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​သွား​ရောက်​ကာ ဟေ​ဇ​ကိ​မင်း​အား​လက် နက်​ချ​ရန်​ပြော​ဆို​စေ​၏။ ဗိုလ်​ချုပ်​သည်​လည်း အ​ထက်​ရေ​ကန်​မှ​စီး​ဆင်း​လာ​သော​ရေ​သွယ် မြောင်း​အ​နီး၊ အ​ထည်​ယက်​လုပ်​သူ​တို့​၏ အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​ကို​သိမ်း​ယူ​လေ သည်။-
ISA 36:3 ထို​အ​ခါ​ယုဒ​ပြည်​သူ​သုံး​ဦး​တို့​သည်​သူ နှင့်​အ​တူ​လာ​ရောက်​တွေ့​ဆုံ​ကြ​၏။ သူ​တို့ ကား​ဟိ​လ​ခိ​၏​သား​နန်း​တော်​အုပ်​ဧ​လျာ ကိမ်၊ နန်း​တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်၊ အာ သပ်​၏​သား​အ​မှု​တွဲ​ထိန်း​ယော​အာ​တို့ ဖြစ်​သ​တည်း။-
ISA 36:4 အာ​ရှု​ရိ​အ​ရာ​ရှိ​က​သူ​တို့​အား``ဟေ​ဇ​ကိ မင်း​သည်​အ​ဘယ်​ကြောင့် မိ​မိ​ကိုယ်​ကို​ဤ​မျှ ယုံ​ကြည်​ကိုး​စား​လျက်​နေ​ကြောင်း​ဘု​ရင် ဧ​က​ရာဇ်​သိ​ရှိ​လို​ပါ​သည်။-
ISA 36:5 စစ်​အင်​အား​စွမ်း​ရည်​ကို​စ​ကား​လုံး​ဖြင့် အ​စား​ထိုး​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။ ငါ့​ကို​ပုန်​ကန်​ရန် သင်​တို့​အား​အ​ဘယ်​သူ​ကူ​ညီ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​ပါ​သ​နည်း။-
ISA 36:6 သင်​တို့​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို စောင့်​စား​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ထို​ပြည် ကို​အား​ကိုး​ခြင်း​သည်​ကျိုး​၍​လက်​စူး​တတ် သည့်​ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး​ပြု သည်​နှင့်​တူ​၏။ အီ​ဂျစ်​ဘု​ရင်​ကား​မိ​မိ​တို့ မှီ​ခို​အား​ကိုး​သူ​ရှိ​လာ​ချိန်​၌​ကူ​ရိုး​နှင့် သာ​တူ​သ​တည်း'' ဟု​ပြော​၏။
ISA 36:7 ထို့​နောက်​သူ​သည်​ဆက်​လက်​၍``သင်​တို့​က`ငါ တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို အား​ကိုး​ပါ​သည်' ဟု​ငါ့​အား ပြော​ဆို​ကြ​ပါ​မည်​လော။ ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​ဌာ​န​များ နှင့် ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ပစ်​ပြီး​နောက် ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပလ္လင် ၌​သာ​လျှင် ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ​ရန် မှာ​ကြား​ခဲ့​ပေ​သည်။-
ISA 36:8 ငါ​သည်​ဘု​ရင်​ဧ​က​ရာဇ်​၏​နာ​မ​တော်​ကို တိုင်​တည်​၍ သင်​တို့​နှင့်​အ​လောင်း​အ​စား​ပြု မည်။ သင်​တို့​သည်​မြင်း​စီး​သူ​ရဲ​နှစ်​ထောင်​ရ ရှိ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင်​တို့​အား မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-
ISA 36:9 သင်​တို့​သည်​ရာ​ထူး​အ​နိမ့်​ဆုံး​အာ​ရှု​ရိ​တပ် မှူး​က​လေး​ကို​ပင်​လျှင်​ယှဉ်​ပြိုင်​နိုင်​စွမ်း​မ​ရှိ ကြ။ သို့​ပါ​လျက်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ​အ​ညီ များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-
ISA 36:10 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ​အ​ညီ မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက် ဆီး​ခဲ့​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။ သင်​တို့​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး ရန်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​ငါ့ အား​စေ​ခိုင်း​တော်​မူ​ပါ​၏'' ဟု​ဆို​၏။
ISA 36:11 ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည်​ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ ဘာ​သာ​စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့် ရှိ​ပါ၊ ထို​စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည် ပါ​သည်။ ဟေ​ဗြဲ​ဘာ​သာ​စကား​ကို​မ​ပြော ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​နား ထောင်​လျက်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။
ISA 36:12 ထို​သူ​က​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင်​တို့​ဘု​ရင် အား​သာ​လျှင် ဤ​စ​ကား​များ​ကို​ပြော​ကြား ရန် ငါ့​အား​စေ​လွှတ်​တော်​မူ​ထိုက်​သည်​ဟု​ထင် မှတ်​ကြ​ပါ​သ​လော။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင် ထိုင်​နေ​ကြ​သူ​တို့​အား​လည်း​ပြော​ကြား​ပါ ၏။ သူ​တို့​သည်​လည်း​သင်​တို့​နည်း​တူ​မိ​မိ တို့​၏​မ​စင်​ကို​ပြန်​၍​စား​ပြီး​လျှင် မိ​မိ တို့​ကျင်​ငယ်​ရေ​ကို​ပြန်​၍​သောက်​ရ​ကြ လိမ့်​မည်'' ဟု​ပြန်​ပြော​၏။
ISA 36:13 ထို​နောက်​သူ​သည်​ထ​၍​ဟေ​ဗြဲ​ဘာ​သာ​စ​ကား ဖြင့်``သင်​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
ISA 36:14 ထို​အ​ရှင်​က​သင်​တို့​သည်​ဟေ​ဇ​ကိ​၏​လှည့်​စား မှု​ကို​မ​ခံ​ကြ​စေ​ရန် သ​တိ​ပေး​တော်​မူ​လိုက် ပါ​၏။ ဟေ​ဇ​ကိ​သည်​သင်​တို့​အား​မ​ကယ်​နိုင်။-
ISA 36:15 ထာ​ဝ​ရ​ဘု​ရား​အား၊ အား​ကိုး​ရန်​သူ​သွေး ဆောင်​တိုက်​တွန်း​သော်​လည်း သင်​တို့​ခွင့်​မ​ပြု ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကယ်​တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​တို့​အာ​ရှု​ရိ​တပ်​မ​တော်​အား သင်​တို့ ၏​မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟူ​၍​လည်း​ကောင်း မ​ထင်​မှတ်​ကြ​နှင့်။-
ISA 36:16 ဟေ​ဇကိ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်၊ မြို့​ထဲ​မှ​ထွက်​၍​လက်​နက်​ချ​ကြ​ရန် သင်​တို့ အား​အာ​ရှု​ရိ​ဘု​ရင်​ဧ​က​ရာဇ်​အ​မိန့်​တော် ရှိ​၏။ သင်​တို့​အား​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင် တို့​ပြည်​နှင့်​တူ​သည့်​ပြည်၊ ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည် သစ်၊ ပြောင်း​နှင့်​စ​ပျစ်​ဥ​ယျာဉ်​ပေါ​များ​သည့် ပြည်​သို့​မ​ပို့​ဆောင်​မီ​အ​တော​အ​တွင်း​၌ မိ​မိ​တို့​၏​စ​ပျစ်​ပင်​များ​နှင့်​သင်္ဘော​သ​ဖန်း ပင်​များ​မှ​အ​သီး​များ​ကို​စား​စေ​၍ မိ​မိ တို့​ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက် သုံး​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။-
ISA 36:18 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ် တော်​မူ​နိုင်​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​စေ ရန် ဟေ​ဇ​ကိ​လှည့်​စား​သည်​ကို​နား​မ​ထောင် ကြ​နှင့်။ အ​ခြား​အ​မျိုး​သား​တို့​၏​ဘု​ရား များ​သည် သူ​တို့​၏​ပြည်​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-
ISA 36:19 ဟာ​မတ်​ပြည်​နှင့်​အာ​ပဒ်​ပြည်​တို့​၏​ဘု​ရား များ​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်​၏​ဘု​ရား​တို့​သည်​ယ​ခု အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ အ​ဘယ်​ဘု​ရား က​ရှ​မာ​ရိ​ပြည်​ကို​ကယ်​ဆယ်​ခဲ့​ကြ​ပါ သ​နည်း။-
ISA 36:20 ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ အ​နက်​မှ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ ၏​ပြည်​သို့​ငါ​တို့​ဘု​ရင်​ဧ​က​ရာဇ်​၏​လက် မှ​အ​ဘယ်​အ​ခါ​မှ​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် လည်း ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တော်​မူ​နိုင် သည်​ဟု​သင်​တို့​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။
ISA 36:21 ထို​အ​ခါ​လူ​တို့​သည်​ဟေ​ဇကိ​မှာ​ကြား လိုက်​သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-
ISA 36:22 ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည် ဝမ်း​နည်း​ပူ​ဆွေး​လျက်​မိ​မိ​တို့​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ အာ​ရှု​ရိ​အ​ရာ​ရှိ​၏ စ​ကား​များ​ကို​မင်း​ကြီး​ထံ​သွား​ရောက် လျှောက်​ထား​ကြ​၏။
ISA 37:1 ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ခြင်း၊ ဟေ​ဇ​ကိ​မင်း​သည်​ဝမ်း​နည်း​ပူ ဆွေး​လျက် မိ​မိ​၏​အ​ဝတ်​များ​ဆုတ်​ဖြဲ​ပြီး လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား ၏​ဗိ​မာန်​တော်​သို့​သွား​တော်​မူ​၏။-
ISA 37:2 မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ​ကို​အာ​မုတ်​၏​သား ဟေ​ရှာ​ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ တို့​သည်​လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား ကြ​၏။-
ISA 37:3 မင်း​ကြီး​က``ယ​နေ့​သည်​ဒုက္ခ​ရောက်​ရာ​နေ့ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အပြစ်​ဒဏ်​ကို ခံ​ရ​၍​အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ချိန်​ရောက်​သော်​လည်း ခွန်​အား​မ​ရှိ​သ​ဖြင့် သား​မ​ဖွား​နိုင်​သည့် အ​မျိုး​သ​မီး​နှင့်​တူ​ပါ​၏။-
ISA 37:4 အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​၏​ဗိုလ်​ချုပ်​ကို စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​များ​ကို ပြော​ဆို​စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​စ​ကား​တို့​ကို ကြား​တော်​မူ​၍ ယင်း​သို့​ပြော​ဆို​သူ​တို့ အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ​သော၊ သင်​သည်​လည်း​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သေး​သူ​အ​ကျွန်ုပ်​တို့​လူ​စု​အ​တွက် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​ပါ​လော့'' ဟု​အ​မှာ​စာ​ရေး​၍ ဟေ​ရှာ​ယ​ထံ​ပေး​ပို့​လိုက်​၏။
ISA 37:5 ဟေ​ဇ​ကိ​မင်း​၏​အ​မှာ​စာ​ကို​ရ​ရှိ​သော အ​ခါ၊-
ISA 37:6 ဟေ​ရှာ​ယ​သည်``ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​စော်​ကား ပြော​ဆို​သည့်​စ​ကား​များ​အ​တွက် စိတ် အ​နှောင့်​အ​ယှက်​မ​ဖြစ်​ရန်​သင့်​အား​မိန့် မှာ​တော်​မူ​ပါ​၏။-
ISA 37:7 ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​က​ရာဇ်​မင်း​အား မိ​မိ​၏​ပြည်​သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တစ် ရာ​ကို​ကြား​သိ​စေ​တော်​မူ​လိမ့်​မည်။ ထို​နောက် သူ့​ကို​ထို​ပြည်​၌​ပင်​အ​ဆုံး​စီ​ရင်​တော်​မူ ပေ​အံ့'' ဟု​ပြန်​ကြား​လိုက်​၏။
ISA 37:8 ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက် ခွာ​ပြီး​လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို တိုက်​ခိုက်​လျက်​ရှိ​ကြောင်း​ကြား​သိ​သော အ​ခါ၊ အာ​ရှု​ရိ​ဗိုလ်​ချုပ်​သည်​မင်း​ကြီး​နှင့် ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ သည်။-
ISA 37:9 ထို​အ​ခါ​ဆူ​ဒန်​ဘု​ရင်​တိ​ရက္က​ဦး​စီး​ခေါင်း ဆောင်​သည့်​အီ​ဂျစ်​တပ်​မ​တော်​သည် မိ​မိ​တို့ အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြောင်း​အာ ရှု​ရိ​အ​မျိုး​သား​တို့​သ​တင်း​ရ​ရှိ​ကြ​၏။-
ISA 37:10 ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-
ISA 37:11 အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​ဖျက်​ဆီး​ပစ် ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ် သို့​ပြု​တော်​မူ​တတ်​သည်​ကို​သင်​ကြား​သိ ရ​ပြီး​ဖြစ်​ပါ​၏။ သင်​ကိုယ်​တိုင်​ပင်​လျှင်​ငါ ၏​လက်​မှ​လွတ်​မြောက်​နိုင်​လိမ့်​မည်​ဟု​မ ထင်​မှတ်​ပါ​နှင့်။-
ISA 37:12 ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန်​မြို့ နှင့်​ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပစ်​ပြီး​လျှင် တေ​လ​ဇာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင် အ​မျိုး​သား​တို့​အား​သုတ်​သင်​ပစ်​ခဲ့​ကြ​၏။ သူ​တို့​၏​ဘု​ရား​များ​အ​နက်​အ​ဘယ်​မည် သော​ဘု​ရား​မျှ​သူ​တို့​ကို​မ​ကယ်​နိုင်​ကြ။-
ISA 37:13 ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့​နှင့်​ဣ​ဝါ​မြို့​တွင်​စိုး​စံ​ခဲ့​သော ဘု​ရင်​များ​သည်​ယ​ခု​အ​ဘယ်​မှာ​ရှိ ကြ​ပါ​သ​နည်း'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
ISA 37:14 ဟေ​ဇ​ကိ​မင်း​သည်​ထို​သ​ဝဏ်​လွှာ​ကို​သံ တ​မန်​များ​ထံ​မှ​ယူ​၍​ဖတ်​ပြီး​လျှင် ဗိ​မာန် တော်​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် တွင်​ချ​ထား​၏။-
ISA 37:15 ထို​နောက်``ခမ်း​နား​တင့်​တယ်​သည့်​ပလ္လင်​ပေါ်​တွင် စံ​တော်​မူ​သော အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​တစ်​ပါး​တည်း​သာ​လျှင် ကမ္ဘာ​နိုင်​ငံ​အ​ရပ် ရပ်​ကို​အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ ၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မိုး​မြေ​ကို​ဖန် ဆင်း​တော်​မူ​ပါ​၏။-
ISA 37:17 အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ကျွန်​တော်​မျိုး​တို့ ၏​လျှောက်​ထား​ချက်​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော​ကိုယ်​တော်​ရှင်​အား သ​နာ​ခ​ရိပ်​စော် ကား​ပြော​ဆို​သော​စ​ကား​မှန်​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။-
ISA 37:18 အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​ကရာဇ်​မင်း များ​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်-
ISA 37:19 သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ပစ် ကြ​သည်​ကို ကျွန်​တော်​မျိုး​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား​တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့်​လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက် ရုပ်​များ​သာ​ဖြစ်​ပါ​၏။-
ISA 37:20 အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​ကိုယ်​တော်​ရှင်​တစ်​ပါး တည်း​သာ​လျှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပါ လိမ့်​မည်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။
ISA 37:21 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ ဖြစ်​ကြောင်း ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း ထံ​သို့​ပေး​ပို့​ရာ​တွင်-
ISA 37:22 ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​သ​နာ​ခ​ရိပ်၊ ယေ​ရု ရှ​လင်​မြို့​သည်​သင့်​ကို​ကြည့်​၍​ပြုံး​ကာ​ပြက် ရယ်​ပြု​လေ​ပြီ။-
ISA 37:23 သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ဟု​ထင်​မှတ်​ပါ​သ​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သော​ငါ​ဘု​ရား​အား​မ​လေး​မ​ခန့်​ပြု​၍ နေ​ပါ​သည်​တ​ကား။-
ISA 37:24 သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် အ​မြင့်​ဆုံး​တောင်​များ​ကို​လည်း​ကောင်း၊ လေ ဗ​နုန်​တောင်​ထိပ်​များ​ကို​ပင်​လည်း​ကောင်း​နှိမ် နင်း​အောင်​မြင်​ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန် သံ​တ​မန်​များ​ကို​စေ​လွှတ်​ခဲ့​၏။ ထို​အ​ရပ် ရှိ​အ​မြင့်​ဆုံး​အာ​ရဇ်​ပင်​များ​နှင့်​အ​လှ​ဆုံး ထင်း​ရှူး​ပင်​များ​ကို​ခုတ်​လှဲ​ကာ၊ တော​နက် ကြီး​များ​သို့​ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ ခဲ့​၏။-
ISA 37:25 သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင့် တပ်​မ​တော်​သား​တို့​သည်​ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ဝါ​ခဲ့​၏။
ISA 37:26 ``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခန့်​ခွဲ​ထား​ခဲ့​ကြောင်း​သင်​အ​ဘယ် ၌​မျှ​မ​ကြား​ဘူး​ပါ​သ​လော။ ယ​ခု​ထို​အ​မှု အ​ရာ​တို့​ကို​ငါ​ဖြစ်​ပွား​စေ​လေ​ပြီ။ ခံ​တပ် မြို့​များ​ကို​အ​မှိုက်​ပုံ​အ​ဖြစ်​သို့​ပြောင်း​လဲ ပစ်​နိုင်​သော​တန်​ခိုး​ကို​သင့်​အား​ငါ​ပေး​အပ် ခဲ့​၏။-
ISA 37:27 ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​အ​ဘယ် သို့​မျှ​မ​တတ်​နိုင်။ ကြောက်​လန့်​လျက်​ကြက်​သေ သေ​၍​နေ​ကြ​၏။ သူ​တို့​သည်​အ​ရှေ့​လေ​ပူ တိုက်​၍​ညှိုး​နွမ်း​သွား​သည့်​လယ်​မြက်​များ၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့်​တူ ကြ​၏။''
ISA 37:28 ``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန် အ​စင်​ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု ၍​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​လည်း ကောင်း၊ ငါ့​အား​အ​ဘယ်​မျှ​အ​မျက်​ထွက် လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ​သိ​၏။-
ISA 37:29 သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့ ကို​ငါ​ကြား​သိ​ရ​လေ​ပြီ။ သို့​ဖြစ်​၍၊ ငါ​သည် သင့်​ကို​နှာ​ရှုတ်​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင်​လာ လမ်း​အ​တိုင်း​ပြန်​စေ​မည်။''
ISA 37:30 ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင် သည်​ယ​ခု​နှစ်​၌​လည်း​ကောင်း၊ နောင်​နှစ်​ခါ​၌ လည်း​ကောင်း​စ​ပါး​ရိုင်း​ကို​သာ​လျှင်​စား​ရ လိမ့်​မည်။ သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​မူ​ဂျုံ စ​ပါး​ကို​စိုက်​ပျိုး​ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း​စိုက်​၍​စ​ပျစ် သီး​များ​ကို​စား​ရ​လိမ့်​မည်။-
ISA 37:31 ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည်​မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​ငယ် များ​ကဲ့​သို့​ရှင်​သန်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-
ISA 37:32 ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင် လူ​တို့​သည်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ကျန်​ရှိ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချ မှတ်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။''
ISA 37:33 အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့​တည်း။ ကိုယ် တော်​က``ထို​သူ​သည်​ဤ​မြို့​ကို​ဝင်​ရ​လိမ့်​မည် မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ်​လက်​မျှ​ပင် ပစ်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​စစ်​သူ​ရဲ​မျှ ဒိုင်း​လွှား​ကို​ကိုင်​ဆောင်​၍​မြို့​အ​နီး​သို့​ချဉ်း ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ​ရန်​မြေ က​တုတ်​များ​ကို​လည်း​ဖို့​လုပ်​ရ​လိမ့်​မည် မ​ဟုတ်။-
ISA 37:34 အာ​ရှု​ရိ​မင်း​သည်​မိ​မိ​လာ​လမ်း​ဖြင့်​ပြန်​ရ လိမ့်​မည်။ သူ​သည်​မြို့​ထဲ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဤ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-
ISA 37:35 ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍​ဤ​မြို့​ကို​ကာ ကွယ်​စောင့်​ထိန်း​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 37:36 ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-
ISA 37:37 ထို​အ​ခါ​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​တပ် ခေါက်​၍​နိ​နေ​ဝေ​မြို့​သို့​ပြန်​တော်​မူ​၏။-
ISA 37:38 တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​၏။ ဝတ်​ပြု နေ​စဉ်​သား​တော်​များ​ဖြစ်​သော​အာ​ဒြမ္မေ​လက် နှင့်​ရှ​ရေ​ဇာ​တို့​သည်​မင်း​ကြီး​အား ဋ္ဌား​နှင့် ခုတ်​သတ်​ပြီး​လျှင်​အာ​ရ​ရတ်​ပြည်​သို့​ထွက် ပြေး​ကြ​၏။ အ​ခြား​သား​တော်​တစ်​ပါး​ဖြစ် သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ သည်။
ISA 38:1 ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင် ဟေ​ဇ​ကိ​မင်း သည်​သေ​လု​မ​တတ်​ဖျား​နာ​၍​လာ​၏။ အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​မင်း​ကြီး အား​လာ​ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည် ပြန်​လည်​ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ ဖြင့် အ​ရှင်​နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့ ကို​မှာ​ကြား​ခဲ့​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​နတ်​ရွာ​စံ​ရန်​အ​သင့်​ပြင် ပါ​လော့'' ဟု​ဆို​၏။
ISA 38:2 ဟေ​ဇ​ကိ​သည်​နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့် လျက်၊-
ISA 38:3 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့် ကိုး​ကွယ်​ဝတ်​ပြု​လျက် ကိုယ်​တော်​ပြု​စေ​လို သည့်​အ​တိုင်း​ကြိုး​စား​ပြု​ကျင့်​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​တော်​မူ​၏။
ISA 38:4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ အား၊-
ISA 38:5 ဟေ​ဇ​ကိ​ထံ​သို့​ပြန်​လည်​စေ​လွှတ်​တော်​မူ ကာ``သင်​၏​ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည် များ​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည်​သင့်​အား နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ်​အ​သက်​ရှင်​စေ မည်။-
ISA 38:6 ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု​ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက်​မှ​ကယ်​ဆယ်​မည်။ ဤ​မြို့​ကို​ဆက်​လက်​၍​ကာ​ကွယ်​စောင့်​ရှောက် မည်​ဟု​ဟေ​ဇ​ကိ​မင်း​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
ISA 38:7 ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​ပါ​လိမ့်​မည်။-
ISA 38:8 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခပ်​မင်း​စိုက်​ထူ ထား​သည့်​နေ​နာ​ရီ​တွင် အ​ရိပ်​ကို​နောက်​သို့ ဆယ်​ဒီ​ဂ​ရီ​ဆုတ်​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဆို​သည့်​အ​တိုင်း အ​ရိပ်​သည်​ဆယ်​ဒီ​ဂ​ရီ​ဆုတ်​လေ​၏။
ISA 38:9 ဟေ​ဇ​ကိ​သည် ပြန်​လည်​ကျန်း​မာ​လာ​ပြီး နောက် အောက်​ပါ​ချီး​မွမ်း​သီ​ချင်း​ကို​ရေး​စပ် စီ​ကုံး​တော်​မူ​၏။
ISA 38:10 ငါ​သည်​သက်​တမ်း​စေ့​နေ​ရ​တော့​မည်​မ​ဟုတ်။ အ​ရွယ်​ကောင်း​ချိန်​၌​ပင်​မ​ရ​ဏ​နိုင်​ငံ​သို့ သွား​ရ​တော့​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​ပါ​၏။
ISA 38:11 ဤ​သက်​ရှိ​လော​က​၌​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​လည်း​ကောင်း​သက်​ရှိ လူ​သတ္တ​ဝါ​တို့​အား​လည်း​ကောင်း၊ နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​တွေ့ မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။
ISA 38:12 ဖြို​ဖျက်​၍​ချ​လိုက်​သည့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ ယက်​ကန်း​စင်​မှ​ဖြတ်​၍​ထုတ်​လိုက်​သည့် အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​အ​သက်​တာ​သည်​ဖြတ်​၍ ကုန်​ဆုံး​သွား​လေ​ပြီ။
ISA 38:13 ငါ​၏​အ​ရိုး​များ​ကို​ခြင်္သေ့​ဝါး​၍​နေ​ဘိ ကဲ့​သို့ ငါ​သည်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​တစ်​ညဥ့်​လုံး ငို​ကြွေး​ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​သက်​ကို ကုန်​ဆုံး​စေ​တော်​မူ​ပြီ​ဟု​ငါ​ထင်​မှတ် ပါ​၏။
ISA 38:14 ငါ​၏​အ​သံ​သည်​တုန်​တုန်​ချိ​ချိ​ဖြစ်​၍ နေ​ပါ​၏။ ငါ​သည်​ချိုး​ကဲ့​သို့​ညည်း​ညူ​ပါ​၏။ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ရ​ဖန်​များ သ​ဖြင့် ငါ​၏​မျက်​စိ​များ​သည်​ညောင်း​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​ဤ​ဒုက္ခ​အ​ပေါင်း​မှ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။
ISA 38:15 ဤ​အ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သည်​ဖြစ်​၍ ငါ​အ​ဘယ်​သို့​ပြော​ဆို​နိုင်​ပါ​မည်​နည်း။ ငါ​သည်​ပူ​ပင်​သော​က​ရောက်​လျက် အိပ်​၍​မ​ပျော်​နိုင်​ပါ။
ISA 38:16 အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​အ​တွက်၊ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​အ​တွက် အ​သက်​ရှင်​ပါ​မည်။ ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​၍၊ ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ခွင့်​ပြု​တော်​မူ​ပါ။
ISA 38:17 ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​သည်​စိတ်​ငြိမ်း အေး​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ဘေး​အန္တရာယ်​အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​မှန်​သ​မျှ​ကို​လည်း ဖြေ​လွှတ်​တော်​မူ​ပါ​၏။
ISA 38:18 မ​ရ​ဏ​နိုင်​ငံ​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​မ​ပြု​နိုင်​ပါ။ သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ယုံ​ကြည်​ကိုး​စား​နိုင်​စွမ်း​မ​ရှိ​ပါ။
ISA 38:19 ယ​ခု​ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး ထော​မ​နာ​ပြု​သ​ကဲ့​သို့၊ အ​သက်​ရှင်​သူ​များ​သာ​လျှင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​၏။ ဖ​ခင်​တို့​သည်​သား​သမီး​များ​အား​ကိုယ်​တော် ရှင်​၏ သစ္စာ​တော်​အ​ကြောင်း​ကို​ပြော​ကြား​ကြ​ပါ​၏။
ISA 38:20 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​စောင်း​များ​ကို​တီး​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ သီ​ချင်း​ဆို​ပါ​မည်။ မိ​မိ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​ထော​မ​နာ ပြု​၍ သီ​ချင်း​ဆို​ပါ​မည်။
ISA 38:21 ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင်​၏​အ​နာ စိမ်း​ကို​သင်္ဘော​သ​ဖန်း​သီး​ဖြင့်​အုံ​၍​ထား​ပါ​မူ ထို​အ​နာ​သည်​သက်​သာ​ပျောက်​ကင်း​သွား​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။-
ISA 38:22 ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ဗိ​မာန်​တော် သို့​သွား​ရောက်​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ် နိ​မိတ်​လက္ခ​ဏာ​ကို​ထောက်​၍​သိ​ရှိ​နိုင်​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။
ISA 39:1 ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဗာ​လ​ဒန်​၏ သား​ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒပ္ဗာ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား သိ​ရ​သ​ဖြင့်၊ သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက် ဆောင်​ပဏ္ဏာ​ပေး​ပို့​ဆက်​သ​လေ​၏။-
ISA 39:2 ဟေ​ဇ​ကိ​သည်​စေ​တ​မန်​တို့​ကို​လက်​ခံ​ပြီး လျှင် မိ​မိ​၏​ဘဏ္ဍာ​တော်​များ​ဖြစ်​သည့် ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ နံ့​သာ​ဆီ​နှင့်​လက်​နက်​ကိ​ရိ​ယာ ရှိ​သ​မျှ​တို့​ကို​ပြ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ နှင့်​နိုင်​ငံ​တော်​အ​ရပ်​ရပ်​တို့​တွင်​ထို​သူ​တို့ အား​မင်း​ကြီး​မ​ပြ​သည့်​အ​ရာ​တစ်​စုံ တစ်​ခု​မျှ​မ​ရှိ။-
ISA 39:3 ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ သွား​၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ ပါ​သ​နည်း။ သူ​တို့​က​အ​ရှင့်​အား​အ​ဘယ် သို့​ပြော​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​အ​လွန်​ဝေး​သော ဗာ​ဗု​လုန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဆို​လျှင်၊
ISA 39:4 ``သူ​တို့​သည်​နန်း​တော်​တွင်း​၌​အ​ဘယ်​အ​ရာ များ​ကို​တွေ့​မြင်​သွား​ကြ​ပါ​သ​နည်း'' ဟု မေး​မြန်း​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​တွေ့​မြင်​ကြ​ပါ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​တွင်​သူ​တို့​အား​ငါ မ​ပြ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု မိန့်​တော်​မူ​၏။
ISA 39:5 ထို​အ​ခါ​ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား၊ ``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​ကြား​နာ​လော့၊-
ISA 39:6 အ​ရှင့်​နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး ဘေး​တို့​စု​ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ မှန်​သ​မျှ​ကို​လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့ ဆောင်​ယူ​သွား​ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်။-
ISA 39:7 အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့ သည်​လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင် ၏​နန်း​တော်​တွင်​မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့် အ​မှု​ထမ်း​ရ​ကြ​လိမ့်​မည်'' ဟု​လျှောက်​လေ သည်။
ISA 39:8 ဤ​လျှောက်​ထား​ချက်​ကို​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​လက်​ထက်​၌​ငြိမ်း​ချမ်း​မှု​နှင့်​ဘေး​မဲ့ လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ် ကောက်​ယူ​လျက်``ငါ့​အား​သင်​ဖော်​ပြ​သည့် ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​သ​တင်း​တော်​သည် ကောင်း​ပေ​၏'' ဟု​ဆို​၏။
ISA 40:1 သင်​တို့​ဘု​ရား​သ​ခင်​က``ငါ​၏​လူ​မျိုး​တော်​ကို နှစ်​သိမ့်​စေ​ကြ​လော့။ သူ​တို့​ကို​နှစ်​သိမ့်​စေ​ကြ​လော့။
ISA 40:2 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ကို အား​ပေး​ကြ​လော့။ သူ​တို့​သည်​ကြာ​မြင့်​စွာ​ဆင်း​ရဲ​ဒုက္ခ ရောက်​ခဲ့​ကြ​သ​ဖြင့်၊ သူ​တို့​၏​အ​ပြစ်​များ​ကို​ယ​ခု ငါ​ဖြေ​လွှတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ သူ​တို့​အား​ကြား​ပြော​ကြ​လော့။ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​များ အ​တွက် အ​ပြစ်​ဒဏ်​အ​ပြည့်​အ​ဝ​ခတ်​ခဲ့​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။
ISA 40:3 အ​သံ​တစ်​ခု​က``တော​ကန္တာ​ရ​၌​ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရန်​ခ​ရီး​လမ်း​ကို​အ​သင့်​ပြင်​ကြ​လော့၊ ငါ​တို့​ဘု​ရား​သ​ခင်​ကြွ​တော်​မူ​ရန် လမ်း​ကို​ရှင်း​လင်း​ကြ​လော့။
ISA 40:4 ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို​ဖြို​ချ​ရ​ကြ​လိမ့်​မည်။ တောင်​ကုန်း​များ​သည် မြေ​ညီ​ဖြစ်​လျက် ကြမ်း​တမ်း​သည့်​နယ်​မြေ​သည် ချော​မော​၍​လာ​ရ​လိမ့်​မည်။
ISA 40:5 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ တော်​သည် ပေါ်​လွင်​ထင်​ရှား​လာ​မည်​ဖြစ်​၍၊ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ထို​ဘုန်း အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရကြ​လိမ့်​မည်။ ယင်း​သို့​ဖြစ်​ပျက်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​က​တိ​ပြု​တော်​မူ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​သည်။
ISA 40:6 ထို​အ​သံ​က``ကြွေး​ကြော်​လော့'' ဟု​ဆို​သ​ဖြင့် ``အ​ဘယ်​အ​ရာ​ကို​ကြွေး​ကြော်​ရ​ပါ​မည်​နည်း'' ဟု​ငါ​မေး​လျှင် ``လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​တူ ကြောင်း​နှင့် တော​ပန်း​များ​ကဲ့​သို့​တာ​ရှည်​မ​ခံ​ကြောင်း​ကို ကြွေး​ကြော်​လော့။
ISA 40:7 ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သည့်​လေ​နှင့် ထိ​သော​အ​ခါ၊ မြက်​ပင်​သည်​သွေ့​ခြောက်​လျက်​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​၍​သွား​တတ်​၏။ လူ​တို့​သည်​မြက်​ပင်​တ​မျှ​သာ​လျှင် သန်​မာ​ကြ​ပါ​သည်​တ​ကား။
ISA 40:8 မြက်​ပင်​သည်​အ​မှန်​ပင်​ခြောက်​သွေ့​လျက် ပန်း​များ​သည်​လည်း​အ​မှန်​ပင်​ညှိုး​နွမ်း​တတ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျောက်​မ​ပျက်​တတ်'' ဟု ဆို​၏။
ISA 40:9 အို ယေ​ရု​ရှ​လင်​မြို့၊ မြင့်​သော​တောင်​ပေါ်​သို့​တက်​၍၊ သ​တင်း​ကောင်း​ကို​ကြေ​ညာ​လော့။ အို ဇိ​အုန်​တောင်၊ အ​သံ​ကျယ်​စွာ​ဟစ်​၍​သ​တင်း​ကောင်း​ကို ကြေ​ညာ​လော့။ မ​ကြောက်​နှင့်၊ ပွင့်​လင်း​စွာ​ပြော​ကြား​လော့။ ယု​ဒ​မြို့​များ​အား​သူ​တို့​၏​ဘု​ရား​သ​ခင် ကြွ​လာ​စေ​တော်​မူ​မည့်​အ​ကြောင်း​ကို​ပြော​ကြား​လော့။
ISA 40:10 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကယ်​တင်​ထား​တော်​မူ​သည့် လူ​တို့​ကို​ခေါ်​၍ တန်​ခိုး​တော်​နှင့်​အုပ်​စိုး​ရန်​ကြွ​လာ တော်​မူ​လိမ့်​မည်။
ISA 40:11 ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။
ISA 40:12 သ​မုဒ္ဒ​ရာ​ရေ​ကို​လက်​ခုပ်​ဖြင့်​ချင်​တွယ်​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်၊မိုး​ကောင်း​ကင်​ကို​လက်​နှင့်​ထွာ​၍ တိုင်း​တာ​နိုင်​သူ​ရှိ​ပါ​သ​လော။ မြေ​ဆီ​လွှာ​ရှိ​သ​မျှ​ကို​ခွက်​ဖ​လား​တွင်​ထည့် ထား​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်​တောင်​ကြီး​တောင်​ငယ်​တို့​ကို ချိန်​ခွင်​နှင့်​ချိန်​စက်​နိုင်​သူ​ရှိ​ပါ​သ​လော။
ISA 40:13 ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ်​သို့​ပြု​ရ​မည် ဟု ပြော​ဆို​နိုင်​သူ​ရှိ​ပါ​သ​လော။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​သွန်​သင် နိုင်​ပါ​သ​နည်း။ သို့​တည်း​မ​ဟုတ်​အ​ကြံ​ဉာဏ်​ပေး​နိုင် ပါ​သ​နည်း။
ISA 40:14 ဤ​မည်​သော​အ​မှု​တို့​ကို​အ​ဘယ်​သို့​ပြု​ရ မည်​ကို သိ​နိုင်​ရန် အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​များ​ကို​ရ​ရှိ နိုင်​ရန် ကိုယ်​တော်​သည် အ​ဘယ်​သူ​နှင့်​တိုင်​ပင်​တော်​မူ​ပါ​သ​နည်း။
ISA 40:15 ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​လူ​မျိုး​တ​ကာ တို့​သည် ဘာ​မျှ​မ​ဟုတ်​ပါ။ သူ​တို့​သည်​ရေ​စက်​တစ်​စက်​ကဲ့​သို့​သာ ဖြစ်​ပေ​သည်။ ရပ်​ဝေး​ရှိ​ကျွန်း​တို့​သည်​လည်း​မြူ​မှုန်​တ​မျှ သာ​လျှင် အ​လေး​ချိန်​စီး​ကြ​၏။
ISA 40:16 လေ​ဗ​နုန်​တော​တွင်​ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့ သည် ငါ​တို့​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မ​လုံ​လောက်။ ထို​တော​မှ​သစ်​ပင်​တို့​သည်​လည်း​မီး​မွှေး​ရန်​အ​တွက် မ​လုံ​လောက်။
ISA 40:17 လူ​မျိုး​တ​ကာ​တို့​သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌ အ​ချည်း​နှီး​သာ​ဖြစ်​ကြ​၏။
ISA 40:18 ဘု​ရား​သ​ခင်​အား​အ​ဘယ်​သူ​နှင့် နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ပုံ​သဏ္ဌာန်​တော်​ကို​သင်​တို့ အ​ဘယ်​သို့​ဖော်​ပြ​နိုင်​ပါ​မည်​နည်း။
ISA 40:19 ကိုယ်​တော်​သည်​အ​တတ်​ပ​ညာ​သည်​များ​သွန်း လုပ်​၍၊ ပန်း​ထိမ်​ဆ​ရာ​တို့​ရွှေ​ဖြင့်​မွမ်း​မံ​ကာ၊ငွေ အ​ခြေ​ခံ​တွင် တပ်​ဆင်​ထား​သည့်​ရုပ်​တု​နှင့်​မ​တူ။
ISA 40:20 ငွေ၊ရွှေ၊မ​တတ်​နိုင်​သူ​သည်​မ​ဆွေး​မြေ့​နိုင်​သည့် သစ်​သား​ကို​ရွေး​ချယ်​တတ်​၏။ သူ​သည်​မြဲ​မြံ​စွာ​ရပ်​တည်​နိုင်​သည့် ရုပ်​တု​ကို​ပြု​လုပ်​ရန်​ကျွမ်း​ကျင်​သူ​ပန်း​ပု ဆ​ရာ​ကို ရှာ​တတ်​၏။
ISA 40:21 ကမ္ဘာ​မြေ​ကြီး​အ​ဘယ်​သို့​ဖြစ်​ပေါ်​လာ​သည် အ​ကြောင်း​ကို​သင်​တို့​မ​ကြား​ဘူး​ကြ​ပါ​သ​လော။ ရှေး​မ​ဆွ​က​ပင်​လျှင်​သင်​တို့​အား​ဖော်​ပြ​ခဲ့​သူ မ​ရှိ​ပါ​သ​လော။ သင်​တို့​မ​ကြား​ဘူး​ကြ​မ​သိ​ကြ​ပါ​သ​လော။
ISA 40:22 ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။ အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။
ISA 40:23 ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ဘု​ရင်​တို့​ကို ဖြုတ်​ချ​တော်​မူ​၍၊ ထို​သူ​တို့​ကို​မ​ရေ​ရာ​သော​သူ​များ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။
ISA 40:24 သူ​တို့​သည်​စိုက်​ပျိုး​၍​အ​မြစ်​စွဲ​ကာ​စ အ​ပင်​ငယ်​များ​နှင့်​တူ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ကို​တိုက်​စေ​တော်​မူ သော​အ​ခါ၊ ထို​အ​ပင်​တို့​သည်​ခြောက်​သွေ့​၍​ဖွဲ​သ​ဖွယ် လွင့်​ပါ​သွား​ကုန်​၏။
ISA 40:25 မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​နှင့်​နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​နှင့်​တူ​သော​သူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​သ​လော။
ISA 40:26 မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​ရ​သည့်​ကြယ်​များ​ကို​အ​ဘယ်​သူ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း။ ယင်း​တို့​အား​စစ်​သည်​ဗိုလ်​ခြေ​သ​ဖွယ် ထုတ်​ဆောင်​လာ​တော်​မူ​သော​အ​ရှင်​ပင် ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကြယ်​များ​ကို​ရေ​တွက် ထား​တော်​မူ​ပြီး​လျှင်​နာ​မည်​တပ်​၍ ခေါ်​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ​သ​ဖြင့် ထို​ကြယ်​တို့​သည်​တစ်​လုံး​တစ်​လေ​မျှ ပျောက်​ပျက်​သည့်​အ​ခါ​ဟူ​၍​မ​ရှိ။
ISA 40:27 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဆင်း​ရဲ​ဒုက္ခ များ​ကို သိ​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း သင်​တို့​၏​အ​မှု​ကိစ္စ​များ​အ​ဆင်​ပြေ​ရေး​အ​တွက် စိတ်​ဝင်​စား​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ်​ကြောင့်​သင်​တို့​သည် ညည်း​ညူ​ကြ​ပါ​သ​နည်း။
ISA 40:28 ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် တည်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ မ​ကြား​ဘူး​ကြ​ပါ​သ​လော။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မော​ပန်း နွမ်း​လျ​တော်​မ​မူ​ပါ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော် တို့​ကို နား​မ​လည်​နိုင်​ပါ။
ISA 40:29 ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။
ISA 40:30 အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။ လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။
ISA 40:31 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။
ISA 41:1 ဘု​ရား​သ​ခင်​က ``အ​ချင်း​ရပ်​ဝေး​နိုင်​ငံ​တို့၊ ဆိတ်​ဆိတ်​နေ​၍ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​အ​မှု​ကို​ရုံး​တော်​သို့​တင်​ရန်​အ​သင့် ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည်​လျှောက်​လဲ​ပြော​ဆို​နိုင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မှန်​သည်​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် ငါ​တို့​စု​ဝေး​ကြ​ကုန်​အံ့။
ISA 41:2 အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။
ISA 41:3 သူ​သည်​ရန်​သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ကာ ဘေး​မဲ့​လုံ​ခြုံ​စွာ​ဆက်​လက်​ချီ​တက်​ရာ​တွင် လျင်​မြန်​လှ​သ​ဖြင့် သူ​၏​ခြေ​သည်​မြေ​၌​ပင်​မ​ထိ​တော့ ပါ​တ​ကား။
ISA 41:4 ဤ​သို့​ဖြစ်​ပျက်​စေ​သူ​ကား​အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​သည်​သ​မိုင်း​၏​ဖြစ်​ရပ်​များ​ကို စီ​ရင်​ဖန်​တီး​တော်​မူ​ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ကပ်​ကာ​လ​အ​စ က​ပင်​လျှင် ရှိ​နေ​တော်​မူ​ခဲ့​၍၊ ထာ​ဝ​ရ​အ​ရှင်​ငါ​ဘု​ရား​သ​ခင်​သည်​ကပ် ကာ​လ အ​ဆုံး​၌​လည်း​ရှိ​နေ​တော်​မူ​လတ္တံ့။
ISA 41:5 ``ရပ်​ဝေး​နိုင်​ငံ​များ​မှ​လူ​တို့​သည်​ငါ​ပြု သည့်​အ​မှု​ကို တွေ့​မြင်​ရ​ကြ​လေ​ပြီ။ သူ​တို့​သည်​ထိတ်​လန့်​လျက်​ကြောက်​ဒူး​တုန်​၍ နေ​ကြ​သ​ဖြင့် လာ​ရောက်​စု​ဝေး​ကြ​ကုန်​၏။
ISA 41:6 လက်​မှု​ပ​ညာ​သည်​တို့​သည်​အ​ချင်း​ချင်း​ကူ​ညီ ရိုင်း​ပင်း​လျက်​အား​ပေး​စ​ကား​ပြော​ကြား​ကြ​၏။
ISA 41:7 လက်​သ​မား​က​ပန်း​ထိမ်​သည်​အား `သင်​၏​လက်​ရာ​သည်​ကောင်း​လေ​စွ' ဟု​ဆို​၏။ ရုပ်​တု​ကို​အ​ချော​ထု​ရိုက်​သူ​က ယင်း​၏​အ​စိတ်​အ​ပိုင်း​များ​ကို​ဆက်​စပ်​သူ​အား၊ အား​ပေး​စ​ကား​ပြော​ကြား​လေ​၏။ `ဂ​ဟေ​ဆက်​ပုံ​မှာ​ကောင်း​ပေ​သည်' ဟု ပြော​ဆို​သူ​က​ပြော​ဆို​လျက်၊ သူ​တို့​သည်​ရုပ်​တု​ကို​နေ​ရာ​တ​ကျ​သံ​နှင့်​ရိုက်​၍ စိုက်​ထူ​ထား​ကြ​တော့​၏။
ISA 41:8 ``သို့​ရာ​တွင်​ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ ငါ​ရွေး​ချယ်​ထား​သည့်​သင်​တို့​သည်​ငါ​၏​မိတ်​ဆွေ အာ​ဗြ​ဟံ​၏​သား​မြေး​များ​ဖြစ်​ကြ​၏။
ISA 41:9 ငါ​သည်​သင်​တို့​အား​ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ ခေါ်​ယူ​ခဲ့​၏။ မြေ​စွန်း​ရပ်​ဖျား​များ​မှ​ခေါ်​ယူ​ကာ၊သင်​တို့​သည် ကား၊ ငါ​၏​အ​စေ​ခံ​များ​တည်း​ဟု​ဆို​ခဲ့​၏။ ငါ​သည်​သင်​တို့​အား​ပစ်​ပယ်​မည့်​အ​စား ရွေး​ချယ်​တော်​မူ​ခဲ့​၏။
ISA 41:10 မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။
ISA 41:11 အို ငါ​၏​လူ​မျိုး​တော်၊သင်​တို့​ကို​အ​မျက်​ထွက်​သော သူ​တို့​သည်​အ​သ​ရေ​ပျက်​၍​အ​ရှက်​ကွဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။
ISA 41:12 သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ ကွယ်​ပျောက်​သွား​ကြ​လိမ့်​မည်။
ISA 41:13 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍ သင်​တို့​ကို​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​ပါ​၏။ `မ​ကြောက်​ကြ​နှင့်၊ငါ​ကူ​မ​တော်​မူ​မည်' ဟု သင်​တို့​အား​ပြော​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။
ISA 41:14 ထာ​ဝ​ရ​ဘု​ရား​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​၏​အ​မျိုး​သည် သေး​ငယ်​၍ ချည့်​နဲ့​သော်​လည်း၊ မ​ကြောက်​ကြ​နှင့်၊သင်​တို့​ကို​ငါ​ကူ​မ​တော်​မူ မည်။ သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် ငါ​ပင်​ဖြစ်​ပေ​သည်။
ISA 41:15 ငါ​သည်​သင်​တို့​အား​ထက်​မြက်​သည့် အ​သွား​များ​ရှိ​သော​စ​ပါး​နယ်​စက်​အ​သစ် ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ သင်​တို့​သည်​တောင်​ကြီး​များ​ကို​နယ်​၍ ညက်​ညက်​ကြေ​စေ​လိမ့်​မည်။ တောင်​ငယ်​များ​သည်​လည်း​မြေ​မှုန့်​ဖြစ်​၍ သွား​ကြ​လိမ့်​မည်။
ISA 41:16 ယင်း​တို့​ကို​သင်​တို့​သည်​လှေ့​ကြ​လျက် လေ​များ​က​တိုက်​ခတ်​ဆောင်​ယူ​ပြီး​လျှင် မုန်​တိုင်း​များ​က​လွင့်​စင်​သွား​စေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ရ​ကား၊ သင်​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​လိမ့် မည်။ သင်​တို့​သည်​လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင် တည်း ဟူ​သော​ငါ့​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
ISA 41:17 ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊ သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။
ISA 41:18 ငါ​သည်​တောင်​က​တုံး​များ​၌​မြစ်​များ​ဖြစ်​ပေါ်​စေ​၍၊ ချိုင့်​ဝှမ်း​များ​နှင့်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ ငါ​သည်​သဲ​ကန္တာ​ရ​ကို​ရေ​ကန်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သော​မြေ​ယာ​များ​ကို​စမ်း​ရေ​တွင်း များ အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​မည်။
ISA 41:19 ငါ​သည်​သဲ​ကန္တာ​ရ​၌​အာ​ရစ်​ပင်(သစ်​က​တိုး) နှင့် ထ​နောင်း​ပင်၊မု​ရ​တု​ပင်​နှင့် သံ​လွင်​ပင်​များ​ကို​လည်း​ကောင်း​ပေါက်​စေ​မည်။ သစ်​ပင်​မ​ပေါက်​သော​အ​ရပ်​တွင်​ထင်း​ရှူး​ပင် အ​မျိုး​မျိုး​နှင့် အာ​ရဇ်​ပင်​များ ရော​နှော​သည့်​သစ်​တော​များ ပေါက်​ရောက်​လာ​လိမ့်​မည်။
ISA 41:20 ဤ​အ​ချင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ လူ​တို့​သည်​ဤ​အ​မှု​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အ​မှု​ပင်​ဖြစ်​ကြောင်း သိ​ရှိ​လာ​ကြ​လိမ့်​မည်။ ဤ​အ​မှု​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့် ဘု​ရား​သ​ခင်​ဖြစ်​ပွား​စေ​တော်​မူ​ကြောင်း နား​လည်​လာ​ကြ​လိမ့်​မည်။
ISA 41:21 ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​က ``အ​ချင်း​လူ​မျိုး​တ​ကာ​ဘု​ရား​များ​တို့၊ သင်​တို့​၏​အ​မှု​ကို​တင်​ပြ​ကြ​လော့။ သင်​တို့​၏​အ​ခိုင်​မာ​ဆုံး​သော​လျှောက်​လဲ​ချက် များ​ကို ယူ​ဆောင်​လာ​ကြ​လော့။ ဤ​အ​ရပ်​သို့​လာ​၍​အ​နာ​ဂတ်​တွင်​အ​ဘယ်​သို့ ဖြစ်​ပျက်​မည်​ကို​ပြော​ကြား​ကြ​လော့။ အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​ဖြေ​ရှင်း​ဖော်​ပြ​ကာ၊ နောင်​အ​ခါ​၌​ယင်း​တို့​အ​ဘယ်​သို့​အ​ဆုံး​သတ်​မည်​ကို ငါ​တို့​အား​ပြော​ပြ​ကြ​လော့။ သို့​မှ​သာ​လျှင်​ထို​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။
ISA 41:23 အ​နာ​ဂတ်​၌​အ​ဘယ်​အ​ရာ​ဖြစ်​မည်​ကို ငါ​တို့​အား ဖော်​ပြ​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဘု​ရား​များ​ဖြစ် ကြောင်း ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။ သို့​တည်း​မ​ဟုတ်​ဘေး​အန္တ​ရာယ်​တစ်​ခု​ခု​ကို သက်​ရောက်​စေ​ကြ​လော့။ ငါ​တို့​အား​စိုး​ရွံ့​ကြောက်​လန့်​တုန်​လှုပ်​အောင် ပြု​ကြ​လော့။
ISA 41:24 သင်​တို့​နှင့်​သင်​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​သည် အ​ဘယ်​သို့​မျှ​မ​ရေ​ရာ။ သင်​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​လည်း စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​ပါ​သည်​တ​ကား။
ISA 41:25 ``ငါ​သည်​အ​ရှေ့​ပြည်​သား​တစ်​ဦး​ကို ရွေး​ချယ်​ထား​လေ​ပြီ။ သူ့​အား​ခေါ်​ဆောင်​ကာ​အ​ရှေ့​အ​ရပ်​မှ​နေ​၍ တိုက်​ခိုက်​စေ​မည်။ အိုး​ထိန်း​သည်​ရွှံ့​စေး​ကို​ခြေ​ဖြင့်​နင်း​ချေ သ​ကဲ့​သို့ သူ​သည်​ပြည်​ရှင်​မင်း​တို့​အား နင်း​ချေ​ပစ်​လိမ့်​မည်။
ISA 41:26 သင်​တို့​စ​ကား​သည်​မှန်​ပေ​၏​ဟု​ငါ​တို့​ဆို​နိုင် စေ​ရန် ဤ​မည်​သော​အ​မှု​အ​ရာ​ဖြစ်​ပျက်​လိမ့်​မည်​ဟု သင်​တို့​အ​နက်​မှ​အ​ဘယ်​သူ​သည်​ငါ​တို့​အား ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​အ​နာ​ဂတ်​ဟော​စ​တမ်း ထုတ်​ခဲ့​ဖူး​ပါ​သ​နည်း။ သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​ဤ​သို့​မ​ဟော​ပြော ခဲ့ကြ။ ဟော​ပြော​သည်​ကို​ကြား​သူ​လည်း​တစ်​ယောက်​မျှ မ​ရှိ​ပါ​တ​ကား။
ISA 41:27 ဇိ​အုန်​မြို့​သ​တင်း​ကောင်း​ကို​ဦး​စွာ​ပ​ထ​မ ပြော​ကြား​သူ​မှာ​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​တည်း။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​တ​မန်​တစ်​ဦး​ကို စေ​လွှတ်​၍ ``သင်​တို့​၏​အ​မျိုး​သား​များ​သည်​ပြန်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်'' ဟု ပြော​ကြား​စေ​ခဲ့​၏။
ISA 41:28 ငါ​သည်​ဘု​ရား​များ​ကို​ကြည့်​လိုက်​သော​အ​ခါ သူ​တို့​သည်​ငါ့​အား​စ​ကား​တစ်​ခွန်း​တစ်​လေ ကို​မျှ​မ​ပြော​ကြ။ ငါ​မေး​သည့်​မေး​ခွန်း​များ​ကို​လည်း​အ​ဘယ် သူ​မျှ ပြန်​၍​မ​ဖြေ​နိုင်​ကြ။
ISA 41:29 ထို​ဘု​ရား​အား​လုံး​ပင်​လျှင်​အ​ရာ​မ​ဝင်။ သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ သူ​တို့​၏​ရုပ်​တု​များ​သည်​လည်း​ချည့်​နဲ့​၍ တန်​ခိုး​မ​ရှိ​ကြ။''
ISA 42:1 ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။
ISA 42:2 သူ​သည်​အော်​ဟစ်​၍​အ​သံ​ကို​လွှင့်​၍ စ​ကား​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။ လမ်း​များ​ပေါ်​တွင်​လည်း​ကျယ်​လောင်​စွာ​မိန့် ခွန်း စ​ကား​များ​ကို​ပြော​ကြား​လိမ့်​မည်​မ​ဟုတ်။
ISA 42:3 သူ​သည်​ကောက်​နေ​သော​ကူ​ရိုး​ကို​မ​ချိုး၊ မှိတ် တုတ် မှိတ်​တုတ်၊ သေ​ခါ​နီး​မီး​ကို​မ​ငြိမ်း​သတ်​ဘဲ​ရှိ လိမ့်​မည်။ သူ​သည်​လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။
ISA 42:4 သူ​သည်​စိတ်​ပျက်​အား​လျော့​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​စွာ​စီ​ရင် အုပ်​ချုပ်​မှု​ကို​တည်​တံ့​ခိုင်​မြဲ​စေ​လိမ့်​မည်။ ရပ်​ဝေး​နိုင်​ငံ​များ​သည်​လည်း​သူ​၏​သြ​ဝါ​ဒ ကို စိတ်​ဝင်​စား​စွာ​စောင့်​မျှော်​ကြ​လိမ့်​မည်။''
ISA 42:5 ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၍​ဖြန့်​ကျက်​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား​လည်း၊ အ​သက်​နှင့်​ထွက်​သက်​ဝင်​သက်​ကို​ပေး​တော် မူ​၏။ ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ အ​စေ​ခံ​အား​ပြော​သည်​မှာ၊
ISA 42:6 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ခေါ်​ယူ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​စေ​ရန် တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။ သင့်​အား​ဖြင့်​ငါ​သည်​လူ​များ​နှင့်​ပ​ဋိ​ညာဉ် ပြု​လျက် နိုင်​ငံ​များ​အ​ပေါ်​သို့​အ​လင်း​ကို​ဆောင်​စေ မည်။
ISA 42:7 သင်​သည်​မျက်​မ​မြင်​တို့​အား​မျက်​စိ​ပွင့်​လင်း လာ​စေ​၍ အ​ချုပ်​ထောင်​အ​မှောင်​ခန်း​များ​ရှိ​လူ​တို့​အား အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​လိမ့်​မည်။
ISA 42:8 ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘုန်း​အ​သ​ရေ​ကို​အ​ခြား​အ​ဘယ် ဘု​ရား​မျှ ခံ​ယူ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မိ​မိ​အား​ရုပ်​တု​များ​နှင့်​အ​တူ​ထော​မ​နာ ပြု​ခွင့်​ကို​လည်း​ပေး​လိမ့်​မည်​မ​ဟုတ်။
ISA 42:9 ငါ​ကြို​တင်​ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​များ သည် ယ​ခု​ဖြစ်​ပျက်​လာ​လေ​ပြီ။ ယ​ခု​တစ်​ဖန်​ငါ​သည်​သင့်​အား​ဆန်း​သစ်​သည့် အ​မှု​အ​ရာ​များ​ကို ယင်း​တို့​အ​စ​ပြု​၍​မ​ပေါ်​ပေါက်​မီ​ပင်​ဖော်​ပြ ပါ​အံ့။''
ISA 42:10 သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လော့။ ပင်​လယ်​တွင်​ကူး​သန်း​သွား​လာ​သူ​တို့​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပင်​လယ်​သတ္တ​ဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ရပ်​ဝေး​နိုင်​ငံ​များ​နှင့်​ယင်း​တို့​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ​လော့။
ISA 42:11 တော​ကန္တာ​ရ​နှင့်​ထို​အ​ရပ်​ရှိ​မြို့​များ​သည် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကေ​ဒါ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ သေ​လ​မြို့​သူ​မြို့​သား​တို့​သည်​တောင်​ထိပ်​များ​မှ​နေ​၍ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​စေ။
ISA 42:12 ရပ်​ဝေး​နိုင်​ငံ​သား​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​ပြု​၍၊ ဘုန်း​အ​သ​ရေ​တော်​ကို​ဖော်​ပြ ကြ​စေ။
ISA 42:13 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​ရဲ​ကောင်း​ကဲ့​သို့​စစ်​တိုက်​ရန် ထွက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​၍ စိတ်​စော​လျက်​နေ​တော်​မူ​၏။ ကိုယ်​တော်​သည်​စစ်​တိုက်​သံ​ကြွေး​ကြော်​လျက် မိ​မိ​၏ ရန်​သူ​တို့​အား​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​၏။
ISA 42:14 ဘု​ရား​သ​ခင်​က ``ငါ​သည်​ကာ​လ​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ ငါ​၏​လူ​မျိုး​တော်​အား​အ​ဖြေ​မ​ပေး​ခဲ့။ သို့​ရာ​တွင်​ယ​ခု​အ​ရေး​ယူ​ဆောင်​ရွက်​ရန် အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​သည်​သား​ဖွား​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​သူ အ​မျိုး​သ​မီး​ကဲ့​သို့​အော်​ဟစ်​ပါ​၏။
ISA 42:15 ငါ​သည်​တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ဖျက်​၍ မြက်​နှင့်​သစ်​ပင်​များ​ကို​ခြောက်​သွေ့​စေ​မည်။ ငါ​သည်​မြစ်​ဝှမ်း​တို့​ကို​သဲ​က​န္တာ​ရ​များ အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​၍​ရေ​ကန်​များ​ကို​ခန်း​ခြောက်​စေ​မည်။
ISA 42:16 ``ငါ​သည်​မိ​မိ​၏​မျက်​မ​မြင်​လူ​စု​အား သူ​တို့​မ​သွား​ဘူး​သော​လမ်း​ခ​ရီး​ဖြင့် ခေါ်​ဆောင်​သွား​မည်။ ငါ​သည်​သူ​တို့​၏​ရှေ့​တွင်​အ​မှောင်​ကို​အ​လင်း ဖြစ်​စေ​၍၊ ကြမ်း​တမ်း​သော​ခ​ရီး​ကို​ချော​မော​သွား​စေ​မည်။ ဤ​အ​မှု​အ​ရာ​ကို​ငါ​ပြု​မည်။ မ​ပြု​ဘဲ နေ​လိမ့်​မည်​မ​ဟုတ်။
ISA 42:17 ရုပ်​တု​များ​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့​သည် လည်း​ကောင်း၊ ရုပ်​တု​များ​ကို​မိ​မိ​တို့​၏​ဘု​ရား​ဟု​ခေါ်​ဝေါ်​ကြ သူ​တို့​သည်​လည်း​ကောင်း ရှုတ်​ချခြင်း​ကို​ခံ​ရ​၍​အ​သ​ရေ​ပျက်​ကြ​လိမ့် မည်။''
ISA 42:18 ထာ​ဝ​ရ​ဘု​ရား​က ``အ​ချင်း​နား​ဆွံ့​သူ​တို့​နား​ထောင်​ကြ​လော့။ အ​ချင်း​မျက်​မ​မြင်​တို့​သေ​ချာ​စွာ​ကြည့်​ကြ​လော့။
ISA 42:19 ငါ​၏​အ​စေ​ခံ​ထက်​ပို​၍​မျက်​စိ​ကန်း​သူ၊ ငါ​စေ​လွှတ်​လိုက်​သည့်​တ​မန်​တော်​ထက်​ပို​၍ နား​ဆွံ့​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။
ISA 42:20 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​သင်​တို့​သည် တွေ့​မြင်​ရ​မှု​များ​သော်​လည်း၊ ထို​အ​မှု​တို့​သည်​သင်​တို့​အ​တွက်​အ​ဘယ်​သို့ အ​ဋ္ဌိ​ပ္ပါယ်​ရှိ​သ​နည်း။ သင်​တို့​တွင်​ကြား​တတ်​သော​နား​များ​ရှိ​သော်​လည်း အ​ဘယ်​အ​ရာ​ကို​သင်​တို့​အ​မှန်​တ​ကယ် ကြား​ကြ​လေ​ပြီ​နည်း'' ဟု​မိန့်​တော်​မူ​၏။
ISA 42:21 ထာ​ဝ​ရ​ဘု​ရား​သည်​ကယ်​တင်​ရန်​စိတ်​စော လျက်​နေ​သည့် ဘု​ရား​သ​ခင်​ဖြစ်​၍၊ ကိုယ်​တော်​သည်​မိ​မိ​၏​တ​ရား​တော်​ကို ရို​သေ​လေး​စား​ကြ​ရန်​အ​လို​ရှိ​တော်​မူ​၏။
ISA 42:22 သို့​ရာ​တွင်​ယ​ခု​အ​ခါ​ကိုယ်​တော်​၏​လူ​စု​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​အ​ကျဉ်း​ထောင်​အ​မှောင်​ခန်း​များ​တွင် သော့​ခတ်​၍​ဝှက်​ထား​ကြ​၏။ ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဘဲ သူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​လေ​သည်။
ISA 42:23 သင်​တို့​အ​ထဲ​မှ​အ​ဘယ်​သူ​သည်​ဤ​စ​ကား​ကို နား​ထောင်​ပါ​မည်​နည်း။ သင်​တို့​သည်​ယ​ခု​အ​ချိန်​မှ​စ​၍​သေ​ချာ​စွာ နား​ထောင်​ကြ​မည်​လော။
ISA 42:24 အ​ဘယ်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊ တိုက်​ခိုက်​လု​ယက်​သူ​တို့​လက်​သို့​အပ်​နှံ​ပါ သ​နည်း။ ထို​သူ​ကား​ငါ​တို့​ပြစ်​မှား​ကြ​သည့်​ထာ​ဝ​ရ ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သ​ကဲ့​သို့ မ​နေ​မ​ထိုင်​ကြ။ ကိုယ်​တော်​ပေး​တော်​မူ​သည့်​သြ​ဝါ​ဒ​တော်​တို့​ကို​လည်း မ​လိုက်​လျှောက်​ကြ။
ISA 42:25 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ​တို့​အား​မိ​မိ​၏ အ​မျက်​တော်​အ​ရှိန်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သော​စစ်​မက်​အန္တ​ရာယ်​ကို​လည်း​ကောင်း ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​တွင် တောက်​လောင်​လျက်​ရှိ​၏။ သို့​ရာ​တွင်​အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​နေ သည်​ကို ငါ​တို့​မ​သိ​ကြ။ ငါ​တို့​သည်​ထို​အ​မှု​အ​ရာ​မှ​အ​ဘယ် သင်​ခန်း​စာ​ကို​မျှ​မ​ရ​ကြ။
ISA 43:1 အို ဣ​သ​ရေ​အ​မျိုး​သား​တို့၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​က ``မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​ငါ​ကွယ်​ကာ စောင့်​ရှောက်​မည်။ သင်​တို့​အား​နာ​မည်​တပ်​၍​ငါ​ခေါ်​ယူ​ပြီ။ သင်​တို့​ကို​ငါ​ပိုင်​၏။
ISA 43:2 သင်​တို့​သည်​ရေ​နက်​ထဲ​သို့​လျှောက်​သွား​ရ​သော​အ​ခါ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ဆင်း​ရဲ​ဒုက္ခ​များ​သည်​သင်​တို့​ကို​လွှမ်း​မိုး ရ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​မီး​ထဲ​သို့​လျှောက်​သွား​ရ​သော အ​ခါ မီး​အ​လောင်​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ပြင်း​ထန်​သော​စုံ​စမ်း​ခြင်း​များ​သည်​သင်​တို့​ကို ထိ​ခိုက်​နစ်​နာ​စေ​လိမ့်​မည်​မ​ဟုတ်။
ISA 43:3 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သော ဘု​ရား​သ​ခင်၊ သင်​တို့​ကို​ကယ်​တင်​သော​အ​ရှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့်​တည်း။ ငါ​သည်​သင်​တို့​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ခွင့် ရ​ရှိ​ကြ​စေ​ရန် အီ​ဂျစ်​ပြည်​ကို​စွန့်​လွှတ်​မည်။ ဆူ​ဒန်​ပြည်​နှင့် သေ​ဘ​ပြည်​ကို​ငါ​စွန့်​လွှတ်​မည်။
ISA 43:4 သင်​တို့​သည်​ငါ့​အ​ဖို့​အ​လွန်​အ​ဖိုး​တန်​သူ​များ ဖြစ်​ပြီး ငါ​ချစ်​မြတ်​နိုး​၍​ဂုဏ်​ပြု​ချီး​မြှင့်​သူ​များ​ဖြစ် သ​ဖြင့် ငါ​သည်​သင်​တို့​၏​အ​သက်​ကို​ကယ်​ရန် လူ​မျိုး​စု​တို့​ကို​စွန့်​လွှတ်​မည်။
ISA 43:5 မ​ကြောက်​ကြ​နှင့်​ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ``ဝေး​လံ​သော​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်၊ အ​စွန်​ဆုံး​ဒေ​သ​မှ​သင်​တို့​အ​မျိုး​သား​များ ကို မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​ခဲ့​မည်။
ISA 43:6 သူ​တို့​အား​ထွက်​ခွာ​ခွင့်​ပြု​ရန် မြောက်​အ​ရပ်​ကို​လည်း​ကောင်း၊ သူ​တို့​အား​ဆီး​တား​၍​မ​ထား​ရန် တောင်​အ​ရပ်​ကို​လည်း​ကောင်း​ငါ​ပြော​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​ရပ်​ဝေး​နိုင်​ငံ​များ​မှ​ငါ​၏ လူ​မျိုး​တော်​များ​ပြန်​လာ​ကြ​ပါ​စေ၊
ISA 43:7 သူ​တို့​သည်​ငါ​ပိုင်​သည့်​လူ​မျိုး​တော် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​ရန် ငါ​ဖန်​ဆင်း​ထား​သူ​များ​ဖြစ်​ပေ​သည်'' ဟု မိန့်​တော်​မူ​၏။
ISA 43:8 ဘု​ရား​သ​ခင်​က ``ငါ​၏​လူ​မျိုး​တော်​ကို​တ​ရား​ရုံး​တော်​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​သည်​မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​ပါ​တ​ကား။
ISA 43:9 လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့် မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊ အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။
ISA 43:10 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ​၏​အ​သိ​သက်​သေ​များ​တည်း။ သင်​တို့​ငါ့​အား​သိ​ကျွမ်း​ယုံ​ကြည် ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ​သည်​တစ်​ဆူ​တည်း​သော​ဘု​ရား​ဖြစ်​ကြောင်း သိ​ရှိ​နား​လည်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​အား​ငါ​၏​အ​စေ​ခံ​လူ​မျိုး အ​ဖြစ် ရွေး​ချယ်​ခဲ့​ပေ​သည်။ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။ အ​ဘယ်​အ​ခါ​က​မျှ​မ​ရှိ​ခဲ့။ နောင်​ကို​လည်း ရှိ​လိမ့်​မည်​မ​ဟုတ်။
ISA 43:11 ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​တို့​အား ကယ်​တင်​တော်​မူ​နိုင်​၏။
ISA 43:12 ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ကြို​တင် ဖော်​ပြ​၍၊သင်​တို့​အား​ကူ​မ​ရန်​ကြွ​လာ​ခဲ့​ပေ သည်။ အ​ဘယ်​မည်​သော​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​မျှ ဤ​သို့​ပြု​ခဲ့​ဖူး​သည်​မ​ရှိ။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ ဖြစ်​ကြ​၏။
ISA 43:13 ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။ နောင်​ကို​လည်း​အ​စဉ်​အ​မြဲ​ဤ​သို့​ဖြစ်​၍​နေ မည်​သာ၊ ငါ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သူ​မျှ​လု​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်၊ ငါ​ပြု​သော​အ​မှု​ကို​အ​ဘယ်​သူ​မျှ​မ​ပြင် နိုင်​ရာ'' ဟု​မိန့်​တော်​မူ​၏။
ISA 43:14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊ သင်​တို့​ကို​ကယ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အား​ကယ်​ရန်​စစ်​သည်​ဗိုလ်​ခြေ တို့​ကို ဗာ​ဗု​လုန်​ပြည်​သို့​စေ​လွှတ်​မည်။ မြို့​တံ​ခါး​များ​ကို​ငါ​ဖျက်​ချ​မည်။ မြို့​သူ​မြို့​သား​တို့​၏​ကြွေး​ကြော်​သံ​သည် ငို​ကြွေး​သံ​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။
ISA 43:15 ငါ​သည်​သင်​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သင်​တို့​အား ငါ​ဖန်​ဆင်း​ခဲ့​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
ISA 43:16 ရှေး​အ​ခါ​က၊ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ် ဝဲ​သြ​ဃ​ကို ဖြတ်​၍​လမ်း​ဖောက်​တော်​မူ​ခဲ့​၏။
ISA 43:17 ကိုယ်​တော်​သည်​ရ​ထား​တပ်၊ မြင်း​တပ်​များ​နှင့် အင်​အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ချေ​တို့​ကို ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​၏။ သူ​တို့​သည်​ငြိမ်း​သတ်​လိုက်​သည့် ဖ​ယောင်း​တိုင်​မီး​သ​ဖွယ်​န​လံ​မ​ထူ​နိုင်​အောင် ပြို​လဲ​၍​သွား​ကြ​ကုန်​၏။
ISA 43:18 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ``အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​စွဲ​လန်း​၍ မ​နေ​ကြ​နှင့်။ ရှေး​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ဆို​၍​မ​နေ​ကြ​နှင့်။
ISA 43:19 ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊ သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။
ISA 43:20 တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​ငါ​၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​ကူး​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​လူ​တို့ ရေ​ရ​ရှိ​ရေး​အ​တွက်၊သဲ​ကန္တာ​ရ​တွင်​မြစ်​ရေ များ​ကို စီး​ဆင်း​စေ​သော​အ​ခါ၊ ခွေး​အ​များ​နှင့်​ငှက်​ကု​လား​အုတ်​များ​သည် ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
ISA 43:21 ထို​လူ​မျိုး​တော်​ကား​မိ​မိ​အ​ဖို့​ငါ ဖန်​ဆင်း​ခဲ့​သူ​များ​ဖြစ်​၏။ သူ​တို့​သည်​လည်း​ငါ့​ကို​ထော​မ​နာ​ပြု​ကြ လိမ့်​မည်။
ISA 43:22 ထာ​ဝ​ရ​ဘု​ရား​က ``သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ကို​ခံ​ရ​သူ​မှာ ငါ​မ​ဟုတ်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ့​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ငြီး​ငွေ့​လျက်​ရှိ​ကြ​၏။
ISA 43:23 သင်​တို့​သည်​မိ​မိ​တို့​မီး​ရှို့​ပူ​ဇော်​ရာ​သိုး​များ​ကို ငါ့​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ကြ။ သင်​တို့​၏​ယဇ်​များ​ဖြင့်​ဂုဏ်​ပြု​ချီး​မြှောက်​ခြင်း ခံ​ရ​သူ​မှာ​လည်း​ငါ​မ​ဟုတ်။ ငါ​သည်​ပူ​ဇော်​သကာ​များ​ကို​တောင်း​ဆို​ခြင်း အား​ဖြင့် သင်​တို့​အား​ဝန်​မ​လေး​စေ​ပါ။ မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​ကို တောင်း​ဆို​ခြင်း​အား​ဖြင့်​လည်း​သင်​တို့​စိတ်​ကို မ​ငြီး​ငွေ့​စေ​ပါ။
ISA 43:24 သင်​တို့​သည်​ငါ့​အား​ပူ​ဇော်​ရန်​နံ့​သာ​ပေါင်း​ကို မ​ဝယ်​ကြ။ ယဇ်​ကောင်​ဆီ​ဥ​နှင့်​လည်း​ငါ့​အား​မ​ရောင့်​ရဲ​စေ​ကြ။ ယင်း​သို့​ပြု​မည့်​အ​စား​သင်​တို့​သည်​မိ​မိ​တို့ အ​ပြစ်​များ​ဖြင့်​ငါ့​ကို​ဝန်​လေး​စေ​ကြ​၏။ မိ​မိ​တို့​ပြု​သည့်​အ​မှား​များ​ဖြင့်​ငါ့​ကို ငြီး​ငွေ့​စေ​ကြ​လေ​ပြီ။
ISA 43:25 သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊ သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။
ISA 43:26 ``တ​ရား​ရုံး​တော်​သို့​ငါ​တို့​သွား​ကြ​ကုန်​အံ့။ သင်​တို့​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့။ သင်​တို့​ဘက်​မှ​မှန်​ကန်​ကြောင်း​သက်​သေ​ခံ အ​ထောက်​အ​ထား​ပြ​နိုင်​ရန်၊ သင်​တို့​၏​အမှု​ကို​တင်​ပြ​ကြ​လော့။
ISA 43:27 သင်​တို့​ပ​ထ​မ​အ​ဦး​ဆုံး​ဘိုး​ဘေး​ဖြစ် သူ​သည် အ​ပြစ်​ကူး​လွန်​ခဲ့​၏။ သင်​တို့​၏​ခေါင်း​ဆောင်​များ​က​ငါ့​ကို​ပြစ်​မှား ကြ​၏။
ISA 43:28 သင်​တို့​ဘု​ရင်​များ​သည်​ငါ​၏​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​၏။ ထို့​ကြောင့်​ငါ​သည်​ဣ​သ​ရေ​လ​ပြည်​ကို ပျက်​ပြုန်း​စေ​၍၊ ငါ​၏​လူ​မျိုး​တော်​အား​အ​သ​ရေ ပျက်​စေ​လေ​သည်။
ISA 44:1 ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်၊ ယာ​ကုပ်​၏ သား​မြေး​တို့၊ယ​ခု​နား​ထောင်​ကြ​လော့။
ISA 44:2 ငါ​သည်​သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ငါ​သည် သင်​တို့​အား​ကူ​မ​ခဲ့​လေ​ပြီ။ မ​ကြောက်​ကြ​နှင့်၊ သင်​တို့​သည် ငါ​၏​အ​စေ​ခံ၊ ငါ​ချစ်​မြတ်​နိုး​၍​ရွေး​ချယ်​ထား​သည့် လူ​မျိုး​တော်​ဖြစ်​ကြ​၏။
ISA 44:3 ``ငါ​သည်​ရေ​ငတ်​သည့်​ပြည်​တွင်​မိုး​ရွာ​သွန်း​စေ​မည်။ သဲ​ကန္တာ​ရ​တွင်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ သင်​တို့​၏​သား​သ​မီး​များ​အ​ပေါ်​တွင်​ငါ​၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ သင်​တို့​သား​မြေး​များ​အ​ပေါ်​တွင်​ငါ​၏ ကောင်း​ချီး မင်္ဂ​လာ​များ​ကို​လည်း​ကောင်း​သွန်း​လောင်း​မည်။
ISA 44:4 သူ​တို့​သည်​ရေ​ကောင်း​စွာ​ရ​သည့်​မြက်​များ ကဲ့​သို့ ရေ​စီး​သော​ချောင်း​အ​နီး​ရှိ​မိုး​မ​ခ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​ဝေ​ဆာ​လျက်​နေ​ကြ​လိမ့်​မည်။
ISA 44:5 ``လူ​တို့​သည်​တစ်​ယောက်​ပြီး​တစ်​ယောက် `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​ဖြစ်​ပါ​သည်' ဟု ပြော​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် အ​တူ လာ​ရောက်​နေ​ထိုင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​လက်​မောင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ရေး​မှတ်​ကာ၊ မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဟု မှည့်​ခေါ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။
ISA 44:6 ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စိုး​ရ​၍​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင် အောင် တည်​နေ​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။
ISA 44:7 ငါ​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​ပြု​နိုင်​၍​ကပ် ကာ​လ​အ​စ​မှ အ​ဆုံး​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို ပြတ်​သား​စွာ​ကြို​တင်​ဖော်​ပြ​နိုင်​သူ​တစ်​စုံ တစ်​ယောက် ရှိ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
ISA 44:8 အို ငါ​၏​လူ​မျိုး​တော်၊ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​မှ​စ​၍ ယ​ခု​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​မှန် သ​မျှ​ကို ကြို​တင်​ကြေ​ညာ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ​ဖြစ် ကြ​ပါ​သည်​တ​ကား။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​ရှိ​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​မျှ​ငါ​မ​ကြား​ဘူး​သည့် တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင်​ရှိ​ပါ​သ​လော။
ISA 44:9 ရုပ်​တု​ဆင်း​တု​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် တန်​ဖိုး​မဲ့​သူ​များ​ဖြစ်​၍ သူ​တို့​အ​မြတ်​တ​နိုး ထား​သည့်​ဘု​ရား​များ​သည်​လည်း​အ​သုံး​မ​ဝင် ကြ။ ထို​ဘု​ရား​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သော​သူ​တို့​သည်​မျက်​စိ​ကန်း​သူ​များ၊ အ​သိ ပ​ညာ​ကင်း​မဲ့​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။-
ISA 44:10 ဘု​ရား​အဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက် ရုပ်​တု​ကို​သွန်း​လုပ်​မှု​သည်​အ​ကျိုး​မ​ရှိ ပါ​တ​ကား။-
ISA 44:11 ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​မှန်​သ​မျှ သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရုပ်​တု​ဆင်း တု​များ​ကို​သွန်း​လုပ်​သူ​တို့​သည် သာ​မန်​လူ သား​များ​သာ​လျှင်​ဖြစ်​ပေ​သည်။ သူ​တို့​သည် ငါ​၏​ရှေ့​တော်​သို့​လာ​ရောက်​၍​အ​စစ်​အ​ဆေး ခံ​ကြ​ပါ​လေ​စေ။ သူ​တို့​သည်​ထိတ်​လန့် တုန်​လှုပ်​ကာ​အ​ရှက်​ကွဲ​ရ​ကြ​လိမ့်​မည်။
ISA 44:12 ပန်း​ပဲ​သ​မား​သည်​သံ​ကို​ယူ​ပြီး​လျှင်​မီး​တွင် ဖုတ်​၏။ ထို​နောက်​မိ​မိ​၏​သန်​မာ​သော​လက်​ရုံး ကို​လွှဲ​၍​သံ​တူ​နှင့်​ထု​ကာ​ပုံ​ဖော်​ပေး​၏။ သူ သည်​အ​စာ​ရေ​စာ​မွတ်​သိပ်​၍​မော​ပန်း​တတ် သူ​ဖြစ်​၏။
ISA 44:13 ပန်း​ပု​သ​မား​သည်​သစ်​သား​ကို​တိုင်း​တာ​ပြီး လျှင် ရုပ်​ပုံ​တစ်​ခု​ကို​မြေ​ဖြူ​နှင့်​ရေး​ဆွဲ​၍ မိ​မိ ၏​တန်​ဆာ​ပ​လာ​များ​ဖြင့်​ထု​လုပ်​တတ်​၏။ သူ သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင်​ထား​ရှိ ရန်​အ​တွက် လှ​ပ​သော​လူ​ရုပ်​တစ်​ခု​ကို​ထု လုပ်​လေ​သည်။-
ISA 44:14 သူ​သည်​မိ​မိ​အသုံး​ပြု​ရန်​အာ​ရဇ်​ပင်(သစ်​က​တိုး) ကို​ခုတ်​လှဲ​ရ​၏။ တော​မှ​ဝက်​သစ်​ချ​သား၊ သို့​မ ဟုတ်​ထင်း​ရှူး​သား​ကို​ရွေး​ချယ်​ရာ​၏။ ထို​သို့ မ​ဟုတ်​သေး​လျှင်​လည်း​သ​ပိတ်​ပင်​ကို​စိုက်​ပျိုး ကာ​အ​ပင်​ပေါက်​၍​ရင့်​သန်​လာ​စေ​ရန်​မိုး ကို​စောင့်​မျှော်​တတ်​၏။-
ISA 44:15 လူ​သည်​သစ်​ပင်​တစ်​ပိုင်း​ကို​ထင်း​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ အ​ခြား​တစ်​ပိုင်း​ကို​ရုပ်​တု​ထု လုပ်​ရန်​လည်း​ကောင်း​အ​သုံး​ပြု​တတ်​၏။ သစ် ပင်​တစ်​ပိုင်း​ဖြင့်​မီး​လှုံ​ရန်​နှင့်​မုန့်​ဖုတ်​ရန်​မီး ကို​မွှေး​၍​အ​ခြား​တစ်​ပိုင်း​ဖြင့် နတ်​ဘု​ရား ရုပ်​တု​လုပ်​ကာ​ဝတ်​ပြု​ကိုး​ကွယ်​တတ်​လေ သည်။-
ISA 44:16 သူ​သည်​သစ်​သား​အ​ချို့​ဖြင့်​မီး​ကို​မွှေး​ပြီး လျှင် အ​မဲ​သား​ကို​ကင်​၍​စား​ကာ​ရောင့်​ရဲ လျက်​နေ​တတ်​၏။ သူ​သည်​မီး​လှုံ​လျက်​နေ ရင်း``ယ​ခု​ငါ​သည်​ပူ​နွေး​၍​လာ​လေ​ပြီ။ ဤ​မီး​သည်​အ​လွန်​နှစ်​သက်​ဖွယ်​ကောင်း ပါ​သည်​တ​ကား'' ဟု​ဆို​တတ်​၏။-
ISA 44:17 ထို​နောက်​သူ​သည်​အ​ခြား​ကျန်​ရှိ​သော​သစ် သား​ဖြင့်​ရုပ်​တု​တစ်​ခု​ကို​ထု​လုပ်​ပြီး​လျှင် ဦး​ချ​ဝတ်​ပြု​၍ ထို​ရုပ်​တု​အား``အ​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကယ်​မ​တော်​မူ​ပါ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​၏။
ISA 44:18 ဤ​သို့​သော​လူ​တို့​သည်​မိုက်​မဲ​ထုံ​ထိုင်း​လှ သ​ဖြင့် မိ​မိ​တို့​အ​ဘယ်​အ​မှု​ကို​ပြု​လျက် နေ​သည်​ကို​ပင်​မ​သိ​ကြ။ အ​မှန်​တ​ရား​ကို မ​မြင်​မ​သိ​နိုင်​ရန် မိ​မိ​တို့​၏​မျက်​စိ​များ နှင့်​စိတ်​နှ​လုံး​တံ​ခါး​များ​ကို​ပိတ်​ထား ကြ​၏။-
ISA 44:19 ``ငါ​သည်​သစ်​သား​အ​ချို့​ကို​မီး​ဆိုက်​လိုက် ၏။ မီး​ကျီး​ခဲ​များ​ဖြင့်​မုန့်​ကို​ဖုတ်​ကာ​အ​မဲ သား​ကို​ကင်​၍​စား​၏။ ကျန်​ရှိ​နေ​သော​သစ် သား​ဖြင့်​ရုပ်​တု​တစ်​ခု​ကို​ပြု​လုပ်​၏။ ယ​ခု ငါ​သည်​ထို​သစ်​သား​တုံး​၏​ရှေ့​၌​ဦး​ညွှတ် ပြပ်​ဝပ်​လျက်​နေ​ပါ​သည်​တ​ကား'' ဟု​ပြော ဆို​နိုင်​လောက်​အောင်​ရုပ်​တု​ထု​လုပ်​သူ​တွင် အ​သိ​အ​လိမ္မာ​ဉာဏ်​အ​မြော်​အ​မြင်​မ​ရှိ။
ISA 44:20 သူ​ပြု​သော​အ​မှု​သည်​မီး​ဖို​ပြာ​ကို​စား​သ ကဲ့​သို့ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​ပေ​၏။ မိ​မိ ၏​မိုက်​မှား​သော​အ​တွေး​အ​ခေါ်​များ​က သူ့​ကို​လမ်း​လွဲ​၍​နေ​စေ​၏။ သို့​ဖြစ်​၍​သူ့ အား​ကူ​ညီ​ပြု​စု​ပေး​ရန်​ပင်​မ​ဖြစ်​နိုင် တော့​ပေ။ သူ​သည်​မိ​မိ​လက်​တွင်​ကိုင်​ထား သည့်​ရုပ်​တု​မှာ​ဘု​ရား​လုံး​ဝ​မ​ဟုတ် ကြောင်း​ကို​မ​သိ။
ISA 44:21 ထာ​ဝ​ရ​ဘု​ရား​က ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​အ​ကြောင်း​အ​ရာ​များ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​များ​ဖြစ်​သည် ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​အား​ငါ့​၏​အ​စေ​ခံ​များ​အ​ဖြစ်​ဖြင့် ငါ​ဖန်​ဆင်း​ခဲ့​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​လိမ့်​မည်​မ​ဟုတ်။
ISA 44:22 ငါ​သည်​သင်​တို့​၏​အ​ပြစ်​များ​ကို မိုး​တိမ်​သ​ဖွယ် လွင့်​စင်​သွား​စေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သင်​တို့​ကို ကယ်​တင်​သူ​ကား​ငါ​ပင်​ဖြစ်​၏။''
ISA 44:23 အ​ချင်း​မိုး​ကောင်း​ကင်၊ ဝမ်း​မြောက်​ရွှင်​လန်း စွာ ကြွေး​ကြော်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ရှိ​နက်​ရှိုင်း​ရာ​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ​နှင့်​တော​မှ​သစ်​ပင်​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​၍၊ မိ​မိ​၏ ဘုန်း​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပြီ။
ISA 44:24 ``ငါ​သည်​သင်​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကယ်​တင်​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​သည့် ထာ​ဝ​ရ​ဘု​ရား​တည်း။ မိုး​ကောင်း​ကင်​ကို​ငါ​တစ်​ပါး​တည်း​ဖြန့်​ကြက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ကို​ငါ​ဖန်​ဆင်း​သော​အ​ခါ အ​ဘယ်​သူ​မျှ​ငါ့​အား​မ​ကူ​ညီ​ခဲ့​ကြ။
ISA 44:25 ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။
ISA 44:26 သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန် တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့် ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။
ISA 44:27 ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။
ISA 44:28 ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။ သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန် အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။
ISA 45:1 ကု​ရု​ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် ပေး​တော်​မူ​သော​သူ​ဖြစ်​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​ကို နှိမ်​နင်း​အောင်​မြင်​ရန်​သူ့​အား​ခန့်​ထား​တော် မူ​၏။ ကိုယ်​တော်​သည်​ပြည်​ရှင်​မင်း​တို့​၏​တန်​ခိုး အာ​ဏာ​ကို ရုပ်​သိမ်း​ရန်​သူ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​တွက်​မြို့​တံ​ခါး များ​ကို ဖွင့်​ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​က​ကု​ရု​ဘု​ရင်​အား
ISA 45:2 ``ငါ​ကိုယ်​တိုင်​ပင်​တောင်​ကြီး​တောင်​ငယ်​တို့ ကို​ဖြို​၍၊ သင်​၏​အ​တွက်​ခ​ရီး​လမ်း​ကို​ပြင်​ဆင်​မည်။ ငါ​သည်​ကြေး​ဝါ​မြို့​တံ​ခါး​တို့​ကို​ဖျက်​၍ ယင်း​တို့​မှ သံ​ကန့်​လန့်​တန်း​များ​ကို​အ​ပိုင်း​ပိုင်း​ချိုး ပစ်​မည်။
ISA 45:3 မှောင်​မိုက်​သည့်​ဘဏ္ဍာ​တိုက်​များ​နှင့်​လျှို့​ဝှက် သည့် အ​ရပ်​တွင် သိမ်း​ဆည်း​ထား​သည့်​ပစ္စည်း​ဥစ္စာ​ရ​တ​နာ များ​ကို သင့်​အား​ငါ​ပေး​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် သင့်​ကို​ရွေး​ချယ်​၍​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​သင်​သိ​ရှိ​ရ​လိမ့်​မည်။
ISA 45:4 ငါ​ရွေး​ချယ်​ထား​သည့်​လူ​မျိုး​တော်၊ ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကူ​ညီ​မ​စ​ရန်​အ​တွက်​သင့်​ကို ငါ​ခန့်​ထား​ခြင်း​ဖြစ်​၏။ သင်​သည်​ငါ့​ကို​မ​သိ​သော်​လည်း​ငါ​သည် သင့်​အား ကြီး​မြတ်​သည့်​ဂုဏ်​အ​သ​ရေ​ကို​ပေး​ပြီ။
ISA 45:5 ``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။ သင်​သည်​ငါ့​ကို​မ​သိ​သော်​လည်း​ငါ​သည် သင်​လို​အပ်​သော​ခွန်​အား​စွမ်း​ရည်​ကို​ပေး​မည်။
ISA 45:6 ငါ​ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍၊ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ​ကြောင်း​ကို ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ အ​ခြား​တစ်​စွန်း​သို့​တိုင်​အောင်၊ ရှိ​သ​မျှ​သော​လူ​တို့​သိ​ရှိ​လာ​ကြ​စေ​ရန် ပင်​ဖြစ်​၏။
ISA 45:7 ငါ​သည်​အ​လင်း​နှင့်​အ​မှောင်​ကို​ဖန်​ဆင်း​၏။ ကောင်း​ကြီး​မင်္ဂ​လာ​နှင့်​ဘေး​အန္တ​ရာယ်​ကို​ပါ ဆောင်​ယူ​ပေး​၏။ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို​ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပေ​သည်။
ISA 45:8 ငါ​သည်​အောင်​ပွဲ​ကို​မိုး​ရေ​သ​ဖွယ် ကောင်း​ကင်​မှ​ချ​ပေး​မည်။ ယင်း​ကို​ကမ္ဘာ​မြေ​ကြီး​သည်​ဖွင့်​ဟ​ခံ​ယူ​ကာ လွတ်​လပ်​မှု​နှင့်​တ​ရား​မျှ​တ​မှု​တည်း​ဟူ သော အ​သီး​အ​ပွင့်​များ​ကို​ဆောင်​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ များ​ကို ဖြစ်​ပျက်​စေ​တော်​မူ​ပေ​အံ့။''
ISA 45:9 အ​ခြား​အိုး​များ​နှင့်​မ​ထူး​ခြား​သည့်​မြေ​အိုး သည် အိုး​ထိန်း​သည်​နှင့်​အ​တူ​ငြင်း​ခုံ​ဝံ့​ပါ​မည် လော။ ရွှံ့​စေး​က​အိုး​ထိန်း​သည်​အား အ​ဘယ်​သို့​သော​အ​ရာ​ကို​သင်​ပြု​လုပ် သ​နည်း​ဟု မေး​ရ​ပါ​မည်​လော။ မြေ​အိုး​က​မိ​မိ​ကို​ပြု​လုပ်​သူ​တွင်​ကျင် လည်​မှု မ​ရှိ​ဟု​ညည်း​ညူ​ရ​ပါ​မည်​လော။
ISA 45:10 မိ​မိ​၏​မိ​ဘ​များ​အား``အ​ဘယ်​ကြောင့် ကျွန်​တော့်​ကို​ဤ​သို့​မွေး​ထုတ်​ကြ​ပါ သ​နည်း'' ဟု ဆို​ဝံ့​သူ​ရှိ​ပါ​သ​လော။
ISA 45:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊ အ​နာ​ဂတ်​ကို​ပြု​ပြင်​ဖန်​တီး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​သား​သ​မီး​များ​နှင့်​ပတ်​သက်​၍ သင်​တို့​တွင် မေး​ခွန်း​ထုတ်​ပိုင်​ခွင့်​မ​ရှိ။ အ​ဘယ်​အ​မှု​ကို​ငါ​ပြု​သင့်​သည်​ဟု​လည်း ပြော​ဆို​ပိုင်​ခွင့်​မ​ရှိ။
ISA 45:12 ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​၍​လူ တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၏။ မိ​မိ​တန်​ခိုး​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍​နေ၊လ၊ ကြယ်​တာ​ရာ​များ​ကို​ထိန်း​ချုပ်​၍​ထား​၏။
ISA 45:13 အ​ရာ​ခပ်​သိမ်း​အ​ဆင်​ပြေ​မှု​အ​တွက်​ငါ​၏ အ​ကြံ​အ​စည်​ပြည့်​စုံ​စေ​ရန်၊ ငါ​ကိုယ်​တိုင်​ပင်​ကု​ရု​ဘု​ရင်​အား လှုံ့​ဆော်​စေ​ခိုင်း​ခဲ့​၏။ သူ​သွား​ရာ​လမ်း​မှန်​သ​မျှ​ကို​ငါ​ဖြောင့်​ဖြူး စေ​မည်။ သူ​သည်​ငါ​၏​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​ကာ၊ အ​ဖမ်း​ခံ​နေ​ရ​သူ၊ငါ​၏​လူ​မျိုး​တော်​အား အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပေး​လိမ့်​မည်။ ဤ​အ​မှု​တို့​ကို​ပြု​စေ​ရန်၊သူ့​အား​အ​ဘယ် သူ​မျှ မ​ငှား​မ​ယမ်း။ တံ​စိုး​လက်​ဆောင်​လည်း​မ​ပေး'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​သ​တည်း။
ISA 45:14 ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​တော်​မူ​သည်​မှာ ``အီ​ဂျစ်​ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​၏​စည်း​စိမ် ဥစ္စာ​များ​ကို​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ထွား​ကြိုင်း​သည့်​သေ​ဘ​ပြည်​သား​တို့​သည် သင်​တို့​ထံ​တွင်​ကျွန်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​နှင့် သင်​တို့​နောက်​မှ​လိုက်​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​၏​ရှေ့​တွင်​ဦး​ညွှတ်​လျက် `ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​ပြီ။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။
ISA 45:15 မိ​မိ​၏​လူ​မျိုး​တော်​တို့​ကယ်​တင်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည်၊ လူ့​ဉာဏ်​မျက်​စိ​ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော ဘု​ရား ဖြစ်​တော်​မူ​၏​ဟု​ဝန်​ခံ​ကြ​လိမ့်​မည်။
ISA 45:16 ရုပ်​တု​များ​ကို​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ ထို​သူ​အား​လုံး​ပင်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။
ISA 45:17 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထာ​ဝ​ရ​ဘု​ရား​၏​ကယ်​တင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လျက်​သူ​တို့​၏​အောင်​ပွဲ​သည် ထာ​ဝ​စဉ်​တည်​လိမ့်​မည်။ သူ​တို့​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​သ​ရေ​ပျက်​ကြ​ရ​လိမ့်​မည်​မဟုတ်။' ''
ISA 45:18 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပြု​ပြင် ဖန်​ဆင်း​တော်​မူ​၍၊ခိုင်​ခန့်​တည်​မြဲ​စေ​တော်​မူ​၏။ ယင်း​ကို​ကိုယ်​တော်​သည်​လူ​သူ​ကင်း​မဲ့​ရာ​နေ​ရာ အ​ဖြစ်​ဖြင့်​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်။ လူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​အ​ဖြစ်​ဖြင့်​ဖန်​ဆင်း တော်​မူ​ပေ​သည်။ ကိုယ်​တော်​ကား``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။
ISA 45:19 ငါ​သည်​လျှို့​ဝှက်​၍​မ​ဟော​ပြော။ ငါ​၏​အ​ကြံ​အ​စည်​တော်​ကို​လည်း ထိမ်​ဝှက်​၍​မ​ထား။ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လူ​သူ ကင်း​မဲ့​သည့်​အ​ရပ်​တွင်​ငါ့​ကို​ရှာ​ဖွေ​စေ​သည် မ​ဟုတ်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သစ္စာ​စ​ကား​ကို​ဆို​၍​အ​မှန်​တ​ရား​ကို ဖော်​ထုတ်​တတ်​၏'' ဟု​မိန့်​တော်​မူ​သော အ​ရှင်​ပင်​ဖြစ်​သ​တည်း။
ISA 45:20 ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​မျိုး​တ​ကာ​တို့​လာ​ရောက်​စု​ဝေး​ကြ​လော့။ ဧ​က​ရာဇ်​နိုင်​ငံ​ကျ​ဆုံး​ပြီး​နောက်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​အ​ပေါင်း​တို့၊ အ​ချင်း​အ​သိ​ပ​ညာ​ကင်း​မဲ့​သူ​တို့၊ မိ​မိ​တို့​၏​သစ်​သား​ရုပ်​တု​များ​ကို ခင်း​ကျင်း​ပြ​သ​ကာ၊ ကယ်​တင်​နိုင်​စွမ်း​မ​ရှိ​သည့်​ဘု​ရား​များ​ထံ​တွင် ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ​တို့၊ တ​ရား​ဆိုင်​ရန်​လာ​ရောက်​ကြ​လော့။
ISA 45:21 လာ​ရောက်​၍​သင်​တို့​၏​အ​မှု​ကို​ရုံး​တော်​သို့ တင်​ကြ​လော့။ တ​ရား​ခံ​တို့​သည်​အ​ချင်း​ချင်း​တစ်​ဦး​နှင့် တစ်​ဦး တိုင်​ပင်​နှီး​နှော​ရကြ​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​အ​ဘယ်​သူ​သည် ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို​တင်​ဟော​ကြား​ခဲ့ ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ကယ်​တင်​သည့်​ဘု​ရား မ​ဟုတ်​ပါ​လော။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ။
ISA 45:22 ``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။
ISA 45:23 ငါ​၏​နှုတ်​ထွက်​စ​ကား​သည်​အ​မှန်​ဖြစ်​သ​ဖြင့် ပြောင်း​လဲ​၍​သွား​လိမ့်​မည်​မ​ဟုတ်။ လူ​အ​ပေါင်း​တို့​သည်​လာ​၍​ငါ​၏​ရှေ့​၌ ဒူး​ထောက်​ကာ၊ ကျေး​ဇူး​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်​ဟု​ကျိန်​ဆို က​တိ​ပြု​ကြ​လိမ့်​မည်။
ISA 45:24 ``သူ​တို့​သည်​ငါ့​အား​ဖြင့်​သာ​လျှင်​အောင်​မြင်​မှု​နှင့် ခွန်​အား​စွမ်း​ရည်​ကို​ရ​ရှိ​ကြောင်း​ပြော​ဆို​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​သည် အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။
ISA 45:25 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​၏​သား​မြေး အ​ပေါင်း​ကို​ကယ်​ဆယ်​မည်။ သူ​တို့​သည်​လည်း​ငါ့​ကို​ထော​မ​နာ​ပြု​ကြ လိမ့်​မည်။
ISA 46:1 ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပေ​တည်း။ အ​ခါ​တစ်​ပါး​က​လူ​တို့​သည်​ဗေ​လ​ဘု​ရား နှင့်​နေ​ဗော ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​သူ​တို့​ကို​မြည်း​များ​ပေါ်​တွင် တင်​၍၊ မော​ပန်း​နေ​သည့်​တိ​ရစ္ဆာန်​များ​သယ်​ဆောင်​ရန် ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​ကြ​၏။
ISA 46:2 ထို​ရုပ်​တု​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​မ​ကယ် နိုင်​ကြ။ သူ​တို့​သည်​ဖမ်း​ဆီး​သိမ်း​ယူ​ခြင်း​ကို ခံ​ရ​ကြ​တော့​၏။ ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပင်​တည်း။
ISA 46:3 ``အို ယာ​ကုပ်​သား​မြေး​တို့၊ငါ​၏​ဣ​သ​ရေ​လ လူ​မျိုး​တော်​အ​နက်​မှ ကြွင်း​ကျန်​နေ​သူ​တို့၊ငါ​ပြော​သည်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သန္ဓေ​တည်​၍​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​သင်​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​ခဲ့ ပေ​သည်။
ISA 46:4 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။ သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။
ISA 46:5 ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သူ​နှင့် နှိုင်း​ယှဉ်​ကြ​ပါ​မည်​နည်း။ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​ရှိ​ပါ​သေး သ​လော။
ISA 46:6 လူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ​အိတ်​များ​မှ​ရွှေ များ​ကို သွန်​ချ​ကာ၊ ငွေ​များ​ကို​လည်း​ချိန်​ခွင်​နှင့်​ချိန်​တွယ်​ပြီး​လျှင်၊ ဘု​ရား​သွန်း​လုပ်​ရန်​ပန်း​ထိမ်​သည်​ကို​ငှား​ရမ်း ကြ​၏။ ထို​နောက်၊ထို​ဘု​ရား​အား​ဦး​ညွှတ်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​သည်​တ​ကား။
ISA 46:7 သူ​တို့​သည်​ထို​ဘု​ရား​ကို​ပ​ခုံး​ထက်​တွင် ထမ်း​၍ ဆောင်​ယူ​ကာ​နေ​ရာ​ချထား​၏။ ဘု​ရား​သည်​လည်း​မိ​မိ​တည်​ရှိ​သည့် နေ​ရာ​မှ မ​ရွေ့​မ​လျား​နိုင်​ရပ်​လျက်​သာ​နေ​၏။ အ​ကယ်​၍​သူ့​အား​တစ်​စုံ​တစ်​ယောက်​သော သူ​က ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မူ​သူ​သည်​အ​ဖြေ မ​ပေး​နိုင်။ ထို​သူ့​အား​ဘေး​အန္တရာယ်​မှ​လည်း​မ​ကယ်​နိုင်။
ISA 46:8 ``အ​ချင်း​အ​ပြစ်​ကူး​လွန်​သူ​တို့၊​ဤ​အ​ချင်း အ​ရာ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​ပြု​ခဲ့​သည့်​အ​မှု​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​လော့။
ISA 46:9 ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း ကို​လည်း​ကောင်း​သိ​မှတ်​ဝန်​ခံ​ကြ​လော့။
ISA 46:10 ငါ​သည်​အ​စ​အ​ဦး​မှ​တင်​ကူး​၍​နိ​ဂုံး​ကို ဖော်​ပြ​ခဲ့​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ရှေး​ကာ​လ​မှ​ပင်​လျှင် ကြို​တင်​ဟော​ကြား​ခဲ့​၏။ ငါ​၏​အ​ကြံ​အ​စည်​များ​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​ပြား​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​ခဲ့​သည့်​အ​တိုင်း၊ငါ​ရည်​ရွယ်​ထား​သည့် အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​ငါ​ပြု​မည်။
ISA 46:11 ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။ သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင် ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။
ISA 46:12 ငါ​တို့​လွတ်​မြောက်​ရန်​အ​ချိန်​ကာ​လ​သည် ဝေး​သေး​သည်​ဟု​ဆို​သူ အ​ချင်း​ခေါင်း​မာ​သည့်​လူ​စု၊ငါ​ပြော​သည်​ကို နား​ထောင်​ကြ​လော့။
ISA 46:13 ငါ​သည်​သင်​တို့​လွတ်​မြောက်​ရန်​အ​ချိန်​ကာ​လ ကို နီး​ကပ်​၍​လာ​စေ​မည်။ ထို​ကာ​လ​သည်​လုံး​ဝ​မ​ဝေး​တော့​ပြီ။ ငါ​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း ဆိုင်း​ငံ့​၍ ထား​လိမ့်​မည်​မ​ဟုတ်။ ယေ​ရု​ရှ​လင်​မြို့​ကို​ငါ​ကယ်​တင်​၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။''
ISA 47:1 ``အို ဗာ​ဗု​လုန်​မြို့​တည်း​ဟူ​သော​အ​မျိုး​သ​မီး၊ သင်​သည်​ရာ​ဇ​ပလ္လင်​ပေါ်​မှ​ဆင်း​၍ မြေ​ကြီး​ပေါ်​တွင်​ထိုင်​လော့။ အ​ခါ​တစ်​ပါး​က​သင်​သည်​အ​နှောင့်​အ​ယှက် မ​ခံ​ရ​ဘူး​သည့်​အ​ပျို​စင်​ဖြစ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​ပျော့​ပျောင်း​သိမ်​မွေ့​သူ မ​ဟုတ်​တော့​ပေ။ သင်​သည်​ယ​ခု​ကျွန်​ဘ​ဝ​ရောက်​ခဲ့​ပေ​ပြီ။
ISA 47:2 သင်​သည်​ကျိတ်​ဆုံ​ကျောက်​ကို​လှည့်​၍ ဂျုံ​မှုန့်​ကို​ကျိတ်​ပါ​လော့။ သင်​၏​မျက်​နှာ​ဖုံး​ပ​ဝါ​ကို​ဖယ်​ရှား​၍​လှ​ပ​သော အ​ဝတ်​တို့​ကို​ချွတ်​လော့။ ချောင်း​ကို​ဖြတ်​ကျော်​ရန်​သင်​၏​အင်္ကျီ​ရှည်​ကို​မ​လော့။
ISA 47:3 သင်​သည်​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​ကာ​အ​ရှက်​ကွဲ လျက် အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​၍​နေ​သည်​ကို လူ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​လက်​စား​ချေ​မည်။ ငါ့​ကို​အ​ဘယ်​သူ​မျှ​ဆီး​တား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
ISA 47:4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် သည် ငါ​တို့​ကို​ရွေး​နုတ်​ကယ်​တင်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား။
ISA 47:5 ဗာ​ဗု​လုန်​မြို့​အား​ထာ​ဝ​ရ​ဘု​ရား​က​ဆိတ်​ငြိမ်​ရာ မှောင်​မိုက်​ထဲ​တွင်​ထိုင်​၍​နေ​လော့။ လူ​တို့​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏ ဘု​ရင်​မ​ဟု ခေါ်​ကြ​တော့​မည်​မ​ဟုတ်။
ISA 47:6 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မျက်​ထွက် သ​ဖြင့်၊ ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်​ဘိ​သ​ကဲ့​သို့​ပြု​ခဲ့​၏။ သင်​၏​အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​သူ​တို့​အ​ပေါ်​၌ သ​နား​ကြင်​နာ​စိတ်​မ​ထား။ အ​သက်​ကြီး​သူ​များ​ကို​ပင်​ကြမ်း​ကြုတ်​စွာ ပြု​ကျင့်​၏။
ISA 47:7 မိ​မိ​သည်​အ​စဉ်​အ​မြဲ​ဘု​ရင်​မ​ဖြစ်​၍​နေ လိမ့်​မည်​ဟု ထင်​မှတ်​ကာ၊ဤ​အ​မှု​တို့​ကို​နှ​လုံး​မ​သွင်း။ ယင်း​တို့​အ​ဘယ်​သို့​နိ​ဂုံး​ချုပ်​မည်​ကို​လည်း မ​စဉ်း​စား။
ISA 47:8 ``အ​ချင်း​အ​ပျော်​အ​ပါး​ကို​ချစ်​မြတ်​နိုး​သူ၊ မိ​မိ​တွင်​လုံ​ခြုံ​မှု​ရှိ​လှ​ပြီ​ဟု​ထင်​မှတ်​သူ၊ ဤ​စကား​ကို​နား​ထောင်​လော့။ ငါ​သည်​ဘု​ရား​တ​မျှ​ကြီး​မြတ်​သည်​ဟူ​၍ လည်း​ကောင်း၊ ငါ​လို​လူ​ဇမ္ဗူ​တွင်​မ​ရှိ​ဟူ​၍​လည်း​ကောင်း​သင်​ဆို​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မု​ဆိုး​မ ဖြစ်​ရ​လိမ့်​မည်​မဟုတ်။ အ​ဘယ်​အ​ခါ​၌​မျှ​သား​သ​မီး​များ​ကို​လည်း ဆုံး​ရှုံး​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင်​ထင်​မှတ်​၏။
ISA 47:9 သို့​ရာ​တွင်၊သင်​သည်​တစ်​နေ့​အ​တွင်း​တ​ခ​ဏ ခြင်း​၌ ဤ​အ​မှု​နှစ်​ရပ်​စ​လုံး​နှင့်​ကြုံ​တွေ့​ရ​လိမ့်​မည်။ မှော်​အ​တတ်​မှန်​မျှ​ကို​အ​သုံး​ပြု​ပါ​သော်​လည်း သင်​သည်​သား​သ​မီး​များ​ကို​ဆုံး​ရှုံး​ရ​လျက်၊ မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​လိမ့်​မည်။
ISA 47:10 ``သင်​သည်​မ​ကောင်း​မှု​ကို​ပြု​လျက်၊မိ​မိ​ကိုယ်​ကို ဟုတ်​လှ​ပြီ။ မိ​မိ​ကို​အ​ဘယ်​သူ​မျှ​မ​မြင်​ဟု​ထင်​မှတ်​ဘိ​၏။ သင်​၏​ဉာဏ်​ပညာ​နှင့်​အ​သိ​ပ​ညာ​တို့​က​သင့်​အား လမ်း​လွဲ​စေ​လေ​ပြီ။ သင်​သည်​မိ​မိ​ကိုယ်​ကို`ငါ​သည်​ဘု​ရား​ဖြစ်​၏ ငါ့​လို​လူ​ဇမ္ဗူ​တွင်​မ​ရှိ' ဟု​ဆို​ပါ​သည်​တ​ကား။
ISA 47:11 ဘေး​အန္တ​ရာယ်​ဆိုး​သည်​သင်​၏​အ​ပေါ်​သို့ သက်​ရောက်​လာ​လိမ့်​မည်။ ယင်း​ကို​သင်​၏​မှော်​အ​တတ်​က​တား​ဆီး​နိုင် လိမ့်​မည်​မ​ဟုတ်။ သင်​သည်​အ​ဘယ်​အ​ခါ​က​မျှ​အိပ်​မက်​၌​ပင် မ​မြင်​မက်​ဘူး​သော​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကြုံ​တွေ့​ရ​လိမ့်​မည်။
ISA 47:12 သင်​၏​ဂါ​ထာ​မန္တန်​များ​နှင့်​အ​ဆောင်​လက်​ဖွဲ့ များ​ကို ဆောင်​ထား​လော့။ ထို​အ​ရာ​များ​ကို​သင်​သည်​ငယ်​စဉ်​အ​ခါ က​ပင်​လျှင် အ​သုံး​ပြု​၍​လာ​ခဲ့​၏။ ယင်း​တို့​သည်​သင့်​အား​အ​ကူ​အ​ညီ ပေး​ကောင်း​ပေး​ပါ​လိမ့်​မည်။ သင်​၏​ရန်​သူ​များ​ကို​လည်း​နှင်​ထုတ်​ကောင်း နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။
ISA 47:13 သင့်​မှာ​အ​ကြံ​ပေး​အ​ရာ​ရှိ​အ​မြောက်​အ​မြား ရှိ​ပါ​သော်​လည်း၊သင်​သည်​အ​ဘယ်​သို့​မျှ မ​တတ်​နိုင်။ ကြယ်​တာ​ရာ​တို့​ကို​ကြည့်​ရှု​လေ့​လာ​သူ​များ မိုး​ကောင်း​ကင်​တွင်​ဇုံ​နယ်​များ​ဆွဲ​ကာ၊ တစ်​လ​ပြီး​တစ်​လ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​ကို သင့်​အား​ကြို​တင်​ဖော်​ပြ​ကြ​သူ၊ သင်​၏​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​သည်​လာ​၍ သင့်​ကို​ကယ်​ကြ​ပါ​လေ​စေ။
ISA 47:14 ``သူ​တို့​သည်​ဖွဲ​ကဲ့​သို့​ဖြစ်​၍​မီး​သည်​သူ​တို့​အား ကျွမ်း​လောင်​စေ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မီး​လျှံ​များ​သည်​ပူ​နွေး​ရန်​လှုံ​သည့်​မီး​မျိုး မ​ဟုတ်​ဘဲ၊ သူ​တို့​အ​တွက်​အ​ပူ​လွန်​၍​နေ​လိမ့်​မည်။
ISA 47:15 သင်​တစ်​သက်​လုံး​တိုင်​ပင်​ခဲ့​သည့်​နက္ခတ်​ဆ​ရာ တို့​၏ အ​ကြံ​ပေး​ချက်​သည်​လည်း၊ ဤ​အ​တိုင်း​ပင်​သင့်​အား​ဖြစ်​စေ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ထား​ခဲ့​၍ မိ​မိ​တို့​သွား​လို​ရာ​သို့​ထွက်​သွား​ကြ​လိမ့်​မည်။ သင့်​ကို​ကယ်​ရန်​မည်​သူ​တစ်​ယောက်​မျှ​ကျန်​ရစ်​ခဲ့ လိမ့်​မည်​မ​ဟုတ်။''
ISA 48:1 အ​ချင်း​ယု​ဒ​မှ​ဆင်း​သက်​လာ​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​ကျိန်​ဆို​ကာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော်​လည်း သင်​တို့​၏​စ​ကား​များ​သည်​တစ်​ခွန်း​မျှ​မ​မှန်။
ISA 48:2 သို့​ပါ​လျက်​သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း မြင့်​မြတ်​သည့်​မြို့​တော်​သား​များ​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟု​နာ​မည် တွင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို မှီ​ခို​အား​ကိုး​သူ​များ​ဟူ​၍​လည်း​ကောင်း ဂုဏ်​ယူ​ပြော​ဆို​ကြ​ပေ​သည်။
ISA 48:3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​က၊ ``ရှေး​အ​ခါ​က၊ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​ကို ကြို​တင်​ဟော​ကြား​ခဲ့​၏။ ထို​နောက်​ထို​အ​ရာ​ကို​ရုတ်​တ​ရက်​ဖြစ်​ပေါ် လာ​စေ​၏။
ISA 48:4 သင်​တို့​သည်​သံ​ကဲ့​သို့​တင်း​မာ​လျက်၊ ကြေး​ဝါ​ကဲ့​သို့​မာ​ကြော​လျက်၊ခေါင်း​မာ နေ​ကြ​လိမ့်​မည်​ကို​ငါ​သိ​၏။
ISA 48:5 ငါ​သည်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​မီ​က ပင်​လျှင် ကြို​တင်​၍၊သင်​တို့​၏​အ​နာ​ဂတ်​ကို ဟော​ကြား​ခဲ့​ပေ​သည်။ ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​အ​ရာ​များ​ကို သင်​တို့​လုပ်​သည့်​ရုပ်​တု​များ​က​ဖြစ်​ပေါ်​စေ​သည်​ဟု သင်​တို့​မ​ပြော​မ​ဆို​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။
ISA 48:6 ``ငါ​သည်​ကြို​တင်​ဟော​ကြား​ခဲ့​သ​မျှ​သော အ​မှု​တို့​သည်​ယ​ခု​ဖြစ်​ပျက်​ကြ​လေ​ပြီ။ ငါ​၏​ဟော​ကြား​ချက်​များ​မှန်​လျက်​နေ​သည်​ကို သင်​တို့​ဝန်​ခံ​ကြ​ရ​ပေ​မည်။ ယ​ခု​ငါ​သည်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့် အ​မှု​အ​ရာ​သစ်​များ၊ ယ​ခင်​အ​ခါ​က​မ​ဖော်​ပြ​ခဲ့​ဘူး​သည့် အ​မှု​အ​ရာ​များ​ကို​သင်​တို့​အား​ဖော်​ပြ​ပါ​အံ့။
ISA 48:7 ယ​ခု​မှ​သာ​လျှင်​ငါ​သည်​ထို​အ​မှု​တို့​ကို ဖြစ်​ပျက်​စေ​မည်။ ယင်း​သို့​သော​အ​မှု​များ​သည်​ယ​ခင်​က မ​ဖြစ်​မ​ပျက်​ခဲ့​ဘူး​ကြ။ အ​ကယ်​၍​ဖြစ်​ပျက်​ခဲ့​သည်​ဆို​ပါ​မူ၊ ထို​အ​ရာ​တို့​၏​အ​ကြောင်း​ကို​ငါ​တို့​သိ​ရှိ​ပြီး ဟု သင်​တို့​ဆို​ကြ​လိမ့်​မည်။
ISA 48:8 သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၍ မ​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​သည်​မွေး​ဖွား​လာ​ချိန်​မှ​ပင်​အ​စ​ပြု​၍ သူ​ပုန်​များ​ဟု​အ​ခေါ်​ခံ​ရ​ကြ​သည်​ကို​လည်း ကောင်း ငါ​သိ​၏။ ထို့​ကြောင့်​ဤ​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို သင်​တို့​သည်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့ နား​မ​လည်​ခဲ့။ ယ​ခင်​က​တည်း​က​သင်​တို့​သည်​လည်း​နား​မ​ပွင့်။
ISA 48:9 ``ငါ​၏​နာ​မ​တော်​ကို​လူ​တို့​ထော​မ​နာ​ပြု​ကြ​စေ​ရန်၊ ငါ​သည်​မိ​မိ​၏​အ​မျက်​ကို​ထိန်း​ချုပ်​၍​ထား​မည်။ မိ​မိ​ဒေါ​သ​ကို​ချုပ်​တည်း​၍​သင်​တို့​အား ဖျက်​ဆီး​သုတ်​သင်​မှု​ကို​မ​ပြု​ဘဲ​နေ​မည်။
ISA 48:10 ငွေ​ကို​မီး​ဖို​တွင်​ထည့်​၍​ချွတ်​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​မီး​ဖြင့် စုံ​စမ်း​စစ်​ဆေး​ပြီး​ဖြစ်​၏။
ISA 48:11 ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​မိ​မိ​၏ ဂုဏ်​သိက္ခာ​ကို​ထောက်​၍​ပြု​တတ်​၏။ ငါ​၏​နာ​မ​တော်​အ​သ​ရေ​ပျက်​စေ​ရန်​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ခံ​ယူ​ထိုက်​သည့် ဘုန်း​အ​သ​ရေ​ကို​လည်း၊ အ​ခြား​အ​ဘယ်​သူ​အား​မျှ​ခံ​ယူ​စေ​လိမ့် မည်​မ​ဟုတ်။
ISA 48:12 ထာ​ဝ​ရ​ဘု​ရား​က ``အို ငါ​ခေါ်​ယူ​တော်​မူ​သည့်​လူ​မျိုး​တော်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။ ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင်​တည်​နေ​တော်​မူ​သော အ​ရှင်၊ဖြစ်​တော်​မူ​၏။
ISA 48:13 ငါ​၏​လက်​တော်​သည်​ကမ္ဘာ​မြေ​ကြီး အုတ်​မြစ်​များ​ကို​ချ​၍၊ မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​ခဲ့​၏။ ငါ​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​ကို ဆင့်​ခေါ်​သော​အ​ခါ၊သူ​တို့​သည်​ချက်​ချင်း ပေါ်​ပေါက်​လာ​ကြ​ပါ​သည်​တ​ကား။
ISA 48:14 သင်​တို့​အ​ပေါင်း​သည်​စု​ဝေး​၍​ငါ​ပြော​သည် ကို နား​ထောင်​ကြ​လော့။ ငါ​ရွေး​ချယ်​ထား​သူ​သည်​ဗာ​ဗု​လုန်​ပြည်​ကို တိုက်​ခိုက်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​၏​အ​လို​တော်​ကျ​ဆောင်​ရွက်​ပေး​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ဘယ်​ရုပ်​တု​က​မျှ​ကြို​တင်​၍​မ​ဟော​ကြား နိုင်​ခဲ့။
ISA 48:15 သူ့​အား​အ​မိန့်​ပေး​၍​ခေါ်​ယူ​သူ​မှာ​ငါ​ပင် ဖြစ်​ပေ​သည်။ ငါ​သည်​သူ့​အား​လမ်း​ပြ​ပို့​ဆောင်​၍ အောင်​မြင်​မှု​ကို​ပေး​ခဲ့​၏။
ISA 48:16 ``ယ​ခု​ငါ​၏​အ​နီး​သို့​ချဉ်း​ကပ်​၍​ငါ​ပြော​ဆို သည်​ကို နား​ထောင်​ကြ​လော့။ အ​စ​အ​ဦး​က​ပင်​လျှင်​ငါ​သည်​သင်​တို့​အား ပွင့်​လင်း​စွာ​ဖော်​ပြ​ခဲ့​၏။ ထို​အ​ဖြစ်​အ​ပျက်​စ​၍​ဖြစ်​စဉ်​က​ပင် ငါ​ရှိ​ခဲ့​၏ ဟု​မိန့်​တော်​မူ​၏။ (ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ငါ့ အား​တန်​ခိုး​တော်​ကို​ပေး​၍​စေ​လွှတ်​တော်​မူ ပြီ။)
ISA 48:17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊ သင်​တို့​အား​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အ​ကျိုး​ငှာ​သွန်​သင်​တော်​မူ​၍၊ သင်​တို့​သွား​ရ​မည့်​ခ​ရီး​လမ်း​ကို ပြ​ညွှန်​တော်​မူ​လို​သည့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
ISA 48:18 ``အ​ကယ်​၍​သင်​တို့​သာ​လျှင်​ငါ​၏​အ​မိန့် တော်​များ​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငြိမ်​သက်​ခြင်း​ချောင်း​ရေ​ကဲ့​သို့၊သင်​တို့​အ​တွက် စီး​ဆင်း​လာ​မည်​သာ။ အောင်​မြင်​ခြင်း​သည်​လည်း​ကမ်း​ခြေ​တွင် ရိုက်​ခတ်​သည့်​လှိုင်း​လုံး​များ​ကဲ့​သို့​သင်​တို့​အ​တွက် ပေါ်​ထွက်​လာ​မည်​သာ။
ISA 48:19 သင်​တို့​၏​သား​မြေး​များ​သည်​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြုန်း​စေ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။
ISA 48:20 ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​သွား​ကြ​လော့။ လွတ်​လပ်​စွာ​ထွက်​ခွာ​သွား​ကြ​လော့။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​ပြီ'' ဟူ​သော သ​တင်း​ကို​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ရပ်​တ​ကာ​တွင်​ကြား​သိ​စေ​ကြ​လော့။
ISA 48:21 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား၊ ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ရေ​မ​ငတ်​ကြ။ ကိုယ်​တော်​သည်၊သူ​တို့​အ​တွက်​ကျောက်​ဆောင်​ထဲ​မှ ရေ​စီး​၍​ထွက်​စေ​တော်​မူ​၏။ ကျောက်​ကို​ကွဲ​အက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ထွက်​၍​လာ​၏။
ISA 48:22 ``သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။
ISA 49:1 တိုင်း​တစ်​ပါး​မှ​လူ​မျိုး​အ​ပေါင်း​တို့၊ ရပ်​ဝေး​တွင် နေ​ထိုင်​သော​လူ​တို့၊ ငါ​ပြော​သည်​ကို​သင်​တို့​နား​ထောင်​ကြ​လော့။ ငါ​မ​မွေး​မ​ဖွား​မီ​အ​ခါ​က​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ရွေး​ကောက်​တော်​မူ​၍၊ မိ​မိ​၏​အ​စေ​ခံ​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပါ​၏။
ISA 49:2 ကိုယ်​တော်​သည်​ငါ​၏​နှုတ်​ကို​ဋ္ဌား​ကဲ့​သို့​ထက်​မြက် စေ​၍၊ လက်​တော်​ဖြင့်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ချွန်​မြ​၍​အ​သုံး​ပြု​ရန်​အ​သင့်​ရှိ​သည့် မြား​ကဲ့​သို့​ငါ့​ကို​ဖြစ်​စေ​တော်​မူ​၍၊
ISA 49:3 ငါ့​အား​ကိုယ်​တော်​က``အို ဣ​သ​ရေ​လ၊​သင်​သည် ငါ​၏​အ​စေ​ခံ​ဖြစ်​၏။ သင်​၏​အ​တွက်​ကြောင့်​လူ​တို့​သည်၊​ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 49:4 ငါ​သည်​လည်း​မိ​မိ​လုပ်​ဆောင်​ခဲ့​သည့်​အ​မှု​တို့ အ​ကျိုး​မ​ရှိ​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​မှာ​အား​အင်​သာ​လျှင်​ကုန်​ခန်း​လျက် အ​ဘယ်​အ​မှု​အ​ရာ​မျှ​မ​အောင်​မြင်​ပုံ​ကို လည်း​ကောင်း တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​၏။ သို့​ရာ​တွင်​ငါ​သည်​မိ​မိ​၏​အ​မှု​ကိစ္စ​များ အ​ဆင်​ပြေ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​နိုင်​ပါ​စေ။ ကိုယ်​တော်​သည်​ငါ​ပြု​သည့်​အ​မှု​အ​တွက် ဆု​လာဘ်​များ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။
ISA 49:5 အ​မိ​ဝမ်း​တွင်​ရှိ​စဉ်​အ​ခါ​က​ပင်​လျှင်၊ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ရွေး​ချယ်​ထား​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ပြန်​လည်​ခေါ်​ဆောင်​လာ​စေ​ရန်၊ ပျံ့​လွင့်​လျက်​ရှိ​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ​စေ​ရန် အ​စေ​ခံ​အ​ဖြစ်​ဖြင့်​ငါ​ကို​ခန့်​ထား​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ဂုဏ်​ပြု​တော်​မူ​၍ ငါ့​ခွန်​အား​၏​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​၏။
ISA 49:6 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 49:7 လူ​မျိုး​တ​ကာ​တို့​၏​ရွံ​ရှာ​မုန်း​တီး​ခြင်း​ကို များ​စွာ​ခံ​ရ​၍၊ မင်း​ဆိုး​မင်း​ညစ်​တို့​၏​အ​စေ​ခံ​ဖြစ်​သူ​အား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် သည့် ဘု​ရား​သ​ခင်၊ကယ်​တင်​ရှင်​က၊ ``ပြည်​ရှင်​မင်း​တို့​သည်​သင့်​အား​လွတ်​မြောက် စေ​ပြီး​လျှင် ထ​၍​အ​ရို​အ​သေ​ပေး​ကြ​လိမ့်​မည်။ မင်း​ညီ​မင်း​သား​များ​သည်​လည်း​သင့်​ကို​မြင်​၍၊ ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​အ​လေး​ပြု​ကြ​လိမ့်​မည်။'' အ​ဘယ်​ကြောင့်​ဆို​သော်၊က​တိ​တည်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ သင့်​ကို​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း​ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 49:8 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ``သင်​တို့​ကို​ကယ်​ရန်​အ​ချိန်​ကျ​သော​အ​ခါ၊ ငါ​သည်​သင်​တို့​အား​အ​ခွင့်​အ​ရေး​ပေး​၍၊ ကူ​မ​တော်​မူ​ရန်​သင်​တို့​ဟစ်​အော်​သံ​ကို နား​ညောင်း​မည်။ ငါ​သည်​သင်​တို့​အား​ထိန်း​သိမ်း​ကွယ်​ကာ စောင့်​ရှောက်​မည်။ သင်​တို့​အား​ဖြင့်​လူ​အ​ပေါင်း​တို့​နှင့်​လည်း ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ ယ​ခု​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့်​သင်​တို့ ၏​ပြည်​တွင်၊ တစ်​ဖန်​အ​တည်​တ​ကျ​ပြန်​လည်​နေ​ထိုင်​ခွင့်​ကို သင်​တို့​အား​ငါ​ပေး​မည်။
ISA 49:9 အ​ကျဉ်း​ကျ​လျက်​နေ​သူ​တို့​အား`လွတ်​လပ်​စွာ ထွက်​ခွာ​သွား​ကြ​လော့' ဟူ​၍​လည်း​ကောင်း၊ မှောင်​မိုက်​တွင်​ရှိ​နေ​သူ​တို့​အား`အ​လင်း​သို့ ဝင်​ကြ​လော့' ဟူ​၍​လည်း​ကောင်း​ငါပြော​မည်။ သူ​တို့​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ပင် ကျက်​စား​လျက်​နေ​သော သိုး​များ​နှင့်​တူ​လိမ့်​မည်။
ISA 49:10 သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊ နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။
ISA 49:11 ``ငါ​သည်​တောင်​တန်း​များ​ကို​ဖြတ်​၍​လမ်း​မ​ကြီး တစ်​သွယ်​ကို​ဖောက်​လုပ်​မည်။ ငါ​၏​လူ​မျိုး​တော်​အ​တွက်​ခ​ရီး​လမ်း​ကို ပြင်​ဆင်​မည်။
ISA 49:12 ငါ​၏​လူ​မျိုး​တော်​သည်​ရပ်​ဝေး​ဒေ​သ​များ​မှ လည်း​ကောင်း၊ မြောက်​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ​လည်း​ကောင်း၊ တောင်​အ​ရပ်​ရှိ​သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 49:13 အို မိုး​ကောင်း​ကင်၊သီ​ချင်း​ဆို​လော့။ အို ကမ္ဘာ​မြေ​ကြီး၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ တောင်​ရိုး​တို့​သည်​အ​သံ​လွှင့်​၍​သီ​ချင်း​ဆို​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​သော မိ​မိ​၏​လူ​မျိုး​တော်​အား​သ​နား​တော်​မူ​လိမ့်​မည်။
ISA 49:14 သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စွန့်​ပစ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မေ့​လျော့​တော်​မူ​ပါ​ပြီ တ​ကား'' ဟု​ဆို​ကြ​၏။
ISA 49:15 ထာ​ဝ​ရ​ဘု​ရား​က ``မိ​ခင်​တစ်​ဦး​သည်​မိ​မိ​၏​ရင်​ခွင်​မှ​ရင် သွေး​ငယ်​ကို မေ့​လျော့​နိုင်​ပါ​မည်​လော။ မိ​မိ​ကိုယ်​ဝန်​ဆောင်​ခဲ့​သော​က​လေး​ကို​မ​ချစ်​ဘဲ နေ​နိုင်​ပါ​မည်​လော။ မိ​ခင်​ဖြစ်​သူ​သည်​က​လေး​ငယ်​ကို​မေ့​လျော့​သည် ဆို​စေ​ဦး၊ ငါ​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ လိမ့်​မည်​မ​ဟုတ်။
ISA 49:16 အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင့်​ကို​အ​ဘယ်​အ​ခါ ၌​မျှ မ​မေ့​မ​လျော့​နိုင်။ ငါ​၏​လက်​ဝါး​တွင်​သင်​၏​နာ​မည်​ကို ရေး​မှတ်​၍​ထား​လေ​ပြီ။
ISA 49:17 ``သင့်​ကို​ပြန်​လည်​ထူ​ထောင်​ကြ​မည့်​လူ​တို့​သည် မ​ကြာ​မီ​ရောက်​ရှိ​လာ​လိမ့်​မည်။ သင့်​ကို​ပျက်​ပြုန်း​စေ​ခဲ့​သော​သူ​တို့​မူ​ကား ထွက်​ခွာ​သွား​ရ​ကြ​လိမ့်​မည်။
ISA 49:18 သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက် လျက် ရှိ​သည်​ကို​လှည့်​၍​ကြည့်​ပါ​လော့။ သင်​၏​အ​မျိုး​သား​တို့​သည်​စု​ရုံး​လျက် မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဝတ်​ဆင်​ထား​သည့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့​မိ​မိ​၏ အ​မျိုး​သား​များ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား ရ​လိမ့်​မည်။
ISA 49:19 ``သင်​၏​ပြည်​သည်​ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ ဆိတ်​ငြိမ်​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​လာ​ရောက်​နေ​ထိုင်​ကြ​မည့် သူ​များ​အ​တွက် ထို​ပြည်​သည်​ကျဉ်း​လျက်​ပင်​နေ​လိမ့်​မည်။ သင့်​အား​ယို​ယွင်း​ပျက်​စီး​စေ​သူ​တို့​မူ​ကား၊ ရပ်​ဝေး​သို့​ရောက်​ရှိ​နေ​ကြ​လိမ့်​မည်။
ISA 49:20 ပြည်​နယ်​ဒဏ်​သင့်​ရာ​တွင်​မွေး​ဖွား​ခဲ့​သည့် သင်​၏​အ​မျိုး​သား​တို့​သည်​တစ်​နေ့​သော​အ​ခါ​၌ သင့်​အား`ဤ​ပြည်​သည်​ငယ်​လွန်း​ပါ​၏။ ငါ​တို့​နေ​ထိုင်​ရန်​နေ​ရာ​ထပ်​၍​လို​ပါ​သည်' ဟု​ဆို​ကြ​လိမ့်​မည်။
ISA 49:21 ထို​အ​ခါ​သင်​သည်​မိ​မိ​ကိုယ်​ကို​ပြန်​၍၊ `ငါ​သည်​ဤ​သား​သ​မီး​များ​ကို​အ​ဘယ်​သူ​နှင့် ရ​ရှိ​ပါ​သ​နည်း။ ငါ​၏​သား​သ​မီး​များ​သည်​သေ​ဆုံး​သွား​ပြီ​ဖြစ်​၍ ငါ့​မှာ​သား​သ​မီး​မ​ရှိ​နိုင်​တော့​ပါ။ ငါ​သည်​ရပ်​ဝေး​သို့​ပြည်​နှင်​ဒဏ်​သင့်​၍ နှင်​ထုတ်​ခံ​ခဲ့​ရ​သ​ဖြင့် ဤ​သား​သ​မီး​တို့​ကို​အ​ဘယ်​သူ​ကျွေး​မွေး​ပြု​စု ခဲ့​ပါ​သ​နည်း။ ငါ​သည်​တစ်​ကိုယ်​တည်း​သာ​လျှင်​ကျန်​ရှိ​ခဲ့​၏။ ဤ​သား​သ​မီး​များ​ကား၊အ​ဘယ်​အ​ရပ်​မှ ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​လိမ့်​မည်။
ISA 49:22 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ လူ​မျိုး​တော်​အား ``ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​အ​ချက် ပေး​လိုက်​သော​အ​ခါ၊ သူ​တို့​သည်​သင်​တို့​၏​သား​သ​မီး​များ​ကို ခေါ်​ဆောင်​လာ​ကြ​လိမ့်​မည်။
ISA 49:23 ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။
ISA 49:24 ကိုယ်​တော်​ရှင်​သည်​စစ်​သည်​သူ​ရဲ​ထံ​မှ​သူ​၏ လု​ရာ​ပါ ပစ္စည်း​ကို​သိမ်း​ယူ​နိုင်​ပါ​သ​လော။ မင်း​ဆိုး​မင်း​ညစ်​၏​လက်​မှ​သုံ့​ပန်း​များ​ကို ကယ်​ဆယ်​နိုင်​ပါ​သ​လော။
ISA 49:25 ထာ​ဝ​ရ​ဘု​ရား​က၊ ``ယ​ခု​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​သည် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ စစ်​သည်​သူ​ရဲ​ဖမ်း​ဆီး​ထား​သည့်​သုံ့​ပန်း​များ​ကို ငါ​လွှတ်​ပစ်​မည်။ မင်း​ဆိုး​မင်း​ညစ်​၏​လု​ရာ​ပါ​ပစ္စည်း​များ​ကို ငါ​သိမ်း​ဆည်း​မည်။ ငါ​သည်​သင့်​ကို​တိုက်​ခိုက်​သူ​တို့​အား​တိုက်​ခိုက်​၍၊ သင်​၏​သား​သ​မီး​များ​ကို​ကယ်​ဆယ်​မည်။
ISA 49:26 ငါ​သည်​သင့်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​အား အ​ချင်း​ချင်း​သတ်​ဖြတ်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​ကို​ကယ်​တင်​ရွေး​နုတ် တော်​မူ​သော​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​အ​ပေါင်း​တို့ သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တန်​ခိုး တော်​ရှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။
ISA 50:1 ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။
ISA 50:2 ``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။
ISA 50:3 မိုး​ကောင်း​ကင်​သည်​သူ​သေ​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့်​အ​မှတ်​လက္ခ​ဏာ​ကို ပြ​သည့်​အ​လား မှောင်​မဲ​၍​လာ​အောင်​ငါ​ပြု​နိုင်​၏။''
ISA 50:4 မော​ပန်း​နွမ်း​နယ်​သူ​အား၊အား​အင်​ဖြည့်​တင်း​ပေး နိုင်​ရန် အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သွန်​သင်​ပေး​တော်​မူ​လေ​ပြီ။ မိ​မိ​သွန်​သင်​တော်​မူ​မည့်​အ​ရာ​ကို​နား​ထောင်​ရန် ကိုယ်​တော်​သည်​ငါ့​အား​နံ​နက်​တိုင်း​စိတ်​စော​လျက် နေ​စေ​တော်​မူ​၏။
ISA 50:5 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နား​လည်​နိုင်​သော သ​ဘော​ကို​ပေး​တော်​မူ​ပြီ​ဖြစ်​၍၊ ငါ​သည်​ကိုယ်​တော်​ကို​မ​ပုန်​ကန်။ အ​ထံ​တော်​မှ​လည်း​သွေ​ရှောင်​၍​မ​သွား​ပါ။
ISA 50:6 ငါ​သည်​မိ​မိ​ကို​ရိုက်​နှက်​သူ​တို့​အား​ကျော​ခင်း ၍ ပေး​ပါ​၏။ ငါ​၏​မုတ်​ဆိတ်​မွေး​တို့​ကို​ဆွဲ​နုတ်​ပြီး​လျှင် ငါ​၏​မျက်​နှာ​ကို​တံ​တွေး​နှင့်​ထွေး​၍၊ ငါ့​ကို​သူ​တို့​စော်​ကား​ကြ​သော​အ​ခါ​ငါ​သည် သူ​တို့​အား​ဆီး​တား​မှု​ကို​မ​ပြု။
ISA 50:7 သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ကူ​မ​တော်​မူ​သည်​ဖြစ်​၍၊ ထို​သူ​တို့​၏​စော်​ကား​မှု​များ​သည်​ငါ့​ကို ဘေး​အန္တ​ရာယ်​မ​ဖြစ်​စေ​နိုင်။ ထို​အ​ရာ​တို့​ကို​ခံ​နိုင်​ရန်​ငါ​သည်​အား​တင်း​၍ ထား​ပါ​၏။
ISA 50:8 ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​နီး​တွင်​ရှိ​တော်​မူ​၍၊ ငါ​၌​အ​ပြစ်​မဲ့​ပုံ​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား ပြ​တော်​မူ​မည်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​အ​သ​ရေ​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ကို သိ​ပါ​၏။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​ရဲ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ရုံး​တော်​သို့​သွား​ကြ​ကုန်​အံ့။ ထို​သူ​သည်​မိ​မိ​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ပါ​စေ။
ISA 50:9 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပင် ငါ​၏​ဘက်​မှ​ခု​ခံ​လျှောက်​လဲ​တော်​မူ​မည်​ဖြစ်​၍ ငါ​၌​အပြစ်​ရှိ​ကြောင်း၊အ​ဘယ်​သူ​သည်​သက်​သေ​ခံ အ​ထောက်​အ​ထား​ပြ​နိုင်​ပါ​မည်​နည်း။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​သူ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ်​ကဲ့​သို့ ပျောက်​ပျက်​သွား​လိမ့်​မည်။
ISA 50:10 ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​၍၊ ကိုယ်​တော်​အ​စေ​ခံ​၏​စ​ကား​ကို​နား​ထောင်​သူ အ​ပေါင်း​တို့၊ သင်​တို့​လျှောက်​ရ​သည့်​လမ်း​သည်​မှောင်​လျက် နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​မှီ​ခို​အား​ကိုး​ကြ​လော့။
ISA 50:11 သူ​တစ်​ပါး​တို့​အား​သုတ်​သင်​ဖျက်​ဆီး​ရန်​လျှို့​ဝှက် ကြံ​စည်​သူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ဖြင့်​ပင် ဆုံး​ပါး​ပျက်​စီး​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ဤ​အ​မှု​အ​ရာ​တို့​ကို ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိ​ဒုက္ခ​နှင့်​ကြုံ​တွေ့​ရကြ​လိမ့်​မည်။
ISA 51:1 ထာ​ဝ​ရ​ဘု​ရား​က၊ ``ကယ်​တင်​ခြင်း​ခံ​လို​သူ​တို့၊အ​ကူ​အ​ညီ​တောင်း​ခံ​ရန် ငါ့​ထံ​သို့​လာ​ရောက်​သူ​တို့၊သင်​တို့​သည် ငါ့​ပြော​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​ကို​ထွင်း​ထုတ်​ယူ​ရာ​ကျောက်​ကို ကြည့်​ရှု​ကြ​လော့။ သင်​တို့​ကို​တူး​ဖော်​ရာ​ကျောက်​တွင်း​ကို ကြည့်​ရှု​ကြ​လော့။
ISA 51:2 သင်​တို့​၏​ဘိုး​အေ​အာ​ဗြ​ဟံ​နှင့်​ဘွား​အေ​စာ​ရာ​တို့​၏ အ​ကြောင်း​ကို​အောက်​မေ့​ဆင်​ခြင်​ကြ​လော့။ အာ​ဗြ​ဟံ​အား​ငါ​ခေါ်​ယူ​စဉ်​အ​ခါ​က သူ့​မှာ​သား​သမီး​မ​ရှိ။ သို့​ရာ​တွင်​ငါ​သည်​သူ့​အား​သား​သ​မီး​များ​ဖြင့် ကောင်း​ချီး​ပေး​၍၊ သူ​၏​အ​ဆက်​အ​နွယ်​တို့​ကို​များ​ပြား​စေ​တော်​မူ​၏။
ISA 51:3 ``ငါ​သည်​ဇိ​အုန်​မြို့​နှင့်​ထို​မြို့​၏​ပျက်​စီး​ယို​ယွင်း​လျက် ရှိ​သည့်​အ​ဆောက်​အ​ဦ​များ​တွင် နေ​ထိုင်​သူ​တို့​အား​က​ရု​ဏာ​ပြ​မည်။ ဇိ​အုန်​ဒေ​သ​သည်​တော​ကန္တာ​ရ​ပင်​ဖြစ်​သော်​လည်း ငါ​သည်​ယင်း​ကို​ဧ​ဒင်​အ​ရပ်​မှာ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​စေ​မည်။ ထို​အ​ရပ်​တွင်​လူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ ထော​မ​နာ​သီ​ချင်း​ဆို​လျက်၊ငါ​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်​နေ​ကြ​လိမ့်​မည်။
ISA 51:4 ``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​ဂ​ရု​ပြု ကြ​လော့။ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​ဆုံး​မ သြ​ဝါ​ဒ​ပေး​၍ ငါ​၏​တ​ရား​ဒေ​သ​နာ​များ​သည်​သူ​တို့​အ​တွက် အ​လင်း​ဖြစ်​လိမ့်​မည်။
ISA 51:5 ငါ​သည်​လျင်​မြန်​စွာ​လာ​၍​သူ​တို့​အား​ကယ်​တင်​မည်။ ငါ​အောင်​ပွဲ​ခံ​ရန်​အ​ချိန်​သည်​နီး​ကပ်​၍​လာ​လေပြီ။ လူ​မျိုး​တ​ကာ​တို့​အား​ငါ​ကိုယ်​တိုင်​ပင် အုပ်​စိုး​တော်​မူ​မည်။ နိုင်​ငံ​ရပ်​ခြား​တိုင်း​တစ်​ပါး​သား​တို့​သည် ငါ​လာ​မည်​ကို​စောင့်​မျှော်​လျက်​ရှိ​၏။ မိ​မိ​တို့​အား​ကယ်​တင်​လိမ့်​မည်​ဟူ​သော မျှော်​လင့်​ချက်​ဖြင့်၊​သူ​တို့​သည်​ငါ့​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။
ISA 51:6 မိုး​ကောင်း​ကင်​ကို​ကြည့်​ရှု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကြည့်​ရှု​ကြ​လော့။ မိုး​ကောင်း​ကင်​သည်​မီး​ခိုး​သ​ဖွယ် ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​သည်​ဟောင်း​နွမ်း​သည့်​အ​ဝတ်​ကဲ့​သို့ တ​ဖြည်း​ဖြည်း​ပျက်​ပြုန်း​သွား​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​လည်း ယင်​ကောင်​ကဲ့​သို့​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ​၏​အောင်​မြင်​မှု​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြယ်​ရ​လိမ့်​မည်​မ​ဟုတ်။
ISA 51:7 ``အ​မှန်​တ​ရား​ကို​သိ​ရှိ​သူ​တို့၊​ငါ​၏​သြ​ဝါ​ဒ​ကို စွဲ​မြဲ​စွာ​မှတ်​ကြုံး​ထား​သူ​တို့၊ သင်​တို့​သည်​ငါ​ပြော​သည့်​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​အား​က​ရော်​က​မည်​ပြု​၍၊လူ​တို့​စော်​ကား ပြော​ဆို​ကြ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။
ISA 51:8 ထို​သို့​သော​လူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ် ကဲ့​သို့​ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ဖြောင့်​မတ်​ခြင်း​ကား​ထာ​ဝ​စဉ် တည်​လိမ့်​မည်။ ငါ​၏​ကယ်​တင်​ခြင်း​တန်​ခိုး​သည်​လည်း​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 51:9 အို ထာ​ဝ​ရ​ဘု​ရား၊နိုး​ထ​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​၍​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​၌ ကဲ့​သို့​ပင် တန်​ခိုး​တော်​ကို​အ​သုံး​ပြု​တော်​မူ​ပါ။ ပင်​လယ်​န​ဂါး​ကြီး​ရာ​ခပ်​အား အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။
ISA 51:10 မိ​မိ​ကယ်​တင်​နေ​ဆဲ​လူ​စု​ကူး​ဖြတ်​နိုင်​ရန် ပင်​လယ်​ကို​ခန်း​ခြောက်​စေ​၍၊ လမ်း​ဖောက်​ပေး​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။
ISA 51:11 ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​လိုက်​သည့် သူ​တို့​သည်​အား​ရ​ရွှင်​လန်း​စွာ​သီ​ဆို​ကြွေး ကြော်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​၍၊ ထာ​ဝ​စဉ်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​နှင့်​ကင်း​လွတ်​ရ​ကြ ပါ​လိမ့်​မည်။
ISA 51:12 ထာ​ဝ​ရ​ဘု​ရား​က၊ ``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။ မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူ သေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။
ISA 51:13 မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို အုတ်​မြစ်​ချ​ကာ၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား၊ သင်​တို့​သည်​မေ့​လျော့​ကြ​လေ​ပြီ​လော။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​များ၊သင်​တို့​ကို သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​အ​သင့်​ရှိ​သူ​များ​အား၊ အ​ဘယ်​ကြောင့်​သင်​တို့​သည်​အ​စဉ်​အမြဲ​ကြောက်​၍ နေ​ရ​ကြ​ပါ​မည်​နည်း။ သူ​တို့​၏​အ​မျက်​ဒေါ​သ​သည်​သင်​တို့​အား အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​နိုင်။
ISA 51:14 အ​ကျဉ်း​ခံ​နေ​ရ​သော​သူ​တို့​သည်​မ​ကြာ​မီ လွတ်​မြောက်​လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ထောင်​တွင်း​၌​မ​သေ​ဆုံး​တော့​ဘဲ၊ မိ​မိ​တို့​လို​အပ်​သည့်​အ​စား​အ​စာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။
ISA 51:15 ``ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ပင်​လယ်​ရေ​ကို​ငါ​မွှေ​နှောက်​၍​လှိုင်း​တံ​ပိုး​သံ များ​ကို ဖြစ်​ပေါ်​စေ​၏။ ငါ​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား ဖြစ်​ပါ​သည်​တ​ကား။
ISA 51:16 ငါ​သည်​မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍ ကမ္ဘာ​မြေ​ကြီး​ကို​အုတ်​မြစ်​ချ​၏။ ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​အား`သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သင်​တို့​အား ပေး​အပ်​၍ လက်​တော်​ဖြင့် သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၏' ဟု ငါ​မြွက်​ဆို​ပြီ'' ဟူ​၍​မိန့်​တော်​မူ​၏။
ISA 51:17 အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။
ISA 51:18 သင့်​ကို​လမ်း​ပြ​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သင့်​အ​မျိုး​သား​များ​ထဲ​မှ​သင့်​ကို​လက်​ဆွဲ ခေါ်​ယူ​ပေး​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။
ISA 51:19 သင်​သည်​ဘေး​အန္တရာယ်​နှစ်​ဆ​ကြုံ​တွေ့​ရ​လေ​ပြီ။ သင်​၏​ပြည်​သည်​စစ်​ဒဏ်​ကြောင့်​ပျက်​ပြုန်း​သွား လေ​ပြီ။ သင့်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​အ​စာ​ရေ​စာ ငတ်​မွတ်​ကြ​လေ​ပြီ။ သင့်​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​ရှိ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။
ISA 51:20 အား​အင်​ချည့်​နဲ့​မှု​ကြောင့်​သင်​၏​လူ​တို့​သည်၊ လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင်​လဲ​ကျ​ကြ​၏။ သူ​တို့​သည်​မု​ဆိုး​၏​ပိုက်​ကွန်​တွင်​ဖမ်း​မိ​သည့် သ​မင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​ကြ​လေ​ပြီ။
ISA 51:21 ဒုက္ခ​ရောက်​လျက်​နေ​သော​အ​ချင်း​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့၊ သေ​သောက်​ကြူး​သ​ဖွယ် ယိမ်း​ယိုင်​လျက်​နေ​ကြ​သူ​တို့၊
ISA 51:22 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊သင် တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၍၊ ``ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား ပေး​အပ်​ခဲ့​သည့်​ခွက်​ဖ​လား​ကို သင်​တို့​လက်​မှ​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ​မည်။ သင်​တို့​အား​ယိမ်း​ယိုင်​မူး​ဝေ​စေ​သည့်​စ​ပျစ်​ရည်​ကို သင်​တို့​သောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။
ISA 51:23 ထို​စ​ပျစ်​ရည်​ကို​သင်​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက် သူ​များ၊ သင်​တို့​အား​လမ်း​များ​ပေါ်​တွင်​လဲ​လျောင်း​စေ​၍၊ မြေ​မှုန့်​သ​ဖွယ်​ခြေ​နှင့်​နင်း​ကြ​သူ​များ​အား ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
ISA 52:1 ဇိ​အုန်​မြို့၊သင်​သည်​တစ်​ဖန်​ပြန်​လည်​ကြံ့​ခိုင် ခမ်း​နား​ကြီး​ကျယ်​၍​လာ​လော့။ အို ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်၊ သင်​၏​ကိုယ်​ကို​ဘုန်း​အ​သ​ရေ​နှင့်​လွှမ်း​ခြုံ​ပါ​လော့။ တိုင်း​တစ်​ပါး​သား​တို့​သည် နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏ တံ​ခါး​ထဲ​၌​ဝင်​ရ​ကြ​တော့​မည်​မ​ဟုတ်။
ISA 52:2 အို ယေ​ရု​ရှ​လင်​မြို့၊သင်​၏​ကိုယ်​ကို​ရုန်း​ခါ​၍ လွတ်​မြောက်​အောင်​ပြု​လော့။ မြေ​မှုန့်​ထဲ​မှ​ထ​၍​သင်​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​လော့။ အို သုံ့​ပန်း​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​အား ချည်​နှောင်​ထား​သည့်​သံ​ကြိုး​များ​ကို​ဖြေ​ကြ​လော့။
ISA 52:3 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``သင် တို့​သည်​ငွေ​ဖြင့်​ရောင်း​ချ​မှု​ကို​မ​ခံ​ရ​သော်​လည်း ကျွန်​ဘဝ​သို့​ရောက်​ရှိ​သွား​ကြ​၏။ ထို့​ကြောင့်​သင် တို့​အား​ရွေး​နုတ်​ရာ​တွင်​လည်း​အ​ဖိုး​ငွေ​ပေး​ရ လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​အ​ခ​မဲ့​လွတ်​လပ် ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-
ISA 52:4 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က အ​ခါ​တစ်​ပါး က​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင် လူ​မျိုး​ခြား များ​အ​ဖြစ်​ဖြင့်​နေ​ထိုင်​ခဲ့​ရကြ​၏။ ထို​နောက် အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​သင်​တို့​အား အ​ကြောင်း​မဲ့​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​၏။-
ISA 52:5 ထာ​ဝ​ရ​ဘု​ရား​က​ယ​ခု​အ​ခါ​ဗာ​ဗု​လုန်​ပြည် တွင်​လည်း ဤ​အ​တိုင်း​ပင်​ဖြစ်​ပြန်​လေ​ပြီ။ သင် တို့​သည်​ထို​ပြည်​တွင်​အ​ကြောင်း​မဲ့​သုံ့​ပန်း​များ ဖြစ်​လျက်​နေ​ကြ​ရ​၏။ သင်​တို့​ကို​အုပ်​စိုး​သူ များ​သည်​ပြောင်​လှောင်​ကာ ငါ့​နာ​မ​တော်​ကို အ​စဉ်​ပင်​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏​ဟု​မိန့်​တော် မူ​သည်။-
ISA 52:6 သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သခင်​ဖြစ်​တော်​မူ ကြောင်း၊ ငါ​၏​လူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို သိ​၍ သင်​တို့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သူ မှာ ငါ​ဖြစ်​ကြောင်း​နောင်​အ​ခါ​၌​သင်​တို့​သိ မှတ်​လာ​ကြ​လိမ့်​မည်။
ISA 52:7 ငြိမ်း​ချမ်း​ရေး​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို ယူ​ဆောင်​လာ​သူ၊စေ​တ​မန်​တစ်​ဦး တောင်​ရိုး​ကို​ဖြတ်​ကျော်​နေ​သည်​ကို​တွေ့​မြင်​ရ​ပုံ​မှာ ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။ ထို​စေ​တ​မန်​သည်​ကယ်​တင်​ခြင်း​သ​တင်း​ကို ကြေ​ညာ​လျက်၊ ဇိ​အုန်​မြို့​အား``သင်​၏​ဘု​ရား​သ​ခင်​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု​ဆို​၏။
ISA 52:8 မြို့​စောင့်​တပ်​သား​များ​သည်​အ​သံ​ကျယ်​စွာ​နှင့် အား​ရ​ရွှင်​လန်း​စွာ​တ​ညီ​တ​ညွတ်​တည်း ကြွေး​ကြော်​လျက်​နေ​ကြ​၏။ ဇိ​အုန်​မြို့​သို့​ထာ​ဝ​ရ​ဘု​ရား​ပြန်​လည် ကြွ​လာ​တော်​မူ​မည်​ကို၊သူ​တို့​ကိုယ်​တိုင်​ပင် တွေ့​မြင်​နိုင်​ကြ​လေ​သည်။
ISA 52:9 အ​ချင်း​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့် ယေ​ရု​ရှ​လင်​အ​ဆောက်​အ​ဦ​တို့၊အား​ရ​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တော်​ကို ကယ်​တင်​တော်​မူ​ပြီ။
ISA 52:10 ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် လက်​တော်​အား​ဖြင့်၊နိုင်​ငံ​အ​သီး​သီး​၏​ရှေ့​တွင် မိ​မိ​၏​လူ​မျိုး​တော်​ကို​ကယ်​တင်​တော်​မူ​ပြီ​ဖြစ်​၍၊ ထို​အ​ချင်း​အ​ရာ​ကို​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင် တွေ့​မြင်​ရ​ကြ​လေ​ပြီ။
ISA 52:11 သန့်​ရှင်း​မြင့်​မြတ်​သည့်​ခွက်​ဖ​လား​များ​ကို ကိုင်​ဆောင်​လာ​သူ​အ​ပေါင်း​တို့၊ ဗာ​ဗု​လုန်​ပြည်​မှ​ချက်​ချင်း​ထွက်​ခွာ​လာ​ကြ​လော့။ တား​မြစ်​ထား​သည့်​အ​ရာ​များ​ကို​လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ သင်​တို့​ကိုယ်​ကို​သန့်​စွာ​ထား​၍​မြို့​ထဲ​မှ ထွက်​ခွာ​သွား​ကြ​လော့။
ISA 52:12 ယ​ခု​တစ်​ကြိမ်​တွင်​သင်​တို့​သည်​အ​ဆော​တ​လျင် ထွက်​ခွာ​သွား​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ထွက်​ပြေး​ရန်​ကြိုး​စား​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ အ​ဘက်​ဘက်​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။
ISA 52:13 ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​အ​စေ​ခံ​သည်​မိ​မိ​ပြု​သော​အ​မှု​တွင် ပ​ညာ​ရှိ​စွာ​ပြု​မူ​လိမ့်​မည်။ သူ​သည်​ချီး​မြှောက်​ခြင်း​ခံ​ရ​၍​ကြီး​မြတ်​သော ဂုဏ်​အ​သ​ရေ​ရှိ​လိမ့်​မည်။
ISA 52:14 လူ​အ​များ​ပင်​သူ့​ကို​တွေ့​မြင်​သော​အ​ခါ လိပ်​ပြာ​လန့်​၍​သွား​ကြ​၏။ သူ​သည်​လွန်​စွာ​ရုပ်​ပျက်​ဆင်း​ပျက်​ဖြစ်​၍​နေ သ​ဖြင့် လူ​နှင့်​ပင်​မ​တူ​တော့။
ISA 52:15 သို့​ရာ​တွင်​ယ​ခု​အ​ခါ​သူ​သည်​လူ​မျိုး​တ​ကာ တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှင်​ဘု​ရင်​များ​သည်​လည်း​မိန်း​မော​တွေ​ဝေ​၍ နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​သိ​မ​မြင်​ဘူး​သော​အ​ရာ မ​ကြား​ဘူး​သော​အ​ရာ​တို့​ကို​တွေ့​မြင်​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 53:1 ပြည်​သူ​တို့​က၊ ``ငါ​တို့​ယ​ခု​ဖော်​ပြ​သည့်​သ​တင်း​ကို​အ​ဘယ် သူ​သည် ယုံ​ကြည်​ပါ​လိမ့်​မည်​နည်း။ ဤ​အ​ဖြစ်​အ​ပျက်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အ​ဘယ်​သူ​တွေ့​မြင်​နိုင် ပါ​လိမ့်​မည်​နည်း။
ISA 53:2 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​အား သွေ့​ခြောက်​သည့်​မြေ​တွင်​အ​မြစ်​စွဲ​သည့် အ​ပင်​ငယ်​ကဲ့​သို့​ရှင်​သန်​စေ​ရန်​အ​လို​တော် ရှိ​ပါ​၏။ ထို​သူ​၌​ပ​မာ​ဏ​ပြု​လောက်​သည့်​ဂုဏ်​အ​သ​ရေ​နှင့် အ​ဆင်း​သဏ္ဌာန်​လည်း​မ​ရှိ။ ချစ်​ခင်​နှစ်​လို​ဖွယ်​ကောင်း​သည့်​ရုပ်​ရည်​လည်း​မ​ရှိ။ မိ​မိ​ဘက်​သို့​ပါ​အောင်​ဆွဲ​ဆောင်​နိုင်​စွမ်း​လည်း​မ​ရှိ။
ISA 53:3 ငါ​တို့​သည်​သူ့​အား​စက်​ဆုတ်​ရွံ​ရှာ​၍​ပစ်​ပယ် ထား​ကြ​၏။ သူ​သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။ သူ့​ကို​လှည့်​၍​ပင်​ကြည့်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။ ငါ​တို့​သည်​သူ့​အား​တန်​ဖိုး​မဲ့​သူ​အ​လား လျစ်​လူ​ရှု​၍​ထား​ကြ​၏။
ISA 53:4 ``သို့​ရာ​တွင်​သူ​သည်​ငါ​တို့​ခံ​ထိုက်​သည့်​ဆင်း​ရဲ ဒုက္ခ​ကို​လည်း​ကောင်း၊ ငါ​တို့​ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ပေ​သည်။ ယင်း​သို့​သူ​ခံ​စား​လျက်​နေ​ရ​သည့်​ဒုက္ခ​ဝေ​ဒ​နာ ကို​ပင်​လျှင်၊ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​သည့် အ​ပြစ်​ဒဏ်​ဟု​ငါ​တို့​ထင်​မှတ်​ကြ​၏။
ISA 53:5 သို့​နှင့်​လည်း​သူ​သည်​ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် ထိုး​နှက်​သည့်​ဒဏ်​ရာ​များ​ကို​ရ​ရှိ​လျက်၊ ငါ​တို့​ပြု​သည်​မ​ကောင်း​မှု​များ​အ​တွက် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​၏။ သူ​သည်​ယင်း​သို့​အ​ပြစ်​ဒဏ်​ခံ​ယူ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​ပြစ်​ဖြေ​လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သူ​ခံ​ရ​သော​ဒဏ်​ရာ​ဒဏ်​ချက်​အား​ဖြင့်​ငါ တို့​သည် အ​နာ​ပျောက်​ကင်း​ခွင့်​ကို​ရ​ရှိ​ကြ​၏။
ISA 53:6 ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာ မိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။
ISA 53:7 ``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။ သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊ အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊ သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။
ISA 53:8 လူ​တို့​သည်​သူ့​ကို​ဖမ်း​ဆီး​ပြီး​လျှင်​သေ​ဒဏ် စီ​ရင်​ကြ​၏။ ထို​နောက်​အ​သေ​ခံ​စေ​ရန်​ထုတ်​ဆောင်​သွားကြ​၏။ သို့​ရာ​တွင်​သူ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြ​မ္မာ​ကို အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ။ သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့​၏​အ​ပြစ်​များ အ​တွက် သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​၏။
ISA 53:9 သူ​သည်​ရာ​ဇ​ဝတ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ ကူး​လွန်​ခဲ့​ဖူး​သည်​မ​ရှိ။ မု​သား​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​မ​သုံး စွဲ​ခဲ့။ သို့​ရာ​တွင်​သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့ ၏ အ​ပြစ်​များ​အ​တွက်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​၍၊ ရာ​ဇ​ဝတ်​ကောင်​များ​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း ကို​လည်း​ကောင်း၊ သူ​ဌေး​သူ​ကြွယ်​များ​နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း ကို​လည်း​ကောင်း​ခံ​ရ​လေ​သည်။''
ISA 53:10 ထာ​ဝ​ရ​ဘု​ရား​က၊ ``ထို​သူ​သည်​ငါ​၏​အ​လို​တော်​အ​ရ​ဝေ​ဒ​နာ ခံ​ရ​ခြင်း​ဖြစ်​၏။ သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​မိ​မိ​ကိုယ် ကို တင်​လှူ​ပူ​ဇော်​သည်​ဖြစ်​၍ မိ​မိ​၏​သား​မြေး​အ​မြောက်​အ​မြား​ကို​တွေ့​မြင်​ခွင့် ရ​ရှိ​လိမ့်​မည်။ သူ​သည်​အ​သက်​ရှည်​လိမ့်​မည်။ ငါ​၏​အ​ကြံ​အ​စည်​တော်​အောင်​မြင်​မှု​ကို​လည်း အ​ထောက်​အ​ကူ​ပြု​လိမ့်​မည်။
ISA 53:11 သူ​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရာ​မှ​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။ မိ​မိ​ခံ​စား​ခဲ့​ရ​သည့်​ဝေ​ဒ​နာ​မှာ​အ​ချည်း​နှီး မ​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​လာ​လိမ့်​မည်။ သူ​သည်​ငါ​၏​အ​စေ​ခံ​သူ​တော်​ကောင်း​ဖြစ်​၏။ လူ​အ​များ​၏​အ​ပြစ်​ဝန်​ကို​ထမ်း​ဆောင်​လျက်၊ ထို​ဆောင်​ရွက်​မှု​ကြောင့်​ထို​သူ​တို့​အား အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို​ငါ​ပေး​မည်။
ISA 53:12 သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​ကြီး​မြတ်​သူ၊ တန်​ခိုး​ကြီး သူ​များ​နှင့်​အ​တူ၊ ဂုဏ်​ထူး​ဆောင်​နေ​ရာ​ကို​ပေး​အပ်​တော်​မူ​မည်။ သူ​သည်​မိ​မိ​၏​အ​သက်​ကို​သဒ္ဓာ​ကြည်​ဖြူ​စွာ စွန့်​လှူ​ပြီး​လျှင်၊ ရာ​ဇ​ဝတ်​ကောင်​တို့​၏​ကံ​ကြမ္မာ​ကို​ခံ​ယူ​၏။ သူ​သည်​အ​ပြစ်​ကူး​သူ​များ​ကို​ကိုယ်​စား​ပြု​၍ ထို​သူ​တို့​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ယူ ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။
ISA 54:1 အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​သား​သ​မီး​မ​ရ သည့် အ​မျိုး​သ​မီး​နှင့်​တူ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​၍​ကြွေး​ကြော်​နိုင်​လေ​ပြီ။ ယ​ခု​သင်​သည်​ခင်​ပွန်း​ဖြစ်​သူ​၏​စွန့်​ပစ်​မှု​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ခံ​ရ​ဘူး​သည့် အ​မျိုး​သ​မီး​ထက်​ပင်​ပို​၍​သား​သ​မီး​များ​ကို ရ​ရှိ​ပေ​လိမ့်​မည်။
ISA 54:2 သင်​နေ​ထိုင်​သည့်​တဲ​ကို​တိုး​ချဲ့​ပါ​လော့။ တဲ​၏​ကု​လား​ကာ​များ​ကို​ဆန့်​ထုတ်​လော့၊ မ​တွန့်​ဆုတ်​နှင့်။ တဲ​ကြိုး​တို့​ကို​ရှည်​အောင်​ပြု​၍​ပန္နက်​တိုင်​များ​ကို ခိုင်​မြဲ​အောင်​ရိုက်​လော့။
ISA 54:3 သင်​သည်​မိ​မိ​၏​နယ်​နိ​မိတ်​များ​ကို​အ​ဘက်​ဘက်​မှ တိုး​ချဲ့​ရ​လိမ့်​မည်။ ယ​ခု​အ​ခါ၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ပြည်​ကို သင်​၏​အ​မျိုး​သား​တို့​သည်​ပြန်​လည်​ရ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​လူ​သူ​ဆိတ်​ငြိမ်​လျက်​နေ​သော​မြို့​တို့​သည် စည်​ကား​၍​လာ​လိမ့်​မည်။
ISA 54:4 မ​ကြောက်​နှင့်၊သင်​သည်​နောက်​တစ်​ဖန် အ​သ​ရေ​ပျက်​ရ​တော့​မည်​မ​ဟုတ်။ ရှုတ်​ချ​ခြင်း​ကို​လည်း​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​သစ္စာ​မဲ့​သည့် ဇ​နီး ဖြစ်​ခဲ့​မှု​ကို​လည်း​ကောင်း၊ မု​ဆိုး​မ​အ​ဖြစ်​ဖြင့်​မ​ကြံ​တတ်​အောင်​ပင် ကိုယ်​တိုင်​ကြုံ​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊ မေ့​လျော့​သွား​လိမ့်​မည်။
ISA 54:5 သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည်၊ သင်​၏​ခင်​ပွန်း​ပ​မာ​သင့်​အား​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား၊အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​သော ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို အ​စိုး​ရ​တော်​မူ​ပါ​သည်​တ​ကား။
ISA 54:6 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်၊ ခင်​ပွန်း​ဖြစ်​သူ​စွန့်​ပစ်​သ​ဖြင့်၊အ​လွန်​စိတ်​ဒုက္ခ ရောက်​လျက်​နေ​သည့်​ဇ​နီး​ငယ်​တစ်​ဦး​နှင့်​တူ​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ပြန်​လည်​ခေါ်​ယူ​တော်​မူ​ပါ​၏။
ISA 54:7 ``ငါ​သည်​သင်​တို့​အား​ခေတ္တ​မျှ​စွန့်​ပယ်​ခဲ့​သော်​လည်း နက်​နဲ​သည့်​မေတ္တာ​ဖြင့်​ပြန်​လည်​သိမ်း​ပိုက်​မည်။
ISA 54:8 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​မေတ္တာ​တော်​ကို​သင်​တို့​အား​ထာ​ဝ​စဉ် ငါ​ပြ​မည်'' ဟု သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။
ISA 54:9 ``ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​စေ​လိမ့်​မည်​မ​ဟုတ်​ဟု နော​ဧ​၏​လက်​ထက်​၌​က​တိ​ပြု​ခဲ့​၏။ သင်​တို့​အား​နောက်​တစ်​ဖန် အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ယ​ခု​ငါ​က​တိ​ပြု​ပါ​၏။ ငါ​သည်​သင်​တို့​အား​ပြစ်​တင်​ဆုံး​မ​မှု​နှင့် အ​ပြစ်​ဒဏ်​ခတ်​မှု​ကို​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။
ISA 54:10 တောင်​ကြီး​တောင်​ငယ်​တို့​သည်​ပြို​ကွဲ ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​၌​ထား​ရှိ​သည့် ငါ​၏​မေတ္တာ​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​သုဉ်း​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​က​တိ​တော်​ကို​ငါ​သည် အ​စဉ်​တည်​မြဲ​စေ​မည်'' ဟု သင်​တို့​ကို​ချစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။
ISA 54:11 ``အို ယေ​ရု​ရှ​လင်​မြို့၊ဒုက္ခ​ရောက်​လျက်၊ အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ၊ နှစ်​သိမ့်​မည့်​သူ မ​ရှိ​သည့်​မြို့၊ ငါ​သည်​သင်​၏​အုတ်​မြစ်​များ​ကို​အ​ဖိုး​တန် ကျောက်​များ​ဖြင့်​ပြန်​လည်​တည်​ဆောက်​မည်။
ISA 54:12 သင်​၏​ပြ​အိုး​များ​ကို​ပတ္တ​မြား​ဖြင့်​လည်း​ကောင်း၊ သင်​၏​တံ​တိုင်း​တို့​ကို​ကျောက်​မျက်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ သင်​၏​နံ​ရံ​များ​ကို​အ​ဖိုး​တန်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ပြန်​လည်​တည်​ဆောက်​မည်။
ISA 54:13 ``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။ သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။
ISA 54:14 သင်​သည်​သူ​တော်​ကောင်း​တ​ရား​တွင်​အ​ခြေ​ခံ သ​ဖြင့် တည်​တံ့​ခိုင်​မြဲ​လိမ့်​မည်။ နှိပ်​စက်​ညှင်း​ဆဲ​မှု၊ထိတ်​လန့်​တုန်​လှုပ်​မှု​တို့​နှင့် ကင်း​ဝေး​ရ​လိမ့်​မည်။
ISA 54:15 အ​ကယ်​၍​သင့်​အား​ထိ​ပါး​တိုက်​ခိုက်​လာ​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ထို​သူ​သည်​ငါ​၏​ခွင့်​ပြု​ချက်​ကို​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။ သင့်​အား​စစ်​ပြိုင်​လာ​သူ​မှန်​သ​မျှ​သည် ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။
ISA 54:16 ``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။ သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။
ISA 54:17 သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။
ISA 55:1 ရေ​ငတ်​သူ​အ​ပေါင်း​တို့၊လာ​ကြ​လော့။ ဤ​အ​ရပ်​တွင်​ရေ​ရှိ​၏။ ကြေး​ငွေ​မ​ရှိ​သူ​တို့​လာ​၍​ဂျုံ​စ​ပါး​ကို ဝယ်​ယူ​စား​သုံး​ကြ​လော့။ နို့​နှင့်​ပျား​ရည်​ကို​ဝယ်​ယူ​ကြ​လော့။ အ​ဖိုး​ငွေ​တစ်​ပြား​တစ်​ချပ်​မျှ​သင်​တို့ ကုန်​ကျ​ရ​လိမ့်​မည်​မ​ဟုတ်။
ISA 55:2 အ​စာ​အာ​ဟာ​ရ​မ​ဖြစ်​သည့်​အ​ရာ​အ​တွက် အ​ဘယ်​ကြောင့်​ငွေ​အ​ကုန်​အ​ကျ​ခံ​ကြ​ပါ မည်​နည်း။ သင်​၏​လုပ်​အား​ခ​များ​ကို​အ​ကုန်​ခံ​ကာ အ​ဘယ်​ကြောင့်​မွတ်​သိပ်​လျက်​နေ​ကြ​ပါ မည်​နည်း။ ငါ့​စ​ကား​ကို​နား​ထောင်​လျက်၊ငါ​ပြော​သည့်​အ​တိုင်း ပြု​လုပ်​ကြ​ပါ​မူ သင်​တို့​သည်​အ​မွန်​မြတ်​ဆုံး​သော​အ​စား​အ​စာ များ​ကို စား​သောက်​ရ​ကြ​လိမ့်​မည်။
ISA 55:3 ``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။
ISA 55:4 ငါ​သည်​သူ့​ကို​လူ​မျိုး​တ​ကာ​တို့​၏​ခေါင်း​ဆောင် ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား​စေ​ပြီး​လျှင်၊ ငါ​၏ တန်​ခိုး​တော် ကို​လူ​တို့​ရှေ့​၌​သက်​သေ​ဖြစ်​စေ​မည်။
ISA 55:5 ယ​ခု​တွင်​နိုင်​ငံ​ခြား​အ​မျိုး​သား​တို့​ကို​သင်​သည်​ဆင့်​ခေါ်​မည်။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​သင်​တို့​ကို မ​သိ​ကြ​သော်​လည်း၊ ယ​ခု​အ​ခါ​၌​မူ​သင်​တို့​ထံ​သို့​ပြေး​၍ ဝင်​လာ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​ဖြစ်​တော်​မူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို ဖြစ်​ပျက်​စေ​တော်​မူ​လိမ့်​မည်။ ငါ​သည်​သင်​တို့​အား​ဂုဏ်​အ​သ​ရေ​နှင့် ဘုန်း​အ​သ​ရေ​ကို​ပေး​တော်​မူ​မည်။''
ISA 55:6 ထာ​ဝ​ရ​ဘု​ရား​သည်​ယ​ခု​သင်​တို့​အ​နီး​တွင် ရှိ​တော်​မူ​ပြီ​ဖြစ်​၍၊ အ​ထံ​တော်​သို့​လှည့်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လော့။
ISA 55:7 သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။
ISA 55:8 ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့ အ​ကြံ​အ​စည်​များ​နှင့်​မ​တူ။ ငါ​၏​နည်း​နာ​များ​သည်​လည်း​သင်​တို့ နည်း​နာ​များ​နှင့်​ခြား​နား​၏။
ISA 55:9 မိုး​ကောင်း​ကင်​သည်​ကမ္ဘာ​မြေ​ကြီး​ထက် မြင့်​မား​သ​ကဲ့​သို့၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့​၏ အ​ကြံ​အ​စည်​များ​ထက်​မြင့်​မား​သ​တည်း။
ISA 55:10 ``ငါ​၏​နှုတ်​က​ပတ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို ရေ​ပေး​ရန်​သက်​ရောက်​လာ​သည့် မိုး​နှင့်​မိုး​ပွင့်​များ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ရာ​တို့​သည်​ကောက်​ပဲ​သီး​နှံ​ပင်​များ​ကို ပေါက်​စေ​တတ်​၏။ စိုက်​ပျိုး​ရန်​မျိုး​စေ့​များ​နှင့်​စား​သုံး​ရန် အ​စား​အ​စာ​များ​ကို​ဖြစ်​ပွား​စေ​တတ်​၏။
ISA 55:11 ငါ​မြွက်​ဆို​သည့်​နှုတ်​က​ပတ်​စ​ကား​သည်​လည်း ဤ​နည်း​အ​တိုင်း​ဖြစ်​လိမ့်​မည်။ ထို​နှုတ်​က​ပတ်​တော်​သည်​ငါ​၏​အ​ကြံ​အ​စည် တော်​ကို ပြည့်​စုံ​စေ​လိမ့်​မည်။ ငါ​စေ​ခိုင်း​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။
ISA 55:12 ``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။
ISA 55:13 ယ​ခု​ဆူး​ပင်​များ​ပေါက်​လျက်​ရှိ​ရာ​အ​ရပ်​တွင် အာ​ရဇ်​ပင်(သစ်​က​တိုး) များ​ပေါက်​၍​လာ​လိမ့်​မည်။ ဆူး​ခြုံ​များ​ရှိ​ရာ​အ​ရပ်​တွင်​မု​ရ​တု​ပင်​များ ပေါက်​ရောက်​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​သည်၊ငါ​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အောက်​မေ့​သ​တိ​ရ​စေ​ရန် ထာ​ဝ​စဉ်​တည်​မြဲ​သည့်​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ် ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 56:1 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``ငါ သည်​မ​ကြာ​မီ​သူ​တို့​ကို​ကယ်​တင်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​ဖြောင့်​မတ်​မှန်​ကန်​ရာ​ကို​ပြု​လုပ် ကြ​လော့။
ISA 56:2 ဥ​ပုသ်​နေ့​ကို​အ​လွဲ​သုံး​စား​မ​ပြု​ဘဲ​ကောင်း စွာ​စောင့်​ထိန်း​သူ​တို့​နှင့် အ​ဘယ်​မ​ကောင်း​မှု ကို​မျှ​မ​ပြု​သူ​တို့​ကို​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 56:3 ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တွင်​ပါ​ဝင်​လာ သူ​လူ​မျိုး​ခြား​တစ်​စုံ​တစ်​ယောက်​သည်``ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​နှင့်​အ​တူ ဝတ်​ပြု​ကိုး​ကွယ်​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်'' ဟု မ​ဆို​သင့်။ မိန်း​မ​စိုး​တစ်​စုံ​တစ်​ယောက်​က​လည်း မိ​မိ​သည် သား​သ​မီး​မ​ရ​နိုင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​တွင်​အ​ပါ​အ​ဝင်​မ​ဖြစ်​နိုင်​ဟု အ​ဘယ်​အ​ခါ​၌​မျှ​မ​ဆို​အပ်။-
ISA 56:4 ထာ​ဝ​ရ​ဘု​ရား​က​ထို​သူ​တို့​အား``သင်​တို့ သည်​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​ကာ​ငါ​နှစ်​သက် သည့်​အ​မှု​ကို​ပြု​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို သစ္စာ​စောင့်​ကြ​မည်​ဆို​ပါ​မူ၊-
ISA 56:5 ငါ​၏​ထံ​မှ​သား​သ​မီး​များ​ထက်​မွန်​မြတ် သည့်​ဆု​ကျေး​ဇူး​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​၏​ဗိ​မာန်​တော်​၌​လည်း​ကောင်း၊ ငါ​၏​လူ မျိုး​တော်​ထဲ​၌​လည်း​ကောင်း​မ​မေ့​မ​ပျောက် နိုင်​သော​အ​မည်​နာ​မ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မေ့​လျော့​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။
ISA 56:6 ထို​နောက်၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ခံယူ​ကြ​သူ၊ ကိုယ်​တော်​ကို​ချစ်​၍​အ​စေ​ခံ လျက် ကိုး​ကွယ်​ဝတ်​ပြု​သူ၊ ဥ​ပုသ်​နေ့​ကို မ​ညစ်​ညူး​စေ​အံ့​ငှာ စောင့်​ထိန်း​၍​ပ​ဋိ​ညာဉ် တော်​ကို​သစ္စာ​စောင့်​သူ​လူ​မျိုး​ခြား​တို့​အား ထာ​ဝ​ရ​ဘု​ရား​က၊-
ISA 56:7 ``ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​သို့​သင်​တို့​အား​ပို့​ဆောင်​မည်။ ငါ့​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​တွင် သင် တို့​သည်​ဝမ်း​မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ယဇ်​ပလ္လင်​တွင်​သင်​တို့​တင်​လှူ​ပူ​ဇော် သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​လက်​ခံ​မည်။ ငါ ၏​ဗိ​မာန်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 56:8 မိ​မိ​၏​လူ​မျိုး​တော်​အား​ပြည်​နှင်​ဒဏ်​သင့် ရာ​မှ​သူ​တို့​၏​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သည် အ​ခြား​အ​မျိုး​သား​တို့​ကို​လည်း​ထို လူ​စု​နှင့်​အ​တူ​စု​ပေါင်း​နေ​ထိုင်​ရန်​ခေါ် ဆောင်​လာ​တော်​မူ​လိမ့်​မည်။
ISA 56:9 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​ခြား​တို့​အား သား​ရဲ​တိ​ရစ္ဆာန်​များ​သ​ဖွယ်​လာ​၍ မိ​မိ​၏ လူ​မျိုး​တော်​ကို​သတ်​ဖြတ်​စေ​တော်​မူ​၏။-
ISA 56:10 ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-
ISA 56:11 သူ​တို့​သည်​စား​၍​အား​မ​ရ​နိုင်၊ လော​ဘ​ကြီး သည့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည်​ကား အ​သိ​တ​ရား​ကင်း​မဲ့​သည့်​ခေါင်း​ဆောင်​များ တည်း။ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ကိုယ်​စီ​ကိုယ်​ငှ ဆောင်​ရွက်​ကြ​လျက်​ကိုယ်​ကျိုး​ကို​သာ​လျှင် ရှာ​ကြံ​တတ်​ကြ​၏။-
ISA 56:12 ဤ​သေ​သောက်​ကြူး​တို့​က`လာ​ကြ၊ ငါ​တို့​သည် စ​ပျစ်​ရည်​ကို​ယူ​၍​အ​စွမ်း​ကုန်​သောက်​ကြ ကုန်​အံ့။ နက်​ဖြန်​နေ့​သည်​ယ​နေ့​ထက်​ပင်​ပို ၍​မွေ့​လျော်​ဖွယ်​ကောင်း​လိမ့်​မည်' ဟု​ဆို တတ်​ကြ​၏။''
ISA 57:1 သူ​တော်​ကောင်း​တို့​သည်​သေ​ရ​ကြ​၏။ ထို​သူ​တို့ ယင်း​သို့​သေ​သည့်​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ နား​မ​လည်​ကြ။ ဂ​ရု​လည်း​မ​စိုက်​ကြ။ သို့​ရာ တွင်​သူ​တို့​သည်​သေ​သော​အ​ခါ​အ​တိ​ဒုက္ခ ကင်း​ငြိမ်း​ရာ​အရပ်​သို့​ရောက်​ရှိ​ကြ​လေ​သည်။-
ISA 57:2 သူ​တော်​ကောင်း​တို့​သည်​သေ​လွန်​သော​အ​ခါ ငြိမ်း​ချမ်း​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ကြ​၏။
ISA 57:3 အ​ချင်း​ဆိုး​ညစ်​၍​အ​ပြစ်​ကူး​သူ​တို့၊ တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရန်​ဤ​အ​ရပ်​သို့​လာ​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ ပြည့်​တန်​ဆာ​များ၊ စုန်း​အ​တတ်​ပ​ညာ သည်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​၏။-
ISA 57:4 သင်​တို့​သည်​အ​ဘယ်​သူ​ကို​ပျက်​ရယ်​ပြု​၍​နေ ကြ​ပါ​သ​နည်း။ အ​ချင်း​လူ​လိမ်​တို့၊ သင်​တို့ သည်​အ​ဘယ်​သူ​ကို​ပြောင်​လှောင်​လျက်​နေ ကြ​ပါ​သ​နည်း။-
ISA 57:5 မိ​မိ​တို့​၏​အ​ထွဋ်​အ​မြတ်​သစ်​ပင်​များ​အောက် တွင် ကာ​မ​ရာ​ဂ​စပ်​ယှက်​ခြင်း​အား​ဖြင့် မြေ​သြ​ဇာ နတ်​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​၏။ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​မြစ်​ချောင်း​ဝှမ်း​အ​နီး​ရှိ ကျောက်​ဂူ​များ​တွင်​ယဇ်​ပူ​ဇော်​ကြ​၏။-
ISA 57:6 ထို​အ​ရပ်​မှ​ချော​မွတ်​သည့်​ကျောက်​ခဲ​များ​ကို ယူ​၍ သင်​တို့​၏​ဘု​ရား​များ​အ​ဖြစ်​ကိုး​ကွယ် ကြ​၏။ သင်​တို့​သည်​စ​ပျစ်​ရည်​ကို​သွန်း​လောင်း​၍ ထို​ဘု​ရား​တို့​ကို​ပူ​ဇော်​ကြ​၏။ ဘော​ဇဉ်​သကာ​ကို ဆက်​သ​ကြ​၏။ ဤ​သို့​သင်​တို့​ပြု​သည်​ကို​ငါ နှစ်​သက်​တော်​မူ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ ပါ​သလော။-
ISA 57:7 သင်​တို့​သည်​တောင်​မြင့်​ပေါ်​သို့​တက်​၍​ယဇ် ပူ​ဇော်​လျက်​ကာ​မ​ရာ​ဂ​စပ်​ယှက်​ကြ​၏။-
ISA 57:8 မိ​မိ​တို့​၏​ရုပ်​တု​များ​ကို​အိမ်​တံ​ခါး​နှင့် တံ​ခါး​တိုင်​အ​တွင်း​ဘက်​တွင်​ကပ်​၍​ထား ကြ​၏။ သင်​တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကြ​၏။ မိ​မိ တို့​၏​အ​ဝတ်​ဖုံး​များ​ကို​ဖယ်​ရှား​ပြီး​လျှင် အိပ်​ရာ​ကြီး​များ​ပေါ်​သို့​ချစ်​သူ​များ​နှင့် အ​တူ​တက်​၍​မိ​မိ​တို့​၏​ရာ​ဂ​စိတ်​ကို ရောင့်​ရဲ​စေ​ကြ​၏။ သင်​တို့​သည်​ထို​သူ​တို့ နှင့်​အိပ်​စက်​ရန်​အ​ခ​ကြေး​ငွေ​ကို​လည်း ပေး​ရ​ကြ​၏။-
ISA 57:9 သင်​တို့​သည်​ဆီ​မွှေး​နှင့်​နံ့​သာ​များ​ကို လိမ်း​ကျံ​လျက် မော​လုပ်​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​သွား​ရောက်​ကြ​၏။ ရပ်​နီး​ရပ်​ဝေး နှင့်​မ​ရ​ဏာ​နိုင်​ငံ​သို့​တိုင်​အောင်​ပင် သံ​တ​မန် များ​စေ​လွှတ်​၍​ဘု​ရား​များ​ကို​ရှာ​ဖွေ​စေ ကြ​၏။-
ISA 57:10 သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ရှာ​ဖွေ​ရ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​၍​လာ​သော်​လည်း​အ ဘယ်​အ​ခါ​၌​မျှ​လက်​မ​လျော့​ကြ။ မိ​မိ​တို့ ၏​ရုပ်​တု​များ​ထံ​မှ​ခွန်​အား​ကို​ရ​ရှိ​သည် ဟု ထင်​မှတ်​ကာ​သင်​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အား​မ​လျော့​ကြ။
ISA 57:11 ထာ​ဝ​ရ​ဘု​ရား​က``ငါ့​အား​လိမ်​လည်​ပြော ဆို​၍​လုံး​ဝ​မေ့​လျော့​၍​အ​မှတ်​မ​ရ​ကြ သည့်​တိုင်​အောင် သင်​တို့​ကြောက်​လန့်​ကြ​သည့် ဘု​ရား​များ​ကား​အ​ဘယ်​သူ​များ​ပေ​နည်း။ ငါ​သည်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​သ​ဖြင့် သင်​တို့​သည်​ငါ့​ကို​မ​ကြောက်​တော့​ဘဲ​ရှိ​နေ ကြ​ပါ​သ​လော။-
ISA 57:12 သင်​တို့​က​မိ​မိ​တို့​ပြု​သည့်​အ​မှု​ကို​မှန်​သည် ဟု​ထင်​မှတ်​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​အ​ကျင့် ကို ငါ​ဖွင့်​ဟ​ထုတ်​ဖော်​လိုက်​သော​အ​ခါ သင်​တို့ ၏​ရုပ်​တု​များ​သည်​သင်​တို့​အား​ကူ​မ​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။-
ISA 57:13 မိ​မိ​တို့​အား​ကူ​မ​ပါ​ရန်​သင်​တို့​ဟစ်​အော် တောင်း​ခံ​ကြ​သော​အ​ခါ ထို​ရုပ်​တု​များ​သည် သင်​တို့​ကို​ကယ်​ကြ​ပါ​လေ​စေ။ ယင်း​တို့​သည် လေ​တစ်​ချက်​မှုတ်​လိုက်​လျှင် လွင့်​စင်​၍​သွား ကြ​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ့​ကို​ယုံ​ကြည် ကိုး​စား​သူ​တို့​မူ​ကား​ပြည်​တော်​တွင်​နေ​ထိုင် ရ​လျက် ငါ​၏​သန့်​ရှင်း​သော​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
ISA 57:14 ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​လူ​မျိုး​တော်​အား ငါ့​ထံ​ပြန်​စေ​ကြ​လော့။ ငါ့​လူ​မျိုး​တော်​တို့ ၏​လမ်း​ခ​ရီး​မှ​ဆူး​ညှောင့်​ခ​လုတ်​ရှိ​သ​မျှ ကို​ပယ်​ရှား​ကြ​လော့။ လမ်း​ကို​ဖောက်​လုပ် ၍​အ​သင့်​ပြင်​ကြ​လော့။
ISA 57:15 ``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။-
ISA 57:16 ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​အ​သက်​ရှင် ခွင့်​ကို​ပေး​၏။ သူ​တို့​အား​ဆက်​လက်​၍​ပြစ် တင်​စွပ်​စွဲ​လျက်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက် လျက်​နေ​လိမ့်​မည်​မ​ဟုတ်။-
ISA 57:17 ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​နှင့်​လော​ဘ လွန်​ကူး​မှု​များ​အ​တွက်​အ​မျက်​ထွက်​သ​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍​သူ​တို့​ထံ​မှ လွှဲ​ရှောင်​ခဲ့​၏။ သို့​သော်​လည်း​သူ​တို့​သည်​ခေါင်း မာ​လျက် မိ​မိ​တို့​ပြု​လို​ရာ​ပင်​ပြု​ကျင့်​လျက် နေ​ကြ​၏။
ISA 57:18 ``သူ​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​ကြ​သည် ကို​ငါ​မြင်​ရ​ပြီ။ သို့​ရာ​တွင်​ငါ​သည်​သူ​တို့ အား​ကု​စား​မည်။ ရှေ့​ဆောင်​လမ်း​ပြ​၍​ကူ​မ မည်။ သူ​တို့​အား​ငါ​နှစ်​သိမ့်​စေ​မည်။-
ISA 57:19 ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​သူ​တို့​၏​နှုတ်​မှ​ကျေး​ဇူး​တော်​ချီး​မွမ်း ကြ​စေ၊ ရပ်​နီး​ရပ်​ဝေး​ရှိ​လူ​အ​ပေါင်း​တို့​အား ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​၏။ ငြိမ်​သက် ခြင်း​ကို​ငါ​ပေး​၏။ ငါ​၏​လူ​မျိုး​တော်​ကို​ငါ ကု​စား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
ISA 57:20 သို့​ရာ​တွင်​ဆိုး​ညစ်​သူ​တို့​သည်​အ​မြဲ​လှုပ်​ရှား လျက် လှိုင်း​လုံး​များ​ဖြင့်​အ​ဆက်​မ​ပြတ်​ရိုက် ခတ်​ကာ၊ ရွှံ့​နှင့်​အ​မှိုက်​သ​ရိုက်​များ​ကို​ယူ ဆောင်​လာ​တတ်​သော​ပင်​လယ်​ရေ​နှင့်​တူ​ကြ​၏။-
ISA 57:21 သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​ငါ​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​၏။
ISA 58:1 ``ကျယ်​နိုင်​သ​မျှ​ကျယ်​စွာ​တံ​ပိုး​မှုတ်​သ​ကဲ့ သို့​အော်​ဟစ်​၍ ငါ​၏​လူ​မျိုး​တော်​အား​သူ တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ​လော့။-
ISA 58:2 သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။
ISA 58:3 သူ​တို့​က``အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မြင်​တော်​မ မူ​လျှင် ငါ​တို့​အ​ဘယ်​ကြောင့်​အ​စာ​ရှောင် ကြ​ပါ​တော့​မည်​နည်း။ ကိုယ်​တော်​သည်​ငါ​တို့ နှိမ့်​ချ​သည်​ကို​မြင်​တော်​မ​မူ​လျှင် အ​ဘယ် ကြောင့်​ငါ​တို့​ဒုက္ခ​ခံ​ကြ​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား``အ​ဖြစ်​မှန် မှာ​သင်​တို့​သည်​အ​စာ​ရှောင်​လျက်​နေ​စဉ်​၌ ပင်​ကိုယ်​ကျိုး​ရှာ​လျက် မိ​မိ​တို့​ငယ်​သား များ​ကို​လည်း​နှိပ်​စက်​ညှင်း​ဆဲ​ကြ​၏။-
ISA 58:4 သင်​တို့​အ​စာ​ရှောင်​ခြင်း​သည်​သင်​တို့​အား အ​စဉ်​အ​မြဲ​အ​ချင်း​များ​စေ​လျက်​ခိုက်​ရန် ဒေါ​သ​ဖြစ်​ကာ​အ​ကြမ်း​ဖက်​စေ​ကြ​၏။ ဤ နည်း​အား​ဖြင့်​သင်​တို့​တောင်း​လျှောက်​ကြ​သည့် ဆု​တောင်း​ပတ္ထ​နာ​များ​သည် ငါ့​ကို​နား​ညောင်း စေ​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။-
ISA 58:5 သင်​တို့​သည်​အ​စာ​ရှောင်​လျက်​တစ်​ရက်​တာ​မျှ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ခြင်း​ကို​ငါ​နှစ်​သက်​သည် ဟု​ထင်​မှတ်​ကြ​သ​လော။ ဒုက္ခ​ခံ​လျက်​မြက်​ပင် များ​သ​ဖွယ်​ဦး​ခေါင်း​များ​ကို​ကိုင်း​ညွှတ်​၍ မိ​မိ​တို့​ထိုင်​ရန်​လျှော်​တေ​အ​ဝတ်​နှင့်​ပြာ ကို​ခင်း​တတ်​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား အ​စာ​ရှောင်​ခြင်း​ဟု သင်​တို့​ခေါ်​ဆို​ကြ​သည့် အ​ရာ​ပေ​လော။ ယင်း​သို့​သင်​တို့​ပြု​မူ​သော နေ့​ရက်​ကို ငါ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။
ISA 58:6 ``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊-
ISA 58:7 ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။
ISA 58:8 ``သင်​တို့​သည်​ဤ​အ​တိုင်း​ပြု​ကျင့်​ကြ​ပါ​မူ ငါ​၏​ကျေး​ဇူး​တော်​အ​လင်း​သည်​တက်​သစ်​စ နေ​ရောင်​ခြည်​သ​ဖွယ် သင်​တို့​အ​ပေါ်​သို့​သက် ရောက်​၍​သင်​တို့​အ​နာ​ရော​ဂါ​များ​သည်​လည်း လျင်​မြန်​စွာ​ပျောက်​ကင်း​သွား​လိမ့်​မည်။ ဖြောင့် မတ်​သော​အ​ရှင်​သည်​သင်​တို့​နှင့်​ထာ​ဝ​စဉ် အ​တူ​ရှိ​နေ​မည်။ အ​ဘက်​ဘက်​မှ​နေ​၍​ငါ ၏​ဘုန်း​တော်​သည် သင်​တို့​အား​ကာ​ကွယ် စောင့်​ရှောက်​မည်။-
ISA 58:9 သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ နား​ညောင်း​မည်။ သင်​တို့​အ​ကူ​အ​ညီ​တောင်း သော​အ​ခါ​ငါ​ထူး​မည်။ ``အ​ကယ်​၍​သင်​တို့​သည်​နှိပ်​စက်​ညှင်း​ဆဲ​မှု ကို​ရပ်​စဲ​၍​မ​တ​ရား​စွပ်​စွဲ​မှု​ကို​ရှောင်​ရှား ပြီး​ဆိုး​ညစ်​သည့်​စ​ကား​မှန်​သ​မျှ​ကို​ဖယ် ရှား​ကာ၊-
ISA 58:10 ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​အား​အ​စား​အ​စာ ကျွေး​မွေး​လျက် ချို့​တဲ့​သူ​တို့​၏​လို​အင်​ဆ​န္ဒ ကို​ဖြည့်​ကြ​မည်​ဆို​ပါ​မူ သင်​၏​အ​လင်း​သည် သင်​၏​ပတ်​ဝန်း​ကျင်​ရှိ​မှောင်​မိုက်​ကို​လင်း​လိမ့် မည်။ သင်​၏​ည​သည်​မွန်း​တည့်​အ​လင်း​ရောင် အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား​လိမ့်​မည်။-
ISA 58:11 ငါ​သည်​လည်း​သင်​တို့​ကို​ထာ​ဝ​စဉ်​လမ်း​ပြ ပို့​ဆောင်​ကာ နေ​ပူ​ပြင်း​လျက်​ခြောက်​သွေ့​ရာ ဒေ​သ​၌​ကောင်း​မြတ်​သည့်​အ​စား​အ​စာ များ​အား​ဖြင့်​ရောင့်​ရဲ​စေ​မည်။ သင်​တို့​အား ကျန်း​မာ​သန်​စွမ်း​စေ​မည်။ သင်​တို့​သည်​ရေ အ​လုံ​အ​လောက်​ရ​ရှိ​သည့်​ဥ​ယျာဉ်​ကဲ့​သို့ လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း မ​ခြောက်​သည့်​စမ်း​ချောင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။-
ISA 58:12 သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 58:13 ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-
ISA 58:14 ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​မှ​ရ​ရှိ​အပ်​သော စိတ္တ​သု​ခ​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​ဂုဏ်​အ​သ ရေ​ရှိ​စေ​မည်။ သင်​တို့​သည်​လည်း​မိ​မိ​တို့​ဘိုး ဘေး​ယာ​ကုပ်​အား​ပေး​အပ်​ခဲ့​သည့်​ပြည်​တော် တွင်​ပျော်​မွေ့​စွာ​နေ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
ISA 59:1 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မ​ကယ်​နိုင် လောက်​အောင်​အား​အင်​ချည့်​နဲ့​တော်​မူ​သည် မ​ဟုတ်။ ကူ​မ​တော်​မူ​ပါ​ဟု​သင်​တို့​ဟစ်​အော် တောင်း​လျှောက်​သံ​ကို​မ​ကြား​နိုင်​လောက်​အောင် နား​မ​လေး။-
ISA 59:2 ကိုယ်​တော်​ကြား​တော်​မ​မူ​ခြင်း​မှာ​သင်​တို့ အ​ပြစ်​များ​ကြောင့်​ဖြစ်​သည်။ သင်​တို့​အား ကိုယ်​တော်​နှင့်​ကင်း​ကွာ​စေ​သည့်​အ​ရာ​မှာ လည်း​သင်​တို့​အ​ပြစ်​များ​ပင်​ဖြစ်​၏။-
ISA 59:3 သင်​တို့​သည်​လိမ်​လည်​ကောက်​ကျစ်​စွာ​ပြော ဆို​မှု၊ သင်​တို့​၏​လက်​များ​နှင့်​လက်​ချောင်း များ​သည် သွေး​များ​ပေ​ကျံ​မှု၊ လူ​သတ်​မှု တို့​အ​တွက်​အ​ပြစ်​ရှိ​ကြ​၏။
ISA 59:4 သင်​တို့​သည်​တ​ရား​ရုံး​တော်​သို့​သွား​သော် လည်း တ​ရား​မျှ​တ​မှု​မ​ရှိ၊ တ​ရား​သည့် ဘက်​၌​မ​နေ​ကြ။ မိ​မိ​တို့​အ​မှု​နိုင်​ရန် အ​တွက်​မု​သား​စ​ကား​ပြော​ဆို​လျက် အ​ကြောင်း​မဲ့​ငြင်း​ခုံ​တတ်​ကြ​၏။
ISA 59:5 သင်​တို့​၏​ဆိုး​ရွား​သော​အ​ကြံ​စည်​များ​သည် မြွေ​ဆိုး​ဥ​များ​ကဲ့​သို့​ပေါက်​ပွား​စေ​၏။ တစ် ခု​ကို​ဖျက်​ဆီး​လိုက်​လျှင် မြွေ​ဆိုး​တစ်​ကောင် ပေါက်​လာ​တတ်​ပါ​သည်​တ​ကား။ သင်​တို့​၏ အ​ကြံ​အ​စည်​များ​သည်​သင်​တို့​ကို​အ​ကျိုး ပေး​လိမ့်​မည်​မ​ဟုတ်။-
ISA 59:6 ယင်း​တို့​သည်​ပင့်​ကူ​မြှေး​ဖြင့်​ယက်​လုပ်​သော အ​ထည်​ကဲ့​သို့ အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​ကြ ၏။ မိ​မိ​တို့​ယက်​လုပ်​သော​အ​ရာ​သည် လုံ​ခြုံ မှု​ကို​မ​ပေး​နိုင်၊ ဆိုး​ညစ်​၍​အ​ကြမ်း​ဖက် သော​အ​မှု​တို့​ပြု​လုပ်​ကြ​၏။-
ISA 59:7 သင်​တို့​သည်​မ​ကောင်း​မှု​တစ်​ခု​ခု​ကို​ထာ​ဝ စဉ်​ကြံ​စည်​လျက် အ​ပြစ်​ကို​မ​ဆိုင်း​မ​တွ ပြု​ကျင့်​တတ်​ကြ​၏။ အ​ပြစ်​မ​ရှိ​သော​သူ ကို​သတ်​ရန်​ပင်​လျှင်​လက်​မ​နှေး​ကြ။ သင် တို့​ရောက်​လေ​ရာ​အ​ရပ်​တိုင်း​၌​ဆုံး​ပါး ပျက်​စီး​မှု​သာ​လျှင်​ကျန်​ရှိ​ခဲ့​တတ်​၏။-
ISA 59:8 သင်​တို့​ရောက်​ရှိ​နေ​ချိန်​၌​လည်း​အ​ဘယ်​သူ မျှ​အ​သက်​စည်း​စိမ်​လုံ​ခြုံ​မှု​မ​ရှိ။ သင်​တို့ ပြု​သော​အ​မှု​မှန်​သ​မျှ​သည်​မ​တ​ရား သော​အ​မှု​များ​ဖြစ်​၏။ သင်​တို့​သည်​လမ်း ကောက်​ကို​လိုက်​တတ်​ကြ​၏။ ထို​လမ်း​ကို လိုက်​သော​သူ​တိုင်း​အ​ဘယ်​အ​ခါ​၌​မျှ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​မ​ဟုတ်။
ISA 59:9 လူ​တို့​က``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မ​တ​ရား​ပြု​သူ​တို့​လက်​မှ​အ​ဘယ်​ကြောင့် ကယ်​တော်​မ​မူ​ကြောင်း​ကို​လည်း​ငါ​တို့​သိ ရ​ပြီ။ ငါ​တို့​သည်​မိ​မိ​လျှောက်​သွား​ရန်​လမ်း ခ​ရီး​အ​တွက် အ​လင်း​ရောင်​ကို​မျှော်​လင့်​တောင့် တ​ကြ​သော်​လည်း​မှောင်​မိုက်​အ​ရိပ်​ကို​သာ လျှင်​ရ​ရှိ​ကြ​၏။-
ISA 59:10 ငါ​တို့​သည်​မျက်​မ​မြင်​များ​ကဲ့​သို့​လက်​နှင့် စမ်း​၍​သွား​လာ​ရ​ကြ​၏။ မွန်း​တည့်​ချိန်​၌​ပင် ငါ​တို့​သည်​ညဥ့်​အ​ခါ​မှာ​ကဲ့​သို့ သန်​စွမ်း​သူ တို့​၏​အ​လယ်​၌ မှောင်​မိုက်​ရာ​မ​ရ​ဏာ​နိုင်​ငံ သို့​ရောက်​ရှိ​နေ​ဘိ​သ​ကဲ့​သို့​ခြေ​ချော်​၍ လဲ​ကျ​ကြ​၏။-
ISA 59:11 ငါ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​စိတ် သော​က​ရောက်​ရ​ကြ​၏။ မိ​မိ​တို့​ကို​မ​တ​ရား ပြု​သူ​များ​လက်​မှ​ကယ်​တော်​မူ​ရန် ဘု​ရား​သ​ခင်​အား​တမ်း​တ​ကြ​ပါ​သော်​လည်း အ​လွန် ဝေး​ကွာ​နေ​လျက်​အ​ချည်း​နှီး​ပင်​ဖြစ်​ပါ​၏။
ISA 59:12 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန် တော်​မျိုး​တို့​ပြစ်​မှား​သည့်​အ​ပြစ်​များ​သည် များ​လှ​ပါ​၏။ ထို​အ​ပြစ်​များ​က​ကျွန်​တော် မျိုး​တို့​အား​စွဲ​ချက်​တင်​သည်​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ကောင်း စွာ​သိ​ရကြ​ပါ​၏။-
ISA 59:13 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို​ပုန်​ကန် ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ပစ်​ပယ်​ကာ​နောက် တော်​သို့​လိုက်​ရန်​ငြင်း​ဆန်​ခဲ့​ကြ​ပါ​၏။ ကျွန် တော်​မျိုး​တို့​သည်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှင်း​ဆဲ​၍​ကိုယ်​တော်​ရှင်​ကို​လည်း​ပုန်​ကန်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​အ​ကြံ​အ​စည် များ​သည်​မူ​မ​မှန်​ပါ။ ကျွန်​တော်​မျိုး​တို့​၏ စ​ကား​များ​သည်​လည်း​မု​သား​ဖြစ်​ပါ​၏။-
ISA 59:14 တ​ရား​မျှ​တ​မှု​သည်​အ​ဝေး​သို့​အ​နှင်​ခံ​ရ လျက် အ​မှန်​တ​ရား​သည်​လည်း​အ​နီး​သို့​မ​ချဉ်း ကပ်​နိုင်​ပါ။ တ​ရား​စီ​ရင်​ရာ​ဌာ​န​များ​၌​အ​မှန် တ​ရား​မ​ရှိ၊ သစ္စာ​တ​ရား​သည်​ရပ်​တည်​၍​မ နေ​နိုင်။-
ISA 59:15 ထို​အ​ရပ်​တွင်​ရိုး​သား​ဖြောင့်​မှန်​သူ​နည်း​ပါး လှ​သည်​ဖြစ်​၍ မ​ကောင်း​မှု​ကို​ရှောင်​ကြဉ်​သူ သည်​သူ​ရူး​ဟု​ပင်​အ​ထင်​ခံ​ရ​တတ်​ပါ​၏။'' ဤ​အ​ဖြစ်​သ​နစ်​ကို​မြင်​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​ခြင်း ကင်း​မဲ့​မှု​ကို​နှစ်​သက်​တော်​မ​မူ။-
ISA 59:16 အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​အား​ကယ်​မ​မည့်​သူ မ​ရှိ​သည်​ကို​လည်း​မြင်​တော်​မူ​၍​အံ့​သြ​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​လက် တော်​ဖြင့်​ကယ်​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ဖြောင့် မတ်​တော်​မူ​ခြင်း​အား​ဖြင့်​အောင်​ပွဲ​ခံ​တော်​မူ လိမ့်​မည်။-
ISA 59:17 ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​တည်း​ဟူ​သော သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​လျက် ကယ်​တင်​တော်​မူ ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​လုံး​ကို​ဆောင်း တော်​မူ​လိမ့်​မည်။ ပြင်း​ပြ​သော​မေတ္တာ​တော်​တည်း ဟူ​သော​ဝတ်​လုံ​ကို​လည်း​ကောင်း လူ​တို့​ခံ​ကြ သည့်​မ​တ​ရား​မှု​များ​အ​တွက်​လက်​စား​ချေ တော်​မူ​ခြင်း​တည်း​ဟူ​သော​အ​ဝတ်​ကို​လည်း ကောင်း ဝတ်​ဆင်​တော်​မူ​လိမ့်​မည်။-
ISA 59:18 မိ​မိ​တို့​အ​ပြစ်​အ​လျောက်​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​ရန်​သူ​များ​သည် အ​မျက်​တော်​ကို​ခံ​ရ​၍ အ​ကျိုး​အ​ပြစ်​ကို ပေး​ဆပ်​ရ​မည်။ ရပ်​ဝေး​တွင်​နေ​ထိုင်​လျက်​ရှိ ကြ​သူ​များ​ပင်​လျှင် ထို​အ​ပြစ်​ဒဏ်​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်။-
ISA 59:19 အ​ရှေ့​မျက်​နှာ​မှ​သည်​အ​နောက်​မျက်​နှာ​သို့ တိုင်​အောင် လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ နာ​မ​တော်​နှင့်​ဘုန်း​တန်​ခိုး​တော်​တို့​ကို​ကြောက် ရွံ့​လေး​စား​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​အ​ရှိန် ပြင်း​သည့်​ချောင်း​ရေ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ကြီး​သည့်​လေ​ကဲ့​သို့​လည်း​ကောင်း​ကြွ​လာ တော်​မူ​လိမ့်​မည်။
ISA 59:20 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​အ​ပြစ်​များ​မှ​နောင်​တ​ရ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဇိ​အုန်​မြို့​သို့​ကြွ​လာ​တော်​မူ မည်။-
ISA 59:21 သင်​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​မည်။ ငါ​သည်​သင်​တို့ အား​ငါ​၏​ဝိ​ညာဉ်​တော်​နှင့်​သြ​ဝါ​ဒ​များ​ကို ပေး​အပ်​ခဲ့​လေ​ပြီ။ ယင်း​တို့​ကို​ယ​ခု​မှ​စ​၍ သင်​တို့​နှင့်​သင်​တို့​၏​သား​မြေး​များ​သည် ကာ​လ​အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 60:1 အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။
ISA 60:2 အ​ခြား​အ​မျိုး​သား​တို့​နှင့်​ကမ္ဘာ​ပေါ်​တွင်​အ​မှောင် လွှမ်း​လျက်​နေ​မည်​ဖြစ်​သော်​လည်း၊ သင်​၏​အ​ပေါ်​၌​မူ​ထာ​ဝ​ရ​ဘု​ရား​၏​အ​လင်း​တော် ထွန်း​တောက်​လျက်​နေ​လိမ့်​မည်။ မျက်​နှာ​တော်​မှ​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​သို့​သက်​ရောက်​၍ တည်​နေ​တော်​မူ​လိမ့်​မည်။
ISA 60:3 လူ​မျိုး​တ​ကာ​တို့​သည်​သင်​၏ အ​လင်း​ရှိ​ရာ​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည်​သင်​၏​တက်​သစ်​စ နေ​အ​ရုဏ်​ရောင်​ခြည်​သို့​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်။
ISA 60:4 သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက်​လျက် ရှိ​သည်​ကို​ကြည့်​ရှု​လော့။ သင်​၏​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ပြည်​သို့ ပြန်​လာ​ရန်​စု​ရုံး​လျက်​ရှိ​ကြ​၏။ သင်​၏​သား​တို့​သည်​ရပ်​ဝေး​မှ​ပြန်​လာ​ကြ လိမ့်​မည်။ သင်​၏​သ​မီး​များ​အား​ပွေ့​ချီ​လျက်​လာ​ကြ လိမ့်​မည်။
ISA 60:5 သင်​သည်​ဤ​အ​မှု​အ​ရာ​ကို​မြင်​၍​ရွှင်​လန်း ဝမ်း​မြောက်​ရ​လိမ့်​မည်။ စိတ်​နှ​လုံး​ထိ​ခိုက်​တုန်​လှုပ်​လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​မိမိ​တို့​၏​စည်း​စိမ် ချမ်း​သာ​များ​ကို သင်​၏​ထံ​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​ပင်​လယ်​ရပ်​ခြား မှ ရောက်​ရှိ​လာ​လိမ့်​မည်။
ISA 60:6 ဝန်​တင်​ကု​လား​အုပ်​တပ်​ကြီး​များ​သည် မိ​ဒျန်​ပြည်​နှင့်​ဧ​ဖာ​ပြည်​မှ​ရောက်​ရှိ​လာ​၍ သင်​၏​ဒေ​သ​ကို​လွှမ်း​မိုး​လိမ့်​မည်။ ရှေ​ဘ​ပြည်​မှ​ရွှေ​နှင့်​နံ့​သာ​ပေါင်း​ကို​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။
ISA 60:7 ကေ​ဒါ​ပြည်​နှင့်​န​ဗာ​ယုတ်​ပြည်​တို့​မှ​သိုး​ရှိ သ​မျှ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​သင်​၏​ထံ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​စေ​ရန် ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဗိ​မာန်​တော်​ကို အ​ဘယ်​အ​ခါ​နှင့်​မျှ​မ​တူ​အောင်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့်​မည်။
ISA 60:8 မိုး​တိမ်​များ​ကဲ့​သို့​လည်း​ကောင်း၊အိပ်​တန်း​ပြန် ချိုး​ငှက်​များ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မျက်​နှာ​ပြင်​ကို​လျှပ်​၍​လာ​နေ​သော​သ​င်္ဘော​များ ကား​အ​ဘယ်​သင်္ဘော​များ​နည်း။
ISA 60:9 ထို​သ​င်္ဘော​တို့​သည်​ရပ်​ဝေး​မှ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား မိ​မိ​တို့​ပြည်​သို့​တင်​ဆောင်​လာ​သည့် သ​င်္ဘော​များ​ဖြစ်​၏။ ယင်း​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မြှောက်​ရန်၊ ရွှေ​နှင့်​ငွေ​များ​ကို​ယူ​ဆောင် လာ​ကြ​ခြင်း​ဖြစ်​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ချီး​မြှောက်​စေ​တော်​မူ​ပြီ။
ISA 60:10 ထာ​ဝ​ရ​ဘု​ရား​က​ယေ​ရု​ရှ​လင်​မြို့​အား ``လူ​မျိုး​ခြား​တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​များ​သည်​လည်း​သင်​တို့​၏ အ​စေ​ကို​ခံ​ကြ​လိမ့်​မည်။ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား အ​ပြစ်​ဒဏ်​ခတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​သင်​တို့​အား​မျက်​နှာ သာ​ပေး​၍ က​ရု​ဏာ​ပြ​တော်​မူ​မည်။
ISA 60:11 လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​နိုင်​ရန်၊ သင်​သည်​မိ​မိ​၏​တံ​ခါး​ကို​နေ့​ရော​ညဥ့်​ပါ ဖွင့်​၍​ထား​ရ​လိမ့်​မည်။
ISA 60:12 သို့​ရာ​တွင်​သင်​၏​အ​စေ​ကို​မ​ခံ​သည့် လူ​မျိုး​တို့​မူ​ကား၊လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။
ISA 60:13 ``အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​ပြန်​လည်​တည်​ဆောက်​၍ ငါ​၏​ဗိ​မာန်​တော်​ကို​လှ​ပ​တင့်​တယ်​စေ​ရန်​နှင့်၊ ငါ​ခြေ​ချ​ရာ​နေ​ရာ​ကို​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​ရန် သူ​တို့​သည်​လေ​ဗ​နုန်​တော​မှ​လက်​ရွေး​စင် ထင်း​ရှူး​သား၊ တ​ဒေ​ရ​သား​နှင့်​တာ​ရှု​ရ​သား​တို့​ကို သင့်​ထံ​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။
ISA 60:14 သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏ သား​မြေး​များ​သည်​သင့်​ထံ​လာ​ရောက်​၍ ဦး​ညွှတ် အ​လေး​ပြု​ကြ​လိမ့်​မည်။ အ​ခါ​တစ်​ပါး​က​သင့်​အား​မ​ထီ​မဲ့​မြင် ပြု​သူ​အ​ပေါင်း​တို့​သည်​သင်​၏​ခြေ​ရင်း​၌ ပျပ်​ဝပ် ရှိ​ခိုး​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​မြို့​တော်' ဟူ​၍​လည်းကောင်း၊ `ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်​ဇိ​အုန်' ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်။
ISA 60:15 ``သင်​သည်​လူ​သူ​ဆိတ်​ငြိမ်​လျက်​စွန့်​ပစ်​မုန်း​တီး ခြင်း​ကို ခံ​ရ​သော​မြို့​ဖြစ်​တော့​မည်​မ​ဟုတ်။ ငါ​သည်​သင့်​ကို​ခမ်း​နား​ကြီး​ကျယ်​လှ​ပ​စေ​၍ ကာ​လ​အ​စဉ်​အ​ဆက် ရွှင်​လန်း​ချမ်း​မြေ့​ဖွယ်​ကောင်း​သည့်​မြို့​ဖြစ်​စေ​မည်။
ISA 60:16 မိ​ခင်​သည်​သား​ငယ်​ကို​နို့​ချို​တိုက်​ကျွေး​သ​ကဲ့​သို့၊ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် သင့်​ကို​ကြည့်​ရှု​ပြု​စု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ကယ်​တင်​တော် မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် သင့်​အား​ကျွန်​ဘဝ​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည်​သိ​ရှိ​ရ​လိမ့်​မည်။
ISA 60:17 ``ငါ​သည်​သင့်​အား​ကြေး​ဝါ​အ​စား​ရွှေ၊ သံ​အ​စား​ငွေ​နှင့်​သစ်​သား​အ​စား​ကြေး​ဝါ ကို ပေး​တော်​မူ​မည်။ သင်​သည်​ကျောက်​အ​စား​သံ​ကို​ရ​ရှိ​လိမ့်​မည်။ သင်​တို့​ကို​အုပ်​ချုပ်​သူ​တို့​အား​တ​ရား​မျှ​တ ငြိမ်း​ချမ်း​စွာ​အုပ်​စိုး​စေ​မည်။
ISA 60:18 အ​ကြမ်း​ဖက်​မှု​အ​သံ​ဗ​လံ​များ​ပေါ်​ထွက် ရ​တော့​မည်​မ​ဟုတ်။ သင်​၏​ပြည်​သည်​လည်း​နောက်​တစ်​ဖန်​လု​ယက် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မြို့​ရိုး​သ​ဖွယ်​သင့်​ကို​ကာ​ကွယ်​စောင့် ရှောက်​မည်။ သင်​သည်​လည်း​မိ​မိ​ကို​ကယ်​တင်​သည့်​အ​တွက် ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်။
ISA 60:19 ``နေ့​အ​ခါ​နေ​သည်​လည်း​ကောင်း၊ ညဥ့်​အ​ခါ​လ​သည်​လည်း​ကောင်း၊ သင်​၏​အ​လင်း​ဖြစ်​တော့​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​သင်​၏ အ​တွက် ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ငါ​၏​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လိမ့်​မည်။
ISA 60:20 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​တွက်​နေ​လ​တို့​ထက် ပို​မို​တည်​တံ့​သည့်​ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ထို့​ကြောင့်​သင်​ဝမ်း​နည်း​ပူ​ဆွေး​ရာ​နေ့​ရက်​များ​သည် ကုန်​ဆုံး​၍​သွား​လိမ့်​မည်။
ISA 60:21 သင်​၏​လူ​အ​ပေါင်း​တို့​သည်​မှန်​ရာ​ကို​ပြု​ကျင့် ကြ​လျက်၊ ပြည်​တော်​ကို​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ရ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငါ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​ရန်၊ ငါ​သည်​သူ​တို့​ကို​ပြု​စု​ပျိုး​ထောင်​ခဲ့​ပြီ။
ISA 60:22 သင်​၏​အ​နည်း​ဆုံး​အ​ညံ့​ဆုံး​သော​သူ​ပင်​လျှင်၊ ထောင်​ချီ​လျက်​များ​ပြား​လာ​ပြီး တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး​သ​ဖွယ်​ကြီး​မြတ်​၍ လာ​လိမ့်​မည်။ အ​ချိန်​ကျ​လျှင်​ငါ​သည်​ဤ​အ​တိုင်း​လျင်​မြန်​စွာ ဖြစ်​ပျက်​စေ​တော်​မူ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​သည် တ​ကား။''
ISA 61:1 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကို ယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။
ISA 61:2 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​၍ ရန်​သူ​တို့​အား​ဖြို​ခွင်း​တော်​မူ​သည့်​အ​ချိန် ကျ​ရောက်​ပြီ​ဖြစ်​ကြောင်း​ကြေ​ညာ​ရန်​ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ဝမ်း​နည်း​ပူ​ဆွေး​သူ​အ​ပေါင်း​တို့​အား နှစ်​သိမ့်​မှု​ပေး​ရန်၊
ISA 61:3 ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စား ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်း ပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန် ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သော ဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။
ISA 61:4 သူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ ပျက်​စီး​ယို​ယွင်း​နေ​ခဲ့​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​၍​အ​သစ်​ပြု​ပြင် ကြ​လိမ့်​မည်။
ISA 61:5 အို ငါ​၏​လူ​များ​တို့၊ လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ကို အ​စေ​ခံ​ကြ​လိမ့်​မည်။ သင်​တို့​၏​လယ်​ယာ​များ​ကို​ထွန်​ယက်​ကာ​သင်​တို့ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ပြု​စု​ကြ​လိမ့်​မည်။
ISA 61:6 သင်​တို့​မူ​ကား၊ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​များ၊ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကြီး​များ​ဟု နာ​မည်​တွင်​လျက်၊ လူ​မျိုး​တ​ကာ​တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို ခံ​စား​ကာ၊ ယင်း​သို့​ခံ​စား​ရ​သည့်​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​ကြ​လိမ့်​မည်။
ISA 61:7 သင်​တို့​၏​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​သည် ဆုံး​ခန်း​တိုင်​ရောက်​လေ​ပြီ။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင်​ရ​လျက်၊ သင်​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​လည်း​နှစ်​ဆ တိုး​၍​လာ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ပျော်​ရွှင် ရ​ကြ​လိမ့်​မည်။
ISA 61:8 ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​တ​ရား​မျှ​တ​မှု​ကို​နှစ်​သက်​မြတ်​နိုး​၍ လု​ယက်​မှု​နှင့်​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကို​မုန်း​၏။ ငါ​၏​လူ​မျိုး​တော်​အား​သစ္စာ​ရှိ​စွာ ဆု​လာဘ်​များ​ကို​ပေး​အပ်​မည်။ သူ​တို့​နှင့်​လည်း​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ငါ​ပြု​မည်။
ISA 61:9 သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​ထင်​ပေါ် ကျော်​ကြား​ကြ​လိမ့်​မည်။ သူ​တို့​ကား​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​စား​ရ​ကြ​သူ​များ​ဖြစ်​ကြောင်း သူ​တို့​ကို​မြင်​သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
ISA 61:10 ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။ သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။
ISA 61:11 မျိုး​စေ့​များ​သည်​အ​ညှောက်​ထိုး​၍​အ​ပင် ပေါက်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မှန်​ပင် ကယ်​တင်​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
ISA 62:1 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည် မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍ မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။
ISA 62:2 အို ယေ​ရု​ရှ​လင်​မြို့၊လူ​မျိုး​တ​ကာ​တို့​သည် သင်​၏​အောင်​မြင်​ခြင်း​ကို​တွေ့​မြင် ရ​ကြ​လိမ့်​မည်။ ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သင်​၏​ဘုန်း အ​သ​ရေ​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပေး​တော်​မူ​သည့်​နာ​မည်​သစ်​ကို​ရ​ရှိ​လိမ့်​မည်။
ISA 62:3 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​လွန်​လှ​ပ​တင့်​တယ်​သော​ဦး​ရစ်​သ​ရ​ဖူ​သ​ဖွယ် ဖြစ်​လိမ့်​မည်။
ISA 62:4 ``စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သူ'' ဟု​နာ​မည်​တွင် တော့​မည်​မ​ဟုတ်။ သင်​၏​ပြည်​သည်​လည်း``အ​ပယ်​ခံ​ဇ​နီး'' ဟူ​သော​နာ​မည်​ကို​ခံ​ယူ​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​နာ​မည်​သစ်​မှာ``ဘု​ရား​သ​ခင်​နှစ်​သက် မြတ်​နိုး​သူ'' ဟူ​၍​ဖြစ်​လိမ့်​မည်။ သင်​၏​ပြည်​သည်​လည်း``ပျော်​ရွှင်​စွာ​ထိမ်း​မြား ထား​သူ'' ဟု​နာ​မည်​တွင်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်၊ ခင်​ပွန်း​ဖြစ်​သူ​သည်​မိ​မိ​ဇ​နီး​ကို​မြတ်​နိုး သ​ကဲ့​သို့၊ သင်​၏​ပြည်​ကို​လည်း​မြတ်​နိုး​တော်​မူ​လိမ့်​မည်။
ISA 62:5 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သ​ဖွယ်​သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သ​တို့​သား​သည် နှစ်​သက်​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည်​သင့်​ကို​နှစ်​သက်​တော်​မူ လိမ့်​မည်။
ISA 62:6 အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။ သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား မိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။
ISA 62:7 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည် ထူ​ထောင်​ကာ၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​ရာ​မြို့ အ​ဖြစ်​သို့​ရောက်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ငြိမ်​နေ​စေ ကြ​လိမ့်​မည်​မ​ဟုတ်။
ISA 62:8 ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​ကြီး​သော​လက်​ယာ လက်​တော်​နှင့်​ကျိန်​ဆို​တော်​မူ​သည်။ ``သင်​၏​ကောက်​ပဲ​သီး​နှံ​များ​သည်​ရန်​သူ​တို့​အ​တွက် ရိက္ခာ​ဖြစ်​ရ​တော့​မည်​မ​ဟုတ်။ လူ​မျိုး​ခြား​တို့​သည်​လည်း​သင်​ကြိုး​စား​၍ လုပ်​ဆောင်​ခဲ့​သော​စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ တော့​မည်​မ​ဟုတ်။
ISA 62:9 သို့​ရာ​တွင်​အ​သီး​အ​နှံ​များ​ကို​စိုက်​ပျိုး ရိတ်​သိမ်း သူ​သင်​တို့​သာ​လျှင်၊ ယင်း​တို့​ကို​စား​သုံး​ကြ​လျက်၊ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ရ​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​များ​ကို​ပြု​စု​ဆွတ်​ခူး​သူ​သင်​တို့ သာ​လျှင် ငါ​၏​ဗိ​မာန်​တော်​တန်​တိုင်း​အ​တွင်း​၌ စ​ပျစ်​ရည်​ကို သောက်​ရ​ကြ​လိမ့်​မည်။''
ISA 62:10 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့၊ မြို့​တွင်း​မှ ထွက်​ကြ​လော့။ ပြည်​တော်​ပြန်​သင်​တို့​၏​အ​မျိုး​သား​များ အ​တွက် လမ်း​ကို​ဖောက်​လုပ်​ကြ​လော့။ လမ်း​မ​ကြီး​ကို​ပြင်​ဆင်​ကြ​လော့။ ကျောက်​ခဲ​တို့​ကို​ဖယ်​ရှား​ပစ်​ကြ​လော့။ တိုင်း​သူ​ပြည်​သား​များ​သိ​စေ​ရန်​အ​ချက်​ပြ အ​လံ​များ​တင်​ကြ​လော့။
ISA 62:11 ``သင်​တို့​၏​ကယ်​တင်​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် မိ​မိ​ကယ်​တင်​တော်​မူ​ခဲ့​သည့်​လူ​တို့​ကို ခေါ်​ဆောင်​ကာ ကြွ​လာ​တော်​မူ​လိမ့်​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ပြော​ပြ​ကြ​ရန်၊ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ ဘု​ရား ကြေ​ညာ​လျက်​နေ​တော်​မူ​ပါ​၏။
ISA 62:12 သင်​တို့​သည်``ထာ​ဝ​ရ​ဘု​ရား​၏​သန့်​ရှင်း မြင့်​မြတ်​သည့် လူ​မျိုး​တော်၊'' ``ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် လူ​မျိုး​တော်'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း``ဘု​ရား​သ​ခင် ချစ်​မြတ်​နိုး​သည့်​မြို့'' ``ဘု​ရား​သ​ခင်​စွန့်​ပစ်​တော်​မ​မူ​သည့်​မြို့'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။
ISA 63:1 ဧ​ဒုံ​ပြည်၊ ဗော​ဇ​ရ​မြို့​မှ​လာ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ လှ​ပ​တင့်​တယ်​စွာ​နီ​မြန်း သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​လျက်​ခွန်​အား စွမ်း​ရည်​အ​ပြည့်​အ​ဝ​နှင့်​ချီ​တက်​လာ​သူ ကား​အ​ဘယ်​သူ​နည်း။ ထို​သူ​သည်​မိ​မိ​၏​အောင်​ပွဲ​ကို​ကြေ​ညာ ရန်​ကြွ​လာ​သည့်​အ​ရှင်၊ ကယ်​တင်​ပိုင်​သော တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ တည်း။
ISA 63:2 ထို​အ​ရှင်​၏​အ​ဝတ်​များ​သည်​စ​ပျစ်​သီး နယ်​သူ​၏​အ​ဝတ်​များ​ကဲ့​သို့​အ​ဘယ် ကြောင့်​နီ​မြန်း​၍​နေ​ပါ​သ​နည်း။
ISA 63:3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ တို့​ကို​စ​ပျစ်​သီး​များ​သ​ဖွယ်​နင်း​နယ်​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငါ့​အား​ကူ​ညီ​ရန် မ​လာ​မ​ရောက်​ကြ။ ငါ​သည်​အ​မျက်​ထွက် သ​ဖြင့်​သူ​တို့​အား​နင်း​နယ်​ရာ​တွင်​ငါ​၏ အ​ဝတ်​များ​သည်​သူ​တို့​၏​သွေး​များ​ဖြင့် စွန်း​၍​သွား​ပေ​သည်။-
ISA 63:4 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​တင် ရန်​အ​ချိန်​ကျ​ပြီ။ သူ​တို့​၏​ရန်​သူ​များ​အား အ​ပြစ်​ဒဏ်​ခတ်​ရန်​အ​ချိန်​ရောက်​ပြီ​ဟု​ဆုံး ဖြတ်​လိုက်​၏။-
ISA 63:5 ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ ရှိ​သည်​ကို​တွေ့​ရ​သော​အ​ခါ ငါ​အံ့​သြ​မိ​၏။ သို့​ရာ​တွင်​ငါ​၏​အ​မျက်​ဒေါ​သ​က​ငါ့​အား စွမ်း​အား​ကို​ပေး​သ​ဖြင့် ငါ​ကိုယ်​တိုင်​အောင်​ပွဲ ကို​အ​ရ​ယူ​ခဲ့​ပါ​၏။-
ISA 63:6 ငါ​သည်​မိ​မိ​၏​အ​မျက်​ဒေါ​သ​အ​လျောက် လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ချေ​မှုန်း​ခဲ့​၏။ သူ​တို့​၏​သွေး​ကို​မြေ​ပေါ်​သို့​သွန်း​လောင်း ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။
ISA 63:7 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပျက်​ကွက်​ခြင်း မ​ရှိ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။ ငါ​တို့​အ​ဖို့​ပြု​တော်​မူ​ခဲ့​သော​အ​မှု​တော် အ​ပေါင်း အ​တွက်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​မေတ္တာ က​ရု​ဏာ​တော်​ကို​ထောက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး မင်္ဂ​လာ ကြွယ်​ဝ​စွာ​ချ​ပေး​တော်​မူ​ပြီ။
ISA 63:8 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ငါ​၏​လူ​မျိုး တော်​ဖြစ်​၍​ငါ့​အား​လိမ်​လည်​လှည့်​စား​ကြ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ် တော်​သည်​သူ​တို့​ခံ​စား​ရ​သည့်​ဒုက္ခ​ဆင်း​ရဲ အ​ပေါင်း​မှ​ကယ်​တင်​တော်​မူ​၏။-
ISA 63:9 သူ​တို့​ကို​ကယ်​တင်​သူ​မှာ​ကောင်း​ကင်​တ​မန် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တိုင်​ဖြစ်​တော် မူ​၏။ ကိုယ်​တော်​သည်​မေတ္တာ​က​ရု​ဏာ​တော် ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ကယ်​တင်​တော် မူ​၏။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​သည်​သူ တို့​အား​အ​စဉ်​အ​မြဲ​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ခဲ့​သော်​လည်း၊-
ISA 63:10 သူ​တို့​သည်​ပုန်​ကန်​ကာ​ကိုယ်​တော်​အား​ဝမ်း နည်း​စေ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​ရန်​ဘက်​ပြု​ကာ​တိုက်​ခိုက် တော်​မူ​သ​တည်း။
ISA 63:11 ထို​အ​ခါ​သူ​တို့​သည်​အ​တိတ်​ကာ​လ၊ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ခေတ်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လျက်``မိ​မိ​လူ​မျိုး​တော်​၏​ခေါင်း ဆောင်​များ​ကို​ပင်​လယ်​မှ​ကယ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း။ မော​ရှေ အား​ထူး​ကဲ​သည့်​တန်​ခိုး​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကား​အ​ဘယ်​မှာ​နည်း။-
ISA 63:12 မော​ရှေ​အား​ဖြင့်​တန်​ခိုး​တော်​ကို​အ​သုံး​ပြု ကာ မိ​မိ​၏​လူ​မျိုး​တော်​ရှေ့​၌​ပင်​လယ်​ရေ​ကို နှစ်​ချမ်း​ကွဲ​စေ​တော်​မူ​ပြီး​လျှင် ထာ​ဝ​စဉ်​ကျော် ကြား​လာ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကား အ​ဘယ်​မှာ​နည်း​ဟု'' မေး​ကြ​၏။
ISA 63:13 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ရေ​နက်​ရာ ကို​ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မြင်း​ရိုင်း​များ​သ​ဖွယ်​ခြေ​ကုပ်​မြဲ လျက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​လဲ​မ​ကျ​ကြ။-
ISA 63:14 ကျွဲ​နွား​များ​ကို​စိမ်း​လန်း​စို​ပြေ​သည့်​ချိုင့်​ဝှမ်း သို့​ပို့​ဆောင်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ငြိမ်း​အေး​ရာ​အ​ရပ် သို့​ပို့​ဆောင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ် တော်​သည် မိ​မိ​ဘုန်း​အ​သ​ရေ​တော်​ကို​ထင် ရှား​စေ​တော်​မူ​သ​တည်း။
ISA 63:15 အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​မြင့်​မြတ်​၍​ဘုန်း အ​သ​ရေ​တော်​တောက်​ပ​ရာ​ကောင်း​ကင်​ဘုံ​တည်း ဟူ​သော ကိုယ်​တော်​ရှင်​ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် မှ​နေ​၍​ကျွန်​တော်​မျိုး​တို့​အား​ငုံ့​၍​ကြည့်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​တွက်​ကိုယ်​တော်​ရှင် စိုး​ရိမ်​ကြောင့်​ကြ​တော်​မူ​သည်​ကား​အ​ဘယ်​မှာ နည်း။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည်​အ​ဘယ် မှာ​နည်း။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​နှင့်​သ​နား​ကြင် နာ​မှု​သည်​အ​ဘယ်​မှာ​နည်း။ ကျွန်​တော်​မျိုး တို့​အား​လျစ်​လူ​ရှု​တော်​မ​မူ​ပါ​နှင့်။-
ISA 63:16 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​အ​ဖ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး များ​ဖြစ်​သော​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​ပင် လျှင် ကျွန်​တော်​မျိုး​တို့​အား​အ​သိ​အ​မှတ်​မ ပြု​နိုင်​ကြ​ပါ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား သည် ကျွန်​တော်​မျိုး​တို့​၏​အ​ဖ​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​ရှေး​ကာ​လ ထဲ​က အ​စဉ်​အ​မြဲ​ကယ်​ဆယ်​တော်​မူ​ခဲ့ သူ​မှာ​ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။-
ISA 63:17 ကျွန်​တော်​မျိုး​တို့​အား​အ​ဘယ်​ကြောင့်​ကိုယ်​တော် ရှင်​၏​တ​ရား​လမ်း​မှ​လွှဲ​ရှောင်​သွား​စေ​တော်​မူ ပါ​သ​နည်း၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​တို့ အား​ခေါင်း​မာ​စေ​လျက် ကိုယ်​တော်​ရှင်​ထံ​မှ​ရှောင် လွှဲ​စေ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် သူ​တို့​ကို​ထောက်​ထား​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​ထာ​ဝ​စဉ်​ပိုင်​သ​တော်​မူ​သည့် လူ​မျိုး​တော်​အား​ထောက်​ထား​သ​ဖြင့်​လည်း ကောင်း ပြန်​လည်​ကြွ​လာ​တော်​မူ​ပါ။
ISA 63:18 ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ဖြစ်​သော​ကျွန် တော်​မျိုး​တို့​ကို​ရန်​သူ​တို့​သည်​အ​ခိုက် အ​တန့်​အား​ဖြင့်​နှင်​ထုတ်​လျက်​သူ​တို့​သည် ဗိ​မာန်​တော်​ကို​နင်း​ချေ​ကြ​ပါ​ပြီ။-
ISA 63:19 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင် မ​ဟုတ်​ဘိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော် မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​မ​ဟုတ်​ဘိ သ​ကဲ့​သို့​လည်း​ကောင်း​ကျွန်​တော်​မျိုး​တို့​ကို ကိုယ်​တော်​ရှင်​ဆက်​ဆံ​တော်​မူ​ပါ​၏။
ISA 64:1 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​မိုး​ကောင်း​ကင် ကို​ဖွင့်​လှစ်​၍ ဆင်း​သက်​ကြွ​လာ​တော်​မ​မူ​ပါ သ​နည်း။ တောင်​များ​သည်​ကိုယ်​တော်​ရှင်​ကို မြင်​၍​ကြောက်​လန့်​တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။-
ISA 64:2 သူ​တို့​သည်​မီး​ပေါ်​တွင် ဆူ​ပွက်​နေ​သည့်​ရေ​ကဲ့ သို့​တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။ ကြွ​လာ​တော်​မူ​၍ ရန်​သူ​တို့​အား ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော် ကို​ပြ​တော်​မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​အား ရှေ့​တော်​၌​တုန်​လှုပ်​စေ​တော်​မူ​ပါ။-
ISA 64:3 အ​ခါ​တစ်​ပါး​က​ကိုယ်​တော်​ရှင်​သည်​ကြွ​လာ တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​မ​မျှော်​လင့်​သည့် ကြောက်​လန့်​ဖွယ်​ရာ​အ​မှု​များ​ကို​ပြု​တော်​မူ ပါ​၏။ တောင်​များ​သည်​ကိုယ်​တော်​ရှင်​ကို​မြင် ၍​ကြောက်​စိတ်​နှင့်​တုန်​လှုပ်​ကြ​ပါ​၏။-
ISA 64:4 မိ​မိ​အား​မျှော်​ကိုး​ကြ​သူ​တို့​အ​တွက်​ဤ မည်​သော​အ​မှု​တို့​ကို ကိုယ်​တော်​ရှင်​၏​နည်း တူ​ပြု​တော်​မူ​သည့်​ဘု​ရား​ကို​အ​ဘယ်​သူ မျှ​မ​တွေ့​မ​မြင်​ဘူး​ပါ။ ထို​ဘု​ရား​အ​ကြောင်း ကို​ကြား​လည်း​မ​ကြား​ဘူး​ကြ​ပါ။-
ISA 64:5 ကိုယ်​တော်​ရှင်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍​ပျော်​မွေ့ တတ်​သူ​များ​အား​လည်း​ကောင်း၊ ကိုယ်​တော်​ရှင် ၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန်​မ​မေ့​မ လျော့​တတ်​သူ​များ​အား​လည်း​ကောင်း​ကြို​ဆို လက်​ခံ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​တို့​အား​အ​မျက်​ထွက်​တော်​မူ​သော် လည်း ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​မြဲ ကူး​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​အ​မျက် ထွက်​နေ​ပါ​လျက်​ကျွန်​တော်​မျိုး​တို့​သည် အ​မှား​ကို​ပြု​မြဲ​ပြု​ကြ​ပါ​၏။ ရှေး​ယ​ခင် က​စ​၍​ဤ​သို့​ပြု​ခဲ့​မိ​ကြ​ပါ​၏။-
ISA 64:6 ကျွန်​တော်​မျိုး​တို့​အား​လုံး​အ​ပြစ်​သား​များ ဖြစ်​ကြ​ပါ​၏။ ကျွန်ုပ်​တို့​၏​အ​ကောင်း​ဆုံး အ​ကျင့်​ပင်​လျှင်​လုံး​ဝ​ဥ​ဿုံ​ရွံ​ရှာ​ဖွယ်​သာ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​လေ​လွင့်​ရွက်​ခြောက်​များ နှင့်​တူ​ကြ​ပါ​၏။-
ISA 64:7 ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​နှင့်​ထံ​တော်​သို့ တစ်​ဦး​တစ်​ယောက်​မျှ​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ပါ။ ``ကူ​မ​တော်​မူ​ပါ'' ဟု​လည်း​တစ်​ဦး တစ်​ယောက်​မျှ​လာ​ရောက်​ပန်​ကြား​မှု​မ​ပြု ပါ။ ကျွန်​တော်​မျိုး​တို့​အ​ပြစ်​များ​ကြောင့် ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​လွှဲ တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ် တော်​မူ​ပါ​ပြီ။
ISA 64:8 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ရွှံ့​စေး​နှင့်​တူ​၍ ကိုယ်​တော်​ရှင်​မူ​ကား​အိုး​ထိန်း​သည်​နှင့်​တူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့ အား​ဖန်​ဆင်း​တော်​မူ​ခဲ့​သည့်​အ​ရှင်​ဖြစ် သ​ဖြင့်၊-
ISA 64:9 ကျွန်​တော်​မျိုး​တို့​အ​ပေါ်​၌ အ​လွန်​အ​မင်း အ​မျက်​ရှ​တော်​မ​မူ​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင် လည်း​ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို အ​စဉ်​မ​ပြတ်​အောက်​မေ့​သ​တိ​ရ​တော်​မ​မူ ပါ​နှင့်၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် ၏​လူ​မျိုး​တော်​ဖြစ်​၍ ကျွန်​တော်​မျိုး​တို့ အား​သ​နား​တော်​မူ​ပါ။-
ISA 64:10 ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ များ​သည် သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ်​၍ ယေ​ရု ရှ​လင်​မြို့​သည်​လည်း​ပျက်​စီး​ယို​ယွင်း လျက် လူ​သူ​ကင်း​မဲ့​ရာ​ဖြစ်​၍​နေ​ပါ​၏။-
ISA 64:11 ကျွန်​တော်​မျိုး​တို့​၏​ဗိ​မာန်​တော်၊ ကိုယ်​တော် ရှင်​အား​ကျွန်​တော်​မျိုး​တို့​ဘိုး​ဘေး​များ ထော​မ​နာ​ပြု​ရာ မြင့်​မြတ်​တင့်​တယ်​သန့်​ရှင်း သည့်​ဌာ​န​တော်​သည်​မီး​သင့်​လောင်​၍​သွား ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​ချစ်​မြတ်​နိုး​သည့် အ​ဆောက်​အ​ဦ​မှန်​သ​မျှ​သည်​လည်း ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​ပါ​၏။-
ISA 64:12 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​မှု​အ​ရာ​များ​ကြောင့်​စိတ်​ထိ​ခိုက်​လှုပ်​ရှား မှု​ဖြစ်​တော်​မ​မူ​ပါ​သ​လော။ ကိုယ်​တော်​ရှင် သည်​ငြိမ်​သက်​စွာ​နေ​တော်​မူ​လျက်​ကျွန် တော်​မျိုး​တို့​အား​မိမိ​တို့​၏​ခံ​နိုင်​ရည်​ထက် ပို​၍​ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​မည် လော။
ISA 65:1 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မိ​မိ​လူ​မျိုး တော်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း ရန်​အ​သင့်​ရှိ​သော်​လည်း သူ​တို့​သည်​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​ကြ။ ငါ​သည်​သူ​တို့​ရှာ​လျှင် တွေ့​မြင်​နိုင်​ရန်​အ​သင့်​စောင့်​၍​နေ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​ရှာ​ရန်​ပင်​မ​ကြိုး​စား​ကြ။ ငါ​သည်​ဤ​အ​ရပ်​တွင်​ရှိ​၏။ ငါ​သည်​ကူ​မ​မည် ဟု​ဖြေ​ကြား​ရန်​အ​သင့်​ရှိ​သော်​လည်း၊ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ထံ​သို့​ဆု တောင်း​ပတ္ထ​နာ​မ​ပြု​ကြ။-
ISA 65:2 ခေါင်း​မာ​လျက်​အ​မှား​ကို​ပြု​ကျင့်​ကာ​မိ​မိ တို့​၏​ထင်​ရာ​သို့​လိုက်​တတ်​သူ ဤ​လူ​စု​အား ငါ​သည်​ကြို​ဆို​လက်​ခံ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​ပါ​၏။-
ISA 65:3 သို့​ရာ​တွင်​သူ​တို့​သည်​အ​ရှက်​မ​ရှိ။ ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။ သူ​တို့​သည် မြေ​သြ​ဇာ​နတ်​ဘု​ရား​တို့​ကို​ဥ​ယျာဉ်​များ တွင်​ယဇ်​ပူ​ဇော်​ကြ​၏။ ရုပ်​တု​ကိုး​ကွယ်​ရာ ယဇ်​ပလ္လင်​များ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ကြ​၏။-
ISA 65:4 ညဥ့်​အ​ခါ​၌​သူ​တို့​သည်​ဂူ​များ​သင်္ချိုင်း​တွင်း များ​သို့​သွား​၍​သူ​သေ​ဝိ​ညာဉ်​များ​နှင့်​နှီး နှော​တိုင်​ပင်​ကြ​၏။ သူ​တို့​သည်​ဝက်​သား​ကို စား​၍​သူ​တို့​၏​အိုး​များ​တွင် မ​သန့်​ရှင်း သော​အ​သား​ပြုတ်​ရည်​ရှိ​ကြ​၏။-
ISA 65:5 ထို​နောက်​သူ​တို့​က​မိ​မိ​တို့​သည်​အ​လွန်​ပင် မြင့်​မြတ်​သန့်​ရှင်း​လှ​သည်၊ အ​ခြား​သူ​တို့​နှင့် မ​ထိ​မ​တွေ့​အပ်​ဟု​ဆို​ကာ အ​ဘယ်​သူ​ကို​မျှ မိ​မိ​တို့​အနီး​သို့​မ​ချဉ်း​မ​ကပ်​စေ​ကြ။ ငါ သည်​ဤ​သို့​သော​လူ​တို့​ကို​သည်း​မ​ခံ​နိုင်။ ထို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သည့်​ငါ​၏ အ​မျက်​ဒေါ​သ​သည်​အ​စဉ်​တောက်​လောင် လျက်​နေ​သည့်​မီး​နှင့်​တူ​၏။
ISA 65:6 ``သူ​တို့​အား​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​ခတ်​မည် ကို​ငါ​ဆုံး​ဖြတ်​ပြီး​လေ​ပြီ။ သူ​တို့​အ​တွက် စီ​ရင်​ချက်​ကို​လည်း​ရေး​မှတ်​၍​ထား​၏။ ငါ သည်​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​လျစ် လူ​ရှု​လိမ့်​မည်​မ​ဟုတ်။-
ISA 65:7 သူ​တို့​၏​အ​ပြစ်​ကြွေး​များ​ကို​လည်း​ကောင်း၊ သူ​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြွေး​များ​ကို လည်း​ကောင်း​ငါ​ဆပ်​စေ​မည်။ သူ​တို့​သည်​တောင် ပေါ်​ရှိ​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကာ ငါ့​ကို​ကဲ့​ရဲ့ ကြ​လေ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ထိုက် လျောက်​ရာ​အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။
ISA 65:8 ထာ​ဝ​ရ​ဘု​ရား​က``စ​ပျစ်​သီး​ကောင်း​များ ကို အ​ဘယ်​သူ​မျှ​မ​ဖျက်​ဆီး​တတ်။ နယ်​၍ စ​ပျစ်​ရည်​လုပ်​တတ်​ကြ​၏။ ငါ​သည်​လည်း ငါ​၏​လူ​အ​ပေါင်း​ကို​သုတ်​သင်​ဖျက်​ဆီး ပစ်​လိမ့်​မည်​မ​ဟုတ်။-
ISA 65:9 ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​ကို​ငါ​ကယ်​တင် မည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​ကို​ကောင်း​ချီး​ပေး မည်။ ယု​ဒ​၏​သား​မြေး​များ​သည်​တောင်​ပေါ် ဒေ​သ​များ​ဖြစ်​သော ငါ​၏​ပြည်​တော်​ကို အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ကျွန်​ငါ ၏​လူ​မျိုး​တော်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​၍ အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။-
ISA 65:10 သူ​တို့​သည်​ငါ့​ကို​ရှိ​ခိုး​ဝတ်​ပြု​ကာ​မိ​မိ​တို့ ၏​သိုး​နှင့်​ကျွဲ​နွား​များ​ကို​အ​နောက်​ဘက်​ရှိ ရှာ​ရုန်​လွင်​ပြင်​တွင်​လည်း​ကောင်း၊ အ​ရှေ့​ဘက် ရှိ​အာ​ခေါ်​ချိုင့်​စား​ကျက်​များ​တွင်​လည်း ကောင်း နား​နေ​စ​ရာ​အ​ဖြစ်​ကျောင်း​ကြ လိမ့်​မည်။
ISA 65:11 ``သို့​ရာ​တွင်​ငါ့​ကို​စွန့်​ပစ်​သူ​ငါ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင်​ကို​ဂ​ရု​မ​စိုက်​ဘဲ ကံ​ကြမ္မာ​ဘု​ရား၊ ဂါ​ဒ​နှင့်​မေ​နိ​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​သူ​သင်​တို့​အ​ဖို့​မှာ​မူ​ကား၊-
ISA 65:12 ဋ္ဌား​နှင့်​အ​သေ​သတ်​ခြင်း​ခံ​ရ​လိမ့်​မည်။ သင် တို့​သည်​ငါ​ခေါ်​သော​အ​ခါ​မ​ထူး​ကြ။ ငါ ပြော​သော​အ​ခါ​နား​မ​ထောင်​ကြ။ သင်​တို့ သည်​ငါ​၏​ရှေ့​တွင်​ဒု​စ​ရိုက်​ပြု​လျက် ငါ​မ နှစ်​သက်​သော​အ​ရာ​ကို​လုပ်​ဆောင်​ကြ​၏။-
ISA 65:13 ထို့​ကြောင့်​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ငါ့​ကို ဝတ်​ပြု​သူ​တို့​သည်​ဖော​ဖော​သီ​သီ​စား​သောက် ရ​ကြ​လျက် သင်​တို့​မူ​ကား​ဆာ​ငတ်​မွတ်​သိပ် လျက်​ရေ​ငတ်​ကြ​လိမ့်​မည်။ ငါ​၏​ကျွန်​တို့ သည်​ပျော်​ရွှင်​ကြ​လျက် သင်​တို့​မူ​ကား​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ပြော​ကြား​၏။-
ISA 65:14 ငါ​၏​ကျွန်​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ရ​ကြ​လျက် သင်​တို့​မူ​ကား​စိတ် နှ​လုံး​ကြေ​ကွဲ​ကျိုး​ပဲ့​လျက်​ငို​ကြွေး​ရ ကြ​လိမ့်​မည်။-
ISA 65:15 ငါ​၏​ရွေး​ချယ်​တော်​ခံ​လူ​မျိုး​တော်​သည် သင်​တို့​နာ​မည်​ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး ပြု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း​သင်​တို့​အား​ကွပ်​မျက်​တော် မူ​မည်။ သို့​ရာ​တွင်​ငါ​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ငါ​သည်​နာ​မည်​သစ်​ကို​ပေး တော်​မူ​မည်။-
ISA 65:16 ပြည်​တော်​တွင်​ကောင်း​ချီး​မင်္ဂလာ​ခံ​ယူ​လို​သူ မှန်​သ​မျှ​သည်​သစ္စာ​တော်​အ​ရှင်၊ ဘု​ရား​သ​ခင် ၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ကြ​လိမ့်​မည်။ ကျိန်​ဆို​ပြော​ဆို​သူ​မှန်​သ​မျှ​သည်​လည်း သစ္စာ​တော်​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​နာ​မ​တော် ကို​တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ အ​တိတ် ကာ​လ​က​ဆင်း​ရဲ​ဒုက္ခ​များ​သည်​ကွယ်​ပျောက် သွား​လိမ့်​မည်။ ယင်း​တို့​ကို​လူ​တို့​သည်​မေ့ လျော့​သွား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 65:17 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကမ္ဘာ​မြေ​ကြီး သစ်​နှင့်​မိုး​ကောင်း​ကင်​သစ်​ကို​ဖန်​ဆင်း​မည်။ အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​သည်​လုံး​ဝ မေ့​ပျောက်​၍​သွား​လိမ့်​မည်။-
ISA 65:18 ငါ​ဖန်​ဆင်း​တော်​မူ​သည့်​အ​မှု​၌​ထာ​ဝ​စဉ် အား​ရ​ဝမ်း​မြောက်​ကြ​လော့။ ငါ​ဖန်​ဆင်း​တော် မူ​သည့်​ယေ​ရု​ရှ​လင်​မြို့​သစ်​သည်​နှစ်​ထောင်း အား​ရ​ဖွယ်​ကောင်း​၍၊ ထို​မြို့​မှ​လူ​တို့​သည် လည်း​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လိမ့်​မည်။-
ISA 65:19 ငါ​ကိုယ်​တိုင်​ပင်​လျှင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက် ကြောင့်​လည်း​ကောင်း၊ ထို​မြို့​ရှိ​မြို့​သူ​မြို့​သား တို့​၏​အ​တွက်​ကြောင့်​လည်း​ကောင်း​ဝမ်း​မြောက် ရွှင်​လန်း​ရ​လိမ့်​မည်။ ထို​မြို့​တွင်​ငို​ကြွေး​မှု​နှင့် ကူ​ပါ​ကယ်​ပါ​ဟု​ဆို​သော​သူ​များ​ရှိ​လိမ့် မည်​မ​ဟုတ်။-
ISA 65:20 နို့​စို့​သူ​ငယ်​တို့​သည်​လည်း​အ​ရွယ်​မ​ရောက်​မီ သေ​ကြ​ရ​တော့​မည်​မ​ဟုတ်။ လူ​တိုင်း​ပင်​သက် တမ်း​စေ့​နေ​ရကြ​လိမ့်​မည်။ အ​သက်​တစ်​ရာ​နေ​ရ သူ​တို့​ကို​ပင်​ငယ်​ရွယ်​သူ​များ​ဟု​ထင်​မှတ်​ရ ကြ​လိမ့်​မည်။ အ​သက်​တစ်​ရာ​မ​တိုင်​မီ​သေ​ဆုံး သူ​တို့​ကို​မူ​ကား ငါ​၏​အ​ပြစ်​ဒဏ်​ခံ​ရ​သည့် လ​က္ခ​ဏာ​ဟု​မှတ်​ယူ​ကြ​လိမ့်​မည်။-
ISA 65:21 လူ​တို့​သည်​အိမ်​များ​ကို​တည်​ဆောက်​၍​မိ​မိ တို့​ကိုယ်​တိုင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ထို​အိမ် များ​တွင်​မ​ဆိုင်​သူ​များ​နေ​ရ​မည်​မ​ဟုတ် ပေ။ လူ​တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက် ပျိုး​၍​စ​ပျစ်​သီး​များ​ကို​စား​ရ​ကြ​လိမ့် မည်။-
ISA 65:22 စ​ပျစ်​ရည်​ကို​လည်း​အ​ခြား​သူ​များ​သောက် ရ​ကြ​မည်​မ​ဟုတ်။ သစ်​ပင်​များ​သ​ဖွယ်​ငါ ၏​လူ​မျိုး​တော်​သည်​အ​သက်​ရှည်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​လုပ်​အား​၏​အ​ကျိုး ကျေး​ဇူး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။-
ISA 65:23 သူ​တို့​ဆောင်​ရွက်​သည့်​အ​လုပ်​သည်​အောင်​မြင် ၍​သူ​တို့​၏​သား​သ​မီး​များ​သည်​ဘေး​အန္တ ရာယ်​ရောက်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည် သူ​တို့​နှင့်​သူ​တို့​သား​မြေး​များ​အား​လာ လတ္တံ့​ကာ​လ​အ​စဉ်​အ​ဆက်​ကောင်း​ချီး​ပေး မည်။-
ISA 65:24 သူ​တို့​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြီး​မ​ဆုံး မီ​၌​ပင်​လျှင် ငါ​သည်​သူ​တို့​၏​ပန်​ကြား​ချက် ကို​နား​ညောင်း​မည်။-
ISA 65:25 ဝံ​ပု​လွေ​နှင့်​သိုး​တို့​သည်​အ​တူ​အ​စာ​စား လျက် ခြင်္သေ့​တို့​သည်​ကျွဲ​နွား​များ​ကဲ့​သို့​မြက် ကို​စား​ကြ​လိမ့်​မည်။ မြွေ​များ​သည်​မြေ​မှုန့်​ကို သာ​စား​ကြ​လိမ့်​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​ဇိ​အုန်​တောင်​တော်​ပေါ်​တွင် ဘေး​အန္တ​ရာယ် ဖြစ်​စေ​တတ်​သည့်​အ​ရာ​နှင့်​ဆိုး​ညစ်​သည့် အ​ရာ​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။
ISA 66:1 ထာ​ဝ​ရ​ဘု​ရား​က``ကောင်း​ကင်​ဘုံ​သည်​ငါ ၏​ရာ​ဇ​ပလ္လင်​ဖြစ်​၍​ကမ္ဘာ​မြေ​ကြီး​သည် ငါ ၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ထို​ကြောင့်​သင်​တို့​သည် ငါ​၏​အ​တွက်​အ​ဘယ်​သို့​သော​ဗိ​မာန်၊ ငါ ကျိန်း​ဝပ်​ရန်​အ​တွက်​အ​ဘယ်​သို့​သော အ​ဆောက်​အ​ဦး​ကို​တည်​ဆောက်​နိုင်​ကြ ပါ​မည်​နည်း။-
ISA 66:2 ငါ​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း တော်​မူ​ခဲ့​၍ ဤ​အ​ရာ​များ​ပေါ်​ပေါက်​လာ ရ​သည်​မ​ဟုတ်​လော။ စိတ်​နှ​လုံး​နှိမ့်​ချ​၍ နောင်​တ​ရ​သူ​များ​နှင့်​ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​ကာ ငါ​၏​စ​ကား​ကို​နား​ထောင်​သူ များ​ကို​ငါ​နှစ်​သက်​၏။
ISA 66:3 လူ​တို့​သည်​မိ​မိ​တို့​စိတ်​အ​လို​ဆန္ဒ​အ​တိုင်း ပြု​ကျင့်​တတ်​ကြ​၏။ သူ​တို့​အ​တွက်​နွား​ကို သတ်​၍​ယဇ်​ပူ​ဇော်​ခြင်း​သည်​လူ​ကို​သတ်​၍ ပူ​ဇော်​ခြင်း​နှင့်​အ​တူ​တူ​ဖြစ်​၏။ သိုး​ကို​ပူ ဇော်​ခြင်း​နှင့်​ခွေး​ကို​ပူ​ဇော်​ခြင်း​အ​တူ​တူ ဖြစ်​၏။ သီး​နှံ​ပူ​ဇော်​သ​ကာ​သည်​ဝက်​သွေး ပူ​ဇော်​သ​ကာ​နှင့်​တူ​၏။ နံ့​သာ​ပေါင်း​ကို​မီး ရှို့​ပူ​ဇော်​ခြင်း​သည်​ရုပ်​တု​ရှေ့​တွင်​ဆု​တောင်း ခြင်း​နှင့်​အ​တူ​တူ​ပင်​ဖြစ်​သည်။ သူ​တို့​သည် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ရာ​များ ၌​မွေ့​လျော်​တတ်​ကြ​၏။-
ISA 66:4 ထို့​ကြောင့်​ငါ​သည်​သူ​တို့​ကြောက်​လန့်​လျက် ရှိ​သည့်​ဘေး​အန္တရာယ်​ဆိုး​ကို​ပင်​သူ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​သူ​မျှ မ​ထူး​ကြ။ ငါ​ပြော​သော​အ​ခါ​၌​လည်း အ​ဘယ်​သူ​မျှ​နား​မ​ထောင်​ကြ​သော ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ဒု​စ​ရိုက်​မှု​ပြု​ရန်​ကို​သာ ရွေး​ချယ်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
ISA 66:5 ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ကာ​စ​ကား တော်​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​ငါ့​အား​သစ္စာ စောင့်​ကြ​သည်​ဖြစ်​၍​သင်​တို့​အ​မျိုး​သား အ​ချို့​တို့​သည်​သင်​တို့​ကို​မုန်း​၍​ဝိုင်း​ပယ် ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ပြောင်​လှောင် ကာ``ငါ​တို့​သည်​သင်​တို့​ရွှင်​လန်း​ဝမ်း​မြောက် သည်​ကို​မြင်​လို​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​သည့်​တန်​ခိုး​တော် ကို​ပြ​၍​ကယ်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ရှက် ကွဲ​ကြ​ရ​မည့်​သူ​များ​ဖြစ်​ပေ​သည်။-
ISA 66:6 နား​ထောင်​ကြ​လော့။ မြို့​ထဲ​မှ​အုတ်​အုတ်​ကျက် ကျက်​ဖြစ်​နေ​သော​အ​သံ၊ ဗိ​မာန်​တော်​ထဲ​မှ အ​သံ​သည်​ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​နေ​သော​အ​သံ​ပင်​ဖြစ်​ပါ သည်​တကား။
ISA 66:7 ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​လုံး​ဝ​မ​ခံ​ရ ဘဲ ရုတ်​တ​ရက်​သား​ရ​တ​နာ​ကို​ဖွား​မြင် သည့်​မိ​ခင်​နှင့်​တူ​၏။-
ISA 66:8 ဤ​သို့​သော​အ​မှု​မျိုး​မြင်​ဖူး​ကြား​ဖူး​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။ တိုင်း​နိုင်​ငံ တစ်​ခု​သည်​တစ်​နေ့​ခြင်း​တွင်​ပေါ်​ပေါက်​လာ ဖူး​ပါ​သ​လော။ ဇိ​အုန်​မြို့​သည်​ဣ​သ​ရေ​လ နိုင်​ငံ​မ​ပေါ်​ထွန်း​မီ​ကြာ​ရှည်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-
ISA 66:9 ငါ​သည်​မီး​ဖွား​ချိန်​တန်​လျက် ဖွား​မြင်​ခွင့်​မ ရ​နိုင်​သည့်​က​လေး​ကဲ့​သို့​ဖြစ်​စေ​လိမ့်​မည်​ဟု သင်​တို့​မ​ထင်​မ​မှတ်​ကြ​နှင့်​ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သည့်​စကား​ပင်​ဖြစ်​သ​တည်း။
ISA 66:10 ယေ​ရု​ရှ​လင်​မြို့​ကို​ချစ်​မြတ်​နိုး​သူ​အ​ပေါင်း တို့၊ သူ​နှင့်​အ​တူ​အား​ရ​ရွှင်​လန်း​ကြ​လော့။ သူ​၏​အ​တွက်​ဝမ်း​မြောက်​ကြ​လော့။ ထို​မြို့​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​နေ​ခဲ့​သူ အ​ပေါင်း​တို့၊ ယ​ခု​ပင်​သူ​နှင့်​အ​တူ​အား​ရ​ရွှင်​လန်း​ကြ​လော့။
ISA 66:11 သင်​တို့​သည်​မိ​ခင်​ရင်​ခွင်​ရှိ က​လေး​ငယ်​ကဲ့​သို့၊ ကျေ​နပ်​အား​ရ​လျက်​ယေ​ရု​ရှ​လင်​မြို့​၏ စည်း​စိမ် ချမ်း​သာ​ကို​ခံ​စား​ရကြ​လိမ့်​မည်။
ISA 66:12 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း​သာ​ကို​ပေး​မည်။ လူ​မျိုး​တ​ကာ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း​မ​ခြောက်​သည့် မြစ်​ရေ​ကဲ့​သို့ သင်​တို့​ထံ​သို့​စီး​ဆင်း​လာ လိမ့်​မည်။ သင်​တို့​သည်​မိ​ခင်​ဖြစ်​သူ​က​ချစ် ခင်​ယု​ယ​စွာ​ပိုက်​ပွေ့​လျက်​နို့​တိုက်​ကျွေး သည့်​က​လေး​နှင့်​တူ​လိမ့်​မည်။-
ISA 66:13 မိ​ခင်​သည်​သား​ငယ်​ကို​နှစ်​သိမ့်​စေ​သ​ကဲ့​သို့​ငါ​သည်​သင်​တို့​အား ယေ​ရု​ရှ​လင်မြို့​တွင်​နှစ်​သိမ့်​စေ​မည်။-
ISA 66:14 ဤ​အ​မှု​အ​ရာ​ကို​မြင်​သော​အ​ခါ​သင်​တို့ သည်​ဝမ်း​မြောက်​ကြ​လျက် ကျန်း​မာ​သန်​စွမ်း ၍​လာ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​စ​ကား​ကို​နား​ထောင်​သူ​တို့ အား​ကူ​မ​တော်​မူ​၍ ရန်​သူ​တို့​ကို​မူ အ​မျက်​တော်​သင့်​စေ​ကြောင်း​ကို​သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ISA 66:15 ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ အ​မျက်​ထွက်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် ရန်​လေ​ဗွေ​ရ​ထား​ကို​စီး​၍​ကြွ​လာ​တော် မူ​လိမ့်​မည်။-
ISA 66:16 အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​သူ​အ​ပေါင်း​တို့ အား ကိုယ်​တော်​သည်​မီး​အား​ဖြင့်​လည်း​ကောင်း၊ ဋ္ဌား​လက်​နက်​အား​ဖြင့်​လည်း​ကောင်း​ဆုံး​မ တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည်​လည်း​သေ ကြေ​ရကြ​လိမ့်​မည်။
ISA 66:17 ထာ​ဝ​ရ​ဘု​ရား​က``ရုပ်​တု​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​နှင့်​ဥ​ယျာဉ်​နတ်​ကွန်း​များ​သို့ သွား​ရောက်​ရန်​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​သန့် စင်​မှု​ပြု​သူ​များ၊ ဝက်​သား​ကြွက်​သား​နှင့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​စား အ​စာ​များ​ကို​စား​သုံး​သူ​များ​ပျက်​သုဉ်း ရ​မည့်​အ​ချိန်​ကာ​လ​သည်​နီး​ကပ်​လာ​လေ ပြီ။-
ISA 66:18 သူ​တို့​၏​အ​ပြု​အ​မူ​အ​ကျင့်​အ​ကြံ​များ​ကို ငါ​သိ​၏။ ငါ​သည်​နိုင်​ငံ​တ​ကာ​မှ​လူ​တို့​ကို စု​သိမ်း​ရန်​ကြွ​လာ​တော်​မူ​မည်။ ထို​သူ​တို့​သည် စု​ဝေး​မိ​သော​အ​ခါ​ငါ​၏​ဘုန်း​တန်​ခိုး​တော် မည်​မျှ​တတ်​စွမ်း​တော်​မူ​ကြောင်း​ကို​မြင်​ရ လိမ့်​မည်။ မိ​မိ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​သူ မှာ​ငါ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ငါသည်​အ​ချို့​သော​သူ များ​ကို​ချမ်း​သာ​ပေး​မည်။-
ISA 66:19 ငါ​သည်​သူ​တို့​အား​ငါ​၏​ဂုဏ်​သ​တင်း​ကို မ​ကြား​ဘူး၊ ငါ​၏​ကြီး​မြတ်​သည့်​တန်​ခိုး တော်​ကို​မ​မြင်​ဘူး​သည့်​ရပ်​ဝေး​နိုင်​ငံ​များ ဖြစ်​သော တာ​ရှု​ပြည်​လိ​ဗိ​ယ​ပြည်​နှင့်​ကျွမ်း ကျင်​သူ​လေး​သည်​တော်​များ​ရှိ​ရာ​လု​ဒ ပြည်​သို့​လည်း​ကောင်း၊ တု​ဗ​လ​ပြည်​နှင့် ဂ​ရိတ်​ပြည်​သို့​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ထို​ပြည်​များ​မှ​လူ​တို့​အား ငါ​၏​ဘုန်း​တော်​အ​ကြောင်း​ကို​ပြော​ကြား ရ​လိမ့်​မည်။-
ISA 66:20 ``သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​သင် တို့​အ​မျိုး​သား​များ​ကို ထာ​ဝ​ရ​ဘု​ရား အ​တွက်​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ခေါ်​ဆောင် လာ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​အ​သီး​အ​နှံ​များ​ကို ထုံး​တမ်း​စဉ် လာ​အ​ရ​သန့်​စင်​သည့်​အိုး​ခွက်​များ​တွင် ထည့်​၍ ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ​ကြ သ​ကဲ့​သို့၊ ထို​သူ​တို့​သည်​အ​ဆို​ပါ​လက် ဆောင်​ပဏ္ဏာ​များ​ကို​မြင်း၊ မြည်း၊ ကု​လား အုပ်​များ​မြင်း​ရ​ထား​နှင့်​လှည်း​များ​နှင့် တင်​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​သန့်​ရှင်း​မြင့် မြတ်​သော​တောင်​တော်​ပေါ်​သို့​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။-
ISA 66:21 ငါ​သည်​ထို​သူ​အ​ချို့​တို့​ကို​ယဇ်​ပု​ရော ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အ​ဖြစ် ခန့်​ထား​မည်။''
ISA 66:22 ``ကမ္ဘာ​မြေ​ကြီး​သစ်​နှင့်​မိုး​ကောင်း​ကင်​သစ် တို့​သည် ငါ​၏​တန်​ခိုး​တော်​အား​ဖြင့်​တည် မြဲ​လျက်​နေ​သ​ကဲ့​သို့၊ သင်​တို့​နာ​မည်​နာ​မ များ​နှင့်​သား​မြေး​တို့​သည်​တည်​မြဲ​လျက် နေ​လိမ့်​မည်။
ISA 66:23 ``လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​ဥ​ပုသ်​နေ့​ကျ ရောက်​သည့်​အ​ခါ​တိုင်း လူ​မျိုး​တ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​၍​ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်။-
ISA 66:24 ``ထို​သူ​တို့​သည်​မိ​မိ​တို့​ပြည်​များ​သို့​ပြန် ကြ​သော​အ​ခါ​ငါ့​ကို​ပုန်​ကန်​သူ​တို့​၏ အ​လောင်း​များ​ကို​တွေ့​မြင်​ကြ​လိမ့်​မည်။ ထို​အ​လောင်း​များ​ကို​ဖျက်​ဆီး​သည့်​လောက် ကောင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သေ​ကြ လိမ့်​မည်​မ​ဟုတ်။ အ​လောင်း​တို့​ကို​လောင် လျက်​နေ​သော​မီး​သည်​လည်း​အ​ဘယ်​အ​ခါ ၌​မျှ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ လူ​အ​ပေါင်း​တို့ သည်​ထို​အ​ချင်း​အ​ရာ​ကို​မြင်​၍​စက်​ဆုတ် ရွံ​ရှာ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
JER 1:1 ဤ​ကျမ်း​စာ​တွင် ယေ​ရ​မိ​မြွက်​ဟ​ပြော​ဆို ချက်​တို့​ကို​ဖော်​ပြ​ထား​လေ​သည်။ သူ​သည် ဗင်္ယာ​မိန်​နယ်​မြေ၊ အာ​န​သုတ်​မြို့​ရှိ​ယဇ်​ပု​ရော ဟိတ်​တစ်​ပါး​ဖြစ်​သူ​ဟိ​လ​ခိ​၏​သား​ဖြစ် သည်။-
JER 1:2 ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​အာ​မုန် နန်း​စံ တစ်​ဆယ့်​သုံး​နှစ်​မြောက်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရ​မိ​ကို​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
JER 1:3 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား​ယော​ယ ကိမ်​မင်း​လက်​ထက်​၌​လည်း သူ့​ကို​တစ်​ဖန်​ဗျာ ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ထို​နောက်​ကိုယ်​တော်​သည် ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်၊ ပဉ္စ​မ​လ​၌​ယေ​ရု​ရှ​လင်​မြို့​သား တို့​ပြည်​နှင်​ဒဏ်​သင့်​ချိန်​တိုင်​အောင် အ​ကြိမ် ပေါင်း​များ​စွာ​သူ့​အား​ဗျာ​ဒိတ်​တော်​များ ကို​ပေး​တော်​မူ​လေ​သည်။
JER 1:4 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား​ဇီ​ဝ အ​သက်​ကို​မ​ပေး​မီ​ရွေး​ချယ်​၍​သင်​မ​မွေး ဖွား​မီ​က​ပင် သီး​သန့်​သတ်​မှတ်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ပ​ရော​ဖက်​အ​ဖြစ်​ခန့်​ထား ခဲ့​၏'' ဟု​ငါ့​ကို​မိန့်​တော်​မူ​သော​အ​ခါ၊
JER 1:6 ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။
JER 1:7 သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဟု​မ​ဆို​နှင့်။ ငါ​စေ​လွှတ်​သည့်​သူ​ထံ​သို့​သင်​သွား​၍ ငါ မိန့်​မှာ​တော်​မူ​သ​မျှ​ကို​ပြန်​ကြား​လော့။-
JER 1:8 ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့်​အား​ကွယ် ကာ​တော်​မူ​မည်။ သို့​ဖြစ်​၍​သင်​သည်​ထို​သူ တို့​ကို​မ​ကြောက်​နှင့်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု ငါ့​ကို​မိန့်​တော်​မူ​၏။
JER 1:9 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​၍ ငါ​၏​နှုတ်​ကို​တို့​တော်​မူ​ပြီး လျှင်``နား​ထောင်​လော့၊ သင်​ပြော​ဆို​ရ​မည့်​ဗျာ ဒိတ်​စ​ကား​ကို ယ​ခု​ပင်​သင့်​အား​ငါ​ပေး​၏။
JER 1:10 လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ​ကို​ဆွဲ​နုတ် ဖြို​ချ၊ ဖျက်​ဆီး​ဖြုတ်​ချ၊ တည်​ဆောက်​စိုက်​ပျိုး နိုင်​သော​အာ​ဏာ​ကို​ယ​နေ့​သင့်​အား​ငါ ပေး​ပြီ'' ဟု​မိန့်​တော်​မူ​၏။
JER 1:11 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ သင်​အ​ဘယ် အရာ​ကို​မြင်​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ငါ​က​လည်း``ဗာ​တံ​ကိုင်း​ကို​မြင်​ပါ​သည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
JER 1:12 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​ပြော​သည် အ​တိုင်း​မှန်​ပေ​၏။ ငါ​သည်​လည်း​ငါ့​စ​ကား အ​ကောင်​အ​ထည်​ဖော်​သည်​ကို​စောင့်​ကြည့် လျက်​နေ​၏'' ဟု​မိန့်​တော်​မူ​၏။
JER 1:13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``သင်​သည်​အ​ခြား​အဘယ် အ​ရာ​ကို​မြင်​သေး​သ​နည်း'' ဟု​မေး​တော်​မူ လျှင်၊ ငါ​က``မြောက်​အ​ရပ်​တွင် ဆူ​ပွက်​နေ​သော​အိုး ကင်း​ကို​မြင်​ပါ​သည်။ ထို​အိုး​ကင်း​သည်​တောင် ဘက်​သို့​စောင်း​၍ မှောက်​တော့​မည်​ကဲ့​သို့​ရှိ ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
JER 1:14 ကိုယ်​တော်​သည်​ငါ့​အား``ဤ​ပြည်​တွင် နေ​ထိုင် သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ မြောက်​အ​ရပ်​မှ ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​လာ​လိမ့်​မည်။-
JER 1:15 ငါ​သည်​မြောက်​အ​ရပ်​ရှိ​လူ​မျိုး​တ​ကာ​ကို ခေါ်​ယူ​လျက်​နေ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။ သူ​တို့​၏​ဘု​ရင်​များ​သည်​လာ​၍ မိ​မိ​တို့​ရာ​ဇ​ပလ္လင်​ကို ယေ​ရု​ရှ​လင်​မြို့​ပတ် လည်​နှင့်​မြို့​တံ​ခါး​များ​အ​နီး​၌​လည်း ကောင်း၊ ယု​ဒ​မြို့​တို့​၏​ပတ်​ဝန်း​ကျင်​၌​လည်း ကောင်း​တည်​ထား​ကြ​လိမ့်​မည်။-
JER 1:16 ဤ​နည်း​အား​ဖြင့်​ငါ​သည်​အ​ပြစ်​ကူး​လွန် သူ​များ၊ ငါ့​ကို​စွန့်​ပစ်​သူ​များ၊ အ​ခြား​ဘု​ရား တို့​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့​ပူ​ဇော်​သူ များ​နှင့် မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား​အ​ပြစ် ပေး​တော်​မူ​မည်။-
JER 1:17 သင်​သည်​ရဲ​ဝံ့​စွာ​သွား​၍​ထို​သူ​တို့​အား ငါ​မိန့် မှာ​တော်​မူ​သ​မျှ​ကို​ပြော​ကြား​လော့။ သူ​တို့ ကို​မ​ကြောက်​နှင့်။ အ​ကယ်​၍​သင်​သည်​သူ​တို့ ကို​ကြောက်​လျက်​နေ​ပါ​မူ ငါ​သည်​သင့်​အား သူ​တို့​ရှေ့​တွင်​ပို​၍​ပင်​ကြောက်​လန့်​လာ​စေ လိမ့်​မည်။
JER 1:18 ယေ​ရ​မိ၊ နား​ထောင်​လော့။ ဤ​နိုင်​ငံ​ရှိ​လူ​အ​ပေါင်း တို့​ဖြစ်​သည့်​ယု​ဒ​ဘု​ရင်​များ၊ မှူး​မတ်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​များ​သည် သင့်​ကို အ​တိုက်​အ​ခံ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ တို့​ကို​ခု​ခံ​နိုင်​စွမ်း​ရှိ​အောင် သင့်​ကို​ယ​နေ့​ငါ ပြု​မည်။ သင်​သည်​ခံ​တပ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ သံ​တိုင်​နှင့်​ကြေး​ဝါ​နံ​ရံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​မည်။ သို့​ဖြစ်​၍​သူ​တို့ သည်​သင့်​အား​နှိမ်​နင်း​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 2:1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
JER 2:2 ``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထို​မြို့ တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား​ဤ​သ​တင်း စ​ကား​ကို​ပြန်​ကြား​လော့။'' သင်​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​အ​ဘယ်​သို့ သစ္စာ​ရှိ​ခဲ့​ကြ​သည်​ကို​ငါ​သ​တိ​ရ​၏။ သင်​သည်​သ​တို့​သ​မီး​ကဲ့​သို့​ငါ့​ကို​ချစ်​ခဲ့​၏။ သင်​တို့​သည်​စိုက်​ပျိုး​ခြင်း​မ​ရှိ​သော တော​ကန္တာ​ရ​တစ်​လျှောက်​လုံး​ကို​ဖြတ်​၍ ငါ​၏​အ​နောက်​သို့​လိုက်​ခဲ့​ကြ​၏။
JER 2:3 အို ဣ​သ​ရေ​လ​အ​မျိုး​တို့၊သင်​တို့​ကို ငါ​တစ်​ဦး​တည်း​သာ​လျှင်​ပိုင်​တော်​မူ​၏။ သင်​တို့​သည်​ငါ​ပိုင်​သော​အ​မြတ်​ထား​ရာ ဖြစ်​၏။ ငါ​သည်​သင်​တို့​ကို​ထိ​ခိုက်​နာ​ကျင်​စေ​သူ အ​ပေါင်း​အား ဘေး​အန္တ​ရာယ်​နှင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​ခဲ့​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း။''
JER 2:4 အ​ချင်း​ယာ​ကုပ်​၏​သား​မြေး၊ ဣ​သ​ရေ​လ အ​နွယ်​ဝင်​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ကို​နား​ထောင်​ကြ​လော့။
JER 2:5 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ``ငါ​၌​အ​ဘယ်​အ​ပြစ်​ကို​တွေ့​ရှိ​၍​သင်​တို့​၏ ဘိုး​ဘေး​တို့​သည်​ငါ့​ထံ​မှ​ထွက်​သွား​ကြ​သ​နည်း။ သူ​တို့​သည်​တန်​ဖိုး​မ​ရှိ​သော​ရုပ်​တု​များ​ကို ဝတ်​ပြု​ရှိ​ခိုး​၍ မိ​မိ​တို့​ကိုယ်​တိုင်​ပင်​တန်​ဖိုး​မဲ့​လာ​ကြ​၏။
JER 2:6 ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် ကာ တော​ကန္တာ​ရ​တစ်​လျှောက်​လုံး၊သဲ​ကန္တာ​ရ​များ၊ မြေ​တွင်း​များ​နှင့်​ပြည့်​နှက်​လျက်​နေ​သော​ပြည်၊ ခြောက်​ကပ်​၍​ဘေး​အန္တ​ရာယ်​များ​သော​ပြည်၊ လူ​သူ​ဆိတ်​ညံ​လျက် ခ​ရီး​သည်​မ​ရှိ​သည့်​ပြည်​ကို​ဖြတ်​၍ လမ်း​ပြ​ပို့​ဆောင်​ပေး​ခဲ့​သော်​လည်း​သူ​တို့​သည် ငါ့​ကို​ဂ​ရု​မ​စိုက်​ကြ။
JER 2:7 ငါ​သည်​သူ​တို့​အား​မြေ​သြ​ဇာ​ကောင်း​မွန်​သော ပြည်​သို့​အ​သီး​အ​နှံ​နှင့် အ​ခြား​မွန်​မြတ်​သည့်​အ​စား​အ​စာ​များ​ကို စား​သောက်​စေ​ရန်​ခေါ်​ဆောင်​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​ပြည်​ကို​ဖျက်​ဆီး​ပစ်​ကြ​၏။ သူ​တို့​အား​ငါ​ပေး​သည့်​ပြည်​ကို​ညစ်​ညမ်း​စေ​ကြ​၏။
JER 2:8 ယဇ်​ပု​ရော​ဟိတ်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​ပါ​သ​နည်း' ဟု​မ​မေး​ကြ။ ငါ​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငါ့​ကို​မ​သိ။ အုပ်​ချုပ်​သူ​တို့​သည်​ငါ့​ကို​ပုန်ကန်​ကြ​၏။ ပ​ရော​ဖက်​တို့​က​ဗာ​လ​ဘု​ရား​၏​အ​မည်​နာ​မ​ကို တိုင်​တည်​ပြော​ဆို​ကာ အ​သုံး​မ​ဝင်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။
JER 2:9 ``သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အား တစ်​ဖန်​တ​ရား​စွပ်​စွဲ​မည်။ သူ​တို့​၏​သား​မြေး​များ​အား​လည်း စွပ်​စွဲ​ချက်​တင်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။
JER 2:10 ခိတ္တိမ်​ကျွန်း​ရှိ​ရာ​အ​နောက်​ဘက်​သို့​သွား​လော့။ ကေ​ဒါ​ပြည်​သို့​လူ​လွှတ်​၍​ကြည့်​ရှု​စေ​ကြ​လော့။ ယ​ခု​အ​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က​မျှ မ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​ကို​သိ​မြင်​ရ​လိမ့်​မည်။
JER 2:11 မိ​မိ​တို့​၏​ဘု​ရား​များ​သည်​မ​စစ်​မ​မှန်​သော ဘု​ရား​များ​ပင်​ဖြစ်​၍​နေ​စေ​ကာ​မူ အ​ဘယ်​လူ​မျိုး​သည်​ဘု​ရား​များ​ကို​ပြောင်း​လဲ ၍ ကိုး​ကွယ်​ပါ​သ​နည်း။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား မိ​မိ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သည့် ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ့​အား​သူ​တို့​ကို​မ​ကူ​ညီ​နိုင်​သည့်​ဘု​ရား များ​နှင့် လဲ​လှယ်​လိုက်​ကြ​လေ​ပြီ။
JER 2:12 သို့​ဖြစ်​၍​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​အား ထိတ်​လန့်​တုန်​လှုပ်​အံ့​သြ​တွေ​ဝေ​၍​သွား​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပြီ။
JER 2:13 ငါ​၏​လူ​မျိုး​တော်​သည်​အ​သက်​စမ်း​ရေ​တည်း​ဟူ​သော ငါ့​အား​စွန့်​ပစ်​၍​ရေ​မ​လုံ၊ကွဲ​အက်​လျက်​ရှိ​သည့်၊ ရေ​လှောင်​ကန်​များ​ကို​တူး​ကြ​သည်​ဖြစ်​၍ အ​ပြစ်​ဒု​စ​ရိုက်​နှစ်​ပါး​ကို​ကူး​လွန်​ကြ​လေ​ပြီ။
JER 2:14 ``ဣ​သ​ရေ​လ​သည်​ကျွန်​မ​ဟုတ်။ ကျွန်​သား​ပေါက်​လည်း​မ​ဟုတ်။ သို့​ပါ​လျက်၊ရန်​သူ​များ​သည်​အ​ဘယ် ကြောင့် သူ့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သ​နည်း။
JER 2:15 ရန်​သူ​များ​သည်​သူ့​အား​ခြင်္သေ့​ကဲ့​သို့​ဟောက် ကြ​၏။ သူ​၏​ပြည်​ကို​ခြောက်​သွေ့​စေ​ကြ​၏။ သူ​၏​မြို့​များ​သည်​ယို​ယွင်း​ပျက်​စီး​ကာ လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​၏။
JER 2:16 နော​ဖ​မြို့​သား​များ​နှင့်​တာ​ပ​နက်​မြို့​သား​များ သည် သင်​၏​ဦး​ခေါင်း​ခွံ​ကို​ခွဲ​ကြ​လေ​ပြီ။
JER 2:17 အို ဣ​သ​ရေ​လ၊ဤ​အ​မှု​သည်​သင်​ပြု​သည့်​အ​မှု​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​သည်​သင့်​အား​လမ်း​ပြ​ပို့​ဆောင်​၍​လာ​စဉ် သင်​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်၊ငါ​ထာ​ဝ​ရ ဘု​ရား​အား စွန့်​ပစ်​ခဲ့​၏။
JER 2:18 ယ​ခု​သင်​သည်​နိုင်း​မြစ်​ရေ​သောက်​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ခြင်း​ဖြင့်​အ​ကျိုး​ရှိ​မည်​ဟု​ထင်​သ​လော။ ဥ​ဖ​ရတ်​မြစ်​ရေ​သောက်​ရန်​အာ​ရှု​ရိ​ပြည်​သို့ သွား​ခြင်း​ဖြင့်​အ​ကျိုး​ရှိ​မည်​ဟု​ထင်​သ​လော။
JER 2:19 သင်​၏​ဒု​စ​ရိုက်​က​သင့်​ကို​ဒဏ်​ခတ်​လိမ့်​မည်။ သင်​၏​ဖောက်​ပြန်​မှု​က​သင့်​ကို​အ​ပြစ်​ဒဏ် ပေး​ပါ​လိမ့်​မည်။ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​သင် စွန့်​ပစ်​မှု၊ ငါ့​အား​မ​ကြောက်​မ​ရွံ့​တော့​ဘဲ​နေ​သော​အ​မှု​တို့​သည် အ​ဘယ်​မျှ​ဆိုး​ညစ်​မိုက်မဲ​သည်​ကို​သင်​သိ​ရှိ လာ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည်​စ​ကား​ပင်​တည်း။
JER 2:20 အို ဣ​သ​ရေ​လ၊သင်​သည်​ရှေး​အ​ခါ​က​ပင်​ငါ​၏ ထမ်း​ပိုး​ကို​ချိုး​၍​ငါ​၏​နှောင်​ကြိုး​များ​ကို​ဖြတ် ခဲ့​၏။ သင်​သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ငါ့​အား ဝတ်​မ​ပြု​မ​ကိုး​ကွယ်။ တောင်​မြင့်​ရှိ​သ​မျှ​အ​ပေါ်​၌​လည်း​ကောင်း၊စိမ်း လန်း​သည့် သစ်​ပင်​ရှိ​သ​မျှ​အောက်​၌​လည်း​ကောင်း၊ သင်​သည်​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​မူ​ခဲ့​လေ​သည်။
JER 2:21 ငါ​သည်​လက်​ရွေး​စင်​မျိုး​စေ့​မှ​စ​ပျစ်​နွယ်​ကို ငါ​စိုက်​ပျိုး​ခဲ့​၏။ သို့​ရာ​တွင်​သင်​အ​ဘယ်​သို့​ဖြစ်​လာ​ကြ သည်​ကို​ကြည့်​ရှု​လော့။ သင်​သည်​ပုပ်​၍​အ​သုံး​မ​ဝင်​သည့်​စ​ပျစ်​ပင်​နှင့် တူ​နေ​ပါ​သည်​တ​ကား။
JER 2:22 အ​ကယ်​၍​သင်​တို့​သည်​ဆပ်​ပြာ​နှင့်​အ​စွန်း​ချွတ် ဆေး အ​မြောက်​အမြား​ကို​အ​သုံး​ပြု​မည်​ဆို​သော်​လည်း၊ သင်​တို့​၏​အ​ပြစ်​သည်​ငါ​၏​ရှေ့​၌ ထင်​ရှား​လျက်​ပင်​ရှိ​မည်။
JER 2:23 သင်​တို့​သည်​ဗာ​လ​ဘု​ရား​ကို​အ​ဘယ်​အ​ခါ​က​မျှ ဝတ်​မ​ပြု​ရှိ​မ​ခိုး​ခဲ့​ပါ၊ မိ​မိ​တို့​ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ခဲ့​ပါ​ဟူ​၍ အ​ဘယ်​သို့​လျှင်​ဆို​နိုင်​မည်​နည်း။ ချိုင့်​ဝှမ်း​ထဲ​တွင်​သင်​တို့​အ​ဘယ်​သို့ အ​ပြစ် ကူး​လွန်​ခဲ့​သည်​ကို​ကြည့်​လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​သိ​မှတ်​လော့။ သင်​သည်​မုန်​ယို​လျက်​နေ​သည့်​ကု​လား​အုတ် ပျို​ကဲ့​သို့၊ အ​ချုပ်​အ​ချယ်​မ​ရှိ​ဟို​မှ​သည်​သို့​ပြေး လျက်​နေ​၏။
JER 2:24 သင်​သည်​တော​ကန္တာ​ရ​တွင်​နေ​သည့် မြည်း​ရိုင်း​မ​နှင့်​တူ​၏။ မိတ်​လိုက်​ချိန်​ကျ​သော​အ​ခါ၊ သူ့​အား အ​ဘယ်​သူ​တား​ဆီး​နိုင်​သနည်း။ သူ့​ကို​အ​လို​ရှိ​သူ​မြည်း​ထီး​မှန်​သ​မျှ​သည် အ​ပင်​ပန်း​ခံ​၍​ရှာ​နေ​ရန်​မ​လို။ မိတ်​လိုက်​ချိန်​၌​သူ့​အား​အ​စဉ်​တွေ့​ရှိ​နိုင်​လေ​သည်။
JER 2:25 အို ဣ​သ​ရေ​လ၊အ​ခြား​ဘု​ရား​များ​သို့ လိုက်​ပြေး​ခြင်း​အား​ဖြင့် သင်​၏​ခြေ​၌​ဖိ​နပ်​မ​ကျွတ်​စေ​နှင့်။ သင်​၏​အာ​ခေါင်​ကို​သော်​လည်း​မ​ခြောက်​စေ​နှင့်။ သို့​ရာ​တွင်​သင်​က`အ​ကျွန်ုပ်​သည်​လူ​မျိုး​ခြား ဘု​ရား​များ​ကို​ချစ်​၍၊ သူ​တို့​၏​နောက်​သို့​ပင်​လိုက်​ပါ​တော့​မည်' ဟု​ဆို​၏။
JER 2:26 အ​ဖမ်း​ခံ​ရ​ချိန်​၌ သူ​ခိုး​သည်​အ​ရှက်​ကွဲ​ရ သ​ကဲ့​သို့ သင်​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ၊ သင် တို့​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​လိမ့်​မည်။-
JER 2:27 သစ်​ပင်​အား`အ​ရှင်​သည်​အ​ကျွန်ုပ်​အ​ဖ​ဖြစ်​ပါ သည်' ဟူ​၍​လည်း​ကောင်း၊ ကျောက်​တုံး​အား`အ​ရှင် သည်​အ​ကျွန်ုပ်​အ​မိ​ဖြစ်​ပါ​သည်' ဟူ​၍​လည်း ကောင်း​သင်​တို့​ပြော​ဆို​ကြ​၏။ သင်​တို့​သည်​ငါ ၏​ဘက်​သို့​မ​လှည့်၊ ငါ့​အား​ကျော​ခိုင်း​၍​သွား ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ဘေး​အန္တ​ရာယ် တွေ့​သော​အ​ခါ​၌​မူ​ကား၊ ငါ့​အား​ကြွ​လာ တော်​မူ​၍​သင်​တို့​ကို​ကူ​မ​တော်​မူ​ရန်​လျှောက် ထား​ကြ​၏။
JER 2:28 ``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-
JER 2:29 သင်​တို့​အား​လုံး​ပင်​ငါ့​ကို​ပုန်​ကန်​ကြ​လေ​ပြီ။ သင်​တို့​သည်​ငါ့​ကို အ​ဘယ်​သို့​မ​ကျေ​မ​နပ် ဖြစ်​ကြ​သ​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-
JER 2:30 ``ငါ​သည်​သင်​တို့​ကို​ဆုံး​မ​ပါ​သော်​လည်း အ​ကျိုး​မ​ရှိ။ သင်​တို့​သည်​ပဲ့​ပြင်​သွန်​သင်​မှု​ကို လက်​မ​ခံ​လို​ကြ။ အ​မျက်​ပြင်း​စွာ​ထွက်​သည့် ခြင်္သေ့​သ​ဖွယ် သင်​တို့​သည်​မိ​မိ​တို့​ပ​ရော​ဖက် များ​ကို​သတ်​ဖြတ်​ကြ​လေ​ပြီ။-
JER 2:31 ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ငါ သည်​သင်​တို့​အ​ဖို့​တော​ကန္တာ​ရ​ကဲ့​သို့​လည်း ကောင်း၊ မှောင်​အ​တိ​လွှမ်း​နေ​သည့်​ပြည်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​၍​နေ​လေ​ပြီ​လော။ ယင်း​သို့ မ​ဟုတ်​ပါ​မူ​သင်​တို့​သည်​အ​ဘယ်​ကြောင့် ထင်​သ​လို​ပြု​ကျင့်​ကာ ငါ့​ထံ​သို့​အ​ဘယ် အ​ခါ​မျှ​ပြန်​မ​လာ​ဘဲ​နေ​တော့​မည်​ဟု ဆို​ကြ​သ​နည်း။-
JER 2:32 မိန်း​မ​ပျို​သည်​မိ​မိ​၏​ကျောက်​မျက်​ရ​တ​နာ များ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​၏​မင်္ဂ​လာ​ဆောင်​ဝတ်​စုံ​ကို လည်း​ကောင်း​မေ့​လျော့​တတ်​ပါ​သ​လော။ သို့ ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​မ​ရေ မ​တွက်​နိုင်​သော​နေ့​ရက်​များ​တွင်​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။-
JER 2:33 သင်​တို့​သည်​မိ​မိ​တို့​ချစ်​သူ​များ​ကို​အ​မှန် ပင်​လိုက်​၍​ရှာ​တတ်​ကြ​၏။ ဆိုး​ညစ်​သည့်​အ​မျိုး သ​မီး​များ​ကို​ပင်​သင်​တို့​၏​အ​ကျင့်​ကို​သင် ပေး​နိုင်​ကြ​၏။-
JER 2:34 ဖောက်​ထွင်း​ခိုး​ယူ​မှု​အ​တွက်​သင်​တို့​ဖမ်း​မ​မိ သော်​လည်း ထို​ဆင်း​ရဲ​သား​များ၊ အ​ပြစ်​မဲ့​သူ များ​၏​သွေး​နှင့် သင်​တို့​၏​အ​ဝတ်​များ​သည် စွန်း​ကွက်​လျက်​ရှိ​၏။ ``သို့​ပါ​လျက်
JER 2:35 `ငါ့​တွင်​အ​ပြစ်​မ​ရှိ၊ ထာ​ဝ​ရ​ဘုရား​သည်​အ​မှန် ပင် ငါ့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ပြီ​ဟု' ဆို ချင်​သည်။ သို့​သော်​သင်​က​မိ​မိ​အ​ပြစ်​မ​ကူး လွန်​ပါ​ဟု​ငြင်း​ဆို​သ​ဖြင့် ငါ​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။-
JER 2:36 သင်​တို့​သည်​အ​ခြား​နိုင်​ငံ​ဘု​ရား​များ​ဆည်း ကပ်​သော​အား​ဖြင့်၊ မိ​မိ​ကိုယ်​ကို​တန်​ဖိုး​ကျ စေ​သည့်​အာ​ရှု​ရိ​ပြည်​သည်​သင့်​အား​အ​ကူ အ​ညီ​ပေး​ရန်​ပျက်​ကွက်​သ​ကဲ့​သို့ အီ​ဂျစ် ပြည်​သည်​လည်း​ပျက်​ကွက်​လိမ့်​မည်။-
JER 2:37 သင်​သည်​အ​ရှက်​ကွဲ​လျက်​ခေါင်း​ငိုက်​စိုက်​နှင့် အီ​ဂျစ်​ပြည်​မှ​ပြန်​လာ​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သင်​အား​ကိုး​သူ​တို့​ကို​ပစ်​ပယ် တော်​မူ​ပြီ။ သူ​တို့​ထံ​မှ​သင်​သည်​အ​ဘယ် အ​ကျိုး​ကို​မျှ​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။''
JER 3:1 ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-
JER 3:2 တောင်​ထိပ်​တို့​ကို​မျှော်​၍​ကြည့်​ကြ​လော့။ ပြည့် တန်​ဆာ​ကဲ့​သို့ သင်​မ​ပြု​မ​ကျင့်​ဘဲ​နေ​ခဲ့​သည့် အ​ရပ်​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ အာ​ရပ်​အမျိုး သား​သည်​တော​ကန္တာ​ရ​တွင်​လု​ယက်​တိုက်​ခိုက် ရန်​စောင့်​မျှော်​နေ​သ​ကဲ့​သို့၊ သင်​သည်​လမ်း​နံ ဘေး​တို့​တွင်​ချစ်​သူ​များ​ကို​စောင့်​မျှော်​နေ​ခဲ့ ၏။ သင်​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​မှု​နှင့်​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ဤ​ပြည်​ကို​ညစ်​ညမ်း စေ​လေ​ပြီ။-
JER 3:3 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​မိုး​ဦး​ကို​ခေါင် စေ​၍ မိုး​နှောင်း​ကို​လည်း​မ​ရွာ​ဘဲ​နေ​စေ​ခြင်း ဖြစ်​၏။ သင်​သည်​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင် လျက်​ရှိ​၏။ သင်​၌​အ​ရှက်​အ​ကြောက်​မ​ရှိ တော့​ပေ။
JER 3:4 ``ယ​ခု​သင်​က​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန် တော်​မျိုး​၏​အ​ဖ​ဖြစ်​တော်​မူ​ပါ​၏။ က​လေး ဘ​ဝ​မှ​စ​၍​ပင်​ကျွန်​တော်​မျိုး​တို့​အား​ချစ် တော်​မူ​ခဲ့​ပါ​၏။-
JER 3:5 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက် ထွက်​၍​နေ​တော်​မူ​မည်​မ​ဟုတ်​ပါ။ ကျွန်​တော် မျိုး​အား​ထာ​ဝ​စဉ်​အ​မျက်​တော်​ရှ​၍​နေ တော်​မူ​မည်​မ​ဟုတ်​ပါ​ဟု​ဆို​၏။ အို ဣ​သ ရေ​လ၊ သင်​သည်​ဤ​သို့​ပြော​ဆို​ပြီး​နောက် မိ​မိ​ပြု​နိုင်​သ​မျှ​မ​ကောင်း​မှု​တို့​ကို​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။
JER 3:6 ယော​ရှိ​မင်း​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​က ငါ့​ကို``ထို​သစ္စာ​မဲ့​သည့်​အ​မျိုး​သ​မီး​ဣ​သ ရေ​လ​သည် ငါ့​အား​မည်​သို့​စွန့်​ပစ်​၍​သွား သည်​ကို​သင်​မြင်​ပြီ​လော။ သူ​သည်​တောင်​မြင့် မှန်​သ​မျှ​အ​ပေါ်​တွင်​လည်း​ကောင်း၊ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင်​လည်း ကောင်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​၏။-
JER 3:7 ဤ​သို့​ပြု​ပြီး​နောက်​သူ​သည်​ငါ့​ထံ​သို့​ပြန် လာ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင် သူ​သည်​ပြန်​၍​မ​လာ၊ ယင်း​သို့​မ​လာ​ကြောင်း ကို​သူ​၏​ညီ​မ၊ သစ္စာ​ဖောက်​ယု​ဒ​မြင်​လေ​၏။-
JER 3:8 ဣ​သ​ရေ​လ​သည်​ငါ​ကို​စွန့်​ခွာ​၍​ပြည့်​တန်​ဆာ လုပ်​လျက်​နေ​သ​ဖြင့် သူ့​အား​ငါ​ကွာ​ရှင်း​နှင် ထုတ်​လိုက်​လေ​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​မ​ကြောက်​ရွံ့ ဘဲ မိ​မိ​ကိုယ်​တိုင်​ပင်​ပြည့်​တန်​ဆာ​လုပ်​ကာ၊-
JER 3:9 ဣ​သ​ရေ​လ​၏​အ​ကျင့်​ပျက်​မှု​သည် မိ​မိ​နှင့် မ​ဆိုင်​သ​ကဲ့​သို့​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ လေ​သည်။ သူ​သည်​ကျောက်​တုံး​များ၊ သစ်​ပင် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​မှား ယွင်း​လေ​၏။-
JER 3:10 ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​ပြီး​နောက် ဣ​သ ရေ​လ​၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​ငါ့​ထံ သို့​ပြန်​၍​လာ​၏။ စိတ်​လုံး​ဝ​ပါ​၍​မ​ဟုတ်။ ဟန်​ဆောင်​၍​သာ​လျှင်​လာ​ခြင်း​ဖြစ်​၏။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။
JER 3:11 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ဣ​သ ရေ​လ​သည်​ငါ့​ထံ​မှ​မျက်​နှာ​လွှဲ​၍​သွား သော်​လည်း သစ္စာ​ဖောက်​ယု​ဒ​လောက်​မ​ဆိုး'' ဟု မိန့်​ကြား​တော်​မူ​၏။-
JER 3:12 ကိုယ်​တော်​သည်​ငါ့​ကို​မြောက်​ပိုင်း​နိုင်​ငံ​သို့​စေ လွှတ်​၍​ထာ​ဝ​ရ​ဘု​ရား​က ``သစ္စာ​ဖောက်​ဣ​သ ရေ​လ၊ ငါ့​ထံ​သို့​ပြန်​လာ​လော့။ ငါ​သည်​က​ရု ဏာ​ထား​တော်​မူ​သည်​ဖြစ်​၍​သင့်​အား​အ​မျက် ထွက်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​အ​စဉ်​အ​မြဲ အ​မျက်​ထွက်​လျက်​နေ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
JER 3:13 သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ပုန်​ကန်​မိ​ကြောင်း​နှင့်​အ​ပြစ်​ရှိ ကြောင်း​ကို​သာ​လျှင်​ဝန်​ခံ​လော့။ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင် သင်​သည် လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​အား​မြတ်​နိုး ခဲ့​ကြောင်း​ကို​ဝန်​ခံ​လော့။ ငါ့​စ​ကား​ကို​နား မ​ထောင်​မိ​ခဲ့​ကြောင်း​ကို​လည်း​ဝန်​ခံ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
JER 3:14 ထာ​ဝ​ရ​ဘု​ရား​က``အို သစ္စာ​ဖောက်​သည့်​လူ​မျိုး တို့၊ ပြန်​၍​လာ​ကြ​လော့။ ငါ​သည်​သင်​၏​ခင်​ပွန်း ဖြစ်​၏။ သင်​တို့​အား​မြို့​တစ်​မြို့​လျှင်​တစ်​ယောက် ကျ၊ သား​ချင်း​စု​တစ်​စု​လျှင်​နှစ်​ယောက်​ကျ ရွေး​ချယ်​၍ ဇိ​အုန်​တောင်​သို့​ပြန်​လည်​ခေါ်​ဆောင် မည်။-
JER 3:15 ငါ့​စ​ကား​ကို​နား​ထောင်​သော​သိုး​ထိန်း​များ ကို​သင်​တို့​အား​ငါ​ပေး​မည်။ သူ​တို့​သည်​သင် တို့​ကို​ဉာဏ်​ပ​ညာ​နှင့်​လည်း​ကောင်း၊ အသိ ပ​ညာ​နှင့်​လည်း​ကောင်း​အုပ်​စိုး​ကြ​လိမ့်​မည်။-
JER 3:16 ထို​နောက်​သင်​တို့​သည်​ပြည်​တော်​တွင်​လူ​ဦး​ရေ တိုး​ပွား​များ​ပြား​သော​အ​ခါ လူ​တို့​သည်​ငါ ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို စဉ်း​စား ပြော​ဆို​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို သေတ္တာ​တော်​ကို​လို​အပ်​ကြ​တော့​မည်​မ​ဟုတ်။ အ​ခြား​သေတ္တာ​တော်​ကို​လည်း​ပြု​လုပ်​ကြ လိမ့်​မည်​မ​ဟုတ်။-
JER 3:17 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သည်`ထာ​ဝ​ရ​ဘု​ရား​၏​ရာ​ဇ ပလ္လင်​တော်' ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​မြို့ တွင်​စု​ရုံး​၍ ငါ​၏​နာ​မ​တော်​ကို​ဂုဏ်​ပြု​ကြ လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​ခက် မာ​သည့်​စိတ်​အ​လို​ကို​လိုက်​၍​ပြု​ကျင့်​ကြ တော့​မည်​မ​ဟုတ်။-
JER 3:18 ဣ​သ​ရေ​လ​သည်​ယု​ဒ​နှင့်​ပေါင်း​၍​လူ​တို့ နှင့်​အ​တူ​မြောက်​အ​ရပ်​မှ သင်​တို့​ဘိုး​ဘေး များ​အား​ငါ​အ​ပိုင်​ပေး​အပ်​ခဲ့​သည့်​ပြည် သို့​လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​ပြော​ကြား စေ​တော်​မူ​၏။
JER 3:19 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အား​သား​အ​ဖြစ်​လက်​ခံ​၍ ပျော်​မွေ့​ဖွယ်​ကောင်း​သော​ပြည်၊ ကမ္ဘာ​ပေါ်​တွင်​အ​သာ​ယာ​ဆုံး​သော​ပြည်​ကို ပေး​အပ်​ရန်​ငါ​အ​လို​ရှိ​ခဲ့​၏။ သင်​သည်​ငါ့​အား​အ​ဖ​ဟု​ခေါ်​၍​အ​ဘယ်​အ​ခါ ၌​မျှ ငါ့​အား​ကျော​မ​ခိုင်း​ဘဲ​နေ​ရန်၊ငါ​အ​လို​ရှိ​ခဲ့​၏။
JER 3:20 သို့​ရာ​တွင် အို ဣ​သ​ရေ​လ၊ သင်​သည်​ဖောက်​ပြန် သည့် ဇ​နီး​ကဲ့​သို့​ငါ့​အား​သစ္စာ​ဖောက်​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စကား​ဖြစ်​၏''
JER 3:21 တောင်​ထိပ်​များ​ပေါ်​တွင်​အ​သံ​တစ်​ခု​ကို ကြား​ရ​ကြ​၏။ ထို​အ​သံ​ကား​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် အ​ပြစ်​ဒု​စ​ရိုက်​တွင်​ကျင်​လည်​ကာ၊ မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မေ့​လျော့​ခဲ့​ကြ​သ​ဖြင့်၊ ငို​ကြွေး​လျက်​ပန်​ကြား​လျှောက်​ထား​ကြ​သည့် အ​သံ​ပင်​ဖြစ်​၏။
JER 3:22 သစ္စာ​မ​ရှိ​သူ​အ​ပေါင်း​တို့၊ပြန်​လာ​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ဖောက်​ပြန်​မှု​ကို ကု​စား​တော်​မူ​မည် သင်​တို့​က``ဟုတ်​ကဲ့​ပါ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သ​ဖြင့် အ​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့​လာ​ပါ မည်။-
JER 3:23 တောင်​ထိပ်​များ​အ​ပေါ်​၌​ဝတ်​ပြု​ကိုး​ကွယ် ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​တို့​အ​ကူ​အ​ညီ​မ​ရ ပါ။ ဣ​သ​ရေ​လ​အ​တွက်​အ​ကူ​အ​ညီ​ကို အ​ကျွန်ုပ်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​၌​သာ​လျှင်​ရ​ရှိ​နိုင်​ပါ​၏။-
JER 3:24 သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​ငယ်​စဉ်​ထဲ​က ရှက်​ဖွယ်​ကောင်း​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​သ​ဖြင့် ရှေး​ကာ​လ​မှ​စ​၍​ဘိုး ဘေး​များ​လုပ်​ကိုင်​စု​ဆောင်း​ထား​ခဲ့​သည်​သိုး အုပ်၊ နွား​အုပ်၊ သား​သ​မီး၊ ရှိ​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဆုံး​ရှုံး​ရ​ကြ​လေ​ပြီ။-
JER 3:25 အ​ကျွန်ုပ်​တို့​သည်​အ​ရှက်​တွင်​လဲ​လျောင်း​ကာ အ​သ​ရေ​ပျက်​မှု​နှင့်​လွှမ်း​ခြုံ​၍​နေ​သင့်​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​ငယ်​စဉ်​အ​ချိန်​က​စ​၍ ယ​နေ့​ထိ​တိုင်​အောင် အ​ကျွန်ုပ်​တို့​နှင့်​ဘိုး​ဘေး များ​သည်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ​ပါ'' ဟု​ဆို​ကြ​၏။
JER 4:1 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့၊ အ​ကယ်​၍​သင်​တို့​ပြန်​လာ​လို​လျှင်​ငါ့ ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ​ရွံ​မုန်း​သည့် ရုပ်​တု​တို့​ကို​ဖယ်​ရှား​ကာ​ငါ့​အား​သစ္စာ စောင့်​ကြ​လျှင်၊-
JER 4:2 ငါ​၏​နာ​မ​တော်​ကို​သင်​တို့​တိုင်​တည်​ကျိန်​ဆို မှု​သည်​တော်​တည့်​မှန်​ကန်၊ လျော်​ကန်​သင့်​မြတ် လိမ့်​မည်။ ထို​အ​ခါ​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​အား​ကောင်း​ချီး​ပေး​ရန်​ငါ့​ထံ​တောင်း လျှောက်​ကြ​လိမ့်​မည်။ ငါ့​ကို​လည်း​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 4:3 ယု​ဒ​ပြည်​သား​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​လူ​တို့ အား ထာ​ဝ​ရ​ဘု​ရား​က``မ​ထွန်​မ​ယက်​ရ​သေး သည့်​သင်​တို့​၏​လယ်​ယာ​များ​ကို​ထွန်​ယက် ကြ​လော့။ သင်​တို့​၏​မျိုး​စေ့​များ​ကို​ဆူး​ပင် များ​အ​ကြား​တွင်​မ​ကြဲ​ကြ​နှင့်။-
JER 4:4 သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ နှင့်​သင်​တို့​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ကြ​လော့။ အ​ချင်း​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့၊ ငါ့​အား​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သို့​မ​ပြု​ပါ​မူ​သင်​တို့​ကူး​လွန်​ခဲ့ သည့်​ဒု​စ​ရိုက်​များ​ကြောင့် ငါ​၏​အ​မျက်​တော် သည်​မီး​ကဲ့​သို့​တောက်​လောင်​လိမ့်​မည်။ ယင်း​ကို ငြိမ်း​သတ်​မည့်​သူ​လည်း​တစ်​စုံ​တစ်​ယောက် မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JER 4:5 ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ရှင်း​လင်း​ကျယ်​လောင်​စွာ​ကြွေး​ကြော်​ကြ​လော့။ ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား တို့​အား ခံ​တပ်​မြို့​များ​သို့​ပြေး​ဝင်​ကြ​ရန်​ပြော​ကြား​ကြ​လော့။
JER 4:6 ဇိ​အုန်​မြို့​ရှိ​ရာ​သို့​ရှေ့​ရှု​ကြ​လော့။ ဘေး​မဲ့​လုံ​ခြုံ ရာ​သို့ ပြေး​ကြ​လော့။ ဆုတ်​ဆိုင်း​၍​မ​နေ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​စွာ​သော​ပျက်​စီး မှု ဘေး​အန္တ​ရာယ်​ဆိုး​ကို မြောက်​အ​ရပ်​မှ​ဆောင်​ယူ​လာ​တော်​မူ​လိမ့် မည်။
JER 4:7 ခြင်္သေ့​သ​ဖွယ်​ခို​အောင်း​ရာ​မှ​ထွက်​လာ​လေ​ပြီ။ လူ​မျိုး​တ​ကာ​ကို​ဖျက်​ဆီး​မည့်​သူ​သည် ထွက်​ခွာ​လာ​လေ​ပြီ။ သူ​သည်​ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန်​ထွက်​ခွာ​လာ လေ​ပြီ။ ယု​ဒ​မြို့​တို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။
JER 4:8 သို့​ဖြစ်​၍​လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​မြည် တမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်၊ထာ​ဝ​ရ​ဘု​ရား​၏ ပြင်း​ထန်​သော​အ​မျက်​တော်​သည် ယု​ဒ​ပြည်​သို့​ဦး​တည်​လျက်​ရှိ​နေ​သေး သော​ကြောင့်​ဖြစ်​၏။
JER 4:9 ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​၌​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ​သည်​စိတ်​ပျက်​အား​လျော့​ကြ လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​တ​အံ့ တ​သြ​ဖြစ်​၍ ပ​ရော​ဖက်​တို့​သည်​အံ့​အား သင့်​လျက်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
JER 4:10 ထို​အ​ခါ​ငါ​သည်``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ အား​လှည့်​ဖြား​တော်​မူ​ပါ​ပြီ။ ငြိမ်း​ချမ်း​မှု ရ​ရှိ​လိမ့်​မည်​ဟု​ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သူ​တို့​၏​လည်​မျို​တွင် ဋ္ဌား​တေ့​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။
JER 4:11 သဲ​ကန္တာ​ရ​မှ​လေ​ပူ​ကြီး​သည် တိုက်​ခတ်​လာ လိမ့်​မည်​ဖြစ်​ကြောင်း​ယေ​ရု​ရှ​လင်​မြို့​သား တို့​ကြား​သိ​ရ​မည့်​နေ့​ရက်​ကာ​လ​သည်​ကျ ရောက်​လာ​လိမ့်​မည်။ ထို​လေ​သည်​သူ​တို့​အား ဂျုံ​စ​ပါး​လှေ့​ရန်​တိုက်​ခတ်​လာ​ခြင်း​မ​ဟုတ်။-
JER 4:12 ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​ရ​တိုက်​ခတ် သည့်​လေ​သည် ထို​ထက်​များ​စွာ​ပို​မို​ပြင်း​ထန် ပေ​လိမ့်​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ပေါ် သို့ ယ​ခု​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​သည့်​အ​ရှင် ကား ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​ဖြစ် သ​တည်း။
JER 4:13 ကြည့်​ရှု​ကြ​လော့။ ရန်​သူ​သည်​မိုး​တိမ်​သ​ဖွယ် လာ​လိမ့်​မည်။ သူ​၏​စစ်​ရ​ထား​များ​သည်​လေ​ပွေ နှင့်​တူ​၍ သူ​၏​မြင်း​တို့​သည်​လင်း​ယုန်​ငှက်​များ ထက်​လျင်​မြန်​ကြ​၏။ ငါ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ လေ​ပြီ။ ငါ​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။-
JER 4:14 အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။
JER 4:15 ဒန်​ပြည်​မှ​လာ​သော​စေ​တ​မန်​နှင့် ဧ​ဖ​ရိမ် တောင်​ကုန်း​များ​မှ​ရှေ့​တော်​ပြေး​တို့​က သ​တင်း​ဆိုး​ကို​ကြေ​ညာ​ကြ​၏။-
JER 4:16 သူ​တို့​သည်​ရပ်​ဝေး​ဒေ​သ​မှ​ရန်​သူ​များ​ချီ တက်​လာ​နေ​ကြောင်း​လူ​မျိုး​တ​ကာ​တို့​အား သတိ​ပေး​၍ ယေ​ရု​ရှ​လင်​မြို့​ကို​ကြား​ပြော ကြ​လေ​သည်။ ရန်​သူ​တို့​သည်​ယု​ဒ​မြို့​များ အား​ကြိမ်း​မောင်း​သံ​ပြု​ကြ​လိမ့်​မည်။-
JER 4:17 သူ​တို့​သည်​လယ်​စောင့်​ကင်း​သ​မား​များ​ကဲ့​သို့ ထို​မြို့​တို့​ကို​ဝိုင်း​ရံ​ထား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကြောင့်​ဖြစ်​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​တော်​မူ​သော​စ​ကား​ပင်​တည်း။
JER 4:18 အို ယု​ဒ​ပြည်၊ သင်​သည်​မိ​မိ​နေ​ထိုင်​ပြု​ကျင့်​ပုံ များ​အား​ဖြင့် ဤ​အ​မှု​အ​ရာ​တို့​ကို​ဖြစ်​ပွား စေ​လေ​ပြီ။ သင်​၏​စိတ်​နှ​လုံး​ကို​ဋ္ဌား​နှင့်​ထိုး လိုက်​ဘိ​သ​ကဲ့​သို့ သင်​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​ဤ​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။
JER 4:19 ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။
JER 4:20 ဘေး​အန္တ​ရာယ်​ဆိုး​သည်​တစ်​ခု​ပြီး​တစ်​ခု ပေါ်​ပေါက်​၍​လာ​၏။ တစ်​ပြည်​လုံး​ပင်​ယို​ယွင်း​ပျက်​စီး​၍​ကျန် ခဲ့​၏။ ငါ​တို့​၏​တဲ​များ​သည်​တစ်​ခ​ဏ​ချင်း​၌​ဖြို ပျက်​လျက် ၎င်း​တို့​၏​ကန့်​လန့်​ကာ​တို့​သည်​စုတ်​ပြတ်​၍ သွား​ကြ​၏။
JER 4:21 ငါ​သည်​တိုက်​ပွဲ​ဆင်​နွှဲ​နေ​သည်​ကို​အ​ဘယ်​မျှ ကြာ​ကြာ တွေ့​မြင်​နေ​ရ​ပါ​မည်​နည်း။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​အ​ဘယ်​မျှ​ကြာ​ကြာ ကြား​၍ နေ​ရ​ပါ​မည်​နည်း။
JER 4:22 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။ သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။ သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင် ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။
JER 4:23 ငါ​သည်၊ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​လိုက်​သော အ​ခါ ယင်း​သည်​ပုံ​သဏ္ဌာန်​ကင်း​မဲ့​လျက်​နေ​၏။ မိုး​ကောင်း​ကင်​ကို​ကြည့်​သော​အ​ခါ​၌​လည်း အ​လင်း​ရောင်​မ​တွေ့​ရ။
JER 4:24 ငါ​သည်​တောင်​များ​ကို​ကြည့်​ပြန်​သော် တောင်​ကြီး​တောင်​ငယ်​တို့​သည်​တုန်​လှုပ်​လျက် နေ​ကြ​၏။
JER 4:25 ငါ​သည်​လူ​တစ်​ဦး​တစ်​ယောက်​ကို​မျှ​မ​တွေ့ မ​မြင်။ ငှက်​အ​ပေါင်း​တို့​သည်​ပင်​လျှင်​ပျံ​ပြေး​ကြ လေ​ကုန်​ပြီ။
JER 4:26 ထာ​ဝ​ရ​ဘု​ရား​၏​ပြင်း​ထန်​သော​အ​မျက် တော် အ​ရှိန်​ကြောင့် မြေ​သြ​ဇာ​ကောင်း​သော​ပြည်​သည်​သဲ​ကန္တာ​ရ ဖြစ်​လျက်၊ မြို့​များ​သည်​လည်း​ယို​ယွင်း​ပျက်​စီး​၍​နေ​လေ​ပြီ။
JER 4:27 (ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည် တော​က​န္တာ​ရ အ​ဖြစ်​သို့​ရောက်​ရှိ​ရ​လိမ့်​မည်​ဖြစ်​သော်​လည်း အ​ကုန်​အ​စင်​ပျက်​ပြုန်း​သွား​ရ​လိမ့်​မည်​မ ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​ကြား​ထား တော်​မူ​၏။)
JER 4:28 ကမ္ဘာ​မြေ​ကြီး​သည်​ဝမ်း​နည်း​ပူ​ဆွေး​လျက်​နေ လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လည်း​မှောင်​မဲ​၍​လာ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိန့်​မြွက်​တော်​မူ​ပြီး​နောက် မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ စိတ်​ပိုင်း​ဖြတ်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် နောက်​ဆုတ်​တော်​မူ​လိမ့်​မည်​မဟုတ်။
JER 4:29 မြင်း​စီး​သူ​ရဲ​များ​နှင့်​လေး​သ​မား​တို့​၏ အ​သံ​ကို ကြား​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​ထွက်​ပြေး​ကြ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​သည်​သစ်​တော​ထဲ​သို့​လည်း ကောင်း၊ အ​ချို့​တို့​သည်​ကျောက်​ဆောင်​များ​ပေါ် သို့​လည်း​ကောင်း၊ထွက်​ပြေး​ကြ​လိမ့်​မည်။ မြို့​အ​ပေါင်း​တို့​သည်​အ​ထီး​တည်း​ကျန် ရစ်​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​နေ​လိမ့်​မည်။
JER 4:30 အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ သင်​သည်​အ​ဘယ်​ကြောင့်​နီး​မြန်း​သည့်​အ​ဝတ် ကို ဝတ်​ဆင်​ထား​သ​နည်း။ အ​ဘယ်​ကြောင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဆင်​ယင်​၍ သင်​၏​မျက်​လုံး​များ​ကို​ခြယ်​လှယ်​ထား​သ​နည်း။ သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ကြောင်း​မဲ့​အ​လှ ပြင်​၍ ထား​ပါ​သည်​တ​ကား။ သင်​၏​ချစ်​သူ​တို့​သည်​သင့်​ကို​ပစ်​ပယ်​လိုက်​ကြ လေ​ပြီ။ သူ​တို့​သည်​သင့်​ကို​သတ်​လို​ကြ​၏။
JER 4:31 သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး​သ​မီး ၏​အ​သံ၊ သား​ဦး​ကို​ဖွား​မြင်​သည့်​အ​မျိုး​သ​မီး​ဟစ် အော်​သံ​နှင့် တူ​သည့်​အ​သံ​တစ်​ခု​ကို​ငါ​ကြား​၏။ ထို​အ​သံ​မှာ​မော​ဟိုက်​၍​လက်​တုန်​နေ​သော ယေ​ရု​ရှ​လင်​မြို့​၏​အ​သံ​ပင်​ဖြစ်​ပေ​သည်။ သူ​က``ငါ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သူ​တို့​သည် ငါ့​အား​သတ်​ရန်​လာ​ကြ​လေ​ပြီ​ဆို​၏။''
JER 5:1 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​လမ်း​များ​တစ်​လျှောက်​သွား​ရောက်​၍​လှည့်​လည်​ရှာ​ဖွေ​ကြ​လော့။ ဆင်​ခြင်​သုံး​သပ်​ကြ​လော့။ သု​စ​ရိုက်​ကို​ပြု​ကျင့်​သူ၊သစ္စာ​စောင့်​ရန်​ကြိုး​စား​သူ​ကို​တွေ့​ရှိ​နိုင်​ရန်​စျေး​ရပ်​ကွက်​များ​တွင်​ရှာ​ဖွေ​ကြ​လော့။ အ​ကယ်​၍​ထို​သူ​ကို​သင်​တို့​ရှာ​ဖွေ​တွေ့​ရှိ​နိုင်​ပါ​က ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်။
JER 5:2 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း​ဟု​ဆို​ကြ​သော်​လည်း သင်​တို့​သည်​မ​ဟုတ်​မ​မှန်​ကျိန်​ဆို​ကြ​၏။
JER 5:3 ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။ သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။
JER 5:4 ထို​နောက်​ငါ​က​ဤ​သူ​တို့​ကား​ဆင်း​ရဲ​သူ​များ​ဖြစ်​၏။ မ​သိ​နား​မ​လည်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သော်​လည်း​ကောင်း မ​သိ​ကြ​သ​ဖြင့်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။
JER 5:5 ငါ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​ထံ​သွား​၍​သူ​တို့​အား​ပြော​ဆို​မည်။ သူ​တို့​သည်​အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ရာ​၏။ ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့် စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သိ​ရှိ​ကြ​ရာ​၏'' ဟု​တွေး​တော​မိ​၏။ သို့​ရာ​တွင်​သူ​တို့​အား​လုံး​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ထမ်း​ပိုး​ကို​ချိုး​လျက် နှောင်​ကြိုး​များ​ကို​လည်း​ဖြတ်​ကြ​လေ​ပြီ။
JER 5:6 ဤ​အ​ကြောင်း​ကြောင့်​တော​မှ​ခြင်္သေ့​တို့​သည်​သူ​တို့​ကို​ကိုက်​သတ်​ကြ​လိမ့်​မည်။ သဲ​ကန္တာ​ရ​မှ​ဝံ​ပု​လွေ​တို့​သည်​သူ​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​လိမ့်​မည်။ ကျား​သစ်​တို့​သည်​လည်း​သူ​တို့​၏​မြို့​များ​အ​နီး​တွင် စောင့်​ကာ​မြို့​ပြင်​သို့​ထွက်​လာ​သူ​မှန်​သ​မျှ​ကို​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည်​အ​ပြစ်​များ​သူ​များ​ဖြစ်​သည့်​ပြင် ဘု​ရား​သ​ခင်​ကို၊အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ကျော​ခိုင်း​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။
JER 5:7 ``ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​အ​ဘယ်​ကြောင့်​ဖြေ​လွှတ်​ရ​မည်​နည်း။ သူ​တို့​၏​သား​သ​မီး​များ​သည်​ငါ့​ကို​စွန့်​ပစ်​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​ကြ​လေ​ပြီ။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ဝ​စွာ​ကျွေး​သော်​လည်း သူ​တို့​သည်​သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​ကာ​ပြည့်​တန်​ဆာ​များ​နှင့်​မှား​ယွင်း​ကြ​၏။
JER 5:8 သူ​တို့​သည်​အ​စာ​ဝ​၍​ရာ​ဂ​ထန်​သည့် မြင်း​ဆိုး​များ​ကဲ့​သို့​ဟီ​လျက်​အိမ်​နီး​ချင်း​တို့​၏​ဇ​နီး​များ​ကို​တပ်​မက်​ကြ​၏။
JER 5:9 ဤ​အ​မှု​အ​ရာ​များ​အ​တွက်​ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​သင့်​သ​လော။ ဤ​သို့​သော​ပြည်​သူ​တို့​ကို​လက်​စား​မ​ချေ​ဘဲ​နေ​သင့်​သ​လော။''
JER 5:10 ငါ​သည်​သူ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ရန်​သူ​တို့​အား​ခုတ်​ပစ်​စေ​မည်။ သို့​ရာ​တွင်​စ​ပျစ်​ပင်​တို့​ကို​အ​ကုန်​အ​စင်​ဖျက်​ဆီး​ပစ်​စေ​လိမ့်​မည်​မ​ဟုတ်။ စ​ပျစ်​ကိုင်း​များ​သည်​ငါ​မ​ပိုင်​မ​ဆိုင်​သ​ဖြင့်​ယင်း​တို့​ကို​ခုတ်​ထွင်​ပစ်​ရန်​ရန်​သူ​တို့​အား​ငါ​စေ​ခိုင်း​မည်။
JER 5:11 ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ငါ့​အား​လုံး​ဝ​သစ္စာ​ဖောက်​ကြ​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 5:12 ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အ​ကြောင်း​ကို​မ​ဟုတ်​မ​မှန်​ပြော​ဆို​ကြ​လေ​ပြီ။ သူ​တို့​က``ကိုယ်​တော်​သည်​အ​ဘယ်​သို့​မျှ​အ​ရေး​ယူ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ စစ်​မက်​အန္တ​ရာယ်​ကို​သော်​လည်း​ကောင်း၊ ငတ်​မွတ်​ခြင်း​ဘေး​ကို​သော်​လည်း​ကောင်း​ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
JER 5:13 သူ​တို့​က``ပ​ရော​ဖက်​တို့​သည်​လေ​သက်​သက်​သာ​လျှင်​ဖြစ်​၍ သူ​တို့​မှာ​ဟော​ကြား​စ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ သူ​တို့​ဟော​သည့်​အ​တိုင်း​သူ​တို့​၌​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။-
JER 5:14 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရ​မိ၊ ထို​သူ​တို့​သည်​ဤ​သို့​ပြော​ဆို​သ​ဖြင့် ငါ့​စ​ကား​သည်​သင်​၏​နှုတ်​တွင်​မီး​သ​ဖွယ်​ဖြစ်​၍ သူ​တို့​သည်​လည်း​ထင်း​ကဲ့​သို့​ဖြစ်​ရ​လိမ့်​မည်။ မီး​သည်​သူ​တို့​ကို​ကျွမ်း​လောင်​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
JER 5:15 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​တိုက်​ခိုက်​စေ​ရန် ဝေး​လံ​ရပ်​ခြား​မှ​လူ​မျိုး​စု​တစ်​စု​ကို​ခေါ်​ဆောင်​ခဲ့​လိမ့်​မည်။ သူ​တို့​သည်​အင်​အား​ကြီး​၍​အ​လွန်​ရှေး​ကျ​သော​လူ​မျိုး၊ သင်​တို့​မ​သိ​နား​မ​လည်​သော​ဘာ​သာ​စ​ကား​ကို​ပြော​ဆို​သော​လူ​မျိုး​ဖြစ်​၏။-
JER 5:16 သူ​တို့​၏​လေး​သ​မား​တို့​သည်​ခွန်​အား​ကြီး​၍ ပွင့်​နေ​သော​သင်္ချိုင်း​ကဲ့​သို့​မ​ညှာ​မ​တာ​သတ်​တတ်​ကြ​၏။-
JER 5:17 သူ​တို့​သည်​သင်​တို့​၏​အ​သီး​အ​နှံ​များ​နှင့်​အ​စာ​ရေ​စာ​များ​ကို​စား​သောက်​ကာ သင်​တို့​သား​သ​မီး​များ​ကို​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​သိုး​အုပ်၊ နွား​အုပ်​များ​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​စ​ပျစ်​ပင်​နှင့်​သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း​စား​ကြ​လိမ့်​မည်။ သူ​တို့​၏​တပ်​မ​တော်​သည်​သင်​တို့​အား​ကိုး​အား​ထား​ပြု​သည့်​ခံ​တပ်​မြို့​များ​ကို​ဖြို​ဖျက်​ပစ်​ကြ​လိမ့်​မည်။''
JER 5:18 ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​ရက်​ကာ​လ​များ​၌​ပင်​လျှင်​ငါ​၏​လူ​မျိုး​တော်​အား လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်​မ​ဟုတ်။-
JER 5:19 ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
JER 5:20 ထာ​ဝ​ရ​ဘု​ရား​က``ယာ​ကုပ်​၏​သား​မြေး ယု​ဒ​ပြည်​သူ​တို့​အား​ပြော​ကြား​လော့။-
JER 5:21 မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်၊ နား​ရှိ​လျက်​နှင့်​မ​ကြား​နိုင်​သူ၊ အ​ချင်း​မိုက်​မဲ​ထုံ​ထိုင်း​သော​လူ​တို့၊ နား​ထောင်​ကြ​လော့။-
JER 5:22 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​မ​ကြောက်​ကြ​သ​နည်း။ ငါ​၏​ရှေ့​တော်​၌​အ​ဘယ်​ကြောင့်​မ​တုန်​မ​လှုပ်​ကြ​သ​နည်း။ ငါ​သည်​ပင်​လယ်​အ​တွက်​နယ်​နိ​မိတ်၊ ပင်​လယ်​ရေ​မ​ကျော်​မ​ဖြတ်​နိုင်​သည့်​အ​မြဲ​တမ်း​နယ်​နိ​မိတ်​ကို​သဲ​များ​ဖြင့်​သတ်​မှတ်​ထား​၏။ ပင်​လယ်​သည်​လှိုင်း​တံ​ပိုး​ထ​နိုင်​သော်​လည်း ထို​နယ်​နိ​မိတ်​ကို​မ​ဖြတ်​မ​ကျော်​နိုင်။ လှိုင်း​တံ​ပိုး​တို့​သည်​ထ​၍​မြည်​ဟည်း​သော်​လည်း ထို​နယ်​စပ်​ကို​မ​ကျော်​မ​လွန်​နိုင်။-
JER 5:23 သို့​ရာ​တွင်​အ​ချင်း​လူ​တို့၊ သင်​တို့​သည်​ခေါင်း​မာ​ပုန်​ကန်​ကာ​လမ်း​လွဲ​၍​ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​ပြီ။-
JER 5:24 ရာ​သီ​အ​လိုက်၊ မိုး​ဦး​မိုး​နှောင်း​ကို​ရွာ​သွန်း​စေ​လျက်၊ နှစ်​စဉ်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ရာ​ကာ​လ​ကို​စီ​မံ​တော်​မူ​သော​ငါ့​အား သင်​တို့​မ​ကြောက်​ရွံ့​မ​ရို​သေ​ကြ။-
JER 5:25 သင်​တို့​၏​အ​မှား​များ​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​က ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​တား​ဆီး​လျက်​သင်​တို့​ထံ​မှ​လွှဲ​ရှောင်​သွား​စေ​လေ​ပြီ။
JER 5:26 ``ငါ​၏​လူ​မျိုး​တော်​အ​ထဲ​၌ ဆိုး​ညစ်​သူ​များ​ရှိ​၏။ သူ​တို့​သည်​ထောင်​ချောက်​ဖြင့်​ငှက်​ဖမ်း​သူ​များ​ကဲ့​သို့​လူ​ကို​ဖမ်း​ရန်​ချောင်း​မြောင်း​ကြ​၏။-
JER 5:27 မု​ဆိုး​သည်​မိ​မိ​၏​လှောင်​အိမ်​ကို​ငှက်​များ​ဖြင့်​ပြည့်​စေ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​များ​ကို​တိုက်​ရာ​ပါ​ပစ္စည်း​များ​ဖြင့်​ပြည့်​စေ​ကြ​လေ​ပြီ။ ထို့​ကြောင့်​သူ​တို့​သည်​တန်​ခိုး​ကြီး​မား​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​၏။-
JER 5:28 ဝ​ဝ​လင်​လင်​စား​သောက်​ရ​၍​ဆူ​ဖြိုး​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မ​ကောင်း​မှု​များ​ကို​အ​တော​မ​သတ်​ပြု​ကျင့်​ကြ​၏။ မိ​ဘ​မဲ့​သူ​တို့​အား​ရ​ပိုင်​ခွင့်​များ​ကို​မ​ပေး​ကြ။ ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​လည်း​တ​ရား​မျှ​တ​မှု​ကို​မ​ပြု​ကြ။
JER 5:29 ``သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​အ​တွက် သူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ပေး​မည်။ ဤ​လူ​မျိုး​အား​ငါ​လက်​စား​ချေ​မည်။-
JER 5:30 ဤ​ပြည်​တွင်​အံ့​သြ​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​မှု​ပေါ်​ပေါက်​လာ​သည်​မှာ၊-
JER 5:31 ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့်​ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး​တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့်​ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး​တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။
JER 6:1 ဗင်္ယာ​မိန်​ပြည်​သား​တို့၊ ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့​ပြေး ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​သွား​ကြ​လော့။ တေ​ကော​ရွာ​၌​တံ​ပိုး​ခ​ရာ​ကို​မှုတ်​ကြ​လော့။ ဗေ​သက္က​ရင်​ရွာ​တွင်​အ​ချက်​ပြ​မီး​ရှူး​တိုင်​ကို မြှောက်​တင်​ကြ​လော့။ ဘေး​အန္တ​ရာယ်​နှင့်​ပျက်​စီး ခြင်း​သည်​မြောက်​အ​ရပ်​မှ​ရောက်​ရှိ​လာ​တော့ မည်။-
JER 6:2 ဇိ​အုန်​သ​မီး​ပျို​သည်​လှ​ပ​၍​သိမ်​မွေ့ သော်​လည်း ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။-
JER 6:3 သိုး​ထိန်း​များ​သည်​မိ​မိ​တို့​သိုး​များ​နှင့်​ထို အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​လိမ့်​မည်။ သူ​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​ကို​သင်​၏​ပတ်​လည်​တွင် ထိုး​ပြီး​လျှင် မိ​မိ​တို့​အ​သီး​သီး​အ​လို​ရှိ ရာ​တွင်​စ​ခန်း​ချ​ကြ​လိမ့်​မည်။-
JER 6:4 သူ​တို့​က``ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန် အ​သင့်​ပြင်​ထား​ကြ​လော့။ မွန်း​တည့်​ချိန်​၌ ငါ​တို့​တိုက်​ခိုက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​က ``က​နေ့​အ​ချိန်​ကုန်​လွန် တော့​မည်။ ည​နေ​စောင်း​ကျ​ချိန်​ရောက်​ပြီ ဖြစ်​၍​ယ​ခု​နောက်​ကျ​သွား​ပေ​ပြီ။-
JER 6:5 ညဥ့်​အ​ခါ​ငါ​တို့​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ယေ​ရု ရှ​လင်​မြို့​ခံ​တပ်​များ​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
JER 6:6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ ဘု​ရင်​တို့​အား​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​နိုင်​ရန်​သစ်​ပင်​များ​ကို​ခုတ်​လှဲ​၍ မြေ က​တုတ်​များ​ကို​ဖို့​စေ​ခြင်း​ငှာ​အ​မိန့်​ပေး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​က``ဤ​မြို့​သည် ညှင်း​ပန်း​နှိပ်​စက်​မှု​နှင့်​ပြည့်​နှက်​လျက်​ရှိ သ​ဖြင့်​ငါ​သည်​ဤ​မြို့​ကို​ဒဏ်​ခတ်​မည်။-
JER 6:7 စမ်း​ရေ​တွင်း​မှ​ရေ​သည်​အ​စဉ်​စီး​ထွက်​လျက် ရှိ​သ​ကဲ့​သို့​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ကောင်း​မှု များ​သည်​အ​စဉ်​ယို​စီး​လျက်​နေ​၏။ မြို့​ထဲ ၌​အ​ကြမ်း​ဖက်​မှု၊ လု​ယက်​ဖျက်​ဆီး​မှု​တို့ ကို​ငါ​ကြား​ရ​၍​ဖျား​နာ​မှု​နှင့်​ဒဏ်​ရာ ဒဏ်​ချက်​များ​ကို​ငါ​မြင်​ရ​၏။-
JER 6:8 အို ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​ဤ အ​မှု​အ​ရာ​များ​မှ​သင်​ခန်း​စာ​ယူ​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ငါ​သည်​သင်​တို့​အား​အ​စဉ် စွန့်​ပစ်​မည်။ သင်​တို့​မြို့​ကို​လူ​သူ​ကင်း​မဲ့​ရာ သွေ့​ခြောက်​သော​ဒေ​သ​အ​ဖြစ်​သို့​ငါ​ပြောင်း လဲ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 6:9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့ အား``စ​ပျစ်​ဥ​ယျာဉ်​မှ​စ​ပျစ်​သီး​ရှိ​သ​မျှ ကို​အ​ကြွင်း​အ​ကျန်​မ​ရှိ​အောင်​ဆွတ်​ခူး​သ​ကဲ့ သို့၊ ဣ​သ​ရေ​လ​ပြည်​မှ​လူ​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ သို့​ဖြစ်​၍​သင်​သည်​အ​ချိန်​ရှိ​ခိုက် ကယ်​ဆယ်​၍​ရ​နိုင်​သ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကယ်​ဆယ်​ရ​မည်​ဟု​မိန့်​တော် မူ​၏။
JER 6:10 ငါ​က​လည်း``အ​ကယ်​၍​ကျွန်​တော်​မျိုး​ပြော ဆို​သ​တိ​ပေး​သော် အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်​နည်း။ သူ တို့​သည်​နား​များ​ကို​ပိတ်​၍​ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို​နာ​ခံ​ရန်​ငြင်း​ဆို​လျက် ကိုယ် တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို​ပြက်​ရယ်​ပြု ကြ​ပါ​၏။-
JER 6:11 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏​အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ သ​ဖြင့် မျို​သိပ်​၍​ပင်​မ​ထား​နိုင်​တော့​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​အ​မျက် တော်​ကို​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ လူ​ငယ်​လူ​ရွယ်​အ​စု အ​ဝေး​များ​ပေါ်​သို့​လည်း​ကောင်း​သွန်း​လောင်း လော့။ ဇ​နီး​မောင်​နှံ​များ​နှင့်​အ​လွန်​အို​မင်း​သူ များ​သည်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အိမ်​များ၊ လယ်​ယာ​များ​နှင့်​အ​မျိုး သ​မီး​များ​သည်​သူ​တစ်​ပါး​လက်​သို့​ရောက်​ရှိ ရ​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​မှ​လူ​တို့​ကို လက်​တော်​ကို​ဆန့်​လျက်​အ​ပြစ်​ဒဏ်​ပေး​တော် မူ​မည်။-
JER 6:13 ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-
JER 6:14 ထို​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကု​သ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ​ချိန် ၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​သည်' ဟု​ဆို​ကြ​၏။-
JER 6:15 သူ​တို့​သည်​စက်​ဆုတ်​သည့်​အ​မှု​တို့​ကို​ပြု​ကျင့် သည့်​အ​တွက်​ရှက်​ကြ​ပါ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ ရှက်​သွေး​ရောင်​ပင်​မ​သန်း​ကြ။ သို့ ဖြစ်​၍​သူ​တို့​သည်​အ​ခြား​သူ​များ​နည်း​တူ ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ​သူ​တို့​သည်​ဆုံး​ခန်း​သို့​ရောက်​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 6:16 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား``လမ်း​ဆုံ​လမ်း​ခွ​တို့​တွင်​ရပ်​၍​ကြည့် ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို​စုံ​စမ်း ရှာ​ဖွေ​ကြ​လော့။ အ​ကောင်း​ဆုံး​သော​လမ်း အ​ဘယ်​မှာ​နည်း​ဟု​မေး​မြန်း​၍ ထို​လမ်း​သို့ လိုက်​လျှင်​သင်​တို့​၏​ဝိ​ညာဉ်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​တို့​က``ထို​လမ်း​ကို အ​ကျွန်ုပ် တို့​မ​လိုက်​လို​ပါ'' ဟု​ပြန်​ပြော​ကြ​၏။
JER 6:17 တံ​ပိုး​ခ​ရာ​မှုတ်​၍​သ​တိ​ပေး​သံ​ကို​နား ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​သည် ကင်း​စောင့်​များ ကို​ခန့်​ထား​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့ က``အ​ကျွန်ုပ်​တို့​နား​မ​ထောင်​လို​ပါ'' ဟု ဆို​ကြ​၏။
JER 6:18 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​မျိုး တ​ကာ​တို့၊ နား​ထောင်​ကြ​လော့။ အ​ချင်း​သက်​သေ အ​ပေါင်း​တို့၊ ငါ​၏​လူ​မျိုး​တော်​ကြုံ​တွေ့​ရ​မည့် ကံ​ကြမ္မာ​ကို​လေ့​လာ​ကြ​လော့။-
JER 6:19 ကမ္ဘာ​မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ လူ​တို့​သည်​ငါ့​စ​ကား​ကို​မ​နာ​ယူ၊ ငါ​၏​သြ ဝါ​ဒ​ကို​လည်း​ပစ်​ပယ်​ကြ​၏။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​ခံ​ယူ​ထိုက်​သည့်​ဘေး​အန္တ​ရာယ် ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​မည်။-
JER 6:20 ရှေ​ဘ​ပြည်​မှ​သူ​တို့​ယူ​ဆောင်​လာ​သော​လော်​ဗန် ကို​သော်​လည်း​ကောင်း၊ ဝေး​လံ​ရပ်​ခြား​မှ​ယူ​ဆောင် လာ​သည့်​နံ့​သာ​ပေါင်း​ကို​သော်​လည်း​ကောင်း​ငါ အ​လို​မ​ရှိ။ သူ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​ငါ လက်​မ​ခံ၊ သူ​တို့​ယဇ်​ပူ​ဇော်​ခြင်း​များ​ကို​ငါ မ​နှစ်​သက်'' ဟု​မိန့်​တော်​မူ​၏။-
JER 6:21 သို့​ဖြစ်​၍​ငါ​သည်​ဤ​လူ​တို့​ရှေ့​တွင်​ခ​လုတ် များ​ချ​ထား​သဖြင့် ခြေ​ချော်​၍​လဲ​စေ​မည်။ ဖ​ခင်​များ​နှင့်​သား​များ​သည်​လည်း​ကောင်း မိတ်​ဆွေ​များ​နှင့်​အိမ်​နီး​ချင်း​များ​သည် လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
JER 6:22 ထာ​ဝ​ရ​ဘု​ရား​က``မြောက်​အ​ရပ်​ရှိ​နိုင်​ငံ​တစ် ခု​မှ လူ​တို့​သည် ချီ​တက်​လာ​ကြ​လိမ့်​မည်။ ရပ် ဝေး​မှ​အင်​အား​ကြီး​မား​သည့်​လူ​မျိုး​သည် စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​နေ​၏။-
JER 6:23 သူ​တို့​သည်​လေး​များ၊ လှံ​များ​ကို​စွဲ​ကိုင်​ကြ လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ သ​နား​က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ကြ​၏။ မြင်း​များ​ကို​စီး​၍​လာ​ချိန်​၌​သူ​တို့​၏​အ​သံ သည်​ပင်​လယ်​မြည်​ဟည်း​သံ​နှင့်​တူ​၏။ သူ​တို့ သည်​ဇိ​အုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​သင့်​ရှိ လေ​ပြီ။''
JER 6:24 ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-
JER 6:25 ရန်​သူ​တို့​သည်​လက်​နက်​များ​ကို​စွဲ​ကိုင်​လျက် ငါ​တို့​အား​ဘေး​အန္တ​ရာယ်​ဝိုင်း​၍​နေ​သ​ဖြင့် ငါ တို့​သည်​ကျေး​လက်​များ​သို့​မ​ထွက်​ဝံ့။ လမ်း များ​ပေါ်​တွင်​လည်း​မ​လျှောက်​ဝံ့'' ဟု​ဆို​ကြ​၏။
JER 6:26 ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​လူ​မျိုး​တော်​အား``သင် တို့​သည်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​ထဲ​၌​လူး​လှိမ့် ကြ​လော့။ တစ်​ဦး​တည်း​သော​သား​အ​တွက် ငို​ကြွေး မြည်​တမ်း​သ​ကဲ့​သို့​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အား သုတ်​သင်​ဖျက်​ဆီး​ရန်​လာ​သူ​သည် ရုတ်​တ​ရက် ဝင်​ရောက်​တိုက်​ခိုက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
JER 6:27 အ​ချင်း​ယေ​ရ​မိ၊ ငါ့​လူ​မျိုး​တော်​ကို​သတ္တု အား​ဆန်း​စစ်​သ​ကဲ့​သို့​သူ​တို့​၏​အ​ကျင့် အ​ကြံ​များ​ကို​သိ​စေ​ရန်​ဆန်း​စစ်​၍​ကြည့် လော့။-
JER 6:28 သူ​တို့​အား​လုံး​ပင်​ခေါင်း​မာ​သည့်​သူ​ပုန် များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ကြေး​ဝါ​ကဲ့ သို့​လည်း​ကောင်း၊ သံ​ကဲ့​သို့​လည်း​ကောင်း​မာ ကြော​ကြ​၏။ သူ​တို့​သည်​လှည့်​လည်​သွား​လာ ၍​ကုန်း​ချော​တတ်​ကြ​၏။ အ​ကျင့်​ပျက်​သူ များ​ဖြစ်​ကြ​၏။-
JER 6:29 သတ္တု​ကျို​ရာ​မီး​ဖို​ကြီး​သည်​အ​ပူ​ရှိန်​ပြင်း ၍​လာ​သော်​လည်း သတ္တု​ချေး​များ​သည်​အ​ရည် မပျော်၊ စီး​မ​ထွက်​ဘဲ​နေ​သ​ဖြင့်​ငါ​၏​လူ​မျိုး တော်​အား​ချေး​ညှော်​ကို​ဆက်​လက်​၍​ချွတ် နေ​ပါ​သော်​လည်း​အ​ကျိုး​မ​ရှိ။ အ​ဘယ် ကြောင့်​ဆို​သော်​ဆိုး​ညစ်​သူ​တို့​ကို​ထုတ် ပစ်​၍​မ​ရ​သော​ကြောင့်​ဖြစ်​၏။-
JER 6:30 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ပစ်​ပယ် လိုက်​လေ​ပြီ။ ထို့​ကြောင့်​သူ​တို့​ကို​အ​ပယ်​ခံ ငွေ​ချော်​မြှုပ်​ဟူ​၍​ခေါ်​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
JER 7:1 ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရ​မိ​အား​ဗိ​မာန် တော်​၏​ဝင်း​တံ​ခါး​သို့​စေ​လွှတ်​တော်​မူ​၍ ထို​ဝင်း​တံ​ခါး​အ​နီး​တွင်​ရပ်​လျက်​ဤ သို့​ကြေ​ညာ​စေ​၏။-
JER 7:2 ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ဤ​တံ​ခါး​မှ​ဝင်​ရောက်​လာ​ကြ​သည့်၊ အို ယု​ဒ ပြည်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-
JER 7:3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သင်​တို့​အား ဤ​အ​ရပ်​တွင်​ဆက်​လက် နေ​ထိုင်​ခွင့်​ပြု​နိုင်​ရန်​သင်​တို့​သည် မိ​မိ​တို့​နေ ထိုင်​မှု​နှင့်​အ​ပြု​အ​မူ​တို့​ကို​ပြု​ပြင်​ပြောင်း လဲ​စေ​ကြ​လော့။-
JER 7:4 `ဤ​ဗိ​မာန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ဖြစ်​၏' ဟု ပြော​ဆို​သူ​တို့​၏​မု​သား​စ​ကား​ကို​မ​ယုံ ကြ​နှင့်။
JER 7:5 ``သင်​တို့​နေ​ထိုင်​မှု​တို့​ကို​ပြု​ပြင်​ပြောင်း​လဲ စေ​ကြ​လော့။ ယ​ခု​ပြု​သော​အ​ကျင့်​တို့​ကို မ​ပြု​တော့​နှင့်။ သင်​တို့​အ​ချင်း​ချင်း​ဆက်​ဆံ ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​စေ​ကြ​လော့။-
JER 7:6 တိုင်း​တစ်​ပါး​သား​များ၊ မိ​ဘ​မဲ့​သူ​များ​နှင့် မု​ဆိုး​မ​များ​အ​ပေါ်​တွင်​အ​ခွင့်​ကောင်း​မ​ယူ ကြ​နှင့်​တော့။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင် အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​မှု​မ​ပြု​ကြ နှင့်​တော့။ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​မှု​သည်​သင်​တို့​အား​အ​ကျိုး​ယုတ်​စေ မည်​ဖြစ်​၍​ထို​အ​မှု​ကို​ရပ်​စဲ​လိုက်​ကြ​လော့။-
JER 7:7 ဤ​သို့​ပြု​ပြင်​ပြောင်း​လဲ​ပါ​မူ​ငါ​သည်​သင် တို့​ဘိုး​ဘေး​များ​အား အ​ပိုင်​ပေး​အပ်​ခဲ့ သည့်​ပြည်​တော်​တွင်​သင်​တို့​ကို​ဆက်​လက် ၍​ထာ​ဝ​ရ​နေ​ထိုင်​ခွင့်​ပြု​တော်​မူ​မည်။
JER 7:8 ``ကြည့်​လော့။ သင်​တို့​သည်​လိမ်​လည်​လှည့် ဖြား​၍​တန်​ဖိုး​မ​ရှိ​သော​စ​ကား​များ​ကို ယုံ​ကြည်​အား​ကိုး​ကြ​၏။-
JER 7:9 သင်​တို့​သည်​ခိုး​ဝှက်​မှု၊ လူ​သတ်​မှု၊ သူ့​မ​ယား ကို​ပြစ်​မှား​မှု၊ ကျိန်​ဆို​၍​လိမ်​လည်​မှု၊ ဗာလ ဘု​ရား​ကို​ယဇ်​ပူ​ဇော်​မှု​နှင့်​မိ​မိ​တို့​မ​သိ ဘူး​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် မှု​တို့​ကို​ပြု​ကြ​၏။-
JER 7:10 သင်​တို့​သည်​ငါ​စက်​ဆုတ်​သည့်​အ​မှု​များ​ကို ပြု​ကျင့်​ကာ​ငါ​၏​ဗိ​မာန်​တော်​သို့​လာ​၍ ငါ့ ရှေ့​မှောက်​၌​ရပ်​ပြီး​လျှင်`ငါ​တို့​သည်​ဘေး ကင်း​ကြ​ပြီ၊ ဤ​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​ရာ​တို့​ကို​လုပ်​နိုင်​ကြ​ပြီ' ဟု​ဆို​ကြ​၏။-
JER 7:11 ငါ​၏​နာ​မ​ကို​ဆောင်​သော​ဗိ​မာန်​တော်​ကို ဋ္ဌား​ပြ​များ​ပုန်း​အောင်း​ရာ​အ​ရပ်​ဟု​သင် တို့​ထင်​မှတ်​သ​လော။ သင်​တို့​ပြု​သည့်​အ​မှု တို့​ကို​ငါ​မြင်​တော်​မူ​ပြီ​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
JER 7:12 ``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-
JER 7:13 သင်​တို့​သည်​အ​ထက်​က​ငါ​ဖော်​ပြ​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​ကို​ကူး​လွန်​ကြ​လေ​ပြီ။ အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ငါ​ပြော​သော်​လည်း သင်​တို့​နား​မ​ထောင်​ကြ။ သင်​တို့​အား​ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ။-
JER 7:14 သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-
JER 7:15 ငါ​သည်​သင်​တို့​၏​ဆွေ​မျိုး​ဖြစ်​သည့်​ဧ​ဖ​ရိမ် ပြည်​သား​တို့​အား ငါ့​ရှေ့​မှောက်​မှ​နှင်​ထုတ် သ​ကဲ့​သို့​သင်​တို့​အား​နှင်​ထုတ်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​၏။
JER 7:16 ``အ​ချင်း​ယေ​ရ​မိ၊ ဤ​လူ​တို့​အ​ဖို့​ဆု​တောင်း ပတ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​တွက်​တောင်း​ပန်​မှု ကို​သော်​လည်း​ကောင်း၊ အ​သ​နား​ခံ​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​နှင့်။ ငါ​သည်​သင် ၏​စ​ကား​ကို​နား​ထောင်​လိမ့်​မည်​မ​ဟုတ် သ​ဖြင့်​ငါ့​အား​မ​လျှောက်​မ​လဲ​နှင့်။-
JER 7:17 ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​၌ သူ​တို့​ပြု​ကျင့်​လျက်​ရှိ​သော​အ​မှု​တို့​ကို သင်​မ​မြင်​သ​လော။-
JER 7:18 က​လေး​သူ​ငယ်​များ​သည်​ထင်း​ခွေ​၍​အ​မျိုး သား​ကြီး​များ​က​မီး​မွေး​ကာ​အ​မျိုး​သ​မီး ကြီး​များ​က ကောင်း​ကင်​မိ​ဖု​ရား​အ​မည်​တွင် သော​နတ်​သ​မီး​အား​ပူ​ဇော်​ရန်​မုန့်​ညက်​ကို နယ်​၍​မုန့်​ဖုတ်​ကြ​၏။ သူ​တို့​သည်​ငါ့​စိတ်​တော် မ​သာ​မ​ယာ​စေ​ရန်​အ​ခြား​ဘု​ရား​များ အ​တွက် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း သွန်း​လောင်း​ဆက်​သ​ကြ​၏။-
JER 7:19 သို့​ရာ​တွင်​အ​ကယ်​ပင်​စိတ်​မ​သာ​မ​ယာ​ဖြစ်​သူ မှာ​ငါ​ပေ​လော'' မ​ဟုတ်​ပေ။ ``သူ​တို့​သည်​သာ လျှင်​မိ​မိ​တို့​စိတ်​ကို​မ​သာ​မ​ယာ​စေ​လျက် အ​ရှက်​ကွဲ​ရ​ကြ​ပေ​သည်။-
JER 7:20 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။
JER 7:21 ဤ​သို့​လျှင်​အ​နန္တ​တန်​ခိုး​ရှင်​ဣ​သ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည်​မိ​မိ​တို့​စား​ခွင့်​ရှိ​သည့်​ယဇ်​များ​ရှိ သ​လို​ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​၍ တစ်​ကောင် လုံး​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ်​များ​လည်း​ရှိ သည်။ ထို​ယဇ်​နှစ်​မျိုး​စ​လုံး​ကို​ပင်​စား ကြ​လော့။-
JER 7:22 သင်​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​မီး ရှို့​ရာ​ပူ​ဇော်​သကာ​များ​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ အ​ခြား​ပူ​ဇော်​ရာ​ယဇ်​များ​နှင့်​ပတ် သက်​၍​လည်း​ကောင်း​အ​ဘယ်​ပညတ်​ကို မျှ​မ​ပေး​မ​အပ်​ခဲ့။-
JER 7:23 သို့​ရာ​တွင်​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​၍​သူ​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော် ဖြစ်​စိမ့်​သော​ငှာ​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ရန်​ကို​မူ​ငါ​ပ​ညတ်​ခဲ့​၏။ အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​ရေး​အ​တွက် ငါ​ချ​ပေး​သည့် လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက်​ပြု​ကျင့် ကြ​ရန်​ငါ​မှာ​ကြား​ခဲ့​၏။-
JER 7:24 သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သူ​တို့ သည်​မိ​မိ​တို့​၏​ခိုင်​မာ​ဆိုး​ညစ်​သည့်​စိတ်​နှ လုံး​မှ​ပေါ်​ထွက်​လာ​သည့်​အ​ကြံ​အ​စည်​များ အ​တိုင်း​ပြု​မူ​ကြ​ကုန်​သည်။ သူ​တို့​သည်​ပို​မို ကောင်း​မွန်​လာ​မည့်​အ​စား​ဆိုး​ယုတ်​၍​လာ ကြ​၏။-
JER 7:25 အီ​ဂျစ်​ပြည်​က​သင်​တို့​၏​ဘိုး​ဘေး​များ​ထွက် လာ​သော​နေ့​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ ကို​အ​မြဲ​တ​စေ စေ​လွှတ်​ခဲ့​၏။-
JER 7:26 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​စ​ကား​ကို​နား မ​ထောင်။ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သင် တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​ထက်​ပင် ပို​မို​၍​ခေါင်း​မာ​ပုန်​ကန်​သူ​များ​ဖြစ်​လာ ကြ​လေ​သည်။
JER 7:27 ``သို့​ဖြစ်​၍​အ​ချင်း​ယေ​ရ​မိ၊ သင်​သည်​ဤ စ​ကား​များ​ကို​သူ​တို့​အား​ပြော​ကြား​သော် လည်း သူ​တို့​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​သူ​တို့​အား​ခေါ်​သော်​လည်း သူ​တို့ ထူး​ကြ​လိမ့်​မည်​မ​ဟုတ်။-
JER 7:28 သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ် ဒဏ်​ခံ​ရ​မှု​မှ​သင်​ခန်း​စာ​ကို​ခံ​ယူ​မည့်​လူ မျိုး​မ​ဟုတ်​ကြောင်း​ကို​သူ​တို့​အား​ပြော ကြား​လော့။ သစ္စာ​စ​ကား​သည်​ကွယ်​ပျောက် သွား​ပြီ။ ဟုတ်​မှန်​ရာ​ကို​မ​ပြော​ကြ​တော့​ပြီ။
JER 7:29 ``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ဆံ​ပင်​ကို​ဖြတ်​၍​ပစ်​ထုတ်​လိုက် ကြ​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မျက်​တော် ရှ​သည့် လူ​မျိုး​တော်​အား​ပစ်​ပယ်​စွန့်​လွှတ်​လိုက်​ပြီ ဖြစ်​၍ သင်​တို့​သည်​တောင်​ထိပ်​များ​ပေါ်​တွင်​အ​သု​ဘ သီ​ချင်း​ကို​ဆို​ကြ​လော့။
JER 7:30 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သူ​တို့​သည် ဒု​စ​ရိုက်​ကို​ပြု​ကျင့်​ကြ​လေ​ပြီ။ သူ​တို့​သည် ငါ​စက်​ဆုတ်​သည့်​ရုပ်​တု​များ​ဖြင့် ငါ့​နာ​မ တော်​ကို​ဆောင်​သော​အိမ်​တော်​ထဲ​သို့​ယူ​ဆောင် လာ​၍​ညစ်​ညမ်း​စေ​လေ​ပြီ။-
JER 7:31 သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​အား မီး​ရှို့​ပူ​ဇော်​နိုင်​ရန် ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​တော​ဖက် နာ​မည်​တွင်​သော​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ လေ​ပြီ။ ထို​အ​မှု​ကို​ပြု​ရန်​သူ​တို့​အား​ငါ မ​စေ​ခိုင်း​ခဲ့၊ စိတ်​ပင်​မ​ကူး​ခဲ့။-
JER 7:32 သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည်​တော​ဖက်​ဟူ​၍ သော်​လည်း​ကောင်း၊ ဟိန္နုံ​ဟူ​၍​သော်​လည်း​ကောင်း နာ​မည်​မ​တွင်​တော့​မည့်​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ လူ​သေ​တို့​ကို​သင်္ဂြိုဟ်​ရန် နေ​ရာ​မ​ရှိ​တော့​သည့်​တိုင်​အောင် ထို​ချိုင့်​ဝှမ်း တွင်​သင်္ဂြိုဟ်​ရ​သော​ကြောင့် ထို​ချိုင့်​ဝှမ်း​ကို​ကွပ် မျက်​ရာ​ချိုင့်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
JER 7:33 လူ​သေ​အလောင်း​တို့​သည်​ငှက်​များ​နှင့်​တော သား​ရဲ​တို့​၏​အ​စာ​ဖြစ်​ကြ​လိမ့်​မည်။ ထို တိ​ရစ္ဆာန်​များ​အား​ခြောက်​လှန့်​နှင်​ထုတ်​မည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
JER 7:34 ငါ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း များ​တွင်​မ​င်္ဂ​လာ​ဆောင်​ခဲ့​၏။ ရွှင်​လန်း​ဝမ်း မြောက်​သံ​များ​ကို​ဆိတ်​သုဉ်း​စေ​မည်။ ထို ဒေ​သ​သည်​လူ​သူ​ကင်း​မဲ့​လိမ့်​မည်။
JER 8:1 ``ထို​အ​ချိန်​ကာ​လ​၌​လူ​တို့​သည် ယု​ဒ ဘု​ရင်​များ​နှင့်​မှူး​မတ်​များ၊ ယဇ်​ပု​ရော​ဟိတ် များ၊ ပ​ရော​ဖက်​များ​နှင့်​အ​ခြား​ယေ​ရု​ရှ​လင် မြို့​သား​များ​၏​အ​ရိုး​တို့​ကို သက်​ဆိုင်​ရာ သင်္ချိုင်း​တွင်း​များ​မှ​တူး​ဖော်​ကြ​လိမ့်​မည်။-
JER 8:2 သူ​တို့​သည်​မိ​မိ​တို့​နှစ်​သက်​ကြည်​ညို၊ ဝတ် ပြု​ရှိ​ခိုး၊ နှီး​နှော​တိုင်​ပင်​ခဲ့​ကြ​သည့်​နေ၊ လ၊ ကြယ်​များ​အောက်​တွင်​ထို​အ​ရိုး​တို့​ကို​ဖြန့် ကြဲ​ထား​လိမ့်​မည်။ ယင်း​တို့​ကို​စု​သိမ်း​သင်္ဂြိုဟ် မည့်​အ​စား​မြေ​သြ​ဇာ​သ​ဖွယ်​မြေ​ပေါ်​မှာ ခင်း​ကြ​လိမ့်​မည်။-
JER 8:3 ငါ​ကွဲ​လွင့်​စေ​ရာ​အ​ရပ်​များ​တွင်​အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​သူ၊ ဤ​ဆိုး​ညစ်​သည့်​ခေတ် မှ​လူ​တို့​သည် မိ​မိ​တို့​ဆက်​လက်​အ​သက်​ရှင် ရန်​ထက်​သေ​ရန်​ပို​မို​လို​လား​တောင့်​တ​ကြ လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။
JER 8:4 လူ​တို့​အား​ဆင့်​ဆို​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​မှာ``အ​ဘယ်​သူ​သည်​လဲ​ကျ​ပြီး နောက်​ပြန်​မ​ထ​ဘဲ​နေ​သ​နည်း။ အ​ဘယ်​သူ သည်​လမ်း​မှား​သွား​ပြီး​နောက်​ပြန်​မ​လှည့် ဘဲ​နေ​သ​နည်း။-
JER 8:5 ယေ​ရု​ရှ​လင်​မြို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​၍ အ​ဘယ်​ကြောင့်​ပြန် လှည့်​မ​လာ​ကြ​သ​နည်း။ သင်​တို့​သည်​လှည့် ဖြား​မှု​များ​ကို​စွဲ​လန်း​လျက်​နေ​သ​ဖြင့် ငါ့ ထံ​သို့​ပြန်​လာ​ရန်​ငြင်း​ဆန်​ကြ​သည်။-
JER 8:6 ငါ​သည်​စေ့​စေ့​နား​ထောင်​သော်​လည်း​သင်​တို့ သည်​သစ္စာ​စ​ကား​ကို​မ​ပြော​ကြ။ သင်​တို့​တွင် အ​ဘယ်​သူ​မျှ​မိ​မိ​တို့​ယုတ်​မာ​မှု​များ​အ​တွက် ဝမ်း​မ​နည်း​ကြ။ `ငါ​သည်​အ​ဘယ်​မ​ကောင်း​မှု ကို​ပြု​မိ​ပါ​သ​နည်း' ဟု​အ​ဘယ်​သူ​မျှ​မ​မေး ကြ။ တိုက်​ပွဲ​သို့​အ​ပြင်း​ပြေး​သည့်​မြင်း​ကဲ့ သို့​လူ​တိုင်း​မိ​မိ​တို့​ပြု​လို​ရာ​ကို ပြု​လျက် နေ​ကြ​၏။-
JER 8:7 မိုး​ကောင်း​ကင်​၌​ပျံ​ဝဲ​လျက်​ရှိ​သော​ငှက် ကျား​ပင်​လျှင် မိ​မိ​ပြန်​ရ​မည့်​အ​ချိန်​သိ​၏။ ချိုး၊ ပျံ​လွှား​နှင့်​ကြိုး​ကြာ​တို့​သည်​လည်း မိ​မိ တို့​ကျက်​စား​ရာ​အ​ရပ်၊ ပြောင်း​ရွှေ့​ချိန်​ကို​သိ ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်၊ သင် တို့​သည်​မိ​မိ​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား ပြ​ဋ္ဌာန်း​ထား​သည့်​တ​ရား​တော်​ကို​မ​သိ ကြ။-
JER 8:8 ငါ​၏​တ​ရား​တော်​ကို​သိ​ရှိ​၍​သင်​တို့​သည် ပ​ညာ​ရှိ​ကြ​၏​ဟု​အ​ဘယ်​သို့​လျှင်​သင် တို့​ဆို​နိုင်​ကြ​မည်​နည်း။ ကြည့်​ရှု​ကြ​လော့၊ မ​ရိုး​မ​ဖြောင့်​သည့်​ကျမ်း​ကူး​ဆ​ရာ​တို့​က တ​ရား​တော်​ကို​ပြောင်း​လဲ​စေ​ကြ​လေ​ပြီ။-
JER 8:9 သင်​တို့​၏​ပ​ညာ​ရှိ​များ​သည်​အ​ရှက်​ကွဲ ကြ​၏။ သူ​တို့​သည်​စိတ်​ရှုပ်​ထွေး​လျက်​ထောင် ချောက်​တွင်​မိ​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​လိုက်​ကြ​ပြီ ဖြစ်​၍​ယ​ခု​အ​ခါ​၌​သူ​တို့​တွင်​အ​ဘယ် သို့​သော​ပ​ညာ​ဉာဏ်​ရှိ​တော့​မည်​နည်း။-
JER 8:10 သို့​ဖြစ်​၍​သူ​တို့​လယ်​ယာ​များ​ကို​ပိုင်​ရှင် သစ်​များ​သို့​လည်း​ကောင်း၊ သူ​တို့​ဇ​နီး​များ ကို​အ​ခြား​သူ​တို့​ထံ​သို့​လည်း​ကောင်း​ငါ ပေး​အပ်​မည်။ ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း တို့​သည်​မ​တ​ရား​စီး​ပွား​ရှာ​ကြ​၏။ ပ​ရော ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင်​လျှင် လူ​တို့​ကို​လိမ်​လည်​ကြ​၏။-
JER 8:11 သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကုသ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ ချိန်​၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ သည်' ဟု​ဆို​ကြ​၏။-
JER 8:12 ငါ​၏​လူ​မျိုး​တော်​သည်​ငါ​စက်​ဆုတ်​သည့် အ​မှု​အ​ရာ​တို့​ကို​ပြု​ကျင့်​သည့်​အ​တွက်​ရှက် ကြောက်​ကြ​သ​လော။ သင်​တို့​အ​လျှင်း​မ​ရှက် မ​ကြောက်​ကြ။ သင်​တို့​သည်​ရှက်​သွေး​ပင်​မ​သန်း တတ်​ကြ။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ခြား​သူ များ​နည်း​တူ​ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ် ဒဏ်​ခတ်​သော​အ​ခါ​သင်​တို့​နာ​လန်​ထူ​နိုင် ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
JER 8:13 ``လူ​သည်​မိ​မိ​သီး​နှံ​ကို​ရိတ်​သိမ်း​သ​ကဲ့​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော် အား​ရိတ်​သိမ်း​လို​သည်။ သို့​သော်​သူ​တို့​သည် အ​ရွက်​များ​ပင်​ညှိုး​နွမ်း​လျက် အ​သီး​မ​ရှိ သည့်​စ​ပျစ်​ပင်​များ၊ အ​သီး​မ​သီး​သော​သင်္ဘော သ​ဖန်း​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​ကြောင့်​ငါ ပေး​သော​ပြည်​တော်​ကို​တစ်​ပါး​သူ​တို့​၏ လက်​ထဲ​သို့​ရောက်​စေ​တော်​မူ​လေ​ပြီ။
JER 8:14 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​က``ငါ​တို့​သည် အ​ဘယ်​ကြောင့်​မ​လှုပ်​မ​ယှက်​ထိုင်​နေ​ကြ​ပါ သ​နည်း။ လာ​ကြ၊ ခံ​တပ်​မြို့​များ​သို့​ပြေး​၍ ငါ​တို့​သေ​ကြ​ကုန်​အံ့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​သေ​ဒဏ် စီ​ရင်​တော်​မူ​ပြီ။ ငါ​တို့​သည်​ကိုယ်​တော်​ကို ပြစ်​မှား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​ငါ​တို့ သောက်​ရန်​အ​ဆိပ်​ပါ​သော​ရေ​ကို​တိုက်​တော် မူ​ပြီ။-
JER 8:15 ငါ​တို့​သည်​ငြိမ်း​ချမ်း​မှု​ကို​မျှော်​လင့်​ကြ သော်​လည်း​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကျန်း​မာ မှု​ကို​မျှော်​လင့်​သော်​လည်း​ကြောက်​လန့်​မှု သာ​လျှင်​ရ​ရှိ​ကြ​၏။-
JER 8:16 ရန်​သူ​များ​သည်​မြောက်​ဘက်​ရှိ​ဒန်​မြို့​သို့ တိုင်​အောင်​ရောက်​ရှိ​လာ​ကြ​ရာ သူ​တို့​၏​မြင်း များ​နှာ​မှုတ်​သံ​ကို​ငါ​တို့​ကြား​ရ​ကြ​၏။ သူ​တို့​၏​မြင်း​များ​ဟီ​လိုက်​သော​အ​ခါ​၌ တစ်​တိုင်း​တစ်​ပြည်​လုံး​တုန်​လှုပ်​၍​သွား​၏။ သူ​တို့​သည်​ငါ​တို့​ပြည်​နှင့်​တ​ကွ ငါ​တို့ ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ၊ ငါ​တို့ မြို့​နှင့်​မြို့​သူ​မြို့​သား​များ​အား​သုတ်​သင် ဖျက်​ဆီး​ရန်​လာ​ရောက်​ကြ​လေ​ပြီ'' ဟု​ဆို ကြ​၏။
JER 8:17 ထာ​ဝ​ရ​ဘု​ရား​က``သ​တိ​ဝိ​ရိ​ယ​နှင့်​နေ ကြ​လော့။ ငါ​သည်​သင်​တို့​အ​ထဲ​သို့​မြွေ​များ၊ အ​လမ္ပာယ်​ဆရာ​မ​နိုင်​သည့်​မြွေ​ဆိုး​များ​ကို စေ​လွှတ်​မည်။ ထို​မြွေ​တို့​သည်​သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 8:18 ငါ​၏​ဝမ်း​နည်း​မှု​ကို​ကု​စား​၍​မ​ရ​နိုင်။ ငါ​၏​စိတ်​နှ​လုံး​သည်​ပူ​ဆွေး​လျက်​ရှိ​၏။
JER 8:19 နား​ထောင်​ကြ​လော့။ အ​လွန်​ဝေး​သော တစ်​တိုင်း​တစ်​ပြည်​တွင်​ငါ​၏​အ​မျိုး​သား များ ဟစ်​အော်​နေ​သံ​ကို​ငါ​ကြား​ရ​၏။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​တွင် ရှိ​တော်​မ​မူ​တော့​ပြီ​လော။ ဇိ​အုန်​မြို့​၏​ဘု​ရင်​သည်​ထို​မြို့​တွင်​မ​ရှိ​တော့ ပြီ​လော'' သူ​တို့​၏​ဘု​ရင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​ရုပ်​တု​များ​နှင့်၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​သနည်း'' ဟု​မိန့်​တော်​မူ​၏။
JER 8:20 လူ​တို့​က​လည်း``နွေ​ရာ​သီ​ကုန်​ဆုံး​၍​အ​သီး အ​နှံ ရိတ်​သိမ်း​ချိန်​ကုန်​လွန်​ပြီ​ဖြစ်​သော်​လည်း၊ ငါ​တို့​သည်​ကယ်​တင်​ခြင်း​မ​ခံ​ရ​ကြ​သေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။
JER 8:21 ငါ​၏​အ​မျိုး​သား​တို့​သည်​အ​ချေ​မှုန်း​ခံ​ရ ကြ​သ​ဖြင့် ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​မွ​လျက်​ရှိ​၏။ ငါ​သည်​ငို​ကြွေး​မြည်​တမ်း​လျက်၊အ​လွန့်​အ​လွန် တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​၏။
JER 8:22 ဂိ​လဒ်​ပြည် ၌​ဆေး​ဝါး​မ​ရှိ​တော့​ပြီ​လော။ ဆေး​သ​မား​လည်း​မ​ရှိ​တော့​ပြီ​လော။ အ​ဘယ်​ကြောင့်​ငါ့​အ​မျိုး​သား​များ​၏ အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​အောင်​မ​ကု​သ​ကြ​ပါ​သ​နည်း။
JER 9:1 ငါ​သည်​အ​သတ်​ခံ​ကြ​သော မိ​မိ​အ​မျိုး​သား​များ​အ​တွက်​နေ့​ရော​ညဥ့်​ပါ ငို​ကြွေး​နိုင်​ရန်​ငါ​၏​မျက်​စိ​များ​သည် မျက်​ရည်​စမ်း​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​ဦး​ခေါင်း​သည်​လည်း​ရေ​တွင်း​ကဲ့​သို့ လည်း​ကောင်း ဖြစ်​စေ​ချင်​စမ်း​ပါ​ဘိ။
JER 9:2 ငါ​သည်​မိ​မိ​အ​မျိုး​သား​များ​အား​စွန့်​ခွာ​ပြီး လျှင် သဲ​ကန္တာ​ရ​တွင်​သွား​ရောက်​နေ​ထိုင်​စ​ရာ အ​ခန်း​တစ်​ခု​ကို​လို​ချင်​စမ်း​ပါ​ဘိ။ သူ​တို့​အား​လုံး​ပင်​လျှင်​သစ္စာ​မဲ့​၍​အခြား ဖောက်​ပြား​သူ​များ​ဖြစ်​ကြ​၏။
JER 9:3 သူ​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​လေး​မှ လွှတ်​သော မြား​ကဲ့​သို့​အ​ဘယ်​အခါ​၌​မျှ​နှုတ်​မ​လေး​ကြ။ တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​အုပ်​စိုး​မည့်​အ​စား မု​သား​စ​ကား​အုပ်​စိုး​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​သည်​ဒု​စ​ရိုက်​တစ်​ခု​ပြီး တစ်​ခု ကူး​လွန်​လျက် ငါ့​ကို​သူ​တို့​၏​ဘု​ရား​အ​ဖြစ်​လက်​မ​ခံ​ကြ'' ဟု​မိန့်​တော်​မူ​၏။
JER 9:4 လူ​တိုင်း​ပင်​မိ​မိ​တို့​မိတ်​ဆွေ​များ​ကို သ​တိ​ထား ရ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မိ​မိ​၏​ညီ​အစ်​ကို​ကို​ယုံ​၍​မ​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ညီ​အစ်​ကို​တိုင်း​ပင်​လျှင် လှည့်​စား​တတ်​၍ လူ​တိုင်း​သည်​လည်း၊မိ​မိ​မိတ်​ဆွေ​များ​ကို အ​သ​ရေ​ဖျက်​တတ်​ကြ​သော​ကြောင့်​ဖြစ်​၏။
JER 9:5 သူ​တို့​သည်​မိတ်​ဆွေ​များ​ကို​လိမ်​လည်​လှည့်​စား ကြ​၏။ အ​ဘယ်​သစ္စာ​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​ကြ။ သူ​တို့​သည်​မု​သား​စ​ကား​ပြော​ဆို​တတ်​ရန် မိ​မိ​တို့​နှုတ်​ကို​သွန်​သင်​ထား​ကြ​၏။ အ​ပြစ်​ကို​ပြု​၍​မိ​မိ​တို့​ကိုယ်​ကို​မော​ပန်း စေ​ကြ​ပြီ။
JER 9:6 သူ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​မ​စွန့်​ပစ်​ကြ။ သူ​တို့​သည်​လိမ်​လည်​လှည့်​စား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အား​ပစ်​ပယ်​ကြောင်း​မိန့်​တော်​မူ​၏။
JER 9:7 ဤ​အ​ကြောင်း​ကြောင့်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သတ္တု​ကို​အရည်​ကျို​၍​ချွတ်​သ​ကဲ့​သို့၊ ငါ့​လူ​မျိုး​တော်​ကို​သန့်​စင်​အောင်​ပြု​မည်။ သူ​တို့​အား​ငါ​ဆန်း​စစ်​၍​ကြည့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို ကူး​လွန်​ကြ​လေ​ပြီ။ ငါ​သည်​သူ​တို့​အား​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။
JER 9:8 သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​လူး​မြား​နှင့်​တူ​၏။ သူ​တို့​သည်​လိမ်​လည်​လှည့်​စား​သည့်​စကား​ကို အ​မြဲ​ပြော​ဆို​ကြ​၏။ လူ​တိုင်း​ပင်​မိ​မိ​အိမ်​နီး​ချင်း​အား​နှုတ်​ချို​စွာ ပြော​ဆို​တတ်​သော်​လည်း စင်​စစ်​အား​ဖြင့်၊သူ့​အ​တွက်​ထောင်​ချောက်​ကို ထောင်​ဖမ်း​လျက်​နေ​သည်။
JER 9:9 ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​သည့်​အ​တွက်​ငါ​သည် သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်​လော။ ဤ​သို့​သော​လူ​မျိုး​ကို​ငါ​သည်​လက်​စား​မ​ချေ​ဘဲ နေ​ရ​မည်​လော။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 9:10 ယေ​ရ​မိ​က``တောင်​ရိုး​များ​အ​တွက်​ငါ​မြည် တမ်း​မည်။ မြက်​ခင်း​များ​အ​တွက်​ငါ​ငို​ကြွေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​စား​ကျက်​တို့​သည် ခြောက်​သွေ့​သွား​၍ ဖြတ်​သန်း​သွား​လာ​မည့်​သူ​ကင်း​မဲ့​လျက် နေ​သော​ကြောင့်​ဖြစ်​၏။ သိုး​နွား​မြည်​သံ​ကို​မ​ကြား​ရ​ကြ​တော့​ပေ။ ငှက်​များ၊တော​တိ​ရစ္ဆာန်​များ​သည်​လည်း ထွက်​ပြေး​ကြ​လေ​ပြီ'' ဟု​ဆို​၏။
JER 9:11 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ယေ​ရု​ရှ​လင် မြို့​ကို တော​ခွေး​များ​ခို​အောင်း​ရာ၊ အ​ဆောက်​အ​အုံ​ပျက်​များ​စု​ဝေး​ရာ​အ​ရပ် ဖြစ်​စေ​မည်။ ယု​ဒ​မြို့​တို့​သည်​လည်း​လူ​သူ​ဆိတ်​ညံ​ရာ သဲ​ကန္တာရ ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 9:12 ငါ​က``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့် ဤ​ပြည်​သည်​ဖြတ်​သန်း​သွား​လာ​၍​မ​ရ၊ ယို ယွင်း​ပျက်​စီး​လျက်​သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ် ၍​နေ​ပါ​သ​နည်း။ ဤ​အ​မှု​အ​ရာ​အ​ကြောင်း ကို​သိ​ရှိ​နိုင်​စွမ်း​ရှိ​သည့်​ပ​ညာ​ရှိ​ကား​အ​ဘယ် သူ​ဖြစ်​ပါ​သ​နည်း။ သူ​တစ်​ပါး​တို့​အား​ထပ် ဆင့်​ပြော​ပြ​နိုင်​ရန်​အ​ဘယ်​သူ​အား ဤ​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင်​ဖော်​ပြ ထား​ပါ​သ​နည်း'' ဟု​လျှောက်​၏။
JER 9:13 ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက် လာ​သည်​မှာ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ​ကို​စွန့်​ပယ် ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်။ ငါ​ပြော​ဆို​သည့် အ​တိုင်း​လည်း​မ​ပြု​မ​လုပ်​ကြ။-
JER 9:14 သူ​တို့​သည်​ခေါင်း​မာ​လျက်​မိ​မိ​ဘိုး​ဘေး များ​သွန်​သင်​ထား​ခဲ့​သည့်​အ​တိုင်း ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။-
JER 9:15 သို့​ဖြစ်​၍​သူ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘုရား​သည် အ​ဘယ်​သို့​ပြု​တော် မူ​မည်​ကို​နား​ထောင်​လော့။ ငါ​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​ခါး​သော​ဒေါ​န​ပင်​ကို ကျွေး​၍ အ​ဆိပ်​ပါ​သော​ရေ​ကို​သောက်​စေ​မည်။-
JER 9:16 ငါ​သည်​သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​ပင် မ​ကြား​ဘူး​သည့်​လူ​မျိုး​များ​အ​ထဲ​တွင် သူ တို့​အား​ပျံ့​လွင့်​သွား​စေ​မည်။ ထို​နောက်​သူ​တို့ အား​လုံး​ဝ​ပျက်​စီး​သည့်​တိုင်​အောင် တိုက်​ခိုက် ရန်​စစ်​တပ်​များ​ကို​ငါ​စေ​လွှတ်​မည်'' ဟု​မိန့် တော်​မူ​၏။
JER 9:17 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``စဉ်း​စား​ဆင်​ခြင်​ကြ​လော့။ ငို​ချင်း​သည်​များ၊မ​သာ​သီ​ချင်း​ကို​ကျွမ်း ကျင်​စွာ သီ​ဆို​တတ်​သူ အ​မျိုး​သ​မီး​များ​အား​ခေါ်​ယူ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
JER 9:18 လူ​တို့​က​လည်း``ငါ​တို့​မျက်​စိ​များ​သည် မျက်​ရည်​နှင့်​ပြည့်​လျက် ငါ​တို့​မျက်​ခွံ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့်​မျက် ရည်​နှင့် စို​စွတ်​လျက်​နေ​သည်​တိုင်​အောင် မ​သာ​သီ​ချင်း​ကို​သီ​ဆို​ပေး​နိုင်​ရန်​ငို​ချင်း​သည် တို့​အား အ​မြန်​ခေါ်​ယူ​ကြ​လော့'' ဟု​ဆို​ကြ​၏။
JER 9:19 ``ငါ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​လျက်၊လုံး​ဝ အ​သ​ရေ​ပျက် ရ​ကြ​လေ​ပြီ​တ​ကား။ ငါ​တို့​၏​အိမ်​ရာ​များ​သည်​ပြို​ပျက်​သွား​ပြီ​ဖြစ်​၍ ငါ​တို့​သည်​မိ​မိ​တို့​ပြည်​ကို​စွန့်​ခွာ​ရ​ကြ​ပေ​တော့​မည်'' ဟူ​၍​ဇိ​အုန်​မြို့​သား​တို့​ငို​ကြွေး​မြည်​တမ်း​သံ​ကို နား​ထောင်​ကြ​လော့​ဟု​ဆို​ကြ​၏။
JER 9:20 ငါ​က၊ ``အ​မျိုး​သ​မီး​တို့၊ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကို နား​ထောင်​ကြ​လော့။ ကိုယ်​တော်​ရှင်​၏​စ​ကား​တော်​တို့​ကို အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​လော့။ သင်​တို့​၏​သ​မီး​များ​အား​ငို​ကြွေး​တတ်​ရန် လည်း​ကောင်း၊ သင်​တို့​၏​မိတ်​ဆွေ​များ​အား​မ​သာ​သီ​ချင်း​ကို သီ​ဆို​တတ်​ရန်​လည်း​ကောင်း​သင်​ကြား​ပေး ကြ​လော့။
JER 9:21 သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။ သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊ စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။
JER 9:22 လူ​သေ​ကောင်​တို့​သည်​လယ်​ပြင်​ရှိ​နောက်​ချေး ပုံ​များ ကဲ့​သို့​လည်း​ကောင်း၊ ရိတ်​သိမ်း​သူ​စွန့်​ပစ်​ထား​ခဲ့​သည့်​ကောက်​လှိုင်း များ၊ အ​ဘယ်​သူ​မျှ​မ​စု​မ​သိမ်း​သည့်​ကောက်​လှိုင်း များ ကဲ့​သို့​လည်း​ကောင်း​ပြန့်​ကျဲ​လျက်​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ပြန်​ကြား​ပြော​ဆို​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သော​စ​ကား ဖြစ်​၏'' ဟု​ဆို​၏။
JER 9:23 ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။
JER 9:24 အ​ကယ်​၍​ဝါ​ကြွား​လို​သူ​လူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​မူ ထို​သူ​သည်​ငါ​၏​အ​ကြောင်း​ကို​သိ​ရှိ​နား​လည်​မှု ၌​သာ​လျှင်​ဝါ​ကြွား​ရာ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​မေတ္တာ​သည်​ခိုင်​မြဲ​၍ ငါ​ပြု​သော​အ​မှု​သည်​တ​ရား​မျှ​တ​မှု၊ ဖြောင့်​မတ်​မှန်​ကန်​မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​မှု​တို့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။
JER 9:25 ထာ​ဝ​ရ​ဘု​ရား​က``အီ​ဂျစ်​ပြည်​သား​များ၊ ယု​ဒ ပြည်​သား​များ၊ ဧ​ဒုံ​ပြည်​သား​များ၊ အမ္မုန်​ပြည် သား​များ၊ မော​ဘ​ပြည်​သား​များ​နှင့်​သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​ကာ ဆံ​ပင်​တို​ထား​သော​လူ​မျိုး အား​ငါ​အ​ပြစ်​ဒဏ်​ခတ်​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​တော့​မည်။ ထို​သူ​အ​ပေါင်း​တို့ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​သင်္ကေ​တ​ဖြစ် သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော်​လည်း ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ထို သူ​အ​ပေါင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ'' ဟု​မိန့်​တော်​မူ​၏။
JER 10:1 အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ကို နား​ထောင်​ကြ​လော့။
JER 10:2 ကိုယ်​တော်​က``သင်​တို့​သည်​လူ​မျိုး​ခြား​တို့​၏ ကျင့်​စဉ်​ကို​မ​လိုက်​မ​လျှောက်​ကြ​နှင့်။ မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သည့်​နိ​မိတ်​လက္ခ​ဏာ များ အ​တွက်​လူ​မျိုး​တ​ကာ​တို့​သည် ထိတ်​လန့်​ကြ​စေ​ကာ​မူ၊သင်​တို့​မ​ထိတ်​မ​လန့် ကြ​နှင့်။
JER 10:3 ထို​သူ​တို့​၏​ဘာ​သာ​တ​ရား​သည်​အ​ချည်း​နှီး ဖြစ်​၏။ တော​၌​သစ်​ပင်​ခုတ်​လှဲ​ပြီး​လျှင်​ပန်း​ပု​ဆ​ရာ​သည် ဆူး​ဆောက်​ဖြင့်​ရုပ်​တု​ကို​ထု​လုပ်​၍၊
JER 10:4 ရွှေ​ငွေ​တို့​ဖြင့်​တန်​ဆာ​ဆင်​တတ်​၏။ ထို​နောက်​မ​လဲ​မ​ကျ​စိမ့်​သော​ငှာ​ယင်း​ကို သံ​မှို​စွဲ​၍​ထား​တတ်​ကြ​၏။
JER 10:5 ဤ​သို့​သော​ရုပ်​တု​များ​သည်​သ​ခွား​ခင်း​ရှိ စာ​ချောက်​ရုပ်​များ​နှင့်​တူ​၍​စ​ကား​မ​ပြော တတ်​ကြ။ သူ​တို့​သည်​လမ်း​မ​လျှောက်​နိုင်​သ​ဖြင့် သူ​တို့​ကို သယ်​ဆောင်​ပေး​ရ​ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ဘေး​ဥ​ပဒ်​ကို​လည်း ကောင်း၊ ကောင်း​ကျိုး​ကို​လည်း​ကောင်း​မ​ပေး​နိုင်​ကြ။ သင်​တို့​သည်​သူ​တို့​အား​မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
JER 10:6 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​နှင့်​တူ​သော ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​ကြီး​တော်​မူ​ပါ​၏။ နာ​မ​တော်​သည်​လည်း​ကြီး​မြတ်​၍​တန်​ခိုး အာ​နု​ဘော်​နှင့် ပြည့်​ဝ​ပါ​၏။
JER 10:7 လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သူ​သည် မ​ကြောက်​ရွံ့​မ​ရို​သေ​ဘဲ​နေ​ပါ​မည်​နည်း။ ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ထိုက်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​တွင်​ရှိ​သော​ပ​ညာ​ရှိ အ​ပေါင်း​တို့​တွင်​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။
JER 10:8 သူ​တို့​အ​ပေါင်း​သည်​ထုံ​ထိုင်း​မိုက်​မဲ​ကြ ပါ​၏။ သစ်​သား​ရုပ်​များ​က​သူ​တို့​အား​အ​ဘယ် အ​မှု​အ​ရာ​ကို သွန်​သင်​ပေး​နိုင်​ပါ​မည်​နည်း။
JER 10:9 သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​သည်​တာရှု ပြည်​မှ ထွက်​သည့်​ငွေ​နှင့်​လည်း​ကောင်း၊ ဥ​ဖတ်​မြို့​မှ​ထွက်​သည့်​ရွှေ​နှင့်​လည်း​ကောင်း မွမ်း​မံ​ထား​သ​ဖြင့်၊ အ​နု​ပ​ညာ​သည်​တို့​၏​လက်​ရာ​ဖြစ်​ပေ​သည်။ ထို​ရုပ်​တု​များ​သည်​ကျွမ်း​ကျင်​သူ​ယက်​ကန်း သည်​တို့၊ ယက်​လုပ်​ထား​သော​ခ​ရမ်း​ရောင်​ထည်၊ အ​ပြာ​ရောင်​ထည်​တို့​ဖြင့်​တန်​ဆာ​ဆင်​၍ ထား​၏။
JER 10:10 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​မူ​ကား စစ်​မှန်​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​အ​မျက်​တော်​အရှိန်​ကို မ​ခံ​မ​ရပ်​နိုင်​ကြပါ။
JER 10:11 (အ​ချင်း​လူ​တို့၊ ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင် ကို​မ​ဖန်​ဆင်း​သည့်​ဘု​ရား​များ​သည်​မိုး​ကောင်း ကင်​အောက်​မှ​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ လည်း​ကောင်း​ကွယ်​ပျောက်​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ကြား​ရ​ကြ​မည်။)
JER 10:12 ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​အား​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ၏။ ဉာဏ်​ပ​ညာ​တော်​ဖြင့်​လော​က​ဋ္ဌာတ်​ကို ဖန်​ဆင်း​တော်​မူ​၍ အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။
JER 10:13 ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး ကောင်း​ကင် အ​ထက်​ရှိ​ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ မိုး​တိမ်​များ​ကို​တက်​စေ​တော်​မူ​၏။ မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​၍ မိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​ခတ်​စေ​တော်​မူ​၏။
JER 10:14 ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​ခြင်း​ကြောင့် လူ​အ​ပေါင်း​တို့​သည်​ထုံ​ထိုင်း​၍​အ​သိ​ဉာဏ် ကင်း​မဲ့​သူ​များ​ဖြစ်​လာ​ရ​ကြ​လေ​သည်။ ပန်း​တဉ်း​ဆ​ရာ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သွန်း​လုပ်​သည့်​ဘု​ရား​များ​မှာ အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက် ရကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ရုပ်​တု​များ​တွင် အ​သက်​မ​ရှိ​သော​ကြောင့်​တည်း။
JER 10:15 ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ ယင်း​တို့​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။
JER 10:16 ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
JER 10:17 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​အား​ရန်​သူ များ​ဝိုင်း​ရံ​လျက်​ရှိ​ကြ​၏။ ဤ​မြို့​မှ​ထွက် ခွာ​ရန်​သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​စု​သိမ်း ကြ​လော့။-
JER 10:18 သင်​တို့​အား​လောက်​လွှဲ​မှ​လောက်​စာ​လုံး​ကို​ပစ် သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ဤ​ပြည်​မှ​ပယ်​ထုတ်​တော်​မူ​လိမ့်​မည်။ သင်​တို့ သည်​အ​ဖမ်း​ခံ​ရ​သော​ကြောင့်​စိတ်​ပျက်​ကြ လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏။
JER 10:19 ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ငါ​တို့​သည် ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​ပြီ။ ငါ​တို့​၏​အ​နာ​များ​သည်​ပျောက်​လိမ့်​မည် မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ဝေ​ဒ​နာ​ကို​ခံ​နိုင်​လိမ့်​မည်​ဟု ငါ​တို့​ထင်​မှတ်​ခဲ့​ကြ​ပါ​သည်​တ​ကား။
JER 10:20 ငါ​တို့​၏​တဲ​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်၊ ယင်း​တို့​ကို​ဆွဲ​ထား​သည့်​ကြိုး​များ​သည်​လည်း ပြတ်​၍​သွား​လေ​ပြီ။ ငါ​တို့​၏​သား​သ​မီး​အား​လုံး​ပင်​ငါ​တို့​ထံ​မှ ထွက်​ခွာ​သွား​ကြ​ပါ​ပြီ။ ငါ​တို့​၏​တဲ​များ​ကို​တစ်​ဖန်​ပြန်​၍​ထိုး​ပေး​မည့် သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ။ တဲ​ကန့်​လန့်​ကာ​များ​ကို​လည်း​တပ်​ဆင်​ပေး​မည့် သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ'' ဟု ဟစ်​အော်​ကြ​၏။
JER 10:21 ငါ​က``ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မိုက်​မဲ သူ​များ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ပို့​ဆောင်​လမ်း​ပြ​မှု​ကို မ​တောင်း​မ​ခံ​ကြ။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကြံ​မ​အောင်​ကြ​ဘဲ ငါ​တို့ အ​မျိုး​သား​များ​သည်​ပျံ့​လွင့်​၍​သွား​ရ ကြ​ခြင်း​ဖြစ်​၏။
JER 10:22 နား​ထောင်​ကြ​လော့။ သ​တင်း​တစ်​ရပ်​ရောက်​ရှိ​လာ​လေ​ပြီ။ မြောက်​အ​ရပ်​တွင်​ထ​ကြွ​လှုပ်​ရှား​မှု​ဖြစ်​ပေါ် နေ​သည်။ သူ​တို့​သည်​ယု​ဒ​မြို့​တို့​ကို​ခွေး​အ​များ​ခို အောင်း​ရာ လူ​သူ​ကင်း​မဲ့​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​လိမ့် မည်'' ဟု​ဆို​၏။
JER 10:23 အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​မျှ​မိ​မိ​၏ ကံ​ကြမ္မာ​ကို ဖန်​တီး​၍​မ​ရ​ကြောင်း​ကျွန်​တော်​မျိုး​သိ ပါ​၏။ အ​ဘယ်​သူ​မျှ​မိ​မိ​ဘ​ဝ​ကို​အ​စိုး​မ​ရ​ပါ။
JER 10:24 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လူ​မျိုး​တော် အား ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ပါ။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​တို့​အ​ပေါ်​တွင် တ​ရား​မျှ​တ​စွာ​ပြု​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ချိန်​၌ ကျွန်​တော်​မျိုး​တို့​အား​ပြင်း​ထန်​စွာ​ဆုံး​မ ပဲ့​ပြင်​တော်​မူ ပါ​လျှင်​ကျွန်​တော်​မျိုး​တို့​အ​ကျိုး​နည်း​ရ ပါ​လိမ့်​မည်။
JER 10:25 ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​အ​သိ​အ​မှတ် မ​ပြု​သူ၊ ကိုယ်​တော်​ရှင်​အား​ပစ်​ပယ်​သူ​တို့​အ​ပေါ် အ​မျက်​တော်​ကို​သွန်း​လောင်း​တော်​မူ​ပါ။ သူ​တို့​သည်​ယာ​ကုပ်​အ​မျိုး​အား​သတ်​ဖြတ်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​အ​ကုန်​အ​စင်​သုတ်​သင် ပယ်​ရှင်း​၍ ကျွန်​တော်​မျိုး​တို့​ပြည်​ကို​လည်း​ယို​ယွင်း​ပျက်​စီး စေ​ကြ​ပါ​ပြီ။
JER 11:1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊
JER 11:2 ``ဤ​ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့်​အ​ချက် အလက်​များ​ကို​နား​ထောင်​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​အ​လက် များ​ကို​မ​လိုက်​နာ​သူ​မှန်​သ​မျှ​အား ကျိန်​စာ သင့်​စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ယု​ဒ​ပြည် သား​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ပြော​ကြား​လော့။-
JER 11:4 ထို​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား သံ​မီး​ဖို​ကြီး​နှင့်​တူ​သော​အီ​ဂျစ်​ပြည်​မှ ငါ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က​ချုပ်​ဆို​ခဲ့​သည့် ပဋိ​ညာဉ်​ဖြစ်​၏။ ငါ​သည်​ထို​သူ​တို့​အား​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​ရန်၊ ငါ​ခိုင်း​စေ​သ​မျှ သော​အ​မှု​တို့​ကို​ပြု​လုပ်​ကြ​ရန်​မှာ​ကြား​ခဲ့ ၏။ အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​စ​ကား​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ငါ​၏​လူ​မျိုး တော်​ဖြစ်​ရ​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့ ၏​ဘုရား​ဖြစ်​တော်​မူ​မည်။-
JER 11:5 ထို​နောက်​ယ​ခု​သူ​တို့​နေ​ထိုင်​လျက်​ရှိ​ရာ​နို့ နှင့်​ပျား​ရည်​စီး​သည့်​ပြည်​ကို သူ​တို့​၏​ဘိုး ဘေး​များ​အား​ပေး​အပ်​ရန်​ငါ​ပြု​ခဲ့​သည့် သစ္စာ​က​တိ​ကို​လည်း​တည်​စေ​မည်​ဖြစ် ကြောင်း​သူ​တို့​အား​ငါ​ပြော​ကြား​ခဲ့​၏။ ငါ​က``မှန်​လှ​ပါ၊ အို ထာ​ဝ​ရ​ဘု​ရား'' ဟု လျှောက်​လေ​၏။
JER 11:6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​သို့​သွား လော့။ ထို​အ​ရပ်​တို့​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြေ​ညာ​ကာ၊ ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့် အ​ချက်​အ​လက်​များ​ကို​နား​ထောင်​လိုက်​နာ ကျင့်​သုံး​ရန်​သူ​တို့​အား​ပြော​ကြား​လော့။-
JER 11:7 သူ​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​သူ​တို့ အား​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​ရန်​ကြပ် တည်း​စွာ​သ​တိ​ပေး​ခဲ့​၏။ ယ​နေ့​ထိ​တိုင် အောင်​ဆက်​လက်​၍​သ​တိ​ပေး​၏။-
JER 11:8 သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​မ ထောင်​ကြ။ လိုက်​နာ​မှု​လည်း​မ​ပြု​ကြ။ သူ​တို့ အား​လုံး​ပင်​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ဆိုး ညစ်​မြဲ​ဆိုး​ညစ်​လျက်​နေ​ကြ​၏။ ငါ​သည်​သူ တို့​အား​လိုက်​နာ​ရန်​အ​မိန့်​ချ​မှတ်​ထား​လျက် နှင့်​သူ​တို့​မ​လိုက်​နာ​ကြ​သော ပ​ဋိ​ညာဉ်​တော် တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​ကျိန်​စာ​များ​ကို​သူ တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​၏'' ဟု​မိန့်​တော် မူ​၏။
JER 11:9 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယု​ဒ ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​တို့​သည် ငါ့​ကို​ပုန်​ကန်​လျက်​နေ​ကြ​၏။-
JER 11:10 ငါ့​စ​ကား​ကို​နား​မ​ထောင်​သူ​မိ​မိ​တို့​ဘိုး ဘေး​များ​ပြု​ကျင့်​ခဲ့​သည့်​အ​ပြစ်​ဒု​စ​ရိုက် များ​ကို​ပင်​ပြန်​လည်​ပြု​ကျင့်​လျက်​နေ​ကြ လေ​ပြီ။ သူ​တို့​သည်​အ​ခြား​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လေ​ပြီ။ ဣသ​ရေ​လ​အ​မျိုး သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ​သည် ငါ​နှင့်​မိ​မိ​တို့​ဘိုး​ဘေး​များ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-
JER 11:11 ထို့​ကြောင့်​သူ​တို့​အ​ပေါ်​သို့​ငါ​သက်​ရောက် စေ​မည့်​ဘေး​အန္တ​ရာယ်​ဆိုး​မှ​သူ​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ​ပေး​၏။ ကူ​မ တော်​မူ​ရန်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ၌​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-
JER 11:12 ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-
JER 11:13 ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-
JER 11:14 ယေ​ရ​မိ၊ ထို​သူ​တို့​အ​ဖို့​နှင့်​သူ​တို့​၏​ကိုယ် စား​ငါ့​ထံ​သို့​မ​တောင်း​ပန်​နှင့်၊ အ​သ​နား​မ ခံ​နှင့်။ ဆု​တောင်း​ပတ္ထ​နာ​လည်း​မ​ပြု​နှင့်။ သူ​တို့ ဒုက္ခ​ရောက်​၍​ကူ​မ​ရန်​ငါ့​ထံ​ဟစ်​အော်​ကြ သော​အ​ခါ​ငါ​သည်​နား​ထောင်​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JER 11:15 ထာ​ဝ​ရ​ဘု​ရား​က``ငါ​ချစ်​မြတ်​နိုး​သည့် လူ​တို့​သည် မ​ကောင်း​မှု​များ​ကို​ပြု​ကျင့် လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​ဘယ်​သို့​လျှင် ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရောက်​ခွင့်​ရှိ​သ​နည်း။ တိ​ရစ္ဆာန်​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် သက်​ရောက်​လတ္တံ့​သော​ဘေး​အန္တ​ရာယ်​ဆိုး​ကို ဖယ်​ရှား​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ သူ တို့​သည်​ဆိုး​ညစ်​မှု​များ​ကို​ပြု​လုပ်​လျက် ဝမ်း​မြောက်​ကြ​မည်​လော။-
JER 11:16 အ​ခါ​တစ်​ပါး​က​ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​တို့​အား​အ​ရွက်​များ​ဖြင့်​စိမ်း​လန်း​ဝေ​ဆာ ၍ လှ​ပ​သော​အ​သီး​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​သည့်​သံ​လွင်​ပင်​ဟု​ခေါ်​ဆို​သ​မုတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သူ​သည်​မိုး​ကြိုး သံ​နှင့်​တူ​သော​အ​သံ​ဖြင့် ထို​အ​ပင်​အ​ရွက် များ​ကို​မီး​ရှို့​၍​အ​ကိုင်း​အ​ခက်​များ​ကို ချိုး​တော်​မူ​မည်။
JER 11:17 ``အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​ပြု​စု ပျိုး​ထောင်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ ငါ​သည်​ထို​ပြည်​များ​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သူ​တို့​သည်​ဒု​စ ရိုက်​ကို​ပြု​ခဲ့​ကြ​သည်​ဖြစ်​၍​ဗာ​လ​ဘု​ရား ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​သူ​တို့​သည် ငါ ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​လေ​ပြီ။''
JER 11:18 ငါ့​ကို​သတ်​ဖြတ်​ရန် ရန်​သူ​တို့​လျှို့​ဝှက်​စွာ ကြံ​စည်​လျက်​နေ​ကြောင်း ငါ့​အား​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
JER 11:19 ငါ​သည်​သတ်​ရန်​ထုတ်​ဆောင်​သွား​သည့် သိုး ငယ်​ကဲ့​သို့​ယုံ​ကြည်​စိတ်​ချ​တတ်​သူ​ဖြစ်​ပေ သည်။ ငါ့​ကို​သူ​တို့​မ​ကောင်း​ကြံ​လျက်​နေ ကြ​ကြောင်း​ကို​ငါ​မ​သိ။ သူ​တို့​က``စိမ်း​လန်း စို​ပြေ​လျက်​နေ​ချိန်​၌ သစ်​ပင်​ကို​ခုတ်​လှဲ ကြ​ကုန်​အံ့။ သူ့​အား​နောင်​အ​ခါ​အ​ဘယ်​သူ မျှ​သ​တိ​မ​ရ​ကြ​စေ​ရန် သူ့​ကို​ငါ​တို့​သတ် ဖြတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
JER 11:20 ထို​အ​ခါ​ငါ​သည်``အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား စီ​ရင်​တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​တော်​မူ ပါ​၏။ လူ​တို့​၏​အ​ကြံ​အ​စည်​နှင့်​စိတ်​နေ သ​ဘော​ထား​တို့​ကို​လည်း​စစ်​ဆေး​ကြည့်​ရှု တော်​မူ​တတ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ ၏​အ​မှု​ကို​ကိုယ်​တော်​ရှင်​၏​လက်​တော်​တွင် အပ်​နှံ​ထား​ပါ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​တို့​အား ကိုယ်​တော်​ရှင်​လက်​စား​ချေ​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ'' ဟု​ဆု​တောင်း​၏။
JER 11:21 အာ​န​သုတ်​မြို့​သား​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​မြို့​သား​တို့​သည် ငါ့​အား​သတ်​လို​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ဆက်​လက် ဟော​ပြော​လျှင် ငါ့​ကို​သတ်​မည်​ဟု​ဆို​ကြ​၏။-
JER 11:22 သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တို့​၏​က​လေး​သူ​ငယ် များ​သည်​လည်း အ​စာ​ရေ​စာ​ငတ်​၍​သေ​ကြ လိမ့်​မည်။-
JER 11:23 အာ​န​သုတ်​မြို့​သား​တို့​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကျ​ရောက်​လာ​သော​နေ့​ကို​ငါ​သတ်​မှတ် ပြီ။ ထို​နေ့​၌​သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ အ​သက်​ရှင်​လျက်​ကျန်​ရှိ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JER 12:1 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​အ​မှု​ကို အ​ထံ​တော်​တွင်​လျှောက်​လဲ​ရ​သော် ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြောင့်​မတ်​သော​အ​ရှင် ဖြစ်​ပါ​သည်။ သို့​ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​မ​ရှိ​နှင့်​ပတ် သက်​၍ ကျွန်​တော်​မျိုး​လျှောက်​ထား​လို​ပါ​၏။ အ​ဘယ်​ကြောင့်​သူ​ယုတ်​မာ​တို့​သည် ချမ်း​သာ​ကြွယ်​ဝ​ကြ​ပါ​သ​နည်း။ မ​ရိုး​မ​ဖြောင့်​သူ​တို့​သည်​အ​ဘယ်​ကြောင့် အေး​ချမ်း​စွာ​နေ​ရ​ပါ​သ​နည်း။
JER 12:2 ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​စိုက်​ပျိုး​တော် မူ​သ​ဖြင့် သူ​တို့​သည်​အ​မြစ်​စွဲ​ကာ​ကြီး​ပွား​လျက် အ​သီး​အ​နှံ​များ​အောင်​ကြ​ပါ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​ကိုယ်​တော်​ရှင်​ကောင်း မြတ် တော်​မူ​ကြောင်း​ကို​ပြော​ဆို​ကြ​သော်​လည်း၊ အ​မှန်​အား​ဖြင့်​ကိုယ်​တော်​ရှင်​ကို​ပ​မာ​ဏ မပြု​ကြ​ပါ။
JER 12:3 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​ကျင့်​သည့်​အ​မှု​ကို​လည်းကောင်း၊ ကိုယ်​တော်​ရှင်​အား၊ကျွန်​တော်​မျိုး​၏​အ​ကြံ အ​စည် ကို​လည်း​ကောင်း​သိ​မြင်​တော်​မူ​ပါ​၏။ ထို​ဆိုး​ညစ်​သူ​တို့​အား​အ​သတ်​ခံ​ရ​မည့်​သိုး များ​ကဲ့​သို့ ဆွဲ​ထုတ်​သွား​တော်​မူ​ပါ​၏။ အ​သတ်​ခံ​ရ​ချိန်​မ​တိုင်​မီ​သူ​တို့​အား စောင့်​ကြပ်​ထား​တော်​မူ​ပါ​၏။
JER 12:4 ကျွန်​တော်​မျိုး​တို့​၏​ပြည်​သည်​အ​ဘယ်​မျှ ကြာ​ကြာ ခြောက်​သွေ့​လျက်၊ လယ်​ကွင်း​များ​ရှိ​မြက်​တို့​သည်​လည်း၊အ​ဘယ်​မျှ ကြာ​ကြာ​ညှိုး​နွမ်း​လျက်​နေ​ရ​ပါ​မည်​နည်း။ `ငါ​တို့​ပြု​ကျင့်​ပုံ​ကို​ဘု​ရား​သ​ခင်​တွေ့​မြင်​တော် မမူ' ဟု​ပြော​ဆို​ကြ​သည့် ဤ​ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ငှက်​များ၊ တိ​ရစ္ဆာန်​များ​သည်​သေ​ကြေ​ပျက်​စီး​လျက်​ရှိ ပါ​၏။''
JER 12:5 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊အ​ကယ်​၍​သင်​သည် လူ​တို့​နှင့်​အ​ပြေး​ပြိုင်​ရာ​တွင်​မော​ပန်း​နေ​ပါ​မူ မြင်း​များ​နှင့်​အ​ဘယ်​သို့​အ​ပြေး​ပြိုင်​နိုင်​မည် နည်း။ သင်​သည်​လွင်​ပြင်​တွင်​လဲ​နေ​လျှင်​ယော်​ဒန်​မြစ် အ​နီး​ရှိ တော​အုပ်​များ​၌​အ​ဘယ်​သို့​ခံ​ရပ်​နိုင်​မည်​နည်း။
JER 12:6 သင်​၏​အိမ်​ထောင်​စု​သား​များ၊သင့်​ညီ​အစ်​ကို များ ပင်​လျှင်​သင့်​အား​သစ္စာ​ဖောက်​ကြ​လေ​ပြီ။ သူ​တို့​သည်​သင်​၏​တစ်​ဘက်​မှ​ဝင်​၍​သင့်​အား အော်​ဟစ်​နေ​ကြ​၏။ သူ​တို့​သည်​သင့်​အား​နှုတ်​ချို​စွာ​ပြော​သော်​လည်း သူ​တို့​ကို​သင်​မ​ယုံ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
JER 12:7 ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ငါ​၏​အိမ်​ကို​စွန့်​ပစ်​လိုက်​လေ​ပြီ။ ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​ကို​ပစ်​ပယ် လိုက်​လေ​ပြီ။ ငါ​ချစ်​မြတ်​နိုး​သည့်​လူ​တို့​အား​ရန်​သူ​များ​၏ လက်​သို့ အပ်​နှံ​လိုက်​လေ​ပြီ။
JER 12:8 ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​တို့​သည် တော​တွင်း​မှ​ခြင်္သေ့​ကဲ့​သို့​ငါ့​ကို​တော်​လှန်​ကြ လေ​ပြီ။ သူ​တို့​သည်​ငါ့​ကို​ဟိန်း​ဟောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​မုန်း​၏။
JER 12:9 ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​သည်​သိမ်း ငှက်​များ ဝိုင်း​ဝန်း​၍​ထိုး​ဆိတ်​ခံ​ရ​သည့်​ငှက်​နှင့်​တူ​၏။ သား​ရဲ​တိ​ရစ္ဆာန်​တို့​လာ​၍​စား​သောက်​ကြ​ရန် ခေါ်​ဖိတ်​လော့။
JER 12:10 လူ​မျိုး​ခြား​ဘု​ရင်​အ​များ​ပင်​ငါ​၏ စ​ပျစ် ဥ​ယျာဉ်​ကို​ဖျက်​ဆီး​ပစ်​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​လယ်​ယာ​များ​ကို နင်း​ချေ​ပစ်​ကြ​လေ​ပြီ။ နှစ်​သက်​ဖွယ်​ကောင်း​သည့်​ငါ့​ပြည်​တော် ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​ကြ​လေ​ပြီ။
JER 12:11 သူ​တို့​သည်​ထို​ပြည်​ကို​မြေ​ရိုင်း​ဖြစ်​စေ​ကြ လေ​ပြီ။ ထို​ပြည်​သည်​ငါ​၏​ရှေ့​မှောက်​၌​လူ​သူ ကင်း​မဲ့​လျက်​ရှိ​၏။ တစ်​ပြည်​လုံး​ပင်​စွန့်​ပစ်​ခြင်း​ခံ​ရ​၍​အ​ဘယ်​သူ​မျှ ဂ​ရု​မ​စိုက်​ကြ။
JER 12:12 လူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ရန်​သဲ​ကန္တာ​ရ​ရှိ ကုန်း​မြင့်​များ​ကို​ဖြတ်​၍​လာ​လေ​ပြီ။ ဤ​ပြည်​တစ်​ခု​လုံး​ကို​ဖျက်​ဆီး​ချေ​မှုန်း​ပစ်​ရန် ငါ​သည်​စစ်​ပွဲ​ကို​ဖြစ်​ပွား​စေ​လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငြိမ်း​ချမ်း​စွာ​မ​နေ​မ​ထိုင် ရ​ကြ။
JER 12:13 ငါ​၏​လူ​မျိုး​တော်​သည်​ဂျုံ​စ​ပါး​ကို​စိုက်​ပျိုး သော်​လည်း ဆူး​ပင်​များ​ကို​ရိတ်​သိမ်း​ရ​ကြ​၏။ သူ​တို့​သည်​အ​လုပ်​ကို​ကြိုး​စား​၍​လုပ်​သော် လည်း အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ရှိ။ ငါ​၏​အ​မျက်​တော်​ပြင်း​ထန်​မှု​ကြောင့် သူ​တို့​သည်​ရှက်​ကြောက်​ခြင်း​သီး​နှံ​ကို ရိတ်​သိမ်း ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 12:14 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​မွေ​ပေး​အပ်​ခဲ့​သည့် ပြည်​တော်​ကို​ပျက်​စီး​ယို​ယွင်း​စေ​သော ဣ​သ​ရေ​လ ပြည်​၏​အိမ်​နီး​ချင်း​နိုင်​ငံ​တို့​နှင့်​ပတ်​သက်​၍​ငါ ပြော​စ​ရာ​ရှိ​၏။ ငါ​သည်​ထို​သူ​ယုတ်​မာ​တို့​အား အ​မြစ်​ပြုတ်​သည့်​အ​ပင်​ငယ်​ကဲ့​သို့​သူ​တို့​ပြည် မှ​ဆွဲ​ထုတ်​မည်။ ယု​ဒ​ပြည်​ကို​သူ​တို့​လက်​မှ ဆွဲ​ထုတ်​ကယ်​ဆယ်​မည်။-
JER 12:15 သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား​ယင်း​သို့​ဆွဲ ထုတ်​ပြီး​နောက်​က​ရု​ဏာ​ပြ​မည်။ ထို​လူ​မျိုး အ​သီး​သီး​ကို​မိ​မိ​တို့​ပိုင်​သည့်​နယ်​မြေ​သို့ လည်း​ကောင်း၊ မိ​မိ​တို့​၏​ပြည်​သို့​လည်း​ကောင်း ပြန်​လည်​ပို့​ဆောင်​မည်။-
JER 12:16 အ​ကယ်​၍​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏ ဘာ​သာ​တ​ရား​ကို​လက်​ခံ​ကာ အ​ခါ​တစ်​ပါး က​ဗာ​လ​ဘု​ရား​အား​တိုင်​တည်​ကျိန်​ဆို​မှု ကို​သူ​တို့​သည် ငါ​၏​လူ​မျိုး​တော်​အား​သင် ကြား​ပေး​ခဲ့​သည့်​နည်း​တူ​ယ​ခု​အ​ခါ`ထာ​ဝ​ရ ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း' ဟု ငါ​၏​နာ​မ​တော်​အား​ဖြင့်​ကျိန်​ဆို​ကြ​ပါ​မူ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​တွင်​အ​ပါ အ​ဝင်​ဖြစ်​လျက်​ကောင်း​စား​ကြ​လိမ့်​မည်။-
JER 12:17 သို့​ရာ​တွင်​ငါ့​စ​ကား​ကို​နား​မ​ထောင်​သော လူ​မျိုး​ကို ငါ​သည်​အ​မြစ်​မှ​နုတ်​၍​ဖျက်​ဆီး ပစ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 13:1 ထာ​ဝ​ရ​ဘု​ရား​သည် ပိတ်​ခါး​ဝတ်​ကို​သွား ရောက်​ဝယ်​ယူ​ဝတ်​ဆင်​ရန်​ငါ့​အား​မိန့်​တော်​မူ ပြီး​လျှင် ထို​ခါး​ဝတ်​ကို​ရေ​မ​စွတ်​စို​စေ​ရန် လည်း​မှာ​ကြား​တော်​မူ​ပါ​၏။-
JER 13:2 သို့​ဖြစ်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​တိုင်း​ပိတ်​ခါး​ဝတ်​ကို​ဝယ်​ယူ​ဝတ် ဆင်​၏။-
JER 13:3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-
JER 13:4 ``ကိုယ်​တော်​က​ဥ​ဖ​ရတ်​မြစ်​သို့​သွား​လော့။ သင် ဝတ်​ဆင်​ထား​သည့်​ခါး​ဝတ်​ကို​ချွတ်​၍​ကျောက် တွင်း​၌​ဝှက်​ထား​လော့'' ဟု​မိန့်​တော်​မူ​၏။-
JER 13:5 သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​အ​နီး​သို့ သွား​၍ ထို​ခါး​ဝတ်​ကို​ဝှက်​ထား​လိုက်​၏။-
JER 13:6 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဥ​ဖ​ရတ်​မြစ် အ​နီး​သို့​ပြန်​သွား​ပြီး​လျှင် ခါး​ဝတ်​ကို​ထုတ် ယူ​ရန်​မိန့်​မှာ​တော်​မူ​၏။-
JER 13:7 သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​သို့​သွား ပြီး​လျှင် ငါ​ဝှက်​ထား​ရာ​အ​ရပ်​ကို​ရှာ​ဖွေ​ရာ ခါး​ဝတ်​ကို​တွေ့​ရှိ​ရ​သော် ယင်း​တို့​သည်​ဆွေး မြေ့​လျက်​နေ​သ​ဖြင့်​အ​သုံး​မ​ဝင်​တော့​ချေ။
JER 13:8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က၊-
JER 13:9 ``ဤ​နည်း​အ​တိုင်း​ပင်​ငါ​သည်​ယု​ဒ​ပြည် ၏​စိတ်​နေ​မြင့်​မှု​နှင့်​ယေ​ရု​ရှ​လင်​မြို့​၏ မာန်​မာ​န​ထောင်​လွှား​မှု​ကို​ချိုး​နှိမ်​မည်။-
JER 13:10 ဤ​ဆိုး​ညစ်​သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်၊ အ​ခြား​ဘု​ရား​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ အ​စေ​ခံ​လျက်​နေ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ထို​သူ​တို့​သည်​အ​သုံး​မ​ဝင်​တော့​သည့် ခါး​ဝတ်​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-
JER 13:11 ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​အ​ပေါင်း တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ လျက် ငါ​၏​နာ​မ​တော်​ကို​ချီး​မွမ်း​ထော မ​နာ​ပြု​ကြ​စိမ့်​သော​ငှာ ငါ​သည်​သူ​တို့ အား​လူ​၏​ခါး​၌​တင်း​ကျပ်​စွာ​ကပ်​လျက် နေ​သည့်​ခါး​ဝတ်​ကဲ့​သို့ ငါ​နှင့်​နီး​နီး​ကပ် ကပ်​ရှိ​နေ​စေ​လို​သည်။ သို့​သော်​သူ​တို့ သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ကြ။
JER 13:12 ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ယေ​ရ​မိ၊ စ​ပျစ် ရည်​အိုး​မှန်​သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​ကြ မည်​ဟု ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​ပြော ကြား​ရ​မည်။ သူ​တို့​က​စ​ပျစ်​ရည်​အိုး​ရှိ သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​မည်​ဖြစ်​ကြောင်း မိ​မိ​တို့​သိ​ပါ​သည်​ဟု​ပြန်​ပြော​ကြ​လိမ့် မည်။-
JER 13:13 ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် အ​နွယ်​ဝင်​ဘု​ရင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား များ​မှ​စ​၍ ယေ​ရု​ရှ​လင်​မြို့​ရှိ​ပြည်​သူ ပြည်​သား​အ​ပေါင်း​မူး​ယစ်​စေ​ရန် စ​ပျစ် ရည်​တိုက်​မည်​ဟု​သူ​တို့​အား​ပြော​ကြား လော့။-
JER 13:14 ထို​နောက်​ငါ​သည်​အိုး​များ​ကို​တစ်​ခု​နှင့် တစ်​ခု​ထိ​ခိုက်​၍​ကွဲ​စေ​သ​ကဲ့​သို့ သူ​တို့ အား​ကြီး​ငယ်​မ​ရွေး​ဖျက်​ဆီး​မည်။ အ​ဘယ် သ​နား​ကြင်​နာ၊ က​ရု​ဏာ​စိတ်​က​မျှ​ငါ့ ကို​သူ​တို့​အား​သတ်​ဖြတ်​မှု​မှ​ဆီး​တား လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JER 13:15 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ရှိ​တော်​မူ​ပြီ။ စိတ်​နှိမ့်​ချ​လျက်​နား​ထောင်​ကြ​လော့။
JER 13:16 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် မိုး​ချုပ်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​တောင်​ပေါ်​တွင်၊ခြေ​ချော်​၍ မ​လဲ​မီ​အ​ခါ​၌​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သင်​တို့​စောင့်​မျှော်​ရာ​အ​လင်း ကို မှောင်​မိုက်​အ​ဖြစ်​သို့၊ ပြောင်း​လဲ​စေ​တော်​မ​မူ​မီ​အ​ခါ​၌​လည်း ကောင်း သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
JER 13:17 အ​ကယ်​၍​သင်​တို့​နား​မ​ထောင်​ကြ​ပါ​မူ ငါ​သည်​သင်​တို့​၏​မာန်​မာ​န​ထောင်​လွှား​မှု အ​တွက် ကြိတ်​၍​ငို​ကြွေး​မည်။ ငါ​သည်​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​သိုး​စု​တော်​သည်​ဖမ်း​ဆီး ခေါ်​ဆောင် သွား​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၍​ငါ့​မျက်​ရည်​စီး ကျ​မည်။
JER 13:18 ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ဘု​ရင်​နှင့်​သူ့ မယ်​တော်​၏​လှ​ပ​သော​သ​ရ​ဖူ​များ​သည် မိ​မိ တို့​ဦး​ခေါင်း​မှ​ပြုတ်​ကျ​ပြီ​ဖြစ်​၍ သူ​တို့ အား​မိ​မိ​တို့​၏​ရာ​ဇ​ပလ္လင်​များ​မှ​ဆင်း ကြ​ရန်​ပြော​ကြား​လော့။-
JER 13:19 တောင်​ဘက်​ယု​ဒ​မြို့​တို့​သည်​အ​ဝိုင်း​ခံ​လျက် ရှိ​၏။ ယင်း​တို့​ထံ​သို့​အ​ဘယ်​သူ​မျှ​မ​သွား နိုင်။ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​သည်​အ​ဖမ်း ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​ပြည်​နှင် ဒဏ်​သင့်​ကြ​လေ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
JER 13:20 ယေ​ရု​ရှ​လင်​မြို့၊ ကြည့်​လော့။ သင်​၏​ရန်​သူ များ​သည်​မြောက်​အ​ရပ်​မှ​လာ​လျက်​ရှိ​၏။ ကြည့်​ရှု​စောင့်​ရှောက်​ရန် သင့်​အား​ငါ​ပေး အပ်​ထား​သည့်​လူ​များ၊ သင်​တို့​ဂုဏ်​ယူ သည့်​လူ​မျိုး​တို့​ကား​အ​ဘယ်​မှာ​နည်း။-
JER 13:21 မိ​မိ​တို့​၏​မိတ်​ဆွေ​များ​ဟု​သင်​တို့​ထင်​မှတ် သူ​တို့​သည် သင်​တို့​ကို​နှိမ်​နင်း​၍​အုပ်​စိုး​ရန် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ကြ​မည်​နည်း။ သင်​တို့​သည်​သား​ဖွား​သည့်​အ​မျိုး​သ​မီး ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့်​မည်။-
JER 13:22 အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-
JER 13:23 လူ​မည်း​သည်​မိ​မိ​၏​အ​သား​အ​ရောင်​ကို ပြောင်း​လဲ​စေ​နိုင်​ပါ​သ​လော။ သို့​တည်း​မ ဟုတ်​ကျား​သစ်​သည်​မိ​မိ​၏​အ​ကွက်​များ ကို​ဖယ်​ရှား​ပစ်​နိုင်​ပါ​သ​လော။ အ​ကယ်​၍ ဤ​အ​မှု​အ​ရာ​များ​ကို​ပြု​လုပ်​နိုင်​မည် ဆို​ပါ​မူ ဒု​စ​ရိုက်​ကို​သာ​လျှင်​ပြု​ကျင့် တတ်​သူ​သင်​တို့​သည်​လည်း သု​စ​ရိုက်​သို့ ပြောင်း​လဲ​ပြု​ကျင့်​ကောင်း​ပြု​ကျင့်​နိုင်​ကြ ပေ​လိမ့်​မည်။-
JER 13:24 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သဲ​ကန္တာ​ရ မှ​လာ​သော​လေ​ပြင်း​တွင် လွင့်​ပါ​သွား​သည့် ဖွဲ​ကဲ့​သို့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-
JER 13:25 ဤ​သည်​ကား​သင်​တို့​ကံ​ကြမ္မာ​ဖြစ်​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​လေ​ပြီ။ သင်​တို့​သည်​ကိုယ်​တော်​အား​မေ့​လျော့​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​ယုံ​ကြည် အား​ကိုး​ကြ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည် သင်​တို့​အား​ဤ​သို့​စီ​ရင်​ရန်​ဆုံး​ဖြတ် တော်​မူ​ခြင်း​ဖြစ်​၏။-
JER 13:26 ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​သင်​တို့ ၏​အ​ဝတ်​များ​ကို​ဆွဲ​ချွတ်​တော်​မူ​၍ သင် တို့​အား​အ​ရှက်​ကွဲ​စေ​တော်​မူ​လိမ့်​မည်။-
JER 13:27 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​စက်​ဆုတ်​သည့် အ​မှု​များ​ကို သင်​တို့​ပြု​ကျင့်​ကြ​သည်​ကို မြင်​တော်​မူ​ပြီ။ သင်​တို့​သည်​အိမ်​နီး​ချင်း​၏ ဇ​နီး​ကို​တပ်​မက်​သူ​ကဲ့​သို့၊ မြင်း​မ​ကို​တပ် မက်​၍​ဟီ​သည့်​မြင်း​လား​ကဲ့​သို့၊ တောင်​ကုန်း များ၊ လယ်​ကွင်း​များ​တွင်​အ​ရှက်​ကင်း​မဲ့​စွာ ပြည့်​တန်​ဆာ​လုပ်​ငန်း​ကို​လုပ်​ကြ​၏။ ယေ​ရု ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ အ​ဘယ်​အ​ခါ​မှ​သင် တို့​သည်​သန့်​စင်​၍​လာ​ကြ​မည်​နည်း။
JER 14:1 မိုး​ခေါင်​ခြင်း​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊
JER 14:2 ``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။
JER 14:3 ချမ်း​သာ​ကြွယ်​ဝ​သူ​များ​သည်​မိ​မိ​တို့ အ​စေ​ခံ​များ​ကို​လွှတ်​၍ ရေ​အ​ခပ်​ခိုင်း​သည့်​အ​တိုင်း​အ​စေ​ခံ​တို့​သည် ရေ​ကန်​များ​သို့​သွား​ရောက်​ကြ​သော်​လည်း ရေ​ကို​မ​တွေ့​ရ​ကြ။ သူ​တို့​သည်​အိုး​ဟောင်း​လောင်း​နှင့်​ပြန်​လာ​ရ ကြ​၏။ သူ​တို့​သည်​စိတ်​ပျက်​အား​လျော့​ကာ​ဝေ​ခွဲ​မ​ရ ဖြစ်​လျက် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။
JER 14:4 မိုး​ခေါင်​သ​ဖြင့်​မြေ​ကြီး​သည်​ခြောက်​ကပ် လျက်​နေ​၏။ လယ်​သ​မား​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​သော ကြောင့် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။
JER 14:5 ကွင်း​ပြင်​တွင်​မြက်​မ​ရှိ​တော့​သ​ဖြင့်​သ​မင်​မ​သည် မွေး​ခါ​စ​သား​ငယ်​ကို​စွန့်​ပစ်​၍​ထား​ရ​၏။
JER 14:6 မြင်း​ရိုင်း​တို့​သည်​တောင်​ထိပ်​များ​တွင်​ရပ်​လျက် ခွေး​အ​များ​ကဲ့​သို့​အ​သက်​လု​၍​ရှူ​နေ​ကြ​၏။ သူ​တို့​သည်​အ​စာ​ငတ်​မှု​ကြောင့်​မျက်​စိ​များ မှုံ​ဝေ​လျက်​နေ​ကြ​၏။
JER 14:7 ငါ​၏​လူ​မျိုး​တော်​က​ငါ့​အား `ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​၏ စွပ်​စွဲ​ခြင်း​ကို​ခံ​၍​နေ​ရ​သော်​လည်း၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ထောက်​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​ရှင်​ကို ကျော​ခိုင်း​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။
JER 14:8 ကိုယ်​တော်​ရှင်​သာ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏ မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​သော​အ​ခါ ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​ဧည့်​သည်​ကဲ့​သို့၊ တစ်​ညဥ့်​မျှ​သာ​တည်း​ခို​သည့်​ခ​ရီး​သည်​ကဲ့​သို့ ပြု​တော်​မူ​ပါ​သ​နည်း။
JER 14:9 အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် အ​ငိုက်​မိ​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကူ​မ​နိုင်​စွမ်း​မ​ရှိ​သည့်​စစ်​သူ​ရဲ​ကဲ့​သို့ လည်း​ကောင်း ဖြစ်​တော်​မူ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​မှန်​ပင် ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ဆောင်​သော​သူ​ဖြစ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ နှင့်' ဟု​လျှောက်​ထား​ကြ​၏။''
JER 14:10 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အ​ကြောင်း နှင့်​ပတ်​သက်​၍``သူ​တို့​သည်​ငါ့​ထံ​မှ​ထွက် ပြေး​ရန်​နှစ်​သက်​ကြ​၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​လို​ကြ။ ထို့​ကြောင့်​ငါ​သည်​သူ တို့​ကို​မ​နှစ်​သက်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​အောက်​မေ့​သ​တိ​ရ​၍ သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 14:11 ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ထို​သူ တို့​ကို​ကူ​မ​ရန်​ငါ့​အား​မ​လျှောက်​ထား​နှင့်။-
JER 14:12 အ​ကယ်​၍​သူ​တို့​သည်​အ​စာ​ရှောင်​၍​ပင် အ​ကူ​အ​ညီ​ဟစ်​အော်​တောင်း​ခံ​ကြ​စေ ကာ​မူ ငါ​သည်​လူ​တို့​၏​ဟစ်​အော်​သံ​ကို နား​ထောင်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​သူ တို့​သည်​ငါ့​အား​မီး​ရှို့​ရာ​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ပင်​ဆက်​သ​သော် လည်း ငါ​သည်​သူ​တို့​အား​နှစ်​သက်​လိမ့် မည်​မ​ဟုတ်။ ယင်း​သို့​နှစ်​သက်​မည့်​အ​စား သူ​တို့​အား​စစ်​ပွဲ​များ​တွင်​ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ ဘေး​သင့်​၍​သေ​စေ​မည်'' ဟု​မိန့်​တော်​မူ ပါ​၏။
JER 14:13 ထို​အ​ခါ​ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​တွင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​သာ​ယာ​မှု​သာ​လျှင်​ရှိ​လိမ့်​မည်​ဟု ပ​ရော​ဖက်​များ​ဟော​ပြော​လျက်​နေ​ကြ​သည် ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏'' ဟု လျှောက်​၏။
JER 14:14 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-
JER 14:15 ငါ​မ​စေ​လွှတ်​ဘဲ​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဤ​ပြည်​တွင်​စစ်​မက်​နှင့်​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ဟု ဟော​ပြော​ကြ​သူ​ပ​ရော​ဖက်​တို့​အား​အ​ဘယ် သို့​ငါ​ပြု​မည်​ကို သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ဖော်​ပြ​မည်။ ငါ​သည်​သူ​တို့​အား​စစ်​ပွဲ​တွင် ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​သင့်​၍​သေ​စေ​မည်။-
JER 14:16 သူ​တို့​ဟော​ပြော​သည်​ကို​ကြား​နာ​ကြ​သူ​တို့ သည်​လည်း သူ​တို့​ကဲ့​သို့​သေ​ကြ​လိမ့်​မည်။ ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် စစ်​ဘေး​တို့​ကြောင့် သူ​တို့​၏​အ​လောင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​ပေါ်​တွင်​စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​အ​ဘယ်​သူ​မျှ​သင်္ဂြိုဟ်​ကြ​လိမ့်​မည် မ​ဟုတ်။ ဇ​နီး​သား​သ​မီး​များ​ပါ​မ​ကျန်၊ ထို သူ​အား​လုံး​ပင်​ဤ​နည်း​အ​တိုင်း​ဖြစ်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 14:17 ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။ ``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက် များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။
JER 14:18 လယ်​ပြင်​များ​သို့​သွား​သော​အ​ခါ​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​များ​ကို​ငါ​မြင်​ရ​၏။ မြို့​များ​သို့​ဝင်​သော​အ​ခါ​လူ​တို့​အ​စာ​ငတ်​၍ သေ​ကြ​သည်​ကို​မြင်​ရ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​သည် မိ​မိ​တို့​အ​ဘယ်​သို့​သော​အ​မှု​ကို​ပြု​လျက် နေ​မှန်း​မ​သိ​ဘဲ၊ အ​လုပ်​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​နေ​ကြ​၏။''
JER 14:19 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ယု​ဒ ပြည်​ကို အ​ပြီး​အ​ပိုင်​ပစ်​ပယ်​တော်​မူ​ပါ​ပြီ​လော။ ဇိ​အုန်​မြို့​သား​တို့​အား​မုန်း​တီး​ရွံ​ရှာ​တော် မူ​ပါ​သ​လော။ ကျွန်​တော်​မျိုး​တို့​၏​အ​နာ​ကို​ကု​သ​၍ မ​ရ​နိုင်​သည့်​တိုင်​အောင် အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား၊ဤ​မျှ​ပြင်း​ထန်​စွာ ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို စောင့်​မျှော်​ကြ​သော်​လည်း​အ​ချည်း​နှီး​သာ ဖြစ်​ပါ​၏။ အ​နာ​ပျောက်​လိမ့်​မည်​ဟု​မျှော်​လင့်​ကြ​သော်​လည်း ထိတ်​လန့်​၍​သာ​လာ​ရ​ကြ​ပါ​၏။
JER 14:20 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည် မိ​မိ​တို့​အ​ပြစ်​နှင့်​ဘိုး​ဘေး​များ​၏​အ​ပြစ် များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ပြစ်​မှား​ကြ​ပါ​ပြီ။
JER 14:21 ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။
JER 14:22 လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ သည် မိုး​ကို​မ​ရွာ​စေ​နိုင်​ပါ။ ကောင်း​ကင်​သည်​အ​လို​အ​လျောက်​မိုး​ရေ ပေါက်​များ ကျ​လာ​အောင်​မ​တတ်​နိုင်​ပါ။ ကိုယ်​တော်​ရှင်​သာ​လျှင်​ဤ​အ​မှု​များ​ကို ပြု​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို မျှော်​ကိုး​ကြ​ပါ​၏။
JER 15:1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``အ​ကယ် ၍​မော​ရှေ​နှင့်​ရှ​မွေ​လ​တို့​ဤ​တွင်​ရပ်​လျက် ငါ့ အား​တောင်း​ပန်​လျှောက်​လဲ​ကြ​စေ​ကာ​မူ ငါ သည်​ဤ​သူ​တို့​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​အား​ငါ​၏​ရှေ့​မှောက်​မှ​ထွက် ခွာ​သွား​စေ​ရန်​နှင်​ထုတ်​လော့။-
JER 15:2 သူ​တို့​က​မိ​မိ​တို့​သည်​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​ပါ​မည်​နည်း​ဟု သင့်​အား​မေး​သော အ​ခါ​ဤ​သို့​ပြော​ကြား​လော့။ ``သင်​တို့​အ​ချို့​သည်​အ​နာ​ရော​ဂါ​ဘေး သင့်​ပြီး သေ​ရ​ကြ​မည်​ဖြစ်​၍ အ​နာ​ရော​ဂါ​ဖြစ်​ပွား​ရာ​သို့​လည်း​ကောင်း၊ အ​ချို့​တို့​မှာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည်​ဖြစ်​၍ စစ်​မက်​ဖြစ်​ပွား​ရာ​သို့၊အ​ချို့​တို့​ကား​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍ သေ​ရ​ကြ​မည်​ဖြစ်​၍​ငတ်​မွတ်​ခေါင်း​ပါး​ရာ​သို့၊ အ​ချို့​သူ​တို့​မှာ​မူ​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ​မည်​ဖြစ်​၍၊ အ​ဖမ်း​ခံ​ရ​ကြ​မည့်​အ​ရပ်​သို့​သွား​ရ​မည်​ဟု'' ငါ​အား​မိန့်​တော်​မူ​၏။''
JER 15:3 သူ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ရာ​ဘေး​အန္တ​ရာယ် လေး​ပါး​သက်​ရောက်​စေ​ရန် ငါ​ထာ​ဝ​ရ​ဘု​ရား ဆုံး​ဖြတ်​ထား​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​စစ်​ပွဲ တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လောင်း များ​ကို​ခွေး​တို့​ဆွဲ​ယူ​သွား​ကြ​လိမ့်​မည်။ ထို အ​သေ​ကောင်​တို့​ကို​ငှက်​များ​ထိုး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သည့်​အ​သား​ကို​တော​သား​ရဲ​တို့ ကိုက်​စား​ကြ​လိမ့်​မည်။-
JER 15:4 ယု​ဒ​ပြည်​တွင်​ဟေ​ဇ​ကိ​၏​သား​မ​နာ​ရှေ​မင်း ပြု​စဉ်​အ​ခါ​က​ယေ​ရု​ရှ​လင်​မြို့​တွင်​ပြု​ကျင့် ခဲ့​သည့်​အ​မှု​ကြောင့် ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ အ​ပေါင်း​တို့​အား​ထို​သူ​တို့​ကို​မြင်​၍​ထိတ် လန့်​တုန်​လှုပ်​စေ​မည်။
JER 15:5 ``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​အား အ​ဘယ်​သူ​သ​နား​မည်​နည်း။ သင်​တို့​အ​တွက်​အ​ဘယ်​သူ​ဝမ်း​နည်း ပူ​ဆွေး​မည်​နည်း။ အ​ဘယ်​သူ​သည်​လမ်း​တွင်​ရပ်​လျက်​သင်​တို့​၏ ကျန်း​မာ​မှု​ကို​မေး​မြန်း​မည်​နည်း။
JER 15:6 သင်​တို့​သည်​ငါ့​အား​ပစ်​ပယ်​ကြ​လေ​ပြီ။ သင်​တို့​သည်​ငါ့​အား​ကျော​ခိုင်း​ကြ​လေ​ပြီ။ ငါ​သည်​အ​မျက်​ဒေါ​သ​ချုပ်​တည်း​မှု​ကို ငြီး​ငွေ့​ပြီ​ဖြစ်​သ​ဖြင့် လက်​တော်​ကို​ဆန့်​၍​သင်တို့​အား​ဖျက်​ဆီး​လေ​ပြီ'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
JER 15:7 ``လေ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့​သင်​တို့ အား ဤ​ပြည်​ရှိ​အ​မြို့​မြို့​တို့​၌​ကွဲ​လွင့်​သွား​စေ​လေ​ပြီ။ ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​မိ​မိ​တို့​၏ ဆိုး​ညစ်​သည့် လမ်း​စဉ်​ကို​မ​စွန့်​ကြ​သ​ဖြင့်၊ သင်​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ငါ​သုတ်​သင်​ပယ်​ရှင်း​ခဲ့​လေ​ပြီ။
JER 15:8 ငါ​သည်​သင်​တို့​၏​အ​မျိုး​သ​မီး​များ​အား မု​ဆိုး​မ​ဖြစ်​လျက် အ​ရေ​အ​တွက်​အား​ဖြင့်​ပင်​လယ်​ကမ်း​ခြေ သဲ​လုံး​မ​က​များ​လေ​ပြီ။ ငါ​သည်​ငယ်​ရွယ်​သူ​တို့​အား​မွန်း​တည့်​ချိန်​၌ သုတ်​သင်​ခြင်း​ဖြင့် သူ​တို့​၏​မိ​ခင်​များ​ပူ​ဆွေး​ရ​ကြ​သည်။ သူ​တို့​သည်​ရုတ်​တ​ရက်​ထိတ်​လန့်​တုန်​လှုပ်​ကာ ပူ​ပင်​သော​က​ရောက်​ရ​ကြ​လေ​ပြီ။
JER 15:9 သား​သ​မီး​ခု​နစ်​ယောက်​ဆုံး​ရှုံး​ရ​သည့်​မိ​ခင်​သည် မေ့​မြော​သေ​ဆုံး​သွား​လေ​ပြီ။ သူ​၏​နေ့​အ​လင်း​သည်​မှောင်​မိုက်​သို့​ပြောင်း​လဲ လေ​ပြီ။ သူ​သည်​အ​ရှက်​ရ​လျက်​မှိုင်​တွေ​ကာ​နေ​ရ​လေ​ပြီ။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အား​ငါ​သည် ရန်​သူ​များ​ကို​အ​သတ်​ခိုင်း​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။''
JER 15:10 ငါ​သည်​ပျော်​ရွှင်​မှု​ကင်း​မဲ့​သူ​ဖြစ်​ပါ​သည် တ​ကား။ ငါ​၏​အ​မိ​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ဤ​လော​က​ထဲ​သို့​မွေး​ထုတ်​ပါ​သ​နည်း။ ဤ​ပြည် တွင်​ရှိ​သ​မျှ​သော​သူ​တို့​နှင့်​ငါ​သည်​စ​ကား များ​ရ​ငြင်း​ခုံ​ရ​ပါ​၏။ ငါ​သည်​သူ​တစ်​ပါး တို့​အား​လည်း​ကောင်း၊ သူ​တစ်​ပါး​တို့​ထံ​မှ လည်း​ကောင်း​ငွေ​ကြေး​မ​ချေး​ငှား​ခဲ့။ သို့ ပါ​လျက်​လူ​အ​ပေါင်း​တို့​သည်​ငါ့​အား ကျိန်​ဆဲ​ကြ​ပါ​၏။-
JER 15:11 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကောင်း​ကျိုး ရ​စေ​အံ့​ငှာ​သင့်​ကို​ကယ်​ဆယ်​မည်။ ဘေး အန္တ​ရာယ်​ပူ​ပင်​သော​က​ရောက်​သော​အ​ချိန် တွင် သင်​၏​ရန်​သူ​တို့​သည်​အ​ထံ​တော်​သို့ လျှောက်​လဲ​ပန်​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။-
JER 15:12 (သံ​ကို​အ​ထူး​သ​ဖြင့်​မြောက်​အ​ရပ်​မှ​ရ​ရှိ သည့်​သံ​နှင့်​ကြေး​ရော​သော​သံ​ကို​အ​ဘယ် သူ​မျှ​မ​ချိုး​ဖြတ်​နိုင်​ပါ။)
JER 15:13 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​သည်​တစ် ပြည်​လုံး​တွင်​ငါ​၏​လူ​မျိုး​တော်​ကူး​လွန် သည့်​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ သူ တို့​၏​စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ၊ ရ​တ​နာ​များ ကို​သိမ်း​ယူ​ရန်​ရန်​သူ​များ​ကို​စေ​လွှတ်​မည်။-
JER 15:14 ငါ​၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​ရှိ​သ​ဖြင့် ငါ​သည်​မိ​မိ​လူ မျိုး​တော်​အား​သူ​တို့​မ​ရောက်​ဘူး​သည့်​ပြည် တွင်​ရန်​သူ​များ​၏​အ​စေ​အ​ပါး​ကို​ခံ​စေ မည်'' ဟု​မိန့်​တော်​မူ​၏။
JER 15:15 ထို​အ​ခါ​ငါ​က``ကိုယ်​တော်​ရှင်​သိ​ရှိ​နား​လည် တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ကို​အောက်​မေ့ သတိ​ရ​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို ညှင်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​လက်​စား​ချေ​ရ သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​ကြ​သည့်​တိုင် အောင်​သည်း​ခံ​လျက်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အ​စော်​ကား​ခံ​ရ​သည်​မှာ ကိုယ်​တော်​ရှင်​၏​အ​တွက်​ကြောင့်​ဖြစ်​သည် ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။-
JER 15:16 ကိုယ်​တော်​ရှင်​ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​သည်​လုံး​စေ့​ပတ်​စေ့​နား​ထောင် ပါ​၏။ နှုတ်​က​ပတ်​တော်​တို့​သည်​ကျွန်​တော်​မျိုး ၏​စိတ်​နှ​လုံး​ကို​ရွှင်​ပြုံး​အား​ရ​စေ​ပါ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ နာ​မ​တော်​ကို​ဆောင်​ပါ​၏။-
JER 15:17 ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​များ​နှင့် ရယ်​မော​လျက် အ​ပျော်​အ​ပါး​လိုက်​စား​လျက် အ​ချိန်​မ​ဖြုန်း​ပါ။ ကိုယ်​တော်​ရှင်​ပေး​အပ်​ထား တော်​မူ​သည့်​အ​လုပ်​တာ​ဝန်​ကြောင့် ကျွန်​တော် မျိုး​သည်​တစ်​ဦး​တစ်​ယောက်​တည်း​နေ​ထိုင် ကာ​အ​မျက်​ဒေါ​သ​နှင့်​ပြည့်​၍​လာ​ပါ​၏။-
JER 15:18 ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့် ဆက်​လက် ၍​ဝေ​ဒ​နာ​ခံ​ရ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး ၏​အနာ​များ​သည်​အ​ဘယ်​ကြောင့် ကု​သ​၍ မ​ပျောက်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ထို အ​နာ​များ​မ​ကျက်​ဘဲ​နေ​ပါ​သ​နည်း။ ကိုယ် တော်​ရှင်​သည်​နွေ​အ​ခါ​ခန်း​ခြောက်​သည့်​ချောင်း ရေ​မ​ထွက်​သည့်​စမ်း​ကဲ့​သို့​ကျွန်​တော်​မျိုး အား​စိတ်​ပျက်​စေ​လို​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​၏။
JER 15:19 ယင်း​သို့​လျှောက်​ထား​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​က``အ​ကယ်​၍​သင်​သည်​နောင်​တ​ရ မည်​ဆို​လျှင် သင့်​အား​ငါ​ပြန်​လက်​ခံ​မည်။ သင်​သည်​လည်း​ငါ​၏​အ​စေ​ခံ​ဖြစ်​ပြန်​ရ လိမ့်​မည်။ အ​ကယ်​၍​သင်​သည်​တန်​ဖိုး​မဲ့​သော စ​ကား​ကို​မ​ပြော​ဘဲ​အ​ကျိုး​ရှိ​သည့်​စ​ကား ကို​ပြော​မည်​ဆို​က ငါ​၏​ပ​ရော​ဖက်​ဖြစ်​ပြန် ရ​လိမ့်​မည်။ ပြည်​သူ​တို့​သည်​သင်​၏​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​ထံ သို့​သွား​ရန်​မ​လို​တော့​ပေ။-
JER 15:20 ထို​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​ရန် ငါ​သည် သင့်​အား​ကြေး​ဝါ​တံ​တိုင်း​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​တို့​သည်​သင့်​ကို​တိုက်​ခိုက်​ကြ​မည်​ဖြစ်​သော် လည်း​သင့်​ကို​နှိမ်​နင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​ရှိ​နိုင်​ရန်​ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​တော် မူ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-
JER 15:21 ``သင့်​ကို​သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကယ်​ဆယ် ၍ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​ကယ် တင်​မည်။''
JER 16:1 ထို​နောက်​တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့ အား​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-
JER 16:2 ကိုယ်​တော်​က``ဤ​သို့​သော​အ​ရပ်​တွင်​သင်​သည် အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​မ​ပြု​နှင့်။-
JER 16:3 ဤ​အ​ရပ်​တွင်​မွေး​ဖွား​သည့်​သား​သ​မီး​များ​နှင့် သူ​တို့​၏​မိ​ဘ​တို့​သည်​အ​ဘယ်​သို့​အမှု​ရောက် ရ​ကြ​မည်​ကို​သင့်​အား​ငါ​ဖော်​ပြ​မည်။-
JER 16:4 ထို​သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အ​လောင်း များ​ကို​လည်း​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို အ​လောင်း​တို့​သည်​မြေ​ပေါ်​တွင်​နောက်​ချေး​ပုံ များ​ကဲ့​သို့​ရှိ​နေ​ကြ​လိမ့်​မည်။ ထို​သူ​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် လျှင်​လည်း​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​သေ​ရ​ကြ​လျက် သူ​တို့​၏​အ​လောင်း များ​သည်​ငှက်​များ​နှင့်​တော​သား​ရဲ​များ ၏​အ​စာ​ဖြစ်​လိမ့်​မည်။''
JER 16:5 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သည့် အိမ်​သို့​မ​ဝင်​ရ။ မည်​သူ အ​တွက်​မျှ​လည်း​ဝမ်း​နည်း​ပူ​ဆွေး​မှု​မ​ဖြစ် နှင့်၊ မ​သ​နား​နှင့်။ ငါ​သည်​သူ​တို့​အား​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော့​မည်​မ​ဟုတ်။ မေတ္တာ​က​ရု​ဏာ​ကို​လည်း​ပြ​တော့​မည် မ​ဟုတ်။-
JER 16:6 ဆင်း​ရဲ​ချမ်း​သာ​မရွေး​ပြည်​သူ​တို့​သည်​သေ ကြ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​သူ တို့​အား​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့ အ​တွက်​လည်း​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်​မ​ဟုတ်။ ဝမ်း​နည်း​မှု​ကို​ပြ​သည့်​အ​နေ နှင့်​မည်​သူ​မျှ​မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ ဖြစ်​စေ​ခြင်း၊ ခေါင်း​ရိတ်​ခြင်း​ပြု​ကြ​မည် မ​ဟုတ်။-
JER 16:7 ချစ်​မြတ်​နိုး​သူ​တစ်​စုံ​တစ်​ယောက်​သေ​ဆုံး​သည့် အ​တွက်​နှစ်​သိမ့်​မှု​ရ​ရှိ​စေ​ရန်​အ​ဘယ်​သူ​မျှ မ​သာ​ရှင်​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​ဘ​သေ​ဆုံး​သူ​များ​ပင်​လျှင်​အ​ဘယ် သူ​မျှ​က​ရု​ဏာ​သက်​မှု​ကို​ပြ​သ​ကြ​လိမ့် မည်​မ​ဟုတ်။''
JER 16:8 ``သင်​သည်​သူ​တို့​စား​သောက်​ပွဲ​ကျင်း​ပ​နေ သည့်​အိမ်​သို့​မ​ဝင်​နှင့်။ ထို​သူ​တို့​နှင့်​အ​တူ ထိုင်​၍​မ​စား​မ​သောက်​နှင့်၊-
JER 16:9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ ငါ​သည်​သူ တို့​၏​ဝမ်း​မြောက်​ရွှင်​လန်း​သံ​များ​နှင့်​မင်္ဂ​လာ ပွဲ​များ​၏​ပျော်​ရွှင်​သံ​များ​ကို ဤ​အ​ရပ်​တွင် ဆိတ်​သုဉ်း​စေ​မည်။ ဤ​အ​မှု​အ​ရာ​များ​ဖြစ် ပျက်​သည်​ကို​ဤ​အ​ရပ်​ရှိ​လူ​တို့​တွေ့​မြင် ရ​ကြ​လိမ့်​မည်။''
JER 16:10 ``ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြည်​သူ​တို့​အား သင်​ပြော​ပြ​သော​အ​ခါ​သူ​တို့​က`ထာ​ဝ​ရ ဘု​ရား​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား ဤ​မျှ​ပြင်း​ထန်​စွာ​အ​ပြစ်​ဒဏ်​ခတ်​ရန်​ဆုံး ဖြတ်​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကို​ကူး​လွန်​မိ​ပါ​သ နည်း။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ ဘု​ရား​အား အ​ဘယ်​သို့​ပြစ်​မှား​မိ​ပါ သ​နည်း' ဟု​သင့်​အား​မေး​မြန်း​ကြ​လိမ့်​မည်။-
JER 16:11 ထို​အ​ခါ​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က`သင် တို့​ဘိုး​ဘေး​များ​သည် ငါ့​ကို​စွန့်​ပစ်​၍​အ​ခြား ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကာ​ငါ​၏​သြ​ဝါ​ဒ များ​ကို​မ​လိုက်​နာ​ကြ။-
JER 16:12 သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ထက် ပင်​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။ သင်​တို့ အား​လုံး​သည်​ခေါင်း​မာ​ဆိုး​ညစ်​လျက် ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။-
JER 16:13 ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​သင်​တို့​နှင့်​သင် တို့​ဘိုး​ဘေး​များ​မ​ရောက်​ဘူး​သည့်​ပြည်​သို့ နှင်​ထုတ်​မည်။ ထို​ပြည်​တွင်​သင်​တို့​သည်​အ​ခြား ဘု​ရား​များ​ကို နေ့​ရော​ညဥ့်​ပါ​ဝတ်​ပြု​ကိုး ကွယ်​ကြ​လိမ့်​မည်။ ငါ​၏​ကျေး​ဇူး​က​ရု​ဏာ တော်​ကို​အ​ဘယ်​သို့​မျှ သင်​တို့​ခံစား​ရ​ကြ လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
JER 16:14 ထာ​ဝ​ရ​ဘု​ရား​က``အ​ဘယ်​သူ​မျှ​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သူ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့်​တိုင်​တည်​ကျိန်​ဆို မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန်​ကျ​ရောက်​လာ လိမ့်​မည်။-
JER 16:15 ယင်း​သို့​ကျိန်​ဆို​မည့်​အ​စား​လူ​တို့​သည်​ငါ့ အား​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​မြောက် ပြည်​မှ​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ကွဲ​လွင့် စေ​ရာ​အ​ခြား​ပြည်​အ​ပေါင်း​မှ​လည်း​ကောင်း ပြန်​လည်​ခေါ်​ဆောင်​လာ​သည့်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​အား​မိ​မိ​တို့​ပိုင်​သော​ပြည်၊ သူ​တို့ ဘိုး​ဘေး​များ​အား​ငါ​ပေး​အပ်​ခဲ့​သည့် ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။
JER 16:16 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​ကို ဖမ်း​ရန် တံ​ငါ​သည်​အ​မြောက်​အ​မြား​ကို​ပို့ မည်။ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ​တို့​နှင့် ကျောက်​ဆောင်​များ​အ​ကြား​၌ သူ​တို့​အား လိုက်​လံ​ရှာ​ဖွေ​ရန်​မု​ဆိုး​အ​မြောက် အ​မြား​ကို​ပို့​မည်။-
JER 16:17 သူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ငါ​မြင် ၏။ ငါ​မ​မြင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ မြင်​ကွင်း​နှင့်​မ​လွတ်။-
JER 16:18 သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​နှင့်​ယုတ်​မာ​မှု များ​အ​တွက် နှစ်​ဆ​မျှ​ကြီး​လေး​သည့်​အ​ပြစ် ဒဏ်​ကို​ငါ​ပေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​လူ​သေ​သ​ဖွယ်​အ​သက်​မ​ရှိ​သည့် ရုပ်​တု​များ​အား​ဖြင့် ငါ​၏​ပြည်​တော်​ကို​ညစ် ညမ်း​စေ​လေ​ပြီ။ မိ​မိ​တို့​အား​ငါ​ပေး​အပ် သည့်​ပြည်​ကို​ဘု​ရား​အ​တု​အ​ယောင်​များ နှင့်​ပြည့်​နှက်​စေ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
JER 16:19 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍ ခွန်​အား ကို​ပေး​တော်​မူ​ပါ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ကူ​မ​တော် မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​လူ​မျိုး​တ​ကာ​တို့ သည် အ​ထံ​တော်​သို့​လာ​၍``ကျွန်​တော်​မျိုး​တို့ ဘိုး​ဘေး​များ​ကိုး​ကွယ်​ခဲ့​သည့်​ဘု​ရား​တို့​သည် အ​တု​အ​ယောင်​များ​သာ​လျှင်​ဖြစ်​ပါ​၏။ အ​သုံး မ​ဝင်​အ​ကျိုး​မ​ပေး​သော​ရုပ်​တု​များ​သာ​ဖြစ် ပါ​၏။-
JER 16:20 လူ​သည်​မိ​မိ​ကိုး​ကွယ်​ရန်​ဘု​ရား​များ​ကို ပြု​လုပ်​နိုင်​ပါ​သ​လော။ မ​ပြု​လုပ်​နိုင်​ပါ။ ပြု လုပ်​လျှင်​လည်း​ယင်း​တို့​သည် ဘု​ရား​သ​ခင် အ​မှန်​ဖြစ်​လိမ့်​မည်​မ​ဟုတ်'' ဟု​ယေ​ရ​မိ လျှောက်​ထား​လေ​၏။
JER 16:21 ထာ​ဝ​ရ​ဘု​ရား​က``ဤ​သို့​ဖြစ်​ပါ​မူ​ငါ​သည် မိ​မိ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို သူ​တို့ အား​သိ​စေ​တော်​မူ​မည်။ အ​ပြီး​အ​ပိုင်​သိ​စေ တော်​မူ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
JER 17:1 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့၊ သင် တို့​၏​အ​ပြစ်​ကို​သံ​က​ညစ်​နှင့်​ရေး​မှတ်​၍ ထား​၏။ ထို​အပြစ်​ကို​သင်​၏​စိတ်​နှ​လုံး​ပု​ရ ပိုက်​ပေါ်​၌​စိန်​သွား​တပ်​သည့်​က​ညစ်​ဖြင့်​ရေး မှတ်​၍ သင်​တို့​၏​ယဇ်​ပလ္လင်​ထောင့်​များ​၌​ထွင်း ထား​လျက်​ရှိ​၏။-
JER 17:2 တောင်​ကုန်း​များ​ပေါ်​ရှိ​စိမ်း​လန်း​သည့်​သစ်​ပင် မှန်​သ​မျှ​တို့​၏​အ​နီး​၌​လည်း​ကောင်း၊ တောင် ထိပ်​များ​ပေါ်​၌​လည်း​ကောင်း၊ အာ​ရှ​ရ​နတ် သ​မီး​အ​တွက်​စိုက်​ထူ​ထား​သည့်​တံ​ခွန်​တိုင် များ​ယဇ်​ပလ္လင်​များ​ကို သင်​တို့​၏​သား​သ​မီး များ​ပင်​ကိုး​ကွယ်​ကြ​ပေ​သည်။ သင်​တို့​သည် မိ​မိ​တို့​၏​ပြည်​တစ်​လျှောက်​လုံး​တွင်​ကူး လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကြောင့် သင်​တို့​၏ စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ​ရ​တ​နာ​များ​ကို သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​မြင့်​သော တောင်​ကုန်း​များ​နှင့်​အ​တူ​ရန်​သူ​တို့​အား ငါ​သိမ်း​ယူ​စေ​မည်။-
JER 17:4 သင်​၏​အ​ပြစ်​ကြောင့် သင်​တို့​သည်​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​ကို​စွန့်​လွှတ်​ရ​ကြ​လိမ့်​မည်။ ငါ ၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​နေ​မည်​ဖြစ်​၍ ငါ​သည်​သင် တို့​အား​မိ​မိ​တို့​မ​ရောက်​ဘူး​သည့်​ပြည်​တွင် ရန်​သူ​များ​၏​အ​စေ​ကို​ခံ​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
JER 17:5 ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​ကို​လည်း​ကောင်း၊သေ​မျိုး​ဖြစ်​သော​သူ​၏ စွမ်း​ရည်​ကို​လည်း​ကောင်း​ယုံ​ကြည်​ကိုး​စား​၍၊ ငါ့​ကို​ကျော​ခိုင်း​သူ​အား​ငါ​ကျိန်​စာ​သင့်​စေ​မည်။
JER 17:6 ထို​သူ​သည်​အ​ခြား​အ​ဘယ်​အ​ပင်​မျှ​မ​ပေါက် သည့် တော​ကန္တာ​ရ​မြေ​ရိုင်း​တွင်​ပေါက်​သည့်​ခြုံ​ပုတ် နှင့်​တူ​၏။ သူ​သည်​အ​ဘယ်​ကောင်း​ကျိုး​ကို​မျှ​မ​ခံ​စား​ရ။''
JER 17:7 ``သို့​ရာ​တွင်​ငါ့​ကို​ကိုး​စား​၍​ယုံ​ကြည်​သူ​အား ငါ​ကောင်း​ချီး​ပေး​မည်။
JER 17:8 ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။ မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''
JER 17:9 ``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''
JER 17:10 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရ ထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 17:11 မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။ သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။
JER 17:12 ငါ​တို့​ဗိ​မာန်​တော်​သည်​အ​စ​ကာ​လ​က​ပင် တောင်​ပေါ်​တွင်​တည်​လျက်၊ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​၏။
JER 17:13 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မျှော်​ကိုး​ရာ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကို​စွန့်​ပစ်​သူ​မှန်​သ​မျှ​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​သက်​စမ်း​ရေ​ချို​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်​ကြ​ပြီ​ဖြစ်​၍ မြေ​မှုန့်​ပေါ်​တွင်​ရေး​သား​ထား​သည့်၊အ​မည် နာ​မ​များ ကဲ့​သို့​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။
JER 17:14 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ကု​သ​တော်​မူ ပါ​မှ ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​သည်​လုံး​ဝ ပျောက်​ကင်း​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​လုံ​ခြုံ​မှု​အ​ပြည့်​အ​ဝ ရ​ရှိ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကား​ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​သည့် အ​ရှင်​ပင်​ဖြစ်​တော်​မူ​ပါ​၏။
JER 17:15 လူ​တို့​က​ငါ့​အား``ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝါး​သည့်​အ​ရာ​များ​ကား​အ​ဘယ်​မှာ နည်း။ ယ​ခု​ပင်​ထို​အ​ရာ​များ​ကို​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို​ကြ ပါ​၏။
JER 17:16 သို့​ရာ​တွင်``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​သိုး​ထိန်း​အ​ဖြစ်​မှ​ရှောင်​လွှဲ​ခဲ့​ခြင်း​မ​ရှိ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ရောက်​မည့်​နေ့​ကို​မ​တောင့်​တ​ခဲ့ ကြောင်း​ကို​လည်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​မှ​ထွက်​သည့်​စ​ကား​များ ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။-
JER 17:17 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ ဒုက္ခ​ရောက်​ချိန်​၌ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။-
JER 17:18 ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့​ကို အ​ရှက်​ကွဲ​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​အား အ​ရှက်​ရ​မှု​မှ​ချမ်း​သာ​ပေး​တော်​မူ​ပါ။ ထို သူ​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စိတ်​နှင့်​ပြည့်​ဝ စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ထိတ်​လန့်​တုန် လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော် မူ​၍​သူ​တို့​အား​ကျိုး​ပဲ့​ကြေ​မွ​စေ​တော် မူ​ပါ။
JER 17:19 ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယေ​ရ​မိ၊ ယု​ဒ ဘု​ရင်​များ​ထွက်​ဝင်​ရာ၊ ပြည်​သူ့​မြို့​တံ​ခါး သို့​သွား​၍​ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ​လော့။ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ခြား​မြို့ တံ​ခါး​များ​သို့​သွား​လော့။-
JER 17:20 ယု​ဒ​ဘု​ရင်​များ​နှင့်​ပြည်​သား​တို့​အား​လည်း ကောင်း၊ ထို​တံ​ခါး​များ​ဖြင့်​ထွက်​ဝင်​သွား​လာ တတ်​သူ​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​အား​လည်း​ကောင်း​ငါ​၏​အ​မိန့်​တော်​ကို​နား ထောင်​ရန်​မှာ​ကြား​လော့။-
JER 17:21 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ​မ သယ်​မ​ဆောင်​ရ​ကြ။ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး များ​ကို​ဖြတ်​၍၊-
JER 17:22 မိ​မိ​တို့​၏​အိမ်​များ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ မ​သယ်​မ​ယူ​ရကြ။ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌ အ​လုပ်​မ​လုပ်​ရ​ကြ။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ငါ​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ထို နေ့​ရက်​ကို​နေ့​ထူး​နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း ကြ​ရန်​ပြော​ကြား​လော့။-
JER 17:23 သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်​မ​နာ​ခံ​ကြ။ သူ​တို့​သည်​ခေါင်း​မာ လျက်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​လို​ကြ။ ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လည်း​မ​ခံ​ယူ လို​ကြ။
JER 17:24 ``ငါ​၏​အ​မိန့်​အား​လုံး​ကို နား​ထောင်​ရ​ကြ မည်​ဖြစ်​ကြောင်း​ထို​သူ​တို့​အား​ပြော​ကြား လော့။ သူ​တို့​ဥပုသ်​နေ့​၌​ဤ​မြို့​တံ​ခါး​များ ကို​ဖြတ်​၍ အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ မ​သယ်​မ​ယူ​ရ​ကြ။ ဥ​ပုသ်​နေ့​ကို​နေ့​ထူး နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ကာ​အ​ဘယ် အ​လုပ်​ကို​မျှ​မ​လုပ်​ကြ​လျှင်၊-
JER 17:25 သူ​တို့​၏​ဘု​ရင်​များ​နှင့်​မင်း​ညီ​မင်း​သား​များ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​မြို့​တံ​ခါး​များ​ဖြင့် ဝင်​၍ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​ရာ​ဇ​တန်​ခိုး​အာ​ဏာ ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယု​ဒ​ပြည် သား​များ၊ ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့် အ​တူ မြင်း​ရ​ထား​များ​နှင့်​မြင်း​များ​ကို စီး​၍​သွား​လာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင် မြို့​သည်​လည်း​အ​စဉ်​အ​မြဲ​လူ​များ​နှင့် ပြည့်​နှက်​၍​နေ​လိမ့်​မည်။-
JER 17:26 လူ​တို့​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​ပတ်​ဝန်း​ကျင်​ကျေး​ရွာ​များ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​ဗင်္ယာ​မိန်​နယ်​မြေ၊ တောင်​ခြေ​ဒေ​သ​များ၊ တောင်​တန်း​ဒေ​သ​များ နှင့်​ယု​ဒ​ပြည်​တောင်​ပိုင်း​နယ်​မြေ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ နှင့်​ယဇ်​များ​ကို​လည်း​ကောင်း၊ ဂျုံ​စ​ပါး​ပူ​ဇော် သကာ​များ၊ နံ့​သာ​ပေါင်း​နှင့်​ကျေး​ဇူး​တော်​ချီး မွမ်း​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား ၏​အိမ်​တော်​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-
JER 17:27 သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ ဥ​ပုသ်​နေ့​ကို​နေ့​ထူး​နေ့​မြတ်​အ ဖြစ်​မ​စောင့်​ထိန်း​ဘဲ​ထို​နေ့​၌​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​ဖြတ်​၍​အ​ဘယ်​ဝန်​ထုပ် ဝန်​ပိုး​ကို​မျှ​မ​သယ်​ဆောင်​ရ။ အ​ကယ်​၍ သယ်​ဆောင်​ကြ​ပါ​မူ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​မီး​ရှို့​တော်​မူ​မည်။ ထို မီး​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘုံ​ဗိ​မာန်​များ ကို​ကျွမ်း​လောင်​သွား​စေ​လိမ့်​မည်။ ယင်း​ကို အ​ဘယ်​သူ​မျှ​ငြိမ်း​သတ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JER 18:1 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အိုး​ထိန်း​သည်​၏ အိမ်​သို့​သွား​လော့။ သင့်​အား​ငါ​ဗျာ​ဒိတ်​ပေး တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​သ​ဖြင့်၊-
JER 18:3 ငါ​သည်​ထို​အ​ရပ်​သို့​သွား​ရာ​အိုး​ထိန်း​စက် ကို​လှည့်​လည်​နေ​သော​အိုး​ထိန်း​သည်​ကို​မြင်​၏။-
JER 18:4 သူ​သည်​မိ​မိ​ပြု​လုပ်​လျက်​ရှိ​သည့်​အိုး​မြေ တွင်​အ​ပြစ်​အ​နာ​အ​ဆာ​ကို​တွေ့​သော​အ​ခါ ထို​အိုး​မြေ​ကို​ယူ​၍​အ​ခြား​အ​ရာ​ဝတ္ထု တစ်​ခု​အ​ဖြစ်​သို့​ပြောင်း​လဲ​ပြု​လုပ်​လိုက် လေ​သည်။
JER 18:5 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊-
JER 18:6 ``အိုး​ထိန်း​သည်​သည်​ရွှံ့​စေး​ကို​ပြု​သ​ကဲ့​သို့ ငါ​သည်​လည်း​သင်​တို့​ဣ​သ​ရေ​လ​ပြည်​သား များ​အား​မ​ပြု​နိုင်​ပါ​သ​လော။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ရွှံ့​စေး​သည်​အိုး​ထိန်း​သည်​၏ လက်​တွင်း​၌​ရှိ​သ​ကဲ့​သို့ သင်​တို့​အ​မျိုး​သား များ​သည်​လည်း​ငါ​၏​လက်​တွင်း​၌​ရှိ​ကြ​၏။-
JER 18:7 အ​ကယ်​၍​ငါ​သည်​အ​ဘယ်​အ​ခါ​၌​မ​ဆို​ဤ မည်​သော​လူ​မျိုး​ကို​သော်​လည်း​ကောင်း၊ ဤ​မည် သော​တိုင်း​ပြည်​ကို​သော်​လည်း​ကောင်း​နုတ်​ပယ် ဖြို​ချ​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​ပြီး​နောက်၊-
JER 18:8 ထို​လူ​မျိုး​သည်​နောင်​တ​ရ​ပါ​မူ​ငါ​၏​စိတ် ပြောင်း​လဲ​လျက် ယ​ခင်​မြွက်​ဆို​ခဲ့​သည့်​အ​မှု များ​ကို​မ​ပြု​ဘဲ​ငါ​နေ​မည်။-
JER 18:9 သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဤ​မည်​သော လူ​မျိုး သို့​မ​ဟုတ်​တိုင်း​ပြည်​ကို​ပြု​စု​ပျိုး ထောင်​တည်​ဆောက်​မည်​ဆို​ပြီး​နောက်၊-
JER 18:10 ထို​လူ​မျိုး​သည်​ငါ​၏​ရှေ့​တွင်​ဒု​စ​ရိုက်​များ ကို​ပြု​ကျင့်​လျက် ငါ​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​ငါ​၏​စိတ်​ကို​ပြောင်း​လဲ​လျက် ယ​ခင်​ငါ မြွက်​ဆို​သည့်​ကောင်း​မှု​များ​ကို​မ​ပြု​ဘဲ​နေ​မည်။-
JER 18:11 သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ဆန့်​ကျင် ဘက်​ပြု​ရန်​ကြံ​စည်​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ပြစ်​ဒဏ်​ခတ်​ရန်​ပြင်​ဆင် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြော ကြား​လော့။ အ​သီး​သီး​ဒု​စ​ရိုက်​တွင်​ကျင် လည်​မှု​ကို​ရပ်​စဲ​ကြ​ရန်၊ မိ​မိ​တို့​လမ်း​စဉ် နှင့်​အ​ကျင့်​အ​ကြံ​များ​ကို​ပြောင်း​လဲ​ကြ ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို မှာ​ကြား​ကြောင်း​ပြော​ကြား​လော့။-
JER 18:12 ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​မ​ပြောင်း လဲ​နိုင်​ပါ။ အ​ဘယ်​ကြောင့်​ပြောင်း​လဲ​ရ​ပါ မည်​နည်း။ ကျွန်ုပ်​တို့​သည်​စိတ်​ရှိ​လက်​ရှိ​ခေါင်း မာ​ဆိုး​ညစ်​လျက်​နေ​ကြ​ပါ​မည်'' ဟု​ဆို ကြ​လိမ့်​မည်။
JER 18:13 သို့​ဖြစ်​၍​ငါ​ထာ​ဝ​ရ​ဘု​ရား​က၊ ``ဣ​သ​ရေ​လ​သ​မီး​ပျို​သည်​ကြောက်​မက်​ဖွယ် ကောင်း​သည့်​အ​မှု​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ အ​ဘယ်​အ​ခါ​က​များ​ဤ​အ​မှု​မျိုး​ဖြစ် ပျက်​ခဲ့​ဖူး​သ​နည်း​ဟု လူ​မျိုး​တ​ကာ​တို့​အား​မေး​မြန်း​လော့။
JER 18:14 လေ​ဗ​နုန်​ကျောက်​တောင်​ထိပ်​တို့​သည်​မိုး​ပွင့် များ​နှင့် ကင်း​သည့်​အ​ခါ​ရှိ​ဖူး​သ​လော။ ထို​တောင်​မှ​စီး​ဆင်း​လာ​သော​အေး​မြ​သည့် ချောင်း​များ​သည်​ခန်း​ခြောက်​သည့်​အ​ခါ​များ ရှိ​ဖူး​သ​လော။
JER 18:15 သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။ သူ​တို့​သည်​တန်​ဖိုး​မ​ရှိ​သော​ရုပ်​တု​များ​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​လိုက်​သင့်​သော​လမ်း​တွင် ခြေ​ချော်​၍​လဲ​ကြ​လေ​ပြီ။ လမ်း​ဟောင်း​ကို​မ​လိုက်​ကြ​တော့​ပေ။ သူ​တို့​သည်​အ​မှတ်​အ​သား​ပြ​မ​ထား​သည့် မ​တည်​ဆောက်​ရ​သေး​သော​လမ်း​များ​ကို​လိုက် ကြ​၏။
JER 18:16 သူ​တို့​သည်​ဤ​ပြည်​အား​လူ​သူ​ကင်း​မဲ့​သော ပြည်၊ ထာ​ဝ​စဉ်​စက်​ဆုတ်​ဖွယ်​ကောင်း​သော​ပြည် ဖြစ်​စေ​ကြ​လေ​ပြီ။ အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​လူ​အ​ပေါင်း တို့​သည် အံ့​သြ​တွေ​ဝေ​၍​သွား​ကြ​လျက် မိ​မိ​တို့​ဦး​ခေါင်း​ကို​ခါ​ကြ​လိမ့်​မည်။
JER 18:17 ငါ​သည်​မိ​မိ​တို့​လူ​မျိုး​တော်​အား​အ​ရှေ့​လေ တိုက်​ခံ​ရ​သည့်​မြေ​မှုန့်​များ​ကဲ့​သို့ ရန်​သူ​တို့​ရှေ့​တွင်​ကွဲ​လွင့်​၍​သွား​စေ​မည်။ သူ​တို့​အား​ငါ​ကျော​ခိုင်း​၍​နေ​မည်။ ငါ​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကျ​ရောက်​ချိန်​၌ သူ​တို့​ဘက်​လှည့်​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။
JER 18:18 ထို​အ​ခါ ပြည်​သား​တို့​က``ယေ​ရ​မိ​ကို​ငါ​တို့ ဖယ်​ရှား​ကြ​ကုန်​အံ့။ ငါ​တို့​အား​သွန်​သင်​မည့် ယဇ်​ပု​ရော​ဟိတ်​များ၊ အ​ကြံ​ပေး​မည့်​ပ​ညာ​ရှိ များ၊ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​မည့်​ပ​ရော​ဖက်​များ​ထား​ရှိ​မြဲ​ရှိ​ကြ မည်​သာ​ဖြစ်​၏။ ယေ​ရ​မိ​အား​ငါ​တို့​စွဲ​ချက် တင်​ကြ​ကုန်​အံ့။ သူ​ပြော​သည့်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ကုန်​အံ့'' ဟု​ဆို ကြ​၏။
JER 18:19 ထို့​ကြောင့်​ယေ​ရ​မိ​သည်``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​လျှောက်​ထား​ချက်​ကို​ကြား တော်​မူ​၍ ရန်​သူ​တို့​ကျွန်​တော်​မျိုး​အား​ဆန့် ကျင်​ပြော​ဆို​သည့်​စ​ကား​များ​ကို​နား ထောင်​တော်​မူ​ပါ။-
JER 18:20 ကောင်း​ကျိုး​ကို​ဆိုး​ကျိုး​ဖြင့်​ပေး​ချေ​သင့်​ပါ မည်​လော။ သို့​ပါ​လျက်​သူ​တို့​သည်​ကျွန်​တော် မျိုး​လိမ့်​ကျ​စေ​ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​လာ​၍​သူ တို့​အား​အ​မျက်​တော်​နှင့်​ဆက်​ဆံ​တော်​မ​မူ ရန် သူ​တို့​ကိုယ်​စား​အ​ဘယ်​သို့​ပြန်​ကြား လျှောက်​ထား​ခဲ့​သည်​ကို​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ။-
JER 18:21 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​၌ သူ​တို့​၏​သား​သ​မီး​များ​အား​အ​စာ​ရေ​စာ ငတ်​လျက်​သေ​စေ​တော်​မူ​ပါ။ သူ​တို့​အား​စစ် ပွဲ​တွင်​ကျ​ဆုံး​စေ​တော်​မူ​ပါ။ အ​မျိုး​သ​မီး တို့​အား​မိ​မိ​တို့​ခင်​ပွန်း​များ​နှင့်​သား​သ​မီး များ​ကို​ဆုံး​ရှုံး​စေ​တော်​မူ​ပါ။ အ​မျိုး​သား တို့​အား​သေ​စေ​တော်​မူ​၍ လူ​ငယ်​လူ​ရွယ်​တို့ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​တော်​မူ​ပါ။-
JER 18:22 သူ​တို့​၏​အိမ်​ရာ​များ​ကို​တိုက်​ခိုက်​လု​ယက် ရန်​ရုန်း​ရင်း​ဆန်​ခတ်​လူ​အုပ်​အား​အ​မှတ်​မ ထင်​စေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​ကြောက် လန့်​တုန်​လှုပ်​လျက်​ဟစ်​အော်​ရ​ကြ​ပါ​စေ သော။ သူ​တို့​သည်​ကျွန်​တော်​မျိုး​လိမ့်​ကျ​စေ ရန်​တွင်း​ကို​တူး​ကြ​ပါ​ပြီ။ ကျွန်ုပ်​အ​တွက် ထောင်​ချောက်​ကို​ဆင်​ကြ​ပါ​ပြီ။-
JER 18:23 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး အား​သတ်​ဖြတ်​ရန် ရန်​သူ​တို့​ပြု​သည့်​လျှို့​ဝှက် သော​အ​ကြံ​အ​စည်​များ​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။ သူ​တို့​၏​ဆိုး​ညစ်​မှု​ကို ခွင့်​လွှတ်​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​မိ​မိ တို့​၏​အ​ပြစ်​များ​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​အ​ရေး​ရှုံး နိမ့်​စေ​တော်​မူ​ပါ။ အ​မျက်​တော်​ထွက်​ချိန်​၌ သူ​တို့​အား​ဆုံး​မ​စီ​ရင်​တော်​မူ​ပါ'' ဟု လျှောက်​၏။
JER 19:1 ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​အိုး​တစ်​လုံး​ကို​သွား ရောက်​ဝယ်​ယူ​ရန် ငါ့​အား​စေ​ခိုင်း​တော်​မူ​၏။ ကိုယ် တော်​က​ငါ​နှင့်​အ​တူ​အ​သက်​ကြီး​သူ​ပြည်​သူ့ ခေါင်း​ဆောင်​အ​ချို့​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ချို့ တို့​ကို​လည်း​ခေါ်​ဆောင်​ကာ၊-
JER 19:2 အိုး​ကွဲ​မြို့​တံ​ခါး​ကို​ဖြတ်​၍​ပင်​ဟိန္နုံ​ချိုင့်​ဝှမ်း သို့​သွား​ရောက်​ရန်​မှာ​ကြား​တော်​မူ​၏။ ထို​အ​ရပ် တွင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ရန်​ဖြစ်​၏။-
JER 19:3 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အနန္တ​တန်​ခိုး​ရှင်၊ ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် ကြ​လော့။ ငါ​သည်​ကြား​သိ​ရ​သူ​တို့​ထိတ်​လန့် သည်​တိုင်​အောင်​ဆိုး​ရွား​သည့်​ဘေး​အန္တ​ရာယ် ကို​ဤ​အ​ရပ်​သို့​သက်​ရောက်​စေ​တော်​မူ​မည်။-
JER 19:4 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တို့​သည်​ငါ့​ကို​စွန့် ပစ်​ကာ မိ​မိ​တို့​ကိုယ်​တိုင်​မိ​မိ​တို့​ဘိုး​ဘေး​များ နှင့်​ယု​ဒ​ဘု​ရင်​များ​မ​သိ​ဘူး​သည့်​အ​ခြား ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​ဖြင့် ဤ​ဌာ​န တော်​ကို​ညစ်​ညမ်း​စေ​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ဤ​ဌာ​န​ကို​အ​ပြစ်​မဲ့​သူ​တို့​၏ အ​သွေး​ဖြင့်​ပြည့်​စေ​လျက်၊-
JER 19:5 မိ​မိ​တို့​သား​သ​မီး​များ​အား​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ပူ​ဇော်​ရန် ဗာ​လ​ဘု​ရား​အ​တွက်​မြင့် သော​အ​ရပ်​၌​ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက် ကြ​လေ​ပြီ။ သူ​တို့​သား​သ​မီး​များ​ကို​ဤ သို့​ဗာ​လ​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​စေ​ရန် ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​မိန့်​မ​ပေး ခဲ့၊ မ​ပြော​ကြား​ခဲ့၊ စိတ်​မ​ကူး​ခဲ့။-
JER 19:6 သို့​ဖြစ်​၍​ဤ​အ​ရပ်​သည်​တော​ဖက်​ဟူ​၍​မ​ခေါ်၊ ဟိန္နုံ​ချိုင့်​ဝှမ်း​ဟူ​၍​မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ ၍​ခေါ်​ရ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည် ကို သ​တိ​ပြု​ကြ​လော့​ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-
JER 19:7 ငါ​သည်​ဤ​အ​ရပ်​တွင်​ယု​ဒ​ပြည်​သား​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သား​များ​၏​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​ပျက်​ပြား​စေ​တော်​မူ​မည်။ သူ​တို့ ကို​အ​သက်​ရန်​ရှာ​သူ​တို့​လက်​သို့​အပ်​၍​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​တော်​မူ​မည်။ သူ​တို့​၏​အ​လောင်း များ​သည်​ငှက်​များ​နှင့်​တော​သား​ရဲ​တို့​၏ အ​စာ​ဖြစ်​ရ​လိမ့်​မည်။-
JER 19:8 ငါ​သည်​ဤ​မြို့​အ​ပေါ်​သို့​အ​လွန်​ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သက်​ရောက်​စေ​မည်​ဖြစ်​၍ အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် ထို​မြို့​၏​ဖြစ် အင်​ကို​မြင်​၍​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ စိတ်​ထိ​ခိုက် လျက်​အံ့​သြ​တွေ​ဝေ​သွား​ကြ​လိမ့်​မည်။-
JER 19:9 ရန်​သူ​တို့​သည်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ သူ တို့​အား​သတ်​ဖြတ်​ရန်​ကြိုး​စား​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​စား​ကြ​လိမ့်​မည်။ မိ​မိ​တို့​သား​သ​မီး များ​ကို​ပင်​စား​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို ပြော​ကြား​ရန်​ငါ့​အား​မိန့်​တော်​မူ​၏။
JER 19:10 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မိ​မိ နှင့်​အ​တူ​လိုက်​ပါ​လာ​သူ​တို့​၏​ရှေ့​တွင်​အိုး ကို​ခွဲ​စေ​တော်​မူ​ပြီး​လျှင်၊-
JER 19:11 သူ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က``ဤ​အိုး​ကို​ပြန်​၍​ဆက်​စပ်​မ​ရ နိုင်​အောင်​ခွဲ​လိုက်​သ​ကဲ့​သို့ ငါ​သည်​ဤ​လူ များ​နှင့်​ဤ​မြို့​ကို​ငါ​ခွဲ​တော်​မူ​မည်။ တော ဖက်​မြို့​တွင်​မြေ​မြှုပ်​စ​ရာ​နေ​ရာ​မ​ရှိ​သည့် တိုင်​အောင်​လူ​တို့​သည်​ထို​သူ​တို့​၏​အ​လောင်း များ​ကို​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။-
JER 19:12 ဤ​မြို့​နှင့်​ဤ​မြို့​တွင်​နေ​ထိုင်​သူ​တို့​ကို တော​ဖက်​မြို့​ကဲ့​သို့​ဖြစ်​စေ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
JER 19:13 ``ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် တို့​၏​နန်း​တော်​များ မိ​မိ​တို့​အ​မိုး​ပေါ်​တွင် ကြယ်​နက္ခတ်​များ​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့ ပူ​ဇော်​ရာ​အိမ်​များ​နှင့်​အ​ခြား​ဘု​ရား​များ အား စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း ကြ​သည့်​အိမ်​မှန်​သ​မျှ​တို့​သည်​တော​ဖက်​မြို့ ကဲ့​သို့ မ​သန့်​စင်​သည့်​အ​ရပ်​များ​ဖြစ်​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 19:14 ထို​နောက်​ငါ​သည်​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား ရန် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ရာ​တော​ဖက် အ​ရပ်​မှ​ထွက်​ခွာ​၍ ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရပ်​ပြီး​လျှင်​လူ​အ​ပေါင်း​တို့​အား၊-
JER 19:15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​ခေါင်း​မာ​၍​ငါ​ပြော​သည့်​စ​ကား​ကို​နား မ​ထောင်​ကြ။ သို့​ဖြစ်​၍​ဤ​မြို့​နှင့်​အ​နီး​အ​နား ရှိ​မြို့​အ​ပေါင်း​တို့​အား ယ​ခင်​ငါ​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​ကြောင်း​သူ​တို့​အား​ဆင့်​ဆို​၏။
JER 20:1 ဣ​မေ​ရ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ပါ​ရှု​ရ​သည် ဗိ​မာန်​တော်​အုပ်​ချုပ်​ရေး​မှူး​ဖြစ်​၏။ သူ​သည် ပ​ရော​ဖက်​ငါ​ဟော​ပြော​သော​စ​ကား​များ ကို​ကြား​သ​ဖြင့်၊-
JER 20:2 ငါ့​အား​ရိုက်​နှက်​ပြီး​လျှင်​ဗိ​မာန်​တော်​အ​တွင်း ဗင်္ယာ​မိန်​အ​ထက်​တံ​ခါး​အ​နီး​တွင် သံ​ကြိုး များ​ဖြင့်​ချည်​နှောင်​၍​ထား​၏။-
JER 20:3 နောက်​တစ်​နေ့​နံ​နက်​၌​ပါ​ရှု​ရ​သည်​ငါ့​အား အ​နှောင်​အ​ဖွဲ့​မှ​လွှတ်​လိုက်​သော​အ​ခါ ငါ က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ပါ​ရှု​ရ ဟု​အ​မည်​ပေး​တော်​မ​မူ။ နေ​ရာ​တ​ကာ အ​ကြမ်း​ဖက်​သ​မား​ဟု​မှည့်​ခေါ်​တော်​မူ လေ​ပြီ။-
JER 20:4 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​ကိုယ် တော်​တိုင်​က`ငါ​သည်​သင့်​အား​ကိုယ်​အ​ဖို့​လည်း ကောင်း၊ မိတ်​ဆွေ​များ​အ​ဖို့​လည်း​ကောင်း၊ ထိတ် လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ​ဖြစ်​စေ​မည်။ ထို သူ​အ​ပေါင်း​တို့​သည်​လည်း​ရန်​သူ​များ​၏​ဋ္ဌား ဖြင့်​ကျ​ဆုံး​ကြ​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်။ ငါ​သည်​ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​အပ်​တော်​မူ​မည်။ သူ​သည်​ထို​သူ​အ​ချို့​ကို​မိ​မိ​၏​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လျက်​အ​ချို့​တို့ ကို​မူ​ကွပ်​မျက်​လိမ့်​မည်။-
JER 20:5 ငါ​သည်​ရန်​သူ​တို့​အား​ဤ​မြို့​၏​စည်း​စိမ်​ချမ်း သာ​မှန်​သ​မျှ​ကို​တိုက်​ခိုက်​လု​ယူ​စေ​မည်။ ဤ မြို့​၏​လက်​ရှိ​ဥစ္စာ​များ​နှင့်​ပစ္စည်း​ပစ္စ​ယ​မှန် သ​မျှ​နှင့် ယု​ဒ​ဘု​ရင်​များ​၏​ဘဏ္ဍာ​တော်​တို့ ကို​ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​စေ​မည်။-
JER 20:6 ပါ​ရှု​ရ၊ သင်​၏​အ​ဖို့​မှာ​မူ​အိမ်​သူ​အိမ်​သား​များ နှင့်​အ​တူ အ​ဖမ်း​ခံ​ရ​လျက်​ဗာ​ဗု​လုန်​မြို့​သို့ ရောက်​ရှိ​ရ​လိမ့်​မည်။ သင်​သည်​ထို​မြို့​တွင်​သေ​ရ လိမ့်​မည်။ ထို​နောက်​သင်​ဟော​ပြော​ခဲ့​သော​မု​သား စ​ကား​များ​ကို​ကြား​နာ​ခဲ့​သူ​သင်​၏​မိတ်​ဆွေ အ​ပေါင်း​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့် မည်' '' ဟု​မိန့်​တော်​မူ​ကြောင်း​ပါ​ရှု​ရ​အား​ဆို​၏။
JER 20:7 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​လှည့်​စား​တော်​မူ​သ​ဖြင့်၊ ကျွန်​တော်​မျိုး​သည်​အ​လှည့်​စား​ခံ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ထက် ခွန်​အား​ကြီး​တော်​မူ​သည်​ဖြစ်​၍၊ ကျွန်​တော်​မျိုး​ကို​အ​နိုင်​ရ​တော်​မူ​ပါ​၏။ လူ​တိုင်း​ပင်​ကျွန်​တော်​မျိုး​ကို​ပြောင်​လှောင်​ကြ ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တစ်​နေ​ကုန်​တစ်​နေ​ခန်း​ပြက်​ရယ်​ပြု​ကြ​ပါ​၏။
JER 20:8 ကျွန်​တော်​မျိုး​သည်​ဟော​ပြော​သည့်​အ​ခါ​တိုင်း အော်​ဟစ်​၍``အ​ကြမ်း​ဖက်​မှု၊ပျက်​စီး​မှု'' ဟူ​၍ ကြွေး​ကြော်​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို၊ပြန်​ကြား​သ​ဖြင့် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း၊ သ​ရော်​စော်​ကား​ပြု​ခြင်း​ကို​လည်း​ကောင်း အ​စဉ်​မ​ပြတ်​ခံ​ရ​ပါ​၏။
JER 20:9 သို့​ရာ​တွင်``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လိုက်​ပါ​တော့​အံ့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ မ​ဟော​မ​ပြော​လို​တော့​ပြီ'' ဟု ကျွန်​တော်​မျိုး​ဆို​သော​အ​ခါ၊ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​သည် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​အ​တွင်း​၌​မီး​ကဲ့​သို့ တောက်​လောင်​ကာ ကျွန်​တော်​မျိုး​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ကိုယ် အ​တွင်း​၌ ပိတ်​လှောင်​ရန်​ကြိုး​စား​ပါ​သော်​လည်း​ချုပ်​ကိုင်​၍ မ​ထား​နိုင်​တော့​ပါ။
JER 20:10 ကျွန်​တော်​မျိုး​သည်​လူ​တို့​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကြား​ရ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား``နေ​ရာ​တိုင်း​တွင် ထိတ်​လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ'' ဟု နာ​မည်​ပေး​ပြီး​လျှင်``သူ့​အ​ကြောင်း​ကို အာ​ဏာ​ပိုင်​တို့​အား​သ​တင်း​ပေး​ကြ​ကုန်​အံ့၊'' ဟု​ဆို​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ရင်း​နှီး​သော​မိတ်​ဆွေ​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ပြို​လဲ​သည်​ကို​စောင့်​မျှော်​နေ​ကြ ပါ​၏။ သူ​တို့​က``သူ့​အား​ငါ​တို့​လှည့်​စား​၍ ရ​ကောင်း​ရ​ပေ​လိမ့်​မည်။ အ​ငိုက်​ဖမ်း​၍​လက်​စား​ချေ​နိုင်​လိမ့်​မည်'' ဟု ဆို​ကြ​ပါ​၏။
JER 20:11 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည် စွမ်း​ရည်​တန်​ခိုး​ကြီး​မား​သော​စစ်​သည်​တော် ကဲ့​သို့ ကျွန်​တော်​မျိုး​ဘက်​၌​ရှိ​တော်​မူ​သည်​ဖြစ်​၍၊ ကျွန်​တော်​မျိုး​ကို​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့ သည် ခြေ​ချော်​၍​လဲ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ​အ​နိုင် ရ​လိမ့်​မည်​မဟုတ်​ပါ။ သူ​တို့​သည်​အောင်​မြင်​မှု​မရ​နိုင်​သ​ဖြင့် အ​စဉ်​ပင် အ​သ​ရေ​ပျက်​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​အ​သ​ရေ​ပျက်​မှု​သည်​အ​ဘယ်​အခါ ၌​မျှ မေ့​ပျောက်​သွား​လိမ့်​မည်​မ​ဟုတ်​ပါ။
JER 20:12 သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​တို့​ကို​တ​ရား​သ​ဖြင့် စစ်​ဆေး​တော်​မူ​တတ်​ပါ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ရန်​သူ​များ​အား​ကိုယ်​တော်​ရှင် လက်​စား​ချေ​သည်​ကို​ကျွန်​တော်​မျိုး​မြင်​ပါ ရ​စေ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​မှု​ကို​လက် တော်​သို့ ပေး​အပ်​၍​ထား​ပါ​ပြီ။
JER 20:13 ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ဆင်း​ရဲ​သော​သူ​တို့​အား ဆိုး​ညစ်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ​၏။
JER 20:14 ငါ​မွေး​ဖွား​သည့်​နေ့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ငါ့​ကို​ငါ​၏​မိ​ခင်​မျက်​နှာ​မြင်​သည့်​နေ့​သည် မေ့​ပျောက်​၍​သွား​ပါ​စေ​သော။
JER 20:15 ``သား​ယောကျာ်း​ဖြစ်​သည်။ သင်​သည်​သား​ယောကျာ်း​ကို​ရ​ရှိ​ပါ​ပြီ'' ဟူ​သော သ​တင်း​ကို​ယူ​ဆောင်​လာ​ကာ ငါ​၏​ဖ​ခင်​အား​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​စေ သူ​သည် ကျိန်​ခြင်း​ခံ​ရ​ပါ​စေ​သော။
JER 20:16 ထို​သူ​သည်​က​ရု​ဏာ​ကင်း​မဲ့​စွာ​ထာ​ဝ​ရ ဘု​ရား ဖျက်​ဆီး​တော်​မူ​သော​မြို့​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။ မ​မွေး​မ​ဖွား​မီ​ကာ​လ​က​ပင်​ငါ့​ကို​မ​သတ်​ခဲ့ သ​ဖြင့် သူ​သည်​နံ​နက်​ချိန်​၌​ဝေ​ဒ​နာ​နှင့်​ဟစ်​အော် သံ​များ ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်​၌​တိုက်​ပွဲ​ဝင်​ရန်​အ​ချက် ပေး​သံ​များ ကို​လည်း​ကောင်း​ကြား​ရ​ပါ​စေ​သော။ အ​ကယ်​၍​သူ​သည်​ငါ့​ကို​သတ်​ခဲ့​ပါ​မူ ငါ့​မိ​ခင်​၏​ဝမ်း​သည်​ငါ​၏​သင်္ချိုင်း​ဖြစ်​ပါ လိမ့်​မည်။
JER 20:18 ငါ​သည်​အ​ဘယ်​ကြောင့်​ဖွား​မြင်​၍​လာ​ရ​ပါ သ​နည်း။ ဝမ်း​နည်း​ပူ​ပန်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရန် သာ​လျှင် ဖြစ်​ပါ​သ​လော။ ငါ​၏​ဘဝ​ကို​အ​သ​ရေ​ပျက်​မှု​နှင့်​နိ​ဂုံး​ချုပ် ရန်​ပင် ဖြစ်​ပါ​သ​လော။
JER 21:1 ဇေ​ဒ​ကိ​မင်း​သည်​မေ​လ​ခိ​၏​သား​ပါ​ရှု​ရ နှင့် မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ သို့​စေ​လွှတ်​ပြီး​လျှင်၊-
JER 21:2 ``ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​သူ​၏ တပ်​မ​တော်​သည် မြို့​ကို​တိုက်​ခိုက်​ရန်​ဝိုင်း​ရံ လျက်​ရှိ​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​အား ငါ​တို့​အ​တွက်​လျှောက်​ထား​ပေး​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အ​တွက်​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ​၍ နေ​ဗု​ခဒ် နေ​ဇာ​မင်း​အား​ပြန်​လည်​ဆုတ်​ခွာ​ကောင်း ဆုတ်​ခွာ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြော ကြား​လာ​၏။
JER 21:3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ယေ​ရ​မိ​သည်​မိ​မိ ထံ​သို့​ရောက်​သည့်​လူ​တို့​ကို​ဇေ​ဒ​ကိ​အား ဆင့်​ဆို​စေ​၏။-
JER 21:4 ``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-
JER 21:5 ငါ​ကိုယ်​တော်​တိုင်​မိ​မိ​၏​လက်​ရုံး​တော်​တန် ခိုး​စွမ်း​အင်​ရှိ​သ​မျှ​နှင့် ဒေါ​သ​အ​မျက် ချောင်း​ချောင်း​ထွက်​လျက်​သင်​တို့​ကို​တိုက် ခိုက်​တော်​မူ​မည်။-
JER 21:6 ဤ​မြို့​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​သုတ် သင်​ပယ်​ရှင်း​မည်။ လူ​နှင့်​တိ​ရစ္ဆာန်​များ​သည် ကြောက်​မက်​ဖွယ်​ရာ​အ​နာ​ရော​ဂါ​ဘေး ဖြင့်​သေ​ကြ​လိမ့်​မည်။-
JER 21:7 စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 21:8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား ပြော​ကြား​စေ​သည်​မှာ``နား​ထောင်​လော့၊ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ရွေး​ချယ်​နိုင် ရန်​အ​တွက်​အ​သက်​ရှင်​ရာ​လမ်း​နှင့် အ​သက် သေ​ရာ​လမ်း​ကို​ဖွင့်​ပြ​ထား​မည်​ဖြစ် ကြောင်း​ပြော​ကြား​လော့။-
JER 21:9 ဤ​မြို့​တွင်​ရှိ​နေ​သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဖြင့် သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး​ဖြင့် သော်​လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​မြို့​ပြင်​သို့​ထွက်​၍​ယ​ခု​ဝိုင်း​ရံ​တိုက် ခိုက်​လျက်​နေ​သော​ဗာ​ဗု​လုန်​ပြည်​သား​တို့ အား လက်​နက်​ချ​သူ​တို့​မူ​ကား​သေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-
JER 21:10 ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
JER 21:11 ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​မင်း​၏​သား​မြေး၊ ယု​ဒ​မင်း​မျိုး​တို့၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​လော့။ သူ တို့​အား​သင်​တို့​သည်​နေ့​စဉ်​ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ရ​ကြ​မည်။ လု​ယူ​ခြင်း​ခံ​ရ​သူ အား​ဖိ​နှိပ်​ချုပ်​ချယ်​သူ​၏​ဘေး​မှ​ကာ​ကွယ် စောင့်​ရှောက်​ရ​ကြ​မည်။ ယင်း​သို့​မ​ပြု​ပါ​မူ သင်​တို့​၏​မ​ကောင်း​မှု​များ​သည် ငါ့​အ​မျက် ဒေါ​သ​ကို​ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး ကဲ့​သို့​တောက်​လောင်​စေ​လိမ့်​မည်။-
JER 21:13 အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​လွင်​ပြင်​ပေါ်​မှ ကျောက်​ဆောင်​ကြီး​သ​ဖွယ်​ချိုင့်​ဝှမ်း​များ​အ ထက်​တွင်​မြင့်​မား​စွာ​ရပ်​တည်​လျက်​ရှိ​၏။ သို့ သော်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တိုက် ခိုက်​တော်​မူ​မည်။ သင်​သည်​မိ​မိ​အား​အ​ဘယ် သူ​မျှ​မ​တိုက်​မ​ခိုက်​နိုင်။ သင်​၏​ခံ​တပ်​များ ကို​လည်း​မ​ဖြို​မ​ခွင်း​နိုင်​ဟု​ဆို​ချေ​သည်။-
JER 21:14 သို့​ရာ​တွင်​ငါ​သည်​သင်​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ငါ​သည်​သင်​၏​နန်း​တော်​ကို​မီး​သင့်​လောင် စေ​မည်။ ထို​မီး​သည်​နီး​နား​ပတ်​လည်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ကျွမ်း​လောင်​သွား​စေ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 22:1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ယု​ဒ​နန်း​တော် သို့​သွား​၍ ဒါ​ဝိဒ်​မင်း​၏​သား​မြေး​များ၊ ယု​ဒ ရှင်​ဘု​ရင်​မင်း​ကြီး​နှင့်​အ​တူ​သူ​၏​မှူး​မတ် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ အား​ပြော​ကြား​ရန် ဤ​သို့​မိန့်​တော်​မူ​သည်​မှာ၊-
JER 22:3 `ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ဖြောင့် မတ်​မှန်​ကန်​သည့်​အ​မှု​များ​ကို​ပြု​ကျင့်​ကြ ရန်​မှာ​ကြား​၏။ သင်​တို့​သည်​အ​လိမ်​ခံ​ရ​သူ အား​လိမ်​လည်​သူ​၏​ဘေး​မှ​ကာ​ကွယ်​စောင့် ရှောက်​ကြ​လော့။ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ သူ​များ၊ သို့​မ​ဟုတ်​မု​ဆိုး​မ​များ​အား​မ တ​ရား​သည့်​အ​မှု​ကို​လည်း​ကောင်း၊ ညှင်း​ပန်း နှိပ်​စက်​မှု​ကို​လည်း​ကောင်း​မ​ပြု​ကြ​နှင့်။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​ပြစ်​မဲ့ သူ​တို့​ကို​မ​သတ်​ကြ​နှင့်။-
JER 22:4 သင်​တို့​သည်​ငါ​ပ​ညတ်​တော်​မူ​သည့်​အ တိုင်း​အ​ကယ်​ပင်​လိုက်​လျှောက်​ပြု​ကျင့်​ကြ မည်​ဆို​ပါ​မူ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​တွင် ထိုင်​လျက်​ရှိ​သော​ဘု​ရင်​တို့​သည် ဆက်​လက် ၍​မင်း​ပြု​ရ​ကြ​လိမ့်​မည်။ ထို့​ပြင်​သူ​တို့ သည်​မိ​မိ​တို့​၏​မှူး​မတ်​များ၊ ပြည်​သူ​များ နှင့်​အ​တူ​မြင်း​ရ​ထား​များ၊ မြင်း​များ​ကို စီး​၍​ဤ​နန်း​တော်​ဝင်း​တံ​ခါး​များ​ကို ဝင်​ထွက်​သွား​လာ​ရ​ကြ​လိမ့်​မည်။-
JER 22:5 သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​ပါ​မူ ဤ​နန်း တော်​သည်​ယို​ယွင်း​ပျက်​စီး​၍​သွား​လိမ့်​မည် ဖြစ်​ကြောင်း​သင်​တို့​အား​ကျိန်​ဆို​ပြော​ကြား ၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏​ဟု​မိန့်​တော်​မူ​၏။
JER 22:6 ``ငါ​၏​အ​ဖို့​ယု​ဒ​ဘု​ရင်​၏​နန်း​တော်​သည် ဂိ​လဒ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင် ထိပ်​ကဲ့​သို့​လည်း​ကောင်း​လှ​ပ​တင့်​တယ်​သော် လည်း ငါ​သည်​ထို​အ​ရပ်​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​သဲ​ကန္တာ​ရ​ဖြစ်​စေ​မည်။
JER 22:7 ထို​နန်း​တော်​ကို​ဖြို​ဖျက်​ရန် လူ​များ​ကို​ငါ စေ​လွှတ်​မည်။ သူ​တို့​သည်​ပု​ဆိန်​များ​ကို​ယူ ဆောင်​လာ​ပြီး​လျှင် လှ​ပ​သည့်​အာ​ရစ်​တိုင် ကြီး​များ​ကို​ခုတ်​လှဲ​၍​မီး​ထဲ​သို့​ပစ်​ချ ကြ​လိမ့်​မည်။
JER 22:8 ``ထို​နောက်​လူ​မျိုး​ခြား​အ​များ​ပင် အ​နီး​မှ ဖြတ်​သန်း​သွား​လာ​ကြ​လျက် ဤ​မြို့​တော် ကြီး​ကို​အ​ဘယ်​ကြောင့်​ငါ​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ဖြို​ဖျက်​စေ​တော်​မူ​ရ​ကြောင်း​ကို သူ တို့​အ​ချင်း​ချင်း​မေး​မြန်း​ကြ​လိမ့်​မည်။-
JER 22:9 သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ သော ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စွန့် ပစ်​၍ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ကြ​သ​ဖြင့် ဤ​သို့​ဖြစ်​ရ​ကြောင်း​ကို လည်း​အ​ချင်း​ချင်း​ပြန်​လည်​ပြော​ကြား ကြ​လိမ့်​မည်။
JER 22:10 ယု​ဒ​ပြည်​သူ​တို့၊ယော​ရှိ​မင်း​အ​တွက်​သင်​တို့ မ​ငို​ကြွေး​ကြ​နှင့်။ သူ​ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​မှု မ​ပြု​ကြ​နှင့်။ သို့​ရာ​တွင်​သူ​၏​သား​တော်​ယော​ခတ်​အ​တွက် ပြင်း​ပြ​စွာ​ငို​ကြွေး​ကြ​လော့။ ရန်​သူ​တို့​သည်​သူ့​အား​အ​ပြီး​အ​ပိုင် ခေါ်​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​သည်​မိ​မိ​မွေး​ဖွား​ရာ​အ​ရပ်​ကို နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လည်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်။
JER 22:11 ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခ​မည်း​တော်​ယော​ရှိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ သား​တော်​ယော ခတ်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား က``သူ​သည်​ဤ​အ​ရပ်​မှ​အ​ပြီး​အ​ပိုင်​ထွက် ခွာ​သွား​လေ​ပြီ။-
JER 22:12 သူ​သည်​ရန်​သူ​တို့​ခေါ်​ဆောင်​သွား​သည့်​ပြည် ၌​ပင်​ကွယ်​လွန်​ရ​လိမ့်​မည်။ နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ဤ​ပြည်​ကို​ပြန်​လည်​တွေ့​မြင်​ရ​တော့ မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JER 22:13 ``မိ​မိ​အိမ်​ကို​မ​တ​ရား​သော​နည်း​ဖြင့်​လည်း ကောင်း၊ မိ​မိ​၏​အ​ထက်​ခန်း​များ​ကို​မ​ရိုး​ဖြောင့်​သော နည်း​ဖြင့်​လည်း​ကောင်း၊တည်​ဆောက်​ကာ၊ မိ​မိ​၏​အိမ်​နီး​ချင်း​များ​အား​အ​ခ​မဲ့​စေ စား​သူ၊ သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ဘဲ​နေ သူ​သည် အ​မင်္ဂ​လာ​ရှိ​၏။
JER 22:14 အ​ထက်​ထပ်​တွင်​အ​ခန်း​ကျယ်​ကြီး​များ​နှင့် ငါ​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကြီး တစ်​ဆောင်​ကို၊ တည်​ဆောက်​အံ့​ဟု​ဆို​သော​သူ​သည်​အမင်္ဂ​လာ ရှိ​၏။ သူ​သည်​ထို​သို့​ဆို​ပြီး​လျှင်​မိ​မိ​အိမ်​တွင် ပြူ​တင်း​ပေါက်​များ​ကို​ဖောက်​၏။ အာ​ရဇ်​သား​မှန်​ပုံ​များ​ကို​တပ်​၍​အ​နီ​ရောင် ဆေး​ကို​သုတ်​၏။
JER 22:15 သူ​တစ်​ပါး​တို့​၏​အိမ်​ထက်​ပို​မို​ခမ်း​နား အောင် အာ​ရစ်​သား​ဖြင့်​အိမ်​များ​ကို​တည်​ဆောက် နိုင်​ခြင်း​ကြောင့်၊ သင်​သည်​ပို​၍​ကောင်း​သော​မင်း​ဖြစ်​ပါ​သ​လော။ သင်​၏​ခ​မည်း​တော်​သည်​ပျော်​ရွှင်​စွာ​နေ​ထိုင် လျက် အ​စဉ်​ဖြောင့်​မတ်​၍​တ​ရား​မျှ​တ​၏။ သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​အောင် မြင်​လေ​သည်။
JER 22:16 သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​၏​အ​မှု​ကို​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​သည်​ဖြစ်​၍ အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လျက်​ရှိ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း​ရ​ခြင်း​၏ အ​ကျိုး​ကျေး​ဇူး​ပင်​ဖြစ်​လေ​သည်။
JER 22:17 ``သို့​ရာ​တွင်​သင်​မူ​ကား​တစ်​ကိုယ်​ကောင်း​စိတ်​နှင့် မိ​မိ​အ​ကျိုး​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား​၏။ အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​၍​မိ​မိ​၏ အ​မျိုး​သား တို့​အား​ပြင်း​ပြင်း​ထန်​ထန်​နှိပ်​စက်​ညှင်း​ပန်း​၏။''
JER 22:18 သို့​ဖြစ်​၍​ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင် ယော​ယ​ကိမ်​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​သည်​မှာ ``သူ​ကွယ်​လွန်​သော​အ​ခါ​၌​ဘယ်​သူ​မျှ ဝမ်း​နည်း ပူ​ဆွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ `အို ဖြစ်​ရ​လေ​ခြင်း၊အ​ဆွေ​တော်၊ ဖြစ်​မှ​ဖြစ်​ရ​လေ​ခြင်း' ဟူ​၍ အ​ဘယ်​သူ​မျှ​မြည်​တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​၏​အ​တွက်​အ​ဘယ်​သူ​မျှ​ငို​ကြွေး​မှု​ကို သော်​လည်း​ကောင်း၊ အို အ​ကျွန်ုပ်​၏​သ​ခင်၊အ​ကျွန်ုပ်​၏​ဘု​ရင်​ဟု မြည်​တမ်း​မှု ကို​သော်​လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မဟုတ်။
JER 22:19 မြည်း​သေ​ကို​မ​သာ​ချသ​ကဲ့​သို့​သူ့​အား​ဆွဲ​ယူ သွား​ကာ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။
JER 22:20 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​မ​ဟာ​မိတ် များ​သည် အ​ရေး​ရှုံး​နိမ့်​ကြ​လေ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည်​လေ​ဗ​နုန်​တောင်​ထိပ်​သို့ တက်​၍ ကြွေး​ကြော်​ကြ​လော့။ ဗာ​ရှန်​ပြည်​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။ မော​ဘ​ပြည်​တောင်​များ​ပေါ်​မှ​အ​သံ​ကို လွှင့်​လော့။
JER 22:21 သင်​တို့​ကောင်း​စား​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​သ​တိ​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ။ သင်​တို့​သည်​ငယ်​စဉ်​အ​ခါ​မှ​စ​၍​ဤ အ​တိုင်း​ပင် ပြု​ခဲ့​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ နား​မ​ထောင်​လို​ကြ။
JER 22:22 သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​လေ​တွင်​လွင့်​၍ ပါ​သွား​ကြ​လိမ့်​မည်။ သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​စစ်​သုံ့​ပန်း​များ အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။ သင်​တို့​ပြု​ကျင့်​ခဲ့​သည့်​မ​ကောင်း​မှု​များ​အ​တွက် သင်​တို့​၏​မြို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လိမ့်​မည်။
JER 22:23 သင်​တို့​သည်​လေ​ဗ​နုန်​တော​မှ​ယူ​ဆောင်​လာ သည့် အာ​ရစ်​ပင်​များ​၏​အ​လယ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​သား​ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့ ဝေ​ဒ​နာ​ခံ​ရ​ကြ​သော​အ​ခါ သင်​တို့​သည်​အ​ဘယ်​မျှ​သ​နား​စ​ရာ ကောင်း​လိမ့်​မည်​နည်း။
JER 22:24 ထာ​ဝ​ရ​ဘု​ရား​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား``အ​ကယ်​၍​သင်​သည်​ငါ ၏​လက်​ယာ​လက်​တွင်​ရှိ​သော​တံ​ဆိပ်​လက်​စွပ်​ပင် ဖြစ်​စေ​ကာ​မူ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ​သင့်​ကို​ဆွဲ​ချ​၍၊-
JER 22:25 သင်​၏​အ​သက်​ကို​သတ်​လို​သူ​များ၊ သင် ကြောက်​ရွံ့​သူ​များ​၏​လက်​သို့​ပေး​အပ်​မည်။ သင့်​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ မင်း​နှင့်​သူ​၏​စစ်​သည်​များ​၏​လက်​သို့​ငါ ပေး​အပ်​မည်။-
JER 22:26 ငါ​သည်​သင်​နှင့်​သင်​၏​မယ်​တော်​အား သင်​တို့ မွေး​ဖွား​ရာ​ဌာ​န​မ​ဟုတ်​သည့်​ပြည်​သို့​နှင် ထုတ်​မည်။ သင်​တို့​သည်​ထို​ပြည်​တွင်​သေ​ရ ကြ​လိမ့်​မည်။-
JER 22:27 မိ​မိ​တို့​မျှော်​မှန်း​တမ်း​တ​သည့်​ပြည်​သို့ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လာ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JER 22:28 ယေ​ရ​မိ​က``ယေ​ခေါ​နိ​သည် အ​ဘယ်​သူ​မျှ အ​လို​မ​ရှိ​၍​စွန့်​ပစ်​လိုက်​သော အိုး​ကွဲ​ကဲ့ သို့​ဖြစ်​၍​နေ​ပါ​ပြီ​လော။ ထို​ကြောင့်​သူ​နှင့် သူ​၏​သား​သ​မီး​များ​သည် မိ​မိ​တို့​မ​သိ ဘူး​သည့်​ပြည်​သို့​အ​နှင်​ခံ​ရ​ကြ​ပါ သ​လော။''
JER 22:29 အို ပြည်​တော်၊ အို ပြည်​တော်၊ အို ပြည်​တော်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် လော့။
JER 22:30 ``ဤ​သူ​သည်​သား​မဲ့​သ​မီး​မဲ့​သူ​ဟူ​၍ အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ပြီ။ အ​ဘယ်​အ​ခါ​၌​မျှ​မ​အောင်​မြင်​သူ​ဟူ​၍​ဖြစ် လိမ့်​မည်။ ဒါ​ဝိဒ်​မင်း​ကို​ဆက်​ခံ​ရန်​ယုဒ​ပြည်​တွင်​စိုး​စံ နိုင်​မည့် သား​မြေး​များ​ကို​မ​ရ​ရှိ​နိုင်​ဖြစ်​ရ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​လေ​ပြီ။
JER 23:1 ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖျက်​ဆီး​၍​ကွဲ လွင့်​စေ​သည့်​မင်း​စိုး​ရာ​ဇာ​များ​အ​ပေါ်​သို့ ထာ ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​မည့်​တ​ရား​စီ​ရင် ချက်​သည်​အ​ဘယ်​မျှ​ကြောက်​လန့်​ဖွယ်​ကောင်း လိမ့်​မည်​နည်း။-
JER 23:2 ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရ​မည့်​မင်း​စိုး​ရာ​ဇာ​တို့​အား ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​မ​ကြည့်​ရှု​ခဲ့၊ ငါ​၏​လူ​မျိုး​တော်​ကို နှင်​ထုတ်​ကွဲ​လွင့်​စေ​ခဲ့​ကြ​၏။ ယင်း​သို့​သင် တို့​ပြု​သည့်​မ​ကောင်း​မှု​များ​အ​တွက်​ငါ သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။''-
JER 23:3 ``ငါ​သည်​ငါ​၏​လူ​မျိုး​တော်​အား​ကွဲ​လွင့်​စေ ခဲ့​သည့်​တိုင်း​ပြည်​များ​မှ​သိမ်း​၍ သူ​တို့​၏ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​သည် သား​သ​မီး​များ​စွာ​ထွန်း​ကား​လျက်​လူ ဦး​ရေ​တိုး​ကြ​လိမ့်​မည်။-
JER 23:4 ငါ​သည်​သူ​တို့​အား​စောင့်​ထိန်း​ရန်​အုပ်​ချုပ် သူ​များ​ခန့်​ထား​မည်။ ငါ​၏​လူ​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​ရ​တော့ မည်​မ​ဟုတ်။ ငါ​သည်​နောက်​တစ်​ဖန်​သူ​တို့ အား​ဒဏ်​ခတ်​တော့​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 23:5 ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​၏​ဖြောင့်​မတ်​သော သား​မြေး​တစ်​ဦး​ကို မင်း​အ​ဖြစ်​ငါ​ရွေး​ချယ် ခန့်​ထား​မည့်​အ​ချိန်​ဧ​ကန်​အ​မှန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​မင်း​သည်​ပ​ညာ​ဉာဏ်​နှင့်​အုပ် စိုး​၍​တိုင်း​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မှန် တ​ရား​အ​တိုင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​လိမ့် မည်။-
JER 23:6 ထို​မင်း​နန်း​စံ​ချိန်​၌​ယု​ဒ​ပြည်​သား​တို့​သည် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လျက်၊ ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထို​မင်း​၏​ဘွဲ့ နာ​မ​ကို``ငါ​တို့​အား​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ လိမ့်​မည်။
JER 23:7 ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​သည့်​အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည် ကျိန်​ဆို​မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။-
JER 23:8 သူ​တို့​သည်​ယင်း​သို့​ကျိန်​ဆို​မည့်​အ​စား၊ ငါ့ အား​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​မြောက် ဘက်​ပြည်​မှ​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ကွဲ လွင့်​စေ​ရာ​အ​ခြား​ပြည်​အ​ပေါင်း​မှ​လည်း ကောင်း ပြန်​လည်​ခေါ်​ဆောင်​လာ​သည့်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင် ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
JER 23:9 ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်း ငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။
JER 23:10 ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​အား သစ္စာ​မဲ့​သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။ သူ​တို့​သည်​မ​သ​မာ​သော​အ​မှု​များ​ကို ပြု​ကျင့်​လျက် မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​ကို​အ​လွဲ​သုံး​စား ပြု​ကြ​၏။ ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ကျိန်​စာ​သင့်​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း လျက်၊တိရစ္ဆာန် စား​ကျက်​သည်​လည်း​ခြောက်​သွေ့​လျက်​နေ​၏။
JER 23:11 ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​တွင်​ဘု​ရား​တရား​မ​ရှိ တော့​ပြီ။ ဗိ​မာန်​တော်​ထဲ​၌​ပင်​သူ​တို့​မ​ကောင်း​မှု​ပြု ကျင့် ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။
JER 23:12 သူ​တို့​လိုက်​လျှောက်​သည့်​လမ်း​သည်​ချော ကျိ​ကျိ​နှင့် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ ငါ​သည်​လည်း​သူ​တို့​အား​ခြေ​ချော်​၍​လဲ စေ​မည်။ သူ​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ သည် ကျ​ရောက်​လာ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
JER 23:13 ရှ​မာ​ရိ​မြို့​မှ​ပ​ရော​ဖက်​များ​၏​ရွံ​ရှာ​ဖွယ် အ​ဖြစ်​ကို ငါ​တွေ့​မြင်​ရ​လေ​ပြီ။ သူ​တို့​သည်​ဗာ​လ​ဘု​ရား​၏​နာ​မ​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကာ​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အား လမ်း​လွဲ​စေ​ကြ​လေ​ပြီ။
JER 23:14 သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​က​မူ ထို​သူ​တို့​ထက်​ပင်​ပို​၍​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ သည်​ကို တွေ့​မြင်​ရ​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မု​သား​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​က​လူ​တို့​အား​အ​မှား​ကို​ပြု​ကျင့်​ရန် အား​ပေး​ကူ​ညီ​ကြ​သ​ဖြင့် အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သည့်​မ​ကောင်း​မှု​များ ကို မ​ရပ်​စဲ​ကြ​တော့​ပေ။ ထို​သူ​အ​ပေါင်း​တို့​သည်​သော​ဒုံ​မြို့​သား များ​နှင့်​တူ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သူ​မြို့​သား​များ​ကဲ့​သို့​ပင် ဆိုး​ညစ်​ယုတ်​မာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
JER 23:15 သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​နှင့် ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``သူ​တို့​အား ဒေါ​န​ပင်​များ​ကို​ငါ​ကျွေး​မည်။ အ​ဆိပ်​ပါ​သော​ရေ​ကို​လည်း​သောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပြည်​တော် တစ်​ဝှမ်း​လုံး​တွင်၊ ဘု​ရား​မဲ့​တ​ရား​မဲ့​သော​အ​မှု​များ​ကို​ပျံ့​နှံ့​စေ ကြ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​ဖြစ်​ပါ​၏။
JER 23:16 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား``ပ​ရော​ဖက်​များ သည်​သင်​တို့​အား​အ​ချည်း​နှီး​မျှော်​လင့်​လျက် နေ​စေ​ကြ​သည်​ဖြစ်​၍ သူ​တို့​ဟော​ပြော​သည့် စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မိ​မိ​တို့​စိတ်​ထဲ​ထင်​မြင်​သည့်​အ​ရာ​များ​ကို ဟော​ပြော​ကြ​၏။ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။-
JER 23:17 သူ​တို့​သည်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း ဆန်​သူ​တို့​အား`သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် ဆို​သည်' ဟု​အ​ဖန်​တစ်​လဲ​လဲ​ဟော​ပြော​ကြ​၏။ ခေါင်း​မာ​သူ​အ​ပေါင်း​တို့​အား​လည်း`သင်​တို့ အ​ပေါ်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
JER 23:18 ငါ​က``ဤ​ပ​ရော​ဖက်​များ​အ​နက်​အ​ဘယ်​သူ မျှ ထာ​ဝ​ရ​ဘု​ရား​၏​လျှို့​ဝှက်​သော​အ​ကြံ အ​စည်​တော်​တို့​ကို​သိ​ရှိ​သည်​ဟူ​၍​မ​ရှိ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​ဗျာ​ဒိတ်​တော် ကို​ကြား​သည်၊ နား​လည်​သည်​ဟူ​၍​မ​ရှိ​ကြ။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​နား မ​ထောင်။ ပ​မာ​ဏ​လည်း​မ​ပြု​ကြ။-
JER 23:19 ကိုယ်​တော်​၏​အမျက်​တော်​သည်​လူ​ယုတ်​မာ​တို့ ၏​ဦး​ခေါင်း​ထက်​တွင်​တိုက်​ခတ်​သည့်​လေ​ပြင်း မုန်​တိုင်း​နှင့်​တူ​၏။-
JER 23:20 ထို​အ​မျက်​တော်​သည်​ကိုယ်​တော်​ကြံ​စည်​တော် မူ​သ​မျှ​သော​အ​မှု​များ​မ​ပြီး​မ​ချင်း​ပြေ ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ် တော်​၏​လူ​မျိုး​တော်​သည် လာ​လတ္တံ့​သော​နေ့ ရက်​များ​၌​သိ​ရှိ​နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
JER 23:21 ထာ​ဝ​ရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​တို့​သည် ငါ မ​စေ​လွှတ်​သော်​လည်း​ထွက်​သွား​ကြ​၏။ သူ​တို့ အား​အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ​ငါ​မ​ပေး​သော် လည်း သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဟော​ပြော​ကြ​၏။-
JER 23:22 အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တော်​တို့​ကို​သာ​သိ​ရှိ​ကြ မည်​ဆို​ပါ​မူ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ငါ့​လူ မျိုး​တော်​အား​ဟော​ပြော​ကြေ​ညာ​ကာ သူ​တို့ ၏​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​နှင့်​သူ​တို့​ပြု သည့်​ယုတ်​မာ​မှု​များ​ကို​စွန့်​ပစ်​စေ​နိုင်​ကြ လိမ့်​မည်။
JER 23:23 ``ငါ​သည်​အ​နီး​၌​သာ​ရှိ​သည်​မ​ဟုတ်။ အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​သော​ဘု​ရား​ဖြစ်​ပေ သည်။-''
JER 23:24 ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''
JER 23:25 `ငါ​အိပ်​မက်​မက်​သည်၊ ငါ​အိပ်​မက်​မက်​သည်' ဟု မိ​မိ​တို့​အိပ်​မက်​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြား​ရ​ပါ​သည်​ဟု ငါ့​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​လိမ်​လည်​ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့​၏ စ​ကား​ကို​ငါ​သိ​၏။-
JER 23:26 ဤ​ပရော​ဖက်​များ​သည်​မိ​မိ​တို့​လုပ်​ကြံ​ပြော ဆို​သည့်​မု​သား​စ​ကား​များ​ဖြင့် ငါ​၏​လူ​မျိုး တော်​အား​အ​ဘယ်​မျှ​ကြာ​ကြာ​ဆက်​လက် လမ်း​လွဲ​စေ​ကြ​မည်​နည်း။-
JER 23:27 မိ​မိ​တို့​ဘိုး​ဘေး​များ​သည်​ငါ့​ကို​မေ့​လျော့ ကာ ဗာ​လ​ဘု​ရား​ကို​ဆည်း​ကပ်​ခဲ့​ကြ​သ​ကဲ့ သို့​သူ​တို့​သည် မိ​မိ​တို့​ဟော​ပြော​သည့်​အိပ် မက်​များ​က ငါ​၏​လူ​မျိုး​တော်​အား​ငါ့​ကို မေ့​လျော့​စေ​နိုင်​လိမ့်​မည်​ဟု​သူ​တို့​ထင်​မှတ် ကြ​၏။-
JER 23:28 အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-
JER 23:29 ငါ​၏​ဗျာ​ဒိတ်​တော်​သည်​မီး​နှင့်​တူ​၍​ကျောက် ကို​ထု​ခွဲ​နိုင်​သည့်​တူ​နှင့်​တူ​၏။-
JER 23:30 မိ​မိ​တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​သည့်​စ​ကား များ​ကို ငါ​၏​ဗျာ​ဒိတ်​တော်​ကဲ့​သို့​ပြန်​ကြား​ပြော ဆို​သည့်​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင်​ဘက်​ပြု မည်။-
JER 23:31 မိ​မိ​တို့​၏​စ​ကား​ကို​ငါ့​စ​ကား​ကဲ့​သို့​ပြော ဆို​သည့် ပ​ရော​ဖက်​တို့​ကို​လည်း​ဆန့်​ကျင်​ဘက် ပြု​မည်။-
JER 23:32 ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 23:33 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ ငါ ၏​လူ​မျိုး​တော်​အ​နက်​မှ​တစ်​စုံ​တစ်​ယောက် သော​သူ​က​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​သို့ မ​ဟုတ် ယဇ်​ပု​ရော​ဟိတ်​က​သော်​လည်း​ကောင်း သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား အ​ဘယ်​နည်း' ဟု​မေး​သော​အ​ခါ`ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​သင့်​ကို​ဖယ်​ရှား​တော် မူ​လိမ့်​မည်' ဟု​ဖြေ​ကြား​လော့။-
JER 23:34 အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-
JER 23:35 သူ​သည်​ထို​သို့​ပြော​ဆို​မည့်​အ​စား မိ​မိ​၏ အ​သိ​မိတ်​ဆွေ​များ​နှင့်​ဆွေ​မျိုး​ညာ​တိ​တို့ အား`ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ဖြေ​ကြား တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​အ​ဘယ်​သို့ မိန့်​တော်​မူ​ပါ​သနည်း' ဟူ​၍​မေး​မြန်း​ရာ​၏။-
JER 23:36 သို့​ဖြစ်​၍`ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို နောက်​တစ်​ဖန်​ထို​သူ​တို့ မ​ပြော​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​တစ် စုံ​တစ်​ယောက်​သော​သူ​သည်​ဤ​သို့​ပြော​ဆို ပါ​က၊ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ယင်း​သို့​ပြော ဆို​သူ​အ​တွက်​အ​ကယ်​ပင်​ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​စေ​မည်။ လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်၊ အ​သက်​ရှင်​တော်​မူ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား တော်​ကို အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ် စေ​ကြ​လေ​ပြီ။-
JER 23:37 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​ဘယ် သို့​ဖြေ​ကြား​တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော် အ​ဘယ်​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​ပါ​သ​နည်း' ဟု​ပ​ရော​ဖက်​တို့​အား​မေး​မြန်း​ရန်​ထာ​ဝ​ရ ဘု​ရား​က​ယေ​ရ​မိ​အား​မိန့်​တော်​မူ​၏။-
JER 23:38 အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ``ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန် ပိုး'' ဟူ​သော​စ​ကား​ကို​သုံး​သော​သူ​တို့ အား​ဤ​သို့​ပြော​ကြား​လော့။-
JER 23:39 ငါ​သည်​သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​ဘိုး​ဘေး များ​အား ပေး​အပ်​ခဲ့​သည့်​မြို့​ကို​ကောက်​ယူ​၍ အ​ဝေး​သို့​ပစ်​ထုတ်​မည်။-
JER 23:40 သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​ပျောက်​၍ မ​ရ​နိုင်​သော ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​အ​ရှက် ကွဲ​မှု​ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 24:1 ထာ​ဝ​ရ​ဘု​ရား​သည် ဗိ​မာန်​တော်​ရှေ့​တွင်​ချ ထား​သည့်​သင်္ဘော​သ​ဖန်း​သီး​တောင်း​နှစ်​လုံး ကို​ငါ့​အား​ပြ​တော်​မူ​၏။ (ဤ​အ​ချိန်​အ​ခါ မှာ​ဗာ​ဗု​လုန်​ဘု​ရင်၊ နေ​ဗု​ခဒ်​နေ​ဇာ​သည် ယော​ယ​ကိမ်​၏​သား ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​ယု​ဒ​ခေါင်း​ဆောင်​များ၊ လက်​မှု​ပညာ​သည် များ​နှင့်​ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ နှင့်​အ​တူ​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​ပြီး​သော​အ​ခါ​ဖြစ်​၏။-)
JER 24:2 ပ​ထ​မ​တောင်း​တွင်​စော​စော​မှည့်​သည့်​သင်္ဘော သ​ဖန်း​သီး​များ​ရှိ​၏။ အ​ခြား​တောင်း​တွင် မူ​ကား​စား​၍​မ​ရ​နိုင်၊ ပုပ်​နေ​သော​သင်္ဘော သ​ဖန်း​သီး​များ​ရှိ​လေ​သည်။-
JER 24:3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ သင်​အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု​မေး တော်​မူ​၏။ ငါ​က​လည်း``သင်္ဘော​သ​ဖန်း​သီး​များ​ကို​မြင် ပါ​သည်။ ကောင်း​သော​သင်္ဘော​သ​ဖန်း​သီး​များ သည် အ​လွန်​ကောင်း​၍​ပုပ်​သော​သင်္ဘော​သ​ဖန်း သီး​များ​မှာ​စား​၍​မ​ရ​နိုင်​လောက်​အောင်​ပုပ် ၍​နေ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
JER 24:4 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် ငါ့​ထံ​သို့​ရောက်​လာ​၏``ဗာ​ဗု​လုန်​မြို့​သို့​လိုက် ပါ​သွား​ရ​သူ​တို့​သည်​သင်္ဘော​သ​ဖန်း​သီး ကောင်း​များ​နှင့်​တူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ရှု​မှတ်​ကာ​ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​နှင့် ဆက်​ဆံ​မည်။-
JER 24:6 သူ​တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​၍​ဤ​ပြည်​သို့ ပြန်​လည်​ခေါ်​ဆောင်​လာ​မည်။ ငါ​သည်​သူ​တို့ အား​ဖြို​၍​မ​ပစ်​ဘဲ​တည်​ဆောက်​၍​ပေး​မည်။ ဆွဲ​နုတ်​၍​မ​ပစ်​ဘဲ​စိုက်​ပျိုး​၍​ပေး​မည်။-
JER 24:7 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သိ​ရှိ​လို​သော​စိတ်​နှ​လုံး​ကို​သူ​တို့​အား​ငါ ပေး​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ​၏​လူ​မျိုး တော်​ဖြစ်​လျက် ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ သည်​စိတ်​ပါ​လက်​ပါ ငါ​၏​ထံ​သို့​ပြန်​လာ ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။
JER 24:8 ``ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏​အ​ခြွေ​အ​ရံ မှူး​မတ်​များ​နှင့် ဤ​ပြည်​တွင်​ကျန်​ရစ်​ခဲ့​သူ သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​သို့​ပြောင်း​ရွှေ့​သွား သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​မူ​ကား ငါ ထာ​ဝ​ရ​ဘု​ရား​သည်​စား​၍​မ​ရ​နိုင်​လောက် အောင်​ပုပ်​နေ​သည့်​သ​င်္ဘော​သ​ဖန်း​သီး​များ ကဲ့​သို့​ရှု​မှတ်​မည်။-
JER 24:9 ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​ထိတ် လန့်​တုန်​လှုပ်​သွား​လောက်​အောင် ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ သူ​တို့​အား​လူ​တို့​သည်​ပြက် ရယ်​ပြု​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​ကြောင်း ကို​ပြက်​လုံး​ထုတ်​လျက်​သ​ရော်​ပြော​ဆို ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ကွဲ​လွင့်​စေ သည့်​အ​ရပ်​မှန်​သ​မျှ​တို့​၌​လည်း သူ​တို့ ၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ​ရာ​တွင် အ​သုံး​ပြု​ကြ​လိမ့်​မည်။-
JER 24:10 သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​အား​ငါ ပေး​အပ်​ခဲ့​သည့်​ပြည်​တွင် သူ​တို့​တစ်​စုံ​တစ် ယောက်​မျှ​မ​ကြွင်း​မ​ကျန်​တော့​သည့်​တိုင် အောင် ငါ​သည်​သူ​တို့​အ​ပေါ်​သို့​စစ်​မက်​ဘေး အန္တ​ရာယ်​ကို​လည်း​ကောင်း၊ အ​စာ​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး ကို​လည်း​ကောင်း​သက်​ရောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
JER 25:1 ယော​ရှိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌ ယေ​ရ​မိ​သည်​ယု​ဒ​ပြည်​သူ​အ ပေါင်း​တို့​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ထံ တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​လေ​သည်။ (ထို​နှစ်​ကား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ၏​နန်း​စံ​ပ​ထ​မ​နှစ်​ဖြစ်​လေ​သ​တည်း။)-
JER 25:2 ပ​ရော​ဖက်​ယေ​ရ​မိ​က​ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​အား၊-
JER 25:3 ``ထာ​ဝ​ရ​ဘု​ရား​သည်​အာ​မုန်​၏​သား​ယု​ဒ ဘု​ရင်​ယော​ရှိ​နန်း​စံ​တစ်​ဆယ့်​သုံး​နှစ်​မြောက် မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​နှစ်​ဆယ့်​သုံး နှစ်​ပတ်​လုံး​ငါ့​အား​ဗျာ​ဒိတ်​ပေး​လျက်​နေ တော်​မူ​ခဲ့​၏။ ငါ​သည်​လည်း​ကိုယ်​တော်​၏ ဗျာ​ဒိတ်​တော်​များ​ကို သင်​တို့​အား​ပြန်​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ပ​မာ​ဏ​မ​ပြု ခဲ့​ကြ။-
JER 25:4 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဖန်​တ​လဲ​လဲ မိ​မိ ၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​ခဲ့​သော်​လည်း သင်​တို့ သည်​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ပ​မာ​ဏ​လည်း​မ​ပြု​လို​ကြ။-
JER 25:5 သင်​တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​များ​အား အ​ပြီး​အ​ပိုင် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​ခဲ့​သည့်​ပြည်​တော်​တွင်​နေ​ထိုင်​ကြ​စေ​ရန် ထို​ပ​ရော​ဖက်​တို့​သည်​သင်​တို့​လိုက်​လျှောက် လျက်​ရှိ​သည့်​လမ်း​စဉ်​နှင့်​ပြု​ကျင့်​လျက်​ရှိ သည့်​မ​ကောင်း​မှု​တို့​ကို​ရှောင်​ကြဉ်​ရန်​ပြော ကြား​ခဲ့​ကြ​၏။-
JER 25:6 သူ​တို့​သည်​သင်​တို့​အား​အ​ခြား​ဘုရား​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​မှု​မ​ပြု​ကြ​ရန်​ကို​လည်း ကောင်း၊ သင်​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​မှု​မ​ပြု​ကြ​ရန် ကို​လည်း​ကောင်း​ပြော​ကြား​ခဲ့​ကြ​၏။ အ​ကယ် ၍​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​သာ နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ကိုယ်​တော်​သည် သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်။-
JER 25:7 သို့​ရာ​တွင်​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​မိန့်​တော်​မူ​ပြီ။ သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​မည့်​အ​စား မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် အ​မျက်​တော်​ကို​လှုံ့​ဆော်​ကာ ကိုယ်​တော်​ပေး တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​မိ​မိ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​ကြ​လေ​ပြီ။
JER 25:8 ``ထို့​ကြောင့်​သင်​တို့​သည် ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​လို​ကြ​သ​ဖြင့် အ​နန္တ​တန်​ခိုး ရှင်​ထာဝ​ရ​ဘု​ရား​က၊-
JER 25:9 `ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-
JER 25:10 ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် ကြ​သည့်​အ​သံ​များ​နှင့် မင်္ဂ​လာ​ဆောင်​ပွဲ​အ​သံ များ​ကို​လည်း​ကောင်း၊ ကျိတ်​ဆုံ​ကျောက်​လှည့် သည့်​အ​သံ​များ​ကို​လည်း​ကောင်း​ဆိတ်​သုဉ်း စေ​မည်။ ထို့​ပြင်​မီး​ခွက်​များ​ကို​လည်း​ငါ ငြိမ်း​သတ်​မည်။-
JER 25:11 ဤ​ပြည်​တစ်​ခု​လုံး​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​ကာ ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​ဖွယ်​ရာ ဖြစ်​လိမ့်​မည်။ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​လည်း အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင်​ဗာ ဗု​လုန်​ဘုရင်​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
JER 25:12 ထို​နောက်​ငါ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နှင့်​ပြည်​သူ တို့​အား မိ​မိ​တို့​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ဆုံး​မ​မည်။ သူ​တို့​၏​ပြည်​ကို​ဖျက်​ဆီး​ကာ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​စေ​မည်။-
JER 25:13 ငါ​သည်​ထို​လူ​မျိုး​အား​ယ​ခင်​က​ခြိမ်း​ခြောက် ခဲ့​သည့်​အ​တိုင်း​လူ​မျိုး​တ​ကာ​တို့​အား ယေ ရ​မိ​ပြန်​ကြား​ခဲ့​သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့် လည်း​ကောင်း၊ ဤ​စာ​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ သည့်​အ​ပြစ်​ဒဏ်​များ​ဖြင့်​လည်း​ကောင်း ဆုံး​မ​မည်။-
JER 25:14 များ​စွာ​သော​လူ​မျိုး​တို့​နှင့်​တန်​ခိုး​ကြီး​သည့် ဘု​ရင်​များ​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ သည်​လည်း​သူ​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သည့် အ​မှု​များ​၏ ဆိုး​ကျိုး​ကို​ခံ​စေ​မည်' '' ဟု မိန့်​တော်​မူ​၏။
JER 25:15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ငါ​၏ အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ​သည့်​ဤ​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ငါ့​ထံ​မှ​ယူ​၍ သင့်​အား ငါ​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​တ​ကာ​တို့ ကို​တိုက်​ခိုက်​လော့။-
JER 25:16 ထို​အ​မျက်​တော်​ရည်​ကို​သောက်​ကြ​သော​အ​ခါ သူ​တို့​သည်​ငါ​စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ် ကြောင့် မူး​ယစ်​ယိမ်း​ယိုင်​ကာ​ရူး​သွပ်​၍​သွား​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 25:17 သို့​ဖြစ်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​မှ​ခွက်​ဖ​လား​ကို​ယူ​၍ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​သည့်​လူ​မျိုး​အ​ပေါင်း တို့​အား​အ​မျက်​တော်​ရည်​ကို​တိုက်​၏။-
JER 25:18 ယု​ဒ​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​မြို့​ရှိ​သ​မျှ​တို့​သည် ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​တုန်​လှုပ်​ဖွယ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လျက် ယင်း​တို့​၏​အ​မည်​နာ​မ သည်​လည်း​လူ​တို့​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု သည့်​စ​ကား​အ​သုံး​အ​နှုန်း​ဖြစ်​လာ​စေ​ရန် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ ယ​ခု​အ​ခါ​ထို​မြို့​တို့​သည်​ယင်း​အ​တိုင်း ပင်​ဖြစ်​ပျက်​လျက်​ရှိ​ပေ​သည်။
JER 25:19 စ​ပျစ်​ရည်​ခွက်​ဖ​လား​မှ​အ​မျက်​တော်​ရည် ကို​သောက်​ရ​ကြ​သည့်​အ​ခြား​သူ​များ​၏ စာ​ရင်း​မှာ၊ အီ​ဂျစ်​ဘု​ရင်​မှူး​မတ်​များ​နှင့်​ခေါင်း​ဆောင်​များ၊ အီ​ဂျစ်​အ​မျိုး​သား​များ​နှင့်​အီ​ဂျစ်​ပြည်​ရှိ လူ​မျိုး​ခြား​ရှိ​သ​မျှ၊ ဥ​ဇ​ပြည်​မင်း​အ​ပေါင်း၊ ဖိ​လိတ္တိ​ပြည်​ရှိ​အာ​ရှ​ကေ​လုန်​မြို့၊​ဂါ​ဇ​မြို့၊ ဧ​ကြုန်​မြို့​တို့​မှ​ဘု​ရင်​အ​ပေါင်း​နှင့်​အာ​ဇုတ် မြို့​သား အ​ကြွင်း​အ​ကျန်​ရှိ​သ​မျှ၊ ဧ​ဒုံ​ပြည်၊မော​ဘ​ပြည်​နှင့်​အမ္မုန်​ပြည်​သား အ​ပေါင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​ဘု​ရင်​အ​ပေါင်း၊ ပင်​လယ်​ရပ်​ခြား​မြေ​ထဲ​ပင်​လယ်​ဒေ​သ​တွင် အုပ်​စိုး​သည့်​ဘု​ရင်​အ​ပေါင်း၊ ဒေ​ဒန်​မြို့၊တေ​မ​မြို့​နှင့်​ဗု​ဇ​မြို့​တို့​မှ မြို့​သူ​မြို့​သား​အ​ပေါင်း၊ န​ဖူး​ပေါ်​မှ​ဆံ​ပင်​တို​ညှပ်​သူ​မှန်​သ​မျှ၊ အာ​ရပ်​ဘု​ရင်​အ​ပေါင်း၊ သဲ​ကန္တာ​ရ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​တို့​အား အ​စိုး​ရ​သည့်​ဘု​ရင်​အ​ပေါင်း၊ ဇိ​မ​ရိ​ပြည်၊ဧ​လံ​ပြည်​နှင့်​မေ​ဒိ​ပြည်​ဘု​ရင် အ​ပေါင်း​နှင့် မြောက်​ဘက်​ရှိ​ရပ်​နီး​ရပ်​ဝေး​မှ​ဘု​ရင် အ​ပေါင်း​တို့ ဖြစ်​ကြ​၏။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ထို​အ​မျက်​တော်​ရည်​ကို​သောက်​ရ​ကြ​၏။ နောက်​ဆုံး​သောက်​ရ​မည့်​သူ​မှာ​ဗာ​ဗု​လုန် ဘု​ရင်​ဖြစ်​ပေ​သည်။
JER 25:27 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မူး ယစ်​အော့​အန်​သည့်​တိုင်​အောင်၊ သူ​တို့​ထံ​သို့​ငါ စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ်​ကြောင့်​ပြို​လဲ​၍ မ​ထ​နိုင်​သည့်​တိုင်​အောင်​အ​မျက်​တော်​ရည် ကို​သောက်​ကြ​ရန်​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့။-
JER 25:28 အ​ကယ်​၍​သူ​တို့​သည်​သင်​၏​လက်​မှ​ခွက် ဖ​လား​ကို​ယူ​၍​သောက်​ရန်​ငြင်း​ဆန်​နေ​ကြ ပါ​မူ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က သူ​တို့​အား​အ​သောက်​ခိုင်း​တော်​မူ​ကြောင်း ပြော​ကြား​လော့။-
JER 25:29 ငါ​သည်​ဖျက်​ဆီး​ရန်​လုပ်​ငန်း​ကို​ငါ​၏​နာ​မ တော်​ကို​ဆောင်​သော​မြို့​တော်​မှ​အ​စ​ပြု​မည်။ ထို​မြို့​သား​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ တော့​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​ကြ​သ​လော။ ငါ​သည်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​စစ်​မက်​အန္တ​ရာယ်​ကို​စေ​လွှတ်​မည် ဖြစ်​၍ သူ​တို့​သည်​အ​မှန်​ပင်​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
JER 25:30 ``အ​သင်​ယေ​ရ​မိ၊ သင်​သည်​ငါ​၏​ဗျာ​ဒိတ်​တော် မှန်​သ​မျှ​ကို ဤ​သူ​တို့​အား​ပြော​ကြား​ကြေ ညာ​ရ​မည်​မှာ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​တော်​မူ​သော အိမ်​တော်​မှ နေ​၍​မိုး​ချုန်း​သံ​ပြု​တော်​မူ​လိမ့်​မည်။ အ​ထက်​ဘဝဂ်​မှ​နေ​၍​မြည်​ဟိန်း​သံ​ပြု​တော် မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ဟိန်း​ဟောက်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​စ​ပျစ်​သီး​နယ်​သော​သူ​ကဲ့​သို့ အော်​ဟစ်​တော်​မူ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​အော်​ဟစ် လိမ့်​မည်။
JER 25:31 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား စွဲ​ချက်​တင်​တော်​မူ​မည်။ ကိုယ်​တော်​၏​အ​သံ​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း တိုင်​အောင်​ပဲ့​တင်​ထပ်​၍​သွား​လိမ့်​မည်။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး စီ​ရင်​တော်​မူ​၍ သူ​ယုတ်​မာ​တို့​အား​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏' ဟု​ပြော​ကြား​လော့'' ဟူ​၍​ဖြစ်​၏။
JER 25:32 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဘေး အန္တ​ရာယ်​ဆိုး​သည် တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ သို့​ကူး​စက်​၍​လာ​လိမ့်​မည်။ လေ​မုန်​တိုင်း​ကြီး သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​တိုက်​ခတ်​လာ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။-
JER 25:33 ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ကွပ်​မျက်​တော်​မူ​သော​သူ​တို့​၏​အ​လောင်း များ​သည် ကမ္ဘာ​မြေ​ပြင်​တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့ လျက်​နေ​လိမ့်​မည်။ သူ​တို့​အ​တွက်​အ​ဘယ်​သူ​မျှ ဝမ်း​နည်း​ပူ​ဆွေး​မှု​ပြု​လိမ့်​မည်​မ​ဟုတ်။ အ​လောင်း များ​ကို​လည်း​ယူ​၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ ယင်း​တို့​သည်​နောက်​ချေး​ပုံ​များ​ကဲ့​သို့​မြေ ပေါ်​တွင်​ရှိ​နေ​လိမ့်​မည်။
JER 25:34 အ​သင်​ခေါင်း​ဆောင်​တို့၊ အော်​ဟစ်​ငို​ယို​ကြ​လော့။ ငါ​၏​လူ​မျိုး​တော်​ကို​ထိန်း​သော​သိုး​ထိန်း​တို့၊ ကျယ်​စွာ​အော်​ဟစ်​ကြ​လော့။ ဝမ်း​နည်း​ပူ​ဆွေး လျက်​မြေ​မှုန့်​တွင်​လူး​လှိမ့်​ကြ​လော့။ အ​သတ် ခံ​ရ​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည်​သိုး​ထီး​များ​ကဲ့​သို့​အ​သတ်​ခံ ရ​ကြ​လိမ့်​မည်။-
JER 25:35 သင်​တို့​အ​ဖို့​ချမ်း​သာ​ရ​ရန်​လမ်း​ရှိ​လိမ့်​မည် မ​ဟုတ်။
JER 25:36 သင်​တို့​သည်​ညည်း​တွား​အော်​ဟစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​၏​နိုင်​ငံ​များ​ကို အ​မျက်​တော် ဖြင့်​ဖျက်​ဆီး​ကာ​သူ​တို့​၏​ငြိမ်း​ချမ်း​သာ ယာ​သည့်​ပြည်​ကို​ယို​ယွင်း​ပျက်​စီး​လျက် နေ​စေ​တော်​မူ​လေ​ပြီ။
JER 25:38 ခြင်္သေ့​သည်​မိ​မိ​၏​ဂူ​ကို​စွန့်​ပစ်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​အား စွန့်​ပစ်​တော်​မူ​လေ​ပြီ။ ကြောက်​မက်​ဖွယ်​ကောင်း သည့်​စစ်​မက်​အန္တ​ရာယ်​နှင့်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ကြောင့် သူ​တို့​၏​ပြည်​သည် သဲ​က​န္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လေ ပြီ။
JER 26:1 ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား ယော​ယ​ကိမ် နန်း​တက်​ပြီး​နောက်​များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-
JER 26:2 ဤ​သို့​မိန့်​တော်​မူ​၏။ ``ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ရပ်​ပြီး​လျှင် ထို​အ​ရပ်​သို့​ယု​ဒ မြို့​များ​မှ​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​လူ​တို့ အား ငါ​မိန့်​မှာ​သ​မျှ​သော​စ​ကား​တို့​ကို​ပြော ကြား​လော့။ တစ်​ခွန်း​တစ်​လေ​ကို​မျှ​ချန်​မ ထား​နှင့်။-
JER 26:3 လူ​တို့​သည်​နား​ထောင်​၍​မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​ဤ​သို့​စွန့်​ပစ်​ကြ​ပါ မူ​ငါ​သည်​သူ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သုတ်​သင်​ဖျက်​ဆီး​ရန်​အ​ကြံ​အ​စည်​တော် နှင့်​ပတ်​သက်​၍​စိတ်​တော်​ပြောင်း​လဲ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။
JER 26:4 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား​ဆင့်​ဆို​ရန် ငါ့​အား​မိန့်​တော်​မူ​သည်​မှာ``ထာ​ဝ​ရ​ဘု​ရား က​သင်​တို့​သည်​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ များ​ကို​လိုက်​နာ​ကျင့်​သုံး​ကာ​ငါ​၏​စ​ကား ကို​နား​ထောင်​ရ​ကြ​မည်။-
JER 26:5 သင်​တို့​ထံ​သို့​ထပ်​ကာ​ထပ်​ကာ​ငါ​စေ​လွှတ် သည့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​ပ​မာ​ဏ​ပြု​ရ​ကြ​မည်။ သင်​တို့​သည်​သူ တို့​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ​နား မ​ထောင်​ခဲ့​ကြ။-
JER 26:6 သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။
JER 26:7 ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ပြည် သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ငါ​ဆင့် ဆို​ဟော​ပြော​သည့်​ထို​စ​ကား​တို့​ကို​ကြား ကြ​၏။-
JER 26:8 မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ငါ​ပြန်​ကြား​ပြော​ဆို​ပြီး​သည်​နှင့်​တစ်​ပြိုင် နက်​သူ​၏​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ နှင့်​ပြည်​သူ​တို့​သည်​ငါ့​အား​ဆွဲ​ကိုင်​ဖမ်း​ဆီး ကာ``သင်​သည်​ဤ​စ​ကား​တို့​ကို​ပြော​ဆို​သည့် အ​တွက်​သေ​ဒဏ်​ခံ​ထိုက်​၏။-
JER 26:9 အ​ဘယ်​ကြောင့်​ဗိ​မာန်​တော်​သည်​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ဤ​မြို့​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​၍​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လိမ့်​မည်​ဟူ​၍​လည်း​ကောင်း သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​အ​မှီ​ပြု​၍​ပြော​ဆို ပါ​သ​နည်း'' ဟု​ဟစ်​အော်​ကြ​၏။ ထို​နောက် လူ​တို့​သည်​ဗိ​မာန်​တော်​အ​တွင်း​၌​စု​ရုံး​၍ ငါ့​အား​ဝိုင်း​ရံ​ထား​ကြ​၏။
JER 26:10 ယု​ဒ​ခေါင်း​ဆောင်​များ​သည် ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ ဘု​ရင် နန်း​တော်​မှ​လာ​၍​ဗိ​မာန်​တော်​တံ​ခါး​သစ် အ​ဝင်​ဝ​၌​နေ​ရာ​ယူ​ကြ​၏။-
JER 26:11 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် တို့​က​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား``ဤ သူ​သည်​ငါ​တို့​၏​မြို့​ကို​ဆန့်​ကျင်​ပြော​ဆို​သ​ဖြင့် သေ​ဒဏ်​ခံ​ထိုက်​ပေ​သည်။ သူ​ပြော​ဆို​သည့်​စ​ကား ကို​သင်​တို့​ကိုယ်​တိုင်​ကြား​ကြ​၏'' ဟု​ဆို​၏။
JER 26:12 ထို​အ​ခါ​ငါ​သည်​ခေါင်း​ဆောင်​များ​နှင့် ပြည်​သူ တို့​အား``ဤ​ဗိ​မာန်​တော်​နှင့်​ဤ​မြို့​ကို​ဆန့်​ကျင် ၍ ငါ​ပြော​ဆို​သည်​ကို​သင်​တို့​ကြား​ရ​ကြ​၏။ ထို​စ​ကား​တို့​သည်​ငါ့​အား၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​ပြန်​ကြား​စေ​တော်​မူ​သည့်​စ​ကား များ​ဖြစ်​၏။-
JER 26:13 သင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ပြု​ကျင့်​ပုံ​ကို ပြောင်း​လဲ​ကာ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ထို အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​အား​ဖျက်​ဆီး တော်​မူ​မည်​ဟု ယ​ခင်​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ လိမ့်​မည်။-
JER 26:14 ငါ​မူ​ကား​သင်​တို့​၏​လက်​တွင်း​၌​ရှိ​၏။ သင်​တို့ ၏​စိတ်​တွင်​မှန်​သည်၊ တ​ရား​သည်​ဟု​ထင်​မှတ် သည့်​အ​တိုင်း​ငါ့​အား​ပြု​လော့။-
JER 26:15 သို့​ရာ​တွင်​အ​ကယ်​၍​ငါ့​အား​သတ်​မည်​ဆို လျှင် သင်​တို့​နှင့်​ဤ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​သည် အ​ပြစ်​မဲ့​သူ​တစ်​ဦး​ကို​သတ်​သည့် အ​တွက်​အ​ပြစ်​သင့်​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​သေ​အ​ချာ​သိ​မှတ်​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ့​ကို​စေ​လွှတ်​၍ သင်​တို့​အား ဤ​စ​ကား​များ​ကို​ပြော​ဆို​စေ​သော​အ​ရှင် မှာ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။
JER 26:16 ထို​အ​ခါ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​တို့​အား``ဤ သူ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​အား​ဟော ပြော​သ​ဖြင့်​သူ့​အား​သေ​ဒဏ်​မ​ပေး​သင့်'' ဟု​ပြော​ဆို​ကြ​၏။
JER 26:17 ထို​နောက်​မြို့​မိ​မြို့​ဖ​အ​ချို့​တို့​သည်​ထ​၍ စု​ဝေး​လျက်​ရှိ​သော​ပ​ရိ​သတ်​အား၊-
JER 26:18 ``ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​လက်​ထက်​၌ မေ​ရ​ရှ ရွာ​သား​ပ​ရော​ဖက်​မိက္ခာ​သည်​ပြည်​သူ​အ​ပေါင်း တို့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ `ဇိ​အုန်​တောင်​သည်​လယ်​မြေ​ကဲ့​သို့​ထွန်​ယက် ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ​ဖြစ်​၍​လာ လျက် ဗိ​မာန်​တော်​တောင်​ကုန်း​သည်​သစ်​တော ဖြစ်​လိမ့်​မည်' ဟု မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​ခဲ့​လေ​သည်။
JER 26:19 ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နှင့်​သူ​၏​ပြည်​သူ​တို့ သည် မိက္ခာ​အား​သေ​ဒဏ်​မ​ပေး​ခဲ့​ကြ။ သေ ဒဏ်​ပေး​မည့်​အ​စား​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ ဘု​ရား​အား​ကြောက်​ရွံ့​သ​ဖြင့်​ရှေ့​တော်​၌ မျက်​နှာ​ပွင့်​လန်း​ရန်​ကြိုး​စား​၍​ဆောင်​ရွက် ၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့ အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​သက်​ရောက် စေ​မည်​ဟု ယ​ခင်​က​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​မိ​မိ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​အောင်​ပြု​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။
JER 26:20 (ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကြ​သူ​အ​ခြား​လူ​တစ် ယောက်​ရှိ​သေး​၏။ ထို​သူ​သည်​ရှေ​မာ​ယ ၏​သား၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​ဥ​ရိ​ယ ဖြစ်​၏။ သူ​သည်​ဤ​မြို့​နှင့်​ဤ​လူ​မျိုး​အား ဆန့်​ကျင်​၍​ယေ​ရ​မိ​ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ခဲ့​၏။-
JER 26:21 သူ​၏​စ​ကား​ကို​ယော​ယ​ကိမ်​မင်း​နှင့်​သူ​၏ မှူး​မတ်​များ​နှင့်​စစ်​သည်​တော်​များ​ကြား​သော အ​ခါ မင်း​ကြီး​သည်​သူ့​အား​ကွပ်​မျက်​ရန် ကြိုး​စား​၏။ သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​ထို​သ​တင်း ကို​ကြား​သ​ဖြင့်​ကြောက်​၍​အီ​ဂျစ်​ပြည်​သို့ ထွက်​ပြေး​သွား​လေ​သည်။-
JER 26:22 ယော​ယ​ကိမ်​မင်း​သည်​လည်း​ဥ​ရိ​ယ​အား ဖမ်း​ဆီး​ရန် အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန် နှင့်​လူ​အ​ချို့​ကို​အီ​ဂျစ်​ပြည်​သို့​စေ​လွှတ် လိုက်​၏။-
JER 26:23 သူ​တို့​သည်​ဥ​ရိ​ယ​အား​အီ​ဂျစ်​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့​ပြန်​လည်​ခေါ်​ဆောင် လာ​လေ​လျှင် မင်း​ကြီး​သည်​သူ့​ကို​သတ်​၍ ပြည်​သူ​တို့​၏​သင်္ချိုင်း​တွင်​ပစ်​ထား​စေ​၏။)
JER 26:24 သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။
JER 27:1 ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း တက်​ပြီး​နောက် များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊-
JER 27:2 ``သား​ရေ​ကြိုး​များ၊ ကန့်​လန့်​ဖြတ်​သစ်​သား တန်း​များ​ဖြင့်​နွား​ထမ်း​ပိုး​ပြု​လုပ်​၍​သင် ၏​လည်​ကုပ်​တွင်​တင်​လော့။-
JER 27:3 ထို​နောက်​ဇေ​ဒ​ကိ​မင်း​နှင့်​တွေ့​ဆုံ​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​သော​သံ​တ​မန် များ​မှ​တစ်​ဆင့်​ဧ​ဒုံ​မင်း၊ မော​ဘ​မင်း၊ အမ္မုန် မင်း၊ တု​ရု​မင်း​နှင့်​ဇိ​ဒုန်​မင်း​တို့​ထံ​သို့ သ​တင်း​ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။-
JER 27:4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား``သင်​သည်​ထို​သံ​တ​မန်​များ​မှ​တစ်​ဆင့် မိ​မိ​တို့​၏​ဘု​ရင်​များ​အား​ဤ​သို့​ပြော ကြား​စေ​လော့။-
JER 27:5 ငါ​သည်​မိ​မိ​၏​ကြီး​မား​သော​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​များ၊ တိ ရစ္ဆာန်​များ​နှင့်​တ​ကွ​ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မူ​ခဲ့​သည်​ဖြစ်​၍ ထို​ကမ္ဘာ​လော​က ကို​မိ​မိ​၏​ဆ​န္ဒ​အ​လျောက်​အ​ဘယ်​သူ့​အား မ​ဆို​ပေး​အပ်​နိုင်​ပေ​သည်။-
JER 27:6 လူ​မျိုး​တ​ကာ​တို့​အား​ငါ​၏​အ​စေ​ခံ​နေ ဗု​ခဒ်​နေ​ဇာ​၏​လက်​အောက်​သို့​ကျ​ရောက်​စေ သူ​မှာ​ငါ​ပင်​ဖြစ်​၏။ ငါ​သည်​တော​တိ​ရစ္ဆာန် များ​ကို​ပင်​လျှင်​သူ​၏​အ​စေ​ကို​ခံ​စေ​လေ ပြီ။-
JER 27:7 သူ​၏​နိုင်​ငံ​ပျက်​သုဉ်း​ချိန်​မ​ရောက်​မ​ချင်း လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​စေ​ကို​လည်း ကောင်း၊ သူ​၏​သား​နှင့်​မြေး​တို့​၏​အ​စေ​ကို လည်း​ကောင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​သူ ၏​လူ​မျိုး​သည်​တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး များ​နှင့်​ဘု​ရင်​တို့​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့် မည်။
JER 27:8 သို့​ရာ​တွင်​ဘယ်​လူ​မျိုး​သို့​မ​ဟုတ်​ဘယ် နိုင်​ငံ​သည် ထို​မင်း​၏​အုပ်​စိုး​မှု​ကို​မ​ခံ​ဘဲ နေ​လျှင် ထို​လူ​မျိုး​အား​နေ​ဗု​ခဒ်​နေ​ဇာ မ​ဖျက်​ဆီး​မီ​တိုင်​အောင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ ရော​ဂါ​ဘေး​တို့​ဖြင့်​ငါ​သည်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်။-
JER 27:9 အိပ်​မက်​အ​နက်​ဖွင့်​သူ​များ၊ လူ​သေ​ဝိ​ညာဉ် များ​ကို​ခေါ်​ယူ​၍ မှော်​အ​တတ်​အား​ဖြင့် အ​နာ​ဂတ်​ကို​ဟော​နိုင်​သည်​ဟု​ဆို​သူ​များ၊ သို့​မ​ဟုတ်​သင်​တို့​၏​ပ​ရော​ဖက်​များ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့ အား​လုံး​ပင်​လျှင်​သင်​တို့​အား​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​စေ​ကို​မ​ခံ​ရန်​ပြော​ကြား ကြ​၏။-
JER 27:10 သူ​တို့​သည်​သင်​တို့​အား​လိမ်​လည်​ဟော​ပြော လျက်​နေ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​မိ​မိ တို့​ပြည်​မှ​ရပ်​ဝေး​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​ကို​နှင်​ထုတ် မည်။ သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကြ​လိမ့် မည်။-
JER 27:11 သို့​သော်​အ​ကြင်​လူ​မျိုး​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​၍​သူ​၏​အ​စေ ကို​ခံ​၏။ ထို​လူ​မျိုး​အား​ငါ​သည်​မိ​မိ​တို့​တိုင်း ပြည်​တွင် ထွန်​ယက်​လုပ်​ကိုင်​နေ​ထိုင်​ခွင့်​ကို​ပေး တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
JER 27:12 ငါ​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​အား​လည်း အ​ထက်​ပါ​အ​တိုင်း​လျှောက်​၏။ ငါ​က``အ​ရှင် သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​ပါ​လော့။ ထို​ဘု​ရင်​နှင့်​သူ​၏​အ​မျိုး သား​များ​၏​အ​စေ​ကို​ခံ​ပါ​မူ​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-
JER 27:13 အ​ရှင်​နှင့်​အ​ရှင်​၏​အ​မျိုး​သား​တို့​သည် အ​ဘယ် ကြောင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ​ရော​ဂါ​ဘေး​သင့်​၍ သေ​ရ​ကြ​ပါ​မည်​နည်း။ ဗာ​ဗု​လုန်​၏​အ​စေ​ကို မ​ခံ​သည့်​လူ​မျိုး​သည် ဤ​နည်း​အ​တိုင်း​ဖြစ်​ရ လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​ပြီ။-
JER 27:14 ဗာဗု​လုန်​မင်း​၏​အ​စေ​ကို​မ​ခံ​ရန်​အ​ရှင့်​အား ပြော​ဆို​ကြ​သည့်​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​နား​ထောင်​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​သည် အ​ရှင့်​အား​လိမ်​လည်​ပြော​ဆို​နေ​ခြင်း​ဖြစ် ပါ​၏။-
JER 27:15 ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​က​ထို​သူ​တို့ အား မိ​မိ​စေ​လွှတ်​တော်​မ​မူ​ကြောင်း​မိန့်​တော် မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​လျက်​နေ ကြ​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင့်​အား​နှင်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​လိမ်​လည် ဟော​ပြော​ကြ​သည့်​ပ​ရော​ဖက်​များ​သည် သေ​ကြေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​၏။
JER 27:16 ထို​နောက်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ပြည်​သူ​တို့​အား​ဆင့်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား က``ဗိ​မာန်​တော်​ဘဏ္ဍာ​များ​သည်​ဗာ​ဗု​လုန် ပြည်​မှ​မ​ကြာ​မီ​ပြန်​လည်​ရောက်​ရှိ​လာ လိမ့်​မည်​ဟု ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့ ၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ တို့​သည်​သင်​တို့​အား​လိမ်​လည်​နေ​ကြ ခြင်း​ဖြစ်​၏။-
JER 27:17 သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ ဗာ ဗု​လုန်​မင်း​၏​အ​စေ​ကို​ခံ​ကြ​လော့။ သို့​ပြု လျှင်​သင်​တို့​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ​မြို့​သည်​အ​ဘယ်​ကြောင့်​ယို​ယွင်း​ပျက်​စီး ၍​သွား​ရ​ပါ​မည်​နည်း။-
JER 27:18 အ​ကယ်​၍​ထို​သူ​တို့​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​၍ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ သည်​ဆို​ပါ​မူ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​နှင့် ဘု​ရင်​နန်း​တော်​တို့​တွင်​ကျန်​ရှိ​သည့်​ဘဏ္ဍာ​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​ယူ​ခွင့်​မ​ပြု​ရန် အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​အား လျှောက် ထား​ကြ​ပါ​စေ။''
JER 27:19 (ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​လည်း​ကောင်း၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​ဦး​စီး​ခေါင်း​ဆောင်​များ​အား​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​စဉ်​အ​ခါ​က​ချန်​ထား​ခဲ့​သည့်​ကြေး​ဝါ တိုင်​ကြီး​များ၊ ကြေး​ဝါ​ရေ​ကန်​များ​နှင့်​အောက် ခံ​ခုံ​များ၊ အ​ခြား​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့ တို့​ကို​ချန်​ထား​ခဲ့​လေ​သည်။
JER 27:21 ``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​နှင့်​ဘု​ရင်​နန်း တော်​တွင်​ချန်​ထား​ခဲ့​သည့်​ဘဏ္ဍာ​များ​နှင့်​ပတ် သက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
JER 27:22 ထို​ဘဏ္ဍာ​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​ယူ​ဆောင် သွား​ပြီး​လျှင် ယင်း​တို့​အား​ငါ​တစ်​ဖန်​ဂ​ရု စိုက်​သည့်​အ​ချိန်​တိုင်​အောင်​ထို​မြို့​တွင်​ရှိ​နေ လိမ့်​မည်။ ထို​နောက်​ငါ​သည်​ထို​ဘဏ္ဍာ​များ​ကို ဤ​ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​ပြော​ကြား​လေ​သည်။
JER 28:1 ထို​နှစ်​တည်း​ဟူ​သော​ဇေ​ဒ​ကိ​မင်း​နန်း​စံ စ​တုတ္ထ​နှစ်​ပဉ္စ​မ​လ​၌​အာ​ဇု​ရ​၏​သား ဂိ​ဘောင်​မြို့​နေ​ပ​ရော​ဖက်​ဟာ​န​နိ​သည် ယေ​ရ​မိ​အား​ဗိ​မာန်​တော်​ထဲ​တွင်​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​တို့​၏​ရှေ့​၌၊-
JER 28:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​ဗာ​ဗု​လုန်​မင်း​၏​အာ​ဏာ တန်​ခိုး​ကို​ချိုး​နှိမ်​တော်​မူ​ပြီ။-
JER 28:3 ဤ​ဗိ​မာန်​တော်​မှာ​ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​သွား​သော​ဘဏ္ဍာ​မှန်​သ​မျှ ကို နှစ်​နှစ်​အ​တွင်း​ဤ​ဌာ​န​တော်​သို့​ငါ​ပြန် လည်​ယူ​ဆောင်​လာ​မည်။-
JER 28:4 ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။
JER 28:5 ထို​အ​ခါ​ငါ​သည်​ပ​ရော​ဖက်​ဟာ​န​နိ​အား ဗိ​မာန်​တော်​ထဲ​တွင်​ရပ်​လျက်​နေ​သော ယဇ်​ပု ရော​ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​၏ ရှေ့​၌၊-
JER 28:6 ``သင်​ပြော​သည့်​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​တိုင်း​ပင်​ပြု​တော် မူ​လိမ့်​မည်​ဟု​လည်း​ငါ​မျှော်​လင့်​ပါ​၏။ ကိုယ် တော်​သည်​သင်​၏​ဟော​ကြား​ချက်​များ​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း ယူ​သွား​သော​ဗိ​မာန်​တော်​ဘဏ္ဍာ​များ​နှင့် သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​သည့်​သူ အ​ပေါင်း​တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ငါ မျှော်​လင့်​ပါ​၏။-
JER 28:7 သို့​ရာ​တွင်​သင်​နှင့်​တ​ကွ​ပြည်​သူ​အ​ပေါင်း တို့​အား ငါ​ပြော​ဆို​သည့်​စ​ကား​ကို​နား ထောင်​လော့။-
JER 28:8 သင်​နှင့်​ငါ​တို့​၏​ခေတ်​မ​တိုင်​မီ​ရှေး​အ​ခါ​၌ ဟော​ကြား​ခဲ့​သော​ပ​ရော​ဖက်​များ​က​လူ​မျိုး တ​ကာ​တို့​သည်​လည်း​ကောင်း၊ တန်​ခိုး​ကြီး သော​နိုင်​ငံ​များ​သည်​လည်း​ကောင်း၊ စစ်​မက် အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​သင့်​ကြ​ရ​လိမ့်​မည်​ဟု ဖော်​ပြ​ခဲ့​ကြ​၏။-
JER 28:9 သို့​ရာ​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လိမ့်​မည် ဟု​ကြို​တင်​ဟော​ကြား​သည့်​ပ​ရော​ဖက်​ကို မူ သူ​၏​စ​ကား​မှန်​လျက်​နေ​သည်​ကို​တွေ့​ရှိ ရ​သော​အ​ခါ​မှ​သာ​လျှင် သူ​သည်​ထာ​ဝ​ရ ဘု​ရား​အ​မှန်​ပင်​စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း​အ​သိ​အ​မှတ် ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
JER 28:10 ထို​အ​ခါ​ဟာ​န​နိ​သည်​ငါ​၏​လည်​ဂုတ် ပေါ်​မှ​ထမ်း​ပိုး​ကို​ဖြုတ်​ယူ​၍ အ​ပိုင်း​ပိုင်း ချိုး​ပစ်​ပြီး​လျှင်၊-
JER 28:11 လူ​အ​ပေါင်း​တို့​၏​ရှေ့​၌​ငါ့​အား``လူ​မျိုး​တ​ကာ တို့​အ​ပေါ်​သို့​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​တင်​သော ထမ်း​ပိုး​ကို ဤ​နည်း​အ​တိုင်း​ပင်​ချိုး​ပစ်​တော် မူ​မည်။ နှစ်​နှစ်​အ​တွင်း​ဤ​အ​မှု​ကို​ဖြစ်​ပွား စေ​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏'' ဟု​ပြော​၏။ ထို​အ​ခါ​ငါ​သည် ထွက်​ခွာ​ခဲ့​၏။
JER 28:12 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
JER 28:13 ဟာ​န​နိ​ထံ​သို့​သွား​၍``သင်​သည်​သစ်​သား​ထမ်း ပိုး​ကို​ချိုး​ပစ်​နိုင်​စွမ်း​ရှိ​သော်​လည်း ကိုယ်​တော် သည်​သံ​ထမ်း​ပိုး​ဖြင့်​အ​စား​ထိုး​တော်​မူ​မည်။-
JER 28:14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး တ​ကာ​တို့​အ​ပေါ်​သို့​သံ​ထမ်း​ပိုး​ကို​တင် တော်​မူ​မည်​ဖြစ်​၍ ထို​သူ​တို့​သည်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​အ​စေ​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က​တော​တိ​ရစ္ဆာန်​များ​အား​ပင်​လျှင်​နေ​ဗု​ခဒ် နေ​ဇာ​၏​အ​စေ​ကို​ခံ​စေ​မည်​ဟု​မိန့်​တော်​မူ လေ​ပြီ'' ဟု​ပြော​ကြား​ရန်​စေ​ခိုင်း​တော်​မူ​၏။-
JER 28:15 ထို​နောက်​ငါ​သည်​ဟာ​န​နိ​အား``ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် ဤ​ပြည်​သူ​တို့​အား​မု​သား​စ​ကား​ကို ယုံ​ကြည်​အောင်​ပြု​လျက်​နေ​သည်​ဖြစ်​၍၊-
JER 28:16 သင့်​အား​ဖယ်​ရှား​ပစ်​တော်​မူ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ လေ​ပြီ။ သင်​သည်​ပြည်​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော်​ပြော​ဆို​သည် ဖြစ်​၍​ဤ​နှစ်​မ​ကုန်​မီ​သေ​ရ​လိမ့်​မည်'' ဟု ဆို​၏။
JER 28:17 ပ​ရော​ဖက်​ဟာ​န​နိ​သည်​ထို​နှစ်​သတ္တမ​လ ၌​ပင်​သေ​ဆုံး​သွား​လေ​သည်။
JER 29:1 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-
JER 29:2 ငါ​သည်​ယေ​ခေါ​နိ​မင်း၊ ထို​မင်း​၏​မယ်​တော်၊ နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​မှ​ခေါင်း​ဆောင်​များ၊ အ​တတ်​ပ​ညာ သည်​များ​နှင့်​လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​အ​လုပ် သ​မား​များ​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သည့် နောက် ထို​စာ​ကို​ရေး​သား​လေ​သည်။-
JER 29:3 ငါ​သည်​စာ​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​က နေ​ဗု​ခဒ်​နေ​ဇာ​ထံ​စေ​လွှတ်​သော ရှာ​ဖန်​၏​သား ဧ​လာ​သာ​နှင့်​ဟိ​လ​ခိ​၏​သား​ဂေ​မ​ရိ​တို့ အား​ဖြင့်​ပေး​ပို့​လိုက်​၏။ စာ​တွင်၊
JER 29:4 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယေရု ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့​မိ​မိ​ပြည်​နှင် ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့​အား၊-
JER 29:5 `သင်​တို့​အိမ်​ရာ​ဆောက်​လုပ်​၍​အ​တည်​တ​ကျ နေ​ထိုင်​ကြ​လော့။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​၍ ရ​ရှိ​သည့်​အ​သီး​အ​နှံ​များ​ကို​စား​ကြ​လော့။-
JER 29:6 အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​ပြု​စေ​ကြ​လော့။ သင်​တို့​၏​သား​သ​မီး​တို့​အား​သား​သ​မီး​မွေး ဖွား​စေ​ရန်​အိမ်​ထောင်​ပြု​စေ​ကြ​လော့။ သင်​တို့ တွင်​လူ​ဦး​ရေ​တိုး​ပွား​စေ​ရ​မည်။ မ​ဆုတ်​ယုတ် စေ​ရ။-
JER 29:7 သင်​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ငါ​ပို့​ဆောင် လိုက်​သည့်​မြို့​ကို​ကောင်း​ကျိုး​ပြု​ကြ​လော့။ ထို မြို့​ကောင်း​စား​လျှင်​သင်​တို့​လည်း​ကောင်း​စား မည်​ဖြစ်​၍ ထို​မြို့​အ​တွက်​ငါ​၏​ထံ​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-
JER 29:8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​တော်​မူ​၏။ သင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ ပ​ရော​ဖက်​များ၊ အ​ခြား​အ​နာ​ဂတ်​ဟော​သည့် ဆ​ရာ​များ​၏​လိမ်​လည်​လှည့်​စား​မှု​ကို​မ​ခံ ကြ​နှင့်။ သူ​တို့​၏​အိပ်​မက်​များ​ကို​လည်း​မည် သို့​မျှ​ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။-
JER 29:9 သူ​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​မု​သား စ​ကား​ကို​ပြော​ဆို​နေ​ကြ​၏။ သူ​တို့​အား​ငါ မ​စေ​လွှတ်​ခဲ့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။
JER 29:10 ``ထာ​ဝ​ရ​ဘု​ရား​က`ဗာ​ဗု​လုန်​မြို့​၏​သက်​တမ်း အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ ငါ​သည်​သင် တို့​အား​ပြန်​လည်​ကြည့်​ရှု​မည်။ ငါ​၏​က​တိ​တော် ရှိ​သည့်​အ​တိုင်း​သင်​တို့​၏​ပြည်​သို့​ပြန်​လည် ပို့​ဆောင်​မည်။-
JER 29:11 သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။-
JER 29:12 ထို​အ​ခါ​သင်​တို့​သည်​ငါ့​အား​ဟစ်​ခေါ်​ကြ လိမ့်​မည်။ ငါ့​ထံ​သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​၏​ပန် ကြား​ချက်​ကို​နား​ညောင်း​မည်။-
JER 29:13 သင်​တို့​သည်​စိတ်​နှ​လုံး​အကြွင်း​မဲ့​နှင့်​ရှာ​မည် ဖြစ်​သ​ဖြင့် ငါ့​ကို​ရှာ​၍​တွေ့​ရှိ​ကြ​လိမ့်​မည်။-
JER 29:14 သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။
JER 29:15 ``သင်​တို့​ပြည်​သူ​များ​က​မိ​မိ​တို့​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တွင် ပ​ရော​ဖက်​များ​ကို​ပေါ်​ထွန်း​စေ​တော်​မူ လေ​ပြီ​ဟု​ဆို​ကြ​၏။-
JER 29:16 ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​တွင်​ထိုင်​သည့်​ဘု​ရင်​အား လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ​သုံ့​ပန်း​များ အ​ဖြစ်​အ​ဖမ်း​မ​ခံ​ခဲ့​ရ​သော​သင်​တို့​၏ ဆွေ​မျိုး​ညာ​တိ​များ​ဖြစ်​သူ ဤ​မြို့​မှ​မြို့​သူ မြို့​သား​တို့​အား​လည်း​ကောင်း​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။-
JER 29:17 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည် သူ​တို့​အ​ပေါ်​သို့​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက် ရောက်​စေ​မည်။ သူ​တို့​အား​စား​၍​မ​ဖြစ်​အောင် ပုပ်​သည့်​သင်္ဘော​သ​ဖန်း​သီး​များ​ကဲ့​သို့​ဖြစ် စေ​မည်။-
JER 29:18 ငါ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက်​ရောက်​စေ မည်။ သူ​တို့​အား​နှိပ်​စက်​မည်။ ထို့​ကြောင့်​လူ​မျိုး တ​ကာ​တို့​သည်​သူ​တို့​ကို​မြင်​၍ ကြောက်​လန့် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ပျံ့​လွင့် စေ​သည့်​အ​ရပ်​မှန်​သ​မျှ​၌ သူ​တို့​သည်​ထို​သူ တို့​တွေ့​ကြုံ​ရ​သည့်​ဘေး​ဒုက္ခ​ကို​မြင်​၍​လန့် ဖျပ်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်။ သူ​တို့​ကို လည်း​ပြက်​ရယ်​ပြု​လျက် သူ​တို့​အ​မည်​နာ​မ ကို​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-
JER 29:19 သူ​တို့​သည်​ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် အ​ဖန်​ဖန်​အ​ထပ်​ထပ်​ငါ​ပေး​ပို့​ခဲ့ သည့်​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ခဲ့​ကြ။ သို့ ဖြစ်​၍​ဤ​သို့​အ​မှု​ရောက်​ရ​ကြ​ပေ​လိမ့်​မည်။ သူ​တို့​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​နား​ထောင် ရန်​ငြင်း​ဆန်​ခဲ့​ကြ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။-
JER 29:20 ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ငါ​ပြည် နှင်​ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့၊ သင် တို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် စကား​ကို​နား​ထောင်​ကြ​လော့' ဟူ​၍​မိန့်​တော် မူ​၏။
JER 29:21 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ အား​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​နေ​သူ ကော​လာ​ယ​၏​သား အာ​ဟပ်​နှင့် မာ​သေ​ယ​၏​သား​ဇေ​ဒ​ကိ​တို့​ကို ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော် က​မိ​မိ​သည်​ထို​သူ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​ပေး​အပ်​မည်​ဖြစ် ၍ ထို​ဘု​ရင်​သည်​လည်း​သူ​တို့​အား​သင်​တို့ ၏​မျက်​မှောက်​၌​ပင်​ကွပ်​မျက်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လေ​ပြီ။-
JER 29:22 ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် လူ​တစ်​ဦး​တစ်​ယောက် အား​ကျိန်​ဆဲ​လို​လျှင်`ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဗာ​ဗု​လုန်​ဘု​ရင်​က​အ​ရှင်​လတ်​လတ် မီး​ရှို့​သတ်​သည့်​ဇေ​ဒ​ကိ​နှင့်​အာ​ဟတ်​တို့​ကဲ့ သို့​ပြု​တော်​မူ​ပါ​စေ​သော' ဟု​ဆို​ကြ​လိမ့်​မည်။-
JER 29:23 ထို​သူ​တို့​၏​ကံ​ကြမ္မာ​သည်​ဤ​နည်း​အ​တိုင်း ပင်​ဖြစ်​ရ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​သား​မ​ယား ကို​ပြစ်​မှား​ကြ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လိမ်​လည်​ဟော​ပြော​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​နှင့်​မ​ကိုက်​ညီ။ ကိုယ်​တော်​သည် သူ​တို့​ပြု​သည့်​အ​မှု​ကို​သိ​တော်​မူ​သည်​ဖြစ်​၍ ဒိ​ဌ​သက်​သေ​ဖြစ်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍ ပါ​ရှိ​လေ​သည်။
JER 29:24 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နေ​ဟေ​လံ ရွာ​သား​ရှေ​မာ​ယ​အား​ပြော​ကြား​ရန်​ငါ့​အား စေ​ခိုင်း​တော်​မူ​၏။ သူ​သည်​မိ​မိ​ကိုယ်​တိုင်​လက် မှတ်​ရေး​ထိုး​၍ ယေရု​ရှ​လင်​မြို့​သား​အ​ပေါင်း တို့​ထံ​သို့​စာ​ရေး​သား​ပေး​ပို့​ခဲ့​၏။ ယဇ်​ပု​ရော ဟိတ်​မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​နှင့်​အ​ခြား ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သို့ ရှေ​မာ​ယ​ရေး သော​စာ​တွင်၊-
JER 29:26 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ယော​ယ​ဒ နေ​ရာ​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​သည် ဖြစ်​၍ ယ​ခု​သင်​သည်​ဗိ​မာန်​တော်​အုပ်​ချုပ်​ရေး မှူး​ဖြစ်​၍​လာ​လေ​ပြီ။ ပ​ရော​ဖက်​ဟန်​ဆောင် သည့်​သူ​ရူး​မှန်​သ​မျှ​ကို သံ​ပတ်​တပ်​၍​သံ​ကြိုး နှင့်​ချည်​နှောင်​ထား​ရန်​အ​လုပ်​မှာ​သင်​၏​တာ​ဝန် ပင်​ဖြစ်​ပေ​သည်။-
JER 29:27 သင်​သည်​လူ​တို့​အား​ပ​ရော​ဖက်​ပြု​၍ ဟော ပြော​နေ​သည့်​အာန​သုတ်​မြို့​သား​ယေ​ရ​မိ​ကို အ​ဘယ်​ကြောင့်​ပြစ်​တင်​ဆုံး​မ​မှု မ​ပြု​ပါ သ​နည်း။-
JER 29:28 ယေ​ရ​မိ​သည်​ဗာ​ဗု​လုန်​မြို့​တွင်​ရှိ​သည့်​လူ​တို့ အား သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ကာ​လ ကြာ​မြင့်​စွာ​နေ​ရ​ကြ​မည်​ဖြစ်​၍ အိမ်​ရာ​များ ဆောက်​လုပ်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​ရန် နှင့် ဥ​ယျာဉ်​များ​စိုက်​ပျိုး​၍​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​ကို​စား​ကြ​ရန်​ဆင့်​ဆို​ပြော​ကြား ခဲ့​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
JER 29:29 ထို​စာ​ကို​ဇေ​ဖ​နိ​သည်​ငါ့​အား​ဖတ်​ပြ​၏။-
JER 29:30 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ရှေ​မာ​ယ​နှင့်​သူ​၏​သား​မြေး တို့​ကို​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ့​ကို​ငါ​မ​စေ လွှတ်​ခဲ့​သော်​လည်း​သူ​သည်​ပ​ရော​ဖက်​တစ် ပါး​ဖြစ်​လေ​ဟန်​ဖြင့်​ဟော​ပြော​ကာ သင်​တို့ အား​မု​သား​စ​ကား​ကို​ယုံ​ကြည်​စေ​သည် ဖြစ်​၍ သူ​နှင့်​သူ​၏​သား​မြေး​တစ်​စုံ​တစ်​ယောက် မျှ​မ​ကျန်​ငါ​ဒဏ်​ခတ်​လိမ့်​မည်။ သူ​သည်​ငါ​၏ လူ​မျိုး​တော်​အား​ငါ့​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော် ပြော​ဆို​၏။ ထို့​ကြောင့်​သူ​သည်​ထို​သူ​တို့​အား ငါ​ချ​ပေး​မည့်​ကောင်း​ကျိုး​ချမ်း​သာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု ရှေ​မာ​ယ​နှင့်​ပတ်​သက်​၍​မိန့်​မြွက်​တော်​မူ သော​စ​ကား​ကို ဗာ​ဗု​လုန်​မြို့​ရှိ​သုံ့​ပန်း အ​ပေါင်း​တို့​အား​အ​ကြောင်း​ကြား​ရန် ငါ့​အား​မိန့်​မှာ​တော်​မူ​၏။
JER 30:1 ဤ​သည်​ကား​ယေ​ရ​မိ​ထံ​သို့​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​သော​စ​ကား​ဖြစ်​၏။-
JER 30:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``သင့်​ကို​ငါ​မိန့်​တော်​မူ သ​မျှ​သော​စ​ကား​တို့​ကို​စာ​စောင်​တွင်​ရေး မှတ်​၍​ထား​လော့။-
JER 30:3 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​များ​အား ငါ​ပြန်​လည်​ထူ​ထောင်​ပေး​မည့် အ​ချိန်​ကျ​ရောက်​လာ​တော့​မည်​ဖြစ်​သော​ကြောင့် တည်း။ ငါ​သည်​သူ​တို့​ကို​မိ​မိ​တို့​ဘိုး​ဘေး​များ အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့​ပြန်​လည်​ခေါ် ဆောင်​ခဲ့​မည်​ဖြစ်​၍ သူ​တို့​သည်​ထို​ပြည်​ကို​တစ် ဖန်​ပြန်​၍​ပိုင်​ဆိုင်​ရ​ကြ​ပေ​တော့​အံ့။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 30:4 ဣ​သ​ရေ​လ​ပြည်​သား​များ​နှင့်​ယု​ဒ​ပြည် သား​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့် တော်​မူ​၏။
JER 30:5 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ထိတ်​လန့်​၍​အော် ဟစ်​သော အ​သံ​ကို​ကြား​ရ​၏။ ထို​အ​သံ​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​အ​သံ မ​ဟုတ်။ ကြောက်​လန့်​၍​အော်​ဟစ်​သည့်​အ​သံ​ဖြစ်​၏။
JER 30:6 မေး​မြန်း​လျက်​စဉ်း​စား​ကြည့်​ကြ​လော့။ အ​မျိုး​သား​သည်​သား​ဖွား​၍​ရ​နိုင်​သ​လော။ သို့​ဖြစ်​ပါ​မူ​အ​မျိုး​သား​ပင်​လျှင်​သား​ဖွား ဝေ​ဒ​နာ ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့၊ အ​ဘယ်​ကြောင့်​မိ​မိ​တို့​ဝမ်း​ကို​လက်​ဖြင့်​နှိပ် လျက် နေ​သည်​ကို​ငါ​တွေ့​ရှိ​ရ​သ​နည်း။ လူ​တိုင်း​သည်​အ​ဘယ်​ကြောင့်​ဖြူ​ဖတ်​ဖြူ​ရော် ဖြစ်​နေ​ကြ​သ​နည်း။
JER 30:7 ထိတ်​လန့်​ဖွယ်​ကောင်း​သည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လိမ့်​မည်။ အ​ခြား​အ​ဘယ်​နေ့​ရက်​ကို​မျှ​ထို​နေ့​ရက်​နှင့် နှိုင်း​ယှဉ်​၍​မ​ရ။ ထို​နေ့​ရက်​သည်​ယာ​ကုပ်​အ​မျိုး​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​မည့်​နေ့​ရက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 30:8 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ထို နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​ထို​သူ​တို့​၏​လည်​ဂုတ်​ပေါ်​မှ​ထမ်း ပိုး​ကို​ချိုး​ကာ သူ​တို့​အား​ချည်​နှောင်​ထား သည့်​သံ​ကြိုး​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ တို့​သည်​နိုင်​ငံ​ခြား​သား​တို့​ထံ​တွင်​ကျွန်​ခံ ရ​ကြ​တော့​မည်​မ​ဟုတ်။-
JER 30:9 မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် အ​ဖြစ်​ငါ​ခန့်​ထား​မည့်​ဒါ​ဝိဒ်​မင်း​ဆက်​၏ အ​မှု​တော်​ကို​လည်း​ကောင်း​ထမ်း​ဆောင်​ရ​ကြ လိမ့်​မည်။
JER 30:10 ``ငါ​၏​ကျွန်​ယာ​ကုပ်၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​ထိတ်​လန့်​တုန်​လှုပ်​မှု မ​ဖြစ်​ကြ​နှင့်။ သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​နေ​ရ​ကြ​သော ပြည်၊ ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား ငါ​ကယ်​ဆယ်​မည်။ သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​အား​ချောက်​လှန့် ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ဖြစ်​၏။
JER 30:11 ငါ​သည်​ကယ်​တင်​ရန်​သင်​တို့​ထံ​လာ​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ​နိုင်​ငံ တ​ကာ​တို့​အား ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား တ​ရား​သ​ဖြင့်​ပြု​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 30:12 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ``သင်​တို့​၏​အ​နာ​များ​သည်​ကျက်​နိုင် တော့​မည်​မ​ဟုတ်။ သင်​တို့​၏​ဝေ​ဒ​နာ​များ​သည်​ကု​သ​၍ မ​ပျောက်​နိုင်​တော့​ပေ။
JER 30:13 သင်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​အ​နာ​များ​အ​တွက်​လည်း​ဆေး တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ​သ​ဖြင့် သင်​တို့​သည်​မိ​မိ​တို့​အ​နာ​ရော​ဂါ​ပျောက် ကင်း​မှု​အ​တွက် မျှော်​လင့်​ရာ​မဲ့​ချေပြီ။
JER 30:14 သင်​တို့​၏​ချစ်​ခင်​သူ​များ​သည်​သင်​တို့​အား မေ့​ပျောက်​၍ သွား​ကြ​လေ​ကုန်​ပြီ။ သူ​တို့​သည်​ဂ​ရု​မ​စိုက်​ကြ​တော့​ပေ။ သင်​တို့​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည် ကြီး​မား​လှ​သ​ဖြင့် ငါ​သည်​ရန်​သူ​သ​ဖွယ်​သင်​တို့​အား​ဒဏ်​ရာ​ရ စေ​ခဲ့​၏။ သင်​တို့​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​သည်​ပြင်း​ထန်​၏။
JER 30:15 သင်​တို့​သည်​မိ​မိ​တို့​၏​မ​ပျောက်​ကင်း​နိုင်​သည့် ဝေ​ဒ​နာ​များ​အ​ကြောင်း​ကို​မ​ညည်း​ညူ​ကြ နှင့်​တော့။ သင်​တို့​၏​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည်​ကြီး​မား​လှ​သ​ဖြင့်၊ ငါ​သည်​သင်​တို့​အား​ဤ​သို့​အ​ပြစ်​ဒဏ် ခတ်​ရ​ခြင်း​ဖြစ်​၏။
JER 30:16 ယ​ခု​မှာ​မူ​သင်​တို့​အား​ဝါး​မျို​သူ​အ​ပေါင်း တို့​သည် ဝါး​မျို​ခြင်း​ကို​ခံ​ရ​၍ သင်​တို့​၏​ရန်​သူ​အ​ပေါင်း​သည်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​သည် နှိပ်​စက်​ညှဉ်း​ပန်း​ခြင်း​ကို​ခံ​ရ​၍၊ သင်​တို့​အား​တိုက်​ခိုက်​လု​ယက်​သူ​အ​ပေါင်း​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။
JER 30:17 သင်​တို့​၏​ရန်​သူ​များ​က`ဇိ​အုန်​မြို့​သည် အ​ပယ်​ခံ​ဖြစ်​လေ​ပြီ။ ထို​မြို့​ကို​အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ​တော့' ဟု​ဆို​သော်​လည်း ငါ​သည်​သင်​တို့​အား​တစ်​ဖန်​ပြန်​၍​ကျန်း​မာ လာ​စေ​မည်။ သင်​တို့​၏​အ​နာ​များ​ကို​ကျက်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 30:18 ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ယာ​ကုပ်​အ​မျိုး​၏​တဲ​ကို​ပြန်​လည် ကြွယ်​ဝ​စေ​မည်။ ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​၏​အိမ်​ထောင်​စု​မှန်​သ​မျှ​ကို​က​ရု​ဏာ ထား​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​၍ နန်း​တော်​ကို​လည်း​ပြန်​လည်​တည်​ဆောက် ရ​ကြ​လိမ့်​မည်။
JER 30:19 ထို​နေ​ရာ​တို့​တွင်​နေ​ထိုင်​ကြ​သူ​များ​သည် ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။
JER 30:20 ငါ​သည်​ဤ​ပြည်​အား​ရှေး​အ​ခါ​က​ရ​ရှိ​ခဲ့​သည့် တန်​ခိုး​အာ​ဏာ​ကို​ပြန်​လည်​ပေး​၍ ထို​တန်​ခိုး​အာ​ဏာ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ စေ​မည်။ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​ကို​ငါ အ​ပြစ်​ဒဏ်​ခတ်​မည်။
JER 30:21 သူ​တို့​ကို​အုပ်​စိုး​မည့်​သူ​သည်​သူ​တို့​လူ​မျိုး​မှ ပေါ်​ထွန်း​ရ​လိမ့်​မည်။ သူ​တို့​၏​မင်း​သည်​သူ​တို့​အ​မျိုး​သား​များ အ​ထဲ​မှ​ပေါ်​ထွန်း​ရ​လိမ့်​မည်။ ငါ​ဖိတ်​ခေါ်​သော​အ​ခါ​ထို​သူ​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​လိမ့်​မည်။ ငါ​မ​ဖိတ်​မ​ခေါ်​ဘဲ​အ​ဘယ်​သူ​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​ဝံ့​သ​နည်း။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 30:23 ကိုယ်​တော်​၏​အ​မျက်​တော်​သည်​သူ​ယုတ်​မာ တို့​၏​ဦး​ခေါင်း​ထက်​တွင် တိုက်​ခတ်​သည့်​လေ ပြင်း​မုန်​တိုင်း​နှင့်​တူ​၏။ ထို​အ​မျက်​တော်​သည် ကိုယ်​တော်​ကြံ​စည်​တော်​မူ​သ​မျှ​သော​အ​မှု များ​မ​ပြီး​မ​ချင်း​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် နောင်​လာ​လတ္တံ့​သော​နေ့​ရက်​များ​၌​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။
JER 31:1 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ​အ​နွယ် ဝင်​အ​ပေါင်း​၏​ဘု​ရား​ဖြစ်​လျက်​သူ​တို့​သည် လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ​မည့်​နေ့ ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လိမ့်​မည်။-
JER 31:2 ငါ​သည်​တော​ကန္တာ​ရ​၌​အ​သက်​ဘေး​မှ​လွတ် မြောက်​လာ​ကြ​သူ​တို့​အား က​ရု​ဏာ​ပြ​ခဲ့​၏။ ဣသ​ရေ​လ​ပြည်​သား​တို့​သည်​နား​နေ​ခွင့်​ကို တောင့်​တ​ကြ​သော​အ​ခါ၊-
JER 31:3 ငါ​သည်​သူ​တို့​ထံ​သို့​ရပ်​ဝေး​မှ​ကြွ​ရောက် လာ​ခဲ့​ပေ​သည်။ အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ငါ​သည်​သင်​တို့​ကို​ထာ​ဝ​စဉ်​ချစ်​တော်​မူ သည်​ဖြစ်​၍ မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် ကို​ဆက်​လက်​၍​ပြ​ခဲ့​၏။-
JER 31:4 သင်​တို့​အား​တစ်​ဖန်​ငါ​ပြန်​လည်​ထူ​ထောင်​ပေး မည်။ သင်​တို့​သည်​ပတ်​သာ​များ​ကို​တစ်​ဖန်​တီး မှုတ်​၍ ပျော်​ရွှင်​စွာ​က​ခုန်​ရ​ကြ​လိမ့်​မည်။-
JER 31:5 ရှ​မာ​ရိ​တောင်​ကုန်း​များ​ပေါ်​တွင်​စပျစ်​ဥ​ယျာဉ် များ​ကို​တစ်​ဖန်​စိုက်​ပျိုး​လျက် ယင်း​သို့​စိုက်​ပျိုး သူ​တို့​သည်​ထို​ဥ​ယျာဉ်​များ​မှ​ထွက်​သည့်​အ​သီး များ​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။-
JER 31:6 `လာ​ကြ၊ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှိ​တော်​မူ​ရာ​ဇိ​အုန်​တောင်​တော်​သို့ ငါ​တို့​တက်​ကြ​ကုန်​အံ့' ဟု​ဧ​ဖ​ရိမ်​တောင် ကုန်း​များ​မှ​ကင်း​စောင့်​တို့​ကြွေး​ကြော်​ကြ မည့်​နေ့​ရက်​ကာ​လ​သည် အ​မှန်​ပင်​ကျ ရောက်​လာ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 31:7 ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​မျိုး​တ​ကာ​တို့​တွင်​အ​ထွတ်​အ​ထိပ် ဖြစ်​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝမ်း​မြောက် စွာ ကြွေး​ကြော်​ကြ​လော့။ `ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​မှ​ကြွင်း​ကျန်​သူ​အ​ပေါင်း တို့​အား ကယ်​ဆယ်​တော်​မူ​ပြီ' ဟူ​သော ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လော့။
JER 31:8 ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။ သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန် နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။
JER 31:9 သူ​တို့​အား​ငါ​ပြန်​လည်​ခေါ်​ဆောင်​လာ​စဉ် ငါ​၏​လူ​မျိုး​တော်​သည်​ငို​ကြွေး​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​ပြန်​လာ​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​စမ်း​ရေ​ရှိ​ရာ​အ​ရပ်​များ သို့​လည်း​ကောင်း၊ သူ​တို့​ခြေ​ချော်​၍​မ​လဲ​စေ​ရန် လမ်း​ကောင်း​များ​ဖြင့်​လည်း​ကောင်း​ခေါ်​ဆောင်​မည်။ ငါ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏​အ​ဘ​သ​ဖွယ် ဖြစ်​၍ ဧ​ဖ​ရိမ်​အ​နွယ်​သည်​ငါ​၏​သား​ဦး​ဖြစ်​၏။''
JER 31:10 ``အို လူ​မျိုး​တ​ကာ​တို့၊ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ သည်​ကို​နား​ထောင်​၍ ငါ​၏​ဗျာ​ဒိတ်​တော်​တို့​ကို​ရပ်​ဝေး​ဒေ​သ များ​သို့ ကြွေး​ကြော်​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကွဲ​လွင့်​စေ​သူ ငါ​သည်​သူ​တို့​ကို​စု​သိမ်း​မည်။ သိုး​ထိန်း​သည်​မိ​မိ​၏​သိုး​စု​ကို​စောင့်​ထိန်း သ​ကဲ့​သို့ သူ​တို့​ကို​ငါ​စောင့်​ထိန်း​မည်။
JER 31:11 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​လေ​ပြီ။ သူ​တို့​အား​တန်​ခိုး​ကြီး​သည့်​လူ​မျိုး​လက်​မှ ရွေး​နုတ်​ကယ်​တင်​ခဲ့​လေ​ပြီ။
JER 31:12 သူ​တို့​သည်​လာ​၍​ဇိ​အုန်​တောင်​ပေါ်​တွင် ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ငါ​ချ​ပေး​သည့်​ကျေး​ဇူး​များ​ဖြစ်​သော ဂျုံ၊စပါး၊စ​ပျစ်​ရည်၊ဆီ၊သိုး​ငယ်​များ​နှင့်​ကျွဲ​နွား များ​ဖြင့်၊ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သည့် ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်​၍ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ပူ​ဆွေး ကြ​ရ​လိမ့်​မည်​မ​ဟုတ်။
JER 31:13 ထို​အ​ခါ​သ​မီး​က​ညာ​တို့​သည်​ပျော်​ရွှင်​ဝမ်း မြောက်​စွာ က​ခုန်​ကြ​လိမ့်​မည်။ လူ​အို​လူ​ပျို​များ​သည်​လည်း​အား​ရ ရွှင်​မြူး​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​နှစ်​သိမ့်​စေ​၍​သူ​တို့​ငို ကြွေး​ခြင်း​ကို ပျော်​ရွှင်​ခြင်း​အ​ဖြစ်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဝမ်း​နည်း​ခြင်း​ကို နှစ်​သိမ့်​ခြင်း​နှင့်​ဝမ်း​မြောက်​ခြင်း​အ​ဖြစ်​သို့​လည်း ကောင်း ပြောင်း​လဲ​စေ​မည်။
JER 31:14 ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ဆူ​ဖြိုး​သော အ​စာ​အာ​ဟာ​ရ​ကို​ဝ​စွာ​ကြွေး​၍ ငါ့​လူ​မျိုး​တော်​၏​ချို့​တဲ့​မှု​ရှိ​သ​မျှ​ကို ဖြည့်​တင်း​ပေး​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 31:15 ထာ​ဝ​ရ​ဘု​ရား​က၊ ``ရာ​မ​အ​ရပ်​၌​အ​သံ​တစ်​ခု​ကို​ကြား​ရ​၏။ ထို​အ​သံ​သည်​ဝမ်း​နည်း​ပက်​လက် ငို​ကြွေး​သည့်​အ​သံ​ဖြစ်​၏။ ရာ​ခေ​လ​သည်​မိ​မိ​၏​သား​သ​မီး​များ​အ​တွက် ငို​ကြွေး​လျက်​နေ​လေ​သည်။ သူ​တို့​အား​လုံး​ပင်​မ​ရှိ​တော့​ပြီ​ဖြစ်​၍ သူ​သည်​နှစ်​သိမ့်​မှု​ကို​မ​ခံ​လို'' ဟု​မိန့်​ဆို​၏။
JER 31:16 ``သင်​သည်​ငို​ကြွေး​မှု​ကို​ရပ်​စဲ​၍ မိ​မိ​မျက်​ရည်​များ​ကို​သုတ်​လော့။ သား​သ​မီး​များ​အ​တွက်​သင်​ပြု​ခဲ့​သည့်​အ​မှု အ​ပေါင်း​သည်​အ​ချည်း​နှီး​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်။ ထို​သူ​တို့​သည်​ရန်​သူ့​ပြည်​မှ​ပြန်​လာ​ကြ​လိမ့် မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။
JER 31:17 အ​နာ​ဂတ်​ကာ​လ​အ​တွက်​သင့်​မှာ​မျှော်​လင့် စ​ရာ​ရှိ​၏။ သင်​၏​သား​သ​မီး​များ​သည်​အိမ်​သို့​ပြန်​လာ ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
JER 31:18 ``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ဝမ်း​နည်း​ကြေ ကွဲ​လျက် လျှောက်​ထား​သည်​ကို​ငါ​ကြား​၏။ `အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည် ရိုင်း​သော​နွား​သူ​ငယ်​နှင့်​တူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အား စ​ကား​တော်​ကို​နား​ထောင်​ရန်​သွန်​သင်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လည်​ပို့​ဆောင်​တော်​မူ​ပါ။ အ​ထံ​တော်​သို့​ကျွန်​တော်​မျိုး​တို့​ပြန်​လာ​ရန် အ​သင့်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
JER 31:19 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ ထွက်​ခွာ​ခဲ့​ကြ​သော်​လည်း၊ မ​ကြာ​မီ​အ​ခါ​၌​ပင်​အ​ထံ​တော်​သို့​ပြန်​လာ​ရန် နောင်​တ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​ခြင်း​ကို​နား​လည်​ပြီး နောက် ကျွန်​တော်​မျိုး​တို့​သည်​ရင်​ကို​ထု​လျက် ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ငယ်​စဉ်​အ​ခါ​က အ​ပြစ်​ပြု​ခဲ့​ကြ​သော​ကြောင့် အ​ရှက်​ရ​၍​အ​သ​ရေ​ပျက်​ရ​ကြ​ပါ​၏။'
JER 31:20 ``အို ဣ​သ​ရေ​လ၊သင်​သည်​ငါ​၏​အ​ချစ်​ဆုံး​သား၊ ငါ​၏​အ​မြတ်​နိုး​ဆုံး​သား​ဖြစ်​၏။ ငါ​သည်​သင်​၏​နာ​မည်​ကို​ထုတ်​ဖော်​၍ ပြော​ဆို​ရ​သည့်​အ​ခါ​တိုင်း​သင့်​အား​လွမ်း​ဆွတ် သ​တိ​ရ​လျက်​နေ​၏။ ငါ​သည်​သင့်​အား​ချစ်​ခင်​စွဲ​လန်း​သည်​ဖြစ်​၍ က​ရု​ဏာ​ထား​မည်။
JER 31:21 မှတ်​တိုင်​များ​ကို​စိုက်​ထူ​၍​လမ်း​ကို​မှတ်​သား ထား​လော့။ သင်​တို့​ထွက်​ခွာ​သွား​ရာ​လမ်း​ကို​တစ်​ဖန် ပြန်​၍​ရှာ​လော့။ ဣ​သ​ရေ​လ​ပြည်​သား​တို့​ပြန်​လာ​ခဲ့​ကြ​လော့။ သင်​တို့​စွန့်​ခွာ​သွား​သည့်​မြို့​များ​သို့​ပြန်​လာ ခဲ့​ကြ​လော့။
JER 31:22 သစ္စာ​မဲ့​သည့်​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​မျှ ကြာ​ရှည်​တုံ့​ဆိုင်း​၍​နေ​ကြ​မည်​နည်း။ အ​မျိုး​သ​မီး​သည်​အ​မျိုး​သား​အား​အ​ကာ အ​ကွယ် ပေး​နိုင်​ခြင်း​သည်​ဆန်း​သစ်​သ​ကဲ့​သို့၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဆန်း​သစ်​သည့် အ​မှု​ကို ဖန်​တီး​စီ​ရင်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
JER 31:23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​လူ​တို့​အား​မိ​မိ တို့​ပြည်​သို့​ငါ​ပြန်​လည်​ပို့​ဆောင်​သော​အ​ခါ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကျိန်း​ဝပ်​တော်​မူ သည့် သန့်​ရှင်း​ရာ​ဌာ​န​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​တောင်​တော်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သ​တည်း' ဟု သူ​တို့​သည်​ယု​ဒ​ပြည်​မြို့​ရွာ​များ​၌​တစ်​ဖန် ပြန်​လည် မြွက်​ဆို​ကြ​လိမ့်​မည်။
JER 31:24 လူ​တို့​သည်​ယု​ဒ​ပြည်​မြို့​ရွာ​အ​ပေါင်း​တို့ တွင်​နေ​ထိုင်​ကြ​လိမ့်​မည်။ လယ်​ယာ​လုပ်​ကိုင် သူ​များ၊ သိုး​အုပ်​များ​ကို​ထိန်း​ကျောင်း​သူ များ​လည်း​ရှိ​လိမ့်​မည်။-
JER 31:25 ငါ​သည်​မော​ပန်း​နွမ်း​နယ်​သူ​တို့​ကို​လန်း​ဆန်း စေ​၍​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့် အား​အင်​ချိ နဲ့​သူ​တို့​ကို​ဝ​ပြော​စွာ​ကျွေး​တော်​မူ​မည်။-
JER 31:26 သို့​ဖြစ်​၍​လူ​တို့​က`ငါ​တို့​သည်​အိပ်​ရာ​ဝင်​ပြီး နောက်​လန်း​ဆန်း​စွာ​နိုး​ထ​၍​လာ​၏' ဟု​ပြော ဆို​ကြ​လိမ့်​မည်။
JER 31:27 ``ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​လူ​များ၊ တိ​ရစ္ဆာန်​များ​နှင့်​ငါ​ပြည့်​နှက်​စေ​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ ထာ​ဝ​ရ​ဘုရား​မြွက်​ဆို​၏။-
JER 31:28 ငါ​သည်​ဂ​ရု​ပြု​၍​သူ​တို့​အား​နုတ်​ပယ်​ဖြို​ချ၊ မှောက်​လှန်​ဖျက်​ဆီး၊ ပျက်​ပြုန်း​စေ​ခဲ့​သည်​နည်း တူ​တစ်​ဖန်​ပြန်​၍​ပြု​စု​ပျိုး​ထောင်​တည်​ဆောက် ၍​ပေး​မည်။-
JER 31:29 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ `မိ​ဘ​တို့​သည်​စ​ပျစ်​ချဉ်​သီး​ကို​စား​၍​သား သ​မီး​များ သွား​ကျိန်း​လျက်​ရှိ​ကြ​၏' ဟူ​သော​ဆို​ရိုး​စ​ကား​ကို​လူ​တို့​ပြော​ဆို​ကြ တော့​မည်​မ​ဟုတ်။
JER 31:30 စ​ပျစ်​ချဉ်​သီး​ကို​စား​သူ​မှန်​သ​မျှ​သည် မိ​မိ​တို့ ကိုယ်​တိုင်​သွား​ကျိန်း​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း​ပင် မိ​မိ​တို့​အ​ပြစ်​အ​တွက်​သေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 31:31 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ​ပြည် သား​များ၊ ယု​ဒ​ပြည်​သား​များ​နှင့်​ပ​ဋိ​ညာဉ် သစ်​ဖွဲ့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။-
JER 31:32 ထို​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ က သူ​တို့​နှင့်​ငါ​ဖွဲ့​ခဲ့​သည့်​ပ​ဋိ​ညာဉ်​နှင့်​တူ လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့​၏​ခင်​ပွန်း သ​ဖွယ်​ဖြစ်​သော်​လည်း သူ​တို့​သည်​မိ​မိ​တို့ နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း ခဲ့​ကြ။-
JER 31:33 သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​သစ်​ကား​ဤ သို့​တည်း။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သူ တို့​၏​စိတ်​အ​တွင်း​သို့​သွတ်​သွင်း​ပေး​မည်။ သူ တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​မှတ်​၍​ထား မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​လျက်​သူ တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့်​မည်။-
JER 31:34 ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရန်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း​ကို လည်း​ကောင်း၊ ပြည်​သူ​အ​ချင်း​ချင်း​ကို​လည်း ကောင်း​သွန်​သင်​ပေး​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​ငယ်​ဆုံး​သူ​မှ အ​ကြီး​မြတ်​ဆုံး​သူ​အ​ထိ​ငါ့​ကို​သိ ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​မည်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​လည်း​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 31:35 ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ခါ​အ​လင်း​ရောင် ပေး​ရန် နေ​ကို​လည်း​ကောင်း၊ ညဥ့်​အ​ခါ​ထွန်း​လင်း​စေ​ရန်​လ​နှင့်​ကြယ်​များ ကို​လည်း​ကောင်း​စီ​ရင်​တော်​မူ​၏။ ကိုယ်​တော်​သည်​ပင်​လယ်​ကို​မွှေ​နှောက်​၍​လှိုင်း များ​ကို မြည်​ဟည်း​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​၍​ဖြစ်​သ​တည်း။
JER 31:36 ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​အား သ​ဘာ​ဝ​ဋ္ဌမ္မ​တည်​ရှိ​သ​ရွေ့​ကာ​လ​ပတ် လုံး တည်​စေ​ရန်​က​တိ​ပြု​တော်​မူ​၏။
JER 31:37 လူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​တိုင်း​တာ​နိုင်​၍ ကမ္ဘာ​မြေ​ကြီး​၏​အုတ်​မြစ်​ကို​ရှာ​ဖွေ​ကြည့်​ရှု နိုင်​သည့်​အ​ခါ​ကျ​ရောက်​မှ​သာ​လျှင်၊ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့ အား သူ​တို့​ပြု​ခဲ့​သည့်​အ​ပြစ်​အ​ပေါင်း​အ​တွက် ကြောင့် ပစ်​ပယ်​တော်​မူ​လတ္တံ့။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
JER 31:38 ထာ​ဝ​ရ​ဘု​ရား​က``မြို့​တော်​တစ်​ခု​လုံး​ကို ဟာ​န​နေ​လ​ရဲ​တိုက်​မှ မြို့​ထောင့်​တံ​ခါး​တိုင် အောင်​ပြန်​လည်​တည်​ဆောက်​ရ​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-
JER 31:39 နယ်​နိ​မိတ်​သတ်​မှတ်​သည့်​မျဉ်း​သည်​ထို​အ​ရပ်​မှ အ​စ​ပြု​၍ အ​နောက်​ဘက်​ဂါ​ရက်​တောင်​ကုန်း​သို့ တိုင်​အောင်​ရောက်​ရှိ​လျက်​ဂေါ​သ​တောင်​ကို​ဝိုင်း မိ​လိမ့်​မည်။-
JER 31:40 လူ​သေ​အ​လောင်း​များ​နှင့်​အ​မှိုက်​များ​စွန့်​ပစ် ရာ​ချိုင့်​ဝှမ်း​တစ်​ခု​လုံး​သည်​လည်း​ကောင်း၊ အ​ရှေ့ ဘက်​မြင်း​တံ​ခါး​တိုင်​အောင်​ကေ​ဒြုန်​ချောင်း အ​ထက်​ရှိ​လယ်​ပြင်​အ​ပေါင်း​သည်​လည်း​ကောင်း ငါ့​အ​ဖို့​မြင့်​မြတ်​သန့်​ရှင်း​ရာ​ဖြစ်​လိမ့်​မည်။ ဤ​မြို့​တော်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ဖြို​ချ​ဖျက်​ဆီး​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။
JER 32:1 ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ နန်း​စံ​ဒ​သ​မ​နှစ်​၌ ငါ့​အား​ဗျာ​ဒိတ်​ပေး တော်​မူ​၏။ ထို​နှစ်​သည်​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​ဖြစ်​သ​တည်း။-
JER 32:2 ထို​အ​ခါ​၌​ဗာဗု​လုန်​မင်း​၏​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လျက်​ရှိ​၏။ ငါ သည်​လည်း​ဘု​ရင့်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ချုပ်​ခံ​လျက်​နေ​ရ​၏။-
JER 32:3 ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ထို​အ​ရပ်​တွင် အ​ကျဉ်း​ချ​ထား​ပြီး​နောက်``ဤ​မြို့​ကို​ဗာ​ဗု လုန်​ဘု​ရင်​အား​ငါ​ပေး​အပ်​မည်။ သူ​သည် ဤ​မြို့​ကို​သိမ်း​ယူ​လိမ့်​မည်။-
JER 32:4 ဇေ​ဒ​ကိ​မင်း​သည်​ဗာ​ဗု​လုန်​ပြည်​သား​တို့ ၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​တွင်း​သို့​သက်​ဆင်း ရ​ကာ​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော ဆို​ရ​လိမ့်​မည်။-
JER 32:5 ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။
JER 32:6 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``သင်​၏​ဦး​ရီး ရှလ္လုံ​၏​သား​ဟာ​န​မေ​လ​သည်​အာ​န​သုတ် တွင်​ရှိ​သည့် မိ​မိ​၏​လယ်​မြေ​ကို​ဝယ်​ယူ​ရန် သင့်​အား​ပြော​ကြား​လာ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​သည်​သူ​နှင့်​အ​နီး​ဆုံး ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကွက်​ကို ဝယ်​ယူ​ပိုင်​ခွင့်​ရှိ​သူ​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။-
JER 32:8 ထို​နောက်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပင်​လျှင် ငါ့​ညီ​ဟာ​န​မေ​လ​သည်​ငါ​ရှိ​ရာ​အ​ချုပ် ထောင်​ဝင်း​အ​တွင်း​သို့​လာ​၍``ဗင်္ယာ​မိန်​နယ်​မြေ တွင်း​ရှိ​ဒေ​သ​တွင်​ရှိ​သည့်​အ​ကျွန်ုပ်​၏​လယ် မြေ​ကို​ဝယ်​ယူ​ပါ။ သင်​သည်​အ​ကျွန်ုပ်​နှင့်​အ​နီး ဆုံး​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကို​ဝယ်​ယူ သိမ်း​ပိုက်​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ ထို​အ​ခါ ငါ​သည်​ဤ​အ​မှု​ကို​ပြု​ရန်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​ထား​တော်​မူ​သည်​ကို​သိ​သ​ဖြင့်၊-
JER 32:9 ဟာ​န​မေ​လ​ထံ​မှ​လယ်​ကို​ဝယ်​ယူ​ကာ​သူ့ အား​ငွေ​ကို​ချိန်​တွယ်​၍​ပေး​၏။ လယ်​ဖိုး​ငွေ သား​မှာ​တစ်​ဆယ့်​ခု​နစ်​ခု​ဖြစ်​သ​တည်း။-
JER 32:10 ငါ​သည်​အ​သိ​သက်​သေ​များ​၏​ရှေ့​တွင်​စာ​ချုပ် ကို​လက်​မှတ်​ရေး​ထိုး​ကာ ချိပ်​တံ​ဆိပ်​ခတ်​နှိပ် ပြီး​လျှင်​ငွေ​ကို​ချိန်​ခွင်​ဖြင့်​ချိန်​တွယ်​၍ ပေး​၏။-
JER 32:11 ထို​နောက်​ငါ​သည်​နှစ်​ဦး​နှစ်​ဝ​သ​ဘော​တူ​ညီ ချက်​နှင့်​စည်း​ကမ်း​သတ်​မှတ်​ချက်​များ​ပါ​ရှိ သည့် ချိပ်​တံ​ဆိပ်​နှိပ်​ထား​သော​စာ​ချုပ်​တစ် စောင်​နှင့်​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​မ​ထား​သည့် စာ​ချုပ်​လက်​ခံ​တစ်​စောင်​ကို​ယူ​၍၊-
JER 32:12 မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​ဗာ​ရုတ်​၏ လက်​သို့​ပေး​အပ်​လိုက်​လေ​သည်။ ထို​စာ​ချုပ် များ​ကို​ငါ​သည်​သူ့​အား​ယာ​န​မေ​လ​၏ ရှေ့​၌​လည်း​ကောင်း၊ အ​ရောင်း​အ​ဝယ်​ပြု​ရာ တွင်​အ​သိ​သက်​သေ​များ​အ​ဖြစ်​လက်​မှတ် ရေး​ထိုး​ခဲ့​သူ​များ​၏​ရှေ့​၌​လည်း​ကောင်း၊ အ​ချုပ်​ထောင်​ဝင်း​အ​တွင်း​တွင်​ထိုင်​လျက် နေ​ကြ​သော​ဟေ​ဗြဲ​အ​မျိုး​သား​၏​ရှေ့​၌ လည်း​ကောင်း​ပေး​အပ်​ခြင်း​ဖြစ်​သ​တည်း။-
JER 32:13 ငါ​သည်​ထို​သူ​အား​လုံး​တို့​၏​ရှေ့​၌​ဗာ​ရုတ် အား၊-
JER 32:14 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ဤ​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​မြေ ဝယ်​စာ​ချုပ်​နှင့်​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​မ​ထား သည့်​စာ​ချုပ်​တို့​ကို​ယူ​၍ နှစ်​ပေါင်း​များ​စွာ မ​ပျက်​မ​စီး​ဘဲ​ရှိ​စေ​ရန်​မြေ​အိုး​ထဲ​တွင် ထည့်​ထား​ရ​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ။-
JER 32:15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ဤ​ပြည် တွင်​အိမ်​များ​လယ်​ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ် များ​ကို​နောက်​တစ်​ဖန်​အ​ရောင်း​အ​ဝယ်​ပြု လုပ်​ကြ​လိမ့်​ဦး​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​မှာ​ကြား​၏။
JER 32:16 ငါ​သည်​မြေ​ဝယ်​စာ​ချုပ်​ကို​နေ​ရိ​၏​သား ဗာ​ရုတ်​အား​ပေး​အပ်​လိုက်​ပြီး​နောက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု​တောင်း​၏။-
JER 32:17 ``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော် ရှင်​သည်​မ​ဟာ​တန်​ခိုး​အာ​နု​ဘော်​တော်​အား ဖြင့်​ကမ္ဘာ​မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​မ​တတ်​နိုင်​လောက်​အောင်​ခက်​ခဲ သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။-
JER 32:18 ကိုယ်​တော်​ရှင်​သည်​ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ တော်​မူ​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အား မိ​မိ​တို့​ဘိုး​ဘေး​များ​၏​အ​ပြစ်​များ အ​တွက်​ဒဏ်​ခတ်​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော် ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး​တော် နှင့်​ပြည့်​စုံ​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​၏။-
JER 32:19 ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​၍ ပြု​တော်​မူ​သော​အ​မှု တော်​တို့​သည်​ကြီး​မြတ်​ပါ​၏။ ကိုယ်​တော်​ရှင် သည်​လူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​တွေ့ မြင်​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​အား​မိ​မိ​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​များ​ကို လိုက်​၍​ဆု​ချ​တော်​မူ​ပါ​၏။-
JER 32:20 အီ​ဂျစ်​ပြည်​တွင်​ကိုယ်​တော်​ရှင်​သည်​အံ့​သြ ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သည့်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​တော်​မူ​ပါ​၏။ ယ​နေ့​တိုင် အောင်​ပင်​ထို​အ​မှု​အ​ရာ​များ​ကို​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​တွင်​လည်း​ကောင်း၊ လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း​ဆက် လက်​၍​ပြ​တော်​မူ​လျက်​ရှိ​သ​ဖြင့် ကိုယ် တော်​ရှင်​၏​သ​တင်း​တော်​သည်​အရပ်​ရပ် သို့​ပျံ့​နှံ့​၍​ရှိ​ပါ​၏။-
JER 32:21 ရန်​သူ​များ​အား​ကြောက်​လန့်​တုန်​လှုပ်​၍ သွား​စေ​သည့်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့်​အံ့​သြ​ဖွယ်​ရာ​တို့​ဖြင့် ကိုယ်​တော်​ရှင် သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​စွမ်း​အား​တို့ ကို​အ​သုံး​ပြု​၍ ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။-
JER 32:22 ကိုယ်​တော်​ရှင်​သည် သူ​တို့​၏​ဘိုး​ဘေး​များ အား​ကတိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ချမ်း သာ​ကြွယ်​ဝ​၍ အ​သီး​အ​နှံ​ပေါ​များ​သည့် ဤ​ပြည်​တော်​ကို​သူ​တို့​အား​ပေး​အပ်​တော် မူ​ပါ​၏။-
JER 32:23 သို့​ရာ​တွင်​သူ​တို့​သည်​ဤ​ပြည်​ကို​ဝင်​ရောက် သိမ်း​ပိုက်​ရ​ကြ​သော​အ​ခါ ကိုယ်​တော်​ရှင် ၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ သြ​ဝါ​ဒ​တော်​တို့​ကို​လည်း​မ​ကျင့်​သုံး ကြ​ပါ။ ကိုယ်​တော်​ရှင်​ခိုင်း​စေ​သည့်​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပြု​မ​လုပ်​ကြ​ပါ။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​ဘေး အန္တ​ရာယ်​ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​တော်​မူ​ပါ​၏။
JER 32:24 ``ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​ဤ​မြို့​ကို ဝိုင်း​ရံ​သိမ်း​ပိုက်​နိုင်​ရန် မြေ​က​တုတ်​များ ကို​မြို့​ပတ်​လည်​တွင်​ဖို့​လုပ်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​ပြီ။ စစ်​ဘေး​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် သူ​တို့​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​ပါ လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သ​မျှ​သော စ​ကား​များ​မှန်​လျက်​နေ​သည်​ကို​တွေ့ မြင်​တော်​မူ​နိုင်​ပါ​၏။-
JER 32:25 သို့​ရာ​တွင် အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဤ​မြို့​ကို​ဗာ​ဗု​လုန်​ပြည်​သား​တို့​သိမ်း​ပိုက် အံ့​ဆဲ​ဆဲ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​အား​အ​သိ​သက်​သေ​များ​ရှေ့​တွင် လယ်​မြေ​ကို​ဝယ်​ယူ​ရန်​အ​မိန့်​ပေး​တော် မူ​ပါ​သည်​တ​ကား'' ဟု​လျှောက်​လေ​၏။
JER 32:26 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊-
JER 32:27 ``ငါ​သည်​လူ​သား​အ​ပေါင်း​တို့​၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မ​တတ် နိုင်​လောက်​အောင်​ခက်​ခဲ​သည့်​အ​မှု​အ​ရာ ဟူ​၍​မ​ရှိ။-
JER 32:28 ထို့​ကြောင့်​ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နှင့် သူ့​တပ်​မ​တော်​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​သည်​ဤ​မြို့​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။-
JER 32:29 ဤ​မြို့​ကို​တိုက်​ခိုက်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား တို့​သည်​လာ​၍​မီး​ရှို့​ကြ​လိမ့်​မည်။ အိမ်​ခေါင်​မိုး များ​အ​ထက်​တွင်​ဗာ​လ​ဘု​ရား​အား​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ အ​ခြား​ဘု​ရား​များ​အ​တွက်​စပျစ် ရည်​ပူ​ဇော်​သကာ​ကို​သွန်း​လောင်း​ခြင်း​အား ဖြင့်​လည်း​ကောင်း ငါ​၏​အ​မျက်​တော်​ကို​လူ တို့​လှုံ့​ဆော်​ရာ​အိမ်​များ​နှင့်​အ​တူ ဤ​မြို့ တစ်​မြို့​လုံး​သည်​လောင်​ကျွမ်း​၍​သွား​လိမ့် မည်။-
JER 32:30 ဣ​သ​ရေ​လ​နှင့်​ယုဒ​ပြည်​သား​တို့​သည်​ရှေး မ​ဆွ​က​ပင်​လျှင်​အ​စ​ပြု​၍ ငါ​မ​နှစ်​သက် သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု​ခဲ့​ကြ​ပေ သည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​မိ​မိ တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ​၏။-
JER 32:31 ဤ​မြို့​ကို​တည်​ထောင်​သည့်​နေ့​မှ​အ​စ​ပြု​၍ မြို့​သူ​မြို့​သား​တို့​သည် ငါ​၏​အ​မျက်​တော် ကို​ပြင်း​ထန်​စွာ​လှုံ့​ဆော်​ခဲ့​ကြ​၏။-
JER 32:32 ဣ​သ​ရေ​လ​ပြည်​သား​များ​နှင့်​ယု​ဒ​ပြည် သား​များ၊ သူ​တို့​၏​ဘု​ရင်​များ​နှင့်​မှူး​မတ် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​သူ​တို့​ပြု​ကျင့်​သည့်​မ​ကောင်း​မှု များ​အ​တွက် ငါ​သည်​ဤ​မြို့​ကို​ပျက်​သုဉ်း စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​လေ​ပြီ။-
JER 32:33 သူ​တို့​သည်​ငါ့​ကို​ကျော​ခိုင်း​ကြ​၏။ ငါ​သည် သူ​တို့​အား​ဆက်​လက်​၍​သွန်​သင်​ပါ​သော် လည်း သူ​တို့​သည်​နား​မ​ထောင်​လို​ကြ။ ဆုံး​မ​ပဲ့​ပြင်​မှု​ကို​မ​ခံ​ယူ​လို​ကြ။-
JER 32:34 သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ဖြင့်​တည်​ဆောက် ထား​သည့်​ဗိ​မာန်​တော်​တွင် ရွံ​ရှာ​ဖွယ်​ကောင်း သော​ရုပ်​တု​များ​ကို​ထား​ရှိ​လျက်​ညစ် ညမ်း​စေ​ကြ​၏။-
JER 32:35 သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား မော​လုပ်​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ရန်​ဟိန္နုံ​ချိုင့် ဝှမ်း​တွင် ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​ကြ​၏။ ဤ​အ​မှု​ကို​ပြ​ရန်​သူ​တို့ အား​ငါ​မ​ခိုင်း​စေ​ခဲ့။ သူ​တို့​သည်​ယု​ဒ​ပြည် သား​တို့​အား​ဤ​သို့​အပြစ်​ကူး​လွန်​ရန်​ပို့ ဆောင်​လမ်း​ပြ​ကြ​လိမ့်​မည်​ဟု​လည်း အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​တွေး​တော​မိ​ခဲ့'' ဟု မိန့်​တော်​မူ​၏။
JER 32:36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ ဤ​မြို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဗာ​ဗု​လုန် ဘု​ရင်​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည် ဟု​ပြည်​သူ​တို့​ပြော​ဆို​နေ​ကြ​၏။ နောက်​ထပ် ငါ​မိန့်​မှာ​ရန်​ရှိ​သည့်​စ​ကား​ကို​ယ​ခု​နား ထောင်​လော့။-
JER 32:37 ငါ​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက် ၍​ထို​သူ​တို့​အား​ကွဲ​လွင့်​စေ​ခဲ့​သည့်​တိုင်း နိုင်ငံ​များ​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို​နောက် သူ​တို့​ကို​ဤ​အ​ရပ်​သို့​ပြန်​လည်​ခေါ်​ဆောင် ကာ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​စေ​မည်။-
JER 32:38 ထို​အ​ခါ​သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-
JER 32:39 ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​အ​ကျိုး၊ နောင် လာ​နောက်​သား​တို့​၏​အ​ကျိုး​ငှာ​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​အ​သက်​ရှင်​စေ​မည်။ ထို​ရည်​ရွယ်​ချက်​မှာ​ငါ့​ကို​အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​ရန်​ပင်​ဖြစ်​သည်။-
JER 32:40 ငါ​သည်​သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​ထာ​ဝ​စဉ်​ကောင်း​ကျိုး​ပေး​မည်။ သူ တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ့​ကို​မ​စွန့် မ​ပယ်​စေ​ကြ​စေ​ရန် သူ​တို့​၏​နှ​လုံး​တွင်​ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​သ​ဘော​ကို ငါ​ရ​ရှိ​စေ​မည်။-
JER 32:41 သူ​တို့​အား​ကောင်း​ကျိုး​ပေး​ရန်​ကို​သာ​နှစ် သက်​မည်။ ဤ​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ရာ ချ​ထား​မည်။
JER 32:42 ``ငါ​သည်​ဤ​ဘေး​အန္တ​ရာယ်​ဆိုး​ကို သူ​တို့ အ​ပေါ်​သို့​သက်​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ တို့​အား​ငါ​က​တိ​ရှိ​ခဲ့​သည့်​ကောင်း​ကျိုး ချမ်း​သာ​မှန်​သ​မျှ​ကို​ခံ​စား​စေ​မည်။-
JER 32:43 ဤ​ပြည်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း ကောင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​၏​လက်​တွင်း သို့​ကျ​ရောက်​ရ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း လူ​တို့​ပြော​ဆို​နေ​ကြ​၏။ သို့​ရာ​တွင်​ဤ ပြည်​ရှိ​လယ်​ယာ​များ​ကို​အ​ရောင်း​အ​ဝယ် ပြု​လုပ်​ကြ​လိမ့်​မည်။-
JER 32:44 လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။
JER 33:1 ငါ​သည်​ထောင်​ဝင်း​အ​တွင်း​တွင်​အ​ချုပ်​ခံ​ရ လျက်​ပင်​ရှိ​နေ​သေး​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​အား​တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ ပြန်​၏။-
JER 33:2 ကမ္ဘာ​မြေ​ကြီး​ကို​ပုံ​သွင်း​ဖန်​ဆင်း​၍​နေ သား​တ​ကျ​တည်​ရှိ​စေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊-
JER 33:3 ``ငါ့​ကို​ဟစ်​ခေါ်​လော့။ ငါ​ထူး​မည်။ စိုး​စဉ်း​မျှ သင်​မ​သိ​နား​မ​လည်​သည့်​ထူး​ဆန်း​အံ့​သြ ဖွယ်​ကောင်း​သော​အ​မှု​အ​ရာ​များ​ကို​သင့် အား​ငါ​ဖော်​ပြ​မည်။-
JER 33:4 ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် ၏​နန်း​တော်​သည် ဝိုင်း​ရံ​ပိတ်​ဆို့​တိုက်​ခိုက်​ခံ ရ​သ​ဖြင့်​ပြို​ပျက်​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
JER 33:5 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လူ​အ​ချို့ သည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​အ​မျက် ဒေါ​သ​ထွက်​၍​ကွပ်​မျက်​မည့်​လူ​တို့​၏ အ​လောင်း​များ​ဖြင့် သူ​တို့​သည်​ဤ​မြို့​ကို ပြည့်​နှက်​နေ​စေ​ကြ​လိမ့်​မည်။ မြို့​သူ​မြို့ သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက်​များ ကြောင့်​ငါ​သည်​ဤ​မြို့​ကို​မျက်​နှာ​လွှဲ တော်​မူ​ပြီ။-
JER 33:6 သို့​ရာ​တွင်​ငါ​သည်​မြို့​နှင့်​မြို့​သား​တို့​ကို ကု​စား​၍ ပြန်​လည်​ကျန်း​မာ​လာ​စေ​မည်။ မြို့ သူ​မြို့​သား​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​တို့​ကို​ရ​ရှိ​ရန်​ငါ ပြ​သ​မည်။-
JER 33:7 ငါ​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို ကောင်း​စား​စေ​မည်။ ထို​ပြည်​တို့​ကို​ရှေး​နည်း တူ​ပြန်​လည်​တည်​ဆောက်​၍​ပေး​မည်။-
JER 33:8 ပြည်​သူ​တို့​ငါ့​အား​ပြစ်​မှား​ခဲ့​ကြ​သည့်​အပြစ် များ​ကို​ဆေး​ကြော​စင်​ကြယ်​စေ​မည်။ သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ပုန်​ကန်​မှု​တို့​ကို​ငါ​ခွင့် လွှတ်​မည်။-
JER 33:9 ယေ​ရု​ရှ​လင်​မြို့​သည်​ငါ​ဝမ်း​မြောက်​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​အား​ငါ​ပေး အပ်​သည့်​ကောင်း​ကျိုး​ချမ်း​သာ​အ​ကြောင်း ကို​လည်း​ကောင်း၊ ထို​မြို့​သို့​ငါ​ဆောင်​ယူ လာ​သည့်​စည်​ပင်​ဝ​ပြော​မှု​အ​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​ရ​သော​အ​ခါ​ကြောက် လန့်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
JER 33:10 ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​ရပ်​သည်​သဲ​ကန္တာ ရ​ကဲ့​သို့​လူ​သူ​တိ​ရစ္ဆာန်​များ​ကင်း​မဲ့​ရာ​ဖြစ် ၏​ဟု လူ​တို့​ပြော​ဆို​လျက်​နေ​ကြ​၏။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း​များ တွင်​လူ​သူ​တိ​ရစ္ဆာန်​များ​ဆိတ်​သုဉ်း​လျက် နေ​သည်​ဆို​ခြင်း​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင် ထို​အ​ရပ်​တို့​တွင်၊-
JER 33:11 ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊ `အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 33:12 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``လူ​နှင့် တိ​ရစ္ဆာန်​ကင်း​မဲ့​၍​သဲ​ကန္တာ​ရ​နှင့်​တူ​သော ဤ ပြည်​တွင်​သိုး​ကျောင်း​သား​တို့​သိုး​များ​ကို ထိန်း​ကျောင်း​ရာ​စား​ကျက်​များ​ရှိ​လာ​လိမ့် ဦး​မည်။-
JER 33:13 တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့်​ယု​ဒ ပြည်​တောင်​ဘက်​ဒေ​သ​တို့​၌​ရှိ​သော​မြို့​များ နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တွင်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​မှ​ကျေး​ရွာ များ​နှင့်​ယု​ဒ​မြို့​များ​၌​လည်း​ကောင်း သိုး ထိန်း​တို့​သည်​မိ​မိ​တို့​သိုး​များ​ကို​တစ်​ဖန် ရေ​တွက်​လျက်​နေ​ကြ​လိမ့်​ဦး​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 33:14 ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား များ​နှင့်​ယု​ဒ​ပြည်​သား​တို့​အား ငါ​ထား ရှိ​ခဲ့​သည့်​က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​စေ​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။-
JER 33:15 ထို​နေ့​ရက်​ကာ​လ​၌​ဒါ​ဝိဒ်​၏​သား​မြေး အ​စစ်​အ​မှန်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​မည်။ သူ​သည်​လည်း​တိုင်း​နိုင်​ငံ​တစ်​ခု​လုံး​တွင် မျှ​တ​ဖြောင့်​မှန်​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။-
JER 33:16 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယု​ဒ​ပြည်​သူ​တို့​သည်​ကယ်​ဆယ်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ သည်​လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​မြို့​တော်​ကို`ငါ​တို့​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား' ဟူ​၍​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်။-
JER 33:17 ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ ပြတ်​ရ​စေ​ရန်​လည်း​ကောင်း၊-
JER 33:18 ငါ​၏​ရှေ့​မှောက်​တွင်​ရပ်​လျက်​မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​၍ ယဇ်​များ​ကို​ပူ​ဇော် ရန်​အ​ဘယ်​အ​ခါ​၌​မျှ​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန်​လည်း ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​၏'' ဟု မိန့်​တော်​မူ​၏။
JER 33:19 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``နေ့​နှင့်​ညဥ့်​တို့ သည်​မိ​မိ​တို့​အ​ချိန်​ကျ​လျှင်​ရောက်​ရှိ​လာ စေ​ရန်​နေ့​၌​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်၊ ညဥ့်​၌ ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက်​၍ မ​ရ​နိုင်။-
JER 33:21 ထို​နည်း​တူ​စွာ​ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ​ပြတ်​စေ ရန်​နှင့် ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန် ငါ့ အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​ငါ​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ် ကို​လည်း​ဖောက်​ဖျက်​၍​မ​ရ​နိုင်။-
JER 33:22 ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 33:23 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``ငါ​သည်​မိ​မိ ရွေး​ချယ်​ထား​သည့်​ဣ​သ​ရေ​လ​အိမ်​ထောင်​စု နှင့် ယု​ဒ​အိမ်​ထောင်​စု​ကို​ပစ်​ပယ်​တော်​မူ​ပြီ​ဟု လူ​တို့​ပြော​ဆို​နေ​ကြ​သည်​ကို​သင်​သ​တိ​ပြု မိ​ပါ​၏​လော။ သူ​တို့​သည်​ဤ​သို့​လျှင် ငါ​၏ လူ​မျိုး​တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​လူ​မျိုး တစ်​ရပ်​အ​နေ​ဖြင့်​ပင်​မ​မှတ်​မ​ယူ​ကြ​တော့ ပေ။-
JER 33:25 သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​နှင့် ညဥ့်​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကာ ကမ္ဘာ​မိုး​မြေ​ကို ထိန်း​ချုပ်​ရန်​အ​တွက်​ဋ္ဌမ္မ​တာ​တ​ရား​ကို ဖန်​တီး​၍​ထား​၏။-
JER 33:26 ဤ​သို့​ငါ​ပြု​ခဲ့​သည်​မှာ​သေ​ချာ​သ​ကဲ့​သို့ ယာ​ကုပ်​၏​သား​မြေး​များ​နှင့်​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နှင့်​လည်း​ကောင်း​ထား ရှိ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သေ ချာ​၏။ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ် တို့​၏​သား​မြေး​များ​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​တစ်​ဦး​ကို​ရွေး ကောက်​မည်။ ငါ​၏​လူ​မျိုး​တော်​အား​တစ်​ဖန် ပြန်​၍​ကောင်း​စား​စေ​မည်။ ငါ​သည်​သူ​တို့ ၏​အ​ပေါ်​၌​က​ရု​ဏာ​ထား​မည်'' ဟု မိန့်​တော်​မူ​၏။
JER 34:1 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့် တပ်​မ တော်​သည်​လက်​အောက်​ခံ​နိုင်​ငံ​ရှိ​သ​မျှ​နှင့် လူ​မျိုး​အ​ပေါင်း​တို့​၏​စစ်​တပ်​များ​အ​ကူ အ​ညီ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​နီး အ​နား​ရှိ​မြို့​ရွာ​များ​ကို​တိုက်​ခိုက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-
JER 34:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​သင်​သည်​ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​ထံ​သို့​သွား​၍​သူ့​အား​ဗျာ ဒိတ်​တော်​ပြန်​ကြား​ရ​မည်​မှာ``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​အား ပေး​အပ်​မည်။ သူ​သည်​ဤ​မြို့​ကို​မီး​ရှို့​လိမ့်​မည်။-
JER 34:3 သင်​သည်​သူ​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​ဖမ်း​ခံ​ရ​ကာ​သူ​၏​လက်​တွင်း သို့​သက်​ဆင်း​ရ​လိမ့်​မည်။ သင်​သည်​သူ​နှင့် မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော​ဆို​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ပါ​သွား​ရ​လိမ့်​မည်။-
JER 34:4 အို ဇေ​ဒ​ကိ​မင်း၊ သင့်​ကို​ရည်​မှတ်​၍ ငါ​မိန့် မှာ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ သင် သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​လိမ့်​မည်​မ​ဟုတ်။-
JER 34:5 အေး​ချမ်း​စွာ​သေ​ရ​လိမ့်​မည်။ လူ​တို့​သည် သင်​၏​ဘိုး​ဘေး​များ​အ​တွက် နံ့​သာ​ပေါင်း ကို​မီး​ရှို့​ခဲ့​ကြ​သည့်​နည်း​တူ သင်​၏​အ​တွက် လည်း​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လိမ့်​မည်။ သူ တို့​သည်`ငါ​တို့​ဘု​ရင်​ကွယ်​လွန်​ပြီ' ဟု​ဆို​၍ သင်​၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
JER 34:6 ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​၏​တပ်​မ​တော် သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လျက်​နေ စဉ်​ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထို​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​ကို​ဇေ​ဒ​ကိ​အား​ဆင့်​ဆို ပြန်​ကြား​၏။ ဗာ​ဗု​လုန်​တပ်​မ​တော်​သည် ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​များ​အ​နက် ကျန် ရှိ​သေး​သည့်​မြို့​များ​ဖြစ်​သော​လာ​ခိ​ရှ မြို့​နှင့်​အ​ဇေ​ကာ​မြို့​တို့​ကို​လည်း​တိုက် ခိုက်​လျက်​နေ​သ​တည်း။
JER 34:8 ဇေ​ဒ​ကိ​မင်း​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​သည် ယု​ဒ​အ​မျိုး​သား​အ​ချင်း​ချင်း​ကျွန် စေ​စား​မှု​မ​ရှိ​စေ​ရန် ဟေ​ဗြဲ​ကျွန်​ယောကျာ်း ကျွန်​မိန်း​မ​တို့​အား လွတ်​လပ်​ခွင့်​ပေး​ရန် သ​ဘော​တူ​ညီ​ကြ​လေ​သည်။
JER 34:10 ပြည်​သူ​များ​နှင့်​ပြည်​သူ့​ခေါင်း​ဆောင်​အ​ပေါင်း တို့​သည် မိ​မိ​တို့​ကျေး​ကျွန်​များ​အား​လွတ်​လပ် ခွင့်​ပေး​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန် ၍​ကျွန်​စေ​စား​မှု​မ​ပြု​ပါ​ဟု​သ​ဘော​တူ​ညီ ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ကျေး​ကျွန်​များ ကို​လွတ်​လပ်​ခွင့်​ပေး​ကြ​၏။-
JER 34:11 သို့​သော်​လည်း​ယင်း​သို့​လွတ်​လပ်​ခွင့်​ပေး​ပြီး သည်​နောက် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ထို​သူ တို့​အား​ပြန်​လည်​ခေါ်​ယူ​ကာ အ​တင်း အ​ကြပ်​ကျွန်​ခံ​စေ​ကြ​ပြန်​၏။
JER 34:12 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊-
JER 34:13 ငါ့​အား​ပြည်​သူ​တို့​အား​ဆင့်​ဆို​စေ​သည် မှာ``ငါ​သည်​သင်​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ကာ ကျွန်​ဘ​ဝ မှ​လွတ်​မြောက်​စေ​ခဲ့​စဉ်​အ​ခါ​က​သူ​တို့ နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့​၏။-
JER 34:14 သူ​တို့​သည်​မိ​မိ​ဝယ်​ယူ​ထား​သည့်​ဟေ​ဗြဲ ကျွန်​မှန်​သ​မျှ​ကို​ခြောက်​နှစ်​မျှ​စေ​စား​ပြီး နောက် ခု​နစ်​နှစ်​မြောက်​တွင်​လွတ်​လပ်​ခွင့်​ပေး​ရ ကြ​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ငါ​မှာ​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​၏​ဘိုး​ဘေး​တို့​သည် ငါ့​အား​ပ​မာ​ဏ​မ​ပြု​ကြ။ ငါ​ပြော​ဆို သည့်​စ​ကား​ကို​လည်း​နား​မ​ထောင်​ကြ။-
JER 34:15 လွန်​ခဲ့​သည့်​ရက်​အ​နည်း​ငယ်​က​သင်​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍ ငါ​နှစ်​သက်​သည့် အ​မှု​ကို​ပြု​ခဲ့​ကြ​၏။ သင်​တို့​အား​လုံး​ပင် မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား​အ​ချင်း​ချင်း တို့​အား လွတ်​လပ်​ခွင့်​ပေး​ရန်​သ​ဘော​တူ​ညီ ချက်​ဖြင့် ငါ့​နာ​မ​ဖြင့်​တည်​ဆောက်​ထား သော​ဗိ​မာန်​တော်​အ​တွင်း​ငါ​၏​ရှေ့​မှောက် ၌​ပ​ဋိ​ညာဉ်​ပြု​ခဲ့​ကြ​၏။-
JER 34:16 သို့​ရာ​တွင်​သင်​တို့​သည်​စိတ်​သ​ဘော​ထား ပြောင်း​လဲ​ကြ​ပြန်​၍​ငါ့​အား​အ​သ​ရေ​ဖျက် ကြ​၏။ သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​လွတ်​လပ် ခွင့်​ပေး​ခဲ့​ကြ​သည့်​ကျေး​ကျွန်​များ​ကို ပြန် လည်​ခေါ်​ယူ​ကာ​အ​တင်း​အ​ကြပ်​ကျွန်​ခံ စေ​ကြ​ပြန်​၏။-
JER 34:17 သို့​သော်​လည်း​သင်​တို့​သည်​ငါ​၏​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား အ​ချင်း​ချင်း​တို့​အား​လည်း လွတ်​လပ်​ခွင့် မ​ပေး​ခဲ့​ကြ​ဟု​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဆို​၏။ ထို့​ကြောင့်​သင်​တို့​အား​စစ်​ဘေး၊ အ​နာ ရော​ဂါ​ဘေး​နှင့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး တို့​ဖြင့် လွတ်​လပ်​စွာ​သေ​ရ​ခြင်း​တည်း​ဟူ သော​လွတ်​လပ်​ခွင့်​ကို​ငါ​ပေး​မည်။ ငါ​သည် သင်​တို့​အား​ပြု​သည့်​အမှု​ကြောင့် ကမ္ဘာ​ပေါ် ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​ထိတ်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။-
JER 34:18 ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါင်း​ဆောင် များ​သည် နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယဇ်​ပု​ရော ဟိတ်​များ၊ ပြည်​သူ​များ​နှင့်​အ​တူ​မိ​မိ​တို့ နှစ်​ခြမ်း​ခွဲ​ထား​သည့်​နွား​လား​၏​စပ်​ကြား တွင်​လျှောက်​သွား​ကာ ငါ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​ရှေ့​မှောက် တွင် မိ​မိ​တို့​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး ဖောက်​ကြ​၏။ ထို့​ကြောင့်​နွား​လား​ကို​သူ တို့​ပြု​သ​ကဲ့​သို့​သူ​တို့​အား​ငါ​ပြု​မည်။-
JER 34:20 ငါ​သည်​သူ​တို့​ကို​ရန်​သူ​များ​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​အား​သတ်​ဖြတ်​လို​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။ သူ​တို့​၏ အ​လောင်း​များ​သည်​ငှက်​များ​တော​သား​ရဲ များ​၏​အ​စာ​ဖြစ်​လိမ့်​မည်။-
JER 34:21 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နှင့်​မှူး​မတ်​များ​အား သူ တို့​ကို​သတ်​ဖြတ်​လို​သည့်​ရန်​သူ​များ​၏​လက် သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သူ​တို့​အား​ယ​ခု အ​တိုက်​အ​ခိုက်​ရပ်​စဲ​လိုက်​သည့် ဗာ​ဗု​လုန် ဘုရင်​၏​တပ်​မ​တော်​လက်​သို့​ပေး​အပ်​မည်။-
JER 34:22 ထို​တပ်​မ​တော်​ကို​ငါ​အ​မိန့်​ပေး​သ​ဖြင့် သူ တို့​သည်​ပြန်​လာ​၍​ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ပြီး​လျှင် မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ ငါ​သည် ယု​ဒ​မြို့​တို့​ကို​လူ​သူ​ကင်း​မဲ့​ရာ​သဲ​ကန္တာ​ရ ကဲ့​သို့​ဖြစ်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 35:1 ယု​ဒ​ဘု​ရင်​ယော​ရှိ​၏​သား ယော​ယ​ကိမ်​မင်း လက်​ထက်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
JER 35:2 ``သင်​သည်​ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့ ထံ​သို့​သွား​၍​စ​ကား​စ​မြည်​ပြော​ပြီး​လျှင် သူ​တို့​အား​ဗိ​မာန်​တော်​အ​ခန်း​တစ်​ခု​သို့ ခေါ်​ဆောင်​ကာ​စ​ပျစ်​ရည်​ကို​တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
JER 35:3 သို့​ဖြစ်​၍​ငါ​သည်(အ​ခြား​ယေ​ရ​မိ​၏​သား၊ ဟာ​ဗ​ဇိ​ညာ​၏​မြေး) ယာ​ဇ​ညာ​နှင့်​သူ​၏ ညီ​အစ်​ကို​များ၊ သား​များ​ဖြစ်​ကြ​သော ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့​ကို၊-
JER 35:4 ဗိ​မာန်​တော်​သို့​ဖိတ်​ကြား​ပြီး​လျှင်​ပ​ရော​ဖက် ဟာ​နန်​၏​တ​ပည့်​များ​နေ​ထိုင်​ရာ​အ​ခန်း​သို့ ခေါ်​သွား​၏။ ဟာ​နန်​ကား​ဣ​ဂ​ဒါ​လိ​၏​သား ဖြစ်​သ​တည်း။ ထို​အ​ခန်း​သည်​အ​ရာ​ရှိ​များ ၏​အ​ခန်း​အ​နီး​ဗိ​မာန်​တော်​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သော​ရှလ္လုံ​၏​သား​မာ​သေ​ယ​၏ အ​ခန်း​အ​ထက်​၌​ရှိ​လေ​သည်။-
JER 35:5 ထို​နောက်​ငါ​သည်​စ​ပျစ်​ရည်​အပြည့်​ရှိ​သည့် ခွက်​ဖ​လား​များ​နှင့် အိုး​များ​ကို​ရေ​ခပ်​အ နွယ်​ဝင်​တို့​၏​ရှေ့​တွင်​ချ​ထား​၍​သူ​တို့ အား``စပျစ်​ရည်​အ​နည်း​ငယ်​သောက်​ကြ​ပါ'' ဟု​ပြော​၏။-
JER 35:6 သို့​ရာ​တွင်​ထို​သူ​တို့​က``ရေ​ခပ်​၏​သား၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ယော​န​ဒပ် က​အ​ကျွန်ုပ်​တို့​သည်​သား​စဉ်​မြေး​ဆက် အ ဘယ်​အ​ခါ​၌​မျှ​စ​ပျစ်​ရည်​ကို​မ​သောက် ရန်​ပ​ညတ်​ခဲ့​သည်​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​စ​ပျစ်​ရည်​မ​သောက်​ကြ​ပါ။-
JER 35:7 သူ​သည်​အ​ကျွန်ုပ်​တို့​အား​အိမ်​များ​ကို​မ ဆောက်​ကြ​ရန်​နှင့် လယ်​များ​ကို​မ​လုပ်​ကြ ရန်​သော်​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်​များ ကို​မ​စိုက်​မ​ပျိုး၊ မ​ဝယ်​မ​ယူ​ကြ​ရန်​သော် လည်း​ကောင်း​မှာ​ကြား​ထား​ပါ​သေး​၏။ အ ကျွန်ုပ်​တို့​သည်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့် နေ​ထိုင်​ရာ​ပြည်​တွင် ဆက်​လက်​နေ​ထိုင်​နိုင် ကြ​မည့်​အ​ကြောင်း​တဲ​ရှင်​များ​တွင်​သာ နေ​ကြ​ရန်​ကို​လည်း​မိန့်​မှာ​ခဲ့​ပါ​၏။-
JER 35:8 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​ရေ​ခပ် ၏​သား​ယော​န​ဒပ်​၏​ညွှန်​ကြား​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ကိုယ်​တိုင်​နှင့်​အ​ကျွန်ုပ်​တို့​၏​ဇ​နီး၊ သား​သ​မီး များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​အ​ခါ​မျှ မ​သောက်​ကြ​ပါ။-
JER 35:9 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ရန်​အိမ်​များ ကို​မ​ဆောက်​မ​လုပ်​ကြ​ပါ။ စ​ပျစ်​ဥ​ယျာဉ်​များ၊ လယ်​ယာ​များ​သို့​မ​ဟုတ်​ဂျုံ​စ​ပါး​များ​ကို လည်း​မ​ပိုင်​ကြ​ပါ။-
JER 35:10 အ​ကျွန်ုပ်​တို့​သည်​တဲ​ရှင်​များ​တွင်​နေ​ထိုင် ကြ​ပါ​သည်။ မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ် ၏​ပ​ညတ်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ခဲ့​ကြ​ပါ ပြီ။-
JER 35:11 သို့​ရာ​တွင်​ဤ​မြို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ချင်း​နင်း​ဝင်​ရောက်​လာ​သော​အ​ခါ​၌ ဗာ​ဗု​လုန်​နှင့်​ရှု​ရိ​တပ်​များ​ကင်း​ဝေး​စေ​ရန် အ​ကျွန်ုပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ ရောက်​ရန်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ကြ​ပါ​၏။ ထို့​ကြောင့် ယ​ခု​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​တွင် အ​ကျွန်ုပ်​တို့ နေ​ထိုင်​လျက်​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​ကြ​၏။
JER 35:12 ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​များ​ထံ​သို့​စေ​လွှတ်​၍​သူ​တို့ အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ညွှန် ကြား​ချက်​များ​ကို​မ​လိုက်​နာ​ကြ​ပါ သ​နည်း​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မေး​၏။-
JER 35:14 ယော​န​ဒပ်​၏​သား​မြေး​တို့​သည်​စ​ပျစ်​ရည် မ​သောက်​ရန်​ယော​န​ဒပ်​ပေး​အပ်​ခဲ့​သည့်​ပ​ညတ် ကို​စောင့်​ထိန်း​ခဲ့​ကြ​လေ​ပြီ။ သူ​တို့​သည်​မိ​မိ တို့​ဘိုး​ဘေး​၏​အ​မိန့်​ကို​နာ​ခံ​ကြ​သည်​ဖြစ် ၍ ယ​နေ့​တိုင်​အောင်​အ​ဘယ်​သူ​မျှ​စ​ပျစ်​ရည် ကို​မ​သောက်​ကြ။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​အ​ဖန်​ဖန်​အ​ထပ်​ထပ်​သင်​တို့​အား​ပြော ဆို​ခဲ့​သော်​လည်း​ငါ​၏​စ​ကား​ကို​နား​မ ထောင်။-
JER 35:15 ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့​အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​မိ​မိ​တို့ အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​၍ ဖြောင့်​မှန်​ရာ ကို​ပြု​ကျင့်​ကြ​ရန်​ပြော​ကြား​ခဲ့​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​တို့​အား​ငါ​ပေး အပ်​ခဲ့​သည့်​ပြည်​တော်​တွင် ဆက်​လက်​နေ​ထိုင် နိုင်​ကြ​မည့်​အ​ကြောင်း​အ​ခြား​ဘု​ရား​များ ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ကြ​ရန်​သင်​တို့​အား သ​တိ​ပေး​ခဲ့​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။ ငါ့​အား လည်း​ပ​မာ​ဏ​မ​ပြု​ကြ။-
JER 35:16 ယော​န​ဒပ်​၏​သား​မြေး​များ​သည်​မိ​မိ​တို့ ဘိုး​ဘေး​၏​အ​မိန့်​ကို​နား​ထောင်​ကြ​၏။ သင် တို့​မူ​ကား​ငါ​၏​အ​မိန့်​ကို​နား​မ​ထောင် ကြ။-
JER 35:17 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​က​တိ​ထား​ခဲ့​သည့်​ဘေး အန္တ​ရာယ်​ဆိုး​ကို​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ငါ​ပြော​သော​အ​ခါ​နား​မ​ထောင်၊ ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ​သော​ကြောင့် ဖြစ်​၏​ဟု​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။
JER 35:18 ထို​နောက်​ငါ​သည်​ရေ​ခပ်​သား​ချင်း​စု​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ်​ပေး​အပ် သည့်​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​လေ​ပြီ။ သူ​၏ ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကာ သူ​မိန့်​မှာ​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​ကြ လေ​ပြီ။-
JER 35:19 သို့​ဖြစ်​၍​ရေ​ခပ်​၏​သား​ယော​န​ဒပ်​သည်​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည့်​သား​မြေး​များ အ​စဉ်​မ​ပြတ်​ထွန်း​ကား​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ ပြု​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ပြန်​ကြား ပြော​ဆို​လေ​သည်။
JER 36:1 ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
JER 36:2 ``သင်​သည်​စာ​လိပ်​တစ်​ခု​ကို​ယူ​၍​ဣသ​ရေ​လ ပြည်၊ ယု​ဒ​ပြည်​နှင့်​နိုင်​ငံ​တ​ကာ​တို့​ကို​ရည်​မှတ် ၍ ငါ​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ​သော​စ​ကား​တို့ ကို​ရေး​မှတ်​လော့။ ယော​ရှိ​မင်း​လက်​ထက်​၌​ငါ ၏​ဗျာ​ဒိတ်​တော်​ကို​စ​တင်​ခံ​ယူ​ရ​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​သင့်​အား​ငါ​မိန့် ကြား​ခဲ့​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ် လော့။-
JER 36:3 ယု​ဒ​ပြည်​သား​များ​သည်​မိ​မိ​တို့​အ​တွက် ငါ ရည်​မှန်း​ထား​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​၏​အ ကြောင်း​ကို​ကြား​သိ​ရ​ပါ​မူ မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​ပြု​ကျင့်​သည့်​မ ကောင်း​မှု​ဒု​စ​ရိုက်​များ​အ​တွက်​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 36:4 သို့​ဖြစ်​၍​ငါ​သည်​နေ​ရိ​၏​သား​ဗာ​ရုတ်​ကို ခေါ်​ပြီး​လျှင် မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့် ကြား​ခဲ့​သ​မျှ​သော​စကား​တို့​ကို​ရေး​မှတ် ရန်​နှုတ်​တိုက်​ချ​ပေး​လေ​သည်။ ဗာ​ရုတ်​သည် လည်း​စာ​လိပ်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​၏။-
JER 36:5 ထို​နောက်​ငါ​သည်​ဗာ​ရုတ်​အား``ငါ​သည်​ဗိ​မာန် တော်​သို့​ဝင်​ခွင့်​မ​ရ​ပါ။-
JER 36:6 သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​လူ​တို့​အ​စာ​ရှောင် ကြ​သော​အ​ခါ​၌ ငါ​သည်​သင့်​အား​ဗိ​မာန် တော်​သို့​သွား​စေ​လို​သည်။ ငါ့​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​သ​ဖြင့်​သင့်​အား​ငါ​နှုတ် တိုက်​ချ​ပေး​ခဲ့​သ​မျှ​သော​စ​ကား​များ​ကို လူ​တို့​ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ထို​စာ လိပ်​ကို​ကျယ်​စွာ​ဖတ်​ပြ​ရ​မည်။ မိ​မိ​တို့​မြို့ ရွာ​များ​မှ​ရောက်​ရှိ​လာ​ကြ​သော​ယု​ဒ​ပြည် သား​အ​ပါ​အ​ဝင်​ရှိ​ရှိ​သ​မျှ​သော​လူ​တို့ ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ဤ​စာ​လိပ် ကို​ဖတ်​ပြ​လော့။-
JER 36:7 ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​လူ​တို့​အား​ထိတ် လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​သည့်​အ​မျက်​တော် ဖြင့်​ခြိမ်း​ခြောက်​တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကောင်း​ပြု​ကြ​ပေ​လိမ့်​မည်'' ဟု ညွှန်​ကြား​ပြော​ဆို​၏။-
JER 36:8 ထို့​ကြောင့်​ဗာ​ရုတ်​သည်​မိ​မိ​အား​ငါ​မှာ​ကြား ထား​သည့်​အ​တိုင်း တိ​ကျ​စွာ​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​စ​ကား​တော်​တို့​ကို​ဗိ​မာန်​တော် ထဲ​၌​ဖတ်​ပြ​လေ​၏။
JER 36:9 ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း စံ​ပဉ္စ​မ​နှစ်၊ န​ဝ​မ​လ​၌​ဣသ​ရေ​လ​ပြည်​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် မျက်​နှာ ပွင့်​လန်း​အံ့​သော​ငှာ​အ​စာ​ရှောင်​ချိန်​ကို​ကြေ ညာ​ကြ​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​သည်​လည်း​ကောင်း၊ ယု​ဒ​မြို့ အ​သီး​သီး​မှ​လာ​ရောက်​ကြ​သူ​လူ​အ​ပေါင်း တို့​သည်​လည်း​ကောင်း​အ​စာ​ရှောင်​ကြ​ကုန်​၏။-
JER 36:10 ထို​အ​ခါ​ဗာ​ရုတ်​သည်​စာ​လိပ်​ပါ​ငါ​နှုတ် တိုက်​ချ​ပေး​သ​မျှ​သော​စ​ကား​တို့​ကို ဗိ​မာန် တော်​တွင်း​ရှိ​လူ​တို့​ကြား​နိုင်​လောက်​သော​အ​ရပ် မှ​ဖတ်​ပြ​လေ​သည်။ သူ​သည်​ဂေ​မ​ရိ​၏​သား ဘု​ရင်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​ရှာဖန်​၏​အ​ခန်း မှ​နေ​၍​ထို​စာ​လိပ်​ကို​ဖတ်​သ​တည်း။ ထို​အ​ခန်း သည်​ဗိ​မာန်​တော်​အ​ဝင်​ဝ​တံ​ခါး​သစ်​အ​နီး အ​ထက်​တံ​တိုင်း​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
JER 36:11 ဂေ​မ​ရိ​၏​သား​ရှာ​ဖန်​၏​မြေး၊ မိက္ခာ​ယ​သည် ထို​စာ​လိပ်​တွင်​ပါ​ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​တော်​တို့​ကို​ကြား​လျှင်၊-
JER 36:12 နန်း​တော်​အ​တွင်း​မှူး​မတ်​များ​စည်း​ဝေး​လျက် ရှိ​ရာ​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​၏​အ​ခန်း​သို့ သွား​လေ​သည်။ ထို​အ​ရပ်​တွင်​ဘု​ရင့်​အတိုင်​ပင်​ခံ အ​မတ်​ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​၏​သား​ဒေ​လာ​သ၊ အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန်၊ ရှာ​ဖန်​၏​သား ဂေ​မ​ရိ၊ ဟာ​န​နိ​၏​သား​ဇေ​ဒ​ကိ​နှင့်​အ​ခြား မှူး​မတ်​အ​ပေါင်း​တို့​ရှိ​ကြ​၏။-
JER 36:13 မိက္ခာ​ယ​သည်​လူ​တို့​အား​ဗာရုတ်​ဖတ်​ပြ​သည့် စ​ကား​များ​အ​နက်​မိ​မိ​ကြား​သိ​ခဲ့​ရ​သ​မျှ ကို​ထို​သူ​တို့​အား​ပြော​ပြ​လေ​သည်။-
JER 36:14 ထို​အ​ခါ​မှူး​မတ်​တို့​သည်​ကု​ရှိ​၏​မြစ်၊ ရှေ​လ​မိ ၏​မြေး၊ နာ​သ​နိ​၏​သား​ယေ​ဟု​ဒိ​ကို​ဗာ​ရုတ် ထံ​သို့​စေ​လွှတ်​၍ ဗာ​ရုတ်​အား​မိ​မိ​လူ​တို့​ဖတ်​ပြ သည့်​စာ​လိပ်​နှင့်​အ​တူ​လာ​ရောက်​ရန်​မှာ​ကြား လိုက်​ကြ​၏။ ဗာ​ရုတ်​သည်​လည်း​ထို​သူ​တို့​ထံ သို့​လာ​လေ​သည်။-
JER 36:15 ထို​သူ​တို့​သည်​ဗာ​ရုတ်​ကို​ထိုင်​ရန်​ပြော​ကြား ပြီး​လျှင်``ဤ​စာ​လိပ်​ကို​ငါ့​တို့​အား​ဖတ်​ပြ ပါ​လော့'' ဟု​ဆို​သ​ဖြင့်​ဗာ​ရုတ်​သည်​ဖတ်​၍ ပြ​၏။-
JER 36:16 ဖတ်​၍​ပြီး​ဆုံး​သွား​သော​အ​ခါ​မှူး​မတ်​တို့​သည် ထိတ်​လန့်​သည့်​အ​မှု​အ​ရာ​ဖြင့်​အ​ချင်း​ချင်း ကြည့်​ကာ``ဤ​အ​မှု​ကို​မင်း​ကြီး​အား​ငါ​တို့ သံ​တော်​ဦး​တင်​ရ​ပါ​မည်'' ဟု​ဗာ​ရုတ်​အား ပြော​ကြာ​ပြီး​လျှင်၊-
JER 36:17 ``သင်​သည်​အ​ဘယ်​သို့​လျှင်​ဤ​စ​ကား​အ​လုံး စုံ​ကို​ရ​ရှိ​ရေး​မှတ်​ခဲ့​ပါ​သ​နည်း။ ယင်း​တို့ ကို​သင့်​အား​ယေ​ရ​မိ​နှုတ်​တိုက်​ချ​ပေး​ပါ သ​လော'' ဟု​မေး​မြန်း​ကြ​၏။
JER 36:18 ဗာ​ရုတ်​သည်​လည်း၊``ဤ​စ​ကား​အ​လုံး​စုံ​ကို ယေ​ရ​မိ​က​နှုတ်​တိုက်​ချ​ပေး​၍ အ​ကျွန်ုပ်​က မင်​နှင့်​စာ​လိပ်​ပေါ်​တွင်​ရေး​ချ​ပါ​သည်'' ဟု ပြန်​လည်​ဖြေ​ကြား​၏။
JER 36:19 ထို​အ​ခါ​မှူး​မတ်​များ​က``သင်​နှင့်​ယေ​ရ​မိ သည်​ထွက်​ပြေး​ပုန်း​ရှောင်​နေ​ရ​ကြ​ပေ​မည်။ သင်​တို့​ရှိ​ရာ​ကို​အ​ဘယ်​သူ​မျှ​မ​သိ​စေ နှင့်'' ဟု​ဗာ​ရုတ်​အား​ပြော​ကြား​ကြ​၏။
JER 36:20 မှူး​မတ်​တို့​သည်​စာ​လိပ်​ကို​ဘု​ရင့်​အ​တိုင် ပင်​ခံ​အ​မတ်​ဧ​လိ​ရှ​မာ​၏​အ​ခန်း​တွင်​ထား ခဲ့​၍ နန်း​တော်​သို့​သွား​ရောက်​ကာ​မင်း​ကြီး အား​ဖြစ်​ပျက်​သ​မျှ​အ​ကြောင်း​စုံ​ကို​သံ တော်​ဦး​တင်​ကြ​၏။-
JER 36:21 ထို​အ​ခါ​မင်း​ကြီး​သည်​ယေ​ဟု​ဒိ​အား​စေ လွှတ်​၍​စာ​လိပ်​ကို​အ​ယူ​ခိုင်း​လေ​သည်။ ယေ​ဟု ဒိ​သည်​လည်း​ဧ​လိ​ရှ​မာ​၏​အ​ခန်း​မှ​ထို​စာ လိပ်​ကို​ယူ​ပြီး​လျှင် မင်း​ကြီး​နှင့်​တ​ကွ​မင်း ကြီး​၏​ပတ်​လည်​တွင်​ရပ်​လျက်​နေ​သည့် မှူး​မတ်​များ​၏​ရှေ့​တွင်​ဖတ်​ပြ​၏။-
JER 36:22 ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-
JER 36:23 ယေ​ဟု​ဒိ​ဖတ်​၍​သုံး​လေး​ပိုဒ်​မျှ​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​မင်း​ကြီး​သည် ထို​အ​ပိုဒ်​တို့ ကို​ဋ္ဌား​နှင့်​လှီး​ဖြတ်​၍​မီး​ထဲ​သို့​ပစ်​ထည့် လိုက်​၏။ သူ​သည်​ဤ​နည်း​အ​တိုင်း​ပင်​စာ လိပ်​တစ်​ခု​လုံး​မီး​လောင်​ကျွမ်း​၍​သွား သည့်​တိုင်​အောင်​ပြု​လေ​သည်။-
JER 36:24 သို့​ရာ​တွင်​စာ​လိပ်​ပါ​စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​သူ​မင်း​ကြီး​နှင့်​တ​ကွ အ​ဘယ်​မှူး မတ်​မျှ​ကြောက်​လန့်​မှု​မ​ဖြစ်​ကြ။ နောင်​တ ရ​သည့်​လက္ခ​ဏာ​ကို​လည်း​မ​ပြ​ကြ။-
JER 36:25 ဧ​လ​နာ​သန်၊ ဒေ​လာ​ယ​နှင့်​ဂေ​မ​ရိ​တို့ သည်​မင်း​ကြီး​အား ထို​စာ​လိပ်​ကို​မီး​မ​ရှို့ ရန်​လျှောက်​ထား​တောင်း​ပန်​ကြ​သော်​လည်း မင်း​ကြီး​သည်​သူ​တို့​၏​ပန်​ကြား​ချက်​ကို နား​မ​ထောင်​ချေ။-
JER 36:26 ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။
JER 36:27 ဗာ​ရုတ်​အား​ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​စာ​လိပ် ကို​မင်း​ကြီး​မီး​ရှို့​လိုက်​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-
JER 36:28 ``သင်​သည်​အ​ခြား​စာ​လိပ်​တစ်​ခု​ကို​ယူ​၍ ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့်​စာ​လိပ်​တွင် ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ်​၍ ထား​လော့။-
JER 36:29 ယော​ယ​ကိမ်​မင်း​အား​လည်း​ထာ​ဝ​ရ​ဘု​ရား က``သင်​သည်​စာ​လိပ်​ကို​မီး​ရှို့​ပစ်​ပြီး​လျှင် ယေ​ရ​မိ​အား​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် သို့​လာ​ရောက်​၍​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်​ဟု​အ​ဘယ်​ကြောင့် ဟော​ပြော​ရ​ပါ​သ​နည်း​ဟု​မေး​မြန်း​ခဲ့​ပေ သည်။-
JER 36:30 သို့​ဖြစ်​၍​သင်​၏​သား​မြေး​များ​သည်​အ​ဘယ် အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​၌ မင်း​အ​ဖြစ်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။ သင်​၏​အ​လောင်း ကို​လည်း​နေ့​အ​ခါ​နေ​ပူ​၍​ညဥ့်​အ​ခါ ဆီး နှင်း​ထိ​ရာ​အ​ရပ်​တွင်​ပစ်​ထုတ်​ထား​ကြ လိမ့်​မည်။-
JER 36:31 သင်​တို့​ကူး​လွန်​ခဲ့​ကြ​သည့်​အ​ပြစ်​များ အ​တွက် ငါ​သည်​သင်​နှင့်​သင်​၏​သား​မြေး​တို့ အား​သင့်​မှူး​မတ်​များ​နှင့်​အ​တူ​အ​ပြစ်​ဒဏ် ခတ်​မည်။ သင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ၊ ယု​ဒ​ပြည်​သား​များ​သည်​ငါ သ​တိ​ပေး​ခဲ့​သည်​ကို​ပ​မာ​ဏ​မ​ပြု​ကြ။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​ခြိမ်း​ခြောက်​ခဲ့​သည့် ဘေး​အန္တ​ရာယ်​ဆိုး​ကို သင်​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု​မိန့်​တော်​မူ​ကြောင်း ပြန်​ကြား​ပြော​ဆို​လော့'' ဟု​မိန့်​မှာ တော်​မူ​၏။
JER 36:32 ထို​အ​ခါ​ယေ​ရ​မိ​သည်​အ​ခြား​စာ​လိပ်​တစ် ခု​ကို​ယူ​၍​မိ​မိ​၏​စာ​ရေး​ဗာ​ရုတ်​အား​ပေး​၏။ ဗာ​ရုတ်​သည်​ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့် စာ​လိပ်​တွင်​ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​အ​တိုင်း​ရေး​ချ​လေ သည်။ ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​အ​လား​တူ စ​ကား​များ​ကို​ထပ်​လောင်း​ဖြည့်​စွက်​၍ ပေး​လေ​သည်။
JER 37:1 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယော​ယ ကိမ်​သား​ယေ​ခေါ​နိ​မင်း​အ​စား ယော​ရှိ​၏​သား ဇေဒ​ကိ​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား သော်​လည်း၊-
JER 37:2 ဇေ​ဒ​ကိ​နှင့်​သူ​၏​မှူး​မတ်​များ​နှင့်​ပြည်​သူ များ​သည် ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ကြ။
JER 37:3 ဇေ​ဒ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ် သော ရှေ​လ​မိ​၏​သား​ယေ​ကု​လ​နှင့် မာ​သေ​ယ ၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ​သို့​စေ​လွှတ်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ငါ့​အား``ငါ​တို့​နိုင်​ငံ​အ​ဖို့ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု​ပြော​ကြား ကြ​၏။-
JER 37:4 ထို​အ​ခါ​ငါ​သည်​ထောင်​ထဲ​သို့​မ​ရောက်​သေး ပေ။ ငါ​သည်​လူ​တို့​နှင့်​လွတ်​လပ်​စွာ​သွား​လာ ပေါင်း​သင်း​လျက်​နေ​နိုင်​သေး​၏။-
JER 37:5 ဤ​အ​တော​အ​တွင်း​၌​ဖာ​ရော​ဘု​ရင်​၏​တပ် မ​တော်​သည်​အီ​ဂျစ်​ပြည်​မှ​ချီ​တက်​၍​လာ​၏။ ယင်း​သို့​ချီ​တက်​လာ​ကြောင်း​ကို​ကြား​သိ ကြ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက် လျက်​နေ​သည့်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် ဆုတ်​ခွာ​သွား​ကြ​လေ​သည်။
JER 37:6 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ့ ထံ​သို့​စေ​လွှတ်​လျှောက်​ထား​စေ​သူ​ယု​ဒ ဘု​ရင်​အား၊-
JER 37:7 `သင့်​ကို​အ​ကူ​အ​ညီ​ပေး​ရန်​ယ​ခု​ချီ​တက် လာ​သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည် မိ​မိ​တို့​နေ​ရင်း​အီ​ဂျစ်​ပြည်​သို့​ပြန်​သွား လိမ့်​မည်။-
JER 37:8 ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ပြန် လာ​ပြီး​လျှင် ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။-
JER 37:9 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​မု​ချ​ပြန်​လာ ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​ပြန်​လာ​ကြ​တော့ မည်​မ​ဟုတ်​ဟု​သင်​တို့​အ​ထင်​မ​မှား​ကြ​စေ ရန်​သင်​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​၏။-
JER 37:10 အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​တို့​အား​တိုက်​ခိုက် လျက်​ရှိ​သည့်​ဗာ​ဗု​လုန်​တပ်​မ​တော်​တစ်​ခု​လုံး ကို​နှိမ်​နင်း​နိုင်​၍ ဒဏ်​ရာ​ရ​သူ​များ​သာ​လျှင် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​ကျန်​ရှိ​တော့​သည်​ဟု ဆို​စေ​ကာ​မူ ထို​သူ​တို့​သည်​ထ​၍​ဤ​မြို့​ကို မီး​ရှို့​ပစ်​ကြ​လိမ့်​မည်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
JER 37:11 ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည်​နီး​ကပ်​၍ လာ​သ​ဖြင့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည်​ဆုတ် ခွာ​သွား​တော့​၏။-
JER 37:12 ထို​အ​ခါ​ငါ​ယေ​ရ​မိ​သည်​မိ​မိ​အိမ်​ထောင်​စု နှင့်​ဆိုင်​သော​အ​မွေ​ခံ​ပစ္စည်း​ကို​သိမ်း​ယူ​ရန် ယေ​ရု​ရှ​လင်​မြို့​မှ​ဗင်္ယာ​မိန်​နယ်​မြေ​သို့ စ​တင်​ထွက်​ခွာ​သွား​လေ​သည်။-
JER 37:13 သို့​ရာ​တွင်​ဗင်္ယာ​မိန်​တံ​ခါး​သို့ ရောက်​ရှိ​သော အ​ခါ​ဟာ​န​နိ​၏​မြေး၊ ရှေ​လ​မိ​၏​သား ဣ​ရိ​ယ​ဟု​ဆို​သူ​ကင်း​မှူး​က``သင်​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘက်​သို့​ထွက် ပြေး​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​၏။
JER 37:14 ငါ​က``သင်​ပြော​သ​ကဲ့​သို့​မ​ဟုတ်။ ငါ​မ​ထွက် ပြေး​ပါ'' ဟု​ပြန်​ပြော​သော်​လည်း​ဣ​ရိ​ယ သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ငါ့ ကို​ဖမ်း​ဆီး​ပြီး​လျှင်​မှူး​မတ်​များ​ထံ​သို့ ခေါ်​ဆောင်​သွား​လေ​သည်။-
JER 37:15 ထို​သူ​တို့​သည်​ငါ့​အား​ပြင်း​စွာ​အ​မျက်​ထွက် သ​ဖြင့်​ရိုက်​နှက်​ပြီး​လျှင် ဘု​ရင်​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​ယော​န​သန်​၏​အိမ်​တွင်​အ​ကျဉ်း​ချ ထား​ကြ​၏။ (ထို​အိမ်​ကို​ထောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​၍​ထား​သ​တည်း။-)
JER 37:16 ငါ​သည်​လည်း​မြေ​အောက်​အ​ချုပ်​ခန်း​သို့​ရောက် ရှိ​ကာ ကာ​လ​ကြာ​မြင့်​စွာ​အ​ကျဉ်း​ခံ​လျက် နေ​ရ​လေ​တော့​၏။
JER 37:17 ဇေ​ဒ​ကိ​မင်း​သည် ငါ့​အား​နန်း​တော်​သို့​ခေါ်​ယူ ပြီး​လျှင် ``ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ဗျာ ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​ရ​ရှိ​ပါ​သ​လော'' ဟု​တိတ်​တ​ဆိတ်​မေး​မြန်း​တော်​မူ​၏။ ငါ​က``ရှိ​ပါ​သည်။ အ​ရှင်​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​လက်​တွင်း​သို့​ရောက်​ရှိ​ရ​ပါ​လိမ့်​မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။-
JER 37:18 ထို​နောက်​ငါ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် အ​ရှင့်​မှူး​မတ်​များ​သို့​မ​ဟုတ်​ဤ​ပြည်​သူ တို့​ကို​အ​ဘယ်​သို့​ပြစ်​မှား​မိ​သ​ဖြင့် အ​ရှင် သည်​အ​ကျွန်ုပ်​အား​အ​ကျဉ်း​ချ​၍​ထား တော်​မူ​ပါ​သ​နည်း။-
JER 37:19 ဗာ​ဗု​လုန်​ဘု​ရင်​သည်​အ​ရှင့်​ကို​သော်​လည်း​ကောင်း၊ ဤ​ပြည်​ကို​သော်​လည်း​ကောင်း​တိုက်​ခိုက်​လိမ့်​မည် မ​ဟုတ်​ဟု ဟော​ပြော​ခဲ့​ကြ​သည့်​အရှင်​၏​ပ​ရော ဖက်​များ​ကား​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။-
JER 37:20 အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​၏​စ​ကား​ကို​နား ထောင်​တော်​မူ​၍ အ​ကျွန်ုပ်​လျှောက်​ထား​သည့် အ​တိုင်း​ပြု​တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား ပါ​၏။ အ​ကျွန်ုပ်​အား​အ​ရှင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ယော​န​သန်​၏​အိမ်​သို့​ပြန်​လွှတ် တော်​မ​မူ​ပါ​နှင့်။ လွှတ်​တော်​မူ​မည်​ဆို​ပါ မူ​အ​ကျွန်ုပ်​သည်​ထို​အိမ်​တွင်​အ​မှန်​ပင် သေ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
JER 37:21 ထို့​ကြောင့်​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​နန်း တော်​ဝင်း​အ​တွင်း​၌​ချုပ်​နှောင်​ထား​ရန်​အ​မိန့် ပေး​တော်​မူ​၏။ ငါ​သည်​မြို့​တွင်း​၌​မုန့်​များ ကုန်​သည်​အ​ထိ​မုန့်​ဖို​များ​မှ​နေ့​စဉ်​နေ့​တိုင်း မုန့်​တစ်​လုံး​ကို​ရ​ရှိ​လေ​သည်။ ဤ​သို့​လျှင် ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌​နေ​ရ သ​တည်း။
JER 38:1 မ​ဿန်​၏​သား​ရှေ​ဖ​တိ၊ ပါ​ရှု​ရ​၏​သား​ဂေ​ဒ​လိ၊ ရှေ​လ​မိ​၏​သား​ယေ​ဟု​က​လ၊ မာ​လ​ခိ​၏​သား ပါ​ရှု​ရ​တို့​သည်​ပြည်​သူ​တို့​အား​ငါ​ပြော​ဆို လျက်​နေ​သော​စ​ကား​များ​ကို​ကြား​ကြ​၏။-
JER 38:2 ငါ​သည်​လူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ပြော​ကြား​သည်​မှာ``ဤ​မြို့​တွင်​ဆက် လက်​နေ​ထိုင်​သူ​တို့​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​နှင့်​သေ​ရ ကြ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​သွား ၍​လက်​နက်​ချ​သူ​တို့​သည်​သေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​သည်​ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​ချမ်း​သာ​ရာ​ရ​လျက်​ကျန်​ရှိ​ကြ​လိမ့် မည်။-
JER 38:3 ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​တပ်​မ တော်​သို့​ပေး​အပ်​မည်။ သူ​သည်​လည်း​ဤ​မြို့ ကို​သိမ်း​ယူ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။-
JER 38:4 ထို​အ​ခါ​မှူး​မတ်​တို့​သည်​မင်း​ကြီး​အား``ဤ သူ​ကို​သုတ်​သင်​ပစ်​မှ​ဖြစ်​ပါ​မည်။ သူ​သည် ဤ​စ​ကား​များ​ကို​ပြော​ဆို​ခြင်း​အား​ဖြင့် မြို့​တွင်း​ရှိ​စစ်​သည်​သူ​ရဲ​တို့​အား​လျော့ စေ​ပါ​၏။ မြို့​ထဲ​တွင်​အ​ခြား​ကျန်​ရှိ​နေ​သေး သူ​အ​ပေါင်း​ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင် ဖြစ်​စေ​ပါ​၏။ သူ​သည်​လူ​တို့​၏​ကောင်း​ကျိုး ကို​မ​ရှာ၊ ဆိုး​ကျိုး​ကို​သာ​လျှင်​ရှာ​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။-
JER 38:5 သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​က``ကောင်း​ပြီ။ သူ့​အား သင်​တို့​ပြု​လို​ရာ​ပြု​ကြ​ပေ​လော့။ သင်​တို့ အား​ငါ​မ​ဆီး​တား'' ဟု​မိန့်​တော်​မူ​၏။-
JER 38:6 ထို့​ကြောင့်​မှူး​မတ်​တို့​သည်​ငါ့​ကို​ယူ​ဆောင်​ကာ နန်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​သော​မင်း​သား မာ​လ​ခိ​၏​ရေ​တွင်း​ထဲ​သို့​ကြိုး​များ​ဖြင့် လျှော​ချ​လိုက်​ကြ​၏။ ရေ​တွင်း​ထဲ​၌​ရေ​မ​ရှိ။ ရွှံ့​နွံ​များ​သာ​လျှင်​ရှိ​သ​ဖြင့်​ငါ​သည်​ရွှံ့​နွံ တွင်​ကျွံ​နစ်​လျက်​နေ​လေ​၏။-
JER 38:7 သို့​ရာ​တွင်​နန်း​တော်​အ​မှု​ထမ်း​ဆူ​ဒန်​အ​မျိုး သား​မိန်း​မ​စိုး​ဧ​ဗ​ဒ​မေ​လက်​သည် ဤ​သို့​ထို သူ​တို့​က​ရေ​တွင်း​ထဲ​သို့​ချ​လိုက်​ကြောင်း​ကို ကြား​သိ​သွား​လေ​သည်။ ထို​အ​ချိန်​၌​မင်း​ကြီး သည်​ဗင်္ယာ​မိန်​တံ​ခါး​အ​နီး​တွင်​ညီ​လာ​ခံ လျက်​နေ​၏။-
JER 38:8 သို့​ဖြစ်​၍​ဧ​ဗ​ဒ​မေ​လက်​သည်​နန်း​တော်​မှ ထို​အ​ရပ်​သို့​သွား​ပြီး​လျှင်​မင်း​ကြီး​အား၊-
JER 38:9 ``အ​ရှင်​မင်း​ကြီး၊ ဤ​သူ​တို့​ပြု​ခဲ့​ကြ​သည့် အ​မှု​များ​သည်​မှား​ပါ​၏။ သူ​တို့​သည်​ယေ​ရ​မိ အား​ရေ​တွင်း​ထဲ​သို့​ချ​ခဲ့​ကြ​ပါ​ပြီ။ သူ​သည် ဧ​ကန်​မု​ချ​အ​စာ​ငတ်​၍​သေ​ရ​ပါ​လိမ့်​မည်။ မြို့​တွင်း​၌​လည်း​အ​စာ​ရေ​စာ​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။-
JER 38:10 ထို​အ​ခါ​မင်း​ကြီး​သည်​ဧ​ဗ​ဒ​မေ​လက်​အား ထို​အ​ရပ်​တွင်​ရှိ​သည့်​လူ​သုံး​ယောက်​ကို​ခေါ် ယူ​ကာ ယေ​ရ​မိ​မ​သေ​မီ​ရေ​တွင်း​ထဲ​မှ​ဆယ် ယူ​စေ​တော်​မူ​၏။-
JER 38:11 ထို့​ကြောင့်​ဧ​ဗ​ဒ​မေလက်​သည်​လူ​တို့​ခေါ်​ကာ ထို​နန်း​တော်​ပစ္စည်း​သို​လှောင်​ခန်း​သို့​ဝင်​ပြီး လျှင် ဟောင်း​နွမ်း​သော​အ​ဝတ်​စုတ်​များ​ကို​ယူ ပြီး​လျှင် ရေ​တွင်း​ထဲ​၌​ရှိ​သော​ငါ့​ထံ​သို့ ကြိုး​များ​နှင့်​အ​တူ​ချ​၍​ပေး​လေ​သည်။-
JER 38:12 ထို​နောက်​ဧ​ဗ​ဒ​မေ​လက်​သည်​ငါ့​အား``သင့် အား​ကြိုး​များ​မ​ပွန်း​မ​ရှ​နိုင်​စေ​ရန် ဤ အ​ဝတ်​စုတ်​ကို​သင်​၏​ချိုင်း​အောက်​တွင်​ခံ ၍​ထား​လော့'' ဟု​ဆို​၏။ ငါ​သည်​ဤ​အ​တိုင်း ပြု​၏။-
JER 38:13 ထို​နောက်​သူ​တို့​သည်​ငါ့​အား​ကြိုး​များ​ဖြင့် ဆွဲ​၍​ရေ​တွင်း​ထဲ​မှ​ကယ်​ဆယ်​လိုက်​ကြ​၏။ ထို​နောက်​ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ နေ​ရ​လေ​သည်။
JER 38:14 ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ဗိ​မာန်​တော်​တ​တိ​ယ မုခ်​ဆောင်​ခန်း​သို့​ခေါ်​ယူ​စေ​ပြီး​လျှင်``သင့်​အား မေး​ခွန်း​တစ်​ခု​ကို​ငါ​မေး​မည်။ ငါ​၏​ထံ​မှ​မည် သည့်​အ​ရာ​ကို​မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်'' ဟု ဆို​၏။
JER 38:15 ငါ​က``အ​ကယ်​၍​အ​ကျွန်ုပ်​သည်​မှန်​ရာ​ကို လျှောက်​ထား​ပါ​မူ အ​ရှင်​သည်​အ​ကျွန်ုပ်​အား ကွပ်​မျက်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​အ​ကြံ​ပေး လျှင်​လည်း​အ​ရှင်​ပ​မာ​ဏ​ပြု​တော်​မူ​လိမ့် မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။
JER 38:16 သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား``ငါ​တို့ ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​သင့် အား​သတ်​မည်​မ​ဟုတ်။ သင့်​ကို​သတ်​လို​သူ​တို့ ၏​လက်​သို့​လည်း​ပေး​အပ်​မည်​မ​ဟုတ်'' ဟု လျှို့​ဝှက်​စွာ​က​တိ​ပေး​တော်​မူ​၏။
JER 38:17 ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-
JER 38:18 သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။
JER 38:19 သို့​ရာ​တွင်​ဇေ​ဒ​ကိ​မင်း​က``ဗာ​ဗု​လုန်​အ​မျိုး သား​တို့​ဘက်​သို့​ထွက်​ပြေး​ကြ​သော​ယု​ဒ အ​မျိုး​သား​တို့​ကို​ငါ​ကြောက်​၏။ အ​ကယ် ၍​ငါ​သည်​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​ခဲ့ သော်​သူ​တို့​သည်​ငါ့​အား​အ​ပြင်း​အ​ထန် ညှင်း​ဆဲ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
JER 38:20 ငါ​က``အ​ရှင်​သည်​ထို​သူ​တို့​လက်​တွင်း​သို့ ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင့်​အား အ​ကျွန်ုပ်​ပြန်​ကြား​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​တော်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက် တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား​ပါ​၏။ ဤ အ​တိုင်း​ပြု​တော်​မူ​လျှင်​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လျက် အ​ရှင်​သည်​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-
JER 38:21 သို့​ရာ​တွင်​အ​ကယ်​၍​အ​ရှင်​သည်​လက်​နက် ချ​ရန်​ငြင်း​ဆန်​တော်​မူ​ပါ​က အ​ဘယ်​သို့ သော​အ​မှု​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ပြ​တော်​မူ​ပါ​ပြီ။-
JER 38:22 ယု​ဒ​ဘု​ရင်​၏​နန်း​တော်​တွင်​ကျန်​ရှိ​သ​မျှ သော​အ​မျိုး​သ​မီး​တို့​ကို ဗာ​ဗု​လုန်​ဘု​ရင် ၏​မှူး​မတ်​များ​ထံ​သို့​ထုတ်​ဆောင်​သွား​ကြ လိမ့်​မည်။ သူ​တို့​သည်​ဤ​သို့​ထွက်​ခွာ​သွား ကြ​ရ​စဉ်၊ `မင်း​ကြီး​၏​အ​ချစ်​ဆုံး​မိတ်​ဆွေ​များ​သည် သူ့​အား​လှည့်​စား​၍၊သူ့​အ​ပေါ်​၌​သြ​ဇာ​လွှမ်း​မိုး ကြ​၏။ ယ​ခု​အ​ခါ၊မင်း​ကြီး​၏​ခြေ​တို့​သည်​ရွှံ့​နွံ​တွင် ကျွံ​လျက်​နေ​ပြီ​ဖြစ်​၍၊ ထို​မိတ်​ဆွေ​များ​သည်​သူ့​အား​စွန့်​ပစ်​ကြ​လေ​ပြီ' ဟု​ဆို​ကြ​လိမ့်​မည်'' ဟု​လျှောက်​ထား​၏။
JER 38:23 ထို​နောက်​ငါ​က``ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ သည် အ​ရှင်​၏​မိ​ဖု​ရား​များ​နှင့်​သား​သ​မီး အ​ပေါင်း​ကို​ထုတ်​ဆောင်​သွား​လိမ့်​မည်။ အ​ရှင် ကိုယ်​တိုင်​ပင်​လျှင်​သူ​တို့​၏​ဘေး​မှ​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်​ပါ။ ဗာ​ဗု​လုန်​ဘု​ရင် ၏​ဖမ်း​ဆီး​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​ကျွမ်း​လောင်​၍​သွား​လိမ့် မည်'' ဟု​လျှောက်​ထား​ပြန်​၏။
JER 38:24 ဇေ​ဒ​ကိ​မင်း​သည်​လည်း``ယ​ခု​ငါ​တို့​ပြော ဆို​ကြ​သည့်​စ​ကား​များ​ကို​အ​ဘယ်​သူ​မျှ မ​သိ​စေ​နှင့်။ သို့​မှ​သာ​လျှင်​သင်​သည် အ​သက်​ဘေး​နှင့်​ကင်း​ဝေး​ရ​လိမ့်​မည်။-
JER 38:25 ငါ​သည်​သင်​နှင့်​စ​ကား​ပြော​ဆို​ခဲ့​ကြောင်း မှူး​မတ်​များ​ကြား​သိ​ကြ​သော​အ​ခါ သူ​တို့ သည်​သင့်​၏​ထံ​သို့​လာ​၍ ငါ​တို့​ပြော​ဆို​ကြ သည့်​ကိစ္စ​ကို​မေး​မြန်း​ကြ​လိမ့်​မည်။ သူ​တို့ က`ငါ​တို့​အား​ပြော​ပြ​လျှင်​သင့်​ကို​ငါ တို့​မ​သတ်​ပါ' ဟု​ကတိ​ပြု​ကြ​လိမ့်​မည်။-
JER 38:26 သို့​သော်​လည်း​သင်​သည်​မိ​မိ​အ​သက်​မ​သေ ရ​လေ​အောင်​ယော​န​သန်​၏​အိမ်​သို့​ပြန်​၍​ပို့ တော်​မ​မူ​ပါ​နှင့်​ဟူ​၍​သာ​လျှင်​ငါ့​အား​ပန် ကြား​လျှောက်​ထား​ခဲ့​ကြောင်း​သူ​တို့​ကို​ပြော ကြား​ပါ​လော့'' ဟု​ဆို​၏။-
JER 38:27 မှူး​မတ်​အ​ပေါင်း​တို့​သည်​ငါ့​ထံ​လာ​၍​စစ် ဆေး​မေး​မြန်း​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မိ​မိ​ကို​မင်း​ကြီး​သင်​ကြား​ပေး​ထား​သည့် အ​တိုင်း​သာ​လျှင် တိ​ကျ​စွာ​ပြန်​လည်​ဖြေ ကြား​လိုက်​လေ​သည်။ အ​ဘယ်​သူ​မျှ​လည်း မင်း​ကြီး​နှင့်​ငါ​ပြော​ဆို​သော​စ​ကား​များ ကို​ကြား​ခဲ့​ရ​သူ​မ​ရှိ​သ​ဖြင့်​သူ​တို့​သည် အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်​ကြ​တော့​ချေ။
JER 38:28 ငါ​သည်​လည်း​ရန်​သူ့​လက်​သို့​ယေ​ရု​ရှ​လင် မြို့​ကျ​ရောက်​သည့်​နေ့​တိုင်​အောင် နန်း​တော် ဝင်း​အ​တွင်း​၌​နေ​ရ​လေ​တော့​သည်။
JER 39:1 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ လ​၌​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ ၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​နှင့်​လာ​ရောက်​၍ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-
JER 39:2 ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ စ​တုတ္ထ လ၊ န​ဝ​မ​ရက်​နေ့​၌​မြို့​ရိုး​များ​ပြို​ကျ​၍ သွား​လေ​၏။
JER 39:3 (ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ရ​ရှိ​သော​အ​ခါ နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ သံ​ဂါ​နေ​ဗော၊ စာ​သ​ခိမ် နှင့်​အ​ခြား​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​တို့​အ​ပါ အ​ဝင်​ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​သည် အ​လယ်​တံ​ခါး​သို့​လာ​၍​ထိုင်​ကြ​၏။)
JER 39:4 ဤ​အ​ဖြစ်​အ​ပျက်​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ နှင့် စစ်​သူ​ရဲ​ကောင်း​တို့​မြင်​လေ​လျှင်​ညဥ့်​အ​ခါ မြို့​ထဲ​မှ​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​၏။ သူ တို့​သည်​ဥ​ယျာဉ်​တော်​လမ်း​ဖြင့်​မြို့​ရိုး​နှစ်​ခု ကြား​ရှိ​တံ​ခါး​မှ​ထွက်​၍ ယော်​ဒန်​ချိုင့်​ဝှမ်း သို့​ရှေ့​ရှု​ထွက်​ပြေး​ကြ​လေ​သည်။-
JER 39:5 သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သည် သူ တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ရာ​ယေ​ရိ​ခေါ လွင်​ပြင်​အ​နီး​တွင်​ဇေ​ဒ​ကိ​ကို​ရ​မိ​ကြ​၏။ ထို​နောက်​သူ့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့ သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ဗု ခဒ်​နေ​ဇာ​သည်​ဇေ​ဒ​ကိ​အ​ပေါ်​၌​စီ​ရင် ချက်​ချ​တော်​မူ​၏။-
JER 39:6 ရိ​ဗ​လ​မြို့​၌​ပင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ​ဒ ကိ​၏​မျက်​မှောက်​တွင် သူ​၏​သား​တော်​တို့​ကို ကွပ်​မျက်​စေ​လေ​သည်။ သူ​သည်​ယု​ဒ​မှူး​မတ် များ​ကို​လည်း​သတ်​စေ​၍၊-
JER 39:7 ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို​ထိုး​ဖောက်​စေ​၏။ ထို​နောက်​သူ့​အား​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​ရန်​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ထား စေ​လေ​သည်။-
JER 39:8 ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​သည် ဘု​ရင့်​နန်း​တော်​နှင့်​ပြည်​သူ တို့​၏​အိမ်​များ​ကို​မီး​ရှို့​ကာ​ယေရု​ရှ​လင် မြို့​ရိုး​တို့​ကို​ဖြို​ချ​ကြ​၏။-
JER 39:9 နောက်​ဆုံး​၌​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့ တွင်း​၌​ကျန်​ရှိ​နေ​သူ​တို့​အား မိ​မိ​ထံ​သို့ ထွက်​ပြေး​လာ​ကြ​သူ​တို့​နှင့်​အ​တူ သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ် ဆောင်​သွား​လေ​၏။-
JER 39:10 သူ​သည်​ပစ္စည်း​မဲ့​ဆင်း​ရဲ​သား​အ​ချို့​အား စ​ပျစ် ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​ကို​ပေး​အပ် ကာ​ယု​ဒ​ပြည်​တွင်​ထား​ခဲ့​၏။
JER 39:11 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် တပ်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အား၊-
JER 39:12 ``သင်​သည်​သွား​၍​ယေ​ရ​မိ​ကို​ခေါ်​ယူ​ကာ ကောင်း​စွာ​ကြည့်​ရှု​စောင့်​ရှောက်​လော့။ သူ့​ကို မ​ညှင်း​ဆဲ​နှင့်။ သူ​အ​လို​ရှိ​သည်​အ​တိုင်း ဆောင်​ရွက်​၍​ပေး​လော့'' ဟု​မှာ​ကြား​တော် မူ​၏။-
JER 39:13 သို့​ဖြစ်​၍​နေ​ဗု​ဇာ​ရ​ဒန်​နှင့်​အ​မတ်​ကြီး တစ်​ဦး​ဖြစ်​သူ​နေ​ဗု​ရှာ​ဇ​ဗန်၊ အ​ခြား​အမတ် ကြီး​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​အ​စ​ရှိ​သည့် ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်၊-
JER 39:14 ငါ့​အား​နန်း​တော်​ဝင်း​အ​တွင်း​မှ​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ စွာ​အိမ်​သို့​ပြန်​လည်​ပို့​ဆောင်​စေ​ရန်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​တံ​၏​သား​ဂေ​ဒ​လိ​၏​လက်​သို့ ပေး​အပ်​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​နှင့်​အ​တူ​တစ်​ဖန်​နေ​ထိုင် ရ​လေ​သည်။
JER 39:15 ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ကျဉ်း​ခံ နေ​ရ​စဉ်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
JER 39:16 ကိုယ်​တော်​က``သင်​သည်​ဆူ​ဒန်​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​အား`ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​ယ​ခင်​က​ဖော်​ပြ​ခဲ့​သည့် အ​တိုင်း​ဤ​မြို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယင်း​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ​လိမ့်​မည်​မ​ဟုတ်။ အ​ချိန်​ကျ​သော​အ​ခါ​ဤ​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လာ​သည်​ကို​တွေ့​မြင်​နိုင်​ရန်​သင် သည်​ထို​မြို့​တွင်​ရှိ​နေ​ပေ​လိမ့်​မည်။-
JER 39:17 သို့​ရာ​တွင်​သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​မည်​ဖြစ်​၍ သင် သည်​မိ​မိ​ကြောက်​လန့်​သည့်​လူ​တို့​၏​လက် တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-
JER 39:18 ငါ​သည်​သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​မည် ဖြစ်​သ​ဖြင့် သင်​သည်​အ​သတ်​ခံ​ရ​လိမ့်​မည် မ​ဟုတ်။ သင်​သည်​ငါ့​ကို​ယုံ​ကြည်​ကိုး​စား သော​ကြောင့်​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။
JER 40:1 တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​ငါ့​အား​ရာ​မ​မြို့ တွင်​အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ဗျာ​ဒိတ်​ပေး​တော် မူ​၏။ ငါ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် လာ​သော အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား များ၊ ယု​ဒ​ပြည်​သား​များ​နှင့်​အ​တူ​ထို​မြို့ သို့​လိုက်​ပါ​လာ​ခဲ့​ရ​လေ​သည်။
JER 40:2 တပ်​မှူး​သည်​ငါ့​အား​နှစ်​ဦး​ချင်း​တွေ့​ဆုံ​ရန် ခေါ်​ယူ​ပြီး​လျှင်``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​ပြည်​ကို​ဖျက်​ဆီး​ရန်​ခြိမ်း​ခြောက် တော်​မူ​ခဲ့​သည့်​အ​တိုင်း၊-
JER 40:3 ယ​ခု​ပြု​တော်​မူ​လေ​ပြီ။ ဤ​သို့​ဖြစ်​ပျက်​ရ ခြင်း​မှာ​သင်​၏​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကာ ကိုယ်​တော်​၏​စ​ကား ကို​နား​မ​ထောင်​ကြ​သော​ကြောင့်​ဖြစ်​၏။-
JER 40:4 ယ​ခု​သင်​၏​လက်​ကောက်​ဝတ်​မှ​သံ​ကြိုး​များ ကို​ငါ​ဖြုတ်​ပေး​မည်။ သင်​သည်​ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​လို​က​လိုက်​ပါ​လော့။ သင့်​အား​ကောင်း​စွာ​ငါ​ကြည့်​ရှု​ပါ​မည်။ သင် မ​လိုက်​လို​လျှင်​နေ​နိုင်​ပါ​သည်။ တစ်​ပြည် လုံး​မှ​သင်​ကြိုက်​ရာ​အ​ရပ်​သို့​သင်​သွား နိုင်​သည်'' ဟု​ပြော​၏။
JER 40:5 ငါ​ပြန်​လည်​မ​ဖြေ​ကြား​သော​အ​ခါ​နေ​ဗု​ဇာ ရ​ဒန်​သည် ဆက်​လက်​၍``ယု​ဒ​မြို့​များ​အ​တွက် ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့ သူ​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ရံ​၏​သား​ဂေ​ဒ​လိ​ထံ သို့​ပြန်​၍​သူ​နှင့်​အ​တူ​ပြည်​သူ​တို့​အ​ထဲ​တွင် နေ​ထိုင်​ပါ​လော့။ သို့​မ​ဟုတ်​လျှင်​လည်း​မိ​မိ သွား​သင့်​သည်​ဟု​ထင်​သည့်​အ​ရပ်​သို့​သွား ပါ​လော့'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​လက် ဆောင်​နှင့်​ရိက္ခာ​အ​ချို့​ကို​ယူ​ဆောင်​သွား​ရန် ပေး​အပ်​ပြီး​လျှင်​ငါ့​အား​ခ​ရီး​ပြု​စေ​၏။-
JER 40:6 ငါ​သည်​လည်း​ဂေ​ဒ​လိ​ထံ​သို့​သွား​၍​မိ​ဇ​ပါ မြို့​တွင်​ကြွင်း​ကျန်​လျက်​ရှိ​သည့်​ပြည်​သူ​ပြည် သား​တို့​နှင့်​အ​တူ​နေ​ထိုင်​လေ​သည်။
JER 40:7 ယု​ဒ​တပ်​မ​တော်​အ​ရာ​ရှိ​အ​ချို့​နှင့်​စစ်​သူ​ရဲ အ​ချို့​တို့​သည်​လက်​နက်​မ​ချ​ခဲ့​ကြ​ချေ။ သူ တို့​သည်​အ​ဟိ​ကံ​၏​သား​ဂေ​ဒ​လိ​ကို​ဗာ​ဗု လုန်​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် မြို့​သို့​သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​မ​ခံ​ရ​ကြ သူ​တို့​အား​အုပ်​စိုး​စေ​တော်​မူ​ကြောင်း​ကြား​သိ ကြ​၏။ ဤ​သူ​တို့​ကား​တိုင်း​ပြည်​တွင်​အ​ဆင်း​ရဲ ဆုံး​သော​သူ​များ​ဖြစ်​သ​တည်း။-
JER 40:8 သို့​ဖြစ်​၍​နာ​သ​နိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ ၏​သား​ယော​ဟ​နန်​နှင့်​ယော​န​သန်၊ တာ​နု​မက်​၏ သား​စ​ရာ​ယ၊ နေ​တော​ဖတ်​မြို့​သား​ဧ​ဖဲ​၏​သား များ၊ မာ​ခ​သိ​မြို့​သား​ယေ​ဇ​နိ​တို့​သည် မိ​မိ တို့​လူ​များ​နှင့်​အ​တူ​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ မြို့​သို့​လာ​ရောက်​ကြ​၏။-
JER 40:9 ထို​အ​ခါ​ဂေ​ဒ​လိ​က``သင်​တို့​သည်​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​အား လက်​နက်​ချ​ရန်​ကြောက်​လန့် နေ​စ​ရာ​မ​လို​ကြောင်း​သင်​တို့​အား​ငါ​က​တိ ပေး​ပါ​၏။ ဤ​ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ၍​ဗာ​ဗု​လုန်​ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ကြ​လော့။ သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင် ပြေ​ပါ​လိမ့်​မည်။-
JER 40:10 ငါ​သည်​မိ​ဇ​ပါ​မြို့​တွင်​နေ​၍​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​လာ​ရောက်​ချိန်​၌ သင်​တို့ ကိုယ်​စား​ပြု​ပါ​မည်။ သင်​တို့​မူ​ကား​စ​ပျစ် ရည်၊ သစ်​သီး​နှင့်​သံ​လွင်​ဆီ​တို့​ကို​စု​သိမ်း သို​လှောင်​ကာ မိ​မိ​တို့​ရွာ​များ​တွင်​နေ​ထိုင် ကြ​လော့'' ဟု​ဆို​၏။-
JER 40:11 ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​ဘု​ရင်​သည် ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​ကို ယု​ဒ​ပြည် တွင်​နေ​ထိုင်​ခွင့်​ပြု​၍​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ကံ ၏​သား​ဂေ​ဒ​လိ​ကို​ဘု​ရင်​ခံ​အဖြစ်​ခန့်​ထား တော်​မူ​ကြောင်း​မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဧ​ဒုံ ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​ရှိ​ဟေ​ဗြဲ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ​လေ သည်။-
JER 40:12 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​ကွဲ​လွင့်​လျက်​ရှိ​ရာ​အ​ရပ် တ​ကာ​မှ​ယု​ဒ​ပြည်​သို့​ပြန်​လာ​ကြ​၏။ သူ တို့​သည်​ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့​လာ ရောက်​ကြ​ပြီး​လျှင် စ​ပျစ်​ရည်​နှင့်​သစ်​သီး အ​မြောက်​အ​မြား​ကို​သိမ်း​ယူ​ကြ​လေ​သည်။
JER 40:13 ထို​နောက်​ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့်​လက် နက်​မ​ချ​ခဲ့​သည့်​စစ်​သူ​ရဲ​တို့​၏​ခေါင်း​ဆောင် များ​သည် ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့​လာ​၍၊-
JER 40:14 ဂေ​ဒ​လိ​အား``အမ္မုန်​ဘု​ရင်​ဗာ​လိတ်​သည်​အ​ရှင့် အား​လုပ်​ကြံ​ရန်​အ​တွက် နာ​သ​နိ​၏​သား​ဣရှ မေ​လ​ကို​စေ​လွှတ်​လိုက်​ကြောင်း​ကို​အ​ရှင်​မ သိ​ပါ​သ​လော'' ဟု​မေး​၏။ သို့​ရာ​တွင်​ဂေ ဒ​လိ​သည်​ထို​စ​ကား​ကို​မ​ယုံ​ကြည်​ချေ။-
JER 40:15 ထို​အ​ခါ​ယော​ဟ​နန်​က``အ​ကျွန်ုပ်​အား၊ ဣ​ရှ မေ​လ​ကို​သွား​၍​သတ်​ခွင့်​ပြု​ပါ။ သတ်​သော သူ​ကို​မည်​သူ​မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ပါ။ သူ့ အား​အ​ဘယ်​ကြောင့်​အ​ရှင့်​ကို​သတ်​ခွင့်​ပေး ရ​ပါ​မည်​နည်း။ ဤ​သို့​ပြု​ပါ​မူ​အ​ရှင့်​ထံ သို့​လာ​ရောက်​စု​ဝေး​နေ​ကြ​သည့်​ယု​ဒ အ​မျိုး​သား​တို့​သည် ကွဲ​လွင့်​၍​သွား​ကာ ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​အ​ပေါင်း​တို့ သည် ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ​ကြ ပါ​လိမ့်​မည်'' ဟု​တိတ်​တ​ဆိတ်​လျှောက် ထား​၏။
JER 40:16 သို့​ရာ​တွင်​ဂေ​ဒ​လိ​က``ထို​သို့​မ​ပြု​ပါ​နှင့်။ ဣ​ရှ​မေ​လ​အ​ကြောင်း​သင်​ပြော​သော​စ​ကား များ​သည်​မ​ဟုတ်​မ​မှန်​ပါ'' ဟု​ပြန်​ပြော​လေ သည်။
JER 41:1 သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-
JER 41:2 န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-
JER 41:3 ဣ​ရှ​မေ​လ​သည်​မိ​ဇ​ပါ​မြို့​တွင်​ဂေ​ဒ​လိ နှင့်​အ​တူ​ရှိ​နေ​သည့်​ယု​ဒ​အ​မျိုး​သား​များ နှင့် ထို​အ​ရပ်​တွင်​ရှိ​သ​မျှ​သော​ဗာ​ဗု​လုန် စစ်​သူ​ရဲ​တို့​ကို​လည်း​သတ်​ဖြတ်​လေ​သည်။
JER 41:4 နောက်​တစ်​နေ့​၌​ဂေ​ဒ​လိ​အား​လုပ်​ကြံ​မှု ကို အ​ဘယ်​သူ​မျှ​မ​သိ​သေး​မီ၊-
JER 41:5 ရှေ​ခင်၊ ရှိ​လော​နှင့်​ရှ​မာ​ရိ​မြို့​တို့​မှ​လူ​ရှစ် ဆယ်​တို့​ရောက်​ရှိ​လာ​ကြ​၏။ သူ​တို့​သည်​မုတ် ဆိတ်​များ​ကို​ရိတ်​ပြီး​လျှင် မိ​မိ​တို့​၏​အ​ဝတ် များ​ကို​ဆွဲ​ဆုတ်​ကာ​ကိုယ်​ခန္ဓာ​ကို​လည်း​ထိ​ရှ ၍​ထား​ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင် ပူ​ဇော်​ရန်​ပူ​ဇော်​သကာ​နှင့်​နံ့​သာ​ပေါင်း ကို​ဆောင်​ယူ​လာ​ကြ​လေ​သည်။-
JER 41:6 သို့​ဖြစ်​၍​ဣ​ရှ​မေ​လ​သည် သူ​တို့​အား​ကြို ဆို​ရန်​မိ​ဇ​ပါ​မြို့​မှ​ထွက်​ခွာ​ပြီး​လျှင် တစ် လမ်း​လုံး​ငို​ကြွေး​လျက်​သွား​၏။ သူ​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​မိ​သော​အ​ခါ​သူ​တို့ အား``ဂေ​ဒ​လိ​ထံ​သို့​လာ​ရောက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​သည်။-
JER 41:7 ထို​သူ​တို့​မြို့​တွင်း​သို့​ရောက်​ရှိ​သည်​နှင့်​တစ် ပြိုင်​နက် ဣ​ရှ​မေ​လ​နှင့်​သူ​၏​ငယ်​သား​တို့ သည် ထို​သူ​တို့​အား​သတ်​၍​အ​လောင်း​များ ကို​ရေ​တွင်း​ထဲ​သို့​ပစ်​ချ​ကြ​၏။
JER 41:8 သို့​ရာ​တွင်​ထို​လူ​စု​အ​နက်​လူ​ဆယ်​ယောက် က``အ​ကျွန်ုပ်​တို့​အား​မ​သတ်​ပါ​နှင့်။ အ​ကျွန်ုပ် တို့​မှာ​လယ်​ကွက်​များ​တွင်​ဝှက်​ထား​သည့်​ဂျုံ၊ မု​ယော၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​များ​ရှိ​ပါ သည်'' ဟု​ပြော​သ​ဖြင့်​ဣ​ရှ​မေ​လ​သည်​သူ တို့​အား​မ​သတ်​ဘဲ​အ​သက်​ချမ်း​သာ​ခွင့် ပေး​လေ​သည်။-
JER 41:9 မိ​မိ​သတ်​ဖြတ်​လိုက်​သူ​တို့​၏​အ​လောင်း​များ ကို​ဣ​ရှ​မေ​လ​ပစ်​ချ​သည့်​ရေ​တွင်း​ကား အ​လွန်​ကြီး​၍ ဣသ​ရေ​လ​ဘု​ရင်​ဗာရှာ​၏​ဘေး မှ​ခု​ခံ​ကာ​ကွယ်​ရန် အာ​သ​မင်း​တူး​ထား​သည့် ရေ​တွင်း​ဖြစ်​သ​တည်း။ ဣ​ရှ​မေ​လ​သည်​မိ​မိ သတ်​ဖြတ်​လိုက်​သည့်​လူ​သေ​အ​လောင်း​များ ဖြင့်​ထို​တွင်း​ကို​ပြည့်​စေ​၏။-
JER 41:10 ထို​နောက်​ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​၏​စောင့် ရှောက်​မှု​ကို​ခံ​ယူ​စေ​ရန် တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် အပ်​နှံ​ထား​သည့်​ဘု​ရင့်​သ​မီး​တော်​များ​နှင့် မိ​ဇ​ပါ​မြို့​တွင်​ကျန်​ရှိ​နေ​သေး​သူ​အ​ပေါင်း တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး​လျှင် သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​အမ္မုန်​ပြည်​ရှိ​ရာ​သို့​ခေါ် ဆောင်​သွား​လေ​သည်။
JER 41:11 ဣ​ရှ​မေ​လ​ကူး​လွန်​သည့်​ရာ​ဇ​ဝတ်​မှု​များ အ​ကြောင်း​ကို ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် တပ်​မ​တော်​ခေါင်း​ဆောင်​များ​ကြား​သိ​ကြ သော​အ​ခါ၊-
JER 41:12 မိ​မိ​တို့​တပ်​သား​များ​ကို​ခေါ်​၍ ဣ​ရှ​မေ​လ ကို​တိုက်​ခိုက်​ရန်​ထွက်​သွား​ကြ​ရာ​ဂိ​ဘောင်​မြို့ အ​နီး​ရေ​ကန်​ကြီး​တွင်​သူ့​အား​လိုက်​၍​မီ ကြ​၏။-
JER 41:13 ဣ​ရှ​မေ​လ​၏​သုံ့​ပန်း​များ​သည်​ယော​ဟ​နန် ကို​လည်း​ကောင်း၊ သူ​နှင့်​ပါ​လာ​သည့်​တပ်​မ တော်​ခေါင်း​ဆောင်​များ​ကို​လည်း​ကောင်း မြင် သော​အ​ခါ​ဝမ်း​မြောက်​ကြ​ကုန်​လျက်၊-
JER 41:14 ယော​ဟ​နန်​ရှိ​ရာ​သို့​လှည့်​၍​ပြေး​လာ​ကြ​လေ သည်။-
JER 41:15 သို့​ရာ​တွင်​ဣ​ရှ​မေ​လ​နှင့် သူ​၏​လူ​ရှစ်​ယောက်​တို့ မူ​ကား ယော​ဟ​နန်​ထံ​မှ​တိမ်း​ရှောင်​ကာ​အမ္မုန် ပြည်​သို့​လွတ်​မြောက်​သွား​ကြ​၏။
JER 41:16 ဂေ​ဒ​လိ​အား​သတ်​ပြီး​နောက်​မိ​ဇ​ပါ​မြို့​မှ သုံ့​ပန်း​များ​အ​ဖြစ် ဣ​ရှ​မေ​လ​ခေါ်​ဆောင် လာ​သော​စစ်​သူ​ရဲ​များ၊ အ​မျိုး​သ​မီး​များ၊ က​လေး​သူ​ငယ်​များ​နှင့်​မိန်း​မ​စိုး​များ​အား ယော​ဟ​နန်​နှင့်​သူ​၏​တပ်​မှူး​များ​က​ထိန်း သိမ်း​စောင့်​ရှောက်​ထား​ကြ​၏။-
JER 41:17 သူ​တို့​သည်​ဂိ​ဘောင်​မြို့​မှ​ယော​ဟ​နန်​ဆောင် ယူ​လာ​သူ​အ​ပေါင်း​တို့​အား​ထိန်း​သိမ်း​စောင့် ရှောက်​ကာ​ထွက်​ခွာ​လာ​ကြ​ပြီး​လျှင် ဗက်​လင် မြို့​အ​နီး​ခိ​မ​ဟံ​စ​ခန်း​၌​ရပ်​နား​ကြ​၏။ သူ တို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘေး မှ​ကင်း​ဝေး​ကြ​စေ​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ကြ​၏။-
JER 41:18 ဣ​ရှ​မေ​လ​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့​သူ​ဂေ​ဒ​လိ​အား သတ်​ဖြတ်​ခဲ့​သည့်​အ​တွက် သူ​တို့​သည်​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​ကို​ကြောက်​ကြ​၏။
JER 42:1 ထို​နောက်​ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် ဟော​ရှဲ​၏​သား​အာ​ဇ​ရိ​တို့​အ​ပါ​အ​ဝင် တပ်​မှူး​အ​ပေါင်း​တို့​သည် အ​တန်း​အ​စား အ​မျိုး​မျိုး​ပါ​ဝင်​သည့်​လူ​တို့​နှင့်​အ​တူ လာ​ရောက်​ကြ​ပြီး​လျှင်၊-
JER 42:2 ငါ့​အား``အ​ကျွန်ုပ်​တို့​ပန်​ကြား​သည့်​အ​မှု ကို​ပြု​ပါ​လော့။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့ အ​ဖို့​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​လော့။ ကျန်​ရှိ နေ​သ​မျှ​သော​အ​ကျွန်ုပ်​တို့​အ​တွက်​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့။ အ​ခါ​တစ်​ပါး က​အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ အ​ရှင်​သိ​ရှိ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​တို့ တွင်​လူ​အ​နည်း​ငယ်​သာ​ကျန်​ရှိ​ပါ​တော့ သည်။-
JER 42:3 အ​ကျွန်ုပ်​တို့​အ​ဘယ်​လမ်း​စဉ်​ကို​လိုက်​၍ အ​ဘယ်​အ​မှု​တို့​ကို​ပြု​သင့်​ကြောင်း​လမ်း​ပြ တော်​မူ​ရန် အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု ပန်​ကြား​ကြ​၏။-
JER 42:4 ငါ​က​လည်း``ကောင်း​လှ​ပြီ။ သင်​တို့​တောင်း​ပန်​သည့် အ​တိုင်း​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်။ ထို နောက်​ကိုယ်​တော်​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သင် တို့​အား​ငါ​ပြော​ပြ​မည်။ အ​ဘယ်​အ​ရာ​ကို မျှ​သင်​တို့​ထံ​မှ​ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်'' ဟု​ဆို​၏။
JER 42:5 ထို​အ​ခါ​သူ​တို့​သည်​ငါ့​အား``အ​ကယ်​၍ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အား​ဖြင့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မိန့်​တော်​တို့​ကို​မ​လိုက်​နာ​ခဲ့​သော် ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​တစ်​ဘက်​၌​သစ္စာ စောင့်​၍​ဟုတ်​မှန်​သော​သက်​သေ​ဖြစ်​တော် မူ​ပါ​စေ​သော်။-
JER 42:6 အ​ရှင့်​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​ပန်​ကြား​ခဲ့​ကြ​၏။ အ​ကျွန်ုပ်​တို့​နှစ်​သက်​သည်​ဖြစ်​စေ၊ မ​နှစ်​သက် သည်​ဖြစ်​စေ​အ​မိန့်​တော်​များ​ကို​အ​ကျွန်ုပ် တို့​လိုက်​နာ​ကြ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏ စ​ကား​ကို​နား​ထောင်​ပါ​မူ​အ​ကျွန်ုပ်​တို့ အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။
JER 42:7 ဆယ်​ရက်​မျှ​ကြာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
JER 42:8 သို့​ဖြစ်​၍​ငါ​သည်​ယော​ဟ​နန်၊ သူ​နှင့်​အ​တူ ရှိ​သည့်​တပ်​မှူး​များ​နှင့်​လူ​အ​ပေါင်း​တို့ အား​ခေါ်​၍၊-
JER 42:9 ``သင်​တို့​ငါ့​ကို​စေ​လွှတ်​၍​အ​သ​နား​ခံ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊-
JER 42:10 `အ​ကယ်​၍​သင်​တို့​သည်​ဤ​ပြည်​တွင်​ဆက်​လက် နေ​ထိုင်​လို​ကြ​ပါ​မူ၊ ငါ​သည်​သင်​တို့​အား​မ​ဖြို မ​ဖျက်​ဘဲ​တည်​ဆောက်​မည်။ ငါ​သည်​သင်​တို့​အား မ​ဆွဲ​မ​နုတ်​ဘဲ​စိုက်​ပျိုး​မည်။ သင်​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး အ​တွက်​ငါ​များ​စွာ​ကြေ​ကွဲ​ဝမ်း​နည်း​ပါ​၏။-
JER 42:11 ဗာ​ဗု​လုန်​ဘု​ရင်​ကို​မ​ကြောက်​ကြ​နှင့်​တော့။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီ​ဖြစ်​၍​သင် တို့​အား​သူ​၏​လက်​မှ​ကယ်​တင်​မည်။-
JER 42:12 ငါ​သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား​သော ကြောင့် သူ့​အား​သင်​တို့​ကို​က​ရု​ဏာ​ထား​၍​မိ မိ​တို့​ပြည်​သို့​ပြန်​ခွင့်​ပြု​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သော​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​လေ​ပြီ။
JER 42:13 ``သို့​ရာ​တွင်​ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ဤ​ပြည် တွင်​နေ​ထိုင်​ရန်​မ​ငြင်း​ဆန်​ရ​ကြ။ `ငါ​တို့ သည်​ဤ​ပြည်​တွင်​မ​နေ​လို။-
JER 42:14 စစ်​၏​အန္တ​ရာယ်​ကို​နောက်​တစ်​ဖန်​မ​တွေ့ မ​ကြုံ​ရာ၊ စစ်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​သံ ကို​မ​ကြား​ရာ၊ မ​ငတ်​မ​မွတ်​ရာ​အီ​ဂျစ်​ပြည် သို့​ငါ​တို့​သွား​မည်' ဟု​သင်​တို့​မ​ဆို​ရ​ကြ။-
JER 42:15 အ​ကယ်​၍​ဤ​သို့​သင်​တို့​ဆို​ကြ​ပါ​မူ ဣသ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​ကြ​ပါ​လျှင်၊-
JER 42:16 သင်​တို့​ကြောက်​ရွံ့​သည့်​စစ်​မက်​အန္တ​ရာယ်​သည် သင်​တို့​ကို​လိုက်​၍​မီ​လိမ့်​မည်။ သင်​တို့​ထိတ်​လန့် သည့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သည်​လည်း သင်​တို့​နောက်​မှ​လိုက်​၍​လာ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ လိမ့်​မည်။-
JER 42:17 အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​သူ​မှန်​သ​မျှ​သည်​စစ်​ဘေး၊ သို့​မ ဟုတ်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ​အ​သက်​မ​သေ ဘဲ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​တစ်​ဦး တစ်​ယောက်​မျှ​ငါ​သက်​ရောက်​စေ​မည့်​ဘေး အန္တ​ရာယ်​ဆိုး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။
JER 42:18 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
JER 42:19 ထို​နောက်​ငါ​သည်​ဆက်​လက်​၍``ယု​ဒ​ပြည်​တွင် ကျန်​ရှိ​နေ​သူ​သင်​တို့​အား အီ​ဂျစ်​ပြည်​သို့ မ​သွား​ကြ​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​လေ​ပြီ။-
JER 42:20 သင်​တို့​သည်​အ​မှား​ကြီး​မှား​လျက်​နေ​ကြ ကြောင်း ယ​ခု​သင်​တို့​အား​ငါ​သ​တိ​ပေး​၏။ သင်​တို့​သည်`အ​ကျွန်ုပ်​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ။ ကိုယ်​တော်​နှင့်​မိန့်​မှာ​တော်​မူ သ​မျှ​ကို​လည်း​အ​ကျွန်ုပ်​တို့​အား​ပြန်​လည် ပြော​ကြား​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ရှင်​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ပြု​ပါ​မည်' ဟု​ဆို​၍​ငါ့​အား​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​စေ​လွှတ်​ခဲ့ ကြ​၏။-
JER 42:21 ယ​ခု​သင်​တို့​အား​ငါ​ပြန်​လည်​ပြော​ကြား ပြီး​လေ​ပြီ။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား စေ​လွှတ်​၍​ပြော​ကြား​စေ​သ​မျှ​သော​အ​မိန့် တော်​တို့​ကို​ဖီ​ဆန်​ခဲ့​ကြ​၏။-
JER 42:22 ထို့​ကြောင့်​သင်​တို့​သည်​စစ်​ဘေး၊ သို့​မ​ဟုတ် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ ရော​ဂါ​ဘေး​သင့်​၍​မိ​မိ​တို့​သွား​ရောက်​နေ​ထိုင် လို​သော​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်'' ဟု ပြန်​ကြား​ပြော​ဆို​၏။
JER 43:1 ငါ​သည်​လူ​တို့​ကို​ပြော​ကြား​ရန်​သူ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​မှာ ကြား​တော်​မူ​သ​မျှ​သော​စ​ကား​တို့​ကို ဆင့်​ဆို​ပြီး​သော​အ​ခါ၊-
JER 43:2 ဟော​ရှဲ​၏​သား​အာ​ဇ​ရိ၊ ကာ​ရာ​၏​သား ယော​ဟ​နန်​နှင့်​အ​ခြား​မောက်​မာ​ထောင်​လွှား သူ​လူ​အ​ပေါင်း​တို့​သည် ငါ့​အား``သင်​သည်​မု သား​စ​ကား​ကို​ပြော​၏။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ငါ​တို့​အား​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် နေ​ထိုင်​မှု​မ​ပြု​ရ​ဟု​ပြော​ကြား​ရန် သင့်​ကို စေ​လွှတ်​တော်​မူ​ခဲ့​သည်​မ​ဟုတ်။-
JER 43:3 နေ​ရိ​၏​သား​ဗာ​ရုတ်​သည်​ငါ​တို့​အား​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​သတ်​ဖြတ်​နိုင်​ကြ​စေ​ရန် သော်​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​နိုင်​ကြ​စေ​ရန်​သော်​လည်း​ကောင်း သူ​တို့ လက်​သို့​ငါ​တို့​အား​ပေး​အပ်​ရန်​သင့်​ကို လှုံ့​ဆော်​ထား​လေ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။-
JER 43:4 သို့​ဖြစ်​၍​ယော​ဟ​နန်၊ တပ်​မှူး​များ​နှင့်​လူ အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်​တွင်​နေ​ထိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​ကြ။-
JER 43:5 ထို​နောက်​ယော​ဟ​နန်​နှင့်​တပ်​မှူး​အ​ပေါင်း တို့​သည် ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​နေ​သ​မျှ သော​လူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ သူ​တို့​သည်​နိုင်​ငံ​တ​ကာ​တွင် ကွဲ​လွင့်​၍​နေ​ရာ​မှ ယု​ဒ​ပြည်​တွင်​နေ​ထိုင် ရန်​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​ဖြစ်​သည့်၊-
JER 43:6 အ​မျိုး​သား၊ အ​မျိုး​သ​မီး၊ က​လေး​သူ​ငယ် နှင့်​ဘု​ရင့်​သ​မီး​တော်​အ​စ​ရှိ​သည့်​လူ​အ ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဂေ​ဒ​လိ​လက်​တွင် နေ​ဗု​ဇာ​ရ​ဒန်​အပ်​နှံ​ထား​ခဲ့​သော​ငါ​နှင့် ဗာ​ရုတ်​အ​စ​ရှိ​သည့်​လူ​အ​ပေါင်း​တို့​ကို လည်း​ကောင်း​ခေါ်​ဆောင်​သွား​သ​တည်း။-
JER 43:7 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​လွန်​ဆန်​ကာ တာ​ပ​နက်​မြို့​တိုင်​အောင် အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရောက်​ကြ​လေ​သည်။
JER 43:8 တာ​ပ​နက်​မြို့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
JER 43:9 ``ကျောက်​တုံး​ကြီး​အ​ချို့​ကို​ယူ​၍ ဤ​မြို့​ရှိ အ​စိုး​ရ​အိမ်​တော်​အ​ဝင်​ဝ​နေ​ရာ​တွင်​မြှုပ် ထား​လော့။ ဤ​သို့​သင်​ပြု​သည်​ကို​လည်း​အ​ချို့ သော​ယု​ဒ​အ​မျိုး​သား​တို့​မြင်​ပါ​စေ။-
JER 43:10 ထို​နောက်​သူ​တို့​အား`ဣသ​ရေ​လ​အမျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဤ​အ​ရပ်​သို့​ခေါ်​ဆောင် လာ​မည်။ ငါ​မြှုပ်​ထား​သည့်​ဤ​ကျောက်​တုံး များ​အ​ပေါ်​တွင်​သူ​၏​ရာ​ဇ​ပလ္လင်​ကို​တည် ၍​သူ​၏​တဲ​တော်​ကို​ငါ​ဖြန့်​မည်။-
JER 43:11 နေ​ဗု​ခဒ်​နေ​ဇာ​သည်​လာ​၍​အီ​ဂျစ်​ပြည်​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​သည်​အ​နာ ရော​ဂါ​ဘေး​ဖြင့်​သေ​ရ​ကြ​မည့်​သူ​တို့​အား အ​နာ​ရော​ဂါ​ဘေး​ဖြင့်​သေ​စေ​လိမ့်​မည်။ သုံ့ ပန်း​များ​အ​ဖြစ်​နှင့်​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ မည့်​သူ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ခေါ်​ဆောင် သွား​လိမ့်​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည့် သူ​တို့​အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​လိမ့်​မည်။-
JER 43:12 ငါ​သည်​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို မီး​ရှို့​မည်။ ဗာ​ဗု​လုန်​ဘု​ရင်​အား​ထို​ဝတ်​ကျောင်း များ​မှ​ဘု​ရား​တို့​ကို​မီး​ရှို့​စေ​မည်။ သို့​မ​ဟုတ် လျှင်​လည်း​သိမ်း​ယူ​သွား​စေ​မည်။ သိုး​ထိန်း​သည် မိ​မိ​၏​အ​ဝတ်​မှ​သန်း​များ​ကို​ကုန်​စင်​အောင် ရှာ​သ​ကဲ့​သို့ ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် မှ​ပစ္စည်း​ဥစ္စာ​များ​ကို​အ​ကုန်​အ​စင်​ရှာ​၍ ယူ​ပြီး​လျှင်​အောင်​မြင်​စွာ​ထွက်​ခွာ​သွား လိမ့်​မည်။-
JER 43:13 သူ​သည်​အီ​ဂျစ်​ပြည်​ရှိ​နေ​မင်း​မြို့​တော်​အ ထိမ်း​အ​မှတ်​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ၍​အီ​ဂျစ်​ဘု​ရား​ဝတ်​ကျောင်း​များ​ကို​မီး​ရှို့ လိမ့်​မည်' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
JER 44:1 ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​ပြည်​မိ​ဂ​ဒေါ​လ မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့​နှင့်​တောင်​ပိုင်း​ဒေ​သ ၌​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ရည်​မှတ်​၍ ငါ့​အား​ဗျာ​ဒိတ်​ပေး​တော် မူ​၏။-
JER 44:2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာဝ​ရ​ဘု​ရား​က``ယေ​ရု ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​တို့​အား​ငါ အ​ဘယ်​သို့​ကပ်​သင့်​စေ​သည်​ကို သင်​တို့​ကိုယ် တိုင်​တွေ့​မြင်​ခဲ့​ရ​လေ​ပြီ။ ထို​မြို့​များ​သည် ယ​ခု​တိုင်​အောင်​ပင်​ယို​ယွင်း​ပျက်​စီး​ကာ လူ​သူ​ဆိတ်​ငြိမ်​လျက်​ရှိ​ကြ​၏။-
JER 44:3 ယင်း​သို့​ငါ​ဖြစ်​စေ​ရ​သည့်​အ​ကြောင်း​မှာ​ထို မြို့​တို့​မှ​မြို့​သူ​မြို့​သား​များ​သည်​မ​ကောင်း မှု​များ​ကို​ပြု​၍ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ကြ လျက် သူ​တို့​ကိုယ်​တိုင်​သင်​တို့​နှင့်​သင်​တို့ ဘိုး​ဘေး​များ​အ​ဘယ်​အ​ခါ​က​မျှ​ရှိ မ​ခိုး​ဝတ်​မ​ပြု​ခဲ့​သည့်​ဘု​ရား​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ကြ​၏။-
JER 44:4 ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့ အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​ငါ​မုန်း ထား​စက်​ဆုပ်​သည့်​အ​မှု​ကို​မ​ပြု​ရန်​ပြော ကြား​ခဲ့​ကြ​၏။-
JER 44:5 သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ပ​မာ​ဏ​မ​ပြု​ကြ။ အ​ခြား​ဘုရား​များ အား​ယဇ်​ပူ​ဇော်​သည့်​အ​ကျင့်​ကို​လည်း မ​ဖျောက်​ကြ။-
JER 44:6 သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု ရှ​လင်​လမ်း​များ​အ​ပေါ်​သို့ ငါ​၏​ဒေါ​သ အ​မျက်​တော်​ကို​သွန်း​လောင်း​၍ ထို​မြို့​တို့​ကို မီး​လောင်​စေ​တော်​မူ​၏။ ထို​မြို့​များ​သည်​ယို ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ်​ပြီး​လျှင် ယ​နေ့ တွေ့​မြင်​နေ​ရ​သည့်​အ​တိုင်း​လူ​တို့​ရှေ့​တွင် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​၏။
JER 44:7 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​က သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​အ​ပေါ်​သို့​ဤ​သို့​သော​ဘေး​အန္တ​ရာယ်​ဆိုး သက်​ရောက်​အောင် ဆိုး​ညစ်​သော​အ​မှု​ကို​ပြု ကြ​သ​နည်း။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး ပြုတ်​စေ​ရန်​အ​မျိုး​သား၊ အ​မျိုး​သ​မီး၊ က​လေး​သူ​ငယ်​နှင့်​နို့​စို့​အ​ရွယ်​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​လို​ကြ​သ​လော။-
JER 44:8 သင်​တို့​နေ​ထိုင်​ရန်​လာ​ရောက်​သည့်​ဤ​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​ရုပ်​တု​များ​အား​ဖြင့် လည်း​ကောင်း၊ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့်​လည်း​ကောင်း အ​ဘယ် ကြောင့်​ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ သ​နည်း။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ဆုံး ပါး​ပျက်​စီး​စေ​၍​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​ကဲ့​ရဲ့​စ​ရာ၊ ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လာ​ကြ​လိမ့်​မည်။-
JER 44:9 ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​ပေါ် တွင် သင်​တို့​၏​ဘိုး​ဘေး​များ၊ ယုဒ​ဘု​ရင်​များ နှင့်​မိ​ဖု​ရား​များ၊ သင်​တို့​နှင့်​သင်​တို့​၏​ဇနီး များ​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​ကျင့်​ဆိုး​များ ကို​သင်​တို့​မေ့​လျော့​သွား​ကြ​လေ​ပြီ​လော။-
JER 44:10 သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ပင်​စိတ်​နှ​လုံး နှိမ့်​ချ​မှု​မ​ရှိ​ကြ​သေး​ပေ။ ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​မှု​မ​ရှိ။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ညတ်​များ နှင့်​နည်း​ဥ​ပ​ဒေ​ကို​လည်း​လိုက်​နာ​ကျင့်​သုံး မှု​မ​ပြု​ကြ။
JER 44:11 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​၍​ယု​ဒ​ပြည်​ကို​ပျက် ပြုန်း​စေ​မည်။-
JER 44:12 ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​ကာ​အီ​ဂျစ်​ပြည်​သို့ သွား​ရောက်​နေ​ထိုင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သူ တို့​မူ​ကား​တစ်​ယောက်​မ​ကျန်​ဆုံး​ပါး​ပျက်​စီး စေ​မည်။ ကြီး​ငယ်​မ​ဟူ​ထို​သူ​အ​ပေါင်း​တို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​တို့​ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​လိမ့်​မည်။ လူ​တို့​သည်​သူ​တို့​အား​ပြက် ရယ်​ပြု​လျက်​သူ​တို့​၏​အ​မည်​နာ​မ​ကို ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-
JER 44:13 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​အား​အ​ပြစ်​ဒဏ် ခတ်​သ​ကဲ့​သို့​အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​သူ တို့​ကို​လည်း​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​မည်။-
JER 44:14 အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ရန်​ယု​ဒ​ပြည်​မှ ထွက်​ခွာ​လာ​ကြ​သူ​တို့​အ​နက် အ​ဘယ်​သူ ကို​မျှ​ထို​ဘေး​များ​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ မိ​မိ​တို့​တစ်​ဖန်​ပြန်​လည်​နေ ထိုင်​ရန်​မျှော်​လင့်​တောင့်​တ​ကြ​သည့်​ယု​ဒ ပြည်​သို့ ထို​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ပြန်​ရ လိမ့်​မည်​မ​ဟုတ်။ ဒုက္ခ​သည်​အ​ချို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ပြန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JER 44:15 ထို​အ​ခါ​မိ​မိ​တို့​ဇ​နီး​များ​သည်​အ​ခြား ဘု​ရား​တို့​အား​ယဇ်​ပူ​ဇော်​ကြောင်း​ကို​သိ​ရှိ ကြ​သူ​များ၊ ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​သူ အ​မျိုး​သ​မီး​များ​နှင့်​အီ​ဂျစ်​ပြည်​တောင် ပိုင်း​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ အ​ပါ​အ​ဝင်​လူ​အုပ်​ကြီး​သည်​ငါ့​အား၊-
JER 44:16 ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​သင်​ဟော​ပြော​သည့်​စ​ကား​များ​ကို​ငါ​တို့ နား​မ​ထောင်​လို​ပါ။-
JER 44:17 ငါ​တို့​သည်​မိ​မိ​တို့​ယ​ခင်​က​ပြော​ကြား​ခဲ့ သည့်​အ​မှု​တို့​ကို​သာ​ပြု​ကြ​ပါ​မည်။ ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​တွင်​ငါ တို့​နှင့်​ငါ​တို့​ဘိုး​ဘေး​များ၊ ငါ​တို့​ဘု​ရင် နှင့်​ခေါင်း​ဆောင်​များ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း ကောင်း​ကင်​ဘု​ရင်​မ​ဟု​အ​မည်​တွင်​သော နတ်​သ​မီး​ကို​ယဇ်​ပူ​ဇော်​၍ သူ​၏​အ​ဖို့ စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း ပါ​မည်။ ထို​စဉ်​အ​ခါ​က​ငါ​တို့​သည်​ဝ​စွာ စား​ရ​ကြ​၏။ ချမ်း​သာ​ကြွယ်​ဝ​လျက်​ဘေး ဒုက္ခ​နှင့်​ကင်း​ဝေး​ခဲ့​ကြ​၏။-
JER 44:18 သို့​ရာ​တွင်​ကောင်း​ကင်​ဘု​ရင်​မ​ကို​ယဇ်​ပူ​ဇော် မှု၊ သူ့​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း လောင်း​မှု​တို့​ကို​မ​ပြု​ကြ​တော့​သည့်​အ​ချိန် မှ​အ​စ​ပြု​၍ ငါ​တို့​သည်​များ​စွာ​ချို့​တဲ့ လျက်​ငါ​တို့​အ​မျိုး​သား​များ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍​သေ​ရ ကြ​ပါ​၏'' ဟု​ပြော​ကြား​ကြ​လေ​သည်။
JER 44:19 ထို​နောက်​အ​မျိုး​သ​မီး​များ​က``ငါ​တို့​သည် ကောင်း​ကင်​ဘု​ရင်​မ​၏​ရုပ်​ပုံ​တူ​မုန့်​များ​ကို ဖုတ်​လုပ်​၍ ထို​နတ်​သ​မီး​အား​ယဇ်​ပူ​ဇော်​ကာ သူ​၏​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ ကို​သွန်း​လောင်း​ကြ​သော​အ​ခါ ငါ​တို့​၏​ခင် ပွန်း​များ​က​လည်း​ငါ​တို့​ပြု​သည့်​အ​မှု​ကို လက်​ခံ​အ​တည်​ပြု​ခဲ့​ကြ​ပါ​သည်'' ဟု​ထပ် လောင်း​ပြော​ဆို​ကြ​၏။
JER 44:20 ထို​အ​ခါ​ငါ​သည်​မိ​မိ​အား​ဤ​သို့​ပြော ကြား​ကြ​သူ အ​မျိုး​သား​အ​မျိုး​သ​မီး များ​နှင့်​လူ​အ​ပေါင်း​တို့​အား၊-
JER 44:21 ``ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​လမ်း များ​တွင် သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​များ၊ သင် တို့​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင်​များ၊ ပြည်​သူ များ​ပူ​ဇော်​ခဲ့​ကြ​သည့်​ယဇ်​များ​နှင့်​ပတ် သက်​၍​ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟူ​၍ သော်​လည်း​ကောင်း၊ မေ့​လျော့​တော်​မူ​လေ​ပြီ ဟူ​၍​သော်​လည်း​ကောင်း​သင်​တို့​ထင်​မှတ် ကြ​ပါ​သ​လော။-
JER 44:22 ယ​ခု​အ​ခါ​၌​ပင်​လျှင်​သင်​တို့​၏​ပြည်​သည် ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ​ဆိတ်​ညံ​လျက် ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ယုတ် မာ​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​ကို​သည်း​ခံ တော်​မ​မူ​နိုင်​သ​ဖြင့် ထို​ပြည်​သည်​လူ​တို့ ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​လေ​ပြီ။ လူ​တို့​သည်​လည်း​ထို​ပြည်​၏​အ​မည်​နာ​မ ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လေ​ပြီ။-
JER 44:23 သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ယဇ် ပူ​ဇော်​ကာ​အ​မိန့်​တော်​များ​ကို​မ​နာ​ခံ သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ယ​ခု​အ​ခါ​ဤ​ကဲ့​သို့ ပင်​ကပ်​သင့်​ခဲ့​ရ​ကြ​ပေ​သည်''ဟု​ဆို​၏။
JER 44:24 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ကြ​သော​ယု​ဒ​ပြည် သား​တို့​နှင့်​ပတ်​သက်​၍``သင်​တို့​နှင့်​သင်​တို့ ဇ​နီး​များ​သည်​ကောင်း​ကင်​ဘု​ရင်​မ​အား သစ္စာ​က​တိ​ပြု​ခဲ့​ကြ​၏။ သူ့​အား​ယဇ်​ပူ​ဇော် ပါ​မည်​ဟူ​၍​လည်း​ကောင်း၊ သူ​၏​အ​ဖို့​စ​ပျစ် ရည်​ပူ​ဇော်​သကာ​များ​ကို​သွန်း​လောင်း​ပါ​မည် ဟူ​၍​လည်း​ကောင်း က​တိ​ထား​ပြီး​လျှင်​ထို က​တိ​အ​တိုင်း​ပြု​ခဲ့​ကြ​ပေ​သည်။ ကောင်း လှ​ပြီ၊ သင်​တို့​က​တိ​ကို​တည်​စေ​ကြ​လော့။ သင်​တို့​သစ္စာ​ဋ္ဌိ​ဋ္ဌာန်​ပြု​သည်​အ​တိုင်း​ဆောင် ရွက်​ကြ​လော့။-
JER 44:26 သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​ရှိ​သည့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​မ​ဟာ​နာ​မ တော်​ကို​တိုင်​တည်​၍​မြွက်​ဆို​သည့်​က​တိ တော်​ကို ယ​ခု​သင်​တို့​နား​ထောင်​ကြ​လော့။ သင်​တို့​သစ္စာ​က​တိ​ပြု​ကြ​ရာ​တွင်`အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည် အ​တိုင်း' ဟု​ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို ရန်​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​အား ငါ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-
JER 44:27 သင်​တို့​သည်​ကောင်း​စား​မည့်​အ​စား​ဆုံး​ရှုံး ပျက်​စီး​ကြ​စေ​ရန်​ငါ​ပြု​မည်။ အီ​ဂျစ်​ပြည် တွင်​နေ​ထိုင်​လျက်​ရှိ​သော​ယု​ဒ​ပြည်​သူ​တို့ သည်​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​သည်​တိုင် အောင်​စစ်​ဘေး​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ ဘေး​သော်​လည်း​ကောင်း​သင့်​၍​သေ​ရ​ကြ​လိမ့် မည်။-
JER 44:28 သို့​ရာ​တွင်​သင်​တို့​အ​ချို့​သည်​အသက်​ဘေး မှ​လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​မှ​ယု​ဒ​ပြည် သို့​ပြန်​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည် သို့​လာ​ရောက်​ကြ​သော​ယု​ဒ​ပြည်​သူ​အ​ကြွင်း အ​ကျန်​များ​သည် မိ​မိ​တို့​စ​ကား​နှင့်​ငါ့ စ​ကား၊ မည်​သည်​က​မှန်​၍​နေ​သည်​ကို​သိ ရှိ​ကြ​လိမ့်​မည်။-
JER 44:29 ငါ​သည်​ဤ​ဒေ​သ​တွင်​သင်​တို့​အား​အ​ပြစ် ဒဏ်​ခတ်​မည်​ဟူ​၍​လည်း​ကောင်း၊ သင်​တို့​ကို သုတ်​သင်​ဖျက်​ဆီး​မည်​ဟူ​၍​ထား​ခဲ့​သော ငါ ၏​က​တိ​တော်​သည်​အ​မှန်​တ​ကယ်​ဖြစ်​လာ လိမ့်​မည်​ဖြစ်​ကြောင်း​ကို သင်​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သက်​သေ​ပြ​မည်။-
JER 44:30 ငါ​သည်​ယု​ဒ​ဘုရင်​ဇေ​ဒ​ကိ​ကို​မိ​မိ​အား သတ်​ဖြတ်​လို​၍ မိ​မိ​၏​ရန်​သူ​ဖြစ်​သော​ဗာ​ဗု လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ထံ​အပ်​နှင်း​သ​ကဲ့ သို့ အီ​ဂျစ်​ဘု​ရင်​ဟော​ဖ​ရာ​ကို​လည်း​မိ​မိ အား​သတ်​ဖြတ်​လို​သော​ရန်​သူ​များ​လက် သို့​အပ်​နှင်း​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း​လူ အ​ပေါင်း​တို့​အား အ​ထူး​သ​ဖြင့်​အ​မျိုး သ​မီး​များ​အား​ဆင့်​ဆို​လေ​သည်။
JER 45:1 ယော​ရှိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌​နေ​ရိ​၏​သား​ဗာ​ရုတ်​သည် ငါ​နှုတ် တိုက်​ချ​ပေး​သည့်​စ​ကား​များ​ကို​ရေး​မှတ်​၍ ထား​၏။ ထို​နောက်​ငါ​သည်၊-
JER 45:2 ဗာ​ရုတ်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ဗာ​ရုတ်၊-
JER 45:3 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တစ်​ပူ ပေါ်​တွင်​တစ်​ပူ​ဆင့်​၍​ပေး​တော်​မူ​သော​ကြောင့် သင်​သည်​အ​ရှုံး​ပေး​လျက်​ငြီး​တွား​မှု​ဖြင့် ပင်​ပန်း​နွမ်း​နယ်​လျက်​စိတ်​တည်​ငြိမ်​မှု​မ​ရ နိုင်​ဟု​ဆို​ချေ​သည်။
JER 45:4 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တည်​ဆောက် ထား​သည့်​အ​ရာ​ကို​ဖြို​ဖျက်​၍ စိုက်​ပျိုး​ထား သည့်​အ​ရာ​ကို​ဆွဲ​နုတ်​လျက်​ရှိ​၏။ ကမ္ဘာ​မြေ တစ်​ပြင်​လုံး​တွင်​ဤ​အ​တိုင်း​ငါ​ပြု​မည်။-
JER 45:5 သင်​သည်​မိ​မိ​အ​တွက်​အ​ထူး​အ​ခွင့်​အ​ရေး ကို​စောင့်​မျှော်​နေ​သ​လော။ မ​စောင့်​မျှော်​နှင့်။ ငါ သည်​လူ​ခပ်​သိမ်း​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သို့​သော်​လည်း​သင် သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​အ​သက်​မ သေ​ဘဲ ထို​ဘေး​အန္တ​ရာယ်​မှ​လွတ်​မြောက်​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လေ​သည်။
JER 46:1 ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ​တ​ကာ​ကို ရည်​မှတ်​၍ ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
JER 46:2 အီ​ဂျစ်​ပြည်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ကိုယ် တော်​မိန့်​တော်​မူ​သည်​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​စ​တုတ္ထ​နှစ် ၌ ဥ​ဖ​ရတ်​မြစ်​အ​နီး​ကာ​ခေ​မိတ်​အ​ရပ်​တွင် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှိမ်​နင်း​လိုက် သည့်​အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​နေ​ခေါ်​၏​တပ်​မ တော်​ကို​ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ ၏။
JER 46:3 ``အီ​ဂျစ်​တပ်​မှူး​တို့​က`သင်​တို့​၏​ဒိုင်း​လွှား များ​ကို အ​သင့်​ပြင်​ဆင်​ကာ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့''
JER 46:4 သင်​တို့​၏​မြင်း​များ​ကို​ကြိုး​တန်​ဆာ​ဆင်​စီး ကြ​လော့။ စီ​တန်း​ပြီး​လျှင်​သင်​တို့​၏​သံ​ခ​မောက်​များ ကို ဆောင်း​ကြ​လော့။ လှံ​များ​ကို​သွေး​ကြ​လော့။ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ကြ​လော့' ဟု​အော်​ဟစ် ကြ​၏။
JER 46:5 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​မြင်​ရ သည်​ကား အ​ဘယ်​သို့​နည်း။ သူ​တို့​သည်​ကြောက်​လန့်​၍​နောက်​သို့​ဆုတ်​ခွာ နေ​ကြ​၏။ သူ​တို့​၏​စစ်​သူ​ရဲ​များ​သည်​အ​ရေး​ရှုံး​နိမ့်​ကြ လေ​ပြီ။ သူ​တို့​သည်​ကြောက်​အား​ကြီး​၍၊ နောက်​သို့​လှည့်​မ​ကြည့်​ဘဲ​အ​စွမ်း​ကုန်​လျင် မြန်​စွာ ပြေး​ကြ​လေ​ကုန်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 46:6 လျင်​မြန်​စွာ​ပြေး​သူ​တို့​သည်​မ​လွတ်​နိုင်။ စစ်​သူ​ရဲ​တို့​သည်​မ​လွတ်​မြောက်​နိုင်။ သူ​တို့​သည်​မြောက်​ဘက်​ဒေ​သ၊ဥ​ဖ​ရတ် မြစ် အ​နီး​တွင်​ခြေ​ချော်​၍​လဲ​ကြ​ကုန်​၏။
JER 46:7 ရေ​လျှံ​သော​မြစ်​ကဲ့​သို့​လည်း​ကောင်း၊ နိုင်း​မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း၊ ချီ​တက်​လာ​သူ​ကား​အ​ဘယ်​သူ​နည်း။
JER 46:8 ရေ​လျှံ​သော​မြစ်​ကဲ့​သို့​လည်း​ကောင်း၊ နိုင်း​မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း ချီ​တက်​လာ​သူ​မှာ​အီ​ဂျစ်​နိုင်​ငံ​ဖြစ်​ပေ သည်။ အီ​ဂျစ်​နိုင်​ငံ​က`ငါ​သည်​ချီ​တက်​၍​ကမ္ဘာ​ကို လွှမ်း​မိုး​မည်။ မြို့​များ​နှင့်​မြို့​သူ​မြို့​သား​တို့​အား​ဖျက်​ဆီး​မည်။
JER 46:9 မြင်း​များ​တို့​တက်​ကြ​လော့။ ရ​ထား​များ​တို့၊အ​ပြင်း​နှင်​ကြ​လော့။ ဒိုင်း​လွှား​ကိုင်​ဆောင်​သူ​ဆူ​ဒန်​ပြည်​သား​နှင့် လစ်​ဗျား​ပြည်​သား​တို့​လု​ဒ​ပြည်​သား​လေး သည်​တော် အ​စ​ရှိ​သည့် စစ်​သည်​တော်​တို့​ထွက်​သွား​ကြ​လော့' ဟု​ဆို​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
JER 46:10 ဤ​နေ့​သည်​အ​နန္တ​တန်​ခိုး​ရှင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ဖြစ်​၏။ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​ယ​နေ့​ပင် လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ဋ္ဌား​သည်​သူ​တို့​အ​သား​ကို​အ​ဝ စား​၍ သူ​တို့​၏​သွေး​ကို​အ​ဝ​သောက်​လိမ့်​မည်။ ယ​နေ့​အ​နန္တ​တန်​ခိုး​ရှင်​သည်​ဥ​ဖ​ရတ်​မြစ် အ​နီး မြောက်​ဘက်​ဒေ​သ​၌ မိ​မိ​၏​ယဇ်​ကောင်​များ​ကို​ပူ​ဇော်​တော်​မူ​၏။
JER 46:11 အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့၊ ဂိ​လဒ်​ပြည်​သို့​သွား​၍ ဆေး​ဝါး​များ​ကို​ရှာ​ကြ​လော့။ သင်​တို့​၏​ဆေး​များ​သည်​တန်​ခိုး​အာ​နိ​သင် မ​ရှိ။ သင်​တို့​၏​အ​နာ​ရော​ဂါ​ကို​မ​ပျောက်​ကင်း​စေ​နိုင်။
JER 46:12 လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အ​ရှက်​ကွဲ​မှု​ကို ကြား​သိ​ကြ​လေ​ပြီ။ သင်​တို့​ငို​ကြွေး​သံ​ကို​လူ​တိုင်း​ကြား​ရ​ကြ​၏။ စစ်​သူ​ရဲ​သည်​တစ်​ဦး​နှင့်​တစ်​ဦး​တိုက်​မိ​သ​ဖြင့် နှစ်​ဦး​စ​လုံး​မြေ​ပေါ်​သို့​လဲ​ကျ​ကြ​လေ​ပြီ။
JER 46:13 အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​ရန်​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လာ​ရောက်​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊
JER 46:14 ``အီ​ဂျစ်​မြို့​များ​ဖြစ်​သော​မိ​ဂ​ဒေါ​လ၊နော​ဖ​နှင့် တာ​ပ​နက်​မြို့​တို့​အား၊ သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​ခု​ခံ​ကာ​ကွယ် အ​သင့်​ပြင်​ဆင်​ကြ​လော့။ သင်​တို့​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် စစ်​ပွဲ​တွင် ဆုံး​ရှုံး​ပျက်​စီး​လိမ့်​မည်။''
JER 46:15 သင်​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​အာ​ပိ သည် အ​ဘယ်​ကြောင့်​ပြို​လဲ​ရ​သ​နည်း။ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​တွန်း​ချ​တော်​မူ​လေပြီ။
JER 46:16 သင်​တို့​၏​စစ်​သူ​ရဲ​များ​သည်​ခြေ​ချော်​၍​လဲ ကြ​ကုန်​၏။ သူ​တို့​တစ်​ယောက်​ကို​တစ်​ယောက်`မြန်​မြန်​လာ​ကြ။ ငါ​တို့​သည်​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​ကြ ကုန်​အံ့။ ရန်​သူ​၏​ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ရန်​ပြေး​ကြ ကုန်​အံ့' ဟု​ဆို​ကြ​၏။
JER 46:17 ``အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​အား `အ​ခွင့်​ကောင်း​ကို​လက်​လွတ်​သူ၊လေ​အိုး​ကြီး' ဟူ​သော​နာ​မည်​သစ်​ကို​ပေး​ကြ​လော့။
JER 46:18 အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။ တာ​ဗော်​တောင်​ထိပ်​သည်​တောင်​တ​ကာ​တို့ ထက် မြင့်​သ​ကဲ့​သို့​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်​ထိပ်​သည်​လည်း၊ပင်​လယ် အ​နီး​တွင် မြင့်​မား​စွာ​တည်​ရှိ​သကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​တိုက်​ခိုက်​မည့်​သူ​သည်​ခွန်​အား ကြီး​မား ပေ​လိမ့်​မည်။
JER 46:19 အ​ချင်း​အီ​ဂျစ်​ပြည်​သား​တို့၊ သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရန် အ​သင့် ပြင်​ဆင်​ထား​ကြ​လော့။ နော​ဖ​မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။
JER 46:20 အီ​ဂျစ်​ပြည်​သည်​မြောက်​အ​ရပ်​မှ မှက်​ကိုက်​ခံ​ရ​သည့် လှ​ပ​ဆူ​ဖြိုး​သည်​နွား​မ​နှင့်​တူ​၏။
JER 46:21 အ​ငှား​စစ်​သည်​များ​ပင်​လျှင်​နွား​သ​ငယ်​များ သ​ဖွယ် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကြ​၏။ သူ​တို့​သည်​ခု​ခံ​တိုက်​ခိုက်​မှု​ကို​မ​ပြု​ဘဲ အား​လုံး​လှည့်​၍​ပြေး​ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​ဆုံး​ပါး​ပျက်​စီး ရ​မည့်​နေ့၊ ကံ​ကြမ္မာ​ဆိုး​ကြုံ​တွေ့​ရ​မည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။
JER 46:22 ရန်​သူ​တပ်​မ​တော်​နီး​ကပ်​လာ​သည်​နှင့်​အီ​ဂျစ် ပြည်​သည် မြည်​သံ​ပြု​သော​မြွေ​ကဲ့​သို့​ထွက်​ပြေး​လေ​၏။ လူ​တို့​သစ်​ပင်​များ​ကို​ခုတ်​သ​ကဲ့​သို့​ရန်​သူ တို့​သည် သူ့​အား​ရဲ​တင်း​များ​နှင့်​တိုက်​ခိုက်​ကြ​၏။
JER 46:23 သူ​တို့​သည်​သစ်​တော​ကို​ခုတ်​လှဲ​သ​ကဲ့​သို့ တိုက်​ခိုက်​ကြ​၏။ သူ​တို့​၏​လူ​များ​သည်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​၍ သူ​တို့​၏​စစ်​သူ​ရဲ​များ​သည်၊အ​ရေ​အ​တွက် အား​ဖြင့် ကျိုင်း​ကောင်​များ​ထက်​ပင်​များ​ပြား​ကြ​၏။
JER 46:24 အီ​ဂျစ်​ပြည်​သူ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ လေ​ပြီ။ သူ​တို့​အား​မြောက်​အ​ရပ်​မှ​လူ​တို့​က နှိမ်​နင်း​လိုက်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
JER 46:25 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် သိ​ဘိ​မြို့​၌​ရှိ​သော​အမ္မုန်​ဘု​ရား​ကို​အီ​ဂျစ် ပြည်၊ အီ​ဂျစ်​ဘု​ရား​များ၊ ဘု​ရင်​များ​နှင့် အ​တူ​ဆုံး​မ​မည်။ အီ​ဂျစ်​ပြည်​ဘု​ရင်​နှင့် သူ့​ကို​အား​ထား​ယုံ​ကြည်​သူ​မှန်​သ​မျှ​ကို ငါ​ဆုံး​မ​မည်။-
JER 46:26 သူ​တို့​ကို​သတ်​ဖြတ်​လို​သူ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​တပ်​မ​တော်​လက်​သို့​ငါ ပေး​အပ်​မည်။ သို့​ရာ​တွင်​နောင်​အ​ခါ​၌​လူ​တို့ သည်​ရှေး​ကာ​လ​များ​က​နည်း​တူ အီ​ဂျစ်​ပြည် တွင်​ပြန်​လည်​နေ​ထိုင်​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ထား​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 46:27 ``ငါ​၏​လူ​မျိုး​တော်​တို့၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ ပြည်​သား​တို့၊ထိတ်​လန့်​တုန်​လှုပ်​မှု​မ​ဖြစ် ကြ​နှင့်။ သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​သေ​ရ​ကြ သော​ပြည်၊ ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား​ငါ​ကယ် ဆယ်​မည်။ သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကြောက်​လန့် စေ​လိမ့်​မည်​မ​ဟုတ်။
JER 46:28 ငါ​သည်​သင်​တို့​ထံ​သို့​ကြွ​လာ​၍ သင်​တို့​အား​ကယ်​တင်​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ နိုင်​ငံ​တ​ကာ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည် မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း၊ အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား​မျှ​တ​စွာ ဒဏ်​ခတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ကြား​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 47:1 ဂါ​ဇ​မြို့​ကို​အီ​ဂျစ်​ဘု​ရင်​မ​တိုက်​ခိုက်​မီ ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။
JER 47:2 ကိုယ်​တော်​က၊ ``ကြည့်​ရှု​လော့။ မြောက်​အ​ရပ်​တွင်​ရေ​တက် လျက် ရေ​လျှံ​မြစ်​ကဲ့​သို့​စီး​ဆင်း​လာ​လိမ့်​မည်။ ထို​ရေ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မြေ​ကြီး ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​များ၊မြို့​များ​နှင့် မြို့​သူ​မြို့​သား​များ​ကို​လွှမ်း​မိုး​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကယ်​ရန်​ဟစ်​ခေါ်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ပြင်း​ပြ​စွာ ငို​ကြွေး​ကြ​လိမ့်​မည်။
JER 47:3 သူ​တို့​သည်​မြင်း​ခွာ​သံ​များ​နှင့်​မြင်း​ရ​ထား ဘီး​လည်​သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ ဖ​ခင်​များ​သည်​မိ​မိ​တို့​သား​သ​မီး​များ​ကို ပြန်​မ​ကြည့်​ကြ။ သူ​တို့​၏​လက်​များ​သည်​လည်း​အား​လျော့​၍ တွဲ​ကျ​လျက်​ရှိ​လိမ့်​မည်။
JER 47:4 တု​ရု​မြို့​နှင့်​ဇိ​ဒုန်​သို့​ပေး​ပို့​နိုင်​သည့်​စစ်​ကူ အ​ကြွင်း​အ​ကျန်​မှန်​သ​မျှ​ကို​ဖြတ်​တောက် ပစ်​ရန် ဖိ​လိတ္တိ​ပြည်​ကို၊သုတ်​သင်​ပယ်​ရှင်း​ရ​မည့် နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​ရေ​တေ​ကမ်း​ခြေ​မှ လာ​သူ​အ​ပေါင်း​ဖြစ်​သည့် ဖိ​လိတ္တိ​အမျိုး​သား​တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။
JER 47:5 ဂါ​ဇ​မြို့​သူ​မြို့​သား​တို့​သည်​များ​စွာ ဝမ်း​နည်း​ကြေ​ကွဲ​ရ​ကြ​လေ​ပြီ။ အာ​ရှ​ကေ​လုန်​မြို့​သူ​မြို့​သား​တို့​သည်​လည်း ဆိတ်​ဆိတ်​နေ​ကြ​၏။ ကြွင်း​ကျန်​၍​နေ​သော​ဖိ​လိတ္တိ​ပြည်​သူ​တို့ သည်​အ​ဘယ်​မျှ ကြာ​ကြာ​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ မည်​နည်း။
JER 47:6 ထာ​ဝ​ရ​ဘု​ရား​၏​ဋ္ဌား​တော်၊ သင်​သည်​အ​ဘယ်​မျှ​ကြာ​ကြာ​ခုတ်​ထစ် နေ​ပါ​ဦး​မည်​နည်း။ မိ​မိ​ဋ္ဌား​အိမ်​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ငြိမ်​သက်​စွာ နေ​ပါ​လော့'' ဟု​သင်​တို့​ဆို​ကြ​၏။
JER 47:7 သို့​ရာ​တွင်​ထို​ဋ္ဌား​တော်​သည်​ငါ​ပေး​အပ်​ထား သည့် အ​လုပ်​ရှိ​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ငြိမ်​သက်​စွာ​နေ​နိုင်​မည်​နည်း။ အာ​ရှ​ကေ​လုန်​မြို့​နှင့်​ပင်​လယ်​ကမ်း​ခြေ​တွင် နေ​ထိုင်​သော လူ​တို့​အား၊တိုက်​ခိုက်​ရန်​ထို​ဋ္ဌား​တော်​ကို​ငါ အ​မိန့်​ပေး​တော်​မူ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
JER 48:1 မော​ဘ​ပြည်​ကို​ရည်​မှတ်​၍​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့ တည်း။ ``နေ​ဗော​မြို့​သူ​မြို့​သား​တို့​အား​က​ရု​ဏာ သက်​ကြ​လော့။ သူ​တို့​၏​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။ ကိ​ရ​ယ​သိမ်​မြို့​သည်​ဖမ်း​ဆီး​သိမ်း​ယူ​ခြင်း ကို​ခံ​၍၊ ထို​မြို့​၏​ခံ​တပ်​များ​သည်​ဖြို​ပျက်​လျက် မြို့​သူ​မြို့​သား​တို့​သည်​လည်း​အ​ရှက်​ကွဲ​ရ ကြ​၏။
JER 48:2 မော​ဘ​ပြည်​၏​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​၍ သွား​လေ​ပြီ။ ရန်​သူ​တို့​သည်​ဟေ​ရှ​ဘုန်​မြို့​ကို​သိမ်း​ယူ​၍ မော​ဘ နိုင်​ငံ​ကို​သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​စည်​လျက် ရှိ​၏။ မာ​ဒ​မေ​န​မြို့​သည်​ဆိတ်​ငြိမ်​၍​နေ​လိမ့်​မည်။ စစ်​သည်​တပ်​သား​တို့​သည်​ထို​မြို့​ကို​ချီ​တက် တိုက်​ခိုက်​ကြ​လိမ့်​မည်။
JER 48:3 ဟော​ရ​နိမ်​မြို့​သူ​မြို့​သား​တို့​က`အ​ကြမ်း​ဖက်​မှု၊ သုတ်​သင်​ဖျက်​ဆီး​မှု' ဟု​ဟစ်​အော်​ကြ​၏။
JER 48:4 ``မော​ဘ​ပြည်​သည်​ပြို​ပျက်​၍​သွား​လေ​ပြီ။ က​လေး​သူ​ငယ်​တို့​အော်​ဟစ်​သံ​ကို နား​ထောင်​ကြ​လော့။
JER 48:5 လု​ဟိတ်​တောင်​ပေါ်​သို့​တက်​ရာ​လမ်း​တွင်​သူ​တို့ ရှိုက်​ကြီး​ငင်​ကြီး​ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ ဟော​ရ​နိမ်​မြို့​သို့​ဆင်း​ရာ​လမ်း​တွင်၊စိတ်​ဒုက္ခ ရောက်​၍ အော်​ဟစ်​သံ​များ​ကို​လည်း​ကောင်း​ကြား​ကြ​လော့။
JER 48:6 သူ​တို့​က`သင်​တို့​အ​သက်​ချမ်း​သာ​ရ​အောင် လျင်​မြန်​စွာ​ပြေး​ကြ​လော့။ သဲ​ကန္တာ​ရ​မှ​မြည်း​ရိုင်း​ကဲ့​သို့​ပြေး​ကြ​လော့' ဟု​ဆို​ကြ​၏။
JER 48:7 ``အို မော​ဘ​ပြည်၊သင်​သည်​မိ​မိ​၏​အင်​အား​နှင့် စည်း​စိမ်​ချမ်း​သာ​ကို​အား​ကိုး​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​လိမ့်​မည်။ သင်​၏​ဘု​ရား​ခေ​မု​ရှ​သည်​လည်း​သူ​၏​မင်း သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ် သင့်​ရ​ပေ​တော့​အံ့။
JER 48:8 အ​ဘယ်​မြို့​မျှ​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကင်း​လွတ်​လိမ့်​မည်​မ​ဟုတ်။ ချိုင့်​ဝှမ်း​ရော၊လွင်​ပြင်​ပါ​ပျက်​စီး​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
JER 48:9 မော​ဘ​ပြည်​အ​တွက်​သင်္ချိုင်း​ကမ္ပည်း​ကျောက်​တိုင် စိုက်​ထူ​ကြ​လော့။ ထို​ပြည်​သည်​မ​ကြာ​မီ​ပျက်​စီး​ရ​လိမ့်​မည်။ ထို​ပြည်​ရှိ​မြို့​များ​သည်​ပျက်​စီး​၍​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။''
JER 48:10 (ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​နှင့်​မ​ထမ်း​ဆောင်​သူ​သည် ကျိန်​ဆဲ ခြင်း​ကို​ခံ​ရ​ပါ​စေ​သ​တည်း။ မိ​မိ​၏​ဋ္ဌား​နှင့် ခုတ်​၍​မ​သတ်​သော​သူ​သည်​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။)
JER 48:11 ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သူ​တို့​သည် အ​စဉ်​ပင်​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ခဲ့​ရ​၍​အ​ဘယ် အ​ခါ​၌​မျှ​ပြည်​နှင်​ဒဏ်​မ​သင့်​ခဲ့​ဘူး​ပေ။ မော​ဘ ပြည်​သည်​အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့​မ​ပြောင်း၊ မွှေ နှောက်​မှု​လည်း​မ​ပြု​ဘဲ​အ​နည်​ထိုင်​ရန်​ထား​ရှိ သ​ဖြင့်​အ​နံ့​အ​ရ​သာ​မ​ပျက်၊ ကောင်း​မြဲ ကောင်း​လျက်​နေ​သည့်​စ​ပျစ်​ရည်​နှင့်​တူ​၏။
JER 48:12 ``သို့​ဖြစ်​၍​မော​ဘ​ပြည်​ကို​စ​ပျစ်​ရည်​သ​ဖွယ် သွန်​မှောက်​မည့်​လူ​တို့​အား ငါ​စေ​လွှတ်​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​ထို ပြည်​၏​စ​ပျစ်​ရည်​အိုး​များ​ကို​သွန်​မှောက်​ကာ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​ပစ်​ကြ​လိမ့်​မည်။-
JER 48:13 ထို​အ​ခါ​မိ​မိ​တို့​ယုံ​ကြည်​ခဲ့​ကြ​သော​ဗေ​သ​လ ဘု​ရား​ကို ဣ​သ​ရေ​လ​အမျိုး​သား​တို့​စိတ်​ပျက် ကြ​သ​ကဲ့​သို့ မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့ ၏​ခေ​မု​ရှ​ဘု​ရား​ကို​လည်း​စိတ်​ပျက်​ကြ​လိမ့် မည်။
JER 48:14 ``မော​ဘ​ပြည်​သား​တို့၊သင်​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​ကိုယ်​ကို၊အာ​ဇာ​နည်​များ၊စစ်​ပြန် သူ​ရဲ​ကောင်း​များ​ဟု​ပြော​ဆို​ကြ​သ​နည်း။
JER 48:15 မော​ဘ​ပြည်​နှင့်​မြို့​တို့​သည်​ပျက်​စီး​ကာ သူ​တို့​၏​လက်​ရွေး​စင်​လူ​ငယ်​လူ​ရွယ်​တို့​သည် အ​သတ်​ခံ​ရ​ကြ​လေ​ပြီ။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ဤ​ကား​ငါ​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
JER 48:16 မော​ဘ​ပြည်​၏​ကံ​ကြမ္မာ​ဆိုး​သည်​ချဉ်း​ကပ်​လာ​လျက် ထို​ပြည်​ယို​ယွင်း​ပျက်​စီး​ရာ​ကာ​လ​သည်၊မ​ကြာ​မီ ရောက်​ရှိ​လာ​တော့​မည်။
JER 48:17 ``နီး​နား​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သူ​တို့၊ထို နိုင်​ငံ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ထို​နိုင်​ငံ​၏​ဂုဏ်​သ​တင်း​ကို​သိ​ရှိ​ကြ​သူ အ​ပေါင်း​တို့ `တန်​ခိုး​ကြီး​မား​သည့်​ဤ​နိုင်​ငံ​သည် ထီး​ကျိုး​စည်​ပေါက်​ဖြစ်​လျက် ယင်း​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အာ​ဏာ​သည် ကွယ်​ပျောက်​သွား​လေ​ပြီ' ဟု​ပြော​ဆို​ကြ​လော့။
JER 48:18 ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။ မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည် ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။
JER 48:19 အာ​ရော်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊လမ်း​နံ​ဘေး တွင်​ရပ်​၍ စောင့်​နေ​ပြီး​လျှင် ထွက်​ပြေး​တိမ်း​ရှောင်​ကြ​သူ​တို့​အား​ဖြစ် ပျက်​သည့် အ​ချင်း​အ​ရာ​ကို​မေးမြန်း​လော့။
JER 48:20 ထို​သူ​တို့​က`မော​ဘ​ပြည်​ကျ​ဆုံး​လေ​ပြီ။ ထို​ပြည်​အ​တွက်​ငို​ကြွေး​ကြ​လော့။ ယင်း​သည်​အ​ရှက်​ကွဲ​လေ​ပြီ။ မော​ဘ​ပြည်​ပျက်​သုဉ်း​၍​သွား​ကြောင်း​ကို အာ​နုန်​မြစ်​ရိုး​တစ်​လျှောက်​တွင်​ကြွေး​ကြော် ကြ​လော့' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ​လိမ့်​မည်။
JER 48:21 ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊ ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊ ကိ​ရ​ယ​သိမ် မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊ ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​အ​စ​ရှိ​သည့်​ကုန်း​ပြင်​မြို့ အ​ပေါင်း​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ ရပ်​နီး​ရပ်​ဝေး​ရှိ မော​ဘ​မြို့​မှန်​သ​မျှ​သည်​အ​ပြစ်​ဒဏ်​စီ ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။-
JER 48:25 မော​ဘ​ပြည်​၏​အာ​ဏာ​တန်​ခိုး​သည်​ပျောက် ကွယ်​၍​သွား​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။
JER 48:26 ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ခဲ့​သည်​ဖြစ်​၍ ထို​ပြည်​ကို ယစ်​မူး​၍​နေ​စေ​ကြ​လော့။ သူ​သည်​မိ​မိ​၏​အန် ဖတ်​တွင်​လူး​လှိမ့်​၍​နေ​လိမ့်​မည်။ လူ​တို့​သည် လည်း​သူ့​အား​ပြောင်​လှောင်​ကြ​လိမ့်​မည်။-
JER 48:27 အို မော​ဘ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား​တို့ အား​အ​ဘယ်​သို့​သင်​ပြက်​ရယ်​ပြု​ခဲ့​သည် ကို​အောက်​မေ့​သ​တိ​ရ​လော့။ သင်​သည်​သူ တို့​အား​သူ​ခိုး၊ ဋ္ဌား​ပြ​ဂိုဏ်း​နှင့်​အ​တူ​ဖမ်း ဆီး​ရ​မိ​သူ​များ​သ​ဖွယ်​ပြု​ကျင့်​ခဲ့​ပေ သည်။
JER 48:28 ``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-
JER 48:29 မော​ဘ​ပြည်​သည်​အ​လွန်​မာ​န​ကြီး​၏။ ပြည်​သူ တို့​သည်​အ​ဘယ်​မျှ​စိတ်​နေ​မြင့်​၍၊ မောက်​မာ ထောင်​လွှား​ကာ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို လည်း​ကောင်း၊ အ​ဘယ်​မျှ​ကိုယ်​ကျိုး​ရှာ​တတ် ကြောင်း​ကို​လည်း​ကောင်း​ငါ​ကြား​သိ​တော် မူ​ပြီ။-
JER 48:30 သူ​တို့​၏​ကြွား​ဝါ​မှု​များ​သည်​အ​ရာ​မ​ရောက်။ သူ​တို့​ပြု​သော​အ​ရာ​များ​သည်​လည်း​တာ​ရှည် မ​ခံ။ သူ​တို့​၏​မောက်​မာ​ထောင်​လွှား​မှု​ကို​ငါ ထာ​ဝ​ရ​ဘု​ရား​သိ​၏။-
JER 48:31 သို့​ဖြစ်​၍​ငါ​သည်​မော​ဘ​ပြည်​သူ​အ​ပေါင်း တို့​နှင့်​ကိ​ရ​ဟ​ရက်​မြို့​သူ​မြို့​သား​တို့ အ​တွက်​မျက်​ရည်​ကျ​မည်။-
JER 48:32 ယာ​ဇာ​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငို​ကြွေး သည်​ထက်​စိ​ဗ​မာ​မြို့​သူ​မြို့​သား​များ အ​တွက် ငါ​ပို​၍​ငို​ကြွေး​မည်။ အို စိ​ဗ​မာ​မြို့၊ သင်​သည်​ပင်​လယ်​သေ​ကို​ကျော်​ဖြတ်​၍ ယာ​ဇာ​မြို့​တိုင်​အောင်​ပျံ့​နှံ့​သွား​သည့်​စ​ပျစ် ပင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သင် ၏​နွေ​ရာ​သီ​သစ်​သီး​ဝ​လံ​များ​နှင့်​စ​ပျစ် ပင်​များ​သည်​အ​ဖျက်​အ​ဆီး​ခံ​ရ​ကြ​လေ ပြီ။-
JER 48:33 အ​သီး​အ​နှံ​ကြွယ်​ဝ​သည့်​မော​ဘ​ပြည်​မှ ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​ရုပ်​သိမ်း​လိုက်​လေ ပြီ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည် များ​ယို​ထွက်​၍​မ​လာ​တော့​ပေ။ စ​ပျစ်​သီး ကို​နယ်​၍​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​မည့် သူ​လည်း​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။
JER 48:34 ``ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့​တို့​မှ လူ​တို့ ငို​ကြွေး​ကြ​သော​အ​သံ​ကို​ယာ​ဟတ်​မြို့​တိုင် အောင်​ကြား​ရ​ကြ​၏။ ထို​အ​သံ​ကို​ဇော​ရ​မြို့ မှ​ဟော​ရ​နိမ်​မြို့​နှင့်​ကေလက်​မြို့​တို့​မှ​ပင် ကြား​နိုင်​လေ​သည်။ နိ​မ​ရိမ်​ချောင်း​သည် လည်း​ခန်း​ခြောက်​၍​သွား​၏။-
JER 48:35 ငါ​သည်​မော​ဘ​ပြည်​သား​တို့​အား​တောင် ထိပ်​များ​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ဆက်​ကပ်​မှု​နှင့် မိ​မိ​တို့​ဘု​ရား​များ​အား ယဇ်​ပူ​ဇော်​မှု​ကို​ရပ်​စဲ​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
JER 48:36 ``မော​ဘ​ပြည်​သား​များ​နှင့် ကိ​ရ​ဟ​ရက်​မြို့ သူ​မြို့​သား​များ​သည်​မိ​မိ​တို့​ပိုင်​ဆိုင်​သ​မျှ သော​ဥစ္စာ​ပစ္စည်း​များ​ဆုံး​ရှုံး​ကုန်​ကြ​ပြီ ဖြစ်​၍ ငါ​၏​စိတ်​နှ​လုံး​သည်​မ​သာ​သီ​ချင်း ကို​ပြွေ​မှုတ်​သူ​ကဲ့​သို့​ထို​သူ​တို့​၏​အ​တွက် ငို​ကြွေး​မြည်​တမ်း​မည်။-
JER 48:37 လူ​တိုင်း​ပင်​ဆံမုတ်​ဆိတ်​ပယ်​ကြ​လေ​ပြီ။ သူ တို့​သည်​မိ​မိ​တို့​၏​လက်​များ​ကို​ထိ​ရှ​၍ လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-
JER 48:38 မော​ဘ​ပြည်​အိမ်​ခေါင်​မိုး​မှန်​သ​မျှ​တို့​အ​ပေါ် ၌​လည်း​ကောင်း၊ လူ​ထု​စည်း​ဝေး​ရာ​မြေ​ကွက် လပ်​မှန်​သ​မျှ​တို့​၌​လည်း​ကောင်း​ငို​ကြွေး​မြည် တမ်း​မှု​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု အ​ရာ​မျှ​မ​တွေ့​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​သုံး​မ​ဝင်​တော့​သည့်​အိုး ကို​ခွဲ​သ​ကဲ့​သို့ မော​ဘ​ပြည်​ကို​ခွဲ​လိုက်​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၏။-
JER 48:39 မော​ဘ​ပြည်​သည်​ကြေ​မွ​၍​သွား​လေ​ပြီ။ မော​ဘ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​လေ​ပြီ။ မော​ဘ​ပြည်​သည်​အ​သ​ရေ​ပျက်​လေ​ပြီ။ ထို ပြည်​သည်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သ​ဖြင့် နီး​နား​ဝန်း​ကျင်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည် ယင်း​ကို​ပြက်​ရယ်​ပြု​ကြ​ကုန်​၏။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။
JER 48:40 တောင်​ပံ​များ​ကို​ဖြန့်​၍​ထား​သည့်​လင်း​ယုန် ငှက်​ကဲ့​သို့​ရန်​သူ​သည်​မော​ဘ​ပြည်​ပေါ်​သို့ ထိုး​ဆင်း​လိမ့်​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​ခဲ့​လေ​ပြီ။-
JER 48:41 မြို့​များ၊ ခံ​တပ်​များ​သည်​အ​သိမ်း​ခံ​ရ​ကြ လိမ့်​မည်။ ထို​နေ့​၌​မော​ဘ​စစ်​သည်​တော်​တို့ သည်​သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး သ​မီး​ကဲ့​သို့​ကြောက်​လန့်​ကြ​လိမ့်​မည်။-
JER 48:42 မော​ဘ​ပြည်​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​သ​ဖြင့် သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကာ​နိုင်​ငံ တစ်​ခု​အ​နေ​ဖြင့်​တည်​ရှိ​တော့​မည်​မ​ဟုတ်။-
JER 48:43 မော​ဘ​ပြည်​သူ​တို့​အား​ထိတ်​လန့်​ဖွယ်​ရာ များ၊ မြေ​တွင်း​များ​နှင့်​ထောင်​ချောက်​များ​သည် အ​သင့်​စောင့်​ဆိုင်း​လျက်​ရှိ​ပေ​သည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။-
JER 48:44 ထိတ်​လန့်​ဖွယ်​ရာ​ကောင်း​သည့်​အ​ရာ​မှ​လွတ် မြောက်​ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ​တက်​၍​လာ​သော​သူ သည်​လည်း​ထောင်​ချောက်​များ​တွင်​မိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မော​ဘ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​ရန်​အ​ချိန်​ကို​ငါ​သတ်​မှတ် ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။-
JER 48:45 ခို​ကိုး​ရာ​မဲ့​ဒုက္ခ​သည်​များ​သည်​ဟေ​ရှ​ဘုန် မြို့​တွင်​ခို​လှုံ​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင် အ​ခါ​တစ်​ပါး​က​ရှိ​ဟုန်​မင်း​နန်း​စံ​ခဲ့​သည့် ဟေ​ရှ​ဘုန်​မြို့​သည်​မီး​ဟုန်း​ဟုန်း​ထ​၍​နေ လေ​သည်။ မီး​သည်​စစ်​မက်​ဝါ​သ​နာ​ပါ​သည့် မောဘ​ပြည်​သူ​တို့​၏​နယ်​ခြား​ဒေ​သ​များ​နှင့် တောင်​ထိပ်​များ​ကို​ကျွမ်း​လောင်​စေ​လေ​ပြီ။-
JER 48:46 မော​ဘ​ပြည်​သူ​တို့​အား​က​ရု​ဏာ​သက်​ကြ လော့။ ခေ​မု​ရှ​ဘု​ရား​ကို​ရှိခိုး​ဝတ်​ပြု​သူ​တို့ သည်​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ လေ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ လေ​ပြီ။
JER 48:47 သို့​ရာ​တွင်​နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို​တစ်​ဖန် ပြန်​၍​ကောင်း​စား​လာ​စေ​မည်။ ဤ​ကား​မော​ဘ ပြည်​အ​ပေါ်​သို့​ကျ​ရောက်​မည့်​အ​ဖြစ်​အ​ပျက် နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​များ​ဖြစ်​သ​တည်း။
JER 49:1 ထာ​ဝ​ရ​ဘု​ရား​သည်​အမ္မုန်​ပြည်​သား​တို့ ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဣသ​ရေ​လ အ​မျိုး​သား​များ​ကား​အ​ဘယ်​မှာ​နည်း။ သူ တို့​၏​ပြည်​အ​တွက်​ခု​ခံ​ကာ​ကွယ်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော။ သူ​တို့ သည်​အ​ဘယ်​ကြောင့်​မိ​လ​ကုံ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား ဂဒ်​အ​နွယ်​၏ နယ်​မြေ​ကို​သိမ်း​ယူ​စေ​ကာ​ထို​အ​ရပ်​တွင် နေ​ထိုင်​ခွင့်​ပြု​ကြ​သ​နည်း။-
JER 49:2 ငါ​သည်​ရဗ္ဗာ​မြို့​သူ​မြို့​သား​တို့​အား​စစ်​တိုက် သံ​များ​ကို ကြား​စေ​မည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​မြို့​သည်​ပျက်​စီး​လျက် ယင်း​၏​ကျေး​လက်​တော​ရွာ​များ​သည်​လည်း မီး​လောင်​ကျွမ်း​လိမ့်​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အမျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​ကို​သိမ်း​ယူ ထား​သူ​တို့​၏​လက်​မှ​ပြန်​လည်​ရ​ရှိ​ကြ လိမ့်​မည်။-
JER 49:3 ဟေ​ရှ​ဘုန်​မြို့​သား​တို့​ငို​ကြွေး​ကြ​လော့။ သင်​တို့​၏​အာ​ဣ​မြို့​သည်​ပျက်​စီး​သွား​လေ ပြီ။ ရဗ္ဗာ​မြို့​သူ​တို့၊ ဝမ်း​နည်း​ကြွေ​ကွဲ​မှု​ကို​ပြ ကြ​လော့။ လျှော်​တေ​ကို​ဝတ်​၍​ဝမ်း​နည်း​ကြေ ကွဲ​မှု​ကို​ပြ​ကြ​လော့။ က​ယောင်​ချောက်​ချား ပြေး​လွှား​ကြ​လော့။ သင်​တို့​၏​မိ​လ​ကုံ​ဘု​ရား သည်​သူ​၏​ယဇ်​ပု​ရော​ဟိတ်​များ၊ မင်း​သား များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ​လိမ့်​မည်။-
JER 49:4 သစ္စာ​မ​ရှိ​သော​လူ​မျိုး​တို့၊ သင်​တို့​သည်​အ​ဘယ် ကြောင့်​ကြွား​ဝါ​သ​နည်း။ သင်​တို့​၏​အင်​အား သည်​ချည့်​နဲ့​နေ​ပြီ။ သင်​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​တန်​ခိုး​စွမ်း​ရည်​ကို​ယုံ​စား​၍`ငါ​တို့ အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​ရဲ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ကြ​သ​နည်း။-
JER 49:5 ငါ​သည်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​အား​သင်​တို့ ကို​တိုက်​ခိုက်​စေ​မည်​ဖြစ်​၍​သင်​တို့​သည်​ထွက် ပြေး​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း​ပင်​မိ​မိ​တို့ အ​သက်​ဘေး​အ​တွက်​ထွက်​ပြေး​ကြ​မည် ဖြစ်​သ​ဖြင့်​သင်​တို့​၏​တပ်​သား​များ​ကို ပြန်​လည်​စု​ရုံး​ပေး​မည့်​သူ​တစ်​စုံ​တစ် ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။
JER 49:6 ``သို့​ရာ​တွင်​နောင်​အ​ခါ​၌​ငါ​သည်​အမ္မုန် ပြည်​သား​တို့​အား​တစ်​ဖန်​ပြန်​၍​ကောင်း စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။'' ဟု​မိန့်​တော် မူ​၏။
JER 49:7 တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် သည်​ဧဒုံ​ပြည်​ကို​ရည်​မှတ်​၍``ဧ​ဒုံ​ပြည်​သား တို့​သည်​ဆင်​ခြင်​တိုင်း​ထွာ​နိုင်​စွမ်း​မ​ရှိ​ကြ တော့​ပြီ​လော။ သူ​တို့​၏​ပ​ညာ​ရှိ​များ​သည် လည်း​အ​ဘယ်​အ​မှု​ကို​ပြု​သင့်​ကြောင်း အ​ကြံ​ဉာဏ်​မ​ပေး​နိုင်​ကြ​တော့​ပြီ​လော။ သူ​တို့​၏​အ​သိ​ပ​ညာ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​လေ​ပြီ​လော။-
JER 49:8 အို ဒေ​ဒန်​မြို့​သူ​မြို့​သား​တို့၊ လှည့်​၍​ထွက်​ပြေး ကြ​လော့။ ပုန်း​အောင်း​၍​နေ​ကြ​လော့။ ဧ​သော ၏​သား​မြေး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။-
JER 49:9 လူ​တို့​သည်​စ​ပျစ်​သီး​များ​ကို​လာ​၍​ဆွတ် ခူး​ကြ​သော​အ​ခါ စ​ပျစ်​ကိုင်း​များ​တွင်​အ သီး​အ​နည်း​ငယ်​ချန်​ထား​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​ဋ္ဌား​ပြ​များ​လာ​ရောက်​လျှင်​လည်း မိ​မိ​တို့​နှစ်​သက်​ရာ​ပစ္စည်း​များ​ကို​သာ လျှင်​ယူ​သွား​တတ်​ကြ​၏။-
JER 49:10 သို့​ရာ​တွင်​ငါ​မူ​ကား​ဧ​သော​၏​သား​မြေး များ​ထံ​မှ​ရှိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ ကို​ရုပ်​သိမ်း​မည်။ သူ​တို့​ဆက်​လက်​ပုန်း​အောင်း ၍​မ​နေ​နိုင်​စေ​ရန်​သူ​တို့​ပုန်း​အောင်း​ရာ​အ​ရပ် များ​ကို​ဖော်​ထုတ်​မည်။ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း တို့​အား​ငါ​သုတ်​သင်​ပယ်​ရှား​လိုက်​လေ​ပြီ။ သူ​တို့​တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျန်​ရှိ​ကြ တော့​ပေ။-
JER 49:11 သင်​တို့​၏​မိ​ဘ​မဲ့​က​လေး​များ​ကို​ငါ​နှင့် ထား​ခဲ့​ကြ​လော့။ သူ​တို့​အား​ငါ​ကြည့်​ရှု ပြု​စု​မည်။ သင်​တို့​၏​မု​ဆိုး​မ​များ​သည် ငါ့​ကို​မှီ​ခို​အား​ကိုး​နိုင်​၏။
JER 49:12 ``အ​ပြစ်​ဒဏ်​မ​ခံ​သင့်​သူ​များ​ပင်​လျှင်​ခံ ရ​ကြ​ပါ​မူ၊ သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခွက် ဖ​လား​မှ​မ​သောက်​ဘဲ​နေ​ရ​ကြ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​သ​လော။ သင်​တို့​သည်​ဧ​ကန် မု​ချ​အ​ပြစ်​ခွက်​ဖ​လား​မှ​သောက်​ရ​ကြ မည်။-
JER 49:13 ဗော​ဇ​ရ​မြို့​သည်​တွေ့​မြင်​ရ​သူ​တို့​လန့်​ဖျပ် တုန်​လှုပ်​ဖွယ်​လူ​သူ​ကင်း​မဲ့​ရာ​အ​ရပ်​ဖြစ်​စေ ရန်​လည်း​ကောင်း၊ လူ​တို့​သည်​ထို​မြို့​ကို​ပြက် ရယ်​ပြု​၍​ယင်း​၏​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​စေ​ရန်​လည်း​ကောင်း ငါ​ကိုယ်​တိုင်​ပင်​ကျိန်​ဆို​က​တိ​ပြု​ပြီ။ နီး နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 49:14 ငါ​က``အ​ချင်း​ဧ​ဒုံ​ပြည်၊ ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​အား သင် တို့​၏​တပ်​မ​တော်​များ​ကို​စု​ဝေး​၍​ဧ​ဒုံ ပြည်​ကို​တိုက်​ခိုက်​ကြ​လော့။ စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​ကြ​လော့​ဟု​ပြော​ကြား​ရန် တ​မန်​တော်​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။-
JER 49:15 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နိုင်​ငံ​ကို​အား အင်​ချည့်​နဲ့​စေ​တော်​မူ​မည်​ဖြစ်​၍ အ​ဘယ်​သူ မျှ​သင်​တို့​ကို​လေး​စား​ကြ​လိမ့်​မည်​မ​ဟုတ်။-
JER 49:16 သင်​တို့​၏​မာန်​မာ​န​က​သင်​တို့​အား​လှည့် စား​လေ​ပြီ။ သင်​တို့​ထင်​မှတ်​သ​ကဲ့​သို့​အ ဘယ်​သူ​မျှ​သင်​တို့​အား​မ​ကြောက်​ကြ။ သင် တို့​သည်​တောင်​ထိပ်​ပေါ်​ရှိ​ကျောက်​ဆောင်​မြင့် ပေါ်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင် ယင်း​ကဲ့​သို့​လင်း​ယုန်​သ​ဖွယ်​မြင့်​မား​သည့် အ​ရပ်​တွင် သင်​တို့​နေ​ထိုင်​ကြ​သော်​လည်း ငါ​သည်​သင်​တို့​အား​ဆွဲ​ချ​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
JER 49:17 ``ဧ​ဒုံ​ပြည်​သည်​များ​စွာ​ယို​ယွင်း​ပျက်​စီး သွား​မည်​ဖြစ်​သ​ဖြင့် အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​တို့​သည်​ထို​ပြည်​ဖြစ်​ပျက်​ရ​ပုံ​အ​ခြင်း အ​ရာ​ကို​မြင်​သော​အ​ခါ​လန့်​ဖျပ်​တုန်​လှုပ် ကြ​လိမ့်​မည်။-
JER 49:18 သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း ကျင်​ကျေး​ရွာ​များ​သည် သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​သည့်​နည်း​တူ​ဧ​ဒုံ​ပြည်​သည် လည်း​ခံ​ရ​လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ ပင်​လျှင်​ထို​ပြည်​တွင်​နေ​ထိုင်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့်​စ​ကား ဖြစ်​၏။-
JER 49:19 ငါ​သည်​ယော်​ဒန်​မြစ်​တစ်​လျှောက်​ရှိ​ထူ​ထပ် သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း​သော​မြက်​ခင်း ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့​သို့​ထွက်​လာ ပြီး​လျှင် ဧ​ဒုံ​အ​မျိုး​သား​တို့​အား​မိ​မိ​တို့ ပြည်​မှ​ထွက်​ပြေး​စေ​မည်။ ထို​နောက်​ငါ​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ရန်​မင်း​တစ်​ပါး​အား ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့်​အ​ဘယ်​သူ ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ်​သူ​သည် ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ် မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက်​အ​ခံ ပြု​နိုင်​မည်​နည်း။-
JER 49:20 သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-
JER 49:21 ဧ​ဒုံ​ပြည်​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ​သော အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့်​ကမ္ဘာ​မြေ​ကြီး သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက်​လန့် အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း အ္ဂ​ဗာ​ပင်​လယ်​ကွေ့​တိုင်​အောင်​ကြား​ရ ကြ​လိမ့်​မည်။-
JER 49:22 ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
JER 49:23 ထာ​ဝ​ရ​ဘု​ရား​သည်​ဒ​မာ​သက်​မြို့​ကို​ရည် မှတ်​၍​မိန့်​တော်​မူ​သည်​မှာ``ဟာ​မတ်​မြို့​နှင့်​အာ ပဒ်​မြို့​မှ​လူ​တို့​သည်​သ​တင်း​ဆိုး​ကို​ကြား ရ​ကြ​သ​ဖြင့် ပူ​ပန်​သော​က​ဖြစ်​ကာ​စိတ်​ဆင်း ရဲ​လျက်​နေ​ကြ​၏။ စိုး​ရိမ်​ပူ​ပန်​မှု​သည်​ပင်​လယ် လှိုင်း​လုံး​များ​သ​ဖွယ် သူ​တို့​အ​ပေါ်​သို့​လှိမ့်​၍ လာ​သ​ဖြင့်​သူ​တို့​သည်​ဆောက်​တည်​ရာ​မ​ရ နိုင်​ကြ။-
JER 49:24 ဒ​မာ​သက်​မြို့​သား​တို့​သည်​စိတ်​အား​ငယ် လျက်​ထိတ်​လန့်​တုန်​လှုပ်​ကာ​ထွက်​ပြေး​ကြ ကုန်​၏။ သူ​တို့​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​ကဲ့​သို့ ကိုယ်​စိတ်​ဝေ​ဒ​နာ​ပြင်း​စွာ ခံ​စား​ရ​ကြ​ပေ​သည်။-
JER 49:25 အ​ခါ​တစ်​ပါး​က​ပျော်​မွေ့​ဖွယ်​ရာ​ကောင်း​၍ ထင်​ပေါ်​ကျော်​ကြား​ခဲ့​သော ထို​မြို့​တော်​သည် လုံး​လုံး​လျား​လျား​လူ​သူ​ကင်း​မဲ့​လျက်​ရှိ တော့​၏။-
JER 49:26 သို့​ဖြစ်​၍​ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော အ​ခါ လူ​ငယ်​လူ​ရွယ်​များ​နှင့်​စစ်​သူ​ရဲ​အ ပေါင်း​တို့​သည်​မြို့​လမ်း​များ​အ​ပေါ်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-
JER 49:27 ငါ​သည်​ဒ​မာ​သက်​မြို့​ရိုး​များ​နှင့်​ဗင်္ဟာ​ဒဒ် မင်း​၏​နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို မီး​သင့်​လောင်​စေ​မည်'' ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
JER 49:28 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ ဗု​ခဒ်​နေ​ဇာ​မင်း​နှိမ်​နင်း​အောင်​မြင်​သည့် ကေ​ဒါ အ​နွယ်​ဝင်​နှင့်​ဟာ​ဇော်​မြို့​ကို​အ​စိုး​ရ​သူ​တို့ အား​ရည်​မှတ်​၍``ကေ​ဒါ​အ​နွယ်​ဝင်​တို့​အား သွား​ရောက်​တိုက်​ခိုက်​ကြ​လော့။ ထို​အ​ရှေ့​နွယ် သား​တို့​အား​ဖျက်​ဆီး​ချေ​မှုန်း​ကြ​လော့။-
JER 49:29 သူ​တို့​၏​တဲ​ရှင်​များ​နှင့်​သိုး​အုပ်​များ​ကို လည်း​ကောင်း၊ တဲ​ကန့်​လန့်​ကာ​များ​နှင့်​တဲ​တွင်း ရှိ​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း​သိမ်း​ယူ ကြ​လော့။ သူ​တို့​၏​ကု​လား​အုတ်​များ​ကို​သိမ်း ယူ​ပြီး​လျှင်​လူ​တို့​အား`သင်​တို့​၏​ပတ်​လည် သို့​ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ရောက်​ရှိ​လာ​လေ​ပြီ' ဟု​ပြော​ကြား​ကြ​လော့။
JER 49:30 ``ဟာ​ဇော်​မြို့​သား​တို့၊ ရပ်​ဝေး​သို့​ထွက်​ပြေး ပုန်း​အောင်း​နေ​ကြ​ရန် သင်​တို့​အား​ငါ​ထာ​ဝ​ရ ဘု​ရား​သတိ​ပေး​၏။ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​သည်​သင်​တို့​ကို​လုပ်​ကြံ​ရန်​ကြံ​စည် ထား​လေ​ပြီ။-
JER 49:31 `လာ​ကြ၊ ငါ​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လှ ပြီ​ဟု​ထင်​မှတ်​သူ​ထို​လူ​မျိုး​ကို​တိုက်​ခိုက် ကြ​ကုန်​အံ့။ သူ​တို့​၏​မြို့​သည်​မြို့​တံ​ခါး​နှင့် ကန့်​လန့်​ပင်​မ​ရှိ။ လုံ​ခြုံ​မှု​ကင်း​မဲ့​သည့်​မြို့ ဖြစ်​သည်' ဟု​ဆို​၏။
JER 49:32 ``သူ​တို့​၏​ကု​လား​အုတ်​မှ​စ​၍​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ယူ​ကြ​လော့။ ငါ​သည်​ဆံ​ပင် ဖြတ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​၍ အ​ရပ်​ရပ်​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့​ကြုံ စေ​မည်။-
JER 49:33 ဟာ​ဇော်​မြို့​သည်​ခွေး​အ​များ​ခို​အောင်း​ရာ၊ ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့​လျက်​နေ​လိမ့်​မည်။ ထို​အ​ရပ်​တွင်​နောက်​တစ်​ဖန်​နေ​ထိုင်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။
JER 49:34 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​တက်​ပြီး​နောက် မ​ကြာ​မီ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ဧ​လံ​ပြည်​ကို​ရည်​မှတ်​၍​ငါ့​အား​ဗျာ ဒိတ်​ပေး​တော်​မူ​သည်​မှာ၊-
JER 49:35 ``ငါ​သည်​ဧ​လံ​ပြည်​ကို​လွန်​စွာ​တန်​ခိုး ကြီး​မား​အောင်​ပြု​စု​ပေး​သူ လေး​သည်​တော် အ​ပေါင်း​အား​ကွပ်​မျက်​မည်။-
JER 49:36 ကောင်း​ကင်​အ​ရပ်​လေး​မျက်​နှာ​မှ​လာ​သော လေ​ကို​ဧ​လံ​ပြည်​သို့​တိုက်​ခတ်​စေ​၍ ပြည်​သူ တို့​အား​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​မည်။ ထို ဒုက္ခ​သည်​များ​မ​ရောက်​ကြ​သည့်​တိုင်း​နိုင်​ငံ တစ်​ခု​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
JER 49:37 ဧ​လံ​ပြည်​သား​တို့​သည်​မိ​မိ​တို့​ကို​သတ်​ဖြတ် လို​သူ​ရန်​သူ​များ​အား​ကြောက်​လန့်​အောင်​ငါ ပြု​မည်။ ငါ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍​သူ တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​အား လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​သည်​တိုင်​အောင် တပ်​မ​တော်​များ​ကို​ငါ​စေ​လွှတ်​၍​တိုက်​ခိုက် စေ​မည်။-
JER 49:38 ငါ​သည်​ဧ​လံ​ဘု​ရင်​များ​နှင့်​ခေါင်း​ဆောင် များ​ကို​သုတ်​သင်​ပယ်​ရှင်း​ကာ​ထို​ပြည်​တွင် ငါ​၏​ရာ​ဇ​ပလ္လင်​ကို​တည်​ထား​မည်။-
JER 49:39 သို့​ရာ​တွင်​နောင်​အ​ခါ​၌​ဧ​လံ​ပြည်​သား​တို့ အား​တစ်​ဖန်​ပြန်​၍​ကောင်း​စား​စေ​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 50:1 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​နှင့် ထို ပြည်​သူ​ပြည်​သား​တို့​ကို​ရည်​မှတ်​၍​ငါ့ အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊
JER 50:2 ``ဗာ​ဗု​လုန်​မြို့​သည်​ကျဆုံး​လေ​ပြီ။ ထို​မြို့ ၏​မေ​ရော​ဒပ် ဘု​ရား​သည်​လည်း​ကျိုး​ပဲ့​ကြေ​မွ​၍​သွား​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ရှိ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် ရုပ်​တု​များ​သည် အ​ရှက်​ကွဲ​လျက်​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​သည် တ​ကား။ ဤ​သ​တင်း​ကို​ထို​လူ​မျိုး​တ​ကာ​တို့​အား ပြော​ကြား​ကြေ​ညာ​လော့။ အ​ချက်​ပြ​အ​လံ​ဟူ​၍​ကြော်​ငြာ​လော့။ ထို​သ​တင်း​ကို​လျှို့​ဝှက်​၍​မ​ထား​နှင့်။
JER 50:3 ``မြောက်​အ​ရပ်​မှ​လူ​မျိုး​တစ်​ရပ်​သည်​ဗာ​ဗု​လုန် မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ပြီး​လျှင် ထို​မြို့ ကို​သဲ​ကန္တာ​ရ​ဖြစ်​စေ​ကြ​လိမ့်​မည်။ လူ​နှင့်​တိ​ရစ္ဆာန် များ​ထွက်​ပြေး​ကြ​မည်​ဖြစ်​၍​ထို​အ​ရပ်​သည် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
JER 50:4 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သား​တို့​သည်​ငို​ယို​ကာ မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ငါ့​အား​လိုက်​လံ​ရှာ​ဖွေ ကြ​လိမ့်​မည်။-
JER 50:5 သူ​တို့​သည်​ဇိ​အုန်​မြို့​သို့​သွား​ရာ​လမ်း​ကို မေး​မြန်း​စုံ​စမ်း​လျက် ထို​မြို့​သို့​ရှေ့​ရှု​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ထာ​ဝ​စဉ်​ပ​ဋိ​ညာဉ်​ဖွဲ့​ပြီး​လျှင် ထို​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​ချိုး ဖောက်​ကြ​လိမ့်​မည်​မ​ဟုတ်။
JER 50:6 ``ငါ​၏​လူ​စု​တော်​သည်​တောင်​များ​ပေါ်​တွင် သိုး​ထိန်း​တို့​က​လမ်း​လွဲ​စေ​သည့်​သိုး​များ နှင့်​တူ​ကြ​၏။ သူ​တို့​သည်​တစ်​တောင်​တက် တစ်​တောင်​ဆင်း​သွား​လာ​ကာ မိ​မိ​တို့​သိုး​ခြံ ကို​မေ့​လျော့​သွား​သည့်​သိုး​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​ခဲ့​ကြ​လေ​ပြီ။-
JER 50:7 သူ​တို့​သည်​မိ​မိ​တို့​နှင့်​ကြုံ​တွေ့​ရ​သူ​လူ အ​ပေါင်း​တို့​၏​တိုက်​ခိုက်​မှု​ကို​ခံ​ရ​ကြ​၏။ သူ​တို့​၏​ရန်​သူ​များ​က`ထို​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​ကြ​သည်​ဖြစ်​၍ သူ​တို့​အား​ငါ​တို့​ပြု​သည့်​အ​မှု​သည်​မ​မှား။ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​ကိုယ်​တိုင်​သည်​လည်း​ကိုယ်​တော်​အား သစ္စာ​စောင့်​သင့်​ကြ​ပေ​သည်' ဟု​ဆို​ကြ​၏။
JER 50:8 ``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗာ​ဗု​လုန်​မြို့ မှ​ထွက်​ပြေး​ကြ​လော့။ ထို​ပြည်​မှ​ထွက်​ခွာ သွား​ကြ​လော့။ အ​ဦး​အ​ဖျား​ထွက်​ခွာ သွား​ကြ​လော့။-
JER 50:9 ငါ​သည်​မြောက်​အ​ရပ်​ရှိ​ခွန်​အား​ကြီး​မား သည့်​နိုင်​ငံ​များ​ကို​လှုံ့​ဆော်​ကာ ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​စစ်​ရေး​စစ် ရာ​ခင်း​ကျင်း​လျက်​ထို​မြို့​ကို​တိုက်​ခိုက်​သိမ်း ယူ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပစ်​မှတ်​ကို​အ​စဉ် ထိ​မှန်​အောင်​ပစ်​ခတ်​နိုင်​သူ​မု​ဆိုး​ကျော် များ​ကဲ့​သို့​မိ​မိ​တို့​လေး​များ​ကို​ပစ်​ခတ် တတ်​ကြ​၏။-
JER 50:10 ဗာ​ဗု​လုန်​ပြည်​သည်​လု​ယက်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လု​ယက်​သူ​တို့​သည်​လည်း မိ​မိ​တို့ အ​လို​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 50:11 ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-
JER 50:12 သင်​တို့​၏​မြို့​သည်​အ​ရှက်​ကွဲ​၍​အ​သ​ရေ ပျက်​လိမ့်​မည်။ နိုင်​ငံ​တ​ကာ​တို့​တွင်​ဗာ​ဗု​လုန် နိုင်​ငံ​သည် အ​သိမ်​ငယ်​ဆုံး​သော​နိုင်​ငံ​ဖြစ် လိမ့်​မည်။ ယင်း​သည်​ခြောက်​သွေ့​၍​ရေ​မ​ရှိ သည့်​သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။-
JER 50:13 ငါ​၏​အ​မျက်​တော်​ကြောင့်​ဗာ​ဗု​လုန်​မြို့ တွင် အ​ဘယ်​သူ​မျှ​နေ​ထိုင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​လိမ့်​မည်။ အ​နီး​မှ​ဖြတ်​သန်း​သွား လာ​သူ​အ​ပေါင်း​တို့​သည်​ထို​မြို့​ကြုံ​တွေ့ ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မြင်​၍ လန့်​ဖျပ် တုန်​လှုပ်​ကာ​အံ့​သြ​၍​သွား​ကြ​လိမ့်​မည်။
JER 50:14 ``လေး​သ​မား​တို့၊ စစ်​ရေး​စစ်​ရာ​ခင်း​ကျင်း လျက်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ဝိုင်း​ရံ​ကြ လော့။ ဗာ​ဗု​လုန်​မြို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​လေ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​၏ မြား​ရှိ​သ​မျှ​ကို​ထို​မြို့​ထဲ​သို့​ပစ်​လွှတ် ကြ​လော့။-
JER 50:15 မြို့​ပတ်​လည်​တွင်​စစ်​တိုက်​သံ​များ​ကို​ကြွေး ကြော်​ကြ​လော့။ ယ​ခု​ဗာ​ဗု​လုန်​မြို့​သည် လက်​နက်​ချ​လေ​ပြီ။ မြို့​တံ​တိုင်း​တို့​သည် ကျိုး​ပေါက်​ပြို​ကျ​သွား​လေ​ပြီ။ ငါ​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လက်​စား ချေ​လျက်​နေ​သည်​ဖြစ်​၍ သင်​တို့​သည်​သူ​တို့ အ​ပေါ်​၌​လက်​စား​ချေ​ကြ​လော့။ သူ​တစ်​ပါး တို့​အား​သူ​တို့​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း သူ​တို့​အား​ပြု​ကျင့်​ကြ​လော့။-
JER 50:16 ဗာ​ဗု​လုန်​ပြည်​တွင်​ပျိုး​ကြဲ​ခွင့်​မ​ပြု​ကြ နှင့်။ သူ​တို့​ကို​လည်း အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ခွင့်​မ​ပေး​ကြ​နှင့်။ ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ရှိ​သည့်​လူ​မျိုး​ခြား​မှန်​သ​မျှ သည် ယ​ခု​စစ်​ဆင်​လျက်​ရှိ​သည့်​တပ်​မ​တော် ကို​ကြောက်​သ​ဖြင့် မိ​မိ​တို့​ပြည်​သို့​ပြန် ကြ​လိမ့်​မည်။
JER 50:17 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခြင်္သေ့​များ​ကိုက်​သ​ဖြင့် ကွဲ​လွင့်​သွား သည့်​သိုး​များ​နှင့်​တူ​ကြ​၏။ ဦး​စွာ​ပ​ထ​မ အာ​ရှု​ရိ​ဘု​ရင်​သည်​သူ​တို့​အား​တိုက်​ခိုက်​၏။ ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ က​သူ​တို့​၏​အ​ရိုး​များ​ကို​တ​တိ​တိ​ကိုက် ဖဲ့​လေ​သည်။-
JER 50:18 ဤ​အ​ကြောင်း​ကြောင့်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ဘု​ရင် ကို​အ​ပြစ်​ဒဏ်​ခတ်​သည့်​နည်း​တူ​နေ​ဗု​ခဒ် နေ​ဇာ​မင်း​နှင့်​သူ​၏​နိုင်​ငံ​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။-
JER 50:19 ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​မိ​မိ​တို့ ပြည်​သို့​ငါ​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့ သည်​က​ရ​မေ​လ​တောင်​ထိပ်​နှင့်​ဗာ​ရှန်​ဒေ​သ တွင်​စိုက်​ပျိုး​သည့်​အ​သီး​အ​နှံ​များ​ကို​စား ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​နှင့်​ဂိ​လဒ်​နယ်​မြေ များ​တွင်​ပေါက်​ရောက်​သ​မျှ​သော​အ​သီး အ​နှံ​များ​ကို​အ​ဝ​စား​ရ​ကြ​လိမ့်​မည်။-
JER 50:20 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​မိ​မိ​အ​သက်​ရှင်​ခွင့်​ပေး​ထား​သူ​တို့ ၏​အ​ပြစ်​များ​ကို​ဖြေ​လွတ်​ဖြေ​ရှင်း​မည်​ဖြစ် ၍ ဣသ​ရေ​လ​ပြည်​တွင်​အ​ပြစ်​ဒု​စ​ရိုက်​တစ် စုံ​တစ်​ခု​မျှ​တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ယု​ဒ ပြည်​တွင်​လည်း​ဆိုး​ညစ်​မှု​တစ်​စုံ​တစ်​ရာ​မျှ တွေ့​ရှိ​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
JER 50:21 ``ပုန်​ကန်​တတ်​သော​ပြည်​သား​နှင့် အ​ပြစ်​ဒဏ် သင့်​သည့်​ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ လော့။ သူ​တို့​အား​သတ်​ဖြတ်​သုတ်​သင်​ကြ လော့။ ငါ​မိန့်​မှာ​သ​မျှ​တို့​ကို​ပြု​ကြ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘုရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-
JER 50:22 ထို​ပြည်​တွင်​စစ်​တိုက်​သည့်​အ​သံ​ဗ​လံ​များ ကို​ကြား​ရ​၏။ ဆုံး​ပါး​ပျက်​စီး​မှု​ကား ကြီး​လှ​ပေ​၏။-
JER 50:23 ဗာ​ဗု​လုန်​မြို့​သည်​တစ်​ကမ္ဘာ​လုံး​ကို​သံ​တူ နှင့်​ရိုက်​နှက်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ထို သံ​တူ​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ကျိုး​ပဲ့​၍ သွား​လေ​ပြီ​တ​ကား။ လူ​မျိုး​တ​ကာ​တို့​သည် ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက် ကို​မြင်​၍​လန့်​ဖျပ်​တုန်​လှုပ်​ကြ​ကုန်​၏။-
JER 50:24 အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ငါ့​ကို​တိုက်​ခိုက် ခဲ့​၏။ ငါ​ထောင်​ထား​သည့်​ထောင်​ချောက်​တွင် အ​မှတ်​မ​ထင်​ဖမ်း​မိ​လေ​ပြီ။-
JER 50:25 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​မိ​မိ​၏​လက် နက်​တိုက်​ကို​ဖွင့်​၍​လက်​နက်​များ​ကို​ထုတ် ယူ​တော်​မူ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော် ဗာ​ဗု​လုန်​မြို့​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ ဝ​ရ​ဘု​ရား​ပြု​ရန်​အ​မှု​ရှိ​သော​ကြောင့် ဖြစ်​၏။-
JER 50:26 ထို​မြို့​ကို​အ​ဘက်​ဘက်​မှ​နေ​၍​တိုက်​ခိုက်​ကြ လော့။ စ​ပါး​ကျီ​များ​ကို​ဖောက်​ဖျက်​ကြ​လော့။ တိုက်​ခိုက်​လု​ယက်​၍​ရ​သော​ဥစ္စာ​ပစ္စည်း​တို့​ကို စ​ပါး​ပုံ​များ​ကဲ့​သို့​စု​ပုံ​ထား​ကြ​လော့။ မြို့ ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လော့။ အ​ဘယ် အ​ရာ​ကို​မျှ​ချန်​လှပ်​မ​ထား​ကြ​နှင့်။-
JER 50:27 စစ်​သည်​တပ်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​ကြ လော့။ အ​စု​လိုက်​အ​ပြုံ​လိုက်​သတ်​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​အ​မင်္ဂ​လာ​ရှိ ကြ​၏။ သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့​ရက် ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။
JER 50:28 (ဗာ​ဗု​လုန်​ပြည်​မှ​လွတ်​မြောက်​လာ​သော​စစ် ပြေး​ဒုက္ခ​သည်​များ​သည်​ဇိ​အုန်​မြို့​သို့​လာ ရောက်​ပြီး​လျှင် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ကို ဗာ​ဗု​လုန်​ပြည်​သား​တို့​ဖျက်​ဆီး​ကြ​သည့် အ​တွက် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​အ​ဘယ်​သို့​လက် စား​ချေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ကြ​၏။)
JER 50:29 ``ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​လေး​သ​မား တို့​အား​ပြော​ကြား​ကြ​လော့။ လေး​နှင့်​မြား ကို​အ​သုံး​ပြု​တတ်​သူ​မှန်​သ​မျှ​ကို​စေ​လွှတ် ကြ​လော့။ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ အ​ဘယ် သူ​မျှ​ထွက်​မ​ပြေး​စေ​နှင့်။ ထို​မြို့​သား​တို့​အား လက်​စား​ချေ​ကြ​လော့။ သူ​တို့​သည် သူ​တစ်​ပါး တို့​အား​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း​သူ​တို့ အား​ပြု​ကျင့်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ဖြစ်​သူ​ငါ့​ကို​မာ​န​ထောင်​လွှား​စွာ​ဆန့် ကျင်​ခဲ့​ကြ​ပြီ။-
JER 50:30 သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​မြို့​လမ်း များ​ပေါ်​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ တို့​၏​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့​သည် လည်း​ထို​နေ့​၌​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
JER 50:31 ``အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​မာန်​မာ​န​နှင့် ပြည့်​ဝ​လျက်​နေ​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့် ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သင့်​အား​ငါ အ​ပြစ်​ဒဏ်​ခတ်​ရ​မည့်​နေ့​ရက်​ကာ​လ သည်​ကျ​ရောက်​လာ​လေ​ပြီ။-
JER 50:32 မာန်​မာ​န​ထောင်​လွှား​သည့်​သင်​တို့​နိုင်​ငံ​သည် ခြေ​ချော်​၍​လဲ​လိမ့်​မည်။ သင့်​အား​ပြန်​ထ​ရန် အ​ဘယ်​သူ​မျှ​ကူ​မ​လိမ့်​မည်​မ​ဟုတ်။ ငါ သည်​သင်​တို့​၏​မြို့​များ​ကို​မီး​လောင်​ကျွမ်း စေ​မည်​ဖြစ်​၍ သင်​တို့​ပတ်​လည်​တွင်​ရှိ​သ​မျှ သော​အ​ရာ​တို့​သည်​ပျက်​စီး​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
JER 50:33 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ညှင်း​ပန်း နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဖမ်း​ဆီး​သိမ်း​ယူ သွား​သူ​များ​သည်​သူ​တို့​အား​ကြပ်​တည်း​စွာ အ​စောင့်​ချ​၍​ထား​ကြ​၏။ သူ​တို့​ကို​ထွက်​ခွာ သွား​ခွင့်​မ​ပြု​ကြ။-
JER 50:34 သို့​ရာ​တွင်​ထို​သူ​တို့​အား​ကယ်​ဆယ်​တော်​မူ မည့်​အ​ရှင်​သည်​ခွန်​အား​ကြီး​မား​တော်​မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​မှာ​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သ​တည်း။ ထို​အ​ရှင်​ကိုယ် တော်​တိုင်​သူ​တို့​၏​အ​ကျိုး​ကို​ပြု​စု​တော်​မူ ၍ ပြည်​တော်​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​စေ တော်​မူ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ကို​မူ​ကား​ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JER 50:35 ထာ​ဝ​ရ​ဘု​ရား​က``ဗာ​ဗု​လုန်​ပြည်​သည် ပျက်​ပြုန်း ရ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​များ၊အုပ်​စိုး​သူ​များ​နှင့် ပ​ညာ​ရှိ​များ​သည်​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။
JER 50:36 ထို​ပြည်​၏​မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​သေ​ဆုံး ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​မိုက်​မဲ​သူ​များ​ဖြစ်​၏။ ထို​ပြည်​၏​စစ်​သည်​တပ်​သား​တို့​သည် သေ​ဆုံး​ရကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​ကြောက်​လန့်​တုန်​လှုပ်​လျက် ရှိ​ကြ​၏။
JER 50:37 သူ​တို့​၏​မြင်း​များ၊စစ်​ရ​ထား​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ငှား​ရမ်း​ထား​သည့်​စစ်​သည်​တပ်​သား​တို့ သည် သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​လွန်​အား​အင်​ချည့်​နဲ့​လျက် နေ​ကြ​၏။ ဗာ​ဗု​လုန်​မြို့​၏​ပစ္စည်း​ဘဏ္ဍာ​များ​ကို ဖျက်​ဆီး​ပစ်​ကြ​လော့။ ယင်း​တို့​ကို​တိုက်​ခိုက်​လု​ယက်​ကြ​လော့။
JER 50:38 ထို​ပြည်​တွင်​မိုး​ခေါင်​စေ​၍​မြစ်​များ​ကို​ခန်း ခြောက် စေ​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​သည့် ရုပ်​တု​ပေါ​များ​သည့်​ပြည်​ဖြစ်​ပေ​သည်။ ထို​ရုပ်​တု​များ​ကြောင့်​ပြည်​သူ​တို့​သည် မိုက်​မဲ​သူ​များ​ဖြစ်​ကြ​လေ​ပြီ။
JER 50:39 ``သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​သည်​နတ်​ဆိုး​များ၊ ဆိုး​ညစ်​သော​ဝိ​ညာဉ်​များ​နှင့် ငှက်​ဆိုး​များ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​သည်​နောင် ကာ​လ​အ​စဉ်​အ​ဆက်​လူ​သူ​ကင်း​မဲ့​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။-
JER 50:40 သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​နီး​နား​ဝန်း​ကျင် ကျေးရွာ​များ​သည် ငါ​၏​ဖျက်​ဆီး​ခြင်း​ကို​ခံ​ခဲ့ ရ​သည့်​နည်း​တူ ဗာ​ဗု​လုန်​မြို့​သည်​လည်း​ခံ​ရ လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​မျှ​ပင်​လျှင်​ထို မြို့​တွင်​နေ​ထိုင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​ရှိ လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
JER 50:41 ``မြောက်​ဘက်​နိုင်​ငံ​တစ်​ခု​မှ​လူ​တို့​သည် ချီ​တက်​၍​လာ​လိမ့်​မည်။ ရပ်​ဝေး​မှ​တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​ဖြစ်​သည်။ ဘု​ရင်​များ​သည်​စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​ရှိ​၏။
JER 50:42 သူ​တို့​သည်​မိ​မိ​တို့​လေး​များ​နှင့်​ဋ္ဌား​များ​ကို ကိုင်​စွဲ​ကြ​လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ပေ​သည်။ သူ​တို့​၏​မြင်း​ခွာ​သံ​များ​သည်​ပင်​လယ်​ရေ မြည်​ဟီး​သံ​နှင့်​တူ​၏။ သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​တိုက်​ရန် အ​သင့်​ရှိ​ကြ​လေ​ပြီ။
JER 50:43 ဗာ​ဗု​လုန်​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​ပင်​မ​လှုပ်​မ​ရှား​နိုင် တော့​ချေ။ သူ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​လေ​သည်။
JER 50:44 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​ရှိ​ထူ​ထပ်​သော​တော​အုပ်​ထဲ​မှ စိမ်း​လန်း သော​မြက်​ခင်း​ပြင်​သို့​ထွက်​လာ​သည့်​ခြင်္သေ့​ကဲ့ သို့​ထွက်​လာ​ပြီး​လျှင် ဗာ​ဗု​လုန်​မြို့​သား​တို့ အား​မိ​မိ​တို့​မြို့​မှ​ရုတ်​တ​ရက်​ထွက်​ပြေး​စေ မည်။ ထို​နောက်​ထို​မြို့​ကို​အုပ်​စိုး​ရန်​ဘု​ရင် တစ်​ပါး​ကို​ငါ​ရွေး​ချယ်​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​ကို​နှိုင်း​ယှဉ်​၍​ရ​မည်​နည်း။ အ​ဘယ် သူ​သည်​ငါ​နှင့်​အံ​တု​ဖက်​ပြိုင်​ဝံ့​မည်​နည်း။ အ​ဘယ်​မည်​သော​မင်း​သည်​ငါ့​အား​အ​တိုက် အ​ခံ​ပြု​နိုင်​မည်​နည်း။-
JER 50:45 သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​အ​တွက်​ငါ​ပြု​လုပ် ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်​ကောင်း၊ မြို့ သူ​မြို့​သား​များ​အ​တွက်​ငါ​ကြံ​စည်​ထား သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း​နား​ထောင် ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏​သား​သ​မီး များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက်​ဆွဲ​၍​ခေါ်​ဆောင် သွား​လိမ့်​မည်။ တွေ့​မြင်​ရ​သူ​အ​ပေါင်း​တို့ သည်​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။-
JER 50:46 ဗာ​ဗု​လုန်​မြို့​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ သော​အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့် ကမ္ဘာ​မြေ ကြီး​သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက် လန့်​အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း လူ​မျိုး​တ​ကာ​တို့​ကြား​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
JER 51:1 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဗာ​ဗု​လုန်​မြို့​နှင့် မြို့​သူ​မြို့​သား​တို့​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန် လေ​ပြင်း​ထ​စေ​မည်။-
JER 51:2 ဖွဲ​များ​ကို​လွင့်​စဉ်​အောင်​တိုက်​ခတ်​သည့်​လေ ကဲ့​သို့ ဗာ​ဗု​လုန်​မြို့​ကို​ဖျက်​ဆီး​ရန်​လူ​မျိုး ခြား​တို့​ကို​ငါ​စေ​လွှတ်​မည်။ ယင်း​သို့​ဆုံး​ပါး ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ သော​အ​ခါ သူ​တို့​သည်​အ​ဘက်​ဘက်​မှ​နေ​၍ တိုက်​ခိုက်​ကာ​ထို​မြို့​ကို​အ​ကုန်​အ​စင်​ပယ် ရှင်း​လိမ့်​မည်။-
JER 51:3 ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​များ​အား​မိ​မိ တို့​မြား​များ​ကို​ပစ်​လွှတ်​ခွင့်​ကို​သော်​လည်း ကောင်း၊ သံ​ချပ်​အင်္ကျီ​များ​ဝတ်​ဆင်​ခွင့်​ကို သော်​လည်း​ကောင်း​မ​ပေး​ကြ​နှင့်။ သူ​တို့​၏ လူ​ငယ်​လူ​ရွယ်​တို့​အား​ချမ်း​သာ​မ​ပေး ကြ​နှင့်။ တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချေ​မှုန်း ပစ်​ကြ​လော့။-
JER 51:4 သူ​တို့​သည်​ဒဏ်​ရာ​ရ​လျက်​မိ​မိ​တို့​၏ လမ်း​များ​တွင် သေ​ဆုံး​ကြ​လိမ့်​မည်။-
JER 51:5 ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယုဒ​ပြည်​သား​တို့ သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ငါ့​အား​ပြစ်​မှား ကြ​သော်​လည်း​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ။-
JER 51:6 ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ပြေး​ကြ​လော့။ သင်​တို့ သည်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​လော့။ ဗာ​ဗု​လုန်​အ​ပြစ်​ကြောင့်​အ​သေ မ​ခံ​ကြ​နှင့်။ ယ​ခု​ငါ​သည်​ဗာ​ဗု​လုန်​မြို့ အာ​ခံ​သည့်​အ​ပြစ်​ဒဏ်​အ​တွက်​လက်​စား ချေ​လျက်​ရှိ​၏။-
JER 51:7 ဗာ​ဗု​လုန်​မြို့​သည်​ငါ​ကိုင်​၍​ထား​သည့်​ရွှေ ဖ​လား၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​မူး​ယစ်​စေ​သည့် စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​၏။ လူ​မျိုး တ​ကာ​တို့​သည်​ထို​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​၍​ရူး​သွတ်​ကြ​ကုန်​၏။-
JER 51:8 ဗာ​ဗု​လုန်​မြို့​သည်​ရုတ်​တ​ရက်​ပြို​လဲ​ပျက် စီး​သွား​လေ​ပြီ။ ထို​မြို့​အ​တွက်​ငို​ကြွေး ကြ​လော့။ သူ​၏​ဒဏ်​ရာ​များ​အ​တွက်​ဆေး ဝါး​ကို​ရှာ​ကြ​လော့။ သူ့​အား​အ​နာ​ရော​ဂါ ပျောက်​ကင်း​အောင်​ကု​သ​ကောင်း​ကု​သ​နိုင် ပေ​လိမ့်​မည်။-
JER 51:9 `ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​ကူ​မ​ရန်​ကြိုး စား​ကြ​ပါ​သော်​လည်း​များ​စွာ​နောက်​ကျ​၍ နေ​လေ​ပြီ။ လာ​ကြ။ ထို​မြို့​မှ​ထွက်​ခွာ​၍​ငါ တို့​ပြည်​သို့​ပြန်​ကြ​ကုန်​အံ့။ ဘု​ရား​သခင်​သည် အ​နန္တ​တန်​ခိုး​တော်​ဖြင့်​ဗာ​ဗု​လုန်​မြို့​ကို​အ ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ လုံး​ဝ​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။
JER 51:10 ``ငါ​၏​လူ​စု​တော်​က`ငါ​တို့​ဖြောင့်​မှန်​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​လေ​ပြီ။ ငါ တို့​သည်​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​ထံ​သို့ သွား​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြော​ကြား​ကြ​ကုန်​အံ့' ဟု​ကြွေး​ကြော်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 51:11 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ​တော်​မူ​သ​ဖြင့် မေ​ဒိ​ဘု​ရင်​တို့​ကို​လှုံ့​ဆော်​ပေး​တော်​မူ​လေ ပြီ။ ထို​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ဖျက်​ဆီး​ခံ​ခဲ့ ရ​ခြင်း​အ​တွက်​လက်​စား​ချေ​တော်​မူ​မည်။ တိုက်​ခိုက်​နေ​သူ​တပ်​မ​တော်​အ​ရာ​ရှိ​များ က``သင်​တို့​၏​မြား​များ​ကို​ချွန်​ကြ​လော့။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​ကြ​လော့။-
JER 51:12 ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို​တိုက်​ခိုက်​ရန်​အ​ချက် ပေး​ကြ​လော့။ သင်​တို့​၏​အ​စောင့်​တပ်​ကို​အား ဖြည့်​ကြ​လော့။ ကင်း​လု​လင်​တို့​ကို​နေ​ရာ​ယူ စေ​ကြ​လော့။ ခြုံ​ခို​တိုက်​ခိုက်​မည့်​တပ်​သား တို့​ကို​ချ​ထား​ကြ​လော့'' ဟု​အ​မိန့်​ပေး ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကြံ​စည်​ထား​တော် မူ​သည်​အ​တိုင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​အား မိ​မိ​ကြိမ်း​မောင်း​ထား​သည်​နှင့်​အ​ညီ​ပြု တော်​မူ​လေ​ပြီ။-
JER 51:13 ဗာ​ဗု​လုန်​မြို့​သည်​မြစ်​များ​နှင့်​ပစ္စည်း​ဘဏ္ဍာ ပေါ​များ​ကြွယ်​ဝ​သော​မြို့​ဖြစ်​သော်​လည်း ပျက် စီး​ရန်​အ​ချိန်​စေ့​ပြီ​ဖြစ်​သ​ဖြင့်​ယင်း​၏​အ​သက် သွေး​ကြော​ပြတ်​၍​သွား​တော့​၏။-
JER 51:14 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​တွက် ကျိုင်း​ကောင်​များ သ​ဖွယ်၊ မြောက်​မြား​စွာ​သော​လူ​တို့​ကို​ခေါ်​ဆောင် လာ​မည်​ဟု မိ​မိ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန် ဆို​တော်​မူ​လေ​ပြီ။ ထို​သူ​တို့​သည်​လည်း​အောင် ပွဲ​ရ​၍​ကြွေး​ကြော်​ကြ​လိမ့်​မည်။
JER 51:15 ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ​တော်​ဖြင့် လော​က​ဋ္ဌာတ်​ကို​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။
JER 51:16 အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး​ကောင်း​ကင် အထက်​ရှိ ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​များ​ကို တက်​စေ​တော်​မူ​၏။ မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​ကာ မိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​စေ​တော်​မူ​၏။
JER 51:17 ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည် ဉာဏ်​ပ​ညာ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​သူ​များ​ဖြစ်​ရ​ကြ​ကုန်​၏။ ရုပ်​တု​ကို​သွန်း​သူ​မှန်​သ​မျှ​သည် မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​မှာ​ဘု​ရား အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက်​ကြ ကုန်​၏။ ထို​ရုပ်​တု​များ​တွင်​အ​သက်​မ​ရှိ။
JER 51:18 ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ထို​ရုပ်​တု​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော် မူ​လိမ့်​မည်။
JER 51:19 ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။
JER 51:20 ထာ​ဝ​ရ​ဘု​ရား​က``အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ငါ​၏​သံ​တူ၊စစ်​တိုက်​ရာ​တွင် ငါ​အ​သုံး​ပြု​သည့်​လက်​နက်​ဖြစ်​၏။ ငါ​သည်​သင့်​ကို​အ​သုံး​ပြု​၍​လူ​မျိုး​တ​ကာ​ကို ချေ​မှုန်း​ခဲ့​၏။ တိုင်း​နိုင်​ငံ​တို့​ကို​ပြို​ကွဲ​စေ​ခဲ့​၏။
JER 51:21 မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊ ရ​ထား​နှင့်​ရ​ထား​ထိန်း​များ​ကို​လည်း​ကောင်း က​စဥ့်​က​လျား​ဖြစ်​စေ​ခဲ့​၏။
JER 51:22 အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ၊အ​သက်​ငယ်​သူ​များ ကို​လည်း​ကောင်း၊ ယောကျာ်း​က​လေး​များ​နှင့်​မိန်း​က​လေး​များ ကို​လည်း​ကောင်း​ကွပ်​မျက်​ခဲ့​၏။
JER 51:23 သိုး​ထိန်း​များ​နှင့်​သိုး​အုပ်​များ​ကို​သတ်​ဖြတ်​၍၊ လယ်​သ​မား​များ​နှင့်​သူ​တို့​၏​ထွန်​နွား​များ ကို​လည်း​ကောင်း၊ မင်း​များ​နှင့်​မှူး​မတ်​များ​ကို​လည်း​ကောင်း ချေ​မှုန်း​ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။
JER 51:24 ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန်​မြို့​အား​ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက် မ​ကောင်း​မှု​များ​အ​တွက် ငါ​လက်​စား​ချေ သည်​ကို​သင်​တို့​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။-
JER 51:25 အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု လုံး​ကို​ဖျက်​ဆီး​တတ်​သည့်​တောင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ကား​သင်​၏ ရန်​သူ​ဖြစ်​ပေ​သည်။ ငါ​သည်​သင့်​ကို​ဆွဲ​ကိုင် ကာ​မြေ​ပြင်​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​မည်။ သင့်​အား​ပြာ​ပုံ​ဆိုက်​စေ​မည်။-
JER 51:26 သင်​ယို​ယွင်း​ပျက်​စီး​ရာ​မှ​ကျန်​ရစ်​သော​ကျောက် တုံး​များ​ကို အ​ဆောက်​အ​အုံ​တည်​ဆောက်​ရာ​တွင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သုံး​ပြု​ကြ​တော့ မည်​မ​ဟုတ်။ သင်​သည်​ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့ ရာ​ဖြစ်​၍​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
JER 51:27 ``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-
JER 51:28 မေ​ဒိ​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ များ​အား​လည်း​ကောင်း၊ သူ​တို့​၏​လက်​အောက်​ခံ နိုင်​ငံ​အ​ပေါင်း​အား​လည်း​ကောင်း​ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​စေ​ကြ​လော့။-
JER 51:29 ထာ​ဝ​ရ​ဘုရား​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပြီ​ဖြစ်​၍ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​၍​သွား​၏။ ကိုယ် တော်​သည်​ဗာ​ဗု​လုန်​မြို့​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​ဒေ​သ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-
JER 51:30 ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​တို့​သည်​စစ်​မ​တိုက် ကြ​တော့​ဘဲ​မိ​မိ​တို့​ခံ​တပ်​များ​အ​တွင်း​၌​သာ လျှင်​နေ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည်​စိတ်​ပျက် အား​လျော့​ကာ​အ​မျိုး​သ​မီး​များ​သ​ဖွယ်​ဖြစ် ကြ​လေ​ကုန်​ပြီ။ မြို့​တံ​ခါး​တို့​သည်​ကျိုး​ပေါက် ကုန်​လျက်​အိမ်​များ​သည်​လည်း​မီး​လောင်​၍​နေ​၏။-
JER 51:31 ဗာ​ဗု​လုန်​မြို့​သည်​အ​ဘက်​ဘက်​မှ​ပြို​ကျ​လျက် ရှိ​ကြောင်း​ဗာ​ဗု​လုန်​ဘု​ရင်​အား​မင်း​လု​လင်​တို့ သည် တစ်​ဦး​ပြီး​တစ်​ဦး​လာ​ရောက်​လျှောက်​ထား ကြ​၏။-
JER 51:32 ရန်​သူ​သည်​မြစ်​ကူး​လမ်း​ကို​သိမ်း​ပိုက်​ပြီး​လျှင် ရဲ​တိုက်​များ​ကို​မီး​ရှို့​ကြ​လေ​ပြီ။ ဗာ​ဗု​လုန် စစ်​သည်​တပ်​သား​တို့​သည်​လည်း​ထိတ်​လန့် တုန်​လှုပ်​၍​သွား​ကြ​လေ​ကုန်​ပြီ။-
JER 51:33 မ​ကြာ​မီ​ပင်​ရန်​သူ​သည်​သူ​တို့​အား​ခုတ်​ထစ် ပြီး​လျှင် ကောက်​နယ်​တ​လင်း​မှ​စ​ပါး​များ​ကဲ့ သို့​နင်း​နယ်​ကြ​လိမ့်​မည်။ ဤ​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 51:34 ဗာ​ဗု​လုန်​ဘု​ရင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ခုတ်​ထစ်​ကိုက်​စား​ခဲ့​၏။ သူ​သည်​ထို​မြို့​ကို​အိုး​သ​ဖွယ်​သွန်​မှောက်​ကာ မြွေ​န​ဂါး​ကဲ့​သို့​မျို​ချခဲ့​၏။ သူ​သည်​မိ​မိ​အ​လို​ရှိ​ရာ​ကို​သိမ်း​ယူ​ပြီး လျှင် ကျန်​ပစ္စည်း​များ​ကို​မူ​ပစ်​ထုတ်​လိုက်​လေ​သည်။
JER 51:35 ``ငါ​တို့​ခံ​ရ​သည့်​အ​ကြမ်း​ဖက်​မှု​များ အ​တွက် ဗာ​ဗု​လုန်​မြို့​တွင် တာ​ဝန်​ရှိ​စေ​သ​တည်း'' ဟု​ဇိ​အုန်​မြို့​သား​တို့ ပြော​ဆို​ကြ​စေ​၏။ ``ငါ​တို့​ခံ​စား​ရ​သည့်​ဘေး​ဒုက္ခ​များ​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​တာ​ဝန်​ရှိ​စေ​သတည်း''ဟု ယေ​ရု​ရှ​လင်​မြို့​သား​တို့​ပြော​ဆို​ကြ​စေ။
JER 51:36 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​အား``ငါ​သည်​သင်​တို့​၏ အ​ကျိုး​ကို​ပြု​စု​၍​သင်​တို့​အ​တွက်​လက်​စား ချေ​မည်။ ဗာ​ဗု​လုန်​ပြည်​၏​စမ်း​ရေ​တွင်း​များ နှင့်​မြစ်​များ​ကို​ခန်း​ခြောက်​စေ​မည်။-
JER 51:37 ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-
JER 51:38 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ခြင်္သေ့​များ ကဲ့​သို့​ဟောက်​ကြ​၏။ ခြင်္သေ့​ငယ်​များ​ကဲ့​သို့ ဟိန်း​ကြ​၏။-
JER 51:39 သူ​တို့​သည်​အ​စား​ကြူး​သူ​များ​ပေ​လော။ ငါ သည်​သူ​တို့​အား​စား​ပွဲ​ကြီး​တစ်​ခု​တည်​ခင်း ကျွေး​မွေး​ကာ​မူး​ယစ်​ပျော်​ရွင်​စေ​မည်။ သူ​တို့ သည်​အိပ်​ပျော်​၍​သွား​ပြီး​လျှင်​နောင်​အ​ဘယ် အ​ခါ​၌​မျှ​နိုး​ထ​ကြ​တော့​မည်​မ​ဟုတ်။-
JER 51:40 ငါ​သည်​သူ​တို့​အား​သိုး​သ​ငယ်​များ​ကဲ့​သို့ လည်း​ကောင်း၊ ဆိတ်​ထီး၊ သိုး​ထီး​များ​ကဲ့​သို့ လည်း​ကောင်း​သတ်​ရန်​ခေါ်​ဆောင်​သွား​မည် ဟု​မိန့်​တော်​မူ​၏။
JER 51:41 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​အ​ကြောင်း နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``ကမ္ဘာ​တစ် ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​သည့်​ဗာ ဗု​လုန်​မြို့​သည်​အ​သိမ်း​ခံ​ရ​လေ​ပြီ။ ဗာ​ဗု လုန်​မြို့​သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက် လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​ဖြစ်​၍​လာ​လေ​ပြီ။-
JER 51:42 ပင်​လယ်​ရေ​သည်​ဗာ​ဗု​လုန်​ပြည်​ပေါ်​သို့ လှိမ့်​တက်​ကာ​လှိုင်း​တံ​ပိုး​များ​ဖြင့်​ဖုံး လွှမ်း​လိုက်​လေ​ပြီ။-
JER 51:43 မြို့​တို့​သည်​လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​မြင်​ကွင်း ဖြစ်​လာ​ကြ​လျက်​လူ​သူ​ဆိတ်​ငြိမ်​ရာ၊ ရေ မ​ရှိ​သည့်​သဲ​ကန္တာ​ရ​နှင့်​တူ​ကြ​၏။ ထို​မြို့ များ​သို့​အ​ဘယ်​သူ​မျှ​လည်း​ခ​ရီး​မ​ပြု ကြ။-
JER 51:44 ငါ​သည်​ဗာ​ဗု​လုန်​မြို့​၏​ဗေ​လ​ဘု​ရား​ကို အ​ပြစ်​ဒဏ်​ခတ်​၍ ခိုး​ရာ​ပါ​ပစ္စည်း​များ​ကို လည်း​ပြန်​အပ်​စေ​မည်။ လူ​မျိုး​တ​ကာ​တို့ သည်​သူ့​အား​နောက်​တစ်​ဖန်​ဝတ်​ပြု​ကိုး ကွယ်​ကြ​တော့​မည်​မ​ဟုတ်။ ``ဗာ​ဗု​လုန်​မြို့​ရိုး​များ​သည်​ပြို​ကျ​လေ​ပြီ။-
JER 51:45 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထို​မြို့​မှ​ထွက်​ပြေး ကြ​လော့။ လူ​အ​ပေါင်း​တို့​အ​သက်​ချမ်း​သာ ရာ​ရ​စေ​ရန် ငါ​၏​ပြင်း​ထန်​သော​အ​မျက် တော်​မှ​ရှောင်​ပြေး​ကြ​လော့။-
JER 51:46 သင်​တို့​ကြား​ကြ​ရ​သည့်​ကော​လ​ဟ​လ သ​တင်း​များ​ကြောင့်​မ​ကြောက်​ကြ​နှင့်။ အား လည်း​မ​ငယ်​ကြ​နှင့်။ နှစ်​စဉ်​နှစ်​တိုင်း​သ​တင်း အ​မျိုး​မျိုး​ပေါ်​ထွက်​လာ​တတ်​၏။ နိုင်​ငံ​အ​တွင်း အ​ကြမ်း​ဖက်​သည့်​သ​တင်း​များ၊ ဘု​ရင်​တစ် ပါး​နှင့်​တစ်​ပါး​စစ်​ဖြစ်​ပွား​သည့်​သ​တင်း များ​ပျံ့​နှံ့​လာ​တတ်​၏။-
JER 51:47 သို့​ဖြစ်​၍​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ​ကို ငါ​စီ​ရင်​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​အ​ရှက်​ကွဲ လိမ့်​မည်။ ပြည်​သူ​အ​ပေါင်း​တို့​သည်​လည်း အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-
JER 51:48 မြောက်​အ​ရပ်​မှ​လာ​ရောက်​တိုက်​ခိုက်​သူ​တို့ ၏​လက်​တွင်း​သို့ ဗာ​ဗု​လုန်​မြို့​ကျ​ဆင်း​သွား သော​အ​ခါ​မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မိုး ကောင်း​ကင်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော အ​ရာ​တို့​သည်​ဝမ်း​မြောက်​သဖြင့်​ကြွေး ကြော်​ကြ​လိမ့်​မည်။-
JER 51:49 ဗာ​ဗု​လုန်​မြို့​ကြောင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​လည်း​ကောင်း၊ ကမ္ဘာ အ​ရပ်​ရပ်​ရှိ​လူ​တို့​သည်​လည်း​ကောင်း​သေ ကြေ​ပျက်​စီး​ရ​ကြ​သ​ဖြင့် ယ​ခု​အ​ခါ ဗာ​ဗု​လုန်​မြို့​သည်​ကျ​ဆုံး​ရ​လိမ့်​မည်​ဟူ ၍​တည်း။
JER 51:50 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ရှိ မိ​မိ ၏​လူ​စု​တော်​အား​မိန့်​တော်​မူ​သည်​မှာ``သင် တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။ ယ​ခု​ထွက်​ခွာ​သွား​ကြ​လော့။ ဆိုင်း​၍​မ​နေ နှင့်။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​နှင့်​ဝေး​ကွာ လျက်​နေ​သော်​လည်း သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော​ငါ့​ကို​သ​တိ​ရ​ကြ​လော့။ ယေ​ရု ရှ​လင်​မြို့​ကို​လည်း​သ​တိ​ရ​ကြ​လော့။-
JER 51:51 သင်​တို့​က`ငါ​တို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​ကြ​လေ​ပြီ။ ဗိ​မာန်​တော်​မှ သန့်​ရှင်း​ရာ​ဌာ​န​တော်​တို့​ကို​လူ​မျိုး​ခြား များ​သိမ်း​ပိုက်​လိုက်​ကြ​ပြီ​ဖြစ်​၍ ငါ​တို့ သည်​ခို​ကိုး​ရာ​မဲ့​ကြ​ရ​ပါ​၏' ဟု​ဆို ကြ​၏။-
JER 51:52 ထို့​ကြောင့်​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​၍ တစ်​တိုင်း​တစ် ပြည်​လုံး​တွင်​ဒဏ်​ရာ​ရ​ရှိ​သူ​တို့​ငြီး​တွား ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။-
JER 51:53 အ​ကယ်​၍​ဗာ​ဗု​လုန်​မြို့​သည်​မိုး​ကောင်း​ကင် သို့​တက်​၍ ခံ​တပ်​အ​ခိုင်​အ​မာ​ဆောက်​လုပ် နိုင်​သည်​ဟု​ပင်​ဆို​စေ​ကာ​မူ ငါ​သည်​ထို​မြို့ ကို​တိုက်​ဖျက်​ရန်​လူ​များ​ကို​စေ​လွှတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။
JER 51:54 ထာ​ဝ​ရ​ဘု​ရား​က၊ ``ဗာ​ဗု​လုန်​မြို့​၌​ငို​ကြွေး​နေ​ကြ​သော အ​သံ​ကို​လည်း​ကောင်း၊ တိုင်း​ပြည်​ပျက်​သ​ဖြင့်​ဝမ်း​နည်း​ပူ​ဆွေး​ကြ​သော အ​သံ​ကို​လည်း​ကောင်း​နား​ထောင်​ကြ​လော့။
JER 51:55 ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။ ထို​မြို့​၏​အ​သံ​ဗ​လံ​များ​ကို​လည်း ဆိတ်​သုဉ်း​စေ​မည်။ စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​အ​သံ​မြည်​ဟီး​သော လှိုင်း​လုံး​များ​ကဲ့​သို့​အ​ပြင်း​ချီ​တက်​လာ​၍၊ ဆူ​ညံ​စွာ​ကြွေး​ကြော်​တိုက်​ခိုက်​ကြ​၏။
JER 51:56 သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​လေ​ပြီ။ ဗာ​ဗု​လုန်​စစ်​သည်​တော်​တို့​သည် အ​ဖမ်း​ခံ​ရ​ကြ​၏။ သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​၍​သွား ကြ​၏။ ငါ​သည်​ဒု​စ​ရိုက်​ပြု​သူ​တို့​ဆုံး​မ​တတ်​သော ဘု​ရား​ဖြစ်​၏။ ဗာ​ဗု​လုန်​မြို့​အား​ထိုက်​လျောက်​သည့်​အ​တိုင်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။
JER 51:57 ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။
JER 51:58 တန်​ခိုး​ကြီး​သည့်​ဗာ​ဗု​လုန်​မြို့​၏​မြို့​ရိုး​များ​သည် ပြို​ကျ​ရ​လိမ့်​မည်။ မြင့်​မား​သော​မြို့​တံ​ခါး​တို့​သည်​လည်း မီး​လောင်​ကျွမ်း​၍​သွား​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​လုပ်​ဆောင်​ထား​သော​အ​ရာ များ​သည် အ​ချည်း​နှီး​ဖြစ်​လျက် သူ​တို့​ကြိုး​ပမ်း​အား​ထုတ်​ခဲ့​မှု​များ​သည်​လည်း မီး​တောက်​တွင်​ပျောက်​လွင့်​သွား​ကြ​၏။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JER 51:59 မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​စ​ရာ​ယ​သည် ဇေ​ဒ​ကိ​မင်း​၏​အ​ပါး​တော်​မြဲ​ဖြစ်​၏။ ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​စ​တုတ္ထ​နှစ်​၌​စ​ရာ​ယ သည်​ဗာ​ဗု​လုန်​မြို့​သို့​ရှင်​ဘု​ရင်​နှင့်​အ​တူ သွား​မည်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့​အား​အ​နည်း ငယ်​ညွှန်​ကြား​လိုက်​လေ​သည်။-
JER 51:60 ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​မည့်​ပျက်​စီး မှု​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့ နှင့်​သက်​ဆိုင်​သော​အ​ခြား​အ​မှု​ကိစ္စ​များ ကို​လည်း​ကောင်း​စာ​စောင်​တစ်​ခု​တွင်​ရေး သား​၍​ပေး​၏။-
JER 51:61 ငါ​သည်​စ​ရာ​ယ​အား``ဗာ​ဗု​လုန်​မြို့​သို့ သင်​ရောက်​ရှိ​သော​အ​ခါ​ဤ​စာ​စောင်​တွင် ရေး​သား​ဖော်​ပြ​ထား​သ​မျှ​သော​အ​ကြောင်း အ​ရာ​တို့​ကို​လူ​တို့​အား​အော်​၍​ဖတ်​ပြ​ရန် မ​မေ့​နှင့်။-
JER 51:62 ထို​နောက်`အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဤ​အ​ရပ်​ကို​လူ​နှင့်​တိ​ရစ္ဆာန်​များ​ပါ မ​ကျန်၊ သက်​ရှိ​သတ္တ​ဝါ​တို့​ဆိတ်​သုဉ်း​ရာ သဲ​ကန္တာ​ရ​နှင့်​ထာ​ဝ​စဉ်​တူ​စေ​မည်​ဖြစ် ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​လော့။-
JER 51:63 စ​ရာ​ယ၊ သင်​သည်​ဤ​စာ​စောင်​ကို​ပြည်​သူ တို့​အား​ဖတ်​ပြ​ပြီး​သော​အ​ခါ ကျောက်​ခဲ တစ်​လုံး​တွင်​ကြိုး​နှင့်​ချည်​၍​ဥ​ဖ​ရတ်​မြစ် ထဲ​သို့​ပစ်​ချ​လော့။-
JER 51:64 ထို​နောက်`ဗာ​ဗု​လုန်​မြို့​သည်​ဤ​အ​တိုင်း​ဖြစ် ပျက်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပျက်​စီး စေ​တော်​မူ​မည်​ဖြစ်​၍ ထို​မြို့​သည်​နစ်​မြုပ် ပြီး​လျှင်​နောက်​တစ်​ဖန်​ပြန်​၍​ပေါ်​လာ​လိမ့် မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​ဆို​၏။ ဤ​ကား​ယေ​ရ​မိ​မှာ​ကြား​သည့်​စ​ကား​များ ပြီး​ဆုံး​သ​တည်း။
JER 52:1 ဇေ​ဒ​ကိ​သည်​နန်း​တက်​စဉ်​အ​ခါ​က​အ​သက် နှစ်​ဆယ့်​တစ်​နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ် ဆယ့်​တစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။ သူ့​မယ် တော်​မှာ​လိ​ဗ​န​မြို့​သား​ယေ​ရ​မိ​၏​သ​မီး ဟာ​မု​တ​လ​ဖြစ်​၏။-
JER 52:2 ဇေ​ဒ​ကိ​မင်း​သည်​ယော​ယ​ကိမ်​မင်း​ကဲ့​သို့ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​မ​ကောင်း မှု​များ​ကို​ပြု​၏။-
JER 52:3 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​၏​အ​ခြေ အ​နေ​သည်​အ​လွန်​ဆိုး​ရွား​၍​လာ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​ပြီး လျှင်​ပြည်​သား​တို့​အား​ပြည်​နှင်​ဒဏ်​သင့် စေ​တော်​မူ​၏။ ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ပုန်​ကန် သ​ဖြင့်၊-
JER 52:4 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ​လ၊ ဆယ်​ရက်​နေ့​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏​စစ်​သည်​တပ် သား​အ​ပေါင်း​တို့​နှင့်​အ​တူ​ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​၏။ သူ​တို့ သည်​မြို့​ပြင်​တွင်​တပ်​စ​ခန်း​ချ​၍​မြို့​ပတ် လည်​တွင်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​ကြ​၏။-
JER 52:5 ထို​မြို့​သည်​ဇေ​ဒ​ကိ​နန်း​စံ​ဆယ့်​တစ်​နှစ် မြောက်​တိုင်​အောင်​အ​ဝိုင်း​ခံ​ရ​လေ​သည်။-
JER 52:6 ထို​နှစ်​စ​တုတ္ထ​လ၊ ကိုး​ရက်​နေ့​၌​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​မှု​သည်​အ​လွန်​ဆိုး​ရွား​၍ လာ​သ​ဖြင့် လူ​တို့​တွင်​အ​စာ​ရေ​စာ အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-
JER 52:7 ထို​အ​ခါ​မြို့​ရိုး​များ​သည်​ကျိုး​ပေါက်​၍​သွား တော့​၏။ မြို့​ကို​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ဝိုင်း​ရံ လျက်​ထား​သော်​လည်း စစ်​သည်​တပ်​သား​အ​ပေါင်း သည်​ညဥ့်​အ​ခါ​တွင်​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​အ​တိုင်း သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား​ရှိ​တံ​ခါး ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း​ဘက်​သို့​ပြေး ကြ​၏။-
JER 52:8 သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့ သည်​ဇေ​ဒ​ကိ​မင်း​ကို​လိုက်​လံ​ဖမ်း​ဆီး​ကြ ရာ ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ လေ​သည်။ ဇေ​ဒ​ကိ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​သူ့​အား​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​၏။-
JER 52:9 ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​ကို​ဖမ်း​ဆီး​ပြီး​လျှင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို အ​ရပ်​၌​ပင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ဇေဒကိ အ​ပေါ်​တွင်​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​၏။-
JER 52:10 ရိ​ဗ​လ​မြို့​တွင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ ဒ​ကိ​၏​သား​တို့​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ပင်​လျှင်​ကွပ်​မျက်​စေ​လေ​သည်။ ယု​ဒ​မှူး​မတ် တို့​ကို​လည်း​ကွပ်​မျက်​စေ​သေး​၏။-
JER 52:11 ထို​နောက်​ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို​ဖောက် စေ​၍​သူ့​အား​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​ရန်​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​စေ​၏။ ဇေ​ဒ​ကိ​သည်​သေ​သည်​တိုင်​အောင်​ဗာ​ဗု​လုန် မြို့​တွင်​ထောင်​ထဲ​၌​နေ​ရ​လေ​၏။
JER 52:12 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်​မြောက်၊ ပဉ္စ​မ​လ​ဆယ်​ရက်​နေ့​၌ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ​အ​မတ်​နှင့်​အ​စောင့် တပ်​မ​တော်​မှူး​နေ​ဗု​ဇ​ရ​ဒန်​သည် ယေ​ရု​ရှ လင်​မြို့​သို့​ဝင်​ရောက်​လာ​၏။-
JER 52:13 သူ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ကို​လည်း ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ရေး​ပါ​အ​ရာ ရောက်​သူ​လူ​အ​ပေါင်း​တို့​၏​နေ​အိမ်​များ​ကို လည်း​ကောင်း​မီး​ရှို့​ပစ်​လေ​သည်။-
JER 52:14 သူ​၏​တပ်​သား​များ​က​လည်း​မြို့​ရိုး​များ​ကို ဖြို​ချ​ကြ​၏။-
JER 52:15 ထို​နောက်​မင်း​ကြီး​၏​အ​စောင့်​တပ်​မ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန်​ရှိ​နေ သေး​သည့်​သူ​များ၊ လက်​မှု​ပ​ညာ​သည်​အ​ကြွင်း အ​ကျန်​များ​နှင့် ဗာ​ဗု​လုန်​မြို့​သား​တို့​ဘက် သို့​ကူး​ပြောင်း​လာ​သူ​များ​အား ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။-
JER 52:16 သို့​ရာ​တွင်​အ​လွန့်​အ​လွန်​ဆင်း​ရဲ​သော​သူ အ​ချို့​ကို​မူ ယု​ဒ​ပြည်​တွင်​ချန်​ထား​ခဲ့​၍ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​တွင် အ​လုပ်​လုပ်​စေ​၏။
JER 52:17 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော် ထဲ​ရှိ​ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​အောက် ခံ​ခုံ​များ​နှင့်​ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန် သ​မျှ​ကို​ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား ကြ​၏။-
JER 52:18 သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက် အ​သုံး​ပြု​သည့်​တူ​ရွင်း​ပြား​များ၊ ယဇ်​ပလ္လင် ကို​သန့်​ရှင်း​မှု​ပြု​ရာ​၌​အ​သုံး​ပြု​သည့် ပြာ​ခွက်​များ၊ မီး​ခွက်​များ​တိုက်​ချွတ်​ပြင် ဆင်​ရာ​တွင်​အ​သုံး​ပြု​သည့်​တန်​ဆာ​ပ​လာ များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖလား​များ၊ နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း ကိုး​ကွယ်​ဝတ်​ပြု​ရာ တွင်​အ​သုံး​ပြု​သည့်​အ​ခြား​ကြေး​ဝါ ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​လည်း ယူ​ဆောင်​သွား​ကြ​၏။-
JER 52:19 မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​တွင်​အ​သုံး​ပြု သည့်​ခွက်​ငယ်​များ​နှင့်​အိုး​ကင်း​များ၊ ယဇ် ကောင်​သွေး​ခံ​ခွက်​ဖ​လား​များ၊ ပြာ​ခွက်​များ၊ မီး​တင်​ခုံ​များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ ခွက်​ဖ​လား​များ၊ စ​ပျစ်​ရည်​ပူ​ဇော်​သကာ သွန်း​လောင်း​ရာ​တွင်​အ​သုံး​ပြု​သည့်​ခွက် ဖ​လား​အ​စ​ရှိ​သည့်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း ယူ​ဆောင် သွား​လေ​သည်။-
JER 52:20 ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု လုပ်​ခဲ့​သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့် တိုင်​ကြီး​နှစ်​လုံး၊ အောက်​ခံ​ခုံ​များ၊ ရေ​ကန် ကြီး​နှင့်​အောက်​ခံ​နွား​ရုပ်​တစ်​ဆယ့်​နှစ်​ခု တို့​သည်​ချိန်​တွယ်​၍​မ​ရ​အောင်​ပင်​လေး​လံ ပေ​သည်။-
JER 52:21 တိုင်​ကြီး​နှစ်​လုံး​သည်​ဆင်​တူ​ဖြစ်​၍​အ​မြင့် နှစ်​ဆယ့်​ခု​နစ်​ပေ၊ လုံး​ပတ်​တစ်​ဆယ့်​ရှစ်​ပေ ရှိ​၏။ ထို​တိုင်​တို့​သည်​ခေါင်း​ပွ​ဖြစ်​၍​ဒု​သုံး လက်​မ​ရှိ​လေ​သည်။ ကြေး​ဝါ​တိုင်​ထိပ်​ပိုင်း များ​သည်​အ​မြင့်​ပေ​ခု​နစ်​ပေ​ခွဲ​စီ​ရှိ​၍ ယင်း တို့​၏​ပတ်​လည်​တွင်​သ​လဲ​သီး​များ​နှင့်​တန် ဆာ​ဆင်​ထား​သော​ကွန်​ရွက်​များ​ရှိ​၏။ ယင်း တို့​အား​လုံး​ကို​ကြေး​ဝါ​များ​နှင့်​ပြု​လုပ် ထား​၏။-
JER 52:23 တိုင်​တစ်​တိုင်​ရှိ​ကွန်​ရွက်​များ​တွင်​သ​လဲ​သီး အ​လုံး​တစ်​ရာ​ရှိ​၍​ကိုး​ဆယ့်​ခြောက်​လုံး ကို​မြေ​ပြင်​မှ​တွေ့​မြင်​နိုင်​လေ​သည်။
JER 52:24 ထို​မှ​တစ်​ပါး​လည်း​မင်း​ကြီး​၏​အ​စောင့်​တပ် မ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ် မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက်​ဇေ​ဖ​နိ​နှင့် အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန်​တော်​အ​ရာ ရှိ​သုံး​ဦး​တို့​ကို​ခေါ်​ဆောင်​၍​သွား​၏။-
JER 52:25 သူ​သည်​ယု​ဒ​တပ်​မှူး​ဟောင်း​တစ်​ဦး၊ မြို့​တွင်း ၌​ကျန်​ရှိ​နေ​သေး​သော​ဘု​ရင်​အ​တိုင်​ပင်​ခံ အ​မတ်​ခု​နစ်​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း သည့်​လက်​ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး ပါ​အ​ရာ​ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို လည်း​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါ်​ဆောင်​သွား လေ​သည်။-
JER 52:26 နေ​ဗု​ဇ​ရ​ဒန်​သည်​ထို​သူ​တို့​ကို​ဗာ​ဗု​လုန် ဘုရင်​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ရာ၊-
JER 52:27 မင်း​ကြီး​သည်​ဟာ​မတ်​နယ်​မြေ​ရိ​ဗ​လ​မြို့ ၌ သူ​တို့​အား​ရိုက်​နှက်​၍​ကွပ်​မျက်​စေ​တော် မူ​၏။ ဤ​သို့​လျှင်​ယု​ဒ​ပြည်​သား​တို့​သည်​သုံ့​ပန်း များ​အ​ဖြစ်​နှင့် မိ​မိ​တို့​ပြည်​မှ​သိမ်း​သွား ခြင်း​ကို​ခံ​ရ​ကြ​လေ​သည်။-
JER 52:28 နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​သွား​သည့်​သုံ့​ပန်း​စာ​ရင်း မှာ သူ​၏​နန်း​စံ​သတ္တ​မ​နှစ်​၌​သုံး​ထောင်​နှစ် ဆယ့်​သုံး​ယောက်၊-
JER 52:29 နန်း​စံ​ရှစ်​နှစ်​မြောက်​၌​ယေ​ရု​ရှ​လင်​မြို့​မှ ရှစ်​ရာ​သုံး​ဆယ့်​နှစ်​ယောက်၊-
JER 52:30 နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌​နေ​ဗု​ဇာ​ရ​ဒန် ခေါ်​ဆောင်​သွား​သူ​ခု​နစ်​ရာ​လေး​ဆယ့်​ငါး​ယောက်၊ စု​စု​ပေါင်း​လေး​ထောင့်​ခြောက်​ရာ​ဖြစ်​သ​တည်း။
JER 52:31 ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မ​ရော​ဒက်​သည် မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​အား အ​ကျဉ်း​ထောင်​မှ​လွတ်​၍ က​ရု​ဏာ​ပြ​တော်​မူ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​ယေ​ခေါ​နိ​အ​ကျဉ်း​ကျ​ပြီး​နောက် သုံး ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ​ဒ​သ​မ​လ၊ နှစ် ဆယ့်​ငါး​ရက်​နေ့​ဖြစ်​သ​တည်း။-
JER 52:32 ဧ​ဝိ​လ​မ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား ကြင်​နာ​စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင် သူ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​သူ​အ​ခြား ဘု​ရင်​များ​ထက်​ပို​မို​ချီး​မြှင့်​မြှောက်​စား တော်​မူ​၏။-
JER 52:33 သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အ​ဝတ်​များ ကို​လဲ​ခွင့်​ရ​လျက် အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည် ခွင့်​ကို​ရ​ရှိ​၏။-
JER 52:34 ထို့​ပြင်​မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​သူ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး နေ့​စဉ်​မှန် မှန်​အ​သုံး​စ​ရိတ်​ကို​လည်း​ရ​ရှိ​လေ​သည်။ ပ​ရော​ဖက်​ယေ​ရ​မိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
LAM 1:1 အ​ခါ​တစ်​ပါး​က​လူ​စည်​ကား​ခဲ့​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​ထီး​ကျန်​ဖြစ်​လျက် နေ​၏။ အ​ခါ​တစ်​ပါး​က​ကမ္ဘာ​၏​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို ခံ​ခဲ့​ရ​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သူ​သည်​မု​ဆိုး​မ​နှင့်​တူ​တော့​၏။ မြို့​တ​ကာ​တွင်​ဂုဏ်​ကြက်​သ​ရေ​အ​ရှိ​ဆုံး​မြို့​သည် ကျွန်​ဘ​ဝ​သို့​သက်​ဆင်း​ရ​လေ​ပြီ။
LAM 1:2 သူ​သည်​တစ်​ညဥ့်​လုံး​ငို​ကြွေး​လျက်​နေ​၏။ မျက်​ရည်​များ​သည်​သူ​၏​ပါး​ပြင်​ပေါ်​သို့ စီး​ဆင်း​လာ​၏။ သူ​၏​ယ​ခင်​က​မိတ်​ဆွေ​အ​ပေါင်း​တို့​တွင်​သူ့​အား နှစ်​သိမ့်​မှု​ပေး​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​ပေ။ သူ​၏​မ​ဟာ​မိတ်​တို့​သည်​သူ့​အား​သစ္စာ​ဖောက် ကြ​လေ​ပြီ။ ယ​ခု​အ​ခါ​သူ​တို့​က​ပင်​သူ့​ကို​ရန်​ဘက်​ပြု​၍ နေ​ကြ​၏။
LAM 1:3 ယု​ဒ​ပြည်​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့်​လျက် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကာ​ကျွန်​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည်​အိမ်​ပိုင်​ယာ​ပိုင်​မ​ရှိ​ဘဲ​တိုင်း​တစ် ပါး​တွင် နေ​ထိုင်​ရ​ကြ​လေ​သည်။ ရန်​သူ​များ​ဝိုင်း​လျက်​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ​ကြ။
LAM 1:4 နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။
LAM 1:5 သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။
LAM 1:6 ယေ​ရု​ရှ​လင်​မြို့​၏​ကြီး​ကျယ်​ခမ်း​နား​မှု​သည် ရှေး​အ​တိတ်​ကာ​လ​၏​ဖြစ်​ရပ်​တစ်​ခု​သာ​လျှင် ဖြစ်​လေ​တော့​၏။ သူ​၏​ခေါင်း​ဆောင်​များ​သည်​မု​ဆိုး​တို့​၏​ဘေး​မှ ထွက်​ပြေး​ကြ​သည့်​သ​မင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​အား​အင်​ကုန်​ခန်း​လု​မ​တတ်​ဖြစ်​ကာ နား​နေ​စား​သောက်​မှု​ပြု​ရန်​စား​ကျက်​ကို​မ​ရှာ​နိုင်။
LAM 1:7 အ​ထီး​ကျန်​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ခေတ်​ဟောင်း​က​မိ​မိ ကြီး​ကျယ်​ခမ်း​နား​မှု​ကို​ပြန်​လည်​သ​တိ​ရ​မိ​၏။ ရန်​သူ့​လက်​သို့​ရောက်​ချိန်​၌​သူ့​အား​ကယ်​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ့​အား​နှိမ်​နင်း​အောင်​မြင်​သူ​တို့​သည် သူ​၏​ပြို​လဲ​မှု​ကို​ပြက်​ရယ်​ပြု​ကြ​၏။
LAM 1:8 သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။
LAM 1:9 သူ​၏​ညစ်​ညမ်း​မှု​ကို​အ​လွယ်​တ​ကူ တွေ့​မြင်​နိုင်​သော်​လည်း သူ​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြမ္မာ​ကို အ​မှု​ထား​ပုံ​မ​ပေါ်။ သူ​၏​ပြို​လဲ​မှု​မှာ​ကြောက်​မက်​ဖွယ်​ကောင်း လှ​၏။ သူ့​အား​အ​ဘယ်​သူ​မျှ​လည်း​နှစ်​သိမ့်​မှု မ​ပေး​နိုင်​ကြ။ ရန်​သူ​များ​အ​နိုင်​ရ​၍​သွား​သ​ဖြင့်​သူ​သည် မိ​မိ​အား က​ရု​ဏာ​ထား​တော်​မူ​ပါ​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ​ပြု​လေ​သည်။
LAM 1:10 ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။
LAM 1:11 သူ​၏​မြို့​သူ​မြို့​သား​တို့​သည်​အ​စား​အ​စာ ရှာ​ဖွေ​လျက် နေ​စဉ်​ညည်း​တွား​ကြ​၏။ သူ​တို့​သည်​အ​သက်​ဆက်​လက်​ရှင်​နိုင်​ရေး​အ​တွက် မိ​မိ​တို့​ဥစ္စာ​ဘဏ္ဍာ​များ​ကို​အ​စား​အ​စာ​နှင့် လဲ​လှယ်​ရ​ကြ​၏။ ထို​မြို့​က``အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​ကို ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​စိတ်​ဆင်း​ရဲ​ခြင်း​ခံ​နေ​ရ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း​ပန်​၏။
LAM 1:12 သူ​သည်​အ​နီး​အ​နား​မှ​ဖြတ်​သန်း​သွား​လာ​သူ အ​ပေါင်း​တို့​အား​အော်​ပြော​သည်​မှာ ``ငါ့​ကို​ကြည့်​ကြ​ပါ။ ငါ​ခံ​ရ​သော​ဝေ​ဒ​နာ မျိုး​ကို အ​ဘယ်​သူ​မျှ​မ​ခံ​ရ​ဘူး​ပါ။ ဤ​ကဲ့​သို့​သော​ဝေ​ဒ​နာ​မျိုး​ရှိ​ဖူး​ပါ​သ​လော။ ထို​ဝေ​ဒ​နာ​သည်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ထွက်​၍​ငါ့​အား​ခံ​စား​စေ​သည့် ဝေ​ဒ​နာ​ဖြစ်​ပါ​၏။''
LAM 1:13 ``ကိုယ်​တော်​သည်​အ​ထက်​မှ​မီး​ကို စေ​လွှတ်​တော်​မူ​သ​ဖြင့်​ထို​မီး​သည်​ငါ​၏​ကိုယ်​ခန္ဓာ အ​တွင်း​၌​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​သည်​ငါ့​အား​ထောင်​ချောက်​ထောင်​၍ ဖမ်း​ပြီး​လျှင်​မြေ​ပေါ်​သို့​လှဲ​ချ​တော်​မူ​ပါ​၏။ ထို​နောက်​စွန့်​ပစ်​တော်​မူ​ကာ​တစ်​နေ့​လုံး ဝေ​ဒ​နာ​ခံ​၍​နေ​စေ​တော်​မူ​ပါ​၏။''
LAM 1:14 ``ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​မှန်​သ​မျှ​ကို မှတ်​သား​ထား​တော်​မူ​ပါ​၏။ ယင်း​တို့​ကို​စု​စည်း​ပြီး​လျှင်​ငါ​၏​လည်​တွင် ဆွဲ​ထား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​အ​ပြစ်​ဝန်​ထုပ်​လေး​လံ​မှု​ဖြင့် အား​အင်​ချည့်​နဲ့​ရ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ရန်​သူ​များ လက်​သို့​အပ်​တော်​မူ​ပါ​၏။ ငါ့​မှာ​လည်း​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပါ။''
LAM 1:15 ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဘက်​မှ စွမ်း​ရည်​အကြီး​ဆုံး​စစ်​သည်​တော်​တို့​ကို ပျက်​ရယ်​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​လူ​ငယ်​လူ​ရွယ်​များ​ကို သုတ်​သင်​ချေ​မှုန်း​ရန်​တပ်​မ​တော်​ကို​စေ​လွှတ် တော်​မူ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​တို့​အား စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​သီး​များ ကဲ့​သို့ ကြေ​မွ​စေ​တော်​မူ​ပါ​၏။''
LAM 1:16 ``ထို့​ကြောင့်​ငါ​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် ယို​စီး​၍​နေ​ပေ​သည်။ ငါ့​အား​အ​ဘယ်​သူ​မျှ​နှစ်​သိမ့်​မှု​ကို​မ​ပေး​နိုင်။ အ​ဘယ်​သူ​မျှ​စိတ်​အား​တက်​ကြွ​လာ​အောင် မ​ပြု​နိုင်။ ရန်​သူ​များ​သည်​ငါ​တို့​ကို​အ​နိုင်​ရ​ကြ​လေ​ပြီ။ ငါ​၏​လူ​တို့​တွင်​လည်း​အ​ဘယ်​ဥစ္စာ​ပစ္စည်း​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။''
LAM 1:17 ``ငါ​သည်​မိ​မိ​လက်​များ​ကို​ကမ်း​လှမ်း​ပါ သော်​လည်း ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တိုက်​ခိုက်​ရန် အ​ရပ်​တ​ကာ​မှ​ရန်​သူ​များ​ကို ဆင့်​ခေါ်​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ့​ကို​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​ရာ​ဟု မှတ်​ယူ​ကြ​ပါ​၏။''
LAM 1:18 ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။''
LAM 1:19 ``ငါ​သည်​မိ​မိ​မ​ဟာ​မိတ်​များ​ထံ​တွင်​အ​ကူ​အ​ညီ တောင်း​ခံ​ပါ​သော်​လည်း​သူ​တို့​က​ငြင်း​ဆန်​ခဲ့​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ခေါင်း​ဆောင်​များ​သည် အ​သက်​ဆက်​လက်​ရှင်​သန်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​ရှာ​ဖွေ​လျက်​နေ​စဉ်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ရ​ကြ​ပါ​၏။''
LAM 1:20 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ပူ​ပင်​သော​က​ဖြစ်​လျက် ရှိ​သည်​ကို​လည်းကောင်း၊ ကျွန်​တော်​မျိုး​၏​စိတ်​ဝိ​ညာဉ်​သည်​ပြင်း​စွာ ဒုက္ခ​ရောက်​လျက်​နေ​သည်​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​အ​ပြစ်​များ​ကြောင့် စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​နေ​ပါ​၏။ လမ်း​ပေါ်​တွင်​လူ​သတ်​မှု​ကို​တွေ့​ရ​ပါ​၏။ အိမ်​တွင်း​၌​ပင်​သေ​မင်း​ကို​တွေ့​ရှိ​ရ​ပါ​၏။''
LAM 1:21 ``ကျွန်​တော်​မျိုး​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​နှစ်​သိမ့်​မှု​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ဝမ်း​မြောက်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည့်​နေ့​ရက် ကာ​လ​ကို​ကျ​ရောက်​စေ​တော်​မူ​ပါ။ ရန်​သူ​များ​အား​ကျွန်​တော်​မျိုး​နည်း​တူ ဒုက္ခ​တွေ့​စေ​တော်​မူ​ပါ။''
LAM 1:22 ``သူ​တို့​အား​မိ​မိ​တို့​ယုတ်​မာ​မှု​အ​ပေါင်း​အ​တွက် အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​မိ​မိ​၏​အ​ပြစ်​များ​အ​တွက် ဆုံး​မ​တော်​မူ​သ​ကဲ့​သို့​သူ​တို့​ကို​လည်း ဆုံး​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​စိတ်​ဆင်း​ရဲ​၍​ညည်း​တွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​လည်း ညှိုး​ငယ်​လျက်​ရှိ​ပါ​၏'' ဟူ​၍​တည်း။
LAM 2:1 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ ဇိ​အုန်​မြို့​ကို​အ​မှောင်​ဖုံး​စေ​တော်​မူ​လေ​ပြီ။ ထို​မြို့​၏​ခမ်း​နား​ကြီး​ကျယ်​မှု​သည် ကောင်း​ကင်​မှ​မြေ​ကြီး​သို့​ကျ​ဆင်း​ယို​ယွင်း​လေ​ပြီ။ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ​၌ မိ​မိ​၏​ဗိ​မာန်​တော်​ကို​ပင်​စွန့်​ပစ်​တော်​မူ​၏။
LAM 2:2 ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ ယု​ဒ​ရွာ​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​တော်​မူ​၍ ယု​ဒ​ပြည်​ကို​ကာ​ကွယ်​သည့်​ခံ​တပ်​များ​ကို ဖြို​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​နိုင်​ငံ​နှင့်​အုပ်​စိုး​သူ​မင်း​များ​ကို အ​သ​ရေ​ပျက်​စေ​တော်​မူ​၏။
LAM 2:3 ကိုယ်​တော်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အင်​အား​ကို​ဖြို​ခွဲ​တော်​မူ​ပါ​၏။ ရန်​သူ​များ​လာ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန် ငြင်း​ဆန်​တော်​မူ​၏။ ကိုယ်​တော်​သည်​မီး​သ​ဖွယ်​တောက်​လောင်​ကာ ရှိ​သ​မျှ​ကို​လောင်​စေ​တော်​မူ​၏။
LAM 2:4 ကိုယ်​တော်​သည်​ငါ​တို့​အား​မြား​တော်​များ​ဖြင့် အ​သင့်​ချိန်​ရွယ်​ကာ​အား​ရ​ရွှင်​လန်း​ဂုဏ်​ယူ ဝါ​ကြွား​ရာ​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​အား ကွပ်​မျက်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​၌​ငါ​တို့​သည်​ကိုယ်​တော်​၏ တောက်​လောင်​သော​အ​မျက်​တော်​ကို​ခံ​စား ရ​ကြ​၏။
LAM 2:5 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​သ​ဖွယ်​ဣသ​ရေ​လ လူ​မျိုး​အား​ဖျက်​ဆီး​မူ​၏။ သူ​တို့​၏​ခံ​တပ်​များ​နှင့်​နန်း​တော် အ​ဆောက်​အ​အုံ​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​စေ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ဝမ်း​နည်း ကြေ​ကွဲ​၍​မ​ဆုံး​နိုင်​အောင်​ပြု​တော်​မူ​ပြီ။
LAM 2:6 ကိုယ်​တော်​အား​ငါ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​ကို​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖျက် တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ဋ္ဌမ္မ​ပွဲ​တော်​နေ့​များ​နှင့် ဥ​ပုသ်​နေ့​များ​ကို​အ​ဆုံး​သတ်​စေ​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​တူ​တူ​ပင် အ​မျက်​တော်​အ​ရှိန်​ကို​ခံ​ရ​ကြ​ပါ​၏။
LAM 2:7 ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ယဇ်​ပလ္လင်​တော်​ကို​လည်း​ကောင်း၊သန့်​ရှင်း မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​ကို​လည်း​ကောင်း ပစ်​ပယ်​တော်​မူ​၍​ရန်​သူ​တို့​အား​ဗိ​မာန်​တော် နံ​ရံ​များ​ကို​ဖြို​ချ​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​သည့်​ဌာ​န​တော်​တွင် အောင်​သံ​ပေး​၍​ကြွေး​ကြော်​ကြ​၏။
LAM 2:8 ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ရိုး​များ ပြို​ပျက်​စေ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သ​ဖြင့် ယင်း​တို့​ဧ​ကန်​မု​ချ​လုံး​ဝ​ပျက်​စီး​စိမ့်​သော​ငှာ တိုင်း​ထွာ​သတ်​မှတ်​ပေး​တော်​မူ​၏။ ယ​ခု​အ​ခါ​ပြ​အိုး​များ​နှင့်​မြို့​ရိုး​များ​သည် အ​တူ​တ​ကွ​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​ကြ​၏။
LAM 2:9 မြို့​တံ​ခါး​တို့​သည်​ကန့်​လန့်​ကျင်​များ​ကျိုး​ပဲ့​ကာ အ​မှိုက်​ပုံ​အောက်​တွင်​မြုပ်​၍​နေ​လေ​၏။ ရှင်​ဘု​ရင်​နှင့်​မင်း​ညီ​မင်း​သား​တို့​သည်​ယ​ခု​အ​ခါ တိုင်း​တစ်​ပါး​တွင်​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​ကြ​၏။ ပ​ညတ်​တ​ရား​တော်​ကို​သွန်​သင်​မှု​မ​ရှိ​တော့ သ​ဖြင့် ပ​ရော​ဖက်​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​မ​တွေ့​မ​မြင်​ရ​ကြ။
LAM 2:10 ယေ​ရု​ရှ​လင်​မြို့​၏​အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​ကို​ဝတ်​၍ မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့်​များ​တင် ပြီး​လျှင် မြေ​ပေါ်​၌​ဆိတ်​ငြိမ်​စွာ​ထိုင်​နေ​ကြ​၏။ မြို့​သူ​က​ညာ​များ​သည်​လည်း​ခေါင်း​ကို ငိုက်​စိုက်​ညွှတ်​လျက်​နေ​ကြ​လေ​သည်။
LAM 2:11 ငါ​၏​မျက်​စိ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့် နွမ်း​နယ်​လျက်​နေ​ပါ​၏။ ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း​ပူ​ဆွေး​လျက်​ရှိ​ပါ​၏။ ငါ​သည်​မိ​မိ​အ​မျိုး​သား​တို့​ဆုံး​ပါး​ပျက်​စီး ကြ​သည့်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပေ​သည်။ သူ​ငယ်​နှင့်​နို့​စို့​က​လေး​တို့​သည်​မြို့​တွင်း​ရှိ လမ်း​များ​ပေါ်​တွင်​မေ့​မြော​၍​နေ​ကြ​၏။
LAM 2:12 သူ​တို့​သည်​ရေ​ငတ်​ဆာ​လောင်​သ​ဖြင့်​မိ​ခင် များ​ထံ​တွင် ငို​ကြွေး​လျက်​နေ​ကြ​၏။ ဒဏ်​ရာ​ရ​သူ​များ​ကဲ့​သို့​သူ​တို့​သည် လမ်း​များ​ပေါ်​တွင်​လဲ​ကျ​ကာ မိ​ခင်​များ​၏​ရင်​ခွင်​၌​တ​ဖြည်း​ဖြည်း သေ​ဆုံး​သွား​ရ​ကြ​လေ​သည်။
LAM 2:13 အို ယေ​ရု​ရှ​လင်​မြို့၊ ငါ​ချစ်​မြတ်​နိုး​သော​မြို့၊ အ​ဘယ်​သို့​ပြော​ဆို​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နှစ်​သိမ့်​မှု​ကို​ပေး​ရ​ပါ​မည်​နည်း။ အ​ဘယ်​သူ​မျှ​ဤ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ခဲ့​ဘူး​ပါ။ သင်​၏​ဘေး​အန္တ​ရာယ်​သည်​သ​မုဒ္ဒ​ရာ​သ​ဖွယ် အ​တိုင်း​မ​သိ​ကျယ်​ဝန်း​ပါ​၏။ မျှော်​လင့်​စ​ရာ​မ​ရှိ​နိုင်​ပါ။
LAM 2:14 သင်​၏​ပ​ရော​ဖက်​များ​သည်​မု​သား​စ​ကား​မှ တစ်​ပါး သင့်​အား​အ​ခြား​မည်​သည့်​စ​ကား​ကို​မျှ မ​ပြော​တတ်​ကြ​ပါ။ သူ​တို့​ဟော​ပြော​သ​မျှ​သည်​သင့်​ကို လှည့်​စား​ခြင်း​သာ​ဖြစ်​၏။ သင်​၏​အ​ပြစ်​ကို​အ​ဘယ်​ခါ​မျှ​မ​ဖော်​ပြ​သ​ဖြင့် သင်​သည်​နောင်​တ​ရ​စ​ရာ​မ​လို​ဟု​ထင်​မှတ်​စေ​ခဲ့ သည်။
LAM 2:15 မြို့​ကို​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကာ​လက်​ခုပ်​တီး​ကြ​၏။ သူ​တို့​သည်​ဦး​ခေါင်း​ကို​ခါ​လျက်​ယေ​ရု​ရှ​လင် မြို့​ပျက်​ကို​ပြက်​ရယ်​ပြု​ကြ​၏။ ``နှစ်​လို​ဖွယ်​ကောင်း​သည့်​မြို့​ကား​ဤ​မြို့​ပေ​လော။ ကမ္ဘာ​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သော​မြို့​ကား ဤ​မြို့​ပေ​လော'' ဟု​ပျက်​ရယ်​ပြု​ကြ​၏။
LAM 2:16 သင်​၏​ရန်​သူ​အ​ပေါင်း​တို့​သည် သင့်​ကို​ပြောင်​လှောင်​ကြ​လျက်​မုန်း​စိတ်​နှင့် စိုက်​၍​ကြည့်​ကြ​၏။ သူ​တို့​သည်​မဲ့​ရွဲ့​ကာ​နှာ​ခေါင်း​ရှုံ့​လျက်``သူ့​ကို ငါ​တို့​သုတ်​သင်​ဖျက်​ဆီး​လိုက်​ကြ​လေ​ပြီ။ ဤ​နေ့​ကား​ငါ​တို့​စောင့်​မျှော်​နေ​ခဲ့​သည့်​နေ့​ပေ တည်း'' ဟု​ဆို​ကြ​၏။
LAM 2:17 နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ကြုံး​ဝါး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ပြု​တော် မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ရှေး​ကာ​လ သ​တိ​ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ငါ​တို့​အား သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​ရန်​သူ​များ​အား အောင်​ပွဲ​ကို​ပေး​တော်​မူ​၍ ငါ​တို့​ပြို​လဲ​မှု​အ​တွက်​ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။
LAM 2:18 အို ယေ​ရု​ရှ​လင်​မြို့၊ သင်​၏​မြို့​ရိုး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အော်​ဟစ်​စေ​ပါ​လော့။ မြစ်​များ​သ​ဖွယ်​သင်​၏​မျက်​ရည်​များ​ကို နေ့​ရော​ည​ပါ​စီး​ဆင်း​စေ​ပါ​လော့။ သင်​သည်​ငို​ကြွေး​မှု​ဝမ်း​နည်း​ကြေ​ကွဲ​မှု တို့​ဖြင့် မိ​မိ​ကိုယ်​ကို​နွမ်း​နယ်​စေ​ပါ​လော့။
LAM 2:19 တစ်​ည​လုံး​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ထ​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အော်​ဟစ်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​သင်​၏​စိတ်​နှ​လုံး​ကို သွန်​ချ​လျက်၊ သင်​၏​သား​သ​မီး​များ​အ​တွက် အ​သ​နား​ခံ​တောင်း​ပန်​လော့။ သင့်​သား​သ​မီး​များ​လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင် အ​စာ​ငတ်​၍​သေ​ရ​ကြ​လေ​ပြီ။
LAM 2:20 အို ထာ​ဝ​ရ​ဘု​ရား​ကြည့်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ဘယ်​ကြောင့်​ဤ​မျှ​ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​ချစ်​မြတ်​နိုး​သည့် သား​သ​မီး​များ​၏​အ​သား​ကို​စား​နေ​ကြ​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​များ​သည်​လည်း ဗိ​မာန်​တော်​အ​တွင်း​၌​ပင် အ​သတ်​ခံ​လျက်​နေ​ရ​ကြ​ပါ​၏။
LAM 2:21 လူ​ကြီး​လူ​ငယ်​တို့​သည်​လမ်း​များ​ပေါ်​တွင် လဲ​၍​သေ​ရ​ကြ​ပါ​၏။ ပျို​ရွယ်​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး​များ​သည် ရန်​သူ​၏​ဋ္ဌား​ဘေး​သင့်​၍​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​မျက်​ထွက်​တော်​မူ​သော​နေ့​၌ သ​နား​ညှာ​တာ​ခြင်း​မ​ရှိ​ဘဲ သူ​တို့​ကို​ကွပ်​မျက်​တော်​မူ​ပါ​၏။
LAM 2:22 ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​ကျွန်​တော်​မျိုး​၏ ပတ်​လည်​တွင်​ကြောက်​မက်​ဖွယ်​သော​ပျော်​ပွဲ​သ​ဘင် ဆင်​ယင်​ရန်​ဖိတ်​ခေါ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ရာ ထို​နေ့​ရက်​ကာ​လ​၌​အ​ဘယ်​သူ​မျှ​ချမ်း​သာ​ရာ ရ​လိမ့်​မည်​မဟုတ်​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​ချစ်​မြတ်​နိုး​၍ ကျွေး​မွေး​ပြု​စု​ခဲ့​သည့်​သား​သ​မီး​များ​ကို သတ်​ဖြတ်​ကြ​ပါ​၏။
LAM 3:1 ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ်​ခတ်​ခြင်း ဆို​သည်​မှာ ဘယ်​သို့​ဖြစ်​သည်​ကို​သိ​ရ​သော​သူ​ဖြစ်​ပါ​၏။
LAM 3:2 ကိုယ်​တော်​သည်​ငါ့​ကို​ပို​၍​ပို​၍​မှောင်​မိုက်​သော နေ​ရာ​ထဲ​သို့​ရောက်​ရှိ​စေ​တော်​မူ​လျက်၊
LAM 3:3 သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​အ​ကြိမ်​ကြိမ် အ​ဖန်​ဖန်​ရိုက်​နှက်​တော်​မူ​ပါ​၏။
LAM 3:4 ကိုယ်​တော်​သည်​ငါ​၏​အ​သား​ကို​ကွဲ​ပြဲ​စေ​ကာ အ​ရိုး​တို့​ကို​ချိုး​၍​ထား​တော်​မူ​ပါ​၏။
LAM 3:5 ငါ့​အား​စိတ်​ဆင်း​ရဲ​မှု​ပူ​ဆွေး​ဒုက္ခ​ရောက်​မှု​တို့​ဖြင့် ချုပ်​နှောင်​ထား​တော်​မူ​ပါ​၏။
LAM 3:6 ကိုယ်​တော်​သည်​ငါ့​ကို​ကြာ​ရှည်​စွာ​ဒု​က္ခ မှောင်​မိုက်​တွင်​နေ​စေ​တော်​မူ​ပါ​၏။
LAM 3:7 ငါ့​ကို​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ထား​တော်​မူ ပါ​၏။ ငါ​သည်​အ​ကျဉ်း​သား​ဖြစ်​၍ ငါ​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ။
LAM 3:8 ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​အော်​ပါ​သော်​လည်း ဘု​ရား​သ​ခင်​သည်​နား​ထောင်​တော်​မ​မူ။
LAM 3:9 ငါ​သည်​လမ်း​လျှောက်​သော​အ​ခါ ယိမ်း​ယိုင်​လျက်​နေ​ပါ​၏။ ငါ​လှည့်​လိုက်​သည့်​အ​ခါ​တိုင်း​၌ ကျောက်​နံ​ရံ​များ​ပိတ်​လျက်​ရှိ​ပါ​၏။
LAM 3:10 ကိုယ်​တော်​သည်​ဝက်​ဝံ​သ​ဖွယ်​ငါ့​အား​ချောင်း မြောင်း​ကာ ခြင်္သေ့​ကဲ့​သို့​ခုန်​အုပ်​တော်​မူ​ပါ​၏။
LAM 3:11 လမ်း​နံ​ဘေး​တွင်​ငါ့​ကို​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​ကာ​စွန့်​ပစ်​ထား​တော်​မူ​ပါ​၏။
LAM 3:12 ကိုယ်​တော်​သည်​လေး​တော်​ကို​တင်​၍​ငါ့​အား ပစ်​မှတ်​အ​ဖြစ်​အ​သုံး​ပြု​တော်​မူ​ပါ​၏။
LAM 3:13 ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ငါ​၏ ကိုယ်​ခ​န္ဓာ​အ​တွင်း​သို့​ပစ်​လွှတ်​တော်​မူ​ပါ​၏။
LAM 3:14 လူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ငါ့​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ငါ​သည်​လူ​များ​အ​တွက်​ရယ်​စ​ရာ​ဖြစ်​၍ နေ​တော့​၏။
LAM 3:15 ကိုယ်​တော်​သည်​ငါ့​အား​ပြင်း​ထန်​သော ဝေ​ဒ​နာ​ကို​အ​စာ​ရေ​စာ​အ​ဖြစ်​တိုက်​ကျွေး တော်​မူ​ပါ​၏။
LAM 3:16 ကိုယ်​တော်​သည်​ငါ​၏​မျက်​နှာ​ကို​မြေ​ပြင်​နှင့် ပွတ်​တိုက်​တော်​မူ​၍ ငါ​၏​သွား​တို့​ကို​ကျောက်​ပေါ်​တွင်​ချိုး​တော်​မူ​ပါ​၏။
LAM 3:17 ငါ​သည်​ကျန်း​မာ​ပျော်​ရွှင်​မှု​နှင့်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​မေ့​ပျောက်​၍​သွား​လေ​ပြီ။
LAM 3:18 ငါ​သည်​ကြာ​ကြာ​အ​သက်​ရှင်​ရ​တော့​မည် မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ငါ​မျှော်​လင့်​စ​ရာ​လည်း မ​ရှိ​တော့​ပါ။
LAM 3:19 ငါ​ခံ​ရ​သည့်​ဝေ​ဒ​နာ​နှင့်​ငါ​အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ရ​မှု​ကို စဉ်း​စား​ဆင်​ခြင်​ရ​သည်​မှာ ဆိုး​ရွား​သည့်​အ​ဆိပ်​ကို​မျို​ရ​သည်​နှင့် တူ​တော့​၏။
LAM 3:20 ယင်း​သို့​အ​ခါ​တ​လဲ​လဲ​ဆင်​ခြင်​၍ ငါ​၏​စိတ်​ကို​ညှိုး​ငယ်​စေ​ပါ​၏။
LAM 3:21 သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။
LAM 3:22 ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။
LAM 3:24 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။
LAM 3:25 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။
LAM 3:26 သို့​ဖြစ်​၍​ငါ​တို့​ကို​ကယ်​တော်​မူ​ရန်​ကိုယ်​တော်​အား သည်း​ခံ​စောင့်​မျှော်​နေ​ခြင်း​သည်​ငါ​တို့​အ​ဖို့ အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။
LAM 3:27 ယင်း​သို့​သည်း​ခံ​စောင့်​မျှော်​မှု​ကို အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က​လေ့​ကျက် ခြင်း​သည် အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။
LAM 3:28 ငါ​တို့​ဒုက္ခ​ရောက်​ချိန်​၌​သည်း​ခံ​လျက် တိတ်​ဆိတ်​စွာ​တစ်​ကိုယ်​တည်း​ထိုင်​နေ​ရ​ကြ​မည်။
LAM 3:29 မျှော်​လင့်​ဖွယ်​ရှိ​ကောင်း​ရှိ​ဦး​မည်​ဖြစ်​၍​ငါ​တို့​သည် ဝန်​ခံ​လျက်​မြေ​သို့​ခေါင်း​ငုံ့​သင့်​ကြ​၏။
LAM 3:30 ရိုက်​နှက်​စော်​ကား​မှု​ကို​ခံ​ရ​သော်​လည်း နား​လည်​လက်​ခံ​သင့်​ကြ​၏။
LAM 3:31 ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တတ်​သော ကြောင့် ငါ​တို့​အား​ထာ​ဝ​စဉ်​ပင်​ပစ်​ပယ်​တော်​မူ​လိမ့် မည်​မ​ဟုတ်။
LAM 3:32 ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို ပေး​သော်​လည်း ငါ​တို့​အ​ပေါ်​၌​ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော သ​နား​ညှာ​တာ​မှု​နှင့်​မေတ္တာ​တော်​ကား ကြီး​မား​တော်​မူ​ပါ​ပေ​သည်။
LAM 3:33 ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ဝေ​ဒ​နာ​ခံ​စား​စေ​သော်​လည်း​နှစ်​မြို့​တော်​မ​မူ​ပါ။
LAM 3:34 ငါ​တို့​သည်​ထောင်​ထဲ​တွင်​အ​ကျဉ်း​ခံ​ရ​၍ စိတ်​ကျိုး​ပဲ့​ကြေ​မွ​လျက်​ရှိ​သော​အ​ခါ ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
LAM 3:35 ကိုယ်​တော်​သည်​မိ​မိ​ပေး​ထား​သည့်​ရ​ပိုင်​ခွင့် များ​ကို ငါ​တို့​ဆုံး​ရှုံး​ရ​ကြ​သော​အ​ခါ​၌​လည်း သိ​တော်​မူ​ပါ​၏။
LAM 3:36 ရုံး​တော်​တွင်​တ​ရား​စီ​ရင်​မှု​ဖောက်​လွဲ​ဖောက် ပြန် ဖြစ်​သော​အ​ခါ​လည်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
LAM 3:37 ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ​သာ​လျှင် အ​ကောင်​အ​ထည်​ဖော်​ရ​ပါ​၏။
LAM 3:38 အ​ကောင်း​နှင့်​အ​ဆိုး​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​အ​ရ​ဖြစ်​ပျက်​ရ​ပါ​၏။
LAM 3:39 ငါ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ရ​ကြ​သော​အ​ခါ အ​ဘယ်​ကြောင့်​ညည်း​တွား​ရ​ကြ​ပါ​မည်​နည်း။
LAM 3:40 ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။
LAM 3:41 ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​လျက် အောက်​ပါ​ပတ္ထ​နာ​ကို​ပြု​ကြ​ကုန်​အံ့။
LAM 3:42 ``ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ခဲ့​ကြ ပါ​ပြီ။ ပုန်​ကန်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​လည်း ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မ​မူ​ခဲ့​ပါ။
LAM 3:43 ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လိုက်​လံ​ဖမ်း​ဆီး​၍​ကွပ်​မျက်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ သည် ထူ​ထပ်​သော​အ​မျက်​တော်​တိမ်​တိုက်​ကို တိုး​၍​မ​ပေါက်​နိုင်​ပါ။
LAM 3:45 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကမ္ဘာ့​အ​လယ်​တွင်​အ​ညစ်​အ​ကြေး​အ​မှိုက်​ပုံ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။
LAM 3:46 ``ကျွန်​တော်​မျိုး​တို့​သည်​ရန်​သူ​များ​၏​စော်​ကား ပြောင်​လှောင်​မှု​ကို​ခံ​ရ​ကြ​ပါ​၏။
LAM 3:47 ပျက်​စီး​ယိုး​ယွင်း​မှု​နှင့်​ကြုံ​တွေ့​ခဲ့​ရ​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​အ​ဆီး​အ​တား​နှင့် ကြောက်​ရွံ့​မှု​တို့​ဖြင့်​အ​သက်​ရှင်​ရ​ပါ​၏။
LAM 3:48 ကျွန်​တော်​မျိုး​တို့​၏​အ​မျိုး​သား​များ​ဆုံး​ပါး ပျက်​စီး​မှု​ကြောင့် ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် မြစ်​များ​သ​ဖွယ်​စီး​ဆင်း​၍​လာ​ပါ​၏။
LAM 3:49 ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​ငါ တို့​အား ကြည့်​တော်​မူ​၍​မြင်​တော်​မူ​သည်​တိုင်​အောင် ငါ​၏​မျက်​ရည်​များ​သည်​မ​ရပ်​မ​နား​စီး​လျက် နေ​ပါ​လိမ့်​မည်။
LAM 3:51 မိ​မိ​၏​မြို့​မှ​အ​မျိုး​သ​မီး​များ​၏​အ​ဖြစ်​ဆိုး ကြောင့် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကြေ​ကွဲ​၍​နေ​ပါ​၏။
LAM 3:52 ကျွန်​တော်​မျိုး​ကို​မုန်း​ရန်​အ​ကြောင်း​မ​ရှိ​ပါ ဘဲ​လျက် ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​ငှက်​သ​ဖွယ် ကျော့​ကွင်း​ထောင်​ကြ​ပါ​၏။
LAM 3:53 သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ရှင်​လတ်​လတ် တွင်း​ထဲ​သို့​ပစ်​ချ​ကာ​ကျောက်​တုံး​နှင့် တွင်း​ဝ​ကို​ပိတ်​ကြ​ပါ​၏။
LAM 3:54 မိ​မိ​၏​အ​ပေါ်​သို့​ရေ​များ​ဖုံး​လွှမ်း​လာ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​သေ​ရ​ပေ​တော့​အံ့​ဟု ထင်​မှတ်​မိ​ပါ​၏။
LAM 3:55 ``အို ထာ​ဝ​ရ​ဘု​ရား​တွင်း​ထဲ​မှ​နေ​၍ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။
LAM 3:56 ဤ​သို့​ဟစ်​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​ရန် ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​သော​အ​ခါ ကိုယ်​တော်​ရှင်​ကြား​တော်​မူ​သည်​ဖြစ်​၍
LAM 3:57 ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။
LAM 3:58 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၍ ကယ်​တင်​တော်​မူ​ပါ​၏။
LAM 3:59 ကျွန်​တော်​မျိုး​ခံ​ရ​သည့်​မ​တ​ရား​မှု​များ​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ စီ​ရင်​ပေး​တော်​မူ​ပါ။
LAM 3:60 ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြ​သည်​ကို​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​၍​အ​ဘယ်​သို့ လျှို့​ဝှက်​ကြံ​စည်​ကြ​သည်​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။
LAM 3:61 ``ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​ကျွန်​တော်​မျိုး အား စော်​ကား​ကြ​သည်​ကို​ကြား​တော်​မူ​၍ သူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​လည်း​သိ​တော်​မူ​ပါ​၏။
LAM 3:62 သူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း ကျွန်​တော်​မျိုး အ​ကြောင်း​ကို​ပြော​ဆို​လျက် မိ​မိ​တို့​အ​ကြံ​အ​စည်​များ​ကို​ပြု​လုပ်​ကြ​ပါ​၏။
LAM 3:63 မိုး​လင်း​မှ​မိုး​ချုပ်​တိုင်​အောင်​ကျွန်​တော်​မျိုး​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။
LAM 3:64 ``အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​မိ​မိ​တို့ ပြု​ကျင့်​ခဲ့​သည့်​အ​မှု​များ​အ​တွက်​ဒဏ် ခတ်​တော်​မူ​ပါ။
LAM 3:65 သူ​တို့​အား​ကျိန်​ဆဲ​တော်​မူ​၍​စိတ်​ဋ္ဌာတ် ကျ​ဆင်း​စေ​တော်​မူ​ပါ။
LAM 3:66 သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​၍ က​မ္ဘာ​မြေ​ပေါ်​မှ အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။''
LAM 4:1 ပြောင်​လက်​သည့်​ရွှေ​တို့​သည်​မှေး​မှိန်​၍ သွား​လေ​ပြီ။ ဗိ​မာန်​တော်​ကျောက်​တို့​သည်​လည်း လမ်း​များ​ပေါ်​တွင်​ပြန့်​ကျဲ​လျက်​နေ​၏။
LAM 4:2 ဇိ​အုန်​မြို့​သား​လူ​ငယ်​လူ​ရွယ်​တို့​သည်​ငါ​တို့ အ​ဖို့ ရွှေ​ကဲ့​သို့​အ​ဖိုး​ထိုက်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​မူ​မြေ​အိုး​များ​ကဲ့​သို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။
LAM 4:3 ဝံ​ပု​လွေ​မ​ပင်​လျှင်​မိ​မိ​သား​ငယ်​ကို​နို့​တိုက် ပြု​စု​တတ်​သော်​လည်း ငါ​၏​အ​မျိုး​သား​များ​မူ​ကား ငှက်​ကု​လား​အုတ်​များ​သ​ဖွယ်​မိ​မိ​တို့ သား​ငယ်​များ အ​ပေါ်​တွင်​ရက်​စက်​ကြ​ပေ​သည်။
LAM 4:4 သူ​တို့​သည်​မိ​မိ​တို့​၏​နို့​စို့​က​လေး​များ​အား အ​စာ​ငတ်​ရေ​ငတ်​ထား​၍​သေ​စေ​ကြ​၏။ က​လေး​သူ​ငယ်​တို့​သည်​အ​စား​အ​စာ တောင်း​ခံ​လျက်​နေ​သော်​လည်း သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ပေး​ကြ။
LAM 4:5 အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​သောက်​ဖွယ်​များ​ကို စား​သောက်​လေ့​ရှိ​သူ​တို့​သည်​လမ်း​များ​ပေါ် တွင် အ​စာ​ငတ်​၍​သေ​ကြ​ကုန်​၏။ ဇိမ်​ခံ​၍​ကြီး​ပြင်း​လာ​ကြ​သူ​တို့​သည်​လည်း အ​မှိုက်​ပုံ​ကို​လက်​နှင့်​ယက်​၍​အ​စာ​ရှာ​ရ ကြ​၏။
LAM 4:6 ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့် သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။
LAM 4:7 ငါ​တို့​၏​မင်း​ညီ​မင်း​သား​များ​သည်​ညစ်​ညမ်း မှု​မ​ရှိ။ မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​သန့်​ရှင်း​ကြ​၏။ သူ​တို့​သည်​အ​သား​အ​ရည်​စို​ပြေ ကျန်း​မာ​လျက် ခွန်​အား​တောင့်​တင်း​သန်​မာ​ကြ​ကုန်​သည်။
LAM 4:8 ယ​ခု​အ​ခါ​သူ​တို့​၏​အ​ရုပ်​အ​ဆင်း​သည် မည်း​နက်​လျက် မျိုး​မည်​မ​ပေါ်​ဘဲ​လမ်း​များ​ပေါ်​တွင်​လဲ​၍ သေ​နေ​ရ​ကြ​၏။ သူ​တို့​အ​သား​အ​ရည်​မှာ​သစ်​သား​သ​ဖွယ် ခြောက်​ကပ်​လျက်​အ​ရိုး​များ​ပေါ်​တွင်​တွန့်​လိမ်​၍ နေ​လေ​ပြီ။
LAM 4:9 စစ်​ပွဲ​တွင်​ကျ​ဆုံး​သေ​ကြေ​ရ​သူ​တို့​သည် အ​စာ​ရေ​စာ​ပြတ်​၍ ဆက်​လက်​အ​သက်​မ​ရှင်​နိုင်​တော့​ဘဲ တ​ဖြည်း​ဖြည်း​ငတ်​မွတ်​သေ​ဆုံး​သူ​များ​ထက် သာ​၍​ကောင်း​သေး​သည်။
LAM 4:10 ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည် ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။
LAM 4:11 ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော အ​မျက်​တော်​အ​ရှိန်​ကို​အ​စွမ်း​ကုန် လွှတ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ဇိ​အုန်​မြို့​တွင်​မီး​မွှေး​၍​ထို မြို့​ကို ပြာ​ကျ​စေ​တော်​မူ​ပါ​၏။
LAM 4:12 အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည်​လည်း​ကောင်း လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည်​လည်း​ကောင်း အ​ဘယ်​ရန်​သူ​မျှ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​ချင်း​နင်း​ဝင်​ရောက်​နိုင်​လိမ့် မည်​ဟု မ​ယုံ​ကြ။
LAM 4:13 သို့​ရာ​တွင်​ယင်း​သို့​ချင်း​နင်း​ဝင်​ရောက်​မှု​ကား ဖြစ်​ပွား​ခဲ့​ပြီ။ ထို​မြို့​၏​ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် များ​သည် အ​ပြစ်​ကူး​ကြ​သ​ဖြင့်​အ​ပြစ်​မဲ့​သူ​တို့​သည် သေ​ရ​ကြ​လေ​ပြီ။
LAM 4:14 မြို့​၏​ခေါင်း​ဆောင်​တို့​သည်​အ​ဘယ်​သူ​မျှ မ​တို့​မ​ထိ​ချင်​အောင်​သွေး​များ​ပေ​ကျံ​လျက် လမ်း​များ​တွင်​မျက်​မ​မြင်​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​နေ​ကြ​၏။
LAM 4:15 လူ​တို့​က``ထွက်​သွား​ကြ​လော့၊သင်​တို့​သည် ညစ်​ညမ်း​လျက်​ရှိ​၏။ ငါ​တို့​ကို​မ​တို့​မ​ထိ​ကြ​နှင့်'' ဟု​အော်​ဟစ် ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အား​လက်​ခံ မည့်​သူ မ​ရှိ​ဘဲ တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​လေ​သည်။
LAM 4:16 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ဂ​ရု​စိုက်​တော်​မ​မူ​တော့​သ​ဖြင့်​ကိုယ်​တော်​တိုင် ကွဲ​လွင့်​စေ​တော်​မူ​ပါ​၏။ ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ခေါင်း​ဆောင်​များ​ကို​လည်း​ပ​မာ​ဏ​ပြု​တော် မ​မူ​ပါ။ မျက်​နှာ​သာ​မ​ပေး​ကြ​တော့​ချေ။
LAM 4:17 ငါ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပေါ်​လာ​သည့် အ​ကူ​အ​ညီ​ကို​စောင့်​မျှော်​နေ​ခဲ့​ကြ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ကူ​အ​ညီ​မ​ပေး နိုင်​သည့် နိုင်​ငံ​မှ​အ​ကူ​အ​ညီ​ကို ဆက်​လက်​စောင့်​မျှော်​ခဲ့​ကြ​၏။
LAM 4:18 ရန်​သူ​များ​သည်​ငါ​တို့​အား​စောင့်​၍ ကြည့်​နေ​ကြ​သ​ဖြင့်​ငါ​တို့​သည် လမ်း​များ​ပေါ်​၌​ပင်​လျှင်​မ​သွား​မ​လာ​ရဲ ကြ​ပါ။ ငါ​တို့​၏​နေ့​ရက်​ကာ​လ​ကုန်​ဆုံး​ခဲ့​ပြီ။ နောက်​ဆုံး​အ​ချိန်​ရောက်​ခဲ့​ပြီ။
LAM 4:19 သူ​တို့​သည်​မိုး​ကောင်း​ကင်​မှ​ထိုး​ဆင်း​လာ​သည့် လင်း​ယုန်​ငှက်​များ​ကဲ့​သို့​ငါ​တို့​ကို​လိုက်​လံ ဖမ်း​ဆီး​ကြ​ပါ​၏။ တောင်​ကုန်း​များ​တွင်​ငါ​တို့​ကို​လိုက်​၍​ရှာ​ဖွေ ကြ​ပါ​၏။ သဲ​ကန္တာ​ရ​တွင်​အ​မှတ်​မ​ထင်​ဖမ်း​ဆီး​ကြ​ပါ​၏။
LAM 4:20 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သည့်​ဘု​ရင် ငါ​တို့​၏​အ​သက်​သ​ခင်​ရန်​သူ​အ​ပေါင်း​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​ရန်​ငါ​တို့​ယုံ​ကြည်​ကိုး​စား​သည့် အ​ရှင်​ကို​ဖမ်း​ဆီး​ကြ​ပါ​၏။
LAM 4:21 ဧ​ဒုံ​ပြည်​နှင့်​ဥ​ဇ​ပြည်​သား​တို့​ရယ်​မော​၍ နေ​ကြ​လော့။ သင်​တို့​ဝမ်း​မြောက်​နိုင်​သည့်​ကာ​လ​ဝမ်း​မြောက်​လျက် နေ​ကြ​လော့။ သင်​တို့​ကြုံ​တွေ့​ရ​မည့်​ဘေး​အန္တရာယ်​သည်​လည်း သက်​ရောက်​လာ​လိမ့်​မည်။ သင်​သည်​လည်း​အ​ဝတ်​မဲ့​လျက်​ဒ​ယိမ်း​ဒ​ယိုင်​နှင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။
LAM 4:22 ဇိ​အုန်​မြို့​သည်​မိ​မိ​၏​အ​ပြစ်​ကြွေး​ကို​ပေး​ဆပ်​မှု ပြီး​ဆုံး​ပြီ။ ကိုယ်​တော်​ရှင်​သည်​ငါ​တို့​အား​တစ်​ကျွန်း​တစ်​နိုင်​ငံ​တွင် ဆက်​လက်​ထား​ရှိ​တော့​မည်​မ​ဟုတ်။ သို့​ရာ​တွင် အို ဧ​ဒုံ​ပြည်၊ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ သင်​၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်။
LAM 5:1 အို ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​သော အ​ဖြစ်​အ​ပျက်​များ​နှင့် ကျွန်​တော်​မျိုး​တို့​ကြုံ​တွေ့​ရ​ကြ​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​အ​သ​ရေ​ပျက်​မှု​ကို ရှု​မြင်​တော်​မူ​ပါ။
LAM 5:2 ကျွန်​တော်​မျိုး​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် သူ​စိမ်း​တစ်​ရံ​ဆံ​တို့​၏​လက်​သို့​ရောက်​ရှိ​နေ​ပါ​ပြီ။ လူ​မျိုး​ခြား​များ​သည်​ကျွန်​တော်​မျိုး​တို့​၏​အိမ်​များ​တွင် နေ​ထိုင်​လျက်​ရှိ​ကြ​ပါ​၏။
LAM 5:3 ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​များ​သည်​ရန်​သူ​၏ သတ်​ဖြတ်​မှု​ကို​ခံ​ရ​ကြ​လျက် မိ​ခင်​များ​မှာ​မု​ဆိုး​မ​များ ဖြစ်​ရ​ကြ​ပါ​၏။
LAM 5:4 ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏​သောက်​ရေ​အ​တွက် အ​ဖိုး​ငွေ​ပေး​ရ​ကြ​ပါ​၏။ ထင်း​ကို​လည်း​ဝယ်​ယူ​ရ​ကြ​ပါ​၏။
LAM 5:5 ကျွန်​တော်​မျိုး​တို့​သည်​မြည်း​များ၊ ကု​လား​အုတ် များ​ကဲ့​သို့ နောက်​မှ​အ​ပြင်း​မောင်း​နှင်​ခြင်း​ခံ​နေ​ရ​ကြ​ပါ​၏။ မော​ပန်း​ပါ​သော်​လည်း​နား​နေ​ခွင့်​မ​ရ​ကြ​ပါ။
LAM 5:6 ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​သက်​ရှင်​ရေး​အ​တွက် အ​စား​အ​စာ​အ​လုံ​အ​လောက်​ရ​ရှိ​နိုင်​ရန် အာ​ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​သို့​သွား​၍ တောင်း​ရမ်း​ရ​ကြ​ပါ​၏။
LAM 5:7 ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အ​ပြစ် ကူး​ပြီး​နောက်​သေ​လွန်​သွား​ကြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​သူ​တို့​၏​အ​ပြစ်​ဝန်​ကို ထမ်း​ရ​ကြ​ပါ​၏။
LAM 5:8 ကျွန်​များ​နှင့်​မ​ခြား​နား​သူ​တို့​၏​အုပ်​စိုး ခြင်း​ကို ကျွန်​တော်​မျိုး​တို့​ခံ​ကြ​ရ​သော်​လည်း အ​ဘယ်​သူ​မျှ​ကျွန်​တော်​မျိုး​တို့​အား​ထို​သူ​တို့​၏ လက်​မှ​မ​ကယ်​နိုင်​ပါ။
LAM 5:9 ကျေး​လက်​များ​တွင်​လူ​သတ်​သ​မား​တို့ လှည့်​လည်​သွား​လာ​လျက်​နေ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​အ​သက်​စွန့်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ရ​ကြ​ပါ​၏။
LAM 5:10 ဆာ​လောင်​မွတ်​သိပ်​မှု​ကြောင့်​အ​ဖျား​တက်​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​၏​အ​သား​အ​ရေ​သည် မုန့်​ဖို​တ​မျှ​ပူ​လောင်​ပါ​၏။
LAM 5:11 ကျွန်​တော်​မျိုး​တို့​၏​ဇ​နီး​များ​သည် ဇိ​အုန်​တောင်​ပေါ်​၌​ပင်​လျှင် မု​ဒိမ်း​အ​ကျင့်​ခံ​ရ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​သ​မီး​ပျို​များ​သည် ယု​ဒ​ကျေး​ရွာ​မှန်​သ​မျှ​၌ အ​နိုင်​အ​ထက်​မ​တော်​မ​တ​ရား​ပြု​ကျင့်​မှု​ကို ခံ​ရ​ကြ​ပါ​၏။
LAM 5:12 ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​တို့​၏ ခေါင်း​ဆောင်​များ​အား ဖမ်း​ဆီး​၍​စက်​တိုင်​တင်​ကြ​ပါ​၏။ သူ​တို့​သည်​အ​သက်​ကြီး​သူ​များ​ကို​လည်း ရို​သေ​လေး​စား​မှု​မ​ပြု​ကြ​ပါ။
LAM 5:13 လူ​ငယ်​လူ​ရွယ်​များ​သည်​ကျေး​ကျွန်​သ​ဖွယ် စ​ပါး​ကြိတ်​ရ​ကြ​ပါ​၏။ လူ​ငယ်​တို့​သည်​လည်း​လေး​လံ​သော ထင်း​စည်း​များ​ကို​ယိမ်း​ယိုင်​ကာ​သယ်​ပို့​ရ ကြ​ပါ​၏။
LAM 5:14 အ​သက်​ကြီး​သူ​တို့​သည်​မြို့​တံ​ခါး​အ​နီး​တွင် မ​ထိုင်​ကြ​တော့​ပါ။ လူ​ငယ်​လူ​ရွယ်​များ​သည်​လည်း​သီ​ဆို​တီး​မှုတ် မှု​ကို မ​ပြု​ကြ​တော့​ပါ။
LAM 5:15 ဝမ်း​မြောက်​ရွှင်​လန်း​မှု​သည်​ကျွန်​တော်​မျိုး​တို့ ၏​ဘ​ဝ​မှ ကွယ်​ပျောက်​သွား​ပါ​ပြီ။ က​ခုန်​မှု​များ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​များ​သို့ ပြောင်း​လဲ​သွား​ပါ​ပြီ။
LAM 5:16 ကျွန်​တော်​မျိုး​တို့​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ တစ်​ခု​မျှ​မ​ကျန်​ရှိ​တော့​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ကြ​သ​ဖြင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။
LAM 5:17 ကျွန်​တော်​မျိုး​တို့​သည်​စိတ်​ပျက်​၍ မျက်​ရည်​များ​ဝိုင်း​လျက်​နေ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​၏​မျက်​စိ​များ​သည် ကြည့်​၍​မ​မြင်​နိုင်​တော့​ပါ။
LAM 5:18 ဇိ​အုန်​တောင်​တော်​သည်​လူ​သူ​ဆိတ်​ညံ​သ​ဖြင့် ခွေး​အ​တို့​ကျက်​စား​ရာ​ဖြစ်​၍​နေ​ပါ​သည်။
LAM 5:19 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ထာ​ဝ​စဉ်​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​သည်​နိစ္စ​ထာ​ဝ​ရ​တည် ပါ​လိမ့်​မည်။
LAM 5:20 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​အ​မြဲ​မေ့​လျော့​၍ နေ​တော်​မူ​ပါ​သနည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြာ​စွာ​ကျွန်​တော်​မျိုး​တို့​ကို စွန့်​ပစ်​၍​ထား​တော်​မူ​ပါ​သ​နည်း။
LAM 5:21 အို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြန်​လာ​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ရှေး​ကာ​လ​မှာ​ကဲ့​သို့​ကျွန်​တော်​မျိုး​တို့​အား ဘုန်း​ကြီး​စေ​တော်​မူ​ပါ။
LAM 5:22 သို့​တည်း​မ​ဟုတ်​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး တို့​အား ထာ​ဝ​စဉ်​စွန့်​ပစ်​ထား​တော်​မူ​ပြီ​လော။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ငြိမ်း​မည့် ကာ​လ​မ​ရှိ​တော့​ပါ​တ​ကား။ ပ​ရော​ဖက်​ယေ​ရ​မိ​မြည်​တမ်း​သော စ​ကား​ပြီး​၏။
EZE 1:1 သုံး​ဆယ်​နှစ်​မြောက် စ​တုတ္ထ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ငါ​သည် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​တူ​ဗာ​ဗု​လုန်​ပြည်၊ ခေ​ဗာ​မြစ်​အ​နီး​တွင်​နေ​ထိုင်​လျက်​ရှိ​စဉ် မိုး​ကောင်း​ကင်​ကွဲ​ဟ​၍​ဘုရား​သ​ခင်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်​ရ​၏။-
EZE 1:2 (ထို​နှစ်​ကား​ယေ​ခေါ​နိ​မင်း​ပြည်​နှင်​ဒဏ်​သင့်​ချိန်​ငါး​နှစ်​မြောက်​ဖြစ်​သ​တည်း။-)
EZE 1:3 ဗာ​ဗု​လုန်​ပြည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ဗု​ဇိ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​ယေ​ဇ​ကျေ​လ​သည် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​၍​တန်​ခိုး​တော်​သည်​သူ့​အ​ပေါ်​သို့​သက်​ရောက်​၏။
EZE 1:4 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။-
EZE 1:5 မီး​တောက်​၏​အ​လယ်​ဗ​ဟို​တွင် သတ္တ​ဝါ​လေး​ဦး​နှင့်​တူ​သော​ပုံ​သဏ္ဌာန်​များ​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည်​လူ​၏​အ​သွင်​ကို​ဆောင်​၏။-
EZE 1:6 သို့​ရာ​တွင်​သူ​တို့​၌​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​စီ​ရှိ​၏။-
EZE 1:7 သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။-
EZE 1:8 သူ​တို့​တွင်​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​အ​ပြင် တောင်​ပံ​တစ်​ခု​စီ​၏​အောက်​၌​လူ​လက်​ရှိ​၏။-
EZE 1:9 ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​ထိ​အောင်​တောင်​ပံ​နှစ်​ခု​စီ​ကို​ဖြန့်​လျက် ရှေ့​တူ​ရူ​သို့​အ​သီး​သီး​မျက်​နှာ​မူ​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ကိုယ်​ကို​မ​လှည့်​ဘဲ​အ​စု​လိုက်​သွား​လာ​ကြ​၏။
EZE 1:10 ထို​သတ္တ​ဝါ​တစ်​ပါး​စီ​၌​ရှိ​သော​မျက်​နှာ​လေး​ခု​တို့​သည် တစ်​ခု​နှင့်​တစ်​ခု​မ​တူ​ကြ။ ရှေ့​ဘက်​တွင်​လူ​မျက်​နှာ၊ လက်​ယာ​ဘက်​တွင်​ခြင်္သေ့​မျက်​နှာ၊ လက်​ဝဲ​ဘက်​တွင်​နွား​မျက်​နှာ၊ နောက်​ဘက်​တွင်​လင်း​ယုန်​မျက်​နှာ​ရှိ​၏။-
EZE 1:11 ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​အ​တောင်​ဖျား​ချင်း​ထိ​အောင် တောင်​ပံ​နှစ်​ခု​စီ​ဖြန့်​၍​ထား​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။-
EZE 1:12 သူ​တို့​အား​လုံး​ပင်​အ​ရပ်​လေး​မျက်​နှာ​သို့​မျက်​နှာ​ပြု​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​စု​လိုက်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​မ​လှည့်​ဘဲ​သွား​နိုင်​ကြ​၏။
EZE 1:13 ထို​သတ္တ​ဝါ​တို့​၏​အ​လယ်​တွင်​မီး​လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​နှင့်​တူ​သည့်​အ​ရာ​တစ်​ခု​သည် အ​စဉ်​ပင်​ရွေ့​လျား​လျက်​နေ​၏။ ထို​အ​ရာ​မှ​မီး​လျှံ​တက်​ပြီး​လျှင်​လျှပ်​စစ်​နွယ်​များ​ထွက်​ပေါ်​လာ​၏။-
EZE 1:14 သတ္တ​ဝါ​များ​ကိုယ်​တိုင်​ပင်​လျှင်​လျှပ်​စစ်​သ​ဖွယ် လျင်​မြန်​စွာ​သွား​လာ​ကြ​၏။
EZE 1:15 ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။-
EZE 1:16 ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။-
EZE 1:17 သို့​ဖြစ်​၍​ထို​ဘီး​တို့​သည်​မ​လှည့်​ဘဲ​အ​ရပ်​လေး​မျက်​နှာ​သို့ သတ္တ​ဝါ​လေး​ပါး​သွား​လာ​သည့်​အ​တိုင်း​သွား​နိုင်​ကြ​၏။-
EZE 1:18 ဘီး​ခွေ​တို့​သည်​မျက်​စိ​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၍ မြင့်​မား​လျက်​စိုး​ရိမ်​ထိတ်​လန့်​ဖွယ်​ကောင်း​၏။-
EZE 1:19 သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သည့်​အ​ခါ​တိုင်း ထို​ဘီး​တို့​သည်​လိုက်​၍​ရွေ့​လျား​ကြ​၏။ သတ္တ​ဝါ​များ​မြေ​ကြီး​မှ​ခွာ​၍​အ​ထက်​သို့​တက်​ကြ​သော​အ​ခါ​၌​လည်း ဘီး​တို့​သည်​လိုက်​၍​တက်​ကြ​၏။-
EZE 1:21 ဝိ​ညာဉ်​သည်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​သွား​ကြ​သော​အ​ခါ ဘီး​တို့​သည်​လည်း​သတ္တ​ဝါ​များ​ပြု​သည့်​အ​တိုင်း​အ​ထက်​သို့​တက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သတ္တ​ဝါ​များ​၏​ဝိ​ညာဉ်​သည်​ဘီး​တို့​အား​ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍​သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သော​အ​ခါ ရပ်​ဆိုင်း​သည့်​အ​ခါ​လေ​ထဲ​သို့​တက်​ကြ​သည့်​အ​ခါ​၌ ဘီး​တို့​သည်​ထပ်​တူ​ထပ်​မျှ​လိုက်​၍​ပြု​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​တို့​အား​သတ္တ​ဝါ​တို့​၏​ဝိ​ညာဉ်​တို့​က ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​၏။
EZE 1:22 သတ္တ​ဝါ​များ​၏​ဦး​ခေါင်း​အ​ထက်​တွင်​အ​ရောင်​လက်​၍​နေ​သော​ကျောက်​သ​လင်း​သ​ဖွယ်​ရှိ​၍ ထိတ်​လန့်​ဖွယ်​ကောင်း​သော​လိပ်​ခုံး​ပုံ​သဏ္ဌာန်​ကြီး​တစ်​ခု​ရှိ​၏။-
EZE 1:23 ထို​အ​ရာ​၏​အောက်​တွင်​သတ္တ​ဝါ​တစ်​ပါး​စီ​တို့​သည် မိ​မိ​တို့​နှင့်​နီး​ရာ​သတ္တ​ဝါ​များ​ဘက်​သို့​တောင်​ပံ​နှစ်​ခု​ကို​ဖြန့်​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။-
EZE 1:24 သူ​တို့​ပျံ​သန်း​ကြ​သော​အ​ခါ​အ​တောင်​ခတ်​သည့်​အ​သံ​ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​ပင်​လယ်​မြည်​ဟည်း​သ​ကဲ့​သို့​လည်း​ကောင်း၊ ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​၏​အ​သံ​ကဲ့​သို့​ကဲ့​သို့​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကဲ့​သို့​ဖြစ်​၏။ သူ​တို့​ရပ်​နား​ကြ​သော​အ​ခါ​မိ​မိ​တို့​၏​အ​တောင်​များ​ကို​ချ​ထား​ကြ​၏။-
EZE 1:25 ထို​သို့​အ​တောင်​များ​ကို​ချ​လျက်​ရပ်​နေ​စဉ် သူ​တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​အ​ပေါ်​မှ အ​သံ​တစ်​ခု​ထွက်​ပေါ်​လာ​၏။
EZE 1:26 ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။-
EZE 1:27 ထို​သူ​၏​ခါး​အ​ထက်​ပိုင်း​သည်​မီး​လျှံ​ထဲ​မှ​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​၍​နေ​၏။ ခါး​မှ​ခြေ​ဖျား​ထိ​သူ​၏​အောက်​ပိုင်း​သည် မီး​ရောင်​ဖြင့်​ပင်​လျှင်​တစ်​ကိုယ်​လုံး​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​ပေ​သည်။-
EZE 1:28 ယင်း​သို့​ထွန်း​လင်း​တောက်​ပ​သော​အ​ရောင်​အ​ဝါ​သည် မိုး​တိမ်​များ​၌​ဖြစ်​ပေါ်​တတ်​သော​သက်​တံ​နှင့်​တူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ဖော်​ပြ​သော​တောက်​ပ​သည့်​အ​လင်း​ရောင်​ဖြစ်​သ​တည်း။
EZE 2:1 ``အ​ချင်း​လူ​သား​ထ​လော့။ သင့်​အား​ငါ​မြွက် ဆို​မည်'' ဟု​မိန့်​တော်​မူ​၏။-
EZE 2:2 ယင်း​အ​သံ​မြွက်​ဆို​နေ​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏​အ​တွင်း​သို့ ဝင်​၍ ငါ့​အား​ကူ​မ​တော်​မူ​ပြီး​လျှင်​မတ်​တပ် ရပ်​စေ​တော်​မူ​၏။ ထို​နောက်​အ​သံ​တော်​က ဆက်​လက်​၍၊-
EZE 2:3 ``အ​ချင်း​လူ​သား၊ ငါ့​အား​ပုန်​ကန်​တော်​လှန် ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​ကဲ့​သို့​ယ​ခု​တိုင်​အောင်​ပုန်​ကန် လျက်​နေ​ကြ​၏။-
EZE 2:4 သူ​တို့​သည်​ခေါင်း​မာ​၍​ငါ့​အား​မ​ရို​သေ ကြ။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​အ​မိန့် တော်​ရှိ​သည်​ကို သူ​တို့​အား​ပြန်​ကြား​ရန် သင့်​ကို​သူ​တို့​ထံ​သို့​ငါ​စေ​လွှတ်​မည်။-
EZE 2:5 သူ​တို့​သည်​ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သ​ဖြင့် သင်​၏​စ​ကား​ကို​နား​ထောင်​သည်​ဖြစ်​စေ၊ နား မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​ထဲ​တွင်​ပ​ရော ဖက်​တစ်​ပါး​ရှိ​သည်​ကို​မူ​သိ​ကြ​လိမ့်​မည်။
EZE 2:6 ``သို့​ရာ​တွင်​အ​ချင်း​လူ​သား၊ သင်​သည်​သူ တို့​ကို​သော်​လည်း​ကောင်း၊ သူ​တို့​ပြော​ဆို​သ​မျှ သော​စ​ကား​တို့​ကို​သော်​လည်း​ကောင်း​မ ကြောက်​ရ။ မ​လန့်​နှင့်​သင့်​အား​သူ​တို့​သည် ဆူး​ပင်​များ​ကဲ့​သို့​ဝိုင်း​ရံ​ကြ​လိမ့်​မည်။ သင် သည်​ကင်း​မီး​ကောက်​တော​တွင်​နေ​ရ​ဘိ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ထို​ပုန်​ကန်​တတ် သူ​များ​ဖြစ်​သော​ကြောင့်​တည်း။-
EZE 2:7 သူ​တို့​နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင် သည်​ဖြစ်​စေ၊ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သူ တို့​အား​ဆင့်​ဆို​ရ​မည်။ သူ​တို့​သည်​ပုန်​ကန် တတ်​ကြောင်း​ကို​သ​တိ​ရ​လော့။''
EZE 2:8 ``အ​ချင်း​လူ​သား၊ ငါ​မိန့်​တော်​မူ​သည်​ကို​နား ထောင်​လော့။ သူ​တို့​ကဲ့​သို့​မ​ပုန်​ကန်​နှင့်။ သင်​၏ ခံ​တွင်း​ကို​ဖွင့်​၍​ငါ​ပေး​မည့်​အ​ရာ​ကို​စား လော့'' ဟု​မိန့်​တော်​မူ​၏။-
EZE 2:9 ထို​နောက်​စာ​လိပ်​တစ်​ခု​ကို​ကိုင်​ထား​သော လက်​တစ်​ဖက်​သည်​ငါ​ရှိ​ရာ​သို့​ကမ်း​လှမ်း လာ​သည်​ကို​ငါ​မြင်​ရ​၏။-
EZE 2:10 ထို​လက်​သည်​စာ​လိပ်​ကို​ဖြန့်​လိုက်​သော​အ​ခါ နှစ်​ဖက်​စ​လုံး​၌​စာ​များ​ရေး​သား​ထား​သည် ကို​ငါ​မြင်​ရ​၏။ ထို​စာ​လိပ်​နှစ်​ဖက်​စ​လုံး​တွင် ဝမ်း​နည်း​ပူ​ဆွေး​ညည်း​တွား​မြည်​တမ်း​စ​ကား များ​ပါ​ရှိ​သ​တည်း။
EZE 3:1 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​စာ​လိပ်​ကို စား​လော့။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍​ဟော​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။
EZE 3:2 သို့​ဖြစ်​၍​ငါ​သည်​ခံ​တွင်း​ကို​ဟ​လိုက်​ရာ ကိုယ်​တော်​သည် ငါ​စား​ရန်​အ​တွက်​စာ​လိပ် ကို​ပေး​တော်​မူ​၏။-
EZE 3:3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​သင့်​အား ငါ​ပေး​သည့်​စာ​လိပ်​ကို​ဝမ်း​ပြည့်​အောင်​စား လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ငါ​သည်​စား လိုက်​သော​အ​ခါ​ထို​စာ​လိပ်​သည်​ပျား​ရည် ကဲ့​သို့​ချို​၏။
EZE 3:4 ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍ ငါ​မိန့် တော်​မူ​သ​မျှ​တို့​ကို​ဆင့်​ဆို​လော့။-
EZE 3:5 ငါ​သည်​သင့်​အား​မ​ရေ​ရာ​သော​စ​ကား​နှင့် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​ကို​ပြော​ဆို သူ​တို့​ထံ​သို့​စေ​လွှတ်​သည်​မ​ဟုတ်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​သို့​စေ​လွှတ်​၏။-
EZE 3:6 မ​ရေ​ရာ​သော​စ​ကား​နှင့်​သင်​နား​လည်​ရန် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​များ​ကို ပြော​ဆို​သူ​လူ​မျိုး​များ​ထံ​သို့​သင့်​အား​ငါ စေ​လွှတ်​ခြင်း​မ​ဟုတ်။ အ​ကယ်​၍​စေ​လွှတ်​ပါ​မူ ထို​သူ​တို့​သည်​သင်​၏​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။-
EZE 3:7 သို့​သော်​အ​ဘယ်​ဣ​သ​ရေ​လ​အ​မျိုး​သား​မျှ သင့်​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို​ပင်​နား​ထောင် ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​အား​လုံး​ပင် ခေါင်း​မာ​၍​အာ​ခံ​တတ်​သူ​များ​ဖြစ်​ကြ​၏။-
EZE 3:8 ယ​ခု​ငါ​သည်​သင့်​အား​ထို​သူ​တို့​ကဲ့​သို့ ခေါင်း​မာ​၍ ခိုင်​ခံ့​မာ​ကြော​စေ​မည်။-
EZE 3:9 ငါ​သည်​သင်​၏​န​ဖူး​ကို​ကျောက်​ထက်​ပင် ခိုင်​ခံ့​စေ​၍ စိန်​ကဲ့​သို့​မာ​ကြော​စေ​မည်။ ထို ပုန်​ကန်​တတ်​သူ​တို့​ကို​မ​ကြောက်​နှင့်၊ မ​လန့် နှင့်'' ဟု​မိန့်​တော်​မူ​၏။
EZE 3:10 ကိုယ်​တော်​က​ဆက်​လက်​၍``အ​ချင်း​လူ​သား၊ ငါ​ပြော​သ​မျှ​သော​စ​ကား​တို့​ကို​သေ​ချာ စွာ​နား​ထောင်​မှတ်​သား​လော့။-
EZE 3:11 ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​သူ​သင်​၏​အ​မျိုး သား​များ​ထံ​သို့​သွား​လော့။ သူ​တို့​သင်​၏ စ​ကား​ကို​ဂ​ရု​စိုက်​သည်​ဖြစ်​စေ၊ မ​စိုက် သည်​ဖြစ်​စေ၊ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ပြော ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
EZE 3:12 ထို​နောက်​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​မ​တော် မူ​သော​အ​ခါ ငါ​၏​နောက်​မှ``ကောင်း​ကင်​ဘုံ ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ကို​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​မိုး​ချုန်း​သံ ကဲ့​သို့​ကျယ်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
EZE 3:13 သတ္တ​ဝါ​လေး​ပါး​တို့​လေ​ထဲ​တွင်​တောင်​ပံ ခတ်​ကြ​သည့်​အ​သံ​ကို​လည်း​ကောင်း၊ ရ​ထား ဘီး​များ​၏​အ​သံ​ကို​လည်း​ကောင်း​ငါ​ကြား ရ​၏။ ထို​အ​သံ​များ​သည်​မြေ​င​လျင်​လှုပ်​သံ နှင့်​တူ​၏။-
EZE 3:14 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား​သော​တန်​ခိုး ဖြင့်​ငါ့​အ​ပေါ်​သက်​ရောက်​၍ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ သည်​စိတ်​နာ​စိတ်​ဆိုး​လျက်​လိုက်​ပါ​သွား​၏။-
EZE 3:15 သို့​ဖြစ်​၍​ငါ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ နေ​ထိုင်​ရာ​ခေ​ဗာ​မြစ်​အ​နီး​တေ​လ​ဗိ​ဗ​ရွာ သို့​သွား​၍ ငါ​တွေ့​မြင်​ခဲ့​ရ​သော​အ​မှု​အ​ရာ များ​ကြောင့်​ခု​နစ်​ရက်​ပတ်​လုံး​အံ့​အား​သင့် လျက်​နေ​၏။
EZE 3:16 ခု​နစ်​ရက်​ကုန်​လွန်​သော​အ​ခါ ထာ​ဝရ​ဘု​ရား သည်​ငါ့​အား၊-
EZE 3:17 ``အ​ချင်း​လူ​သား၊ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​သင့်​အား​ကင်း​စောင့်​အ​ဖြစ်​ခန့် ထား​မည်။ ငါ​သ​တိ​ပေး​သည့်​စ​ကား​များ​ကို ကြား​နာ​၍ သင်​သည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်။-
EZE 3:18 ငါ​က​မ​ကောင်း​မှု​ပြု​သူ​တစ်​စုံ​တစ်​ယောက် သည်​သေ​ရ​လိမ့်​မည်​ဟု​ဆို​သော်​လည်း​ထို​သူ မ​သေ​ရ​လေ​အောင် သင်​သည်​သူ​၏​လမ်း​စဉ်​ကို ပြင်​ဆင်​ရန်​သ​တိ​မ​ပေး​ဘဲ​နေ​ပါ​မူ ထို​သူ သည်​မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက်​သေ ရ​လိမ့်​မည်။ ထို​အ​ခါ​ထို​သူ​သေ​ရ​သည့်​အ တွက်​သင့်​မှာ​တာ​ဝန်​ရှိ​သည်။-
EZE 3:19 သင်​သည်​အ​ပြစ်​ကူး​လွန်​သူ​တစ်​စုံ​တစ် ယောက်​အား​အ​မှန်​ပင်​သတိ​ပေး​သော်​လည်း သူ​သည်​မိ​မိ​၏​ဒု​စ​ရိုက်​ကို​မ​ရပ်​မ​စဲ​ဘဲ​နေ ခဲ့​သော် မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် သေ​ရ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သင့်​အား အ​သက်​ချမ်း​သာ​ပေး​မည်။''
EZE 3:20 ``သူ​တော်​ကောင်း​တစ်​ယောက်​သည်​မ​ကောင်း​မှု ကို​ပြု​လာ​သ​ဖြင့် ငါ​သည်​သူ့​အား​အန္တ​ရာယ် ရှိ​သော​အ​ခြေ​အ​နေ​သို့​ရောက်​စေ​၍​သူ​သည် သေ​ရ​မည်။ ထို​အ​ခါ​သင်​သည်​သူ့​ကို​သ​တိ မ​ပေး​ဘဲ​နေ​ပါ​မူ သူ​သည်​မိ​မိ​ကူး​လွန် သည့်​အ​ပြစ်​အ​တွက်​သေ​ရ​လိမ့်​မည်။ ယ​ခင် က​သူ​ပြု​သည့်​ကောင်း​မှု​များ​ကို​ငါ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ခါ​ထို​သူ​သေ​ရ သည့်​အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​၏။-
EZE 3:21 သင်​သည်​ဖြောင့်​မတ်​သော​သူ​တစ်​စုံ​တစ်​ယောက် အား အ​ပြစ်​မ​ကူး​လွန်​စေ​ရန်​သ​တိ​ပေး​၍ သူ​သည်​လည်း​သင့်​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ်​မ​ကူး​လွန်​ဘဲ​နေ​ပါ​မူ​သူ​သည်​သေ ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​လည်း​အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 3:22 ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​အ​ရှိန် ကို​တွေ့​ထိ​ခံ​စား​ရ​၍​ကိုယ်​တော်​က​ငါ့ အား``ထ​၍​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​လော့။ ထို အ​ရပ်​တွင်​သင့်​အား​ငါ​မိန့်​ကြား​မည်'' ဟု မိန့်​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၏။
EZE 3:23 သို့​ဖြစ်​၍​ငါ​သည်​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​ရာ ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ​ဖူး​မြင်​ရ​သ​ကဲ့ သို့ ထို​အ​ရပ်​တွင်​ဘုရား​သ​ခင်​၏​ဘုန်း​အ​သ ရေ​တော်​ကို​ဖူး​မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ် သို့​လှဲ​ချ​ပျပ်​ဝပ်​လိုက်​၏။-
EZE 3:24 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ငါ​၏​အ​တွင်း​သို့​ဝင်​၍​ငါ့​အား​မတ်​တပ်​ရပ် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘုရား​က``သင်​သည် မိ​မိ​အိမ်​သို့​ပြန်​ပြီး​လျှင်​အိမ်​တွင်​ပိတ်​နေ​လော့။-
EZE 3:25 အ​ချင်း​လူ​သား​သင့်​အား​ကြိုး​ဖြင့်​ချည် နှောင်​ထား​မည်​ဖြစ်​၍ သင်​သည်​လူ​အ​များ​၏ ရှေ့​သို့​ထွက်​နိုင်​လိမ့်​မည်​မ​ဟုတ်။-
EZE 3:26 ဤ​ပုန်​ကန်​တတ်​သူ​တို့​အား​သ​တိ​မ​ပေး နိုင်​စေ​ရန် ငါ​သည်​သင်​၏​လျှာ​ကို​အာ​ခေါင် တွင်​ကပ်​၍​နေ​စေ​မည်။-
EZE 3:27 ထို​နောက်​သင့်​အား​ငါ​တစ်​ဖန်​ပြော​ကြား​စေ လို​သော​အ​ခါ​၌​သင်​၏​နှုတ်​ကို​ဖွင့်​မည်။ ထို အ​ခါ​သင်​သည်​သူ​တို့​အား​ငါ့​အ​ရှင်​ထာ​ဝရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်​ဟု​ဆင့်​ဆို​ရ မည်။ အ​ချို့​သော​သူ​တို့​သည်​သင့်​စ​ကား​ကို နား​ထောင်​၍ အ​ချို့​တို့​သည်​နား​မ​ထောင်​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ဖြစ်​သော ကြောင့်​တည်း။''
EZE 4:1 ထို့​နောက်``အ​ချင်း​လူ​သား၊ အုတ်​တစ်​ချပ်​ကို ယူ​၍​သင်​၏​ရှေ့​တွင်​ထား​ပြီး​လျှင် ယေ​ရု​ရှ လင်​မြို့​ပုံ​ကို​အုတ်​ပေါ်​တွင်​ရေး​ဆွဲ​လော့။-
EZE 4:2 ထို​နောက်​ထို​မြို့​အား​ရန်​သူ​ဝိုင်း​ရံ​ထား​ပုံ​ကို သ​ရုပ်​ဆောင်​ရန် မြောင်း၊ မြေ​က​တုတ်​များ၊ စစ် စ​ခန်း​များ​နှင့်​ခံ​တပ်​ဖြို​သည့်​တုံး​မောင်း များ​ကို​မြို့​ပတ်​လည်​၌​နေ​ရာ​ချ​ထား​လော့။-
EZE 4:3 သံ​ပြား​တစ်​ချပ်​ကို​လည်း​ယူ​၍​မြို့​နှင့်​သင် ၏​စပ်​ကြား​တွင်​တံ​တိုင်း​သ​ဖွယ်​ထောင်​၍ ထား​လော့။ သင်​သည်​မြို့​ဘက်​သို့​မျက်​နှာ​မူ လော့။ မြို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက်​ရှိ​၏။ သင်​သည်​မြို့​ကို​ဝိုင်း​ရံ​သူ​ဖြစ်​၏။ ဤ​သည် ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။
EZE 4:4 ``သင်​သည်​လက်​ဝဲ​ဘက်​သို့​စောင်း​၍​အိပ်​လော့။
EZE 4:5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ်​ကို သင်​၏​အ​ပေါ်​သို့​ငါ​တင်​မည်။ သင်​သည်​ယင်း သို့​အိပ်​လျက်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ရ​သည့် အ​နေ​ဖြင့် ရက်​ပေါင်း​သုံး​ရာ​ကိုး​ဆယ်​တိုင်​တိုင် နေ​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နှစ်​တစ်​နှစ်​လျှင်​တစ်​ရက် နှုန်း​ဖြင့်​သင့်​အား​ခံ​စေ​ရန် ငါ​စီ​ရင်​ချက်​ချ မှတ်​ထား​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
EZE 4:6 ထို​နေ့​ရက်​များ​ကုန်​လွန်​သော​အ​ခါ​ယာ ဘက်​စောင်း​အိပ်​၍ ယု​ဒ​အ​မျိုး​သား​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​နှစ်​တစ်​နှစ်​လျှင် တစ်​ရက်​နှုန်း​ဖြင့်​ရက်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ဦး​လော့။
EZE 4:7 ``ယေ​ရု​ရှ​လင်​မြို့​အား​ဝိုင်း​ရံ​ထား​သည် ကို​စူး​စိုက်​၍​ကြည့်​လော့။ သင်​သည်​မိ​မိ​လက် သီး​ကို​ပြ​လျက်​ထို​မြို့​အား​ဆန့်​ကျင်​၍ ဟော​ပြော​လော့။-
EZE 4:8 ထို​မြို့​ကို​ဝိုင်း​ရံ​မှု​ပြီး​ဆုံး​ချိန်​တိုင်​အောင် သင်​သည်​တစ်​ဘက်​မှ​အ​ခြား​တစ်​ဘက်​သို့ မ​လှည့်​နိုင်​စေ​ရန် ငါ​သည်​သင့်​ကို​ချည်​နှောင် ထား​မည်။
EZE 4:9 ``ယ​ခု​သင်​သည်​ဂျုံ​ဆန်​နှစ်​မျိုး၊ ပဲ​နှစ်​မျိုး နှင့်​ပြောင်း​ဆန်​ကို​ယူ​၍ အိုး​ထဲ​တွင်​ရော​နှော ပြီး​လျှင်​မုန့်​ကို​လုပ်​လော့။ ထို​မုန့်​ကား​ရက် ပေါင်း​သုံး​ရာ့​ကိုး​ဆယ်​ပတ်​လုံး​ဝဲ​ဘက်​သို့ စောင်း​၍​အိပ်​နေ​ချိန်​၌​သင်​စား​ရန်​ဖြစ်​၏။-
EZE 4:10 သင်​သည်​တစ်​ရက်​လျှင်​မုန့်​ရှစ်​အောင်​စ​မျှ စား​နိုင်​ခွင့်​ရှိ​၏။-
EZE 4:11 ရေ​ကို​လည်း​အ​တိုင်း​အ​တာ​နှင့်​တစ်​ရက်​လျှင် နှစ်​ခွက်​သာ​သောက်​ရ​မည်။-
EZE 4:12 သင်​သည်​လူ​၏​မ​စင်​ခြောက်​ဖြင့်​မီး​မွှေး​၍ ရ​သော​မီး​ကျီး​ခဲ​ပေါ်​တွင် မုန့်​ကို​ဖုတ်​ကာ လူ​မြင်​ကွင်း​၌​စား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 4:13 ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ အမျိုး​သား​တို့​အား တစ်​ပါး​နိုင်​ငံ​များ​သို့ ပြန့်​လွင့်​စေ​သော​အ​ခါ သူ​တို့​သည်​ပ​ညတ် တ​ရား​က​တား​မြစ်​ထား​သည့် မ​သန့်​စင် သော​အ​စား​အ​စာ​များ​ကို​ဤ​သို့​စား​ရ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 4:14 သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။
EZE 4:15 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​က``လူ​၏​မ​စင် အ​စား​နွား​ချေး​ကို​သုံး​ရန်​သင့်​အား​ငါ ခွင့်​ပြု​မည်။ သင်​၏​မုန့်​ကို​နွား​ချေး​နှင့်​မွှေး သော​မီး​ဖြင့်​ဖုတ်​နိုင်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 4:16 ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရိက္ခာ​ပြတ် စေ​မည်။ ထို​မြို့​မှ​လူ​တို့​သည်​စိုး​ရိမ်​ပူ​ပန် ကြ​လျက်​မိ​မိ​တို့​၏​အ​စာ​ရေ​စာ​တို့​ကို ချိန်​တွယ်​၍​စား​သောက်​ရ​ကြ​လိမ့်​မည်။-
EZE 4:17 သူ​တို့​သည်​အ​စာ​ရေ​စာ​ပြတ်​လျက်​နေ သ​ဖြင့်​အ​ချင်း​ချင်း​တွေ့​မြင်​သော​အ​ခါ စိတ်​ပျက်​အား​လျော့​ကာ​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့်​ပိန်​ကြုံ​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
EZE 5:1 ``အ​ချင်း​လူ​သား၊ ဋ္ဌား​ထက်​ထက်​တစ်​လက် ကို​ယူ​၍​သင်​၏​မုတ်​ဆိတ်​နှင့်​ဆံ​ပင်​ကို​ရိတ် လော့။ ထို​နောက်​ယင်း​တို့​ကို​ချိန်​ခွင်​တွင်​ထည့် ၍ အ​ညီ​အ​မျှ​သုံး​စု​ခွဲ​လော့။-
EZE 5:2 တစ်​စု​ကို​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ​ထား သည့်​ကာ​လ​ကုန်​ဆုံး​ချိန်​၌​မြို့​ထဲ​မှာ​မီး​ရှို့ လော့။ အ​ခြား​တစ်​စု​ကို​ယူ​၍ မြို့​ထဲ​၌​လှည့် လည်​ကာ​ဋ္ဌား​ဖြင့်​အ​ပိုင်း​ပိုင်း​ဖြတ်​လော့။ ကျန်​တစ်​စု​ကို​လေ​ထဲ​သို့​လွှင့်​လော့။ ငါ သည်​ထို​အ​စု​ကို​လိုက်​၍​ဋ္ဌား​ဖြင့်​တိုက် ခိုက်​မည်။-
EZE 5:3 ဆံ​ပင်​အ​နည်း​ငယ်​ကို​သင်​၏​အ​ဝတ်​အ မြိတ်​နား​၌​ထုပ်​၍​သိမ်း​ဆည်း​ထား​လော့။-
EZE 5:4 ထို​နောက်​အ​နည်း​ငယ်​ကို​ယူ​၍​မီး​ရှို့​လော့။ ထို​ဆံ​ပင်​များ​မှ​မီး​သည်​ဣသ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သို့​ပျံ့​နှံ့​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
EZE 5:5 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​လော့။ ငါ​သည်​ထို​မြို့​ကို​နိုင်​ငံ အ​ပေါင်း​ခြံ​ရံ​စေ​ကာ​ကမ္ဘာ​၏​အ​လယ် ဗ​ဟို​တွင်​ထား​ရှိ​၏။-
EZE 5:6 သို့​ရာ​တွင်​ထို​မြို့​သူ​မြို့​သား​တို့​သည်​ငါ ၏​အ​မိန့်​များ​ကို​လွန်​ဆန်​လျက် အ​ခြား နိုင်​ငံ​သား​များ​ထက်​ပို​၍​ယုတ်​မာ​ကြ​ပြီ။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​တိုင်း​ပြည်​များ မှ​လူ​တို့​ထက်​ပင်​ပို​၍ ငါ​၏​ပ​ညတ်​တို့​ကို ပယ်​ကြ​လေ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​သည်​ငါ​၏​အ​မိန့်​များ​ကို​ပစ်​ပယ်​လျက် ငါ​၏​ပ​ညတ်​တော်​များ​ကို​လည်း​မ​စောင့် ထိန်း​ကြ။-
EZE 5:7 အ​ချင်း​ယေ​ရု​ရှ​လင်​မြို့၊ ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။ သင်​သည်​ပတ်​ဝန်း​ကျင်​၌​ရှိ​သည့်​လူ​မျိုး တို့​ထက်​ပင်​ပို​၍​ဒုက္ခ​ပေး​၏။ ငါ​၏​ပ​ညတ် များ​နှင့်​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ ကြ။ သင်​သည်​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့ ၏​အ​ဆင့်​ကို​ပင်​မ​မီ​ပေ။-
EZE 5:8 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား ယေ​ရု​ရှ​လင်​မြို့၊ ငါ​သည် သင့်​ရန်​သူ​ဖြစ်​၍​လူ​မျိုး​တ​ကာ​တို့​ရှေ့ တွင်​သင့်​အား​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။-
EZE 5:9 ငါ​ရွံ​မုန်း​သော​ရုပ်​တု​များ​ကြောင့်​သင့်​အား ငါ​သည်​အ​ဘယ်​အ​ခါ​က​မျှ​မ​ပေး​စ​ဖူး၊ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​လည်း​ပေး​မည် မ​ဟုတ်​သည့်​အ​ပြစ်​ဒဏ်​ကို​ပေး​မည်။-
EZE 5:10 ထို့​ကြောင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ​မိဘ​သည်​သား သ​မီး​တို့​ကို​စား​ကြ​လိမ့်​မည်။ သား​သ​မီး တို့​သည်​လည်း​မိ​ဘ​တို့​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ် သူ​တို့​ကို​လည်း ငါ​သည်​အ​ပြစ်​ဒဏ်​ခတ် လျက်​အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​စေ​မည်။''
EZE 5:11 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် မှာ``သင်​တို့​သည်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော အ​မှု​အ​ပေါင်း​ကို​ပြု​လျက် ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​သ​ဖြင့် ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ သင်​တို့​အား​သ​နား​ညှာ​တာ​မှု​မ​ရှိ​ဘဲ သုတ်​သင်​ပစ်​မည်။-
EZE 5:12 သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သော​လူ​တို့ မြို့​တွင်း​၌​အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း ဘေး​တို့​ဖြင့်​သေ​ကြ​လိမ့်​မည်။ အ​ခြား​သုံး ပုံ​တစ်​ပုံ​မှာ​မြို့​ပြင်​၌​ဋ္ဌား​ဘေး​သင့်​၍​သေ ကြ​လိမ့်​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​ကို​မူ​လေ တွင်​လွင့်​စင်​သွား​စေ​လျက်​ငါ​သည်​ဋ္ဌား​ဖြင့် လိုက်​လံ​တိုက်​ခိုက်​မည်။
EZE 5:13 ``သင်​သည်​ငါ​စိတ်​မ​ပြေ​မ​ချင်း​ငါ​၏ အ​မျက်​ဒေါ​သ​ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏ သစ္စာ​မဲ့​မှု​အ​တွက်​အ​မျက်​ထွက်​လျက် ဤ သို့​မိန့်​တော်​မူ​ကြောင်း​ကို သင်​သည်​ဤ​အ​မှု အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​သိ​ရှိ​နား​လည် လိမ့်​မည်။-
EZE 5:14 ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​၏​အ​နီး​တွင်​ဖြတ်​သန်း​သွား​လာ​ကြ သော​အ​ခါ သင်​၏​ပျက်​စီး​မှု​ကို​ကြည့်​၍ မဲ့​ရွဲ့​ပြ​ကာ​သင့်​အား​ရှောင်​၍​သွား​ကြ လိမ့်​မည်။
EZE 5:15 ``ငါ​သည်​သင့်​အား​အ​မျက်​ဒေါ​သ​ပြင်း စွာ​ထွက်​၍ နာ​ကျင်​စွာ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ ပတ်​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ​တို့ သည်​ထိတ်​လန့်​ကြ​လျက် သင့်​အား​စက်​ဆုပ် သည့်​အ​မူ​အ​ရာ​ဖြင့်​ကြည့်​၍​သ​တိ​ပေး လျက်​ပြက်​ရယ်​ပြု​ကြ​လိမ့်​မည်။-
EZE 5:16 ငါ​သည်​သင့်​အား​ရိက္ခာ​ဖြတ်​၍​ငတ်​မွတ်​စေ မည်။ သင်​သည်​မြား​ချက်​ဒဏ်​ကဲ့​သို့​ပြင်း​ပြ စွာ​ဖျက်​ဆီး​မည့်​ငတ်​မွတ်​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​လိမ့်​မည်။ ငါ​သည်​သင့်​ကို​ဖျက်​ဆီး​မည်။-
EZE 5:17 သင်​၏​သား​သ​မီး​များ​ကို​သေ​စေ​ရန်​တော​ရဲ တိ​ရစ္ဆာန်​များ​နှင့်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ကို​လည်း​ကောင်း၊ သင့်​အား​ဖျက်​ဆီး​ရန်​အ​နာ ရော​ဂါ​ဘေး၊ အ​ကြမ်း​ဖက်​မှု​နှင့်​စစ်​မက်​အန္တ ရာယ်​ကို​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ ဤ ကား​ငါ​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​ပင် တည်း'' ဟူ​၍​ဖြစ်​၏။
EZE 6:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 6:2 ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​တောင်​များ​ကို​ကြည့်​၍ သူ​တို့​အား ငါ​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို​လော့။-
EZE 6:3 ဣ​သ​ရေ​လ​တောင်​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန်​ပြော​ကြား လော့။ တောင်​ကြီး​တောင်​ငယ်​များ၊ မြစ်​များ၊ ချိုင့် ဝှမ်း​များ​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​ပြန်​ကြား​လော့။ ငါ​သည်​လူ တို့​ရုပ်​တု​များ​ကိုး​ကွယ်​ရာ​မြင့်​သော​အ​ရပ် ဌာ​န​များ​ကို​ဖျက်​ဆီး​ရန်​ဋ္ဌား​ကို​စေ​လွှတ် မည်။-
EZE 6:4 ယဇ်​ပလ္လင်​တို့​ကို​ဆွဲ​ချ​ဖျက်​ဆီး​၍​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ခွက်​တို့​ကို​ချိုး​ဖဲ့​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု များ​ရှေ့​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-
EZE 6:5 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​လောင်း​များ​ကို သူ​တို့​၏​ရုပ်​တု​များ​ရှေ့ တွင်​ကြဲ​ဖြန့်​မည်။ သူ​တို့​၏​အ​ရိုး​များ​ကို ယဇ်​ပလ္လင်​များ​ပတ်​လည်​တွင်​ကြဲ​ဖြန့်​မည်။-
EZE 6:6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြို့​အ​ပေါင်း လူ​သူ​ကင်း​မဲ့​လျက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​မြင့် သော​အ​ရပ်​များ​ကို​ဖြို​ဖျက်​သ​ဖြင့် ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​သည် ပျက်​စီး​ယို​ယွင်း၊ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ကျိုး​ပဲ့​ကြ​ကုန်​လျက် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ခွက်​တို့​သည်​လည်း​ကြေ​မွ​ကာ ထို​သူ​တို့​ပြု လုပ်​သ​မျှ​သော​အ​ရာ​တို့​သည်​ပျောက်​ပျက် ကုန်​လိမ့်​မည်။-
EZE 6:7 နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​အ​သတ်​ခံ​ရ ကြ​လိမ့်​မည်။ ဤ​သည်​ကား​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​သိ​ရ​ကြ​လိမ့်​မည်။
EZE 6:8 ``ငါ​သည်​လူ​အ​ချို့​တို့​ကို​ဋ္ဌား​ဘေး​မှ​လွတ် မြောက်​စေ​၍ အ​ပြည်​ပြည်​နိုင်​ငံ​အ​ရပ်​ရပ် သို့​ပျံ့​လွင့်​သွား​စေ​မည်။-
EZE 6:9 သူ​တို့​သည်​ထို​အ​ရပ်​များ​တွင်​ပြည်​နှင်​ဒဏ် ခံ​ရ​သူ​များ​ကဲ့​သို့​နေ​ရ​ကြ​လိမ့်​မည်။ ထို အ​ခါ​လွတ်​မြောက်​လာ​သူ​တို့​သည်​ငါ့​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​၏​သစ္စာ​မဲ့ သော​စိတ်​နှ​လုံး​ဖြင့်​ငါ့​အား​စွန့်​ပယ်​ကာ ရုပ်​တု တို့​ကို​ငါ့​ထက်​ပို​၍​မြတ်​နိုး​ကြ​သည့်​အ​တွက် ငါ​သည်​အ​ဘယ်​မျှ​ဝမ်း​နည်း​ကြောင်း​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် ယုတ်​မာ​မှု​များ​အ​တွက် မိ​မိ​တို့​ကိုယ်​ကို စက်​ဆုပ်​ရွံ​ရှာ​လာ​ကြ​လိမ့်​မည်။-
EZE 6:10 ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ငါ​ကြို​တင်​သ​တိ​ပေး​ချက်​များ​သည် အ​ချည်း​နှီး​ကြုံး​ဝါး​ချက်​များ​မ​ဟုတ် ကြောင်း​ကို​လည်း​ကောင်း သူ​တို့​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 6:11 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​တို့​ကြောင့် လက်​နှစ်​ဘက် ကို​ရိုက်​၍​ခြေ​ကို​ဆောင့်​ကာ​ဝမ်း​နည်း​ပူ​ဆွေး လျက်​ငို​ကြွေး​ကြ​လော့။ သူ​တို့​သည်​စစ်​ပွဲ​တွင် လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့်​လည်း​ကောင်း သေ​ရ​ကြ​လိမ့်​မည်။-
EZE 6:12 ရပ်​ဝေး​သို့​ရောက်​နေ​သူ​များ​သည်​ဖျား​နာ​၍ သေ​ရ​ကြ​လျက် အ​နီး​၌​ရှိ​နေ​သူ​တို့​မူ​ကား စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ မ​သေ​ဘဲ ကျန်​ရစ်​သူ​တို့​သည်​အ​စာ​ငတ်​၍​သေ​ရ ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။-
EZE 6:13 လူ​သေ​ကောင်​တို့​သည်​ရုပ်​တု​များ​အ​ကြား နှင့်​ယဇ်​ပလ္လင်​များ​ပတ်​လည်​၌​လည်း​ကောင်း၊ မြင့်​သော​တောင်​ကုန်း​များ​နှင့်​တောင်​ထိပ်​များ ၌​လည်း​ကောင်း၊ စိမ်း​လန်း​သော​သစ်​ပင်​များ​နှင့် ဝက်​သစ်​ချပင်​ကြီး​ရှိ​သ​မျှ​အောက်​၌​လည်း ကောင်း၊ ရုပ်​တု​တို့​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရာ​ဌာ​န​ရှိ​သ​မျှ​တို့​၌​လည်း​ကောင်း ပျံ့​နှံ့​၍​နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်။-
EZE 6:14 ငါ​သည်​လက်​ကို​ဆန့်​၍​သူ​တို့​၏​ပြည်​ကို ဖျက်​ဆီး​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​အ​ရပ်​မှန်​သ​မျှ​ကို​ချမ်း​သာ မ​ပေး​ဘဲ တောင်​ဘက်​တော​ကန္တာ​ရ​မှ​သည် မြောက်​ဘက်​ဒိ​ဗ​လတ်​မြို့​သို့​တိုင်​အောင်​လူ သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
EZE 7:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 7:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​အား ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား``နိုင်​ငံ​တစ်​ခု လုံး​ပျက်​သုဉ်း​ရာ​အ​ချိန်​ကျ​ပြီ။
EZE 7:3 ``အို ဣ​သ​ရေ​လ​နိုင်​ငံ၊ သင်​ပျက်​သုဉ်း​ရာ​အ​ချိန် ကျ​ပြီ။ သင်​ပြု​ခဲ့​သော​အ​မှု​များ​အ​တွက် ငါ သည်​သင့်​အား​တ​ရား​စီ​ရင်​ပြီ​ဖြစ်​၍ သင်​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။ သင် ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​အ​ပေါင်း​၏ အ​ကျိုး​ဆက်​ကို​သင့်​အား​ငါ​ပေး​ဆပ်​မည်။-
EZE 7:4 ငါ​သည်​သင့်​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်၊ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ ဟုတ်။ သင်​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး​မည်။ သို့​မှ​သာ လျှင်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 7:5 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ဘေး​ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သင့်​ထံ သို့​ရောက်​ရှိ​လာ​လိမ့်​မည်။-
EZE 7:6 သင်​ပျက်​သုဉ်း​ရာ​အ​ချိန်​ရောက်​ပြီ။ ဆုံး​ပါး ပျက်​စီး​ရာ​အ​ချိန်​ရောက်​ပြီ။ သင့်​ကို​ဆန့်​ကျင် လျက်​ရောက်​ရှိ​လာ​ပြီ။-
EZE 7:7 ပြည်​သူ​ပြည်​သား​တို့​ဆုံး​ပါး​ပျက်​စီး​ရာ အ​ချိန်​ရောက်​လာ​ပေ​တော့​အံ့။ တောင်​ပေါ်​တွင် ပွဲ​လမ်း​သ​ဘင်​များ​မ​ရှိ​တော့​ဘဲ ဗ​ရုတ်​သုတ် ခ​ဖြစ်​ရန်​အ​ချိန်​သည်​နီး​ကပ်​လာ​လေ​ပြီ။ ရောက်​လာ​တော့​မည်။
EZE 7:8 ``မ​ကြာ​မီ​ပင်​သင်​သည် ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​သင့်​အ​ပေါ်​သို့​သွန်း လောင်း​လိမ့်​မည်။ ငါ​သည်​သင်​ပြု​ခဲ့​သော​အ​မှု များ​အ​တွက် သင့်​အား​တ​ရား​စီ​ရင်​မည်။ သင် ပြု​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​၏​အ​ကျိုး ဆက်​ကို​သင့်​အား​ငါ​ပေး​အပ်​မည်။-
EZE 7:9 ငါ​သည်​သင့်​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ ဟုတ်။ သင်​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ အ​တွက်​သင့်​ကို​ဒဏ်​ပေး​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ သင့်​အား​ဒဏ်​ပေး​သူ​သည်​ငါ​ပင်​ဖြစ် ကြောင်း​ကို​လည်း​ကောင်း​သင်​သိ​လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။
EZE 7:10 ဘေး​ဒုက္ခ​ရောက်​ရာ​ကာ​လ​သည်​ချဉ်း​ကပ်​လာ လေ​ပြီ။ အ​ကြမ်း​ဖက်​မှု​သည်​ရှင်​သန်​ကြီး​ထွား လျက်​ရှိ​၏။ မာန်​မာ​န​ထောင်​လွှား​မှု​အ​ကြီး မား​ဆုံး​အ​ချိန်​ပင်​ဖြစ်​၏။-
EZE 7:11 အ​ကြမ်း​ဖက်​မှု​သည်​ယုတ်​မာ​မှု​ကို​တိုး​ပွား စေ​လိမ့်​မည်။ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ သူ​တို့​၏​စီး​ပွား​ချမ်း​သာ​ဂုဏ် အ​သ​ရေ​တို့​သည်​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။
EZE 7:12 အ​ချိန်​ကျ​ပြီ။ ရောင်း​ဝယ်​ဖောက်​ကား​မှု​များ ပြု​လုပ်​၍​မ​ဖြစ်​သည့်​နေ့​ရက်​ကာ​လ​နီး​ကပ် လာ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည်​လူ​တိုင်း​အ​ပေါ် သို့​သက်​ရောက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
EZE 7:13 ကုန်​သွယ်​သူ​သည်​မိ​မိ​ရောင်း​လိုက်​သည့်​မြေ​ယာ ကို​ပြန်​လည်​ရ​ရှိ​ရန် အ​သက်​ရှည်​နိုင်​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​နှင့် ဆိုင်​သော​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို ပြန်​လည်​ပြင်​ဆင်​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ သူ​တို့​အ​ပြစ်​ကြောင့်​ဆိုး​ညစ်​သူ​တို့​သည် မ​သေ​ဘဲ​ကျန်​ရစ်​နိုင်​ကြ​မည်​မ​ဟုတ်။-
EZE 7:14 တိုက်​ပွဲ​စ​ရန်​တံ​ပိုး​မှုတ်​ပြီ​ဖြစ်​၍​လူ​အ​ပေါင်း တို့​သည်​အ​သင့်​ပြင်​ကြ​၏။ သို့​ရာ​တွင်​တစ်​ဦး တစ်​ယောက်​မျှ​စစ်​ပွဲ​ထဲ​သို့​မ​ဝင်​ရောက်။ အ​ဘယ် ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော် သည် လူ​တိုင်း​အ​ပေါ်​သို့​သက်​ရောက်​မည်​ဖြစ် သော​ကြောင့်​တည်း။
EZE 7:15 လမ်း​များ​ပေါ်​မှာ​တိုက်​ခိုက်​မှု​များ​ရှိ​၏။ အိမ် များ​၌​အ​နာ​ရော​ဂါ​နှင့်​ငတ်​မွတ်​ခြင်း​ရှိ​၏။ ကျေး​တော​တွင်​ရှိ​နေ​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​ရ​လျက်​မြို့​တွင်း​ရှိ​နေ​သူ​တို့​မူ​ကား အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း​ဘေး​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။-
EZE 7:16 ကျန်​ရစ်​သော​သူ​တို့​သည်​ချိုး​ငှက်​ကဲ့​သို့​ညည်း ညူ​လျက်​ချိုင့်​ဝှမ်း​များ​ထဲ​မှ​နေ​၍ တောင်​ပေါ် သို့​ထွက်​ပြေး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​ငို ကြွေး​ရ​လိမ့်​မည်။-
EZE 7:17 လူ​အ​ပေါင်း​တို့​၏​လက်​များ​သည်​အား​လျော့ လျက် သူ​တို့​၏​ဒူး​များ​သည်​တုန်​၍​နေ​လိမ့်​မည်။-
EZE 7:18 သူ​တို့​သည်​လျှော်​တေ​အဝတ်​ကို​ဝတ်​၍ တစ် ကိုယ်​လုံး​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ဦး ဆံ​ပယ်​၍​ရှက်​ကြောက်​နေ​သော​မျက်​နှာ​များ တွေ့​ရ​ကြ​လိမ့်​မည်။-
EZE 7:19 သူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ၊ ငွေ​များ​ကို​အ​မှိုက် သ​ရိုက်​သ​ဖွယ် လမ်း​များ​ပေါ်​သို့​လွှင့်​ပစ်​လိုက် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​အ​မျက်​ထွက်​တော်​မူ​ရာ​ကာ​လ​၌ သူ​တို့​၏ ရွှေ၊ ငွေ၊ များ​သည်​သူ​တို့​အား​မ​ကယ် နိုင်​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​မိ​မိ​တို့ အ​ဆာ​ပြေ​စေ​ရန်​အ​တွက်​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ဝမ်း​ကို​ဖြည့်​တင်း​မှု​အ​တွက်​သော် လည်း​ကောင်း ရွှေ၊ ငွေ၊ များ​ကို​အ​သုံး​မ​ပြု နိုင်​ကြ။ ရွှေ​ငွေ​တို့​သည်​သူ​တို့​အား​အ​ပြစ် ဒု​စ​ရိုက်​ကို​ပြု​စေ​၏။-
EZE 7:20 အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​လှ​ပ​သော​ကျောက်​မျက်​ရ​တ​နာ​များ အ​တွက် ဝါ​ကြွား​ဂုဏ်​ယူ​ခဲ့​ကြ​သော်​လည်း ယင်း​တို့​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု များ​ပြု​လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ထို​ရ​တ​နာ​များ​သည်​သူ​တို့​အ​တွက်​မ​သန့် ရှင်း​သော​အ​ရာ​များ​ဖြစ်​စေ​တော်​မူ​၏။
EZE 7:21 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​ကို​တိုက်​ခိုက်​လု ယူ​ကြ​စေ​ရန် လူ​မျိုး​ခြား​တို့​အား​ငါ​အ​ခွင့် ပေး​မည်။ တ​ရား​ဥ​ပ​ဒေ​ချိုး​ဖောက်​သူ​တို့ သည်​သူ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​ယူ​၍ ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။-
EZE 7:22 ဋ္ဌား​ပြ​များ​သည်​ငါ​၏​ဗိ​မာန်​တော်​သို့ အ​တင်း​ဝင်​ရောက်​ကာ​ညစ်​ညမ်း​စေ​သော အ​ခါ​ငါ​သည်​မျက်​ကွယ်​ပြု​မည်။''
EZE 7:23 ``ပြည်​တွင်း​၌​လူ​သတ်​မှု​များ​ဖြင့်​လည်း ကောင်း၊ မြို့​များ​၌​အ​ကြမ်း​ဖက်​မှု​များ​ဖြင့် လည်း​ကောင်း​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် နေ​ရာ တ​ကာ​တွင်​ဗ​ရုတ်​သုတ်​ခ​ဖြစ်​၍​နေ​၏။-
EZE 7:24 ငါ​သည်​အ​ဆိုး​ညစ်​ဆုံး​သော​လူ​မျိုး​တို့​အား ဤ​အ​ရပ်​သို့​ခေါ်​ဆောင်​၍ သင်​တို့​၏​နေ​အိမ် များ​ကို​သိမ်း​ယူ​စေ​မည်။ ထို​သူ​တို့​အား​သင် တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ညစ် ညမ်း​စေ​ရန် ငါ​အ​ခွင့်​ပေး​သော​အ​ခါ​ခွန် အား​ကြီး​သူ​တို့​သည်​အား​လျော့​စိတ်​ပျက် ကြ​လိမ့်​မည်။-
EZE 7:25 သင်​တို့​ကြောက်​မက်​ဖွယ်​ရာ​အ​ချိန်​ကျ​ရောက် လာ​ပြီ။ သင်​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု ကို​ရှာ​သော်​လည်း​တွေ့​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-
EZE 7:26 ဘေး​ဒုက္ခ​တို့​သည်​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက် လာ​လျက် သင်​တို့​သည်​သ​တင်း​ဆိုး​များ​ကို အ​ဆက်​မ​ပြတ်​ကြား​ရ​ကြ​လိမ့်​မည်။ သင်​တို့ သည်​ပ​ရော​ဖက်​တို့​အား​သူ​တို့​တွေ့​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​ဖော်​ပြ​ရန် တောင်း​ပန်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ တို့​မှာ​လည်း လူ​တို့​အား​ဟော​ပြော​သွန်​သင် ရန်​အ​ဘယ်​အ​ရာ​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ အ​သက်​ကြီး​သူ​တို့​သည်​လည်း​အ​ဘယ်​သို့ မျှ​အ​ကြံ​ဉာဏ်​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-
EZE 7:27 မင်း​ကြီး​သည်​ညည်း​တွား​မြည်​တမ်း​လျက်​နေ လိမ့်​မည်။ မင်း​သား​သည်​လည်း​မျှော်​လင့်​ရာ​မဲ့ ဖြစ်​၍​နေ​လိမ့်​မည်။ ပြည်​သူ​တို့​ကား​ကြောက် လန့်​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သ​မျှ​သော​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ပေး​မည်။ သင်​တို့​သူ တစ်​ပါး​အား​တ​ရား​စီ​ရင်​ခဲ့​ကြ​သည်​နည်း တူ သင်​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 8:1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​ခြောက်​နှစ်​မြောက်၊ ဆ​ဋ္ဌ​မ​လ၊ ပဉ္စ​မ​နေ့​၌​ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည်​ငါ​၏​အိမ်​တွင်​ထိုင်​၍​ငါ​နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​စဉ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရုတ်​တ​ရက်​ငါ​၏​အ​ပေါ်​သို့​ကျ​ရောက်​လာ​၏။-
EZE 8:2 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မီး​လျှံ​တောက်​နေ​သော​လူ​ပုံ​သဏ္ဌာန်​တစ်​ခု​ကို​မြင်​ရ​၏။ သူ​၏​ခါး​မှ​ခြေ​ဖျား​အ​ထိ​အောက်​ပိုင်း​တစ်​ခု​လုံး​သည်​မီး​နှင့်​တူ​၍ အ​ထက်​ပိုင်း​တစ်​ခု​လုံး​မှာ​တိုက်​ချွတ်​ထား​သည့်​ကြေး​ဝါ​သ​ဖွယ်​တောက်​ပ​လျက်​နေ​၏။-
EZE 8:3 သူ​သည်​လက်​နှင့်​တူ​သော​အ​ရာ​ကို​ဆန့်​၍​ငါ​၏​ဦး​ဆံ​ကို​ဆွဲ​ကိုင်​လိုက်​၏။ ထို​နောက်​ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​လေ​ထဲ​သို့​ချီ​ပင့်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မြောက်​မျက်​နှာ​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နေ​ရာ​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​တစ်​ခု​ရှိ​သ​တည်း။
EZE 8:4 ငါ​သည်​ခေ​ဗာ​မြစ်​အ​နီး​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​သည်​နည်း​တူ ဤ​အ​ရပ်​တွင်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​၏။-
EZE 8:5 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ မြောက်​ဘက်​သို့​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ကြည့်​လိုက်​သော​အ​ခါ တံ​ခါး​ဝ​အ​နီး​ယဇ်​ပလ္လင်​ဘေး​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​ကို​ငါ​မြင်​ရ​၏။
EZE 8:6 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ထို​သူ​တို့​ပြု​နေ​သည့်​အ​မှု​ကို​သင်​မြင်​သ​လော။ ဤ​အ​ရပ်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​နေ​ကြ​သည့်​စက်​ဆုပ်​ဖွယ်​ရာ​များ​ကို​ကြည့်​လော့။ သူ​တို့​သည်​ငါ့​အား​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့်​ဝေး​သည်​ထက်​ဝေး​အောင်​နှင်​ထုတ်​လျက်​နေ​ကြ​၏။ သင်​သည်​ထို​အ​ရာ​တို့​ထက်​ပို​၍​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ရာ​တို့​ကို​မြင်​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
EZE 8:7 ကိုယ်​တော်​သည်​ငါ့​အား​အ​ပြင်​တံ​တိုင်း​အ​ဝင်​ဝ​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တံ​တိုင်း​တွင်​ရှိ​သော​အ​ပေါက်​တစ်​ခု​ကို​ပြ​တော်​မူ​၏။-
EZE 8:8 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တံ​တိုင်း​ကို​ဤ​နေ​ရာ​မှ​တူး​ဖောက်​လိုက်​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​တူး​ဖောက်​လိုက်​သော​အ​ခါ​တံ​ခါး​တစ်​ခု​ကို​မြင်​ရ​၏။-
EZE 8:9 ကိုယ်​တော်​သည်​ငါ့​အား``အ​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​ပြု​နေ​ကြ​သည့်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော​အ​မှု​တို့​ကို​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​လျှင်၊-
EZE 8:10 ငါ​သည်​အ​ထဲ​သို့​ဝင်​၍​ကြည့်​၏။ တံ​တိုင်း​နံ​ရံ​များ​တွင်​တွား​သွား​သော​သတ္တ​ဝါ​ရုပ်​များ၊ အ​ခြား​မ​သန့်​စင်​သည့်​တိ​ရစ္ဆာန်​ရုပ်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​ခြား​ရုပ်​တု​ပုံ​များ​ကို​ရေး​ဆွဲ​ထား​၏။-
EZE 8:11 ထို​အ​ရပ်​တွင်​ရှာ​ဖန်​၏​သား​ယာ​ဇ​ညာ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ရှိ​၏။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​လင်​ပန်း​တစ်​ချပ်​စီ​ကိုင်​ထား​ကြ​၏။ နံ့​သာ​ပေါင်း​မှ​မီး​ခိုး​တို့​သည်​လည်း​အ​ထက်​သို့​တက်​၍​နေ​၏။-
EZE 8:12 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​လျှို့​ဝှက်​စွာ​ပြု​လျက်​နေ​ကြ​သော​အ​မှု​ကို​သင်​မြင်​သ​လော။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ရုပ်​တု​များ​ရှိ​သော​အ​ခန်း​ထဲ​၌​ကိုး​ကွယ်​ဝတ်​ပြု​နေ​ကြ​၏။ သူ​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​မ​မြင်။ ကိုယ်​တော်​သည်​ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ' ဟု​ဆင်​ခြေ​ပေး​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 8:13 ထို​နောက်​ထာ​ဝရ​ဘု​ရား​က``သူ​တို့​သည်​ဤ​ထက်​ပို​မို​စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ပြု​ကြ​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊-
EZE 8:14 ငါ့​အား​ဗိ​မာန်​တော်​မြောက်​တံ​ခါး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နောက်​တမ္မုဇ​နတ်​ဘု​ရား​ကွယ်​လွန်​သ​ဖြင့် ငို​ကြွေး​နေ​ကြ​သော​အ​မျိုး​သ​မီး​တို့​ကို​ပြ​တော်​မူ​၏။
EZE 8:15 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​လော။ ထို​ထက်​ပင်​ပို​၍​စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​သင်​မြင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
EZE 8:16 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား ဗိ​မာန်​တော်​အ​တွင်း​တံ​တိုင်း​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ​အ​နီး​ယဇ်​ပလ္လင်​နှင့်​ဆင်​ဝင်​စပ်​ကြား​၌ လူ​နှစ်​ဆယ့်​ငါး​ယောက်​ခန့်​ရှိ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ကျော​ခိုင်း​လျက်​အ​ရှေ့​ဘက်​သို့​မျက်​နှာ​မူ​လျက် ထွက်​ပြူ​လာ​သော​နေ​မင်း​အား​ရှိ​ခိုး​နေ​ကြ​၏။
EZE 8:17 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ ထို​အ​ချင်း​အ​ရာ​ကို​သင်​မြင်​သ​လော။ ဤ​ယု​ဒ​အမျိုး​သား​တို့​သည်​သင်​မြင်​ခဲ့​ရ​သ​မျှ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကို​ပြု​ရ​သည်​မှာ​အ​သေး​အ​ဖွဲ​သာ​ဖြစ်​၍ သူ​တို့​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​အ​ကြမ်း​ဖက်​မှု​များ​ဖြင့်​ပြည့်​နှက်​စေ​လေ​ပြီ။ ထို​မျှ​မ​က​ဗိ​မာန်​တော်​သို့​လာ​ရောက်​၍​ဤ​အ​မှု​များ​ကို​ပြု​ရ​ခြင်း​အား​ဖြင့် သူ​တို့​သည်​ငါ့​အား​ပို​၍​ပင်​အ​မျက်​ထွက်​စေ​၏။-
EZE 8:18 သူ​တို့​သည်​သစ်​ခက်​ကို​နှာ​ခေါင်း​တွင်​ကပ်​လျက် ငါ့​အား​စော်​ကား​ကြ​ပုံ​ကို​ကြည့်​လော့။ ငါ​၏​အ​မျက်​ဒဏ်​ကို​သူ​တို့​သည်​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ့​ထံ​သို့​အ​စွမ်း​ကုန်​အော်​ဟစ်​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​မည်​ဖြစ်​သော်​လည်း ငါ​သည်​နား​ညောင်း​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
EZE 9:1 ထို​နောက်​ဘု​ရား​သ​ခင်​က``ယေ​ရု​ရှ​လင်​မြို့ ကို​စောင့်​နေ​သူ​တို့​လာ​ကြ​လော့။ သင်​တို့​နှင့် အ​တူ​လက်​နက်​များ​ကို​လည်း​ယူ​ခဲ့​ကြ လော့'' ဟု​ကျယ်​သော​အ​သံ​နှင့် မိန့်​တော်​မူ သည်​ကို​ငါ​ကြား​ရ​၏။-
EZE 9:2 ထို​အ​ခါ​ချက်​ချင်း​ပင်​လက်​နက်​တစ်​ခု စီ​ကိုင်​ဆောင်​ထား​သော​လူ​ခြောက်​ယောက်​တို့ သည် ဗိ​မာန်​တော်​မြောက်​ဘက်​အ​ပြင်​တံ​ခါး မှ​ထွက်​၍​လာ​ကြ​၏။ သူ​တို့​နှင့်​အ​တူ​ပိတ် ချော​ထည်​ကို​ဝတ်​ဆင်​ကာ စာ​ရေး​ကိ​ရိ​ယာ ကို​ယူ​ဆောင်​လာ​သူ​လူ​တစ်​ဦး​လည်း​ပါ​၏။ သူ​တို့​အား​လုံး​ပင်​ကြေး​ဝါ​ယဇ်​ပလ္လင် အ​နီး​သို့​လာ​၍​ရပ်​ကြ​၏။
EZE 9:3 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကိုး ကွယ်​သော​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​သည် ကျိန်း​ဝပ်​တော်​မူ ရာ​ခေ​ရု​ဗိမ်​များ​မှ​လျှံ​တက်​လျက်​ဗိ​မာန် တော်​အဝင်​ဝ​သို့​ရွေ့​လျား​သွား​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​ပိတ်​ချော​ထည်​ကို​ဝတ် ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင် လာ​သူ​အား​ခေါ်​တော်​မူ​၍၊-
EZE 9:4 ``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။
EZE 9:5 ထို​နောက်​ဘု​ရား​သ​ခင်​က​အ​ခြား​သူ​တို့ အား``ထို​သူ​၏​နောက်​သို့​လိုက်​၍​မြို့​တွင်း တစ်​လျှောက်​တွင်​သတ်​ဖြတ်​ကြ​လော့။ မည်​သူ့ ကို​မျှ​ချမ်း​သာ​မ​ပေး​နှင့်။ မည်​သူ့​ကို​မျှ မ​သ​နား​မ​ညှာ​တာ​နှင့်။-
EZE 9:6 အ​သက်​ကြီး​သူ​များ၊ ပျို​ရွယ်​သူ​ယောကျာ်း မိန်း​မ​များ၊ က​လေး​အ​မေ​များ​နှင့်​က​လေး များ​ကို​သတ်​ကြ​လော့။ သို့​ရာ​တွင်​န​ဖူး တွင်​အ​မှတ်​သ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​ထိ​နှင့်။ ငါ​၏​ဗိ​မာန်​တော်​မှ​အ​စ ပြု​၍​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော်​မူ​သည် ကို​ငါ​ကြား​ရ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် ဗိ​မာန်​တော်​တွင်​ရပ်​လျက်​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​သက်​ကြီး​သူ​များ​ကို​ဦး စွာ​သတ်​ကြ​၏။
EZE 9:7 ဘု​ရား​သ​ခင်​က``ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​လော့။ တံ​တိုင်း​များ​ကို​လူ​သေ​ကောင် များ​ဖြင့်​ပြည့်​စေ​ကြ​လော့။ အ​လုပ်​စ​၍ လုပ်​ကြ​လော့။'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍ ထို​သူ​ခြောက်​ယောက်​တို့​သည်​မြို့​တွင်း​ရှိ လူ​တို့​ကို​စ​တင်​သတ်​ဖြတ်​ကြ​၏။
EZE 9:8 ယင်း​သို့​ထို​သူ​တို့​သတ်​ဖြတ်​နေ​ကြ​ချိန် ၌​ငါ​သည်​တစ်​ယောက်​တည်း​ကျန်​ခဲ့​၏။ ငါ သည်​မြေ​ပေါ်​သို့​လှဲ​ချ​ပျပ်​ဝပ်​ကာ``အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ကျန်​ရှိ​သ​မျှ​သော​လူ​တို့​ကို​သတ် ဖြတ်​စေ​သည့်​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​တော်​မူ​ပါ​သ​လော'' ဟု​ဟစ် အော်​လျှောက်​ထား​၏။
EZE 9:9 ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည် သူ​ပြည်​သား​တို့​၏​အ​ပြစ်​များ​သည်​အ​ကယ် ပင်​ကြီး​လေး​၏။ သူ​တို့​သည်​ပြည်​တွင်း​နေ​ရာ တ​ကာ​တွင်​လူ​သတ်​မှု​များ၊ ပြစ်​မှု​များ​ဖြင့် ပြည့်​နှက်​စေ​ကြ​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​မြင်​တော်​မ​မူ' ဟု ဆို​ကြ​၏။-
EZE 9:10 သို့​ရာ​တွင်​ငါ​သည်​သူ​တို့​ကို​သ​နား​မည် မ​ဟုတ်။ ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ ထို​သူ တို့​သူ​တစ်​ပါး​အား​ပြု​ကြ​သည်​အ​တိုင်း သူ​တို့​အား​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 9:11 ထို​နောက်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင်​လာ​သူ​က``အ ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ'' ဟု ထာ​ဝ​ရ ဘု​ရား​အား​လာ​ရောက်​အ​စီ​ရင်​ခံ​လေ သည်။
EZE 10:1 ငါ​သည်​အ​သက်​ရှင်​သော​သတ္တ​ဝါ တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​ကို​ကြည့် လိုက်​ရာ နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​သော​အ​ရာ​ကို​မြင်​ရ​၏။-
EZE 10:2 ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-
EZE 10:3 သူ​ဝင်​လာ​သော​အ​ခါ​သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​၏​တောင်​ဘက်​တွင်​ရပ်​နေ​ကြ​၏။ ဗိမာန် တော်​အ​တွင်း​တံ​တိုင်း​သည်​လည်း​မိုး​တိမ် ဖြင့်​ပြည့်​၏။-
EZE 10:4 ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​အ​သ​ရေ တော်​သည် ထို​သတ္တ​ဝါ​များ​မှ​အ​ထက်​သို့​လျှံ တက်​ပြီး​လျှင် ဗိ​မာန်​တော်​အ​ဝင်​ဝ​သို့​ရွေ့ လျား​၏။ ထို​နောက်​ဗိ​မာန်​တော်​သည်​မိုး​တိမ် များ​ဖြင့်​ပြည့်​သ​ဖြင့် တံ​တိုင်း​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ထွန်း​တောက် လျက်​နေ​၏။-
EZE 10:5 သတ္တ​ဝါ​တို့​၏​တောင်​ပံ​ခတ်​သံ​ကို​အ​ပြင် တံ​တိုင်း​မှ​ပင်​ကြား​ရ​၏။ ထို​အ​သံ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​မိန့်​မြွက် တော်​မူ​သော​အ​သံ​နှင့်​တူ​၏။
EZE 10:6 ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​သူ​အား ထာ ဝ​ရ​ဘု​ရား​က​သတ္တ​ဝါ​များ​၏​အောက်​၌ ရှိ​သော​ရ​ထား​ဘီး​များ​အ​ကြား​မှ မီး​ကျီး ခဲ​အ​ချို့​ကို​ယူ​ရန်​အ​မိန့်​ပေး​တော်​မူ​သော အ​ခါ​ထို​သူ​သည်​ဝင်​၍​ဘီး​တစ်​ခု​အ​နီး ၌​ရပ်​လေ​၏။-
EZE 10:7 သတ္တ​ဝါ​တစ်​ပါး​သည်​လက်​ကို​ဆန့်​၍​သတ္တ ဝါ​များ​အ​ကြား​၌​ရှိ​သည့်​မီး​ကျီး​ခဲ​ကို ကောက်​ယူ​ကာ ပိတ်​ချော​ထည်​ဝတ်​ဆင်​သူ ၏​လက်​ခုပ်​ထဲ​သို့​ထည့်​၍​ပေး​၏။ ထို​သူ သည်​လည်း​မီး​ကျီး​ခဲ​များ​ကို​ယူ​၍ ထွက်​သွား​၏။
EZE 10:8 သတ္တ​ဝါ​တိုင်း​၏​တောင်​ပံ​များ​အောက်​၌ လူ လက်​နှင့်​တူ​သော​လက်​တစ်​ခု​စီ​ရှိ​သည်​ကို လည်း​ကောင်း၊-
EZE 10:9 ထို​သတ္တ​ဝါ​တို့​၏​နံ​ဘေး​၌​ရ​ထား​ဘီး​တစ် ခု​စီ​ရှိ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို ဘီး​တို့​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကဲ့ သို့​အ​ရောင်​အ​ဝါ​ထွက်​လျက်​နေ​၏။ ယင်း​တို့ သည်​ပုံ​သဏ္ဌာန်​အ​ရွယ်​အ​စား​ချင်း​တူ​ညီ ကြ​လျက် ဘီး​တိုင်း​တွင်​အ​ခြား​ဘီး​တစ်​ခု က​ကန့်​လန့်​ဖြတ်​ထောင့်​မှန်​ကျ​ကျ​တပ်​ဆင် ထား​၏။-
EZE 10:11 ထို​ဘီး​တို့​လှုပ်​ရှား​ရာ​၌​ဘီး​တို့​သည်​မ​လှည့် ဘဲ သတ္တ​ဝါ​များ​သွား​သည့်​အ​တိုင်း​သူ​တို့ မျက်​နှာ​မူ​ရာ​အ​ရပ်၊ မည်​သည့်​အ​ရပ်​သို့ မ​ဆို​သွား​လာ​နိုင်​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​လှည့်​နေ​ရန်​မ​လို​ဘဲ အား​လုံး တ​ညီ​တ​ညာ​တည်း​မိ​မိ​တို့​သွား​လို​ရာ ဘက်​သို့​သွား​နိုင်​ကြ​၏။-
EZE 10:12 သူ​တို့​ကိုယ်​ခန္ဓာ​များ၊ ကျော​ကုန်း​များ၊ လက် များ၊ တောင်​ပံ​များ​နှင့်​ဘီး​များ​သည်​မျက်​စိ များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။-
EZE 10:13 ထို​ဘီး​တို့​ကို``စ​ကြာ​ဘီး​များ'' ဟု​ခေါ်​ဆို သည်​ကို​ငါ​ကြား​ရ​၏။
EZE 10:14 ထို​သတ္တ​ဝါ​တစ်​ပါး​လျှင်​မျက်​နှာ​လေး​ခု​ရှိ​၍ ပ​ထ​မ​မျက်​နှာ​သည်​ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ မှာ​လူ​မျက်​နှာ၊ တ​တိ​ယ​ကား​ခြင်္သေ့​မျက်​နှာ၊ စ​တုတ္ထ​မှာ​လင်း​ယုန်​မျက်​နှာ​ဖြစ်​၏။-
EZE 10:15 သူ​တို့​သည်​လေ​ထဲ​သို့​ပျံ​တတ်​ကြ​၏။ (ထို သတ္တဝါ​တို့​ကား​ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ တွေ့​မြင်​ခဲ့​ရ​သော​သတ္တဝါ​များ​ပင်​ဖြစ်​၏။-)
EZE 10:16 သတ္တ​ဝါ​တို့​လှုပ်​ရှား​သော​အ​ခါ​သူ​တို့​အ​နီး ရှိ​ဘီး​တို့​သည်​လည်း​လှုပ်​ရှား​ကြ​၏။ သူ​တို့ ပျံ​ရန်​အ​တောင်​ကို​ဖြန့်​ကြ​သော​အ​ခါ ဘီး တို့​သည်​လည်း​လိုက်​၍​သွား​ကြ​၏။-
EZE 10:17 ထို​သတ္တ​ဝါ​တို့​ရပ်​ကြ​သော​အ​ခါ​ဘီး​တို့ သည်​လည်း​ရပ်​၏။ သတ္တ​ဝါ​တို့​ပျံ​သန်း​ကြ သော​အ​ခါ​ဘီး​တို့​သည်​လည်း​လိုက်​၍​သွား ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သတ္တ​ဝါ များ​၏​ဝိ​ညာဉ်​က​ဘီး​တို့​ကို​ချုပ်​ကိုင်​၍ ထား​သော​ကြောင့်​ဖြစ်​၏။
EZE 10:18 ထို​နောက်​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည် ဗိ​မာန်​တော်​အ​ဝင်​ဝ​မှ ထွက်​ခွာ​၍​သတ္တ​ဝါ​တို့​၏​အ​ထက်​သို့​ရွေ့ လျား​သွား​တော်​မူ​၏။-
EZE 10:19 သူ​တို့​သည်​မိ​မိ​တို့​တောင်​ပံ​များ​ကို​ဖြန့်​၍ ငါ​၏​မျက်​မှောက်​၌​ပင်​ကမ္ဘာ​မြေ​ကြီး​မှ​အ​ထက် သို့​ပျံ​တက်​ကြ​၏။ ထို​အ​ခါ​ဘီး​တို့​သည်​လည်း လိုက်​ပါ​သွား​ကြ​၏။ သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​အ​ရှေ့​တံ​ခါး​တွင်​ရပ်​နား​ကြ​၏။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် လည်း​သူ​တို့​အ​ပေါ်​၌​တည်​လေ​၏။-
EZE 10:20 ဤ​သတ္တ​ဝါ​တို့​သည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အောက်​တွင် ငါ​မြင်​ခဲ့​ရ​သော သတ္တ​ဝါ​များ​ပင်​ဖြစ်​ကြောင်း​ငါ​သိ​၏။
EZE 10:21 သူ​တို့​တစ်​ပါး​စီ​တွင်​မျက်​နှာ​လေး​ခု၊ တောင်​ပံ လေး​ဘက်​နှင့်​ထို​တောင်​ပံ​များ​၏​အောက်​တွင် လူ့​လက်​နှင့်​တူ​သော​လက်​တစ်​ဖက်​စီ​ရှိ​၏။-
EZE 10:22 သူ​တို့​၏​မျက်​နှာ​များ​သည်​ခေ​ဗာ​မြစ်​အ​နီး တွင် ငါ​တွေ့​မြင်​ခဲ့​ရ​သော​မျက်​နှာ​များ​နှင့် တ​ထေ​ရာ​တည်း​ဖြစ်​၍​နေ​၏။ ထို​သတ္တ​ဝါ အား​လုံး​ပင်​ရှေ့​သို့​တည့်​တည့်​ရွေ့​လျား သွား​တတ်​ကြ​၏။
EZE 11:1 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ပင့်​၍ ဗိ​မာန်​တော်​အ​ရှေ့​တံ​ခါး​သို့​ခေါ် ဆောင်​သွား​တော်​မူ​၏။ တံ​ခါး​အ​နီး​၌​နိုင်​ငံ့ ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော အ​ဇု​ရ​၏​သား ယာ​ဇ​ညာ​နှင့်​ဗေ​နာ​ယ​၏​သား​ပေ​လ​တိ အ​ပါ​အ​ဝင်​လူ​ပေါင်း​နှစ်​ဆယ့်​ငါး​ယောက် ကို​ငါ​မြင်​ရ​၏။
EZE 11:2 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဤ​မြို့​၌​မ​ကောင်း​သော​အ​ကြံ​ကို​ပေး​ကြ သူ​လူ​ယုတ်​မာ​များ​ကား​ဤ​သူ​တို့​ပင် ဖြစ်​၏။-
EZE 11:3 သူ​တို့​က`ငါ​တို့​သည်​အိမ်​များ​ကို​မ​ကြာ​မီ တစ်​ဖန်​ဆောက်​လုပ်​ကြ​မည်။ ဤ​မြို့​သည်​အိုး ကင်း​နှင့်​တူ​၍ ငါ​တို့​ကား​အိုး​ကင်း​ထဲ​မှ အ​မဲ​သား​နှင့်​တူ​ကြ​၏' ဟု​ဆို​ကြ​၏။-
EZE 11:4 သို့​ဖြစ်​၍​အ​ချင်း​လူ​သား​သူ​တို့​အား​ရှုတ် ချ​၍​ပ​ရော​ဖက်​ပြု​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။
EZE 11:5 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​၏။ ထာ​ဝရ ဘု​ရား​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​များ နှင့်​သင်​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ငါ သိ​၏။-
EZE 11:6 သင်​တို့​သတ်​ဖြတ်​သော​သူ​တို့​သည်​လွန်​စွာ များ​ပြား​လှ​သ​ဖြင့် လမ်း​များ​သည်​လူ​သေ ကောင်​တို့​ဖြင့်​ပြည့်​နှက်​နေ​လေ​ပြီ။
EZE 11:7 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``ဤ​မြို့​သည်​အ​မှန်​ပင်​အိုး​ကင်း နှင့်​တူ​လိမ့်​မည်။ သို့​ရာ​တွင်​အ​မဲ​သား​က အ​ဘယ်​အ​ရာ​ဖြစ်​သ​နည်း။ သင်​တို့​လက် ဖြင့်​သေ​ရ​သည့်​အ​လောင်း​များ​ပင်​ဖြစ်​ပါ သည်​တ​ကား။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့ အား​မြို့​ပြင်​သို့​ပစ်​ထုတ်​လိုက်​မည်။-
EZE 11:8 သင်​တို့​သည်​ဋ္ဌား​ကို​ကြောက်​ကြ​သ​လော။ သင် တို့​အား​ဋ္ဌား​ဖြင့်​ခုတ်​ဖြတ်​မည့်​သူ​တို့​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​၏။-
EZE 11:9 သင်​တို့​အား​မြို့​ပြင်​သို့​ထုတ်​၍​တစ်​ကျွန်း တစ်​နိုင်​ငံ​သား​တို့​၏​လက်​သို့​ပေး​အပ်​မည်။ ငါ​သည်​သင်​တို့​အား​ပြစ်​ဒဏ်​စီ​ရင်​ပြီ။-
EZE 11:10 သင်​တို့​သည်​မိ​မိ​တို့​ပြည်​နယ်​စပ်​၌​သင်​တို့ ကို​တ​ရား​စီ​ရင်​သ​ဖြင့် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-
EZE 11:11 အိုး​ကင်း​သည်​အ​မဲ​သား​ကို​ကာ​ကွယ်​သ​ကဲ့ သို့ ဤ​မြို့​သည်​သင်​တို့​အား​အ​ကာ​အ​ကွယ် ပေး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဣ​သ​ရေ​လ ပြည်​နယ်​စပ်​တွင် ငါ​သည်​သင်​တို့​ကို​အ​ပြစ် ဒဏ်​ခတ်​မည်။-
EZE 11:12 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​၏​တ​ရား ဥ​ပ​ဒေ​ကို​လိုက်​နာ​၍​ငါ​၏​ပညတ်​များ၊ အ​မိန့် များ​ကို​ချိုး​ဖောက်​ကြောင်း​ကို​လည်း​ကောင်း သင် တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​ငါ့​အား​မိန့်​တော် မူ​၏။
EZE 11:13 ငါ​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​နေ​စဉ် ဗေ​နာ​ယ​၏​သား​ပေ​လ​တိ​သည်​လဲ​၍​သေ လေ​၏။ ထို​အ​ခါ​ငါ​သည်​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​လိုက်​ပြီး​လျှင်``အို အ​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျန်​ရှိ​နေ​သေး သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​မှန်​သ​မျှ တို့​အား​သုတ်​သင်​ပစ်​တော်​မူ​မည်​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​၏။
EZE 11:14 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့ သည်​သင်​နှင့်​သင်​၏​ညီ​အစ်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​အ​ကြောင်း​ကို​ပြော​ဆို​နေ ကြ​၏။ သူ​တို့​က`ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​သွေး​တော်​စပ်​သူ​ညီ​အစ်​ကို နှင့်​ထံ​တော်​မှ ရပ်​ဝေး​သို့​ရောက်​ရှိ​နေ​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဤ​ပြည်​ကို​ငါ​တို့ အား​ပေး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။''
EZE 11:16 ထို့​ကြောင့်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``သူ​တို့​အား​ရပ်​ဝေး​ရှိ​လူ​မျိုး​ခြား နှင့်​အ​တူ​နေ​ထိုင်​ရန်​စေ​လွှတ်​၍ တိုင်း​တစ်​ပါး တို့​တွင်​ပျံ့​လွင့်​စေ​ခဲ့​သော်​လည်း​အ​ခိုက်​အ​တန့် အား​ဖြင့် သူ​တို့​ရှိ​ရာ​အ​ရပ်​၌​သူ​တို့​နှင့် အ​တူ​ငါ​ရှိ​မည်။''
EZE 11:17 ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​သူ​တို့​အား​ဆင့်​ဆို​လော့။ ငါ​သည် လူ​မျိုး​ခြား​တို့​ထဲ​မှ​သူ​တို့​အား​ပြန်​လည်​သိမ်း ဆည်း​၍ သူ​တို့​ပျံ့​လွင့်​လျက်​ရှိ​သည့်​ပြည်​များ မှ​သူ​တို့​ကို​ပြန်​လည်​စု​သိမ်း​မည်။ ဣ​သ​ရေ​လ ပြည်​ကို​ပြန်​လည်​ပေး​အပ်​မည်။-
EZE 11:18 သူ​တို့​သည်​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​တို့​တွေ့​ရှိ​ရ​သ​မျှ​သော​စက်​ဆုပ်​ဖွယ်​ကောင်း သည့်​ရုပ်​တု​များ​ကို​ပယ်​ရှား​ရ​ကြ​မည်။-
EZE 11:19 သူ​တို့​အား​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း ဖြစ်​စေ​၍ စိတ်​သစ်​နှ​လုံး​သစ်​ကို​ငါ​ပေး​မည်။ ငါ​သည်​သူ​တို့​၏​ခိုင်​မာ​သော​ကျောက်​နှ​လုံး ကို​ယူ​ပစ်​၍ နာ​ခံ​တတ်​သော​နှ​လုံး​ကို​ပေး မည်။-
EZE 11:20 သို့​ဖြစ်​၍​သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​များ​ကို​တိ​ကျ စွာ​လိုက်​နာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏ လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-
EZE 11:21 သို့​ဖြစ်​၍​ငါ​သည်​ညစ်​ညမ်း​စက်​ဆုပ်​ဖွယ် ကောင်း​သော​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​သူ တို့​ကို​ဒဏ်​ခတ်​တော်​မူ​မည်။ သူ​တို့​ပြု​ခဲ့ သည့်​အ​မှု​များ​အ​တွက်​ဒဏ်​ခတ်​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​ချက် ပင်​ဖြစ်​သ​တည်း။
EZE 11:22 အ​သက်​ရှင်​သော​သတ္တ​ဝါ​တို့​သည်​စ​၍​ပျံ ကြ​သော​အ​ခါ​ဘီး​များ​သည်​လည်း​လိုက် သွား​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​သည်​သူ​တို့​၏​အ​ပေါ်​၌​တည် လျက်​ရှိ​၏။-
EZE 11:23 ထို​နောက်​တောက်​ပ​သော​ဘုန်း​တော်​ရောင်​ခြည် သည်​မြို့​မှ​ထွက်​ခွာ​၍ အ​ရှေ့​ဘက်​တွင်​ရှိ သော​တောင်​ရိုး​သို့​ရွေ့​လျား​သွား​တော်​မူ​၏။-
EZE 11:24 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌ ဘု​ရား​သ​ခင် ၏​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​ပင့်​တော်​မူ ပြီး​လျှင် ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​ရှိ​ရာ ဗာ​ဗု​လုန်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​၏။ ထို​နောက်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​မှေး မှိန်​၍​သွား​လေ​သည်။-
EZE 11:25 ငါ​သည်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ တော်​မူ​သ​မျှ​သော​အ​မှု​အ​ခြင်း​အ​ရာ တို့​ကို ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တို့​အား​ပြန် ကြား​လေ​၏။
EZE 12:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 12:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​ပုန်​ကန် တတ်​သည့်​လူ​မျိုး​အ​ထဲ​မှာ​နေ​ရ​၏။ သူ​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ကြ။ နား​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ ကြား​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သော​ကြောင့်​တည်း။''
EZE 12:3 ``အ​ချင်း​လူ​သား၊ ယ​ခု​သင်​သည်​ဒုက္ခ​သည် တစ်​ဦး​ကဲ့​သို့ အ​ထုပ်​အ​ပိုး​ကို​ယူ​၍​နေ့ အ​ချိန်​၌​ထွက်​ခွာ​သွား​လော့။ ယင်း​သို့​သင် အ​ရပ်​တစ်​ပါး​သို့​ထွက်​ခွာ​သွား​သည်​ကို လူ​တိုင်း​မြင်​ပါ​စေ။ ပုန်​ကန်​တတ်​သူ​တို့​သည် လည်း​သင့်​အား​နား​လည်​ကောင်း​နား​လည် ကြ​လိမ့်​မည်။-
EZE 12:4 သူ​တို့​မြင်​နိုင်​စေ​ရန်​နေ့​အ​ချိန်​၌ သင်​သည် အ​ရပ်​တစ်​ပါး​သို့​ပြောင်း​ရွှေ့​မည့်​အ​မူ​အ​ရာ ဖြင့်​အ​ထုပ်​အ​ပိုး​ပြင်​ဆင်​၍ ည​နေ​ချိန်​၌ သူ​တို့​၏​မျက်​မှောက်​တွင်​ဒုက္ခ​သည်​ကဲ့​သို့ ထွက်​ခွာ​သွား​လော့။-
EZE 12:5 သူ​တို့​ရှေ့​မှောက်​၌​ပင်​သင်​သည်​မိ​မိ​၏​အိမ် နံ​ရံ​တွင်​အ​ပေါက်​ဖောက်​၍ ထို​အ​ပေါက်​မှ သင်​၏​အ​ထုပ်​အ​ပိုး​ကို​ထုတ်​ယူ​လော့။-
EZE 12:6 ထို​အ​ထုပ်​အ​ပိုး​ကို​ပ​ခုံး​ပေါ်​သို့​တင်​သည် ကို​လည်း​ကောင်း၊ မိ​မိ​သွား​မည့်​လမ်း​ကို​မ​မြင် နိုင်​စေ​ရန်​မျက်​နှာ​ကို​ဖုံး​၍​မှောင်​ထဲ​တွင် သင် ထွက်​ခွာ​သည်​ကို​လည်း​ကောင်း​ထို​သူ​တို့​မြင် ကြ​ပါ​စေ။ သင်​ပြု​သော​အ​မှု​သည်​ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အ​တွက် သ​တိ​ပေး​သည့် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
EZE 12:7 ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​၏။ ထို​နေ့​၌​ဒုက္ခ​သည်​တစ်​ဦး​ကဲ့​သို့​ငါ​သည် အ​ထုပ်​အ​ပိုး​ကို​ယူ​ပြီး​နောက်​ည​နေ​ချိန်​မှောင် စ​ပြု​သော​အ​ခါ အိမ်​နံ​ရံ​ကို​လက်​ဖြင့်​တူး ဖောက်​ကာ​ထို​သူ​တို့​၏​ရှေ့​တွင်​အ​ထုပ်​ကို ပ​ခုံး​ပေါ်​သို့​တင်​၏။
EZE 12:8 နောက်​တစ်​နေ့​နံ​နက်​၌ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 12:9 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယ​ခု သင်​အ​ဘယ်​အ​မှု​ကို​ပြု​လျက်​နေ​သည်​ကို မေး​မြန်း​နေ​ကြ​ပြီ​ဖြစ်​၍။-
EZE 12:10 သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​ဆို​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဤ မိန့်​ဆို​ချက်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ် စိုး​လျက်​ရှိ​သော​မင်း​နှင့်​ထို​မြို့​ရှိ​လူ​တို့ အ​တွက်​ဖြစ်​၏။-
EZE 12:11 သင်​ပြု​သော​အ​မှု​များ​သည်​သူ​တို့​တွေ့​ကြုံ ရ​ကြ​မည့်​အ​မှု​အ​ရာ​များ​၏​ရှေ့​ပြေး နိ​မိတ်​ဖြစ်​၍​သူ​တို့​သည်​ဒုက္ခ​သည်​များ၊ သုံ့​ပန်း​များ​ဖြစ်​ရ​ကြ​မည်​ဖြစ်​ကြောင်း ဆင့်​ဆို​လော့။-
EZE 12:12 သူ​တို့​အား​အုပ်​စိုး​လျက်​ရှိ​သော​မင်း​သည်​မိ​မိ အ​ထုပ်​ကို​ထမ်း​၍​အုတ်​တံ​တိုင်း​တွင်​သူ​တို့​တူး ဖောက်​ပေး​သည့်​အ​ပေါက်​မှ​ထွက်​ပြေး​ရ​လိမ့်​မည်။ သူ​၏​မျက်​စိ​များ​ကို​ဖုံး​၍​ထား​သ​ဖြင့်​သူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
EZE 12:13 ငါ​သည်​ပိုက်​ကွန်​ကို​ဖြန့်​၍​သူ့​အား​အုပ်​မိ​ကာ ငါ​၏​ထောင်​ချောက်​တွင်​မိ​စေ​လျက်​ခါ​လ​ဒဲ ပြည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​မည်။ သူ​သည်​ထို​မြို့​ကို​မ​မြင်​ရ​ဘဲ​ထို​မြို့​၌ ပင်​သေ​ရ​လိမ့်​မည်။-
EZE 12:14 ငါ​သည်​သူ​၏​မှူး​မတ်​များ၊ အ​ကြံ​ပေး​အ​ရာ ရှိ​များ​နှင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​သွား​စေ​မည်။ လူ တို့​သည်​သူ​တို့​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ရန် လိုက်​လံ​ရှာ​ဖွေ​ကြ​လိမ့်​မည်။
EZE 12:15 ``ငါ​သည်​သူ​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့် စေ​သော​အ​ခါ သူ​တို့​သည်​ငါ​ကား​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ​ရှိ​ကြ လိမ့်​မည်။-
EZE 12:16 သူ​တို့​အ​နက်​အ​နည်း​ငယ်​အား​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အနာ​ရော​ဂါ ဘေး​တို့​မှ​ငါ​ချမ်း​သာ​ပေး​မည်။ သို့​မှ​သာ လျှင်​လူ​မျိုး​တ​ကာ​တို့​တွင်​ရောက်​ရှိ​နေ​သော သူ​တို့​သည် မိ​မိ​တို့​ပြု​ခဲ့​သော​အ​မှု​များ​ကို စက်​ဆုပ်​ဖွယ်​ဖြစ်​ကြောင်း​နား​လည်​သ​ဘော ပေါက်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို​သိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
EZE 12:17 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 12:18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည် တုန်​လှုပ်​လျက်​အ​စား​အ​စာ​ကို​စား​လော့။ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရေ​ကို​သောက် လော့။-
EZE 12:19 အ​ရှင်​ထာ​ဝရ​ဘု​ရား​ပေး​တော်​မူ​သော​ဤ ဗျာ​ဒိတ်​တော်​ကို​ဣ​သ​ရေ​လ​ပြည်​ယေ​ရု ရှ​လင်​မြို့​တွင် ယ​ခု​နေ​ထိုင်​လျက်​ရှိ​သော လူ​တို့​အ​တွက်​ဖြစ်​ကြောင်း​ပြော​ကြား​လော့။ ထို​သူ​တို့​သည်​တုန်​လှုပ်​လျက်​အ​စား​အ​စာ ကို​စား​ရ​ကြ​လိမ့်​မည်။ ကြောက်​လန့်​တုန်​လှုပ် လျက်​ရေ​ကို​သောက်​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း ပင်​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​သည်​ဖြစ် ၍ သူ​တို့​၏​ပြည်​ကို​ငါ​သည်​ပြောင်​တ​လင်း ဖြစ်​စေ​မည်။-
EZE 12:20 လူ​နေ​စည်​ကား​သည့်​မြို့​ကြီး​တို့​ကို​ဖြို ဖျက်​ကာ တစ်​ပြည်​လုံး​ကို​လူ​သူ​ကင်း​မဲ့​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 12:21 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 12:22 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။-
EZE 12:23 ထို​စ​ကား​ပုံ​နှင့်​ပတ်​သက်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သူ​တို့ အား ယ​ခု​ပြော​ကြား​လော့။ ငါ​သည်​ထို​စ​ကား ပုံ​ကို​ပ​ပျောက်​စေ​မည်။ ဣ​သ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​ထပ်​မံ​၍​သုံး​စွဲ​ရ ကြ​မည်​မ​ဟုတ်။ အ​ချိန်​ကာ​လ​ကျ​ရောက်​လာ ပြီ​ဖြစ်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​ကောင် အ​ထည်​ပေါ်​လာ​မည်​ဖြစ်​ကြောင်း​ထို​သူ​တို့ အား​ဆင့်​ဆို​လော့။''
EZE 12:24 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ၊ မှား​ယွင်း​သော​ဗျာ​ဒိတ် များ၊ နောက်​ထပ်​မ​ပေါ်​ပေါက်​ရ။-
EZE 12:25 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်​အ​တိုင်း​ပြု​ရ​မည်။ ကြန့်​ကြာ မှု​ရှိ​တော့​မည်​မ​ဟုတ်။ အ​ချင်း​ပုန်​ကန်​တတ်​သူ တို့၊ သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သင်​တို့​လက်​ထက်​၌​ပင်​ငါ​ပြု​မည်။ ဤ​ကား​ငါ မိန့်​မြွက်​တော်​မူ​သည့်​စ​ကား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
EZE 12:26 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​ရောက်​လာ​၏။-
EZE 12:27 ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​သင်​မြင်​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​နှင့် သင် ဟော​ကြား​သော​ဗျာ​ဒိတ်​စ​ကား​များ​သည် ဝေး ကွာ​သည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည်​ဟု ထင်​မှတ်​ကြ​၏။-
EZE 12:28 သို့​ဖြစ်​၍​ကြန့်​ကြာ​မှု​ရှိ​တော့​မည်​မ​ဟုတ်။ ငါ ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ​ဖြစ် ကြောင်း ထို​သူ​တို့​အား​ဆင့်​ဆို​လော့။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 13:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 13:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ရော​ဖက်​များ​ကို​ရှုတ်​ချ လော့။ ဗျာ​ဒိတ်​စ​ကား​များ​ကို မိ​မိ​တို့​ကိုယ်​တိုင် လုပ်​ကြံ​ဟော​ပြော​ကြ​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန် ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
EZE 13:3 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​မိုက် တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​ငါ ၏​ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​ကို​မ​ခံ​ရ​ဘဲ မိ​မိ​တို့​ကိုယ်​တိုင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ ကို​လုပ်​ကြံ​ဟော​ပြော​ကြ​၏။-
EZE 13:4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ပ​ရော ဖက်​များ​သည် ယို​ယွင်း​ပျက်​စီး​နေ​သော​မြို့​ရှိ ခွေး​အ​များ​နှင့်​တူ​ကြ​၏။-
EZE 13:5 ထို​ပ​ရော​ဖက်​တို့​သည်​မြို့​ရိုး​များ​ပြို​ကျ လျက်​ရှိ​သည့်​နေ​ရာ​များ​ကို​မ​စောင့်​ကြပ်။ မြို့​ရိုး​တို့​ကို​လည်း​ပြန်​လည်​၍​မ​ပြု​ပြင်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​၌ စစ် ပွဲ​ဝင်​သော​အ​ခါ​ဣ​သ​ရေ​လ​နိုင်ငံ​ကို​ကာ ကွယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-
EZE 13:6 သူ​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သူ​တို့​ကြို​တင်​ဟော​ကြား​ချက် များ​သည်​လည်း​မု​သား​စ​ကား​များ​ဖြစ်​၏။ ထာ​ဝရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ​သော်​လည်း ထို​ဗျာ​ဒိတ်​ကို​ငါ​မ​ပေး ခဲ့။ သို့​ပါ​လျက်​သူ​တို့​သည်​ဟော​ကြား​သည့် အ​တိုင်း​ဖြစ်​ပျက်​လိမ့်​မည်​ဟု​စောင့်​စား​ကြ ပါ​သည်​တ​ကား။-
EZE 13:7 သူ​တို့​အား​ဤ​သို့​ဆင့်​ဆို​လော့။ သင်​တို့​၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည်​အ​တု​ဖြစ်​၍ သင် တို့​ကြို​တင်​ဟော​ကြား​ချက်​များ​သည်​လည်း မု​သား​စ​ကား​များ​ဖြစ်​၏။ သင်​တို့​က​ထို စ​ကား​များ​သည် ငါ​၏​ဗျာ​ဒိတ်​တော်​ဖြစ် သည်​ဟု​ဆို​သော်​လည်း ငါ​သည်​ထို​ဗျာ​ဒိတ် ကို​သင်​တို့​အား​မ​ပေး​ခဲ့'' ဟု​မိန့်​တော် မူ​၏။
EZE 13:8 ထို့​ကြောင့်​သူ​တို့​အား​ထာ​ဝရ​အ​ရှင်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား``သင်​တို့​မြင်​သော အ​ရာ​များ​သည်​မ​ဟုတ်​မ​မှန်။ သင်​တို့​၏​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​သည်​လည်း​လီ​ဆယ်​မှု​များ သာ​ဖြစ်​သ​ဖြင့် ငါ​သည်​သင်​တို့​အား​ဆန့်​ကျင် ဘက်​ပြု​လျက်​ရှိ​၏​ဟု ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
EZE 13:9 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​၍​မှား ယွင်း​သော​ကြို​တင်​ဟော​ပြော​မှု​ကို​ပြု​ကြ ၏။ အ​သင်​ပ​ရော​ဖက်​တို့​အား​ငါ​ဒဏ်​ခတ် တော်​မူ​အံ့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် တိုင်​ပင်​စည်း​ဝေး​ရာ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​၏​စာ​ရင်း တွင်​လည်း​သင်​တို့​၏​နာ​မည်​များ​ကို​မ​သွင်း ရ။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​အ​ဘယ် အ​ခါ​၌​မျှ​မ​ပြန်​ရ။ ထို​အ​ခါ​ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''
EZE 13:10 ``ပ​ရော​ဖက်​တို့​သည်`အ​မှု​ခပ်​သိမ်း​အေး​ငြိမ်း ပါ​သည်' ဟု​ဆို​၍​ငါ့​လူ​မျိုး​တော်​အား​လှည့် စား​ခဲ့​ကြ​၏။ အ​မှု​ခပ်​သိမ်း​မှာ​မ​အေး​မ ငြိမ်း​သေး​ပါ​တ​ကား။ ငါ​၏​လူ​မျိုး​တော် သည်​သ​ရွတ်​မ​ကိုင်​သည့်​ကျောက်​မြို့​ရိုး​ကို တည်​ဆောက်​၍​ပ​ရော​ဖက်​တို့​က​လာ​၍​ထုံး သုတ်​ပေး​ကြ​၏။-
EZE 13:11 ထို​မြို့​ရိုး​သည်​ပြို​ကျ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ထို​မြို့​ရိုး​ကို​ထုံး​သုတ်​သူ​တို့​အား​ဆင့်​ဆို လော့။ ငါ​သည်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​စေ မည်။ မိုး​သီး​များ​သည်​မြို့​ရိုး​ပေါ်​သို့​ကျ လျက်​လေ​ပြင်း​မုန်​တိုင်း​တိုက်​ခတ်​လာ သ​ဖြင့်၊-
EZE 13:12 ထို​မြို့​ရိုး​သည်​ပြို​ကျ​လိမ့်​မည်။ သို့​ဖြစ်​၍ သင်​တို့​ထုံး​သုတ်​ခဲ့​သည့်​အ​ကျိုး​ကား​အ ဘယ်​မှာ​နည်း​ဟု လူ​တိုင်း​ပင်​မေး​မြန်း​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။
EZE 13:13 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​အ​မျက်​ထွက်​၍​ထို​မြို့​ရိုး ကို​ဖြို​ရန်​လေ​ပြင်း​မုန်​တိုင်း​ကို​တိုက်​စေ​မည်။ ဒေါ​သ​ထွက်​၍​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း စေ​၍​မိုး​သီး​များ​ကို​ကျ​လျက်​ပျက်​စီး စေ​မည်။-
EZE 13:14 အုတ်​မြစ်​များ​အ​တိုင်း​သား​ပေါ်​လာ​စေ ရန်​ရည်​ရွယ်​လျက် ငါ​သည်​ပ​ရော​ဖက်​တို့ ထုံး​သုတ်​ထား​သည့်​မြို့​ရိုး​ကို​ဖြို​ချ​ချိုး ဖဲ့​မည်။ မြို့​ရိုး​ပြို​ကျ​သော​အ​ခါ သင်​တို့ သည်​ပိ​၍​သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''
EZE 13:15 ``မြို့​ရိုး​နှင့်​တ​ကွ​ယင်း​ကို​ထုံး​သုတ်​ပေး ကြ​သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​မြို့​ရိုး​ကား ပြို​ပျက်​လေ​ပြီ။ ယင်း​ကို​ထုံး​သုတ်​ပေး​ကြ သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​စ​စ အ​ရာ​ရာ​အေး​ငြိမ်း​မှု​မ​ရှိ​ဘဲ အေး​ငြိမ်း သော​ရူ​ပါ​ရုံ​ကို​မြင်​ပါ​သည်​ဟု​ဆို​ကြ သော​ပ​ရော​ဖက်​များ​သည် မြို့​ရိုး​များ​နည်း တူ​ပျက်​စီး​ဆုံး​ပါး​ကြ​ပြီ'' ဟု​သင်​တို့ အား​ငါ​ပြော​မည်​ဟူ​၍​ဖြစ်​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သော စ​ကား​ဖြစ်​သ​တည်း။
EZE 13:17 ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​အ​ထဲ​တွင် ဗျာ​ဒိတ်​စ​ကား များ​ကို​လုပ်​ကြံ​ဟော​ပြော​ကြ​သူ​အ​မျိုး သ​မီး​တို့​ကို​ကြည့်​လော့။ သူ​တို့​အား​ရှုတ် ချ​လော့။-
EZE 13:18 ထို​နောက်​သူ​တို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ရ​မည်​မှာ ``အ​ချင်း​အ​မျိုး​သ​မီး​တို့​သင်​တို့​သည်​အ မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ခြား​လူ တို့​ကို​ထောင်​ချောက်​ကဲ့​သို့​ချုပ်​ကိုင်​နိုင်​သော တန်​ခိုး​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​တိုင်း​အား​သင် တို့​သည်​မှော်​အ​တတ်​စီ​ရင်​ထား​သည့်​လက် ပတ်​များ​နှင့် ခေါင်း​စည်း​ပု​ဝါ​များ​ကို​ချုပ် လုပ်​တပ်​ဆင်​ပေး​ကြ​၏။ သင်​တို့​သည်​မိ​မိ တို့​ကိုယ်​ကျိုး​အ​တွက် ငါ​၏​လူ​စု​တော် အ​ပေါ်​သေ​မှု​ရှင်​မှု​တန်​ခိုး​ကို​ရ​လို ကြ​၏။-
EZE 13:19 မု​ယော​ဆန်​လက်​ဆုပ်​အ​နည်း​ငယ်​နှင့်​မုန့် အ​နည်း​ငယ်​ရ​ရန်​အ​တွက် ငါ​၏​လူ​မျိုး တော်​ရှေ့​တွင်​ငါ့​အား​ရှုတ်​ချ​ကြ​၏။ သင် တို့​သည်​မ​သေ​ထိုက်​သူ​တို့​ကို​သတ်​၍ သေ ထိုက်​သူ​တို့​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ကြ ၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​လူ​မျိုး တော်​အား​လိမ်​လည်​ပြော​ကြ​၏။ သူ​တို့ က​လည်း​ယုံ​ကြ​၏'' ဟူ​၍​တည်း။
EZE 13:20 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငှက်​ကို​ဖမ်း​သ​ကဲ့​သို့၊ လူ​တို့​အား ထောင်​ချောက်​ကဲ့​သို့​ထိန်း​ချုပ်​ရန် သင်​အ​သုံး ပြု​သည့်​လက်​ပတ်​များ​ကို​ငါ​မုန်း​၏။ သင် ၏​လက်​မှ​လက်​ပတ်​များ​ကို​ဆွဲ​ဖြတ်​ကာ ငှက်​များ​ကဲ့​သို့​ထိန်း​ချုပ်​ခံ​ထား​ရ​သူ တို့​အား​သင်​၏​လက်​မှ​ငါ​လွတ်​မြောက် စေ​မည်။-
EZE 13:21 သင်​၏​ခေါင်း​စည်း​ပု​ဝါ​များ​ကို​ဆွဲ​ဖြတ် ၍ ငါ​၏​လူ​မျိုး​တော်​အား​သင့်​လက်​မှ အ​ပြီး​အ​ပိုင်​လွတ်​မြောက်​စေ​မည်။ ထို အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​သိ​ရှိ​လိမ့်​မည်။
EZE 13:22 ``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။-
EZE 13:23 သို့​ဖြစ်​၍ သင်​တို့​သည်​သင်​တို့​၏​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​ရ​တော့​မည် မ​ဟုတ်။ မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ သည့်​ဗျာ​ဒိတ်​စ​ကား​များ​ကို​ဟော​ရ​တော့ မည်​မ​ဟုတ်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​စေ​ရန်​ငါ ၏​လူ​မျိုး​တော်​အား​သင်​တို့​လက်​မှ ငါ​ကယ်​ဆယ်​မည်'' ဟူ​၍​တည်း။
EZE 14:1 ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍ ရှေ့​တော်​တွင်​ထိုင် ကြ​၏။-
EZE 14:2 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​အား​မိန့်​ကြား​တော်​မူ​၏။-
EZE 14:3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​သူ​တို့ သည်​ရုပ်​တု​များ​ကို​စွဲ​လမ်း​သော​စိတ်​ရှိ ၍ မိ​မိ​ရှေ့​တွင်​ထိ​မိ​၍​လဲ​စ​ရာ​ဖြစ်​စေ ကြ​ကုန်​ပြီ။ သူ​တို့​သည်​အ​ဖြေ​ကို​ငါ့​ထံ မှ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။
EZE 14:4 ``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား အ ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ကိုယ်​တော်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း သည်​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​၍ မိ​မိ​တို့ ရှေ့​တွင်​ကောက်​ကျစ်​သော​ထိ​မိ​၍​လဲ​စ​ရာ ကို​ချ​ထား​ပြီး​မှ ပ​ရော​ဖက်​ထံ​သို့​ချဉ်း ကပ်​၍​မေး​မြန်း​စုံ​စမ်း​မှု​ကို​ပြု​၏။ ထို​သူ အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဖြေ​ကြား​မည်။ ထို​အ​ဖြေ​ကား ထို​သူ​ကိုး​ကွယ်​သည့်​ရုပ် တု​များ​ရ​ထိုက်​သော​အ​ဖြေ​ဖြစ်​သည်။-
EZE 14:5 ထို​ရုပ်​တု​များ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​နှင့်​ဝေး​ကွာ​စေ​ပြီ။ သို့​ရာ တွင်​သူ​တို့​သည်​ငါ​ပေး​သည့်​အ​ဖြေ​ကြောင့် ငါ့​အား​တစ်​ဖန်​ပြန်​၍​သစ္စာ​စောင့်​ကြ​လိမ့် မည်။''
EZE 14:6 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့။ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား​နောင်​တ​ရ​ကြ​လော့။ စက် ဆုပ်​ဖွယ်​ကောင်း​သော​သင်​တို့​၏​လုပ်​ရပ်​များ ကို​စွန့်​ပစ်​၍ ရုပ်​တု​တို့​ကို​ထား​ခဲ့​ကြ​လော့။''
EZE 14:7 ``ငါ​၏​ထံ​မှ​လွဲ​ဖယ်​၍​ရုပ်​တု​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​ရှေ့​တွင်​ကောက်​ကျစ်​၍​လဲ စ​ရာ​ကို​ချ​ထား​လျက်​ပ​ရော​ဖက်​ထံ​လာ ရောက်​စုံ​စမ်း​မေး​မြန်း​သော ဣ​သ​ရေ​လ အ​မျိုး​သား​သို့​မ​ဟုတ်​ဣ​သ​ရေ​လ​နိုင်​ငံ ၌ နေ​ထိုင်​သူ​လူ​မျိုး​ခြား​အား​ငါ​ထာ​ဝရ ဘု​ရား​အ​ဖြေ​ပေး​မည်။-
EZE 14:8 ငါ​သည်​သူ​တို့​ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သူ့ ကို​စံ​န​မူ​နာ​နှင့်​ကဲ့​ရဲ့​ပုံ​ဆောင်​ခံ​ရ​သူ​အ ဖြစ်​အ​သုံး​ပြု​မည်။ ငါ​၏​လူ​မျိုး​တော်​အ​သိုင်း အ​ဝိုင်း​မှ​ဖယ်​ရှား​မည်။ သို့​မှ​သာ​လျှင်​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။
EZE 14:9 ``ပ​ရော​ဖက်​သည်​ဖြား​ယောင်း​ခြင်း​ခံ​ရ​၍ ပ​ရော​ဖက်​ပြု​သည်​ဆို​အံ့။ ထို​သူ​အား​ငါ ထာ​ဝ​ရ​ဘု​ရား​ဖြား​ယောင်း​ခြင်း​ပင်​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​လျက် သူ့​အား​တိုက်​ခိုက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​မှ​ဖယ် ရှား​မည်။-
EZE 14:10 ထို​ပ​ရော​ဖက်​နှင့်​သူ့​ထံ​သို့​စုံ​စမ်း​မေး​မြန်း သူ​အ​ပါ​အ​ဝင် တူ​ညီ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။-
EZE 14:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​ကို ပစ်​ပယ်​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ပြစ်​များ​ဖြင့် မ​ညစ်​ညမ်း​စေ​ရန် ဤ​သို့​ငါ​ပြု​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​မည်။ ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 14:12 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 14:13 ``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။-
EZE 14:14 အ​ကယ်​၍​ထို​နိုင်​ငံ​တွင်​နော​ဧ၊ ဒံ​ယေ​လ​နှင့် ယော​ဘ​တို့​သုံး​ဦး​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့ ၏​ကောင်း​မြတ်​သော​အ​ကျင့်​သည်​သူ​တို့​၏ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 14:15 ``သို့​တည်း​မ​ဟုတ်​ငါ​သည်​လူ​တို့​အား​သုတ် သင်​ရန် သား​ရဲ​တိ​ရစ္ဆာန်​များ​ကို​စေ​လွှတ်​သ​ဖြင့် ထို​ပြည်​၌​လူ​သူ​ကင်း​မဲ့​လျက်​ဖြတ်​သန်း သွား​လာ​ရန်​မ​ဖြစ်​နိုင်​အောင် သား​ရဲ​တိရစ္ဆာန် များ​ကြောင့်​အန္တ​ရာယ်​ရှိ​လိမ့်​မည်။-
EZE 14:16 ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့် အ​ညီ ထို​သူ​သုံး​ဦး​သည်​ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​ကယ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်။ မိ​မိ​တို့​အ​သက်​ကို​သာ​လျှင်​ကယ် နိုင်​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လည်း​လူ သူ​ကင်း​မဲ့​လိမ့်​မည်။''
EZE 14:17 ``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊-
EZE 14:18 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ ထို သူ​သုံး​ဦး​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင် လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့​သည်​မိ​မိ တို့​၏​သား​သ​မီး​များ​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​အ​သက်​သာ လျှင်​ချမ်း​သာ​ရာ​ရ​နိုင်​ကြ​လိမ့်​မည်။''
EZE 14:19 ``ငါ​သည်​ထို​ပြည်​အား အ​နာ​ရော​ဂါ​ကပ် ဆိုက်​စေ​လျက်​အ​မျက်​တော်​အား​ဖြင့် မြောက် မြား​စွာ​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​သေ ကြေ​ပျက်​စီး​စေ​လျှင်၊-
EZE 14:20 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ နော​ဧ၊ ဒံ​ယေ​လ​နှင့်​ယော​ဘ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ထိုင်​လျက်​ပင်​ရှိ​ကြ​စေ​ကာ မူ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ ကို​ကယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 14:21 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-
EZE 14:22 အ​ကယ်​၍​ထို​ဘေး​များ​မှ​လွတ်​မြောက်​သူ သား​သ​မီး​များ​ရှိ​၍ သူ​တို့​သည်​သင်​တို့ ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ​သူ​တို့ ၏​ပြု​မူ​လုပ်​ဆောင်​ချက်​များ​ကို​ကြည့်​၍ ယေ​ရု​ရှ​လင်​မြို့​အား​ငါ​အ​ပြစ်​ဒဏ်​ပေး ရာ​၌ ပေး​သ​မျှ​အ​ပြစ်​ဒဏ်​များ​သည် လည်း​တ​ရား​ကြောင်း​ကို​သင်​ကောင်း​စွာ သိ​ရှိ​ရ​လိမ့်​မည်။-
EZE 14:23 သင်​သည်​သူ​တို့​၏​ပြု​မူ​လုပ်​ဆောင်​ချက် များ​ကို​မြင်​သော​အ​ခါ ငါ​သည်​အ​ဘယ် အ​မှု​ကို​မျှ​အ​ကြောင်း​မဲ့​ပြု​တော်​မ​မူ တတ်​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​နား​လည် လာ​လိမ့်​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
EZE 15:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 15:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ စ​ပျစ်​ပင်​သည် သာ​မန်​သစ်​ပင်​နှင့်​အ​ဘယ်​သို့​ခြား​နား​သ​နည်း။ စ​ပျစ်​နွယ်​သား​သည်​တော​မှ​သစ်​ပင်​များ​၏ သစ်​ကိုင်း​များ​နှင့်​အ​သုံး​ဝင်​ပုံ​မည်​သို့​ခြား နား​သ​နည်း။-
EZE 15:3 သင်​သည်​စ​ပျစ်​နွယ်​သား​ဖြင့်​အ​ဘယ်​အ​ရာ ကို​ပြု​လုပ်​နိုင်​သ​နည်း။ ပစ္စည်း​တစ်​စုံ​တစ်​ခု ကို​ဆွဲ​ချိတ်​ရန်​အ​တွက်​ယင်း​ကို​အ​စို့​အ​ဖြစ် ဖြင့်​အ​သုံး​ပြု​နိုင်​သ​လော။-
EZE 15:4 စ​ပျစ်​ပင်​သည်​မီး​မွှေး​ရန်​အ​တွက်​သာ​လျှင် ကောင်း​၏။ အဖျား​ပိုင်း​များ​လောင်​ကျွမ်း​၍​အ​လယ် ပိုင်း​သည်​ပြာ​ဖြစ်​သွား​သော​အ​ခါ သင်​သည် ထို​စ​ပျစ်​ပင်​ကို​အ​ဘယ်​သို့​အ​သုံး​ပြု​နိုင် မည်​နည်း။-
EZE 15:5 ယင်း​သည်​မီး​မ​ရှို့​မီ​အ​ခါ​က​လည်း​အ​သုံး မ​ဝင်။ မီး​ရှို့​၍​ပြာ​ဖြစ်​သွား​သော​အ​ခါ​၌ လည်း ပို​၍​ပင်​အ​သုံး​မ​ဝင်​ချေ'' ဟု​မိန့် တော်​မူ​၏။
EZE 15:6 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``စ​ပျစ်​နွယ်​သား​ကို​တော​မှ​ယူ​၍​မီး မွှေး​ကြ​သ​ကဲ့​သို့ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​မှ​လူ​တို့​ကို​ယူ​၍၊-
EZE 15:7 အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​သည်​မီး​ဘေး တစ်​ခု​မှ​လွတ်​မြောက်​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​အ​ခြား​မီး​ဘေး​တစ်​ခု​သင့်​ကြ လိမ့်​မည်။ ထို​သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
EZE 15:8 သူ​တို့​သည်​ငါ့​အား​သစ္စာ​ဖောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​၏​ပြည်​ကို​လူ​သူ​ကင်း​မဲ့ စေ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 16:1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ​ထံ​သို့​ရောက်​လာ​၏။-
EZE 16:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​အား​မိ​မိ​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ အ​မှု​တို့​ကို​ညွှန်​ပြ​လော့။-
EZE 16:3 ထို​မြို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ သည်​ကား ``သင်​၏​မျိုး​ရိုး​စဉ်​ဆက်​သည်​ခါ​နာန်​ပြည်​တွင် မွေး​ဖွား​၍ သင်​၏​အ​ဖ​သည်​အာ​မော​ရိ​အ​မျိုး သား၊ သင်​၏​အ​မိ​မှာ​ဟိတ္တိ​အ​မျိုး​သ​မီး ဖြစ်​၏။-
EZE 16:4 သင်​မွေး​ဖွား​သော​အ​ခါ​အ​ဘယ်​သူ​မျှ သင်​၏​ချက်​ကြိုး​ကို​မ​ဖြတ်၊ သင့်​အား​ရေ မ​ချိုး​ပေး။ ဆား​နှင့်​လည်း​မ​လူး။ အ​နှီး နှင့်​လည်း​မ​ပတ်​ကြ။-
EZE 16:5 ထို​သို့​သင့်​အား​သ​နား​၍​ပြု​စု​သူ​တစ် ယောက်​မျှ​မ​ရှိ။ သင်​၏​အ​ပေါ်​တွင်​မေတ္တာ ကင်း​မဲ့​သည်​ဖြစ်​၍ သင့်​အား​မွေး​ဖွား​ပြီး သော​အ​ခါ​ကွင်း​ပြင်​တွင်​ပစ်​ထား​ကြ​၏။
EZE 16:6 ``ထို​နောက်​ငါ​သည်​သင်​၏​အ​နီး​မှ​ဖြတ် သွား​စဉ်​သွေး​ထဲ​၌ သင်​လူး​လျက်​နေ​သည် ကို​မြင်​ရ​၏။ သင်​သည်​သွေး​အ​လူး​လူး နှင့်​ဖြစ်​နေ​စေ​ကာ​မူ​ငါ​သည်​သင့်​အား အ​သက်​မ​သေ​စေ​ခဲ့။-
EZE 16:7 အ​နာ​အ​ဆာ​မ​ရှိ​သည့်​အ​ပင်​ငယ်​ကဲ့​သို့​ရှင် သန်​ကြီး​ပွား​စေ​၏။ သင်​သည်​သန်​မာ​ထွား​ကြိုင်း လာ​ကာ အ​လှ​ဆုံး​ရ​တ​နာ​က​လေး​ဖြစ်​လာ​၏။ သင်​၏​ရင်​သား​များ​သည်​ပြည့်​ဖြိုး​လျက်​ဆံ​ပင် မှာ​လည်း​ရှည်​လာ​၏။ သို့​ရာ​တွင်​သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက်​ပင်​ရှိ​၏။
EZE 16:8 ``နောက်​တစ်​ဖန်​ငါ​သည်​သင်​၏​အ​နီး​ဖြတ်​သန်း လာ​ပြန်​၏။ ထို​အ​ခါ​သင်​သည်​ချစ်​စိတ်​ဝင်​ရန် အ​ရွယ်​ရောက်​ပြီ​ဖြစ်​ကြောင်း​ကို​ငါ​တွေ့​ရှိ​သ ဖြင့် ငါ​သည်​အ​ဝတ်​ချည်း​စည်း​ရှိ​သော​သင်​၏ ကိုယ်​ကို​ငါ​၏​အ​ဝတ်​ဖြင့်​ဖုံး​လွှမ်း​ပေး​ကာ​သင့် အား​ချစ်​ပါ​မည်​ဟု​က​တိ​ထား​ပြီး​လျှင် သင် နှင့်​ပ​ဋိ​ညာဉ်​ပြု​သ​ဖြင့်​သင်​သည်​ငါ​၏ ဇ​နီး​ဖြစ်​လာ​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
EZE 16:9 ``ငါ​သည်​ရေ​ကို​ယူ​၍ သင့်​၌​ပေ​ကျံ​နေ သော​သွေး​ကို​ဆေး​ကြော​၏။ သင်​၏​ကိုယ် ကို​သံ​လွင်​ဆီ​နှင့်​လူး​ပေး​၏။-
EZE 16:10 သင့်​အား​ပန်း​ထိုး​ထည်​အ​ဝတ်​အ​စား​များ ကို​ဝတ်​ဆင်​စေ​၍ အ​ကောင်း​ဆုံး​သား​ရေ​ဖိ​နပ် ကို​စီး​စေ​၏။ ပိတ်​ချော​ထည်​ဖြင့်​လည်း​တန်​ဆာ ဆင်​စေ​၍ အ​ဖိုး​တန်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၏။-
EZE 16:11 သင်​ဝတ်​ဆင်​ရန်​ကျောက်​မျက်​ရ​တ​နာ​များ​နှင့် လက်​မောင်း​တွင်​ဝတ်​ဆင်​ရန်​လက်​ကောက်​များ၊ လည်​ဆွဲ​ရန်​ဘ​ယက်​များ​ကို​လည်း​ကောင်း၊-
EZE 16:12 နှာ​ခေါင်း​အ​တွက်​နှာ​ဆွဲ​များ၊ နား​အ​တွက် နား​တောင်း​များ​နှင့်​သင်​ဆောင်း​ရန် လှ​ပ သော​သ​ရ​ဖူ​ကို​လည်း​ကောင်း​ငါ​ပေး​၏။-
EZE 16:13 သင်​သည်​ရွှေ၊ ငွေ၊ တန်​ဆာ​များ​ကို​ဆင်​ယင် ကာ​ပိတ်​ချော​ထည်​ပန်း​ထိုး​ထည်​နှင့် အ​ဖိုး တန်​အ​ဝတ်​အ​စား​များ​ကို​အ​စဉ်​ပင်​ဝတ် ဆင်​ရ​၏။ သင်​သည်​အ​ကောင်း​ဆုံး​မုန့်​ညက် ဖြင့်​လုပ်​သော​မုန့်​ပျား​ရည်​နှင့် သံ​လွင်​ဆီ​ကို စား​သုံး​ရ​၏။ သင်​၏​အ​ဆင်း​သည်​ဖိတ်​ဖိတ် တောက်​လှ​ပ​သ​ဖြင့်​သင်​သည်​မိ​ဖု​ရား ဖြစ်​လာ​၏။-
EZE 16:14 ငါ​သည်​သင့်​အား​အ​လွန်​လှ​ပ​အောင်​ပြု လုပ်​ဆင်​မြန်း​ပေး​သ​ဖြင့် သင်​သည်​ခြောက် ပြစ်​ကင်း​သော​အ​ဆင်း​ကို​ဆောင်​၏။ ယင်း သို့​သင်​၏​အ​ဆင်း​လှ​မှု​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ကျော်​ကြား​လေ​၏'' ဟူ ၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 16:15 ``သို့​ရာ​တွင်​သင်​သည်​မိ​မိ​၏​အ​ဆင်း​လှ မှု​နှင့်​ထင်​ပေါ်​ကျော်​ကြား​မှု​တို့​ကို​အ​ခွင့် ကောင်း​ယူ​ကာ ပြည့်​တန်​ဆာ​ဖြစ်​လာ​၏။ သင် ၏​ထံ​သို့​ရောက်​ရှိ​လာ​သူ​မှန်​သ​မျှ​နှင့် အိပ်​စက်​၏။ သင်​၏​အ​လှ​ကို​ပေး​အပ်​၏။-
EZE 16:16 သင်​၏​အ​ဝတ်​အ​စား​အ​ချို့​ဖြင့်​သင်​သည် မိ​မိ​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​မွမ်း​မံ​ပစ် ကာ​ပြည့်​တန်​ဆာ​ပြု​၍ မိ​မိ​၏​ကိုယ်​ကို လူ​အ​ပေါင်း​တို့​အား​အပ်​နှံ​လေ​သည်။ ထို သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​မ​ဖြစ်​သင့် ပေ၊ သို့​တည်း​မ​ဟုတ်​မ​ပေါ်​ပေါက်​သင့်​ပေ။-
EZE 16:17 သင်​သည်​ငါ​ပေး​သည့် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​အ​ချို့​ကို​လည်း​ယူ​၍ ယောကျာ်း ရုပ်​ပွား​များ​ပြု​လုပ်​ပြီး​လျှင်​ယင်း​တို့ နှင့်​မှား​ယွင်း​၏။-
EZE 16:18 သင်​သည်​ငါ​ပေး​သည့်​ပန်း​ထိုး​ထည်​များ ဖြင့်​ရုပ်​တု​များ​ကို​လွှမ်း​ခြုံ​ပေး​၏။ ယင်း တို့​ကို​ငါ​ပေး​သည့်​သံ​လွင်​ဆီ​နှင့်​နံ့​သာ ပေါင်း​တို့​ဖြင့်​ပူ​ဇော်​၏။-
EZE 16:19 ငါ​သည်​သင်​စား​ရန်​အ​ကောင်း​ဆုံး​မုန့်​ညက်၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​တည်း​ဟူ​သော​အ​စား အ​စာ​များ​ကို​ပေး​၏။ သို့​ရာ​တွင်​သင်​သည် ရုပ်​တု​များ​ထံ​မှ​မျက်​နှာ​ရ​စေ​ရန် ထို​အ​စား အ​စာ​များ​ကို​သူ​တို့​အား​အ​မွှေး​ရ​နံ့​အ​ဖြစ် ဆက်​သ​ပူ​ဇော်​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင် တည်း။
EZE 16:20 ``ထို​နောက်​သင်​သည်​ငါ​နှင့်​ရ​သော​သား​သ​မီး များ​ကို​ယူ​၍ ယဇ်​ကောင်​အ​ဖြစ်​ဖြင့်​ရုပ်​တု​တို့ အား​ပူ​ဇော်​၏။ သင်​သည်​ငါ့​အား​သစ္စာ​ဖောက် ရုံ​မျှ​ဖြင့်​မ​ကျေ​နပ်​ဘဲ၊-
EZE 16:21 အ​ဘယ်​ကြောင့်​ငါ​၏​သား​သ​မီး​များ​ကို ယူ​၍​ရုပ်​တု​တို့​အား​ယဇ်​ပူ​ဇော်​ရ​သ​နည်း။-
EZE 16:22 သင်​ငယ်​စဉ်​က​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွေး​ထဲ​တွင်​လူး​နေ​ခဲ့​သည့်​အ​ဖြစ်​သ​နစ် ကို သင်​သည်​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​လုပ် ရပ်​များ​နှင့် ပြည့်​တန်​ဆာ​ဘ​ဝ​တွင်​ကျင် လည်​စဉ်​တစ်​ကြိမ်​တစ်​ခါ​မျှ​သ​တိ​မ​ရ ခဲ့​သ​လော'' ဟူ​၍​တည်း။
EZE 16:23 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​မင်္ဂ လာ​ရှိ​၏။ အ​မင်္ဂ​လာ​ရှိ​၏။ သင်​သည်​ထို​မ ကောင်း​မှု​များ​ကို​ပြု​ကျင့်​ပြီး​နောက်၊-
EZE 16:24 စျေး​ရပ်​ကွက်​တိုင်း​တွင်​သင့်​အ​တွက်​သင် ကိုး​ကွယ်​ရန် တောင်​ကုန်း​နှင့် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​ပြု​လုပ်​၏။-
EZE 16:25 လမ်း​ထိပ်​တိုင်း​တွင်​မြင့်​သော​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​များ​ဆောက်​၍ မိ​မိ​၏​လှ​ပ​သော အ​ဆင်း​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​အောင်​ပြု လေ​ပြီ။ လာ​ရောက်​သူ​တိုင်း​အား​မိ​မိ​၏ ကိုယ်​ကို​အပ်​ပေး​၍ တစ်​နေ့​တစ်​ခြား​ပြည့် တန်​ဆာ​ဖြစ်​သည်​ထက်​ဖြစ်​စေ​၏။-
EZE 16:26 တ​ဏှာ​ကြီး​သူ​အိမ်​နီး​ချင်း​အီ​ဂျစ်​အ​မျိုး သား​တို့​အား မိ​မိ​နှင့်​အ​တူ​အိပ်​စက်​ခွင့်​ပေး ၍​ပြည့်​တန်​ဆာ​လုပ်​ခြင်း​အား​ဖြင့်​ငါ​၏ အ​မျက်​တော်​ကို​နှိုး​ဆော်​တော်​မူ​၏။
EZE 16:27 ``ယ​ခု​ငါ​သည်​သင့်​အား​ဒဏ်​ပေး​ရန်​နှင့် သင် ၏​နယ်​မြေ​ကို​ရုပ်​သိမ်း​ရန်​လက်​ရုံး​တော်​ကို ဆန့်​ပြီ။ ငါ​သည်​သင့်​ကို​လော​ဘ​ကြီး​၍ သင် ၏​အ​ကျင့်​ဆိုး​များ​ကို​စက်​ဆုပ်​သူ​ဖိ​လိတ္တိ သ​မီး​ပျို​တို့​၏​လက်​သို့​သင့်​အား​ပေး​အပ် လိုက်​လေ​ပြီ။
EZE 16:28 ``အ​လို​မ​ပြည့်​နိုင်​သ​ဖြင့်​သင်​သည်​အာ​ရှု​ရိ အ​မျိုး​သား​တို့​နှင့်​မှား​ယွင်း​ပြန်​၏။ သို့​ရာ တွင်​သင်​၏​အ​လို​မ​ပြည့်​နိုင်​သေး။-
EZE 16:29 သို့​ဖြစ်​၍​သင်​သည်​ကုန်​သည်​နိုင်​ငံ​ဖြစ်​သည့် ဗာ​ဗု​လုန်​ပြည်​မှ​အ​မျိုး​သား​တို့​နှင့်​လည်း မှား​ယွင်း​ပြန်​၏။ သို့​ရာ​တွင်​သင်​၏​အ​လို မ​ပြည့်​နိုင်​သေး'' ဟု​မိန့်​တော်​မူ​၏။
EZE 16:30 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``သင် သည်​စိတ်​အ​လွန်​ပျော့​၍ အ​ရှက်​မ​ရှိ​သည့် ပြည့်​တန်​ဆာ​ကဲ့​သို့​ဤ​အ​မှု​အ​ရာ​တို့​ကို ပြု​၏။-
EZE 16:31 သင်​သည်​လမ်း​ထိပ်​တိုင်း​၌​သင်​ကိုး​ကွယ်​ရန် တောင်​ကုန်း​များ​ကို​ဆောက်​၍ စျေး​ရပ်​ကွက် တိုင်း​၌​မြင့်​သော​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​တည်​ဆောက်​သော​အ​ခါ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​သော်​လည်း​သာ​မန်​ပြည့် တန်​ဆာ​များ​ကဲ့​သို့​အ​ခ​ကြေး​ငွေ​ကို မ​တောင်း။-
EZE 16:32 သင်​သည်​ကား​မိ​မိ​၏​ခင်​ပွန်း​ကို​ချစ်​မြတ် နိုး​မည့်​အ​စား သူ​စိမ်း​တစ်​ရံ​ဆံ​များ​နှင့် မေ​ထုန်​မှီ​ဝဲ​လို​သည့်​မိန်း​မ​နှင့်​တူ​၏။-
EZE 16:33 ပြည့်​တန်​ဆာ​အား​အ​ခ​ကြေး​ငွေ​ပေး​ရ​၏။ သင်​မူ​ကား​ချစ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​မှ လာ​၍ သင်​နှင့်​အိပ်​စက်​ကြ​စေ​ရန်​လက်​ဆောင် များ​ကို​ပေး​လေ​သည်။-
EZE 16:34 သင်​သည်​ထူး​ခြား​သော​ပြည့်​တန်​ဆာ​ဖြစ်​၏။ အ​ဘယ်​သူ​မျှ​သင့်​အား​အ​ခ​ကြေး​ငွေ​ပေး​၍ ပြည့်​တန်​ဆာ​လုပ်​စေ​သည်​မ​ဟုတ်။ သင်​သည် အ​ခ​ကြေး​ငွေ​လည်း​မ​ရ။ သင်​က​သာ​လျှင် ပေး​၏။ သင်​သည်​အ​ကယ်​ပင်​ထူး​ပါ​ပေ သည်'' ဟူ​၍​တည်း။
EZE 16:35 သို့​ဖြစ်​၍​အ​ချင်း​ပြည့်​တန်​ဆာ၊ ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။
EZE 16:36 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``သင်​သည်​ကာ​မ​ရာ​ဂ​ကြီး​လျက်​အ​ဝတ် များ​ကို​ချွတ်​၍ ပြည့်​တန်​ဆာ​ကဲ့​သို့​မိ​မိ ကိုယ်​ကို​ချစ်​သူ​များ​သို့​လည်း​ကောင်း၊ စက် ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု​များ​သို့​လည်း ကောင်း​ပေး​အပ်​ကာ မိ​မိ​၏​သား​သ​မီး​များ အား​ရုပ်​တု​များ​ကို​ပူ​ဇော်​ရာ​ယဇ်​ကောင် များ​အ​ဖြစ်​ဖြင့်​သတ်​၏။-
EZE 16:37 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​နှစ်​သက် သော​သင်​၏​ချစ်​သူ​များ​ကို​စု​ဝေး​စေ​ပြီး နောက် သင်​ချစ်​သူ​မုန်း​သူ​အား​လုံး​ကို​စု ဝေး​စေ​ပြီး​လျှင်​သင့်​အား​ဝန်း​ရံ​၍​နေ​စေ မည်။ ထို​နောက်​သင်​၏​အ​ဝတ်​များ​ကို​ချွတ် ၍ သင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​နေ​ပုံ ကို​ပြ​မည်။-
EZE 16:38 ငါ​သည်​သင့်​အား​သူ​တစ်​ပါး​အိမ်​ရာ​ကို ပြစ်​မှား​မှု၊ လူ​သတ်​မှု​တို့​အ​တွက်​ပြစ်​ဒဏ် စီ​ရင်​မည်။ ငါ​သည်​ပြင်း​စွာ​ဒေါ​သ​အ​မျက် ထွက်​၍ မ​ရှု​စိမ့်​သ​ဖြင့်​သင့်​အား​က​လဲ့​စား ချေ​၍​သေ​ဒဏ်​ပေး​မည်။-
EZE 16:39 ငါ​သည်​သင့်​ကို​သူ​တို့​၏​လက်​သို့​အပ်​နှံ မည်။ သူ​တို့​သည်​သင်​၏​မြင့်​သော​တောင်​ကုန်း များ ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက်​ကြ လိမ့်​မည်။ သူ​တို့​သည်​သင်​၏​အ​ဝတ်​အ​စား များ​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို​ယူ ၍ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ထား ကြ​လိမ့်​မည်။
EZE 16:40 ``သင့်​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​အ​ပိုင်း​ပိုင်း ဖြတ်​ကြ​စေ​ရန် သူ​တို့​သည်​လူ​အုပ်​ကြီး​တစ် စု​ကို​လှုံ့​ဆော်​ပေး​ကြ​လိမ့်​မည်။-
EZE 16:41 သူ​တို့​သည်​သင်​၏​အိမ်​များ​ကို​မီး​ရှို့​ကြ ပြီး​လျှင် သင်​အ​ပြစ်​ဒဏ်​ခံ​ရ​ပုံ​ကို​မြောက် မြား​စွာ​သော​အ​မျိုး​သ​မီး​တို့​အား​ပြ​ကြ လိမ့်​မည်။ သင်​၏​ပြည့်​တန်​ဆာ​အ​လုပ်​နှင့် ချစ်​သူ​တို့​အား လက်​ဆောင်​ပေး​ကမ်း​မှု​ကို ငါ​ရပ်​စဲ​စေ​မည်။-
EZE 16:42 ထို​နောက်​ငါ​သည်​အ​မျက်​ပြေ​၍​တည်​ငြိမ် လိမ့်​မည်။ နောက်​တစ်​ဖန်​အ​မျက်​ထွက်​တော့​မည် မ​ဟုတ်။ မ​နာ​လို​စိတ်​လည်း​ရှိ​တော့​မည်​မ​ဟုတ်။-
EZE 16:43 ငယ်​စဉ်​အ​ခါ​က​သင့်​အ​ကြောင်း​ကို သင်​သည် မေ့​ပျောက်​ကာ​ဆိုး​ညစ်​မှု​အ​ပေါင်း​ကို​ပြု​၍ ငါ ၏​အ​မျက်​ကို​နှိုး​ဆော်​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​မှု အ​ရာ​များ​အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး ရ​၏။ သင်​သည်​အ​ကျင့်​ပျက်​ပြား​မှု​အ​ပြင် အ​ခြား​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​အ​မှု​များ ကို အ​ဘယ်​ကြောင့်​ထပ်​လောင်း​၍​ပြု​သ​နည်း'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 16:44 ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့၊ လူ တို့​သည်​သင်​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍`အ​မိ စ​ရိုက်​သ​မီး​လိုက်' ဟူ​သော​စ​ကား​ပုံ​ကို သုံး​စွဲ​ကြ​လိမ့်​မည်။-
EZE 16:45 သင်​သည်​အ​မှန်​ပင်​အ​မေ့​သ​မီး​ပီ​သ​ပါ​ပေ သည်။ သင်​၏​မိ​ခင်​သည်​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​ကို​ရွံ​မုန်း​သူ​ဖြစ်​၏။ သင်​နှင့်​သင့်​ညီ​အစ်​မ တို့​သည်​တူ​ညီ​၍၊ သူ​တို့​သည်​မိ​မိ​ခင်​ပွန်း​နှင့် သား​သ​မီး​တို့​ကို​ရွံ​မုန်း​ကြ​၏။ သင်​၏​မိ​ခင် သည်​ဟိတ္တိ​အ​မျိုး​သ​မီး​ဖြစ်​၍​ဖ​ခင်​မှာ အာ​မော​ရိ​အ​မျိုး​သား ဖြစ်​၏။
EZE 16:46 ``သင်​၏​အစ်​မ​သည်​မိ​မိ​၏​သ​မီး​များ​နှင့် တ​ကွ နေ​ထိုင်​လျက်​ရှိ​သည့်​မြောက်​အ​ရပ်​တွင် ရှိ​သော​ရှ​မာ​ရိ​မြို့​ဖြစ်​၏။ သင့်​ညီ​မ​ကား မိ​မိ​၏​သ​မီး​များ​နှင့်​တ​ကွ​နေ​ထိုင်​လျက် ရှိ​သော​တောင်​အ​ရပ်​တွင်​ရှိ​သည့်​သော​ဒုံ​မြို့ ဖြစ်​၏။-
EZE 16:47 သင်​သည်​သူ​တို့​၏​ခြေ​ရာ​ကို​နင်း​လျက်​စက် ဆုပ်​ဖွယ်​ရာ​အ​ကျင့်​များ​ကို​ပြု​ကျင့်​ရုံ​ဖြင့် ကျေ​နပ်​ပါ​သ​လော။ မ​ကျေ​နပ်။ အ​ချိန်​အ​နည်း ငယ်​အ​တွင်း​သင်​သည်​သူ​တို့​ပြု​သ​မျှ​သော အ​မှု​အ​ပေါင်း​တို့​ထက်​ပို​မို​ဆိုး​ရွား​သော အ​မှု​ကို​ပြု​ကျင့်​ခဲ့​၏။-
EZE 16:48 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​၏​ညီ​မ​သော​ဒုံ​မြို့​နှင့်​သူ့​သ​မီး တို့​သည် သင်​နှင့်​သင့်​သ​မီး​များ​ပြု​ကျင့်​ခဲ့ သည့်​ဆိုး​ညစ်​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြု​မ​ကျင့်​ခဲ့​ကြ။-
EZE 16:49 ဤ​ကား​သင့်​ညီ​မ​သော​ဒုံ​ပြု​သော​အ​မှု​ဖြစ် သည်။ သူ​တို့​သည်​မာ​န​ကြီး​လျက်​အ​စာ​ရေ စာ​အ​ဝ​လွန်​၍ မည်​သူ့​ကို​မျှ​ဂ​ရု​မ​စိုက်​ဘဲ ဆင်း​ရဲ​သူ​များ​နှင့် အ​ခွင့်​အ​ရေး​နိမ့်​သူ​လူ တန်း​စား​တို့​အား ကူ​ညီ​စောင့်​ရှောက်​မှု​ကို မ​ပြု​ကြ။-
EZE 16:50 သူ​တို့​သည်​မာ​န​ကြီး​၍​ငါ​မုန်း​သည့်​အ​မှု တို့​ကို​ပြု​ကြ​၏။ သို့​ဖြစ်​၍​သင်​ကောင်း​စွာ သိ​သည်​အ​တိုင်း ငါ​သည်​သူ​တို့​အား​ပျက်​စီး စေ​၏။
EZE 16:51 ``ရှ​မာ​ရိ​မြို့​သည်​သင်​ပြု​ခဲ့​သည့်​ဒု​စ​ရိုက်​၏ ထက်​ဝက်​ကို​ပင်​မ​ပြု။ သင်​သည်​သူ​ပြု​သ​မျှ သော​အ​မှု​အ​ပေါင်း​တို့​ထက် ပို​၍​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​မှု​ကို​ပြု​လေ​ပြီ။ သင်​သည်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​လှ​သ​ဖြင့် သင့်​ညီ​အစ်​မ တို့​ကား​သင်​နှင့်​စာ​သော်​အပြစ်​မဲ့​သူ​များ​ဟု ပင်​ထင်​မှတ်​ရ​၏။-
EZE 16:52 ယ​ခု​သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား ရ​မည်။ သင့်​ညီ​အစ်​မ​များ​အ​တွက် တ​ရား​မျှ တ​မှု​အ​ချို့​ဆောင်​ရွက်​ခဲ့​ပြီ။ သင်​၏​အ​ပြစ် များ​သည်​သင့်​ညီ​အစ်​မ​တို့​၏​အ​ပြစ်​များ ထက် လွန်​စွာ​ပို​၍​ဆိုး​ရွား​သ​ဖြင့် သူ​တို့​သည် သင်​နှင့်​စာ​သော်​အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​၏။ ယင်း​သို့​မိ​မိ​၏​ညီ​အစ်​မ​တို့​အား အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့​ထင်​မှတ်​စေ​သော ကြောင့် သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား လော့'' ဟု​မိန့်​တော်​မူ​၏။
EZE 16:53 ``သော​ဒုံ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​နှင့် ရှ​မာ ရိ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​ကို​ငါ​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​စေ​မည်။ သင့်​ကို လည်း​ပြန်​လည်​စည်​ကား​လာ​စေ​မည်။-
EZE 16:54 သင်​သည်​မိ​မိ​ကိုယ်​ကို​ရှက်​လိမ့်​မည်။ သင်​၏ အ​သ​ရေ​ပျက်​မှု​သည်​သင့်​ညီ​အစ်​မ​တို့​အား မိ​မိ​တို့​အ​ဘယ်​မျှ​ကောင်း​စား​လာ​ကြောင်း ထင်​ပေါ်​စေ​လိမ့်​မည်။-
EZE 16:55 သင်​၏​ညီ​အစ်​မ​များ​ဖြစ်​သော​သော​ဒုံ​နှင့် သူ​၏​သ​မီး​များ၊ ရှ​မာ​ရိ​နှင့်​သူ​၏​သ​မီး များ​တို့​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​လာ ကြ​လိမ့်​မည်။ သင်​နှင့်​သင့်​သ​မီး​များ​သည် လည်း​ပြန်​လည်​ထူ​ထောင်​လာ​လိမ့်​မည်။-
EZE 16:56 မိ​မိ​၏​ဆိုး​ညစ်​မှု​များ​ကို​လူ​မ​သိ​မီ​မာန် မာ​န​ထောင်​လွှား​နေ​စဉ်​အ​ခါ​က သင်​သည် သင်​၏​ညီ​မ​သော​ဒုံ​မြို့​၏​နာ​မည်​ကို​ဖော်​ပြ ခြင်း​မ​ပြု​ခဲ့ ယ​ခု​အ​ခါ​၌​သင်​ကိုယ်​တိုင် သည်​ဧ​ဒုံ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ၊ ဖိ​လိတ္တိ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ​နှင့် သင့်​ကို​မုန်း​သော​သူ​တို့​ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လေ​ပြီ။-
EZE 16:58 သင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​ညစ်​ညမ်း​စက်​ဆုပ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​မှု​များ​၏​အ​ကျိုး ဆက်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
EZE 16:59 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​သည်​သင်​၏ ကတိ​သစ္စာ​တို့​ကို​ပ​မာ​ဏ​မ​ပြု၊ ပ​ဋိ​ညာဉ် ကို​လည်း​ချိုး​ဖောက်​သ​ဖြင့် သင်​ခံ​ထိုက်​သည့် အ​ပြစ်​ကို​ငါ​ပေး​မည်။-
EZE 16:60 သို့​ရာ​တွင်​သင်​ငယ်​စဉ်​အ​ခါ​က​ငါ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ပြန်​လည်​သ​တိ​ရ​၍ သင်​နှင့်​ထာ​ဝ စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ကို​ငါ​ဖွဲ့​ဦး​မည်။-
EZE 16:61 သင်​၏​အစ်​မ​နှင့်​ညီ​မ​တို့​သည်​သင့်​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ သင်​သည် မိ​မိ​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​ကို​သ​တိ​ရ​၍ ရှက်​လိမ့်​မည်။ သင်​နှင့်​ငါ​ဖွဲ့​ခဲ့​သော​ပ​ဋိ​ညာဉ် တွင်​မ​ပါ​ရှိ​သော်​လည်း ငါ​သည်​သူ​တို့​အား သင်​၏​သ​မီး​များ​သ​ဖွယ်​ဖြစ်​စေ​မည်။-
EZE 16:62 ငါ​သည်​သင်​နှင့်​ပဋိညာဉ်​ကို​အ​သစ်​တစ်​ဖန်​ပြန် ၍​ဖွဲ့​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​ရှိ​ရ​လိမ့်​မည်။-
EZE 16:63 သင်​ပြု​ခဲ့​သ​မျှ​သော​အ​မှား​တို့​ကို​ငါ​ခွင့် လွှတ်​သော​အ​ခါ သင်​သည်​ယင်း​အ​မှား​တို့ ကို​သ​တိ​ရ​လျက်​ရှက်​သ​ဖြင့် နှုတ်​ကို​ပင် မ​ဖွင့်​နိုင်​သည်​တိုင်​အောင်​အ​ရှက်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 17:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 17:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘုရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သိ​ရှိ​ကြ​စေ ရန် စ​ကား​ထာ​ဝှက်​၍​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို ပြော​ပြ​လော့။ အ​ခါ​တစ်​ပါး​က​သန်​စွမ်း သော​အ​တောင်​ကြီး​များ​နှင့် ရှည်​သော​အ​မွေး အ​တောင်​များ​ရှိ​သည့်​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ့​မှာ​အ​ရောင်​စုံ​၍​လှ​ပ သော​အ​မွေး​အ​တောင်​များ​ရှိ​၏။ သူ​သည် လေ​ဗ​နုန်​တောင်​ထိပ်​သို့​ပျံ​သန်း​ပြီး​လျှင် အာ​ရစ်​ပင်​ထိပ်​ဖျား​တွင်​နား​လျက်၊-
EZE 17:4 ထိပ်​ဆုံး​မှ​အ​ညွန့်​အ​ဖျား​ကို​ချိုး​ယူ​၍ ရောင်း ဝယ်​ဖောက်​ကား​သည့်​နိုင်​ငံ​သို့​ယူ​ဆောင်​ကာ ကုန်​သည်​တို့​မြို့​တွင်​စိုက်​ပျိုး​၏။-
EZE 17:5 ထို​နောက်​သူ​သည်​ဣသ​ရေ​လ​နိုင်​ငံ​တွင်​ရှိ​သည့် သစ်​စေ့​တစ်​စေ့​ကို​ယူ​၍ မိုး​မ​ခ​ပင်​ကဲ့​သို့ ပေါက်​နိုင်​ရန် ရေ​အ​စဉ်​ရ​၍​မြေ​ကောင်း​မြေ သန့်​ရှိ​ရာ​ကွင်း​တွင်​စိုက်​ပျိုး​၏။-
EZE 17:6 အ​ပင်​ငယ်​သည်​ရွက်​နု​များ​ထွက်​လာ​ကာ​နိမ့် နိမ့်​နှင့်​အ​ကိုင်း​အ​ခက်​များ​ဖြာ​၍​ထွက်​လာ သော​စ​ပျစ်​နွယ်​ပင်​ဖြစ်​လာ​လေ​သည်။ ထို အ​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လင်း​ယုန် ငှက်​ရှိ​ရာ​သို့​တက်​လျက်​အ​မြစ်​များ​သည် လည်း​အောက်​သို့​နက်​စွာ​ဆင်း​သွား​ကြ​၏။ စ​ပျစ်​ပင်​သည်​အ​ကိုင်း​အ​ခက်​တို့​ဖြင့် ဝေ​ဆာ​လျက်​နေ​၏။
EZE 17:7 ``ထို​အ​ရပ်​တွင်​အ​ခြား​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ​၏​အ​တောင်​များ​သည် သန်​မာ​၍ အ​မွေး​တို့​သည်​လည်း​ထူ​ထပ်​၏။ စ​ပျစ်​ပင်​သည်​ယ​ခု​မိ​မိ​တည်​ရာ​ဥ​ယျာဉ် မှ​နေ​၍ ရေ​များ​ကို​ပို​ရ​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​ကာ သူ​၏​ဘက်​သို့​အ​မြစ်​များ​ကို ထိုး​စေ​၍​အ​ရွက်​များ​ကို​လည်း​မျက်​နှာ မူ​စေ​၏။-
EZE 17:8 သို့​သော်​အ​ရွက်​အ​သီး​များ​ဖြင့်​လှ​ပ​ဝေ ဆာ​သော​စ​ပျစ်​ပင်​ဖြစ်​လာ​စေ​ရန် ယင်း​ကို ရေ​အ​လုံ​အ​လောက်​ရှိ​သည့်​မြေ​ကောင်း မြေ​သန့်​၌​စိုက်​ပျိုး​ထား​ခဲ့​ပြီး​ဖြစ်​သည်။
EZE 17:9 ``သို့​ဖြစ်​၍​ဤ​စ​ပျစ်​ပင်​သည်​ဆက်​လက်​၍ ရှင်​သန်​နိုင်​မည်​လော။ ထို​အ​ပင်​ကို​အ​မြစ်​မှ ဆွဲ​နုတ်​ပြီး​လျှင် စ​ပျစ်​သီး​များ​ကို​ချွေ​ကာ အ​ကိုင်း​သစ်​တို့​ကို​လည်း​ချိုး​၍ ညှိုး​နွမ်း ခြောက်​သွေ့​သွား​စေ​မည်​မ​ဟုတ်​လော။ ထို အ​ပင်​ကို​နုတ်​ပစ်​ရန်​ခွန်​အား​များ​စွာ​ရှိ​ရန် လူ​အ​လုံး​အ​ရင်း​ကို​လို​လိမ့်​မည်​မ​ဟုတ် ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-
EZE 17:10 ထို​စ​ပျစ်​ပင်​ကို​ရွှေ့​ပြောင်း​၍​စိုက်​ပျိုး​ခဲ့​လျှင် ထို​အ​ပင်​သည်​ဆက်​လက်​ရှင်​သန်​နိုင်​မည်​လော။ ယင်း​သည်​အ​ရှေ့​လေ​တိုက်​ခတ်​သော​အ​ခါ​ညှိုး နွမ်း​ခြောက်​သွေ့​သွား​မည်​မ​ဟုတ်​လော။ ယ​ခု ပေါက်​လျက်​နေ​သည့်​အ​ရပ်​၌​ပင်​ညှိုး​နွမ်း ခြောက်​သွေ့​သွား​မည်​မ​ဟုတ်​လော'' ဟု​မိန့် တော်​မူ​၏။
EZE 17:11 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​သည်​ကား၊-
EZE 17:12 ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သိ​ကြ သ​လော​ဟု ထို​ပုန်​ကန်​တတ်​သည့်​သူ​တို့​အား​မေး မြန်း​လော့။ ဗာ​ဗု​လုန်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​လာ​၍ ဘု​ရင်​နှင့်​တ​ကွ​မှူး​မတ်​အ​ပေါင်း​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​သည့်​အ ကြောင်း​ကို​သူ​တို့​အား​ပြော​ပြ​လော့။-
EZE 17:13 ထို​နောက်​သူ​သည်​ထို​ဘု​ရင်​၏​ဆွေ​တော်​မျိုး တော်​တစ်​ဦး​ကို​ခေါ်​ယူ​၍ ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ကို​ချုပ်​ဆို​ပြီး​လျှင်​သူ့​အား​ကျမ်း​သစ္စာ ကျိန်​ဆို​စေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​နှိမ့်​ချ​ခံ​ရ လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက်​တစ် ဖန်​မ​ပုန်​ကန်​နိုင်​ကြ​စေ​ရန်​နှင့်၊ ငြိမ်း​ချမ်း​ရေး စာ​ချုပ်​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​အား​ဖြင့် သာ​ရှင်​သန်​နိုင်​ကြ​စေ​ရန် အ​ရေး​ပါ​အ​ရာ ရောက်​သူ​များ​ကို​ဋ္ဌား​စာ​ခံ​အ​ဖြစ်​ဖြင့် ခေါ်​ဆောင်​သွား​၏။-
EZE 17:15 သို့​သော်​လည်း​ယုဒ​ဘု​ရင်​သည်​ပုန်​ကန်​ထ ကြွ​လျက် မြင်း​နှင့်​စစ်​သည်​အ​မြောက်​အ​မြား ကို​စစ်​ကူ​ရ​ရှိ​ရန် အီ​ဂျစ်​ပြည်​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​လေ​သည်။ သူ​၏​အ​ကြံ​ထ မြောက်​သ​လော။ ဘေး​လွတ်​မည်​လော။ ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​ချိုး​ဖောက်​ပြီး​နောက် အ​ပြစ်​ပေး​ခြင်း​ကို​မ​ခံ​ရ​ဘဲ​နေ​မည် လော။
EZE 17:16 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် နှင့်​အ​ညီ ဤ​မင်း​သည်​မိ​မိ​ကျိန်​ဆို​ထား သည့်​ကျမ်း​သစ္စာ​ကို​မ​လေး​စား​ဘဲ၊ မိ​မိ အား​နန်း​တင်​ခဲ့​သည့်​ဗာ​ဗု​လုန်​မင်း​နှင့် ချုပ်​ဆို​ထား​သည့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ကို​လည်း​ကောင်း ချိုး​ဖောက်​သည့်​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​သေ​ရ​လိမ့်​မည်။-
EZE 17:17 ဗာ​ဗု​လုန်​စစ်​သည်​တို့​သည်​လူ​များ​ကို​သတ် ခြင်း​ငှာ မြေ​က​တုတ်​များ​လုပ်​၍​ကျုံး​မြောင်း များ​တူး​ကြ​သော​အ​ခါ အင်​အား​ကြီး​မား သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​ပင်​လျှင် ယု​ဒ​မင်း​အား​အ​ကူ​အ​ညီ​ပေး​နိုင်​မည် မ​ဟုတ်။-
EZE 17:18 ထို​မင်း​သည်​မိ​မိ​ကျိန်​ဆို​ခဲ့​သည့်​ကျမ်း​သစ္စာ ကို​မ​လေး​စား​ဘဲ၊ မိ​မိ​ချုပ်​ဆို​ခဲ့​သည့်​ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​လည်း​ကောင်း​ချိုး​ဖောက်​၏။ သူ​သည်​က​တိ​သစ္စာ​ကျိန်​ဆို​ပြီး​သော်​လည်း ဤ​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သူ​သည်​ယ​ခု အ​သက်​ချမ်း​သာ​ရာ​ရ​မည်​မ​ဟုတ်'' ဟူ​၍ တည်း။
EZE 17:19 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​၏။ သူ​သည်​ငါ​ကျိန် ဆို​သည့်​သစ္စာ​ကို​မ​လေး​စား​ဘဲ ပ​ဋိ​ညာဉ် စာ​ချုပ်​ကို​ချိုး​ဖောက်​သည့်​အ​တွက်​သူ့​ခေါင်း ပေါ်​သို့​ငါ​ဒဏ်​ခတ်​မည်။-
EZE 17:20 ပိုက်​ကွန်​နှင့်​သူ့​ကို​ငါ​အုပ်​မည်။ ကျော့​ကွင်း​ကို ထောင်​၍​သူ့​အား​ငါ​ဖမ်း​မည်။ ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်​ထို​မြို့​တွင်​သူ့​အား ဒဏ်​ခတ်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ငါ့​ကို​သစ္စာ​ဖောက်​သော​ကြောင့်​ဖြစ်​၏။-
EZE 17:21 ထွက်​ပြေး​သော​သူ​၏​စစ်​သည်​တော်​များ​သည် စစ်​ပွဲ​၌​ကျ​ဆုံး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သော သူ​တို့​သည်​လည်း​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​ကုန် ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 17:22 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ``ငါ​သည်​အာ​ရစ်​ပင်​မြင့်​၏​ထိပ်​ဖျား​ကိုင်း​ကို ယူ​၍​စိုက်​မည်။ အ​ခက်​နု​ကို​ချိုး​ပြီး​နောက်​အ​လွန်​မြင့်​သော တောင်​မြင့်​ပေါ်​မှာ​စိုက်​မည်။
EZE 17:23 အ​မြင့်​ဆုံး​သော​ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ စိုက်​မည်။ ထို​အ​ပင်​သည်​အ​ကိုင်း​အ​ခက်​များ​ထွက်​၍ အ​သီး​သီး​ကာ လှ​ပ​တင့်​တယ်​သော​အာ​ရစ်​ပင်​ဖြစ်​လာ​လိမ့်​မည်။ ထို​အ​ပင်​၌​ငှက်​အ​မျိုး​မျိုး​တို့​အ​သိုက် လုပ်​ကြ​လိမ့်​မည်။ အ​ပင်​ရိပ်​တွင်​လည်း​ခို​လှုံ​ကြ​လိမ့်​မည်။
EZE 17:24 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဤ​ပြည်​တွင်​ရှိ​သ​မျှ​သော​သစ်​ပင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သစ်​ပင်​မြင့်​များ​ကို​ခုတ်​လှဲ​၍ သစ်​ပင်​ငယ်​တို့​ကို​မြင့်​မား​လာ​စေ​၏။ စိမ်း​လန်း​သော​အ​ပင်​တို့​ကို​ညှိုး​နွမ်း​ခြောက်​သွေ့​စေ​၍ သွေ့​ခြောက်​သော​အ​ပင်​တို့​ကို​စိမ်း​လန်း​လာ စေ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​စ​ကား​အ​တိုင်း ပြု​မည်'' ဟူ​၍​တည်း။
EZE 18:1 ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 18:2 ကိုယ်​တော်​က ``မိ​ဘ​တို့​စ​ပျစ်​ချဉ်​သီး​ကို​သုံး​ဆောင်​ခြင်း ကြောင့်၊ သား​သ​မီး​များ​သွား​ကျိန်း​ရ​ကြ​၏'' ဟူ​သော​စ​ကား​ပုံ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ထပ်​ကာ​ထပ်​ကာ​ပြော​ဆို​နေ​ကြ​ရာ ၌​အ​ဘယ်​သို့​ဆို​လို​သ​နည်း။''
EZE 18:3 ``ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​နှင့်​အ​ညီ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဤ​စ​ကား​ပုံ​ကို​နောက်​တစ်​ဖန်​သုံး​စွဲ​ရ တော့​မည်​မ​ဟုတ်။-
EZE 18:4 အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။
EZE 18:5 ``အ​ကယ်​၍​ကောင်း​မြတ်​ဖြောင့်​မတ်​၍​ရိုး​သား သူ​ရှိ​အံ့။-
EZE 18:6 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-
EZE 18:7 သူ​သည်​လှည့်​စား​မှု​ကို​မ​ပြု။ သူ​တစ်​ပါး​၏ ဥစ္စာ​ကို​အ​နိုင်​အ​ထက်​မ​လု​မ​ယူ။ အ​ပေါင်​ခံ ပစ္စည်း​ကို​လည်း​ပြန်​၍​ပေး​၏။ ငတ်​မွတ်​နေ​သူ ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ် အ​စား​များ​ကို​ပေး​၏။-
EZE 18:8 သူ​သည်​အ​တိုး​အမြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​ချင်း​များ​မှု တို့​တွင်​ဖြောင့်​မှန်​သော​အ​ဆုံး​အ​ဖြတ်​ကို ပေး​၏။-
EZE 18:9 သူ​သည်​ငါ​၏​အ​မိန့်​များ​ကို​လိုက်​နာ​၍ ငါ​၏ ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ​စောင့်​ထိန်း​၏။ ထို​သူ​သည်​သူ​တော်​ကောင်း​ဖြစ်​သ​ဖြင့် အ​သက် ရှင်​လိမ့်​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
EZE 18:10 ``ထို​သူ​၌​အ​နိုင်​အ​ထက်​လု​ယက်​သတ်​ဖြတ် တတ်​၍ ဖ​ခင်​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို ပြု​ကျင့်​သူ​သား​တစ်​ယောက်​ရှိ​သည်​ဆို​အံ့။ ထို​သား​သည်​တောင်​ပေါ်​ရှိ​ကိုး​ကွယ်​ရာ​ဌာ​န များ​တွင်​ယဇ်​ပူ​ဇော်​သည့်​အ​သား​ကို​စား​၏။ သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​၏။-
EZE 18:12 သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​လိမ်​လည် လှည့်​စား​၏။ သူ​တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင် အ​ထက်​လု​ယူ​၏။ အ​ပေါင်​ခံ​ပစ္စည်း​ကို​လည်း ပြန်​၍​မ​ပေး။ ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​ကို​ပြု​၏။-
EZE 18:13 သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။
EZE 18:14 ``ယ​ခု​ထို​သူ​၌​သား​တစ်​ယောက်​ရှိ​သည်​ဆို အံ့။ ထို​သား​သည်​မိ​မိ​ဖ​ခင်​ပြု​ကျင့်​ခဲ့​သည့် ဒု​စ​ရိုက်​တို့​ကို​မြင်​သော်​လည်း​ဖ​ခင်​ကို အ​တု​မ​ခိုး။-
EZE 18:15 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ​ကိုး ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​လည်း​မ​စား။ သူ​တစ်​ပါး​အိမ် ရာ​ပြစ်​မှား​ခြင်း၊-
EZE 18:16 သူ​တစ်​ပါး​တို့​အား​နှိပ်​စက်​ညှင်း​ဆဲ​မှု​နှင့် သူ တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ​မှု​တို့ ကို​လည်း​မ​ပြု။ သူ​သည်​အ​ပေါင်​ခံ​ပစ္စည်း​များ ကို​လက်​မ​ခံ။ ငတ်​မွတ်​နေ​သူ​ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ်​အ​စား​များ​ကို ပေး​၏။-
EZE 18:17 သူ​သည်​ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​တိုး အ​မြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ငါ​၏​ပ​ညတ် တော်​များ​ကို​စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​တော် တို့​ကို​လိုက်​နာ​၏။ ထို​သူ​သည်​ဖ​ခင်​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​မ​ဟုတ်။ သူ​သည်​မု​ချ အ​သက်​ရှင်​လိမ့်​မည်။-
EZE 18:18 သူ​၏​ဖ​ခင်​မူ​ကား​လိမ်​လည်​လှည့်​စား​၍​သူ တစ်​ပါး​တို့​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ လျက် အ​စဉ်​ပင်​လူ​အ​ပေါင်း​အား​ဆိုး​ညစ်​စွာ ပြု​ကျင့်​သ​ဖြင့်​မိ​မိ​၏​အ​ပြစ်​များ​ကြောင့် သေ​ရ​၏။
EZE 18:19 ``သို့​ရာ​တွင်​သင်​တို့​က`သား​ဖြစ်​သူ​သည် အ​ဘယ်​ကြောင့်​ဖ​ခင်​ပြု​ခဲ့​သည့်​အ​ပြစ်​များ ၏​အ​ကျိုး​ဆက်​ကို​မ​ခံ​ရ​ပါ​သ​နည်း' ဟု မေး​ကြ​၏။ အ​ဖြေ​ကား​သား​သည်​ကောင်း​ရာ မှန်​ရာ​ကို​ပြု​သူ​ဖြစ်​၏။ သူ​သည်​ငါ​၏​ပ​ညတ် တော်​တို့​ကို​စောင့်​ထိန်း​၍​အ​သေ​အ​ချာ​လိုက် နာ​၏။ သို့​ဖြစ်​၍​သူ​သည်​မု​ချ​အ​သက်​ရှင် လိမ့်​မည်။-
EZE 18:20 သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။
EZE 18:21 ``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။-
EZE 18:22 သူ​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သည့်​အ​တွက် မိ​မိ​၏​အ​ပြစ်​အ​ပေါင်း​မှ​ပြေ​လွှတ်​၍ အ​သက်​ရှင်​ရ​လိမ့်​မည်။-
EZE 18:23 ငါ​သည်​ဆိုး​ညစ်​သူ​သေ​သည်​ကို​မြင်​သော အ​ခါ နှစ်​ခြိုက်​အား​ရ​ခြင်း​ဖြစ်​သည်​ဟု​သင် တို့​ထင်​မှတ်​ကြ​သ​လော​ဟု အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မေး​တော်​မူ​၏။ ကိုယ်​တော်​က​ထို​သူ နောင်​တ​ရ​၍​အ​သက်​ရှင်​ရ​သည်​ကို​သာ လျှင်​ငါ​မြင်​လို​၏။
EZE 18:24 ``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။
EZE 18:25 ``သို့​သော်​လည်း​သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင် တော်​မူ​သည်​မှာ​မ​ဖြောင့်​ဟု' ဆို​ကြ​၏။ အ​ချင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​ပြော​သည် ကို​နား​ထောင်​ကြ​လော့။ သင်​တို့​က​ငါ​စီ​ရင် ချက်​မ​ဖြောင့်​ဟု​ထင်​မှတ်​ကြ​၏။ မ​ဖြောင့် သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ​ပင် ဖြစ်​၏။-
EZE 18:26 သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ ဆိုး​ညစ်​မှု​ကို​ပြု​ပြီး​နောက်​သေ​သွား​လျှင် ထို​သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​ဆိုး​ညစ်​မှု ကြောင့်​သေ​ရ​ခြင်း​ဖြစ်​၏။-
EZE 18:27 ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင် သူ​သည် မိ​မိ​၏​အ​သက်​ကို​ချမ်း​သာ​ရာ​ရ​စေ​သူ ဖြစ်​၏။-
EZE 18:28 သူ​သည်​မိ​မိ​အ​မှား​ကို​မြင်​၍​အ​ပြစ်​ကို စွန့်​လွှတ်​လိုက်​သ​ဖြင့်​မု​ချ​ပင်​သေ​ရ​မည် မ​ဟုတ်။ ဆက်​လက်​၍​အ​သက်​ရှင်​ရ​လိမ့် မည်။-
EZE 18:29 သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင်​တော်​မူ​ချက်​သည် မ​ဖြောင့်' ဟု​ဆို​ကြ​၏။ ငါ​စီ​ရင်​တော်​မူ​ချက် ကို​မ​ဖြောင့်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ မ​ဖြောင့်​သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ ပင်​ဖြစ်​၏။
EZE 18:30 ``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။-
EZE 18:31 သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။-
EZE 18:32 ငါ​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​သေ​စေ​လို။ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​၍​အ​သက်​ရှင် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
EZE 19:1 ဣ​သ​ရေ​လ​မင်း​သား​တို့​အ​တွက်​ငို​ချင်း ကို​အောက်​ပါ​အ​တိုင်း​ဖွဲ့​ဆို​ရန် ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​အ​မိန့်​ပေး​တော်​မူ​၏။
EZE 19:2 သင့်​အ​မိ​သည်​ခြင်္သေ့​မ​ပီ​သ​ပါ​ပေ​သည်။ သူ​သည်​ငယ်​ရွယ်​သော​ခြင်္သေ့​ဖို​တို့​ကြား​တွင် သား​ငယ်​များ​ကို​ကြီး​ပြင်း​အောင်​ကျွေး​မွေး စောင့်​ရှောက်​၏။
EZE 19:3 သား​ကောင်​များ​ဖမ်း​သည့်​အ​တတ်​ကို သင်​ကြား​ပေး​သ​ဖြင့်၊ ခြင်္သေ့​ငယ်​တစ်​ကောင်​သည်​သန်​စွမ်း​လာ​၍ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​လေ​သည်။
EZE 19:4 လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​ကြောင်း​ကို ကြား​သော​အ​ခါ တွင်း​ဖြင့်​ထောင်​၍​ဖမ်း​ပြီး​လျှင်​နှာ​ဖား​ကြိုး ထိုး​လျက် အီ​ဂျစ်​ပြည်​သို့​ဆွဲ​ငင်​သွား​ကြ​၏။
EZE 19:5 ခြင်္သေ့​မ​သည်​မိ​မိ​၏​မျှော်​လင့်​ချက်​များ​မ​ရှိ တော့​ဘဲ မျှော်​မှန်း​ချက်​များ​ကုန်​ဆုံး​သည်​ကို သိ​မြင်​သော​အ​ခါ အ​ခြား​သား​ငယ်​တစ်​ကောင်​ကို​ကြီး​ပြင်း​အောင် ကျွေး​မွေး​စောင့်​ရှောက်​ပြန်​၏။ ထို​သား​ငယ်​သည်​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သော​ခြင်္သေ့ ဖြစ်​လာ​လေ​သည်။
EZE 19:6 သူ​သည်​အ​ရွယ်​ရောက်​၍​သန်​စွမ်း​သော​အ​ခါ၊ အ​ခြား​ခြင်္သေ့​များ​နှင့်​အ​တူ​အ​စာ​ရှာ​ရန် လှည့်​လည်​လျက်၊ သား​ကောင်​ဖမ်း​သည့်​အ​တတ်​ကို​သင်​ယူ ကာ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​၏။
EZE 19:7 သူ​သည်​ခံ​တပ်​များ​ကို​ဖြို​ချ​၍​မြို့​တို့​ကို ဖျက်​ဆီး​နေ​၏။ သူ​ဟောက်​လိုက်​သည့်​အ​ခါ​တိုင်း၊ ပြည်​သူ​ပြည်​သား​တို့​သည်​ကြောက်​လန့်​တုန်​လှုပ် ကြ​၏။
EZE 19:8 ထို​အ​ခါ​အ​ရပ်​ရပ်​သူ​၏​ပတ်​ဝန်း​ကျင်​မှ လူ​မျိုး​တ​ကာ​တို့​သည်​စု​ရုံး​လာ​ကြ​လျက်၊ သူ့​အား​မု​ဆိုး​ပိုက်​ကွန်​များ​ဖြင့်​တွင်း​ထဲ​သို့ ထောင်​ဖမ်း​ကြ​၏။
EZE 19:9 ထို​နောက်​သူ့​အား​သံ​ချိတ်​များ​နှင့်​ဆွဲ​ပြီး လှောင်​အိမ်​တစ်​ခု​တွင်​ထည့်​၍​ဗာ​ဗု​လုန်​မင်း​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။ ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​သူ​၏​အ​သံ ကို နောက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​ရ​စေ​ရန် သူ့​အား အ​စောင့်​အ​ကြပ်​နှင့်​ထောင်​ချ​ထား​၏။
EZE 19:10 သင့်​အ​မိ​သည်​စမ်း​ချောင်း​အ​နီး​တွင်​စိုက်​ထား သည့် စ​ပျစ်​ပင်​နှင့်​တူ​၏။ ရေ​အ​လုံ​အ​လောက်​ရှိ​သ​ဖြင့်​ထို​အ​ပင်​သည် အ​သီး​အ​ရွက်​များ​နှင့်​ဝေ​ဆာ​၍​နေ​၏။
EZE 19:11 အ​ကိုင်း​များ​သည်​သန်​မာ​ခိုင်​ခံ့​သ​ဖြင့် ရာ​ဇ​လှံ​တံ အ​ဖြစ်​အ​သုံး​ဝင်​လာ​လေ​သည်။ စ​ပျစ်​ပင်​သည်​သစ်​ပင်​အ​ရွက်​အ​လက်​များ အ​ထက်​ထိ​အောင်​မြင့်​မား​လာ​၏။ ထို​အ​ပင်​အ​ဘယ်​မျှ​မြင့်​မား​၍​အ​ရွက် အ​လက်​များ ထူ​ထပ်​သည်​ကို​ထင်​ရှား​စွာ​မြင်​ရ​ကြ​၏။
EZE 19:12 သို့​ရာ​တွင်​ထို​စ​ပျစ်​ပင်​သည်​အ​မျက်​ထွက်​သူ​တို့ လက်​ဖြင့်​အ​မြစ်​မှ​ဆွဲ​နုတ်​ခြင်း​ကို​ခံ​ရ​ကာ မြေ​ပေါ်​သို့​လဲ​ကျ​လေ​၏။ အ​ရှေ့​လေ​ကြောင့်​စ​ပျစ်​သီး​များ​ပိန်​ခြောက်​ကုန်​၏။ စ​ပျစ်​ကိုင်း​တို့​သည်​လည်း​ကျိုး​ပဲ့​ခြောက်​သွေ့​ကာ မီး​ရှို့​ခြင်း​ကို​ခံ​ရ​ကြ​၏။
EZE 19:13 ယ​ခု​အ​ခါ​ထို​အ​ပင်​ကို​ခြောက်​သွေ့​၍ ရေ​မ​ရှိ​ရာ​အ​ရပ်​ဖြစ်​သော​တော​ကန္တာ​ရ​တွင် စိုက်​ထား​လေ​သည်။
EZE 19:14 ယင်း​၏​ပင်​စည်​ကို​မီး​သင့်​လောင်​သ​ဖြင့် အ​ကိုင်း​အ​ခက်​နှင့်​အ​သီး​များ​သည်​လည်း လောင်​ကျွမ်း​သွား​လေ​သည်။ ထို​အ​ပင်​၏​အ​ကိုင်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပြန်​လည်​ခိုင်​ခံ့​သန်​မာ​လာ​ကြ​တော့​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​၌​မျှ​ရာ​ဇ​လှံ​တံ​အ​ဖြစ် အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​စပ်​ဆို​ထား​သည့်​ငို​ချင်း​ဖြစ်​၏။ ထို ငို​ချင်း​ကို​အ​ဖန်​တစ်​လဲ​လဲ​သီ​ဆို​ကြ ရ​မည်။
EZE 20:1 ပြည်​နှင်​ဒဏ်​ခံ​ရ​သည့်​သတ္တမ​နှစ်​မြောက်၊ ပဉ္စ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ဣ​သ​ရေ​လ​ခေါင်း​ဆောင် အ​ချို့​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​စုံ​စမ်း​မေး​မြန်း​ရန် ငါ့​ထံ​သို့​လာ​ရောက်​ကြ ၏။ ထို​သူ​တို့​ငါ​၏​ရှေ့​တွင်​ထိုင်​ကြ​သော​အ​ခါ၊-
EZE 20:2 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို​ငါ ကြား​ရ​၏။-
EZE 20:3 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့ အား`သင်​တို့​သည်​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း မေး​မြန်း​ရန်​လာ​ကြ​သ​လော။ ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​တို့​မေး​မြန်း​စုံ​စမ်း​မှု​မှန်​သ​မျှ ကို​လက်​ခံ​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ဖြစ်​၏' ဟု​မိန့် တော်​မူ​ကြောင်း​ဆင့်​ဆို​လော့။
EZE 20:4 ``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့​အား​စစ် ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ အ​သင့်​ရှိ လျှင်​စစ်​ဆေး​စီ​ရင်​လော့။ သူ​တို့​အား​မိ​မိ တို့​ဘိုး​ဘေး​များ​ပြု​ကျင့်​ခဲ့​သော​စက်​ဆုပ် ဖွယ်​ကောင်း​သည့်​အ​မှု​တို့​ကို​သ​တိ​ပေး​ဖော် ပြ​လော့။-
EZE 20:5 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​ကြောင်း​ကို​လည်း ပြော​ပြ​လော့။ ဣ​သ​ရေ​လ လူ​မျိုး​တို့​ကို​ငါ​ရွေး​ကောက်​တော်​မူ​၍ ယာ​ကုပ် ၏​အ​မျိုး​အ​နွယ်​တို့​အား​ငါ​သည်​က​တိ​ပေး ကျိန်​ဆို​ခဲ့​၏။ အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​သူ​တို့ အား​ထင်​ရှား​လျက် ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ကို​ကျိန်​ဆို​ခဲ့​၏။-
EZE 20:6 သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-
EZE 20:7 ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊-
EZE 20:8 သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။-
EZE 20:9 သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။
EZE 20:10 ``သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​တော​ကန္တာ​ရ​သို့​ထုတ်​ဆောင်​ကာ၊-
EZE 20:11 ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-
EZE 20:12 သူ​တို့​အား​မြင့်​မြတ်​သန့်​ရှင်း​စေ​သူ​မှာ ငါ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သ​တိ​ပေး လို​သ​ဖြင့် ငါ​နှင့်​သူ​တို့​သ​ဘော​တူ​သည့် အ​မှတ်​လက္ခ​ဏာ​အ​နေ​ဖြင့် ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ကြ​ရန်​ငါ​ပြ​ဋ္ဌာန်း​ထား​၏။-
EZE 20:13 သို့​ရာ​တွင်​သူ​တို့​သည်​တော​ကန္တာရ​၌​ပင် ငါ့​ကို​အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင် ခွင့်​ရ​မည်​ဖြစ်​သော်​လည်း​သူ​တို့​သည်​ငါ ၏​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​၍​ငါ​၏ အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကြ​၏။ ဥ​ပုသ်​နေ့ ကို​လည်း​အ​လျှင်း​မ​ရို​သေ။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​အား​တော​ကန္တာ​ရ​တွင်​ငါ​၏ အ​မျက်​တော်​သွန်း​လောင်း​ခြင်း​ဒဏ်​ကို​ခံ စေ​၍ သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ ခဲ့​၏။-
EZE 20:14 သို့​ရာ​တွင်​ယင်း​သို့​ဖျက်​ဆီး​ပစ်​ပါ​မူ​နိုင်​ငံ တ​ကာ​ရှေ့​တွင် ငါ​၏​နာ​မ​တော်​အ​သ​ရေ ပျက်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ အား​အီ​ဂျစ်​ပြည်​မှ ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို လူ​မျိုး​တ​ကာ​တို့​မြင်​ခဲ့​ကြ​သော​ကြောင့် ဖြစ်​၏။-
EZE 20:15 သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-
EZE 20:16 ယင်း​သို့​ကျိန်​ဆို​ရ​ခြင်း​အ​ကြောင်း​မှာ​သူ​တို့ သည် မိ​မိ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ပို​မို နှစ်​သက်​ကြ​လျက် ငါ​၏​အ​မိန့်​တော်​တို့​ကို ပစ်​ပယ်​ကာ​ငါ​၏​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍ ဥ​ပုသ်​နေ့​ကို​မ​ရို​မ​သေ​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။
EZE 20:17 ``သို့​သော်​ငါ​သည်​သူ​တို့​ကို​သ​နား​သ​ဖြင့် တော​ကန္တာ​ရ​တွင်​ဆုံး​ပါး​ပျက်​စီး​စေ​ရန် မ​ပြု။-
EZE 20:18 သို့​ရာ​တွင်​တော​ကန္တာ​ရ​ထဲ​မှ​သူ​တို့​၏​သား သ​မီး​များ​အား`သင်​တို့​ဘိုး​ဘေး​များ​စီ​ရင် ခဲ့​သည့်​စည်း​မျဉ်း​များ​ကို​မ​ကျင့်​သုံး​ကြ နှင့်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​လိုက် လျှောက်​ကြ​နှင့်။ သူ​တို့​၏​ရုပ်​တု​များ​ကို ကိုး​ကွယ်​ခြင်း​အား​ဖြင့်​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။-
EZE 20:19 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​တော်​တို့​ကို​နာ​ခံ ကြ​လော့။-
EZE 20:20 ငါ​နှင့်​သင်​တို့​ဖွဲ့​ထား​သည့်​ပ​ဋိ​ညာဉ်​၏​အ​မှတ် လက္ခ​ဏာ​ဖြစ်​စေ​ရန်​နှင့် ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​လည်း သင်​တို့​အား​သ​တိ​ရ​စေ​ရန် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ကြ​လော့' ဟု​ငါ သ​တိ​ပေး​၏။
EZE 20:21 ``သို့​ရာ​တွင်​ထို​လူ​မျိုး​ဆက်​သည်​လည်း​ငါ့​ကို အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင်​ခွင့်​ရ​မည်​ဖြစ် သော်​လည်း သူ​တို့​သည်​ငါ​၏​ပ​ညတ်​တော်​တို့ ကို​ချိုး​ဖောက်​၍​ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ် ပယ်​ကြ​၏။ ဥ​ပုသ်​နေ့​ကို​လည်း​အ​လျှင်း​မ ရို​သေ။ သူ​တို့​အား​တော​ကန္တာ​ရ​တွင်​သေ​စေ ရန် ငါ​သည်​မိ​မိ​၏​အ​မျက်​တော်​ကို​သူ​တို့ အ​ပေါ်​သို့​သွန်း​လောင်း​၍ အ​မျက်​တော်​ဒဏ် ကို​ခံ​စေ​မည်​ဟု​အ​ကြံ​ရှိ​ခဲ့​သော်​လည်း၊-
EZE 20:22 မ​ခံ​စေ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ပြု​ပါ​မူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို မြင်​သော​လူ​မျိုး​တို့​၏​ရှေ့​တွင် ငါ​၏​နာ​မ တော်​အ​သ​ရေ​ပျက်​မည်​ဖြစ်​သော​ကြောင့် တည်း။-
EZE 20:23 ထို့​ကြောင့်​ငါ​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​သို့​ကွဲ​လွင့်​စေ​မည်​ဟု တော​ကန္တာ​ရ​တွင် ငါ​ကျိန်​ဆို​၏။-
EZE 20:24 ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​သူ​တို့​သည် ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကာ ငါ​၏​ပညတ် တော်​တို့​ကို​ချိုး​ဖောက်​လျက်​ဥ​ပုသ်​နေ့​ကို​မ​ရို မ​သေ​ပြု​ပြီး​လျှင် ဘိုး​ဘေး​တို့​ကိုး​ကွယ်​ခဲ့​သော ရုပ်​တု​တို့​ကို​ဝတ်​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။''
EZE 20:25 ``ထို​နောက်​ငါ​သည်​သူ​တို့​အား​မ​လျောက်​ပတ် သည့်​ပ​ညတ်​များ​နှင့် အ​သက်​ရှင်​မှု​ကို​မ​ပြု စု​နိုင်​သည့်​အ​မိန့်​တော်​များ​ကို​ပေး​၏။-
EZE 20:26 သူ​တို့​သည်​မိ​မိ​တို့​၏​သား​ဦး​များ​ကို​ယဇ်​ပူ ဇော်​ခြင်း​အား​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း ကြ​စေ​ရန်​သူ​တို့​အား​ငါ​အ​ခွင့်​ပေး​၏။ ယင်း သို့​အ​ခွင့်​ပေး​ရ​သည့်​အ​ကြောင်း​မှာ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ပြ​သ​ရန် နှင့်​သူ​တို့​အား​ဒဏ်​ခတ်​ရန်​ဖြစ်​၏။''
EZE 20:27 ``သို့​ဖြစ်​၍​အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ယ​ခု​ဆင့်​ဆို​လော့။ သူ​တို့​၏​ဘိုး​ဘေး​များ သည်​သစ္စာ​ဖောက်​ခြင်း​အား​ဖြင့် ငါ့​ကို​စော် ကား​ကြ​ပြန်​သည့်​နည်း​မှာ​ဤ​သို့​တည်း။-
EZE 20:28 ငါ​သည်​သူ​တို့​အား​ကျိန်​ဆို​က​တိ​ပြု​ထား သည့်​ပြည်​သို့​ခေါ်​ဆောင်​၍​သွား​၏။ သူ​တို့​သည် မြင့်​သော​တောင်​ကုန်း​များ​နှင့်​စိမ်း​လန်း​သော သစ်​ပင်​တို့​ကို​မြင်​သော​အ​ခါ ထို​အ​ရပ်​တို့ တွင်​ယဇ်​ပူ​ဇော်​ကြ​ကုန်​၏။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​နှင့်​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ ကို​ဆက်​ကပ်​ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ တို့​သည်​ငါ​၏​အ​မျက်​တော်​ကို​နှိုး​ဆော် ကြ​သည်။-
EZE 20:29 ငါ​သည်​သူ​တို့​ကို`သင်​တို့​သွား​ကြ​သည့် ကုန်း​မြင့်​များ​ကား​အ​ဘယ်​နည်း' ဟု​မေး​၏။ ထို​ကြောင့်​ထို​အ​ရပ်​တို့​သည်​ယ​နေ့​တိုင် အောင်​ဗာ​မာ​ဟု​ခေါ်​သော``ကုန်း​မြင့်'' များ ဟု​တွင်​သ​တည်း။-
EZE 20:30 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​ဆို​ကြောင်း​ဆင့် ဆို​လော့။ `သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘိုး ဘေး​တို့​အ​ပြစ်​ကူး​လွန်​၍​ညစ်​ညမ်း​စေ သ​ကဲ့​သို့ သင်​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ သ​နည်း။ သူ​တို့​ကိုး​ကွယ်​သည့်​ညစ်​ညမ်း သော​ရုပ်​တု​တို့​ကို​ကိုး​ကွယ်​ကြ​သ​နည်း။-
EZE 20:31 သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ပင်​သူ​တို့ ဆက်​သ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက် သ​လျက် ရုပ်​တု​များ​အား​မိ​မိ​တို့​၏​သား သ​မီး​များ​ကို​မီး​ရှို့​ပူ​ဇော်​ကာ​ကိုယ့်​ကိုယ် ကို​ညစ်​ညမ်း​စေ​ကြ​၏။ အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​သည်​ငါ့​ထံ​သို့ လာ​၍​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း​မေး မြန်း​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ သည်​နှင့်​အ​ညီ အ​ဘယ်​သို့​မျှ​စုံ​စမ်း​မေး မြန်း​ခွင့်​ကို​သင်​တို့​အား​ပေး​မည်​မ​ဟုတ်။-
EZE 20:32 သင်​တို့​သည်​အ​ခြား​နိုင်​ငံ​များ​ကဲ့​သို့​လည်း ကောင်း၊ တိုင်း​တစ်​ပါး​တွင်​နေ​ထိုင်​သူ​များ​ကဲ့ သို့​လည်း​ကောင်း၊ သစ်​ပင်​များ၊ ကျောက်​တုံး များ​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​မည်​ဟု​ကြံ​စည် ဆုံး​ဖြတ်​ထား​ကြ​၏။ သို့​ရာ​တွင်​ယင်း အ​ကြံ​မ​ထ​မြောက်​ရ။
EZE 20:33 ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ ငါ​သည်​အ​မျက်​တော်​ထွက်​လျက် သင်​တို့​အား ငါ​၏​ခွန်​အား​ကြီး​မား​သော​လက်​ရုံး​တော် ဖြင့်​တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော် ကို​ဆန့်​လျက်​အုပ်​စိုး​တော်​မူ​မည်။-
EZE 20:34 သင်​တို့​ကို​နိုင်​ငံ​အ​သီး​သီး၊ ကွဲ​လွင့်​လျက် နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ​ပြန် လည်​ခေါ်​ယူ​စု​သိမ်း​ချိန်​၌ သင်​တို့​အား​ငါ ၏​ခွန်​အား​ကြီး​သော​လက်​ရုံး​တော်​ဖြင့် တန် ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော်​ကို ဆန့်​လျက်​အ​မျက်​တော်​ကို​ပြ​မည်။-
EZE 20:35 လူ​မျိုး​တ​ကာ​တို့​နှင့်​ဆိုင်​သော​တော​ကန္တာ​ရ သို့​ခေါ်​ဆောင်​၍ သင်​တို့​ကို​ငါ​ကိုယ်​တိုင် အ​ပြစ်​ဒဏ်​စီ​ရင်​မည်။-
EZE 20:36 အီ​ဂျစ်​ပြည်​တော​ကန္တာ​ရ​တွင်​သင်​တို့​၏ ဘိုး​ဘေး​များ​ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​ခဲ့ သည့်​နည်း​တူ ယ​ခု​သင်​တို့​ကို​လည်း​အ​ပြစ် ဒဏ်​စီ​ရင်​မည်'' ဟု​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​၏။
EZE 20:37 ``ငါ​သည်​သင်​တို့​ကို​ပိုင်​ပိုင်​နိုင်​နိုင်​အုပ် ထိန်း​၍ ပ​ဋိ​ညာဉ်​တော်​အ​တိုင်း​လိုက်​နာ စေ​မည်။-
EZE 20:38 သင်​တို့​အ​နက်​ပုန်​ကန်​သူ​များ​နှင့်​တော်​လှန် သူ​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ​တို့​ကို​မိ​မိ တို့​ယ​ခု​နေ​ထိုင်​ရာ​ပြည်​များ​မှ​ထွက်​သွား စေ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သို့​ပြန် လာ​ခွင့်​ပြု​မည်​မ​ဟုတ်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 20:39 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၊ ယ​ခု​သင်​တို့​သည်​တစ် ယောက်​မ​ကျန်​မိ​မိ​တို့​ရှိ​ရုပ်​တု​များ​ကို​သွား​၍ ရှိ​ခိုး​ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင်​ယ​ခု​မှ​စ​၍ သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သ​ကာ​များ​ဆက်​သ ခြင်း​အား​ဖြင့် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် နာ​မ​တော်​ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-
EZE 20:40 ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော်​တည်း ဟူ​သော​ဣ​သ​ရေ​လ​တောင်​မြင့်​ပေါ်​တွင် သင်​တို့ အား​လုံး​ပင်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်​ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။ ငါ သည်​သင်​တို့​အား​နှစ်​သက်​လက်​ခံ​မည်။ သင်​တို့ ပူ​ဇော်​သော​ယဇ်​များ၊ အ​ကောင်း​မြတ်​ဆုံး​သော ပူ​ဇော်​သကာ​များ​နှင့်​သီး​သန့်​ဆက်​ကပ်​ထား သည့်​အ​လှူ​ဝတ္ထု​များ​ကို​ငါ​တောင်း​ဆို​မည်။-
EZE 20:41 သင်​တို့​အား​နိုင်​ငံ​များ​ကွဲ​လွင့်​လျက်​ရှိ​သည့် တိုင်း​ပြည်​များ​မှ ငါ​သည်​သင်​တို့​ကို​ယူ​ဆောင် စု​ရုံး​ပြီး​နောက်​သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​နံ့​သာ ပေါင်း​နှင့်​တ​ကွ​သင်​တို့​ကို​ငါ​လက်​ခံ​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး တ​ကာ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။-
EZE 20:42 သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု ကျိန်​ဆို​က​တိ​ပြု​ထား​သည့်​ဣ​သ​ရေ​လ ပြည်​သို့ သင်​တို့​ကို​ငါ​ယူ​ဆောင်​လာ​သော အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
EZE 20:43 ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သော စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့်​မိ​မိ​ကိုယ် ကို​ရွံ​ရှာ​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့ ညစ်​ညမ်း​စေ​ခဲ့​ကြ​ကြောင်း​တို့​ကို​ပြန်​လည် သ​တိ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင့်​ကိုယ် သင်​ရွံ​ရှာ​လိမ့်​မည်။-
EZE 20:44 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​ငါ ၏​နာ​မ​တော်​ကို​ထောက်​၍ မိ​မိ​၏​အ​သ​ရေ ကို​ကာ​ကွယ်​ရန်​သင်​တို့​၏​ယုတ်​မာ​ဆိုး​ညစ် ဖောက်​ပြန်​သော​အ​ကျင့်​များ​အ​လျောက် သင် တို့​ကို​မ​စီ​ရင်​သော​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။
EZE 20:45 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 20:46 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တောင်​အ​ရပ် သို့​မျှော်​ကြည့်​၍ ထို​အ​ရပ်​နှင့်​ထို​အ​ရပ်​ရှိ သစ်​တော​အား​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​လော့။-
EZE 20:47 တောင်​အ​ရပ်​မှ​သစ်​တော​အား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​နား​ထောင်​လော့။ ငါ​သည်​မီး​မွှေး​လျက် ရှိ​၏။ ထို​မီး​သည်​သင်​၏​သစ်​ပင်​ခြောက်​ရှိ သ​မျှ​နှင့်​သစ်​ပင်​စို​ရှိ​သ​မျှ​တို့​ကို​ကျွမ်း လောင်​စေ​လိမ့်​မည်။ မီး​တောက်​များ​ကို​အ​ဘယ် အ​ရာ​မျှ​မ​ငြိမ်း​မ​သတ်​နိုင်​ရာ။ ထို​မီး​သည် တောင်​အ​ရပ်​မှ​မြောက်​အ​ရပ်​သို့​ပျံ့​နှံ့​သွား ကာ မြေ​တစ်​ပြင်​လုံး​ကို​ကျွမ်း​လောင်​စေ လိမ့်​မည်။-
EZE 20:48 ထို​မီး​ကို​ငါ​ထာ​ဝရ​ဘု​ရား​မွှေး​တော်​မူ​ကြောင်း ယင်း​ကို​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ်​နိုင် ကြောင်း​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မြွက်​ဆို​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​၏။
EZE 20:49 ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး သည်​စ​ကား​ထာ​များ​သာ​ပြော​ဆို​နေ​ခြင်း ဖြစ်​သည်​ဟု လူ​အ​ပေါင်း​တို့​ပြော​ဆို​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ထား​၏။
EZE 21:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 21:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​ဘက်​သို့​လှည့်​၍​ထို​မြို့​ကို​ရှုတ်​ချ​လော့။ လူ တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ရှုတ် ချ​လော့။ ဣ​သ​ရေ​လ​ပြည်​ကို​ပ​ရော​ဖက်​ပြု ၍​သ​တိ​ပေး​လော့။-
EZE 21:3 လူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ရန်​သူ​ဖြစ်​ကြောင်း ငါ​၏​ဋ္ဌား​လွယ်​အိမ်​မှ ဋ္ဌား​တော်​ကို​ထုတ်​ယူ​၍ သူ​တို့​အ​ပေါင်း​အား လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင်​ပစ်​မည် ဖြစ်​ကြောင်း၊-
EZE 21:4 ယင်း​သို့​လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင် ပစ်​ရန် ငါ​သည်​မြောက်​အ​ရပ်​မှ​နေ​၍​တောင် အ​ရပ်​သို့​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့ ကို​ဋ္ဌား​တော်​ဖြင့်​စီ​ရင်​မည်​ဖြစ်​ကြောင်း၊-
EZE 21:5 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဋ္ဌား​တော် ကို​ဋ္ဌား​လွယ်​အိမ်​မှ​ထုတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း၊ ထို​ဋ္ဌား​ကို​ဋ္ဌား​လွယ်​အိမ်​သို့​ပြန် ၍​သွင်း​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရ​ကြ​လိမ့်​မည်။
EZE 21:6 ``အ​ချင်း​လူ​သား၊ သင်​သည်​စိတ်​ပျက်​ဝမ်း​နည်း ကြေ​ကွဲ​လျက်​ရှိ​ဘိ​သ​ကဲ့​သို့​ညည်း​တွား​လော့။ လူ​မြင်​ကွင်း​တွင်​ပြင်း​ပြ​စွာ​ညည်း​တွား​လော့။-
EZE 21:7 သင်​သည်​အ​ဘယ်​ကြောင့်​ညည်း​တွား​သည်​ကို လူ​တို့​မေး​မြန်း​ကြ​သော​အ​ခါ သင်​ကြား​သိ ရ​သော​သ​တင်း​ကြောင့်​ညည်း​တွား​ရ​ခြင်း ဖြစ်​ကြောင်း​ပြော​ပြ​လော့။ ထို​အ​မှု​အ​ရာ ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​တို့​သည်​နှ​လုံး တုန်​လျက်​သတ္တိ​ကြောင်​ကြ​လိမ့်​မည်။ သူ​တို့ ၏​လက်​များ​သည်​ပျော့​အိ​လျက်​ဒူး​များ လည်း​ပျော့​ခွေ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​ကား ဖြစ်​ပျက်​မည့်​အ​ချိန်​ကျ​ရောက်​ပြီ။ ယ​ခု ပင်​ဖြစ်​ပျက်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 21:8 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 21:9 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​လူ​တို့​အား​ဆင့်​ဆို ရ​မည်​မှာ၊ ``ဋ္ဌား​တော်​ကို​ထက်​အောင်​သွေး​ထား​ပြီး။ ဋ္ဌား​တော်​ကို​ပြောင်​လက်​အောင်​တိုက်​ချွတ် ထား​ပြီ။
EZE 21:10 သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။ လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။
EZE 21:11 အ​ဆင်​သင့်​အ​သုံး​ပြု​နိုင်​စေ​ရန်​ထို​ဋ္ဌား​ကို ပြောင်​လက်​အောင်​တိုက်​ချွတ်​လျက်​ရှိ​၏။ လူ​သတ်​သ​မား​၏​လက်​သို့​အပ်​ရန် ယင်း​ကို​ထက်​အောင်​သွေး​ပြီး​လျှင် ပြောင်​လက်​အောင်​တိုက်​ချွတ်​ထား​၏။
EZE 21:12 အ​ချင်း​လူ​သား၊ဝမ်း​နည်း​၍​အော်​ဟစ်​ငို ကြွေး​လော့။ ဤ​ဋ္ဌား​သည်​ငါ​၏​လူ​မျိုး​တော်​အ​တွက် ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့ အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​ကျန်​ရှိ​နေ​သူ​ငါ​၏​လူ​မျိုး​တော်​ဝင် အ​ပေါင်း​နှင့်​အ​တူ​အ​သတ်​ခံ​ရ​ကြ​အံ့။ စိတ်​ပျက်​လက်​လျော့​လျက်​သင်​၏​ရင်​ကို​တီး ခတ်​လော့။
EZE 21:13 ငါ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည့် ယု​ဒ​၏ ရာ​ဇ​လှံ​တံ​တော်​ပျက်​စီး​မည့်​အ​ချိန်​ကို အ​ကဲ​ခတ်​နေ​ခြင်း​ဖြစ်​၏​ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
EZE 21:14 ``အ​ချင်း​လူ​သား၊ ယ​ခု​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​လော့။ လက်​ခုပ်​တီး​လော့။ ထို​အ​ခါ​ဋ္ဌား တော်​ကို​နှစ်​ကြိမ်​သုံး​ကြိမ်​ဝှေ့​ယမ်း​လော့။ ထို ဋ္ဌား​သည်​သူ​သတ်​သော​ဋ္ဌား၊ ရက်​စက်​စွာ​သတ် ဖြတ်​သည့်​ဋ္ဌား​ဖြစ်​၏။ သူ​တို့​ကို​အ​ဘက်​ဘက် မှ​ဝိုင်း​ရံ​သတ်​ဖြတ်​လိမ့်​မည်။-
EZE 21:15 ယင်း​သည်​ငါ​၏​လူ​မျိုး​တော်​အား​နှ​လုံး​တုန် စေ​၍ ယိမ်း​ယိုင်​ပြို​လဲ​စေ​၏။ လျှပ်​ပြက်​သ​ကဲ့ သို့​ပြောင်​လက်​၍​ခုတ်​ဖြတ်​ရန်​အ​သင့်​ရှိ​သော ဋ္ဌား​ဖြင့် ငါ​သည်​သူ​တို့​၏​မြို့​တံ​ခါး​တို့​တွင် သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​ကို​ထား​ရှိ​မည်။-
EZE 21:16 အ​ချင်း​ထက်​မြက်​သော​ဋ္ဌား၊ ဘယ်​ညာ​မ​ရွေး ခုတ်​ဖြတ်​လော့။ ဦး​တည်​ရာ​ခုတ်​ဖြတ်​လော့။-
EZE 21:17 ငါ​သည်​လည်း​လက်​ခုပ်​တီး​မည်။ ထို​နောက်​ငါ ၏​အ​မျက်​တော်​ပြေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏'' ဟူ ၍​တည်း။
EZE 21:18 ထာ​ဝရ​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 21:19 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​မင်း တိုက်​ခိုက်​ရန်​ဋ္ဌား​ကို​ကိုင်​၍ လာ​နိုင်​သည့်​လမ်း နှစ်​လမ်း​ကို​မှတ်​သား​လော့။ ထို​လမ်း​နှစ်​လမ်း စ​လုံး​ပင်​တိုင်း​ပြည်​တစ်​ခု​တည်း​မှ​အ​စ ပြု​ရ​မည်။ ထို​မြို့​သို့​ခွဲ​သွား​သည့်​လမ်း​ခွ တွင်​မှတ်​တိုင်​များ​စိုက်​ထား​လော့။-
EZE 21:20 ဖျက်​ဆီး​မည့်​ဋ္ဌား​လာ​ရောက်​ရန်​မှတ်​တိုင်​တစ် တိုင်​သည် အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​သို့​လမ်း​ညွှန် လျက် အ​ခြား​တစ်​တိုင်​မှာ​ယု​ဒ​ပြည်​ခိုင်​ခံ့ သော​ယေ​ရု​ရှ​လင်​မြို့​သို့​လမ်း​ညွှန်​ရ​မည်။-
EZE 21:21 ဗာ​ဗု​လုန်​မင်း​သည်​လမ်း​ဆုံ၊ လမ်း​ဝ​သို့​ရောက် သော​အ​ခါ ရပ်​၍​အ​ဘယ်​လမ်း​ကို​လိုက်​ရ​မည် ကို​သိ​နိုင်​ရန်​မြား​တို့​ကို​လှုပ်​၍​မဲ​ချ​၏။ သူ ၏​ရုပ်တု​တို့​ကို​မေး​မြန်း​၏။ တိ​ရစ္ဆာန်​အ​သည်း ကို​လည်း​ကြည့်​၏။-
EZE 21:22 ထို​အ​ခါ`ယေ​ရု​ရှ​လင်' ဟု​ရေး​မှတ်​ထား​သော နိ​မိတ်​ပြ​မြား​သည် သူ​၏​ညာ​ဘက်​လက်​တွင်း သို့​ရောက်​ရှိ​၏။ ထို​မြား​က​သူ့​အား​မြို့​ရိုး​ဖြို ရန်​တုံး​မောင်း​များ​ကို​သွား​ရောက်​တပ်​ဆင်​ကာ သတ်​ရန်​အ​မိန့်​ပေး​လျက်​စစ်​တိုက်​သံ​များ ကို​ကြွေး​ကြော်​ရန်​လည်း​ကောင်း၊ တံ​ခါး​ထု ဖွင့်​ရန်​တုံး​မောင်း​ကို​လည်း​ကောင်း မြေ​က​တုတ် များ​ဖို့​၍​က​တုတ်​ကျင်း​များ​ကို​တူး​ရန် လည်း​ကောင်း​ညွှန်​ပြ​၏။-
EZE 21:23 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဗာ​ဗု လုန်​မင်း​နှင့် မိ​မိ​တို့​ချုပ်​ဆို​ထား​သည့်​စစ်​ပြေ ငြိမ်း​ခြင်း​စာ​ချုပ်​များ​ရှိ​သ​ဖြင့် ဤ​သို့​ကြို တင်​ဟော​ကိန်း​ထွက်​သည်​ကို​ယုံ​ကြ​လိမ့်​မည် မ​ဟုတ်။ သို့​ရာ​တွင်​သူ​တို့​အား​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ပြန်​လည်​သ​တိ​ရ​စေ​၍ သူ​တို့​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-
EZE 21:24 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာဝရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား သင်​တို့​၏​ပုန်​ကန်​မှု​ကြောင့်​သင်​တို့ ၏​အ​ပြစ်​များ​ကို​အ​မှတ်​ရ​စေ​ပြီ။ သင်​တို့​၏ အ​ကျင့်​အ​ကြံ​ဟူ​သ​မျှ​က သင်​တို့​၏​အ​ပြစ် များ​ကို​ပေါ်​လွင်​လာ​စေ​၏။ သင်​တို့​ဤ​သို့ ပြု​သည်​ဖြစ်​၍ ငါ​သည်​သင်​တို့​ကို​ရန်​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။
EZE 21:25 ``အ​ချင်း​ယုတ်​မာ​ဆိုး​ညစ်​သည့်​ဣသ​ရေ​လ မင်း၊ သင်​၏​ကံ​ကြမ္မာ​ကို​ဖန်​တီး​မည့်​နေ့​ရက်၊ သင်​အ​ပြီး​သတ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့ ရက်​ကျ​ရောက်​လာ​လေ​ပြီ။-
EZE 21:26 ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ သင်​၏​ရာ​ဇ​သ​ရ​ဖူ​နှင့် ဦး​ရစ်​ကို​ချွတ်​လိုက်​လော့။ အ​ခြေ​အ​နေ​အား လုံး​ပြောင်း​လဲ​သွား​လေ​ပြီ။ ဆင်း​ရဲ​သူ​တို့ အား​တန်​ခိုး​အာ​ဏာ​ပေး​အပ်​၍ တန်​ခိုး အာ​ဏာ​ရှိ​သူ​တို့​ကို​နိမ့်​ကျ​စေ​အံ့။-
EZE 21:27 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ယို​ယွင်း​ပျက်​စီး စေ​မည်။ ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယို​ယွင်း​ပျက် စီး​စေ​မည်။ သို့​ရာ​တွင်​ထို​မြို့​ကို​တ​ရား​ဝင် ပိုင်​ဆိုင်​သူ​မ​ရောက်​မီ ယင်း​ကို​ပြန်​လည်​ပြု ပြင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​သူ​အား​ငါ အပ်​မည်။
EZE 21:28 ``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​စော် ကား​သည့်​အမ္မုန်​ပြည်​သား​တို့​အား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ ကြောင်း​ကို​ကြေ​ညာ​လော့။'' ``ဖျက်​ဆီး​သုတ်​သင်​ရန်​ဋ္ဌား​တော်​ကို အ​သင့်​ထား​လေ​ပြီ။ ဋ္ဌား​ကို​အ​သင့်​ထား​လေ​ပြီ။ သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​တော်​ကို​တိုက်​ချွတ်​ထား​၏။ လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​အောင် တိုက်​ချွတ်​ထား​၏'' ဟု​သူ​တို့​အား​ဆင့်​ဆို​လော့။
EZE 21:29 သင်​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သင်​တို့​အား​ကြို​တင်​ဟော​ပြော ချက်​များ​သည်​လည်း​လိမ်​လည်​ဟော​ပြော​မှု များ​သာ​ဖြစ်​၏။ သင်​တို့​အ​ပြီး​သတ်​အ​ပြစ် ဒဏ်​ခံ​ရ​မည့်​နေ့​ရက်​သည်​နီး​ကပ်​လာ​လေ ပြီ။ ဋ္ဌား​တော်​သည်​ယုတ်​မာ​ဆိုး​ညစ်​သူ​တို့ ၏​ဇက်​ပေါ်​သို့​သတ်​ဖြတ်​ရန်​ကျ​ရောက်​အံ့။
EZE 21:30 `` `သင်​၏​ဋ္ဌား​ကို​ဋ္ဌား​လွယ်​အိမ်​သို့​ပြန်​သွင်း စေ။ သင့်​ကို​ဖန်​ဆင်း​ရာ​အ​ရပ်၊ သင်​မွေး​ဖွား ရာ​ပြည်​တွင်​ငါ​သည်​သင့်​အား​တ​ရား​စီ ရင်​မည်။-
EZE 21:31 ငါ​သည်​တောက်​လောင်​နေ​သော​မီး​သ​ဖွယ် ငါ​၏​အ​မျက်​တော်​ကို သင့်​၏​အ​ပေါ်​သို့ သွန်း​လောင်း​ရ​လိမ့်​မည်။ သင့်​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​အ​ဖျက်​ဝိဇ္ဇာ​တို့​၏​လက် သို့​ငါ​ပေး​အပ်​မည်။-
EZE 21:32 သင်​သည်​လောင်​စာ​ဖြစ်​လိမ့်​မည်။ မိ​မိ​၏​ပြည် ၌​ပင်​သေ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​အ​ဘယ် သူ​မျှ​သင့်​အား​သ​တိ​ရ​ကြ​တော့​မည်​မ ဟုတ်' '' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​သ​တည်း။
EZE 22:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 22:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​လူ သတ်​သ​မား​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည့် မြို့​ကို စစ်​ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ ထို​မြို့​အား​မိ​မိ​ပြု​သည့်​စက်​ဆုပ်​ဖွယ်​ရာ အ​မှု​အ​ပေါင်း​တို့​ကို​ဖော်​ပြ​လော့။-
EZE 22:3 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​အား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့် ဆို​လော့။ သင်​သည်​မိ​မိ​၏​လူ​တို့​ကို​အ​မြောက် အ​မြား​သတ်​ခဲ့​ပြီး​ရုပ်​တု​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​သ​ဖြင့်​သင်​၏​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လေ​ပြီ။-
EZE 22:4 သင်​သည်​ထို​လူ​သတ်​မှု​များ​အ​တွက်​အ​ပြစ် ရှိ​သည့်​ပြင် မိ​မိ​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​သည်​ဖြစ်​၍​သင် ၏​နေ့​ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ။ သင်​၏​နှစ်​များ​ကုန်​ဆုံး​ချိန်​စေ့​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​ပြက် ရယ်​ပြု​စ​ရာ၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ၏​ပြောင်​လှောင်​စ​ရာ​ဖြစ်​စေ​တော်​မူ​ပြီ။-
EZE 22:5 ရပ်​နီး​ရပ်​ဝေး​ရှိ​တိုင်း​ပြည်​တို့​သည်​သင် တ​ရား​လက်​လွတ်​ပြု​ကျင့်​၍ နာ​မည်​ပျက် မှု​ကြောင့်​ပြောင်​လှောင်​ကြ​၏။-
EZE 22:6 သင့်​အ​ထဲ​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည် ကို​အား​ကိုး​၍​လူ​သတ်​မှု​များ​ကို​ကူး​လွန် ကြ​၏။-
EZE 22:7 သင့်​အ​ထဲ​တွင်​အ​ဘယ်​သူ​မျှ​မိ​ဘ​ကို​ရို သေ​မြတ်​နိုး​မှု​မ​ပြု​ကြ။ သင့်​အ​ထဲ​တွင်​သင် သည်​လူ​မျိုး​ခြား​တို့​အား လိမ်​လည်​လှည့်​စား ၍​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​အား ညှဉ်း​ဆဲ​နှိပ်​စက်​၏။-
EZE 22:8 သန့်​ရှင်း​သော​ဌာန​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​၍ ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု​၏။-
EZE 22:9 သင်​၏​အ​ထဲ​၌​အ​ချို့​တို့​သည်​ကုန်း​ချော​၍ သူ​တစ်​ပါး​တို့​အား​သေ​ကြောင်း​ကြံ​ကြ​၏။ သင့်​အ​ထဲ​၌​တောင်​ပေါ်​ရှိ​ဝတ်​ပြု​ရာ​ဌာ​န များ​တွင် ရုပ်​တု​များ​အား​ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​စား​ကြ​၏။ အ​ချို့​မှာ​အ​စဉ် ကာ​မ​ဂုဏ်​လိုက်​စား​ကြ​၏။-
EZE 22:10 သင့်​အ​ထဲ​တွင်​အ​ချို့​သော​သူ​တို့​သည် မိ​မိ တို့​၏​မိ​ထွေး​များ​နှင့်​ပြစ်​မှား​ကြ​၏။ သင့် အ​ထဲ​၌​အ​ချို့​က​အ​မျိုး​သ​မီး​များ ရာ​သီ​လာ​ချိန်​တွင်​အ​ဋ္ဌမ္မ​ပြု​ကျင့်​ကြ​၏။-
EZE 22:11 သင့်​အ​ထဲ​၌​အ​ချို့​သော​သူ​တို့​သည်​သူ တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မိ​မိ​တို့​၏ ချွေး​မ​များ​ကို​သော်​လည်း​ကောင်း၊ အ​ဖေ​တူ အ​မေ​ကွဲ​နှ​မ​များ​ကို​သော်​လည်း​ကောင်း ဖြား​ယောင်း​ပြစ်​မှား​ကြ​၏။-
EZE 22:12 သင့်​အ​ထဲ​၌​သင်​၏​လူ​အ​ချို့​တို့​သည်​ကြေး စား​လူ​သတ်​သ​မား​များ​ဖြစ်​ကြ​၏။ အ​ချို့ မှာ​မိ​မိ​တို့​ဣ​သ​ရေ​လ​အ​မျိုး​သား​များ အား​ငွေ​ချေး​၍ အ​တိုး​ကို​ယူ​ကာ​မိ​မိ​တို့ ကိုယ်​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​ကြ​၏။ သူ​တို့ သည်​ငါ့​အား​မေ့​လျော့​သွား​ကြ​လေ​ကုန် ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
EZE 22:13 ``ငါ​သည်​သင်​၏​မ​တ​ရား​စီး​ပွား​ရှာ​မှု အ​တွက်​အ​မျက်​ထွက်​လျက်၊ လက်​ဝါး​ချင်း ရိုက်​၍၊ လု​ယက်​သတ်​ဖြတ်​မှု​တို့​ကို​ရပ်​စဲ စေ​မည်။-
EZE 22:14 သင့်​အား​ငါ​စီ​ရင်​ပြီး​ချိန်​၌​သင်​သည်​ရဲ စွမ်း​သတ္တိ​ရှိ​ဦး​မည်​လော။ မိ​မိ​လက်​ကို​ပင်​မြှောက် နိုင်​ရန်​ခွန်​အား​ရှိ​ပါ​ဦး​မည်​လော။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ ငါ​သည်​မိ​မိ​၏​စ​ကား အ​တိုင်း​ပြု​မည်။-
EZE 22:15 သင်​၏​လူ​တို့​ကို​ငါ​သည်​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့်​သွား စေ​လျက်​သင်​၏​ဆိုး​ညစ်​မှု​များ​ကို​ရပ်​စဲ​ပစ် မည်။-
EZE 22:16 သို့​ဖြစ်​၍​သင်​သည် အ​ခြား​လူ​မျိုး​တို့​ရှေ့​တွင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ သည်​ထာ​ဝရ​ဘုရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 22:17 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 22:18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ငါ​၏​အ​ဖို့​အ​သုံး​မဝင် ကြ။ သူ​တို့​သည်​သတ္တု​အ​ရည်​ကျို​မီး​ဖို​တွင် ငွေ​ကို​ချွတ်​ပြီး​နောက်​ကျန်​ရစ်​သည့်​ကြေးဝါ၊ သံ​ဖြူ၊ သံ၊ ခဲ​နှင့်​တူ​၏။-
EZE 22:19 သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သတ္တု​ရိုင်း​များ​ကဲ့​သို့ ပင်​အ​သုံး​မ​ဝင်​သူ​များ​ဖြစ်​ကြောင်း ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ယ​ခု​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ ငွေ၊ ကြေး​ဝါ၊ သံ၊ ခဲ​နှင့် သံ​ဖြူ​ပါ​ဝင်​သော​သတ္တု ရိုင်း​ကို​ဖို​ထဲ​တွင်​စု​၍​ထည့်​သ​ကဲ့​သို့ ငါ​သည် သူ​တို့​အား​လုံး​ကို​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး စေ​မည်။ မီး​သည်​သတ္တု​ရိုင်း​ကို​အ​ရည်​ပျော်​စေ သ​ကဲ့​သို့ ငါ​၏​ဒေါ​သ​အ​မျက်​သည်​သူ​တို့ အား​အ​ရည်​ပျော်​စေ​လိမ့်​မည်။-
EZE 22:21 ငါ​သည်​အ​မှန်​ပင်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​တွင်​စု​ဝေး​စေ​၍​သူ​တို့​အောက်​တွင်​မီး​ထိုး လျက် ငါ​၏​အ​မျက်​တော်​သည်​သူ​တို့​အား အ​ရည်​ပျော်​စေ​လိမ့်​မည်။-
EZE 22:22 ငွေ​သည်​ဖို​ထဲ​တွင်​အ​ရည်​ပျော်​ရ​သည့်​နည်း​တူ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ရည်​ပျော် ကြ​လိမ့်​မည်။ ထို​အ​ခါ​မိ​မိ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​လျက်​ရှိ​နေ ရ​ကြ​ကြောင်း​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 22:23 တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 22:24 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သည်​အ​မျက်​တော်​ကျ​ရောက်​သော​နေ့ ၌၊ မိုး​ရေ​မ​ရ၊ မိုး​မ​ရွာ​ဘဲ​နေ​လိမ့်​မည်​ဖြစ် ကြောင်း ထို​ပြည်​ကို​ပြော​ကြား​လော့။-
EZE 22:25 သူ​တို့​၏​ခေါင်း​ဆောင်​များ​ထဲ​တွင်​ပူး​ပေါင်း ကြံ​စည်​မှု​ရှိ​၏။ သူ​တို့​သည်​သား​ကောင်​များ ကို​ကိုက်​သတ်​ဆွဲ​ဖြတ်​ပြီး​နောက် ဟောက်​နေ သော​ခြင်္သေ့​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် လူ​များ​ကို​သတ်​၍​ရ​နိုင်​သ​မျှ​သော​ငွေ နှင့်​ဥစ္စာ​ပစ္စည်း​တို့​ကို​ယူ​ကြ​၏။ ယင်း​သို့​သတ် ဖြတ်​မှု​ဖြင့်​သူ​တို့​သည်​အ​မျိုး​သ​မီး​မြောက် မြား​စွာ​ကို​မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​စေ ကြ​၏။-
EZE 22:26 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငါ​၏​တ​ရား တော်​ကို​ချိုး​ဖောက်​၍ မြင့်​မြတ်​သန့်​ရှင်း​သည့် အ​ရာ​ကို​မ​ရို​မ​သေ​ပြု​ကြ​၏။ သူ​တို့​သည် မြင့်​မြတ်​သန့်​ရှင်း​သည့်​အ​ရာ​နှင့် သာ​မန်​အ​ရာ ကို​ခွဲ​ခြား​မှု​မ​ပြု​ကြ။ သူ​တို့​သည်​သန့်​စင် သည့်​အ​ရာ​နှင့်​မ​သန့်​စင်​သည့်​အ​ရာ ခြား နား​ပုံ​ကို​လည်း​သင်​ကြား​၍​မ​ပေး​ကြ။ ဥ​ပုသ်​နေ့​ကို​လျစ်​လူ​ပြု​ကြ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား မ​ရို​သေ​ကြ။-
EZE 22:27 အ​စိုး​ရ​အ​ရာ​ရှိ​များ​သည်​သား​ကောင် များ​ကို ကိုက်​သတ်​ဆွဲ​ဖြတ်​လျက်​နေ​သည့် ဝံ​ပု​လွေ​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​ချမ်း​သာ​ရေး​အ​တွက် အ​သက်​ကို​သတ်​၍​လူ​သတ်​မှု​ကူး​လွန် ကြ​၏။-
EZE 22:28 ပ​ရော​ဖက်​တို့​သည်​အုတ်​တံ​တိုင်း​ကို​ထုံး​ဖြူ သုတ်​သူ​များ​ကဲ့​သို့ ထို​အ​ပြစ်​များ​ကို​ဖုံး အုပ်​ပေး​ကြ​၏။ သူ​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အ​တု​များ​ကို​မြင်​လျက် မ​ဟုတ်​မ​မှန်​သော ဗျာ​ဒိတ်​ကို​ဆင့်​ဆို​ဟော​ပြော​ကြ​၏။ သူ​တို့ က​မိ​မိ​တို့​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ကြ​သည်​ဟု​ဆို သော်​လည်း ယင်း​ဗျာ​ဒိတ်​တို့​ကို​သူ​တို့​အား ငါ​မ​ပြော​ခဲ့။-
EZE 22:29 ထို​ဒေ​သ​တွင်​နေ​ထိုင်​သူ​တို့​သည် အ​နိုင်​အ​ထက် လု​ယူ​၍ လု​ယက်​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည် ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​နှိပ်​စက်​၍ လူ​မျိုး​ခြား တို့​အား​မ​တ​ရား​သ​ဖြင့်​နိုင်​ထက်​စီး​နင်း​ပြု ကြ​၏။-
EZE 22:30 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ​ပြည် ကို​အ​မျက်​တော်​ဖြင့် ဖျက်​ဆီး​ပစ်​မည်​ပြု​သော အ​ခါ​ထို​ပြည်​ကို​တံ​တိုင်း​ကာ​နိုင်​မည့်​သူ၊ မြို့ ရိုး​များ​ပြို​ရာ​တွင်​ရပ်​၍​ခု​ခံ​နိုင်​မည့်​သူ​ကို ငါ​ရှာ​ကြည့်​၏။ သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​တွေ့​ရ။-
EZE 22:31 သို့​ဖြစ်​၍​ငါ​သည်​အ​မျက်​တော်​ကို​သွန်း​လောင်း ၍ သူ​တို့​အ​ပေါ်​သို့​အ​မျက်​တော်​ကို​မီး​သ ဖွယ်​သက်​ရောက်​စေ​မည်။ သူ​တို့​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​သူ​တို့​၏​ခေါင်း​ပေါ်​သို့​ကျ​ရောက် စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
EZE 23:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း​လူ သား၊ အ​ခါ​တစ်​ပါး​က​ညီ​အစ်​မ​နှစ်​ယောက် ရှိ​၏။-
EZE 23:3 သူ​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က အီ​ဂျစ် ပြည်​၌​နေ​ထိုင်​စဉ် ရင်​သား​ကို​ပွတ်​နယ်​ခံ​ရ လျက်​အ​ပျို​ရည်​ပျက်​၍​ပြည့်​တန်​ဆာ​များ ဖြစ်​သွား​ကြ​၏။-
EZE 23:4 အစ်​မ​ဖြစ်​သူ​သည်​အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ​ဟု​နာ​မည်​တွင်​၏။ (အ​ဟော​လ သည်​ရှ​မာ​ရိ​မြို့​ကို​သ​ရုပ်​ဆောင်​၍​အ​ဟော လိ​ဗ​က​ယေ​ရု​ရှ​လင်​မြို့​ကို​သ​ရုပ်​ဆောင်​၏။) ငါ​သည်​သူ​တို့​နှစ်​ဦး​စ​လုံး​နှင့်​ထိမ်း​မြား မင်္ဂ​လာ​ပြု​၍​သူ​တို့​နှင့်​သား​သ​မီး​များ​ကို ရ​၏။-
EZE 23:5 အ​ဟော​လ​သည်​ငါ​၏​ဇ​နီး​ပင်​ဖြစ်​သော်​လည်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​ဆက်​၍​လုပ်​ကာ အာ​ရှု​ရိ ပြည်​မှ​သူ​၏​ချစ်​သူ​စစ်​သူ​ရဲ​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။-
EZE 23:6 ထို​သူ​တို့​သည်​မ​ရမ်း​စေ့​ရောင်​ဆင်​တူ​ဝတ်​စုံ များ​ကို​ဝတ်​ဆင်​သူ​စစ်​သူ​ရဲ​များ၊ မှူး​မတ် များ​နှင့်​အ​ထက်​တန်း​အ​ရာ​ရှိ​များ​ဖြစ် ကြ​၏။ သူ​တို့​အား​လုံး​ပင်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သော​မြင်း​တပ်​ဗိုလ်​များ​ဖြစ်​သ​တည်း။-
EZE 23:7 အ​ဟော​လ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​အ​ရာ ရှိ​အ​ပေါင်း​တို့​အ​တွက် ပြည့်​တန်​ဆာ​အ​လုပ် ကို​လုပ်​၏။ မိ​မိ​၏​တ​ဏှာ​ရ​မက်​၏​ဆွဲ​ဆောင်​မှု ကြောင့် အာ​ရှု​ရိ​ရုပ်​တု​တို့​ကို​ရှိ​ခိုး​ဝတ်​ပြု ကာ​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​၏။-
EZE 23:8 သူ​သည်​မိ​မိ​အ​ပျို​ရည်​ပျက်​ရ​သည့်​အီ​ဂျစ် ပြည်​တွင် စ​တင်​ခဲ့​သည့်​ပြည့်​တန်​ဆာ​အ​လုပ် ကို​ဆက်​၍​လုပ်​၏။ သူ​ငယ်​မ​အ​ရွယ်​က​ပင် လျှင်​ယောကျာ်း​တို့​သည် သူ​နှင့်​အ​တူ​အိပ်​စက် ကာ​သူ့​အား​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​ကျင့် ခဲ့​ကြ​၏။-
EZE 23:9 သို့​ဖြစ်​၍​သူ​မြတ်​နိုး​လှ​သည့်​အာ​ရှု​ရိ အ​မျိုး​သား​ချစ်​သူ​တို့​လက်​သို့ သူ့​အား ငါ​အပ်​လိုက်​၏။-
EZE 23:10 သူ​တို့​သည်​သူ့​အား​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​စေ​လျက် သူ​၏​သား​သ​မီး​များ​ကို​ဖမ်း ဆီး​ကြ​၏။ ထို​နောက်​သူ့​ကို​ဋ္ဌား​နှင့်​ခုတ်​သတ် ကြ​၏။ သူ​၏​ဖြစ်​ရပ်​ကို​နေ​ရာ​တ​ကာ​တွင် အ​မျိုး​သ​မီး​တို့​အ​တင်း​ပြော​ဆို​ကြ​၏။
EZE 23:11 ``အ​ဟော​လိ​ဗ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို တွေ့​မြင်​၏။ သို့​ရာ​တွင်​သူ​သည်​အ​ဟော​လ ထက်​ပင် ပို​မို​ဆိုး​ရွား​သော​ပြည့်​တန်​ဆာ ဖြစ်​လာ​၏။-
EZE 23:12 သူ​သည်​လည်း​တောက်​ပြောင်​သော​ဆင်​တူ​ဝတ် စုံ​များ​ကို ဝတ်​ဆင်​ထား​သည့်​အာ​ရှု​ရိ​မှူး​မတ် အ​ရာ​ရှိ​များ​နှင့်​မြင်း​တပ်​ဗိုလ်​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။ သူ​တို့​အား​လုံး​သည် ရုပ်​ရည်​ချော​၍​ပျို​ရွယ်​သူ​များ​ဖြစ်​သ​တည်း။-
EZE 23:13 သူ​သည်​ကမ်း​ကုန်​အောင်​အ​ကျင့်​ပျက်​သူ ဖြစ်​ကြောင်း အစ်​မ​ကဲ့​သို့​ဆိုး​ရွား​သူ​ဖြစ် ကြောင်း​ကို​ငါ​သိ​မြင်​၏။
EZE 23:14 ``သူ​သည်​ပို​၍​ပို​၍​အ​ကျင့်​ပျက်​လာ​၏။ ခါး စည်း​များ​နှင့်​လှ​ပ​သော​ဦး​ရစ်​များ​ကို​ဝတ် ဆင်​ထား​သည့်​ခါ​လ​ဒဲ​အ​ရာ​ရှိ​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​ဗာ​ဗု​လုန်​အ​ရာ​ရှိ​မြင်း ရ​ထား​တပ်​ဗိုလ်​များ​နှင့်​တူ​၍၊ သူ​တို့​၏​ရုပ် ပုံ​များ​ကို​နံ​ရံ​တွင်​နီ​မြန်း​တောက်​ပ​သော ဆေး​ရောင်​ဖြင့် ရေး​ဆွဲ​ထား​သည်​ကို​တွေ့ မြင်​လေ​၏။-
EZE 23:16 ထို​ရုပ်​ပုံ​များ​ကို​မြင်​လျှင်​မြင်​ချင်း​တပ် မက်​သော​စိတ်​ရှိ​သ​ဖြင့် ဗာ​ဗု​လုန်​ပြည်​ရှိ ထို​သူ​တို့​ထံ​သို့​စေ​တ​မန်​များ​ကို​လွှတ် လေ​သည်။-
EZE 23:17 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​သူ​နှင့်​အိပ် စက်​ရန်​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သူ​နှင့် ကူး​လွန်​၍​သူ့​အား​ညစ်​ညမ်း​စေ​ကြ​၏။ သူ သည်​သူ​တို့​ကို​ရွံ​ရှာ​သည့်​တိုင်​အောင် သူ​တို့ သည်​သူ့​ကို​ညစ်​ညမ်း​စေ​ကြ​၏။-
EZE 23:18 သူ​သည်​အ​များ​ပြည်​သူ​တို့​ရှေ့​၌​အ​ဝတ် အ​ချည်း​စည်း​နှင့်​နေ​၍ လူ​တိုင်း​အား​မိ​မိ သည်​ပြည့်​တန်​ဆာ​ဖြစ်​ကြောင်း​ကို​သိ​စေ​၏။ ငါ​သည်​သူ​၏​အစ်​မ​ကို​စက်​ဆုပ်​သ​ကဲ့​သို့ သူ့​ကို​လည်း​စက်​ဆုပ်​၏။-
EZE 23:19 သူ​သည်​အီ​ဂျစ်​ပြည်​တွင်​သူ​ငယ်​မ​အ​ရွယ် မှ​စ​၍​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း ပြု​ကျင့်​ကာ​ပို​မို​ဆိုး​ရွား​သော​ပြည့်​တန် ဆာ​ဖြစ်​လာ​၏။-
EZE 23:20 သူ​သည်​မြင်း​ထီး​နှင့်​မြည်း​ကဲ့​သို့ တ​ဏှာ ရာ​ဂ​ကြီး​သော​ယောကျာ်း​များ​ကို​အ​လွန် မက်​မော​၏။-''
EZE 23:21 (အ​ချင်း​အ​ဟော​လိ​ဗ၊ သင်​သည်​သူ​ငယ်​မ အ​ရွယ်​က​ယောကျာ်း​တို့​သင်​၏​ရင်​သား​တို့ ကို​ပွတ်​နယ်​သ​ဖြင့် အ​ပျို​ရည်​ပျက်​ခဲ့​သည့် အီ​ဂျစ်​ပြည်​တွင်​ကူး​လွန်​ခဲ့​သော​ကာ​မ ဂုဏ်​လိုက်​စား​မှု​ကို​ထပ်​မံ​ကူး​လွန်​လို​ပါ သည်​တ​ကား။)
EZE 23:22 ``သို့​ဖြစ်​၍​အ​ချင်း​အ​ဟော​လိ​ဗ၊ သင့်​အား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင် သည်​ဤ​ချစ်​သူ​တို့​ကို​ငြီး​ငွေ့​သွား​ပြီ​ဖြစ်​သော် လည်း ငါ​သည်​သူ​တို့​အား​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့ သည်​သင့်​ကို​အ​မျက်​ထွက်​၍​ဝိုင်း​ရံ​ထား​ကြ လိမ့်​မည်။-
EZE 23:23 ဗာ​ဗု​လုန်​နှင့်​ခါ​လ​ဒဲ​ပြည်​သား​များ၊ ပေ​ကုတ်၊ ရှော့​နှင့်​ကော့​မှ​လူ​တို့​နှင့်​အာ​ရှု​ရိ​ပြည်​သား အ​ပေါင်း​ကို​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့​အား လုံး​သည်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သူ​မှူး​မတ် အ​ရာ​ရှိ​များ၊ မြင်း​ရ​ထား​တပ်​အ​ရာ​ရှိ​များ နှင့်​အ​ဆင့်​အ​တန်း​မြင့်​သော​မြင်း​တပ်​ဗိုလ် များ​ဖြစ်​ကြ​၏။-
EZE 23:24 သူ​တို့​သည်​စစ်​လက်​နက်​စစ်​မြင်း​ရ​ထား​များ၊ ရိက္ခာ​လှည်း​များ​ကို​ယူ​ဆောင်​ကာ ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​သင့်​အား​တိုက်​ခိုက် ကြ​လိမ့်​မည်။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​လျက် သံ​ခ​မောက်​များ​ကို​ဆောင်း​၍​သင့်​ကို​ဝိုင်း​ရံ ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​သူ​တို့​၏​လက် သို့​ပြစ်​ဒဏ်​ခံ​ရန်​အပ်​နှံ​မည်။ သူ​တို့​သည် လည်း​မိ​မိ​တို့​တ​ရား​ဥ​ပ​ဒေ​များ​အ​ရ သင့်​ကို​တ​ရား​စီ​ရင်​ကြ​လိမ့်​မည်။-
EZE 23:25 ငါ​သည်​မ​နာ​လို​၍​အ​မျက်​ထွက်​သ​ဖြင့်​သင့် ကို​အ​မျက်​ဒေါ​သ​နှင့်​စီ​ရင်​ရန်​သူ​တို့​အား ခွင့်​ပြု​မည်။ သူ​တို့​သည်​သင်​၏​နှာ​ခေါင်း​နှင့်​နား ရွက်​တို့​ကို​ဖြတ်​၍ ကျန်​ရှိ​နေ​သေး​သော​သူ​များ သည်​ဋ္ဌား​ဖြင့်​သေ​ရ​မည်။ သင်​၏​သား​သ​မီး​များ ကို​ယူ​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​မှန်​ပင်​ကျန်​ရှိ​နေ​သေး​သော​သူ​များ​ကို မီး​ရှို့​ကြ​လိမ့်​မည်။-
EZE 23:26 သင်​၏​အ​ဝတ်​များ​ကို​ဆွဲ​ဆုတ်​ပစ်​ကာ သင် ၏​ကျောက်​မျက်​ရ​တ​နာ​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။-
EZE 23:27 ငါ​သည်​သင်​၏​ရာ​ဂ​စိတ်​ကို​လည်း​ကောင်း၊ အီ​ဂျစ် ပြည်​တွင်​သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ပြု​ကျင့် ခဲ့​သော​ဆိုး​ညစ်​ယုတ်​မာ​မှု​ကို​လည်း​ကောင်း ရပ်​စဲ​စေ​မည်။ သင်​သည်​နောင်​အ​ဘယ်​အ​ခါ​၌ မျှ​ရုပ်​တု​များ​ကို​မျှော်​ကြည့်​ရ​တော့​မည်​မ ဟုတ်။ အီ​ဂျစ်​ပြည်​အ​ကြောင်း​ကို​လည်း​စဉ်း စား​ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
EZE 23:28 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``ငါ သည်​သင်​ရွံ​မုန်း​စက်​ဆုပ်​သူ​အ​မျိုး​သား​တို့ ၏​လက်​သို့​သင့်​ကို​အပ်​နှံ​မည်။-
EZE 23:29 သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-
EZE 23:30 ဤ​အ​ဖြစ်​မျိုး​နှင့်​ကြုံ​တွေ့​ရ​ခြင်း​ဖြစ်​၏။ သင် သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက်​ပြည့်​တန်​ဆာ ဖြစ်​၍ သူ​တို့​၏​ရုပ်​တု​များ​နှင့်​မိ​မိ​ကိုယ်​ကို ညစ်​ညမ်း​စေ​၏။-
EZE 23:31 သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ခြေ​ရာ​ကို​နင်း​သ ဖြင့် ငါ​သည်​သူ့​အား​သောက်​စေ​သော​အ​ပြစ် ဒဏ်​ဖ​လား​ကို​သင့်​အား​လည်း​သောက်​စေ​မည်'' ဟူ​၍​တည်း။
EZE 23:32 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ ``သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ဖ​လား​မှ သောက်​ရ​လိမ့်​မည်။ ထို​ဖ​လား​သည်​ကြီး​၍​စောက်​နက်​၏။ သင်​သည်​လူ​တိုင်း​တို့​၏​မ​ထီ​မဲ့​မြင်​ပြု​ခြင်း၊ ပြောင်​လှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ဖ​လား​သည်​ပြည့်​၍​နေ​၏။
EZE 23:33 ယင်း​သည်​သင့်​အား​စိတ်​ဆင်း​ရဲ​အောင်​ပြု​၍ မူး​ယစ်​စေ​လိမ့်​မည်။ ကြောက်​လန့်​မှု​နှင့်​ပျက်​စီး​ဆုံး​ရှုံး​မှု​ကို ဖြစ်​စေ​တတ်​သည့်​ဖ​လား၊ သင့်​အစ်​မ​ရှ​မာ​ရိ​၏​ဖ​လား​ဖြစ်​သည်။
EZE 23:34 သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။
EZE 23:35 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``သင်​ငါ့​ကို​မေ့ လျော့​ကာ​ကျော​ခိုင်း​လျက် တ​ဏှာ​ရာ​ဂ​စိတ်​နှင့် ပြည့်​တန်​ဆာ​လုပ်​သည့်​အ​တွက်​သင်​သည်​ဒုက္ခ ရောက်​ရ​ပေ​တော့​အံ့'' ဟု​မိန့်​တော်​မူ​၏။
EZE 23:36 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ကို တရား​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ သူ​တို့​သည် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သူ များ​ဖြစ်​ကြောင်း​စွဲ​ချက်​တင်​လော့။-
EZE 23:37 သူ​တို့​သည်​မျောက်​မ​ထား​မှု၊ လူ​သတ်​မှု​တို့​ကို ကူး​လွန်​ကြ​၏။ ရုပ်​တု​များ​နှင့်​မျောက်​မ​ထား​၍ ငါ​နှင့်​ရ​သော​သား​များ​ကို​သတ်​ကြ​၏။ သူ​တို့ သည်​ငါ​၏​သား​တို့​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​ကြ​၏။-
EZE 23:38 သူ​တို့​ပြု​သော​အ​မှု​များ​ကား​ဤ​မျှ​သာ မ​ဟုတ်။ ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​၍ ငါ​၏​ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု ကြ​၏။-
EZE 23:39 ငါ​၏​သား​သ​မီး​များ​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​သည့်​နေ့​၌​ပင် ငါ​၏​ဗိ​မာန်​တော်​သို့​လာ ၍​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​လျက် ဤ​သို့​ငါ ၏​ဗိ​မာန်​ကို​ပြု​ကြ​သည်​တ​ကား။
EZE 23:40 ``သူ​တို့​သည်​ဝေး​လံ​သော​အ​ရပ်​များ​သို့​လူ အ​ကြိမ်​ကြိမ်​စေ​လွှတ်​၍ ယောကျာ်း​များ​ကို​ခေါ် ဖိတ်​ကြ​၏။ ယောကျာ်း​တို့​သည်​လည်း​လာ​ရောက် ကြ​၏။ ညီ​အစ်​မ​နှစ်​ယောက်​တို့​သည်​ရေ​ချိုး​ပြီး လျှင် မျက်​ခွံ​များ​ကို​ဆေး​ဆိုး​အ​လှ​ပြင်​၍ ကျောက်​မျက်​ရ​တ​နာ​များ​ကို​ဝတ်​စား​ဆင် ယင်​ကြ​၏။-
EZE 23:41 သူ​တို့​သည်​မိ​မိ​တို့​ရှေ့​၌​စား​ပွဲ​ကို​ကျ​န​စွာ တည်​ခင်း​ပြီး​လျှင် လှ​ပ​သော​ညောင်း​စောင်း​ပေါ် တွင်​ထိုင်​ကြ​၏။ စား​ပွဲ​ပေါ်​တွင်​ငါ​ပေး​သည့်​နံ့ သာ​ပေါင်း​နှင့်​သံ​လွင်​ဆီ​ကို​တင်​ထား​ကြ​၏။-
EZE 23:42 ပျော်​ရွှင်​မြူး​တူး​နေ​သော​လူ​တစ်​စု​၏​အ​သံ ကို​ကြား​ရ​၏။ ဤ​လူ​စု​သည်​တော​ကန္တာ​ရ​မှ ခေါ်​ဆောင်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​မျိုး​သ​မီး​တို့​၏​လက်​မောင်း​တွင် လက်​ကောက် များ​ကို​ဝတ်​ပေး​၍​လှ​ပ​သော​သ​ရ​ဖူ​များ ကို​ဆောင်း​ပေး​ကြ​၏။-
EZE 23:43 ထို​သူ​တို့​သည်​မျောက်​မ​ထား​မှု​ဖြင့်​နွမ်း​နယ် နေ​ပြီ​ဖြစ်​သော အ​မျိုး​သ​မီး​ကို​ပြည့်​တန်​ဆာ အ​ဖြစ်​အ​သုံး​ပြု​ကြ​ပါ​စေ​ဟု​ငါ​တွေး တော​မိ​၏။-
EZE 23:44 သူ​တို့​သည်​ပြည့်​တန်​ဆာ​တို့​ထံ​ထပ်​ခါ​ထပ်​ခါ ပြန်​သွား​ကြ​၏။ သူ​တို့​သည်​အ​ကျင့်​ပျက်​သူ အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ထံ​သို့​ပြန် သွား​ကြ​၏။-
EZE 23:45 ထို​မိန်း​မ​နှစ်​ယောက်​တို့​သည်​မျောက်​မ​ထား​သူ၊ လူ​သတ်​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့​အား​ဖြောင့် မတ်​သော​သူ​တို့​သည် မျောက်​မ​ထား​မှု​နှင့်​လူ သတ်​မှု​တို့​ကို​ကူး​လွန်​သူ​များ​အ​ဖြစ်​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 23:46 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သူ​တို့​အား​ကြောက်​လန့် တုန်​လှုပ်​စေ​ရန်​နှင့်​လု​ယက်​စေ​ရန် ရုန်း​ရင်း​ဆန် ခတ်​ပြု​သည့်​လူ​အုပ်​ကို​ခေါ်​ခဲ့​လော့။-
EZE 23:47 သူ​တို့​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​ခုတ်​လော့။ သူ တို့​၏​သား​သမီး​တို့​ကို​သတ်​၍​အိမ်​များ​ကို​မီး ရှို့​စေ​လော့။-
EZE 23:48 ထို​သူ​နှစ်​ယောက်​တို့​ကဲ့​သို့​မျောက်​မ မ​ထား​ကြ စေ​ရန် အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ငါ​သည်​တစ်​ပြည်​လုံး​၌ အ​ကျင့်​ပျက်​မှု​မှန်​သ​မျှ​ကို​ရပ်​စဲ​စေ​မည်။-
EZE 23:49 အ​ချင်း​ညီ​အစ်​မ​နှစ်​ယောက်​တို့၊ ငါ​သည်​သင်​တို့ အား​အ​ကျင့်​ပျက်​မှု၊ ရုပ်​တု​များ​အား​ရှိ​ခိုး​ဝတ် ပြု​မှု​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ ထို​အ​ခါ ငါ​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 24:1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​စဉ်​ကိုး​နှစ်​မြောက်​ဒ​သ​မ လ၊ လ​ဆန်း​ဆယ်​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 24:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယ​နေ့​နေ့​စွဲ​ကို ရေး​မှတ်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​နေ့ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဗာ​ဗု​လုန်​မင်း​စ​တင် ဝိုင်း​ရံ​သည့်​နေ့​ဖြစ်​သော​ကြောင့်​တည်း။-
EZE 24:3 ပုန်​ကန်​တတ်​သော​ငါ​၏​လူ​မျိုး​တော်​အား​သူ​တို့ အ​တွက် ငါ​အ​ရှင်​ထာ​ဝရ​ဘုရား​ဖော်​ပြ​သည့် ပုံ​ဥ​ပ​မာ​ကို​ပြော​ပြ​လော့။ ယင်း​ပုံ​ဥပမာ​မှာ ``ကြေး​အိုး​ကို​မီး​ဖို​ပေါ်​တွင်​တင်​၍​ရေ​ထည့် ပြီး​လျှင်
EZE 24:4 အ​သား​တုံး​များ​ကို​အိုး​ထဲ​သို့​ထည့်​လော့။ လက်​ရင်း​ပိုင်း​နှင့်​ပေါင်​များ​မှ​အ​ကောင်း​ဆုံး​သော အ​သား​တစ်​များ​ကို​လည်း​ကောင်း လက်​ရွေး​စင်​အ​ရိုး​တို့​ကို​လည်း​ကောင်း ကြေး​အိုး​ပြည့်​အောင်​ထည့်​လော့။
EZE 24:5 အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​ကို​သာ​လျှင်​အ​သုံး ပြု​လော့။ ကြေး​အိုး​အောက်​တွင်​မီး​ထင်း​ထည့်​ကာ ရေ​ကို​ပွက်​ပွက်​ဆူ​စေ​၍​အ​ရိုး​များ​ကို​ပြုတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။
EZE 24:6 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``လူ သတ်​သ​မား​တို့​၏​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ သည်​တ​ကား။ ယင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​တိုက်​မ​ချွတ်​ဘဲ​ထား​သ​ဖြင့်​ချေး​တက်​နေ သည့်​ကြေး​အိုး​နှင့်​တူ​၏။ ကြေး​အိုး​ထဲ​မှ အ​သား​တစ်​များ​ကို​မဲ​ချ​နေ​စ​ရာ​မ​လို ဘဲ တစ်​တုံး​ပြီး​တစ်​တုံး​အ​ကုန်​အ​စင်​ထုတ် လော့။-
EZE 24:7 ထို​မြို့​ထဲ​၌​လူ​သတ်​မှု​ဖြစ်​ပွား​ခဲ့​၏။ သို့ ရာ​တွင်​သွေး​သည်​မြေ​ပေါ်​သို့​မ​ကျ။ ရှင်း လင်း​သော​ကျောက်​သား​ပေါ်​သို့​ကျ​သ​ဖြင့် မြေ​မှုန့်​နှင့်​ဖုံး​အုပ်​ထား​ရန်​မ​ဖြစ်​နိုင်။-
EZE 24:8 ထို​သွေး​က​အ​မျက်​နှင့်​လက်​စား​ချေ​စေ​ရန် ငါ သည်​ယင်း​ကို​ဖုံး​အုပ်​၍​မ​ထား​နိုင်​သည့်​နေ​ရာ တွင်​ကျ​စေ​ခြင်း​ဖြစ်​၏'' ဟူ​၍​တည်း။
EZE 24:9 ထို​နောက်​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည် ကား``လူ​သတ်​သ​မား​တို့​၏​မြို့​သည် အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ ငါ​ကိုယ်​တိုင်​ပင်​ထင်း​များ ကို​ထည့်​မည်။-
EZE 24:10 ထင်း​များ​ကို​ထပ်​မံ​၍​ယူ​လာ​လော့။ မီး​တောက် ကို​ယပ်​ခပ်​ပေး​လော့။ အ​သား​များ​ကို​ချက်​၍ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်​တို့​ဖြင့် ဟင်း​ချို​ကို ဆူ​အောင်​ကျို​ချက်​လော့။ အ​ရိုး​တို့​ကို​ကျွမ်း လောင်​စေ​လော့။-
EZE 24:11 ထို​နောက်​အိုး​လွတ်​ကို​နီ​ရဲ​လာ​အောင် မီး​ကျီး ခဲ​များ​အ​ပေါ်​တွင်​တင်​ထား​လော့။ ထို​အ​ခါ ချေး​ကို​မီး​စား​သ​ဖြင့် အိုး​သည်​ဘာ​သာ​ရေး ထုံး​နည်း​နှင့်​အ​ညီ​သန့်​စင်​လာ​လိမ့်​မည်။-
EZE 24:12 သို့​ရာ​တွင်​ချေး​ညှိ​အား​လုံး​သည်​မီး​တောက် ထဲ​တွင်​ပင်​လောင်​ကျွမ်း​လိမ့်​မည်​မ​ဟုတ်။-
EZE 24:13 အို ယေ​ရု​ရှင်​လင်​မြို့၊ သင်​သည်​အ​ကျင့်​ပျက်​မှု များ​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​လေ​ပြီ။ ငါ သည်​သင့်​အား​သန့်​စင်​အောင်​ပြု​သော်​လည်း သင်​သည်​ညစ်​ညမ်း​၍​နေ​၏။ ငါ​၏​အ​မျက်​တော် ဒဏ်​ကို​မ​ခံ​ရ​မ​ချင်း​သင်​သည်​သန့်​စင်​လာ လိမ့်​မည်​မ​ဟုတ်။-
EZE 24:14 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​အ​ရေး​ယူ​ဆောင်​ရွက်​ရ​မည့် အ​ချိန်​ကျ​ပြီ။ ငါ​သည်​သင်​၏​အ​ပြစ်​များ ကို​လျစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်။ သ​နား​ကြင် နာ​မည်​မ​ဟုတ်။ က​ရု​ဏာ​ထား​မည်​မ​ဟုတ်။ သင်​ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 24:15 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 24:16 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​အ​ချစ်​ဆုံး​သော သူ​ကို​ငါ​သည်​ရုတ်​တ​ရက်​ရုပ်​သိမ်း​မည်။ သင်​သည် မ​ညည်း​ညူ​ရ။ မ​ငို​ရ။ မျက်​ရည်​မ​ကျ​ရ။-
EZE 24:17 သင်​ရှိုက်​သည့်​အ​သံ​ကို​လူ​တို့​မ​ကြား​ပါ​စေ​နှင့်။ ဝမ်း​နည်း​ပူ​ဆွေး​သည့်​လက္ခ​ဏာ​ဖြင့်​ခေါင်း​ပေါင်း မ​ပေါင်း​ဘဲ၊ ဖိ​နပ်​မ​စီး​ဘဲ​မ​သွား​မ​လာ​နှင့်။ သင်​၏​မျက်​နှာ​ကို​မ​ဖုံး​မ​အုပ်​နှင့်။ ဝမ်း​နည်း ပူ​ဆွေး​သူ​တို့​စား​သည့်​အ​စား​အ​စာ​ကို လည်း​မ​စား​နှင့်'' ဟု​မိန့်​တော်​မူ​၏။
EZE 24:18 ငါ​သည်​နံ​နက်​ပိုင်း​၌​လူ​တို့​နှင့်​စ​ကား​စ​မြည် ပြော​ဆို​နေ​ခဲ့​၏။ ထို​နေ့​ည​နေ​၌​ငါ​၏​ဇ​နီး သည်​ကွယ်​လွန်​သွား​သော်​လည်း နောက်​တစ်​နေ့​၌ ငါ​သည်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ပြု​၏။-
EZE 24:19 လူ​တို့​က``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု သ​နည်း။ အ​ကျွန်ုပ်​တို့​နှင့်​ဆိုင်​သ​လော။ ပြော ပါ​လော့'' ဟု​ငါ့​အား​မေး​ကြ​၏။
EZE 24:20 ထို့​ကြောင့်​ငါ​က``ငါ့​ထံ​သို့​ထာ​ဝရ​ဘု​ရား နှုတ်​က​ပတ်​တော်​ရောက်​လာ​၏။-
EZE 24:21 ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-
EZE 24:22 ထို​အ​ခါ​သင်​တို့​သည်​ငါ​ပြု​ခဲ့​သည့်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ သင်​တို့​၏​မျက်​နှာ​များ​ကို​ဖုံး အုပ်​လိမ့်​မည်​မ​ဟုတ်။ ဝမ်း​နည်း​ပူ​ဆွေး​သူ​တို့ သည်​အ​စား​အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။-
EZE 24:23 သင်​တို့​သည်​ခေါင်း​ပေါင်း​မ​ပေါင်း​ဘဲ​ဖိ​နပ်​မ​စီး ဘဲ​သွား​လာ​ကြ​လိမ့်​မည်​မ​ဟုတ်။ မြည်​တမ်း​ငို ကြွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​သင်​တို့​သည်​ကြုံ​လှီ​သွား​ကာ တစ်​ဦး​ရှေ့​တွင်​တစ်​ဦး​ညည်း​တွား​ကြ​လိမ့်​မည်။-
EZE 24:24 ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ပုဗ္ဗ​နိ​မိတ်​ဖြစ်​၍ သင်​တို့​သည်​ငါ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို ပြု​ကြ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်​ဟု​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
EZE 24:25 ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ယ​ခု​ငါ သည်​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ၊ စိတ်​ကြည်​နူး စ​ရာ​ဖြစ်​သော​ခိုင်​ခံ့​လှ​သည့်​ဗိ​မာန်​တော်​ကို ဖယ်​ရှား​မည်။ သူ​တို့​သည်​ထို​ဗိ​မာန်​တော်​ကို ကြည့်​ရှု​လို​ကြ​၏။ ထို​ဗိ​မာန်​တော်​သို့​သွား ရောက်​လို​ကြ​၏။ သူ​တို့​၏​သား​သ​မီး​များ ကို​လည်း​ငါ​သည်​ရုပ်​သိမ်း​မည်။-
EZE 24:26 ထို​သို့​ငါ​ပြု​သော​နေ့​၌​သေ​ဘေး​မှ​လွတ်​မြောက် လာ​သူ​တစ်​စုံ​တစ်​ယောက်​သည် ဖြစ်​ပျက်​ခဲ့​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သင့်​ထံ​သို့​လာ​၍ ပြော​ကြား​လိမ့်​မည်။-
EZE 24:27 ထို​နေ့​၌​ပင်​လျှင်​သင့်​နှုတ်​သည်​လည်း​ပွင့်​လျက် ထို​သူ​နှင့်​စ​ကား​ပြော​နိုင်​လိမ့်​မည်။ တိတ်​ဆိတ် နေ​တော့​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​သင်​သည် လူ​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 25:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 25:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အမ္မုန်​ပြည် သို့​လှည့်​၍​ပ​ရော​ဖက်​ပြု​လျက်​ရှုတ်​ချ​လော့။-
EZE 25:3 ထို​ပြည်​သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့၊ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ​၏။ သင်​တို့ သည်​ငါ​၏​ဗိ​မာန်​တော်​ညစ်​ညမ်း​သွား​သည် ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​ပျက်​ပြုန်း သွား​ခြင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​ခြင်း​ကို​မြင်​သော​အ​ခါ​ဝမ်း​မြောက် ကြ​၏။-
EZE 25:4 ယင်း​သို့​သင်​တို့​ဝမ်း​မြောက်​မှု​အ​တွက် ငါ​သည် ရှေ့​အ​ရပ်​မှ​လူ​မျိုး​နွယ်​များ​လက်​သို့​သင်​တို့ ကို​ရောက်​စေ​မည်။ သူ​တို့​သည်​သင်​တို့​၏​ပြည် တွင်​စ​ခန်း​များ​ချ​၍​နေ​ထိုင်​ကြ​လိမ့်​မည်။ သင်​တို့​စား​ရ​မည့်​အ​သီး​အ​နှံ​ကို​စား​၍ သင်​တို့​သောက်​ရ​မည့်​နို့​ကို​သောက်​ကြ​လိမ့် မည်။-
EZE 25:5 ရဗ္ဗာ​မြို့​ကို​ကု​လား​အုတ်​တင်း​ကုတ်၊ အမ္မုန် ပြည်​တစ်​ခု​လုံး​ကို​သိုး​စား​ကျက်​ဖြစ်​စေ မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''
EZE 25:6 ``အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင်​တို့​သည်​လက်​ခုပ်​တီး​၍​ဝမ်း​မြောက်​စွာ ခုန်​ပေါက်​ကြ​၏။ ဣ​သ​ရေ​လ​ပြည်​ကို​ရွံ​ရှာ စက်​ဆုပ်​ကြ​၏။-
EZE 25:7 ထို​ကြောင့်​ငါ့​လက်​ကို​ဆန့်​လျက်​သင်​တို့​အား လု​ယက်​တိုက်​ခိုက်​ကြ​စေ​ရန် အ​ခြား​လူ​မျိုး တို့​၏​လက်​သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သင် တို့​အား​လုံး​ဝ​ပျက်​စီး​အောင်​စီ​ရင်​မည်​ဖြစ်​၍ သင်​တို့​သည်​ကိုယ်​ပိုင်​ပြည်​နှင့်​နေ​ရ​ကြ​တော့ မည်​မ​ဟုတ်။ လူ​မျိုး​တစ်​မျိုး​အ​နေ​ဖြင့်​လည်း ရပ်​တည်​နိုင်​ကြ​တော့​မည်​မ​ဟုတ်။ ထို အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
EZE 25:8 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး သား​တို့​သည် လူ​မျိုး​ခြား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​မော​ဘ​ပြည်​နှင့်​စိ​ရ​မြို့​သား တို့​ဆို​သ​ဖြင့်၊-
EZE 25:9 ငါ​သည်​ထို​ပြည်​၏​ကျက်​သ​ရေ​ဆောင်​ဗက် ယေ​ရှိ​မုတ်၊ ဗာ​လ​မောင်​နှင့်​ကိရ​ယ​သိမ်​မြို့ များ​အ​ပါ​အ​ဝင်​နယ်​ခြား​ခံ​တပ်​မြို့​တို့ ကို​ရန်​သူ​တို့​အား​တိုက်​ခိုက်​စေ​မည်။-
EZE 25:10 ငါ​သည်​မော​ဘ​ပြည်​ကို​အ​မ္မုန်​ပြည်​နှင့် အ​တူ အ​ရှေ့​အ​ရပ်​မှ​လူ​မျိုး​အ​နွယ်​တို့ လက်​သို့​အ​ပိုင်​ပေး​အပ်​မည်။ သို့​ဖြစ်​၍ မော​ဘ​ပြည်​သည်​တိုင်း​နိုင်​ငံ​တစ်​ခု အ​ဖြစ်​ဖြင့်​ရပ်​တည်​နိုင်​တော့​မည်​မ​ဟုတ်။-
EZE 25:11 မော​ဘ​ပြည်​သား​တို့​ကို​ငါ​အ​ပြစ်​ဒဏ်​ပေး မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
EZE 25:12 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သည် ရက်​စက်​စွာ​ယု​ဒ​ပြည်​ကို​လက်​စား​ချေ ခြင်း​အား​ဖြင့်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​၏။-
EZE 25:13 သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​၍​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ သ​မျှ​တို့​ကို ပယ်​ရှင်း​မည်​ဖြစ်​ကြောင်း​ကြေ ညာ​၏။ ငါ​သည်​တေ​မာန်​မြို့​မှ​သည်​ဒေ​ဒန် မြို့​တိုင်​အောင် လူ​သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ် စေ​မည်။ လူ​တို့​သည်​လည်း​စစ်​ပွဲ​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။-
EZE 25:14 ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ကိုယ်​စား​ဧ​ဒုံ​ပြည်​သား တို့​ကို​လက်​စား​ချေ​လျက် ငါ​၏​ပြင်း​ထန်​သော အ​မျက်​ဒေါ​သ​ဒဏ်​ကို​ခံ​စေ​လိမ့်​မည်။ ငါ ၏​လက်​စား​ချေ​မှု​ကို​ဧ​ဒုံ​ပြည်​သား​တို့ သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​အ​ရှင်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။
EZE 25:15 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဖိ​လိတ္တိ​ပြည်​သား များ​သည် မိ​မိ​တို့​၏​ရာ​သက်​ပန်​ရန်​သူ​ယု​ဒ အား​ရက်​စက်​စွာ​လက်​စား​ချေ​ကာ မုန်း​တီး စိတ်​ဖြင့်​ဖျက်​ဆီး​သုတ်​သင်​ပစ်​ကြ​၏။-
EZE 25:16 သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် လက်​တော်​ကို​ဆန့်​လျက်​ဖိ​လိတ္တိ​ပြည်​သား​တို့ အား တိုက်​ခိုက်​၍​ခေ​ရ​သိ​လူ​မျိုး​တို့​ကို​ဖယ် ရှား​ပစ်​မည်​ဖြစ်​ကြောင်း​ကြေ​ညာ​၏။ ပင်​လယ် ကမ်း​နား​တွင်​အ​သက်​ရှင်​လျက် ကျန်​ရှိ​သ​မျှ သော​သူ​တို့​အား​ငါ​သုတ်​သင်​ပစ်​မည်။-
EZE 25:17 သူ​တို့​အား​ပြင်း​ထန်​စွာ​အ​ပြစ်​ပေး​၍​အ ပြည့်​အ​ဝ​လက်​စား​ချေ​မည်။ သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 26:1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​တစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 26:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​မြို့​သား တို့​က`ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​သည်​ပျက်​ပြုန်း လေ​ပြီ။ ထို​မြို့​၌​တံ​ခါး​များ​ပွင့်​လျက်​ရှိ​၏။ ထို​မြို့​သည်​ငါ​တို့​နှင့်​ပြိုင်​ဘက်​မ​ဖြစ်​တော့ ပြီ' ဟု​ဝမ်း​မြောက်​စွာ​ဟစ်​အော်​ကြွေး​ကြော် လျက်​နေ​ကြ​၏။
EZE 26:3 ``သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​တု​ရု​မြို့၊ ငါ သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​အား​တိုက်​ခိုက် ကြ​စေ​ရန်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​ခေါ် ဆောင်​ခဲ့​မည်။ သူ​တို့​သည်​ပင်​လယ်​လှိုင်း​လုံး များ​သ​ဖွယ်​သင်​ရှိ​ရာ​သို့​ချီ​တက်​လာ ကြ​လိမ့်​မည်။-
EZE 26:4 သင်​၏​မြို့​ရိုး​တို့​ကို​ဖျက်​ဆီး​၍​ပြ​အိုး​တို့ ကို​ဖြို​ချ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထို​မြေ​မှုန့်​တို့​ကို​လွင့်​စေ​၍ ကျောက်​သား ပ​က​တိ​ကို​သာ​လျှင်​ကျန်​ရှိ​စေ​မည်။-
EZE 26:5 ပင်​လယ်​ရေ​ဝိုင်း​ရံ​လျက်​ရှိ​သော​ထို​ကျောက် ၏​အ​ပေါ်​တွင် ရေ​လုပ်​သား​တို့​ပိုက်​ကွန်​များ ကို​လှန်း​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ လူ မျိုး​တကာ​တို့​သည်​တု​ရု​မြို့​ကို​တိုက်​ခိုက် လု​ယက်​ကြ​လိမ့်​မည်။-
EZE 26:6 ပြည်​မ​ရှိ​မြို့​များ​မှ​လူ​တို့​ကို​လည်း​ဋ္ဌား ဘေး​သင့်​စေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘုရား​ဖြစ်​တော်​မူ​ကြောင်း တု​ရု​မြို့ သား​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​တည်း။
EZE 26:7 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဘု​ရင်​တ​ကာ​တို့ တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​အား တု​ရု​မြို့​ကို တိုက်​ခိုက်​ရန်​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​သည် ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​လျက်၊ မြင်း များ​စစ်​မြင်း​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ များ​နှင့်​တ​ကွ​ကြီး​မား​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ တက်​လာ​လိမ့်​မည်။-
EZE 26:8 ပြည်​ပ​ရှိ​မြို့​များ​တွင်​နေ​ထိုင်​ကြ​သူ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ ရန်​သူ များ​သည်​က​တုပ်​ကျင်း​များ​ကို​တူး​၍​မြေ က​တုပ်​များ​ကို​ဖို့​ကာ​ဒိုင်း​လွှား​များ​ကို ကာ​လျက်​သင့်​အား​တိုက်​ခိုက်​လိမ့်​မည်။-
EZE 26:9 သင်​၏​မြို့​ရိုး​တို့​ကို​လက်​နက်​များ​ဖြင့် ထု​ဖြို​ကြ​လိမ့်​မည်။ သင်​၏​ရဲ​တိုက်​များ ကို​လည်း​သံ​ချောင်း​များ​ဖြင့်​ဖြို​ချ ကြ​လိမ့်​မည်။-
EZE 26:10 သူ​တို့​၏​မြင်း​များ​ကြောင့်​လွင့်​တက်​လာ​သော မြေ​မှုန့်​တို့​သည်​သင့်​အား​ဖုံး​လွှမ်း​လိမ့်​မည်။ မြို့​တွင်း​သို့​လူ​များ​ဝင်​သ​ကဲ့​သို့​ပျက်​စီး နေ​သော​မြို့​၏​တံ​ခါး​များ​ကို​ဖြတ်​၍ မြင်း များ​လှည်း​ဆွဲ​သံ၊ စစ်​မြင်း​ရ​ထား​ဆွဲ​သံ တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို​တုန်​လှုပ် စေ​လိမ့်​မည်။-
EZE 26:11 သူ​တို့​၏​မြင်း​စီး​သူ​ရဲ​များ​သည်​သင်​၏ လမ်း​များ​ကို​ဖြတ်​ကျော်​ကာ​လူ​တို့​အား ဋ္ဌား​ဖြင့်​သတ်​ကြ​လိမ့်​မည်။ သင်​၏​ခိုင်​ခံ့ သော​ကျောက်​တိုင်​များ​သည်​မြေ​ပေါ်​သို့ ပြို​လဲ​ကြ​လိမ့်​မည်။-
EZE 26:12 ရန်​သူ​များ​သည်​သင်​၏​ဥစ္စာ​ဘဏ္ဍာ​နှင့်​ကုန် ပစ္စည်း​များ​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်။ အုတ် နံ​ရံ​များ​ကို​ဖြို​ချ​၍ သင်​၏​လှ​ပ​သော အိမ်​များ​ကို​ဖြို​ဖျက်​ကြ​လိမ့်​မည်။ သင်​တို့ ၏​ကျောက်​များ၊ သစ်​သား​များ​နှင့်​အိမ် အ​ပျက်​အ​စီး​များ​ကို​ပင်​လယ်​ထဲ​သို့ ပစ်​လိမ့်​မည်။-
EZE 26:13 သင်​၏​သီ​ချင်း​သံ​များ၊ စောင်း​သံ​များ​ကို ငါ​ရပ်​စဲ​စေ​မည်။-
EZE 26:14 ရေ​လုပ်​သား​တို့​ပိုက်​ကွန်​လှန်း​ရန်​ကျောက် သား​ပ​က​တိ​ကို​သာ​လျှင်​ချန်​ထား​မည်။ မြို့​ကို​အ​ဘယ်​အ​ခါ​မျှ​ပြန်​လည်​တည် ဆောက်​ရ​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။''
EZE 26:15 တု​ရု​မြို့​အား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား``သင့်​အား​ရန်​သူ​တို့​တိုက် ခိုက်​အောင်​မြင်​နေ​ချိန်​၌ အ​သတ်​ခံ​ရ​သူ​တို့ နှင့်​ဒဏ်​ရာ​ရ​သူ​တို့​အော်​ဟစ်​သံ​များ​ကြောင့် ပင်​လယ်​ကမ်း​ခြေ​တစ်​လျှောက်​တွင်​နေ​ထိုင် ကြ​သူ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ လိမ့်​မည်။-
EZE 26:16 ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။
EZE 26:17 သို့​ဖြစ်​၍​သူ​တို့​သည်​သင့်​အား​ရည်​စူး ကာ​ငို​ခြင်း​သီ​ဆို​သည်​မှာ ထင်​ပေါ်​ကျော်​ဇော​သော​မြို့​သည်​ပျက်​စီး လေ​ပြီ​တ​ကား။ ပင်​လယ်​နား​၌​နေ​သော​မြို့​များ​သည်​ပယ်​ရှင်း ခြင်း​ကို ခံ​ရ​ပြီ​တ​ကား။ ဤ​မြို့​သား​တို့​သည်​ပင်​လယ်​များ​ကို​အ​စိုး​ရ ခဲ့​၏။ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​တို့​အား​လည်း ကြောက်​လန့်​တုန်​လှုပ်​စေ​ခဲ့​ကြ​၏။
EZE 26:18 ယင်း​မြို့​ပြို​လဲ​သော​နေ့​၌​ကမ်း​ခြေ​ဒေ​သ တို့​သည် တုန်​လှုပ်​ကြ​ကုန်​၏။ ပင်​လယ်​ထဲ​ရှိ​ကျွန်း​များ​တို့​သည်​လည်း​ဤ​မြို့ ပျက်​စီး​ရ​ပုံ​ကို​မြင်​၍​ကြောက်​လန့်​ကြ​၏။'' ဟူ​၍​တည်း။
EZE 26:19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား လူ​သူ​မ​နေ​သည့်​မြို့​ပျက်​များ​ကဲ့​သို့​ဖြစ်​စေ မည်။ သမုဒ္ဒ​ရာ​ရေ​ကို​ယူ​ဆောင်​ခဲ့​၍ ပင်​လယ်​ရေ ဖြင့်​ဖုံး​လွှမ်း​စေ​မည်။-
EZE 26:20 ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​အ​သက်​ရှင်​ခဲ့ ကြ​သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် သင့်​အား မြေ​အောက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​မည်။ ငါ​သည်​သင့်​အား​ထို​မြေ​အောက်​လော​က​ရှိ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သည့် အ​ရပ်​၌​မြေ​တွင်း​ထဲ​တွင်​နေ​စေ​မည်။ သင် သည်​ထို​အ​ရပ်​မှ​အ​ဘယ်​အ​ခါ​၌​မျှ အ​သက်​ရှင်​သူ​တို့​ရှိ​ရာ​အ​ရပ်​သို့​ပြန် လာ​ရ​လိမ့်​မည်​မ​ဟုတ်။-
EZE 26:21 ငါ​သည်​သင့်​ကို​ကြောက်​လန့်​ဖွယ်​ရာ​ဇာတ် သိမ်း​ခန်း​ရောက်​ရ​ပေ​တော့​အံ့။ လူ​တို့​သည် ရှာ​သော်​လည်း​သင့်​ကို​တွေ့​ရ​တော့​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား ဖြစ်​၏။
EZE 27:1 ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊-
EZE 27:2 ``အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက်​ငို​ချင်း​ကို ဖွင့်​ဆို​လော့။-
EZE 27:3 ထို​မြို့​သည်​ပင်​လယ်​ကမ်း​စပ်​တွင်​ရှိ​၍ ပင်​လယ် ကမ်း​ခြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​ကုန် သွယ်​ဘက်​ဖြစ်​၏။ သူ့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့်​ဆို လော့။ ``အ​ချင်း​တု​ရု​မြို့၊ သင်​သည်​အ​ပြစ်​ဆို​ဖွယ် မ​ရှိ​အောင်​လှ​ပ​တင့်​တယ်​သည့်​အ​တွက်​ဝါ ကြွား​တတ်​၏။
EZE 27:4 ပင်​လယ်​သည်​သင်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။ သင်​၏​ဗိ​သု​ကာ​တို့​သည်​သင့်​အား​လှ​ပ​စွာ တည်​ဆောက်​ထား​ကြ​၏။
EZE 27:5 သူ​တို့​သည်​ဟေ​ရ​မုန်​တောင်​မှ ထင်း​ရှူး​ပင်​များ​ကို​ပျဉ်​အ​တွက်၊ လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​ကို ရွက်​တိုင်​အ​တွက်​အ​သုံး​ပြု​ကြ​၏။
EZE 27:6 လှော်​တက်​များ​ကို​ပြု​လုပ်​ရန်​ဗာ​ရှန်​တော​မှ ဝက်​သစ်​ချ​ပင်​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သင်​၏​ကုန်း​ပတ်​ကို​ကု​ပ​ရု​ကျွန်း​မှ​ရ​သော ထင်း​ရှူး​ဖြင့်​ပြု​လုပ်​ကာ​ဆင်​စွယ်​များ​ဖြင့် ချယ်​လှယ်​ထား​ကြ​၏။
EZE 27:7 သင်​၏​ရွက်​များ​ကို​အီ​ဂျစ်​ပြည်​မှ​ရ​သော ပန်း​ထိုး​ထည် ပိတ်​ချော​ဖြင့်​ပြု​လုပ်​ထား​ကြောင်း​အ​ဝေး​က​ပင် အ​လံ​သ​ဖွယ်​အ​လွယ်​တ​ကူ​သိ​နိုင်​၏။ သင်​၏​နေ​ရောင်​ကာ​များ​သည်​ဧ​လိ​ရှ​ကျွန်း မှ​ရ​ရှိ​သော မ​ရမ်း​စေ့​ရောင်​အ​ကောင်း​စား​ပိတ်​ချော​ဖြင့် ပြု​လုပ်​ထား​၏။
EZE 27:8 သင်​၏​လှော်​တက်​ကိုင်​သ​မား​များ​မှာ​ဇိ​ဒုန် မြို့​သား​နှင့် အာ​ဝဒ်​မြို့​သား​များ​ဖြစ်​၏။ လေ့​ကျင့်​မှု​ရှိ​သူ​တု​ရု​မြို့​သား​များ​က သင်္ဘော​သား​များ​ဖြစ်​ကြ​၏။
EZE 27:9 သင်္ဘော​ကို​ပြု​ပြင်​ဖာ​ထေး​ရန်​လိုက်​ပါ​သည့် ကျွမ်း​ကျင်​သူ​လက်​သ​မား​ဆ​ရာ​များ​သည် ဂေ​ဗ​လ​မြို့​မှ​ဖြစ်​ကြ​၏။ ပင်​လယ်​ကူး​သင်္ဘော​မှန်​သ​မျှ​မှ​သင်္ဘော​သား​တို့​သည် သင်​နှင့်​ရောင်း​ဝယ်​ဖောက်​ကား​မှု​ကို​ပြု​ကြ​၏။
EZE 27:10 ``ပေ​ရ​သိ​ပြည်၊ လု​ဒ​ပြည်၊ ဖု​တ​ပြည်​တို့​မှ​စစ် သူ​ရဲ​များ​သည်​သင်​၏​တပ်​မ​တော်​တွင်​အ​မှု ထမ်း​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​နှင့်​သံ​ခ​မောက်​များ​ကို​သင်​၏​စစ်​တန်း လျား​များ​တွင်​ဆွဲ​ချိတ်​ထား​ကြ​၏။ သူ​တို့ သည်​ကား​သင်​၏​ဂုဏ်​အ​သ​ရေ​ကို​တိုး​စေ သူ​များ​ဖြစ်​ကြ​၏။-
EZE 27:11 အာ​ဝဒ်​မြို့​မှ​စစ်​သူ​ရဲ​များ​က​သင်​၏​မြို့​ရိုး များ​ကို​လည်း​ကောင်း၊ ဂမ္မ​ဒိမ်​မြို့​သား​တို့​က သင်​၏​ပြ​အိုး​တို့​ကို​လည်း​ကောင်း​စောင့်​ကြပ် ပေး​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​ကို​သင်​တို့​၏​မြို့​ရိုး​တွင်​ဆွဲ​ချိတ်​ထား ကြ​၏။ သင့်​အား​လှ​ပ​တင့်​တယ်​စေ​သူ​များ ကား​ထို​သူ​တို့​ပင်​ဖြစ်​သ​တည်း။
EZE 27:12 ``သင်​သည်​မိ​မိ​၏​များ​မြောင်​သော​ကုန်​စည် တို့​ကို​တာ​ရှု​မြို့​တွင် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့ နှင့်​လဲ​လှယ်​ကာ​ကုန်​သွယ်​မှု​ကို​ပြု​၏။-
EZE 27:13 ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့​နှင့်​မေ​ရှက်​မြို့​တို့ တွင်​သင်​၏​ကုန်​စည်​များ​ကို​ကျွန်​များ၊ ကြေး နီ​အိုး​များ​နှင့်​လဲ​လှယ်​၏။-
EZE 27:14 တော​ဂါ​မ​မြို့​မှ​လာ​သော​ခိုင်း​မြင်း၊ စီး​မြင်း နှင့်​လား​များ​ကို​သင်​သည်​မိ​မိ​၏​ကုန်​စည် များ​နှင့်​လဲ​လှယ်​၏။-
EZE 27:15 ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း​သင်​နှင့်​ကုန်​သွယ် မှု​ကို​ပြု​ကြ​၏။ ပင်​လယ်​ကမ်း​ခြေ​အ​မြောက် အ​မြား​မှ​လူ​တို့​သည် ဆင်​စွယ်​နှင့်​အ​နက်​ရောင် ရှိ​သော​သစ်​သား​များ​ကို​သင်​၏​ကုန်​ပစ္စည်း များ​နှင့်​လဲ​လှယ်​ကြ​၏။-
EZE 27:16 ရှု​ရိ​ပြည်​သား​တို့​သည်​သင်​ထုတ်​လုပ်​သည့် ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ကို​ဝယ်​ယူ​ကာ ယင်း တို့​၏​တန်​ဖိုး​ကို​မြ၊ ကျောက်​နီ၊ မ​ရမ်း​စေ့ ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ ပိတ်​ချော၊ သန္တာ​နှင့်​ပတ္တမြား​တို့​ဖြင့်​ပေး​ချေ​ကြ​၏။-
EZE 27:17 ယု​ဒ​ပြည်​နှင့်​ဣသ​ရေ​လ​ပြည်​တို့​က​သင်​၏ ကုန်​စည်​များ​ကို​မင်း​နစ်​မြို့​မှ​ဂျုံ​စ​ပါး၊ ပျား ရည်၊ သံ​လွင်​ဆီ၊ အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး ပေး​၍​ဝယ်​ယူ​ကြ​၏။-
EZE 27:18 ဒ​မာ​သက်​မြို့​က​သင့်​ကုန်​စည်​များ​နှင့်​သင် ထုတ်​လုပ်​သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဝယ်​ယူ​ကာ ဥ​ဇ​လ​မြို့​အ​နီး​ရှိ​ဝေ​ဒန် မြို့​နှင့်​ယာ​ဝန်​မြို့​တို့​က​လည်း ပစ္စည်း​အ​သုံး အ​ဆောင်​များ​အ​တွက်​ဟေ​လ​ဗုန်​စ​ပျစ်​ရည်၊ စ​ဟာ​ရ​သိုး​မွေး​တို့​ဖြင့်​ပေး​ချေ​ကြ​၏။ သူ တို့​သည်​သံ​ကြွတ်၊ အ​မွှေး​အ​ကြိုင်​အ​မျိုး မျိုး​နှင့်​လည်း သင်​၏​ကုန်​စည်​များ​ကို​လဲ လှယ်​ကြ​၏။-
EZE 27:20 ဒေ​ဒန်​မြို့​သား​တို့​သည်​သင်​၏​ကုန်​စည် များ​ကို​မြင်း​ကုန်း​နှီး​အ​ခင်း​များ​နှင့် လဲ​လှယ်​ကြ​၏။-
EZE 27:21 အာ​ရပ်​သား​များ​နှင့်​ကေ​ဒါ​ဘု​ရင်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​သိုး​ငယ်၊ သိုး ကြီး​နှင့်​ဆိတ်​များ​ကို​ပေး​၍​ဝယ်​ယူ​ကြ​၏။-
EZE 27:22 ရှေ​ဘ​နှင့်​ရာ​ဂ​မ​မြို့​များ​မှ​ကုန်​သည်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​များ၊ ကျောက်​မျက်​ရ​တ​နာ များ​နှင့်​ရွှေ​တို့​ဖြင့်​ဝယ်​ယူ​ကြ​၏။-
EZE 27:23 ခါ​ရန်​မြို့၊ ကန္နေ​မြို့၊ ဧ​ဒင်​မြို့​တို့​သည်​လည်း ကောင်း၊ ရှေ​ဘ​မြို့၊ အာ​ရှု​ရိ​မြို့​နှင့်​ခိ​လမဒ် မြို့​များ​မှ​ကုန်​သည်​တို့​သည်​လည်း​ကောင်း သင်​နှင့်​ကုန်​သွယ်​မှု​ကို​ပြု​ကြ​၏။-
EZE 27:24 သူ​တို့​က​လှ​ပ​သော​အ​ဝတ်​တန်​ဆာ၊ မ​ရမ်း စေ့​ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ အ​ရောင် တောက်​ပ​သော​ကော်​ဇော​နှင့်​ခိုင်​ခံ့​အောင်​ကျစ် ထား​သော​ကြိုး​အ​မျိုး​မျိုး​တို့​ကို​ရောင်း​ချ ကြ​၏။-
EZE 27:25 သင်​၏​ထံ​မှ​ကုန်​စည်​များ​ကို​အ​ကြီး​မား ဆုံး​ကုန်​သင်္ဘော​ကြီး​များ​ဖြင့်​သယ်​ဆောင် သွား​ကြ​၏။ ``သင်​သည်​လေး​လံ​သော​ကုန်​စည်​များ​ကို တင်​ဆောင်​ကာ​ပင်​လယ်​ထဲ​သို့​ရောက်​နေ​သော သင်္ဘော​နှင့်​တူ​၏။
EZE 27:26 သင့်​အား​လှော်​ခတ်​သူ​တို့​သည်​ပင်​လယ်​ထဲ​သို့ ထုတ်​ဆောင်​လာ​သော​အ​ခါ၊ အ​ရှေ့​လေ​သည်​ပင်​လယ်​ထဲ​၌​သင့်​ကို ပျက်​စီး​သွား​စေ​၏။
EZE 27:27 သင်​ချမ်း​သာ​သ​မျှ​ကုန်​စည်​များ၊ သင်​၏​သင်္ဘော​သား​အား​လုံး၊သင်္ဘော​ပြု​ပြင်​သူ လက်​သ​မား​ဆ​ရာ​များ​နှင့်​ကုန်​သည်​များ၊ သင်္ဘော​ပေါ်​ရှိ​စစ်​သူ​ရဲ​များ​နှင့်​ရှိ​ရှိ​သ​မျှ သော လူ​တို့​သည် သင်​၏​သင်္ဘော​ပျက်​သော​အ​ခါ​ပင်​လယ်​ထဲ တွင် နစ်​မြုပ်​သေ​ဆုံး​ကြ​ကုန်​၏။
EZE 27:28 ရေ​နစ်​သေ​ဆုံး​ကြ​သည့်​သင်္ဘော​သား​တို့ ဟစ်​အော်​သံ​သည်​ကမ်း​ခြေ​တွင်​ပဲ့​တင်​ထပ် ၍​သွား​၏။
EZE 27:29 ``သင်္ဘော​သား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏ သင်္ဘော​များ​ကို​စွန့်​ကာ​ကုန်း​ပေါ်​သို့​တက်​ကြ လေ​ပြီ။
EZE 27:30 သူ​တို့​သည်​မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့် များ​ကို မြှောက်​ကြဲ​၍​ပြာ​ထဲ​တွင်​လူး​လှိမ့်​လျက် သင်​၏​အ​တွက်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည် တမ်း​ကြ​၏။
EZE 27:31 သူ​တို့​သည်​သင်​၏​အ​ဖြစ်​ကို​မြင်​၍ ဦး​ခေါင်း​များ​ကို​ရိတ်​ကာ​ဝမ်း​နည်း​ပူ​ဆွေး သည့် လက္ခ​ဏာ​ဖြင့်​လျှော်​တေ​ကို​ဝတ်​ကြ​၏။ သူ​တို့​သည်​ဝမ်း​နည်း​ပက်​လက်​ဟစ်​အော် ငို​ကြွေး​ကြ​၏။ သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​လျက်​သင်​နှင့် ဆိုင်​သော ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။
EZE 27:32 `ယ​ခု​အ​ခါ​ပင်​လယ်​ထဲ​၌​ဆိတ်​ငြိမ်​၍ နေ​သော တု​ရု​မြို့​နှင့်​အ​ဘယ်​မြို့​ကို​နှိုင်း​ယှဉ်​နိုင်​ပါ မည်​နည်း။
EZE 27:33 သင်​သည်​မိ​မိ​၏​ကုန်​စည်​များ​ကို​နိုင်​ငံ​ခြား​သို့ တင်​ပို့​ရောင်း​ချ​ရာ​တွင် လူ​မျိုး​တ​ကာ​တို့​လို​နေ​သော​အ​ရာ​များ​ကို ဖြည့်​ဆည်း​ပေး​၏။ သင်​၏​များ​ပြား​သော​ကုန်​ပစ္စည်း​များ​က​ဘု​ရင် တို့​ကို ချမ်း​သာ​ကြွယ်​ဝ​စေ​လေ​သည်။
EZE 27:34 ယ​ခု​မှာ​သင်​သည်​ပင်​လယ်​တွင်​ပျက်​ကာ သ​မုဒ္ဒ​ရာ​နက်​ထဲ​သို့​နစ်​မြုပ်​သွား​လေ​ပြီ။ သင်​၏​ကုန်​စည်​များ​နှင့်​သင်​၏​လုပ်​သား အ​ပေါင်း​တို့​သည်၊ သင်​နှင့်​အ​တူ​ပင်​လယ်​တွင်​ပျောက်​ကွယ်​သွား ကြ လေ​ကုန်​ပြီ' ဟု​ငို​ချင်း​ကို​ဆို​ကြ​၏။
EZE 27:35 ``ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း တို့​သည်​သင်​၏​ကံ​ကြမ္မာ​ကို​မြင်​၍​တ​အံ့​တ သြ​ဖြစ်​ကြ​ကုန်​၏။ သူ​တို့​၏​ဘု​ရင်​များ​ပင် လျှင်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လျက် မျက်​နှာ​တွင် သွေး​မ​ရှိ​ကြ​တော့​ပေ။-
EZE 27:36 သင်​သည်​ဆုံး​ပါး​သွား​လေ​ပြီ။ ထာ​ဝစဉ်​ဆုံး ပါး​သွား​လေ​ပြီ။ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ကုန် သည်​တို့​သည် သင့်​ကို​ကဲ့​ရဲ့​ဟစ်​ကျွေး​ကြ လိမ့်​မည်'' ဟူ​၍​တည်း။
EZE 28:1 ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 28:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ သင်​သည်​မာန် မာ​န​ထောင်​လွှား​လျက်​မိ​မိ​ကိုယ်​ကို​ဘု​ရား ဟူ​၍​ပင်​လယ်​ဝိုင်း​ရံ​၍​နေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင် ဘု​ရား​ကဲ့​သို့​ထိုင်​လျက်​နေ​ရ​သည် ဟု​ဆို​လေ​သည်။ သင်​သည်​ဘု​ရား​နည်း​တူ ပ​ညာ​ရှိ​သည်​ဟု​ထင်​သော်​လည်း သင်​သည် ဘု​ရား​မ​ဟုတ်။ အ​မှန်​ပင်​မ​ဟုတ်။ လူ​သား မျှ​သာ​ဖြစ်​၏။-
EZE 28:3 မိ​မိ​ကိုယ်​ကို​ဒံ​ယေ​လ​ထက်​ပင်​ပ​ညာ​ရှိ သည်​ဟူ​၍ မိ​မိ​ထံ​မှ​အ​ဘယ်​အ​ရာ​မျှ လျှို့​ဝှက်​မ​ထား​နိုင်​ဟူ​၍​ထင်​မှတ်​၏။-
EZE 28:4 သင်​သည်​အ​သိ​ပ​ညာ၊ အ​တတ်​ပညာ​ဖြင့် ရွှေ၊ ငွေ​ဘဏ္ဍာ​ပေါ​များ​ကြွယ်​ဝ​လာ​၏။-
EZE 28:5 ကုန်​သွယ်​မှု​တွင်​လည်း​ကျွမ်း​ကျင်​သည့် အ​တွက်​အ​မြတ်​အ​စွန်း​များ​ကို​ဆက်​ကာ ဆက်​ကာ​ရ​ရှိ​နေ​ခဲ့​၏။ သင်​သည်​မိ​မိ​၏ စည်း​စိမ်​ချမ်း​သာ​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ပါ သည်​တ​ကား။''
EZE 28:6 ``သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား သင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​ကဲ့​သို့​ပ​ညာ​ရှိ​သည်​ဟု​ထင်​မှတ် သ​ဖြင့်၊-
EZE 28:7 ငါ​သည်​သ​နား​ညှာ​တာ​မှု​ကင်း​ခဲ့​သည့် တိုင်း​တစ်​ပါး​သား​တို့​အား သင့်​ကို​တိုက်​ခိုက် ရန်​ခေါ်​ဆောင်​ခဲ့​မည်။ အ​သိ​ပ​ညာ​နှင့်​အ​လှ အ​ပ​အား​ဖြင့် သင်​စု​ဆောင်း​ထား​သ​မျှ​သော ပစ္စည်း​ဥစ္စာ​တို့​ကို​သူ​တို့​သည်​ဖျက်​ဆီး​ပစ် ကြ​လိမ့်​မည်။-
EZE 28:8 သင့်​ကို​လည်း​တွင်း​ထဲ​သို့​ဆွဲ​ချ​၍ ရေ​သင်္ချိုင်း တွင်​အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။-
EZE 28:9 သင့်​ကို​သတ်​မည့်​သူ​တို့​ရှေ့​တွင် သင်​သည် ဘု​ရား​ဖြစ်​သည်​ဟု​ဆို​ဦး​မည်​လော။ သူ​တို့ သင့်​ကို​သတ်​ရန်​လာ​ကြ​သော​အ​ခါ သင်​သည် ဘု​ရား​မ​ဟုတ်​တော့​ဘဲ​လူ​သား​မျှ​သာ​ဖြစ် ရ​ပေ​တော့​အံ့။-
EZE 28:10 သင်​သည်​လူ​မျိုး​ခြား​တို့​၏​လက်​တွင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သေး​သူ​ကဲ့​သို့ သေ ရ​ပေ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။
EZE 28:11 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 28:12 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် တွေ့​ကြုံ​ရ​မည့်​ကံ​ကြမ္မာ​အ​တွက်​ဝမ်း​နည်း ပူ​ဆွေး​လော့။ ငါ​အ​ရှင်​ဘု​ရား​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သူ့​အား​ဆင့်​ဆို​ရ​မည် မှာ​သင်​သည်​အ​ခါ​တစ်​ပါး​က​ခြောက်​ပြစ် ကင်း​စံ​တင်​ထိုက်​သူ​ဖြစ်​ခဲ့​ဖူး​၏။ သင်​သည် အ​လွန်​ပ​ညာ​ရှိ​၍​အ​ဆင်း​လှ​သူ​ဖြစ်​ခဲ့ ပါ​သည်​တ​ကား။-
EZE 28:13 ဘု​ရား​သခင်​၏​ဥ​ယျာဉ်​တော်​ဧ​ဒင်​၌​စံ​ပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥ​ဿ​ဖ​ရား၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ဂေါ်​မုတ်​အ​စ​ရှိ​သော ကျောက်​မျက်​ရ​တ​နာ​အ​မျိုး​မျိုး​တို့​ကို ဝတ်​စား​ဆင်​ယင်​ရ​၏။ သင်​၏​ဝတ်​စား​တန် ဆာ​များ​သည်​ရွှေ​ဖြင့်​ပြီး​၏။ ထို​ဝတ်​စား တန်​ဆာ​တို့​ကို​သင်​မွေး​ဖွား​သည့်​နေ့​၌​ပင် လျှင်​သင်​၏​အ​တွက်​ပြု​လုပ်​ခဲ့​၏။-
EZE 28:14 ငါ​သည်​သင့်​ကို​အ​စောင့်​ကောင်း​ကင်​တ​မန် တစ်​ပါး​အ​ဖြစ်​ဘိ​သိက်​ပေး​၏။ သင်​သည် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော် ပေါ်​တွင်​နေ​၍ အ​ရောင်​လက်​သော​ကျောက် မျက်​ရ​တ​နာ​များ​အ​လယ်​တွင်​သွား​လာ ရ​၏။-
EZE 28:15 သင်​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ဒု​စ​ရိုက် ကို​စ​တင်​ပြု​ကျင့်​ချိန်​အ​ထိ သင်​၏​အ​ပြု အ​မူ​များ​သည်​အ​ဘယ်​သို့​မျှ​အ​ပြစ်​ဆို စ​ရာ​မ​ရှိ။-
EZE 28:16 သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​မှု​များ​ပြား သည့်​အ​တွက် အ​ကြမ်း​ဖက်​မှု​နှင့်​အ​ပြစ်​ကူး လွန်​မှု​များ​ကို​ပြု​ကျင့်​လာ​လေ​သည်။ သို့ ဖြစ်​၍​ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော တောင်​ပေါ်​မှ​သင့်​ကို​ထွက်​စေ​ခဲ့​၏။ အို အ​စောင့် ကောင်း​ကင်​တ​မန်၊ အ​ရောင်​လက်​လျက်​နေ သည့်​ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ရာ​မှ သင့်​ကို​ငါ​နှင်​ထုတ်​ခဲ့​၏။-
EZE 28:17 သင်​သည်​မိ​မိ​၏​အ​ဆင်း​ကြောင့်​ဂုဏ်​ယူ​ဝါ ကြွား​ကာ မိ​မိ​၏​ဂုဏ်​သ​တင်း​ကြောင့်​လူ​မိုက် ကဲ့​သို့​ပြု​၏။ သို့​ဖြစ်​၍​ငါ​သည်​သင့်​ကို​မြေ တိုင်​အောင်​နှိမ့်​ချ​၍ အ​ခြား​ဘု​ရင်​များ​အား သ​တိ​ပေး​သည့်​စံ​န​မူ​နာ​ဖြစ်​စေ​မည်။-
EZE 28:18 သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​ရာ​တွင်​ဆိုး ညစ်​မှု​ကို​ပြု​သ​ဖြင့် သင်​၏​အ​ပြစ်​များ ကြောင့်​သင်​၏​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န များ​ကို​ညစ်​ညမ်း​စေ​၏။ ထို​ကြောင့်​သင့်​ကို ယ​ခု​ကြည့်​ကြ​သူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ သည်​သင်​၏​မြို့​ကို​ပြာ​ပုံ​ဖြစ်​အောင်​မြေ အ​ထိ​လောင်​ကျွမ်း​စေ​၏။ ငါ​တို့​သည်​ပြာ ကို​သာ​လျှင်​မြင်​ရ​ကြ​မည်။-
EZE 28:19 သင်​သည်​ဆုံး​ပါး​လေ​ပြီ။ ထာ​ဝ​စဉ်​ဆုံး​ပါး လေ​ပြီ။ သင့်​ကို​သိ​ရှိ​ခဲ့​ကြ​သော​လူ​မျိုး အ​ပေါင်း​တို့​သည် သင်​၏​ကံ​ကြမ္မာ​မျိုး​နှင့် ကြုံ​တွေ့​ရ​ကြ​မည်​ကို​စိုး​ရိမ်​ကြောက်​လန့် လျက်​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 28:20 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
EZE 28:21 ``အ​ချင်း​လူ​သား​ဇိ​ဒုန်​မြို့​ဘက်​သို့​လှည့်​၍ ထို​မြို့​ကို​ရှုတ်​ချ​လော့။-
EZE 28:22 ထို​မြို့​ရှိ​လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဇိ​ဒုန် မြို့၊ ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ကို​ငါ ပြု​သည့်​အ​မှု​အ​တွက်​လူ​တို့​သည် ငါ့​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​သင်​၏ လူ​တို့​အား​အ​ပြစ်​ဒဏ်​ပေး​၍ ငါ​၏​သန့်​ရှင်း မြင့်​မြတ်​မှု​ကို​ပြ​သော​အ​ခါ​ငါ​သည်​ထာ ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်။-
EZE 28:23 ငါ​သည်​သင်​၏​ထံ​သို့​ကပ်​ရော​ဂါ​များ​ကို စေ​လွှတ်​မည်။ သင်​၏​လမ်း​များ​တွင်​သွေး​ချောင်း စီး​စေ​မည်။ သင်​သည်​ဝိုင်း​ရံ​တိုက်​ခိုက်​ခြင်း ကို​ခံ​ရ​၍ သင်​၏​လူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 28:24 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မ​ထီ​မဲ့​မြင်​ပြု​သော​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး တို့​သည် နောက်​တစ်​ဖန်​နာ​ကျင်​စွာ​စူး​သော​ငြောင့် သ​ဖွယ်​မ​ဖြစ်​ရ။ ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 28:25 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ကွဲ​လွင့်​လျက် နေ​ရာ​နိုင်​ငံ​များ​မှ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တစ်​ဖန်​ပြန်​၍​ငါ​စု​သိမ်း​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုယ် ပိုင်​ပြည်၊ ငါ​၏​အ​စေ​ခံ​ယာ​ကုပ်​အား​ငါ ပေး​အပ်​သည့်​ပြည်​၌​နေ​ရ​ကြ​လိမ့်​မည်။-
EZE 28:26 သူ​တို့​သည်​ထို​အ​ရပ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ရ​ကြ​လိမ့်​မည်။ အိမ်​များ​ကို​ဆောက်​၍ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​လိမ့်​မည်။ သူ​တို့​အား​မ​ထီ​မဲ့​မြင်​ပြု​ခဲ့​သူ​အိမ်​နီး ချင်း​အ​ပေါင်း​တို့​အား​ငါ​ဒဏ်​ပေး​သော အ​ခါ​ဘေး​မဲ့​လုံ​ခြုံ​လိမ့်​မည်။ ဣ​သ​ရေ​လ ပြည်​သည်​ဘေး​ကင်း​၍​နေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 29:1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​ဆယ်​နှစ်​မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 29:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘုရင် ကို​ရှုတ်​ချ​လော့။ သူ​နှင့်​တ​ကွ​အီ​ဂျစ်​တစ် ပြည်​လုံး​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဆင့်​ဆို​လော့။-
EZE 29:3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​သည်​ကို အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​မင်း​အား ဆင့်​ဆို​ရ​မည်​မှာ မြစ်​ထဲ​ရှိ​ခွန်​အား​ကြီး​မား သော​အ​ချင်း​မိ​ကျောင်း၊ ငါ​သည်​သင်​၏​ရန်​သူ ဖြစ်​၏။ နိုင်း​မြစ်​ကို​သင်​ပိုင်​သည်၊ ထို​မြစ်​ကား သင်​ဖန်​ဆင်း​ထား​သော​အ​ရာ​ဖြစ်​သည်​ဟု သင်​ဆို​၏။-
EZE 29:4 ငါ​သည်​သင်​၏​မေး​ရိုး​ကို​သံ​ချိတ်​ဖြင့်​ချိတ် ၍ သင်​၏​မြစ်​ထဲ​မှ​ငါး​တို့​ကို​သင့်​ကိုယ်​တွင် ကပ်​၍​နေ​စေ​မည်။-
EZE 29:5 ထို​နောက်​ယင်း​သို့​ကပ်​နေ​သည့်​ငါး​များ​နှင့် တ​ကွ သင့်​အား​နိုင်း​မြစ်​ထဲ​မှ​ဆွဲ​ထုတ်​ကာ၊ တော​ကန္တာ​ရ​၌​ပစ်​ထား​မည်။ သင်​၏​အ​လောင်း သည်​မြေ​ပေါ်​သို့​ကျ​လိမ့်​မည်။ သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​မည်​မ​ဟုတ်။ ငှက်​များ၊ တိ​ရစ္ဆာန် များ​၏​အ​စာ​ဖြစ်​စေ​မည်။-
EZE 29:6 ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း အီ​ဂျစ်​ပြည်​သား​အ​ပေါင်း တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် သင်​သည်​ကူ​ရိုး​မျှ​သာ​ဖြစ်​၏။-
EZE 29:7 သူ​တို့​သည်​သင်​၏​အ​ပေါ်​သို့​အား​ပြု​လိုက် သော​အ​ခါ သင်​သည်​ကျိုး​ပြတ်​၍​သူ​တို့​၏ ပ​ခုံး​များ​ကို​ထိ​ရှ​ကာ​သူ​တို့​၏​ခါး​များ ကို​လိမ်​ဆွဲ​စေ​၏။-
EZE 29:8 သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​ဋ္ဌား​လက်​နက်​စွဲ ကိုင်​သူ​တို့​အား​သင့်​ကို​တိုက်​ခိုက်​ရန်​စေ​လွှတ် မည်။ သူ​တို့​သည်​သင်​၏​လူ​များ၊ တိ​ရစ္ဆာန်​များ ကို​သတ်​ဖြတ်​ကြ​လိမ့်​မည်။-
EZE 29:9 အီ​ဂျစ်​ပြည်​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ရ​လိမ့် မည်။'' ``နိုင်း​မြစ်​သည်​သင်​၏​ကိုယ်​ပိုင်​ပစ္စည်း၊ သင်​ဖန် ဆင်း​သော​အ​ရာ​ဖြစ်​သည်​ဟု​ဆို​သ​ဖြင့်၊-
EZE 29:10 ငါ​သည်​သင်​၏​ရန်​သူ၊ နိုင်း​မြစ်​၏​ရန်​သူ ဖြစ်​၏။ မြောက်​ဘက်​ရှိ​မိ​ဂ​ဒေါ​လ​မြို့​မှ​သည် တောင်​ဘက်​သု​ဏေ​မြို့​တိုင်​အောင်၊ ဆူ​ဒန်​နယ် စပ်​အ​ထိ​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။-
EZE 29:11 မည်​သည့်​လူ​နှင့်​တိ​ရစ္ဆာန်​မျှ​ထို​ပြည်​ကို ဖြတ်​သန်း​သွား​လာ​လိမ့်​မည်​မ​ဟုတ်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ထို​ပြည်​တွင်​နေ​သူ​ရှိ လိမ့်​မည်​မ​ဟုတ်။-
EZE 29:12 ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​အ​ရပ်​ဖြစ်​စေ​မည်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​အီ​ဂျစ်​ပြည်​မှ​မြို့​များ သည်​အ​ခြား​အ​ဘယ်​မြို့​နှင့်​မျှ​မ​တူ​အောင် ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့်​မည်။ ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​အား​ဒုက္ခ​သည်​များ ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ထွက်​ပြေး​ကာ​လူ​မျိုး ခြား​တို့​ထံ​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 29:13 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​နှစ်​လေး​ဆယ် ကြာ​သော​အ​ခါ အီ​ဂျစ်​ပြည်​သား​တို့​အား ငါ​ပျံ့​နှံ့​စေ​ရာ​အ​ရပ်​များ​မှ​ပြန်​လည် ခေါ်​ဆောင်​ကာ၊-
EZE 29:14 သူ​တို့​၏​မူ​ရင်း​ဌာ​နေ​ဖြစ်​သော​အီ​ဂျစ် ပြည်​တောင်​ပိုင်း​တွင်​နေ​ထိုင်​စေ​မည်။ သူ​တို့ ၏​နိုင်​ငံ​သည်​သိမ်​ငယ်​သော​နိုင်​ငံ​ဖြစ်​လိမ့် မည်။-
EZE 29:15 နိုင်​ငံ​တ​ကာ​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​၍ အ​ခြား​နိုင်​ငံ​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ အုပ်​စိုး​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့ အား​အ​လွန်​သိမ်​ဖျင်း​စေ​မည်​ဖြစ်​၍ သူ​တို့ သည်​အ​ဘယ်​လူ​မျိုး​အ​ပေါ်​တွင်​မျှ​သြ ဇာ​အာ​ဏာ​လွှမ်း​မိုး​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-
EZE 29:16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ အား နောင်​အ​ဘယ်​အ​ခါ​၌​မျှ​မှီ​ခို​အား ကိုး​ကြ​တော့​မည်​မ​ဟုတ်။ ယင်း​သို့​အား ကိုး​မိ​ခဲ့​သည့်​အ​တွက်​မိ​မိ​တို့​အ​ဘယ် မျှ​မှား​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​ကြုံ​တွေ့​ရ​သည့် ကံ​ကြမ္မာ​က​ပြန်​လည်​သ​တိ​ရ​စေ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 29:17 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့ ၌​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 29:18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​တု​ရု​မြို့​ကို တိုက်​ခိုက်​ခဲ့​၏။ သူ​သည်​မိ​မိ​၏​စစ်​သူ​ရဲ တို့​အား​အ​လွန်​လေး​လံ​သော​ဝန်​တို့​ကို ထမ်း​စေ​သည်​ဖြစ်​၍ သူ​တို့​၏​ခေါင်း​ပြောင် ၍​ပ​ခုံး​များ​သည်​လည်း​ပေါက်​ပြဲ​ကုန်​၏။ ယင်း​သို့​ဒုက္ခ​ခံ​သော်​လည်း​စစ်​သူ​ရဲ​နှင့် ဘု​ရင်​သည်​အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ခံ​စား​ရ​ကြ။-
EZE 29:19 သို့​ဖြစ်​၍​ငါ​အရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​မှာ အီ​ဂျစ်​ပြည်​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​လက်​သို့​ငါ​အပ်​မည်။ သူ​သည်​လု​ယက်​တိုက်​ခိုက်​ကာ​အီ​ဂျစ်​ပြည် ၏​ဥစ္စာ​ဋ္ဌန​ရှိ​သ​မျှ​ကို မိ​မိ​၏​တပ်​မ​တော် အ​တွက်​သိမ်း​ယူ​သွား​လိမ့်​မည်။-
EZE 29:20 သူ​သည်​မိ​မိ​၏​တပ်​မ​တော်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ခဲ့​သည်​ဖြစ်​၍ ငါ​သည် သူ့​အား​အီ​ဂျစ်​ပြည်​ကို​ပေး​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။
EZE 29:21 ``ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဦး​ချို​တည်း​ဟူ​သော​ခွန်​အား​ကြီး​စေ မည်။ ထို​နောက်​အ​ချင်း​ယေ​ဇ​ကျေ​လ၊ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ​ရန်​သင့်​အား ဟော​ပြော​စေ​မည်''ဟု​မိန့်​တော်​မူ​၏။
EZE 30:1 တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 30:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​အ​သံ ကျယ်​စွာ​ဟော​ပြော​ရ​မည်​မှာ ကြောက်​ရွံ့​ထိတ်​လန့်​ဖွယ်​ကောင်း​သော​နေ့​သည် ကျ​ရောက်​လတ္တံ့။
EZE 30:3 ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​မည့်​နေ့ သည် နီး​ကပ်​လာ​လေ​ပြီ။ မိုး​တိမ်​များ​ဖုံး​လွှမ်း​မည့်​နေ့၊လူ​မျိုး​တ​ကာ​တို့ ဒုက္ခ​ရောက်​မည့်​နေ့​နီး​ကပ်​လာ​ပြီ။
EZE 30:4 အီ​ဂျစ်​ပြည်​တွင်​စစ်​ဖြစ်​လိမ့်​မည်။ ကု​ရှ​ပြည်​တွင်​ကြီး​စွာ​သော​ဘေး​အန္တ​ရာယ်​နှင့် ကြုံ​တွေ့​ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​ပင်​အီ​ဂျစ်​ပြည်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လု​ယက်​ဖျက်​ဆီး​ခြင်း​ခံ​ရ​၍ ယို​ယွင်း​ပျက်​စီး​၍​ကျန်​ရစ်​လိမ့်​မည်။
EZE 30:5 ``စစ်​ပွဲ​တွင်​ကု​ရှ​ပြည်၊ ဖု​တ​ပြည်၊ လု​ဒ​ပြည်၊ အာ​ရေ​ဗျ​ပြည်​နှင့်​ခု​ဘ​ပြည်​တို့​မှ​အ​ငှား စစ်​သည်​များ​နှင့် ငါ​၏​လူ​မျိုး​တော်​အ​ထဲ မှ​ပင်​လျှင်​အ​ချို့​သော​သူ​တို့​ကျ​ဆုံး​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 30:6 ထာ​ဝ​ရ​ဘု​ရား​က``မြောက်​ဘက်​ရှိ​မိ​ဂ ဒေါ​လ​မြို့​မှ​သည်​တောင်​ဘက်​ရှိ​သု​ဏေ မြို့​တိုင်​အောင်​အီ​ဂျစ်​ပြည်​ဘက်​မှ​နေ​၍ ခု​ခံ​ကာ​ကွယ်​ကြ​သူ​အ​ပေါင်း​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​ဂုဏ်​ယူ​ဝါ​ကြွား​ရ​သော​တပ်​မ​တော် သည်​ပြို​ပျက်​သွား​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-
EZE 30:7 အီ​ဂျစ်​ပြည်​သည်​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​သော​အ​ရပ်​ဖြစ်​လျက် ထို​ပြည်​ရှိ​မြို့​တို့​သည်​လုံး​ဝ​ယို​ယွင်း ပျက်​စီး​၍​ကျန်​ရစ်​ကြ​လိမ့်​မည်။-
EZE 30:8 ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​ကျွမ်း​စေ ၍ ထို​ပြည်​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​ကြ​သူ တို့​အ​သတ်​ခံ​ရ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ လိမ့်​မည်။
EZE 30:9 ``အ​ချိန်​ကျ​၍​အီ​ဂျစ်​ပြည်​ပျက်​စီး​သွား သော​အ​ခါ ငါ​သည်​အ​မှု​မဲ့​အ​မှတ်​မဲ့​နေ သူ​ကု​ရှ​ပြည်​သား​တို့​အား တပ်​လှန့်​နှိုး ဆော်​ရန်​စေ​တ​မန်​တို့​ကို​သင်္ဘော​များ​ဖြင့် စေ​လွှတ်​မည်။ သူ​တို့​သည်​ကြောက်​ရွံ့​ထိတ် လန့်​သွား​ကြ​လိမ့်​မည်။ ထို​နေ့​ကား​နီး ကပ်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
EZE 30:10 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ် ပြည်​၏​ဋ္ဌ​န​အင်​အား​ကို​ပ​ပျောက်​စေ​ရန် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း ကို​အ​သုံး​ပြု​မည်။-
EZE 30:11 သူ​သည်​ရက်​စက်​ကြမ်း​ကြုတ်​သော​စစ်​သူ​ရဲ များ​နှင့်​လာ​၍ ထို​ပြည်​ကို​ဖျက်​ဆီး​ပစ်​လိမ့် မည်။ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​ဋ္ဌား​လက် နက်​နှင့်​တိုက်​ခိုက်​၍ ထို​ပြည်​ကို​လူ​သေ အ​လောင်း​များ​နှင့်​ပြည့်​နှက်​စေ​ကြ​လိမ့် မည်။-
EZE 30:12 ငါ​သည်​နိုင်း​မြစ်​ကို​ခန်း​ခြောက်​စေ​၍ အီ​ဂျစ် ပြည်​ကို​ဆိုး​ညစ်​သူ​တို့​၏​လက်​အောက်​သို့ ကျ​ရောက်​စေ​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို ပြည်​တစ်​ပြည်​လုံး​ကို​ပျက်​ပြုန်း​စေ​ကြ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
EZE 30:13 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​နော​ဖ မြို့​ရှိ​ရုပ်​တု​များ​နှင့်​ဘု​ရား​အ​တု​များ​ကို ဖျက်​ဆီး​ပစ်​မည်။ အီ​ဂျစ်​ပြည်​ကို​အုပ်​စိုး မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည် မ​ဟုတ်။ ငါ​သည်​လူ​အ​ပေါင်း​တို့​ကို​ကြောက် ရွံ့​ထိတ်​လန့်​စေ​မည်။-
EZE 30:14 အီ​ဂျစ်​ပြည်​တောင်​ပိုင်း​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​အ​ရပ်​ဖြစ်​စေ​၍ မြောက်​ပိုင်း​တွင်​ရှိ​သော ဇော​န​မြို့​ကို​မီး​ရှို့​မည်။ နော​မြို့​တော်​ကို လည်း​အ​ပြစ်​ဒဏ်​ခတ်​မည်။-
EZE 30:15 အီ​ဂျစ်​ပြည်​၏​ခံ​တပ်​မြို့​ကြီး​ဖြစ်​သော​သိန် မြို့​အား ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​စေ မည်။ နော​မြို့​၏​ဋ္ဌ​န​အင်​အား​ကို​ဖျက်​ဆီး မည်။-
EZE 30:16 ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​စေ​၍ သိန်​မြို့​ကို​လည်း​ပြင်း​ထန်​စွာ​နာ​ကျင်​စေ မည်။ ထို​မြို့​၏​မြို့​ရိုး​များ​သည်​ဖြို​ဖျက် ခြင်း​ခံ​ရ​သ​ဖြင့်​ထို​မြို့​ကို​ရေ​လွှမ်း​မိုး လိမ့်​မည်။-
EZE 30:17 အာ​ဝင်​မြို့​နှင့်​ဖိ​ဗေ​သက်​မြို့​တို့​မှ​လူ​ငယ် လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ အ​ခြား​သူ​တို့​သည်​ကား​သုံ့​ပန်း​အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-
EZE 30:18 အီ​ဂျစ်​ပြည်​၏​တန်​ခိုး​အာ​ဏာ​တည်း​ဟူ သော​ထမ်း​ပိုး​ကို ငါ​ချိုး​နှိမ်​သော​အ​ခါ​သူ တို့​ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စွမ်း​ရည်​သတ္တိ ကို​ပ​ပျောက်​စေ​မည်။ တာ​ပ​နက်​မြို့​သည် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင် မိုး​တိမ်​များ​အုပ်​ဆိုင်း​လျက်​မြို့​အား​လုံး မှ​လူ​တို့​သည်​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး သိမ်း​ယူ​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
EZE 30:19 ဤ​ကဲ့​သို့​အီ​ဂျစ်​ပြည်​အား​အ​ပြစ်​ဒဏ် ခတ်​သော​အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 30:20 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​တစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ခု​နစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 30:21 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​အီ​ဂျစ် ဘု​ရင်​၏​လက်​ရုံး​ကို​ကျိုး​စေ​ပြီ။ အ​ရိုး​ပြန် ဆက်​ပြီး​လျှင်​ဋ္ဌား​ကို​တစ်​ဖန်​ကိုင်​နိုင်​လာ​စေ ရန်​ထို​လက်​ကို​အ​ဘယ်​သူ​မျှ​ကြပ်​စည်း​၍ အ​ဝတ်​ဖြင့်​ဆွဲ​ဆိုင်း​၍​မ​ပေး​ကြ။-
EZE 30:22 သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​အီ​ဂျစ်​ဘု​ရင် ၏​ရန်​သူ​ဖြစ်​၏။ သူ​၏​လက်​နှစ်​ဖက်​စ​လုံး ကို​ငါ​ချိုး​မည်။ ကျိုး​နေ​သော​လက်​နှင့်​မ ကျိုး​သေး​သော​လက်​ကို​ပါ​ချိုး​မည်။ ထို အ​ခါ​သူ​၏​လက်​မှ​ဋ္ဌား​သည်​ကျ​သွား လိမ့်​မည်။-
EZE 30:23 အီ​ဂျစ်​ပြည်​သား​တို့​အား​ငါ​သည်​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။-
EZE 30:24 ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ခွန်​အား ကြီး​မား​လာ​စေ​၍ သူ​၏​လက်​သို့​ငါ​၏​ဋ္ဌား ကို​ပေး​အပ်​မည်။ သို့​ရာ​တွင်​အီ​ဂျစ်​ဘု​ရင် ၏​လက်​ရုံး​တို့​ကို​မူ​ငါ​ချိုး​မည်။ သူ​သည် ညည်း​တွား​မြည်​တမ်း​လျက် မိ​မိ​ရန်​သူ​၏ ရှေ့​မှောက်​တွင်​သေ​ရ​လိမ့်​မည်။-
EZE 30:25 ငါ​သည်​သူ့​အား​အ​မှန်​ပင်​ချည့်​နဲ့​စေ​၍ ဗာ​ဗု​လုန်​မင်း​အား​သန်​မာ​စေ​မည်။ ငါ​၏ ဋ္ဌား​ကို​ဗာ​ဗု​လုန်​ဘု​ရင်​လက်​သို့​ပေး​အပ် ၍ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ဋ္ဌား​ဦး​ကို​လှည့် လိုက်​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-
EZE 30:26 ငါ​သည်​အီ​ဂျစ်​ပြည်​သား​တို့​အား​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 31:1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော တစ်​ဆယ့်​တစ်​နှစ် မြောက်၊ တ​တိ​ယ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 31:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘု​ရင် နှင့်​သူ​၏​ပြည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​လွန်​စွာ​တန်​ခိုး​ကြီး​ကြ​ပါ ပေ​သည်။ သင်​တို့​အား​အ​ဘယ်​သို့​နှိုင်း​ယှဉ်​၍​ပြ​ရ မည်​နည်း။
EZE 31:3 အာ​ရှု​ရိ​လူ​မျိုး​တို့​ကို​ကြည့်​လော့။ သူ​တို့ သည် လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​နှင့်​တူ​ကြ​၏။ ထို​အ​ပင်​သည်​မိုး​တိမ်​ထိ​အောင်​မြင့်​မား​၍ ဝေ​ဆာ​သော​အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​၏။
EZE 31:4 ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သ​ဖြင့်​အ​ပင်​ကြီး ထွား​လာ​နိုင်​၏။ မြေ​အောက်​စမ်း​များ​မှ​လည်း​ရေ​ကို​ရ​ရှိ​၏။ ထို​မြစ်​တို့​သည်​အာ​ရစ်​ပင်​ပေါက်​ရာ​အ​ရပ်​သို့ စီး​ပြီး​လျှင် သစ်​တော​ထဲ​ရှိ​အ​ခြား​သော​အ​ပင်​များ​သို့ ချောင်း​များ​ဖြင့်​ရေ​ကို​ပို့​ဆောင်​ပေး​၏။
EZE 31:5 အာ​ရစ်​ပင်​သည်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ သ​ဖြင့် အ​ခြား​သစ်​ပင်​များ​ထက်​ပို​မို​မြင့်​မား​၏။ အ​ကိုင်း​အ​ခက်​များ​သည်​လည်း​ရှည်​လျား​၏။
EZE 31:6 ထို​အ​ကိုင်း​အ​ခက်​များ​တွင်​ငှက်​အ​မျိုး​မျိုး တို့ အ​သိုက်​လုပ်​ကြ​၏။ တော​တိ​ရစ္ဆာန်​များ​က​သစ်​ပင်​အောက်​တွင် သား​ဖွား​ကြ​၏။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။
EZE 31:7 ထို​အာ​ရစ်​ပင်​သည်​လွန်​စွာ​လှ​ပ​တင့်​တယ်​၏။ ရှည်​လျား​သော​အ​ကိုင်း​အ​ခက်​များ​ရှိ​၍ အ​လွန်​မြင့်​မား​၏။ ယင်း​၏​အ​မြစ်​တို့​သည်​လည်း​မြေ​အောက် စမ်း​ချောင်း​များ​တိုင်​အောင်​ထိုး​ဆင်း​သွား​ကြ​၏။
EZE 31:8 ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​မှ​အာ​ရစ်​ပင်​တို့ ပင်​လျှင် ထို​အ​ပင်​ကို​မ​ယှဉ်​ပြိုင်​နိုင်။ အ​ဘယ်​ထင်း​ရှူး​ပင်​၌​မျှ​ဤ​သို့​သော အ​ကိုင်း​အ​ခက်​များ​မ​ရှိ။ အ​ဘယ်​သ​ဖန်း​ပိုး​စာ​ပင်​၌​မျှ​ဤ​သို့​သော အ​ခက်​အ​လက်​ကြီး​များ​မ​ရှိ။ ဥ​ယျာဉ်​တော်​၌​ပင်​ဤ​သို့​လှ​ပ​တင့်​တယ်​သော သစ်​ပင်​မ​ရှိ။
EZE 31:9 ငါ​သည်​ထို​အ​ပင်​ကို​ဝေ​ဆာ​သော အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​အောင်​ပြု​လုပ်​ထား​သ​ဖြင့် ဧ​ဒင်​အ​ရပ်၊ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော် မှ သစ်​ပင်​တ​ကာ​တို့​က​ပင်​မ​နာ​လို​ဖြစ် ကြ​၏။''
EZE 31:10 ``သို့​ဖြစ်​၍​ထို​အ​ပင်​အ​ဘယ်​သို့​ဖြစ်​မည် ကို​သင့်​အား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖော်​ပြ အံ့။ အာ​ရစ်​ပင်​သည်​သစ်​ကိုင်း​သစ်​ခက်​များ အ​ထက် မိုး​တိမ်​တိုင်​အောင်​မြင့်​မား​လာ​၏။ ယင်း​သည်​ဤ​သို့​မြင့်​မား​လာ​လေ​လေ​ပို​၍ မာန်​မာန​ထောင်​လွှား​လေ​လေ​ဖြစ်​၏။-
EZE 31:11 ထို့​ကြောင့်​ငါ​သည်​ထို​အ​ပင်​ကို​ပစ်​ပယ်​ကာ လူ​မျိုး​ခြား​ဘု​ရင်​တစ်​ပါး​၏​လက်​သို့​ပေး အပ်​မည်။ သူ​သည်​ထို​အ​ပင်​အား​ယင်း​၏​ဆိုး ယုတ်​မှု​နှင့်​ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး လိမ့်​မည်။-
EZE 31:12 ရက်​စက်​ကြမ်း​ကြုတ်​သော​လူ​မျိုး​ခြား​တို့ သည် ထို​အ​ပင်​ကို​ခုတ်​လှဲ​၍​ပစ်​ထား​ခဲ့​ကြ လိမ့်​မည်။ ယင်း​၏​အ​ကိုင်း​အ​ခက်​များ​နှင့် ကျိုး​ပဲ့​ကုန်​သော​အ​ခက်​အ​လက်​ကြီး​များ သည်​တစ်​ပြည်​လုံး​ရှိ​တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း​များ​အ​ပေါ်​သို့​လဲ​ကျ​ကြ​လိမ့် မည်။ ထို​အ​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ​နေ ကြ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း ထွက်​ခွာ​သွား​ကြ​လိမ့်​မည်။-
EZE 31:13 ငှက်​တို့​သည်​လာ​၍​လဲ​နေ​သော​အ​ပင်​တွင် နား​ကြ​လိမ့်​မည်။ တော​ရဲ​တိ​ရစ္ဆာန်​တို့​သည် ယင်း​၏​အ​ကိုင်း​အ​ခက်​များ​ကို​ကျော်​နင်း ကြ​လိမ့်​မည်။-
EZE 31:14 သို့​ဖြစ်​၍​မည်​မျှ​ပင်​ရေ​ရ​ရှိ​စေ​ကာ​မူ​ယ​ခု မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ပင်​မျှ​ထို​အာ​ရစ် ပင်​ကဲ့​သို့​သစ်​ကိုင်း​သစ်​ခက်​များ​အ​ထက်​တွင် မြင့်​မား​ရ​တော့​မည်​မ​ဟုတ်။ ယင်း​တို့​၏​ထိပ်​ဖျား များ​သည်​မိုး​တိမ်​သို့​ရောက်​သည့်​တိုင်​အောင်​မြင့် တက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို​သစ်​ပင်​အား လုံး​ပင်​လူ​သား​များ​နှင့်​အ​တူ မြေ​ကြီး​ပေါ် တွင်​သေ​ကြေ​ပျက်​စီး​ကာ​မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ရ​ကြ​ပေ​တော့​အံ့'' ဟု​မိန့်​တော် မူ​၏။
EZE 31:15 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``မ​ရ ဏာ​နိုင်​ငံ​သို့​အာ​ရစ်​ပင်​သက်​ဆင်း​သော​နေ့​၌ ငါ​သည်​မြေ​အောက်​ရှိ​မြစ်​များ​ကို​ငို​ကြွေး မြည်​တမ်း​သည့်​လက္ခ​ဏာ​ဖြင့်​ဖုံး​လွှမ်း​စေ​မည်။ ငါ​သည်​မြစ်​များ​ကို​ရပ်​တန့်​စေ​၍​ချောင်း များ​ကို​ရေ​မ​စီး​စေ​ဘဲ​ထား​မည်။ ထို​အာ​ရစ် ပင်​သေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​သည်​လေ​ဗ​နုန် တောင်​တွင်​မှောင်​မိုက်​ကျ​စေ​၍ တော​အ​တွင်း ရှိ​သစ်​ပင်​အ​ပေါင်း​ကို​ညှိုး​နွမ်း​ခြောက်​သွေ့ သွား​စေ​မည်။-
EZE 31:16 ထို​အာ​ရစ်​ပင်​ကို​မရ​ဏာ​နိုင်​ငံ​သို့​ငါ​ဆင်း သက်​စေ​သော​အ​ခါ ယင်း​ပြို​လဲ​သည့်​အ​သံ ကြောင့်​လူ​မျိုး​တ​ကာ​တို့​သည်​တုန်​လှုပ်​သွား ကြ​လိမ့်​မည်။ ထို​အ​ခါ​မြေ​အောက်​ကမ္ဘာ​သို့ ရောက်​ရှိ​နေ​ကြ​သော​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင် ရှိ​သ​မျှ​နှင့်​လေ​ဗ​နုန်​တော​မှ​ရေ​အ​ဝ​သောက် ရ​သော​အ​ကောင်း​ဆုံး​လက်​ရွေး​စင်​သစ်​ပင် များ​သည်​နှစ်​ထောင်း​အား​ရ​ကြ​လိမ့်​မည်။-
EZE 31:17 ယင်း​တို့​သည်​ယ​ခင်​က​ပြို​လဲ​သွား​ကြ​သည့် အ​ပင်​များ​နှင့်​ပေါင်း​ဆုံ​မိ​ကြ​ရန် အာ​ရစ်​ပင် နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ လိမ့်​မည်။ ထို​အာ​ရစ်​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ ခဲ့​ကြ​သူ​အ​ပေါင်း​တို့​နှင့် လူ​မျိုး​တ​ကာ မိတ်​ဆွေ​တို့​သည်​လည်း​အ​တူ​သက်​ဆင်း ကြ​လိမ့်​မည်'' ဟူ​၍​တည်း။
EZE 31:18 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အာ​ရစ်​ပင်​ကား အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​ပြည်​သူ​တို့​ဖြစ်​၏။ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​သစ်​ပင်​များ​ပင်​လျှင် ထို အ​ပင်​လောက်​မ​မြင့်​မား​မ​ခန့်​ညား​ကြ။ သို့ ရာ​တွင်​ထို​အ​ပင်​သည်​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင်​များ​ကဲ့​သို့​ပင် မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ကာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​ရ​သူ​များ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ များ​နှင့်​ပေါင်း​ဆုံ​ရ​ပေ​တော့​အံ့။ ဤ​ကား ငါ​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။
EZE 32:1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒွါ​ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 32:2 ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။-
EZE 32:3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​လူ​မျိုး​တ​ကာ တို့​တွေ့​ဆုံ​စု​ဝေး​ကြ​သော​အ​ခါ ငါ​သည် သင့်​အား​ပိုက်​ကွန်​ဖြင့်​အုပ်​၍​ဖမ်း​ကာ​သူ တို့​အား​ကမ်း​သို့​ဆွဲ​တင်​စေ​မည်။-
EZE 32:4 ထို​နောက်​ကုန်း​ပေါ်​တွင်​ချ​ထား​စေ​ပြီး ကွင်း ပြင်​ထဲ​သို့​ဆွဲ​သွား​မည်။ ကမ္ဘာ​ပေါ်​ရှိ​ငှက် များ​နှင့်​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ​မည်။-
EZE 32:5 သင်​၏​ပုပ်​ပျက်​နေ​သော​အ​လောင်း​ဖြင့် တောင်​များ၊ ချိုင့်​ဝှမ်း​များ​ကို​ငါ​ဖုံး​လွှမ်း​မည်။-
EZE 32:6 မြေ​ကြီး​ကို​သင်​၏​သွေး​နှင့်​စို​စေ​မည်။ ထို သွေး​သည်​တောင်​ထိပ်​တိုင်​အောင်​စို​မည်။ မြစ် တို့​သည်​သင့်​သွေး​ဖြင့်​ပြည့်​လျှံ​လိမ့်​မည်။-
EZE 32:7 သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-
EZE 32:8 ငါ​သည်​မိုး​ကောင်း​ကင်​မှ​အ​လင်း​အိမ်​ရှိ သ​မျှ​ကို​ကွယ်​ပျောက်​စေ​၍​သင့်​ပြည်​၌ အ​မှောင်​ကျ​စေ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
EZE 32:9 ``သင်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့​ဘူး သည့်​တိုင်း​ပြည်​များ​သို့ သင်​ပျက်​စီး​သည့် သ​တင်း​ကို​ငါ​လွှင့်​လိုက်​သော​အ​ခါ​လူ​မျိုး တ​ကာ​တို့​သည်​စိတ်​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။-
EZE 32:10 သင့်​အား​ငါ​ပြု​သော​အ​မှု​ကြောင့်​သူ​တို့ သည်​အံ့​အား​သင့်​ကြ​လိမ့်​မည်။ ငါ​သည်​ဋ္ဌား ကို​ဝှေ့​ယမ်း​လိုက်​သော​အ​ခါ​ရှင်​ဘု​ရင် များ​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သင်​ပြို​လဲ​သော​နေ့​၌​သူ​တို့​အား​လုံး​ပင် မိ​မိ​တို့​၏​အ​သက်​အန္တ​ရာယ်​အ​တွက်​စိုး ရိမ်​ပူ​ပန်​ကာ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 32:11 အ​ရှင်​ထာ​ဝရ​ဘု​ရား​က​အီ​ဂျစ်​ဘု​ရင် အား``သင်​သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ဋ္ဌား​ကို ရင်​ဆိုင်​ရ​လိမ့်​မည်။-
EZE 32:12 ငါ​သည်​ရက်​စက်​သော​လူ​မျိုး​တို့​၏​စစ်​သူ​ရဲ တို့​အား​ဋ္ဌား​လက်​နက်​ကိုင်​စွဲ​စေ​ပြီး​လျှင် သင် ၏​ပြည်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​စေ​မည်။ သင်​၏​လူ​အ​ပေါင်း​နှင့်​သင်​ဂုဏ်​ယူ​ဝါ​ကြွား သ​မျှ​သော​အ​ရာ​တို့​သည်​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​မည်။-
EZE 32:13 ငါ​သည်​သင်​၏​တိ​ရစ္ဆာန်​များ​ကို​သူ​တို့​ရေ သောက်​ရာ​အ​ရပ်​မှန်​သ​မျှ​တို့​တွင်​သတ်​ဖြတ် မည်။ ရေ​ကို​နောက်​စေ​မည့်​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ တော့​မည်​မ​ဟုတ်။-
EZE 32:14 ငါ​သည်​သင်​၏​ရေ​တို့​ကို​အ​နယ်​ထိုင်​၍ ကြည်​လင်​လာ​စေ​မည်။ သင်​၏​မြစ်​များ​ကို လည်း​ဆီ​ကဲ့​သို့​ငြိမ်​သက်​စွာ​စီး​စေ​မည်။ ဤ ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။-
EZE 32:15 အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
EZE 32:16 ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
EZE 32:17 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​ငါး​ရက် နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 32:18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ပြည်​မှ မြောက်​မြား​စွာ​သော​လူ​အ​ပေါင်း​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လော့။ သူ​မ​ကို​အ​ခြား​တန် ခိုး​ကြီး​သူ​လူ​မျိုး​များ​၏​သ​မီး​ပျို​များ နှင့်​အ​တူ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​လော့။
EZE 32:19 သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​သူ​တစ်​ပါး​ထက်​ပို​၍ တင့်​တယ်​ကြ​သ​လော။ လူ​သေ​တို့​၏​ကမ္ဘာ​သို့​ဆင်း​၍​အ​ရေ​ဖျား လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​အိပ်​ကြ​လော့။
EZE 32:20 ``အီ​ဂျစ်​ပြည်​သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး သူ​များ​နှင့်​အ​တူ သေ​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​သူ​အ​ပေါင်း​တို့​အား​သုတ်​သင်​ပစ်​၍ ဆွဲ​ထုတ်​သွား​ရန် ဋ္ဌား​သည်​အ​ဆင်​သင့်​ရှိ​နေ​၏။-
EZE 32:21 အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။''
EZE 32:22 ``အာ​ရှု​ရိ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း များ​ခြံ​ရံ​လျက်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့ အား​လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ ဖြစ်​ကြ​၏။-
EZE 32:23 သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။
EZE 32:24 ``ဧ​လံ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း​များ ခြံ​ရံ​လျက် ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​အား လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ​ဖြစ်​၍ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​မ​ရ​ဏာ နိုင်​ငံ​သို့​ဆင်း​သက်​သွား​သူ​များ​ဖြစ်​ကြ​၏။ အ​သက်​ရှင်​စဉ်​အ​ခါ​က​သူ​တို့​သည်​သူ တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင် ပြု​ခဲ့​ကြ​သော်​လည်း​ယ​ခု​အ​ခါ​၌​မူ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍​သေ​ရ​ကြ လေ​ပြီ။-
EZE 32:25 ဧ​လံ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​နှင့် အ​တူ​လဲ​၍​နေ​ရ​၏။ သူ​၏​ပတ်​လည်​၌​စစ် သူ​ရဲ​တို့​၏​သင်္ချိုင်း​များ​ရှိ​၏။ ထို​သူ​တို့ အား​လုံး​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​သူ များ​နှင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​အ​သက်​ရှင်​စဉ်​အ​ခါ က​သူ​တစ်​ပါး​တို့​အား​တုန်​လှုပ်​ချောက် ချား​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​မူ​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ ကံ​ကြမ္မာ​ကို​ခံ​ယူ​ကာ မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​သူ​များ​နှင့်​အ​တူ​အ​သ​ရေ ပျက်​၍​သေ​ရ​ကြ​လေ​ပြီ။
EZE 32:26 ``မေ​ရှက်​နှင့်​တု​ဗ​လ​တို့​သည်​မိ​မိ​တို့​၏ စစ်​သူ​ရဲ​သင်္ချိုင်း​များ​ခြံ​ရံ​လျက်​ထို​အ​ရပ် တွင်​ရှိ​ကြ​၏။ သူ​တို့​အား​လုံး​သည်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​ရ​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​သူ​တို့​ကို​ထိတ်​လန့်​တုန်​လှုပ် စေ​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-
EZE 32:27 သူ​တို့​သည်​လက်​နက်​အ​ပြည့်​အ​စုံ​ကိုင်​စွဲ လျက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​ရှေး သူ​ရဲ​ကောင်း​ကြီး​များ​ကဲ့​သို့ မိ​မိ​တို့​၏​ဋ္ဌား များ​ကို​ဦး​ခေါင်း​အောက်​တွင်​လည်း​ကောင်း၊ ဒိုင်း​လွှား​များ​ကို​ရင်​ပတ်​ပေါ်​တွင်​လည်း​ကောင်း ထား​ရှိ​ကာ​ဂုဏ်​ပြု​သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ ကြ။ သူ​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ သူ​အ​ခြား​ကျ​ဆုံး​လေ​ပြီး​သော စစ်​သူ​ရဲ ကောင်း​များ​နှင့်​အ​တူ​လဲ​လျောင်း​နေ​လေ​ပြီ။ ဤ​သူ​ရဲ​ကောင်း​များ​သည်​အ​ခါ​တစ်​ပါး က​အ​သက်​ရှင်​သူ​တို့​ကို​တုန်​လှုပ်​ချောက် ချား​ရန် ပြု​လုပ်​သည့်​တန်​ခိုး​ကြီး​မား​သူ များ​ဖြစ်​ခဲ့​ကြ​၏။
EZE 32:28 ``အီ​ဂျစ်​ပြည်​သား​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့​နှင့် အ​တူ ချေ​မှုန်း​ခြင်း​ခံ​ရ​ကြ​မည်​မှာ​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​သ​တည်း။
EZE 32:29 ``ဧ​ဒုံ​သည်​လည်း​မိ​မိ​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း သား​များ​နှင့်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​သည်​စွမ်း အား​ကြီး​သည့်​စစ်​သူ​ရဲ​များ​ဖြစ်​သော်​လည်း စစ် ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​တွင်​လဲ လျက်​နေ​ရ​ကြ​လေ​ပြီ။
EZE 32:30 ``မြောက်​အ​ရပ်​မှ​မင်း​ညီ​မင်း​သား​များ​နှင့် ဇိ​ဒုန်​မြို့​သား​တို့​သည်​ထို​အ​ရပ်​တွင်​ရှိ​ကြ ၏။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မိ​မိ​တို့ ၏​တန်​ခိုး​အာ​ဏာ​ဖြင့်​သူ​တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ​၌​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍ သေ​ကြ​ပြီး လျှင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သူ များ​နှင့်​အ​တူ​သေ​သူ​တို့​ကမ္ဘာ​သို့​ဆင်း သက်​ကြ​ရ​၏။
EZE 32:31 ``အီ​ဂျစ်​ဘု​ရင်​နှင့် သူ​၏​တပ်​မ​တော်​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သော ထို​သူ​အ​ပေါင်း​ကို တွေ့​မြင်​သော​အ​ခါ​မိ​မိ​တို့​ကိုယ်​ကို​နှစ် သိမ့်​နိုင်​ကြ​လိမ့်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။
EZE 32:32 ``အီ​ဂျစ်​ဘု​ရင်​သည်​အ​သက်​ရှင်​သူ​တို့​ကို တုန်​လှုပ်​ချောက်​ချား​အောင်​ပြု​ခဲ့​၏။ သို့​ရာ တွင်​သူ​နှင့်​သူ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် သုတ်​သင်​ခြင်း​ကို​ခံ​ရ​၏။ စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့ နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။'' ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။
EZE 33:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 33:2 ကိုယ်​တော်​က``တိုင်း​ပြည်​တစ်​ပြည်​ကို​ငါ​သည် စစ်​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​စေ​သော​အ​ခါ ထို​ပြည်​၌​အ​ဘယ်​သို့​ဖြစ်​သည်​ကို​သင်​၏ အ​မျိုး​သား​တို့​အား​ပြော​ပြ​လော့။ ပြည်​သူ ပြည်​သား​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ​လူ တစ်​ယောက်​ကို​ကင်း​စောင့်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ရ​ကြ​၏။-
EZE 33:3 သူ​သည်​ရန်​သူ​ချဉ်း​ကပ်​လာ​သည်​ကို​မြင် လျှင် လူ​အ​ပေါင်း​တို့​အား​တံ​ပိုး​ခ​ရာ​မှုတ် ၍​အ​ချက်​ပေး​ရ​၏။-
EZE 33:4 အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ယင်း​သို့​အ​ချက်​ပေး​သံ​ကို​ကြား​လျက်​နှင့် ဂ​ရု​မ​စိုက်​ဘဲ​နေ​ပါ​မူ​ရန်​သူ​သည်​လာ ၍​သူ့​ကို​ဋ္ဌား​ဘေး​သင့်​စေ​လျှင် ထို​သူ​အ​သက် ဆုံး​ရှုံး​ရ​မှု​သည်​သူ​၏​အ​ပြစ်​ပင်​ဖြစ်​၍ သူ့ သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​လေ​ပြီ။-
EZE 33:5 သူ​သေ​ရ​သည်​မှာ​သူ​၏​ချို့​ယွင်း​မှု​ကြောင့် သူ့​သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​ရ​ပေ မည်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် သ​တိ​ပေး​ချက်​ကို​ဂ​ရု​မ​စိုက်​ခဲ့​သော ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​ဂ​ရု​စိုက်​မည် ဆို​ပါ​က​သူ​သည်​သေ​ဘေး​မှ​လွတ် မြောက်​နိုင်​၏။-
EZE 33:6 သို့​ရာ​တွင်​အ​ကယ်​၍​ကင်း​စောင့်​သည်​ရန်​သူ လာ​သည်​ကို​မြင်​လျက်​နှင့် အ​ချက်​ပေး​တံ​ပိုး ခ​ရာ​ကို​မ​မှုတ်​ဘဲ​နေ​ခဲ့​သော် ရန်​သူ​လွန်​လာ ၍​တစ်​စုံ​တစ်​ယောက်​သတ်​ဖြတ်​ခံ​ရ​လျှင်​ထို သူ​သည်​မိ​မိ​အ​ပြစ်​ကြောင့်​သေ​ရ​သော်​လည်း ထို​သို့​သေ​ဆုံး​သူ​၏​သွေး​အ​တွက်​ကင်း​စောင့် မှာ​တာ​ဝန်​ရှိ​စေ​မည်။''
EZE 33:7 ``အ​ချင်း​လူ​သား၊ ယ​ခု​ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ကင်း စောင့်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ သင်​သည်​ငါ ၏​သ​တိ​ပေး​ချက်​များ​ကို​သူ​တို့​အား ဆင့်​ဆို​ရ​မည်။-
EZE 33:8 အ​ကယ်​၍​ငါ​က​ဆိုး​ယုတ်​သူ​တစ်​စုံ​တစ် ယောက်​အား​သေ​ရ​လိမ့်​မည်​ဟု​ဆို​လျှင် သင် သည်​ထို​သူ​အ​သက်​မ​သေ​စေ​ရန်​သူ​၏ အ​ပြု​အ​မူ​ပြောင်း​လဲ​ဖို့​သ​တိ​ပေး​ရ​မည်။ မ​ပေး​ဘဲ​နေ​ပါ​မူ​သူ​သည်​အ​ပြစ်​ကူး လွန်​သူ​အ​ဖြစ်​ဖြင့်​ပင်​သေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​ထို​သေ​ဆုံး​သူ​၏​သွေး အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​စေ​မည်။-
EZE 33:9 အ​ကယ်​၍​သင်​သည်​ဆိုး​ယုတ်​သူ​အား​သ​တိ ပေး​သော်​လည်း သူ​သည်​ဒု​စ​ရိုက်​ကို​ပြု​မြဲ ပြု​ကာ​အ​ပြစ်​ကူး​လွန်​သူ​အ​ဖြစ်​ဖြင့်​ပင် လျှင်​သေ​သည်​ဆို​ပါ​မူ သင်​၏​အ​သက်​ချမ်း သာ​ရာ​ရ​လိမ့်​မည်''ဟု​မိန့်​တော်​မူ​၏။
EZE 33:10 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း လူ​သား'' ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ​သင်​တို့​က`ငါ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ၊ မိ​မိ​တို့​ပြု​သော​အ​မှား​များ ဖြင့်​ဝန်​လေး​ပင်​ပန်း​လျက်​ရှိ​ကြ​၏။ ငါ​တို့ သည်​အား​လျော့​နွမ်း​နယ်​လျက်​နေ​ကြ​၏။ အ​ဘယ်​သို့​လျှင်​ငါ​တို့​အ​သက်​ရှင်​နိုင် ကြ​ပါ​မည်​နည်း' ဟု​ဆို​ကြ​၏။-
EZE 33:11 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ ငါ​မိန့်​တော်​မူ​သည်​ကား​အ​ပြစ်​ကူး လွန်​သူ​တစ်​စုံ​တစ်​ယောက်​သေ​သည်​ကို​မ မြင်​လို ထို​သူ​အ​ပြစ်​ကူး​လွန်​မှု​ကို​ရပ်​စဲ ၍​အ​သက်​ရှင်​သည်​ကို​သာ​လျှင်​တွေ့​မြင် လို​သည်။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​ပြု​လျက်​ရှိ​သည့်​အ​ပြစ်​ဒု စ​ရိုက်​ကို​ရပ်​စဲ​ကြ​လော့။ ရပ်​စဲ​သော​သင် တို့​သည်​အ​ဘယ်​ကြောင့်​သေ​ချင်​ကြ သ​နည်း။
EZE 33:12 ``အ​ချင်း​လူ​သား၊ သူ​တော်​ကောင်း​အ​ပြစ် ကူး​လွန်​သော​အ​ခါ​သူ​ပြု​ခဲ့​သော​ကောင်း မှု​များ​က​သူ့​ကို​ကယ်​လိမ့်​မည်​မ​ဟုတ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​လော့။ အ​ကယ်​၍​ဆိုး​ညစ်​သူ သည်​မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ရပ်​စဲ​လိုက်​ပါ မူ​သူ​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​တော့​မည် မ​ဟုတ်။ သူ​တော်​ကောင်း​သည်​အ​ပြစ်​ကူး လွန်​သော​အ​ခါ​သူ​သည်​အ​သက်​ချမ်း သာ​ရာ​ရ​မည်​မ​ဟုတ်။-
EZE 33:13 ငါ​သည်​သူ​တော်​ကောင်း​အား​အ​သက်​ရှင်​စေ မည်​ဟု​က​တိ​ပေး​ထား​သော်​လည်း သူ​သည် မိ​မိ​ပြု​ခဲ့​သော​ကောင်း​မှု​ကို​အား​ကိုး​ကာ အ​ပြစ်​စ​၍​ကူး​လွန်​သည်​ဆို​ပါ​မူ ငါ​သည် သူ​ပြု​ခဲ့​သော​အ​ဘယ်​ကောင်း​မှု​ကို​မျှ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​ဖြစ်​၏။-
EZE 33:14 အ​ကယ်​၍​ငါ​သည်​ဆိုး​ယုတ်​သူ​အား​သေ​ရ လိမ့်​မည်​ဟု​သ​တိ​ပေး​သ​ဖြင့် သူ​သည်​မိ​မိ ၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​ကာ​မှန်​ရာ ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင်၊-
EZE 33:15 ဥ​ပ​မာ​အား​ဖြင့်​မိ​မိ​အ​ပေါင်​ခံ​ထား​သည့် ပစ္စည်း၊ ခိုး​ဝှက်​ထား​သည့်​ဥစ္စာ​တို့​ကို​ပြန်​၍ ပေး​အပ်​ပြီး​လျှင်​အ​ပြစ်​ကူး​လွန်​မှု​ကို ရပ်​စဲ​ကာ​အ​သက်​ရှင်​စေ​တတ်​သော​ပြ​ဋ္ဌာန်း ချက်​တို့​ကို​စောင့်​ထိန်း​သည်​ဆို​အံ့၊ ထို​သူ သည်​မ​သေ​ဘဲ​အ​သက်​ရှင်​လိမ့်​မည်။-
EZE 33:16 သူ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ငါ​သည်​ဖြေ​လွှတ်​မည်။ မှန်​ရာ​ကောင်း​ရာ​ကို ပြု​ကျင့်​သည့်​အ​တွက်​သူ​သည်​အ​သက်​ရှင် လိမ့်​မည်။
EZE 33:17 ``သို့​ရာ​တွင်​သင်​၏​အ​မျိုး​သား​ချင်း​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​စွာ​မ​စီ​ရင် ဟု​ဆို​ကြ​၏။ သူ​တို့​သာ​လျှင်​ဖြောင့်​မတ် စွာ​မ​ပြု​ကြ။-
EZE 33:18 သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ မ​ကောင်း​မှု​ကို​ပြု​သော​အ​ခါ ထို​မ​ကောင်း မှု​အ​တွက်​သူ​သည်​သေ​ရ​လိမ့်​မည်။-
EZE 33:19 ဆိုး​ယုတ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​စွန့် လွှတ်​၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​သော အ​ခါ အ​သက်​ရှင်​ခွင့်​ကို​ရ​ရှိ​လိမ့်​မည်။-
EZE 33:20 သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ သင်​တို့​က​ထာ​ဝ​ရ​ဘု​ရား​ပြု သော​အ​မှု​သည်​မ​ဖြောင့်​မတ်​ဟု​ဆို​ကြ ၏။ ငါ​သည်​သင်​တို့​ပြု​သော​အ​မှု​ကို​ထောက် ၍ သင်​တို့​အား​တ​ရား​စီ​ရင်​မည်'' ဟု​မိန့် တော်​မူ​၏။
EZE 33:21 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌ ယေ​ရု​ရှ​လင်​မြို့​မှ​လွတ်​မြောက်​လာ​သူ​တစ် ယောက်​သည်​လာ​၍​ငါ့​အား​ယေ​ရု​ရှ​လင် မြို့​ရန်​သူ​လက်​သို့​ကျ​ရောက်​သွား​သည့် အ​ကြောင်း​ကို​ပြော​ပြ​၏။-
EZE 33:22 ထို​သူ​မ​ရောက်​မီ​ည​နေ​ချမ်း​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ငါ့​ကို လွှမ်း​မိုး​၍​နေ​၏။ နောက်​တစ်​နေ့​နံ​နက်​ထို သူ​ရောက်​ရှိ​လာ​ချိန်​၌ စ​ကား​ပြော​နိုင်​စွမ်း ရည်​ကို​ငါ့​အား​ပြန်​၍​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​ငါ​သည်​တိတ်​ဆိတ်​စွာ​မ​နေ​ရ တော့​ဘဲ​စ​ကား​ပြော​နိုင်​၏။
EZE 33:23 ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 33:24 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​ရှိ​ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင် နေ​ထိုင်​သူ​တို့​က`အာ​ဗြ​ဟံ​သည်​လူ​တစ်​ဦး မျှ​သာ​ဖြစ်​သော်​လည်း​ဤ​ပြည်​တစ်​ပြည်​လုံး ကို​အ​ပိုင်​ရ​ရှိ​ခဲ့​၏။ ယ​ခု​ငါ​တို့​သည်​ကား အ​ရေ​အ​တွက်​အား​ဖြင့်​များ​သည်​ဖြစ်​၍​ဤ ပြည်​ကို​ငါ​တို့​အ​ပိုင်​ရ​ကြ​ပြီ' ဟု​ပြော​ဆို နေ​ကြ​၏။
EZE 33:25 ``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား သင်​တို့​သည်​အ​မဲ​သား​နှင့် အ​တူ​သွေး​ကို​လည်း​စား​ကြ​၏။ ရုပ်​တု​များ ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။ လူ​၏​အ​သက်​ကို သတ်​ကြ​၏။ သို့​ပါ​လျက်​ဤ​ပြည်​ကို​သင်​တို့ အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​သ​နည်း။-
EZE 33:26 သင်​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​ကို​အား​ကိုး ကြ​၏။ သင်​တို့​အ​ကျင့်​များ​သည်​လည်း​စက် ဆုပ်​ဖွယ်​ကောင်း​၏။ လူ​တိုင်း​ပင်​သူ​တစ်​ပါး ၏​အိမ်​ရာ​ကို​ပြစ်​မှား​ကြ​၏။ သို့​ပါ​လျက် ဤ​ပြည်​ကို​သင်​တို့​အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ် ကြောင့်​ထင်​မှတ်​ကြ​သ​နည်း။
EZE 33:27 ``ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​သော​မြို့​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​သည်​သတ်​ဖြတ်​ခြင်း​ခံ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား အ​မှန်​ပင်​ဖြစ်​သည့်​အ​တိုင်း​သူ​တို့​အား​သ​တိ ပေး​လိုက်​ကြောင်း​ပြော​ကြား​လော့။ ကျေး​လက် တို့​တွင်​နေ​ထိုင်​သူ​များ​သည်​တော​တိ​ရစ္ဆာန် တို့​၏​အ​စာ​ဖြစ်​ရ​ကြ​လိမ့်​မည်။ တောင်​များ၊ လိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ​သူ​တို့ သည်​ရော​ဂါ​ကြောင့်​သေ​ရ​ကြ​လိမ့်​မည်။-
EZE 33:28 ငါ​သည်​ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ ပြည်​သူ​တို့​ဂုဏ်​ယူ​ဝါ ကြွား​ရာ​ဖြစ်​သည့်​တန်​ခိုး​အာ​ဏာ​သည် လည်း​ဆိတ်​သုဉ်း​သွား​လိမ့်​မည်။ မည်​သူ​မျှ ဖြတ်​သန်း​သွား​လာ​မှု​မ​ပြု​နိုင်​လောက်​အောင် ဣ​သ​ရေ​လ​တောင်​တို့​သည်​တော​ရိုင်း​ဖြစ် လိမ့်​မည်။-
EZE 33:29 ငါ​သည်​လူ​တို့​အား​အ​ပြစ်​များ​အ​တွက်​ဒဏ် ခတ်​၍ သူ​တို့​၏​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 33:30 ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​သည်​မြို့​တံ​တိုင်း​များ အ​နီး​၌​သော်​လည်း​ကောင်း၊ မိ​မိ​တို့​အိမ် တံ​ခါး​ဝ​များ​၌​သော်​လည်း​ကောင်း တွေ့​ဆုံ မိ​ကြ​သော​အ​ခါ​သင်​၏​အ​ကြောင်း​ကို ပြော​ဆို​နေ​ကြ​၏။ သူ​တို့​က​ထာ​ဝ​ရ ဘုရား​အ​ဘယ်​သို့​အ​မိန့်​တော်​ရှိ​သည်​ကို ယ​ခု​ငါ​တို့​သွား​၍​နား​ထောင်​ကြ​ကုန် အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
EZE 33:31 သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-
EZE 33:32 သူ​တို့​အ​ဖို့​မှာ​သင်​သည်​အ​ချစ်​သီ​ချင်း များ​ကို​သီ​ဆို​တီး​မှုတ်​ဖြေ​ဖျော်​သူ​ကဲ့ သို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​သင်​ပြော​သ​မျှ သော​စ​ကား​တို့​ကို​နား​ထောင်​ကြ​သော်​လည်း တစ်​လုံး​တစ်​ပါ​ဒ​ကို​မျှ​မ​လိုက်​နာ​ကြ။-
EZE 33:33 သို့​ရာ​တွင်​သင်​၏​ဟော​ကြား​ချက်​မှန်​သ​မျှ သည်​မှန်​ကန်​လာ​ရ​မည်​ဖြစ်​သည့်​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​သော​အ​ခါ မိ​မိ တို့​အ​လယ်​တွင်​ပ​ရော​ဖက်​တစ်​ပါး​ရောက် ရှိ​နေ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 34:1 ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ သို့​ရောက်​လာ​၏။-
EZE 34:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တို့​အား​ရှုတ် ချ​လော့။ သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို ရ​မည်​မှာ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား များ​၏​သိုး​ထိန်း​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို ကျွေး​မွေး​ပြု​စု​ကြ​သော်​လည်း​သိုး​များ ကို​မူ​မ​စောင့်​ထိန်း​ကြ။-
EZE 34:3 သင်​တို့​သည်​သိုး​နို့​ကို​သောက်​လျက်​သိုး​မွေး ထည်​ကို​ဝတ်​ဆင်​ပြီး​လျှင် ဆူ​ဖြိုး​သော​သိုး များ​ကို​သတ်​၍​စား​ကြ​၏။ သို့​ရာ​တွင်​သိုး တို့​ကို​မူ​အ​ဘယ်​အ​ခါ​၌​မျှ​မ​စောင့်​ထိန်း ကြ။-
EZE 34:4 အား​နည်း​သော​သိုး​တို့​ကို​မ​ကြည့်​ရှု။ နာ ဖျား​သော​သိုး​တို့​ကို​လည်း​ဆေး​မ​ကု။ ဒဏ် ရာ​ရ​သော​သိုး​တို့​ကို​အ​ဝတ်​နှင့်​မ​စည်း။ လမ်း​မှား​သည့်​သိုး​တို့​ကို​ပြန်​၍​မ​စု​သိမ်း။ ပျောက်​သော​သိုး​တို့​ကို​လည်း​မ​ရှာ​ဘဲ​သင် တို့​သည်​ထို​သိုး​တို့​ကို​မ​ညှာ​မ​တာ​ပြု​မူ ကြ​၏။-
EZE 34:5 သိုး​တို့​သည်​သိုး​ထိန်း​မ​ရှိ​သ​ဖြင့်​က​စဥ့် က​ရဲ​ဖြစ်​ကာ​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​ရ​ကြ​၏။-
EZE 34:6 သို့​ဖြစ်​၍​ငါ​၏​သိုး​တို့​သည်​တောင်​များ၊ ကုန်း​မြင့်​များ​ပေါ်​တွင်​လှည့်​လည်​၍​နေ​ရ ကြ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​တစ်​ပြင်​လုံး တွင်​ပျံ့​လွင့်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား ရှာ​ဖွေ​သူ၊ ရှာ​ဖွေ​ရန်​အား​ထုတ်​သူ​တစ်​ယောက် မျှ​မ​ရှိ။
EZE 34:7 ``အ​ချင်း​သိုး​ထိန်း​တို့၊ ယ​ခု​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-
EZE 34:8 ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​သည်​ငါ ၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သိုး​ထိန်း မ​ရှိ​သ​ဖြင့်​ငါ​၏​သိုး​တို့​အား​သား​ရဲ တိ​ရစ္ဆာန်​များ​သတ်​ဖြတ်​ကိုက်​စား​ကြ​လေ ပြီ။ ငါ့​သိုး​ထိန်း​တို့​သည်​သိုး​ကို​လိုက်​၍ မ​ရှာ​ကြ။ သူ​တို့​သည်​မိ​မိ​တို့​ကို​သာ လျှင်​ကြည့်​ရှု​စောင့်​ရှောက်​လျက်​သိုး​တို့ ကို​မူ​မ​စောင့်​ထိန်း​ကြ။-
EZE 34:9 သို့​ဖြစ်​၍​အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
EZE 34:10 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​၏ ရန်​သူ​ဖြစ်​၍ ငါ​၏​သိုး​တို့​သည်​သင့်​တာ​ဝန် ဖြစ်​ကြောင်း​အ​တိ​အ​လင်း​ကြေ​ညာ​၏။ ငါ သည်​မိ​မိ​၏​သိုး​များ​ကို​သင်​တို့​ထံ​မှ​သိမ်း ယူ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​သည် သူ​တို့​အား​ထိန်း​ကျောင်း​ခွင့်​နှင့် မိ​မိ​တို့​ကိုယ် ကို​သာ​လျှင်​ကြည့်​ရှု​ပြု​စု​ခွင့်​ကို​ငါ​ပေး တော့​မည်​မ​ဟုတ်။ သိုး​တို့​သည်​သင်​တို့​၏ အ​စာ​မ​ဖြစ်​အောင် ငါ​သည်​မိ​မိ​သိုး​တို့ ကို​သင်​တို့​လက်​မှ​ကယ်​ဆယ်​မည်။
EZE 34:11 ``သင်​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား က​စဥ့်​က​ရဲ​ဖြစ်​ပြီး​နောက် ပြန်​လည်​စု​သိမ်း​ရ​ရှိ​သည့်​သိုး​တို့​ကို​သိုး ထိန်း​သည်​စောင့်​ထိန်း​ကြည့်​ရှု​သ​ကဲ့​သို့ ငါ သည်​မိ​မိ​၏​သိုး​တို့​ကို​လိုက်​လံ​ရှာ​ဖွေ​ကာ စောင့်​ထိန်း​ကြည့်​ရှု​မည်။ မိုး​အ​မှောင်​ကျ​သည့် နေ့​ရက်​၌​သူ​တို့​က​စဥ့်​က​ရဲ​ဖြစ်​၍​သွား ရာ​အ​ရပ်​ရပ်​မှ​ငါ​သည်​သူ​တို့​အား​ပြန် လည်​ခေါ်​ခဲ့​မည်။-
EZE 34:13 နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။-
EZE 34:14 တောင်​ပေါ်​မြက်​ခင်း​များ၊ ဣ​သ​ရေ​လ​ပြည် စိမ်း​လန်း​သော​စား​ကျက်​များ​တွင်​ကျက်​စား စေ​မည်။ ကောင်း​သော​စား​ကျက်​များ​တွင်​လဲ လျောင်း​စေ​၍ စိမ်း​လန်း​သော​စား​ကျက်​များ တွင်​ကျက်​စား​စေ​မည်။-
EZE 34:15 ငါ​ကိုယ်​တိုင်​မိ​မိ​၏​သိုး​များ​ကို​ထိန်း​ကျောင်း ၍ သူ​တို့​အိပ်​နား​စ​ရာ​အ​ရပ်​များ​ကို​ရှာ​၍ ပေး​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 34:16 ``ငါ​သည်​ပျောက်​သော​သိုး​များ​ကို​ရှာ​၍ လမ်း​မှား​သော​သိုး​တို့​ကို​ပြန်​လည်​ခေါ်​ခဲ့ မည်။ ဒဏ်​ရာ​ရ​သော​သိုး​များ​ကို​အ​ဝတ် နှင့်​စည်း​ကာ​ဖျား​နာ​သော​သိုး​တို့​ကို​ဆေး ကု​ပေး​မည်။ သို့​ရာ​တွင်​ဝ​ဖြိုး​သန်​မာ​သော သိုး​တို့​ကို​ပယ်​ရှား​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​မှန်​ရာ​ကို​ပြု​လုပ်​တတ်​သည့် သိုး​ထိန်း​ဖြစ်​သော​ကြောင့်​တည်း။
EZE 34:17 ``သို့​ဖြစ်​၍ ငါ​၏​သိုး​စု၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ငါ​သည်​သင် တို့​အ​သီး​သီး​အား​တ​ရား​စီ​ရင်​မည်။ ကောင်း သူ​ဆိုး​သူ​တည်း​ဟူ​သော​သိုး​နှင့်​ဆိတ်​ကို ခွဲ​ခြား​သတ်​မှတ်​မည်။-
EZE 34:18 သင်​တို့​အ​ချို့​သည်​မြက်​အ​ကောင်း​ဆုံး​ကို စား​ရ​ကြ​သော်​လည်း​ကျေ​နပ်​မှု​မ​ရှိ။ မိ​မိ တို့​မ​စား​သည့်​မြက်​များ​ကို​ခြေ​ဖြင့်​နင်း ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​ရေ​ကြည် ကို​သောက်​၍​သင်​တို့​မ​သောက်​သည့်​ရေ​ကို နောက်​ကျိ​အောင်​ပြု​ကြ​ပါ​သည်​တ​ကား။-
EZE 34:19 ငါ​၏​အ​ခြား​သိုး​တို့​သည်​သင်​တို့​ခြေ​ဖြင့် နင်း​၍​ထား​သည့်​မြက်​ကို​စား​လျက် သင်​တို့ နောက်​ကျိ​စေ​သည့်​ရေ​ကို​သောက်​ကြ​၏။
EZE 34:20 ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သင်​တို့ အား​မိန့်​တော်​မူ​သည်​ကား ငါ​သည်​သင်​တို့ သိုး​ဝ​များ​နှင့်​သိုး​ပိန်​များ​အ​မှု​ကို​တ​ရား စီ​ရင်​မည်။-
EZE 34:21 သင်​တို့​သည်​ဖျား​နာ​နေ​သော​သိုး​တို့​ကို ဘေး​သို့​တွန်း​ဖယ်​ကာ သိုး​အုပ်​ထဲ​မှ​ချို နှင့်​ဝှေ့​ထုတ်​ကြ​၏။-
EZE 34:22 သို့​ရာ​တွင်​ငါ​၏​သိုး​တို့​အား​နောက်​တစ်​ဖန် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​စေ​တော့​မည်​မ ဟုတ်။ ငါ​သည်​ငါ​၏​သိုး​တစ်​ကောင်​စီ​ကို တ​ရား​စီ​ရင်​မည်။-
EZE 34:23 သူ​တို့​၏​တစ်​ဦး​တည်း​သော​သိုး​ထိန်း​အ​ဖြစ် ဖြင့် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် အား​ခန့်​ထား​မည်။ သူ​သည်​သူ​တို့​အား​စောင့် ထိန်း​ကြည့်​ရှု​လိမ့်​မည်။-
EZE 34:24 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့ သော​ဘု​ရင်​သည်​လည်း သူ​တို့​၏​ဘု​ရင် ဖြစ်​လိမ့်​မည်။ ဤ​ကား​ငါ​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-
EZE 34:25 သူ​တို့​၏​လုံ​ခြုံ​ရေး​ကို​စိတ်​ချ​ရ​စေ​ရန်​ငါ သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​မည်။ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​သား​ရဲ​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ပြည်​တွင်း​မှ​ဖယ်​ရှား​ပစ်​မည်။ သို့​မှ​သာ​လျှင်​ငါ​၏​သိုး​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​တော​ကန္တာ​ရ​များ​၌​နေ​ရ​ကြ ၍ တော​များ​တွင်​အိပ်​ရ​ကြ​လိမ့်​မည်။
EZE 34:26 ``ငါ​သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​၍ ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပတ်​လည် တွင်​နေ​စေ​မည်။ အ​ချိန်​တန်​သော​အ​ခါ ကောင်း​ချီး​မိုး​ရေ​ကို​ကျ​စေ​မည်။-
EZE 34:27 သစ်​ပင်​များ​သည်​အ​သီး​သီး​ကြ​လျက်​လယ် ပြင်​တို့​သည် အ​သီး​အ​နှံ​ထွက်​ကြ​လိမ့်​မည်။ လူ အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြည်​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ လူ​မျိုး​တော်​အား​ချည်​နှောင်​ထား​သော​ထမ်း ပိုး​များ​ကို​ဖြတ်​တောက်​၍ သူ​တို့​အား​ကျွန် ဘ​ဝ​မှ​လွတ်​မြောက်​စေ​သော​အ​ခါ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့ သိ​ရှိ​ကြ​လိမ့်​မည်။-
EZE 34:28 လူ​မျိုး​တ​ကာ​တို့​သည်​သူ​တို့​အား​နောင် အ​ဘယ်​အ​ခါ​၌​မျှ လု​ယက်​တိုက်​ခိုက်​ကြ တော့​မည်​မ​ဟုတ်။ သား​ရဲ​တိ​ရစ္ဆာန်​များ​သည် လည်း​သူ​တို့​အား​သတ်​ဖြတ်​ကိုက်​စား​ကြ တော့​မည်​မ​ဟုတ်။ သူ​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​အား​အ​ဘယ် သူ​မျှ​ထိတ်​လန့်​တုန်​လှုပ်​စေ​ကြ​လိမ့်​မည် မ​ဟုတ်။-
EZE 34:29 ငါ​သည်​သူ​တို့​အား​မြေ​သြ​ဇာ​ကောင်း သည့်​လယ်​ယာ​များ​ကို​ပေး​၍ ပြည်​တွင်း​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​ကင်း​ဝေး စေ​မည်။ အ​ခြား​လူ​မျိုး​များ​သည်​လည်း သူ​တို့​အား​အ​ဘယ်​အ​ခါ​မျှ​ပြောင်​လှောင် ကြ​တော့​မည်​မ​ဟုတ်။-
EZE 34:30 သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကာ ကွယ်​လျက်​ရှိ​ကြောင်း၊ သူ​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​ကြ​ကြောင်း​လူ​တိုင်း​ပင်​သိ​ရှိ ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 34:31 ``ငါ​၏​သိုး​များ၊ ငါ​ကျွေး​မွေး​ပြု​စု​သည့် သိုး​စု၊ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် ၍​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
EZE 35:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 35:2 ကိုယ်​တော်​က``စိ​ရ​တောင်​သို့​လှည့်​၍​ထို​ပြည် ကို​ရှုတ်​ချ​လော့။-
EZE 35:3 လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။
EZE 35:4 သင်​၏​မြို့​တို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​၍ သင့်​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း သင်​သိ​ရှိ​လိမ့်​မည်။''
EZE 35:5 ``သင်​သည်​ဣသ​ရေ​လ​ပြည်​အား​အ​စဉ်​ရန် ငြိုး​ဖွဲ့​၏။ ထို​ပြည်​သည်​မိ​မိ​၏​ဒု​စ​ရိုက်​များ ကြောင့်​အ​ပြစ်​ဒဏ်​သင့်​၍ ဘေး​အန္တ​ရာယ်​ရောက် သော​အ​ခါ​သင်​သည်​ထို​ပြည်​သူ​တို့​အား သတ်​ဖြတ်​စေ​ခဲ့​၏။-
EZE 35:6 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သော ကြောင့်​သင်​သည်​သေ​ရ​လိမ့်​မည်။ အ​သက် ချမ်း​သာ​ရ​နိုင်​မည်​မ​ဟုတ်။ သင်​သည်​လူ သတ်​သ​မား​ဖြစ်​သ​ဖြင့်​သင်​ကိုယ်​တိုင် အ​သတ်​ခံ​ရ​လိမ့်​မည်။-
EZE 35:7 ငါ​သည်​စိ​ရ​တောင်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​လျက် ယင်း​ကို​ဖြတ်​သန်း သွား​လာ​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပစ် မည်။-
EZE 35:8 တောင်​များ​ကို​လူ​သေ​အ​လောင်း​များ​နှင့်​ဖုံး လွှမ်း​စေ​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ အ​လောင်း​များ​သည်​တောင်​ကုန်း​များ၊ ချောင်း များ၊ ချိုင့်​ဝှမ်း​များ​တွင်​ပြည့်​နှက်​၍​နေ​လိမ့် မည်။-
EZE 35:9 ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။
EZE 35:10 ``ငါ​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ လျက် သင်​သည်​ထို​လူ​မျိုး​တို့​နှင့်​သူ​တို့​၏ ပြည်​များ​ကို​ပိုင်​၍ မိ​မိ​လက်​ဝယ်​သို့​ရောက် ရှိ​စေ​မည်​ဟူ​၍​ဆို​ချေ​သည်။-
EZE 35:11 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည် အ​တိုင်း ငါ​၏​လူ​မျိုး​တော်​အား​သင်​အ​မျက် ထွက်​ခြင်း၊ ငြူ​စူ​ခြင်း၊ မုန်း​ထား​ခြင်း​ကြောင့် သင့်​အား​ငါ​စီ​ရင်​မည်။ သင်​သည်​သူ​တို့ အား​ပြု​ခဲ့​သည့်​အ​မှု​များ​အ​တွက်​အ​ပြစ် ဒဏ်​ခံ​ရ​ကြောင်း​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်။-
EZE 35:12 ထို​အ​ခါ​ဣ​သ​ရေ​လ​တောင်​များ​သည်​လူ သူ​ဆိတ်​ငြိမ်​ရာ၊ သင်​တိုက်​ခိုက်​လု​ယူ​ရာ အ​ရပ်​များ​ဖြစ်​သည်​ဟု​သင်​ကဲ့​ရဲ့​ပြော ဆို​သည့်​စ​ကား​များ​ကို ငါ​ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​ကြောင်း​ကို​သင်​သိ​ရှိ ရ​လိမ့်​မည်။-
EZE 35:13 သင်​သည်​ငါ့​အား​ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရမ်း​ကာ​ရော​ကြွား​ဝါ​ပြော​ဆို​သည် ကို​ငါ​ကြား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
EZE 35:14 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ပိုင်​တော်​မူ​သော ဣ​သ​ရေ​လ​ပြည်​ပြို​လဲ​သွား​စဉ်​အ​ခါ​က သင့်​အား​ငါ​ရွှင်​လန်း​စေ​ခဲ့​သည့်​နည်း​တူ သင် ပြို​လဲ​ချိန်​၌​လည်း​ကမ္ဘာ​တစ်​ခု​လုံး​အား​ရ ရွှင်​လန်း​ကြ​စေ​ရန် ငါ​သည်​သင့်​ကို​လူ​သူ ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ စိ​ရ​တောင် ကုန်း​ဒေ​သ​တည်း​ဟူ​သော​ဧ​ဒုံ​ပြည်​တစ် ပြည်​လုံး​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း​သိ ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 36:1 ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ဣ​သ ရေ​လ​တောင်​တို့​အား​သူ​တို့​အ​တွက်​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​တော် ကို​နား​ထောင်​ရန်​ပြော​လော့။ ဣ​သ​ရေ​လ​ပြည် ၏​ရန်​သူ​များ​က`ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​မှ စ​၍​တည်​ရှိ​ခဲ့​သော ဤ​တောင်​ကုန်း​များ​ကို ယ​ခု​ငါ​တို့​အ​ပိုင်​ရ​ပြီ' ဟု​ပီ​တိ​စိတ် ဖြင့်​ဆို​ကြ​၏။
EZE 36:3 ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ကို​ဆင့်​ဆို​လော့။ အိမ်​နီး​ချင်း တိုင်း​ပြည်​တို့​သည်​ဣ​သ​ရေ​လ​တောင်​များ ကို​တိုက်​ခိုက်​လု​ယက်​သိမ်း​ပိုက်​ကြ​သော​အ​ခါ လူ​တိုင်း​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြက်​ရယ်​ပြု​ကြ​၏။-
EZE 36:4 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နား​ထောင်​ကြ​လော့။ ပတ်​ဝန်း ကျင်​တိုင်း​ပြည်​များ​၏​တိုက်​ခိုက်​လု​ယက်​မှု၊ ပြက်​ရယ်​ပြု​မှု​တို့​ကို​ခံ​ရ​ကာ​လူ​သူ​ဆိတ် ငြိမ်​ရာ​မြို့​များ၊ ယို​ယွင်း​ပျက်​စီး​နေ​သည့် အ​ရပ်​များ၊ တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း များ​အား​ဤ​သို့​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
EZE 36:5 ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း ကျင်​တိုင်း​ပြည်​တို့​နှင့် ဧ​ဒုံ​ပြည်​အ​ပေါ်​၌ ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍​မိန့် တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​ပြည် ကို​မ​ထီ​မဲ့​မြင်​ပြု​သော​စိတ်၊ ပီ​တိ​စိတ် ဖြင့်​စား​ကျက်​များ​နှင့်​တ​ကွ ငါ​၏​ပြည် ကို​သိမ်း​ယူ​ခဲ့​ကြ​၏။
EZE 36:6 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​အား​ရည်​မှတ် ၍​ဟော​ပြော​လော့။ တောင်​များ၊ ကုန်း​မြင့်​များ၊ ချောင်း​များ​နှင့်​ချိုင့်​ဝှမ်း​များ​အား​လူ​မျိုး တ​ကာ​တို့​စော်​ကား​အ​ရှက်​ခွဲ​သ​ဖြင့် ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မ​နာ​လို​ဒေါ​သ ထွက်​၍ အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ပြော​ကြား​လော့။-
EZE 36:7 ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​သည်​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ​အ​ရှင်​ထာ ဝရ​ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​၏။-
EZE 36:8 သို့​ရာ​တွင်​ဣ​သ​ရေ​လ​တောင်​များ​၌​မူ​ကား သစ်​ပင်​တို့​သည်​အ​ရွက်​များ​ပြန်​၍​ထွက်​လာ ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​သီး များ​သီး​ကြ​လိမ့်​မည်။ သင်​တို့​သည်​မ​ကြာ​မီ မိ​မိ​တို့​ပြည်​သို့​ပြန်​ရ​ကြ​အံ့။-
EZE 36:9 ငါ​သည်​သင်​တို့​ကို​ဂ​ရု​စိုက်​၍​သင်​တို့​ဘက် ၌​ရှိ​၏။ သင်​တို့​၏​လယ်​ယာ​များ​ကို ဧ​ကန် မု​ချ​ထွန်​ယက်​စိုက်​ပျိုး​လုပ်​ကိုင်​စေ​မည်။-
EZE 36:10 သင်​တို့​ဣ​သ​ရေ​လ​လူ​မျိုး​တစ်​စု​လုံး ကို လူ​ဦး​ရေ​တိုး​ပွား​စေ​မည်။ သင်​တို့​သည် မြို့​များ​၌​နေ​ထိုင်​ရ​လိမ့်​မည်။ ယို​ယွင်း​ပျက် စီး​နေ​သ​မျှ​သော​အ​ရာ​တို့​ကို​ပြန်​လည် ပြု​ပြင်​ရ​လိမ့်​မည်။-
EZE 36:11 ငါ​သည်​လူ​တိ​ရစ္ဆာန်​တို့​ကို​တိုး​ပွား​များ ပြား​စေ​မည်။ ယ​ခင်​အ​ခါ​များ​ထက်​သင် တို့​ဦး​ရေ​ကို​များ​စေ​မည်။ သင်​တို့​သား​သ​မီး များ​စွာ​ထွန်း​ကား​လိမ့်​မည်။ ယ​ခင်​က​ကဲ့​သို့ နေ​ထိုင်​ခွင့်​ပေး​မည်။ ယ​ခင်​အ​ခါ​များ​ထက် ပို​၍​ကြီး​ပွား​ချမ်း​သာ​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
EZE 36:12 ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ​သည်​သင်​တို့​အား​ပြည် တော်​တွင်​တစ်​ဖန်​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ထို​ပြည်​သည်​သင်​တို့​ပိုင် သော​ပြည်​ဖြစ်​လိမ့်​မည်။ ယင်း​သည်​သင်​တို့ ၏​သား​သ​မီး​များ​အား နောင်​အ​ဘယ် အ​ခါ​၌​မျှ​မ​ဆုံး​ပါး​စေ​ရ။
EZE 36:13 ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​လူ​တို့​က ထို​ပြည်​သည်​လူ​တို့​ကို​ကိုက် စား​သည့်​ပြည်၊ ပြည်​သား​တို့​၏​သား​သ​မီး များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ်​သည် ဆို​သည်​မှာ​မှန်​၏။-
EZE 36:14 သို့​ရာ​တွင်​ယင်း​ပြည်​သည်​ယ​ခု​မှ​စ​၍​လူ တို့​ကို​ကိုက်​စား​သည့်​ပြည်၊ သင်​တို့​၏​သား သ​မီး​များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ် တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။-
EZE 36:15 ထို​ပြည်​သည်​လူ​မျိုး​တ​ကာ​တို့​ပြက်​ရယ် ပြု​သံ​ကို​ကြား​ရ​ကြ​တော့​မည်​မ​ဟုတ်။ မဲ့​ရွဲ့​ပြ​သည်​ကို​လည်း​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်။ ယင်း​ပြည်​ကို​လည်း​ကျ​ဆုံး​စေ​တော့ မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 36:16 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 36:17 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​၌​နေ​ထိုင် ကြ​စဉ်​အ​ခါ​က သူ​တို့​သည်​အ​နေ​အ​ထိုင် အ​ကျင့်​အ​ကြံ​များ​အား​ဖြင့်​ထို​ပြည်​ကို ညစ်​ညမ်း​စေ​ခဲ့​ကြ​၏။ သူ​တို့​၏​အ​ကျင့် အ​ကြံ​သည်​အ​မျိုး​သ​မီး​တစ်​ယောက်​ဋ္ဌမ္မ တာ​ရာ​သီ​လာ​ချိန်​၌​ဘာ​သာ​ရေး​အ​ရ ညစ်​ညမ်း​သ​ကဲ့​သို့​ညစ်​ညမ်း​သည်​ဟု​ငါ မှတ်​တော်​မူ​သည်။-
EZE 36:18 သူ​တို့​သည်​လူ​သတ်​မှု​များ​ကူး​လွန်​၍​ရုပ်​တု များ​အား​ဖြင့် ထို​ပြည်​ကို​ညစ်​ညမ်း​စေ​သော ကြောင့်​ငါ​သည်​သူ​တို့​အား​ငါ​၏​အ​မျက် တော်​ဒဏ်​ကို​ခံ​စေ​ခဲ့​၏။-
EZE 36:19 သူ​တို့​နေ​ထိုင်​ကျင့်​ကြံ​သည့်​အ​တိုင်း​သူ​တို့ အား​ပြစ်​ဒဏ်​ချ​မှတ်​ကာ နိုင်​ငံ​တ​ကာ​သို့​ကွဲ လွင့်​စေ​၍​နိုင်​ငံ​ရပ်​ခြား​များ​သို့​ပျံ့​လွင့် စေ​ခဲ့​၏။-
EZE 36:20 သို့​ရာ​တွင်​သူ​တို့​ရောက်​လေ​ရာ​ရာ​အ​ရပ် တို့​တွင်​လူ​တို့​က`ဤ​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ၏​လူ​မျိုး​တော်​ဖြစ်​သော်​လည်း ကိုယ်​တော်​၏ ပြည်​မှ​ထွက်​ခွာ​လာ​ရ​ကြ​၏' ဟု​ဆို​ကြ သ​ဖြင့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​သည်​အ​သ​ရေ​ပျက်​ရ​၏။-
EZE 36:21 သူ​တို့​သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့​တွင် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို အ​သ​ရေ​ဖျက်​ကြ​သ​ဖြင့် ငါ​သည်​မိ​မိ​၏ နာ​မ​တော်​အ​တွက်​စိတ်​မ​အေး​ရ။
EZE 36:22 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား ယ​ခု​ငါ​ပြု​မည့်​အ​မှု​သည်​အ​သင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ကြောင့်​မ​ဟုတ် ဘဲ ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​သင်​တို့​အ​သ ရေ​ဖျက်​ခဲ့​သည့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​အ​တွက်​ကြောင့်​ဖြစ်​၏။-
EZE 36:23 လူ​တို့​ရှေ့​တွင်​သင်​တို့​အ​သ​ရေ​ဖျက်​ခဲ့​သော ငါ​၏​ကြီး​မြတ်​သည့်​နာ​မ​တော်​သည် အ​ဘယ် မျှ​သန့်​ရှင်း​မြင့်​မြတ်​သည်​ကို​လူ​မျိုး​တ​ကာ တို့​အား​ငါ​ပြ​သ​မည်။ ထို​နာ​မ​တော်​သည် သင်​တို့​အ​သ​ရေ​ဖျက်​သည့် ငါ​၏​နာ​မ​တော် ဖြစ်​သည်။ သူ​တို့​ရှေ့​တွင်​ငါ​သည်​သန့်​ရှင်း​မြင့် မြတ်​တော်​မူ​ကြောင်း​သင်​တို့​အား​ဖြင့်​သိ စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-
EZE 36:24 ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။-
EZE 36:25 ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။-
EZE 36:26 ငါ​သည်​သင်​တို့​အား​စိတ်​သစ်​သ​ဘော​သစ် ကို​ပေး​မည်။ သင်​တို့​အ​ထဲ​မှ​ကျောက်​ခဲ​နှ​လုံး ကို​ထုတ်​ယူ​ကာ​နာ​ခံ​တတ်​သော​နှ​လုံး​ကို ပေး​မည်။-
EZE 36:27 ငါ​၏​ဝိ​ညာဉ်​တော်​ကို​လည်း​သွင်း​ပေး​ပြီး လျှင် သင်​တို့​အား​ငါ​၏​ပ​ညတ်​တော်​များ ကို​စောင့်​ထိန်း​စေ​မည်။ ငါ​၏​အ​မိန့်​တော် တို့​ကို​လည်း​လိုက်​နာ​စေ​မည်။-
EZE 36:28 ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တွင်​နေ ထိုင်​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သင်​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-
EZE 36:29 သင်​တို့​အား​ညစ်​ညမ်း​မှု​ရှိ​သ​မျှ​နှင့်​ကင်း စင်​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​ကြုံ​ရ​ကြ​စေ ရန်​ဆန်​ရေ​စ​ပါး​ပေါ​များ​စေ​မည်။-
EZE 36:30 ငါ​သည်​သစ်​သီး​ဝ​လံ​များ​နှင့်​ကောက်​ပဲ သီး​နှံ​များ​ကို​အ​ထွက်​တိုး​စေ​မည်။ ဤ နည်း​အား​ဖြင့်​လူ​မျိုး​တ​ကာ​တို့​တွင်​သင် တို့​ကို​အ​သ​ရေ​ပျက်​စေ​သည့်​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ကပ်​သင့်​တော့​မည် မ​ဟုတ်။-
EZE 36:31 သင်​တို့​သည်​မိ​မိ​တို့​၏​ညစ်​ညမ်း​သော အ​ကျင့်​များ​နှင့်​ပြု​ခဲ့​သည့်​အ​မှား​များ ကို​ပြန်​လည်​သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ တို့​၏​အ​ပြစ်​များ​နှင့်​ဆိုး​ညစ်​မှု​များ အ​တွက်​သင်​တို့​သည်​မိ​မိ​ကိုယ်​ကို​စက် ဆုပ်​လာ​ကြ​လိမ့်​မည်။-
EZE 36:32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​သင် တို့​ကို​ထောက်​ထား​၍ ဤ​အ​မှု​တို့​ကို​ပြု ခြင်း​မ​ဟုတ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ သင်​တို့​ယ​ခု​ပြု​နေ​သော​အ​မှု​များ အ​တွက်​အ​ရှက်​ရ​စေ​လို​၏။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 36:33 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ကို အ​ပြစ်​အ​ပေါင်း​မှ​သန့်​စင်​စေ​သည့်​ကာ​လ ၌ ငါ​သည်​သင်​တို့​အား​မိ​မိ​တို့​မြို့​များ တွင်​ပြန်​လည်​နေ​ထိုင်​ခွင့်​ပေး​မည်။ ပျက်​စီး ယို​ယွင်း​သော​အ​ရာ​များ​ကို​လည်း​ပြန် လည်​တည်​ဆောက်​ခွင့်​ပေး​မည်။-
EZE 36:34 အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​မြင် ရ​သော​ပေါင်း​ပင်​များ​ထ​နေ​သည့်​လယ် ယာ​များ​ကို​တစ်​ဖန်​ထွန်​ယက်​စေ​မည်။-
EZE 36:35 ယ​ခင်​က​အ​သုံး​မ​ကျ​သော​မြေ​ရိုင်း​ဖြစ် နေ​ခဲ့​သော​မြေ​ယာ​တို့​သည် ဧ​ဒင်​ဥ​ယျာဉ် သ​ဖွယ်​ဖြစ်​လာ​ကြောင်း၊ ယ​ခင်​က​ဖြို​ဖျက် လု​ယက်​တိုက်​ခိုက်​ခြင်း​ခံ​ရ​၍​ယို​ယွင်း​ပျက် စီး​နေ​ခဲ့​သော​မြို့​တို့​တွင်​လည်း ယ​ခု​အ​ခါ အ​ခိုင်​အ​မာ​ခံ​တပ်​များ​တည်​ဆောက်​ထား လျက်​လူ​တို့​နေ​ထိုင်​လျက်​ရှိ​ကြောင်း​လူ တိုင်း​ပြော​ဆို​ကြ​လိမ့်​မည်။-
EZE 36:36 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပျက်​စီး ယို​ယွင်း​နေ​သော​မြို့​တို့​ကို​ပြန်​လည်​တည် ဆောက်​၍ စွန့်​ပစ်​ထား​သော​လယ်​ယာ​များ​ကို ပြန်​လည်​စိုက်​ပျိုး​တော်​မူ​ကြောင်း​ကို​သေ ဘေး​မှ​လွတ်​မြောက်​သော​နီး​နား​ဝန်း​ကျင်​ရှိ လူ​မျိုး​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​အ​မှု​ကို​ပြု​မည်​ဟု က​တိ ထား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
EZE 36:37 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဤ​ထက် မ​က​ပင်​ပြု​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ငါ့​ထံ​တွင်​တစ်​ဖန်​အ​ကူ​အ​ညီ တောင်း​ခံ​ခွင့်​ကို​ပေး​မည်။ သူ​တို့​အား​သိုး​အုပ် ကဲ့​သို့​အ​ရေ​အ​တွက်​တိုး​ပွား​လာ​စေ​မည်။-
EZE 36:38 အ​ခါ​တစ်​ပါး​က​ယေ​ရု​ရှ​လင်​မြို့​သည်​ပွဲ နေ့​များ​၌​ယဇ်​ပူ​ဇော်​ရာ​သိုး​တို့​ဖြင့်​ပြည့် နှက်​နေ​သ​ကဲ့​သို့ ယ​ခု​ယို​ယွင်း​ပျက်​စီး​နေ သော​မြို့​တို့​သည်​လူ​များ​ဖြင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 37:1 ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ငါ့​ကို လွှမ်း​မိုး​၍​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည် ငါ့ ကို​ဆောင်​သွား​ပြီး​လျှင်​အ​ရိုး​များ​ဖြင့်​ဖုံး လွှမ်း​နေ​သည့်​ချိုင့်​ဝှမ်း​တွင်​ချ​ထား​တော် မူ​၏။-
EZE 37:2 ကိုယ်​တော်​သည်​ငါ့​အား​ထို​ချိုင့်​ဝှမ်း​တစ်​လျှောက် သို့​ခေါ်​ဆောင်​သွား​တော်​မူ​သ​ဖြင့် ထို​အ​ရပ်​၌ အ​ရိုး​အ​မြောက်​အ​မြား​ရှိ​သည့်​အ​ပြင်၊ ထို အ​ရိုး​တို့​သည်​အ​လွန်​သွေ့​ခြောက်​လျက်​နေ သည်​ကို​လည်း​ငါ​မြင်​ရ​လေ​သည်။-
EZE 37:3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​အ​ရိုး​တို့ သည်​ပြန်​၍​အ​သက်​ရှင်​နိုင်​ကြ​မည်​လော'' ဟု​ငါ့​အား​မေး​တော်​မူ​လျှင်၊ ငါ​က``အို အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ဤ​မေး​ခွန်း ကို​ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြေ​ကြား​တော် မူ​နိုင်​ပါ​၏'' ဟု​လျှောက်​ထား​၏။
EZE 37:4 ကိုယ်​တော်​က``အ​ရိုး​တို့​အား​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား တော်​ကို​နား​ထောင်​ကြ​ရန်​ထို​အ​ရိုး​တို့ အား​ပြော​ကြား​လော့။-
EZE 37:5 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​သူ​တို့​အား ငါ​သည်​သင်​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ်​သွင်း​ကာ သင် တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​မည်။-
EZE 37:6 သင်​တို့​တွင်​အ​ကြော​များ​အ​သား​များ​တက် စေ​၍ အ​ရေ​များ​ဖြင့်​ဖုံး​လွှမ်း​ပေး​မည်။ သင် တို့​အ​ထဲ​သို့​ထွက်​သက်​ဝင်​သက်​လေ​ကို​မှုတ် သွင်း​ကာ​သင်​တို့​ကို​အ​သက်​ပြန်​၍​ရှင်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 37:7 ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ​သည့် အ​တိုင်း​ဟော​ပြော​၏။ ယင်း​သို့​ဟော​ပြော​နေ စဉ်​တ​ချွတ်​ချွတ်​မြည်​သံ​ကို​ငါ​ကြား​ရ​၏။ ထို​နောက်​အ​ရိုး​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု ဆက်​စပ်​သွား​ကြ​၏။-
EZE 37:8 ယင်း​တို့​ကို​ငါ​ကြည့်​လျက်​နေ​စဉ်​ပင်​အ​ရိုး တို့​အ​ပေါ်​မှာ အ​ကြော​များ​ပေါ်​လာ​၍ အ​သား​တက်​လျက်​အ​ရေ​ဖုံး​လေ​၏။ သို့ ရာ​တွင်​အ​သက်​မ​ရှိ​သေး။
EZE 37:9 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ လေ​အား​ဟော​ပြော​လော့။ အ​ရပ်​ရှစ်​မျက်​နှာ မှ​တိုက်​ခတ်​လာ​ကာ​ဤ​လူ​သေ​ကောင်​များ ပြန်​၍​အ​သက်​ရှင်​စေ​ရန် ထွက်​သက်​ဝင်​သက် လေ​ကို​မှုတ်​သွင်း​ရန်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​လေ​အား​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
EZE 37:10 ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​ဟော​ပြော​၏။ ထို​အ​ခါ​လူ သေ​အ​လောင်း​တို့​သည်​ထွက်​သက်​ဝင်​သက် လေ​ကို​ရ​ရှိ​ကာ​အသက်​ရှင်​လာ​ပြီး​လျှင် မတ်​တတ်​ရပ်​ကြ​ကုန်​၏။ ထို​သူ​တို့​သည် တပ်​မ​တော်​ကြီး​ဖွဲ့​စည်း​လောက်​အောင် များ​ပြား​သ​တည်း။
EZE 37:11 ဘု​ရား​သ​ခင်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ထို​အ​ရိုး​များ​နှင့်​တူ ကြ​၏။ သူ​တို့​က​ငါ​တို့​သည်​သွေ့​ခြောက်​လျက် သေ​၍​နေ​လေ​ပြီ။ အ​နာ​ဂတ်​အ​တွက်​မျှော် လင့်​စ​ရာ​မ​ရှိ​တော့​ဟု​ဆို​ကြ​၏။-
EZE 37:12 သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဟော​ပြော​လော့။ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​တော်​မူ​မည်​ဟု​ပြော​ကြား လော့။ ငါ​သည်​သူ​တို့​ကို​ထုတ်​ပြီး​နောက် ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် သွား​မည်။-
EZE 37:13 ငါ​၏​လူ​မျိုး​အား​မြှုပ်​နှံ​ထား​ရာ​သင်္ချိုင်း များ​ကို​ဖွင့်​လှစ်​၍​သူ​တို့​အား​ထုတ်​သော အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
EZE 37:14 ငါ​သည်​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​တို့​အား ပေး​သွင်း​၍ သူ​တို့​အား​အ​သက်​ပြန်​၍​ရှင် လာ​စေ​ပြီး​လျှင် မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင် နေ​ထိုင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်။ ငါ​သည်​ဤ​အ​မှု​ကို​ပြု မည်​ဟု​က​တိ​ထား​တော်​မူ​ပြီ။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 37:15 တစ်​ဖန်​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 37:16 ကိုယ်​တော်​က``အချင်း​လူ​သား၊ တုတ်​တစ်​ချောင်း ကို​ယူ​၍`ယု​ဒ​နိုင်​ငံ​နှင့်​သူ​၏​မိတ်​ဆွေ​ဣ​သ ရေ​လ​နိုင်​ငံ​အ​တွက်' ဟု​ရေး​မှတ်​လော့။ ထို နောက်​အ​ခြား​တုတ်​တစ်​ချောင်း​ကို​ယူ​၍ `ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​သူ​၏​မိတ်​ဆွေ ယော​သပ်​နှင့်​သက်​ဆိုင်​သည့်​ဧ​ဖ​ရိမ်​၏ တုတ်' ဟု​ရေး​မှတ်​လော့။-
EZE 37:17 ထို​တုတ်​နှစ်​ချောင်း​ကို​တစ်​ချောင်း​တည်း​ဟု ထင်​ရ​အောင်​သင်​၏​လက်​တွင်​ကိုင်​ထား​လော့။-
EZE 37:18 ယင်း​သို့​ပြု​သည်​မှာ​အ​ဘယ်​သို့​အ​ဋ္ဌိပ္ပါယ် ရှိ​ပါ​သ​နည်း​ဟု သင်​၏​အ​မျိုး​သား​တို့ က​မေး​မြန်း​ကြ​လိမ့်​မည်။-
EZE 37:19 ထို​အ​ခါ​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် ဧ​ဖ​ရိမ်​ကိုင်​ထား​သည့်​ယော​သပ်​၏​တုတ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​နှင့်​သူ​၏​အ​ပေါင်း ပါ​တို့​ကို​ယူ​လျက် ယု​ဒ​နိုင်​ငံ​၏​တုတ်​တစ် ချောင်း​နှင့်​အ​တူ​ထား​၍ တစ်​ချောင်း​တည်း ဖြစ်​သော​တုတ်​ကို​ငါ​ကိုင်​ထား​တော်​မူ​မည် ဖြစ်​ကြောင်း​သူ​တို့​အား​ပြော​ကြား​လော့။
EZE 37:20 ``သင်​ရေး​မှတ်​ထား​သော​တုတ်​နှစ်​ချောင်း​ကို လူ​များ​မြင်​သာ​အောင်​လက်​တွင်​ကိုင်​ထား လော့။-
EZE 37:21 ထို​နောက်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သူ​တို့ ရောက်​ရှိ​နေ​ရာ​လူ​မျိုး​တ​ကာ​တို့​အ​ထဲ​မှ ထုတ်​ယူ​စု​သိမ်း​ပြီး​လျှင် သူ​တို့​ကိုယ်​ပိုင်​တိုင်း ပြည်​သို့​ခေါ်​ဆောင်​လာ​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ပြ​လော့။-
EZE 37:22 ငါ​သည်​သူ​တို့​အား​ထို​ပြည်​တွင်​ဣသ​ရေ​လ တောင်​များ​ပေါ်​မှာ​လူ​မျိုး​တစ်​မျိုး​တည်း ဖြစ်​စေ​တော်​မူ​မည်။ သူ​တို့​၌​အုပ်​စိုး​မည့် ဘု​ရင်​တစ်​ပါး​တည်း​ရှိ​လိမ့်​မည်။ လူ​မျိုး နှစ်​မျိုး​နိုင်​ငံ​နှစ်​နိုင်​ငံ​ကွဲ​ပြား​လျက် မ​ရှိ​ရ။-
EZE 37:23 သူ​တို့​သည်​နောက်​တစ်​ဖန်​စက်​ဆုပ်​ဖွယ်​ရာ ရုပ်​တု​များ​အား​ဖြင့်​မိ​မိ​တို့​ကို​မ​ညစ် ညမ်း​စေ​ရ။ အ​ပြစ်​ကူး​လွန်​မှု​အား​ဖြင့် စာ​ရိတ္တ​မ​ပျက်​စီး​ရ။ ငါ​သည်​သူ​တို့​အား အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဖောက်​ပြန်​မှု​အ​မျိုး မျိုး​မှ​ကယ်​တင်​၍​စင်​ကြယ်​စေ​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။-
EZE 37:24 ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​လိမ့်​မည်။ သူ​တို့ အား​လုံး​သိုး​ထိန်း​တစ်​ပါး​တည်း​၏​လက် အောက်​၌​စု​စည်း​ကြ​လျက် ငါ​၏​ပ​ညတ် တော်​တို့​ကို​သစ္စာ​ရှိ​စွာ​စောင့်​ထိန်း​၍​ငါ ၏​အ​မိန့်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-
EZE 37:25 သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​နေ​ထိုင် ခဲ့​ကြ​သည့်​ပြည်​တည်း​ဟူ​သော​ငါ​၏​အ​စေ ခံ​ယာ​ကုပ်​အား ငါ​ပေး​အပ်​သည့်​ပြည်​တွင် နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​နည်း​တူ​သူ တို့​၏​သား​သ​မီး​များ​နှင့်​အ​ဆက်​အ​နွယ် အ​ပေါင်း​တို့​သည်​ထို​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါဝိဒ် ကဲ့​သို့​သော​ဘု​ရင်​သည်​သူ​တို့​ကို​အ​စဉ် အုပ်​စိုး​လိမ့်​မည်။-
EZE 37:26 ထာ​ဝ​စဉ်​ငြိမ်း​ချမ်း​ရေး​အ​တွက်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​တည်​ထောင်​ပေး လျက်​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ငါ​၏​ဗိ​မာန် တော်​ကို​သူ​တို့​ပြည်​တွင်​အ​စဉ်​အ​မြဲ​တည် စေ​မည်။-
EZE 37:27 ငါ​သည်​ထို​အ​ရပ်​တွင်​သူ​တို့​နှင့်​အ​တူ​ကိန်း ဝပ်​၍​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ သူ​တို့ သည်​လည်း​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့် မည်။-
EZE 37:28 ငါ​သည်​သူ​တို့​၏​အ​လယ်​၌​ငါ​၏​ဗိ​မာန် တော်​ကို​အ​စဉ်​အ​မြဲ​တည်​ရှိ​စေ​သော​အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​သည်​သန့်​ရှင်း​စေ​တော်​မူ​ကြောင်း​ကို​လူ မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
EZE 38:1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
EZE 38:2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ မာ​ဂေါ​ဂ​ပြည်၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး​ဆုံး ဖြစ်​သော​အုပ်​စိုး​သူ​ဂေါ​ဂ​မင်း​အား​ရှုတ်​ချ​၍၊-
EZE 38:3 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​မေ​ရှက်​နှင့် တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး​ဆုံး​ဖြစ်​သူ ဂေါ​ဂ​မင်း​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။-
EZE 38:4 ငါ​သည်​သူ့​အား​လှည့်​စေ​၍​သူ​၏​ပါး​ရိုး​ကို သံ​ချိတ်​များ​ဖြင့်​ချိတ်​ကာ သူ​၏​စစ်​သူ​ရဲ များ​နှင့်​အ​တူ​ဆွဲ​ခေါ်​သွား​မည်။ သူ​၏​တပ် မ​တော်​သည်​မြင်း​များ၊ ဝတ်​စုံ​တူ​မြင်း​စီး သူ​ရဲ​များ​ဖြင့်​ပြည့်​စုံ​၍​အ​လွန်​ပင်​ကြီး မား​၏။ စစ်​သူ​ရဲ​မှန်​သ​မျှ​သည်​လည်း​ဒိုင်း လွှား​ကြီး​ငယ်​နှင့်​ဋ္ဌား​ကို​ကိုင်​ဆောင်​ထား ကြ​၏။-
EZE 38:5 ပါ​ရှ​ပြည်​သား၊ ကု​ရှ​ပြည်​သား​နှင့်​ဖု​တ ပြည်​သား​တို့​သည်​သူ​နှင့်​အ​တူ​လိုက်​ပါ လာ​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ကာ​သံ​ခ​မောက်​များ ကို​ဆောင်း​ထား​ကြ​၏။-
EZE 38:6 ဂေါ​မာ​ပြည်​မြောက်​ဘက်​တွင်​ရှိ​သော​တော ဂါ​မ​ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ၊ စစ်​သည်​တပ်​သား​အ​ပေါင်း​တို့​သည်​သူ နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။-
EZE 38:7 သူ့​အား​မိ​မိ​ကိုယ်​ကို​အ​သင့်​ရှိ​နေ​စေ​ရန် နှင့် မိ​မိ​၏​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ အား​အ​ဆင်​သင့်​ရှိ​နေ​စေ​ရန်​မှာ​ကြား လော့။-
EZE 38:8 နှစ်​ပေါင်း​အ​တော်​ကြာ​သော​အ​ခါ​ငါ​သည် သူ့​အား​လက်​နက်​များ​ပြင်​ဆင်​လျက် တိုင်း ပြည်​တစ်​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ​မည်။ ထို​ပြည်​တွင်​လူ​တို့​သည်​မိ​မိ​တို့​အား​အ​တိုင်း တိုင်း​အ​ပြည်​ပြည်​မှ ငါ​ပြန်​လည်​စု​သိမ်း ခေါ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ စစ်​မက် အန္တ​ရာယ်​အ​တွက်​စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​ဘဲ နေ​ထိုင်​လျက်​ရှိ​၏။ ဂေါ​ဂ​မင်း​သည်​ဣ​သ ရေ​လ​တောင်​တို့​အား​ချင်း​နင်း​ဝင်​ရောက် တိုက်​ခိုက်​လိမ့်​မည်။ ထို​တောင်​တို့​သည်​အ​ချိန် ကြာ​မြင့်​စွာ​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​၍​နေ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​လူ အ​ပေါင်း​တို့​ထံ​မှ​ထုတ်​ဆောင်​၍​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ရာ​ဖြစ်​၏။-
EZE 38:9 သူ​နှင့်​စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​လည်း​ကောင်း၊ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​လူ​မျိုး​တ​ကာ တို့​သည်​လည်း​ကောင်း၊ ထို​ပြည်​ကို​မုန်​တိုင်း သ​ဖွယ်​တိုက်​ခိုက်​ကာ​မိုး​တိမ်​သ​ဖွယ်​လွှမ်း​မိုး ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 38:10 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ဂေါ​ဂ​အား``ထို အ​ချိန်​ကျ​ရောက်​သော​အ​ခါ​သင်​သည် ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​တစ်​ခု​ကို ပြု​လိမ့်​မည်။-
EZE 38:11 ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​သော​တိုင်း​ပြည်​တစ် ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ရန်​စိတ်​ပိုင်း​ဖြတ် လိမ့်​မည်။ ထို​ပြည်​မှ​လူ​တို့​သည်​တံ​တိုင်း အ​ကာ​အ​ရံ​မ​ရှိ​သည့်​မြို့​များ​တွင်​အေး ချမ်း​စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြ​၏။-
EZE 38:12 သင်​သည်​အ​ခါ​တစ်​ပါး​က​ယို​ယွင်း​ပျက်​စီး ခဲ့​သော​မြို့​များ​တွင်​နေ​ထိုင်​လျက်​ရှိ​သူ​တို့ အား တိုက်​ခိုက်​လု​ယူ​ရန်​ကြံ​စည်​လိမ့်​မည်။ သူ တို့​သည်​ကား​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​ငါ​ပြန် လည်​စု​သိမ်း​ထား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့ သည်​ယ​ခု​အ​ခါ​၌​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ ပစ္စည်း​များ​ပိုင်​လျက် ကမ္ဘာ့​လမ်း​ဆုံ​ဒေ​သ များ​တွင်​နေ​ထိုင်​ကြ​လေ​သည်။-
EZE 38:13 ရှေ​ဘ​ပြည်​နှင့်​ဒေ​ဒန်​ပြည်​မှ​ပြည်​သား များ၊ တာ​ရှု​ပြည်​မြို့​များ​မှ​ကုန်​သည်​တို့ က`သင်​သည် ရွှေ​ငွေ​နှင့်​သိုး၊ နွား၊ ပစ္စည်း​ဥစ္စာ များ​ကို​လု​ယူ​ကာ​တိုက်​ရာ​ပါ​ပစ္စည်း​ရှိ သ​မျှ​တို့​ကို​ယူ​ဆောင်​သွား​ရန်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​စု​ရုံး​လာ​ပါ​သ​လော' ဟု သင့်​အား​မေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
EZE 38:14 သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​ဂေါ​ဂ​ထံ​သို့​စေ​လွှတ်​တော်​မူ​၍``ငါ​၏ လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အေး​ချမ်း​စွာ​နေ​ထိုင်​လျက်​ရှိ​စဉ် သင်​သည် မိ​မိ​နေ​ထိုင်​ရာ​မြောက်​မျက်​နှာ​စွန်း​မှ​ချီ လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​ပါ​ဝင်​၍​အင် အား​ကြီး​မား​သော​မြင်း​စီး​သူ​ရဲ​တပ် အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​ကာ၊-
EZE 38:16 ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မုန်​တိုင်း​သ​ဖွယ်​စစ်​ဆင်​တိုက်​ခိုက် လိမ့်​မည်။ အ​သင်​ဂေါ​ဂ​အ​ချိန်​ကျ​သော အ​ခါ​ငါ​၏​ပြည်​ကို​တိုက်​ခိုက်​စေ​ရန် သင့် အား​စေ​လွှတ်​မည်။ ဤ​နည်း​အား​ဖြင့်​ငါ သည်​အ​ဘယ်​သူ​ဖြစ်​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​သိ​ရှိ​စေ​လိမ့်​မည်။ သင့်​ကို​ငါ​ပြု စေ​သော​အ​မှု​များ​အား​ဖြင့်​လည်း ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ပေါ်​လွင်​စေ​လိမ့်​မည်။-
EZE 38:17 နောင်​အ​ခါ​၌​ငါ​သည်​ဣ​သ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန်​အ​တွက်​လူ​တစ်​ဦး​ကို​စေ လွှတ်​မည်​ဟု​လွန်​လေ​ပြီး​သော​အ​ခါ​က ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်​ငါ​မြွက်​ကြား​ရာ ၌​သင့်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ကြောင်း​ဂေါ​ဂ အား​ပြော​ကြား​လော့၊ ထို​အ​ချိန်​က​ပ​ရော ဖက်​များ​က ငါ​သည်​သင့်​ကို​သူ​တို့​အား တိုက်​ခိုက်​စေ​မည်​ဟု​နှစ်​ပေါင်း​ကြာ​ရှည်​စွာ ဟော​ပြော​ခဲ့​သည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​ထာ​ဝရ​ဘု​ရား​သ​ခင်​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။
EZE 38:18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည် ကို​ဂေါ​ဂ​ချင်း​နင်း​ဝင်​ရောက်​သော​နေ့​၌​ငါ သည်​အ​မျက်​ဒေါ​သ​ချောင်း​ချောင်း​ထွက် လိမ့်​မည်။-
EZE 38:19 ငါ​၏​အ​မျက်​တော်​မီး​အ​ရှိန်​ကြောင့်​ထို​နေ့​၌ ဣ​သ​ရေ​လ​ပြည်​တွင်​မြေ​င​လျင်​ပြင်း​စွာ လှုပ်​လိမ့်​မည်​ဖြစ်​ကြောင်း​ငါ​မိန့်​ဆို​၏။-
EZE 38:20 ကမ္ဘာ​မြေ​ပြင်​ပေါ်​တွင်​ရှိ​သ​မျှ​သော လူ၊ ငါး၊ ငှက်​နှင့်​တိ​ရစ္ဆာန်​များ၊ မြေ​ပေါ်​၌​သွား​လာ လျက်​ရှိ​သော​အ​ခြား​သတ္တ​ဝါ​ကြီး​ငယ် အ​ပေါင်း​တို့​သည် ငါ့​အား​ကြောက်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​၍ ကျောက်​ဆောင်​တို့​သည်​ကြေ​မွ​ကာ တံ​တိုင်း ရှိ​သ​မျှ​တို့​သည်​လဲ​ကျ​ပျက်​စီး​လိမ့်​မည်။-
EZE 38:21 ငါ​၏​တောင်​ပေါ်​တွင်​ငါ​သည်​ဂေါ​ဂ​အား​ဋ္ဌား အား​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ် ၏။ သူ​၏​လူ​တို့​သည်​အ​ချင်း​ချင်း​သတ်​ဖြတ် ကြ​လိမ့်​မည်။-
EZE 38:22 ငါ​သည်​ဋ္ဌား​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့ အား​ဖြင့်​သူ့​ကို​ဆုံး​မ​မည်။ သူ​နှင့်​တ​ကွ သူ​၏​စစ်​သည်​ဗိုလ်​ခြေ​များ၊ အ​ပေါင်း​ပါ လူ​အ​မျိုး​မျိုး​တို့​အ​ပေါ်​သို့​ကန့်​နှင့်​မီး အ​ပါ​အ​ဝင်​မိုး​သီး​မိုး​ပေါက်​ကြီး​များ ကို​ပြင်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-
EZE 38:23 ဤ​နည်း​အား​ဖြင့်​ငါ​သည်​ကြီး​မြတ်​၍​သန့် ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​ငါ​ပြ​မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 39:1 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး ဆုံး​မင်း​ဖြစ်​သူ​ဂေါ​ဂ​အား​ရှုတ်​ချ​လော့။ ငါ​သည်​သူ​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။-
EZE 39:2 ငါ​သည်​သူ့​အား​လှည့်​စေ​၍​ဆွဲ​ခေါ်​လာ​မည်။ ဣ​သ​ရေ​လ​တောင်​များ​သို့​ရောက်​သည့်​တိုင် အောင်​မြောက်​မျက်​နှာ​စွန်း​မှ​ခေါ်​ဆောင်​လာ မည်။-
EZE 39:3 ထို့​နောက်​သူ​၏​လက်​ဝဲ​လက်​မှ​လေး​နှင့် လက်​ယာ​လက်​မှ​မြား​တို့​ကို​ပုတ်​ချမည်။-
EZE 39:4 ဂေါ​ဂ​နှင့်​စစ်​သည်​အ​လုံး​အ​ရင်း​တို့​သည် လည်း​ကောင်း၊ သူ​၏​မ​ဟာ​မိတ်​တို့​သည်​လည်း ကောင်း​ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​ငှက်​ရဲ များ​နှင့်​တော​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ မည်။-
EZE 39:5 သင်​သည်​ကွင်း​ပြင်​ထဲ​တွင်​ကျ​ဆုံး​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-
EZE 39:6 ငါ​သည်​မာ​ဂေါ​ဂ​ပြည်​နှင့်​လူ​တို့​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​လျက်​ရှိ​သည့်​ပင်​လယ်​ကမ်း​ရိုး တန်း​တစ်​လျှောက်​ကို​မီး​သင့်​လောင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​လူ​တိုင်း​သိ​ရှိ​ကြ​လိမ့်​မည်။-
EZE 39:7 ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​ကို ငါ့​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သိ​ရှိ​ကြ​စေ​ရန်​ငါ​ပြု​မည်။ သူ​တို့ သည်​ထို​သန့်​ရှင်း​သော​နာ​မ​တော်​ကို​နောက် တစ်​ဖန်​မ​ရှုတ်​ချ​ရ။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​လူ​မျိုး​တ​ကာ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 39:8 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ဖော်​ပြ​ခဲ့ သည့်​နေ့​ရက်​ကာ​လ​သည်​ဧ​ကန်​မု​ချ ကျ​ရောက်​အံ့။-
EZE 39:9 ဣ​သ​ရေ​လ​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည် မြို့​ပြင်​သို့​ထွက်​၍ ရန်​သူ​များ​စွန့်​ပစ်​ထား ခဲ့​သည့်​လက်​နက်​များ​ကို​ထင်း​အ​ဖြစ်​စု သိမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ခု​နစ်​နှစ်​တိုင် တိုင်​မီး​ဆိုက်​နိုင်​လောက်​အောင် ဒိုင်း​လွှား၊ လေး၊ မြား၊ တင်း​ပုတ်​နှင့်​လှံ​များ​ကို​ရ​ရှိ​ကြ​လိမ့် မည်။-
EZE 39:10 ရန်​သူ​တို့​စွန့်​ပစ်​ထား​ခဲ့​သည့်​လက်​နက်​များ ကို​ရ​ရှိ​ကြ​မည်​ဖြစ်​၍​သူ​တို့​သည်​လွင်​ပြင် ၌​ထင်း​ခွေ​ရန်၊ တော​၌​သစ်​ပင်​များ​ခုတ်​လှဲ ရန်​လို​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့ အား​လု​ယက်​သတ်​ဖြတ်​ကြ​သူ​တို့​ကို​ပြန် ၍​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 39:11 ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​အ​ပေါင်း ဖြစ်​ပျက်​လာ​သော​အ​ခါ​ဂေါ​ဂ​အား ဣသ​ရေ​လ ပြည်​ပင်​လယ်​သေ​အ​ရှေ့​ဘက်​တွင်​ရှိ​သော ခ​ရီး​သည် ချိုင့်​ဝှမ်း​တွင်​သင်္ချိုင်း​မြေ​ယာ တစ်​ကွက်​ကို​ငါ​ပေး​မည်။ ထို​အ​ရပ်​တွင် ဂေါ​ဂ​နှင့်​သူ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို မြှုပ်​နှံ​ရ​သ​ဖြင့် ခ​ရီး​သွား​ရန်​လမ်း​ပိတ် နေ​လိမ့်​မည်။ သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည် ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​ဟု​နာ​မည် တွင်​လိမ့်​မည်။-
EZE 39:12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြည်​ရွာ သန့်​ရှင်း​မှု​အ​တွက် လူ​သေ​အ​လောင်း​များ ကို​ခု​နစ်​လ​ပတ်​လုံး​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။-
EZE 39:13 ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်​ကူ​ညီ ၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည် ငါ​၏​ဘုန်း​တော်​ထင်​ရှား​သည့်​နေ့​၌ ဂုဏ်​ပြု ချီး​မြှင့်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-
EZE 39:14 ခု​နစ်​လ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ ကြွင်း​ကျန်​နေ​သေး သော​လူ​သေ​အ​လောင်း​များ​ကို​ရှာ​ဖွေ​သင်္ဂြိုဟ် စေ​ရန်​အ​တွက် လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား ကြ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​ပြည်​ရွာ​ကို စင်​ကြယ်​စေ​ကြ​လိမ့်​မည်။-
EZE 39:15 ထို​သူ​တို့​သည်​ပြည်​ရွာ​ကို​အ​စုန်​အ​ဆန် သွား​လာ​လျက်​လူ​ရိုး​များ​ကို​တွေ့​ရှိ​သည့် အ​ခါ​တိုင်း ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​တွင် မြှုပ်​နှံ​မည့်​သူ​များ​ရောက်​ရှိ​လာ​ချိန်​တိုင် အောင်​မှတ်​တိုင်​များ​ကို​စိုက်​ထား​ကြ​လိမ့် မည်။-
EZE 39:16 (ထို​ချိုင့်​ဝှမ်း​အ​နီး​တွင်​တပ်​မ​တော်​နာ​မည် ကို​ယူ​၍​မှည့်​ခေါ်​ထား​သည့်​မြို့​ရှိ​သ​တည်း။) သို့​ဖြစ်​၍​ပြည်​ရွာ​ပြန်​လည်​စင်​ကြယ်​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 39:17 အ​ရှင်​ထာ​ဝရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​မှ​ငှက်​များ နှင့်​တိ​ရစ္ဆာန်​များ​အား သူ​တို့​အ​တွက်​ငါ​ပြင် ဆင်​ပေး​မည့်​ယဇ်​ပူ​ဇော်​ပွဲ​သို့​လာ​၍​စား သောက်​ကြ​ရန်​ခေါ်​ဖိတ်​လော့။ ဣ​သ​ရေ​လ တောင်​ပေါ်​မှ​ကြီး​မြတ်​သော​ယဇ်​ပူ​ဇော်​ပွဲ ကြီး​ဖြစ်​၏။-
EZE 39:18 ထို​ပွဲ​သည်​ကြီး​ကျယ်​သော​စား​သောက်​ပွဲ ဖြစ်​၍​သူ​တို့​သည် စစ်​သူ​ရဲ​တို့​၏​အ​သား ကို​စား​၍​ပြည်​ရှင်​မင်း​တို့​၏​သွေး​ကို​သောက် ရ​ကြ​လိမ့်​မည်။ ထို​စစ်​သူ​ရဲ​များ​နှင့်​ပြည် ရှင်​မင်း​တို့​သည်​ဘာ​ရှန်​ပြည်​မှ​ဆူ​ဖြိုး​သော တိ​ရစ္ဆာန်​များ​ဖြစ်​သည့် သိုး​ထီး၊ သိုး​ငယ်၊ ဆိတ် များ၊ နွား​များ​ကဲ့​သို့​အ​သတ်​ခံ​ရ​ကြ လိမ့်​မည်။-
EZE 39:19 ထို​သူ​တို့​သည်​ယင်း​သို့​ယဇ်​ကောင်​များ သ​ဖွယ်​အ​သတ်​ခံ​ရ​ကြ​သော​အ​ခါ ငှက် နှင့်​တိ​ရစ္ဆာန်​များ​သည်​အ​ဆီ​ကို​ဝ​စွာ​စား ၍​သွေး​ကို​မူး​ယစ်​သည့်​တိုင်​အောင်​သောက် ရ​ကြ​လိမ့်​မည်။-
EZE 39:20 ငါ​ပြင်​ဆင်​သော​စား​ပွဲ​တွင်​သူ​တို့​သည် မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ၊ တပ်​မ တော်​သား​များ​နှင့်​စစ်​ပွဲ​ဝင်​သူ​တို့​၏​အ သား​ကို​စား​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 39:21 ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် ငါ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​ကြ​လိမ့် မည်။ ငါ​၏​တ​ရား​မျှ​တ​သော​စီ​ရင်​ချက်​များ ကို​အ​ကောင်​အ​ထည်​ဖော်​ရာ​တွင် ငါ​သည် မိ​မိ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သို့​အ​သုံး ပြု​တော်​မူ​ကြောင်း​သူ​တို့​အား​ပြ​မည်။-
EZE 39:22 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကား​ငါ​ပင်​ဖြစ်​သည်​ကို​သိ​ရှိ​ကြ လိမ့်​မည်။-
EZE 39:23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ပြည်​နှင် ဒဏ်​သင့်​ရ​ကြ​ကြောင်း​ကို​လည်း လူ​မျိုး တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ကျော​ခိုင်း​တော်​မူ​၍​ရန်​သူ​တို့ ၏​လက်​သို့​ရောက်​စေ​လျက်​စစ်​ပွဲ​တွင်​ကျ ဆုံး​စေ​တော်​မူ​ခဲ့​၏။-
EZE 39:24 ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​ဆိုး​ညစ် ယုတ်​မာ​မှု​များ​နှင့်​ထိုက်​လျောက်​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပြီး​လျှင်​ကျော ခိုင်း​နေ​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 39:25 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ဖြစ်​၍​ယ​ခု ငါ​သည် ယာ​ကုပ်​၏​သား​မြေး​ဖြစ်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​က​ရု​ဏာ သက်​၍ တစ်​ဖန်​ပြန်​လည်​ကောင်း​စား​လာ စေ​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာမ တော်​ကို​ကာ​ကွယ်​မည်။-
EZE 39:26 သူ​တို့​သည်​မိ​မိ​တို့​၏​ပြည်​တွင်​ခြိမ်း​ခြောက် မည့်​သူ​မ​ရှိ​ဘဲ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ ကြ​သော​အ​ခါ ငါ့​အား​သစ္စာ​ဖောက်​ခြင်း ကြောင့်​အ​သ​ရေ​ပျက်​ခဲ့​ရ​ကြောင်း​ကို​မေ့ ပျောက်​နိုင်​ကြ​လိမ့်​မည်။-
EZE 39:27 ငါ​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​ကို​လူ​မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​စေ ရန် ငါ​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​နေ​ထိုင် ရာ​တိုင်း​ပြည်​နိုင်​ငံ​အ​သီး​သီး​မှ​ငါ​ပြန် လည်​ခေါ်​ဆောင်​ခဲ့​မည်။-
EZE 39:28 ထို​အ​ခါ​ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သိ​ရှိ​ကြ​လိမ့်​မည်။ အ ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ယ​ခင်​က​သူ တို့​အား​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​စေ တော်​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​တစ် ယောက်​မ​ကျန်​ပြန်​လည်​စု​သိမ်း​ကာ​မိ​မိ တို့​ပြည်​သို့​ပို့​ဆောင်​တော်​မူ​သော​ကြောင့် တည်း။-
EZE 39:29 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​သို့ ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း လောင်း​မည်။ သူ​တို့​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ငါ​ကျော​ခိုင်း​မည်​မ​ဟုတ်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 40:1 နေ့​ရက်​ကား​ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး​နောက်​နှစ်​ဆယ့်​ငါး​နှစ်​မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ဆယ်​ရက်​နေ့၊ ယေ​ရု​ရှ​လင်​မြို့​အ​သိမ်း​ခံ​ရ​ချိန်​တစ်​ဆယ့်​လေး​နှစ်​စေ့​သော​နေ့​ဖြစ်​၏။ ထို​နေ့​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​လွှမ်း​မိုး​ခြင်း​ခံ​ရ​ပြီး​လျှင် ကိုယ်​တော်​သည်​ငါ့​အား​ဆောင်​ယူ​သွား​တော်​မူ​၏။-
EZE 40:2 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​ပြည်​သို့​ခေါ်​ဆောင်​တော်​မူ​၍ မြင့်​သော​တောင်​ပေါ်​တွင်​ချ​ထား​တော်​မူ​၏။ ထို​တောင်​၏​တောင်​ဘက်​၌​မြို့​တစ်​မြို့​နှင့်​တူ​သော​အ​ဆောက်​အ​အုံ​များ​ကို​ငါ​မြင်​ရ​၏။-
EZE 40:3 ကိုယ်​တော်​သည်​ငါ့​အား​ထို​မြို့​အ​နီး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ​သည်​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​သော​လူ​တစ်​ယောက်​ကို​မြင်​ရ​၏။ သူ​သည်​ပေ​ကြိုး​နှင့်​တိုင်း​တာ​ရန် ကူ​လုံး​တို့​ကို​ကိုင်​ကာ​မြို့​တံ​ခါး​ဝ​တွင်​ရပ်​လျက်​နေ​၏။
EZE 40:4 ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ သင့်​အား​ငါ​ပြော​သည်​ကို​ဂ​ရု​ပြု​နား​ထောင်​၍​ငါ​ပြ​သည့်​အ​ရာ​မှန်​သ​မျှ​ကို​သေ​ချာ​စွာ​မှတ်​သား​ထား​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင့်​အား ထို​အ​ရာ​များ​ကို​ပြ​ရန်​အ​တွက် ဤ​အ​ရပ်​သို့​ဆောင်​ယူ​လာ​ခြင်း​ဖြစ်​သော​ကြောင့်​တည်း။ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​တွေ့​မြင်​ရ​သော​အ​မှု​အ​ရာ​ကို​ပြော​ပြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 40:5 ငါ​မြင်​ရ​သော​အ​ရာ​မှာ​ဗိ​မာန်​တော်​ဖြစ်​၏။ ထို​ဗိ​မာန်​တော်​ကို​တံ​တိုင်း​ကာ​ရံ​ထား​၏။ ကူ​လုံး​ကို​ကိုင်​ထား​သော​လူ​သည်​ထို​ဆယ်​ပေ​ရှည်​သော​ကူ​လုံး​ဖြင့်​တံ​တိုင်း​ကို​တိုင်း​ထွာ​ကြည့်​၏။ တံ​တိုင်း​သည်​အ​မြင့်​ဆယ်​ပေ၊ ထု​ဆယ်​ပေ​ရှိ​၏။-
EZE 40:6 ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-
EZE 40:7 တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-
EZE 40:8 ထို​လူ​သည်​ဤ​အ​ခန်း​ကြီး​ကို​တိုင်း​တာ​ကြည့်​ရာ​အ​နံ​တစ်​ဆယ့်​သုံး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။ ထို​အ​ခန်း​၏​အ​စွန်​ဆုံး​နံ​ရံ​များ​သည်​ထု​သုံး​ပေ​စီ​ရှိ​၏။-
EZE 40:10 (မုခ်​ပေါက်​လမ်း​ကြား​၏​ဝဲ​ယာ​တွင်​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​သုံး​ခန်း​စီ​သည် အ​ရွယ်​ပ​မာ​ဏ​ချင်း​တူ​ညီ​ကြ​၏။ ယင်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​သည်​လည်း​ထု​ချင်း​တူ​ညီ​ကြ​၏။)
EZE 40:11 ထို​နောက်​သူ​သည်​ကြား​လမ်း​၏​အ​နံ​ကို​တိုင်း​ကြည့်​ရာ စု​စု​ပေါင်း​နှစ်​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ မုခ်​ပေါက်​လမ်း​တစ်​လျှောက်​လုံး​ကား​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-
EZE 40:12 အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​တစ်​ခု​စီ​ရှေ့​တွင်​အ​မြင့်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​တံ​တိုင်း​ရှိ​၏။ (ထို​အ​ခန်း​တို့​သည်​အ​လျား​ဆယ်​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​သ​တည်း။-)
EZE 40:13 ထို​နောက်​ထို​လူ​သည်​အ​ခန်း​ငယ်​တစ်​ခု​၏​နောက်​ဘက်​နံ​ရံ​မှ​မုခ်​ပေါက်​လမ်း​ကို​ဖြတ်​၍ အ​စွန်း​အ​ခန်း​ငယ်​နောက်​ဘက်​နံ​ရံ​အ​ထိ​တိုင်း​တာ​ရာ​လေး​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-
EZE 40:14 အ​စွန်း​ဆုံး​၌​ရှိ​သော​အ​ခန်း​မှ​ထွက်​လျှင် တံ​တိုင်း​အ​တွင်း​ရှိ​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သို့​ရောက်​ရှိ​လေ​သည်။ ထို​အ​ခန်း​ကို​တိုင်း​ထွာ​၍​ကြည့်​ရာ​သုံး​ဆယ့်​လေး​ပေ​ကျယ်​သည်​ကို​တွေ့​ရ​၏။-
EZE 40:15 မုခ်​ပေါက်​ဝ​မှ​နေ​၍​အ​စွန်​ဆုံး​အ​ခန်း​အ​ထိ စု​စု​ပေါင်း​ရှစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-
EZE 40:16 အ​ခန်း​အား​လုံး​၏​အ​ပြင်​နံ​ရံ​တိုင်း၊ အ​တွင်း​နံ​ရံ​တိုင်း​တို့​၌​ပြူ​တင်း​ပေါက်​ငယ်​များ​ရှိ​၏။ လမ်း​ကြား​သို့​မျက်​နှာ​မူ​လျက်​နေ​သော​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထု​ထား​လေ​သည်။
EZE 40:17 ထို​လူ​သည်​ငါ့​အား​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော်​အ​ပြင်​တံ​တိုင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍​ဆောက်​လုပ်​ထား​သော​အ​ခန်း​ပေါင်း​သုံး​ဆယ်​ရှိ​၏။ ထို​အ​ခန်း​များ​၏​ရှေ့​တွင်​ကျောက်​များ​ခင်း​ထား​သော​အ​ကွက်​ရှိ​လေ​သည်။ တံ​တိုင်း​အ​ပြင်​၏​မြေ​မျက်​နှာ​ပြင်​သည်​တံ​တိုင်း​အ​တွင်း​ရှိ​မြေ​မျက်​နှာ​ပြင်​ထက်​နိမ့်​၏။
EZE 40:19 ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ရောက်​နိုင်​သော မြေ​မျက်​နှာ​ပြင်​မြင့်​သည့်​နေ​ရာ​တွင်​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​လူ​သည်​အ​တွင်း​မုခ်​ဦး​ပေါက်​နှင့်​အ​ပြင်​မုခ်​ဦး​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ တစ်​ရာ​ခြောက်​ဆယ့်​ရှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။
EZE 40:20 ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ရှိ​ဝင်း​သို့​သွား​ရာ မြောက်​မုခ်​ပေါက်​လမ်း​ကို​တိုင်း​တာ​ကြည့်​၏။-
EZE 40:21 လမ်း​၏​ဝဲ​ယာ​သုံး​ခန်း​စီ​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ ထို​အ​ခန်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​နှင့်​အ​ဝင်​ခန်း​တို့​သည် အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​တူ​ညီ​၏။ ထို​လမ်း​သည်​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
EZE 40:22 အ​ဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​နှင့်​ထွင်း​ထု​ထား​သည့်​စွန်​ပ​လွံ​ပင်​ပုံ​များ​သည်​လည်း​အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​တံ​ခါး​သို့​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ အ​စွန်း​ဆုံး​ရှိ​အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​လျက်​နေ​၏။-
EZE 40:23 အ​ရှေ့​ဘက်​မှာ​ကဲ့​သို့​ပင်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​ဖြတ်​၍ ဤ​မြောက်​ဘက်​မုခ်​ပေါက်​နှင့်​တည့်​တည့်​၌​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ဝင်​ရန်​မုခ်​ပေါက်​တစ်​ခု​ရှိ​လေ​သည်။ ထို​သူ​သည်​မုခ်​ပေါက်​နှစ်​ခု​၏​အ​ကွာ​အ​ဝေး​ကို​တိုင်း​၍​ကြည့်​ရာ တစ်​ရာ​ခု​နစ်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။
EZE 40:24 ထို​နောက်​ထို​သူ​သည်​ငါ့​အား​တောင်​မျက်​နှာ​သို့​ခေါ်​ဆောင်​သွား​ရာ ငါ​တို့​သည်​ထို​အ​ရပ်​တွင်​အခြား​မုခ်​ပေါက်​တစ်​ခု​ကို​မြင်​ရ​ကြ​၏။ သူ​သည်​ထို​မုခ်​ပေါက်​၏​အ​တွင်း​နံ​ရံ​နှင့်​အ​ဝင်​ခန်း​ကို​တိုင်း​တာ​ကြည့်​၏။ ယင်း​တို့​သည်​အ​ခြား​မုခ်​ပေါက်​နှင့်​အဆောင်​များ​နည်း​တူ​ပင်​ဖြစ်​၏။-
EZE 40:25 ဤ​မုခ်​ပေါက်​မှ​အ​ခန်း​များ​တွင် အ​ခြား​မုခ်​ပေါက်​များ​မှ​အ​ဆောင်​များ​မှာ​ကဲ့​သို့​ပင်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ မုခ်​ပေါက်-သည်​စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
EZE 40:26 ယင်း​ကို​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ ထို​မုခ်​ပေါက်​၏​အ​ဝင်​ခန်း​သည်​လည်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​၍​နေ​၏။ လမ်း​ကြား​ကို​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။-
EZE 40:27 ဤ​အ​ရပ်​၌​လည်း​တံ​တိုင်း​အ​တွင်း​ဝင်း​သို့​ဝင်​ရာ​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​သူ​သည်​ဤ​မုခ်​ပေါက်​နှင့်​ပ​ထ​မ​မုခ်​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။
EZE 40:28 ထို​သူ​သည်​တောင်​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-
EZE 40:29 ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
EZE 40:31 ယင်း​တွင်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​နေ​သော​အ​ဝင်​ခန်း​ရှိ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​ထား​၏။ ဤ​မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
EZE 40:32 ထို​လူ​သည်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​၍ ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-
EZE 40:33 ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
EZE 40:34 အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
EZE 40:35 ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​ထို​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​ကြောင်း​တွေ့​ရ​၏။-
EZE 40:36 ယင်း​တွင်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​အ​စောင့်​တပ်​သား​များ​အ​တွက်​အ​ခန်း​များ၊ လှ​ပ​စွာ​တန်​ဆာ​ဆင်​ထား​သည့်​အ​တွင်း​နံ​ရံ​များ၊ အဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​လေး​ရာ​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
EZE 40:37 အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ဆောင်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​၍​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
EZE 40:38 တံ​တိုင်း​အ​ပြင်​ဝင်း​အ​တွင်း​၌​မြောက်​ဘက်​အ​တွင်း​မုခ်​ပေါက်​နှင့်​ကပ်​၍​တည်​ဆောက်​ထား​သော​တိုး​ချဲ့​ဆောင်​ရှိ​၏။ ထို​အ​ဆောက်​အ​အုံ​မှ​နေ​၍​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ဝင်​ခန်း​ကို​ဝင်​နိုင်​၏။ ဤ​အ​ဆောက်​အ​အုံ​သည်​တစ်​တောင်​လုံး​မီး​ရှို့​ပူ​ဇော်​မည့်​ယဇ်​ကောင်​များ​ကို​ဆေး​ကြော​ရာ​ဖြစ်​၏။-
EZE 40:39 အ​ဝင်​ခန်း​၏​အ​တွင်း​၌​တစ်​ဖက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​၏။ တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရန်​နှင့်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​များ​အ​တွက်၊ တိ​ရစ္ဆာန်​များ​ကို​ဤ​စား​ပွဲ​များ​ပေါ်​တွင်​တင်​၍​သတ်​ရ​ကြ​၏။-
EZE 40:40 အ​ခန်း​၏​အ​ပြင်​ဘက်​၌​လည်း​မြောက်​မုခ်​ပေါက်​တစ်​ဘက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​သဖြင့်​စု​စု​ပေါင်း​လေး​လုံး​ရှိ​၏။-
EZE 40:41 သို့​ဖြစ်​၍​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​အ​ခန်း​ထဲ​၌​စား​ပွဲ​လေး​လုံး၊ အ​ပြင်​၌​လေး​လုံး၊ စု​စု​ပေါင်း​ရှစ်​လုံး​ရှိ​သ​တည်း။-
EZE 40:42 တိုး​ချဲ့​ဆောင်​တွင်​တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​ကို​ပြင်​ဆင်​ရန်​စား​ပွဲ​လေး​လုံး​မှာ​ကျောက်​ကို​ဆစ်​၍​ပြု​လုပ်​ထား​လေ​သည်။ ထို​စား​ပွဲ​များ​သည်​အ​လျား​တူ​အ​နံ​တူ​လက်​မ​သုံး​ဆယ်​စီ​ရှိ​၍ လက်​မ​နှစ်​ဆယ်​မြင့်​၏။ ယင်း​တို့​အ​ပေါ်​တွင်​ယဇ်​ကောင်​များ​ကို​သတ်​ရန်​ကိ​ရိ​ယာ​တန်​ဆာ​များ​ကို​တင်​ထား​၏။-
EZE 40:43 ထို​စား​ပွဲ​များ​တွင်​အ​ထူ​သုံး​လက်​မ​ရှိ​သော​အ​နား​ပတ်​များ​တပ်​ထား​၏။ ယဇ်​ပူ​ဇော်​ရန်​အ​သား​များ​ကို​ထို​စား​ပွဲ​များ​ပေါ်​တွင်​တင်​ထား​ရ​၏။
EZE 40:44 ထို​နောက်​ထို​သူ​သည်​အ​တွင်း​ဝင်း​သို့​ငါ့​ကို​ခေါ်​ဆောင်​သွား​၏။ မြောက်​မုခ်​ပေါက်​၏​နံ​ဘေး​တံ​တိုင်း​အ​တွင်း​ဝင်း​၌​အ​ခန်း​တစ်​ခု​ရှိ​၏။ ထို​အ​ခန်း​သည်​တောင်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​၏။ တောင်​မုခ်​ပေါက်​၏​နံ​ဘေး​၌​လည်း​အ​လား​တူ​အ​ခန်း​တစ်​ခု​ရှိ​၏။ ထို​အ​ခန်း​သည်​မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​၏။-
EZE 40:45 ထို​လူ​က​တောင်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​သည် ဗိ​မာန်​တော်​၏​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း၊-
EZE 40:46 မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ခန်း​သည် ယဇ်​ပလ္လင်​ဆိုင်​ရာ​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း​ငါ့​အား​ပြော​ပြ​လေ​သည်။ ထို​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ဇာ​ဒုတ်​မှ​ဆင်း​သက်​လာ​သူ​လေ​ဝိ​အနွယ်​ဝင်​များ​ဖြစ်​ကြ​သည်။ သူ​တို့​သည်​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​သို့​ဝင်​၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခွင့်​ရ​ရှိ​ကြ​သ​တည်း။
EZE 40:47 ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း​ကို​တိုင်း​တာ​ကြည့်​ရာ​အ​လျား​ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။ ဗိ​မာန်​တော်​သည်​အ​နောက်​ဘက်​တွင်​ရှိ​၍ ဗိ​မာန်​တော်​ရှေ့​၌​ယဇ်​ပလ္လင်​ရှိ​၏။-
EZE 40:48 ထို​နောက်​သူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မုခ်​ဦး​ပေါက်​ခန်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​အ​ဝင်​ဝ​ကို​တိုင်း​တာ​ကြည့်​ရာ​ထု​ရှစ်​လက်​မ၊ အ​နံ​နှစ်​ဆယ့်​လေး​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ ဝဲ​ယာ​ရှိ​နံ​ရံ​များ​မှာ​ထု​ငါး​ပေ​စီ​ရှိ​ကြ​၏။-
EZE 40:49 မုခ်​ဦး​ခန်း​သည်​အ​နံ​သုံး​ဆယ့်​လေး​ပေ၊ ထု​ပေ​နှစ်​ဆယ်​ရှိ​၍​ယင်း​ကို​လှေ​ကား​ထစ်​များ​ဖြင့်​တက်​ရ​၏။ မုခ်​ဦး​ပေါက်​တစ်​ဖက်​တစ်​ချက်​တွင်​တိုင်​တစ်​လုံး​စီ​ရှိ​သ​တည်း။
EZE 41:1 ထို​နောက်​ထို​လူ​သည်​ငါ့​အား​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗိ​မာန်​တော်​အ​လယ်​ခန်း သို့​ခေါ်​ဆောင်​သွား​ကာ ဗိ​မာန်​တော်​မုခ်​ပေါက် လမ်း​ကို​တိုင်း​တာ​၍​ကြည့်​၏။ ထို​လမ်း​သည် ထု​ဆယ်​ပေ၊-
EZE 41:2 အ​နံ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ယင်း​၏​ဝဲ​ယာ နံ​ရံ​များ​သည်​ထု​ရှစ်​ပေ​စီ​ရှိ​၏။ အ​လယ် ခန်း​ကို​တိုင်း​တာ​ကြည့်​သော​အ​ခါ​အ​လျား ခြောက်​ဆယ့်​ရှစ်​ပေ၊ အနံ​သုံး​ဆယ့်​လေး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။
EZE 41:3 ထို​နောက်​သူ​သည်​အ​တွင်း​ဆုံး​အ​ခန်း​သို့ ဝင်​၏။ ထို​အ​ခန်း​အ​ဝင်​လမ်း​ကို​တိုင်း​တာ ကြည့်​ရာ​ထု​သုံး​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​လေ သည်။ ဝဲ​ယာ​ရှိ​နံ​ရံ​များ​မှာ​ထု​တစ်​ဆယ့် နှစ်​ပေ​ရှိ​သ​တည်း။-
EZE 41:4 ထို​သူ​သည်​ဤ​အ​ခန်း​ကို​တိုင်း​၍​ကြည့် ၏။ ယင်း​သည်​အ​လျား​အ​နံ​သုံး​ဆယ့်​လေး ပေ​စီ​ရှိ​၏။ ထို​နောက်​သူ​သည်​ငါ့​အား``ဤ အ​ခန်း​ကား​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ပင်​တည်း'' ဟု​ဆို​၏။
EZE 41:5 ထို​လူ​သည်​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ အ​တွင်း​နံ​ရံ​၏​ထု​ကို​တိုင်း​၍​ကြည့်​ရာ ဆယ်​ပေ​ရှိ​၏။ ထို​နံ​ရံ​ကို​ကပ်​၍​ဗိ​မာန် တော်​ပတ်​လည်​၌​အ​ကျယ်​ခု​နစ်​ပေ​ရှိ အ​ခန်း​ငယ်​များ​ရှိ​၏။-
EZE 41:6 ထို​အ​ခန်း​များ​သည်​အ​ထပ်​သုံး​ထပ်​ရှိ ၍​တစ်​ထပ်​လျှင် အ​ခန်း​ငယ်​ပေါင်း​သုံး​ဆယ် စီ​ရှိ​၏။ ဗိ​မာန်​တော်​ဘက်​မှ​နံ​ရံ​များ​သည် တစ်​ထပ်​နှင့်​တစ်​ထပ်​ထု​ချင်း​မ​တူ​ကြ။ အောက် ထပ်​နံ​ရံ​က​အ​ထက်​ထပ်​နံ​ရံ​ထက်​ပို​၍ ထူ​၏။ ဤ​နည်း​အား​ဖြင့်​အ​ခန်း​ငယ်​များ ကို​နံ​ရံ​နှင့်​ချိတ်​ဆက်​၍​ဆောက်​မည့်​အ​စား၊ ထု​ထည်​ကြီး​သော​နံ​ရံ​ချွန်း​ပေါ်​တွင် တင်​၍​ဆောက်​လုပ်​ထား​လေ​သည်။-
EZE 41:7 သို့​ဖြစ်​၍​အောက်​ထပ်​မှ​အ​လယ်​ထပ်​သို့ လည်း​ကောင်း၊ အ​လယ်​ထပ်​မှ​အ​ထက်​ထပ် သို့​လည်း​ကောင်း​သွား​လာ​နိုင်​ကြ​၏။ ဗိ​မာန် တော်​နံ​ရံ​ပတ်​လည်​မှ​အ​ခန်း​များ​၏​ရှေ့ တွင်​လှေ​ကား​ကျယ်​နှစ်​ခု​ရှိ​၏။ ထို​အ​ခန်း ရှိ​နေ​ခြင်း​ကြောင့်​ဗိ​မာန်​တော်​နံ​ရံ​များ ၏​ထု​ထည်​ကို​အောက်​ဆုံး​မှ​အ​ထက်​ဆုံး အ​ထိ​တစ်​ညီ​တည်း​ဟု​ထင်​မှတ်​ရ​၏။-
EZE 41:8 ငါ​သည်​ဗိ​မာန်​တော်​ပတ်​လည်​တွင်​လှေ​ကား ထစ်​မြေ​ပြန့်​ရှိ​သည်​ကို​တွေ့​မြင်​ရ​၏။ ယင်း သည်​ပတ်​ဝန်း​ကျင်​မြေ​ရာ​ထက်​ဆယ်​ပေ ပို​၍​မြင့်​ပြီး​လျှင် ဗိ​မာန်​တော်​နံ​ရံ​တွင် ဆောက်​လုပ်​ထား​သည့်​အ​ခန်း​များ​၏​အုတ် မြစ်​နှင့်​တ​ပြေး​တည်း​ဖြစ်​၍​နေ​လေ​သည်။ ထို​အ​ခန်း​များ​၏​အ​ပြင်​နံ​ရံ​သည်​ရှစ်​ပေ ထူ​၏။ လှေ​ကား​ထစ်​မြေ​ပြန့်​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ခန်း​များ​စပ်​ကြား​ဗိ​မာန် တော်​ပတ်​လည်​တွင်​သုံး​ဆယ့်​လေး​ပေ ကျယ်​သော​မြေ​လွတ်​ရှိ​၏။ ဗိ​မာန်​တော်​၏ မြောက်​ဘက်​၌​ရှိ​အ​ခန်း​များ​သို့​ဝင်​ရန် တံ​ခါး​တစ်​ပေါက်၊ တောင်​ဘက်​၌​ရှိ​သော အ​ခန်း​များ​သို့​ဝင်​ရန်​တံ​ခါး​တစ်​ပေါက် ရှိ​၏။ ဗိ​မာန်​တော်​ပတ်​လည်​၌​ရှိ​သော လှေ​ကား​ထစ်​မြေ​ပြန့်​သည်​အ​နံ​ရှစ် ပေ​ရှိ​သ​တည်း။
EZE 41:12 ဗိ​မာန်​တော်​အ​နောက်​ဘက်​မြေ​လွတ်​အ​စွန်း တွင်​အ​ဆောက်​အ​အုံ​တစ်​ခု​ရှိ​၏။ ယင်း သည်​အလျား​တစ်​ရာ့​ငါး​ဆယ်​ပေ၊ အ​နံ တစ်​ရာ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ထို​အ​ဆောက် အ​အုံ​၏​နံ​ရံ​တစ်​လျှောက်​လုံး​သည်​ထု ရှစ်​ပေ​ရှိ​၏။
EZE 41:13 ထို​လူ​သည်​ဗိ​မာန်​တော်​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။ ယင်း​သည်​အ​လျား​ပေ​တစ် ရာ​ခု​နစ်​ဆယ်​ရှိ​၏။ ဗိ​မာန်​တော်​ကျော​ဘက် မှ​နေ​၍​မြေ​လွတ်​ကို​ဖြတ်​ကာ​အ​နောက် ဘက်​ဗိ​မာန်​တော်​အ​စွန်း​ဆုံး​အ​ပိုင်း​အ​ထိ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​၏။-
EZE 41:14 ဝဲ​ယာ​မှ​မြေ​လွတ်​အ​ပါ​အ​ဝင်​ဗိ​မာန်​တော် မျက်​နှာ​စာ​ကို​ဖြတ်​၍​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​လေ​သည်။-
EZE 41:15 ထို​လူ​သည်​ဝဲ​ယာ​ရှိ​စင်္ကြံ​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​၏​အ​နောက်​ဘက်​ကို​တိုင်း​တာ ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို တွေ့​ရ​၏။ ဗိ​မာန်​တော်​မုခ်​ဦး​ခန်း၊ ခန်း​မ​ဆောင်​ကြီး​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​တို့​၏​နံ​ရံ များ​ကို၊-
EZE 41:16 ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-
EZE 41:17 ဗိ​မာန်​တော်​အ​တွင်း​နံ​ရံ​များ​ကား​တံ​ခါး ပေါက်​အ​ထက်​အ​ထိ
EZE 41:18 စွန်​ပ​လွံ​ပင်​ပုံ​များ၊ ခေ​ရု​ဗိမ်​ရုပ်​ပုံ​များ​ကို ထု​လုပ်​၍​တန်​ဆာ​ဆင်​ထား​လေ​သည်။ အ​ခန်း ပတ်​လည်​တစ်​လျှောက်​လုံး​ဦး​စွာ​စွန်​ပ​လွံ ပင်​ပုံ၊ ထို​နောက်​ခေ​ရု​ဗိမ်​ရုပ်​ပုံ၊ ထို​နောက် စွန်​ပ​လွံ​ပင်​ပုံ​စ​သည်​ဖြင့်​ထု​လုပ်​ထား သ​တည်း။ ခေ​ရု​ဗိမ်​တစ်​ပါး​စီ​တွင်​မျက်​နှာ နှစ်​မျိုး​ရှိ​၏။-
EZE 41:19 လူ​မျက်​နှာ​နှင့်​ခြင်္သေ့​မျက်​နှာ​ဖြစ်​၍ လူ​မျက် နှာ​သည်​စွန်​ပ​လွံ​ပင်​တစ်​ပင်​ဘက်​သို့​လှည့် ၍ ခြင်္သေ့​မျက်​နှာ​က​အ​ခြား​စွန်​ပ​လွံ​ပင် တစ်​ပင်​ဘက်​သို့​လှည့်​၍​နေ​၏။-
EZE 41:20 ဤ​နည်း​အ​တိုင်း​နံ​ရံ​တစ်​လျှောက်​လုံး​တွင် ကြမ်း​ပြင်​မှ​တံ​ခါး​ပေါက်​အ​ထက်​တိုင် အောင်​အ​ရုပ်​များ​ထွင်း​ထု​လုပ်​၍​ထား လေ​သည်။-
EZE 41:21 သန့်​ရှင်း​ရာ​ဌာ​န​၏​တံ​ခါး​တိုင်​များ သည်​လေး​ထောင့်​တိုင်​များ​ဖြစ်​ကြ​၏။ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​အ​ဝင်​ဝ​၏​ရှေ့ ၌​သစ်​သား​ယဇ်​ပလ္လင်​နှင့်​တူ​သော​အ​ရာ တစ်​ခု​ရှိ​၏။-
EZE 41:22 ထို​အ​ရာ​သည်​ငါး​ပေ​မြင့်​၍​လေး​ပေ​ကျယ် ၏။ ယင်း​၏​ထောင့်​တိုင်​များ၊ အောက်​အ​ခြေ​ခံ ဖိ​နပ်​နှင့်​နံ​ရံ​များ​သည်​သစ်​သား​ဖြင့်​ပြီး ကြ​၏။ ထို​လူ​က``ဤ​ကား​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​စား​ပွဲ​ဖြစ်​သည်'' ဟု​ငါ့​အား ဆို​၏။
EZE 41:23 သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရာ​လမ်း​အ​ဆုံး ၌​လည်း​ကောင်း၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရာ​လမ်း​အ​ဆုံး​၌​လည်း​ကောင်း တံ​ခါး​တစ်​ခု​စီ​ရှိ​၏။-
EZE 41:24 ယင်း​တို့​သည်​အ​လယ်​မှ​ဖွင့်​ရ​သော​နှစ် ရွက်​တံ​ခါး​များ​ဖြစ်​ကြ​၏။-
EZE 41:25 သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရာ​တံ​ခါး​များ​တွင် လည်း​နံ​ရံ​များ​ကဲ့​သို့​ပင်​စွန်​ပ​လွံ​ပင်​ပုံ များ​နှင့်​ခေရု​ဗိမ်​ရုပ်​များ​ထု​လုပ်​၍​ထား​၏။ ထို့​ပြင်​မုခ်​ဦး​ခန်း​အ​ဝင်​တံ​ခါး​အ​ပြင် ဘက်​၌​လည်း​သစ်​သား​ဖောင်း​ရစ်​တစ်​ခု​ရှိ​၏။-
EZE 41:26 ထို​အ​ခန်း​တွင်​ဘေး​ပြူ​တင်း​ပေါက်​များ​ရှိ​၍ နံ​ရံ​များ​၌​လည်း​စွန်​ပ​လွံ​ပင်​ပုံ​များ​ထု လုပ်​ထား​လေ​သည်။ ဗိ​မာန်​တော်​၏​ဘေး​ခန်း တွင်​လည်း သစ်​သား​ဖောင်း​ရစ်​များ​ရှိ​သည်။
EZE 42:1 ထို​လူ​သည်​ငါ့​အား​တံ​တိုင်း​အ​ပြင်​ဝင်း အ​တွင်း​သို့​ခေါ်​ဆောင်​ကာ​ဗိ​မာန်​တော်​မြောက် ဘက်​၌​ရှိ​သော​အ​ဆောက်​အ​အုံ​သို့​ခေါ် ဆောင်​သွား​၏။ ထို​အ​ဆောက်​အ​အုံ​သည် အ​လျား​တစ်​ရာ​ခု​နစ်​ဆယ်​ပေ၊ အ​နံ​ရှစ် ဆယ့်​ငါး​ပေ​ရှိ​၍​ဗိ​မာန်​တော်​အ​နောက် ဘက်​၌​ရှိ​သည့်​အ​ဆောက်​အ​အုံ​နှင့် မ​ဝေး​ချေ။-
EZE 42:3 ယင်း​သည်​တစ်​ဖက်​ဗိ​မာန်​တော်​နှင့်​ယှဉ်​၍​သုံး ဆယ့်​လေး​ပေ​ကျယ်​သော​မြေ​ကွက်​လပ်​ကို လည်း​ကောင်း၊ တံ​တိုင်း​အ​ပြင်​ဝင်း​၏​နောက် ဘက်​မှ​ကျောက်​သ​မံ​တ​လင်း​ခင်း​လမ်း​ကို လည်း​ကောင်း​မျက်​နှာ​မူ​၍​နေ​၏။ ထို​အ​ဆောက် အ​အုံ​ကို​အ​ဆင့်​ဆင့်​မြင့်​တက်​လာ​သော မြေ​ပြင်​သုံး​ဆင့်​အ​ပေါ်​တွင်​တည်​ဆောက် ထား​လေ​သည်။-
EZE 42:4 မြောက်​ဘက်​၌​ယင်း​ကို​ယှဉ်​လျက်​နေ​သည့် လမ်း​တစ်​သွယ်​ရှိ​၏။ ထို​လမ်း​သည်​အ​လျား ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​တစ်​ဆယ့်​ခု​နစ် ပေ​ရှိ​၏။ ထို​မြောက်​ဘက်​၌​ပင်​လျှင်​ထို အ​ဆောက်​အ​အုံ​သို့​ဝင်​ရန်​အ​ပေါက်​များ ရှိ​လေ​သည်။-
EZE 42:5 အ​မြင့်​ပိုင်း​တွင်​ရှိ​သည့်​အ​ခန်း​များ​သည် အ​လယ်​ပိုင်း​နှင့်​အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့် အ​ခန်း​များ​ထက်​ပို​၍​ကျဉ်း​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​အ​ခန်း​တို့​ကို​နောက်​သို့ ဆုတ်​၍​ဆောက်​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။-
EZE 42:6 မြေ​ပြင်​သုံး​ဆင့်​စ​လုံး​၌​ရှိ​သော​အ​ခန်း တို့​သည်​မြေ​ပြန့်​ကုန်း​မြင့်​များ​ပေါ်​တွင်​တည် ဆောက်​ထား​သ​ဖြင့်​ယင်း​တို့​သည်​တံ​တိုင်း အ​ပြင်​ဝင်း​အ​တွင်း​မှ​အ​ခြား​အ​ဆောက် အ​အုံ​များ​မှာ​ကဲ့​သို့​ကျောက်​တိုင်​များ မ​ရှိ​ချေ။-
EZE 42:7 အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့်​အ​ဆောက်​အ​အုံ ၏​နံ​ရံ​သည်​အ​လျား​တစ်​ဝက်​မှာ​ရှစ်​ဆယ့် ငါး​ပေ​ဖြစ်​၏။ ကျန်​သော​ရှစ်​ဆယ့်​လေး​ပေ တွင်​အ​ခန်း​များ​ရှိ​၏။ ဗိ​မာန်​တော်​နှင့်​ကပ် လျက်​ရှိ​သော​ဘက်​တွင် ပေ​တစ်​ရာ့​ခု​နစ်​ဆယ် ရှိ​သည်။ အ​ဆင့်​ထိပ်​ဆုံး​မြေ​ပြင်​တွင်​အ​ဆောက် အ​အုံ​တစ်​လျှောက်​လုံး​၌​အ​ခန်း​များ​ရှိ​၏။-
EZE 42:9 ဤ​အ​ခန်း​များ​အောက်​အ​ဆောက်​အ​အုံ​၏ အ​ရှေ့​စွန်း​ပိုင်း​တံ​တိုင်း​အ​ပြင်​ဝင်း​အ​စ ပြု​သည့်​နေ​ရာ​၌​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ထွက်​ပေါက်​ရှိ​၏။ ဗိ​မာန်​တော်​တောင်​ဘက်​အ​ပြင်​တံ​တိုင်း​တစ် လျှောက် ဗိ​မာန်​တော်​အ​ပြင်​ဝင်း​နှင့်​ဆက်​၍ တံ​တိုင်း​နံ​ရံ​၏​ဆန့်​ကျင်​ဘက်​တွင် အ​ဆောက် အ​အုံ​များ​ရှိ​လေ​သည်။-
EZE 42:11 အ​ခန်း​များ​၏​ရှေ့​တွင်​မြောက်​ဘက်​မှာ​ကဲ့ သို့​ပင်​လမ်း​တစ်​သွယ်​ရှိ​၏။ ထို​အ​ခန်း​တို့ ၏​အ​တိုင်း​အ​တာ၊ ပုံ​ပန်း​သဏ္ဌာန်​နှင့်​တံ​ခါး ပေါက်​များ​သည်​မြောက်​ဘက်​ရှိ​အ​ခန်း​များ အ​တိုင်း​ပင်​ဖြစ်​၏။-
EZE 42:12 ဤ​အ​ဆောက်​အ​အုံ​၏​တောင်​ဘက်​ပိုင်း ရှိ​အ​ခန်း​များ​အောက်​တွင်​တံ​တိုင်း​အ​စ ပြု​သည့်​အ​ရှေ့​စွန်း​၌​တံ​ခါး​တစ်​ခု​ရှိ​၏။
EZE 42:13 ထို​သူ​က​ငါ့​အား``ဤ​အ​ဆောက်​အ​အုံ​နှစ် ခု​စ​လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏။ ထာ​ဝရ ဘု​ရား​၏​ရှေ့​တော်​သို့​ဝင်​ရ​သူ​ယဇ်​ပု​ရော ဟိတ်​တို့​သည်​ထို​အ​ဆောက်​အ​အုံ​များ​ထဲ ၌​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော် သ​ကာ​များ​ကို​စား​သောက်​ရ​ကြ​၏။ ထို အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက် ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော​အ​လွန်​သန့်​ရှင်း မြင့်​မြတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ထား ကြ​သည်။-
EZE 42:14 ယဇ်​ပု​ရော​ဟိတ်​များ​သည်​ဗိ​မာန်​တော်​ထဲ သို့​ရောက်​ရှိ​ကြ​ပြီး​နောက်​တံ​တိုင်း​အ​ပြင် ဝင်း​သို့​ပြန်​၍​ထွက်​လို​ကြ​သော​အ​ခါ မိ​မိ တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် နေ​စဉ်​ဝတ်​ဆင်​ထား​သော​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ဝတ်​တို့​ကို ဤ​အ​ခန်း​များ​တွင်​ချွတ် ထား​ခဲ့​ရ​ကြ​၏။ သူ​တို့​သည်​လူ​တို့​စု​ဝေး ရာ​အ​ရပ်​သို့​ထွက်​ခွာ​၍​မ​သွား​မီ​အ​ဝတ် များ​ကို​လဲ​ရ​ကြ​လေ​သည်။
EZE 42:15 ထို​လူ​သည်​ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​အ​ကျယ် အ​ဝန်း​ကို​တိုင်း​တာ​ပြီး​နောက် ငါ့​အား​အ​ရှေ့ တံ​ခါး​မှ​ခေါ်​ဆောင်​ကာ​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။-
EZE 42:16 သူ​သည်​ကူ​ရိုး​ကို​ယူ​၍​အ​ပြင်​ပိုင်း​ကို တိုင်း​ရာ​ရှစ်​ရာ​လေး​ဆယ်​ပေ​ရှိ​လေ​သည်။-
EZE 42:17 ထို​နောက်​မြောက်​ပိုင်း၊ တောင်​ပိုင်း​နှင့်​အ​နောက် ပိုင်း​တို့​ကို​တိုင်း​တာ​၏။ ယင်း​တို့​အား​လုံး အ​လျား​ပေ​ရှစ်​ရာ​လေး​ဆယ်​စီ​ရှိ​ကြ​၏။-
EZE 42:20 သို့​ဖြစ်​၍​တံ​တိုင်း​သည်​စ​တု​ရန်း​ပေ​ရှစ်​ရာ လေး​ဆယ်​ရှိ​သော​မြေ​ကို​ကာ​ရံ​၍​ထား​လေ သည်။ ဤ​တံ​တိုင်း​က​သန့်​ရှင်း​သော​အ​ရပ်​နှင့် မ​သန့်​ရှင်း​သော​အ​ရပ်​တို့​ကို​ပိုင်း​ခြား​၍ ထား​သ​တည်း။
EZE 43:1 ထို​လူ​သည်​ငါ့​အား​အ​ရှေ့​ဘက်​သို့​မျက် နှာ​မူ​နေ​သည့်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား ၏။-
EZE 43:2 ထို​အ​ရပ်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည်​အ​ရှေ့​အ​ရပ်​မှ​ပေါ် ထွက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ဘု​ရား​သ​ခင်​၏​အ​သံ​တော်​သည်​ပင်​လယ်​မြည် ဟည်း​သံ​နှင့်​တူ​၏။ ကမ္ဘာ​မြေ​ကြီး​သည် လည်း​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​တောက်​ပ​လျက်​ရှိ​၏။-
EZE 43:3 ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ဖျက်​ဆီး​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​မြင်​ခဲ့​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​ခေ​ဗာ​မြစ်​အ​နီး​၌ ငါ​မြင်​ခဲ့​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​နှင့် တူ​၏။ သို့​ဖြစ်​၍​ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း လျား​မှောက်​လှဲ​ချ​ပျပ်​ဝပ်​၏။-
EZE 43:4 တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော် ထဲ​သို့​ဝင်​တော်​မူ​၏။
EZE 43:5 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ဆောင်​တော်​မူ​ပြီး​လျှင်​တံ​တိုင်း​အ​တွင်း ဝင်း​ထဲ​သို့​ယူ​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ဖြင့်​ပြည့်​လျက်​နေ​သည်​ကို​ထို​အ​ရပ်​မှ​မြင် ရ​၏။-
EZE 43:6 ကူ​ရိုး​နှင့်​လူ​သည်​ငါ​၏​အ​နီး​တွင်​ရပ်​၍ နေ​စဉ်​ဗိ​မာန်​တော်​အ​ထဲ​မှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သံ​ကို​ငါ​ကြား​ရ​၏။-
EZE 43:7 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​အ​ရပ် တွင်​ငါ​၏​ရာ​ဇ​ပလ္လင်​ရှိ​၏။ ငါ​၏​ခြေ​နင်း ရာ​နေ​ရာ​ဖြစ်​၏။ ငါ​သည်​ဤ​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​၍​သူ​တို့​အား​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​များ​ဖြစ်​စေ၊ သူ​တို့​၏​ဘု​ရင်​များ ဖြစ်​စေ၊ ဝိ​ညာဉ်​ဆိုင်​ရာ​ပြည့်​တန်​ဆာ လုပ်​ငန်း​ဖြင့်​လည်း​ကောင်း၊ ဘု​ရင်​တို့​၏ အ​လောင်း​များ​ကို​မြင့်​သော​အ​ရပ်​များ တွင် ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော် ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-
EZE 43:8 ရှင်​ဘု​ရင်​များ​သည်​မိ​မိ​တို့​၏​တံ​ခါး​တိုင် များ​နှင့်​တံ​ခါး​အောက်​ခံ​ဘောင်​များ​ကို​ငါ ၏​ဗိ​မာန်​တော်​တံ​ခါး​တိုင်​များ၊ တံ​ခါး အောက်​ခံ​ဘောင်​များ​နှင့်​ကပ်​လျက်​ပြု​လုပ် ထား​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ငါ​နှင့်​သူ တို့​၏​ကြား​တွင်​နံ​ရံ​သာ​ခြား​၍​နေ​၏။ သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​မှု​အ​ပေါင်း​ကို​ပြု​ကျင့်​ကာ​ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ရှုတ်​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​မျက် ထွက်​၍​သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​၏။-
EZE 43:9 ယ​ခု​အ​ခါ​သူ​တို့​သည်​ပြည့်​တန်​ဆာ​လုပ် ငန်း​ဖြင့် အ​ခြား​ဘု​ရား​များ​အား​ကိုး​ကွယ် မှု​ကို​ရပ်​စဲ​၍​ဘု​ရင်​တို့​၏​အ​လောင်း​များ ကို​ဖယ်​ရှား​ရ​ကြ​မည်။ ယင်း​သို့​ပြု​ပါ​မူ ငါ​သည်​သူ​တို့​ထံ​တွင်​ထာ​ဝ​စဉ်​ကျိန်း​ဝပ် တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 43:10 ထို​နောက်​ထာ​ဝရ​ဘု​ရား​က​ဆက်​လက်​၍ ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မိ​မိ​တို့​ပြု​သော​မ​ကောင်း မှု​များ​အ​တွက်​ရှက်​ကြောက်​ခြင်း​ငှာ ဗိ​မာန်​တော်​ပုံ​စံ​ကို​သူ​တို့​အား​ဖော်​ပြ​၍ လေ့​လာ​စေ​လော့။-
EZE 43:11 အ​ကယ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​ကျင့်​ဆိုး များ​အ​တွက်​အ​ကယ်​ပင်​ရှက်​ကြောက်​လာ ကြ​ပါ​မူ​ဗိ​မာန်​တော်​ပုံ​သဏ္ဌာန်၊ အ​ဝင် အ​ထွက်​အ​ပေါက်​များ၊ အ​စီ​အ​စဉ်​အ​လုံး စုံ၊ ဗိ​မာန်​တော်​၏​ဥ​ပ​ဒေ​များ​နှင့်​စည်း​မျဉ်း သတ်​မှတ်​ချက်​အ​ပေါင်း​ကို​ရှင်း​ပြ​လော့။ သူ​တို့​ပြင်​နိုင်​ရန်​နှင့်​လိုက်​နာ​နိုင်​ရန်​ယင်း တို့​ကို​ရေး​သား​လော့။-
EZE 43:12 ဗိ​မာန်​တော်​ဆိုင်​ရာ​ဥ​ပ​ဒေ​သ​ကား​ဗိ​မာန် တော်​တည်​ဆောက်​ထား​ရာ​တောင်​ထိပ်​တစ်​ခု လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏​ဟူ​၍​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
EZE 43:13 ဗိ​မာန်​တော်​ကို​တိုင်း​သည့်​စံ​ကို​ပင်​အ​သုံး​ပြု ၍​တိုင်း​ထွာ​ကြည့်​ရာ​ယဇ်​ပလ္လင်​၏​အ​တိုင်း​အ တာ​များ​မှာ​ဤ​သို့​တည်း။ ယဇ်​ပလ္လင်​၏​အောက် ခြေ​ဖိနပ်​ပတ်​လည်​၌​အ​နက်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​ရေ​စီး​မြောင်း ရှိ​၏။ ထို​မြောင်း​၏​အ​ပြင်​နှုတ်​ခမ်း​သည်​ဆယ် လက်​မ​ထူ​၏။-
EZE 43:14 ယဇ်​ပလ္လင်​၏​အ​နိမ့်​ဆုံး​အ​ဆင့်​သည်​လေး​ပေ မြင့်​၏။ နောက်​တစ်​ဆင့်​မှာ​ပ​ထ​မ​ဆင့်​၏​အ​နား လေး​ဘက်​စ​လုံး​မှ​လက်​မ​နှစ်​ဆယ်​ခွာ​၍​ထား ပြီး​လျှင်​အမြင့်​ခု​နစ်​ပေ​ရှိ​လေ​သည်။ နောက် တစ်​ဆင့်​သည်​လည်း​ထို​နည်း​တူ​ဒု​တိ​ယ အ​ဆင့်​အ​နား​လေး​ဘက်​စ​လုံး​မှ​လက်​မ နှစ်​ဆယ်​ခွာ​၍​ထား​လေ​၏။-
EZE 43:15 ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ဖြစ်​သည့်​ဤ ထိပ်​ဆုံး​အ​ဆင့်​သည်​လည်း​ခု​နစ်​ပေ​မြင့် လေ​သည်။ ယင်း​၏​ထောင့်​လေး​ထောင့်​တို့​သည် ယဇ်​ပလ္လင်​ပေါ်​တွင်​အ​စွန်း​များ​ထွက်​နေ​၏။-
EZE 43:16 ယဇ်​ပလ္လင်​၏​ထိပ်​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန် ဖြစ်​၍​အ​လျား​အ​နံ​ပေ​နှစ်​ဆယ်​စီ​ရှိ​၏။-
EZE 43:17 အ​လယ်​ဆင့်​သည်​လည်း​စ​တု​ရန်း​ပုံ​သဏ္ဌာန် ပင်​ဖြစ်​၍​အ​လျား​အ​နံ​နှစ်​ဆယ့်​လေး​ပေ​စီ ရှိ​၏။ ယင်း​အ​ဆင့်​ပတ်​လည်​အ​နား​တွင်​အ​နက် ဆယ်​ပေ​ရှိ​သော​ဘောင်​ရှိ​၏။ (ရေ​စီး​မြောင်း​သည် လက်​မ​နှစ်​ဆယ်​ကျယ်​သ​တည်း။) ယဇ်​ပလ္လင်​သို့ တက်​ရန်​လှေ​ကား​မှာ​အ​ရှေ့​ဘက်​၌​ရှိ​၏။
EZE 43:18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ငါ​ပြော​သည်​ကို​နား​ထောင်​လော့။ ယဇ် ပလ္လင်​ကို​တည်​ဆောက်​ပြီး​သော​အ​ခါ​သင်​သည် ယဇ်​ကောင်​များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း၊ ယဇ်​ကောင် များ​၏​သွေး​ဖြင့်​ယဇ်​ပလ္လင်​ကို​ပက်​ဖျန်း​ခြင်း ဖြင့်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ရ​မည်။-
EZE 43:19 ငါ​၏​ရှေ့​တော်​သို့​ဝင်​၍​အ​မှု​တော်​ဆောင်​သူ များ​မှာ​ဇာ​ဒုတ်​၏​သား​မြေး၊ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​အ​တွက်​နွား​ထီး​ပျို​တစ်​ကောင် ကို​သူ​တို့​အား​ပေး​ရ​မည်။-
EZE 43:20 သင်​သည်​ထို​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ ၍​ယဇ်​ပလ္လင်​ထိပ်​ထောင့်​ချွန်​များ၊ အ​လယ်​ဆင့် ထောင့်​များ​နှင့်​ယဇ်​ပလ္လင်​ပတ်​လည်​အ​နား​တို့ အ​ပေါ်​မှာ​တင်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင် သည်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​၍​ဆက်​ကပ် ရ​မည်။-
EZE 43:21 အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​သည့် နွား​ကို​ယူ​၍​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သတ် မှတ်​ထား​သည့်​အ​ရပ်​တွင်​မီး​ရှို့​ရ​မည်။-
EZE 43:22 နောက်​တစ်​နေ့​၌​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း သည့်​ဆိတ်​ထီး​တစ်​ကောင်​ကို​ယူ​၍​အပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​ရ​မည်။-
EZE 43:23 ဤ​အ​မှု​ကို​ပြု​ပြီး​သော​အ​ခါ​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​နွား​ပျို​တစ်​ကောင် နှင့်​သိုး​ထီး​ပျို​တစ်​ကောင်​ကို​ယူ​၍၊-
EZE 43:24 ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​ထို​ယဇ်​ကောင်​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် ရန်​ဆား​ပက်​၍​မီး​ရှို့​ကြ​လိမ့်​မည်။-
EZE 43:25 သင်​သည်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ်​နေ့​တိုင်း ဆိတ်​ထီး​တစ်​ကောင်၊ နွား​ထီး​တစ်​ကောင်​နှင့်​သိုး ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ဖြင့်​ပူ​ဇော်​ရ​မည်။ ထို​သတ္တ​ဝါ​အား​လုံး​တွင် အ​ပြစ်​အ​နာ​အ​ဆာ​မ​ရှိ​စေ​ရ။-
EZE 43:26 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ပြီး​နောက်​အ​သုံး ပြု​နိုင်​ရန်​အ​သင့်​ထား​ရှိ​ရ​ကြ​မည်။-
EZE 43:27 သီ​တင်း​တစ်​ပတ်​ကုန်​ဆုံး​သွား​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​တို့​အ​တွက်​မီး​ရှို့ ပူ​ဇော်​ရာ​ယဇ်​များ၊ မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စ​တင်​ပူ​ဇော်​ရ​ကြ မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အ​ပေါင်း​ကို နှစ်​သက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 44:1 ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မြေ​ယာ​၏ အ​ရှေ့​ဘက်​ပိုင်း​၌​ရှိ​သော အ​ပြင်​မုခ်​ပေါက် သို့​ခေါ်​ဆောင်​သွား​၏။ မုခ်​တံ​ခါး​သည်​ပိတ် လျက်​ရှိ​၏။-
EZE 44:2 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ဤ​တံ​ခါး​ကို ပိတ်​ထား​ရ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​ဖွင့်​ရ မည်​မ​ဟုတ်။ လူ​သား​မှန်​သ​မျှ​ဤ​တံ​ခါး​ကို အ​သုံး​ပြု​ခွင့်​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ဣ​သ​ရေ​လ​အ​မျို​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​တံ​ခါး​ဖြင့်​ဝင်​တော် မူ​ခဲ့​သော​ကြောင့်​တည်း။-
EZE 44:3 သို့​ရာ​တွင်​ယ​ခု​နန်း​စံ​လျက်​ရှိ​သည့်​မင်း​သား သည်​ကား ထို​အ​ရပ်​သို့​သွား​၍​ငါ​၏​ရှေ့​တော် တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​စား​ဖွယ်​ခဲ​ဖွယ်​ကို စား​သောက်​နိုင်​ခွင့်​ရှိ​၏။ သူ​သည်​အ​စွန်​ဆုံး​ရှိ အ​ခန်း​ကြီး​ကို​ဖြတ်​၍​ဤ​တံ​ခါး​ဖြင့်​ဝင် ထွက်​သွား​လာ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 44:4 ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက် ကို​ဖြတ်​၍ ဗိ​မာန်​တော်​ရှေ့​သို့​ခေါ်​ဆောင်​သွား ရာ​ငါ​ရှာ​ကြည့်​သော် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​တွင်​ကိုယ်​တော်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ​သည်​ကို မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​၏။-
EZE 44:5 ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။''
EZE 44:6 ``ပုန်​ကန်​တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိ​မိ​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည်​ဆက်​လက်​သည်း​ခံ​လျက်​နေ​တော့ မည်​မ​ဟုတ်​ကြောင်း​ဆင့်​ဆို​လော့။-
EZE 44:7 ဆီ​ဥ​နှင့်​သွေး​ကို​ငါ့​အား​ပူ​ဇော်​ချိန်​၌​သူ တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ လူ​မျိုး​ခြား​များ၊ ငါ​၏​စ​ကား​ကို​နား​မ ထောင်​သူ​များ​အား​ဗိ​မာန်​တော်​ထဲ​သို့​ဝင် ခွင့်​ပြု​လျက်​ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။ သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော် သည်​မိ​မိ​တို့​၏​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့် များ​အား​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ကြ​လေ​ပြီ။-
EZE 44:8 သူ​တို့​သည်​ငါ​၏​ဗိ​မာန်​တော်​တွင်​သန့်​ရှင်း မြင့်​မြတ်​သည့်​ဝတ်​တို့​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက်​မည့်​အ​စား​လူ​မျိုး​ခြား​တို့ အား​ဆောင်​ရွက်​စေ​ကြ​၏။
EZE 44:9 ``အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​လူ​မျိုး ခြား​များ၊ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​သူ​လူ​မျိုး​ခြား​များ​ပင်​ဖြစ်​စေ​ကာ​မူ ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရ​ကြ​မည်​မ​ဟုတ် ကြောင်း​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို ၏'' ဟု​မိန့်​တော်​မူ​၏။
EZE 44:10 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​ရုပ်​တု​များ​ကို​ကိုး ကွယ်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ငါ့​အား​စွန့်​ပယ်​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင် တို့​သည်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​ကြ​မည်။-
EZE 44:11 သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​မှူး​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ ဗိ​မာန်​တော်​၏​ဝေ​ယျာ​ဝစ္စ​ကို ဆောင်​ရွက်​သူ​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ​နှင့်​ယဇ်​ပူ​ဇော်​ရန် အ​တွက်​လူ​တို့​ပေး​အပ်​ကြ​သည့်​တိ​ရစ္ဆာန်​များ သတ်​နိုင်​ခွင့်​ရှိ​၏။ ထို​မှ​တစ်​ပါး​လည်း​သူ​တို့ သည်​အ​ကူ​အ​ညီ​ပေး​ရန်​အ​တွက်​ဗိ​မာန် တော်​တွင်​ရှိ​နေ​ရ​ကြ​မည်။-
EZE 44:12 သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား တို့​အား​ရုပ်​တု​ကိုး​ကွယ်​မှု​တွင်​ဦး​စီး​ခေါင်း ဆောင်​ပြု​ကာ​အ​ပြစ်​ကူး​လွန်​စေ​ခဲ့​ကြ​သ​ဖြင့် အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည်​ဖြစ်​ကြောင်း​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ကျိန်​ဆို​၏။-
EZE 44:13 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ ၏​အ​မှု​တော်​ကို​မ​ဆောင်​ရွက်​ရ​ကြ။ သန့်​ရှင်း မြင့်​မြတ်​ရာ​တစ်​စုံ​တစ်​ခု​အ​နား​သို့​မျှ လည်း​မ​ချဉ်း​မ​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့​လည်း​မ​ဝင်​ရ​ကြ။ ဤ အ​ပြစ်​ဒဏ်​ကား​သူ​တို့​ပြု​ခဲ့​သည့်​စက်​ဆုပ် ဖွယ်​ရာ​အ​မှု​များ​အ​တွက်​ဖြစ်​၏။-
EZE 44:14 ဗိ​မာန်​တော်​တွင်​အ​စေ​ခံ​များ​သာ​လုပ်​ဆောင် အပ်​သော​အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​သူ တို့​အား​ငါ​ခန့်​ထား​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 44:15 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။-
EZE 44:16 သူ​တို့​သာ​လျှင်​ငါ​၏​ဗိ​မာန်​တော်​သို့​ဝင် ပြီး​လျှင်​ငါ​၏​ယဇ်​ပလ္လင်​တွင်​အ​မှု​တော် ဆောင်​၍ ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​ဦး​ဆောင်​ရ​မည်။-
EZE 44:17 သူ​တို့​သည်​မုခ်​ပေါက်​မှ​ဗိ​မာန်​တော်​၏​တံ​တိုင်း အ​တွင်း​သို့ ဝင်​သော​အ​ခါ​ပိတ်​ချော​ထည်​ကို ဝတ်​ဆင်​ရ​ကြ​မည်။ တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း ထဲ​၌​သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​ထဲ​၌ သော်​လည်း​ကောင်း တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ် မည်​သည့်​သိုး​မွေး​ထည်​ကို​မျှ​မ​ဝတ်​မ​ဆင် ရ​ကြ။-
EZE 44:18 ချွေး​မ​ထွက်​စေ​ရန်​ပိတ်​ချော​ခေါင်း​ပေါင်း​ကို ပေါင်း​၍​ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်​ဆင်​ရ ကြ​မည်။ ခါး​ပတ်​ကို​မ​ဝတ်​ရ​ကြ။-
EZE 44:19 လူ​များ​ရှိ​ရာ​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထွက် မီ​သူ​တို့​သည်​မိ​မိ​တို့​တာ​ဝန်​ထမ်း​ဆောင်​စဉ် က​ဝတ်​ဆင်​ထား​သည့်​အ​ဝတ်​များ​ကို​ချွတ်​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ခန်း​များ​တွင်​ထား ခဲ့​ရ​ကြ​မည်။ လူ​တို့​အား​ဘေး​အန္တ​ရာယ်​မ​ပေး ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ဝတ်​အ​ထည်​များ ကို​အခြား​အ​ဝတ်​များ​နှင့်​လဲ​၍​ဝတ်​ရ​ကြ မည်။
EZE 44:20 ``သူ​တို့​သည်​မိ​မိ​တို့​၏​ဦး​ခေါင်း​ကို​မ​ရိတ်​ရ ကြ။ ဆံ​ပင်​ရှည်​အောင်​လည်း​မ​ထား​ရ​ကြ။ သင့် တော်​လျောက်​ပတ်​သ​လောက်​သာ​အ​ရှည်​ထား ရ​မည်။-
EZE 44:21 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​တိုင်း​အ​တွင်း ရှိ​ဝင်း​သို့​မ​ဝင်​မီ​စ​ပျစ်​ရည်​ကို​မ​သောက် ရ​ကြ။-
EZE 44:22 အ​ဘယ်​ယဇ်​ပု​ရော​ဟိတ်​မျှ​ကွာ​ရှင်း​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထိမ်း​မြား​ရ။ ဣ သ​ရေ​လ​အ​ပျို​စင် သို့​မ​ဟုတ်​အ​ခြား​ယဇ် ပု​ရော​ဟိတ်​တစ်​ဦး​၏​မု​ဆိုး​မ​နှင့်​သာ​လျှင် ထိမ်း​မြား​ရ​မည်။ အ​ခြား​မု​ဆိုး​မ​နှင့်​မ ထိမ်း​မြား​ရ။
EZE 44:23 ``ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​ရှင်း​မြင့်​မြတ် သော​အ​ရာ​နှင့်​မ​သန့်​ရှင်း​မ​မြင့်​မြတ်​သော အ​ရာ​တို့​ကွာ​ခြား​ပုံ၊ ဘာ​သာ​ရေး​အ​ရ​သန့် စင်​သော​အ​ရာ​နှင့်​မ​သန့်​စင်​သော​အ​ရာ​ကွာ ခြား​ပုံ​ကို​လူ​တို့​အား​သင်​ကြား​ပေး​ရ​မည်။-
EZE 44:24 အ​မှု​အ​ခင်း​တစ်​စုံ​တစ်​ရာ​ပေါ်​ပေါက်​လာ သော​အ​ခါ သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။ ဘာ​သာ​ရေး ပွဲ​လမ်း​သ​ဘင်​များ​ကို ငါ​၏​ဥ​ပ​ဒေ​စည်း မျဉ်း​နှင့်​အ​မိန့်​များ​အ​ရ​ကျင်း​ပ​ရ​ကြ မည်။ ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့် နေ့​အ​ဖြစ်​ဖြင့်​စောင့်​ထိန်း​ရ​ကြ​မည်။
EZE 44:25 ``ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​အ​လောင်း ကို​တို့​ထိ​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ ရေး​အ​ရ​ညစ်​ညမ်း​အောင်​မ​ပြု​ရ။ သို့​ရာ​တွင် သူ​သည်​မိ​မိ​၏​မိဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​ရှိ​သော​နှ​မ၊ အစ်​မ​တို့​၏​အ​လောင်း ကို​မူ​တို့​ထိ​နိုင်​လေ​သည်။-
EZE 44:26 ယင်း​သို့​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​ပြီး​နောက် သူ​သည်​ခု​နစ်​ရက်​မျှ​ဆိုင်း​ငံ့​လျက်​နေ​ရ မည်။-
EZE 44:27 ထို​နောက်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း သို့​ဝင်​၍​မိ​မိ​၏​သန့်​စင်​မှု​အ​တွက်​ယဇ်​ကို ပူ​ဇော်​ရ​မည်။ သို့​မှ​သာ​လျှင်​သူ​သည်​ဗိ​မာန် တော်​တွင်​ပြန်​၍​အ​မှု​တော်​ထမ်း​ဆောင်​နိုင် မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
EZE 44:28 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး အပ်​သည့်​အ​ရာ​များ​အ​နက်​ယဇ်​ပု​ရော​ဟိတ် တို့​ခံ​ယူ​ရ​မည့်​ဝေ​စု​မှာ​ယဇ်​ပု​ရော​ဟိတ်​ရာ ထူး​ပင်​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည် တွင်​မြေ​ယာ​ပိုင်​ဆိုင်​ခွင့်​မ​ရှိ​စေ​ရ။ ငါ့​ကို သာ​လျှင်​သူ​တို့​လို​အပ်​သည်။-
EZE 44:29 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-
EZE 44:30 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ကောက်​ဦး​စ​ပါး အ​ကောင်း​ဆုံး​နှင့်​ငါ့​အား​ဆက်​သ​သည့်​အ​ခြား ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​မုန့်​များ​ကို​ဖုတ်​သည့်​အ​ခါ တိုင်း​ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​ဦး​ဆုံး​ဖုတ် သည့်​မုန့်​ကို​ပူ​ဇော်​သကာ​အ​ဖြစ်​ပေး​လှူ​ရ​ကြ မည်။ ထို​အ​ခါ​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​သည် သူ​တို့​၏​အိမ်​များ​အ​ပေါ်​သို့​သက်​ရောက် လိမ့်​မည်။-
EZE 44:31 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​လို​အ​လျောက် ဖြစ်​စေ၊ သား​ရဲ​ကိုက်​၍​သေ​သော​ငှက်​သို့​မ ဟုတ်​တိ​ရစ္ဆာန်​၏​အသား​ကို​ဖြစ်​စေ​မ​စား ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။
EZE 45:1 ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​အား​မြေ​ယာ ကို​ခွဲ​ဝေ​ပေး​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မြေ​တစ်​ကွက်​ကို​မြင့်​မြတ်​သန့်​ရှင်း​သော​နယ် မြေ​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။ ယင်း​သည် အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။ ထို​နယ်​မြေ​တစ်​ခု​လုံး​သည်​မြင့်​မြတ်​သန့် ရှင်း​လိမ့်​မည်။-
EZE 45:2 ဗိ​မာန်​တော်​အ​တွက်​စ​တု​ရန်း​ရှစ်​ရာ​လေး ဆယ်​ပေ​ရှိ​သော​မြေ​ကွက်​ပါ​ဝင်​ရ​မည်။ ထို မြေ​ကွက်​ပတ်​လည်​တွင်​အ​နံ​ရှစ်​ဆယ့်​လေး ပေ​ရှိ​သော​မြေ​လပ်​ရှိ​ရ​မည်။-
EZE 45:3 အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဌာ​န​တည်း ဟူ​သော​ဗိ​မာန်​တော်​တည်​ရှိ​မည်။-
EZE 45:4 ဗိ​မာန်​တော်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့​ချဉ်း​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​သီး​သန့်​ထား​ရာ သန့်​ရှင်း​မြင့်​မြတ်​သည့်​ဌာ​န​ပါ​ရှိ​၍ သူ​တို့ နေ​ထိုင်​ရန်​အိမ်​များ​ရှိ​ရာ​အ​ပိုင်း​နှင့်​ဗိ​မာန် တော်​တည်​ရှိ​ရာ​အ​ပိုင်း​ပါ​ရှိ​လိမ့်​မည်။-
EZE 45:5 ကျန်​မြေ​ကွက်​တစ်​ဝက်​တွင်​ဗိ​မာန်​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​တွက်​မြို့​များ​တည်​ဆောက်​ရန်​ဖြစ် ရ​မည်။
EZE 45:6 မြို့​တစ်​မြို့​တည်​ရန်​အ​တွက်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ရှစ်​မိုင်​ရှိ​သော​မြေ​ယာ​ကို​လည်း​ဖယ် ထား​ရ​မည်။ ထို​မြေ​ယာ​သည်​သန့်​ရှင်း​မြင့် မြတ်​သည့်​နယ်​မြေ​နှင့်​ကပ်​လျက်​နေ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရန် အ​တွက်​ဖြစ်​ရ​မည်။
EZE 45:7 နန်း​စံ​နေ​ဆဲ​မင်း​သား​အ​တွက်​မြေ​ယာ​တစ် ကွက်​ကို​လည်း​ဖယ်​ထား​ရ​မည်။ ယင်း​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​အ​နောက်​ဘက် နယ်​နိ​မိတ်​မှ​အ​နောက်​ဘက်​သို့​လား​သော်​မြေ ထဲ​ပင်​လယ်​အ​ထိ၊ အ​ရှေ့​ဘက်​သို့​လား​သော် တိုင်း​ပြည်​၏​အ​ရှေ့​နယ်​နိ​မိတ်​အ​ထိ​ဖြစ်​ရ မည်။ ယင်း​၏​အ​လျား​သည်​ဣ​သ​ရေ​လ​အ​မျိုး နွယ်​တစ်​နွယ်​အ​တွက်​သတ်​မှတ်​ထား​သည့်​နယ် မြေ​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။-
EZE 45:8 ဤ​နယ်​မြေ​သည်​နန်း​စံ​နေ​ဆဲ​ဖြစ်​သော​မင်း သား​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။ သို့​မှ​သာ​လျှင် သူ​သည်​ပြည်​သူ​တို့​အား​နှိပ်​စက်​က​လူ​မ​ပြု တော့​ဘဲ​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​တို့ အား​ကြွင်း​ကျန်​သည့်​မြေ​ယာ​များ​ကို​ပိုင် ဆိုင်​ခွင့်​ပေး​လိမ့်​မည်။
EZE 45:9 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​ဣသ​ရေ​လ မင်း​သား​တို့၊ သင်​တို့​အ​ပြစ်​ကူး​လွန်​လျက် နေ​သည်​မှာ​ကြာ​လေ​ပြီ။ သင်​တို့​၏​အ​ကြမ်း ဖက်​မှု​နှင့်​နှိပ်​စက်​က​လူ​ပြု​မှု​တို့​ကို​ရပ်​စဲ ကြ​လော့။ မှန်​ရာ​တ​ရား​မျှ​တ​ရာ​တို့​ကို​ပြု ကျင့်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​တိုင်း​ပြည်​မှ​နောက်​ထပ်​ဘယ်​အ​ခါ​၌​မျှ မ​နှင်​မ​ထုတ်​ရ​ကြ။ ဤ​ကား​သင်​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။
EZE 45:10 ``လူ​တိုင်း​ပင်​အ​လေး​မှန်​တင်း​မှန်​ကို​အ​သုံး ပြု​ရ​ကြ​မည်။
EZE 45:11 ``ကုန်​ခြောက်​ကို​ခြင်​တွယ်​သည့်​ဧ​ဖာ​သည် အရည်​ကို​ခြင်​တွယ်​သည့်​ဗတ်​နှင့်​တူ​ညီ​ရ​မည်။ ဟောမဲ​ကို​အ​မှီ​ပြု​၍​ခြင်​တွယ်​ရ​သည်။ တစ်​ဟော​မဲ​တွင်​တစ်​ဆယ်​ဧ​ဖာ​သို့​မ​ဟုတ် တစ်​ဆယ်​ဗက်​ရှိ​သ​တည်း။
EZE 45:12 ``သင်​တို့​၏​အ​လေး​များ​သည်​အောက်​ပါ အ​တိုင်း​ဖြစ်​ရ​မည်။ နှစ်​ဆယ်​ဂေ​ရာ​သည်​တစ်​ကျပ်၊ခြောက်​ဆယ်​ကျပ် သည်​တစ်​မာ​နေ​ဖြစ်​၏။
EZE 45:13 ``သင်​တို့​သည်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​ရာ တွင်​အောက်​ပါ​အ​ခြေ​ခံ​မူ​ကို​အ​သုံး​ပြု​ရ ကြ​မည်။ ဂျုံ​ဆန်​သို့​မ​ဟုတ်​မု​ယော​ဆန်​ကို ပေး​လှူ​သော​အ​ခါ​သင်​တို့​ရိတ်​သိမ်း​၍​ရ ရှိ​သည့် ဂျုံ​ဆန်​ပ​မာ​ဏ​၏​ခြောက်​ဆယ်​ပုံ​တစ်​ပုံ၊မု​ယော ဆန်​ပ​မာ​ဏ​၏​ခြောက်​ဆယ်​ပုံ​တစ်​ပုံ၊သံ​လွင် ဆီ​ကို​သင်​တို့​၏​သံ​လွင်​ပင်​များ​မှ​ထွက်​ရှိ သ​မျှ​၏​တစ်​ရာ​ပုံ​တစ်​ပုံ​ကို​ပေး​လှူ​ရ​မည်။ (ယင်း​ကို​ဗတ်​ဖြင့်​ချိန်​တွယ်​ရ​မည်။ ဆယ်​ဗတ် လျှင်​တစ်​ဟောမဲ၊ သို့​မ​ဟုတ်​တစ်​ကော​ရ​ရှိ​၏။) ဣ​သ​ရေ​လ​ပြည်၊ ရေ​များ​သော​စား​ကျက် များ​မှ သိုး​အ​ကောင်​နှစ်​ရာ​လျှင်​တစ်​ကောင် ကျ​ပူ​ဇော်​ရ​မည်။ ``သင်​တို့​၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ကြ​စေ ရန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ​မီး​ရှို့​ရာ​ယဇ် နှင့်​မိတ်​သ​ဟာ​ယ​အ​တွက်​တိ​ရစ္ဆာန်​များ​ကို ယူ​ဆောင်​လာ​ရ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​၏။
EZE 45:16 ``ပြည်​သူ​အ​ပေါင်း​တို့​သည်​ဤ​ပူ​ဇော်​သကာ များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​မည်။-
EZE 45:17 လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​နှင့်​အ​ခြား​ပွဲ​နေ့​တို့​၌ ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် မီး​ရှို့​ရာ​ယဇ်​အ​တွက်​တိ​ရစ္ဆာန်​များ၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​နှင့်​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​သည် ဆက်​သ​ရ​သော​တာ​ဝန်​ရှိ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​များ ပြေ​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ် ပူဇော်​သကာ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ် တို့​အ​တွက်​စီ​မံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 45:18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည် ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌​ဗိ​မာန်​တော် ကို​သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော် ရ​မည်။-
EZE 45:19 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ကောင်​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ဗိ​မာန် တော်​တံ​ခါး​တိုင်​များ၊ ယဇ်​ပလ္လင်​၏​ထောင့် လေး​ထောင့်​နှင့် တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့ ဝင်​ရာ​တံ​ခါး​တိုင်​များ​ကို​သုတ်​ရ​မည်။-
EZE 45:20 မည်​သူ​မ​ဆို​အ​မှု​မဲ့​အ​မှတ်​မဲ့​သော်​လည်း ကောင်း၊ မ​သိ​နား​မ​လည်​သ​ဖြင့်​သော်​လည်း ကောင်း​အ​ပြစ်​ကူး​လွန်​မိ​ခဲ့​လျှင်​ထို​သူ အ​ပြစ်​ဖြေ​ရန်​အ​တွက်​ထို​လ​ဆန်း​ခု​နစ် ရက်​နေ့​၌​ဤ​နည်း​အ​တိုင်း​ပင်​ပြု​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​သည်​ဗိ​မာန်​တော်​ကို​သန့် စင်​စွာ​ထား​ရှိ​ရ​မည်။
EZE 45:21 ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​လေး​ရက်​နေ့ ၌​ပ​သ​ခါ​ပွဲ​တော်​ကို​စ​တင်​ကျင်း​ပ​ရ​မည်။ လူ​တိုင်း​ပင်​တ​ဆေး​မဲ့​မုန့်​ကို​ခု​နစ်​ရက်​တိုင် တိုင်​စား​ရ​ကြ​မည်။-
EZE 45:22 ပွဲ​တော်​ပ​ထ​မ​နေ့​၌​နန်း​စံ​နေ​ဆဲ​မင်း​သား သည်​မိ​မိ​၏​အ​တွက်​နှင့်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
EZE 45:23 သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​နေ့​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​အ​နာ​ဆာ​ကင်း သည့်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ထီး​ခု​နစ် ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
EZE 45:24 ယဇ်​ပူ​ဇော်​သော​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​လျှင်​မုန့်​ညက်​တင်း​ဝက်၊ သံ​လွင်​ဆီ တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော်​ရ မည်။
EZE 45:25 ``သတ္တ​မ​လ၊ လ​ဆန်း​ဆယ့်​ငါး​ရက်​နေ့​၌​အ​စ ပြု​သော​သ​ကေ​နေ​ပွဲ​တော်​အ​တွက်​မင်း​သား သည်​ပွဲ​တော်​ရက်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ မုန့်​ညက်​နှင့် သံ​လွင်​ဆီ​ပူ​ဇော်​သကာ​တို့​ကို​ယ​ခင်​က​နည်း အ​တိုင်း​ပူ​ဇော်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 46:1 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``တံ​တိုင်း​အ​တွင်း ဝင်း​သို့​ဝင်​ရာ​အ​ရှေ့​မုခ်​ပေါက်​ကို​အ​လုပ် လုပ်​သော​ရက်​ခြောက်​ရက်​ပတ်​လုံး​ပိတ်​ထား ရ​မည်။ သို့​ရာ​တွင်​ထို​မုခ်​ပေါက်​ကို​ဥ​ပုသ် နေ့​နှင့်​လ​ဆန်း​နေ့​၌​ဖွင့်​ထား​ရ​မည်။-
EZE 46:2 နန်း​စံ​နေ​ဆဲ​မင်း​သား​သည်​ထို​တံ​ခါး​ဖြင့် တံ​တိုင်း​အ​ပြင်​ဝင်း​က​နေ​၍ မုခ်​ပေါက်​အ​တွင်း ၌​ရှိ​သော​အ​ခန်း​ထဲ​သို့​ဝင်​ရ​မည်။ သူ​သည် မိ​မိ​၏​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ ယဇ်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​ပူ​ဇော်​နေ ကြ​စဉ် မုခ်​ပေါက်​တိုင်​များ​အ​နီး​တွင်​ရပ်​၍ နေ​ရ​မည်။ သူ​သည်​တံ​ခါး​ဝ​တွင်​ရှိ​ခိုး​ဝတ် ပြု​ပြီး​နောက်​အ​ပြင်​သို့​ပြန်​၍​ထွက်​ရ​မည်။ တံ​ခါး​ကို​မူ​ည​နေ​အ​ထိ​မ​ပိတ်​ဘဲ​ထား ရ​မည်။-
EZE 46:3 ဥ​ပုသ်​နေ့​နှင့်​လ​ဆန်း​နေ့​ကျ​ရောက်​တိုင်း လူ​အ​ပေါင်း​တို့​သည်​တံ​ခါး​ရှေ့​မှ​နေ​၍ ထာ​ဝရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​ကြ မည်။-
EZE 46:4 ဥ​ပုသ်​နေ့​၌​မင်း​သား​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​သို့​မီး​ရှို့​ရန်​ယဇ်​များ​အ​ဖြစ် ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သိုး ငယ်​ခြောက်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-
EZE 46:5 သူ​သည်​သိုး​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မုန့်​ညက် တင်း​ဝက်၊ သိုး​ငယ်​တစ်​ကောင်​စီ​နှင့်​အ​တူ မိ​မိ​ပေး​လှူ​လို​သ​မျှ​ကို​ယူ​ဆောင်​ခဲ့​ရ မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ ငါး​ဆယ်​သား​ကျ​ယူ​ဆောင်​ခဲ့​ရ​မည်။-
EZE 46:6 လ​ဆန်း​နေ့​၌​သူ​သည်​အပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​သိုး​ပျို​တစ်​ကောင်၊ သိုး​ငယ် ခြောက်​ကောင်​နှင့်​အ​တူ သိုး​ထီး​တစ်​ကောင် ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​ဖြစ်​မုန့်​ညက်​တင်း​ဝက်​နှင့်​နွား​သိုး​ပျို တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တင်း ဝက်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ သိုး​ငယ်​များ​နှင့်​အ​တူ​မိ​မိ​ပေး​လှူ​လို သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး ဆယ်​သား​ကို​ပေး​လှူ​ရ​မည်။-
EZE 46:8 မင်း​သား​သည်​မိ​မိ​ဝင်​လမ်း​အ​တိုင်း​မုခ် ပေါက်​မှ​ထွက်​ရ​မည်။
EZE 46:9 ``မည်​သည့်​ပွဲ​နေ့​၌​မ​ဆို​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လူ​တို့​လာ​ရောက် ကြ​ရာ​တွင်​မြောက်​တံ​ခါး​မှ​ဝင်​သူ​တို့​သည် ကိုး​ကွယ်​ဝတ်​ပြု​ပြီး​လျှင်​တောင်​တံ​ခါး​မှ ထွက်​ရ​ကြ​မည်။ တောင်​တံ​ခါး​မှ​ဝင်​ကြ​လျှင် မြောက်​တံ​ခါး​မှ​ထွက်​ရ​ကြ​မည်။ အ​ဘယ် သူ​မျှ​မိ​မိ​လာ​လမ်း​အ​တိုင်း​မ​ပြန်​ရ​ကြ။ လူ​တိုင်း​ပင်​မိ​မိ​တို့​ဝင်​ရာ​တံ​ခါး​ဖြင့်​မ ပြန်​ဘဲ​တည့်​တည့်​သွား​၍​ထွက်​ရ​ကြ​မည်။-
EZE 46:10 မင်း​သား​သည်​လူ​များ​ဝင်​သည့်​အ​ခါ​ဝင် ၍​သူ​တို့​ထွက်​သည့်​အ​ခါ​ထွက်​ရ​မည်။-
EZE 46:11 ပွဲ​နေ့​များ​၌​ပြု​မြဲ​ပွဲ​တော်​များ​မှာ​ပူ​ဇော် သည့်​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် လျှင်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ် ဝက်၊ သိုး​ငယ်​တစ်​ကောင်​နှင့်​အ​တူ​ကိုး​ကွယ် ဝတ်​ပြု​သူ​ပေး​လှူ​လို​သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ်​ဝက် လျှင် သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို လည်း​ပူ​ဇော်​ရ​မည်။
EZE 46:12 ``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
EZE 46:13 ထာ​ဝ​ရ​ဘု​ရား​က``နံ​နက်​တိုင်း​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး ငယ်​တစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​ကို​နေ့​စဉ် နေ့​တိုင်း​ပြု​လုပ်​ရ​မည်။-
EZE 46:14 မုန့်​ညက်​ငါး​ပေါင်​ကို​လည်း​နံ​နက်​တိုင်း ပူ​ဇော်​ဆက်​သ​ရ​မည်။ ယင်း​နှင့်​ရော​စပ်​ရန် သံ​လွင်​ဆီ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော် ရ​မည်။ ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​သည့် ဤ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ များ​သည်​ထာ​ဝ​စဉ်​အာ​ဏာ​တည်​စေ​ရ မည်။-
EZE 46:15 နံ​နက်​၌​ထာ​ဝ​ရ​ဘု​ရား​အား​သိုး​ငယ်၊ မုန့်​ညက်​နှင့်​သံလွင်​ဆီ​တို့​ကို​အ​စဉ်​အ​မြဲ ဆက်​ကပ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။
EZE 46:16 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​နန်း စံ​နေ​ဆဲ​မင်း​သား​သည်​မိ​မိ​၏​သား​တစ် ယောက်​အား​မိ​မိ​ပိုင်​မြေ​ယာ​တစ်​ကွက်​ကို ပေး​အပ်​လျှင်​ထို​မြေ​ယာ​ကို​ထို​သား အ​မြဲ​ပိုင်​စေ၊-
EZE 46:17 သို့​သော်​မင်း​သား​သည်​မိ​မိ​၏​မြေ​ကွက် တစ်​ကွက်​ကို​ကျေး​ကျွန်​တစ်​ယောက်​ယောက် အား​ပေး​ပါ​မူ ထို​ကျေး​ကျွန်​လွတ်​လပ်​ခွင့် ရ​ချိန်​ရောက်​သော​အ​ခါ ယင်း​မြေ​ကွက် သည်​မင်း​သား​၏​လက်​သို့​ပြန်​လည်​ရောက် ရှိ​စေ။ ထို​မြေ​သည်​မင်း​သား​၏​မြေ​ဖြစ် သ​ဖြင့်​သူ​နှင့်​သူ​၏​သား​များ​က သာ​လျှင်​အ​စဉ်​အ​မြဲ​ပိုင်​နိုင်​၏။-
EZE 46:18 ငါ​၏​လူ​မျိုး​တော်​ဝင်​တို့​ပိုင်​မြေ​ယာ​များ ကို​သိမ်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​အား​မ နှင်​ထုတ်​နိုင်​စေ​ရန်​မင်း​သား​သည်​မိ​မိ​၏ သား​တို့​အား​မိ​မိ​ပိုင်​မြေ​ယာ​မှ​သာ​ပေး ရ​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​ပိုင် မြေ​မှ​မ​ခွဲ​ခွာ​စေ​ရ'' ဟု​မိန့်​တော်​မူ​၏။
EZE 46:19 ထို​နောက်​ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း ၏​တောင်​ဘက်​တံ​ခါး​အ​နီး​၌​ရှိ​သော​အ​ခန်း များ​၏​အ​ဝင်​ဝ​သို့​ငါ့​အား​ခေါ်​ဆောင်​သွား ၏။ ဤ​အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ခန်း​များ​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ် တို့​အ​ဖို့​သီး​သန့်​ထား​လေ​သည်။ ထို​သူ က​ငါ့​အား​အ​ခန်း​များ​၏​အ​နောက်​သို့ ညွှန်​ပြ​လျက်၊-
EZE 46:20 ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။
EZE 46:21 ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ခေါ်​ဆောင်​သွား​ရာ​ထောင့်​လေး​ထောင့်​တစ်​ခု စီ​တွင်​ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​ရှိ​သည်​ကို ငါ့​အား​ပြ​၏။ ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​သည် အ​လျား​ခြောက်​ဆယ့်​ရှစ်​ပေ၊ အ​နံ​ငါး ဆယ်​ပေ​ရှိ​၍၊-
EZE 46:23 ကျောက်​နံ​ရံ​ဖြင့်​ကာ​ထား​လေ​သည်။ ထို နံ​ရံ​ကို​မှီ​၍​မီး​ဖို​များ​ကို​ဆောက်​လုပ် ထား​၏။-
EZE 46:24 ထို​လူ​က``ဤ​မီး​ဖို​တို့​ကား လူ​တို့​ပူဇော်​သည့် ယဇ်​ကောင်​များ​ကို​ဗိ​မာန်​တော်​အ​စေ​ခံ​တို့ ပြုတ်​သည့်​မီး​ဖို​များ​ဖြစ်​၏'' ဟု​ငါ့​အား ပြော​ပြ​၏။
EZE 47:1 ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး ဝ​သို့​ခေါ်​ဆောင်​သွား​၏။ တံ​ခါး​ခုံ​အောက်​မှ ရေ​သည်​ယဇ်​ပလ္လင်​၏​တောင်​ဘက်​ကို​ဖြတ်​ကာ ဗိ​မာန်​တော်​မျက်​နှာ​မူ​ရာ​အ​ရှေ့​ဘက်​သို့ စီး​ဆင်း​လျက်​နေ​၏။-
EZE 47:2 ထို​လူ​သည်​ငါ့​အား​မြောက်​တံ​ခါး​ဖြင့် ဗိ​မာန်​တော်​နယ်​မြေ​မှ​ထုတ်​ဆောင်​ကာ​အ​ရှေ့ တံ​ခါး​သို့​ခေါ်​ယူ​သွား​၏။ ထို​တံ​ခါး​၏ တောင်​ဘက်​တွင်​ချောင်း​ငယ်​တစ်​ခု​စီး​ဆင်း လျက်​ရှိ​၏။-
EZE 47:3 ထို​သူ​သည်​ချောင်း​အောက်​ဘက်​မှ​အ​ရှေ့​ဘက် သို့​မိ​မိ​ကူ​တံ​ဖြင့်​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​ပြီး​နောက်​ငါ့​အား​ချောင်း​ကို​ဖြတ်​၍ လျှောက်​သွား​စေ​၏။ ရေ​ကား​ငါ​၏​ခြေ မျက်​စိ​အ​ထိ​သာ​ရောက်​လေ​သည်။-
EZE 47:4 ထို့​နောက်​သူ​သည်​နောက်​ထပ်​ကိုက်​ငါး​ရာ ခြောက်​ဆယ်​တိုင်း​ပြန်​၏။ ထို​နေ​ရာ​တွင်​ရေ သည်​ငါ​၏​ဒူး​ဆစ်​အ​ထိ​ရောက်​ရှိ​လာ​၏။ နောက်​ကိုက်​ငါး​ရာ​ခြောက်​ဆယ်​အ​ကွာ​တွင် ရေ​သည်​ငါ​၏​ခါး​အ​ထိ​ရောက်​ရှိ​၏။-
EZE 47:5 သူ​သည်​ထပ်​မံ​၍​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​လိုက်​သော​အ​ခါ ငါ​ဖြတ်​ကူး​၍​မ​ရ သော​မြစ်​တစ်​စင်း​သို့​ရောက်​လာ​၏။ ရေ​အ​လွန် နက်​သ​ဖြင့်​ငါ​သည်​ခြေ​ထောက်​၍​မ​မီ​ဘဲ လက်​ပစ်​ကူး​ရ​လေ​သည်။-
EZE 47:6 ထို​သူ​က``အ​ချင်း​လူ​သား၊ ဤ​အ​ချင်း အ​ရာ​အ​လုံး​စုံ​ကို​သေ​ချာ​စွာ​မှတ်​သား လော့'' ဟု​ငါ့​အား​ပြော​၏။ ထို​နောက်​သူ​သည်​ငါ့​အား​မြစ်​ကမ်း​ပါး​သို့ ပြန်​လည်​ခေါ်​ဆောင်​သွား​၏။-
EZE 47:7 မြစ်​ကမ်း​ပါး​သို့​ရောက်​သော​အ​ခါ​ငါ သည်​မြစ်​ကမ်း​နှစ်​ဖက်​တွင်​သစ်​ပင်​များ စွာ​ပေါက်​လျက်​နေ​သည်​ကို​မြင်​ရ​၏။-
EZE 47:8 ထို​လူ​က ``ဤ​ရေ​သည်​မြေ​ပြင်​ကို​ဖြတ်​၍ အ​ရှေ့​ဘက်​သို့​စီး​ဆင်း​ရာ​ယော်​ဒန်​ချိုင့်​ဝှမ်း နှင့်​ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သွား​ကာ ထို​ပင်​လယ်​ရေ​ငန်​ကို​ရေ​ချို​ဖြစ်​စေ​၏။-
EZE 47:9 ထို​ချောင်း​စီး​ဆင်း​ရာ​အ​ရပ်​တိုင်း​၌​တိ​ရစ္ဆာန် နှင့်​ငါး​အ​မျိုး​မျိုး​တို့​ကို​တွေ့​ရှိ​ရ​လိမ့်​မည်။ ယင်း​သည်​ပင်​လယ်​သေ​၏​ရေ​ကို​ရေ​ချို ဖြစ်​စေ​လိမ့်​မည်။ မိ​မိ​စီး​ဆင်း​ရာ​အ​ရပ် တိုင်း​၌​သက်​ရှိ​သတ္တဝါ​များ​အား​အ​သက် ရှင်​သန်​စေ​လိမ့်​မည်။-
EZE 47:10 အင်္ဂေ​ဒိ​စိမ့်​စမ်း​မှ​အ​စ​ပြု​၍​ဧ​နေ​ဂ​လိမ် စိမ့်​စမ်း​တိုင်​အောင်​ပင်​လယ်​နား​တစ်​လျှောက် လုံး​တွင်​ရေ​လုပ်​သား​တို့​နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ပိုက်​ကွန်​များ​ကို​လှန်း​ကြ​လိမ့်​မည်။ မြေ​ထဲ​ပင်​လယ်​တွင်​တွေ့​ရှိ​ရ​သည့်​ငါး အ​မျိုး​မျိုး​တို့​ကို​ဤ​အ​ရပ်​တွင်​လည်း တွေ့​ရှိ​ရ​လိမ့်​မည်။-
EZE 47:11 သို့​ရာ​တွင်​ပင်​လယ်​သေ​ကမ်း​ခြေ​ဒေ​သ​ရှိ ရွှံ့​ဗွက်​များ​နှင့်​ရေ​အိုင်​များ​၌​မူ​ကား​ရေ မ​ချို​ဘဲ​ဆား​ထွက်​လိမ့်​မည်။-
EZE 47:12 ထို​ချောင်း​ကမ်း​နှစ်​ဘက်​တို့​တွင်​စား​စ​ရာ အ​ပင်​အ​မျိုး​မျိုး​ပေါက်​လိမ့်​မည်။ ထို​သစ်​ပင် များ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရွက်​ညှိုး နွမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​သီး​လည်း အ​ဘယ်​အ​ခါ​မျှ​ပြတ်​လပ်​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ပင်​တို့​သည်​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​သည့်​ချောင်း​မှ​ရေ​ကို​ရ​ရှိ ကြ​သ​ဖြင့်​လ​စဉ်​လတိုင်း​အ​သီး​သစ် များ​ကို​သီး​ကြ​လိမ့်​မည်။ ထို​အ​ပင်​များ ၏​အ​သီး​သည်​စား​ဖွယ်​ဖြစ်​၍​ယင်း တို့​၏​အ​ရွက်​များ​ကို​လူ​တို့​၏​အ​နာ ပျောက်​ကင်း​စေ​ရန်​အ​သုံး​ပြု​လိမ့်​မည်'' ဟု​ငါ့​အား​ပြော​၏။
EZE 47:13 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ လူ​မျိုး​ဆယ့်​နှစ်​ပါး​အ​တွက်​မြေ​ယာ​နယ် နိ​မိတ်​သတ်​မှတ်​ပေး​ရ​မည်။ မြေ​ယာ​နယ် နိ​မိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​သပ်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား အ​နွယ်​အ​သီး​သီး​တို့​ထက်​နှစ်​ဆ​ပို​၍ ရ​ရှိ​စေ​ရ​မည်။-
EZE 47:14 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ဤ ပြည်​ကို​ပေး​အပ်​မည်​ဟု​ကျိန်​ဆို​က​တိ ထား​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင်​တို့​သည် ယင်း​ကို​ညီ​မျှ​စွာ​ခွဲ​ဝေ​ယူ​ကြ​လော့။
EZE 47:15 ``မြောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ် မှ​အ​စ​ပြု​၍​အ​ရှေ့​ဘက်​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း၊ ဇေ​ဒဒ်​မြို့။-
EZE 47:16 ဗေ​ရော​သာ​မြို့၊ သိ​ဗ​ရိမ်​မြို့​တို့​ကို​ဖြတ်​၍ တိ​ကုန်​မြို့​တွင်​ဆုံး​လေ​သည်။ (ဗေ​ရော​သာ နှင့်​သိ​ဗ​ရိမ်​မြို့​တို့​သည်​ဒ​မာ​သက်​ပြည် နှင့်​ဟာ​မတ်​ပြည်​စပ်​ကြား​တွင်​ရှိ​၍ ဟာ​လာ ဟတ္တိ​ကုန်​မြို့​မှာ​ဟော​ရန်​နယ်​စပ်​တွင်​ရှိ​၏။-)
EZE 47:17 သို့​ဖြစ်​၍​မြောက်​ဘက်​နယ်​နိ​မိတ်​သည်​မြေ ထဲ​ပင်​လယ်​မှ​အ​ရှေ့​ဘက် ဟာ​ဇ​ရေ​နုန်​မြို့ အ​ထိ​ရှိ​၍​ဒ​မာ​သက်​နှင့်​ဟာ​မတ်​ပြည် နယ်​ခြား​ဒေသ​များ​၏​တောင်​ဘက်​တွင်​တည် ရှိ​သ​တည်း။
EZE 47:18 ``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​ကား​ဒ​မာ​သက် ပြည်​နှင့်​ဟော​ရန်​ပြည်​စပ်​ကြား​မှ​ပင်​လယ် သေ​ကမ်း​ပေါ်​ရှိ​တာ​မာ​မြို့​အ​ထိ​ဖြစ်​၍ ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​ရှိ​သော ဣ​သ​ရေ​လ​ပြည်​နှင့်​အ​ရှေ့​ဘက်​တွင်​ရှိ သော​ဂိ​လဒ်​ပြည်​တို့​၏​နယ်​ခြား​အ​မှတ် အ​သား​ဖြစ်​၏။
EZE 47:19 ``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။
EZE 47:20 ``အ​နောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင် လယ်​ဖြစ်​၍ မြောက်​ဘက်​ရှိ​ဟာ​မတ်​တောင် ကြား​လမ်း​၏​အ​နောက်​ဘက်​သို့​တိုင်​အောင် ဖြစ်​၏။
EZE 47:21 ``ထို​နယ်​မြေ​ကို​သင်​တို့​အ​နွယ်​စု​များ ခွဲ ဝေ​ယူ​ကြ​လော့။-
EZE 47:22 ယင်း​သည်​သင်​တို့​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ကြ ရ​မည့်​မြေ​ယာ​ဖြစ်​၏။ ထို​အ​ရပ်​တွင်​သင်​တို့ နှင့်​အ​တူ​နေ​ထိုင်​လျက်​သား​သ​မီး​များ ရ​ရှိ​နေ​ကြ​သူ​လူ​မျိုး​ခြား​များ​သည်​လည်း သင်​တို့​မြေ​ယာ​ခွဲ​ဝေ​ရာ​တွင်​ဝေ​စု​ခံ​ယူ ရ​ကြ​မည်။ သူ​တို့​အား​တင်း​ပြည့်​ဣ​သ​ရေ​လ ပြည်​သား​များ​အ​ဖြစ်​ဖြင့်​မှတ်​ယူ​ကာ ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​မြေ​ယာ ဝေ​စု​များ​ကို​ခံ​ယူ​စေ​ရ​မည်။-
EZE 47:23 ယင်း​သို့​သော​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ထိုင်​ရာ​အ​ရပ်​အ​သီး​သီး​မှ အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​မြေ​ယာ​ဝေ​စု များ​ကို​ခံ​ယူ​ခွင့်​ရှိ​စေ​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော် မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
EZE 48:1 မြေ​ယာ​၏​မြောက်​ဘက်​ရှိ​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ်​မှ အ​ရှေ့​ဘက်​ရှိ​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း​နှင့်​ဟာ​ဇ​ရေ​နန်​မြို့၊ ထို​မှ​တစ်​ဆင့်​ဒ​မာ​သက်​ပြည်​နှင့်​ဟာ​မတ်​ပြည်​နယ်​ခြား​အ​ထိ​ဖြစ်​၏။ လူ​မျိုး​အ​နွယ်​တစ်​နွယ်​လျှင်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ​နယ်​မြေ​တစ်​ခု​ကျ​စီ၊ မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​စေ​ရ​မည်။ ဒန် အာ​ရှာ န​ဿ​လိ မ​နာ​ရှေ ဧ​ဖ​ရိမ် ရု​ဗင် ယု​ဒ
EZE 48:8 ယု​ဒ​ပြည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​နယ်​စပ်​အ​တွင်း အ​ထူး​နယ်​မြေ​တစ်​ခု​ရှိ​ရ​မည်။ ထို​နယ်​မြေ​သည်​အ​နံ​ရှစ်​မိုင်​ရှိ​၍​အ​လျား​မှာ​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး​သည့်​နယ်​မြေ​တို့​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။ ဗိ​မာန်​တော်​သည်​ထို​နယ်​မြေ​တွင်​ရှိ​ရ​မည်။
EZE 48:9 ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။-
EZE 48:10 ထို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဝေ​စု​ရှိ​စေ​ရ​မည်။ ထို​ဝေ​စု​မြေ​သည်​မြောက်​ဘက်​မှ​တောင်​ဘက်​သို့​သုံး​မိုင်​ကျယ်​၍ အ​ရှေ့​ဘက်​မှ​အ​နောက်​ဘက်​သို့​ရှစ်​မိုင်​ရှိ​ရ​မည်။ ဤ​နယ်​မြေ​၏​အ​လယ်​၌​ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​တည်​ရှိ​ရ​မည်။-
EZE 48:11 ဤ​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​သည်​ဇာ​ဒုတ်​၏​သား​မြေး​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဖြစ်​ရ​မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ​ထမ်း​ဆောင်​ခဲ့​ကြ​၏။ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှောက်​မှား​လမ်း​လွဲ​ကြ​သော​အ​ခါ သူ​တို့​သည်​လေ​ဝိ​အနွယ်​ဝင်​တို့​ကဲ့​သို့​လမ်း​မ​လွဲ​ကြ။-
EZE 48:12 သို့​ဖြစ်​၍​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​ကပ်​လျက်​ရှိ​သော​သီး​သန့်​နယ်​မြေ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ​သည်​အ​သန့်​ရှင်း​အ​မြင့်​မြတ်​ဆုံး​ဖြစ်​လိမ့်​မည်။-
EZE 48:13 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​တို့​၏​မြေ​တောင်​ဘက်​တွင်​အ​ထူး​မြေ​ယာ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​မြေ​သည်​လည်း​အ​လျား​ရှစ်​မိုင်၊ အ​နံ​သုံး​မိုင်​ရှိ​ရ​မည်။-
EZE 48:14 ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​ကောင်း​ဆုံး​ဖြစ်​၍​ထို​မြေ​၏​တစ်​စိတ်​တစ်​ဒေ​သ​ကို​မျှ​ရောင်း​ချ​ခြင်း၊ သို့​မ​ဟုတ်​လဲ​လှယ်​ခြင်း၊ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​၏​နာ​မည်​သို့​ပြောင်း​ပေး​ခြင်း​တို့​ကို​မ​ပြု​ရ။ ထို​မြေ​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​သော​မြေ​ဖြစ်​သ​တည်း။
EZE 48:15 အ​လျား​ရှစ်​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​ကျန်​မြေ​ကွက်​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြေ​မ​ဟုတ်။ လူ​တို့​အ​ထွေ​ထွေ​အ​သုံး​ပြု​ရန်​အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​ကာ​ထို​မြေ​ကို​အ​သုံး​ချ​နိုင်​ကြ​၏။ ဤ​မြေ​၏​အ​လယ်​တွင်​မြို့​ကို​တည်​ဆောက်​ရ​မည်။-
EZE 48:16 ထို​မြို့​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍​တစ်​ဘက်​စီ​နှစ်​ထောင့်​ငါး​ရာ​နှစ်​ဆယ်​ကိုက်​ရှိ​ရ​မည်။-
EZE 48:17 မြို့​၏​အ​ရှေ့​အ​နောက်၊ တောင်​မြောက်​အ​ရပ်​လေး​မျက်​နှာ​တို့​တွင်​အ​နံ​ကိုက်​တစ်​ရာ့​လေး​ဆယ်​ရှိ​သော​မြေ​ကွက်​လပ်​တစ်​ခု​စီ​ရှိ​ရ​မည်။-
EZE 48:18 မြို့​ကို​တည်​ပြီး​နောက်​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​တောင်​ဘက်​တွင်​ကပ်​လျက်​နေ​သော​မြေ​ယာ​မှာ​အ​ရှေ့​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​နှင့်​အ​နောက်​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​တို့​သည်​မြို့​သူ​မြို့​သား​တို့​ထွန်​ယက်​စိုက်​ပျိုး​ရန်​အ​တွက်​ဖြစ်​ရ​မည်။-
EZE 48:19 ထို​မြို့​တွင်​နေ​ထိုင်​သော​အ​ဘယ်​အ​နွယ်​ဝင်​များ​ပင်​ဖြစ်​စေ​ကာ​မူ​ထို​မြေ​ယာ​တွင်​ထွန်​ယက်​စိုက်​ပျိုး​နိုင်​ကြ​၏။-
EZE 48:20 သို့​ဖြစ်​၍​သီး​သန့်​ထား​ရ​မည့်​အ​လယ်​နယ်​မြေ​တစ်​ခု​လုံး​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍ တစ်​ဘက်​စီ​တွင်​ရှစ်​မိုင်​ရှိ​လိမ့်​မည်။ ထို​နယ်​မြေ​အ​တွင်း​၌​မြို့​တည်​ရှိ​မည်။
EZE 48:21 ဗိ​မာန်​တော်၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​မြို့​အ​တွက်​သတ်​မှတ်​ထား​သော​မြေ​ယာ​၏​အ​ရှေ့​ဘက်​နှင့်​အ​နောက်​ဘက်​တို့​တွင် ကျန်​ရှိ​နေ​သော​မြေ​ယာ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​က​ပိုင်​ဆိုင်​သည်။ ထို​မြေ​ယာ​သည်​အ​ရှေ့​ဘက်​တွင်​အ​ရှေ့​နယ်​နိ​မိတ်​သို့​လည်း​ကောင်း၊ အ​နောက်​ဘက်​တွင်​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက်​၍၊ ဤ​မြေ​ယာ​မြောက်​ဘက်​၌​ရှိ​သော​ယု​ဒ​၏​နယ်​မြေ​နှင့်​တောင်​ဘက်​၌​ရှိ​သော​ဗင်္ယာ​မိန်​၏​နယ်​မြေ​စပ်​ကြား​တွင်​ရှိ​သ​တည်း။
EZE 48:23 ဤ​အ​ထူး​နယ်​မြေ​၏​တောင်​ဘက်​၌​အ​ခြား​အ​နွယ်​တို့​သည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ မြေ​ယာ​တစ်​ခု​စီ​ကို​မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​ရ​ကြ​မည်။ ဗင်္ယာ​မိန် ရှိ​မောင် ဣသ​ခါ ဇာ​ဗု​လုန် ဂဒ်
EZE 48:28 ဂဒ်​အ​နွယ်​အား​ပေး​စေ​သည့်​မြေ​ယာ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ​ကာ​ဒေ​ရှ​စိမ့်​စမ်း​အ​ထိ​ဖြစ်​၍ ထို​မှ​အ​နောက်​မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​အ​တိုင်း​လိုက်​၍​မြေ​ထဲ​ပင်​လယ်​အထိ​ဖြစ်​၏။
EZE 48:29 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဖော်​ပြ​သော​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​အ​နွယ်​တို့​ပိုင်​ဆိုင်​ခွင့်​ရ​စေ​ရန်​မြေ​ယာ​ဝေ​စု​များ​ကို​ခွဲ​ဝေ​သော​နည်း​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
EZE 48:30 ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရန်​တံ​ခါး​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏ ။ မြို့​ရိုး​တစ်​ခု​လျှင်​ကိုက်​ပေါင်း​နှစ်​ထောင့်​ငါး​ရာ့​နှစ်​ဆယ်​ရှည်​၍​တံ​ခါး​သုံး​ခု​စီ​ရှိ​၏။ ထို​တံ​ခါး​တို့​ကို​ဣ​သ​ရေ​လ​အ​နွယ်​စု​တို့​၏​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​၍​ထား​လေ​သည်။ မြောက်​မြို့​ရိုး​တွင်​ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​ရှေ့​မြို့​ရိုး​တွင် ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ တောင်​မြို့​ရိုး​တွင်​ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​နောက်​မြို့​ရိုး​တွင်​ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ န​ဿ​လိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း​နာ​မည်​ပေး​ထား​သ​တည်း။
EZE 48:35 မြို့​ကို​ကာ​ရံ​ထား​သည့်​မြို့​ရိုး​အ​လျား​စု​စု​ပေါင်း​မှာ​ကိုက်​တစ်​သောင်း​ရှစ်​ဆယ်​ဖြစ်​၏။ ထို​မြို့​ကို​ယ​ခု​မှ​အ​စ​ပြု​၍``ထာ​ဝ​ရ​ဘု​ရား​ဤ​တွင်​စံ​တော်​မူ​သည်'' ဟု​သ​မုတ်​လိမ့်​မည်။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
DAN 1:1 ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​သုံး​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​ဝိုင်း​ရံ​ထား​၏။-
DAN 1:2 ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။
DAN 1:3 မင်း​ကြီး​သည်​ဣ​သ​ရေ​လ​သုံ့​ပန်း​များ​တွင် မင်း​မျိုး​မင်း​နွယ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ​အိမ်​ထောင်​စု​များ​မှ၊ ရုပ်​ရည်​သန့်​ပြန့်​သူ၊ အ​သိ​ပ​ညာ​အ​တတ်​ပ​ညာ​ရှိ​မှု၊ ပ​ညာ​ဉာဏ်​ထက်​မျက်​မှု၊ ကိုယ်​အင်္ဂါ​ချို့​ယွင်း​ခြင်း​နှင့်​ကင်း​မှု အ​စ​ရှိ​သည့်​အ​ရည်​အ​ချင်း​များ​နှင့်​ပြည့်​စုံ​၍ နန်း​တွင်း​အ​မှု​ထမ်း​နိုင်​မည့်​လူ​ငယ်​လူ​ရွယ်​အ​ချို့​တို့​ကို​ရွေး​ချယ်​ရန် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ သူ​တို့​အား​ဗာ​ဗု​လုန်​ဘာ​သာ​ကို​ဖတ်​တတ်​ရေး​တတ်​အောင်​သင်​ကြား​ပေး​ရန်​နှင့်၊-
DAN 1:5 ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​ကို​နေ့​စဉ်​နေ့​တိုင်း​စား​သောက်​စေ​ရန်​လည်း မိန်း​မ​စိုး​အုပ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​သုံး​နှစ်​တိုင်​တိုင်​လေ့​ကျင့်​ပေး​ပြီး​မှ​သူ​တို့​အား​ဘု​ရင်​၏​ရှေ့​တော်​သို့​သွင်း​ရ​ကြ​မည်။-
DAN 1:6 ယင်း​သို့​ရွေး​ချယ်​ခြင်း​ခံ​ကြ​ရ​သူ​တို့​ထဲ​တွင်​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​ပါ​ဝင်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ယု​ဒ​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သည်။-
DAN 1:7 မိန်း​မ​စိုး​အုပ်​သည်​ဒံ​ယေ​လ​ကို​ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို​ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို​မေ​ရှက်၊ အာ​ဇ​ရိ​ကို​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​၍​နာ​မည်​သစ်​ကို​ပေး​၏။
DAN 1:8 ဒံ​ယေ​လ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သောက်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ​မ​ညစ်​ညမ်း​စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ပြီး​လျှင် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​၏​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​လေ​၏။-
DAN 1:9 ဘု​ရား​သ​ခင်​သည်​လည်း​ဒံ​ယေ​လ​အ​ပေါ်​တွင် ကိုယ်​ချင်း​စာ​၍​သ​နား​လာ​စေ​ရန်​အာ​ရှ​ပေ​နတ်​၏​စိတ်​ကို​ပြု​ပြင်​တော်​မူ​၏။-
DAN 1:10 သို့​ရာ​တွင်​အာရှ​ပေ​နတ်​သည်​မင်း​ကြီး​ကို​ကြောက်​သ​ဖြင့်​ဒံ​ယေ​လ​အား``မင်း​ကြီး​သည်​သင်​တို့​စား​သောက်​ကြ​ရ​မည့်​အ​စား​အ​စာ​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​ခဲ့​ပါ​သည်။ ထို​ကြောင့်​အ​ကယ်​၍​သင်​တို့​သည်​အ​ခြား​လူ​ငယ်​လူ​ရွယ်​များ​နည်း​တူ ကျန်း​မာ​သန်​စွမ်း​မှု​မ​ရှိ​ပါ​က​ငါ​အ​သတ်​ခံ​ရ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
DAN 1:11 သို့​ဖြစ်​၍​ဒံ​ယေ​လ​သည်​မိ​မိ​နှင့်​အ​ဖော်​သုံး​ဦး​တို့​အား​စောင့်​ကြပ်​ရန် အာ​ရှ​ပေ​နတ်​တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သူ​ထံ​သို့​သွား​၍၊-
DAN 1:12 ``ငါ​တို့​စား​သောက်​ရန်​အ​တွက်​အ​သီး​အ​နှံ​နှင့် ရေ​ကို​သာ​ကျွေး​၍​ဆယ်​ရက်​မျှ​စမ်း​ကြည့်​ပါ။-
DAN 1:13 ထို​နောက်​ပွဲ​တော်​စာ​များ​စား​သောက်​ရ​သူ​လူ​ငယ်​လူ​ရွယ်​များ​နှင့်​ငါ​တို့​အား​နှိုင်း​ယှဉ်​ကြည့်​ပြီး​လျှင် သင်​တို့​တွေ့​မြင်​ရ​သည့်​ငါ​တို့​ရုပ်​ဆင်း​သဏ္ဌာန်​အ​ပေါ်​တွင်​မူ​တည်​၍ ငါ​တို့​အား​အ​ဘယ်​သို့​ကျွေး​မွေး​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့'' ဟု​ဆို​၏။
DAN 1:14 စောင့်​ကြပ်​သူ​သည်​ဤ​သို့​ဆယ်​ရက်​မျှ​သူ​တို့​အား​စမ်း​ကြည့်​ရန်​သ​ဘော​တူ​လိုက်​၏။-
DAN 1:15 အ​ချိန်​စေ့​သော​အ​ခါ​သူ​တို့​သည်​ပွဲ​တော်​စာ​စား​သောက်​ကြ​သူ​များ​ထက် ပို​၍​ကျန်း​မာ​သန်​စွမ်း​လျက်​ရှိ​ကြောင်း​တွေ့​မြင်​ရ​လေ​သည်။-
DAN 1:16 ထို့​ကြောင့်​စောင့်​ကြပ်​သူ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​အ​စား သူ​တို့​အား​အ​သီး​အ​နှံ​ကို​သာ​ကျွေး​လေ​သည်။
DAN 1:17 ဘု​ရား​သ​ခင်​သည်​ထို​လူ​ငယ်​လူ​ရွယ်​လေး​ယောက်​တို့​အား စာ​ပေ​နှင့်​အ​ထူး​ထူး​အ​ပြား​ပြား​သော​ပ​ညာ​ရပ်​တို့​တွင်​တတ်​သိ​ကျွမ်း​ကျင်​မှု​ကို​ပေး​တော်​မူ​၏။ ထို့​အ​ပြင်​လည်း​ဒံ​ယေ​လ​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​အိပ်​မက်​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ပြ​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ပေး​တော်​မူ​၏။
DAN 1:18 မင်း​ကြီး​သတ်​မှတ်​ပေး​သည့်​သုံး​နှစ်​တာ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ​အာ​ရှ​ပေ​နတ်​သည် လူ​ငယ်​လူ​ရွယ်​အား​လုံး​တို့​အား​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​ထံ​တော်​သို့​သွင်း​လေ​၏။-
DAN 1:19 မင်း​ကြီး​သည်​ထို​သူ​ရှိ​သ​မျှ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​တော်​မူ​ရာ​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​သည်​အ​ခြား​သူ​တို့​ထက်​ပို​၍​ဉာဏ်​ပ​ညာ​ကောင်း​ကြောင်း​တွေ့​ရှိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​ပါး​တော်​တွင်​ခ​စား​ခွင့်​ရ​ကြ​၏။-
DAN 1:20 မင်း​ကြီး​သည်​အ​ဘယ်​မေး​ခွန်း​ကို​ပင်​မေး​သည်​မ​ဆို၊ အ​ဘယ်​ပြ​ဿ​နာ​ကို​ပင်​တင်​ပြ​သည်​မ​ဆို​ထို​သူ​လေး​ဦး​တို့​သည်​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​ဗေ​ဒင်​ဆ​ရာ၊ မှော်​ဆ​ရာ​များ​ထက်​ဆယ်​ဆ​မျှ​ပို​၍​တတ်​သိ​နား​လည်​ကြ​သည်​ကို​တွေ့​ရှိ​တော်​မူ​၏။-
DAN 1:21 ဒံ​ယေ​လ​သည်​ဗာ​ဗု​လုန်​ပြည်​ကို​ပါ​ရှ​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​ဖြစ်​သူ ကု​ရု​မင်း​တိုက်​ခိုက်​အောင်​မြင်​၍​နန်း​တက်​လာ​ချိန်​တိုင်​အောင်​နန်း​တော်​တွင်​ရှိ​နေ​သ​တည်း။
DAN 2:1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​နန်း​စံ​ဒု​တိ​ယ နှစ်​တွင် အိပ်​မက်​ကို​မြင်​မက်​၍​လွန်​စွာ​စိတ် ပူ​ပန်​သ​ဖြင့်​စက်​တော်​ခေါ်​၍​မ​ရ။-
DAN 2:2 သို့​ဖြစ်​၍​မိ​မိ​မည်​သည့်​အိပ်​မက် မက်​သည်​ကို ဖော်​ပြ​ရန်​နက္ခ​ဟော​ဆ​ရာ​များ၊ ပ​ယော​ဂ ဆ​ရာ​များ၊ စုံး​အ​တတ်​ကို​တတ်​သူ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​တော်​မူ​စေ​၏။ သူ တို့​သည်​ရှေ့​တော်​သို့​ရောက်​ကြ​သော​အ​ခါ၊-
DAN 2:3 မင်း​ကြီး​က``ငါ့​အား​စိတ်​ပူ​ပန်​စေ​သည့်​အိပ် မက်​ကို​ငါ​မြင်​မက်​တော်​မူ​သည်။ ထို​အိပ်​မက် ၏​အ​နက်​ကို​ငါ​သိ​လို​သည်'' ဟု​ဆို​၏။
DAN 2:4 ထို​သူ​တို့​က​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့် ``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ​ကျော်​ရှည် ပါ​စေ။ အ​ရှင်​၏​အိပ်​မက်​ကို​မိန့်​ကြား​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​အ​နက်​ဖွင့်​ပြ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။
DAN 2:5 မင်း​ကြီး​က``ငါ​သည်​ငါ​မြင်​မက်​သည့်​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​အ​နက်​ကို လည်း​ကောင်း​သင်​တို့​ဖော်​ပြ​ကြ​စေ​ရန်​သန္နိ ဋ္ဌာန်​ချ​မှတ်​ထား​ပြီ။ အ​ကယ်​၍​သင်​တို့​မ ဖော်​ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း ဖြတ်​ကာ​သင်​တို့​၏​အိမ်​များ​ကို​ပြာ​ပုံ ဖြစ်​စေ​မည်။-
DAN 2:6 သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ အိပ်​မက်​ကို​လည်း​ကောင်း၊ အ​နက်​ကို​လည်း ကောင်း​ဖော်​ပြ​နိုင်​ပါ​က ငါ​သည်​သင်​တို့ အား​ဆု​လာဘ်​များ​ပေး​၍​ဂုဏ်​ပြု​ချီး​မြှင့် မည်။ သို့​ဖြစ်​၍​အိပ်​မက်​ကို​လည်း​ကောင်း၊ အိပ်​မက်​၏​အ​နက်​ကို​လည်း​ကောင်း​ဖော် ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
DAN 2:7 ထို​သူ​တို့​က``အ​ရှင်​မင်း​ကြီး​၏​အိပ်​မက်​ကို အ​ကျွန်ုပ်​တို့​အား​ဖော်​ပြ​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ်​တို့​အ​နက်​ဖွင့်​ပြ​ပါ​မည်'' ဟု တစ်​ဖန်​ပြန်​လည်​လျှောက်​ထား​ကြ​၏။
DAN 2:8 ထို​အ​ခါ​မင်း​ကြီး​က``သင်​တို့​သည်​ငါ​ထင် သည်​အ​တိုင်း​အ​ချိန်​ဆွဲ​၍​နေ​ကြ​ပါ​သည် တ​ကား။-
DAN 2:9 အ​ကယ်​၍​ငါ​၏​အိပ်​မက်​ကို​သင်​တို့​မ​ဖော် ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ သင်​တို့​အိမ်​များ​ကို​ပြာ​ပုံ​ဖြစ်​စေ​ရန်​ငါ စိတ်​ပိုင်း​ဖြတ်​ထား​ပြီ။ သင်​တို့​သည်​နောင်​အ​ခါ ၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​လာ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ ငါ့​အား​လိမ်​လည်​ပြော​ဆို​ရန် အ​ချင်း​ချင်း​တိုင်​ပင်​ထား​ကြ​ပြီ။ ငါ​၏ အိပ်​မက်​ကို​ငါ့​အား​ဖော်​ပြ​ကြ​လော့။ ထို သို့​ဖော်​ပြ​နိုင်​လျှင်​အိပ်​မက်​၏​အ​နက်​ကို လည်း​သင်​တို့​ဖွင့်​နိုင်​ကြောင်း​ငါ​သိ​ရှိ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
DAN 2:10 ဘု​ရင့်​အ​တိုင်​ပင်​ခံ​တို့​က``အ​ရှင်​မင်း​ကြီး သိ​လို​သော​အ​ရာ​ကို ပြော​ပြ​နိုင်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ကမ္ဘာ​ပေါ်​တွင်​မ​ရှိ​ပါ။ အ​ဘယ် တန်​ခိုး​ကြီး​သည့်​ဘု​ရင်​မျှ မိ​မိ​၏​နက္ခ​ဟော ဆ​ရာ​များ၊ ပ​ယော​ဂ​ဆ​ရာ​များ​နှင့်​မှော် ဆ​ရာ​များ​အား​ဤ​သို့​ဆင့်​ဆို​စေ​ခိုင်း​ဖူး သည်​မ​ရှိ​ပါ။-
DAN 2:11 အ​ရှင်​မင်း​ကြီး​မေး​တော်​မူ​သော​အ​ရာ​သည် လွန်​စွာ​ခက်​ခဲ​သ​ဖြင့် ဘု​ရား​များ​မှ​လွဲ​၍ အ​ဘယ်​သူ​မျှ​ဖော်​ပြ​နိုင်​မည်​မ​ဟုတ်​ပါ။ ဘု​ရား​တို့​သည်​လည်း​လူ​သား​များ​နှင့် အ​တူ​နေ​ထိုင်​ကြ​သည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ထား​ကြ​၏။
DAN 2:12 ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​လျက် ဗာ​ဗု​လုန်​မြို့​၌​ရှိ​သ​မျှ သော​ပ​ညာ​ရှိ​တို့​ကို​ကွပ်​မျက်​ရန်​အ​မိန့် ပေး​တော်​မူ​၏။-
DAN 2:13 သို့​ဖြစ်​၍​ဒံ​ယေ​လ​နှင့်​အ​ဖော်​များ​အ​ပါ အ​ဝင်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​အား ကွပ်​မျက် ရန်​အ​မိန့်​ကို​ထုတ်​ပြန်​လေ​သည်။
DAN 2:14 ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကွပ်​မျက်​မှု​ကို တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​မည့်​သူ ဘု​ရင့်​ကိုယ်​ရံ တော်​တပ်​မှူး​အာ​ရုတ်​ထံ​သို့​သွား​ရောက်​၍၊ အာ​ရုတ်​အား``မင်း​ကြီး​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ပြင်း​ထန်​သည့်​အ​မိန့်​ကို​ထုတ်​ဆင့် တော်​မူ​ပါ​သ​နည်း'' ဟု​ပါး​နပ်​လိမ္မာ​စွာ မေး​၏။ အာ​ရုတ်​သည်​လည်း ဖြစ်​ပျက်​သည့် အ​ကြောင်း​အ​ရာ​ကို​ဒံ​ယေ​လ​အား​ပြော ပြ​၏။
DAN 2:16 ချက်​ချင်း​ပင်​ဒံ​ယေ​လ​သည် မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​၍``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​ရန် အ​ချိန်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား လေ​၏။-
DAN 2:17 ထို​နောက်​ဒံ​ယေ​လ​သည်​အိမ်​သို့​ပြန်​၍​မိ​မိ ၏​အ​ဖော်​များ​ဖြစ်​သော​ဟာ​န​နိ၊ မိ​ရှေ​လ​နှင့် အာ​ဇ​ရိ​တို့​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ပြ​ပြီး​နောက်၊-
DAN 2:18 ``ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​၌​ရှိ​သော​အ​ခြား အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​နှင့်​အ​တူ​ကွပ်​မျက် ခြင်း​မ​ခံ​ကြ​ရ​လေ​အောင် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​သည်​က​ရု​ဏာ​ထား​တော်​မူ​၍ ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို​ငါ​တို့​အား ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ရန်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
DAN 2:19 ဘု​ရား​သ​ခင်​သည်​ထို​ညဥ့်​၌​ပင်​လျှင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင် ခက်​ခဲ​နက်​နဲ​သော​အိပ်​မက်​ကို ဒံ​ယေ​လ​အား​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။ ထို​အ​ခါ​ဒံ​ယေ​လ​သည်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ဤ​သို့ ချီး​မွမ်း​လေ​၏။
DAN 2:20 ``ဘု​ရား​သ​ခင်​သည်​ဉာဏ်​ပ​ညာ​တော် တန်​ခိုး​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။
DAN 2:21 ကိုယ်​တော်​သည်​အ​ချိန်​ကာ​လ​နှင့်​ရာ​သီ​ဥ​တု တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ဘု​ရင်​တို့​အား​နန်း​တင်​နန်း​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​တို့​အား​ဉာဏ်​ပ​ညာ​နှင့် အ​သိ​တ​ရား​ကို​ပေး​တော်​မူ​၏။
DAN 2:22 ကိုယ်​တော်​သည်​လျှို့​ဝှက်​နက်​နဲ​သည့် အ​ရာ​များ​ကို​ထုတ်​ဖော်​တော်​မူ​၏။ မှောင်​မိုက်​တွင်​ဖုံး​ကွယ်​နေ​သည့် အ​ရာ​များ​ကို​သိ​တော်​မူ​၏။ ကိုယ်​တော်​အား​အ​လင်း​ဝိုင်း​ရံ​လျက်​ရှိ​၏။
DAN 2:23 အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ဉာဏ်​ပ​ညာ နှင့် အ​စွမ်း​သတ္တိ​ကို​ပေး​သ​နား​၍ အ​ကျွန်ုပ်​တောင်း​လျှောက်​သည့်​အ​တိုင်း မင်း​ကြီး ၏​အိပ်​မက်​ကို ဖွင့်​ပြ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို ချီး​မွမ်း ထော​မ​နာ​ပြု​ပါ​၏။''
DAN 2:24 သို့​ဖြစ်​၍​ဒံ​ယေ​လ​သည် ဗာ​ဗု​လုန်​မြို့​က ပ​ညာ​ရှိ​တို့​အား ကွပ်​မျက်​ရန်​မင်း​ကြီး​တာ​ဝန် ပေး​အပ်​ထား​သူ​အာ​ရုတ်​၏​ထံ​သို့​သွား​၍``ထို သူ​တို့​အား​မ​ကွပ်​မျက်​ပါ​နှင့်။ အ​ကျွန်ုပ်​အား ဘု​ရင်​၏​ထံ​တော်​သို့​ခေါ်​ဆောင်​သွား​ပါ။ အ ကျွန်ုပ်​သည်​မင်း​ကြီး​၏​အိပ်​မက်​ကို​အ​နက် ဖွင့်​ပြ​ပါ​မည်'' ဟု​ဆို​၏။
DAN 2:25 ထို​အ​ခါ​အာ​ရုတ်​သည်​ချက်​ချင်း​ပင်​ဒံ​ယေ​လ ကို မင်း​ကြီး​၏​ရှေ့​တော်​သို့​သွင်း​ပြီး​လျှင်​မင်း ကြီး​အား``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား သုံ့​ပန်း​များ​ထဲ​မှ မင်း​ကြီး​၏​အိပ်​မက်​အ​နက် ကို​ဖော်​ပြ​နိုင်​သူ​ကို​တွေ့​ရှိ​ပါ​ပြီ'' ဟု​လျှောက် လေ​၏။
DAN 2:26 မင်း​ကြီး​က(ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​အား``သင်​သည်​ငါ​၏​အိပ် မက်​ကို​လည်း​ကောင်း၊ ထို​အိပ်​မက်​၏​အ​နက် ကို​လည်း​ကောင်း​ဖော်​ပြ​နိုင်​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။
DAN 2:27 ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏ မေး​ခွန်း​ကို​ဖြေ​ကြား​နိုင်​သော​မှော်​ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ၊ ဗေ​ဒင်​ဆ​ရာ၊ နက္ခတ် ဆ​ရာ​မ​ရှိ​ပါ။-
DAN 2:28 သို့​ရာ​တွင်​လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​များ ကို ဖွင့်​ပြ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​ပါ​၏။ ထို​ဘု​ရား သည်​အ​နာ​ဂတ်​ကာ​လ​၌​အ​ဘယ်​သို့​ဖြစ် ပျက်​မည်​ကို အ​ရှင်​မင်း​ကြီး​အား​ဖွင့်​ပြ တော်​မူ​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး​စက်​တော် ခေါ်​လျက်​နေ​စဉ် မြင်​မက်​သည့်​အိပ်​မက်​ကို ယ​ခု​အ​ကျွန်ုပ်​ဖော်​ပြ​ပါ​မည်။
DAN 2:29 ``အ​ရှင်​မင်း​ကြီး​သည်​စက်​တော်​ခေါ်​လျက် နေ​စဉ် အ​နာ​ဂတ်​၌​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ အ​ကြောင်း​ကို​အိပ်​မက်​မြင်​မက်​တော်​မူ​ပါ​၏။ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော ဘု​ရား​သ​ခင်​သည်​နောင်​ဖြစ်​လတ္တံ့ သော​အ​မှု​အ​ရာ​တို့​ကို​အ​ရှင့်​အား​ဖွင့်​ပြ တော်​မူ​ပါ​၏။-
DAN 2:30 ဘု​ရား​သ​ခင်​သည်​ယင်း​သို့​လျှို့​ဝှက်​ခက်​ခဲ သည့်​အ​ရာ​ကို အ​ကျွန်ုပ်​အား​သိ​စေ​တော် မူ​သည်​မှာ​အ​ကျွန်ုပ်​သည် အ​ခြား​သူ​အ​ပေါင်း တို့​ထက်​ပို​၍​အ​သိ​ပ​ညာ​ရှိ​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အား​အိပ်​မက်​၏ အ​နက်​ကို​သိ​ရှိ​စေ​ရန်​နှင့် နှ​လုံး​တော်​ဆင် ခြင်​ချက်​များ​ကို​နား​လည်​လာ​စေ​ရန်​ပင် ဖြစ်​ပါ​၏။
DAN 2:31 ``အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အိပ်​မက် တွင်​အ​လွန်​ကြီး​မား​တောက်​ပ​ပြောင်​လက် ၍​ကြောက်​မက်​ဖွယ်​ကောင်း​သော​လူ​ရုပ်​တု ကြီး​ကို​မြင်​တော်​မူ​ပါ​၏။-
DAN 2:32 ထို​ရုပ်​တု​ကြီး​၏​ဦး​ခေါင်း​သည်​ရွှေ​စင်​ဖြင့် ပြီး​ပါ​၏။ ရင်​ဘတ်​နှင့်​လက်​နှစ်​ဖက်​ကို​ငွေ ဖြင့်​လုပ်​ထား​ပြီး​လျှင် ဝမ်း​နှင့်​ပေါင်​တို့​ကို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ထား​လေ​သည်။-
DAN 2:33 ခြေ​သ​လုံး​ကို​သံ​ဖြင့်​ပြု​လုပ်​၍​ခြေ​ဖ​မိုး နှင့် ခြေ​ဖ​ဝါး​တို့​မှာ​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​ပါ​၏။-
DAN 2:34 ထို​ရုပ်​တု​ကြီး​ကို​အ​ရှင်​မင်း​ကြီး​ကြည့် လျက်​နေ​စဉ် ကျောက်​ခဲ​ကြီး​တစ်​လုံး​သည် တောင်​ပေါ်​မှ​အ​လို​အ​လျောက်​ပြုတ်​ထွက် လာ​ပြီး​လျှင် သံ​နှင့်​ရွှံ့​စေး​သ​ရွတ်​ဖြင့်​ပြီး သည့်​ရုပ်​တု​ကြီး​ခြေ​များ​ကို​ထိ​မှန်​ကျိုး ပဲ့​သွား​စေ​ပါ​၏။-
DAN 2:35 ချက်​ချင်း​ပင်​သံ၊ ရွှံ့​စေး​သ​ရွတ်၊ ကြေး​ဝါ၊ ငွေ​နှင့်​ရွှေ​တို့​သည်​ကြေ​မွ​၍​သွား​ပါ​၏။ ယင်း​တို့​သည်​နွေ​ရာ​သီ​ကောက်​နယ်​တ​လင်း က မြေ​မှုန့်​များ​သ​ဖွယ်​လေ​တိုက်​ရာ​သို့ လွင့်​ပါ​သွား​လေ​သည်။ အ​စ​အ​န​တစ်​စုံ တစ်​ရာ​မျှ​ပင်​မ​ကျန်​ခဲ့​ပါ။ သို့​ရာ​တွင် ကျောက်​ခဲ​ကြီး​မူ​ကား​ကမ္ဘာ​မြေ​တစ်​ပြင် လုံး​ကို​လွှမ်း​မိုး​သည့်​တောင်​ကြီး​ဖြစ်​လာ ပါ​၏။
DAN 2:36 ``ဤ​ကား​အ​ရှင်​မင်း​ကြီး​၏​အိပ်​မက်​ဖြစ် ပါ​၏။ ယ​ခု​ဤ​အိပ်​မက်​၏​အ​နက်​ကို အ​ကျွန်ုပ်​လျှောက်​ထား​ပါ​မည်။-
DAN 2:37 အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည်​ဘု​ရင်​တ​ကာ တို့​တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​တော်​မူ​ပါ​၏။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ရှင့် အား ထီး​နန်း​ကို​အပ်​နှင်း​တော်​မူ​၍​တန်​ခိုး စွမ်း​ရည်၊ ဘုန်း​အ​သ​ရေ​တို့​ဖြင့်​ပြည့်​စုံ စေ​တော်​မူ​ပါ​ပြီ။-
DAN 2:38 ကိုယ်​တော်​သည်​အ​ရှင့်​အား​လူ​တို့​နေ​ထိုင် ရာ​ကမ္ဘာ​မြေ​ပြင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အ​စိုး​ရ​စေ​တော်​မူ​ပါ​၏။ အ​ရှင်​မင်း​ကြီး သည်​ရုပ်​တု​ကြီး​၏​ရွှေ​ဦး​ခေါင်း​ဖြစ်​တော် မူ​ပါ​၏။-
DAN 2:39 အ​ရှင်​မ​ရှိ​သည့်​နောက်​၌​အ​ရှင်​၏​အင်​ပါ​ယာ နိုင်​ငံ​တော်​မျှ​လောက် မ​ကြီး​မြတ်​သည့်​အင်​ပါ ယာ​နိုင်​ငံ​တစ်​ခု​တည်​ရှိ​ပါ​လိမ့်​မည်။ ထို​နောက် ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော​တ​တိ​ယ​အင် ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ပါ​လိမ့်​မည်။ ထို​အင် ပါ​ယာ​နိုင်​ငံ​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​ပါ​လိမ့်​မည်။-
DAN 2:40 ထို​နောက်​သံ​ကဲ့​သို့​တောင့်​တင်း​ခိုင်​မာ​သော စ​တုတ္ထ​အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​လာ​ပါ လိမ့်​မည်။ သံ​သည်​အ​ရာ​ခပ်​သိမ်း​ကို​ကျိုး​ပဲ့ ကြေမွ​စေ​တတ်​သ​ကဲ့​သို့ ထို​နိုင်​ငံ​သည် အခြား​နိုင်​ငံ​တို့​ကို​ချေ​မှုန်း​ပါ​လိမ့်​မည်။-
DAN 2:41 ရုပ်​တု​ကြီး​၏​ခြေ​ဖ​မိုး​နှင့်​ခြေ​ချောင်း​များ သည်​ရွှံ့​စေး​သ​ရွတ်​တစ်​ပိုင်း၊ သံ​တစ်​ပိုင်း​ဖြစ် ကြောင်း​ကို​အ​ရှင်​မင်း​ကြီး​တွေ့​မြင်​တော်​မူ ရ​သည်​နှင့်​အ​ညီ အင်​ပါ​ယာ​နိုင်​ငံ​သည်​စိတ် ဝမ်း​ကွဲ​ပြား​သော​နိုင်​ငံ​ဖြစ်​ပါ​လိမ့်​မည်။ သံ နှင့်​ရွှံ့​စေး​သ​ရွတ်​ရော​၍​နေ​သည်​ကို​ထောက် ၍ ထို​နိုင်​ငံ​တွင်​သံ​ကဲ့​သို့​ခိုင်​မာ​တောင့်​တင်း မှု​အ​ချို့​အ​ဝက်​ရှိ​ပါ​လိမ့်​မည်။-
DAN 2:42 ခြေ​ချောင်း​များ​သည်​သံ​တစ်​ပိုင်း​ရွှံ့​စေး သ​ရွတ်​တစ်​ပိုင်း​ဖြစ်​သည်​နှင့်​အ​ညီ ထို​နိုင်​ငံ သည်​ခွန်​အား​ကြီး​သော်​လည်း​အ​လွယ်​တ​ကူ ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။-
DAN 2:43 သံ​ကို​ရွှံ့​စေး​သ​ရွတ်​နှင့်​ရော​စပ်​ထား​သည် ကို​လည်း အ​ရှင်​မြင်​တော်​မူ​သည်​အ​တိုင်း ထို​အင်​ပါ​ယာ​နိုင်​ငံ​ကို​အုပ်​ချုပ်​သော ဘု​ရင်​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု​သား တို့​အား အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ် ခြင်း​အား​ဖြင့် စည်း​ရုံး​မှု​ရ​ရှိ​ရန်​ကြိုး​စား ကြ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​သံ​နှင့်​ရွှံ့​စေး သ​ရွတ်​ကို​ရော​စပ်​၍​မ​ရ​သ​ကဲ့​သို့ သူ​တို့ သည်​လည်း​ပေါင်း​ဖော်​၍​ရ​ကြ​မည်​မ​ဟုတ် ပါ။-
DAN 2:44 အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။-
DAN 2:45 တောင်​ပေါ်​မှ​ကျောက်​တုံး​တစ်​လုံး​သည် အ​လို​အ​လျောက်​ပြုတ်​ထွက်​လာ​ကာ သံ၊ ကြေး​ဝါ၊ ရွှံ့​စေး​သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ဖြင့် ပြု​လုပ်​ထား​သော​ရုပ်​တု​ကြီး​အား​ထိ မှန်​သွား​ပုံ​ကို​အ​ရှင်​မြင်​တော်​မူ​ခဲ့​ပါ​၏။ ကြီး​မြတ်​တော်​မူ​သော​ဘုရား​သခင်​သည် အ​ရှင့်​အား နောင်​ဖြစ်​လတ္တံ့​သော​အ​မှု အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​ခြင်း​ပင် ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​မြင်​မက် သည့်​အ​တိုင်း အိပ်​မက်​တော်​ကို​တိ​ကျ စွာ​ဖော်​ပြ​၍ အိပ်​မက်​၏​အ​နက်​အ​မှန် ကို​လည်း​အ​ရှင့်​အား​ဖော်​ပြ​ပြီး​ပါ ပြီ'' ဟု​လျှောက်​၏။
DAN 2:46 ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​ဒံ​ယေ​လ ၏​ရှေ့​တွင်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​တော်​မူ ပြီး​လျှင် ဒံ​ယေ​လ​အား​ယဇ်​နှင့်​ပူ​ဇော်​သကာ များ​ဆက်​ကပ်​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
DAN 2:47 မင်း​ကြီး​က``သင်​သည်​ဤ​လျှို့​ဝှက်​ခက်​ခဲ သော​အ​မှု​တို့​ကို​ဖြေ​ရှင်း​နိုင်​သည်​ဖြစ်​၍ သင်​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​တော်​မူ​ပါ​၏။ ဘု​ရင် တ​ကာ​တို့​ကို​အ​စိုး​ရ​သော​အ​ရှင်၊ လျှို့ ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။
DAN 2:48 ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ကြီး မြင့်​သော​ရာ​ထူး​ဖြင့်​ချီး​မြှင့်​တော်​မူ​ပြီး လျှင် အ​ဖိုး​တန်​ဆု​တော်​လာဘ်​တော်​အ​မြောက် အ​မြား​ကို​ပေး​အပ်​ကာ​ဗာ​ဗု​လုန်​နိုင်​ငံ​ရှိ အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဗာ​ဗု​လုန် ပြည်​နယ်​ကို​အုပ်​စိုး​ရ​သော​မင်း​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-
DAN 2:49 ဒံ​ယေ​လ​၏​ပန်​ကြား​ချက်​အ​ရ​မင်း​ကြီး သည်​ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ တို့​အား​ဗာ​ဗု​လုန်​ပြည်​နယ်​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​အပ်​နှင်း​တော်​မူ​၏။ ဒံ​ယေ​လ ကို​မူ​ကား​နန်း​တော်​တွင်း​၌​အ​မှု​ထမ်း​စေ တော်​မူ​၏။
DAN 3:1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​အ​မြင့်​ပေ​ကိုး ဆယ်၊ အ​နံ​ကိုး​ပေ​ရှိ​သော​ရွှေ​ရုပ်​ကြီး​ကို သွန်း​လုပ်​စေ​ပြီး​လျှင်​ဗာ​ဗု​လုန်​ဒု​ရ​လွင် ပြင်​တွင်​တည်​ထား​စေ​တော်​မူ​၏။-
DAN 3:2 မင်း​ကြီး​သည်​မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ များ၊ ဒု​တိ​ယ​ဘု​ရင်​ခံ​များ၊ တိုင်း​မင်း​ကြီး များ၊ ငွေ​တိုက်​စိုး​များ၊ တ​ရား​သူ​ကြီး​များ၊ ရဲ​မှူး​များ​အ​စ​ရှိ​သည့်​အ​ရာ​ရှိ​အ​ပေါင်း တို့​အား မိ​မိ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး အ​နု​မော​ဒ​နာ​ပွဲ​ကို​တက်​ရောက်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
DAN 3:3 အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ရွှေ​ရုပ်​ကြီး ၏​ရှေ့​တွင်​ရပ်​နေ​ကြ​သော​အ​ခါ၊-
DAN 3:4 သံ​တော်​ဆင့်​တစ်​ဦး​က``ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​ကြ​သော​လူ​မျိုး အ​သီး​သီး​နှင့်​နိုင်​ငံ​အ​သီး​သီး​က​လူ အ​ပေါင်း​တို့၊-
DAN 3:5 သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။-
DAN 3:6 ဦး​ညွှတ်​ရှိ​ခိုး​ခြင်း​မ​ပြု​သူ​မည်​သူ​မ​ဆို ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော မီး​ဖို​ကြီး ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​စေ'' ဟု အ​သံ​ကျယ်​စွာ​ကြေ​ညာ​လေ​သည်။-
DAN 3:7 သို့​ဖြစ်​၍​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး သီး​က​လူ​တို့​သည်​တူ​ရိ​ယာ​တီး​မှုတ်​သံ ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​ဦး ညွှတ်​ရှိ​ခိုး​ကြ​ကုန်​၏။
DAN 3:8 ဗာ​ဗု​လုန်​ပြည်​သား​အ​ချို့​တို့​သည်​ယု​ဒ အ​မျိုး​သား​တို့​အား ပြစ်​တင်​ပြော​ဆို​ရန် အ​ခွင့်​ကောင်း​ကို​ယူ​၍၊-
DAN 3:9 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား``အ​ရှင်​မင်း​ကြီး သက်​တော်​ရာ​ကျော်​ရှည်​ပါ​စေ။-
DAN 3:10 တူ​ရိ​ယာ​စ​တင်​တီး​မှုတ်​သည်​နှင့်​တစ်​ပြိုင် နက်​ရွှေ​ရုပ်​ကြီး​အား​လူ​တိုင်း​ဦး​ညွှတ်​ရှိ ခိုး​စေ။-
DAN 3:11 ထို​အ​ရုပ်​ကြီး​အား​ဦး​ညွှတ်​ခြင်း​မ​ပြု​သူ ဟူ​သ​မျှ​သည် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​စေ ဟူ​၍​အ​ရှင်​အ​မိန့်​တော်​ထုတ်​ပြန်​ခဲ့​ပါ​၏။-
DAN 3:12 ဗာ​ဗု​လုန်​နယ်​ကို​အုပ်​ချုပ်​ရန်​အ​ရှင်​မင်း ကြီး​တာ​ဝန်​ပေး​ထား​သူ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​သော​ယု​ဒ​အ​မျိုး သား​များ​သည် အ​ရှင်​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ​နေ​ကြ​ပါ​၏။ သူ​တို့​သည် အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး​ကြ​ပါ။ အရှင် တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး မ​ညွှတ်​ကြ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
DAN 3:13 ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် ထို​သူ​သုံး​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့် ပေး​တော်​မူ​၏။-
DAN 3:14 မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့ သင်​တို့​သည်​ငါ​၏​ဘု​ရား​ကို​ရှိ မ​ခိုး၊ ငါ​စိုက်​ထူ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး ကို​ဦး​မ​ညွှတ်​ဘဲ​နေ​ကြ​သည်​ဟု​ဆို​သည် မှာ​မှန်​သ​လော။-
DAN 3:15 ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
DAN 3:16 ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။-
DAN 3:17 အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။-
DAN 3:18 ကယ်​တော်​မ​မူ​လျှင်​လည်း​အ​ကျွန်ုပ်​တို့ သည်​အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး၊ အ​ရှင် ၏​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး​မ​ညွှတ်​ကြောင်း သိ​မှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက် ထား​ကြ​၏။
DAN 3:19 ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊-
DAN 3:20 မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
DAN 3:21 သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။-
DAN 3:22 မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။-
DAN 3:23 သို့​ဖြစ်​၍​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ တို့​သည် တုပ်​နှောင်​လျက်​ပင်​ပြင်း​စွာ​အ​လျှံ ထ​လျက်​နေ​သော​မီး​ဖို​ကြီး​ထဲ​သို့​ကျ ရောက်​သွား​ကြ​လေ​သည်။
DAN 3:24 ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။
DAN 3:25 ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊ မင်း​ကြီး​က``ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန် နှင့်​တူ​သည်'' ဟု​မိန့်​တော်​မူ​၏။
DAN 3:26 သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။-
DAN 3:27 မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။
DAN 3:28 မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။
DAN 3:29 ``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။
DAN 3:30 ထို​နောက်​မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အား ဗာ​ဗု​လုန်​ပြည် နယ်​တွင်​ပို​မို​ကြီး​မြင့်​သည့်​ရာ​ထူး​များ ဖြင့်​ချီး​မြှင့်​တော်​မူ​လေ​သည်။
DAN 4:1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး အ​ပေါင်း​တို့​ထံ​သို့ သ​ဝဏ်​လွှာ​တစ်​စောင်​ကို အောက်​ပါ​အ​တိုင်း​ပေး​ပို့​တော်​မူ​၏။ ``သင်​တို့​သည်​ချမ်း​မြေ့​သာ​ယာ​ကြ​ပါ​စေ သော။-
DAN 4:2 ငါ့​အား​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​နား​ထောင်​ကြ လော့။
DAN 4:3 ``ငါ​တို့​အား​ဘု​ရား​သ​ခင်​ပြ​တော်​မူ​သော အံ​သြ​ဖွယ်​ရာ​တို့​သည်​လွန်​စွာ​ကြီး​မြတ် ပါ​သည်​တ​ကား။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​သည် လွန်​စွာ​တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​သည်​ထာ​ဝ​စဉ်​ဘု​ရင်​ဖြစ်​တော် မူ​၏။ ကိုယ်​တော်​သည်​လော​က​ကို​ကာ​လ​အ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။
DAN 4:4 ``ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​နန်း​တော်​တွင် ချမ်း​မြေ့​စွာ စံ​မြန်း​လျက်​နေ​တော်​မူ​စဉ်​အိပ် ပျော်​ချိန်​၌၊-
DAN 4:5 ကြောက်​မက်​ဖွယ်​ကောင်း​သော​အိပ်​မက်​ကို မြင်​မက်​၍ ထိတ်​လန့်​ဖွယ်​ရာ​ရူ​ပါ​ရုံ​များ ကို​မြင်​ရ​၏။-
DAN 4:6 ငါ​သည်​အိပ်​မက်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မိ​မိ အား​ဖွင့်​ပြ​ရန် အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​ခဲ့​၏။-
DAN 4:7 ထို​အ​ခါ​ရှိ​ရှိ​သ​မျှ​သော​ဗေ​ဒင်​ဆ​ရာ၊ မျက် လှည့်​ဆ​ရာ၊ မှော်​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​များ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​၏။ ငါ​သည် သူ​တို့​အား​ငါ​၏​အိပ်​မက်​ကို​ပြော​ပြ​သော် လည်း သူ​တို့​သည်​ထို​အိပ်​မက်​၏​အ​နက်​ကို မ​ဖော်​ပြ​နိုင်​ကြ​ပါ။-
DAN 4:8 ထို​နောက်(ငါ​ကိုး​ကွယ်​သော​ဘု​ရား​၏​နာ​မည် ဖြစ်​သည့်​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​သည်​ငါ​၏​ရှေ့​တော်​သို့ ရောက်​ရှိ​လာ​လေ​သည်။ သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​တို့​၏​ဝိ​ညာဉ်​သည်​သူ​၏​အ​တွင်း​၌ ကိန်း​အောင်း​သ​ဖြင့် ငါ​သည်​သူ့​အား​ငါ​အ ဘယ်​သို့​အိပ်​မက်​မြင်​မက်​သည်​ကို​ပြော ပြ​၏။-
DAN 4:9 ငါ​က​သူ့​အား``ဗေ​ဒင်​ဆ​ရာ​တို့​၏​အကြီး အ​မှူး​ဖြစ်​သော​ဗေ​လ​တ​ရှာ​ဇာ၊ သင့်​အ​တွင်း ၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​တို့​၏​ဝိ​ညာဉ် ကိန်း​အောင်း​ကြောင်း​ကို​လည်း​ကောင်း၊ လျှို့​ဝှက် ခက်​ခဲ​သည့်​အ​ရာ​ခပ်​သိမ်း​ကို​သင်​နား​လည် ကြောင်း​ကို​လည်း​ကောင်း​ငါ​သိ​၏။ အိပ်​မက် တွင်​ငါ​တွေ့​မြင်​ရ​သည့်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​နား​ထောင်​၍​အ​နက်​ကို​ငါ့​အား​ပြော ကြား​ပါ​လော့။
DAN 4:10 ``ငါ​သည်​အိပ်​ပျော်​လျက်​နေ​စဉ်​ကမ္ဘာ​မြေ ပြင်​၏​အ​ထက်​ဗ​ဟို​၌​ရှိ​သော​သစ်​ပင် မြင့်​ကြီး​တစ်​ပင်​ကို​အိပ်​မက်​မြင်​မက်​၏။-
DAN 4:11 ထို​သစ်​ပင်​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ရှိ​သ​မျှ သော​လူ​အ​ပေါင်း​တို့​မြင်​ရ​ကြ​သည်​တိုင် အောင် မိုး​ကောင်း​ကင်​အ​ထိ​မြင့်​မား​လာ လေ​သည်။-
DAN 4:12 ထို​သစ်​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လှ​ပ ဝေ​ဆာ​လျက် အ​သီး​လည်း​ပေါ​များ​သ​ဖြင့် တစ်​ကမ္ဘာ​လုံး​စား​သုံး​နိုင်​၏။ တော​တိ​ရစ္ဆာန် တို့​သည်​ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။ ငှက်​တို့​သည်​အ​ကိုင်း​အ​ခက်​များ​တွင်​အ​သိုက် လုပ်​ကြ​၏။ သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည် ထို​အ​ပင်​၏​အ​သီး​ကို​စား​ကြ​၏။
DAN 4:13 ``ငါ​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​မြင် ရ​ပုံ​ကို​စဉ်း​စား​ဆင်​ခြင်​လျက်​နေ​စဉ် နိုး ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင်​တ​မန်​တစ် ပါး​ဆင်း​သက်​လာ​သည်​ကို​မြင်​ရ​၏။-
DAN 4:14 ကောင်း​ကင်​တ​မန်​က`ဤ​သစ်​ပင်​ကို​ခုတ်​ချ ၍​အ​ကိုင်း​တို့​ကို​ဖြတ်​တောက်​ပစ်​လော့။ အရွက် တို့​ကို​ချွေ​၍​အ​သီး​တို့​ကို​ကြဲ​ဖြန့်​ပစ်​လော့။ တိရစ္ဆာန်​တို့​ကို​ထို​သစ်​ပင်​ရိပ်​မှ​လည်း​ကောင်း၊ ငှက်​တို့​ကို​အ​ကိုင်း​အ​ခက်​များ​မှ​လည်း ကောင်း​မောင်း​ထုတ်​လော့။-
DAN 4:15 သို့​ရာ​တွင်​မြေ​တွင်​ရှိ​သည့်​သစ်​ငုပ်​ကို​မူ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​တို့​ဖြင့်​ချည်​နှောင် ၍​ကွင်း​ထဲ​၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ` ``ထို​သူ​အား​ဆီး​နှင်း​ထဲ​တွင်​တိ​ရစ္ဆာန်​များ၊ အ​ပင်​ငယ်​များ​နှင့်​အ​တူ​နေ​စေ​လော့။-
DAN 4:16 သူ​သည်​လူ​စိတ်​ပျောက်​လျက်​ခု​နစ်​နှစ်​တိုင် တိုင် တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​နေ​လိမ့်​မည်။-
DAN 4:17 ဤ​ကား​နိုး​ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင် တ​မန်​များ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​တည်း။ သို့ ဖြစ်​၍​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် သည် လော​ကီ​နိုင်​ငံ​များ​အ​ပေါ်​သို့​တန်​ခိုး အာ​ဏာ​လွှမ်း​မိုး​တော်​မူ​နိုင်​ကြောင်း​ကို​လည်း ကောင်း၊ ကိုယ်​တော်​သည်​အ​သိမ်​ငယ်​ဆုံး​သော သူ​ကို​ပင်​လျှင်​ရွေး​ချယ်​၍​မင်း​မြှောက်​တော် မူ​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ရပ်​တ​ကာ ရှိ​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​၏။
DAN 4:18 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​က``ဤ​ကား​ငါ​မြင်​မက် သည့်​အိပ်​မက်ဖြစ်​၏။ အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ယ​ခု​ငါ့​အား​ထို​အိပ်​မက်​၏​အ​နက်​ကို​ဖော် ပြ​ပါ​လော့။ ယင်း​ကို​ငါ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​တစ်​ယောက်​မျှ​မ​ဖော်​ပြ​နိုင်​ပါ။ သို့​ရာ​တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘုရား​တို့ ၏​ဝိ​ညာဉ်​သည်​သင့်​၏​အ​ထဲ​၌​ကိန်း​အောင်း သည်​ဖြစ်​၍​သင်​သည်​ထို​အိပ်​မက်​၏​အ​နက် ကို​ဖော်​ပြ​နိုင်​ပါ​၏'' ဟု​မိန့်​တော်​မူ​၏။
DAN 4:19 ထို​အ​ခါ​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော​ဒံ​ယေ​လ​သည် အ​လွန်​ထိတ်​လန့် သွား​သ​ဖြင့်​စ​ကား​ပင်​မ​ပြော​နိုင်​ဘဲ​နေ ၏။ မင်း​ကြီး​က``အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ အိပ်​မက်​နှင့်​အိပ်​မက်​၏​အ​နက်​ကြောင့်​ထိတ် လန့်​ခြင်း​မ​ရှိ​နှင့်'' ဟု​မိန့်​တော်​မူ​လျှင်၊ ဗေ​လ​တ​ရှာ​ဇာ​က``အ​ရှင်​မင်း​ကြီး၊ ထို​အိပ် မက်​နှင့်​အ​နက်​သည်​အ​ရှင်​၏​အ​တွက်​မ​ဟုတ် ဘဲ​အ​ရှင်​၏​ရန်​သူ​များ​အ​တွက်​ဖြစ်​ပါ​စေ သော။-
DAN 4:20 မြင့်​မား​ထွား​ကြိုင်း​သည့်​သစ်​ပင်​သည်​မိုး ကောင်း​ကင်​အ​ထိ​ရောက်​ရှိ​၍ ကမ္ဘာ​ပေါ်​ရှိ​လူ အ​ပေါင်း​တို့​သည်​ထို​အ​ပင်​ကို​မြင်​ကြ​၏။-
DAN 4:21 ထို​အ​ပင်​၏​အ​ကိုင်း​အ​ခက်​များ​သည်​လှ​ပ ဝေ​ဆာ​လျက် အ​သီး​လည်း​ပေါ​များ​သ​ဖြင့် ကမ္ဘာ​တစ်​ဝန်း​လုံး​စား​သုံး​နိုင်​၏။ ထို​အ​ပင် အောက်​တွင်​တော​တိ​ရစ္ဆာန်​များ​နား​နေ​ကြ​၏။ အကိုင်း​အ​ခက်​များ​တွင်​ငှက်​တို့​အ​သိုက်​လုပ် ကြ​၏။
DAN 4:22 ``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ကား​ထို​သစ်​ပင်​ကြီး ပင်​ဖြစ်​ပါ​၏။ အ​ရှင်​သည်​မိုး​ကောင်း​ကင်​တိုင် အောင်​မြင့်​မား​ကြီး​မြတ်​တော်​မူ​လျက်​တန် ခိုး​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို​လွှမ်း​မိုး ပါ​၏။-
DAN 4:23 အ​ရှင်​မင်း​ကြီး​ကြည့်​လျက်​နေ​တော်​မူ​စဉ် ကောင်း​ကင်​ဘုံ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​သက်​ဆင်း​လာ​ကာ`ထို​သစ်​ပင်​ကို​ခုတ်​လှဲ ဖျက်​ဆီး​ပစ်​လော့။ သို့​ရာ​တွင်​သစ်​ငုတ်​ကို​မူ ကား​မြေ​တွင်​ချန်​ထား​လော့။ ထို​ငုတ်​ကို​သံ ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်​၍​ကွင်း​ထဲ ၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ထို​သူ​အား ဆီး​နှင်း​များ​ဖြင့်​စို​စွတ်​စေ​လျက်​ခု​နစ်​နှစ် တိုင်​တိုင်​တိရစ္ဆာန်​များ​နှင့်​အ​တူ​နေ​စေ​လော့' ဟု​မြွက်​ဆို​ခဲ့​ပါ​၏။
DAN 4:24 ``အ​ရှင်​မင်း​ကြီး၊ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​က အ​ရှင်​မင်း​ကြီး​မည်​သို့​မည်​ပုံ​ဖြစ် ပျက်​ရ​မည်​ကို​မိန့်​မြွက်​ဖော်​ပြ​တော်​မူ​လေ ပြီ။ အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့​တည်း။-
DAN 4:25 အ​ရှင်​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​ထဲ​မှ​နှင် ထုတ်​ခြင်း​ကို​ခံ​ရ​၍ တော​တိ​ရစ္ဆာန်​များ​နှင့် အ​တူ​နေ​ရ​လိမ့်​မည်။ နွား​ကဲ့​သို့​မြက်​ကို စား​လျက်​ခု​နစ်​နှစ်​တိုင်​တိုင်​ဆီး​နှင်း​များ ဖြင့်​စို​စွတ်​ကာ အ​မိုး​အ​ကာ​မ​ရှိ​သည့် အ​ရပ်​တွင်​အိပ်​စက်​ရ​လိမ့်​မည်။ ထို​နောက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် လော​ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ​မည်​သူ​ကို​မ​ဆို​မင်း မြှောက်​တော်​မူ​နိုင်​ကြောင်း​ကို​အ​ရှင် ဝန်​ခံ​ပါ​လိမ့်​မည်။-
DAN 4:26 ကောင်း​ကင်​တ​မန်​များ​သည်​သစ်​ငုတ်​ကို မြေ​တွင် ချန်​ထား​ခဲ့​ရန်​အ​မိန့်​ပေး​သည်​နှင့် အ​ညီ​အ​ရှင်​သည် ကမ္ဘာ​ကို​ဘုရား​သ​ခင် အ​စိုး​ရ​ကြောင်း​သိ​မှတ်​ဝန်​ခံ​သော​အ​ခါ အ​ရှင်​၏​ထီး​နန်း​ကို​ပြန်​လည်​ရ​ရှိ​ပါ လိမ့်​မည်။-
DAN 4:27 ထို​ကြောင့်​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​ပေး သည့်​အ​ကြံ​ကို​နာ​ယူ​တော်​မူ​ပါ။ အ​ပြစ် ကူး​မှု​ကို​ရပ်​စဲ​၍​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​ပါ။ ဆင်း​ရဲ​သူ​တို့​အား​က​ရု ဏာ​ထား​တော်​မူ​ပါ။ ယင်း​သို့​ပြု​ပါ​လျှင် အ​ရှင်​သည်​စည်း​စိမ်​ချမ်း​သာ​တိုး​ပွား တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
DAN 4:28 ဤ​သို့​လျှောက်​ထား​သည်​အ​တိုင်း​ဖြစ်​ပျက် လာ​လေ​သည်။-
DAN 4:29 တစ်​ဆယ့်​နှစ်​လ​မျှ​ကြာ​သော်​မင်း​ကြီး​သည် ဗာ​ဗု​လုန်​နန်း​တော်​ပေါ်​တွင်​စင်္ကြံ​ကြွ​နေ​စဉ်၊-
DAN 4:30 ``ငါ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ထင်​ရှား​စေ ရန်​နေ​ပြည်​တော်​အ​ဖြစ်​ဖြင့် ငါ​တည်​ထောင်​ခဲ့ သော​ဗာ​ဗု​လုန်​မြို့​သည်​လွန်​စွာ​ကြီး​ကျယ် ခမ်း​နား​လှ​ပါ​သည်​တ​ကား'' ဟု​မြွက်​ဆို​၏။
DAN 4:31 ဤ​သို့​မြွက်​ဆို​၍​စ​ကား​မ​ဆုံး​မီ​ပင်​လျှင်``အို နေ​ဗု​ခဒ်​နေ​ဇာ​မင်း၊ ငါ​ပြော​သည်​ကို​နား ထောင်​လော့။ သင့်​နိုင်​ငံ​ကို​သင်​၏​လက်​မှ ယ​ခု​ရုပ်​သိမ်း​လိုက်​လေ​ပြီ။-
DAN 4:32 သင်​သည်​လူ​အ​သိုင်း​အ​ဝိုင်း​မှ​အ​နှင်​ခံ​ရ ၍​တော​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​နေ​ရ​လတ္တံ့။ ခု​နစ်​နှစ်​တိုင်​တိုင်​နွား​ကဲ့​သို့​မြက်​ကို​စား ရ​လတ္တံ့။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​လော ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ ယင်း တို့​ကို​မိ​မိ​အ​လို​ရှိ​သူ​အား​ပေး​ပိုင် ကြောင်း​ကို​သင်​ဝန်​ခံ​လိမ့်​မည်'' ဟု​ကောင်း ကင်​မှ​အ​သံ​ထွက်​ပေါ်​လာ​လေ​သည်။
DAN 4:33 ထို​ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ချက်​ချင်း​ပင် ဖြစ်​ပျက်​လာ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် လူ​အ​သိုင်း​အ​ဝိုင်း​မှ အ​နှင်​ခံ​ရ​၍​နွား​ကဲ့ သို့​မြက်​ကို​စား​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​အ​ပေါ် သို့​လည်း​ဆီး​နှင်း​များ​ကျ​လာ​လေ​သည်။ သူ ၏​ဆံ​ပင်​သည်​လင်း​ယုန်​၏​အ​မွေး​အ​တောင် ကဲ့​သို့​လည်း​ကောင်း၊ သူ​၏​လက်​သည်း​ခြေ သည်း​တို့​သည်​လည်း​ငှက်​ခြေ​သည်း​များ ကဲ့​သို့​လည်း​ကောင်း​ရှည်​လာ​လေ​သည်။
DAN 4:34 မင်း​ကြီး​က``ငါ​သည်​ခု​နစ်​နှစ်​ကာ​လ​ကုန် ဆုံး​သွား​သော​အ​ခါ မိုး​ကောင်း​ကင်​သို့​မြော် ကြည့်​လိုက်​ရာ​လူ့​စိတ်​ပြန်​ရ​သ​ဖြင့် အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​အား​ထော​မ​နာ ပြု​၍ ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​၏​ဂုဏ်​တော်၊ ဘုန်း အ​သ​ရေ​တော်​ကို​ချီး​မွမ်း​ပါ​၏။ ``ကိုယ်​တော်​သည်​လော​က​ကို​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။
DAN 4:35 ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ရှေ့ တော်​၌ အ​မှု​မ​ထား​လောက်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​တို့​ကို​လည်း​ကောင်း စိုး​မိုး​အုပ်​ချုပ်​တော်​မူ​ပါ​၏။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​လို​တော်​ကို မ​ဆန့်​ကျင်​နိုင်​ပါ။ ကိုယ်​တော်​အ​ဘယ်​သို့​ပြု​တော်​မူ​သည်​ကို လည်း မ​စစ်​ဆေး​မ​မေး​မြန်း​နိုင်​ပါ။
DAN 4:36 ``ငါ​သည်​လူ့​စိတ်​ကို​ပြန်​၍​ရ​ရှိ​လာ​သော အ​ခါ ငါ့​နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငါ့​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ကို​လည်း​ကောင်း ပြန်​၍​ရ​ရှိ​လာ လေ​သည်။ ငါ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​မှူး​မတ်​တို့​သည်​လည်း ငါ့​အား​ပြန်​၍ လက်​ခံ​ကြ​ပါ​၏။ ယ​ခင်​အ​ခါ​က​ထက် ပင်​ကြီး​မြတ်​သည့်​ဂုဏ်​အ​သ​ရေ​နှင့်​တ​ကွ ငါ့​အား​ရာ​ဇ​အာ​ဏာ​ကို​ပြန်​လည်​ပေး အပ်​ကြ​ပေ​သည်။
DAN 4:37 ``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။
DAN 5:1 တစ်​ည​သ​၌​ဗေ​လ​ရှာ​ဇာ​မင်း​သည်​ည​စာ စား​ပွဲ​ကြီး​သို့​မှူး​မတ်​တစ်​ထောင်​ကို​ဖိတ် ကြား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​စ​ပျစ်​ရည် သောက်​တော်​မူ​သည်။-
DAN 5:2 ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။-
DAN 5:3 ချက်​ချင်း​ပင်​ရွှေ​ဖ​လား​များ​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ထို​ဖ​လား​တို့​ဖြင့် သောက်​လျက်၊-
DAN 5:4 ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​နှင့် ပြု​လုပ်​သော​ဘု​ရား​တို့​ကို​ထော​မ​နာ​ပြု ကြ​၏။
DAN 5:5 ထို​အ​ခါ​လူ​၏​လက်​တစ်​ဖက်​သည်​ရုတ် တ​ရက်​ပေါ်​လာ​ပြီး​လျှင် မီး​အ​လင်း​ရောင် အ​များ​ဆုံး​ရ​ရှိ​သည့်​နန်း​တော်​နံ​ရံ​တွင် စာ​တန်း​တစ်​ခု​ကို​ရေး​သား​လေ​၏။ ယင်း သို့​ရေး​သား​နေ​သည်​ကို​မင်း​ကြီး​မြင် တော်​မူ​လျှင်၊-
DAN 5:6 မျက်​နှာ​ညှိုး​ငယ်​၍​သွား​တော်​မူ​၏။ သူ​သည် အ​လွန်​ကြောက်​လန့်​ကာ​မျက်​နှာ​ဖြူ​ဖတ်​ဖြူ ရော်​ဖြစ်​လျက်​ဒူး​များ​ပင်​ခိုက်​ခိုက်​တုန်​၍ လာ​၏။-
DAN 5:7 သို့​ဖြစ်​၍​ပ​ယော​ဂ​ဆ​ရာ​များ၊ မှော်​ဆ​ရာ များ​နှင့်​နက္ခတ်​ဆ​ရာ​များ​ကို​ခေါ်​သွင်း​ရန် ဟစ်​အော်​၍ မင်း​ချင်း​တစ်​ယောက်​အား​စေ​ခိုင်း တော်​မူ​၏။ ထို​သူ​တို့​ရောက်​ရှိ​လာ​ကြ​သော အ​ခါ​မင်း​ကြီး​က``ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့အား​ပြော​ကြား​နိုင်​သူ​အား တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ်​စေ​မည်။ ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​လည်း​ဆွဲ စေ​လျက်​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန်​ခိုး အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ငါ​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။-
DAN 5:8 ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​သော်​လည်း အ​ဘယ်​သူ​မျှ​ထို​စာ​တန်း​ကို​မ​ဖတ်​နိုင်။ ထို စာ​တန်း​၏​အ​နက်​ကို​လည်း​မင်း​ကြီး​အား မ​ဖော်​ပြ​နိုင်​ကြ။-
DAN 5:9 ထို​အ​ခါ​ဗေ​လ​ရှာ​ဇာ​မင်း​သည်​လွန်​စွာ​ပူ​ပင် သော​က​ရောက်​တော်​မူ​သ​ဖြင့် ပို​၍​ပင်​မျက်​နှာ ညှိုး​ငယ်​လာ​လေ​သည်။ မှူး​မတ်​တို့​သည်​လည်း မှိုင်​တွေ​လျက်​နေ​ကြ​၏။
DAN 5:10 မယ်​တော်​မိ​ဖု​ရား​ကြီး​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​ပြော​ဆို​ကြ​သည့်​စ​ကား​ကို​ကြား သ​ဖြင့် စား​သောက်​ပွဲ​ကျင်း​ပ​ရာ​အ​ခန်း​ထဲ သို့​ဝင်​လာ​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး၊ သက် တော်​ရာ​ကျော်​ရှည်​ပါ​စေ။ ဤ​မျှ​စိတ်​အ​နှောင့် အ​ယှက်​ဖြစ်​၍​မ​နေ​ပါ​နှင့်။ ဤ​မျှ​မျက်​နှာ ညှိုး​ငယ်​၍​လည်း​မ​နေ​ပါ​နှင့်။-
DAN 5:11 သင်​၏​နိုင်​ငံ​တော်​တွင်​သန့်​ရှင်း​မြင့်​မြတ်​သော ဘု​ရား​တို့​၏​ဝိ​ညာဉ်​ဖြင့်​ပြည့်​ဝ​သူ​လူ​တစ် ယောက်​ရှိ​ပါ​၏။ သင်​၏​ခ​မည်း​တော်​နန်း​စံ​စဉ် အ​ခါ​က ထို​သူ​၌​အ​သိ​ပ​ညာ​နှင့်​အ​မြော် အ​မြင်၊ ဘု​ရား​ကဲ့​သို့​ပ​ညာ​ဉာဏ်​ရှိ​ကြောင်း ထင်​ရှား​ခဲ့​ပါ​၏။ သင်​၏​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သည်​သူ့​အား​ဗေ​ဒင်​ဆ​ရာ၊ မှော် ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​တို့ ၏​အ​ကြီး​အ​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော် မူ​ခဲ့​ပါ​၏။-
DAN 5:12 သူ​သည်​အိပ်​မက်​များ​၏​အ​နက်​ကို​ပြန်​ဆို​မှု၊ ခက်​ခဲ​သော​အ​မေး​ပုစ္ဆာ​များ​ကို​ဖြေ​ရှင်း​မှု၊ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို​ထုတ်​ဖော် မှု​တို့​တွင်​အ​ထူး​တတ်​ကျွမ်း​သူ​ဖြစ်​ပါ​၏။ သို့ ဖြစ်​၍​ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော​ဘွဲ့​နာ​မ​ကို ခ​မည်း​တော်​ပေး​အပ်​တော်​မူ​ခဲ့​သူ​ဒံ​ယေ​လ အား​ဆင့်​ခေါ်​ပါ။ သူ​သည်​စာ​တန်း​၏​အ​နက် ကို​ဖော်​ပြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
DAN 5:13 သူ​တို့​သည်​ဒံ​ယေ​လ​အား​ချက်​ချင်း​ပင်​ဘု​ရင့် ရှေ့​တော်​သို့​သွင်း​ကြ​သော​အ​ခါ မင်း​ကြီး​က ဒံ​ယေ​လ​အား``သင်​သည်​ယု​ဒ​ပြည်​မှ​ငါ​၏ ခ​မည်း​တော်​ဘု​ရင်​မင်း​ခေါ်​ဆောင်​ခဲ့​သည့် ယု​ဒ​အ​မျိုး​သား​သုံ့​ပန်း​တစ်​ယောက်​ဖြစ် သူ​ဒံ​ယေ​လ​ဆို​သူ​ပေ​လော။-
DAN 5:14 ဘု​ရား​များ ၏​ဝိ​ညာဉ်​သည်​သင်​၏​အ​တွင်း​၌​ကိန်း​အောင်း​သည် ဖြစ်​၍ သင်​သည်​ကျွမ်း​ကျင်​လိမ်​မာ​လျက်၊ အ​သိ အ​မြင်​ဉာဏ်​ပ​ညာ​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​ကြောင်း ငါ​ကြား​သိ​ရ​သည်။-
DAN 5:15 ငါ​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​ဗေ​ဒင်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​ကာ​စေ​ခိုင်း သော်​လည်း သူ​တို့​သည်​မ​ဖော်​ပြ​နိုင်​ကြ​ပါ။-
DAN 5:16 သင်​သည်​တိမ်​မြုပ်​နေ​သော​အ​နက်​တို့​ကို​ဖော် ထုတ်​နိုင်​၍ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​ကြောင်း​ငါ​ကြား​သိ​တော် မူ​ရ​သည်။ သင်​သည်​ဤ​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့​အား​ဖော်​ပြ​နိုင်​ပါ​လျှင် ငါ​သည် သင့်​အား​တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ် စေ​၍​ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​ဆွဲ စေ​လျက် ငါ​၏​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန် ခိုး​အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။
DAN 5:17 ဒံ​ယေ​လ​က``အ​ရှင်​၏​ဆု​တော်​လာဘ်​တော် တို့​ကို ကိုယ်​တော်​ထံ​တော်​၌​သာ​ထား​ရှိ​တော် မူ​ပါ။ သို့​မ​ဟုတ်​အ​ခြား​သူ​တစ်​စုံ​တစ် ယောက်​အား​ချီး​မြှင့်​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက် ကို​အ​ရှင့်​အား​လျှောက်​ထား​ပါ​မည်။
DAN 5:18 ``အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အ​ရှင့်​ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား အုပ်​စိုး​ခွင့်​အာ​ဏာ​နှင့်​ကြီး​မြတ်​သည့်​ဘု​ရင် တစ်​ပါး​ဖြစ်​စေ​တော်​မူ​လျက် ဂုဏ်​အ​သ​ရေ နှင့်​လည်း​ကောင်း၊ အာ​နု​ဘော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​စေ​တော်​မူ​ပါ​၏။-
DAN 5:19 သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။-
DAN 5:20 သို့​ရာ​တွင်​သူ​သည်​မာန်​မာ​န​ထောင်​လွှား ကာ​ခေါင်း​မာ​လျက် ရက်​စက်​စွာ​ပြု​ကျင့်​၍ လာ​သော​အ​ခါ​ဘုန်း​တန်​ခိုး​ကွယ်​ပျောက် ၍​နန်း​မှ​ကျ​ရ​လေ​ပြီ။-
DAN 5:21 သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။-
DAN 5:22 သူ​၏​သား​တော်​ဖြစ်​သူ​အ​ရှင်​သည်​လည်း ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​ရှိ​ပါ သော်​လည်း​မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မ မူ​ဘဲ၊-
DAN 5:23 ကောင်း​ကင်​ဘုံ​ရှင်​ကို​ဆန့်​ကျင်​ဘက်​ပြု​၍ ဗိ​မာန်​တော်​မှ​ရွှေ​ဖ​လား​များ​ကို​ရှေ့​တော် သို့​ယူ​စေ​တော်​မူ​ခဲ့​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ အ​ရှင့်​မှူး​မတ်​များ၊ မိ​ဖု​ရား​များ၊ မောင်း မ​မိ​ဿံ​များ​သည်​ထို​ရွှေ​ဖ​လား​များ​တွင် စ​ပျစ်​ရည်​ကို​ထည့်​၍​သောက်​ပြီး​လျှင် မျက်​စိ မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော​ရွှေ၊ ငွေ၊​ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​တို့​နှင့်​လုပ်​သော​ဘု​ရား​များ​ကို ထော​မ​နာ​ပြု​ကြ​ပေ​သည်။ သို့​ရာ​တွင် အ​ရှင်​သည်​မိ​မိ​၏​အ​သက်​ကို​လည်း​ကောင်း၊ မိ​မိ​ပြု​သော​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို လည်း​ကောင်း​စိုး​ပိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ကား​ချီး​မွမ်း​တော် မ​မူ​ပါ။-
DAN 5:24 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​လက်​ကို စေ​လွှတ်​၍ ဤ​စာ​တန်း​ကို​ရေး​စေ​တော်​မူ ပါ​၏။
DAN 5:25 ``ရေး​ထား​သော​စာ​ကား`ရေ​တွက်၊ ရေ​တွက်၊ အ​လေး​ချိန်၊ ခွဲ​ဝေ' ဟူ​၍​ဖြစ်​သ​တည်း။-
DAN 5:26 ရေ​တွက်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​နိုင်​ငံ​သက်​တမ်း​ကို​ဘု​ရား​သ​ခင် ရေ​တွက်​၍ ဆုံး​ခန်း​တိုင်​ရောက်​စေ​တော်​မူ ပြီ​ဟူ​၍​ဖြစ်​ပါ​၏။-
DAN 5:27 အ​လေး​ချိန်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​အား​ချိန်​ခွင်​တွင်​ချိန်​တွယ်​၍ အ​လေး ချိန်​လျော့​နည်း​နေ​ကြောင်း​တွေ့​ရှိ​တော်​မူ​ပြီ ဟူ​၍​ဖြစ်​ပါ​၏။-
DAN 5:28 ခွဲ​ဝေ​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ အ​ရှင်​၏​နိုင်​ငံ​တော်​ကို​မေ​ဒိ​အ​မျိုး​သား များ​နှင့်​ပါ​ရှ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​တော်​မူ​ပြီ​ဟူ​၍​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​၏။
DAN 5:29 ထို​အ​ခါ​ချက်​ချင်း​ပင်​ဗေ​လ​ရှာ​ဇာ​မင်း သည် ဒံ​ယေ​လ​အား​တော်​ဝင်​ခ​ရမ်း​ရောင် ဝတ်​လုံ​ကို​ဝတ်​ဆင်​စေ​၍ လည်​ပင်း​၌​ဂုဏ် ထူး​ဆောင်​ရွှေ​စ​လွယ်​ကို​ဆွဲ​စေ​ပြီး​နောက် ဒံ​ယေ​လ​အား​နိုင်​ငံ​တော်​တွင်​တ​တိ​ယ တန်​ခိုး​အ​ကြီး​ဆုံး​ရာ​ထူး​တွင်​ခန့်​ထား တော်​မူ​၏။-
DAN 5:30 ထို​ည​၌​ပင်​လျှင်​ဗာ​ဗု​လုန်​ပြည်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​သည်​လုပ်​ကြံ​ခြင်း​ကို​ခံ ရ​၍၊-
DAN 5:31 အ​သက်​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော​မေ​ဒိ လူ​မျိုး​ဒါ​ရိ​မင်း​သည်​နိုင်​ငံ​ကို​သိမ်း​ယူ လေ​သည်။
DAN 6:1 ဒါ​ရိ​မင်း​သည်​မိ​မိ​၏​အင်​ပါ​ယာ​နိုင်​ငံ တစ်​ဝန်း​လုံး​အုပ်​ချုပ်​မှု​အ​တွက် ဘု​ရင်​ခံ တစ်​ရာ့​နှစ်​ဆယ်​ကို​ခန့်​ထား​ရန်​ဆုံး​ဖြတ် တော်​မူ​ပြီး​လျှင်၊-
DAN 6:2 ဒံ​ယေ​လ​နှင့်​အ​ခြား​သူ​နှစ်​ယောက်​တို့ အား​ဘု​ရင်​ခံ​များ​ကို​ကွပ်​ကဲ​ကြီး​ကြပ် ရန်​နှင့် ဘု​ရင့်​အ​ကျိုး​တော်​ကို​စောင့်​ရှောက် ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​၏။-
DAN 6:3 ထို့​နောက်​မ​ကြာ​မီ​ဒံ​ယေ​လ​သည်​အ​ခြား ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ​ဘု​ရင်​ခံ​များ ထက်​ပို​၍ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​လာ​၏။ သူ​သည် အ​လွန်​ပင်​ထူး​ချွန်​သ​ဖြင့် မင်း​ကြီး​သည် သူ့​အား​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ခု​လုံး​ကို ကွပ်​ကဲ​အုပ်​ချုပ်​စေ​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-
DAN 6:4 ထို​အ​ခါ​အ​ခြား​ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင် များ​နှင့်​ဘု​ရင်​ခံ​တို့​သည် ဒံ​ယေ​လ​၏​စီ​မံ အုပ်​ချုပ်​မှု​၌​အ​မှား​ကို​ရှာ​ကြ​လေ​သည်။ သို့​ရာ​တွင်​မည်​သည့်​အ​မှား​ကို​မျှ​မ​တွေ့ မ​ရှိ​နိုင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဒံ​ယေ​လ သည်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့်​မည်​သည့်​အ​မှား၊ မည်​သည့်​မ​ရိုး​မ​ဖြောင့်​မှု​ကို​မျှ​မ​ပြု သော​ကြောင့်​ဖြစ်​၏။-
DAN 6:5 သူ​တို့​က``ငါ​တို့​သည်​ဒံ​ယေ​လ​အား သူ ကိုး​ကွယ်​သည့်​ဘာ​သာ​နှင့်​ပတ်​သက်​သော ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု​တွင် မျှ​ပြစ်​တင်​စွပ်​စွဲ​စ​ရာ​တွေ့​နိုင်​မည်​မ​ဟုတ်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
DAN 6:6 ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​ရှေ့​တော်​သို့ သွား​ရောက်​၍``ဒါ​ရိ​မင်း​မြတ်​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ။-
DAN 6:7 အ​ရှင်​မင်း​ကြီး​သည်​အ​မိန့်​တော်​တစ်​ရပ် ကို​ထုတ်​ဆင့်​ကာ ထို​အ​မိန့်​တော်​ကို​လူ​တို့ တိ​ကျ​စွာ​လိုက်​နာ​ကြ​စေ​သင့်​ကြောင်း​ကြီး ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ၊ ဘု​ရင်​ခံ​များ၊ လက် ထောက်​ဘုရင်​ခံ​များ​နှင့်​အ​ကြံ​ပေး​အ​ရာ ရှိ​များ​ဖြစ်​သည့်​နိုင်ငံ​တော်​ကို​စီ​မံ​အုပ်​ချုပ် ကြ​သူ အ​ကျွန်ုပ်​တို့​အား​လုံး​သ​ဘော​တူ​ညီ ကြ​ပါ​၏။ ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင် အ​ဘယ်​သူ​မျှ​အ​ရှင်​မင်း​ကြီး​မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ​မည်​သူ မ​ဆို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့​ပစ်​ချ ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​ထုတ်​တော် မူ​ပါ။-
DAN 6:8 ထို​အ​မိန့်​တော်​ကို​အ​ရှင်​မင်း​ကြီး​ထုတ် ၍​တံ​ဆိပ်​ခတ်​နှိပ်​၍​လက်​မှတ်​ရေး​ထိုး တော်​မူ​ပါ​လျှင် ယင်း​အ​မိန့်​တော်​သည်​ပြင် ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​သော​မေ​ဒိ​နှင့် ပါ​ရှ​လူ​မျိုး​များ​၏​ဋ္ဌမ္မ​သတ်​ဖြစ်​လာ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-
DAN 6:9 သို့​ဖြစ်​၍​ဒါ​ရိ​မင်း​သည်​ထို​အ​မိန့်​တော် ကို တံ​ဆိပ်​ခတ်​လက်​မှတ်​ရေး​ထိုး​တော်​မူ​၏။-
DAN 6:10 မင်း​ကြီး​ဤ​သို့​လက်​မှတ်​ရေး​ထိုး​ပြီး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ဒံ​ယေ​လ သည်​အိမ်​သို့​ပြန်​လေ​၏။ သူ​၏​အိမ်​အ​ထက် ခန်း​တွင်​ယေ​ရု​ရှ​လင်​မြို့​သို့​မျက်​နှာ​မူ သည့်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ သူ​သည်​ထို အ​ခန်း​တွင်​မိ​မိ​ပြု​လေ့​ရှိ​သည်​အ​တိုင်း ပြူ​တင်း​ပေါက်​များ​အ​နီး​တွင် ဒူး​ထောက် လျက်​တစ်​နေ့​လျှင်​သုံး​ကြိမ်​ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။
DAN 6:11 သူ​၏​ရန်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဒံ​ယေ​လ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ သည်​ကို​မြင်​သော​အ​ခါ၊-
DAN 6:12 တစ်​စု​တစ်​ရုံး​တည်း​ဘု​ရင့်​ရှေ့​တော်​သို့​ဝင်​၍ ဒံ​ယေ​လ​အား​ပြစ်​တင်​စွပ်​စွဲ​ကြ​ကုန်​၏။ သူ တို့​က``အ​ရှင်​မင်း​ကြီး​ကိုယ်​တော်​သည်​နောက် ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင်​အ​ရှင်​မင်း​ကြီး မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား​ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ မည်​သူ​မ​ဆို​ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​တော် ကို​လက်​မှတ်​ရေး​ထိုး​တော်​မူ​ခဲ့​သည် မဟုတ်​ပါ​လော'' ဟု​မေး​လျှောက်​ကြ​၏။ မင်း​ကြီး​က``ထို​အ​မိန့်​သည်​ပြောင်း​လဲ​၍ မ​ရ​သော​မေ​ဒိ​နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏ ဋ္ဌမ္မ​သတ်​အ​တိုင်း​မှန်​ပေ​၏'' ဟု​မိန့်​တော် မူ​၏။
DAN 6:13 ထို​အ​ခါ​သူ​တို့​သည်​မင်း​ကြီး​အား``ယု​ဒ ပြည်​မှ​ဖမ်း​ဆီး​ခဲ့​သူ​များ​အ​နက်​တစ်​ဦး ဖြစ်​သူ​ဒံ​ယေ​လ​သည်​အ​ရှင်​မင်း​ကြီး အား​ရို​သေ​လေး​စား​မှု​မ​ရှိ။ အ​ရှင်​ထုတ် ပြန်​သည့်​အ​မိန့်​တော်​ကို​လည်း​မ​လိုက်​နာ။ သူ​သည်​တစ်​နေ့​လျှင်​သုံး​ကြိမ်​တိုင်​တိုင် အ​ချိန်​မှန်​မှန်​ဆု​တောင်း​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။
DAN 6:14 ဤ​လျှောက်​ထား​ချက်​ကို​မင်း​ကြီး​ကြား တော်​မူ​လျှင် အ​လွန်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် တော်​မူ​လျက်​ဒံ​ယေ​လ​အား​ကယ်​ဆယ်​ရန် နည်း​လမ်း​ကို​နေ​ဝင်​သည်​တိုင်​အောင်​အ​စွမ်း ကုန်​ကြိုး​စား​၍​ရှာ​ကြံ​တော်​မူ​၏။-
DAN 6:15 ထို​နောက်​မှူး​မတ်​အ​ရာ​ရှိ​တို့​သည်​အထံ​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​ကာ``မေ​ဒိ နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏​ဥ​ပ​ဒေ​များ​အ​ရ ဘု​ရင့်​အ​မိန့်​တော်​မည်​သည်​မှာ​ပြန်​လည် ပြင်​ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​ကြောင်း​အ​ရှင် မင်း​ကြီး​သိ​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။
DAN 6:16 ထို့​ကြောင့်​မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဒံ​ယေ​လ အား​ခြင်္သေ့​လှောင်​ရာ​တွင်း​ထဲ​သို့​ပစ်​ချ​လိုက် ကြ​၏။ မင်း​ကြီး​က​ဒံ​ယေ​လ​အား``သင်​သစ္စာ ရှိ​စွာ​ကိုး​ကွယ်​သော​ဘု​ရား​သည်​သင့်​ကို ကယ်​ဆယ်​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော် မူ​၏။-
DAN 6:17 ကျောက်​ပြား​ဖြင့်​တွင်း​ဝ​ကို​ပိတ်​စေ​ပြီး နောက်​မင်း​ကြီး​သည် အ​ဘယ်​သူ​မျှ​ဒံ​ယေ​လ အား​မ​ကယ်​နိုင်​စေ​ရန် မိ​မိ​၏​တံ​ဆိပ်​တော် နှင့်​မှူး​မတ်​တို့​၏​တံ​ဆိပ်​များ​ကို ကျောက် ပြား​ပေါ်​တွင်​ခတ်​နှိပ်​၍​ထား​စေ​တော်​မူ​၏။-
DAN 6:18 မင်း​ကြီး​သည်​နန်း​တော်​သို့​ပြန်​တော်​မူ​၍ တစ်​ညဥ့်​လုံး​စား​တော်​မ​ခေါ်။ အ​ဘယ်​သို့ သော​ဖြေ​ဖျော်​မှု​ကို​မျှ​ခံ​ယူ​တော်​မ​မူ။ စက်​တော်​ခေါ်​၍​မ​ပျော်​နိုင်။
DAN 6:19 မိုး​သောက်​ချိန်​၌​မင်း​ကြီး​သည်​ထ​၍ ခြင်္သေ့​တွင်း​သို့​အ​လျင်​အ​မြန်​ကြွ တော်​မူ​၏။-
DAN 6:20 ခြင်္သေ့​တွင်း​သို့​ရောက်​သော​အ​ခါ​စိုး​ရိမ်​ပူ ပန်​သော​အ​သံ​နှင့်``အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​၏​အ​စေ​ခံ၊ ဒံ​ယေ​လ၊ သင်​သစ္စာ​ရှိ စွာ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည်​သင့် အား​ခြင်္သေ့​များ​၏​ဘေး​မှ​ကယ်​တော်​မူ နိုင်​ပါ​၏​လော'' ဟု​မေး​တော်​မူ​၏။
DAN 6:21 ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ​သော။-
DAN 6:22 ခြင်္သေ့​တို့​သည်​အ​ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် မ​ပြု​နိုင်​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​၍​ခြင်္သေ့​တို့ ၏​နှုတ်​ကို​ပိတ်​ထား​တော်​မူ​ပါ​၏။ ဤ​ကဲ့​သို့ ပြု​တော်​မူ​ခြင်း​မှာ​အ​ကျွန်ုပ်​၌​အ​ပြစ်​မ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် အ​ရှင်​မင်း​ကြီး​အား​မ​ပြစ်​မှား​ခဲ့​ကြောင်း ကို​လည်း​ကောင်း​သိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။
DAN 6:23 မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​မြောက်​အား​ရ တော်​မူ​သ​ဖြင့် ဒံ​ယေ​လ​အား​ခြင်္သေ့​တွင်း မှ​ဆွဲ​တင်​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ဆွဲ​တင်​ကြ​ရာ​ဒံ​ယေ​လ သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​သူ ဖြစ်​သ​ဖြင့် မည်​သို့​မျှ​ဘေး​အန္တ​ရာယ်​မ​ဖြစ် ဘဲ​ရှိ​သည်​ကို​တွေ့​မြင်​ကြ​၏။-
DAN 6:24 ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ပြစ် တင်​စွပ်​စွဲ​ကြ​သူ​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး စေ​ပြီး​လျှင် သူ​တို့​၏​သား​မ​ယား​များ​နှင့် တ​ကွ​ခြင်္သေ့​တွင်း​ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့် ပေး​တော်​မူ​၏။ မြေ​သို့​မ​ရောက်​ရှိ​မီ​ပင်​သူ တို့​အား​ခြင်္သေ့​တို့​သည်​ခုန်​အုပ်​ပြီး​လျှင် အ​ရိုး​ပါ​မ​ကျန်​ကိုက်​စား​လိုက်​ကြ​လေ သည်။
DAN 6:25 ထို​နောက်​ဒါ​ရိ​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘာ​သာ စကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး​အ​သီး သီး​နှင့် နိုင်​ငံ​အ​သီး​သီး​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​သ​ဝဏ်​လွှာ​တစ်​စောင်​ရေး​သား​ပေး ပို့​တော်​မူ​၏။ ထို​သ​ဝဏ်​လွှာ​တွင်``သင်​တို့​သည်​ချမ်း​မြေ့ သာ​ယာ​ကြ​ပါ​စေ​သော။-
DAN 6:26 ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး ရှိ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​ဒံ​ယေ​လ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ငါ အ​မိန့်​တော်​ရှိ​သည်။ ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၍၊ ကာ​လ​အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​တန်​ခိုး​တော်​သည်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​ကုန်​ဆုံး​လိမ့်​မည် မ​ဟုတ်။
DAN 6:27 ကိုယ်​တော်​သည်​ကူ​မ​ကယ်​တင်​တော်​မူ​၍ မိုး​ကောင်း​ကင်​၌​လည်း​ကောင်း၊ ကမ္ဘာ​ပေါ်​၌​လည်း​ကောင်း​အံ့​သြ​ဖွယ်​ရာ များ​နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဒံ​ယေ​လ​အား​ခြင်္သေ့ များ​၏​ဘေး​မှ ကယ်​တင်​တော်​မူ​ပါ​၏'' ဟု​ပါ​ရှိ​လေ​သည်။
DAN 6:28 ဒံ​ယေ​လ​သည်​ဒါ​ရိ​မင်း​နန်း​စံ​ချိန်​နှင့်၊ ပါရှ အ​မျိုး​သား​ကု​ရု​မင်း​နန်း​စံ​ချိန်​၌​ကောင်း စား​လျက်​နေ​သ​တည်း။
DAN 7:1 ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​ပ​ထ​မ​နှစ်​၌ ငါ​သည်​ညဥ့်​အ​ခါ​အိပ်​မက်​တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထို​အိပ်​မက်​၏​အ​ကြောင်း​ကို​ငါ​သည်​ဤ​သို့​မှတ်​တမ်း​ရေး​ထား​သ​တည်း။
DAN 7:2 လေ​တို့​သည်​အ​ရပ်​လေး​မျက်​နှာ​မှ​တိုက်​ခတ်​သ​ဖြင့် သ​မုဒ္ဒ​ရာ​ရေ​ပြင်​တွင်​ပြင်း​စွာ​လှိုင်း​တံ​ပိုး​ထ​လေ​၏။-
DAN 7:3 ထို​အ​ခါ​ပုံ​သဏ္ဌာန်​ချင်း​မ​တူ​သော​သား​ရဲ​ကြီး​လေး​ကောင်​တို့​သည်​သ​မုဒ္ဒ​ရာ​ထဲ​မှ​ထွက်​ပေါ်​လာ​၏။-
DAN 7:4 ပ​ထ​မ​သား​ရဲ​သည်​ခြင်္သေ့​နှင့်​တူ​၍​လင်း​ယုန်​ကဲ့​သို့​အ​တောင်​များ​ရှိ​၏။ ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ထို​သား​ရဲ​သည်​အ​တောင်​များ​ပြုတ်​၍​သွား​ပြီး​လျှင် မြေ​ပေါ်​သို့​မြောက်​တက်​ကာ​လူ​ကဲ့​သို့​မတ်​တတ်​ရပ်​လျက်​နေ​၏။ ထို​နောက်​သူ​သည်​လူ့​စိတ်​ကို​ရ​လေ​သည်။
DAN 7:5 ငါ​သည်​ဒု​တိ​ယ​သား​ရဲ​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​နောက်​ခြေ​နှစ်​ချောင်း​ဖြင့်​ရပ်​လျက်​နေ​သော​ဝက်​ဝံ​နှင့်​တူ​၏။ သူ​၏​ပါး​စပ်​တွင်​နံ​ရိုး​သုံး​ချောင်း​ကို​ကိုက်​၍​ထား​၏။ အ​သံ​တစ်​ခု​က​သူ့​အား``အ​သား​ကို​ဝ​အောင်​စား​လော့'' ဟု​ဆို​၏။
DAN 7:6 ငါ​သည်​ဆက်​လက်​၍​ကြည့်​ရှု​နေ​စဉ်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ​၏။ သူ​၏​ကျော​ပေါ်​တွင်​ငှက်​တောင်​ပံ​များ​နှင့်​တူ​သော​အ​တောင်​လေး​ခု​ရှိ​၏။ သူ့​မှာ​ဦး​ခေါင်း​လေး​လုံး​ရှိ​၏။ သူ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​ပုံ​ရ​၏။
DAN 7:7 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​စ​တုတ္ထ​သား​ရဲ​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ခွန်​အား​ကြီး​၍​ထိတ်​လန့်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ သူ​၏​သွား​ကြီး​များ​ဖြင့်​ရန်​သူ​တို့​ကို​ကိုက်​ဝါး​ကာ​ခြေ​ဖြင့်​နင်း​ချေ​၏။ ဤ​သား​ရဲ​သည်​အ​ခြား​သား​ရဲ​များ​နှင့်​မ​တူ​ချေ။ သူ့​မှာ​ဦး​ချို​ဆယ်​ချောင်း​ရှိ​၏။-
DAN 7:8 ထို​ဦး​ချို​တို့​ကို​ကြည့်​နေ​စဉ်​ယင်း​တို့​အ​ကြား​မှ​ဦး​ချို​ငယ်​တစ်​ချောင်း​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ထို​ဦး​ချို​ငယ်​က​ရှိ​ပြီး​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ ထို​ဦး​ချို​ငယ်​တွင်​လူ​ကဲ့​သို့​မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​၏။
DAN 7:9 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-
DAN 7:10 ထို​ပလ္လင်​တော်​မှ​မြစ်​သ​ဖွယ်​မီး​ရောင်​ခြည်​ထွက်​လျက်​နေ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၏။ ရှေ့​တော်​တွင်​ရပ်​လျက်​ခ​စား​နေ​သူ​လည်း​သန်း​ပေါင်း​များ​စွာ​ရှိ​ပေ​သည်။ တ​ရား​စီ​ရင်​တော်​မူ​ချိန်​စ​တော့​မည်​ဖြစ်​သ​ဖြင့်​စာ​စောင်​များ​ဖွင့်​ထား​လျက်​ရှိ​၏။
DAN 7:11 ငါ​သည်​ကြည့်​ရှု​လျက်​နေ​စဉ်​ဦး​ချို​ငယ်​သည်​ကြွား​ဝါ​လျက်​ပင်​ရှိ​နေ​သေး​၏။ ထို​အ​ချိန်​၌​စ​တုတ္ထ​သား​ရဲ​သည်​အ​သတ်​ခံ​ရ​၍​သူ​၏​ကိုယ်​ခန္ဓာ​သည်​မီး​ရှို့​၍​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လေ​သည်။-
DAN 7:12 အ​ခြား​သား​ရဲ​တို့​သည်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​များ​ရုပ်​သိမ်း​ခြင်း​ခံ​ကြ​ရ​သော်​လည်း အ​ချိန်​အ​ကန့်​အ​သတ်​နှင့်​ဆက်​လက်​၍​အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လေ​သည်။
DAN 7:13 ညဥ့်​အ​ခါ​ထို​ရူ​ပါ​ရုံ​တွင်​ငါ​သည်​လူ​သား​နှင့်​တူ​သူ​တစ်​ဦး​ကို​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ခြံ​ရံ​ကာ​ငါ့​ထံ​သို့​ချဉ်း​ကပ်​လာ​၏။ ထို​နောက်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ထံ​တော်​သို့​ရောက်​ရှိ​သွား​သ​ဖြင့်​သူ​သည်​ကိုယ်​တော်​၏​ရှေ့​တော်​သို့​ဝင်​ခွင့်​ရ​လေ​သည်။-
DAN 7:14 ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။
DAN 7:15 ငါ​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကြောင့် ငါ​သည်​ထိတ်​လန့်​၍​လာ​သ​ဖြင့်​စိတ်​ချောက်​ချား​ကာ၊-
DAN 7:16 ထို​နေ​ရာ​တွင်​ရပ်​နေ​သူ​တစ်​ဦး​ထံ​သို့​သွား​၍ ထို​အ​ရာ​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ရာ​ထို​သူ​က​ငါ့​အား​ရှင်း​ပြ​လေ​သည်။-
DAN 7:17 ထို​သူ​က``ထို​သား​ရဲ​ကြီး​လေး​ကောင်​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​အင်​ပါ​ယာ​နိုင်​ငံ​လေး​ခု​ဖြစ်​၏။-
DAN 7:18 သို့​သော်​လည်း​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​ခံ​ယူ​ရ​ရှိ​ကာ​ကမ္ဘာ​အ​ဆက်​ဆက်​ထိန်း​သိမ်း​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​လေ​သည်။
DAN 7:19 ထို​နောက်​ငါ​သည်​အ​ခြား​သား​ရဲ​များ​နှင့်​မ​တူ​တ​မူ​ထူး​ခြား​လျက်​ကြေး​ဝါ​လက်​သည်း​များ​နှင့်​သံ​သွား​များ​ဖြင့် ရန်​သူ​ကို​ကိုက်​စား​နင်း​ချေ​တတ်​သော​စ​တုတ္ထ​သား​ရဲ​၏​အ​ကြောင်း​ကို​သိ​လို​၏။-
DAN 7:20 ထို​နောက်​ငါ​သည်​သူ​၏​ခေါင်း​ပေါ်​ရှိ​ဦး​ချို​ဆယ်​ချောင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ နောက်​မှ​ပေါ်​ပေါက်​လာ​ကာ​အ​ခြား​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​ပစ်​၍ မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​ပြီး​လျှင်​အ​ခြား​ဦး​ချို​များ​ထက်​ကြောက်​မက်​ဖွယ်​ကောင်း​သော​ဦး​ချို​ငယ်​အ​ကြောင်း​ကို​လည်း​ကောင်း​သိ​လို​၏။
DAN 7:21 ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ဦး​ချို​ငယ်​သည်​ဘု​ရား​သခင်​၏​လူ​မျိုး​တော်​တို့​အား စ​တင်​တိုက်​ခိုက်​၍​နိုင်​လေ​၏။-
DAN 7:22 ထို​အ​ခါ​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​သည်​ရောက်​ရှိ​လာ​လျက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​များ​ဘက်​မှ တ​ရား​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​၏။ ရာ​ဇ​ဝတ်​တန်​ခိုး​အာ​ဏာ​ကို​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် ခံ​ယူ​ရ​ရှိ​မည့်​အ​ချိန်​ကား​ကျ​ရောက်​လာ​လေ​ပြီ။
DAN 7:23 ထို​သူ​က``စ​တုတ္ထ​သား​ရဲ​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ပေါ်​ပေါက်​လာ​မည့်​စ​တုတ္ထ​မြောက်​အင်​ပါ​ယာ​နိုင်​ငံ​ဖြစ်​၍​အ​ခြား​နိုင်​ငံ​အ​ပေါင်း​နှင့်​ကွာ​ခြား​လိမ့်​မည်။ ယင်း​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ကို​ဝါး​မြို​ကာ​ခြေ​ဖြင့်​နင်း​၍​ချေ​မှုန်း​လိမ့်​မည်။-
DAN 7:24 ဦး​ချို​ဆယ်​ချောင်း​မှာ​ထို​နိုင်​ငံ​တွင်​ပေါ်​ပေါက်​လာ​မည့်​ဘု​ရင်​ဆယ်​ပါး​ဖြစ်​၏။ ထို​နောက်​အ​ခြား​ဘု​ရင်​တစ်​ပါး​ပေါ်​လာ​လိမ့်​မည်။ သူ​သည်​ယ​ခင်​ဘု​ရင်​များ​နှင့်​ကွာ​ခြား​သူ​ဖြစ်​လိမ့်​မည်။ ဘု​ရင်​သုံး​ပါး​ကို​လည်း​နှိမ်​နင်း​လိမ့်​မည်။-
DAN 7:25 သူ​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​တော်​တို့​၏​ဘာ​သာ​ရေး​ဆိုင်​ရာ​တ​ရား​ဋ္ဌမ္မ​များ​နှင့်​ပွဲ​လမ်း​သ​ဘင်​များ​ကို​ပြောင်း​လဲ​စေ​ရန် ကြိုး​စား​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်​လည်း သူ​၏​အာ​ဏာ​စက်​အောက်​တွင်​သုံး​နှစ်​ခွဲ​မျှ​နေ​ကြ​ရ​လိမ့်​မည်။-
DAN 7:26 ထို​နောက်​ကောင်း​ကင်​ရုံး​တော်​မှ​တ​ရား​စီ​ရင်​ချက်​ချ​မှတ်​ကာ သူ​၏​တန်​ခိုး​အာ​ဏာ​ကို​ရုတ်​သိမ်း​၍​သူ့​အား​လုံး​ဝ​သုတ်​သင်​ပယ်​ရှား​လိမ့်​မည်။-
DAN 7:27 အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​သည် ကမ္ဘာ​မြေ​ပေါ်​ရှိ​နိုင်​ငံ​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​အာ​ဏာ​စက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ပ​ပျောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သူ​တို့​၏​အ​စေ​ကို​ခံ​၍​သူ​တို့​၏​အ​မိန့်​ကို​နာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​၏။
DAN 7:28 ငါ​၏​အိပ်​မက်​နှင့်​သက်​ဆိုင်​သော​အ​ကြောင်း​အ​ရာ​များ​ကား​ဤ​တွင်​ပြီး​သ​တည်း။ ငါ​သည်​လွန်​စွာ​ထိတ်​လန့်​သ​ဖြင့်​မျက်​နှာ​ညှိုး​ငယ်​၍​သွား​၏။ ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​စိတ်​တွင်​မှတ်​ကျုံး​ထား​၏။
DAN 8:1 ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​တ​တိ​ယ​နှစ်​၌​ငါ ဒံ​ယေ​လ​သည် ဒု​တိ​ယ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကို​မြင်​ရ​၏။-
DAN 8:2 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​တွင်​ငါ​သည်​ဧ​လံ ပြည်​နယ်​မြို့​ရိုး​များ​ကာ​ရံ​ထား​သော ရှု​ရှန် မြို့​တွင်း​သို့​ရုတ်​တ​ရက်​ရောက်​ရှိ​နေ​သည် ကို​တွေ့​ရ​၏။ ငါ​သည်​ဥ​လဲ​မြစ်​အ​နီး​တွင် ရပ်​၍၊-
DAN 8:3 မျှော်​ကြည့်​လိုက်​ရာ​မြစ်​အ​နီး​တွင်​ရပ်​နေ သော​သိုး​ထီး​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သိုး မှာ​ဦး​ချို​ရှည်​ကြီး​နှစ်​ချောင်း​ရှိ​၍​တစ်​ချောင်း မှာ​အ​ခြား​တစ်​ချောင်း​ထက်​ပို​ရှည်​၍​နောက် မှ​ပေါက်​သော​ချို​ဖြစ်​သည်။-
DAN 8:4 ထို​သိုး​သည်​ဦး​ချို​ဖြင့်​အ​နောက်၊ တောင်၊ မြောက် အ​ရပ်​သုံး​မျက်​နှာ​သို့​ခတ်​ဝှေ့​၍​နေ​သည် ကို​ငါ​ကြည့်​လျက်​နေ​မိ​၏။ သူ့​အား​အ​ဘယ် တိ​ရစ္ဆာန်​မျှ​မ​ဆီး​တား​နိုင်။ သူ​၏​လက်​တွင်း မှ​လွတ်​မြောက်​အောင်​လည်း​မ​တတ်​နိုင်။ သူ သည်​မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း​ပြု​ကာ မာန်​မာ​န​ထောင်​လွှား​လာ​လေ​သည်။
DAN 8:5 ငါ​သည်​ဤ​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​စဉ်း​စား​တွေး​တော​လျက်​နေ​စဉ် အ​နောက် အ​ရပ်​မှ​ဆိတ်​တစ်​ကောင်​သည်​ပြေး​၍​ထွက် လာ​၏။ သူ​သည်​အ​ရှိန်​ပြင်း​လှ​သ​ဖြင့်​မြေ ကို​ပင်​မ​နင်း​မိ​ချေ။ သူ​၏​မျက်​လုံး​များ အ​ကြား​တွင်​ငေါ​၍​ထွက်​နေ​သော​ဦး​ချို တစ်​ချောင်း​ရှိ​၏။-
DAN 8:6 သူ​သည်​ယ​ခင်​က​မြစ်​အ​နီး​တွင် ငါ​မြင် ခဲ့​သော​သိုး​၏​အ​နီး​သို့​ရောက်​လာ​သော အ​ခါ တစ်​ဟုန်​တည်း​ပြေး​၍​ဝှေ့​လေ​၏။-
DAN 8:7 ငါ​သည်​ဆိတ်​က​သိုး​အား​ဝှေ့​သည်​ကို​ကြည့် ၍​နေ​၏။ ဆိတ်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍ သိုး​ကို​တ​အား​ကုန်​ဝှေ့​လိုက်​ရာ​သိုး​၏​ဦး ချို​နှစ်​ချောင်း​ကျိုး​လေ​၏။ သိုး​သည်​ပြန်​လည် ခု​ခံ​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့်​မြေ​ပေါ်​သို့​လဲ ကျ​ကာ​ခြေ​နှင့်​အ​နင်း​ခံ​ရ​လေ​သည်။ အ​ဘယ်​သူ​မျှ​သူ့​အား​မ​ကယ်​နိုင်​တော့​ပေ။
DAN 8:8 ဆိတ်​သည်​ပို​၍​ပို​၍​မာန်​မာ​န​ထောင်​လွှား လာ​၏။ သို့​ရာ​တွင်​သူ​တန်​ခိုး​အ​ကြီး​ဆုံး အ​ချိန်​သို့​ရောက်​သော​အ​ခါ​သူ​၏​ဦး​ချို သည်​ကျိုး​သွား​ပြီး​လျှင် ထို​ဦး​ချို​၏​နေ​ရာ တွင်​အ​ရပ်​လေး​မျက်​နှာ​သို့​ငေါ​ထွက်​နေ သော​ဦး​ချို​လေး​ချောင်း​ပေါက်​၍​လာ​လေ သည်။-
DAN 8:9 ထို​ဦး​ချို​လေး​ချောင်း​အ​နက်​တစ်​ချောင်း တွင်​ချို​အ​တက်​တစ်​ချောင်း​ပေါက်​၍​လာ​၏။ ထို​ချို​တက်​သည်​တောင်​ဘက်​အ​ရပ်၊ အ​ရှေ့ အ​ရပ်​နှင့်​ကတိ​ထား​တော်​မူ​သော​ပြည်​တော် သို့​တိုင်​အောင်​အာ​ဏာ​တန်​ခိုး​ရှိ​လေ​သည်။-
DAN 8:10 ချို​အ​တက်​သည်​ကောင်း​ကင်​ဗိုလ်​ခြေ​တည်း ဟူ​သော​ကြယ်​တာ​ရာ​များ​ကို​တိုက်​ခိုက်​နိုင် သည်​တိုင်​အောင် အင်​အား​ကြီး​မား​လာ​ကာ ထို​ကြယ်​တာ​ရာ​အ​ချို့​တို့​ကို​မြေ​သို့ ချ​၍​နင်း​ချေ​လေ​သည်။-
DAN 8:11 ကောင်း​ကင်​ဗိုလ်​ခြေ​တို့​၏​အ​ရှင်​ကို​ပင်​အာ ခံ​လျက် ကိုယ်​တော်​အား​ပူ​ဇော်​နေ​ကျ​ဖြစ် သည့်​ယဇ်​များ​ကို​ရပ်​စဲ​စေ​၍​ဗိ​မာန်​တော် ကို​ပျက်​စီး​စေ​၏။-
DAN 8:12 လူ​တို့​သည်​နေ့​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​များ ကို​ပူ​ဇော်​မည့်​အ​စား​စစ်​မှန်​သော​ဘာ​သာ တ​ရား​ကို​မြေ​သို့​တိုင်​အောင်​ရှုတ်​ချ​ကြ​၏။ ထို​ဦး​ချို​သည်​ပြု​လေ​သ​မျှ​သော​အ​မှု တို့​တွင်​အောင်​မြင်​လေ​သည်။
DAN 8:13 ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က အ​ခြား တစ်​ပါး​အား``ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​ရှိ​ရ သည့်​အ​ရာ​များ​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဖြစ်​ပျက်​နေ​ပါ​မည်​နည်း။ နေ့​စဉ်​ယဇ်​ပူ​ဇော် ခြင်း​ကို​ကြောက်​မက်​ဖွယ်​ရာ​အ​ပြစ်​ဒု​စ​ရိုက် ဖြင့်​အ​စား​ထိုး​မှု​သည်​လည်း​ကောင်း၊ ကောင်း ကင်​ဗိုလ်​ခြေ​နှင့်​ဗိ​မာန်​တော်​ကို​နင်း​ချေ​မှု သည်​လည်း​ကောင်း​အ​ဘယ်​မျှ​ကြာ​ဖြစ် ပျက်​လိမ့်​မည်​နည်း'' ဟု​မေး​သည်​ကို​ငါ ကြား​ရ​၏။
DAN 8:14 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​က``ရက်​ပေါင်း တစ်​ထောင့်​တစ်​ရာ့​ငါး​ဆယ် ကြာ​လိမ့်​မည်။ ထို​ကာ​လ​အ​တော​အ​တွင်း​၌ နံ​နက်​နှင့်​ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​မှု​များ​ကို ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​နောက်​ဗိ​မာန်​တော် သည်​ပြန်​လည်​သန့်​စင်​၍​လာ​လိမ့်​မည်'' ဟု ပြန်​ပြော​၏။
DAN 8:15 ငါ​ဒံ​ယေ​လ​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် ကို​သိ​ရှိ​နိုင်​ရန်​ကြိုး​စား​လျက်​နေ​စဉ် လူ့ သဏ္ဌာန်​ကို​ဆောင်​သူ​တစ်​ဦး​သည်​ငါ​၏​ရှေ့ တွင်​ရပ်​၍​နေ​သည်​ကို​မြင်​ရ​၏။-
DAN 8:16 ထို​အ​ချိန်​၌``အ​ချင်း​ဂါ​ဗြေ​လ၊ ထို​သူ​အား ရူ​ပါ​ရုံ​၏​အနက်​ကို​ဖော်​ပြ​လော့'' ဟူ​၍​ဥ​လဲ မြစ်​ဘက်​မှ​လူ့​အ​သံ​နှင့်​ဟစ်​၍​ပြော​ဆို​သည် ကို​ငါ​ကြား​ရ​၏။-
DAN 8:17 ဂါ​ဗြေ​လ​သည်​ငါ​၏​အ​နီး​သို့​လာ​၍​ရပ် လိုက်​သော​အ​ခါ​ငါ​သည်​လွန်​စွာ​ထိတ်​လန့် သွား​သ​ဖြင့်​မြေ​သို့​လဲ​ကျ​လေ​သည်။ ဂါ​ဗြေ​လ​က``အ​ချင်း​လူ​သား၊ ရူ​ပါ​ရုံ​၏ အ​နက်​ကို​နား​လည်​လော့။ ထို​ရူ​ပါ​ရုံ​သည် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​နှင့်​သက်​ဆိုင်​၏'' ဟု ငါ့​အား​ဆို​၏။-
DAN 8:18 သူ​ဤ​သို့​ပြော​နေ​စဉ်​ငါ​သည်​မေ့​မြော​၍ မြေ​ပေါ်​သို့​လဲ​ကျ​သွား​လေ​သည်။ သို့​ရာ တွင်​သူ​သည်​ငါ့​အား​ဆွဲ​ကိုင်​ထူ​မ​ပြီး လျှင်၊-
DAN 8:19 ``ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​၏​အ​ကျိုး ဆက်​ကား အ​ဘယ်​သို့​ဖြစ်​မည်​ကို​သင့်​အား ငါ​ဖော်​ပြ​နေ​ခြင်း​ဖြစ်​၏။ ရူ​ပါ​ရုံ​သည် အ​ဆုံး​စွန်​သော​ကာ​လ​နှင့်​သက်​ဆိုင်​၏။
DAN 8:20 ``သင်​မြင်​ရ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​သည့် သိုး​သည် မေ​ဒိ​နှင့်​ပါ​ရှ​နိုင်​ငံ​များ​ကို​ဆို လို​၏။-
DAN 8:21 ဆိတ်​သည်​ဂ​ရိတ်​နိုင်​ငံ​ဖြစ်​၏။ သူ​၏​မျက်​စိ များ​အ​ကြား​မှ​ငေါ​၍​ထွက်​နေ​သော​ဦး​ချို ကား ထို​နိုင်​ငံ​၏​ပ​ထ​မ​မြောက်​ဘု​ရင်​ဖြစ်​၏။-
DAN 8:22 ထို​ဦး​ချို​ကျိုး​၍​သွား​သော​အ​ခါ​ပေါက်​လာ သည့်​ဦး​ချို​လေး​ချောင်း​တို့​မှာ ထို​နိုင်​ငံ​မှ​ကွဲ ပြား​ပေါ်​ပေါက်​လာ​မည့်​နိုင်​ငံ​လေး​ခု​ဖြစ်​၏။ သို့​ရာ​တွင်​ထို​နိုင်​ငံ​တို့​သည် ပ​ထ​မ​နိုင်​ငံ လောက်​အင်​အား​ကြီး​မား​ကြ​လိမ့်​မည် မ​ဟုတ်။
DAN 8:23 ``ထို​နိုင်​ငံ​များ​သည်​ပျက်​သုဉ်း​ချိန်​နီး​၍ အ​ပြစ်​ဒဏ်​သင့်​လောက်​အောင်​ယုတ်​မာ​လာ သော​အ​ခါ​ခေါင်း​မာ​ဆိုး​ညစ်၊ ကောက်​ကျစ် လိမ်​လည်​တတ်​သော​ဘု​ရင်​တစ်​ပါး​ပေါ် ပေါက်​လာ​လိမ့်​မည်။-
DAN 8:24 သူ​သည်​ကိုယ်​ပိုင်​စွမ်း​ရည်​မ​ရှိ​ဘဲ​တန်​ခိုး ကြီး​မား​၍​လာ​လိမ့်​မည်။ သူ​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​သတ်​ဖြတ်​ဖျက်​ဆီး​မှု​များ ကို​ပြု​၍ အ​ဘယ်​အမှု​ကိစ္စ​တွင်​မ​ဆို​အောင် မြင်​လိမ့်​မည်။ တန်​ခိုး​ကြီး​မား​သူ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။-
DAN 8:25 သူ​သည်​ပါး​နပ်​လိမ္မာ​သူ​ဖြစ်​သ​ဖြင့် လိမ် လည်​လှည့်​စား​မှု​တို့​တွင်​အောင်​မြင်​လိမ့်​မည်။ သူ​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​လူ​အ မြောက်​အ​မြား​ကို​အ​မှတ်​မ​ထင်​သုတ်​သင် သတ်​ဖြတ်​လိမ့်​မည်။ သူ​သည်​ဘု​ရင်​တ​ကာ တို့​၏​ဘု​ရင်​ကို​ပင်​လျှင်​အံ​တု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​သည်​လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
DAN 8:26 ညဥ့်​ဦး​ယံ၊ နံ​နက်​ယံ​ပူ​ဇော်​ရာ​ယဇ်​များ နှင့်​သက်​ဆိုင်​၍ သင့်​အား​ငါ​ရှင်း​လင်း​ပြ​သည့် ဤ​ရူ​ပါ​ရုံ​သည်​အ​ကောင်​အ​ထည်​ပေါ်​လာ လိမ့်​မည်။ သို့​ရာ​တွင်​ယင်း​သို့​အ​ကောင်​အ​ထည် ပေါ်​ရန်​အ​ချိန်​များ​စွာ​လို​သေး​သ​ဖြင့်​ထို ရူ​ပါ​ရုံ​ကို​လျှို့​ဝှက်​၍​ထား​လော့'' ဟု​ဆို​၏။
DAN 8:27 ငါ​ဒံ​ယေ​လ​သည်​ရက်​ပေါင်း​များ​စွာ​စိတ် ညှိုး​ငယ်​လျက် မ​ကျန်း​မ​မာ​ဖြစ်​၍​နေ​၏။ ထို နောက်​ငါ​သည်​ထ​၍​ဘု​ရင်​ပေး​အပ်​ထား​သည့် အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​၏။ သို့​ရာ​တွင် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကြောင့်​စိတ်​ရှုပ်​ထွေး​လျက် နေ​သ​ဖြင့် ငါ​သည်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​နား​မ​လည်​နိုင်​ပါ။
DAN 9:1 မေ​ဒိ​လူ​မျိုး​ဖြစ်​သူ​အာ​ရွှေ​ရု​၏​သား​တော် ဒါ​ရိ​သည် ဗာ​ဗု​လုန်​နိုင်​ငံ​တွင်​မင်း​ပြု​တော် မူ​၏။-
DAN 9:2 သူ​၏​နန်း​စံ​ပ​ထ​မ​နှစ်​၌​ငါ​ဒံ​ယေ​လ​သည် ကျမ်း​စာ​တော်​များ​ကို​လေ့​လာ​ကာ​ပ​ရော ဖက်​ယေ​ရ​မိ​အား ဘု​ရား​သခင်​မိန့်​တော်​မူ သည်​အ​တိုင်း​အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင် ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ရ​မည်​အ​ကြောင်း ကို​စဉ်း​စား​ဆင်​ခြင်​လျက်​နေ​၏။-
DAN 9:3 ထို​နောက်​ငါ​သည်​အ​စာ​ရှောင်​ပြီး​လျှင်​လျှော် တေ​ကို​ဝတ်​၍ ပြာ​ထဲ​တွင်​ထိုင်​ကာ ထာ​ဝ​ရ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​အ​သ နား​ခံ​၏။-
DAN 9:4 ငါ​သည်​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ဆု​တောင်း​ပတ္ထနာ​ပြု​၍​ငါ့​လူ​မျိုး​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၏။ ငါ​က``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ချီး​ကူး​ကြ ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော် ကို​တည်​မြဲ​စေ​တော်​မူ​လျက် မိ​မိ​အား​ချစ် ၍​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​သူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။
DAN 9:5 ``အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​မိ​ကြ​ပါ ပြီ။ အ​မှား​ကို​ပြု​မိ​ကြ​ပါ​ပြီ။ ညစ်​ညူး​သူ များ​ဖြစ်​၍​ပုန်​ကန်​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို ပစ်​ပယ်​၍ ကိုယ်​တော်​ပြ​တော်​မူ​သော​ပ​ညတ် များ​မှ​သွေ​ဖည်​မိ​ကြ​ပါ​ပြီ။-
DAN 9:6 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရင်​များ၊ မင်း ညီ​မင်း​သား​များ၊ ဘိုး​ဘေး​များ​မှ​စ​၍​ပြည် သူ​ပြည်​သား​အ​ပေါင်း​တို့​အား​နာ​မ​တော် ကို​အ​မှီ​ပြု​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော ဖက်​တို့​ဟော​ကြား​သည်​ကို​အ​ကျွန်ုပ်​တို့​မ လိုက်​နာ​ခဲ့​ကြ​ပါ။-
DAN 9:7 အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ခါ​ခပ် သိမ်း​ဖြောင့်​မှန်​ရာ​ကို​ပြု​တော်​မူ​ပါ​၏။ သို့ ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။ ယု​ဒ​ပြည် ၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း ကောင်း နေ​ထိုင်​သူ​များ​နှင့်​ကိုယ်​တော်​အား သစ္စာ​ဖောက်​သ​ဖြင့် ရပ်​နီး​ရပ်​ဝေး​တိုင်း​ပြည် များ​သို့​နှင်​ထုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လည်း​ကောင်း ဤ​နည်း​အ​တိုင်း​ပင်​မိ​မိ​တို့ ကိုယ်​ကို​အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။-
DAN 9:8 အို အ​ရှင်​ဘု​ရား​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း​သား​များ​နှင့်​ဘိုး​ဘေး​များ​သည် ရှက်​ကြောက်​ဖွယ်​ရာ​အ​မှု​တို့​ကို​ပြု​ကျင့် လျက်​ကိုယ်​တော်​အား​ပြစ်​မှား​ကြ​ပါ​ပြီ။-
DAN 9:9 အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ သော်​လည်း ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် က​ရု​ဏာ​ထား​တော်​မူ​၍​အ​ကျွန်ုပ် တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။-
DAN 9:10 အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ပေး​အပ်​တော်​မူ​သော​ပ​ညတ်​တော်​များ အ​တိုင်း​လိုက်​နာ​ရန်​မိန့်​ကြား​သော်​လည်း အ​ကျွန်ုပ်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ​ပါ။-
DAN 9:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​ပင် လျှင် ကိုယ်​တော်​ရှင်​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍​အ​မိန့်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​မှား ကြ​သည်​ဖြစ်​၍ ကိုယ်​တော့်​အ​စေ​ခံ​မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​ရေး​သား​ဖော်​ပြ​ထား သည့်​ကျိန်​စာ​များ​သင့်​စေ​တော်​မူ​ပါ​၏။-
DAN 9:12 ကိုယ်​တော်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သည် အ​တိုင်း အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​သူ​တို့​အား အ​ပြစ်​ဒဏ်​ပေး​တော် မူ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အား​ကမ္ဘာ​ပေါ် ရှိ​အ​ခြား​မြို့​များ​ထက်​ပို​၍ ပြင်း​ထန်​စွာ အ​ပြစ်​ပေး​တော်​မူ​ပါ​၏။-
DAN 9:13 အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား တွင် ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ပြစ်​ဒဏ် များ​ကို​ခံ​ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု အ​ခါ​၌​ပင်​လျှင်​အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​နှစ်​သက်​တော်​မူ​စေ​ရန်​ကြိုး​စား​၍ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း၊ သမ္မာ​တ​ရား တော်​ကို​လိုက်​လျှောက်​ကျင့်​သုံး​ခြင်း​အ​မှု တို့​ကို​မ​ပြု​မ​လုပ်​ကြ​သေး​ပါ။-
DAN 9:14 အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဒဏ်​ပေး​ရန် အ​သင့်​ရှိ​သည်​အ​တိုင်း​ဒဏ်​ပေး​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​ဖြောင့်​မှန် ရာ​ကို​ပြု​တော်​မူ​တတ်​သော်​လည်း အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ ထောင်​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။
DAN 9:15 အို အ​ကျွန်ုပ်​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​မိ​မိ​၏​လူ​မျိုးတော်​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ခြင်း​အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို ယ​ခု ထက်​တိုင်​အောက်​မေ့​သ​တိ​ရ​လျက်​နေ​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​မိ ကြ​ပါ​ပြီ။ အ​မှား​ကို​ပြု​မိ​ကြ​ပါ​ပြီ။-
DAN 9:16 အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​တိတ် ကာ​လ​က အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ယေ​ရု​ရှ​လင် မြို့​ကို​ဆက်​လက်​၍ အ​မျက်​ဒေါ​သ​ထွက်​တော် မ​မူ​ပါ​နှင့်။ ထို​မြို့​သည်​ကိုယ်​တော်​၏​မြို့​တော်၊ ကိုယ်​တော်​၏​သန့်​ရှင်း​သော​တောင်​တော်​ဖြစ် ပါ​၏။ အ​ကျွန်ု​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ နှင့်​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု​များ ကြောင့် အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​ရှိ​လူ အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ကိုယ် တော်​၏​လူ​မျိုး​တော်​အား​အ​ထင်​အ​မြင် သေး​ကြ​ပါ​၏။-
DAN 9:17 အို ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏ ကျွန်​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​နှင့်​အ​သ​နား ခံ​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း လူ တိုင်း​သိ​ကြ​စေ​ရန် ဖြို​ဖျက်​ခြင်း​ခံ​ရ​သည့် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​ပါ။-
DAN 9:18 အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​၏​လျှောက် ထား​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​အား​ကြည့်​တော်​မူ​၍​ကိုယ်​တော်​ရှင့်​နာ​မ တော်​ကို​ခံ​ယူ​ထား​သည့်​မြို့​၏​ဝေ​ဒ​နာ​ကို ရှု​မှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့ ကောင်း​မွန်၊ မှန်​ကန်​မှု​ကို​အ​မှီ​မ​ပြု၊ ကိုယ် တော်​၏​ကြီး​မြတ်​သော​က​ရု​ဏာ​ကို အ​မှီ​ပြု​၍​ဆု​တောင်း​ပါ​၏။-
DAN 9:19 အို အ​ရှင်​ဘု​ရား၊ နား​ထောင်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​ကို​နား ထောင်​တော်​မူ​၍​အ​ရေး​ယူ​တော်​မူ​ပါ။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ဖင့်​နွဲ တော်​မ​မူ​ပါ​နှင့်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လူ​တိုင်း​သိ​ရှိ​ပါ​လိမ့်​မည်။ ဤ​မြို့ နှင့်​ဤ​လူ​မျိုး​တော်​ကို​ကိုယ်​တော်​ပိုင် တော်​မူ​ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​၏။
DAN 9:20 ငါ​သည်​ဆက်​လက်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ မိ​မိ​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း၊ မိ​မိ ၏​လူ​မျိုး​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း​ဖော်​ပြ ဝန်​ခံ​လျက် ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ် သော​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ပေး​တော်​မူ​ရန် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​အ​သ​နား​ခံ​လျက်​နေ​၏။-
DAN 9:21 ယင်း​သို့​ငါ​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ စဉ် ယ​ခင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ​တွေ့​မြင် ခဲ့​သူ၊ ဂါ​ဗြေ​လ​သည်​ငါ​ရှိ​ရာ​သို့​ပျံ​ဝဲ ဆင်း​သက်​လာ​၏။ ထို​အ​ချိန်​ကား​ညဥ့်​ဦး ယံ​ယဇ်​ပူ​ဇော်​ရာ​အ​ချိန်​ဖြစ်​၏။-
DAN 9:22 ဂါ​ဗြေ​လ​က``ဒံ​ယေ​လ၊ ငါ​သည်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​ကို​သင်​သိ​ရှိ​နား​လည်​နိုင်​ရေး အ​တွက်​အ​ကူ​အ​ညီ​ပေး​ရန် ဤ​အ​ရပ် သို့​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​၏။-
DAN 9:23 သင်​သည်​ဘု​ရား​သ​ခင်​အား​စ​တင်​အ​သ နား​ခံ​သော​အ​ခါ ကိုယ်​တော်​သည်​သင့်​ပတ္ထ​နာ ကို​နား​ထောင်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင့် အား​ချစ်​မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ ကိုယ် တော်​၏​ဖြေ​ကြား​ချက်​ကို​သင့်​အား​ဖော် ပြ​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်။ ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ငါ​ရှင်း​လင်း​ဖော်​ပြ နေ​စဉ်​ဂ​ရု​ပြု​၍​နား​ထောင်​လော့။
DAN 9:24 ``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။-
DAN 9:25 ယ​ခု​ဖော်​ပြ​မည့်​အ​ချက်​ကို​သ​တိ​ပြု ၍​နား​လည်​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန် လည်​တည်​ထောင်​ရန်​အ​မိန့်​ပေး​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​သည့်​ခေါင်း​ဆောင် ပေါ်​လာ​ချိန်​အ​ထိ နှစ်​ပေါင်း​ခု​နစ်​နှစ်​နှင့် ခု​နစ်​လီ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည် လမ်း​များ၊ ခိုင်​ခံ့​သော​မြို့​ရိုး​များ​နှင့်​ပြန် လည်​တည်​ထောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ခု​နစ်​လီ​ကြာ​အောင်​တည်​လိမ့်​မည်။ သို့ ရာ​တွင်​ထို​ကာ​လ​သည်​ဒု​က္ခ​များ​ရာ ကာ​လ​ဖြစ်​လိမ့်​မည်။-
DAN 9:26 ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။-
DAN 9:27 ထို​မင်း​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​များ​စွာ သော​လူ​တို့​နှင့် အ​ခိုင်​အ​မာ​သ​ဘော​တူ စာ​ချုပ်​ချုပ်​ဆို​လိမ့်​မည်။ သုံး​နှစ်​ခွဲ​မျှ ကြာ​သော​အ​ခါ​သူ​သည် ယဇ်​နှင့်​ပူ​ဇော် သ​ကာ​များ​ဆက်​ကပ်​မှု​ကို​ရပ်​စဲ​စေ လိမ့်​မည်။ ထို​နောက်​ထိတ်​လန့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​ရာ ကို ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​လိမ့်​မည်။ ထို​အ​ရာ​သည်​မြှောက်​တင်​သူ အ​တွက် ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​ထား တော်​မူ​သော​ဆုံး​ပါး​ပျက်​စီး​ချိန်​တိုင် အောင် ဗိ​မာန်​တော်​တွင်​တည်​ရှိ​နေ​လိမ့်​မည်'' ဟု​ဆို​၏။
DAN 10:1 ပါ​ရှ​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​နန်း​စံ​တ​တိ​ယ နှစ်​၌ ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည်​တွင် သော​ဒံ​ယေ​လ​သည် ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​၏။ ထို​ဗျာ​ဒိတ်​တော်​တွင်​ပါ​ရှိ​သည့်​ဖော် ပြ​ချက်​စ​ကား​သည်​မှန်​ကန်​သော်​လည်း​နား လည်​ရန်​အ​လွန်​ခက်​၏။ ဒံ​ယေ​လ​သည်​ထို ဖော်​ပြ​ချက်​စ​ကား​၏​အ​နက်​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အား​ဖြင့်​သိ​ရှိ​နား​လည်​၍​လာ​၏။
DAN 10:2 ထို​အ​ခါ​၌​ငါ​ဒံ​ယေ​လ​သည်​သီ​တင်း သုံး​ပတ်​တိုင်​တိုင် ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​၏။-
DAN 10:3 မွန်​မြတ်​သော​အ​စာ​သို့​မ​ဟုတ်​အ​သား​ကို မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်၊ ခေါင်း​မ​ဖြီး ဘဲ​သီ​တင်း​သုံး​ပတ်​ကုန်​ဆုံး​ချိန်​တိုင်​အောင် နေ​၏။
DAN 10:4 ထို​နှစ်​ပ​ထ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​မြောက် သော​နေ့​၌ ငါ​သည်​တိ​ဂ​ရစ်​မြစ်​ကြီး​၏ ကမ်း​ပါး​ပေါ်​တွင်​ရပ်​လျက်​နေ​၏။-
DAN 10:5 မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ပိတ်​ချော အင်္ကျီ​ကို​ဝတ်​၍ ရွှေ​ခါး​ပတ်​ကို​ပတ်​ထား သူ​လူ​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။-
DAN 10:6 သူ​၏​ခန္ဓာ​ကိုယ်​သည်​ကျောက်​မျက်​ရ​တ​နာ ကဲ့​သို့​တောက်​ပ​၏။ သူ​၏​မျက်​နှာ​သည်​လျှပ် စစ်​နွယ်​ကဲ့​သို့​ပြောင်​လက်​လျက် သူ​၏​မျက်​စိ များ​သည်​မီး​ကဲ့​သို့​အ​လျှံ​ထ​လျက်​နေ​၏။ သူ​၏​လက်​ခြေ​တို့​သည် တိုက်​ချွတ်​ထား​သော ကြေး​ဝါ​ကဲ့​သို့​တောက်​ပ​၍ သူ​၏​အ​သံ သည်​လူ​ပ​ရိတ်​သတ်​ကြီး​၏​အော်​ဟစ်​သံ နှင့်​တူ​၏။
DAN 10:7 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ငါ​ဒံ​ယေ​လ​တစ် ယောက်​တည်း​သာ​မြင်​ရ​၏။ ငါ​နှင့်​အ​တူ ရှိ​သော​သူ​တို့​သည်​အ​ဘယ်​အ​ရာ​ကို​မျှ မ​မြင်​ကြ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထိတ် လန့်​တုန်​လှုပ်​လျက်​ထွက်​ပြေး​ပုန်း​အောင်း နေ​ကြ​၏။-
DAN 10:8 ငါ​တစ်​ဦး​တည်း​သာ​လျှင်​ထို​အံ့​သြ​ဖွယ် ကောင်း​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ကြည့် လျက်​ကျန်​ရစ်​၏။ ငါ​သည်​အား​ပြတ်​၍ အ​ဘယ်​သူ​မျှ​မ​မှတ်​မိ​နိုင်​လောက်​အောင် ငါ​၏​မျက်​နှာ​သည်​အ​သွင်​ပြောင်း​သွား​၏။ အ​ကူ​အ​ညီ​မဲ့​လျက်​ရှိ​၏။-
DAN 10:9 ထို​သူ​၏​စ​ကား​သံ​ကို​ကြား​သော​အ​ခါ ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း​လျား​မှောက်​လဲ ကျ​ကာ​သ​တိ​မေ့​လျက်​နေ​၏။-
DAN 10:10 ထို​အ​ခါ​လက်​တစ်​ဖက်​သည်​ငါ့​ကို​ကိုင်​ဆွဲ ချီ​ကြွ​သ​ဖြင့် ငါ​သည်​လေး​ဘက်​ထောက် လျက်​နေ​၏။ ငါ​သည်​တုန်​လှုပ်​လျက်​ပင်​ရှိ နေ​သေး​၏။
DAN 10:11 ကောင်း​ကင်​တ​မန်​က``ဒံ​ယေ​လ၊ ဘု​ရား​သခင် သည် သင့်​ကို​ချစ်​တော်​မူ​၏။ ထ​၍​ငါ​ပြော​မည့် စကား​ကို​သေ​ချာ​စွာ​နား​ထောင်​လော့။ ကိုယ် တော်​သည်​ငါ့​အား​သင့်​ထံ​သို့​စေ​လွှတ်​တော် မူ​ပြီ'' ဟု​ဆို​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ငါ​သည်​တုန်​လှုပ်​လျက်​ပင်​မတ်​တတ် ရပ်​လိုက်​၏။
DAN 10:12 ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ မ​ကြောက်​နှင့်။ သင်​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​နိုင်​မည် အ​ကြောင်း မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ရန် ဦး​စွာ ပ​ထ​မ​စိတ်​ပိုင်း​ဖြတ်​လိုက်​သည့်​နေ့​မှ​စ ၍​ဘု​ရား​သ​ခင်​သည် သင်​၏​ဆု​တောင်း​ပတ္ထ နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​၏​လျှောက် ထား​ချက်​ကို​ဖြေ​ကြား​ရန်​ငါ့​ကို​စေ လွှတ်​တော်​မူ​လိုက်​၏။-
DAN 10:13 ပါ​ရှ​နိုင်​ငံ​စောင့်​ကောင်း​ကင်​တ​မန်​သည် ငါ့ အား​နှစ်​ဆယ့်​တစ်​ရက်​တိုင်​တိုင်​ဆီး​တား လျက်​နေ​ခဲ့​၏။ ထို​နောက်​ကောင်း​ကင်​တ​မန် မှူး​တစ်​ဦး​ဖြစ်​သူ​မိက္ခေ​လ​သည် ပါ​ရှ​နိုင်​ငံ တွင်​ငါ​တစ်​ဦး​တည်း​ကျန်​ရှိ​လျက်​နေ သ​ဖြင့်​ငါ့​အား​လာ​ရောက်​ကူ​ညီ​ပေ သည်။-
DAN 10:14 ယ​ခု​ငါ​ရောက်​ရှိ​လာ​ရ​ခြင်း​အ​ကြောင်း မှာ​အ​နာ​ဂတ်​ကာ​လ​၌ သင်​၏​အ​မျိုး​သား တို့​ကြုံ​တွေ့​ကြ​ရ​မည့်​အ​ဖြစ်​အ​ပျက်​များ ကို သင့်​အား​သိ​ရှိ​နား​လည်​စေ​လို​သော ကြောင့်​ဖြစ်​သည်။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​နာ​ဂတ်​ကာ​လ​နှင့်​သက်​ဆိုင်​သည်'' ဟု ဆို​၏။
DAN 10:15 ထို​သူ​ဤ​သို့​ဆို​သော​အ​ခါ​ငါ​သည်​စ​ကား မ​ပြော​နိုင်​ဘဲ​မြေ​ကြီး​ကို​စိုက်​၍​ကြည့်​လျက် နေ​၏။-
DAN 10:16 ထို​အ​ခါ​လူ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​သည်​လက် ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​လျှင်​ငါ​သည်​မိ​မိ ၏​ရှေ့​တွင်​ရပ်​နေ​သော​သူ​အား``အ​ရှင်၊ ဤ​ဗျာ ဒိတ်​ရူ​ပါ​ရုံ​သည်​အ​ကျွန်ုပ်​အား​လွန်​စွာ​အား လျော့​စေ​သည်​ဖြစ်​၍​အ​ကျွန်ုပ်​သည်​တုန်​လှုပ် လျက်​သာ​နေ​ပါ​၏။-
DAN 10:17 အ​ကျွန်ုပ်​သည်​သ​ခင်​၏​ရှေ့​တွင်​ရပ်​နေ​သော ကျွန်​နှင့်​တူ​ပါ​၏။ အ​ဘယ်​သို့​လျှင်​အ​ရှင်​နှင့် စ​ကား​ပြော​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​မှာ အား​အင်​မ​ရှိ၊ ထွက်​သက်​ဝင်​သက်​လည်း မ​ရှိ​တော့​ပါ'' ဟု​လျှောက်​ထား​၏။
DAN 10:18 နောက်​တစ်​ဖန်​လူ​သဏ္ဌာန်​ရှိ​သော​သူ​သည်​ငါ့ ကို​ဆွဲ​ကိုင်​လိုက်​သော​အ​ခါ ငါ​သည်​အား ရှိ​လာ​၏။-
DAN 10:19 ထို​သူ​က``ဘု​ရား​သ​ခင်​သည်​သင့်​ကို​ချစ် မြတ်​နိုး​တော်​မူ​၏။ ထို့​ကြောင့်​မ​စိုး​ရိမ်​နှင့်၊ မ​ကြောက်​လန့်​နှင့်'' ဟု​ဆို​၏။ ဤ​စ​ကား​ကို ကြား​သော​အ​ခါ​ငါ​သည်​ပို​၍​အား​ရှိ​လာ ပြီး​လျှင်``အ​ရှင်၊ အ​ရှင်​မိန့်​ကြား​ရန်​ရှိ​သည် ကို​မိန့်​တော်​မူ​ပါ။ အ​ရှင်​သည်​အ​ကျွန်ုပ် အား​သက်​သာ​စေ​တော်​မူ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။
DAN 10:20 ထို​သူ​က``သင့်​ထံ​သို့​ငါ​လာ​သည့်​အ​ကြောင်း ကို​သင်​သိ​သ​လော။ ငါ​လာ​ရ​သည့်​အ​ကြောင်း မှာ​သမ္မာ​တ​ရား​စာ​စောင်​တော်​တွင်​ရေး​သား ဖော်​ပြ​ချက်​ကို သင့်​အား​ပြော​ကြား​ရန်​ဖြစ် ပါ​သည်။ ငါ​သည်​ယ​ခု​ပြန်​၍​ပါ​ရှ​နိုင်​ငံ ကို​စောင့်​ထိန်း​သည့်​ကောင်း​ကင်​တ​မန်​နှင့်​စစ် တိုက်​ရ​မည်။ ထို​နောက်​ဂရိတ်​နိုင်​ငံ​ကို​စောင့်​ထိန်း သည့်​ကောင်း​ကင်​တ​မန်​နှင့်​တိုက်​ခိုက်​ရ​မည်။ ဣသ​ရေ​လ​နိုင်​ငံ​ကို​စောင့်​ထိန်း​သည့်​ကောင်း ကင်​တ​မန်​မိက္ခေ​လ​မှ​တစ်​ပါး ငါ့​အား​ကူ ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။
DAN 11:1 သူ​သည်​ငါ့​ကို​ကူ​ညီ​ကာ​ကွယ်​သူ​ဖြစ်​သည်။
DAN 11:2 သင့်​အား​ယ​ခု​ငါ​ပြော​ပြ​မည့်​အ​ရာ များ​သည်​အ​မှန်​ဖြစ်​ပျက်​မည်'' ဟု​ဆို​၏။ ကောင်း​ကင်​တ​မန်​က``ပါ​ရှ​နိုင်​ငံ​တွင်​နောက် ထပ်​ဘု​ရင်​သုံး​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​နောက်​စ​တုတ္ထ​ဘု​ရင်​ပေါ်​ထွန်း​ကာ အ​ခြား ဘု​ရင်​များ​ထက်​ပို​၍​ချမ်း​သာ​ကြွယ်​ဝ​လိမ့် မည်။ သူ​သည်​မိ​မိ​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး၊ အ​ချမ်း​သာ​ဆုံး​အ​ချိန်​သို့​ရောက် သော​အ​ခါ ဂ​ရိတ်​နိုင်​ငံ​အား​စစ်​မက်​ပြိုင် ဆိုင်​ရန်​ဖိတ်​ခေါ်​လိမ့်​မည်။
DAN 11:3 ``ထို​အ​ခါ​သူ​ရဲ​ကောင်း​အာ​ဇာ​နည်​မင်း တစ်​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ သူ​သည် အင်​ပါ​ယာ​နိုင်​ငံ​ကြီး​ကို​အုပ်​စိုး​လျက် မိ​မိ​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လိမ့်​မည်။-
DAN 11:4 သို့​ရာ​တွင်​သူ​၏​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး​အ​ချိန်​သို့​ရောက်​သော​အ​ခါ အင် ပါ​ယာ​နိုင်​ငံ​သည်​လေး​စိတ်​ကွဲ​၍​သွား​လိမ့် မည်။ သူ​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​တို့​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ကြ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​သည်​ထို​ဘု​ရင်​လောက်​တန်​ခိုး​ကြီး ကြ​လိမ့်​မည်​မ​ဟုတ်။
DAN 11:5 ``အီ​ဂျစ်​ဘု​ရင်​သည်​တန်​ခိုး​ကြီး​မား​မည်​ဖြစ် သော်​လည်း သူ​၏​စစ်​သူ​ကြီး​တစ်​ဦး​က​သူ့​ထက် ပို​၍ တန်​ခိုး​ကြီး​၍​သူ​၏​နိုင်​ငံ​ထက်​ကြီး ကျယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး​လိမ့်​မည်။-
DAN 11:6 နှစ်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို ဆီး​ရီး​ယား​ဘု​ရင် နှင့်​ထိမ်း​မြား​ဆောင်​နှင်း​ကာ မ​ဟာ​မိတ်​ဖွဲ့​လိမ့် မည်။ သို့​ရာ​တွင်​ထို​မ​ဟာ​မိတ်​ဖွဲ့​မှု​တည်​တံ့ ခိုင်​မြဲ​လိမ့်​မည်​မ​ဟုတ်။ မင်း​သ​မီး​နှင့်​နောက် လိုက်​နောက်​ပါ​အ​ခြွေ​အ​ရံ​များ​သည်​လည်း ကောင်း၊ သူ​၏​သား​ငယ်​နှင့်​သူ​၏​ကြင်​ရာ​တော် တို့​သည်​လည်း​ကောင်း​အ​သတ်​ခံ​ရ​ကြ​လိမ့် မည်။-
DAN 11:7 ထို​နောက်​များ​မ​ကြာ​မီ​မင်း​သ​မီး​နှင့်​ဆွေ မျိုး​တော်​စပ်​သူ​တစ်​ဦး​သည် အီ​ဂျစ်​ထီး​နန်း ကို​ရ​ရှိ​လိမ့်​မည်။ သူ​သည်​ဆီး​ရီး​ယား​ဘု​ရင် ၏​စစ်​သည်​ဗိုလ်​ခြေ​တို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ သူ​တို့​၏​ခံ​တပ်​ကို​လည်း​ထိုး​ဖောက်​ဝင် ရောက်​ကာ​သူ​တို့​အား​နှိမ်​နင်း​လိမ့်​မည်။-
DAN 11:8 သူ​တို့​၏​ဘု​ရား​ရုပ်​တု​များ​နှင့်​ယင်း​တို့​အား ဆက်​ကပ်​ထား​သည့်​ရွှေ​ခွက်​ငွေ​ခွက်​ရှိ​သ​မျှ တို့​ကို​လည်း အီ​ဂျစ်​ပြည်​သို့​ယူ​ဆောင်​သွား လိမ့်​မည်။ ထို​နောက်​နှစ်​ပေါင်း​များ​စွာ​ငြိမ်း ချမ်း​ပြီး​မှ၊-
DAN 11:9 ဆီး​ရီး​ယား​ဘု​ရင်​သည်​အီ​ဂျစ်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင် သူ​သည်​ပြန်​လည်​ဆုတ်​ခွာ​ရ​လိမ့်​မည်။
DAN 11:10 ``ဆီး​ရီး​ယား​ဘု​ရင်​၏​သား​တော်​တို့​သည် စစ်​တိုက်​ရန် ပြင်​ဆင်​ကြ​လျက်​တပ်​ကြီး​တစ် တပ်​ကို​စု​ရုံး​ကြ​လိမ့်​မည်။ သူ​တို့​အ​နက်​မှ မင်း​သား​တစ်​ပါး​သည်​မြစ်​လျှံ​ရေ​ကဲ့​သို့ ချီ​တက်​လာ​ကာ ရန်​သူ့​ခံ​တပ်​တစ်​ခု​ကို တိုက်​ခိုက်​လိမ့်​မည်။-
DAN 11:11 အီ​ဂျစ်​ဘု​ရင်​သည်​ဒေါ​သ​အ​မျက်​ထွက် သ​ဖြင့် ဆီး​ရီး​ယား​ဘု​ရင်​အား​စစ်​ဆင်​တိုက် ခိုက်​ပြီး​လျှင် သူ​၏​အင်​အား​ကြီး​မား​သော တပ်​မ​တော်​ကို​ဖမ်း​ဆီး​ရ​မိ​လိမ့်​မည်။-
DAN 11:12 သူ​သည်​အောင်​ပွဲ​ကို​ရ​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ စစ်​သည်​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​နိုင် ခဲ့​သ​ဖြင့်​လည်း​ကောင်း ဂုဏ်​ယူ​ဝါ​ကြွား​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍​အောင် ပွဲ​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။
DAN 11:13 ``ဆီး​ရီး​ယား​ဘု​ရင်​သည်​ဆုတ်​ခွာ​သွား​ပြီး လျှင် ယ​ခင်​က​ထက်​ပို​မို​အင်​အား​ကြီး​မား သော​တပ်​ကြီး​တစ်​တပ်​ကို​စု​ရုံး​လိမ့်​မည်။ သူ သည်​အ​ချိန်​သင့်​သော​အ​ခါ​လက်​နက်​အ​ပြည့် အ​စုံ​တပ်​ဆင်​ထား​သည့်​တပ်​ကြီး​တစ်​တပ် နှင့်​ချီ​တက်​လာ​လိမ့်​မည်။-
DAN 11:14 ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​ကို​ပုန်​ကန်​သူ​များ ကြ​လိမ့်​မည်။ အ​ချင်း​ဒံ​ယေ​လ၊ သင်​၏​အ​မျိုး သား​များ​အ​ထဲ​မှ​အ​ကြမ်း​ဖက်​သ​မား​အ​ချို့ တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြည့်​စုံ​စေ​အံ့​ငှာ​ပုန် ကန်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​သည်​အ​ရေး ရှုံး​နိမ့်​ကြ​လိမ့်​မည်။-
DAN 11:15 သို့​ဖြစ်​၍​ဆီး​ရီး​ယား​ဘု​ရင်​သည် အီ​ဂျစ် ပြည်​ခံ​တပ်​မြို့​တစ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ လိမ့်​မည်။ အီ​ဂျစ်​စစ်​သည်​တပ်​သား​တို့​သည် ဆက်​လက်​တိုက်​ခိုက်​ကြ​တော့​မည်​မ​ဟုတ်။ သူ တို့​အ​ထဲ​မှ​လက်​ရွေး​စင်​တပ်​သား​များ​၌ ပင်​ခံ​ရပ်​နိုင်​သော​ခွန်​အား​မ​ရှိ​ပေ။-
DAN 11:16 ချင်း​နင်း​ဝင်​ရောက်​လာ​သည့်​ဆီး​ရီး​ယား​ဘု​ရင် သည်​ခု​ခံ​မှု​ကို​မ​ခံ​ရ​ဘဲ ထို​သူ​တို့​အား​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​နိုင်​လိမ့်​မည်။ သူ​သည် က​တိ​ထား​တော်​မူ​သော​ပြည်​တော်​သို့​ဝင်​၍ မိ​မိ​၏​လက်​တွင်း​သို့​အ​ပြီး​တိုင်​ကျ​ရောက် စေ​လိမ့်​မည်။
DAN 11:17 ``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​ကြီး​မား သော​စစ်​တပ်​တစ်​တပ်​လုံး​ဖြင့် စစ်​ချီ​ရန်​ကြံ စည်​လိမ့်​မည်။ ထို​နောက်​ရန်​သူ့​နိုင်ငံ​ပြို​ပျက် ရေး​အ​တွက် ရန်​သူ​နိုင်​ငံ​၏​မင်း​နှင့်​မ​ဟာ​မိတ် ဖွဲ့​ကာ​သူ့​အား​သ​မီး​တော်​ကို​ထိမ်း​မြား​ဆောင် နှင်း​ပေး​လိမ့်​မည်။ သို့​ရာ​တွင်​ဤ​အ​ကြံ​အ​စည် သည်​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။-
DAN 11:18 ထို​နောက်​သူ​သည်​ပင်​လယ်​အ​နီး​ရှိ​တိုင်း​နိုင်​ငံ တို့​ကို​တိုက်​ခိုက်​၍ များ​စွာ​သော​နိုင်​ငံ​တို့​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သို့​သော်​လည်း​တိုင်း တစ်​ပါး​မှ​စစ်​သူ​ကြီး​တစ်​ဦး​သည် သူ့​အား နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​၏​မာန်​မာ​န ကို​လည်း​ချိုး​နှိမ်​လိုက်​လိမ့်​မည်။ ဆီး​ရီး​ယား ဘု​ရင်​အား​သူ​၏​မာန်​မာ​န​အ​တွက်​အ​ရှက် ကွဲ​စေ​လိမ့်​မည်။-
DAN 11:19 မင်း​ကြီး​သည်​မိ​မိ​၏​နိုင်​ငံ​ရှိ​ခံ​တပ်​သို့​ပြန် သွား​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​အ​ရေး ရှုံး​နိမ့်​ကာ​ကွယ်​ပျောက်​သွား​လိမ့်​မည်။
DAN 11:20 ``သူ​၏​နောက်​၌​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ လိမ့်​မည်။ ထို​ဘု​ရင်​သည်​နိုင်​ငံ​တော်​ဘဏ္ဍာ​ကို တိုး​တက်​ရေး​အ​တွက် လူ​တို့​ထံ​မှ​အ​ခွန်​ကောက် ခံ​စေ​ရန်​အ​ရာ​ရှိ​တစ်​ဦး​ကို​စေ​လွှတ်​လိမ့်​မည်။ ထို​ဘုရင်​သည်​အ​လွန်​တို​တောင်း​သည့်​အ​ချိန် ကာ​လ​အ​တွင်း​၌​လုပ်​ကြံ​သတ်​ဖြတ်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​လူ မြင်​ကွင်း​၌​သော်​လည်း​ကောင်း၊ စစ်​ပွဲ​၌​သော် လည်း​ကောင်း​အ​သတ်​ခံ​ရ​ခြင်း​မ​ဟုတ်'' ဟု​ဆို​၏။
DAN 11:21 ဆက်​လက်​၍​ကောင်း​ကင်​တ​မန်​က``ထို​နောက် နန်း​တက်​သည့်​ဆီး​ရီး​ယား​ဘု​ရင်​သည်​မင်း ဖြစ်​ထိုက်​သူ​မ​ဟုတ်၊ ဆိုး​ညစ်​သူ​ဖြစ်​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​အ​မှတ်​မ​ထင်​ပေါ် ထွန်း​လာ​လျက်​ပရိ​ယာယ်​အား​ဖြင့်​အာ​ဏာ သိမ်း​လိမ့်​မည်။-
DAN 11:22 သူ့​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​သည်​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ပင်​ဖြစ်​စေ​ကာ မူ ဖျက်​ဆီး​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
DAN 11:23 ထို​မင်း​သည်​က​တိ​စာ​ချုပ်​များ​ချုပ်​ဆို​၍ အ​ခြား​နိုင်​ငံ​တို့​ကို​လိမ်​လည်​လှည့်​စား​လိမ့် မည်။ သူ​သည်​သေး​ငယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး ရ​သော်​လည်း တန်​ခိုး​ကြီး​မား​သည်​ထက် ကြီး​မား​၍​လာ​လိမ့်​မည်။-
DAN 11:24 သူ​သည်​ပေါ​ကြွယ်​ဝ​သော​ပြည်​နယ်​တစ်​ခု​ကို အ​မှတ်​မ​ထင်​ချင်း​နင်း​ဝင်​ရောက်​၍ မိ​မိ​၏​ဘိုး ဘေး​တို့​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။ ထို​နောက်​စစ်​ပွဲ​တွင်​သိမ်း​ဆည်း​ရ​ရှိ​သည့် ဥစ္စာ​ပစ္စည်း​များ​ကို မိ​မိ​၏​နောက်​လိုက်​များ​နှင့် ခွဲ​ဝေ​ယူ​လိမ့်​မည်။ သူ​သည်​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​ရန်​အကြံ​အစည်​များ​ပြု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​၏​ခေတ်​သည်​မကြာ​မီ​ကုန်​ဆုံး​သွား လိမ့်​မည်။
DAN 11:25 ``သူ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​တိုက်​ခိုက်​ရန် စစ် တပ်​ကြီး​တစ်​တပ်​ကို​ရဲ​တင်း​စွာ​ဖွဲ့​စည်း​လိမ့် မည်။ အီ​ဂျစ်​ဘု​ရင်​သည်​လည်း​အ​လွန်​အင် အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​ဖြင့် သူ့​အား​ခု​ခံ​ရန်​ပြင်​ဆင်​လိမ့်​မည်။ သို့​ရာ တွင်​သူ​သည်​လိမ်​လည်​လှည့်​စား​မှု​ကို​ခံ​ရ ၍​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။-
DAN 11:26 သူ​၏​အ​ရင်း​နှီး​ဆုံး​အ​ကြံ​ပေး​အ​ရာ​ရှိ များ​သည် သူ​၏​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ် လိမ့်​မည်။ သူ​၏​စစ်​သည်​တပ်​သား​အ​မြောက် အ​မြား​တို့​သည် အ​သတ်​ခံ​ရ​လျက်​တပ်​မ တော်​တစ်​ခု​လုံး​ပင်​ချေ​မှုန်း​ခြင်း​ခံ​ရ​လိမ့် မည်။-
DAN 11:27 ထို​နောက်​ဘု​ရင်​နှစ်​ပါး​သည်​စား​ပွဲ​တစ်​ခု တည်း​တွင်​ထိုင်​၍ ပွဲ​တော်​ခေါ်​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သူ​တို့​၏​ရည်​ရွယ်​ချက်​များ​သည်​ဆိုး ညစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​လိမ်​လည်​ပြော ဆို​ကြ​လိမ့်​မည်။ သို့​သော်​အ​ချိန်​မ​တန်​သေး သ​ဖြင့် သူ​တို့​၏​လို​လား​ချက်​များ​ကို​ရ​ရှိ ကြ​လိမ့်​မည်​မ​ဟုတ်။-
DAN 11:28 ဆီး​ရီး​ယား​ဘု​ရင်​သည်​ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို ဖျက်​ဆီး​ရန်​သန္နိ​ဋ္ဌာန်​ပြု​ကာ စစ်​ပွဲ​တွင်​သိမ်း ဆည်း​ရ​ရှိ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ ၍​ပြန်​လိမ့်​မည်။ သူ​သည်​မိ​မိ​၏​အ​လို​ဆန္ဒ ရှိ​သည်​အ​တိုင်း​ပြု​ပြီး​နောက်​မိ​မိ​၏​ပြည် သို့​ပြန်​လိမ့်​မည်။
DAN 11:29 ``ထို​နောက်​ကာ​လ​အ​တန်​ကြာ​သော​အ​ခါ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ချဉ်း​နင်း ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင်​ယ​ခု​တစ် ကြိမ်​၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​သွား​လိမ့် မည်။-
DAN 11:30 ရော​မ​အ​မျိုး​သား​တို့​သည်​သ​င်္ဘော​များ​ဖြင့် လာ​ရောက်​၍ သူ့​အား​ဆီး​တား​တိုက်​ခိုက်​ကြ မည်​ဖြစ်​သ​ဖြင့်​သူ​သည်​ကြောက်​လန့်​လိမ့်​မည်။ ``ထို​အ​ခါ​သူ​သည်​အ​မျက်​ပြင်း​စွာ​ထွက် လျက်​နောက်​သို့​ပြန်​၍​ဆုတ်​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ကိုး​ကွယ်​သော​ဘာ​သာ ကို​ဖျက်​ဆီး​ရန်​ကြိုး​စား​လိမ့်​မည်။ ထို​ဘာ​သာ တော်​ကို​စွန့်​လွှတ်​ခဲ့​သူ​တို့​၏​အ​ကြံ​ပေး စ​ကား​များ​ကို​လည်း​နား​ထောင်​လိမ့်​မည်။-
DAN 11:31 သူ​၏​တပ်​သား​အ​ချို့​တို့​သည်​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​စဉ် ပူ​ဇော်​ရာ​ယဇ်​တို့​ကို​ရပ်​စဲ​စေ​လျက်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​သော​အ​ရာ ကို​ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​ကြ​လိမ့်​မည်။-
DAN 11:32 မိ​မိ​တို့​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို​စွန့်​လွှတ် လိုက်​ကြ​သူ​တို့​အား ဆီး​ရီး​ယား​ဘု​ရင်​သည် ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် မိ​မိ​၏​ဘက်​သို့​ပါ အောင်​ဆွဲ​ဆောင်​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သော​သူ​တို့​က သူ့​အား ပြန်​လည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။-
DAN 11:33 ပြည်​သူ​တို့​၏​ခေါင်း​ဆောင်​ပညာ​ရှိ​တို့​သည် ပြည်​သူ​တို့​အား ရှေ့​ဆောင်​လမ်း​ပြ​ပေး​ကြ လိမ့်​မည်။ သို့​သော်​ကာ​လ​အ​တန်​ကြာ​မျှ​ထို သူ​တို့​အ​နက်​အ​ချို့​သော​သူ​တို့​သည် စစ်​ပွဲ တွင်​ကျ​ဆုံး​၍​အ​ချို့​မှာ​မီး​လောင်​တိုက် အ​သွင်း​ခံ​ကြ​ရ​လိမ့်​မည်။ အ​ချို့​သော​သူ တို့​သည်​လု​ယက်​ခြင်း​နှင့်​ဖမ်း​ဆီး​ချုပ်​နှောင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
DAN 11:34 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ဘက်​သို့​ဝင်​ရောက် လာ​သူ​တို့​မှာ​အ​များ​အား​ဖြင့် ကိုယ်​ကျိုး​ရှာ လို​သူ​များ​ပင်​ဖြစ်​သော်​လည်း​ကိုယ်​တော်​၏ လူ​မျိုး​တော်​သည် ထို​သူ​တို့​ထံ​မှ​အ​ထောက် အ​ကူ​အ​နည်း​ငယ်​ကို​ရ​ရှိ​ကြ​မည်။-
DAN 11:35 ခေါင်း​ဆောင်​ပ​ညာ​ရှိ​များ​အ​နက်​အ​ချို့​သူ တို့​သည်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် ယင်း​သို့​အ​သတ်​ခံ​ရ​ကြ​မှု​ကြောင့် လူ​တို့​၏ စိတ်​နှ​လုံး​သည်​ဖြူ​စင်​သန့်​ရှင်း​၍​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဘု​ရား​သ​ခင်​ချိန်း ချက်​သတ်​မှတ်​တော်​မူ​သည့်​ကာ​လ​တိုင် အောင်​ဆက်​လက်​၍​ဖြစ်​လိမ့်​မည်။
DAN 11:36 ``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။-
DAN 11:37 ထို​မင်း​သည်​မိ​မိ​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ် သည့်​ဘု​ရား​ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး တို့​မြတ်​နိုး​သည့်​ဘု​ရား​ကို​လည်း​ကောင်း ပ​မာ​ဏ​ပြု​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​ကိုယ်​ကို ဘု​ရား​အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​သ​ဖြင့် ထို​ဘု​ရား​တို့​ကို​ပစ်​ပယ် လိမ့်​မည်။-
DAN 11:38 ထို​ဘု​ရား​များ​အ​စား​ခံ​တပ်​များ​ကို ကွယ် ကာ​စောင့်​ရှောက်​သည့်​ဘု​ရား​ကို​မြှောက်​စား လိမ့်​မည်။ မိ​မိ​၏​ဘိုး​ဘေး​တို့​အ​ဘယ်​အ​ခါ က​မျှ မ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​အား​ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ​များ​နှင့်​အ​ခြား​အ​ဖိုး ထိုက်​သည့်​လက်​ဆောင်​ပဏ္ဏာ​ပူ​ဇော်​သကာ​များ ကို​ဆက်​သ​လိမ့်​မည်။-
DAN 11:39 မိ​မိ​၏​ခံ​တပ်​များ​အ​တွက်​အ​စောင့်​တပ်​သား များ​အ​ဖြစ်၊ နိုင်​ငံ​ခြား​ဘု​ရား​ကို​ကိုး​ကွယ် သူ​တို့​အား​အ​သုံး​ပြု​လိမ့်​မည်။ မိ​မိ​၏​စိုး​မိုး အုပ်​ချုပ်​မှု​ကို​လက်​ခံ​သော​သူ​တို့​အား ကြီး မြတ်​သော​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့်​၍​မြေ ယာ​များ​ကို​ဆု​တော်​လာဘ်​တော်​အ​ဖြစ် ဖြင့်​ပေး​အပ်​လိမ့်​မည်။''
DAN 11:40 ``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။-
DAN 11:41 က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ပင်​ချဉ်း နင်း​ဝင်​ရောက်​ကာ ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ သို့​ရာ​တွင် ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်​တို့ သည်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-
DAN 11:42 ထို​မင်း​သည်​အ​ပြည်​ပြည်​သို့​ဝင်​ရောက် တိုက်​ခိုက်​သော​အ​ခါ အီ​ဂျစ်​ပြည်​ပင်​လျှင် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်။-
DAN 11:43 သူ​သည်​အီ​ဂျစ်​ပြည်​တွင်​လျှို့​ဝှက်​ထား သည့်​ရွှေ​ငွေ​ဘဏ္ဍာ​များ​နှင့် အ​ခြား​အ​ဖိုး ထိုက်​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို​သိမ်း​ယူ​သွား လိမ့်​မည်။ လစ်​ဗျား​နှင့်​ဆူ​ဒန်​နိုင်​ငံ​တို့​ကို လည်း​နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။-
DAN 11:44 ထို​နောက်​သူ​သည်​အ​ရှေ့​မျက်​နှာ​အ​ရပ် နှင့်​မြောက်​မျက်​နှာ​အ​ရပ်​တို့​မှ​ရောက်​ရှိ လာ​သော​သတင်း​များ​ကြောင့် ထိတ်​လန့်​၍ ပြင်း​ထန်​စွာ​တိုက်​ခိုက်​သ​ဖြင့်​လူ​အ​မြောက် အ​မြား​ကို​ဆုံး​ပါး​စေ​လိမ့်​မည်။-
DAN 11:45 သူ​သည်​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​နှင့် ပင်​လယ်​စပ်​ကြား​တွင် မိ​မိ​အ​တွက်​တဲ​တော် ကြီး​များ​ကို​ပင်​တည်​ဆောက်​လိမ့်​မည်။ သို့ ရာ​တွင်​မိ​မိ​အား​မ​စ​ကူ​ညီ​မည့်​သူ​မ​ရှိ ဘဲ​ထို​အ​ရပ်​တွင်​သေ​ဆုံး​လိမ့်​မည်။''
DAN 12:1 ပိတ်​ချော​အ​င်္ကျီ​ကို​ဝတ်​ဆင်​ထား​သော ကောင်း​ကင်​တ​မန်​က``ထို​ကာ​လ​၌​ကြီး မြတ်​သော​ကောင်း​ကင်​တ​မန်​မိက္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ သူ​သည်​သင်​၏​အ​မျိုး​သား များ​ကို​စောင့်​ထိန်း​သော​သူ​ဖြစ်​၏။ ထို​နောက် လူ​မျိုး​အ​ပေါင်း​တို့​ဖြစ်​ပေါ်​လာ​ချိန်​မှ​အ​စ ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​ဘူး​သော ဆင်း​ရဲ​ဒုက္ခ​များ​ဆိုက်​ရောက်​ရာ​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​၌​ဘု​ရား​သ​ခင်​၏​စာ​စောင်​တော်​တွင်​စာ​ရင်း​ဝင် သူ သင်​၏​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်။-
DAN 12:2 သေ​လွန်​သူ​အ​မြောက်​အ​မြား​တို့​သည်​ပြန် ၍ အ​သက်​ရှင်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့ အ​နက်​အ​ချို့​သော​သူ​တို့​သည်​ထာ​ဝ​ရ အ​သက်​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ အ​ချို့ တို့​မှာ​မူ​ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။-
DAN 12:3 ခေါင်း​ဆောင်​ပ​ညာ​ရှိ​တို့​သည် မိုး​ကောင်း​ကင် ၏​အ​လင်း​ရောင်​ကဲ့​သို့​ကြည်​လင်​တောက်​ပ ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​အား အ​မှန်​တ​ရား​ကို​ကျင့်​သုံး​ရန် သွန်​သင်​ပေး ကြ​သူ​တို့​သည်​လည်း​ကြယ်​တာ​ရာ​များ​ကဲ့ သို့ ထာ​ဝ​စဉ်​ထွန်း​လင်း​တောက်​ပ​ကြ​လိမ့် မည်။'' ဟု​ဆို​၏။
DAN 12:4 ထို​သူ​က``အ​ချင်း​ဒံ​ယေ​လ၊ သင်​သည်​ဤ​စာ စောင်​ကို​ပိတ်​၍ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တံ​ဆိပ်​ခတ်​နှိပ်​ထား​လော့။ ဤ​အ​တော​အ​တွင်း ၌​လူ​အ​များ​ပင်​ဖြစ်​ပျက်​နေ​ဆဲ​အ​မှု အ​ရာ​တို့​ကို​သိ​ရှိ​နား​လည်​နိုင်​ရန် အ​ချည်း နှီး​ကြိုး​စား​အား​ထုတ်​ကြ​လိမ့်​မည်'' ဟု ဆို​၏။
DAN 12:5 ထို​နောက်​ငါ​ဒံ​ယေ​လ​သည်​မြစ်​ကမ်း​တစ် ဖက်​တစ်​ချက်​၌ လူ​တစ်​ယောက်​စီ​ရပ်​လျက် နေ​သည်​ကို​မြင်​ရ​၏။-
DAN 12:6 တစ်​ယောက်​က​မြစ်​အ​ထက်​ပိုင်း​တွင်​ရပ် နေ​သူ​အား``ဤ​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​အ​ရာ​များ​သည် အ​ဘယ်​ကာ​လ​မှ ပြီး​ဆုံး​ပါ​မည်​နည်း'' ဟု​မေး​၏။
DAN 12:7 ထို​ကောင်း​ကင်​တ​မန်​သည် မိုး​ကောင်း​ကင် သို့​လက်​နှစ်​ဖက်​ကို​မြှောက်​ချီ​ကာ ကာ​လ အ​စဉ်​အသက်​ရှင်​တော်​မူ​သော​ဘု​ရား​အား တိုင်​တည်​၍​ကျိန်​ဆို​သည်​မှာ``သုံး​နှစ်​ခွဲ​မျှ ကြာ​လိမ့်​ဦး​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ခံ​ရ​သော​ညှင်း​ဆဲ​နှိပ်​စက်​မှု​များ ပြီး​ဆုံး​ချိန်​၌ ဤ​အ​မှု​အ​ရာ​အ​ပေါင်း တို့​သည်​လည်း​ပြီး​ဆုံး​သွား​လိမ့်​မည်'' ဟု မြွက်​ဆို​သည်​ကို​ငါ​ကြား​ရ​၏။
DAN 12:8 ထို​သူ​ပြော​သော​စ​ကား​ကို​ကြား​သော်​လည်း ငါ​သည်​နား​မ​လည်​သ​ဖြင့်``သို့​ရာ​တွင်​အ​ရှင်၊ ထို​အ​မှု​အ​ရာ​များ​သည်​အ​ဘယ်​သို့​အ​ဆုံး သတ်​ပါ​မည်​နည်း'' ဟု​မေး​၏။
DAN 12:9 ထို​သူ​က``ဒံ​ယေ​လ၊ ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင် အောင်​ဤ​စ​ကား​များ​ကို​လျှို့​ဝှက်​၍​ထား ရ​မည်။ သို့​ဖြစ်​၍​ယ​ခု​သင်​သွား​လော့။-
DAN 12:10 လူ​အ​မြောက်​အ​မြား​တို့​သည်​စိတ်​နှ​လုံး​သန့် ရှင်း​ဖြူ​စင်​လာ​ကြ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့ သည်​ကား​အ​သိ​တ​ရား​မ​ရှိ​ဘဲ​ဆက်​လက် ယုတ်​မာ​လျက်​နေ​ကြ​လိမ့်​မည်။ ပ​ညာ​ရှိ​သူ များ​သာ​လျှင်​အ​သိ​တ​ရား​ကို​ရ​ရှိ​ကြ လိမ့်​မည်။
DAN 12:11 ``နေ့​စဉ်​ပူ​ဇော်​ရာ​ယဇ်​များ​ကို​ရပ်​စဲ​စေ​သည့် အ​ချိန်၊ ထိတ်​လန့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော အ​ရာ ပေါ်​ပေါက်​လာ​သည့်​အ​ချိန်​မှ​အ​စ​ပြု​၍ ရက်​ပေါင်း​တစ်​ထောင့်​နှစ်​ရာ​ကိုး​ဆယ်​ကုန် လွန်​သွား​လိမ့်​မည်။-
DAN 12:12 ရက်​ပေါင်း​တစ်​ထောင့်​သုံး​ရာ​သုံး​ဆယ့်​ငါး​ရက် ကုန်​ဆုံး​ချိန်​တိုင်​အောင် သစ္စာ​ရှိ​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။
DAN 12:13 ``ဒံ​ယေ​လ၊ သင်​သည်​လည်း​အ​ဆုံး​တိုင်​အောင် သစ္စာ​ရှိ​လော့။ ထို​နောက်​သင်​သည်​သေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန် ၌ ဆု​တော်​လာဘ်​တော်​ကို​ခံ​ယူ​ရန်​ရှင်​ပြန် ထ​မြောက်​လိမ့်​မည်'' ဟု​ဆို​၏။ ပ​ရော​ဖက်​ဒံ​ယေ​လ​စီ​ရင်​ရေး​သား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
HOS 1:1 ယု​ဒ​နိုင်​ငံ​တွင်​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တွင်​ယော​ရှ​မင်း​၏​သား​ယေ​ရော​ဗောင်​မင်း​တို့ စိုး​စံ​သည့်​လက်​ထက်​၌ ဗေ​ရိ​၏​သား​ဟော​ရှေ ထံ​သို့​ရောက်​ရှိ​လာ​သော​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​ကပတ်​တော်​ကား​ဤ​သို့​တည်း။
HOS 1:2 ထာ​ဝ​ရ​ဘု​ရား​သည်​ဟော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဦး​စွာ မိန့်​တော်​မူ​သည်​မှာ``သင်​သည်​သွား​၍​အ​မျိုး သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လော့။ သင် ၏​ဇ​နီး​သည်​သစ္စာ​မဲ့​သူ​ဖြစ်​လိမ့်​မည်။ သင်​၏ သား​သ​မီး​များ​သည်​လည်း​သင်​၏​ဇနီး​ကဲ့ သို့​သစ္စာ​မဲ့​သူ​များ​ဖြစ်​လိမ့်​မည်။ ငါ​၏ လူ​စု​သည်​လည်း​ထို​နည်း​တူ​စွာ​ငါ့​ကို စွန့်​၍​သစ္စာ​ဖောက်​ကြ​ပြီ'' ဟု​မိန့်​တော် မူ​၏။-
HOS 1:3 သို့​ဖြစ်​၍​ဟော​ရှေ​သည်​ဒိ​ဗ​လိမ်​၏​သမီး ဂေါ​မာ​ဆို​သူ​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။ သူ​တို့​တွင်​သား​ဦး​တစ်​ယောက်​ကို​ဖွား မြင်​ပြီး​နောက်၊-
HOS 1:4 ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ​အား``သင်​၏​သား ကို`ယေ​ဇ​ရေ​လ' ဟု​နာ​မည်​မှည့်​လော့၊ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​ဘုရင်​၏​ဘိုး​တော် ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​တွင်​သတ်​ဖြတ် လုပ်​ကြံ​ခဲ့​သည့်​လူ​သတ်​မှု​များ​အ​တွက် ငါ သည်​ဣ​သ​ရေ​လ​ဘု​ရင်​ကို​ဒဏ်​ခတ်​မည်။ ယေ​ဟု​မင်း​ဆက်​ကို​တိမ်​ကော​စေ​မည်။-
HOS 1:5 ထို​အ​ချိန်​ကျ​ရောက်​လျှင်​ငါ​သည်​ယေ​ဇ​ရေ​လ ချိုင့်​ဝှမ်း​တွင် ဣ​သ​ရေ​လ​နိုင်​ငံ​၏​အာ​ဏာ​စက် ကို​ပျက်​သုဉ်း​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။
HOS 1:6 ဂေါ​မာ​တွင်​ဒု​တိ​ယ​က​လေး​တစ်​ယောက်​ဖွား မြင်​လေ​၏။ ထို​က​လေး​သည်​သ​မီး​မိန်း​က​လေး ဖြစ်​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို နောင်​အ​ခါ​တွင် သ​နား​ကြင်​နာ​၍​အ​ပြစ် လွှတ်​မည်​မ​ဟုတ်​သော​ကြောင့်​ထို​သ​မီး ကို`မေ​တ္တာ​မဲ့' ဟု​နာ​မည်​မှည့်​လော့။-
HOS 1:7 ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​မူ​ကား သ​နား​ကြင်​နာ​ဦး​မည်။ သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ကယ်​တင်​မည်။ သို့​ရာ​တွင်​စစ်​တိုက် ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်း​တပ်​အား​ဖြင့်​လည်း​ကောင်း​သူ တို့​အား​ကယ်​တင်​မည်​မ​ဟုတ်။
HOS 1:8 ဂေါ​မာ​သည်​သ​မီး​ကို​နို့​ခွဲ​ပြီး​သော​အ​ခါ ပ​ဋိ​သန္ဓေ​စွဲ​၍​သား​တစ်​ယောက်​ကို​ဖွား​မြင် ၏။-
HOS 1:9 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ငါ ၏​လူ​စု​မ​ဟုတ်၊ ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​သ​ခင်​မ​ဟုတ်​သော​ကြောင့်​ထို​သား ကို`ငါ့​လူ​မျိုး​မ​ဟုတ်' ဟု​နာ​မည်​မှည့်​လော့'' ဟု​မိန့်​တော်​မူ​၏။
HOS 1:10 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ပင်​လယ်​ထဲ​မှ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​မ​တိုင်း​မ​တာ နိုင်​လောက်​အောင်​များ​ပြား​ကြ​လိမ့်​မည်။ ယ​ခု အ​ခါ​၌​ဘု​ရား​သ​ခင်​က​သူ​တို့​အား``သင် တို့​သည်​ငါ​၏​လူ​စု​မ​ဟုတ်'' ဟု​မိန့်​တော်​မူ သော်​လည်း​နောင်​တစ်​နေ့​တွင်``သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​လိမ့်​မည်။-
HOS 1:11 ယု​ဒ​ပြည်​သား​တို့​နှင့်​ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ပြန်​လည်​ပေါင်း​စည်း​ကြ​လိမ့် မည်။ သူ​တို့​သည်​သူ​တို့​အ​တွက်​ခေါင်း​ဆောင် တစ်​ဦး​ကို​ရွေး​ကောက်​တင်​မြှောက်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​တွင်​ကြီး​ပွား တိုး​တက်​လာ​ကြ​လိမ့်​မည်။ ယေ​ဇ​ရေ​လ​နေ့ သည်​နေ့​ကြီး​ရက်​ကြီး​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
HOS 2:1 သို့​ဖြစ်​၍​သင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ သား​ချင်း​တို့​အား``ဘု​ရား​သ​ခင်​၏​လူ​စု'' ဟူ​၍​လည်း​ကောင်း၊ ``ထာ​ဝ​ရ​ဘု​ရား​သ​နား ကြင်​နာ​သူ​များ'' ဟူ​၍​လည်း​ကောင်း​ကင်​ပွန်း တပ်​ခေါ်​ကြ​လော့။
HOS 2:2 ငါ​၏​သား​သမီး​တို့​သင်​တို့​၏​မိ​ခင်​အား​မေတ္တာ ရပ်​ခံ​လော့။ သူ​သည်​ငါ​၏​ဇ​နီး​မ​ဟုတ်​တော့ ပြီ။ ငါ​သည်​လည်း​သူ​၏​ခင်​ပွန်း​မ​ဟုတ်​တော့ ပြီ၊ သို့​ရာ​တွင်​မျောက်​မ​ထား​သော​အ​ကျင့် နှင့်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​စွန့်​ရန် သင်​တို့ ၏​မိ​ခင်​အား​မေတ္တာ​ရပ်​ခံ​လော့။-
HOS 2:3 ထို​အ​ကျင့်​များ​ကို​မ​စွန့်​လျှင်​ငါ​သည်​သူ​၏ အ​ဝတ်​ကို​ချွတ်​၍ သူ​မွေး​သည့်​နေ့​က​ကဲ့​သို့ အ​ဝတ်​အ​ချည်း​စည်း​ရှိ​စေ​မည်၊ သူ့​အား​သွေ့ ခြောက်​၍​အ​သုံး​မ​ကျ​သော​လွင်​ပြင်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့် သူ​သည်​ရေ​ငတ်​၍​အ​သက် ဆုံး​ရ​လိမ့်​မည်။-
HOS 2:4 သူ​၏​သား​သ​မီး​တို့​သည်​ပြည့်​တန်​ဆာ​မ ၏​သား​သ​မီး​များ​ဖြစ်​လာ​ကြ​သော​ကြောင့် ငါ​သည်​သူ​တို့​အား​သ​နား​ကြင်​နာ​မည် မ​ဟုတ်။-
HOS 2:5 သူ​တို့​မိ​ခင်​သည်​သစ္စာ​မဲ့​လျက်​သူ​တို့​အား အ​ရှက်​မဲ့​စွာ​မွေး​ဖွား​ခဲ့​၏။ သူ​ကိုယ်​တိုင် က``ငါ့​အား​စား​စ​ရာ​အ​စာ​ရေ​စာ၊ သိုး မွေး၊ ချည်​နှင့်​သံ​လွင်​ဆီ၊ စ​ပျစ်​ရည်​ကို ပေး​သော​ချစ်​သူ​တို့​နောက်​သို့​ငါ​လိုက် မည်'' ဟု​ဆို​၏။
HOS 2:6 သို့​ဖြစ်​၍​ငါ​သည်​သူ​မ​ထွက်​နိုင်​ရန်​ဆူး စည်း​ရိုး​ခတ်​၍ လမ်း​ရှာ​မ​တွေ့​နိုင်​ရန်​တံ တိုင်း​ဖြင့်​ကာ​ရံ​ထား​မည်။-
HOS 2:7 သူ​သည်​ချစ်​သူ​တို့​နောက်​သို့​ပြေး​လိုက်​သော် လည်း​မီ​မည်​မဟုတ်၊ ရှာ​သော်​လည်း​တွေ့​မည် မ​ဟုတ်၊ ထို​အ​ခါ​သူ​က``ငါ​သည်​ခင်​ပွန်း ဟောင်း​ထံ​သို့​ပြန်​မည်။ ငါ​သည်​ခင်​ပွန်း​သစ် နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​ထက် ခင်​ပွန်း ဟောင်း​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​က ပို​၍​ကောင်း​သည်'' ဟု​ဆို​လိမ့်​မည်။
HOS 2:8 သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-
HOS 2:9 သို့​ဖြစ်​၍​ငါ​သည်​ကောက်​ရိတ်​သိမ်း​ချိန်​တွင် ငါ​၏​ဂျုံ​စ​ပါး​နှင့်​စ​ပျစ်​ရည်​ကို​လည်း ကောင်း၊ သူ​ဝတ်​ရန်​ငါ​ပေး​ထား​သော​သိုး​မွေး နှင့်​ချည်​ကို​လည်း​ကောင်း​ပြန်​၍​သိမ်း​ယူ​မည်။-
HOS 2:10 ငါ​သည်​သူ​၏​ချစ်​သူ​များ​ရှေ့​တွင်​သူ​၏ အ​ဝတ်​ရှိ​သ​မျှ​ကို​ချွတ်​ပစ်​မည်။ ငါ​၏​လက် တွင်း​မှ​သူ့​အား​မည်​သူ​မျှ​မ​ကယ်​နိုင်။-
HOS 2:11 သူ​၏​နှစ်​စဉ်​ပွဲ​တော်​နှင့်​လ​စဉ်​ပွဲတော်​များ၊ ဥ​ပုသ် နေ့​ပွဲ​တော်​များ​စ​သော​ဘာ​သာ​ရေး​အ​စည်း အ​ဝေး​ရှိ​သ​မျှ​တို့​ကို​ငါ​ရပ်​စဲ​စေ​မည်။-
HOS 2:12 သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-
HOS 2:13 သူ​သည်​ငါ့​ကို​မေ့​လျော့​ပြီး​လျှင်​ဗာ​လ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော် လျက် ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဝတ်​ဆင်​၍ ချစ်​သူ​များ​နောက်​သို့​လိုက်​သည့်​အ​ခါ​များ အ​တွက်​သူ့​အား​ငါ​ဒဏ်​ခတ်​မည်။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ဖြစ်​၏။
HOS 2:14 သို့​ဖြစ်​၍​ငါ​သည်​သူ့​ကို​တော​ကန္တာ​ရ​သို့​တစ် ဖန်​ခေါ်​ဆောင်​၍ ထို​နေ​ရာ​၌​ငါ့​ထံ​သို့​ပြန် လာ​ရန်​မေတ္တာ​စ​ကား​ဖြင့်​ဆွဲ​ဆောင်​မည်။-
HOS 2:15 သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။-
HOS 2:16 ထို​အ​ခါ​သူ​သည်​ငါ့​အား​ဗာ​လ​ဟု​မ​ခေါ် တော့​ဘဲ​ခင်​ပွန်း​ဟု​တစ်​ဖန်​ခေါ်​လိမ့်​မည်။-
HOS 2:17 သူ​သည်​ဗာ​လ​ဟူ​သော​အ​မည်​ကို​သူ​၏​နှုတ် မှ​ဖယ်​ရှား​မည်၊ နောက်​တစ်​ဖန်​မ​ခေါ်​စေ​ရ။-
HOS 2:18 ထို​အ​ခါ​ငါ​သည်​သား​ရဲ၊ ငှက်​အ​ပေါင်း​တို့ နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍၊ ဋ္ဌား၊ လေး​မြား​နှင့်​စစ်​ပွဲ များ​ကို​တိုင်း​နိုင်​ငံ​မှ​ဖယ်​ရှား​သ​ဖြင့် ငါ​၏ လူ​မျိုး​တော်​သည်​အေး​ချမ်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​ကြ​လိမ့်​မည်။
HOS 2:19 ဣ​သ​ရေ​လ၊ငါ​သည်​သင့်​အား​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​မည်။ သင့်​အ​ပေါ်​၌​ငါ​၏​သစ္စာ​ခိုင်​မြဲ​မည်။ သင့်​အား​မေတ္တာ​က​ရု​ဏာ​ထား​၍​တ​ရား​ဝင် ဇ​နီး​အ​ဖြစ်​ရာ​သက်​ပန်​သိမ်း​ပိုက်​မည်။
HOS 2:20 ငါ​၏​က​တိ​သစ္စာ​နှင့်​အ​ညီ​သင့်​ကို​ငါ​သိမ်း ပိုက်​မည်။ သင်​သည်​ငါ့​ကို​ထာ​ဝ​ရ​ဘု​ရား​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​လိမ့်​မည်။
HOS 2:21 ထို​အ​ခါ​၌​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ငါ​သည်​မြေ​ကြီး​ပေါ်​တွင်​မိုး​ကို​ရွာ​စေ​သ​ဖြင့် မြေ​ကြီး​မှ​စ​ပါး၊ စ​ပျစ်​သီး​နှင့်​သံ​လွင်​သီး များ သီး​လိမ့်​မည်။
HOS 2:23 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ပြည်​တော်​တွင်​နေ ထိုင်​စေ​၍ သူ​တို့​အား​ကြီး​ပွား​တိုး​တက်​စေ​မည်။ ငါ​သည်``မေတ္တာ​မဲ့'' နာ​မည်​ခံ​သူ​တို့​ကို ချစ်​ခင်​မြတ်​နိုး​မည်။ ``ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်'' နာ​မည်​ခံ​သူ​တို့​ကို ငါ​က`သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သည်' ဟု မိန့်​တော်​မူ​၍ သူ​တို့​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင် ဖြစ်​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ကြ​လိမ့်​မည်။
HOS 3:1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သွား ၍​လင်​ငယ်​နှင့်​ဖောက်​ပြန်​နေ​သော​မိန်း​မ​ကို​ချစ် လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​ခြား ဘု​ရား​များ​ကို​ကိုး​ကွယ်​၍ ရုပ်​ပွား​ဆင်း​တု​တို့ အား​စ​ပျစ်​သီး​ခြောက်​များ​ကို​ပူ​ဇော်​ဆက်​သ ကြ​သော်​လည်း၊ ငါ​သည်​သူ​တို့​ကို​ချစ်​တော်​မူ သည်​နည်း​တူ​သင်​သည်​ထို​မိန်း​မ​ကို​ချစ်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
HOS 3:2 ထို့​ကြောင့်​ငါ​သည်​ငွေ​သား​တစ်​ဆယ့်​ငါး​ပြား နှင့်​မု​ယော​ဆန်​ခု​နစ်​တင်း​ပေး​၍​သူ့​ကို​ရွေး ယူ​သည်။-
HOS 3:3 ``သင်​သည်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​မ​လုပ်၊ အ​ခြား​သူ​နှင့်​မ​ဖောက်​ပြန်​ဘဲ​ငါ့​အား ကြာ​မြင့်​စွာ​စောင့်​ဆိုင်း​နေ​ရ​မည်။ ငါ​သည် လည်း​စောင့်​ဆိုင်း​နေ​မည်'' ဟု​သူ့​အား​ပြော​၏။-
HOS 3:4 ထို​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ဘု​ရင်​မ​ရှိ၊ ခေါင်း​ဆောင်​မ​ရှိ၊ ယဇ်​ပူ​ဇော် ခြင်း​မ​ရှိ၊ ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​မ​ရှိ၊ ရုပ်​တု​များ​မ​ရှိ​ဘဲ​လျက်​ကြာ​မြင့်​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-
HOS 3:5 သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ထံ​သို့​လည်း ကောင်း​ပြန်​လာ​မည့်​အ​ချိန်​ကျ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ ကိုယ် တော်​သည်​လည်း​သူ​တို့​အား​ကောင်း​ချီး မင်္ဂ​လာ​ကို​ချ​ပေး​တော်​မူ​လိမ့်​မည်။
HOS 4:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့။ ဤ တိုင်း​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ထာ​ဝ​ရ ဘု​ရား​စွပ်​စွဲ​တော်​မူ​ချက်​ရှိ​ပေ​၏။ ကိုယ်​တော် က``ဤ​တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​မေတ္တာ တ​ရား​ဟူ​၍​မ​ရှိ။ ငါ​သည်​ဘု​ရား​ဖြစ်​သည် ဟု​ပြည်​သူ​တို့​က​အ​သိ​အ​မှတ်​မ​ပြု​ကြ။-
HOS 4:2 သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။-
HOS 4:3 သို့​ဖြစ်​၍​ဤ​ပြည်​သည်​ခြောက်​သွေ့​လျက် သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ တိ​ရစ္ဆာန်​များ၊ ငှက်​များ နှင့်​ပင်​လယ်​ထဲ​ရှိ​ငါး​များ​ပင်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
HOS 4:4 ထာ​ဝ​ရ​ဘု​ရား​က``မည်​သူ​မျှ​ပြည်​သား တို့​အား​မ​စွပ်​စွဲ​မ​ဆုံး​မ​စေ​နှင့်၊ ငါ​၌​ယဇ် ပု​ရော​ဟိတ်​တို့​အား​စွပ်​စွဲ​ရန်​အ​ချက်​ရှိ​သည်။-
HOS 4:5 သင်​တို့​သည်​နေ့​ရော​ည​ပါ​ချွတ်​ချော်​လွဲ မှား​ကြ​၏။ ပ​ရော​ဖက်​တို့​သည်​လည်း​ထို နည်း​ဖြစ်​ကြ​၏။ ငါ​သည်​သင်​တို့​၏​မိ​ခင် ဖြစ်​သော​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ဖျက်​ဆီး မည်။-
HOS 4:6 ငါ​၏​လူ​မျိုး​တို့​သည်​ငါ့​ကို​အ​သိ​အ​မှတ် မ​ပြု​သော​ကြောင့် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။ အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ကို​အ​သိ​အ​မှတ်​မ​ပြု​ဘဲ ငါ​၏​သြ​ဝါ​ဒ ကို​လည်း​လက်​မ​ခံ​ကြ​သော​ကြောင့် ငါ​သည် သင်​တို့​ကို​ပစ်​ပယ်​ပြီ။ သင်​တို့​၏​သား​များ ကို​လည်း​ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​မည်​မ​ဟုတ်။
HOS 4:7 အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ဦး​ရေ​များ လာ​သည်​နှင့်​အ​မျှ​ငါ့​ကို​သင်​တို့​ပြစ်​မှား ကူး​လွန်​မှု​များ​လာ​၏။ ထို့​ကြောင့်​ငါ​သည် သင်​တို့​ဂုဏ်​သိက္ခာ​ကို​ရှုတ်​ချ​မည်။-
HOS 4:8 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အ​ပြစ်​ကူး လွန်​ခြင်း​ကို​အ​ကြောင်း​ပြု​၍​ကြွယ်​ဝ​ချမ်း သာ​လာ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​သူ​တို့ အ​ပြစ်​တိုး​၍​ကူး​လွန်​စေ​ရန်​အား​ပေး​ကြ သည်။-
HOS 4:9 သင်​တို့​သည်​ပြည်​သား​များ​နည်း​တူ​အ​ပြစ် ဒဏ်​ခံ​ရ​မည်။ ငါ​သည်​သင်​တို့​ကို​ဒဏ်​ခတ် မည်။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ကျိုး​ဆက်​ကို ခံ​စေ​မည်။-
HOS 4:10 သင်​တို့​သည်​ပူ​ဇော်​သ​ကာ​ဝေ​စု​ကို​စား ရ​သော်​လည်း​အ​ဆာ​ပြေ​လိမ့်​မည်​မ​ဟုတ်၊ သင်​တို့​သည်​သား​သ​မီး​ဖြစ်​ထွန်း​စေ​တတ် သော​နတ်​ဘု​ရား​များ​ကို​ကိုး​ကွယ်​သော် လည်း​သား​သ​မီး​မ​ထွန်း​ကား၊ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်၊ ငါ​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​၍​အ​ခြား​သော​ဘု​ရား ကို​ကိုး​ကွယ်​ကြ​ပြီ။-
HOS 4:11 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​စု​သည်​စ​ပျစ် ရည်​သစ်၊ စ​ပျစ်​ရည်​ဟောင်း​တို့​ကို​သောက်​စား ယစ်​မူး​သ​ဖြင့်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက် ရှိ​၏။-
HOS 4:12 သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။-
HOS 4:13 သူ​တို့​သည်​တောင်​ထိပ်​များ​ပေါ်​ရှိ​ကိုး​ကွယ် ရာ​ဌာ​န​များ​၌​ယဇ်​ပူ​ဇော်​ကြ​၍ တောင် ကုန်း​များ​ပေါ်​ရှိ​အ​ရိပ်​ကောင်း​သော​သစ် ပင်​ကြီး​များ​အောက်​၌​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သည်။ ``ထို့​ကြောင့်​သင်​တို့​၏​သ​မီး​များ​သည် ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက်​၍​သင်​တို့ ၏​ချွေး​မ​များ​သည်​မျောက်​မ​ထား​ကြ​၏။-
HOS 4:14 သို့​ရာ​တွင်​သူ​တို့​ကို​ငါ​ဒဏ်​ခတ်​တော်​မ​မူ။ သင်​တို့​ကိုယ်​တိုင်​နတ်​ဘု​ရား​ကိုး​ကွယ်​ရာ ဌာ​န​ဆိုင်​ရာ​ပြည့်​တန်​ဆာ​မ​များ​နှင့်​ပေါင်း ဖော်​၍ နတ်​ဘု​ရား​များ​ကို​အ​တူ​တ​ကွ ပူ​ဇော်​ပ​သ​လေ့​ရှိ​သော​ကြောင့်​ပေ​တည်း။ `အ​သိ​ဉာဏ်​ကင်း​မဲ့​သော​လူ​မျိုး​သည်​ပျက် စီး​ဆုံး​ရှုံး​ရ​လိမ့်​မည်' ဟူ​၍​ဆို​ရိုး​စကား ရှိ​သည်​အ​တိုင်း​ပင်​ဖြစ်​၏။
HOS 4:15 ``အ​သင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ငါ့​အား​သစ္စာ​မဲ့​ကြ​သော်​လည်း ယု​ဒ​ပြည် သား​တို့​သည်​ထို​အ​ပြစ်​မျိုး​ကို​မ​ကူး လွန်​မိ​ပါ​စေ​နှင့်၊ ဂိ​လ​ဂါ​လ​မြို့​သို့​မ ဟုတ်​ဗေ​သ​လ​မြို့​များ​တွင်​ဘု​ရား​ဝတ် ပြု​ခြင်း​မ​ပြု​ကြ​နှင့်။ ထို​မြို့​များ​တွင် အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​တွယ် ပြော​ဆို​မှု​မ​ပြု​ကြ​နှင့်။-
HOS 4:16 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထိန်း ကျောင်း​ရ​ခက်​သော​နွား​မ​တမ်း​ကဲ့​သို့​ပေ ကပ်​ကပ်​နိုင်​လှ​၏။ ငါ​သည်​သူ​တို့​အား သိုး​က​လေး​များ​သ​ဖွယ်​စား​ကျက်​တွင် မည်​ကဲ့​သို့​ထိန်း​ကျောင်း​နိုင်​ပါ​အံ့​နည်း။-
HOS 4:17 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​၌​စွဲ​လန်း​ကြ​၏။ ရှိ​စေ တော့။-
HOS 4:18 သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ပျော်​ပါး​ကြ​၏။ သူ​တို့ သည်​ဂုဏ်​ရှိ​စေ​မည့်​အ​မှု​ထက်​အ​ရှက်​ကွဲ စေ​မည့်​အ​မှု​ကို​နှစ်​သက်​ကြ​၏။-
HOS 4:19 သူ​တို့​သည်​လေ​တိုက်​ရာ​ပါ​သွား​သ​ကဲ့​သို့ လွင့်​စင်​သွား​ကြ​လိမ့်​မည်။ နတ်​ဘု​ရား​များ ကို​ပူ​ဇော်​ပ​သ​ခဲ့​ခြင်း​ကြောင့်​ရှက်​ကြ​လိမ့် မည်။
HOS 5:1 ``ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​နာ​ကြ​လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​ဂ​ရု​စိုက်​နား ထောင်​ကြ​လော့။ မင်း​မျိုး​မင်း​နွယ်​တို့​နား ထောင်​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​မှန်​ကန်​စွာ စီ​ရင်​ရ​မည့်​သူ​များ​ဖြစ်​သည်။ ထို​အ​တိုင်း ပင်​သင်​တို့​ကို​လည်း​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း ခံ​ရ​ကြ​မည်။ သင်​တို့​သည်​မိ​ဇ​ပါ​မြို့​တွင် ထောင်​သော​ထောင်​ချောက်၊ တာ​ဗော်​တောင်​တွင် ဖြန့်​ထား​သော​ပိုက်​ကွန်၊-
HOS 5:2 အ​ကာ​ရှာ​မြို့​တွင်​တူး​ထား​သော​ကျင်း နက်​ဖြစ်​ကြ​ပြီ။ ထို့​ကြောင့်​ငါ​သည်​သင် တို့​အား​လုံး​ကို​ဒဏ်​ခတ်​မည်။-
HOS 5:3 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​ကြောင်း​ကို​သိ​သ​ဖြင့် သူ​တို့​၏​ဒု​စ​ရိုက် ကို​ဖုံး​ကွယ်​၍​မ​ရ​နိုင်၊ သူ​တို့​သည်​ငါ့​အား သစ္စာ​ဖောက်​သ​ဖြင့် ငါ​နှင့်​မ​ထိုက်​တန်​တော့ ပြီ'' ဟု​မိန့်​တော်​မူ​၏။
HOS 5:4 ``သူ​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် သူ​တို့​၏​ဘု​ရား​သ​ခင်​ထံ​သို့​ပြန်​၍​မ​လာ နိုင်​ကြ။ သူ​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ခြင်း ကို​စွဲ​လန်း​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ကို​မ​သိ​ကြ။-
HOS 5:5 ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​တစ်​ဘက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည် မိ​မိ​တို့ ၏​အ​ပြစ်​ကြောင့်​ပြို​လဲ​ကြ​၏။ ယု​ဒ​ပြည် သား​တို့​သည်​လည်း​သူ​တို့​နှင့်​အ​တူ ပြို​လဲ​ကြ​၏။-
HOS 5:6 သူ​တို့​၏​သိုး​နွား​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ကြ​သော် လည်း​အ​ကျိုး​မ​ရှိ၊ ကိုယ်​တော်​သည်​သူ​တို့ ကို​စွန့်​ပစ်​သွား​ပြီ​ဖြစ်​၍​သူ​တို့​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​ကြ။-
HOS 5:7 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​ဖောက် ကြ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ကိုယ်​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​မ ဟုတ်။ သို့​ဖြစ်​၍​ဤ​သူ​တို့​နှင့်​သူ​တို့​၏​လယ် မြေ​များ​မ​ကြာ​မီ​ပျက်​စီး​ကြ​လိမ့်​မည်။''
HOS 5:8 ``ဂိ​ဗာ​မြို့​တွင်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လော့၊ ရာ​မ မြို့​တွင်​တပ်​လှန့်​သံ​ကို​ပေး​လော့။ ဗေ​သ​ဝင် မြို့​တွင်​စစ်​ချီ​သံ​ကြွေး​ကြော်​လော့၊ ဗင်္ယာ​မိန် မျိုး​နွယ်​တို့​တိုက်​ပွဲ​ဝင်​ကြ။-
HOS 5:9 အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရောက်​လာ​ပြီ​ဖြစ် ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပျက် စီး​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဤ​အ​ရာ​သည်​မု​ချ​ဖြစ်​လိမ့်​မည်။''
HOS 5:10 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ ကို​ဝင်​ရောက်​တိုက်​ခိုက်​၍​သူ​တို့​၏​မြေ​ယာ ကို​ခိုး​ယူ​ကြ​သ​ဖြင့် ငါ​သည်​အ​မျက်​ထွက် ၍​ရေ​လွှမ်း​မိုး​ဖျက်​ဆီး​သ​ကဲ့​သို့​သူ​တို့ အား​ဒဏ်​စီ​ရင်​မည်။-
HOS 5:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ညှင်း​ဆဲ နှိပ်​စက်​ခြင်း​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည် အ​ကူ​အ​ညီ​မ​ပေး​နိုင်​သူ​ရုပ်​တု​တို့​ထံ မှ အ​ကူ​အညီ​တောင်း​ခံ​ရန်​ဆန္ဒ​ပြင်း​ပြ နေ​သည်။-
HOS 5:12 ငါ​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​ကို​ဖျက် ဆီး​၍​ယု​ဒ​ပြည်​သား​တို့​အား​ပျက်​သုဉ်း စေ​မည်။''
HOS 5:13 ``ဣ​သ​ရေ​လ​နိုင်​ငံ​သည်​မိ​မိ​၏​အ​နာ ရော​ဂါ​ကို​လည်း​ကောင်း၊ ယု​ဒ​နိုင်​ငံ​သည် မိ​မိ​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​လည်း ကောင်း​မြင်​ရ​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ သည်​အာ​ရှု​ရိ​နိုင်​ငံ​ဧ​က​ရာဇ်​မင်း​ထံ​သွား ၍​အ​ကူ​အ​ညီ​တောင်း​၏။ သို့​ရာ​တွင် ဧ​က​ရာဇ်​မင်း​သည်​သူ​တို့​၏​ရော​ဂါ ကို မ​ကု​သ​မ​ပျောက်​ကင်း​စေ​နိုင်။-
HOS 5:14 ငါ​သည်​ခြင်္သေ့​သ​ဖွယ်​ဣ​သ​ရေ​လ​ပြည် သား​နှင့်​ယု​ဒ​ပြည်​သား​တို့​ကို​တိုက်​ခိုက် မည်။ ငါ​ကိုယ်​တော်​တိုင်​သူ​တို့​ကို​အ​စိတ်​စိတ် အ​မြွှာ​မြွှာ​ဆုတ်​ဖြဲ​ပြီး​နောက်​စွန့်​ပစ်​ထား မည်။ ငါ​သည်​သူ​တို့​ကို​ဆွဲ​ငင်​ထုတ်​ယူ​သွား သည့်​အ​ခါ​မည်​သူ​မျှ​သူ​တို့​ကို​မ​ကယ် နိုင်။''
HOS 5:15 ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​အ​ပြစ် ကို​သိ​၍ ငါ့​ထံ​သို့​ပြန်​လာ​မည့်​အ​ချိန်​ရောက် သည်​အ​ထိ​ငါ​သည်​သူ​တို့​ကို​စွန့်​ပစ်​ထား မည်။ သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​စဉ် ငါ့​အား​ကြိုး​စား​၍​ရှာ​ကြ​လိမ့်​မည်။''
HOS 6:1 လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ပြန်​ကြ စို့၊ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​နာ​တ​ရ ဖြစ်​စေ​သော်​လည်း အ​နာ​ပျောက်​ကင်း​အောင် ကု​သ​တော်​မူ​မည်။ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​နာ​ကို​ပတ်​စည်း​တော်​မူ​မည်။-
HOS 6:2 ငါ​တို့​ကို​နှစ်​ရက်​သုံး​ရက်​အ​တွင်း​အင်​အား ပြည့်​လျက်​ပြန်​လည်​ရှင်​သန်​စေ​တော်​မူ​၍ မျက်​မှောက်​တော်​အောက်​တွင်​နေ​စေ​တော်​မူ လိမ့်​မည်။-
HOS 6:3 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း ရန်​ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။ နံ​နက် အ​ရုဏ်​တက်​မြဲ​တက်​သ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရာ​သီ​တွင်​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​မြဲ ရွာ​သ​ကဲ့​သို့​လည်း​ကောင်း ကိုယ်​တော်​သည် ငါ​တို့​ထံ​သို့​မု​ချ​ကြွ​လာ​တော်​မူ​မည်'' ဟု​ဆို​ကြ​၏။
HOS 6:4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ အ​မျိုး​သား​နှင့်​ယု​ဒ​အ​မျိုး​သား​တို့၊ သင် တို့​ကို​ငါ​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​နည်း၊ ငါ့ အား​သင်​တို့​ထား​သော​မေတ္တာ​သည်​နံ​နက် ဆီး​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နှင်း​ပေါက်​ကဲ့ သို့​လည်း​ကောင်း​ပျောက်​လွယ်​လှ​၏။-
HOS 6:5 ထို့​ကြောင့်​ငါ​သည်​ပ​ရော​ဖက်​များ​ကို​စေ လွှတ်​၍ သင်​တို့​ကို​တ​ရား​စီ​ရင်​မည့်​အ​ကြောင်း နှင့်​ပျက်​စီး​ဆုံး​ပါး​စေ​မည့်​အ​ကြောင်း​ကြား ပြော​စေ​ခဲ့​၏။-
HOS 6:6 ငါ​သည်​သင်​တို့​၏​ယဇ်​ကောင်​ပူ​ဇော်​ခြင်း​ကို အ​လို​မ​ရှိ၊ သင်​တို့​၏​မေတ္တာ​ကို​သာ​အ​လို​ရှိ ၏။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား​မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​ထက်​ငါ့​အား​သိ​ကျွမ်း​ခြင်း ကို​သာ​အ​လို​ရှိ​၏။''
HOS 6:7 ``သို့​ရာ​တွင်​သူ​တို့​သည်​ပြည်​တော်​ထဲ​သို့ ဝင်​ရောက်​လျှင်​ဝင်​ရောက်​ခြင်း ငါ​နှင့်​ပြု​လုပ် ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​၏။-
HOS 6:8 ဂိ​လဒ်​မြို့​သည်​လူ​ဆိုး​များ​လူ​သတ် သ​မား​များ​မင်း​မူ​ရာ​အ​ရပ်​ဖြစ်​သည်။-
HOS 6:9 ယဇ်​ပု​ရော​ဟိတ်​များ​သည်​လု​ယက်​ရန်​ချုံ ခို​စောင့်​သော​ဋ္ဌား​ပြ​ဂိုဏ်း​ကဲ့​သို့​ကျင့်​ကြံ ကြ​သည်။ သူ​တို့​သည်​ရှေ​ခင်​မြို့​သို့​သွား ရာ​လမ်း​၌​ပင်​လျှင်​လူ​ကို​သတ်​ကြ​၏။ သူ တို့​သည်​ဤ​ကဲ့​သို့​ဆိုး​ရွား​သော​ရာ​ဇ​ဝတ် မှု​များ​ကို​ကူး​လွန်​ကြ​၏။-
HOS 6:10 ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​စက်​ဆုပ်​ဖွယ် ကောင်း​သော​အ​မှု​ကို​ငါ​မြင်​ရ​ပြီ။ ငါ​၏ လူ​မျိုး​တော်​သည်​ရုပ်​တု​များ​ကို​ကိုး​ကွယ် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​ပြီ။''
HOS 6:11 ``ယု​ဒ​ပြည်​သား​တို့​သင်​တို့​ကူး​လွန်​သည့် အ​ပြစ်​အ​တွက် သင်​တို့​အား​လည်း​ငါ​ပြစ် ဒဏ်​စီ​ရင်​မည့်​နေ့​ရက်​ကို​သတ်​မှတ်​ထား ပြီး​ဖြစ်​သည်။''
HOS 7:1 ငါ​၏​လူ​တို့​အား​တစ်​ဖန်​ကြီး​ပွား​လာ​စေ​၍ ``ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​ရော​ဂါ​ကို​ပျောက် ကင်း​စေ​လို​သည့်​အ​ခါ​တိုင်း ငါ​သည်​သူ​တို့​၏ ဆိုး​ယုတ်​မှု​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​ကို​သာ​တွေ့ နေ​ရ​၏။ သူ​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် လှည့်​ဖြား​ကြ​၏။ အိမ်​များ​ထဲ​သို့​ဖောက်​ထွင်း ဝင်​ရောက်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​၏။ လမ်း​သွား​လမ်း​လာ​များ​ကို​လု​ယက်​ကြ​၏။-
HOS 7:2 ငါ​သည်​သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မှတ်​သား​ထား​ကြောင်း​သူ​တို့​မ​ရိပ်​မိ​ကြ။ သူ​တို့​၏​အ​ပြစ်​များ​သည်​သူ​တို့​ကို​ဝိုင်း ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ့​ရှေ့​မှောက်​တွင် ထို​အ​ပြစ်​များ​သည်​ပေါ်​လွင်​ထင်​ရှား လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
HOS 7:3 ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​မိ​မိ​တို့ ၏​မ​ကောင်း​သော​ကြံ​စည်​မှု​များ​အား​ဖြင့် ဘု​ရင်​နှင့်​မင်း​မှု​ထမ်း​တို့​အား​လှည့်​စား ကြ​၏။-
HOS 7:4 သူ​တို့​အား​လုံး​သည်​သစ္စာ​ဖောက်​များ​ဖြစ် ကြ​၏။ မုန့်​ဖုတ်​သူ​သည်​မုန့်​ညက်​စိမ်း​အ​ဆင် သင့်​မ​ဖြစ်​မီ​မီး​ကို​မ​ဆွ​သ​ကဲ့​သို့ ထို​သူ တို့​၏​မုန်း​တီး​စိတ်​သည်​မုန့်​ဖို​ထဲ​ရှိ​ထို​မီး ကဲ့​သို့​တစ်​အုံ​နွေး​နွေး​ဖြစ်​၏။-
HOS 7:5 ဘု​ရင်​ပွဲ​ခံ​သော​နေ့​တွင်​ဘု​ရင်​နှင့်​မင်း​မှု ထမ်း​တို့​ကို​စ​ပျစ်​ရည်​တိုက်​၍​ယစ်​မူး​၍ ရူး​သွပ်​စေ​ကြ​၏။-
HOS 7:6 သူ​တို့​သည်​မုန့်​ဖို​မီး​ကဲ့​သို့​ပုန်​ကန်​လို​သော စိတ်၊ တောက်​လောင်​လျက်​ရှိ​ကြ​၏။ တစ်​ည​လုံး သူ​တို့​၏​အ​မျက်​ဒေါ​သ​စိတ်​သည်​တ​ငွေ့ ငွေ့​လောင်​လျက်​ရှိ​၏။ နံ​နက်​သို့​ရောက်​လျှင် မီး​ထ​တောက်​လေ​၏။
HOS 7:7 ``သူ​တို့​သည်​ပူ​ပြင်း​သော​ဒေါ​သ​စိတ်​မွှန်​၍ အုပ်​ချုပ်​သူ​များ​ကို​သတ်​ကြ​၏။ သူ​တို့​သည် ဘု​ရင်​များ​ကို​တစ်​ပါး​ပြီး​တစ်​ပါး​လုပ်​ကြံ သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​မည်​သူ​က​မျှ ငါ့​ထံ​သို့​ကူ​မ​ရန်​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ကြ'' ဟု​မိန့်​တော်​မူ​၏။
HOS 7:8 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ဝက်​သာ​ကျက်​သော​မုန့်​နှင့်​တူ​၏။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​နိုင်​ငံ​များ ကို​အား​ကိုး​ကြ​၏။-
HOS 7:9 အ​ခြား​နိုင်​ငံ​များ​ကို​အား​ကိုး​ခြင်း​ကြောင့် ထို​နိုင်​ငံ​တို့​၏​သွေး​စုတ်​ခြင်း​ကို​ခံ​ရ​ကြောင်း သူ​တို့​မ​သိ။ သူ​တို့​၏​နိုင်​ငံ​သည်​ပျက်​သုဉ်း ချိန်​နီး​သော်​လည်း​သူ​တို့​မ​သိ​ကြ။-
HOS 7:10 ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​၏​တစ်​ဖက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည်​ဤ​အ​မှု အ​ရာ​တို့​နှင့်​တွေ့​ကြုံ​ခဲ့​ရ​သော်​လည်း​သူ တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​၍​မ​လာ​ကြ။-
HOS 7:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟို​ပျံ သည်​ပျံ​နှင့်​ဉာဏ်​ကင်း​မဲ့​သည့် အ​လွယ်​တ​ကူ လှည့်​ဖြား​၍​ရ​သော​ချိုး​ငှက်​ကဲ့​သို့​ဖြစ်​၏။ ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​အီ​ဂျစ်​ပြည် မှ​အ​ကူ​အ​ညီ​တောင်း​ခံ​၏။ ထို့​နောက် အာ​ရှု​ရိ​သို့​ပြေး​၍​အ​ကူ​အ​ညီ တောင်း​၏။-
HOS 7:12 သို့​ရာ​တွင်​အ​ကူ​အ​ညီ​တောင်း​ရန်​သွား​နေ စဉ်​ငှက်​များ​ကို​ပိုက်​အုပ်​၍​ဖမ်း​သ​ကဲ့​သို့ ငါ​သည်​သူ​တို့​ကို​ဖမ်း​မည်။ သူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​အ​တွက်​ငါ​သည်​သူ​တို့​အား​ဒဏ် ခတ်​မည်။
HOS 7:13 ``သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ ရ​ပြီ။ ငါ့​ကို​စွန့်​ခွာ​၍​ပုန်​ကန်​ကြ​ပြီ။ သို့ ဖြစ်​၍​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​လိမ့် မည်။ ငါ​သည်​သူ​တို့​ကို​ကယ်​တင်​လို​သော် လည်း​သူ​တို့​သည်​ငါ့​အား​မှန်​သော​ကိုး ကွယ်​မှု​မ​ပြု​ကြ၊ လိမ်​လည်​လှည့်​ဖြား ကြ​၏။-
HOS 7:14 သူ​တို့​သည်​အ​မှန်​တ​ကယ်​ယုံ​ကြည်​စိတ် ဖြင့်​ဆု​မ​တောင်း​ကြ။ ကိုယ်​ကို​လှဲ​ချ​၍​ဟစ် အော်​မြည်​တမ်း​ကြ​၏။ သူ​တို့​သည်​ဆန်​စ​ပါး နှင့်​စ​ပျစ်​ရည်​ရ​ရှိ​ရန်​ဆု​တောင်း​သော​အ​ခါ ရုပ်​တု​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့​မိ​မိ​ကိုယ်​ကို အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ​တောင်း​တတ်​ကြ ၏။ သူ​တို့​သည်​ငါ့​အား​ပုန်​ကန်​ကြ​ပြီ တ​ကား။-
HOS 7:15 ငါ​သည်​သူ​တို့​ကို​ပြု​စု​စောင့်​ရှောက်​၍​ခွန် အား​ကြီး​လာ​စေ​သော်​လည်း​သူ​တို့​သည် ငါ့​အား​တော်​လှန်​ပုန်​ကန်​ကြ​၏။-
HOS 7:16 သူ​တို့​သည်​ငါ့​ကို​စွန့်​၍ တန်​ခိုး​မ​ရှိ​သော ဘု​ရား​ကို​ဆည်း​ကပ်​ကြ​၏။ သူ​တို့​သည် ကောက်​လိမ်​သော​လေး​ကဲ့​သို့​စိတ်​မ​ချ​ရ။ သူ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မောက်​မာ စွာ​ပြော​ဆို​သော​ကြောင့် သေ​ခြင်း​ဆိုး​ဖြင့် သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​ပြက်​ရယ်​ပြု​ကြ လိမ့်​မည်။
HOS 8:1 ထာ​ဝ​ရ​ဘု​ရား​က``တံ​ပိုး​ခ​ရာ​မှုတ်​၍ သ​တိ​ပေး​လော့၊ ရန်​သူ​များ​သည်​သိမ်း​ငှက် သ​ဖွယ် ငါ​၏​နိုင်​ငံ​တော်​ကို​ထိုး​သုတ်​လျက် ရှိ​ကြ​ပြီ။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့် ပြု​လုပ်​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့်​ပညတ်​ကို ပစ်​ပယ်​ကြ​ပြီ။-
HOS 8:2 ငါ့​အား​သူ​တို့​၏​ဘု​ရား​သ​ခင်​ဟူ​၍​လည်း ကောင်း၊ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဟူ​၍ လည်း​ကောင်း၊ သူ​တို့​သည်​ငါ့​ကို​သိ​သည် ဟူ​၍​လည်း​ကောင်း​ဆို​ကြ​သော်​လည်း၊-
HOS 8:3 သူ​တို့​သည်​မွန်​မြတ်​သော​အ​ရာ​ကို​စွန့်​ပစ် ကြ​ပြီ​ဖြစ်​၍ ရန်​သူ​များ​သည်​သူ​တို့​ကို လိုက်​လံ​တိုက်​ခိုက်​ကြ​လိမ့်​မည်။
HOS 8:4 ` ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​လျောက်​ရှင်​ဘု​ရင်​များ​ကို​ရွေး​ချယ်​တင် မြှောက်​ခဲ့​ကြ​၏။ ငါ​၏​သ​ဘော​တူ​ညီ​ချက် မ​ရ​ဘဲ​ခေါင်း​ဆောင်​များ​ကို​ခန့်​ထား​ကြ​၏။ မိ​မိ​တို့​၏​ရွှေ​ငွေ​နှင့်​ရုပ်​တု​များ​ကို​သွန်း လုပ်​သ​ဖြင့် မိ​မိ​တို့​၏​ပျက်​စီး​ရာ​ပျက်​စီး ကြောင်း​ကို​သာ​ဖန်​တီး​ကြ​၏။-
HOS 8:5 ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော​ရွှေ​နွား ရုပ်​ကို​ငါ​စက်​ဆုတ်​ရွံ​ရှာ​တော်​မူ​၏။ သူ​တို့ အား​ငါ​အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့ သည်​မည်​သည့်​အ​ခါ​မှ​ရုပ်​တု​ကိုး​ကွယ်​မှု ကို​စွန့်​ကြ​မည်​နည်း။-
HOS 8:6 ဣ​သ​ရေ​လ​အ​မျိုး​သား​လက်​မှု​ပ​ညာ သည်​သွန်း​လုပ်​သော​ရုပ်​တု​သည်​ဘု​ရား မ​ဟုတ်။ ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော ရွှေ​နွား​ရုပ်​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ဖြစ်​ရ​လိမ့်​မည်။-
HOS 8:7 သူ​တို့​သည်​လေ​ကို​ကြဲ​သ​ဖြင့်​မုန်​တိုင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ လယ်​စ​ပါး​မ​ရင့်​မှည့် လျှင်​ဆန်​စ​ပါး​ကို​မ​ရ​နိုင်။ ထို​လယ်​မှ​ဆန် စ​ပါး​ထွက်​သည့်​တိုင်​အောင်​အ​ခြား​နိုင်​ငံ သား​တို့​စား​သုံး​ကြ​လိမ့်​မည်။-
HOS 8:8 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ခြား​နိုင်​ငံ​များ နှင့်​မ​ထူး​ခြား​ပေ။ အ​သုံး​မ​ကျ​သော အိုး​ကွဲ​နှင့်​တူ​၏။-
HOS 8:9 ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထိန်း​ချုပ်​၍ မ​ရ​သော​မြည်း​ရိုင်း​ကဲ့​သို့​စိတ်​ထင်​ရာ​ပြု လုပ်​တတ်​၏။ သူ​တို့​သည်​အာ​ရှု​ရိ​ပြည်​သို့ သွား​၍​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​၏။ အ​ခ ကြေး​ငွေ​ပေး​၍​အ​ခြား​နိုင်​ငံ​၏​ကာ​ကွယ် ပေး​မှု​ကို​ခံ​ယူ​ကြ​၏။-
HOS 8:10 သို့​ရာ​တွင်​ငါ​သည်​ယ​ခု​သူ​တို့​အား​စု​ရုံး စေ​၍​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။ မ​ကြာ​မီ​သူ တို့​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏ နှိပ်​စက်​ညှင်း ပန်း​ခြင်း​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ​ကြ လိမ့်​မည်။
HOS 8:11 ``အ​ပြစ်​ဖြေ​ရန်​အ​တွက်​ဣ​သ​ရေ​လ​ပြည် သား​တို့​ယဇ်​ပလ္လင်​များ​များ​တည်​ဆောက် လေ​လေ အ​ပြစ်​ပြု​ရာ​နေ​ရာ​များ​လေ​လေ ဖြစ်​လာ​လေ​ပြီ။-
HOS 8:12 ငါ​သည်​သူ​တို့​အ​တွက်​များ​စွာ​သော​ပ​ညတ် များ​ကို​ရေး​ချ​ပေး​သော်​လည်း​သူ​တို့​က ထို​ပ​ညတ်​များ​သည်​သူ​တို့​နှင့်​မ​ဆိုင်၊ ထူး ဆန်း​သည်​ဟူ​၍​ပစ်​ပယ်​ကြ​၏။-
HOS 8:13 သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။
HOS 8:14 ``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​နန်း​တော် များ​ကို​တည်​ဆောက်​ကြ​သော်​လည်း​သူ​တို့ ကို​ဖန်​ဆင်း​သော​အ​ရှင်​အား​မေ့​လျော့​လျက် ရှိ​ကြ​၏။ ယု​ဒ​ပြည်​သား​တို့​သည်​ခိုင်​ခံ့ သော​မြို့​များ​ကို​တည်​ကြ​၏။ သို့​ရာ​တွင် ငါ​သည်​သူ​တို့​၏​နန်း​တော်​များ​နှင့်​မြို့ များ​ပေါ်​သို့​လောင်​မီး​ကျ​စေ​မည်။
HOS 9:1 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​ခြား​သော​လူ မျိုး​များ​ကဲ့​သို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ ကျင်း​ပ​ကြ​နှင့်။ သင်​တို့​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ကြ​ပြီ။ သင် တို့​သည်​တိုင်း​ပြည်​တစ်​ဝှမ်း​လုံး​တွင် မိ​မိ ကိုယ်​ကို​ပြည့်​တန်​ဆာ​အ​ဖြစ်​ဗာ​လ​ဘု​ရား ထံ​ရောင်း​စား​ကြ​ပြီ။ သီး​ထွက်​ကောင်း​မှု များ​သည်​ဗာ​လ​ဘု​ရား​ကြောင့်​ရ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​သည်။-
HOS 9:2 သို့​ရာ​တွင်​မ​ကြာ​မီ​သင်​တို့​တွင်​ဆန်​စ​ပါး၊ သံ​လွင်​ဆီ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သုံး ခွင့်​ရ​တော့​မည်​မ​ဟုတ်။-
HOS 9:3 ဧ​ဖ​ရိမ်​ပြည်​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပြည်​တွင်​မ​နေ​ရ​တော့​ဘဲ​အီ​ဂျစ်​ပြည် သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ​ပြည်​တွင်​လည်း တား​မြစ်​ထား​သော​အ​စား​အ​စာ​ကို​စား ကြ​ရ​မည်။-
HOS 9:4 ထို​နိုင်​ငံ​များ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ ယဇ်​ကောင်​ကို​လည်း​ကောင်း​ပူ​ဇော်​နိုင် လိမ့်​မည်​မ​ဟုတ်။ သူ​တို့​စား​သော​အ​စား​အ​စာ သည်​အ​သု​ဘ​အိမ်​မှ​ကျွေး​သော​အ​စား​အ​စာ ကဲ့​သို့​စား​သူ​တိုင်း​အား​ညစ်​ညမ်း​စေ​မည်။ သူ တို့​သည်​အ​ဆာ​ပြေ​ရန်​ထို​အ​စား​အ​စာ​ကို စား​ရ​မည်။ ထို​အ​စား​အ​စာ​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​မ​ယူ​ဆောင်​သွား​ရ။-
HOS 9:5 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရန်​သတ်​မှတ်​ထား​သည့်​ပွဲ​တော်​နေ့ ကြီး​များ​ကျ​ရောက်​သည့်​အ​ခါ​မည်​ကဲ့​သို့ ဆင်​ယင်​ကျင်း​ပ​ကြ​မည်​နည်း။-
HOS 9:6 ဘေး​ဒုက္ခ​ဆိုက်​ရောက်​၍​သူ​တို့​သည်​အ​ရပ်​ရပ် သို့​ရောက်​ရှိ​ကြ​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​စု​သိမ်း​၍ မင်​ဖိ​မြို့ တွင်​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သူ​တို့​၏​ငွေ​ရ​တ​နာ နှင့်​သူ​တို့​၏​နေ​အိမ်​ဟောင်း​ရှိ​ရာ​အ​ရပ်​တို့ သည် ပေါင်း​ပင်​နှင့်​ဆူး​ပင်​များ​ဖုံး​အုပ်​လျက် ရှိ​လိမ့်​မည်။
HOS 9:7 ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​ကို​သူ​တို့​ခံ​ရ မည့်​အ​ချိန်​ရောက်​လာ​ပြီ။ ထို​အ​ချိန်​ရောက် လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သား​တို့ သိ​ကြ​လိမ့်​မည်။ သင်​တို့​က``ဤ​ပ​ရော​ဖက် သည်​သူ​ရူး​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သက်​ရောက် သူ​သည်​စိတ်​မ​နှံ့​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ သင်​တို့​သည်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​သော​ကြောင့်​ငါ့​ကို​အ​လွန်​မုန်း တီး​ကြ​၏။-
HOS 9:8 ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​တို့​ကို​သ​တိ ပေး​ရန် ငါ့​အား​ပ​ရော​ဖက်​အ​ဖြစ်​စေ​လွှတ် တော်​မူ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​သွား လေ​ရာ​အ​ရပ်​၌​ငှက်​ကို​ကျော့​ကွင်း​ထောင် ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ကြ​၏။ ဘု​ရား​သ​ခင်​၏​ပြည်​တော်​၌​ပင်​လူ​တို့​သည် ပ​ရော​ဖက်​များ​၏​ရန်​သူ​များ​ဖြစ်​ကြ​၏။-
HOS 9:9 သူ​တို့​သည်​ဂိ​ဗာ​မြို့​မှာ​ကဲ့​သို့​အ​လွန် ဆိုး​ရွား​သော​အ​ပြစ်​ကို​ကူး​လွန်​လျက် ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဒု​စ​ရိုက်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ၍​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။
HOS 9:10 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ကို​ငါ​ဦး စွာ​တွေ့​ရ​စဉ်​က တော​ကန္တာ​ရ​၌​ပေါက်​သော စ​ပျစ်​ပင်​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သင်​တို့​၏​ဘိုး​ဘေး​များ​ကို​ငါ​ဦး​စွာ​တွေ့ ရ​စဉ်​က​ပေါ်​ဦး​ပေါ်​ဖျား​မှည့်​သော​သ​ဖန်း သီး​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ပေ​ဂု​ရ​တောင်​သို့​ရောက် ရှိ​သော​အ​ခါ ဗာ​လ​ဘု​ရား​ကို​ကိုး​ကွယ် ကြ​သ​ဖြင့်၊ သူ​တို့​ကြည်​ညို​သော​ဘု​ရား များ​ကဲ့​သို့​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လာ ကြ​၏။-
HOS 9:11 ဣ​သ​ရေ​လ​တို့​၏​ဘုန်း​တန်​ခိုး​သည်​ငှက် ပျံ​သ​ကဲ့​သို့​ကွယ်​ပျောက်​သွား​လိမ့်​မည်။ သူ တို့​တွင်​သ​မီး​များ​မ​ထွန်း​ကား​ရ။ ကိုယ် ဝန်​ဆောင်​သော​မိန်း​မ မ​ရှိ​ရ။ သန္ဓေ​တည် ခြင်း​မ​ရှိ​စေ​ရ။-
HOS 9:12 အ​ကယ်​၍​သူ​တို့​သည်​သား​သ​မီး​များ ကို​ပြု​စု​ကြီး​ပြင်း​လာ​စေ​ကြ​သည့်​တိုင် အောင်​ငါ​သည်​ထို​က​လေး​များ​ကို​ရုပ် သိမ်း​၍​တစ်​ယောက်​ကို​မျှ​အ​သက်​ရှင်​စေ မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့​ကို​စွန့်​ပစ် သော​အ​ခါ​သူ​တို့​သည်​ကြောက်​မက်​ဖွယ် ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
HOS 9:13 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​သား သ​မီး​များ​အား​ရန်​သူ​များ​လိုက်​လံ​၍ သတ်​ဖြတ်​နေ​သည်​ကို​အ​ကျွန်ုပ်​မြင် ယောင်​ပါ​၏။-
HOS 9:14 ဤ​သူ​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ထံ​အ​ကျွန်ုပ် မည်​သည့်​အ​ရာ​ကို​တောင်း​လျှောက်​ရ​ပါ​မည် နည်း။ သူ​တို့​၏​အ​မျိုး​သ​မီး​များ​ကို​မြုံ​စေ ၍​သူ​တို့​က​လေး​ငယ်​များ​ကို​ပြု​စု​ခွင့် မ​ရ​ကြ​ပါ​စေ​နှင့်။
HOS 9:15 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ဂိ​လ​ဂါ​လ မြို့​တွင်​ဒု​စ​ရိုက်​များ​ကို​စ​တင်​ကူး​လွန် ကြ​သ​ဖြင့် ထို​အ​ချိန်​မှ​စ​၍​ငါ​သည်​သူ တို့​ကို​မုန်း​တီး​၏။ သူ​တို့​ကူး​လွန်​ခဲ့​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ငါ​၏​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​အား မ​ချစ်​တော့​ပြီ။ သူ​တို့​၏​ခေါင်း​ဆောင် အ​ပေါင်း​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​ကြ​၏။-
HOS 9:16 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​မြစ် များ​သွေ့​ခြောက်​သ​ဖြင့် အ​သီး​မ​သီး​နိုင် သော​အ​ပင်​နှင့်​တူ​၏။ သူ​တို့​တွင်​သား​သ​မီး များ​မ​ထွန်း​ကား​စေ​ရ။ အ​ကယ်​၍​သား သ​မီး​များ​ထွန်း​ကား​ခဲ့​သည်​ရှိ​သော်​သူ တို့​၏​ရင်​သွေး​များ​ကို​ငါ​သတ်​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
HOS 9:17 သူ​တို့​သည်​ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​စ​ကား​ကို​နား​မ​ထောင်​သော​ကြောင့် ကိုယ် တော်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ​မည်။ သူ တို့​သည်​အ​ခြား​နိုင်​ငံ​များ​တွင်​လှည့်​လည် နေ​ထိုင်​ရ​လိမ့်​မည်။
HOS 10:1 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​သီး​များ စွာ​သီး​သော​စ​ပျစ်​နွယ်​ပင်​နှင့်​တူ​၏။ သူ​တို့ သည်​စီး​ပွား​တိုး​တက်​လာ​သည်​နှင့်​အ​မျှ ယဇ်​ပလ္လင်​များ​စွာ​ကို​တည်​ဆောက်​ကြ​၏။ အ​သီး​အ​နှံ​ပေါ​များ​လာ​သည်​နှင့်​အ​မျှ သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ပို​၍​လှ​ပ​စွာ​တန်​ဆာ​ဆင်​ကြ​၏။-
HOS 10:2 သူ​တို့​၏​စိတ်​နှ​လုံး​သည်​မ​စစ်​မှန်​သ​ဖြင့် ယ​ခု​ပင်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ၍​သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ဖျက်​ဆီး​တော်​မူ​မည်။
HOS 10:3 မ​ကြာ​မီ​၌​ပင်​ဤ​သူ​တို့​က``ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကြောက်​ရွံ့​သော​ကြောင့် ငါ​တို့​၌​ဘု​ရင်​မ​ရှိ၊ ဘု​ရင်​ရှိ​သည့်​တိုင် အောင်​သူ​သည်​ငါ​တို့​အ​တွက်​မည်​သို့​ဆောင် ရွက်​ပေး​နိုင်​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။-
HOS 10:4 ရှင်​ဘု​ရင်​တို့​သည်​အ​ကျိုး​မဲ့​စကား​ကို​ပြော ၍​မ​မှန်​သော​က​တိ​ကို​ပေး​ကာ၊ အ​သုံး​မ​ကျ သော​သ​ဘော​တူ​ညီ​ချက်​များ​ရ​ယူ​ကြ​၏။ က​တိ​သစ္စာ​မ​တည်​ကြ၊ ထွန်​ယက်​ထား​သော လယ်​တွင်​အ​ဆိပ်​ပင်​ပေါက်​ပွား​သ​ကဲ့​သို့ တိုင်း ပြည်​တွင်​တ​ရား​မျှ​တ​မှု​အ​စား​မ​တ​ရား မှု​ကြီး​စိုး​လျက်​ရှိ​၏။
HOS 10:5 ရှ​မာ​ရိ​မြို့​သား​တို့​သည်​ဗေ​သ​ဝင်​မြို့​တွင် ရှိ​သော​ရွှေ​နွား​ရုပ်​ဆုံး​ရှုံး​ရ​သ​ဖြင့် ကြောက်​ရွံ့ ၍​ငို​ကြွေး​မြည်​တမ်း​လိမ့်​မည်။ ထို​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ရွှေ​နွား​ရုပ်​အ​တွက်​ငို​ကြွေး​ကြ လိမ့်​မည်။ ထို​ရွှေ​ရုပ်​တု​၏​ဘုန်း​တန်​ခိုး​ကွယ် ပျောက်​၍​တိုင်း​တစ်​ပါး​သို့​ယူ​ဆောင်​သွား ခြင်း​ခံ​ရ​သော​အ​ခါ သူ​တို့​သည်​မြည် တမ်း​ကြ​လိမ့်​မည်။-
HOS 10:6 ထို​ရုပ်​တု​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကြီး အား​ဆက်​သ​ရန်​ထို​ပြည်​သို့​ယူ​ဆောင်​သွား ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ဤ​ရုပ်​တု​ကို​ယုံ​ကြည်​ကိုး​စား​မိ​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။-
HOS 10:7 သူ​တို့​၏​ဘု​ရင်​သည် ရေ​ထဲ​တွင်​မျော​ပါ​သွား သော​သစ်​စ​ကဲ့​သို့​ဖမ်း​ဆီး​သွား​ခြင်း​ခံ​ရ မည်။-
HOS 10:8 အာ​ဝင်​မြို့​တောင်​ကုန်း​ပေါ်​ရှိ ဣ​သ​ရေ​လ ပြည်​သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​များ​သည် ပြို​ပျက်​ရ​လိမ့်​မည်။ သူ​တို့​၏​ယဇ်​ပလ္လင်​များ ပေါ်​တွင်​ဆူး​ပင်​များ၊ ပေါင်း​ပင်​များ​ပေါက် လိမ့်​မည်။ ထို​အ​ခါ​လူ​တို့​က​တောင်​များ ကို``ငါ​တို့​အား​ဖုံး​ကွယ်​ထား​ကြ​ပါ'' ဟူ​၍ လည်​ကောင်း၊ တောင်​ကုန်း​များ​ကို``ငါ​တို့​အား ဖုံး​အုပ်​ထား​ကြ​ပါ'' ဟူ​၍​လည်​ကောင်း ဟစ်​အော်​တောင်း​ပန်​ကြ​လိမ့်​မည်။
HOS 10:9 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ဂိ​ဗာ​မြို့​တွင်​ကူး​လွန်​လျက်​ရှိ​သော ဒု​စ​ရိုက်​ကို​ဆက်​လက်​ကူး​လွန်​လျက်​ရှိ​ကြ ၏။ သို့​ဖြစ်​၍​ဂိ​ဗာ​မြို့​တွင်​စစ်​ဘေး​သည်​သူ တို့​ကို​မီ​လာ​လိမ့်​မည်။-
HOS 10:10 အ​ပြစ်​ကူး​လွန်​သော​ဤ​သူ​တို့​ကို တိုက်​ခိုက် ၍​ဆုံး​မ​မည်။ အ​ခြား​နိုင်​ငံ​များ​သည်​စု​ပေါင်း ၍​သူ​တို့​ကို​တိုက်​ခိုက်​သ​ဖြင့် သူ​တို့​သည်​မိ​မိ တို့​၏​များ​ပြား​သော​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ကြ​ရ​တော့​မည်။
HOS 10:11 ``ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​သား​ရ​ပြီး​၍ စ​ပါး​နယ်​ရန်​အ​သင့်​ရှိ​နေ သော​နွား​မ​တမ်း​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​သည် သူ​၏​လှ​ပ​သော​လည်​ကုပ်​တွင် ထမ်း​ပိုး​တင်​၍ အ​လုပ်​ကြမ်း​ကို​လုပ်​စေ​မည်။ ငါ​သည်​ယု​ဒ အ​မျိုး​သား​တို့​ကို​ထွန်​ယက်​စေ​၍​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ထယ်​ထိုး​စေ​မည်။-
HOS 10:12 ငါ​က`သင်​တို့​အ​တွက်​မြေ​ရိုင်း​ကို​ထွန်​ယက် ၍​တ​ရား​မျှ​တ​မှု​မျိုး​စေ့​ကို​ကြဲ​လော့၊ ငါ့ အား​သစ္စာ​စောင့်​ခြင်း​၏​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​လော့၊ သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ပြန်​လာ​ချိန်​ရောက်​ပြီ။ ငါ​သည်​လည်း ကြွ​လာ​၍​သင်​တို့​အား​ကောင်း​ကြီး​ပေး တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။-
HOS 10:13 သို့​ရာ​တွင်​သင်​တို့​သည်​ဒု​စ​ရိုက်​မျိုး​စေ့​ကို စိုက်​ပျိုး​၍​ဒု​စ​ရိုက်​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ကြ​၏။ သင်​တို့​သည်​မု​သား​၏​ဒု​စ​ရိုက် အ​သီး​အ​နှံ​ကို​စား​ကြ​ပြီ။ ``သင်​တို့​သည်​သင်​တို့​၏​စစ်​ရ​ထား​များ​နှင့် စစ်​သည်​အင်​အား​ကြီး​မား​ခြင်း​ကို​အား​ကိုး ကြ​ခြင်း​ကြောင့်၊-
HOS 10:14 စစ်​ပွဲ​တွင်​သင်​တို့​အား​ရန်​သူ​များ​တိုက်​ခိုက် ၍​သင်​တို့​၏​ခံ​တပ်​များ​ပြို​ပျက်​ကုန်​ကြ​လိမ့် မည်။ ရှာ​လ​မန်​ဘု​ရင်​စစ်​ချီ​၍​ဗေ​သာ​ဗေ​လ မြို့​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သော​အ​ခါ မိ​ခင် နှင့်​က​လေး​များ​သတ်​ဖြတ်​သုတ်​သင်​ခြင်း ခံ​ရ​ကြ​၏။-
HOS 10:15 ဗေ​သ​လ​မြို့​သား​တို့၊ သင်​တို့​သည်​ကြီး​လေး သော​ဒု​စ​ရိုက်​ကို​ကူး​လွန်​ခဲ့​သ​ဖြင့် ထို​ကဲ့ သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​နှင့်​ကြုံ​ရ​လိမ့် မည်။ စစ်​ပွဲ​စ​လျှင်​စ​ခြင်း​ဣ​သ​ရေ​လ​ဘုရင် ကျ​ဆုံး​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
HOS 11:1 ထာ​ဝ​ရ​ဘု​ရား​က၊ ``ဣ​သ​ရေ​လ​ငယ်​စဉ်​က​ငါ​သည်​သူ့​ကို​ချစ်​၍၊ ငါ​သည်​သူ့​ကို​သား​အ​ဖြစ်​နှင့်​အီ​ဂျစ်​ပြည်​မှ ခေါ်​ဆောင်​ခဲ့​၏။
HOS 11:2 သို့​သော်​ငါ​သည်​သူ့​ကို​ခေါ်​လေ​လေ​သူ​သည် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လေ​လေ​ပင်​ဖြစ်​သည်။ ငါ​၏​လူ​မျိုး​တော်​သည်​ဗာ​လ​ဘု​ရား​ထံ ယဇ်​ပူ​ဇော်​၍​ရုပ်​တု​များ​အား​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ကြ​၏။
HOS 11:3 သို့​ရာ​တွင်​ငါ​သာ​လျှင်​ဧ​ဖ​ရိမ်​ကို လမ်း​လျှောက်​တတ်​ရန်​သင်​ပေး​ခဲ့​သူ​ဖြစ်​၍၊ ငါ​သည်​သူ​တို့​ကို​လက်​ဖြင့်​ပိုက်​ထွေး​ခဲ့​၏။ သို့​သော်​လည်း​ငါ​သည်​သူ​တို့​အား​စောင့် ရှောက် ပြု​စု​ခဲ့​ကြောင်း​ကို​သူ​တို့​မ​သိ။
HOS 11:4 ငါ​သည်​သူ​တို့​ကို​မေတ္တာ​ဖြင့်​ဆွဲ​ဆောင်​ခဲ့​၏။ သူ​တို့​ကို​ပါး​ချင်း​ကပ်​သည်​တိုင်​အောင်​ပွေ့​ချီ​၏။ ငါ​သည်​ကိုယ်​ကို​ညွတ်​၍​သူ​တို့​ကို​ကျွေး​မွေး ပြု​စု​ခဲ့​၏။
HOS 11:5 ``သူ​တို့​သည်​ငါ့​ထံ​ပြန်​မ​လာ​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ ဘု​ရင်​သည်​သူ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။-
HOS 11:6 သူ​တို့​၏​မြို့​များ​သည်​စစ်​ဘေး​စစ်​ဒဏ်​ကို ခံ​ရ​၍​မြို့​တံ​ခါး​တို့​သည်​ပြို​ပျက်​ကြ​လိမ့် မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​တိုင်း​ကျင့်​ကြံ​ကြ​သ​ဖြင့်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။-
HOS 11:7 သူ​တို့​သည်​ငါ့​ထံ​မှ​ရှောင်​ဖယ်​လျက်​သွား​မြဲ သွား​ကြ​၏။ သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး​ကြောင့် ညည်း​တွား​အော်​ဟစ်​သော်​လည်း​မည်​သူ​က မျှ​ထို​ထမ်း​ပိုး​ကို​ပင့်​ပေး​လိမ့်​မည်​မ​ဟုတ်။
HOS 11:8 ``အို ဣ​သ​ရေ​လ​ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ ပစ်​ပယ်​နိုင်​မည်​နည်း။ ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ စွန့်​ပစ်​နိုင်​မည်​နည်း။ ငါ​သည်​အာ​ဒ​မာ​မြို့​ကို​ဖျက်​ဆီး​သ​ကဲ့​သို့ လည်း​ကောင်း၊ ဇေ​ဘိုင်​မြို့​ကို​ပျက်​သုဉ်း​စေ​သ​ကဲ့​သို့​လည်း ကောင်း၊ သင့်​ကို​အ​ဘယ်​သို့​သုတ်​သင်​ဖျက်​ဆီး​နိုင်​မည် နည်း။ သင်​တို့​အ​ပေါ်​၌​ငါ့​မေတ္တာ​က​ရု​ဏာ​သည် ကြီး​မား​လှ​သော​ကြောင့်၊ ငါ​၏​စိတ်​နှ​လုံး​သည်​ထို​သို့​မ​ပြု​ရက်​နိုင်။
HOS 11:9 ငါ​သည်​အ​မျက်​ထွက်​၍​သင့်​အား​ဒဏ်​ခတ်​တော် မ​မူ၊ ငါ​သည်​ဣ​သ​ရေ​လ​အား​နောက်​တစ်​ဖန် သုတ်​သင်​ဖျက်​ဆီး​မည်​မ​ဟုတ်၊ အ​ဘယ်​ကြောင့်​ဆို​သော်၊ငါ​သည်​လူ​သား​မဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ ငါ​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ တော်​မူ​၏။ ငါ​သည်​အ​မျက်​ထွက်​လျက်​သင်​တို့​ထံ​သို့ ကြွ​လာ​မည်​မ​ဟုတ်။
HOS 11:10 ``ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ငါ​သည် ရန်​သူ​များ ကို​ဟောက်​သည့်​အ​ခါ​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​နောက်​သို့​လိုက်​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​နောက်​အ​ရပ်​မှ​ငါ့​ထံ​သို့​အ​ဆော တ​လျင်​လာ​ကြ​လိမ့်​မည်။-
HOS 11:11 ငှက်​များ​ကဲ့​သို့​အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ငှက်​ကဲ့​သို့​အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း လျင်​မြန်​စွာ​ပျံ​လာ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​တစ်​ဖန်​ခေါ် ဆောင်​လာ​မည်။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​သ​တည်း။
HOS 11:12 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား​တို့ သည် ငါ့​အား​မု​သား​စ​ကား​ပြော​ဆို​၍​လှည့် စား​ကြ​ပြီ။ ယု​ဒ​ပြည်​သား​တို့​သည်​သန့်​ရှင်း မြင့်​မြတ်​၍​သစ္စာ​တော်​တည်​မြဲ​သော​ငါ ဘု​ရား​သ​ခင်​အား​ပုန်​ကန်​နေ​ကြ​သေး​၏။
HOS 12:1 ဣ​သ​ရေ​လ​ပြည်​သား​တို့​မိုး​လင်း​မှ​မိုး​ချုပ် အ​ထိ ပြု​လုပ်​ကျင့်​ကြံ​နေ​သ​မျှ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး​သက်​သက်​ဖြစ်​၏။ သူ​တို့​တွင်​သစ္စာ​ဖောက်​မှု၊ အ​ကြမ်း​ဖက်​မှု များ​တိုး​ပွား​များ​ပြား​လျက်​ရှိ​၏။ သူ​တို့ သည်​အာ​ရှု​ရိ​ပြည်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​လျက် ပင် အီ​ဂျစ်​ပြည်​နှင့်​ကုန်​သွယ်​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
HOS 12:2 ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ပြည်​သား​တို့ ကို​စွဲ​ချက်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ​ကို လည်း​သူ​တို့​၏​အ​ကျင့်​ကြောင့်​ဒဏ်​ခတ် တော်​မူ​မည်။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ပြု အ​မူ​အ​တိုင်း​အ​ကျိုး​အ​ပြစ်​ကို​ဆပ်​ပေး မည်။-
HOS 12:3 သူ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အ​မိ​ဝမ်း​တွင်း​၌​ရှိ​စဉ်​က​ပင် အ​မြွှာ​အစ်​ကို ဧ​သော​နှင့်​ရန်​ဘက်​ပြု​ခဲ့​၏။ ယာ​ကုပ်​သည် ကြီး​ပြင်း​လာ​သော​အ​ခါ ဘု​ရား​သ​ခင်​ကို ဆန့်​ကျင်​၍​ရန်​ဘက်​ပြု​ခဲ့​၏။-
HOS 12:4 သူ​သည်​ကောင်း​ကင်​တ​မန်​နှင့်​ရန်​ဘက်​ပြု ၍​အ​နိုင်​ယူ​ခဲ့​သည်။ သူ​သည်​ငို​၍​ကောင်း​ချီး မင်္ဂ​လာ​ကို​တောင်း​ခံ​၏။ ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​ထံ​သို့​ကြွ လာ​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
HOS 12:5 ထို​ဘု​ရား​သည်​အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​ဘွဲ့ နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား​ဖြစ် သ​တည်း။-
HOS 12:6 ထို့​ကြောင့်​ယာ​ကုပ်​အ​နွယ်​ဝင်​တို့၊ သင်​တို့ ၏​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၍​အ​ထံ တော်​သို့​ပြန်​ကြ​လော့၊ သစ္စာ​စောင့်​လော့၊ ဖြောင့် မတ်​စွာ​ကျင့်​လော့၊ သင်​တို့​၏​ဘု​ရား​သ​ခင် ကို​စိတ်​ရှည်​စွာ​စောင့်​စား​လျက်​နေ​ကြ​လော့။
HOS 12:7 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​ကဲ့​သို့​ပင် မ​ရိုး​သား​ကြ​ချေ။ သူ​တို့​သည်​မ​မှန်​သော အ​လေး​ချိန်​ခွင်​ဖြင့်​ဝယ်​သူ​တို့​အား​ရောင်း ချ​တတ်​၏။-
HOS 12:8 သူ​တို့​က`ငါ​တို့​သည်​ကြွယ်​ဝ​ချမ်း​သာ​ကြ​၏။ ငွေ​ကြေး​အ​မြောက်​အ​မြား​စု​ဆောင်း​မိ​ပြီ။ မည်​သူ​က​မျှ​ငါ​တို့​အား​မ​တ​ရား​ရ​သော ငွေ​ဖြင့်​ကြွယ်​ဝ​ချမ်း​သာ​သည်​ဟု​မ​စွပ်​စွဲ နိုင်' ဟု​ဆို​ကြ​၏။-
HOS 12:9 သို့​ရာ​တွင်​သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည် သဲ​က​န္တာ​ရ​၌​သင် တို့​တဲ​များ​နှင့်​နေ​ထိုင်​သည်​နည်း​တူ ယ​ခု တစ်​ဖန်​တဲ​များ​၌​နေ​ထိုင်​စေ​ဦး​မည်။
HOS 12:10 ``ငါ​သည်​ပ​ရော​ဖက်​တို့​အား​ဗျာ​ဒိတ်​ပေး ၍ ရူ​ပါ​ရုံ​များ​စွာ​ကို​မြင်​စေ​ခဲ့​ပြီ။ သူ​တို့ အား​ဖြင့်​ငါ​၏​လူ​မျိုး​တော်​ကို​သ​တိ​ပေး ခဲ့​ပြီ။-
HOS 12:11 သို့​သော်​လည်း​သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင် ရုပ်​တု​များ​ကို​ကိုး​ကွယ်​ကြ​၏။ ထို​သို့​ကိုး ကွယ်​သူ​တို့​သည်​သေ​ရ​မည်။ ဂိ​လ​ဂါ​လ မြို့​တွင်​နွား​များ​ကို​ယဇ်​ပူ​ဇော်​ကြ​၍​ထို အ​ရပ်​၌​ရှိ​သော​ယဇ်​ပလ္လင်​တို့​သည်​ကွင်း ပြင်​များ​ထဲ​တွင်​ကျောက်​ပုံ​များ​အ​ဖြစ် ကျန်​ရစ်​လိမ့်​မည်။''
HOS 12:12 ငါ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အာ​ရံ​ပြည်​သို့​ထွက်​ပြေး​၍ မ​ယား​ရ​ရန် လူ​တစ်​ဦး​ထံ​၌​သိုး​ကျောင်း​ရ​၏။-
HOS 12:13 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည် သား​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ရန်​နှင့်​စောင့်​ရှောက်​ရန်​ပ​ရော​ဖက် တစ်​ပါး​ကို​စေ​လွှတ်​တော်​မူ​၏။-
HOS 12:14 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ခါး​သီး​စွာ​အ​မျက်​ဒေါ​သ ထွက်​စေ​၏။ သူ​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​များ ကြောင့်​သေ​ဒဏ်​ခံ​သင့်​ကြ​၏။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော​ကြောင့် ကိုယ်​တော်​သည်​သူ​တို့ ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။
HOS 13:1 ယ​ခင်​အ​ခါ​က​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​ပြော သော​စ​ကား​ကို​အ​ခြား​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​တို့​ကို​ရို​သေ​လေး​စား​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ကိုး ကွယ်​သော​အ​ပြစ်​ကြောင့်​သေ​ကြေ​ပျက်​စီး ရ​မည်။-
HOS 13:2 သူ​တို့​သည်​အ​တတ်​ပ​ညာ​ရှင်​တို့​၏​အ​ကူ အ​ညီ​နှင့်​ငွေ​ရုပ်​တု​များ​ကို​သွန်း​လုပ်​ခြင်း အား​ဖြင့်​အ​ပြစ်​ပြု​မြဲ​ပြု​ကြ​လျက်​ရှိ​၏။ ထို​နောက်​သူ​တို့​က``ဤ​ရုပ်​တု​များ​ကို​ယဇ် ပူ​ဇော်​ကြ'' ဟု​ဆို​၏။ လူ​သည်​ထို​နွား​ရုပ် တု​များ​ကို​နမ်း​သင့်​ပါ​သ​လော။-
HOS 13:3 သို့​ဖြစ်​၍​ဤ​သူ​တို့​သည်​နံ​နက်​ခင်း​တွင် ကျ​တတ်​သော​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နံ​နက် စော​စော​အ​ချိန်​တွင်​ကွယ်​ပျောက်​တတ်​သော နှင်း​ပေါက်​ကဲ့​သို့​လည်း​ကောင်း​ပျောက်​ကွယ် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကောက်​နယ်​တ လင်း​မှ​လေ​တိုက်​၍​လွင့်​လာ​သော​ဖွဲ​ကဲ့​သို့ လည်း​ကောင်း၊ ခေါင်း​တိုင်​မှ​ထွက်​သော​မီး​ခိုး ကဲ့​သို့​လည်း​ကောင်း​လွင့်​ပျောက်​ရ​ကြ​လိမ့်​မည်။
HOS 13:4 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​တွင်​ငါ​မှ​တစ်​ပါး​အခြား​သော ဘု​ရား​မ​ရှိ၊ ငါ​တစ်​ပါး​တည်း​သာ​သင် တို့​၏​ကယ်​တင်​ရှင်​ဖြစ်​၏။-
HOS 13:5 ငါ​သည်​ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ ရ​အ​ရပ်​တွင်​သင်​တို့​ကို​စောင့်​ရှောက်​ခဲ့​၏။-
HOS 13:6 သို့​ရာ​တွင်​သင်​တို့​တွင်​သာ​ယာ​စို​ပြေ သော​ပြည်​သို့​ဝင်​ရောက်​၍​အ​စား​အ​စာ ဝ​စွာ​စား​ရ​သ​ဖြင့် ကျေ​နပ်​နှစ်​သိမ့်​လာ သော​အ​ခါ​မာ​န​ကြီး​၍​ငါ့​ကို​မေ့​လျော့ ကြ​၏။-
HOS 13:7 သို့​ဖြစ်​၍​ငါ​သည်​ခြင်္သေ့​ကဲ့​သို့​သင်​တို့ ကို​ရန်​မူ​မည်။ သင်​တို့​သွား​ရာ​လမ်း​တစ် လျှောက်​တွင်​ကျား​သစ်​ကဲ့​သို့​ချောင်း​မြောင်း မည်။-
HOS 13:8 သား​ပျောက်​သော​ဝက်​ဝံ​ကဲ့​သို့​သင်​တို့ ကို​ကိုက်​ဖြတ်​ဆုတ်​ဖြဲ​မည်။ ခြင်္သေ့​ကဲ့​သို့ တွေ့​ရာ​အ​ရပ်​၌​ကိုက်​စား​၍​တော​သား​ရဲ ကဲ့​သို့​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​မည်။
HOS 13:9 ``ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်။ မည်​သူ​သင်​တို့ ကို​ကယ်​နိုင်​ဦး​မည်​နည်း။-
HOS 13:10 သင်​တို့​သည်​ရှင်​ဘု​ရင်​နှင့်​ခေါင်း​ဆောင်​များ ကို​ကျွန်​တော်​မျိုး​တို့​အား​ပေး​ပါ​ဟု​တောင်း ခံ​ကြ​၏။ သို့​ရာ​တွင်​ဤ​သူ​တို့​သည်​တိုင်း​ပြည် ကို​ကယ်​နိုင်​မည်​လော။-
HOS 13:11 ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​အား​ရှင် ဘု​ရင်​များ​ကို​ပေး​ခဲ့​၏။ ငါ​သည်​အ​မျက် ဒေါ​သ​ဖြင့်​ထို​ရှင်​ဘု​ရင်​များ​ကို​ရုပ်​သိမ်း ခဲ့​ပြီ။
HOS 13:12 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​ကို​မှတ်​တမ်း​တင်​၍​ထို​မှတ်​တမ်း များ​ကို​သိမ်း​ဆည်း​ထား​၏။-
HOS 13:13 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​သက် ရှင်​ခွင့်​ကို​ရ​လျက်​နှင့်​မ​ယူ​တတ်​သ​ဖြင့် လွန်​စွာ​မိုက်​မဲ​၏။ သူ​တို့​သည်​ဖွား​ချိန်​တန် သော်​လည်း​မ​ဖွား​လို​သော​က​လေး​နှင့် တူ​၏။-
HOS 13:14 ငါ​သည်​ဤ​သူ​တို့​ကို​မရ​ဏာ​နိုင်​ငံ​မှ​လည်း ကောင်း၊ သေ​မင်း​၏​အာ​ဏာ​အ​တွင်း​မှ​သော် လည်း​ကောင်း​ကယ်​တင်​မည်​မ​ဟုတ်။ အို သေ​မင်း သင်​၏​ကပ်​ရော​ဂါ​ဘေး​ကျ​ရောက်​စေ​လော့။ အို မ​ရ​ဏာ​နိုင်​ငံ​သင်​၏​ပျက်​စီး​ခြင်း​ဘေး ကျ​ရောက်​စေ​လော့။ ငါ​သည်​ဤ​သူ​တို့​ကို မ​သ​နား​မ​ကြင်​နာ​တော့​ပြီ။-
HOS 13:15 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပေါင်း ပင်​ကဲ့​သို့​သန်​စွမ်း​သော်​လည်း၊ ငါ​သည်​သဲ ကန္တာ​ရ​ထဲ​မှ​ပူ​ပြင်း​သော​အ​ရှေ့​လေ​ကို တိုက်​ခတ်​စေ​သ​ဖြင့် သူ​တို့​၏​စမ်း​ချောင်း များ​နှင့်​ရေ​တွင်း​များ​ကို​ခန်း​ခြောက်​စေ ပြီး​လျှင်​အ​ဖိုး​တန်​ပစ္စည်း​မှန်​သ​မျှ ဆုံး​ရှုံး​ရ​လိမ့်​မည်။-
HOS 13:16 ရှ​မာ​ရိ​ပြည်​သည်​ငါ့​ကို​ပုန်​ကန်​သော ကြောင့်​ဒဏ်​ခတ်​ခြင်း​ကို​ခံ​ရ​မည်။ ရှ​မာ​ရိ ပြည်​သား​တို့​သည်​စစ်​ဘေး​ကြောင့်​သေ​ကြေ ပျက်​စီး​ရ​မည်။ က​လေး​ငယ်​တို့​သည်​မြေ ပေါ်​သို့​ဆောင့်​သတ်​ခြင်း​ကို​ခံ​ရ​မည်။ ကိုယ် ဝန်​ဆောင်​တို့​၏​ဝမ်း​များ​ကို​လဲ​ခွဲ​ခံ​ရ​မည်။''
HOS 14:1 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​သည်​သင်​တို့​၏​အ​ပြစ်​ကြောင့် ခြေ​ချော်​၍​လဲ​ကြ​ပြီ။-
HOS 14:2 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ ကိုယ် တော်​ထံ​ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ဆက်​သ လျှောက်​ထား​လော့``အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​လွှတ်​၍၊ ကျေး​ဇူး​တော်​အား​ဖြင့်​အ​ကျွန်ုပ် တို့​အား​လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ပြု ထား​သော​က​တိ​အ​တိုင်း ကိုယ်​တော်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ပါ​မည်။-
HOS 14:3 အာ​ရှု​ရိ​ဘု​ရင်​သည်​အ​ကျွန်ုပ်​တို့​ကို​မ ကယ်​နိုင်​ပါ။ စစ်​ရ​ထား​များ​သည်​အ​ကျွန်ုပ် တို့​ကို​မ​ကာ​ကွယ်​နိုင်​ပါ။ အ​ကျွန်ုပ်​တို့​လက် ဖြင့်​လုပ်​သော​ရုပ်​တု​များ​ကို အ​ကျွန်ုပ်​တို့​၏ ဘု​ရား​ဟု​နောက်​တစ်​ဖန်​မ​ခေါ်​တော့​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ခို​ကိုး​ရာ မဲ့​သော​သူ​တို့​အား​ကြင်​နာ​သ​နား​တော် မူ​ပါ​၏။''
HOS 14:4 ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​ကို​ငါ့​ထံ​သို့ ပြန်​လာ​စေ​မည်။ ငါ​သည်​သူ​တို့​အား​အ​ကြွင်း​မဲ့​ချစ်​မည်။ သူ​တို့​အ​ပေါ်​၌​အ​မျက်​တော်​ပြေ​ပြီ။
HOS 14:5 မိုး​ရေ​သည်​ခြောက်​သွေ့​သော​မြေ​ကို​စို​ပြေ​စေ သ​ကဲ့​သို့ ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အား စို​ပြေ​ပွင့်​လန်း​စေ​မည်။ သူ​တို့​သည်​ပန်း​ပင်​ကဲ့​သို့​ဖူး​ပွင့်​ကြ​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​သစ်​ပင်​ကဲ့​သို့​အ​မြစ်​စွဲ​လိမ့်​မည်။
HOS 14:6 သူ​တို့​သည်​အ​ဖူး​အ​ညွှန့်​တို့​ဖြင့်​ဝေ​ဆာ​၍၊ သံ​လွင်​ပင်​ကဲ့​သို့​လှ​ပ​တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​ကဲ့​သို့ အ​နံ့​သင်း​ကြိုင်​လိမ့်​မည်။
HOS 14:7 တစ်​ဖန်​သူ​တို့​သည်​ငါ​၏​အ​ရိပ်​အာ​ဝါ​သ အောက်​တွင် နေ​ထိုင်​ရ​လိမ့်​မည်။ သူ​တို့​သည်​စ​ပါး​များ​ကို​စိုက်​ပျိုး​၍ စ​ပျစ်​ခြံ​ကဲ့​သို့​အ​သီး​လှိုင်​လိမ့်​မည်။ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့​ကျော်​ကြား​လိမ့်​မည်။
HOS 14:8 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​များ​နှင့် အ​ပြီး​အ​ပိုင်​အ​ဆက်​ဖြတ်​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား ညောင်း​၍ သူ​တို့​ကို​စောင့်​ရှောက်​မည်။ ငါ​သည်​အ​မြဲ​စိမ်း​လန်း​သော​အ​ပင်​ကဲ့​သို့ သူ​တို့​ကို​ကာ​ကွယ်​ထား​မည်။ ငါ​သည်​သူ​တို့​အ​တွက်​ကောင်း​ချီး​မင်္ဂ​လာ အ​ဖြာ​ဖြာ စီး​ဆင်း​ရာ​ဖြစ်​တော်​မူ​မည်။
HOS 14:9 ပ​ညာ​ဉာဏ်​ရှိ​သူ၊ ခွဲ​ခြား​ဝေ​ဖန်​နိုင်​သူ​တို့​သည် ဤ​ကျမ်း​တွင်​ရေး​ထား​သ​မျှ​တို့​ကို​သ​ဘော ပေါက်​နား​လည်​၍​မှတ်​သား​နိုင်​ကြ​စေ။ ထာ​ဝ​ရ ဘု​ရား​ချ​မှတ်​သော​နည်း​လမ်း​တို့​သည်​မှန်​ကန် သ​ဖြင့် ဖြောင့်​မတ်​သူ​တို့​သည်​ထို​နည်း​လမ်း​များ အ​တိုင်း​လိုက်​နာ​၍ အ​သက်​ရှင်​နေ​ထိုင်​ကြ​၏။ သို့​သော်​အ​ပြစ်​ကူး​သူ​တို့​မူ​ကား ထို​နည်း လမ်း​များ​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့်​ခြေ ချော်​၍​လဲ​ကျ​ကြ​သ​တည်း။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​သား​ထား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
JOE 1:1 ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​သွေ​လ​၏​သား​ယော​လ​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
JOE 1:2 အ​ချင်း​အ​သက်​ကြီး​သူ​တို့​ငါ​ပြော​သည်​ကို​အာ​ရုံ​စိုက်​ကြ​လော့။ ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​နား​ထောင်​ကြ​လော့။ သင်​တို့​ခေတ်​၌​သော်​လည်း​ကောင်း​သင်​တို့​ဘိုး​ဘေး​များ​၏​ခေတ်​၌​သော်​လည်းကောင်း၊ ဤ​အ​မှု​အ​ရာ​မျိုး​ဖြစ်​ပျက်​ဖူး​သ​လော။
JOE 1:3 ဤ​အ​ချင်း​အ​ရာ​ကို​သင်​တို့​၏​သား​သ​မီး​များ​အား ပြော​ကြား​ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား​ပြော​ကြား​လျက်၊ ထို​သား​သ​မီး​များ​က​လည်း​နောင်​တစ်​ခေတ်​မှ​လူ​တို့​အား​ပြော​ကြား​ကြ​လိမ့်​မည်။
JOE 1:4 ကျိုင်း​ကောင်​များ​သည်​တစ်​အုပ်​ပြီး​တစ်​အုပ် ကောက်​ပဲ​သီး​နှံ​များ​အ​ပေါ်​သို့​သက်​ဆင်း​ကြ​၏။ ကျိုင်း​ကောင်​တစ်​အုပ်​စား​၍​ကြွင်း​သော​အ​ရာ​ကို​အ​ခြား​တစ်​အုပ်​က​စား​ကြ​လေ​သည်။
JOE 1:5 အ​ချင်း​သေ​သောက်​ကြူး​တို့​နိုး​ထ​၍​ငို​ကြွေး​ကြ​လော့။ အ​ချင်း​စ​ပျစ်​ရည်​သ​မား​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ စ​ပျစ်​ရည်​သစ်​ပြု​လုပ်​ရန်​စ​ပျစ်​သီး​များ​ပျက်​စီး​ကုန်​ပြီ။
JOE 1:6 ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ငါ​တို့​ပြည်​ကို​တိုက်​ခိုက်​လှ​လေ​ပြီ။ သူ​တို့​သည်​အား​အင်​ကြီး​၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​ကြ​၏။ သူ​တို့​၏​သွား​များ​သည်​ခြင်္သေ့​သွား​ကဲ့​သို့​ထက်​မြက်​၏။
JOE 1:7 သူ​တို့​သည်​ငါ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​ဖျက်​ဆီး​ကာ၊ ငါ​တို့​သ​ဖန်း​ပင်​များ​ကို​ကိုက်​ဖြတ်​ပစ်​ကြ​၏။ သူ​တို့​သည်၊အ​ကိုင်း​အ​ခက်​များ​ဖြူ​သွား​သည်​တိုင်​အောင်၊ သစ်​ခေါက်​များ​ကို​အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​ပြီ။
JOE 1:8 အ​ချင်း​လူ​တို့​သင်​တို့​သည်​ကြင်​ယာ​လောင်း​သေ​သ​ဖြင့်၊ ငို​ကြွေး​မြည်​တမ်း​သည့်​အ​မျိုး​သ​မီး​က​လေး​ကဲ့​သို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။
JOE 1:9 ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ဆက်​သ​ရန်​ဂျုံ​ဆန်​သော်​လည်း​ကောင်း စ​ပျစ်​ရည်​သော်​လည်း​ကောင်း​မ​ရှိ​တော့​ပေ။ မိ​မိ​တို့​ထံ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော်​သ​ကာ​များ​မ​ရှိ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။
JOE 1:10 လယ်​ယာ​များ​သည်​ကောက်​ပင်​ကင်း​လျက်​နေ​၏။ ဂျုံ​ဆန်​များ​သည်​ပျက်​စီး​၍​စ​ပျစ်​သီး​များ​မှာ​ခြောက်​သွေ့​ကုန်​လျက်၊ သံ​လွင်​ပင်​များ​သည်​ညှိုး​နွမ်း​သွား​ကြ​၏။ ထို့​ကြောင့်​မြေ​ကြီး​သည်​ငို​ကြွေး​မြည်​တမ်း​လေ​တော့​၏။
JOE 1:11 အ​ချင်း​လယ်​သ​မား​တို့​ဝမ်း​နည်း​ပူ​ဆွေး​ကြ​လော့။ ဂျုံ​စ​ပါး​မု​ယော​စ​ပါး​မှ​စ​၍​အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​သည်​ပျက်​စီး​သွား​လေ​ပြီ။ ထို့​ကြောင့်​အ​ချင်း​စ​ပျစ်​ဥ​ယျာဉ်​မှူး​တို့​ငို​ကြွေး​ကြ​လော့။
JOE 1:12 စ​ပျစ်​နွယ်​ပင်​များ​နှင့်​သ​ဖန်း​ပင်​တို့​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကြ​လေ​ပြီ။ သီး​ပင်​မှန်​သ​မျှ​တို့​သည်​ညှိုး​နွမ်း​၍​သေ​ကြ​လေ​ကုန်​ပြီ။ လူ​တို့​မှာ​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။
JOE 1:13 ယဇ်​ပလ္လင်​အ​မှု​တော်​ဆောင် အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​ကြ​လော့။ ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​အ​မှု​တော်​ဆောင်​တို့​ဗိ​မာန်​တော်​သို့​ဝင်​၍ ညဥ့်​လုံး​ပေါက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည်​များ​မ​ရှိ​တော့​ပြီ။
JOE 1:14 အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ​လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ကျင်း​ပ​ကြ​လော့။ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင် ခေါင်း​ဆောင်​များ​နှင့်၊ယု​ဒ​ပြည်​သား​အ​ပေါင်း​ကို​စု​ဝေး​စေ​ပြီးလျှင်၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဟစ်​အော်​ကြ​လော့။
JOE 1:15 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​လေ​ပြီ။ ထို​ကာ​လ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​သည် ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ ထို​နေ့​ရက်​သည်​အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​လိမ့်​မည်​နည်း။
JOE 1:16 ငါ​တို့​သည်​မိ​မိ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ အ​ဖျက်​အ​ဆီး​ခံ​ရ​ချိန်​၌​ပင်​မည်​သို့​မျှ​မ​တတ်​နိုင်၊ငေး​၍​ကြည့်​နေ​ရ​ကြ​၏။ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။
JOE 1:17 မျိုး​စေ့​တို့​သည်​မြေ​ခြောက်​အောက်​တွင်​ပုပ်​ပျက်​၍​သွား​ကြ​၏။ သို​လှောင်​ရန်​ဂျုံ​ဆန်​မ​ရှိ​တော့​သ​ဖြင့် ဟာ​လာ​ဟင်း​လင်း​ဖြစ်​လျက်​နေ​သော​စ​ပါး​ကျီ​များ​သည်​ယို​ယွင်း​ပျက်​စီး​၍​နေ​ကြ​၏။
JOE 1:18 ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။ သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။
JOE 1:19 စား​ကျက်​များ​နှင့်​သစ်​ပင်​များ​သည် မီး​သင့်​လောင်​သည့်​အ​လား​ခြောက်​သွေ့​၍​သွား​ကုန်​၏။ သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​တို့​သည်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။
JOE 1:20 စား​ကျက်​များ​မီး​သင့်​လောင်​ထား​သ​ကဲ့​သို့ စမ်း​ချောင်း​များ​သည်​လည်း​ခန်း​ခြောက်​၍​သွား​လေ​ပြီ။ ထို့​ကြောင့်​တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။
JOE 2:1 ဘု​ရား​သ​ခင်​၏​တောင်​တော်​မြတ်​တည်း​ဟူ​သော ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ နှိုး​ဆော်​သံ​ပေး​ကြ​လော့။ ယု​ဒ​ပြည်​သူ​တို့​တုန်​လှုပ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာ​လ​သည်​မ​ကြာ​မီ​ကျ​ရောက်​လာ​လိမ့်​မည်။
JOE 2:2 ထို​နေ့​သည်​မှောင်​မိုက်​အုံ့​ဆိုင်း​သော​နေ့၊မည်း နက်​လျက် မိုး​တိမ်​ထူ​ထပ်​သော​နေ့​ဖြစ်​လိမ့်​မည်။ တောင်​ရိုး​များ​ကို​လွှမ်း​ခြုံ​လိုက်​သည့် မှောင်​ရိပ်​ကဲ့​သို့၊ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ရှေ့​သို့ ချီ​တက်​လာ​လေ​သည်။ ဤ​သို့​အ​ဘယ်​အ​ခါ​က​မျှ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​မ​ရှိ။ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​လည်း​ဖြစ်​ပျက်​လိမ့်​မည် မ​ဟုတ်။
JOE 2:3 ကျိုင်း​ကောင်​တို့​၏​ရှေ့​နှင့်​နောက်​တွင်​သီး​နှံ​ပင်​များ​ကို မီး​ကဲ့​သို့​ကိုက်​စား​ကြ​၏။ မြေ​ကြီး​သည်​သူ​တို့​၏​ရှေ့​၌​ဧ​ဒင်​ဥ​ယျာဉ်​နှင့် တူ​၍ သူ​တို့​၏​နောက်​တွင်​မူ​ကား၊သီး​နှံ​ပင်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​နှင့်​တူ​၏။ သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ​လွတ်​မြောက်​သည့် အ​သီး​အ​နှံ​ဟူ​၍​မ​ရှိ။
JOE 2:4 ကျိုင်း​ကောင်​တို့​သည်​မြင်း​များ​နှင့်​သဏ္ဌာန်​တူ​၍၊ စစ်​မြင်း​ကဲ့​သို့​ပြေး​ကြ​၏။
JOE 2:5 သူ​တို့​သည်​တောင်​ရိုး​များ​ပေါ်​တွင်​ခုန်​လွှား​ကာ စစ်​မြင်း​ရ​ထား​မြည်​သံ​ကဲ့​သို့​လည်း​ကောင်း၊ မြက်​ခြောက်​မီး​လောင်​သ​ကဲ့​သို့​လည်း​ကောင်း အော်​မြည်​ကြ​၏။ သူ​တို့​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ရှိ​သည့် တပ်​မ​တော်​ကြီး​ကဲ့​သို့​စီ​တန်း​လျက်​နေ​ကြ​၏။
JOE 2:6 သူ​တို့​ချဉ်း​ကပ်​လာ​သော​အ​ခါ၊လူ​အ​ပေါင်း တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ လူ​တိုင်း​၏​မျက်​နှာ​တွင်​သွေး​မ​ရှိ​တော့​ပေ။
JOE 2:7 ကျိုင်း​ကောင်​တို့​သည်​စစ်​သူ​ရဲ​များ​သ​ဖွယ် တိုက်​ခိုက်​ကြ​၏။ စစ်​သည်​တပ်​သား​များ​သ​ဖွယ်​မြို့​ရိုး​များ​ကို တက်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ရှေ့​သို့​တည့်​မတ်​စွာ ချီ​တက်​လျက်​နေ​ကြ​၏။ မိ​မိ​တို့​၏​လမ်း​ကို​မ​ပြောင်း​မ​လွှဲ​ကြ။
JOE 2:8 အ​ချင်း​ချင်း​တစ်​ကောင်​နှင့်​တစ်​ကောင် အ​နှောင့်​အ​ယှက်​လည်း​မ​ဖြစ်​စေ​ကြ။ သူ​တို့​ခံ​တပ်​များ​ကို​ဖြတ်​၍​ပျံ​သန်း ကြ​သော်​လည်း၊ သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ဆီး​မ​တား​နိုင် ကြ။
JOE 2:9 သူ​တို့​သည်​မြို့​ရှိ​ရာ​သို့​ပြေး​ကြ​၏။ မြို့​ရိုး​များ​ကို​ကျော်​၍​အိမ်​များ​ပေါ်​သို့​တက် ပြီး​လျှင် သူ​ခိုး​သ​ဖွယ်​ပြူ​တင်း​ပေါက်​များ​မှ​ဝင်​ကြ​၏။
JOE 2:10 သူ​တို့​ချဉ်း​ကပ်​လာ​ချိန်​၌​မြေ​င​လျင်​လှုပ် လေ​၏။ မိုး​ကောင်း​ကင်​သည်​လည်း​တ​သိမ့်​သိမ့်​တုန်​၍ သွား​လေ​၏။ နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက်​နေ​ကာ​ကြယ် တာ​ရာ များ​သည်​လည်း​မ​ထွန်း​မ​လင်း​ကြ​တော့​ချေ။
JOE 2:11 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တပ်​မ​တော်​ကို မိုး​ကြိုး​သံ​နှင့် တူ​သည့်​အ​သံ​ဖြင့်​အ​မိန့်​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နာ​ယူ​ကြ​သူ စစ်​သည်​တပ်​သား​များ​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့်​များ​၏။ တန်​ခိုး ကြီး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​ကာ​လ​သည် အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​ပါ​သ​နည်း။ ထို​နေ့​ရက်​ကာ​လ​ကို​အ​ဘယ်​သူ လွန်​မြောက်​နိုင်​ပါ​မည်​နည်း။
JOE 2:12 ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​သင်​တို့​သည် ယ​ခု​အ​ခါ​၌​ပင်​အ​မှန်​တ​ကယ်​နောင်​တ​ရ ကြ​လော့။ အ​စာ​ရှောင်​လျက်​ငို​ကြွေး​မြည်​တမ်း​လျက် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။
JOE 2:13 သင်​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ခြင်း​အား​ဖြင့်​သာ​မ​ဟုတ်​ဘဲ၊ ကျိုး​ပဲ့​သော​စိတ်​နှ​လုံး​အား​ဖြင့်​သင်​တို့ ဝမ်း​နည်း​မှု​ကို​ဖော်​ပြ​ရာ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ကိုယ်​တော်​သည်​သ​နား​ခြင်း​မေတ္တာ​က​ရု​ဏာ တော်​နှင့် ပြည့်​စုံ​တော်​မူ​၏။ စိတ်​ရှည်​၍​မိ​မိ​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​တတ်​၏။ ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ရန် အ​စဉ်​ပင်​အ​သင့်​ရှိ​တော်​မူ​သ​ဖြင့်​အ​ပြစ် ဒဏ် ခတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
JOE 2:14 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​စိတ်​တော်​ကို ပြောင်း​လဲ​ကောင်း​ပြောင်း​လဲ​တော်​မူ​၍ သင်​တို့​အား​မြောက်​မြား​စွာ​သော​အ​သီး အ​နှံ​များ​ဖြင့် ကောင်း​ချီး​ပေး​တော်​မူ​ပါ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​ကိုယ်​တော်​အား ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​ဆက်​သ​နိုင် ပါ​၏။
JOE 2:15 ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ခေါ်​ယူ​ကြ​လော့။
JOE 2:16 လူ​တို့​ကို​ခေါ်​ယူ​စု​ဝေး​၍​မြင့်​မြတ်​သော စည်း​ဝေး​ပွဲ တစ်​ရပ်​ကို​ပြင်​ဆင်​ကြ​လော့။ အ​သက်​ကြီး​သူ​များ​ကို​ခေါ်​ဖိတ်​၍ က​လေး​သူ​ငယ်​များ​နှင့်၊နို့​စို့​ရွယ်​များ​ကို​ပါ စု​ဝေး​စေ​ကြ​လော့။ ထိမ်း​မြား​မင်္ဂ​လာ​ပြု​ပြီး​ခါ​စ ဇ​နီး​မောင်​နှံ​များ​ပင်​လျှင်​မိ​မိ​တို့​၏​အ​ခန်း များ​ကို စွန့်​ခွာ​လာ​ရ​ကြ​ပေ​မည်။
JOE 2:17 ယဇ်​ပလ္လင်​နှင့်​ဗိ​မာန်​တော်​အ​ဝင်​ဝ​စပ်​ကြား​၌ ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​သူ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ငို​ကြွေး​လျက်၊ ``အို ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ကို​သ​နား​တော်​မူ​ပါ။ `သူ​တို့​၏​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​နည်း' ဟု​ဆို​ကာ​လူ​မျိုး​ခြား​များ​သည် ကျွန်​တော်​မျိုး​တို့​အား​ကဲ့​ရဲ့​ပြောင်​လှောင် စေ​တော်​မ​မူ​ပါ​နှင့်'' ဟု ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​ရ​ပေ​မည်။
JOE 2:18 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ပြည် တော်​အ​တွက် စိုး​ရိမ်​ပူ​ပန်​မှု​ကို​ပြ​တော်​မူ​၍၊ မိ​မိ​၏​လူ​မျိုး​တော်​အား​က​ရု​ဏာ​ထား တော်​မူ​၏။
JOE 2:19 ကိုယ်​တော်​သည်​သူ​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​အား ဂျုံ​ဆန်၊စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ပေး​တော်​မူ​မည်​ဖြစ်​၍၊ သင်​တို့​သည်​ရောင့်​ရဲ​လျက်​နေ​ကြ​လိမ့်​မည်။ အ​ခြား​အ​မျိုး​သား​များ​သည်​လည်း​သင်​တို့ အား ကဲ့​ရဲ့​ကြ​တော့​မည်​မ​ဟုတ်။
JOE 2:20 ငါ​သည်​မြောက်​အ​ရပ်​မှ​လာ​သည့်​ကျိုင်း ကောင်​အုပ်​ကို ပယ်​ရှင်း​မည်။ ကျိုင်း​ကောင်​အ​ချို့​ကို​သဲ​ကန္တာ​ရ​ထဲ​သို့ နှင်​ထုတ်​မည်။ သူ​တို့​တပ်​ဦး​ပိုင်း​ကို​ပင်​လယ်​သေ​ထဲ​သို့ လည်း​ကောင်း၊ တပ်​နောက်​ပိုင်း​ကို​မြေ​ထဲ​ပင်​လယ် ထဲ​သို့​လည်း​ကောင်း​ကျ​စေ​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​ပုပ်​စပ်​နံ​စော် လျက် နေ​လိမ့်​မည်။ သင်​တို့​အား​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ အ​တွက် ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။
JOE 2:21 ``အို လယ်​ပြင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​များ​အ​တွက်၊ ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။
JOE 2:22 အို သား​ရဲ​တိ​ရစ္ဆာန်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ စား​ကျက်​များ​သည် စိမ်း​လန်း​လျက်​ရှိ​၏။ သစ်​ပင်​များ​သည်​အ​သီး​သီး​လျက်​နေ​၏။ သ​ဖန်း​သီး​စ​ပျစ်​သီး​တို့​သည်​လည်း အ​မြောက်​အ​မြား​ရှိ​ပါ​၏။
JOE 2:23 ``အို ဇိ​အုန်​မြို့​သား​တို့​ဝမ်း​မြောက်​ကြ​လော့။ သင်​တို့​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု​များ​အ​တွက်​အား​ရ ရွှင်​မြူး​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​အား​ဆောင်း​ဦး​မိုး အ​လုံ​အ​လောက်​ချ​ပေး​တော်​မူ​လေ​ပြီ။ ဆောင်း​နှောင်း​မိုး​ကို​လည်း​ကောင်း​ယ​ခင် အ​ခါ​များ​မှာ​ကဲ့​သို့ နွေ​ဦး​မိုး​ကို​လည်းကောင်း၊သင်​တို့​အ​ပေါ်​သို့ ရွာ​သွန်း​စေ​တော်​မူ​လေ​ပြီ။
JOE 2:24 ကောက်​နယ်​တ​လင်း​တို့​သည်​ဂျုံ​ဆန်​များ​နှင့် ပြည့်​နှက်​နေ​လိမ့်​မည်။ အ​သီး​နယ်​ရာ​ကျင်း​တို့​သည်​လည်း​စ​ပျစ် ရည်​နှင့် သံ​လွင်​ဆီ​တို့​ဖြင့်​လျှံ​လျက်​နေ​လိမ့်​မည်။
JOE 2:25 သင်​တို့​၏​သီး​နှံ​များ​ကို​ကျိုင်း​ကောင်​အုပ်​တို့ ကိုက်​စား​လိုက်​သည့်​နှစ်​များ​က၊ သင်​တို့​ဆုံး​ရှုံး​မှု​ကို​ငါ​ပြန်​လည်​ပေး လျော်​မည်။ သင်​တို့​ထံ​သို့​ထို​ကျိုင်း​ကောင်​အုပ်​များ​ကို စေ​လွှတ်​သူ​မှာ​ငါ​ပင်​ဖြစ်​၏။
JOE 2:26 ယ​ခု​အ​ခါ​သင်​တို့​သည်​အ​စာ​ရေ​စာ အ​လုံ​အ​လောက် ရ​ရှိ​ကြ​မည်​ဖြစ်​၍၊ရောင့်​ရဲ​လျက်​နေ​လိမ့်​မည်။ သင်​တို့​သည်​မိ​မိ​တို့​အ​တွက်​အံ့​သြ​ဖွယ် အ​မှု​များ​ကို​ပြု​တော်​မူ​သော၊ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​၌​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။
JOE 2:27 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​သည် သင်​တို့​အ​လယ်​၌ ရှိ​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍၊ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ထို​အ​ခါ​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​နောင်​ဘယ်​အ​ခါ​မျှ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။
JOE 2:28 ``ထို​နောက်​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို လူ​အပေါင်း​တို့​အ​ပေါ်​သို့​သွန်း​လောင်း​မည်။ သင်​တို့​သား​သ​မီး​များ​သည်​ငါ​၏​ဗျာ​ဒိတ် တော်​ကို ပြန်​ကြား​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​များ​သည်​အိပ်​မက်​များ​ကို မြင်​မက်​ကြ​လျက်၊ လူ​ငယ်​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို တွေ့​မြင်​ကြ​လိမ့်​မည်။
JOE 2:29 ထို​ကာ​လ​၌​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို ယောကျာ်း​အ​စေ​ခံ​များ​နှင့်၊မိန်း​မ​အ​စေ​ခံ​များ အ​ပေါ်​သို့​ပင်​သက်​ရောက်​စေ​တော်​မူ​မည်။
JOE 2:30 ``ငါ​သည်​ထို​နေ့​ရက်​ကာ​လ​နှင့်​ပတ်​သက်​၍ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊မြေ​ကြီး ပေါ်​၌ သော်​လည်း​ကောင်း​ပုဗ္ဗ​နိ​မိတ်​များ​ကို​ပြ​မည်။ သွေး​ထွက်​သံ​ယို​ဖြစ်​မှု​မီး​လျှံ​မီး​ခိုး​များ ထ​မှု​တို့ ဖြစ်​ပေါ်​လာ​လိမ့်​မည်။
JOE 2:31 ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။
JOE 2:32 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​မ​တော် မူ​ရန် လျှောက်​ထား​ကြ​သူ​လူ​အ​ပေါင်း​တို့​မူ​ကား၊ ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း `ယေ​ရု​ရှ​လင်​မြို့​သူ၊ မြို့​သား အ​ချို့​တို့​သည်​အ​သက်​ဘေး​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ​ရွေး​ချယ်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''
JOE 3:1 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ခါ​ငါ​သည်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ကောင်း​စား​လာ​စေ​မည်။
JOE 3:2 လူ​မျိုး​တ​ကာ​တို့​အား​ပြန်​လည်​စု​ရုံး​၍ တ​ရား​စီ​ရင်​ရာ​ချိုင့်​ဝှမ်း​သို့ ခေါ်​ဆောင်​လာ​မည်။ ငါ့​လူ​မျိုး​တော်​တို့​ကို​ထို​သူ​တို့​ပြု​ကျင့်​ခဲ့​သည့် အ​မှု​များ​အ​တွက်၊ ထို​အ​ရပ်​တွင်​သူ​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​နိုင်​ငံ​ရပ်​ခြား​သို့​ကွဲ​လွင့်​စေ​ကာ၊ ငါ​၏​ပြည်​တော်​ဣ​သ​ရေ​လ​ကို​ကွဲ​ပြား​စေ ခဲ့​ကြ​၏။
JOE 3:3 သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။
JOE 3:4 ``တု​ရု​မြို့၊ ဇိ​အုန်​မြို့​နှင့်​ဖိ​လိတ္တိ​ပြည်​အ​ရပ် ရပ်​မှ​လူ​အ​ပေါင်း​တို့ သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​ပြု​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ​သ​နည်း။ ငါ့​အား​လက်​စား​ချေ​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ သ​လော။ ယင်း​သို့​ကြိုး​ပမ်း​နေ​ကြ​ပါ​မူ၊ ငါ သည်​အ​လျင်​အ​မြန်​ဦး​စွာ​သင်​တို့​အား လက်​စား​ချေ​မည်။-
JOE 3:5 သင်​တို့​သည်​ငါ​၏​ရွှေ​ငွေ​ဥစ္စာ​ဘဏ္ဍာ​များ​ကို မိ​မိ​တို့​၏​ဘုံ​ဗိ​မာန်​များ​သို့​ယူ​ဆောင် သွား​ခဲ့​ကြ​၏။-
JOE 3:6 ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​အား မိ​မိ​တို့​တိုင်း​ပြည်​မှ ရပ်​ဝေး​သို့​ခေါ်​ဆောင်​ကာ၊ ဂ​ရိ​အ​မျိုး သား​တို့​ထံ​တွင်​ရောင်း​စား​ခဲ့​ကြ​၏။-
JOE 3:7 သူ​တို့​အား​သင်​တို့​ရောင်း​စား​ခဲ့​သော​နေ​ရာ မှ​ငါ​ပြန်​လည်​ခေါ်​ဆောင်​မည်။ သူ​တို့​အား သင်​တို့​ပြု​ခဲ့​ကြ​သည့်​အ​တိုင်း​သင်​တို့ အား​ယ​ခု​ငါ​ပြု​မည်။-
JOE 3:8 ငါ​သည်​သင်​တို့​၏​သား​သ​မီး​များ​အား ယု​ဒ​ပြည်​သား​တို့​၏​ငွေ​ဝယ်​ကျွန်​ဖြစ်​စေ မည်။ ယု​ဒ​ပြည်​သား​တို့​သည်​လည်း​သူ​တို့ အား​ဝေး​လံ​သော​ရှေ​ဘ​ပြည်​သို့​ရောင်း​စား ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား ၏​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
JOE 3:9 ``လူ​မျိုး​တ​ကာ​တို့​အား`စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​လော့။ စစ်​သူ​ရဲ​တို့​ကို​ခေါ်​ယူ​ကြ​လော့။ စစ်​သည်​တပ်​သား​များ​ကို​စု​ရုံး​၍​ချီ​တက် ကြ​လော့' ဟု​ပြော​ကြား​ကြေ​ညာ​ကြ​လော့။
JOE 3:10 `သင်​တို့​သည်​ထွန်​သွား​များ​ကို​ဋ္ဌား အ​ဖြစ်​သို့​လည်း​ကောင်း၊ တံ​စဉ်​များ​ကို​လှံ​အ​ဖြစ်​သို့​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​အင်​ချည့်​နဲ့​သော​သူ​များ​ပင်​လျှင် စစ်​ပွဲ​ဝင်​ကြ​ရ​ပေ​မည်။
JOE 3:11 အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ အ​လျင်​အ​မြန်​လာ​၍၊ ချိုင့်​ဝှမ်း​၌​စု​ရုံး ကြ လော့' ဟု​မိန့်​တော်​မူ​၏။'' အို ထာ​ဝ​ရ​ဘု​ရား​ထို​သူ​တို့​အား​တိုက်​ခိုက်​ရန် ကိုယ်​တော်​ရှင်​၏​တပ်​မ​တော်​ကို​စေ​လွှတ်​တော် မူ​ပါ။
JOE 3:12 ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် အ​သင့်​ပြင်​ဆင်​လျက်၊ တ​ရား​စီ​ရင်​တော် မူ​ရာ ချိုင့်​ဝှမ်း​သို့​လာ​ရောက်​ရ​ကြ​မည်။ အနီး​အနား​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ တို့​အား တ​ရား​စီ​ရင်​ရန်​ထို​အ​ရပ်​တွင်​ငါ​ထာ​ဝ​ရ ဘု​ရား ထိုင်​တော်​မူ​မည်။
JOE 3:13 ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။ စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သော အ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊ စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
JOE 3:14 ထောင်​ပေါင်း​များ​စွာ​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​ချိုင့်​ဝှမ်း​တွင် ရှိ​နေ​ကြ​၏။ ထို​ချိုင့်​ဝှမ်း​သို့​ထာ​ဝ​ရ​ဘု​ရား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ သည် များ​မ​ကြာ​မီ​သက်​ရောက်​လာ​လိမ့်​မည်။
JOE 3:15 နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက် ကြယ်​တာ​ရာ​များ​သည်​လည်း​မ​ထွန်း မ​လင်း​ကြ​တော့​ချေ။
JOE 3:16 ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ ကြွေး​ကြော်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​ဟစ်​အော်​တော်​မူ​၏။ မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​သည်​လည်း​တုန်​လှုပ် ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကာ​ကွယ်​တော်​မူ​လိမ့်​မည်။
JOE 3:17 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။
JOE 3:18 ထို​ကာ​လ​၌​တောင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် များ​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​လိမ့်​မည်။ တောင်​ကုန်း​မှန်​သ​မျှ​တို့​တွင်​လည်း​ကျွဲ​နွား​များ ကို​မြင်​ရ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ခု​လုံး​၌​ရေ​အ​လုံ​အ​လောက် ရ​ရှိ​ကြ​လိမ့်​မည်။ စမ်း​ရေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​လျက်​ရှိတ္တိမ်​ချိုင့်​ဝှမ်း​ကို​စို​ပြေ​စေ လိမ့်​မည်။
JOE 3:19 ``အီ​ဂျစ်​ပြည်​သည်​သဲ​က​န္တာ​ရ​ဖြစ်​၍​ဧ​ဒုံ ပြည်​သည် ပျက်​စီး​ယို​ယွင်း​၍​လူ​သူ​ကင်း​မဲ့​သည့် နေ​ရာ​ဖြစ်​နေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​ပြည်​တို့​သည် ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​၍၊ အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။
JOE 3:20 ငါ​သည်​အ​သတ်​ခံ​ခဲ့​ရ​ကြ​သူ​များ​အ​တွက် လက်​စား​ချေ​မည်။ အ​ပြစ်​ရှိ​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကို​မူ​ကား၊ ထာ​ဝ​စဉ်​လူ​တို့​နေ​ထိုင်​ရာ​ဖြစ်​စေ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​ဇိ​အုန်​တောင်​ပေါ် တွင် ကျိန်း​ဝပ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​လ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
AMO 1:1 ဤ​သည်​မှာ​တေ​ကော​ရွာ​မှ သိုး​ထိန်း​အာ​မုတ် ဟော​သော​စ​ကား​များ​ဖြစ်​သည်။ ယု​ဒ​ဘု​ရင် သြဇိ​မင်း​လက်​ထက်၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဘု​ရင်​ယော​ရှ​၏​သား​ယေ​ရော​ဗောင်​မင်း​အုပ် စိုး​စဉ်​ကာ​လ၊ မြေ​င​လျင်​မ​လှုပ်​မီ​နှစ်​နှစ် အ​ထက်​က​ထာ​ဝ​ရ​ဘု​ရား​သည် အာ​မုတ် အား​ဣ​သ​ရေ​လ​တို့​နှင့်​ပတ်​သက်​သော ဤ အ​ကြောင်း​အ​ရာ​တို့​ကို​ဖော်​ပြ​ဖွင့်​ဆို တော်​မူ​ခဲ့​သည်။
AMO 1:2 အာ​မုတ်​က၊ ``ဇိ​အုန်​တောင်​မှ​ထာ​ဝ​ရ​ဘု​ရား​၏​ကြုံး​ဝါး သံ​ကို ကြား​ရ​လေ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အ​တွင်း​မှ​ထစ်​ချုန်း​လာ​သော အ​သံ​တော်​ကို​ကြား​ရ​စေ​ပြီ။ သိုး​စား​ကျက်​တို့​သည်​သွေ့​ခြောက်​ကုန်​၍ က​ရ​မေ​လ​တောင်​ပေါ်​မှ​မြက်​ပင်​တို့​သည် နွမ်း​ရ​လေ​ပြီ​ဟု​ဆို​၏။''
AMO 1:3 ထာ​ဝ​ရ​ဘု​ရား​က``ဒ​မာ​သက်​မြို့​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ခဲ့​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ​တော့ မည်။ သူ​တို့​သည်​ဂိ​လဒ်​ပြည်​သူ​တို့​အ​ပေါ် ရိုင်း​စိုင်း​ရက်​စက်​ကြမ်း​ကြုတ်​ခဲ့​လေ​ပြီ။-
AMO 1:4 ထို့​ကြောင့်​ငါ​သည်​ဟာ​ဇေ​လ​မင်း​မျိုး အ​ပေါ်​သို့​မီး​မိုး​ရွာ​စေ​ပြီး ဗင်​ဟာ​ဒဒ် မင်း​၏​ရဲ​တိုက်​များ​ကို​ပြာ​ချ​လိုက်​မည်။-
AMO 1:5 ငါ​သည်​ဒ​မာ​သက်​မြို့​တံ​ခါး​များ​ကို​ချေ မှုန်း​၍ အာ​ဝင်​ချိုင့်​နှင့်​ဗေ​သေ​ဒင်​မြို့​တွင်​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ရှု​ရိ​ပြည်​သား တို့​သည်​ကိ​ရ​ပြည်​သို့​သုံ့​ပန်း​အ​ဖြစ်​နှင့် လိုက်​ပါ​သွား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
AMO 1:6 ထာ​ဝ​ရ​ဘု​ရား​က``ဂါ​ဇ​မြို့​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ခဲ့​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​လူ​တစ်​မျိုး​လုံး​ကို ဧ​ဒုံ​ပြည်​သား​များ​လက်​ဝယ်​သို့ ကျွန် အ​ဖြစ်​နှင့်​ရောင်း​စား​ခဲ့​ပြီ။-
AMO 1:7 သို့​ကြောင့်​ငါ​သည်​ဂါ​ဇ​မြို့​ရိုး​များ အ​ပေါ်​သို့​မီး​မိုး​ရွာ​စေ​ပြီး ဂါ​ဇ ရဲ​တိုက်​များ​ကို​ပြာ​ချ​လိုက်​မည်။-
AMO 1:8 အာ​ဇုတ်​နှင့်​အာ​ရှ​ကေ​လုန်​မြို့​များ​၌​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ဧ​ကြုန်​မြို့ ကို​လည်း​ငါ​ဒဏ်​ခတ်​မည်။ ကျန်​ကြွင်း​နေ သူ​ဖိ​လိတ္တိ​မှန်​သ​မျှ​လည်း​သေ​ရ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
AMO 1:9 ထာ​ဝ​ရ​ဘု​ရား​က``တု​ရု​မြို့​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​လူ​တစ်​မျိုး​လုံး​ကို ဧ​ဒုံ​ပြည်​သို့​ပြည်​နှင်​ဒဏ်​ပေး​ခဲ့​ပြီ။ ကိုယ် တိုင်​ချုပ်​ဆို​ခဲ့​သော​မ​ဟာ​မိတ်​စာ​ချုပ်​ကို ချိုး​ဖောက်​ခဲ့​ပြီ။-
AMO 1:10 ထို့​ကြောင့်​ငါ​သည်​တု​ရု​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး တု​ရု​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။
AMO 1:11 ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​ညီ​အစ်​ကို​ချင်း ဣ​သ​ရေ​လ​တို့​ကို​မ​ရ​မ​က​လိုက်​၍ မ​ညှာ​မ​တာ​ညှင်း​ဆဲ​ခဲ့​ပြီ။ သူ​တို့​၏ အ​မျက်​ဒေါ​သ​ကို​ဘယ်​အ​ခါ​မျှ မ​ပြေ​စေ​ဘဲ​ကမ်း​ကုန်​လောက်​အောင် ပင်​ပြင်း​ထန်​စေ​ခဲ့​သည်။-
AMO 1:12 ထို့​ကြောင့်​ငါ​သည်​တေမန်​မြို့​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး ဗော​ဇ​ရ​ရဲ​တိုက်​များ​ကို​ပြာ​ချ လိုက်​မည်'' ဟု​မိန့်​တော်​မူ​၏။
AMO 1:13 ထာ​ဝ​ရ​ဘု​ရား​က``အမ္မုန်​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​၏​နယ်​ချဲ့​လို​သော လော​ဘ​ကြောင့် နယ်​ချဲ့​စစ်​ပွဲ​များ​၌​ဂိ​လဒ် ပြည်​သူ​ကိုယ်​ဝန်​ဆောင်​တို့​၏​ဝမ်း​ကို​ပင် ဖောက်​ခွဲ​ကာ​သတ်​ဖြတ်​ခဲ့​လေ​ပြီ။-
AMO 1:14 ထို့​ကြောင့်​ငါ​သည်​ရဗ္ဗာ​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး ရဗ္ဗာ​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်။ စစ်​တိုက်​သော​နေ့​၌​အော် သံ​ဟစ်​သံ​တ​ညံ​ညံ​ကြား​ရ​ပြီး တိုက်​ပွဲ သည်​မုန်​တိုင်း​တ​မျှ​ပြင်း​ထန်​လိမ့်​မည်။-
AMO 1:15 သူ​တို့​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ပြည်​ပ​သို့​ဖမ်း​သွား​ခြင်း​ခံ​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
AMO 2:1 ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ဧ​ဒုံ​မင်း​၏ အ​ရိုး​စု​ကို​ပြာ​ချ​လိုက်​ခြင်း​ဖြင့် ဧ​ဒုံ မင်း​ကို​မ​လေး​မ​စား​ပြု​ခဲ့​ကြ​ပြီ။-
AMO 2:2 ငါ​သည်​မော​ဘ​ပြည်​အ​ပေါ်​သို့​မီး​မိုး​ရွာ စေ​ပြီး​ကေ​ရုတ်​မြို့​၏​ရဲ​တိုက်​များ​ကို​ပြာ ချ​လိုက်​မည်။ စစ်​သည်​တို့​၏​အော်​သံ​ဟစ် သံ၊ ခ​ရာ​သံ​နှင့်​တိုက်​ပွဲ​သံ​များ​ဆူ​ဆူ ညံ​ညံ​ပြင်း​ထန်​နေ​သော​အ​ချိန်​မှာ​ပင် မော​ဘ​ပြည်​သား​များ​သေ​ဆုံး​လိမ့်​မည်။-
AMO 2:3 ငါ​သည်​မော​ဘ​မင်း​ကို​သတ်​မည်။ မော​ဘ နိုင်​ငံ​ရှိ​ခေါင်း​ဆောင်​အား​လုံး​ကို​ကွပ်​မျက် မည်'' ဟု​မိန့်​တော်​မူ​၏။
AMO 2:4 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ငါ​၏​သြ​ဝါ​ဒ ကို​ရွံ​မုန်း​၍​ငါ​ပေး​သော​ပ​ညတ်​တို့​ကို မ​စောင့်​ရှောက်​ဘဲ​နေ​ကြ​လေ​ပြီ။ သူ​တို့ ဘိုး​ဘေး​များ​ဆည်း​ကပ်​ကိုး​ကွယ်​ခဲ့​သော မိစ္ဆာ​ဘု​ရား​များ​နောက်​သို့​ကိုယ်​တိုင်​လိုက် ပါ​ကာ​လမ်း​လွဲ​ကြ​လေ​ပြီ။-
AMO 2:5 ထို့​ကြောင့်​ငါ​သည်​ယု​ဒ​ပြည်​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး​ယေ​ရု​ရှ​လင်​မြို့​၏​ရဲ​တိုက်​များ ကို​ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။
AMO 2:6 ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ကြွေး​မ​ဆပ် နိုင်​သော​ရိုး​ဖြောင့်​သူ​များ​နှင့် ခြေ​နင်း​တစ် ရံ​အ​တွက်​ကို​မျှ​ကြွေး​မ​ဆပ်​နိုင်​သော ဆင်း​ရဲ​သား​တို့​ကို​ကျွန်​အ​ဖြစ်​ရောင်း​ချ ကြ​သည်။-
AMO 2:7 သူ​တို့​သည်​အား​နွဲ့​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​များ​ကို​နင်း​ချေ​ပြီး​ဆင်း​ရဲ​သား​တို့ ကို​တွန်း​ထုတ်​ဖယ်​ရှား​ကြ​ပြီ။ အ​ဘ​နှင့် သား​သည်​ကျွန်​မိန်း​က​လေး​တစ်​ယောက် တည်း​နှင့်​ဆက်​ဆံ​လျက်​ငါ​၏​သန့်​ရှင်း ရာ​နာ​မ​တော်​ကို​အ​သ​ရေ​ပျက်​စေ​ပြီ။-
AMO 2:8 ဝတ်​ပြု​ရာ​နေ​ရာ​တိုင်း​၌​ဆင်း​ရဲ​သူ​များ ထံ​မှ​အ​ပေါင်​ခံ​ပစ္စည်း​အ​ဖြစ်​နှင့်​ရ​ယူ ထား​သော​အ​ဝတ်​အ​ထည်​များ​ကို​ခင်း ကာ​အိပ်​စက်​ကြ​လေ​ပြီ။ သူ​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင် ကြွေး​တင်​နေ​သူ​များ​ထံ​မှ​လျော်​ကြေး အ​ဖြစ်​ရ​ယူ​လာ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​လေ​ပြီ။
AMO 2:9 ``ထို​သို့​နှင့်​ပင်​ငါ​၏​လူ​မျိုး​အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​အ​တွက်​အာ​ရဇ်​ပင်​တ​မျှ မြင့်​မား​၍​သ​ပိတ်​ပင်​အ​လား သန်​မာ​လှ သည့်​အာ​မော​ရိ​လူ​မျိုး​ကို​အ​ပြီး​အ​ပိုင် တိုက်​ဖျက်​ခဲ့​ပြီ။-
AMO 2:10 ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​ခဲ့​၏။ တော​ကန္တာ​ရ​အ​တွင်း​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​ပို့​ဆောင်​ခဲ့​ပြီး အာ​မော​ရိ​လူ​မျိုး​တို့​၏​မြေ​ယာ​များ ကို​သင်​တို့​ပိုင်​ဆိုင်​ရန်​ပေး​အပ်​ခဲ့​ပြီ။-
AMO 2:11 ငါ​သည်​သင်​တို့​၏​သား​အ​ချို့​ကို​ပ​ရော ဖက်​အ​ဖြစ်​နှင့်​လည်း​ကောင်း၊ သင်​တို့​၏ လူ​ငယ်​အ​ချို့​ကို​နာ​ဇ​ရိ​လူ​အ​ဖြစ်​နှင့် လည်း​ကောင်း​ရွေး​ကောက်​ခဲ့​ပြီ။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​အ​ချက်​သည်​အ​မှန် ပင်​ဖြစ်​သည်​မ​ဟုတ်​လော။ ဤ​သည်​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
AMO 2:12 သို့​ရာ​တွင်​သင်​သည်​နာ​ဇ​ရိ​လူ​တို့​အား စ​ပျစ်​ရည်​ကို​သောက်​စေ​၍​ပ​ရော​ဖက်​တို့ အား​ငါ​၏​သ​တင်း​စ​ကား​ကို​ကြား​ပြော ခြင်း​မ​ပြု​ရန်​တား​မြစ်​ခဲ့​ကြ​လေ​ပြီ။-
AMO 2:13 ထို့​ကြောင့်​ငါ​သည်​သင့်​အား​မြေ​ကြီး​ပေါ် နင်း​ချေ​၍​သင်​သည်​ဂျုံ​စ​ပါး​အ​ပြည့်​တင် ထား​သည့်​လှည်း​ကဲ့​သို့ ငြီး​တွား​ရ​လိမ့်​မည်။-
AMO 2:14 လျင်​မြန်​စွာ​ပြေး​နိုင်​သူ​များ​ပင်​လျှင်​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်။ သန်​စွမ်း​သော​သူ​များ သည်​လည်း​အား​အင်​ကုန်​ခန်း​၍​စစ်​သူ​ရဲ​တို့ သည်​လည်း​မိ​မိ​တို့​၏​အ​သက်​ကို​ကယ်​နိုင် လိမ့်​မည်​မ​ဟုတ်။-
AMO 2:15 လေး​ကို​ကိုင်​စွဲ​ထား​သော​သူ​များ​သည်​လည်း ရပ်​တည်​ခြင်း​ငှာ​မ​တတ်​နိုင်​ကြ။ လျင်​မြန်​စွာ ပြေး​နိုင်​သူ​များ​သည်​လည်း​လွတ်​လိမ့်​မည် မ​ဟုတ်၊ မြင်း​ပေါ်​မှ​လူ​များ​သည်​လည်း​မိ​မိ တို့​အ​သက်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်။-
AMO 2:16 ထို​နေ့​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​စစ်​သူ​ရဲ များ​ပင်​လျှင် မိ​မိ​၏​လက်​နက်​များ​ကို​စွန့် လျက်​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။
AMO 3:1 အို ဣသ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​တစ်​မျိုး လုံး​ကို​အီ​ဂျစ်​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပတ်​သက်​၍ မိန့်​ဆို​သော​ဤ​စ​ကား​ကို​နား​ထောင်​လော့။-
AMO 3:2 ကမ္ဘာ​တစ်​ခွင်​လုံး​ရှိ​နိုင်ငံ​တ​ကာ​တို့​အ​နက် သင် တို့​တစ်​မျိုး​တည်း​ကို​သာ​ငါ​အ​သိ​အ​မှတ် ပြု​၍​က​ရု​ဏာ​သက်​ခဲ့​၏။ ထို့​ကြောင့်​ပင်​သင် တို့​ပြု​ခဲ့​သ​မျှ​သော​အ​ပြစ်​များ​အ​တွက် သင်​တို့​ကို​အ​ပြစ်​ပေး​ရ​တော့​မည်။
AMO 3:3 လူ​နှစ်​ဦး​သည်​တွေ့​ဆုံ​ရန်​မ​ချိန်း​ဆို​ဘဲ အ​တူ​ခ​ရီး​ပြု​နိုင်​မည်​လော။
AMO 3:4 ခြင်္သေ့​သည်​သား​ကောင်​ကို​မ​တွေ့​ဘဲ​တော ထဲ​၌ အ​ကြောင်း​မဲ့​ဟောက်​နေ​မည်​လော။ ခြင်္သေ့​ပျို​သည်​ဘယ်​အ​ရာ​ကို​မျှ​မ​ဖမ်း​မိ ဘဲ မိ​မိ​ဂူ​အ​တွင်း​၌​အ​ကြောင်း​မဲ့​ကြုံး ဝါး​နေ​မည်​လော။
AMO 3:5 အ​စာ​မ​ပါ​သော​ကျော့​ကွင်း​ဖြင့်​ကောင်း​ကင်​မှ ငှက်​တစ်​ကောင်​ကို​ထောင်​ဖမ်း​နိုင်​သ​လော။ တစ်​စုံ​တစ်​ရာ​ကို​ဖမ်း​မိ​သော​ကြောင့်​သာ ကျော့​ကွင်း​ပြုတ်​သွား​ရ​သည်​မ​ဟုတ်​လော။
AMO 3:6 မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။
AMO 3:7 အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။
AMO 3:8 ခြင်္သေ့​ဟောက်​လိုက်​လျှင်​မည်​သူ​မ​ကြောက်​ဘဲ နေ​နိုင်​သ​နည်း။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​လျှင် မည် သူ​က​ဗျာ​ဒိတ်​တော်​ကို​မ​ကြွေး​ကြော်​ဘဲ နေ​နိုင်​မည်​နည်း။
AMO 3:9 အာ​ဇုတ်​နှင့်​အီ​ဂျစ်​ပြည်​ဘုံ​နန်း​များ​တွင်​စံ နေ​သူ​အ​ပေါင်း​တို့​အား ဤ​သို့​ကြေ​ငြာ​လော့။ ``ရှ​မာ​ရိ​မြို့​ပတ်​လည်​ရှိ​တောင်​များ​ပေါ်​၌ စု​ရုံး​လာ​ပြီး ထို​မြို့​ထဲ​၌​ကူး​လွန်​နေ​သော ပြစ်​မှု​များ​နှင့်​ဖြစ်​ပေါ်​နေ​သည့်​ယို​ယွင်း​မှု ကြီး​ကို​ရှု​စား​ကြ​လော့။''
AMO 3:10 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​သူ​တို့​၏ ဘုံ​နန်း​များ​ကို​မ​တ​ရား​လု​ယက်၊ အ​ကြမ်း ဖက်​ပြီး​မှ​ရ​ယူ​ခဲ့​သော​ပစ္စည်း​တို့​ဖြင့်​ပြည့် စေ​ခဲ့​ပြီ။ သူ​တို့​သည်​သစ္စာ​သ​ဘော​ကို​ပင် နား​မ​လည်​တော့​ပေ။-
AMO 3:11 သို့​ကြောင့်​ရန်​သူ​တစ်​နိုင်​ငံ​သည်​သူ​တို့​၏ မြို့​များ​ကို​ဝိုင်း​ရံ​၍ သူ​တို့​၏​ခံ​တပ်​များ ကို​ဖြို​ခွင်း​လိုက်​မည်။ သူ​တို့​၏​ဘုံ​နန်း​များ ကို​လည်း​လု​ယက်​ဖျက်​ဆီး​လိမ့်​မည်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
AMO 3:12 ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​သည်​ခြင်္သေ့ စာ​ဖြစ်​သွား​သော​သိုး​တစ်​ကောင်​၏​ခြေ​နှစ် ချောင်း သို့​မ​ဟုတ်​နား​ရွက်​တစ်​ဖက်​စ​သော အ​ပိုင်း​အ​စ​များ​ကို​သာ​ကောက်​ယူ​နိုင် သ​ကဲ့​သို့ ရှ​မာ​ရိ​ပြည်​ဒ​မာ​သက်​မြို့​ရှိ ကု​တင်​မွေ့​ယာ​တို့​ပေါ်​၌ စည်း​စိမ်​ယစ်​မူး နေ​သူ​တို့​အ​နက်​လူ​အ​နည်း​ငယ်​သာ လျှင်​ကျန်​ရစ်​ပေ​မည်။-
AMO 3:13 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား က​ငါ​ပြော​သော​စ​ကား​ကို ယ​ခု​ပင်​နာ​ယူ ပြီး​ယာ​ကုပ်​မျိုး​နွယ်​တို့​အား​သ​တိ​ပေး ဆင့်​ဆို​လော့။-
AMO 3:14 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​ပေး​သော​နေ့​၌ ဗေ​သ​လ​ယဇ်​ပလ္လင်​တို့ ကို​ဖျက်​ဆီး​လိုက်​မည်။ ယဇ်​ပလ္လင်​တိုင်း​၏​ထောင့် များ​၌​ရှိ​သော​ဦး​ချို​တို့​ကို​ခုတ်​လှဲ​၍​မြေ ပေါ်​သို့​ကျ​သွား​စေ​မည်။-
AMO 3:15 ငါ​သည်​သူ​တို့​ဇိမ်​ခံ​ရာ​နွေ​ရာ​သီ​ဂေ​ဟာ​နှင့် ဆောင်း​ရာ​သီ​အိမ်​တော်​များ​ကို​ဖျက်​ပစ်​မည်။ ဆင်​စွယ်​ဖြင့်​မွန်း​မံ​သော​အိမ်​ရာ​များ​ပြို​လဲ ကြ​၍ မ​ဟာ​ဂေ​ဟာ​မှန်​သ​မျှ​ပျက်​စီး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
AMO 4:1 အား​နွဲ့​သူ​များ​ကို​ညှင်း​ဆဲ​ပြီး​ဆင်း​ရဲ သူ​များ​ကို​ဖိ​နှိပ်​၍ မိ​မိ​လင်​တို့​အား​ငါ တို့​သောက်​ဖို့​အ​ရက်​ယူ​ခဲ့​ဟု​အ​မိန့်​ပေး လျက်၊ အ​စား​ကောင်း​စား​ရ​သော​ဗာ​ရှန် နွား​မ​များ​ကဲ့​သို့ ဝ​ဖီး​နေ​ကြ​သည့်​ရှ​မာ​ရိ မိန်း​မ​တို့​ဤ​စ​ကား​ကို​နား​ထောင်​လော့။-
AMO 4:2 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ကြောင့် ဤ​သို့ လျှင်​ကတိ​သစ္စာ​ပြု​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က``သူ​တို့​သည်​သင်​တို့​ကို​ငါး​မျှား​ချိတ် ဖြင့်​ဒ​ရွတ်​တိုက်​ဆွဲ​သွား​သော​နေ့​များ​ရောက် လိမ့်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​ငါး​မျှား ထိပ်​၌ အ​ချိတ်​ခံ​နေ​ရ​သော​ငါး​ကဲ့​သို့​ဖြစ် ကြ​လိမ့်​မည်။-
AMO 4:3 သင်​တို့​ကို​အ​နီး​ဆုံး​မြို့​နံ​ရံ​ပျက်​အ​ပေါက် သို့​ဆွဲ​သွား​ပြီး​အ​ပြင်​သို့​လွှင့်​ပစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
AMO 4:4 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် က``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗေ​သ​လ ရှိ​သန့်​ရှင်း​ရာ​အ​ရပ်​သို့​သွား​၍​ပြစ်​မှား​ကြ လော့။ ဂိ​လ​ဂါ​လ​မြို့​သို့​သွား​ပြီး​အ​စွမ်း ကုန်​ပြစ်​မှား​ကြ​လော့။ ပူ​ဇော်​ရာ​ယဇ်​ကောင် များ​ကို​နံ​နက်​တိုင်း​ယူ​ဆောင်​ခဲ့​လော့။ သုံး ရက်​နေ့​တိုင်း​တွင်​ဥစ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်​ခဲ့​ကြ​လော့၊-
AMO 4:5 ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​မုန့်​ကို​ဆက်​ခါ ဆက်​ခါ​ပေး​လှူ​ကြ​လော့။ အ​လို​အ​လျောက် ပေး​လှူ​နေ​ကြောင်း​ကို​လည်း သင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထုတ်​ဖော်​ကြေ​ငြာ​၍​ဝါ​ကြွား ကြ​လော့။ ဤ​သို့​ပြု​ခြင်း​ကို​သင်​တို့​မြတ်​နိုး လှ​၏​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။
AMO 4:6 ``ငါ​သည်​သင်​တို့​မြို့​ရွာ​တိုင်း​၌​ငတ်​မွတ် ခြင်း​ဘေး​ကျ​ရောက်​စေ​လျက်​နှင့်​သင်​တို့ သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​ကြ။-
AMO 4:7 သင်​တို့​ပျိုး​ပင်​အ​တွက်​မိုး​ရေ​အ​လို​ဆုံး သော​အ​ချိန်​တွင်​ငါ​သည်​မိုး​ခေါင်​စေ​ခဲ့​၏။ တစ်​မြို့​ပေါ်​၌​သာ​ရွာ​သွန်း​စေ​ပြီး​ကျန်​တစ် မြို့​ပေါ်​သို့​မ​ရွာ​စေ​ရန် တား​ခဲ့​သူ​မှာ​ငါ​ပင် ဖြစ်​၏။ လယ်​တစ်​ခင်း​သည်​မိုး​ကို​ရ​၍​ကျန် တစ်​ခင်း​မှာ​မူ​သွေ့​ခြောက်​ခဲ့​လေ​ပြီ။-
AMO 4:8 ရေ​ငတ်​လွန်း​သ​ဖြင့်​အ​ချို့​မြို့​မှ​မြို့​သား​တို့ သည် အ​နီး​အ​နား​မြို့​သို့​ပင်​ပန်း​ကြီး​စွာ​နှင့် ရေ​ရှာ​ထွက်​ကြ​သော်​လည်း သောက်​စ​ရာ​ဘို့ အ​လုံ​အ​လောက်​မ​ရ​ခဲ့​ကြ။ သို့​သော်​လည်း သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ ကြ​လေ​ပြီ။
AMO 4:9 ``ငါ​သည်​လေ​ပူ​ကို​တိုက်​ခတ်​စေ​၍​သင်​တို့ ၏​ကောက်​ပင်​များ​နွမ်း​ခြောက်​စေ​ခဲ့​၏။ သင်​တို့ ၏​သ​ဖန်း​ပင်၊ သံ​လွင်​ပင်၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် ကိုင်း​ကျွန်း​လယ်​ယာ​တို့​သည် ကျိုင်း​ကောင်​များ ဒဏ်​ကို​ခံ​ခဲ့​ရ​ပြီ။ သို့​သော်​လည်း​သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ​ကြ​လေ​ပြီ။
AMO 4:10 ``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။
AMO 4:11 ``ငါ​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​များ ကို​ဖြို​ဖျက်​သ​ကဲ့​သို့ သင်​တို့​လူ​အ​ချို့​ကို လည်း​ဖျက်​ပယ်​ခဲ့​ပြီ။ ကျန်​ကြွင်း​သူ​တို့​မှာ လည်း​မီး​ထဲ​မှ​ပြန်​၍​ဆယ်​ယူ​လိုက်​သည့် ထင်း​စ​သ​ဖွယ်​ဖြစ်​ခဲ့​ရ​၏။ သို့​သော်​လည်း သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​သေး​ဘဲ နေ​ကြ​လေ​ပြီ'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-
AMO 4:12 ``သို့​ဖြစ်​သော​ကြောင့် အို ဣသ​ရေ​လ​ပြည်​သား တို့၊ ငါ​သည်​သင်​တို့​ကို​အ​ပြစ်​ပေး​ရ​တော့ မည်။ ဤ​သို့​အ​ပြစ်​ပေး​မည့်​အ​တွက်​ကြောင့် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ချက်​ကို​ခံ​ယူ ရန်​အ​သင့်​ပြင်​ကြ​လော့။''
AMO 4:13 တောင်​များ​ကို​တည်​၍​လေ​အ​ဟုန်​တို့​ကို ဖန်​ဆင်း​သော​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ပင် ဖြစ်​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​တို့​ကို လူ​သား​တို့​အား​သိ​စေ​တော်​မူ​ပြီ။ နေ့​ချိန်​တာ​ကို​ည​ဦး​ယံ​အဖြစ်​သို့​ကူး​ပြောင်း စေ​ခဲ့​ပြီ။ ကမ္ဘာ​မိုး​မြေ​အ​ထွတ်​အ​ထိပ်​တွင်​အုပ်​စိုး​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်​၏​ဘွဲ့​နာ​မ​တော်​ကား​ကောင်း​ကင် ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
AMO 5:1 အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို သင်္ဂြိုဟ်​ဖို့​ငါ​သီ​ဆို​မည့်​ဤ​အ​သု​ဘ တေး​ကို​နား​ဆင်​ကြ​လော့။
AMO 5:2 အ​ပျို​က​ညာ​ဣသ​ရေ​လ​သည် ဘယ်​ခါ​မျှ​ပြန်​မ​ထ​နိုင်​အောင်​လဲ​ရ ချေ​ပြီ။ မြေ​ပေါ်​မှာ​အ​ထီး​ကျန်​စွာ​လဲ​နေ​ရှာ​ပြီ။ သူ့​အား​ထူ​မ​ရန်​မည်​သူ​မျှ​မ​ရှိ​ပြီ။
AMO 5:3 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ဣ​သ​ရေ​လ​မြို့​တစ်​မြို့​မှ​စစ်​သည်​တစ် ထောင်​စစ်​ချီ​ထွက်​သွား​သော်​လည်း၊ တစ်​ရာ သာ​လျှင်​ပြန်​ရောက်​လာ​မည်။ လူ​တစ်​ရာ စေ​လွှတ်​လိုက်​သော​မြို့​သည်​ဆယ်​ယောက်​ကို သာ​ပြန်​တွေ့​ရ​မည်။
AMO 5:4 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​အား​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သို့​ပြု လျှင်​သင်​တို့​သည်​အ​သက်​ချမ်း​သာ​လိမ့်​မည်။-
AMO 5:5 ဗေ​ရ​ရှေ​ဘ​မြို့​သို့​သွား​၍​မ​ကိုး​ကွယ်​လေ နှင့်။ ငါ့​ကို​တွေ့​ရန်​ဗေ​သ​လ​မြို့​၌​လည်း​မ​ရှာ ကြ​နှင့်။ ဗေ​သ​လ​မြို့​သည်​အ​ချည်း​နှီး​ဖြစ် ရ​တော့​မည်။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​မ​သွား နှင့်။ ထို​မြို့​သား​တို့​သည်​ပြည်​ပ​သို့​ဖမ်း​သွား ခြင်း​ကို​အ​မှန်​ပင်​ခံ​ရ​လိမ့်​မည်။''
AMO 5:6 ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​သွား​လော့။ သို့​ပြု လျှင်​အ​သက်​ချမ်း​သာ​လိမ့်​မည်။ ထို​သို့​မ ပြု​လျှင်​ကိုယ်​တော်​အ​ရှင်​သည်​မီး​ကဲ့​သို့ ရွာ​သွန်း​လာ​ပြီး ယော​သပ်​အ​မျိုး​အ​နွယ် တို့​ကို​လောင်​ကျွမ်း​လိမ့်​မည်။ ဗေ​သ​လ​မြို့ သား​များ​ကို​လောင်​ကျွမ်း​ကုန်​၍​ထို​မီး ကို​မည်​သူ​က​မျှ​မ​ငြိမ်း​သတ်​နိုင်​ချေ။-
AMO 5:7 လူ​သား​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​မ​တ​ရား ပိတ်​ပင်​၍ တ​ရား​မျှ​တ​မှု​ကို​မှောက်​လှန်​နေ ကြ​သူ​တို့၊ သင်​တို့​သည်​ကြမ္မာ​ဆိုး​နှင့်​မ​လွဲ မ​သွေ​ကြုံ​ရ​တော့​မည်​ဟု​မိန့်​တော်​မူ​၏။
AMO 5:8 ထာ​ဝ​ရ​ဘု​ရား​သည်​ကြယ်​တာ​ရာ အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခိ​မ​ကြယ်​စု​နှင့်​ခ​သိ​လ​ကြယ်​စု​ကို​လည်း ဖန်​ဆင်း​တော်​မူ​ခဲ့​ပြီ။ အ​မှောင်​ကို​အ​လင်း​ဖြစ်​စေ​၍​နေ့​ကို​လည်း ည​အ​ဖြစ်​သို့​ပြောင်း​လဲ​ခဲ့​ပြီ။ ပင်​လယ်​ရေ​အ​ပေါင်း​တို့​ကို​ခေါ်​ယူ​ကာ မြေ​ကြီး​ပေါ်​မှာ​သွန်း​တော်​မူ​ခဲ့​ပြီ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​မှာ​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
AMO 5:9 ကိုယ်​တော်​သည်​ခွန်​အား​ကြီး​သူ​တို့​နှင့် ခံ​တပ်​များ​ကို​ဖြို​ဖျက်​ခဲ့​ပြီ။
AMO 5:10 ရုံး​တော်​များ​၌​မ​တ​ရား​မှု​ကို​ရှုတ်​ချ​ကာ အ​မှန်​ကို​သာ​ပြော​သူ​တို့​ကို​သင်​တို့​သည် မုန်း​ကြ​၏။-
AMO 5:11 သင်​တို့​သည်​ဆင်း​ရဲ​သား​တို့​ကို​ဖိ​နှိပ်​၍ သူ တို့​၏​ဂျုံ​စ​ပါး​ကို​လု​ယက်​ကြ​ပြီ။ ထို့​ကြောင့် သင်​တို့​ကိုယ်​တိုင်​အ​ဖို့​ဆောက်​လုပ်​ခဲ့​သော တိုက်​တာ​ကောင်း​များ​၌​သင်​တို့​သည်​မ​စံ ရ​ကြ။ ကိုယ်​တိုင်​စိုက်​ပျိုး​ခဲ့​သော​ကြည်​နူး စ​ရာ​စ​ပျစ်​ဥ​ယျာဉ်​များ​မှ​စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ​ကြ။-
AMO 5:12 သင်​တို့​သည်​မည်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍ သင်​တို့​အ​ပြစ်​သည်​မည်​မျှ​ကြောက်​စ​ရာ ကောင်း​လှ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​သည် သူ​တော်​ကောင်း​များ​ကို​ညှင်း​ပန်း​၍ တံ​စိုး လက်​ဆောင်​စား​နေ​ကြ​ပြီ။ ဆင်း​ရဲ​သား တို့​အား​တ​ရား​သ​ဖြင့် မ​စီ​ရင်​ဘဲ​သူ​တို့ ကို​ရုံး​တော်​များ​မှ​မောင်း​ထုတ်​ခဲ့​ပြီ။-
AMO 5:13 ဤ​မျှ​ဆိုး​ယုတ်​သော​ခေတ်​ကာ​လ​၌​လိမ္မာ​ရေး ခြား​ရှိ​သူ​သည် နှုတ်​ပိတ်​ရေ​ငုံ​နေ​မည်​မှာ​မ ဆန်း​တော့​ပေ။
AMO 5:14 သင်​တို့​သည်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ရန် အ​တွက် အ​ဆိုး​ကို​ရှောင်​၍​အ​ကောင်း​ကို သာ​ရှာ​ဖွေ​ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ဆို​သည့်​အ​တိုင်း​ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ​အ​မှန်​ပင်​ရှိ​တော်​မူ​မည်။-
AMO 5:15 အ​ဆိုး​ကို​မုန်း​၍​အ​ကောင်း​ကို​မြတ်​နိုး လော့။ ရုံး​တော်​များ​၌​တ​ရား​မျှ​တ​မှု​ရှိ စေ​ရန်​စောင့်​ရှောက်​ကြ​လော့။ ကောင်း​ကင်​ဗိုလ် ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ယော​သပ်​အ​မျိုး​သား​အ​နက်​အ​သက်​ရှင် လျက်​ကျန်​ရစ်​သူ​အ​ချို့​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။
AMO 5:16 ထို့​ကြောင့်​ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​က``မြို့​ပေါ်​ရှိ​လမ်း​အ​သွယ်​သွယ် တို့​၌​ကြေ​ကွဲ​စ​ရာ​ငို​ကြွေး​သံ၊ စျေး​ရပ်​ကွက် တို့​၌​ညည်း​ညူ​သံ​များ​ကို​ကြား​ရ​တော့​မည်။ ငို​ချင်း​သည်​များ​နှင့်​အ​တူ​လာ​ရောက်​ငို ကြွေး​ရန် လယ်​သ​မား​များ​ကို​ပါ​ခေါ်​ကြ လိမ့်​မည်။-
AMO 5:17 စ​ပျစ်​ခြံ​တိုင်း​မှ​ငို​ကြွေး​သံ​များ​ပေါ် ထွက်​လာ​မည်။ ငါ​သည်​သင်​တို့​ကို​အ​ပြစ် ပေး​ရန်​ကြွ​လာ​ပြီး​ဖြစ်​သော​ကြောင့် ဤ​သို့ ဖြစ်​ရ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။
AMO 5:18 ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​ကို​စောင့်​မျှော် နေ​သူ​များ​အ​တွက် အ​လွန်​ကြောက်​စ​ရာ ကောင်း​လှ​ပါ​သည်​တ​ကား။ ထို​နေ့​တော် သည်​သင်​တို့​ကို​မည်​သို့​လျှင်​အ​ကျိုး​ပြု နိုင်​မည်​နည်း။ အ​လင်း​မ​ရှိ​ဘဲ​အ​မှောင်​ဖုံး သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။-
AMO 5:19 ထို​နေ့​သည်​သင်​တို့​အ​တွက်​ခြင်္သေ့​ကို​ကြောက် ၍ ထွက်​ပြေး​ခါ​မှ​ဝက်​ဝံ​နှင့်​တွေ့​သ​ကဲ့​သို့ လည်း​ကောင်း၊ အိမ်​ပြန်​ရောက်​ခါ​မှ​နံ​ရံ​ကိုင် မိ​၍ မြွေ​အ​ကိုက်​ခံ​ရ​သ​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။-
AMO 5:20 ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော်​သည်​အ​လင်း မ​ရ​ဘဲ အ​မှောင်​ကျ​သော​နေ့​ဖြစ်​လိမ့်​မည်။ ထွန်း​တောက်​ခြင်း​အ​လျှင်း​မ​ရှိ​ဘဲ အ​မှောင်​ထု ကြီး​ဖုံး​နေ​သော​နေ့​သာ​လျှင်​ဖြစ်​လိမ့်​မည်။
AMO 5:21 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​ဘု​ရား​ပွဲ များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​များ​ကို​မ​ခံ​နိုင် လောက်​အောင်​ပင်​ရွံ​ရှာ​၏။-
AMO 5:22 သင်​တို့​မီး​ပူ​ဇော်​ခြင်း၊ ဂျုံ​စ​ပါး​ဆက်​ကပ် ခြင်း​ကို​ငါ​လက်​မ​ခံ​နိုင်။ ဆူ​ဖြိုး​သော​သား ကောင်​တို့​ဖြင့် ပူ​ဇော်​ခြင်း​ကို​လည်း​ငါ အ​လို​မ​ရှိ။-
AMO 5:23 ဆူ​ညံ​လှ​သော​တေး​သံ​များ​ကို​ရပ်​စဲ​လော့။ သင်​တို့​စောင်း​သံ​များ​ကို​လည်း​ငါ​မ​ကြား လို။-
AMO 5:24 တ​ရား​မျှ​တ​ရေး​သည်​စမ်း​ရေ​ကဲ့​သို့​လည်း ကောင်း၊ ဖြောင့်​မတ်​ခြင်း​သည်​မ​ခန်း​နိုင်​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​စီး​ပါ​လေ​စေ။
AMO 5:25 ``အို ဣ​သ​ရေ​လ​အမျိုး​သား​တို့၊ သင်​တို့​သည် တော​ကန္တာ​ရ​ထဲ​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး လှည့်​လည်​နေ​စဉ်​က​ယဇ်​ပူ​ဇော်​သ​ကာ​တို့ ကို ငါ့​အား​မ​ပူ​ဇော်​ဘဲ​နေ​ခဲ့​ကြ​သည်​မ ဟုတ်​လော။-
AMO 5:26 သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ကိုယ်​တိုင်​ထု လုပ်​၍ ကိုး​ကွယ်​နေ​ကြ​သော​မော​လုပ်​နှင့်​ခိ​အုန် ကြယ်​ဘု​ရား​ရုပ်​တု​များ​ကို ယ​ခု​ပင်​လျှင် ကိုယ်​တိုင်​ထမ်း​ယူ​သွား​ရ​တော့​မည်။-
AMO 5:27 ငါ​သည်​သင်​တို့​ကို​ဒ​မာ​သက်​မြို့​တစ်​ဘက် သို့​ဖမ်း​ယူ​သွား​တော့​မည်'' ဟု​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။
AMO 6:1 ဇိ​အုန်​မြို့​၌​သက်​တောင့်​သက်​သာ​စွာ​ဇိမ်​ခံ နေ​ကြ​သူ​တို့၊ ရှ​မာ​ရိ​တောင်​ပေါ်​တွင်​လုံ​လုံ ခြုံ​ခြုံ​နှင့်​စံ​မြန်း​နေ​ကြ​သူ​တို့၊ ပြည်​သူ များ​က​အ​သ​နား​ခံ​နေ​ရ​သူ​တို့၊ လူ​မျိုး များ​ထဲ​မှ​အ​ထွတ်​အ​မြတ်​ဖြစ်​သော​ဣ​သ ရေ​လ​လူ​မျိုး​တော်​တို့၊ သင်​တို့​သည်​အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-
AMO 6:2 ကာ​လ​နေ​မြို့​သို့​သွား​ပြီး​ရှု​လော့။ ထို​မှ တစ်​ဖန်​ဟာ​မတ်​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိတ္တိ မြို့​ဂါ​သ​သို့​လည်း​ကောင်း​သွား​ဦး​လော့။ ထို နိုင်​ငံ​များ​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တို့​ထက်​သာ​သ​လော။ သူ​တို့​နယ်​မြေ​သည် သင်​တို့​နယ်​မြေ​ထက်​ပို​၍​ကျယ်​သ​လော။-
AMO 6:3 ဆိုး​ယုတ်​သော​နေ့​ကာ​လ​ကျ​ရောက်​တော့​မည် ကို​သင်​တို့​ဝန်​မ​ခံ​လို​ကြ။ သင်​တို့​ပြု​ပုံ​သည် အ​ကြမ်း​ဖက်​မှု​ကို​သာ​အား​ပေး​ရာ​ရောက် နေ​၏။-
AMO 6:4 ဆင်​စွယ်​ကု​တင်​များ​၌​လဲ​လျောင်း​နေ​ကြ သူ​တို့၊ သိုး​ငယ်​နွား​ငယ်​တို့​၏​အ​သား​နု​ကို စား​ပြီး​ဖဲ​မွေ့​ရာ​ပေါ်​၌​လျောင်း​ကာ​အ​ကြော ဆန့်​နေ​ကြ​သူ​တို့၊ သင်​တို့​သည်​အ​ရှက်​တ​ကွဲ အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။-
AMO 6:5 သင်​တို့​သည်​ဒါ​ဝိဒ်​ကဲ့​သို့​သီ​ချင်း​များ​စပ် ဆို​ပြီး​စောင်း​ကောက်​တီး​ကာ​သီ​ဆို​လို ကြ​၏။-
AMO 6:6 စ​ပျစ်​ရည်​ကို​ဖ​လား​လိုက်​သောက်​၍​အ​ကောင်း ဆုံး​ဆီ​မွှေး​ကို​လိမ်း​ကာ​ဖြင့်​နေ​ကြ​၏။ ဣ​သ ရေ​လ​နိုင်​ငံ​ယို​ယွင်း​နေ​ခြင်း​ကို​မူ​မ​ကြေ ကွဲ​ဘဲ​နေ​ရက်​ကြ​ပြီ​တ​ကား။-
AMO 6:7 သို့​ဖြစ်​သော​ကြောင့်​ပြည်​နှင်​ခံ​ရ​သူ​များ​အ​နက် သင်​တို့​သည်​အ​ဦး​ဆုံး​ဖြစ်​လိမ့်​မည်။ ဤ​သို့​ဖြင့် သင်​တို့​ဘာ​သာ​ရေး​ပွဲ​များ​နှင့် စား​တော်​ပွဲ​များ သည်​နိ​ဂုံး​ချုပ်​ရ​လိမ့်​မည်။
AMO 6:8 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​၏​မာ​န​ကို​ငါ​ရွံ​ရှာ ၏။ သူ​တို့​စည်း​စိမ်​ခံ​ရာ​အိမ်​ကြီး​များ​ကို လည်း​ငါ​စက်​ဆုတ်​၏။ သူ​တို့​မြို့​တော်​နှင့်​မြို့ တွင်း​ရှိ​အ​ရာ​အား​လုံး​ကို ရန်​သူ့​လက်​သို့ ငါ​ပေး​အပ်​လိုက်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​သ​တိ ပေး​တော်​မူ​ပြီ။
AMO 6:9 အိမ်​ထောင်​တစ်​အိမ်​ထောင်​တွင်​လူ​ဆယ်​ယောက် ကျန်​ရစ်​နေ​လျှင်​လည်း ယင်း​တို့​အား​လုံး သေ​ရ​လိမ့်​မည်။-
AMO 6:10 သေ​လွန်​သူ​တစ်​ဦး​၏​ဆွေ​မျိုး​တစ်​ယောက်​က သေ​လွန်​သွား​သူ​၏​အ​လောင်း​ကို​မီး​သတ်​ရန် ရောက်​လာ​၍ အိမ်​အ​တွင်း​ထဲ​၌​ရှိ​နေ​သူ​တစ် ယောက်​အား``မည်​သူ​များ​ကျန်​ပါ​သေး သ​နည်း'' ဟု​မေး​လိုက်​သော်၊ ``မည်​သူ​မျှ​မ​ကျန်​တော့​ပါ'' ဟူ​သော အ​ဖြေ​ကို​သာ​ကြား​ရ​လိမ့်​မည်။ ယင်း​နောက်​ထို​သူ​က​ပင်``တိတ်​လော့၊ ထာ​ဝ​ရ ဘု​ရား​၏​နာ​မ​တော်​ကို​မျှ​မ​ဆို​မိ​ရန် ငါ တို့​သ​တိ​ထား​ရ​မည်'' ဟု​ဆို​လိမ့်​မည်။
AMO 6:11 ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကြောင့်​အိမ် ရာ​ကြီး​ငယ်​တို့​သည် အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ပြို​ကွဲ​ပျက်​စီး​သွား​ရ​လိမ့်​မည်။-
AMO 6:12 မြင်း​ဟူ​သည်​ကျောက်​ဆောင်​ပေါ်​၌​ပြေး​လေ့ ရှိ​သ​လော။ လူ​သည်​နွား​ဖြင့်​လယ်​ပြင်​ကို​ထွန် ယက်​လေ့​ရှိ​သ​လော။ သို့​ပါ​လျက်​သင်​တို့ သည်​တ​ရား​မျှ​တ​ရေး​ကို​အ​ဆိပ်​အ​ဖြစ် သို့​လည်း​ကောင်း၊ အ​မှန်​ကို​အ​မှား​အ​ဖြစ် သို့​လည်း​ကောင်း​မှောက်​လှန်​ခဲ့​လေ​ပြီ။
AMO 6:13 သင်​တို့​က လော​ဒေ​ဗာ​မြို့​ကို​သိမ်း​ပိုက်​နိုင်​ခဲ့ ကြောင်း​ကို​ဝါ​ကြွား​လို​၏။ သင်​တို့​သည်​အ​လ ဟ​သ​ဝါ​ကြွား​လို​၏။ ``ငါ​တို့​အင်​အား​ဖြင့် ကာ​နိမ်​ကို​သိမ်း​ပိုက်​နိုင်​ခဲ့​ပြီ'' ဟူ​၍​လည်း ဆို​ကြ​၏။
AMO 6:14 ``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ငါ​သည်​တိုင်း တစ်​ပါး​မှ​တပ်​တစ်​တပ်​ကို​စေ​လွှတ်​၍ သင်​တို့ နိုင်​ငံ​ကို​သိမ်း​ပိုက်​စေ​မည်။ ထို​ရန်​သူ​သည် မြောက်​ဘက်​ရှိ​ဟာ​မတ်​လမ်း​ဝ​မှ​စ​၍ တောင် ဘက်​၌​ရှိ​သော​အာ​ရ​ဗာ​ချိုင့်​သို့​ဝင်​သော ချောင်း​တိုင်​အောင် သင်​တို့​လူ​မျိုး​ကို​ဖိ​နှိပ် ချုပ်​ချယ်​လိမ့်​မည်'' ဟု​ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
AMO 7:1 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ​၏။ ဘု​ရင်​မင်း မြတ်​အ​တွက်​ကောက်​ပင်​များ​ရိတ်​ပြီး​စ​ကာ​လ နှောင်း၊ မြက်​ပင်​ပေါက်​ခါ​စ​အ​ချိန်​၌​ထာ​ဝ​ရ ဘု​ရား​သည်​ကျိုင်း​ကောင်​တစ်​အုပ်​ကို​ဖန်​ဆင်း တော်​မူ​သည်။-
AMO 7:2 ထို​ကျိုင်း​ကောင်​များ​သည်​တစ်​ပြည်​လုံး​ရှိ ရွက် နု​ပင်​မှန်​သ​မျှ​ကို​ကိုက်​စား​လိုက်​ကြောင်း ငါ​မြင်​ရ​၏။ ငါ​က​လည်း``အို အ​ရှင်​ထာ​ဝ​ရ ဘု​ရား၊ အ​ရှင့်​လူ​တို့​၏​အ​ပြစ်​ကို​လွှတ်​တော် မူ​ပါ။ သူ​တို့​သည်​နု​ငယ်​၍​အား​နွဲ့​လှ​ပါ ၏'' ဟု​လျှောက်​ဆို​သော်၊
AMO 7:3 ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ ပြီး``သင်​မြင်​သော​ရူ​ပါ​ရုံ​ဖြစ်​ပေါ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
AMO 7:4 ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ နောက်​တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​မီး​ဒဏ် ဖြင့်​အ​ပြစ်​ပေး​ရန်​ပြင်​ဆင်​နေ​တော်​မူ​သည် ကို​တွေ့​ရ​သည်။ ထို​မီး​သည်​မြေ​အောက်​သ​မုဒ္ဒ ရာ​တစ်​ခု​လုံး​ခန်း​ခြောက်​အောင်​ကျွမ်း​လောင် ပြီး​နောက် ကုန်း​ပေါ်​မှာ​စ​တင်​တောက်​လောင် လာ​၏။-
AMO 7:5 ငါ​က​လည်း``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဆိုင်း တော်​မူ​ပါ။ ဤ​ဒဏ်​ဆိုး​ကို​လူ​မျိုး​တော်​သည် မည်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည်​နု ငယ်​၍​အား​နွဲ့​လှ​ပါ​၏'' ဟု​လျှောက်​ဆို သော်၊-
AMO 7:6 ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ​၍ ``ဤ​သို့​လည်း​ဖြစ်​ပေါ်​မည်​မ​ဟုတ်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်။
AMO 7:7 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ​တစ်​ခု ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​ချိန်​ကြိုး​ဖြင့်​တိုင်း ထွာ​ဆောက်​လုပ်​ခဲ့​သည့်​ကျောက်​နံ​ရံ​ဘေး​တွင် ချိန်​ကြိုး​တစ်​ချောင်း​ကိုင်​ကာ​ရပ်​နေ​တော်​မူ သော​ကိုယ်​တော်​ရှင်​ကို​ငါ​တွေ့​မြင်​သည်။-
AMO 7:8 ကိုယ်​တော်​က``အာ​မုတ်၊ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​ငါ့​အား​မေး​သ​ဖြင့်၊ ငါ​က​လည်း``ချိန်​ကြိုး​တစ်​ချောင်း​ကို မြင်​ရ​ပါ​သည်​ဘု​ရား'' ဟု​လျှောက်​ဆို​၏။ ကိုယ်​တော်​ရှင်​က​လည်း၊``ငါ​၏​လူ​မျိုး​သည် ရွေ့​စောင်း​နေ​သော​နံ​ရံ​သ​ဖွယ်​ဖြစ်​နေ​သည် ကို ဤ​ချိန်​ကြိုး​ဖြင့်​ပြ​ဆို​ရ​ပြီ။ သူ​တို့​ကို ဒဏ်​ခတ်​ရန်​နောက်​တစ်​ဖန်​စိတ်​ပြောင်း​တော့ မည်​မ​ဟုတ်။-
AMO 7:9 ဣ​ဇာက်​မှ​ဆင်း​သက်​သော​အ​မျိုး​အ​နွယ်​တို့ ကိုး​ကွယ်​ရာ​အ​ရပ်​များ​ပျက်​စီး​ရ​တော့​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​သန့်​ရှင်း​ရာ​ဌာ​န​မှန် သ​မျှ​ကို မြေ​ပုံ​အ​ဖြစ်​နှင့်​သာ​ကျန်​ရစ်​စေ မည်။ ငါ​သည်​ယေ​ရော​ဗောင်​မင်း​ဆက်​၏​နန်း သက်​ကို​ကုန်​စေ​တော့​မည်'' ဟု​မိန့်​တော်​မူ​၏။
AMO 7:10 ထို​အ​ခါ​ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ်​အာ​မ​ဇိ က ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​ထံ​သို့ သံ​တော်​ဦး​တင်​လိုက်​လေ​၏။ ``အာ​မုတ်​သည် အ​ရှင်​မင်း​ကို​ဆန့်​ကျင်​ဖို့​ရန်​ပြည်​သူ​တို့ ကြား​တွင်​ကြံ​စည်​လျက်​ရှိ​ပါ​သည်။ သူ​ဟော သော​စ​ကား​များ​ကြောင့်​နိုင်​ငံ​တော်​ပျက်​ရ ပါ​လိမ့်​မည်။-
AMO 7:11 `ယေ​ရော​ဗောင်​မင်း​သည်​တိုက်​ပွဲ​၌​ကျ​ဆုံး ပြီး​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် မိ​မိ​တို့ ၏​နိုင်​ငံ​မှ​တစ်​ပါး​တစ်​နိုင်​ငံ​သို့​ဖမ်း​သွား ခံ​ရ​မည်' ဟု​ဟော​နေ​ပါ​သည်'' ဟူ​၍​သံ တော်​ဦး​တင်​လိုက်​၏။
AMO 7:12 ယင်း​နောက်​အာ​မ​ဇိ​က​အာ​မုတ်​အား``တန် တော့​ပ​ရော​ဖက်၊ ဆက်​မ​ဟော​နှင့်၊ ယု​ဒ​နိုင်​ငံ သို့​ပြန်​သွား​ပြီး​ထို​ပြည်​၌​သာ​ပ​ရော​ဖက် လုပ်​စား​လော့။-
AMO 7:13 ဗေ​သ​လ​မြို့​သို့​နောက်​တစ်​ဖန်​လာ​၍​မ​ဟော လေ​နှင့်၊ ဤ​နေ​ရာ​သည်​ဘု​ရင်​မင်း​ကိုယ်​တော် တိုင်​ကိုး​ကွယ်​ဝတ်​ပြု​ရာ အ​မျိုး​သား​ဗိ​မာန် တော်​ဖြစ်​သည်'' ဟု​ဆို​လိုက်​၏။
AMO 7:14 ထို​အ​ခါ​အာ​မုတ်​က``ငါ​သည်​အ​ခ​ကြေး ငွေ​ယူ​၍​ပ​ရော​ဖက်​ပြု​သော​ပ​ရော​ဖက် တစ်​ယောက်​မ​ဟုတ်။ ငါ​သည်​သိုး​ထိန်း​ဖြစ် ၍​သင်္ဘော​သ​ဖန်း​ပင်​များ​ကို​ပြု​စု​နေ​သူ တစ်​ဦး​ဖြစ်​၏။-
AMO 7:15 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​သိုး​ကျောင်း နေ​ရာ​မှ​ခေါ်​ယူ​ပြီး လူ​မျိုး​တော်​ဣ​သ​ရေ​လ ထံ​သို့​သွား​ရောက်​၍​ဗျာ​ဒိတ်​ပေး​ရန်​စေ​ခိုင်း တော်​မူ​ခဲ့​သည်။-
AMO 7:16 သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။-
AMO 7:17 ထို​သို့​ဆို​သော​ကြောင့်​သင့်​ကို​ထာ​ဝ​ရ ဘု​ရား​က ဤ​သို့​မိန့်​တော်​မူ​ပြီ။ `သင်​၏ မ​ယား​သည်​ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက် သွား​ရ​မည်။ သင်​၏​သား​သ​မီး​များ​သည် လည်း​စစ်​ပွဲ​၌​ကျ​ဆုံး​ရ​လိမ့်​မည်။ သင်​ပိုင် သော​မြေ​ယာ​များ​ကို​ခွဲ​ဝေ​ကာ​သူ​တစ်​ပါး လက်​သို့​ပေး​အပ်​လိုက်​မည်။ သင်​ကိုယ်​တိုင်​သည် မိစ္ဆာ​နိုင်​ငံ​တစ်​ခု​၌​သေ​ဆုံး​ရ​မည်။ ဣ​သ​ရေ​လ ပြည်​သား​သည်​မိ​မိ​တို့​နေ​ရင်း​နိုင်​ငံ​မှ တိုင်း တစ်​ပါး​သို့​ချုပ်​နှောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​မည်' ''ဟု​အာ​မ​ဇိ​အား​ပြန်​၍​ဆို လိုက်​၏။
AMO 8:1 ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​တွင်​အ​သီး မှည့်​များ​ထည့်​ထား​သော​ခြင်း​တောင်း​တစ်​ခု ကို​တွေ့​ရ​၏။-
AMO 8:2 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အာ​မုတ် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု မေး တော်​မူ​သ​ဖြင့်၊ ငါ​က​လည်း``အ​သီး​မှည့်​များ​ထည့်​ထား​သော ခြင်း​တောင်း​တစ်​ခု​ကို​မြင်​ရ​ပါ​သည်'' ဟု လျှောက်​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​တို့​သည်​မှည့် ရော်​၍ ကြွေ​ပျက်​တော့​မည့်​နောက်​ဆုံး​သော ကာ​လ​သို့​ရောက်​လာ​ပြီ။ ငါ​သည်​သူ​တို့ ၏​ပြစ်​မှု​များ​ကို​သည်း​မ​ခံ​တော့​ဘဲ အ​ပြစ်​ပေး​ရ​တော့​မည်။-
AMO 8:3 ထို​နေ့​၌​နန်း​တွင်း​တေး​သံ​တို့​သည် ငို​ကြွေး သံ​များ​အ​ဖြစ်​သို့​ကူး​ပြောင်း​သွား​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​၌​အ​လောင်း​ကောင် များ​ရှိ​နေ​ပြီး ယင်း​အ​လောင်း​များ​ကို​တိတ် တ​ဆိတ်​စွန့်​ပစ်​ကြ​လိမ့်​မည်'' ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
AMO 8:4 ငတ်​မွတ်​သူ​များ​ကို​နင်း​ချေ​၍​ဆင်း​ရဲ​သော ပြည်​သူ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​နေ​ကြ​သူ တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
AMO 8:5 ``ငါ​တို့​သည်​ဂျုံ​စ​ပါး​ကို​ရောင်း​လို​လှ​ပြီ။ သန့်​ရှင်း​ရာ​နေ့​လွန်​အောင်​ပင်​မ​စောင့်​နိုင်​အောင် ဖြစ်​နေ​ကြ​ပြီ။ ဥ​ပုသ်​နေ့​သည်​ဘယ်​သော​ခါ မှ​ကုန်​ပါ​မည်​နည်း။ ထို​နေ့​လွန်​လျှင်​ငါ​တို့ သည်​မ​မှန်​သော​တင်း​တောင်း​နှင့် အ​လေး​ခိုး ပြီး​မ​မှန်​သော​ချိန်​ခွင်​ကို​သုံး​၍​စျေး​တင် ရောင်း​ချ​မည်။-
AMO 8:6 တန်​ဖိုး​မ​ရှိ​သော​ဂျုံ​စ​ပါး​ကို​တက်​စျေး ဖြင့်​ရောင်း​မည်။ အ​ကြွေး​နစ်​လွန်း​သ​ဖြင့် ဆင်း​ရဲ​နေ​သူ​ကို​ရှာ​ပြီး​ကျွန်​အ​ဖြစ်​နှင့် ခြေ​နင်း​တစ်​ရံ​စာ​မျှ​ဖြင့်​ဝယ်​ယူ​မည်'' ဟု​သင်​တို့​ဆို​ကြ​လေ​ပြီ။
AMO 8:7 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​၏ ယုတ်​မာ​မှု​များ​ကို ဘယ်​သော​ခါ​မှ​မ​မေ့ နိုင်​ဟု​ယာ​ကုပ်​၏​ဘုန်း​တန်​ခိုး​ကို​တိုင်​တည် ၍​ကျိန်​ဆို​တော်​မူ​ပြီ။-
AMO 8:8 ဤ​ပြစ်​မှု​များ​ကြောင့်​မြေ​င​လျင်​ကြီး​လှုပ်​ခါ တစ်​ပြည်​လုံး​ရှိ​ပြည်​သူ​မှန်​သ​မျှ​ဝမ်း​နည်း​ပူ ဆွေး​ရ​ကြ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီဂျစ်​ပြည် မှ​နိုင်း​မြစ်​ကဲ့​သို့​တက်​၍​ကျ​၍​ဆတ်​ဆတ် ခါ​အောင်​တုန်​လှုပ်​သွား​လိမ့်​မည်။-
AMO 8:9 ငါ​သည်​ထို​နေ့​တွင်​မွန်း​တည့်​အ​ချိန်​၌​နေ​ကို ဝင်​စေ​ပြီး​နေ့​အ​ချိန်​မှာ​ပင် မြေ​တစ်​ပြင်​လုံး ၌​အ​မှောင်​ဖုံး​သွား​စေ​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
AMO 8:10 သင်​တို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ​သာ​ပွဲ​အ​ဖြစ် သို့​ပြောင်း​ပစ်​မည်။ သင်​တို့​တက်​ကြွ​ရွှင်​မြူး​သော တေး​သံ​တို့​ကို​ငို​ကြွေး​သံ​များ​ဖြစ်​သွား​စေ မည်။ သင်​တို့​သည်​ဆံ​ပင်​များ​ကို​ရိတ်​ပြီး​လျှော် တေ​အ​ဝတ်​ကို​ဝတ်​ရ​လိမ့်​မည်။ တစ်​ဦး​တည်း သော​သား​သေ​ဆုံး​သ​ဖြင့်​ရ​တက်​ပွား​ရ​သည့် မိ​ဘ​ပ​မာ​ဖြစ်​ရ​ကြ​မည်။ နေ​ဝင်​သည့်​တိုင် ထို​နေ့​တာ​သည်​ဆိုး​ဝါး​လှ​မည်။
AMO 8:11 ``တစ်​ပြည်​လုံး​ငတ်​မွတ်​ရ​မည့်​ကပ်​ဆိုး​ကြီး ကို​ငါ​ကျ​ရောက်​စေ​မည်။ အ​စာ​အ​တွက်​ငတ် မွတ်​ခြင်း​မ​ဟုတ်။ ရေ​ကို​ဆာ​လောင်​ခြင်း​လည်း မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​သ​တင်း စ​ကား​တော်​ကို​ငတ်​မွတ်​ခြင်း​ပင်​ဖြစ်​လိမ့်​မည်။ ထို​နေ့​များ​ရောက်​ရှိ​လာ​တော့​မည်။ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။-
AMO 8:12 လူ​တို့​သည်​ပင်​လယ်​သေ​မှ​မြေ​ထဲ​ပင်​လယ် တိုင်​အောင်​လည်း​ကောင်း မြောက်​အ​ရပ်​မှ​အ​ရှေ့ သို့​လည်း​ကောင်း၊ နေ​ရာ​အ​နှံ့​အ​ပြား​၌​သ​တင်း စ​ကား​တော်​ကို​လှည့်​လည်​၍​ရှာ​ကြ​သော်​လည်း သ​တင်း​စ​ကား​တော်​ကို​မ​တွေ့​ဘဲ​နေ​ကြ လိမ့်​မည်။-
AMO 8:13 ထို​နေ့​၌​အ​လွန်​ကျန်း​မာ​သည့်​လု​လင်​နှင့် မိန်း​မ​ပျို​များ​ပင်​လျှင်​ရေ​ငတ်​လွန်း​သ​ဖြင့် လဲ​ကြ​လိမ့်​မည်။-
AMO 8:14 ရှ​မာ​ရိ​ဘု​ရား​ရုပ်​တု​များ​ကို​တိုင်​တည်​ကာ ကျိန်​ဆို​လေ့​ရှိ​သူ​များ`ဒန်​ဘု​ရား' ကို​သော် လည်း​ကောင်း `ဗေ​ရ​ရှေ​ဘ​မြို့​လမ်း​ရှိ​ဘု​ရား' ကို လည်း​ကောင်း၊ ထို​ဘု​ရား​တို့​အ​သက်​ရှင်​တော် မူ​သည့်​အ​တိုင်း​ဟု​တိုင်​တည်​ကာ ကျိန်​ဆို တတ်​သူ​အ​ပေါင်း​တို့​သည်​ပြန်​မ​ထ​နိုင် အောင်​ပင်​ပြို​လဲ​တော့​မည်'' ဟု​မိန့်​တော် မူ​၏။
AMO 9:1 ယဇ်​ပလ္လင်​အ​နီး​၌​ရပ်​နေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​ကို​ငါ​တွေ့​ရ​၏။ ကိုယ်​တော်​ရှင်​က``ဗိ​မာန် တော်​တစ်​ခု​လုံး​ကို​သိမ့်​သိမ့်​တုန်​သွား​စေ​ရန် ဗိ​မာန်​တော်​တိုင်​၏​ထိပ်​ဖျား​ကို​ရိုက်​ချိုး​လော့။ ထို​အ​ရာ​တို့​ကို​ချိုး​၍​လူ​တို့​၏​ခေါင်း​ပေါ် သို့​ကျ​စေ​လော့။ ကျန်​ရစ်​သူ​များ​ကို​စစ်​ပွဲ​၌ ငါ​ကွပ်​မျက်​မည်။ မည်​သူ​မျှ​လွတ်​မည်​မ​ဟုတ်။ မည်​သူ​တစ်​ဦး​မျှ​ပြေး​မ​လွတ်​နိုင်။-
AMO 9:2 မြေ​အောက်​သို့​တွင်း​တူး​ပြီး​သေ​မင်း​နိုင်​ငံ​၌ ပုန်း​အောင်း​နေ​လင့်​က​စား ငါ​သည်​သူ​တို့​ကို အ​မိ​အ​ရ​ဖမ်း​ဆီး​မည်။ မိုး​ပေါ်​သို့​တက် ပြေး​လျှင်​လည်း​သူ​တို့​ကို​ငါ​ဆွဲ​ချ​မည်။-
AMO 9:3 က​ရေ​မေ​လ​တောင်​ထိပ်​၌​ပုန်း​နေ​လျှင်​လည်း သူ​တို့​ကို​လိုက်​ရှာ​၍​ဖမ်း​ချုပ်​မည်။ ငါ့​ထံ​မှ လွတ်​အောင်​ပင်​လယ်​အောက်​၌​ပုန်း​နေ​လျှင် သူ တို့​ကို​ဝါး​မြို​ရန်​ပင်​လယ်​န​ဂါး​ကို​စေ ခိုင်း​မည်။-
AMO 9:4 ရန်​သူ​များ​ဖမ်း​သွား​ခံ​ရ​လျှင် လည်း​သူ​တို့ ကို​သတ်​ပစ်​လိုက်​ရန်​ငါ​စေ​ခိုင်း​မည်။ ငါ​သည် သူ​တို့​ကို​မ​ကူ​ညီ​ဘဲ ဖျက်​ဆီး​ပစ်​ရန် သန္နိ​ဋ္ဌာန်​ချ​လိုက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
AMO 9:5 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ပ​ထ​ဝီ​မြေ​ကြီး​ကို​တို့​တော်​မူ​သ​ဖြင့်၊ မြေ​င​လျင်​ကြီး​လှုပ်​သည်။ မြေ​သား​အ​ပေါင်း​တို့​လည်း​ငို​ကြွေး​ရ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီ​ဂျစ်​ပြည်​မှ​နိုင်း​မြစ်​ကဲ့​သို့ တက်​ခြင်း​ကျ​ခြင်း​ရှိ​လိမ့်​မည်။
AMO 9:6 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​၌ မိ​မိ​အိမ်​တော် ကို​တည်​ဆောက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လုံး​ဝန်း​သော ကောင်း​ကင်​ယံ​ခုံး​ကို​တင်​တော်​မူ​၏။ ပင်​လယ်​ရေ​များ​ကို​ခေါ်​ယူ​လျက်​မြေ​ပေါ်​၌ သွန်း​လောင်း​ခဲ့​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​၏။
AMO 9:7 ထာ​ဝ​ရ​ဘု​ရား​က``အို ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​ကို​ကု​ရှ​လူ​မျိုး နှင့်​တန်း​တူ​သ​ဘော​ထား​ခဲ့​၏။ ငါ​သည်​သင် တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သ​ကဲ့ သို့ ဖိ​လိတ္တိ​လူ​မျိုး​ကို​က​ရေ​တေ​ကျွန်း​မှ လည်း​ကောင်း၊ ရှု​ရိ​လူ​မျိုး​ကို​တိ​ရ​ပြည် မှ​လည်း​ကောင်း​ထုတ်​ဆောင်​လာ​ခဲ့​၏။-
AMO 9:8 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​များ လှ​သော ဤ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သ​တိ​ဖြင့် စောင့်​ကြည့်​နေ​ပြီ။ ဤ​နိုင်​ငံ​ကို​မြေ​ပေါ်​မှ ကွယ်​ပျောက်​သွား​အောင်​ပယ်​ဖျက်​တော့​မည်။ သို့​သော်​လည်း​ငါ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ် အား​လုံး​ကို​ဖျက်​ဆီး​မည်​မ​ဟုတ်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။
AMO 9:9 ``ဆန်​ကို​ဆန်​ကာ​တင်​ပြီး​ခါ​ချ​သ​ကဲ့​သို့​ငါ​၏ အ​မိန့်​ဖြင့် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ဆန်​ခါ တင်​ကာ​ခါ​ချ​လိုက်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး များ​အ​ထဲ​၌​လှုပ်​ခါ​ပြီး​နောက်​မ​ထိုက်​တန်​သူ မှန်​သ​မျှ​ကို​ငါ​ရှင်း​လိုက်​မည်။-
AMO 9:10 ငါ​၏​လူ​မျိုး​ထဲ​မှ`ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​သော​အ​ပြစ်​ရှိ သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ​၌​သေ​ဆုံး​ရ​မည်။''
AMO 9:11 ထာ​ဝ​ရ​ဘု​ရား​က``ပြို​ပျက်​နေ​သော​အိုး​အိမ် ပ​မာ​ဖြစ်​နေ​သည့်​ဒါ​ဝိဒ်​နိုင်​ငံ​ကို ငါ​သည်​ပြန် လည်​၍​တည်​ဆောက်​သော​အ​ချိန်​ရောက်​လိမ့်​မည်။ ကွဲ​အက်​နေ​သော​နံ​ရံ​တံ​တိုင်း​တို့​ကို​ငါ​ပြန် ပြု​ပြင်​မည်။ ရှေး​အ​ခါ​က​တည်​နေ​သ​ကဲ့ သို့​ငါ​ပြန်​လည်​ထူ​ထောင်​မည်။-
AMO 9:12 သို့​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျန်​ကြွင်း​သ​မျှ​သော​ဧ​ဒုံ​ပြည်​ကို​လည်း ကောင်း၊ တစ်​ချိန်​က​ငါ​ပိုင်​စိုး​ခဲ့​သော​နိုင်​ငံ တိုင်း​ကို​လည်း​ကောင်း​ပြန်​လည်​သိမ်း​ပိုက်​ခွင့် ရ​လိမ့်​မည်'' ဟု​ဤ​အ​မှု​ကို​ဖြစ်​စေ​မည့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။
AMO 9:13 ထာ​ဝ​ရ​ဘု​ရား​က ``စ​ပါး​ရိတ်​၍​မ​မီ​နိုင်​လောက်​အောင်​ပင် ပျိုး​က​သန်​လှ​သည့်​အ​ချိန်​ကာ​လ​နှင့် စ​ပျစ်​ရည်​လုပ်​နိုင်​သည်​ထက်​စ​ပျစ်​သီး​များ လှိုင်​နေ​သော​နေ့​ရက်​များ​ရောက်​လာ​မည်။ တောင်​တန်း​ကြီး​ငယ်​တို့​မှ​စ​ပျစ်​ရည်​ချို စီး​ယို​နေ​သော အ​ချိန်​ကာ​လ​ရောက်​လာ​မည်။
AMO 9:14 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​နေ​ရင်း ပြည်​သို့ ပြန်​လည်​ဆောင်​ယူ​လာ​မည်။ သူ​တို့​သည်​ပြို​လဲ​နေ​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​၍ ထို​မြို့​များ​၌​ပြန်​လည်​နေ​ထိုင်​ခွင့်​ရ​ကြ လိမ့်​မည်။ စ​ပျစ်​ခြံ​များ​ကို​စိုက်​ပျိုး​၍​စ​ပျစ်​ရည် သောက်​ခွင့်​ရ​ကြ​လိမ့်​မည်။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​၍ ကိုယ်​တိုင်​စိုက်​သော​သီး​နှံ​တို့​ကို​ကိုယ်​တိုင် စား​ရ​သော​အ​ခွင့်​ရ​ကြ​လိမ့်​မည်။
AMO 9:15 ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ငါ​ပေး​ခဲ့​သော နေ​ရင်း​ပြည်​၌​ပင်​နေ​ထိုင်​စေ​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​နောက်​တစ်​ဖန် ဆွဲ​နုတ်​ခြင်း​မ​ခံ​စေ​ရ'' ဟု သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​သား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
OBA 1:1 ဤ​ကျမ်း​စောင်​သည်​ဧ​ဒုံ​ပြည်​ကို​ရည်​မှတ်​၍ သြ​ဗ​ဒိ​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​ရှင် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော် ကို​ဖော်​ပြ​ရာ​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့ ထံ​သို့ မိ​မိ​၏​သံ​တ​မန်​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။ ``အ​သင့်​ပြင်​ဆင်​ကြ​လော့။ ဧ​ဒုံ​ပြည်​သို့​ငါ​တို့​စစ်​ချီ​ကြ​ကုန်​အံ့'' ဟူ​၍ ကြွေး​ကြော်​စေ​တော်​မူ​သံ​ကို​ငါ​တို့​ကြား ရ​ကြ​၏။
OBA 1:2 ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​ဒုံ​ပြည်​အား ``ငါ​သည်​သင့်​ကို​အား​အင်​ချည့်​နဲ့​စေ​မည်။ လူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ရွံ​ရှာ စက်​ဆုတ်​ကြ​လိမ့်​မည်။
OBA 1:3 သင်​၏​မာန်​မာ​န​သည်​သင့်​ကို​လှည့်​စား ထား​လေ​ပြီ။ သင်​၏​မြို့​တော်​သည်​ကျောက်​တုံး​ကျောက်​ခဲ ဖြင့် ပြီး​သော​ခံ​တပ်​မြို့​ဖြစ်​၍၊ သင်​၏​တည်​နေ​ရာ​သည်​မြင့်​မား​သော တောင်​ပေါ်​တွင်​ဖြစ်​သ​ဖြင့်၊ `ငါ့​အား​အ​ဘယ်​သူ​ဆွဲ​ချ​နိုင်​ပါ​နည်း' ဟု သင်​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။
OBA 1:4 သင်​သည်​လင်း​ယုန်​ငှက်​၏​အ​သိုက်​တ​မျှ မြင့်​မား​ရာ​တွင်​တည်​နေ​သ​ဖြင့်၊ ကြယ်​တာ​ရာ​တို့​အ​လယ်​သို့​ပင် ရောက်​ရှိ​နေ​စေ​ပါ​မူ၊ သင့်​ကို​ငါ​ဆွဲ​ချ​မည်။
OBA 1:5 ``သူ​ခိုး​တို့​သည်​ညဥ့်​အ​ခါ​လာ​ခဲ့​သော်၊ မိ​မိ​တို့​အ​လို​ရှိ​ရာ​ပစ္စည်း​များ​ကို​သာ လျှင် ယူ​ငင်​သွား​ကြ​၏။ စ​ပျစ်​သီး​ဆွတ်​ခူး​ရန်​လာ​သော​သူ​တို့​သည် လည်း၊ စ​ပျစ်​သီး​အ​နည်း​ငယ်​ကို​ချန်​ထား​ခဲ့​တတ် ကြ​၏။ သို့​ရာ​တွင်​သင်​၏​ရန်​သူ​တို့​မူ​ကား၊သင်​၏ ပစ္စည်း​များ​ကို အ​ကုန်​အ​စင်​သိမ်း​ယူ​သွား​ကြ​လေ​ပြီ။
OBA 1:6 ဧ​သော​၏​သား​မြေး​တို့၊ သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ကို တိုက်​ခိုက်​လု​ယက်​သွား​ကြ​လေ​ကုန်​ပြီ။
OBA 1:7 သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​လိမ်​လည် လှည့်​စား​လျက်၊ သင်​တို့​အား​မိ​မိ​တို့​ပြည်​မှ​နှင်​ထုတ်​ကြ လေ​ပြီ။ သင်​တို့​နှင့်​အ​တူ​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ခဲ့ သူ​များ​က၊ ယ​ခု​သင်​တို့​အား​လွှမ်း​မိုး​လိုက်​ကြ​လေ​ပြီ။ သင်​တို့​နှင့်​အ​တူ​စား​သောက်​ခဲ့​သည့် မိတ်​ဆွေ​များ​သည်​သင်​တို့​အ​တွက်​ထောင် ချောက်​ကို ထောင်​ထား​ကြ​လေ​ပြီ။ သူ​တို့​သည်​သင်​တို့​ကို​ရည်​မှတ်​၍ ဤ​သူ​တို့​၏​အ​သိ​အ​လိမ္မာ​ကား​အ​ဘယ် သို့ ရောက်​ရှိ​သွား​လေ​ပြီ​နည်း​ဟု​ဆို​ကြ​၏။
OBA 1:8 ``ငါ​သည်​ဧ​ဒုံ​ပြည်​ကို​အ​ပြစ်​ဒဏ်​ခတ်​ချိန်​၌၊ သူ​၏​ပ​ညာ​ရှိ​များ​ကို​သုတ်​သင်​၍၊ အ​သိ​ပ​ညာ​ရှိ​သ​မျှ​ကို ပယ်​ရှင်း​ပစ်​မည်။
OBA 1:9 လက်​နက်​ကိုင်​စွဲ​သူ​တေ​မန်​မြို့​သား​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဧ​ဒုံ​ပြည်​ရှိ​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ သည် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။
OBA 1:10 ``သင်​သည်​မိ​မိ​၏​ညီ​အစ်​ကို​များ​ဖြစ်​သည့်၊ ယာ​ကုပ်​သား​မြေး​တို့​အား​လု​ယက် သတ်​ဖြတ်​ခဲ့​သည်​ဖြစ်​၍၊ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​လိမ့်​မည်။
OBA 1:11 ရန်​သူ​များ​သည်၊ထို​သူ​တို့​၏​မြို့​တံ​ခါး များ​ကို​ဖြို​ချ​ချိန်​၌၊ သင်​သည်​နံ​ဘေး​သို့​ဖယ်​၍​ရပ်​နေ​ခဲ့​၏။ သင်​သည်၊ယေ​ရု​ရှ​လင်​မြို့​၏​စည်း​စိမ်​ဥစ္စာ များ​ကို သိမ်း​ယူ​ကာ၊မိ​မိ​တို့​အ​ချင်း​ချင်း​တို့​အား ခွဲ​ဝေ​ပေး​သူ​လူ​မျိုး​ခြား​များ​နှင့်​မ​ခြား၊ ဆိုး​ယုတ်​သူ​ဖြစ်​ပေ​သည်။
OBA 1:12 သင်​သည်​ယု​ဒ​ပြည်​ရှိ​မိ​မိ​၏​ညီ​အစ်​ကို​များ၊ ကံ​ကြမ္မာ​ဆိုး​နှင့်​ကြုံ​တွေ့​ရ​သည်​ကို​ကျိတ်​၍၊ နှစ်​ထောင်း​အား​ရ​မ​ဖြစ်​သင့်။ သူ​တို့​ဆုံး​ပါး​ပျက်​စီး​ချိန်​၌​ဝမ်း​မြောက် ဝမ်း​သာ​မ​ဖြစ်​သင့်။ သူ​တို့​စိတ်​ဒုက္ခ​ရောက်​ကြ​သော​အ​ခါ၊ သင်​သည်​မ​ဝါ​ကြွား​သင့်။
OBA 1:13 သင်​သည်​ငါ​၏​လူ​မျိုး​တော် ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ​ကြ​သည်​ကို​ကျိတ်​၍ နှစ်​ထောင်း​အား​ရ​ဖြစ်​ကာ၊ သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​၏​မြို့​ထဲ​သို့​မ​ဝင်​သင့်။ သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မ​သိမ်း​မ ယူ​သင့်။
OBA 1:14 သင်​သည်​ကြိုး​စား​၍​ထွက်​ပြေး​ကြ​သူ​တို့ အား​ဖမ်း​ဆီး​ရန် လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​ရပ်​လျက်​မ​နေ​သင့်။ ထို​သူ​တို့​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​ရ ချိန်​၌ သူ​တို့​အား​ရန်​သူ​လက်​သို့​မ​အပ်​သင့်။
OBA 1:15 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ တို့​အား၊ တ​ရား​စီ​ရင်​တော်​မူ​မည့်​နေ့​ရက်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။ အို ဧ​ဒုံ​ပြည်​သူ​တစ်​ပါး​တို့​အား သင်​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း၊ သူ​တစ်​ပါး​တို့​သည်​သင့်​အား​ပြု​ကျင့်​ကြ လိမ့်​မည်။ သူ​တို့​နှင့်​သင်​ဆက်​ဆံ​ခဲ့​သည့်​နည်း​အ​တိုင်း သူ​တို့​သည်​သင်​နှင့်​ဆက်​ဆံ​ကြ​လိမ့်​မည်။
OBA 1:16 ငါ့​လူ​မျိုး​တော်​သည်​ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သော တောင်​တော်​ပေါ်​တွင်၊ ငါ​၏​ဆိုး​ရွား​သော​အ​မျက်​တော်​စ​ပျစ် ရည်​ကို သောက်​ရ​ကြ​လေ​ပြီ။ အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ထို​ထက်​ပင်​ပို​မို​ဆိုး​ရွား​သည့်​အ​မျက်​တော် စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက် ပြီး​နောက်၊ ကွယ်​ပျောက်​၍​သွား​ကြ​လိမ့်​မည်။
OBA 1:17 ``သို့​ရာ​တွင်၊ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘေး လွတ်​သူ​လူ​အ​ချို့​ရှိ​လိမ့်​မည်။ ထို​တောင်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​၏​မျိုး​ဆက်​တို့​သည်​မိ​မိ​တို့ ပိုင်​ဆိုင်​ခွင့်​ရှိ​သည်။ ပြည်​တော်​ကို​အ​ပိုင်​ရ​ကြ​လိမ့်​မည်။
OBA 1:18 ယာ​ကုပ်​၏​မျိုး​ဆက်​များ​နှင့်​ယော​သပ်​၏ မျိုး​ဆက်​များ​သည်​မီး​နှင့်​တူ​လိမ့်​မည်။ မီး​သည်​အ​မှိုက်​သ​ရိုက်​ကို​ကျွမ်း​လောင်​စေ သ​ကဲ့​သို့၊ သူ​တို့​သည်​ဧ​သော​၏​မျိုး​ဆက်​များ​ကို သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ဧ​သော​၏​သား​မြေး​တစ်​စုံ​တစ်​ယောက်​မျှ အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​လိမ့်​မည်​မဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
OBA 1:19 ``ယု​ဒ​ပြည်​တောင်း​ပိုင်း​မှ​လူ​တို့​သည် ဧ​ဒုံ​ပြည် ကို​လည်း​ကောင်း၊ အ​နောက်​တောင်​ခြေ​ဒေ​သ​များ​မှ​လူ​တို့​က ဖိ​လိတ္တိ​ပြည်​ကို​လည်း​ကောင်း​သိမ်း​ယူ​ကြ လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ဧ​ဖ​ရိမ်​နှင့် ရှ​မာ​ရိ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရ​ကြ​လျက်၊ ဗင်္ယာ​မိန်​လူ​မျိုး​တို့​က​ဂိ​လဒ်​ပြည်​ကို​ရ​ရှိ​ကြ လိမ့်​မည်။
OBA 1:20 ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​ပြည်​နှင်​ဒဏ် သင့်​သူ​တို့​၏​တပ်​မ​တော်​သည်​ပြန်​လာ​၍၊ မြောက်​ဘက်​ရှိ​ဇ​ရတ္တ​မြို့​တိုင်​အောင်​ဖို​နိ​ရှ ပြည်​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​မှ​ပြည်​နှင်​ဒဏ်​သင့်​၍ သေ​ဖ​ရဒ်​မြို့​သို့ ရောက်​ရှိ​နေ​သူ​များ​သည် ယု​ဒ​ပြည်​တောင်​ပိုင်း​မြို့​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။
OBA 1:21 အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။
JON 1:1 တစ်​နေ့​သ​၌​အ​မိတ္တဲ​၏​သား​ယော​န​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​၏။-
JON 1:2 ကိုယ်​တော်​က``သင်​သည်​နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​၍​သ​တိ​ပေး​လော့။ ထို​မြို့​သူ​မြို့​သား​တို့​သည်​အ​လွန်​ဆိုး​ယုတ်​ကြ​ကြောင်း​ကို​ငါ​သိ​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
JON 1:3 သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။
JON 1:4 သင်္ဘော​သည်​ပင်​လယ်​တွင်း​သို့​ရောက်​သွား​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပြင်း​မုန်​တိုင်း​ကြီး​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ထို​လေ​မုန်​တိုင်း​ကြီး​သည်​လွန်​စွာ​ပြင်း​ထန်​လှ​သ​ဖြင့်​သင်္ဘော​သည်​ပျက်​လု​မ​တတ်​ရှိ​လေ​၏။-
JON 1:5 သင်္ဘော​သား​တို့​သည်​ကြောက်​လန့်​လျက် မိ​မိ​တို့​ယုံ​ကြည်​ကြ​သော​ဘု​ရား​များ​ထံ​သို့​သူ​တို့​အား ကယ်​တင်​ပါ​ရန်​ဆု​တောင်း​ကြ​၏။ ထို​နောက်​သင်္ဘော​ဝန်​ပေါ့​စေ​ရန် ကုန်​စည်​များ​ကို​ရေ​ထဲ​သို့​ပစ်​ချ​ကြ​၏။ ထို​အ​ချိန်​တွင်​ယော​န​သည်​သင်္ဘော​ဝမ်း​ထဲ​သို့​ဆင်း​၍​အိပ်​ပျော်​လျက်​နေ​၏။
JON 1:6 ထို​အ​ခါ​သင်္ဘော​သူ​ကြီး​သည် သူ့​ထံ​လာ​ပြီး​သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​အိပ်​နေ​ပါ​သ​နည်း။ ထ​လော့၊ သင်​၏​ဘု​ရား​ထံ​တွင် ငါ​တို့​ကို​ကယ်​တင်​ရန်​ဆု​တောင်း​လော့။ ထို​အ​ရှင်​သည်​ငါ​တို့​အား​သ​နား​၍​ငါ​တို့​ကို​ကယ်​တင်​ကောင်း​ကယ်​တင်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
JON 1:7 ထို​နောက်​သင်္ဘော​သား​တို့​က``ငါ​တို့​ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အ​ပြစ်​ကြောင့်​ဖြစ်​သည်​ကို​သိ​ရ​အောင်​မဲ​ချ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​မဲ​ချ​ကြ​သော​အ​ခါ​ယော​န​မဲ​ကျ​လေ​၏။-
JON 1:8 သို့​ဖြစ်​၍​သူ​တို့​က``ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အပြစ်​ကြောင့်​နည်း။ ငါ​တို့​အား​ပြော​ပြ​ပါ။ သင်​သည်​အ​ဘယ်​ကိစ္စ​ဖြင့်​ဤ​သင်္ဘော​ပေါ်​သို့​ရောက်​နေ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ​လာ​ပါ​သ​နည်း။ အ​ဘယ်​အမျိုး​သား​ဖြစ်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။
JON 1:9 ယော​န​က``ငါ​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​၏။ ကုန်း​မြေ​နှင့်​ပင်​လယ်​ကို​ဖန်​ဆင်း​တော်​မူ​သော​ကောင်း​ကင်​ဘုံ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​သူ​ဖြစ်​သည်'' ဟု​ဖြေ​ကြား​၏။-
JON 1:10 ထို​နောက်​ဆက်​လက်​၍​မိ​မိ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​တိမ်း​ရှောင်​လာ​သူ​ဖြစ်​ကြောင်း​ကို​လည်း​ထို​သူ​တို့​အား​ပြော​ပြ​၏။ သင်္ဘော​သား​တို့သည်​ကြောက်​လန့်​ကြ​ကုန်​လျက် ``သင်​ပြု​သည့်​အ​မှု​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-
JON 1:11 ထို​အ​ခိုက်​တွင်​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပို​မို​ပြင်း​ထန်​၍​လာ​၏။ သို့​ဖြစ်​၍​သင်္ဘော​သား​တို့​က``လေ​မုန်​တိုင်း​ရပ်​စဲ​သွား​စေ​ရန်​ငါ​တို့​သည် သင့်​အား​အ​ဘယ်​သို့​ပြု​သင့်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။
JON 1:12 ယော​န​က``ငါ့​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​လော့။ သို့​ပြု​လျှင်​လေ​မုန်​တိုင်း​သည်​ငြိမ်​သွား​လိမ့်​မည်။ သင်​တို့​လေ​ပြင်း​မုန်​တိုင်း​မိ​ရ​ကြ​သည်​မှာ​ငါ​၏​အ​ပြစ်​ကြောင့်​ဖြစ်​ကြောင်း​ငါ​သိ​ပါ​၏'' ဟု​ဖြေ​၏။
JON 1:13 သို့​ရာ​တွင်​သင်္ဘော​သား​တို့​သည်​ယော​န​အား​ပင်​လယ်​ထဲ​သို့​ပစ်​ချ​မည့်​အ​စား သင်္ဘော​ကို​ကမ်း​ဘက်​သို့​ရောက်​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လှော်​ခတ်​ကြ​၏။ သို့​သော်​လည်း​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပြင်း​ထန်​၍​လာ​သ​ဖြင့် သူ​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်​ကြ​တော့​ချေ။-
JON 1:14 ထို​အ​ခါ​သင်္ဘော​သား​များ​က​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​အ​သက်​ဆုံး​ရှုံး​ရ​သည့်​အ​တွက် အ​ကျွန်ုပ်​တို့​အား​သေ​ဒဏ်​ခတ်​တော်​မ​မူ​ပါ​ရန်​ပန်​ကြား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​မှု​သည်​အ​လို​တော်​အ​ရ​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။-
JON 1:15 ထို​နောက်​သူ​တို့​သည်​ယော​န​ကို​ပွေ့​ချီ​၍​ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။ ထို​အ​ခါ​ချက်​ချင်း​ပင် ပင်​လယ်​သည်​ငြိမ်​သက်​သွား​၏။-
JON 1:16 ယင်း​သို့​ငြိမ်​သက်​သွား​သော​အ​ခါ​သင်္ဘော​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လွန်​စွာ​ကြောက်​လန့်​လာ​ကြ​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​ပြီး​လျှင်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ကြ​၏။
JON 1:17 ထို​နောက်​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​သ​ဖြင့်​ငါး​ကြီး​တစ်​ကောင်​သည်​ယော​န​ကို​မျို​လေ​၏။ ယော​န​လည်း​ငါး​ကြီး​၏​ဝမ်း​ဗိုက်​တွင်း​၌​သုံး​ရက်​ပတ်​လုံး​နေ​ရ​၏။
JON 2:1 ထို​နောက်​ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ဗိုက် တွင်း​မှ​နေ​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား၊
JON 2:2 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ဘေး​နှင့်​ကြုံ​တွေ့​နေ​ရ​သည့်​အ​တွက် ကိုယ်​တော်​အား​ဟစ်​ခေါ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​က​လည်း​ကြား​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​သေ​မင်း​၏​ခံ​တွင်း​မှ​နေ​၍ ကိုယ်​တော်​အား​ဟစ်​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပါ​၏။
JON 2:3 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နက်​ရှိုင်း​သော ပင်​လယ်​ထဲ​သို့​လည်း​ကောင်း၊ ပင်​လယ်​အောက်​ဆုံး​ပိုင်း​တိုင်​အောင်​လည်း​ကောင်း ပစ်​ချ​လိုက်​သ​ဖြင့်၊ အ​ကျွန်ုပ်​မှာ​ပင်​လယ်​ရေ​ပတ်​လည် ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက် ကိုယ်​တော်​၏​လှိုင်း​လုံး​ကြီး​များ​သည် အ​ကျွန်ုပ်​ကို​လွှမ်း​မိုး​သွား​ပါ​သည်။
JON 2:4 အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​မျက်​မှောက်​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သ​ဖြင့်၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​ကို အ​ဘယ်​အ​ခါ​၌​မျှ​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။
JON 2:5 ရေ​သည်​အ​ကျွန်ုပ်​ကို​ဝိုင်း​ရံ​သ​ဖြင့်​အ​ကျွန်ုပ် သည် အ​သက်​ရှူ​၍​ပင်​မ​ရ​တော့​ပါ။ ပင်​လယ်​ရေ​သည်​အ​ကျွန်ုပ်​အား​လွှမ်း​မိုး​လျက်၊ ပင်​လယ်​ဒိုက်​ပင်​တို့​သည်​လည်း အ​ကျွန်ုပ်​၏​ဦး​ခေါင်း​ကို​ရစ်​ပတ်​ကြ​ပါ​၏။
JON 2:6 အ​ကျွန်ုပ်​သည်​တောင်​များ​၏​အောက်​ခြေ​သို့ တိုင်​အောင်​လည်း​ကောင်း၊ ပြန်​လမ်း​မ​ရှိ​သည့်​မ​ရ​ဏာ​နိုင်​ငံ​သို့ လည်း​ကောင်း နစ်​မြုပ်​သွား​ပါ​သည်။ သို့​ဖြစ်​လျက်​ပင်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​အ​သက်​ကို နက်​ရာ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။
JON 2:7 အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။
JON 2:8 အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကို ကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။
JON 2:9 သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ ထို့​ပြင်​အ​ကျွန်ုပ်​ပြု​ခဲ့​သည့်​သစ္စာ​က​တိ အ​တိုင်း လိုက်​နာ​ပါ​မည်။ အ​ကြောင်း​မှာ​ကယ်​တင်​ခြင်း​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​ပါ​သည်'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။
JON 2:10 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါး​ကြီး အား​အ​မိန့်​ပေး​သ​ဖြင့် ငါး​ကြီး​သည်​ယော​န အား​ကုန်း​ပေါ်​သို့​အန်​ထုတ်​လေ​၏။
JON 3:1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​န​အား``ထ လော့၊ နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​လော့။ ငါ​မှာ သည့်​အ​တိုင်း​မြို့​သူ​မြို့​သား​တို့​အား​သ​တိ ပေး​လော့'' ဟု​ဒု​တိ​ယ​အ​ကြိမ်​အ​မိန့်​ပေး တော်​မူ​၏။-
JON 3:3 သို့​ဖြစ်​၍​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​၍​နိ​နေ​ဝေ​မြို့​ကို သွား​၏။ နိ​နေ​ဝေ​မြို့​သည်​အ​လွန်​ကြီး​ရ ကား​ထို​မြို့​ကို​တစ်​ဘက်​မှ​တစ်​ဘက်​သို့ ဖြတ်​လျှောက်​လျှင်​သုံး​ရက်​ခ​ရီး​ကြာ​၏။-
JON 3:4 ယော​န​သည်​နိ​နေ​ဝေ​မြို့​သို့​ရောက်​၍​မြို့​တွင်း သို့​တစ်​နေ့​ခ​ရီး​ဝင်​ပြီး​နောက်``နိ​နေ​ဝေ​မြို့ သည်​အ​ရက်​လေး​ဆယ်​ကြာ​သော​အ​ခါ ပျက်​လိမ့်​မည်'' ဟု​ကြေ​ညာ​လေ​၏။
JON 3:5 နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ယုံ​ကြ​၏။ သို့​ဖြစ်​၍ နောင်​တ​ရ​သည့်​လက္ခ​ဏာ​ဖြင့်​ဂုဏ်​ရှိ​ဂုဏ်​မဲ့ တစ်​ယောက်​မ​ကျန်​အ​စာ​ရှောင်​၍​လျှော်​တေ ကို​ဝတ်​ကြ​ရန်​ဆုံး​ဖြတ်​ကြ​၏။
JON 3:6 ထို​ကြေ​ညာ​ချက်​ကို​နိ​နေ​ဝေ​မင်း​ကြား တော်​မူ​သော​အ​ခါ ရာ​ဇ​ပလ္လင်​ပေါ်​မှ​ထ​၍ ဝတ်​လဲ​တော်​ကို​ချွတ်​ပြီး​လျှင်​လျှော်​တေ​ကို ဝတ်​တော်​မူ​၏။ ထို​နောက်​ပြာ​ထဲ​တွင်​ထိုင် နေ​တော်​မူ​၏။-
JON 3:7 ထို​နောက်​နိ​နေ​ဝေ​ဘု​ရင်​သည်​နိ​နေ​ဝေ​မြို့ သူ​မြို့​သား​တို့​သိ​ကြ​စေ​ရန်​အ​မိန့်​တော် ကို​ထုတ်​ပြန်​လိုက်​၏။ ထုတ်​ပြန်​ချက်​မှာ``ဤ အ​မိန့်​ကား​ဘု​ရင်​နှင့်​မှူး​မတ်​များ​ထံ​မှ ဖြစ်​၏။ အ​ဘယ်​သူ​မျှ​အ​စား​အ​စာ​မ​စား​ရ၊ လူ​အား​လုံး​နှင့်​တိ​ရစ္ဆာန်​အား​လုံး​တို့​သည် အ​စာ​မ​စား​ရ၊ ရေ​မ​သောက်​ရ။-
JON 3:8 လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​သည်​လျှော်​တေ ကို​ဝတ်​ရ​ကြ​မည်။ လူ​တိုင်း​ပင်​စိတ်​အား​ထက် သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ရ​မည်။ ထို့​ပြင်​မိ​မိ​တို့​၏​မ​ကောင်း​မှု​များ​နှင့်​အ​ဋ္ဌမ္မ မှု​များ​ကို​စွန့်​ပစ်​ရ​ကြ​မည်။-
JON 3:9 သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​စိတ်​တော်​ပြောင်း လဲ​ကောင်း​ပြောင်း​လဲ​လိမ့်​မည်။ အ​မျက်​တော် ပြေ​ကောင်း​ပြေ​လိမ့်​မည်။ ငါ​တို့​သည်​လည်း အ​သက်​ချမ်း​သာ​ရာ​ရ​နိုင်​မည်'' ဟူ​၍​ဖြစ်​၏။
JON 3:10 ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​၏​ပြု​မူ​ပုံ ကို​လည်း​ကောင်း၊ မ​ကောင်း​မှု​များ​ကို​စွန့် ပယ်​လိုက်​ပုံ​ကို​လည်း​ကောင်း​မြင်​တော်​မူ သော​အ​ခါ စိတ်​တော်​ပြောင်း​လဲ​လျက်​မိန့် မြွက်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​အား ဒဏ်​ခတ်​တော်​မ​မူ​တော့​ပေ။
JON 4:1 ဤ​သို့​ဖြစ်​ရ​ခြင်း​ကြောင့်​ယော​န​သည်​လွန်​စွာ စိတ်​မ​ကျေ​မ​ချမ်း​ဖြစ်​၍​စိတ်​ဆိုး​သ​ဖြင့်၊-
JON 4:2 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ် တိုင်း​ပြည်​မှ​မ​ထွက်​ခွာ​မီ​က​ပင်​ကိုယ်​တော် ဤ​သို့​ပြု​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​ကြို​တင် ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဤ​အ​ကြောင်း ကြောင့်​အ​ကျွန်ုပ်​သည်​တာ​ရှု​မြို့​သို့​ထွက်​ပြေး ရန်​ကြိုး​စား​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​မေတ္တာ က​ရု​ဏာ​ရှိ​တော်​မူ​သော၊ အ​စဉ်​စိတ်​ရှည် လျက်​အ​ကြင်​နာ​တ​ရား​ရှိ​တော်​မူ​သော၊ အ​ပြစ်​ဒဏ်​ခတ်​သင့်​သော်​လည်း​မ​ခတ်​ဘဲ ချမ်း​သာ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ ၏။-
JON 4:3 သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင် အ​ကျွန်ုပ်​အား​သေ​ရ​သော​အ​ခွင့်​ကို​ပေး တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​တွက်​အ​သက်​ရှင် ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​၏'' ဟု​ဆု​တောင်း​လေ​၏။
JON 4:4 ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။
JON 4:5 ထို​နောက်​ယော​န​သည်​မြို့​အ​ရှေ့​ဘက်​သို့ ထွက်​၍ မိ​မိ​အ​တွက်​တဲ​ထိုး​ပြီး​လျှင်​တဲ​၏ အ​ရိပ်​အောက်​တွင်​ထိုင်​လျက် နိ​နေ​ဝေ​မြို့ မည်​သို့​ဖြစ်​မည်​ကို​စောင့်​ကြည့်​နေ​၏။-
JON 4:6 ထို​အ​ခါ​ယော​န​အား​နေ​ပူ​ရှိန်​မှ​သက်​သာ စေ​ရန် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကြက်​ဆူ​ပင်​တစ်​ပင်​ကို​ပေါက်​စေ​ပြီး​လျှင် ယော​န​၏​အ​ပေါ်​သို့​အ​ရိပ်​ကျ​စေ​တော် မူ​၏။ ယော​န​သည်​ထို​အ​ပင်​ပေါက်​လာ​သည့် အ​တွက်​အ​လွန်​ဝမ်း​သာ​လျက်​ရှိ​၏။-
JON 4:7 သို့​ရာ​တွင်​နောက်​တစ်​နေ့​မိုး​သောက်​ချိန်​၌ ဘု​ရား​သ​ခင်​သည်​ယော​န​အ​ရိပ်​ခို​နေ သော​အ​ပင်​ကို ပိုး​ကောင်​တစ်​ကောင်​အား ကိုက်​စေ​သ​ဖြင့်​ထို​အ​ပင်​သေ​လေ​၏။-
JON 4:8 နေ​ထွက်​လာ​ပြီး​နောက်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​လေ​ပူ​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ယော​န သည်​မိ​မိ​ဦး​ခေါင်း​ပေါ်​သို့​ကျ​ရောက်​လာ​သည့် အ​ပူ​ရှိန်​ကြောင့် မေ့​လု​မ​တတ်​ဖြစ်​ပြီး​လျှင် သေ​ချင်​စိတ်​ပေါက်​လာ​၏။ သို့​ဖြစ်​၍​ယော​န က``ငါ့​အ​ဖို့​မှာ​အ​သက်​ရှင်​နေ​ရ​ခြင်း​ထက် သေ​ရ​ခြင်း​က​ပို​၍​ကောင်း​လိမ့်​ဦး​မည်'' ဟု မြည်​တမ်း​၏။
JON 4:9 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က​ယော​န​အား``ကြက် ဆူ​ပင်​တစ်​ပင်​အ​တွက်​သင်​အ​မျက်​ထွက်​သင့် သ​လော'' ဟု​မေး​တော်​မူ​၏။ ယော​န​က``သေ​ချင်​အောင်​အ​မျက်​ထွက် ပါ​၏'' ဟု​လျှောက်​၏။
JON 4:10 ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​သင်​ကိုယ်​တိုင် မ​စိုက်​မ​ပြု​စု​ရ​ဘဲ တစ်​ည​ချင်း​တွင်​ပင် ပေါက်​ပြီး​တစ်​ည​တွင်း​ပင်​သေ​သွား​သော ကြက်​ဆူ​ပင်​ကို​နှ​မြော​သည်​မ​ဟုတ်​လော။-
JON 4:11 ထို​နည်း​တူ​ပင်​အ​မှား​အ​မှန်​ကို​မ​ဝေ​ခွဲ နိုင်​သည့်​က​လေး​သူ​ငယ်​တစ်​သိန်း​နှစ်​သောင်း ကျော်​နှင့်​တိ​ရစ္ဆာန်​အ​မြောက်​အ​များ​ရှိ​သော နိ​နေ​ဝေ​မြို့​ကို​ငါ​ပို​၍​နှ​မြော​သင့်​သည် မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​န​၏​ဝတ္ထု​ပြီး​၏။
MIC 1:1 ယု​ဒ​နိုင်​ငံ​တွင်​ယော​သံ​ဘု​ရင်၊ အာ​ခတ်​ဘု​ရင်၊ ဟေ​ဇ​ကိ​ဘု​ရင်​တို့​စိုး​စံ​သည့်​အ​ချိန်​ကာ​လ ၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရ​ရှ​မြို့​သား မိက္ခာ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​နှင့်​စပ်​လျဉ်း​၍ အောက် ပါ​အ​ကြောင်း​အ​ရာ​များ​ကို​ဖော်​ပြ​တော် မူ​၏။
MIC 1:2 လူ​မျိုး​အ​ပေါင်း​တို့၊ကြား​နာ​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​နား​ထောင် ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​တစ် ဘက်​မှ သက်​သေ​ခံ​တော်​မူ​မည်။ နား​ထောင်​ကြ​လော့၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဗိ​မာန် တော်​မှ မိန့်​ကြား​တော်​မူ​၏။
MIC 1:3 ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​ရာ​ဌာ​န တော်​မှ ကြွ​ဆင်း​လာ​၍၊တောင်​ထိပ်​များ​ပေါ်​တွင် စက်​တော်​ဖြန့်​တော်​မူ​မည်။
MIC 1:4 ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။
MIC 1:5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ကူး​လွန်​၍​ဘု​ရား​သ​ခင်​အား​ပုန်​ကန်​ကြ သော​ကြောင့် ဤ​အ​ဖြစ်​မျိုး​နှင့်​တွေ့​ကြုံ​ရ ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပုန်​ကန်​မှု​အ​တွက် မည်​သူ့​ကို​အ​ပြစ်​တင် ရ​ပါ​မည်​နည်း။ ရှ​မာ​ရိ​မြို့​တော်​မ​ဟုတ် လော။ ယု​ဒ​လူ​မျိုး​များ​ကိုး​ကွယ်​နေ​သည့် မြင့်​ရာ​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။ ယေ​ရု​ရှ​လင်​မြို့​တော်​၌​မ​ဟုတ်​လော။-
MIC 1:6 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ရှ​မာ​ရိ​မြို့​ကို​ကွင်း​ပြင်​၌​မြို့​ပျက်​ကဲ့ သို့​လည်း​ကောင်း၊ စ​ပျစ်​ပင်​စိုက်​ရာ​အ​ရပ် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​မည်။ ငါ​သည် မြို့​ပျက်​မှ​ကျောက်​တုံး​ကျောက်​ခဲ​တို့​ကို ချိုင့်​ဝှမ်း​ထဲ​သို့​သွန်​ချ​၍​မြို့​အောက်​ခြေ ကို​လှန်​ပစ်​မည်။-
MIC 1:7 ရုပ်​တု​ရှိ​သ​မျှ​ကို​ကျိုး​ပဲ့​ကြေ​မွ​စေ​မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သော​လက်​ဆောင်​ပစ္စည်း ရှိ​သ​မျှ​ကို​မီး​ရှို့​ဖျက်​ဆီး​မည်။ ရုပ်​တု​ရှိ သ​မျှ​ကို​အ​မှိုက်​ပုံ​ဖြစ်​စေ​မည်။ ရှ​မာ​ရိ မြို့​သည်​ဤ​အ​ရာ​များ​ကို​ရုပ်​တု​ကိုး​ကွယ် မှု​ဖြင့်​စု​ဆောင်း​ရ​ရှိ​၏။ ဘု​ရား​ကျောင်း ပြည့်​တန်​ဆာ​လုပ်​ငန်း​နှင့် ရန်​သူ​များ​သည် ယင်း​တို့​ကို​ကိုး​ကွယ်​ရန်​သိမ်း​ယူ​သွား ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MIC 1:8 ထို​အ​ခါ​မိက္ခာ​က``ထို​အ​တွက်​ကြောင့်​ငါ သည်​ငို​ကြွေး​မြည်​တမ်း​မည်။ ငါ​သည်​ဝမ်း နည်း​ကြောင်း​ပြ​ရန်​ဖိ​နပ်​မ​စီး၊ အ​ဝတ် အင်္ကျီ​မ​ဝတ်​ဆင်​ဘဲ​လှည့်​လည်​မည်။ ငါ သည်​ခွေး​အ​ကဲ့​သို့​အူ​၍​ငှက်​ကု​လား အုတ်​ကဲ့​သို့​ညည်း​ညူ​မည်။-
MIC 1:9 ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။
MIC 1:10 ဂါ​သ​မြို့​ရှိ​ရန်​သူ​များ​အား​ငါ​တို့​စစ်​ရေး နိမ့်​သည့်​သ​တင်း​ကို​မ​ကြား​ပြော​နှင့်။ သင် တို့​ငို​ကြွေး​နေ​ခြင်း​ကို​သူ​တို့​မ​မြင်​စေ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​သား​တို့၊ စိတ်​ပျက်​အား လျော့​ကြောင်း​ပြ​ရန်​မြေ​မှုန့်​၌​လူး​လှိမ့်​နေ ကြ​လော့။-
MIC 1:11 ရှ​ဖိ​ရ​မြို့​သား​တို့၊ အ​ဝတ်​အ​ချည်း​စည်း ဖြင့်​အ​ရှက်​ကွဲ​လျက်​သုံ့​ပန်း​အ​ဖြစ်​ရောက် ကြ​လော့။ ဇာ​နန်​မြို့​သား​တို့​သည်​မြို့​ပြင် သို့​မ​ထွက်​ဝံ့​ကြ။ ဗေ​သ​ဇေ​လ​မြို့​သား တို့​ငို​ကြွေး​သံ​ကို​သင်​တို့​ကြား​ရ​သော အ​ခါ ထို​မြို့​တွင်​သင်​တို့​ခို​လှုံ​နိုင်​မည် မ​ဟုတ်​ကြောင်း​သိ​ရ​လိမ့်​မည်။-
MIC 1:12 မာ​ရုတ်​မြို့​သား​တို့​သည်​လူး​လှိမ့်​လျက် ဝေ​ဒ​နာ​ခံ​နေ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရု​ရှ​လင်​မြို့​အား ဘေး​ဒုက္ခ​ရောက် စေ​တော့​မည်​ဖြစ်​၍ ငါ​တို့​မြို့​သား​တို့​သည် စိတ်​တ​ထင့်​ထင့်​နှင့်​အ​ကူ​အ​ညီ​စောင့် မျှော်​နေ​ကြ​၏။-
MIC 1:13 လာ​ခိ​ရှ​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ စစ်​ရ​ထား များ​ကို​မြင်း​က​ကြ​လော့။ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​စံ​န​မူ​နာ​ကို လိုက်​၍ အ​ပြစ်​ကူး​လွန်​ကြ​၏။ သင်​တို့ အ​ပြစ်​ကူး​လွန်​စေ​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​အား​လည်း​အ​ပြစ်​ကူး​လွန်​စေ​ကြ​၏။-
MIC 1:14 ယု​ဒ​ပြည်​သား​တို့၊ မော​ရ​ရှက်​ဂါ​သ​မြို့​ကို လည်း​လက်​လွှတ်​လိုက်​ကြ​လော့။ ဣ​သ​ရေ​လ ဘု​ရင်​တို့​သည် အာ​ခ​ဇိပ်​မြို့​သား​တို့​ထံ​မှ အ​ကူ​အ​ညီ​ရ​လိမ့်​မည်​မ​ဟုတ်။
MIC 1:15 မ​ရေ​ရှ​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​ကို​ရန်​သူ့​လက်​သို့​အပ်​တော် မူ​မည်။ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​သည် အ​ဒု​လံ​ဥ​မင်​လှိုဏ်​ခေါင်း​သို့​ထွက်​ပြေး ပုန်း​အောင်း​ရ​လိမ့်​မည်။-
MIC 1:16 ယု​ဒ​ပြည်​သား​တို့၊ သင်​တို့​ချစ်​သော​သား သ​မီး​များ​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​ကြောင်း ပြ​သည့်​အ​နေ​ဖြင့် သင်​တို့​၏​ဆံ​ပင်​ကို​ရိတ် ကြ​လော့။ သင်​တို့​၏​သား​သ​မီး​များ​ကို တိုင်း​တစ်​ပါး​သို့​သိမ်း​ယူ​သွား​ကြ​မည် ဖြစ်​သော​ကြောင့် သင်​တို့​၏​ဦး​ခေါင်း​ကို လင်း​တ​ငှက်​ခေါင်း​ကဲ့​သို့​ပြောင်​အောင် ရိတ်​ကြ​လော့။
MIC 2:1 အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​လျက် မ​ကောင်း​မှု ကို​ကြံ​စည်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​အ​ခွင့် ရ​လျှင်​ရ​ခြင်း မိ​မိ​တို့​ကြံ​စည်​သည့်​မ​ကောင်း မှု​ကို​ပြု​လုပ်​တတ်​ကြ​၏။-
MIC 2:2 သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ကို​ဖြစ်​စေ၊ လယ်​ယာ​ကို​ဖြစ်​စေ၊ တပ်​မက်​လာ​လျှင်​အ​နိုင် အ​ထက်​သိမ်း​ယူ​တတ်​ကြ​သည်။ မည်​သူ​၏​အိုး အိမ်​နှင့်​အ​မွေ​ပစ္စည်း​ဟူ​သ​မျှ​လုံ​ခြုံ​သည် ဟူ​၍​မ​ရှိ။
MIC 2:3 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ဘေး ဒုက္ခ​ရောက်​စေ​ရန်​ငါ​စီ​ရင်​မည်။ ထို​ဘေး​ဒုက္ခ မှ​သင်​တို့​လွတ်​မြောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​မောက်​မာ​ကြွား​ဝါ နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-
MIC 2:4 ထို​အ​ချိန်​ကာ​လ​ရောက်​ရှိ​လာ​သော​အ​ခါ လူ​များ​တို့​က သင်​တို့​ဘေး​ဒုက္ခ​ရောက်​ရ​ပုံ ကို​အ​ကြောင်း​ပြု​၍ ပြော​စ​မှတ်​ပြု​ကြ လိမ့်​မည်။ သင်​တို့​၏​ဘ​ဝ​အ​တွေ့​အ​ကြုံ ကို​လည်း​ဤ​သို့​ဝမ်း​နည်း​ကြေ​ကွဲ​ဖွယ် တေး​ဖွဲ့​သီ​ဆို​ကြ​လိမ့်​မည်။ ငါ​တို့​သည်​လုံး​ဝ​အ​ကျိုး​နည်း​ပျက်​စီး ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို​ငါ​တို့ လက်​မှ ရုပ်​သိမ်း​၍​ရန်​သူ့​လက်​သို့​အပ်​သ​ဖြင့် ငါ​တို့​သည်​လည်း​တစ်​ပါး​ကျွန်​ဖြစ်​ရ​ချေ​ပြီ။
MIC 2:5 သို့​ဖြစ်​၍​တိုင်း​ပြည်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​လက်​သို့​ပြန်​၍​အပ်​သော အ​ခါ​၌ သင်​တို့​အ​နက်​မည်​သူ​မျှ​မြေ ဝေ​စု​ကို​ရ​မည်​မ​ဟုတ်။
MIC 2:6 လူ​တို့​က``အ​ကျွန်ုပ်​တို့​အား​တ​ရား​မ​ဟော ပါ​နှင့်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို​မ​ပြော ပါ​နှင့်၊ ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​တို့​အား အ​ရှက်​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​တော်​မူ မည်​မ​ဟုတ်​ပါ။-
MIC 2:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​စာ သင့်​နေ​ပြီ​ဟူ​၍​မ​ထင်​ပါ​နှင့်။ ထာ​ဝ​ရ ဘု​ရား​သည်​သည်း​မ​ခံ​နိုင်​တော့​ပြီ​လော။ ကိုယ်​တော်​သည်​ထို​သို့​ဧ​ကန်​ပြု​တော်​မူ ပါ​မည်​လော။ ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​သူ တို့​အား ကိုယ်​တော်​သည်​သ​နား​ကြင်​နာ သည့်​စ​ကား​ကို​ပြော​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​ငါ့​အား​ပြန်​၍​တ​ရား​ဟော ကြ​၏။
MIC 2:8 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ကို​ရန်​သူ​သ​ဖွယ်​တိုက် ခိုက်​ကြ​၏။ လုံ​ခြုံ​မှု​ရှိ​ရာ​နေ​အိမ်​သို့​စစ် ပွဲ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပေါ်​ရုံ​အင်္ကျီ​ကို သင်​တို့​ချွတ်​ယူ​ကြ​၏။-
MIC 2:9 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​တို့​၏​အ​မျိုး သ​မီး​များ​ကို​သူ​တို့​မြတ်​နိုး​သော​နေ​အိမ် များ​မှ​နှင်​ထုတ်​ကြ​၍ သူ​တို့​သား​သ​မီး​များ အ​နာ​ဂတ်​ကောင်း​စား​ရေး​မျှော်​လင့်​ချက် ဖြစ်​သည့် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ပျက်​ပြား​စေ​ကြ​၏။-
MIC 2:10 ထ​၍​ထွက်​ခွာ​ကြ​လော့။ ဤ​ပြည်​သည်​သင်​တို့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရာ​အ​ရပ်​မ​ဟုတ်​တော့​ပြီ။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ဤ​ပြည် သည်​ပျက်​စီး​ရ​လိမ့်​မည်။
MIC 2:11 ``သင်​တို့​တွင်​စ​ပျစ်​ရည်​နှင့် အ​ရက်​လှိုင်​လှိုင် ပေါ​များ​လိမ့်​မည်​ဟု​ငါ​ဟော​၏' ဟူ​၍​လိမ် လည်​လှည့်​ဖြား​ပြော​ဆို​တတ်​သော​ပ​ရော​ဖက် မျိုး​ကို​ဤ​သူ​တို့​နှစ်​သက်​ကြ​၏။
MIC 2:12 ``ငါ​သည်​သင်​တို့​တွင်​ကြွင်း​ကျန်​သော​ဣ​သ ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​မည်။ ခြံ သို့​ပြန်​လာ​သော​သိုး​များ​သ​ဖွယ်​သင်​တို့​ကို စု​သိမ်း​မည်။ စား​ကျက်​တွင်​သိုး​မြောက်​မြား စွာ​စု​ရုံး​ကျက်​စား​သ​ကဲ့​သို့ သင်​တို့​၏​ပြည် တွင်​တစ်​ဖန်​လူ​မြောက်​မြား​စွာ​နေ​ထိုင်​လိမ့် မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​တော်​မူ​၏။
MIC 2:13 သူ​တို့​အား​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ​လွတ် မြောက်​ရန် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ရှေ့ ဆောင်​လမ်း​ပြ​တော်​မူ​မည်။ သူ​တို့​သည်​မြို့ တံ​ခါး​များ​ကို​ချိုး​ဖောက်​၍​လွတ်​မြောက် လာ​ကြ​မည်။ သူ​တို့​၏​ဘုရင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သူ​တို့​ကို​ထုတ်​ဆောင်​တော် မူ​မည်။
MIC 3:1 ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည်​တ​ရား သ​ဖြင့်​စီ​ရင်​ရ​သူ​များ​ဖြစ်​သော်​လည်း၊-
MIC 3:2 ကောင်း​သော​အ​ကျင့်​ကို​မုန်း​၍​မ​ကောင်း​သော အ​ကျင့်​ကို​နှစ်​သက်​ကြ​၏။ သင်​တို့​သည်​ငါ​၏ လူ​မျိုး​တော်​တို့​ကို​အ​ရှင်​လတ်​လတ်​အ​ရေ ဆုတ်​၍​အ​ရိုး​မှ​အ​သား​ကို​ခွာ​ယူ​ကြ​၏။-
MIC 3:3 သင်​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​သား​ကို စား​ကြ​၏။ သူ​တို့​၏​အ​ရေ​ကို​ခွာ​၍​အ​ရိုး များ​ကို​ချိုး​လျက်​အ​မဲ​ဟင်း​လျာ​သ​ဖွယ် ဋ္ဌား​ဖြင့်​စဉ်း​ကြ​၏။-
MIC 3:4 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ် တောင်း​လျှောက်​ရ​သော​အ​ချိန်​ရောက်​လာ​လိမ့် မည်။ ထို​အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​သည် မ​ကောင်း​မှု​ကို​ပြု​သော​ကြောင့်​ကိုယ်​တော်​သည် သင်​တို့​၏​တောင်း​လျှောက်​သံ​ကို​နား​ညောင်း တော်​မူ​မည်​မ​ဟုတ်။
MIC 3:5 ငွေ​ပေး​နိုင်​သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ မည်​ဟူ​၍​လည်း​ကောင်း၊ ငွေ​မ​ပေး​နိုင်​သူ​တို့ အား​စစ်​ဘေး​ရောက်​မည်​ဟူ​၍​လည်း​ကောင်း ဟော​တတ်​သော​ပ​ရော​ဖက်​တို့​၏​လှည့်​စား ခြင်း​ကို​ငါ​၏​လူ​မျိုး​တော်​တို့​ခံ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​ထို​သို့​သော​ပ​ရော ဖက်​တို့​အား၊-
MIC 3:6 ``ပ​ရော​ဖက်​တို့၊ သင်​တို့​အ​တွက်​နေ့​အ​ချိန် ကုန်​လု​ပြီ၊ နေ​ဝင်​ချိန်​ရောက်​လာ​ပြီ။ သင်​တို့ သည်​ရူ​ပါ​ရုံ​မြင်​ရ​တော့​မည်​မ​ဟုတ်။ အ​နာ ဂတ်​ကို​ဟော​နိုင်​သော​အ​စွမ်း​ရှိ​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
MIC 3:7 အ​နာ​ဂတ်​ကို​ဟော​သူ​တို့​သည်​ဟော​ကိန်း မ​မှန်​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဗျာ​ဒိတ်​မ​ခံ ရ​သ​ဖြင့်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။
MIC 3:8 ငါ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ပုန်​ကန်​ကူး​လွန်​သည့်​အ​ပြစ်​များ ကို​ထုတ်​ဖော်​ကြေ​ညာ​ရန် ထာ​ဝ​ရ​ဘု​ရား​၏ ဝိ​ညာဉ်​တော်​အ​ရှိန်​တန်​ခိုး၊ တ​ရား​မျှ​တ​စွာ စီ​ရင်​နိုင်​စွမ်း၊ ရဲ​စွမ်း​သတ္တိ​တို့​နှင့်​ပြည့်​ဝ​၏။-
MIC 3:9 ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​ချုပ်​သူ​အ​ကြီး အ​ကဲ​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​ခြင်း​ကို​မုန်း​၍ အ​မှန်​ကို​အ​မှား​ဖြစ်​စေ​ကြ​၏။-
MIC 3:10 သင်​တို့​သည်​လူ​သတ်​မှု​နှင့်​မ​တ​ရား​မှု တည်း​ဟူ​သော​အုတ်​မြစ်​ပေါ်​တွင် ဘု​ရား​သ​ခင်​၏​မြို့​တော်​ဖြစ်​သော​ယေ​ရု​ရှ​လင် မြို့​ကို​တည်​ဆောက်​ကြ​၏။-
MIC 3:11 မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။
MIC 3:12 သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။
MIC 4:1 နောင်​ကာ​လ​တွင် ဗိ​မာန်​တော်​တည်​ရာ​တောင်​သည် အ​မြင့်​ဆုံး​တောင်​ဖြစ်​လိမ့်​မည်။ ရှိ​သ​မျှ​သော​တောင်​တို့​ထက်​ပို​မို​၍​မြင့်​မား လိမ့်​မည်။ လူ​မျိုး​များ​စွာ​တို့​သည်​ထို​တောင်​သို့​စု​ရုံး ရောက်​ရှိ​လာ​၍၊
MIC 4:2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တည်​ရှိ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏ တောင်​ပေါ်​သို့ တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​လို​တော်​နှင့် အ​ညီ ကျင့်​ကြံ​ပြု​မူ​ရန်​သွန်​သင်​တော်​မူ​မည်။ ကိုယ်​တော်​ညွှန်​ပြ​သော​လမ်း​အ​တိုင်း လျှောက်​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​သ​တည်း'' ဟု​ဆို​ကြ​၏။
MIC 4:3 ရပ်​ဝေး​ရပ်​နီး​မှ​အင်​အား​ကြီး​သော​နိုင်​ငံ များ​၏ အ​ငြင်း​ပွား​မှု​များ​ကို​အ​ဆုံး​အ​ဖြတ်​ပေး တော်​မူ​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​သွား​များ​ကို​ထွန်​သွား အ​ဖြစ်​သို့​လည်း​ကောင်း၊ လှံ​များ​ကို​တံ​စဉ်​များ​အ​ဖြစ်​သို့​ထု​လုပ် ကြ​လိမ့်​မည်။ နိုင်​ငံ​အ​ချင်း​ချင်း​နောက်​တစ်​ဖန်​စစ်​တိုက် ကြ​တော့​မည်​မ​ဟုတ်။ စစ်​တိုက်​ရန်​ပြင်​ဆင်​မှု​ကို​လည်း​နောက်​တစ်​ဖန် ပြု​လုပ်​ကြ​တော့​မည်​မ​ဟုတ်။
MIC 4:4 လူ​တိုင်း​ပင်​မိ​မိ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်၊မိ​မိ​တို့​၏ သ​ဖန်း​ခြံ​ထဲ​၌​မ​ကြောက်​လန့်​ရ​ဘဲ၊ အေး​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​တော်​မူ​သော​က​တိ​တော်​ဖြစ်​သ​တည်း။
MIC 4:5 လူ​မျိုး​အ​သီး​သီး​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား များ​ကို​ကိုး​ကွယ်​နာ​ခံ​ကြ​မည်​ဖြစ်​သော်​လည်း ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ကာ​လ​အ​စဉ်​အ​ဆက်​ကိုး​ကွယ် နာ​ခံ​မည်။
MIC 4:6 ထာ​ဝ​ရ​ဘု​ရား​က``ငါ​ဒဏ်​ခတ်​သူ၊ ပြည်​နှင် ဒဏ်​ခံ​ရ​သူ​တို့​ကို ငါ​ပြန်​လည်​စု​ရုံး​စေ သော​အ​ချိန်​ကား​ကျ​ရောက်​ခါ​နီး​ပြီ။-
MIC 4:7 သူ​တို့​သည်​ခြေ​ဆွံ့​လျက်​နေ​အိမ်​မှ​ရပ်​ဝေး သို့​ရောက်​ရှိ​နေ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မ​သေ​ဘဲ​ကျန်​ကြွင်း​နေ​သေး​သူ​တို့​အား အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ​စေ​မည်။ ငါ​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ​သူ​တို့​အား ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​အ​ဆက်​အုပ် စိုး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
MIC 4:8 ဘု​ရား​သ​ခင်​သည်​လင့်​စင်​မှ​မိ​မိ​၏​လူ​မျိုး တော်​ကို သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက်​တော်​မူ ရာ​ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​နိုင်​ငံ​တော် ၏​မြို့​တော်​ဖြစ်​ခဲ့​ဖူး​သ​ကဲ့​သို့ ယ​ခု​တစ်​ဖန် မြို့​တော်​ဖြစ်​ရ​လိမ့်​မည်။-
MIC 4:9 သင်​သည်​အ​ဘယ်​ကြောင့်​ကျယ်​လောင်​စွာ အော်​ဟစ်​ရ​ပါ​သ​နည်း။ မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​အ​ဘယ်​ကြောင့်​ဝေ​ဒ​နာ​ခံ​နေ​ရ ပါ​သ​နည်း။ သင်​၌​အုပ်​စိုး​မည့်​ရှင်​ဘု​ရင် မ​ရှိ​သော​ကြောင့်​လော၊ သင်​၏​အ​တိုင်​ပင် ခံ​များ​အ​နိစ္စ​ရောက်​ကုန်​ကြ​သော​ကြောင့် လော။-
MIC 4:10 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ယ​ခု​တွင်​သင်​တို့ သည်​မြို့​ကို​စွန့်​၍ ကွင်း​ပြင်​ထဲ​၌​နေ​ထိုင်​ကြ ရ​မည်​ဖြစ်​သော​ကြောင့် မီး​ဖွား​သော​မိန်း​မ ကဲ့​သို့​ကိုယ်​ကို​တွန့်​လိမ်​ညည်း​တွား​လျက်​နေ ကြ​လော့၊ သင်​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​သွား ရ​ကြ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​၌​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​ရန်​သူ​များ​၏​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
MIC 4:11 လူ​မျိုး​များ​စွာ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ရန် စု​ရုံး​ရောက်​ရှိ​လာ​ကြ​ပြီ။ သူ​တို့​က``ယေ​ရု ရှ​လင်​မြို့​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့၊ ငါ​တို့​သည် မြို့​ပျက်​ကို​မြင်​ရ​သ​ဖြင့်​ဝမ်း​သာ​အား​ရ ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-
MIC 4:12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကြံ​တော် မည်​သို့​ရှိ​ကြောင်း​ကို ထို​နိုင်​ငံ​များ​မ​သိ ကြ။ စ​ပါး​ကို​နယ်​ရန်​တ​လင်း​ထဲ​သို့​စု သိမ်း​သ​ကဲ့​သို့ ကိုယ်​တော်​သည်​သူ​တို့​ကို ဒဏ်​ခတ်​ရန်​စု​ဝေး​စေ​ကြောင်း​သူ​တို့ မ​သိ​ကြ။
MIC 4:13 ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ရန်​သူ​များ​ကို​ချေ​မှုန်း​ရန်​ချီ​တက်​ကြ​လော့၊ ငါ​သည်​သင်​တို့​အား​သံ​ဦး​ချို​နှင့်​ကြေး​ဝါ ခွာ​များ​ရှိ​သော နွား​သိုး​ကဲ့​သို့​ခွန်​အား​ပြည့် စေ​မည်။ သင်​တို့​သည်​နိုင်​ငံ​များ​စွာ​ကို​ချေ​မှုန်း နိုင်​သ​ဖြင့်​အ​ဋ္ဌမ္မ​နည်း​ဖြင့် သူ​တို့​ရ​ရှိ​ထား သော​ဥစ္စာ​ဘဏ္ဍာ​များ​ကို​သိမ်း​ယူ​၍ ကမ္ဘာ​ကို အ​စိုး​ရ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။
MIC 5:1 ``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​၏​တပ်​များ ကို​စု​ရုံး​စေ​ကြ​လော့၊ ငါ​တို့​ကို​ရန်​သူ​များ ဝိုင်း​ထား​ကြ​ပြီ။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ပစ်​ရန်​ကြိုး​စား​ကြ​၏။
MIC 5:2 ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဖ​ရတ်​ခ​ရိုင်၊ ဗက်​လင် မြို့၊ သင်​သည်​ယု​ဒ​ပြည်​တွင်​သိမ်​ငယ်​သော မြို့​တစ်​မြို့​ဖြစ်​သော်​လည်း ရှေး​မင်း​ဆက်​ထဲ မှ​ဣ​သ​ရေ​လ​အမျိုး​သား​တို့​ကို​အုပ်​စိုး မည့်​ဘု​ရင်​တစ်​ပါး​ကို​ငါ​ပေါ်​ထွန်း​စေ မည်'' ဟု​မိန့်​တော်​မူ​၏။
MIC 5:3 သို့​ဖြစ်​၍​မိ​ခင်​သား​ဖွား​သည့်​အ​ချိန်​တိုင် အောင် ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​ကို ရန်​သူ​တို့​၏​လက်​တွင်း​၌​စွန့်​ပစ် ထား​တော်​မူ​လိမ့်​မည်။ ထို​နောက်​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် မိ​မိ​တို့​၏​သား​ချင်း တို့​နှင့်​ပြန်​လည်​ပေါင်း​စည်း​ရ​ကြ​လိမ့် မည်။-
MIC 5:4 ထို​ဘု​ရင်​ကြွ​လာ​သော​အ​ခါ​သူ​သည် ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ရ​သော​အ​စွမ်း​သတ္တိ​နှင့် လည်း​ကောင်း၊ သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​တန်​ခိုး​တော်​နှင့်​လည်း​ကောင်း မိ​မိ​၏​လူ​စု​ကို​အုပ်​စိုး​လိမ့်​မည်။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သူ ၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို​ဝန်​ခံ​ကြ သ​ဖြင့် သူ​၏​လူ​မျိုး​တော်​သည်​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-
MIC 5:5 တိုင်း​ပြည်​သည်​လည်း​ငြိမ်း​ချမ်း​သာ​ယာ လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​၏​နိုင်​ငံ ကို​တိုက်​ခိုက်​၍ ငါ​တို့​၏​ခံ​တပ်​များ​ကို​ချိုး ဖောက်​ဝင်​ရောက်​ကြ​သော​အ​ခါ၊ ငါ​တို့​တွင် ခွန်​အား​ကြီး​သော​ခေါင်း​ဆောင်​များ​ကို​စေ လွှတ်​၍ ရန်​သူ​တို့​ကို​ခု​ခံ​တိုက်​ခိုက်​မည်။-
MIC 5:6 သူ​တို့​သည်​လက်​နက်​အင်​အား​ဖြင့်​အာ​ရှု​ရိ ပြည်၊ နိမ်​ရော​ဋ္ဌ​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင် ကြ​လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​များ​က ငါ​တို့​၏​နယ်​မြေ​ကို​ဝင်​ရောက်​တိုက်​ခိုက်​သော အ​ခါ ထို​ခေါင်း​ဆောင်​များ​သည်​ငါ​တို့ အား​ရန်​သူ​၏​လက်​မှ​ကယ်​တင်​လိမ့်​မည်။
MIC 5:7 အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကျ​စေ တော်​မူ​သော​နှင်း​ကဲ့​သို့​နိုင်​ငံ​များ​စွာ​အား လန်း​ဆန်း​စေ​လိမ့်​မည်။ အ​ပင်​များ​ပေါ်​သို့ ရွာ​သွန်း​သော​မိုး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ယင်း တို့​သည်​လူ​တို့​၏​အ​မိန့်​ကို​မ​နာ​ခံ၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို​သာ​နာ​ခံ​ကြ​၏။-
MIC 5:8 တော​သား​ရဲ​များ​ထဲ​သို့​ရောက်​ရှိ​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​အုပ်​ထဲ​သို့​ရောက် ရှိ​နေ​သော​ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း အ​သက် မ​သေ​ဘဲ​ကျန်​ရစ်​ခဲ့​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အ​ခြား​လူ​မျိုး​များ​ထဲ​တွင် ရောက်​ရှိ​နေ​လိမ့်​မည်။ ခြင်္သေ့​သည်​သိုး​အုပ်​ထဲ သို့​ဝင်​၍ သိုး​များ​ကို​အုပ်​ဖမ်း​လျက်​အ​ပိုင်း ပိုင်း​ကိုက်​ဖြတ်​မည်​ဖြစ်​ရာ၊ မည်​သူ​က​မျှ ကယ်​နိုင်​မည်​မ​ဟုတ်။-
MIC 5:9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ များ​ကို တိုက်​ခိုက်​ချေ​မှုန်း​ကြ​လိမ့်​မည်။
MIC 5:10 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​တွင်​ငါ​သည် သင်​တို့​၏​မြင်း​များ​ကို​ဖယ်​ရှား​၍ သင်​တို့​၏ စစ်​ရ​ထား​များ​ကို​ဖျက်​ဆီး​မည်။-
MIC 5:11 ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော​မြို့​များ ကို​ဖျက်​ဆီး​၍ သင်​တို့​၏​ခံ​တပ်​များ​ကို ဖြို​ဖျက်​မည်။-
MIC 5:12 ငါ​သည်​သင်​တို့​ဆောင်​ထား​သော​အင်း​အိုင် လက်​ဖွဲ့​များ​ကို​ဖျက်​ဆီး​သ​ဖြင့် သင်​တို့​တွင် ဗေ​ဒင်​ဟော​သူ​မ​ရှိ​စေ​ရ။-
MIC 5:13 ငါ​သည်​သင်​တို့​ဝတ်​ပြု​သော​ရုပ်​တု​များ​နှင့် ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို​ဖျက်​ဆီး မည်။ နောက်​တစ်​ဖန်​သင်​တို့​သည်​သင်​တို့​လက် ဖြင့်​လုပ်​သော​အ​ရာ​များ​ကို​မ​ကိုး​ကွယ်​ရ။-
MIC 5:14 ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော အာ​ရှ​ရ နတ်​သ​မီး​တံ​ခွန်​တိုင်​များ​နှင့် ရုပ်​တု​များ ကို​ဖျက်​ဆီး​ပစ်​မည်။-
MIC 5:15 ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​သော​အ​ခြား​နိုင်ငံ များ​ကို ပြင်း​စွာ​အ​မျက်​ထွက်​၍​ငါ​ဒဏ် စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။
MIC 6:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​၍​ကိုယ်​တော် ၏​စွပ်​စွဲ​ချက်​ကို​မိန့်​တော်​မူ​ပါ။ ကိုယ်​တော် မိန့်​တော်​မူ​ချက်​ကို​တောင်​နှင့်​တောင်​ကုန်း များ​ကြား​ကြ​ပါ​စေ။
MIC 6:2 ကမ္ဘာ​မြေ​ကြီး​၏​တည်​မြဲ​သော​အ​ခြေ​အ​မြစ် ဖြစ်​သည့်​တောင်​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏ စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့၊ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​စွဲ​ချက်​တင်​ရန်​ရှိ​တော်​မူ​သည်။ ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​အ​မှု​ဆိုင်​ရန်​ရှိ​သည်။
MIC 6:3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​တို့၊ သင်​တို့​ဤ​မျှ​လောက်​ဆိုး​ရွား​လာ​စေ​ရန် သင်​တို့​အား​ငါ​မည်​ကဲ့​သို့​ပြု​လုပ်​ခဲ့​ဖူး သ​နည်း။ ငါ့​အား​ဖြေ​ကြား​လော့။-
MIC 6:4 ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​၏။ ကျွန်​ခံ​ရာ​ဘ​ဝ​မှ​ကယ်​တင်​ခဲ့​၏။ သင် တို့​ကို​ရှေ့​ဆောင်​လမ်း​ပြ​ရန်​မော​ရှေ၊ အာ​ရုန် နှင့်​မိ​ရိ​အံ​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။-
MIC 6:5 ငါ​၏​လူ​မျိုး​တော်​တို့၊ မော​ဘ​ပြည့်​ရှင်​ဗာ​လက် မင်း​က သင်​တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​မည် ကဲ့​သို့​ကြံ​စည်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဗော​ရ ၏​သား​ဗာ​လမ်​က​ဘု​ရင်​အား​မည်​ကဲ့​သို့​ပြန် ပြော​သည်​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့၊ အ​ကေး​ရှား​စ​ခန်း​မှ​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​သော​ခ​ရီး​လမ်း​တွင် တွေ့​ကြုံ​ခဲ့​ရ​သော အ​ဖြစ်​အ​ပျက်​များ​ကို​သ​တိ​ရ​ကြ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မည်​ကဲ့ သို့ ကယ်​တင်​တော်​မူ​ခဲ့​ကြောင်း​သင်​တို့​သိ မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MIC 6:6 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ သော​အ​ခါ ငါ​သည်​မည်​သည့်​ပူ​ဇော်​သကာ​ကို ယူ​ဆောင်​ခဲ့​ရ​ပါ​မည်​နည်း၊ ဆူ​ဖြိုး​သော​နွား က​လေး​ကို​မီး​ရှို့​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ ပါ​မည်​လော၊-
MIC 6:7 ငါ​သည်​သိုး​ထောင်​ပေါင်း​များ​စွာ​ကို​သော် လည်း​ကောင်း၊ သံ​လွင်​ဆီ​ကို​ချောင်း​စီး​အောင် သော်​လည်း​ကောင်း​ယူ​ဆောင်​ခဲ့​လျှင် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​မည်​လော၊ ငါ​၏ အ​ပြစ်​ပြေ​စေ​ရန်​ကိုယ်​တော်​အား ငါ​၏ သား​ဦး​ကို​ဆက်​သ​ရ​မည်​လော၊-
MIC 6:8 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​သော​အ​ရာ​ကို ပြ​တော်​မူ​ပြီ။ ကိုယ်​တော်​အ​လို​ရှိ​တော်​မူ သော​အ​ရာ​ကို​ဖော်​ပြ​တော်​မူ​ခဲ့​ပြီ။ ကိုယ် တော်​အ​လို​ရှိ​သော​အ​ရာ​သည်​ကား​တ​ရား မျှ​တ​စွာ​ပြု​ကျင့်​ခြင်း၊ မေတ္တာ​က​ရု​ဏာ​ထား ရှိ​ခြင်း၊ စိတ်​နှိမ့်​ချ​စွာ​သင်​၏​ဘု​ရား​သ​ခင် နှင့်​အ​တူ​သွား​လာ​နေ​ထိုင်​ခြင်း​တို့​ဖြစ် သ​တည်း။
MIC 6:9 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​သည် ပညာ​ရှိ​၏။ ကိုယ်​တော်​သည်​မြို့​ကို​ဤ​သို့​ဆင့် ဆို​တော်​မူ​၏။ ``မြို့​ထဲ​ရှိ​လူ​ပ​ရိ​သတ် အ​ပေါင်း​တို့၊ နာ​ခံ​ကြ​လော့၊-
MIC 6:10 ဆိုး​သွမ်း​သော​သူ​တို့​၏​အိမ်​များ​တွင်​မ​တ ရား​သ​ဖြင့် ရ​ရှိ​ထား​သော​ဥစ္စာ​ပစ္စည်း​များ ရှိ​၏။ သူ​တို့​သည်​မ​မှန်​ကန်​သည့်​အ​ခြင် အ​တွယ်​တို့​ကို​သုံး​ကြ​၏။ ထို​မ​မှန်​ကန် သည့်​အ​ခြင်​အ​တွယ်​တို့​ကို​ငါ​ရွံ​ရှာ​၏။-
MIC 6:11 မ​မှန်​ကန်​သော​အ​လေး​ချိန်​ခွင်​ကို​သုံး​စွဲ သူ​တို့​အား ငါ​သည်​မည်​ကဲ့​သို့​အ​ပြစ်​လွှတ် နိုင်​မည်​နည်း။-
MIC 6:12 ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သူ​တို့​သည်​ဆင်း​ရဲ​သား တို့​အ​ပေါ်​တွင်​ခေါင်း​ပုံ​ဖြတ်​ကြ​၏။ သင်​တို့ အ​ပေါင်း​သည်​လူ​လိမ်​များ​ဖြစ်​ကြ​၏။-
MIC 6:13 သို့​ဖြစ်​၍​သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​များ ကြောင့် ငါ​သည်​ယ​ခု​သင်​တို့​အား​ဒဏ်​ခတ်​၍ ပျက်​သုဉ်း​စေ​မည်။ လိမ်​လည်​သော​စ​ကား​ကို ပြော​ဆို​ကြ​၏။-
MIC 6:14 သင်​တို့​သည်​အ​စား​အ​စာ​ကို​စား​သော်​လည်း တင်း​တိမ်​မှု​မ​ရှိ။ ဆာ​လောင်​မြဲ​ဆာ​လောင်​လျက် ရှိ​နေ​မည်။ သင်​တို့​ရ​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​စု​ဆောင်း​ထား​နိုင်​လိမ့်​မည်​မ​ဟုတ်။ စု​ဆောင်း​ထား​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​သည်​စစ်​ဘေး​ဒဏ်​ဖြင့်​ဖျက်​ဆီး​ပစ်​မည်။-
MIC 6:15 သင်​တို့​သည်​ကောက်​ပဲ​သီး​နှံ​ကို​စိုက်​ပျိုး​သော် လည်း အ​သီး​အ​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ သင်​တို့ သည်​သံ​လွင်​ဆီ​ကြိတ်​သော်​လည်း​ဆီ​ကို​မ သုံး​ရ။ စ​ပျစ်​သီး​ကို​နယ်​သော်​လည်း​စ​ပျစ် ရည်​ကို​မ​သောက်​ရ။-
MIC 6:16 သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''
MIC 7:1 မျှော်​လင့်​ချက်​ကုန်​ပြီ၊ ငါ​သည်​ဆာ​လောင် သ​ဖြင့် အ​ပင်​မှ​အ​သီး​ကို​သော်​လည်း​ကောင်း၊ စ​ပျစ်​နွယ်​မှ​စ​ပျစ်​သီး​ကို​သော်​လည်း​ကောင်း ရှာ​သော်​လည်း တစ်​လုံး​ကို​မျှ​မ​တွေ့​ရ​သော သူ​ကဲ့​သို့​ဖြစ်​၏။ စ​ပျစ်​သီး​ရှိ​သ​မျှ​နှင့်​စား ချင်​ဖွယ်​ကောင်း​သော​သ​ဖန်း​သီး​ရှိ​သ​မျှ ကို​ဆွတ်​ခူး​သွား​ကြ​ပြီ။-
MIC 7:2 တိုင်း​ပြည်​ထဲ​တွင်​ရိုး​သား​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သိ​ရို​သေ​သော သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​တော့​ချေ။ လူ့ အ​သက်​ကို​သတ်​ရန်​အ​ခွင့်​ကောင်း​ကို​လူ​တိုင်း စောင့်​လျက်​နေ​ကြ​၏။ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ကျော့​ကွင်း​ထောင်​၍ ဖမ်း​တတ်​ကြ​၏။-
MIC 7:3 သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-
MIC 7:4 အ​တော်​ဖြောင့်​ဆုံး​ဟု​ဆို​ရ​သော​သူ​များ ပင်​လျှင် ပေါင်း​ပင်​ကဲ့​သို့​အ​သုံး​မ​ကျ​ချေ။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ကင်း​စောင့် သ​ဖွယ်​ဖြစ်​သော ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သ​တိ​ပေး​သည့်​အ​တိုင်း လူ​များ​ကို​ဒဏ်​ခတ် မည့်​အ​ချိန်​ရောက်​လာ​ပြီ။ သူ​တို့​သည်​ယ​ခု အ​ခါ​က​ယောင်​ချောက်​ချား​ဖြစ်​လျက်​ရှိ ကြ​၏။-
MIC 7:5 သင်​တို့​၏​အိမ်​နီး​နား​ချင်း​ကို​သော်​လည်း ကောင်း၊ မိတ်​ဆွေ​ကို​သော်​လည်း​ကောင်း​မ​ယုံ ကြ​နှင့်။ သင်​၏​ဇ​နီး​ကို​ပင်​သ​တိ​နှင့် စကား​ပြော​လော့။-
MIC 7:6 ထို​အ​ချိန်​ကာ​လ​တွင်​သား​များ​က မိ​မိ​တို့ ၏​ဖ​ခင်​များ​၏​အ​သ​ရေ​ကို​ရှုတ်​ချ​လိမ့်​မည်။ သ​မီး​များ​က​မိ​ခင်​များ​အား​ဆန့်​ကျင်​ဘက် ပြု​မည်။ ချွေး​မ​များ​က​ယောက္ခ​မ​ကို​ရန်​ဘက် ပြု​မည်။ အိမ်​သား​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏​မိ​သား​စု​ထဲ​မှ​ဖြစ်​လိမ့်​မည်။
MIC 7:7 ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော် နေ​မည်။ ငါ့​ကို​ကယ်​တင်​မည့်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​စိတ်​ချ​စွာ​စောင့်​နေ​မည်။ ငါ ၏​ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။
MIC 7:8 ငါ​တို့​၏​ရန်​သူ​တို့၊ ငါ​တို့​၏​အ​ပြစ်​အ​ခြေ အ​နေ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​မ​ဖြစ်​ကြ နှင့်။ ငါ​တို့​လဲ​ကျ​သော်​လည်း​နောက်​တစ်​ဖန် ထ​ဦး​မည်။ ယ​ခု​အ​ခါ​ငါ​တို့​သည်​အ​မှောင် ထဲ​၌​နေ​ထိုင်​ရ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အ​ပေါ်​သို့​အ​လင်း​ရောင်​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-
MIC 7:9 ငါ​တို့​သည်​အပြစ်​ကူး​လွန်​ခဲ့​သော​ကြောင့် အ​ခိုက်​အ​တန့်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သို့ ရာ​တွင်​နောက်​ဆုံး​၌​ကိုယ်​တော်​သည် ငါ​တို့ အ​မှု​ကို​လျှောက်​လဲ​၍​တ​ရား​မျှ​တ​စွာ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​ငါ​တို့​အား​အ​လင်း​ထဲ​သို့​ထုတ်​ဆောင် တော်​မူ​လိမ့်​မည်။ ငါ​တို့​အား​ကိုယ်​တော် ကယ်​တင်​တော်​မူ​ခြင်း​ကို​ငါ​တို့​ဒိ​ဌ မြင်​ရ​လိမ့်​မည်။-
MIC 7:10 ထို​အ​ခါ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟူ​၍​ပြောင် လှောင်​ကာ​မေး​မြန်း​ကြ​သော​ငါ​တို့​၏​ရန်​သူ များ​သည် ဤ​အ​မှု​ကို​မြင်​၍​အ​ရှက်​ကွဲ ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့် သ​ဖြင့်​လမ်း​ပေါ်​မှ​ရွှံ့​သ​ဖွယ်​နင်း​ချေ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​တို့​မြင်​ရ​လိမ့် မည်။
MIC 7:11 ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ မြို့​ရိုး​များ​ကို အ​သစ်​ပြန်​၍​တည်​ဆောက်​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။ ထို​အ​ခါ​၌​သင်​တို့​၏​နယ် မြေ​ကျယ်​ပြန့်​လာ​မည်။-
MIC 7:12 သင်​တို့​၏​လူ​မျိုး​တော်​သည်​အ​ရှေ့​ဘက် အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း၊ တောင်​ဘက် အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ် ဝှမ်း​ဒေ​သ​မှ​လည်း​ကောင်း၊ ဝေး​လံ​သော ပင်​လယ်​များ​နှင့်​တောင်​များ​မှ​လည်း​ကောင်း သင်​တို့​ထံ​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-
MIC 7:13 သို့​ရာ​တွင်​ထို​ပြည်​သူ​ပြည်​သား​တို့​၏ အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် သူ​တို့​နေ​ထိုင်​ရာ အ​ရပ်​များ​သည်​ပျက်​သုဉ်း​ရ​ကြ​လိမ့်​မည်။
MIC 7:14 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရွေး​ကောက်​သော လူ​မျိုး​တော်​အား​သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက် တော်​မူ​ပါ။ သူ​တို့​အား​ရှေး​အ​ခါ​က​မြက်​ပေါ များ​ရာ ဗာ​ရှန်​ပြည်​နှင့်​ဂိ​လဒ်​ပြည်​များ​တွင် ကျက်​စား​စေ​သ​ကဲ့​သို့​ယ​ခု​လည်း​ပြည် တော်​တွင်​နေ​ထိုင်​စေ​တော်​မူ​ပါ။
MIC 7:15 အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​စဉ်​က ကိုယ်​တော်​ပြ​ခဲ့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခဏာ​များ​ကို​ပြ​တော်​မူ​ပါ။-
MIC 7:16 နိုင်​ငံ​တ​ကာ​တို့​သည်​အင်​အား​ကြီး​သော် လည်း ထို​အ​မှု​အ​ရာ​များ​ကို​မြင်​၍​ကြောက် ရွံ့​ထိတ်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့​၏​ပါး​စပ် နှင့်​နား​များ​ကို​ပိတ်​ထား​ကြ​လိမ့်​မည်။-
MIC 7:17 သူ​တို့​သည်​မြွေ​ကဲ့​သို့​ဖုတ်​ထဲ​တွင်​တွား​သွား ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ခံ​တပ် များ​ထဲ​မှ​ကြောက်​ရွံ့​တုန်​လှုပ်​စွာ​ထွက်​လာ​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ကြ​လိမ့်​မည်။
MIC 7:18 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​နှိုင်း​ယှဉ် အပ်​သော​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော် သည်​အ​သက်​ရှင်​ကျန်​ရစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​၏​ပုန်​ကန်​သည့်​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​စဉ် အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ​ပါ။ ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​မေတ္တာ​က​ရု​ဏာ​ထား တော်​မူ​ပါ​၏။-
MIC 7:19 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​ဦး​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​နင်း​ချေ​၍ ပင်​လယ်​အောက်​သို့​ပစ်​ချ​တော်​မူ​မည်။-
MIC 7:20 ကိုယ်​တော်​သည်​ရှေး​အ​ခါ​က​အ​ကျွန်ုပ်​တို့ ၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​ရှိ​ခဲ့​သည့် အ​တိုင်း​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​၏​အ ဆက်​အ​နွယ်​များ​ဖြစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​အား​သစ္စာ​တော်၊ က​ရု​ဏာ​တော် နှင့်​အ​ညီ​ကျေး​ဇူး​ပြု​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
NAH 1:1 ဤ​အ​ကြောင်း​အ​ရာ​သည်​နိ​နေ​ဝေ​မြို့​နှင့် ပတ်​သက်​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၍ ဧ​လ ကော​ရှ​ရွာ​သား​နာ​ဟုံ​တွေ့​မြင်​ရ​သည့် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ပင်​ဖြစ်​ပေ သည်။
NAH 1:2 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အား အံ​တု​ဖက်​ပြိုင်​သူ​တို့​ကို​သည်း​ခံ​တော်​မ​မူ။ ကိုယ်​တော်​သည်​အ​တိုက်​အ​ခံ​ပြု​သူ​များ​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ အ​မျက်​တော်​ထွက်​၍​သူ​တို့​အား လက်​စား​ချေ​တော်​မူ​၏။
NAH 1:3 ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွယ်​တ​ကူ အ​မျက်​ထွက်​တော်​မ​မူ​တတ်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​တန်​ခိုး​ကြီး တော်​မူ​၍၊ အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ အ​ဘယ်​အ​ခါ​၌​မျှ​ထား​တော်​မ​မူ​ပါ။ ကိုယ်​တော်​လျှောက်​သွား​ရာ​အ​ရပ်​တို့​၌ လေ​မုန်​တိုင်း​များ​ကျ​ရောက်​တတ်​၏။ မိုး​တိမ်​များ​ကား​ကိုယ်​တော်​၏​ရွှေ​စက်​တော် အောက်​မှ ထ​သည့်​မြေ​မှုန့်​များ​ပင်​တည်း။
NAH 1:4 ကိုယ်​တော်​သည်​ပင်​လယ်​ကို​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ​ပင်​လယ်​ရေ​သည်​ခန်း​ခြောက်​၍ သွား​၏။ ကိုယ်​တော်​သည်​မြစ်​တို့​ကို​လည်း ရေ​ကုန်​ခန်း​စေ​တော်​မူ​၏။ ဗာ​ရှန်​တောင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကာ က​ရ​မေ​လ​တောင်​သည်​အ​ညို​ရောင်​သန်း​၍ သွား​၏။ လေ​ဗ​နုန်​တောင်​မှ​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​ကြ​ကုန်​၏။
NAH 1:5 ကိုယ်​တော်​၏​ရှေ့​၌​တောင်​ကြီး​များ​သည် တုန်​လှုပ်​ကြ​လျက်၊ တောင်​ငယ်​များ​သည်​အ​ရည်​ပျော်​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​သော​အ​ခါ မြေ​င​လျင်​လှုပ်​၍၊ ကမ္ဘာ​လော​က​နှင့်​တ​ကွ​ကမ္ဘာ​သူ​ကမ္ဘာ​သား အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။
NAH 1:6 ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။
NAH 1:7 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍၊ မိ​မိ​၏​လူ​မျိုး​တော်​ဒုက္ခ​ရောက်​ချိန်​၌​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ အ​ထံ​တော်​တွင်​ခို​လှုံ​သူ​တို့​အား​ကြည့်​ရှု ပြု​စု​တော်​မူ​၏။
NAH 1:8 ကိုယ်​တော်​သည်​အ​ရှိန်​ပြင်း​စွာ​လွှမ်း​မိုး​သည့် မြစ်​ရေ​ကဲ့​သို့​ရန်​သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​၏။ မိ​မိ​ကို​အ​တိုက်​အ​ခံ​ပြု​သူ​တို့​အား သေ​ရွာ​သို့ ပို့​ဆောင်​တော်​မူ​၏။
NAH 1:9 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆန့်​ကျင်​၍ အ​ဘယ်​အ​မှု​ကို​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း။ ကိုယ်​တော်​သည်​သင့်​ကို​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​တစ်​ကြိမ်​ထက်​ပို​၍ အ​တိုက်​အ​ခံ​မ​ပြု​နိုင်။
NAH 1:10 သင်​သည်​ဆူး​ချုံ​မြက်​ခြောက်​သ​ဖွယ် မီး​လောင်​ကျွမ်း​သွား​လိမ့်​မည်။
NAH 1:11 အို နိ​နေ​ဝေ​မြို့၊ စီ​မံ​ကိန်း​အ​မျိုး​မျိုး​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား မ​ကောင်း​ကြံ​စည်​သူ​လူ​တစ်​ယောက် သည်​သင့်​အ​ထဲ​က​ထွက်​ပေါ်​လာ​လေ​ပြီ။-
NAH 1:12 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``အာ​ရှု​ရိ အ​မျိုး​သား​တို့​သည်​ခွန်​အား​ကြီး​၍​အ​ရေ အ​တွက်​အား​ဖြင့်​များ​သော်​လည်း သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​လျက်​ကွယ်​ပျောက် သွား​ကြ​လိမ့်​မည်။ အို ငါ​၏​လူ​မျိုး​တော်၊ ငါ သည်​သင်​တို့​အား​ဒုက္ခ​ရောက်​စေ​ခဲ့​ဖူး​သော် လည်း​နောက်​တစ်​ဖန်​ထို​သို့​ပြု​တော့​မည် မ​ဟုတ်။-
NAH 1:13 သင်​တို့​အား​အာ​ရှု​ရိ​ပြည်​၏​လက်​အောက်​မှ လွတ်​မြောက်​စေ​မည်။ သင်​တို့​ကို​ချည်​နှောင် ထား​သည့်​သံ​ကြိုး​များ​ကို​ဖြတ်​တောက် ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
NAH 1:14 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​အ​မျိုး​သား တို့​နှင့်​ပတ်​သက်​၍``လူ​တို့​သည်​ထို​သူ​တို့​ကို မေ့​ပျောက်​၍​သွား​လိမ့်​မည်။ သူ​တို့​၏​ဗိ​မာန် တော်​များ​ရှိ​ရုပ်​တု​တို့​ကို ငါ​သုတ်​သင်​ဖျက် ဆီး​မည်။ ငါ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​တို့ အ​တွက်​သင်္ချိုင်း​ကို​ပြင်​ဆင်​မည်။ သူ​တို့​သည် အ​သက်​ရှင်​ထိုက်​သူ​များ​မ​ဟုတ်'' ဟု​အ​မိန့် စီ​ရင်​ချက်​ချ​တော်​မူ​၏။
NAH 1:15 ကြည့်​လော့၊ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ သူ​စေ​တ​မန်​သည်​တောင်​များ​ကို​ကျော်​ဖြတ် လျက်​နေ​၏။ သူ​သည်​အောင်​ပွဲ​ခံ​ရ​သည့်​သ​တင်း ကို​ကြေ​ညာ​ရန်​လာ​လျက်​ရှိ​ပေ​သည်။ အို ယု​ဒ ပြည်​သား​တို့​သင်​တို့​၏​ဋ္ဌမ္မ​ပွဲ​သ​ဘင်​များ ကို​ကျင်း​ပ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​ကပ်​ပေး​လှူ​ကြ​လော့။ သူ​ယုတ် မာ​များ​သည်​သင်​တို့​ပြည်​သို့​နောက်​တစ်​ဖန် ချင်း​နင်း​ဝင်​ရောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့​သည်​လုံး​ဝ​ဆုံး​ပါး​ပျက်​စီး​သွား ကြ​လေ​ကုန်​ပြီ။
NAH 2:1 အို နိ​နေ​ဝေ​မြို့၊ရန်​သူ​သည်​သင့်​ကို​တိုက်​ခိုက် လျက်​ရှိ​၏။ သင်​တို့​ချေ​မှုန်း​ပစ်​မည့်​သူ​သည်​ရောက်​ရှိ​လာ လေ​ပြီ။ သင်​၏​ခံ​တပ်​များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​လော့။ လမ်း​တွင်​အ​စောင့်​ချ​ထား​လော့။ တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​ဆင်​လော့။
NAH 2:2 (ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား ရန်​သူ​များ​လု​ယက်​တိုက်​ခိုက်​မှု​မ​ပြု​မီ အ​ခါ​က အ​ခြေ​အ​နေ​သို့​ပြန်​လည်​ရောက် ရှိ​စေ​တော်​မူ​တော့​အံ့။)
NAH 2:3 ရန်​သူ​စစ်​သူ​ရဲ​တို့​သည်​ဒိုင်း​လွှား​နီ​များ ကို​ကိုင်​ဆောင်​ကာ ဆင်​တူ​ဝတ်​စုံ​နီ​များ​ကို​ဝတ်​ဆင်​ထား​ကြ​၏။ သူ​တို့​သည်​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​ဆင်​လျက် ရှိ​ကြ​၏။ သူ​တို့​၏​စစ်​မြင်း​ရ​ထား​များ​သည်​မီး​လျှံ သ​ဖွယ် တောက်​ပ​လျက်၊ သူ​တို့​၏​မြင်း​များ​သည်​ခုန်​ပေါက်​၍​နေ​ကြ​၏။
NAH 2:4 စစ်​မြင်း​ရ​ထား​တို့​သည်​လမ်း​များ​တွင်​အ​ပြင်း နှင်​ကာ၊ လူ​ထု​စု​ဝေး​ရာ​ကွက်​လပ်​များ​တွင် အ​စုံ​အ​ဆန်​ပြေး​ကြ​ကုန်​၏။ ယင်း​တို့​သည်​မီး​ရှူး​တိုင်​များ​သ​ဖွယ် တောက်​ပ​လျက်၊ လျှပ်​စစ်​ပြက်​သ​ကဲ့​သို့​လျင်​မြန်​ကြ​၏။
NAH 2:5 တပ်​မှူး​တို့​ကို​ဆင့်​ခေါ်​လိုက်​သော​အ​ခါ သူ​တို့​သည်​ခ​လုတ်​တိုက်​၍​ပြို​လဲ​မ​တတ် ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ ထိုး​စစ်​ဆင်​သူ​တို့​သည်​မြို့​ရိုး​ရှိ​ရာ​သို့ အ​လျင်​အမြန် ပြေး​လာ​ပြီး​လျှင်၊ဒိုင်း​လွှား​များ​ဖြင့် အ​ကွယ်​အ​ကာ​ယူ​ကာ​ခံ​တပ်​ဖြို​သော တင်း​ပုတ်​ကြီး​များ​ကို​တပ်​ဆင်​ကြ​၏။
NAH 2:6 မြစ်​အ​နီး​ရှိ​မြို့​တံ​ခါး​များ​သည်​ရုတ်​တ​ရက် ပွင့်​ထွက်​လာ​လေ​ပြီ။ နန်း​တော်​တွင်​လည်း​ကြောက်​စိတ်​လွှမ်း​လျက် နေ​တော့​၏။
NAH 2:7 မိ​ဖု​ရား​သည်​အ​ဖမ်း​ခံ​ပြီး​ဖြစ်​၍ ရံ​ရွေ​တော်​တို့​သည်​ချိုး​ငှက်​များ​ကဲ့​သို့ ညည်း​တွား​ငို​ယို​ကြ​ကုန်​၏။ သူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့်​မိ​မိ​တို့ ရင်​ဘတ်​များ​ကို​တီး​ကြ​၏။
NAH 2:8 တာ​ကျိုး​မှ​စီး​ထွက်​သည့်​ရေ​ကဲ့​သို့​လူ​တို့​သည် နိ​နေ​ဝေ​မြို့​မှ​တစ်​ဟုန်​တည်း​ထွက်​ပြေး​ကြ​၏။ သူ​တို့​အား`ရပ်​တန့်​လော့၊ရပ်​တန့်​လော့' ဟု ဟစ်​အော်​ပြော​ဆို​ပါ​သော်​လည်း၊အ​ဘယ်​သူ​မျှ လှည့်​၍​မ​ကြည့်​ကြ။
NAH 2:9 ငွေ​တို့​ကို​လု​ယူ​ကြ​လော့။ ရွှေ​တို့​ကို​လု​ယူ ကြ​လော့။ ဤ​မြို့​သည်​ဥစ္စာ​ရ​တ​နာ​ပေါ​များ​ကြွယ်​ဝ သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။
NAH 2:10 နိ​နေ​ဝေ​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။ လူ​သူ​မ​ရှိ။ ဆိတ်​ညံ​ရာ​ဖြစ်​လျက်​နေ​၏။ လူ​တို့​သည်​အ​လွန်​ကြောက်​လန့်​သ​ဖြင့်​နှ​လုံး ခုန်​ရပ်​လု​နီး၊ ဒူး​များ​တုန်​လျက်​အား​အင်​ကုန်​ခန်း​၍​သွား​ကြ​၏။ သူ​တို့​၏​မျက်​နှာ​တွင်​လည်း​သွေး​မ​ရှိ​တော့။
NAH 2:11 ခြင်္သေ့​များ​ခို​အောင်း​ရာ​သား​ရဲ​တွင်း၊ခြင်္သေ့​ငယ် များ​ကို အ​စာ​ကျွေး​ရာ၊ ခြင်္သေ့​ကြီး​ငယ်​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ​လာ ရောက်​ခို​လှုံ​ရာ အ​ရပ်​နှင့်​တူ​သော​မြို့​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။
NAH 2:12 ခြင်္သေ့​သည်​သား​ကောင်​ကို​သတ်​ပြီး​လျှင်၊ ခြင်္သေ့​မ​နှင့် သား​ငယ်​တို့​အ​တွက် အ​ပိုင်း​ပိုင်း​အ​စ​စ​ဖြစ်​အောင်​ကိုက်​ဖြတ်​ကာ၊ ထို​အ​သား​စ​များ​ဖြင့်​မိ​မိ​သား​ရဲ​တွင်း​ကို ပြည့်​စေ​တတ်​၏။
NAH 2:13 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည် သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​ရ​ထား​များ​ကို​ငါ မီး​ရှို့​ပစ်​မည်။ သင်​၏​စစ်​သည်​တပ်​သား​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တစ်​ပါး တို့​ထံ​မှ သင်​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း မှန်​သ​မျှ​ကို​ငါ​ဖယ်​ရှား​မည်။ သင်​၏​သံ​တ​မန် တို့​၏​တောင်း​ဆို​သံ​များ​ကို​ကြား​ကြ​ရ တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
NAH 3:1 တိုက်​ခိုက်​လု​ယူ​ခံ​ရန်​ကြွယ်​ဝ များ​ပြား​နေ​သည့်​မြို့၊ လှည့်​စား​တတ်​သူ​လူ​သတ်​သ​မား​မြို့​သည် အ​မင်္ဂ​လာ​ရှိ​၏။
NAH 3:2 နှင်​တန်​ရိုက်​သံ၊ရ​ထား​ဘီး​လှိမ့်​သံ၊မြင်း​ခွာ​သံ၊ စစ်​မြင်း​ရ​ထား​ဆောင့်​သံ​ကို​နား​ထောင်​လော့။
NAH 3:3 မြင်း​စီး​သူ​ရဲ​တို့​သည်​တစ်​ဟုန်​တည်း​တိုက်​ခိုက်​ကြ​ရာ၊ သူ​တို့​၏​ဋ္ဌား​များ​လှံ​များ​သည်​ဝင်း​က​နဲ​လက်​က​နဲ ဖြစ်​၍​နေ​တော့​၏။ မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့် လူ​သေ​အ​လောင်း​တို့​သည်​စု​ပုံ​၍​နေ​၏။ လူ​တို့​သည်​လည်း​ထို​အ​လောင်း​ကောင်​များ​ကို တိုက်​မိ​၍​လဲ​ကြ​၏။
NAH 3:4 နိ​နေ​ဝေ​မြို့​တည်း​ဟူ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ပြစ်​ဒဏ်​ခံ​ရ​လေ​ပြီ။ သူ​သည်​လူ​တို့​၏​စိတ်​ကို​ယို​ဖိတ်​စေ​လောက်​အောင် ချော​မော​လှ​သ​ဖြင့်၊လူ​မျိုး​တ​ကာ​၏​စိတ်​ကို ဆွဲ​ဆောင်​ကာ ဖြား​ယောင်း​သွေး​ဆောင်​ခဲ့​ပေ​သည်။
NAH 3:5 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က ``အို နိ​နေ​ဝေ​မြို့​ငါ​သည်​သင့်​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စေ​၍၊လူ​မျိုး​တ​ကာ တို့​အား ရှု​ကြည့်​ခွင့်​ပေး​မည်။ သင်​အ​ရှက်​ကွဲ​သည်​ကို​နိုင်​ငံ​များ တွေ့​မြင်​ရ​ကြ​လိမ့်​မည်။
NAH 3:6 ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​မှု​နှင့်​သင့်​ကို​ဆက်​ဆံ​၍ အ​ညစ်​အ​ကြေး​များ​ဖြင့်​ဖုံး​အုပ်​မည်။ လူ​တို့​သည်​သင့်​အား​အော့​နှ​လုံး​နာ​လျက် ငေး​၍​ကြည့်​ကြ​လိမ့်​မည်။
NAH 3:7 သင့်​ကို​မြင်​သူ​အ​ပေါင်း​တို့​သည်​နောက်​သို့ တွန့်​ဆုတ်​သွား​လိမ့်​မည်။ သူ​တို့​က``နိ​နေ​ဝေ​မြို့​သည်​ယို​ယွင်း ပျက်​စီး​လျက်​နေ​လေ​ပြီ။ ထို​မြို့​အား​အ​ဘယ်​သူ​က​က​ရု​ဏာ​သက် ပါ​လိမ့်​မည်​နည်း။ အ​ဘယ်​သူ​သည်​နှစ်​သိမ့်​မှု​ကို​ပေး​လို ပါ​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။
NAH 3:8 အို နိ​နေ​ဝေ​မြို့၊ သင်​သည်​အီ​ဂျစ်​ပြည်​၏​မြို့ တော်​သီ​ဘီ​မြို့​ထက်​သာ​လွန်​ကောင်း​မွန်​ပါ သ​လော။ ထို​မြို့​တွင်​လည်း​မြို့​ရိုး​သ​ဖွယ်​ကာ ကွယ်​မှု​ကို​ပေး​သည့်​မြစ်​တစ်​ခု​ရှိ​ပေ​သည်။ နိုင်း​မြစ်​ကား​ထို​မြို့​၏​ကွယ်​ကာ​ရာ​ပင်​တည်း။-
NAH 3:9 သီ​ဘီ​မြို့​သည်​ဆူ​ဒန်​နှင့်​အီ​ဂျစ်​ကို​အုပ်​စိုး​သည်။ တိုင်း​မ​သိ​သော​တန်​ခိုး​အာ​ဏာ​နှင့်​ပြည့်​စုံ​ပေ သည်။ လိ​ဗု​ပြည်​သည်​အီ​ဂျစ်​ပြည်​၏​မ​ဟာ မိတ်​ဖြစ်​သော်​လည်း၊-
NAH 3:10 သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။
NAH 3:11 အို နိ​နေ​ဝေ​မြို့၊ သင်​သည်​မူး​ယစ်​ထုံ​ထိုင်း လျက်​ရန်​သူ​များ​၏​လက်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​လိမ့်​မည်။-
NAH 3:12 သင်​၏​ခံ​တပ်​မှန်​သ​မျှ​သည်​အ​သီး​မှည့်​များ ရှိ​သည့်​သ​ဖန်း​ပင်​များ​နှင့်​တူ​၍ အ​ပင်​ကို လှုပ်​လိုက်​လျှင်​စား​ချင်​သူ​၏​ခံ​တွင်း​သို့ အ​သီး​များ​ကျ​လာ​လိမ့်​မည်။-
NAH 3:13 သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။-
NAH 3:14 မြို့​ကို​အ​ဝိုင်း​ခံ​နိုင်​ရန်​ရေ​များ​ကို​ခပ်​ထား​လော့။ ခံ​တပ်​များ​ကို​အား​ဖြည့်​ထား​ကြ​လော့။ အုတ်​ဖုတ် ရန်​ရွှံ့​စေး​ကို​နင်း​နယ်​၍​အုတ်​သွန်း​ပုံ​များ​ကို အ​သင့်​ပြု​လုပ်​လော့။-
NAH 3:15 သင်​သည်​အ​ဘယ်​သို့​ပင်​ပြု​သော်​လည်း​မီး​သင့် လောင်​ပြီး​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​သေ​လိမ့်​မည်။ ကျိုင်း​ကောင်​များ​ကိုက်​ဖျက်​လိုက်​သည့်​အ​သီး အ​နှံ​များ​ကဲ့​သို့​သင်​သည်​အ​စ​တုန်း​၍​သွား လိမ့်​မည်။ သင်​သည်​ကျိုင်း​ကောင်​များ​ကဲ့​သို့​လူ​ဦး​ရေ တိုး​ပွား​စေ​ခဲ့​၏။-
NAH 3:16 မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​ထက်​ပင်​ပို မို​များ​ပြား​သည့်​ကုန်​သည်​များ​ကို​မွေး​ထုတ် ပေး​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ​တို့​အ​တောင်​ကို​ဖြန့် ၍​ပျံ​သွား​သော​ကျိုင်း​ကောင်​များ​ကဲ့​သို့ ထို သူ​တို့​သည်​ထွက်​သွား​ကြ​လေ​ပြီ။-
NAH 3:17 သင်​၏​အ​စောင့်​များ​နှင့်​မှူး​မတ်​များ​သည်​ချမ်း ဧ​ချိန်​ညဥ့်​အ​ခါ​နံ​ရံ​များ​တွင်​နား​နေ​ပြီး လျှင် နေ​ထွက်​သည်​နှင့်​ပျံ​ထွက်​သွား​သ​ဖြင့် အ​ဘယ်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ​ရ သည့်​ကျိုင်း​ကောင်​အုပ်​နှင့်​တူ​ကြ​၏။
NAH 3:18 အို အာ​ရှု​ရိ​ဘု​ရင်​သင်​၏​ဘု​ရင်​ခံ​များ​သည် အိပ်​ငိုက်​ကြ​လေ​ပြီ။ သင်​၏​မှူး​မတ်​များ​သည် လည်း​ထာ​ဝ​ရ​အိပ်​ပျော်​လျက်​နေ​ကုန်​၏။ သင် ၏​ပြည်​သူ​တို့​သည်​တောင်​များ​ပေါ်​တွင်​ကွဲ လွင့်​လျက်​ရှိ​ရာ​သူ​တို့​အား​မိ​မိ​တို့​ပြည် သို့​တစ်​ဖန်​ပြန်​လည်​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။-
NAH 3:19 သင်​၏​အ​နာ​များ​အ​တွက်​ဆေး​မ​ရှိ။ သင် ၏​ဒဏ်​ရာ​များ​ကို​လည်း​ပျောက်​ကင်း​အောင် ကု​သ​၍​မ​ရ​နိုင်။ သင်​ဆုံး​ပါး​ပျက်​စီး သည့်​သ​တင်း​ကို​ကြား​သိ​ကြ​သူ​အ​ပေါင်း တို့​သည်​ဝမ်း​မြောက်​ဝမ်း​သာ​လက်​ခုပ်​တီး ကြ​၏။ အ​ဘယ်​သူ​မျှ​သင်​၏​အ​တိုင်း​မ​သိ ရက်​စက်​ကြမ်း​ကြုတ်​မှု​နှင့်​ကင်း​လွတ်​ခဲ့​သည် ဟူ​၍​မ​ရှိ။ ပ​ရော​ဖက်​နာ​ဟုံ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
HAB 1:1 ဤ​သ​တင်း​စ​ကား​သည်​ပ​ရော​ဖက်​ဟ​ဗက္ကုတ်​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​ပေ​သည်။
HAB 1:2 ကျွန်​တော်​မျိုး​အား​အ​ကြမ်း​ဖက်​ခံ​ရ​မှု​မှ​ကယ်​တော်​မူ​သည့်​တိုင်​အောင် ကိုယ်​တော်​ရှင်​မ​ကြား​မ​ချင်း``ကူ​မ​တော်​မူ​ပါ'' ဟု​အ​ဘယ်​မျှ​ကြာ​အောင်​ဟစ်​အော်​တောင်း​လျှောက်​ရ​ပါ​မည်​နည်း။-
HAB 1:3 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား ဤ​သို့​သော​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဆိုး​ညစ်​မှု​ကို​ကြုံ​တွေ့​စေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​သည်​အ​ကြမ်း​ဖက်​မှု၊ လု​ယက်​ဖျက်​ဆီး​မှု​တို့​နှင့်​ရင်​ဆိုင်​၍​နေ​ရ​ပါ​၏။ နေ​ရာ​တ​ကာ​တွင်​ခိုက်​ရန်​ဖြစ်​ပွား​မှု၊ ငြင်း​ခုံ​မှု​များ​ကို​လည်း​တွေ့​မြင်​ရ​ပါ​၏။-
HAB 1:4 တ​ရား​ဥ​ပ​ဒေ​သည်​ပျော့​ညံ့​၍​အ​သုံး​မ​ဝင်​သ​ဖြင့် အ​ဘယ်​အ​ခါ​၌​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ်​မှု​မ​ပြု​နိုင်​ကြ​ပါ။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​များ​ကို​အ​နိုင်​ရ​ကြ​သည်​ဖြစ်​၍ တ​ရား​စီ​ရင်​မှု​သည်​အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ်​လျက်​ရှိ​ပါ​တော့​၏။
HAB 1:5 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​လူ​မျိုး​တော်​အား``သင်​တို့​သည်​မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​ကို ဆက်​လက်​စောင့်​ဆိုင်း​ကြည့်​ရှု​နေ​ကြ​လော့။ ထို​အ​ခါ​သင်​တို့​တွေ့​မြင်​ရ​သည့်​အ​မှု​အ​တွက်​အံ့​သြ​သွား​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကြား​၍​ပင်​မ​ယုံ​နိုင်​မည့်​အ​မှု​တစ်​ခု​ကို​ပြု​မည်။-
HAB 1:6 ငါ​သည်​ကြောက်​မက်​ဖွယ်​ကောင်း​၍​အ​ငြိမ်​မ​နေ​တတ်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​တန်​ခိုး​ကြီး​မား​လာ​စေ​မည်။ သူ​တို့​သည်​အ​ခြား​နိုင်​ငံ​များ​ကို​နှိမ်​နင်း​ရန် ကမ္ဘာ​မြေ​ပြင်​ကို​ဖြတ်​၍​ချီ​တက်​လာ​ကြ​လိမ့်​မည်။-
HAB 1:7 လူ​တို့​အား​ကြောက်​လန့်​တုန်​လှုပ်​စေ​လျက် မာန်​မာ​န​ထောင်​လွှား​ကာ​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​လိမ့်​မည်။
HAB 1:8 ``သူ​တို့​၏​မြင်း​များ​သည်​ကျား​သစ်​ထက်​လျင်​မြန်​၍ အ​စာ​ဆာ​လောင်​နေ​သော​ဝံ​ပု​လွေ​ထက်​ပင်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ မြင်း​စီး​သူ​ရဲ​တို့​သည်​မြင်း​များ​ကို ရပ်​ဝေး​မှ​အ​ပြင်း​နှင်​၍​လာ​ကြ​၏။ သူ​တို့​၏​မြင်း​များ​သည်​မြေ​ကို​ခွာ​ဖြင့်​ရှပ်​ကြ​၏။ သူ​တို့​သည်​အ​စာ​ကို​ချီ​သုတ်​မည့်​လင်း​ယုန်​ငှက်​ကဲ့​သို့​တစ်​ရှိန်​ထိုး​မောင်း​နှင်​လာ​လေ​သည်။
HAB 1:9 ``သူ​တို့​၏​တပ်​များ​သည်​အ​ပြင်း​အ​ထန်​ရှေ့​သို့​ချီ​တက်​လျက်​တိုက်​ခိုက်​အောင်​မြင်​ကြ​ကုန်​၏။ သူ​တို့​ဖမ်း​ဆီး​ရ​မိ​သည့်​သုံ့​ပန်း​များ​မှာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပေ​သည်။-
HAB 1:10 သူ​တို့​သည်​ပြည့်​ရှင်​မင်း​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏။ မှူး​ကြီး​မတ်​ရာ​တို့​ကို​ပြက်​ရယ်​ပြု​ကြ​၏။ သူ​တို့​အား​အ​ဘယ်​ခံ​တပ်​မျှ​မ​တား​မ​ဆီး​နိုင်။ သူ​တို့​သည်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​၍​ခံ​တပ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကြ​လေ​သည်။-
HAB 1:11 ထို​နောက်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​ကို ဘု​ရား​အ​မှတ်​ဖြင့်​ကိုး​ကွယ်​ကြ​ကုန်​သော​ထို​သူ​တို့​သည် လေ​ကဲ့​သို့​တ​ဟုန်​တည်း​ပြင်း​စွာ​ဖြတ်​ကျော်​ထွက်​ခွာ​သွား​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
HAB 1:12 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စ​ဦး​ကာ​လ​က​ပင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​လျက်​ထာ​ဝ​ရ​ကာ​လ​တည်​ရှိ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ကွယ်​ကာ​ရာ​ကျောက်​``ကိုယ်​တော်​ရှင်​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ရွေး​ချယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​နိုင်​စေ​ရန် သူ​တို့​ကို​ခွန်​အား​နှင့်​ပြည့်​စေ​တော်​မူ​ပြီ။-
HAB 1:13 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဆိုး​ညစ်​သူ​သစ္စာ​ဖောက်​တို့​အား အ​ဘယ်​သို့​လျှင်​သည်း​ခံ​နိုင်​တော်​မူ​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​မျက်​စိ​တော်​တို့​သည်​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​လှ​သည်​ဖြစ်​၍​ဆိုး​ညစ်​မှု​ကို​ကြည့်​မ​ရ​ပါ။ ကိုယ်​တော်​ရှင်​သည်​လူ​တို့​ဒု​စ​ရိုက်​ပြု​ကျင့်​မှု​ကို​လည်း​သည်း​မ​ခံ​နိုင်​ပါ။ သို့​ဖြစ်​၍​မိ​မိ​တို့​ထက်​ကိုယ်​ကျင့်​တ​ရား​ကောင်း​မွန်​သူ​တို့​အား ထို​သူ​တို့​သုတ်​သင်​ပယ်​ရှင်း​ကြ​သော​အ​ခါ​ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ဆိတ်​ဆိတ်​နေ​တော်​မူ​ပါ​သ​နည်း။
HAB 1:14 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ငါး​များ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အား​အုပ်​ချုပ်​လမ်း​ညွှန်​မည့်​သူ​မ​ရှိ​သည့်​ပိုး​အုံ​မွှား​အုံ​ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​တော်​မူ​ပါ​သ​နည်း။-
HAB 1:15 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​လူ​တို့​အား​ငါး​များ​သ​ဖွယ် သံ​ချိပ်​များ​ဖြင့်​ဖမ်း​ဆီး​ကြ​ပါ​၏။ ပိုက်​ကွန်​များ​ဖြင့်​အုပ်​ဖမ်း​ဆွဲ​ထုတ်​နိုင်​သ​ဖြင့်​ဝမ်း​မြောက်​ဝမ်း​သာ​ဟစ်​အော်​ကြွေး​ကြော်​ကြ​ပါ​၏။-
HAB 1:16 သူ​တို့​သည်​မိ​မိ​တို့​ပိုက်​ကွန်​များ​ကြောင့်​စား​ဝတ်​နေ​ရေး​အ​တွက်​အ​လွန်​ချောင်​လည်​ကြ​သ​ဖြင့် ထို​ပိုက်​ကွန်​များ​အား​ရှိ​ခိုး​ဝတ်​ပြု​ကာ​ယဇ်​များ​ကို​ပင်​ပူ​ဇော်​ကြ​ပါ​၏။
HAB 1:17 သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား​ကို​ထာ​ဝ​စဉ်​အ​သုံး​ပြု​လျက် လူ​မျိုး​တ​ကာ​တို့​ကို​ရက်​စက်​စွာ​သုတ်​သင်​ဖျက်​ဆီး​လျက်​နေ​ကြ​ပါ​မည်​လော။
HAB 2:1 ငါ​သည်​လင့်​စင်​ပေါ်​သို့​တက်​၍​မြေ​က​တုတ်​ပေါ်​မှ​စောင့်​လျက် ထာ​ဝ​ရ​ဘု​ရား​ငါ​ပြော​ရ​မည့်​စ​ကား​များ​ကို​အ​ဘယ်​သို့​မိန့်​တော်​မူ​% မည်၊ ငါ​၏​တိုင်​တန်း​ချက်​ကို​အ​ဘယ်​သို့​ဖြေ​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​၍​နေ​မည်။
HAB 2:2 ထာ​ဝ​ရ​ဘု​ရား​သည်``သင့်​အား​ငါ​ဖွင့်​လှစ်​ဖော်​ပြ​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​အ​လွယ်​တ​ကူ​ဖတ်​ရှု​နိုင်​ရန် သင်​ပုန်း​ပေါ်တွင်​ရေး​မှတ်​လော့။ ထင်​ရှား​ပြတ်​သား​စွာ​ရေး​မှတ်​လော့။-
HAB 2:3 ထို​အ​မှု​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​မည့်​အ​ချိန်​မ​ရောက်​သေး။ သို့​ရာ​တွင်​ငါ​ပြ​သော​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​သော​အ​ချိန်​သည်​လျင်​မြန်​စွာ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​အ​လာ​နှေး​သည်​ဟု​ထင်​မှတ်​ရ​သော်​လည်း ဧ​ကန်​မု​ချ​ရောက်​လာ​မည်​သာ​ဖြစ်​၍​စောင့်​မျှော်​၍​နေ​လော့။ ကြန့်​ကြာ​တော့​မည်​မ​ဟုတ်။-
HAB 2:4 ဗျာ​ဒိတ်​တော်​ကား`သူ​ယုတ်​မာ​တို့​သည်​အ​သက်​မ​ရှင်​နိုင်​ကြ။ သူ​တော်​ကောင်း​တို့​မူ​ကား​ဘု​ရား​သ​ခင်​ကို​သစ္စာ​စောင့်​သော​ကြောင့်​အသက်​ရှင်​ရ​ကြ​လိမ့်​မည်' ဟူ​၍​လာ​သ​တည်း။''
HAB 2:5 ကြွယ်​ဝ​ချမ်း​သာ​ခြင်း​သည်​လှည့်​စား​တတ်​၏။ % လော​ဘ​ရ​မက်​ကြီး​သူ​တို့​သည် မာန်​မာ​န​% ထောင်​လွှား​လျက်​စိတ်​တည်​ငြိမ်​မှု​မ​ရှိ။ သူ​တို့​% သည်​သေ​မင်း​ကဲ့​သို့​အ​ဘယ်​အ​ခါ​၌​မျှ​% ကျေ​နပ်​ရောင့်​ရဲ​မှု​မ​ရှိ။ ထို့​ကြောင့်​သူ​တို့​% သည်​တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ​တိုက်​ခိုက်​% သိမ်း​ယူ​တတ်​လေ​သည်။-%
HAB 2:6 စစ်​ရှုံး​သူ​တို့​သည်​စစ်​နိုင်​သူ​တို့​အား​မ​ခံ​ချိ​% မ​ခံ​သာ​ပြော​ဆို​လျက်​မ​ထီ​လေး​စား​ပြု​ကြ​% လိမ့်​မည်။ သူ​တို့​က``မိ​မိ​တို့​မ​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​% ကို​သိမ်း​ယူ​ကြ​သူ​သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​% ကြ​၏။ သင်​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် မိ​မိ​% တို့​၏​ကြွေး​မြီ​စား​များ​ကို​လိမ်​လည်​လှည့်​စား​% ၍​သင်​တို့​ကိုယ်​ကို​ချမ်း​သာ​ကြွယ်​ဝ​အောင်​ပြု​% နေ​ကြ​ပါ​ဦး​မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။ %
HAB 2:7 အ​ကျိုး​သင့်​အ​ကြောင်း​သင့်​ကို​မျှ​မ​သိ​မီ % သူ​တစ်​ပါး​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​ခဲ့​သော​% သင်​တို့​သည်​အ​ကြွေး​တင်​နေ​လျက်​အ​တိုး​% ကို​ပေး​ဆပ်​ရန်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​ခံ​ရ​% မည်။ ရန်​သူ​တို့​သည်​လာ​၍​သင်​တို့​အား​တုန်​% လှုပ်​ချောက်​ချား​စေ​လိမ့်​မည်။ သင်​တို့​ကို​တိုက်​% ခိုက်​လု​ယက်​ကြ​လိမ့်​မည်။-%
HAB 2:8 သင်​တို့​သည်​နိုင်​ငံ​အ​မြောက်​အ​မြား​မှ​လူ​တို့​% ကို​တိုက်​ခိုက်​လု​ယက်​ခဲ့​လေ​ပြီ။ ယ​ခု​အ​သက်​% မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့​သည် သင်​တို့​% ကူး​လွန်​ခဲ့​သည့်​လူ​သတ်​မှု​များ​ကြောင့်​လည်း​% ကောင်း၊ ကမ္ဘာ​ပေါ်​ရှိ​လူ​များ၊ မြို့​များ​အား​အ​% ကြမ်း​ဖက်​ခဲ့​မှု​တို့​ကြောင့်​လည်း​ကောင်း သင်​တို့​% အား​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်။ %
HAB 2:9 သင်​တို့​သည်​အ​မ​င်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြမ်း​% ဖက်​၍​ရ​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​ဖြင့် သင်​တို့​သည်​% မိ​မိ​တို့​မိ​သား​စု​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​% ခဲ့​ကြ​၏။ ကြိုး​စား​၍​မိ​မိ​တို့​အ​သိုက်​ကို​% အ​မြင့်​တွင်​ဆောက်​သော​ငှက်​ကဲ့​သို့ မိ​မိ​တို့​% အိမ်​ကို​ဘေး​အန္တ​ရာယ်​ကင်း​ဝေး​လုံ​ခြုံ​အောင်​% ပြု​ခဲ့​ကြ​ပြီ။-%
HAB 2:10 သို့​ရာ​တွင်​သင်​တို့​၏​စီ​မံ​ကိန်း​များ​က​ပင်​% လျှင် သင်​တို့​လူ​မျိုး​ကို​အ​ရှက်​ရ​စေ​လေ​ပြီ။ % သင်​တို့​သည်​လူ​မျိုး​တ​ကာ​တို့​ကို​သုတ်​သင်​% ဖျက်​ဆီး​ခြင်း​အား​ဖြင့် မိ​မိ​တို့​ကိုယ်​တိုင်​ယို​% ယွင်း​ပျက်​စီး​ရ​လေ​ပြီ။-%
HAB 2:11 အိမ်​နံ​ရံ​ကျောက်​များ​က​ပင်​လျှင်​သင်​တို့​ကို​% အော်​ဟစ်​စွပ်​စွဲ​လျက် ခေါင်​ရှိ​ဒိုင်း​များ​က​ပဲ့​% တင်​သံ​ပေး​ကြ​လေ​ကုန်​ပြီ။ %
HAB 2:12 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% ရာ​ဇ​ဝတ်​မှု​အ​ပေါ်​တွင် အုတ်​မြစ်​ချ​၍​လူ​% သတ်​မှု​ဖြင့်​မြို့​ကို​တည်​ထောင်​ခဲ့​ကြ​၏။-%
HAB 2:13 သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​% အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​% နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​% သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​% ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​% တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​% အမှု​ဖြစ်​၏။-%
HAB 2:14 ပင်​လယ်​တို့​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​% သို့ ကမ္ဘာ​မြေ​ကြီး​သည်​လည်း ဘု​ရား​သ​ခင်​၏​% ဘုန်း​အ​သ​ရေ​တော်​ကို​သိ​ကျွမ်း​မှု​ဖြင့်​ပြည့်​% လျက်​နေ​လိမ့်​မည်။
HAB 2:15 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​% အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​တို့​အိမ်​နီး​ချင်း​တိုင်း​% ပြည်​များ​ကို​ရှုတ်​ချ​၍​အ​သ​ရေ​ဖျက်​ခဲ့​၏။ % သူ​တို့​အား​သေ​သောက်​ကြူး​များ​သ​ဖွယ်​ယိမ်း​% ထိုး​၍​နေ​စေ​ခဲ့​၏။-%
HAB 2:16 သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​မှု​အ​စား၊ အ​ရှက်​% ရ​ရန်​အ​လှည့်​ကြုံ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင်​% မူး​ယစ်​ကာ​အ​ရှက်​မဲ့​၍​နေ​လိမ့်​မည်။ ထာ​ဝ​ရ​% ဘု​ရား​သည်​သင်​တို့​အား အ​ပြစ်​ဒဏ်​စ​ပျစ်​% ရည်​ကို​ပင်​လျှင် ပြန်​၍​သောက်​စေ​တော်​မူ​လျက် % သင်​တို့​ဂုဏ်​အ​သ​ရေ​ရှိ​မှု​ကို​အ​ရှက်​ရ​မှု​% အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။-%
HAB 2:17 သင်​တို့​သည်​လေ​ဗ​နုန်​သစ်​တော​များ​ကို​ခုတ်​% လှဲ​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​သင်​တို့​ကိုယ်​တိုင်​% ပင်​ခုတ်​လှဲ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သင်​% တို့​သည်​ထို​တော​မှ​တိ​ရစ္ဆာန်​များ​ကို​သတ်​% ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​တိ​ရစ္ဆာန်​များ​% သည်​သင်​တို့​အား​ကြောက်​လန့်​တုန်​လှုပ်​စေ​% ကြ​လိမ့်​မည်။ သင်​တို့​ကူး​လွန်​ခဲ့​သည့်​လူ​% သတ်​မှု​များ​ကြောင့်​သော်​လည်း​ကောင်း၊ ကမ္ဘာ​% ပေါ်​ရှိ​လူ​များ​မြို့​များ​ကို​အ​ကြမ်း​ဖက်​% ခဲ့​မှု​များ​ကြောင့်​လည်း​ကောင်း ဤ​အ​မှု​% အ​ရာ​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်။ %
HAB 2:18 ရုပ်​တု​ဆင်း​တု​သည်​အ​ဘယ်​သို့​အ​သုံး​ဝင်​% ပါ​သ​နည်း။ ယင်း​သည်​လူ​တို့​သွန်း​လုပ်​သည့်​% အ​ရာ​မျှ​သာ​ဖြစ်​လျက် လိမ်​လည်​မှု​မှ​လွဲ​% ၍​မည်​သည့်​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​တတ်။ % မိ​မိ​သွန်း​လုပ်​သော​အ​ရာ​ကို​ပြန်​လည်​ယုံ​% ကြည်​ကိုး​စား​၍​အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​% ရ​မည်​နည်း။ ယင်း​သည်​စ​ကား​မ​ပြော​နိုင်​% သည့်​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား၊-%
HAB 2:19 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သစ်​သား​% တုံး​အား``နိုး​တော်​မူ​ပါ'' ဟူ​၍​လည်း​ကောင်း၊ % ကျောက်​တုံး​အား``ထ​တော်​မူ​ပါ'' ဟူ​၍​လည်း​% ကောင်း​သင်​တို့​ဆို​တတ်​ကြ​၏။ ရုပ်​တု​တစ်​ခု​% သည်​သင်​တို့​အား​အ​ဘယ်​အ​မှု​ကို​ရှင်း​လင်း​% ဖော်​ပြ​နိုင်​ပါ​သ​နည်း။ ရွှေ​ငွေ​များ​ဖြင့်​မွမ်း​% မံ​ထား​ကောင်း​ထား​မည်​ဖြစ်​သော်​လည်း % ထို​ရုပ်​တု​တွင်​အ​သက်​ကား​မ​ရှိ။ %
HAB 2:20 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​% မြတ်​သည့်​ဗိ​မာန်​တော်​တွင်​ရှိ​တော်​မူ​၏။ ကမ္ဘာ​% မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌​% ငြိမ်​သက်​စွာ​နေ​ကြ​စေ။
HAB 3:1 
HAB 3:2 
HAB 3:3 
HAB 3:4 
HAB 3:5 
HAB 3:6 
HAB 3:7 
HAB 3:8 
HAB 3:9 
HAB 3:10 
HAB 3:11 
HAB 3:12 
HAB 3:13 
HAB 3:14 
HAB 3:15 
HAB 3:16 
HAB 3:17 
HAB 3:18 
HAB 3:19 
ZEP 1:1 ဤဗျာဒိတ်တော်သည်အာမုန်၏သား၊ ယုဒ ဘုရင်ယောရှိလက်ထက်၌ဇေဖနိအား ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ (ဇေဖနိကားဟိဇကိမင်းမျိုး ဝင်အာမရိ၊ ဂေဒလိနှင့်ကုရှိတို့မှဆင်း သက်လာသူတည်း။)
ZEP 1:2 ထာဝရဘုရားက``ငါသည်လူများ၊ တိရစ္ဆာန် များ၊ ငှက်များနှင့်ငါးများပါမကျန်၊ ကမ္ဘာ ပေါ်တွင်ရှိသမျှသောအရာတို့ကိုသုတ် သင်ဖျက်ဆီးမည်။ သူယုတ်မာတို့ကိုပြိုလဲ ပျက်စီးစေမည်။ လူသားအားလုံးကိုငါ ဖျက်ဆီးမည်။ အသက်မသေဘဲတစ်ယောက် မျှကျန်လိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ZEP 1:4 ``ငါသည်ယေရုရှလင်မြို့နှင့်ယုဒပြည် ရှိလူအပေါင်းကိုဖျက်ဆီးချေမှုန်းမည်။ ထိုအရပ်တွင်ဗာလဘုရားအားကိုးကွယ် ဝတ်ပြုမှုကိုအစတုန်းစီရင်မည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူမျှထိုဘုရား ထံအစေအပါးခံခဲ့သောတပည့်များ ကိုအောက်မေ့သတိရကြတော့မည်မဟုတ်။
ZEP 1:5 အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။
ZEP 1:6 ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
ZEP 1:7 ``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။
ZEP 1:8 ထာဝရဘုရာက``ထိုသို့သတ်ဖြတ်ရာ နေ့ရက်ကာလကျရောက်လာသောအခါ၊ မှူးမတ်များ၊ ဘုရင့်သားတော်များနှင့်လူ မျိုးခြားဓလေ့ထုံးစံကိုကျင့်သုံးသူတို့ အားအပြစ်ဒဏ်ခတ်မည်။
ZEP 1:9 ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
ZEP 1:10 ထာဝရဘုရားက``ထိုနေ့ရက်ကာလ၌ ယေရုရှလင်မြို့ငါးတံခါးဝ၌အော်ဟစ် သံကိုကြားရကြလိမ့်မည်။ မြို့သစ်ပိုင်း၌ လူတို့ငိုကြွေးသံကိုလည်းကောင်း၊ တောင် ကုန်းများတွင်ကျိုးပဲ့သံကိုလည်းကောင်း ကြားရကြလိမ့်မည်။
ZEP 1:11 မြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။
ZEP 1:12 ``ထိုအချိန်၌ငါသည်မီးခွက်ကိုယူ၍ ယေရုရှလင်မြို့တွင်ရှာဖွေမည်။ `ဘုရား သခင်သည်အခါခပ်သိမ်းကောင်းကျိုးဆိုး ကျိုး၊ အဘယ်အကျိုးကိုမျှမပေးတတ်' ဟုထင်မှတ်ရေရွတ်သူများ၊ မိမိတို့ကိုယ် ကိုအထင်ကြီး၍ကျေနပ်ရောင့်ရဲနေသူ များအားငါအပြစ်ဒဏ်ခတ်မည်။
ZEP 1:13 သူတစ်ပါးတို့သည်ထိုသူတို့၏စည်းစိမ် ဥစ္စာများကိုလုယူကာသူတို့၏အိမ်များ ကိုဖျက်ဆီးလိုက်ကြလိမ့်မည်။ သူတို့သည် မိမိတို့ဆောက်လုပ်လျက်ရှိသည့်အိမ်များ တွင်အဘယ်အခါ၌မျှနေထိုင်ရကြ လိမ့်မည်မဟုတ်။ မိမိတို့စိုက်ပျိုးလျက်ရှိ သည့်စပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းသောက်ရကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ZEP 1:14 ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ကြီးသည်နီးကပ်၍အလွန်နီးကပ်၍ လာလေပြီ။ ထိုနေ့ရက်ကာလသည်လျင် မြန်စွာသက်ရောက်လာတော့အံ့။ ထိုနေ့ရက် သည်ခါးသီးလွန်းသောကြောင့်ရဲစွမ်းသတ္တိ အရှိဆုံးစစ်သူရဲပင်လျှင်စိတ်ပျက်စွာ အော်ဟစ်လိမ့်မည်။
ZEP 1:15 ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊
ZEP 1:16 ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။
ZEP 1:17 ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ZEP 1:18 ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။
ZEP 2:1 အို အ​ရှက်​မဲ့​သော​လူ​မျိုး၊-
ZEP 2:2 သင်​တို့​သည်​ပန်း​သ​ဖွယ်​ညှိုး​နွမ်း​ခြောက်​သွေ့ လျက်​ခ​န္ဓာ​မ​ရွေ့​မီ၊ သင်​တို့​အ​ပေါ်​သို့ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​မ​သက် ရောက်​မီ၊ ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ ရာ​ကာ​လ​မ​ကျ​ရောက်​မီ​အ​မြင်​မှန်​ရ ကြ​လော့။-
ZEP 2:3 ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ လျက် စိတ်​နှ​လုံး​နှိမ့်​ချ​သူ​ပြည်​သူ​ပြည် သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ထံ တော်​သို့​လာ​ကြ​လော့။ ဖြောင့်​မှန်​ရာ​ကို​ပြု ကျင့်​လျက်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိ​မိ​တို့​ကိုယ်​ကို​နှိမ့်​ချ​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​အ​မျက်​တော်​ထွက်​ရာ​ကာ​လ​၌ သင်​တို့​သည်​အ​ပြစ်​ဒဏ်​စီရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။
ZEP 2:4 ဂါ​ဇ​မြို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​မျှ​ကျန် ရှိ​လိမ့်​မည်​မ​ဟုတ်။ အာ​ရှ​ကေ​လုန်​မြို့​သည် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ အာ​ဇုတ် မြို့​သား​တို့​သည်​တစ်​နေ့​ချင်း​တွင်​အ​နှင် ခံ​ရ​ကြ​လျက်​ဧ​ကြုန်​မြို့​သား​တို့​သည် ထို​မြို့​မှ​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-
ZEP 2:5 အို ဖိ​လိတ္တိ​လူ​တို့၊ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ ထိုင်​သူ​ခေ​ရ​သိ​အ​မျိုး​သား​တို့၊ သင်​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ချ​မှတ် တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​တို့​ကို သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဖြစ်​၍ သင် တို့​တစ်​ဦး​တစ်​ယောက်​မျှ​ကျန်​ရှိ​ရ​လိမ့် မည်​မ​ဟုတ်။-
ZEP 2:6 ပင်​လယ်​အ​နီး​ရှိ သင်​တို့​၏​ပြည်​သည်​သိုး များ​ကျက်​စား​ရာ​ကွင်း​ပြင်​ဖြစ်​၍​နေ လိမ့်​မည်။-
ZEP 2:7 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​ယု​ဒ​ပြည် သား​တို့​သည်​သင်​တို့​ပြည်​ကို​သိမ်း​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​သိုး​အုပ် များ​ကို​ထိန်း​ကျောင်း​ကာ​အာ​ရှ​ကေ​လုန် မြို့​ရှိ​နေ​အိမ်​များ​တွင်​အိပ်​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍​သူ​တို့​အား တစ်​ဖန်​ပြန်​ကောင်း​စား​စေ​တော်​မူ​လိမ့်​မည်။
ZEP 2:8 အ​န​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က ``မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန်​ပြည် သား​များ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​စော် ကား​ရန်​စ​ကြ​သည်​ကို​လည်း​ကောင်း၊ သူ တို့​၏​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရန်​ကြွား ဝါ​လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ ကြား​သိ​တော်​မူ​လေ​ပြီ။-
ZEP 2:9 ငါ​သည်​ဧ​ကန်​အ​မှန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​အ​တိုင်း မော​ဘ​ပြည်​နှင့် အမ္မုန်​ပြည်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကဲ့​သို့​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း​ကျိန်​ဆို​ဖော်​ပြ​ပါ​၏။ ထို ပြည်​တို့​သည်​ဆား​မြေ​တူး​ရာ​အ​ရပ်​ဖြစ် လျက် ထာ​ဝ​ရ​ယို​ယွင်း​ပျက်​စီး​ကာ​ပေါင်း ပင်​များ​နှင့်​ဖုံး​လွှမ်း​၍​နေ​လိမ့်​မည်။ ငါ​၏ လူ​မျိုး​တော်​အ​နက်​မှ​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​တို့​သည် ထို​သူ​တို့​ကို​တိုက် ခိုက်​လု​ယက်​ကာ​သူ​တို့​၏​ပြည်​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။
ZEP 2:10 ဤ​သို့​လျှင်​မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန် ပြည်​သား​များ​သည်​မိ​မိ​တို့​၏​မာ​န​ကြီး မှု၊ မောက်​မာ​ထောင်​လွှား​မှု​နှင့်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​တို့​ကို​စော်​ကား မှု​တို့​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။-
ZEP 2:11 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် လော​ကီ​ဘု​ရား​များ​ကို​ဆိတ်​သုဉ်း​စေ​တော် မူ​မည်​ဖြစ်​၍​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ တို့​ပြည်​အ​သီး​သီး​တွင်​ကိုယ်​တော်​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။
ZEP 2:12 ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​ပြည်​သား​တို့ ကို​လည်း​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။
ZEP 2:13 ထာ​ဝ​ရ​ဘု​ရား​သည်​လက်​တော်​ကို​ဆန့်​၍ တန်​ခိုး​တော်​ဖြင့်​အာ​ရှု​ရိ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​နိ​နေ​ဝေ​မြို့​ကို​ရေ​မ​ရှိ​သည့်​ကန္တာ​ရ သ​ဖွယ် လူ​သူ​ဆိတ်​ငြိမ်​ရာ​မြို့​ပျက်​ဖြစ်​စေ တော်​မူ​မည်။-
ZEP 2:14 ထို​အ​ရပ်​သည်​သိုး​အုပ်​နှင့်​တိ​ရစ္ဆာန်​အ​မျိုး မျိုး​တို့​နား​နေ​ရာ​ဖြစ်​လိမ့်​မည်။ ဇီး​ကွက် တို့​သည်​တိုက်​ပြို​တိုက်​ပျက်​များ​တွင်​ခို အောင်း​ကာ ပြူ​တင်း​ပေါက်​များ​မှ​အော်​မြည် ကြ​လိမ့်​မည်။ ကျီး​တို့​သည်​လည်း​လှေ​ကား ထစ်​များ​အ​ပေါ်​မှ​နေ​၍​အာ​ကြ​လိမ့်​မည်။ ထို​မြို့​ရှိ​အ​ဆောက်​အ​ဦး​များ​မှ​သစ်​က တိုး​သား​တို့​ကို​လည်း​လူ​တို့​ဖြုတ်​ယူ​ကြ လိမ့်​မည်။-
ZEP 2:15 ဤ​သည်​လျှင်​မိ​မိ​ကိုယ်​ကို​တန်​ခိုး​ကြီး​လှ ပြီ​ဟူ​၍​လည်း​ကောင်း၊ လုံ​ခြုံ​မှု​ရှိ​လှ​ပြီ ဟူ​၍​လည်း​ကောင်း​ထင်​မှတ်​သည့်​မြို့​ကြုံ တွေ့​ရ​မည့်​ကံ​ကြမ္မာ​ပင်​ဖြစ်​တော့​၏။ ထို မြို့​၏​မြို့​သူ​မြို့​သား​တို့​က​မိ​မိ​တို့​မြို့ ကို​ကမ္ဘာ​ပေါ်​တွင်​အ​ကြီး​ဆုံး​ဟု​ထင်​မှတ် ကြ​ပေ​သည်။ ထို​မြို့​သည်​တော​တိ​ရစ္ဆာန် များ​နား​နေ​ရာ​ဖြစ်​လျက်​အ​ဘယ်​မျှ​လူ သူ​ဆိတ်​ညံ​၍​နေ​ပါ​လိမ့်​မည်​နည်း။ ယင်း အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​လျက် နောက်​သို့​တွန့်​ဆုတ် သွား​ကြ​လိမ့်​မည်။
ZEP 3:1 မိ​မိ​၏​မြို့​သား​များ​ကို​ပင်​လျှင်​ညှင်း​ပန်း နှိပ်​စက်​ကာ​အ​ကျင့်​ပျက်​ပုန်​ကန်​တတ်​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​၏။-
ZEP 3:2 ထို​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော် ကို​နား​မ​ထောင်။ ကိုယ်​တော်​၏​စည်း​ကမ်း​ကို မ​လိုက်​နာ။ ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား မှု​မ​ပြု။ ကိုယ်​တော်​၏​ကူ​မ​မှု​ကို​လည်း​မ တောင်း​ခံ​ခဲ့။-
ZEP 3:3 ထို​ပြည်​ကို​အုပ်​ချုပ်​သော​အ​ရာ​ရှိ​တို့​သည် ခြင်္သေ့​ငယ်​များ​နှင့်​တူ​ကြ​၏။ တ​ရား​စီ​ရင် သူ​တို့​သည်​လည်း​လော​ဘ​ရ​မက်​ကြီး​လွန်း သ​ဖြင့် နံ​နက်​ချိန်​တိုင်​အောင်​အ​ရိုး​တစ်​ချောင်း ကို​မျှ​မ​စွန့်​ပစ်​နိုင်​သည့်​ဝံ​ပု​လွေ​ငယ်​များ နှင့်​တူ​ကြ​၏။-
ZEP 3:4 ပ​ရော​ဖက်​တို့​သည်​တာ​ဝန်​မဲ့​ပြု​လုပ်​တတ် သည့်​သစ္စာ​ဖောက်​များ​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​ညစ် ညမ်း​စေ​၍ ဘု​ရား​သ​ခင်​၏​ပညတ်​တ​ရား တော်​ကို​မိ​မိ​တို့​အ​ကျိုး​ရှိ​ရာ​ရှိ​ကြောင်း လှည့်​ကွက်​ဆင်​၍​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို ကြ​၏။-
ZEP 3:5 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့ တွင်​ရှိ​နေ​တော်​မူ​ပါ​သေး​၏။ ကိုယ်​တော် သည်​တ​ရား​သော​အ​မှု​ကို​သာ​လျှင်​ပြု တော်​မူ​၍​မ​တ​ရား​သည့်​အ​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ​ပြု​တော်​မ​မူ။ နံ​နက်​တိုင်း​မိ​မိ ၏​လူ​မျိုး​တော်​အား​မ​လွဲ​မ​သွေ​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​တော်​မူ​၏။ သို့​သော်​လည်း ထို​အ​ရပ်​ရှိ​လူ​မ​သ​မာ​တို့​သည်​မ​ကောင်း မှု​ကို​ဆက်​လက်​ပြု​ကျင့်​လျက်​နေ​ကြ​ပေ သည်။ သူ​တို့​တွင်​ရှက်​ကြောက်​မှု​လည်း​မ​ရှိ ကြ။
ZEP 3:6 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ ကို​လုံး​ဝ​ဖျက်​ဆီး​ခဲ့​လေ​ပြီ။ သူ​တို့​၏​မြို့ များ​ကို​သုတ်​သင်​ဖျက်​ဆီး​၍​မြို့​တံ​တိုင်း များ၊ ရဲ​တိုက်​များ​ကို​လည်း​ယို​ယွင်း​ပျက် စီး​စေ​လေ​ပြီ။ မြို့​တို့​သည်​လူ​သူ​ဆိတ်​ငြိမ် လျက်​လမ်း​တို့​သည်​လည်း​ဟာ​လာ​ဟင်း လင်း​ဖြစ်​လျက်​နေ​ကြ​၏။ လူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ကြ​တော့​ပေ။-
ZEP 3:7 ထို​စဉ်​အ​ခါ​က​ငါ​၏​လူ​မျိုး​တော်​သည် ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ကာ​ငါ​ပေး​သည့် စည်း​ကမ်း​ကို​လိုက်​နာ​ကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ ငါ​၏​သွန်​သင်​ဆုံး​မ​ချက် ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​ကြ လိမ့်​မည်​မ​ဟုတ်​ဟူ​၍​လည်း​ကောင်း​ငါ ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​မ​ကြာ​ခ​ဏ သူ​တို့​သည်​အ​ကျင့်​ဆိုး​ကို​ပြု​မြဲ​ပြု လျက်​နေ​ကြ​၏။
ZEP 3:8 ထာ​ဝ​ရ​ဘု​ရား​က``စောင့်​မျှော်​၍​နေ​လော့။ လူ မျိုး​တ​ကာ​တို့​အား​ငါ​ထ​၍​ပြစ်​တင်​စွပ်​စွဲ မည့်​နေ့​ရက်​ကာ​လ​ကို​စောင့်​မျှော်​၍​နေ​လော့။ ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​ခံ​စား​စိမ့် သော​ငှာ၊ လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ ကို​စု​သိမ်း​ရန်​ငါ​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ ပြီ။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည်​ငါ​၏ အ​မျက်​တော်​မီး​ဖြင့်​ကျွမ်း​လောင်​ပျက်​စီး ၍​သွား​လိမ့်​မည်။
ZEP 3:9 ``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။-
ZEP 3:10 ပျံ့​လွင့်​နေ​သော​ငါ​၏​လူ​မျိုး​တော်​သည် ဝေး​လံ​သော​ဆူ​ဒန်​ပြည်​မှ​ပင်​လျှင်​ငါ့​ထံ သို့​ပူ​ဇော်​သ​ကာ​များ​ကို​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-
ZEP 3:11 အို ငါ​၏​လူ​မျိုး​တော်၊ ထို​အ​ခါ​သင်​တို့ သည်​ငါ့​ကို​ပုန်​ကန်​ခဲ့​သည့်​အ​တွက်​ရှက် ကြောက်​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။ ငါ သည်​မာ​န​ကြီး​သူ​မောက်​မာ​ထောင်​လွှား သူ​မှန်​သ​မျှ​ကို​ပယ်​ရှင်း​မည်​ဖြစ်​၍ သင် တို့​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌ မျှ​ယေ​ရု​ရှ​လင်​မြို့​ရှိ ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သည့်​တောင်​တော်​ပေါ်​တွင်​ငါ့​ကို​ပုန် ကန်​ကြ​တော့​မည်​မ​ဟုတ်။-
ZEP 3:12 စိတ်​နှ​လုံး​နှိမ့်​ချ​နူး​ညံ့​သိမ်​မွေ့​သည့်​လူ​စု ကို​ထို​အ​ရပ်​တွင်​ငါ​ချန်​ထား​မည်။ သူ​တို့ သည်​လည်း​ငါ့​ထံ​သို့​လာ​ရောက်​ခို​လှုံ​ကြ လိမ့်​မည်။-
ZEP 3:13 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သည့်​ဣ​သ ရေ​လ​ပြည်​သား​တို့​သည်​အ​ဘယ်​သူ​ကို မျှ​ပြစ်​မှား​ကြ​လိမ့်​မည်​မ​ဟုတ်။ မု​သား စ​ကား​ပြော​ဆို​မှု​ကို​သော်​လည်း​ကောင်း၊ လိမ်​လည်​လှည့်​စား​ရန်​ကြိုး​စား​မှု​ကို​သော် လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ တို့​သည်​ကောင်း​စား​ကြ​လိမ့်​မည်။ အ​ဘယ် သူ​ကို​မျှ​မ​ကြောက်​မ​လန့်​ရ​ဘဲ ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
ZEP 3:14 အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ဝမ်း​မြောက်​စွာ ကြွေး​ကြော်​သီ​ဆို​ကြ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သူ၊စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရွှင်​လန်း​ဝမ်း​မြောက်​လော့။
ZEP 3:15 ကိုယ်​တော်​သည်​သင်​တို့​အား​အ​တိုက်​အ​ခံ ပြု​သူ​များ​ကို​ဖယ်​ရှား​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ​များ​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယ​ခု​သင်​တို့​သည်​ကြောက်​လန့်​စ​ရာ အ​ကြောင်း​မ​ရှိ​တော့​ပြီ။
ZEP 3:16 ထို​နေ့​တွင်​ယေ​ရု​ရှ​လင်​မြို့​အား​ဤ​သို့​ဆို လိမ့်​မည်။ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်။ သင်​သည်​လက်​မှိုင်​ချ​၍​မ​နေ​နှင့်။
ZEP 3:17 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​သည်​အောင်​ပွဲ​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အ​ပေါ်​ဝမ်း မြောက်​အား​ရ​မှု ရှိ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​လည်း​သင့်​အား ဘ​ဝ​သစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​တွက်​ကြည်​နူး​ပျော် ရွှင်​ကာ သီ​ချင်း​ကူး​ဧ​တော်​မူ​လိမ့်​မည်။''
ZEP 3:18 ``ပွဲ​လမ်း​သ​ဘင်​၌​ပျော်​ရွှင်​သော​သူ​များ ကဲ့​သို့ ရွှင်​မြူး​တော်​မူ​လိမ့်​မည်'' ထာ​ဝ​ရ​ဘု​ရား​က ``ဝမ်း​နည်း​ရ​မှု​ကို​ရပ်​စဲ​၍၊- သင်​၏​အ​သ​ရေ​ပျက်​မှု​ကို​သင်​၏​ဝန်​ထုပ် အ​ဖြစ်​မှ ဖယ်​ရှား​လိုက်​လေ​ပြီ။
ZEP 3:19 သင့်​ကို​ညှင်း​ပန်း​နှိပ်​စက်​သူ​များ​အား​ငါ အ​ပြစ်​ဒဏ် ခတ်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​အ​ပေါင်း​ကို ကယ်​ဆယ်​၍၊ ပြည်​နှင်​ဒဏ်​သင့်​သူ​များ​ကို​မိ​မိ​တို့​ပြည်​သို့ ခေါ်​ဆောင်​လာ​မည်။ သူ​တို့​၏​အ​ရှက်​ရ​မှု​ကို​ဂုဏ်​အ​သ​ရေ​ရှိ​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​မည်။ က​မ္ဘာ​သူ​က​မ္ဘာ​သား​တို့​သူ​တို့​ကို ချီး​ကူး​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
ZEP 3:20 ကွဲ​လွင့်​နေ​သူ​သင်​တို့​၏​အ​မျိုး​သား​များ အား မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​လာ​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ငါ​သည်​သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင် ထင်​ပေါ်​ကျော်​ကြား​စေ​မည်။ သင်​တို့​ကို​တစ်​ဖန်​ပြန်​လည်​ကောင်း​စား စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဇေ​ဖ​နိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
HAG 1:1 ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။
HAG 1:2 အ​နန္တ​တန်​ခိုး​ရှင်​ထာဝရ​ဘုရား​က​ဟ္ဂဲ​အား``ဤ အ​ချိန်​အ​ခါ​သည် ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​သင့်​သည့်​အ​ချိန်​အ​ခါ​မ​ဟုတ် ဟု ဤ​သူ​တို့​ပြော​ဆို​ကြ​ပေ​သည်။-''
HAG 1:3 ဟု​မိန့်​တော်​မူ​ပြီး​နောက်​ပ​ရော​ဖက်​ဟ္ဂဲ​မှ တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် က​ပြည်​သူ​တို့​အား၊-
HAG 1:4 ``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​အိမ်​ရာ ကောင်း​ကောင်း​များ​တွင်​နေ​ထိုင်​နေ​ကြ​သော် လည်း ငါ​၏​ဗိ​မာန်​တော်​သည်​ယို​ယွင်း​ပျက် စီး​လျက်​နေ​ပါ​သည်​တ​ကား။-''
HAG 1:5 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``မိ​မိ တို့​ကြုံ​တွေ့​နေ​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို သင်​တို့​မ​သိ​မ​မြင်​ကြ​သ​လော။-
HAG 1:6 သင်​တို့​သည်​ဂျုံ​စ​ပါး​အ​မြောက်​အ​မြား​ကို စိုက်​ပျိုး​ပါ​သော်​လည်း အ​နည်း​ငယ်​မျှ​သာ ရိတ်​သိမ်း​ရ​ကြ​ပေ​သည်။ သင်​တို့​တွင်​အ​စာ ရေ​စာ​ရှိ​သော်​လည်း​ဝ​စွာ​စား​ရန်​မ​လုံ လောက်၊ စ​ပျစ်​ရည်​ရှိ​သော်​လည်း​မူး​ယစ်​အောင် သောက်​ရန်​မ​လုံ​လောက်၊ အ​ဝတ်​အ​စား​များ ရှိ​သော်​လည်း နွေး​ထွေး​အောင်​ဝတ်​ဆင်​ရန် မ​လုံ​လောက်၊ အ​လုပ်​သ​မား​သည်​လည်း​စား ဝတ်​နေ​ရေး​အ​တွက် လုံ​လောက်​အောင်​လုပ်​ခ ကို​မ​ရ​ရှိ။-
HAG 1:7 အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ်​ပျက်​ရ​သည်​ကို သင်​တို့​မ​သိ​မ​မြင်​နိုင်​ကြ​ပါ​သ​လော။-''
HAG 1:8 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယ​ခု ပင်​တောင်​ကုန်း​များ​ပေါ်​သို့​တက်​၍​သစ်​များ ကို​ယူ​ဆောင်​လာ​ကာ ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ကြ​လော့၊ ထို​အ​ခါ​ငါ​သည်​နှစ် သက်​အား​ရ​လာ​လိမ့်​မည်။ ပြီး​လျှင်​ငါ့​အား ထိုက်​သင့်​သည့်​အ​တိုင်း​ဝတ်​ပြု​ကိုး​ကွယ် နိုင်​ကြ​လိမ့်​မည်​ဟု​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။''
HAG 1:9 ``သင်​တို့​သည်​အ​သီး​အ​နှံ​အ​မြောက်​အ​မြား ကို ရိတ်​သိမ်း​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​ခဲ့​သော် လည်း အ​နည်း​ငယ်​မျှ​သာ​ရ​ကြ​၏။ အိမ်​သို့ ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​၌​လည်း ငါ သည်​ယင်း​တို့​ကို​လေ​တွင်​လွင့်​စင်​သွား စေ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ပြု​ရ သ​နည်း​ဆို​သော်​သင်​တို့​အား​လုံး​ပင် မိ​မိ တို့​နေ​အိမ်​များ​ကို​တည်​ဆောက်​မှု​ဖြင့်​အ​လုပ် ရှုပ်​ကာ၊ ငါ​၏​ဗိမာန်​တော်​ကို​မူ​ယို​ယွင်း​ပျက် စီး​လျက်​သာ​ရှိ​နေ​စေ​ကြ​သော​ကြောင့်​ဖြစ် ၏​ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-''
HAG 1:10 ဤ​အ​ကြောင်း​ကြောင့်​ပင်​လျှင်​မိုး​သည်​ခေါင် လျက် အ​ဘယ်​အ​သီး​အ​နှံ​ကို​မျှ​သင်​တို့ သည်​စိုက်​ပျိုး​၍​မ​ရ​ကြ။-
HAG 1:11 ငါ​သည်​ဤ​ပြည်​ကို​ခြောက်​သွေ့​၍​နေ​စေ​ခဲ့ ၏။ ဤ​ပြည်​ရှိ​တောင်​ကုန်း​များ၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ​ပေါ် ၌​လည်း​ကောင်း၊ မြေ​ကြီး​က​ထွက်​သည့်​သီး​နှံ မှန်​သ​မျှ​ပေါ်​၌​လည်း​ကောင်း၊ လူ​နှင့်​တိရစ္ဆာန် များ​ပေါ်​၌​လည်း​ကောင်း၊ သင်​တို့​ကြိုး​စား စိုက်​ပျိုး​သည့်​သီး​နှံ​မှန်​သ​မျှ​အ​ပေါ်​၌ လည်း​ကောင်း​မိုး​ကို​ခေါင်​စေ​ခဲ့​၏'' ဟု​မိန့် တော်​မူ​ပါ​၏။
HAG 1:12 ထို​အ​ခါ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏ သား​ယော​ရှု​နှင့်​ကျန်​ကြွင်း​သော​ပြည်​သူ အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​စေ​ခိုင်း​တော်​မူ​သည့် အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​ကြောက် လန့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ် တော်​မူ​သော​တ​မန်​တော်​ပ​ရော​ဖက်​ဟ္ဂဲ ပြော​ဆို​သည့်​စ​ကား​ကို​နား​ထောင်​ကြ​၏။-
HAG 1:13 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​တ​မန်​တော်​ဟ္ဂဲ သည်``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း လူ​တို့​အား​ဆင့်​ဆို​ပြော​ကြား​၏။-
HAG 1:14 ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ဘု​ရင်​ခံ​ရှာ​လ လေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့် ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​အ​ပေါင်း တို့​အား ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင်​စိတ် အား​ထက်​သန်​၍​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တည်​ဆောက်​မှု​ကို၊-
HAG 1:15 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ဆ​ဋ္ဌ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌ စ​တင်​ဆောင်​ရွက်​ကြ​လေ​သည်။
HAG 2:1 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နှစ်​သတ္တ​မ​လ​နှစ် ဆယ့်​တစ်​ရက်​နေ့​၌ ပ​ရော​ဖက်​ဟ္ဂဲ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​က၊-
HAG 2:2 ကိုယ်​တော်​က​ဟ္ဂဲ​အား​ဤ​သို့​ပြော​ကြား​စေ တော်​မူ​ပါ​၏။ ကိုယ်​တော်​က၊ သင်​သည်​ယု​ဒ ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ် မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့်​ကျန် ကြွင်း​သော​ပြည်​သူ​တို့​အား၊-
HAG 2:3 ``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''
HAG 2:4 သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-
HAG 2:5 အီ​ဂျစ်​ပြည်​မှ​သင်​တို့​ပြန်​လာ​ကြ​စဉ် အ​ခါ​က ငါ​သည်​သင်​တို့​နှင့်​အ​စဉ်​အ​တူ ရှိ​မည်​ဟု​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ယ​ခု တိုင်​အောင်​ပင်​သင်​တို့​နှင့်​ငါ​အ​တူ​ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။''
HAG 2:6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မ​ကြာ​မီ​ပင်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​လည်း​ကောင်း၊ ကုန်း​နှင့်​ပင်​လယ် ကို​လည်း​ကောင်း​တုန်​လှုပ်​စေ​၍၊-
HAG 2:7 လူ​မျိုး​တ​ကာ​တို့​အား​ဖြို​ခွင်း​ပစ်​မည်။ ထို သူ​တို့​၏​ရွှေ​ငွေ​ဘဏ္ဍာ​များ​ကို ဤ​အ​ရပ်​သို့ လူ​တို့​အား​ယူ​ဆောင်​လာ​စေ​မည်။ ဗိ​မာန် တော်​သည်​လည်း​ရွှေ​ငွေ​ဘဏ္ဍာ​များ​ဖြင့် ပြည့်​နှက်​လျက်​နေ​လိမ့်​မည်​ဟု အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
HAG 2:8 ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​ရွှေ​ငွေ​တို့​ကို ငါ​ပိုင်​၏​ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
HAG 2:9 ဗိ​မာန်​တော်​သစ်​သည်​ဗိ​မာန်​တော်​ဟောင်း ထက်​ပို​၍​တင့်​တယ်​လှ​ပ​လိမ့်​မည်။ ထို​အ​ရပ် တွင်​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​စား​စေ​၍ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​၏။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
HAG 2:10 ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ပ​ရော​ဖက်​ဟ္ဂဲ​ထံ​ရောက်​လာ​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``အ​ကယ်​၍​လူ​တစ် ဦး​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​ထား​သည့်​အ​မဲ​သား​ကို မိ​မိ​၏ ဝတ်​လုံ​အ​မြိတ်​ဖြင့်​ထုပ်​၍​ယူ​ဆောင်​ခဲ့ ပြီး​နောက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​သို့​မ​ဟုတ် မည်​သည့်​အ​စား​အ​စာ​မျိုး​ကို​မ​ဆို​ဝတ် လုံ​နှင့်​ထိ​မိ​လျှင် ထို​အ​စား​အ​စာ​များ သည်​လည်း​ဆက်​ကပ်​ပူ​ဇော်​ရာ​အ​စား အ​စာ​များ​ဖြစ်​သွား​မည်​မ​သွား​မည် ကို ပ​ညတ်​တော်​အ​ရ​အ​ဆုံး​အ​ဖြတ် ပေး​ရန်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​မေး​မြန်း လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ ထို​ပြ​ဿ​နာ​ကို​တင်​ပြ​သော​အ​ခါ​ယဇ် ပု​ရော​ဟိတ်​တို့​က``ထို​အ​စား​အ​စာ​များ သည်​သန့်​စင်​၍​မ​သွား​ပါ'' ဟု​ဖြေ​ကြား ကြ​၏။
HAG 2:13 ထို​အ​ခါ​ဟ္ဂဲ​က​လူ​တစ်​ဦး​တစ်​ယောက် သည် လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​ညစ်​ညမ်း ၍​သွား​သည်​ဆို​ငြား​အံ့။ ထို့​နောက်​အ​ကယ် ၍​သူ​သည်​အ​ထက်​ဖော်​ပြ​ပါ​အ​စား​အ​စာ များ​ကို​ထိ​မိ​ခဲ့​သော် ထို​အ​ရာ​တို့​သည် လည်း​ညစ်​ညမ်း​၍​သွား​ပါ​မည်​လော​ဟု မေး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က``ထို​အ​ရာ​တို့​သည် ညစ်​ညမ်း​၍​သွား​ပါ​မည်'' ဟု​ဆို​ကြ​၏။
HAG 2:14 ထို​အ​ခါ​ဟ္ဂဲ​က​ထို​နည်း​တူ​စွာ​ဤ​တိုင်း ပြည်​သား​များ​တို့​နှင့် သူ​တို့​လုပ်​ဆောင် သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ညစ်​ညမ်း သ​ဖြင့် ယဇ်​ပလ္လင်​ပေါ်​တွင်​သူ​တို့​တင်​လှူ​သည့် ပူ​ဇော်​သကာ​မှန်​သ​မျှ​သည်​လည်း ညစ်​ညမ်း ကြောင်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ ၏'' ဟု​ဆို​လေ​သည်။
HAG 2:15 ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​သည်​မိ​မိ​တို့ ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မ​သိ မ​မြင်​ကြ​ပါ​သ​လော။ ဗိ​မာန်​တော်​ကို​ပြန် လည်​မ​တည်​မ​ဆောက်​မီ​အ​ခါ​က၊-
HAG 2:16 သင်​တို့​သည်​ဂျုံ​စ​ပါး​တင်း​နှစ်​ဆယ်​ရှိ​မည် ဟု​ခန့်​မှန်း​ရ​သည့်​စ​ပါး​ပုံ​သို့​သွား​ရောက် သော​အ​ခါ ဆယ်​တင်း​သာ​တွေ့​ရ​ကြ​သည် မ​ဟုတ်​ပါ​လော၊ စပျစ်​ရည်​အ​ချိန်​ငါး​ဆယ် ရ​ရှိ​လိမ့်​မည်​ဟု​ဆို​ကာ၊ စ​ပျစ်​ရည်​စည် ကြီး​သို့​သွား​သော​အ​ခါ​အ​ချိန်​နှစ်​ဆယ် သာ​တွေ့​ရှိ​ရ​သည်​မ​ဟုတ်​ပါ​လော။-
HAG 2:17 ငါ​သည်​သင်​တို့​ကြိုး​စား​၍​စိုက်​ပျိုး​သ​မျှ သော သီး​နှံ​ပင်​များ​ကို​လေ​ပူ​အား​ဖြင့်​လည်း ကောင်း၊ ပိုး​ထိ​၍​နွမ်း​ရိ​စေ​ခြင်း​ဖြင့်​လည်း ကောင်း၊ မိုး​သီး​များ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ခဲ့​၏။ သို့​နှင့်​လည်း​သင်​တို့ သည်​နောင်​တ​မ​ရ​ကြ။-
HAG 2:18 ယ​နေ့​သည်​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​မှု​ပြီး ဆုံး​သည့်​နေ့၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက် နေ့​ဖြစ်​၏။ ထို​နေ့​မှ​စ​၍​ရှေ့​တွင်​မည်​သို့​ဖြစ် လာ​လိမ့်​မည်​ကို​သင်​တို့​ရှု​မှတ်​ကြ​လော့။ သေ​ချာ​ရှု​မှတ်​လော့။-
HAG 2:19 သင်​တို့​တွင်​ဂျုံ​စ​ပါး​မ​ကျန်​မ​ရှိ​တော့​ဘဲ စ​ပျစ်​ပင်​များ၊ သ​ဖန်း​ပင်​များ​နှင့်​သံ​လွင် ပင်​များ​လည်း​အ​သီး​မ​သီး​ကြ​သေး။ သို့ ရာ​တွင်​ငါ​သည်​ယ​ခု​မှ​စ​၍​သင်​တို့​အား ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
HAG 2:20 ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ပင်​လျှင် ဒု​တိ​ယ​အ​ကြိမ်၊ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ဟ္ဂဲ​အား၊-
HAG 2:21 ယု​ဒ​ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ​အ​တွက် ကိုယ် တော်​က``ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​တုန်​လှုပ်​စေ​၍၊-
HAG 2:22 တိုင်း​နိုင်​ငံ​တို့​ကို​ဖြို​ခွင်း​ကာ​သူ​တို့​၏​တန် ခိုး​အာ​ဏာ​ကို​ပျက်​သုဉ်း​စေ​မည်။ စစ်​မြင်း ရ​ထား​များ​ကို​ရ​ထား​ထိန်း​များ​နှင့်​တ​ကွ မှောက်​လှန်​ပစ်​မည်။ မြင်း​တို့​သည်​သေ​ကြ လိမ့်​မည်။ မြင်း​စီး​သူ​ရဲ​တို့​သည်​လည်း အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​လိမ့်​မည်။-
HAG 2:23 ငါ​၏​ကျွန်​ရင်း​ဇေ​ရု​ဗ​ဗေ​လ၊ ထို​နေ့​၌ ငါ​သည်​သင့်​ကို​ခေါ်​ယူ​ကာ​ငါ့​ကိုယ်​စား အုပ်​ချုပ်​စေ​မည်။ သင်​ကား​ငါ​ရွေး​ချယ်​ထား သော​သူ​ပေ​တည်း'' ဟု​မိန့်​တော်​မူ​ပါ​၏။ ဤ ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဟ္ဂဲ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
ZEC 1:1 ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင် ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ အ​ဋ္ဌ​မ​လ​၌​ပ​ရော​ဖက် ဇာ​ခ​ရိ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော နှုတ်​က​ပတ်​တော်​ဖြစ်​သည်။ ဇာ​ခ​ရိ​ကား​ဣ​ဒေါ ၏​မြေး၊ ဗာ​ရ​ခိ​၏​သား​ဖြစ်​သ​တည်း။-
ZEC 1:2 ထာ​ဝ​ရ​ဘု​ရား​က​ဇာ​ခ​ရိ​အား``ငါ​သည်​သင် တို့​၏​ဘိုး​ဘေး​များ​ကို​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​ခဲ့​၏။-
ZEC 1:3 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​ထံ​သို့​ကြွ လာ​တော်​မူ​မည်။-
ZEC 1:4 သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ရှေး​အ​ခါ​က​ပ​ရော​ဖက်​များ သည်​သူ​တို့​အား ယုတ်​မာ​ဆိုး​ညစ်​သည့်​အ​ကျင့် များ​ကို​ရပ်​စဲ​လိုက်​ကြ​ရန်​ပြော​ကြား​သော် လည်း​သူ​တို့​သည်​နား​မ​ထောင်​ဂ​ရု​မ​စိုက် ကြ'' ဟု​မိန့်​တော်​မူ​၏။-
ZEC 1:5 ``ထို​ပ​ရော​ဖက်​များ​နှင့်​သင်​တို့​၏​ဘိုး ဘေး​များ​ကား​သေ​လွန်​သွား​ကြ​လေ​ပြီ။-
ZEC 1:6 ငါ​သည်​မိ​မိ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​အ​မိန့်​ပ​ညတ် များ​နှင့်​သ​တိ​ပေး​စ​ကား​များ​ကို​မိန့်​မှာ သ​တိ​ပေး​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို လျစ်​လှူ​ရှု​ခဲ့​ကြ​သ​ဖြင့် ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ထို​အ​ခါ​သူ တို့​သည်​နောင်​တ​ရ​၍​လာ​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ စိတ်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း သူ​တို့​အား အ​ပြစ်​နှင့်​အ​လျောက်​ဆုံး​မ​တော်​မူ​ကြောင်း ကို​လည်း​သိ​မှတ်​လာ​ကြ​ကုန်​၏'' ဟု​သူ တို့​အား​ကြား​ပြော​ရန်​မိန့်​မှာ​တော်​မူ​၏။
ZEC 1:7 ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ရှေ ဗတ်​လ​တည်း​ဟူ​သော​ဧ​က​ဒ​သ​မ​လ၊ နှစ် ဆယ့်​လေး​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည် ညဥ့်​အ​ခါ​ငါ့​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု ကို​ပြ​တော်​မူ​၏။-
ZEC 1:8 ငါ​သည်​မြင်း​နီ​ကို​စီး​လျက်​နေ​သူ​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​မြင် ရ​၏။ သူ​သည်​ချိုင့်​ဝှမ်း​ထဲ​တွင်​ရှိ​သော​ကျောက် ပန်း​ပင်​များ​အ​လယ်​တွင်​ရပ်​တန့်​လျက်​နေ​၏။ သူ​၏​နောက်​၌​မူ​မြင်း​နီ၊ မြင်း​ပြောက်​ကြား၊ မြင်း​ဖြူ​စ​သည့်​အ​ခြား​မြင်း​များ​ရှိ​၏။-
ZEC 1:9 ငါ​က​လည်း``အ​ရှင်​ဤ​မြင်း​များ​ကား အ​ဘယ်​အ​တွက်​ဖြစ်​ပါ​သ​နည်း'' ဟု​မေး လျှင် ကောင်း​ကင်​တ​မန်​က``သူ​တို့​အ​ဘယ်​အ​တွက် ဖြစ်​သည်​ကို​ငါ​ဖော်​ပြ​မည်။-
ZEC 1:10 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စစ်​ဆေး​ရန် သူ​တို့​ကို​စေ​လွှတ်​တော် မူ​လိုက်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။
ZEC 1:11 မြင်း​များ​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​တစ် ဝှမ်း​လုံး​သို့​သွား​ရောက်​ခဲ့​ပြီး​ပါ​ပြီ။ ကမ္ဘာ​တစ်​ခု လုံး​ပင်​အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ​နွံ​နာ​ကျိုး​နွံ နေ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။
ZEC 1:12 ထို​နောက်​ကောင်း​ကင်​တ​မန်​က``အို အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ မြို့​တို့​အား​ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော် မူ​သည်​မှာ ယ​ခု​အ​နှစ်​ခု​နစ်​ဆယ်​ရှိ​ပါ​ပြီ။ ထို​မြို့​အား​က​ရု​ဏာ​မ​ပြ​ဘဲ​အ​ဘယ်​မျှ ကြာ​နေ​တော်​မူ​ပါ​ဦး​မည်​နည်း'' ဟု​လျှောက်​၏။
ZEC 1:13 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန် အား​နှစ်​သိမ့်​ဖွယ်​ရာ​စ​ကား​များ​ကို​မိန့် ကြား​တော်​မူ​သဖြင့်၊-
ZEC 1:14 ကောင်း​ကင်​တ​မန်​သည်​လည်း​ငါ့​အား``အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လွန်​စွာ​ချစ်​မြတ်​နိုး​၍​အ​ကြင်​နာ တ​ရား​ထား​ရှိ​ပါ​၏။-
ZEC 1:15 ငါ​သည်​မိ​မိ​လူ​မျိုးတော်​အ​ပေါ်​သို့​သက် ရောက်​သည့်​အ​မျက်​တော်​ကို​ထိန်း​ချုပ်​လျက် နေ​စဉ်၊ ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​ကြ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​လူ​မျိုး​တော် ခံ​စား​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​ကို​ပို​မို​ကြီး လေး​အောင်​ပြု​ကြ​၏။ ထို​ကြောင့်​ငါ​သည်​ထို လူ​မျိုး​တို့​အား​ပြင်း​စွာ​အ​မျက်​ထွက်​သ​ဖြင့်၊-
ZEC 1:16 ယေ​ရု​ရှ​လင်​မြို့​ကို​က​ရု​ဏာ​ပြ​ရန်​ပြန် လာ​ခဲ့​ပေ​သည်။ ငါ​၏​ဗိ​မာန်​တော်​ကို​ပြန် လည်​ထူ​ထောင်​ကာ​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လည်း​ပြန်​လည်​တည်​ဆောက်​ရ​ကြ​လိမ့် မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
ZEC 1:17 ကောင်း​ကင်​တ​မန်​က​ငါ့​အား``အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော် များ​တစ်​ဖန်​ပြန်​လည်​စည်​ကား​၍​လာ​လိမ့် မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် သည်​တစ်​ဖန်​ပြန်​လည်​ကြွ​လာ​တော်​မူ​လျက် ယေ​ရု​ရှ​လင်​မြို့​ကို​ကူ​မ​တော်​မူ​ပြီး​လျှင် မိ​မိ​ပိုင်​မြို့​တော်​အ​ဖြစ်​သိမ်း​ယူ​တော်​မူ မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း​ထုတ်​ဖော် ကြေ​ညာ​လော့'' ဟူ​၍​လည်း​မှာ​ကြား​ခဲ့ လေ​သည်။
ZEC 1:18 ငါ​သည်​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု တွင်​နွား​ဦး​ချို​လေး​ခု​ကို​တွေ့​မြင်​ရ​၏။-
ZEC 1:19 ငါ​သည်​မိ​မိ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​အား​ထို​ဦး​ချို​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​၍​ကြည့်​၏။ ထို​ကောင်း​ကင်​တ​မန်​က``ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်​သား၊ ဣ​သ​ရေ​လ​ပြည်​သား​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ကွဲ​လွင့်​စေ​ခဲ့ သူ​ကမ္ဘာ​တန်​ခိုး​ရှင်​များ​ကို​သ​ရုပ်​ဆောင်​ပါ သည်'' ဟု​ဆို​၏။
ZEC 1:20 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တူ များ​ကို​ကိုင်​ဆောင်​ထား​သည့်​အ​လုပ်​သ​မား လေး​ယောက်​ကို​ပြ​တော်​မူ​၏။-
ZEC 1:21 ငါ​က​လည်း``ဤ​သူ​တို့​သည်​အ​ဘယ်​မှု​ကို ပြု​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​လေ​လျှင်၊ ကိုယ်​တော်​က``သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား တို့​အား​ကွဲ​လွင့်​စေ​၍​အ​ကုန်​အ​စင်​ဖျက်​ဆီး ချေ​မှုန်း​ခဲ့​သည့်​လူ​မျိုး​တို့​အား တုန်​လှုပ်​ချောက် ချား​စေ​၍​ဖြို​ခွင်း​နှိမ်​နင်း​ရန်​ရောက်​ရှိ​လာ ခြင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
ZEC 2:1 ငါ​သည်​ပေ​ကြိုး​ကို​ကိုင်​ထား​သည့်​လူ​တစ်​ယောက် ကို​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​တွေ့​မြင် ရ​၏။-
ZEC 2:2 သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​သော​အ​ခါ၊ ထို​သူ​က``ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ပါ​မည်။ ထို မြို့​သည်​အ​လျား​အ​နံ​မည်​မျှ​ရှိ​သည်​ကို​တိုင်း ထွား​၍​ကြည့်​ရန်​ဖြစ်​ပါ​၏'' ဟု ပြန်​ပြော​လေ​သည်။
ZEC 2:3 ထို​နောက်​ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​သည်​ရှေ့​သို့​လာ​သော​အ​ခါ အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​က​သူ့​ထံ သို့​လာ​ရောက်​နှုတ်​ဆက်​သည်​ကို​ငါ​တွေ့​မြင် ရ​၏။-
ZEC 2:4 ပ​ထ​မ​ကောင်း​ကင်​တ​မန်​က​သူ့​အား``ယေ​ရု ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​လူ​သတ္တ​ဝါ တို့​သည်​အ​လွန်​ပင်​များ​သ​ဖြင့် ထို​မြို့​ကို တံ​တိုင်း​ကာ​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ပေ ကြိုး​ကိုင်​ထား​သူ​လူ​ငယ်​ထံ​သို့​ပြေး​၍​ပြော ကြား​လော့။-
ZEC 2:5 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကိုယ်​တော်​တိုင်​မြို့ ပတ်​လည်​တွင် မီး​တံ​တိုင်း​အ​ဖြစ်​တည်​ရှိ​လျက် ဘုန်း​အ​သ​ရေ​တော်​အ​ပေါင်း​နှင့်​တ​ကွ ထို​မြို့ တွင်​စံ​နေ​တော်​မူ​မည်​ဖြစ်​ကြောင်း​က​တိ​ထား တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
ZEC 2:6 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​ကို​အ​ရပ်​တ​ကာ​သို့ ကွဲ​လွင့်​စေ​တော်​မူ​ခဲ့​၏။-
ZEC 2:7 သို့​ရာ​တွင်​အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ ယ​ခု​သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​ပြေး ကာ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​လော့။-
ZEC 2:8 သင်​တို့​အား​ထိ​ပါး​လာ​သူ​သည်​ငါ​တန်​ဘိုး အ​ထား​ဆုံး​သော​အ​ရာ​ကို​ထိ​ပါး​သူ​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​အား​တိုက်​ခိုက် ချေ​မှုန်း​သူ​တို့​အား ဤ​ကဲ့​သို့​သ​တင်း​စ​ကား ပြော​ကြား​ရန် ငါ့​အား​အ​နန္တ​တန်​ခိုး​ရှင်​ထာ ဝ​ရ​ဘု​ရား​သည်​စေ​လွှတ်​တော်​မူ​သည်။
ZEC 2:9 ``ဤ​သို့​လျှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင် သင်​တို့​အား​တိုက်​ခိုက်​တော်​မူ​လိမ့်​မည်။ အ​ခါ တစ်​ပါး​က​သင်​တို့​၏​အ​စေ​အ​ပါး​ကို​ခံ​ခဲ့ ရ​ကြ​သူ​တို့​သည် သင်​တို့​ကို​လု​ယက်​တိုက်​ခိုက် ကြ​လတ္တံ့'' ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​တူ​ငါ့ အား​စေ​လွှတ်​တော်​မူ​သ​တည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ ငါ့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​စေ လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လူ​အ​ပေါင်း​တို့ သိ​ရှိ​ကြ​လိမ့်​မည်။
ZEC 2:10 ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လော့။ ငါ​သည် သင်​တို့​အ​လယ်​တွင်​ကျိန်း​ဝပ်​ရန်​ကြွ​လာ​တော် မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
ZEC 2:11 ထို​အ​ခါ​လူ​မျိုး​ပေါင်း​မြောက်​မြား​စွာ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ် ကြ​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​လာ ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​တို့​အ​လယ် တွင်​ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​လိမ့်​မည်။-
ZEC 2:12 တစ်​ဖန်​တုံ​ယု​ဒ​နယ်​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​ပြည်​တော်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ထူး ပိုင်​နက်​ဖြစ်​လာ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့ သည်​လည်း​ကိုယ်​တော်​အ​မြတ်​နိုး​ဆုံး​သော မြို့​ဖြစ်​လိမ့်​မည်။
ZEC 2:13 လူ​အ​ပေါင်း​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ကျိန်း​ဝပ်​တော်​မူ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​မည်​ဖြစ်​၍ ကိုယ်​တော်​၏​ရှေ့​တော်​၌​ဆိတ်​ငြိမ်​စွာ​နေ ကြ​လော့။
ZEC 3:1 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ရှေ့​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​ရပ်​လျက်​နေ​သည် ကို အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​ငါ့ အား​ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​၏။ ယော​ရှု ၏​နံ​ဘေး​တွင်​စာ​တန်​သည်​ရပ်​လျက်​နေ​၏။ သူ​သည်​ယော​ရှု​အား​ပြစ်​တင်​စွပ်​စွဲ​ရန် အ​သင့်​ရှိ​ပေ​သည်။-
ZEC 3:2 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်းကင်​တ​မန်​က​စာ​တန် အား``အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင် မြို့​ကို​ချစ်​မြတ်​နိုး​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် သင့်​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည်​မီး​ထဲ​မှ​ဆွဲ​နုတ်​လိုက်​သည့်​တုတ် ချောင်း​နှင့်​တူ​ပါ​၏'' ဟု​ပြော​၏။
ZEC 3:3 ယော​ရှု​သည်​ညစ်​ပေ​နေ​သော​အ​ဝတ်​များ​ကို ဝတ်​လျက် ထို​အ​ရပ်​တွင်​ရပ်​၍​နေ​၏။-
ZEC 3:4 ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏​အ​စေ​အ​ပါး ကောင်း​ကင်​သား​တို့​အား``ဤ​သူ​ဝတ်​ဆင်​ထား သည့်​အ​ဝတ်​ညစ်​တို့​ကို​ချွတ်​ပစ်​လော့'' ဟု​ဆို ပြီး​လျှင်၊ ယော​ရှု​အား``ငါ​သည်​သင်​၏​အ​ပြစ် ကို​ဖယ်​ရှား​လိုက်​ပြီး​လျှင်​သင်​ဝတ်​ဆင်​ရန် အ​ဝတ်​သစ်​များ​ကို​ပေး​ပါ​အံ့'' ဟု​ပြော လေ​သည်။
ZEC 3:5 သူ​သည်​မိ​မိ​၏​အ​စေ​အ​ပါး​တို့​အား​ယော​ရှု ၏​ဦး​ခေါင်း​ထက်​တွင်​ဖြူ​စင်​သန့်​ရှင်း​သည့် ပေါင်း​ထုပ်​တစ်​ခု​ကို​တပ်​ဆင်​ပေး​ရန်​ခိုင်း​စေ သ​ဖြင့် ထို​သူ​တို့​သည်​လည်း​ယင်း​သို့​ခိုင်း စေ​သည့်​အ​တိုင်း​ပြု​ကြ​၏။ ထို​နောက်​သူ​တို့ သည်​ယော​ရှု​အား​အ​ဝတ်​သစ်​များ​ကို​ဝတ် ဆင်​ပေး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​သည်​လည်း​အ​နီး​တွင်​ရပ်​လျက် နေ​၏။
ZEC 3:6 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ယော​ရှု​အား၊-
ZEC 3:7 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ် ၍​သင်​သည်​ငါ​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ၍ သင့်​အား​ငါ​ပေး​အပ်​သည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​မည်​ဆို​ပါ​မူ ငါ​၏​ဗိ​မာန် တော်​နှင့်​ဗိ​မာန်​တော်​တံ​တိုင်း​တို့​ကို​ဆက်​လက် စောင့်​ထိန်း​ကြည့်​ရှု​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​လည်း မိ​မိ​၏​ရှေ့​တော်​တွင်​ရှိ​သည့်​ကောင်း​ကင်​တ​မန် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​ကြား​တော် မူ​သည့်​နည်း​တူ​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို လည်း​ကြား​တော်​မူ​မည်။-
ZEC 3:8 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သူ​ယောရှု၊ နား​ထောင်​လော့။ ယော​ရှု​၏​အ​ပေါင်း​အ​ဖော် ယဇ်​ပု​ရော​ဟိတ်​တို့၊ သာ​ယာ​သော​အ​နာ​ဂတ် ၏​နိ​မိတ်​လက္ခ​ဏာ​ကို​ဆောင်​သူ​တို့၊ နား​ထောင် ကြ​လော့။ ငါ​သည်``အ​ညွှန့်​အ​တက်'' ဟု​နာ​မည် တွင်​သော​မိ​မိ​၏​အ​စေ​ခံ​ကို​ပေါ်​ထွန်း​စေ မည်။-
ZEC 3:9 မှန်​ကူ​ကွက်​ခု​နစ်​ခု​ရှိ​သော​ကျောက်​တုံး​ကို လည်း ယော​ရှု​၏​ရှေ့​တွင်​ငါ​ချ​ထား​မည်။ ထို ကျောက်​ပေါ်​တွင်​ကမ္ပည်း​ရေး​ထိုး​ပြီး​လျှင် ဤ ပြည်​၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​တစ်​နေ့​ချင်း တွင်း​ပယ်​ရှား​ပစ်​မည်။-''
ZEC 3:10 ``ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည်​စ​ပျစ်​ဥ​ယျာဉ်​များ၊ သ​ဖန်း​ပင်​များ​ခြံ​ရံ​လျက်​ငြိမ်း​ချမ်း​လုံ​ခြုံ စွာ​နေ​ထိုင်​နိုင်​ကြ​စေ​ရန် မိ​မိ​တို့​၏​အိမ်​နီး ချင်း​များ​ကို​ခေါ်​ဖိတ်​ကြ​လိမ့်​မည်'' ဟု​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
ZEC 4:1 ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့်​ကောင်း​ကင် တ​မန်​သည် တစ်​ဖန်​လာ​၍​အိပ်​ပျော်​သူ​ကို နှိုး​သ​ကဲ့​သို့​ငါ့​ကို​နှိုး​ပြီး​လျှင်၊-
ZEC 4:2 ``အ​ဘယ်​အ​ရာ​ကို​သင်​မြင်​ပါ​သ​နည်း'' ဟု​မေး​၏။ ငါ​က​လည်း``ရွှေ​မီး​တင်​ခုံ​တစ်​ခု ကို​မြင်​ပါ​သည်။ မီး​တင်​ခုံ​တိုင်​ထိပ်​တွင်​ဆီ ခွက်​တစ်​ခု​ရှိ​ပါ​သည်။ မီး​တင်​ခုံ​ပေါ်​တွင် မီး​စာ​ခု​နစ်​စ​စီ​ရှိ​သော​မီး​ခွက်​ခု​နစ်​လုံး ရှိ​ပါ​သည်။-
ZEC 4:3 မီး​တင်​ခုံ​၏​နံ​ဘေး​တစ်​ဖက်​တစ်​ချက်​တွင် သံ​လွင်​ပင်​တစ်​ပင်​စီ​ရှိ​ပါ​သည်'' ဟု​ဖြေ ကြား​လိုက်​လေ​သည်။-
ZEC 4:4 ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား၊ အ​ရှင် ဤ​အ​ရာ​တို့​သည်​အ​ဘယ်​အ​ဖြစ်​အ​ပျက် များ​ကို​သ​ရုပ်​ဆောင်​ပါ​သ​နည်း'' ဟု​မေး​၏။
ZEC 4:5 ကောင်း​ကင်​တ​မန်​က``သင်​မ​သိ​ပါ​သ​လော'' ဟု​ဆို​လျှင် ငါ​က​လည်း``အ​ရှင်​အ​ကျွန်ုပ်​မ သိ​ပါ'' ဟု​ပြန်​လည်​ဖြေ​ကြား​လိုက်​၏။
ZEC 4:6 ကောင်း​ကင်​တ​မန်​က​ငါ့​အား``သင်​သည်​ဇေ​ရု​ဗ ဗေ​လ​သို့​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဤ ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​လော့။ ကိုယ်​တော်​က သူ့​အား`သင်​သည်​မိ​မိ​၏​တန်​ခိုး​စွမ်း​ရည်​အား ဖြင့်​သော်​လည်း​ကောင်း၊ စစ်​သည်​ဗိုလ်​ခြေ​အင်​အား အား​ဖြင့်​သော်​လည်း​ကောင်း​ဤ​အ​မှု​ကို​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​၏​ဝိ​ညာဉ်​တော်​တန်​ခိုး တော်​အား​ဖြင့်​သာ​လျှင်​ပြု​နိုင်​လိမ့်​မည်'' ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-
ZEC 4:7 တောင်​များ​သ​ဖွယ်​ကြီး​မား​သည့်​အ​ခက် အ​ခဲ​တို့​သည်​သင်​၏​ရှေ့​မှ​ကွယ်​ပျောက်​သွား လိမ့်​မည်။ သင်​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ရ​လိမ့်​မည်။ တိုက်​ထောင့်​အ​ထွတ် ကျောက်​ကို​အ​ပြီး​သတ်​တပ်​ဆင်​လိုက်​သော အ​ခါ ပြည်​သူ​တို့​က`တင့်​တယ်​လှ​ပါ​ပေ​သည်၊ တင့်​တယ်​လှ​ပါ​ပေ​သည်' ဟု​ကြွေး​ကြော် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။''
ZEC 4:8 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​အ​ခြား​နှုတ် က​ပတ်​တော်​တစ်​ပါး​သည် ငါ​၏​ထံ​တော် သို့​ရောက်​ရှိ​လာ​ပြန်​၏။-
ZEC 4:9 ကိုယ်​တော်​က၊``ဇေ​ရု​ဗ​ဗေ​လ​သည်​ဗိ​မာန် တော်​အုတ်​မြစ်​ကို​ချ​ထား​ပြီး​လေ​ပြီ။ သူ သည်​ထို​အ​ဆောက်​အ​ဦး​ကို​လက်​စ​သတ် ရ​ပေ​လိမ့်​မည်။ ယင်း​သို့​လက်​စ​သတ်​သော အ​ခါ​၌​ငါ​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့ ထံ​သို့​သင့်​ကို​စေ​လွှတ်​ခဲ့​သူ​မှာ အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သိ​ရှိ ကြ​လိမ့်​မည်။-
ZEC 4:10 သူ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် တိုး တက်​မှု​နှေး​ကွေး​သည့်​အ​တွက်​စိတ်​ပျက်​ကြ သော်​လည်း ဗိ​မာန်​တော်​ကို​ဇေ​ရု​ဗ​ဗေ​လ​သည် ချိန်​ကြိုး​ကိုင်​လျက် ဆက်​လက်​တည်​ဆောက်​လျက် နေ​ကြောင်း​ကို​တွေ့​မြင်​ရ​သော​အ​ခါ​၌​မူ ဝမ်း​မြောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​က​ငါ့​အား``မီး​ခွက်​ခု​နစ် ခု​သည်​ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​တွေ့ မြင်​နိုင်​သော ထာ​ဝ​ရ​ဘု​ရား​၏​မျက်​စိ ခု​နစ်​လုံး​ဖြစ်​၏'' ဟု​ပြော​၏။
ZEC 4:11 ထို​အ​ခါ​ငါ​သည်​သူ့​အား``မီး​တင်​ခုံ​၏ တစ်​ဖက်​တစ်​ချက်​တွင်​ရှိ​သော​သံ​လွင်​ပင် နှစ်​ပင်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​အ​ဘယ် သို့​နည်း။-
ZEC 4:12 သံ​လွင်​ဆီ​များ​ကျ​ဆင်း​ရာ​ရွှေ​ပြွန်​နှစ်​လုံး ၏​နံ​ဘေး​တွင်​ရှိ​သော​သံ​လွင်​ခက်​နှစ်​ခု​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ​လည်း​အ​ဘယ်​နည်း'' ဟု မေး​၏။
ZEC 4:13 သူ​က​ငါ့​အား``သင်​မ​သိ​ပါ​သ​လော'' ဟု ဆို​လျှင်၊ ငါ​က​လည်း`အ​ရှင်​အ​ကျွန်ုပ်​မ​သိ​ပါ' ဟု ပြန်​လည်​ဖြေ​ကြား​လိုက်​၏။
ZEC 4:14 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``ဤ​အ​ရာ တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​အ​စိုး ရ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​ကိုယ်​တော်​ရွေး​ချယ်​ဘိ​သိက် ပေး​တော်​မူ​သော​သူ​နှစ်​ဦး​ဖြစ်​၏'' ဟု​ဆို လေ​သည်။
ZEC 5:1 ငါ​သည်​နောက်​တစ်​ဖန်​ကြည့်​လိုက်​ပြန်​သော​အ​ခါ လေ​ထဲ​တွင်​ပျံ​ဝဲ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ရ​၏။-
ZEC 5:2 ကောင်း​ကင်​တ​မန်​က``သင်​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​မေး​လျှင်​ငါ​သည်​လည်း``လေ ထဲ​တွင်​ပျံ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ပါ​၏။ ထို​စာ​လိပ်​သည်​အ​လျား​ပေ​သုံး​ဆယ် အ​နံ​တစ်​ဆယ့်​ငါး​ပေ​ရှိ​ပါ​သည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။
ZEC 5:3 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``တစ်​နိုင်​ငံ​လုံး အ​ပေါ်​သို့​သက်​ရောက်​မည့်​ကျိန်​စာ​ကို​ထို​စာ လိပ်​တွင်​ရေး​သား​ထား​ပါ​သည်။ စာ​လိပ်​တစ် မျက်​နှာ​၌​သူ​ခိုး​မှန်​သ​မျှ​တို့​သည် ဤ​နိုင်​ငံ မှ​ဖယ်​ရှား​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ အ​ခြား​တစ်​မျက်​နှာ​၌​မူ​မ​မှန် မ​ကန်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​အ​ပေါင်း တို့​သည်​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ထား ပါ​သည်။-
ZEC 5:4 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က​ငါ​သည် ဤ​ကျိန်​စာ​ကို​စေ​လွှတ်​လိုက်​မည်​ဖြစ်​၍​ယင်း သည်​ငါ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​မှန်​သ​မျှ​နှင့်​သူ​ခိုး​မှန် သ​မျှ​တို့​၏​အိမ်​များ​တွင်​ဝင်​၍​နေ​လိမ့်​မည်။ ထို​အိမ်​တို့​သည်​လည်း​ကျိန်​စာ​ထွက်​ခွာ​သွား သော​အ​ခါ ယို​ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ် ကြ​လိမ့်​မည်'' ဟု​ဆို​၏။
ZEC 5:5 ကောင်း​ကင်​တ​မန်​သည်​တစ်​ဖန်​ပေါ်​လာ​ပြန် ၍``ကြည့်​လော့။ အ​ရာ​ဝတ္ထု​တစ်​ခု​သည်​ရွေ့ လျား​၍​လာ​နေ​၏'' ဆို​၏။
ZEC 5:6 ငါ​က``ထို​အ​ရာ​ကား​အ​ဘယ်​နည်း'' ဟု မေး​လျှင်၊ ကောင်း​ကင်​တ​မန်​က``ထို​အ​ရာ​သည်​ခြင်း တောင်း​တစ်​ခု​ဖြစ်​၍​တစ်​နိုင်​ငံ​လုံး​၏​အ​ပြစ် ကို​သ​ရုပ်​ဆောင်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား လေ​သည်။-
ZEC 5:7 ထို​ခြင်း​တောင်း​တွင်​ခဲ​ဖြင့်​ပြီး​သော​အ​ဖုံး တစ်​ခု​ရှိ​၏။ ထို​အ​ဖုံး​သည်​ငါ​ကြည့်​လျက် နေ​စဉ်​၌​ပင်​ပွင့်​၍​လာ​လေ​သည်။ ခြင်း​တောင်း ထဲ​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​ထိုင်​လျက် နေ​ပါ​သည်​တ​ကား။
ZEC 5:8 ကောင်း​ကင်​တ​မန်​က၊``ဤ​အ​မျိုး​သ​မီး​သည် ယုတ်​မာ​မှု​ကို​သ​ရုပ်​ဆောင်​၏'' ဟု​ဆို​ကာ သူ့​အား​ခြင်း​တောင်း​ထဲ​သို့​နှိပ်​ချ​လိုက်​ပြီး လျှင်​အ​ဖုံး​ပြန်​ဖုံး​၍​ထား​လိုက်​လေ​သည်။-
ZEC 5:9 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ငှက် ကျား​၏​အ​တောင်​ကဲ့​သို့​ကြီး​မား​သည့် အ​တောင်​များ​နှင့် ငါ့​ထံ​သို့​ပျံ​လာ​နေ​သော အ​မျိုး​သမီး​နှစ်​ဦး​ကို​မြင်​ရ​၏။ သူ​တို့​သည် ခြင်း​တောင်း​ကို​ချီ​ယူ​ကာ​အ​ဝေး​သို့​ပျံ သွား​ကြ​၏။
ZEC 5:10 ငါ​သည်​ကောင်း​ကင်​တ​မန်​အား``ထို​သူ​တို့ သည်​ခြင်း​တောင်း​ကို​အ​ဘယ်​အ​ရပ်​သို့ ယူ​ဆောင်​သွား​ကြ​ပါ​သ​နည်း'' ဟု​မေး လျှင်၊
ZEC 5:11 ကောင်း​ကင်​တ​မန်​က``ဗာ​ဗု​လုန်​ပြည်​သို့​ဖြစ် ပါ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဗိ​မာန်​တစ်​ခု ကို​တည်​ဆောက်​ကြ​ပါ​လိမ့်​မည်။ ထို​နောက်​ဝတ် ပြု​ကိုး​ကွယ်​ရန်​ထို​ဗိ​မာန်​တော်​ထဲ​တွင်​ခြင်း တောင်း​ကို​တည်​ထား​ကြ​ပါ​လိမ့်​မည်'' ဟု ဆို​၏။
ZEC 6:1 အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ ပြန်​၏။ ဤ​အ​ကြိမ်​၌​ငါ​သည်​ကြေး​ဝါ​တောင် နှစ်​ခု​ကြား​မှ​ထွက်​လာ​သော​စစ်​မြင်း​ရ​ထား လေး​စီး​ကို​မြင်​ရ​လေ​သည်။-
ZEC 6:2 ပ​ထ​မ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နီ​များ၊ ဒု​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​နက်​များ၊-
ZEC 6:3 တ​တိ​ယ​စစ်​မြင်း​ရ​ထား​တွင်​မြင်း​ဖြူ​များ၊ စ​တုတ္ထ​စစ်​မြင်း​ရ​ထား​တွင်​ပြောက်​ကျား မြင်း​များ​က​လျက်​ရှိ​၏။-
ZEC 6:4 ထို​နောက်​ငါ​သည်​ကောင်း​ကင်​တ​မန်​အား``အ​ရှင်၊ ဤ​စစ်​မြင်း​ရ​ထား​များ​ကား​မည်​သည့်​အ​နက် ကို​ဆောင်​ပါ​သ​နည်း'' ဟု​မေး​လျှင်၊
ZEC 6:5 ကောင်း​ကင်​တ​မန်​က``ယင်း​တို့​သည်​လေ​လေး​ပါး ဖြစ်​၏။ ထို​လေ​တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး ကို​အ​စိုး​ရ​သော​အ​ရှင်​၏​ရှေ့​တော်​မှောက်​မှ ယ​ခု​ပင်​ထွက်​လာ​ခဲ့​ကြ​၏'' ဟု​ဆို​လေ​သည်။
ZEC 6:6 မြင်း​နက်​များ​က​သည့်​စစ်​မြင်း​ရ​ထား​သည် မြောက်​အ​ရပ်​သို့​လည်း​ကောင်း၊ မြင်း​ဖြူ​များ သည်​အ​နောက်​ဘက်​သို့​လည်း​ကောင်း၊ ပြောက် ကျား​မြင်း​များ​သည်​တောင်​ဘက်​အ​ရပ် ဒေ​သ​သို့​လည်း​ကောင်း​သွား​လျက်​နေ​ကြ​၏။-
ZEC 6:7 ပြောက်​ကျား​မြင်း​များ​သည်​ကမ္ဘာ​မြေ​ပြင် ကို​ကြည့်​ရှု​စစ်​ဆေး​ရန် အ​လျင်​စ​လို​ထွက် လာ​ကြ​လေ​သည်။ ကောင်း​ကင်​တ​မန်​က``သူ တို့​အား​ကမ္ဘာ​မြေ​ပြင်​ကို​သွား​ရောက်​ကြည့် ရှု​စစ်​ဆေး​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ထွက်​သွား​ကြ​၏။-
ZEC 6:8 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား၊``မြောက် အ​ရပ်​သို့​သွား​သည့်​မြင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပြေ​စေ​ကြ​လေ ပြီ'' ဟု​ပြော​၏။
ZEC 6:9 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဤ​သို့​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-
ZEC 6:10 ကိုယ်​တော်​က``ပြည်​နှင်​ဒဏ်​သင့်​သူ​ဟေ​လ​ဒဲ၊ တော​ဘိ​ယ​နှင့်​ယေ​ဒါ​သ​အ​နွယ်​ဝင်​တို့​၏ အ​လှူ​ပစ္စည်း​များ​ကို​ယူ​၍ ဇေ​ဖ​နိ​၏​သား ယော​ရှိ​အိမ်​သို့​ချက်​ချင်း​သွား​လော့။ ဤ​သူ အ​ပေါင်း​တို့​သည် ဗာ​ဗု​လုန်​ပြည်​တွင်​ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​များ ဖြစ်​၏။-
ZEC 6:11 သူ​တို့​ပေး​လှူ​ထား​သည့်​ရွှေ​ငွေ​များ​ဖြင့် သ​ရ​ဖူ​တစ်​ခု​ကို​ပြု​လုပ်​၍ ယော​ဇ​ဒက် ၏​သား​ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏ ဦး​ခေါင်း​ကို​ဆောင်း​ပေး​လော့။-
ZEC 6:12 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က``အ​ညွှန့် အ​တက်'' ဟု​နာ​မည်​တွင်​သူ​သည်​မိ​မိ​ရှိ​ရာ အ​ရပ်​တွင်​ကြီး​ပွား​တိုး​တက်​လျက်​ထာ​ဝ​ရ ဘုရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ရ​လိမ့်​မည်။-
ZEC 6:13 ထို​သူ​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရ​မည့် သူ၊ ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့်​ဘုန်း​အ​သ​ရေ ကို​ခံ​ယူ​ရ​ရှိ​မည့်​သူ​ဖြစ်​သ​ဖြင့် မိ​မိ​၏​အ​မျိုး သား​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။ သူ​၏​ရာဇ​ပလ္လင် အ​နီး​တွင်​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ရပ် လျက်​သူ​နှင့်​အ​တူ​ငြိမ်း​ချမ်း​သင့်​မြတ်​စွာ ပူး​ပေါင်း​ဆောင်​ရွက်​ပေး​လိမ့်​မည်။-
ZEC 6:14 ထို​သ​ရ​ဖူ​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ဟေ​လ​ဒဲ၊ တော​ဘိ​ယ၊ ယေ ဒါ​ယ​နှင့်​ယော​ရှိ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့် ရာ​အ​ထိမ်း​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ZEC 6:15 ရပ်​ဝေး​ဒေ​သ​တွင်​နေ​ထိုင်​ကြ​ကုန်​သော လူ​တို့​သည်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် ကို​ပြန်​လည်​တည်​ဆောက်​ရာ​တွင်​ကူ​ညီ​ဆောင် ရွက်​ကြ​လိမ့်​မည်။ ထို​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​၍​ပြီး​သော​အ​ခါ သင်​တို့​သည် မိ​မိ​တို့​ထံ​သို့​ငါ့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ခဲ့​ကြောင်း သိ​ရှိ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​တိ​ကျ​စွာ​လိုက်​နာ​ကြ ပါ​မူ​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ လိမ့်​မည်။
ZEC 7:1 ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​စ​တုတ္ထ​နှစ် ခိ​သ​လု​နာ​မည်​တွင်​သော န​ဝ​မ​လ၊ လေး ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။
ZEC 7:2 ဗေ​သ​လ​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ကြ​ရန် လည်း​ကောင်း``အ​ကျွန်ုပ်​တို့​သည်​ဗိ​မာန်​တော် ပြို​ပျက်​မှု​အ​တွက် နှစ်​ပေါင်း​များ​စွာ​ပြု​လုပ် ခဲ့​ကြ​သည့်​နည်း​တူ အ​စာ​ရှောင်​ခြင်း​အား ဖြင့်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ရ​ကြ​ပါ​မည်​လော'' ဟု​မေး​လျှောက် ကြ​ရန်​လည်း​ကောင်း၊ ရှ​ရေ​ဇာ​နှင့်​ရေ​ဂင်္မေ လက်​နှင့်​သူ​တို့​၏​လူ​တို့​အား အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ ယဇ် ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​ထံ​သို့ စေ​လွှတ်​လိုက်​ကြ​၏။
ZEC 7:4 ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကား​ဤ​သို့​တည်း။-
ZEC 7:5 ကိုယ်​တော်​က``ပြည်​သူ​များ​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​နှစ်​ပေါင်း​ခု​နစ်​ဆယ်​ပတ်​လုံး၊ ပဉ္စ​မ​လ​နှင့်​သတ္တ​မ​လ​တို့​တွင်​အ​စာ​ရှောင် ၍​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ခဲ့​ကြ​သည်​မှာ​ငါ့​အား​ဂုဏ်​ပြု​ချီး ကူး​ရန်​မ​ဟုတ်။-
ZEC 7:6 စား​ပွဲ​သောက်​ပွဲ​ကျင်း​ပ​ကြ​သည်​မှာ​လည်း မိ​မိ​တို့​အာ​သာ​ချင်​ရဲ​ပြေ​စေ​ရန်​သာ​လျှင် ဖြစ်​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။
ZEC 7:7 ဤ​ကား​ယေ​ရု​ရှ​လင်​မြို့​ကောင်း​စား​စည်​ပင် လျက်​နေ​ချိန်​၌ ရှေး​ပ​ရော​ဖက်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ဖြစ်​၏။ ထို​အ​ခါ​မြို့​ပတ်​ဝန်း​ကျင်​ကျေး ရွာ​များ​တွင်​သာ​လျှင်​လူ​အ​မြောက်​အ​မြား နေ​ထိုင်​ကြ​သည်​မ​ဟုတ်။ တောင်​ဘက်​ဒေ​သ နှင့်​အ​နောက်​ဘက်​ရှိ​တောင်​ခြေ​ဒေ​သ​များ တွင်​လည်း​နေ​ထိုင်​ကြ​လေ​သည်။
ZEC 7:8 ထာ​ဝ​ရ​ဘု​ရား​သည်​ဇာ​ခ​ရိ​အား ဤ​သို့ ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
ZEC 7:9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ရှေး အ​ခါ​၌​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား`သင် တို့​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​ကြ​လျက်၊ တစ်​ဦး​အ​ပေါ်​တစ်​ဦး​သ​နား​က​ရု​ဏာ ထား​ရ​ကြ​မည်။-
ZEC 7:10 မု​ဆိုး​မ​များ၊ မိ​ဘ​မဲ့​များ၊ တစ်​ကျွန်း​တစ် နိုင်​ငံ​သား​များ​သို့​မ​ဟုတ်​ဆင်း​ရဲ​နွမ်း​ပါး သူ​များ​အား​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်၊ တစ်​ဦး​ကို​တစ်​ဦး​ဘေး​ဒုက္ခ​ရောက်​အောင် မ​ကြံ​စည်​ကြ​နှင့်'' ဟု​မိန့်​မှာ​ခဲ့​၏။
ZEC 7:11 ``သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​သည်​ဂ​ရု မ​စိုက်​ဘဲ​ခေါင်း​မာ​လျက် ငါ့​စ​ကား​ကို​နား မ​ထောင်​ကြ။ သူ​တို့​သည်​နား​ကို​ပိတ်​ထား ကြ​၏။-
ZEC 7:12 စိတ်​နှ​လုံး​ကို​ကျောက်​ကဲ့​သို့​မာ​ကျော​စေ ကြ​၏။ သူ​တို့​သည်​ရှေး​ပ​ရော​ဖက်​များ​အား ဖြင့်​ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​များ ကို​နား​မ​ထောင်​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​အ​မျက် ထွက်​ခဲ့​သည်။-
ZEC 7:13 ငါ​၏​မိန့်​တော်​မူ​ချက်​ကို​သူ​တို့​သည်​နား မ​ထောင်​သော​ကြောင့် သူ​တို့​၏​ဆု​တောင်း​သံ ကို​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မ​မူ။-
ZEC 7:14 မုန်​တိုင်း​သ​ဖွယ်​တိုက်​ခတ်​ကာ​နိုင်​ငံ​ရပ် ခြား​များ​သို့​လွင့်​စင်​သွား​စေ​၏။ ဤ​သာ ယာ​သော​ပြည်​သည်​လည်း​နေ​ထိုင်​သူ​မ ရှိ​ဘဲ​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ကျန် ရစ်​ခဲ့​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။
ZEC 8:1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ် က​ပတ်​တော်​သည် ဇာ​ခ​ရိ​ထံ​သို့​ရောက်​လာ ၏။-
ZEC 8:2 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန် မြို့​သူ​မြို့​သား​တို့​အ​ပေါ်​၌​ငါ​ထား​ရှိ​သည့် နက်​နဲ​သော​မေတ္တာ​ကြောင့်​သူ​တို့​၏​ရန်​သူ​များ အ​ပေါ်​အ​မျက်​ထွက်​စေ​သည့် ငါ​၏​မေတ္တာ​ကို ထောက်​၍​ငါ​သည်​ထို​မြို့​အား​ကူ​မ​ရန် တောင့်​တ​လျက်​နေ​၏။-
ZEC 8:3 ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ တော်​ယေ​ရု​ရှ​လင်​သို့​ပြန်​လာ​မည်။ ထို​မြို့ တွင်​ကျိန်း​ဝပ်​တော်​မူ​မည်။ ထို​မြို့​သည်​သစ္စာ ရှိ​သော​မြို့​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​တောင်​ဟူ​၍​လည်း​ကောင်း နာ​မည်​တွင်​လိမ့်​မည်။-''
ZEC 8:4 ``တောင်​ဝှေး​ကို​စွဲ​ကိုင်​၍​သွား​ရကြ​သည်​တိုင် အောင် အို​မင်း​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး ကြီး​တို့​သည် ယေ​ရု​ရှ​လင်​လမ်း​များ​တွင် ထိုင်​လျက်​နေ​ကြ​လိမ့်​မည်။-
ZEC 8:5 လမ်း​များ​သည်​လည်း​က​စား​လျက်​နေ​သူ က​လေး​သူ​ငယ်​သူ​ငယ်​မ​များ​နှင့်​တစ်​ဖန် ပြည့်​နှက်​၍​နေ​ပေ​လိမ့်​ဦး​မည်။''
ZEC 8:6 ``ဤ​အ​မှု​အ​ရာ​များ​သည်​ယ​ခု​အ​ခါ​ကျန် ကြွင်း​နေ​သူ ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ဖြစ် နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​ရ​သော်​လည်း ငါ​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​မူ​ကား ဖြစ်​နိုင်​သည်​သာ​တည်း။-
ZEC 8:7 ငါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​သူ​တို့​ရောက်​ရှိ​လေ ရာ​အ​ရပ်​မှ​ကယ်​ဆယ်​၍၊-
ZEC 8:8 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ရန်​အ​ရှေ့​နှင့် အ​နောက်​အ​ရပ်​များ​မှ​ခေါ်​ဆောင်​လာ​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ တို့​အား​တ​ရား​မျှ​တ​စွာ​သစ္စာ​နှင့်​အုပ်​စိုး မည်။
ZEC 8:9 ရဲ​ရင့်​မှု​ရှိ​ကြ​လော့။ ယ​ခု​သင်​တို့​ကြား​သိ ကြ​ရ​သည့်​စ​ကား​များ​သည် ငါ​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည် တည်​ဆောက်​ရန်​အုတ်​မြစ်​ချ​ချိန်​၌​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​ကြ​သည့်​စ​ကား​များ​ပင် ဖြစ်​၏။-
ZEC 8:10 ထို​အ​ချိန်​ကာ​လ​မ​တိုင်​မီ​အ​ခါ​က​အ​ဘယ် သူ​မျှ​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​ငှား​ရမ်း​စေ ခိုင်း​နိုင်​စွမ်း​မ​ရှိ။ အ​ဘယ်​သူ​မျှ​လည်း​မိ​မိ တို့​ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​မှု မ​ရှိ။ ငါ​သည်​လူ​မျိုး​တစ်​ဦး​နှင့်​တစ်​ဦး​ရန် ဘက်​ဖြစ်​စေ​ခဲ့​၏။-
ZEC 8:11 သို့​သော်​ယ​ခု​ငါ​သည်​ဤ​လူ​မျိုး​အ​ကြွင်း အ​ကျန်​များ​နှင့် တစ်​မျိုး​တစ်​ဖုံ​ပြောင်း​လဲ ဆက်​ဆံ​မည်။-''
ZEC 8:12 ``သူ​တို့​သည်​မိ​မိ​တို့​ကောက်​ပဲ​သီး​နှံ​များ ကို​ငြိမ်း​ချမ်း​စွာ​စိုက်​ပျိုး​ရကြ​လိမ့်​မည်။ သူ တို့​၏​စ​ပျစ်​ပင်​များ​သည်​အ​သီး​များ သီး​လိမ့်​မည်။ မြေ​ကြီး​သည်​ကောက်​ပဲ​သီး နှံ​များ​ကို​ဆောင်​လျက်​မိုး​သည်​လည်း​အ​မြောက် အ​မြား​ရွာ​သွန်း​လိမ့်​မည်။ ကြွင်း​ကျန်​နေ​သူ ငါ​၏​လူ​မျိုး​တော်​အား​ဤ​ကောင်း​ချီး​မင်္ဂ လာ​အ​ပေါင်း​ကို​ငါ​ပေး​မည်။-
ZEC 8:13 အို ယု​ဒ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​တိတ် အ​ခါ​က​လူ​မျိုး​ခြား​တို့​သည်​မိ​မိ​တို့​အ​ချင်း ချင်း​ကျိန်​ဆဲ​ရာ​တွင်`သင်​တို့​သည်​ယု​ဒ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​များ​နှင့်​ကြုံ​တွေ့​ရကြ​ပါ စေ​သော' ဟု​ဆို​တတ်​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​အား​ကယ်​တင်​တော်​မူ​မည်​ဖြစ်​၍ ထို​လူ​မျိုး​ခြား​တို့​သည်​တစ်​ဦး​နှင့်​တစ်​ဦး၊ `သင်​တို့​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ များ​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော' ဟု​ဆို ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ရဲ​ရင့်​မှု​ရှိ​ကြ လော့။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
ZEC 8:14 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင် တို့​၏​ဘိုး​ဘေး​များ​ငါ့​အား​အ​မျက်​ထွက် စေ​ကြ​သော​အ​ခါ ငါ​သည်​သူ​တို့​ကို​ဆိုး ကျိုး​ပေး​ရန်​ကြံ​စည်​ခဲ့​၏။ ထို​နောက်​စိတ် သ​ဘော​မ​ပြောင်း​မ​လဲ​ဘဲ​ယင်း​သို့​ကြံ စည်​သည့်​အ​တိုင်း​ငါ​ပြု​ခဲ့​၏။-
ZEC 8:15 သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သား​တို့ အား​ကောင်း​ချီး​ပေး​ရန်​ကြံ​စည်​လျက် ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။-
ZEC 8:16 သင်​တို့​ပြု​ကျင့်​သင့်​သည့်​အ​မှု​များ​မှာ အ​ချင်း​ချင်း​ဟုတ်​မှန်​ရာ​ကို​ပြော​ဆို​ရန် ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက်​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။-
ZEC 8:17 သင်​တို့​သည်​အ​ချင်း​ချင်း​ဘေး​အန္တ​ရာယ်​ဖြစ် စေ​မည့်​အ​ကြံ​အ​စည်​ကို​မ​ပြု​ကြ​နှင့်။ ကျိန် ဆို​ခြင်း​ကို​ပြု​လျက်​မ​မှန်​သော​သက်​သေ​ကို မ​ခံ​ကြ​နှင့်။ လိမ်​လည်​ပြော​ဆို​မှု၊ မ​တ​ရား သည့်​အ​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ကို​ငါ​မုန်း ၏'' ဟု​မိန့်​တော်​မူ​၏။
ZEC 8:18 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇာ​ခ​ရိ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
ZEC 8:19 ``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။
ZEC 8:20 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``တိုင်း နိုင်​ငံ​ကြီး​များ​နှင့်​မြို့​များ​မှ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​မည့် အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။-
ZEC 8:21 မြို့​တစ်​မြို့​မှ​လူ​တို့​သည်​အ​ခြား​မြို့​မှ​လူ တို့​အား`ငါ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​သွား​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း ခံ​ကြ​ကုန်​အံ့။ ငါ​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ကြ လော့' ဟု​ဆို​လိမ့်​မည်။-
ZEC 8:22 တန်​ခိုး​ကြီး​မား​သည့်​တိုင်း​ကြီး​ပြည်​ကြီး သား​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရန်​နှင့်​ကိုယ် တော်​၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လိမ့်​မည်။-
ZEC 8:23 ထို​နေ့​ရက်​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား တစ်​ဦး​အား​လူ​မျိုး​ခြား​တစ်​ကျိပ်​က``ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း ငါ​တို့​ကြား​သိ​ရ​ကြ​ပေ​ပြီ။ သို့​ဖြစ်​၍ ငါ​တို့​သည်​သင်​တို့​နှင့်​ဆိုး​တူ​ကောင်း​ဖက် ဖြစ်​လို​ကြ​ပါ​သည်' ဟု​ဆို​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
ZEC 9:1 ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား​ဤ​သို့ တည်း။ ကိုယ်​တော်​သည်​ဟာ​ဒ​ရက်​ပြည်​နှင့်​ဒ​မာ​သက် မြို့​ကို​အ​ပြစ်​ဒဏ်​ခတ်​ရန်​စီ​ရင်​ချက်​ချ​မှတ် တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ လ​လူ​မျိုး​နွယ်​များ​ကို​သာ​လျှင်​မ​ဟုတ်၊ ရှု​ရိ ပြည်​၏​မြို့​တော်​ကို​လည်း​ပိုင်​တော်​မူ​၏။-
ZEC 9:2 ဟာ​ဒ​ရက်​ပြည်​နှင့်​ကပ်​လျက်​နေ​သော​ဟာ​မက် ပြည်​ကို​လည်း​ကောင်း ကျွမ်း​ကျင်​လိမ္မာ​မှု​ရှိ​သည့် တု​ရု​မြို့​နှင့်​ဇိ​ဒုန်​မြို့​တို့​ကို​လည်း​ကောင်း ကိုယ်​တော်​ပိုင်​တော်​မူ​၏။-
ZEC 9:3 တု​ရု​မြို့​သည်​မိ​မိ​အ​တွက်​ခံ​တပ်​များ​ကို ဆောက်​လုပ်​ကာ ရွှေ​နှင့်​ငွေ​များ​ကို​မြေ​မှုန့် တ​မျှ​ပေါ​များ​လောက်​အောင်​စု​ပုံ​၍​ထား​၏။-
ZEC 9:4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​၏ စည်း​စိမ်​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​၍ ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​လိမ့်​မည်။ ထို​မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​၍​သွား လိမ့်​မည်။
ZEC 9:5 ဤ​အ​မှု​ကို​အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်​၍ ကြောက်​လန့်​သွား​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် လည်း​မြင်​သ​ဖြင့်​စိတ်​နှ​လုံး​တုန်​လှုပ်​ခြောက် ချား​၍​သွား​လိမ့်​မည်။ ဧ​ကြုန်​မြို့​သည်​လည်း ထို​နည်း​လည်း​ကောင်း​ဖြစ်​၍​သူ​၏​မျှော်​လင့် ချက်​များ​ပျက်​ပြား​၍​သွား​လိမ့်​မည်။ ဂါ​ဇ မြို့​သည်​မင်း​ဆက်​ပြတ်​လျက်၊ အာရှ​ကေ​လုန် မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​ကျန်​ရစ် လိမ့်​မည်။-
ZEC 9:6 အာ​ဇုတ်​မြို့​တွင်​အ​မျိုး​မ​စစ်​သည့်​လူ​တို့​နေ ထိုင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ဖိလိတ္တိ​အ​မျိုး​သား​တို့​မာန်​မာ​န​ကို​ချိုး​နှိမ် မည်။-
ZEC 9:7 သူ​သည်​သွေး​ပါ​သည့်​အ​သား​ကို​သော်​လည်း ကောင်း၊ အ​ခြား​တား​မြစ်​ရာ​ပါ​အ​စား​အ​စာ ကို​သော်​လည်း​ကောင်း​စား​ကြ​တော့​မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ သည် ငါ​၏​လူ​မျိုးတော်​တွင်​ပါ​၍​လာ​ကြ​လိမ့် မည်။ သူ​တို့​သည်​ယု​ဒ​အ​နွယ်​ဝင်​သား​ချင်း စု​တစ်​စု​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။ ဧ​ကြုန်​မြို့ သား​တို့​သည်​ယေ​ဗု​သိ​မြို့​သား​များ​နည်း တူ​ငါ​၏​လူ​မျိုး​တွင်​အ​ပါ​အ​ဝင်​ဖြစ် လာ​ကြ​လိမ့်​မည်။-
ZEC 9:8 ငါ​သည်​မိ​မိ​၏​ပြည်​တော်​ကို​အ​ဘယ်​တပ် မျှ​ဖြတ်​သန်း​၍ မ​သွား​နိုင်​စေ​ရန်​ကာ​ကွယ် စောင့်​ထိန်း​မည်။ မင်း​ဆိုး​မင်း​ညစ်​တို့​အား​လည်း ငါ​၏​လူ​မျိုး​တော်​ကို​ညှင်း​ပန်း​နှိပ်​စက်​ခွင့် ပြု​တော့​မည်​မ​ဟုတ်။ ငါ​၏​လူ​တို့​ဒုက္ခ​ခံ​စား ခဲ့​ရ​သည်​ကို​ငါ​မြင်​တော်​မူ​ပြီ'' ဟု​မိန့် တော်​မူ​ပါ​၏။
ZEC 9:9 ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။
ZEC 9:10 ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​မှ​စစ်​မြင်း​ရ​ထား များ​ကို ဖယ်​ရှား​၍၊မြင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​သွား​မည်။ စစ်​ပွဲ​တွင်​အ​သုံး​ပြု​သည့်​လေး​တို့​ကို​လည်း ချိုး​ပစ်​မည်။ သင်​တို့​ဘု​ရင်​သည်​နိုင်​ငံ​တ​ကာ​နှင့်​စစ်​ပြေ ငြိမ်း​ရေး ဆောင်​ရွက်​ပြီး​လျှင်၊ ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင်​သို့​တိုင်​အောင် လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​မှ​ကမ္ဘာ​မြေ​ကြီး​စွန်း​သို့​တိုင် အောင် လည်း​ကောင်း​အ​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
ZEC 9:11 ထာ​ဝ​ရ​ဘု​ရား​က၊ ``ယဇ်​ကောင်​များ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် နှိပ်​ကာ၊ သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို ထောက်​၍ ငါ​သည်​သင်​တို့​၏​အ​မျိုး​သား​များ​အား ကယ်​လွှတ်​မည်။ ရေ​မ​ရှိ​သော​တွင်း​နက်​တည်း​ဟူ​သော​ပြည်​နှင်​ဒဏ် ဘ​ဝ​မှ​ကယ်​လွှတ်​မည်။
ZEC 9:12 အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​ပြန်​လာ​ကြ​လော့။ မျှော်​လင့်​ချက်​ရှိ​ကြ​ပေ​ပြီ။ ဘေး​မဲ့​လုံ​ခြုံ​ရာ​သင်​တို့​၏​ရဲ​တိုက်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​ခံ​ခဲ့​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​၏ နှစ်​ဆ​မျှ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​သင်​တို့​အား​ငါ​ပေး​မည် ဖြစ်​ကြောင်း​ယ​ခု​ပင်​ပြော​ကြား​ပါ​၏။
ZEC 9:13 ငါ​သည်​ယု​ဒ​ပြည်​ကို​စစ်​သူ​ရဲ​၏​လေး​အ​ဖြစ် နှင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​ကို​မြား​များ​အ​ဖြစ် နှင့်​လည်း​ကောင်း အ​သုံး​ပြု​မည်။ ဂ​ရိတ်​ပြည်​ကို​တိုက်​ခိုက်​ရန်​ငါ​သည်​ဇိ​အုန် မြို့​သား​တို့​အား ဋ္ဌား​အ​ဖြစ်​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။
ZEC 9:14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ရှိ​ရာ အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၍​မြား​တော်​တို့​ကို​လျှပ်​စစ်​ပြက် သ​ကဲ့​သို့​ပစ်​လွှတ်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​တံ​ပိုး​ခ​ရာ​မှုတ်​တော်​မူ​၍ တောင်​အ​ရပ်​မှ​လာ​သည့်​လေ​မုန်​တိုင်း​နှင့်​အ​တူ ချီ​တက်​တော်​မူ​လိမ့်​မည်။
ZEC 9:15 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​ကို​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း​ရန်​သူ​များ​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​များ​ကဲ့​သို့​စစ် ပွဲ​တွင် ဟစ်​အော်​ကြ​လျက်​ရန်​သူ​များ​ကို​သတ်​ဖြတ် ကြ​လိမ့်​မည်။ ထို​သူ​တို့​၏​သွေး​သည်​အင်​တုံ​မှ​ယဇ်​ပလ္လင် ပေါ်​သို့ သွန်း​လောင်း​လိုက်​သည့်​သွေး​ကဲ့​သို့​စီး​ဆင်း လာ​လိမ့်​မည်။
ZEC 9:16 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ သိုး​ထိန်း​သည်​သိုး​စု​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​တင်​သ​ကဲ့​သို့ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​ကယ်​တင်​တော်​မူ လိမ့်​မည်။ သူ​တို့​သည်​သ​ရ​ဖူ​မှ​ကျောက်​မျက်​ရ​တ​နာ များ​ကဲ့​သို့၊ ကိုယ်​တော်​၏​ပြည်​တွင်​အ​ရောင်​အ​ဝါ ထွန်း​တောက်​ကြ​လိမ့်​မည်။
ZEC 9:17 ပြည်​တော်​သည်​အ​ဘယ်​မျှ​သာ​ယာ​တင့် တယ်​လျက် နေ​ပါ​လိမ့်​မည်​နည်း။ လူ​ငယ်​လူ​ရွယ်​တို့​သည်​ပြည်​တော်​ထွက်​ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ကို​မှီ​ဝဲ​လျက်၊အား​အင်​ပြည့်​ဖြိုး​၍ လာ​ကြ​လိမ့်​မည်။
ZEC 10:1 နွေ​ဦး​ပေါက်​သော​အ​ခါ​မိုး​ရွာ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​အား လျှောက်​ထား​တောင်း​ခံ​ကြ​လော့။ မိုး တိမ်​များ​ကို​စေ​လွှတ်​ကာ​မိုး​ရွာ​စေ​၍​လူ​ခပ် သိမ်း​တို့​အ​တွက် လယ်​ပြင်​များ​ကို​စိမ်း​လန်း စေ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ​ဘု​ရား ပေ​တည်း။-
ZEC 10:2 လူ​တို့​သည်​နတ်​ရုပ်​များ၊ ရုပ်​တု​များ၊ ဗေ​ဒင် ဆ​ရာ​များ​ကို​မေး​မြန်း​စုံ​စမ်း​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​ရ​ရှိ​သည့်​အ​ဖြေ​များ​မှာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည့်​မု​သား​စ​ကား များ​ဖြစ်​၏။ အ​ချို့​သော​သူ​တို့​သည်​အိပ်​မက် များ​ကို​အ​နက်​ဖွင့်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​သင်​တို့​အား​လမ်း​မှား​သို့​သာ​လျှင် ပို့​ဆောင်​ပေး​တတ်​၏။ သူ​တို့​အ​ထဲ​မှ​ရ​ရှိ သည့်​နှစ်​သိမ့်​မှု​မှာ​လည်း​အ​ချည်း​နှီး​သာ လျှင်​ဖြစ်​ပေ​သည်။ ထို့​ကြောင့်​လူ​တို့​သည် လမ်း​လွဲ​သည့်​သိုး​များ​ကဲ့​သို့​လှည့်​လည် သွား​လာ​လျက်​နေ​ရကြ​၏။ ဦး​စီး​ခေါင်း ဆောင်​မ​ရှိ​သ​ဖြင့် ဒုက္ခ​ရောက်​လျက်​ရှိ ကြ​၏။
ZEC 10:3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မိ​မိ​လူ​မျိုး တော်​ကို​အုပ်​စိုး​သည့်​မင်း​တို့​အား အ​မျက် ထွက်​သ​ဖြင့်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ယု​ဒ ပြည်​သား​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​စောင့်​ထိန်း​ကြည့်​ရှု​မည်။ သူ တို့​သည်​ငါ​၏​အင်​အား​ကြီး​မား​သည့်​စစ် မြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။-
ZEC 10:4 သူ​တို့​အ​ထဲ​မှ​မင်း​များ၊ ခေါင်း​ဆောင်​များ၊ တပ်​မှူး​များ​အ​စ​ရှိ​သည်​တို့​ပေါ်​ထွန်း လာ​မည်။-
ZEC 10:5 ယု​ဒ​ပြည်​သား​တို့​သည်​လမ်း​များ​ပေါ်​ရှိ ရွှံ့​နွံ​ထဲ​တွင် ရန်​သူ​များ​ကို​ကျော်​နင်း​ပစ် ကြ​သည့်​စစ်​သည်​တော်​များ​ကဲ့​သို့​အောင်​ပွဲ ခံ​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ရန် သူ​မြင်း​စီး​သူ​ရဲ​များ​ကို​ပင်​လျှင်​တိုက် ခိုက်​နှိမ်​နင်း​ကြ​လိမ့်​မည်။
ZEC 10:6 ``ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​ကြံ့​ခိုင် စေ​၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ကယ်​တင်​မည်။ ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​ထား​၍၊မိ​မိ တို့ နေ​ရင်း​ဌာ​နေ​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ မည်။ သူ​တို့​သည်​ငါ​၏​ပစ်​ပယ်​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ခံ​ရ​ဘူး​သူ​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​မည်။
ZEC 10:7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စစ်​သည်​သူ​ရဲ များ​ကဲ့​သို့ ကြံ့​ခိုင်​လျက်​စ​ပျစ်​ရည်​သောက်​သူ​များ​ကဲ့​သို့ ပျော်​ရွှင်​လျက်​နေ​လိမ့်​မည်။ သူ​တို့​၏​သား​မြေး​များ​သည်​ဤ​အောင်​ပွဲ​ကို ပြန်​လည်​သ​တိ​ရ​ကာ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​အ​မှု တော်​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။
ZEC 10:8 ``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို​ခေါ်​ယူ စု​ရုံး​မည်။ လူ​တို့​ကို​ကယ်​တင်​၍​ရှေး​က​နည်း​တူ ဦး​ရေ​တိုး​တက်​များ​ပြား​စေ​မည်။
ZEC 10:9 ငါ​သည်​သူ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ထံ​သို့ ပျံ့​လွင့်​စေ​ခဲ့​သော်​လည်း၊ ထို​ဝေး​လံ​ရာ​အ​ရပ်​များ​မှ​သူ​တို့​သည်​ငါ့​ကို အောက်​မေ့​သ​တိ​ရ​ကြ​လိမ့်​မည်။ သူ​တို့​နှင့်​သူ​တို့​သား​သ​မီး​များ​သည် အ​သက်​မ​သေ​ဘဲ ကျန်​ရစ်​ကာ​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ လိမ့်​မည်။
ZEC 10:10 ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ ပြည်​မှ ပြန်​လည်​ခေါ်​ဆောင်​ကာ၊မိ​မိ​တို့​နေ​ရင်း​ပြည်​တွင် နေ​ရာ​ချ​ထား​မည်။ သူ​တို့​အား​ဂိ​လဒ်​ပြည်​နှင့်​လေ​ဗ​နုန်​ပြည်​တွင် လည်း ငါ​နေ​ရာ​ချ​ထား​မည်။ သို့​ဖြစ်​၍​လူ​တို့​နေ​စ​ရာ​မြေ​မ​လောက် နိုင်​အောင် ရှိ​လိမ့်​မည်။
ZEC 10:11 သူ​တို့​သည်​ဘေး​အ​န္တရာယ်​ရှိ​သော​ပင်​လယ်​ကို ဖြတ်​၍​သွား​ရကြ​သော​အ​ခါ​ငါ​သည် လှိုင်း​တံ​ပိုး​များ​ကို​ဆုံး​မ​မည်။ နိုင်း​မြစ်​မှ​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း ခန်း​ခြောက်​၍​သွား​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်​၏​မာန်​မာ​န​ကို​ငါ​ချိုး​နှိမ် မည်။ စွမ်း​အင်​ကြီး​မား​သည့်​အီ​ဂျစ်​ပြည်​သည်​လည်း တန်​ခိုး​အာ​ဏာ​မှေး​မှိန်​၍​သွား​လိမ့်​မည်။
ZEC 10:12 ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ကြံ့​ခိုင်​စေ​မည်။ သူ​တို့​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​လျက် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်'' ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သည့် စ​ကား​ဖြစ်​၏။
ZEC 11:1 အို လေ​ဗ​နုန်​တောင်၊ သင်​၏​သစ်​က​တိုး​ပင်​များ​သည် မီး​သင့်​လောင်​၍​သွား​နိုင်​ရန်​သင်​၏​တံ​ခါး​တို့​ကို ဖွင့်​ပါ​လော့။
ZEC 11:2 အို ထင်း​ရှူး​ပင်​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သစ်​က​တိုး​ပင်​များ​သည်​ပြို​လဲ​ကြ​လေ​ပြီ။ ကြက်​သ​ရေ​ဆောင်​သည့်​ထို​အ​ပင်​တို့​သည် ပျက်​ပြုန်း​၍​သွား​လေ​ပြီ။ အို ဗာ​ရှန်​ဝက်​သစ်​ချ​ပင်​တို့​ငို​ကြွေး မြည်​တမ်း​ကြ​လော့။ ထူ​ထပ်​သည့်​သစ်​တော​ကို​ခုတ်​လှဲ​လိုက်​ကြ လေ​ပြီ။
ZEC 11:3 ဘု​ရင်​မင်း​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​၏။ သူ​တို့​၏​ဘုန်း​အ​သ​ရေ​ကား​ကွယ်​ပျောက် သွား​လေ​ပြီ။ ခြင်္သေ့​များ​၏​ဟောက်​သံ​ကို​နား​ထောင် ကြ​လော့။ သူ​တို့​ခို​အောင်း​ရာ​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ သစ်​တော​သည်​ကား​ပျက်​ပြုန်း​၍​သွား​လေ​ပြီ။
ZEC 11:4 ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့ အား``သင်​သည်​သတ်​ရန်​လျာ​ထား​သည့်​သိုး စု​မှ​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​လော့။-
ZEC 11:5 သိုး​ရှင်​များ​သည်​ထို​သိုး​တို့​ကို​သတ်​ဖြတ် ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​အ​ပြစ်​မ​သင့် ကြ။ သူ​တို့​သည်​သိုး​သား​ကို​ရောင်း​ပြီး လျှင်`ငါ​တို့​ကား​ချမ်း​သာ​ကြွယ်​ဝ​လာ​လေ ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ​လာ​ရှိ​တော်​မူ စေ​သ​တည်း။' သိုး​ထိန်း​များ​ပင်​လျှင်​မိ​မိ တို့​၏​သိုး​များ​ကို​သ​နား​ဖော်​မ​ရ​ကြ​ဟု ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
ZEC 11:6 (ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​အ​ဘယ်​သူ့​ကို​မျှ​သ​နား​တော့​မည် မ​ဟုတ်​ပါ။ ငါ​ကိုယ်​တိုင်​ပင်​လူ​အ​ပေါင်း​တို့ ကို သူ​တို့​၏​ဘု​ရင်​များ​၏​လက်​သို့​ပေး​အပ် မည်။ ထို​ဘု​ရင်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ကို ပျက်​ပြုန်း​စေ​ကြ​မည်​ဖြစ်​သော်​လည်း ငါ သည်​ကယ်​တင်​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။)
ZEC 11:7 သိုး​ရောင်း​ဝယ်​သူ​တို့​က​ငါ့​ကို​ငှား​ရမ်း​သ ဖြင့်​ငါ​သည်​နှိပ်​စက်​ခြင်း​ခံ​ရ​သော​သိုး​တို့ ကို ထိန်း​ကျောင်း​ရ​သူ​ဖြစ်​လာ​လေ​သည်။ ``ကျေး ဇူး​ပြု​ခြင်း'' ဟု​နာ​မည်​တွင်​သော​သိုး​ထိန်း တောင်​ဝှေး​တစ်​ချောင်း​နှင့်``စည်း​လုံး​ခြင်း'' ဟု နာ​မည်​တွင်​သော​သိုး​ထိန်း​တောင်​ဝှေး​တစ် ချောင်း​ကို​ယူ​ပြီး​လျှင်​သိုး​အုပ်​ကို​ငါ ထိန်း​ကျောင်း​ရ​၏။-
ZEC 11:8 ငါ​သည်​မိ​မိ​အား​မုန်း​သည့်​သိုး​ထိန်း​သုံး ယောက်​ကို​သည်း​မ​ခံ​နိုင်​သ​ဖြင့် သူ​တို့ အား​တစ်​လ​တည်း​တွင်​ဖယ်​ရှား​ပစ်​လိုက်​၏။-
ZEC 11:9 ထို​နောက်​ငါ​၏​သိုး​အုပ်​အား``ငါ​သည်​သင် တို့​၏​သိုး​ထိန်း​မ​လုပ်​လို​တော့​ပါ၊ သေ​ရ မည့်​သိုး​တို့​သည်​သေ​ကြ​ပါ​လေ​စေ။ အ​သတ် ခံ​ရ​မည့်​သိုး​များ​သည်​လည်း​အ​သတ်​ခံ​ရ ကြ​ပါ​လေ​စေ။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ သည့်​သိုး​များ​သည်​လည်း မိ​မိ​တို့​အ​ချင်း ချင်း​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်'' ဟု​ပြော ဆို​၏။-
ZEC 11:10 ထို​နောက်​ငါ​သည်​လူ​မျိုး​တ​ကာ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​ပ​ဋိ ညာဉ်​တော်​ကို​ဖျက်​သိမ်း​သည့်​အ​နေ​ဖြင့်``ကျေး ဇူး​ပြု​ခြင်း'' နာ​မည်​တွင်​သော​တောင်​ဝှေး ကို​ယူ​၍​ချိုး​ပစ်​လိုက်​လေ​သည်။-
ZEC 11:11 ဤ​သို့​လျှင်​ပ​ဋိ​ညာဉ်​တော်​သည်​ထို​နေ့​၌ ပျက်​ပြား​၍​သွား​လေ​တော့​၏။ သိုး​များ ကို​ဝယ်​ယူ​ရောင်း​ချ​သူ​တို့​သည်​ငါ့​အား စောင့်​၍​ကြည့်​နေ​ကြ​၏။ သူ​တို့​သည်​ငါ​၏ အ​ပြု​အ​မူ​အား​ဖြင့်​ထာ​ဝ​ရ​ဘုရား​ဗျာ ဒိတ်​ပေး​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​သိ ကြ​၏။-
ZEC 11:12 ငါ​က​သူ​တို့​အား``သင်​တို့​ပေး​လို​လျှင်​ငါ​၏ လုပ်​အား​ခ​ကို​ပေး​ကြ​လော့။ မ​ပေး​လို​လျှင် လည်း​နေ​ကြ​တော့'' ဟု​ပြော​၏။ သို့​ဖြစ်​၍​သူ တို့​သည်​ငါ့​လုပ်​အား​ခ​အ​ဖြစ်​ငွေ​စ​သုံး ဆယ်​ကို​ပေး​ကြ​၏။
ZEC 11:13 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ထို​ငွေ​များ ကို​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့်​လိုက် လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ငါ​သည် မိ​မိ​၏​တန်​ဖိုး​အ​ဖြစ်​သူ​တို့​အ​ကဲ​ဖြတ် သည့်​မြောက်​မြား​လှ​သော​ငွေ​စ​သုံး​ဆယ် ကို​ယူ​၍​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့် လိုက်​လေ​သည်။-
ZEC 11:14 ထို​နောက်​ငါ​သည်``စည်း​လုံး​ခြင်း'' နာ​မည်​တွင် သော​တောင်​ဝှေး​ကို​ချိုး​ပစ်​လိုက်​၏။ ထို​အ​ခါ ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည်​စည်း​လုံး​မှု သည်​ပျက်​ပြား​၍​သွား​လေ​တော့​၏။
ZEC 11:15 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည်​နောက် တစ်​ကြိမ်​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​ပြန်​ဦး​လော့။ ယ​ခု​အ​ကြိမ်​၌​သိုး​ထိန်း​မိုက်​ကဲ့​သို့​ဖြစ်​၏။-
ZEC 11:16 ငါ​သည်​မိ​မိ​၏​သိုး​စု​အ​တွက်​သိုး​ထိန်း​တစ် ဦး​ကို​ခန့်​ထား​ခဲ့​သော်​လည်း သူ​သည်​သေ​ဘေး တွေ့​သည့်​သိုး​များ​ကို​မ​ကူ​ညီ။ ပျောက်​သည့် သိုး​များ​ကို​မ​ရှာ​ဖွေ။ အ​နာ​ရ​သည့်​သိုး​များ ကို​မ​ကု​သ။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သိုး များ​ကို​လည်း​မ​ကျွေး​မွေး။ ယင်း​သို့​ပြု​မည့် အ​စား​သူ​သည်​အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​တို့ ၏​အ​သား​ကို​စား​၏။ သူ​တို့​၏​ခွာ​များ​ကို လည်း​ချွတ်​ပစ်​၏။-
ZEC 11:17 တန်​ဖိုး​မ​ရှိ​သော​သိုး​ထိန်း​မိုက်​သည်​အ​မင်္ဂ လာ​ရှိ​၏။ သူ​သည်​မိ​မိ​၏​သိုး​စု​ကို​စွန့်​ပစ် ထား​လေ​ပြီ။ စစ်​မက်​ဘေး​ဒဏ်​ကြောင့်​သူ​၏ လက်​ရုံး​နှင့်​ညာ​မျက်​စိ​သည်​ပျက်​ပြုန်း​၍ သွား​လိမ့်​မည်။ သူ့​၏​ညာ​လက်​ရုံး​သည်​ရှုံ့​တွ တွန့်​လိမ်​လျက်၊ ညာ​မျက်​စိ​သည်​လည်း​အလင်း ကွယ်​၍​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ZEC 12:1 ဤ​ဗျာ​ဒိတ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​ပြီး လျှင် လူ​သတ္တဝါ​အား​အ​သက်​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​စပ်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။-
ZEC 12:2 ကိုယ်​တော်​က``ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​စေ​မည်။ မြို့ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည် ထို​စ​ပျစ်​ရည်​ကို​သောက်​၍ သေ​သောက်​ကြူး များ​ကဲ့​သို့​ယိမ်း​ယိုင်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ကြ​သော​အ​ခါ အ​ခြား​ယု​ဒ​မြို့ တို့​သည်​လည်း​အ​ဝိုင်း​ခံ​ရ​ကြ​လိမ့်​မည်။-
ZEC 12:3 သို့​ရာ​တွင်​ထို​အ​ချိန်​အ​ခါ​၌​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို လေး​လံ​သော​ကျောက်​တုံး ကြီး​သ​ဖွယ်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို​ကြိုး စား​၍​ချီ​မ​သည့်​လူ​မျိုး​သည်​အ​နာ​တ​ရ ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​ထို​မြို့​ကို​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ လိမ့်​မည်။-
ZEC 12:4 ထို​အ​ခါ​ငါ​သည်​သူ​တို့​၏​မြင်း​များ​ကို ခြောက်​လှန့်​ကာ​မြင်း​စီး​သူ​ရဲ​အ​ပေါင်း​ကို ရူး​သွတ်​သွား​စေ​မည်'' ``ယု​ဒ​ပြည်​သား တို့​ကို​ငါ​ကြည့်​ရှု​မည်။ ရန်​သူ​တို့​၏​မြင်း များ​ကို​မူ​ကား​မျက်​စိ​ကန်း​စေ​မည်။-
ZEC 12:5 ထို​အ​ခါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ယေရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ မိ​မိ​၏ လူ​မျိုး​တော်​အား​ခွန်​အား​ကို​ပေး​တော်​မူ ပါ​၏​ဟု​ယု​ဒ​နွယ်​သား​စု​များ​သည်​မိ​မိ တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​လိမ့်​မည်။''
ZEC 12:6 ``ထို​အ​ခါ​ငါ​သည်​ယု​ဒ​နွယ်​သား​စု​များ ကို​တော​မီး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​မှည့် လျက်​နေ​သည့်​လယ်​ကွက်​တွင်​လောင်​သော​မီး ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​အ​နီး​အ​နား​ရှိ​လူ​မျိုး​အ​ပေါင်း တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​မူ​ကား မိ​မိ​တို့​မြို့ တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ကြ​လိမ့်​မည်။
ZEC 12:7 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​တပ်​မ​တော် ကို​ဦး​စွာ​ပ​ထ​မ​အောင်​ပွဲ​ခံ​စေ​မည်။ ဤ​နည်း အား​ဖြင့်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ခံ​ယူ​ရ ရှိ​မည့်​ဂုဏ်​အ​သ​ရေ​သည် အ​ခြား​ယု​ဒ အ​မျိုး​သား​တို့​၏​ဂုဏ်​အ​သ​ရေ​ထက် ကြီး​မြတ်​လိမ့်​မည်​မ​ဟုတ်။-
ZEC 12:8 ထို​ကာ​လ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင် သူ​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ကွယ် ကာ​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍ သူ​တို့​အ​နက်​အင်​အား​အ​ချိ​နဲ့​ဆုံး​သော သူ​များ​ပင်​လျှင် ဒါ​ဝိဒ်​ကဲ့​သို့​ကြံ့​ခိုင်​၍ လာ​လိမ့်​မည်။ ဒါ​ဝိဒ်​၏​သား​မြေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ကဲ့ သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကဲ့​သို့​လည်း​ကောင်း​သူ​တို့​အား​ဦး စီး​ခေါင်း​ဆောင်​ပြု​လိမ့်​မည်။-
ZEC 12:9 ထို​အ​ခါ​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက် ခိုက်​သည့်​လူ​မျိုး​မှန်​သ​မျှ​တို့​အား​သုတ် သင်​ဖျက်​ဆီး​မည်။
ZEC 12:10 ``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-
ZEC 12:11 ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငို​ကြွေး မြည်​တမ်း​မှု​သည်​မေ​ဂိဒ္ဒေါ​လွင်​ပြင်​တွင် ဗာ​လ နတ်​ဘုရား​အ​တွက်​ငို​ကြွေး​မြည်​တမ်း​မှု​ကဲ့ သို့​ကြီး​ကျယ်​ပေ​လိမ့်​မည်။-
ZEC 12:12 တိုင်း​ပြည်​တွင်း​ရှိ​အိမ်​ထောင်​မိ​သား​စု​များ တစ်​ခု​စီ​ခွဲ​၍ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သည့်​အိမ်​ထောင် မိ​သား​စု၊ နာ​သန်​မှ​ဆင်း​သက်​သည့်​အိမ် ထောင်​မိ​သား​စု၊-
ZEC 12:13 လေ​ဝိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊ ရှိ​မိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊-
ZEC 12:14 အ​ခြား​အိမ်​ထောင်​မိ​သား​စု​များ​စ​သည် ဖြင့် တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အိမ်​ထောင် မိ​သား​စု​တို့​သည်​သီး​သန့်​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ အိမ်​ထောင်​မိ​သား​စု တစ်​ခု​စီ​၌​လည်း​အ​မျိုး​သား​များ​သီး သန့်၊ အ​မျိုး​သ​မီး​များ​သီး​သန့်​ဖြင့်​ငို ကြွေး​ကြ​လိမ့်​မည်။
ZEC 13:1 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကျ​ရောက် လာ​သော​အ​ခါ ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား မိ​မိ​တို့​၏​အ​ပြစ်​များ​နှင့်​ရုပ်​တု ကိုး​ကွယ်​မှု​မှ​သန့်​စင်​စိမ့်​သော​ငှာ​စမ်း ရေ​ပေါက်​ဖွင့်​လျက်​လာ​လိမ့်​မည်။-
ZEC 13:2 ထို​အ​ခါ​ငါ​သည်​ဤ​ပြည်​တွင်​ရှိ​သည့် ရုပ်​တု​တို့​၏​နာ​မည်​နာ​မ​များ​ကို သုတ်​သင် ပယ်​ရှင်း​မည်​ဖြစ်​၍​ယင်း​တို့​ကို​နောက်​တစ် ဖန်​အ​ဘယ်​သူ​မျှ​အ​မှတ်​ရ​ကြ​တော့​မည် မ​ဟုတ်။ မိ​မိ​ကိုယ်​ကို​ပ​ရော​ဖက်​ဖြစ်​သည် ဟု​ဆို​သော​သူ​မှန်​သ​မျှ​ကို ငါ​ဖျောက်​ဖျက် ပစ်​မည်။ ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​လို​သည့် ဆန္ဒ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-
ZEC 13:3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ် တော်​ကို ဆင့်​ဆို​သူ​ရှိ​နေ​သေး​ပါ​မူ​သူ​၏ မိ​ဘ​များ​သည် သူ့​အား`သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ပါ သည်​ဟု​ဆို​သော်​လည်း မု​သား​စ​ကား​များ ကို​သာ​လျှင်​အ​သုံး​ပြု​သ​ဖြင့်​သေ​ဒဏ် ခံ​ရ​ပေ​မည်' ဟု​ဆို​ကာ​ထို​သူ​ဟော​ပြော နေ​ချိန်​၌​ပင် သူ​၏​မိ​ဘ​များ​သည်​သူ့ အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​ကြ​လိမ့်​မည်။-
ZEC 13:4 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ဘယ် ပ​ရော​ဖက်​မျှ မိ​မိ​တွေ့​မြင်​ရ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​သူ​မျှ​ပ​ရော​ဖက်​၏​အ​ပြု အ​မူ​မျိုး​ကို​ပြု​လိမ့်​မည်​မ​ဟုတ်။ လှည့်​ဖျား ရန်​အ​လို​ငှာ​ပ​ရော​ဖက်​၏​အ​ဝတ်​မျိုး​ကို လည်း​ဝတ်​လိမ့်​မည်​မ​ဟုတ်။-
ZEC 13:5 ယင်း​သို့​ပြု​မည့်​အ​စား`အ​ကျွန်ုပ်​သည်​ပ​ရော ဖက်​မ​ဟုတ်​ပါ။ လယ်​သ​မား​ဖြစ်​၍​တစ်​သက် လုံး​လယ်​ယာ​ကို​ထွန်​ယက်​ခဲ့​ပါ​၏' ဟု​ဆို လိမ့်​မည်။-
ZEC 13:6 ထို​နောက်​အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်`သင် ၏​ရင်​၌​ရှိ​သော​ဒဏ်​ရာ​ကား​အ​ဘယ်​နည်း' ဟု မေး​ခဲ့​သော်​ထို​သူ​က`အ​ကျွန်ုပ်​သည်​ဤ​ဒဏ် ရာ​များ​ကို​မိတ်​ဆွေ​တစ်​ဦး​၏​အိမ်​တွင်​ရ​ရှိ ခဲ့​ပါ​သည်' ဟု​ပြန်​ပြော​လိမ့်​မည်'' ဟူ​၍​မိန့် တော်​မူ​၏။
ZEC 13:7 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အို ဋ္ဌား၊ နိုး​ထ​၍​ငါ​၏​အ​မှု​တော်​ထမ်း​သိုး​ထိန်း​ကို တိုက်​ခိုက်​လော့။ သူ့​အား​သတ်​ဖြတ်​လော့။ ထို အ​ခါ​သိုး​တို့​သည်​က​စင့်​က​ရဲ​ဖြစ်​၍​သွား လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို တိုက်​ခိုက်​မည်​ဖြစ်​၍၊-
ZEC 13:8 ဤ​ပြည်​သူ​ပြည်​သား​သုံး​ပုံ​နှစ်​ပုံ​သေ​ဆုံး လိမ့်​မည်။''
ZEC 13:9 ``ထို​နောက်​ငါ​သည်​ငွေ​ကို​မီး​နှင့်​ချွတ်​သ​ကဲ့ သို့ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​သုံး​ပုံ တစ်​ပုံ​ကို​သန့်​စင်​စေ​မည်။ သူ​တို့​၏​အ​ကဲ​ကို စမ်း​၍​ကြည့်​မည်။ ငါ​သည်​ရွှေ​ကို​စမ်း​သပ်​၍ ကြည့်​သ​ကဲ့​သို့​သူ​တို့​ကို​စမ်း​သပ်​ကြည့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ့​ထံ​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​နား ညောင်း​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြောင်း​သူ​တို့​အား​ငါ​ဖော်​ပြ​မည်။ သူ တို့​က​လည်း​ငါ​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ဝန်​ခံ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
ZEC 14:1 ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​တော်​မူ မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို အ​ခါ​ယေ​ရု​ရှ​လင်​မြို့​သည်​တိုက်​ခိုက်​လု​ယက် ခြင်း​ကို​ခံ​ရ​လျက် လူ​တို့​၏​တိုက်​ရာ​ပါ​ပစ္စည်း များ​ကို​သင်​တို့​မျက်​မှောက်​၌​ပင်​ခွဲ​ဝေ​ယူ ကြ​လိမ့်​မည်။-
ZEC 14:2 ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​ဆင်​ရန်​ထာ​ဝ​ရ ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​အား​စု​ရုံး ခေါ်​ဆောင်​ကာ​လာ​တော်​မူ​လိမ့်​မည်။ ထို​မြို့ သည်​အ​သိမ်း​ခံ​ရ​လိမ့်​မည်။ အိမ်​များ​သည် အ​လု​ခံ​ရ​လျက်​အ​မျိုး​သ​မီး​များ​သည် လည်း မ​တော်​မ​တ​ရား​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ လူ​ဦး​ရေ​ထက်​ဝက်​မျှ​ပြည်​နှင် ဒဏ်​သင့်​ကြ​မည်​ဖြစ်​သော်​လည်း ကျန်​ထက် ဝက်​မှာ​ထို​မြို့​မှ​ပြောင်း​ရွှေ့​ရကြ​လိမ့်​မည် မ​ဟုတ်။-
ZEC 14:3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​တိတ် ကာ​လ​များ​မှာ​ကဲ့​သို့​ထွက်​ကြွ​တော်​မူ​၍ ထို​လူ​မျိုး​တို့​အား​တိုက်​ခိုက်​တော်​မူ​လိမ့် မည်။-
ZEC 14:4 ထို​အ​ခါ​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင် မြို့​၏​အ​ရှေ့​ဘက်​၌​ရှိ​သော​သံ​လွင်​တောင် ပေါ်​တွင်​ရပ်​တော်​မူ​သ​ဖြင့် သံ​လွင်​တောင် သည်​အ​ရှေ့​မှ​အ​နောက်​သို့​နှစ်​ခြမ်း​ကွဲ လျက်​ချိုင့်​ဝှမ်း​ကြီး​တစ်​ခု​ဖြစ်​ပေါ်​လာ လိမ့်​မည်။ တောင်​တစ်​ခြမ်း​သည်​မြောက်​ဘက် သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ခြမ်း​သည် တောင်​ဘက်​သို့​လည်း​ကောင်း၊ ရွေ့​လျား သွား​လိမ့်​မည်။-
ZEC 14:5 သင်​တို့​သည်​တောင်​နှစ်​ခြမ်း​ခွဲ​ရာ​ချိုင့်​ဝှမ်း လမ်း​ဖြင့်​ထွက်​ပြေး​လွတ်​မြောက်​ကြ​လိမ့် မည်'' ဟု​ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​လက်​ထက် ၌​မြေ​င​လျင်​လှုပ်​စဉ်​အ​ခါ​က သင်​တို့ ၏​ဘိုး​ဘေး​များ​ထွက်​ပြေး​ရကြ​သ​ကဲ့ သို့​သင်​တို့​သည်​လည်း​ထွက်​ပြေး​ရကြ လိမ့်​မည်။ ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​နှင့်​အ​တူ​ကောင်း​ကင် တ​မန်​များ​ကို​ခေါ်​ဆောင်​ကာ​ကြွ​လာ တော်​မူ​လိမ့်​မည်။
ZEC 14:6 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ချမ်း​ဧ​မှု သို့​မ​ဟုတ်​ဆီး​နှင်း​များ​ကျ​မှု ရှိ​တော့​မည်​မ​ဟုတ်။-
ZEC 14:7 မှောင်​မိုက်​လည်း​ရှိ​တော့​မည်​မ​ဟုတ်၊ ထူး​ခြား သော​နေ့​ဖြစ်​မည်။ ညဥ့်​အ​ချိန်​၌​ပင်​လျှင် အ​စဉ်​အ​မြဲ​နေ​ရောင်​လင်း​၍​နေ​လိမ့်​မည်။ အ​ဘယ်​အ​ခါ​၌​ဤ​သို့​ဖြစ်​ပျက်​လာ​မည် ကို​မူ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​သိ​တော်​မူ​၏။
ZEC 14:8 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​မှ​စမ်း​ရေ​များ​စီး​ဆင်း​၍ လာ​လိမ့်​မည်။ ထို​ရေ​၏​တစ်​ဝက်​သည်​ပင်​လယ် သေ​ထဲ​သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ဝက်​သည် မြေ​ထဲ​ပင်​လယ်​ထဲ​သို့​လည်း​ကောင်း တစ်​နှစ် ပတ်​လုံး​ဆောင်း​ရော​နွေ​ပါ​စီး​ဆင်း​သွား​လိမ့် မည်။-
ZEC 14:9 ထို​အ​ခါ​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း​ကိုယ်​တော်​အား မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​အ​ဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ထို​နာ​မ​တော်​တစ်​ပါး​တည်း​ဖြင့်​သိ​မှတ် ကြ​လိမ့်​မည်။
ZEC 14:10 မြောက်​ဘက်​ရှိ​ဂေ​ဘ​မြို့​မှ​သည် တောင်​ဘက်​ရှိ ရိမ္မုန်​မြို့​တိုင်​အောင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း ကျင်​မှ မြေ​များ​ကို​ညီ​ညာ​အောင်​ညှိ​ရ​ကြ လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း​ပတ် ဝန်း​ကျင်​မြေ​များ​၏​အ​ထက်​တွင်​မိုး​၍​နေ လိမ့်​မည်။ ဤ​မြို့​သည်​ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် တံ​ခါး​ဟောင်း​ရှိ​ခဲ့​ဖူး​သည့်​မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာန​နေ​လ​ရဲ​တိုက် မှ​သည်​နန်း​တော်​စ​ပျစ်​သီး​နယ်​ရာ​ကျင်း များ​တိုင်​အောင်​လည်း​ကောင်း​တည်​ရှိ​လိမ့်​မည်။-
ZEC 14:11 လူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​မည့်​ဘေး​ဖြင့် ခြိမ်း​ချောက်​မှု​မ​ခံ​ရ​တော့​ဘဲ ထို​အ​ရပ်​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။
ZEC 14:12 ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​သူ​လူ​မျိုး​အ​ပေါင်း​တို့​အ​ပေါ် သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ​ရော​ဂါ ဘေး​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့ သည်​အ​သက်​ရှင်​လျက်​ရှိ​စဉ်​အ​ခါ​၌​ပင် အ​သား​အ​ရေ​များ​ပုပ်​ပျက်​၍​သွား​လိမ့် မည်။ သူ​တို့​၏​မျက်​စိ​များ​နှင့်​လျှာ​များ သည်​လည်း​ပုပ်​ပျက်​၍​သွား​လိမ့်​မည်။
ZEC 14:13 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား အ​လွန်​ရှုပ်​ထွေး​ကြောက်​လန့်​စေ​တော်​မူ​မည် ဖြစ်​၍ လူ​တိုင်း​ပင်​မိ​မိ​တို့​အ​နီး​တွင်​တွေ့ ရှိ​သူ​တို့​ကို​ဖမ်း​ဆီး​တိုက်​ခိုက်​ကြ​လိမ့်​မည်။-
ZEC 14:14 ယု​ဒ​ပြည်​သူ​တို့​က​မူ​ယေ​ရု​ရှ​လင်​မြို့ အ​တွက် ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ဖြစ်​သော ရွှေ ငွေ​အ​ဝတ်​အ​စား​အ​မြောက်​အ​မြား​ကို တိုက်​ရာ​ပါ​ပစ္စည်း​အ​ဖြစ်​သိမ်း​ယူ​ကြ​လိမ့် မည်။
ZEC 14:15 ရန်​သူ​တပ်​စ​ခန်း​မှ​မြင်း၊ ကု​လား​အုတ်၊ မြည်း အ​စ​ရှိ​သည့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အ​ပေါ် သို့​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ ရော​ဂါ​ဘေး​ကျ​ရောက်​လိမ့်​မည်။
ZEC 14:16 ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ခဲ့ ကြ​သော​လူ​မျိုး​တို့​အ​နက်​မှ​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​သူ​လူ​အ​ပေါင်း​တို့​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အုပ် စိုး​မှု​ကို​ဝန်​ခံ​၍ ကိုယ်​တော်​အား​ရှိ​ခိုး ဝတ်​ပြု​ကြ​ရန်​လည်း​ကောင်း၊ သစ်​ခက်​တဲ နေ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​ရန်​လည်း​ကောင်း ထို​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​လာ​ရောက်​ကြ လိမ့်​မည်။-
ZEC 14:17 အ​ကြင်​လူ​မျိုး​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​၍ ကိုယ်​တော်​အား​ရှိ​ခိုး​ဝတ်​ပြု​ရန်​ငြင်း​ဆန် ၏။ ထို​လူ​မျိုး​တို့​၏​ပြည်​သည်​မိုး​ခေါင် လိမ့်​မည်။-
ZEC 14:18 အ​ကယ်​၍​အီဂျစ်​အ​မျိုး​သား​တို့​သည်​သစ် ခက်​တဲ​နေ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ငြင်း​ဆန် ကြ​ပါ​မူ သူ​တို့​သည်​ယင်း​သို့​ငြင်း​ဆန်​သူ များ​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော် မူ​သော​အ​နာ​ရော​ဂါ​ဘေး​နှင့်​ကြုံ​တွေ့​ရ လိမ့်​မည်။-
ZEC 14:19 ဤ​ကား​သစ်​ခက်​တဲ​နေ​ပွဲ​တော်​ကို​မ​ကျင်း ပ​ခဲ့​သော် အီ​ဂျစ်​ပြည်​နှင့်​အ​ခြား​နိုင်​ငံ အ​ပေါင်း​တို့​ခံ​ရကြ​မည့်​အ​ပြစ်​ဒဏ်​ပင် ဖြစ်​သ​တည်း။
ZEC 14:20 ထို​အ​ချိန်​ကာ​လ​၌​မြင်း​က​ကြိုး​တန်​ဆာ ခေါင်း​လောင်း​များ​ပေါ်​တွင်``ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သည်'' ဟူ​သော​စာ​တမ်း ကို​ကမ္ပည်း​ထိုး​၍​ထား​လိမ့်​မည်။ ဗိ​မာန်​တော် တွင်​ချက်​ပြုတ်​သည့်​အိုး​များ​သည်​ယဇ်​ပလ္လင် ရှေ့​မှ​ခွက်​ဖ​လား​များ​ကဲ့​သို့​သန့်​ရှင်း​မြင့် မြတ်​ကြ​လိမ့်​မည်။-
ZEC 14:21 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​ပြည် လုံး​တွင်​ရှိ​သ​မျှ​သော​အိုး​တို့​ကို​လည်း သန့်​ရှင်း​မြင့်​မြတ်​၍​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​တွင်​အ​သုံး​ပြု​ရန်​အ​တွက် သီး​သန့်​ထား ရှိ​ကြ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင် အ​ဘယ် သို့​သော​ရောင်း​ဝယ်​သူ​တစ်​ဦး​တစ်​ယောက် မျှ​ရှိ​တော့​မည်​မ​ဟုတ်။ ပ​ရော​ဖက်​ဇာ​ခ​ရိ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
MAL 1:1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြန်​ကြား​ရန်​အ​တွက် မာ​လ​ခိ အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။
MAL 1:2 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​အား​အ​စဉ်​အ​မြဲ ချစ်​မြတ်​နိုး​ပါ​၏'' ဟု​မိန့်​တော်​မူ​သော် လည်း၊ သူ​တို့​က``ကျွန်​တော်​မျိုး​အ​တွက်​မေတ္တာ​တော် ကို​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​ပြ​တော်​မူ​ခဲ့ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း``ဧ​သော​နှင့် ယာ​ကုပ်​သည်​ညီ​အစ်​ကို​တော်​သော်​လည်း ငါ သည်​ယာ​ကုပ်​နှင့်​သား​မြေး​များ​ကို​ချစ်​၍၊-
MAL 1:3 ဧ​သော​နှင့်​သား​မြေး​တို့​ကို​မုန်း​၏။ ငါ​သည် ဧ​သော​၏​တောင်​ကုန်း​နယ်​မြေ​ကို​ပျက်​ပြုန်း စေ​၍ တော​တိ​ရစ္ဆာန်​များ​အ​တွက်​စွန့်​ပစ် လျက်​ထား​လေ​ပြီ'' ဟု​ပြန်​လည်​မိန့်​ကြား တော်​မူ​၏။
MAL 1:4 အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။
MAL 1:5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဤ​အ​ဖြစ် အ​ပျက်​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ရ​ကြ သ​ဖြင့်``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​အ​ပြင်​အ​ပ​၌​ပင်​လျှင် ဘုန်း​တန်​ခိုး ကြီး​တော်​မူ​ပါ​ပေ​သည်'' ဟု​ဆို​ကြ​လိမ့် မည်။
MAL 1:6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယဇ် ပု​ရော​ဟိတ်​တို့​အား``သား​သည်​ဖ​ခင်​အား လည်း​ကောင်း၊ အ​စေ​ခံ​သည်​သ​ခင်​အား​လည်း ကောင်း​ရို​သေ​လေး​စား​၏။ ငါ​သည်​သင်​တို့​၏ ဖ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​သင်​တို့ ငါ့​အား​မ​ရို​သေ​ကြ​ပါ​သ​နည်း။ ငါ​သည် သင်​တို့​၏​သ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့် သင်​တို့​ငါ့​အား​မ​လေး​စား​ကြ​ပါ​သ​နည်း။ သင်​တို့​သည် ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​ပြီး လျှင်``ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ အ​ဘယ်​သို့​မ​ထီ​မဲ့​မြင်​ပြု​မိ​ကြ​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။-
MAL 1:7 သင်​တို့​မ​ထီ​မဲ့​မြင်​ပြု​ပုံ​မှာ​ငါ​၏​ယဇ် ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​အ​စား​အ​စာ များ​ကို​တင်​လှူ​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဖြစ် ၏။ ထို​နောက်​သင်​တို့​က``ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သို့​မ​ရို မ​သေ​ပြု​ခဲ့​ကြ​ပါ​သ​နည်း'' ဟု​မေး​ကြ ပြန်​၏။ သင်​တို့​မ​ရို​မ​သေ​ပြု​ပုံ​ကား​ငါ ၏​ယဇ်​ပလ္လင်​ကို​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ် ပေ​သည်။-
MAL 1:8 သင်​တို့​သည်​မျက်​စိ​ကန်း​ဖျား​နာ​သို့​မ​ဟုတ် ခြေ​ကျိုး​သည့်​ယဇ်​ကောင်​တို့​အား​တင်​လှူ​ပူ ဇော်​ရန် ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​သင် တို့​တွင်​အ​ပြစ်​မ​ရှိ​ဟု​ထင်​မှတ်​ကြ​ပါ သ​လော။ ဤ​ကဲ့​သို့​သော​သိုး​နွား​မျိုး​ကို ဘု​ရင်​ခံ​အား​ဆက်​သ​ကြည့်​ပါ​သ​လော။ သူ​သည်​သင်​တို့​အား​နှစ်​သက်​ပါ​မည်​လော။ အ​ခွင့်​ထူး​များ​ကို​သော်​လည်း​ပေး​ပါ​လိမ့် မည်​လော'' ဟု​မိန့်​တော်​မူ​၏။
MAL 1:9 အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊ ငါ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ​ရန်​ဘု​ရား​သ​ခင်​အား ယ​ခု​စမ်း​သပ်​လျှောက်​ထား​ကြည့်​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​၏​ဆု​တောင်း​ပ​တ္ထ​နာ ကို​နား​ညောင်း​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ယင်း သို့​ဖြစ်​ရ​သည်​မှာ​လည်း သင်​တို့​၏​အ​ပြစ် များ​ကြောင့်​ပင်​ဖြစ်​ပါ​၏။-
MAL 1:10 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။-
MAL 1:11 ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''
MAL 1:12 ``သို့​ရာ​တွင်​သင်​တို့​မူ​ကား​ငါ​၏​ယဇ် ပလ္လင်​ကို​ညစ်​ညမ်း​သည်​ဟု​ဆို​ကာ မိ​မိ​တို့ တင်​လှူ​သည့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို လည်း​မ​ထီ​မဲ့​မြင်​ပြု​လျက်​ငါ့​အား​ရှုတ် ချ​ကြ​ပေ​သည်။-
MAL 1:13 သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-''
MAL 1:14 ``မိ​မိ​၏​သိုး​အုပ်​တွင်​အ​ပြစ်​အ​နာ​ကင်း သည့်​သိုး​များ​ရှိ​ပါ​လျက် ငါ့​အား​လိမ်​လည် လှည့်​စား​၍​အ​သုံး​မ​ကျ​သည့်​ယဇ်​ကောင် ကို​ပူ​ဇော်​ဆက်​သ​သူ​သည်​ကျိန်​စာ​သင့်​ပါ စေ​သ​တည်း။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ကြီး​မြတ်​သည့်​ဘု​ရင်​ဖြစ်​တော်​မူ​၍ ငါ​၏ နာ​မ​တော်​ကို​လူ​မျိုး​တ​ကာ​တို့​ကြောက်​ရွံ့ ရို​သေ​ရ​သော​ကြောင့်​တည်း'' ဟု​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
MAL 2:1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယဇ် ပု​ရော​ဟိတ်​တို့​အား``ဤ​ပ​ညတ်​သည်​သင်​တို့ အ​တွက်​ဖြစ်​၏။ သင်​တို့​သည်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​အား​ဖြင့် ငါ​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရ​ကြ​မည်။ အ​ကယ်​၍​ငါ့​စ​ကား​ကို သင်​တို့​နား​မ​ထောင်​ပါ​မူ ငါ​သည်​သင်​တို့ အား​ကျိန်​စာ​သင့်​စေ​မည်။ သင်​တို့​မှီ​ခို အား​ထား​ရာ​များ​ကို​လည်း​ကျိန်​စာ​သင့် စေ​မည်။ အ​မှန်​စင်​စစ်​ထို​အ​ရာ​တို့​သည် ယ​ခု​ပင်​ကျိန်​စာ​သင့်​ကြ​လေ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်​ငါ​၏​ပ​ညတ် ကို​လေး​လေး​စား​စား​မ​ခံ​မ​ယူ​ကြ​သည့် အ​တွက်​ဖြစ်​၏။-
MAL 2:3 ငါ​သည်​သင်​တို့​၏​သား​မြေး​များ​အား အ​ပြစ်​ဒဏ်​ခတ်​မည်။ သင်​တို့​၏​မျက်​နှာ​ကို သင်​တို့​ပူ​ဇော်​သည့်​တိ​ရစ္ဆာန်​ချေး​ဖြင့်​သုတ် လိမ်း​၍ သင်​တို့​အား​ထို​ယဇ်​ကောင်​များ​နှင့် အ​တူ​ပစ်​ထုတ်​လိုက်​မည်။-
MAL 2:4 ထို​အ​ခါ​ငါ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​တည်​မြဲ​စေ လို​သ​ဖြင့် ဤ​ပ​ညတ်​ကို​သင်​တို့​အား​ပေး တော်​မူ​ခြင်း​ဖြစ်​ကြောင်း​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။''
MAL 2:5 ငါ​၏​ပ​ဋိ​ညာဉ်​တော်​တွင်​သူ​တို့​အား အ​သက်​ရှင်​မှု​နှင့် ချမ်း​မြေ့​သာ​ယာ​မှု​ကို က​တိ​ထား​ခဲ့​သည်​ဖြစ်​၍ ငါ​သည်​မိ​မိ အား​သူ​တို့​ရို​သေ​လေး​စား​စိမ့်​သော​ငှာ ထို​အ​ရာ​များ​ကို​ပေး​အပ်​ခဲ့​ပေ​သည်။ ထို နေ့​ရက်​ကာ​လ​များ​က​သူ​တို့​သည်​အ​ကယ် ပင်​ငါ့​အား​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​၏။-
MAL 2:6 သူ​တို့​သည်​အ​မှန်​တ​ရား​ကို​ဟော​ပြော သွန်​သင်​ကြ​၏။ အ​မှား​ကို​မ​သွန်​သင်​ကြ။ သူ​တို့​သည်​ငါ​နှင့်​သ​ဟ​ဇာ​တ​ဖြစ်​အောင် နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ကိုယ်​တိုင်​သာ လျှင်​မှန်​ရာ​ကို​ပြု​ကျင့်​ကြ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​တို့​အား​လည်း​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရန်​အ​ထောက်​အ​ကူ​ပေး​ကြ ပေ​သည်။-
MAL 2:7 ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။
MAL 2:8 ``သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​အ​သင်​ပု​ရော​ဟိတ် တို့​သည်​လမ်း​မှန်​မှ​လွဲ​ဖယ်​၍​သွား​ကြ​လေ​ပြီ။ သင်​တို့​၏​ဟော​ပြော​သွန်​သင်​မှု​ကြောင့်​လူ​အ​များ ပင်​အ​မှား​ကို​ပြု​ကျင့်​လျက်​နေ​လေ​ပြီ။ သင်​တို့ သည်​ငါ​နှင့်​ချုပ်​ဆို​ထား​သည့်​ပ​ဋိ​ညာဉ်​တော် ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-
MAL 2:9 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အား​ပ​ညတ် တော်​များ​ကို သွန်​သင်​ရာ​၌​မျက်​နှာ​ကြီး​ငယ် လိုက်​ကြ​သ​ဖြင့် ငါ​သည်​လည်း​သင်​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စက်​ဆုတ်​ရွံ​ရှာ အောင်​ပြု​မည်။
MAL 2:10 ငါ​တို့​အား​လုံး​၌​ဖ​ခင်​တစ်​ဦး​တည်​ရှိ​သည် မ​ဟုတ်​ပါ​လော။ ဤ​ဘု​ရား​သ​ခင်​တစ်​ပါး​တည်း ပင်​လျှင် ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သည်​မ ဟုတ်​ပါ​လော။ သို့​ဖြစ်​ပါ​မူ​ငါ​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​အ​ချင်း​ချင်း​ထား​ရှိ​သည့်​သစ္စာ က​တိ​ကို​ဖျက်​ကြ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု တော်​မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​ထီ​မဲ့ မြင်​ပြု​ကြ​ပါ​သ​နည်း။-
MAL 2:11 ယု​ဒ​ပြည်​သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့် မိ​မိ​တို့​ထား​ရှိ​သည့်​သစ္စာ​က​တိ​ကို​ဖျက် လျက် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ် ခု​လုံး​၌​စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​မှု ကို​ပြု​ကြ​လေ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မြတ်​နိုး​တော်​မူ​သည့်​ဗိ​မာန်​တော် ကို​ညစ်​ညမ်း​စေ​ကြ​လေ​ပြီ။ အ​မျိုး​သား တို့​သည်​လည်း​လူ​မျိုး​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​သူ​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​ကြ​လေ​ပြီ။-
MAL 2:12 ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သို့​ပြု​ကျင့်​သူ​မှန် သ​မျှ​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ​စေ သော။ သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ​ငါ​တို့ ၏​အ​မျိုး​သား​ဖြစ်​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သ​ကာ​များ​ဆက်​သ​သည့်​လူ​မျိုး​တော်​ဖြစ် ပိုင်​ခွင့်​ကို​လည်​ကောင်း​မ​ပေး​ဘဲ​နေ​တော်​မူ ပါ​စေ​သော။
MAL 2:13 သင်​တို့​ပြု​သော​အ​ခြား​အ​မှု​တစ်​ခု​ရှိ သေး​၏။ သင်​တို့​သည်​မိ​မိ​တို့​ယူ​ဆောင်​လာ သည့်​ပူ​ဇော်​သကာ​များ​ကို​ထာ​ဝ​ရ​ဘု​ရား လက်​ခံ​တော်​မ​မူ​သ​ဖြင့်​ငို​ကြွေး​မြည် တမ်း​လျက်​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ကို မျက်​ရည်​တွင်​နစ်​မြုပ်​စေ​ကြ​၏။-
MAL 2:14 ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။-
MAL 2:15 ဘု​ရား​သ​ခင်​သည်​သင်​တို့​နှစ်​ဦး​အား​တစ် ကိုယ်​တည်း​တစ်​စိတ်​တည်း​ဖြစ်​စေ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။ ယင်း​သို့​ဖြစ်​စေ​တော်​မူ​ရာ ၌​အ​ဘယ်​ရည်​ရွယ်​ချက်​ဖြစ်​ပါ​သ​နည်း။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​အ​စစ်​အ​မှန် များ​ကို​မွေး​ထုတ်​ပေး​ရန်​ဖြစ်​ပေ​သည်။ သို့​ဖြစ် ၍​သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​၏​ဇ​နီး နှင့်​ပြု​ထား​သည့် က​တိ​သစ္စာ​ကို​မ​ချိုး​မ ဖောက်​မိ​စေ​ရန်​အ​ထူး​သ​တိ​ပြု​ရ​ပေ​မည်။-
MAL 2:16 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လင်​မ​ယား​ကွာ ရှင်း​မှု​ကို​မုန်း​၏။ ဇ​နီး​ဖြစ်​သူ​ကို​သင်​တို့​ဤ သို့​ရက်​စက်​စွာ​ပြု​ကျင့်​မှု​ကို​ငါ​မုန်း​၏။ သင် တို့​၏​ဇ​နီး​များ​အား​သစ္စာ​စောင့်​ရန်​ပေး​အပ် ခဲ့​သည့်​က​တိ​ကို​မ​ချိုး​မ​ဖောက်​မိ​စေ​ရန် အ​ထူး​သ​တိ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ ပါ​၏။
MAL 2:17 သင်​တို့​သည်​စ​ကား​များ​လွန်း​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​နား​ငြီး​တော်​မူ​လေ​ပြီ။ သို့​ရာ​တွင်​သင် တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် နား​ငြီး​စေ​ရန်​အ​ဘယ်​သို့​ပြု​မိ​ကြ​ပါ သ​နည်း'' ဟု​ဆို​ကြ​၏။ ``ထာ​ဝ​ရ​ဘုရား​သည် ဒု​စ​ရိုက်​သ​မား​မှန်​သ​မျှ​ကို​လူ​ကောင်း​သူ ကောင်း​ဟု​ထင်​မှတ်​တော်​မူ​၏'' ဟူ​၍​ပြော ဆို​ခြင်း​အား​ဖြင့်​သော်​လည်း​ကောင်း``တ​ရား မျှ​တ​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​ကို​ခံ​ရ သော​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​ပြော​ဆို​ခြင်း​အား​ဖြင့်​သော် လည်း​ကောင်း​သင်​တို့​သည်​ကိုယ်​တော်​အား နား​ငြီး​စေ​ကြ​၏။
MAL 3:1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မိ​မိ​၏​တ​မန်​တော်​ကို​စေ​လွှတ်​၍ ငါ့ အ​ဖို့​လမ်း​ခ​ရီး​ကို​ပြင်​ဆင်​စေ​မည်။ ထို နောက်​သင်​တို့​စောင့်​မျှော်​နေ​သော​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​ဗိ​မာန်​တော်​သို့​ကြွ​လာ တော်​မူ​လိမ့်​မည်။ သင်​တို့​စောင့်​မျှော်​နေ​သော တ​မန်​တော်​သည်​လာ​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော် ကို​ဖော်​ပြ​ကြေ​ညာ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
MAL 3:2 သို့​ရာ​တွင်​အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​ကြွ လာ​တော်​မူ​မည့်​နေ့​ရက်​ကာ​လ​ကို​တိမ်း​ရှောင် နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​ပေါ်​ထွန်း​တော် မူ​ရာ​ကာ​လ​၌​အ​ဘယ်​သူ​သည်​ကျန်​ရစ်​လိမ့် မည်​နည်း။ ကိုယ်​တော်​သည်​အ​စွမ်း​ထက်​သည့် ဆပ်​ပြာ​နှင့်​လည်း​ကောင်း၊ သတ္တု​ချွတ်​သည့် မီး​နှင့်​လည်း​ကောင်း​တူ​လိမ့်​မည်။-
MAL 3:3 ကိုယ်​တော်​သည်​ချေး​ညှော်​ကင်း​စင်​စေ​ရန်​ငွေ ကို​ချွတ်​သော​သူ​ကဲ့​သို့​ကြွ​လာ​၍ တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။ ရွှေ​ထည်​ငွေ​ထည်​အ​လုပ် သ​မား​သည်​ရွှေ​နှင့်​ငွေ​ကို​ချွတ်​သ​ကဲ့​သို့ ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​လေ​ဝိ​ယဇ် ပု​ရော​ဟိတ်​တို့​အား​သန့်​စင်​အောင်​ပြု​လိမ့်​မည်။ ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လျောက်​ပတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို ယူ​ဆောင်​လာ​နိုင်​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။-
MAL 3:4 ထို​အ​ခါ​၌​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ လင်​မြို့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့ ယူ​ဆောင်​လာ​သည့်​ပူ​ဇော်​သ​ကာ​များ​သည် ရှေး​ကာ​လ​မှာ​ကဲ့​သို့​ပင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။
MAL 3:5 ကိုယ်​တော်​က``ငါ​သည်​တ​ရား​စီ​ရင်​ရန်​သင် တို့​ထံ​သို့​လာ​၍​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ၊ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ မ​မှန်​သော​သက်​သေ​ခံ​သူ​များ၊ မိ​မိ​၏​အ​လုပ်​သ​မား​များ​အ​ပေါ်​အ​ခ ကြေး​ငွေ​ကို​မ​တ​ရား​သ​ဖြင့်​ပြု​သူ​များ၊ မု​ဆိုး​မ၊ မိ​ဖ​မဲ့​သူ​နှင့်​လူ​မျိုး​ခြား​တို့ အား​အ​နိုင်​ကျင့်​သူ​မှ​စ​၍ ငါ့​အား​မ​ရို သေ​မ​လေး​စား​သူ​မှန်​သ​မျှ​တို့​အား​ချက် ချင်း​ထုတ်​ဖော်​ကြေ​ညာ​မည်။
MAL 3:6 ``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၍ ပြောင်း​လဲ​တော်​မ​မူ။ ထို​ကြောင့်​ယာ​ကုပ်​၏ သား​မြေး​ဖြစ်​သူ​သင်​တို့​သည်​လုံး​ဝ ဆုံး​ရှုံး​မှု​မ​ဖြစ်​ကြ​သေး​ပေ။-
MAL 3:7 သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​နည်း တူ ငါ​၏​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ဘဲ​လွှဲ​ရှောင်​လျက်​နေ​ခဲ့​ကြ​လေ​ပြီ။ သင် တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ သည်​လည်း​သင်​တို့​ထံ​သို့​ပြန်​လာ​မည်။'' ``သို့ ရာ​တွင်​သင်​တို့​က`အ​ထံ​တော်​သို့​ပြန်​လာ နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​ကြ​၏။-
MAL 3:8 လူ​သည်​ဘု​ရား​သ​ခင်​ကို​လိမ်​လည်​လှည့်​စား အပ်​ပါ​သ​လော​ဟု သင်​တို့​အား​ငါ​မေး​ပါ ၏။ ဤ​သို့​မ​ပြု​အပ်​သော်​လည်း​သင်​တို့​သည် ငါ့​အား​လိမ်​လည်​လှည့်​စား​လျက်​နေ​ပေ သည်။ သင်​တို့​က`ကျွန်​တော်​မျိုး​တို့​သည် အ​ဘယ်​သို့​လိမ်​လည်​လှည့်​စား​ကြ​ပါ သ​နည်း' ဟု​ဆို​ပါ​မူ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ နှင့်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​မျှ​ဟူ​၍ ဖြေ​ရ​ပေ​မည်။-
MAL 3:9 တစ်​နိုင်​ငံ​လုံး​ပင်​ငါ့​အား​လိမ်​လည်​လှည့် စား​လျက်​နေ​သ​ဖြင့် သင်​တို့​အား​လုံး​သည် ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။-
MAL 3:10 ဗိ​မာန်​တော်​တွင်​စား​နပ်​ရိက္ခာ​အ​မြောက် အ​မြား​ရှိ​စေ​ရန် သင်​တို့​၏​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​အ​ပြည့်​အ​ဝ​ယူ​ဆောင်​ခဲ့​ကြ လော့။ ငါ​၏​အ​ကဲ​ကို​စမ်း​၍​ကြည့်​ကြ​လော့။ ထို​အ​ခါ​ငါ​သည်​ကောင်း​ကင်​ပြူ​တင်း​ပေါက် များ​ကို​ဖွင့်​၍ သင်​တို့​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​အ​မျိုး​မျိုး​သွန်း​လောင်း​တော်​မူ သည်​ကို​သင်​တို့​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။-
MAL 3:11 ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''
MAL 3:12 ``ထို​အ​ခါ​သင်​တို့​ပြည်​သည်​နေ​ထိုင်​ဖွယ် ကောင်း​သည့်​အ​ရပ်​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်​၍ လူ​မျိုး​တ​ကာ​တို့​သည်​သင်​တို့​အား​မင်္ဂ​လာ ရှိ​သူ​များ​ဟု​ခေါ်​ဝေါ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
MAL 3:13 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ့​အ​ကြောင်း မ​ကောင်း​သ​တင်း​များ​ကို​ပြော​ဆို​ကြ​လေ​ပြီ။ သို့​သော်​လည်း​သင်​တို့​က`ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​ကို​အ​ဘယ် သို့​ပြော​ဆို​ခဲ့​ကြ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။-
MAL 3:14 သင်​တို့​သည်`ဘု​ရား​သ​ခင်​အား​ဝတ်​ပြု ကိုး​ကွယ်​ရ​သည်​မှာ​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ ဆောင်​ရွက်​သော်​လည်း​ကောင်း၊ ငါ​တို့​သည် မိ​မိ​တို့​ပြု​မိ​သည့်​အ​ပြစ်​များ​အ​တွက် ဝမ်း​နည်း​ကြောင်း​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ကြိုး​စား​ဖော်​ပြ​၍​သော်​လည်း ကောင်း​အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။-
MAL 3:15 ငါ​တို့​တွေ့​မြင်​ရ​ကြ​သည့်​အ​တိုင်း​မာန်​မာ​န ကြီး​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​ယုတ်​မာ တို့​သည်​ကောင်း​စား​ကြ​၏။ ထို​မျှ​မ​က​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​ခန္တီ​ပါ​ရ​မီ​တော်​ကို အ​ကဲ​စမ်း​ကြ​သော်​လည်း​အ​ဘယ်​ဒုက္ခ​နှင့် မျှ​မ​တွေ့​ရ​ကြ' ဟု​ဆို​ကြ​၏'' ဟု​မိန့်​တော် မူ​၏။
MAL 3:16 ထို​အ​ခါ​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သော သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​နေ​ကြ​သည့် စ​ကား​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား ထောင်​လျက်​နေ​တော်​မူ​သ​ဖြင့်​ကြား​တော် မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သူ​များ​၏​စား​ရင်း​ကို ရှေ့​တော်​တွင်​စာ​စောင် တစ်​ခု​၌​ရေး​မှတ်​ထား​ရှိ​၏။-
MAL 3:17 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ သူ​တို့​သည်​ငါ​၏​လူ​စု​ဖြစ်​လိမ့်​မည်။ သူ တို့​သည်​ငါ​စီ​ရင်​ချက်​ချ​မှတ်​ရာ​နေ့​၌ ငါ​၏​ကိုယ်​ပိုင်​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။ အ​ဖ သည်​မိ​မိ​၏​အ​စေ​အ​ပါး​ကို ခံ​သည့်​သား အ​ပေါ်​တွင် က​ရု​ဏာ​ထား​သ​ကဲ့​သို့​ငါ သည်​လည်း​သူ​တို့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​တော်​မူ​မည်။-
MAL 3:18 တစ်​ဖန်​တုံ​ငါ​၏​လူ​စု​သည်​သူ​တော်​ကောင်း နှင့် သူ​ယုတ်​မာ​တို့​တွေ့​ကြုံ​ခံ​စား​ရ​မှု​မ​တူ ပုံ​ကို​လည်း​ကောင်း၊ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် သူ​နှင့်​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​သူ​တို့ တွေ့​ကြုံ ခံ​စား​ရ​မှု​မ​တူ​ပုံ​ကို​လည်း​ကောင်း​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAL 4:1 အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။-
MAL 4:2 ငါ​၏​စ​ကား​တော်​ကို​ရို​သေ​သူ​သင်​တို့ အ​ဖို့​မှာ​မူ​ကား ငါ​၏​ကယ်​တင်​ခြင်း​တန် ခိုး​သည်​နေ​မင်း​သ​ဖွယ် သူ​တို့​အ​ပေါ်​၌ ထွန်း​လင်း​လျက်​နေ​ရောင်​ခြည်​သ​ဖွယ် သင် တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​လိမ့်​မည်။ သင်​တို့​သည်​တင်း​ကုပ်​မှ​လွှတ် ထုတ်​လိုက်​သည့်​နွား​ငယ်​များ​ကဲ့​သို့​လွတ် လပ်​ပျော်​ရွှင်​စွာ​ခုန်​ပေါက်​လျက်​နေ​လိမ့်​မည်။-
MAL 4:3 ငါ​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ ၌ သင်​တို့​သည်​သူ​ယုတ်​မာ​များ​ကို​အ​နိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​ခြေ ဖ​ဝါး​အောက်​မှ​မြေ​မှုန့်​သ​ဖွယ်​ဖြစ်​လိမ့်​မည်။''
MAL 4:4 ``ငါ​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ်​တ​ရား များ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ကြ​ရန်​သိ​နာ​တောင်​ပေါ် တွင်​သူ့​အား​ငါ​ပေး​အပ်​ခဲ့​သည့်​နည်း​ဥ​ပ​ဒေ များ​နှင့်​ကျင့်​ထုံး​ကျင့်​နည်း​များ​ကို​လည်း ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။
MAL 4:5 ``သို့​ရာ​တွင်​ယင်း​သို့​ကြောက်​မက်​ဖွယ်​ရာ နေ့​ကြီး မ​ကျ​မ​ရောက်​မီ​ငါ​သည်​ပ​ရော ဖက်​ဧ​လိ​ယ​ကို​သင်​တို့​ထံ​သို့​စေ​လွှတ် မည်။-
MAL 4:6 ငါ​လာ​၍​ထို​ဒေ​သ​အား​ကျိန်​စာ​မ​သင့် စေ​ရန် သူ​သည်​အ​ဖ​များ​နှင့်​သား​သ​မီး တို့​ကို​ပြန်​လည်​စည်း​ရုံး​၍​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဋ္ဌမ္မ​ဟောင်း​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း တည်း​ဟူ​သော၊ ပ​ရော​ဖက်​မာ​လ​ခိ​စီ​ရင်​ရေး ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
MAT 1:1 အာ​ဗြ​ဟံ​နှင့်​ဒါ​ဝိဒ်​မှ​ဆင်း​သက်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ကား​ဤ​သို့​တည်း။
MAT 1:2 အာ​ဗြ​ဟံ​၏​သား​သည်​ဣ​ဇာက်၊ ဣ​ဇာက်​၏​သား​မှာ​ယာ​ကုပ်၊ ယာ​ကုပ်​၏​သား​များ​ကား​ယု​ဒ​နှင့်​ညီ​များ​ဖြစ်​၏။-
MAT 1:3 ယု​ဒ​နှင့်​တာ​မာ​မှ​ရ​သော​သား​များ​သည်​ဖာ​ရက် နှင့်​ဇာ​ရ၊ ဖာ​ရက်​၏​သား​မှာ​ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ ၏​သား​ကား​အာ​ရံ​ဖြစ်​၏။-
MAT 1:4 အာ​ရံ​၏​သား​သည်​အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​၏​သား မှာ​နာ​ရှုန်၊ နာ​ရှုန်​၏​သား​ကား​စာ​လ​မုန်​ဖြစ်​၏။-
MAT 1:5 စာ​လ​မုန်​နှင့်​ရာ​ခပ်​မှ​ရ​သော​သား​သည်​ဗော​ဇ၊ ဗော​ဇ နှင့်​ရု​သ​မှ​ရ​သော​သား​မှာ​ဩ​ဗက်၊ ဩ​ဗက်​၏​သား သည်​ယေ​ရှဲ၊ ယေ​ရှဲ​၏​သား​ကား​ဒါ​ဝိဒ်​မင်း​တည်း။
MAT 1:6 ဉ​ရိ​ယ​၏​ဇ​နီး​နှင့်​ဒါ​ဝိဒ်​မင်း​ရ​သော​သား​သည် ရှော​လ​မုန်​ဖြစ်​၏။-
MAT 1:7 ရှော​လ​မုန်​၏​သား​သည်​ရော​ဗောင်၊ ရော​ဗောင်​၏​သား မှာ​အ​ဘိ​ယ၊ အ​ဘိ​ယ​၏​သား​ကား​အာ​သ​ဖြစ်​၏။-
MAT 1:8 အာ​သ​၏​သား​သည်​ယော​ရှ​ဖတ်၊ ယော​ရှ​ဖတ်​၏​သား မှာ​ယ​ဟော​ရံ၊ ယ​ဟော​ရံ​၏​သား​ကား​ဩ​ဇိ​ဖြစ်​၏။-
MAT 1:9 ဩ​ဇိ​၏​သား​သည်​ယော​သံ၊ ယော​သံ​၏​သား​မှာ အာ​ခတ်၊ အာ​ခတ်​၏​သား​ကား​ဟေ​ဇ​ကိ​ဖြစ်​၏။-
MAT 1:10 ဟေ​ဇ​ကိ​၏​သား​သည်​မ​နာ​ရှေ၊ မ​နာ​ရှေ​၏​သား မှာ​အာ​မုန်၊ အာ​မုန်​၏​သား​ကား​ယော​ရှိ​ဖြစ်​၏။-
MAT 1:11 ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​၌ ယော​ရှိ​ရ​သော သား​များ​ကား​ယေ​ခေါ​နိ​နှင့်​ညီ​များ​ဖြစ်​ကြ​၏။
MAT 1:12 ဗာ​ဗု​လုန်​မြို့​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ပြီး​နောက်၊ ယေ​ခေါ​နိ​ရ​သော​သား သည်​ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​၏​သား​မှာ​ဇေ​ရု​ဗ ဗေ​လ​ဖြစ်​၏။-
MAT 1:13 ဇေ​ရု​ဗ​ဗေ​လ​၏​သား​သည်​အ​ဗျုဒ်၊ အ​ဗျုဒ်​၏​သား​မှာ ဧ​လျာ​ကိမ်၊ ဧ​လျာ​ကိမ်​၏​သား​ကား​အာ​ဇော်​ဖြစ်​၏။-
MAT 1:14 အာ​ဇော်​၏​သား​သည်​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​သား​မှာ အာ​ခိမ်၊ အာ​ခိမ်​၏​သား​ကား​ဧ​လုဒ်​ဖြစ်​၏။-
MAT 1:15 ဧ​လုဒ်​၏​သား​သည်​ဧ​လာ​ဇာ၊ ဧလာဇာ​၏​သား​မှာ မ​ဿန်၊ မ​ဿန်​၏​သား​ကား​ယာ​ကုပ်​ဖြစ်​၏။-
MAT 1:16 ယာ​ကုပ်​၏​သား​သည်​မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ​ယော​သပ် ဖြစ်​၏။ မာ​ရိ​ကား​မေ​ရှိ​ယ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ခံ​ရ​သော​သ​ခင်​ယေ​ရှု​၏​မယ်​တော်​တည်း။
MAT 1:17 သို့​ဖြစ်​၍​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​များ​မှာ အာ​ဗြ​ဟံ​မှ​သည်​ဒါ​ဝိဒ်​မင်း​တိုင်​အောင်​တစ်​ဆယ့် လေး​ဆက်၊ ဒါ​ဝိဒ်​မင်း​မှ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ဗာ​ဗု​လုန်​မြို့​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ချိန် တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်၊ ဣသ​ရေ​လ​အ​မျိုး​သား တို့ ဗာ​ဗု​လုန်​မြို့​သို့​ရောက်​ရှိ​ချိန်​မှ​သည်​မေ​ရှိ​ယ ဖွား​မြင်​သည်​တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်​ဖြစ် သ​တည်း။
MAT 1:18 သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့ တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန် စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင် မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။-
MAT 1:19 ယော​သပ်​သည်​စိတ်​သ​ဘော​ထား​မြင့်​မြတ်​သူ​ဖြစ် သည်​အ​လျောက်​မာ​ရိ​အား​အ​သ​ရေ​မ​ပျက်​စေ လို​သ​ဖြင့် သူ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​မှု​ကို တိတ်​တ​ဆိတ်​ဖျက်​သိမ်း​ရန်​အ​ကြံ​ရှိ​၏။-
MAT 1:20 ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။-
MAT 1:21 သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။
MAT 1:22 ဤ​အ​မှု​အ​ရာ​များ​မှာ​ပ​ရော​ဖက်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ခဲ့​သော​ဗျာ​ဒိတ် တော်​အ​တိုင်း​ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။-
MAT 1:23 ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။
MAT 1:24 သို့​ဖြစ်​၍​ယော​သပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​အ​မိန့် ရှိ​ခဲ့​သည့်​အ​တိုင်း မာ​ရိ​အား​မိ​မိ​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​လေ​၏။-
MAT 1:25 သို့​ရာ​တွင်​သား​ယောက်ျား​ဖွား​မြင်​သည်​တိုင်​အောင် မာ​ရိ​နှင့်​ပေါင်း​သင်း​နေ​ထိုင်​မှု​ကို​မ​ပြု​ဘဲ​နေ​၏။ ထို​သား​ကို​ယေ​ရှု​ဟု​နာ​မည်​မှည့်​လေ​၏။
MAT 2:1 ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊-
MAT 2:2 ``ယ​ခု​ဖွား​မြင်​သော​ယု​ဒ​ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ရှေ့​တိုင်း​နိုင်​ငံ​တွင် ထို​အ​ရှင်​၏​ကြယ်​ပေါ်​ထွန်း​သည်​ကို​မြင်​သ​ဖြင့် ထို​အ​ရှင်​အား​ဖူး​မြော်​ပူ​ဇော်​အံ့​သော​ငှာ ငါ တို့​ရောက်​လာ​ကြ​ပါ​သည်'' ဟု​စုံ​စမ်း​မေး​မြန်း ကြ​၏။-
MAT 2:3 ထို​အ​ကြောင်း​ကို​ကြား​လျှင်​ဟေ​ရုဒ်​မင်း​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ချောက်​ချား​၍​သွား​ကြ​ကုန်​၏။-
MAT 2:4 ဟေ​ရုဒ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​ကို​စု​ဝေး​စေ​လျက် ``မေ​ရှိ​ယ သည်​အ​ဘယ်​အ​ရပ်​တွင်​ဖွား​မြင်​လိမ့်​မည်​နည်း'' ဟု​မေး​၏။-
MAT 2:5 ထို​သူ​တို့​က ``ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင်​ဖွား​မြင် ပါ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​တစ်​ဦး က၊
MAT 2:6 `အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊သင်​သည်​ယု​ဒ​ပြည်​ရှိ မြို့​များ​အ​နက်​သိမ်​ငယ်​လှ​သော​မြို့​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ရှေ့​ဆောင်​လမ်း​ပြ​မည့်​ခေါင်း​ဆောင်​တစ်​ဦး​သည် သင်​၏​အ​ထဲ​မှ​ပေါ်​ထွန်း​လိမ့်​မည်' ဟု​ဟော​ကြား​ထား​ပါ​သည်'' ဟူ​၍​လျှောက်​ထား ကြ​၏။
MAT 2:7 ထို​အ​ခါ​ဟေ​ရုဒ်​မင်း​သည်​ပ​ညာ​ရှိ​တို့​ကို​လျှို့ ဝှက်​စွာ​ခေါ်​၍ ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​သေ​ချာ​စွာ​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။-
MAT 2:8 ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​အား ``သင်​တို့ သွား​၍​သူ​ငယ်​ကို​တွေ့​အောင်​ရှာ​ကြ​ပါ။ တွေ့​သော အ​ခါ​ငါ​လည်း​သူ့​ကို​ဖူး​မြော်​ပူ​ဇော်​နိုင်​ရန် ငါ့ ထံ​လာ​၍​အ​ကြောင်း​ကြား​ကြ​ပါ'' ဟု​မိန့်​မှာ လျက်​ဗက်​လင်​မြို့​သို့​စေ​လွှတ်​တော်​မူ​၏။
MAT 2:9 သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထွက်​သွား​ကြ​ရာ​သူ တို့​တွေ့​မြင်​ခဲ့​သည့်​ကြယ်​ကို​မြင်​ပြန်​သ​ဖြင့် လွန် စွာ​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​၏။ ထို​ကြယ်​သည် လည်း​သူ​တို့​အား​ရှေ့​ဆောင်​ကာ​သူ​ငယ်​တော်​ရှိ ရာ​အ​ရပ်​ပေါ်​သို့​ရောက်​လျှင်​ရပ်​တန့်​လေ​၏။-
MAT 2:11 သူ​တို့​သည်​အိမ်​ထဲ​သို့​ဝင်​ကြ​ရာ​သူ​ငယ်​တော် အား မယ်​တော်​နှင့်​အ​တူ​တွေ့​မြင်​ကြ​၏။ ထို​အ​ခါ သူ​တို့​သည်​မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ရှိ​ခိုး​ပြီး​လျှင် ဘဏ္ဍာ ကြုတ်​များ​ကို​ဖွင့်​၍​ရွှေ၊ လော​ဗန်​နှင့်​မု​ရန်​တို့​ကို ပူ​ဇော်​ဆက်​သ​ကြ​၏။
MAT 2:12 ဟေ​ရုဒ်​မင်း​ထံ​သို့​မ​ပြန်​ကြ​ရန်​အိပ်​မက်​တွင် ဘု​ရား သ​ခင်​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​ခြား လမ်း​ဖြင့်​မိ​မိ​တို့​တိုင်း​နိုင်​ငံ​သို့​ပြန်​သွား​ကြ​၏။
MAT 2:13 ပ​ညာ​ရှိ​များ​ထွက်​ခွာ​သွား​ကြ​ပြီး​နောက်​ယော​သပ် သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး ကို​အိပ်​မက်​တွင်​မြင်​ရ​၏။ ကောင်း​ကင်​တ​မန်​က ``ထ လော့၊ သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို​ခေါ်​၍​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​လော့။ ဟေ​ရုဒ်​မင်း​သည်​သူ​ငယ် တော်​ကို​သတ်​ရန်​ရှာ​လိမ့်​မည်။ သင်​တို့​အား​ပြန် လာ​ရန်​ငါ​အ​မိန့်​မ​ပေး​မ​ချင်း​ထို​အ​ရပ်​တွင် နေ​လော့'' ဟု​ဆို​၏။-
MAT 2:14 ယော​သပ်​သည်​ထ​၍​သူ​ငယ်​တော်​နှင့်​မယ်​တော်​တို့ ကို​ခေါ်​ဆောင်​ကာ​ညဥ့်​အ​ခါ အီ​ဂျစ်​ပြည်​သို့​ထွက် ခွာ​သွား​ပြီး​လျှင်​ဟေ​ရုဒ်​မင်း​ကွယ်​လွန်​သည်​တိုင် အောင်​ထို​ပြည်​တွင်​နေ​၏။
MAT 2:15 ဤ​အ​မှု​အ​ရာ​ကား ``ငါ့​သား​ကို​အီ​ဂျစ်​ပြည်​မှ ခေါ်​ခဲ့​၏'' ဟူ​၍​ပ​ရော​ဖက်​အား​ဖြင့်​မိန့်​ကြား​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။
MAT 2:16 ဟေ​ရုဒ်​မင်း​သည်​မိ​မိ​အား​ပ​ညာ​ရှိ​တို့​လှည့်​စား သွား​ကြ​ကြောင်း​ကို​သိ​လျှင် ပြင်း​စွာ​အ​မျက်​ထွက် လေ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​ထံ​မှ​စုံ​စမ်း​သိ​ရှိ​ရ သည့်​အ​တိုင်း​ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​ထောက်​လျက် ဗက်​လင်​မြို့​နှင့်​အ​နီး​ပတ်​ဝန်း​ကျင် ကျေး​ရွာ​များ​ရှိ​နှစ်​နှစ်​အ​ရွယ်​နှင့်​နှစ်​နှစ်​အောက် သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​စေ​၏။
MAT 2:17 ဤ​သို့​လျှင်၊ ``ရာ​မ​အ​ရပ်​တွင်​လွန်​စွာ​ဝမ်း​နည်း​ပူ​ဆွေး ငို​ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရ​၏။ ရာ​ခေ​လ​သည်​မိ​မိ​၏​က​လေး​များ​အ​တွက် ငို​ယို​၍​နေ​၏။ က​လေး​တို့​သေ​ကြ​ပြီး​ဖြစ်​၍​သူ့​အား နှစ်​သိမ့်​၍​မ​ရ​နိုင်'' ဟူ​သော​ပ​ရော​ဖက်​ယေ​ရ​မိ​၏​စ​ကား​သည်​မှန် ၍​လာ​တော့​၏။
MAT 2:19 ဟေ​ရုဒ်​မင်း​ကွယ်​လွန်​ပြီး​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။-
MAT 2:20 ကောင်း​ကင်​တ​မန်​က ``သင်​သည်​ထ​၍​သူ​ငယ်​တော် နှင့်​မယ်​တော်​ကို​ခေါ်​ဆောင်​ကာ​ဣသ​ရေ​လ​ပြည်​သို့ ပြန်​သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​လို​သူ​တို့​သည် သေ​လွန်​ကြ​လေ​ပြီ'' ဟု​ဆို​၏။-
MAT 2:21 ယော​သပ်​သည်​ထ​၍​သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို ဆောင်​ယူ​ကာ ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​သွား​လေ​၏။
MAT 2:22 ယု​ဒ​ပြည်​တွင်​အာ​ခေ​လ​သည်​ခ​မည်း​တော်​ဟေ​ရုဒ် မင်း​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စိုး​စံ​လျက်​နေ​၏။ ထို​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​ယော​သပ်​သည် ထို​ပြည်​သို့​မ​သွား​ဝံ့​တော့​ချေ။ သူ​သည်​အိပ်​မက် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ခံ​ယူ​ရ သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည်​သို့​သွား​၍၊-
MAT 2:23 နာ​ဇ​ရက်​နာ​မည်​တွင်​သော​မြို့​တွင်​နေ​ထိုင်​လေ​၏။ သို့​ဖြစ်​၍ ``ကိုယ်​တော်​အား​နာ​ဇ​ရက်​မြို့​သား​ဟု ခေါ်​ဝေါ်​ကြ​လတ္တံ့'' ဟူ​သော​ပ​ရော​ဖက်​များ​၏ ဟော​ကြား​ချက်​မှန်​ကန်​၍​လာ​သ​တည်း။
MAT 3:1 ထို​အ​ခါ​ကာ​လ​၌​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည် ``နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ တော်​တည်​လု​နီး​ပြီ'' ဟု​ယု​ဒ​တော​ကန္တာ​ရ​၌ ဟော​ပြော​လျက်​ပေါ်​ထွန်း​လာ​၏။-
MAT 3:3 ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊ `` `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင် ပြု​ကြ​လော့' ဟု တော​ကန္တာ​ရ​၌​လူ​တစ်​ယောက်​ကြွေး​ကြော်​လျက်​နေ​၏'' ဟူ​၍​ဖော်​ပြ​ရာ​၌​ယော​ဟန်​ကို​ပင်​ဆို​လို​သ​တည်း။
MAT 3:4 ယော​ဟန်​သည်​ကု​လား​အုတ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​၍ သား​ရေ​ခါး​ပန်း​ကြိုး​ကို​စည်း​ထား​၏။ သူ ၏​အ​စား​အ​စာ​မှာ​ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ဖြစ်​၏။-
MAT 3:5 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​ကောင်း၊ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​ဒေ​သ မှ​လူ​အ​ပေါင်း​တို့​သည်​လည်း​ကောင်း​ယော​ဟန်​ထံ သို့​လာ​ကြ​၏။-
MAT 3:6 သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ ဝန်​ခံ​ကြ​သ​ဖြင့် ယော​ဟန်​သည်​ယော်​ဒန်​မြစ် တွင်​သူ​တို့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။
MAT 3:7 ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။-
MAT 3:8 အ​ကယ်​ပင်​နောင်​တ​ရ​ကြောင်း​ကို​သင်​တို့​၏ အ​ကျင့်​အား​ဖြင့်​ပြ​ကြ​လော့။-
MAT 3:9 အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟူ​၍ ပြော​ဆို​ရုံ​မျှ​ဖြင့် သင်​တို့​သည်​အ​ပြစ်​မှ​လွတ်​ငြိမ်း ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​ထင်​ကြ​နှင့်။ ဘု​ရား​သ​ခင် သည်​ဤ​ကျောက်​ခဲ​များ​မှ အာ​ဗြ​ဟံ​၏​သား​များ ကို​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-
MAT 3:10 သစ်​ပင်​များ​အား​အ​မြစ်​ရင်း​မှ​ခုတ်​လှဲ​ပစ်​ရန် ပု​ဆိန်​ကို​အ​သင့်​ထား​ရှိ​ပြီ​ဖြစ်​၍ အ​သီး​ကောင်း ကို​မ​သီး​သည့်​အ​ပင်​ဟူ​သ​မျှ​သည်​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။-
MAT 3:11 သင်​တို့​နောင်​တ​ရ​သည့်​အ​တွက် ငါ​သည်​သင်​တို့ အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ငါ​၏​နောက် တွင်​ကြွ​လာ​မည့်​အ​ရှင်​သည်​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း၊ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။ ထို​အ​ရှင်​သည် ငါ့​ထက်​ကြီး​မြတ်​၏။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ် ကို​မျှ​မ​ကိုင်​ဆောင်​ထိုက်။-
MAT 3:12 လက်​တော်​တွင်​စ​ပါး​လှေ့​ရန်​ဆန်​ကော​ကို​ကိုင်​၍ ထား​တော်​မူ​၏။ မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​ပြီး​နောက် ဂျုံ​စ​ပါး​ကို​ကျီ​တွင်​စု​သိမ်း ထား​တော်​မူ​လိမ့်​မည်။ အ​ဖျင်း​များ​ကို​မူ​ငြိမ်း သတ်​၍​မ​ရ​နိုင်​သော​မီး​နှင့်​ရှို့​တော်​မူ​လိမ့်​မည်'' ဟု​ဟော​ပြော​၏။
MAT 3:13 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ရန်​ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​သို့​ကြွ​လာ​တော်​မူ​၏။-
MAT 3:14 သို့​ရာ​တွင်​ယော​ဟန်​က ``အ​ကျွန်ုပ်​သည်​အ​ရှင်​၏ ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​သင့်​သူ​ဖြစ်​ပါ လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​ကြွ​လာ​တော် မူ​ပါ​သ​လော'' ဟု​ဆို​၍​ဆီး​တား​လေ​၏။
MAT 3:15 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။
MAT 3:16 သ​ခင်​ယေ​ရှု​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ပြီး​လျှင်​ပြီး ချင်း ရေ​မှ​တက်​တော်​မူ​သော​အ​ခါ၊ မိုး​ကောင်း​ကင် သည်​ကိုယ်​တော်​ရှင်​အ​တွက်​ကွဲ​ဟ​လျက် ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​တော်​မူ​သည်​ကို​မြင် တော်​မူ​၏။-
MAT 3:17 ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။
MAT 4:1 ထို​နောက်​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​ရန် ဝိ​ညာဉ်​တော်​သည်​သ​ခင်​ယေ​ရှု​ကို တော​ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။-
MAT 4:2 ကိုယ်​တော်​သည်​ရက်​လေး​ဆယ်​ပတ်​လုံး​အ​စာ ရှောင်​လျက်​နေ​ပြီး​နောက်​မွတ်​သိပ်​၍​လာ​တော် မူ​၏။-
MAT 4:3 ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန် လျှင်​ဤ​ကျောက်​ခဲ​များ​ကို​မုန့်​ဖြစ်​လာ​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
MAT 4:4 သို့​ရာ​တွင်​ကိုယ်​တော်​က ``လူ​သည်​အ​စား​အ​စာ အား​ဖြင့်​သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား ဖြင့်​အ​သက်​ရှင်​ရ​မည်​ဟု​ကျမ်း​စာ​လာ​၏'' ဟူ ၍​မိန့်​တော်​မူ​၏။
MAT 4:5 ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​ရှိ​ဗိ​မာန်​တော်​ထိပ်​ဖျား သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်၊
MAT 4:6 ``ဘု​ရား​သ​ခင်​သည်​သင့်​အား​ကာ​ကွယ်​စောင့် ရှောက်​ရန်​ကောင်း​ကင်​တ​မန်​တို့​အား အ​မိန့်​ပေး​တော်​မူ​မည်​ဖြစ်​ရာ၊သူ​တို့​သည် သင်​၏​ခြေ​ကို​ကျောက်​ခဲ​များ​နှင့်​မ​ထိ​မ​ခိုက်​မိ စေ​ရန်၊ သင့်​အား​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု​ကျမ်း​စာ​တော်​တွင် ပါ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သား​တော်​မှန်​လျှင်​အောက်​သို့​ခုန်​ချ​ပါ​လော့'' ဟု​လျှောက်​၏။
MAT 4:7 သ​ခင်​ယေ​ရှု​က​လည်း ``သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟူ ၍​လည်း​ကျမ်း​စာ​တော်​တွင်​ပါ​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။
MAT 4:8 ထို​မှ​တစ်​ဖန်​မာရ်​နတ်​သည်​ကိုယ်​တော်​အား​မြင့် သော​တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် လော​က နိုင်​ငံ​ရှိ​သ​မျှ​နှင့်​ထို​နိုင်​ငံ​တို့​၏​ဘုန်း​စည်း​စိမ် ကို​ညွှန်​ပြ​၏။-
MAT 4:9 ထို​နောက် ``ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ်​ရှိ​ခိုး မည်​ဆို​ပါ​က​ဤ​အ​ရာ​အ​လုံး​စုံ​ကို​ငါ​ပေး မည်'' ဟု​ဆို​၏။
MAT 4:10 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​မာရ်​နတ်၊ ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လော့။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ​လျှင်​ဝတ်​ပြု​ရှိ​ခိုး​ရ​မည်။ ထို​အ​ရှင်​၏​အ​စေ​ကို​သာ​လျှင်​ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။
MAT 4:11 ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​မှ​ထွက်​ခွာ သွား​လေ​သည်။ ထို​နောက်​ကောင်း​ကင်​တ​မန်​တို့ သည်​ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​လုပ် ကျွေး​ပြု​စု​ကြ​၏။
MAT 4:12 သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​အ​ဖမ်း​ခံ​ရ​ကြောင်း ကို​ကြား​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်​သို့​ထွက်​ခွာ သွား​တော်​မူ​၏။-
MAT 4:13 ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​တွင်​နေ​ထိုင်​တော် မ​မူ​ဘဲ​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​စပ်​ကြား၊ ဂါ​လိ​လဲ​အိုင်​အ​နီး​ရှိ​က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။-
MAT 4:14 ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက်​ဟေ ရှာ​ယ​၏​ဟော​ကြား​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊
MAT 4:15 ``အို ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်၊ယော်​ဒန်​မြစ် တစ်​ဖက်​ကမ်း၊အိုင်​လမ်း​တစ်​လျှောက်၊ လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ဂါ​လိ​လဲ​ပြည်၊
MAT 4:16 အ​မှောင်​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့​သည် အ​လင်း​ရောင်​ကြီး​ကို​မြင်​ရ​လေ​ပြီ။ သေ​မင်း​အ​ရိပ်​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​အ​ပေါ်​သို့ အ​လင်း​ရောင်​သက်​ရောက်​လိမ့်​မည်'' ဟု​ဟော​ကြား​ခဲ့​၏။
MAT 4:17 ထို​အ​ခါ​မှ​စ​၍​သ​ခင်​ယေ​ရှု​သည် ``နောင်​တ​ရ ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ'' ဟု​ဟော​ကြား​တော်​မူ​၏။
MAT 4:18 သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​အိုင်​အ​နီး​တွင်​လျှောက် သွား​တော်​မူ​စဉ် တံ​ငါ​သည်​ညီ​အစ်​ကို​နှစ်​ယောက်​ကို မြင်​တော်​မူ​၏။ သူ​တို့​ကား​ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့် သူ​၏​ညီ​အန္ဒြေ-တို့​ပင်​ဖြစ်​၏။ သူ​တို့​သည်​အိုင်​ထဲ တွင်​ကွန်​ပစ်​လျက်​နေ​ကြ​၏။-
MAT 4:19 သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု သူ​တို့​အား​မိန့်​တော်​မူ​၏။-
MAT 4:20 သူ​တို့​သည်​ချက်​ချင်း​ပင်​မိ​မိ​တို့​၏​ပိုက်​ကွန် များ​ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။
MAT 4:21 ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​လျှောက် သွား​တော်​မူ​သော​အ​ခါ အ​ခြား​ညီ​အစ်​ကို​နှစ် ယောက်​ဖြစ်​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို မြင်​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ဗေ​ဒဲ​၏​သား​များ ဖြစ်​၍ မိ​မိ​တို့​ဖ​ခင်​နှင့်​အ​တူ​လှေ​ထဲ​တွင်​ပိုက် ကွန်​များ​ကို​အ​သင့်​ပြင်​လျက်​ရှိ​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​နောက်​တော်​သို့ လိုက်​ရန်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ၊-
MAT 4:22 သူ​တို့​သည်​ချက်​ချင်း​ပင်​လှေ​နှင့်​ဖ​ခင်​ကို ထား​ခဲ့​၍​နောက်​တော်​သို့​လိုက်​ကြ​၏။
MAT 4:23 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး ကြွ​တော်​မူ​လျက်​တ​ရား​ဇ​ရပ်​များ​တွင်​သွန် သင်​တော်​မူ​၏။ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။-
MAT 4:24 ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-
MAT 4:25 ဂါ​လိ​လဲ​ပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေ​ရု​ရှ​လင် မြို့၊ ယု​ဒ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​မှ လူ​ပ​ရိ​သတ်​ကြီး​များ​သည်​ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ကြ​ကုန်​၏။
MAT 5:1 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြင်​တော် မူ​သ​ဖြင့်​တောင်​ပေါ်​သို့​တက်​တော်​မူ​၏။ ကိုယ်​တော် ထိုင်​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။-
MAT 5:2 ထို​အ​ခါ​ကိုယ်​တော်​သည်​သူ​တို့​အား​အောက် ပါ​အ​တိုင်း​ဟော​ပြော​သွန်​သင်​တော်​မူ​၏။
MAT 5:3 ``စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။
MAT 5:4 ``ဝမ်း​နည်း​ပူ​ဆွေး​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား​စိတ်​သက်​သာ မှု​ကို ပေး​တော်​မူ​လတ္တံ့။
MAT 5:5 ``စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော် မူ​သော​ကောင်း​ချီး​ကို​ခံ​စား​ရ​ကြ​လတ္တံ့။
MAT 5:6 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။
MAT 5:7 ``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။
MAT 5:8 ``စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​လတ္တံ့။
MAT 5:9 ``ငြိမ်း​ချမ်း​ရေး​အ​တွက်​ဆောင်​ရွက်​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဟု အ​ခေါ်​ခံ​ရ​ကြ​လတ္တံ့။
MAT 5:10 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း ဆောင်​ရွက်​သ​ဖြင့် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။
MAT 5:11 ``လူ​တို့​သည်​ငါ့​ကြောင့်​သင်​တို့​ကို​ကဲ့​ရဲ့​ညှဉ်း​ဆဲ လျက် မ​ဟုတ်​မ​မှန်​ဘဲ​အ​မျိုး​မျိုး​ပြစ်​တင်​စွပ်​စွဲ​ကြ​သော အ​ခါ၊ သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
MAT 5:12 ``ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကောင်း​ကင်​ဘုံ​တွင် သင်​တို့​ခံ​စား​ရ​မည့်​အ​ကျိုး​သည်​ကြီး​လှ​ပေ​၏။ ရှေး​ပ​ရော​ဖက်​တို့​ကို​ထို​နည်း​တူ​ညှဉ်း​ဆဲ​ကြ​ပြီ။
MAT 5:13 ``သင်​တို့​သည်​လော​က​၏​ဆား​သ​ဖွယ်​ဖြစ်​ကြ​၏။ ဆား​သည်​အ​ငန်​ကင်း​ပျောက်​သွား​လျှင် အ​ဘယ် သို့​ပြန်​၍​ငန်​အောင်​ပြု​လုပ်​နိုင်​ပါ​မည်​နည်း။ မည် သို့​မျှ​အ​သုံး​မ​ဝင်​တော့​ဘဲ​အ​ပြင်​သို့​ပစ်​လိုက် သ​ဖြင့်​လူ​တို့​ကျော်​နင်း​သွား​ကြ​၏။
MAT 5:14 ``သင်​တို့​သည်​လော​က​၏​အ​လင်း​သ​ဖွယ်​ဖြစ် ကြ​၏။ တောင်​ပေါ်​မှာ​တည်​ထား​သော​မြို့​ကို​ဖုံး ကွယ်​၍​မ​ထား​နိုင်။-
MAT 5:15 ဆီ​မီး​ကို​ထွန်း​ညှိ​၍​တင်း​တောင်း​ဖြင့်​အုပ်​၍​မ ထား​တတ်​ကြ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့ အ​လင်း​ရောင်​ရ​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။-
MAT 5:16 ထို​နည်း​တူ​စွာ​လူ​တို့​သည်​သင်​တို့​၏​ကောင်း​သော အ​ကျင့်​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​စေ​ရန် သင် တို့​၏​အ​လင်း​ကို​လူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ လော့။
MAT 5:17 ``ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​တို့​ကို​ဖျက် သိမ်း​ရန်​ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ဖျက်​သိမ်း ရန်​လာ​သည်​မ​ဟုတ်။ ထို​ကျမ်း​များ​တွင်​ဖော်​ပြ ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​သာ​ငါ​လာ သ​တည်း။-
MAT 5:18 သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ကောင်း ကင်​နှင့်​မြေ​ကြီး​တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး ပ​ညတ်​ကျမ်း​မှ​အက္ခ​ရာ​တစ်​လုံး၊ ဝစ္စ​တစ်​လုံး​မျှ ပင်​မ​ပျောက်​ပျက်​ရ။ ထို​ကျမ်း​တွင်​ဖော်​ပြ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​မည်။-
MAT 5:19 အ​သေး​ငယ်​ဆုံး​သော​ပ​ညတ်​ကို​ကူး​လွန်​၍ သူ​တစ်​ပါး​တို့​ကူး​လွန်​ရန်​ကို​လည်း​ဟော​ပြော သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​သိမ် ငယ်​ဆုံး​သော​သူ​ဖြစ်​လိမ့်​မည်။ သို့​ရာ​တွင်​ပညတ်​တော် များ​ကို​လိုက်​နာ​ကျင့်​သုံး​၍ သူ​တစ်​ပါး​တို့​လိုက်​နာ ကျင့်​သုံး​ရန်​ကို​လည်း​ဟော​ပြော​သွန်​သင်​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​ကြီး​မြတ်​သူ​ဖြစ်​လိမ့် မည်။-
MAT 5:20 ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​ကျင့် သုံး​ရာ​တွင် သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ် ဆ​ရာ​တို့​ထက်​မ​သာ​လျှင် ကောင်း​ကင်​နိုင်​ငံ​တော် သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။
MAT 5:21 ``လူ့​အ​သက်​ကို​မ​သတ်​ရ။ သတ်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက်​သို့​ရောက်​ရ​မည် ဟူ​သော​ပ​ညတ်​ကို​သင်​တို့​ကြား​ရ​လေ​ပြီ။-
MAT 5:22 သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။-
MAT 5:23 သို့​ဖြစ်​၍​သင်​သည်​ယဇ်​ပလ္လင်​တော်​တွင်​ပူ​ဇော် သကာ​ဆက်​သ​မည်​ပြု​စဉ် မိ​မိ​အ​ပေါ်​၌​ညီ​အစ်​ကို တစ်​ဦး​တစ်​ယောက်​၏​မ​ကျေ​နပ်​မှု​ကို​သ​တိ​ရ ခဲ့​သော်၊-
MAT 5:24 ပူ​ဇော်​သကာ​ကို​ထား​ခဲ့​ပြီး​လျှင်​ထို​သူ​၏​ကျေ နပ်​မှု​ကို​ရ​ယူ​လော့။ ထို​နောက်​ပြန်​၍​သင်​၏​ပူ​ဇော် သကာ​ကို​ဆက်​သ​လော့။
MAT 5:25 ``တစ်​စုံ​တစ်​ယောက်​သည်​ရုံး​တော်​တွင်​သင့်​အား တ​ရား​စွဲ​လျှင်​သူ​နှင့်​အ​တူ​လမ်း​ခ​ရီး​၌​ရှိ​နေ စဉ်​သူ​နှင့်​လျင်​မြန်​စွာ​ပြန်​လည်​သင့်​မြတ်​အောင်​ပြု လော့။ သို့​မ​ပြု​ပါ​မူ​သူ​သည်​သင့်​အား​တ​ရား သူ​ကြီး​၏​လက်​သို့​အပ်​၍ တ​ရား​သူ​ကြီး​သည် လည်း​ထောင်​မှူး​လက်​သို့​အပ်​ပြီး​လျှင်​သင့်​ကို ထောင်​ချ​ထား​လိမ့်​မည်။-
MAT 5:26 ပေး​ဆပ်​ရန်​ရှိ​သော​ငွေ​အ​ကုန်​အ​စင်​မ​ပေး​မ ဆပ်​မ​ချင်း​သင်​သည်​ထောင်​ထဲ​မှ​ထွက်​ရ​လိမ့်​မည် မ​ဟုတ်​ဟု​ငါ​ဆို​၏။
MAT 5:27 ``သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်​ဟူ​သော​ပ​ညတ် ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။*
MAT 5:28 သို့​ရာ​တွင်​တပ်​မက်​သော​စိတ်​ဖြင့်​အ​မျိုး​သ​မီး တစ်​ဦး​ကို​ကြည့်​သူ​သည် မိ​မိ​၏​စိတ်​တွင်​ထို​အ​မျိုး သ​မီး​ကို​ပြစ်​မှား​ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​၏။-
MAT 5:29 သင်​၏​လက်​ယာ​မျက်​စိ​သည်​သင့်​အား​မှောက်​မှား စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ သင်​၏​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ် အင်္ဂါ​တစ်​ခု​ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-
MAT 5:30 သင်​၏​လက်​ယာ​လက်​သည်​သင့်​အား​မှောက်​မှား​စေ လျှင်​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ သင်​၏​ကိုယ်​ခန္ဓာ​တစ် ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ်​အင်္ဂါ​တစ်​ခု ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။
MAT 5:31 ``မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​လို​သူ​သည်​ဖြတ်​စာ ကို​ပေး​အပ်​ရ​မည်​ဟု​ဆို​ရိုး​စ​ကား​ရှိ​၏။-
MAT 5:32 သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဇ​နီး အား​အ​ကျင့်​ဖောက်​ပြား​မှု​မ​ရှိ​ဘဲ​ကွာ​ရှင်း​၍ ထို အ​မျိုး​သ​မီး​က​လည်း​နောက်​အိမ်​ထောင်​ပြု​သည် ဆို​ပါ​မူ ထို​သူ​သည်​မိ​မိ​၏​ဇ​နီး​အား​မျောက်​မ ထား​စေ​ရာ​ရောက်​၏။ ထို​အ​မျိုး​သ​မီး​နှင့်​အိမ် ထောင်​ပြု​သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ ကို​ပြစ်​မှား​ရာ​ရောက်​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။
MAT 5:33 ``ထို့​အ​ပြင်`သင်​သည်​သစ္စာ​က​တိ​ကို​မ​ဖျက်​ရ။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​ထား​ရှိ​သည့် သစ္စာ​က​တိ​အ​တိုင်း​ဆောင်​ရွက်​ရ​မည်' ဟူ​သော ပညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-
MAT 5:34 သို့​ရာ​တွင်​သင်​တို့​သည်​တစ်​စုံ​တစ်​ခု​ကို​က​တိ​ပြု သော​အ​ခါ​လုံး​ဝ​ကျိန်​ဆို​၍​မ​ပြော​ကြ​နှင့်​ဟု သင်​တို့​အား​ငါ​ဆို​၏။ ကောင်း​ကင်​ဘုံ​ကို​တိုင်​တည် ၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သည်​ဘု​ရား သ​ခင်​၏​ပလ္လင်​တော်​ဖြစ်​၏။-
MAT 5:35 ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​ကြ​နှင့်။ ယေ​ရု​ရှ​လင်​မြို့​သည်​ဘု​ရင်​မင်း​မြတ်​၏​နေ​ပြည် တော်​ဖြစ်​၏။-
MAT 5:36 မိ​မိ​၏​ဦး​ခေါင်း​ကို​တိုင်​တည်​၍​လည်း​မ​ကျိန်​ဆို ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ဆံ​ပင် တစ်​ပင်​မျှ​ကို​ပင်​ဖြူ​အောင်​မ​တတ်​နိုင်​ကြ​သော ကြောင့်​တည်း။-
MAT 5:37 သင်​တို့​သည် `ဟုတ်​ပါ​သည်' သို့​မ​ဟုတ် `မ​ဟုတ်​ပါ' ဟူ​၍​သာ​ပြော​ဆို​ကြ​လော့။ ဤ​ထက်​ပို​သော စ​ကား​သည်​မာရ်​နတ်​၏​ထံ​မှ​ရ​သော​စ​ကား ဖြစ်​၏။
MAT 5:38 ``မျက်​စိ​အ​စား​မျက်​စိ၊ သွား​အ​စား​သွား​ဟူ သော​ပ​ညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-
MAT 5:39 သို့​ရာ​တွင်​သင့်​အား​ပြစ်​မှား​သူ​ကို​လက်​စား​မ​ချေ နှင့်​ဟု​ငါ​ဆို​၏။ သင်​၏​လက်​ယာ​ပါး​ကို​ရိုက်​သူ အား​အ​ခြား​ပါး​တစ်​ဖက်​လည်း​ရိုက်​စေ​ဦး​လော့။-
MAT 5:40 သင်​၏​အ​တွင်း​အင်္ကျီ​ကို​ယူ​လို​၍​တ​ရား​တွေ့​သော သူ​အား​သင်​၏​ဝတ်​လုံ​ကို​လည်း​ယူ​ခွင့်​ပြု​လော့။-
MAT 5:41 သင့်​အား​အ​နိုင်​အ​ထက်​ပြု​၍​ခ​ရီး​တစ်​မိုင်​သွား စေ​သူ​နှင့်​ခ​ရီး​နှစ်​မိုင်​သွား​လော့။-
MAT 5:42 တောင်း​ခံ​သူ​အား​ပေး​ကမ်း​လော့။ ချေး​ငှား​လို​သူ အား​လည်း​ချေး​ငှား​လော့။
MAT 5:43 ``မိတ်​ဆွေ​ကို​ချစ်​လော့။ ရန်​သူ​ကို​မုန်း​လော့​ဟူ သော​ပ​ညတ်​ကို​သင်​တို့ ကြား​သိ​ရ​လေ​ပြီ။-
MAT 5:44 သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။-
MAT 5:45 သို့​မှ​သာ​သင်​တို့​သည်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည် လူ​ဆိုး​လူ​ကောင်း​များ​အ​ပေါ်​၌​နေ​ရောင်​ခြည် ကို​သက်​ရောက်​စေ​တော်​မူ​၏။ သူ​တော်​ကောင်း၊ သူ ယုတ်​မာ​များ​အ​ပေါ်​၌​မိုး​ကို​ရွာ​စေ​တော်​မူ​၏။-
MAT 5:46 သင်​တို့​သည်​မိ​မိ​တို့​အား​ချစ်​သော​သူ​များ​ကို​သာ ချစ်​တုံ့​ပြန်​ပါ​မူ အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​ထံ တော်​မှ​ကောင်း​ချီး​ကို​ခံ​စား​ထိုက်​ပါ​မည်​နည်း။ အ​ခွန် ခံ​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။-
MAT 5:47 ထို​မှ​တစ်​ပါး​လည်း​သင်​တို့​သည်​ညီ​အစ်​ကို​အ​ချင်း ချင်း​နှင့်​သာ​လျှင်​နှုတ်​ဆက်​ကြ​မည်​ဆို​ပါ​က သင်​တို့ ၏​အ​ပြု​အ​မူ​သည်​အ​ဘယ်​သို့​ထူး​ခြား​မှု​ရှိ​နိုင် ပါ​မည်​နည်း။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​များ ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်။-
MAT 5:48 ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း​ကောင်း မြတ်​စုံ​လင်​ကြ​လော့။
MAT 6:1 ``သင်​တို့​သည်​အ​များ​မြင်​သာ​အောင်​လူ​မြင်​ကွင်း တွင် အ​လှူ​ဒါ​န​မ​ပြု​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​မည်​သည့်​ကောင်း ချီး​ကို​မျှ​ပေး​သ​နား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
MAT 6:2 ``ထို​ကြောင့်​သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ တ​ရား​ဇ​ရပ်​များ နှင့်​လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​မိ​မိ​တို့​ကိုယ်​ကို​ထင် ပေါ်​အောင်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​လူ​များ​၏ အ​ချီး​အ​မွမ်း​ကို​ခံ​လို​၍​ဤ​သို့​ပြု​ကြ​ခြင်း ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား​ထို​သူ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​၏။-
MAT 6:3 သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​မ​ထင်​မ​ရှား​ပြု​လော့။-
MAT 6:4 သင်​၏​လက်​ယာ​လက်​ပြု​သော​အ​မှု​ကို​သင်​၏​လက်​ဝဲ လက်​မ​သိ​စေ​နှင့်။ မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို မြင်​တော်​မူ​သော​သင်​၏​အ​ဖ​သည်​သင့်​အား​ကောင်း ချီး​ပေး​သ​နား​တော်​မူ​လိမ့်​မည်။
MAT 6:5 ``သင်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သူ​တော် ယောင်​ဆောင်​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည် လူ​များ​မြင်​သာ​အောင်​တ​ရား​ဇ​ရပ်​များ​နှင့်​လမ်း​ဆုံ လမ်း​ခွ​များ​မှာ​ရပ်​လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ် ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို​သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​ပြီ။-
MAT 6:6 သို့​ရာ​တွင်​သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး လျှင် မျက်​စိ​နှင့်​မ​တွေ့​မ​မြင်​နိုင်​သော​သင်​တို့​၏​အ​ဖ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။ မ​ထင် မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ​သော​သင်​တို့ ၏​အ​ဖ​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​သ​နား တော်​မူ​လိမ့်​မည်။
MAT 6:7 ``သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​နည်း​တူ အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သော​စ​ကား​များ​ကို မ​သုံး​ကြ​နှင့်။ ထို​သူ​တို့​သည်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် တောင်း​သော​ဆု​ရ လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​၏။-
MAT 6:8 သင်​တို့​မူ​ကား​ထို​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​၏​အ​ဖ​သည်​သင်​တို့​မ​တောင်း​မ​လျှောက် မီ​က​ပင် သင်​တို့​လို​သော​အ​ရာ​တို့​ကို​သိ​နှင့် ပြီး​ဖြစ်​တော်​မူ​၏။-
MAT 6:9 သို့​ဖြစ်​၍​သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ `ကောင်း​ကင်​ဘုံ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​အ​ဖ၊ကိုယ်​တော်​၏ နာ​မ​တော်​အား​ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။
MAT 6:10 နိုင်​ငံ​တော်​တည်​ပါ​စေ​သော။ အ​လို​တော်​သည်​ကောင်း​ကင်​ဘုံ​၌​ပြည့်​စုံ​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​၌​လည်း​ပြည့်​စုံ​ပါ​စေ​သော။
MAT 6:11 ယ​နေ့​အ​တွက်​လို​အပ်​သော​အ​စား​အ​စာ​ကို၊ အ​ကျွန်ုပ်​တို့​အား​ပေး​သ​နား​တော်​မူ​ပါ။
MAT 6:12 အ​ကျွန်ုပ်​တို့​ကို​ပြစ်​မှား​သော​သူ​တို့​၏​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့၊အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ​ပါ။
MAT 6:13 အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' ဟူ​၍​ဆု​တောင်း​ကြ​လော့။
MAT 6:14 ``သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား​သည့်​အ​ပြစ် များ​ကို​ဖြေ​လွှတ်​ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ ၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-
MAT 6:15 သို့​ရာ​တွင်​သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား သည့်​အ​ပြစ်​များ​ကို​မ​ဖြေ​မ​လွှတ်​ကြ​လျှင်​မူ ကား သင်​တို့​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
MAT 6:16 ``သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ ညှိုး​ငယ်​သော​အ​သွင် ကို​မ​ဆောင်​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​စာ ရှောင်​လျက်​နေ​ကြောင်း​ထင်​ပေါ်​စေ​လို​သ​ဖြင့် ဆာ​လောင် မွတ်​သိပ်​သော​အ​မူ​အ​ရာ​ဖြင့်​သွား​လာ​တတ်​ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပြီ။-
MAT 6:17 သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ​မျက်​စိ ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော သင်​တို့​၏​အ​ဖ​မှ​လွဲ​၍ အ​ခြား​မည်​သူ​မျှ​မ​သိ​စေ​ရန် မျက်​နှာ​ကို​သစ် ၍​ဦး​ခေါင်း​ကို​ဖြီး​ကြ​လော့။-
MAT 6:18 သင်​တို့​မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ သော​သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​ကောင်း​ချီး ပေး​သ​နား​တော်​မူ​လိမ့်​မည်။
MAT 6:19 ``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။-
MAT 6:20 သံ​ချေး​ပိုး​ရွ​မ​ဖျက်​မ​ဆီး၊ သူ​ခိုး​ဋ္ဌား​ပြ​မ​ထွင်း မ​ဖောက်​မ​ခိုး​မ​ယူ​နိုင်​သော​ဘဏ္ဍာ​ကို​ကောင်း​ကင်​ဘုံ ၌​စု​ဆောင်း​ကြ​လော့။-
MAT 6:21 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ​သို့ သင်​တို့​၏​စိတ်​ရောက်​တတ်​သော​ကြောင့်​ဖြစ်​၏။
MAT 6:22 ``မျက်​စိ​သည်​ကိုယ်​ခန္ဓာ​၏​ဆီ​မီး​သ​ဖွယ်​ဖြစ်​၏။ မျက်​စိ​ကြည်​လင်​လျှင်​သင်​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။-
MAT 6:23 သို့​ရာ​တွင်​သင်​တို့​၏​မျက်​စိ​မွဲ​လျှင်​မူ​ကား​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​မှောင်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့ တွင်​ရှိ​သော​အ​လင်း​သည်​အ​မှောင်​ဖြစ်​လျှင်​ထို အ​မှောင်​သည်​လွန်​စွာ​မှောင်​လိမ့်​မည်။
MAT 6:24 ``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။
MAT 6:25 ``ထို​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​စား​သောက်​ရ​ပါ​မည်​နည်း ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ် အ​ရာ​ကို​ဝတ်​ရ​ပါ​မည်​နည်း​ဟု​ကိုယ်​ခန္ဓာ​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည်​အ​စား​အ​သောက် ထက်​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​လည်း ကောင်း​ပို​၍​အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။-
MAT 6:26 မိုး​ကောင်း​ကင်​တွင်​ကျင်​လည်​သော​ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ ကောက်​နှံ​များ​ကို​မ​ရိတ်​မ​သိမ်း၊ ကျီ​များ​တွင်​လည်း သို​လှောင်​မှု​ကို​မ​ပြု။ သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည်​ထို​ငှက်​တို့​အား​ကျွေး​မွေး​တော် မူ​၏။ သင်​တို့​သည်​ကား​ငှက်​များ​ထက်​များ​စွာ​ပို ၍​မြတ်​သည်​မ​ဟုတ်​လော။-
MAT 6:27 သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ကြောင့်​ကြ​ခြင်း အား​ဖြင့် မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း​ငယ်​မျှ​ပို ၍​ရှည်​စေ​နိုင်​သ​နည်း။
MAT 6:28 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​ဝတ်​အ​တွက်​စိုး​ရိမ် ကြောင့်​ကြ​သ​နည်း။ တော​နှင်း​ပန်း​များ​အ​ဘယ်​သို့ ရှင်​သန်​လာ​သည်​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို ပန်း​ပင်​တို့​သည်​အ​လုပ်​လည်း​မ​လုပ်၊ ဗိုင်း​လည်း​မ​ငင်၊-
MAT 6:29 သို့​ရာ​တွင်​အ​လွန်​ချမ်း​သာ​ကြွယ်​ဝ​သည့်​ရှော​လ​မုန် မင်း​ကြီး​ပင်​လျှင်​ထို​ပန်း​ပင်​တစ်​ပင်​ကဲ့​သို့​လှ​ပ အောင်​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-
MAT 6:30 ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။
MAT 6:31 ``ထို့​ကြောင့်​အ​ဘယ်​သို့​စား​သောက်​ရ​မည်​နည်း၊ အ​ဘယ်​သို့​ဝတ်​ရ​မည်​နည်း​ဟု​မ​စိုး​ရိမ်​ကြ​နှင့်။-
MAT 6:32 (ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့ သည်​ထို​သို့​စိုး​ရိမ်​တတ်​ကြ​သည်) ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​ထို​အ​ရာ​အား​လုံး​ကို​သင် တို့​လို​ကြောင်း​သိ​တော်​မူ​၏။-
MAT 6:33 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-
MAT 6:34 ထို့​ကြောင့်​နက်​ဖြန်​နေ့​အ​ဖို့​မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန် နေ့​နှင့်​သက်​ဆိုင်​သည့်​စိုး​ရိမ်​စ​ရာ​များ​ကို​ထို​နေ့​၌ ကြုံ​တွေ့​ဖြေ​ရှင်း​ရ​လိမ့်​မည်။ ယ​နေ့​ကြုံ​တွေ့​ရ​သည့် စိုး​ရိမ်​စ​ရာ​များ​သည်​ယ​နေ့​အ​တွက်​တော်​လောက် ပေ​၏။
MAT 7:1 ``သူ​တစ်​ပါး​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့ မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​စစ်​ကြော စီ​ရင်​တော်​မူ​မည်​မ​ဟုတ်။-
MAT 7:2 သူ​တစ်​ပါး​အား​သင်​တို့​စစ်​ကြော​စီ​ရင်​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​စစ်​ကြော​စီ​ရင် တော်​မူ​မည်။ သူ​တစ်​ပါး​တို့​အား​စီ​ရင်​ရာ​တွင် သင်​တို့​အ​သုံး​ပြု​သည့်​နည်း​အ​တိုင်း သင်​တို့ အား​စီ​ရင်​တော်​မူ​မည်။-
MAT 7:3 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​ကြောင့်​ကိုယ့် မျက်​စိ​ထဲ​က​သစ်​တုံး​ကို​မ​မြင်​ဘဲ ညီ​အစ် ကို​၏​မျက်​စိ​ထဲ​က​ငြောင့်​ငယ်​ကို​မြင်​သ​နည်း။-
MAT 7:4 သင်​၏​မျက်​စိ​ထဲ​က​သစ်​တုံး​ရှိ​နေ​ပါ​လျက် အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား `သင်​၏​မျက်​စိ ထဲ​က​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော သ​နည်း။-
MAT 7:5 အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ​ထဲ​က သစ်​တုံး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင့် ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​က​ငြောင့်​ငယ်​ကို ကောင်း​စွာ​မြင်​၍​ထုတ်​ယူ​နိုင်​လိမ့်​မည်။
MAT 7:6 ``မွန်​မြတ်​သော​အ​ရာ​ကို​ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည်​လှည့်​၍​သင်​တို့​အား​ကိုက် လိမ့်​မည်။ ပု​လဲ​ရ​တ​နာ​များ​ကို​ဝက်​တို့​ရှေ့​မှာ မ​ချ​ထား​ကြ​နှင့်။ သို့​ပြု​ပါ​မူ​သူ​တို့​သည် ထို အ​ရာ​တို့​ကို​ကျော်​နင်း​သွား​ကြ​လိမ့်​မည်။
MAT 7:7 ``တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ ကြ​လော့။ ရှာ​လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို ခေါက်​ကြ​လော့။ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​ပေး လိမ့်​မည်။-
MAT 7:8 တောင်း​သော​သူ​သည်​ရ​၏။ ရှာ​သော​သူ​သည်​တွေ့​၏။ တံ​ခါး​ခေါက်​သူ​အား တံ​ခါး​ကို​ဖွင့်​၍​ပေး​လိမ့်​မည်။-
MAT 7:9 သင်​တို့​တွင်​မိ​မိ​၏​သား​က​မုန့်​ကို​တောင်း​လျှင် ကျောက်​ခဲ​ကို​ပေး​မည့်​သူ၊-
MAT 7:10 ငါး​ကို​တောင်း​လျှင်​မြွေ​ကို​ပေး​မည့်​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သ​လော။-
MAT 7:11 သင်​တို့​သည်​အ​ပြစ်​သား​များ​ပင်​ဖြစ်​သော်​လည်း မိ​မိ​တို့​၏​သား​သ​မီး​များ​အား​ကောင်း​မွန်​သော အ​ရာ​များ​ကို​ပေး​တတ်​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​လည်း မိ​မိ​ထံ​တောင်း​လျှောက် သူ​တို့​အား​ကောင်း​မွန်​သော​အ​ရာ​တို့​ကို​သာ​၍ ပင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။
MAT 7:12 ``သင်​တို့​သည်​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု​စေ​လို​သည့် အ​တိုင်း သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​ကြ​လော့။ ဤ​ကား​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏ သွန်​သင်​ချက်​အ​ချုပ်​အ​ခြာ​ဖြစ်​သ​တည်း။
MAT 7:13 ``ကျဉ်း​မြောင်း​သော​တံ​ခါး​ပေါက်​ကို​ဝင်​ကြ​လော့။ င​ရဲ​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး​ပေါက်​သည် ကျယ်​ဝန်း​သ​ဖြင့် ထို​လမ်း​ကို​လိုက်​သူ​တို့​သည် များ​ကြ​၏။-
MAT 7:14 ထာ​ဝ​ရ​အ​သက်​သို့​ပို့​ဆောင်​ရာ​လမ်း​နှင့်​တံ​ခါး ပေါက်​သည်​ကျဉ်း​မြောင်း​သော​ကြောင့် ထို​လမ်း​ကို တွေ့​ရှိ​သူ​တို့​သည်​နည်း​ကြ​၏။
MAT 7:15 ``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-
MAT 7:16 သူ​တို့​သည်​မိစ္ဆာ​ပ​ရော​ဖက်​များ​ဖြစ်​ကြောင်း​ကို သူ​တို့​၏​အ​ပြု​အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။ စ​ပျစ်​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း လူ​တို့​ဆွတ်​ခူး​ကြ​သ​လော။-
MAT 7:17 အပင်​ကောင်း​သည်​အ​သီး​ကောင်း​ကို​သီး​တတ်​၏။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး​တတ်​၏။-
MAT 7:18 အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​မ​သီး​နိုင်။ အ​ပင်​ညံ့ သည်​လည်း အ​သီး​ကောင်း​ကို​မ​သီး​နိုင်။-
MAT 7:19 လူ​တို့​သည်​အ​သီး​ကောင်း​ကို​မ​သီး​သည့်​အ​ပင် ရှိ​သ​မျှ​ကို​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​တတ်​ကြ​၏။-
MAT 7:20 သို့​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက်​တို့​ကို​သူ​တို့​၏​အ​ပြု အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။
MAT 7:21 ``ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ်​သော​သူ​တိုင်း​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင် ဘုံ​ရှင်​ငါ့​အ​ဖ​၏​အ​လို​တော်​အ​တိုင်း​လိုက်​လျှောက် သူ​သာ​လျှင်​ဝင်​ရ​လိမ့်​မည်။-
MAT 7:22 တ​ရား​စီ​ရင်​ရာ​နေ့​ရက်​ရောက်​သော​အ​ခါ `သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု ၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ကြား​ခဲ့ ကြ​သည်​မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခဲ့​ကြ​သည် မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​ခဲ့​ကြ သည်​မ​ဟုတ်​ပါ​လော' ဟု​လူ​အ​များ​ပင်​ငါ့​အား ပြော​ကြား​ကြ​လိမ့်​မည်။-
MAT 7:23 ထို​အ​ခါ `ဆိုး​သွမ်း​သူ​တို့၊ သင်​တို့​ကို​အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​သိ။ ငါ့​ထံ​မှ​ထွက်​သွား ကြ​လော့' ဟု​ထို​သူ​တို့​အား​ငါ​ပြော​မည်။
MAT 7:24 `ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား​၍ လိုက်​လျှောက်​သူ​သည်​ကျောက်​ပေါ်​တွင်​အိမ်​ဆောက် သည့်​ပ​ညာ​ရှိ​နှင့်​တူ​၏။-
MAT 7:25 မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သော်​လည်း​ထို​အိမ်​သည် ကျောက်​ပေါ်​မှာ​တည်​သော​ကြောင့်​မ​ပြို​မ​လဲ​ချေ။-
MAT 7:26 ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား ပြီး​နောက် မ​လိုက်​မ​လျှောက်​သူ​သည်​သဲ​ပေါ်​မှာ အိမ်​ဆောက်​သော​လူ​မိုက်​နှင့်​တူ​၏။-
MAT 7:27 မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သည်​ရှိ​သော်​ထို​အိမ်​သည် ပြို​လဲ​၍​သွား​၏။ ထို​အိမ်​၏​အ​ပျက်​အ​စီး​မှာ ကြီး​လှ​စွာ​တ​ကား။''
MAT 7:28 သ​ခင်​ယေ​ရှု​ဤ​သို့​ဟော​ပြော​ပြီး​သည့်​အ​ဆုံး​၌ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို လွန်​စွာ​အံ့​သြ​ကြ​ကုန်​၏။-
MAT 7:29 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​ကျမ်း​တတ် ဆ​ရာ​တို့​ကဲ့​သို့​မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​ကဲ့​သို့​ဟော ပြော​သွန်​သင်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်။
MAT 8:1 တောင်​ပေါ်​မှ​သ​ခင်​ယေ​ရှု​ဆင်း​သက်​တော်​မူ​လျှင် လူ​ပ​ရိ​သတ်​ကြီး​များ​သည်​နောက်​တော်​သို့​လိုက် ကြ​၏။-
MAT 8:2 ထို​အ​ခါ​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ် ယောက်​သည်​ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက် ဒူး​ထောက်​လျက် ``အ​ရှင်၊ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ကျွန်ုပ်​အား ဤ​ရော​ဂါ​မှ​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​ထား​တောင်း​ပန်​၏။
MAT 8:3 သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။-
MAT 8:4 သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 8:5 က​ပေ​ရ​နောင်​မြို့​ကို​ကိုယ်​တော်​ဝင်​တော်​မူ​သော အ​ခါ ရော​မ​စစ်​ဗိုလ်​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍၊-
MAT 8:6 ``အ​ရှင်၊ အ​ကျွန်ုပ်​၏​အ​စေ​ခံ​တစ်​ယောက်​သည်​ပြင်း စွာ​သော​ဝေ​ဒ​နာ​ဖြင့်​အိမ်​တွင်​လဲ​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​၏။
MAT 8:7 ကိုယ်​တော်​က ``ငါ​လာ​၍​သူ့​ရော​ဂါ​ကို​ပျောက်​ကင်း စေ​မည်'' ဟု​မိန့်​တော်​မူ​လျှင်၊
MAT 8:8 စစ်​ဗိုလ်​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန်​သူ ဖြစ်​သ​ဖြင့်​အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ အ​မိန့်​တော်​သာ ပေး​တော်​မူ​ပါ​လျှင်​အ​ကျွန်ုပ်​၏​အ​စေ​ခံ​သည် ကျန်း​မာ​လာ​ပါ​လိမ့်​မည်။-
MAT 8:9 အ​ကျွန်ုပ်​သည်​အ​ထက်​အာ​ဏာ​ကို​နာ​ခံ​ရ​သူ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​လက်​အောက်​တွင်​လည်း​စစ် သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ်​ယောက်​ကို​သွား ချေ​ဟု​အ​ကျွန်ုပ်​ဆို​လျှင်​သူ​သည်​သွား​ပါ​၏။ အ​ခြား​တစ်​ယောက်​ကို​လာ​ခဲ့​ဟု​ဆို​လျှင်​လာ ပါ​၏။ ထို့​အ​ပြင်​အ​ကျွန်ုပ်​၏​ကျွန်​အား​ဤ​အ​မှု ကို​ပြု​လော့​ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု လျှောက်​၏။
MAT 8:10 ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် အံ့​သြ​တော်​မူ​၏။ သို့​ဖြစ်​၍​နောက်​တော်​သို့​လိုက် လာ​ကြ​သော​ပ​ရိ​သတ်​တို့​အား
MAT 8:11 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ ကဲ့​သို့​သော​ယုံ​ကြည်​ခြင်း​ကို​ဣသ​ရေ​အ​မျိုး​သား တို့​တွင်​ငါ​မ​တွေ့​မ​ကြုံ​ဘူး​သေး။ လူ​အ​မြောက် အ​မြား​ပင်​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ လာ​၍​ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အာ​ဗြ​ဟံ၊ ဣဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည်။-
MAT 8:12 သို့​ရာ​တွင်​နိုင်​ငံ​တော်​သား​ဖြစ်​သင့်​သူ​တို့​မူ​ကား ပြင်​ပ​အ​မှောင်​ထဲ​သို့​ထုတ်​ပစ်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​ရပ်​တွင်​သူ​တို့​သည်​ငို​ကြွေး​မြည် တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
MAT 8:13 ထို​နောက်​ကိုယ်​တော်​က​စစ်​ဗိုလ်​အား ``အိမ်​သို့​ပြန် လော့။ သင်​ယုံ​ကြည်​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​သည့်​အ​ချိန်​၌ ပင်​လျှင်​စစ်​ဗိုလ်​၏​အ​စေ​ခံ​သည်​ရော​ဂါ​ပျောက် လေ​၏။
MAT 8:14 သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ သော​အ​ခါ​ပေ​တ​ရု​၏​ယောက္ခ​မ​မိန်း​မ​သူ​သည် ဖျား​၍​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​နေ​သည်​ကို မြင်​တော်​မူ​၏။-
MAT 8:15 ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။
MAT 8:16 ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။-
MAT 8:17 ဤ​သို့​လျှင် ``ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ဖျား​အ​နာ များ​နှင့်​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို​ဆောင်​ယူ​သွား တော်​မူ​၏'' ဟူ​၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ခဲ့​သည့် စ​ကား​အ​တိုင်း​ဖြစ်​ပျက်​၍​လာ​သ​တည်း။
MAT 8:18 သ​ခင်​ယေ​ရှု​သည်​မိ​မိ​ပတ်​လည်​ရှိ​လူ​ပ​ရိ​သတ် ကို​တွေ့​မြင်​တော်​မူ​လျှင် အိုင်​တစ်​ဖက်​သို့​ထွက်​ခွာ ရန်​တ​ပည့်​တော်​တို့​အား​အ​မိန့်​ပေး​တော်​မူ​၏။-
MAT 8:19 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​လာ​၍​ကိုယ် တော်​အား ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​အ​ရှင် ကြွ​တော်​မူ​ရာ​သို့​လိုက်​ပါ​မည်'' ဟု​လျှောက် ထား​၏။
MAT 8:20 သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။
MAT 8:21 အ​ခြား​တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်၊ အ​ကျွန်ုပ် အား​အ​ဖ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန်​ခွင့်​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​၏။
MAT 8:22 သို့​သော်​ကိုယ်​တော်​က ``သင်​သည်​ငါ​နောက်​ကို လိုက်​လော့။ သူ​သေ​တို့​အား​သူ​သေ​တို့​ပင်​သင်္ဂြိုဟ် ကြ​ပါ​လေ​စေ'' ဟု​မိန့်​တော်​မူ​၏။
MAT 8:23 ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​လိုက်​သွား ကြ​၏။-
MAT 8:24 အိုင်​ထဲ​တွင်​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​လာ​သ​ဖြင့် လှေ​သည်​လှိုင်း​တံ​ပိုး​များ​ထဲ​တွင်​နစ်​လု​မ​တတ် ရှိ​တော့​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ကား​အိပ်​စက် လျက်​နေ​တော်​မူ​၏။-
MAT 8:25 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​နှိုး​၍ ``အ​ရှင်၊ ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သေ​ဆုံး​ရ​ကြ​ပါ တော့​မည်'' ဟု​လျှောက်​ကြ​၏။
MAT 8:26 ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။
MAT 8:27 တ​ပည့်​တော်​တို့​သည်​အံ့​သြ​၍ ``ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​ဆို​ကြ​၏။
MAT 8:28 ကိုယ်​တော်​သည်​အိုင်​တစ်​ဖက်​ကမ်း​ရှိ​ဂါ​ဒ​ရ​နယ် သို့​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ​နတ်​မိစ္ဆာ​ပူး​ဝင် သူ​လူ​နှစ်​ယောက်​သည် သင်္ချိုင်း​ဂူ​များ​အ​ကြား​မှ ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ကြ​၏။ ထို​သူ​တို့​သည်​လွန်​စွာ​ဆိုး​သွမ်း​သ​ဖြင့် မည်​သူ မျှ​ထို​လမ်း​ကို​မ​သွား​ဝံ့​ကြ။-
MAT 8:29 ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။
MAT 8:30 ထို​သူ​တို့​နှင့်​အ​နည်း​ငယ်​မျှ​ဝေး​သော​နေ​ရာ​တွင် ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​အ​စာ​စား​လျက်​ရှိ​၏။-
MAT 8:31 နတ်​မိစ္ဆာ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို​နှင်​ထုတ်​မည် ဆို​ပါ​က​အ​ကျွန်ုပ်​တို့​အား​ထို​ဝက်​များ​ကို​ပူး​ဝင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​ကြ​၏။
MAT 8:32 ကိုယ်​တော်​က​လည်း ``သွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​တို့​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဝက်​များ ကို​ပူး​ဝင်​ကြ​သ​ဖြင့်​ဝက်​အုပ်​တစ်​အုပ်​လုံး​ပင် ချောက် ကမ်း​ပါး​အ​တိုင်း​ပြေး​ဆင်း​ကာ​အိုင်​ထဲ​တွင်​နစ်​မြုပ် သေ​ဆုံး​ကြ​၏။
MAT 8:33 ဝက်​ထိန်း​များ​သည်​မြို့​သို့​ထွက်​ပြေး​ပြီး​နောက် နတ်​မိစ္ဆာ​ပူး​ဝင်​သူ​လူ​နှစ်​ယောက်​အ​ကြောင်း​နှင့် မိ​မိ တို့​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ ကို​ပြော​ကြား​ကြ​၏။-
MAT 8:34 သို့​ဖြစ်​၍​ထို​မြို့​တစ်​မြို့​လုံး​ပင်​လျှင်​သ​ခင်​ယေ​ရှု ထံ​သို့​လိုက်​လာ​ကြ​လေ​သည်။ ကိုယ်​တော်​ကို​တွေ့​သော အ​ခါ​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ​သွား​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။
MAT 9:1 သ​ခင်​ယေ​ရှု​သည်​လှေ​ကို​စီး​၍​အိုင်​တစ်​ဖက်​သို့ ကူး​ပြီး​လျှင်​မိ​မိ​နေ​ရင်း​မြို့​သို့​ကြွ​တော်​မူ​၏။-
MAT 9:2 ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
MAT 9:3 ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က ``ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ​ပြီ'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
MAT 9:4 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။-
MAT 9:5 `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ​ထ​၍ လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။-
MAT 9:6 သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``ထ​လော့၊ ထမ်း​စင် ကို​ထမ်း​၍​အိမ်​သို့​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 9:7 ထို​သူ​သည်​လည်း​ထ​၍​အိမ်​သို့​ပြန်​လေ​၏။-
MAT 9:8 ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​လူ​ပ​ရိ သတ်​တို့​သည်​ကြောက်​ရွံ့​ကြ​လျက်​လူ​တို့​အား ဤ​သို့​သော​တန်​ခိုး​ကို​ပေး​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​၏။
MAT 9:9 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​၍​ကြွ သွား​တော်​မူ​စဉ် အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​ထိုင် လျက်​နေ​သော​မ​ဿဲ​ဆို​သူ​လူ​တစ်​ယောက်​ကို မြင်​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​လျှင်​ထို​သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။
MAT 9:10 သ​ခင်​ယေ​ရှု​သည်​မ​ဿဲ​၏​အိမ်​တွင်​ည​စာ​စား လျက်​နေ​တော်​မူ​သော​အ​ခါ အ​ခွန်​ခံ​သူ​များ နှင့်​အ​ခြား​အ​ပယ်​ခံ​သူ​များ​သည်​လည်း​ပါ ဝင်​စား​သောက်​ကြ​၏။-
MAT 9:11 ထို​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``သင် တို့​၏​ဆ​ရာ​သည်​အ​ဘယ်​ကြောင့်​ဤ​လူ​တန်း​စား များ​နှင့်​အ​တူ​ထိုင်​လျက်​စား​သောက်​နေ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း​ကြ​၏။
MAT 9:12 ယင်း​သို့​မေး​မြန်း​သည်​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။-
MAT 9:13 `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော် ခြင်း​ထက်​ပို​၍​နှစ်​သက်​၏' ဟူ​သော​ကျမ်း​စ​ကား ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သင်​တို့​သွား​၍​လေ့​လာ ကြ​လော့။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို ကယ်​ရန်​ကြွ​ရောက်​လာ​သည်​မ​ဟုတ်။ အ​ပယ်​ခံ သူ​များ​ကို​ကယ်​ရန်​ကြွ​ရောက်​လာ​သ​တည်း'' ဟု မိန့်​တော်​မူ​၏။
MAT 9:14 ထို​အ​ခါ​ယော​ဟန်​၏​တ​ပည့်​များ​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​ရောက်​လျက် ``အ​ကျွန်ုပ်​တို့​နှင့်​ဖာ​ရိ​ရှဲ တို့​သည်​မ​ကြာ​ခ​ဏ​အ​စာ​ရှောင်​ကြ​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​၏​တ​ပည့်​များ​မူ​ကား​အ​ဘယ် ကြောင့်​အ​စာ​မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။
MAT 9:15 သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည်​သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​ဝမ်း​နည်း​ပူ​ဆွေး​ကြ​ပါ​မည်​လော။ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို​ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။
MAT 9:16 မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို​ဖာ လေ့​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ရာ​ပြဲ​ရာ​ပို​၍​ဆိုး​မည်။-
MAT 9:17 ထို့​အ​ပြင်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​လေ့​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား​ရေ​ဘူး​သည် ပေါက်​ပြဲ​၍​စ​ပျစ်​ရည်​ယို​ထွက်​ကုန်​လိမ့်​မည်။ သား ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့်​မည်။ သို့​ဖြစ်​၍ စ​ပျစ်​ရည်​နှင့်​သား​ရေ​ဘူး​ပါ​မ​ပျက်​မ​စီး​ဘဲ ရှိ​စေ​ရန်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင် သာ​ထည့်​ရ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
MAT 9:18 သ​ခင်​ယေ​ရှု​ဤ​သို့​မိန့်​မြွက်​လျက်​နေ​တော်​မူ စဉ် တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​၏။ ထို​သူ​က ``အ​ကျွန်ုပ်​၏​သ​မီး​သည်​ယ​ခု​ပင်​သေ​ဆုံး​သွား ပါ​သည်။ သို့​ရာ​တွင်​အ​ရှင်​ကြွ​တော်​မူ​၍​သူ့ အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ​လျှင် သူ သည်​အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​တောင်း​ပန်​၏။
MAT 9:19 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ထ​တော်​မူ​၍​ထို သူ​နှင့်​အ​တူ​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့ လည်း​လိုက်​သွား​ကြ​၏။
MAT 9:20 တစ်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ကပ် နေ​သော​အ​မျိုး​သ​မီး​တစ်​ယောက်​သည် ကိုယ်​တော် ၏​နောက်​သို့​ချဉ်း​ကပ်​ပြီး​လျှင်၊-
MAT 9:21 ``ဝတ်​လုံ​တော်​အ​မြိတ်​ကို​မျှ​လက်​နှင့်​တို့​ထိ​ရ​လျှင် ငါ​၏​ရောဂါ​ပျောက်​လိမ့်​မည်'' ဟု​တစ်​ကိုယ်​တည်း​ပြော ဆို​လျက်​ဝတ်​လုံ​တော်​အ​မြိတ်​ကို​တို့​ထိ​လေ​၏။
MAT 9:22 သ​ခင်​ယေ​ရှု​သည်​လှည့်​၍​ကြည့်​တော်​မူ​လျှင် ထို အ​မျိုး​သ​မီး​ကို​မြင်​တော်​မူ​သ​ဖြင့် ``ငါ့​သ​မီး၊ အား​မ​ငယ်​နှင့်။ သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင်​၏ ရော​ဂါ​ပျောက်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ချိန် ၌​ပင်​ထို​အ​မျိုး​သ​မီး​၏​ရော​ဂါ​ပျောက်​လေ​၏။
MAT 9:23 သ​ခင်​ယေ​ရှု​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး ၏​အိမ်​သို့​ရောက်​တော်​မူ​လျှင် တီး​မှုတ်​သူ​များ​နှင့် ဆူ​ညံ​လျက်​နေ​သော​လူ​ပ​ရိ​သတ်​ကို​မြင်​တော်​မူ ၏။-
MAT 9:24 ထို​အ​ခါ​ကိုယ်​တော်​က ``ဖယ်​ကြ။ သူ​ငယ်​မ​သေ သည်​မ​ဟုတ်။ အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော်​မူ လျှင်​သူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​၏။-
MAT 9:25 ကိုယ်​တော်​သည်​လူ​တို့​ကို​အ​ပြင်​သို့​ထွက်​စေ​ပြီး နောက်​အ​ခန်း​ထဲ​သို့​ဝင်​၍ သူ​ငယ်​မ​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​သော​အ​ခါ​သူ​ငယ်​မ သည်​ထ​လေ​၏။-
MAT 9:26 ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ထို​ဒေသ​တွင် ပျံ့​နှံ့​သွား​လေ​၏။
MAT 9:27 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော် မူ​သော​အ​ခါ​မျက်​မ​မြင်​နှစ်​ယောက်​သည် ``ဒါ​ဝိဒ် ၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျက်​နောက်​တော်​သို့​လိုက်​လာ​ကြ​၏။
MAT 9:28 ကိုယ်​တော်​သည်​အိမ်​တစ်​အိမ်​သို့​ဝင်​တော်​မူ​လျှင် ထို​မျက်​မ​မြင်​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​တို့​အား​မျက်​စိ မြင်​စေ​နိုင်​သည်​ဟု​ယုံ​ကြည်​ကြ​ပါ​သ​လော'' ဟု မေး​တော်​မူ​လျှင်​ထို​သူ​တို့​က ``ယုံ​ကြည်​ပါ သည်​အ​ရှင်'' ဟု​လျှောက်​ကြ​၏။
MAT 9:29 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။-
MAT 9:30 ထို​သူ​တို့​သည်​စက္ခု​အ​လင်း​ရ​လေ​၏။ သ​ခင် ယေ​ရှု​က​လည်း ``ထို​အ​မှု​ကို​မည်​သူ​မျှ​မ​သိ စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော်​မူ​၏။
MAT 9:31 သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ထံ​တော်​မှ​ထွက် သွား​ပြီး​လျှင် ကိုယ်​တော်​၏​သ​တင်း​တော်​ကို​ထို ဒေ​သ​တွင်​ပျံ့​နှံ့​ကျော်​ကြား​စေ​ကြ​၏။
MAT 9:32 ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​လူ​အ​ချို့​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​၍​ဆွံ့​အ​နေ​သူ​လူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။-
MAT 9:33 နတ်​မိစ္ဆာ​ကို​နှင်​ထုတ်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက် ဆွံ့​အ​သူ​သည်​စ​ကား​ပြော​လေ​၏။ လူ​ပ​ရိ​သတ် တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သို့​သော အ​ခြင်း​အ​ရာ​မျိုး​ကို​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မ​မြင်​စ​ဖူး'' ဟု​ပြော​ဆို​ကြ​၏။
MAT 9:34 ဖာ​ရိ​ရှဲ​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ကို အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ခြင်း​ဖြစ် သည်'' ဟု​ပြော​ဆို​ကြ​၏။
MAT 9:35 သ​ခင်​ယေ​ရှု​သည်​မြို့​ရွာ​ရှိ​သ​မျှ​သို့​လှည့်​လည်​ပြီး လျှင်​တ​ရား​ဇ​ရပ်​များ​တွင်​သွန်​သင်​၍​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို​ပျောက်​ကင်း​စေ တော်​မူ​၏။-
MAT 9:36 လူ​ပ​ရိ​သတ်​တို့​သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ ကဲ့​သို့​အား​ကိုး​စ​ရာ​မ​ရှိ၊ ပူ​ပင်​သော​က​ရောက် လျက်​နေ​ကြ​သည်​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​၏။-
MAT 9:37 ထို့​ကြောင့်​ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ သော်​လည်း ရိတ်​သိမ်း​သော​လုပ်​သား​တို့​ကား​နည်း လှ​၏။-
MAT 9:38 သို့​ဖြစ်​၍​လုပ်​သား​များ​စေ​လွှတ်​ပေး​ရန်​စ​ပါး​ရှင် အား​ဆု​တောင်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။
MAT 10:1 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​သော​တ​ပည့် တော်​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​နောက် ညစ်​ညမ်း​သော​နတ်​များ​ကို​နှင်​ထုတ်​နိုင်​ရန်​နှင့် ရော​ဂါ​အ​မျိုး​မျိုး​ကို​ပျောက်​ကင်း​စေ​နိုင်​ရန် တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-
MAT 10:2 တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​၏​နာ​မည်​များ​ကား ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့်​သူ့​ညီ​အန္ဒြေ၊-
MAT 10:3 ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​သူ​မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် သဒ္ဒဲ၊-
MAT 10:4 မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ကိုယ်​တော်​ကို သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။
MAT 10:5 တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား​သ​ခင်​ယေ​ရှု သည်​အောက်​ပါ​သြ​ဝါ​ဒ​များ​ကို​ပေး​၍​စေ​လွှတ် တော်​မူ​၏။ ``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နေ​ထိုင် ရာ​ဒေ​သ​များ​နှင့်​ရှ​မာ​ရိ​မြို့​များ​သို့​မ​သွား ကြ​ဘဲ၊-
MAT 10:6 သိုး​ပျောက်​များ​ဖြစ်​သော​ဣသ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍၊-
MAT 10:7 သူ​တို့​အား `ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ' ဟု​ဟော​ပြော​ကြ​လော့။-
MAT 10:8 မ​ကျန်း​မာ​သူ​တို့​ကို​ကျန်း​မာ​စေ​ကြ​လော့။ သေ​သူ တို့​အား​ပြန်​၍​ရှင်​စေ​ကြ​လော့။ အ​ရေ​ပြား​ရော​ဂါ သည်​တို့​ကို​သန့်​စင်​စေ​ကြ​လော့။ နတ်​မိစ္ဆာ​တို့​ကို​နှင် ထုတ်​ကြ​လော့။ သင်​တို့​သည်​ကျေး​ဇူး​တော်​ကို​အ​ခ မဲ့​ခံ​စား​ရ​ကြ​ပြီ​ဖြစ်​၍ သူ​တစ်​ပါး​တို့​အား​အ​ခ မ​ယူ​ဘဲ​ပေး​ကမ်း​ကြ​လော့။-
MAT 10:9 ခါး​ပန်း​တွင်​ရွှေ၊ ငွေ၊ ပိုက်​ဆံ​တို့​ကို​မ​ဆောင်​ကြ​နှင့်။-
MAT 10:10 အ​လှူ​ခံ​လွယ်​အိတ်၊ အင်္ကျီ​အ​ပို၊ ဖိ​နပ်​နှင့်​တောင် ဝှေး​တို့​ကို​မ​ယူ​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော် လုပ်​သား​သည်​ရိက္ခာ​ကို​ရ​ထိုက်​သော​ကြောင့်​ဖြစ်​၏။
MAT 10:11 ``မည်​သည့်​မြို့​ရွာ​သို့​မ​ဆို​သင်​တို့​ဝင်​သော​အ​ခါ သင်​တို့​အား​ကြို​ဆို​လက်​ခံ​မည့်​သူ​ကို​ရှာ​ကြ​လော့။ ထို​မြို့​ရွာ​မှ​ထွက်​ခွာ​၍​မ​သွား​မ​ချင်း​ထို​သူ​၏ ထံ​တွင်​တည်း​ခို​ကြ​လော့။-
MAT 10:12 အိမ်​သို့​ဝင်​သော​အ​ခါ​မင်္ဂလာ​ရှိ​ပါ​စေ​ဟူ​၍ နှုတ်​ခွန်း​ဆက်​ကြ​လော့။-
MAT 10:13 ထို​အိမ်​သူ​အိမ်​သား​တို့​သည်​ထိုက်​တန်​သူ​များ​ဖြစ် လျှင် သင်​တို့​ပေး​သည့်​ကောင်း​ချီး​မင်္ဂလာ​သည်​သူ​တို့ အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ ထို​သို့​ခံ​စား​ထိုက်​သူ များ​မ​ဟုတ်​ပါ​မူ​သင်​တို့​၏​ကောင်း​ချီး​မင်္ဂလာ​သည် သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​လိမ့်​မည်။-
MAT 10:14 သင်​တို့​ကို​လက်​မ​ခံ​လို၊ သင်​တို့​ဟော​ပြော​သည့် တ​ရား​ကို​လည်း​မ​နာ​ယူ​လို​သည့်​အိမ်၊ သို့​မ​ဟုတ် မြို့​မှ​ထွက်​ခွာ​ခဲ့​ကြ​လော့။ ထို​နောက်​သင်​တို့​ခြေ ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ​လော့။-
MAT 10:15 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။
MAT 10:16 ``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-
MAT 10:17 သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-
MAT 10:18 သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။-
MAT 10:19 ထို​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​သော​အ​ခါ​မည်​သို့ ပြော​ဆို​ရ​မည်၊ မည်​သည့်​စ​ကား​ကို​ပြော​ရ​မည်​ကို ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။-
MAT 10:20 သင်​တို့​ပြော​ဆို​ရ​မည့်​စ​ကား​များ​ကို​ထို​အ​ချိန်​၌ ပင်​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ယင်း​စ​ကား​များ​သည် သင်​တို့​၏​စ​ကား​များ​မ​ဟုတ်။ သင်​တို့​အ​ဖ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​က​သင်​တို့​အား​ဖြင့်​မိန့်​တော်​မူ​သော စ​ကား​များ​ဖြစ်​လိမ့်​မည်။
MAT 10:21 ``ညီ​အစ်​ကို​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​သေ​စေ ရန်​အပ်​ကြ​လိမ့်​မည်။ မိ​ဘ​တို့​သည်​သား​သ​မီး​များ သေ​စေ​ရန်​အပ်​ကြ​လိမ့်​မည်။ သား​သမီး​တို့​သည်​လည်း မိ​ဘ​များ​ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။-
MAT 10:22 သင်​တို့​သည်​ငါ​၏​အ​တွက်​ကြောင့်​အ​မုန်း​ခံ​ရ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သူ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
MAT 10:23 သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။
MAT 10:24 ``တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည်​လည်း သခင်​ထက်​မ​သာ။-
MAT 10:25 ထို့​ကြောင့်​တ​ပည့်​သည်​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျှင်​ကျေ နပ်​လောက်​ပေ​ပြီ။ အိမ်​ထောင်​ဦး​စီး​ကို​ဗေ​လ​ဇေ ဗု​လ​ဟု​ခေါ်​ဝေါ်​ကြ​ပါ​လျှင်​အိမ်​သူ​အိမ်​သား တို့​ကို​သာ​၍​ဆိုး​ရွား​သော​နာ​မည်​များ​ဖြင့်​ခေါ် ဝေါ်​ကြ​လိမ့်​မည်။
MAT 10:26 ``သို့​ဖြစ်​၍​လူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ ဖုံး​အုပ်​ထား သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ထင်​ပေါ်​လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​မှု​ဟူ​သ​မျှ​သည်​လည်း​ပေါ်​လွင်​၍​လာ​ရ လိမ့်​မည်။-
MAT 10:27 အ​မှောင်​တွင်​သင်​တို့​အား​ငါ​ပြော​သော​စ​ကား ကို​အ​လင်း​တွင်​ပြော​ကြား​ကြ​လော့။ တီး​တိုး ကြား​ရ​သည့်​စ​ကား​ကို​အိမ်​မိုး​ထက်​မှ​ကြွေး ကြော်​ကြ​လော့။-
MAT 10:28 ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။-
MAT 10:29 စာ​က​လေး​နှစ်​ကောင်​ကို​အဿရိ​တစ်​ပြား​ဖြင့်​ဝယ် နိုင်​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ထို​စာ​က​လေး တစ်​ကောင်​မျှ​သင်​တို့​အ​ဖ​အ​ခွင့်​မ​ပြု​ဘဲ​မ​သေ မ​ပျောက်​ရ။-
MAT 10:30 သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။-
MAT 10:31 သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည်​စာ က​လေး​အ​မြောက်​အ​မြား​ထက်​လွန်​စွာ​ပို​၍ အ​ဖိုး​ထိုက်​ကြ​၏။
MAT 10:32 ``သို့​ဖြစ်​၍​ငါ့​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​လူ​တို့ ရှေ့​တွင်​ထုတ်​ဖော်​ဝန်​ခံ​သူ​ကို​ငါ​၏​တ​ပည့်​အ​ဖြစ် ဖြင့် ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ထုတ်​ဖော်​ဝန်​ခံ​မည်။-
MAT 10:33 သို့​ရာ​တွင်​ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သူ​ကို ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ပစ်​ပယ်​မည်။
MAT 10:34 ``ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန်​ငါ လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ပေး​ရန်​လာ​သည်​မ​ဟုတ်။ ခိုက်​ရန်​ဖြစ် ပွား​ကြ​စေ​ရန်​သာ​ငါ​လာ​၏။-
MAT 10:35 သား​နှင့်​အ​ဖ၊ သ​မီး​နှင့်​အမိ၊ ချွေး​မ​နှင့်​ယောက္ခ​မ တို့​ရန်​ဖက်​ဖြစ်​စေ​ရန်​ငါ​လာ​သ​တည်း။-
MAT 10:36 လူ​တစ်​ဦး​တစ်​ယောက်​၏​အ​ဆိုး​ဆုံး​ရန်​သူ​များ ကား သူ​၏​အိမ်​သူ​အိမ်​သား​များ​ပင်​ဖြစ်​လိမ့်​မည်။-
MAT 10:37 မိ​ဘ​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ​သည်​ငါ​၏​တ​ပည့် မ​ဖြစ်​ထိုက်၊ သား​သ​မီး​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-
MAT 10:38 ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​ကို မ​လိုက်​သော​သူ​သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-
MAT 10:39 မိ​မိ​အ​သက်​လုံ​ခြုံ​မှု​ရ​ရှိ​ရန်​ကြိုး​ပမ်း​သူ သည်​အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် အ​သက်​ဆုံး​ရှုံး​သူ​သည်​မိ​မိ​အ​သက်​လုံ​ခြုံ မှု​ရ​ရှိ​လိမ့်​မည်။
MAT 10:40 ``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။-
MAT 10:41 ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဖြစ်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​အား​လက်​ခံ​သူ​သည် ထို​စေ​တ​မန်​ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ လိမ့်​မည်။ သူ​တော်​ကောင်း​ဖြစ်​ခြင်း​ကို​ထောက်​၍ သူ​တော်​ကောင်း​ကို​လက်​ခံ​သူ​သည် သူ​တော်​ကောင်း ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လိမ့်​မည်။-
MAT 10:42 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။''
MAT 11:1 သ​ခင်​ယေ​ရှု​သည်​ထို​သို့​တ​ပည့်​တော်​တစ်​ကျိပ် နှစ်​ပါး​တို့​အား သြ​ဝါ​ဒ​ပေး​တော်​မူ​ပြီး​နောက် အ​နီး​အ​နား​ရှိ​မြို့​များ​တွင် ဟော​ပြော​သွန်​သင် ရန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၏။
MAT 11:2 ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို ယော​ဟန်​သည်​ထောင်​ထဲ​တွင်​ကြား သိ​ရ​သော​အ​ခါ မိ​မိ​၏​တ​ပည့်​များ​ကို​စေ လွှတ်​၍၊-
MAT 11:3 ``အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို​သော အ​ရှင်​ပေ​လော။ သို့​မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည် အ​ခြား​အ​ရှင်​တစ်​ပါး​ကို​စောင့်​မျှော်​ရ​ကြ ပါ​မည်​လော'' ဟု​မေး​လျှောက်​စေ​၏။-
MAT 11:4 သ​ခင်​ယေ​ရှု​က​ထို​သူ​တို့​အား ``သင်​တို့​မြင်​ရ ကြား​ရ​သည့်​အ​ရာ​များ​ကို​ယော​ဟန်​ထံ​သွား ၍​ပြော​ပြ​ကြ​လော့။-
MAT 11:5 မျက်​မ​မြင်​တို့​သည်​မျက်​စိ​အ​လင်း​ကို​ရ​ရှိ ကြ​၏။ ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည်​လမ်း​လျှောက် ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​စွဲ​သူ​တို့​သည်​သန့်​စင် သွား​ကြ​၏။ နား​ပင်း​သူ​တို့​သည်​ကြား​ရ​ကြ​၏။ သေ​သူ​တို့​သည်​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-
MAT 11:6 ငါ​၏​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
MAT 11:7 ယော​ဟန်​၏​တ​ပည့်​များ​ပြန်​သွား​ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည် ယော​ဟန်​နှင့်​စပ်​လျဉ်း​၍​လူ​ပရိ သတ်​တို့​အား ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​တော ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက်​၍​လှုပ်​သော ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-
MAT 11:8 ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-
MAT 11:9 ထို​သူ​တို့​ကို​ကြည့်​ရှု​ရန်​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​သွား​ကြ​သ​နည်း။ ပ​ရော​ဖက်​ကို​ကြည့်​ရှု ကြ​ရန်​လော။ မှန်​ပေ​၏။ သင်​တို့​သည်​ပ​ရော​ဖက် ထက်​ကြီး​မြတ်​သူ​ကို​မြင်​ရ​ကြ​လေ​ပြီ​ဟု သင်​တို့​အား​ငါ​ဆို​၏။-
MAT 11:10 ယော​ဟန်​ကား​ကျမ်း​စာ​တော်​တွင်၊ `နား​ထောင်​လော့။ သင်​၏​လမ်း​ကို​အ​သင့်​ဖြစ်​စေ​ရန်၊ ငါ​၏​စေ​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်' ဟု ဖော်​ပြ​ထား​၏။- ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​တည်း။-
MAT 11:11 လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။-
MAT 11:12 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​စ​တင်​ဟော​ပြော​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​ကောင်း​ကင်​နိုင်​ငံ တော်​သည် အ​ကြမ်း​ဖက်​သ​မား​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ရ​၏။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ထို နိုင်​ငံ​တော်​ကို​သိမ်း​ယူ​ရန်​ကြိုး​စား​ကြ​၏။-
MAT 11:13 ယော​ဟန်​ပေါ်​ထွန်း​လာ​ချိန်​တိုင်​အောင်​ပ​ရော​ဖက် အ​ပေါင်း​နှင့်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​က​နိုင်​ငံ တော်​အ​ကြောင်း​ကို​ဖော်​ပြ​ခဲ့​ကြ​ပေ​သည်။-
MAT 11:14 ထို​ဖော်​ပြ​ချက်​များ​ကို​သင်​တို့​လက်​ခံ​ကြ ပါ​လျှင် ယော​ဟန်​သည်​ပေါ်​ထွန်း​လာ​ရ​မည့် ဧ​လိ​ယ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​လက်​ခံ ကြ​လိမ့်​မည်။-
MAT 11:15 ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့။
MAT 11:16 ``ငါ​သည်​ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ​နှိုင်း ရ​မည်​နည်း။ သူ​တို့​သည်​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် နေ​သည့်​က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။ သူ​ငယ် တစ်​စု​က​အ​ခြား​တစ်​စု​အား `ငါ​တို့​သည်​တီး​မှုတ် သော်​လည်း​သင်​တို့​မ​က​မ​ခုန်​ကြ။-
MAT 11:17 ငါ​တို့​သည်​ငို​ချင်း​ကို​ဆို​သော်​လည်း​သင်​တို့ မ​ငို​မ​ကြွေး​ကြ' ဟု​ဟစ်​အော်​ပြော​ဆို​ကြ​၏။-
MAT 11:18 ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည်​အ​စာ​ရှောင်​လျက် မ​သောက်​မ​စား​ဘဲ သင်​တို့​ထံ​လာ​သော​အ​ခါ သင်​တို့​က `ဤ​သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​ဖြစ် သည်' ဟု​ဆို​ကြ​၏။-
MAT 11:19 လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​၌​မူ​သင်​တို့​က `ကြည့်​လော့။ ဤ​သူ​သည် စား​ကြူး​သောက်​ကြူး​သူ​ဖြစ်​၏။ အ​ခွန်​ခံ​သူ​တို့ နှင့်​အ​ခြား​အ​ပယ်​ခံ​တို့​၏​မိတ်​ဆွေ​ဖြစ်​၏' ဟု ဆို​ကြ​ပြန်​၏။ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် သည်​မှန်​ကန်​ကြောင်း​ကို ထို​ပ​ညာ​တော်​မှ​သက် ရောက်​လာ​သည့်​အ​ကျိုး​တ​ရား​များ​က​သက် သေ​ပြ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
MAT 11:20 အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော် မူ​ခဲ့​သည့်​မြို့​များ​သည်​နောင်​တ​မ​ရ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​မြို့​တို့​အား​ဤ​သို့​ပြစ်​တင် ဆုံး​မ​တော်​မူ​၏။ ကိုယ်​တော်​က၊
MAT 11:21 ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။-
MAT 11:22 သို့​ရာ​တွင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သင်​တို့​သည် တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တို့​ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ ပေ​အံ့။-
MAT 11:23 အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ​တိုင်​အောင် မြှောက်​စား​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​လတ္တံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင့်​ထံ​တွင် ငါ​ပြု​ခဲ့​သည့် အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​သော​ဒုံ​မြို့​တွင်​သာ​ပြု ခဲ့​ပါ​မူ ထို​မြို့​သည်​ယ​နေ့​တိုင်​အောင်​တည်​လျက် ရှိ​ပေ​မည်။-
MAT 11:24 တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သင်​သည်​သော​ဒုံ​မြို့ ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
MAT 11:25 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-
MAT 11:26 အို အ​ဖ​ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​သည်​မှာ​ကိုယ်​တော် ရှင်​၏​အ​လို​တော်​အ​တိုင်း​ပင်​ဖြစ်​ပါ​၏'' ဟု​မြွက်​ဆို တော်​မူ​သည်။
MAT 11:27 ထို​နောက်​ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ငါ့​အား​ပေး​အပ်​ထား​တော်​မူ​လေ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး​အခြား​မည်​သူ​မျှ​သား​တော်​ကို မ​သိ။ ခ​မည်း​တော်​ကို​လည်း​သား​တော်​နှင့်​သား​တော် ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ မ​သိ။
MAT 11:28 လေး​သော​ဝန်​ထမ်း​ရ​၍​ပင်​ပန်း​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည်​သု​ခ​ချမ်း​သာ ပေး​မည်။-
MAT 11:29 ငါ​သည်​နူး​ညံ့​သိမ်​မွေ့​၍​စိတ်​နှ​လုံး​နှိမ့်​ချ​၏။ ထို ကြောင့်​ငါ​တင်​သော​ထမ်း​ပိုး​ကို​ထမ်း​၍ ငါ​၏​ထံ​တွင် နည်း​နာ​ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​သု​ခ​ချမ်း​သာ ရ​ရှိ​ကြ​လိမ့်​မည်။-
MAT 11:30 ငါ​ထမ်း​စေ​သော​ထမ်း​ပိုး​သည်​အ​ထမ်း​ရ​လွယ်​၍ ငါ​တင်​သော​ဝန်​သည်​လည်း​ပေါ့​၏'' ဟု​မိန့်​တော်​မူ သည်။
MAT 12:1 ထို​နောက်​များ​မ​ကြာ​မီ​ဥ​ပုသ်​နေ့​၌​သ​ခင် ယေ​ရှု​သည် ဂျုံ​ခင်း​တို့​ကို​ဖြတ်​၍​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့် ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​၍​စား​ကြ​၏။-
MAT 12:2 ဤ​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``ကြည့် ပါ။ ကိုယ်​တော်​၏​တ​ပည့်​များ​သည်​ဥ​ပုသ်​နေ့​၌​မ​ပြု အပ်​သော​အ​မှု​ကို​ပြု​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။
MAT 12:3 ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တို့ ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ​အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​ပါ​သ​လော။-
MAT 12:4 သူ​နှင့်​သူ့​အ​ဖော်​တို့​သည်​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​သာ စား​အပ်​သော​ရှေ့​တော်​မုန့်​ကို​စား​ဖူး​သည် မ​ဟုတ်​လော။-
MAT 12:5 ထို​မှ​တစ်​ပါး​ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော​ဟိတ် တို့​သည် ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက် သော်​လည်း​အ​ပြစ်​မ​သင့်​ကြောင်း မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင်​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-
MAT 12:6 ဤ​အ​ရပ်​တွင်​ဗိ​မာန်​တော်​ထက်​ကြီး​မြတ်​သော အ​ရာ​ရှိ​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။-
MAT 12:7 `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော်​ခြင်း ထက်​ပို​၍​နှစ်​သက်​၏' ဟု​ကျမ်း​စ​ကား​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​မူ သင်​တို့​သည်​အ​ပြစ် မ​ရှိ​သူ​များ​ကို​ပြစ်​တင်​ရှုတ်​ချ​ကြ​လိမ့်​မည် မ​ဟုတ်။-
MAT 12:8 လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု မိန့်​တော်​မူ​၏။
MAT 12:9 ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ကြွ​တော်​မူ​၍ တ​ရား​ဇ​ရပ်​တစ်​ခု​သို့​ဝင်​တော်​မူ​၏။-
MAT 12:10 တ​ရား​ဇ​ရပ်​ထဲ​တွင်​လက်​တစ်​ဖက်​သေ​သူ​လူ တစ်​ယောက်​ရှိ​၏။ လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ပြစ်​တင်​စွပ်​စွဲ​လို​၍ ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ ပျောက်​ကင်း​စေ​အပ်​ပါ​သ​လော'' ဟု​မေး​လျှောက် ကြ​၏။
MAT 12:11 ကိုယ်​တော်​က ``အ​ကယ်​၍​သင်​တို့​၏​သိုး​တစ်​ကောင် သည်​ဥ​ပုသ်​နေ့​၌​တွင်း​ထဲ​သို့​ကျ​သည်​ရှိ​သော် ထို သိုး​ကို​မ​ဆွဲ​မ​တင်​ဘဲ​နေ​မည့်​သူ​သင်​တို့​တွင် ရှိ​ပါ​သ​လော။-
MAT 12:12 လူ​သည်​သိုး​ထက်​များ​စွာ​ပို​၍​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​ပါ​လော။ သို့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌​ကောင်း သော​အ​မှု​ကို​ပြု​လုပ်​နိုင်​ခွင့်​ရှိ​၏'' ဟု​မိန့်​တော် မူ​သည်။-
MAT 12:13 ထို​နောက်​ကိုယ်​တော်​က​လက်​သေ​သူ​အား ``သင်​၏ လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည် လက်​ကို​ဆန့်​လိုက်​လျှင်​ထို​လက်​သည်​အ​ခြား​လက် တစ်​ဖက်​ကဲ့​သို့​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​၏။-
MAT 12:14 ဖာ​ရိ​ရှဲ​တို့​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​သွား​ကြ ပြီး​လျှင် ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​တိုင်​ပင် ကြ​၏။
MAT 12:15 ယင်း​သို့​ကြံ​စည်​ကြောင်း​ကို​သ​ခင်​ယေ​ရှု​ကြား သိ​တော်​မူ​သော​အ​ခါ ထို​အ​ရပ်​မှ​ကြွ​သွား​တော် မူ​၏။ များ​စွာ​သော​လူ​တို့​သည်​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ဖျား​နာ​သူ​တို့​၏​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-
MAT 12:16 သို့​ရာ​တွင်​မိ​မိ​၏​အ​ကြောင်း​ကို​သူ​တစ်​ပါး​တို့ အား​မ​ပြော​ကြား​ရန် ထို​သူ​တို့​ကို​ပ​ညတ်​တော် မူ​၏။-
MAT 12:17 ဤ​သို့​ပ​ညတ်​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက် ဟေ​ရှာ​ယ​မှ​တစ်​ဆင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​တော်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ထို​ဗျာ​ဒိတ်​တော်​ကား၊
MAT 12:18 ``ငါ​နှစ်​သက်​မြတ်​နိုး​သူ၊ငါ​ရွေး​ချယ်​သော အ​စေ​ခံ​ကို​ကြည့်​ကြ​လော့။ ငါ​၏​ဝိ​ညာဉ်​တော်​ကို​သူ​၏​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်။ သူ​သည်​ငါ​ချ​မှတ်​တော်​မူ​သည့်​တ​ရား စီ​ရင်​ချက်​ကို၊ လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​လိမ့်​မည်။
MAT 12:19 သို့​ရာ​တွင်​သူ​သည်​ငြင်း​ခုံ​ခြင်း၊သို့​မ​ဟုတ် ဟစ်​အော်​ခြင်း​ကို​ပြု​လိမ့်​မည်​မ​ဟုတ်၊ လမ်း​တွင်​သူ​၏​အ​သံ​ကို​အ​ဘယ်​သူ​မျှ ကြား​ရ​လိမ့်​မည်​မ​ဟုတ်။
MAT 12:20 သူ​သည်​ကွေ့​ကောက်​လျက်​ရှိ​သော​ကူ​ပင်​ကို​မ​ချိုး၊ မီး​မ​တောက်​ဘဲ​တ​ငွေ့​ငွေ့​လောင်​နေ​သော မီး​စာ​ကို​မ​ငြိမ်း​သတ်။ သူ​သည်​တ​ရား​မျှ​တ​မှု​စိုး​မိုး​လာ​သည်​တိုင်​အောင် လုပ်​ဆောင်​လိမ့်​မည်။
MAT 12:21 လူ​မျိုး​တ​ကာ​တို့​သည်​လည်း​သူ့​ကို​ကိုး​စား​လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။
MAT 12:22 နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သ​ဖြင့်​မျက်​စိ​မ​မြင်၊ ဆွံ့​အ နေ​သူ​လူ​တစ်​ယောက်​ကို လူ​အ​ချို့​တို့​သည်​အ​ထံ တော်​သို့​ခေါ်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​သ​ဖြင့် ထို​သူ​သည်​မျက်​စိ​မြင် လာ​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။-
MAT 12:23 လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​ဒါ​ဝိဒ်​၏​သား​တော်​ဖြစ်​ပါ မည်​လော'' ဟု​ဆို​ကြ​၏။
MAT 12:24 ဤ​သို့​ပြော​ဆို​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ သော​အ​ခါ ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ဗေ​လ ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ် သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။
MAT 12:25 ထို​သူ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``နိုင်​ငံ​တစ်​ခု​တွင်​လူ​တို့​သည် စိတ်​ဝမ်း​ကွဲ​ပြား​လျက် အချင်း​ချင်း​တိုက်​ခိုက်​နေ​လျှင် ထို​နိုင်​ငံ​သည်​မ​ကြာ​မီ​ပျက်​စီး​လိမ့်​မည်။ ထို​နည်း တူ​လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​မြို့ သို့​မ​ဟုတ်​အိမ်​ထောင်​သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-
MAT 12:26 သို့​ဖြစ်​၍​စာ​တန်​၏​အုပ်​စိုး​မှု​ကို​ဝန်​ခံ​သူ​တို့ သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​လျက်​နေ​ပါ​လျှင် သူ​၏​နိုင်​ငံ​သည်​အ​ဘယ်​သို့​တည်​တံ့​နိုင်​ပါ မည်​နည်း။-
MAT 12:27 ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​လျှင် သင်​တို့​၏ တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ​ပြု​၍​နှင်​ထုတ် ကြ​ပါ​သ​နည်း။ သင်​တို့​မှား​ယွင်း​ကြောင်း​ကို​သင် တို့​တ​ပည့်​များ​၏​အ​ပြု​အ​မူ​က​ပင်​သက်​သေ ခံ​၏။-
MAT 12:28 ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​၏​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်။ ထို သို့​မှန်​လျှင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​တွင်​တည်​လျက်​ရှိ​ပေ​ပြီ။
MAT 12:29 ``အ​ဘယ်​သူ​သည်​ခွန်​အား​ကြီး​သူ​ကို​ဦး​စွာ မ​ချည်​မ​နှောင်​ဘဲ သူ​၏​အိမ်​သို့​ဝင်​၍​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​နိုင်​ပါ​မည်​နည်း။ ချည်​နှောင်​ပြီး မှ​သာ​လု​ယူ​နိုင်​ပေ​မည်။
MAT 12:30 ``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။-
MAT 12:31 ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ အ​ပြစ်​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း၊ ပြစ် မှား​ပြော​ဆို​သည့်​စ​ကား​ဟူ​သ​မျှ​အ​တွက် လည်း​ကောင်း လူ​တို့​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​ရှိ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို သူ​သည်​အ​ပြစ်​ဖြေ​လွှတ်​နိုင်​ခွင့်​မ​ရှိ။-
MAT 12:32 လူ​သား​ကို​ပြစ်​မှား​ပြော​ဆို​သူ​သည်​အ​ပြစ်​ဖြေ လွှတ်​နိုင်​၏။ သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​ပြစ်​မှား​ပြော​ဆို​သော​သူ​မူ​ကား​ယ​ခု​ဘ​ဝ နောင်​ဘ​ဝ​တွင်​အ​ပြစ်​ဖြေ​လွှတ်​လိမ့်​မည်​မ​ဟုတ်။
MAT 12:33 ``အ​သီး​ကောင်း​ကို​ရ​လို​လျှင်​အ​ပင်​ကောင်း​ကို စိုက်​ရ​မည်။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး လိမ့်​မည်။ အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း ကို​သိ​ရ​၏။-
MAT 12:34 အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​ဆိုး​ယုတ် သူ​များ​ဖြစ်​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ကောင်း​မြတ် သည့်​စ​ကား​ကို​ပြော​နိုင်​ကြ​ပါ​မည်​နည်း။ စိတ် နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ​ကို​နှုတ် က​ဖော်​ပြ​တတ်​၏။-
MAT 12:35 ကောင်း​မြတ်​သော​သူ​သည်​မိ​မိ​၏​ကောင်း​မြတ်​သော စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ​ကောင်း​မြတ်​သော အ​ရာ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သော​သူ​သည် မိ​မိ​ဆိုး​ယုတ်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း မှ​ဆိုး​ယုတ်​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။
MAT 12:36 ``သင်​တို့​အား​ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော် မူ​ရာ​နေ့​၌​လူ​တို့​သည်​မိ​မိ​တို့​အ​ကျိုး​မဲ့​ပြော​ဆို သော​စ​ကား​များ​အ​တွက်​စစ်​ဆေး​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လတ္တံ့။-
MAT 12:37 သင်​တို့​အ​ပြစ်​ဒဏ်​ခံ​ထိုက်​သည်​မ​ခံ​ထိုက်​သည် ကို​သင်​တို့​ပြော​ဆို​သည့်​စ​ကား​များ​အ​ရ ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 12:38 အ​ချို့​သော​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​တို့​အား​နိ​မိတ်​လက္ခ​ဏာ တစ်​ခု​ကို​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
MAT 12:39 ကိုယ်​တော်​က ``ဆိုး​ညစ်​၍​ဘု​ရား​မဲ့​သော​ဤ​ခေတ် လူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ပါ သည်​တ​ကား။ သင်​တို့​သည်​ယော​န​၏​နိ​မိတ်​လက္ခ ဏာ​မှ​တစ်​ပါး အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
MAT 12:40 ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ထဲ​တွင်​သုံး​ရက်​တိုင် တိုင်​နေ​ရ​သ​ကဲ့​သို့ လူ​သား​သည်​လည်း​မြေ​ကြီး ထဲ​တွင်​သုံး​ရက်​နေ​ရ​လတ္တံ့။-
MAT 12:41 နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​၏​ဟော​ပြော​ချက် ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် တရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထ​၍​သင်​တို့​အား ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်။ ဤ​အ​ရပ်​တွင်​ယော​န ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။
MAT 12:42 ဒက္ခိဏ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရန် ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ​ရောက်​ခဲ့​၏။ သို့​ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သူ​သည် ထ​၍​သင်​တို့​အား​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်။ ဤ အ​ရပ်​တွင်​ရှော​လ​မုန်​မင်း​ထက်​ကြီး​မြတ်​သည့် အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ​ဟု​ငါ​ဆို​၏။
MAT 12:43 ``ညစ်​ညမ်း​သော​နတ်​သည်​မိ​မိ​ပူး​ဝင်​နေ​သူ​လူ ထဲ​မှ​ထွက်​သည့်​အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​တွင် လှည့်​လည်​၍​နား​နေ​စ​ရာ​ကို​ရှာ​တတ်​၏။ ယင်း သို့​ရှာ​၍​မ​တွေ့​သော​အ​ခါ၊
MAT 12:44 `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင်​ပြန်​ပါ​အံ့' ဟု​ဆို​၏။ ထို​နေ​ရာ​သို့​ပြန်​ရောက်​သော​အ​ခါ သပ်​ရပ်​စွာ​လှည်း​ကျင်း​ထား​သည်​ကို​တွေ့​သ​ဖြင့်၊
MAT 12:45 သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
MAT 12:46 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ်​မယ်​တော်​နှင့်​ညီ​တော် များ​ရောက်​လာ​၍​ကိုယ်​တော်​နှင့်​တွေ့​လို​သ​ဖြင့် အ​ပြင်​တွင်​စောင့်​လျက်​နေ​ကြ​၏။-
MAT 12:47 လူ​တစ်​ယောက်​က ``အ​ရှင်​၏​မယ်​တော်​နှင့်​ညီ​တော် များ​သည်​အ​ရှင်​နှင့်​တွေ့​လို​၍​အ​ပြင်​တွင်​စောင့် နေ​ကြ​ပါ​သည်'' ဟု​လျှောက်​၏။-
MAT 12:48 ကိုယ်​တော်​က ``ငါ့​အ​မိ​ကား​မည်​သူ​နည်း။ ငါ့​ညီ၊ ငါ့​အစ်​ကို​များ​ကား​မည်​သူ​နည်း'' ဟု​ပြန်​၍ မေး​တော်​မူ​၏။-
MAT 12:49 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ညွှန်​ပြ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ၊ ငါ့​အစ်​ကို​များ ကား​ဤ​သူ​တို့​တည်း။-
MAT 12:50 ကောင်း​ကင်​ဘုံ​ရှင်​ငါ့​ခ​မည်း​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​သူ​မှန်​သ​မျှ​သည်​ငါ့​ညီ၊ ငါ့ အစ်​ကို၊ ငါ့​အစ်​မ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့​ပေ တည်း'' ဟု​မိန့်​တော်​မူ​၏။
MAT 13:1 ထို​နေ့​၌​ပင်​လျှင်​သ​ခင်​ယေ​ရှု​သည်​ထို​အိမ်​မှ ထွက်​ကြွ​တော်​မူ​၍​အိုင်​ကမ်း​ခြေ​တွင်​ထိုင်​တော် မူ​၏။-
MAT 13:2 အ​ထံ​တော်​သို့​လာ​ရောက်​ကြ​သည့်​လူ​ပ​ရိ​သတ် မှာ​များ​လှ​သ​ဖြင့် ကိုယ်​တော်​သည်​လှေ​ပေါ်​သို့ တက်​၍​ထိုင်​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​က​ကမ်း ခြေ​တွင်​ရပ်​လျက်​နေ​ကြ​၏။-
MAT 13:3 ကိုယ်​တော်​သည်​ထို​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင်​၍ များ​စွာ​သော​အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင် တော်​မူ​၏။ ကိုယ်​တော်​က ``မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​၏။-
MAT 13:4 မျိုး​ကြဲ​သော​အ​ခါ​အ​ချို့​မျိုး​စေ့​တို့​သည်​လမ်း တွင်​ကျ​သ​ဖြင့်​ငှက်​တို့​သည်​လာ​၍​စား​ကြ​၏။-
MAT 13:5 အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၏။ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊-
MAT 13:6 နေ​ထွက်​သော​အ​ခါ​နေ​ပူ​လောင်​၍​အ​မြစ်​မ​စွဲ သည့်​အ​တွက်​ညှိုး​နွမ်း​၍​သွား​ကြ​၏။-
MAT 13:7 အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​ကြီး​ထွား​လာ​ပြီး​နောက်​အ​ပင်​ငယ်​တို့​ကို လွှမ်း​မိုး​ကာ​သေ​စေ​ကြ​၏။-
MAT 13:8 အ​ချို့​မျိုး​စေ့​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​၏။ အ​ပင်​များ​ပေါက်​၍​အ​ဆ​တစ်​ရာ၊ အ​ဆ ခြောက်​ဆယ်၊ အ​ဆ​သုံး​ဆယ်​သီး​နှံ​များ​ကို​ဆောင် ကုန်​၏။
MAT 13:9 ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
MAT 13:10 တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ပုံ ဥ​ပ​မာ​ဖြင့်​သာ​လျှင်​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု မေး​လျှောက်​ကြ​၏။
MAT 13:11 ကိုယ်​တော်​က ``သင်​တို့​သည်​ကောင်း​ကင်​နိုင်​ငံ​တော် နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​နား​လည်​ခွင့်​ရ​ကြ​၏။ အ​ခြား​သူ​များ​မူ ကား​ထို​အ​ခွင့်​ကို​မ​ရ​ကြ။-
MAT 13:12 ဘု​ရား​သ​ခင်​သည်​ရှိ​သူ​အား​ပို​လျှံ​သည့်​တိုင်​အောင် ထပ်​လောင်း​၍​ပေး​တော်​မူ​၍​မ​ရှိ​သူ​ထံ​မှ​ရှိ​သ​မျှ ကို​ပင်​ရုပ်​သိမ်း​တော်​မူ​လိမ့်​မည်။-
MAT 13:13 သူ​တို့​အား​ပုံ​ဥ​ပ​မာ​ဆောင်​၍​ငါ​ပြော​ရ​သည့် အ​ကြောင်း​မှာ​သူ​တို့​သည်​ကြည့်​သော်​လည်း​မ​မြင်၊ နား​ထောင်​သော်​လည်း​မ​ကြား​သို့​မ​ဟုတ်​နား​မ လည်​သော​ကြောင့်​ဖြစ်​၏။
MAT 13:14 ထို့​ကြောင့်၊ `ဤ​သူ​တို့​သည်​ကြား​လျက်​နှင့်​နား​လည်​လိမ့်​မည် မ​ဟုတ်။ မြင်​လျက်​နှင့်​သိ​လိမ့်​မည်​မ​ဟုတ်။
MAT 13:15 ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက် သူ​တို့​၏​နား​များ​သည်​လေး​လျက်​မျက်​စိ​များ​သည် ပိတ်​လျက်​ရှိ​၏။ အ​ကယ်​၍​သာ​သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ နား​များ​သည်​ကြား​နိုင်​လျက်၊ စိတ်​နှ​လုံး​သည်​လည်း​သိ​နား​လည်​နိုင်​မည်​ဆို​ပါ​မူ သူ​တို့​သည်​ငါ့​ကို​ခို​လှုံ​ကိုး​စား​လာ​ကြ​မည်​ဖြစ်​၍၊ ငါ​သည်​လည်း​သူ​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဟေ​ရှာ​ယ ဟော​ချက်​သည်​မှန်​ပေ​၏။
MAT 13:16 ``သင်​တို့​၏​မျက်​စိ​များ​သည်​မြင်​၍​နား​များ​သည် လည်း​ကြား​သော​ကြောင့် သင်​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။-
MAT 13:17 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင် တို့​မြင်​ရ​သည့်​အ​ရာ​များ​ကို ပ​ရော​ဖက်​နှင့် သူ​တော်​ကောင်း​အ​မြောက်​အ​မြား​ပင်​မြင်​လို​ကြ သော်​လည်း​မ​မြင်​ရ​ကြ​။ သင်​တို့​ကြား​ရ​သည့် အ​ရာ​များ​ကို သူ​တို့​ကြား​လို​ကြ​သော်​လည်း မ​ကြား​ရ​ကြ။
MAT 13:18 ``ထို့​ကြောင့်​မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ​အ​နက် အဋ္ဌိပ္ပါယ်​ကို​နား​ထောင်​ကြ​လော့။-
MAT 13:19 လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။-
MAT 13:20 ကျောက်​ခံ​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​တ​ရား​တော် ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက်​စွာ​ခံ​ယူ​သူ​တို့ ကို​ဆို​လို​၏။-
MAT 13:21 သို့​သော်​တ​ရား​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့် နှိပ်​စက်​ညှဉ်း​ပန်း​မှု​ကို​တွေ့​ကြုံ​ရ​သော​အ​ခါ ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။-
MAT 13:22 ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​များ​သည်​တ​ရား တော်​ကို​ကြား​၍​အ​သီး​အ​ပွင့်​မ​ဖြစ်​ထွန်း​စေ နိုင်​သော​သူ​တို့​ကို​ဆို​လို​၏။ သူ​တို့​၏​စိုး​ရိမ်​ကြောင့် ကြ​မှု​များ​နှင့်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု များ​က​တ​ရား​တော်​မျိုး​စေ့​ကို​လွှမ်း​မိုး​သ​ဖြင့် မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်​ချေ။-
MAT 13:23 မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သည့်​မျိုး​စေ့​ကား တ​ရား​တော်​ကို​ကြား​၍​နား​လည်​သူ​တို့​ကို​ဆို လို​၏။ သူ​တို့​သည်​အ​ဆ​တစ်​ရာ၊ အ​ဆ​ခြောက် ဆယ်၊ အ​ဆ​သုံး​ဆယ်​အ​သီး​အ​နှံ​များ​ကို ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​သည်။
MAT 13:24 သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော် သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ်​ယောက် သည်​မိ​မိ​ဂျုံ​မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​၏။-
MAT 13:25 သို့​ရာ​တွင်​ည​အ​ခါ​လူ​တို့​အိပ်​ပျော်​နေ​ချိန်​၌ ရန်​သူ​သည်​လာ​၍​ဂျုံ​မျိုး​ကြဲ​ထား​ရာ​တွင်​ဂျုံ ရိုင်း​စေ့​များ​ကို​ကြဲ​ပြီး​နောက်​ထွက်​ခွာ​သွား​၏။-
MAT 13:26 ဂျုံ​ပင်​က​လေး​များ​ပေါက်​ပြီး​နောက်​ဂျုံ​နှံ​များ ထွက်​လာ​သော​အ​ခါ​ဂျုံ​ရိုင်း​ပင်​များ​လည်း​ပေါ် ထွက်​လာ​လေ​သည်။-
MAT 13:27 ထို​အ​ခါ​စာ​ရင်း​ငှား​တို့​သည်​လယ်​ရှင်​ထံ​လာ​၍ `အ​ရှင်၊ အ​ရှင့်​ဂျုံ​ခင်း​တွင်​မျိုး​ကောင်း​မျိုး​သန့်​များ ကြဲ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဂျုံ​ရိုင်း​ပင်​များ​ကား အ​ဘယ်​မှ​ရောက်​ရှိ​လာ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။-
MAT 13:28 လယ်​ရှင်​က `ဤ​အ​ရာ​ကား​ရန်​သူ​၏​လက်​ချက်​ပင် ဖြစ်​၏' ဟု​ဆို​လျှင်​စာ​ရင်း​ငှား​များ​က `ထို​သို့​ဖြစ် ပါ​မူ​ဂျုံ​ရိုင်း​များ​ကို​သွား​၍​နုတ်​ပစ်​ရ​ပါ​မည် လော' ဟု​မေး​ပြန်​ကြ​၏။-
MAT 13:29 လယ်​ရှင်​က၊ နုတ်​မ​ပစ်​ကြ​နှင့်​ဦး။ ဂျုံ​ရိုင်း​များ​ကို နုတ်​လိုက်​လျှင်​ဂျုံ​ကောင်း​များ​လည်း​ပါ​သွား​လိမ့် မည်။-
MAT 13:30 ကောက်​ရိတ်​ချိန်​တိုင်​အောင်​အ​ပင်​နှစ်​မျိုး​လုံး​ဆက် လက်​ကြီး​ပွား​စေ​ကြ​လော့။ ကောက်​ရိတ်​ချိန်​ရောက် သော်​ကောက်​ရိတ်​သ​မား​တို့​အား​ဦး​စွာ​ဂျုံ​ရိုင်း များ​ကို​နုတ်​၍​စည်း​ထား​ပြီး​လျှင်​မီး​ရှို့​ပစ်​ကြ။ ထို​နောက်​ဂျုံ​စ​ပါး​ကို​စု​သိမ်း​၍​ငါ​၏​ကျီ​၌ သွင်း​ထား​ကြ​ဟု​ငါ​မှာ​ကြား​မည်' ဟု​ဆို​၏'' ဟူ ၍​မိန့်​တော်​မူ​သည်။
MAT 13:31 သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ် ယောက်​သည်​မုန်​ညင်း​စေ့​ကို​ယူ​၍​မိ​မိ​ဥ​ယျာဉ် တွင်​စိုက်​၏။-
MAT 13:32 ထို​အ​စေ့​သည်​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ် ၏။ သို့​ရာ​တွင်​အ​ပင်​ပေါက်​၍​ကြီး​ထွား​လာ​သော အ​ခါ အ​ခြား​အ​ပင်​ငယ်​များ​ထက်​ကြီး​မား​သည့် အ​ပင်​တစ်​ပင်​ဖြစ်​လာ​၏။ သို့​ဖြစ်​၍​ငှက်​များ​သည် ထို​အ​ပင်​၏​အ​ကိုင်း​များ​တွင်​အ​သိုက်​ပြု​လုပ် နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​သည်။
MAT 13:33 ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။
MAT 13:34 သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။-
MAT 13:35 ဤ​သို့​ဟော​ကြား​ရ​ခြင်း​မှာ၊ ``ငါ​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​မိ​မိ​၏​နှုတ်​ကို ဖွင့်​ဟ​မြွက်​ဆို​မည်။ လော​က​ကို​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ ကွယ်​ဝှက်​နေ​ခဲ့​သည့်​အ​ရာ​များ​ကို ငါ​ထုတ်​ဖော်​ပြော​ဆို​မည်'' ဟူ​သော​ပ​ရော​ဖက်​၏​ဟော​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​၏။
MAT 13:36 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​များ​ထံ မှ​ထွက်​ခွာ​၍​အိမ်​ထဲ​သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``ဂျုံ​ရိုင်း​ပင်​များ​၏​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အား​ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။
MAT 13:37 ကိုယ်​တော်​က ``မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​သူ​သည် လူ​သား​ပင်​ဖြစ်​၏။-
MAT 13:38 ဂျုံ​ခင်း​ကား​ဤ​ကမ္ဘာ​လော​က​တည်း။ မျိုး​ကောင်း မျိုး​သန့်​သည်​နိုင်​ငံ​တော်​သား​များ​ကို​ဆို​လို​၏။ ဂျုံ​ရိုင်း​စေ့​များ​ကား​စာ​တန်​မာရ်​နတ်​၏​နိုင်​ငံ သား​များ​ကို​ဆို​လို​၏။-
MAT 13:39 ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။-
MAT 13:40 ဂျုံ​ရိုင်း​ပင်​များ​ကို​စု​သိမ်း​ပြီး​မီး​ရှို့​ပစ်​လိုက် သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​စာ​တန်​မာရ် နတ်​၏​နိုင်​ငံ​သား​တို့​သည်​မီး​ရှို့​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-
MAT 13:41 လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊-
MAT 13:42 တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​စေ​တော်​မူ မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ငို​ကြွေး​မြည်​တမ်း ၍​အံ​သွား​ခဲ​ကြိတ်​ကြ​လိမ့်​မည်။-
MAT 13:43 ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။
MAT 13:44 ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက် နှင့်​တူ​၏။ လူ​တစ်​ယောက်​သည်​လယ်​၌​မြှုပ်​ထား​သော ဘဏ္ဍာ​ကို​တွေ့​သ​ဖြင့်​တစ်​ဖန်​မြှုပ်​ထား​ခဲ့​၏။ ထို​နောက် ဝမ်း​မြောက်​စွာ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ လျက်​ထို​လယ်​ကို​ဝယ်​လေ​၏။
MAT 13:45 ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ ကုန်​သည်​တစ်​ဦး​သည် ပု​လဲ​ကောင်း​ကို​ရှာ​လျက်​နေ​၏။-
MAT 13:46 ထို​သူ​သည်​များ​စွာ​အ​ဖိုး​တန်​သည့်​ပု​လဲ​ကို​တွေ့ သော​အ​ခါ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ​၍ ထို​ပု​လဲ​ကို​ဝယ်​လေ​၏။
MAT 13:47 ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ တံ​ငါ​သည်​တို့​သည်​အိုင် တွင်​ပိုက်​ကွန်​ကို​ချ​၍​ငါး​အ​မျိုး​မျိုး​ကို​အုပ်​မိ​၏။-
MAT 13:48 ပိုက်​ကွန်​တွင်​ငါး​အ​ပြည့်​ရ​သော​အ​ခါ​တံ​ငါ​သည် တို့​သည်​ထို​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့​ဆွဲ​၍​တင်​ကြ​၏။ ထို​နောက်​ထိုင်​၍​ငါး​များ​ကို​ရွေး​ကြ​၏။ ငါး​ကောင်း များ​ကို​အိုး​များ​တွင်​ထည့်​ထား​ပြီး​နောက်​ငါး​ညံ့ များ​ကို​မူ​အ​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ​၏။-
MAT 13:49 ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း​ထို​နည်း​တူ​ဖြစ်​ပေ အံ့။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍​သူ​ယုတ်​မာ များ​ကို​သူ​တော်​ကောင်း​များ​ထဲ​မှ​ခွဲ​ထုတ်​ပြီး​လျှင်၊-
MAT 13:50 တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​လိမ့်​မည်။ ထို သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 13:51 သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​သင်​တို့​နား​လည်​ကြ​ပါ​၏​လော'' ဟု​မေး တော်​မူ​လျှင်​တ​ပည့်​တော်​တို့​က``နား​လည်​ပါ သည်'' ဟု​ဖြေ​ကြား​ကြ​၏။
MAT 13:52 သို့​ဖြစ်​၍​ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် တ​ပည့်​ဖြစ်​လာ​သူ​ကျမ်း​တတ်​ဆ​ရာ​သည်​မိ​မိ​၏ ဘဏ္ဍာ​တိုက်​ထဲ​မှ​ဥစ္စာ​ပစ္စည်း​အ​သစ်​နှင့်​အ​ဟောင်း​များ ကို​ထုတ်​ယူ​သော​အိမ်​ရှင်​နှင့်​တူ​၏'' ဟု​မိန့်​တော်​မူ​၏။
MAT 13:53 ထို​ပုံ​ဥ​ပ​မာ​များ​ကို​မိန့်​ကြား​တော်​မူ​ပြီး​နောက် သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​၍၊-
MAT 13:54 မိ​မိ​နေ​ရင်း​မြို့​သို့​ရောက်​ရှိ​တော်​မူ​၏။ တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``ဤ​သူ​သည်​ဤ​သို့​သော အ​သိ​ပ​ညာ​များ​ကို​အ​ဘယ်​က​ရ​ရှိ​ပါ​သ​နည်း။ ဤ​သို့​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​အ​ဘယ် သို့​ပြ​နိုင်​ပါ​သ​နည်း။-
MAT 13:55 သူ​သည်​လက်​သ​မား​ဆ​ရာ​၏​သား​မ​ဟုတ်​လော။ သူ့ အ​မိ​သည်​မာ​ရိ​နာ​မည်​ရှိ​သူ​မ​ဟုတ်​ပါ​လော။ သူ့ ညီ​များ​ကား​ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့်​ယု​ဒ​တို့ မ​ဟုတ်​ပါ​လော။-
MAT 13:56 သူ့​နှ​မ​များ​သည်​လည်း​ငါ​တို့​မြို့​သူ​များ​မ​ဟုတ်​ပါ လော။ သို့​ဖြစ်​ပါ​လျက်​သူ​သည်​ဤ​တန်​ခိုး​ကို​အ​ဘယ် က​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကာ၊-
MAT 13:57 ကိုယ်​တော်​၏​အ​ပေါ်​၌​အ​ကြည်​ညို​ပျက်​ကြ​၏။ သ​ခင်​ယေ​ရှု​က​လည်း ``ပ​ရော​ဖက်​သည်​မိ​မိ​မြို့ နှင့်​မိ​မိ​အိမ်​မှ​လွဲ​၍​အ​ဘယ်​အ​ရပ်​တွင်​မ​ဆို ဂုဏ်​အ​သ​ရေ​ရှိ​၏'' ဟု​မိန့်​တော်​မူ​သည်။-
MAT 13:58 ထို​မြို့​သား​တို့​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား မှု​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​အံ့​သြ​ဖွယ် သော​အ​မှု​တို့​ကို​ထို​မြို့​တွင်​ပြု​တော်​မ​မူ။
MAT 14:1 ထို​ကာ​လ​၌​ဂါ​လိ​လဲ​ပြည်​ကို​အုပ်​စိုး​သူ ဟေ​ရုဒ်​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​ကို ကြား​လျှင်၊-
MAT 14:2 ``ဤ​သူ​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ပင်​တည်း။ သူ​သည်​သေ​ရာ​မှ​အ​သက်​ပြန်​ရှင်​လေ​ပြီ။ သို့ ဖြစ်​၍​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် ရှိ​၏'' ဟု​မိ​မိ​အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အား မိန့်​တော်​မူ​၏။
MAT 14:3 ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး​ဟေ​ရော​ဒိ နှင့်​ပတ်​သက်​၍​ယော​ဟန်​ကို​ဖမ်း​ဆီး​ချုပ်​နှောင် ကာ​ထောင်​တွင်​အ​ကျဉ်း​ထား​ခဲ့​၏။-
MAT 14:4 အ​ဘယ်​ကြောင့်​ဆို​သော်​ယော​ဟန်​က ``သင်​သည် ညီ​ဖြစ်​သူ​၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု ဆို​ခဲ့​သော​ကြောင့်​ဖြစ်​၏။-
MAT 14:5 ဟေ​ရုဒ်​သည်​ယော​ဟန်​ကို​သတ်​လို​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြောက်​သ​ဖြင့်​မ​သတ် ရဲ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​မှတ်​ယူ​နေ​ကြ​သော ကြောင့်​ဖြစ်​၏။
MAT 14:6 ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။-
MAT 14:7 သို့​ဖြစ်​၍​ဟေ​ရုဒ်​သည်​သူ​ငယ်​မ​နှစ်​သက်​ရာ ဆု​ကို​ပေး​မည်​ဟု​ကျိန်​ဆို​၍​က​တိ​ပြု​၏။
MAT 14:8 သူ​ငယ်​မ​သည်​လည်း​မိ​ခင်​၏​တိုက်​တွန်း​ချက် အ​ရ ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို လင်​ပန်း​ပေါ်​တွင်​တင်​၍​အ​ကျွန်ုပ်​အား​ဤ​နေ​ရာ တွင်​ပင်​ပေး​တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​၏။
MAT 14:9 ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​သော်​လည်း​ဧည့်​သည်​တော်​များ​ရှေ့​တွင် မိ​မိ​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက်​၍ သူ​ငယ်​မ တောင်း​လျှောက်​သည့်​အ​တိုင်း​ပေး​စေ​ရန်​အ​မိန့် ချ​တော်​မူ​၏။-
MAT 14:10 သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ထောင်​ထဲ​တွင် ဖြတ်​စေ​ပြီး​လျှင်၊-
MAT 14:11 လင်​ပန်း​ပေါ်​တွင်​တင်​၍​သူ​ငယ်​မ​အား​ပေး​စေ တော်​မူ​၏။ သူ​ငယ်​မ​သည်​လည်း​ထို​ဦး​ခေါင်း​ကို မိ​ခင်​ထံ​သို့​ယူ​ဆောင်​သွား​၏။-
MAT 14:12 ယော​ဟန်​၏​တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို ယူ​ပြီး​လျှင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု ထံ​သို့​သွား​၍​သ​တင်း​ပေး​ကြ​၏။
MAT 14:13 ဤ​သ​တင်း​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် ထို​အ​ရပ်​မှ​တစ်​ကိုယ်​တည်း​ဆိတ်​ကွယ်​ရာ​အ​ရပ် သို့​လှေ​ဖြင့်​ကြွ​တော်​မူ​၏။ အ​မြို့​မြို့​မှ​လူ​ပ​ရိ သတ်​တို့​သည်​လည်း​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ ကြောင်း​ကြား​ကြ​လျှင်​နောက်​တော်​သို့​ကုန်း​ကြောင်း ဖြင့်​လိုက်​ကြ​၏။-
MAT 14:14 ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​ကို​သ​နား တော်​မူ​သ​ဖြင့်​ဖျား​နာ​သူ​များ​ကို​ကျန်း​မာ​စေ တော်​မူ​၏။
MAT 14:15 ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​တ​ပည့်​တော်​တို့ သည်​အ​ထံ​တော်​သို့​လာ​၍ ``ဤ​အ​ရပ်​သည်​လူ​သူ မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ နေ့​အ​ချိန်​လည်း​ကုန်​ပါ ပြီ။ လူ​တို့​အား​ကျေး​ရွာ​များ​သို့​သွား​၍​အ​စား အ​စာ​ဝယ်​ယူ​နိုင်​ရန်​စေ​လွှတ်​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။
MAT 14:16 သ​ခင်​ယေ​ရှု​က ``ထို​သူ​တို့​သွား​ကြ​ရန်​မ​လို​ပါ။ သင်​တို့​ပင်​လျှင်​သူ​တို့​အား​စား​စ​ရာ​ပေး​ကြ လော့'' ဟု​မိန်​တော်​မူ​၏။
MAT 14:17 တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ လျှင်၊
MAT 14:18 ကိုယ်​တော်​က ``ထို​မုန့်​နှင့်​ငါး​ကို​ငါ့​ထံ​သို့​ယူ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
MAT 14:19 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြက်​ခင်း​ပေါ် တွင်​ထိုင်​စေ​တော်​မူ​၏။ ထို​နောက်​မုန့်​ငါး​လုံး​နှင့်​ငါး နှစ်​ကောင်​ကို​ယူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​များ​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​တို့​အား ဝေ​ပေး​ကြ​၏။-
MAT 14:20 လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​သည်​သာ​မ​က မုန့်​နှင့်​ငါး​အ​ကြွင်း​အ​ကျန်​များ​ကို​ပင်​တစ်​ဆယ့် နှစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း​ရ​သေး​၏။-
MAT 14:21 အ​မျိုး​သမီး​နှင့်​က​လေး​များ​မှ​အ​ပ​မုန့်​စား​သူ ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ​သ​တည်း။
MAT 14:22 ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​ပင် တပည့်​တော်​တို့​အား​လှေ​ပေါ်​သို့​တက်​စေ​၍ အိုင်​တစ်​ဖက်​သို့​ကူး​စေ​တော်​မူ​၏။-
MAT 14:23 လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။-
MAT 14:24 တ​ပည့်​တော်​တို့​၏​လှေ​သည်​ကား​ကမ်း​နှင့်​များ​စွာ ဝေး​ကွာ​သွား​လေ​ပြီ။ လေ​ဆန်​ဖြစ်​သ​ဖြင့်​ထို​လှေ ကို​လှိုင်း​တံ​ပိုး​များ​ရိုက်​ခတ်​လျက်​ရှိ​၏။
MAT 14:25 မိုး​သောက်​ယံ​အ​ချိန်​ခန့်​တွင်​ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​စက်​တော်​ဖြန့်​၍​တ​ပည့်​တော်​တို့​ထံ​သို့​ကြွ​လာ တော်​မူ​၏။-
MAT 14:26 ဤ​သို့​ရေ​ပေါ်​မှာ​ကိုယ်​တော်​စက်​တော်​ဖြန့်​၍​ကြွ လာ​သည်​ကို​မြင်​လျှင်​တ​ပည့်​တော်​တို့​သည်​ထိတ် လန့်​ကာ ``တစ္ဆေ'' ဟု​အ​လန့်​တ​ကြား​ဟစ်​အော်​ကြ​၏။
MAT 14:27 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အား​မ​ငယ်​ကြ​နှင့်။ ငါ ပင်​ဖြစ်​သည်။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
MAT 14:28 ပေ​တ​ရု​က ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖြစ်​ပါ​မူ၊ အ​ကျွန်ုပ်​သည်​ရေ​ပေါ်​မှာ​လျှောက်​၍​အ​ထံ​တော်​သို့ လာ​နိုင်​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
MAT 14:29 ကိုယ်​တော်​က ``လာ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​လျှင် ပေ​တ​ရု​သည်​လှေ​ပေါ်​က​ဆင်း​၍​ရေ​ပေါ်​တွင် လျှောက်​ကာ​သ​ခင်​ယေ​ရှု​ထံ​သို့​သွား​လေ​၏။-
MAT 14:30 သို့​ရာ​တွင်​သူ​သည်​လေ​အ​ဟုန်​ပြင်း​သည်​ကို မြင်​သော​အ​ခါ​ကြောက်​လန့်​၍​လာ​သ​ဖြင့်​ရေ နစ်​စ​ပြု​သည်​နှင့် ``သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ် အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လေ​၏။
MAT 14:31 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။
MAT 14:32 ကိုယ်​တော်​နှင့်​ပေ​တ​ရု​တို့​လှေ​ပေါ်​သို့​ရောက် ကြ​သော​အ​ခါ​လေ​သည်​ငြိမ်​သွား​လေ​၏။-
MAT 14:33 လှေ​ထဲ​ရှိ​တပည့်​တော်​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​လျက် ``အ​ရှင်​ကား​အ​ကယ်​ပင် ထာ​ဝ​ရ​ဘု​ရား​၏​သား​တော်​ဖြစ်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။
MAT 14:34 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း သို့​ကူး​ပြီး​နောက်​ဂင်​နေ​သ​ရက်​မြို့​တွင်​လှေ​ကို ဆိုက်​ကြ​၏။-
MAT 14:35 ထို​မြို့​သား​တို့​သည်​ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​သို့​လူ​များ​စေ​လွှတ်​၍ ဖျား နာ​သူ​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​၏။-
MAT 14:36 ထို​နောက်​ဖျား​နာ​သူ​တို့​အား​ကိုယ်​တော်​၏​အ​ဝတ် တော်​အ​မြိတ်​ကို​မျှ​တို့​ထိ​နိုင်​ခွင့်​ပြု​ရန်​တောင်း​ပန် ကြ​၏။ ဤ​သို့​တို့​ထိ​ရ​သူ​အ​ပေါင်း​တို့​သည်​လည်း ကျန်း​မာ​သွား​ကြ​၏။
MAT 15:1 ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​မှ​ဖာ​ရိ​ရှဲ​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​သ​ခင်​ယေ​ရှု​ထံ တော်​ကို​ရောက်​လာ​ကြ​၏။-
MAT 15:2 သူ​တို့​က ``အ​ရှင်​၏​တ​ပည့်​များ​သည်​အ​ဘယ် ကြောင့်​ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​မ​လိုက်​နာ​ကြ​ပါ​သ​နည်း။ သူ​တို့​သည်​နည်း မှန်​အ​တိုင်း​လက်​မ​ဆေး​ဘဲ​စား​သောက်​ကြ​ပါ သည်​တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။
MAT 15:3 ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၍ မိ​မိ​တို့​၏ ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ကြ​ပါ​သ​နည်း။-
MAT 15:4 ဘု​ရား​သ​ခင်​က `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး လော့။ မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။-
MAT 15:5 သို့​ရာ​တွင်​သင်​တို့​သွန်​သင်​ကြ​သည်​ကား​ဤ​သို့ တည်း။ အ​ကယ်​၍​လူ​တစ်​ယောက်​၌​အ​ဖ​သို့​မ​ဟုတ် အ​မိ​အား​ထောက်​ပံ့​ရန်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ သော်​လည်း ယင်း​ပစ္စည်း​ကို​ဘု​ရား​သ​ခင်​အ​ဖို့​လှူ ပြီး​ပစ္စည်း​ဖြစ်​သည်​ဟု​ဆို​လျှင်၊-
MAT 15:6 ထို​သူ​သည်​မိ​ဘ​အား​ထောက်​ပံ့​ရန်​မ​လို​ဟု​သင် တို့​သွန်​သင်​ကြ​၏။ ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ရန်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။-
MAT 15:7 အ​ချင်း​ကြောင်​သူ​တော်​တို့၊ သင်​တို့​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​သည်​ဟေ​ရှာ​ယ​အား​ဖြင့်၊
MAT 15:8 `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး​ကူး ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည်​လူ့​ပ​ညတ်​များ​ကို​ဘု​ရား​ပေး​ပ​ညတ် သ​ဖွယ် သင်​ကြား​ပို့​ချ​ကြ​၏။
MAT 15:9 သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​၏' ဟု​မိန့်​ကြား​ခဲ့​သည်​မှာ​မှန်​လှ​၏'' ဟု​မိန့်​တော်​မူ​၏။
MAT 15:10 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့​စ​ကား​ကို​သင်​တို့ နာ​ယူ​သိ​မှတ်​ကြ​ကုန်​လော့။-
MAT 15:11 လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​ကား​ခံ​တွင်း​သို့ ဝင်​သည့်​အ​ရာ​မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သည့်​အ​ရာ သာ​လျှင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။
MAT 15:12 တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``အ​ရှင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​ဖာ​ရိ​ရှဲ​တို့​စိတ်​ဆိုး ကြ​သည်​ကို​သိ​တော်​မူ​ပါ​သ​လော'' ဟု​လျှောက် ထား​ကြ​၏။
MAT 15:13 ကိုယ်​တော်​က ``ကောင်း​ကင်​ဘုံ​ရှင်၊ ငါ​၏​အ​ဖ​စိုက်​ပျိုး တော်​မ​မူ​သည့်​အ​ပင်​ရှိ​သ​မျှ​သည်​နုတ်​ပစ်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။-
MAT 15:14 သို့​ဖြစ်​၍​ထို​သူ​တို့​အ​တွက်​ကြောင့်​စိတ်​မ​ပူ​ကြ နှင့်၊ သူ​တို့​သည်​မျက်​မ​မြင်​များ​ကို​လမ်း​ပြ​သည့် သူ​ကန်း​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​တစ်​ယောက် က​အ​ခြား​မျက်​မ​မြင်​တစ်​ယောက်​အား​လမ်း​ပြ ပါ​မူ​သူ​တို့​နှစ်​ယောက်​စ​လုံး​ပင်​တွင်း​ထဲ​သို့​ကျ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 15:15 ပေ​တ​ရု​က ``ထို​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ်​တို့​အား ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
MAT 15:16 ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင်​ယ​ခု​တိုင်​အောင် အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​ရှိ​နေ​ကြ​သေး​သ​လော။-
MAT 15:17 ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​ဟူ​သ​မျှ​သည်​အ​စာ အိမ်​သို့​ရောက်​ပြီး​နောက် အိမ်​သာ​တွင်း​သို့​သက်​ဆင်း သွား​သည်​ကို​သင်​တို့​မ​သိ​ပါ​သ​လော။-
MAT 15:18 ခံ​တွင်း​က​ထွက်​သည့်​အ​ရာ​မူ​ကား​စိတ်​နှ​လုံး ထဲ​မှ​ထွက်​လာ​သော​အ​ရာ​ဖြစ်​၏။ ထို​အ​ရာ​မျိုး သည်​လူ​ကို​ညစ်​ညမ်း​စေ​၏။-
MAT 15:19 လူ့​အ​သက်​ကို​သတ်​ခြင်း၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ မ​မှန်​သော​သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​စ​ရှိ​သည့်​ညစ်​ညမ်း​သည့်​အ​ကြံ အ​စည်​များ​သည်​စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​၏။-
MAT 15:20 ဤ​အ​ရာ​များ​သည်​လူ​ကို​ညစ်​ညမ်း​စေ​ကြ​၏။ လက်​မ​ဆေး​ဘဲ​အ​စား​အ​စာ​စား​ခြင်း​က​လူ ကို​ညစ်​ညမ်း​စေ​သည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
MAT 15:21 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ ၍ တု​ရု​နှင့်​ဇိ​ဒုန်​နယ်​များ​သို့​ကြွ​တော်​မူ​၏။-
MAT 15:22 ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။
MAT 15:23 သို့​ရာ​တွင်​ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား တော်​မ​မူ။ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​အ​နီး သို့​လာ​၍ ``ဤ​အ​မျိုး​သ​မီး​သည်​အ​ကျွန်ုပ်​တို့​၏ နောက်​က​လိုက်​၍​ဟစ်​အော်​နေ​ပါ​သည်။ သူ့​အား နှင်​ပစ်​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
MAT 15:24 ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​သည်​ပျောက်​နေ​သော သိုး​စု​ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​များ​အ​တွက် သာ​လျှင်​လာ​ရောက်​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား တော်​မူ​၏။
MAT 15:25 ထို​အ​ခါ​၎င်း​အ​မျိုး​သ​မီး​သည်​ရှေ့​တော်​သို့​လာ ရောက်​ပျပ်​ဝပ်​လျက် ``အ​ရှင်၊ ကျွန်​မ​ကို​ကူ​မ​တော် မူ​ပါ'' ဟု​လျှောက်​၏။
MAT 15:26 ကိုယ်​တော်​က ``သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​မိန့်​တော်​မူ​လျှင်၊
MAT 15:27 အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်၊ ခွေး​များ​ပင် လျှင်​မိ​မိ​တို့​သ​ခင်​၏​စား​ပွဲ​မှ​ကျ​သည့်​စား​ကြွင်း စား​ကျန်​များ​ကို​စား​ရ​ကြ​ပါ​၏'' ဟု​လျှောက်​၏။
MAT 15:28 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည်​အား​ကြီး​စွ​တ​ကား။ သင် ဆန္ဒ​ရှိ​သည်​အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို အ​ချိန်​မှ​စ​၍​ထို​အ​မျိုး​သ​မီး​၏​သ​မီး​သည် ရော​ဂါ​ပျောက်​လေ​၏။
MAT 15:29 သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ဂါ​လိ လဲ​အိုင်​ကမ်း​ခြေ​တစ်​လျှောက်​ကြွ​တော်​မူ​၏။ ထို နောက်​တောင်​ကုန်း​တစ်​ခု​ပေါ်​သို့​တက်​၍​ထိုင်​တော် မူ​၏။-
MAT 15:30 လူ​ပ​ရိ​သတ်​များ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​များ၊ မျက်​မ​မြင်​များ၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​ဆွံ့​အ သူ​များ​နှင့်​အ​ခြား​ရော​ဂါ​သည်​များ​ကို​ခေါ်​ဆောင် ကာ​ကိုယ်​တော်​၏​ခြေ​တော်​ရင်း​တွင်​ချ​ထား​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​နာ​တို့​၏​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။-
MAT 15:31 ဆွံ့​အ​သူ​များ​စ​ကား​ပြော​ကြ​သည်​ကို​လည်း ကောင်း၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​အ​ကောင်း​ပ​က​တိ ဖြစ်​လာ​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သူ​များ လမ်း​လျှောက်​ကြ​သည်​ကို​လည်း​ကောင်း၊ မျက်​မ​မြင် များ​မျက်​စိ​မြင်​ကြ​သည်​ကို​လည်း​ကောင်း​တွေ့​မြင် ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​လွန်​စွာ အံ့​သြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။
MAT 15:32 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား​အ​ထံ တော်​သို့​ခေါ်​ဆောင်​တော်​မူ​ပြီး​လျှင် ``ဤ​လူ အ​ပေါင်း​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် နေ​ခဲ့​ကြ​၏။ သူ​တို့​မှာ​အ​စား​အ​စာ​မ​ရှိ​ကြ တော့​သ​ဖြင့်​သူ​တို့​ကို​ငါ​သ​နား​၏။ လမ်း​တွင် အား​ပြတ်​မည်​စိုး​ရိမ်​ရ​သ​ဖြင့်​သူ​တို့​အား အ​စား​အ​စာ​မ​ကျွေး​ဘဲ​အိမ်​သို့​မ​ပြန်​စေ လို'' ဟု​မိန့်​တော်​မူ​၏။
MAT 15:33 တ​ပည့်​တော်​တို့​က ``ဤ​မျှ​ကြီး​မား​သည့်​လူ​ပ​ရိ သတ်​စား​လောက်​အောင်​အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သည်​ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​ရ​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​ကြ​လျှင်၊
MAT 15:34 သ​ခင်​ယေ​ရှု​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​သော်၊ ``မုန့်​ခု​နစ်​လုံး​နှင့်​ငါး​အ​နည်း​ငယ်​ရှိ​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။
MAT 15:35 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​ကို​မြေ​ပေါ်​တွင် ထိုင်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
MAT 15:36 မုန့်​ခု​နစ်​လုံး​နှင့်​ငါး​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့် နှင့်​ငါး​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ် တို့​အား​တစ်​ဆင့်​ပေး​ဝေ​ကြ​၏။-
MAT 15:37 လူ​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ စား​ကြွင်း​စား ကျန်​များ​ကို​တောင်း​ကြီး​ခု​နစ်​တောင်း​အ​ပြည့် ကောက်​သိမ်း​ကြ​ရ​၏။-
MAT 15:38 မုန့်​စား​သူ​ဦး​ရေ​ကား​အ​မျိုး​သ​မီး​နှင့်​က​လေး များ​မှ​အ​ပ​လေး​ထောင်​ခန့်​ရှိ​သ​တည်း။
MAT 15:39 ထို​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​မိ​မိ​ရပ်​ရွာ သို့​ပြန်​စေ​တော်​မူ​ပြီး​နောက် လှေ​စီး​၍​မာ​ဂ ဒါ​လ​နယ်​သို့​ကြွ​တော်​မူ​၏။
MAT 16:1 ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​များ​သည်​အ​ထံ​တော် သို့​လာ​၍​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင်​လျက် ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား​စေ​လွှတ် တော်​မူ​ကြောင်း​သိ​နိုင်​ရန်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ'' ဟု​တောင်း​ဆို​ကြ​၏။-
MAT 16:2 ကိုယ်​တော်​က ``နေ​ဝင်​ချိန်​၌​မိုး​တိမ်​နီ​လျှင် ရာ​သီ​ဥ​တု​သာ​ယာ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊-
MAT 16:3 နံ​နက်​ချိန်​၌​မိုး​တိမ်​နီ​၍​အုံ့​မှိုင်း​နေ​လျှင်​မိုး​ရွာ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​သင်​တို့​ပြော​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​ကို​ကြည့်​ခြင်း​အား​ဖြင့် မိုး​လေ​ဝ​သ​၏​အ​ခြေ​အ​နေ​ကို​သိ​နိုင်​ကြ​ပါ လျက် မျက်​မှောက်​ခေတ်​ကာ​လ​၏​အ​ရိပ်​အ​ခြေ​ကို မူ​ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​ပါ​သ​လော။-
MAT 16:4 ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။
MAT 16:5 တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း​သို့​ရောက် ကြ​၏။ သူ​တို့​သည်​အ​စား​အ​စာ​များ​ကို​မ​ယူ ခဲ့​မိ​ကြ။-
MAT 16:6 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ တို့​၏​တ​ဆေး​ကို​သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 16:7 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ လာ​သည့်​အ​တွက်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခြင်း ဖြစ်​သည်​ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက်​နေ​ကြ​၏။
MAT 16:8 ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​အ​စား​အ​စာ​မ​ပါ​သည် ကို​အ​ဘယ်​ကြောင့်​ဆွေး​နွေး​နေ​ကြ​သ​နည်း။-
MAT 16:9 ယုံ​ကြည်​ခြင်း​အား​နည်း​သူ​တို့၊ ယ​ခု​တိုင်​အောင် ပင်​မ​သိ​နား​မ​လည်​နိုင်​ကြ​သ​လော။-
MAT 16:10 မုန့်​ငါး​လုံး​ကို​လူ​ငါး​ထောင်​စား​၍​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​ရ​သည်​ကို​သင်​တို့​သ​တိ​မ​ရ​ကြ​ပါ သ​လော။ မုန့်​ခု​နစ်​လုံး​ကို​လူ​လေး​ထောင်​စား​၍​ဘယ် နှစ်​တောင်း​ကောက်​သိမ်း​ရ​သည်​ကို​လည်း​သ​တိ​မ​ရ ကြ​ပါ​သ​လော။ အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့ အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။-
MAT 16:11 ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​ရှောင်​ကြဉ် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 16:12 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မုန့်​လုပ်​တ​ဆေး ကို​ရှောင်​ကြဉ်​ရန်​မ​ဟုတ်​ဘဲ​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ တို့​၏​သွန်​သင်​ချက်​များ​ကို​မ​လိုက်​နာ​ရန် ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ကြောင်း​နား​လည် ကြ​၏။
MAT 16:13 သ​ခင်​ယေ​ရှု​သည်​ကဲ​သ​ရိ​ဖိ​လိ​ပ္ပိ​နယ်​သို့​ရောက် ရှိ​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​အား ``လူ တို့​သည်​ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ဟု​ပြော​ဆို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
MAT 16:14 ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။
MAT 16:15 ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို​အ​ဘယ်​သူ​ဟု ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
MAT 16:16 ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။
MAT 16:17 သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။-
MAT 16:18 ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။-
MAT 16:19 ငါ​သည်​သင့်​အား​ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့ များ​ကို​ပေး​အပ်​မည်။ လော​က​တွင်​သင်​တား​မြစ် သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​တွင် လည်း​တား​မြစ်​တော်​မူ​မည်။ လော​က​တွင်​သင်​ခွင့် ပြု​သ​မျှ​ကို​ကောင်း​ကင်​ဘုံ​တွင်​လည်း​ခွင့်​ပြု တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 16:20 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​ခ​ရစ်​တော်​ဖြစ်​တော် မူ​ကြောင်း​ကို​အ​ဘယ်​သူ​အား​မျှ​မ​ပြော​ရန်​တပည့် တော်​တို့​အား​ပ​ညတ်​တော်​မူ​၏။
MAT 16:21 သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏​လက် တွင်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ကို​လည်း​ကောင်း၊ သုံး​ရက်​မြောက်​သော​နေ့​၌​သေ ခြင်း​မှ​ထ​မြောက်​တော်​မူ​မည့်​အ​ကြောင်း​ကို လည်း​ကောင်း​တ​ပည့်​တော်​တို့​အား​ထို​အ​ချိန် မှ​စ​၍​ပွင့်​လင်း​စွာ​ဖော်​ပြ​တော်​မူ​၏။
MAT 16:22 ပေ​တ​ရု​သည်​ကိုယ်​တော်​အား​မ​လှမ်း​မ​ကမ်း​နေ​ရာ သို့​ပင့်​ဖိတ်​ပြီး​လျှင် ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင် ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​စေ ရန်​ဘုရား​သ​ခင်​ဆီး​တား​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​သည်​ထို​အ​မှု​အ​ရာ​များ​နှင့် အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်'' ဟု​ပြစ်​တင်​လျှောက်​ထား​၏။
MAT 16:23 ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။
MAT 16:24 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ငါ့​တ​ပည့်​ဖြစ်​လို​သူ သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ် တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့​လိုက်​ရ​မည်။-
MAT 16:25 မိ​မိ​အ​သက်​ကို​ကယ်​လို​သူ​သည်​အ​သက်​ဆုံး​ရှုံး​ရ လိမ့်​မည်။ ငါ​၏​အ​တွက်​အ​သက်​ဆုံး​ရှုံး​ရ​သူ​သည် အ​သက်​ကို​ရ​လိမ့်​မည်။-
MAT 16:26 လူ​သည်​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​သော်​လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ်​အ​ကျိုး​ရှိ မည်​နည်း။ မိ​မိ​၏​အ​သက်​ကို​အ​ဘယ်​အ​ရာ​နှင့် လဲ​လှယ်​နိုင်​မည်​နည်း။-
MAT 16:27 လူ​သား​သည်​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို ဆောင်​လျက်​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လတ္တံ့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့ အား​မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လိမ့်​မည်။-
MAT 16:28 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည် လူ​သား​အား​ဘု​ရင် အ​ဖြစ်​နှင့်​ကြွ​လာ​တော်​မူ​သည်​ကို​မ​မြင်​မီ မ​သေ​ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။
MAT 17:1 ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​၏​ညီ​ယော​ဟန်​တို့​ကို​မြင့်​သော တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ချေ။-
MAT 17:2 သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော်​၏​အ​ဆင်း​သဏ္ဌာန်​တော် သည်​ပြောင်း​လဲ​သွား​၏။ မျက်​နှာ​တော်​သည်​နေ​ကဲ့ သို့​တောက်​ပ​လျက်​အ​ဝတ်​တော်​များ​သည်​လည်း အ​လင်း​ကဲ့​သို့​ဖြူ​လျက်​နေ​၏။-
MAT 17:3 ထို​နောက်​မော​ရှေ​နှင့်​ဧလိယ​ပေါ်​လာ​၍​ကိုယ်​တော် နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​သည်​ကို​တွေ့​မြင် ကြ​၏။-
MAT 17:4 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ရှင့်​အ​တွက်​တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက် တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင်၊ တဲ​သုံး ဆောင်​ကို​အ​ကျွန်ုပ်​ဆောက်​လုပ်​ပါ​မည်'' ဟု​လျှောက် ထား​၏။
MAT 17:5 ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။
MAT 17:6 ထို​အ​သံ​ကို​တ​ပည့်​တော်​တို့​ကြား​သော​အ​ခါ လွန်​စွာ​ကြောက်​လန့်​၍​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-
MAT 17:7 သခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့​ကို လက်​ဖြင့်​တို့​ထိ​ပြီး​လျှင် ``ထ​ကြ။ မ​ကြောက် ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။-
MAT 17:8 သူ​တို့​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​သ​ခင် ယေ​ရှု​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​သူ​ကို​မျှ မ​တွေ့​မ​မြင်​ကြ​တော့​ချေ။
MAT 17:9 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​သ​ခင်​ယေ​ရှု က ``သင်​တို့​တွေ့​မြင်​ခဲ့​ကြ​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပ​ညတ်​တော်​မူ​၏။
MAT 17:10 တ​ပည့်​တော်​တို့​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ ကြွ​လာ​မည်​ဟု​ကျမ်း​တတ်​ဆ​ရာ​တို့​အ​ဘယ် ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား​မေး လျှောက်​ကြ​၏။
MAT 17:11 ကိုယ်​တော်​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​သည်​ကြွ လာ​၍​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့်​ပြင်​ဆင် ရ​မည်​ကား​မှန်​၏။-
MAT 17:12 သင်​တို့​အား​ငါ​ဆို​သည်​ကား​ဧ​လိ​ယ​သည်​ကြွ လာ​ခဲ့​ပြီ။ သို့​ရာ​တွင်​လူ​တို့​သည်​သူ့​ကို​မ​သိ​ကြ သ​ဖြင့်​သူ့​အား​မိ​မိ​တို့​ပြု​လို​ရာ​ပြု​ခဲ့​ကြ​လေ ပြီ။ ထို​နည်း​တူ​ပင်​လူ​သား​သည်​လည်း​ထို​သူ​တို့ ၏​လက်​တွင်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
MAT 17:13 ထို​အ​ခါ​မှ​တ​ပည့်​တော်​တို့​သည်​ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ကို​ရည်​မှတ်​၍​ကိုယ်​တော်​မိန့်​တော်​မူ ကြောင်း​နား​လည်​လာ​ကြ​လေ​သည်။
MAT 17:14 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ပ​ရိ​သတ်​ရှိ​ရာ သို့​ရောက်​ကြ​လျှင် လူ​တစ်​ယောက်​သည်​ရှေ့​တော်​သို့ လာ​ရောက်​ဒူး​ထောက်​လျက်၊-
MAT 17:15 ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​ကို​သ​နား​တော်​မူ​ပါ။ သူ သည်​ဝက်​ရူး​နာ​စွဲ​၍​မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့ ဖြစ်​စေ​မ​ကြာ​ခဏ​လဲ​ကျ​တတ်​ပါ​၏။-
MAT 17:16 သူ့​အား​အ​ရှင်​၏​တ​ပည့်​များ​ထံ​သို့​ခေါ်​ဆောင်​ခဲ့ သော်​လည်း​သူ​တို့​သည်​ရော​ဂါ​ပျောက်​အောင်​မ​ကု နိုင်​ကြ​ပါ'' ဟု​လျှောက်​၏။
MAT 17:17 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​၍ လွန်​စွာ​ဖောက်​ပြန်​ကြ​ပါ​တ​ကား။ ငါ​သည်​သင်​တို့​နှင့် မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင် သင်​တို့​အား​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
MAT 17:18 သ​ခင်​ယေ​ရှု​သည်​နတ်​မိစ္ဆာ​အား​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​လျှင် နတ်​မိစ္ဆာ​သည်​သူ​ငယ်​ထံ​မှ ထွက်​ခွာ​သွား​လေ​သည်။ ချက်​ချင်း​ပင်​သူ​ငယ်​သည် ကျန်း​မာ​လာ​၏။
MAT 17:19 ထို​နောက်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​တစ် ကိုယ်​တည်း​ရှိ​တော်​မူ​သော​အ​ခါ အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ``အ​ကျွန်ုပ်​တို့​သည်​ထို​နတ်​ကို​အ​ဘယ် ကြောင့်​နှင်​ထုတ်​၍​မ​ရ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။
MAT 17:20 ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။-
MAT 17:21 (ဤ​နတ်​မျိုး​ကို​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် နည်း​ဖြင့်​မျှ​နှင်​ထုတ်​၍​မ​ရ)'' ဟု​မိန့်​တော်​မူ​၏။
MAT 17:22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​လိ​လဲ​ပြည် တွင်​လှည့်​လည်​နေ​ကြ​စဉ်​သ​ခင်​ယေ​ရှု​က ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။-
MAT 17:23 သူ့​ကို​သတ်​ကြ​လိမ့်​မည်။ ထို​နောက်​သုံး​ရက်​မြောက် သော​နေ့​တွင်​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လွန်​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​ကြ​ကုန်​၏။
MAT 17:24 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ​နောင်​မြို့ သို့​ရောက်​ကြ​သော​အ​ခါ​ဗိ​မာန်​တော်​အ​တွက်​အ​ခွန် ကောက်​ခံ​သူ​များ​သည်​လာ​၍​ပေ​တရု​အား ``သင်​၏ ဆ​ရာ​သည်​ဗိ​မာန်​တော်​ခွန်​ပေး​ဆောင်​ပါ​သ​လော'' ဟု​မေး​မြန်း​ကြ​၏။
MAT 17:25 ပေ​တ​ရု​က ``ပေး​ဆောင်​ပါ​သည်'' ဟု​ဆို​၏။ ထို​နောက်​အိမ်​ထဲ​သို့​ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​မ​ပြော​မီ ``ရှိ​မုန်၊ သင် အ​ဘယ်​သို့​ထင်​မြင်​ပါ​သ​နည်း။ လော​ကီ​ဘု​ရင် တို့​သည်​မည်​သူ့​ထံ​မှ​အ​ခွန်​အ​ကောက်​များ​ကို ကောက်​ခံ​ကြ​သ​နည်း။ တိုင်း​ရင်း​သား​များ​ထံ​မှ လော။ နိုင်​ငံ​ခြား​သား​များ​ထံ​မှ​လော'' ဟု မေး​တော်​မူ​၏။
MAT 17:26 ပေ​တ​ရု​က ``နိုင်​ငံ​ခြား​သား​များ​ထံ​မှ​ကောက်​ခံ သည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ထို​သို့​ဖြစ် လျှင်​တိုင်း​ရင်း​သား​တို့​သည်​လွတ်​ငြိမ်း​ခွင့်​ရ ကြ​၏။-
MAT 17:27 သို့​ရာ​တွင်​သူ​တို့​စိတ်​မ​နာ​သွား​စေ​ရန်​သင်​သည် အိုင်​သို့​သွား​၍​ငါး​ကို​မျှား​လော့။ အ​ဦး​မိ​သည့် ငါး​ပါး​စပ်​ကို​ဖွင့်​လော့။ ငွေ​ဒင်္ဂါး​တစ်​ပြား​ကို တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ​၍​သင်​နှင့်​ငါ့​အ​တွက် အ​ခွန်​တော်​ကို​သူ​တို့​အား​ပေး​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။
MAT 18:1 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ တော်​သို့​ချဉ်း​ကပ်​၍ ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​နည်း'' ဟု​မေး လျှောက်​ကြ​၏။
MAT 18:2 ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​ယူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​၏​ရှေ့​တွင် ရပ်​နေ​စေ​တော်​မူ​၏။-
MAT 18:3 ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​စိတ်​ပြောင်း​လဲ ၍​က​လေး​သူ​ငယ်​ကဲ့​သို့​ဖြစ်​မှ​သာ​လျှင်​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်။-
MAT 18:4 ဤ​က​လေး​သူ​ငယ်​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​ကြီး​မြတ်​ဆုံး ဖြစ်​လိမ့်​မည်။-
MAT 18:5 ငါ​၏​နာ​မ​ကို​ထောက်​၍​ဤ​သို့​သော​က​လေး သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​လက်​ခံ​သူ​သည် ငါ့​ကို​လက်​ခံ​၏။
MAT 18:6 ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​သည့်​က​လေး​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ် စေ​သော​သူ​မူ​ကား လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး ကို​ဆွဲ​လျက်​ပင်​လယ်​နက်​ထဲ​သို့​အ​ချ​ခံ​ရ​လျှင် သူ့​အ​ဖို့​သာ​၍​ကောင်း​၏။-
MAT 18:7 လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။
MAT 18:8 ``သင်​၏​ခြေ​သော်​လည်း​ကောင်း၊ လက်​သော်​လည်း ကောင်း​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​လျှင် ထို​ခြေ​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ ထာ​ဝ​ရ​မီး ထဲ​သို့​ခြေ​လက်​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​ကိုယ် အင်္ဂါ​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက်​ရ​ခြင်း​က သာ​၍​ကောင်း​၏။-
MAT 18:9 သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ င​ရဲ​မီး ထဲ​သို့​မျက်​စိ​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​မျက်​စိ တစ်​လုံး​ချို့​တဲ့​လျက် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း က​သာ​၍​ကောင်း​၏။
MAT 18:10 ``သင်​တို့​သည်​အ​ဘယ်​က​လေး​သူ​ငယ်​ကို​မျှ အ​ထင်​အ​မြင်​မ​သေး​မိ​စေ​ရန်​သ​တိ​ထား ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ထို​သူ​ငယ် တို့​၏​ကောင်း​ကင်​တ​မန်​များ​သည်​ကောင်း​ကင်​ဘုံ ရှင်​ငါ့​ခ​မည်း​တော်​၏​ရှေ့​တော်​မှောက်​၌​အ​စဉ် မ​ပြတ်​ခ​စား​လျက်​ရှိ​ကြ​၏။-
MAT 18:11 (လူ​သား​သည်​ပျောက်​ဆုံး​သူ​တို့​ကို​ကယ်​တင် ရန်​ကြွ​လာ​ခြင်း​ဖြစ်​၏။)
MAT 18:12 ``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။-
MAT 18:13 ပျောက်​သော​သိုး​ကို​ရှာ​၍​တွေ့​သော​အ​ခါ​မ​ပျောက် သည့်​သိုး​ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက်​ရွှင်​လန်း​ဝမ်း မြောက်​သည်​ထက် ထို​သိုး​အ​တွက်​ပို​၍​ရွှင်​လန်း ဝမ်း​မြောက်​သည်​ဟု​သင်​တို့​အား​အ​မှန်​အ​ကန် ငါ​ဆို​၏။-
MAT 18:14 ထို​နည်း​တူ​စွာ​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ သည်​လည်း ဤ​က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက် ပျောက်​ဆုံး​လမ်း​လွဲ​သွား​သည်​ကို​အ​လို​တော် မ​ရှိ။
MAT 18:15 ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင်​သူ့ အ​ပြစ်​ကို​ဖော်​ပြ​ရန်​သူ့​ထံ​သို့​သွား​လော့။ သို့​ရာ တွင်​သင်​တို့​နှစ်​ယောက်​တည်း​သာ​တွေ့​ဆုံ​၍​ပြော ဆို​လော့။ သင်​၏​စ​ကား​ကို​နား​ထောင်​လျှင်​ထို ညီ​အစ်​ကို​နှင့်​သင်​သည်​ပြန်​၍​သင့်​မြတ်​သွား လေ​ပြီ။-
MAT 18:16 သို့​ရာ​တွင်​သူ​သည်​သင်​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​သင်​၏​စွပ်​စွဲ​ချက်​မှန်​သ​မျှ​အ​တည်​ဖြစ် စေ​ရန် ကျမ်း​စာ​လာ​သည်​အ​တိုင်း​အ​သိ​သက်​သေ နှစ်​ယောက်​သုံး​ယောက်​ကို​ခေါ်​လော့။-
MAT 18:17 အ​ကယ်​၍​သူ​သည်​ထို​သူ​တို့​၏​စ​ကား​ကို​လည်း နား​မ​ထောင်​ပြန်​လျှင်​အ​သင်း​တော်​အား​တိုင်​ကြား လော့။ အ​သင်း​တော်​၏​စ​ကား​ကို​ပင်​နား​မ​ထောင် လျှင်​ထို​သူ​အား​ဘု​ရား​မဲ့​သူ​တစ်​ယောက်၊ သို့ မ​ဟုတ်​အ​ခွန်​ခံ​သူ​တစ်​ယောက်​ကဲ့​သို့​မှတ်​ယူ လော့။
MAT 18:18 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ လော​က​တွင်​သင်​တို့​တား​မြစ်​သ​မျှ​ကို​ဘု​ရား သ​ခင်​သည်​ကောင်း​ကင်​ဘုံ​၌​တား​မြစ်​တော်​မူ လိမ့်​မည်။ လော​က​တွင်​သင်​တို့​ခွင့်​ပြု​သ​မျှ ကို​ကောင်း​ကင်​ဘုံ​၌​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။
MAT 18:19 ``ထို့​ပြင်​အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ လော​က​တွင်​သင်​တို့​အ​နက်​လူ​နှစ်​ယောက် မျှ​စိတ်​တူ​သ​ဘော​တူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏​ခ​မည်း​တော် သည်​သင်​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-
MAT 18:20 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​နှစ်​ယောက်​သုံး​ယောက် တို့​သည်​ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​စု​ဝေး​လျှင် စု ဝေး​ရာ​တွင်​သူ​တို့​နှင့်​အ​တူ​ငါ​ရှိ​မည်​ဖြစ် သော​ကြောင့်​တည်း။
MAT 18:21 ထို​နောက်​ပေ​တ​ရု​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား​လျှင်​သူ့​အား​အ​ကြိမ်​မည် မျှ​အ​ပြစ်​ဖြေ​လွှတ်​ရ​ပါ​မည်​နည်း။ ခု​နစ်​ကြိမ် တိုင်​အောင်​ဖြေ​လွှတ်​ရ​ပါ​မည်​လော'' ဟု​မေး လျှောက်​၏။
MAT 18:22 သ​ခင်​ယေ​ရှု​က ``ခု​နစ်​ကြိမ်​တိုင်​အောင်​ဖြေ​လွှတ်​ရ မည်​ဟု​သင့်​အား​ငါ​မ​ဆို။ အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​တိုင်​အောင်​ဖြေ​လွှတ်​ရ​မည်​ဟု​ငါ​ဆို​၏။-
MAT 18:23 သို့​ဖြစ်​၍​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မိ​မိ​၏​ကျွန် များ​နှင့်​စာ​ရင်း​ရှင်း​လို​သည့်​ဘု​ရင်​တစ်​ပါး ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။-
MAT 18:24 သူ​သည်​စာ​ရင်း​စ​၍​ရှင်း​သော​အ​ခါ​ငွေ​သန်း​ပေါင်း များ​စွာ​ကြွေး​တင်​သူ​လူ​တစ်​ယောက်​ကို​ခေါ်​စေ​၏။-
MAT 18:25 ထို​သူ​သည်​ထို​အ​ကြွေး​ကို​ပေး​ဆပ်​နိုင်​စွမ်း​မ​ရှိ သ​ဖြင့်​မင်း​ကြီး​က​ထို​သူ​နှင့်​တ​ကွ​သား​မ​ယား၊ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ရောင်း​၍​ပေး​ဆပ်​စေ ရန်​အ​မိန့်​ချ​မှတ်​တော်​မူ​၏။-
MAT 18:26 သို့​ဖြစ်​၍​ထို​သူ​သည်​မင်း​ကြီး​၏​ရှေ့​တွင်​ဝပ်​တွား လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ​တော်​မူ​ပါ။ အ​ကြွေး များ​ပြေ​လည်​အောင်​ပေး​ဆပ်​ပါ​မည်' ဟု​လျှောက်​၏။-
MAT 18:27 မင်း​ကြီး​သည်​သူ့​ကို​သ​နား​သ​ဖြင့်​အ​ကြွေး​များ ကို​စာ​ရင်း​မှ​ပယ်​ဖျက်​ပြီး​လျှင်​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​လိုက်​၏။''
MAT 18:28 ``သို့​ရာ​တွင်​သူ​သည်​ထွက်​သွား​သော​အ​ခါ​မိ​မိ အား​အ​ကြွေး​ငွေ​တစ်​ရာ​ပေး​ဆပ်​ရန်​ရှိ​သူ​ကျွန်​ချင်း တစ်​ယောက်​ကို​တွေ့​လျှင် ထို​ကျွန်​၏​လည်​ကို​ကိုင်​ညှစ် ၍ `သင်​ပေး​ဆပ်​ရန်​ရှိ​သော​အ​ကြွေး​ကို​ပေး​ဆပ် လော့'' ဟု​ဆို​၏။-
MAT 18:29 ထို​ကျွန်​သည်​ဒူး​ထောက်​လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ ပါ။ အ​ကြွေး​ရှိ​သ​မျှ​ကို​ပေး​ဆပ်​ပါ​မည်' ဟု​တောင်း ပန်​၏။-
MAT 18:30 သို့​ရာ​တွင်​ကြွေး​ရှင်​သည်​နား​မ​ထောင်​ဘဲ​မိ​မိ​၏ အ​ကြွေး​ကို​ပြေ​လည်​အောင်​မ​ပေး​မ​ဆပ်​မ​ချင်း ထို​ကျွန်​ကို​အ​ကျဉ်း​ချ​ထား​လေ​သည်။-
MAT 18:31 ထို​အ​ခြင်း​အ​ရာ​ကို​အ​ခြား​သော​ကျွန်​ချင်း​တို့ သိ​မြင်​လျှင်​လွန်​စွာ​စိတ်​ဆိုး​၍ မိ​မိ​တို့​၏​အ​ရှင် ထံ​သို့​သွား​ပြီး​လျှင်​ဖြစ်​ပျက်​သ​မျှ​တို့​ကို လျှောက်​ထား​ကြ​၏။-
MAT 18:32 ထို​အ​ခါ​မင်း​ကြီး​သည်​ထို​ကျွန်​ကို​ခေါ်​၍`ဟယ် ကျွန်​ယုတ်၊ သင်​ငါ့​ကို​တောင်း​ပန်​သော​အ​ခါ​သင် ပေး​ဆပ်​ရန်​အ​ကြွေး​ရှိ​သ​မျှ​ကို​ငါ​ပယ်​ဖျက် ခဲ့​၏။-
MAT 18:33 သင့်​ကို​ငါ​သ​နား​သ​ကဲ့​သို့​သင်​သည်​လည်း ကျွန်​ချင်း​ကို​မ​သ​နား​အပ်​သ​လော' ဟု​ဆို​၏။-
MAT 18:34 မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ထို​ကျွန်​ကို​အ​ကြွေး မ​ကျေ​မ​ချင်း​အ​ကျဉ်း​ချ​ထား​လေ​၏။''
MAT 18:35 ထို​နောက်​သ​ခင်​ယေ​ရှု​က​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​တစ်​ယောက်​၏​အ​ပြစ်​ကို​တစ်​ယောက် အ​မှန်​တ​ကယ်​မ​ဖြေ​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ ရှင်​ငါ​၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။
MAT 19:1 သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး​သော အ​ခါ​ဂါ​လိ​လဲ​ပြည်​မှ​ထွက်​ခွာ​တော်​မူ​၍ ယော်​ဒန် မြစ်​တစ်​ဖက်​ကမ်း​ယု​ဒ​ပြည်​သို့​ရောက်​တော်​မူ​၏။-
MAT 19:2 လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​သူ​နာ​များ​ကို ကျန်း​မာ​စေ​တော်​မူ​၏။
MAT 19:3 ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``လူ တစ်​စုံ​တစ်​ယောက်​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် မ​ဆို မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။
MAT 19:4 ကိုယ်​တော်​က ``ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင်​လျှင်​ယောကျာ်း​နှင့်​မိန်းမ​ကို ဖန်​ဆင်း​တော်​မူ​၏။ ဟူ​သော​ကျမ်း​စ​ကား​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-
MAT 19:5 `ဘု​ရား​သ​ခင်​က​ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း သည် ကိုယ့်​မိ​ဘ​ကို​စွန့်​၍​မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​ရ​လိမ့်​မည်။ ထို​သူ​နှစ်​ဦး​သည်​တစ်​သား တည်း​ဖြစ်​ရ​ကြ​လိမ့်​မည်။-
MAT 19:6 သို့​ဖြစ်​၍​သူ​တို့​သည်​နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း ဖြစ်​၏။' `ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ ခွာ​စေ​နှင့်' ဟု​မိန့်​တော်​မူ​၏။
MAT 19:7 ဖာ​ရိ​ရှဲ​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ​အ​ဘယ်​ကြောင့် မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန်​မော​ရှေ​ပ​ညတ် ခဲ့​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
MAT 19:8 ကိုယ်​တော်​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ​များ ဖြစ်​သော​ကြောင့်​မော​ရှေ​သည်​သင်​တို့​အား​မ​ယား နှင့်​ကွာ​ရှင်း​ခွင့်​ပေး​ခဲ့​ခြင်း​ဖြစ်​၏။ အ​စ​မူ​လ​က ဤ​ခွင့်​ပြု​ချက်​မ​ရှိ။-
MAT 19:9 သင်​တို့​အား​ငါ​ဆို​သည်​ကား​မိ​မိ​၏​ဇ​နီး​အား အ​ကျင့်​ဖောက်​ပြား​သည့်​အ​ပြစ်​မှ​တစ်​ပါး​အ​ခြား မည်​သည့်​အ​ပြစ်​ကြောင့်​မ​ဆို ကွာ​ရှင်း​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သူ သည်​မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏'' ဟု မိန့်​တော်​မူ​သည်။
MAT 19:10 တ​ပည့်​တော်​တို့​က ``ဇ​နီး​ခင်​ပွန်း​ပေါင်း​သင်း ဆက်​ဆံ​မှု​သည်​ဤ​သို့​ဖြစ်​ပါ​လျှင်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​သည်​က​ပို​၍​ကောင်း​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။
MAT 19:11 ကိုယ်​တော်​က ``လူ​တိုင်း​အိမ်​ထောင်​မ​ပြု​ဘဲ​နေ​နိုင် သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ခွင့်​ပြု​သူ​များ​သာ လျှင်​နေ​နိုင်​ကြ​၏။ လူ​တို့​အိမ်​ထောင်​မ​ပြု​နိုင်​ကြ သည်​မှာ​အ​ကြောင်း​အ​မျိုး​မျိုး​ကြောင့်​ဖြစ်​၏။-
MAT 19:12 အ​ချို့​သော​သူ​တို့​တွင်​မွေး​စ​က​ပင်​အိမ်​ထောင် ပြု​နိုင်​ရန်​စွမ်း​ရည်​မ​ပါ​မ​ရှိ​ကြ။ အ​ချို့​တို့​မှာ လူ​တို့​က​ထို​စွမ်း​ရည်​ကို​ဖျက်​ဆီး​ပစ်​လိုက်​သော ကြောင့်​အိမ်​ထောင်​ပြု​၍​မ​ရ​ကြ။ အ​ချို့​မှာ​မူ ကောင်း​ကင်​နိုင်​ငံ​တော်​၏​အ​ကျိုး​ကို​ထောက်​၍ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ကြ​၏။ အိမ်​ထောင်​မ​ပြု ဘဲ​နေ​နိုင်​သူ​သည်​အိမ်​ထောင်​မ​ပြု​စေ​နှင့်'' ဟု မိန့်​တော်​မူ​၏။
MAT 19:13 လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် ကိုယ်​တော်​၏​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။-
MAT 19:14 သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​ကို အ​ပြစ်​တင်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``က​လေး သူ​ငယ်​တို့​ငါ့​ထံ​လာ​ကြ​ပါ​စေ။ မ​ဆီး​တား ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
MAT 19:15 ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​ပြီး နောက်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော်​မူ​၏။
MAT 19:16 လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ တော်၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ကျွန်ုပ် သည်​အ​ဘယ်​ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ရ ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။
MAT 19:17 ကိုယ်​တော်​က ``သင်​သည်​ကောင်း​မြတ်​သည့်​အ​မှု နှင့်​ပတ်​သက်​၍​ငါ့​အား​အ​ဘယ်​ကြောင့်​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​၏။ သင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​လို​လျှင်​ပညတ်​တော် တို့​ကို​စောင့်​ထိန်း​လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 19:18 ထို​သူ​က ``အ​ဘယ်​ပ​ညတ်​များ​ပါ​နည်း'' ဟု​လျှောက် လျှင်​ကိုယ်​တော်​က ``လူ့​အ​သက်​ကို​မသတ်​နှင့်။ သူ့​အိမ် ရာ​ကို​မ​ပြစ်​မှား​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။-
MAT 19:19 မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ အိမ်​နီး​ချင်း​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 19:20 ထို​လူ​ငယ်​က​လည်း ``အ​ကျွန်ုပ်​သည်​ထို​ပညတ် အ​ပေါင်း​ကို​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​စောင့်​ထိန်း ခဲ့​ပါ​ပြီ။ အ​ကျွန်ုပ်​တွင်​အ​ဘယ်​အ​ရာ​လို​နေ​ပါ သေး​သ​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
MAT 19:21 သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​လို​လျှင်​သွား​လော့၊ သင့်​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​ပြီး လျှင်​ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ သို့​ပြု​လျှင်​သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ လိမ့်​မည်။ ထို​သို့​စွန့်​ကြဲ​ပြီး​မှ​ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 19:22 သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက်​ထွက်​ခွာ​သွား​လေ​၏။
MAT 19:23 သ​ခင်​ယေ​ရှု​က​လည်း ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား၊ ဥစ္စာ​ကြွယ်​ဝ​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​နိုင်​ရန်​ခဲ​ယဉ်း​လှ​၏။-
MAT 19:24 တစ်​ဖန်​ငါ​ဆို​သည်​ကား၊ အပ်​န​ဖား​ကို​ကု​လား​အုတ် လျှို​ဝင်​ရန်​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​ခဲ​ယဉ်း​လှ​၏'' ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။
MAT 19:25 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​ကြား လျှင်​လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို​ရ​နိုင်​ပါ​မည် နည်း'' ဟု​မေး​လျှောက်​ကြ​၏။
MAT 19:26 သ​ခင်​ယေ​ရှု​သည် သူ​တို့​ကို​စိုက်​ကြည့်​တော်​မူ လျက် ``လူ​သည်​မိ​မိ​ကိုယ်​ကို​ကယ်​တင်​ရန်​မ​တတ် နိုင်။ ဘု​ရား​သ​ခင်​မူ​ကား အ​ရာ​ခပ်​သိမ်း​ကို​တတ် နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
MAT 19:27 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​သော​အ​ရာ​တို့​ကို​စွန့်​ပစ်​၍​ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ဘယ် အ​ကျိုး​ကို​ခံ​စား​ရ​ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။
MAT 19:28 သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-
MAT 19:29 ထို​မှ​တစ်​ပါး​ငါ့​အ​တွက်​ကြောင့်​အိမ်၊ မြေ၊ ညီ အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​အ​နက် တစ်​စုံ​တစ်​ယောက်​ကို​စွန့်​သော​သူ​သည်​မိ​မိ​စွန့် သည်​ထက်​အ​ဆ​တစ်​ရာ​မျှ​အ​ကျိုး​ကို​ပြန် လည်​ရ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​အ​သက်​ကို​လည်း ရ​လိမ့်​မည်။-
MAT 19:30 သို့​ရာ​တွင်​အ​မြင့်​ဆုံး​သို့​ရောက်​နေ​သူ​အ​များ သည်​အ​နိမ့်​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ အ​နိမ့် ဆုံး​သို့​ရောက်​နေ​သူ​အ​များ​သည်​အ​မြင့်​ဆုံး သို့​ရောက်​ကြ​လိမ့်​မည်။
MAT 20:1 ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​စ​ပျစ်​ဥ​ယျာဉ်​ပိုင် ရှင်​တစ်​ဦး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့် တူ​၏။ သူ​သည်​အ​လုပ်​သ​မား​များ​ငှား​ရန်​နံ​နက် စော​စော​ထွက်​သွား​၏။-
MAT 20:2 အ​လုပ်​သ​မား​တို့​အား​ပေး​နေ​ကျ​နေ့​စား​ခ၊ ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​ငှား​ရန်​သ​ဘော​တူ သ​ဖြင့်​သူ​တို့​အား​စ​ပျစ်​ဥ​ယျာဉ်​သို့​စေ​လွှတ် လိုက်​၏။-
MAT 20:3 နံ​နက်​ကိုး​နာ​ရီ​ခန့်​၌​သူ​သည်​စျေး​ရပ်​ကွက် သို့​ထွက်​လာ​ရာ​အ​ခြား​သော​သူ​များ​အ​လုပ် မဲ့​ရပ်​နေ​သည်​ကို​တွေ့​၏။-
MAT 20:4 ထို​အ​ခါ​သူ​တို့​အား `သင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် သို့​သွား​၍​အ​လုပ်​လုပ်​ကြ။ ထိုက်​သင့်​သော​လုပ် အား​ခ​ကို​ငါ​ပေး​မည်' ဟု​ဆို​၏။-
MAT 20:5 ထို​သူ​တို့​သည်​သွား​ကြ​၏။ သူ​သည်​မွန်း​တည့်​ချိန် ၌​လည်း​ကောင်း၊ မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​၌​လည်း ကောင်း​ထို​နည်း​တူ​စျေး​ရပ်​ကွက်​သို့​သွား​၍​အ​လုပ် သ​မား​များ​ကို​ငှား​၏။-
MAT 20:6 ည​နေ​ငါး​နာ​ရီ​ခန့်​၌​တစ်​ဖန်​သွား​ပြန်​သော​အ​ခါ အ​ခြား​သော​သူ​တို့​ရပ်​လျက်​နေ​သည်​ကို​တွေ့ သ​ဖြင့်`သင်​တို့​အ​ဘယ်​ကြောင့်​တစ်​နေ့​လုံး​အ​လုပ် မ​လုပ်​ဘဲ​ဤ​နေ​ရာ​တွင်​ရပ်​နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။-
MAT 20:7 ထို​သူ​တို့​က `အ​ကျွန်ုပ်​တို့​အား​မည်​သူ​မျှ​မ​ငှား သော​ကြောင့်​ဖြစ်​ပါ​သည်' ဟု​ပြန်​ပြော​ကြ​၏။ ထို အ​ခါ​ဥ​ယျာဉ်​ရှင်​က `သင်​တို့​လည်း​စ​ပျစ်​ဥ​ယျာဉ် သို့​သွား​၍​အ​လုပ်​လုပ်​ကြ' ဟု​ဆို​၏။''
MAT 20:8 ``ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​ဥ​ယျာဉ်​ရှင်​သည် မိ​မိ​၏​စီ​မံ​ခန့်​ခွဲ​ရေး​မှူး​အား `အ​လုပ်​သ​မား​များ ကို​ခေါ်​လော့။ နောက်​ဆုံး​အ​လုပ်​ဝင်​သူ​များ​မှ​အ​စ​ပြု ၍​ပ​ထ​မ​ဆုံး​အ​လုပ်​ဝင်​သူ​များ​တိုင်​အောင်​လုပ် အား​ခ​များ​ကို​ပေး​လော့' ဟု​ဆို​၏။-
MAT 20:9 မန်​နေ​ဂျာ​သည်​ည​နေ​ငါး​နာ​ရီ​ခန့်​ကျ​မှ​ငှား​သည့် အ​လုပ်​သ​မား​များ​အား​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​စီ ပေး​၏။-
MAT 20:10 ပ​ထ​မ​ဆုံး​ငှား​သည့်​အ​လုပ်​သ​မား​များ​အ​လှည့် ကျ​သော​အ​ခါ သူ​တို့​သည်​အ​ခြား​သူ​များ​ထက် ပို​၍​ရ​မည်​ဟု​ထင်​မှတ်​ကြ​၏။-
MAT 20:11 သို့​ရာ​တွင်​သူ​တို့​သည်​လည်း​ဒေ​နာ​ရိ​ဒင်္ဂါး​တစ် ပြား​စီ​ပင်​ရ​ရှိ​ကြ​သ​ဖြင့်၊-
MAT 20:12 `ဤ​သူ​တို့​ကား​တစ်​နာ​ရီ​မျှ​သာ​အ​လုပ်​လုပ်​ကြ ရ​၏။ အ​ကျွန်ုပ်​တို့​မှာ​မူ​တစ်​နေ​ကုန်​နေ​ပူ​ကြဲ​ကြဲ တွင်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ကြ​ရ​ပါ​၏။ သို့​ပါ​လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​ထို​သူ​တို့​နှင့်​ညီ တူ​မျှ​တူ​လုပ်​အား​ခ​ပေး​ပါ​သည်​တ​ကား' ဟု အ​လုပ်​ရှင်​အား​ညည်း​ညူ​ကြ​၏။-
MAT 20:13 ဥ​ယျာဉ်​ရှင်​က​မိ​မိ​ပထမ​ဆုံး​ငှား​ရမ်း​သည့်​အ​လုပ် သ​မား​များ​အ​နက်​တစ်​ယောက်​အား `အ​ဆွေ၊ ငါ သည်​သင့်​ကို​မ​တ​ရား​ပြု​သည်​မ​ဟုတ်။ သင်​သည် တစ်​နေ့​လျှင်​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​အ​လုပ် လုပ်​ရန်​သ​ဘော​တူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။-
MAT 20:14 သင်​၏​လုပ်​အား​ခ​ကို​ယူ​၍​သွား​ပါ​လေ။ နောက် ဆုံး​ငှား​သည့်​ဤ​အ​လုပ်​သ​မား​အား​သင့်​ကို​ပေး သ​ကဲ့​သို့​ငါ​ပေး​လို​၏။-
MAT 20:15 ငါ​ပိုင်​သည့်​ငွေ​ကို​ငါ​အ​လို​ရှိ​သည့်​အ​တိုင်း​မ​သုံး စွဲ​အပ်​ပါ​သ​လော။ ငါ​ရက်​ရော​သော​ကြောင့်​သင် မ​နာ​လို​ဝန်​တို​စိတ်​ရှိ​သ​လော' ဟု​ဆို​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။
MAT 20:16 ထို​နောက်​ကိုယ်​တော်​က ``သို့​ဖြစ်​၍​အ​နိမ့်​ဆုံး​သို့ ရောက်​သူ​များ​သည်​အ​မြင့်​ဆုံး​သို့​ရောက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 20:17 သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​တော် မူ​စဉ်​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို​မ​လှမ်း မ​ကမ်း​သို့​သီး​ခြား​ခေါ်​တော်​မူ​ပြီး​လျှင်၊-
MAT 20:18 ``နား​ထောင်​လော့။ ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​ပြု​လျက်​ရှိ​၏။ ထို​မြို့​တွင်​လူ​သား​သည်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ ၏​လက်​သို့​အပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သူ​တို့ သည်​လူ​သား​အား​သေ​ဒဏ်​စီ​ရင်​ကာ၊-
MAT 20:19 လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ လူ မျိုး​ခြား​တို့​သည်​လည်း​လူ​သား​ကို​ပြောင်​လှောင် ပြီး​လျှင် ကြိမ်​ဒဏ်​ပေး​ကာ​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​မြောက် သော​နေ့​၌​လူ​သား​သည်​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 20:20 ထို​နောက်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​မိ​ခင်​သည်​သား များ​နှင့်​အ​တူ​ကိုယ်​တော်​ထံ​ပန်​ကြား​လျှောက်​ထား ရန်​ချဉ်း​ကပ်​ပျပ်​ဝပ်​၏။
MAT 20:21 ကိုယ်​တော်​က ``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ``ကိုယ်​တော်​သည်​ဘု​ရင်​အ​ဖြစ်​အုပ်​စိုး​တော်​မူ သော​အ​ခါ ကျွန်​မ​၏​သား​နှစ်​ယောက်​အား​အ​ရှင် ၏​လက်​ယာ​ရံ​နှင့်​လက်​ဝဲ​ရံ​ခန့်​ထား​တော်​မူ​ပါ'' ဟု​ပန်​ကြား​၏။
MAT 20:22 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို ပန်​ကြား​နေ​သည်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​သောက် ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​သင်​တို့​သောက်​နိုင်​ကြ သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။
MAT 20:23 ကိုယ်​တော်​က ``သင်​တို့​သည်​ငါ​၏​ခွက်​မှ​အ​မှန်​ပင် သောက်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ နှင့်​လက်​ဝဲ​ရံ​အ​ဖြစ်​ကို​မူ​ငါ​မ​ပေး​ပိုင်။ ဤ​အ​ခွင့် အ​ရေး​များ​သည်​ငါ့​ခ​မည်း​တော်​စီ​မံ​ပြင်​ဆင်​ထား သူ​များ​အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
MAT 20:24 ဤ​အ​ကြောင်း​အ​ရာ​ကို​တ​ပည့်​တော်​ဆယ်​ဦး​တို့ ကြား​လျှင် ထို​ညီ​အစ်​ကို​နှစ်​ယောက်​ကို​စိတ်​ဆိုး ကြ​၏။-
MAT 20:25 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည်​ပြည် သူ​တို့​အ​ပေါ်​ဝယ် တန်​ခိုး​အာ​ဏာ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ပြည်​သူ့​ခေါင်း​ဆောင်​များ​သည်​လည်း ပြည်​သူ​တို့​အား အ​စိုး​တ​ရ​ပြု​တတ်​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။-
MAT 20:26 သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည်​သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-
MAT 20:27 အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​သင်​တို့​၏​ကျွန် ဖြစ်​ရ​မည်။-
MAT 20:28 လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏​အ​စေ​ကို ခံ​ရန်​နှင့် မိ​မိ​အ​သက်​ကို​စွန့်​၍​လူ​များ​အား ရွေး​နုတ်​ရန်​ကြွ​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ ၏။
MAT 20:29 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​က​လိုက်​ကြ​၏။-
MAT 20:30 သ​ခင်​ယေ​ရှု​ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း အ​နီး​တွင်​ထိုင်​နေ​သော​မျက်​မ​မြင်​နှစ်​ယောက်​တို့ ကြား​သိ​သော​အ​ခါ ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော် ကြ​၏။
MAT 20:31 လူ​ပ​ရိ​သတ်​တို့​က​သူ​တို့​အား​ဆိတ်​ဆိတ်​နေ ရန်​ငေါက်​ငန်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​တို့ သည် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​သာ​၍​ပင်​ဟစ်​အော်​ကြ​၏။
MAT 20:32 သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​၍​ထို​သူ​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``သင် တို့​အ​တွက်​အ​ဘယ်​အ​ရာ​ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။
MAT 20:33 သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​မျက်​စိ​ပြန်​၍ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
MAT 20:34 သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​သ​နား​တော်​မူ​သ​ဖြင့် သူ​တို့​၏​မျက်​စိ​ကို​လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​၏။ သူ​တို့​သည်​မျက်​စိ​အ​လင်း​ကို​ချက်​ချင်း​ပြန်​လည် ရ​ရှိ​၍​နောက်​တော်​သို့​လိုက်​ကြ​၏။
MAT 21:1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ချဉ်း​ကပ်​လာ​သ​ဖြင့် သံ​လွင်​တောင်​အ​နီး ရှိ​ဗက်​ဖာ​ဂေ​ရွာ​သို့​ရောက်​ကြ​၏။ သ​ခင်​ယေ​ရှု သည်​တ​ပည့်​တော်​နှစ်​ယောက်​အား၊-
MAT 21:2 ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ။ မြည်း က​လေး​တစ်​ကောင်​နှင့်​အ​တူ​ကြိုး​ဖြင့်​လှန်​ထား သော​မြည်း​မ​တစ်​ကောင်​ကို​တွေ့​ရ​လိမ့်​မည်။ ကြိုး ကို​ဖြေ​၍​မြည်း​များ​ကို​ယူ​ခဲ့​ကြ​လော့။-
MAT 21:3 အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​ဖြေ​သ​နည်း' ဟု​မေး​ခဲ့ သော် `အ​ရှင်​ဘု​ရား​အ​လို​ရှိ​ပါ​သည်' ဟု ဖြေ​ကြား​ကြ​လော့။ ထို​အ​ခါ​သူ​သည်​မြည်း များ​ကို​ချက်​ချင်း​ယူ​ခွင့်​ပြု​လိမ့်​မည်'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။
MAT 21:4 ဤ​အ​ခြင်း​အ​ရာ​ကား ``သင်​တို့​၏​ရှင်​ဘု​ရင်​သည် သင်​တို့​ထံ​သို့​ကြွလာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​နူး​ညံ့​သိမ်​မွေ့​တော်​မူ​သ​ဖြင့် မြည်း​ကို​စီး​တော်​မူ​၏။ ဝန်​ဆောင်​တိ​ရစ္ဆာန်​၏​သား၊မြည်း​က​လေး​ကို​စီး တော်​မူ​၏​ဟု​ဇိ​အုန်​မြို့​အား​ပြော​ကြား​ကြ​လော့'' ဟူ​၍​ပ​ရော​ဖက်​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက်​ခြင်း​ပင်​တည်း။
MAT 21:6 တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင်​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။-
MAT 21:7 သူ​တို့​သည်​မြည်း​မ​နှင့်​မြည်း​က​လေး​ကို​ဆောင် ယူ​ခဲ့​၍ မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လွှမ်း​တင်​ကြ ၏။ ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။-
MAT 21:8 လူ​ပ​ရိ​သတ်​တို့​သည်​လည်း​မိ​မိ​တို့​၏​ဝတ်​လုံ များ​ကို​လမ်း​ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ လူ​အ​ချို့ တို့​သည်​သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​များ ကို​ခုတ်​၍​လမ်း​ပေါ်​မှာ​ခင်း​ကြ​၏။-
MAT 21:9 ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။
MAT 21:10 ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ဝင်​သော​အ​ခါ တစ်​မြို့​လုံး​အုတ်​အုတ်​သဲ​သဲ​ဖြစ်​ပြီး​လျှင် လူ​တို့ က ``ဤ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း ကြ​၏။
MAT 21:11 လူ​ပ​ရိ​သတ်​များ​က ``ဤ​သူ​သည်​ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​သား​ပ​ရော​ဖက်​ယေ​ရှု​ဖြစ် သည်'' ဟု​ဖြေ​ကြား​ကြ​၏။
MAT 21:12 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​ပစ်​တော်​မူ​၏။-
MAT 21:13 ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​အိမ်​တော်​ကို​ဆု တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့ ဟု​ကျမ်း​စာ​လာ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​အိမ် တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ တ​ကား'' ဟု​မိန့်​တော်​မူ​၏။
MAT 21:14 ဗိ​မာန်​တော်​တွင်​မျက်​မ​မြင်​များ​နှင့်​ခြေ​မ​စွမ်း မ​သန်​သူ​များ​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ရော​ဂါ​များ​ကို​ပျောက် ကင်း​စေ​တော်​မူ​၏။-
MAT 21:15 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​မြင်​၍ ``ဒါ​ဝိဒ်​၏​သား​တော် အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​ဗိ​မာန် တော်​ထဲ​တွင်​က​လေး​သူ​ငယ်​တို့​ဟစ်​အော်​နေ သည်​ကို​ကြား​ကြ​သော​အ​ခါ​အ​မျက်​ထွက် လျက်၊-
MAT 21:16 ``ဤ​သူ​ငယ်​တို့​အ​ဘယ်​သို့​ကြွေး​ကြော်​နေ​ကြ သည်​ကို​ကြား​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​ကြား​၏။ `ကိုယ်​တော်​သည် သူ​ငယ်​များ​နှင့်​မိ​ခင်​ရင်​ခွင်​ရှိ​နို့​စို့​များ​အား ချီး​မွမ်း​စေ​ရန်​သင်​ကြား​ပေး​တော်​မူ​ပြီ' ဟူ သော​ကျမ်း​စ​ကား​ကို​သင်​တို့​အ​ဘယ်​အ​ခါ မျှ​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
MAT 21:17 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မြို့​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ​၍​ထို​ည​တည်း​ခို​တော်​မူ​၏။
MAT 21:18 နံ​နက်​စော​စော​မြို့​သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​စဉ် ကိုယ်​တော်​သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-
MAT 21:19 လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။
MAT 21:20 ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သင်္ဘော​သ​ဖန်း​ပင် သည်​အ​ဘယ်​သို့​လျှင်​ချက်​ချင်း​ညှိုး​နွမ်း​ခြောက် သွေ့​သွား​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
MAT 21:21 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​သံ​သ​ယ​ကင်း သော​ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သ​င်္ဘော​သ​ဖန်း​ပင် ကို​ငါ​ပြု​သ​ကဲ့​သို့​ပြု​နိုင်​လိမ့်​မည်။ ထို​မျှ​မ​က ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ်​ထဲ သို့​သက်​ဆင်း​လော့' ဟု​ဆို​လျှင်​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။-
MAT 21:22 သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက် လျှင်​တောင်း​လျှောက်​သ​မျှ​တို့​ကို​ရ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 21:23 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​သို့​ပြန်​လည်​ကြွ​လာ တော်​မူ​၍​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပြီး​လျှင် ``အ​ရှင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့် ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့် အား​အ​ဘယ်​သူ​ပေး​အပ်​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။
MAT 21:24 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​မေး​ခွန်း​တစ်​ခု​ကို ငါ​မေး​မည်။ ထို​မေး​ခွန်း​ကို​သင်​တို့​ဖြေ​ကြား​ကြ ပါ​လျှင် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့် အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ငါ​ပြော​မည်။-
MAT 21:25 ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂလာ​ပေး​သည်​မှာ​ဘု​ရား​သ​ခင်​၏ အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သ​လော။ လူ​တို့​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သည်​ဟု​ငါ​တို့​ဆို​လျှင်​ယော​ဟန် ကို​သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ သ​နည်း​ဟု​မေး​လိမ့်​မည်။-
MAT 21:26 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။-
MAT 21:27 သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို လည်း​သင်​တို့​အား​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။
MAT 21:28 ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-
MAT 21:29 သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။-
MAT 21:30 ဖ​ခင်​သည်​သား​ငယ်​ထံ​သို့​သွား​၍​ရှေး​နည်း​တူ ပြော​၏။ သား​ငယ်​က `ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ် သွား​ပါ​မည်' ဟု​ဆို​၏။-
MAT 21:31 သို့​သော်​လည်း​မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက် တို့​တွင်​အ​ဘယ်​သူ​သည်​ဖ​ခင်​၏​စ​ကား​ကို​နား ထောင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သား​ကြီး​နား​ထောင်​ပါ​သည်'' ဟု ဖြေ​ကြား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား၊ အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ သည်​သင်​တို့​အ​လျင်​ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင် ကြ​လိမ့်​မည်။-
MAT 21:32 ယော​ဟန်​သည်​သင်​တို့​ထံ​လာ​၍​လမ်း​မှန်​ကို​ညွှန်​ပြ သော်​လည်း​သင်​တို့​သည်​သူ့​ကို​မ​ယုံ​ကြည်​ကြ။ သို့ ရာ​တွင်​အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ​မူ ကား​ယုံ​ကြည်​ကြ​၏။ ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ရ​ကြ​သော​အ​ခါ​၌​ပင်​လျှင် သင်​တို့​သည်​စိတ်​ပြောင်း လဲ​၍​ယော​ဟန်​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။''
MAT 21:33 ``အ​ခြား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​နား​ထောင်​ကြ​ဦး လော့။ စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ကို​စိုက်​ပျိုး​သည့်​မြေ ပိုင်​ရှင်​တစ်​ယောက်​ရှိ​၏။ သူ​သည်​ခြံ​ဝင်း​ကာ​၍ စပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​၏။ မျှော်​စင်​တစ်​ခု ကို​လည်း​ဆောက်​လုပ်​၏။ ထို​နောက်​မိ​မိ​၏​ဥ​ယျာဉ် ကို​ခြံ​သ​မား​တို့​အား​သီး​စား​ချ​၍​နိုင်​ငံ​ရပ် ခြား​သို့​ထွက်​သွား​၏။-
MAT 21:34 စ​ပျစ်​သီး​ပေါ်​ချိန်​နီး​ကပ်​လာ​သော​အ​ခါ​မိ​မိ ၏​လုပ်​သား​များ​ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ် ၍ သီး​စား​ခ​စ​ပျစ်​သီး​များ​ကို​တောင်း​ခံ​စေ​၏။-
MAT 21:35 ခြံ​သ​မား​တို့​သည်​လုပ်​သား​များ​ကို​ဖမ်း​၍​ရိုက် သူ​ကို​ရိုက်၊ သတ်​သူ​ကို​သတ်၊ ခဲ​နှင့်​ပေါက်​သူ​ကို ပေါက်​ကြ​၏။-
MAT 21:36 ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​ပ​ထ​မ​အ​ကြိမ်​ထက် လုပ်​သား​များ​ကို​ပို​၍​စေ​လွှတ်​၏။ သို့​ရာ​တွင် ခြံ​သ​မား​တို့​သည်​ထို​လုပ်​သား​များ​ကို​လည်း ရှေး​နည်း​တူ​ပြု​ကြ​ပြန်​၏။-
MAT 21:37 နောက်​ဆုံး​၌​သူ​သည် `ငါ​၏​သား​ကို​မူ​ထို​သူ​တို့ လေး​စား​ကြ​ရာ​၏' ဟု​ဆို​လျက်​မိ​မိ​၏​သား ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ်​၏။-
MAT 21:38 သို့​သော်​ထို​သူ​တို့​သည်​ဥ​ယျာဉ်​ရှင်​၏​သား​ကို မြင်​သော​အ​ခါ `ဤ​သူ​သည်​အ​မွေ​စား​အ​မွေ​ခံ ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​၍​သူ့​အ​မွေ​ဥစ္စာ ကို​ယူ​ကြ​ကုန်​အံ့' ဟု​အ​ချင်း​ချင်း​တိုင်​ပင် ပြီး​နောက်၊-
MAT 21:39 သူ့​ကို​ဖမ်း​ပြီး​ဥ​ယျာဉ်​အ​ပြင်​သို့​ထုတ်​၍ သတ်​ကြ​၏။
MAT 21:40 သို့​ဖြစ်​၍​ဥ​ယျာဉ်​ရှင်​ရောက်​ရှိ​လာ​သော​အ​ခါ ခြံ​သ​မား​တို့​အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
MAT 21:41 လူ​တို့​က ``ဥ​ယျာဉ်​ရှင်​သည်​ထို​ဆိုး​သွမ်း​သော သူ​တို့​ကို​အ​မှန်​ပင်​သတ်​ပစ်​ပါ​လိမ့်​မည်။ ဥ​ယျာဉ် ကို​လည်း​စ​ပျစ်​သီး​ပေါ်​ချိန်​၌​သီး​စား​ခ​မှန်​မှန် ပေး​မည့်​အ​ခြား​ခြံ​သ​မား​တို့​အား​ပေး​အပ်​ပါ လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။
MAT 21:42 သ​ခင်​ယေ​ရှု​က ``တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက်​ဖြစ် လာ​ရ​၏။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' ဟူ​သော​ကျမ်း​စ​ကား​ကို​သင်​တို့​မ​ဖတ်​ဖူး ကြ​သ​လော။
MAT 21:43 ``သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​ကို​သင်​တို့​ထံ​မှ​ရုပ်​သိမ်း​၍ နိုင်​ငံ​တော်​နှင့်​ထိုက်​လျောက်​သည့်​အ​ကျင့်​သီ​လ ရှိ​သော​လူ​မျိုး​အား​ပေး​လိမ့်​မည်။-
MAT 21:44 (ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​ကြေ​မွ ၍​သွား​ပေ​အံ့။ မိ​မိ​၏​အ​ပေါ်​သို့​ထို​ကျောက် အ​ကျ​ခံ​ရ​သူ​သည်​ညက်​ညက်​ကြေ​၍​သွား​ပေ အံ့'') ဟု​မိန့်​တော်​မူ​၏။
MAT 21:45 ကိုယ်​တော်​၏​ပုံ​ဥ​ပ​မာ​များ​ကို​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​ကြောင်း​သိ ကြ​၏။-
MAT 21:46 ထို​ကြောင့်​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် နည်း​လမ်း​ရှာ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ကိုယ်​တော်​အား​ပ​ရော​ဖက်​ဟု​မှတ်​ယူ​ယုံ​ကြည် နေ​သူ​လူ​ပ​ရိ​သတ်​တို့​ကို​ကြောက်​ကြ​၏။
MAT 22:1 သ​ခင်​ယေ​ရှု​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​ထို​သူ တို့​အား​မိန့်​တော်​မူ​ပြန်​၏။-
MAT 22:2 ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​သား တော်​အ​တွက်​မင်္ဂ​လာ​ဆောင်​ဧည့်​ခံ​ပွဲ​ကို​ပြင်​ဆင် ထား​သည့်​ဘု​ရင်​တစ်​ပါး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ် အ​ပျက်​နှင့်​တူ​၏။-
MAT 22:3 မင်း​ကြီး​သည်​ဖိတ်​ကြား​ထား​သူ​များ​ထံ​သို့​မင်း စေ​တို့​ကို​လွှတ်​၍​ခေါ်​ဖိတ်​စေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​မ​လာ​လို​ကြ။-
MAT 22:4 မင်း​ကြီး​က `ငါ​၏​ည​စာ​စား​ပွဲ​အ​သင့်​ရှိ​ပြီ။ နွား အ​စ​ရှိ​သည့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​များ​ကို​လည်း သတ်​ပြီး​ပြီ။ အား​လုံး​အ​ဆင်​သင့်​ရှိ​ပြီ​ဖြစ်​၍ မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ကြွ​ရောက်​ကြ​ပါ' ဟု​ဖိတ် ကြား​ထား​သူ​တို့​အား​ပြော​ကြ​လော့​ဟူ​၍ အ​ခြား​မင်း​စေ​တို့​အား​လွှတ်​တော်​မူ​၏။-
MAT 22:5 သို့​ရာ​တွင်​ဖိတ်​ကြား​ထား​သူ​တို့​သည်​မင်း​စေ တို့​ကို​ဂ​ရု​မ​စိုက်​ဘဲ​တစ်​ယောက်​က​လယ်​တော သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​က​မိ​မိ ကုန်​သွယ်​ရာ​သို့​လည်း​ကောင်း​သွား​ကြ​၏။-
MAT 22:6 ကျန်​သော​သူ​များ​က​မင်း​စေ​တို့​ကို​ဖမ်း​၍ ရိုက်​နှက်​သတ်​ဖြတ်​ကြ​၏။-
MAT 22:7 မင်း​ကြီး​သည်​လွန်​စွာ​အ​မျက်​ထွက်​၍​စစ်​သား များ​ကို​စေ​လွှတ်​ပြီး​လျှင်​ထို​လူ​သတ်​သ​မား တို့​ကို​သုတ်​သင်​စေ​၏။ သူ​တို့​၏​မြို့​ကို​လည်း မီး​ရှို့​စေ​၏။-
MAT 22:8 ထို​နောက်​မင်း​စေ​တို့​ကို​ခေါ်​ပြီး​လျှင်​မင်္ဂ​လာ​ဆောင် ဧည့်​ခံ​ပွဲ​သည်​အ​သင့်​ရှိ​ပြီ​ဖြစ်​သော်​လည်း​ဖိတ် ကြား​ခြင်း​ခံ​ရ​သူ​တို့​သည်​ထို​ပွဲ​နှင့်​မ​ထိုက်​မ​တန် ကြ​သ​ဖြင့်၊-
MAT 22:9 `လမ်း​မ​ကြီး​များ​သို့​သွား​၍​သင်​တို့​တွေ့​ရှိ​သ​မျှ သော​သူ​တို့​ကို​ခေါ်​ဖိတ်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-
MAT 22:10 မင်း​စေ​တို့​သည်​လမ်း​များ​သို့​သွား​၍​တွေ့​ရှိ​သ​မျှ သော​လူ​ဆိုး​လူ​ကောင်း​တို့​ကို​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​မင်္ဂ​လာ​ဆောင်​ပွဲ​ခန်း​မ​သည်​ဧည့်​သည် များ​ဖြင့်​ပြည့်​၍​နေ​လေ​၏။''
MAT 22:11 ``မင်း​ကြီး​သည်​ဧည့်​သည်​များ​ကို​ကြည့်​ရှု​ရန် ကြွ​လာ​သော​အ​ခါ မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ ကို​ဝတ်​ဆင်​မ​ထား​သူ​လူ​တစ်​ယောက်​ကို​မြင် တော်​မူ​သ​ဖြင့် `အ​ဆွေ​သင်​သည်​ပွဲ​ထိုင်​ဝတ်​စုံ ကို​မ​ဝတ်​မ​ဆင်​ဘဲ​အ​ဘယ်​ကြောင့်​လာ​ပါ သ​နည်း' ဟု​မေး​တော်​မူ​၏။-
MAT 22:12 သို့​ရာ​တွင်​ထို​သူ​သည်​မ​ဖြေ​နိုင်​ဘဲ​ရှိ​နေ​၏။-
MAT 22:13 ထို​အ​ခါ​မင်း​ကြီး​က​မင်း​စေ​တို့​အား `ထို​သူ​၏ ခြေ​လက်​တို့​ကို​တုပ်​နှောင်​ပြီး​လျှင်​အ​ပြင်​အ​မှောင် ထဲ​သို့​ထုတ်​လိုက်​ကြ။ ထို​နေ​ရာ​တွင်​သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက် နေ​ရ​လိမ့်​မည်' ဟု​အ​မိန့်​တော်​ရှိ​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။
MAT 22:14 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ဖိတ်​ကြား​ခြင်း​ခံ​ရ သူ​တို့​မှာ​များ​သော်​လည်း​ရွေး​ကောက်​ခြင်း​ခံ​ရ သူ​တို့​ကား​နည်း​၏'' ဟု​မိန့်​တော်​မူ​သည်။
MAT 22:15 ထို​နောက်​ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​ပြီး​လျှင် ကိုယ်​တော်​အား​အ​ဘယ်​သို့​ပ​ရိ​ယာယ်​ဆင်​၍ မေး​မြန်း​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။-
MAT 22:16 သူ​တို့​သည်​မိ​မိ​တို့​၏​တ​ပည့်​များ​ကို​ဟေ​ရုဒ် ၏​ပါ​တီ​ဝင်​အ​ချို့​နှင့်​အ​တူ​အ​ထံ​တော်​သို့ စေ​လွှတ်​ပြီး​လျှင် ``ဆ​ရာ​တော်၊ အ​ရှင်​သည်​သစ္စာ ရှိ​တော်​မူ​၍​ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော်​မူ​ပါ​၏။ လူ တို့​အ​ဘယ်​သို့​ထင်​မြင်​ကြ​သည်​ကို​အ​မှု​မ ထား​ပါ။ လူ့​မျက်​နှာ​ကို​လည်း​ထောက်​တော်​မ​မူ​ပါ။-
MAT 22:17 သို့​ဖြစ်​၍​အ​ရှင်​အ​ဘယ်​သို့​ထင်​မြင်​သည်​ကို အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ။ ရော​မ​ဧ​က​ရာဇ် ဘု​ရင်​အား​အ​ခွန်​ဆက်​အပ်​ပါ​သ​လော၊ မ​ဆက် အပ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
MAT 22:18 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ဆိုး​ညစ် သော​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​သ​ဖြင့် ``ကြောင် သူ​တော်​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ပ​ရိ​ယာယ်​ဆင်​၍​မေး​မြန်း​ကြ​သ​နည်း။-
MAT 22:19 အ​ခွန်​တော်​ပေး​ဆောင်​ရန်​ငွေ​ဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​ဒေ​နာ​ရိ​တစ်​ပြား​ကို​ယူ​ခဲ့​ကြ​၏။-
MAT 22:20 ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည် သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု မေး​တော်​မူ​၏။
MAT 22:21 သူ​တို့​က ``ဧက​ရာဇ်​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​ဘု​ရင်​ကမ္ပည်း လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ဧ​က​ရာဇ်​ဘု​ရင်​ပိုင်​သည့် အ​ရာ​ကို​ဧ​က​ရာဇ်​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သခင် အား​ဆက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 22:22 ထို​သူ​တို့​သည်​ထို​စ​ကား​ကို​ကြား​လျှင်​လွန် စွာ​အံ့​သြ​ကြ​၏။ ထို​နောက်​ကိုယ်​တော်​၏​ထံ​မှ ထွက်​ခွာ​သွား​ကြ​၏။
MAT 22:23 ထို​နေ့​၌​ပင်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​လာ​ကြ​၏။ သူ​တို့​က​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ​ဟု​ခံ​ယူ​ယုံ ကြည်​ကြ​သူ​များ​ဖြစ်​၏။-
MAT 22:24 သူ​တို့​က ``ဆ​ရာ​တော်၊ လူ​တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင်​သူ​၏ မု​ဆိုး​မ​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ မည်။ ရ​သော​သား​သ​မီး​များ​အား​ဖြင့်​အစ်​ကို ၏​အ​မျိုး​ကို​မ​ပြတ်​စေ​ရ​ဟု​မော​ရှေ​မိန့်​မှာ ခဲ့​ပါ​၏။-
MAT 22:25 အကျွန်ုပ်​တို့​တွင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​ပြီး​နောက်​သေ​ဆုံး သွား​ပါ​၏။ သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ဇနီး​ကို ညီ​ဖြစ်​သူ​က​ဆက်​ခံ​ခဲ့​ပါ​၏။-
MAT 22:26 ဒု​တိ​ယ​ညီ၊ တ​တိ​ယ​ညီ​စ​သည်​ဖြင့်​ညီ​အစ်​ကို ခု​နစ်​ယောက်​စ​လုံး​ပင်​ထို​အ​မျိုး​သ​မီး​နှင့်​စုံ ဖက်​ပြီး​နောက်​သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​ကြ ပါ​၏။-
MAT 22:27 နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​ပါ​၏။-
MAT 22:28 သို့​ဖြစ်​၍​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရာ​နေ့​၌ အ​မျိုး​သ​မီး​သည်​ညီ​အစ်​ကို​ခုနစ်​ယောက်​အ​နက် မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ​မည်​နည်း'' ဟု​မေး​လျှောက် ကြ​၏။
MAT 22:29 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ​လွဲ​လျက် နေ​ကြ​၏။-
MAT 22:30 လူ​တို့​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ​သော အ​ခါ​ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ပြီ။ သူ တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ လိမ့်​မည်။-
MAT 22:31 သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​ရှိ​ရ​မည် အ​ကြောင်း​နှင့်​ပတ်​သက်​၍ `ငါ​သည်​အာဗြဟံ​၏ ဘု​ရား၊ ဣဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ပေ​တည်း' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကို​သင်​တို့​မ​ဖတ် ဖူး​ကြ​သ​လော။ ကိုယ်​တော်​သည်​သေ​လွန်​သူ​တို့​၏ ဘု​ရား​မ​ဟုတ်။ ရှင်​နေ​သူ​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု မိန့်​တော်​မူ​၏။
MAT 22:33 ထို​သွန်​သင်​ချက်​ကို​လူ​ပ​ရိ​သတ်​တို့​ကြား​သော အ​ခါ​အံ့​သြ​ကြ​၏။
MAT 22:34 ဇဒ္ဒု​ကဲ​တို့​မ​ချေ​ပ​နိုင်​အောင်​ဤ​သို့​သခင်​ယေရှု ဖြေ​ကြား​တော်​မူ​လိုက်​ကြောင်း​ကို​ဖာ​ရိ​ရှဲ​တို့ ကြား​လျှင်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။-
MAT 22:35 သူ​တို့​အ​ထဲ​မှ​ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက် က ``ဆ​ရာ​တော်၊ ပ​ညတ်​ကျမ်း​မှာ​အ​ဘယ်​ပ​ညတ် သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​ပ​ရိ ယာယ်​ဆင်​၍​မေး​လျှောက်​လေ​၏။-
MAT 22:37 ကိုယ်​တော်​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​ရ​မည်​ဟူ​သော​ပညတ်​သည်​ပ​ထ​မ အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-
MAT 22:39 ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ကား၊ အိမ်​နီး​ချင်း ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် ဖြစ်​၏။-
MAT 22:40 ဤ​ပညတ်​နှစ်​ပါး​တို့​သည်​မောရှေ​၏​ပ​ညတ်​ကျမ်း တစ်​စောင်​လုံး​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏​အ​ချုပ် အ​ခြာ​ပင်​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​သည်။
MAT 22:41 ဖာ​ရိ​ရှဲ​တို့​စု​ရုံး​မိ​ကြ​သော​အ​ခါ​သခင်​ယေရှု က ``မေ​ရှိ​ယ​ကို​သင်​တို့​မည်​သို့​ထင်​မြင်​ယူ​ဆ ကြ​သ​နည်း။ သူ​သည်​မည်​သူ​၏​သား​မြေး​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ကြ​လျှင်၊
MAT 22:43 ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​မူ​ဒါဝိဒ်​မင်း​သည်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​ဖြင့်​မေ​ရှိ​ယ​ကို အ​ရှင်​ဟု​အ​ဘယ်​ကြောင့်​ခေါ်​ပါ​သ​နည်း။ ဒါ​ဝိဒ်​မင်း​ကြီး​က၊
MAT 22:44 `သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ရောက်​စေ​ရ​မည်။ ယင်း​သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟု ဘု​ရား​သ​ခင်​က​ငါ​၏​အ​ရှင်​အား​မိန့်​တော်​မူ​သည်' ဟု​မြွက်​ဆို​ခဲ့​၏။
MAT 22:45 အ​ကယ်​၍​ဒါ​ဝိဒ်​မင်း​သည်​မေ​ရှိ​ယ​ကို​အ​ရှင်​ဟု ခေါ်​ပါ​မူ​မေ​ရှိ​ယ​သည်​အ​ဘယ်​သို့​လျှင်​ဒါ​ဝိဒ်​၏ သား​မြေး​ဖြစ်​နိုင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
MAT 22:46 ထို​အ​ခါ​ကိုယ်​တော်​အား​မည်​သူ​မျှ​အ​ဖြေ​မ​ပေး နိုင်​ကြ။ ထို​နေ့​မှ​စ​၍​မည်​သူ​မျှ​ကိုယ်​တော်​အား နောက်​ထပ်​မ​မေး​မြန်း​ဝံ့​တော့​ပေ။
MAT 23:1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​နှင့် တ​ပည့်​တော်​တို့​အား၊
MAT 23:2 ``ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​များ​သည်​မော​ရှေ ၏​ပ​ညတ်​ကျမ်း​ကို​အ​ဋ္ဌိပ္ပါယ်​ဖွင့်​ပြ​ရန်​အ​ခွင့် အာ​ဏာ​ရ​ရှိ​ထား​သူ​များ​ဖြစ်​ကြ​၏။-
MAT 23:3 သို့​ဖြစ်​၍​ထို​သူ​တို့​ပြော​ဆို​သွန်​သင်​သ​မျှ အ​တိုင်း​လိုက်​နာ​ပြု​ကျင့်​ကြ​လော့။ သို့​သော် သူ​တို့​သည်​မိ​မိ​တို့​ဟော​သည့်​အ​တိုင်း​မ​ကျင့် ကြ​သ​ဖြင့်​သူ​တို့​ကျင့်​သ​ကဲ့​သို့​မ​ကျင့်​ကြ​နှင့်။-
MAT 23:4 သူ​တို့​သည်​လေး​လံ​၍​အ​ထမ်း​ရ​ခက်​သည့်​ဝန်​ထုပ် များ​ကို​သူ​တစ်​ပါး​တို့​အား​ထမ်း​စေ​ကြ​၏။ မိ​မိ တို့​ကိုယ်​တိုင်​မူ​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့် မျှ​မ​တို့​လို​ကြ။-
MAT 23:5 မိ​မိ​တို့​ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​ကို​လူ​မြင် သာ​အောင်​ပြု​လုပ်​တတ်​ကြ​၏။ မိ​မိ​တို့​န​ဖူး​နှင့် လက်​မောင်း​များ​ပေါ်​တွင်​ကျမ်း​စာ​လက်​ဖွဲ့​များ​ကို အ​ပြား​ကြီး​ပြု​လုပ်​၍​ဝတ်​ဆင်​တတ်​ကြ​၏။ ဝတ်​လုံ အ​မြိတ်​များ​ကို​ရှည်​လျား​စွာ​ချုပ်​ထား​တတ်​ကြ​၏။-
MAT 23:6 ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ၊ တ​ရား​ဇရပ်​များ​တွင်​သီး​သန့် ထား​သော​နေ​ရာ​များ​ကို​နှစ်​သက်​ကြ​၏။-
MAT 23:7 စျေး​ရပ်​ကွက်​တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို ကြ​၏။ ဆ​ရာ​တော်​ဟု​အ​ခေါ်​ခံ​လို​ကြ​၏။-
MAT 23:8 သို့​ရာ​တွင်​သင်​တို့​အား​လုံး​သည်​ညီ​အစ်​ကို များ​ဖြစ်​လျက် သင်​တို့​မှာ​ဆ​ရာ​တော်​တစ်​ပါး တည်း​သာ​ရှိ​သည်​ဖြစ်​၍​ဆ​ရာ​တော်​ဟု အ​ခေါ်​မ​ခံ​ကြ​နှင့်။-
MAT 23:9 ဤ​လော​က​တွင်​အ​ဘယ်​သူ​ကို​မျှ `အဖ' ဟု​မ​ခေါ် ကြ​နှင့်။ သင်​တို့​တွင်​ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​တစ်​ပါး တည်း​သာ​ရှိ​၏။-
MAT 23:10 သင်​တို့​သည်​ခေါင်း​ဆောင်​ဟူ​၍​လည်း​အ​ခေါ်​မ​ခံ ကြ​နှင့်။ သင်​တို့​တွင်​မေ​ရှိ​ယ​တည်း​ဟူ​သော​ခေါင်း ဆောင်​တစ်​ပါး​တည်း​သာ​ရှိ​၏။-
MAT 23:11 သင်​တို့​အ​နက်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-
MAT 23:12 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နိမ့်​ကျ​ရ​လိမ့် မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။
MAT 23:13 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။
MAT 23:14 (``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် မု​ဆိုး​မ​များ​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မ​တ​ရား သိမ်း​ယူ​ကြ​ပြီး​နောက် လူ​အ​မြင်​ကောင်း​စေ​ရန် ရှည်​လျား​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​သာ​၍​ကြီး လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။'')
MAT 23:15 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တစ်​ယောက် ကို​ဘာ​သာ​သွင်း​နိုင်​ရန်​သင်​တို့​သည်​ရေ​ကြောင်း၊ ကုန်း​ကြောင်း​ခ​ရီး​ပြု​ကြ​၏။ ဘာ​သာ​သွင်း​ပြီး သော​အ​ခါ​၌​လည်း​ထို​သူ​အား​သင်​တို့​ထက် နှစ်​ဆ​ပို​၍​င​ရဲ​သို့​လား​ထိုက်​သူ​ဖြစ်​စေ​ကြ ၏။''
MAT 23:16 ``လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​အမင်္ဂ​လာ ရှိ​ကြ​၏။ `လူ​တစ်​စုံ​တစ်​ယောက်​သည်​ဗိ​မာန်​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင် ထို​ကျိန်​ဆို​ချက်​သည် အ​တည်​မ​ဖြစ်။ သို့​သော်​ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင်​တို့​ဆို​ကြ​၏။-
MAT 23:17 လူ​မိုက်​တို့၊ သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည် တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ သ​နည်း။ ရွှေ​လော။ သို့​မ​ဟုတ်​ရွှေ​ကို​မြင့်​မြတ် သန့်​ရှင်း​စေ​သည့်​ဗိ​မာန်​တော်​လော။-
MAT 23:18 လူ​တစ်​စုံ​တစ်​ယောက်​သည်​ယဇ်​ပလ္လင်​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​ထို​ကျိန်​ဆို​ချက်​သည်​အ​တည် မ​ဖြစ်။ ယဇ်​ပလ္လင်​ပေါ်​ရှိ​ပူ​ဇော်​သကာ​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင် တို့​ဆို​ကြ​၏။-
MAT 23:19 သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည်​တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ​သ​နည်း။ ပူ​ဇော်​သကာ​လော။ သို့​မ​ဟုတ်​ပူ​ဇော်​သ​ကာ​ကို မြင့်​မြတ်​သန့်​ရှင်း​စေ​သည့်​ယဇ်​ပလ္လင်​လော။-
MAT 23:20 ယဇ်​ပလ္လင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ယဇ်​ပလ္လင် နှင့်​တ​ကွ​ယဇ်​ပလ္လင်​ပေါ်​မှာ​ရှိ​သ​မျှ​တို့​ကို​ပါ တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။-
MAT 23:21 ဗိ​မာန်​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ဗိ​မာန် တော်​နှင့်​တ​ကွ​ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ သော​အရှင်​ကို​ပါ​တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။-
MAT 23:22 ကောင်း​ကင်​ဘုံ​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​နှင့်​တ​ကွ ထို​ပလ္လင် ပေါ်​မှာ​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို​ပါ​ကျိန် ဆို​သ​တည်း။''
MAT 23:23 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပင်​စိမ်း၊စ​မွတ်​နှင့်​ဇီ​ယာ​တို့​ကို​ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ​မှု၊ သ​နား ကြင်​နာ​မှု၊ ရိုး​သား​ဖြောင့်​မတ်​မှု​စ​သည့်​ပ​ညတ် ကျမ်း​မှ​အ​ကယ်​ပင်​အ​ရေး​ကြီး​သော​သွန်​သင် ချက်​များ​ကို​မူ​ကား​လျစ်​လူ​ပြု​ကြ​၏။-
MAT 23:24 လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​ခြင် ကောင်​မ​မျို​မိ​စေ​ရန်​သောက်​ရေ​ကို​စစ်​၍​သောက် ကြ​၏။ သို့​ရာ​တွင်​ကု​လား​အုတ်​ကို​ကား​မျို​ချ ကြ​ပါ​သည်​တ​ကား။''
MAT 23:25 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပန်း​ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ် အောင်​ဆေး​ကြော​ကြ​သော်​လည်း သင်​တို့​၏​စိတ် အ​တွင်း​မှာ​ကား​လော​ဘ​လွန်​ကူး​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ဖြင့်​ပြည့်​လျက်​နေ​၏။-
MAT 23:26 မျက်​မ​မြင်​ဖာ​ရိ​ရှဲ​တို့၊ ပန်း​ကန်​ခွက်​ယောက်​များ အ​တွင်း​ဘက်​ကို​ဦး​စွာ​ဆေး​ကြော​ကြ​လော့။ သို့ ပြု​လျှင်​ပြင်​ပ​သည်​လည်း​သန့်​ရှင်း​စင်​ကြယ် လာ​လိမ့်​မည်။''
MAT 23:27 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။-
MAT 23:28 ထို​နည်း​တူ​သင်​တို့​သည်​လည်း​ပြင်​ပ​သဏ္ဌာန်​အား ဖြင့် လူ​တို့​ရှေ့​တွင်​သူ​တော်​ကောင်း​များ​ဟု​ထင်​ရ သော်​လည်း စိတ်​အ​တွင်း​၌​ကား​သူ​တော်​ကောင်း ယောင်​ဆောင်​မှု​နှင့်​ဆိုး​ညစ်​မှု​များ​ဖြင့်​ပြည့် လျက်​နေ​တော့​၏။''
MAT 23:29 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပ​ရော​ဖက်​များ​၏​သင်္ချိုင်း​ဂူ​များ​ကို​တည်​ဆောက် ပေး​ကြ​၏။ သူ​တော်​ကောင်း​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို မွမ်း​မံ​ခြယ်​လှယ်​ပေး​ကြ​၏။-
MAT 23:30 ထို​နောက်​သင်​တို့​က `ငါ​တို့​သာ​ဘိုး​ဘေး​တို့​၏​ခေတ် က​အ​သက်​ရှင်​ခဲ့​မည်​ဆို​ပါ​က၊ ပ​ရော​ဖက်​များ​ကို သတ်​ဖြတ်​သည့်​အ​မှု​တွင်​ပါ​ဝင်​ခဲ့​ကြ​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏။-
MAT 23:31 သို့​ဖြစ်​၍​သင်​တို့​သည်​ပ​ရော​ဖက်​များ​ကို​သတ် ဖြတ်​သူ​တို့​၏​သား​မြေး​များ​ဖြစ်​ကြောင်း​ဝန်​ခံ ကြ​လေ​ပြီ​တ​ကား။-
MAT 23:32 သင်​တို့​၏​ဘိုး​ဘေး​များ​စ​တင်​ကူး​လွန်​ခဲ့​သည့် အ​ပြစ်​ကို​အ​ပြီး​တိုင်​အောင်​ဆက်​လက်​ကူး​လွန် ကြ​လော့။-
MAT 23:33 အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။-
MAT 23:34 သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့​ထံ​သို့ ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ၊ ကျမ်း​တတ်​ဆ​ရာ များ​ကို​ငါ​စေ​လွှတ်​မည်။ သင်​တို့​သည်​ထို​သူ အ​ချို့​တို့​ကို​သတ်​ဖြတ်​ကြ​၍​အ​ချို့​ကို​လက် ဝါး​ကပ်​တိုင်​တွင်​တင်​ကြ​လိမ့်​မည်။ အ​ချို့​ကို​မူ တ​ရား​ဇ​ရပ်​များ​တွင်​ကြိမ်​ဒဏ်​ပေး​၍​အ​ချို့ ကို​မူ​တစ်​မြို့​ပြီး​တစ်​မြို့​လိုက်​လံ​ဖမ်း​ဆီး​ကြ လိမ့်​မည်။-
MAT 23:35 ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။-
MAT 23:36 ဤ​အ​မှု​အ​ရာ​အ​ပေါင်း​တို့​အ​တွက်​ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်​ဟု အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​၏။''
MAT 23:37 ``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော် မူ​သော​စေ​တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​ကြီး​သည်​ကြက်​က​လေး​များ​ကို​မိ​မိ ၏​အ​တောင်​အောက်​တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင့်​ကို​ယု​ယ​ပိုက်​ထွေး​နိုင်​ရန်​ကြိမ် ဖန်​များ​စွာ​ကြိုး​စား​ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​သင် သည်​ငါ့​ကို​အ​ခွင့်​မ​ပေး​ခဲ့။-
MAT 23:38 ထို့​ကြောင့်​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် သည်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။-
MAT 23:39 `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ဖြင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​မည့်​နေ့​မ​တိုင်​မီ​သင်​သည်​ယ​ခု မှ​စ​၍​ငါ့​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင့် အား​ငါ​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​သည်။
MAT 24:1 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​မှ​ထွက်​ခွာ​သွား တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ ကို​ကိုယ်​တော်​အား​ပြ​ကြ​၏။-
MAT 24:2 ကိုယ်​တော်​က ``ဤ​အ​ဆောက်​အ​အုံ​အ​ပေါင်း​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​အ​ဆောက်​အ​အုံ တို့​သည်​ကျောက်​တစ်​တုံး​ပေါ်​တစ်​တုံး​တင်​၍ မ​ကျန်​ရစ်​သည်​တိုင်​အောင်​ပြို​ပျက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 24:3 ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​တစ်​ကိုယ်​တည်း ထိုင်​နေ​တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​အ​ခါ​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည် နည်း။ အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​နှင့်​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​၌​အ​ဘယ်​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။
MAT 24:4 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​အ​ဘယ်​သူ မျှ​မလှည့်​စား​စေ​ရန်​သ​တိ​ပြု​လော့။-
MAT 24:5 `ငါ​သည်​မေ​ရှိ​ယ​ဖြစ်​သည်' ဟု​ဆို​ကာ​လူ အ​မြောက်​အ​မြား​ပင်​ငါ​၏​အ​ယောင်​ဆောင် လျက်​လူ​များ​စွာ​တို့​ကို​လှည့်​စား​ကြ​လိမ့် မည်။-
MAT 24:6 သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မထိတ် မ​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဖြစ် ပျက်​ရ​မည်။ သို့​ရာ​တွင်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ရောက်​သေး။-
MAT 24:7 လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ တစ်​နိုင်ငံ​နှင့်​တစ်​နိုင်​ငံ စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​တွင် အ​စာ​ခေါင်း​ပါး​၍​မြေ​င​လျင်​လှုပ်​လိမ့်​မည်။-
MAT 24:8 ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။
MAT 24:9 ``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။-
MAT 24:10 ထို​အ​ခါ​လူ​များ​စွာ​ပင်​မှောက်​မှား​လမ်း​လွဲ​ကြ လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သစ္စာ​ဖောက်​ကြ​လိမ့်​မည်။-
MAT 24:11 တစ်​ယောက်​ကို​တစ်​ယောက်​မုန်း​လိမ့်​မည်။ ထို့​ပြင် ပ​ရော​ဖက်​အ​တု​အ​ယောင်​အ​မြောက်​အ​မြား​ပင် ပေါ်​လာ​ပြီး​လျှင်​လူ​များ​စွာ​တို့​ကို​လှည့်​စား ကြ​လိမ့်​မည်။-
MAT 24:12 ဆိုး​ညစ်​မှု​များ​ပြား​လာ​သ​ဖြင့်​လူ​တို့​တွင်​မေတ္တာ ခေါင်း​ပါး​လိမ့်​မည်။-
MAT 24:13 သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည်​သူ​ကို ဘု​ရား​သ​ခင်​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
MAT 24:14 နိုင်​ငံ​တော်​ဆိုင်​ရာ​သ​တင်း​ကောင်း​အ​ကြောင်း​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ခံ​ဟော​ပြော​ပြီး​မှ​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​ရောက်​လိမ့်​မည်။
MAT 24:15 ``ပ​ရော​ဖက်​ဒံ​ယေ​လ​ဟော​ကြား​ခဲ့​သည့်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​ရာ​သည်​မ​ရှိ​အပ်​သည့် အ​ရပ်​တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မြင်​ကြ​လိမ့်​မည်။ (စာ​ဖတ်​သူ​သည်​ဤ​အ​ချက်​ကို​သ​တိ​ပြု​အပ်​၏။)-
MAT 24:16 ထို​သို့​မြင်​ရ​သော​အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည် တောင်​များ​ပေါ်​သို့​ပြေး​ကြ​စေ။-
MAT 24:17 အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။-
MAT 24:18 လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-
MAT 24:19 ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​နှင့်​သား​ငယ် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ​တော့​မည်။-
MAT 24:20 သင်​တို့​သည်​ထွက်​ပြေး​ရ​မည့်​အ​ချိန်​ကာ​လ​သည် ဆောင်း​ဥ​တု​၌​သော်​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​၌ သော်​လည်း​ကောင်း​မ​ကျ​မ​ရောက်​ပါ​စေ​နှင့်​ဟု ဆု​တောင်း​ကြ​လော့။-
MAT 24:21 ထို​ကာ​လ​၌​အ​လွန်​ဆိုး​ရွား​သော​ဆင်း​ရဲ​ဒုက္ခ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​မျှ​ဆိုး​ရွား​သော​ဆင်း​ရဲ ဒုက္ခ​မျိုး​ကို​ကမ္ဘာ​ဦး​မှ​စ​၍​အ​ဘယ်​ကာ​လ​၌ မျှ​လူ​တို့​မ​ကြုံ​စ​ဖူး၊ နောင်​ကာ​လ​၌​လည်း တွေ့​ကြုံ​ရ​ကြ​မည်​မ​ဟုတ်။-
MAT 24:22 ဘု​ရား​သ​ခင်​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင်​အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ​ကင်း လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ​အ​ဖို့ အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ​တော်​မူ​လိမ့် မည်။''
MAT 24:23 ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​လျှင်​မ​ယုံ​ကြ​နှင့်။-
MAT 24:24 မေ​ရှိ​ယ​အ​တု​အ​ယောင်​များ၊ ပ​ရော​ဖက်​အ​တု အ​ယောင်​များ​ပေါ်​ပေါက်​လာ​လိမ့်​မည်။ သူ​တို့​သည် ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ သော​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန်​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​ထူး​ဆန်း​သည့်​အ​မှု အ​ရာ​များ​ကို​ပြ​ကြ​လိမ့်​မည်။-
MAT 24:25 ဤ​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ကြို​တင်​၍​ငါ​ဖော်​ပြ​ပြီ။''
MAT 24:26 ``လူ​တို့​က `ကြည့်​လော့။ မေ​ရှိ​ယ​သည်​တော​ကန္တာ​ရ တွင်​ရှိ​သည်' ဟု​ဆို​လျှင်​မ​သွား​ကြ​နှင့်။ `အိမ်​ခန်း ထဲ​မှာ​ရှိ​သည်' ဟု​ဆို​လျှင်​လည်း​မ​ယုံ​ကြ​နှင့်။-
MAT 24:27 လျှပ်​စစ်​ပြက်​၍​အ​ရှေ့​အ​ရပ်​မှ​အ​နောက်​အ​ရပ် တိုင်​အောင်​ကောင်း​ကင်​တစ်​ပြင်​လုံး​ထွန်း​လင်း​စေ သ​ကဲ့​သို့​လူ​သား​ကြွ​လာ​တော်​မူ​လိမ့်​မည်။''
MAT 24:28 ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင်​လင်း​တ​တို့​စု​ရုံး ကြ​လတ္တံ့။''
MAT 24:29 ``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-
MAT 24:30 ထို​အ​ခါ​လူ​သား​ကြွ​လာ​တော်​မူ​မည့်​နိ​မိတ် လက္ခ​ဏာ​သည်​မိုး​ကောင်း​ကင်​တွင်​ပေါ်​ထွန်း​လာ လိမ့်​မည်။ မိုး​တိမ်​ကို​စီး​လျက်​ကြီး​စွာ​သော​ဘုန်း တန်​ခိုး​တော်​ဖြင့်​လူ​သား​ကြွ​လာ​တော်​မူ​သည်​ကို ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​မြင်​ကြ​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-
MAT 24:31 ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။
MAT 24:32 ``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို​သင်​ယူ ကြ​လော့။ ထို​အ​ပင်​တွင်​အ​ကိုင်း​အ​ညှောက်​ထွက်​၍ ရွက်​နု​ပေါက်​သော​အ​ခါ​နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ​၏။-
MAT 24:33 ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး​တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-
MAT 24:34 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ယ​ခု​အ​သက်​ရှင် လျက်​ရှိ​သူ​တို့​မ​သေ​လွန်​မီ​ဖြစ်​ပျက်​လာ​လိမ့်​မည်။-
MAT 24:35 ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''
MAT 24:36 ``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် မည့်​နေ့​ရက်​နှင့်​အ​ချိန်​နာ​ရီ​ကို​ခ​မည်း​တော်​မှ တစ်​ပါး​အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော် လည်း​မ​သိ။-
MAT 24:37 နော​ဧ​လက်​ထက်​က​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ​သား ကြွ​လာ​သော​အ​ခါ​၌​လည်း​ဖြစ်​ပျက်​လိမ့်​မည်။-
MAT 24:38 ထို​နေ့​ရက်​ကာ​လ​၌​ရေ​မ​လွှမ်း​မိုး​မီ၊ သင်္ဘော​ထဲ သို့​နော​ဧ​ဝင်​သည့်​နေ့​တိုင်​အောင်​လူ​တို့​သည်​စား လျက်​ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ကြ​၏။-
MAT 24:39 သူ​တို့​သည်​ရေ​လွှမ်း​မိုး​၍​သေ​ကြေ​ပျက်​စီး​ကြ သည့်​အ​ချိန်​တိုင်​အောင်​သ​တိ​မဲ့​လျက်​နေ​ကြ​၏။ လူ​သား​ကြွ​လာ​တော်​မူ​ချိန်​၌​လည်း​ထို​နည်း​တူ ဖြစ်​လိမ့်​မည်။-
MAT 24:40 ထို​အ​ခါ​လယ်​ထဲ​တွင်​ရှိ​သူ​လူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-
MAT 24:41 ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့။-
MAT 24:42 သို့​ဖြစ်​၍​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​၏ အ​ရှင်​သည်​အ​ဘယ်​အ​ခါ​ကြွ​လာ​တော်​မူ​မည် ကို​သင်​တို့​မ​သိ​ကြ။-
MAT 24:43 အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အ​ချိန်​ကို သာ​သိ​ရ​လျှင်​သ​တိ​နှင့်​နေ​လျက် မိ​မိ​အိမ်​ကို သူ​ခိုး​ဖောက်​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​သင်​တို့ သိ​မှတ်​ကြ​လော့။-
MAT 24:44 လူ​သား​သည်​သင်​တို့​မ​မျှော်​သော​အ​ချိန်​၌​ကြွ လာ​တော်​မူ​မည်​ဖြစ်​၍​သင်​တို့​သည်​လည်း​အ​မြဲ အ​ဆင်​သင့်​ရှိ​ကြ​လော့။
MAT 24:45 ``သစ္စာ​ရှိ​ကျွန်​လိမ္မာ​ကား​အ​ဘယ်​သူ​နည်း။ ထို​သူ ကား​အ​ခြား​ကျေး​ကျွန်​များ​ကို​အုပ်​ချုပ်​ရန်​နှင့် အ​ချိန်​တန်​လျှင်​ရိက္ခာ​များ​ထုတ်​ပေး​ရန်​သ​ခင် က​ခန့်​ထား​သူ​ဖြစ်​၏။-
MAT 24:46 သူ​သည်​မိ​မိ​တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​နေ သည်​ကို​သ​ခင်​ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင်​မင်္ဂ​လာ ရှိ​၏။-
MAT 24:47 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​ခင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန်​ထို​ကျွန်​အား​အပ်​နှင်း​လိမ့်​မည်။-
MAT 24:48 သို့​ရာ​တွင်​ထို​ကျွန်​သည်​ကျွန်​မိုက်​ဖြစ်​ပါ​မူ `ငါ့ သ​ခင်​ပြန်​လာ​ဦး​မည်​မ​ဟုတ်။ ကြာ​ပေ​ဦး​မည်' ဟု အောက်​မေ့​ကာ၊-
MAT 24:49 ကျွန်​ယောကျာ်း၊ ကျွန်​မိန်း​မ​တို့​အား​ရိုက်​နှက်​လျက် သေ​သောက်​ကြူး​သူ​တို့​နှင့်​သောက်​စား​မူး​ယစ်​လျက် နေ​လိမ့်​မည်။-
MAT 24:50 ထို​နောက်​ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင် သည့်​အ​ချိန်​၌​သူ့​သ​ခင်​သည်​ပြန်​လာ​၍၊-
MAT 24:51 သူ့​ကို​ပြင်း​စွာ​ကြိမ်​ဒဏ်​ခတ်​၍​ကြောင်​သူ​တော်​တို့ ခံ​ရ​သော​ကံ​ကြမ္မာ​ဆိုး​ကို​ခံ​စေ​လိမ့်​မည်။ သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ လိမ့်​မည်။
MAT 25:1 ``ထို​ကာ​လ​၌​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မီး​ခွက် များ​ကို​ယူ​၍ မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​ကြို​ဆို ရန်​ထွက်​သွား​သည့်​အ​ပျို​ရံ​ဆယ်​ယောက်​တို့​တွေ့ ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။-
MAT 25:2 သူ​တို့​အ​နက်​ငါး​ယောက်​သည်​ပ​ညာ​သ​တိ ရှိ​၏။ ငါး​ယောက်​မူ​ကား​ပ​ညာ​သ​တိ​မ​ရှိ။-
MAT 25:3 ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ မီး​ခွက်​များ​ကို​ယူ​ခဲ့​သော်​လည်း​ဆီ​ပို​ကို မူ​မ​ယူ​ခဲ့​ကြ။-
MAT 25:4 ပ​ညာ​သ​တိ​ရှိ​သူ​များ​မူ​ကား​မိ​မိ​တို့​၏ မီး​ခွက်​များ​သာ​မ​က​ဆီ​ပို​ကို​လည်း​ဘူး တွင်​ထည့်​၍​ယူ​ခဲ့​ကြ​၏။-
MAT 25:5 မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက်​လာ​ရန် ကြန့်​ကြာ​၍​နေ​သ​ဖြင့်​သူ​တို့​အား​လုံး​ငိုက် မျဉ်း​အိပ်​ပျော်​ကုန်​ကြ​၏။
MAT 25:6 ``သန်း​ခေါင်​ယံ​၌`မင်္ဂ​လာ​ဆောင်​သ​တို့​သား​ရောက် လာ​ပြီ။ သွား​၍​ကြို​ဆို​ကြ​လော့' ဟူ​သော​ကြွေး ကြော်​သံ​ကို​ကြား​ရ​ကြ​၏။-
MAT 25:7 ထို​အ​ခါ​အ​ပျို​ရံ​အား​လုံး​တို့​သည်​ထ​၍​မိ​မိ ၏​မီး​ခွက်​များ​ကို​အ​သင့်​ပြင်​ကြ​၏။-
MAT 25:8 ပ​ညာ​သ​တိ​မ​ရှိ​သူ​များ​က `ငါ​တို့​မီး​ငြိမ်း တော့​မည်​ဖြစ်​၍​ငါ​တို့​ကို​ဆီ​အ​နည်း​ငယ်​ပေး ပါ' ဟု​ပ​ညာ​သ​တိ​ရှိ​သူ​တို့​ထံ​တောင်း​ကြ​၏။-
MAT 25:9 ပညာ​သ​တိ​ရှိ​သူ​များ​က `သင်​တို့​အ​ဖို့​နှင့်​ငါ​တို့ အ​ဖို့​ပါ​ဆို​လျှင်​ဆီ​လောက်​မည်​မ​ဟုတ်​သ​ဖြင့် ဆီ​ရောင်း​သူ​ထံ​သို့​သွား​၍​သင်​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ' ဟု​ပြန်​ပြော​ကြ​၏။-
MAT 25:10 ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​ဆီ​ဝယ်​ရန်​ထွက်​သွား နေ​ခိုက်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက် လာ​၏။ အ​သင့်​ရှိ​နေ​ကြ​သော​အ​ပျို​ရံ​တို့ သည်​လည်း​သူ​နှင့်​အ​တူ​မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဝင်​ပြီး​လျှင်​တံ​ခါး​ကို​ပိတ်​ထား​လိုက်​၏။
MAT 25:11 ``ပ​ညာ​သ​တိ​မ​ရှိ​သော​အ​ပျို​ရံ​များ​သည် လည်း​ပြန်​ရောက်​လာ​၍ `အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့ အား​တံ​ခါး​ဖွင့်​ပေး​ပါ' ဟု​ဆို​ကြ​၏။-
MAT 25:12 သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​က `မ​ဖွင့် ပေး​နိုင်​ပါ။ သင်​တို့​ကို​ငါ​မ​သိ' ဟု​ပြန်​ပြော​၏။
MAT 25:13 ``သို့​ဖြစ်​၍​သင်​တို့​သည်​လည်း​ထို​နေ့​ထို​အ​ချိန် ကို​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။
MAT 25:14 ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ခ​ရီး​ပြု​ရန် မိ​မိ​အိမ် မှ​ထွက်​မည့်​ဆဲ​ဆဲ​ရှိ​သူ လူ​တစ်​ယောက်​ကြုံ​တွေ့​ရ သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။ သူ​သည်​မိ​မိ ၏​ကျွန်​များ​ကို​ခေါ်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​အပ်​၏။-
MAT 25:15 တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။-
MAT 25:16 ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​ချက်​ချင်း​ပင်​ကူး​သန်း ရောင်း​ဝယ်​မှု​ကို​ပြု​သ​ဖြင့်​အ​မြတ်​ရွှေ​ငါး​ပိ​ဿာ ကို​ရ​၏။-
MAT 25:17 ထို​နည်း​တူ​ပင်​ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း အ​မြတ်​ရွှေ​နှစ်​ပိ​ဿာ​ကို​ရ​၏။-
MAT 25:18 ရွှေ​တစ်​ပိဿာ​ရ​သူ​မူ​ကား​နေ​ရာ​တစ်​ခု​သို့​သွား ၍​မိ​မိ​သ​ခင်​၏​ရွှေ​ကို​မြေ​တွင်​မြှုပ်​ထား​လေ​၏။
MAT 25:19 ``ကာ​လ​အ​တော်​ကြာ​သော်​ထို​ကျွန်​တို့​၏​အ​ရှင် သည်​ပြန်​လာ​၍​သူ​တို့​နှင့်​စာ​ရင်း​ရှင်း​၏။-
MAT 25:20 ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​အ​ပို​ရွှေ​ငါး​ပိ​ဿာ​ကို​ယူ ဆောင်​လာ​ပြီး​လျှင်`အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင်​ရွှေ ငါး​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ် သည်​ရွှေ​ငါး​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု​လျှောက်​၏။-
MAT 25:21 သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။
MAT 25:22 ``ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း​လာ​၍`အ​ရှင်၊ အ​ကျွန်ုပ် အား အ​ရှင်​ရွှေ​နှစ်​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် ရွှေ​နှစ်​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု လျှောက်​ထား​၏။-
MAT 25:23 သ​ခင်​က`ကောင်း​လေ​စွ။ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး​သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့်​အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။
MAT 25:24 ``သို့​ရာ​တွင်​ရွှေ​တစ်​ပိ​ဿာ​ရ​သူ​သည်​လာ​၍ `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ရှင့်​အ​ကြောင်း​ကို​သိ​ပါ​၏။ အ​ရှင် သည်​ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​စိုက်​မ​ပျိုး​သည့် အ​ရပ်​တွင်​ရိတ်​သိမ်း​တတ်​ပါ​၏။ မ​ကြဲ​ဖြန့်​သည့် အ​ရပ်​တွင်​စု​သိမ်း​တတ်​ပါ​၏။-
MAT 25:25 အ​ကျွန်ုပ်​သည်​ကြောက်​ရွံ့​သ​ဖြင့်​အ​ရှင်​၏​ရွှေ​ကို မြေ​တွင်​မြှုပ်​ထား​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ရှင်​၏​ပစ္စည်း ဤ​မှာ​ရှိ​ပါ​၏' ဟု​လျှောက်​၏။''
MAT 25:26 ``သ​ခင်​က​လည်း `အ​ချင်း​ဆိုး​ညစ်​သည့်​ကျွန်​ပျင်း၊ ငါ​သည်​မိ​မိ​မ​စိုက်​မ​ပျိုး​သည့်​အ​ရပ်​တွင်​ရိတ်​သိမ်း ၍​မ​ကြဲ​မ​ဖြန့်​သည့်​အ​ရပ်​တွင်​စု​သိမ်း​တတ်​သည် ကို​သင်​သိ​သည်​မှန်​လျှင်၊-
MAT 25:27 ငါ​၏​ရွှေ​ကို​ဘဏ်​တွင်​အပ်​ထား​သင့်​၏။ သို့​မှ​သာ လျှင်​ငါ​ပြန်​လာ​ချိန်​၌​အ​တိုး​နှင့်​အ​တူ​ပြန် လည်​ရ​ရှိ​နိုင်​၏။-
MAT 25:28 ထို​သူ​၏​ထံ​မှ​ရွှေ​တစ်​ပိဿာ​ကို​ယူ​၍​ဆယ်​ပိ​ဿာ ရှိ​သူ​အား​ပေး​ကြ။-
MAT 25:29 ကြွယ်​ဝ​ချမ်း​သာ​သော​သူ​သည်​ထပ်​၍​ရ​ရှိ​သ​ဖြင့် သူ​၌​ပို​လျှံ​၍​နေ​လိမ့်​မည်။ သို့​ရာ​တွင်​ဆင်း​ရဲ သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။-
MAT 25:30 အ​သုံး​မ​ကျ​သည့်​ဤ​ကျွန်​ကို​အ​ပြင်​အ​မှောင်​ထဲ သို့​ထုတ်​လိုက်​ကြ။ သူ​သည်​ထို​အ​ရပ်​တွင်​ငို​ကြွေး မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ​လိမ့် မည်' ဟု​ဆို​၏။''
MAT 25:31 ``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-
MAT 25:32 ထို​အ​ခါ​လူ​မျိုး​အ​ပေါင်း​တို့​သည်​ရှေ့​တော်​တွင် စု​ရုံး​ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​နှင့်​ဆိတ် တို့​ကို​တ​ခြား​စီ​ခွဲ​ထုတ်​သ​ကဲ့​သို့​လူ​သား​သည် လည်း​လူ​တို့​အား​နှစ်​စု​ခွဲ​ထုတ်​တော်​မူ​ပြီး​လျှင်၊-
MAT 25:33 သူ​တော်​ကောင်း​များ​ကို​လက်​ယာ​တော်​ဘက်၊ သူ​ယုတ်​မာ​များ​ကို​လက်​ဝဲ​တော်​ဘက်​တွင် ထား​တော်​မူ​လိမ့်​မည်။-
MAT 25:34 ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။-
MAT 25:35 သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။-
MAT 25:36 ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စဉ်​အ​ခါ​က အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​ကြ​၏။ ငါ​ဖျား​နာ​စဉ် အ​ခါ​က​ပြု​စု​ကြ​၏။ ငါ​ထောင်​ကျ​စဉ်​အ​ခါ က​ငါ့​ထံ​လာ​ရောက်​ကြ​၏' ဟု​မိန့်​တော်​မူ​၏။''
MAT 25:37 ထို​အ​ခါ​သူ​တော်​ကောင်း​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ​၌​မြင်​၍​အ​ကျွန်ုပ်​တို့​ကျွေး​မွေး ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​သောက်​ရေ​ကို​ပေး​ပါ​သ​နည်း။-
MAT 25:38 ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ်​အ​ခါ​၌ မြင်​၍​အ​ကျွန်ုပ်​တို့​ဧည့်​သည်​ဝတ်​ကို​ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​အ​ဝတ်​ဝတ်​ဆင်​ပေး​ပါ​သ​နည်း။-
MAT 25:39 ဖျား​နာ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ တော်​မူ​သည်​ကို​လည်း​ကောင်း​အ​ဘယ်​အ​ခါ​၌ အ​ကျွန်ုပ်​တို့​မြင်​၍​အ​ထံ​တော်​သို့​လာ​ကြ​ပါ သ​နည်း' ဟု​ပြန်​၍​လျှောက်​ထား​ကြ​၏။-
MAT 25:40 ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။
MAT 25:41 ``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။-
MAT 25:42 ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က​သင်​တို့​သည် ငါ့​ကို​မ​ကျွေး​မ​မွေး​ကြ။ ငါ​ရေ​ငတ်​စဉ်​အ​ခါ က​သောက်​ရေ​ကို​မ​ပေး​ကြ။-
MAT 25:43 ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ်​အ​ခါ​က​ဧည့်​သည်​ဝတ် ကို​မ​ပြု​ကြ။ ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စဉ်​အ​ခါ​က​အ​ဝတ်​ဝတ်​ဆင်​မ​ပေး​ကြ။ ငါ​ဖျား နာ​စဉ်​အ​ခါ​က​လည်း​ကောင်း၊ ထောင်​ကျ​စဉ်​အ​ခါ က​လည်း​ကောင်း​သင်​တို့​သည်​ငါ့​ထံ​ကို​မ​လာ​ကြ' ဟု​မိန့်​တော်​မူ​၏။
MAT 25:44 ``ထို​သူ​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည် ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော် မူ​ခြင်း၊ ဖျား​နာ​တော်​မူ​ခြင်း၊ ထောင်​ကျ​တော်​မူ​ခြင်း တို့​ကို​အ​ဘယ်​အ​ခါ​၌​အ​ကျွန်ုပ်​တို့​မြင်​ရ​ပါ​လျက် ကိုယ်​တော်​အား​မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ​နေ​ခဲ့​ပါ သ​နည်း' ဟု​လျှောက်​ထား​ကြ​ပေ​အံ့။-
MAT 25:45 ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သိမ်​ငယ်​သည့် ဤ​သူ​များ​အ​နက်​က​တစ်​စုံ​တစ်​ယောက်​သော သူ​ကို​သင်​တို့​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​ခြင်း​ပင်​မည်​၏' ဟု မိန့်​တော်​မူ​လိမ့်​မည်။-
MAT 25:46 ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
MAT 26:1 ဤ​သို့​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​သော​အ​ခါ ကိုယ်​တော်​က၊
MAT 26:2 ``နောက်​နှစ်​ရက်​မျှ​ကြာ​လျှင်​ပ​သ​ခါ​ပွဲ​ကျ​ရောက် မည်​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ​လူ​သား​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​ရန်​ရန်​သူ့ လက်​သို့​အပ်​ကြ​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။
MAT 26:3 ထို​အ​ချိန်​၌​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​က​ယာ​ဖ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျောင်း တော်​ဝင်း​အ​တွင်း​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။-
MAT 26:4 သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​တိတ်​တ​ဆိတ် ဖမ်း​ဆီး​၍​သတ်​ရန်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။-
MAT 26:5 သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည် ကို​စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့်​ပွဲ​တော်​ရက်​အ​တွင်း ၌​မ​ဖမ်း​မ​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။
MAT 26:6 သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​တွင်​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ခဲ့​ဖူး​သူ​ရှိ​မုန်​၏​အိမ်​၌​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​လျက်​နေ​တော်​မူ သော​အ​ခါ၊-
MAT 26:7 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။-
MAT 26:8 ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် အ​မျက်​ထွက်​၍ ``အဘယ်​ကြောင့်​ဤ​သို့​ဖြုန်း​တီး ပါ​သ​နည်း။-
MAT 26:9 ဤ​ဆီ​မွှေး​ကို​ငွေ​အ​မြောက်​အ​မြား​နှင့်​ရောင်း ၍​ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု ဆို​ကြ​သည်။
MAT 26:10 သ​ခင်​ယေ​ရှု​သည်​ကြား​သိ​တော်​မူ​သော အ​ခါ ``အ​ဘယ်​ကြောင့်​ဤ​အ​မျိုး​သ​မီး​ကို သင်​တို့​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​ပြု​သော အ​မှု​သည်​လွန်​စွာ​လျောက်​ပတ်​ပေ​၏။-
MAT 26:11 ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ ကြ​မည်။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ မည်​မ​ဟုတ်။-
MAT 26:12 ဤ​အ​မျိုး​သ​မီး​သည်​ငါ့​အ​ပေါ်​သို့​ဆီ​မွှေး သွန်း​လောင်း​သည်​မှာ​ငါ​၏​ရုပ်​အ​လောင်း​ကို သင်္ဂြိုဟ်​ရန်​ပြင်​ဆင်​ခြင်း​ပင်​ဖြစ်​၏။-
MAT 26:13 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​တင်း​ကောင်း​ကို​ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ကြေ ညာ​သော​အ​ခါ ဤ​အ​မျိုး​သ​မီး​ကို​အောက်​မေ့ သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု​ခဲ့​သော​ကောင်း​မှု ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 26:14 ထို​နောက်​တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ ထံ​သို့​သွား​၍၊-
MAT 26:15 ``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-
MAT 26:16 ထို​အ​ချိန်​မှ​စ​၍​ယု​ဒ​သည်​ကိုယ်​တော်​ကို ရန်​သူ့​လက်​သို့​အပ်​ရန်​အ​ခွင့်​ကောင်း​ကို​ရှာ လျက်​နေ​၏။
MAT 26:17 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ​နေ့​၌​တ​ပည့်​တော် တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့​လာ​၍ ``အ​ရှင့် အ​တွက်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​ကျွန်ုပ်​တို့ အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ကြ​၏။
MAT 26:18 ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAT 26:19 တ​ပည့်​တော်​တို့​သည်​လည်း​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​၍​ပ​သ​ခါ​ပွဲ ကို​အ​သင့်​ပြင်​ကြ​၏။
MAT 26:20 ည​ချမ်း​အ​ချိန်​ရောက်​သော်​ကိုယ်​တော်​သည်​တစ်​ကျိပ် နှစ်​ပါး​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​၍​ည​စာ​စား တော်​မူ​၏။-
MAT 26:21 ထို​အ​ခါ​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​အ​နက်​က​တစ်​စုံ တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့ အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
MAT 26:22 တပည့်​တော်​တို့​သည်​လွန်​စွာ​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ကြ​လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ် ဦး​နောက်​တစ်​ဦး​မေး​လျှောက်​ကြ​၏။
MAT 26:23 ကိုယ်​တော်​က ``ငါ​နှင့်​အ​တူ​ဟင်း​ခွက်​တွင်​နှိုက်​၍ စား​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့​အပ် လိမ့်​မည်။-
MAT 26:24 ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရန်​သွား​ရ​မည်။ သို့​ရာ​တွင်​လူ​သား​ကို​ရန်​သူ​လက် သို့​အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​ကောင်း​သေး​၏'' ဟု​မိန့်​တော် မူ​သည်။
MAT 26:25 ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ က ``အ​ရှင်​ဘု​ရား၊ ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​မေး​လျှောက်​လျှင်၊ ကိုယ်​တော်​က ``သင်​ပြော​သည့်​အ​တိုင်း​ပင်​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။
MAT 26:26 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ညစာ စား​လျက်​နေ​တော်​မူ​စဉ်​မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့် ကား​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု မိန့်​တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး တော်​မူ​၏။
MAT 26:27 စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​နောက်​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အား​လုံး​သောက်​ကြ လော့။-
MAT 26:28 ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။-
MAT 26:29 သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​အ​ချိန်​မှ စ​၍​ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​တွင်​သင်​တို့ နှင့်​အ​တူ​စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့်​နေ့ မ​တိုင်​မီ​ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန် မ​သောက်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။
MAT 26:30 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​ပြီး​နောက်​သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ​၏။
MAT 26:31 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ဘု​ရား သ​ခင်​သည်​သိုး​ထိန်း​ကို​ရိုက်​သ​ဖြင့်​သိုး​တို့​သည် က​စဥ့်​က​ရဲ​ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ​ယ​နေ့​ည​၌​ပင်​လျှင်​သင်​တို့​သည်​ငါ့​ကို စွန့်​ပစ်​၍​ပြေး​ကြ​လိမ့်​မည်။-
MAT 26:32 သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက် ပြီး​နောက်​သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည် သို့​သွား​နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။
MAT 26:33 ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​သော်​လည်း​အ​ကျွန်ုပ် သည်​အ​ဘယ်​အ​ခါ​မျှ​စွန့်​ပစ်​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။-
MAT 26:34 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား၊ ယ​နေ့​ည​၌​ပင်​ကြက်​မ​တွန်​မီ​သင် သည်​ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ဆို လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။
MAT 26:35 ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​နှင့်​အ​တူ သေ​ပင်​သေ​ရ​ပါ​စေ၊ ကိုယ်​တော်​ကို​မ​သိ​ဟု​ငြင်း ဆို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။ အခြား တ​ပည့်​တော်​တို့​သည်​လည်း​ဤ​နည်း​အ​တိုင်း လျှောက်​ထား​ကြ​၏။
MAT 26:36 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ဂေ​သ​ရှေ​မန်​နာ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို နေ​ရာ​သို့​သွား​၍​ဆု​တောင်း​နေ​စဉ်​သင်​တို့ ဤ​နေ​ရာ​တွင်​စောင့်​နေ​ကြ​လော့'' ဟု​တ​ပည့် တော်​တို့​အား​မှာ​ကြား​တော်​မူ​ပြီး​လျှင်၊-
MAT 26:37 ပေ​တ​ရု​နှင့်​ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​တော်​မူ​လျက်​လွန်​စွာ​သော​က​ရောက် တော်​မူ​သ​ဖြင့်၊-
MAT 26:38 ``ငါ​သည်​သေ​လု​အောင်​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​သည်​ဤ​နေ​ရာ​တွင်​ငါ​နှင့်​အ​တူ​စောင့် နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​သုံး​ဦး​အား မိန့်​တော်​မူ​၏။-
MAT 26:39 ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍​မြေ ပေါ်​တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အို အ​ကျွန်ုပ် ၏​အ​ဖ၊ ဖြစ်​နိုင်​ပါ​က​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော် ၏​အ​လို​တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။
MAT 26:40 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ၊ အိပ်​ပျော်​လျက်​နေ ကြ​သည်​ကို​တွေ့​တော်​မူ​သ​ဖြင့် ``သင်​တို့​သုံး ယောက်​သည်​တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ နိုင်​ကြ​သ​လော။-
MAT 26:41 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရပ်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​၍​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​ကား​အား​နည်း​၏'' ဟု​ပေ​တ​ရု​အား မိန့်​တော်​မူ​၏။
MAT 26:42 ထို​နောက်​ကိုယ်​တော်​သည်​ဒု​တိ​ယ​အ​ကြိမ်​ကြွ သွား​တော်​မူ​ပြန်​၍ ``အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ဒုက္ခ ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​၍ မ​ဖြစ်​ပါ​က​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။-
MAT 26:43 ကိုယ်​တော်​နောက်​တစ်​ကြိမ်​ပြန်​လာ​တော်​မူ​သော အ​ခါ​တ​ပည့်​တော်​တို့​သည်​မျက်​စိ​လေး​လံ သ​ဖြင့်​အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို​တွေ့ တော်​မူ​၏။
MAT 26:44 ကိုယ်​တော်​သည်​သူ​တို့​ထံ​မှ​တစ်​ဖန်​ကြွ​သွား တော်​မူ​ပြီး​လျှင်​ယ​ခင်​က​မြွက်​ဆို​သည် အ​တိုင်း​တတိယ​အ​ကြိမ်​ဆု​တောင်း​တော်​မူ​၏။-
MAT 26:45 ထို​နောက်​တ​ပည့်​တော်​တို့​ထံ​သို့​ပြန်​လာ​၍ ``သင် တို့​သည်​အိပ်​လျက်​နား​လျက်​ပင်​ရှိ​နေ​ကြ​သေး သ​လော။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက်​သို့ အပ်​နှံ​သည့်​အ​ချိန်​ရောက်​လာ​ပြီ။-
MAT 26:46 ထ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​ကို​ရန်​သူ့​လက် သို့​အပ်​မည့်​သူ​ရောက်​လာ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
MAT 26:47 ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင်​လျှင် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည်​တုတ်၊ ဋ္ဌား​ကိုင်​ဆောင်​သူ​လူ​အ​မြောက်​အ​မြား​နှင့်​အ​တူ ရောက်​ရှိ​လာ​လေ​သည်။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ က​စေ​လွှတ်​လိုက်​သူ​များ​ဖြစ်​၏။-
MAT 26:48 ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​သူ​က​မိ​မိ နှင့်​လိုက်​ပါ​လာ​သူ​တို့​အား ``ငါ​နမ်း​၍​နှုတ်​ဆက် သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​ကြ​လော့'' ဟု အ​ချက်​ပေး​ထား​၏။
MAT 26:49 ယု​ဒ​သည်​ချက်​ချင်း​ပင်​ကိုယ်​တော်​၏​ထံ​သို့​ချဉ်း​ကပ် ကာ ``အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော'' ဟု​ဆို ၍​ကိုယ်​တော်​ကို​နမ်း​လေ​၏။
MAT 26:50 သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။ လူ​တို့​သည်​လာ​၍​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။-
MAT 26:51 ထို​အ​ခါ​သ​ခင်​ယေ​ရှု​နှင့်​လိုက်​ပါ​သော​လူ တစ်​ယောက်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက် ရာ​ထို​သူ​နား​ရွက်​ပြတ်​လေ​၏။-
MAT 26:52 သ​ခင်​ယေ​ရှု​က ``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​သို့​ပြန်​သွင်း လော့။ ဋ္ဌား​ကို​စွဲ​ကိုင်​သူ​သည်​ဋ္ဌား​အား​ဖြင့်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
MAT 26:53 ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။-
MAT 26:54 သို့​ရာ​တွင်​ငါ​ဤ​သို့​ပြု​ပါ​မူ​ကျမ်း​စာ​လာ​သည် အ​တိုင်း​အ​ဘယ်​သို့​လျှင်​ဖြစ်​ပျက်​တော့​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။
MAT 26:55 ထို​နောက်​ကိုယ်​တော်​က​လူ​ပ​ရိ​သတ်​တို့​အား``သင် တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန် တုတ်​များ​ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။ ငါ​သည် နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​ထိုင်​၍​ဟော​ပြော သွန်​သင်​နေ​စဉ်​အ​ခါ​သင်​တို့​သည်​ငါ့​ကို​မ​ဖမ်း မ​ဆီး​ခဲ့​ကြ။-
MAT 26:56 သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။
MAT 26:57 သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။-
MAT 26:58 ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။-
MAT 26:59 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။-
MAT 26:60 သို့​ရာ​တွင်​မ​တွေ့​ကြ။ မု​သား​သက်​သေ​ကား​အ​များ ပင်​ရှိ​၏။ နောက်​ဆုံး​၌​လူ​နှစ်​ယောက်​သည်​ရှေ့​သို့​ထွက် လာ​ပြီး​လျှင်၊-
MAT 26:61 ``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။
MAT 26:62 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နေ​ရာ​မှ​ထ​၍ ``သင့်​အား ထို​သူ​တို့​မည်​သို့​စွပ်​စွဲ​ထွက်​ဆို​ကြ​ပါ​သ​နည်း။ သင့်​မှာ​မည်​သို့​မျှ​ဖြေ​ကြား​စ​ရာ​မ​ရှိ​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။-
MAT 26:63 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။
MAT 26:64 သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
MAT 26:65 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။-
MAT 26:66 အ​ဘယ်​သို့​ဆုံး​ဖြတ်​ချက်​ချ​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့်​သူ့​ကို​သေ​ဒဏ် ပေး​ရ​မည်'' ဟု​ဆို​ကြ​၏။
MAT 26:67 ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကိုယ်​တော်​ကို​လက်​သီး​နှင့် ထိုး​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​ပါး​တော်​ကို လက်​ဝါး​ဖြင့်​ရိုက်​ပြီး​လျှင်၊-
MAT 26:68 ``အ​ရှင်​မေ​ရှိ​ယ၊ အ​ရှင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။
MAT 26:69 ပေ​တ​ရု​သည်​အ​ပြင်​ဖက်​ကျောင်း​တော်​ဝင်း​အ​တွင်း ၌​ထိုင်​လျက်​နေ​စဉ်​အ​စေ​ခံ​မ​က​လေး​တစ်​ယောက် သည်​ရောက်​လာ​၍ `သင်​သည်​လည်း​ဂါလိလဲ​ပြည်​သား ယေ​ရှု​နှင့်​ပေါင်း​ဖော်​သူ​ဖြစ်​သည်'' ဟု​ဆို​၏။
MAT 26:70 သို့​သော်​ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ မ​သိ'' ဟု​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငြင်း​ဆို​ပြီး လျှင်​အိမ်​တော်​ဝင်း​တံ​ခါး​ဝ​သို့​ထ​သွား​လေ​၏။-
MAT 26:71 အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။
MAT 26:72 ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ကျိန်​ဆို​ပြန်​၏။
MAT 26:73 ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​အ​နီး တွင်​ရပ်​နေ​သော​သူ​များ​သည်​ပေ​တ​ရု​ထံ​လာ​၍ ``သင် သည်​အ​မှန်​ပင်​ထို​သူ​နှင့်​အ​ပေါင်း​ပါ​ဖြစ်​ကြောင်း​သင် ပြော​ပုံ​ဆို​ပုံ​အား​ဖြင့်​သိ​သာ​၏'' ဟု​ဆို​ကြ​၏။
MAT 26:74 ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင် ကို​တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ကြက်​တွန်​လေ​၏။-
MAT 26:75 ထို​အ​ခါ ``ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ​သ​ဖြင့်​အ​ပြင် သို့​ထွက်​၍​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​လေ​၏။
MAT 27:1 နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် သ​ခင်​ယေ​ရှု ကို​သတ်​ရန်​တိုင်​ပင်​ကြ​၏။-
MAT 27:2 ထို​နောက်​ကိုယ်​တော်​ကို​ချည်​နှောင်​၍​ရော​မ​ဘု​ရင်​ခံ ပိ​လတ်​မင်း​ထံ​ပို့​ဆောင်​၍​အပ်​လိုက်​ကြ​၏။
MAT 27:3 ထို​နောက်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ခဲ့​သူ ယု​ဒ​သည် ကိုယ်​တော်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​ကြောင်း ကို​သိ​မြင်​လျှင် နောင်​တ​ရ​လျက်​ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​ထံ​သို့​ပြန်​၍​ယူ​ခဲ့​ပြီး​လျှင်၊-
MAT 27:4 ``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကင်း​သူ​ကို​သေ​စေ​ရန်​အပ် မိ​ပါ​ပြီ'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``ဤ ကိစ္စ​သည်​ငါ​တို့​နှင့်​မည်​သို့​ဆိုင်​ပါ​သ​နည်း။ သင် ၏​တာ​ဝန်​သာ​ဖြစ်​၏'' ဟု​ပြန်​ပြော​ကြ​၏။-
MAT 27:5 ထို​အ​ခါ​ယု​ဒ​သည်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ဗိ​မာန် တော်​တွင်​ပစ်​ချ​ကာ​ထွက်​သွား​၏။ ထို​နောက်​အ​ခြား သို့​သွား​ပြီး​လျှင်​ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။
MAT 27:6 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​သည်​ထို​ငွေ​ကို​ကောက်​ယူ ၍ ``ဤ​ငွေ​ကား​သွေး​ဖိုး​ငွေ​ဖြစ်​၏။ သို့​ဖြစ်​၍​ဤ​ငွေ ကို​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​မ​သွင်း​အပ်'' ဟု​ဆို​ကြ​၏။-
MAT 27:7 သူ​တို့​သည်​ဆွေး​နွေး​တိုင်​ပင်​ကြ​ပြီး​လျှင်​ထို​ငွေ ဖြင့် အိုး​ထိန်း​သည်​၏​လယ်​မြေ​ကို​လူ​မျိုး​ခြား​သား သင်္ချိုင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ဝယ်​ယူ​ကြ​၏။-
MAT 27:8 သို့​ဖြစ်​၍​ထို​လယ်​သည်​ယ​နေ့​တိုင်​အောင် ``သွေး​မြေ'' ဟူ​၍​ခေါ်​တွင်​သ​တည်း။
MAT 27:9 ပ​ရော​ဖက်​ယေ​ရ​မိ​က ``သူ​တို့​သည်​ထို​သူ​၏ တန်​ဖိုး​အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ကဲ ဖြတ်​ပေး​သည့်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ယူ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မှာ​ကြား​တော်​မူ​သည့် အ​တိုင်း​အိုး​ထိန်း​သည်​၏​လယ်​မြေ​ကို​ဝယ်​ယူ ကြ​၏'' ဟု​ဟော​ကြား​ခဲ့​သည့်​စ​ကား​သည်​ထို အ​ချိန်​၌​မှန်​၍​လာ​တော့​၏။
MAT 27:11 ရော​မ​ဘု​ရင်​ခံ​မင်း​၏​ရှေ့​သို့​သ​ခင်​ယေ​ရှု​ရောက်​ရှိ သော​အ​ခါ​ဘု​ရင်​ခံ​မင်း​က ``သင်​သည်​ယု​ဒ​ရှင် ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``သင်​ဆို သည်​အ​တိုင်း​ငါ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
MAT 27:12 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​ပြစ်​တင်​စွပ်​စွဲ​ချက်​များ​ကို ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား​တော်​မ​မူ။
MAT 27:13 ထို​အ​ခါ​ပိ​လတ်​မင်း​က ``သင့်​အား​ထို​သူ​တို့​သည် မည်​မျှ​ပြစ်​တင်​စွပ်​စွဲ​လျက်​ရှိ​ကြ​သည်​ကို​သင် သည်​မ​ကြား​ပါ​သ​လော'' ဟု​ဆို​၏။
MAT 27:14 သို့​ရာ​တွင်​ကိုယ်​တော်​သည်​စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​လည်​မိန့်​ကြား​တော်​မ​မူ။ သို့​ဖြစ်​၍​ဘု​ရင်​ခံ မင်း​သည်​လွန်​စွာ​အံ့​သြ​လေ​၏။
MAT 27:15 ရော​မ​ဘု​ရင်​ခံ​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ တိုင်း လူ​ပ​ရိ​သတ်​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လေ့ ရှိ​၏။-
MAT 27:16 ထို​အ​ချိန်​၌​ယေ​ရှု​ဗာ​ရဗ္ဗ​ဆို​သူ​နာ​မည်​ဆိုး အ​ကျဉ်း​သ​မား​တစ်​ယောက်​ရှိ​၏။-
MAT 27:17 သို့​ဖြစ်​၍​လူ​တို့​စု​ရုံး​လာ​ကြ​သော​အ​ခါ​ပိ​လတ်​မင်း က ``သင်​တို့​အ​တွက်​မည်​သူ့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​စေ​လို​သ​နည်း။ ယေ​ရှု​ဗာ​ရဗ္ဗ​လော။ ခ​ရစ်​တော် ဆို​သူ​ယေ​ရှု​လော'' ဟု​မေး​၏။-
MAT 27:18 ထို​သူ​တို့​မ​နာ​လို​၍​ယေ​ရှု​အား​မိ​မိ​လက်​သို့ အပ်​နှံ​ကြ​ကြောင်း​ကို​ပိ​လတ်​မင်း​သိ​သ​တည်း။
MAT 27:19 ပိ​လတ်​မင်း​သည်​တ​ရား​ခွင်​တွင်​ထိုင်​လျက်​နေ​စဉ် သူ​၏​ဇ​နီး​သည်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍ ``ထို အ​ပြစ်​ကင်း​သူ​နှင့်​ပတ်​သက်​၍​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​ယ​မန်​ည​က အိပ်​မက်​တွင်​သူ​၏​အ​တွက်​စိတ်​ဒုက္ခ​များ​စွာ ရောက်​ရ​ပါ​၏'' ဟု​ပြော​စေ​၏။
MAT 27:20 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည် ``ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​ပါ။ ယေ​ရှု​ကို​သတ်​ပါ'' ဟု​ပိ​လတ်​မင်း ထံ​တောင်း​ဆို​ရန်​ပ​ရိ​သတ်​တို့​အား​တိုက်​တွန်း ကြ​၏။-
MAT 27:21 ဘု​ရင်​ခံ​မင်း​က ``ဤ​သူ​နှစ်​ယောက်​အ​နက်​မည်​သူ့ ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​နည်း'' ဟု မေး​၏။ လူ​တို့​က ``ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ'' ဟု​ဆို ကြ​၏။
MAT 27:22 ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​ခ​ရစ်​တော်​ဆို​သူ ကို​ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​အ​ပေါင်း​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​ဆို​ကြ​၏။
MAT 27:23 ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​အ​ပြစ်​ကို ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​အ​သံ​ကုန်​ဟစ်​အော် ကြ​၏။
MAT 27:24 ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။
MAT 27:25 လူ​အ​ပေါင်း​တို့​က ``ထို​သူ​သေ​ရ​ခြင်း​အ​တွက် အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏​သား​မြေး​များ ၏​တာ​ဝန်​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။
MAT 27:26 ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ဗာ​ရဗ္ဗ​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ်​ဒဏ်​ခတ်​စေ​ပြီး လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန်​အပ်​လိုက်​၏။
MAT 27:27 ပိ​လတ်​မင်း​၏​စစ်​သား​များ​သည်​သ​ခင်​ယေ​ရှု​ကို ဘု​ရင်​ခံ​မင်း​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​နောက်​ခြေ​လျင်​တပ်​ခွဲ​တစ်​တပ်​လုံး​သည်​ကိုယ် တော်​ပတ်​လည်​စု​ရုံး​လာ​ကြ​၏။-
MAT 27:28 စစ်​သား​များ​သည်​ကိုယ်​တော်​အား​အ​ဝတ်​တော် ကို​ချွတ်​၍​ကမ္ဗ​လာ​နီ​ဝတ်​လုံ​ကို​ခြုံ​ပေး​ကြ​၏။-
MAT 27:29 ထို​နောက်​ဆူး​ခက်​ဖြင့်​ရက်​သည့်​သ​ရ​ဖူ​ကို​ဆောင်း ပေး​ကြ​၏။ ကူ​ရိုး​တစ်​ချောင်း​ကို​လက်​ယာ​လက်​တော် တွင်​ထည့်​ပေး​ကြ​၏။ ထို​နောက်​ရှေ့​တော်​တွင်​ဒူး​ထောက် လျက် ``ယု​ဒ​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု ပြက်​ရယ်​ပြု​ကြ​၏။-
MAT 27:30 သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကူ​ရိုး​ကို​ယူ​၍​ခေါင်း​တော်​ကို​ရိုက်​ကြ​၏။-
MAT 27:31 ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​ကမ္ဗ​လာ​နီ​ဝတ်​လုံ ကို​ချွတ်​၍​ကိုယ်​တော်​၏​အ​ဝတ်​ကို​ပြန်​ဝတ်​ပေး​ကြ ၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။
MAT 27:32 သူ​တို့​သည်​ထွက်​လာ​ကြ​စဉ်​ရှိ​မုန်​နာ​မည်​ရှိ​သူ ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​ကို​တွေ့​သ​ဖြင့် ထို​သူ​အား​အ​တင်း​အ​ကြပ်​ခေါ်​၍​ကိုယ်​တော်​၏ လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​ကြ​၏။-
MAT 27:33 ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​အ​ဋ္ဌိပ္ပါယ်​ရှိ​သော​ဂေါ​လ ဂေါ​သ​နာ​မည်​တွင်​သည့်​အ​ရပ်​သို့​ရောက်​လျှင်၊-
MAT 27:34 သူ​တို့​သည်​ဆေး​ခါး​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို​ကိုယ်​တော်​အား​တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​ကြည့်​တော်​မူ​ပြီး​လျှင်​မ​သောက်​ဘဲ​နေ တော်​မူ​၏။
MAT 27:35 ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ကြ​၏။-
MAT 27:36 ထို​နောက်​ထိုင်​၍​ကိုယ်​တော်​ကို​စောင့်​ကြည့်​နေ​ကြ​၏။-
MAT 27:37 ကိုယ်​တော်​အား​စွဲ​ချက်​တင်​သည့်​အ​ပြစ်​ကို​ဦး​ခေါင်း တော်​အ​ထက်​တွင် ``ဤ​သူ​ကား​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​၏'' ဟူ​၍​ကမ္ပည်း​ရေး​ထိုး​ထား​ကြ​၏။-
MAT 27:38 ထို​အ​ချိန်​၌​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော် နှင့်​အ​တူ​လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။
MAT 27:39 လမ်း​သွား​လမ်း​လာ​များ​က​ဦး​ခေါင်း​ခါ​လျက် ``ဗိ​မာန် တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​တည် ဆောက်​မည့်​သူ၊ သင့်​ကိုယ်​ကို​သင်​ကယ်​တင်​လော့။ သင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် လက်​ဝါး ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့'' ဟု​ကိုယ်​တော်​အား ကဲ့​ရဲ့​ကြ​၏။
MAT 27:41 ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​က​လည်း​ပြောင်​လှောင်​ကြ​၏။-
MAT 27:42 ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ သူ​သည် ဣသ​ရေ​လ​ရှင်​ဘု​ရင်​မ​ဟုတ်​ပါ​လော။ လက်​ဝါး ကပ်​တိုင်​မှ​ယ​ခု​ဆင်း​လာ​လျှင်​ငါ​တို့​သူ့​ကို ယုံ​ကြည်​ကြ​ပေ​အံ့။-
MAT 27:43 သူ​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​၏။ `ငါ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​လို​တော် ရှိ​လျှင် ယ​ခု​ပင်​ကယ်​တင်​တော်​မူ​ပါ​စေ'' ဟု​ဆို ကြ​၏။
MAT 27:44 ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင် ခံ​ရ​သူ​ဋ္ဌား​ပြ​များ​က​ပင်​လျှင် ထို​နည်း​တူ​ကိုယ် တော်​ကို​ပြောင်​လှောင်​ကြ​၏။
MAT 27:45 မွန်း​တည့်​ချိန်​မှ​အ​စ​ပြု​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ​လေ​၏။-
MAT 27:46 မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​သော​အ​သံ နှင့်​မိန့်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း'' ဟူ​၏။
MAT 27:47 အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် ``သူ​သည်​ဧ​လိ​ယ​ကို​ခေါ်​နေ​၏'' ဟု​ဆို ကြ​၏။-
MAT 27:48 ထို​သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​ချက်​ချင်း​ပြေး ၍​ပင်​လယ်​ရေ​မြှုပ်​ကို​ယူ​ကာ​ပုံး​ရည်​ကို​စုပ်​ပြီး​လျှင် ထို​ရေ​မြှုပ်​ကို​ကူ​ရိုး​ဖျား​တွင်​ပတ်​၍​ကိုယ်​တော် သောက်​ရန်​ပေး​လေ​၏။
MAT 27:49 အ​ခြား​သော​သူ​တို့​က ``ရှိ​စေ​တော့။ သူ့​ကို​ကယ်​ရန် ဧ​လိ​ယ​လာ​မ​လာ​ကို​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
MAT 27:50 သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​ကျယ်​စွာ​ဟစ်​အော်​တော်​မူ ပြီး​လျှင်​အ​သက်​ချုပ်​တော်​မူ​၏။-
MAT 27:51 ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။ မြေ​င​လျင် လှုပ်​၏။ ကျောက်​ဆောင်​များ​ပြို​ကွဲ​ကြ​၏။-
MAT 27:52 သင်္ချိုင်း​ဂူ​များ​ပွင့်​လစ်​သ​ဖြင့်​သေ​လွန်​ပြီး​သူ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​မြောက် အ​မြား​ပင်​ရှင်​ပြန်​ထ​မြောက်​ကြ​ကုန်​၏။-
MAT 27:53 သ​ခင်​ယေ​ရှု​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ထို​သူ​တို့​သည်​သင်္ချိုင်း​ထဲ​မှ​ထွက်​လာ​ကာ သန့်​ရှင်း သော​မြို့​တော်​သို့​ဝင်​သွား​ကြ​သ​ဖြင့်​လူ​အ​များ ပင်​သူ​တို့​ကို​တွေ့​မြင်​ကြ​၏။
MAT 27:54 တပ်​မှူး​နှင့်​တ​ကွ​သ​ခင်​ယေ​ရှု​ကို​စောင့်​ကြည့် နေ​ကြ​သော​စစ်​သား​များ​သည်​မြေ​င​လျင်​လှုပ် သည်​ကို​လည်း​ကောင်း၊ အ​ခြား​အ​ဖြစ်​အ​ပျက်​များ ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​သော​အ​ခါ​လွန်​စွာ ကြောက်​လန့်​ကြ​၍ ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘုရား သ​ခင်​၏​သား​တော်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။
MAT 27:55 ထို​အ​ရပ်​တွင်​အ​ဝေး​က​ရပ်​လျက်​ကြည့်​နေ​သော အ​မျိုး​သ​မီး​များ​ရှိ​၏။ သူ​တို့​သည်​ကား​ဂါ​လိ​လဲ ပြည်​မှ​သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့​လိုက်​၍​လုပ် ကျွေး​သ​မှု​ပြု​ကြ​သူ​များ​တည်း။-
MAT 27:56 ထို​သူ​တို့​အ​ထဲ​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ နှင့်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​အ​မိ​တို့​ပါ​ကြ​၏။
MAT 27:57 ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​အ​ရိ​မ​ဿဲ​မြို့​မှ ယော​သပ်​ဆို​သူ​သူ​ဌေး​တစ်​ယောက်​ရောက်​ရှိ​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​တ​ပည့်​တော်​တစ်​ဦး​ဖြစ်​၏။-
MAT 27:58 သူ​သည်​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်​သ​ခင် ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​၏။ ပိ​လတ်​မင်း သည်​အ​လောင်း​တော်​ကို​ယော​သပ်​အား​ပေး​ရန် အ​မိန့်​ချ​မှတ်​လိုက်​၏။-
MAT 27:59 ယော​သပ်​သည်​အ​လောင်း​တော်​ကို​ယူ​၍​ဖြူ​စင်​သော ပိတ်​ဖြင့်​ပတ်​၏။-
MAT 27:60 ထို​နောက်​ကျောက်​ဆောင်​၌​မ​ကြာ​မီ​က​ထွင်း​ထား​သည့် မိ​မိ​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကာ ဂူ​ဝ​ကို​ကျောက်​တုံး​တစ်​ခု လှိမ့်​၍​ပိတ်​ထား​လိုက်​ပြီး​နောက်​ပြန်​သွား​လေ​သည်။-
MAT 27:61 သင်္ချိုင်း​ရှေ့​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့်​အ​ခြား မာ​ရိ​တို့​သည်​ထိုင်​လျက်​ရှိ​နေ​ကြ​၏။
MAT 27:62 သော​ကြာ​နေ့​ကုန်​လွန်​၍​ဥ​ပုသ်​နေ့​ရောက်​သော် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ပိလတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊-
MAT 27:63 ``အ​ရှင်၊ ထို​လူ​လိမ်​အ​သက်​ရှင်​စဉ်​အ​ခါ​က၊ `ငါ သည်​သုံး​ရက်​ကြာ​သော်​သေ​ခြင်း​မှ​ထ​မြောက်​မည်' ဟု​ပြော​ဆို​ခဲ့​သည်​ကို​အ​ကျွန်ုပ်​တို့​မှတ်​မိ​ပါ​၏။-
MAT 27:64 သို့​ဖြစ်​၍​သုံး​ရက်​မြောက်​သော​နေ့​အ​ထိ​သင်္ချိုင်း​ဂူ ကို​လုံ​ခြုံ​စွာ​ပိတ်​၍​စောင့်​ကြပ်​စေ​ရန်​အ​မိန့်​ပေး တော်​မူ​ပါ။ သို့​မ​ဟုတ်​ပါ​မူ​သူ​၏​တ​ပည့်​များ​သည် လာ​၍​ရုပ်​အ​လောင်း​ကို​ခိုး​ယူ​ကာ​သူ​သည်​သေ​ခြင်း မှ​ထ​မြောက်​လေ​ပြီ​ဟု​လူ​တို့​အား​ပြော​ကြ​လိမ့်​မည်။ ထို​အ​ခါ​နောက်​ဆုံး​လှည့်​စား​ချက်​သည်​ပ​ထ​မ လှည့်​စား​ချက်​ထက်​ပို​၍​ဆိုး​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။
MAT 27:65 ပိ​လတ်​မင်း​က ``အ​စောင့်​တပ်​တစ်​တပ်​ကို​ခေါ်​၍ သင်္ချိုင်း​ဂူ​ကို​အ​တတ်​နိုင်​ဆုံး​စောင့်​ကြပ်​စေ​လော့'' ဟု​ဆို​၏။
MAT 27:66 သို့​ဖြစ်​၍​ထို​သူ​တို့​သည် သင်္ချိုင်း​ဂူ​သို့​သွား​ပြီး​လျှင် ကျောက်​တုံး​ကို​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကာ သင်္ချိုင်း​ဂူ​ကို လုံ​ခြုံ​စွာ​ပိတ်​ထား​ကြ​၏။ ထို​နောက်​စောင့်​ကြပ်​ရန် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​ကြ​၏။
MAT 28:1 ဥ​ပုသ်​နေ့​ကုန်​လွန်​ပြီး​နောက်​တ​နင်္ဂ​နွေ​နေ့​မိုး​လင်း စ​ပြု​သော​အ​ခါ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် အ​ခြား​မာ​ရိ​တို့​သည်​သင်္ချိုင်း​တော်​သို့​လာ​ကြ​၏။-
MAT 28:2 ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။-
MAT 28:3 သူ​၏​အ​ဆင်း​သဏ္ဌာန်​သည်​လျှပ်​စစ်​လက်​သ​ကဲ့​သို့ ဖြစ်​၍​သူ​၏​အ​ဝတ်​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၏။-
MAT 28:4 အ​စောင့်​တပ်​သား​များ​သည်​လွန်​စွာ​ကြောက်​လန့် သ​ဖြင့်​တုန်​လှုပ်​ကာ​သေ​သ​ကဲ့​သို့​ဖြစ်​ကြ​၏။
MAT 28:5 ကောင်း​ကင်​တ​မန်​က​အ​မျိုး​သ​မီး​တို့​အား ``မ ကြောက်​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ အ​သတ်​ခံ​ရ​သည့်​ယေ​ရှု​ကို​သင်​တို့​ရှာ​နေ ကြောင်း​ကို​ငါ​သိ​၏။-
MAT 28:6 ကိုယ်​တော်​သည်​ယ​ခင်​က​မိန့်​တော်​မူ​သည့်​အ​တိုင်း သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ လျောင်း တော်​မူ​သည့်​နေ​ရာ​ကို​ကြည့်​ကြ​လော့။-
MAT 28:7 တ​ပည့်​တော်​တို့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍ `ကိုယ် တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​မည် ဖြစ်​၍ ထို​အ​ရပ်​တွင်​ကိုယ်​တော်​ကို​သင်​တို့​တွေ့​ရ ကြ​လိမ့်​မည်' ဟု​ပြော​ကြား​ကြ​လော့။ ငါ​ပြော သည့်​စ​ကား​ကို​မ​မေ့​ကြ​နှင့်'' ဟု​ဆို​၏။
MAT 28:8 အ​မျိုး​သ​မီး​တို့​သည်​ကြောက်​လန့်​သော်​လည်း အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​သင်္ချိုင်း​ဂူ​မှ​အ​လျင် အ​မြန်​ထွက်​ခွာ​၍ တ​ပည့်​တော်​တို့​အား​ထို​သ​တင်း ကို​ပြော​ကြား​ရန်​ပြေး​ကြ​၏။
MAT 28:9 ထို​အ​ချိန်​၌​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ထံ​သို့ ရောက်​ရှိ​လာ​ကာ ``သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ပါ​စေ သော'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​မျိုး​သ​မီး​တို့ သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍​ခြေ​တော်​ကို ဖက်​ယမ်း​လျက်​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။-
MAT 28:10 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``မ​ကြောက်​ကြ​နှင့်။ သွား​၍​ငါ​၏​ညီ​အစ်​ကို​များ​အား​ဂါ​လိ​လဲ ပြည်​သို့​သွား​ရန်​ပြော​ကြား​ကြ​လော့။ သူ​တို့ သည်​ထို​ပြည်​တွင်​ငါ့​ကို​မြင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAT 28:11 အ​မျိုး​သ​မီး​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​အ​စောင့် တပ်​သား​အ​ချို့​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ ယဇ်​ပု​ရော ဟိတ်​ကြီး​များ​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​ကို​ကြား​ပြော​ကြ​၏။-
MAT 28:12 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည်​စု​ရုံး​တိုင်​ပင်​ကြ​ပြီး​နောက်​စစ် သား​များ​အား​ငွေ​အ​မြောက်​အ​မြား​ပေး​၍၊-
MAT 28:13 ``ညဥ့်​အ​ခါ​ငါ​တို့​အိပ်​ပျော်​နေ​ခိုက်​ထို​သူ​၏ တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို​ခိုး​ယူ​သွား ကြ​ပါ​သည်'' ဟု​ပြော​ကြ​လော့။-
MAT 28:14 အ​ကယ်​၍​ထို​သ​တင်း​ကို​ဘု​ရင်​ခံ​မင်း​ကြား​သိ သွား​ပါ​လျှင် သင်​တို့​အ​ပေါ်​တွင်​အ​မှု​မ​ပတ်​စေ​ရန် သူ့​အား​ငါ​တို့​ဖျောင်း​ဖျ​ပေး​မည်'' ဟု​ဆို​ကြ​၏။
MAT 28:15 စစ်​သား​တို့​သည်​ငွေ​ကို​ယူ​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​သင်​ကြား​ပေး​လိုက်​သည့်​အ​တိုင်း​ပြော​ကြ​၏။ စစ်​သား​တို့​ပြော​ကြား​သည့်​သ​တင်း​ကို​ယ​နေ့​တိုင် အောင်​ယု​ဒ​အ​မျိုး​သား​တို့​သည်​အနှံ့​အြုပား​ပြော​ဆို ကြ​၏။
MAT 28:16 တ​ပည့်​တော်​တစ်​ဆယ့်​တစ်​ဦး​တို့​သည်​သ​ခင်​ယေ​ရှု မှာ​ကြား​တော်​မူ​သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည် တောင်​ပေါ်​သို့​သွား​ကြ​၏။-
MAT 28:17 သူ​တို့​သည်​ကိုယ်​တော်​ကို​တွေ့​မြင်​သော​အ​ခါ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​အ​နက် အ​ချို့​သော​သူ​တို့​သည်​ယုံ​မှား​သံ​သ​ယ​ဖြစ် ကြ​၏။-
MAT 28:18 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-
MAT 28:19 သို့​ဖြစ်​၍​သင်​တို့​သည်​သွား​၍​လူ​မျိုး​တ​ကာ​တို့ ကို​ငါ့​တ​ပည့်​ဖြစ်​စေ​ကြ​လော့။ သူ​တို့​အား​ခ​မည်း တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ကြ​လော့။-
MAT 28:20 သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။
MAR 1:1 ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း သ​တင်း​ကောင်း​စ​တင်​ပုံ​ကို​ဖော်​ပြ​ပါ​အံ့။-
MAR 1:2 ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်၊ ``ဘု​ရား​သ​ခင်​က နား​ထောင်​ကြ​လော့။ ငါ​သည်​သင်​၏​လမ်း​ကို​အ​ဆင်​သင့်​ဖြစ်​စေ​ရန် ငါ​၏​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်။
MAR 1:3 တော​ကန္တာ​ရ​၌​အ​သံ​တစ်​ခု​သည် ``ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​နေ​၏။ ဟူ​၍​ဖော်​ပြ​ပါ​ရှိ​သည်။
MAR 1:4 ယင်း​သို့​ဟေ​ရှာ​ယ​က​ဖော်​ပြ​သည်​နှင့်​အ​ညီ ဗတ္တိ​ဇံ ဆ​ရာ​ယော​ဟန်​သည်​တော​ကန္တာ​ရ​တွင်​ပေါ်​ထွန်း​လာ​၏။ သူ​သည်​လူ​တို့​အား ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု ဟော​ပြော​၏။-
MAR 1:5 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​ကျေး​လက်​တော​ရွာ တို့​မှ လူ​အ​ပေါင်း​တို့​သည်​ယော​ဟန်​ထံ​သို့​သွား​ကြ ကုန်​၏။ မိ​မိ​တို့​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ယော်​ဒန်​မြစ်​တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ​၏။
MAR 1:6 ယော​ဟန်​သည်​ကု​လား​အုပ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​ထား​၏။ သား​ရေ​ခါး​ပန်း​ကို​စည်း​ထား​၏။ ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ကို​မှီ​ဝဲ​၏။-
MAR 1:7 သူ​က ``ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ​၏ နောက်​တွင်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင် ၏​ဖိ​နပ်​ကြိုး​ကို​မျှ​ငုံ့​၍​မ​ဖြည်​ထိုက်။-
MAR 1:8 ငါ​သည်​သင်​တို့​အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။ ထို​အ​ရှင်​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့'' ဟု လူ​တို့​အား​ဟော​ပြော​လေ​သည်။
MAR 1:9 ထို​နောက်​များ​မ​ကြာ​မီ​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​မှ​ကြွ​လာ​တော်​မူ​၍ ယော်​ဒန်​မြစ် တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​တော်​မူ​သည်။-
MAR 1:10 ရေ​မှ​တက်​တော်​မူ​စဉ်​မိုး​ကောင်း​ကင်​ကွဲ​ဟ​၍ မိ​မိ အ​ပေါ်​သို့​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ဆင်း​သက်​သည်​ကို​မြင်​တော်​မူ​၏။-
MAR 1:11 ကောင်း​ကင်​မှ​လည်း ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး ရာ ငါ​၏​ချစ်​သာ၈​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။
MAR 1:12 ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​ကို တော​ကန္တာ​ရ​သို့​ပို့​ဆောင်​တော်​မူ​၏။-
MAR 1:13 တော​ကန္တာ​ရ​တွင်​စာ​တန်​သည်​ကိုယ်​တော်​အား အ​ရက် လေး​ဆယ်​ပတ်​လုံး​စုံ​စမ်း​သွေး​ဆောင်​လေ​သည်။ ထို အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လည်း​ရှိ​၏။ သို့​ရာ တွင်​ကောင်း​ကင်​တ​မန်​တို့​သည်​လာ​၍ ကိုယ်​တော် ကို​လုပ်​ကျွေး​ကြ​၏။
MAR 1:14 ယော​ဟန်​အ​ကျဉ်း​ခံ​ရ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့​ကြွ​လာ​၍ ``ချိန်း​ချက်​တော်​မူ​ရာ အ​ချိန်​ကျ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် လု​နီး​ပြီ။ နောင်​တ​ရ​၍​သ​တင်း​ကောင်း​ကို​ခံ​ယူ ယုံ​ကြည်​ကြ​လော့'' ဟု​ဘု​ရား​သ​ခင်​ထံ​မှ သ​တင်း​ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။
MAR 1:16 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ကမ်း​ခြေ​တွင်​လျှောက်​သွား တော်​မူ​စဉ် ရှိ​မုန်​နှင့်​ညီ​အန္ဒြေ​ကို​မြင်​တော်​မူ​၏။ သူ​တို့ သည်​တံ​ငါ​သည်​များ​ဖြစ်​သည်​အ​လျောက် အိုင်​ထဲ တွင်​ကွန်​ပစ်​နေ​ကြ​သ​တည်း။-
MAR 1:17 သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။-
MAR 1:18 ထို​သူ​တို့​သည်​ချက်​ချင်း မိ​မိ​တို့​၏​ပိုက်​ကွန်​များ ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။
MAR 1:19 ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။-
MAR 1:20 ကိုယ်​တော်​သည်​သူ​တို့​ကို​မြင်​လျှင်​ချက်​ချင်း​ခေါ်​ယူ တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဖ​ခင်​ဇေ​ဗေ​ဒဲ​ကို​လူ ငှား​များ​နှင့်​လှေ​ထဲ​တွင်​ထား​ခဲ့​၍​နောက်​တော်​သို့ လိုက်​ကြ​၏။
MAR 1:21 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့ ရောက်​လာ​ကြ​၏။ ဥ​ပုသ်​နေ့​၌​သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
MAR 1:22 ကိုယ်​တော်​သည်​ကျမ်း​တတ်​ဆ​ရာ​တို့​သွန်​သင်​သ​ကဲ့​သို့ မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​သူ​ကဲ့​သို့​သွန်​သင်​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို​အံ့​သြ ကြ​၏။
MAR 1:23 ထို​အ​ချိန်​၌​တ​ရား​ဇ​ရပ်​ထဲ​တွင် ညစ်​ညမ်း​သော​နတ် ပူး​ဝင်​နေ​သူ​တစ်​ဦး​ရှိ​၏။-
MAR 1:24 ထို​သူ​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ် တို့​အား​အ​ဘယ်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ် တို့​အား​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ပေ​တည်း'' ဟု​ဟစ်​အော်​၏။
MAR 1:25 သ​ခင်​ယေ​ရှု​က ``ဆိတ်​ဆိတ်​နေ​လော့။ ထွက်​ခဲ့ လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။-
MAR 1:26 ညစ်​ညမ်း​သော​နတ်​သည်​လူ​ကို​ပြင်း​စွာ​တုန်​တက် စေ​ပြီး​လျှင် ကျယ်​စွာ​ဟစ်​အော်​၍​ထွက်​ခွာ​သွား​၏။-
MAR 1:27 လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ အ​ချင်း​အ​ရာ​ကား​အ​ဘယ်​သို့​နည်း။ သြ​ဝါ​ဒ​သစ် တစ်​မျိုး​ပေ​လော။ သူ​သည်​ညစ်​ညမ်း​သော​နတ်​များ​ကို အာ​ဏာ​နှင့်​အ​မိန့်​ပေး​၍ နတ်​တို့​က​လိုက်​နာ​ကြ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
MAR 1:28 ချက်​ချင်း​ပင်​ကိုယ်​တော်​၏​သ​တင်း​သည် ဂါ​လိ​လဲ ပြည်​တစ်​ပြည်​လုံး​ရှိ​ကျေး​လက်​တော​ရွာ​အ​ပေါင်း သို့​ပြန့်​သွား​လေ​သည်။
MAR 1:29 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍ ရှိ​မုန်​နှင့်​အန္ဒြေ​၏​အိမ်​သို့ ကြွ​တော်​မူ​၏။ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​လည်း လိုက်​ပါ​သွား​ကြ​၏။
MAR 1:30 ရှိ​မုန်​၏​ယောက္ခ​မ​မိန်း​မ​သူ​သည်​အိပ်​ရာ​ပေါ်​တွင် ဖျား​လျက်​ရှိ​၏။ သူ​၏​အ​ကြောင်း​ကို​ကိုယ်​တော်​အား ချက်​ချင်း​ပင်​လျှောက်​ထား​ကြ​၏။-
MAR 1:31 ကိုယ်​တော်​သည်​သူ့​ထံ​သို့​သွား​၍​လက်​ကို​ကိုင်​ဆွဲ ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​သည်​အ​ဖျား​ပျောက် ၍​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။-
MAR 1:32 နေ​ဝင်​၍​ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​သည်​များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။-
MAR 1:33 တစ်​မြို့​လုံး​မှ​လူ​တို့​သည် အိမ်​တံ​ခါး​ဝ​တွင် လာ​ရောက်​စု​ရုံး​လျက်​ရှိ​နေ​ကြ​၏။-
MAR 1:34 ကိုယ်​တော်​သည်​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​မြောက်​အ​မြား​ကို ကျန်း​မာ​စေ​တော်​မူ​၏။ များ​စွာ သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​နတ်​တို့​သည် ကိုယ်​တော်​မည်​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၏။ သို့​ဖြစ် သော​ကြောင့်​ကိုယ်​တော်​သည် သူ​တို့​အား​စ​ကား ပြော​ခွင့်​ပေး​တော်​မ​မူ။
MAR 1:35 နောက်​တစ်​နေ့​မိုး​မ​လင်း​မီ​ကိုယ်​တော်​သည်​အိပ်​ရာ မှ​ထ​တော်​မူ​၏။ ထို​နောက်​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ​ပြီး​လျှင် ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။-
MAR 1:36 ရှိ​မုန်​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ကိုယ်​တော်​ကို လိုက်​ရှာ​ကြ​၏။-
MAR 1:37 တွေ့​သော​အ​ခါ ``ကိုယ်​တော်​ကို​လူ​အ​ပေါင်း​တို့ ရှာ​နေ​ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
MAR 1:38 ကိုယ်​တော်​က ``အ​နီး​အ​နား​ရှိ​ရွာ​များ​သို့​သွား​ကြ ကုန်​စို့။ ထို​ရွာ​များ​တွင်​လည်း​ငါ​တ​ရား​ဟော​ရ​မည်။ ထို့​ကြောင့်​ငါ​ကြွ​လာ​ခဲ့​ခြင်း​ဖြစ်​သည်'' ဟု​တ​ပည့် တော်​တို့​အား​မိန့်​တော်​မူ​၏။
MAR 1:39 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး လှည့်​လည်​တော်​မူ​၍ တ​ရား​ဇ​ရပ်​များ​တွင်​တ​ရား ဟော​တော်​မူ​၏။ ထို့​အ​ပြင်​နတ်​မိစ္ဆာ​များ​ကို​နှင် ထုတ်​တော်​မူ​၏။
MAR 1:40 အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ်​ယောက်​သည် ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက်​ဒူး​ထောက် ၍ ``အ​ရှင်​အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​ကို​ရော​ဂါ မှ​သန့်​စင်​စေ​နိုင်​ပါ​သည်'' ဟု​လျှောက်​ထား တောင်း​ပန်​၏။
MAR 1:41 ကိုယ်​တော်​သည်​သ​နား​တော်​မူ​သ​ဖြင့် လက်​တော်​ကို ဆန့်​၍​ထို​သူ့​ကို​တို့​ထိ​တော်​မူ​၏။ ``ငါ​အ​လို​ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​၏။-
MAR 1:42 မိန့်​တော်​မူ​သည့်​ခ​ဏ​၌ ထို​သူ​သည်​ရော​ဂါ​ပျောက် ၍​သန့်​စင်​သွား​လေ​သည်။-
MAR 1:43 ချက်​ချင်း​ပင်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​အား ``ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​မူ​သွား​၍​သင်​၏ ကိုယ်​ကို​ပြ​လော့။ သင်​သန့်​စင်​သွား​သည့်​အ​တွက် လူ​တို့​ရှေ့​တွင်​သက်​သေ​ပြ​ရန် မော​ရှေ​မိန့်​မှာ​သည့် ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​ကြပ်​တည်း​စွာ သ​တိ​ပေး​၍​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။
MAR 1:45 ထို​သူ​သည်​ထွက်​ခွာ​၍​သွား​၏။ သို့​ရာ​တွင်​မိ​မိ​၏ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။ ထို​သ​တင်း​သည်​လွန်​စွာ ပြန့်​သွား​ရ​ကား​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​မြို့​သို့​မျှ အ​ထင်​အ​ရှား​မ​ဝင်​နိုင်​တော့​ချေ။ ဆိတ်​ကွယ်​ရာ မြို့​ပြင်​ဒေ​သ​များ​မှာ​သာ​နေ​ရ​၏။ သို့​သော် အ​ရပ်​ရပ်​မှ​လူ​အ​ပေါင်း​တို့​သည်​အ​ထံ​တော် သို့​လာ​ရောက်​ကြ​ကုန်​၏။
MAR 2:1 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ​၏။ အိမ်​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​သည့်​သ​တင်း​ကို လူ​တို့​ကြား​ကြ​ကုန်​၏။-
MAR 2:2 ထို့​ကြောင့်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​သူ​များ လှ​သ​ဖြင့် အိမ်​ဥ​ပ​စာ​မှာ​ခြေ​ချ​စ​ရာ​မ​ရှိ တော့​ပေ။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​တ​ရား တော်​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​၏။-
MAR 2:3 ထို​အ​ခါ​လူ​လေး​ယောက်​တို့​သည်​လေ​ဖြတ်​သူ တစ်​ဦး​ကို ထမ်း​စင်​ဖြင့်​အ​ထံ​တော်​သို့​ယူ​ဆောင် လာ​ကြ​၏။-
MAR 2:4 ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​နိုင်​ကြ။ ထို့​ကြောင့်​ကိုယ်​တော် ရှိ​သည့်​နေ​ရာ​အ​ထက်​မှ​ခေါင်​မိုး​ကို​ဖောက်​ထွင်း​၍ လူ​မ​မာ​လဲ​လျောင်း​နေ​သော​ထမ်း​စင်​ကို​လျော​ချ ကြ​၏။-
MAR 2:5 သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင် တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား၊ သင်​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
MAR 2:6 သို့​သော်​လည်း​ထို​အ​ရပ်​မှာ​ထိုင်​လျက်​ရှိ​ကြ သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က၊-
MAR 2:7 ``ဤ​သူ​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ဆို​ပါ​သ​နည်း။ သူ​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ ပြီ။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည် အ​ပြစ်​ကို​ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟူ​၍ တွေး​တော​နေ​ကြ​လေ​သည်။-
MAR 2:8 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​သည်​ကို ချက်​ချင်း​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့ သည်​အ​ဘယ်​ကြောင့်​ဤ​သို့​တွေး​တော​နေ​ကြ သ​နည်း။-
MAR 2:9 လေ​ဖြတ်​သူ​အား​အ​ဘယ်​သို့​ပြော​ရန်​ပို​၍​လွယ်​ကူ သ​နည်း။ `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန် ပို​၍​လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ ထ​လော့၊ သင်​၏​ထမ်း​စင်​ကို​ထမ်း​၍​လှမ်း​သွား လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။-
MAR 2:10 လူ​သား​သည်​လော​က​တွင်​အ​ပြစ်​ဖြေ​လွှတ်​ပိုင် သည်​ကို သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက် လက်​ခြေ​သေ​သူ​အား၊-
MAR 2:11 ``နေ​ရာ​မှ​ထ​၍​ထမ်း​စင်​ကို​ထမ်း​၍​အိမ်​သို့​ပြန် လော့'' ဟု​မိန့်​တော်​မူ​၏။
MAR 2:12 လူ​ပ​ရိ​သတ်​ရှေ့​မှောက်​၌​ပင်​ထို​သူ​သည်​ထ​၍ ထမ်း​စင်​ကို​ထမ်း​ပြီး​လျှင်​ထွက်​သွား​လေ​သည်။ ယင်း​သို့​ထ​၍​ထွက်​သွား​သ​ဖြင့်​လူ​အ​ပေါင်း တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​၏။ ``ဤ​အ​ချင်း အ​ရာ​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​မြင်​စ​ဖူး'' ဟု​ဆို​ကာ​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။
MAR 2:13 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​သို့​တစ်​ဖန် ကြွ​တော်​မူ​ပြန်​၏။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ထံ​သို့​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​ကို ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
MAR 2:14 ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။
MAR 2:15 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လေ​ဝိ​၏​အိမ်​တွင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​စား​သောက်​လျက်​ရှိ​စဉ်၊ အ​ခွန်​ခံ​သူ​နှင့်​အ​ပယ်​ခံ​သူ​အ​မြောက်​အ​မြား သည်​လည်း ကိုယ်​တော်​နှင့်​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ကွ​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​သောက်​လျက်​ရှိ​ကြ​၏။-
MAR 2:16 ဤ​သို့​ထို​သူ​တို့​နှင့်​ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ သည်​ကို ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ်​ဆ​ရာ​တို့​မြင် လျှင် ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​သည်​အ​ခွန်​ခံ​သူ များ၊ အ​ပြစ်​ကူး​သူ​များ​နှင့်​ထိုင်​၍​စား​သောက်​နေ ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း ကြ​၏။
MAR 2:17 ယင်း​သို့​မေး​မြန်း​သည်​ကို သ​ခင်​ယေ​ရှု​ကြား​တော် မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား နာ​သူ​သာ​လျှင်​လို​၏။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သည်​မ​ဟုတ်။ အ​ပြစ် ကူး​သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သ​တည်း'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
MAR 2:18 တစ်​နေ့​၌​ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ​တို့ သည်​အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​အ​ချို့​တို့​သည် ကိုယ်​တော့်​ထံ​လာ​၍ ``ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​အ​စာ​ရှောင်​ကြ​ပါ​သည်။ အ​ရှင် ၏​တ​ပည့်​များ​မူ​ကား​အ​ဘယ်​ကြောင့်​အ​စာ မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
MAR 2:19 သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည် သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​အ​စာ​ရှောင်​နိုင်​ပါ​မည်​လော။ သ​တို့ သား​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည် အ​စာ​မ​ရှောင်​နိုင်​ကြ​ရာ။-
MAR 2:20 သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​သော အ​ခါ သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။
MAR 2:21 ``မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို ဖာ​ရိုး​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ပြဲ​ရာ​ပို​၍​ဆိုး​ပေ​မည်။-
MAR 2:22 ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​စ​ပျစ်​ရည်​သစ်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ရည်​နှင့် သား​ရေ​ဘူး​ပါ​ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ရည် သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​ထည့်​ရ​မည်'' ဟု​ထို သူ​တို့​အား​မိန့်​တော်​မူ​၏။
MAR 2:23 ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ ဂျုံ​ခင်း​ကို​ဖြတ်​၍​လျှောက်​သွား​စဉ်​တ​ပည့် တော်​တို့​သည်​ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​ကြ​၏။-
MAR 2:24 ထို​အ​ခါ​ဖာ​ရိ​ရှဲ​များ​က ``ကြည့်​ပါ၊ ဥ​ပုသ်​နေ့ ၌​မ​ပြု​အပ်​သော​အ​မှု​ကို သူ​တို့​သည်​အ​ဘယ် ကြောင့်​ပြု​ကြ​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။
MAR 2:25 ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တစ်​စု တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း​ကို​သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​သ လော။-
MAR 2:26 ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဗျာ​သာ​လက်​ထက်​တွင် ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သို့ ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး​မည်​သူ​မျှ မ​စား​ထိုက်​သော​ရှေ့​တော်​မုန့်​ကို​စား​၍ မိ​မိ အ​ပေါင်း​အ​ဖော်​များ​အား​လည်း​ထို​မုန့်​ကို ပေး​ဖူး​သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။
MAR 2:27 ထို​နောက်​ကိုယ်​တော်​က ``လူ​၏​အ​ကျိုး​ငှာ​ဥ​ပုသ် နေ့​ကို​ပြ​ဋ္ဌာန်း​ထား​၏။ ဥ​ပုသ်​နေ့​၏​အ​ကျိုး​ငှာ လူ​ကို​ဖန်​ဆင်း​ထား​သည်​မ​ဟုတ်။-
MAR 2:28 သို့​ဖြစ်​၍​လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင် ဖြစ်​တော်​မူ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
MAR 3:1 သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​တစ်​ဖန် ကြွ​ဝင်​တော်​မူ​ပြန်​၏။ တ​ရား​ဇ​ရပ်​ထဲ​တွင် လက်​တစ်​ဖက်​သေ​သူ​လူ​တစ်​ယောက်​ရှိ​၏။-
MAR 3:2 ထို​နေ​ရာ​ရှိ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင် စွပ်​စွဲ​ရန်​အ​လို့​ငှာ သူ​၏​ရော​ဂါ​ကို​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​ပျောက်​ကင်း​စေ​တော်​မူ​မည်၊ မ​မူ​မည် ကို​စောင့်​ကြည့်​နေ​ကြ​၏။-
MAR 3:3 ကိုယ်​တော်​သည်​လက်​သေ​သူ​အား``ပ​ရိ​သတ် ရှေ့​သို့​လာ​၍​ရပ်​လော့'' ဟု​မိန့်​တော်​မူ​၏။-
MAR 3:4 ထို​နောက်​ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​တွင်​အ​ကောင်း ကို​ပြု​အပ်​သ​လော။ အ​ဆိုး​ကို​ပြု​အပ်​သ​လော။ လူ့​အ​သက်​ကို​ကယ်​အပ်​သ​လော၊ သတ်​အပ် သ​လော'' ဟု​ထို​သူ​တို့​အား​မေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​ဆိတ်​ဆိတ်​နေ​ကြ​၏။-
MAR 3:5 ထို​သူ​တို့​မှာ​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​သည့် အ​တွက် ကိုယ်​တော်​သည်​ဝမ်း​နည်း​၍​အ​မျက်​ထွက် လျက်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင်​၏​လက်​ကို​ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-
MAR 3:6 ဖာ​ရိ​ရှဲ​တို့​သည်​တ​ရား​ဇ​ရပ်​မှ​ချက်​ချင်း​ထွက် သွား​ကြ​၏။ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း​ကို ဟေ​ရုဒ်​ပါ​တီ​ဝင်​များ​နှင့်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။
MAR 3:7 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​များ​နှင့်​အ​တူ ဂါ​လိ လဲ​အိုင်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ခါ​ဂါ​လိ​လဲ​ပြည် မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​ယု​ဒ ပြည်၊ ဣ​ဒု​မဲ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း မှ​လည်း​ကောင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​ပတ်​ဝန်း​ကျင် အ​ရပ်​များ​မှ​လည်း​ကောင်း​များ​စွာ​သော​လူ​တို့ သည် ကိုယ်​တော်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့်​ကိုယ်​တော် နောက်​သို့​လိုက်​ကြ​ကုန်​၏။-
MAR 3:9 ကိုယ်​တော်​သည်​မိ​မိ​အား​လူ​ထု​ပ​ရိ​သတ်​ကြီး မ​တိုး​မ​ကြိတ်​မိ​စေ​အံ့​သော​ငှာ မိ​မိ​အ​သုံး​ပြု ဖို့​လှေ​တစ်​စင်း​ကို​အ​သင့်​ထား​ရန်​တ​ပည့်​တော် တို့​အား​မိန့်​မှာ​တော်​မူ​၏။-
MAR 3:10 ကိုယ်​တော်​သည်​များ​စွာ​သော​လူ​မ​မာ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​ခဲ့​သ​ဖြင့် ရော​ဂါ​ရှိ​သူ ဟူ​သ​မျှ​သည်​ကိုယ်​တော်​ကို​တို့​ထိ​ခွင့်​ရ​ရန် အ​ထံ​တော်​သို့​တိုး​ဝှေ့​၍​လာ​ကြ​၏။-
MAR 3:11 ညစ်​ညမ်း​သော​နတ်​များ​သည်​ကိုယ်​တော်​ကို မြင်​သော​အ​ခါ ရှေ့​တော်​၌​ပျပ်​ဝပ်​၍ ``အ​ရှင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်'' ဟု​ဟစ်​အော်​ကြ​၏။
MAR 3:12 ကိုယ်​တော်​က​မူ​မိ​မိ​မည်​သူ​ဖြစ်​သည်​ကို​ထုတ်​ဖော် ၍​မ​ပြော​ရန် သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​၏။
MAR 3:13 ထို​နောက်​ကိုယ်​တော်​သည်​တောင်​ပေါ်​သို့​ကြွ​တော် မူ​၏။ အ​လို​ရှိ​သော​သူ​များ​ကို​အ​ထံ​တော်​သို့ ခေါ်​တော်​မူ​၏။-
MAR 3:14 သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို ရွေး​ချယ်​တော်​မူ​ပြီး​လျှင်​တ​မန်​တော်​များ​ဟူ​၍ သ​မုတ်​တော်​မူ​၏။ ထို​နောက်​သူ​တို့​အား ``ငါ​သည် သင်​တို့​ကို​ငါ​၏​အ​ပါး​တွင်​နေ​စေ​လို​၍​ရွေး ချယ်​ခဲ့​၏။ တ​ရား​ဟော​ထွက်​ရန် သင်​တို့​အား​ငါ စေ​လွှတ်​မည်။ နတ်​မိစ္ဆာ​များ​အား​နှင်​ထုတ်​နိုင်​သော တန်​ခိုး​ကို​လည်း​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
MAR 3:16 ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ​သည့်​တစ် ကျိပ်​နှစ်​ပါး​ကား (ပေ​တ​ရု​ဟု​ကိုယ်​တော်​မှည့် ခေါ်​သူ​) ရှိ​မုန်၊-
MAR 3:17 (မိုး​ကြိုး​၏​သား​များ​ဟု​အ​နက်​ရှိ​သော​ဗော​နေ ရ​ဂက်​ဟူ​သော​နာ​မည်​ဖြင့် ကိုယ်​တော်​မှည့်​ခေါ်​သူ များ​ဖြစ်​သည့်​) ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့်​ယော​ဟန်၊-
MAR 3:18 အန္ဒြေ၊ ဖိ​လိပ္ပု၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ သော​မ၊ အာ​လ​ဖဲ ၏​သား​ယာ​ကုပ်၊ သဒ္ဒဲ၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန် နှင့်၊-
MAR 3:19 နောင်​အ​ခါ​ကိုယ်​တော်​ကို​သစ္စာ​ဖောက်​သူ​ယု​ဒ ရှ​ကာ​ရုတ်​တို့​ဖြစ်​၏။
MAR 3:20 ထို​နောက်​ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​တော်​မူ​၏။ လူ တို့​သည်​စု​ရုံး​လာ​ကြ​ပြန်​သည်။ ထို့​ကြောင့်​ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​မှာ​အ​စား​အ​စာ​သုံး​ဆောင်​ရန် ပင်​အ​ခွင့်​မ​ရ​ကြ။-
MAR 3:21 လူ​အ​ချို့​တို့​က ``ကိုယ်​တော်​သည်​စိတ်​ဖောက်​ပြန် သွား​ပြီ'' ဟု​ပြော​ဆို​နေ​ကြ​၏။ ဤ​အ​ကြောင်း​ကို ကိုယ်​တော်​၏​မိ​သား​စု​တို့​ကြား​ကြ​လျှင် ကိုယ်​တော် ကို​စောင့်​ရှောက်​ရန်​အ​ထံ​တော်​သို့​လိုက်​လာ​ကြ​၏။
MAR 3:22 ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​ကြ​သော​ကျမ်း​တတ် ဆ​ရာ​များ​က ``ကိုယ်​တော်​သည်​ဗေ​လ​ဇေ​ဗု​လ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ်​သည်။ ထို​နတ်​မိစ္ဆာ​ဘု​ရင် ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု ဆို​ကြ​၏။
MAR 3:23 ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​တော်​မူ​ပြီး​လျှင် ပုံ​ဥ​ပ​မာ​ဆောင်​၍ ``စာ​တန်​သည်​အ​ဘယ်​သို့ လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​နှင်​ထုတ်​နိုင်​မည်​နည်း။-
MAR 3:24 လူ​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​သော​နိုင်​ငံ သည်​မ​ရပ်​မ​တည်​နိုင်​ရာ။-
MAR 3:25 အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ သော​အိမ်​ထောင်​သည်​ရပ်​တည်​နိုင်​မည်​မ​ဟုတ်။-
MAR 3:26 ထို​နည်း​တူ​စွာ​စာ​တန်​သည်​မိ​မိ​ကိုယ်​ကို ရန်​ဖက်​ပြု​၍​ကွဲ​ပြား​လျှင် သူ​သည်​လည်း မ​ရပ်​မ​တည်​နိုင်​ရာ၊ ပျက်​စီး​ရ​မည်​သာ​ဖြစ်​၏။
MAR 3:27 ခွန်​အား​ကြီး​သူ​ကို​ဦး​စွာ​မ​ချည်​မ​နှောင်​ဘဲ​သူ ၏​အိမ်​သို့​ဝင်​၍ ဥစ္စာ​ပစ္စည်း​များ​ကို​မည်​သူ​မျှ​မ​လု မ​ယူ​နိုင်။ ချည်​နှောင်​ပြီး​မှ​သာ​လု​ယူ​နိုင်​ပေ​မည်။
MAR 3:28 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​လူ တို့​သည် မိ​မိ​တို့​လွန်​ကူး​သော​အ​ပြစ်​ရှိ​သ​မျှ အ​တွက်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား သော​စ​ကား​ဟူ​သ​မျှ​အ​တွက်​လည်း​ကောင်း အ​ပြစ် လွတ်​ငြိမ်း​နိုင်​ခွင့်​ရှိ​သည်။-
MAR 3:29 သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ကို​ပြစ်​မှား သော​သူ​မူ​ကား အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​နိုင်​လိမ့်​မည် မ​ဟုတ်။ သူ​သည်​ထာ​ဝ​ရ​အ​ပြစ်​ကို​ကူး​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။-
MAR 3:30 (ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ​လူ​အ​ချို့​တို့​က ကိုယ်​တော်​အား​ညစ်​ညမ်း သော​နတ်​စွဲ​ကပ်​သူ​ဟု​စွပ်​စွဲ​ကြ​သော​ကြောင့် ဖြစ်​၏။)
MAR 3:31 ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​တို့​သည်​ရောက် လာ​ကြ​၏။ အိမ်​ပြင်​တွင်​ရပ်​၍​ကိုယ်​တော်​ကို အ​ခေါ်​ခိုင်း​ကြ​၏။-
MAR 3:32 လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခြံ​ရံ​လျက် ထိုင်​နေ​ကြ​၏။ သူ​တို့​က ``ကိုယ်​တော်​ရှင်​၏​မယ်​တော်၊ ညီ​တော်​များ​နှင့်​ညီ​မ​များ​အိမ်​အ​ပြင်​တွင်​ရောက် ရှိ​နေ​ကြ​ပါ​သည်။ ကိုယ်​တော်​ရှင်​ကို​ရှာ​လျက်​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
MAR 3:33 ကိုယ်​တော်​က ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား​အ​ဘယ် သူ​များ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-
MAR 3:34 ထို​နောက်​မိ​မိ​ပတ်​လည်​တွင်​ထိုင်​နေ​သူ​များ​ကို ကြည့်​တော်​မူ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ​များ​ကား ဤ​သူ​တို့​တည်း။-
MAR 3:35 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက် သူ​မှန်​သ​မျှ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့ ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။
MAR 4:1 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​တွင် တစ် ဖန်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြန်​၏။ လူ​ပ​ရိ​သတ် ကြီး​သည်​အ​ထံ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။ ပ​ရိ​သတ်​ကြီး​မား​သ​ဖြင့် ကိုယ်​တော်​သည်​အိုင်​ထဲ ရှိ​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍​ထိုင်​တော်​မူ​၏။ လူ အ​ပေါင်း​တို့​သည်​ကမ်း​ခြေ​ရေ​စပ်​တွင်​ရှိ​နေ​ကြ​၏။-
MAR 4:2 ကိုယ်​တော်​က​ပုံ​ဥ​ပ​မာ​ဆောင်​၍​များ​စွာ​သော အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင်​တော်​မူ​၏။-
MAR 4:3 သို့​သွန်​သင်​ရာ​တွင်​ကိုယ်​တော်​က ``နား​ထောင် ကြ​လော့။ မျိုး​ကြဲ​သူ​တစ်​ယောက်​သည်​မျိုး​ကြဲ ရန်​ထွက်​ခွာ​သွား​၏။-
MAR 4:4 မျိုး​ကြဲ​သော​အ​ခါ​အ​ချို့​မျိုး​စေ့​တို့​သည်​လမ်း တွင်​ကျ​သ​ဖြင့် ငှက်​တို့​သည်​လာ​၍​စား​ကြ​၏။-
MAR 4:5 အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၍ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊-
MAR 4:6 နေ​ပူ​သော​အ​ခါ​အ​မြစ်​မ​စွဲ​သ​ဖြင့်​ညှိုး​နွမ်း ခြောက်​သွေ့​လေ​၏။-
MAR 4:7 အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၍​ဆူး ပင်​များ​ကြီး​ထွား​လာ​ပြီး​လျှင် အ​ပင်​ငယ်​တို့ ကို​လွှမ်း​မိုး​သ​ဖြင့်​သီး​နှံ​မ​ဖြစ်​ပွား​နိုင်။-
MAR 4:8 အ​ချို့​မျိုး​စေ​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​သ​ဖြင့် အ​ပင်​များ​ပေါက်​၍​ကြီး​ထွား​လာ လျက်​အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ တစ်​ရာ​သီး​နှံ​များ​ကို​ထွက်​စေ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
MAR 4:9 ထို​နောက်​ကိုယ်​တော်​က ``ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။
MAR 4:10 လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌​တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​တ​ကွ နောက်​တော်​ပါး​မှ​လိုက်​လာ သူ​တို့​သည် ပုံ​ဥ​ပ​မာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-
MAR 4:11 ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော ခက်​ခဲ​နက်​နဲ​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သိ​နိုင်​ခွင့်​ရ​ရှိ​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခွင့်​မ​ရ​သော​သူ​တို့​ကား ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​သာ​ကြား​သိ​ရ​ပေ​သည်။-
MAR 4:12 အ​ဘယ်​ကြောင့်​ဆို​သော်၊ `သူ​တို့​သည်​ကြည့်​လျက်​နှင့်​လည်း​မ​မြင်၊ ကြား​လျက်​နှင့်​လည်း​နား​မ​လည်​ကြ။ အ​ကယ်​၍​သူ​တို့​သာ​မြင်​၍​နား​လည်​ပါ​မူ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြောင်း​လဲ​ကြ​မည် ဖြစ်​သ​ဖြင့်၊ ကိုယ်​တော်​သည်​သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' ဟု​ကျမ်း​စာ​လာ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
MAR 4:13 ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​ကြ​လျှင် အ​ဘယ်​ပုံ​ဥ​ပ​မာ​ကို​နား လည်​နိုင်​ကြ​မည်​နည်း။-
MAR 4:14 လူ​အ​ချို့​တို့​သည်​လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့် တူ​၏။ မျိုး​ကြဲ​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​မျိုး​စေ့​ကို​ကြဲ​သ​ဖြင့် လူ​တို့​ကြား​သည် နှင့်​တစ်​ပြိုင်​နက်​စာ​တန်​သည်​လာ​၍​ထို​တ​ရား​တော် ကို​သူ​၏​စိတ်​နှ​လုံး​မှ​နုတ်​ယူ​သွား​၏။-
MAR 4:16 ထို​နည်း​တူ​စွာ​အ​ချို့​သော​သူ​တို့​သည်​ကျောက်​ခံ မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည် တ​ရား​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက် စွာ​ခံ​ယူ​ကြ​၏။-
MAR 4:17 သို့​သော်​ယင်း​တ​ရား​တော်​သည်​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ ထို​နောက်​ဤ​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့်​နှိပ်​စက် ညှဉ်း​ပန်း​မှု​ကို​ကြုံ​တွေ့​ရ​သော​အ​ခါ သူ​တို့ သည်​ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။-
MAR 4:18 အ​ချို့​သော​သူ​တို့​သည်​ဆူး​တော​မြေ​တွင်​ကျ သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား​တော် ကို​ကြား​ရ​ကြ​၏။-
MAR 4:19 သို့​သော်​ဘ​ဝ​ရပ်​တည်​မှု​အ​တွက်​စိုး​ရိမ်​ကြောင့် ကြ​စ​ရာ​များ၊ စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု​များ နှင့်​အ​ခြား​လို​အင်​ဆန္ဒ​များ​ပေါ်​ပေါက်​လာ​ပြီး​လျှင် ထို​တ​ရား​တော်​ကို​လွှမ်း​မိုး​သ​ဖြင့်​တ​ရား​တော် မျိုး​စေ့​သည်​မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်။-
MAR 4:20 အ​ချို့​သော​သူ​များ​မူ​ကား​မြေ​ကောင်း​မြေ​သန့် တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား တော်​ကို​ကြား​၍​ခံ​ယူ​ကြ​သည်​ဖြစ်​ရာ​အ​ဆ သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​သီး နှံ​များ​ကို​ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 4:21 ကိုယ်​တော်​က ``ဆီ​မီး​ကို​တောင်း​ဇ​လား​နှင့်​အုပ်​ထား ရန်​မ​ဟုတ်။ ခု​တင်​အောက်​တွင်​ထား​ရန်​လည်း​မ​ဟုတ်။ ဆီ​မီး​ခုံ​ပေါ်​မှာ​သာ​တင်​ထား​ရန်​မ​ဟုတ်​ပါ​လော။-
MAR 4:22 ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ်​လာ ရ​ပေ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​သည်​ပွင့်​လာ ရ​မည်။-
MAR 4:23 ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
MAR 4:24 ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​က ``သင်​တို့​ကြား သည့်​အ​ရာ​ကို​ဂ​ရု​စိုက်​၍​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​အား​စစ်​ကြော​သော​တင်း တောင်း​ပ​မာ​ဏ​အ​တိုင်း ဘု​ရား​သ​ခင်​သည်​သင် တို့​အား​စစ်​ကြော​တော်​မူ​လိမ့်​မည်။ ထို​ထက်​မ​က ပို​၍​ပြင်း​ထန်​စွာ​စစ်​ကြော​တော်​မူ​လိမ့်​မည်။-
MAR 4:25 ရှိ​သူ​အား​ထပ်​၍​ပေး​လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAR 4:26 ထို​နောက်​ကိုယ်​တော်​က​ဆက်​လက်​၍ ``ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​သည် မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​ကြုံ တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။-
MAR 4:27 သူ​သည်​မြေ​တွင်​မျိုး​ကို​ကြဲ​ပြီး​နောက် နေ့​ည အ​လိုက်​အိပ်​စက်​တုံ​နိုး​ထ​တုံ​ပြု​၏။ ထို​အ​ခိုက် မျိုး​စေ့​သည်​အ​စို့​ထိုး​၍​အ​ပင်​ပေါက်​၏။ မည် သို့​အ​စို့​ထိုး၊ အ​ပင်​ပေါက်​သည်​ကို​သူ​မ​သိ။-
MAR 4:28 မြေ​ကြီး​သည်​အ​လို​အ​လျောက်​ကောက်​စ​ပါး ကို​ဖြစ်​စေ​၏။ ဦး​စွာ​ကောက်​ညွန့်​ကို​ထွက်​စေ​၏။ ထို​နောက်​ကောက်​နှံ​ကို​ဖြစ်​စေ​၏။ ထို​နောက်​ကောက် ဆန်​ကို​အောင်​စေ​၏။-
MAR 4:29 ကောက်​သီး​များ​မှည့်​သော​အ​ခါ​ကောက်​ရိတ်​ချိန်​ကျ ပြီ​ဖြစ်​၍ ထို​သူ​သည်​ချက်​ချင်း​ပင်​ကောက်​ရိတ်​စ ပြု​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 4:30 တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ကို​မည်​သို့​ဥ​ပ​မာ​နှိုင်း​ရ​အံ့​နည်း။ မည်​သည့်​ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​ဖော်​ပြ​ရ​မည်​နည်း။-
MAR 4:31 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​မုန်​ညင်း​စေ့​နှင့် တူ​၏။ မုန်​ညင်း​စေ့​သည်​မြေ​၌​စိုက်​စဉ်​အ​ခါ ကမ္ဘာ ပေါ်​ရှိ​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ်​၏။-
MAR 4:32 စိုက်​ပြီး​နောက်​ကြီး​ပွား​လာ​သော​အ​ခါ အ​ခြား အ​ပင်​ငယ်​များ​အား​လုံး​ထက်​ပို​၍​ကြီး​မား​၏။ အ​ကိုင်း​အ​ခက်​ကြီး​များ​လည်း​ပေါ်​ထွက်​လာ​၏။ ကောင်း​ကင်​ငှက်​များ​ပင်​ထို​အ​ပင်​အ​ရိပ်​ဝယ် နား​နေ​နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 4:33 ယင်း​သို့​လျှင်​ကိုယ်​တော်​သည်​ထို​သူ​တို့​နား​လည် နိုင်​သည့်​ပုံ​ဥ​ပ​မာ​များ​အား​ဖြင့် တ​ရား​တော် ကို​ဟော​ပြော​တော်​မူ​၏။-
MAR 4:34 ပုံ​ဥ​ပ​မာ​နှင့်​ကင်း​၍​ဟော​တော်​မ​မူ။ တ​ပည့်​တော် တို့​အား​လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌ ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။
MAR 4:35 ထို​နေ့​၌​ပင်​ည​နေ​ချမ်း​အ​ချိန်​ကျ​ရောက်​လာ သော​အ​ခါ ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အိုင် တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။-
MAR 4:36 တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ်​ထံ​မှ ထွက်​ခွာ​ပြီး​လျှင် ကိုယ်​တော်​ရောက်​ရှိ​နေ​နှင့် ပြီး​သည့်​လှေ​ပေါ်​သို့​တက်​၍​ရွက်​လွှင့်​ကြ​၏။ အ​ခြား​လှေ​များ​လည်း​ပါ​၏။-
MAR 4:37 ထို​အ​ချိန်​၌​ရုတ်​တ​ရက်​လေ​မုန်​တိုင်း​ကျ​ရောက် လာ​ကာ​လှိုင်း​ရိုက်​သွင်း​သ​ဖြင့်​လှေ​သည်​ရေ​နှင့် ပြည့်​လု​မ​တတ်​ရှိ​လေ​၏။-
MAR 4:38 ကိုယ်​တော်​ကား​လှေ​ပဲ့​ပိုင်း​တွင် မှီ​အုံး​တစ်​ခု​ပေါ် မှာ​အိပ်​စက်​လျက်​နေ​တော်​မူ​၏။ တ​ပည့်​တော်​တို့ သည်​ကိုယ်​တော်​ကို​နှိုး​ကြ​၏။ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ရေ​နစ်​သေ​ဆုံး​မည်​ကို​ဂ​ရု​ပြု တော်​မ​မူ​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
MAR 4:39 ကိုယ်​တော်​သည်​အိပ်​ရာ​မှ​နိုး​တော်​မူ​၍ လေ​နှင့်​လှိုင်း များ​အား ``ဆိတ်​ဆိတ်​နေ​လော့၊ ငြိမ်​သက်​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ လေ​သည်​ငြိမ်​သွား​၏။ လှိုင်း လည်း​မ​ထ​တော့​ပေ။-
MAR 4:40 ထို​နောက်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​လန့်​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​ပင်​သင်​တို့​သည် ငါ့​အ​ပေါ်​၌ ယုံ​ကြည်​ကိုး​စား​မှု​ကင်း​လျက်​ရှိ​နေ​ကြ​သေး သ​နည်း'' ဟု​မေး​တော်​မူ​၏။
MAR 4:41 ထို​အ​ခါ​သူ​တို့​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​၏။ ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
MAR 5:1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​အိုင် တစ်​ဖက်​ကမ်း​တွင်​ရှိ​သော​ဂါ​ရ​စ​ဒေ​သ​သို့ ရောက်​ကြ​၏။-
MAR 5:2 ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။-
MAR 5:3 သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​နေ​၏။ သူ့ အား​မည်​သူ​မျှ​သံ​ကြိုး​နှင့်​ချည်​နှောင်​၍​မ​ထား နိုင်။-
MAR 5:4 သူ့​အား​ကြိမ်​ဖန်​များ​စွာ​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ​ထိတ် များ​ခတ်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ ထိတ်​များ​သာ​ပြတ်​သွား​ခဲ့​၏။ မည်​သူ​မျှ​သူ့​အား နှိမ်​နင်း​၍​မ​ရ။-
MAR 5:5 သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​လည်း​ကောင်း၊ တောင်​ကုန်း​များ​အ​ထက်​တွင်​လည်း​ကောင်း​နေ့​ည မ​ပြတ်​ဟစ်​အော်​လျက် မိ​မိ​ကိုယ်​ကို​ကျောက်​စောင်း များ​ဖြင့်​အ​နာ​တ​ရ​ဖြစ်​စေ​၏။
MAR 5:6 သူ​သည်​သ​ခင်​ယေ​ရှု​ကို​အ​ဝေး​မှ​မြင်​လျှင် ပြေး ၍​ရှေ့​တော်​၌​ပျပ်​ဝပ်​ကာ ``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်။ ဘု​ရား သ​ခင်​ကို​အ​မှီ​ပြု​၍​အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏'' ဟု​ကျယ်​စွာ​ဟစ်​အော်​၏။-
MAR 5:8 ယင်း​သို့​ဟစ်​အော်​ရ​သည့်​အ​ကြောင်း​မှာ သ​ခင် ယေ​ရှု​က ``ညစ်​ညမ်း​သော​နတ်၊ ဤ​လူ​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး​လိုက်​သော​ကြောင့် ဖြစ်​၏။
MAR 5:9 ကိုယ်​တော်​က ``သင်​၏​နာ​မည်​ကား​အ​ဘယ်​နည်း'' ဟု​မေး​၏။ ထို​သူ​က ``အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​သော​ကြောင့် အ​ကျွန်ုပ်​တို့​ကို​လေ​ဂေါင်​ဟု ခေါ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး​နောက်၊-
MAR 5:10 မိ​မိ​တို့​အား​ထို​ဒေ​သ​မှ​နှင်​ထုတ်​တော်​မ​မူ​ရန် အ​တန်​တန်​တောင်း​ပန်​လေ​၏။
MAR 5:11 ထို​အ​ချိန်​၌​တောင်​ကုန်း​အ​နီး​တွင်​ဝက်​အုပ် ကြီး​ကျက်​စား​လျက်​ရှိ​၏။-
MAR 5:12 ညစ်​ညမ်း​သော​နတ်​များ​က ``အ​ကျွန်ုပ်​တို့​အား ထို ဝက်​များ​ကို​ပူး​ဝင်​ရန်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု တောင်း​ပန်​ကြ​၏။-
MAR 5:13 ကိုယ်​တော်​သည်​ခွင့်​ပြု​တော်​မူ​၏။ ညစ်​ညမ်း​သော နတ်​တို့​သည် ထို​လူ​၏​ထံ​မှ​ထွက်​ခွာ​၍​ဝက်​များ ကို​ပူး​ဝင်​ကြ​၏။ ကောင်​ရေ​နှစ်​ထောင်​ခန့်​ရှိ​သော ထို​ဝက်​အုပ်​သည်​ချောက်​ကမ်း​ပါး​အ​တိုင်း​အိုင် ထဲ​သို့​ပြေး​ဆင်း​လျက်​နစ်​မြုပ်​ဆုံး​ပါး​ကြ ကုန်​၏။
MAR 5:14 ဝက်​ထိန်း​များ​သည်​ထွက်​ပြေး​ကြ​၏။ မြို့​နှင့် ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​အ​ရာ​များ​ကို​အ​နှံ့​အ​ပြား​ပြော ကြား​ကြ​၏။ လူ​တို့​သည်​ဖြစ်​ပျက်​ပုံ​ကို​သိ​လို ၍​လာ​ရောက်​ကြည့်​ရှု​ကြ​၏။-
MAR 5:15 သူ​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ လေ​ဂေါင်​နတ်​ပူး​ဝင်​ခဲ့​သူ​သည် အ​ဝတ် ကို​ဝတ်​ဆင်​ကာ​လူ​ကောင်း​ပ​က​တိ​အ​ဖြစ်​ထိုင် နေ​သည်​ကို​မြင်​လျှင်​ကြောက်​ကြ​၏။-
MAR 5:16 မျက်​မြင်​သက်​သေ​များ​က​နတ်​မိစ္ဆာ​ပူး​ဝင်​ခဲ့​သူ နှင့်​ဝက်​များ​၏​အ​ဖြစ်​အ​ပျက်​ကို​ထို​သူ​တို့ အား​ပြော​ပြ​ကြ​၏။
MAR 5:17 ထို့​ကြောင့်​သူ​တို့​သည်​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ သွား​တော်​မူ​ရန် သ​ခင်​ယေ​ရှု​အား​တောင်း​ပန် ကြ​၏။
MAR 5:18 ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​စဉ် နတ်​မိစ္ဆာ ပူး​ဝင်​ခဲ့​သူ​က​နောက်​တော်​သို့​လိုက်​ခွင့်​ပြု​ရန် လျှောက်​ထား​တောင်း​ပန်​၏။
MAR 5:19 ကိုယ်​တော်​ကား​ခွင့်​ပြု​တော်​မ​မူ။ ``သင်​၏​အိမ်​သို့ သွား​လော့။ ဘု​ရား​သ​ခင်​သည်​သင့်​အား​မည်​မျှ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​နှင့် မည်​သို့​သ​နား တော်​မူ​ကြောင်း​ကို​ဆွေ​မျိုး​သား​ချင်း​တို့​အား ပြော​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAR 5:20 ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​သ​ခင်​ယေ​ရှု သည် အ​ဘယ်​သို့​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း ကို ဒေ​ကာ​ပေါ​လိ​ဟု​နာ​မည်​တွင်​သော​ပြည် တစ်​လျှောက်​လုံး​တွင်​အ​နှံ့​အ​ပြား​ပြော​ကြား လေ​၏။ ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အံ့​သြ​ကြ​၏။
MAR 5:21 သ​ခင်​ယေ​ရှု​သည်​အိုင်​တစ်​ဖက်​သို့​လှေ​ဖြင့်​တစ်​ဖန် ကူး​တော်​မူ​ပြန်​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိုင် ကမ်း​ခြေ​တွင်​ရှိ​နေ​တော်​မူ​စဉ်၊-
MAR 5:22 ယာ​ဣ​ရု​ဆို​သူ​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သည်​ရောက်​လာ​၏။-
MAR 5:23 သူ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ​ခြေ​တော်​ရင်း တွင်​ပျပ်​ဝပ်​လျက် ``အ​ကျွန်ုပ်​၏​သ​မီး​ငယ်​သည်​သေ​လု နီး​ပါး​ဖြစ်​နေ​ပါ​သည်။ သူ့​အား​ရော​ဂါ​ပျောက်​လျက် အ​သက်​ရှင်​စေ​ရန် ကိုယ်​တော်​ကြွ​တော်​မူ​၍​သူ​၏ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​အ​နူး အ​ညွတ်​လျှောက်​ထား​တောင်း​ပန်​၏။
MAR 5:24 သ​ခင်​ယေ​ရှု​သည်​ယာ​ဣ​ရု​နှင့်​အ​တူ​လိုက်​သွား​၏။ များ​စွာ​သော​လူ​ပ​ရိ​သတ်​သည်​နောက်​တော်​က လိုက်​သ​ဖြင့်​ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။
MAR 5:25 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​လျက်​ပြင်း​စွာ​ဝေ​ဒ​နာ​ခံ ခဲ့​ရ​၏။-
MAR 5:26 များ​စွာ​သော​ဆ​ရာ​ဝန်​တို့​၏​ကု​သ​မှု​ကို​ခံ​ခဲ့ ရ​၏။ မိ​မိ​၌​ရှိ​သ​မျှ​ကြေး​ငွေ​များ​ပင်​ကုန်​ချေ ပြီ။ မည်​သို့​မျှ​သက်​သာ​ရာ​မ​ရ​ဘဲ​အ​ခြေ​အ​နေ ပို​၍​ပင်​ဆိုး​ရွား​လာ​၏။-
MAR 5:27 သူ​သည်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​ကို​ကြား​သိ သ​ဖြင့် ``ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို​လက်​နှင့် တို့​ထိ​ရ​လျှင်​ငါ​၏​ရော​ဂါ​ပျောက်​လိမ့်​မည်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​လျက်​လူ​အ​ပေါင်း​တို့ ကြား​မှ​တိုး​ဝင်​ကာ ကိုယ်​တော်​၏​နောက်​သို့​ရောက် ရှိ​လာ​၏။-
MAR 5:29 ထို​နောက်​အ​ဝတ်​တော်​ကို​တို့​ထိ​လေ​၏။ ထို​သို့​တို့​ထိ လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​သွေး​အ​သွန်​ရပ်​၍​သွား သ​ဖြင့် သူ​သည်​ရော​ဂါ​ပျောက်​ကင်း​သွား​သည့် အ​ဖြစ်​ကို​သိ​ရှိ​လာ​၏။-
MAR 5:30 သ​ခင်​ယေ​ရှု​သည်​အ​ထံ​တော်​မှ​တန်​ခိုး​ထွက်​သွား သည်​ကို​ချက်​ချင်း​သိ​တော်​မူ​၏။ ပ​ရိ​သတ်​ဘက်​သို့ လှည့်​တော်​မူ​၍ ``ငါ​၏​အ​ဝတ်​ကို​မည်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​တော်​မူ​၏။
MAR 5:31 တ​ပည့်​တော်​တို့​က ``အ​ရှင့်​ကို​တိုး​ဝှေ့​သော​လူ​ထု ကြီး​ကို​တွေ့​မြင်​တော်​မူ​ပါ​လျက် ငါ့​အား​မည်​သူ တို့​ထိ​သ​နည်း​ဟု​မေး​တော်​မူ​ပါ​သ​လော'' ဟု လျှောက်​ထား​ကြ​၏။
MAR 5:32 သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​အား အ​ဘယ်​သူ တို့​ထိ​သည်​ကို​သိ​ရန်​ပတ်​လည်​သို့​ကြည့်​တော် မူ​၏။-
MAR 5:33 အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး​သည် မိ​မိ​ခံ​စား​ရ​သည့်​အ​ဖြစ်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​ကာ ဟုတ်​တိုင်း​မှန်​ရာ​ကို​အ​ကုန်​အ​စင်​လျှောက်​ထား​၏။
MAR 5:34 ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့။ ရော​ဂါ​ပျောက်​ကင်း​စေ'' ဟု​မိန့်​တော်​မူ​၏။
MAR 5:35 ယင်း​သို့​မိန့်​တော်​မူ​ချိန်​၌​ယာ​ဣ​ရု​၏​အိမ်​မှ​လူ အ​ချို့​တို့​ရောက်​လာ​ကြ​ပြီး​လျှင် ``အ​ရှင်​၏​သ​မီး သည်​သေ​ဆုံး​ပါ​ပြီ။ ဆ​ရာ​တော်​ကို​အ​ဘယ်​ကြောင့် ဒုက္ခ​ပေး​ပါ​တော့​မည်​နည်း'' ဟု​ဆို​ကြ​၏။
MAR 5:36 သို့​သော်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​စ​ကား​ကို ကြား​လျှင် ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ​ယုံ​ကြည်​ခြင်း​သာ ရှိ​စေ​လော့'' ဟု​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​အား မိန့်​တော်​မူ​၏။-
MAR 5:37 ထို​နောက်​ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယာ​ကုပ်​၏​ညီ ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ​ကို​မျှ​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။-
MAR 5:38 ယာ​ဣ​ရု​၏​အိမ်​သို့​ရောက်​လျှင်​လူ​တို့​ရုတ်​ရုတ်​သဲ​သဲ ဖြစ်​လျက် ကျယ်​လောင်​စွာ​မြည်​တမ်း​ငို​ယို​လျက်​နေ ကြ​သည်​ကို​မြင်​တော်​မူ​၏။-
MAR 5:39 ကိုယ်​တော်​သည်​အိမ်​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​အား ``သင် တို့​အ​ဘယ်​ကြောင့်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​ငို​ယို​နေ​ကြ​သ​နည်း။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်၊​အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော် မူ​၏။
MAR 5:40 ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ ၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ပြင်​သို့​နှင်​ထုတ်​တော် မူ​ပြီး​လျှင် သူ​ငယ်​မ​၏​မိ​ဘ​များ​နှင့်​တ​ပည့်​တော် သုံး​ယောက်​တို့​ကို​ခေါ်​၍ သူ​ငယ်​မ​ရှိ​ရာ​အ​ခန်း​ထဲ သို့​ဝင်​တော်​မူ​၏။-
MAR 5:41 သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင်​ကာ ``တ​လိ​သ​ကု​မိ'' ဟု​မိန့်​တော်​မူ​၏။ အ​ဋ္ဌိပ္ပါယ်​ကား ``က​လေး​မ၊ ထ​လော့။ သင့်​အား​ငါ​အ​မိန့်​ရှိ​၏'' ဟူ​ဆို​လို​သည်။
MAR 5:42 ကိုယ်​တော်​မိန့်​တော်​မူ​သည့်​ခ​ဏ​၌ သူ​ငယ်​မ​သည် ထ​၍​လမ်း​လျှောက်​လေ​၏။ (သူ​ငယ်​မ​ကား​တစ်​ဆယ့် နှစ်​နှစ်​သ​မီး​ဖြစ်​သ​တည်း။) ထို​အ​ခါ​လူ​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​ကုန်​သည်။-
MAR 5:43 ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​အ​ဘယ်​သူ​အား မျှ​မ​ပြော​နှင့်'' ဟု​သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​ပြီး​နောက် ``သူ​ငယ်​မ​အား​အ​စား​အ​စာ ကျွေး​လော့'' ဟု​မိန့်​တော်​မူ​၏။
MAR 6:1 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ ထို အ​ရပ်​မှ​ကြွ​တော်​မူ​ပြီး​နောက် မိ​မိ​၏​နေ​ရင်း မြို့​သို့​ရောက်​ရှိ​လာ​၏။-
MAR 6:2 ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​တွင် ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ကိုယ်​တော်​၏​သွန် သင်​ချက်​ကို​ကြား​သော​အ​ခါ -လူ​အ​ပေါင်း​တို့ သည်​အံ့​သြ​ကြ​၏။ ``ဤ​သူ​သည်​ဤ​ပညာ​ကို အ​ဘယ်​မှာ​ရ​ရှိ​သ​နည်း။ သူ​ရ​ရှိ​သည့်​ပညာ ကား​အ​ဘယ်​ပညာ​နည်း။ ဤ​နိ​မိတ်​လက္ခ​ဏာ​များ ကို​အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း။-
MAR 6:3 ဤ​သူ​သည်​မာ​ရိ​၏​သား​မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ​နှင့်​ရှိ​မုန်​တို့​၏​အစ်​ကို​လက်​သ​မား ဆ​ရာ​ပင်​မ​ဟုတ်​လော သူ​၏​နှ​မ​များ​သည်​ငါ​တို့ အ​ရပ်​သူ​များ​မ​ဟုတ်​လော'' ဟု​ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ ကြ။
MAR 6:4 သ​ခင်​ယေ​ရှု​က ``ပ​ရော​ဖက်​မည်​သည်​မိ​မိ​နေ​ရင်း မြို့​ရွာ၊ ဆွေ​မျိုး၊ အိမ်​ထောင်​စု​မှ​လွဲ​၍​အ​ဘယ် အ​ရပ်​တွင်​မ​ဆို​ဂုဏ်​အ​သ​ရေ​ရှိ​သည်'' ဟု မိန့်​တော်​မူ​၏။
MAR 6:5 ကိုယ်​တော်​သည်​ထို​မြို့​တွင်​ဖျား​နာ​သူ​အ​နည်း​ငယ် ကို​လက်​တော်​တင်​၍ ကျန်း​မာ​စေ​တော်​မူ​သည်​မှ အ​ပ အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​ပြ​တော် မ​မူ​နိုင်။-
MAR 6:6 ကိုယ်​တော်​သည်​ထို​သူ​တို့​ယုံ​ကြည်​ခြင်း​ကင်း​မဲ့ ကြ​သည်​ကို​အံ့​သြ​တော်​မူ​၏။ ထို့​နောက်​သ​ခင်​ယေ​ရှု​သည်​အ​နီး​အ​နား​ရှိ ကျေး​ရွာ​များ​သို့​သွား​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။
MAR 6:7 တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​နောက် နှစ်​ယောက်​စီ​တွဲ​၍​မြို့ ရွာ​များ​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​အား​ညစ် ညမ်း​သော​နတ်​များ​ကို​နှိမ်​နင်း​နိုင်​သော​တန်​ခိုး အာ​ဏာ​ကို​အပ်​နှင်း​တော်​မူ​၏။-
MAR 6:8 ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​တောင်​ဝှေး​မှ တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ ရိက္ခာ၊ လွယ်​အိတ်၊ ခါး​ပန်း​၌​ကြေး​ငွေ​များ​ကို​ယူ​မ သွား​ကြ​နှင့်။-
MAR 6:9 ဖိ​နပ်​ကို​စီး​ကြ​လော့။ သို့​ရာ​တွင်​အင်္ကျီ​နှစ်​ထပ် မ​ဝတ်​နှင့်။-
MAR 6:10 ထို​မှ​တစ်​ပါး​မည်​သည့်​မြို့​တွင်​မ​ဆို​သင်​တို့ အား ဦး​စွာ​လက်​ခံ​သည့်​အိမ်​မှ​မ​ရွေ့​မ​ပြောင်း ကြ​နှင့်။ ထို​မြို့​မှ​မ​ထွက်​ခွာ​မီ​ကာ​လ​ပတ်​လုံး ထို​အိမ်​တွင်​သာ​တည်း​ခို​ကြ​လော့။-
MAR 6:11 သင်​တို့​ကို​လက်​မ​ခံ​သည့်​အ​ရပ်​တွင်​မ​နေ​ကြ​နှင့်။ သင်​တို့​ဟော​ပြော​သွန်​သင်​သည်​ကို​နား​မ​ထောင် သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လော့။ ထွက်​ခွာ သွား​သည့်​အ​ခါ​တွင်​သူ​တို့​ကို​သ​တိ​ပေး​သည့် အ​နေ​ဖြင့် သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။
MAR 6:12 တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍​လူ​တို့ နောင်​တ​ရ​ကြ​စေ​ရန်​ဟော​ပြော​ကြ​၏။-
MAR 6:13 များ​စွာ​သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​ကြ​၏။ ဖျား​နာ​သူ​အ​မြောက်​အ​မြား​ကို​ဆီ​လိမ်း ၍​ကျန်း​မာ​စေ​ကြ​၏။
MAR 6:14 သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​တော်​သည်​ကျော် ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​ဘု​ရင်​၏​နား​တော်​သို့​ပင် ရောက်​ရှိ​လေ​သည်။ လူ​အ​ချို့​တို့​က ``သေ​ရာ​မှ ပြန်​ရှင်​လာ​သော​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ လျက်​ရှိ​၏'' ဟု​ဆို​ကြ​၏။
MAR 6:15 အ​ချို့​သူ​များ​က ``ယေ​ရှု​သည်​ဧ​လိ​ယ​ဖြစ် ၏'' ဟု​ဆို​ကြ​၏။ အ​ချို့​သူ​များ​က​မူ ``ယေ​ရှု​သည်​ရှေး​ပ​ရော​ဖက် များ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​၏'' ဟု ပြော​ဆို​ကြ​၏။-
MAR 6:16 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဟေ​ရုဒ် က ``ငါ​ဦး​ခေါင်း​ဖြတ်​ခဲ့​သော​ယော​ဟန်​သည် အ​သက်​ပြန်​ရှင်​လေ​ပြီ'' ဟု​ဆို​၏။-
MAR 6:17 ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး၊ ဟေ​ရော ဒိ​အား​မိ​မိ​သိမ်း​ပိုက်​မှု​နှင့်​ပတ်​သက်​၍ ယော​ဟန် ကို​ဖမ်း​ဆီး​ပြီး​လျှင်​ထောင်​တွင်​ချုပ်​နှောင်​ထား စေ​၏။-
MAR 6:18 ယော​ဟန်​သည်​ဟေ​ရုဒ်​အား ``သင်​သည်​ညီ​ဖြစ်​သူ ၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု​အ​ဖန်​ဖန် ကန့်​ကွက်​ပြော​ဆို​ခဲ့​၏။
MAR 6:19 သို့​ဖြစ်​၍​ဟေ​ရော​ဒိ​သည်​ယော​ဟန်​ကို​ရန်​ငြိုး​ဖွဲ့ ၍​သတ်​လို​၏။ သို့​ရာ​တွင်​သတ်​ရန်​ကား​မ​တတ်​နိုင်။-
MAR 6:20 ယော​ဟန်​သည်​သူ​တော်​သူ​မြတ်​ဖြစ်​ကြောင်း​ဟေ​ရုဒ် သိ​သ​ဖြင့်​ကြောက်​၍ သူ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​၏။ ဟေ​ရုဒ်​သည်​ယော​ဟန်​၏​ဟော​ပြော​သွန်​သင် ချက်​များ​ကို​ကြား​နာ​ရ​သည့်​အ​ခါ​တိုင်း စိတ် မ​ငြိမ်​မ​သက်​ဖြစ်​ရ​တတ်​သော်​လည်း​ဝမ်း​မြောက် စွာ​ပင်​ကြား​နာ​လေ့​ရှိ​သည်။
MAR 6:21 ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​အ​တွက် အ​ခါ အ​ခွင့်​သာ​လာ​၏။ ထို​နေ့​၌​ဟေ​ရုဒ်​သည်​ဂါ​လိ​လဲ ပြည်​မှ​ခေါင်း​ဆောင်​ကြီး​များ၊ တပ်​မ​တော်​အ​ရာ​ရှိ ကြီး​များ၊ ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​လူ​ကောင်း​များ ကို​ဖိတ်​ကြား​လျက်​ည​စာ​စား​ပွဲ​တစ်​ရပ်​တည်​ခင်း ကျွေး​မွေး​၏။-
MAR 6:22 ထို​ည​စာ​စား​ပွဲ​သို့​ဟေ​ရော​ဒိ​၏​သ​မီး​သည် လာ​၍ အ​က​နှင့်​ဖျော်​ဖြေ​၏။ သူ​သည်​ဟေ​ရုဒ်​နှင့် ဧည့်​သည်​တော်​အ​ပေါင်း​တို့​၏​စိတ်​ကို​များ​စွာ ရွှင်​လန်း​စေ​၏။ ဘု​ရင်​မင်း​က​သူ​ငယ်​မ​အား ``သင် နှစ်​သက်​ရာ​ကို​တောင်း​လော့။ သင့်​အား​ငါ​ပေး​မည်။-
MAR 6:23 ငါ​၏​နိုင်​ငံ​တစ်​ဝက်​တိုင်​အောင်​သင်​တောင်း​သ​မျှ ကို​ငါ​ပေး​မည်'' ဟု​ကျိန်​ဆို​၍​ပြော​၏။
MAR 6:24 သူ​ငယ်​မ​သည်​မင်း​ကြီး​၏​ထံ​မှ​ထွက်​သွား​ကာ မိ​ခင်​အား ``ကျွန်​မ​သည်​အ​ဘယ်​အ​ရာ​ကို တောင်း​ခံ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ မိ​ခင်​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို​တောင်း လော့'' ဟု​ဆို​၏။
MAR 6:25 သူ​ငယ်​မ​သည်​ချက်​ချင်း​ပင်​မင်း​ကြီး​၏​ထံ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင် ``ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​၏​ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင် ၍ ယ​ခု​ပင်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
MAR 6:26 ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။ သို့​ရာ​တွင်​ဧည့်​သည်​တော်​များ​ရှေ့ တွင် မိ​မိ​ကျိန်​ဆို​၍​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက် ၍ သူ​ငယ်​မ​၏​တောင်း​လျှောက်​ချက်​ကို​မ​ငြင်း မ​ပယ်​နိုင်။-
MAR 6:27 သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ ကိုယ်​ရံ​တော်​တပ်​သား​တစ်​ယောက်​ကို စေ​လွှတ်​လိုက်​၏။ တပ်​သား​သည်​အ​ကျဉ်း​ထောင်​သို့ သွား​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​၏။-
MAR 6:28 ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင်​၍​ယူ​ဆောင် လာ​ပြီး​နောက် သူ​ငယ်​မ​အား​ပေး​၏။ သူ​ငယ်​မ သည်​လည်း​မိ​ခင်​အား​တစ်​ဆင့်​ပေး​၏။-
MAR 6:29 ယော​ဟန်​၏​တ​ပည့်​တို့​သည်​ဤ​သ​တင်း​ကို ကြား​သော​အ​ခါ လာ​၍​ယော​ဟန်​၏​အ​လောင်း ကို​ယူ​ပြီး​လျှင်​ဂူ​သွင်း​ထား​ကြ​၏။
MAR 6:30 တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ပြန်​လာ​ပြီး​လျှင် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ကြား​လျှောက်​ကြ​၏။-
MAR 6:31 များ​စွာ​သော​လူ​တို့​သည်​ဝင်​ထွက်​သွား​လာ​လျက် ရှိ​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​နှင့်​တ​မန်​တော်​တို့​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန်​အ​ချိန်​ပင်​မ​ရ​ကြ။ ထို့​ကြောင့်​ကိုယ်​တော်​က ``ငါ​တို့​ဆိတ်​ကွယ်​ရာ အ​ရပ်​သို့​သွား​၍​ခေတ္တ​မျှ​နား​နေ​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။-
MAR 6:32 သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ်​ခု​သို့​လှေ​ဖြင့်​ထွက် သွား​ကြ​၏။
MAR 6:33 ထို​သို့​သွား​သည်​ကို​လူ​အ​များ​ပင်​မြင်​လိုက် သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​ဖြစ်​ကြောင်း သိ​ကြ​၏။ ထို့​ကြောင့်​အ​မြို့​မြို့​အ​ရွာ​ရွာ​မှ​လူ အ​ပေါင်း​တို့​သည် ကိုယ်​တော်​သွား​ရာ​အ​ရပ်​သို့ အ​လျင်​အ​မြန်​ကုန်း​ကြောင်း​လိုက်​သ​ဖြင့်​ကိုယ် တော်​နှင့်​တ​ပည့်​တော်​တို့​မ​ရောက်​မီ​ရောက်​နှင့် နေ​ကြ​၏။-
MAR 6:34 ကိုယ်​တော်​သည်​လှေ​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​၏။ သိုး​ထိန်း​မဲ့​သည့် သိုး​များ​ကဲ့​သို့​ဖြစ်​နေ​ကြ​သ​ဖြင့် သူ​တို့​ကို သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​များ​စွာ​သော​တ​ရား စ​ကား​များ​ကို သူ​တို့​အား​ဟော​ပြော​သွန်​သင် တော်​မူ​၏။-
MAR 6:35 မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ဤ​အ​ရပ်​သည်​လူ သူ​မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ အ​ချိန်​လည်း​နှောင်း ပါ​ပြီ။-
MAR 6:36 အ​စား​အ​စာ​ဝယ်​၍​စား​နိုင်​ရန်​လူ​တို့​အား ပတ်​ဝန်း​ကျင်​ရှိ​ကျေး​လက်​တော​ရွာ​များ​သို့ စေ​လွှတ်​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
MAR 6:37 ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင် သူ​တို့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​ကျွေး​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည် ငွေ​ဒင်္ဂါး​နှစ်​ရာ​ဖိုး​မျှ​အ​စား​အ​စာ​ဝယ်​၍ ဤ သူ​တို့​အား​ကျွေး​ရ​ပါ​မည်​လော'' ဟု​လျှောက် ထား​ကြ​၏။-
MAR 6:38 ကိုယ်​တော်​က ``သင်​တို့​ထံ​တွင်​အ​စား​အ​စာ​မည် မျှ​ရှိ​သ​နည်း။ သွား​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ သူ​တို့​သည်​ကြည့်​၍​တွေ့​သော​အ​ခါ ``မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
MAR 6:39 ကိုယ်​တော်​သည်​စိမ်း​လန်း​သော​မြက်​ခင်း​ပေါ်​တွင် လူ​အ​ပေါင်း​တို့​ကို​အ​စု​လိုက်​ထိုင်​ကြ​စေ​ရန် တ​ပည့်​တော်​တို့​အား​စေ​ခိုင်း​တော်​မူ​၏။-
MAR 6:40 လူ​တို့​သည်​အ​စု​လိုက်​တစ်​ရာ​စီ၊ ငါး​ဆယ်​စီ၊ စီ​တန်း​၍​ထိုင်​ကြ​၏။-
MAR 6:41 ထို့​နောက်​ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ် ကောင်​ကို​ယူ​တော်​မူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​၏။ မုန့်​ကို​ဖဲ့​တော်​မူ​ပြီး​လျှင် လူ​တို့​အား ဝေ​ငှ​ရန်​တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။-
MAR 6:42 ထို​နည်း​တူ​ငါး​နှစ်​ကောင်​ကို​လည်း​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝ စွာ​စား​ရ​ကြ​၏။-
MAR 6:43 ထို့​နောက်​တ​ပည့်​တော်​တို့​သည် မုန့်​နှင့်​ငါး​အ​ကြွင်း အ​ကျန်​ကို​ကောက်​သိမ်း​ရာ​တစ်​ဆယ့်​နှစ်​တောင်း အ​ပြည့်​ရ​ကြ​၏။-
MAR 6:44 မုန့်​စား​သူ​ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ သ​တည်း။
MAR 6:45 ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​အိမ် သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​တ​ပည့် တော်​တို့​အား​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍ အိုင်​တစ် ဖက်​ကမ်း​ရှိ​ဗက်​ဇဲ​ဒ​ရွာ​သို့​ကူး​နှင့်​စေ​တော်​မူ​၏။-
MAR 6:46 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​တော် မူ​ပြီး​လျှင် ဆု​တောင်း​ပတ္တနာ​ပြု​ရန်​တောင်​ပေါ်​သို့ တက်​တော်​မူ​၏။-
MAR 6:47 ည​ချမ်း​အ​ချိန်​ကျ​ရောက်​သော်​တ​ပည့်​တော်​တို့​၏ လှေ​သည် အိုင်​အ​လယ်​တွင်​ရောက်​လျက်​နေ​၏။ ကိုယ် တော်​သည်​ကား​တစ်​ကိုယ်​တည်း​ကုန်း​ပေါ်​မှာ​ရှိ​၏။-
MAR 6:48 လေ​ကို​ဆန်​၍​ခက်​ခဲ​စွာ​လှော်​ခတ်​ရ​ကြ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ကြ​သည် ကို​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​လျှောက်​၍​သူ​တို့​ထံ​သို့​ကြွ​တော်​မူ​၏။ အ​ချိန် ကား​မိုး​သောက်​ယံ​အ​ချိန်​ဖြစ်​၏။ ကိုယ်​တော်​သည် သူ​တို့​အ​နီး​မှ​ဖြတ်​ကျော်​၍​ကြွ​မည်​ပြု​၏။-
MAR 6:49 သူ​တို့​သည်​ရေ​ပေါ်​မှာ​ကိုယ်​တော်​လမ်း​လျှောက် နေ​သည်​ကို​မြင်​ကြ​သော်​တစ္ဆေ​ဟု​ထင်​မှတ်​၍ ဟစ်​အော်​ကြ​၏။-
MAR 6:50 သူ​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ထိတ် လန့်​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ကိုယ်​တော် က ``အား​မ​ငယ်​ကြ​နှင့်။ ငါ​ပင်​တည်း။ မ​ကြောက် ကြ​နှင့်'' ဟု​သူ​တို့​အား​မိန့်​တော်​မူ​၏။-
MAR 6:51 ထို​နောက်​သူ​တို့​ရှိ​ရာ​လှေ​ပေါ်​သို့​တက်​တော် မူ​၏။ ထို​ခ​ဏ​၌​လေ​ငြိမ်​သွား​၏။ သူ​တို့​သည် လွန်​မင်း​စွာ​အံ့​သြ​တွေ​ဝေ​လျက်​နေ​ကြ​၏။-
MAR 6:52 အ​ဘယ်​ကြောင့်​ဆို​သော်​မုန့်​ကို​ကိုယ်​တော်​ကျွေး တော်​မူ​စဉ်​က မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့်​အံ့​သြ ဖွယ်​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သူ တို့​နား​မ​လည်​ခဲ့​ကြ​သော​ကြောင့်​တည်း။ သူ​တို့ ၏​အ​သိ​ဉာဏ်​သည်​နား​လည်​နိုင်​စွမ်း​မ​ရှိ။
MAR 6:53 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အိုင်​တစ်​ဖက် သို့​ကူး​ကြ​၏။ ဂင်​နေ​သ​ရက်​မြို့​သို့​ရောက်​လျှင် လှေ​ကို​ဆိုက်​ကြ​၏။-
MAR 6:54 သူ​တို့​လှေ​ပေါ်​မှ​ဆင်း​လျှင်​ဆင်း​ချင်း​လူ​တို့ သည် ကိုယ်​တော်​ကို​မှတ်​မိ​ကြ​သ​ဖြင့်၊-
MAR 6:55 ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​သို့​ပြေး​၍ လူ​နာ​များ ကို​ထမ်း​စင်​များ​နှင့်​ဆောင်​ခဲ့​ကြ​၏။-
MAR 6:56 ကိုယ်​တော်​ကြွ​ရောက်​တော်​မူ​ရာ​မြို့​ရွာ​ဇ​န​ပုဒ် ရှိ​လမ်း​နား​မှာ​လူ​နာ​များ​ကို​ချ​ထား​ကြ​၏။ အ​ဝတ်​တော်​၏​ပန်း​ဖွား​ကို​မျှ လူ​နာ​များ​အား တို့​ထိ​ခွင့်​ပြု​တော်​မူ​ရန်​တောင်း​ပန်​ကြ​၏။ တို့ ထိ​ခွင့်​ရ​သ​မျှ​သော​လူ​နာ​တို့​သည်​ကျန်း​မာ လာ​ကြ​၏။
MAR 7:1 ဖာ​ရိ​ရှဲ​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ ကြ​သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​ထံ​တော်​တွင်​ချဉ်း​ကပ်​ကြ​၏။-
MAR 7:2 သူ​တို့​သည်​မ​ဆေး​ကြော​မ​စင်​ကြယ်​သော လက်​များ​နှင့် တ​ပည့်​တော်​တို့​စား​သောက်​နေ ကြ​သည်​ကို​တွေ့​မြင်​ကြ​၏။
MAR 7:3 (ဖာ​ရိ​ရှဲ​များ​နှင့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။ လက်​ကို​လက်​ကောက် ဝတ်​အ​ထိ ဦး​စွာ​မ​ဆေး​ကြော​ဘဲ​အ​စား​အ​စာ စား​လေ့​မ​ရှိ​ကြ။-
MAR 7:4 စျေး​မှ​ဝယ်​ယူ​သည့်​အ​ရာ​အား​လုံး​ကို​မ​ဆေး မ​ကြော​ရ​လျှင်​မ​စား​ကြ။ အိုး၊ ခွက်၊ ကြေး​ဖ​လား နှင့်​ခု​တင်​များ​ကို​ဆေး​ကြော​နည်း​မှ​စ​သော​ထုံး တမ်း​စဉ်​လာ​များ​ကို သူ​တို့​သည်​လိုက်​နာ​ကျင့်​သုံး ကြ​၏။)
MAR 7:5 သို့​ဖြစ်​၍​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ က ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​တ​ပည့်​များ​သည် ရှေး​လူ​ကြီး​များ​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို မ​လိုက်​နာ​ကြ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။-
MAR 7:6 ကိုယ်​တော်​က ``သင်​တို့​၏​အ​ကြောင်း​ပ​ရော​ဖက် ဟေ​ရှာ​ယ​ဟော​ကြား​ချက်​မှာ​မှန်​လှ​ပါ​သည် တ​ကား။ သင်​တို့​သည်​ကြောင်​သူ​တော်​များ​ဖြစ် ကြ​၏။ ထို့​ကြောင့်​ဟေ​ရှာ​ယ​သည်​သင်​တို့​ကို ရည်​မှတ်​လျက်၊ `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး ကူး​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။
MAR 7:7 သူ​တို့​သည်​လူ့​ပညတ်​များ​ကို​ဘု​ရား​ဟော တ​ရား​သ​ဖွယ်​သင်​ကြား​ပို့​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း သည် အ​ချည်း​နှီး​ဖြစ်​၏' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဖော်​ပြ​ချေ သည်။
MAR 7:8 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို ပစ်​ပယ်​၍ လူ​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် နာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 7:9 ဆက်​လက်​၍​ကိုယ်​တော်​က``သင်​တို့​သည်​မိ​မိ​တို့ ၏​ထုံး​တမ်း​စဉ်​လာ​များ​အ​တိုင်း​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တို့​ကို​ပစ် ပယ်​ပုံ​မှာ​ကျွမ်း​ကျင်​လေ​စွ​တ​ကား။-
MAR 7:10 `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ မိ​ဘ​ကို ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​မော​ရှေ က​ပညတ်​ခဲ့​၏။-
MAR 7:11 သို့​သော်​သင်​တို့​က `လူ​တစ်​ဦး​တစ်​ယောက်​သည် အ​ဖ​သို့​မ​ဟုတ်​အ​မိ​အား​အ​ကျိုး​ပြု​စေ​မည့် ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ​သော်​လည်း ယင်း​ပစ္စည်း​ကို `ကော်​ဘန်' (ဘု​ရား​သ​ခင်​အ​ဖို့​လှူ​ပြီး​ပစ္စည်း ဖြစ်​သည်) ဟု​ဆို​လျှင်၊-
MAR 7:12 သူ​သည်​မိ​ဘ​ဝတ်​ကို​ပြု​ရန်​မ​လို​ဟု​သွန်​သင် ကြ​၏။-
MAR 7:13 ဤ​သို့​လျှင်​သင်​တို့​လက်​ဆင့်​ကမ်း​ပေး​အပ်​ကြ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ဖြင့် ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။ အ​လား​တူ အ​ခြား​အ​ကျင့်​ဋ္ဌ​လေ့​များ​စွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​သေး​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 7:14 ထို​နောက်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား အ​ထံ​တော်​သို့​တစ်​ဖန်​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့ စ​ကား​ကို​သင်​တို့​အား​လုံး​နာ​ယူ​သိ​မှတ်​ကြ လော့။-
MAR 7:15 လူ​၏​အ​ပြင်​အ​ပ​မှ​ဝင်​သည့်​အ​ရာ​သည်​လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်။ အ​တွင်း​မှ​ထွက်​သည့်​အ​ရာ သည်​သာ​လူ​ကို​ညစ်​ညမ်း​စေ​နိုင်​၏။-
MAR 7:16 (နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့)'' ဟု မိန့်​တော်​မူ​၏။-
MAR 7:17 ကိုယ်​တော်​သည်​ပ​ရိ​သတ်​ရှိ​ရာ​မှ​ကြွ​၍​အိမ်​ထဲ သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည့်​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ကြ​၏။-
MAR 7:18 ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​မျှ​ပင်​အ​သိ​ဉာဏ် ကင်း​မဲ့​လျက်​နေ​ကြ​သ​လော။ လူ​၏​အ​တွင်း​သို့ ပြင်​ပ​မှ​ဝင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​စိတ် နှ​လုံး​ထဲ​သို့​မ​ဝင်။ အ​စာ​အိမ်​သို့​သာ​ဝင်​ပြီး လျှင် အိမ်​သာ​တွင်း​သို့​သက်​ဆင်း​သွား​သော​ကြောင့် လူ​၏​ကိုယ်​တွင်း​သို့​ဝင်​သည့်​အ​ရာ​သည် လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်​ကြောင်း​ကို သင်​တို့​နား​မ လည်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ (ဤ​သို့ မိန့်​တော်​မူ​ခြင်း​အား​ဖြင့် မ​စား​အပ်​သည့် အ​စား​အ​စာ​ဟူ​၍​မ​ရှိ​ကြောင်း​ရှင်း​ပြ တော်​မူ​သ​တည်း။)
MAR 7:20 ဆက်​လက်​၍​ကိုယ်​တော်​က ``လူ​၏​ကိုယ်​တွင်း​မှ ထွက်​သည့်​အ​ရာ​သာ​လျှင် လူ​ကို​ညစ်​ညမ်း​စေ​၏။-
MAR 7:21 လူ​အ​တွင်း​ရှိ​စိတ်​နှ​လုံး​ထဲ​မှ​ညစ်​ညမ်း​သော အ​ကြံ​အ​စည်​များ​ထွက်​လာ​၏။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ လူ့​အ​သက် ကို​သတ်​ခြင်း၊-
MAR 7:22 သူ့​အိမ်​ရာ​ကို​ပြစ်​မှား​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း၊ ဆိုး​ယုတ်​မိုက်​မဲ​ခြင်း၊ လိမ်​လည်​လှည့်​စား ခြင်း၊ တ​ရား​လက်​လွတ်​ပြု​မူ​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ လျှပ်​ပေါ်​လော်​လည်​ခြင်း-
MAR 7:23 အ​စ​ရှိ​သော​ဆိုး​ညစ်​သည့်​အ​ရာ​အား​လုံး​တို့ သည် လူ​ကိုယ်​တွင်း​မှ​ထွက်​လာ​၍​လူ​ကို​ညစ်​ညမ်း စေ​၏။'' ဟု​မိန့်​တော်​မူ​၏။
MAR 7:24 ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍ တု​ရု​နယ်​သို့​ကြွ​တော်​မူ​၏။ ရောက်​လျှင်​အိမ်​တစ် အိမ်​တွင်​တည်း​ခို​တော်​မူ​၏။ ကိုယ်​တော်​ရောက်​ရှိ တော်​မူ​ကြောင်း​မည်​သူ​ကို​မျှ​သိ​စေ​တော်​မ​မူ လို။ သို့​ရာ​တွင်​ပုန်း​ကွယ်​၍​နေ​တော်​မ​မူ​နိုင်။-
MAR 7:25 ညစ်​ညမ်း​သော​နတ်​ပူး​ဝင်​နေ​သော​သူ​ငယ်​မ​တစ် ဦး​၏​မိ​ခင်​သည် ကိုယ်​တော်​ရောက်​ရှိ​သည့်​သ​တင်း ကို​ကြား​လျှင်​ချက်​ချင်း​လာ​၍​ခြေ​တော်​ရင်း​တွင် ပျပ်​ဝပ်​၏။-
MAR 7:26 သူ​သည်​ရှု​ရိ​ဖိ​နိတ်​ပြည်​သူ​ဂ​ရိ​အ​မျိုး​သ​မီး ဖြစ်​၏။ မိ​မိ​၏​သ​မီး​ထံ​မှ​နတ်​မိစ္ဆာ​ကို​နှင်​ထုတ် တော်​မူ​ရန်​ကိုယ်​တော်​အား​တောင်း​ပန်​၏။-
MAR 7:27 ကိုယ်​တော်​က ``သား​သ​မီး​တို့​ကို​ဦး​စွာ​ဝ​အောင် ကျွေး​ရ​၏။ သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​သူ့​အား မိန့်​တော်​မူ​၏။
MAR 7:28 ထို​အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်။ သို့​ရာ​တွင် သား​သ​မီး​တို့​၏​စား​ကြွင်း​စား​ကျန်​များ​ကို စား​ပွဲ​အောက်​မှ​ခွေး​တို့​စား​ရ​ကြ​ပါသည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။
MAR 7:29 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​ဤ​သို့​လျောက်​ပတ်​စွာ လျှောက်​ထား​သည့်​အ​တွက်​ကြောင့်​အိမ်​သို့​ပြန်​လော့။ နတ်​မိစ္ဆာ​သည်​သင့်​သ​မီး​ထံ​မှ​ထွက်​ခွာ​သွား​လေ ပြီ'' ဟု​မိန့်​တော်​မူ​၏။
MAR 7:30 ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​အိမ်​သို့​ပြန်​ရောက်​သော် နတ်​မိစ္ဆာ​ထွက်​သွား​သ​ဖြင့် အိပ်​ရာ​ထဲ​မှာ​ငြိမ်​သက် စွာ​လဲ​လျောင်း​နေ​သော​မိ​မိ​၏​သ​မီး​ငယ်​ကို​တွေ့ ရ​၏။
MAR 7:31 တု​ရု​ဒေ​သ​မှ​အ​ပြန်​တွင်​ကိုယ်​တော်​သည်​ဇိ​ဒုန် ဒေ​သ​ကို​လည်း​ကောင်း၊ ဒေ​ကာ​ပေါ​လိ​ပြည် အ​လယ်​ပိုင်း​ကို​လည်း​ကောင်း​ဖြတ်​၍ ဂါ​လိ​လဲ အိုင်​သို့​ကြွ​တော်​မူ​၏။-
MAR 7:32 လူ​အ​ချို့​တို့​သည်​ဆွံ့​အ​နား​ပင်း​သူ​တစ်​ယောက် ကို​အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ``သူ​၏​အ​ပေါ် တွင်​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​လျှောက်​ထား တောင်း​ပန်​ကြ​၏။-
MAR 7:33 သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​ထဲ​မှ​ထို​သူ တစ်​ယောက်​တည်း​ကို လူ​ရှင်း​ရာ​သို့​ခေါ်​သွား​တော် မူ​ပြီး​နောက် သူ​၏​နား​များ​အ​တွင်း​သို့​လက်​ညှိုး တော်​ကို​ထိုး​ထည့်​တော်​မူ​၏။ တံ​တွေး​ထွေး​၍ သူ​၏​လျှာ​ကို​လည်း​တို့​တော်​မူ​၏။-
MAR 7:34 ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက်​သက် ပြင်း​ချ​ကာ ``ဧ​ဖ​သ'' ဟု​မိန့်​တော်​မူ​၏။ ဧ​ဖ​သ အ​နက်​ကား ``ပွင့်​စေ'' ဟူ​သ​တည်း။
MAR 7:35 ချက်​ချင်း​ပင်​ထို​သူ​၏​နား​တို့​သည်​ပွင့်​၍ သူ ၏​လျှာ​သည်​သွက်​လက်​လာ​သ​ဖြင့် သူ​သည် ပီ​သ​စွာ​စ​ကား​ပြော​လေ​သည်။-
MAR 7:36 ကိုယ်​တော်​သည်​ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း ကို မည်​သူ​အား​မျှ​မ​ပြော​ကြ​ရန်​လူ​တို့​အား တား​မြစ်​တော်​မူ​၏။ သို့​သော်​လည်း​ကိုယ်​တော် တား​မြစ်​တော်​မူ​လေ၊ သူ​တို့​သည်​ထို​သ​တင်း ကို​ကြေ​ညာ​လေ​ဖြစ်​၏။-
MAR 7:37 ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ရ​သည့် လူ​အ​ပေါင်း​တို့​သည်​လွန်​မင်း​စွာ​အံ့​သြ​ကြ လျက် ``ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့ ကို​လျောက်​ပတ်​စွာ​ပြု​တော်​မူ​ပြီ။ နား​ပင်း​သူ​တို့ ကို​ကြား​စေ​တော်​မူ​ပြီ။ ဆွံ့​အ​သူ​တို့​ကို​စ​ကား ပြော​စေ​တော်​မူ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။
MAR 8:1 မ​ကြာ​မီ​လူ​ပ​ရိ​သတ်​ကြီး​စု​ရုံး​မိ​ပြန်​၏။ သူ တို့​မှာ​စား​စ​ရာ​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​တော်​မူ​၍၊-
MAR 8:2 ``ဤ​လူ​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် ရှိ​နေ​ခဲ့​ကြ​၏။ ယ​ခု​သူ​တို့​မှာ​စား​စ​ရာ​မ​ရှိ ကြ။ သို့​ဖြစ်​၍​သူ​တို့​ကို​ငါ​သ​နား​တော်​မူ​သည်။-
MAR 8:3 အ​ချို့​သော​သူ​တို့​သည်​ခ​ရီး​ဝေး​မှ​လာ​ရောက်​ခဲ့ ကြ​၏။ သူ​တို့​ကို​မ​ကျွေး​မွေး​ဘဲ​အိမ်​သို့​ပြန်​စေ ပါ​လျှင် သူ​တို့​သည်​လမ်း​ခ​ရီး​တွင်​မူး​လဲ​ကုန် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAR 8:4 တ​ပည့်​တော်​တို့​က ``ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​လျှင် ထို​သူ​တို့​ကို​ကျွေး​နိုင်​လောက်​အောင်​အ​စား အ​စာ​ရ​နိုင်​ပါ​မည်​နည်း'' ဟု​ပြန်​၍​လျှောက်​ကြ​၏။
MAR 8:5 ကိုယ်​တော်​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
MAR 8:6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​မြေ​ပေါ်​တွင် ထိုင်​စေ​တော်​မူ​ပြီး​လျှင်​မုန့်​ခု​နစ်​လုံး​ကို​ယူ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​များ​ကို​ဖဲ့​တော်​မူ​၍​လူ​တို့ အား​ဝေ​ပေး​ကြ​၏။ သူ​တို့​၌​ငါး​အ​နည်း​ငယ် လည်း​ရှိ​၏။-
MAR 8:7 ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပြီး​နောက် ထို​ငါး​ကို​လည်း​လူ​တို့​အား ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​ကို​စေ​ခိုင်း​တော်​မူ​၏။-
MAR 8:8 လူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​၏။ စား​ကြွင်း​စား​ကျန် များ​ကို​ပင်​တောင်း​ခု​နစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း ရ​ကြ​၏။-
MAR 8:9 မုန့်​စား​သူ​ဦး​ရေ​ကား​လေး​ထောင်​မျှ​ရှိ​သ​တည်း။ ကိုယ်​တော်​သည်​လူ​တို့​ကို​ထို​အ​ရပ်​မှ​ထွက်​ခွာ သွား​စေ​တော်​မူ​၏။-
MAR 8:10 ထို​နောက်​ချက်​ချင်း​ပင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ပေါ်​သို့​တက်​၍ ဒါ​လ​မ​နု​သ​ဒေ​သ​သို့​ကြွ တော်​မူ​၏။
MAR 8:11 ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ကိုယ်​တော်​နှင့် အ​ခြေ​အ​တင်​ဆွေး​နွေး​ကြ​၏။ သူ​တို့​သည်​ပ​ရိ ယာယ်​ဆင်​၍ ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား နှစ်​သက်​တော်​မူ​ကြောင်း​သက်​သေ​ပြ​ရန် နိ​မိတ် လက္ခ​ဏာ​တစ်​ပါး​ကို​ပြ​တော်​မူ​ပါ'' ဟု​ကိုယ်​တော် အား​တောင်း​ဆို​ကြ​၏။-
MAR 8:12 ကိုယ်​တော်​သည်​သက်​ပြင်း​ချ​တော်​မူ​ပြီး​လျှင် ``ယ​ခု ခေတ်​လူ​တို့​သည်​အ​ဘယ်​ကြောင့်​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​သ​နည်း။ အ​မှန်​အ​ကန်​ငါ​ဆို​သည် ကား ဤ​သူ​တို့​အား​ထို​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
MAR 8:13 ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ကြွ​တော်​မူ​၍ လှေ​ပေါ်​သို့​တစ်​ဖန်​တက်​တော်​မူ​ပြီး​လျှင်​အိုင် တစ်​ဖက်​သို့​ကူး​တော်​မူ​၏။
MAR 8:14 တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​များ​ကို မ​ယူ​ခဲ့​မိ​ကြ။ လှေ​ပေါ်​၌​မုန့်​တစ်​လုံး​သာ​ရှိ​၏။-
MAR 8:15 ကိုယ်​တော်​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ တ​ဆေး​နှင့်​ဟေ​ရုဒ်​၏​တ​ဆေး​ကို​သ​တိ​နှင့် ရှောင်​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မိန့် တော်​မူ​၏။
MAR 8:16 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ သည့်​အ​ကြောင်း​ကို အ​ချင်း​ချင်း​ပြော​ဆို​လျက် နေ​ကြ​၏။
MAR 8:17 ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ တော်​မူ​လျှင် ``သင်​တို့​သည်​စား​စ​ရာ​မ​ပါ​သည့် အ​ဖြစ်​ကို​အ​ဘယ်​ကြောင့်​ပြော​ဆို​နေ​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင်​မ​သိ​နား​မ​လည်​သေး​သ​လော။ သင်​တို့​၏​အ​သိ​ဉာဏ်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ထိုင်း​မှိုင်း​နေ​သ​နည်း။-
MAR 8:18 သင်​တို့​သည်​မျက်​စိ​ရှိ​လျက်​မ​မြင်​ကြ​ပါ သ​လော။ နား​ရှိ​လျက်​မ​ကြား​ကြ​ပါ​သ​လော။-
MAR 8:19 ငါ​သည်​လူ​ငါး​ထောင်​ကို​ကျွေး​ရန်​မုန့်​ငါး​လုံး ဖဲ့​ခဲ့​သည်​ကို သင်​တို့​သ​တိ​မ​ရ​ကြ​သ​လော။ ထို​အ​ခါ​က​မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း မည်​မျှ​အ​ပြည့်​ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု သူ​တို့​အား​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``တစ်​ဆယ့်​နှစ်​တောင်း​ကောက် သိမ်း​ရ​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။
MAR 8:20 နောက်​တစ်​ဖန် ကိုယ်​တော်​က ``ငါ​သည်​လူ​လေး ထောင်​ကို​မုန့်​ကျွေး​ရန် မုန့်​ခု​နစ်​လုံး​ကို​ဖဲ့​ခဲ့​စဉ် အ​ခါ​က မုန့်​ကျိုး​မုန့်​ပဲ့​များ​ကို​တောင်း​မည်​မျှ အ​ပြည့် ကောက်​သိမ်း​ရ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``ခု​နစ်​တောင်း​ကောက်​သိမ်း ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
MAR 8:21 ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည် ယ​ခု တိုင်​အောင်​မ​သိ​နား​မ​လည်​ဘဲ​ရှိ​နေ​ကြ​သေး သ​လော'' ဟု​မေး​တော်​မူ​၏။
MAR 8:22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဗက်​ဇဲ​ဒ​ရွာ သို့​ရောက်​ကြ​၏။ ထို​အ​ခါ​လူ​တို့​သည်​မျက်​မ​မြင် တစ်​ယောက်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့​ပြီး​လျှင် ထို သူ​အား​လက်​တော်​နှင့်​တို့​ထိ​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။-
MAR 8:23 ကိုယ်​တော်​သည်​မျက်​မ​မြင်​ကို​လက်​ဆွဲ​ကာ​ရွာ အ​ပြင်​သို့​ခေါ်​သွား​တော်​မူ​၏။ သူ​၏​မျက်​စိ​များ ကို​တံ​တွေး​နှင့်​ထွေး​၍ သူ​၏​အ​ပေါ်​မှာ​လက်​တော် ကို​တင်​တော်​မူ​၏။ ထို​နောက် ``သင်​ယ​ခု​မျက်​စိ မြင်​ပြီ​လော'' ဟု​မေး​တော်​မူ​၏။
MAR 8:24 သူ​သည်​မော်​ကြည့်​ကာ ``အ​ကျွန်ုပ်​သည်​လူ​များ ကို​မြင်​ရ​ပါ​သည်။ သို့​ရာ​တွင်​သူ​တို့​သည်​သစ်​ပင် များ​လမ်း​လျှောက်​နေ​သ​ကဲ့​သို့​ဖြစ်​နေ​ပါ​သည်'' ဟု​လျှောက်​၏။
MAR 8:25 ထို​အ​ခါ​ကိုယ်​တော်​သည် ထို​သူ​၏​မျက်​စိ​များ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပြန်​၏။ ယ​ခု အ​ကြိမ်​၌​ထို​သူ​သည်​အား​စိုက်​၍​ကြည့်​လိုက်​ရာ မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​သ​ဖြင့် အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​စွာ​မြင်​လေ​၏။-
MAR 8:26 ကိုယ်​တော်​သည်​သူ့​အား ``ရွာ​ထဲ​သို့​မ​ဝင်​နှင့်'' ဟု​အ​မိန့်​ပေး​၍​အိမ်​သို့​ပြန်​စေ​တော်​မူ​၏။
MAR 8:27 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည် ကဲ​သ​ရိ ဖိ​လိပ္ပု​ကျေး​ရွာ​များ​သို့​သွား​ကြ​၏။ လမ်း​တွင် ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ်​သူ ဖြစ်​သည်​ဟု ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု တ​ပည့်​တော်​တို့​အား​မေး​တော်​မူ​၏။-
MAR 8:28 ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က မူ​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟူ​၍​ပြော​ဆို​ကြ ပါ​သည်'' ဟု​တ​ပည့်​တော်​တို့​လျှောက်​ထား​ကြ​၏။
MAR 8:29 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။ ပေ​တ​ရု​က ``အ​ရှင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ သည်'' ဟု​ဖြေ​ဆို​လျှောက်​ထား​၏။
MAR 8:30 ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​မည်​သူ​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်'' ဟု​တ​ပည့်​တော် တို့​အား​ပညတ်​တော်​မူ​၏။
MAR 8:31 ကိုယ်​တော်​က ``လူ​သား​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ သည်​လူ​သား​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ သူ​သည် အ​သတ်​ခံ​ရ​မည်။ သို့​သော်​အ​သတ်​ခံ​ရ​ပြီး​နောက် သုံး​ရက်​ကြာ​သော်​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​၏။-
MAR 8:32 ဤ​သွန်​သင်​ချက်​ကို​ကိုယ်​တော်​သည်​ပွင့်​လင်း​စွာ မိန့်​ကြား​တော်​မူ​သ​တည်း။ ထို့​ကြောင့်​ပေ​တ​ရု သည် ကိုယ်​တော်​ကို​နေ​ရာ​တစ်​ခု​သို့​ပင့်​ခေါ်​ပြီး လျှင်​အ​ပြစ်​တင်​စ​ကား​လျှောက်​လေ​သည်။-
MAR 8:33 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​လျက် ပေ​တ​ရု​အား ``အ​ချင်း​စာ​တန်၊ ငါ့​ထံ​မှ​ခွာ​သွား​လော့။ သင်​သည်​ဘု​ရား​သ​ခင် ၏​ရှု​ထောင့်​က​မ​တွေး၊ လူ​၏​ရှု​ထောင့်​က​သာ တွေး​၏'' ဟု​ဆုံး​မ​တော်​မူ​၏။
MAR 8:34 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​ပ​ရိ​သတ်​ကို အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့​တ​ပည့် ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​စွန့်​ရ​မည်။ ကိုယ့် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ လိုက်​ရ​မည်။-
MAR 8:35 မိ​မိ​၏​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည် အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​အ​တွက်​အ​သက် ဆုံး​ရှုံး​ရ​သူ​သည် မိ​မိ​၏​အ​သက်​ကို​ကယ် ဆယ်​လိမ့်​မည်။-
MAR 8:36 လူ​သည်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ သော်​လည်း မိ​မိ​၏​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။-
MAR 8:37 မိ​မိ​၏​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် အ​ဘယ် အ​ရာ​နှင့်​ရွေး​ယူ​နိုင်​မည်​နည်း။-
MAR 8:38 ဘု​ရား​တ​ရား​မဲ့​၍​ဆိုး​သွမ်း​သော​ဤ​ခေတ်​ဤ အ​ခါ​၌ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါ​ဒ ကြောင့်​ရှက်​လျှင် လူ​သား​သည်​လည်း​ခ​မည်း​တော် ၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​၍​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​ကြွ​လာ​သော​အ​ခါ ထို​သူ​ကြောင့်​ရှက်​တော်​မူ​လ​တ္တံ့'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။
MAR 9:1 ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​တန်​ခိုး​အာ​ဏာ​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တည်​သည်​ကို​မ​မြင်​မီ ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။
MAR 9:2 ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​မြင့်​သော​တောင်​ပေါ်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား​တစ်​စုံ​တစ် ယောက်​မျှ​မ​ပါ​ချေ။ သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော် ၏​အ​ဆင်း​သဏ္ဌာန်​တော်​သည်​ပြောင်း​လဲ​လေ​၏။-
MAR 9:3 အ​ဝတ်​တော်​သည်​တောက်​ပ​လျက်​လွန်​မင်း​စွာ ဖြူ​ဖွေး​လာ​၏။ ဤ​မျှ​ဖြူ​ဖွေး​စေ​ရန်​ဤ​လော​က တွင်​မည်​သည့်​ခ​ဝါ​သည်​မျှ​မ​တတ်​နိုင်​ရာ။-
MAR 9:4 တ​ပည့်​တော်​သုံး​ဦး​တို့​၏​ရှေ့​တွင် ဧ​လိ​ယ​နှင့် မော​ရှေ​ပေါ်​လာ​၍​သ​ခင်​ယေ​ရှု​နှင့်​စ​ကား ပြော​နေ​ကြ​၏။-
MAR 9:5 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ထိုင်​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​ရှင်​အ​တွက် တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ်​တို့ ဆောက်​ပါ​ရ​စေ'' ဟု​သ​ခင်​ယေ​ရှု​အား​လျှောက် ထား​၏။-
MAR 9:6 တ​ပည့်​တော်​တို့​သည်​လွန်​မင်း​စွာ​ကြောက်​လန့်​လျက် ရှိ​ကြ​သ​ဖြင့် ပေ​တ​ရု​သည်​မည်​သို့​လျှောက်​ထား​ရ မည်​ကို​မ​သိ​၍​ယင်း​သို့​လျှောက်​ထား​လိုက်​သ​တည်း။
MAR 9:7 ထို​နောက်​မိုး​တိမ်​တိုက်​တစ်​ခု​သည်​ပေါ်​လာ​၍​သူ​တို့ အ​ပေါ်​သို့​တိမ်​ရိပ်​ကျ​လေ​သည်။ ``ဤ​သူ​ကား​ငါ ၏​ချစ်​သား​ဖြစ်​၏။ သူ​၏​စ​ကား​ကို​နား​ထောင် လော့'' ဟု​မိုး​တိမ်​က​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။-
MAR 9:8 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​ပတ်​လည် သို့​လှည့်​ကြည့်​ကြ​သော်​လည်း သ​ခင်​ယေ​ရှု​မှ​တစ် ပါး​အ​ခြား​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ကြ​တော့​ပေ။
MAR 9:9 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​တွေ့​မြင်​ခဲ့​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပညတ်​တော်​မူ​၏။
MAR 9:10 သူ​တို့​သည်​ဤ​အ​မိန့်​ကို​လိုက်​နာ​ကြ​သော်​လည်း ``သေ​ခြင်း​မှ​ထ​မြောက်​သည်​ဆို​သည်​ကား​အ​ဘယ် နည်း'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​လျက်​နေ​ကြ​၏။-
MAR 9:11 ထို​နောက်​ကိုယ်​တော်​အား ``ကျမ်း​တတ်​ဆ​ရာ​တို့ က ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​လိမ့်​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက် ကြ​၏။
MAR 9:12 ကိုယ်​တော်​က ``အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့် ပြင်​ဆင်​ရန် ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​ရ သည်​ကား​မှန်​၏။ သို့​ရာ​တွင်​ကျမ်း​စာ​တော်​က လူ​သား​သည်​များ​စွာ​သော​ဒုက္ခ​ဆင်း​ရဲ​ကို​လည်း ကောင်း၊ ပစ်​ပယ်​ခြင်း​ကို​လည်း​ကောင်း​ခံ​ရ​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-
MAR 9:13 ဧ​လိ​ယ​သည်​ကြွ​လာ​ခဲ့​ပြီ။ ကျမ်း​စာ​လာ​သည် အ​တိုင်း လူ​တို့​သည်​သူ့​အား​ပြု​လို​ရာ​ပြု​ခဲ့​ကြ ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။
MAR 9:14 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​သုံး​ဦး​တို့​သည် အ​ခြား တ​ပည့်​တော်​များ​ရှိ​ရာ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​ကို​မြင်​ကြ​၏။ တ​ပည့်​တော်​တို့ သည်​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​၏။-
MAR 9:15 လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ အံ့​သြ​ကြ​လျက်​အ​ထံ​တော်​သို့​ပြေး​၍​နှုတ်​ခွန်း ဆက်​ကြ​၏။-
MAR 9:16 ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​သည် ဤ​သူ​တို့​နှင့်​အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။
MAR 9:17 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​မိ​မိ​၏​သား​ငယ်​ကို​အ​ထံ​တော် သို့​ခေါ်​ခဲ့​ပါ​သည်။ သူ​သည်​ဆွံ့​အ​သည့်​နတ် ပူး​ဝင်​နေ​သူ​ဖြစ်​ပါ​သည်။-
MAR 9:18 နတ်​ပူး​ဝင်​သည့်​အ​ခါ​တိုင်း​သူ​သည်​မြေ​ပေါ်​မှာ လဲ​ကျ​တတ်​ပါ​၏။ ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက် လျက်​အံ​သွား​များ​ကြိတ်​တတ်​ပါ​သည်။ ထို​နောက် သူ​၏​ကိုယ်​သည်​တောင့်​မာ​လာ​ပါ​သည်။ အ​ရှင်​၏ တ​ပည့်​များ​အား​ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သော်​လည်း​သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ'' ဟု​ကိုယ်​တော်​အား​လျှောက် ထား​၏။
MAR 9:19 ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​လှ ပါ​သည်​တ​ကား။ ငါ​သည်​သင်​တို့​နှင့်​မည်​မျှ​ကြာ အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင်​သင်​တို့​အား သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
MAR 9:20 သူ​တို့​သည်​ထို​သူ​ငယ်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့ ကြ​၏။ နတ်​သည်​ကိုယ်​တော်​ကို​မြင်​လျှင်​မြင်​ချင်း​သူ​ငယ် အား ပြင်း​ထန်​စွာ​တုန်​တက်​စေ​သ​ဖြင့် သူ​ငယ်​သည် ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက်​လျက်​မြေ​သို့​လဲ ကျ​လူး​လှိမ့်​နေ​၏။-
MAR 9:21 သ​ခင်​ယေ​ရှု​က ``ဤ​သို့​ဖြစ်​ပျက်​နေ​သည်​မှာ ကြာ​ပြီ​လော'' ဟု​သူ​ငယ်​၏​ဖ​ခင်​အား​မေး တော်​မူ​၏။ ဖ​ခင်​က ``က​လေး​အ​ရွယ်​မှ​ပင်​ဖြစ်​ပါ​သည်။-
MAR 9:22 နတ်​သည်​သူ​ငယ်​အား​သေ​စေ​ရန်​ကြိမ်​ဖန်​များ​စွာ မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့​ဖြစ်​စေ​လဲ​စေ​တတ်​ပါ သည်။ အ​ရှင်​တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​အား သ​နား​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ'' ဟု​ပြန်​လည် လျှောက်​ထား​၏။
MAR 9:23 သ​ခင်​ယေ​ရှု​က ``တတ်​နိုင်​တော်​မူ​လျှင်'' ဟု အ​ဘယ်​ကြောင့်​ဆို​ဘိ​သ​နည်း။ ယုံ​ကြည်​ခြင်း ရှိ​သူ​အ​ဖို့​မ​ဖြစ်​နိုင်​သော​အ​ရာ​မ​ရှိ'' ဟု ထို​သူ​အား​မိန့်​တော်​မူ​၏။-
MAR 9:24 ချက်​ချင်း​ပင်​သူ​ငယ်​၏​အ​ဖ​က ``အ​ကျွန်ုပ်​အ​ကယ် ပင်​ယုံ​ကြည်​ပါ​၏။ ယုံ​ကြည်​ခြင်း​မ​ပြည့်​စုံ​သည့် အ​တွက်​အ​ကျွန်ုပ်​အား​မ​စ​တော်​မူ​ပါ'' ဟု​ကျယ် စွာ​လျှောက်​ထား​၏။
MAR 9:25 အ​ထံ​တော်​သို့​လူ​ပ​ရိ​သတ်​များ​ပြေး​လာ​ကြ သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ``ဆွံ့​အ​နား​ပင်း သော​နတ်၊ သူ​ငယ်​ထံ​မှ​ထွက်​လော့။ အ​ဘယ်​အ​ခါ​မျှ ပြန်​၍​မ​ပူး​မ​ဝင်​နှင့်၊ ငါ​အ​မိန့်​ရှိ​သည်'' ဟု​ညစ် ညမ်း​သော​နတ်​အား​မိန့်​တော်​မူ​၏။-
MAR 9:26 နတ်​သည်​အော်​ဟစ်​ပြီး​လျှင် သူ​ငယ်​ကို​ပြင်း​စွာ​တုန် တက်​စေ​၏။ ထို​နောက်​သူ့​ထံ​မှ​ထွက်​သွား​၏။ သူ​ငယ် သည်​သူ​သေ​ကဲ့​သို့​ဖြစ်​နေ​သ​ဖြင့် လူ​အ​များ ပင် ``သူ​ငယ်​သေ​ပြီ'' ဟု​ပြော​ကြ​၏။-
MAR 9:27 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​ငယ်​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​ငယ်​သည် ထ​လေ​၏။
MAR 9:28 ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​ရောက်​၍​တစ်​ကိုယ်​တည်း ရှိ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ် တို့​သည်​ထို​နတ်​ကို​အ​ဘယ်​ကြောင့်​နှင်​ထုတ်​၍ မ​ရ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
MAR 9:29 ကိုယ်​တော်​က ``ဆု​တောင်း​ခြင်း​မှ​တစ်​ပါး အ​ခြား အ​ဘယ်​နည်း​နှင့်​မျှ​ဤ​နတ်​မျိုး​ကို​နှင်​ထုတ်​၍ မ​ရ'' ဟု​မိန့်​တော်​မူ​၏။
MAR 9:30 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ထို​အ​ရပ်​မှ ထွက်​ခွာ​ကြ​ပြီး​လျှင် ဂါ​လိ​လဲ​ပြည်​ကို​ဖြတ် သွား​ကြ​၏။ ယင်း​သို့​ဖြတ်​သွား​ကြောင်း​ကို​ကိုယ် တော်​သည်​မည်​သူ့​အား​မျှ​သိ​စေ​တော်​မ​မူ​လို။-
MAR 9:31 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။-
MAR 9:32 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။
MAR 9:33 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​သို့​ဝင်​ပြီး နောက် ကိုယ်​တော်​က ``သင်​တို့​သည်​လမ်း​တွင် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး ကြ​သ​နည်း'' ဟု​တ​ပည့်​တို့​အား​မေး​တော်​မူ​၏။-
MAR 9:34 သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​မိ​မိ​တို့​အ​နက် အ​ဘယ်​သူ​သည်​အ​ကြီး မြတ်​ဆုံး​ဖြစ်​သည်​ကို​လမ်း​တွင်​ဆွေး​နွေး​ငြင်း​ခုံ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
MAR 9:35 ကိုယ်​တော်​သည်​ထိုင်​တော်​မူ​ပြီး​လျှင်​တစ်​ကျိပ်​နှစ် ပါး​တို့​ကို​ခေါ်​တော်​မူ​၍ ``အ​မြင့်​ဆုံး​သို့​ရောက် လို​သူ​သည်​အ​နိမ့်​ဆုံး​မှာ​နေ​ရ​မည်။ လူ​ခပ်​သိမ်း တို့​၏​အ​စေ​ခံ​လည်း​ဖြစ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
MAR 9:36 ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​၍ တ​ပည့်​တော်​တို့​အ​လယ်​တွင်​ထား​တော် မူ​၏။-
MAR 9:37 ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 9:38 ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​နေ​သူ​လူ တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​မြင်​ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်။ သို့​မ​လိုက် သ​ဖြင့်​အ​ကျွန်ုပ်​တို့​သည် သူ့​အား​အ​ရှင်​၏​နာ​မ တော်​ကို​အ​သုံး​မ​ပြု​ရန်​တား​မြစ်​ခဲ့​ပါ​၏'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။-
MAR 9:39 သ​ခင်​ယေ​ရှု​က ``သူ့​ကို​မ​တား​မြစ်​ကြ​နှင့်၊ ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​အံ့​ဖွယ်​သော​အ​မှု​ကို​ပြု ပြီး​နောက် ငါ့​အား​ပုတ်​ခတ်​ပြော​ဆို​နိုင်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-
MAR 9:40 ငါ​တို့​အား​မ​ဆန့်​ကျင်​သူ​သည်​ငါ​တို့​ဘက်​သား ဖြစ်​၏။-
MAR 9:41 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏ တ​ပည့်​များ​ဖြစ်​သည်​ကို​ထောက်​လျက် သင်​တို့​အား သောက်​ရေ​တစ်​ခွက်​ကို​ပေး​သူ​သည်​မု​ချ​အ​ကျိုး ခံ​စား​ရ​လိမ့်​မည်။
MAR 9:42 ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​မှု​ပျက်​ပြား​စေ​ရန် ဤ က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​မှောက်​မှား လမ်း​လွဲ​စေ​သော​သူ​သည် လည်​တွင်​ကြိတ်​ဆုံ​ကျောက် ကို​ဆွဲ​လျက်​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင်​သူ့ အ​ဖို့​သာ​၍​ကောင်း​၏။-
MAR 9:43 သင်​၏​လက်​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။-
MAR 9:44 (လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​မီး ထဲ​သို့​လက်​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရောက် ရ​သည်​ထက်၊ လက်​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ အ​သက်​ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-
MAR 9:45 သင်​၏​ခြေ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​ခြေ​ကို​ဖြတ်​ပစ်​လော့။-
MAR 9:46 သင်​သည်​(လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​သို့​ခြေ​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရ​သည် ထက် ခြေ​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက် ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-
MAR 9:47 သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြား စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့၊ မျက်​စိ​တစ်​စုံ​နှင့် င​ရဲ​သို့​ကျ​ရ​သည်​ထက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​မျက်​စိ​တစ်​လုံး​ချို့​တဲ့​လျက်​ဝင်​ရ​သည်​က​သာ​၍ ကောင်း​၏။-
MAR 9:48 ထို​နေ​ရာ​သည်​ဖျက်​ဆီး​နေ​သော​လောက်​ကောင်​များ မ​သေ၊ မီး​မ​ငြိမ်း​ရာ​နေ​ရာ​ဖြစ်​သည်။
MAR 9:49 ``ယဇ်​ကောင်​ကို​ဆား​ခပ်​၍​သန့်​စင်​စေ​သ​ကဲ့​သို့ မီး​သည်​လူ​ခပ်​သိမ်း​တို့​ကို​သန့်​စင်​စေ​လိမ့်​မည်။-
MAR 9:50 ဆား​သည်​အ​သုံး​ဝင်​၏။ သို့​သော်​ဆား​မှ​အ​ငန်​ကင်း ပျောက်​သွား​ပါ​မူ သင်​တို့​သည်​ယင်း​ကို​အ​ဘယ်​သို့ ပြန်​၍​ငန်​အောင်​ပြု​နိုင်​ပါ​မည်​နည်း။ ``သင်​တို့​၌​မိတ်​ဖွဲ့​ခြင်း​တည်း​ဟူ​သော​ဆား​ရှိ​စေ ပြီး​လျှင် အ​ချင်း​ချင်း​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAR 10:1 ထို​နောက်​ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၍ ယု​ဒ​ပြည်​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ယော်​ဒန် မြစ်​ကို​ကူး​တော်​မူ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​အ​ထံ တော်​သို့​တစ်​ဖန်​လာ​ရောက်​စု​ရုံး​ကြ​ပြန်​၏။ ကိုယ်​တော် သည်​အ​လေ့​တော်​ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ဟော ပြော​သွန်​သင်​တော်​မူ​၏။
MAR 10:2 ထို​အ​ခါ​ဖာ​ရိ​ရှဲ​တို့​သည်​အ​ထံ​တော်​သို့​လာ ၍ ``လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​မ​ယား​နှင့် ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍ မေး​လျှောက်​ကြ​၏။
MAR 10:3 ကိုယ်​တော်​က ``မော​ရှေ​သည်​သင်​တို့​အား​မည်​သို့ ပ​ညတ်​သ​နည်း'' ဟု​ပြန်​၍​မေး​တော်​မူ​၏။
MAR 10:4 သူ​တို့​က ``မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန် မော​ရှေ​ခွင့်​ပြု​ပါ​သည်'' ဟု​ဖြေ​ကြား​ကြ​၏။
MAR 10:5 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ များ​ဖြစ်​၍ မော​ရှေ​သည်​ဤ​ပ​ညတ်​ကို​ရေး​သား ထား​ခဲ့​ခြင်း​ဖြစ်​၏။-
MAR 10:6 လော​က​ကို​ဖန်​ဆင်း​တော်​မူ​စ​က​ပင်​ဘု​ရား သ​ခင်​သည် ယောကျာ်း​နှင့်​မိန်း​မ​ကို​ဖန်​ဆင်း​တော် မူ​၏။-
MAR 10:7 ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​ကိုယ့်​မိ​ဘ​ကို စွန့်​၍ မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း​နေ​ထိုင်​လိမ့်​မည်။-
MAR 10:8 ထို​သူ​နှစ်​ဦး​တို့​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လာ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည်​နှစ် ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်​၏။-
MAR 10:9 ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ မ​ခွာ​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
MAR 10:10 တ​ပည့်​တော်​တို့​သည်​အိမ်​သို့​ပြန်​ရောက်​ကြ သော​အ​ခါ ဤ​အ​ကြောင်း​အ​ရာ​ကို​ထပ်​မံ​၍ ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-
MAR 10:11 ကိုယ်​တော်​က ``မိ​မိ​ဇ​နီး​ကို​ကွာ​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု သူ​သည် မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။-
MAR 10:12 ထို​မှ​တစ်​ပါး​မိ​မိ​ခင်​ပွန်း​ကို​ကွာ​၍ အ​ခြား အ​မျိုး​သား​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​ခင်​ပွန်း​၏​အိမ်​ရာ ကို​ပြစ်​မှား​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 10:13 လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​တ​ပည့် တော်​တို့​သည်​ထို​သူ​တို့​ကို​အ​ပြစ်​တင်​ကြ​၏။-
MAR 10:14 သ​ခင်​ယေ​ရှု​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​တော် မူ​လျှင် အ​မျက်​ထွက်​တော်​မူ​၍ ``က​လေး​သူ​ငယ်​တို့ ကို​ငါ့​ထံ​သို့​လာ​ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို​သို့​သော သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။-
MAR 10:15 အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​က​လေး​သူ​ငယ် နည်း​တူ ဘု​ရား​သ​ခင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို လက်​မ​ခံ​သော​သူ​သည် နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
MAR 10:16 ထို​နောက်​ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့ ကို​ချီ​ပွေ့​တော်​မူ​လျက် သူ​တို့​အ​ပေါ်​တွင်​လက် တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။
MAR 10:17 သ​ခင်​ယေ​ရှု​သည်​ခ​ရီး​ပြု​ရန်​ထွက်​တော်​မူ​စဉ် လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​ပြေး​လာ​ပြီး လျှင်​ရှေ့​တော်​၌​ဒူး​ထောက်​လျက် ``ကောင်း​မြတ် တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့ သော​ငှာ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​လျှောက်​၏။
MAR 10:18 သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့် ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ဆို​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။-
MAR 10:19 သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး နှင့်၊ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​နှင့်၊ လိမ်​လည် လှည့်​စား​မှု​ကို​မ​ပြု​နှင့်၊ မိ​ဘ​ကို​ရို​သေ​မြတ် နိုး​လော့​ဟူ​သော​ပ​ညတ်​တော်​များ​ကို​သင်​သိ သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။
MAR 10:20 ထို​သူ​က ``ဆ​ရာ​တော်၊ ဤ​ပ​ညတ်​များ​ကို​အ​ကျွန်ုပ် သည်​ငယ်​စဉ်​မှ​စ​၍​စောင့်​ထိန်း​ခဲ့​ပါ​ပြီ'' ဟု​ပြန် လည်​လျှောက်​ထား​၏။
MAR 10:21 သ​ခင်​ယေ​ရှု​သည်​ထို​သူ​ကို​မေတ္တာ​ဖြင့်​စေ့​စေ့​ကြည့် လျက် ``သင့်​မှာ​လို​နေ​သော​အ​ရာ​တစ်​ခု​ရှိ​သေး​၏။ သွား​လော့။ သင်​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​စွန့်​ကြဲ​ပြီး​မှ​လာ​၍​ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
MAR 10:22 ထို​သူ​ကား​ဥစ္စာ​ပစ္စည်း​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​၍​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက် ထွက်​ခွာ​သွား​လေ​၏။
MAR 10:23 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​နောက် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏'' ဟု မိန့်​တော်​မူ​၏။
MAR 10:24 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို ကြား​လျှင် လွန်​စွာ​အံ့​သြ​ကြ​၏။ တစ်​ဖန်​သ​ခင် ယေ​ရှု​က ``ငါ့​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏။-
MAR 10:25 အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန် လွယ်​ကောင်း လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဥစ္စာ ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ်'' ဟု​မိန့်​တော် မူ​၏။
MAR 10:26 တ​ပည့်​တော်​တို့​သည်​အံ့​သြ​တွေ​ဝေ​ကြ​လျက် ``ဤ သို့​ဖြစ်​ဘိ​မူ၊ အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို ရ​နိုင်​ပါ​မည်​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။
MAR 10:27 သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​စေ့​စေ့​ကြည့်​တော်​မူ ၍ ``ဤ​အ​မှု​ကို​လူ​မ​တတ်​နိုင်​သော်​လည်း​ဘု​ရား သ​ခင်​တတ်​နိုင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 10:28 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​တို့​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့ ကြ​ပါ​ပြီ'' ဟု​ကိုယ်​တော်​အား​လျှောက်​ထား​၏။
MAR 10:29 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ငါ့​အ​တွက်​လည်း​ကောင်း၊ ဧဝံ​ဂေ​လိ​တရား​အတွက် လည်း​ကောင်း၊ အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​ကို​စွန့်​သော​သူ​သည်၊-
MAR 10:30 ဤ​ဘ​ဝ​၌​ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ​အ​ဆ​တစ်​ရာ မျှ​သော အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား သ​မီး​များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို့​ပြင်​နောင်​ဘ​ဝ ၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်။-
MAR 10:31 သို့​ရာ​တွင်​အ​ဦး​ဆုံး​ကျ​သူ​များ​သည်​နောက်​ဆုံး ကျ​လိမ့်​မည်။ နောက်​ဆုံး​ကျ​သူ​အ​များ​က​လည်း အ​ဦး​ဆုံး​ကျ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAR 10:32 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက်​နေ ကြ​စဉ် ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ရှေ့​က ကြွ​တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​၏။ နောက်​တော်​မှ​လိုက်​လာ သော​လူ​တို့​သည်​လည်း ကြောက်​လန့်​လျက်​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​ကို မ​လှမ်း​မ​ကမ်း​သို့​တစ်​ဖန်​ခေါ်​သွား​တော်​မူ​ပြီး လျှင် မိ​မိ​တွေ့​ကြုံ​ရ​မည့်​အ​မှု​အ​ရာ​များ​ကို ဖော်​ပြ​တော်​မူ​၏။-
MAR 10:33 ကိုယ်​တော်​က ``နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ယေ​ရု​ရှလင်​မြို့​သို့​ခ​ရီး​ပြု​လျက်​ရှိ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​သား​အား ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ သား​အား​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။-
MAR 10:34 လူ​မျိုး​ခြား​တို့​သည်​လူ​သား​အား​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။ ကြိမ်​ဒဏ်​ပေး​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက် ကြာ​သော​အ​ခါ​လူ​သား​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
MAR 10:35 ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​ပန်​ကြား​ချက် ကို​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
MAR 10:36 ကိုယ်​တော်​က ``သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။
MAR 10:37 သူ​တို့​က ``အ​ရှင်​ဘုန်း​တန်​ခိုး​နှင့်​စိုး​စံ​ရ​သော အ​ခါ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။
MAR 10:38 သ​ခင်​ယေ​ရှု​က ``သင်​တို့​ပန်​ကြား​နေ​သည့်​အ​ရာ ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​သောက်​ရန်​နှင့် ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​စွမ်း​နိုင်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
MAR 10:39 သူ​တို့​က ``အ​ကျွန်ုပ်​တို့​တတ်​စွမ်း​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ​သောက်​ရ​မည့် ခွက်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ ကို​လည်း​ခံ​ရ​ကြ​လိမ့်​မည်။-
MAR 10:40 သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ် ကို​မူ ငါ​သည်​မ​ပေး​ပိုင်။ ဤ​အ​ခွင့်​အ​ရေး​များ သည်​ဘု​ရား​သ​ခင်​စီ​မံ​ပြင်​ဆင်​ထား​သူ​များ အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 10:41 ဤ​အ​ကြောင်း​အ​ရာ​ကို​အ​ခြား​တ​ပည့်​တော် ဆယ်​ဦး​တို့​ကြား​သိ​ကြ​သော​အ​ခါ ယာ​ကုပ် နှင့်​ယော​ဟန်​တို့​ကို​စိတ်​ဆိုး​ကြ​၏။-
MAR 10:42 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ ကို​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ် ကြ​၏။ အ​ကြီး​အ​ကဲ​တို့​သည်​အာ​ဏာ​ကို သုံး​တတ်​ကြ​သည်။-
MAR 10:43 သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည် သူ​တစ်​ပါး​တို့​၏​အ​စေ​ကို​ခံ​ရ​မည်။-
MAR 10:44 အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​လူ​ခပ်​သိမ်း တို့​၏​ကျွန်​ဖြစ်​ရ​မည်။-
MAR 10:45 လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏ အ​စေ​ကို ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်​၍​လူ အ​မြောက်​အ​မြား​အား​ရွေး​နုတ်​ရန်​လည်း ကောင်း​ကြွ​လာ​သ​တည်း​ဟု​မိန့်​တော်​မူ​၏။
MAR 10:46 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရိ​ခေါ မြို့​သို့​ရောက်​ကြ​ပြီး​နောက် လူ​ပ​ရိ​သတ်​ကြီး နှင့်​အ​တူ​ထို​မြို့​မှ​ထွက်​ခွာ​ကြ​၏။ ယင်း​သို့ ထွက်​ခွာ​ချိန်​၌​တိ​မဲ​၏​သား​ဗာ​တိ​မဲ​ဆို​သူ မျက်​မ​မြင်​သူ​တောင်း​စား​တစ်​ယောက်​သည် လမ်း​အ​နီး​တွင်​ထိုင်​လျက်​နေ​၏။-
MAR 10:47 သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။
MAR 10:48 လူ​တို့​က​သူ့​အား​ဆိတ်​ဆိတ်​နေ​ရန်​ငေါက်​ငမ်း ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​သည် ``ဒါ​ဝိဒ် ၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော် မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။
MAR 10:49 သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​လျက် ``သူ့​ကို ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ လူ​တို့​သည်​မျက်​မ​မြင်​အား ``အား​မ​ငယ်​နှင့်။ ထ​လော့။ သင့်​ကို​ကိုယ်​တော်​ခေါ်​တော်​မူ​သည်'' ဟု​ဆို​ကြ​၏။
MAR 10:50 ထို​သူ​သည်​မိ​မိ​၏​ခြုံ​ထည်​ကို​ဘေး​သို့​ပစ်​ချ လိုက်​ပြီး​နောက် ခုန်​၍​ထ​ကာ​သ​ခင်​ယေ​ရှု​ထံ တော်​သို့​လာ​လေ​၏။
MAR 10:51 သ​ခင်​ယေ​ရှု​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ မျက်​မ​မြင်​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အား မျက်​စိ​ပြန်​၍​မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။
MAR 10:52 သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင်​၏​ယုံ​ကြည် ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ​ပြီ'' ဟု မိန့်​တော်​မူ​၏။ ချက်​ချင်း​ပင်​ထို​သူ​သည်​မျက်​စိ​မြင်​၍ ကိုယ်​တော် ကြွ​တော်​မူ​ရာ​လမ်း​တွင်​နောက်​တော်​က​လိုက်​လေ သည်။
MAR 11:1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ အ​နီး​သို့​ချဉ်း​ကပ်​မိ​၍ ဗက်​ဖာ​ဂေ​နှင့်​ဗေ​သ​နိ ရွာ​များ​အ​နီး​ရှိ​သံ​လွင်​တောင်​သို့​ရောက်​ကြ​၏။-
MAR 11:2 ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​နှစ်​ယောက် အား ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​လျှင် ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး သေး​သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့် မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လံ​ထား​၏။-
MAR 11:3 ကြိုး​ဖြေ​၍​မြည်း​ကို​ယူ​ခဲ့​ကြ​လော့။ အ​ကယ်​၍ လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့​အား အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြေ​သ​နည်း​ဟု​မေး​လျှင် ထို​မြည်း ကို​အ​ကျွန်ုပ်​တို့​သ​ခင်​အ​လို​ရှိ​ပါ​သည်။ ချက်​ချင်း ပြန်​ပို့​ပေး​ပါ​လိမ့်​မည်​ဟု​ပြော​ကြ​လော့'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။
MAR 11:4 ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​သွား​၍ မြည်း က​လေး​တစ်​ကောင်​ကို​လမ်း​တွင်​အိမ်​တစ်​အိမ်​၏ တံ​ခါး​အ​နီး​မှာ​လံ​ထား​သည်​ကို​တွေ့​သ​ဖြင့် မြည်း​ကြိုး​ကို​ဖြေ​ကြ​၏။-
MAR 11:5 လမ်း​မှာ​ရပ်​နေ​သူ​အ​ချို့​က ``မြည်း​ကြိုး​ကို အ​ဘယ်​ကြောင့်​ဖြေ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။
MAR 11:6 တ​ပည့်​တော်​တို့​က​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ပြန်​ပြော​ကြ​သော​အ​ခါ ထို​သူ​တို့ သည်​မြည်း​ကြိုး​ကို​ဖြေ​ခွင့်​ပြု​ကြ​၏။-
MAR 11:7 တ​ပည့်​တော်​တို့​သည်​မြည်း​က​လေး​ကို​သ​ခင် ယေ​ရှု​ထံ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင် မြည်း​ကျော ပေါ်​မှာ​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လွှမ်း​တင်​ကြ ၏။-
MAR 11:8 ထို​နောက်​ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။ လူ​အ​များ​ပင်​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လမ်း ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ အ​ချို့​သူ​များ​က​မူ​ကွင်း များ​မှ​ခုတ်​ယူ​ခဲ့​ကြ​သည့်​သစ်​ခက်​သစ်​ရွက်​များ ကို​လမ်း​မှာ​ဖြန့်​ခင်း​ကြ​၏။-
MAR 11:9 ကိုယ်​တော်​၏​ရှေ့​တော်​မှ​လည်း​ကောင်း၊ နောက်​တော် မှ​လည်း​ကောင်း၊ လိုက်​ပါ​ကြ​သူ​လူ​အ​ပေါင်း​တို့ က ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ လော့။ ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။-
MAR 11:10 တည်​လ​တ္တံ့​သော​ငါ​တို့​အ​ဖ​ဒါ​ဝိဒ်​၏​နိုင်​ငံ​တော် သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု ကြွေး​ကြော်​ကြ​၏။
MAR 11:11 သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​တော် မူ​သော​အ​ခါ ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​လှည့်​လည်​ကြည့်​ရှု​တော်​မူ​၏။ ထို နောက်​နေ​ဝင်​ခါ​နီး​ပြီ​ဖြစ်​သ​ဖြင့် တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​အ​တူ​ဗေ​သ​နိ​ရွာ​သို့​ကြွ​တော် မူ​၏။
MAR 11:12 နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့ သည် ဗေ​သ​နိ​ရွာ​မှ​ပြန်​လာ​ကြ​စဉ်​ကိုယ်​တော် သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-
MAR 11:13 အ​ရွက်​ဝေ​ဆာ​လျက်​ရှိ​သော​သင်္ဘော​သ​ဖန်း​ပင် ကို​အ​ဝေး​က​မြင်​တော်​မူ​လျှင် အ​သီး​တွေ့​လို တွေ့​ငြား​အ​ပင်​အ​နီး​သို့​ချဉ်း​ကပ်​တော်​မူ​၏။ သ​ဖန်း​သီး​ပေါ်​ချိန်​မ​ဟုတ်​၍​အ​ပင်​ပေါ်​တွင် အ​ရွက်​များ​သာ​တွေ့​တော်​မူ​၏။-
MAR 11:14 ထို​အ​ခါ​ကိုယ်​တော်​က ``နောင်​အ​စဉ်​အ​ဆက် သင်​၏​အ​သီး​ကို​အ​ဘယ်​သူ​မျှ​မ​စား​စေ​ရ'' ဟု​သင်္ဘော​သ​ဖန်း​ပင်​အား​မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​သည်​ကို​တ​ပည့်​တော်​တို့ ကြား​ကြ​၏။
MAR 11:15 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ဗိ​မာန်​တော် သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏ စား​ပွဲ​များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​များ​၏​ထိုင်​ခုံ​များ ကို​မှောက်​လှန်​ပစ်​တော်​မူ​၏။-
MAR 11:16 ဗိ​မာန်​တော်​ကို​ဖြတ်​၍​ကုန်​ပစ္စည်း​သယ်​ဆောင် ရန် မည်​သူ့​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။-
MAR 11:17 ကိုယ်​တော်​က `` `ငါ​၏​အိမ်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့' ဟု​ကျမ်း စာ​လာ​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​သင်​တို့​သည် ထို​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ ပြီ​တ​ကား'' ဟု​လူ​တို့​အား​ဆုံး​မ​သွန်​သင်​တော် မူ​၏။
MAR 11:18 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကြား​၍ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း ရှာ​ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ယင်း​သို့ သွန်​သင်​တော်​မူ​သည်​ကို​လွန်​စွာ​အံ့​သြ​လျက် ရှိ​ကြ​သော​ကြောင့် ထို​သူ​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​၏။
MAR 11:19 နေ​စောင်း​လာ​သော​အ​ခါ​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​သည်​မြို့​မှ​ထွက်​သွား​ကြ​၏။
MAR 11:20 နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​၌ ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​သည်​လမ်း​တွင်​လျှောက်​သွား​ကြ စဉ် သင်္ဘော​သ​ဖန်း​ပင်​ကို​မြင်​ကြ​၏။ ထို​အ​ပင်​သည် အ​မြစ်​မှ​စ​၍​တစ်​ပင်​လုံး​ခြောက်​သွေ့​ညှိုး​နွမ်း လျက်​နေ​၏။-
MAR 11:21 ပေ​တ​ရု​သည်​သ​တိ​ရ​၍ ``အ​ရှင်​ဘု​ရား၊ ကြည့် တော်​မူ​ပါ၊ အ​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သင်္ဘော​သ​ဖန်း ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​ချေ​ပြီ'' ဟု လျှောက်​၏။
MAR 11:22 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အား​ယုံ​ကြည် ကိုး​စား​ကြ​လော့။-
MAR 11:23 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား မိ​မိ စိတ်​နှ​လုံး​အ​တွင်း​တွင်​ယုံ​မှား​ခြင်း​မ​ရှိ​ဘဲ မိ​မိ ပြော​ဆို​သည်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​ယုံ​ကြည်​သော သူ​သည် ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ် ထဲ​သို့​ဆင်း​သက်​လော့' ဟု​ဆို​လျှင်​ထို​သူ​ဆို​သည် အ​တိုင်း​ဖြစ်​လိမ့်​မည်။-
MAR 11:24 သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​ကို​မု​ချ​ရ​မည် ဟု ယုံ​ကြည်​ကြ​လျှင်​တောင်း​လျှောက်​သ​မျှ​ကို ရ​ကြ​လိမ့်​မည်။-
MAR 11:25 သင်​တို့​သည်​ရပ်​လျက်​ဆု​တောင်း​သော​အ​ခါ သူ တစ်​ပါး​တို့​၏​အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​ရ ကြ​မည်။ သို့​မှ​သာ​လျှင်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော် မူ​သော​သင်​တို့​အ​ဖ​သည် သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-
MAR 11:26 (သင်​တို့​သည်​သူ​တစ်​ပါး​၏​အ​ပြစ်​များ​ကို မ​ဖြေ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ သော​သင်​တို့​အ​ဖ​သည်​သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်)'' ဟု​တ​ပည့် တော်​တို့​အား​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။
MAR 11:27 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​တစ်​ဖန်​ရောက်​ရှိ​ကြ​ပြန်​၏။ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင်​စင်္ကြံ​ကြွ​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍၊-
MAR 11:28 ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ပြု​တော်​မူ​ပါ​သ​နည်း။ ထို အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား​အ​ဘယ်​သူ​အပ် နှင်း​ပါ​သ​နည်း'' ဟု​လျှောက်​ထား​မေး​မြန်း ကြ​၏။
MAR 11:29 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​တစ်​ခု​မေး​မည်။ သင်​တို့​ဖြေ​ပြီး​မှ​ဤ​အ​မှု​အ​ရာ​များ​ကို အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ပြော​မည်။-
MAR 11:30 ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ယော​ဟန်​ပေး​သည်​မှာ​ဘု​ရား သ​ခင်​၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော။ လူ​တို့​၏ အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAR 11:31 သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင်​ယော​ဟန်​ကို​သင် တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း​ဟု မေး​လိမ့်​မည်။-
MAR 11:32 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)-
MAR 11:33 သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု သ​ခင်​ယေ​ရှု​အား​ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ထို​နည်း​တူ​ဤ​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု သည်​ကို​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။
MAR 12:1 ထို​နောက်​ကိုယ်​တော်​သည်​သူ​တို့​အား ပုံ​ဥ​ပ​မာ ဆောင်​၍​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော်​က ``လူ တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး​၍ ခြံ​ဝင်း​ကာ​၏။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး ၍​မျှော်​စင်​ကို​ဆောက်​လုပ်​၏။ ထို​နောက်​သူ​သည် ဥ​ယျာဉ်​ကို​ခြံ​သ​မား​တို့​အား သီး​စား​ချ​၍ နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​သွား​၏။-
MAR 12:2 အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သ​မား များ​ထံ​သို့​စေ​လွှတ်​၍ ဥ​ယျာဉ်​သီး​ခွန်​ကို​တောင်း ခံ​စေ​၏။-
MAR 12:3 ခြံ​သ​မား​တို့​သည်​ထို​ကျွန်​ကို​ဖမ်း​ဆီး​ရိုက်​နှက် ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။-
MAR 12:4 ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ်​ယောက်​ကို​တစ်​ဖန် စေ​လွှတ်​ပြန်​၏။ ခြံ​သ​မား​တို့​သည်​ထို​ကျွန်​၏​ဦး ခေါင်း​ကို​ရိုက်​နှက်​၍ အ​ရှက်​တ​ကွဲ​အ​ကျိုး​နည်း အောင်​ပြု​ကြ​၏။-
MAR 12:5 ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ်​ယောက်​ကို စေ​လွှတ်​ပြန်​သော် ခြံ​သ​မား​တို့​သည်​သူ့​ကို သတ်​ကြ​၏။ အ​ခြား​များ​စွာ​သော​ကျွန်​တို့​ကို လည်း ဤ​နည်း​တူ​ပင်​ရိုက်​သူ​ကို​ရိုက်၊ သတ်​သူ ကို​သတ်​ကြ​၏။-
MAR 12:6 ဥ​ယျာဉ်​ရှင်​မှာ​တစ်​ဦး​တည်း​သော​ချစ်​သား​ကို သာ​စေ​လွှတ်​ရန်​ကျန်​တော့​၏။ သို့​ဖြစ်​၍​သူ​သည် `ငါ့​သား​ကို​ထို​သူ​တို့​လေး​စား​ကြ​ရာ​၏' ဟု ဆို​လျက်​နောက်​ဆုံး​တွင်​မိ​မိ​၏​သား​ကို​စေ​လွှတ် လိုက်​၏။-
MAR 12:7 သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ လာ​ကြ။ သူ့​ကို သတ်​ကြ​ကုန်​အံ့။ သို့​မှ​သာ​ဥ​ယျာဉ်​ကို​ငါ​တို့ ရ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​လျက်၊-
MAR 12:8 သူ့​ကို​ဖမ်း​၍​သတ်​ပြီး​လျှင်​ဥ​ယျာဉ်​အ​ပြင် သို့​ထုတ်​ပစ်​လိုက်​ကြ​၏။
MAR 12:9 ``ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​အ​ဘယ်​သို့​ပြု​လိမ့် မည်​နည်း။ သူ​သည်​လာ​၍​ခြံ​သ​မား​များ​ကို သုတ်​သင်​ဖျက်​ဆီး​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို အ​ခြား​သူ​တို့​အား​ပေး​အပ်​လိမ့်​မည်။
MAR 12:10 `တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏။
MAR 12:11 ဤ​အ​မှု​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏၊ ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' ဟူ​သော​ကျမ်း​စကား​ကို​သင်​တို့​မ​ဖတ်​ဖူး​ကြ ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
MAR 12:12 ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့ ကို​ရည်​ဆောင်​၍ ဤ​ပုံ​ဥ​ပ​မာ​ကို​မိန့်​တော်​မူ ကြောင်း​သိ​သ​ဖြင့် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​ကို ကြောက်​သော​ကြောင့်​အ​ထံ​တော်​မှ​ထွက်​သွား ကြ​၏။
MAR 12:13 ထို​နောက်​သူ​တို့​သည်​ဖာ​ရိ​ရှဲ​အ​ချို့​နှင့် ဟေ​ရုဒ် ပါ​တီ​ဝင်​အ​ချို့​တို့​ကို​အ​ထံ​တော်​သို့​စေ​လွှတ် ကြ​၏။-
MAR 12:14 ထို​သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ရှင်​သည်​မှန်​သော​စ​ကား​ကို​သာ​ပြော​တတ် ပါ​၏။ လူ​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သည်​ကို အ​ရေး​မ​စိုက်။ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ​ဘု​ရား သ​ခင်​၏​တ​ရား​လမ်း​ကို​ဟုတ်​မှန်​သည့်​အ​တိုင်း သွန်​သင်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ ရော​မ​ဧ​က​ရာဇ်​မင်း​အား​အ​ခွန်​ဆက်​အပ်​ပါ သ​လော၊ မ​ဆက်​အပ်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ သည်​အ​ခွန်​ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည် လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။
MAR 12:15 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​ကြောင့် အ​ပြစ်​ရှာ​လို​ကြ​သ​နည်း။ ဒင်္ဂါး​တစ်​ပြား​ကို​ငါ ကြည့်​ဖို့​ယူ​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAR 12:16 သူ​တို့​ယူ​ခဲ့​ကြ​လျှင်​ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့ ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ဧ​က​ရာဇ်​မင်း​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​မင်း​၏ ကမ္ပည်း​လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ကြ​၏။
MAR 12:17 သ​ခင်​ယေ​ရှု​က ``ဧ​က​ရာဇ်​မင်း​ပိုင်​သည့်​အ​ရာ​ကို ဧ​က​ရာဇ်​မင်း​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင် သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ​လော့'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​လျှင်​သူ​တို့​သည် အံ့​သြ​ကြ​၏။
MAR 12:18 သေ​ခြင်း​မှ​ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟု​အ​ယူ ရှိ​သော​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍၊-
MAR 12:19 ``ဆ​ရာ​တော်၊ `လူ​တစ်​စုံ​တစ်​ယောက်​သည်​သား​သ​မီး မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့​သည့်​ဇ​နီး​ကို​ညီ ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ​မည်။ အစ်​ကို​၏​အ​မျိုး အ​နွယ်​ကို​သူ​၏​ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု အ​ကျွန်ုပ်​တို့​အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-
MAR 12:20 အ​ခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော်​လည်း​သား သ​မီး​မ​ရ​ဘဲ၊-
MAR 12:21 သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး​သည် မ​ရီး ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို​ညီ​သည်​လည်း သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။ ထို​နည်း​တူ​ဒု​တိ​ယ ညီ​သည်​လည်း​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။-
MAR 12:22 ဤ​သို့​လျှင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​စ​လုံး သား​သ​မီး​မ​ရ​ဘဲ​သေ​ကြ​၏။ နောက်​ဆုံး​၌ အ​မျိုး​သ​မီး​လည်း​သေ​၏။-
MAR 12:23 ညီ​အစ်​ကို​ခု​နစ်​ယောက်​စ​လုံး​ပင်​သူ​နှင့်​စုံ​ဖက် ခဲ့​ကြ​သည်​ဖြစ်​၍​ရှင်​ပြန်​ထ​မြောက်​ရာ​နေ့​၌ ထို​အ​မျိုး​သ​မီး​သည်​မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
MAR 12:24 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အ​ကြောင်း​ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ လွဲ​လျက်​နေ​ကြ​၏။-
MAR 12:25 လူ​တို့​သည်​သေ​ခြင်း​မှ​ထ​မြောက်​ကြ​သော​အ​ခါ ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ဘဲ ကောင်း​ကင် ဘုံ​ရှိ​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ​လိမ့် မည်။-
MAR 12:26 သေ​လွန်​သူ​တို့​ထ​မြောက်​ရှင်​ပြန်​ရ​ကြောင်း​ကို ဖော်​ပြ​သော မော​ရှေ​ကျမ်း​ကို​မ​ဖတ်​ဖူး​ကြ​ပါ သ​လော။ အ​ဆို​ပါ​ကျမ်း​တွင်​မီး​လျှံ​ထွက်​သည့် ချုံ​အ​ကြောင်း​ဆိုင်​ရာ​စာ​ပိုဒ်​၌ ဘု​ရား​သ​ခင် က `ငါ​သည်​အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်​၏ ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ပေ​တည်း' ဟု မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​ပါ​ရှိ​၏။-
MAR 12:27 ထို​အ​ရှင်​သည်​သေ​လွန်​သူ​တို့​၏​ဘု​ရား​မ​ဟုတ်။ အ​သက်​ရှင်​နေ​သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​သည်​လွန်​စွာ​မှ​အ​ယူ​လွဲ​လျက်​နေ​ကြ လေ​ပြီ​တ​ကား'' ဟု​မိန့်​တော်​မူ​၏။
MAR 12:28 ယင်း​သို့​သ​ခင်​ယေ​ရှု​နှင့်​ဇဒ္ဒု​ကဲ​တို့​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​စဉ် ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည် အ​နီး​အ​ပါး​၌​ရှိ​နေ​၏။ သူ​တို့​အား​သ​ခင်​ယေ​ရှု လျောက်​ပတ်​စွာ​ဖြေ​ကြား​တော်​မူ​သည်​ကို​ကြား သ​ဖြင့် ရှေ့​တော်​သို့​လာ​၍​ကိုယ်​တော်​အား ``ပ​ညတ် ရှိ​သ​မျှ​တို့​တွင်​အ​ဘယ်​ပ​ညတ်​သည်​အ​ကြီး​မြတ် ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
MAR 12:29 သ​ခင်​ယေ​ရှု​က `အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ဘုရား ဖြစ်​တော်​မူ​၏။-
MAR 12:30 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်' ဟူ​သော​ပ​ညတ်​သည် ပ​ထ​မ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-
MAR 12:31 `အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်' ဟူ သော​ပ​ညတ်​သည်​ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး ပ​ညတ်​ဖြစ်​၏။ ဤ​ပ​ညတ်​နှစ်​ပါး​ထက်​ပို​၍​ကြီး မြတ်​သော​ပ​ညတ်​ကား​မ​ရှိ'' ဟု​ဖြေ​ကြား​တော် မူ​၏။
MAR 12:32 ကျမ်း​တတ်​ဆ​ရာ​က ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ ချက်​သည်​သင့်​မြတ်​လှ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သာ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မှ တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။-
MAR 12:33 ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။
MAR 12:34 ထို​သူ​သည်​ဤ​သို့​အ​သိ​ပ​ညာ​နှင့်​လျှောက်​ထား သည့်​အ​တွက် သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ဝေး​တော့​ပြီ'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​မည်​သူ​မျှ​ကိုယ်​တော်​အား​ထပ်​မံ​၍ မ​မေး​မ​လျှောက်​ဝံ့​ကြ။
MAR 12:35 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ် ကြောင့်​ကျမ်း​တတ်​ဆ​ရာ​တို့​ဆို​ကြ​သ​နည်း။
MAR 12:36 `သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​ရောက်​စေ​မည်။ သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အ​ရှင်​အား​မိန့်​တော်​မူ​၏' ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက် ဖြင့်​ဒါ​ဝိဒ်​မင်း​မြွက်​ဆို​ခဲ့​၏။
MAR 12:37 ဤ​သို့​ဆို​ရာ​တွင်​ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင် မေ​ရှိ​ယ ကို `အ​ရှင်' ဟု​ခေါ်​သည်​ဖြစ်​ရာ အ​သို့​လျှင်​မေ​ရှိ​ယ သည်​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ လူ​ပ​ရိ​သတ်​ကြီး​သည်​ကိုယ်​တော်​၏ စ​ကား​တော်​ကို အား​ရ​ရွှင်​လန်း​စွာ​ကြား​နာ​ကြ​၏။
MAR 12:38 ဤ​သို့​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ကိုယ်​တော်​က ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ နှင့်​ရှောင်​ကြ​လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို ဝတ်​၍​ပ​လွှား​သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက် တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။-
MAR 12:39 တ​ရား​ဇ​ရပ်​များ​တွင်​သီး​သန့်​ထား​သော​နေ​ရာ များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း ဆုံး​သော​နေ​ရာ​ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ် သက်​ကြ​၏။-
MAR 12:40 မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း​ယူ ပြီး​လျှင် လူ​ကြား​ကောင်း​စေ​ရန်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​ပို​၍ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။
MAR 12:41 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ရှေ့ တွင်​ထိုင်​လျက် ထို​သေတ္တာ​ထဲ​သို့ လူ​တို့​ငွေ​များ ထည့်​ဝင်​လှူ​ဒါန်း​ကြ​သည်​ကို​ကြည့်​ရှု​တော်​မူ​၏။ များ​စွာ​သော​သူ​ဌေး​သူ​ကြွယ်​တို့​သည်​ငွေ အ​မြောက်​အ​မြား​ထည့်​ဝင်​လှူ​ဒါန်း​ကြ​၏။-
MAR 12:42 ဆင်း​ရဲ​သော​မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း​လာ ၍ ဆယ်​ပြား​ခန့်​တန်​သော​ကြေး​ပြား​နှစ်​ပြား​ကို အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​၏။-
MAR 12:43 ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဗိ​မာန်​တော်​အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​ထည့်​ဝင် လှူ​ဒါန်း​ကြ​သော​သူ​အ​ပေါင်း​တို့​ထက် ပို​၍ ထည့်​ဝင်​လှူ​ဒါန်း​လေ​ပြီ​ဟု​သင်​တို့​အား အ​မှန်​အ​ကန်​ငါ​ဆို​၏။-
MAR 12:44 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​များ​ကို လှူ​ကြ​ပေ​သည်။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပေး​လှူ သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
MAR 13:1 ဗိ​မာန်​တော်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​စဉ် တ​ပည့် တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ကြည့်​တော်​မူ​ပါ။ ဤ ကျောက်​တုံး​များ​သည်​ကြီး​မား​လှ​၍ ဤ​အ​ဆောက် အ​အုံ​များ​သည်​လည်း​ကြီး​ကျယ်​လှ​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​၏။
MAR 13:2 သ​ခင်​ယေ​ရှု​က ``ဤ​အ​ဆောက်​အ​အုံ​ကြီး​များ ကို ယ​ခု​သင်​မြင်​သည်​မ​ဟုတ်​လော။ ယင်း​အ​ဆောက် အ​အုံ​များ​မှ​ကျောက်​တုံး​အား​လုံး​ပင်​ပြို​ကျ ရ​လိမ့်​မည်။ ကျောက်​တစ်​တုံး​မျှ​မူ​လ​နေ​ရာ​တွင် ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
MAR 13:3 ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​ဗိ​မာန်​တော် ဖက်​သို့​မျက်​နှာ​မူ​လျက် တစ်​ကိုယ်​တည်း​ထိုင်​နေ တော်​မူ​သော​အ​ခါ၊-
MAR 13:4 ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​အန္ဒြေ-တို့​သည် ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​ရာ​များ သည်​အ​ဘယ်​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​အ​ဘယ် နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ် တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​မေး​လျှောက်​ကြ​၏။
MAR 13:5 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​သူ​တစ်​ပါး မ​လှည့်​စား​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
MAR 13:6 လူ​အ​များ​ပင်​ငါ​၏​အ​ယောင်​ဆောင်​လျက်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မေ​ရှိ​ယ​ဖြစ်​သည်​ဟု ဆို​၍​လူ​အ​များ​ကို​လှည့်​ဖြား​ကြ​လိမ့်​မည်။-
MAR 13:7 သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​သော​အ​ခါ မ​ထိတ်​မ​လန့်​ကြ နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​မု​ချ​ဖြစ်​ပျက် ရ​မည်။ သို့​သော်​လည်း​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ကျ​သေး။-
MAR 13:8 လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ​စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား တွင်​မြေ​င​လျင်​လှုပ်​၍​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက် လတ္တံ့​သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​ဖြစ်​၏။''
MAR 13:9 ``သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ လူ​အ​ချို့​တို့ သည် သင်​တို့​ကို​တ​ရား​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။ သင် တို့​သည်​ငါ့​အ​တွက်​ကြောင့် အာ​ဏာ​ပိုင်​များ​နှင့် ရှင်​ဘု​ရင်​များ​၏​ရှေ့​မှောက်​သို့​ရောက်​၍ သ​တင်း ကောင်း​ကို​ကြေ​ညာ​ရ​ကြ​လိမ့်​မည်။-
MAR 13:10 ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​မ​ရောက်​မီ​သင်​တို့​သည် သ​တင်း​ကောင်း​ကို​လူ​အ​ပေါင်း​တို့​အား​ဟော ပြော​ကြေ​ညာ​ရ​ကြ​မည်။-
MAR 13:11 သင်​တို့​အား​ဖမ်း​ဆီး​၍​တ​ရား​ရုံး​ခုံ​ရုံး​သို့ ပို့​အပ်​ကြ​သော​အ​ခါ မည်​သို့​ပြော​ဆို​ရ​မည် ကို​ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။ ထို​ခ​ဏ​၌ မိ​မိ​တို့​စိတ်​တွင်​ပေါ်​လာ​သည့်​စ​ကား​များ​ကို သာ​လျှင် သင်​တို့​ပြော​ကြ​လော့။ ယင်း​စ​ကား​များ သည်​သင်​တို့​စ​ကား​များ​မ​ဟုတ်​ဘဲ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​စ​ကား​များ​ဖြစ်​လိမ့်​မည်။-
MAR 13:12 လူ​တို့​သည်​ညီ​အစ်​ကို​ချင်း​အား​သေ​စေ​ရန်​အပ် ကြ​လိမ့်​မည်။ အ​ဖ​သည်​လည်း​သား​အား​သေ​စေ ရန်​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​မိ​ဘ​များ ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။-
MAR 13:13 ငါ​၏​အ​တွက်​ကြောင့်​လူ​တိုင်း​ပင်​သင်​တို့​ကို​မုန်း လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သော​သူ​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။''
MAR 13:14 ``ထိတ်​လန့်​စက်​ဆုပ်​ဘွယ်​ကောင်း​သည့်​အ​ရာ​သည် မ​ရှိ​အပ်​သည့်​အ​ရပ်​တွင်​ရှိ​နေ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လိမ့်​မည်'' (စာ​ဖတ်​သူ​သည်​ဤ​အ​ချက် ကို​နား​လည်​ပါ​စေ) ``ထို​သို့​မြင်​ရ​ကြ​သော အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။-
MAR 13:15 အိမ်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အောက်​သို့​ဆင်း​၍ အိမ်​ထဲ​သို့​ဝင်​ပြီး​လျှင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ယူ​စေ​နှင့်။-
MAR 13:16 လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ကို​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-
MAR 13:17 ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​မိန်း​မ​နှင့် သား​သည်​မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။-
MAR 13:18 ထို​နေ့​ရက်​များ​သည်​ဆောင်း​ဥ​တု​၌​မ​ကျ ရောက်​ပါ​စေ​နှင့်​ဟု​ဆု​တောင်း​ကြ​လော့။-
MAR 13:19 လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန် မှ​စ​၍ အ​ဘယ်​ကာ​လ​၌​မျှ​ဤ​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို လူ​တို့​မ​ကြုံ​စ​ဖူး။ နောင်​ကာ​လ​၌​လည်း​တွေ့​ကြုံ ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-
MAR 13:20 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ ကင်း​လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ကိုယ်​တော် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ အ​ဖို့​အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မူ​ပြီ။
MAR 13:21 ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်၊ မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​သော်​မ​ယုံ​ကြည်​နှင့်။-
MAR 13:22 မေ​ရှိ​ယ​အ​တု​အ​ယောင်​များ​နှင့်​ပ​ရော​ဖက် အ​တု​အ​ယောင်​များ​ပေါ်​လာ​လိမ့်​မည်။ သူ​တို့ သည်​ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန် အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​ကြ​လိမ့်​မည်။-
MAR 13:23 သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ငါ​ကြို​တင်​ဖော်​ပြ​ပြီ။''
MAR 13:24 ``ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​ပြီး​သော​ကာ​လ​၌ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် အ​လင်း​ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။-
MAR 13:25 ကြယ်​များ​သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​များ​သည်​လမ်း​ကြောင်း​ပြောင်း ကြ​လိမ့်​မည်။-
MAR 13:26 ထို​အ​ခါ​မိုး​တိမ်​များ​ထဲ​မှ​ကြီး​စွာ​သော တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​နှင့်​လူ သား​ကြွ​လာ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-
MAR 13:27 ထို​နောက်​လူ​သား​သည်​ကောင်း​ကင်​တ​မန်​များ ကို မြေ​ကြီး​စွန်း​မှ​ကောင်း​ကင်​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍ မိ​မိ​ရွေး ချယ်​ထား​သူ​တို့​ကို​စု​သိမ်း​တော်​မူ​လိမ့်​မည်။''
MAR 13:28 ``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို သင်​ယူ​ကြ​လော့။ ထို​အ​ပင်​တွင်​အ​ခက်​အ​လက် နု​ထွက်​၍ အ​ရွက်​နု​ထွက်​သော​အ​ခါ​နွေ​ကာ​လ နီး​သည်​ကို​သင်​တို့​သိ​ကြ​၏။-
MAR 13:29 ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး၊ တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-
MAR 13:30 အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​ခေတ်​လူ​တို့ သေ​လွန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-
MAR 13:31 ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ ၏​စ​ကား​တည်​လိမ့်​မည်။''
MAR 13:32 ``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် နေ့​ရက်​နာ​ရီ​ကို ခ​မည်း​တော်​မှ​တစ်​ပါး​အ​ဘယ် သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ​ကောင်း​ကင်​တ​မန် များ​လည်း​မ​သိ။-
MAR 13:33 ထို​နေ့​ရက်​ကာ​လ​သည်​အ​ဘယ်​အ​ခါ​ကျ​ရောက် မည်​ကို သင်​တို့​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။-
MAR 13:34 ဥ​ပ​မာ​ဆို​သော်​နိုင်​ငံ​ရပ်​ခြား​သို့​သွား​သူ​လူ တစ်​ယောက်​သည် မိ​မိ​၏​အိမ်​ကို​ငယ်​သား​များ လက်​တွင်​အပ်​ထား​ခဲ့​၏။ သူ​တို့​အား​ကိုယ်​စီ ကိုယ်​ငှ​လုပ်​ဆောင်​ရန်​တာ​ဝန်​ဝတ္တ​ရား​များ ကို​ပေး​အပ်​ခဲ့​၏။ တံ​ခါး​မှူး​အား​သ​တိ​နှင့် စောင့်​နေ​ရန်​မှာ​ထား​ခဲ့​၏။-
MAR 13:35 သင်​တို့​သည်​အိမ်​ရှင်​အ​ဘယ်​အ​ခါ​ကြွ​လာ​မည် ကို​မ​သိ။ ညဥ့်​ဦး​ယံ​၌​ကြွ​ကောင်း​ကြွ​လာ​ပေ​မည်။ သို့​မ​ဟုတ်​သန်း​ခေါင်​ယံ​အ​ချိန်​၌​သော်​လည်း​ကောင်း ကြက်​ဦး​တွန်​ချိန်​၌​သော်​လည်း​ကောင်း၊ မိုး​သောက် ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ​နိုင်​ပေ​သည်။-
MAR 13:36 သို့​ဖြစ်​၍​အိမ်​ရှင်​ရုတ်​တ​ရက်​ကြွ​လာ​သော​အ​ခါ သင်​တို့​အိပ်​ပျော်​နေ​သည်​ကို​မ​တွေ့​စေ​ရန်​သ​တိ နှင့်​စောင့်​နေ​ကြ​လော့။-
MAR 13:37 ဤ​သို့​သင်​တို့​အား​သ​တိ​ပေး​သည်​အ​တိုင်း ခပ် သိမ်း​သော​သူ​တို့​အား​လည်း​ငါ​သ​တိ​ပေး​၏။ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
MAR 14:1 ပ​သ​ခါ​ပွဲ​နှင့်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျ​ရောက် ရန် နှစ်​ရက်​မျှ​အ​လို​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ကိုယ်​တော် ကို​တိတ်​တ​ဆိတ်​ဖမ်း​ဆီး​၍​သတ်​ရန်​နည်း လမ်း​ရှာ​ကြံ​လျက်​နေ​ကြ​၏။-
MAR 14:2 သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့် ပွဲ​တော်​ရက်​အ​တွင်း​၌ မ​ဖမ်း​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။
MAR 14:3 သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​၌ အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ဖူး​သူ​ရှိ​မုန်​၏​အိမ်​တွင်​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​စဉ်​အ​မျိုး သ​မီး​တစ်​ယောက်​သည် အ​လွန်​အ​ဖိုး​ထိုက် သော​နာ​ဒု​ဆီ​မွှေး​အ​စစ်​ကျောက်​ဖြူ​ဘူး ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း လောင်း​လေ​သည်။-
MAR 14:4 လူ​အ​ချို့​တို့​သည်​ဒေါ​သ​ထွက်​၍ ``အ​ဘယ် ကြောင့်​ဆီ​မွှေး​ကို​ဤ​သို့​အ​ကျိုး​မဲ့​ဖြုန်း​တီး ပါ​သ​နည်း။-
MAR 14:5 ဤ​ဆီ​မွှေး​ကို​ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​ကျော်​နှင့် ရောင်း​၍ ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကာ​အ​မျိုး​သ​မီး​ကို အ​ပြစ်​တင်​ကြ​၏။
MAR 14:6 သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့်​သူ့​ကို​နှောင့်​ယှက်​ကြ​သ​နည်း။ ငါ့ အား​သူ​ပြု​သော​အ​မှု​သည်​လျောက်​ပတ်​ပေ​၏။-
MAR 14:7 ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ​ကြ ၏။ သင်​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့် အ​မြဲ​ရှိ​နေ​သည်​မ​ဟုတ်။-
MAR 14:8 ဤ​အ​မျိုး​သ​မီး​သည်​သူ​တတ်​နိုင်​သ​မျှ​ငါ့ အား​ပြု​စု​လေ​ပြီ။ ငါ​၏​ရုပ်​အ​လောင်း​ကို​သင်္ဂြိုဟ် ရန် ကြို​တင်​၍​ဆီ​မွှေး​နှင့်​လိမ်း​ကျံ​လေ​ပြီ။-
MAR 14:9 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သ​တင်း ကောင်း​ကြေ​ညာ​ရာ ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ဤ​အ​မျိုး သ​မီး​ကို​အောက်​မေ့​သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု ခဲ့​သော​ကောင်း​မှု​ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
MAR 14:10 တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော​ယု​ဒ ရှ​ကာ​ရုတ်​သည် ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့ အပ်​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ထံ​သို့​သွား​၏။-
MAR 14:11 ထို​သူ​တို့​သည်​သူ​လာ​ရ​သည့်​အ​ကြောင်း​ကို ကြား​သိ​သော​အ​ခါ ဝမ်း​မြောက်​သ​ဖြင့်​သူ့​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ယု​ဒ သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​လျက်​နေ​၏။
MAR 14:12 ပ​သ​ခါ​သိုး​သူ​ငယ်​ကို​သတ်​၍​ပူ​ဇော်​ရ​သော နေ့​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ နေ့​၌​တ​ပည့်​တော်​တို့​က ``အ​ရှင့်​အ​တွက်​ပ​သ​ခါ ပွဲ​ည​စာ​ကို အ​ကျွန်ုပ်​တို့​အ​ဘယ်​အ​ရပ်​သို့​သွား ၍​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။
MAR 14:13 ကိုယ်​တော်​က​တ​ပည့်​တော်​နှစ်​ယောက်​အား ``သင်​တို့ သည်​မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ထမ်း​လာ​သူ​လူ တစ်​ယောက်​သည် သင်​တို့​ကို​ကြို​ဆို​လိမ့်​မည်။-
MAR 14:14 ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​လော့။ သူ​ဝင်​သော အိမ်​မှ​အိမ်​ရှင်​အား ``ဆ​ရာ​တော်​နှင့်​တ​ပည့်​များ ပ​သ​ခါ​ပွဲ​ည​စာ​ကို​စား​ရန်​အ​ခန်း​ကား​အ​ဘယ် မှာ​နည်း'' ဟု​ဆ​ရာ​တော်​က​မေး​ကြောင်း​ပြော ကြ​လော့။-
MAR 14:15 သူ​သည်​အ​ထက်​ထပ်​ရှိ​အ​သင့်​ပြင်​ဆင်​ခင်း​ကျင်း ထား​သော​အ​ခန်း​ကြီး​ကို​သင်​တို့​အား​ပြ​လိမ့်​မည်။ ယင်း​အ​ခန်း​တွင်​ငါ​တို့​အ​တွက်​ည​စာ​ကို​ပြင် ကြ​လော့'' ဟု​မိန့်​မှာ​၍​စေ​လွှတ်​တော်​မူ​၏။
MAR 14:16 ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင် မြို့​တွင်း​သို့​ဝင်​ကြ​၏။ မြို့​ထဲ​သို့​ရောက်​သော အ​ခါ​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​လိုက်​သည့်​အ​တိုင်း တွေ့​၍ ပ​သ​ခါ​ည​စာ​ကို​အ​သင့်​ပြင်​ကြ​၏။
MAR 14:17 ည​ချမ်း​အ​ချိန်​ရောက်​သော် ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​၏။-
MAR 14:18 သူ​တို့​သည်​စား​ပွဲ​မှာ​ထိုင်​လျက်​စား​နေ​ကြ​စဉ် သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​အ​နက်​ငါ​နှင့်​အ​တူ​စား​နေ သူ​တစ်​ဦး​သည်​ငါ့​ကို​သစ္စာ​ဖောက်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
MAR 14:19 တ​ပည့်​တော်​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ်​ဦး နောက်​တစ်​ဦး​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။
MAR 14:20 ကိုယ်​တော်​က ``ထို​သူ​သည်​တစ်​ကျိပ်​နှစ်​ပါး​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။ ငါ​နှိုက်​သော​ပန်း​ကန်​တွင် နှိုက်​၍​စား​သူ​ဖြစ်​၏။-
MAR 14:21 ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရ​မည်။ သို့​ရာ​တွင်​လူ​သား​အား​ရန်​သူ့​လက်​သို့ အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​သာ​၍​ကောင်း​သေး​၏'' ဟု မိန့်​တော်​မူ​၏။
MAR 14:22 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ​စား နေ​ကြ​စဉ်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့်​ကား​ငါ​၏​ကိုယ် ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု​မိန့်​တော်​မူ ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး​တော် မူ​၏။
MAR 14:23 စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက် သူ​တို့ အား​ပေး​တော်​မူ​လျှင်​သူ​တို့​အား​လုံး​သည် သောက်​ကြ​၏။-
MAR 14:24 ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။-
MAR 14:25 သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တွင် စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့် နေ့​မ​တိုင်​မီ ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ် ဖန်​သောက်​တော့​မည်​မ​ဟုတ်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။
MAR 14:26 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ သီ​ချင်း​ဆို​ပြီး​လျှင်​သံ​လွင်​တောင်​သို့​ထွက် သွား​ကြ​၏။
MAR 14:27 သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ငါ​သည်​သိုး ထိန်း​ကို​ရိုက်​သတ်​သ​ဖြင့် သိုး​တို့​သည်​က​စဥ့်​က​ရဲ ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သင်​တို့ သည်​ငါ့​ကို​စွန့်​၍​ထွက်​ပြေး​ကြ​လိမ့်​မည်။-
MAR 14:28 သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက်​ပြီး နောက် ဂါ​လိ​လဲ​ပြည်​သို့​သင်​တို့​အ​လျင်​သွား နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။
MAR 14:29 ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​အ​ရှင့်​ကို စွန့်​ပစ်​ကြ​သော်​လည်း အ​ကျွန်ုပ်​မ​စွန့်​ပစ်​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။
MAR 14:30 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ည​၌​ပင်​ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​တိုင်​တိုင်​ငါ့​ကို​မ​သိ​ဟု​ငြင်း ဆို​လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။
MAR 14:31 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​ပင်​သေ​ရ​သော်​လည်း အ​ရှင့်​ကို​မ​သိ ဟု​ငြင်း​ဆို​မည်​မ​ဟုတ်​ပါ'' ဟု​အ​လေး​အ​နက် လျှောက်​ထား​၏။ အ​ခြား​တ​ပည့်​တော်​တို့​သည်​လည်း ဤ​နည်း အ​တိုင်း​လျှောက်​ထား​ကြ​၏။
MAR 14:32 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂေ​သ​ရှေ​မန် ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။ ကိုယ် တော်​သည် ``ငါ​ဆု​တောင်း​နေ​စဉ်​သင်​တို့​ဤ​နေ​ရာ ၌​ထိုင်​နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မှာ ကြား​ပြီး​နောက်၊-
MAR 14:33 ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို​မိ​မိ​နှင့် အ​တူ​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည် ပြင်း​စွာ​ပူ​ပင်​သော​က​ဖြစ်​တော်​မူ​သ​ဖြင့်၊-
MAR 14:34 ``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။
MAR 14:35 ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။
MAR 14:37 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ သူ​တို့​အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော် က ``ရှိ​မုန်၊ သင်​သည်​အိပ်​ပျော်​နေ​သ​လော။ မ​အိပ်​ဘဲ တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ​နိုင်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။-
MAR 14:38 ထို့​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​စုံ​စမ်း သွေး​ဆောင်​ရာ​သို့​မ​လိုက်​မ​ပါ​အံ့​သော​ငှာ ဆု တောင်း​လျက်​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော် လည်း​ကိုယ်​ခန္ဓာ​ကား​အား​နည်း​သည်'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။
MAR 14:39 ကိုယ်​တော်​သည်​တစ်​ဖန်​ကြွ​တော်​မူ​ပြန်​၍ အ​ထက်​နည်း​အ​တိုင်း​ဆု​တောင်း​တော်​မူ​၏။-
MAR 14:40 ထို့​နောက်​တ​ပည့်​တော်​သုံး​ဦး​တို့​ထံ​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မျက်​စိ လေး​လံ​သ​ဖြင့် တစ်​ဖန်​အိပ်​ပျော်​နေ​ကြ​သည် ကို​တွေ့​မြင်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော် အား​အ​ဘယ်​သို့​လျှောက်​ထား​ရ​မည်​ကို မ​သိ​ကြ။
MAR 14:41 ကိုယ်​တော်​သည်​သူ​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် ကြွ​လာ​တော်​မူ​၍ ``သင်​တို့​သည်​ယ​ခု​တိုင်​အိပ် ပျော်​လျက်၊ နား​လျက်​နေ​ကြ​သေး​သ​လော။ တော် လောက်​ပြီ။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက် သို့​အပ်​နှံ​သော​အ​ချိန်​ယ​ခု​ရောက်​လာ​ပြီ။-
MAR 14:42 လာ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​အား​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ရောက်​လာ​ပြီ'' ဟု မိန့်​တော်​မူ​၏။
MAR 14:43 ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​တွင် တစ်​ကျိပ် နှစ်​ပါး​အ​ဝင်​ဖြစ်​သော​ယု​ဒ​ရောက်​ရှိ​လာ​၏။ သူ​နှင့်​အ​တူ​တုတ်၊ ဋ္ဌား​ကိုင်​သူ​လူ​အ​မြောက် အ​မြား​ပါ​၏။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​က​စေ​လွှတ်​၍​ရောက်​ရှိ လာ​ကြ​ခြင်း​ဖြစ်​သည်။-
MAR 14:44 ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ က ``ငါ​နမ်း​ရှုပ်​နှုတ်​ဆက်​သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​၍​အ​စောင့်​နှင့်​ခေါ်​သွား​ကြ လော့'' ဟု​သူ​တို့​အား​အ​မှတ်​ပေး​ခဲ့​၏။
MAR 14:45 သူ​သည်​ရောက်​လာ​ပြီး​လျှင်​ချက်​ချင်း​ပင် ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​ကာ ``အ​ရှင်​ဘု​ရား'' ဟု​ဆို​၍​ကိုယ်​တော်​ကို​နမ်း​ရှုပ်​လေ​သည်။-
MAR 14:46 လူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။-
MAR 14:47 ထို​အ​ခါ​အ​နီး​တွင်​ရပ်​နေ​သူ​လူ​တစ်​ဦး​သည် ဋ္ဌား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန် တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ​နား​ရွက် ပြတ်​လေ​၏။-
MAR 14:48 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို ဖမ်း​ဆီး​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​ဆီး​ရန်​တုတ်၊ ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။-
MAR 14:49 ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် သင်​တို့ ရှေ့​မှာ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ သင်​တို့​ငါ့​ကို မ​ဖမ်း​မ​ဆီး​ခဲ့​ကြ။ သို့​ရာ​တွင်​ကျမ်း​စာ​လာ သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်'' ဟု​ထို​သူ​တို့ အား​မိန့်​တော်​မူ​၏။
MAR 14:50 ထို​အ​ခါ​တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။
MAR 14:51 ပိတ်​ပိုင်း​လွှာ​တစ်​ခု​ကို​သာ​ဝတ်​ထား​သည့်​လူ​ငယ် လူ​ရွယ်​တစ်​ယောက်​သည် ကိုယ်​တော်​၏​နောက်​တော် က​လိုက်​လာ​၏။ လူ​အ​ချို့​တို့​သည်​သူ့​ကို​ဖမ်း ဆီး​မည်​ပြု​ကြ​သော​အ​ခါ၊-
MAR 14:52 သူ​သည်​ပိတ်​ပိုင်း​လွှာ​ကို​စွန့်​၍​အ​ဝတ်​မ​ပါ​ဘဲ ထွက်​ပြေး​လေ​၏။
MAR 14:53 ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ထို​ကျောင်း​တော်​တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ သည်။-
MAR 14:54 ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍ ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​အ​တွင်း​သို့​တိုင် အောင် ကိုယ်​တော်​၏​နောက်​တော်​က​လိုက်​လာ​ခဲ့​၏။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ မီး​လှုံ​လျက်​နေ​၏။-
MAR 14:55 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ ယု​ဒ တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​အား​သေ​ဒဏ်​ပေး​နိုင်​ရန်​သက်​သေ ကို​ရှာ​သော်​လည်း​မ​တွေ့​ကြ။-
MAR 14:56 လူ​အ​များ​ပင်​လိမ်​လည်​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​၏​ထွက်​ဆို​ချက်​များ​ကိုက် ညီ​မှု​မ​ရှိ။
MAR 14:57 လူ​အ​ချို့​တို့​သည်​ထ​၍ ``လူ့​လက်​ဖြင့်​တည်​ဆောက် သော ဤ​ဗိ​မာန်​ကို​ငါ​ဖြို​ဖျက်​မည်။ ထို​နောက်​သုံး​ရက် ကြာ​သော​အ​ခါ လူ့​လက်​ဖြင့်​မ​တည်​မ​ဆောက်​သည့် ဗိ​မာန်​တော်​ကို​ငါ​တည်​ဆောက်​မည်​ဟု သူ​ပြော​ဆို သည်​ကို​အ​ကျွန်ုပ်​တို့​ကိုယ်​တိုင်​ကြား​ပါ​သည်'' ဟု မ​ဟုတ်​မ​မှန်​ထွက်​ဆို​ကြ​၏။-
MAR 14:59 သို့​ရာ​တွင်​ထို​သူ​တို့​ထွက်​ဆို​ချက်​များ​ပင်​လျှင် ကိုက်​ညီ​မှု​မ​ရှိ။
MAR 14:60 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လူ​ပ​ရိ​သတ်​တို့​အ​လယ် တွင်​ရပ်​လျက် သ​ခင်​ယေ​ရှု​အား ``ထို​သူ​တို့​သင့်​အား စွပ်​စွဲ​ပြော​ဆို​နေ​ကြ​သည်​ကို သင်​သည်​မည်​သို့​မျှ မ​ဖြေ​ဘဲ​နေ​သ​လော'' ဟု​မေး​၏။-
MAR 14:61 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​ပြော​တော်​မ​မူ။ တစ် ဖန်​ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​မင်္ဂ​လာ​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​မေ​ရှိ​ယ လော'' ဟု​မေး​၏။
MAR 14:62 သ​ခင်​ယေ​ရှု​က ``မှန်​၏။ လူ​သား​သည်​အ​နန္တ တန်​ခိုး​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက်​နေ​သည် ကို​လည်း​ကောင်း၊ မိုး​တိမ်​စီး​၍​ကြွ​လာ​သည်​ကို လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​၏။-
MAR 14:63 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏ အ​ဝတ်​ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ငါ​တို့​အ​ဘယ်​မှာ လျှင်​သက်​သေ​များ​ထပ်​၍​လို​ပါ​တော့​မည်​နည်း။-
MAR 14:64 ဘု​ရား​သ​ခင်​အား​ထို​သူ​ပြစ်​မှား​ပြော​ဆို​သည် ကို​သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်​သို့​စီ​ရင် ချက်​ချ​မှတ်​ကြ​မည်​နည်း'' ဟု​ဆို​၏။ ထို​သူ​အား​လုံး​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့် သေ​ဒဏ်​ပေး​ထိုက်​သည်'' ဟု​စီ​ရင်​ချက်​ချ​မှတ် ကြ​၏။-
MAR 14:65 အ​ချို့​သော​သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး နှင့်​ထွေး​ကြ​၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ရိုက်​ပုတ်​ကြ​၏။ ``အ​ရှင်​အား​မည်​သူ​ရိုက်​ပုတ် သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော်​တပ်​သား​တို့ သည်​ပါး​တော်​ကို​လက်​ဖြင့်​ရိုက်​ကြ​၏။
MAR 14:66 ပေ​တ​ရု​သည်​ကျောင်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​နေ စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​သည်​ရောက်​ရှိ​လာ​၏။-
MAR 14:67 ပေ​တ​ရု​မီး​လှုံ​နေ​သည်​ကို​မြင်​သော​အ​ခါ သူ့ ကို​စေ့​စေ့​ကြည့်​၍ ``သင်​သည်​လည်း​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​၏'' ဟု ဆို​၏။
MAR 14:68 ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ​မ​သိ၊ နား​မ​လည်'' ဟု​ငြင်း​ဆို​၏။ ထို​နောက်​သူ​သည် ဝင်း​၏​အ​ဝင်​ဝ​ဆီ​သို့​သွား​၏။ ထို​အ​ချိန်​၌ ကြက်​တွန်​လေ​၏။
MAR 14:69 အ​စေ​ခံ​မ​က​လေး​သည်​ပေ​တ​ရု​ကို​တစ်​ဖန်​မြင် ပြန်​သ​ဖြင့် အ​နား​၌​ရပ်​နေ​သူ​တို့​အား ``ဤ​သူ သည်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​ဆို ပြန်​၏။-
MAR 14:70 ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။ ထို​နောက်​များ​မ​ကြာ​မီ​အ​နီး​တွင်​ရပ်​နေ​သူ​တို့ က ``သင်​သည်​ဂါ​လိ​လဲ​ပြည်​သား​ဖြစ်​သ​ဖြင့် အ​မှန်​ပင်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​သူ့​အား​ဆို​ကြ​၏။
MAR 14:71 သို့​ရာ​တွင်​ပေ​တ​ရု​က ``သင်​တို့​ပြော​သော​သူ ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍ ကျိန်​ဆို​လေ​၏။
MAR 14:72 ထို​ခ​ဏ​၌​ဒု​တိ​ယ​အ​ကြိမ်​ကြက်​တွန်​လေ​၏။ ထို​အ​ခါ ``ကြက်​နှစ်​ကြိမ်​မ​တွန်​မီ​သင်​သည်​ငါ့ ကို​မ​သိ​ဟူ​၍​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို လိမ့်​မည်'' ဟု​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့် စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ သ​ဖြင့်​ငို​ကြွေး​လေ​၏။
MAR 15:1 နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ကျမ်း​တတ်​ဆ​ရာ​များ၊ ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း တို့​နှင့် အ​လျင်​အ​မြန်​တွေ့​ဆုံ​၍​တိုင်​ပင်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​ကို​ချည်​နှောင်​ကာ ပိ​လတ် မင်း​ထံ​သို့​ခေါ်​ဆောင်​၍​အပ်​လိုက်​ကြ​၏။-
MAR 15:2 ပိ​လတ်​မင်း​က ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​မှန် သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည့်​အ​တိုင်း​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။
MAR 15:3 ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည်​ကိုယ်​တော်​အ​ပေါ် အ​ပြစ်​များ​စွာ​စွပ်​စွဲ​ကြ​၏။-
MAR 15:4 သို့​ဖြစ်​၍​တစ်​ဖန်​ပိ​လတ်​မင်း​က​ကိုယ်​တော် အား ``သင်​သည်​မည်​သို့​မျှ​မ​ဖြေ​ဘဲ​နေ​ပါ သ​လော။ သင့်​အ​ပေါ်​မည်​မျှ​အ​ပြစ်​တင်​သည် ကို​ကြည့်​ပါ'' ဟု​ဆို​၏။
MAR 15:5 သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​သ​ဖြင့် ပိ​လတ်​မင်း​သည်​အံ့​သြ​လေ​၏။
MAR 15:6 ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ​တိုင်း ပြည်​သူ​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး လေ့​ရှိ​၏။-
MAR 15:7 ထို​အ​ချိန်​၌​ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု ဖြင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​ရှိ​၏။ ထို​သူ​တို့ အ​ထဲ​တွင်​ဗာ​ရဗ္ဗ​ဆို​သူ​တစ်​ဦး​လည်း​ပါ​၏။-
MAR 15:8 လူ​ပ​ရိ​သတ်​တို့​သည်​ပွဲ​တော်​အ​ခါ​၌​အ​စဉ် အ​လာ​ရှိ​သည်​အ​တိုင်း​တောင်း​ခံ​ရန်​ပိ​လတ် မင်း​ထံ​လာ​ရောက်​ကြ​သော​အ​ခါ၊-
MAR 15:9 ပိ​လတ်​မင်း​က ``သင်​တို့​သည်​ယု​ဒ​ရှင်​ဘု​ရင် အား လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။-
MAR 15:10 ထို​သို့​မေး​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော​ဟိတ် ကြီး​တို့​သည် သ​ခင်​ယေ​ရှု​အား​မ​နာ​လို​သ​ဖြင့် မိ​မိ​ထံ​သို့​ပို့​အပ်​ကြ​ကြောင်း​ကို​သိ​သော ကြောင့်​ဖြစ်​၏။
MAR 15:11 ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​လှုံ့​ဆော်​သ​ဖြင့် လူ​အ​ပေါင်း တို့​သည်​သ​ခင်​ယေ​ရှု​အ​စား​ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​ရန်​တောင်း​ဆို​ကြ​၏။-
MAR 15:12 ပိ​လတ်​မင်း​က ``ယု​ဒ​ရှင်​ဘု​ရင်​ဟု​သင်​တို့​ခေါ် သူ​ကို ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​ပြန်​၍ မေး​၏။
MAR 15:13 သူ​တို့​က ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ပါ'' ဟု​ပြန်​၍​ဟစ်​အော်​ကြ​၏။
MAR 15:14 ပိ​လတ်​မင်း​က ``အ​ဘယ်​ကြောင့်​နည်း။ သူ​သည် အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​ပါ'' ဟု​ပို​၍​ပင်​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။
MAR 15:15 ပိ​လတ်​မင်း​သည်​လူ​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို သ​ဖြင့် ဗာ​ရဗ္ဗ​ကို​လွှတ်​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ် ဒဏ်​ခတ်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ရန်​အပ်​လိုက်​၏။
MAR 15:16 စစ်​သား​များ​သည်​ကိုယ်​တော်​ကို​ဘု​ရင်​ခံ​မင်း ၏​အိမ်​တော်​ဝင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တပ်​ခွဲ​တစ်​ခု​လုံး​ကို​စု​ရုံး​စေ​၏။-
MAR 15:17 ထို​နောက်​ကိုယ်​တော်​အား​နီ​မောင်း​သော​အ​ဝတ် ကို​ဝတ်​ဆင်​စေ​၍ ဆူး​ခက်​ဖြင့်​ရက်​သော​သ​ရ​ဖူ ကို​ဆောင်း​ပေး​ပြီး​နောက်၊-
MAR 15:18 ``ယု​ဒ​ရှင်​ဘု​ရင်​သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ပြက်​ရယ်​ပြု​လျက်​အ​ရို​အ​သေ​ပေး​ကြ​၏။-
MAR 15:19 ဦး​ခေါင်း​တော်​ကို​ကူ​လုံး​နှင့်​ရိုက်​ကြ​၏။ ကိုယ် တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ရှေ့​တော်​၌ ဒူး​ထောက်​လျက်​ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-
MAR 15:20 ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။
MAR 15:21 ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-
MAR 15:22 ထို​နောက်​ကိုယ်​တော်​ကို​ဂေါ​လ​ဂေါ​သ​နာ​မည် တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ဂေါ​လ​ဂေါ​သ​၏​အ​နက်​ကား​ဦး​ခေါင်း​ခွံ အ​ရပ်​ဟူ​၏။-
MAR 15:23 သူ​တို့​သည်​မု​ရန်​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို ကိုယ်​တော်​အား​တိုက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​သောက်​တော်​မ​မူ။-
MAR 15:24 ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။-
MAR 15:25 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ချိန်​မှာ နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၏။-
MAR 15:26 ကိုယ်​တော်​၏​ပြစ်​မှု​ကို​ကမ္ပည်း​ရေး​ထိုး​၍​လက်​ဝါး ကပ်​တိုင်​အ​ထက်​တွင်​တင်​ထား​သည်​ကား ``ယု​ဒ ရှင်​ဘု​ရင်'' ဟူ​၍​ဖြစ်​သ​တည်း။-
MAR 15:27 ကိုယ်​တော်​နှင့်​အ​တူ​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လက် ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက် တွင်​တစ်​ယောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ကြ​၏။-
MAR 15:28 (ဤ​သို့​လျှင် ``ရာ​ဇ​ဝတ်​မှု​ကူး​လွန်​သူ​များ​စာ ရင်း​တွင်​ကိုယ်​တော်​ပါ​ဝင်​၏'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​၍​လာ​တော့​၏။)
MAR 15:29 လမ်း​သွား​လမ်း​လာ​သူ​တို့​သည်​ခေါင်း​ညိတ်​လျက် ``ဟဲ့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​မည့်​သူ၊-
MAR 15:30 လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့။ သင့်​ကိုယ် ကို​သင်​ကယ်​တင်​လော့'' ဟု​ဆို​၍​ကိုယ်​တော်​ကို သ​ရော်​ကြ​၏။-
MAR 15:31 ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​ပြောင်​လှောင်​ကြ​၏။ ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။-
MAR 15:32 ဣသ​ရေ​လ​ရှင်​ဘု​ရင်၊ မေ​ရှိ​ယ​အ​ရှင်​သည် လက်​ဝါး​ကပ်​တိုင်​မှ​ယ​ခု​ဆင်း​ခဲ့​ပါ​စေ။ သို့ ဆင်း​သည်​ကို​မြင်​ရ​လျှင်​ငါ​တို့​ယုံ​ကြည် ပေ​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက် သ​ရော်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင် အ​တင်​ခံ​ရ​သော​သူ​များ​က​လည်း ကိုယ်​တော် ကို​ပြက်​ရယ်​ပြု​ကြ​၏။
MAR 15:33 မွန်း​တည့်​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ လေ​၏။-
MAR 15:34 မွန်း​လွဲ​သုံး​နာ​ရီ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​စွာ​ကြွေး ကြော်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​သ​နည်း'' ဟူ​၏။
MAR 15:35 အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို စ​ကား​ကို​ကြား​လျှင် ``ကြည့်​လော့။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​လျက်​နေ​၏'' ဟု​ဆို​ကြ​၏။-
MAR 15:36 လူ​တစ်​ယောက်​သည်​ပြေး​၍​ပုံး​ရေ​ကို​ပင်​လယ် ရေ​မြှုပ်​ဖြင့်​စုပ်​ယူ​၏။ ထို​နောက်​ရေ​မြှုပ်​ကို​ကူ ရိုး​အ​ဖျား​တွင်​တပ်​၍ ကိုယ်​တော်​အား​သောက်​ရန် ဆက်​ကပ်​လျက် ``သူ့​ကို​ကယ်​ရန်​ဧ​လိ​ယ​လာ မ​လာ​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။
MAR 15:37 သ​ခင်​ယေ​ရှု​သည်​ကျယ်​စွာ​ကြွေး​ကြော်​တော် မူ​ပြီး​နောက်​အ​သက်​ချုပ်​တော်​မူ​၏။-
MAR 15:38 ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​ထက် စွန်း​မှ​အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။-
MAR 15:39 ကိုယ်​တော်​၏​ရှေ့​တွင်​ရပ်​နေ​သူ​တပ်​မှူး​သည် ကိုယ် တော်​အ​သက်​ချုပ်​တော်​မူ​ပုံ​ကို​မြင်​သ​ဖြင့် ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​၏'' ဟု​ဆို​၏။
MAR 15:40 အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။-
MAR 15:41 သူ​တို့​သည်​ကိုယ်​တော်​ဂါ​လိ​လဲ​ပြည်​တွင်​ရှိ တော်​မူ​ခဲ့​စဉ် နောက်​တော်​သို့​လိုက်​၍​လုပ်​ကျွေး သ​မှု​ပြု​ကြ​သူ​များ​ဖြစ်​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ထို အ​ရပ်​တွင်​ရှိ​နေ​ကြ​၏။
MAR 15:42 ထို​နေ့​ကား (ဥ​ပုသ်​နေ့​အ​ကြို) ပြင်​ဆင်​ရာ​အ​ဖိတ် နေ့​ဖြစ်​၏။ ည​နေ​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​ရောက်​ရှိ​လာ​၏။ သူ သည်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​သူ၊ တ​ရား​လွှတ်​တော် အ​ဖွဲ့​ဝင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် မည့်​အ​ချိန်​ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည် အ​ရဲ​တင်း​စွာ​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​လေ​၏။-
MAR 15:44 ပိ​လတ်​မင်း​သည်​ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ ပြီ​ဖြစ်​ကြောင်း​ကို​ကြား​သော် အံ့​အား​သင့်​သွား သ​ဖြင့်​တပ်​မှူး​ကို​ခေါ်​၍ ကိုယ်​တော်​အ​သက်​ချုပ် တော်​မူ​သည်​မှာ​မည်​မျှ​ကြာ​ပြီ​ဖြစ်​ကြောင်း ကို​စုံ​စမ်း​မေး​မြန်း​၏။-
MAR 15:45 သူ​သည်​တပ်​မှူး​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား ရ​ပြီး​နောက် ယော​သပ်​အား​အ​လောင်း​တော်​ကို ယူ​ခွင့်​ပြု​၏။-
MAR 15:46 ယော​သပ်​သည်​ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​၍​ထို​ပိတ်​ဖြင့် ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို​ထွင်း​ထား​သည့် သင်္ချိုင်း​ဂူ​တွင် သင်္ဂြိုဟ်​ကာ​ဂူ​ဝ​ကို​ကျောက်​တုံး ကြီး​လှိမ့်​၍​ပိတ်​ထား​လိုက်​၏။-
MAR 15:47 အ​လောင်း​တော်​ကို​သင်္ဂြိုဟ်​သည့်​နေ​ရာ​ကို မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ​နှင့်​ယော​သေ​၏ အ​မိ​မာ​ရိ​တို့​တွေ့​မြင်​ရ​ကြ​၏။
MAR 16:1 ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။-
MAR 16:2 တနင်္ဂနွေနေ့နံနက်စောစောနေထွက်ချိန်၌ သူတို့ သည်သင်္ချိုင်းတော်သို့သွားကြ၏။-
MAR 16:3 လမ်းတွင်သူတို့သည်``သင်္ချိုင်းဂူဝမှကျောက်တုံး ကို ငါတို့အတွက်အဘယ်သူတွန်းလှိမ့်ပေးပါ မည်နည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ (ထိုကျောက်တုံးကားအလွန်ကြီးမားသော ကျောက်တုံးဖြစ်သည်။) ထိုနောက်ကြည့်လိုက် သောအခါကျောက်တုံးမှာလှိမ့်ထားနှင့်ပြီး ဖြစ်သည်ကိုတွေ့ကြ၏။-
MAR 16:5 သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။
MAR 16:6 ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။-
MAR 16:7 သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။
MAR 16:8 အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။ အဆုံးသတ်သည့်နည်းဟောင်းတစ်မျိုး
MAR 16:9 [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
MAR 16:10 သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။-
MAR 16:11 ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။
MAR 16:12 ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-
MAR 16:13 သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။
MAR 16:14 ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-
MAR 16:15 ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-
MAR 16:16 ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-
MAR 16:17 ယုံကြည်သူတို့သည်အံ့သြဖွယ်နိမိတ်လက္ခဏာများ ကိုပြနိုင်ကြလိမ့်မည်။ ငါ၏နာမကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြလိမ့်မည်။ ထူးခြား သောဘာသာစကားများကိုပြောဆိုကြလိမ့်မည်။-
MAR 16:18 မြွေဆိုးများကိုကိုင်ဖမ်းသော်လည်းကောင်း၊ သေစေ တတ်သောအဆိပ်ကိုသောက်သော်လည်းကောင်းသူ တို့၌ဘေးဥပါဒ်မြဖစ်။ မကျန်းမာသူများ အပေါ်တွင်လက်ကိုတင်၍ကျန်းမာစေကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
MAR 16:19 ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-
MAR 16:20 တပည့်တော်တို့သည်အရပ်တကာသို့သွားရောက် ၍ တရားဟောပြောကြ၏။ သခင်ဘုရားသည် သူတို့နှင့်အတူလုပ်ဆောင်၍ သူတို့ဟောပြောသော တရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန် သူတို့အားနိမိတ်လက္ခဏာများပြနိုင်သော တန်ခိုးကိုပေးတော်မူ၏။] ရှင်မာကုခရစ်ဝင်ပြီး၏။
LUK 1:1 အ​ရှင်​သော်​ဖိ​လု၊ အ​ကျွန်ုပ်​တို့​သက်​ဝင်​ယုံ​ကြည် သော​ဘာ​သာ​၏​အ​ခြေ​အ​မြစ်​ဖြစ်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ရေး​သား​ပြု​စု​သူ​အ​များ​ပင်​ရှိ​ခဲ့ ပါ​သည်။-
LUK 1:2 ထို​အ​ကြောင်း​အ​ရာ​များ​ကို​မျက်​မြင်​သက်​သေ များ​ဖြစ်​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​သူ​တို့​၏​ပြော​ကြား​ချက်​အ​ရ​ကျမ်း ပြု​ပ္ဂိုလ်​တို့​က​ရေး​သား​ပြု​စု​ခဲ့​ကြ​ပါ​သည်။-
LUK 1:3 အ​ကျွန်ုပ်​သည်​လည်း​ထို​အ​ကြောင်း​အ​ရာ​အ​ပေါင်း ကို​စ​တင်​ဖြစ်​ပျက်​ချိန်​မှ​စ​၍ သေ​ချာ​စွာ​လေ့​လာ ခဲ့​သူ​ဖြစ်​သည်​အ​လျောက်၊-
LUK 1:4 အ​ရှင်​ဖတ်​ရှု​နိုင်​ရန်​အ​စီ​အ​စဉ်​ညီ​ညွတ်​သည့် ကျမ်း​စောင်​ကို​ပြု​စု​ရ​သော်​ကောင်း​မည်​ဟု​ယူ​ဆ အပ်​ပါ​သည်။ အ​ရှင်​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​စုံ​လင်​စွာ​အ​ရှင့်​အား​သိ​စေ​လို သော​ကြောင့်​ဤ​ကျမ်း​ကို​ပြု​စု​ရ​ခြင်း​ဖြစ်​ပါ​သည်။
LUK 1:5 ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ရုဒ်​မင်း​လက်​ထက်​၌ ဇာ​ခ​ရိ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ​၏။ သူ သည်​အ​ဘိ​ယ​ယဇ်​ပု​ရော​ဟိတ်​အ​ဖွဲ့​ဝင်​ဖြစ်​၏။ သူ​၏​ဇနီး​ကား​ဧ​လိ​ရှ​ဗက်​ဟု​နာ​မည်​တွင်​၏။ ဧ​လိ​ရှ​ဗက်​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​အ​နွယ် ဝင်​ဖြစ်​၏။-
LUK 1:6 ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။-
LUK 1:7 သို့​သော်​ဧလိ​ရှဗက်​သည်​အ​မြုံ​ဖြစ်​၍​သား​သ​မီး မ​ရ။ သူ​တို့​နှစ်​ဦး​လုံး​ပင်​အ​သက်​ကြီး​ရင့်​ကြ လေ​ပြီ။-
LUK 1:8 တစ်​နေ့​သ​၌​ဇာ​ခ​ရိ​သည်​မိ​မိ​၏​အ​ဖွဲ့​တာ​ဝန် အ​လှည့်​ကျ​သ​ဖြင့် ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော ဟိတ်​ဝတ္တ​ရား​ကို​ဆောင်​ရွက်​စဉ်၊-
LUK 1:9 ယဇ်​ပု​ရော​ဟိတ်​တို့​၏​ထုံး​စံ​အ​ရ​မဲ​ကျ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗိမာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရ​၏။-
LUK 1:10 ထို​သို့​မီး​ရှို့​ပူ​ဇော်​နေ​ချိန်​၌​ကိုး​ကွယ်​ဝတ်​ပြု သူ​လူ​အ​ပေါင်း​တို့​သည် အ​ပြင်​မှာ​ဆု​တောင်း လျက်​နေ​ကြ​၏။-
LUK 1:11 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် ဇာ​ခ​ရိ​၏​ရှေ့​တွင်​ပေါ်​လာ​၍​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လျက်​နေ​၏။-
LUK 1:12 ဇာ​ခ​ရိ​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​စိတ်​တုန်​လှုပ်​ချောက်​ချား​သွား​၏။-
LUK 1:13 သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​က ``ဇာ​ခ​ရိ၊ မ​ကြောက်​နှင့်။ ဘု​ရား​သ​ခင်​သည်​သင်​တောင်း လျှောက်​သည့်​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​ဧ​လိ​ရှ​ဗက်​သည်​သား​ရ​တ​နာ ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယောဟန်​ဟု နာ​မည်​မှည့်​ရ​မည်။-
LUK 1:14 သင်​သည်​ဝမ်း​မြောက်​ရွှင်​မြူး​လိမ့်​မည်။ ထို​သား ဖွား​မြင်​လာ​သည့်​အ​တွက်​လူ​အ​များ​ပင် ဝမ်း​မြောက်​ကြ​လိမ့်​မည်။-
LUK 1:15 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ကြီး မြတ်​သူ​ဖြစ်​လိမ့်​မည်။ သူ​သည်​စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို​သောက်​လိမ့်​မည်​မ​ဟုတ်။ မွေး​က​တည်း​က​ပင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှင့်​ပြည့်​ဝ​လိမ့်​မည်။-
LUK 1:16 များ​စွာ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​လိမ့်​မည်။-
LUK 1:17 ကိုယ်​တော်​၏​ရှေ့​တော်​ပြေး​ဖြစ်​၍​ဧ​လိ​ယ​ကဲ့ သို့​ခွန်​အား​တန်​ခိုး​ကြီး​လိမ့်​မည်။ သူ​သည်​အ​ဖ တို့​ကို​သား​တို့​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​လိမ့် မည်။ မ​နာ​ခံ​သော​သူ​တို့​အား​သူ​တော်​ကောင်း တို့​၏​အ​သိ​ပ​ညာ​ကို​ပြန်​လည်​ရ​ရှိ​စေ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ဆင်​သင့် ဖြစ်​စေ​ရန် ကိုယ်​တော်​၏​လူ​စု​တော်​ကို​ပြင် ဆင်​ပေး​လိမ့်​မည်'' ဟု​ဇာ​ခ​ရိ​အား​ပြော​၏။
LUK 1:18 ဇာ​ခ​ရိ​က ``ဤ​သို့​ဖြစ်​မည်​ကို​အ​ဘယ်​သို့​သိ နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အို​မင်း​သူ​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​၏​ဇ​နီး​မှာ​လည်း​အ​သက်​ကြီး ရင့်​ပါ​ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​ပြန် ပြော​၏။
LUK 1:19 ကောင်း​ကင်​တ​မန်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​ခ​စား​ရ​သော​ဂါ​ဗြေ​လ​ဖြစ်​၏။ သင့်​အား​ဤ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-
LUK 1:20 နား​ထောင်​လော့။ သင်​သည်​ငါ့​စ​ကား​ကို​မ​ယုံ ကြည်​သော​ကြောင့် ဤ​အ​မှု​အ​ရာ​ဖြစ်​ပွား​လာ သည့်​နေ့​တိုင်​အောင်​စ​ကား​မ​ပြော​နိုင်​ဘဲ အ​လျက်​နေ​လိမ့်​မည်။ အ​ချိန်​တန်​လျှင်​ငါ ၏​စကား​မှန်​ကန်​လာ​လိမ့်​မည်'' ဟု​ဆို​၏။
LUK 1:21 လူ​တို့​သည်​ဇာ​ခ​ရိ​ကို​စောင့်​မျှော်​လျက်​နေ ကြ​၏။ ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​ထဲ​တွင် ကြန့်​ကြာ​နေ​သည်​ကို​အံ့​သြ​ကြ​၏။-
LUK 1:22 ဇာ​ခ​ရိ​သည်​ဗိ​မာန်​တော်​က​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​တော့​သ​ဖြင့် ဗိ​မာန်​တော်​ထဲ တွင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ခဲ့​ကြောင်း​သူ​တို့ ရိပ်​မိ​ကြ​၏။ ဇာ​ခ​ရိ​သည်​စ​ကား​အ​၍​လက် ရိပ်​ခြေ​ရိပ်​ပြ​လျက်​သာ​နေ​၏။
LUK 1:23 ထို​နောက်​သူ​၏​တာ​ဝန်​ကုန်​ဆုံး​ချိန်​၌​အိမ်​ကို ပြန်​လေ​၏။-
LUK 1:24 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သူ​၏​ဇ​နီး ဧ​လိ​ရှ​ဗက်​သည် ကိုယ်​ဝန်​ရှိ​၍​ငါးလ​ပတ်​လုံး အိမ်​တွင်း​အောင်း​လျက်​နေ​၏။-
LUK 1:25 ဧ​လိ​ရှ​ဗက်​က ``ယ​ခု​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ ငါ့​အား​လူ​တို့​ကဲ့​ရဲ့​ရှုတ် ချ​ခြင်း​ကို​ကိုယ်​တော်​ပ​ပျောက်​စေ​တော်​မူ​ပြီ'' ဟု​ဆို​၏။
LUK 1:26 ဧ​လိ​ရှ​ဗက်​ကိုယ်​ဝန်​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ရှိ​မိန်း​မ​ပျို​တစ်​ဦး​ထံ သို့​စေ​လွှတ်​တော်​မူ​၏။-
LUK 1:27 ထို​မိန်း​မ​ပျို​သည်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သူ ယော​သပ်​နာ​မည်​ရှိ​အ​မျိုး​သား​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ ဖြစ်​၏။-
LUK 1:28 သူ​၏​နာ​မည်​မှာ​မာ​ရိ​ဖြစ်​၏။ ကောင်း​ကင်​တ​မန် သည်​မာ​ရိ​ထံ​သို့​လာ​၍ ``ထူး​ကဲ​သော​ကျေးဇူး တော်​ကို​ခံ​စား​ရ​သည့်​အ​မျိုး​သ​မီး၊ သင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်'' ဟု​ဆို​၏။
LUK 1:29 ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​စိတ်​မ​ငြိမ် မ​သက်​ဖြစ်​ကာ ဤ​နှုတ်​ဆက်​စ​ကား​ကား​အ​ဘယ် သို့​နည်း​ဟု​တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။-
LUK 1:30 ကောင်း​ကင်​တ​မန်​က ``မာ​ရိ၊ မ​ကြောက်​နှင့်၊ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​မှာ​မျက်​နှာ​ပွင့်​လန်း​ပြီ။-
LUK 1:31 သင်​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ရ​တ​နာ​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယေ​ရှု​နာ​မည် ဖြင့်​မှည့်​ရ​မည်။-
LUK 1:32 ထို​သား​သည်​ကြီး​မြတ်​လိမ့်​မည်။ အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟု​အ​ခေါ်​ခံ​ရ လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အ​ဖ​ဒါ​ဝိဒ်​မင်း​၏​နန်း​မွေ​ကို​သူ့​အား​ပေး တော်​မူ​လိမ့်​မည်။-
LUK 1:33 သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။
LUK 1:34 မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။
LUK 1:35 ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-
LUK 1:36 သင့်​ဆွေ​မျိုး​ဖြစ်​သော​ဧ​လိ​ရှ​ဗက်​သည်​လည်း အို​မင်း​ခါ​မှ သား​ရ​တ​နာ​ကို​ကိုယ်​ဝန်​ဆောင် လျက်​ရှိ​၏။ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သူ​သည် ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​လေ​ပြီ။-
LUK 1:37 ဘုရား​သ​ခင်​တတ်​နိုင်​တော်​မ​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု​ဆို​၏။
LUK 1:38 မာ​ရိ​က ``ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ရှင်​ဖော်​ပြ​သည့်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ကောင်း​ကင်​တ​မန်​အား ပြန်​ပြော​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ​ထွက်​ခွာ​သွား​၏။
LUK 1:39 များ​မ​ကြာ​မီ​မာ​ရိ​သည်​အ​သင့်​ပြင်​၍​တောင်​ပေါ် ဒေ​သ​ရှိ​ယု​ဒ​ပြည်​မြို့​တစ်​မြို့​သို့​အ​လျင်​အ​မြန် သွား​၏။-
LUK 1:40 သူ​သည်​ဇာ​ခ​ရိ​၏​အိမ်​သို့​ဝင်​ပြီး​လျှင်​ဧ​လိ ရှ​ဗက်​ကို​နှုတ်​ဆက်​၏။ မာ​ရိ​၏​နှုတ်​ဆက်​စ​ကား ကို​ကြား​သော​ဧ​လိ​ရှ​ဗက်​၏​ဝမ်း​မှ​က​လေး သည်​လှုပ်​လေ​၏။-
LUK 1:41 ဧ​လိ​ရှ​ဗက်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့်​ပြည့်​ဝ​လျက်၊-
LUK 1:42 ``သင်​သည်​အ​မျိုး​သ​မီး​တ​ကာ​တို့​ထက်​မင်္ဂ​လာ ရှိ​၏။ သင်​ဖွား​အံ့​သော​သား​သည်​မင်္ဂ​လာ​ရှိ​၏။-
LUK 1:43 အ​ကျွန်ုပ်​အ​ရှင်​၏​မယ်​တော်​သည်​အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ထံ​သို့​ကြွ​လာ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​အ​ခွင့်​ထူး​ကို​အ​ကျွန်ုပ်​ခံ​စား​ရ​ပါ​သ​နည်း။-
LUK 1:44 သင်​၏​နှုတ်​ဆက်​စ​ကား​ကို​အ​ကျွန်ုပ်​ကြား သော​အ​ခါ​အ​ကျွန်ုပ်​၏​ဝမ်း​မှ​သူ​ငယ်​သည် ဝမ်း​မြောက်​ရွှင်​မြူး​သ​ဖြင့်​ခုန်​ပါ​၏။-
LUK 1:45 ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော် အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​သင်​သည်​ယုံ​ကြည်​သ​ဖြင့် မင်္ဂ​လာ​ရှိ​၏'' ဟု​ကျယ်​စွာ​မြွက်​ဆို​၏။
LUK 1:46 မာ​ရိ​က၊ ``ငါ​၏​စိတ်​နှ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။
LUK 1:47 ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​ကြောင့် ငါ့​ဝိ​ညာဉ်​သည်​အား​ရ​ရွှင်​လန်း​ပါ​၏။
LUK 1:48 ကိုယ်​တော်​သည်​မိ​မိ​အ​စေ​ခံ​၏​သိမ်​ငယ်​သော အ​ဖြစ်​ကို သ​တိ​ရ​တော်​မူ​ပြီ။ ယ​ခု​မှ​စ​၍​နောင်​လာ​နောက်​သား​အ​ပေါင်း​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သူ​ဟု​ခေါ်​ကြ​လိမ့်​မည်။
LUK 1:49 အ​ဘယ်​ကြောင့်​ဆို​သော်​တန်​ခိုး​ရှင်​သည် ငါ့​အ​တွက်​အံ့​သြ​ဖွယ်​သော​အ​မှု​များ​ကို ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​မြင့်​မြတ် သန့်​ရှင်း​တော်​မူ​၏။
LUK 1:50 ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့​အား သား​စဉ်​မြေး​ဆက်​က​ရု​ဏာ​ထား​တော်​မူ​၏။
LUK 1:51 မ​ဟာ​လက်​ရုံး​တော်​ဖြင့်​မာ​န​ကြီး​သူ​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​၏။
LUK 1:52 ရှင်​ဘု​ရင်​များ​ကို​နန်း​ချ​၍​သိမ်​ငယ်​သူ​များ​ကို ချီး​မြှင့်​တော်​မူ​ပြီ။
LUK 1:53 ငတ်​မွတ်​သူ​အား​ချို​မြိန်​သော​အ​စား​အ​စာ​ကို ကျွေး​မွေး​၍၊ ချမ်း​သာ​ကြွယ်​ဝ​သူ​များ​ကို လက်​ချည်း​လွှတ်​တော်​မူ​ပြီ။
LUK 1:54 ကိုယ်​တော်​သည်​ငါ​တို့​၏​ဘိုး​ဘေး​များ​အား ပေး​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ၊ မိ​မိ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​ကို​မ​စ​တော်​မူ​ပြီ။
LUK 1:55 အာ​ဗြ​ဟံ​နှင့်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​များ အ​ပေါ် ထား​တော်​မူ​သော​က​ရု​ဏာ​တော်​ကို၊ အ​စဉ်​အ​မြဲ​ပြု​ခြင်း​ငှာ​သ​တိ​ရ​တော်​မူ​ပြီ ဟု​ဆို​၏။
LUK 1:56 ထို​နောက်​မာ​ရိ​သည်​ဧ​လိ​ရှ​ဗက်​ထံ​တွင်​သုံး​လ ခန့်​နေ​ပြီး​နောက်​မိ​မိ​အိမ်​သို့​ပြန်​လေ​၏။
LUK 1:57 ဧ​လိ​ရှ​ဗက်​သည်​နေ့​လ​စေ့​သော​အ​ခါ သား​ရ​တ​နာ​ကို​ဖွား​မြင်​၏။-
LUK 1:58 ဤ​သို့​သူ့​အား​ထာ​ဝ​ရ​ဘု​ရား​သည်​အံ့​သြ​ဖွယ် ကောင်း​အောင်​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကြား​ကြ သော​အ​ခါ အိမ်​နီး​ချင်း​တို့​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​သည်​သူ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။
LUK 1:59 ထို​နောက်​ရှစ်​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည် သူ​ငယ်​၏​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပွဲ​သို့​လာ​ကြ ၏။ သူ့​အား​ဇာ​ခ​ရိ​ဟူ​၍​အ​ဖ​၏​နာ​မည်​ကို​ပင် မှည့်​လို​ကြ​၏။-
LUK 1:60 သို့​ရာ​တွင်​သူ​ငယ်​၏​မိ​ခင်​က ``ထို​နာ​မည်​ကို မ​မှည့်​ပါ​နှင့်။ ယော​ဟန်​ဟု​မှည့်​ခေါ်​ကြ​ပါ'' ဟု ဆို​၏။
LUK 1:61 လူ​တို့​က ``သင်​၏​မျိုး​ရိုး​တွင်​ယော​ဟန်​ဟု နာ​မည်​တွင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ'' ဟု ဧ​လိ​ရှ​ဗက်​အား​ပြန်​ပြော​ကြ​၏။-
LUK 1:62 ထို​နောက်​ဖ​ခင်​၏​ဆန္ဒ​ကို​လက်​ရိပ်​ပြ​၍​စုံ​စမ်း​ကြ​၏။
LUK 1:63 ဇာ​ခ​ရိ​သည်​သင်​ပုံး​တစ်​ချပ်​ကို​တောင်း​ယူ​ပြီး လျှင် ``သူ​ငယ်​၏​နာ​မည်​ကား​ယော​ဟန်​ဖြစ်​၏'' ဟု ရေး​၏။-
LUK 1:64 ထို​အ​ခါ​ထို​သူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။ ချက်​ချင်း​ပင်​ဇာ​ခ​ရိ​ပြန်​လည်​စ​ကား​ပြော​နိုင် သ​ဖြင့် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း လေ​၏။-
LUK 1:65 အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​ကြ ကုန်​၏။ ဤ​အ​ဖြစ်​အ​ပျက်​သ​တင်း​သည်​ယု​ဒ ပြည်​တောင်​ကုန်း​ဒေ​သ​တစ်​လျှောက်​လုံး​သို့ ပျံ့​နှံ့​၍​သွား​၏။-
LUK 1:66 ကြား​ကြ​သူ​အ​ပေါင်း​တို့​သည် ``ဤ​သူ​ငယ် ကား​အ​ဘယ်​သို့​သော​သူ​ဖြစ်​လိမ့်​မည်​နည်း'' ဟု​ပြော​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး တော်​သည်​ထို​သူ​ငယ်​အ​ပေါ်​သက်​ရောက်​လျက် နေ​တော်​မူ​၏။
LUK 1:67 ယော​ဟန်​၏​အ​ဖ​ဇာ​ခ​ရိ​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက်​ဟော​သည်​မှာ၊
LUK 1:68 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ပါ စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ကြွ​လာ​၍​သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။
LUK 1:69 ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင် တန်​ခိုး​ကြီး​မား​သော၊ကယ်​တင်​ရှင်​ကို ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။
LUK 1:70 ရှေး​သန့်​ရှင်း​မြင့်​မြတ်​သူ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊
LUK 1:71 ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​များ​၏ လက်​မှ​လည်း​ကောင်း၊ ငါ​တို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏ လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​ရန်၊
LUK 1:72 ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​ပြီ။
LUK 1:73 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် တစ်​သက်​လုံး​သန့်​ရှင်း​ဖြောင့်​မတ်​ကြ​စေ​ရန်၊ ငါ​တို့​ကို​ရန်​သူ​များ​၏​လက်​မှ​ကယ်​၍ ကိုယ်​တော်​၏​အ​မှု​တော်​ကို၊ ကြောက်​ရွံ့​ခြင်း​ကင်း​လျက်​ဆောင်​ရွက်​စေ​မည်​ဟု ငါ​တို့​၏ အ​ဖ​အာ​ဗြ​ဟံ​အား​ကျိန်​ဆို​တော်​မူ​ခဲ့​ပြီ။
LUK 1:76 အ​ချင်း​သူ​ငယ်၊သင်​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​၏ ပ​ရော​ဖက်​ဟု​အ​ခေါ်​ခံ​ရ​လိမ့်​မည်။ သင်​သည်​ဘု​ရား​ရှင်​အ​တွက်​လမ်း​ကို​အ​သင့် ပြင်​ဆင်​ရ​လိမ့်​မည့်​ရှေ့​တော်​ပြေး​ဖြစ်​ပြီး​လျှင်၊
LUK 1:77 ကိုယ်​တော်​၏​လူ​စု​တော်​အား​အ​ပြစ်​ဖြေ​လွှတ်​၍ ကယ်​တင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​လိမ့်​မည်။
LUK 1:78 ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​သ​နား​ခြင်း​က​ရု​ဏာ​နှင့် ကြွယ်​ဝ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို ကောင်း​ကင်​မှ​နေ​အ​ရုဏ်​သ​ဖွယ်​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​၍၊
LUK 1:79 သေ​မင်း​၏​အ​ရိပ်​တွင်​နေ​ထိုင်​သူ​များ​အ​ပေါ် ထွန်း​လင်း​စေ​လိမ့်​မည်။ ထို့​အ​ပြင်​ငါ​တို့​အား​ငြိမ်း​ချမ်း​ရေး​လမ်း​သို့ ပို့​ဆောင်​စေ​လိမ့်​မည်'' ဟူ​၍​တည်း။
LUK 1:80 သူ​ငယ်​သည်​ကြီး​ပြင်း​လျက်​အ​သိ​ဉာဏ်​ရင့်​သန် လာ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရှေ့​တွင် ထင်​ထင်​ပေါ်​ပေါ်​အ​မှု​တော်​ကို​စ​၍ မ​ဆောင်​မီ​တော​ကန္တာ​ရ​တွင်​နေ​၏။
LUK 2:1 ထို​ကာ​လ​၌​ရော​မ​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​လူ​ဦး ရေ​စာ​ရင်း​ကို​ယူ​ရန် ကဲ​သာ​သြ​ဂုတ္တု​ဘု​ရင်​သည် အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။-
LUK 2:2 ဤ​လူ​ဦး​ရေ​စာ​ရင်း​ယူ​ခြင်း​သည် ရှု​ရိ​ပြည် ဘု​ရင်​ခံ၊ ကု​ရေ​နိ​လက်​ထက်​တွင်​ပ​ထ​မ​ဆုံး အ​ကြိမ်​ဖြစ်​၏။-
LUK 2:3 လူ​အ​ပေါင်း​တို့​သည် မှတ်​ပုံ​တင်​ရန်​မိ​မိ​တို့ မြို့​ရွာ​သို့​သွား​ကြ​၏။
LUK 2:4 ယော​သပ်​သည်​လည်း​မိ​မိ​ထိမ်း​မြား​ရန်​သစ္စာ က​တိ​ပြု​ထား​သူ​မာ​ရိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ​ယု​ဒ​ပြည်​ဗက်​လင်​မြို့​ဟု​နာ​မည် တွင်​သော​ဒါ​ဝိဒ်​မင်း​၏​မြို့​သို့​သွား​၏။ ထို​အ​ခါ မာ​ရိ​တွင်​ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​၏။ ယော​သပ် သည်​ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော ကြောင့်​ဗက်​လင်​မြို့​သို့​သွား​ခြင်း​ဖြစ်​၏။-
LUK 2:6 ဗက်​လင်​မြို့​တွင်​ရှိ​နေ​ကြ​စဉ်​မာ​ရိ​မျက်​နှာ​မြင် ရန်​နေ့​လ​စေ့​သ​ဖြင့်​သား​ဦး​ကို​ဖွား​မြင်​လေ​၏။-
LUK 2:7 ဧည့်​ရိပ်​သာ​တွင်​သူ​တို့​တည်း​ခို​ရန်​နေ​ရာ​မ​ရှိ သော​ကြောင့် သူ​ငယ်​တော်​ကို​အ​နှီး​ဖြင့်​ပတ်​၍ နွား​စား​ခွက်​တွင်​သိပ်​ထား​ကြ​၏။
LUK 2:8 ထို​အ​ရပ်​ဒေ​သ​တွင်​သိုး​ထိန်း​အ​ချို့​ရှိ​၏။ သူ တို့​သည်​ည​အ​ခါ​ကွင်း​ပြင်​များ​တွင်​သိုး​များ ကို​စောင့်​လျက်​နေ​ကြ​၏။-
LUK 2:9 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​တို့​၏​ရှေ့​မှာ​ပေါ်​လာ​၏။ သူ​တို့​ပတ်​လည် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း လင်း​တောက်​ပ​လျက်​နေ​သ​ဖြင့် သူ​တို့​သည် အ​လွန်​ကြောက်​လန့်​ကြ​၏။-
LUK 2:10 ကောင်း​ကင်​တမန်​က ``မ​ကြောက်​ကြ​နှင့်၊ ငါ​သည် လူ​အ​ပေါင်း​တို့​အ​လွန်​ဝမ်း​မြောက်​စ​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​၏။-
LUK 2:11 ဒါ​ဝိဒ်​မင်း​၏​မြို့​တွင်​သ​ခင်​ခ​ရစ်​တော်​တည်း ဟူ​သော​ကယ်​တင်​ရှင်​သည်​သင်​တို့​အ​ဖို့​ယ​နေ့ ဖွား​မြင်​တော်​မူ​ပြီ။-
LUK 2:12 နို့​စို့​သူ​ငယ်​တစ်​ဦး​ကို​အ​နှီး​ဖြင့်​ပတ်​လျက် နွား​စား​ခွက်​တွင်​သိပ်​ထား​သည်​ကို​သင်​တို့ တွေ့​မြင်​ကြ​လိမ့်​မည်။ ဤ​အ​ခြင်း​အ​ရာ​ကို တွေ့​မြင်​သော်​သူ​ငယ်​တော်​ဖြစ်​ကြောင်း​သိ​ရှိ နိုင်​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
LUK 2:13 ထို​ကောင်း​ကင်​တ​မန်​အ​နီး​တွင်​များ​စွာ​သော ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​ရုတ်​တ​ရက်​ပေါ် လာ​၍၊ ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်
LUK 2:14 ``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မြွက်​ဆို​ကြ၏။
LUK 2:15 ကောင်း​ကင်​တ​မန်​များ​ကောင်း​ကင်​ဘုံ​သို့​ပြန် သွား​ကြ​သော​အ​ခါ​သိုး​ထိန်း​တို့​က``ငါ​တို့ သည်​ဗက်​လင်​မြို့​သို့​သွား​ကြ​ကုန်​အံ့။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော်​မူ​သော အ​ခြင်း​အ​ရာ​ကို​ကြည့်​ရှု​ကြ​ကုန်​အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
LUK 2:16 သူ​တို့​သည်​အ​လျင်​အ​မြန်​သွား​၍​မာ​ရိ​နှင့် ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်​တွင်​သိပ် ထား​သော​သူ​ငယ်​တော်​ကို​လည်း​ကောင်း​တွေ့ ကြ​၏။-
LUK 2:17 သူ​ငယ်​တော်​ကို​တွေ့​သော​အ​ခါ​သူ​ငယ်​တော်​နှင့် စပ်​လျဉ်း​၍ မိ​မိ​တို့​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ကြား​ကြ​၏။-
LUK 2:18 သိုး​ထိန်း​များ​ပြော​ကြား​ချက်​ကို​ကြား​ရ​သူ အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။-
LUK 2:19 သို့​သော်​မာ​ရိ​သည်​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​မှတ်​ကျုံး​ကာ​စဉ်း​စား​ဆင်​ခြင်​လျက်​နေ ၏။-
LUK 2:20 သိုး​ထိန်း​တို့​သည်​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့် အ​တိုင်း​တွေ့​မြင်​ကြား​သိ​ရ​သ​ဖြင့် ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး လျက်​ပြန်​သွား​ကြ​၏။
LUK 2:21 သူ​ငယ်​တော်​ရှစ်​ရက်​သား​ရှိ​၍​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​ယူ​ရန်​အ​ချိန်​စေ့​သော​အ​ခါ သူ့​အား ယေ​ရှု​ဟု​နာ​မည်​မှည့်​ကြ​၏။ ဤ​နာ​မည်​ကား သူ​ငယ်​တော်​ပဋိ​သန္ဓေ​မ​နေ​မီ​က​ပင် ကောင်း​ကင် တ​မန်​က​မှည့်​ခေါ်​စေ​သည့်​နာ​မည်​ဖြစ်​၏။
LUK 2:22 မော​ရှေ​၏​ပ​ညတ်​ပြ​ဋ္ဌာန်း​ချက်​အ​ရ​မိ​ဘ နှစ်​ပါး​တို့​သည်​သန့်​စင်​ခြင်း​မင်္ဂ​လာ​ကို​ပြု ရန်​အ​ချိန်​ရောက်​လာ​သ​ဖြင့် သူ​ငယ်​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​သွား​၍​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ကြ​၏။-
LUK 2:23 သား​ဦး​မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊-
LUK 2:24 ချိုး​နှစ်​ကောင်​ကို​ဖြစ်​စေ၊ ခို​ငယ်​နှစ်​ကောင်​ကို ဖြစ်​စေ​ပူ​ဇော်​ရ​မည်​ဟူ​၍​လည်​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​ပညတ်​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​နှင့် အ​ညီ​ဆက်​ကပ်​ပူ​ဇော်​ကြ​၏။
LUK 2:25 ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှု​မောင်​နာ​မည် ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​တ​ရား ကြည်​ညို​သော​သူ​တော်​ကောင်း​တစ်​ဦး​ဖြစ်​၏။ ဣ​သ ရေ​လ​လူ​မျိုး​တို့​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ရန်​စောင့် မျှော်​နေ​သူ​တည်း။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ​နှင့်​အ​တူ​ရှိ​၏။-
LUK 2:26 ``သင်​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော မေ​ရှိ​ယ​ကို​မ​ဖူး​မ​မြင်​ရ​မီ​မ​သေ​ရ'' ဟု​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဗျာ​ဒိတ်​ကို​ခံ​ယူ​ရ​ရှိ သူ​လည်း​ဖြစ်​၏။-
LUK 2:27 သူ​သည်​ဝိညာဉ်​တော်​နှိုး​ဆော်​ခြင်း​ခံ​ရ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​လေ​သည်။ ပ​ညတ်​တ​ရား အ​ရ​ဆောင်​ရွက်​စ​ရာ​ဝတ်​ကို​ဆောင်​ရွက်​ရန် မိ​ဘ နှစ်​ပါး​တို့​သည်​သူ​ငယ်​တော်​အား​ဗိ​မာန်​တော် သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ၊-
LUK 2:28 ရှု​မောင်​သည်​သူ​ငယ်​တော်​ကို​ပွေ့​ချီ​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​လျက်၊
LUK 2:29 ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​က​တိ​တော် ပြည့်​စုံ​ပြီး​ဖြစ်​၍၊ ကိုယ်​တော်​ရှင့်​ကျွန်​သည်​ငြိမ်​သက်​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
LUK 2:30 လူ​မျိုး​ခြား​တို့​အား​ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို ဖော်​ပြ​သော​အ​လင်း​ဖြစ်​စေ​ရန်​နှင့်၊ ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​သော​ဣ​သ​ရေ​လ​သည် ဂုဏ်​အ​သ​ရေ​ထွန်း​လင်း​လာ​စေ​ရန်၊ လူ​မျိုး​အ​ပေါင်း​တို့ ရှေ့​မှောက်​တွင် ကိုယ်​တော်​ရှင်​အ​သင့်​ပြင်​ဆင်​ထား​တော်​မူ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို၊အ​ကျွန်ုပ်​သည်​ဒိ​ဋ္ဌ​တွေ့ မြင် ရ​ပါ​ပြီ'' ဟု​မြွက်​ဆို​၏။
LUK 2:33 မိ​ဘ​တို့​သည်​သူ​ငယ်​တော်​နှင့်​ပတ်​သက်​၍ ရှု​မောင်​ပြော​ဆို​သော​စ​ကား​များ​ကို​ကြား သော​အ​ခါ​အံ့​သြ​ကြ​၏။-
LUK 2:34 ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊-
LUK 2:35 မိ​မိ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ပေါ်​လွင်​စေ​ကြ​လိမ့်​မည်။ သင်​၏​အ​သည်း​နှ​လုံး သည်​သန်​လျက်​ဖြင့်​အ​ခွင်း​ခံ​ရ​သ​ကဲ့​သို့​ဖြစ် လိမ့်​မည်'' ဟု​မယ်​တော်​မာ​ရိ​အား​မြွက်​ဆို​၏။
LUK 2:36 အာ​ရှာ​အ​နွယ်​ဝင်၊ ဖ​နွေ​လ​၏​သ​မီး၊ အန္န​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​ပ​ရော​ဖက်​တစ်​ပါး​ရှိ​၏။ သူ​သည်​များ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ ဖြစ်​၏။ ငယ်​ရွယ်​စဉ်​တွင်​အိမ်​ထောင်​ကျ​၍​ခု​နစ် နှစ်​မျှ​ခင်​ပွန်း​ဖြစ်​သူ​နှင့်​ပေါင်း​သင်း​ရ​၏။-
LUK 2:37 ထို​နောက်​အ​သက်​ရှစ်​ဆယ့်​လေး​နှစ်​တိုင်​အောင်​မု​ဆိုး မ​ဘ​ဝ​နှင့်​နေ​၏။ သူ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍ အ​စာ​ရှောင်​လျက် နေ့​ည​မ​လပ်​ဘု​ရား​ဝတ်​၌ မွေ့​လျော်​ကာ​ဗိ​မာန်​တော်​ထဲ​မှ​မ​ထွက်​မ​ခွာ ဘဲ​နေ​၏။-
LUK 2:38 သူ​ငယ်​တော်​ကို​ဆက်​ကပ်​သည့်​အ​ချိန်​၌​ထို အ​မျိုး​သ​မီး​သည်​ရောက်​လာ​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​၏။ ထို နောက်​ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တင်​တော်​မူ လိမ့်​မည်​ဟု စောင့်​မျှော်​နေ​ကြ​ကုန်​သော​လူ အ​ပေါင်း​တို့​အား​သူ​ငယ်​တော်​၏​အ​ကြောင်း ကို​ပြော​ဆို​၏။
LUK 2:39 မိ​ဘ​နှစ်​ပါး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ဟု ခေါ်​သော​မိ​မိ​တို့​၏​ဌာ​နေ​သို့​ပြန်​ကြ​၏။-
LUK 2:40 သူ​ငယ်​တော်​သည်​ကြီး​ပြင်း​သန်​စွမ်း​လာ​၏။ ဉာဏ်​ပညာ​တိုး​တက်​လာ​၏။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​လျက်​နေ​၏။
LUK 2:41 သူ​ငယ်​တော်​၏​မိ​ဘ​တို့​သည်​နှစ်​စဉ်​ပ​သ​ခါ ပွဲ​တော်​ခံ​ချိန်​၌ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လေ့ ရှိ​ကြ​၏။-
LUK 2:42 သူ​ငယ်​တော်​သည်​အ​သက်​တစ်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​၌​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​၏။-
LUK 2:43 ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။-
LUK 2:44 ခ​ရီး​သည်​လူ​စု​ထဲ​တွင်​ပါ​လာ​လိမ့်​မည်​ဟု ထင်​မှတ်​ကြ​၏။ တစ်​နေ့​ခ​ရီး​ပြု​ကြ​ပြီး​မှ ဆွေ​မျိုး​အ​သိ​အ​ကျွမ်း​များ​ထဲ​တွင်​သူ​ငယ် တော်​ကို​ရှာ​ကြ​၏။-
LUK 2:45 မ​တွေ့​သ​ဖြင့်​ယော​သပ်​နှင့်​မာ​ရိ​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​၍​ရှာ​ကြ​၏။ တ​တိ​ယ​နေ့​တွင်​သူ​ငယ် တော်​ကို​ဗိ​မာန်​တော်​အ​တွင်း​မှာ​တွေ့​ကြ​၏။-
LUK 2:46 သူ​သည်​ယု​ဒ​ဆ​ရာ​တော်​များ​နှင့်​အ​တူ​ထိုင် ကာ​သူ​တို့​၏​တ​ရား​စ​ကား​များ​ကို​ကြား​နာ လျက်၊ သူ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​လျက်​နေ​၏။-
LUK 2:47 သူ​ငယ်​တော်​၏​စ​ကား​ကို​ကြား​ကြ​သော​သူ အ​ပေါင်း​တို့​သည်​သူ​၏​အ​သိ​ပ​ညာ​နှင့်​ဖြေ ကြား​ချက်​များ​ကို​အံ့​သြ​ကြ​၏။-
LUK 2:48 ယော​သပ်​နှင့်​မာ​ရိ​တို့​သည်​တွေ့​လျှင်​အံ့​အား​သင့် ကြ​၏။ ထို​နောက်​မယ်​တော်​က ``ငါ့​သား၊ သင်​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို​ဤ​သို့​ပြု​ပါ​သ​နည်း။ သင့်​ဖ​ခင်​နှင့်​ငါ​သည်​စိုး​ရိမ်​ကြီး​စွာ​ဖြင့်​ရှာ​ခဲ့ ရ​၏'' ဟု​ပြော​၏။
LUK 2:49 သူ​ငယ်​တော်​က ``အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​ကို​ရှာ ကြ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​ခ​မည်း​တော်​၏​အိမ် တွင်​ရှိ​နေ​ရ​မည်​ကို​မ​သိ​ကြ​ပါ​သ​လော'' ဟု ပြန်​ပြော​၏။-
LUK 2:50 သူ​တို့​သည်​ထို​စ​ကား​ကို​နား​မ​လည်​ကြ။
LUK 2:51 ထို​နောက်​သူ​ငယ်​တော်​သည်​မိ​ဘ​တို့​နှင့်​အ​တူ လိုက်​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော်​မိ​ဘ​တို့​၏ စ​ကား​ကို​နာ​ခံ​လျက်​နေ​၏။ မယ်​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​တို့​ကို​စိတ်​နှ​လုံး​ထဲ မှာ​မှတ်​ကျုံး​ထား​၏။-
LUK 2:52 သူ​ငယ်​တော်​ယေ​ရှု​သည်​ကာ​ယ​ညာ​ဏ​ကြီး ပွား​တိုး​တက်​လျက်​ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့ ရှေ့​တွင်​မျက်​နှာ​ပွင့်​လန်း​တော်​မူ​၏။
LUK 3:1 ဧ​က​ရာဇ်​မင်း​တိ​ဗေ​ရိ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ် မြောက်​သော​အ​ခါ ယု​ဒ​ပြည်​တွင်​ပုန္တိ​ပိ​လတ်​သည် ဘု​ရင်​ခံ​ဖြစ်​၏။ ဂါ​လိ​လဲ​ပြည်​တွင်​ဟေ​ရုဒ်၊ ဣ​တု​ရဲ ပြည်​နှင့်​တ​ရာ​ခေါ​နိတ်​ပြည်​တွင်​ဟေ​ရုဒ်​၏​ညီ ဖိ​လိပ္ပု၊ အ​ဘိ​လင်​ပြည်​တွင်​လု​သာ​နိ​တို့​သည် အ​သီး​သီး​ဘု​ရင်​ခံ​ဖြစ်​ကြ​၏။-
LUK 3:2 အန္န​နှင့်​က​ယာ​ဖ​တို့​သည်​ကား​ယဇ်​ပု​ရော​ဟိတ် မင်း​များ​ဖြစ်​ကြ​၏။ ထို​အ​ခါ​တော​ကန္တာ​ရ​၌​ရှိ သော​ဇာ​ခ​ရိ​၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​၏။-
LUK 3:3 သို့​ဖြစ်​၍​ယော​ဟန်​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တ​လျှောက် သို့​သွား​ရောက်​၍ ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု​လူ​တို့​အား ဟော​ပြော​၏။-
LUK 3:4 ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်​ပါ​ရှိ​သည်​နှင့် အ​ညီ၊ တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး ကြော်​လျက်​နေ​သည်​မှာ၊ `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့။
LUK 3:5 ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို ဖြို​ရ​ကြ​မည်။ လမ်း​ကောက်​များ​ကို​ဖြောင့်​စေ​၍​လမ်း​ကြမ်း​များ​ကို ချော​မော​ပြေ​ပြစ်​စေ​ရ​မည်။
LUK 3:6 လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​တွေ့​မြင်​ရ​ကြ​လတ္တံ့' ဟု တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး​ကြော်​လျက်​နေ​၏။
LUK 3:7 ယော​ဟန်​က​မိ​မိ​၏​ထံ​မှ​ဗတ္တိ​ဇံ​ခံ​ယူ​ရန်​လာ​ကြ ကုန်​သော​လူ​အ​ပေါင်း​တို့​အား ``အ​ချင်း​မြွေ​ဆိုး အ​မျိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​အ​မျက်​တော်​၏ ဘေး​မှ​ရှောင်​ပြေး​ရန်​သင်​တို့​အား​အ​ဘယ်​သူ သတိ​ပေး​ဘိ​သ​နည်း။-
LUK 3:8 နောင်​တ​နှင့်​လျော်​ကန်​သည့်​အ​ကျင့်​ကို​ကျင့်​ကြ လော့။ အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟု မ​ပြော​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည်​ဤ​ကျောက်​ခဲ များ​ကို​အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​စေ ရန်​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-
LUK 3:9 သစ်​ပင်​ရင်း​တွင်​ပု​ဆိန်​ကို​ချ​ထား​လျက်​ရှိ​သ​ဖြင့် အ​သီး​ကောင်း​ကို​မ​သီး​သော​အ​ပင်​ဟူ​သ​မျှ​သည် ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​လူ အ​ပေါင်း​တို့​အား​ဆို​၏။
LUK 3:10 လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​၏။
LUK 3:11 ထို​အ​ခါ​ယော​ဟန်​က ``အင်္ကျီ​နှစ်​ထည်​ရှိ​သူ​သည် အင်္ကျီ​မ​ရှိ​သူ​အား​တစ်​ထည်​ဝေ​မျှ​စေ။ စား​သောက် စ​ရာ​ရှိ​သူ​သည်​လည်း​ထို​နည်း​တူ​ဝေ​မျှ​စေ'' ဟု ပြန်​ပြော​၏။
LUK 3:12 အ​ခွန်​ခံ​သူ​တို့​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ရန်​ရောက်​လာ ကြ​၏။ သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
LUK 3:13 ယော​ဟန်​က ``သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ​ရှိ သည်​ထက်​ပို​၍ အ​ခွန်​အ​ကောက်​မ​ခွဲ​မ​ခံ​ကြ နှင့်'' ဟု​ပြန်​ပြော​၏။
LUK 3:14 စစ်​သား​များ​က​လည်း ``အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ယော​ဟန်​က ``သင်​တို့​သည်​အ​ဘယ်​သူ​ကို​မျှ မ​တ​ရား​မ​စွပ်​မ​စွဲ​ကြ​နှင့်။ အ​ဘယ်​သူ့​ထံ​မှ ငွေ​ကို​အ​ဋ္ဌမ္မ​မ​တောင်း​ကြ​နှင့်။ သင်​တို့​ရ​သော လ​စာ​ဖြင့်​ရောင့်​ရဲ​ကြ​လော့'' ဟု​ပြန်​ပြော​၏။
LUK 3:15 လူ​တို့​သည်​မေ​ရှိ​ယ​ကြွ​လာ​တော့​မည်​ဟု​ယုံ ကြည်​လျက်​စောင့်​မျှော်​နေ​ချိန်​ဖြစ်​ရာ ``ယော​ဟန် သည်​မေ​ရှိ​ယ​ပင်​ဖြစ်​လေ​သ​လော'' ဟု​တွေး​တော နေ​ကြ​၏။-
LUK 3:16 သို့​ဖြစ်​၍​ယော​ဟန်​က ``ငါ​သည်​သင်​တို့​အား​ရေ ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ သို့​ရာ​တွင်​ငါ့​ထက် ကြီး​မြတ်​သူ​သည်​ငါ့​နောက်​မှ​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြေ​ထိုက်။ ထို​အ​ရှင်​သည်​သင်​တို့​အား​သန့်​ရှင်း​သော​ဝိညာဉ် တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း​ဗတ္တိဇံ မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။-
LUK 3:17 မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို​ရှင်း​လင်း​ပစ်​ရန် လက်​တော်​တွင်​ဆန်​ကော​ကို​ကိုင်​ထား​တော်​မူ​သည် ဖြစ်​၍ ဂျုံ​စ​ပါး​များ​ကို​ကျီ​တွင်​စု​သိမ်း​၍​အ​ဖျင်း များ​ကို​မူ ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး​တွင်​ကျွမ်း လောင်​စေ​တော်​မူ​လတ္တံ့'' ဟု​သူ​တို့​အား​ဆို​၏။
LUK 3:18 ယော​ဟန်​သည်​အ​ခြား​နှိုး​ဆော်​ချက်​များ​ဖြင့် လူ​တို့​အား​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ ညာ​၏။-
LUK 3:19 သို့​ရာ​တွင်​ဟေ​ရုဒ်​ဘု​ရင်​သည်​မိ​မိ​ညီ​ဖြစ်​သူ​၏ ဇ​နီး​ဟေ​ရော​ဒိ​ကို​သိမ်း​ပိုက်​ခြင်း​နှင့်​ပတ်​သက်​၍ လည်း​ကောင်း၊ မိ​မိ​ကူး​လွန်​ခဲ့​သော​အ​ပြစ်​အ​ပေါင်း နှင့်​ပတ်​သက်​၍​လည်း​ကောင်း​ယော​ဟန်​က​သူ့​အား ဆုံး​မ​ခဲ့​၏။-
LUK 3:20 ထို​နောက်​ယော​ဟန်​ကို​ထောင်​ထဲ​တွင်​ချုပ်​နှောင်​ထား စေ​ခြင်း​ဖြင့် ဟေ​ရုဒ်​သည်​ကူး​လွန်​ပြီး​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​တို့​ထက်​ဆိုး​ရွား​သော​အ​ပြစ် ကို​ကူး​လွန်​လေ​သည်။
LUK 3:21 လူ​အ​ပေါင်း​တို့​သည်​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပြီး သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​လည်း​ဗတ္တိဇံ​မင်္ဂ​လာ ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​ကောင်း​ကင် ပွင့်​ဟ​၍၊-
LUK 3:22 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင် ဖြင့် ကိုယ်​ခန္ဓာ​ပုံ​သဏ္ဌာန်​ထင်​ရှား​စွာ​ဖြင့်​ကိုယ်​တော် ၏​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ မိုး​ကောင်း​ကင် မှ ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ် သား​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။
LUK 3:23 အ​မှု​တော်​စ​တင်​ဆောင်​ရွက်​ချိန်​၌​သ​ခင်​ယေ​ရှု သည်​အ​သက်​သုံး​ဆယ်​ခန့်​ရှိ​တော်​မူ​၏။ လူ​တို့​ထင် မြင်​ယူ​ဆ​ချက်​အ​ရ​ကိုယ်​တော်​သည်​ယော​သပ်​၏ သား​ဖြစ်​၏။ ယော​သပ်​သည်​ဧ​လိ​၏​သား​တည်း။-
LUK 3:24 ဧ​လိ​ကား​မ​ဿတ်​၏​သား၊ မ​ဿတ်​ကား​လေ​ဝိ​၏ သား၊ လေ​ဝိ​ကား​မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​ကား ယန္န​၏​သား၊ ယန္န​ကား​ယော​သပ်​၏​သား​ဖြစ်​၏။-
LUK 3:25 ယော​သပ်​သည်​မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည်​အာ​မုတ် ၏​သား၊ အာ​မုတ်​သည်​နာ​ဟုံ​၏​သား၊ နာ​ဟုံ​သည် ဧ​သ​လိ​၏​သား၊ ဧ​သ​လိ​သည်​န္ဂဲ​၏​သား၊ န္ဂဲ သည်​မာ​အတ်​၏​သား​ဖြစ်​၏။-
LUK 3:26 မာ​အတ်​ကား​မတ္တ​သိ​၏​သား၊ မတ္တ​သိ​ကား​ရှေ​မိ​၏ သား၊ ရှေ​မိ​ကား​ယော​သပ်​၏​သား၊ ယော​သပ်​ကား ယု​ဒ​၏​သား၊ ယု​ဒ​ကား​ယော​ဟန္န​၏​သား​ဖြစ်​၏။-
LUK 3:27 ယော​ဟန္န​သည်​ရေ​သ​၏​သား၊ ရေ​သ​သည်​ဇေ​ရု​ဗ ဗေ​လ​၏​သား၊ ဇေ​ရု​ဗ​ဗေ​လ​သည်​ရှာ​လ​သေ​လ ၏​သား၊ ရှာ​လ​သေ​လ​သည်​နေ​ရိ​၏​သား၊ နေ​ရိ​သည် မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​သည်​အဒ္ဒိ​၏​သား​ဖြစ်​၏။-
LUK 3:28 အဒ္ဒိ​ကား​ကော​သံ​၏​သား၊ ကော​သံ​ကား​ဧ​လ မော​ဒံ​၏​သား၊ ဧ​လ​မော​ဒံ​ကား​ဧ​ရ​၏​သား ဖြစ်​၏။-
LUK 3:29 ဧ​ရ​သည်​ယော​ရှု​၏​သား၊ ယော​ရှု​သည်​ဧ​လျေ​ဇာ ၏​သား၊ ဧ​လျေ​ဇာ​သည်​ယော​ရိမ်​၏​သား၊ ယော​ရိမ် သည်​မဿတ်​၏​သား၊ မ​ဿတ်​သည်​လေ​ဝိ​၏​သား ဖြစ်​၏။-
LUK 3:30 လေ​ဝိ​ကား​ရှိ​မောင်​၏​သား၊ ရှိ​မောင်​ကား​ယု​ဒ​၏​သား၊ ယု​ဒ​ကား​ယော​သပ်​၏​သား၊ ယော​သပ်​ကား​ယော​နန် ၏​သား၊ ယော​နန်​ကား​ဧ​လျာ​ကိမ်​၏​သား​ဖြစ်​၏။-
LUK 3:31 ဧ​လျာ​ကိမ်​သည်​မေ​လေ​၏​သား၊ မေ​လေ​သည်​မဲ​နန်​၏ သား၊ မဲ​နန်​သည်​မတ္တ​သ​၏​သား၊ မတ္တ​သ​သည်​နာ​သန်​၏ သား၊ နာ​သန်​သည်​ဒါ​ဝိဒ်​၏​သား​ဖြစ်​၏။-
LUK 3:32 ဒါ​ဝိဒ်​ကား​ယေ​ရှဲ​၏​သား၊ ယေ​ရှဲ​ကား​သြ​ဗက်​၏​သား၊ သြ​ဗက်​ကား​ဗော​ဇ​၏​သား၊ ဗောဇ​ကား​စာ​လ​မုန်​၏ သား၊ စာ​လ​မုန်​ကား​နာ​ရှုန်​၏​သား​ဖြစ်​၏။-
LUK 3:33 နာ​ရှုန်​သည်​အ​မိ​န​ဒပ်​၏​သား၊ အ​မိ​န​ဒပ်​သည် အဒ်​မိန်​၏​သား၊ အဒ်​မိန်​သည်​အာ​ရံ​နိ​၏​သား၊ အာ​ရံ​နိ​သည်​ဟေ​ဇ​ရုံ​၏​သား၊ ဟေ​ဇ​ရုံ​သည် ဖာ​ရက်​၏​သား၊ ဖာ​ရက်​သည်​ယု​ဒ​၏​သား​ဖြစ်​၏။-
LUK 3:34 ယု​ဒ​ကား​ယာ​ကုပ်​၏​သား၊ ယာ​ကုပ်​ကား​ဣဇာက်​၏ သား၊ ဣ​ဇာက်​ကား​အာ​ဗြ​ဟံ​၏​သား၊ အာ​ဗြ​ဟံ ကား​တေ​ရ​၏​သား၊ တေ​ရ​ကား​နာ​ခေါ်​၏​သား ဖြစ်​၏။-
LUK 3:35 နာ​ခေါ်​သည်​စေ​ရောက်​၏​သား၊ စေ​ရောက်​သည် ရာ​ဂေါ​၏​သား၊ ရာ​ဂေါ​သည်​ဖာ​လက်​၏​သား၊ ဖာလက်​သည်​ဟေ​ဗာ​၏​သား၊ ဟေ​ဗာ​သည် ရှာ​လ​၏​သား​ဖြစ်​၏။-
LUK 3:36 ရှာ​လ​ကား​ကာ​ဣ​နန်​၏​သား၊ ကာ​ဣ​နန်​ကား အာ​ဖာ​ဇဒ်​၏​သား၊ အာ​ဖာ​ဇဒ်​ကား​ရှေ​မ​၏ သား၊ ရှေ​မ​ကား​နော​ဧ​၏​သား၊ နော​ဧ​ကား လာ​မက်​၏​သား​ဖြစ်​၏။-
LUK 3:37 လာ​မက်​သည်​မ​သု​ရှ​လ​၏​သား၊ မ​သု​ရှ​လ​သည် ဧ​နောက်​၏​သား၊ ဧ​နောက်​သည်​ယာ​ရက်​၏​သား၊ ယာ​ရက်​သည်​မ​ဟာ​လေ​လ​၏​သား၊ မ​ဟာ လေ​လ​သည်​ကာ​ဣ​နန်​၏​သား​ဖြစ်​၏။-
LUK 3:38 ကာ​ဣ​နန်​ကား​ဧ​နုတ်​၏​သား၊ ဧ​နုတ်​ကား​ရှေ​သ​၏ သား၊ ရှေ​သ​သည်​ကား​အာ​ဒံ​၏​သား၊ အာ​ဒံ​ကား ဘု​ရား​သ​ခင်​၏​သား​ဖြစ်​သ​တည်း။
LUK 4:1 သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ယော်​ဒန်​မြစ်​မှ​ပြန်​လာ​တော်​မူ​စဉ် ဝိ​ညာဉ်​တော်​သည်​ကိုယ်​တော်​ကို​တော​ကန္တာ​ရ​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​အ​ရပ်​တွင်​အ​ရက် လေး​ဆယ်​ပတ်​လုံး​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင် ခြင်း​ကို​ခံ​တော်​မူ​၏။-
LUK 4:2 ထို​နေ့​ရက်​များ​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​သုံး​ဆောင်​တော်​မ​မူ။ ထို​နေ့​ရက်​များ ကုန်​လွန်​သွား​သော​အ​ခါ​ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​၏။
LUK 4:3 ထို​အ​ခါ​မာရ်​နတ်​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ပါ​လျှင်​ဤ​ကျောက်​ခဲ​ကို​မုန့် ဖြစ်​စေ​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
LUK 4:4 သ​ခင်​ယေ​ရှု​က ``လူ​သည်​အ​စား​အ​စာ​အား​ဖြင့် သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်​ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​၏'' ဟု​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။
LUK 4:5 ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​တောင်​ထိပ် ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​နောက်​လော​က​နိုင်​ငံ ရှိ​သ​မျှ​ကို​တစ်​ခ​ဏ​ချင်း​တွင်​ညွှန်​ပြ​လျက်၊-
LUK 4:6 ``ဤ​တန်​ခိုး​အာ​ဏာ​ဘုန်း​စည်း​စိမ်​ရှိ​သ​မျှ တို့​ကို​ကိုယ်​တော်​အား​ငါ​ပေး​ပါ​အံ့။ ဤ​အ​ရာ များ​ကို​ငါ့​လက်​ဝယ်​အပ်​နှင်း​ထား​ပြီး​ဖြစ် သ​ဖြင့်​ငါ​ပေး​လို​သူ​အား​ပေး​နိုင်​၏။-
LUK 4:7 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ် ရှိ​ခိုး​လျှင် ဤ​တန်​ခိုး​အာ​ဏာ​အ​လုံး​စုံ​တို့ ကို​ကိုယ်​တော်​အား​ပေး​မည်'' ဟု​လျှောက်​၏။
LUK 4:8 သ​ခင်​ယေ​ရှု​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​သာ​လျှင် ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​ဟု ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏'' ဟု​ပြန် လည်​မိန့်​တော်​မူ​၏။
LUK 4:9 မာရ်​နတ်​သည်​သ​ခင်​ယေ​ရှု​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​၍​သွား​ပြီး​လျှင် ဗိ​မာန်​တော်​ထိပ်​ဖျား​တွင် နေ​စေ​ပြီး​လျှင် ``ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​လျှင်​ဤ​နေ​ရာ​မှ​အောက်​သို့​ခုန်​ချ ပါ​လော့။-
LUK 4:10 ကျမ်း​စာ​တော်​တွင် `သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တမန်​များ​အား အ​မိန့်​ပေး​တော်​မူ​မည်' ဟူ​၍​လည်း​ကောင်း၊-
LUK 4:11 `သင်​၏​ခြေ​သည်​ကျောက်​နှင့်​မ​ထိ​ခိုက်​စေ​ခြင်း ငှာ ကောင်း​ကင်​တ​မန်​တို့​သည်​လက်​ဖြင့်​သင့်​ကို ပွေ့​ချီ​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ပါ​ရှိ​၏'' ဟု​လျှောက်​၏။
LUK 4:12 သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​စစ်​ဆေး​စမ်း​သပ်​မှု​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​တော် မူ​၏။
LUK 4:13 မာရ်​နတ်​သည်​ဤ​သို့​စုံ​စမ်း​သွေး​ဆောင်​မှု​အ​လုံး​စုံ ကို​ပြု​ပြီး​သော​အ​ခါ ကိုယ်​တော်​၏​ထံ​တော်​မှ ထွက်​ခွာ​၍​အ​ခါ​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​၏။
LUK 4:14 သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် တန်​ခိုး​နှင့်​ပြည့်​ဝ​လျက်​ဂါ​လိ​လဲ​ပြည်​သို့​ပြန် လာ​တော်​မူ​၏။ သ​တင်း​တော်​သည်​ထို​ဒေ​သ တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့​သွား​၏။-
LUK 4:15 ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​များ​မှာ​ဟော​ပြော သွန်​သင်​တော်​မူ​ရာ​လူ​အ​ပေါင်း​တို့​သည်​ကိုယ် တော်​ကို​ချီး​မွမ်း​ကြ​၏။
LUK 4:16 ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ နာ​ဇ​ရက်​မြို့​ကား​ကိုယ်​တော်​ကြီး​ပြင်း​ရာ​မြို့ ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​အ​လေ့​တော် ရှိ​သည်​အ​တိုင်း​တ​ရား​ဇ​ရပ်​သို့​ဝင်​တော်​မူ​၏။ ကျမ်း​စာ​ကို​ဖတ်​ရန်​ထ​တော်​မူ​လျှင်၊-
LUK 4:17 တ​ရား​ဇ​ရပ်​မှူး​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း ကို​ကိုယ်​တော်​အား​လှမ်း​၍​ပေး​၏။ ကိုယ်​တော်​သည် ကျမ်း​စာ​လိပ်​ကို​ဖွင့်​၍၊
LUK 4:18 ``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ ဆင်း​ရဲ​သူ​များ​အား​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​အား​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ အ​ချုပ်​အ​နှောင်​ခံ​ရ​သူ​များ​ကို​လွတ်​မြောက် စေ​မည်​ဖြစ်​ကြောင်း​နှင့်၊ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ စေ​မည် ဖြစ်​ကြောင်း​ကို​ပြော​ကြား​ရန်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခံ​ရ​သူ​များ​အား​ကယ်​လွှတ်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊
LUK 4:19 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရာ​ကာ​လ​ရောက်​လာ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြေ​ညာ​ရန်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏'' ဟူ​သော​ကျမ်း​ပိုဒ်​ကို​ဖတ်​တော်​မူ​၏။
LUK 4:20 ထို​နောက်​ကျမ်း​စာ​တော်​ကို​လိပ်​၍​ဇ​ရပ်​မှူး​အား ပြန်​ပေး​ပြီး​နောက်​ထိုင်​တော်​မူ​၏။ တ​ရား​ဇ​ရပ် ထဲ​မှာ​ရှိ​သော​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​စိုက်​ကြည့်​နေ​ကြ​၏။-
LUK 4:21 ကိုယ်​တော်​က ``ဤ​ကျမ်း​စာ​ပါ​အ​မှု​အ​ရာ​များ သည်​သင်​တို့​ကြား​နာ​ရ​သည့်​အ​တိုင်း​ယ​နေ့ အ​ကောင်​အ​ထည်​ပေါ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
LUK 4:22 လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏​အ​ကြောင်း​ကို ချီး​ကူး​ပြော​ဆို​ကြ​၏။ နှုတ်​တော်​ထွက်​စ​ကား များ​ကို​အံ့​သြ​လျက် ``ဤ​သူ​သည်​ယော​သပ် ၏​သား​မ​ဟုတ်​လော'' ဟု​ဆို​ကြ​၏။
LUK 4:23 ကိုယ်​တော်​က ``သင်​တို့​သည် `အ​ချင်း​ဆ​ရာ​ဝန်၊ သင့်​ရော​ဂါ​ကို​သင်​ပျောက်​အောင်​ကု​လော့' ဟူ သော​ဆို​ရိုး​စ​ကား​ကို​အ​သုံး​ပြု​ကာ​ငါ့ အား​ဆို​လိမ့်​မည်။ က​ပေ​ရ​နောင်​မြို့​တွင်​အ​ရှင် ပြု​ခဲ့​သည်​ဟု​အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​သည့် အ​မှု​အ​ရာ​များ​ကို အ​ရှင့်​နေ​ရင်း​မြို့​တွင် လည်း​ပြု​တော်​မူ​ပါ​ဟု​ငါ့​အား​မု​ချ​ပြော ဆို​ကြ​လိမ့်​မည်။-
LUK 4:24 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အ​ဘယ်​ပ​ရော​ဖက်​မျှ​မိ​မိ​နေ​ရင်း​မြို့​တွင် မျက်​နှာ​မ​ရ​တတ်။-
LUK 4:25 ဧ​လိ​ယ​လက်​ထက်​၌​ဣသ​ရေ​လ​နိုင်​ငံ​တွင် သုံး နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ခဲ့​၏။-
LUK 4:26 ဣသ​ရေ​လ​အ​မျိုး​ဖြစ်​သော​မု​ဆိုး​မ​အ​များ​ရှိ သော်​လည်း မည်​သူ့​ထံ​သို့​မျှ​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက်​ဧ​လိ​ယ​ကို​စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုံ ပြည်၊ ဇရတ္တ​မြို့​သူ​မု​ဆိုး​မ​ထံ​သို့​သာ​လျှင်​စေ လွှတ်​တော်​မူ​၏။-
LUK 4:27 ပ​ရော​ဖက်​ဧ​လိ​ရှဲ​လက်​ထက်​၌​လည်း​ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် အ​ရေ​ဖျား​ရော​ဂါ​သည် အ​များ​ရှိ​သော်​လည်း​မည်​သူ​မျှ​သန့်​စင်​ခွင့် မ​ရ။ ရှု​ရိ​ပြည်​သား​နေ​မန်​သာ​လျှင်​ရ​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 4:28 တ​ရား​ဇ​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား ကို​ကြား​သော​အ​ခါ​ပြင်း​စွာ​အ​မျက်​ထွက်​ကြ​၏။-
LUK 4:29 ထို​နောက်​ကိုယ်​တော်​အား​တောင်​ကမ်း​ပါး​မှ​တွန်း​ချ အံ့​သော​ငှာ​မြို့​တည်​ရာ​တောင်​ထိပ်​စွန်း​သို့​ခေါ် ဆောင်​သွား​ကြ​၏။-
LUK 4:30 သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​အ​လယ် မှ​လျှောက်​၍​ကြွ​သွား​တော်​မူ​၏။
LUK 4:31 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်၊ က​ပေ​ရ​နောင်​မြို့ သို့​ရောက်​တော်​မူ​၏။ ဥ​ပုသ်​နေ့​၌​တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
LUK 4:32 ကိုယ်​တော်​၏​သွန်​သင်​ချက်​တွင်​တန်​ခိုး​အာ​ဏာ ပါ​သ​ဖြင့်​လူ​တို့​သည်​အံ့​သြ​ကြ​၏။-
LUK 4:33 တ​ရား​ဇ​ရပ်​ထဲ​တွင်​ညစ်​ညမ်း​သော​နတ်​ပူး​ဝင် နေ​သူ​တစ်​ယောက်​ရှိ​၏။-
LUK 4:34 ညစ်​ညမ်း​သော​နတ်​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ဘယ်​သို့​သက်​ဆိုင် တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ဖြစ်​ပါ​သည်'' ဟု​ကျယ်​စွာ ဟစ်​အော်​၏။
LUK 4:35 သ​ခင်​ယေ​ရှု​က ``တိတ်​တိတ်​နေ​လော့။ သူ့​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​သည်​ထို သူ​ကို​လူ​အ​များ​ရှေ့​မှာ​လှဲ​ချ​လိုက်​၏။ ထို​နောက် ဘေး​အန္တ​ရာယ်​မ​ပြု​ဘဲ​သူ့​အ​ထဲ​မှ​ထွက်​သွား​၏။
LUK 4:36 လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​လျက် ``ဤ​သူ​၏ အ​မိန့်​စ​ကား​ကား​အ​ဘယ်​သို့​နည်း။ သူ​သည် ညစ်​ညမ်း​သော​နတ်​များ​အား​ထွက်​သွား​ရန် တန်​ခိုး​အာ​ဏာ​ဖြင့်​အ​မိန့်​ပေး​၍ သူ​တို့​သည် ထွက်​သွား​ကြ​ပါ​သည်​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။-
LUK 4:37 ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပတ်​ဝန်း​ကျင် ဒေ​သ​တွင်​ပျံ့​နှံ့​သွား​တော့​၏။
LUK 4:38 ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍​ရှိ​မုန် ၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ရှိ​မုန်​၏​ယောက္ခ​မ​ဖြစ်​သူ သည်​ပြင်း​စွာ​ဖျား​နေ​၏။-
LUK 4:39 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ထို​အ​ကြောင်း ကို​ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော် သည်​ထို​အ​မျိုး​သ​မီး​ကြီး​၏​အ​နား​တွင်​ရပ် လျက် ``အ​ဖျား​ပျောက်​စေ'' ဟု​အ​မိန့်​ပေး​တော် မူ​၏။ အ​မျိုး​သ​မီး​ကြီး​သည်​အ​ဖျား​ပျောက် သ​ဖြင့် ချက်​ချင်း​ထ​၍​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​အား​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။
LUK 4:40 နေ​ဝင်​ချိန်​၌​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​ပေါင်း​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့ ကြ​၏။ ကိုယ်​တော်​သည်​ထို​လူ​နာ​အ​သီး​သီး တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​သူ​တို့​၏ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-
LUK 4:41 နတ်​မိစ္ဆာ​များ​သည် ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​၏'' ဟု​ဟစ်​အော်​လျက်​မိ​မိ​တို့ ပူး​ဝင်​နေ​သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ ကိုယ်​တော်​သည်​နတ်​မိစ္ဆာ​များ​ထို​သို့​ဟစ်​အော် သည်​ကို​ဟန့်​တား​တော်​မူ​ပြီး​လျှင် သူ​တို့​အား စ​ကား​ပြော​ခွင့်​ပေး​တော်​မ​မူ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ကိုယ်​တော်​မေ​ရှိ​ယ​ဖြစ် ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ဖြစ်​သည်။
LUK 4:42 မိုး​လင်း​သော​အ​ခါ​က​ပေ​ရ​နောင်​မြို့​မှ​ထွက်​ခွာ ၍​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့​ကြွ​တော်​မူ​၏။ လူ​တို့​သည် ကိုယ်​တော်​ကို​ရှာ​ကြ​၏။ ရှာ​၍​တွေ့​သော​အ​ခါ​မိ​မိ တို့​ထံ​မှ​ထွက်​ခွာ​သွား​တော်​မ​မူ​စေ​ရန်​ကြိုး​စား ကြ​၏။-
LUK 4:43 သို့​ရာ​တွင်​ကိုယ်​တော်​က ``ငါ​သည်​အ​ခြား​မြို့ များ​တွင်​လည်း​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ ရ​မည်။ ထို​သို့​ဟော​ပြော​ကြေ​ညာ​ရန်​အ​တွက်​ငါ့ ကို​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သည်'' ဟု မိန့်​တော်​မူ​၏။
LUK 4:44 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တ​ရား ဇ​ရပ်​များ​တွင်​ဟော​တော်​မူ​၏။
LUK 5:1 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဂင်​နေ​သ​ရက် အိုင်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​တော်​မူ​စဉ် လူ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ကြား​နာ​ရန်​ကိုယ်​တော်​၏​အ​နီး​သို့​တိုး​ကြိတ် လာ​ကြ​၏။-
LUK 5:2 ထို​အ​ခါ​ကိုယ်​တော်​သည်​ကမ်း​နား​မှာ​ဆိုက်​ထား သော​လှေ​နှစ်​စင်း​ကို​မြင်​တော်​မူ​၏။ တံ​ငါ​သည် တို့​သည်​ထို​လှေ​များ​ပေါ်​မှ​ဆင်း​ပြီး​နောက် မိ​မိ တို့​၏​ပိုက်​ကွန်​များ​ကို​ဆေး​ကြော​လျက်​နေ ကြ​၏။-
LUK 5:3 ကိုယ်​တော်​သည်​ထို​လှေ​နှစ်​စင်း​အ​နက်​ရှိ​မုန်​၏ လှေ​သို့​တက်​တော်​မူ​ပြီး​လျှင်​လှေ​ကို​ကမ်း​မှ အ​နည်း​ငယ်​ခွာ​စေ​ရန်​ရှိ​မုန်​အား​စေ​ခိုင်း​တော် မူ​၏။ ထို​နောက်​ထိုင်​၍​လူ​ပ​ရိ​သတ်​တို့​အား ဟော​ပြော​သွန်​သင်​တော်​မူ​၏။
LUK 5:4 ထို​သို့​ဟော​ပြော​သွန်​သင်​ပြီး​သော​အ​ခါ ``ရေ နက်​ရာ​သို့​ခွာ​ထွက်​လော့။ ငါး​များ​ဖမ်း​မိ​စေ ရန်​သင်​နှင့်​သင်​တို့​အ​ဖော်​တို့​၏​ကွန်​များ ကို​ချ​လော့'' ဟု​ရှိ​မုန်​အား​မိန့်​တော်​မူ​၏။
LUK 5:5 ရှိ​မုန်​က ``သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​တစ်​ည​လုံး ကြိုး​စား​၍​ငါး​များ​ကို​ဖမ်း​ပါ​သော်​လည်း ငါး​တစ်​ကောင်​ကို​မျှ​မ​မိ​ကြ​ပါ။ သို့​ရာ​တွင် ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ကွန်​များ​ကို အ​ကျွန်ုပ်​ချ​ပါ​မည်'' ဟု​လျှောက်​ထား​၏။-
LUK 5:6 သူ​တို့​သည်​ကွန်​များ​ကို​ချ​ပြီး​နောက်​အုပ်​မိ သော​ငါး​များ​လှ​သ​ဖြင့်​ကွန်​များ​ပင်​စုတ် လု​မ​တတ်​ရှိ​၏။-
LUK 5:7 သို့​ဖြစ်​၍​လာ​ရောက်​ကူ​ညီ​ရန်​အ​ခြား​လှေ​မှ မိ​မိ​တို့​၏​အ​ဖော်​တံ​ငါ​သည်​များ​ကို​အ​ချက် ပြ​၍​ခေါ်​ကြ​၏။ ထို​သူ​တို့​သည်​လာ​၍​လှေ နှစ်​စင်း​လုံး​ပြည့်​အောင်​ငါး​များ​ကို​ထည့် ကြ​ရာ​လှေ​များ​နစ်​လု​မ​တတ်​ရှိ​တော့​၏။-
LUK 5:8 ထို​အ​ခြင်း​အ​ရာ​ကို​ရှိ​မုန်​ပေ​တ​ရု​မြင်​လျှင် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ် လျက် ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အြုပစ် သား​ဖြစ်​သော​ကြောင့်​အ​ကျွန်ုပ်​၏​ထံ​မှ ကြွ​သွား​တော်​မူ​ပါ'' ဟု​လျှောက်​၏။
LUK 5:9 ရှိ​မုန်​နှင့်​တ​ကွ​ပါ​လာ​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​ဖမ်း​မိ​သော​ငါး​အ​ရေ​အ​တွက်​ကို​ကြည့်​၍ တ​အံ့​တ​သြ​ဖြစ်​ကြ​၏။-
LUK 5:10 ရှိ​မုန်​နှင့်​ငါး​ဖမ်း​ဘက်​ဖြစ်​ကြ​သော​ဇေ​ဗေ​ဒဲ ၏​သား​နှစ်​ယောက်၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် လည်း​ထို​နည်း​တူ​အံ့​သြ​ကြ​၏။ သ​ခင်​ယေ​ရှု က​ရှိ​မုန်​အား ``မ​ကြောက်​နှင့်၊ ယ​ခု​မှ​စ​၍​သင် တို့​သည်​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 5:11 ထို​သူ​တို့​သည်​လှေ​များ​ကို​ကမ်း​တွင်​ဆိုက်​ကပ် ပြီး​နောက် ရှိ​သ​မျှ​တို့​ကို​စွန့်​၍​နောက်​တော် သို့​လိုက်​ကြ​၏။
LUK 5:12 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​မြို့​ကြီး​တစ်​မြို့​တွင် ရှိ​နေ​တော်​မူ​၏။ ထို​မြို့​တွင်​တစ်​ကိုယ်​လုံး​အ​ရေ ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​တစ်​ယောက်​ရှိ​၏။ သူ သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​ပျပ်​ဝပ်​လျက် ``အ​ရှင် အ​လို​တော်​ရှိ​လျှင်​အ​ကျွန်ုပ်​ကို​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​၏။
LUK 5:13 ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍​ထို​သူ့​ကို တို့​ထိ​တော်​မူ​၏။ ထို​နောက် ``ငါ​အ​လို​ရှိ​၏။ သန့် စင်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​ခ​ဏ​၌​ထို​သူ သည်​ရော​ဂါ​ပျောက်​လေ​၏။-
LUK 5:14 ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ​မ​ပြော​နှင့်'' ဟု ထို​သူ​အား​တား​မြစ်​တော်​မူ​ပြီး​သော်​ကိုယ်​တော် က ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား​၍​ကိုယ် ကို​ပြ​လော့။ သင့်​ရော​ဂါ​ပျောက်​ကင်း​ကြောင်း​လူ​တို့ ရှေ့​၌​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​သည့်​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 5:15 သို့​ရာ​တွင်​ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပို​၍ ပျံ့​နှံ့​သွား​သ​ဖြင့် လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ​အ​ကု​အ​သ ခံ​ရန်​လာ​ကြ​ကုန်​၏။-
LUK 5:16 သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည် အ​တိုင်း​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​၍​ဆု​တောင်း တော်​မူ​၏။
LUK 5:17 တစ်​နေ့​သ​၌​ကိုယ်​တော်​ဟော​ပြော​သွန်​သင်​လျက် နေ​တော်​မူ​စဉ် ဂါ​လိ​လဲ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ ကျေး​ရွာ​အ​ပေါင်း​မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း​လာ​ရောက်​သော​ဖာ​ရိ​ရှဲ​များ နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည်​အ​နီး​တွင်​ထိုင် လျက်​ရှိ​ကြ​၏။ ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ကိုယ်​တော်​၌​ရှိ​၏။-
LUK 5:18 ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​တစ်​ယောက် ကို​ထမ်း​စင်​နှင့်​တင်​၍​ဆောင်​ခဲ့​ကြ​၏။ ထို​သူ​နာ ကို​အိမ်​ထဲ​သို့​သယ်​ဆောင်​ကာ​သ​ခင်​ယေ​ရှု​၏ ရှေ့​တော်​တွင်​ချ​ထား​ရန်​ကြိုး​စား​ကြ​၏။-
LUK 5:19 သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် အိမ်​အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​အုတ်​ကြွပ် များ​ကို​ဖောက်​၍ သူ​နာ​ကို​ထမ်း​စင်​နှင့်​တ​ကွ လူ​တို့​အ​လယ်​သ​ခင်​ယေ​ရှု​၏​ရှေ့​တော်​သို့ လျော​ချ​ကြ​၏။-
LUK 5:20 ကိုယ်​တော်​သည်​ထို​သူ​တို့​၌​ယုံ​ကြည်​ခြင်း​ရှိ​ပုံ ကို​မြင်​တော်​မူ​လျှင်​လေ​ဖြတ်​သူ​အား ``အ​ချင်း လူ၊ သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော် မူ​၏။
LUK 5:21 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​က ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ သူ​သည်​ဘု​ရား​သ​ခင် အား​ပြစ်​မှား​ပြော​ဆို​ပါ​သည်​တ​ကား။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည်​အ​ပြစ်​ကို ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။
LUK 5:22 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​ကြ​သည်​ကို​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့​သည် အ​ဘယ်​ကြောင့်​တွေး​တော​နေ​ကြ​သ​နည်း။-
LUK 5:23 `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ်`နေ​ရာ​မှ​ထ ၍​လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ သ​လော။-
LUK 5:24 သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``သင့်​အား​ငါ ဆို​သည်​ကား​ထ​လော့။ သင့်​ထမ်း​စင်​ကို​ထမ်း ၍​အိမ်​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 5:25 ချက်​ချင်း​ပင်​ထို​သူ​သည်​လူ​တို့​ရှေ့​တွင်​ထ​၍ မိ​မိ​လဲ​လျောင်း​နေ​ခဲ့​သော​ထမ်း​စင်​ကို​ထမ်း ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော် ကို​ချီး​ကူး​လျက်​အိမ်​သို့​ပြန်​လေ​၏။-
LUK 5:26 လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြောက်​ရွံ့ လျက် ``အံ့​ဖွယ်​သော​အ​ရာ​များ​ကို​ငါ​တို့ ယ​နေ့​တွေ့​မြင်​ရ​လေ​ပြီ'' ဟု​ပြော​ဆို​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။
LUK 5:27 ထို​နောက်​ကိုယ်​တော်​သည်​က​ပေ​ရ​နောင်​မြို့​မှ ထွက်​ကြွ​တော်​မူ​၍ အ​ကောက်​ခွန်​ရုံး​ခန်း​တွင် လေ​ဝိ​နာ​မည်​ရှိ​သူ​အ​ခွန်​ခံ​ထိုင်​နေ​သည်​ကို မြင်​တော်​မူ​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-
LUK 5:28 ထို​သူ​သည်​ရှိ​သ​မျှ​တို့​ကို​စွန့်​ပြီး​လျှင်​ထ ၍​နောက်​တော်​သို့​လိုက်​လေ​၏။
LUK 5:29 ထို​နောက်​လေ​ဝိ​သည်​မိ​မိ​၏​အိမ်​တွင်​ကိုယ်​တော် အ​တွက်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​၏။ ဧည့်​သည်​များ တွင်​အ​ခွန်​ခံ​သူ​နှင့်​အ​ခြား​သူ​အ​မြောက်​အ​မြား ပါ​ဝင်​ကြ​၏။-
LUK 5:30 ဖာ​ရိ​ရှဲ​များ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ် ကြ​သော​ကျမ်း​တတ်​ဆ​ရာ​များ​က ``အ​ဘယ် ကြောင့်​သင်​တို့​သည်​အ​ခွန်​ခံ​သူ​များ၊ အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​စား​သောက်​ကြ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။
LUK 5:31 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကျန်း​မာ​သူ​သည် ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။-
LUK 5:32 ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​နောင်​တ​ရ စေ​ခြင်း​ငှာ​ခေါ်​ဖိတ်​ရန်​လာ​သည်​မ​ဟုတ်။ အ​ပယ် ခံ​သူ​များ​ကို​နောင်​တ​ရ​စေ​ခြင်း​ငှာ​ခေါ်​ဖိတ် ရန်​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
LUK 5:33 လူ​အ​ချို့​က ``ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ တို့​၏​တ​ပည့်​များ​သည်​အ​စာ​ရှောင်​ခြင်း​နှင့် ဆု တောင်း​ခြင်း​တို့​ကို​မ​ကြာ​ခ​ဏ​ပြု​လေ့​ရှိ​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​၏​တ​ပည့်​များ​မူ​ကား​စား လျက်​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု လျှောက်​ထား​ကြ​၏။
LUK 5:34 ကိုယ်​တော်​က ``မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​သ​တို့​သား ရှိ​နေ​သည့်​ကာ​လ​ဧည့်​သည်​များ​အား​အ​စာ ရှောင်​ခိုင်း​နိုင်​ပါ​မည်​လော။-
LUK 5:35 သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​သူ​တို့ ထံ​မှ​ဆောင်​ယူ​သွား​မည့်​နေ့​ရက်​ကာ​လ​ရောက် ရှိ​လာ​ပေ​အံ့။ ထို​အ​ခါ​၌​သူ​တို့​သည်​အ​စာ ရှောင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 5:36 ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​လျက် ``မည်​သူ​မျှ အ​ထည်​သစ်​မှ​အ​စ​တစ်​စ​ကို​ဆုတ်​၍​အ​ထည် ဟောင်း​ကို​ဖာ​ရိုး​မ​ရှိ။ ယင်း​သို့​ဖာ​ခဲ့​ပါ​မူ အ​ထည်​သစ်​ပျက်​စီး​သွား​သည်​သာ​မ​က၊ အ​စ​သစ်​နှင့်​အ​ထည်​ဟောင်း​တို့​အ​ဆင် အ​သွေး​မ​တူ​ဘဲ​ရှိ​လိမ့်​မည်။-
LUK 5:37 ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး ဟောင်း​တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား ရေ​ဘူး​သည်​ပေါက်​ကွဲ​၍​စ​ပျစ်​ရည်​ယို​ထွက် လိမ့်​မည်။ သား​ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့် မည်။-
LUK 5:38 စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​သာ ထည့်​ရာ​၏။-
LUK 5:39 ထို့​အ​ပြင်​စ​ပျစ်​ရည်​ဟောင်း​ကို​သောက်​ပြီး သူ​သည်​စ​ပျစ်​ရည်​သစ်​ကို​မ​သောက်​လို။ စ​ပျစ် ရည်​ဟောင်း​က​သာ​၍​ကောင်း​သည်​ဟု​ဆို​တတ် ၏'' ဟု​မိန့်​တော်​မူ​၏။
LUK 6:1 ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​ဂျုံ​ခင်း​များ​ကို ဖြတ်​၍​လျှောက်​သွား​တော်​မူ​စဉ် တ​ပည့်​တော် သည်​ဂျုံ​များ​ကို​ဆွတ်​၍​ပွတ်​နယ်​စား​ကြ​၏။-
LUK 6:2 ဖာ​ရိ​ရှဲ​အ​ချို့​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဥ​ပုသ်​နေ့​၌​မ​ပြု​အပ်​သော​အ​မှု​ကို​ပြု​ဘိ သ​နည်း'' ဟု​မေး​ကြ​၏။
LUK 6:3 သ​ခင်​ယေ​ရှု​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော် တစ်​စု​တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ် သို့​ပြု​မူ​ခဲ့​ကြောင်း​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ သ​လော။-
LUK 6:4 သူ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ပ​ညတ်​တ​ရား​အ​ရ​ယဇ်​ပု​ရော​ဟိတ်​များ​မှ တစ်​ပါး မည်​သူ​မျှ​မ​စား​ထိုက်​သော​ရှေ့​တော် မုန့်​ကို​ယူ​၍​စား​ခဲ့​၏။ မိ​မိ​၏​အ​ဖော်​များ အား​လည်း​ပေး​ခဲ့​၏။-
LUK 6:5 လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
LUK 6:6 အ​ခြား​သော​ဥ​ပုသ်​နေ့​တစ်​နေ့​၌​သ​ခင်​ယေ​ရှု သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။ တ​ရား​ဇ​ရပ်​ထဲ​တွင်​ညာ​လက်​သေ​သူ တစ်​ယောက်​ရှိ​၏။-
LUK 6:7 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​ရန်​အ​ကြောင်း​ရှာ​လို​သ​ဖြင့် ဥ​ပုသ်​နေ့​၌​ထို​သူ​၏​ရော​ဂါ​ကို​ကိုယ်​တော် ပျောက်​ကင်း​စေ​တော်​မူ​မည်​မ​မူ​မည်​ကို​စောင့် ကြည့်​နေ​ကြ​၏။-
LUK 6:8 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​စိတ်​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် လက်​သေ​သူ​အား ``နေ​ရာ မှ​ထ​ပြီး​ရှေ့​သို့​လာ​၍​ရပ်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​နေ​ရာ​မှ​ထ​ပြီး​ရှေ့​သို့​သွား​၍​ရပ်​၏။-
LUK 6:9 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ပ​ညတ်​တ​ရား​အ​ရ ဥ​ပုသ်​နေ့​၌ အ​ကောင်း​ကို​ပြု​အပ်​သ​လော၊ အ​ဆိုး ကို​ပြု​အပ်​သ​လော၊ လူ့​အ​သက်​ကို​ကယ်​အပ် သ​လော၊ သတ်​အပ်​သ​လော၊ သင်​တို့​အား​ငါ​မေး​၏'' ဟု​မိန့်​တော်​မူ​၏။-
LUK 6:10 ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင့်​လက်​ကို ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လက်​ကို ဆန့်​လိုက်​သော​အ​ခါ အ​ကောင်း​ပ​က​တိ​ဖြစ် လေ​၏။
LUK 6:11 ဖာ​ရိ​ရှဲ​တို့​သည်​များ​စွာ​ဒေါ​သ​ဖြစ်​လျက် သ​ခင်​ယေ​ရှု​အား​အ​ဘယ်​သို့​အ​ရေး​ယူ​ရ မည်​ကို​တိုင်​ပင်​ကြ​၏။
LUK 6:12 ထို​နောက်​ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တစ်​ည​လုံး​ဘု​ရား သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။-
LUK 6:13 မိုး​လင်း​သော​အ​ခါ​တ​ပည့်​တော်​တို့​ကို​အ​ထံ တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ထို​သူ​တို့​အ​နက် တစ်​ဆယ့်​နှစ်​ပါး​ကို​ရွေး​ချယ်​၍​တ​မန်​တော် နာ​မည်​ဖြင့်​သ​မုတ်​တော်​မူ​၏။-
LUK 6:14 ထို​တစ်​ဆယ့်​နှစ်​ပါး​ကား​ပေ​တ​ရု​ဟု​ကိုယ်​တော် မှည့်​ခေါ်​သူ​ရှိ​မုန်​နှင့်​ရှိ​မုန်​၏​ညီ​အန္ဒြေ၊ ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊-
LUK 6:15 မ​ဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်၊-
LUK 6:16 ယာ​ကုပ်​၏​သား​ယု​ဒ​နှင့်​နောင်​အ​ခါ​ကိုယ်​တော် ကို​သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။
LUK 6:17 ကိုယ်​တော်​သည်​တ​မန်​တော်​တို့​နှင့်​အ​တူ​တောင် ပေါ်​က​ဆင်း​သက်​တော်​မူ​၍​မြေ​ညီ​ရာ​သို့​ရောက် တော်​မူ​၏။ ထို​နေ​ရာ​မှာ​တ​ပည့်​တော်​စု​ကြီး တစ်​စု​အ​ပြင်၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ​တု​ရု၊ ဇိ​ဒုန်​မြို့​များ​မှ​လည်း​ကောင်း​လာ​ကြ​သူ အ​မြောက်​အ​မြား​ရှိ​၏။-
LUK 6:18 ထို​သူ​တို့​သည်​ကိုယ်​တော်​၏​တ​ရား​တော်​ကို ကြား​နာ​ရန်​နှင့်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ ပျောက်​ကင်း​စေ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​၏။ ညစ်​ညမ်း​သော​နတ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ​များ လည်း​လာ​၍​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​၏။-
LUK 6:19 ကိုယ်​တော်​၏​ထံ​တော်​မှ​တန်​ခိုး​ထွက်​၍​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​သော​ကြောင့် လူ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​တို့ ထိ​နိုင်​ရန်​ကြိုး​စား​ကြ​၏။
LUK 6:20 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို ကြည့်​တော်​မူ​ပြီး​လျှင် ``ဆင်း​ရဲ​သူ​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​သင်​တို့​၏​နိုင်​ငံ ဖြစ်​၏။
LUK 6:21 ``ယ​ခု​အ​ခါ​ဆာ​ငတ်​နေ​သူ​တို့၊သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ဝ​ပြော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ ``ငို​ကြွေး​နေ​ကြ​သူ​တို့၊သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ရယ်​မော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။
LUK 6:22 ``လူ​သား​ကြောင့်​သင်​တို့​ကို​လူ​များ​မုန်း​ကြ​သော အ​ခါ​၌​လည်း​ကောင်း၊ ပစ်​ပယ်​ကြ​သော​အ​ခါ​၌ လည်း​ကောင်း၊ သင်​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ရှုတ်​ချ ကြ​သော​အ​ခါ​၌​လည်း​ကောင်း​သင်​တို့​သည်​မင်္ဂလာ ရှိ​ကြ​၏။-
LUK 6:23 ထို​သို့​တွေ့​ကြုံ​ခံ​စား​ရ​သော​အ​ခါ​ဝမ်း​မြောက် ကြ​လော့။ ရွှင်​မြူး​သ​ဖြင့်​က​ခုန်​ကြ​လော့။ ကောင်း ကင်​ဘုံ​တွင်​သင်​တို့​ရ​မည့်​အ​ကျိုး​ကား​ကြီး လှ​၏။ ဤ​သို့​သင်​တို့​အား​ပြု​ကျင့်​သူ​များ ၏​ဘိုး​ဘေး​များ​သည်​ရှေး​ပ​ရော​ဖက်​တို့​ကို ဤ​နည်း​အ​တိုင်း​ပင်​နှိပ်​စက်​ခဲ့​ကြ​၏။
LUK 6:24 ``သို့​သော်​ကြွယ်​ဝ​ချမ်း​သာ​သူ​တို့၊သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ယ​ခု​ဘ​ဝ​၌​သက်​သာ​စွာ​နေ​ထိုင် ရ​ကြ​၏။
LUK 6:25 ``ယ​ခု​အ​ခါ​ဝ​စွာ​စား​သောက်​ရ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ဆာ​ငတ်​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ ယ​ခု​အ​ခါ​ရယ်​မော​ကြ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ပူ​ဆွေး​ငို​ယို​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။
LUK 6:26 ``လူ​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ချီး​မွမ်း ကြ​သော​အ​ခါ​သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ ဤ​သူ​တို့​၏​ဘိုး​ဘေး​များ​သည် မိစ္ဆာ​ပ​ရော​ဖက်​များ​ကို​ဤ​နည်း​အ​တိုင်း ချီး​မွမ်း​ခဲ့​ကြ​လေ​ပြီ။
LUK 6:27 ``သို့​ရာ​တွင်​ငါ​၏​တ​ရား​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​အား​ငါ​ဆို​သည်​ကား​ရန်​သူ​ကို​ချစ်​ကြ လော့။ သင်​တို့​ကို​မုန်း​သူ​အား​ကျေး​ဇူး​ပြု​ကြ လော့။-
LUK 6:28 ကျိန်​ဆဲ​သူ​အား​မေတ္တာ​ပို့​ကြ​လော့။ စော်​ကား သူ​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-
LUK 6:29 သင်​၏​ပါး​တစ်​ဖက်​ကို​ရိုက်​သူ​အား​အ​ခြား ပါး​တစ်​ဖက်​ကို​လည်း​ရိုက်​စေ​ဦး​လော့။ သင် ၏​အ​ပေါ်​အင်္ကျီ​ကို​ယူ​သော​သူ​အား​ရှပ်​အင်္ကျီ ကို​လည်း​ယူ​ခွင့်​ပြု​လော့။-
LUK 6:30 သင့်​ထံ​တွင်​တောင်း​ခံ​လာ​သူ​တိုင်း​အား​ပေး လော့။ သင့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​သော​သူ​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။-
LUK 6:31 ကိုယ်​ကို​ပြု​စေ​လို​သည်​အ​တိုင်း​သူ​တစ်​ပါး တို့​အား​ပြု​ကြ​လော့။
LUK 6:32 ``မိ​မိ​တို့​အား​ချစ်​သူ​များ​ကို​သာ​ချစ်​တုံ့​ပြန် ပါ​မူ အ​ဘယ်​သို့​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို သင်​တို့​ခံ​စား​နိုင်​မည်​နည်း။ အ​ပြစ်​ကူး​သူ များ​ပင်​လျှင်​မိ​မိ​တို့​အား​ချစ်​သူ​တို့​ကို​ချစ် ကြ​၏။-
LUK 6:33 သင်​တို့​အား​ကျေး​ဇူး​ပြု​သူ​များ​ကို​သာ​ကျေး ဇူး​တုံ့​ပြန်​ပါ​မူ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​နိုင်​မည်​နည်း။ အ​ပြစ်​ကူး​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​၏။-
LUK 6:34 ထို​မှ​တစ်​ပါး​ပြန်​လည်​ဆပ်​ပေး​မည်​ဟု​ယုံ​ကြည် သူ​ကို​သာ​လျှင်​သင်​တို့​ချေး​ငှား​ကြ​ပါ​မူ အ​ဘယ် သို့​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​နိုင်​ကြ​ပါ မည်​နည်း။ အ​ပြစ်​ကူး​သူ​များ​ပင်​ပြန်​လည်​ဆပ် ပေး​မည်​ဟု​မျှော်​လင့်​လျက်​အ​ချင်း​ချင်း​အား ချေး​ငှား​ကြ​၏။-
LUK 6:35 သင်​တို့​မူ​ကား​ရန်​သူ​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး ပြု​ကြ​လော့။ တစ်​စုံ​တစ်​ရာ​ကို​ပြန်​လည်​ရ​ရှိ​ရန် မ​မျှော်​လင့်​ဘဲ​ချေး​ငှား​ကြ​လော့။ ယင်း​သို့​ပြု​ပါ မူ​သင်​တို့​သည်​ကြီး​မြတ်​သော​ဆု​လာဘ်​ကို​ရ လျက်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​သား များ​ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​ရှင်​သည်​ကျေး​ဇူး မ​သိ​တတ်​သူ​များ၊ ဆိုး​ညစ်​သူ​များ​အား ကျေး​ဇူး​ပြု​တော်​မူ​၏။-
LUK 6:36 သင်​တို့​၏​အ​ဖ​ဘု​ရား​သည်​သ​နား​ကြင်​နာ တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း​သ​နား ကြင်​နာ​ကြ​လော့။
LUK 6:37 ``သူ​တစ်​ပါး​တို့​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​မ​စစ် ကြော​မ​စီ​ရင်​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး တို့​အား​မ​ရှုတ်​ချ​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင် သည်​သင်​တို့​အား​မ​ရှုတ်​ချ​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​ကြ​လော့။ သို့ မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-
LUK 6:38 သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ​ပေး​ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ရက် ရော​စွာ​ပေး​တော်​မူ​လိမ့်​မည်။ သိပ်​နှိပ်​လှုပ်​ခါ ပြည့်​လျှံ​သော​တောင်း​ပ​မာ​ဏ​ဖြင့်​သင်​တို့​၏ လက်​ထဲ​သို့​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် သူ​တစ်​ပါး​အား​ချိန်​တွယ်​ပေး​သည့်​တောင်း ပ​မာ​ဏ​အ​တိုင်း​ဘု​ရား​သ​ခင်​သည်​သင်​တို့ အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 6:39 ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``မျက်​မ​မြင်​သည်​အ​ခြား​မျက်​မ​မြင် ကို​လမ်း​ပြ​နိုင်​သ​လော။ ထို​သူ​နှစ်​ဦး​လုံး​ပင် တွင်း​ထဲ​သို့​လိမ့်​ကျ​မည်​မ​ဟုတ်​လော။-
LUK 6:40 တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ သို့​ရာ​တွင်​ပ​ညာ သင်​ပြီး​ဆုံး​သော​အ​ခါ​တ​ပည့်​သည်​ဆ​ရာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။''
LUK 6:41 ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​မျက်​စိ​၌​ရှိ သော​သစ်​တုံး​ကြီး​ကို​မ​မြင်​ဘဲ ညီ​အစ်​ကို မျက်​စိ​၌​ရှိ​သော​ငြောင့်​ငယ်​ကို​မြင်​သ​နည်း။-
LUK 6:42 အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား`သင်​၏​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော ဘိ​သ​နည်း။ အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ ၌​ရှိ​သော​သစ်​တုံး​ကြီး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင်​သည်​သင့်​ညီ​အစ်​ကို​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ကောင်း​စွာ​မြင်​၍​ထုတ်​ယူ နိုင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 6:43 ``အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​ကို​မ​သီး​နိုင်။ ညံ့​သော​အ​ပင်​သည်​အ​သီး​ကောင်း​ကို​မ​သီး​နိုင်။-
LUK 6:44 အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း​ကို​သိ​ရ ၏။ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း​လူ​တို့ မ​ဆွတ်​မ​ခူး​နိုင်​ကြ။-
LUK 6:45 ကောင်း​သော​သူ​သည်​ကောင်း​သော​အ​ရာ​များ​နှင့် ပြည့်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ ကောင်း​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သူ​မူ​ကား​ဆိုး​ယုတ်​သော​အ​ရာ​များ ကို​ထုတ်​ဖော်​တတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် စိတ်​နှ​လုံး​တွင်​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ ကို​နှုတ်​က​မြွက်​ဆို​တတ်​သော​ကြောင့်​တည်း။
LUK 6:46 ``သင်​တို့​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့်​ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ် ကြ​သ​နည်း။-
LUK 6:47 ငါ့​ထံ​သို့​လာ​၍​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ ပြီး​လျှင်​လိုက်​လျှောက်​သော​သူ​ကို​ပုံ​ဥ​ပ​မာ​ဖြင့် ပြ​ပေ​အံ့။-
LUK 6:48 ထို​သူ​သည်​မြေ​ကို​နက်​စွာ​တူး​ပြီး​မှ​ကျောက်​ပေါ် တွင်​အုတ်​မြစ်​ချ​၍​အိမ်​ကို​တည်​ဆောက်​သူ​နှင့်​တူ ၏။ ရေ​ကြီး​သော​အ​ခါ​မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို တိုက်​ခတ်​လေ​၏။ သို့​သော်​ရေ​အ​ဟုန်​သည်​အိမ်​ကို မ​လှုပ်​ရှား​စေ​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အိမ် ကို​ခိုင်​ခန့်​စွာ​တည်​ဆောက်​ထား​သော​ကြောင့်​ဖြစ်​၏။-
LUK 6:49 သို့​ရာ​တွင်​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ​ပြီး နောက်​မ​လိုက်​လျှောက်​သော​သူ​မူ​ကား​အုတ်​မြစ် မ​ချ​ဘဲ​မြေ​ပေါ်​မှာ​အိမ်​ကို​တည်​ဆောက်​သူ နှင့်​တူ​၏။ မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို​တိုက်​ခတ် လျှင်​ချက်​ချင်း​ပြို​လဲ​သွား​၏။ ထို​အိမ်​၏ အ​ပျက်​အ​စီး​ကား​ကြီး​လှ​စွာ​တ​ကား'' ဟု မိန့်​တော်​မူ​၏။
LUK 7:1 သ​ခင်​ယေ​ရှု​သည်​လူ​တို့​အား​ဤ​သို့​ဟော​ပြော သွန်​သင်​ပြီး​နောက်​က​ပေ​ရ​နောင်​မြို့​သို့​ကြွ တော်​မူ​၏။-
LUK 7:2 ထို​မြို့​တွင်​တာ​ဝန်​ကျ​သော​တပ်​ခွဲ​မှူး​တစ်​ယောက် ၌​အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။ တပ်​ခွဲ​မှူး​သည်​ထို အ​စေ​ခံ​ကို​အ​လွန်​ချစ်​မြတ်​နိုး​၏။ သူ​သည် ဖျား​နာ​လျက်​သေ​အံ့​ဆဲ​ဆဲ​ဖြစ်​၍​နေ​၏။-
LUK 7:3 တပ်​ခွဲ​မှူး​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​တော်​ကို ကြား​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင် များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ပြီး​လျှင် ကိုယ် တော်​ကြွ​၍​မိ​မိ​အ​စေ​ခံ​အား​ကျန်း​မာ​စေ​ရန် လျှောက်​စေ​၏။-
LUK 7:4 သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​သော​အ​ခါ​ခေါင်း​ဆောင် က ``ထို​တပ်​ခွဲ​မှူး​သည်​အ​ရှင်​၏​ကျေး​ဇူး​ပြု​ခြင်း ကို​ခံ​ထိုက်​သူ​ဖြစ်​ပါ​၏။-
LUK 7:5 အ​ကျွန်ုပ်​တို့​အ​မျိုး​သား​များ​ကို​ချစ်​သော​ကြောင့် တ​ရား​ဇ​ရပ်​တစ်​ဆောင်​ကို​ဆောက်​လုပ်​ပေး​သူ ဖြစ်​ပါ​၏'' ဟု​လေး​နက်​စွာ​ထောက်​ခံ​လျှောက် ထား​ကြ​၏။
LUK 7:6 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​နှင့်​အ​တူ​ကြွ​တော် မူ​၍ တပ်​ခွဲ​မှူး​၏​အိမ်​နှင့်​မ​လှမ်း​မ​ကမ်း​သို့​ရောက် တော်​မူ​၏။ ထို​အ​ခါ​တပ်​ခွဲ​မှူး​သည်​မိတ်​ဆွေ​များ ကို​ကိုယ်​တော်​၏​ထံ​သို့​စေ​လွှတ်​ကာ ``အ​ရှင်၊ ဒုက္ခ ရှာ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန် သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ ထို့​အ​တူ​အ​ကျွန်ုပ် သည်​အ​ရှင်​၏​အ​ထံ​တော်​သို့​လာ​ထိုက်​သူ​မ​ဟုတ် ဟု​ယူ​ဆ​ပါ​၏။-
LUK 7:7 အ​မိန့်​တော်​ကို​သာ​ပေး​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ် ၏​အ​စေ​ခံ​သည်​ကျန်း​မာ​လာ​ပါ​လိမ့်​မည်။-
LUK 7:8 အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​အ​ထက်​အ​ရာ​ရှိ​အောက် တွင်​အ​မှု​ထမ်း​သူ​ဖြစ်​၍ အ​ကျွန်ုပ်​၏​လက်​အောက် တွင်​လည်း​စစ်​သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ် ယောက်​အား `သွား​လော့' ဟု​ဆို​လျှင်​သူ​သည်​သွား ပါ​၏။ အ​ခြား​တစ်​ယောက်​အား `လာ​ခဲ့' ဟု​ဆို​လျှင် လာ​ပါ​၏။ အ​ကျွန်ုပ်​၏​ကျွန်​အား `ဤ​အ​မှု​ကို​ပြု လော့' ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု​လျှောက် ထား​စေ​၏။ ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင်​အံ့​သြ​တော်​မူ​၏။
LUK 7:9 ကိုယ်​တော်​သည်​နောက်​တော်​က​လိုက်​လာ​ကြ သော လူ​ပ​ရိ​သတ်​တို့​ကို​လှည့်​ကြည့်​တော်​မူ လျက် ``ငါ​ဆို​သည်​ကား​ဤ​ကဲ့​သို့​သော​ယုံ​ကြည် ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​မှာ ပင် ငါ​မ​တွေ့​မ​ကြုံ​ဖူး​သေး'' ဟု​မိန့်​တော်​မူ​၏။
LUK 7:10 တပ်​ခွဲ​မှူး​စေ​လွှတ်​လိုက်​သော​သူ​များ​သည်​အိမ် သို့​ပြန်​ရောက်​ကြ​သော​အ​ခါ​ထို​အ​စေ​ခံ​သည် ကျန်း​မာ​လျက်​ရှိ​သည်​ကို​တွေ့​ကြ​၏။
LUK 7:11 ထို​နောက်​ကိုယ်​တော်​သည်​နာ​ဣ​န​မြို့​သို့​ကြွ​တော် မူ​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​လူ​ပ​ရိ​သတ် ကြီး​သည်​လိုက်​ပါ​လာ​ကြ​၏။-
LUK 7:12 မြို့​တံ​ခါး​အ​နီး​သို့​ကိုယ်​တော်​ရောက်​ချိန်​၌ လူ​တို့ သည်​မု​ဆိုး​မ​တစ်​ယောက်​၏​တစ်​ဦး​တည်း​သော သား​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန် မြို့​ပြင်​သို့​ထုတ် ဆောင်​လာ​ကြ​၏။ ထို​မု​ဆိုး​မ​နှင့်​အ​တူ​မြို့​သူ မြို့​သား​တို့​သည်​လိုက်​ပို့​ကြ​၏။-
LUK 7:13 ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင်​သော အ​ခါ​သ​နား​တော်​မူ​သ​ဖြင့် ``မ​ငို​နှင့်'' ဟု သူ့​အား​မိန့်​တော်​မူ​၏။-
LUK 7:14 ထို့​နောက်​အ​နီး​သို့​ကြွ​တော်​မူ​ပြီး​လျှင် အ​လောင်း စင်​ကို​လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​၏။ ထို​အ​ခါ အ​လောင်း​စင်​ထမ်း​သူ​တို့​သည်​ရပ်​တန့်​ကြ​၏။ ကိုယ် တော်​က ``အ​ချင်း​လူ​ငယ်၊ ထ​လော့၊ သင့်​အား​ငါ အ​မိန့်​ပေး​၏'' ဟု​မိန့်​တော်​မူ​ရာ၊-
LUK 7:15 သူ​သေ​သည်​ထိုင်​ပြီး​လျှင်​စ​ကား​ပြော​လေ​၏။ ထို​နောက်​ကိုယ်​တော်​သည်​သူ့​ကို​မိ​ခင်​အား​အပ် ပေး​တော်​မူ​၏။
LUK 7:16 လူ​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက်​ဘု​ရား​သ​ခင် ၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​ကြ​၏။ သူ​တို့ က ``ငါ​တို့​တွင်​ပ​ရော​ဖက်​ကြီး​တစ်​ပါး​ပေါ်​ထွန်း လေ​ပြီ။ ဘု​ရား​သ​ခင်​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရန်​ကြွ​လာ​တော်​မူ​ပြီ'' ဟု​ဂုဏ်​ကျေး​ဇူး တော်​ကို​ချီး​ကူး​ကြ​၏။
LUK 7:17 ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ယု​ဒ​ပြည်​တစ် လျှောက်​လုံး​နှင့်​ပတ်​ဝန်း​ကျင်​တွင်​ပျံ့​နှံ့​သွား​တော့ ၏။
LUK 7:18 ယော​ဟန်​အား​တ​ပည့်​များ​က​ဤ​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​တို့​ကို​ပြော​ကြား​ကြ​၏။ ထို အ​ခါ​သူ​သည်​တ​ပည့်​နှစ်​ယောက်​ကို​ခေါ်​ပြီး လျှင်​သ​ခင်​ယေ​ရှု​ထံ​သို့​စေ​လွှတ်​လျက်၊-
LUK 7:19 ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ်​အ​ခြား ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည်​လော'' ဟု မေး​လျှောက်​စေ​၏။
LUK 7:20 ထို​သူ​နှစ်​ယောက်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ ကြ​ပြီး​နောက် ``ကိုယ်​တော်​သည်​ကြွ​လာ​တော်​မူ မည်​ဟု​ဆို​သော​အ​ရှင်​ပေ​လော။ သို့​တည်း​မ​ဟုတ် အ​ခြား​ပ္ဂိုလ်​တစ်​ဦး​ကို​စောင့်​မျှော်​ရ​ပါ​မည် လော။ ဤ​သို့​မေး​လျှောက်​ရန်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် က​အ​ကျွန်ုပ်​တို့​ကို​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။
LUK 7:21 ထို​အ​ခါ​၌​ကိုယ်​တော်​သည်​လူ​တို့​၏​ရော​ဂါ ဝေ​ဒ​နာ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။ နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍​မျက်​မ​မြင်​များ​ကို မျက်​စိ​မြင်​စေ​တော်​မူ​၏။-
LUK 7:22 ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို​ယော​ဟန်​ထံ​သွား​၍​ပြော​ကြား​လော့။ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ကို​ပြန်​လည် ရ​ရှိ​ကြ​၏။ ခြေ​ကျိုး​သူ​များ​လမ်း​လျှောက်​ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​သည်​များ​သန့်​စင်​သွား​ကြ ၏။ နား​ပင်း​သူ​များ​နား​ကြား​ရ​ကြ​၏။ သေ သူ​များ​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-
LUK 7:23 ငါ့​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​သည်​မင်္ဂ လာ​ရှိ​၏'' ဟု​ယော​ဟန်​၏​တ​ပည့်​များ​အား ဖြေ​ကြား​တော်​မူ​၏။
LUK 7:24 ယော​ဟန်​တ​ပည့်​များ​အ​ထံ​တော်​မှ​ထွက်​သွား ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယော​ဟန် အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ်​တို့ အား ``သင်​တို့​သည်​အ​ဘယ်​အ​ရာ​ကို​ကြည့်​ရှု ရန်​တော​ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက် ၍​လှုပ်​သော​ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-
LUK 7:25 ထို​သို့​မ​ဟုတ်​ပါ​မူ​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင် ထား​သူ​ကို​ကြည့်​ရှု​ကြ​ရန်​လော။ ဝတ်​ကောင်း​စား လှ​ဝတ်​ဆင်​ကာ​စည်း​စိမ်​ခံ​သူ​များ​ကား​မင်း အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-
LUK 7:26 ထို​သို့​မ​ဟုတ်​ပါ​မူ​ပ​ရော​ဖက်​ကို​ကြည့်​ရှု​ရန် လော။ မှန်​ပေ​၏။ ပ​ရော​ဖက်​ထက်​ကြီး​မြတ်​သူ ကို​ကြည့်​ရှု​ရန်​ဖြစ်​၏။-
LUK 7:27 ကျမ်း​စာ​တော်​တွင် `နား​ထောင်​လော့၊ သင်​၏​လမ်း ကို​အ​သင့်​ဖြစ်​စေ​ရန် ငါ​၏​စေ​တ​မန်​ကို​သင့် အ​လျင်​စေ​လွှတ်​မည်' ဟု​ဖော်​ပြ​ထား​၏။ ယော​ဟန်​ကား​ထို​စေ​တ​မန်​ပင်​ဖြစ်​၏။-
LUK 7:28 အ​မျိုး​သ​မီး​များ​မှ​ဖွား​မြင်​သူ​များ​အ​နက် ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​သူ​တို့​တွင် အ​သိမ်​ငယ်​ဆုံး​သော​သူ​သည်​ယော​ဟန်​ထက် ကြီး​မြတ်​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 7:29 လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​ကြား​ကြ​၏။ ထို​သူ​တို့​အ​နက်​အ​ထူး​သ​ဖြင့် အ​ခွန်​ခံ​သူ​များ​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မှန် သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​၍ ယော​ဟန် ထံ​မှ​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ခဲ့​သူ​များ​ဖြစ် ကြ​၏။-
LUK 7:30 သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​မူ ကား မိ​မိ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထား​ရှိ​တော် မူ​သော​အ​ကြံ​အ​စည်​တော်​ကို​ပစ်​ပယ်​သူ​များ ဖြစ်​ကြ​သ​ဖြင့် ယော​ဟန်​ထံ​တွင်​ဗတ္တိ​ဇံ​ကို မ​ခံ​မ​ယူ​ကြ။
LUK 7:31 ကိုယ်​တော်​က ``ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ ဥ​ပ​မာ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သူ​တို့​သည်​အ​ဘယ် သူ​များ​နှင့်​တူ​ကြ​သ​နည်း။-
LUK 7:32 သူ​တို့​ကား​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် `ငါ​တို့ သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း​သင်​တို့​သည် မ​က​မ​ခုန်။ ငါ​တို့​ငို​ချင်း​ကို​ဆို​သော်​လည်း သင်​တို့​သည်​မ​ငို​မ​ကြွေး' ဟု​အ​ချင်း​ချင်း အော်​ဟစ်​ပြော​ဆို​သော​က​လေး​သူ​ငယ်​များ နှင့်​တူ​၏။-
LUK 7:33 အ​ဘယ်​ကြောင့်​ဆို​သော်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည်​အ​စား​အ​စာ​ကို​မ​စား၊ စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​လာ​သော​အ​ခါ​သင်​တို့​က `ဤ သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ' ဟု​ဆို​ကြ​၏။-
LUK 7:34 လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​သင်​တို့​က `ကြည့်​လော့၊' ဤ​သူ​သည်​စား ကြူး​သူ​ဖြစ်​သည်။ အ​ခွန်​ခံ​သူ​များ​နှင့်​အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​မိတ်​ဖွဲ့​သူ​ဖြစ်​သည်' ဟု ဆို​ကြ​၏။-
LUK 7:35 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ရွှေ​ဉာဏ်​တော်​ကို လက်​ခံ​သူ​အ​ပေါင်း​တို့​က ထို​ရွှေ​ဉာဏ်​တော် သည်​မှန်​ကန်​ကြောင်း​ကို​ပြ​သ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
LUK 7:36 ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​မိ​မိ နှင့်​အ​တူ​ည​စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ် ၏။ ကိုယ်​တော်​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​သို့​ဝင်​၍​စား ပွဲ​တွင်​ထိုင်​တော်​မူ​၏။-
LUK 7:37 ထို​မြို့​တွင်​အ​ပြစ်​ကူး​သူ​အ​မျိုး​သမီး​တစ် ယောက်​ရှိ​၏။ သူ​သည်​ဖာ​ရိ​ရှဲ​၏​အိမ်​တွင်​ကိုယ်​တော် ည​စာ​သုံး​ဆောင်​တော်​မူ​ကြောင်း​ကို​သိ​သော​အ​ခါ ဆီ​မွှေး​ကျောက်​ဖြူ​ဘူး​တစ်​လုံး​ကို​ယူ​ဆောင်​ပြီး လျှင် ကိုယ်​တော်​၏​နောက်​၌​ခြေ​တော်​ရင်း​တွင် ရပ်​လျက်​ငို​ယို​ကာ​နေ​၏။-
LUK 7:38 သူ​၏​မျက်​ရည်​သည်​ကိုယ်​တော်​၏​ခြေ​များ အ​ပေါ်​သို့​ကျ​သည်​ရှိ​သော်​မိ​မိ​၏​ဆံ​ပင် ဖြင့်​သုတ်​၏။ ထို​နောက်​ထို​အ​မျိုး​သ​မီး​သည် ကိုယ်​တော်​၏​ခြေ​များ​ကို​နမ်း​ရှုပ်​ပြီး​လျှင် ဆီ​မွှေး​ဖြင့်​သုတ်​လိမ်း​လျက်​နေ​၏။-
LUK 7:39 ကိုယ်​တော်​အား​ပင့်​ဖိတ်​သူ​ဖာ​ရိ​ရှဲ​သည်​ဤ အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ``ဤ​သူ​သည်​ပ​ရော ဖက်​ဖြစ်​ပါ​မူ သူ​၏​ခြေ​ကို​ကိုင်​သော​အ​မျိုး သ​မီး​သည်​အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း ကောင်း၊ အ​ဘယ်​သို့​သော​အ​ပြစ်​ကူး​လွန်​သည့် အ​မျိုး​သ​မီး​ဖြစ်​သည်​ကို​လည်း​ကောင်း သိ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။
LUK 7:40 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က​ထို​သူ​အား ``ရှိ​မုန်၊ သင့်​အား​ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။ ရှိ​မုန်​က ``ဆ​ရာ​တော်၊အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
LUK 7:41 သ​ခင်​ယေ​ရှု​က ``ငွေ​ချေး​စား​သူ​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​က​ငွေ​ဒင်္ဂါး ငါး​ရာ၊ အ​ခြား​တစ်​ဦး​က​ငါး​ဆယ်​အ​ကြွေး တင်​၏။-
LUK 7:42 သူ​တို့​သည်​အ​ကြွေး​မ​ဆပ်​နိုင်​သ​ဖြင့်​ကြွေး​ရှင် သည် ထို​သူ​နှစ်​ဦး​လုံး​၏​အ​ကြွေး​အား​လုံး​ကို လျှော်​ပစ်​လိုက်​၏။ ထို​သူ​နှစ်​ဦး​အ​နက်​အ​ဘယ် သူ​သည် ကြွေး​ရှင်​ကို​ပို​၍​မေတ္တာ​ရှိ​လိမ့်​မည် နည်း'' ဟု​မေး​တော်​မူ​၏။
LUK 7:43 ရှိ​မုန်​က ``ငွေ​ပို​၍​လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​သည် ပို​၍​မေတ္တာ​ရှိ​မည်​ထင်​ပါ​သည်'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``သင့်​ယူ​ဆ​ချက်​သည်​မှန်​ပေ​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 7:44 ထို​နောက်​အ​မျိုး​သ​မီး​၏​ဘက်​ကို​လှည့်​၍ ရှိ​မုန်​အား ``သင်​သည်​ဤ​အ​မျိုး​သ​မီး​ကို မြင်​သ​လော။ ငါ​သည်​သင်​၏​အိမ်​သို့​ဝင်​သော အ​ခါ သင်​သည်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့ ရာ​တွင်​သူ​သည်​မျက်​ရည်​ဖြင့် ငါ့​ခြေ​ကို ဆေး​၍​ဆံ​ပင်​ဖြင့်​သုတ်​လေ​ပြီ။-
LUK 7:45 သင်​သည်​ငါ့​ကို​မ​နမ်း။ ထို​အ​မျိုး​သ​မီး သည်​ဤ​အိမ်​သို့​ဝင်​ချိန်​မှ​စ​၍​ငါ​၏​ခြေ ကို​အ​ဆက်​မ​ပြတ်​နမ်း​လေ​ပြီ။-
LUK 7:46 သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။-
LUK 7:47 ထို​သို့​ပြေ​လွတ်​ကြောင်း​ကို​သူ​၏​ကြီး​မား​သော မေတ္တာ​က​သက်​သေ​ခံ​၏။ အ​ပြစ်​အ​နည်း​ငယ်​သာ ပြေ​လွတ်​သူ​မူ​ကား​အ​နည်း​ငယ်​သာ​လျှင်​ချစ် တတ်​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 7:48 ထို​နောက်​ကိုယ်​တော်​က ``သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​အ​မျိုး​သ​မီး​အား​မိန့်​တော်​မူ​၏။
LUK 7:49 ကိုယ်​တော်​နှင့်​အ​တူ​ည​စာ​စား​နေ​ကြ​သူ​တို့ သည် ``အ​ပြစ်​ကို​ပင်​ဖြေ​လွှတ်​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
LUK 7:50 သို့​ရာ​တွင်​ကိုယ်​တော်​က​ထို​အ​မျိုး​သ​မီး အား ``သင်​၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ကို​ကယ် တင်​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့'' ဟု​မိန့် တော်​မူ​၏။
LUK 8:1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ကိုယ်​တော်​သည် မြို့​ရွာ​များ​ကို​ဖြတ်​ကြွ​လျက် ဘု​ရား​သ​ခင် နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​တော်​မူ​၏။-
LUK 8:2 တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည်​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ အ​နာ​ရော​ဂါ​ဘေး၊ နတ်​မိစ္ဆာ​ဘေး​မှ​ကိုယ်​တော်​ကင်း​လွတ်​စေ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​တို့​လည်း​လိုက်​ပါ​လာ​ကြ​၏။ ထို​သူ​တို့​အ​နက်​နတ်​မိစ္ဆာ​ခု​နစ်​ဖော်​စွန့်​ခွာ​သွား သော​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊-
LUK 8:3 ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။
LUK 8:4 အ​မြို့​မြို့​မှ​လာ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​တွင်​စု​ရုံး​လျက်​နေ​ကြ​စဉ်​ကိုယ် တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊-
LUK 8:5 ``မျိုး​ကြဲ​သူ​သည်​မျိုး​ကြဲ​ရန်​ထွက်​သွား​၏။ မျိုး​ကြဲ သော​အ​ခါ​အ​ချို့​မျိုး​စေ့​များ​သည်​လမ်း​တွင်​ကျ​၏။ ထို​မျိုး​စေ့​တို့​ကို​လူ​များ​ကျော်​နင်း​၍​ငှက်​များ ကောက်​စား​ကြ​၏။-
LUK 8:6 အ​ချို့​မျိုး​စေ့​များ​သည်​ကျောက်​မြေ​ပေါ်​တွင်​ကျ ၏။ အ​ပင်​များ​ပေါက်​ပြီး​နောက်​ရေ​မ​ရ​သ​ဖြင့် ညှိုး​နွမ်း​ခြောက်​သွေ့​ကုန်​၏။-
LUK 8:7 အ​ချို့​မျိုး​စေ့​များ​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​သည်​အ​ပင်​ငယ်​များ​နှင့်​အ​တူ​ကြီး​ထွား​လာ ပြီး​လျှင်​ထို​အ​ပင်​ငယ်​တို့​ကို​လွှမ်း​မိုး​သွား​၏။-
LUK 8:8 အ​ချို့​မျိုး​စေ့​များ​ကား​မြေ​ကောင်း​မြေ​သန့်​တွင်​ကျ သ​ဖြင့်​အ​ပင်​ပေါက်​၍​အ​ဆ​တစ်​ရာ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက် ``ကြား တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု ကြွေး​ကြော်​တော်​မူ​၏။
LUK 8:9 တ​ပည့်​တော်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-
LUK 8:10 ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း အ​ရာ​များ​ကို​သိ​နား​လည်​ရ​ကြ​၏။ အ​ခြား သူ​တို့​မူ​ကား​ကြည့်​လျက်​နှင့်​မ​မြင်၊ ကြား​လျက် နှင့်​နား​မ​လည်၊ ပုံ​ဥ​ပ​မာ​များ​အား​ဖြင့်​ဟော​ရ​၏။
LUK 8:11 ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​ဤ​သို့ တည်း။ မျိုး​စေ့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဆို​လို​၏။-
LUK 8:12 လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သူ​များ​ကို​ဆို​လို​၏။ သို့ ရာ​တွင်​မာရ်​နတ်​သည်​ထို​သူ​တို့​ယုံ​ကြည်​၍ ကယ် တင်​ခြင်း​ခံ​ရ​ကြ​မည်​စိုး​သ​ဖြင့်​လာ​၍ သူ​တို့​၏ စိတ်​နှ​လုံး​ထဲ​မှ​နှုတ်​က​ပတ်​တ​ရား​တော်​ကို နုတ်​ယူ​သွား​၏။-
LUK 8:13 ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။-
LUK 8:14 ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။-
LUK 8:15 မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သော​မျိုး​စေ့​မူ​ကား နှုတ်​က​ပတ်​တော်​ကို​ကြား​ပြီး​နောက် ရိုး​ဖြောင့် ကောင်း​မွန်​သော​စိတ်​နှ​လုံး​တွင်​စွဲ​မြဲ​စွာ​ခံ​ယူ ကာ​အ​သီး​သီး​သူ​များ​ကို​ဆို​လို​သ​တည်း။
LUK 8:16 ``ဆီ​မီး​ကို​ထွန်း​ပြီး​လျှင်​တောင်း​ဖြင့်​အုပ်​ထား ခြင်း၊ ခု​တင်​အောက်​မှာ​ထား​ခြင်း​ကို​အ​ဘယ်​သူ မျှ​မ​ပြု​တတ်။ အ​ခန်း​ထဲ​သို့​ဝင်​လာ​သူ​များ အ​လင်း​ကို​မြင်​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။
LUK 8:17 ``ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ် လာ​ရ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​ဟူ​သ​မျှ သည်​ပေါ်​လွင်​ထင်​ရှား​လာ​ရ​မည်။
LUK 8:18 ``သို့​ဖြစ်​၍​သင်​တို့​မည်​သို့​မည်​ပုံ​ကြား​နာ​သည် ကို​သ​တိ​ပြု​ကြ​လော့။ ရှိ​သူ​အား​ထပ်​၍​ပေး လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ​သည်​ဟု​ထင်​ရ​သော အ​ရာ​ရှိ​သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
LUK 8:19 ကိုယ်​တော်​၏​မယ်​တော်​နှင့်​ညီ​တော်​များ​သည် အ​ထံ​တော်​သို့​လာ​ကြ​၏။ သို့​ရာ​တွင်​လူ​ပ​ရိ သတ်​တိုး​မ​ပေါက်​သ​ဖြင့်​ကိုယ်​တော်​အား​တွေ့ ခွင့်​မ​ရ​နိုင်​ကြ။-
LUK 8:20 လူ​တို့​က ``မယ်​တော်​နှင့်​ညီ​တော်​များ​သည်​အ​ရှင့် ကို​တွေ့​လို​သ​ဖြင့်​အ​ပြင်​တွင်​စောင့်​နေ​ကြ​ပါ သည်'' ဟု​လျှောက်​ကြ​၏။
LUK 8:21 ထို​အ​ခါ​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တော်​ကို​ကြား​၍​လိုက်​လျှောက်​သူ​တို့​ကား ငါ​၏​အ​မိ၊ ငါ​၏​ညီ​များ​ပေ​တည်း'' ဟု​မိန့်​တော် မူ​၏။
LUK 8:22 တစ်​နေ့​သ​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် လှေ​ပေါ်​ကို​တက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​က ``အိုင် တစ်​ဖက်​ကို​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ရွက်​လွှင့်​ကြ​၏။-
LUK 8:23 သို့​ရွက်​လွှင့်​ကြ​စဉ်​ကိုယ်​တော်​သည်​အိပ်​စက်​လျက် နေ​တော်​မူ​၏။ ထို​အ​ချိန်​၌​အိုင်​တွင်​လေ​မုန်​တိုင်း ကျ​သ​ဖြင့်​လှေ​သည်​ရေ​နှင့်​ပြည့်​လု​မ​တတ်​ရှိ လေ​၏။ တ​ပည့်​တော်​တို့​သည်​ရေ​နစ်​မည့်​ဘေး​နှင့် တွေ့​ကြုံ​ရ​ကြ​၏။-
LUK 8:24 သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-
LUK 8:25 ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
LUK 8:26 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​ရ​စ​နယ် သို့​ရွက်​လွှင့်​ကြ​၏။ ဂါ​ရ​စ​သည်​ဂါ​လိ​လဲ​ပြည် အိုင်​တစ်​ဖက်​ကမ်း​တွင်​ရှိ​၏။-
LUK 8:27 ကိုယ်​တော်​သည်​ကမ်း​ပေါ်​သို့​တက်​သော​အ​ခါ မြို့​သား​တစ်​ဦး​သည်​ကိုယ်​တော်​ကို​လာ​ရောက် တွေ့​ဆုံ​၏။ ထို​သူ​ကို​နတ်​မိစ္ဆာ​ပူး​ကပ်​နေ​သည် မှာ​ကာ​လ​ကြာ​လေ​ပြီ။ သူ​သည်​အ​ဝတ်​ကို မ​ဝတ်၊ အိမ်​တွင်​လည်း​မ​နေ၊ သင်္ချိုင်း​ဂူ​များ တွင်​သာ​နေ​၏။-
LUK 8:28 သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​သူ​သည်​အော်​ဟစ်​ပြီး လျှင်​ရှေ့​တော်​မှာ​ပျပ်​ဝပ်​လျက် ``အ​မြင့်​မြတ်​ဆုံး သော​ဘု​ရား​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်'' ဟု ကျယ်​စွာ​လျှောက်​ထား​၏။-
LUK 8:29 သို့​လျှောက်​ထား​ရ​သည့်​အ​ကြောင်း​မှာ​ကိုယ်​တော် သည်​ညစ်​ညမ်း​သော​နတ်​အား​ထို​သူ​၏​အ​ထဲ​မှ ထွက်​ခဲ့​ရန်​အ​မိန့်​ပေး​လိုက်​သော​ကြောင့်​ဖြစ်​၏။ နတ်​မိစ္ဆာ​သည်​ထို​သူ​ကို​ကြိမ်​ဖန်​များ​စွာ​ပူး​ကပ် ခဲ့​၏။ သူ​၏​ခြေ​လက်​တို့​ကို​သံ​ကြိုး​များ​ဖြင့် ချည်​နှောင်​ဖမ်း​ချုပ်​စောင့်​ကြပ်​ထား​သော်​လည်း သူ​သည်​သံ​ကြိုး​များ​ကို​ချိုး​ဖြတ်​၍​တော ကန္တာ​ရ​သို့​ထွက်​ပြေး​တတ်​၏။
LUK 8:30 သ​ခင်​ယေ​ရှု​က​နတ်​မိစ္ဆာ​အား ``သင့်​နာ​မည် ကား​အ​ဘယ်​နည်း'' ဟု​မေး​တော်​မူ​၏။ ``အ​ကျွန်ုပ်​နာ​မည်​မှာ​လေ​ဂေါင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​၏။ ဤ​သို့​လျှောက်​ရ​သည့်​အ​ကြောင်း မှာ​ထို​သူ​အား​နတ်​မိစ္ဆာ​များ​စွာ​ပူး​ကပ်​နေ​သော ကြောင့်​ဖြစ်​၏။-
LUK 8:31 နတ်​မိစ္ဆာ​တို့​သည် ``အ​ကျွန်ုပ်​တို့​အား​တွင်း​နက်​ကြီး ထဲ​သို့​လား​စေ​ရန်​အ​မိန့်​ပေး​တော်​မ​မူ​ပါ​နှင့်'' ဟု​တောင်း​ပန်​ကြ​၏။
LUK 8:32 ထို​အ​ချိန်​၌​ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​တောင်​ကုန်း ပေါ်​တွင်​ကျက်​စား​လျက်​ရှိ​၏။ နတ်​မိစ္ဆာ​များ​သည် ထို​ဝက်​များ​ကို​ပူး​ဝင်​ခွင့်​ပြု​ရန်​ကိုယ်​တော်​အား တောင်း​ပန်​ကြ​၏။-
LUK 8:33 ကိုယ်​တော်​ခွင့်​ပြု​တော်​မူ​သ​ဖြင့်​နတ်​မိစ္ဆာ​များ​သည် လူ​မှ​ခွာ​၍​ဝက်​များ​ကို​ပူး​ဝင်​ကြ​၏။ ထို​အ​ခါ ဝက်​အုပ်​တစ်​အုပ်​လုံး​သည်​အိုင်​ကမ်း​စောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း​ပြီး​လျှင်​ရေ​နစ်​သေ ဆုံး​ကြ​ကုန်​၏။
LUK 8:34 ဤ​သို့​ဖြစ်​ပျက်​သည့်​အ​ခြင်း​အ​ရာ​ကို​ဝက်​ထိန်း တို့​မြင်​သော​အ​ခါ​ထွက်​ပြေး​ကြ​၏။ သူ​တို့​သည် မြို့​နှင့်​ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို​အ​နှံ့​အ​ပြား​ပြော​ကြား ကြ​၏။-
LUK 8:35 လူ​တို့​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​ကြည့်​ရန်​လာ ကြ​၏။ သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​ရောက်​ကြ​သော် နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​အ​ဝတ်​ဝတ် လျက် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​အ​ကောင်း ပ​က​တိ​ထိုင်​လျက်​နေ​သည်​ကို​မြင်​ကြ​လျှင် ကြောက်​ရွံ့​ကြ​၏။-
LUK 8:36 မျက်​မြင်​သက်​သေ​များ​က​လည်း​ထို​သူ​နတ်​မိစ္ဆာ ဘေး​မှ​ကင်း​လွတ်​လာ​ပုံ​ကို​လူ​တို့​အား​ပြော​ပြ ကြ​၏။-
LUK 8:37 ထို​အ​ခါ​ဂါ​ရ​စ​နယ်​က​လူ​အ​ပေါင်း​တို့ သည်​လွန်​စွာ​ကြောက်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့ အ​ရပ်​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ​ရန်​ကိုယ်​တော် အား​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၏။-
LUK 8:38 နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။-
LUK 8:39 သို့​ရာ​တွင်​ကိုယ်​တော်​က ``အိမ်​သို့​ပြန်​၍​ဘု​ရား သ​ခင်​သည် သင့်​အား​မည်​မျှ​ကျေး​ဇူး​ပြု​တော် မူ​ကြောင်း​ကို​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​ထံ​တော်​မှ​ထွက်​သွား​ပြီး​လျှင် မိ​မိ​အား​သ​ခင်​ယေ​ရှု​မည်​သို့​ကျေး​ဇူး​ပြု တော်​မူ​ကြောင်း​ကို​တစ်​မြို့​လုံး​အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။
LUK 8:40 သ​ခင်​ယေ​ရှု​ပြန်​လည်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​စောင့်​မျှော်​နေ ကြ​သည့်​အ​လျောက်​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။-
LUK 8:41 ထို​အ​ခါ​ယာ​ဣ​ရု​ဆို​သူ​သည်​ထံ​တော်​သို့​ရောက် လာ​၏။ သူ​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​ဖြစ် ၏။ ကိုယ်​တော်​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​ကာ​သူ ၏​အိမ်​သို့​ကြွ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း ပန်​၏။-
LUK 8:42 ဤ​သို့​တောင်း​ပန်​ရ​သည့်​အ​ကြောင်း​မှာ​သူ​၏ တစ်​ဦး​တည်း​သော​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ် သ​မီး​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​နေ​သော​ကြောင့် ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​နှင့်​အ​တူ​လိုက်​သွား​သော အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို တိုး​ဝှေ့​မိ​ကြ​၏။-
LUK 8:43 အ​မျိုး​သ​မီး​တစ်​ယောက်​သည်​တစ်​ဆယ့်​နှစ် နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ခဲ့​၏။ မိ​မိ​တွင် ရှိ​သ​မျှ​ကြေး​ငွေ​များ​ကို​အ​ကုန်​ခံ​၍​ဆေး ဆ​ရာ​များ​နှင့်​ကု​သ​သော်​လည်း အ​ဘယ် ဆေး​ဆ​ရာ​မျှ​ရော​ဂါ​ကို​မ​ပျောက်​စေ​နိုင်။-
LUK 8:44 ထို​အ​မျိုး​သ​မီး​သည်​ကိုယ်​တော်​၏​နောက်​က ကပ်​လိုက်​လျက်​အ​ဝတ်​တော်​ပန်း​ဖွား​ကို​တို့​ထိ လေ​၏။ ထို​ခ​ဏ​၌​သွေး​သွန်​နာ​ပျောက်​သွား​၏။-
LUK 8:45 သ​ခင်​ယေ​ရှု​က ``ငါ့​ကို​အ​ဘယ်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​မြန်း​တော်​မူ​၏။ လူ​အ​ပေါင်း တို့​က​မိ​မိ​တို့​မ​တို့​မ​ထိ​ရ​ကြ​ကြောင်း​ငြင်း ဆို​ကြ​သော​အ​ခါ​ပေ​တ​ရု​နှင့်​အ​ပေါင်း​အ​ဖော် များ​က ``အ​ရှင်၊ လူ​ပ​ရိ​သတ်​တို့​သည်​အ​ရှင့်​ကို တိုး​ဝှေ့​နေ​ကြ​ပါ​၏။ သို့​ပါ​လျက်​ငါ့​ကို​အ​ဘယ် သူ​တို့​ထိ​သ​နည်း​ဟု​အ​ရှင်​မိန့်​တော်​မူ​ပါ သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
LUK 8:46 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​က ``လူ​တစ်​စုံ​တစ်​ယောက် သည်​အ​မှန်​ပင်​ငါ့​ကို​တို့​ထိ​လေ​ပြီ။ ငါ​၏​ကိုယ်​မှ တန်​ခိုး​ထွက်​သွား​သည်​ကို​ငါ​သိ​၏'' ဟု​မိန့်​တော် မူ​၏။-
LUK 8:47 အ​မျိုး​သ​မီး​သည်​မိ​မိ​ပြု​သည့်​အ​မှု​ပေါ်​သွား ကြောင်း​သိ​ရှိ​သော​အ​ခါ တုန်​လှုပ်​လျက်​ရှေ့​တော် သို့​လာ​၍​ပျပ်​ဝပ်​၏။ ထို​နောက်​ကိုယ်​တော်​အား အ​ဘယ်​ကြောင့်​တို့​ထိ​ရ​သည့်​အ​ကြောင်း​ကို လည်း​ကောင်း၊ ချက်​ချင်း​ပင်​မိ​မိ​၏​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​လည်း​ကောင်း​လူ အ​ပေါင်း​တို့​၏​ရှေ့​တွင်​လျှောက်​၏။-
LUK 8:48 ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း သည်​သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ သွား​ပေ​တော့'' ဟု​မိန့်​တော်​မူ​၏။
LUK 8:49 ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ချိန်​၌​တ​ရား​ဇ​ရပ် အုပ်​ချုပ်​ရေး​မှူး​၏​အိမ်​မှ​လူ​တစ်​ယောက်​ရောက်​လာ ၏။ ``အ​ရှင်​၏​သ​မီး​သေ​ဆုံး​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​တော်​ကို​နှောင့်​ယှက်​ပါ​တော့​မည်​နည်း'' ဟု ပြော​၏။
LUK 8:50 ထို​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် တ​ရား​ဇ​ရပ်​မှူး​အား ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ ယုံ​ကြည်​ခြင်း​သာ​ရှိ​စေ​လော့။ သူ​ငယ်​မ​သည် ကျန်း​မာ​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။
LUK 8:51 ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှူး​၏​အိမ်​သို့​ဝင် သော​အ​ခါ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​သူ​ငယ် မ​၏​မိ​ဘ​များ​မှ​တစ်​ပါး​မည်​သူ​ကို​မျှ မိ​မိ နှင့်​အ​တူ​ဝင်​စေ​တော်​မ​မူ။-
LUK 8:52 သူ​ငယ်​မ​သေ​သည့်​အ​တွက် လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​လျက်​နေ​ကြ​၏။ ကိုယ်​တော် က ``မ​ငို​ကြွေး​ကြ​နှင့်။ သူ​ငယ်​မ​သေ​သည် မ​ဟုတ်၊ အိပ်​လျက်​နေ​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 8:53 ထို​အ​ခါ​လူ​တို့​သည်​သူ​ငယ်​မ​သေ​ဆုံး​ပြီး ကြောင်း​ကို​သိ​သ​ဖြင့်​ကိုယ်​တော်​ကို​ပြောင်​လှောင် ကြ​၏။-
LUK 8:54 ကိုယ်​တော်​သည်​သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင် ကာ ``က​လေး​မ၊ ထ​လော့'' ဟု​မိန့်​တော်​မူ​၏။-
LUK 8:55 သူ​ငယ်​မ​သည်​အ​သက်​ပြန်​ဝင်​လာ​၍​ချက်​ချင်း ပင်​ထ​လေ​၏။ ကိုယ်​တော်​သည်​သူ​ငယ်​မ​အား အ​စား​အ​စာ​ကျွေး​မွေး​ရန်​မိန့်​မှာ​တော်​မူ​၏။-
LUK 8:56 မိ​ဘ​တို့​သည်​များ​စွာ​အံ့​သြ​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို မည်​သူ​အား​မျှ​မ​ပြော​ရန်​သူ​တို့​အား​ပ​ညတ် တော်​မူ​၏။
LUK 9:1 သ​ခင်​ယေ​ရှု​သည်​တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် နတ်​မိစ္ဆာ အ​ပေါင်း​ကို​နှင်​ထုတ်​နိုင်​သော​တန်​ခိုး​အာ​ဏာ နှင့် အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-
LUK 9:2 ထို​နောက်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို​ဟော​ပြော​ရန်​လည်း​ကောင်း၊ ဖျား​နာ​သူ​များ ကို​ကျန်း​မာ​အောင်​ကု​သ​ပေး​ရန်​လည်း​ကောင်း စေ​လွှတ်​တော်​မူ​၏။-
LUK 9:3 ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​သင်​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ ရိက္ခာ၊ ကြေး​ငွေ​တို့​ကို​မ​ယူ​ရ​ကြ။ လူ​တစ်​ကိုယ်​လျှင်​အင်္ကျီ​အ​ပို​တစ်​ထည်​ပင် မ​ပါ​ရ။-
LUK 9:4 မည်​သည့်​အိမ်​မ​ဆို​သင်​တို့​ကို​ဝင်​ခွင့်​ပြု​လျှင် မြို့​မှ​ထွက်​ခွာ​သည်​တိုင်​အောင်​ထို​အိမ်​မှာ​ပင် တည်း​ခို​ကြ​လော့။-
LUK 9:5 သင်​တို့​အား​လက်​မ​ခံ​သူ​များ​ကို​မူ​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ထို​မြို့​မှ​ထွက်​ခွာ​ချိန်​၌ သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 9:6 တ​မန်​တော်​တို့​သည်​အ​ထံ​တော်​မှ​ထွက်​သွား ပြီး​လျှင် အ​ရပ်​ရပ်​သို့​လှည့်​လည်​လျက်​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​၍​အ​နာ​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​ကြ​၏။
LUK 9:7 ဂါ​လိ​လဲ​ဘု​ရင်​ခံ​မင်း​ကြီး​ဟေ​ရုဒ်​မင်း​သည် ကိုယ် တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​အ​ကြောင်း ကို​ကြား​၏။ လူ​အ​ချို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သေ​ရာ​မှ​ရှင်​ပြန်​လေ​ပြီ'' ဟူ​၍​လည်း​ကောင်း၊-
LUK 9:8 အ​ချို့​က ``ဧ​လိ​ယ​ကြွ​လာ​လေ​ပြီ'' ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ ``ရှေး​ပ​ရော​ဖက်​တစ် ပါး​အ​သက်​ပြန်​၍​ရှင်​လာ​လေ​ပြီ'' ဟူ​၍​လည်း ကောင်း​ပြော​ဆို​နေ​ကြ​သည်​ကို​ဟေ​ရုဒ်​သည် ကြား​သ​ဖြင့်​စိတ်​ရှုပ်​ထွေး​လျက်၊-
LUK 9:9 ``ငါ​သည်​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​ခဲ့​၏။ ငါ သ​တင်း​ကြား​နေ​ရ​သော​ဤ​သူ​ကား​အ​ဘယ်​သူ နည်း'' ဟု​ဆို​၍​သ​ခင်​ယေ​ရှု​ကို​တွေ့​မြင်​ရန်​ကြိုး စား​လျက်​နေ​၏။
LUK 9:10 တ​မန်​တော်​တို့​သည်​ကိုယ်​တော်​ထံ​သို့​ပြန်​လာ​ကြ လျက် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​တို့​ကို​လျှောက် ထား​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​၍ ဗက်​ဇဲ​ဒ​နာ​မည်​တွင်​သော​မြို့​သို့​ကြွ​တော်​မူ​၏။-
LUK 9:11 လူ​ပရိ​သတ်​တို့​သည်​ထို​သို့​ကြွ​သွား​ကြောင်း​ကို ကြား​သိ​ကြ​သော​အ​ခါ​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကြို​ဆို လက်​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ မ​ကျန်း​မာ​သူ​ကို​လည်း​ကျန်းမာ​စေ​တော်​မူ​၏။
LUK 9:12 မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``ဤ လူ​ပ​ရိ​သတ်​ကို​ပတ်​ဝန်း​ကျင်​ကျေး​လက်​နှင့်​တော ရွာ​များ​သို့​သွား​၍ တည်း​ခို​ရန်​နေ​ရာ​နှင့်​အ​စား အ​စာ​ကို​ရှာ​စေ​တော်​မူ​ပါ။ ဤ​အ​ရပ်​သည်​လူ သူ​နှင့်​ဝေး​ရာ​အ​ရပ်​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။
LUK 9:13 ကိုယ်​တော်​က ``သင်​တို့​ပင်​ထို​သူ​တို့​အား​စား စ​ရာ​ကို​ကျွေး​မွေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဤ​လူ​ထု အ​တွက်​အ​စား​အ​စာ​များ​ကို​သွား​၍​ဝယ်​ရ ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​ထံ​မှာ​မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​၏'' ဟု​ပြန်​လည် လျှောက်​ထား​ကြ​၏။-
LUK 9:14 (အ​ဘယ်​ကြောင့်​ဤ​သို့​လျှောက်​ထား​ရ​သ​နည်း ဆို​သော်​လူ​ပ​ရိ​သတ်​ဦး​ရေ​ငါး​ထောင်​ခန့်​ရှိ သော​ကြောင့်​ဖြစ်​၏။) ကိုယ်​တော်​က ``ဤ​သူ​တို့​ကို​ငါး​ဆယ်​ခန့်​စီ အ​စု​လိုက်​ထိုင်​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ သည်။-
LUK 9:15 တ​ပည့်​တော်​တို့​သည်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။-
LUK 9:16 ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို ယူ​တော်​မူ​၏။ ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ မုန့်​နှင့်​ငါး​ကို​ဖဲ့​တော်​မူ​ပြီး​လျှင်​လူ​တို့​အား ဝေ​ငှ​ရန်​အ​တွက်​တ​ပည့်​တော်​တို့​အား​ပေး​အပ် တော်​မူ​၏။-
LUK 9:17 လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ သူ​တို့ ၏​စား​ကြွင်း​စား​ကျန်​များ​ကို​ကောက်​သိမ်း​ရာ တောင်း​တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။
LUK 9:18 အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ကိုယ်​တည်း ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​လာ ကြ​၏။ ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ် သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
LUK 9:19 တ​ပည့်​တော်​တို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု အ​ချို့​ဆို​ကြ​ပါ​သည်။ အ​ချို့​က​ဧ​လိ​ယ​ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ​ပြန်​လည်​အ​သက်​ရှင်​လာ သော​ရှေး​ပ​ရော​ဖက်​တစ်​ပါး​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။
LUK 9:20 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော် မူ​၏။ ပေ​တ​ရု​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​စေ​လွှတ် တော်​မူ​သည့်​မေ​ရှိ​ယ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​ဆို လျှောက်​ထား​၏။
LUK 9:21 ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​မည်​သူ​မျှ မ​သိ​စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော် မူ​၏။-
LUK 9:22 ထို​နောက်​ဆက်​လက်​၍ ``လူ​သား​သည်​ဝေ​ဒ​နာ​များ စွာ​ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​သူ့​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ လူ​သား သည်​အ​သေ​ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့ ၌​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော် တို့​အား​မိန့်​တော်​မူ​၏။
LUK 9:23 ထို​နောက်​ကိုယ်​တော်​က​လူ​အ​ပေါင်း​တို့​အား ``ငါ့ တ​ပည့်​ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​နေ့​စဉ်​ထမ်း​၍​ငါ့ နောက်​သို့​လိုက်​ရ​မည်။-
LUK 9:24 မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည်​အ​သက် ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​ကြောင့်​အ​သက်​ဆုံး​ရှုံး သူ​သည်​မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-
LUK 9:25 လူ​သည်​တစ်​လော​က​လုံး​ကို​စိုး​ပိုင်​ခွင့်​ရ​သော် လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။-
LUK 9:26 မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါဒ​ကြောင့်​ရှက် လျှင်​လူ​သား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း တော်​၏​ဘုန်း​အ​သ​ရေ၊ သန့်​ရှင်း​သော​ကောင်း​ကင် တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ​ထို​သူ​ကြောင့်​ရှက်​တော်​မူ လတ္တံ့။-
LUK 9:27 သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။
LUK 9:28 ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ရှစ်​ရက်​ခန့်​ကြာ​သော အ​ခါ​ကိုယ်​တော်​သည်​ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ် တို့​ကို​ခေါ်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် သို့​ကြွ​တော်​မူ​၏။-
LUK 9:29 ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​မျက်​နှာ တော်​၏​အ​ဆင်း​အ​ရောင်​သည်​ထူး​ခြား​လာ​လျက်၊ အ​ဝတ်​တော်​သည်​ဖြူ​ဖွေး​တောက်​ပ​လာ​၏။-
LUK 9:30 လူ​နှစ်​ယောက်​တို့​သည်​ရုတ်​တ​ရက်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​လျက်​နေ​၏။ ထို​သူ တို့​သည်​ကား​မော​ရှေ​နှင့်​ဧ​လိ​ယ​ဖြစ်​ကြ​၏။-
LUK 9:31 သူ​တို့​သည်​ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ​ပေါ်​လာ ၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​မ​ကြာ​မီ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော် မူ​ရ​မည့်​အ​ကြောင်း​ကို​ကိုယ်​တော်​နှင့်​ပြော​ဆို နေ​ကြ​သ​တည်း။-
LUK 9:32 ပေ​တ​ရု​နှင့်​အ​ဖော်​များ​သည်​ငိုက်​မြည်း အိပ်​ပျော်​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ နိုး​လာ​သော​အ​ခါ​ကိုယ်​တော်​၏​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​အ​တူ ရပ်​နေ​သူ​နှစ်​ဦး​ကို​လည်း​ကောင်း​မြင်​ကြ​၏။-
LUK 9:33 ထို​သူ​နှစ်​ဦး​တို့​ကိုယ်​တော်​၏​ထံ​မှ​ထွက်​ခွာ​သွား နေ​ကြ​စဉ်​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​တွက်​တဲ တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ် တို့​ဆောက်​ပါ​ရ​စေ'' ဟု​ပြော​မိ​ပြော​ရာ​ပြော​ဆို လျှောက်​ထား​၏။
LUK 9:34 ဤ​သို့​လျှောက်​ထား​စဉ်​မိုး​တိမ်​တိုက်​တစ်​ခု​သည် ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​မှာ​တိမ်​ရိပ်​ကျ​လေ​၏။-
LUK 9:35 မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။
LUK 9:36 အ​သံ​တော်​ထွက်​ပေါ်​ပြီး​သည့်​နောက်​သ​ခင်​ယေ​ရှု တစ်​ပါး​တည်း​ကို​သာ​လျှင်​တ​ပည့်​တော်​တို့​မြင် ရ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​တွေ့​မြင်​ရ​သည့် အ​ကြောင်း​အ​ရာ​ကို​ထို​စဉ်​အ​ခါ​က​မည်​သူ့ ကို​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​ကြ​၏။
LUK 9:37 နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင်​ပေါ်​မှ​ဆင်း​လာ​ကြ​၏။ ထို​အ​ခါ​များ​စွာ သော​လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခ​ရီး​ဦး ကြို​ဆို​ကြ​၏။-
LUK 9:38 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​၏​သား​ကို​ကြည့်​ရှု​တော်​မူ​ရန်​တောင်း ပန်​ပါ​၏။ သူ​သည်​အ​ကျွန်ုပ်​၏​တစ်​ဦး​တည်း​သော သား​ဖြစ်​ပါ​၏။-
LUK 9:39 နတ်​ပူး​ဝင်​သ​ဖြင့်​ရုတ်​တ​ရက်​အော်​ဟစ်​တတ် ပါ​၏။ နတ်​သည်​သူ့​ကို​တုန်​တက်​စေ​သ​ဖြင့်​သူ့ ပါး​စပ်​မှ​အ​မြှုပ်​ထွက်​တတ်​ပါ​၏။ နတ်​သည် သူ့​အား​ပင်​ပန်း​မော​ဟိုက်​နာ​ကျင်​စေ​ပြီး​မှ ခက်​ခက်​ခဲ​ခဲ​နှင့်​သာ​လျှင်​ထွက်​ခွာ​တတ်​ပါ​၏။-
LUK 9:40 အ​ကျွန်ုပ်​သည်​အ​ရှင်​၏​တ​ပည့်​များ​အား​ထို နတ်​ကို​နှင်​ထုတ်​ပေး​ရန်​တောင်း​ပန်​ပါ​သော် လည်း​သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ'' ဟု လျှောက်​ထား​၏။
LUK 9:41 သ​ခင်​ယေ​ရှု​က ``ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန် တတ်​သော​ခေတ်​လူ​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​၍​သည်း​ခံ​ရ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​ထို​သူ​အား ``သင်​၏​သား ကို​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 9:42 သူ​ငယ်​လာ​နေ​စဉ်​ပင်​နတ်​မိစ္ဆာ​သည်​သူ့​အား​မြေ ပေါ်​သို့​လှဲ​၍​တုန်​တက်​စေ​၏။ သ​ခင်​ယေ​ရှု​သည် နတ်​မိစ္ဆာ​အား​အ​မိန့်​ပေး​၍​သူ​ငယ်​ကို​ကျန်း​မာ စေ​တော်​မူ​ပြီး​နောက်​ဖ​ခင်​အား​ပြန်​လည်​ပေး အပ်​တော်​မူ​၏။-
LUK 9:43 လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​မ​ဟာ တန်​ခိုး​တော်​ကို​မြင်​ရ​၍​အံ့​သြ​ကြ​ကုန်​၏။ လူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု အ​ရာ​များ​ကြောင့်​အံ့​သြ​နေ​ကြ​စဉ်၊ ကိုယ်​တော် က၊-
LUK 9:44 ``လူ​သား​သည်​လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဤ​စ​ကား​ကို​သင်​တို့​သ​တိ​ပြု​၍ မှတ်​ထား​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။-
LUK 9:45 သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​စ​ကား​ကို နား​မ​လည်​ကြ။ ယင်း​သို့​နား​မ​လည်​ကြ​စေ​ရန် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကွယ်​ဝှက်​လျက်​ရှိ​သ​တည်း။ သူ တို့​သည်​လည်း​ကိုယ်​တော်​အား​မ​မေး​မ​လျှောက် ဝံ့​ကြ။
LUK 9:46 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​နည်း​ဟု​အ​ချင်း​ချင်း အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​၏။-
LUK 9:47 သ​ခင်​ယေ​ရှု​သည်​ထို​သို့​ငြင်း​ခုံ​နေ​ကြ​သည် ကို​သိ​တော်​မူ​သ​ဖြင့် က​လေး​သူ​ငယ်​တစ်​ယောက် ကို​ခေါ်​၍​မိ​မိ​အ​နီး​တွင်​ရပ်​စေ​တော်​မူ​၏။-
LUK 9:48 ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​နာ​မ​ကို​ထောက် ၍​ဤ​က​လေး​သူ​ငယ်​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ ၏။ သင်​တို့​တွင်​အ​သိမ်​ငယ်​ဆုံး​သော​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 9:49 ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ လူ​တစ်​ယောက်​သည် အ​ရှင်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့ ကို​နှင်​ထုတ်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့​တွေ့​မြင် ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​ဘက်​သား မ​ဟုတ်။ ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​သည်​သူ့​အား အ​ရှင်​၏​နာ​မ​တော်​ကို​အ​သုံး​မ​ပြု​ရန် တား​မြစ်​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား​၏။
LUK 9:50 သ​ခင်​ယေ​ရှု​က ``ထို​သူ​ကို​မ​တား​မြစ်​ကြ နှင့်။ သင်​တို့​ကို​မ​ဆန့်​ကျင်​သူ​သည်​သင်​တို့ ဘက်​သား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 9:51 ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ရန်​အ​ချိန်​နီး​လာ သော​အ​ခါ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​ရန်​စိတ်​ပိုင်း​ဖြတ်​လျက်-
LUK 9:52 စေ​တ​မန်​များ​ကို​ကြို​တင်​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​သွား​၍​ကိုယ်​တော်​၏​အ​တွက်​ပြင် ဆင်​မှု​များ​ကို​ပြု​ရန်​ရှ​မာ​ရိ​ရွာ​တစ်​ရွာ​သို့ ဝင်​ကြ​၏။-
LUK 9:53 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​ပြု​လျက်​နေ​တော်​မူ​သည်​ကို​ထောက်​၍ ရွာ​သား​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ​ကြ။-
LUK 9:54 ဤ​အ​ခြင်း​အ​ရာ​ကို​ကိုယ်​တော်​၏​တ​ပည့်​တော် များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​မြင် ကြ​သော​အ​ခါ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​ထို​သူ​တို့​အား​လောင် ကျွမ်း​စေ​ရန်​အ​လို​ရှိ​တော်​မူ​သ​လော'' ဟု​မေး လျှောက်​ကြ​၏။
LUK 9:55 ကိုယ်​တော်​သည်​လှည့်​၍​သူ​တို့​အား​ဆုံး​မ​တော် မူ​၏။-
LUK 9:56 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အ​ခြား​ရွာ​တစ်​ရွာ​သို့​ထွက်​သွား​ကြ​၏။
LUK 9:57 ယင်း​သို့​ခ​ရီး​ပြု​နေ​ကြ​စဉ်​လူ​တစ်​ယောက် က ``အ​ကျွန်ုပ်​သည်​အ​ရှင်​ကြွ​တော်​မူ​ရာ​သို့ လိုက်​ပါ​မည်'' ဟု​သ​ခင်​ယေ​ရှု​အား​လျှောက် ထား​၏။
LUK 9:58 သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။
LUK 9:59 ကိုယ်​တော်​သည်​အ​ခြား​လူ​တစ်​ယောက်​အား ``ငါ့ နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​က ``အ​ကျွန်ုပ်​အ​ဖ​၏​အ​လောင်း ကို​ဦး​စွာ​သွား​၍​သင်္ဂြိုဟ်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု လျှောက်​၏။
LUK 9:60 ကိုယ်​တော်​က ``လူ​သေ​တို့​သည်​အ​ချင်း​ချင်း သင်္ဂြိုဟ်​ကြ​ပါ​စေ။ သင်​မူ​ကား​သွား​၍​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ဟော​ပြော လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 9:61 အ​ခြား​သော​သူ​တစ်​ယောက်​က ``အ​ရှင်၊ အ​ကျွန်ုပ် သည်​နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အိမ်​သူ​အိမ်​သား​များ​အား​ဦး စွာ​သွား​၍​နှုတ်​ဆက်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု လျှောက်​၏။
LUK 9:62 သ​ခင်​ယေ​ရှု​က ``ထွန်​ကိုင်း​ကို​ကိုင်​လျက်​နောက် သို့​လှည့်​ကြည့်​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​အ​တွက်​အ​သုံး​မ​ဝင်'' ဟု​မိန့်​တော်​မူ​၏။
LUK 10:1 ထို​နောက်​သ​ခင်​ဘု​ရား​သည်​အ​ခြား​သော တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို​ရွေး​ချယ် ၍​နှစ်​ယောက်​စီ​တွဲ​ဖက်​စေ​လျက် ကိုယ်​တော်​တိုင် ကြွ​တော်​မူ​မည့်​မြို့​ရွာ​အ​သီး​သီး​သို့​သွား နှင့်​ရန်​စေ​လွှတ်​တော်​မူ​၏။-
LUK 10:2 ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​ကောက်​ရိတ်​သူ​များ​ကား​နည်း​လှ​၏။ သို့​ဖြစ်​၍​ကောက်​ရိတ်​သ​မား​များ​ပို​မို​စေ​လွှတ် ပေး​ရန်​စ​ပါး​ရှင်​အား​ဆု​တောင်း​ကြ​လော့။-
LUK 10:3 သွား​ကြ၊ ဝံ​ပု​လွေ​စု​ထဲ​သို့​သိုး​သူ​ငယ်​များ​အား စေ​လွှတ်​သ​ကဲ့​သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။-
LUK 10:4 သင်​တို့​သည်​ပိုက်​ဆံ​အိတ်၊ လွယ်​အိတ်၊ ဖိ​နပ်​တို့​ကို ယူ​မ​သွား​ကြ​နှင့်။ လမ်း​မှာ​ရပ်​၍​မည်​သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။-
LUK 10:5 သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။-
LUK 10:6 ထို​အိမ်​တွင်​ငြိမ်​သက်​မှု​ကို​လို​လား​သူ​ရှိ​လျှင် သင်​တို့​ပို့​သ​သည့်​မေတ္တာ​ကို​ထို​သူ​ခံ​စား​ရ လိမ့်​မည်။ ထို​သို့​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ​မူ​သင်​တို့​ပို့​သည့်​မေတ္တာ​သည်​သင်​တို့ ၏​ထံ​သို့​ပြန်​လာ​လိမ့်​မည်။-
LUK 10:7 သင်​တို့​သည်​ထို​အိမ်​မှာ​နေ​၍​အိမ်​ရှင်​ကျွေး​မွေး သည်​တို့​ကို​စား​သောက်​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​အ​လုပ်​သ​မား​သည်​အ​ခ​ကို​ခံ​စား ထိုက်​သော​ကြောင့်​ဖြစ်​၏။ အိမ်​တစ်​အိမ်​မှ​အ​ခြား တစ်​အိမ်​သို့​မ​ပြောင်း​မ​ရွှေ့​ကြ​နှင့်။-
LUK 10:8 သင်​တို့​အား​ကြို​ဆို​လက်​ခံ​သော​မြို့​တွင်​သင် တို့​အား​ကျွေး​မွေး​သ​မျှ​တို့​ကို​စား​ကြ​လော့။-
LUK 10:9 ထို​မြို့​ရှိ​သူ​နာ​များ​ကို​ရော​ဂါ​ပျောက်​ကင်း​စေ ကြ​လော့။ ထို​နောက်​သူ​တို့​တွင်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဖြစ်​ကြောင်း​ပြော ကြား​ကြ​လော့။-
LUK 10:10 သင်​တို့​ကို​မ​ကြို​ဆို​လက်​မ​ခံ​သော​မြို့​တွင် လမ်း​များ​ပေါ်​သို့​ထွက်​၍ ဤ​သို့​ပြော​ကြ​လော့၊-
LUK 10:11 `သင်​တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ငါ​တို့ ခြေ​တွင်​ကပ်​သည့်​သင်​တို့​မြို့​က​မြေ​မှုန့်​ကို​ငါ တို့​ခါ​ချ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​သင်​တို့​၏​အ​နီး​သို့​ရောက်​ရှိ​ပြီ​ဖြစ် ကြောင်း​ကို​သိ​မှတ်​ကြ​လော့၊-'
LUK 10:12 ငါ​ဆို​သည်​ကား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား​သ​ခင်​သည်​ထို​မြို့​ထက်​ပို​၍​သော​ဒုံ မြို့​အား​က​ရု​ဏာ​ထား​တော်​မူ​လိမ့်​မည်။''
LUK 10:13 ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ပြု​ခဲ့​သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့ တို့​သည်​ရှေး​မ​ဆွ​က​ပင်​လျှော်​တေ​ကို​ဝတ်​၍ ပြာ ထဲ​မှာ​ထိုင်​လျက်​နောင်​တ​ရ​ပြီး​ဖြစ်​လိမ့်​မည်။-
LUK 10:14 ဘု​ရား​သ​ခင်​သည်​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​၌ သင်​တို့​ထက်​ပို​၍​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​အား​က​ရု​ဏာ​ထား​တော်​မူ​ပေ​အံ့။-
LUK 10:15 အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ တိုင်​အောင်​မြှောက်​စား​ခြင်း​ကို​ခံ​လို​သ​လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
LUK 10:16 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား ``သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​သူ​သည်​ငါ့​စ​ကား​ကို နား​ထောင်​၏။ သင်​တို့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို ပစ်​ပယ်​၏။ ငါ့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ပစ်​ပယ်​သည်'' ဟု​မိန့် တော်​မူ​၏။
LUK 10:17 ခု​နစ်​ဆယ့်​နှစ်​ဦး​သော​တ​ပည့်​တော်​တို့​သည် အ​လွန် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ကြ လျက် ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​နာ​မ တော်​အား​ဖြင့် နတ်​မိစ္ဆာ​များ​ပင်​နှိမ်​နင်း​ခဲ့​ပါ​သည်'' ဟု လျှောက်​ကြ​၏။
LUK 10:18 ကိုယ်​တော်​က ``ကောင်း​ကင်​မှ​လျှပ်​စစ်​ကျ​သ​ကဲ့ သို့​စာ​တန်​ကျ​သည်​ကို​ငါ​မြင်​ရ​၏။-
LUK 10:19 မြွေ​ဆိုး​များ၊ ကင်း​မြီး​ကောက်​များ​အ​ပေါ်​မှာ နင်း​သွား​၍ စာ​တန်​၌​ရှိ​သ​မျှ​သော​တန်​ခိုး​ကို နှိမ်​နင်း​နိုင်​သည့်​အာ​ဏာ​ကို​သင်​တို့​အား​ငါ​ပေး အပ်​ထား​ပြီ။ အ​ဘယ်​ဘေး​မျှ​သင်​တို့​၌​မ​ရောက်​ရ။-
LUK 10:20 သို့​ရာ​တွင်​သင်​တို့​သည်​နတ်​မိစ္ဆာ​များ​ကို​နှိမ်​နင်း​နိုင် သည့်​အ​တွက်​ဝမ်း​မ​မြောက်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ တွင်​သင်​တို့​၏​နာမည်​များ​စာ​ရင်း​ဝင်​ပြီး​ဖြစ်​သည့် အ​တွက်​သာ​လျှင်​ဝမ်း​မြောက်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။
LUK 10:21 ထို​အ​ခါ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​အား​ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ သ​ဖြင့်​ကိုယ်​တော်​က ``မိုး​မြေ​ကို​အ​စိုး​ရ​တော်​မူ သော​အ​ဖ၊ ကိုယ်​တော်​သည်​အ​သိ​ပ​ညာ​ရှင်​များ​မှ ထိမ်​ဝှက်​ထား​တော်​မူ​သော​အ​ကြောင်း​အ​ရာ​များ ကို ပ​ညာ​မဲ့​သူ​များ​အား​ဖွင့်​ပြ​တော်​မူ​သော ကြောင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ အ​ဖ ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ​ကိုယ်​တော် လို​လား​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပါ​၏။
LUK 10:22 ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့ ကို​ငါ့​အား​ပေး​အပ်​တော်​မူ​ပြီ။ သား​တော်​သည် အ​ဘယ်​သူ​ဖြစ်​ကြောင်း​ကို​ခ​မည်း​တော်​မှ တစ်​ပါး​မည်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ဖြစ်​ကြောင်း​ကို​လည်း​သား​တော် နှင့်​သား​တော်​ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ'' ဟု​မိန့်​တော်​မူ​၏။
LUK 10:23 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ဘက်​သို့ လှည့်​၍ ``ယ​ခု​မြင်​သ​မျှ​သော​အ​ရာ​တို့​ကို​သင် တို့​မြင်​သော​ကြောင့်​သင်​တို့​မျက်​စိ​သည်​မင်္ဂ​လာ ရှိ​၏။-
LUK 10:24 သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့​မြင်​ရ​သည့် အ​ရာ​များ​ကို​ပ​ရော​ဖက်​များ၊ ရှင်​ဘု​ရင်​များ မြင်​လို​ကြ​သော်​လည်း​မ​မြင်​ရ​ကြ၊ သင်​တို့​ကြား ရ​သည့်​အ​ရာ​များ​ကို​ကြား​လို​သော်​လည်း​မ ကြား​ရ​ကြ'' ဟု​မိန့်​တော်​မူ​သည်။
LUK 10:25 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား​ပ​ညာ​စမ်း လို​သ​ဖြင့်​မေး​လျှောက်​၏။
LUK 10:26 ကိုယ်​တော်​က ``ပညတ္တိ​ကျမ်း​တွင်​အ​ဘယ်​သို့ ဖော်​ပြ​ထား​သ​နည်း။ သင်​အ​ဘယ်​သို့​ဖတ်​ဖူး သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
LUK 10:27 ထို​သူ​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​လော့။ သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့​ဟု​ပါ​ရှိ​ပါ​သည်'' ဟူ​၍ လျှောက်​၏။
LUK 10:28 ကိုယ်​တော်​က ``သင်​၏​အ​ဖြေ​သည်​မှန်​ပေ​၏။ ဤ အ​တိုင်း​ပြု​လျှင်​သင်​သည်​ထာ​ဝ​ရ​အ​သက်​ကို ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 10:29 ထို​သူ​သည်​မိ​မိ​၏​ပညာ​ကို​ဖော်​ပြ​လို သ​ဖြင့် ``အ​ဘယ်​သူ​သည်​အ​ကျွန်ုပ်​၏​အိမ် နီး​ချင်း​ဖြစ်​ပါ​သ​နည်း'' ဟု​မေး​မြန်း​၏။
LUK 10:30 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ယေ​ရိ​ခေါ​မြို့​ကို​သွား​ရာ လမ်း​တွင်​ဋ္ဌား​ပြ​များ​နှင့်​တွေ့​၏။ ဋ္ဌား​ပြ​တို့​သည် ထို​သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ကြ​၏။ ထို​နောက် သူ့​ကို​ရိုက်​နှက်​၍​သေ​လု​နီး​ပါး​ရှိ​သော​အ​ခါ ပစ်​ထား​ခဲ့​ကြ​၏။-
LUK 10:31 ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည်​ထို​လမ်း​အ​တိုင်း ခ​ရီး​ပြု​လာ​စဉ်​ထို​သူ​ကို​မြင်​၏။ သို့​ရာ​တွင် သူ​သည်​ရှောင်​ကွင်း​၍​သွား​၏။-
LUK 10:32 ထို​နည်း​တူ​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက်​သည်​ထို နေ​ရာ​သို့​ရောက်​လာ​၏။ သူ​သည်​လည်း​လူ​နာ​ကို လာ​ကြည့်​ပြီး​လျှင်​ရှောင်​ကွင်း​၍​သွား​လေ​၏။-
LUK 10:33 သို့​ရာ​တွင်​ရှ​မာ​ရိ​အ​မျိုး​သား​တစ်​ယောက်​သည် ခ​ရီး​ပြု​လာ​စဉ်​သူ​နာ​ရှိ​ရာ​သို့​ရောက်​လာ​သော် သူ​နာ​ကို​မြင်​၍​သ​နား​ကြင်​နာ​စိတ်​ရှိ​သ​ဖြင့်၊-
LUK 10:34 သူ​နာ​၏​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင် သူ​နာ​၏​ဒဏ် ရာ​များ​ကို​ဆီ​နှင့်​စ​ပျစ်​ရည်​လိမ်း​ကျံ​၍​အ​ဝတ် ဖြင့်​စည်း​ပေး​၏။ ထို​နောက်​မိ​မိ​မြည်း​ပေါ်​မှာ သူ​နာ​ကို​တင်​လျက်​တည်း​ခို​ရိပ်​သာ​သို့​ဆောင် သွား​၍​ပြု​စု​လေ​၏။-
LUK 10:35 နောက်​တစ်​နေ့​၌​တည်း​ခို​ရိပ်​သာ​မှ​ထွက်​ခွာ​ချိန် တွင်​သူ​သည်​ဒေ​နာ​ရိ​ဒင်္ဂါး​နှစ်​ပြား​ကို​ထုတ်​၍ တည်း​ခို​ရိပ်​သာ​ပိုင်​ရှင်​အား​ပေး​ပြီး​လျှင် `ဤ သူ​နာ​ကို​ကြည့်​ရှု​ပြု​စု​ပါ။ နောက်​ထပ်​ကုန်​ကျ သ​မျှ​ကို​အ​ကျွန်ုပ်​ပြန်​လာ​သော​အ​ခါ​ပေး ပါ​မည်' ဟု​ပြော​၏။
LUK 10:36 ထို​သူ​သုံး​ယောက်​တို့​အ​နက်​အ​ဘယ်​သူ​သည် ဋ္ဌား​ပြ​ဘေး​နှင့်​တွေ့​ရ​သူ​၏​အိမ်​နီး​ချင်း​ဖြစ် မည်​ဟု​သင်​ထင်​သ​နည်း'' ဟု​မေး​တော်​မူ​၏။
LUK 10:37 ကျမ်း​တတ်​ဆ​ရာ​က ``သူ​နာ​အား​သ​နား​ကြင်​နာ စွာ​ပြု​စု​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လျှင်၊ သ​ခင်​ယေ​ရှု​က ``သင်​သည်​သွား​၍​ထို​နည်း​တူ ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 10:38 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ခ​ရီး​သွား ကြ​စဉ်​ရွာ​တစ်​ရွာ​သို့​ရောက်​ကြ​၏။ ထို​ရွာ​ရှိ​မာ​သ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​သည်​မိ​မိ​၏​အိမ်​တွင် ကိုယ်​တော်​ကို​ကြို​ဆို​ဧည့်​ခံ​၏။-
LUK 10:39 မာ​သ​မှာ​မာ​ရိ​နာ​မည်​ရှိ​သော​ညီ​မ​တစ်​ယောက် ရှိ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ ထိုင်​၍​တ​ရား​တော်​ကို​ကြား​နာ​လျက်​နေ​၏။-
LUK 10:40 မာ​သ​မူ​ကား​ဧည့်​သည်​ဝတ်​ဖြင့်​ဗျာ​များ​နေ​ရ သ​ဖြင့်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပြီး​လျှင် ``အ​ရှင် ဘု​ရား၊ ကျွန်​မ​၏​ညီ​မ​သည်​လုပ်​ကျွေး​မှု​တာ​ဝန် ရှိ​သ​မျှ​ကို​ကျွန်​မ​တစ်​ယောက်​တည်း​အား ဆောင် ရွက်​စေ​သည်​ကို​ကိုယ်​တော်​ရှင်​လျစ်​လူ​ရှု​တော် မူ​ပါ​သ​လော။ ကျွန်​မ​ကို​ကူ​ညီ​စေ​ရန်​သူ့ အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
LUK 10:41 သ​ခင်​ဘု​ရား​က ``မာ​သ၊ မာ​သ၊ သင်​သည်​များ စွာ​သော​အ​မှု​ကိစ္စ​တို့​အ​တွက်​စိုး​ရိမ်​ပူ​ပန် လျက်​နေ​၏။-
LUK 10:42 သင့်​မှာ​လို​သော​အ​ရာ​တစ်​ခု​ရှိ​၏။ မာ​ရိ​သည် ကောင်း​မြတ်​သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ ထို​အ​ရာ​ကို​သူ့​ထံ​မှ​အ​ဘယ်​သူ​မျှ​ယူ​၍ ရ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
LUK 11:1 အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ခု​သော အ​ရပ်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။ ဆု​တောင်း​ပတ္ထ​နာ​ပြီး​ဆုံး​သော​အ​ခါ တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ယော​ဟန် သည်​မိ​မိ​၏​တ​ပည့်​များ​အား​ဆု​တောင်း​ပတ္ထ နာ​ပြု​ရန်​နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား လည်း​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​၏။
LUK 11:2 ကိုယ်​တော်​က ``သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ၊ `အို အ​ဖ၊ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ရှိ​ပါ စေ​သော။
LUK 11:3 လို​အပ်​သော​အ​စား​အ​စာ​ကို​အ​ကျွန်ုပ်​တို့​အား၊ နေ့​စဉ်​နေ့​တိုင်း​ပေး​သ​နား​တော်​မူ​ပါ။
LUK 11:4 အ​ကျွန်ုပ်​တို့​အား​သူ​တစ်​ပါး​တို့​မှား​မိ​သည့် အ​ပြစ်​များ​ကို၊ အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့​အ​ကျွန်ုပ် တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​လွန်​ကဲ​သော​စုံ​စမ်း​သွေး ဆောင်​ခြင်း​ကို မ​ခံ​ရ​ပါ​စေ​နှင့်' ဟူ​၍​မြွက်​ဆို​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 11:5 ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​တွင်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သန်း​ခေါင်​အ​ချိန်​၌​မိတ် ဆွေ​တစ်​ဦး​၏​အိမ်​သို့​သွား​၍ `အ​ဆွေ၊ ကျွန်ုပ်​၏ အိမ်​သို့​ခ​ရီး​သည်​မိတ်​ဆွေ​တစ်​ယောက်​ရောက်​ရှိ လာ​ပါ​သည်။ ကျွန်ုပ်​တို့​ထံ​တွင်​သူ့​အား​ကျွေး စ​ရာ​ဘာ​မျှ​မ​ရှိ​သ​ဖြင့် မုန့်​သုံး​လုံး​ကို​ချေး လို​ပါ​သည်' ဟု​ဆို​သော်၊-
LUK 11:7 အိမ်​ရှင်​က `ကျွန်ုပ်​ကို​မ​နှောင့်​ယှက်​ပါ​နှင့်။ အိမ် တံ​ခါး​ကို​ပိတ်​ထား​ပြီး​လေ​ပြီ။ သား​သမီး များ​နှင့်​ကျွန်ုပ်​သည်​အိပ်​ရာ​ဝင်​ကြ​ပြီး​ဖြစ် ၏။ ထို့​ကြောင့်​ကျွန်ုပ်​ထ​၍​သင့်​အား​ဘာ​မျှ မ​ပေး​နိုင်​ပါ' ဟု​အိမ်​တွင်း​မှ​ပြော​လိမ့်​မည်။-
LUK 11:8 အိမ်​ရှင်​သည်​မိတ်​ဆွေ​တစ်​ဦး​အ​နေ​ဖြင့်​အိပ်​ရာ မှ​ထ​၍​သူ့​အား​မုန့်​များ​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​သော်​လည်း​ထို​သူ​သည်​အ​ရှက်​အ​ကြောက် ကင်း​မဲ့​စွာ​ဆက်​လက်​တောင်း​ခံ​နေ​သော​ကြောင့် အိမ်​ရှင်​သည်​ထ​၍​လို​သ​မျှ​သော​မုန့်​များ ကို​ပေး​လိမ့်​မည်။-
LUK 11:9 သင်​တို့​အား​ငါ​ဆို​သည်​ကား​တောင်း​ကြ​လော့၊ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့၊ ရှာ လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ လော့၊ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​လိမ့်​မည်။-
LUK 11:10 တောင်း​သူ​သည်​ရ​လိမ့်​မည်။ ရှာ​သော​သူ​သည် တွေ့​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​သော​သူ​အား တံ​ခါး​ကို​ဖွင့်​ပေး​လိမ့်​မည်။-
LUK 11:11 သင်​တို့​တွင်​အ​ဘယ်​ဖ​ခင်​သည်​မိ​မိ​၏​သား က​ငါး​ကို​တောင်း​လျှင်​မြွေ​ကို​ပေး​မည်​နည်း။-
LUK 11:12 ကြက်​ဥ​ကို​တောင်း​လျှင်​ကင်း​မြီး​ကောက်​ကို ပေး​မည်​နည်း။-
LUK 11:13 သင်​တို့​သည်​ဆိုး​သော​သူ​များ​ဖြစ်​လျက်​ပင် သား​သ​မီး​များ​အား​အ​ကောင်း​ကို​ပေး​တတ် လျှင်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​အ​ဖ​သည် တောင်း​လျှောက်​သော​သူ​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​သာ​၍​ပေး​တော်​မူ​မည်​မ​ဟုတ် လော'' ဟု​မိန့်​တော်​မူ​၏။
LUK 11:14 သ​ခင်​ယေ​ရှု​သည်​ဆွံ့​အ​သော​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​၍​နတ်​မိစ္ဆာ​ထွက်​သွား​သည် နောက်​ဆွံ့​အ​သော​သူ​သည်​စ​ကား​ပြော လေ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ ကြ​၏။-
LUK 11:15 သို့​ရာ​တွင်​လူ​အ​ချို့​က ``ကိုယ်​တော်​သည်​နတ် မိစ္ဆာ​ဘု​ရင်​ဗေလ​ဇေ​ဗုလ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု​ဆို​ကြ​၏။
LUK 11:16 အ​ချို့​က​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင် ၍ ``ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ် ကို​ပြ​တော်​မူ​ပါ'' ဟု​တောင်း​ခံ​ကြ​၏။-
LUK 11:17 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို သိ​တော်​မူ​သ​ဖြင့် ``တိုင်း​နိုင်​ငံ​တစ်​ခု​တွင်​လူ တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​လျှင် ထို​နိုင်​ငံ​သည် မ​ကြာ​မီ​ပျက်​စီး​မည်​သာ​ဖြစ်​၏။ အိမ်​ထောင်​တစ် ခု​တွင်​အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား လျက်​နေ​လျှင် ထို​အိမ်​ထောင်​သည်​ပျက်​စီး မည်​သာ​ဖြစ်​၏။-
LUK 11:18 ထို့​ကြောင့်​စာ​တန်​၏​နိုင်​ငံ​တွင်​စိတ်​ဝမ်း​ကွဲ​ပြား မှု​ရှိ​လျှင် အ​ဘယ်​သို့​လျှင်​ရပ်​တည်​နိုင်​မည်​နည်း။ ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ များ​ကို​နှင်​ထုတ်​သည်​ဟု​သင်​တို့​ဆို​ကြ​၏။-
LUK 11:19 အ​ကယ်​၍​ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​မူ သင်​တို့​၏​တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ကြ​သ​နည်း။ ထို​သူ​တို့​က​ပင်​လျှင်​သင်​တို့​မှား​ကြောင်း သက်​သေ​ထူ​ကြ​၏။-
LUK 11:20 သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည် ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​သင်​တို့​တွင်​တည်​လျက်​ရှိ​လေ​ပြီ။''
LUK 11:21 ``ခွန်​အား​ကြီး​သူ​သည်​လက်​နက်​စုံ​နှင့် မိ​မိ အိမ်​ကို​စောင့်​ကြပ်​နေ​သော​အ​ခါ သူ​၏​ဥစ္စာ ပစ္စည်း​များ​သည်​လုံ​ခြုံ​မှု​ရှိ​၏။-
LUK 11:22 သို့​ရာ​တွင်​ထို​သူ​ထက်​ခွန်​အား​ကြီး​သူ​သည် ရောက်​လာ​၍ သူ့​ကို​တိုက်​ခိုက်​အောင်​မြင်​သော အ​ခါ သူ​အား​ကိုး​အား​ထား​ပြု​သည့်​လက် နက်​များ​ကို​သိမ်း​ယူ​သွား​လိမ့်​မည်။ တိုက်​ခိုက် ၍​ရ​ရှိ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​ခွဲ ဝေ​လိမ့်​မည်။''
LUK 11:23 ``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။''
LUK 11:24 ``ညစ်​ညမ်း​သော​နတ်​သည်​လူ​ထဲ​က​ထွက်​သည့် အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​သို့​လှည့်​လည်​၍ နား​စ​ရာ​နေ​ရာ​ကို​ရှာ​တတ်​၏။ ရှာ​မ​တွေ့ လျှင် `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင် ပြန်​ပါ​အံ့' ဟု​ဆို​၏။-
LUK 11:25 သို့​ဖြစ်​၍​သူ​သည်​ထို​နေ​ရာ​သို့​ပြန်​သွား သော​အ​ခါ သပ်​ရပ်​စွာ​လှဲ​ကျင်း​ထား​သည် ကို​တွေ့​သော်၊-
LUK 11:26 မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ်​ခု​နစ်​ဦး​ကို​ခေါ် ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ​လေ​၏။ သို့​ဖြစ် ၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဆုံး​ဖြစ်​အင်​သည် ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​လေ​၏'' ဟု​မိန့် တော်​မူ​၏။
LUK 11:27 သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး သော​အ​ခါ လူ​ပ​ရိ​သတ်​ထဲ​က​အ​မျိုး​သမီး တစ်​ယောက်​သည် ``အ​ရှင့်​ကို​မွေး​၍​နို့​တိုက် ရ​သော​အ​မျိုး​သမီး​သည်​မင်္ဂ​လာ​ရှိ​ပါ​၏'' ဟု​လျှောက်​၏။
LUK 11:28 သို့​ရာ​တွင်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ကြား​၍​လိုက်​နာ​သူ​သည် မင်္ဂ​လာ​ရှိ​၏​ဟု​ဆို​လျှင်​ပို​၍​သင့်​မြတ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။
LUK 11:29 လူ​ပ​ရိ​သတ်​တို့​သည်​စု​ရုံး​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က ``ယ​ခု​ခေတ်​လူ​တို့​သည်​အ​လွန် ဆိုး​ညစ်​လှ​ပါ​သည်​တ​ကား။ သူ​တို့​သည်​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န ၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ် လက္ခ​ဏာ​ကို​မျှ​သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။-
LUK 11:30 နိ​နေ​ဝေ​မြို့​သား​တို့​အ​တွက်​ယော​န​သည် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့​ဤ​ခေတ်​လူ​တို့ အ​တွက်​လူ​သား​သည်​လည်း​နိ​မိတ်​လက္ခ​ဏာ ဖြစ်​ပေ​အံ့။-
LUK 11:31 ရှေ​ဘ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရ အောင်​ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ ရောက်​ခဲ့​၏။ ယ​ခု​အ​ခါ​၌​မူ​ရှော​လ​မုန်​ထက် ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။ သို့ ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တွင်​ရှေ​ဘ ပြည်​ဘု​ရင်​မ​သည်​ထ​၍​ထို​သူ​တို့​အား​ပြစ် တင်​စွပ်​စွဲ​လိမ့်​မည်။-
LUK 11:32 နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​ဟော​ပြော သွန်​သင်​ချက်​ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ ယ​ခု မှာ​မူ​ယော​န​ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက် ရှိ​နေ​လေ​ပြီ။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ နိ​နေ​ဝေ​မြို့​သား​တို့​သည်​ထ​၍​ဤ​လူ​တို့ အား​ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
LUK 11:33 လူ​တို့​သည် ``ဆီ​မီး​ကို​ထွန်း​ညှိ​၍​ဖုံး​ကွယ်​ထား လေ့​မ​ရှိ။ တောင်း​ဖြင့်​လည်း​အုပ်​ထား​လေ့​မ​ရှိ။ အိမ်​ထဲ​သို့​ဝင်​လာ​သူ​များ​အ​လင်း​ရ​စေ​ရန် မီး​တင်​ခုံ​ပေါ်​မှာ​တင်​ထား​လေ့​ရှိ​၏။-
LUK 11:34 မျက်​စိ​သည်​ကိုယ်​ခန္ဓာ​အ​တွက်​ဆီ​မီး​သ​ဖွယ်​ဖြစ် ၏။ မျက်​စိ​ကောင်း​လျှင်​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။ မျက်စိ​မ​ကောင်း​လျှင်​မူ​ကား သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မှောင်​လျက် နေ​လိမ့်​မည်။-
LUK 11:35 သို့​ဖြစ်​၍​သင်​တို့​တွင်​ရှိ​သည့်​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
LUK 11:36 အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 11:37 ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​ည စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ်​၏။-
LUK 11:38 ကိုယ်​တော်​သည်​ထို​သူ​၏​အိမ်​သို့​ကြွ​၍​စား​ပွဲ တွင်​ထိုင်​တော်​မူ​၏။ ဤ​သို့​အ​စား​အ​စာ​မ​သုံး ဆောင်​မီ​ကိုယ်​တော်​သည်​ဆေး​ကြော​ခြင်း​ပြု တော်​မ​မူ​သည်​ကို​ထို​ဖာ​ရိ​ရှဲ​မြင်​သော​အ​ခါ အံ့​သြ​လေ​၏။-
LUK 11:39 သ​ခင်​ဘု​ရား​က ``သင်​တို့​ဖာရိရှဲ​များ​သည်​ပန်း ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ်​အောင် ဆေး​ကြော​ကြ​သော်​လည်း​သင်​တို့​၏​စိတ်​အ​တွင်း မှာ​ကား​အ​ကြမ်း​ဖက်​မှု၊ ဆိုး​ညစ်​မှု​တို့​ဖြင့်​ပြည့် လျက်​နေ​၏။-
LUK 11:40 အ​ချင်း​လူ​မိုက်​တို့၊ ပြင်​ပ​သဏ္ဌာန်​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​သဏ္ဌာန်​ကို လည်း​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။-
LUK 11:41 သို့​ရာ​တွင်​သင်​တို့​၏​ပန်း​ကန်​ခွက်​ယောက် များ​တွင်​ရှိ​သည့်​အ​ရာ​များ​ကို​ဆင်း​ရဲ​သူ များ​အား​ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​အ​တွက်​သန့် စင်​လိမ့်​မည်။''
LUK 11:42 ``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''
LUK 11:43 ``အ​ချင်း​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​တွင် မြင့်​မြတ်​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ စျေး​ရပ်​ကွက်​တွင်​လူ​တို့​အ​လေး​ပြု​ခြင်း ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-
LUK 11:44 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် အ​မှတ်​အ​သား​မ​ရှိ​သည့်​သင်္ချိုင်း​တွင်း​များ​နှင့် တူ​၏။ လူ​တို့​သည်​ထို​တွင်း​များ​အ​ပေါ်​မှာ လျှောက်​၍​သွား​ကြ​သော​အ​ခါ​သင်္ချိုင်း​တွင်း ဖြစ်​မှန်း​ကို​မ​သိ​ကြ'' ဟု​မိန့်​တော်​မူ​၏။
LUK 11:45 ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ရှင်​ဤ​သို့​မိန့်​တော်​မူ​သည်​မှာ​အ​ကျွန်ုပ် တို့​ကို​လည်း​စော်​ကား​ရာ​ရောက်​ပါ​သည်'' ဟု လျှောက်​၏။
LUK 11:46 ကိုယ်​တော်​က ``အ​ချင်း​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ထမ်း ရ​ခက်​သည့်​ဝန်​ထုပ်​များ​ကို​သင်​တို့​သည်​လူ များ​အား​ထမ်း​စေ​ကြ​လျက်​သင်​တို့​ကိုယ်​တိုင် မူ​ကား​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။-
LUK 11:47 သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​၏ ဘိုး​ဘေး​များ​က​သတ်​သော​ပ​ရော​ဖက်​များ အ​တွက်​သင်​တို့​က​ဂူ​များ​တည်​ဆောက်​ပေး ကြ​၏။-
LUK 11:48 ဤ​သို့​လျှင်​သင်​တို့​၏​ဘိုး​ဘေး​များ​ကူး​လွန် ခဲ့​သည့်​အ​မှု​များ​တွင် သင်​တို့​အ​လို​တူ​အ​လို ပါ​ဖြစ်​ကြ​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​က​သင်္ချိုင်း များ​ကို​တည်​ဆောက်​ပေး​ကြ​၏။-
LUK 11:49 သို့​ဖြစ်​ခြင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ရွှေ ဉာဏ်​တော်​ဖြင့်`ဤ​လူ​များ​ထဲ​သို့​ပ​ရော​ဖက် များ၊ စေ​တ​မန်​များ​ကို​ငါ​စေ​လွှတ်​မည်။ ထို ပ​ရော​ဖက်​များ၊ စေ​တ​မန်​များ​အ​နက်​အ​ချို့ ကို​သူ​တို့​ညှဉ်း​ဆဲ​၍​အ​ချို့​ကို​သတ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏။-
LUK 11:50 သို့​ဖြစ်​၍​အာ​ဗေ​လ​မှ​သည်​ဗိ​မာန်​တော် အ​တွင်း​ပိုင်း​နှင့်​ယဇ်​ပလ္လင်​အ​ကြား​မှာ အ​သတ် ခံ​ခဲ့​ရ​သည့်​ပ​ရော​ဖက်​ဇာ​ခ​ရိ​အ​ထိ၊ ကမ္ဘာ တည်​ချိန်​မှ​စ​၍​အ​သတ်​ခံ​ခဲ့​ရ​သော​ပ​ရော ဖက်​များ​၏​အ​သွေး​ကြောင့် ဤ​ခေတ်​လူ​တို့ သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​မှု​အား​လုံး​အ​တွက် ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်​ဟု​ငါ​အ​မှန်​ဆို​၏။
LUK 11:52 ``ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​အ​သိ​ပ​ညာ​ဗိ​မာန် တံ​ခါး​သော့​ကို​သိမ်း​ထား​ပြီး​လျှင်​ကိုယ်​တိုင် လည်း​မ​ဝင်၊ ဝင်​လို​သူ​များ​ကို​လည်း​ဆီး​တား ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 11:53 ထို​အ​ရပ်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​သော အ​ခါ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ သည် ကိုယ်​တော်​အား​ပြင်း​ထန်​စွာ​ဝေ​ဖန်​မှု​ကို စ​တင်​ပြု​လုပ်​လာ​ကြ​၏။-
LUK 11:54 နှုတ်​တော်​ထွက်​စ​ကား​တွင်​အ​မှား​ရှာ​ရန် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​မေး မြန်း​ကြ​၏။
LUK 12:1 ထို​အ​ခါ​၌​ထောင်​ပေါင်း​များ​စွာ​သော​လူ​တို့ သည်​စု​ဝေး​လာ​ကြ​သ​ဖြင့်​အ​ချင်း​ချင်း​ပင် နင်း​မိ​ကြ​၏။ ကိုယ်​တော်​သည်​ဦး​စွာ​တ​ပည့် တော်​တို့​အား ``ဖာ​ရိ​ရှဲ​တို့​၏​ဟန်​ဆောင်​မှု တည်း​ဟူ​သော​တ​ဆေး​ကို​သ​တိ​ပြု​ကြ​လော့။-
LUK 12:2 ဖုံး​အုပ်​ထား​သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ပွင့် လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​ချက်​ဟူ​သ​မျှ​သည် လည်း​ပေါ်​လာ​ရ​လိမ့်​မည်။-
LUK 12:3 သို့​ဖြစ်​၍​မှောင်​မိုက်​တွင်​သင်​တို့​ပြော​သော​စ​ကား များ​ကို​အ​လင်း​တွင်​လူ​တို့​ကြား​သိ​ကြ​လိမ့် မည်။ အိမ်​အ​တွင်း​ခန်း​တွင်​သင်​တို့​တီး​တိုး​ပြော ဆို​သော​စ​ကား​များ​ကို​အိမ်​ခေါင်​မိုး​ထက်​မှ ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 12:4 ``ငါ​၏​အ​ဆွေ​တို့၊ သင်​တို့​အား​ငါ​ဆို​သည် ကား​ကိုယ်​ခန္ဓာ​ကို​သတ်​ခြင်း​မှ​တစ်​ပါး အ​ခြား မည်​သို့​မျှ​အန္တ​ရာယ်​မ​ပြု​သူ​များ​ကို​မ​ကြောက် ကြ​နှင့်။-
LUK 12:5 သင်​တို့​ကြောက်​သင့်​သူ​ကို​ငါ​ဖော်​ပြ​မည်။ ကိုယ် ခန္ဓာ​ကို​သတ်​ပြီး​နောက်​သင်​တို့​အား​င​ရဲ​သို့ ချ​နိုင်​သူ​ဘု​ရား​သ​ခင်​ကို​ကြောက်​ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​အ​ရှင်​ကို ကြောက်​ကြ​လော့။
LUK 12:6 ``စာ​က​လေး​ငါး​ကောင်​ကို​အ​ဿ​ရိ​နှစ်​ပြား ဖြင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​စာ​က​လေး​တစ်​ကောင်​ကို​မျှ​မေ့ လျော့​တော်​မ​မူ။-
LUK 12:7 သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​ပြီ။ ထို့ ကြောင့်​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကား​စာ ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​တန်​၏။
LUK 12:8 ``သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့​တ​ပည့်​အ​ဖြစ် လူ​တို့​ရှေ့​တွင်​ဝန်​ခံ​သော​သူ​ကို လူ​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​တို့​၏​ရှေ့ တွင် မိ​မိ​တ​ပည့်​အ​ဖြစ်​ဝန်​ခံ​တော်​မူ​လိမ့်​မည်။-
LUK 12:9 ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သော​သူ​ကို လူ​သား​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တို့​ရှေ့​တွင်​ပစ်​ပယ်​လိမ့်​မည်။
LUK 12:10 ``လူ​သား​ကို​နှုတ်​ဖြင့်​ပြစ်​မှား​သူ​သည်​အ​ပြစ် ပြေ​လွတ်​ခွင့်​ရ​နိုင်​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို​သူ​မူ ကား အ​ပြစ်​ပြေ​လွတ်​ခွင့်​ရ​နိုင်​လိမ့်​မည်​မ​ဟုတ်။
LUK 12:11 ``လူ​တို့​သည်​သင်​တို့​ကို​တ​ရား​ဇ​ရပ်​များ​သို့ လည်း​ကောင်း၊ မင်း​များ​အာ​ဏာ​ပိုင်​များ​ရှေ့​သို့ လည်း​ကောင်း ခေါ်​ဆောင်​လာ​ကြ​သော​အ​ခါ အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​မ​စိုး​ရိမ်​ကြ နှင့်။-
LUK 12:12 သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည် ထို​အ​ချိန်​၌​သွန်​သင်​ပေး တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 12:13 ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​အား​အ​မွေ​ခွဲ​ဝေ​ပေး​ရန်​အစ်​ကို​ဖြစ် သူ​ကို​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။
LUK 12:14 ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-
LUK 12:15 ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။
LUK 12:16 ထို​နောက်​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင် ၍ ``သူ​ဌေး​တစ်​ဦး​သည် မိ​မိ​၏​လယ်​ယာ​မှ အ​သီး​အ​နှံ​များ​စွာ​ထွက်​သ​ဖြင့်၊-
LUK 12:17 `ငါ​၏​လယ်​ယာ​ထွက်​သီး​နှံ​များ​ကို​သို​ထား ရန်​နေ​ရာ​မ​ရှိ။ ငါ​သည်​အ​ဘယ်​သို့​ပြု​ရ အံ့​နည်း' ဟု တစ်​ကိုယ်​တည်း​တွေး​တော​လျက် နေ​၏။-
LUK 12:18 ထို​နောက် `ငါ​ဤ​သို့​ပြု​မည်။ ကျီ​ဟောင်း​များ ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​သစ်​များ ကို​တည်​ဆောက်​မည်။ ငါ​၏​ဂျုံ​စ​ပါး​နှင့်​အ​ခြား ပစ္စည်း​ဥစ္စာ​များ​ကို ထို​ကျီ​သစ်​ကြီး​များ​တွင် သို​မှီး​ထား​မည်။-
LUK 12:19 ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။-
LUK 12:20 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။
LUK 12:21 ``မိ​မိ​အ​တွက်​ဘဏ္ဍာ​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ဆင်း​ရဲ​သော သူ​ကား အ​ဆို​ပါ​သူ​ဌေး​နှင့်​တူ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
LUK 12:22 ထို​နောက်​သ​ခင်​ယေ​ရှု​က​တ​ပည့်​တော်​တို့ အား``သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​စား ရ​မည်​နည်း​ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး ရိမ်​ကြ​နှင့်။ အ​ဘယ်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း ဟု ကိုယ်​ခန္ဓာ​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။-
LUK 12:23 အ​သက်​သည်​အ​စား​အ​စာ​ထက်​အ​ရေး​ကြီး ၏။ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​အ​ရေး​ကြီး​၏။-
LUK 12:24 ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ အ​သီး​အ​နှံ​များ ကို​မ​ရိတ်​မ​သိမ်း။ သူ​တို့​မှာ​ကုန်​လှောင်​ခန်း​များ၊ ကျီ​များ​မ​ရှိ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့ ကား​ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​လော။-
LUK 12:25 သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ခြင်း အား​ဖြင့်​မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း ငယ်​မျှ​ပို​၍​ရှည်​စေ​နိုင်​သ​နည်း။-
LUK 12:26 ဤ​သို့​သေး​ငယ်​သော​အ​မှု​ကို​မ​တတ်​နိုင်​လျှင် အ​ဘယ်​ကြောင့်​အ​ခြား​အ​မှု​များ​အ​တွက် စိုး​ရိမ်​နေ​ကြ​သ​နည်း။-
LUK 12:27 တော​နှင်း​ပန်း​ပင်​များ​ကို​ကြည့်​ရှု​ဆင်​ခြင် ကြ​လော့။ ထို​ပန်း​ပင်​တို့​သည်​ဗိုင်း​မ​ငင်၊ ယက် ကန်း​လည်း​မ​ရက်၊ သို့​ရာ​တွင်​ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး​ပင်​လျှင် ထို​ပန်း​များ ကဲ့​သို့​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား ငါ​ဆို​၏။-
LUK 12:28 ယုံ​ကြည်​ကိုး​စား​ခြင်း​နည်း​ပါး​သူ​တို့၊ ယ​နေ့ ကွင်း​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက် ရ​သော​တော​မြက်​ကို ဘု​ရား​သ​ခင်​သည်​ဤ​သို့ ဝတ်​ဆင်​ပေး​လျှင် သင်​တို့​အား​ထို​ထက်​မ​က ဝတ်​ဆင်​ပေး​မည်​မ​ဟုတ်​လော။''
LUK 12:29 ``အ​ဘယ်​အ​ရာ​ကို​စား​ရ​အံ့​နည်း၊ အ​ဘယ် အ​ရာ​ကို​သောက်​ရ​အံ့​နည်း​ဟူ​၍​စိုး​ရိမ်​ပူ​ပန် မှု​မ​ရှိ​ကြ​နှင့်။-
LUK 12:30 ထို​အ​ရာ​များ​ကို​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရား​သ​ခင် ကို​မ​ယုံ​ကြည်​သူ​တို့​သည်​ရှာ​ဖွေ​တတ်​ကြ ၏။ ထို​အ​ရာ​များ​ကို​သင်​တို့​လို​ကြောင်း​ကို သင်​တို့​အ​ဖ​သိ​တော်​မူ​၏။-
LUK 12:31 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ထို​အ​ရာ​များ​ကို လည်း​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်။
LUK 12:32 ``သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ သင်​တို့​၏​အ​ဖ သည်​သင်​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​ရန် အ​လို​ရှိ​တော်​မူ​၏။-
LUK 12:33 သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။-
LUK 12:34 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ သို့ သင်​တို့​စိတ်​သည်​လည်း​ရောက်​တတ်​သော ကြောင့်​ဖြစ်​၏။''
LUK 12:35 ``သင်​တို့​သည်​အ​ဆင်​သင့်​ဖြစ်​ရန်​ခါး​ကို​စည်း လျက်​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ထား​ကြ​လော့။-
LUK 12:36 မင်္ဂလာ​ဆောင်​မှ​ပြန်​လာ​သော​မိ​မိ​တို့​၏​သ​ခင် သည်​တံ​ခါး​ကို​ခေါက်​လျှင် ချက်​ချင်း​ဖွင့်​ပေး ရန်​စောင့်​မျှော်​နေ​ကြ​သော​အ​စေ​ခံ​များ​ကဲ့ သို့​ဖြစ်​ကြ​လော့။-
LUK 12:37 အ​စေ​ခံ​တို့​စောင့်​မျှော်​နေ​ကြ​သည်​ကို သ​ခင် ပြန်​ရောက်​ချိန်​၌​တွေ့​ရှိ​ရ​၏။ ထို​အ​စေ​ခံ​တို့ သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား​အ​မှန် အ​ကန်​ငါ​ဆို​သည်​ကား သ​ခင်​သည်​ထို အ​စေ​ခံ​တို့​ကို​ဧည့်​သည်​များ​အ​ဖြစ်​စား ပွဲ​တွင်​ထိုင်​စေ​လျက် မိ​မိ​ကိုယ်​တိုင်​ခါး​ကို စည်း​ကာ​ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မည်။-
LUK 12:38 သူ​သည်​သန်း​ခေါင်​ယံ​၌​သော်​လည်း​ကောင်း၊ မိုး​သောက်​ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ သော​အ​ခါ စောင့်​မျှော်​လျက်​နေ​သော​အ​စေ​ခံ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။-
LUK 12:39 အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အချိန် ကို​သာ​သိ​ရ​လျှင် မိ​မိ​အိမ်​ကို​သူ​ခိုး​အ​ဖောက် ခံ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​မှတ်​ထား​ကြ​လော့။-
LUK 12:40 လူ​သား​သည်​သင်​တို့​မ​မျှော်​လင့်​သည့်​အ​ချိန် ၌​ကြွ​လာ​မည်​ဖြစ်​၍​သင်​တို့​အ​သင့်​ရှိ​နေ​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 12:41 ပေ​တ​ရု​က ``အ​ရှင်၊ ဤ​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အ​တွက်​မိန့်​တော်​မူ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​ခပ်​သိမ်း​တို့​အ​တွက်​လော'' ဟု မေး​လျှောက်​၏။
LUK 12:42 သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။-
LUK 12:43 တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​သည်​ကို​အိမ်​ရှင် ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင် ထို​အ​စေ​ခံ​သည် မင်္ဂ​လာ​ရှိ​၏။-
LUK 12:44 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အိမ်​ရှင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန် ထို​အ​စေ​ခံ​အား​အပ်​နှင်း​လိမ့်​မည်။-
LUK 12:45 သို့​ရာ​တွင်​အ​ကယ်​၍​ထို​အ​စေ​ခံ​သည်`ငါ့​သ​ခင် ပြန်​လာ​ရန်​ကြာ​ဦး​မည်' ဟု​စိတ်​တွင်​အောက်​မေ့ ကာ အ​စေ​ခံ​ယောကျာ်း၊ အ​စေ​ခံ​မိန်း​မ​တို့​အား ရိုက်​ပုတ်​၍ သောက်​စား​မူး​ယစ်​လျက်​နေ​သည် ဆို​အံ့။-
LUK 12:46 ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင်​သည့် အ​ချိန်​၌​အိမ်​ရှင်​သည်​ပြန်​လာ​၍ သူ့​ကို​ပြင်း ထန်​စွာ​ဒဏ်​ခတ်​၍ သစ္စာ​မဲ့​သူ​တို့​ခံ​စား​ရ မည့်​ကံ​ကြမ္မာ​ကို​ခံ​စား​စေ​လိမ့်​မည်။
LUK 12:47 ``အ​ရှင်​၏​အ​လို​ဆန္ဒ​ကို​သိ​လျက်​နှင့်​အ​သင့် ပြင်​ဆင်​၍​မ​ထား၊ ထို​အ​လို​ဆန္ဒ​သို့​လိုက်​လျော ခြင်း​ကို​မ​ပြု​ဘဲ​နေ​သော​အ​စေ​ခံ​သည်​ကြိမ် ဒဏ်​များ​စွာ​ခံ​ရ​လတ္တံ့။-
LUK 12:48 သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။
LUK 12:49 ``ငါ​သည်​ဤ​လော​က​ကို​မီး​လောင်​စေ​ရန်​လာ ၏။ ယ​ခု​ပင်​မီး​လောင်​စေ​ချင်​လှ​ပြီ။-
LUK 12:50 ငါ​ခံ​ယူ​ရ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု ကို​ဆောင်​ရွက်​၍​မ​ပြီး​မ​ချင်း ငါ​သည်​စိတ် ဒုက္ခ​ရောက်​လှ​၏။-
LUK 12:51 ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန် ငါ​လာ​သည်​ဟု​ထင်​ကြ​သ​လော။ ယင်း​သို့​မ​ဟုတ်။ လူ​တို့​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် သာ​လျှင်​ငါ​လာ​သ​တည်း။-
LUK 12:52 ယ​ခု​မှ​စ​၍​လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​ထောင် တွင်​နှစ်​ယောက်​က​တစ်​ဖက်၊ သုံး​ယောက်​က တစ်​ဖက်​စိတ်​ဝမ်း​ကွဲ​ပြား​ကြ​လိမ့်​မည်။-
LUK 12:53 ဖ​ခင်​နှင့်​သား၊ မိ​ခင်​နှင့်​သ​မီး၊ ယောက္ခ​မ​ဖြစ် သူ​နှင့်​ချွေး​မ​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 12:54 ထို​နောက်​ကိုယ်​တော်​က ``အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​ရွာ​လိမ့် မည်​ဟု​သင်​တို့​ချက်​ချင်း​ပြော​တတ်​ကြ​၏။ သင် တို့​ပြော​သည့်​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။-
LUK 12:55 တောင်​လေ​လာ​သည်​ကို​မြင်​သော်​နေ​ပူ​လိမ့်​မည် ဟု​ပြော​တတ်​ကြ​၏။ သင်​တို့​ပြော​သည့်​အ​တိုင်း လည်း​ဖြစ်​တတ်​၏။-
LUK 12:56 ကြောင်​သူ​တော်​တို့၊ သင်​တို့​သည်​မိုး​မြေ​၏ အ​ရိပ်​အ​ခြေ​ကို​ထောက်​လျက်​ရာ​သီ​ဥ​တု အ​ခြေ​အ​နေ​ကို​ပြော​နိုင်​ကြ​ပါ​လျက်​နှင့် ဤ ခေတ်​ကာ​လ​နှင့်​စပ်​ဆိုင်​သော​နိ​မိတ်​များ​ကို အ​ဘယ်​ကြောင့်​မ​သိ​နိုင်​ကြ​သ​နည်း။''
LUK 12:57 ``မှန်​ကန်​သည့်​အ​မှု​ကို​ပြု​ရန်​အ​ဘယ်​ကြောင့် သင်​တို့​ကိုယ်​တိုင်​မ​ဆုံး​ဖြတ်​ကြ​သ​နည်း။-
LUK 12:58 သင်​၏​တ​ရား​တွေ့​ဘက်​နှင့်​အ​တူ တ​ရား သူ​ကြီး​ထံ​ကို​သွား​ရာ​လမ်း​တွင်​ကျေ​အေး အောင်​စေ့​စပ်​လော့။ ထို​သို့​မ​ပြု​ပါ​မူ သူ​သည် သင့်​အား​တ​ရား​သူ​ကြီး​၏​ရှေ့​သို့​ဆွဲ​ခေါ် သွား​လိမ့်​မည်။ တ​ရား​သူ​ကြီး​သည် သင့်​အား မင်း​မှု​ထမ်း​လက်​သို့​ပေး​အပ်​လိုက်​လိမ့်​မည်။ မင်း​မှု​ထမ်း​သည်​လည်း​သင့်​အား​ထောင်​ချ ထား​လိမ့်​မည်။-
LUK 12:59 အ​ကြွေး​အ​ကုန်​ပြေ​လည်​အောင်​မ​ဆပ်​မ​ချင်း သင်​သည်​ထောင်​မှ​ထွက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​၏'' ဟူ​၍​ပ​ရိ​သတ်​သင်​တို့​အား​မိန့် တော်​မူ​၏။
LUK 13:1 ထို​အ​ချိန်​၌​လူ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​၍ ပိ​လတ်​မင်း​သတ်​ဖြတ်​လိုက် သည့်​ဂါ​လိ​လဲ​အ​မျိုး​သား​များ​အ​ကြောင်း ကို​လျှောက်​ထား​ကြ​၏။ ထို​သူ​တို့​သည်​ယဇ် ပူ​ဇော်​လျက်​ရှိ​နေ​စဉ်​သတ်​ဖြတ်​ခြင်း​ကို ခံ​ခဲ့​ရ​ကြ​၏။-
LUK 13:2 ကိုယ်​တော်​က ``ထို​လူ​စု​သည်​ယင်း​သို့​အ​သတ် ခံ​ရ​သ​ဖြင့်​အ​ခြား​ဂါ​လိ​လဲ​အ​မျိုး​သား အ​ပေါင်း​တို့​ထက်​ပို​၍ အ​ပြစ်​ကူး​သူ​များ ဖြစ်​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ သူ တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။-
LUK 13:3 သို့​ရာ​တွင်​သင်​တို့​သည်​လည်း​နောင်​တ​မ​ရ ကြ​လျှင် ထို​သူ​တို့​နည်း​တူ​သေ​ကျေ​ပျက်​စီး ရ​လိမ့်​မည်။-
LUK 13:4 ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​၍​သေ​သူ လူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် အ​ခြား​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​ထက်​ပို​၍​အ​ပြစ် ကူး​သူ​များ​ဖြစ်​သည်​ဟု သင်​တို့​ထင်​မှတ် ကြ​သ​လော။-
LUK 13:5 သူ​တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​သင်​တို့ သည်​လည်း​နောင်​တ​မ​ရ​ကြ​လျှင် ထို​သူ​တို့ နည်း​တူ​သေ​ကျေ​ပျက်​စီး​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
LUK 13:6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``လူ​တစ်​ယောက်​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ တွင် စိုက်​ပျိုး​ထား​သော​သင်္ဘော​သ​ဖန်း​ပင်​တစ် ပင်​ရှိ​၏။ ဥ​ယျာဉ်​ရှင်​သည်​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သော်​လည်း​တစ်​လုံး​မျှ​မ​တွေ့​ရ။-
LUK 13:7 ဥ​ယျာဉ်​ရှင်​က `ငါ​သည်​ဤ​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သည်​မှာ​သုံး​နှစ်​ရှိ​ချေ​ပြီ။ သို့​ရာ တွင်​တစ်​လုံး​မျှ​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ် ပစ်​လော့။ အ​ဘယ်​ကြောင့်​မြေ​ကို​အ​ကျိုး​မဲ့ ဖြစ်​စေ​မည်​နည်း' ဟု​ဥယျာဉ်​မှူး​အား​ဆို​၏။-
LUK 13:8 ဥ​ယျာဉ်​မှူး​က `ထို​အ​ပင်​ကို​ဤ​နှစ်​တစ်​နှစ် ထား​ပါ​ဦး။ အ​ပင်​ရင်း​ပတ်​လည်​ကို​အ​ကျွန်ုပ် တူး​ဆွ​၍​မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။-
LUK 13:9 နောင်​နှစ်​ခါ​အ​သီး​သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍​အ​သီး​မ​သီး​ခဲ့​သော်​ခုတ်​ပစ်​ပါ' ဟု ပြန်​၍​လျှောက်​သည်'' ဟု​မိန့်​တော်​မူ​၏။
LUK 13:10 ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​ဟော​ပြော​သွန် သင်​လျက်​နေ​တော်​မူ​ရာ တ​ရား​ဇ​ရပ်​တွင်​တစ် ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​နတ်​မိစ္ဆာ​ပူး​ဝင်​သ​ဖြင့် မ​သန်​မ​စွမ်း​ဖြစ်​လျက်​နေ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရှိ​၏။ သူ​သည်​ကျော​ကုန်း​၍​မိ​မိ ၏​ခါး​ကို​လုံး​ဝ​မ​ဆန့်​နိုင်။-
LUK 13:12 သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင် သော​အ​ခါ အ​ထံ​တော်​သို့​ခေါ်​တော်​မူ​လျက် ``အ​ချင်း​အ​မျိုး​သ​မီး​သင့်​ရော​ဂါ​ပျောက် ပြီ'' ဟု​မိန့်​တော်​မူ​၏။-
LUK 13:13 သူ​၏​အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ သ​ဖြင့် သူ​သည်​ချက်​ချင်း​ပင်​ခါး​ဆန့်​သွား​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​ကူး လေ​၏။
LUK 13:14 ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။
LUK 13:15 သ​ခင်​ဘု​ရား​က ``ကြောင်​သူ​တော်​တို့၊ သင်​တို့​ရှိ သ​မျှ​သည်​ဥ​ပုသ်​နေ့​၌​သင်​တို့​၏​မြည်း​များ၊ နွား​များ​အား​တင်း​ကုတ်​မှ​ကြိုး​ကို​ဖြေ​၍ ရေ တိုက်​ရန်​ခေါ်​ဆောင်​သွား​တတ်​ကြ​သည်​မ​ဟုတ် လော။-
LUK 13:16 အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သူ​ဤ​အ​မျိုး​သ​မီး သည် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​စာ​တန်​၏​အ​နှောင် အ​ဖွဲ့​ကို​ခံ​ခဲ့​ရ​၏။ သူ့​အား​ဥ​ပုသ်​နေ့​၌​ထို အ​နှောင်​အ​ဖွဲ့​မှ​မ​လွှတ်​အပ်​သ​လော'' ဟု​မိန့် တော်​မူ​၏။-
LUK 13:17 ဤ​သို့​မိန့်​တော်​မူ​လိုက်​သော​အ​ခါ​ကိုယ်​တော် ကို​ရန်​ဘက်​ပြု​သူ​များ​သည်​အ​ရှက်​ရ​သွား ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကား ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ များ​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။
LUK 13:18 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​အ​ဘယ်​အ​ရာ​နှင့်​တူ​သ​နည်း။ အ​ဘယ် အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-
LUK 13:19 နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ မုန် ညင်း​စေ့​ကို​လူ​တစ်​ယောက်​သည်​ယူ​၍​မိ​မိ​၏ ဥ​ယျာဉ်​တွင်​စိုက်​၏။ ထို​အ​စေ့​မှ​အပင်​ပေါက် ၍​ကြီး​မား​လာ​သ​ဖြင့် ထို​အ​ပင်​၏​အ​ကိုင်း အ​ခက်​များ​တွင်​ငှက်​များ​နား​နေ​ရ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 13:20 တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​အ​ဘယ်​အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-
LUK 13:21 နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ တ​ဆေး ကို​အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ယူ​ပြီး​လျှင် မုန့်​ညက်​သုံး​စိတ်​တွင်​ထည့်​၍​မုန့်​ညက်​အား​လုံး ကို​ဖောင်း​ကြွ​လာ​စေ​သည်'' ဟု​မိန့်​တော်​မူ​၏။
LUK 13:22 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု တော်​မူ​ရာ​လမ်း​တွင်​ဟော​ပြော​သွန်​သင်​လျက် တစ်​မြို့​မှ​တစ်​မြို့၊ တစ်​ရွာ​မှ​တစ်​ရွာ​ကို​ဖြတ် ၍​ကြွ​တော်​မူ​၏။-
LUK 13:23 လူ​တစ်​ယောက်​က ``အ​ရှင်၊ ကယ်​တင်​ခြင်း​ခံ​ရ သူ​များ​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါ သ​လော'' ဟု​မေး​လျှောက်​၏။
LUK 13:24 ကိုယ်​တော်​က ``သင်​တို့​သည်​ကျဉ်း​မြောင်း​သော တံ​ခါး​ပေါက်​ကို​ဝင်​ရန်​ကြိုး​စား​အား​ထုတ်​ကြ လော့။ လူ​အ​များ​ပင်​ထို​တံ​ခါး​ပေါက်​ကို​ဝင်​ရန် ကြိုး​စား​ကြ​လိမ့်​မည်။ သို့​သော်​ဝင်​နိုင်​စွမ်း​ရှိ​ကြ လိမ့်​မည်​မ​ဟုတ်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-
LUK 13:25 အိမ်​ရှင်​သည်​ထ​လျက်​တံ​ခါး​ကို​ပိတ်​လိုက်​၍ သင် တို့​သည်​အိမ်​ပြင်​မှာ​ရောက်​ရှိ​နေ​ရ​သော​အ​ဖြစ် နှင့်​တွေ့​ကြုံ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​က `အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ကို​ဖွင့်​ပေး​တော် မူ​ပါ' ဟု​ဆို​၍​တံ​ခါး​ကို​ခေါက်​သော်​လည်း အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ​သည်​ကို​ငါ မ​သိ' ဟု​ဆို​လိမ့်​မည်။-
LUK 13:26 ထို​အ​ခါ​သင်​တို့​က `အ​ကျွန်ုပ်​တို့​သည်​အ​ရှင် နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ်​ပါ​၏။ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​၏​မြို့​ရွာ​တွင်​ဟော​ပြော​သွန်​သင် ခဲ့​ပါ​၏' ဟု​လျှောက်​ကြ​လိမ့်​မည်။-
LUK 13:27 သို့​သော်​လည်း​အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ သည်​ကို​ငါ​မ​သိ။ ဆိုး​ညစ်​သော​သူ​တို့၊ ငါ့​ထံ​မှ ထွက်​သွား​ကြ​လော့' ဟူ​၍​ပြန်​ပြော​ပေ​အံ့။-
LUK 13:28 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ထဲ​တွင် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပ​ရော​ဖက်​အ​ပေါင်း တို့​ရောက်​ရှိ​ကြ​သည်​ကို​မြင်​လျက် မိ​မိ​တို့​ကိုယ် တိုင်​က​မူ​နိုင်​ငံ​တော်​၏​ပြင်​ပ​သို့​နှင်​ထုတ်​ခြင်း ခံ​ရ​ကြ​သော​အ​ခါ​အ​ဘယ်​မျှ​ငို​ကြွေး​မြည် တမ်း​ခြင်း၊ အံ​သွား​ကြိတ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​နည်း။-
LUK 13:29 လူ​တို့​သည်​အ​ရှေ့​အ​နောက်​တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​မှ​လာ​ကြ​ပြီး​လျှင် ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ပွဲ​တွင်​ဝင်​ကြ​လိမ့်​မည်။-
LUK 13:30 ထို​အ​ခါ​၌​ယ​ခု​နောက်​ဆုံး​သို့​ရောက်​နေ​သော သူ​တို့​သည် ရှေ့​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု ရှေ့​ဆုံး​သို့​ရောက်​နေ​သူ​တို့​သည် နောက်​ဆုံး​သို့​ရောက် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 13:31 ထို​အ​ချိန်​၌​ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​ကို​လာ​ပြီး​လျှင် ``ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ အ​ခြား​အ​ရပ်​သို့​ကြွ​တော်​မူ​ပါ။ ဟေ​ရုဒ်​မင်း သည်​အ​ရှင့်​အား​သတ်​ရန်​အ​ကြံ​ရှိ​ပါ​၏'' ဟု လျှောက်​ကြ​၏။
LUK 13:32 ကိုယ်​တော်​က ``ငါ​သည်​ယ​နေ့​နှင့်​နက်​ဖြန်​နေ့​တို့​၌ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​မည်။ တ​တိ​ယ​နေ့​တွင်​မူ​ငါ​၏ အ​လုပ်​ကို​အ​ဆုံး​သတ်​မည်​ဖြစ်​ကြောင်း​ကို​ထို မြေ​ခွေး​ကို​ပြော​ကြ​လော့။-
LUK 13:33 သို့​ရာ​တွင်​ယ​နေ့၊ နက်​ဖြန်​နေ့၊ နောက်​တစ်​နေ့​၌ ငါ​ခ​ရီး​ပြု​ရ​ဦး​မည်။ ပ​ရော​ဖက်​ဟူ​သည်​ယေ​ရု ရှ​လင်​မြို့​မှ​အ​ပ​အ​ခြား​အ​ရပ်​တွင်​အ​သတ် ခံ​ရန်​မ​သင့်။
LUK 13:34 ``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​သော တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​သည် ကြက်​က​လေး​များ​ကို​မိ​မိ​၏​အ​တောင်​အောက် တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင်​၏​သား သ​မီး​များ​ကို​စု​သိမ်း​ထား​လို​သည်​မှာ​ကြိမ်​ဖန် များ​လှ​လေ​ပြီ။ သို့​ရာ​တွင်​သင်​မူ​ကား​ငါ့​ကို ဤ​သို့​မ​ပြု​စေ​လို။-
LUK 13:35 သို့​ဖြစ်​၍​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် စွန့်​တော်​မူ​လိမ့်​မည်။ သင့်​အား​ငါ​ဆို​သည်​ကား `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​ရာ​နေ့​မ​တိုင်​မီ​သင်​သည်​ငါ့​ကို မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
LUK 14:1 ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​သည်​အ​စား အ​စာ​သုံး​ဆောင်​တော်​မူ​ရန် ဖာ​ရိ​ရှဲ​အ​ကြီး အ​ကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ထို အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ချောင်း ကြည့်​နေ​ကြ​၏။-
LUK 14:2 ကိုယ်​တော်​၏​ရှေ့​တွင်​ရေ​ဖျင်း​နာ​စွဲ​သူ​လူ တစ်​ယောက်​ရှိ​၏။-
LUK 14:3 ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​အပ်​သ​လော'' ဟု​ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အား​မေး​တော် မူ​၏။
LUK 14:4 သို့​ရာ​တွင်​သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​နာ​ကို​ခေါ်​လျက်​ရော​ဂါ​ကို ပျောက်​ကင်း​စေ​ပြီး​လျှင်​သူ့​အား​ထွက်​သွား စေ​တော်​မူ​၏။-
LUK 14:5 ကိုယ်​တော်​က ``သင်​တို့​အ​နက်​အ​ဘယ်​သူ​သည် မိ​မိ​၏​သား​ဖြစ်​စေ၊ နွား​ဖြစ်​စေ​ဥ​ပုသ်​နေ့​၌ ရေ​တွင်း​ထဲ​သို့​ကျ​ခဲ့​သော်​ချက်​ချင်း​မ​ဆွဲ မ​တင်​ဘဲ​နေ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
LUK 14:6 သို့​ရာ​တွင်​သူ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ဖြေ မ​ပေး​တတ်​ကြ။
LUK 14:7 စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။-
LUK 14:8 ကိုယ်​တော်​က ``သင်​သည်​မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဖိတ် ခေါ်​ခြင်း​ခံ​ရ​သော​အ​ခါ အ​ကောင်း​ဆုံး​သော နေ​ရာ​တွင်​မ​ထိုင်​နှင့်။ အ​ကယ်​၍​သင့်​ထက်​ဂုဏ် မြင့်​သူ​တစ်​ဦး​အား​လည်း​ဖိတ်​ခေါ်​ထား​ခဲ့​သော်။-
LUK 14:9 ပွဲ​ရှင်​သည်​သင့်​ထံ​သို့​လာ​၍ `ဤ​သူ​အား​နေ​ရာ ဖယ်​ပေး​လိုက်​ပါ' ဟု​ဆို​ပေ​အံ့။ ထို​အ​ခါ​သင် သည်​အ​ရှက်​ရ​လျက် နိမ့်​ကျ​သည့်​နေ​ရာ​တွင် ထိုင်​ရ​လိမ့်​မည်။-
LUK 14:10 သို့​ဖြစ်​၍​သင်​သည်​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​လျှင် ပွဲ​သို့​သွား​၍​အ​နိမ့်​ကျ​ဆုံး​သော​နေ​ရာ​တွင် ထိုင်​လော့။ သို့​မှ​သာ​ပွဲ​ရှင်​သည်​သင့်​ထံ​လာ​၍ `အ​ဆွေ​သာ​၍​ကောင်း​သော​နေ​ရာ​သို့​ကြွ​ပါ' ဟု​သင့်​အား​ဆို​လိမ့်​မည်။ ထို​အ​ခါ​သင်​သည် ဧည့်​ပ​ရိ​သတ်​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ ရှိ​လိမ့်​မည်။-
LUK 14:11 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည် ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
LUK 14:12 ထို​နောက်​ကိုယ်​တော်​က​အိမ်​ရှင်​အား ``သင်​သည် နံ​နက်​စာ​သော်​လည်း​ကောင်း၊ ည​စာ​သော်​လည်း ကောင်း​ကျွေး​မွေး​ဧည့်​ခံ​မည်​ပြု​သော​အ​ခါ မိတ်​ဆွေ​များ၊ ညီ​အစ်​ကို​များ၊ ဆွေ​မျိုး​များ၊ ချမ်း​သာ​ကြွယ်​ဝ​သော​အိမ်​နီး​ချင်း​များ အား​မ​ဖိတ်​မ​ခေါ်​နှင့်။ ဖိတ်​ခေါ်​ခဲ့​ပါ​မူ​သူ တို့​သည်​သင့်​အား​ပြန်​ဖိတ်​ခေါ်​ပြီး​လျှင် ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။-
LUK 14:13 သို့​ဖြစ်​၍​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​ကို​ကျင်း​ပ သော​အ​ခါ​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ဖိတ်​ခေါ် လော့။-
LUK 14:14 သို့​ဖိတ်​ခေါ်​လျှင်​သင်​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည် သင့်​အား ပြန်​၍​ကျေး​ဇူး​ဆပ်​နိုင်​စွမ်း​မ​ရှိ​ကြ​သော​ကြောင့် ဖြစ်​သည်။ သူ​တော်​ကောင်း​တို့​သေ​ခြင်း​မှ​ထ​မြောက် ရာ​ကာ​လ​၌ သင်​သည်​ကျေးဇူး​ဆပ်​ခြင်း​ကို​ခံ​ရ လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
LUK 14:15 ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သူ​လူ​တစ်​ယောက် သည်​ထို​စ​ကား​တော်​ကို​ကြား​လျှင် ``ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပွဲ​ဝင်​ရ​မည့်​သူ​သည် မင်္ဂ​လာ​ရှိ​၏'' ဟု​လျှောက်​၏။
LUK 14:16 ကိုယ်​တော်​က ``လူ​တစ်​ယောက်​သည်​ကျွေး​မွေး ဧည့်​ခံ​ပွဲ​ကြီး​တစ်​ရပ်​ကို​ကျင်း​ပ​ရန်​ဧည့်​သည် အ​မြောက်​အ​မြား​ကို​ဖိတ်​ကြား​၏။-
LUK 14:17 အ​ချိန်​ရောက်​သော​အ​ခါ​မိ​မိ​ဖိတ်​ခေါ်​ထား သူ​များ​၏​ထံ​သို့​အ​စေ​ခံ​တစ်​ယောက်​အား စေ​လွှတ်​၍ `ကြွ​ကြ​ပါ၊ အား​လုံး​အ​သင့်​ရှိ ပြီ' ဟု​ပြော​ကြား​စေ​၏။-
LUK 14:18 သူ​တို့​အား​လုံး​တစ်​ယောက်​ပြီး​တစ်​ယောက်​ခွင့်​ပန် ကြ​၏။ ပ​ထ​မ​လူ​က`အ​ကျွန်ုပ်​သည်​လယ်​တစ်​ကွက် ကို​ဝယ်​ထား​သ​ဖြင့်​သွား​၍​ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။-
LUK 14:19 အခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​နွား​ငါး​ရှဉ်း ကို​ဝယ်​ထား​သ​ဖြင့် သွား​၍​စမ်း​သပ်​ရ​ပါ​မည်။ အ​ကျွန်ုပ်​အား​ခွင့်​လွှတ်​ရန်​တောင်း​ပန်​ပါ​၏' ဟု ဆို​၏။-
LUK 14:20 အ​ခြား​တစ်​ယောက်​က `အ​ကျွန်ုပ်​သည်​ယ​ခု​ပင် အိမ်​ထောင်​ကျ​သ​ဖြင့်​မ​လာ​နိုင်​ပါ' ဟု​ဆို​၏။-
LUK 14:21 အ​စေ​ခံ​သည်​မိ​မိ​၏​အ​ရှင်​ထံ​သို့​ပြန်​လာ​၍ ထို​အ​ကြောင်း​များ​ကို​လျှောက်​လေ​၏။ ထို​အ​ခါ အိမ်​ရှင်​အ​မျက်​ထွက်​၍ `လမ်း​မ​လမ်း​ကြား​သို့ အ​မြန်​သွား​၍​ဆင်း​ရဲ​သူ၊ အင်္ဂါ​ချို့​တဲ့​သူ၊ ခြေ မ​စွမ်း​သူ၊ မျက်​မ​မြင်​သူ​များ​ကို​ခေါ်​ခဲ့​လော့' ဟု​အ​စေ​ခံ​အား​စေ​ခိုင်း​၏။-
LUK 14:22 မ​ကြာ​မီ​အ​စေ​ခံ​ပြန်​ရောက်​လာ​၍`အ​ရှင်​စေ ခိုင်း​သည့်​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။ သို့​ရာ တွင်​နေ​ရာ​လပ်​ရှိ​ပါ​သေး​သည်' ဟု​လျှောက်​၏။-
LUK 14:23 အိမ်​ရှင်​က `ကျေး​လက်​တော​ရွာ​လမ်း​များ​ကို သွား​၍​အိမ်​ပြည့်​အောင်​လူ​များ​ကို​အ​နိုင် အ​ထက်​ခေါ်​ခဲ့​လော့။-
LUK 14:24 ယ​ခင်​က​ငါ​ဖိတ်​ခေါ်​ထား​သူ​တစ်​ယောက်​မျှ ငါ​၏​ကျွေး​မွေး​ဧည့်​ခံ​ပွဲ​သို့​မ​ဝင်​ရ​ဟု သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။
LUK 14:25 တစ်​နေ့​သ​၌​လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​လာ​ကြ​၏။ ကိုယ်​တော် သည်​သူ​တို့​အား​လှည့်​ကြည့်​တော်​မူ​ပြီး​လျှင်၊-
LUK 14:26 ``ငါ့​ထံ​ကို​လာ​သော်​လည်း​ငါ့​ကို​ချစ်​သည် ထက် မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို​မောင်​နှ​မ နှင့်​မိ​မိ​ကိုယ်​ကို​ပို​၍​ချစ်​သော​သူ​သည် ငါ ၏​တ​ပည့်​မ​ဖြစ်​နိုင်။-
LUK 14:27 မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ မ​လိုက်​သော​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။-
LUK 14:28 သင်​တို့​အ​နက်​အ​ဘယ်​သူ​သည်​မျှော်​စင်​တစ်​ခု ကို​တည်​ဆောက်​မည်​ကြံ​ပြီး​နောက်​မျှော်​စင်​ပြီး အောင်​တည်​ဆောက်​ရန် မိ​မိ​၌​ငွေ​အ​လုံ​အ​လောက် ရှိ​မ​ရှိ​ကို​သိ​ရန်​ဦး​စွာ​ထိုင်​၍​တွက်​ချက်​မ ကြည့်​ဘဲ​နေ​ပါ​မည်​နည်း။-
LUK 14:29 ထို​သို့​တွက်​ချက်​မ​ကြည့်​ဘဲ​မျှော်​စင်​ကို​အုတ် မြစ်​ချ​၍​အ​ဆုံး​မ​သတ်​နိုင်​ရှိ​ချေ​သော် ကြည့် မြင်​သူ​အ​ပေါင်း​တို့​သည်​ထို​သူ​အား​ပြောင် လှောင်​ကြ​လိမ့်​မည်။-
LUK 14:30 `ဤ​သူ​ကား​တည်​ဆောက်​မှု​ကို​အ​စ​ပြု​၏။ သို့​ရာ​တွင်​အ​ဆုံး​မ​သတ်​နိုင်​ပါ​တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။-
LUK 14:31 အ​ခြား​တစ်​နည်း​ဆို​သော်၊ အ​ဘယ်​မည်​သော ဘု​ရင်​သည်​အ​ခြား​ဘု​ရင်​တစ်​ပါး​နှင့်​စစ်​ပြိုင် ရန်​ထွက်​မည်​ပြု​သော​အ​ခါ မိ​မိ​၏​စစ်​သည် တစ်​သောင်း​ဖြင့် စစ်​သည်​နှစ်​သောင်း​နှင့်​ချီ​လာ သော​ဘု​ရင်​အား​ခု​ခံ​နိုင်​ပါ​မည်​လော​ဟု ဦး စွာ​ထိုင်​၍​မ​စဉ်း​စား​ဘဲ​နေ​ပါ​မည်​လော။-
LUK 14:32 အ​ကယ်​၍​မ​ခု​ခံ​နိုင်​ပါ​လျှင်​သူ​သည်​စစ်​ချီ လာ​သော​ဘု​ရင်​အ​ဝေး​၌​ရှိ​နေ​သေး​စဉ် သံ တ​မန်​များ​ကို​စေ​လွှတ်​၍​စစ်​ပြေ​ငြိမ်း​ရေး စ​ကား​ကမ်း​လှမ်း​ရ​ပေ​လိမ့်​မည်။-
LUK 14:33 ထို​နည်း​တူ​စွာ​သင်​တို့​အ​နက် မည်​သူ​မ​ဆို မိ​မိ​၌​ရှိ​သ​မျှ​ကို​မ​စွန့်​လျှင်​ငါ​၏​တပည့် မ​ဖြစ်​နိုင်။
LUK 14:34 ``ဆား​သည်​ကောင်း​ပေ​၏။ သို့​ရာ​တွင်​ဆား​မှ အ​ငန်​ကင်း​ပျောက်​လျှင် အ​ဘယ်​သို့​မျှ​ငန်​သော အ​ရ​သာ​ကို​ပြန်​၍​မ​ရ​နိုင်။-
LUK 14:35 လယ်​မြေ​အ​တွက်​သော်​လည်း​ကောင်း၊ မြေ​သြ​ဇာ အ​တွက်​သော်​လည်း​ကောင်း​အ​သုံး​မ​ဝင်​တော့ ပေ။ ထို့​ကြောင့်​ထို​ဆား​ကို​လူ​တို့​စွန့်​ပစ်​လိုက် တတ်​၏။ ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား ကြ​ကုန်​လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 15:1 အ​ခွန်​ခံ​သူ​များ​နှင့်​အ​ပယ်​ခံ​သူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ ရန်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။-
LUK 15:2 ဖာ​ရိ​ရှဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​က ``ဤ သူ​သည်​အ​ပြစ်​ကူး​သူ​များ​အား​လက်​ခံ​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည်​တ​ကား'' ဟု​ညည်း​တွား​ပြော​ဆို​ကြ​၏။-
LUK 15:3 ထို​အ​ခါ​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊
LUK 15:4 ``သင်​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သိုး​အ​ကောင်​တစ်​ရာ​ရှိ​၍​တစ်​ကောင်​ပျောက် လျှင်​မည်​သို့​ပြု​မည်​နည်း။ သူ​သည်​ကျန်​ကိုး​ဆယ့် ကိုး​ကောင်​ကို​စား​ကျက်​တွင်​ထား​ခဲ့​၍ ပျောက် သော​သိုး​ကို​မ​တွေ့​မ​ချင်း​ရှာ​မည်​မ​ဟုတ် လော။-
LUK 15:5 ထို​သိုး​ကို​တွေ့​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက် စွာ​ဖြင့်​ပ​ခုံး​ထက်​တွင်​တင်​၍​ထမ်း​လာ​လိမ့် မည်။-
LUK 15:6 အိမ်​သို့​ပြန်​ရောက်​သော​အ​ခါ​မိတ်​ဆွေ​နှင့်​အိမ်​နီး ချင်း​တို့​ကို​ခေါ်​ကာ`ပျောက်​သော​သိုး​ကို​ငါ​ပြန် တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။-
LUK 15:7 ထို​နည်း​တူ​စွာ​နောင်​တ​ရ​ရန်​မ​လို​သော​ဂုဏ် အ​သ​ရေ​ရှိ​သူ​ကိုး​ဆယ့်​ကိုး​ယောက်​အ​တွက် ထက် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ​သည့် အ​တွက်​ကောင်း​ကင်​ဘုံ​တွင်​ပို​၍​ရွှင်​လန်း​ဝမ်း မြောက်​ခြင်း​ရှိ​လိမ့်​မည်​ဟု​ငါ​ဆို​သည်။
LUK 15:8 ``တစ်​နည်း​ကား၊ အ​မျိုး​သ​မီး​တစ်​ဦး​သည်​မိ​မိ မှာ​ရှိ​သည့်​ဒင်္ဂါး​ဆယ်​ပြား​အ​နက်​တစ်​ပြား​ပျောက် သွား​၏။ ထို​အ​ခါ​သူ​သည်​မီး​ထွန်း​၍ အိမ်​ကို လှည်း​ကျင်း​ကာ​မ​တွေ့​မ​ချင်း​သေ​ချာ​စွာ​ရှာ မည်​မ​ဟုတ်​လော။-
LUK 15:9 သူ​သည်​ထို​ဒင်္ဂါး​ကို​တွေ့​သော​အ​ခါ​မိတ်​ဆွေ​နှင့် အိမ်​နီး​ချင်း​တို့​ကို​ခေါ်​၍`ပျောက်​သွား​သော​ဒင်္ဂါး ကို​ငါ​ပြန်​တွေ့​ပြီ။ ငါ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း မြောက်​ကြ​လော့' ဟု​ဆို​လိမ့်​မည်။-
LUK 15:10 ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် များ​သည် အ​ပြစ်​ကူး​သူ​တစ်​ယောက်​နောင်​တ​ရ ခြင်း​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​သည်​ဟု ငါ​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 15:11 ကိုယ်​တော်​က ``လူ​တစ်​ယောက်​မှာ​သား​နှစ်​ယောက်​ရှိ​၏။-
LUK 15:12 သား​ငယ်​သည်​အ​ဖ​အား `အ​ဖ၊ ကျွန်​တော်​ရ​ထိုက် သော​အ​မွေ​ကို​ခွဲ​ဝေ​ပေး​ပါ' ဟု​ဆို​၏။ ထို​အ​ခါ ဖ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သား​နှစ် ယောက်​အား​ခွဲ​ဝေ​ပေး​၏။-
LUK 15:13 ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။-
LUK 15:14 ရှိ​သ​မျှ​ငွေ​ကုန်​ချိန်​၌​ထို​ပြည်​တွင်​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက် သ​ဖြင့်​သူ​သည်​ငတ်​ပြတ်​လေ​၏။-
LUK 15:15 သို့​ဖြစ်​၍​ထို​ပြည်​သား​တစ်​ယောက်​ထံ​တွင်​ခို​ကိုး ရ​၏။ ထို​သူ​က​သူ့​အား​လယ်​တော​သို့​စေ​လွှတ် ၍​ဝက်​များ​ကို​ကျောင်း​စေ​၏။-
LUK 15:16 သူ​သည်​ဝက်​များ​စား​နေ​သည့်​ပဲ​တောင့်​ကို​ပင် စား​ချင်​စိတ်​ပေါက်​လာ​၏။ သို့​သော်​သူ့​အား​စား စ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ​ပေး​မည့်​သူ​မ​ရှိ။-
LUK 15:17 ထို​အ​ခါ​သူ​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​သ​ဖြင့်`ငါ့ အ​ဖ​၏​လုပ်​သား​အား​လုံး​ပင်​ဝ​စွာ​စား​ရ​ကြ​၏။ ငါ​မူ​ကား​ဤ​အ​ရပ်​တွင်​ငတ်​ပြတ်​လျက်​နေ​ပါ ပြီ​တ​ကား။-
LUK 15:18 ငါ​ထ​၍​အ​ဖ​ထံ​သို့​သွား​ပြီး​လျှင်`အ​ဖ၊ ကျွန်​တော် သည်​ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း ကောင်း​ပြစ်​မှား​မိ​ပါ​ပြီ။-
LUK 15:19 အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ်​မ​ခံ​ထိုက်​တော့​ပါ ဟု​ငါ​ပြော​မည်' ဟူ​၍​ဆို​၏။-
LUK 15:20 ထို​နောက်​သူ​သည်​ထ​၍​ဖ​ခင်​ထံ​သို့​ပြန်​သွား​လေ​၏။ ``အ​ဝေး​၌​ပင်​ရှိ​နေ​စဉ်​ဖ​ခင်​သည်​သူ့​ကို​မြင် သော်​သ​နား​သ​ဖြင့် ပြေး​၍​ဖက်​ပြီး​လျှင်​နမ်း​ရှုပ် လေ​၏။-
LUK 15:21 သား​ဖြစ်​သူ​က `အ​ဖ၊ ကျွန်​တော်​သည်​ဘု​ရား​သ​ခင် ကို​လည်း​ကောင်း၊ အ​ဖ​ကို​လည်း​ကောင်း​ပြစ်​မှား​မိ ပါ​ပြီ။ သို့​ဖြစ်​၍​အ​ဖ​၏​သား​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်​တော့​ပါ' ဟု​ဆို​၏။-
LUK 15:22 ဖ​ခင်​က `အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို​အ​မြန် ယူ​ခဲ့​၍​သူ့​အား​ဝတ်​ပေး​ကြ။ သူ​၏​လက်​၌​လက် စွပ်​ကို​ဆင်​ပေး​ကြ။ ဖိ​နပ်​ကို​စီး​ပေး​ကြ။-
LUK 15:23 ဆူ​ဖြိုး​အောင်​ကျွေး​ထား​သည့်​နွား​က​လေး​ကို သတ်​ကြ။ ငါ​တို့​ပျော်​ရွှင်​စွာ​စား​ကြ​ကုန်​အံ့။-
LUK 15:24 ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။
LUK 15:25 ``သို့​ရာ​တွင်​ထို​အ​ချိန်​၌​သား​ကြီး​ဖြစ်​သူ​သည် လယ်​တော​တွင်​ရောက်​ရှိ​နေ​၏။ သူ​ပြန်​လာ​၍​အိမ် အ​နီး​သို့​ရောက်​သော​အ​ခါ​တီး​မှုတ်​သံ​နှင့်​က ခုန်​သံ​ကို​ကြား​ရ​၏။-
LUK 15:26 ထို​အ​ခါ​လုပ်​သား​တစ်​ယောက်​ကို​ခေါ်​၍ `ဤ အ​ခြင်း​အ​ရာ​က​အ​ဘယ်​နည်း' ဟု​မေး​၏။-
LUK 15:27 လုပ်​သား​က `အ​ရှင်​၏​ညီ​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​ရောက်​လာ​သ​ဖြင့် အ​ရှင့်​ဖ​ခင်​သည်​ဆူ​ဖြိုး အောင်​ကျွေး​ထား​သော​နွား​က​လေး​တစ်​ကောင် ကို​သတ်​ပါ​၏' ဟု​ဆို​၏။-
LUK 15:28 သား​ကြီး​သည်​စိတ်​ဆိုး​လျက်​အိမ်​ထဲ​သို့​မ​ဝင် ဘဲ​နေ​၏။ ဖ​ခင်​သည်​အ​ပြင်​သို့​ထွက်​လာ​၍ သား​ကြီး​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖျောင်း​ဖျ​၏။-
LUK 15:29 သား​ကြီး​က `ကျွန်​တော်​သည်​နှစ်​ပေါင်း​များ​စွာ အ​ဖ​၏​အ​စေ​ကို​ခံ​ခဲ့​ပါ​၏။ အ​ဖ​၏​အ​မိန့်​ကို အ​ဘယ်​အ​ခါ​က​မျှ​မ​လွန်​ဆန်​ခဲ့​ဘူး​ပါ။ သို့ ရာ​တွင်​သူ​ငယ်​ချင်း​များ​နှင့်​အ​တူ​ကျွန်​တော် ပျော်​ပွဲ​စား​ရန် အ​ဖ​သည်​အ​ဘယ်​အ​ခါ​က​မျှ ဆိတ်​က​လေး​တစ်​ကောင်​ကို​မျှ​မ​ပေး​ခဲ့​ပါ။-
LUK 15:30 အ​ဖ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြည့်​တန်​ဆာ​များ နှင့်​ပျော်​ပါး​ဖြုန်း​တီး​ပစ်​သည့်​သား​ပြန်​လာ သော​အ​ခါ​၌​မူ သူ့​အ​တွက်​ဆူ​ဖြိုး​အောင် ကျွေး​ထား​သော​နွား​က​လေး​ကို​သတ်​ပါ သည်​တ​ကား' ဟု​ဆို​၏။-
LUK 15:31 အ​ဖ​ဖြစ်​သူ​က `ငါ့​သား၊ သင်​သည်​ငါ​နှင့်​အ​တူ အ​မြဲ​နေ​၏။ ငါ့​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​သင်​ပိုင်​၏။-
LUK 15:32 သင့်​ညီ​သည်​ယ​ခင်​က​သေ​သော်​လည်း ယ​ခု​ပြန်​၍ အ​သက်​ရှင်​လာ​၏။ ယ​ခင်​က​သူ့​ကို​ပျောက်​ဆုံး​ခဲ့ သော်​လည်း ယ​ခု​ပြန်​၍​တွေ့​ရ​၏။ သို့​ဖြစ်​၍​ငါ​တို့ သည်​ဝမ်း​မြောက်​လျက်​ပျော်​ပွဲ​ကို​ဆင်​နွှဲ​ရ​ကြ ၏' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
LUK 16:1 တစ်​ဖန်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ယောက်​မှာ​မန်​နေ​ဂျာ တစ်​ဦး​ရှိ​၏။ ထို​သူ​သည်​သူ​ဌေး​၏​ဥစ္စာ​ပစ္စည်း များ​ကို​ဖြုန်း​တီး​လျက်​နေ​ကြောင်း​ကို လူ​တို့​က သူ​ဌေး​အား​တိုင်​တန်း​ကြ​၏။-
LUK 16:2 သူ​ဌေး​သည်​သူ့​ကို​ခေါ်​၍ `သင့်​အ​ကြောင်း​ငါ​ကြား ရ​သည်​မှာ​အ​သို့​နည်း။ သင်​၏​လုပ်​ငန်း​နှင့်​ဆိုင်​သော ငွေ​စာ​ရင်း​များ​ကို​တင်​ပြ​လော့။ သင်​သည်​ဆက်​၍ ငါ​၏​မန်​နေ​ဂျာ​လုပ်​ရ​တော့​မည်​မ​ဟုတ်' ဟု​ဆို​၏။-
LUK 16:3 မန်​နေ​ဂျာ​သည်`ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ့​သူ​ဌေး​သည်​မန်​နေ​ဂျာ​ရာ​ထူး​ကို​ရုပ်​သိမ်း လေ​ပြီ။ ငါ့​မှာ​မြေ​တူး​ဆွ​နိုင်​သော​ခွန်​အား မ​ရှိ။ တောင်း​ရမ်း​စား​ရန်​လည်း​ငါ​ရှက်​၏။-
LUK 16:4 ငါ့​ရာ​ထူး​ပြုတ်​ပြီး​နောက်​လူ​တို့​ငါ့​ကို​လက်​ခံ ပေါင်း​ဖော်​ကြ​စေ​ရန်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို ငါ​သိ​ပြီ' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ။-
LUK 16:5 သူ​ဌေး​၏​မြီ​စား​အား​လုံး​ကို​ခေါ်​၏။ ထို​နောက် ပ​ထ​မ​လူ​အား `ငါ့​သူ​ဌေး​ကို​သင်​ပေး​ဆပ်​ရန် အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း' ဟု​မေး​၏။-
LUK 16:6 ထို​သူ​က `ဆီ​အ​ချိန်​ခွက်​တစ်​ထောင်​ရှိ​ပါ​သည်' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​မန်​နေ​ဂျာ​က `သင် ၏​စာ​ရင်း​ကို​ယူ​လော့။ အ​မြန်​ထိုင်​၍​ခွက်​ငါး ရာ​ဟု​ရေး​လော့' ဟု​ဆို​၏။-
LUK 16:7 ထို​နောက်​အ​ခြား​သူ​တစ်​ယောက်​အား `သင်​သည် လည်း​ပေး​ဆပ်​ရန်​အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း' ဟု​မေး​၏။ ထို​သူ​က​ဂျုံ​စ​ပါး​တင်း​တစ်​ထောင် ရှိ​ပါ​သည်​ဟု​ဆို​လျှင်​မန်​နေ​ဂျာ​က `သင်​၏ စာ​ရင်း​ကို​ယူ​လော့၊ အ​မြန်​ထိုင်​၍​ရှစ်​ရာ ဟု​ရေး​လော့' ဟု​ဆို​၏။-
LUK 16:8 ဤ​သို့​ပါး​နပ်​လိမ္မာ​စွာ​ပြု​သည့်​အ​တွက်​မ​ရိုး ဖြောင့်​သည့်​မန်​နေ​ဂျာ​ကို​သူ​ဌေး​သည်​ချီး​မွမ်း လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​ကီ​သား တို့​သည်​လော​ကီ​ကိစ္စ​ဆောင်​ရွက်​ရာ​တွင် အ​လင်း နှင့်​ဆိုင်​သော​သား​များ​ထက်​ပါး​နပ်​လိမ္မာ ကြ​သော​ကြောင့်​တည်း။
LUK 16:9 ``ထို​မှ​တစ်​ပါး​သင်​တို့​အား​ငါ​ဆို​သည်​ကား လော​က​စည်း​စိမ်​ချမ်း​သာ​အား​ဖြင့်​မိတ်​ဆွေ များ​ရ​အောင်​ပြု​ကြ​လော့။ သို့​မှ​သာ​ထို​စည်း စိမ်​ချမ်း​သာ​ကုန်​ဆုံး​သော​အ​ခါ​သင်​တို့​အား ထာ​ဝ​ရ​အိမ်​တော်​တွင်​ကြို​ဆို​လက်​ခံ​လိမ့် မည်။-
LUK 16:10 အ​မှု​ငယ်​တွင်​သစ္စာ​ရှိ​သူ​သည်​အ​မှု​ကြီး​တွင် လည်း​သစ္စာ​ရှိ​လိမ့်​မည်။ အ​မှု​ငယ်​တွင်​မ​ရိုး ဖြောင့်​သူ​သည်​အ​မှု​ကြီး​တွင်​လည်း​ရိုး​ဖြောင့် လိမ့်​မည်​မ​ဟုတ်။-
LUK 16:11 သို့​ဖြစ်​၍​သင်​တို့​သည်​လော​က​စည်း​စိမ်​ချမ်း​သာ နှင့်​ပတ်​သက်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည် သင်​တို့​အား​စည်း​စိမ်​ချမ်း​သာ​အ​စစ်​အ​မှန်​ကို အပ်​မည်​နည်း။-
LUK 16:12 သင်​တို့​သည်​သူ​တစ်​ပါး​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​နှင့် ဆိုင်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည်​သင်​တို့ ပိုင်​ဆိုင်​သည့်​ဥစ္စာ​ပစ္စည်း​ကို​သင်​တို့​အား​ပေး​အပ် မည်​နည်း။
LUK 16:13 ``အ​ဘယ်​အ​စေ​ခံ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ ကို​မ​ခံ​နိုင်။ သူ​သည်​သ​ခင်​တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​မည်။ တစ်​ဦး​ကို​သစ္စာ​ရှိ​၍​တစ်​ဦး ကို​မ​လေး​မ​ခန့်​ပြု​မည်။ သင်​တို့​သည်​တစ်​ချိန် တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​၏​အ​စေ​နှင့်​လော​က စည်း​စိမ်​ချမ်း​သာ​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
LUK 16:14 ငွေ​ကို​တပ်​မက်​သူ​များ​ဖြစ်​သည့်​ဖာ​ရိ​ရှဲ​များ သည်​ထို​စ​ကား​များ​ကို​ကြား​လျှင်​ကိုယ်​တော် ကို​သ​ရော်​ကြ​၏။-
LUK 16:15 ကိုယ်​တော်​က ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သူ​တော်​ကောင်း​များ​ဟု​လူ​တို့​အား​ထင်​မြင် စေ​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သင် တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ် တ​နိုး​ထား​သော​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏ ရှေ့​တော်​မှာ​စက်​ဆုပ်​ဖွယ်​ဖြစ်​၏။
LUK 16:16 ``ယော​ဟန်​မ​ပေါ်​မီ​ကာ​လ​က​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​အာ​ဏာ​တည်​လျက်​ရှိ ၏။ ယော​ဟန်​ပေါ်​ပြီး​ချိန်​မှ​စ​၍​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​ခဲ့​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း နိုင်​ငံ​တော်​သို့​အ​နိုင်​အ​ထက်​ဝင်​ကြ​ကုန်​၏။-
LUK 16:17 သို့​ရာ​တွင်​ပ​ညတ်​ကျမ်း​မှ​ဝစ္စ​ပေါက်​တစ်​လုံး ပျက်​စီး​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ပျက် စီး​ရန်​က​သာ​၍​လွယ်​၏။
LUK 16:18 ``မိ​မိ​၏​ဇ​နီး​ကို​ကွာ​၍​အ​ခြား​အ​မျိုး​သ​မီး တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော​သူ​သည်​လည်း သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။ ကွာ​ရှင်း​ထား သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​သော သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။
LUK 16:19 ``အ​ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ဦး​ရှိ​၏။ သူ​သည် နေ့​စဉ်​ကမ္ဗ​လာ​နီ​နှင့်​ပိတ်​ချော​ထည်​များ​ကို ဝတ်​ဆင်​လျက်​စည်း​စိမ်​ခံ​စား​လျက်​နေ​၏။-
LUK 16:20 သူ​၏​အိမ်​တံ​ခါး​အ​နီး​တွင်​လာ​ဇ​ရု​ဆို​သူ ဆင်း​ရဲ​သား​တစ်​ယောက်​သည်​တုံး​လုံး​လဲ​နေ​၏။ သူ့​မှာ​တစ်​ကိုယ်​လုံး​အ​နာ​စိမ်း​များ​ပေါက်​လျက် ရှိ​၏။ ခွေး​တို့​သည်​လာ​၍​သူ​၏​အ​နာ​စိမ်း​များ ကို​လျက်​ကြ​၏။-
LUK 16:21 သူ​သည်​သူ​ဌေး​၏​စား​ပွဲ​မှ​ကျ​သည့်​စား​နုပ် စား​ပေါက်​များ​ကို​စား​ရ​ရန်​တောင့်​တ​နေ​တတ်​၏။-
LUK 16:22 ထို​နောက်​ဆင်း​ရဲ​သား​သည်​သေ​လွန်​သွား​သ​ဖြင့် ကောင်း​ကင်​တ​မန်​တို့​သည် သူ့​အား​အာ​ဗြ​ဟံ​၏ လက်​ယာ​ဘက်​တွင်​လျောင်း​စေ​ရန်​သယ်​ဆောင်​သွား ကြ​၏။ သူ​ဌေး​သည်​လည်း​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။-
LUK 16:23 သူ​သည်​မ​ရ​ဏ​နိုင်​ငံ​တွင်​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ နေ​ရ​သ​ဖြင့် မျှော်​ကြည့်​လိုက်​သော​အ​ခါ​အာ​ဗြ​ဟံ ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​၏​လက်​ယာ​ဘက်​တွင် လာ​ဇ​ရု​ကို​လည်း​ကောင်း​မြင်​လေ​၏။-
LUK 16:24 သူ​ဌေး​က `အ​ဖ​အာဗြဟံ၊ အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ဤ​မီး​လျှံ​ထဲ​တွင် ပြင်း​စွာ​ဝေ​ဒ​နာ​ခံ​နေ​ရ​ပါ​၏။ လာ​ဇ​ရု​သည် လက်​ဖျား​ကို​ရေ​မှာ​နှစ်​၍​အ​ကျွန်ုပ်​၏​လျှာ ကို​အေး​စေ​မည့်​အ​ကြောင်း သူ့​အား​အ​ကျွန်ုပ် ထံ​သို့​စေ​လွှတ်​တော်​မူ​ပါ' ဟု​အော်​၍​လျှောက်​၏။
LUK 16:25 ``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-
LUK 16:26 ထို​မှ​တစ်​ပါး​သင်​တို့​နှင့်​ငါ​တို့​စပ်​ကြား​တွင် နက်​စွာ​သော​ချောက်​ကြီး​တစ်​ခု​တည်​ရှိ​၏။ ထို ကြောင့်​သင်​တို့​ဘက်​မှ​ငါ​တို့​ဘက်​သို့​လည်း ကောင်း၊ ငါ​တို့​ဘက်​မှ​သင်​တို့​ဘက်​သို့​လည်း ကောင်း​ကူး​ဖြတ်​လို​သူ​တို့​သည်​မ​ကူး​ဖြတ် နိုင်​ကြ' ဟု​ပြန်​၍​ပြော​၏။-
LUK 16:27 သူ​ဌေး​က `အ​ဖ၊ ထို​သို့​ဖြစ်​ပါ​မူ​လာ​ဇ​ရု​အား အ​ကျွန်ုပ်​၏​အ​ဖ​အိမ်​သို့​စေ​လွှတ်​ပေး​ပါ​ရန် တောင်း​ပန်​ပါ​၏။-
LUK 16:28 အ​ကျွန်ုပ်​မှာ​ညီ​ငါး​ယောက်​ရှိ​ပါ​၏။ သူ​တို့​သည် လည်း ဤ​ဝေ​ဒ​နာ​ခံ​ရာ​အ​ရပ်​သို့​မ​ရောက် ကြ​စေ​ခြင်း​ငှာ သူ​တို့​အား​သ​တိ​ပေး​ရန် လာ​ဇ​ရု​ကို​စေ​လွှတ်​တော်​မူ​ပါ' ဟု​လျှောက်​၏။-
LUK 16:29 အာ​ဗြ​ဟံ​က `သင်​၏​ညီ​များ​အား​သ​တိ​ပေး​ရန် မော​ရှေ​နှင့်​ပ​ရော​ဖက်​များ​ရှိ​ချေ​သည်။ ထို​သူ​တို့ ၏​စ​ကား​ကို​နား​ထောင်​ကြ​ပါ​စေ' ဟု​ဆို​၏။-
LUK 16:30 သို့​ရာ​တွင်​သူ​ဌေး​က `အ​ဖ​အာ​ဗြ​ဟံ၊ ထို​သို့ မ​ဟုတ်​ပါ။ အ​ကယ်​၍​သေ​လွန်​သူ​များ​အ​နက် တစ်​ယောက်​သော​သူ​သည် သူ​တို့​ထံ​သို့​သွား​သည် ရှိ​သော်​သူ​တို့​သည်​နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်' ဟု​ဆို​၏။-
LUK 16:31 အာ​ဗြ​ဟံ​က `သူ​တို့​သည်​မော​ရှေ​နှင့်​ပ​ရော​ဖက် များ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​လျှင် အ​ကယ် ၍​သေ​ခြင်း​မှ​လူ​တစ်​စုံ​တစ်​ယောက်​ထ​မြောက် လာ​သော်​လည်း သူ​တို့​ယုံ​ကြည်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
LUK 17:1 သ​ခင်​ယေ​ရှု​က ``မှောက်​မှား​လမ်း​လွဲ​စေ​သည့် အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့​ရာ​တွင် မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ​သော​သူ သည်​အ​မင်္ဂ​လာ​ရှိ​၏။-
LUK 17:2 ထို​သူ​သည်​ဤ​သို့​သော​က​လေး​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​မှောက်​မှား​လမ်း​လွဲ​စေ​မည့်​အ​စား မိ​မိ​၏​လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး​ကို​ဆွဲ လျက်​ပင်​လယ်​ထဲ​သို့​အ​ချ​ခံ​ရ​သော်​မှ​သူ့ အ​ဖို့​ကောင်း​သေး​၏။-
LUK 17:3 သို့​ဖြစ်​၍​သ​တိ​ထား​လျက်​ပြု​မူ​ကြ​လော့။ ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင် သူ​အား​ဆုံး​မ​လော့။ သူ​သည်​နောင်​တ​ရ​လျှင် အ​ပြစ်​ဖြေ​လွှတ်​လော့။-
LUK 17:4 တစ်​နေ့​တည်း​တွင်​ခု​နစ်​ကြိမ်​တိုင်​တိုင်​သင့်​ကို ပြစ်​မှား​၍ ခု​နစ်​ကြိမ်​တိုင်​တိုင်​ပင်​သင့်​ထံ​သို့ လာ​လျက် `အ​ကျွန်ုပ်​နောင်​တ​ရ​ပါ​ပြီ' ဟု​ဆို လျှင် သင်​သည်​သူ​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရ​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။
LUK 17:5 တ​မန်​တော်​တို့​က​သ​ခင်​ဘု​ရား​အား ``အ​ကျွန်ုပ် ၏​ယုံ​ကြည်​ခြင်း​ကို​တိုး​ပွား​စေ​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။
LUK 17:6 သ​ခင်​ဘု​ရား​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း မုန်​ညင်း​စေ့​မျှ​လောက်​ရှိ​ပါ​မူ ဤ​ပိုး​စာ​ပင် အား `အ​မြစ်​ပါ​ကျွတ်​၍​ပင်​လယ်​ထဲ​မှာ​စိုက် လျက်​နေ​လော့' ဟု​ဆို​လျှင် ထို​အ​ပင်​သည်​သင် တို့​ဆို​သည့်​အ​တိုင်း​ပြု​လိမ့်​မည်။
LUK 17:7 ``သင်​တို့​တွင်​အ​ဘယ်​သူ​သည်​မိ​မိ​၏​လယ်​လုပ် သား​အား​သော်​လည်း​ကောင်း၊ သိုး​ကျောင်း​သား​အား သော်​လည်း​ကောင်း​လယ်​ကွင်း​မှ​ပြန်​လာ​သော​အ​ခါ `ည​စာ​စား​ရန်​အ​လျင်​အ​မြန်​လာ​၍​ထိုင်​လော့' ဟု​ဆို​မည်​နည်း။-
LUK 17:8 ထို​သို့​ဆို​မည့်​အ​စား `ငါ​၏​အ​တွက်​ည​စာ​ကို ပြင်​လော့။ ငါ​စား​သောက်​စဉ်​ခါး​ကို​စည်း​၍​ငါ့ အား​လုပ်​ကျွေး​လော့။ ပြီး​မှ​သင်​စား​သောက်​လော့' ဟူ​၍​သာ​ဆို​မည်​မ​ဟုတ်​လော။-
LUK 17:9 အ​စေ​ခံ​သည်​မိ​မိ​အ​ရှင်​စေ​ခိုင်း​သည့်​အ​တိုင်း ဆောင်​ရွက်​သည့်​အ​တွက်​သူ့​အား​ကျေး​ဇူး​တင် စ​ရာ​မ​ရှိ။-
LUK 17:10 ထို​နည်း​တူ​သင်​တို့​သည်​လည်း​မိ​မိ​တို့​အား​စေ ခိုင်း​သည့်​အ​ရာ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ ငါ​တို့​ကား​သာ​မန်​အ​စေ​ခံ​များ​ပင်​ဖြစ်​သည်။ ငါ​တို့​ဆောင်​ရွက်​ရန်​ရှိ​သည့်​တာ​ဝန်​ဝတ္တ​ရား​ကို သာ​လျှင်​ဆောင်​ရွက်​ခဲ့​ကြ​ခြင်း​ဖြစ်​သည်​ဟု' ဆို ကြ​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
LUK 17:11 ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​စဉ်​ကိုယ်​တော် သည်​ရှ​မာ​ရိ​ပြည်​နှင့်​ဂါ​လိ​လဲ​ပြည်​စပ်​ကြား​တွင် လျှောက်​၍​ကြွ​တော်​မူ​၏။-
LUK 17:12 ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​သော​အ​ခါ​အ​ရေ​ပြား ရော​ဂါ​သည်​ဆယ်​ယောက်​တို့​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ ခပ်​လှမ်း​လှမ်း​တွင်​ရပ် လျက်။-
LUK 17:13 ``သ​ခင်​ယေ​ရှု​အ​ရှင်​မြတ်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျှောက်​ထား ကြ​၏။
LUK 17:14 ထို​သူ​တို့​ကို​မြင်​သော​အ​ခါ​ကိုယ်​တော် က ``သင်​တို့​သွား​၍​မိ​မိ​တို့​ကိုယ်​ကို​ယဇ် ပု​ရော​ဟိတ်​များ​အား​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သွား​နေ​စဉ် ရော​ဂါ​သန့်​စင်​သွား​ကြ​ကုန်​၏။-
LUK 17:15 သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​မိ​မိ​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​သိ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အသ​ရေ​တော်​ကို​အ​သံ ကျယ်​စွာ​ချီး​ကူး​လျက်​ကိုယ်​တော်​၏​ထံ​သို့ ပြန်​လာ​၏။-
LUK 17:16 ထို​နောက်​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​လျက် ကိုယ်​တော် ၏​ကျေး​ဇူး​တော်​ကြီး​လှ​ကြောင်း​ကို​လျှောက်​ထား​၏။ ထို​သူ​ကား​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ်​သ​တည်း။-
LUK 17:17 သ​ခင်​ယေ​ရှု​က ``လူ​တစ်​ကျိပ်​တို့​သည် အ​ရေ​ပြား​ရော​ဂါ​သန့်​စင်​သွား​ကြ​သည် မ​ဟုတ်​လော။ အ​ခြား​လူ​ကိုး​ယောက်​ကား အ​ဘယ်​မှာ​နည်း။-
LUK 17:18 ဘု​ရား​သ​ခင်​၏​ဘုန်း​အသရေ​တော်​ကို​ချီး​ကူး​ရန် ဤ​လူ​မျိုး​ခြား​တစ်​ဦး​မှ​တစ်​ပါး​ပြန်​လာ​သူ တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-
LUK 17:19 ထို​နောက်​ထို​သူ​အား ``သင်​ထ​၍​သွား​လော့။ သင် ၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ ပြီ'' ဟု​မိန့်​တော်​မူ​၏။
LUK 17:20 ဖာ​ရိ​ရှဲ​အ​ချို့​တို့​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​အ​ဘယ်​အ​ခါ​၌​တည်​ပါ​မည်​နည်း'' ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် ခြင်း​သည်​မြင်​သာ​အောင်​တည်​သည်​မ​ဟုတ်။-
LUK 17:21 `ကြည့်​လော့၊ နိုင်​ငံ​တော်​သည်​ဤ​အ​ရပ်​တွင်​တည် ပြီ။ ထို​အ​ရပ်​တွင်​တည်​ပြီ​ဟူ​၍​မ​ပြော​နိုင်။ အ​မှန် စင်​စစ်​သော်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​အ​ထဲ​တွင်​တည်​လျက်​ရှိ​သည်'' ဟု​မိန့် တော်​မူ​၏။
LUK 17:22 ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​တွေ့ မြင်​လို​သော​လူ​သား​၏​နေ့​တစ်​ရက်​ရောက်​ပေ​အံ့။ သို့​ရာ​တွင်​သင်​တို့​တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
LUK 17:23 လူ​တို့​က `လူ​သား​သည်​ဤ​အ​ရပ်​မှာ​ရှိ​သည်။ ထို​အ​ရပ်​မှာ​ရှိ​သည်' ဟု​ဆို​သော်​လည်း​သင်​တို့ လိုက်​၍​မ​ရှာ​ကြ​နှင့်။-
LUK 17:24 လျှပ်​စစ်​ပြက်​သော​အ​ခါ​လျှပ်​စစ်​ရောင်​သည် မိုး​ကုတ်​စက်​ဝိုင်း​တစ်​ခု​မှ​အ​ခြား​တစ်​ခု​သို့ တိုင်​အောင် မိုး​ကောင်း​ကင်​ကို​ထွန်း​တောက်​စေ သ​ကဲ့​သို့ လူ​သား​လော​က​သို့​ကြွ​လာ​တော် မူ​သော​နေ့​၌​ဖြစ်​လိမ့်​မည်။-
LUK 17:25 သို့​ရာ​တွင်​လူ​သား​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ဤ​ခေတ်​လူ​တို့​၏​ပစ်​ပယ် ခြင်း​ကို​လည်း​ကောင်း​ဦး​စွာ​ခံ​ရ​လိမ့်​မည်။-
LUK 17:26 နော​ဧ​လက်​ထက်​၌​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ သား​ကြွ​လာ​ရာ​ကာ​လ​၌​ဖြစ်​ပျက်​လိမ့်​မည်။-
LUK 17:27 သင်္ဘော​ထဲ​ကို​နော​ဧ​ဝင်​ပြီး​နောက်​ရေ​လွှမ်း​မိုး သ​ဖြင့် လူ​ခပ်​သိမ်း​တို့​သေ​ကျေ​ပျက်​စီး​ကြ သည့်​နေ့​မ​တိုင်​မီ​လူ​တို့​သည်​စား​သောက် လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ခဲ့​ကြ​၏။-
LUK 17:28 ထို​နည်း​တူ​လော​တ​၏​လက်​ထက်​၌​လူ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်​စိုက်​ပျိုး​တည်​ဆောက် လျက်​နေ​ခဲ့​ကြ​၏။-
LUK 17:29 သော​ဒုံ​မြို့​မှ​လော​တ​ထွက်​ခွာ​သွား​သော​နေ့ ၌​ကောင်း​ကင်​မှ​မီး​မိုး​ရွာ​၍ လူ​ခပ်​သိမ်း​တို့ သေ​ကျေ​ပျက်​စီး​ကြ​ကုန်​၏။-
LUK 17:30 လူ​သား​ပေါ်​ထွန်း​တော်​မူ​သော​နေ့​၌​လည်း​ဤ ကဲ့​သို့​ပင်​ဖြစ်​လိမ့်​မည်။''
LUK 17:31 ``ထို​နေ့​ရက်​၌​အိမ်​မိုး​ပေါ်​တွင်​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှာ​ရှိ​သည့်​ဥစ္စာ​ပစ္စည်း​ကို​ယူ​ရန် မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ​လယ်​ကွင်း​သို့​ရောက် နေ​သူ​သည်​လည်း​အိမ်​ကို​မ​ပြန်​စေ​နှင့်။-
LUK 17:32 လော​တ​၏​ဇ​နီး​ကို​သ​တိ​ရ​ကြ​လော့။
LUK 17:33 မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ မိ​မိ​အ​သက်​ကို​ရှုံး​စေ သော​သူ​သည်​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-
LUK 17:34 သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​ည​တွင်​အိပ်​ရာ တစ်​ခု​မှာ​အိပ်​နေ​သူ လူ​နှစ်​ယောက်​အ​နက်​တစ် ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-
LUK 17:35 ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက် အ​နက်​တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက် ကို​ထား​ခဲ့​လတ္တံ့။-
LUK 17:36 လယ်​ထဲ​တွင်​ရှိ​သူ​နှစ်​ယောက်​အ​နက်​တစ်​ယောက် ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။
LUK 17:37 တ​ပည့်​တော်​တို့​က ``အ​ရှင်၊ အ​ဘယ်​အ​ရပ်​တွင် ဤ​အ​ရာ​များ​ဖြစ်​ပျက်​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။ ကိုယ်​တော်​က ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင် လင်း​တ​များ​စု​ရုံး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
LUK 18:1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ အား​အ​ဘယ်​အ​ခါ​မျှ​စိတ်​အား​မ​လျော့​ဘဲ အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ပတ္ထနာ​ပြု​သင့်​ကြောင်း ပုံ​ဥ​ပ​မာ​ဆောင်​၍​သွန်​သင်​တော်​မူ​၏။-
LUK 18:2 ကိုယ်​တော်​က ``မြို့​ကြီး​တစ်​မြို့​မှာ​တ​ရား​သူ ကြီး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​သ​ခင်​ကို မ​ကြောက်။ လူ​မျက်​နှာ​ကို​မ​ထောက်​သူ​ဖြစ်​၏။-
LUK 18:3 ထို​မြို့​မှာ​ပင်​မု​ဆိုး​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် တ​ရား​သူ​ကြီး​၏​ထံ​သို့​အ​ကြိမ်​ကြိမ်​လာ ၍ `ကျွန်​မ​၏​တ​ရား​တွေ့​ဘက်​အ​ပေါ်​တွင် အ​နိုင်​ရ​အောင်​စီ​ရင်​တော်​မူ​ပါ' ဟု​လျှောက် ထား​၏။-
LUK 18:4 တ​ရား​သူ​ကြီး​သည်​အ​တန်​ကြာ​မျှ​မု​ဆိုး​မ ၏​လျှောက်​ထား​ချက်​ကို​ငြင်း​ဆန်​နေ​ခဲ့​၏။ ထို နောက် `ငါ​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ့​မျက်​နှာ​ကို​မ​ထောက်​တတ်။-
LUK 18:5 သို့​သော်​လည်း​ဤ​မု​ဆိုး​မ​သည်​ငါ့​ကို​နှောင့်​ယှက် လှ​သည်​ဖြစ်​၍​သူ့​အား​တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ ရန် ငါ​သူ့​အ​မှု​ကို​စီ​ရင်​မည်။ သို့​မ​ဟုတ်​လျှင်​သူ သည်​ငါ့​ကို​ဆက်​လက်​နှောင့်​ယှက်​သ​ဖြင့်​နောက် ဆုံး​၌​ငါ့​အား​ပင်​ပန်း​စေ​မည်' ဟု​ဆို​လေ​၏။''
LUK 18:6 ``ဤ​မ​သ​မာ​သော​တ​ရား​သူ​ကြီး​ပြော​ပုံ​ကို ကြည့်​လော့။-
LUK 18:7 ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သည်​နေ့​ည​မ​ပြတ် ဟစ်​အော်​တောင်း​လျှောက်​နေ​ကြ​လျှင် ဘု​ရား​သ​ခင် သည်​တ​ရား​သ​ဖြင့်​ဖြစ်​စေ​ရန်​စီ​ရင်​တော်​မ​မူ ဘဲ​နေ​မည်​လော။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား ကူညီ​မစ​ရန်​နှောင့်​နှေး​တော်​မူ​မည်​လော။-
LUK 18:8 သင်​တို့​အား​ငါ​ဆို​သည်​ကား​ကိုယ်​တော်​သည် ဆော​လျင်​စွာ ထို​သူ​တို့​အ​တွက်​တ​ရား​သ​ဖြင့် ဖြစ်​စေ​ရန်​စီ​ရင်​တော်​မူ​ပေ​အံ့။ သို့​ရာ​တွင် လူ​သား​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ ဤ လော​က​တွင်​ယုံ​ကြည်​ခြင်း​ကို​တွေ့​ရ​ပါ မည်​လော'' ဟု​မိန့်​တော်​မူ​၏။
LUK 18:9 မိ​မိ​တို့​ကိုယ်​ကို​သူ​တော်​ကောင်း​ဟု​ယုံ​ကြည် ကာ​သူ​တစ်​ပါး​တို့​ကို​အ​ထင်​အ​မြင်​သေး တတ်​သူ​လူ​အ​ချို့​တို့​အား​သ​ခင်​ယေ​ရှု သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍၊-
LUK 18:10 ``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။-
LUK 18:11 ဖာ​ရိ​ရှဲ​သည်​တစ်​ယောက်​တည်း​ရပ်​လျက် `အို ဘု​ရား သ​ခင်၊ အ​ခြား​သော​သူ​တို့​သည်​လော​ဘ​ကြီး​သူ၊ မ​ရိုး​ဖြောင့်​သူ၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား​သူ​များ ဖြစ်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ကဲ့​သို့ မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ခွန်​ခံ​သူ ကဲ့​သို့​ပင်​မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း ကိုယ် တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။-
LUK 18:12 အ​ကျွန်ုပ်​သည်​ရက်​သတ္တ​တစ်​ပတ်​လျှင်​နှစ်​ကြိမ် တိုင်​တိုင်​အ​စာ​ရှောင်​ပါ​၏။ ရ​ရှိ​သ​မျှ​ဥစ္စာ​ပစ္စည်း ၏​ဆယ်​ဖို့​တစ်​ဖို့​ကို​လှူ​ပါ​၏' ဟု​ဆု​တောင်း ပတ္ထနာ​ပြု​၏။-
LUK 18:13 သို့​ရာ​တွင်​အ​ခွန်​ခံ​သူ​မူ​ကား​အ​ဝေး​တွင် ရပ်​လျက်​ကောင်း​ကင်​သို့​မော်​၍​မျှ​မ​ကြည့်​ဝံ့ ဘဲ `အို ဘု​ရား​သ​ခင်၊ အ​ပြစ်​ကူး​သူ​အ​ကျွန်ုပ် အား​သ​နား​တော်​မူ​ပါ' ဟု​ရင်​ပတ်​ကို​တီး​ခတ် လျက်​ဆု​တောင်း​လေ​၏။-
LUK 18:14 သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သူ​တော်​ကောင်း အ​ဖြစ်​ဖြင့်​အိမ်​သို့​ပြန်​ရ​၏။ ဖာ​ရိ​ရှဲ​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း​ခံ​ရ ၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ခံ​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော် မူ​၏။
LUK 18:15 လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​စေ​ရန်​လူ​အ​ချို့​တို့ သည်​မိ​မိ​တို့​၏​က​လေး​သူ​ငယ်​များ​ကို​အ​ထံ တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​သည်​ကို တ​ပည့်​တော် တို့​မြင်​လျှင်​ထို​သူ​တို့​အား​အ​ပြစ်​တင်​ကြ​၏။-
LUK 18:16 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​က​လေး​တို့​ကို ခေါ်​လျက် ``က​လေး​သူ​ငယ်​တို့​ငါ့​ထံ​သို့​လာ ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်၊ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​သော​ကြောင့်​တည်း။-
LUK 18:17 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား က​လေး​သူ​ငယ်​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​လျှင် နိုင်​ငံ​တော်​သို့​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
LUK 18:18 ယု​ဒ​အ​မျိုး​သား​အ​ရာ​ရှိ​တစ်​ယောက် က ``ကောင်း​မြတ်​တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​ငှာ​အ​ကျွန်ုပ်​သည်​အ​ဘယ် အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော် အား​မေး​လျှောက်​၏။
LUK 18:19 သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ခေါ်​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။-
LUK 18:20 သင်​သည်​ပ​ညတ်​တော်​တို့​ကို​သိ​သည်​မ​ဟုတ် လော။ `သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။ လူ့​အ​သက် ကို​မ​သတ်​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။ မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 18:21 ထို​သူ​က ``ဤ​ပ​ညတ်​များ​ကို​အ​ကျွန်ုပ်​သည် ငယ်​စဉ်​မှ​စ​၍​စောင့်​ထိန်း​ခဲ့​ပါ​ပြီ'' ဟု​လျှောက် ၏။
LUK 18:22 ထို​စ​ကား​ကို​ကြား​တော်​မူ​လျှင်​သ​ခင်​ယေ​ရှု က ``သင်​သည်​ပြု​လုပ်​ရန်​တစ်​ခု​လို​သေး​၏။ သင့် ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ​သူ​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင်​သင်​သည် ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ စွန့်​ကြဲ​ပြီး​နောက်​ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-
LUK 18:23 ထို​သူ​ကား​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ်​သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ​အ​လွန် ပင်​စိတ်​ညှိုး​ငယ်​သွား​လေ​၏။
LUK 18:24 ထို​အ​ခြင်း​အ​ရာ​ကို​သ​ခင်​ယေ​ရှု​မြင်​တော်​မူ လျှင် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​နိုင်​ငံ​တော်​သို့ ဝင်​ရန်​ခက်​လှ​၏။-
LUK 18:25 အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန်​လွယ် ကောင်း​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ် ကူ'' ဟု​မိန့်​တော်​မူ​၏။
LUK 18:26 ထို​စ​ကား​ကို​ကြား​ကြ​သော​သူ​တို့​က ``ဤ​သို့ ဖြစ်​ပါ​မူ​အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို​ရ နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
LUK 18:27 ကိုယ်​တော်​က ``လူ​တို့​မ​တတ်​နိုင်​သော​အ​ရာ​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော် မူ​၏။
LUK 18:28 ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အိုး​အိမ်​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။
LUK 18:29 ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် မိ​မိ​၏​အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ် ကို​ဖြစ်​စေ၊ မိ​ဘ​ဖြစ်​စေ၊ သား​သ​မီး​ဖြစ်​စေ​စွန့် သော​သူ​သည်၊-
LUK 18:30 ဤ​ဘ​ဝ​၌​အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး ခံ​စား​ရ​သည်​သာ​မ​က နောင်​ဘ​ဝ​၌​လည်း ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
LUK 18:31 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``နား​ထောင်​ကြ​လော့။ ငါ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက် ရှိ​ကြ​၏။ လူ​သား​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​များ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​လိမ့်​မည်။-
LUK 18:32 လူ​သား​ကို​လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ ကြ​လိမ့်​မည်။ သူ့​ကို​ပြောင်​လှောင်​စော်​ကား​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။-
LUK 18:33 ကြိမ်​ဒဏ်​ပေး​၍​အ​သေ​သတ်​ကြ​လိမ့်​မည်။ ထို နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​လူ​သား​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 18:34 သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏ စ​ကား​တစ်​ခွန်း​ကို​မျှ​နား​မ​လည်​ကြ။ ထို စ​ကား​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​သည်​ကွယ်​ဝှက် လျက်​နေ​သ​ဖြင့် ကိုယ်​တော်​၏​မိန့်​တော်​မူ​ချက် ကို​နား​မ​လည်​ကြ။
LUK 18:35 သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ မျက်​မ​မြင်​တစ်​ဦး သည်​လမ်း​နား​မှာ​ထိုင်​၍​တောင်း​စား​လျက်​နေ​၏။-
LUK 18:36 သူ​သည်​လူ​ပ​ရိ​သတ်​များ​သွား​ကြ​သံ​ကို ကြား​လျှင်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​၏။
LUK 18:37 လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကြွ​လာ တော်​မူ​လျက်​ရှိ​ကြောင်း​ပြော​ကြ​၏။
LUK 18:38 ထို​သူ​က ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ် ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။
LUK 18:39 ရှေ့​တွင်​ရှိ​သည့်​လူ​များ​က​သူ့​အား​တိတ်​တိတ် နေ​ရန်​ငေါက်​ငမ်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း သူ​သည် ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို သ​နား​တော်​မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။
LUK 18:40 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ လျက် ``ထို​သူ​အား​ခေါ်​ခဲ့​ပါ'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​နီး​သို့​ရောက်​လျှင်၊-
LUK 18:41 ကိုယ်​တော်​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ​ကို ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ မျက်​မ​မြင်​က ``အ​ရှင်၊ အ​ကျွန်ုပ်​အား​မျက်​စိ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
LUK 18:42 သ​ခင်​ယေ​ရှု​က ``မျက်​စိ​မြင်​စေ။ သင်​၏ ယုံ​ကြည်​ခြင်း​သည်​သင့်​မျက်​စိ​ကို​မြင်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
LUK 18:43 ထို​ခ​ဏ​၌​သူ​သည်​မျက်​စိ​မြင်​လာ​၏။ ထို​နောက် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​လေ​၏။ ထို​အ​ခြင်း အ​ရာ​ကို​မြင်​လျှင် လူ​အ​ပေါင်း​တို့​သည်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။
LUK 19:1 သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​ကို​ဖြတ်​၍ ကြွ​တော်​မူ​၏။-
LUK 19:2 ထို​အ​ရပ်​တွင်​ဇက္ခဲ​နာ​မည်​ရှိ​သော​အ​ကောက်​ခွန် မှူး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ချမ်းသာ​ကြွယ်​ဝ​သူ ဖြစ်​၏။-
LUK 19:3 သ​ခင်​ယေ​ရှု​ကား​အ​ဘယ်​သူ​ဖြစ်​သည်​ကို​တွေ့ မြင်​လို​သ​ဖြင့်​ကြိုး​စား​၍​ကြည့်​၏။ သို့​ရာ​တွင် အ​ရပ်​ပု​သူ​ဖြစ်​သည့်​အ​လျောက် လူ​ပ​ရိ​သတ် များ​ကွယ်​လျက်​နေ​သ​ဖြင့်​ကိုယ်​တော်​ကို​မ​မြင် နိုင်။-
LUK 19:4 ထို့​ကြောင့်​ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန်​ကြွ​တော် မူ​မည့်​လမ်း​အ​တိုင်း​ရှေ့​သို့​ပြေး​၍ သ​ဖန်း​ပိုး စာ​ပင်​ပေါ်​ကို​တက်​၏။-
LUK 19:5 ကိုယ်​တော်​သည်​ထို​နေ​ရာ​သို့​ရောက်​သော​အ​ခါ မော်​၍​ကြည့်​တော်​မူ​ပြီး​လျှင် ``ဇက္ခဲ၊ အ​မြန်​ဆင်း ခဲ့​လော့။ ယ​နေ့​သင်​၏​အိမ်​တွင်​ငါ​တည်း​ခို​မည်'' ဟု မိန့်​တော်​မူ​၏။
LUK 19:6 ဇက္ခဲ​သည်​သစ်​ပင်​ပေါ်​မှ​အ​မြန်​ဆင်း​၍ ကိုယ်​တော်​အား​ဝမ်း​မြောက်​စွာ​ကြို​ဆို​၏။-
LUK 19:7 ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ က ``ထို​သူ​သည်​အ​ပြစ်​ကူး​သူ​တစ်​ယောက်​၏ အိမ်​တွင်​တည်း​ခို​ရန်​သွား​လေ​ပြီ​တ​ကား'' ဟု ညည်း​ညူ​ကြ​၏။
LUK 19:8 ဇက္ခဲ​သည်​ရပ်​လျက်​သ​ခင်​ဘု​ရား​အား ``အ​ရှင်၊ အ​ကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်​ဝက်​ကို​ဆင်း​ရဲ​သူ တို့​အား​ပေး​ကမ်း​ပါ​မည်။ အ​ကယ်​၍​အ​ကျွန်ုပ် သည်​လူ​တစ်​စုံ​တစ်​ယောက်​ထံ​မှ မ​တ​ရား တောင်း​ယူ​ထား​မိ​သော​ငွေ​ရှိ​ပါ​လျှင် ထို​ငွေ ၏​လေး​ဆ​ကို​ပြန်​၍​ပေး​ပါ​မည်'' ဟု​လျှောက်​၏။
LUK 19:9 သ​ခင်​ယေ​ရှု​က ``ဤ​သူ​သည်​လည်း​အာ​ဗြ​ဟံ ၏​သား​မြေး​ဖြစ်​သ​ဖြင့်​ကယ်​တင်​ခြင်း​ကျေး​ဇူး သည်​ယ​နေ့​ပင်​ဤ​အိမ်​ပေါ်​သို့​သက်​ရောက်​လေ​ပြီ။-
LUK 19:10 လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။
LUK 19:11 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ပေါ်​ထွန်း​တော့​မည်​ဟု​ထင်​မှတ်​ကြ သော​ကြောင့် အ​ထက်​တ​ရား​စ​ကား​များ ကို​ကြား​နာ​နေ​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင် ၍ ``မင်း​ညီ​မင်း​သား​တစ်​ပါး​သည်​ရှင်​ဘု​ရင် အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​ရန်​တိုင်း​တစ်​ပါး သို့​သွား​၏။-
LUK 19:13 ခ​ရီး​မ​ပြု​မီ​မိ​မိ​၏​အ​စေ​ခံ​ဆယ်​ယောက်​ကို ခေါ်​ယူ​ကာ `ငါ​ပြန်​လာ​သည်​အ​ထိ​ကုန်​သွယ် လျက်​နေ​ကြ​လော့' ဟု​ဆို​၍​ရွှေ​ဒင်္ဂါး​တစ်​ပြား စီ​ပေး​၏။-
LUK 19:14 သို့​ရာ​တွင်​သူ​၏​ပြည်​သူ​ပြည်​သား​တို့​သည် သူ့​ကို​မုန်း​ကြ​သ​ဖြင့် `ထို​သူ​၏​အ​အုပ်​အ​ချုပ် ကို​ငါ​တို့​မ​ခံ​လို' ဟု​စေ​တ​မန်​များ​ကို​သူ့ နောက်​သို့​လွှတ်​၍​လျှောက်​ထား​စေ​၏။
LUK 19:15 ထို​သူ​ကား​ဘု​ရင်​အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​၏။ သူ​သည်​ချက်​ချင်း​ပင်​မိ​မိ​ရင်း​နှီး​ငွေ​ပေး​ခဲ့​သည့် အ​စေ​ခံ​များ​ကို ကုန်​သွယ်​၍​အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို​သိ​လို​သ​ဖြင့်​သူ​တို့​အား ဆင့်​ခေါ်​၏။-
LUK 19:16 ပ​ထ​မ​အ​စေ​ခံ​သည်​လာ​၍`အ​ရှင်၊ အ​ရှင်​ပေး ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ဆယ်​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။-
LUK 19:17 မင်း​ကြီး​က `ကောင်း​လေ​စွ၊ သင်​သည်​အ​စေ​ခံ ကောင်း​တစ်​ယောက်​ဖြစ်​ပေ​၏။ သေး​ငယ်​သော​အ​မှု တွင်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့် သင့်​အား​ငါ​သည်​မြို့ ကြီး​ဆယ်​မြို့​ကို​အ​ပိုင်​စား​ပေး​၏' ဟု​မိန့်​တော် မူ​၏။-
LUK 19:18 ဒု​တိ​ယ​အ​စေ​ခံ​သည်​လည်း​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ငါး​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။-
LUK 19:19 မင်း​ကြီး​က `သင့်​အား​လည်း​မြို့​ကြီး​ငါး​မြို့ ကို​အ​ပိုင်​စား​ပေး​၏' ဟု​ဆို​၏။-
LUK 19:20 အ​ခြား​သော​အ​စေ​ခံ​သည်​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​ဤ​မှာ​ရှိ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​သည်​အ​ဝတ်​ဖြင့်​ထုပ်​၍​သိမ်း​ဆည်း ထား​ပါ​၏။-
LUK 19:21 အ​ရှင်​သည်​ခက်​ထန်​သူ​ဖြစ်​သ​ဖြင့်​အ​ရှင့် အား​ကျွန်ုပ်​ကြောက်​ရွံ့​ပါ​၏။ အ​ရှင်​သည်​မိ​မိ မ​ပိုင်​သည့်​အ​ရာ​ကို​သိမ်း​ယူ​တတ်​ပါ​၏။ မိ​မိ မ​စိုက်​မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း တတ်​ပါ​၏' ဟု​လျှောက်​၏။-
LUK 19:22 မင်း​ကြီး​က `အ​ချင်း​အ​စေ​ခံ​ဆိုး၊ သင့်​နှုတ်​ထွက် စ​ကား​အ​တိုင်း​သင့်​ကို​ငါ​စီ​ရင်​မည်။ ငါ​သည် ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​ပိုင်​သည့်​အ​ရာ​ကို သိမ်း​ယူ​တတ်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​မ​စိုက် မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း​တတ် သည်​ကို​လည်း​ကောင်း​သိ​ပါ​လျက်​နှင့်။-
LUK 19:23 ငါ​ပေး​သည့်​ငွေ​ကို​ငါ​ပြန်​လာ​ချိန်​အ​တိုး​နှင့် တ​ကွ​ပြန်​လည်​ပေး​ဆပ်​နိုင်​ရန်​အ​ဘယ်​ကြောင့် ဘဏ်​တွင်​အပ်​နှံ​၍​မ​ထား​သ​နည်း' ဟု​မေး​၏။-
LUK 19:24 အ​နီး​တွင်​ရပ်​နေ​သူ​များ​အား​မင်း​ကြီး​က `ထို သူ​ထံ​မှ​ရွှေ​ဒင်္ဂါး​ကို​ယူ​၍​ရွှေ​ဒင်္ဂါး​ဆယ်​ပြား ရှိ​သူ​အား​ပေး​ကြ​လော့' ဟု​မိန့်​တော်​မူ​လျှင်။-
LUK 19:25 လူ​တို့​က `အ​ရှင်​ထို​သူ​ထံ​တွင်​ရွှေ​ဒင်္ဂါး​ဆယ် ပြား​ရှိ​ပြီး​ဖြစ်​ပါ​၏' ဟု​လျှောက်​ကြ​၏။-
LUK 19:26 မင်း​ကြီး​က `သင်​တို့​အား​ငါ​ဆို​သည်​ကား ကြွယ်​ဝ​ချမ်း​သာ​သော​သူ​အား​ထပ်​၍​ပေး​ဦး မည်။ ဆင်း​ရဲ​သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင် သိမ်း​ယူ​မည်။-
LUK 19:27 ထို​မှ​တစ်​ပါး​ငါ​၏​အ​အုပ်​အ​ချုပ်​ကို​မ​ခံ လို​သော​ငါ​၏​ရန်​သူ​များ​အား​ခေါ်​၍ ငါ​၏​ရှေ့ မှောက်​တွင်​ကွပ်​မျက်​လော့' ဟု​စီ​ရင်​တော်​မူ​သည်'' ဟု​မိန့်​တော်​မူ​၏။
LUK 19:28 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​တ​ပည့်​တော်​တို့​၏​ရှေ့ က​ကြွ​တော်​မူ​၏။-
LUK 19:29 သံ​လွင်​နာ​မည်​တွင်​သော​တောင်​အ​နီး​ရှိ​ဗက်​ဖာ ဂေ​နှင့်​ဗေ​သ​နိ​ရွာ​များ​အ​နီး​သို့​ရောက်​တော်​မူ သော​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​အား``သင် တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။-
LUK 19:30 ရွာ​ကို​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး​သေး သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့်​မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လှန်​ထား​၏။ ကြိုး​ဖြေ​၍ မြည်း​ကို​ယူ​ခဲ့​လော့။-
LUK 19:31 အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​မြည်း​ကို​ဖြေ​သ​နည်း' ဟု မေး​လျှင် `ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်' ဟု​ဖြေ​ကြ​လော့'' ဟု​မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။
LUK 19:32 စေ​လွှတ်​ခြင်း​ခံ​ရ​သူ​တို့​သည်​လည်း​သွား​ကြ သော​အ​ခါ ကိုယ်​တော်​မိန့်​ကြား​တော်​မူ​သည့် အ​တိုင်း​အ​ရာ​ခပ်​သိမ်း​ကို​တွေ့​မြင်​ကြ​၏။ -
LUK 19:33 သူ​တို့​သည်​မြည်း​ကြိုး​ကို​ဖြေ​နေ​စဉ်​မြည်း​ရှင် က ``သင်​တို့​အ​ဘယ်​ကြောင့်​မြည်း​ကြိုး​ကို​ဖြေ သ​နည်း'' ဟု​မေး​၏။
LUK 19:34 သူ​တို့​က ``ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်'' ဟု​ဖြေ​ကြား​၏။-
LUK 19:35 ထို​နောက်​မြည်း​ကို​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​၏။ မြည်း​၏​ကျော​ပေါ်​မှာ​မိ​မိ​တို့ ၏​အ​ဝတ်​များ​ကို​လွှမ်း​တင်​ကာ သ​ခင်​ယေ​ရှု အား​ထို​မြည်း​ကို​စီး​စေ​ကြ​၏။-
LUK 19:36 ကိုယ်​တော်​မြည်း​စီး​၍​ကြွ​တော်​မူ​စဉ်​လူ​တို့ သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို​လမ်း​ပေါ်​မှာ ဖြန့်​ခင်း​ကြ​၏။
LUK 19:37 ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ချဉ်း​ကပ်​လာ စဉ်​သံ​လွင်​တောင်​အ​ဆင်း​လမ်း​တွင်​တ​ပည့် နောက်​လိုက်​ပ​ရိ​သတ်​ကြီး​သည် မိ​မိ​တို့​တွေ့ မြင်​ခဲ့​ရ​သည့်​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​အ​ပေါင်း အ​တွက်​ဝမ်း​မြောက်​ရွှင်​လန်း​လျက် ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​အ​သံ​ကျယ်​စွာ​ချီး​ကူး​ကြ ၏။-
LUK 19:38 ထို​သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့် ကြွ​လာ​သော​ဘု​ရင်​သည်​မင်္ဂလာ​ရှိ​တော်​မူ​စေ သ​တည်း။ ကောင်း​ကင်​ဘုံ​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း။ ဘုရား​သခင်​သည်​ဘုန်း​ကြီး​တော်​မူ စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​၏။
LUK 19:39 ထို​အ​ခါ​လူ​ပ​ရိ​သတ်​အ​ထဲ​မှ​ဖာ​ရိ​ရှဲ​အ​ချို့ တို့​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​၏​တ​ပည့်​တော် များ​အား​တိတ်​ဆိတ်​စေ​ရန်​ဆုံး​မ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။
LUK 19:40 ကိုယ်​တော်​က ``သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင်​ကျောက် ခဲ​များ​က​ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
LUK 19:41 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။-
LUK 19:42 ကိုယ်​တော်​က ``အ​ချင်း​မြို့၊ သင်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ရ​စေ​သည့်​လမ်း​ကို​ယ​နေ့​သိ မြင်​လျှင်​မင်္ဂ​လာ​ရှိ​၏။ သို့​ရာ​တွင်​ထို​လမ်း​ကို သင်​သည်​မ​သိ​မ​မြင်​နိုင်။-
LUK 19:43 ရန်​သူ​များ​သည်​သင့်​အား​ရင်​တား​ဖြင့်​ကာ​ဆီး လျက် အ​ဘက်​ဘက်​မှ​ဝိုင်း​ရံ​ပိတ်​ဆို့​နေ​သည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-
LUK 19:44 သူ​တို့​သည်​သင့်​ကို​လည်း​ကောင်း၊ သင်​၏​မြို့​ရိုး အ​တွင်း​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျက် ဆီး​သုတ်​သင်​ကြ​လိမ့်​မည်။ ကျောက်​တစ်​ချပ် ပေါ်​တစ်​ချပ်​မျှ​တင်​၍​နေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​သည်​မိ​မိ​အား ကယ်​တင်​ရန် ဘု​ရား​သ​ခင်​ကြွ​လာ​သည့် အ​ချိန်​ကာ​လ​ကို​မ​သိ​မ​မြင်​သော​ကြောင့် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 19:45 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​၏။ ကိုယ်​တော်​က `ငါ​၏​အိမ်​တော်​ကို ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ် လတ္တံ့' ဟု​ကျမ်း​စာ​လာ​သည်​မ​ဟုတ်​လော။ သို့ ရာ​တွင်​သင်​တို့​သည်​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ'' ဟု​ဆို​၍​ဗိ​မာန် တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။
LUK 19:47 ကိုယ်​တော်​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​၌ ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ကိုယ်​တော် ကို​သတ်​ရန်​အ​ခွင့်​ရှာ​လျက်​နေ​ကြ​၏။-
LUK 19:48 သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏ တ​ရား​စ​ကား​များ​ကို​အ​ထူး​အာ​ရုံ​စိုက်​၍ နာ​ယူ​နေ​ကြ​သော​ကြောင့်​ကိုယ်​တော်​အား အ​ဘယ်​နည်း​ဖြင့်​သတ်​ရ​မည်​ကို​မ​သိ​ကြ။
LUK 20:1 တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဗိ​မာန်​တော်​တွင် လူ​တို့​အား​ဆုံး​မ​သြ​ဝါ​ဒ​ပေး​၍ သ​တင်း ကောင်း​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​စဉ်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​အ​ထံ တော်​ကို​လာ​ကြ​၏။-
LUK 20:2 သူ​တို့​က ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ ကို အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ​ပြု​တော်​မူ ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား အ​ဘယ်​သူ​အပ်​နှင်း​ပါ​သ​နည်း'' ဟု​လျှောက် ထား​မေး​မြန်း​ကြ​၏။
LUK 20:3 ကိုယ်​တော်​က ``ငါ​သည်​လည်း​သင်​တို့​အား မေး​ခွန်း​တစ်​ခု​ကို​မေး​ဦး​မည်။-
LUK 20:4 ယော​ဟန်​ဗတ္တိ​ဇံ​ပေး​သည်​မှာ​ဘု​ရား​သ​ခင် ၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ လူ​တို့​၏​အ​ခွင့် အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 20:5 သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု​ငါ​တို့​ဆို​လျှင်`ယော​ဟန်​ကို သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း' ဟု​မေး​လိမ့်​မည်။-
LUK 20:6 သို့​ရာ​တွင်​လူ​တို့​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင် လူ​အ​ပေါင်း​တို့​က​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​အ​မှန်​ပင်​ယုံ​ကြည် ကြ​သ​ဖြင့် ငါ​တို့​အား​ခဲ​နှင့်​ပေါက်​ကြ​လိမ့် မည်'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။-
LUK 20:7 ထို့​ကြောင့်​သူ​တို့​က ``မည်​သူ့​အ​ခွင့်​အာ​ဏာ အ​ရ​ပေး​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။
LUK 20:8 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က `ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ ပြု​သည်​ကို​လည်း သင်​တို့​အား​ငါ​မ​ပြော' ဟု မိန့်​တော်​မူ​၏။
LUK 20:9 ထို့​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​ဤ​ပုံ ဥ​ပ​မာ​ကို​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော် က ``လူ​တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​တစ် ခု​ကို​စိုက်​ပျိုး​၍​သီး​စား​ချ​၏။ ထို​နောက် နိုင်​ငံ​ရပ်​ခြား​သို့​ကာ​လ​အ​တော်​ကြာ သွား​၍​နေ​၏။-
LUK 20:10 အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သမား များ​ထံ​သို့​စေ​လွှတ်​၍​သီး​စား​ခ​ကို​တောင်း​ခံ စေ​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည်​ထို​ကျွန် ကို​ရိုက်​၍ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက် ကြ​၏။-
LUK 20:11 ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ် ယောက်​ကို​စေ​လွှတ်​ပြန်​၏။ သို့​ရာ​တွင်​ခြံ​သ​မား တို့​သည်​သူ့​ကို​လည်း​ရိုက်​၍​အ​ရှက်​ခွဲ​ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။-
LUK 20:12 နောက်​တစ်​ဖန်​ဥ​ယျာဉ်​ရှင်​သည်​တ​တိ​ယ​ကျွန် ကို​စေ​လွှတ်​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည် ထို​ကျွန်​ကို​လည်း​ဒဏ်​ရာ​များ​ရ​စေ​ပြီး​နောက် အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြ​၏။-
LUK 20:13 ဥ​ယျာဉ်​ရှင်​သည် `ငါ​အ​ဘယ်​သို့​ပြု​ရ​အံ့​နည်း။ ငါ​၏​တစ်​ဦး​တည်း​သော​သား​ကို​စေ​လွှတ်​မည်။ သူ့​ကို​တွေ့​လျှင်​ခြံ​သ​မား​တို့​လေး​စား​ကြ ရာ​၏' ဟု​ဆို​၏။-
LUK 20:14 သို့​ရာ​တွင်​ဥ​ယျာဉ်​ရှင်​၏​သား​ရောက်​လာ​သော အ​ခါ​ခြံ​သ​မား​တို့​က `ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ ငါ​တို့​ဥ​ယျာဉ် ကို​အ​မွေ​ခံ​ရ​အောင်​သူ့​အား​သတ်​ကြ​ကုန် အံ့' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​လျက်။-
LUK 20:15 ဥ​ယျာဉ်​ရှင်​၏​သား​ကို​အ​ပြင်​သို့​ထုတ်​ပြီး လျှင်​သတ်​ပစ်​ကြ​၏။ ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​ခြံ​သ​မား​များ အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း။-
LUK 20:16 သူ​သည်​လာ​၍​ထို​သူ​တို့​ကို​သတ်​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို​အ​ခြား​သူ​များ​သို့​ပေး အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​စ​ကား​ကို​ကြား​သော​အ​ခါ​သူ​တို့ က ``ဘု​ရား​မ​၍​ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​ကြ​၏။
LUK 20:17 ကိုယ်​တော်​သည်​လူ​တို့​ကို​ကြည့်​ရှု​တော်​မူ​လျက်၊ `တိုက်​ကို​တည်​ဆောက်​သူ​တို့​ပယ်​ထား​သည့်​ကျောက် သည် အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟူ​သော​ကျမ်း​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား အ​သို့​နည်း။
LUK 20:18 ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​အ​ပိုင်း ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​အ​ကျ​ခံ​ရ​သော သူ​သည်​ညက်​ညက်​ကြေ​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
LUK 20:19 ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။-
LUK 20:20 ထို့​ကြောင့်​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​ကြ​၏။ သူ​တို့ သည်​ကိုယ်​တော်​၏​စ​ကား​တွင်​အ​မှား​ကို​ရှာ​ပြီး လျှင် ကိုယ်​တော်​အား​ဘု​ရင်​ခံ​မင်း​၏​လက်​သို့ အပ်​နိုင်​ရန်​သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။-
LUK 20:21 သူ​လျှို​တို့​က ``ဆ​ရာ​တော်၊ အ​ရှင်​ဟော​ပြော သွန်​သင်​တော်​မူ​သော​အ​ရာ​များ​မှန်​ကန်​ကြောင်း ကို​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ အ​ရှင်​သည်​မျက်​နှာ ကြီး​ငယ်​မ​လိုက်၊ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း ကို​သာ​ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော် မူ​ပါ​၏။-
LUK 20:22 အ​ကျွန်ုပ်​တို့​သည်​ကဲ​သာ​ဘု​ရင်​အား​အ​ခွန် ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော'' ဟု မေး​လျှောက်​ကြ​၏။
LUK 20:23 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို သိ​မြင်​တော်​မူ​သ​ဖြင့်။-
LUK 20:24 ``ဒင်္ဂါး​တစ်​ပြား​ကို​ငါ့​အား​ပြ​ကြ​လော့။ ဤ ဒင်္ဂါး​တွင်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ ပါ​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ကဲ​သာ​ဘု​ရင်​၏​ပုံ၊ ကဲ​သာ​ဘု​ရင် ၏​ကမ္ပည်း​လိပ်​စာ​ပါ​ရှိ​ပါ​သည်'' ဟု​ပြန်​၍ လျှောက်​ကြ​၏။
LUK 20:25 ကိုယ်​တော်​က ``ကဲ​သာ​ဘု​ရင်​ပိုင်​သည့်​အ​ရာ​ကို ကဲ​သာ​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင် ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 20:26 သူ​တို့​သည်​လူ​တို့​ရှေ့​၌​ကိုယ်​တော်​၏​စ​ကား တွင်​အ​မှား​ရှာ​၍​မ​ရ​သ​ဖြင့် ကိုယ်​တော်​ဖြေ ကြား​တော်​မူ​ပုံ​ကို​အံ့​သြ​လျက်​ဆိတ်​ဆိတ် နေ​ကြ​၏။
LUK 20:27 ထို့​နောက်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​ကြ​၏။ သူ​တို့​ကား​သေ​ခြင်း​မှ လူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ယုံ ကြည်​သူ​များ​ဖြစ်​ကြ​၏။-
LUK 20:28 သူ​တို့​က ``ဆ​ရာ​တော် `တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့ သည့်​ဇနီး​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား ရ​မည်။ အစ်​ကို​၏​အ​မျိုး​အ​နွယ်​ကို​သူ​၏ ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု​အ​ကျွန်ုပ်​တို့ အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-
LUK 20:29 အခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော် လည်း​သား​သ​မီး​မ​ရ။-
LUK 20:30 ထို​သူ​သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး သည်​မ​ရီး​ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို ညီ​သည်​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။-
LUK 20:31 ဒု​တိ​ယ​ညီ​သည်​လည်း​ထို​အ​မျိုး​သ​မီး​ကို သိမ်း​ပိုက်​၏။ ထို​နည်း​တူ​စွာ​ညီ​အစ်​ကို​ခု​နစ် ယောက်​စ​လုံး​သား​သ​မီး​မ​ရ​ဘဲ​သေ​သွား ကြ​၏။-
LUK 20:32 နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​၏။-
LUK 20:33 ညီ​အစ်​ကို​ခုနစ်​ယောက်​စ​လုံး​ပင်​သူ​နှင့်​စုံ​ဖက်​ခဲ့ ကြ​သည်​ဖြစ်​၍​သေ​ခြင်း​မှ​ထ​မြောက်​ရာ​နေ့​တွင် ထို​အ​မျိုး​သ​မီး​သည်​မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
LUK 20:34 သ​ခင်​ယေ​ရှု​က ``ဤ​ဘ​ဝ​၌​လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​ပြု​တတ်​ကြ​၏။-
LUK 20:35 သို့​ရာ​တွင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​၍ တ​မ​လွန်​သို့​ဝင်​ထိုက်​သော​သူ​တို့​မူ​ကား ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​ကြ​ကုန်။-
LUK 20:36 သူ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ် သ​ဖြင့်​သေ​နိုင်​ကြ​မည်​မ​ဟုတ်။ သူ​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​သူ​များ​ဖြစ် သော​ကြောင့်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။
LUK 20:37 ``မီး​လျှံ​ထွက်​သည့်​ချုံ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ တွင်​မော​ရှေ​က `ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဆို​ရာ​၌​သေ​လွန်​သော သူ​တို့​ရှင်​ပြန်​ထ​မြောက်​ကြောင်း​ကို​ဖော်​ပြ ခြင်း​ပင်​ဖြစ်​၏။-
LUK 20:38 ထို​သူ​တို့​သည်​ကိုယ်​တော်​ရှေ့​တော်​၌ ထာ​ဝ​ရ ကာ​လ​ပတ်​လုံး​အ​သက်​ရှင်​သူ​များ​ဖြစ်​ကြ သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သေ​လွန်​သူ​တို့ ၏​ဘု​ရား​မ​ဟုတ်။ အ​သက်​ရှင်​နေ​သူ​တို့​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 20:39 ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည်​ထပ်​မံ​၍ ကိုယ်​တော်​အား​မ​မေး​မ​လျှောက်​ဝံ့​ကြ။ သူ တို့​သည် ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ​သော စ​ကား​တို့​သည်​လျောက်​ပတ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။
LUK 20:41 ကိုယ်​တော်​သည်​ထို​သူ​တို့​အား ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။-
LUK 20:42 ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင်​လျှင်​ဆာ​လံ​ကျမ်း​၌ `ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​၏​ရန်​သူ​များ ကို သင့်​ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။ သို့​မ​ဖြစ်​စေ​သေး​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​ငါ​၏​အ​ရှင်​အား​မိန့်​တော်​မူ​၏' ဟု​ဆို​ချေ​သည်။-
LUK 20:44 ဒါ​ဝိဒ်​မင်း​သည်​မေ​ရှိ​ယ​ကို `အ​ရှင်' ဟု​ခေါ်​သည် ဖြစ်​ရာ​အ​သို့​လျှင်​မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​၏​သား မြေး​ဖြစ်​နိုင်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
LUK 20:45 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​များ​နား​ထောင် နေ​စဉ်​တ​ပည့်​တော်​တို့​အား။-
LUK 20:46 ``ကျမ်း​တတ်​ဆ​ရာ​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ လော့။ သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝတ်​၍​ပ​လွှား သွား​လာ​လို​ကြ​၏။ စျေး​ရပ်​ကွက်​တွင်​အ​လေး ပြု​ခြင်း​ကို​ခံ​လို​ကြ​၏။ တ​ရား​ဇ​ရပ်​များ​တွင် သီး​သန့်​ထား​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ​ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-
LUK 20:47 မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း ယူ​ပြီး​လျှင်​လူ​အ​ထင်​ကြီး​စေ​ရန်​ရှည်​လျား စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​ကြ​၏။ သူ​တို့ သည်​ပို​၍​ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
LUK 21:1 ကိုယ်​တော်​သည်​မော်​၍​ကြည့်​လိုက်​ရာ​ချမ်း​သာ ကြွယ်​ဝ​သူ​များ​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့ အ​လှူ​ဒါ​န​ထည့်​ဝင်​နေ​ကြ​သည်​ကို​မြင်​တော် မူ​၏။-
LUK 21:2 ကြေး​ပြား​နှစ်​ပြား​ကို​ဆင်း​ရဲ​သူ​မု​ဆိုး​မ တစ်​ယောက်​ထည့်​ဝင်​လှူ​ဒါန်း​သည်​ကို​လည်း မြင်​တော်​မူ​၏။-
LUK 21:3 ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဤ​သူ​အ​ပေါင်း​တို့​ထက်​ပို​၍​ထည့်​ဝင် လှူ​ဒါန်း​လေ​ပြီ။-
LUK 21:4 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​ထဲ​မှ ပေး​လှူ​ကြ​၏။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပင် ပေး​လှူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
LUK 21:5 တ​ပည့်​တော်​အ​ချို့​တို့​က ဗိ​မာန်​တော်​သည်​လှ​ပ သော​ကျောက်​တုံး​များ၊ ပူ​ဇော်​ဆက်​ကပ်​ထား​သည့် ဝတ္ထု​ပစ္စည်း​များ​ဖြင့်​အ​လွန်​တင့်​တယ်​လျက်​ရှိ ကြောင်း​ပြော​ဆို​ကြ​၏။-
LUK 21:6 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြ​သည့် အ​ရာ​အား​လုံး​တို့​သည်​ပြို​ကျ​ရ​လိမ့်​မည်။ ကျောက်​တစ်​လုံး​မျှ​မူ​လ​နေ​ရာ​တွင်​တင်​၍ မ​ကျန်​ရစ်​သည့်​တိုင်​အောင်​ပြို​ပျက်​ရ​သည့် အ​ချိန်​ကျ​ရောက်​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။
LUK 21:7 ထို​သူ​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​ကာ​လ​တွင်​ဖြစ်​ပျက်​ပါ မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌ အ​ဘယ်​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
LUK 21:8 ကိုယ်​တော်​က ``သင်​တို့​သည်​လှည့်​စား​ခြင်း​မ​ခံ​ရ ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ လူ​အ​များ​ပင် ငါ​၏​အ​ယောင်​ဆောင်​လျက်`ငါ​သည်​မေ​ရှိ​ယ​ဖြစ် သည်' ဟု​ဆို​၍​လည်း​ကောင်း၊ `ချိန်း​ချက်​သတ်​မှတ် တော်​မူ​ရာ​အ​ချိန်​ရောက်​ပြီ' ဟု​ဆို​၍​လည်း​ကောင်း လူ​တို့​ကို​လှည့်​စား​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏ နောက်​သို့​မ​လိုက်​ကြ​နှင့်။-
LUK 21:9 သင်​တို့​သည်​စစ်​မက်​သ​တင်း​များ​နှင့်​ပုန်​ကန် တော်​လှန်​မှု​သ​တင်း​များ​ကို​ကြား​ကြ​သော အ​ခါ​မ​ထိတ်​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ သည်​ဦး​စွာ​ဖြစ်​ပျက်​ရ​မည်။ သို့​သော်​လည်း​ကပ် ကမ္ဘာ​ကုန်​ဆုံး​ချိန်​ကား​မ​ရောက်​သေး'' ဟု​မိန့် တော်​မူ​၏။
LUK 21:10 ထို​နောက်​ကိုယ်​တော်​က ``လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​စစ်​ဖြစ်​ကြ​လိမ့်​မည်။-
LUK 21:11 နေ​ရာ​အ​နှံ့​အ​ပြား​တွင်​မြေ​င​လျင်​ပြင်း​ထန် စွာ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ အ​နာ​ရော​ဂါ ကပ်​သင့်​ခြင်း​တို့​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တွင် ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​နှင့်​ပုဗ္ဗ နိ​မိတ်​များ​ပေါ်​ထွန်း​ကြ​လိမ့်​မည်။-
LUK 21:12 သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​မ​ဖြစ်​မ​ပျက် မီ​လူ​တို့​သည်​သင်​တို့​အား​ဖမ်း​ဆီး​ညှဉ်း​ဆဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တ​ရား​ဇ​ရပ်​များ​တွင် တ​ရား​စီ​ရင်​ရန်​အပ်​နှံ​၍​ထောင်​များ​တွင် အကျဉ်း​ချ​ထား​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​ကြောင့်​ရှင်​ဘု​ရင်​များ၊ အာဏာ​ပိုင် များ​၏​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့်​မည်။-
LUK 21:13 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​သတင်း​ကောင်း ကို​ကြေ​ညာ​ရန်​အ​ခွင့်​ထူး​ရ​ကြ​လိမ့်​မည်။-
LUK 21:14 ထို့​ကြောင့်​မိ​မိ​တို့​မည်​သို့​ချေ​ပ​ရ​မည်​ကို မ​စိုး​ရိမ်​ရန်​ကြို​တင်​၍​စိတ်​ပြ​ဋ္ဌာန်း​ကြ​လော့။-
LUK 21:15 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။-
LUK 21:16 သင်​တို့​အား​မိ​ဘ​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ​က ရန်​သူ့​လက်​သို့​အပ်​ကြ​လိမ့်​မည်။ သင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​ကို​သတ်​ကြ​လိမ့်​မည်။-
LUK 21:17 ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။-
LUK 21:18 သို့​ရာ​တွင်​သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​တစ်​ပင် မျှ​ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။-
LUK 21:19 သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။
LUK 21:20 ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​တပ်​များ​ဝိုင်း​ရံ​လျက်​ရှိ သည်​ကို သင်​တို့​မြင်​သော​အ​ခါ ထို​မြို့​ပျက်​ခါ နီး​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-
LUK 21:21 ထို​အ​ခါ​၌​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ​မှာ​ရှိ​လူ​တို့​မြို့​ပြင် သို့​ထွက်​ကြ​စေ။ ကျေး​လက်​တော​ရွာ​မှာ​ရှိ​သော သူ​တို့​ကို​မြို့​ထဲ​သို့​မ​ဝင်​ကြ​စေ​နှင့်။-
LUK 21:22 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​နေ့​ရက်​ကာ​လ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ​ဖြစ်​သော ကြောင့်​တည်း။ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ခဲ့​သည့် အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရာ​ကာ​လ​ပင်​ဖြစ်​၏။-
LUK 21:23 ထို​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​နှင့် သား​သည် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။ ယု​ဒ​ပြည်​သည်​အတိ​ဒုက္ခ​ရောက်​၍ ပြည်​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-
LUK 21:24 အ​ချို့​သော​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့်​ကျ​ဆုံး ကြ​လိမ့်​မည်။ ကျန်​သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့​ဖမ်း​သွား​ခြင်း​ခံ ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​ကြီး စိုး​သည့်​ခေတ်​မ​ကုန်​မ​ချင်း ယေ​ရု​ရှ​လင်​မြို့ ကို​ခြေ​ဖြင့်​နင်း​ကြ​လိမ့်​မည်။
LUK 21:25 ``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-
LUK 21:26 လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-
LUK 21:27 ထို​အ​ခါ​တိမ်​ကို​စီး​၍​ကြီး​စွာ​သော​ဘုန်း အ​သ​ရေ​တော်​ဆောင်​လျက်​လူ​သား​ကြွ လာ​တော်​မူ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-
LUK 21:28 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​အား​ကယ်​တင်​တော်​မူ​မည့်​အ​ချိန်​သည် နီး​ကပ်​လျက်​ရှိ​သည်​ဖြစ်​၍ သင်​တို့​၏​ဦး​ခေါင်း ကို​ကြွ​၍​မျှော်​ကြည့်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 21:29 ထို​နောက်​ကိုယ်​တော်​သည် သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``သင်္ဘော​သ​ဖန်း​ပင်​နှင့် အ​ခြား​သစ်​ပင် တို့​ကို​ကြည့်​ကြ​လော့။-
LUK 21:30 ထို​အ​ပင်​များ​ရွက်​နု​ပေါက်​သော​အ​ခါ သင်​တို့ သည်​ကြည့်​၍​နွေ​ရာ​သီ​နီး​ကြောင်း​သိ​ကြ​၏။-
LUK 21:31 ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဟု သိ​မှတ်​ကြ​လော့။
LUK 21:32 ``ငါ​အ​မှန်​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​အ​သက်​ရှင်​နေ​သူ​တို့ သေ​လွန်​ရ​လိမ့်​မည်​မ​ဟုတ်။-
LUK 21:33 ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ​၏​စ​ကား​တည်​လိမ့်​မည်။
LUK 21:34 ``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-
LUK 21:36 နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ ကျ​ရောက်​လတ္တံ့ သော​ဘေး​များ​ကို​ခံ​ရပ်​၍ လူ​သား​၏​ရှေ့​တော် တွင်​မတ်​မတ်​ရပ်​၍​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​နိုင် ကြ​ရန်​အ​မြဲ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​၏။
LUK 21:37 ကိုယ်​တော်​သည်​နေ့​အ​ခါ​များ​၌​ဗိ​မာန်​တော် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​လျှင် ည​အ​ခါ များ​၌​သံ​လွင်​နာ​မည်​တွင်​သော​တောင်​ပေါ်​သို့ သွား​၍​ညဥ့်​ကို​လွန်​စေ​တော်​မူ​၏။-
LUK 21:38 လူ​အ​ပေါင်း​တို့​သည်​ဗိမာန်​တော်​တွင်​တ​ရား တော်​ကို​ကြား​နာ​ရန် နံ​နက်​စော​စော​ထ​၍ အ​ထံ​တော်​သို့​လာ​ကြ​၏။
LUK 22:1 ပ​သ​ခါ​ပွဲ​ဟု​နာ​မည်​တွင်​သော​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​ခါ​ကျ​ရန်​နီး​ကပ်​လာ​၏။-
LUK 22:2 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​လူ​တို့​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော် ကို​လျှို့​ဝှက်​စွာ​သတ်​ရန်​နည်း​လမ်း​ရှာ​လျက်​နေ ကြ​၏။
LUK 22:3 ထို​အ​ခါ​စာ​တန်​သည် တစ်​ကျိပ်​နှစ်​ပါး​အ​ပါ အ​ဝင်​ဖြစ်​သူ​ရှ​ကာ​ရုတ်​ဟု​နာ​မည်​တွင်​သော ယု​ဒ​၏​စိတ်​နှ​လုံး​ထဲ​သို့​ဝင်​လေ​၏။-
LUK 22:4 ထို့​ကြောင့်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ နှင့်​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​ထံ​သို့ သွား​၍ ကိုယ်​တော်​အား​အ​ဘယ်​နည်း​ဖြင့်​သူ​တို့ လက်​သို့​အပ်​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​၏။-
LUK 22:5 သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​ယု​ဒ​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။-
LUK 22:6 ယု​ဒ​သည်​သ​ဘော​တူ​သ​ဖြင့်​ပ​ရိ​သတ်​မ​သိ အောင်​ကိုယ်​တော်​အား​သူ​တို့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။
LUK 22:7 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​တွင်​ပ​သ​ခါ​သိုး​ငယ်​ကို သတ်​၍​ပူ​ဇော်​ရာ​နေ့​ရက်​ကျ​ရောက်​လာ​၏။-
LUK 22:8 ကိုယ်​တော်​က​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား ``ငါ တို့​စား​ရန်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​သွား​၍​ပြင်​ဆင် ကြ​လော့'' ဟု​ဆို​၍​စေ​လွှတ်​တော်​မူ​၏။
LUK 22:9 သူ​တို့​က ``အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
LUK 22:10 ကိုယ်​တော်​က ``သင်​တို့​မြို့​တွင်း​သို့​ဝင်​မိ​လျှင်​ရေ အိုး​ကို​ထမ်း​လာ​သူ​လူ​တစ်​ယောက်​သည်​သင်​တို့ အား​ကြို​ဆို​လိမ့်​မည်။ သူ့​နောက်​သို့​လိုက်​၍​သူ ဝင်​သော​အိမ်​ထဲ​သို့​ဝင်​ကြ​လော့။-
LUK 22:11 အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။-
LUK 22:12 ထို​သူ​သည်​အ​ထက်​ထပ်​ရှိ​ခင်း​ကျင်း​ထား​သော အ​ခန်း​ကြီး​ကို​ပြ​လိမ့်​မည်။ ထို​အ​ခန်း​တွင် ပြင်​ဆင်​မှု​ကို​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
LUK 22:13 တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး နောက်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​တွေ့ ရှိ​ကြ​သ​ဖြင့် ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​သင့်​ပြင် ဆင်​ကြ​၏။
LUK 22:14 အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည်​တ​မန် တော်​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​တော်​မူ​၏။-
LUK 22:15 ကိုယ်​တော်​က ``ငါ​သည်​အ​သေ​မ​ခံ​ရ​မီ​ဤ ပ​သ​ခါ​ပွဲ​ည​စာ​ကို​သင်​တို့​နှင့်​အ​တူ​စား ရန်​အ​လွန်​အ​လို​ရှိ​၏။-
LUK 22:16 သင်​တို့​အား​ငါ​ဆို​သည်​ကား​ပ​သ​ခါ​ပွဲ​ကျင်း​ပ သည့်​ရည်​ရွယ်​ချက်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ၌​အ​ကောင်​အ​ထည်​ပေါ်​လာ​လိမ့်​မည်။ ထို​အ​ချိန် မ​တိုင်​မီ​ငါ​သည်​ပ​သ​ခါ​ည​စာ​ကို​နောက်​တစ် ဖန်​စား​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
LUK 22:17 ထို​နောက်​ကိုယ်​တော်​သည်​စ​ပျစ်​ရည်​ခွက်​ကို​ယူ ၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​ပြီး​လျှင် ``ဤ​စ​ပျစ်​ရည်​ခွက်​ကို​ယူ ကြ​လော့။ အ​ချင်း​ချင်း​ဝေ​၍​သောက်​ကြ​လော့။-
LUK 22:18 သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​မ​တည်​မ​ချင်း​ငါ​သည် စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန်​သောက်​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
LUK 22:19 ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
LUK 22:20 ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။
LUK 22:21 ``သို့​ရာ​တွင်​သ​တိ​ပြု​ကြ​လော့။ ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ငါ​နှင့်​အ​တူ​စား​ပွဲ မှာ​ရှိ​၏။-
LUK 22:22 လူ​သား​သည်​ဘု​ရား​သ​ခင်​ခွဲ​ခန့်​ထား​တော်​မူ သည်​အ​တိုင်း​အ​သေ​ခံ​ရန်​အ​မှန်​ပင်​သွား​ရ မည်။ သို့​သော်​လူ​သား​ကို​ရန်​သူ​လက်​သို့​အပ် သော​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏'' ဟု​မိန့်​တော် မူ​၏။
LUK 22:23 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​အ​နက်​အ​ဘယ် သူ​သည်​ဤ​အ​မှု​ကို​ပြု​လိမ့်​မည်​နည်း​ဟု အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။
LUK 22:24 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု​အ​ငြင်း ပွား​ကြ​၏။-
LUK 22:25 ထို​အ​ခါ​ကိုယ်​တော်​က ``လော​ကီ​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ်​ကြ ၏။ အာ​ဏာ​ပိုင်​များ​သည်​လည်း​မိ​မိ​တို့​ကိုယ်​ကို ကျေး​ဇူး​ရှင်​များ​ဟု​အ​ခေါ်​ခံ​တတ်​ကြ​၏။-
LUK 22:26 သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် စေ​သင့်။ သင်​တို့​တွင်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ သည်​အ​သိမ်​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ခေါင်း​ဆောင်​ဖြစ်​သူ​သည်​အ​စေ​ခံ​ကဲ့​သို့​ဖြစ် ရ​မည်။-
LUK 22:27 စား​ပွဲ​ထိုင်​သူ၊ အ​စေ​ခံ​သူ​တို့​အ​နက်​အ​ဘယ်​သူ သာ​၍​ကြီး​မြတ်​သ​နည်း၊ စား​ပွဲ​ထိုင်​သူ​မ​ဟုတ် လော။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​တွင်​အ​စေ​ခံ​သူ သ​ဖွယ်​ဖြစ်​၏။
LUK 22:28 သင်​တို့​သည်​ငါ​နှင့်​အ​တူ​စုံ​စမ်း​နှောင့်​ယှက်​မှု များ​ကို​ရင်​ဆိုင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-
LUK 22:29 ခ​မည်း​တော်​သည်​ငါ့​အား​အုပ်​စိုး​ခွင့်​ကို​ပေး အပ်​တော်​မူ​သည်​နည်း​တူ ငါ​သည်​လည်း​သင် တို့​အား​အုပ်​စိုး​ခွင့်​ကို​ပေး​၏။-
LUK 22:30 သင်​တို့​သည်​နိုင်​ငံ​တော်​တွင်​ငါ​၏​စား​ပွဲ​၌​စား သောက်​ရ​ကြ​လိမ့်​မည်။ ထို့​အ​ပြင်​ပလ္လင်​များ ပေါ်​မှာ​ထိုင်​လျက်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ် တို့​အား​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 22:31 သ​ခင်​ယေ​ရှု​က ``ရှိ​မုန်၊ ရှိ​မုန်၊ စ​ပါး​ကို​လှေ့ သ​ကဲ့​သို့​သင်​တို့​အား​လုံး​ကို​စစ်​ဆေး​ရန် စာ​တန်​က​အ​ခွင့်​ရ​လေ​ပြီ။-
LUK 22:32 သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
LUK 22:33 ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ထောင်​ထဲ​သို့ လည်း​ကောင်း၊ သေ​ရွာ​သို့​လည်း​ကောင်း​ကိုယ်​တော် ရှင်​နှင့်​အ​တူ​လိုက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု လျှောက်​၏။
LUK 22:34 ကိုယ်​တော်​က ``ပေ​တ​ရု၊ သင့်​အား​ငါ​ဆို​သည် ကား​ယ​နေ့​ည​ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို မ​သိ​ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 22:35 ထို​နောက်​ကိုယ်​တော်​က ``ငါ​သည်​သင်​တို့​အား ငွေ​အိတ်၊ လွယ်​အိတ်​နှင့်​ဖိ​နပ်​ကို​မ​ယူ​စေ​ဘဲ စေ​လွှတ်​ခဲ့​၏။ ထို​အ​ခါ​သင်​တို့​တွင်​တစ်​စုံ တစ်​ရာ​ချို့​တဲ့​မှု​ရှိ​ခဲ့​သ​လော'' ဟု​တ​ပည့်​တော် တို့​အား​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``မ​ရှိ​ပါ'' ဟု​လျှောက်​ကြ​၏။
LUK 22:36 ကိုယ်​တော်​က ``ယ​ခု​မူ​ကား​ငွေ​အိတ်၊ လွယ်​အိတ် ရှိ​လျှင်​ယူ​ခဲ့​ကြ။ ဋ္ဌား​မ​ရှိ​လျှင်​အ​ဝတ်​ကို ရောင်း​၍​ဋ္ဌား​ကို​ဝယ်​ကြ။-
LUK 22:37 သင်​တို့​အား​ငါ​ဆို​သည်​ကား `ထို​သူ​သည်​ရာ​ဇ​ဝတ် မှု​ကူး​လွန်​သူ​များ​စာ​ရင်း​တွင်​ပါ​ဝင်​ရ​၏' ဟူ သော​ကျမ်း​စ​ကား​အ​တိုင်း​ငါ​၌​ဖြစ်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​အ​ကြောင်း​ရေး သား​ထား​သည့်​ကျမ်း​စ​ကား​အ​ရ​ဖြစ်​ပျက် လျက်​ရှိ​နေ​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။
LUK 22:38 တ​ပည့်​တော်​တို့​က ``အ​ရှင်၊ ကြည့်​တော်​မူ​ပါ။ ဤ မှာ​ဋ္ဌား​နှစ်​လက်​ရှိ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``တော်​လောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
LUK 22:39 ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-
LUK 22:40 ထို​အ​ရပ်​သို့​ရောက်​တော်​မူ​လျှင်​ကိုယ်​တော် က ``သင်​တို့​သည်​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
LUK 22:41 ထို​နောက်​တ​ပည့်​တော်​တို့​နှင့်​ခဲ​တစ်​ပစ်​ခန့် ကွာ​သော​အ​ရပ်​သို့​ကြွ​တော်​မူ​၍​ဒူး​ထောက် လျက်၊-
LUK 22:42 ``အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင်​ဤ​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​အ​လို တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​တော်​မူ​၏။-
LUK 22:43 ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​လာ​၍​ကိုယ်​တော်​ကို​အား​ပေး​လေ​၏။-
LUK 22:44 ကိုယ်​တော်​သည်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ကို​ခံ လျက်​ပို​၍​စိတ်​အား​ကြီး​စွာ​ဆု​တောင်း​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​ချွေး​ပေါက်​တို့ သည်​သွေး​စက်​များ​သ​ဖွယ်​မြေ​ပေါ်​သို့​ကျ​၏။
LUK 22:45 ကိုယ်​တော်​သည်​ဆု​တောင်း​ရာ​မှ​ထ​၍​တ​ပည့် တော်​များ​ရှိ​ရာ​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဝမ်း​နည်း​မော​ပန်း​လျက်​အိပ်​ပျော် နေ​ကြ​သည်​ကို​မြင်​တော်​မူ​၏။-
LUK 22:46 ကိုယ်​တော်​က ``သင်​တို့​အ​ဘယ်​ကြောင့်​အိပ်​နေ ကြ​သ​နည်း။ ထ​ကြ​လော့။ စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
LUK 22:47 ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​ပင် လူ​ပ​ရိ​သတ် တစ်​စု​ရောက်​လာ​၏။ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး အ​ပါ​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည် ထို​သူ​တို့​ကို ခေါင်း​ဆောင်​၍​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​အား နမ်း​ရှုပ်​ရန်​ချဉ်း​ကပ်​၏။-
LUK 22:48 သ​ခင်​ယေ​ရှု​က ``ယု​ဒ၊ သင်​သည်​နမ်း​ရှုပ်​ခြင်း ဖြင့်​လူ​သား​အား​ရန်​သူ​လက်​သို့​အပ်​မည်​လော'' ဟု​မေး​တော်​မူ​၏။
LUK 22:49 တ​ပည့်​တော်​တို့​သည်​အ​ခြေ​အ​နေ​ကို​မှန်း​ဆ မိ​ကြ​သော​အ​ခါ​ကိုယ်​တော်​အား ``အ​ရှင်၊ အ​ကျွန်ုပ် တို့​သည်​ဋ္ဌား​ဖြင့်​ခုတ်​ရ​မည်​လော'' ဟု​မေး​လျှောက် ကြ​၏။-
LUK 22:50 တ​ပည့်​တော်​တစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ ၏​လက်​ယာ​နား​ရွက်​ပြတ်​လေ​၏။
LUK 22:51 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``တော်​ပြီ'' ဟု​မိန့်​တော် မူ​၏။ ကိုယ်​တော်​သည်​ထို​သူ​၏​နား​ရွက်​ကို​လက် တော်​ဖြင့်​တို့​ထိ​တော်​မူ​၍​အ​နာ​ကို​ပျောက်​စေ တော်​မူ​၏။
LUK 22:52 ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဋ္ဌား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။-
LUK 22:53 ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​မှာ​ရှိ​စဉ်​သင် တို့​သည်​အ​ဘယ်​ကြောင့်​မ​ဖမ်း​ဆီး​ကြ​သ​နည်း။ သို့​ရာ​တွင်​ဤ​အ​ချိန်​ကား​သင်​တို့​၏​အ​ချိန်၊ အ​မိုက်​မှောင်​စိုး​မိုး​ရာ​အ​ချိန်​တည်း'' ဟု မိန့်​တော်​မူ​၏။
LUK 22:54 ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ ၍​လိုက်​လာ​ခဲ့​၏။-
LUK 22:55 လူ​အ​ချို့​တို့​သည်​အိမ်​တော်​ဝင်း​အ​လယ်​တွင် မီး​ဖို​၍​ထိုင်​နေ​ကြ​၏။ ပေ​တ​ရု​သည် သူ​တို့ ၏​ကြား​တွင်​ဝင်​၍​ထိုင်​၏။-
LUK 22:56 ထို​သို့​ပေ​တ​ရု​ထိုင်​နေ​သည်​ကို​အ​စေ​ခံ​မ က​လေး​တစ်​ယောက်​မြင်​သ​ဖြင့်​ပေ​တ​ရု​အား စိုက်​ကြည့်​ပြီး​လျှင် ``ဤ​သူ​သည်​ယေ​ရှု​နှင့် အ​ပေါင်း​အ​ပါ​ဖြစ်​၏'' ဟု​ဆို​၏။
LUK 22:57 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​ကို​ငါ​မ​သိ'' ဟု​ငြင်း​ဆို​လေ​၏။
LUK 22:58 ထို​နောက်​ခ​ဏ​မျှ​ကြာ​သော်​လူ​တစ်​ယောက်​သည် ပေ​တ​ရု​ကို​မြင်​သ​ဖြင့် ``သင်​သည်​လည်း​ထို​သူ လူ​စု​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏'' ဟု​ဆို​၏။ သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ ထို​လူ​စု တွင်​ငါ​မ​ပါ'' ဟု​ဆို​၏။
LUK 22:59 ထို​နောက်​တစ်​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ​အ​ခြား လူ​တစ်​ယောက်​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် သား​ဖြစ်​သ​ဖြင့်​ယေ​ရှု​နှင့်​အ​ပေါင်း​အ​ပါ​ဖြစ် သည်​ကို​ယုံ​မှား​စ​ရာ​မ​ရှိ'' ဟု​အ​ခိုင်​အ​မာ​ဆို​၏။
LUK 22:60 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ သင်​ပြော သော​အ​ကြောင်း​အ​ရာ​ကို​ငါ​မ​သိ'' ဟု​ဆို​၏။ ဤ​သို့​ပေ​တ​ရု​ပြော​ဆို​နေ​စဉ်​ကြက်​တွန်​လေ​၏။-
LUK 22:61 အ​ရှင်​ဘု​ရား​သည်​လှည့်​၍​ပေ​တ​ရု​ကို​ကြည့် တော်​မူ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် ``ယ​နေ့​ည ကြက်​မ​တွန်​မီ​သင်​သည် ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ် မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟူ​သော​သ​ခင် ဘု​ရား​၏​စ​ကား​တော်​ကို​ပြန်​၍​သ​တိ​ရ​၏။-
LUK 22:62 သို့​ဖြစ်​၍​အ​ပြင်​သို့​ထွက်​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​လေ​၏။
LUK 22:63 သ​ခင်​ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သူ​တို့​က ကိုယ်​တော်​အား​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​၏။-
LUK 22:64 မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ``အ​ရှင့်​အား​မည် သူ​ရိုက်​ပုတ်​သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို ကြ​၏။-
LUK 22:65 အ​ခြား​စ​ကား​များ​ဖြင့်​လည်း​ကိုယ်​တော်​ကို စော်​ကား​ကြ​၏။
LUK 22:66 မိုး​လင်း​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား​ခေါင်း ဆောင်​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​စု​ဝေး ကြ​၏။ ထို​နောက်​ကိုယ်​တော်​အား​မိ​မိ​တို့​၏ တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-
LUK 22:67 သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​သ​လော။ ငါ​တို့​အား​ပြော​လော့'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က``ငါ​ပြော​လျှင်​သင်​တို့​ယုံ​ကြ​မည် မ​ဟုတ်။-
LUK 22:68 သင်​တို့​အား​ငါ​မေး​လျှင်​သင်​တို့​ဖြေ​မည်​မ​ဟုတ်။
LUK 22:69 ယ​ခု​မှ​စ​၍​လူ​သား​သည်​အနန္တ​တန်​ခိုး​တော် ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင် ထိုင်​တော်​မူ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
LUK 22:70 ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။
LUK 22:71 ထို​အ​ခါ​သူ​တို့​က ``အ​ဘယ်​သက်​သေ​လို​သေး သ​နည်း။ ငါ​တို့​ကိုယ်​တိုင်​ပင်​သူ​၏​စ​ကား​ကို ကြား​ရ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။
LUK 23:1 တ​ရား​လွှတ်​တော်​တစ်​ဖွဲ့​လုံး​သည်​ထ​၍​ကိုယ်​တော် အား ပိ​လတ်​မင်း​ထံ​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-
LUK 23:2 ထို​နောက်​သူ​တို့​က ``ဤ​သူ​သည်​ပြည်​သူ​တို့​အား လမ်း​လွဲ​စေ​ရန် ကဲ​သာ​ဘု​ရင်​အား​အ​ခွန်​တော် မ​ပေး​မ​ဆက်​နှင့်​ဟု​တား​မြစ်​သည်​ကို​လည်း ကောင်း၊ မိ​မိ​ကိုယ်​ကို​မေ​ရှိ​ယ​တည်း​ဟူ​သော ဘု​ရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြော​ဆို​သည်​ကို လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​၏'' ဟု ဆို​၍​ကိုယ်​တော်​ကို​စွပ်​စွဲ​ကြ​၏။
LUK 23:3 ပိ​လတ်​မင်း​က​ကိုယ်​တော်​အား ``သင်​သည်​ယု​ဒ ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည်​အ​တိုင်း​မှန် သည်'' ဟု​မိန့်​တော်​မူ​၏။
LUK 23:4 ထို​နောက်​ပိ​လတ်​မင်း​က ``ဤ​သူ​အား​စွဲ​ချက် တင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​လူ​အ​ပေါင်း တို့​အား​ဆို​၏။
LUK 23:5 သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် က​စ​၍ ယ​ခု​ဤ​အ​ရပ်​ဒေ​သ​တိုင်​အောင်​ယု​ဒ ပြည်​အ​နှံ့​အ​ပြား​ဟော​ပြော​လျက် ပြည်​သူ​တို့ အား​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပါ​၏'' ဟု​ပို​၍​ပင်​အ​သံ​ကျယ်​စွာ​စွပ်​စွဲ​ကြ​၏။
LUK 23:6 ပိ​လတ်​မင်း​သည်​ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို ကြား​လျှင် ``ဤ​သူ​သည်​ဂါ​လိ​ပြည်​သား​ပေ လော'' ဟု​မေး​၏။-
LUK 23:7 ဟေ​ရုဒ်​အုပ်​စိုး​သော​ဂါ​လိ​လဲ​ပြည်​သား​ဖြစ် ကြောင်း​ကို​သိ​လျှင် ကိုယ်​တော်​အား​ဟေ​ရုဒ်​မင်း ထံ​သို့​ပို့​၏။ ထို​အ​ချိန်​အ​ခါ​သည်​ဟေ​ရုဒ်​မင်း ယေ​ရု​ရှ​လင်​မြို့​မှာ​ရောက်​ရှိ​နေ​သည့်​အ​ချိန် ဖြစ်​သ​တည်း။-
LUK 23:8 ဟေ​ရုဒ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​သော အ​ခါ​လွန်​စွာ​ဝမ်း​မြောက်​၏။ ကိုယ်​တော်​၏​သ​တင်း ကို​များ​စွာ​ကြား​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​အား တွေ့​မြင်​လို​သည်​မှာ​ကြာ​ပေ​ပြီ။ ကိုယ်​တော်​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​တစ်​စုံ​တစ်​ရာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​နေ​၏။-
LUK 23:9 ဟေ​ရုဒ်​မင်း​သည်​ကိုယ်​တော်​အား​မေး​ခွန်း​များ စွာ​မေး​သော်​လည်း ကိုယ်​တော်​က​ဖြေ​ကြား​တော် မ​မူ။-
LUK 23:10 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ရှေ့​သို့​လာ​၍ ကိုယ်​တော်​အား​အ​ပြင်း အ​ထန်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။-
LUK 23:11 ဟေ​ရုဒ်​မင်း​နှင့်​သူ​၏​စစ်​သား​များ​သည်​ကိုယ် တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​ပြောင်​လှောင် ကြ​၏။ ထို​နောက်​တင့်​တယ်​သော​ဝတ်​လုံ​ကို ဝတ်​ပေး​ပြီး​လျှင် ကိုယ်​တော်​အား​ပိ​လတ် မင်း​ထံ​ပြန်​ပို့​လိုက်​၏။-
LUK 23:12 ယ​ခင်​က​ရန်​သူ​ဖြစ်​ခဲ့​ကြ​သည့်​ပိ​လတ် မင်း​နှင့်​ဟေ​ရုဒ်​မင်း​တို့​သည် ထို​နေ့​၌​ပြန်​၍ သင့်​မြတ်​သွား​ကြ​သ​တည်း။
LUK 23:13 ပိ​လတ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​ယု​ဒ​အ​မျိုး​သား များ​အား​စု​ဝေး​စေ​၏။-
LUK 23:14 ထို​နောက် ``ဤ​သူ​သည်​ပုန်​ကန်​ရန်​ပြည်​သူ​တို့ အား​လှုံ့​ဆော်​သူ​ဖြစ်​သည်​ဟု​ဆို​၍ သူ့​အား သင်​တို့​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။ သင်​တို့​ရှေ့ မှာ​ပင်​ငါ​စစ်​ဆေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့ ဆို​သည့်​အ​တိုင်း​ထို​သူ​အား​စွပ်​စွဲ​နိုင်​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-
LUK 23:15 ဟေ​ရုဒ်​မင်း​သည်​လည်း​မ​တွေ့။ ထို့​ကြောင့်​သူ့ ကို​ငါ့​ထံ​သို့​ပြန်​၍​ပို့​၏။ ဤ​သူ​သည်​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို မျှ​မ​ကူး​မ​လွန်​ခဲ့​ပေ။-
LUK 23:16 သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​ဆို​၏။-
LUK 23:17 (ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​၌​လူ​တို့​အ​တွက် အ​ကျဉ်း​သား​တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​ရ​မြဲ​ဖြစ်​သ​တည်း။)
LUK 23:18 လူ​ပ​ရိ​သတ်​အား​လုံး​က ``ဤ​သူ​ကို​သေ​ဒဏ် ပေး​ပါ။ အ​ကျွန်ုပ်​တို့​အ​တွက်​ဗာ​ရဗ္ဗ​ကို​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပါ'' ဟု​တစ်​ပြိုင်​နက် ဟစ်​အော်​ကြ​၏။-
LUK 23:19 (ဗာ​ရဗ္ဗ​ကား​မြို့​ထဲ​တွင်​ပုန်​ကန်​ထ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​ဖြင့်​ထောင်​ကျ​ခံ​နေ​ရ​သူ​ဖြစ်​၏။)
LUK 23:20 ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​လို​၍​လူ​တို့​အား​တစ်​ဖန် တင်​ပြ​၏။-
LUK 23:21 သို့​ရာ​တွင်​လူ​တို့​သည် ``သူ့​ကို​လက်​ဝါး​ကပ်​တိုင် မှာ​တင်​၍​သတ်​ပါ၊ လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍ သတ်​ပါ'' ဟု​ဟစ်​အော်​ကြ​၏။
LUK 23:22 ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​ပြစ်​မှု​ကို ကူး​လွန်​သ​နည်း။ သူ့​အား​သေ​ဒဏ်​ပေး​ထိုက် သော​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့၊ သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​တ​တိ​ယ​အ​ကြိမ်​ဆို​၏။
LUK 23:23 သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား​လက်​ဝါး ကပ်​တိုင်​မှာ​တင်​၍​သတ်​ရန် အ​သံ​ကုန်​အော်​ဟစ် တောင်း​ဆို​ကြ​သ​ဖြင့်​နောက်​ဆုံး​၌​တောင်း​ဆို ချက်​ရ​သွား​၏။-
LUK 23:24 ပိ​လတ်​မင်း​သည်​သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း စီ​ရင်​ချက်​ချ​မှတ်​လိုက်​၏။-
LUK 23:25 ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု​တို့​အ​တွက် ထောင်​ကျ​သူ​အား သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လိုက်​၏။ သ​ခင်​ယေ​ရှု ကို​မူ​သူ​တို့​ပြု​လို​သည့်​အ​တိုင်း​ပြု​စေ​ရန်​အပ် လိုက်​၏။
LUK 23:26 စစ်​သား​တို့​သည်​ကိုယ်​တော်​ကို​ထုတ်​ဆောင်​သွား ကြ​စဉ် ကျေး​လက်​တော​ရွာ​မှ​လာ​သော​ကု​ရေ​နေ ပြည်​သား​ရှိ​မုန်​ကို​ဖမ်း​ဆီး​၍ သူ​၏​ပ​ခုံး​ပေါ် တွင်​လက်​ဝါး​ကပ်​တိုင်​ကို​တင်​ကြ​၏။ ထို​နောက် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​လျက်​သ​ခင် ယေ​ရှု​၏​နောက်​တော်​မှ​လိုက်​စေ​ကြ​၏။
LUK 23:27 လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​မှ​လိုက်​ကြ​၏။ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​မိ​မိ​တို့​ရင်​ကို တီး​ခတ်​ငို​ကြွေး​လျက်​လိုက်​ကြ​၏။-
LUK 23:28 သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​များ​၏​ဘက် သို့​လှည့်​၍ ``ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ငါ့​အ​တွက် မ​ငို​ကြွေး​ကြ​နှင့်။ သင်​တို့​နှင့်​သင်​တို့​၏​သား သ​မီး​များ​အ​တွက်​သာ​လျှင်​ငို​ကြွေး​ကြ​လော့။-
LUK 23:29 `က​လေး​မ​ရှိ​ခဲ့၊ နို့​မ​တိုက်​ခဲ့​သော​အ​မျိုး​သ​မီး များ​သည်​မင်္ဂ​လာ​ရှိ​၏' ဟု​ဆို​ရ​သည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။-
LUK 23:30 ထို​အ​ချိန်​၌​လူ​တို့​က​တောင်​များ​အား `ငါ​တို့ အ​ပေါ်​သို့​ပြို​လဲ​ကြ​ပါ' ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား `ငါ​တို့​ကို​ဖုံး​အုပ်​ကြ ပါ' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​လိမ့်​မည်။-
LUK 23:31 စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။
LUK 23:32 လူ​တို့​သည်​ရာ​ဇ​ဝတ်​သင့်​သူ​လူ​နှစ်​ယောက်​ကို လည်း​ကိုယ်​တော်​နှင့်​အ​တူ​သတ်​ရန်​ထုတ်​ဆောင် သွား​ကြ​၏။-
LUK 23:33 ``ဦး​ခေါင်း​ခွံ'' ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက် သော​အ​ခါ​ကိုယ်​တော်​နှင့်​ရာ​ဇ​ဝတ်​သင့်​သူ​များ ကို​လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ကြ​၏။ ရာ ဇ​ဝတ်​သင့်​သူ​တစ်​ယောက်​ကို​လက်​ယာ​တော်​ဘက် တွင်​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​ကို​လက်​ဝဲ တော်​ဘက်​တွင်​လည်း​ကောင်း​ထား​၍​သတ်​ကြ​၏။-
LUK 23:34 သ​ခင်​ယေ​ရှု​က ``အို အ​ဖ၊ ထို​သူ​တို့​၏​အ​ပြစ် ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ပြု နေ​သည့်​အ​မှု​ကို​မ​သိ​ကြ​ပါ'' ဟု​မြွက်​ဆို တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ဝေ​ယူ​ကြ​၏။-
LUK 23:35 လူ​ပ​ရိ​သတ်​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ ယု​ဒ​ခေါင်း​ဆောင်​များ​သည် ``ဤ​သူ​သည်​အ​ခြား သူ​များ​အား​ကယ်​တင်​၏။ အ​ကယ်​၍​ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​မေ​ရှိ​ယ​ဖြစ်​ပါ​မူ မိ​မိ​ကိုယ် ကို​ကယ်​တင်​ပါ​လေ​စေ'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။-
LUK 23:36 စစ်​သား​များ​သည်​လည်း​ကိုယ်​တော်​အား​ပုံး ရည်​ကို​တိုက်​လျက်၊-
LUK 23:37 ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​ပါ​မူ​သင့်​ကိုယ် ကို​ကယ်​တင်​ပါ​လော့'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။
LUK 23:38 ကိုယ်​တော်​၏​ဦး​ခေါင်း​အ​ထက်​တွင် ``ဤ​သူ​ကား ယု​ဒ​ရှင်​ဘု​ရင်​ပေ​တည်း'' ဟု​ကမ္ပည်း​ရေး​ထိုး ထား​ကြ​၏။
LUK 23:39 လက်​ဝါး​ကပ်​တိုင်​မှာ​ရိုက်​ဆွဲ​ထား​သော​ရာ​ဇ ဝတ်​သင့်​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​က ``သင် သည်​မေ​ရှိ​ယ​ပင်​မ​ဟုတ်​ပါ​လော။ သင့်​ကိုယ်​ကို လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း​ကယ်​တင် ပါ​လော့'' ဟု​ကိုယ်​တော်​အား​ကဲ့​ရဲ့​ပြော​ဆို​၏။
LUK 23:40 အ​ခြား​ရာ​ဇ​ဝတ်​သင့်​သူ​က​ထို​သူ့​အား ``သင် သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ပါ​သ​လော။ ငါ တို့​သည်​ဤ​သူ​ကဲ့​သို့​ပင်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊-
LUK 23:41 ငါ​တို့​သည်​အ​ပြစ်​အ​လျောက် ထိုက်​သင့်​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ဤ​အ​ရှင်​မှာ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်​ခဲ့'' ဟု​ပြော ဆို​ဆုံး​မ​၏။-
LUK 23:42 ထို​နောက်​သ​ခင်​ယေ​ရှု​အား ``အ​ရှင်​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​လျှောက်​၏။-
LUK 23:43 ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ပင်​သင်​သည်​ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ​တွင်​ရှိ​မည်'' ဟု​မိန့်​တော်​မူ​၏။
LUK 23:44 အ​ချိန်​ကား​မွန်း​တည့်​ချိန်​လောက်​ဖြစ်​၏။ ထို အ​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​အ​ထိ မြေ​တစ် ပြင်​လုံး​တွင်​နေ​ရောင်​အ​လင်း​ကွယ်​၍​မှောင် အ​တိ​ကျ​လေ​၏။-
LUK 23:45 ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​လည်း​နှစ်​ခြမ်း ကွဲ​လေ​၏။-
LUK 23:46 သ​ခင်​ယေ​ရှု​သည် ``အို အ​ဖ၊ ကိုယ်​တော်​ရှင်​၏ လက်​တော်​သို့​အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို​အပ်​ပါ​၏'' ဟု​ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် တော်​မူ​၏။
LUK 23:47 ဤ​အ​ဖြစ်​အ​ပျက်​ကို​တပ်​မှူး​သည်​တွေ့​မြင် လျှင် ``ဤ​သူ​ကား​အ​ကယ်​ပင်​သူ​တော်​ကောင်း ဖြစ်​၏'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လေ​၏။
LUK 23:48 ဤ​အ​မှု​အ​ရာ​ကို​ကြည့်​ရှု​ရန်​လာ​ကြ​ကုန်​သော လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ဖြစ်​အ​ပျက်​များ​ကို မြင်​သ​ဖြင့် မိ​မိ​တို့​ရင်​ကို​တီး​ခတ်​လျက်​ပြန် ကြ​၏။-
LUK 23:49 ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​၏​နောက်​သို့​လိုက် လာ​ကြ​သော​အ​မျိုး​သ​မီး​များ​အ​ပါ​အ​ဝင် ကိုယ်​တော်​ကို​သိ​ကျွမ်း​သူ​အ​ပေါင်း​တို့​သည် အ​ဝေး​မှာ​ရပ်​လျက်​ကြည့်​ရှု​နေ​ကြ​၏။
LUK 23:50 ယု​ဒ​ပြည်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​နာ​မည် ရှိ​သူ​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ ၏။ သူ​သည်​လူ​ကောင်း​လူ​ဖြောင့်​တစ်​ယောက်​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့်​အ​ချိန် ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည်​တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​ဖြစ်​သော်​လည်း တ​ရား​လွှတ်​တော် ၏​ဆုံး​ဖြတ်​ချက်​နှင့်​လုပ်​ဆောင်​ချက်​ကို​သ​ဘော မ​တူ​ခဲ့​ပေ။-
LUK 23:52 သူ​သည်​ပိ​လတ်​မင်း​၏​ထံ​သို့​သွား​၍​သ​ခင်​ယေ​ရှု ၏​အ​လောင်း​တော်​ကို​တောင်း​၏။-
LUK 23:53 အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​ပြီး လျှင်​ပိတ်​ဖြင့်​ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို ထွင်း​ထား​သည့်​တစ်​ခါ​မျှ​အ​သုံး​မ​ပြု​ရ​သေး သော​သင်္ချိုင်း​ဂူ​သစ်​တွင်​သင်္ဂြိုဟ်​၏။-
LUK 23:54 ထို​နေ့​ကား​သော​ကြာ​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​သို့ ကူး​ရန်​အ​ချိန်​နီး​ပေ​ပြီ။-
LUK 23:55 ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​နှင့်​လိုက်​ခဲ့​ကြ​သော အ​မျိုး​သ​မီး​များ​လည်း​လိုက်​ပို့​၍​သင်္ချိုင်း​တော် ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို​အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​၏။-
LUK 23:56 ထို​နောက်​သူ​တို့​သည်​အိမ်​သို့​ပြန်​၍​ဆီ​မွှေး နှင့်​နံ့​သာ​ပေါင်း​ကို​အ​သင့်​ပြင်​ဆင်​ကြ​၏။ သူ​တို့​သည်​ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​၌​အ​နား​ယူ​ကြ​၏။
LUK 24:1 တ​နင်္ဂ​နွေ​နေ့​မိုး​လင်း​စ​အ​ချိန်​၌​ထို​အ​မျိုး သ​မီး​တို့​သည် မိ​မိ​တို့​အ​သင့်​ပြင်​ဆင်​ထား​သော နံ့​သာ​ပေါင်း​ကို​ယူ​၍ အ​ခြား​သူ​များ​နှင့်​အ​တူ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။-
LUK 24:2 သင်္ချိုင်း​ဂူ​ဝ​က​ကျောက်​တုံး​ကို​လှိမ့်​ဖယ်​ထား သည်​ကို​တွေ့​သ​ဖြင့်၊-
LUK 24:3 ဂူ​ထဲ​သို့​ဝင်​ကြ​၏။ သို့​ရာ​တွင်​အ​လောင်း​တော် ကို​မ​တွေ့​ရ​ကြ။-
LUK 24:4 ဤ​အ​ခြင်း​အ​ရာ​နှင့်​ပတ်​သက်​၍​စိတ်​ဇ​ဝေ​ဇ​ဝါ ဖြစ်​လျက်​နေ​ကြ​စဉ် ပြောင်​လက်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​သူ​လူ​နှစ်​ယောက်​သည်​သူ​တို့​၏ အ​ရှေ့​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၏။-
LUK 24:5 အ​မျိုး​သ​မီး​များ​သည်​ကြောက်​ရွံ့​၍​ပျပ်​ဝပ် လျက်​နေ​ကြ​၏။ ထို​သူ​နှစ်​ယောက်​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​အ​သက်​ရှင်​သူ​ကို​သေ​သူ​များ ရှိ​ရာ​အ​ရပ်​တွင်​ရှာ​ကြ​သ​နည်း။-
LUK 24:6 ကိုယ်​တော်​သည်​ဤ​အ​ရပ်​တွင်​မရှိ။ ရှင်​ပြန်​ထ​မြောက် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​မှာ​ရှိ တော်​မူ​ခဲ့​စဉ်​က၊-
LUK 24:7 `လူ​သား​သည်​အ​ပြစ်​ကူး​သူ​တို့​၏​လက်​သို့ အပ်​ခြင်း​ခံ​ရ​လိမ့်​မည်။ လက်​ဝါး​ကပ်​တိုင်​မှာ​တင် ၍​အ​သတ်​ခံ​ရ​လိမ့်​မည်။ ထို​နောက်​တ​တိ​ယ​နေ့​၌ သေ​ခြင်း​မှ​ရှင်ြုပန်​ထ​မြောက်​တော်​မူ​လိမ့်​မည်' ဟူ​၍ သင်​တို့​အား​ပြော​ကြား​ခဲ့​သည်​ကို​သ​တိ​ရ​ကြ လော့'' ဟု​ဆို​၏။
LUK 24:8 ထို​အ​ခါ​အ​မျိုး​သ​မီး​များ​သည်​ကိုယ်​တော် မိန့်​တော်​မူ​ခဲ့​သော​စ​ကား​များ​ကို​ပြန်​သ​တိ​ရ ၍၊-
LUK 24:9 သင်္ချိုင်း​တော်​မှ​မိ​မိ​တို့​အိမ်​သို့​ပြန်​ပြီး​လျှင်​တစ် ကျိပ်​တစ်​ပါး​နှင့်​တ​ပည့်​တော်​အ​ပေါင်း​တို့​အား ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​ပြော​ကြား ကြ​၏။-
LUK 24:10 တ​မန်​တော်​တို့​အား​ဤ​သို့​ပြော​ကြား​သူ​များ ကား​မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟန္န၊ ယာ​ကုပ်​၏​မိ​ခင် ဖြစ်​သူ​မာ​ရိ​မှ​စ​၍​အ​ခြား​သော​အ​မျိုး​သ​မီး များ​ဖြစ်​သ​တည်း။-
LUK 24:11 သူ​တို့​ပြော​ကြား​သည့်​စ​ကား​များ​သည်​တ​မန် တော်​တို့​အ​တွက်​ယုတ္တိ​မ​ရှိ​သော​ကြောင့်​တ​မန် တော်​တို့​သည်​မ​ယုံ​ကြ။-
LUK 24:12 သို့​ရာ​တွင်​ပေ​တ​ရု​သည်​သင်္ချိုင်း​တော်​သို့​ပြေး သွား​ပြီး​လျှင်​ငုံ့​၍​ကြည့်​၏။ ပိတ်​များ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တွေ့​ရ။ သူ​သည် ထို​အ​ခြင်း​အ​ရာ​ကို​အံ့​သြ​လျက်​အိမ်​သို့​ပြန် လေ​သည်။
LUK 24:13 ထို​နေ့​၌​ပင်​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ဧ​မောက်​ဟု​ခေါ်​သော​ရွာ​သို့​သွား​ကြ​၏။ ထို​ရွာ သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခု​နစ်​မိုင်​ခန့်​ဝေး​၏။-
LUK 24:14 ထို​သူ​နှစ်​ယောက်​တို့​သည်​ဖြစ်​ပျက်​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​ပြော​ဆို လျက်​လာ​ကြ​၏။-
LUK 24:15 ယင်း​သို့​ပြော​ဆို​ဆွေး​နွေး​နေ​ကြ​စဉ်​သ​ခင် ယေ​ရှု​ကိုယ်​တော်​တိုင်​သူ​တို့​ထံ​သို့​ချဉ်း​ကပ် ၍​သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။-
LUK 24:16 သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ခု ကြောင့်​ကိုယ်​တော်​မှန်း​မ​သိ​ကြ။-
LUK 24:17 ကိုယ်​တော်​က ``သင်​တို့​သည်​ခ​ရီး​သွား​စဉ် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး နေ​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​မျက်​နှာ​ညှိုး​ငယ်​စွာ​ဖြင့် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​၏။-
LUK 24:18 သူ​တို့​အ​နက်​က​လော​ဖ​ဆို​သူ​က ``ယေ​ရု​ရှ​လင် မြို့​သို့​လာ​ရောက်​သော​ဧည့်​သည်​များ​အ​နက်​သင် တစ်​ဦး​တည်း​သာ​လျှင် ဤ​ရက်​များ​အ​တော​အ​တွင်း ၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ များ​အ​ကြောင်း​ကို​မ​သိ​ဘဲ​နေ​ပါ​သ​လော'' ဟု ဆို​၏။
LUK 24:19 ကိုယ်​တော်​က ``အ​ဘယ်​အ​မှု​အ​ရာ​များ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် သက်​ဆိုင်​သော​အ​မှု​အ​ရာ​များ​ပင်​ဖြစ်​ပါ​၏။ ထို​သူ​သည်​ဘု​ရား​သ​ခင်​နှင့်​လူ​အ​ပေါင်း တို့​၏​ရှေ့​တွင်​လက်​သတ္တိ၊ နှုတ်​သတ္တိ​နှင့်​ပြည့်​စုံ သော​ပ​ရော​ဖက်​ဖြစ်​ပါ​၏။-
LUK 24:20 ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​ကြီး အ​ကဲ​များ​သည်​သူ့​အား​သေ​ဒဏ်​စီ​ရင်​ရန် ပိ​လတ်​မင်း​၏​လက်​သို့​အပ်​နှံ​ခဲ့​ကြ​၏။ လက် ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ခဲ့​ကြ​ပါ​၏။-
LUK 24:21 ထို​အ​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​ကို​လွတ်​မြောက် စေ​တော်​မူ​မည့်​အ​ရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်​လင့် ခဲ့​ကြ​ပါ​၏။ အ​ဆို​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် ခဲ့​သည်​မှာ​ယ​ခု​သုံး​ရက်​ရှိ​ပါ​ပြီ။-
LUK 24:22 ငါ​တို့​၏​အ​ပေါင်း​အဖော်​များ​ဖြစ်​သော​အ​မျိုး သ​မီး​အ​ချို့​တို့​သည်​နံ​နက်​စော​စော​သင်္ချိုင်း တော်​သို့​သွား​ခဲ့​ကြ​၏။-
LUK 24:23 သူ​တို့​သည်​အ​လောင်း​တော်​ကို​မ​တွေ့​ရ​ကြ​ပါ။ ကောင်း​ကင်​တ​မန်​များ​ကို​ရူ​ပါ​ရုံ​တွင်​မြင်​ရ ကြ​သည်​ဟု​ငါ​တို့​အား​ပြော​ကြား​ကြ​ပါ​၏။ ကောင်း​ကင်​တ​မန်​များ​က​သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​ပြော ကြ​သည်​ဟု​လည်း​ဆို​ကြ​၏။ သို့​ဖြစ်​၍​ငါ တို့​သည်​မိန်း​မော​တွေ​ဝေ​သွား​ကြ​ပါ​၏။-
LUK 24:24 ငါ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည်​လည်း​သင်္ချိုင်း တော်​သို့​သွား​ကြ​ရာ​အ​မျိုး​သ​မီး​များ​ဖော် ပြ​ခဲ့​သည်​အ​တိုင်း​ပင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ကို​မူ​ကား​မ​တွေ့​မ​မြင်​ရ​ကြ​ပါ'' ဟု​ဆို​ကြ​၏။
LUK 24:25 ထို​အ​ခါ​ကိုယ်​တော်​က ``ပ​ရော​ဖက်​များ​ဟော ကြား​ခဲ့​သ​မျှ​ကို​ယုံ​ကြည်​ရန်​အ​လွန်​နှေး ကွေး​သော​အို​လူ​မိုက်​တို့၊-
LUK 24:26 မေ​ရှိ​ယ​သည်​ဘုန်း​အ​သ​ရေ​တော်​ကို​မ​ခံ​မ ယူ​မီ ဤ​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​ခံ​စား ရန်​လို​အပ်​သည်​မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော် မူ​၏။-
LUK 24:27 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မော​ရှေ​ကျမ်း​မှ အ​စ​ပြု​၍​ပ​ရော​ဖက်​ကျမ်း​အား​လုံး​တွင် ကိုယ်​တော်​အ​ကြောင်း​နှင့်​ပတ်​သက်​သည့်​ကျမ်း ပိုဒ်​များ​ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ရှင်​လင်း ၍​ပြ​တော်​မူ​၏။
LUK 24:28 ထို​သူ​တို့​သွား​သည့်​ရွာ​အ​နီး​သို့​ရောက်​ကြ လျှင်​ကိုယ်​တော်​သည်​ရှေ့​သို့​ဆက်​၍​သွား​မည့် ဟန်​ပြု​၏။-
LUK 24:29 သို့​ရာ​တွင်​သူ​တို့​က ``ယ​ခု​မိုး​ချုပ်​စ​ပြု​ပါ​ပြီ။ နေ့​အ​ချိန်​ကုန်​ပါ​တော့​မည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​တည်း​ခို​ပါ'' ဟု​ဆို​၍​ကိုယ်​တော် အား​ဖိတ်​ခေါ်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် အ​တူ​တည်း​ခို​ရန်​လိုက်​သွား​တော်​မူ​၏။-
LUK 24:30 စား​ပွဲ​တွင်​သူ​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​လျက် မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍​သူ​တို့​အား​ပေး တော်​မူ​၏။-
LUK 24:31 ထို​အ​ခါ​၌​သူ​တို့​သည်​မျက်​စိ​ပွင့်​လာ​ကြ သ​ဖြင့်​ကိုယ်​တော်​မှန်း​သိ​ကြ​လေ​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​မှောက်​မှ ကွယ်​ပျောက်​သွား​လေ​သည်။-
LUK 24:32 သူ​တို့​က ``လမ်း​ခ​ရီး​တွင်​ကိုယ်​တော်​သည်​ငါ​တို့ အား​စ​ကား​ပြော​တော်​မူ​သော​အ​ခါ​၌​လည်း​ကောင်း၊ ကျမ်း​စာ​တော်​၏​အ​နက်​ကို​ဖွင့်​ပြ​တော်​မူ​သော အ​ခါ​၌​လည်း​ကောင်း၊ ငါ​တို့​၏​စိတ်​နှ​လုံး​တွင် မီး​လျှံ​ထ​သ​ကဲ့​သို့​ဖြစ်​နေ​ခဲ့​သည်​မ​ဟုတ် ပါ​လော'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
LUK 24:33 သူ​တို့​သည်​ချက်​ချင်း​ထ​၍​ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ကြ​၏။ ထို​အ​ရပ်​တွင်​တစ်​ကျိပ်​တစ်​ပါး​နှင့် အ​ခြား​တ​ပည့်​တော်​များ​သည်​စု​ရုံး​လျက်​နေ ကြ​သည်​ကို​တွေ့​ကြ​၏။-
LUK 24:34 စု​ရုံး​လျက်​နေ​သော​သူ​တို့​က ``အ​ကယ်​ပင်​သ​ခင် ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ပေ​တ​ရု​အား​ကိုယ်​ထင်​ပြ​တော် မူ​ပြီ'' ဟု​ဆို​ကြ​၏။
LUK 24:35 ထို​နောက်​ထို​သူ​နှစ်​ယောက်​တို့​သည်​လမ်း​တွင် ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း ကောင်း၊ မုန့်​ကို​ဖဲ့​တော်​မူ​စဉ်​တွင်​ကိုယ်​တော်​မှန်း သိ​ရှိ​လာ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြ​၏။
LUK 24:36 ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
LUK 24:37 သူ​တို့​သည်​တစ္ဆေ​ခြောက်​သည်​ဟု​ထင်​မှတ်​သ​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​၏။-
LUK 24:38 ကိုယ်​တော်​က ``အ​ဘယ်​ကြောင့်​ကြောက်​လန့်​နေ​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​ယုံ​မှား​သံ​သ​ယ​ဖြစ် နေ​ကြ​သ​နည်း။ ငါ​၏​လက်​များ၊ ခြေ​များ​ကို ကြည့်​ကြ​လော့။-
LUK 24:39 သင်​တို့​မြင်​ရ​သူ​ကား​ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့ ကိုယ်​ကို​စမ်း​သပ်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​သည် အ​တိုင်း​ငါ့​မှာ​အ​သား​အ​ရိုး​များ​ရှိ​၏။
LUK 24:40 ထို​နောက်​လက်​တော်​ခြေ​တော်​တို့​ကို​တ​ပည့်​တော် တို့​အား​ပြ​တော်​မူ​၏။-
LUK 24:41 သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-
LUK 24:42 သူ​တို့​သည်​ငါး​ကင်​တစ်​ပိုင်း​ကို​ပေး​ကြ​၏။
LUK 24:43 ကိုယ်​တော်​သည်​ယူ​၍​သူ​တို့​၏​ရှေ့​တွင်​သုံး​ဆောင် တော်​မူ​၏။
LUK 24:44 ထို​နောက်​ကိုယ်​တော်​က ``မော​ရှေ​၏​ပ​ညတ်​ကျမ်း၊ ပ​ရော​ဖက်​ကျမ်း​များ​နှင့်​ဆာ​လံ​ကျမ်း​တွင်​ငါ ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ထား​သည့် အ​မှု​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်​ဟူ​၍ သင် တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​ပြော​ခဲ့​၏။ ငါ ပြော​ခဲ့​သည့်​အ​တိုင်း​ယ​ခု​ဖြစ်​ပျက်​လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
LUK 24:45 ထို​နောက်​တ​ပည့်​တော်​တို့​ကျမ်း​စာ​တော်​ကို​နား လည်​ကြ​စေ​ရန်​သူ​တို့​၏​အ​သိ​ဉာဏ်​ကို​ဖွင့်​တော် မူ​၏။-
LUK 24:46 ကိုယ်​တော်​က ``ကျမ်း​စာ​တော်​တွင်​မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်။ ထို​နောက်​သုံး​ရက်​ကြာ သော်​သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​မည်။-
LUK 24:47 နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။-
LUK 24:48 သင်​တို့​အား​ထို​အ​ဖြစ်​အ​ပျက်​များ​နှင့် ပတ်​သက်​၍​မျက်​မြင်​သက်​သေ​များ​ဖြစ်​ကြ​၏။-
LUK 24:49 ငါ​၏​ခ​မည်း​တော်​က​တိ​ထား​တော်​မူ​ရာ​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​သက်​ရောက်​စေ​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မ​ယူ​ရ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​၌ စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
LUK 24:50 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​အား​ဗေ​သ​နိ​ရွာ သို့​ခေါ်​ဆောင်​သွား​တော်​မူ​ပြီး​လျှင်​လက်​တော်​ကို ချီ​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။-
LUK 24:51 ဤ​သို့​ကောင်း​ချီး​ပေး​တော်​မူ​စဉ်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ထံ​မှ​ထွက်​ခွာ​လျက်​ကောင်း​ကင် ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။-
LUK 24:52 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​အား​ရှိ​ခိုး​ပြီး လျှင်​အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​သွား​၍။-
LUK 24:53 ဗိ​မာန်​တော်​တွင်​အ​မြဲ​မ​ပြတ်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​၏။ ရှင်​လု​ကာ​ခ​ရစ်​ဝင်​ပြီး​၏။
JOH 1:1 ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင် နှုတ်​က​ပတ်​တော်​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော် သည်​ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော်​သည်​လည်း​ဘု​ရား​ဖြစ်​တော်​မူ​၏။-
JOH 1:2 နှုတ်​က​ပတ်​တော်​သည်​အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။-
JOH 1:3 ဘု​ရား​သ​ခင်​သည်​နှုတ်​က​ပတ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဖန်​ဆင်း​ခြင်း​နှင့်​ကင်း​၍​ပေါ်​လာ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။-
JOH 1:4 ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​သက်​ကို​ရ​ရှိ​ကြ​၏။ ထို​အ​သက်​သည်​လူ​သား​တို့ အ​တွက်​အ​လင်း​ဖြစ်​၏။-
JOH 1:5 ထို​အ​လင်း​သည်​အ​မှောင်​တွင်​ထွန်း​လင်း​၍​အ​မှောင်​သည် ထို​အ​လင်း​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဖုံး​လွှမ်း​နိုင်။
JOH 1:6 ဘု​ရား​သ​ခင်​သည်​ယော​ဟန်​ဆို​သူ​အား​မိ​မိ ၏​စေ​တ​မန်​အ​ဖြစ်​ဖြင့်​စေ​လွှတ်​တော်​မူ​၏။-
JOH 1:7 တ​ရား​တော်​ကို​လူ​အ​ပေါင်း​တို့​ကြား​၍ ယုံ​ကြည်​လာ​စိမ့်​သော​ငှာ ထို​သူ​သည်​အ​လင်း တော်​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​၏။-
JOH 1:8 သူ​သည်​အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော် အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​သူ​ဖြစ်​၏။-
JOH 1:9 ထို​အ​လင်း​တော်​သည်​လော​က​သို့​ကြွ​လာ​၍ လူ​သား​အ​ပေါင်း​တို့​အ​ပေါ်​တွင် ထွန်း​လင်း တောက်​ပ​သည့်​စစ်​မှန်​သော​အ​လင်း​ဖြစ်​ပေ သည်။
JOH 1:10 နှုတ်​က​ပတ်​တော်​သည်​လော​က​၌​ရှိ​တော်​မူ​၏။ လော​က​ကို​နှုတ်​က​ပတ်​တော်​အား​ဖြင့်​ဖန်​ဆင်း တော်​မူ​သော်​လည်း လော​က​သည်​ကိုယ်​တော်​ကို မ​သိ။-
JOH 1:11 ကိုယ်​တော်​သည်​မိ​မိ​နေ​ရင်း​ပြည်​သို့​ကြွ​တော်​မူ သော်​လည်း မိ​မိ​၏​ပြည်​သား​များ​က​လက်​မ​ခံ ကြ။-
JOH 1:12 သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​လက်​ခံ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​သား သ​မီး​များ​ဖြစ်​ခွင့်​ကို​ရ​ကြ​၏။-
JOH 1:13 ထို​သူ​တို့​သည်​လူ​သား​ဖ​ခင်​မှ​ပေါက်​ဖွား​လာ သော​သား​သ​မီး​များမ​ဟုတ်။ ဘု​ရား​သ​ခင် ပေါက်​ဖွား​စေ​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၏။
JOH 1:14 နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။
JOH 1:15 ကိုယ်​တော်​၏​အ​ကြောင်း​ကို​ယော​ဟန်​ဟော​ပြော​၏။ ယော​ဟန်​က ``ငါ​၏​နောက်​ကြွ​လာ​သူ​သည်​ငါ မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့်​ငါ့​ထက်​ကြီး မြတ်​သူ​ဖြစ်​သည်​ဟု​ငါ​သက်​သေ​ခံ​ခဲ့​သူ​ကား ဤ​အရှင်​ပင်​တည်း'' ဟု​ကြွေး​ကြော်​လေ​သည်။
JOH 1:16 ကိုယ်​တော်​သည်​ကျေး​ဇူး​တော်​ပြည့်​စုံ​ကြွယ်​ဝ​တော် မူ​သည်​နှင့်​အ​ညီ ငါ​တို့​အား​ကောင်း​ချီး​မင်္ဂ​လာ တစ်​ပါး​ပြီး​တစ်​ပါး​ချ​ပေး​တော်​မူ​၏။-
JOH 1:17 ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။-
JOH 1:18 လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။
JOH 1:19 ယေ​ရု​ရှ​လင်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့ တို့​ကို​ယော​ဟန်​ထံ​သို့​စေ​လွှတ်​၍ ``သင်​သည် အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​စေ​ကြ​၏။
JOH 1:20 ထို​အ​ခါ​ယော​ဟန်​က ``ငါ​သည်​မေ​ရှိ​ယ မ​ဟုတ်'' ဟု​ထိန်​ဝှက်​ခြင်း​မ​ရှိ​ဘဲ​အ​တိ အ​လင်း​ပြော​ဆို​၏။
JOH 1:21 ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ပေ​လော'' ဟု​တစ်​ဖန် မေး​ပြန်​ကြ​၏။ ယော​ဟန်​က ``ငါ​သည်​ဧ​လိ​ယ​မ​ဟုတ်'' ဟု​ဆို​၏။ သူ​တို့​က ``ပ​ရော​ဖက်​ပေ​လော'' ဟု​မေး​ကြ​လျှင်၊ ``ငါ​သည်​ပ​ရော​ဖက်​လည်း​မ​ဟုတ်'' ဟု​ဆို​ပြန်​၏။
JOH 1:22 ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း။ ငါ တို့​ကို​စေ​လွှတ်​လိုက်​သူ​များ​အား​ပြန်​၍ ပြော​ရ​ပါ​မည်။ သင်​ကိုယ်​တိုင်​က​မည်​သို့ ဆို​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
JOH 1:23 ယော​ဟန်​က ``ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဖော်​ပြ​ခဲ့​သည်​အ​တိုင်း၊ `ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​လမ်း​ခ​ရီး​တော်​ကို ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့' ဟု တော​ကန္တာ​ရ​၌​ကြွေး​ကြော်​နေ​သော​အသံ​ဖြစ်​၏'' ဟု​ဆို​၏။
JOH 1:24 ယော​ဟန်​ထံ​သို့​ရောက်​လာ​ကြ​သော​စေ​တ​မန် များ​တွင်​ဖာ​ရိ​ရှဲ​အ​ချို့​ပါ​၏။-
JOH 1:25 ထို​သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​မ​ဟုတ်၊ ဧ​လိ​ယ လည်း​မ​ဟုတ်၊ ပ​ရော​ဖက်​လည်း​မ​ဟုတ်​ပါ​မူ​အ​ဘယ် ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ပါ​သ​နည်း'' ဟု မေး​ကြ​၏။
JOH 1:26 ယော​ဟန်​က ``ငါ​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သင်​တို့​တွင်​သင်​တို့​မ​သိ​သော အ​ရှင်​ရှိ​၏။-
JOH 1:27 ထို​အ​ရှင်​သည်​ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ သည်​သူ​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြည်​ထိုက်'' ဟု ဆို​၏။
JOH 1:28 ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရာ​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ကမ်း​ရှိ​ဗေ​သ​နိ​ရွာ​တွင်​ဤ​အ​မှု အ​ရာ​ဖြစ်​ပျက်​သ​တည်း။
JOH 1:29 နောက်​တစ်​နေ့​၌​မိ​မိ​၏​ထံ​သို့​သ​ခင်​ယေ​ရှု ကြွ​လာ​သည်​ကို​မြင်​လျှင် ယော​ဟန်​က ``လော​က သား​တို့​၏​အ​ပြစ်​ကို​ယူ​ဆောင်​သွား​တော်​မူ သော​ဘု​ရား​သ​ခင်​၏​သိုး​သူ​ငယ်​တော်​ကို ကြည့်​ကြ​လော့။-
JOH 1:30 `ငါ​မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့် ငါ့​ထက် ကြီး​မြတ်​သော​သူ​သည်​ငါ​၏​နောက်​တွင်​ကြွ လာ​လိမ့်​မည်' ဟု​ယ​ခင်​အ​ခါ​က​ငါ​ဖော်​ပြ ခဲ့​သူ​ကား​ထို​သူ​ပင်​တည်း။-
JOH 1:31 ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို​ယ​ခင် အ​ခါ​က​ငါ​မ​သိ။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သူ့​ကို​သိ​ရှိ​နိုင်​ကြ​စေ​ရန် ငါ သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ပေး​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။
JOH 1:32 ထို​နောက်​ယော​ဟန်​က ``ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ​ချိုး​ငှက်​အ​သွင်​ဖြင့်​ဆင်း​သက်​၍ ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​သည်​ကို​ငါ​မြင် ရ​၏။-
JOH 1:33 ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို ယ​ခင်​က ငါ​မ​သိ။ သို့​သော်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ဘု​ရား​သ​ခင် က `ဝိ​ညာဉ်​တော်​သည်​ဆင်း​သက်​၍​တစ်​စုံ တစ်​ယောက်​သော​သူ​၏​အ​ပေါ်​မှာ​နား​တော်​မူ သည်​ကို​သင်​မြင်​ရ​လိမ့်​မည်' ဟု​ငါ့​အား မိန့်​တော်​မူ​ခဲ့​၏။-
JOH 1:34 ဤ​သို့​မိန့်​တော်​မူ​သည်​အ​တိုင်း​ငါ​တွေ့​မြင်​ရ​ပြီ ဖြစ်​၍ ဤ​သူ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ကို​ငါ​သက်​သေ​ခံ​၏'' ဟု​ဆို​၏။
JOH 1:35 နောက်​တစ်​နေ့​၌​ယော​ဟန်​သည် တ​ပည့် နှစ်​ယောက်​နှင့်​အ​တူ​ရပ်​လျက်​နေ​စဉ်၊-
JOH 1:36 သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင် သ​ဖြင့် ``ဘု​ရား​သ​ခင်​၏​သိုး​သူငယ်​တော်​ကို ကြည့်​လော့'' ဟု​ဆို​၏။
JOH 1:37 သူ​၏​တ​ပည့်​နှစ်​ယောက်​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။-
JOH 1:38 သ​ခင်​ယေ​ရှု​သည်​နောက်​သို့​လှည့်​၍​ကြည့်​တော် မူ​ရာ ထို​သူ​တို့​လိုက်​လာ​သည်​ကို​မြင်​တော်​မူ လျှင် ``သင်​တို့​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ကြ သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``ရဗ္ဗိ၊ ကိုယ်​တော်​သည်​အ​ဘယ်​မှာ နေ​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အ​နက်​ကား​အ​ရှင်​ဘု​ရား​ဟု​ဆို​လို​၏)
JOH 1:39 ကိုယ်​တော်​က ``လာ​၍​ကြည့်​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။ ထို​အ​ချိန်​သည်​ည​နေ​လေး​နာ​ရီ​အ​ချိန် ဖြစ်​သည်။ သူ​တို့​သည်​လိုက်​၍​ကိုယ်​တော်​နေ​တော် မူ​ရာ​အ​ရပ်​ကို​မြင်​ပြီး​လျှင် ကိုယ်​တော်​နှင့်​အ​တူ မိုး​ချုပ်​သည်​တိုင်​အောင်​နေ​ကြ​၏။
JOH 1:40 ယော​ဟန်​၏​စ​ကား​ကို​ကြား​၍ ကိုယ်​တော်​၏ နောက်​တော်​သို့​လိုက်​သွား​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​မှာ​ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ ဖြစ်​၏။-
JOH 1:41 သူ​သည်​အစ်​ကို​ဖြစ်​သူ​ရှိ​မုန်​ကို​ချက်​ချင်း​ရှာ ၍ ``မေ​ရှိ​ယ​အ​ရှင်​ကို​ငါ​တို့​တွေ့​ပြီ'' ဟု​ဆို​၏။ (မေ​ရှိ​ယ​အ​နက်​မှာ ခ​ရစ်​တော်​ဖြစ်​သ​တည်း။)-
JOH 1:42 ထို​နောက်​သူ​သည်​ရှိ​မုန်​အား​သ​ခင်​ယေ​ရှု ထံ​တော်​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ သ​ခင်​ယေ​ရှု​သည်​ရှိ​မုန်​ကို​ကြည့်​၍ ``သင်​သည် ယော​ဟန်​၏​သား​ရှိ​မုန်​ဖြစ်​၏။ ကေ​ဖ​နာ​မည် သစ်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (ကေ​ဖ ကား​ပေ​တ​ရု​ဟူ​သော​အ​မည်​နှင့်​ထပ်​တူ ဖြစ်​၍ ကျောက်​ဟု​အ​နက်​ရှိ​၏။)
JOH 1:43 နောက်​တစ်​နေ့​၌​ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည် သို့​ကြွ​တော်​မူ​ရန် စိတ်​ပိုင်း​ဖြတ်​တော်​မူ​၏။ ဖိ​လိပ္ပု ကို​တွေ့​လျှင် ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော် မူ​၏။-
JOH 1:44 (ဖိ​လိပ္ပု​သည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​၏။ ဗက်​ဇဲ​ဒ မြို့​ကား​အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​နေ​ထိုင်​ရာ​မြို့ တည်း။)-
JOH 1:45 ဖိ​လိပ္ပု​သည်​နာ​သ​နေ​လ​ကို​တွေ့​သ​ဖြင့် ``မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​လည်း​ကောင်း၊ ပ​ရော​ဖက်​ကျမ်း များ​တွင်​လည်း​ကောင်း​ရေး​သား​ဖော်​ပြ​ထား​သူ ကို​ငါ​တို့​တွေ့​ပြီ။ ထို​သူ​သည်​ယောသပ်​၏​သား၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏'' ဟု​ဆို​၏။
JOH 1:46 နာ​သ​နေ​လ​က ``နာ​ဇ​ရက်​မြို့​မှ​ကောင်း​သည့် အ​ရာ​တစ်​စုံ​တစ်​ခု​ထွက်​ပေါ်​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။ ဖိ​လိပ္ပု​က ``လာ​၍​ကြည့်​ပါ'' ဟု​ဆို​၏။
JOH 1:47 နာ​သ​နေ​လ​လာ​နေ​သည်​ကို​သ​ခင်​ယေ​ရှု​မြင် တော်​မူ​လျှင် ``ပ​ရိ​ယာယ်​ကင်း​သူ​ဣသ​ရေ​လ အ​မျိုး​သား​စစ်​ကို​ကြည့်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
JOH 1:48 နာ​သ​နေ​လ​က ``ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​သို့ အ​ကျွန်ုပ်​ကို​သိ​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ၏။ သ​ခင်​ယေ​ရှု​က ``သင့်​အား​ဖိ​လိပ္ပု​မ​ခေါ်​မီ သ​ဖန်း​ပင်​အောက်​တွင်​ရှိ​နေ​စဉ်​အ​ခါ​က​ပင် လျှင် သင့်​ကို​ငါ​မြင်​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 1:49 ထို​အ​ခါ​နာ​သ​နေ​လ​က ``အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ပါ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​လျှောက်​လေ​၏။
JOH 1:50 သ​ခင်​ယေ​ရှု​က ``သ​ဖန်း​ပင်​အောက်​တွင်​သင့် ကို​ငါ​မြင်​ကြောင်း​ပြော​ပြ​သည့်​အ​တွက်​သင် ယုံ​သ​လော။ ဤ​ထက်​ပို​၍​အံ့​သြ​ဖွယ်​သော အ​မှု​အ​ရာ​တို့​ကို​သင်​မြင်​ရ​လိမ့်​မည်။-
JOH 1:51 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကောင်း​ကင်​ပွင့်​လျက် လူ​သား​အ​ပေါ်​တွင်​ဘု​ရား သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​ဆင်း​လျက် တက်​လျက်​နေ​ကြ​သည်​ကို​သင်​တို့​မြင်​ရ ကြ​လတ္တံ့' ဟု​မိန့်​တော်​မူ​၏။
JOH 2:1 နောက်​နှစ်​ရက်​ကြာ​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့​မှာ​မင်္ဂ​လာ​ဆောင်​ပွဲ​ကျင်း​ပ​ရာ သ​ခင်​ယေ​ရှု​၏​မယ်​တော်​ကြွ​ရောက်​၏။-
JOH 2:2 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​အား​လည်း ထို​ပွဲ​သို့​ဖိတ်​ကြား​ထား​၏။-
JOH 2:3 စပျစ်​ရည်​ကုန်​သွား​သော​အ​ခါ​သ​ခင်​ယေ​ရှု ၏​မယ်​တော်​က ``ထို​သူ​တို့​မှာ​စ​ပျစ်​ရည်​မ​ရှိ တော့​ပါ'' ဟု​ကိုယ်​တော်​အား​ပြော​ကြား​၏။
JOH 2:4 သ​ခင်​ယေ​ရှု​က ``မယ်​တော်၊ အ​ဘယ်​အ​မှု​ပြု ရ​မည်​ကို​အ​ကျွန်ုပ်​အား​မ​ပြော​ပါ​နှင့်။ အ​ကျွန်ုပ် လုပ်​ဆောင်​ရန်​အ​ချိန်​မ​ကျ​သေး​ပါ'' ဟု​မိန့်​တော် မူ​၏။
JOH 2:5 ထို​အ​ခါ​မယ်​တော်​သည်​အ​စေ​ခံ​တို့​အား ကိုယ် တော်​စေ​ခိုင်း​သည့်​အ​တိုင်း​ပြု​ကြ​ရန်​မှာ​ကြား​၏။
JOH 2:6 ထို​နေ​ရာ​တွင် ရေ​နှစ်​ထမ်း​သုံး​ထမ်း​ခန့်​စီ​ဝင်​သော ကျောက်​အိုး​ကြီး​ခြောက်​လုံး​ရှိ​၏။ ယု​ဒ​မျိုး​သား တို့​၏​ဘာ​သာ​ဋ္ဌ​လေ့​အ​ရ သန့်​စင်​မှု​ကို​ပြု​ရန် ထို​အိုး​များ​ကို​ထား​ရှိ​ခြင်း​ဖြစ်​၏။-
JOH 2:7 သ​ခင်​ယေ​ရှု​က ``ဤ​အိုး​များ​တွင်​ရေ​အ​ပြည့် ထည့်​ကြ​လော့'' ဟု​အ​စေ​ခံ​တို့​အား​မိန့်​တော်​မူ လျှင် သူ​တို့​သည်​အိုး​နှုတ်​ခမ်း​အ​ထိ​ရေ​ပြည့် အောင်​ထည့်​ကြ​၏။-
JOH 2:8 ထို​နောက်​ကိုယ်​တော်​က ``ဤ​အိုး​များ​မှ​ရေ အ​နည်း​ငယ်​ကို​ခပ်​၍​ပွဲ​အုပ်​ထံ​ယူ​သွား​ကြ လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​စေ​ခံ တို့​သည်​ယူ​သွား​ကြ​၏။-
JOH 2:9 ပွဲ​အုပ်​သည်​စ​ပျစ်​ရည်​အ​ဖြစ်​သို့​ပြောင်း​လဲ လာ​သော​ရေ​ကို​မြည်း​စမ်း​ကြည့်​၏။ အ​စေ​ခံ များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​မှ​ရ​ရှိ ကြောင်း​သိ​ကြ​သော်​လည်း ပွဲ​အုပ်​မူ​ကား မ​သိ။ သို့​ဖြစ်​၍​ပွဲ​အုပ်​သည်​မင်္ဂ​လာ​ဆောင် သ​တို့​သား​အား​ခေါ်​ပြီး​လျှင်၊-
JOH 2:10 ``လူ​တိုင်း​ပင်​စ​ပျစ်​ရည်​ကောင်း​နှင့်​ဦး​စွာ​ဧည့်​ခံ တတ်​၏။ လူ​တို့​စိတ်​ရှိ​သောက်​ကြ​ပြီး​မှ စ​ပျစ် ရည်​အ​ညံ့​ကို​ထည့်​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား စ​ပျစ်​ရည်​ကောင်း​ကို​ယ​ခု​မှ​ထုတ်​ပေး​ပါ သည်​တ​ကား'' ဟု​ဆို​၏။
JOH 2:11 သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​တွင် ဤ​သို့​ဦး​စွာ​ပ​ထ​မ​အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ ဏာ​ကို​ပြ​တော်​မူ​လျက် မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။
JOH 2:12 ထို​နောက်​ကိုယ်​တော်​သည်​မယ်​တော်၊ ညီ​တော်​များ၊ တ​ပည့်​တော်​များ​နှင့်​အ​တူ​က​ပေ​ရ​နောင်​မြို့ သို့​ကြွ​၍​ရက်​အ​နည်း​ငယ်​နေ​ထိုင်​တော်​မူ​၏။
JOH 2:13 ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​နီး​ကပ်​လာ သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ကြွ​တော်​မူ​၏။-
JOH 2:14 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​အ​တွင်း​တွင်​နွား​များ၊ သိုး​များ၊ ချိုး​ငှက်​များ​ရောင်း​သော​သူ​များ​နှင့် ငွေ​လဲ​လှယ်​နေ​သူ​များ​ထိုင်​လျက်​နေ​သည်​ကို တွေ့​တော်​မူ​၏။-
JOH 2:15 ထို​အ​ခါ​ကြိုး​ဖြင့်​နှင်​တံ​ကို​ပြု​လုပ်​ပြီး​လျှင် သိုး​နွား​များ​ကို​ဗိ​မာန်​တော်​ထဲ​မှ​မောင်း​ထုတ် တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​ငွေ​များ​ကို သွန်​ချ​၍ ငွေ​တင်​ခုံ​များ​ကို​မှောက်​လှန်​ပစ် တော်​မူ​၏။-
JOH 2:16 ကိုယ်​တော်​က ``ဤ​အ​ရာ​များ​ကို​ယူ​သွား ကြ။ ငါ့​အ​ဖ​၏​အိမ်​တော်​ကို​စျေး​မ​ဖြစ်​စေ နှင့်'' ဟု​ချိုး​ငှက်​ရောင်း​သူ​များ​အား​မိန့်​တော် မူ​၏။-
JOH 2:17 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော် ၏​အိမ်​တော်​အ​ပေါ်​ချစ်​ခင်​တွယ်​တာ​မှု​သည် အ​ကျွန်ုပ်​၏​ရင်​အ​တွင်း​၌​မီး​သ​ဖွယ်​ကျွမ်း လောင်​လျက်​ရှိ​ပါ​၏'' ဟူ​သော​ကျမ်း​စကား ကို​သ​တိ​ရ​ကြ​၏။
JOH 2:18 ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``သင်​သည်​ဤ​အ​မှု အ​ရာ​များ​ကို​ပြု​လုပ်​ပိုင်​ကြောင်း​သိ​သာ စေ​ရန် ငါ​တို့​အား​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ ကို​ပြ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
JOH 2:19 သ​ခင်​ယေ​ရှု​က ``ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက် ကြ​လော့။ သုံး​ရက်​အ​တွင်း​ငါ​ပြန်​လည်​တည် ဆောက်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 2:20 ယု​ဒ​အ​မျိုး​သား​တို့​က ``ဤ​ဗိ​မာန်​တော် ကို​လေး​ဆယ့်​ခြောက်​နှစ်​တိုင်​တိုင်​တည်​ဆောက် ခဲ့​ရ​၏။ သင်​က​သုံး​ရက်​နှင့်​ပြန်​လည်​တည် ဆောက်​ပါ​မည်​လော'' ဟု​မေး​ကြ​၏။
JOH 2:21 ကိုယ်​တော်​ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း​ဟူ သော​ဗိ​မာန်​တော်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ခြင်း ဖြစ်​၏။-
JOH 2:22 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​အ​ခါ ဤ သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည်​ကို​ပြန်​လည် သ​တိ​ရ​ကြ​လျက် ကျမ်း​စာ​တော်​ကို​လည်း ကောင်း၊ သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သော စ​ကား​တော်​ကို​လည်း​ကောင်း​ယုံ​ကြ​၏။
JOH 2:23 ယေ​ရု​ရှ​လင်​မြို့​တွင်​ကျင်း​ပ​သည့်​ပ​သ​ခါ​ပွဲ ၌ ကိုယ်​တော်​ပြ​တော်​မူ​သည့်​အံ့​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​ကြ​သ​ဖြင့် လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​အား​ယုံ​ကြည် လာ​ကြ​၏။-
JOH 2:24 သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့​၏ အ​ကြောင်း​ကို​သိ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ အား​ယုံ​စား​တော်​မ​မူ။
JOH 2:25 ကိုယ်​တော်​သည်​လူ​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​အား​လူ့ အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ​ပြော​ရန်​မ​လို။
JOH 3:1 ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​သူ​နိ​ကော​ဒင်​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တစ်​ယောက်​ရှိ​၏။-
JOH 3:2 သူ​သည်​ညဥ့်​အ​ခါ​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``အ​ရှင်​ဘု​ရား၊ ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော် မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​ရှင်​ပြ​တော်​မူ​သော အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​မည် မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​သည်​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏'' ဟု​လျှောက်​၏။
JOH 3:3 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်'' ဟု မိန့်​တော်​မူ​၏။
JOH 3:4 နိ​ကော​ဒင်​က ``အ​သက်​ကြီး​သော​သူ​သည် အ​ဘယ်​သို့​လျှင် တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ ပါ​မည်​နည်း။ အ​မိ​ဝမ်း​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ဒု​တိ​ယ​အ​ကြိမ်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ပါ မည်​လော'' ဟု​လျှောက်​၏။
JOH 3:5 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ ဆို​သည်​ကား၊ ရေ​နှင့်​ဝိညာဉ်​တော်​အား​ဖြင့်​မွေး ဖွား​လာ​သူ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​ရ။-
JOH 3:6 အ​သွေး​အ​သား​အား​ဖြင့်​မွေး​ဖွား​သူ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သူ​သည်​ဝိ​ညာဉ်​ဖြစ်​၏။-
JOH 3:7 တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု​ငါ ဆို​သည်​ကို​မ​အံ့​သြ​နှင့်။-
JOH 3:8 လေ​သည်​မိ​မိ​တိုက်​လို​ရာ​သို့​တိုက်​တတ်​၏။ လေ​၏ အ​သံ​ကို​ကြား​ရ​သော်​လည်း​အ​ဘယ်​အ​ရပ်​မှ တိုက်​လာ​သည်​ကို​သော်​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ် သို့​တိုက်​လိမ့်​မည်​ကို​သော်​လည်း​ကောင်း​မ​သိ​နိုင်။ ဝိ​ညာဉ်​တော်​အား​ဖြင့်​မွေး​ဖွား​သူ​တိုင်း​သည် လည်း ဤ​နည်း​တူ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 3:9 နိ​ကော​ဒင်​က ``ဤ​အ​မှု​အ​ရာ​သည်​အ​ဘယ် သို့​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​၏။
JOH 3:10 သ​ခင်​ယေ​ရှု​က ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဆ​ရာ​တစ်​ဦး​ဖြစ်​ပါ​လျက် ဤ အ​မှု​အ​ရာ​အ​ကြောင်း​ကို​မ​သိ​သ​လော။-
JOH 3:11 အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား ငါ​တို့ သည်​မိ​မိ​တို့​သိ​သည့်​အ​ရာ​ကို​ပြော​ကြ​၏။ မြင် သည့်​အ​ရာ​ကို​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​သင်​တို့​လက် မ​ခံ​ကြ။-
JOH 3:12 လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ငါ​ဖော်​ပြ သော​အ​ခါ​၌​သင်​တို့​မ​ယုံ​ကြ​လျှင် ကောင်း​ကင် ဘုံ​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ဖော်​ပြ​သော အ​ခါ​၌ အ​ဘယ်​သို့​လျှင်​သင်​တို့​ယုံ​ကြည် ကြ​မည်​နည်း။-
JOH 3:13 ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သော​လူ​သား မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ကောင်း​ကင်​ဘုံ​သို့ မ​ရောက်​ဖူး​ကြ'' ဟု​မိန့်​တော်​မူ​၏။
JOH 3:14 မိ​မိ​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ အ​သက်​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​သား​သည်​တော ကန္တာ​ရ​၌​တိုင်​ထိပ်​တွင်​မော​ရှေ​မြှောက်​တင်​ထား သည့်​ကြေး​မြွေ​ရုပ်​ကဲ့​သို့​မြှောက်​တင်​ခြင်း ခံ​ရ​လိမ့်​မည်။-
JOH 3:16 ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။-
JOH 3:17 သား​တော်​ကို​လော​က​သို့​စေ​လွှတ်​တော်​မူ​သည် မှာ လော​က​သား​တို့​အား​အ​ပြစ်​စီ​ရင်​ရန် မ​ဟုတ်။ လော​က​သား​တို့​ကို​ကယ်​တင်​ရန် ဖြစ်​၏။
JOH 3:18 သား​တော်​ကို​ယုံ​ကြည်​သူ​သည်​အ​ပြစ်​စီ​ရင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော် ကို​မ​ယုံ​ကြည်​သည့်​အ​တွက် ယ​ခု​ပင်​အ​ပြစ် စီ​ရင်​ခြင်း​ကို​ခံ​ရ​၏။-
JOH 3:19 အ​ပြစ်​စီ​ရင်​ခြင်း​၏​သ​ဘော​တ​ရား​ကား ဤ​သို့​တည်း။ အ​လင်း​တော်​သည်​ဤ​လော​က သို့​ရောက်​ရှိ​လာ​၏။ သို့​ရာ​တွင်​လူ​တို့​သည် ဆိုး​ယုတ်​သူ​များ​ဖြစ်​သည်​အား​လျော်​စွာ အ​လင်း​တော်​ထက်​အ​မှောင်​ကို​နှစ်​သက် ကြ​၏။-
JOH 3:20 ဆိုး​ယုတ်​သူ​တိုင်း​အ​လင်း​ကို​မုန်း​၏။ မိ​မိ​၏ အ​ကျင့်​ဆိုး​ပေါ်​သွား​မည်​ကို​စိုး​၍​အ​လင်း အ​နီး​သို့​မ​ကပ်​ဝံ့။-
JOH 3:21 သို့​ရာ​တွင်​သစ္စာ​တ​ရား​ကို​ကျင့်​သော​သူ​များ ကား မိ​မိ​ပြု​လေ​သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ဖြစ် ကြောင်း​ကို သိ​သာ​ထင်​ရှား​စေ​ရန်​အ​လင်း သို့​ချဉ်း​ကပ်​လာ​တတ်​သည်။
JOH 3:22 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ နှင့်​အ​တူ ယု​ဒ​ကျေး​လက်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ရပ်​တွင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​နေ တော်​မူ​လျက်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​၏။-
JOH 3:23 ရှာ​လိမ်​မြို့​အ​နီး​အဲနုန်​အ​ရပ်​တွင်​ရေ​များ​စွာ ရှိ​သ​ဖြင့်​ယော​ဟန်​သည်​လည်း ဗတ္တိ​ဇံ​မင်္ဂ​လာ ပေး​လျက်​နေ​၏။ လူ​တို့​သည်​ယော​ဟန်​ထံ သို့​လာ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​၏။-
JOH 3:24 (ထို​အ​ခါ​က​ယော​ဟန်​ထောင်​မ​ကျ​သေး​ချေ။)
JOH 3:25 ယော​ဟန်​၏​တ​ပည့်​အ​ချို့​တို့​သည်​သန့်​ရှင်း ခြင်း​မင်္ဂ​လာ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယု​ဒ အ​မျိုး​သား​တစ်​ယောက်​နှင့်​အ​ငြင်း​ပွား ကြ​၏။-
JOH 3:26 သို့​ဖြစ်​၍​သူ​တို့​သည်​ယော​ဟန်​ထံ​သို့​လာ​ပြီး လျှင် ``ဆ​ရာ​တော်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း တွင်​ဆ​ရာ​တော်​၏​ထံ​သို့ လာ​ရောက်​ခဲ့​ဖူး​သူ လူ​တစ်​ယောက်​ကို​သ​တိ​ရ​ပါ​သ​လော။ သူ​၏ အ​ကြောင်း​ကို​ဆ​ရာ​တော်​သက်​သေ​ခံ​ခဲ့​ဖူး ပါ​၏။ ယ​ခု​သူ​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး လျက်​နေ​ပါ​သည်။ လူ​အ​ပေါင်း​တို့​သည်​လည်း သူ့​ထံ​သို့​လာ​လျက်​နေ​ကြ​ပါ​၏'' ဟု​လျှောက် ၏။
JOH 3:27 ယော​ဟန်​က ``ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မ​မူ လျှင် လူ​သည်​အ​ဘယ်​အ​လုပ်​တာ​ဝန်​ကို​မျှ မ​ခံ​မ​ယူ​နိုင်။-
JOH 3:28 ငါ​သည်​မေ​ရှိ​ယ​မ​ဟုတ်။ ထို​အ​ရှင်​၏​ရှေ့​တော် ပြေး​မျှ​သာ​ဖြစ်​၏။ ယင်း​သို့​ဖြစ်​ကြောင်း​သင် တို့​အား ငါ​ပြော​ကြား​ခဲ့​သည်​ကို​သင်​တို့ ကိုယ်​တိုင်​ပင်​သက်​သေ​ဖြစ်​ကြ​၏။-
JOH 3:29 မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သိမ်း​ပိုက်​ရ သူ​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သား​ဖြစ်​၏။ သ​တို့ သား​၏​မိတ်​ဆွေ​သည်​ကား​အ​ဆင်​သင့်​စောင့် ဆိုင်း​ကာ သ​တို့​သား​၏​အ​သံ​ကို​နား​ထောင် လျက်​နေ​၏။ သူ​သည်​သ​တို့​သား​၏​အ​သံ​ကို ကြား​သော် လွန်​စွာ​အား​ရ​ဝမ်း​မြောက်​သ​ကဲ့ သို့ ငါ​သည်​လည်း​အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​ရ လေ​ပြီ။-
JOH 3:30 ထို​အ​ရှင်​သည်​တိုး​တက်​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ရ​မည်'' ဟု​ဆို​၏။
JOH 3:31 ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် သည်​အ​လုံး​စုံ​တို့​ထက်​ကြီး​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​မှ​ပေါက်​ဖွား​သူ​သည်​ကမ္ဘာ​မြေ ကြီး​သား​ဖြစ်​၍ မြေ​ကြီး​နှင့်​ဆိုင်​သော အ​ကြောင်း​အ​ရာ​များ​ကို​ပြော​တတ်​၏။-
JOH 3:32 ထို​အ​ရှင်​သည်​မိ​မိ​မြင်​ခဲ့​ကြား​ခဲ့​ရ​သော အ​ရာ​များ​အ​ကြောင်း​ကို​ဟော​ပြော​တော်​မူ သော်​လည်း ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို အ​ဘယ်​သူ​မျှ​လက်​မ​ခံ​ကြ။-
JOH 3:33 ကိုယ်​တော်​၏​ဟော​ပြော​ချက်​ကို​လက်​ခံ​သော သူ​မူ​ကား​ယင်း​သို့​လက်​ခံ​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​သည်​သစ္စာ​တော်​ရှင်​ဖြစ်​ကြောင်း​ကို သက်​သေ​ခံ​သူ​ဖြစ်​၏။-
JOH 3:34 ဘု​ရား​သခင်​သည်​မိ​မိ​စေ​လွှတ်​တော်​မူ​သော​သူ အား​ဝိ​ညာဉ်​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး​တော် မူ​သည်​ဖြစ်​၍ ထို​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဖော်​ပြ​တတ်​၏။-
JOH 3:35 ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​ကို​သား​တော် လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။-
JOH 3:36 သား​တော်​ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက် ကို​ရ​၏။ သား​တော်​၏​စ​ကား​ကို​နား​မ​ထောင်​သူ မူ​ကား​အ​သက်​ကို​မ​ရ​ဘဲ ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​သင့်​သူ​ဖြစ်​လိမ့်​မည်။
JOH 4:1 သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထက်​ပို​၍​များ သော​တ​ပည့်​များ​ကို ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​လျက် နေ​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​၏။-
JOH 4:2 (အ​မှန်​မှာ​သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ပေး​တော်​မ​မူ။ တ​ပည့်​တော်​တို့​သာ လျှင်​ပေး​ခြင်း​ဖြစ်​၏။)-
JOH 4:3 ယင်း​သို့​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​ကြောင်း​ကို သ​ခင်​ယေ​ရှု​သိ​တော်​မူ​လျှင် ယု​ဒ​ပြည်​မှ ထွက်​ခွာ​တော်​မူ​၍​ဂါ​လိ​လဲ​ပြည်​သို့​ကြွ တော်​မူ​၏။-
JOH 4:4 လမ်း​တွင်​ရှ​မာ​ရိ​ပြည်​ကို​ဖြတ်​၍​သွား​ရ​၏။
JOH 4:5 ရှု​ခါ​နာ​မည်​ရှိ​သော​မြို့​သို့​ရောက်​တော်​မူ​၏။ ထို​မြို့​သည်​ယာ​ကုပ်​က​သား​ယော​သပ်​အား ပေး​သည့်​မြေ​ယာ​အ​နီး​တွင်​တည်​ရှိ​၏။-
JOH 4:6 ထို​အ​ရပ်​တွင်​ယာကုပ်​၏​ရေ​တွင်း​ရှိ​၏။ သ​ခင် ယေ​ရှု​သည်​ခ​ရီး​ပန်း​တော်​မူ​သ​ဖြင့်​ရေ​တွင်း အ​နီး​တွင်​ထိုင်​တော်​မူ​၏။ ထို​အ​ချိန်​ကား​မွန်း တည့်​အ​ချိန်​ခန့်​ဖြစ်​သ​တည်း။
JOH 4:7 ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည်​ရေ​ခပ်​ရန် ရောက်​ရှိ​လာ​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​အား သောက်​ရေ​တစ်​ခွက်​ပေး​ပါ'' ဟု​ထို​အ​မျိုး သ​မီး​အား​မိန့်​တော်​မူ​၏။-
JOH 4:8 (တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။)
JOH 4:9 ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``သင်​သည်​ယု​ဒ အ​မျိုး​သား​တစ်​ယောက်​ဖြစ်​ပါ​လျက် ရှ​မာ​ရိ အ​မျိုး​သ​မီး​ဖြစ်​သူ​ကျွန်​မ​ထံ​မှ​သောက်​ရေ ကို​အ​ဘယ်​ကြောင့်​တောင်း​ပါ​သ​နည်း'' ဟု​မေး​၏။ (ဤ​သို့​မေး​ရ​သည့်​အ​ကြောင်း​မှာ​ယု​ဒ​အ​မျိုး သား​များ​သည် ရှ​မာ​ရိ​အ​မျိုးသား​တို့​၏​ခွက် ယောက်​များ​ကို​အ​သုံး​ပြု​လေ့​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။)
JOH 4:10 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဆု​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ သင့်​အား​သောက်​ရေ​တစ်​ခွက်​တောင်း​နေ​သူ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း​သင်​သည် သိ​ပါ​လျှင် ထို​သူ​၏​ထံ​မှ​အ​သက်​ရေ​ကို တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း​သင့်​အား ထို​ရေ​ကို​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 4:11 ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ရေ​တွင်း​သည် နက်​ပါ​၏။ အ​ရှင့်​မှာ​ခပ်​စ​ရာ​ရေ​ပုံး​မ​ရှိ ပါ။ အ​ဘယ်​မှာ​လျှင်​အ​သက်​ရေ​ကို​ရ​ပါ မည်​နည်း။-
JOH 4:12 အ​ဖ​ယာ​ကုပ်​သည်​သူ​ကိုယ်​တိုင်​မှ​စ​၍​သား များ၊ သိုး​များ၊ နွား​များ​သည်​ဤ​ရေ​တွင်း​ရေ ကို​သောက်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​သည်​အ​ဖ ယာ​ကုပ်​ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော'' ဟု ဆို​၏။
JOH 4:13 သ​ခင်​ယေ​ရှု​က ``ဤ​ရေ​ကို​သောက်​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​လိမ့်​ဦး​မည်။-
JOH 4:14 ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 4:15 ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ကျွန်​မ​သည်​နောက် တစ်​ဖန်​ရေ​မ​ငတ်​စေ​ရန်​လည်း​ကောင်း၊ ဤ​အ​ရပ် သို့​လာ​၍​ရေ​မ​ခပ်​ရ​စေ​ရန်​လည်း​ကောင်း ထို​ရေ ကို​ကျွန်​မ​အား​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
JOH 4:16 ကိုယ်​တော်​က ``သွား​လော့။ သင့်​ခင်​ပွန်း​ကို​ခေါ် ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။
JOH 4:17 ထို​အ​မျိုး​သ​မီး​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ ပါ'' ဟု​ဆို​၏။ ကိုယ်​တော်​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ​ဟု​ဆို သည်​မှာ​မှန်​ပေ​၏။-
JOH 4:18 သင့်​မှာ​ခင်​ပွန်း​ငါး​ယောက်​ရှိ​ခဲ့​ဖူး​ပြီ။ ယ​ခု သင်​နှင့်​အ​တူ​နေ​သူ​ကား​သင်​၏​ခင်​ပွန်း​မ ဟုတ်။ သင်​သည်​မှန်​သော​စ​ကား​ကို​ပြော​၏'' ဟု မိန့်​တော်​မူ​၏။
JOH 4:19 အ​မျိုး​သ​မီး​က ``အ​ရှင်​သည်​ပ​ရော​ဖက် ဖြစ်​တော်​မူ​ကြောင်း​ကို​ကျွန်​မ​သိ​မြင်​နိုင် ပါ​၏။-
JOH 4:20 ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည်​ဤ​တောင် ပေါ်​မှာ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ့ ရှိ​ကြ​ပါ​၏။ အ​ရှင်​တို့​ယုဒ​အ​မျိုး​သား​များ က​မူ​ယေ​ရု​ရှ​လင်​မြို့​၌​သာ ဘု​ရား​သ​ခင် ကို​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟု​ဆို​ကြ​ပါ​၏'' ဟု​လျှောက်​၏။
JOH 4:21 သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ငါ့ စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​ပေါ်​၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း​ခ​မည်း​တော်​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​တော့​မည့်​အ​ချိန် ရောက်​ရှိ​လာ​ပေ​အံ့။-
JOH 4:22 ရှ​မာ​ရိ​လူ​မျိုး​ဖြစ်​သော​သင်​တို့​သည် မိ​မိ​တို့ မ​သိ​သည့်​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​တို့​မူ​ကား​ငါ​တို့​သိ​သည့်​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ယု​ဒ​အ​မျိုး သား​များ​ထံ​မှ​တစ်​ဆင့်​သက်​ရောက်​လာ​သော ကြောင့်​ဖြစ်​၏။-
JOH 4:23 ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​ခ​မည်း​တော်​အား အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​သည့်​အ​တိုင်း ဝိ​ညာဉ် တော်​တန်​ခိုး​အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး ကွယ်​ရ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ယ​ခု ပင်​ရောက်​လျက်​ရှိ​၏။ ထို​သို့​ဝတ်​ပြု​ကိုး​ကွယ် သူ​တို့​ကို​ခ​မည်း​တော်​နှစ်​သက်​တော်​မူ​၏။-
JOH 4:24 ဘု​ရား​သ​ခင်​သည်​နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ သ​ဖြင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့ သည်​လည်း​ကိုယ်​တော်​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ သည့်​အ​တိုင်း ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 4:25 အ​မျိုး​သ​မီး​က ``မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား​အ​မှု​အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
JOH 4:26 သ​ခင်​ယေ​ရှု​က ``ထို​အ​ရှင်​ကား​သင်​နှင့်​ယ​ခု စ​ကား​ပြော​နေ​သူ​ငါ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
JOH 4:27 ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။
JOH 4:28 အ​မျိုး​သ​မီး​သည်​ရေ​အိုး​ကို​ထား​ခဲ့​၍​မြို့ ထဲ​သို့​သွား​ပြီး​လျှင်၊-
JOH 4:29 ``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။-
JOH 4:30 သို့​ဖြစ်​၍​လူ​တို့​သည်​မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​၏​ထံ​သို့​လာ​ကြ​၏။
JOH 4:31 ဤ​အ​တော​အ​တွင်း​၌​တ​ပည့်​တော်​တို့​က ``အ​ရှင် ဘု​ရား၊ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​ပါ'' ဟု လျှောက်​ထား​တောင်း​ပန်​ကြ​၏။
JOH 4:32 ကိုယ်​တော်​က ``သင်​တို့​မ​သိ​ကြ​သည့်​အ​စား အ​စာ​ကို​ငါ​သုံး​ဆောင်​ပြီး​ပြီ'' ဟု​မိန့်​တော် မူ​၏။-
JOH 4:33 ထို့​ကြောင့်​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော်​အား အ​စား​အ​စာ​ဆက်​ကပ်​သူ​တစ်​စုံ​တစ်​ယောက်​ရှိ လေ​ပြီ​လော'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။
JOH 4:34 ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။-
JOH 4:35 နောက်​လေး​လ​မျှ​ကြာ​လျှင်​ကောက်​ရိတ်​ချိန် ရောက်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​ကြ​သည် မ​ဟုတ်​လော။ သင်​တို့​အား​ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို​မျှော်​ကြည့်​လော့။ ရိတ်​သိမ်း ရန်​သီး​နှံ​တို့​သည်​မှည့်​ဝင်း​လျက်​ရှိ​ပေ​ပြီ။-
JOH 4:36 ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။-
JOH 4:37 `တစ်​ဦး​ကား​စိုက်​၍​နောက်​တစ်​ဦး​ကား​ရိတ်​ရ​၏' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​မှန်​ကန်​လျက်​နေ သ​တည်း။-
JOH 4:38 သင်​တို့​မ​စိုက်​မ​ပျိုး​သည့်​လယ်​မှ​အ​သီး အ​နှံ​များ​ကို​ရိတ်​သိမ်း​ရန်​သင်​တို့​အား​ငါ စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​က​စိုက်​ပျိုး လုပ်​ဆောင်​ကြ​၍ သင်​တို့​က​အ​ကျိုး​ကို​ခံ​စား ကြ​ရ​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 4:39 ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``ဤ​သူ​သည်​ကျွန်​မ ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ​ကို​ပြော ပြ​ပါ​၏။'' ဟု​ဆို​သ​ဖြင့်​ထို​မြို့​ရှိ​ရှ​မာ​ရိ အ​မျိုး​သား​အ​မြောက်​အမြား​ပင်​သ​ခင်​ယေ​ရှု အား​ယုံ​ကြည်​လာ​ကြ​၏။-
JOH 4:40 သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော် သို့​ရောက်​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​တွင် တည်း​ခို​တော်​မူ​ပါ​ဟု​လျှောက်​ထား​တောင်း​ပန် ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​တွင်​နှစ် ရက်​မျှ​နေ​တော်​မူ​၏။
JOH 4:41 ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ကြ​ရ သ​ဖြင့် ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ​သူ အ​မြောက်​အ​မြား​လည်း​ရှိ​၏။-
JOH 4:42 ထို​သူ​တို့​က​ရှ​မာ​ရိ​အ​မျိုး​သ​မီး​အား ``ယ​ခု ငါ​တို့​သည်​ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ သည်​မှာ သင့်​စ​ကား​ကြောင့်​မ​ဟုတ်။ ကိုယ်​တော် ၏​တ​ရား​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​ကြား​နာ ကြ​ရ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​ရှင်​ကား လော​က​၏​ကယ်​တင်​ရှင်​အ​စစ်​အ​မှန်​ပင် ဖြစ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။
JOH 4:43 ``ပ​ရော​ဖက်​သည်​မိ​မိ​နေ​ရင်း​ပြည်​ရွာ​၌ ဂုဏ်​အ​သ​ရေ​မ​ရှိ'' ဟု​သ​ခင်​ယေ​ရှု​ကိုယ် တော်​တိုင်​မိန့်​တော်​မူ​ခဲ့​ဖူး​သည့်​အ​တိုင်း နှစ် ရက်​မျှ​ကြာ​သော်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​၏။-
JOH 4:45 ရောက်​တော်​မူ​လျှင်​ဂါ​လိ​လဲ​ပြည်​သား​တို့ သည်​ကိုယ်​တော်​အား​ကြို​ဆို​လက်​ခံ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယေ​ရု​ရှ​လင်​မြို့ တွင်​ကျင်း​ပ​ခဲ့​သည့်​ပ​သ​ခါ​ပွဲ​တော်​သို့ သူ တို့​ကိုယ်​တိုင်​ရောက်​ခဲ့​ကြ​၍ ထို​ပွဲ​တော်​အ​တွင်း ၌​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ အ​ပေါင်း​ကို​တွေ့​မြင်​ခဲ့​ကြ​သော​ကြောင့်​တည်း။
JOH 4:46 ထို​နောက်​ကိုယ်​တော်​သည်​ရေ​ကို​စ​ပျစ်​ရည်​ဖြစ် စေ​တော်​မူ​ခဲ့​ရာ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​မြို့​၌​အ​စိုး​ရ​အ​ရာ ရှိ​တစ်​ဦး​ရှိ​၏။ သူ​၏​သား​သည်​က​ပေ​ရ​နောင် မြို့​တွင်​ဖျား​နာ​လျက်​နေ​၏။-
JOH 4:47 ထို​အ​ရာ​ရှိ​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ ပြည်​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း ကို​ကြား​သ​ဖြင့် အ​ထံ​တော်​သို့​သွား​၍​သေ ခါ​နီး​ဖြစ်​သော မိ​မိ​သား​၏​အ​နာ​ရော​ဂါ ကို​ပျောက်​ကင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း လျှောက်​ထား​၏။-
JOH 4:48 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အံ့​သြ​ဖွယ်​ရာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​မ​တွေ့​မ​မြင်​ရ​လျှင် ယုံ​ကြည်​ကြ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JOH 4:49 အ​ရာ​ရှိ​က ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
JOH 4:50 သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင့်​သား​သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သည့် စ​ကား​ကို​ယုံ​ကြည်​လျက်​ထွက်​သွား​၏။-
JOH 4:51 သူ​သည်​လမ်း​ခရီး​မှာ​ရှိ​နေ​သေး​စဉ်​သူ​၏ အ​စေ​ခံ​များ​ရောက်​လာ​၍ ``အ​ရှင်​၏​သား​ငယ် သည်​သက်​သာ​လာ​ပါ​ပြီ'' ဟု​ပြော​ကြား​ကြ​၏။
JOH 4:52 ထို​သူ​က ``အ​ဘယ်​အ​ချိန်​၌​သား​ငယ်​ရော​ဂါ သက်​သာ​သွား​ပါ​သ​နည်း'' ဟု​မေး​သော​အ​ခါ အ​စေ​ခံ​များ​က ``ယ​မန်​နေ့​မွန်း​လွဲ​တစ်​နာ​ရီ ခန့်​တွင်​အ​ဖျား​ပျောက်​ပါ​၏'' ဟု​ဖြေ​ကြား ကြ​၏။-
JOH 4:53 ထို​အ​ခါ​ဖ​ခင်​ဖြစ်​သူ​သည်​ထို​အ​ချိန်​ကား `သင့်​သား​သည်​အ​သက်​ရှင်​လိမ့်​မည်' ဟု​သ​ခင် ယေ​ရှု​မိန့်​တော်​မူ​သော​အ​ချိန်​ပင်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​နှင့်​တ​ကွ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​ယုံ​ကြည်​လာ​ကြ​၏။
JOH 4:54 ဤ​ကား​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့​သ​ခင် ယေ​ရှု​ကြွ​တော်​မူ​ပြီး​နောက် ဒု​တိ​ယ​အ​ကြိမ် ပြ​တော်​မူ​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ဖြစ် သ​တည်း။
JOH 5:1 ထို​နောက်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး ပွဲ​တော်​ရှိ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။-
JOH 5:2 ယေ​ရု​ရှ​လင်​မြို့​သိုး​တံ​ခါး​အ​နီး​မှာ​ရေ​ကန် ရှိ​၏။ ထို​ရေ​ကန်​ကို​ဟေ​ဗြဲ​စ​ကား​ဖြင့်​ဗေ​သေ သ​ဒ​ဟု​ခေါ်​၏။ ထို​ရေ​ကန်​ကို​မုခ်​ငါး​ခု​ဖြင့် ခြံ​ရံ​ထား​၏။-
JOH 5:3 ထို​မုခ်​များ​အောက်​တွင်​မျက်​စိ​မ​မြင်​သူ၊ ခြေ​မ​စွမ်း​မ​သန်​သူ၊ လေ​ဖြတ်​သူ​မှ​စ​၍ သူ​နာ​အ​မြောက်​အ​မြား​ပင်​လဲ​လျောင်း လျက်​နေ​ကြ​၏။-
JOH 5:4 (ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​မ​ကြာ မ​ကြာ​ရေ​ကန်​သို့​ဆင်း​သက်​ကာ​ရေ​ကို​လှုပ်​ရှား လေ့​ရှိ​သ​ဖြင့် ထို​သူ​တို့​သည်​ရေ​လှုပ်​ရှား​မည်​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။ ယင်း​သို့​ရေ​လှုပ်​ရှား လာ​ပြီး​နောက် ဦး​စွာ​ပ​ထ​မ​ရေ​ကန်​တွင်း​သို့ ဆင်း​နိုင်​သူ​သည်​ရော​ဂါ​ပျောက်​သွား​လေ​သည်။)-
JOH 5:5 ထို​နေ​ရာ​တွင်​သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​မ​ကျန်း မ​မာ​ဖြစ်​နေ​သူ​လူ​တစ်​ယောက်​ရှိ​၏။-
JOH 5:6 ထို​သူ​လဲ​လျောင်း​နေ​သည်​ကို​သ​ခင်​ယေ​ရှု မြင်​တော်​မူ​လျှင် ကာ​လ​ကြာ​မြင့်​စွာ​ဤ​သို့ လဲ​လျောင်း​နေ​ခဲ့​သည့်​အ​ဖြစ်​ကို​သိ​တော်​မူ​၏။ ထို့​ကြောင့်​ကိုယ်​တော်​က ``သင်​သည်​ကျန်း​မာ လို​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။
JOH 5:7 ထို​သူ​က ``အ​ရှင်၊ ရေ​လှုပ်​ရှား​လာ​သော​အ​ခါ အ​ကျွန်ုပ်​ကို​ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​မည်​ပြု နေ​စဉ် အ​ခြား​သူ​တစ်​ယောက်​သည်​ဦး​စွာ​ရေ ကန်​ထဲ​သို့​ရောက်​ရှိ​သွား​တတ်​ပါ​၏'' ဟု လျှောက်​၏။
JOH 5:8 သ​ခင်​ယေ​ရှု​က ``ထ​လော့၊ သင့်​အိပ်​ရာ​ကို​ယူ ၍​လှမ်း​သွား​လော့'' ဟု​ထို​သူ​အား​မိန့်​တော် မူ​၏။-
JOH 5:9 ထို​သူ​သည်​ချက်​ချင်း​ကျန်း​မာ​လာ​သ​ဖြင့် မိ​မိ​၏​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လေ​၏။ ထို​နေ့​ကား​ဥ​ပုသ်​နေ့​ဖြစ်​၏။-
JOH 5:10 သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကျန်း​မာ လာ​သူ​အား ``ယ​နေ့​သည်​ဥ​ပုသ်​နေ့​ဖြစ်​၍​သင့် အိပ်​ရာ​ကို​မ​ယူ​ဆောင်​အပ်'' ဟု​ဆို​၏။
JOH 5:11 ထို​သူ​က ``အ​ကျွန်ုပ်​အား​ကျန်း​မာ​စေ​သူ​က `သင့်​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လော့' ဟု​စေ ခိုင်း​ပါ​၏'' ဟု​ပြန်​၍​ပြော​၏။
JOH 5:12 သူ​တို့​က ``သင့်​အား​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား လော့​ဟု​ဆို​သူ​ကား​မည်​သူ​နည်း'' ဟု​မေး​ကြ​၏။
JOH 5:13 သို့​ရာ​တွင်​မိ​မိ​အား​ဤ​သို့​စေ​ခိုင်း​သူ​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ကျန်း​မာ​လာ​သော​သူ သည်​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင် ယေ​ရှု​သည် ပ​ရိ​သတ်​အ​ကြား​မှ​မ​ထင် မ​ရှား​ထွက်​ခွာ​သွား​တော်​မူ​သော​ကြောင့်​တည်း။
JOH 5:14 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ထို​သူ့​ကို​ဗိ​မာန် တော်​ထဲ​တွင်​တွေ့​တော်​မူ​သ​ဖြင့် ``သင်​သည်​ယ​ခု ကျန်း​မာ​လာ​လေ​ပြီ။ နောက်​ထပ်​အ​ပြစ်​မ​ကူး နှင့်။ သို့​မ​ဟုတ်​ပါ​မူ သင်​သည်​ဤ​မျှ​ထက်​ဆိုး ရွား​သော​အ​ဖြစ်​မျိုး​နှင့်​ကြုံ​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
JOH 5:15 ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​ကျန်း​မာ စေ​သော​သူ​မှာ သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ကြား​လေ​၏။-
JOH 5:16 ထို့​ကြောင့်​ဥပုသ်​နေ့​၌​ဤ​အ​မှု​အ​ရာ​ကို ပြု​တော်​မူ​သည့်​အ​တွက် ယု​ဒ​အာ​ဏာ​ပိုင် တို့​သည်​ထို​နေ့​မှ​စ​၍​ကိုယ်​တော်​အား အ​နှောင့်​အ​ယှက်​ပေး​ကြ​၏။-
JOH 5:17 ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​အ​ဘယ် အ​ခါ​မျှ​အ​လုပ်​မှ​ရပ်​နား​သည်​ဟူ​၍​မ​ရှိ။ ထို​နည်း​တူ​စွာ​ငါ​သည်​လည်း​လုပ်​ဆောင်​လျက် နေ​ရ​မည်'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
JOH 5:18 ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ဥ​ပုသ် စည်း​ကမ်း​ကို​ချိုး​ဖောက်​ရုံ​မ​က ဘု​ရား​သ​ခင်​အား မိ​မိ​၏​အ​ဖ​ဟူ​၍​ခေါ်​ကာ မိ​မိ​ကိုယ်​ကို​ဘု​ရား နှင့်​တန်း​တူ​ထား​တော်​မူ​သော​ကြောင့်​လည်း​ကောင်း ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ် ရန်​ပို​၍​ကြံ​စည်​အား​ထုတ်​ကြ​၏။
JOH 5:19 ထို့​ကြောင့်​သ​ခင်​ယေ​ရှု​က ယု​ဒ​အာ​ဏာ​ပိုင် တို့​အား ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား​သား​တော်​သည် မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ပြု တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ရ သည့်​အ​တိုင်း​သာ​လျှင်​ပြု​၏။ ခ​မည်း​တော်​ပြု တော်​မူ​သော​အ​ရာ​တို့​ကို​သား​တော်​သည်​ပြု တော်​မူ​၏။-
JOH 5:20 ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် မိ​မိ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​များ ကို​သား​တော်​အား​ပြ​သ​တော်​မူ​၏။ ဤ​အ​မှု အ​ရာ​များ​ထက်​ပင်​ကြီး​စွာ​သော​အ​မှု​အ​ရာ များ​ကို​ပြု​ရန် ခ​မည်း​တော်​သည်​သား​တော်​အား ပြ​သ​ပေး​မည်​ဖြစ်​၍​သင်​တို့​သည်​အံ့​သြ ကြ​လိမ့်​မည်။-
JOH 5:21 ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။-
JOH 5:22 ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။-
JOH 5:23 သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။
JOH 5:24 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။-
JOH 5:25 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။-
JOH 5:26 ခ​မည်း​တော်​မှာ​အ​သက်​ပေး​ပိုင်​သော​တန်​ခိုး ရှိ​တော်​မူ​သည်​နည်း​တူ သား​တော်​တွင်​လည်း​ရှိ စေ​ရန်​ထို​တန်​ခိုး​ကို​သား​တော်​အား​အပ်​နှင်း ထား​တော်​မူ​၏။-
JOH 5:27 သား​တော်​သည်​လူ​သား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ တ​ရား​စီ​ရင်​ပိုင်​သော​တန်​ခိုး​အပ်​နှင်း ခြင်း​ကို​ခံ​ရ​၏။-
JOH 5:28 ဤ​အ​ခြင်း​အ​ရာ​ကို​သင်​တို့​မ​အံ့​သြ​ကြ​နှင့်။ သင်္ချိုင်း​မှ​သူ​သေ​တို့​သည်​သား​တော်​၏​အ​သံ တော်​ကို​ကြား​၍​ထွက်​လာ​ကြ​မည့်​အ​ချိန်​ကျ ရောက်​လိမ့်​မည်။-
JOH 5:29 အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။
JOH 5:30 ``ငါ​သည်​မိ​မိ​အ​လို​အ​လျောက်​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ဖော်​ပြ​သည့်​အ​တိုင်း သာ​လျှင်​စီ​ရင်​ဆုံး​ဖြတ်​၏။ ငါ​သည်​ကိုယ့်​အ​လို သို့​မ​လိုက်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​တော်​သို့​လိုက်​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး ဖြတ်​ချက်​သည်​မှန်​ကန်​၏။
JOH 5:31 ``ငါ​သည်​မိ​မိ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​လျှင် ငါ​၏​သက်​သေ​ခံ​ချက်​သည်​ခိုင်​လုံ​ခြင်း​မ​ရှိ။-
JOH 5:32 သို့​ရာ​တွင်​ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ တစ်​ပါး​ရှိ​၏။ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန် ကန်​ကြောင်း​ကို​ငါ​သိ​၏။-
JOH 5:33 သင်​တို့​သည်​ယော​ဟန်​၏​ထံ​သို့​စေ​တ​မန်​များ စေ​လွှတ်​ခဲ့​ကြ​၏။ သူ​သည်​သမ္မာ​တ​ရား​ဘက် က​သက်​သေ​ခံ​၏။-
JOH 5:34 ငါ့​အ​ကြောင်း​ကို​လူ​တစ်​စုံ​တစ်​ယောက်​က သက်​သေ​ခံ​ရန်​လို​၍​မ​ဟုတ်။ သင်​တို့​ကယ်​တင် ခြင်း​ခံ​ရ​စေ​ရန်​သာ​ဤ​စ​ကား​ကို​ငါ​ပြော ၏။-
JOH 5:35 ယော​ဟန်​သည်​အ​လျှံ​ထ​၍​ထွန်း​လင်း​နေ​သော ဆီ​မီး​ခွက်​သ​ဖွယ်​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ ၏​အ​လင်း​ရောင်​တွင်​ခ​ဏ​မျှ​သာ​ပျော်​မွေ့​လို ကြ​၏။-
JOH 5:36 သို့​ရာ​တွင်​ယော​ဟန်​၏​သက်​သေ​ခံ​ချက်​ထက် ကြီး​မြတ်​သည့်​သက်​သေ​ခံ​ချက်​ငါ့​မှာ​ရှိ​၏။ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​သ​ဖြင့် ယ​ခု​ငါ လုပ်​ဆောင်​လျက်​ရှိ​သည့်​အ​မှု​အ​ရာ​များ​က​ပင် ငါ့​ကို​ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။-
JOH 5:37 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ကိုယ် တိုင်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​တော် မူ​၏။ သင်​တို့​သည်​ခ​မည်း​တော်​၏​အ​သံ​တော် ကို​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ဘူး​ကြ။ သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဘူး​ကြ။-
JOH 5:38 ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့် နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​နှ​လုံး​တွင်​မ​ကိန်း​အောင်း။-
JOH 5:39 ကျမ်း​စာ​တော်​တွင်​ရှာ​ဖွေ​၍​ထာ​ဝ​ရ​အ​သက် ကို​တွေ့​ရှိ​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​ဖြင့် ကျမ်း​စာ​တော်​ကို​အ​ပတ်​တ​ကုတ်​လေ့​လာ​ကြ​၏။ ထို​ကျမ်း​စာ​တော်​က​ပင်​လျှင်​ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​၏။-
JOH 5:40 သို့​သော်​လည်း​သင်​တို့​သည်​အ​သက်​ရ​အံ့​သော ငှာ​ငါ့​ထံ​သို့​မ​လာ​လို​ကြ။
JOH 5:41 ``လူ​တို့​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း​ကို​ငါ​မ​ခံ​လို။ သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​စိတ်​နှ​လုံး​တွင်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မ​ရှိ​ကြ။-
JOH 5:43 ငါ​သည်​ခ​မည်း​တော်​၏​အ​ခွင့်​အာ​ဏာ​နှင့် ရောက်​ရှိ​လာ​သော်​လည်း သင်​တို့​သည်​ငါ့​ကို လက်​မ​ခံ​ကြ။ အ​ခြား​သူ​တစ်​ဦး​တစ်​ယောက် သည် ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​နှင့်​ရောက်​ရှိ​လာ ပါ​မူ သင်​တို့​လက်​ခံ​ကြ​လိမ့်​မည်။-
JOH 5:44 သင်​တို့​သည်​အ​ချင်း​ချင်း​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​လို​ကြ​၏။ သို့​ရာ​တွင်​တစ်​ဆူ​တည်း​ရှိ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​ရန်​ကို​မူ​မ​ကြိုး​စား​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​ကြ မည်​နည်း။-
JOH 5:45 သို့​သော်​ငါ​သည်​သင်​တို့​အား​ခ​မည်း​တော်​၏ ရှေ့​တော်​၌ အ​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်​ဟု​မ​ထင် ကြ​နှင့်။ သင်​တို့​အား​အ​ပြစ်​တင်​မည့်​သူ​ကား သင်​တို့​ကိုး​စား​သော​မော​ရှေ​ပင်​ဖြစ်​၏။-
JOH 5:46 မော​ရှေ​သည်​ငါ​၏​အ​ကြောင်း​ကို​ရေး​သား ဖော်​ပြ​ခဲ့​၏။ ထို့​ကြောင့်​မော​ရှေ​ကို​သင်​တို့ ယုံ​လျှင်​ငါ့​ကို​လည်း​ယုံ​ကြ​လိမ့်​မည်။-
JOH 5:47 သို့​ရာ​တွင်​သင်​တို့​သည်​မော​ရှေ​ရေး​သား ဖော်​ပြ​ချက်​များ​ကို​မ​ယုံ​ကြ​သ​ဖြင့် အ​ဘယ် သို့​လျှင်​ငါ​၏​စ​ကား​ကို​ယုံ​နိုင်​ကြ​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။
JOH 6:1 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။-
JOH 6:2 သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-
JOH 6:3 သ​ခင်​ယေ​ရှု​သည်​တောင်​ပေါ်​သို့​တက်​တော်​မူ​၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။-
JOH 6:4 ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။-
JOH 6:5 သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။-
JOH 6:6 (ဤ​သို့​မေး​တော်​မူ​ခြင်း​မှာ​ဖိ​လိပ္ပု​ကို​အ​ကဲ ခပ်​လို​၍​ဖြစ်​၏။ ကိုယ်​တော်​ကား​မိ​မိ​အ​ဘယ် သို့​ပြု​မည်​ကို​သိ​ရှိ​ပြီး​ဖြစ်​ပေ​သည်။)
JOH 6:7 ဖိ​လိပ္ပု​က ``လူ​တစ်​ယောက်​ကို​အ​စား​အ​စာ အ​နည်း​ငယ်​စီ​ကျွေး​ရန်​ပင်​လျှင် ငွေ​ဒေ​နာ​ရိ နှစ်​ရာ​ဖိုး​နှင့်​လုံ​လောက်​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​၏။-
JOH 6:8 ရှိ​မုန်​ပေ​တ​ရု​၏​ညီ၊ တ​ပည့်​တော်​တစ်​ဦး​ဖြစ် သူ​အန္ဒြေ​က​ကိုယ်​တော်​အား၊-
JOH 6:9 ``ဤ​မှာ​သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သူ့​ထံ တွင်​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ ပါ​၏။ သို့​ရာ​တွင်​ဤ​မျှ​ကြီး​မား​သော​လူ ပ​ရိ​သတ်​အား ထို​မုန့်​နှင့်​ငါး​ကို​အ​ဘယ် သို့​လျှင်​လောက်​င​အောင်​ကျွေး​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။
JOH 6:10 ကိုယ်​တော်​က ``လူ​တို့​အား​ထိုင်​စေ​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ (ထို​အ​ရပ်​တွင်​မြက်​ထူ​ထပ်​သ​ဖြင့်) ငါး​ထောင်​မျှ​သော​လူ​တို့​သည်​မြက်​ပေါ်​တွင် ထိုင်​ကြ​၏။-
JOH 6:11 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​ပြီး​လျှင် ထိုင်​နေ​သော​သူ​တို့​အား​ဝေ​ငှ​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပြု​တော် မူ​၏။ လူ​တို့​သည်​ဝ​အောင်​စား​ကြ​ရ​၏။-
JOH 6:12 ထို​သူ​တို့​စား​၍​ဝ​ကြ​သော​အ​ခါ​ကိုယ်​တော် က ``စား​ကြွင်း​စား​ကျန်​များ​ကို​မ​လေ​မ​လွင့် ရ​အောင်​သိမ်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။-
JOH 6:13 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကောက်​သိမ်း ကြ​ရာ​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင် မှ စား​ကြွင်း​စား​ကျန်​အ​စ​အ​န​များ​တောင်း တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။
JOH 6:14 ဤ​သို့​ကိုယ်​တော်​ပြ​တော်​မူ​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​ကြ​ရ​သော​သူ​တို့​က ``ဤ​သူ​ကား​လော​က​သို့​ကြွ​လာ​တော်​မူ​မည် ဟု​ဆို​သော​ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​၏'' ဟု ဆို​ကြ​၏။-
JOH 6:15 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။
JOH 6:16 ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော် တို့​သည်​ဂါ​လိ​လဲ​အိုင်​သို့​ဆင်း​သွား​ကြ​၏။-
JOH 6:17 လှေ​ပေါ်​သို့​တက်​ကြ​ပြီး​လျှင်​အိုင်​တစ်​ဖက်​ကမ်း ရှိ​က​ပေ​ရ​နောင်​မြို့​သို့​ပြန်​သွား​ကြ​၏။ မိုး​ချုပ် လာ​သော်​လည်း​သ​ခင်​ယေ​ရှု​ကား​သူ​တို့​ထံ​သို့ မ​ကြွ​မ​ရောက်​သေး။-
JOH 6:18 ထို​အ​ချိန်​၌​လေ​ပြင်း​ကျ​လျက်​နေ​သ​ဖြင့် အိုင်​တွင်​လှိုင်း​ထ​လာ​၏။-
JOH 6:19 တ​ပည့်​တော်​တို့​သည်​သုံး​လေး​မိုင်​ခန့်​လှော်​ခတ် ပြီး​သော​အ​ခါ သ​ခင်​ယေ​ရှု​ရေ​ပေါ်​မှာ​စက်​တော် ဖြန့်​၍ မိ​မိ​တို့​အ​နီး​သို့​ကြွ​လာ​သည်​ကို​မြင် ကြ​၏။ ထို​အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။-
JOH 6:20 ကိုယ်​တော်​က ``မ​ကြောက်​ကြ​နှင့်။ ငါ​ပင်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။-
JOH 6:21 ထို​အ​ခါ​သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကိုယ်​တော် အား​လှေ​ပေါ်​သို့​ပင့်​ဖိတ်​ကြ​၏။ ထို​နောက်​လှေ သည်​တစ်​ခ​ဏ​ချင်း​တွင်​ရောက်​လို​ရာ​ကမ်း ခြေ​သို့​ဆိုက်​လေ​၏။
JOH 6:22 နောက်​တစ်​နေ့​၌​အိုင်​တစ်​ဖက်​ကမ်း​တွင်​နေ​ရစ် ခဲ့​သော​လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ရပ်​၌​လှေ တစ်​စင်း​တည်း​ရှိ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​၏။ ထို​လှေ​တွင်​သ​ခင်​ယေ​ရှု​လိုက်​ပါ​တော်​မ​မူ ဘဲ တ​ပည့်​တော်​ချည်း​သာ​လျှင်​ထွက်​ခွာ​သွား ကြ​သည်​ကို​သိ​ကြ​၏။-
JOH 6:23 သို့​သော်​လည်း​တိ​ဗေ​ရိ​မြို့​မှ​လာ​သော​လှေ​များ သည်​သ​ခင်​ဘု​ရား​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ လူ​ပ​ရိ​သတ်​အား​မုန့်​ကို​ကျွေး​မွေး​တော်​မူ​ခဲ့ သည့်​အ​ရပ်​အ​နီး​သို့​ဆိုက်​ရောက်​လာ​ကြ​၏။-
JOH 6:24 လူ​ပ​ရိ​သတ်​သည်​ထို​အရပ်​တွင်​သ​ခင်​ယေ​ရှု သည်​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​သည်​လည်း ကောင်း​မ​ရှိ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ ထို လှေ​များ​ပေါ်​သို့​တက်​၍​ကိုယ်​တော်​ကို​ရှာ​ရန် က​ပေ​ရ​နောင်​မြို့​သို့​သွား​ကြ​၏။
JOH 6:25 အိုင်​တစ်​ဖက်​ကမ်း​တွင်​ကိုယ်​တော်​ကို​တွေ့​ကြ​သော အ​ခါ​လူ​ပ​ရိ​သတ်​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​သည် ဤ​အ​ရပ်​သို့​အ​ဘယ်​အ​ခါ​က​ကြွ​လာ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
JOH 6:26 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​ငါ့​ကို​ရှာ​ကြ​ခြင်း​မှာ​ငါ​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို နား​လည်​ကြ​ရ​၍​မ​ဟုတ်။ အ​စား​အ​စာ​ကို​ဝ အောင်​စား​ကြ​ရ​၍​ဖြစ်​၏။-
JOH 6:27 ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
JOH 6:28 လူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သည့်​အ​ရာ​ကို​ဆောင်​ရွက်​နိုင် ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။
JOH 6:29 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ သည့်​အ​ရာ​ကား ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော သူ​ကို​သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 6:30 ထို​သူ​တို့​က ``အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​နိုင် ကြ​စေ​ရန် အ​ဘယ်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ​မည်​နည်း။ အ​ရှင်​အ​ဘယ်​အ​မှု​ကို လုပ်​ဆောင်​တော်​မူ​မည်​နည်း။-
JOH 6:31 ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။
JOH 6:32 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။-
JOH 6:33 ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 6:34 ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
JOH 6:35 သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။-
JOH 6:36 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ကို​တွေ့​မြင်​ကြ သော်​လည်း​မ​ယုံ​ကြည်​ကြ​ဟု​ငါ​ဆို​ခဲ့​ပြီ။-
JOH 6:37 ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့ ထံ​လာ​သော​သူ​ကို​ငါ​သည်​ပစ်​ပယ်​လိမ့်​မည် မ​ဟုတ်။-
JOH 6:38 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ငါ့​အ​လို​အ​တိုင်း ဆောင်​ရွက်​ရန် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​အ​တိုင်း​ဆောင်​ရွက်​ရန် ဆင်း​သက်​လာ​သော ကြောင့်​တည်း။-
JOH 6:39 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို တော်​ကား ကိုယ်​တော်​ရှင်​ပေး​အပ်​ထား​တော်​မူ သော​သူ​အ​ပေါင်း​တို့​သည် ဆုံး​ပါး​ပျက်​စီး ခြင်း​မှ​နောက်​ဆုံး​သော​နေ့​၌ ရှင်​ပြန်​ထ​မြောက် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။-
JOH 6:40 သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
JOH 6:41 ကိုယ်​တော်​က ``ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​သ​ဖြင့် လူ​တို့​သည်​ညည်း​ညူ​ကြ​၏။-
JOH 6:42 သူ​တို့​က ``ဤ​သူ​သည်​ယော​သပ်​၏​သား​ယေ​ရှု မ​ဟုတ်​ပါ​လော။ သူ့​မိ​ဘ​များ​ကို​ငါ​တို့​သိ​သည် မ​ဟုတ်​ပါ​လော။ သို့​ပါ​လျက်​အ​ဘယ်​ကြောင့်`ငါ သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ခဲ့​သည်' ဟု​သူ ဆို​ဘိ​သ​နည်း'' ဟု​ပြော​ကြ​၏။
JOH 6:43 သ​ခင်​ယေ​ရှု​က ``သင်​တို့​အ​ချင်း​ချင်း​ညည်း​ညူ မ​နေ​ကြ​နှင့်။-
JOH 6:44 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ဆောင် တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​ငါ​သည်​နောက်​ဆုံး​သော နေ့​၌​သေ​ခြင်း​မှ​ထ​မြောက်​စေ​မည်။-
JOH 6:45 ပ​ရော​ဖက်​ကျမ်း​များ​တွင်`ထို​သူ​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​၏။ သို့​ဖြစ်​၍​ခ​မည်း​တော် မိန့်​တော်​မူ​သော​စ​ကား​ကို​ကြား​၍ အ​ထံ​တော် မှ​နည်း​နာ​ခံ​ယူ​သူ​အ​ပေါင်း​တို့​သည်​ငါ့​ထံ သို့​လာ​ကြ​၏။-
JOH 6:46 ဤ​သို့​ငါ​ဆို​ရာ​၌​ခ​မည်း​တော်​ကို​တွေ့​မြင် ဖူး​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​သည်​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ​သူ​တစ်​ဦး တည်း​သာ​လျှင်​ခ​မည်း​တော်​ကို​တွေ့​မြင်​ဖူး​၏။-
JOH 6:47 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့ ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။-
JOH 6:48 ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။-
JOH 6:49 သင်​တို့​၏​ဘိုး​ဘေး​များ​သည်​တော​ကန္တာ​ရ​တွင် မန္န မုန့်​ကို​စား​ကြ​ရ​သော်​လည်း​သေ​လွန်​ကြ​ကုန်​၏။-
JOH 6:50 ဤ​အ​စာ​အာ​ဟာ​ရ​သည်​ကား​ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၍ ယင်း​ကို မှီ​ဝဲ​သူ​သည်​သေ​ရ​လိမ့်​မည်​မ​ဟုတ်။-
JOH 6:51 ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။
JOH 6:52 ထို​အ​ခါ ``ဤ​သူ​သည်​အ​ဘယ်​သို့​လျှင်​ငါ​တို့ စား​ရန်​အ​တွက် သူ​၏​အ​သား​ကို​ပေး​နိုင်​ပါ မည်​နည်း'' ဟု​လူ​တို့​သည်​အ​ချင်း​ချင်း​ပြင်း ထန်​စွာ​ငြင်း​ခုံ​ကြ​၏။
JOH 6:53 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။-
JOH 6:54 ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။-
JOH 6:55 ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။-
JOH 6:56 ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည်​ငါ​၌​ကျိန်း​ဝပ်​၏။ ငါ​သည်​လည်း​ထို​သူ ၌​ကျိန်း​ဝပ်​၏။-
JOH 6:57 အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည်​ငါ့​ကို စေ​လွှတ်​တော်​မူ​၏။ ငါ​သည်​လည်း​ခ​မည်း​တော် ကြောင့်​အ​သက်​ရှင်​သည်​နည်း​တူ ငါ့​အ​သား ကို​စား​သော​သူ​သည်​လည်း​ငါ့​ကြောင့်​အ​သက် ရှင်​လိမ့်​မည်။-
JOH 6:58 သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 6:59 သ​ခင်​ယေ​ရှု​သည်​က​ပေ​ရ​နောင်​မြို့​တ​ရား ဇ​ရပ်​တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​က ဤ သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ​သ​တည်း။
JOH 6:60 ထို​သြ​ဝါ​ဒ​များ​ကို​တ​ပည့်​တော်​အ​မြောက် အ​မြား​ပင်​ကြား​ကြ​၏။ သူ​တို့​က ``ဤ​သွန်​သင် တော်​မူ​ချက်​တို့​သည်​ခက်​ခဲ​လှ​သ​ဖြင့် အ​ဘယ် သူ​လိုက်​နာ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
JOH 6:61 ဤ​သို့​တ​ပည့်​တော်​တို့​သည်​ညည်း​တွား​နေ​ကြ သည်​ကို သ​ခင်​ယေ​ရှု​သည်​အ​လို​အ​လျောက်​သိ တော်​မူ​သ​ဖြင့် ``ဤ​စ​ကား​ကြောင့်​သင်​တို့​စိတ် ပျက်​ကြ​သ​လော။-
JOH 6:62 အ​ကယ်​၍​လူ​သား​သည်​မိ​မိ​နေ​ရင်း​ရပ်​ထံ သို့​တက်​ကြွ​တော်​မူ​သည်​ကို​မြင်​ကြ​ရ​ပါ​မူ သင်​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​မည်​နည်း။-
JOH 6:63 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​က​သာ​လျှင် အ​သက်​ကို​ရှင်​စေ​နိုင်​၏။ လူ​တို့​၏​တန်​ခိုး စွမ်း​ရည်​မူ​ကား​မည်​သို့​မျှ​မ​တတ်​နိုင်။ သင် တို့​အား​ငါ​ပြော​သော​စ​ကား​သည်​အ​သက် ရှင်​စေ​သည့်​ဝိ​ညာဉ်​တော်​နှင့်​သက်​ဆိုင်​၏။-
JOH 6:64 သို့​သော်​လည်း​သင်​တို့​အ​နက်​အ​ချို့​သော​သူ တို့​သည်​မ​ယုံ​ကြည်​ကြ'' ဟု​မိန့်​တော်​မူ​၏။ (မည် သူ​တို့​မ​ယုံ​ကြည်​ကြ​သည်​ကို​လည်း​ကောင်း၊ မည်​သူ​သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​နှံ​မည်​ကို​လည်း​ကောင်း သ​ခင်​ယေ​ရှု​သည် အ​စ​က​တည်း​က​ပင်​သိ​တော်​မူ​ပြီး​ဖြစ်​၏။)-
JOH 6:65 ဆက်​လက်​၍​ကိုယ်​တော်​က ``ဤ​အ​ကြောင်း ကြောင့်​ခ​မည်း​တော်​အ​ခွင့်​ပေး​တော်​မ​မူ လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင် ဟု​သင်​တို့​အား​ငါ​ဆို​ခဲ့​ပြီ'' ဟူ​၍​မိန့် တော်​မူ​၏။
JOH 6:66 ထို​အ​ချိန်​မှ​စ​၍​တ​ပည့်​တော်​အ​များ​ပင် အ​ထံ​တော်​မှ​ဆုတ်​ခွာ​လျက် ကိုယ်​တော်​နှင့် အ​တူ​မ​လိုက်​ဘဲ​နေ​ကြ​၏။-
JOH 6:67 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​လည်း ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လို​ကြ​ပါ​သ​လော'' ဟု​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား မေး​တော်​မူ​၏။
JOH 6:68 ရှိ​မုန်​ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ​ထံ​သို့​သွား​ကြ​ရ​ပါ​မည်​နည်း။ ကိုယ် တော်​ရှင်​သာ​လျှင်​ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ တ​ရား​ကို​ဟော​ပါ​၏။-
JOH 6:69 ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ကြွ​လာ​သော​သန့်​ရှင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​တို့​ယုံ​ကြည် သိ​မြင်​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။
JOH 6:70 သ​ခင်​ယေ​ရှု​က ``ငါ​သည်​တစ်​ကျိပ်​နှစ်​ပါး သော​သင်​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ခဲ့​သည် မ​ဟုတ်​ပါ​လော။ သို့​သော်​လည်း​သင်​တို့​တွင် နတ်​မိစ္ဆာ​တစ်​ဦး​ပါ​လျက်​နေ​၏'' ဟု​မိန့်​တော် မူ​၏။-
JOH 6:71 ရှိ​မုန်​ရှ​ကာ​ယုတ်​၏​သား​ယု​ဒ​သည်​တစ်​ကျိပ် နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော်​လည်း ကိုယ်​တော် အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ဖြစ်​သ​ဖြင့် ထို​သူ​ကို​ရည်​ဆောင်​၍​ဤ​သို့​မိန့်​တော်​မူ​ခြင်း ဖြစ်​သ​တည်း။
JOH 7:1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​တွင် ဒေ​သ​စာ​ရီ​လှည့်​လည်​တော်​မူ​၏။ ယု​ဒ​အာ​ဏာ ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​နေ ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင်​ဒေ​သ စာ​ရီ​လှည့်​လည်​တော်​မ​မူ​လို။-
JOH 7:2 ယု​ဒ​အ​မျိုး​သား​တို့​၏​သစ်​ခက်​တဲ​နေ့​ကောက် သိမ်း​ပွဲ​တော်​အ​ခါ​ကား​နီး​ကပ်​၍​လာ​၏။-
JOH 7:3 သို့​ဖြစ်​၍​ညီ​တော်​များ​က​ကိုယ်​တော်​အား ``သင် ပြု​သော​အ​မှု​အ​ရာ​များ​ကို​သင့်​တ​ပည့်​တို့ တွေ့​မြင်​နိုင်​ကြ​စေ​ရန် ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ ယု​ဒ​ပြည်​သို့​သွား​ပါ​လော့။-
JOH 7:4 မည်​သူ​မ​ဆို​ထင်​ပေါ်​ကျော်​ကြား​လို​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​လျှို့​ဝှက်​စွာ​ပြု​လေ့​မ​ရှိ။ သင်​သည်​ဤ​သို့​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ ကို​ပြု​မည်​ဆို​ပါ​က သင်​၏​အ​ကြောင်း​ကို​ကမ္ဘာ က​သိ​အောင်​ပြု​ပါ​လော့'' ဟု​ဆို​ကြ​၏။-
JOH 7:5 (ညီ​တော်​များ​သည်​ပင်​လျှင်​ကိုယ်​တော်​ကို မ​ယုံ​ကြည်​ကြ။)
JOH 7:6 သ​ခင်​ယေ​ရှု​က ``ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး။ သင်​တို့​အ​ချိန်​ကား​အ​စဉ်​ကျ​ရောက်​လျက်​ရှိ​၏။-
JOH 7:7 ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား​မုန်း​ကြ​၏။ ယင်း​သို့​မုန်း​ကြ​ခြင်း မှာ​ငါ​သည်​သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့် များ​ကို​ထုတ်​ဖော်​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။-
JOH 7:8 ထို​ပွဲ​တော်​သို့​သင်​တို့​သွား​ကြ​ကုန်။ ငါ​ကား ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး​သ​ဖြင့်​သွား လိမ့်​မည်​မ​ဟုတ်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-
JOH 7:9 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​တွင်​ဆက်​၍​နေ​တော်​မူ​၏။
JOH 7:10 ထို​ပွဲ​တော်​သို့​ညီ​တော်​များ​ထွက်​သွား​ကြ ပြီး​မှ​သ​ခင်​ယေ​ရှု​သည်​လည်း​ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ​၏။-
JOH 7:11 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ထို​ပွဲ​တော်​တွင် ကိုယ်​တော်​ကို​ရှာ​လျက် ``ထို​သူ​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
JOH 7:12 လူ​ပ​ရိ​သတ်​သည်​ကိုယ်​တော်​နှင့်​ပတ်​သက်​၍ များ​စွာ​တီး​တိုး​ပြော​ဆို​လျက်​နေ​ကြ​ကုန်​၏။ လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​သူ​တော်​ကောင်း ဖြစ်​သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``သူ​တော် ကောင်း​မ​ဟုတ်။ လူ​ပ​ရိ​သတ်​အား​မှောက်​မှား လမ်း​လွဲ​စေ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။-
JOH 7:13 သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို​ကြောက် ကြ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို​မည်​သူ မျှ​ပွင့်​လင်း​စွာ​မ​ပြော​ရဲ​ကြ။
JOH 7:14 ပွဲ​တော်​ကျင်း​ပ​ရက်​ထက်​ဝက်​မျှ​လွန်​သော အ​ခါ သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ကြွ ၍​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​၏။-
JOH 7:15 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ လျက် ``ဤ​သူ​သည်​အ​ဘယ်​သင်​တန်း​ကျောင်း ကို​မျှ​မ​တက်​ဘူး​ဘဲ ဤ​အ​သိ​ပ​ညာ​များ​ကို အ​ဘယ်​သို့​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။
JOH 7:16 သ​ခင်​ယေ​ရှု​က ``ငါ​ဟော​ပြော​သွန်​သင်​သော တ​ရား​သည်​ငါ​၏​တ​ရား​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​၏​တ​ရား​ဖြစ်​၏။-
JOH 7:17 ထို​အ​ရှင်​၏​အ​လို​တော်​ကို​လိုက်​လျှောက်​လို သူ​သည် ငါ​ဟော​ပြော​သော​တ​ရား​ကား​ဘု​ရား သ​ခင်​၏​တ​ရား​လော၊ သို့​မ​ဟုတ်​ငါ​၏​ကိုယ် ပိုင်​တ​ရား​လော​ဟူ​၍​ခွဲ​ခြား​သိ​လိမ့်​မည်။-
JOH 7:18 မိ​မိ​ကိုယ်​ပိုင်​တ​ရား​စ​ကား​ကို​ဟော​ပြော​သွန် သင်​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဘုန်း​အ​သ​ရေ​ကို ရှာ​လိမ့်​မည်။ သို့​သော်​မိ​မိ​အား​စေ​လွှတ်​တော် မူ​သော​အ​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​သော သူ​မူ​ကား ရိုး​သား​ဖြောင့်​မှန်​စွာ​ဟော​ပြော တတ်​၏။ သူ့​မှာ​မု​သား​မ​ရှိ။-
JOH 7:19 မော​ရှေ​သည်​သင်​တို့​အား​ပ​ညတ်​တရား​ကို ပေး​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း​သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ ထို​ပ​ညတ်​တ​ရား​ကို မ​ကျင့်​သုံး​ကြ။ သင်​တို့​သည်​ငါ့​ကို​သတ်​ရန် အ​ဘယ်​ကြောင့်​ရှာ​ကြံ​ကြ​သ​နည်း'' ဟု မိန့်​တော်​မူ​၏။
JOH 7:20 လူ​ပ​ရိ​သတ်​က ``သင်​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ သူ​ဖြစ်​၏။ အ​ဘယ်​သူ​သည်​သင့်​ကို​သတ်​ရန် ကြိုး​စား​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း'' ဟု ဆို​ကြ​၏။
JOH 7:21 သ​ခင်​ယေ​ရှု​က ``ဥ​ပုသ်​နေ့​၌​အံ့​သြ​ဖွယ်​အ​မှု တစ်​ခု​ကို​ငါ​ပြု​သော​အ​ခါ သင်​တို့​အား​လုံး ပင်​အံ့​အား​သင့်​သွား​ကြ​၏။-
JOH 7:22 မော​ရှေ​က​သင်​တို့​၏​က​လေး​သူ​ငယ်​များ​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​ရန်​ပညတ်​ခဲ့​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ဥ​ပုသ်​နေ့​၌​ပင်​လျှင် အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​ပြု​ကြ​၏။ (အ​မှန်​စင်​စစ် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​စ​တင်​စီ​ရင်​ခဲ့​သူ မှာ မော​ရှေ​မ​ဟုတ်​ဘဲ​သင်​တို့​ဘိုး​ဘေး​များ ဖြစ်​ပေ​သည်။)-
JOH 7:23 ဤ​သို့​လျှင်​မော​ရှေ​၏​ပ​ညတ်​တ​ရား​မ​ချိုး ဖောက်​ရန် သင်​တို့​သည်​ဥ​ပုသ်​နေ့​တွင်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ပေး​လျှင် ငါ​သည်​ဥ​ပုသ်​နေ့​၌​လူ တစ်​ဦး​တစ်​ယောက်​အား​ပ​က​တိ​ကျန်း​မာ လာ​စေ​သော​အ​ခါ​၌​မူ အ​ဘယ်​ကြောင့်​ငါ့ အား​အ​မျက်​ထွက်​ကြ​သ​နည်း။-
JOH 7:24 အ​ပြင်​အ​ပ​လက္ခ​ဏာ​ကို​ထောက်​၍​မ​စီ​ရင် မ​ဆုံး​ဖြတ်​ကြ​နှင့်။ အ​မှန်​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
JOH 7:25 ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​တို့​က ``ဤ​သူ​ကို အာ​ဏာ​ပိုင်​က​သတ်​ရန်​ရှာ​ကြံ​နေ​ကြ​သည် မ​ဟုတ်​ပါ​လော။-
JOH 7:26 ကြည့်​ပါ။ သူ​သည်​အ​ထင်​အ​ရှား​ဟော​ပြော​သွန် သင်​လျက်​နေ​၏။ မည်​သူ​တစ်​ဦး​တစ်​ယောက်​က​မျှ သူ့​အား​မ​တား​မြစ်​ပါ​တ​ကား။ ဤ​သူ​သည် မေ​ရှိ​ယ​အ​ရှင်​ဖြစ်​ကြောင်း​ကို​အာ​ဏာ​ပိုင်​တို့ က​အ​ကယ်​ပင်​သိ​ရှိ​ကြ​လေ​သ​လော။ သို့​ရာ တွင်​ဤ​သူ​၏​ဇာ​တိ​ကို​ငါ​တို့​သိ​ကြ​၏။-
JOH 7:27 မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​၌​မူ​ကား ထို​အ​ရှင်​၏​ဇာ​တိ​ကို​မည်​သူ​မျှ​မ​သိ​နိုင်​ရာ'' ဟု​ဆို​ကြ​၏။
JOH 7:28 ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``သင်​တို့​ငါ့​ကို သိ​ကြ​၏။ ငါ​အ​ဘယ်​က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​ကိုယ့်​အ​ခွင့် အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​သည်​သစ္စာ​နှင့်​ပြည့်​စုံ တော်​မူ​၏။ ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။-
JOH 7:29 ငါ​သည်​ထို​အ​ရှင်​၏​ထံ​မှ​လာ​သော​ကြောင့် လည်း​ကောင်း၊ ထို​အ​ရှင်​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​ကြောင့်​လည်း​ကောင်း ငါ​သည်​ထို အ​ရှင်​ကို​သိ​၏'' ဟု​ကြွေး​ကြော်​တော်​မူ​၏။
JOH 7:30 လူ​တို့​သည်​ကိုယ်​တော်​အား​ဖမ်း​ဆီး​ရန်​အ​ခွင့် ကို​ရှာ​ကြံ​ကြ​သော်​လည်း​အ​ချိန်​မ​ကျ​သေး သ​ဖြင့် ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။-
JOH 7:31 ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ကိုယ်​တော်​ကို သက်​ဝင်​ယုံ​ကြည်​လာ​ကြ​ပြီး​လျှင် ``မေ​ရှိ​ယ အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ဤ​အ​ရှင် ပြ​သည်​ထက်​ပို​မို​များ​ပြား​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​မည်​လော'' ဟု​ဆို​ကြ​၏။
JOH 7:32 ဤ​သို့​ကိုယ်​တော်​၏​အ​ကြောင်း​ကို​လူ​တို့​တီး တိုး​ပြော​ဆို​နေ​ကြ​သည်​ကို​ဖာ​ရိ​ရှဲ​များ ကြား​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​နှင့်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး ရန်​အ​စောင့်​တပ်​သား​အ​ချို့​ကို​စေ​လွှတ် လိုက်​ကြ​၏။-
JOH 7:33 သ​ခင်​ယေ​ရှု​က​လူ​တို့​အား ``ငါ​သည်​သင်​တို့ နှင့်​အ​တူ​ခေတ္တ​ခ​ဏ​သာ​နေ​ပြီး​လျှင်​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့​ငါ​သွား ရ​မည်။-
JOH 7:34 သင်​တို့​သည်​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​ကြ​လိမ့် မည်​မ​ဟုတ်။ ထို​မှ​တစ်​ပါး​ငါ​ရောက်​ရှိ​မည့် အ​ရပ်​သို့​သင်​တို့​မ​သွား​နိုင်​ကြ'' ဟု​မိန့်​တော် မူ​၏။
JOH 7:35 ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``ငါ​တို့​ရှာ​၍​မ​တွေ့​စေ​ရန် သူ​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ပါ​မည်​နည်း။ ယု​ဒ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ဂ​ရိ​မြို့​များ​သို့​သွား​၍ ဂ​ရိ​အ​မျိုး​သား​တို့​အား​ဟော​ပြော​သွန်​သင်​ပါ မည်​လော။-
JOH 7:36 သူ​က `သင်​တို့​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​လိမ့်​မည် မ​ဟုတ်။ ငါ​ရောက်​ရှိ​မည့်​အ​ရပ်​သို့​သင်​တို့​မ​သွား နိုင်​ကြ' ဟု​ဆို​ချေ​သည်။ ဤ​စ​ကား​များ​၏​အ​နက် ကား​အ​ဘယ်​သို့​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း ကြ​၏။
JOH 7:37 ပွဲ​တော်​၏​နောက်​ဆုံး​နေ့​နှင့်​အ​ရေး​ကြီး​ဆုံး နေ့​၌ သ​ခင်​ယေ​ရှု​သည်​ရပ်​လျက် ``ရေ​ငတ် သူ​သည်​ငါ့​ထံ​သို့​လာ​၍​သောက်​လော့။-
JOH 7:38 ကျမ်း​စာ​လာ​သည်​အ​တိုင်း `ငါ့​ကို​ယုံ​ကြည်​သူ ၏​စိတ်​နှ​လုံး​အ​ထဲ​မှ​အ​သက်​ရေ​သည်​စမ်း ချောင်း​သ​ဖွယ်​စီး​ထွက်​နေ​လိမ့်​မည်' '' ဟု ကြွေး​ကြော်​တော်​မူ​၏။-
JOH 7:39 သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။
JOH 7:40 ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ဤ​သို့​ကိုယ်​တော် ကြွေး​ကြော်​တော်​မူ​သည်​ကို​ကြား​ကြ​၏။ သို့​ဖြစ်​၍ သူ​တို့​က ``ဤ​သူ​သည်​ဧ​ကန်​ပင်​ပ​ရော​ဖက်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။
JOH 7:41 အ​ချို့​သော​သူ​တို့​က ``ဤ​သူ​သည်​မေ​ရှိ​ယ ဖြစ်​သည်​ဟု​ဆို​ကြ​၏။'' သို့​ရာ​တွင်​အ​ချို့​က မေ​ရှိ​ယ​သည်​ဂါ​လိ​လဲ​ပြည်​မှ​ပေါ်​ထွန်း​ပါ မည်​လော။-
JOH 7:42 မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​မင်း​၏​သား​မြေး​ဖြစ်​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည့်​ဗက်​လင် ရွာ​မှ​ပေါ်​ထွန်း​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း ကျမ်း စာ​လာ​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။-
JOH 7:43 သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ် စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ​ကြ​၏။-
JOH 7:44 လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို ကြ​၏။ သို့​သော်​လည်း​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။
JOH 7:45 အ​စောင့်​တပ်​သား​များ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ဖာ​ရိ​ရှဲ​များ​ထံ​သို့​ပြန်​လာ​ကြ​သော အ​ခါ သူ​တို့​က ``အ​ဘယ်​ကြောင့်​ထို​သူ့​ကို​သင် တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မ​လာ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။
JOH 7:46 အ​စောင့်​တပ်​သား​များ​က ``ဤ​သူ​ဟော​ပြော သ​ကဲ့​သို့​မည်​သူ​မျှ​မ​ဟော​စ​ဖူး​ပါ'' ဟု ဆို​ကြ​၏။
JOH 7:47 ဖာ​ရိ​ရှဲ​များ​က ``သင်​တို့​သည်​လည်း​သူ​၏​လှည့် စား​ခြင်း​ကို​ခံ​ရ​ကြ​ပြီ​လော။-
JOH 7:48 ငါ​တို့​ခေါင်း​ဆောင်​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အ​ထဲ မှ​တစ်​ဦး​တစ်​ယောက်​သည် ထို​သူ​ကို​ယုံ​ကြည် ပါ​သ​လော။-
JOH 7:49 ဤ​လူ​ထု​သည်​ပ​ညတ်​တ​ရား​ကို​မ​သိ​သော ကြောင့် ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ကြ ရ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
JOH 7:50 ထို​သူ​အ​ထဲ​တွင်​နိ​ကော​ဒင်​ပါ​၏။ သူ​သည်​ယ​ခင် က​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​လာ​ဖူး​၏။-
JOH 7:51 နိ​ကော​ဒင်​က ``ငါ​တို့​တ​ရား​အ​ရ​အ​ဘယ် အ​မှု​ကို​ကူး​လွန်​ကြောင်း​စစ်​ဆေး​ခြင်း​ကို​မ​ပြု၊ တ​ရား​ခံ​အား​ချေ​ပ​ပြော​ဆို​ခွင့်​ကို​လည်း​မ​ပေး ဘဲ​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​စီ​ရင်​နိုင်​ပါ သ​လော'' ဟု​ဆို​၏။
JOH 7:52 ထို​သူ​တို့​က ``သင်​သည်​လည်း​ဂါ​လိ​လဲ​ပြည် သား​ပေ​လော။ ကျမ်း​စာ​တော်​ကို​လေ့​လာ​ကြည့် ပါ​လျှင်​ဂါ​လိ​လဲ​ပြည်​မှ​အ​ဘယ်​ပ​ရော​ဖက် မျှ​မ​ပေါ်​ထွန်း​သည်​ကို​သင်​သိ​ရ​လိမ့်​မည်'' ဟု ဆို​ကြ​၏။
JOH 8:1 ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး သီး​ပြန်​သွား​ကြ​၏။ သ​ခင်​ယေ​ရှု​မူ​ကား သံ​လွင်​တောင်​သို့​ကြွ​တော်​မူ​၏။-
JOH 8:2 နောက်​တစ်​နေ့​နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့ သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည် ထိုင်​တော်​မူ​လျက်​ထို​သူ​တို့​အား​ဟော​ပြော သွန်​သင်​တော်​မူ​၏။-
JOH 8:3 ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် အ​မျိုး​သ​မီး​တစ်​ယောက်​ကို​အ​ထံ​တော်​သို့ ခေါ်​ခဲ့​ကြ​၏။ သူ​သည်​မျောက်​မ​ထား​နေ​စဉ် အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​၏။ ကျမ်း​တတ်​ဆ​ရာ များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည်​အ​မျိုး​သ​မီး​ကို မိ​မိ​တို့​ရှေ့​တွင်​ရပ်​စေ​ပြီး​လျှင်၊-
JOH 8:4 သ​ခင်​ယေ​ရှု​အား ``အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ မျောက်​မ​ထား​သည်​ကို​အ​ကျွန်ုပ်​တို့​လက်​ပူး လက်​ကြပ်​ဖမ်း​မိ​ပါ​၏။-
JOH 8:5 ပ​ညတ်​တ​ရား​တွင်​မော​ရှေ​က ထို​သို့​သော မိန်း​မ​မျိုး​ကို​ကျောက်​ခဲ​နှင့်​ပေါက်​၍​သတ်​ရ မည်​ဟု အ​ကျွန်ုပ်​တို့​အား​ပ​ညတ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​သည်​မည်​သို့​ဆို​ပါ​မည်​နည်း'' ဟု လျှောက်​ကြ​၏။-
JOH 8:6 သူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင်​စွပ်​စွဲ​နိုင်​ရန် ဤ​သို့​အ​ကွက်​ဆင်​၍​လျှောက်​ထား​ကြ​ခြင်း ဖြစ်​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ငုံ့​၍ မြေ​ပေါ်​တွင်​လက်​ညှိုး​တော်​ဖြင့်​ရေး​ခြစ် လျက်​နေ​တော်​မူ​၏။
JOH 8:7 ထို​သူ​တို့​သည်​ထပ်​ကာ​ထပ်​ကာ​မေး​မြန်း လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် မော်​၍​ကြည့်​တော်​မူ​လျက် ``သင်​တို့​အ​နက် အ​ပြစ်​ကင်း​သူ​သည် ဦး​စွာ​ပ​ထ​မ​သူ့​ကို ကျောက်​ခဲ​နှင့်​ပေါက်​ပါ​စေ'' ဟု​မိန့်​တော်​မူ​၏။-
JOH 8:8 ထို​နောက်​ငုံ့​၍​မြေ​ပေါ်​တွင်​ရေး​ခြစ်​လျက် နေ​တော်​မူ​ပြန်​၏။-
JOH 8:9 ထို​သူ​တို့​သည်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​သည် ကို​ကြား​ကြ​သော​အ​ခါ အ​သက်​ကြီး​သူ​များ က​အ​စ​ပြု​၍​တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက် သွား​ကြ​၏။-
JOH 8:10 သ​ခင်​ယေ​ရှု​သည်​မော်​၍​ကြည့်​တော်​မူ​ပြန် လျှင် ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​တို့​ကား အ​ဘယ်​မှာ​နည်း။ သင့်​အား​အ​ပြစ်​ဒဏ်​စီ​ရင် မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး တော်​မူ​၏။
JOH 8:11 ထို​အ​ခါ​အ​မျိုး​သ​မီး​က ``အ​ရှင်၊ တစ်​ယောက် မျှ​မ​ရှိ​တော့​ပါ'' ဟု​ပြန်​လည်​၍​လျှောက်​ထား ၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​လည်း​သင့်​အား​အ​ပြစ် ဒဏ်​မ​စီ​ရင်​ပြီ။ သွား​လော့။ နောက်​တစ်​ဖန်​အ​ပြစ် မ​ပြု​နှင့်'' ဟု​မိန့်​တော်​မူ​၏။]
JOH 8:12 တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JOH 8:13 ဖာ​ရိ​ရှဲ​တို့​က ``သင်​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​နေ​၏။ သို့​ဖြစ်​၍​သင့်​သက် သေ​ခံ​ချက်​သည်​မ​ခိုင်​လုံ'' ဟု​ဆို​ကြ​၏။
JOH 8:14 သ​ခင်​ယေ​ရှု​က ``ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း​ငါ​၏​သက်​သေ​ခံ​ချက် သည်​ခိုင်​လုံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် အ​ဘယ်​အ​ရပ်​မှ​လာ​၍​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​ငါ​သိ​သော​ကြောင့်​တည်း။ သင်​တို့ မူ​ကား​ငါ​အ​ဘယ်​အ​ရပ်​မှ​လာ​သည်​ကို လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​မည်​ကို လည်း​ကောင်း​မ​သိ​ကြ။-
JOH 8:15 သင်​တို့​သည်​လူ့​စံ​နှုန်း​အ​ရ​စစ်​ဆေး​စီ​ရင် တတ်​ကြ​၏။ ငါ​မူ​ကား​မည်​သူ့​ကို​မျှ​မ​စစ် ဆေး​မ​စီ​ရင်​ပြီ။-
JOH 8:16 အ​ကယ်​၍​ငါ​စစ်​ဆေး​စီ​ရင်​မည်​ဆို​ပါ​က ငါ​တစ်​ဦး​တည်း​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​သော​ကြောင့်​ငါ​၏​စီ​ရင်​ချက် သည်​မှန်​ကန်​၏။-
JOH 8:17 သင်​တို့​၏​ပ​ညတ်​ကျမ်း​တွင် ``သက်​သေ​နှစ်​ဦး ထွက်​ဆို​လျှင်​အ​မှန်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ ရှိ​၏။-
JOH 8:18 ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​၏။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​၏'' ဟု​မိန့်​တော် မူ​၏။
JOH 8:19 ထို​သူ​တို့​က ``သင့်​ခ​မည်း​တော်​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ့​ကို​လည်း ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း​မ​သိ ကြ။ အ​ကယ်​၍​သင်​တို့​ငါ့​ကို​သိ​ပါ​မူ​ငါ့ ခ​မည်း​တော်​ကို​လည်း​သိ​ကြ​မည်'' ဟု​ဖြေ ကြား​တော်​မူ​၏။
JOH 8:20 ကိုယ်​တော်​သည်​ဤ​စ​ကား​တော်​များ​ကို​ဗိ​မာန် တော်​အ​တွင်း​အ​လှူ​ခံ​သတ္တာ​များ​ထား​ရာ​အ​ခန်း ၌ ဟော​ပြော​သွန်​သင်​စဉ်​မိန့်​တော်​မူ​သ​တည်း။ သို့ ရာ​တွင်​ကိုယ်​တော်​၏​အ​ချိန်​မ​ကျ​သေး​သ​ဖြင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​မ​ဆီး​ကြ။
JOH 8:21 ထို​မှ​တစ်​ဖန်​ကိုယ်​တော်​က ``ငါ​သည်​ထွက်​ခွာ သွား​ရ​မည်။ သင်​တို့​သည်​ငါ့​ကို​ရှာ​ကြ​လိမ့် မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ် ၌​သေ​ကြ​လိမ့်​မည်။ ငါ​သွား​မည့်​အ​ရပ်​သို့ သင်​တို့​မ​လိုက်​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
JOH 8:22 သို့​ဖြစ်​၍​ယု​ဒ​အာ​ဏာ​ပိုင်​များ​က ``ငါ​သွား မည့်​အ​ရပ်​သို့​သင်​တို့​မ​လိုက်​နိုင်​ကြ​ဟု​သူ ဆို​ချေ​သည်။ သူ​သည်​မိ​မိ​ကိုယ်​ကို​သတ်​၍ သေ​မည်​လော'' ဟု​ပြော​ဆို​ကြ​၏။
JOH 8:23 ကိုယ်​တော်​က ``သင်​တို့​သည်​အောက်​ဘုံ​သား​များ ဖြစ်​ကြ​၏။ ငါ​မူ​ကား​အ​ထက်​ဘုံ​မှ​လာ​၏။ သင်​တို့​သည်​ဤ​လော​က​သား​များ​ဖြစ်​ကြ​၏။ ငါ​မူ​ကား​ဤ​လော​က​သား​မ​ဟုတ်။-
JOH 8:24 သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ ကြ​လိမ့်​မည်​ဟု​ငါ​ဆို​သ​တည်း။ ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​သင်​တို့​မ​ယုံ​ကြည် လျှင် သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 8:25 ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​အ​ဘယ်​သူ ဖြစ်​သည်​ကို​အ​စ​က​တည်း​က​သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။-
JOH 8:26 သင်​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ငါ​ပြော​စ​ရာ များ​စွာ​ရှိ​၏။ သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ​စ​ရာ လည်း​များ​စွာ​ရှိ​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​တော်​အ​ရှင်​ဖြစ်​တော်​မူ​၏။ ထို အ​ရှင်​ထံ​မှ​ငါ​ကြား​ရ​သည့်​တ​ရား​ကို​သာ လျှင် ဤ​လော​က​သား​တို့​အား​ငါ​ဟော​ပြော​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 8:27 ကိုယ်​တော်​သည်​ခ​မည်း​တော်​ကို​ရည်​မှတ်​၍​မိန့် မြွက်​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​မ​သိ​ကြ။-
JOH 8:28 ထို့​ကြောင့်​ကိုယ်​တော်​က ``လူ​သား​ကို​မြေ​မှ မြှောက်​ထား​ကြ​သော​အ​ခါ​မှ​ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​လည်း​ကောင်း၊ ငါ သည်​ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​အ​ရ​အ​ဘယ် အ​မှု​ကို​မျှ​မ​ပြု​မူ​၍ မိ​မိ​အား​ခ​မည်း​တော် သွန်​သင်​တော်​မူ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​လျှင်​ဟော​ပြော​သွန်​သင်​သည်​ကို​လည်း ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။-
JOH 8:29 ထို​မှ​တစ်​ပါး​လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ထို​အ​ရှင် နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ငါ​သည်​အ​ခါ ခပ်​သိမ်း​လုပ်​ဆောင်​သည်​ဖြစ်​၍ ထို​အ​ရှင်​သည် ငါ့​အား​တစ်​ကိုယ်​တည်း​စွန့်​ပစ်​၍​ထား​တော်​မ​မူ'' ဟု​မိန့်​တော်​မူ​၏။
JOH 8:30 ဤ​သို့​မိန့်​တော်​မူ​သည်​ကို​ကြား​ရ​သော​လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည် လာ​ကြ​၏။
JOH 8:31 သ​ခင်​ယေ​ရှု​သည်​ယုံ​ကြည်​သူ​တို့​အား ``သင် တို့​သည်​ငါ​ဟော​ပြော​သွန်​သင်​သည်​အ​တိုင်း​ပြု ကျင့်​ကြ​လျှင် ငါ​၏​တ​ပည့်​အ​မှန်​ဖြစ်​ကြ​၏။-
JOH 8:32 သမ္မာ​တ​ရား​ကို​လည်း​သိ​သ​ဖြင့်​ထို​သမ္မာ တ​ရား​သည်​သင်​တို့​အား​လွတ်​လပ်​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 8:33 ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ​က​မျှ တစ်​ပါး​ကျွန်​မ​ဖြစ်​ခဲ့​ဘူး​ပါ။ `သင်​တို့​လွတ် လပ်​လိမ့်​မည်' ဟု​အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
JOH 8:34 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား အ​ပြစ်​ကူး​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။-
JOH 8:35 ကျွန်​သည်​အိမ်​မှာ​အ​စဉ်​နေ​သည်​မ​ဟုတ်၊ သား မူ​ကား​အ​စဉ်​နေ​၏။-
JOH 8:36 သို့​ဖြစ်​၍​သင်​တို့​အား​သား​တော်​က​လွတ်​လပ် စေ​လျှင် သင်​တို့​သည်​ဧ​ကန်​အ​မှန်​လွတ်​လပ် ကြ​လိမ့်​မည်။-
JOH 8:37 သင်​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သည်​ကို ငါ​သိ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​၏​သွန်​သင် ချက်​ကို​လက်​မ​ခံ​လို​သ​ဖြင့် ငါ့​ကို​သတ်​ရန် ကြိုး​စား​ကြ​၏။-
JOH 8:38 ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
JOH 8:39 ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​၏​အ​ဖ​သည် အာ​ဗြ​ဟံ​ဖြစ်​ပါ​၏'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​မူ အာ​ဗြ​ဟံ​ကဲ့​သို့ ပြု​ကျင့်​ကြ​လိမ့်​မည်။-
JOH 8:40 ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြား​နာ​ခဲ့​ရ​သည့် သမ္မာ​တ​ရား​ကို သင်​တို့​အား​ဟော​ပြော​သူ​ငါ့ ကို​သတ်​ရန်​သင်​တို့​ကြံ​စည်​လျက်​နေ​ကြ​၏။ အာ​ဗြ​ဟံ​ကား​ဤ​သို့​မ​ကျင့်​ခဲ့။-
JOH 8:41 သင်​တို့​သည်​သင်​တို့​အ​ဖ​ကဲ့​သို့​ကျင့်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဖ​ခင်​မဲ့​မွေး သော​သား​များ​မ​ဟုတ်။ အ​ကျွန်ုပ်​တို့​မှာ​ဘု​ရား သ​ခင်​တည်း​ဟူ​သော​ဖ​ခင်​တစ်​ပါး​တည်း​ရှိ​၏'' ဟု​ဆို​ကြ​၏။
JOH 8:42 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ဖ​ဖြစ်​ပါ​မူ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ​လိမ့် မည်။ ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ​၍ ယ​ခု​ဤ​အ​ရပ်​သို့​ရောက်​ရှိ​နေ​၏။ ကိုယ်​ပိုင် အ​ခွင့်​အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ကိုယ် တော်​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-
JOH 8:43 ငါ​ဟော​ပြော​သည့်​တ​ရား​ကို​အ​ဘယ်​ကြောင့် သင်​တို့​နား​မ​လည်​ကြ​သ​နည်း။ သင်​တို့​တွင် ငါ​၏​တ​ရား​ကို နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့် ပင်​ဖြစ်​၏။-
JOH 8:44 သင်​တို့​၏​အ​ဖ​သည်​မာရ်​နတ်​ဖြစ်​၏။ သို့​ဖြစ်​၍ သင်​တို့​အ​ဖ​၏​အ​လို​သို့​လိုက်​၍​သင်​တို့​ပြု ကြ​၏။ မာရ်​နတ်​သည်​အ​စ​က​ပင်​လျှင်​လူ သတ်​သ​မား​ဖြစ်​၏။ သူ​သည်​သမ္မာ​တ​ရား ကင်း​မဲ့​သူ​ဖြစ်​၍​သမ္မာ​တ​ရား​တွင်​မ​ကျင် လည်၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​ဖြစ်​၏။ သူ သည်​ကား​မု​သား​၏​အ​ဖ​ဖြစ်​၍ မိ​မိ​ပင်​ကို ဇာ​တိ​သ​ဘော​အ​ရ​မု​သား​ကို​ပြော​တတ်​၏။-
JOH 8:45 ငါ​သည်​သစ္စာ​စ​ကား​ကို​ပြော​သော​ကြောင့်​သင် တို့​ငါ့​ကို​မ​ယုံ​ကြ။-
JOH 8:46 ငါ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​ကြောင်း​အ​ဘယ် သူ​သက်​သေ​ပြ​နိုင်​သ​နည်း။ ငါ​သည်​သစ္စာ​စ​ကား ကို​ပြော​ဆို​လျှင်​အ​ဘယ်​ကြောင့်​သင်​တို့​မ​ယုံ ကြ​သ​နည်း။-
JOH 8:47 ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​တတ်​၏။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​မှ​ဖြစ်​ပွား​သူ များ​မ​ဟုတ်​သော​ကြောင့်​နား​မ​ထောင်​ကြ'' ဟု မိန့်​တော်​မူ​၏။
JOH 8:48 သူ​တို့​က ``သင်​သည်​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း၊ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​ဖြစ် သည်​ဟူ​၍​လည်း​ကောင်း​ငါ​တို့​စွပ်​စွဲ​သည်​မှာ မ​မှန်​ပါ​လော'' ဟု​ဆို​ကြ​၏။
JOH 8:49 သ​ခင်​ယေ​ရှု​က ``ငါ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ်​သူ မ​ဟုတ်။ ငါ​သည်​ငါ့​ခ​မည်း​တော်​ကို​ချီး​မြှောက် ၏။ သင်​တို့​ကား​ငါ့​ကို​ရှုတ်​ချ​ကြ​၏။-
JOH 8:50 ငါ​သည်​မိ​မိ​ဘုန်း​အ​သ​ရေ​ကို​မ​ရှာ။ ငါ့ ဘုန်း​အ​သ​ရေ​ကို​ရှာ​၍​ငါ့​ဘက်​မှ​စစ်​ကြော စီ​ရင်​တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။-
JOH 8:51 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့ စ​ကား​ကို​နာ​ယူ​သူ​သည် အ​ဘယ်​အ​ခါ​မျှ သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။
JOH 8:52 ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​နတ်​မိစ္ဆာ စွဲ​ကပ်​နေ​သူ​ဖြစ်​ကြောင်း​ယ​ခု​အ​ခါ​ငါ​တို့ သိ​ကြ​ပါ​ပြီ။ အာ​ဗြ​ဟံ​ကား​သေ​လွန်​လေ ပြီ။ ပ​ရော​ဖက်​များ​သည်​လည်း​ထို့​အ​တူ​ပင်။ သို့​ပါ​လျက်​သင်​က `ငါ​၏​စ​ကား​ကို​နာ​ယူ သူ​သည်​အ​ဘယ်​အ​ခါ​မျှ​သေ​ရ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​ချေ​သည်။-
JOH 8:53 သင်​သည်​သေ​လွန်​သူ​ငါ​တို့​၏​အ​ဖ​အာ​ဗြ​ဟံ ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော။ ပ​ရော​ဖက်​တို့ သည်​လည်း​သေ​လွန်​လေ​ပြီ။ သင်​သည်​မိ​မိ​ကိုယ် ကို​အ​ဘယ်​သူ​ဟု​ထင်​မှတ်​ပါ​သ​နည်း'' ဟု မေး​ကြ​၏။
JOH 8:54 သ​ခင်​ယေ​ရှု​က ``ငါ​သည်​မိ​မိ​ကိုယ်​ကို​ချီး မြှောက်​ပါ​မူ​ငါ​၏​ဘုန်း​အ​သ​ရေ​သည်​အ​ချည်း နှီး​ပင်​ဖြစ်​၏။ ငါ့​ကို​ချီး​မြှောက်​သူ​ကား​ငါ​၏ ခ​မည်း​တော်​တည်း။ ထို​အ​ရှင်​ကို​သင်​တို့​၏ ဘု​ရား​သ​ခင်​ဟု​ဆို​ကြ​၏။-
JOH 8:55 သို့​သော်​လည်း​ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​မူ​ကား​သိ​၏။ အ​ကယ်​၍​ငါ​မ​သိ​ဟု​ဆို လျှင်​ငါ​သည်​သင်​တို့​နည်း​တူ​လိမ်​လည်​ပြော ဆို​သူ​ဖြစ်​ပေ​အံ့။ ငါ​သည်​ခ​မည်း​တော်​ကို အ​ကယ်​ပင်​သိ​၍​ကိုယ်​တော်​၏​စ​ကား​ကို နား​ထောင်​၏။-
JOH 8:56 သင်​တို့​အ​ဖ​အာ​ဗြ​ဟံ​သည်​ငါ​ကြွ​လာ မည့်​ခေတ်​ကာ​လ​နှင့်​ကြုံ​ကြိုက်​ရ​မည်​ဖြစ် ၍​နှစ်​ထောင်း​အား​ရ​၏။ ထို​ခေတ်​ကာ​လ​နှင့် ကြုံ​ကြိုက်​ရ​သော​အ​ခါ​၌​လည်း​ရွှင်​လန်း ဝမ်း​မြောက်​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 8:57 ယု​ဒ​အ​မျိုး​သား​တို့​က ``သင်​သည်​အ​သက် ငါး​ဆယ်​မျှ​ပင်​မ​ရှိ​သေး။ အ​ဘယ်​သို့​လျှင် အာ​ဗြ​ဟံ​ကို​မြင်​ဖူး​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။
JOH 8:58 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​အာ​ဗြ​ဟံ​မ​မွေး​ဖွား​မီ​က ပင်​ငါ​ရှိ​နှင့်​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 8:59 ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ပေါက်​ရန် ကျောက်​ခဲ​များ​ကောက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​တိမ်း​ရှောင်​၍​ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​၏။
JOH 9:1 ကိုယ်​တော်​သည်​လမ်း​လျှောက်​၍​ကြွ​တော်​မူ​စဉ် ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို​တွေ့​ရှိ တော်​မူ​၏။-
JOH 9:2 တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​သူ​မျက်​စိ မ​မြင်​သည်​မှာ​မိ​မိ​၏​အ​ပြစ်​ကြောင့်​လော၊ မိ​ဘ တို့​၏​အ​ပြစ်​ကြောင့်​လော'' ဟု​မေး​လျှောက်​ကြ​၏။
JOH 9:3 သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။-
JOH 9:4 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု တော်​မြတ်​ကို​နေ့​အ​ချိန်​၌​ငါ​တို့​လုပ်​ဆောင် ကြ​ရ​မည်။ အ​ဘယ်​သူ​မျှ​မ​လုပ်​ဆောင်​နိုင် သည့်​ညဥ့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။-
JOH 9:5 ငါ​သည်​ဤ​လော​က​မှာ​ရှိ​နေ​စဉ်​လော​က ၏​အ​လင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 9:6 ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် မြေ​ပေါ်​သို့​တံ​တွေး​ထွေး​၍​ရွှံ့​ပြု​လုပ်​တော် မူ​၏။ မျက်​မ​မြင်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​၍၊-
JOH 9:7 ``သွား​လော့၊ ရှိ​လောင်​ရေ​ကန်​တွင် ဆေး​လော့'' ဟု မိန့်​တော်​မူ​၏။ (ရှိ​လောင်​၏​အ​နက်​ကား ``စေ​လွှတ် သည်'' ဟု​ဆို​လို​သ​တည်း။) ထို​သူ​သည်​သွား​၍ မျက်​စိ​ကို​ဆေး​ပြီး​နောက်​မျက်​စိ​မြင်​လျက် ပြန်​လာ​၏။
JOH 9:8 သူ​သည်​သူ​တောင်း​စား​ဖြစ်​သ​ဖြင့်​ယ​ခင်​က သူ့​ကို​မြင်​ဖူး​သူ​များ​နှင့်​အိမ်​နီး​ချင်း​များ က ``ဤ​သူ​သည်​ထိုင်​၍​ကြေး​ငွေ​တောင်း​ခံ​လေ့ ရှိ​သူ​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။
JOH 9:9 လူ​အ​ချို့​တို့​က ``ဟုတ်​ပါ​သည်'' ဟူ​၍​လည်း​ကောင်း၊ အ​ချို့​က ``ထို​သူ​မ​ဟုတ်၊ ထို​လူ​နှင့်​တူ​သူ​ဖြစ်​၏'' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​၏။ သူ​ကိုယ်​တိုင်​က​မူ ``အ​ကျွန်ုပ်​သည်​ထို​သူ​ပင်​တည်း'' ဟု​ဆို​၏။
JOH 9:10 လူ​တို့​က ``သင်​အ​ဘယ်​သို့​မျက်​စိ​မြင်​လာ သ​နည်း'' ဟု​မေး​ကြ​၏။
JOH 9:11 ထို​သူ​က ``ယေ​ရှု​ဆို​သူ​သည်​ရွှံ့​အ​နည်း​ငယ်​လုပ် ၍​အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​ပြီး​လျှင် အ​ကျွန်ုပ် အား​ရှိ​လောင်​ရေ​ကန်​သို့​သွား​၍​မျက်​စိ​ကို​ဆေး ခိုင်း​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​သွား​၍​ဆေး လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ပြန်​ပြော​၏။
JOH 9:12 လူ​တို့​က ``ထို​သူ​သည်​အ​ဘယ်​မှာ​နည်း'' ဟု မေး​လျှင်၊ သူ​တောင်း​စား​က ``အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​ဆို​၏။
JOH 9:13 လူ​တို့​သည်​ယ​ခင်​က​မျက်​မ​မြင်​ဖြစ်​ခဲ့​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။-
JOH 9:14 သ​ခင်​ယေ​ရှု​ရွှံ့​ဖြင့်​ပြု​လုပ်​၍​ထို​သူ​ကို​မျက်​စိ မြင်​စေ​တော်​မူ​သော​နေ့​ကား​ဥပုသ်​နေ့​ဖြစ်​သ​တည်း။-
JOH 9:15 ဖာ​ရိ​ရှဲ​တို့​သည်​ထို​သူ​မျက်​စိ​အ​လင်း​ရ​ရှိ လာ​ပုံ​ကို​မေး​မြန်း​ကြ​၏။ ထို​သူ​က ``သူ​သည် အ​ကျွန်ုပ်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​ပေး​ပါ​၏။ ထို​နောက်​အ​ကျွန်ုပ်​သည်​မျက်​စိ​ကို​ဆေး​လိုက် ရာ​မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ဆို​၏။
JOH 9:16 အ​ချို့​သော​ဖာ​ရိ​ရှဲ​တို့​က ``ထို​သူ​သည်​ဥ​ပုသ် မ​စောင့်​သ​ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ သူ​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``အ​ပြစ်​ကူး​သူ​တစ်​စုံ​တစ်​ယောက် သည်​အ​ဘယ်​သို့​လျှင် ဤ​သို့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ ဤ​သို့​လျှင်​ထို​သူ​တို့​သည် အ​ချင်း​ချင်း​စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ ကြ​၏။
JOH 9:17 ထို့​ကြောင့်​ဖာ​ရိ​ရှဲ​တို့​သည် မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး သူ​အား ``သင့်​ကို​မျက်​စိ​မြင်​စေ​သူ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​သ​နည်း'' ဟု​တစ်​ဖန်​မေး​ပြန် ကြ​၏။ ထို​သူ​က ``ပ​ရော​ဖက်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​၏။
JOH 9:18 သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ယ​ခင်​က ထို​သူ​မျက်​မ​မြင်​ဖြစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ယ​ခု​မျက်​စိ​မြင်​လာ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​ဖြင့် သူ့​မိ​ဘ​တို့​ကို​ခေါ်​၍​မေး​ကြ​၏။-
JOH 9:19 သူ​တို့​က ``ဤ​သူ​သည်​သင်​တို့​၏​သား​လော။ သင် တို့​ပြော​သည်​အ​တိုင်း​ဝမ်း​တွင်း​ပါ​မျက်​မ​မြင် လော။ သို့​မှန်​လျှင်​သူ​သည်​အ​ဘယ်​သို့​ယ​ခု မျက်​စိ​မြင်​သ​နည်း'' ဟု​မေး​ကြ​၏။
JOH 9:20 မိ​ဘ​တို့​က ``ဤ​သူ​သည်​အ​ကျွန်ုပ်​တို့​၏ သား​မှန်​ပါ​၏။ ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ဖြစ် ကြောင်း​လည်း​မှန်​ပါ​၏။-
JOH 9:21 သို့​ရာ​တွင်​အ​ဘယ်​နည်း​ဖြင့်​သူ့​မျက်​စိ​မြင် လာ​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ သူ့​အား အဘယ်​သူ​မျက်​စိ​မြင်​စေ​သည်​ကို​လည်း​မ​သိ ပါ။ သူ​သည်​အ​ရွယ်​ရောက်​ပါ​ပြီ။ သူ့​အား​မေး ပါ။ သူ့​အ​ကြောင်း​ကို​သူ​ကိုယ်​တိုင်​ပြော​ပြ နိုင်​ပါ​လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-
JOH 9:22 ဤ​သို့​ဖြေ​ကြား​ကြ​ခြင်း​မှာ​ယု​ဒ​အာ​ဏာ ပိုင်​တို့​ကို​ကြောက်​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော် အား​မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​အ​သိ​အ​မှတ်​ပြု သူ​မှန်​သ​မျှ​အား တ​ရား​ဇ​ရပ်​မှ​ထုတ်​ပယ်​ရန် ယု​ဒ​အာ​ဏာ​ပိုင်​တို့​သ​ဘော​တူ​ဆုံး​ဖြတ် ထား​ပြီး​ဖြစ်​သ​တည်း။-
JOH 9:23 ထို့​ကြောင့်​မိ​ဘ​တို့​က ``သူ​သည်​အ​ရွယ်​ရောက် ပြီ​ဖြစ်​၍​သူ့​အား​မေး​ပါ'' ဟု​ဆို​ကြ​ခြင်း ဖြစ်​၏။
JOH 9:24 ဖာ​ရိ​ရှဲ​တို့​သည်​မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်​ပြီး ``ဘု​ရား​သ​ခင်​ရှေ့ တွင်​ဟုတ်​မှန်​ရာ​ကို​ပြော​ပါ​လော့။ သင့်​အား မျက်​စိ​မြင်​စေ​သော​သူ​သည်​အ​ပြစ်​ကူး​သူ ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏'' ဟု​ဆို​၏။
JOH 9:25 ထို​သူ​က ``ဤ​သူ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​သည် မ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ယ​ခင်​က​မျက်​စိ​ကွယ်​၍​ယ​ခု​မျက်​စိ​မြင်​လာ သည်​ကို​သာ​လျှင်​သိ​ပါ​၏'' ဟု​ပြော​၏။
JOH 9:26 ထို​သူ​တို့​က ``သူ​သည်​သင့်​ကို​မည်​သို့​ပြု သ​နည်း။ အ​ဘယ်​သို့​သင်​၏​မျက်​စိ​ကို​မြင် စေ​သ​နည်း'' ဟု​မေး​ကြ​၏။
JOH 9:27 ထို​သူ​က ``သင်​တို့​အား​အ​ကျွန်ုပ်​တစ်​ကြိမ် ဖော်​ပြ​ပြီး​ပါ​ပြီ။ သင်​တို့​နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ထပ်​၍​ကြား​လို​ကြ​ပါ​သ​နည်း။ သင်​တို့​သည်​လည်း​သူ​၏​တ​ပည့်​ဖြစ်​လို​ကြ ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။
JOH 9:28 ထို​သူ​တို့​က​သူ့​အား ``သင်​သာ​လျှင်​သူ့​တ​ပည့် ဖြစ်​၏။ ငါ​တို့​ကား​မော​ရှေ​၏​တ​ပည့်​များ​ဖြစ်​၏။-
JOH 9:29 ဘု​ရား​သ​ခင်​သည်​မော​ရှေ​အား​ဗျာ​ဒိတ်​ပေး တော်​မူ​ခဲ့​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဤ​သူ သည်​အ​ဘယ်​က​လာ​သည်​ကို​ပင်​ငါ​တို့​မ​သိ ကြ'' ဟု​ဆို​ကြ​၏။
JOH 9:30 မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``သူ​သည်​အ​ကျွန်ုပ် အား​မျက်​စိ​မြင်​စေ​သူ​ဖြစ်​ပါ​၏။ သို့​ပါ​လျက် သင်​တို့​သည် ထို​သူ​အ​ဘယ်​က​လာ​သည်​ကို မ​သိ​ကြ​သည်​မှာ​အံ့​သြ​ဖွယ်​ကောင်း​လေ​စွ။-
JOH 9:31 ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မ​မူ​ပါ။ ကိုယ် တော်​အား​ကိုင်း​ရှိုင်း​ရို​သေ​လျက်​အ​လို​တော် အ​တိုင်း လုပ်​ဆောင်​သော​သူ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​သာ​နား​ညောင်း​တော်​မူ​ပါ​၏။-
JOH 9:32 ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ကို​တစ်​စုံ​တစ်​ယောက် က​မျက်​စိ​မြင်​စေ​နိုင်​သည်​ဟူ​၍ ကမ္ဘာ​ဦး​မှ​စ ၍​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​စ​ဖူး။-
JOH 9:33 ဤ​သူ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ သူ​မ​ဟုတ်​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​မ​တတ် နိုင်​ပါ'' ဟု​ဆို​၏။
JOH 9:34 ထို​သူ​တို့​က ``သင်​သည်​ဝမ်း​တွင်း​ပါ​အ​ပြစ် နှင့်​ကြီး​ပြင်း​လာ​သူ​ဖြစ်​ပါ​လျက် ငါ​တို့​အား သွန်​သင်​နေ​ပါ​သ​လော'' ဟု​ဆို​၍​တ​ရား ဇ​ရပ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။
JOH 9:35 ဤ​သို့​နှင်​ထုတ်​လိုက်​ကြောင်း​ကို​သ​ခင်​ယေ​ရှု ကြား​တော်​မူ​ပြီး​နောက် ထို​သူ​ကို​တွေ့​တော်​မူ လျှင် ``သင်​သည်​လူ​သား​ကို​ယုံ​ကြည်​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။
JOH 9:36 ထို​သူ​က ``အ​ရှင်၊ လူ​သား​ကား​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း။ အ​ကျွန်ုပ်​ယုံ​နိုင်​ရန်​လူ​သား​သည် မည်​သူ​နည်း'' ဟု​လျှောက်​၏။
JOH 9:37 သ​ခင်​ယေ​ရှု​က ``သူ့​ကို​သင်​မြင်​ဖူး​၏။ သူ​သည် ကား​ယ​ခု​သင်​နှင့်​စ​ကား​ပြော​နေ​သူ​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။
JOH 9:38 မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``အ​ရှင်၊ အ​ကျွန်ုပ် ယုံ​ကြည်​ပါ​၏'' ဟု​ဆို​၍​ကိုယ်​တော်​အား​ပျပ်​ဝပ် ရှိ​ခိုး​လေ​၏။
JOH 9:39 သ​ခင်​ယေ​ရှု​က ``မျက်​မ​မြင်​တို့​မျက်​စိ​မြင် ကြ​စေ​ရန်​နှင့် မျက်​စိ​မြင်​သူ​တို့​မျက်​စိ​အ​လင်း ကွယ်​ကြ​စေ​ရန်​စီ​ရင်​ချ​မှတ်​အံ့​သော​ငှာ ဤ လော​က​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
JOH 9:40 ကိုယ်​တော်​၏​အ​နီး​တွင်​ရှိ​နေ​ကြ​သော​ဖာ​ရိ​ရှဲ တို့​သည်​ထို​စ​ကား​တော်​ကို​ကြား​သ​ဖြင့် ``အ​ကျွန်ုပ် တို့​သည်​လည်း​မျက်​မ​မြင်​များ​ဖြစ်​သည်​ဟု​ဆို​လို ပါ​သ​လော'' ဟု​မေး​ကြ​၏။
JOH 9:41 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မျက်​မ​မြင်​များ ဖြစ်​ပါ​မူ​အ​ပြစ်​ရှိ​ကြ​မည်​မ​ဟုတ်။ ယ​ခု​မူ ကား​သင်​တို့​က `ငါ​တို့​သည်​မျက်​စိ​မြင်​ပါ​သည်' ဟု​ဆို​ကြ​သ​ဖြင့် သင်​တို့​တွင်​အ​ပြစ်​ရှိ​လျက် နေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
JOH 10:1 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား သိုး​ခြံ​ထဲ​သို့​တံ​ခါး​ပေါက် က​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သူ သည်​သူ​ခိုး​ဋ္ဌား​ပြ​ဖြစ်​၏။-
JOH 10:2 တံ​ခါး​ပေါက်​က​ဝင်​သူ​မူ​ကား​သိုး​ထိန်း​ဖြစ်​၏။-
JOH 10:3 သိုး​ထိန်း​အား​တံ​ခါး​စောင့်​သည်​တံ​ခါး​ဖွင့်​၍ ပေး​တတ်​၏။ သိုး​တို့​သည်​သူ​၏​အ​သံ​ကို​နား ထောင်​တတ်​ကြ​၏။ သူ​သည်​သိုး​တို့​ကို​နာ​မည် ဖြင့်​ခေါ်​၍​သိုး​ခြံ​မှ​ထုတ်​ဆောင်​တတ်​၏။-
JOH 10:4 သိုး​တို့​ကို​ထုတ်​ပြီး​လျှင်​သိုး​တို့​၏​အ​ရှေ့​က ဦး​ဆောင်​၍​သွား​တတ်​၏။ သိုး​တို့​သည်​သူ့​အ​သံ ကို​သိ​သ​ဖြင့်​နောက်​က​လိုက်​ကြ​၏။-
JOH 10:5 သိုး​တို့​သည်​သူ​စိမ်း​၏​နောက်​သို့​မူ​လိုက်​လိမ့်​မည် မ​ဟုတ်။ သူ​စိမ်း​၏​အ​သံ​ကို​မ​သိ​သ​ဖြင့်​သူ့ ထံ​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 10:6 သ​ခင်​ယေ​ရှု​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​ထို​သူ​တို့ အား​မိန့်​တော်​မူ​သော်​လည်း သူ​တို့​သည်​ပုံ​ဥ​ပ​မာ တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။
JOH 10:7 ထို့​ကြောင့်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​သည်​သိုး​တို့​ဝင် သော​တံ​ခါး​ပေါက်​ဖြစ်​၏။-
JOH 10:8 ငါ့​ရှေ့​တွင်​ရောက်​ရှိ​လာ​သူ​အား​လုံး​သည်​သူ​ခိုး ဋ္ဌား​ပြ​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​သိုး​တို့​သည် ထို​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။-
JOH 10:9 ငါ​သည်​တံ​ခါး​ပေါက်​ဖြစ်​၏။ ထို​တံ​ခါး​ပေါက် ဖြင့်​ဝင်​သူ​သည် ဘေး​နှင့်​ကင်း​လွတ်​၍​ဝင်​ထွက် သွား​လာ​လျက်​ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။-
JOH 10:10 သူ​ခိုး​သည်​ခိုး​ယူ​သတ်​ဖြတ်​ဖျက်​ဆီး​ရန်​သာ လာ​၏။ ငါ​မူ​ကား​သင်​တို့​အ​သက်​ရှင်​ကြ​စေ​ရုံ မျှ​သာ​မ​က ကြွယ်​ဝ​ပြည့်​စုံ​သော​အ​သက်​ကို ရှင်​နိုင်​ကြ​စေ​ရန်​လာ​သ​တည်း။
JOH 10:11 ``ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ သိုး​ထိန်း​ကောင်း သည်​သိုး​များ​အ​တွက် အ​သက်​ကို​စွန့်​တတ်​၏။-
JOH 10:12 သူ​ငှား​သည်​သိုး​ထိန်း​မ​ဟုတ်။ သိုး​ရှင်​လည်း​မ​ဟုတ် သ​ဖြင့် ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို စွန့်​၍​ထွက်​ပြေး​တတ်​၏။ သို့​ဖြစ်​၍​ဝံ​ပု​လွေ​သည် သိုး​တို့​ကို​ကိုက်​ဖမ်း​၍​က​စဥ့်​က​ရဲ​ဖြစ်​စေ တတ်​၏။-
JOH 10:13 သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။-
JOH 10:14 ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။-
JOH 10:16 ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။
JOH 10:17 ``ငါ​သည်​အ​သက်​ကို တစ်​ဖန်​ပြန်​လည်​ရ​ရှိ​စေ ရန် ကိုယ့်​အ​သက်​ကို​စွန့်​သော​ကြောင့်​ခ​မည်း​တော် သည်​ငါ့​ကို​ချစ်​တော်​မူ​၏။-
JOH 10:18 အ​ဘယ်​သူ​မျှ​ငါ့​အသက်​ကို​စွန့်​စေ​သည်​မ​ဟုတ်။ ငါ့​အ​လို​အ​လျောက်​စွန့်​ခြင်း​ဖြစ်​၏။ ငါ့​မှာ အ​သက်​ကို​စွန့်​ပိုင်​ခွင့်၊ ပြန်​ယူ​ပိုင်​ခွင့်​ရှိ​၏။ ဤ သို့​ပြု​ရန်​ခ​မည်း​တော်​က​ငါ့​အား​စေ​ခိုင်း တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 10:19 ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လူ​တို့​သည် စိတ် သ​ဘော​ကွဲ​လွဲ​သွား​ကြ​ပြန်​၏။-
JOH 10:20 လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ် သော​သူ​ရူး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​သူ့​စ​ကား ကို​သင်​တို့​နား​ထောင်​ကြ​သ​နည်း'' ဟု​ဆို​ကြ ၏။
JOH 10:21 သို့​ရာ​တွင်​အ​ခြား​သူ​တို့​က ``နတ်​မိစ္ဆာ​စွဲ​ကပ်​သူ သည် ဤ​သို့​သော​စ​ကား​ကို​မ​ပြော​မ​ဆို​နိုင်​ရာ။ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​သည်​အ​ဘယ်​သို့​လျှင် မျက်​မ မြင်​များ​ကို​မျက်​စိ​မြင်​စေ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
JOH 10:22 ထို​အ​ချိန်​၌​ယေ​ရု​ရှ​လင်​မြို့​တွင် ဗိ​မာန်​တော်​ကို ဆက်​ကပ်​သည့်​ပွဲ​တော်​ကျ​ရောက်​လျက်​ရှိ​၏။ ထို အ​ခါ​ကား​ဆောင်း​ရာ​သီ​ဖြစ်​၏။-
JOH 10:23 သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​ရှိ​ရှော​လ​မုန် မုခ်​တွင် စင်္ကြံ​သွား​လျက်​နေ​တော်​မူ​၏။-
JOH 10:24 ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် ``သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင်​အ​ကျွန်ုပ်​တို့ အား​စိတ်​ဒွိ​ဟ​ဖြစ်​စေ​ပါ​မည်​နည်း။ အ​ကယ်​၍ သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​လျှင် အ​ကျွန်ုပ်​တို့​အား အ​တည့်​အ​လင်း​ပြော​ပါ​လော့'' ဟု​ဆို​ကြ​၏။
JOH 10:25 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​ပြော​ပြီး​ဖြစ် ၏။ သို့​ရာ​တွင်​သင်​တို့​မ​ယုံ​ကြ။ ခ​မည်း​တော်​ခွင့် ပြု​တော်​မူ​ချက်​အ​ရ​ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​က ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက်​ရှိ​၏။-
JOH 10:26 သင်​တို့​သည်​ငါ​၏​သိုး​များ​မ​ဟုတ်​သ​ဖြင့် ငါ့​ကို​မ​ယုံ​ကြ။-
JOH 10:27 ငါ​၏​သိုး​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ၏။ ငါ​သည်​သူ​တို့​ကို​သိ​၍​သူ​တို့​သည်​လည်း ငါ့ နောက်​သို့​လိုက်​ကြ​၏။-
JOH 10:28 ငါ​သည်​သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​သည် ဖြစ်​၍ သူ​တို့​သည်​သေ​ခြင်း​နှင့်​အ​စဉ်​မ​ပြတ်​ကင်း လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ငါ့ လက်​မှ​လု​ယူ​၍​မ​ရ​နိုင်။-
JOH 10:29 သူ​တို့​ကို​ငါ့​အား​ပေး​သ​နား​တော်​မူ​သော ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​မည်​သူ​မျှ​သိုး တို့​ကို​ခ​မည်း​တော်​၏​လက်​မှ​မ​လု​မ​ယူ​နိုင်။-
JOH 10:30 ခ​မည်း​တော်​နှင့်​ငါ​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
JOH 10:31 ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပေါက်​ရန် ခဲ​များ​ကို​ကောက်​ပြန်​၏။-
JOH 10:32 သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
JOH 10:33 သူ​တို့​က ``ကောင်း​မြတ်​သော​အ​မှု​တစ်​စုံ​တစ်​ရာ ကို​သင်​ပြု​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်​မ​ဟုတ်။ သင်​သည်​လူ​စင်​စစ်​ဖြစ်​ပါ​လျက်​ဘု​ရား​ယောင် ဆောင်​ကာ ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်'' ဟု​ဆို ကြ​၏။
JOH 10:34 သ​ခင်​ယေ​ရှု​က ``ငါ​တို့​ပ​ညတ်​ကျမ်း​တွင် ဘု​ရား သ​ခင်​က `သင်​တို့​သည်​ဘု​ရား​များ​ဖြစ်​ကြ​၏' ဟု ဖော်​ပြ​ထား​လေ​သည်။-
JOH 10:35 ကျမ်း​စာ​တော်​ဖော်​ပြ​သည့်​အ​ရာ​များ​သည် အ​စဉ် မှန်​ကန်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် က​မိ​မိ​၏​တ​ရား​တော်​ကို​ကြား​နာ​ရ​သူ​တို့​အား `ဘု​ရား​များ' ဟု​ဖော်​ပြ​သည်။-
JOH 10:36 ခ​မည်း​တော်​သည်​ငါ့​ကို​ရွေး​ချယ်​၍ ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍ `ငါ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​သော​အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သည်​ဟု​အ​ဘယ်​သို့​လျှင်​သင်​တို့​ဆို နိုင်​ကြ​သ​နည်း။-
JOH 10:37 ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို​ငါ​မ​ဆောင် ရွက်​လျှင် ငါ့​အား​မ​ယုံ​ကြည်​ကြ​နှင့်။-
JOH 10:38 ဆောင်​ရွက်​လျှင်​မူ​ကား​ငါ့​ကို​မ​ယုံ​သော်​လည်း ငါ​၏​ဆောင်​ရွက်​ချက်​များ​ကို​ယုံ​ကြ​လော့။ သို့ မှ​သာ​လျှင်​ခ​မည်း​တော်​သည်​ငါ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​တော်​မူ​လျက် ငါ​သည်​လည်း ခ​မည်း​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သည် ကို သင်​တို့​သိ​မြင်​နား​လည်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
JOH 10:39 ထို​အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ကြိုး​စား​ကြ​ပြန်​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ရှောင်​တိမ်း​၍​ကြွ​သွား​တော်​မူ​၏။
JOH 10:40 ကိုယ်​တော်​သည်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​ရှိ ယ​ခင်​ယော​ဟန်​ဗတ္တိ​ဇံ​င်္မဂ​လာ​ပေး​ရာ​အ​ရပ် သို့​ပြန်​လည်​ကြွ​သွား​တော်​မူ​၍​ထို​အ​ရပ် တွင်​နေ​တော်​မူ​၏။-
JOH 10:41 လူ​အ​များ​အ​ပြား​ပင်​အ​ထံ​တော်​သို့​လာ ကြ​၏။ သူ​တို့​က ``ယော​ဟန်​သည်​အ​ဘယ်​အံ့ ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ​မ​ပြ​ခဲ့။ သို့​ရာ တွင်​ဤ​သူ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ယော​ဟန် ပြော​သ​မျှ​မှန်​ပေ​၏'' ဟု​ဆို​ကြ​၏။-
JOH 10:42 သို့​ဖြစ်​၍​ထို​အ​ရပ်​တွင်​လူ​အ​မြောက်​အမြား ပင် ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။
JOH 11:1 ဗေ​သ​နိ​ရွာ​သား​လာ​ဇ​ရု​ဆို​သူ​သည်​ဖျား​နာ လျက်​ရှိ​၏။ ဗေ​သ​နိ​ရွာ​တွင်​ညီ​အစ်​မ​ဖြစ်​ကြ သော​မာ​ရိ​နှင့်​မာ​သ​တို့​နေ​ထိုင်​ကြ​၏။-
JOH 11:2 (ဤ​မာ​ရိ​ကား​သခင်​ယေ​ရှု​၏​ခြေ​တော်​ထက် မှာ​ဆီ​မွှေး​သွန်း​လောင်း​၍ မိ​မိ​ဆံ​ပင်​ဖြင့်​သုတ် ပေး​သူ​ဖြစ်​၏။ ဖျား​နာ​နေ​သူ​လာ​ဇ​ရု​သည် ဤ​မာ​ရိ​၏​မောင်​တည်း။)-
JOH 11:3 ညီ​အစ်​မ​နှစ်​ယောက်​တို့​က ``အ​ရှင်၊ အ​ရှင် ချစ်​တော်​မူ​သော​သူ​သည်​ဖျား​နာ​လျက်​နေ ပါ​၏'' ဟု​သ​ခင်​ယေ​ရှု​ထံ​သို့​သ​တင်း​ပေး ပို့​လိုက်​ကြ​၏။
JOH 11:4 ကိုယ်​တော်​က ``ဤ​ရော​ဂါ​သည်​သေ​စေ​မည့် ရော​ဂါ​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့်​ရော​ဂါ​ဖြစ်​၏။ ထို​ရော​ဂါ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​သည်​လည်း​ဘုန်း​အ​သ​ရေ​ထွန်း​တောက် အံ့'' ဟု​မိန့်​တော်​မူ​၏။
JOH 11:5 သ​ခင်​ယေ​ရှု​သည်​မာ​သ​နှင့်​ညီ​မ​မာ​ရိ​ကို လည်း​ကောင်း၊ လာ​ဇ​ရု​ကို​လည်း​ကောင်း​ချစ် တော်​မူ​၏။-
JOH 11:6 လာ​ဇ​ရု​ဖျား​နာ​နေ​ကြောင်း​ကို​ကြား​တော်​မူ လျှင် ကိုယ်​တော်​သည်​မိ​မိ​ရောက်​ရှိ​ရာ​အ​ရပ် တွင်​နှစ်​ရက်​တိုင်​တိုင်​ဆက်​၍​နေ​တော်​မူ​၏။-
JOH 11:7 ထို​နောက်​ကိုယ်​တော်​က ``ယု​ဒ​ပြည်​သို့​ငါ​တို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။
JOH 11:8 တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ လူ​တို့​သည် ကိုယ်​တော်​အား​မ​ကြာ​မီ​က​ပင်​ခဲ​နှင့်​ပေါက် ရန်​ကြိုး​စား​ကြ​ပါ​၏။ ထို​အ​ရပ်​သို့​တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော'' ဟု​မေး​လျှောက်​ကြ​၏။
JOH 11:9 ကိုယ်​တော်​က ``တစ်​နေ့​တွင်​တစ်​ဆယ့်​နှစ်​နာ​ရီ​ရှိ သည်​မ​ဟုတ်​လော။ နေ့​အ​ချိန်​၌​သွား​လာ​သူ သည်​နေ​၏​အ​လင်း​ရောင်​ကို​မြင်​ရ​သ​ဖြင့် ခ​လုတ်​မ​ထိ​ဘဲ​ကောင်း​စွာ​သွား​လာ​နိုင်​၏။-
JOH 11:10 ည​အ​ချိန်​၌​သွား​လာ​သူ​မူ​ကား​အ​လင်း ရောင်​ကို​မ​ရ​သ​ဖြင့် ခ​လုတ်​ထိ​၍​လဲ​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။-
JOH 11:11 ကိုယ်​တော်​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက် ``ငါ တို့​၏​အ​ဆွေ​လာ​ဇ​ရု​သည်​အိပ်​ပျော်​လျက်​နေ ၏။ သူ့​ကို​နှိုး​ရန်​ငါ​သွား​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 11:12 တ​ပည့်​တော်​တို့​က ``အ​ရှင်၊ သူ​သည်​အိပ်​ပျော် လျက်​နေ​ပါ​မူ​ကျန်း​မာ​လာ​ပါ​လိမ့်​မည်'' ဟု လျှောက်​ကြ​၏။
JOH 11:13 သ​ခင်​ယေ​ရှု​က​လာ​ဇ​ရု​သေ​ကြောင်း​ကို ရည်​မှတ်​၍​ထို​သို့​မိန့်​တော်​မူ​သော်​လည်း သာ မန်​အိပ်​ပျော်​ကြောင်း​ကို​ဆို​လို​တော်​မူ​သည် ဟု​တ​ပည့်​တော်​တို့​ထင်​မှတ်​ကြ​၏။-
JOH 11:14 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``လာ​ဇ​ရု​သည် သေ​ပြီ။-
JOH 11:15 ထို​အ​ရပ်​၌​ငါ​မ​ရှိ​ခဲ့​သည်​မှာ​သင်​တို့​ယုံ ကြည်​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​၍ သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ သူ့​ထံ​သို့​သွား​ကြ​ကုန်​အံ့'' ဟု ပွင့်​လင်း​စွာ​မိန့်​တော်​မူ​၏။
JOH 11:16 (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သည့်) သော​မ​က ``ငါ တို့​သည်​လည်း​သ​ခင်​နှင့်​အ​တူ​အ​သေ​ခံ​ရန် လိုက်​သွား​ကြ​ကုန်​အံ့'' ဟု​မိ​မိ​၏​အ​ဖော် တ​ပည့်​တော်​တို့​အား​ပြော​ဆို​၏။
JOH 11:17 သ​ခင်​ယေ​ရှု​ရောက်​တော်​မူ​သော​အ​ခါ​လာ​ဇ​ရု အား​သ​င်္ဂြိုဟ်​ခဲ့​သည်​မှာ​လေး​ရက်​မျှ​ရှိ​ပြီ​ဖြစ် ကြောင်း​တွေ့​ရှိ​တော်​မူ​၏။-
JOH 11:18 ဗေ​သ​နိ​ရွာ​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​နှစ် မိုင်​ပင်​မ​ဝေး​ချေ။
JOH 11:19 ယု​ဒ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပင် မာ​ရိ​နှင့်​မာ​သ​တို့​၏​မောင်​သေ​ဆုံး​သော ကြောင့်​သူ​တို့​ကို​နှစ်​သိမ့်​ရန်​လာ​ရောက်​ကြ ၏။
JOH 11:20 မာ​သ​သည်​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ ကြောင်း​ကို​ကြား​လျှင် ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​သွား​၏။ မာ​ရိ​မူ​ကား​အိမ်​တွင်​ထိုင် လျက်​နေ​ရစ်​၏။-
JOH 11:21 မာ​သ​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​သာ​ဤ အ​ရပ်​တွင်​ရှိ​ခဲ့​ပါ​မူ​ကျွန်​မ​၏​မောင်​သေ မည်​မ​ဟုတ်​ပါ။-
JOH 11:22 ယ​ခု​ပင်​လျှင်​အ​ရှင်​တောင်း​ခံ​သ​မျှ​သော အ​ရာ​တို့​ကို​ဘု​ရား​သ​ခင်​ချ​ပေး​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု​သ​ခင် ယေ​ရှု​အား​လျှောက်​၏။
JOH 11:23 သ​ခင်​ယေ​ရှု​က ``သင်​၏​မောင်​သည်​အ​သက် ပြန်​၍​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 11:24 မာ​သ​က ``နောက်​ဆုံး​သော​နေ့​၌​သူ​သေ​တို့ ထ​မြောက်​ကြ​သော​အ​ခါ သူ​သည်​အ​သက် ပြန်​၍​ရှင်​မည်​ကို​ကျွန်​မ​သိ​ပါ​၏'' ဟု လျှောက်​၏။-
JOH 11:25 သ​ခင်​ယေရှု​က ``ငါ​သည်​အ​သက်​ရှင်​ခြင်း၊ ရှင် ပြန်​ထ​မြောက်​ခြင်း​အ​ရှင်​ဖြစ်​၏။ ငါ့​ကို​ယုံ ကြည်​သော​သူ​သည်​သေ​သော်​လည်း​ရှင်​လိမ့် မည်။-
JOH 11:26 ငါ့​ကို​ယုံ​ကြည်​၍​ယ​ခု​အ​သက်​ရှင်​လျက်​ရှိ သော​သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​သေ​ရ လိမ့်​မည်​မ​ဟုတ်။ ငါ့​စ​ကား​ကို​သင်​ယုံ​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။
JOH 11:27 မာ​သ​က ``ယုံ​ပါ​၏​သ​ခင်။ အ​ရှင်​သည်​ဤ လော​က​သို့​ကြွ​လာ​မည့်​ဘု​ရား​သ​ခင်​၏ သား​တော်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​၏'' ဟု​လျှောက်​၏။
JOH 11:28 ဤ​သို့​လျှောက်​ထား​ပြီး​လျှင်​မာ​သ​သည်​အိမ် သို့​ပြန်​၍​ညီ​မ​မာ​ရိ​ကို​တိတ်​တ​ဆိတ်​ခေါ် ပြီး​နောက် ``ဆ​ရာ​တော်​ကြွ​လာ​တော်​မူ​ပြီ။ သင့်​အား​မေး​လျက်​နေ​သည်'' ဟု​ပြော​ကြား​၏။-
JOH 11:29 ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​အ​လျင် အ​မြန်​ထ​၍​အ​ထံ​တော်​သို့​သွား​လေ​၏။-
JOH 11:30 သ​ခင်​ယေ​ရှု​သည်​ကား​ရွာ​ထဲ​သို့​မ​ဝင်​ရ​သေး။ မာ​သ​သွား​ရောက်​ကြို​ဆို​ရာ​အ​ရပ်​မှာ​ပင်​ရှိ တော်​မူ​၏။-
JOH 11:31 မာ​ရိ​အား​နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​အိမ် တွင်​ရှိ​နေ​ကြ​သော​လူ​တို့​သည်​မာ​ရိ​အ​လျင် အ​မြန်​ထ​၍​ထွက်​သွား​သည်​ကို​မြင်​လျှင် ငို ကြွေး​ရန်​သင်္ချိုင်း​သို့​သွား​သည်​ဟု​ထင်​မှတ် ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မာ​ရိ​၏​နောက် သို့​လိုက်​သွား​ကြ​၏။
JOH 11:32 မာ​ရိ​သည်​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ်​သို့​ရောက် သော​အ​ခါ ကိုယ်​တော်​ကို​မြင်​သ​ဖြင့်​ခြေ​တော် ရင်း​မှာ​ပျပ်​ဝပ်​လျက် ``အ​ရှင်​ဘု​ရား၊ အ​ရှင် သာ​ဤ​အ​ရပ်​မှာ​ရှိ​တော်​မူ​ခဲ့​ပါ​လျှင်​ကျွန်​မ မောင်​သည်​သေ​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက် ထား​၏။
JOH 11:33 သ​ခင်​ယေ​ရှု​သည်​မာ​ရိ​ငို​ယို​နေ​သည်​ကို လည်း​ကောင်း၊ သူ​နှင့်​အ​တူ​ပါ​လာ​ကြ​သော လူ​တို့​သည်​လည်း​ငို​ယို​နေ​ကြ​သည်​ကို​လည်း ကောင်း​မြင်​တော်​မူ​သ​ဖြင့် စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​တော်​မူ​၏။-
JOH 11:34 ကိုယ်​တော်​က ``သူ့​အလောင်း​ကို​အ​ဘယ်​မှာ သင်္ဂြိုဟ်​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သ​ခင်​ကြွ​၍​ကြည့်​တော်​မူ ပါ'' ဟု​လျှောက်​ထား​ကြ​၏။-
JOH 11:35 သ​ခင်​ယေ​ရှု​သည်​မျက်​ရည်​ကျ​တော်​မူ​၏။
JOH 11:36 ထို​အ​ခါ​လူ​တို့​က ``ကြည့်​ပါ၊ သူ​သည် လာ​ဇ​ရု​ကို​အ​လွန်​ချစ်​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-
JOH 11:37 အ​ချို့​သော​သူ​တို့​က​မူ ``မျက်​မ​မြင်​ကို မျက်​စိ​မြင်​စေ​သော​သူ​သည်​လာ​ဇ​ရု​ကို မ​သေ​ရ​အောင်​မ​တတ်​နိုင်​ပါ​သ​လော'' ဟု ဆို​ကြ​၏။
JOH 11:38 သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။-
JOH 11:39 သ​ခင်​ယေ​ရှု​က ``ကျောက်​တုံး​ကို​ရွှေ့​လိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သေ​လွန်​သူ​၏​အစ်​မ၊ မာ​သ​က ``အ​ရှင် ဘု​ရား၊ ယ​ခု​အ​ခါ​ဆို​လျှင်​အ​နံ့​ထွက် နေ​ပါ​လိမ့်​မည်။ သူ​သေ​သည်​မှာ​လေး​ရက် ရှိ​ပါ​ပြီ'' ဟု​လျှောက်​၏။
JOH 11:40 သ​ခင်​ယေ​ရှု​က ``သင်​ယုံ​ကြည်​လျှင်​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​လိမ့် မည်​ဟူ​၍​ငါ​ပြော​သည်​မ​ဟုတ်​လော'' ဟု မိန့်​တော်​မူ​၏။-
JOH 11:41 သို့​ဖြစ်​၍​လူ​တို့​သည်​ကျောက်​တုံး​ကို​ရွှေ့​လိုက် ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​အ​ထက် သို့​မျှော်​ကြည့်​လျက် ``ခ​မည်း​တော်၊ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​၏​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကြီး​ပါ​၏။-
JOH 11:42 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​ကျွန်ုပ် ၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အား ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ဤ လူ​အ​ပေါင်း​တို့​ယုံ​ကြည်​ကြ​စေ​ရန် သူ​တို့​၏ အ​ကျိုး​ကို​ထောက်​၍​အ​ကျွန်ုပ်​ဤ​သို့​လျှောက် ပါ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။-
JOH 11:43 ထို​နောက် ``လာ​ဇ​ရု၊ ထွက်​ခဲ့​လော့'' ဟု​ကျယ်​စွာ အ​မိန့်​ပေး​တော်​မူ​၏။-
JOH 11:44 ထို​အ​ခါ​သေ​လွန်​သော​သူ​သည်​ခြေ​လက်​၌ အ​ဝတ်​ဖြင့်​ပတ်​လျက်၊ မျက်​နှာ​၌​ပ​ဝါ​ဖြင့် စည်း​လျက်​ထွက်​လာ​လေ​သည်။ သ​ခင်​ယေ​ရှု က ``သူ့​အား​ပတ်​ထား​သည့်​အ​ဝတ်​များ​ကို ဖြေ​ပေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
JOH 11:45 ထို​အ​ခါ​မာ​ရိ​ထံ​သို့​လာ​ကြ​သည့်​လူ အ​မြောက်​အ​မြား​ပင်​သ​ခင်​ယေ​ရှု​ပြု​တော် မူ​သော​အ​မှု​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​ကိုယ် တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။-
JOH 11:46 သို့​ရာ​တွင်​အ​ချို့​တို့​သည်​ဖာ​ရိ​ရှဲ​များ​၏ ထံ​သို့​သွား​၍ သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော အ​မှု​ကို​ပြော​ကြား​ကြ​၏။-
JOH 11:47 သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဖာ​ရိ​ရှဲ​များ​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​ဆိုင် ရာ​အ​စည်း​အ​ဝေး​ကို​ခေါ်​ဖိတ်​၍ ``ဤ​သူ​သည် များ​စွာ​သော​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​ပြ​လျက်​နေ​၏။ ငါ​တို့​အ​ဘယ်​ကြောင့်​မည် သို့​မျှ​မ​ပြု​ဘဲ​နေ​ကြ​သ​နည်း။-
JOH 11:48 သူ့​ကို​ဤ​သို့​ခွင့်​ပြု​ထား​ပါ​မူ​လူ​တိုင်း​ပင် သူ့​အား​ယုံ​ကြည်​လာ​ကြ​ပါ​လိမ့်​မည်။ ထို အ​ခါ​ရော​မ​အာ​ဏာ​ပိုင်​တို့​သည်​လာ​၍​ငါ တို့​၏​ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ငါ​တို့ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။
JOH 11:49 ထို​သူ​တို့​တွင်​ထို​နှစ်​အ​တွက် ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​ဆို​သူ​က ``သင်​တို့ သည်​ပ​ညာ​မဲ့​ကြ​ပါ​သည်​တ​ကား။-
JOH 11:50 ယု​ဒ​အ​မျိုး​သား​တစ်​ရပ်​လုံး​သေ​ကျေ​ပျက် စီး​သည်​ထက် တစ်​မျိုး​သား​လုံး​အ​တွက်​လူ တစ်​ယောက်​သေ​ရ​သည်​က သင်​တို့​အ​ဖို့​ပို​၍ ကောင်း​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​၏။-
JOH 11:51 ယင်း​သို့​ဆို​ရာ​၌​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဉာဏ် ဖြင့်​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​အ​တွက်​ယဇ်​ပု ရော​ဟိတ်​မင်း​ဖြစ်​လျက် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​အ​တွက်​လည်း​ကောင်း၊ ထို​မျှ​မ​က အ​ရပ်​ရပ်​တွင် ကွဲ​လွင့်​နေ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​များ​ကို​တစ်​စု​တစ်​ရုံး​တည်း ဖြစ်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​အ​သေ​ခံ တော်​မူ​မည့်​အ​ကြောင်း​ကြို​တင်​ဟော​ကြား ခြင်း​ဖြစ်​သ​တည်း။
JOH 11:53 ထို​နေ့​မှ​စ​၍​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည် သ​ခင်​ယေ​ရှု​ကို​သတ်​ရန်​တိုင်​ပင်​ကြံ​စည် ကြ​၏။-
JOH 11:54 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင် အ​ထင်​အ​ရှား​မ​သွား​မ​လာ​တော့​ချေ။ ထို အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍​တော​က​န္တာ​ရ အ​နီး၊ ဧ​ဖ​ရိမ်​နာ​မည်​ရှိ​သော​မြို့​သို့​ကြွ တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ​၏။
JOH 11:55 ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​တော်​အ​ခါ နီး​ကပ်​လာ​ပြီ​ဖြစ်​၍ ကျေး​လက်​တော​ရွာ​များ မှ​လူ​အ​များ​ပင်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရန် ပွဲ​တော်​မ​စ​မီ​ယေ​ရု​ရှ​လင်​မြို့​သို့​တက်​လာ ကြ​၏။-
JOH 11:56 ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ရှာ​လျက်​နေ ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ရုံး​မိ ကြ​သော​အ​ခါ ``သူ​သည်​ဤ​ပွဲ​တော်​သို့​လာ ပါ​မည်​လော။ မ​လာ​မည်​မှာ​သေ​ချာ​၏။ သင် တို့​အ​ဘယ်​သို့​ထင်​ကြ​သ​နည်း'' ဟု​အ​ချင်း ချင်း​မေး​မြန်း​ပြော​ဆို​ကြ​၏။-
JOH 11:57 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ က​မည်​သူ​မ​ဆို​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ် ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​နိုင်​ရန်​အ​ကြောင်း ကြား​ရ​မည်​ဟု​အ​မိန့်​ထုတ်​ပြန်​ထား​ပြီး ဖြစ်​သ​တည်း။
JOH 12:1 ပ​သ​ခါ​ပွဲ​တော်​ကျ​ရောက်​ရန်​ခြောက်​ရက်​မျှ အ​လို​၌ သေ​လွန်​ပြီး​မှ​ပြန်​၍​အ​သက်​ရှင် စေ​တော်​မူ​ခဲ့​သူ လာ​ဇ​ရု​နေ​ထိုင်​ရာ​ဗေ​သ​နိ ရွာ​သို့​သ​ခင်​ယေ​ရှု​ကြွ​တော်​မူ​၏။-
JOH 12:2 ကိုယ်​တော်​အား​ည​စာ​ဖြင့်​ဧည့်​ခံ​ရာ​၌​မာ​သ​က ဧည့်​ဝတ်​ကို​ပြု​၏။ ကိုယ်​တော်​နှင့်​အ​တူ​စား​ပွဲ​တွင် ထိုင်​ကြ​သူ​များ​အ​ထဲ​တွင်​လာ​ဇ​ရု​လည်း​ပါ​၏။-
JOH 12:3 ထို​အ​ခါ​မာ​ရိ​သည်​အ​လွန်​အ​ဖိုး​ထိုက်​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​သုံး​ဆယ်​သား​ကို​ယူ​၍ သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီး​နောက် မိ​မိ​၏​ဆံ​ပင်​နှင့်​သုတ်​လေ​၏။ ဤ​ဆီ​မွှေး​၏ ရ​နံ့​သည်​တစ်​အိမ်​လုံး​မွှေး​ကြိုင်​လျက်​ရှိ​၏။-
JOH 12:4 တ​ပည့်​တော်​တစ်​ဦး​ဖြစ်​သူ​ယု​ဒ​ရှ​ကာ​ရုတ် က ``ဤ​ဆီ​မွှေး​ကို​အ​ဘယ်​ကြောင့်​ဒေ​နာ​ရိ သုံး​ရာ​ဖြင့်​ရောင်း​၍ ဆင်း​ရဲ​သူ​တို့​အား​မ​စွန့် မ​ကြဲ​ပါ​သ​နည်း'' ဟု​ဆို​၏။ သူ​သည်​နောင် အ​ခါ​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​နှံ မည့်​သူ​ဖြစ်​သ​တည်း။-
JOH 12:6 ဤ​သို့​ပြော​ဆို​ရာ​၌​သူ​သည်​ဆင်း​ရဲ​သူ​တို့ အား​ကြင်​နာ​ထောက်​ထား​၍​မ​ဟုတ်၊ ခိုး​ဝှက် တတ်​သူ​ဖြစ်​၍​သာ​လျှင်​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​သည်​ငွေ​အိတ်​ကို​လွယ်​ရ​သူ​ဖြစ်​၍​ငွေ​များ ကို​ခိုး​ယူ​သုံး​စွဲ​လေ့​ရှိ​သ​တည်း။
JOH 12:7 သ​ခင်​ယေ​ရှု​က ``ထို​အ​မျိုး​သ​မီး​ကို မ​နှောင့်​ယှက်​နှင့်။ သူ​သည်​ငါ့​အလောင်း​ကို သင်္ဂြိုဟ်​မည့်​အ​ချိန်​အ​တွက်​ဤ​ဆီ​မွှေး​ကို သိမ်း​ထား​ပါ​လေ​စေ။-
JOH 12:8 ဆင်း​ရဲ​သူ​တို့​သည်​သင်​တို့​နှင့်​အ​မြဲ​ပင် ရှိ​ကြ​၏။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
JOH 12:9 ဗေ​သ​နိ​ရွာ​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​ကြောင်း ကြား​ရ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​သည် ထို​ရွာ​သို့​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သ​ခင် ယေ​ရှု​ကြောင့်​သာ​လျှင်​လာ​ကြ​သည်​မ​ဟုတ်။ ကိုယ်​တော်​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​ခဲ့ သူ လာ​ဇ​ရု​ကို​တွေ့​မြင်​လို​ကြ​သော​ကြောင့် လည်း​ဖြစ်​၏။-
JOH 12:10 လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​၍​ယု​ဒ​အ​မျိုး သား​အ​များ​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​ကို မ​ဆည်း​ကပ်​ကြ​တော့​ဘဲ သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ဆည်း​ကပ်​လာ​ကြ​၏။ သို့​ဖြစ်​၍​ယဇ်​ပု ရော​ဟိတ်​ကြီး​တို့​သည်​လာ​ဇ​ရု​ကို​လည်း သတ်​ရန်​ကြံ​စည်​ကြ​၏။
JOH 12:12 နောက်​တစ်​နေ့​၌​ပ​သ​ခါ​ပွဲ​တော်​သို့​လာ ကြ​ကုန်​သော​လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မည်​ဟု​ကြား​သ​ဖြင့်၊-
JOH 12:13 စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​ကာ​ထွက်​သွား ပြီး​လျှင် ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ကြွ လာ​သော​အရှင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဣ​သ​ရေ​လ​ဘု​ရင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ သ​တည်း'' ဟု​ကြွေး​ကြော်​လျက်​ကိုယ်​တော်​အား ကြို​ဆို​ကြ​၏။
JOH 12:14 ကျမ်း​စာ​တော်​တွင်၊ ``အို ဇိ​အုန်​မြို့၊မ​ကြောက်​နှင့်၊ကြည့်​လော့၊ သင်​၏​ရှင်​ဘု​ရင်​သည်​မြည်း​က​လေး​ကို​စီး​လျက် ကြွ​လာ​လေ​ပြီ'' ဟု​ပါ​ရှိ​သည်​နှင့်​အ​ညီ​သ​ခင်​ယေ​ရှု​သည် မြည်း​တစ်​ကောင်​ကို​တွေ့​၍​ထို​မြည်း​ကို​စီး တော်​မူ​၏။
JOH 12:16 တ​ပည့်​တော်​တို့​သည်​ထို​စဉ်​အ​ခါ​က​ဤ ကျမ်း​ချက်​ကို​နား​မ​လည်​ကြ။ သ​ခင်​ယေ​ရှု ဘုန်း​အ​သ​ရေ​ပွင့်​တော်​မူ​သော​အ​ခါ​ကျ​မှ ဤ​ကျမ်း​ချက်​ကား​ကိုယ်​တော်​၏​အ​ကြောင်း ဖော်​ပြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏ အ​တွက်​ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ပြန်​လည်​သ​တိ​ရ​ကြ​၏။
JOH 12:17 လာ​ဇ​ရု​အား​သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍​ရှင်​ပြန် စေ​တော်​မူ​စဉ်​အ​ခါ​က​နောက်​တော်​ပါ​ပ​ရိ​သတ် သည် အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​အ​ကြောင်း​ကို ပြန်​ကြား​ကြ​သ​ဖြင့် ကြား​ရ​သော​လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ကြို​ဆို​ရန်​လာ​ကြ​၏။
JOH 12:19 ဖာ​ရိ​ရှဲ​တို့​က ``ငါ​တို့​မှာ​လုံး​ဝ​အောင်​မြင်​မှု မ​ရှိ။ လော​က​တစ်​ခု​လုံး​ပင်​ထို​သူ့​နောက်​သို့ လိုက်​ပါ​သွား​ပါ​ပြီ​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။
JOH 12:20 ပွဲ​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ကြ​သော​လူ​တို့​အ​ထဲ​တွင် ဂ​ရိ​အ​မျိုး​သား​အ​ချို့​ပါ​၏။-
JOH 12:21 သူ​တို့​သည် (ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ် သူ) ဖိ​လိပ္ပု​ထံ​သို့​သွား​ကြ​၍ ``ဆ​ရာ၊ အ​ကျွန်ုပ် တို့​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လို​ပါ​သည်'' ဟု ပြော​ကြား​ကြ​၏။
JOH 12:22 ဖိ​လိပ္ပု​သည်​အန္ဒြေ​ထံ​သို့​သွား​၍​ထို​အ​ကြောင်း​ကို ပြော​ပြ​၏။ ထို​နောက်​ထို​သူ​နှစ်​ဦး​တို့​သည်​သ​ခင် ယေ​ရှု​ထံ​တော်​သို့​သွား​၍​ထို​အ​ကြောင်း​ကို​လျှောက် ထား​ကြ​၏။-
JOH 12:23 သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။-
JOH 12:24 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။-
JOH 12:25 မိ​မိ​အ​သက်​ကို​ချစ်​သော​သူ​သည်​အ​သက် ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​တွင်​မိ​မိ​အ​သက် ကို​မုန်း​သော​သူ​သည် မိ​မိ​အ​သက်​ကို​အ​စဉ် ထာ​ဝ​ရ​စောင့်​ရှောက်​ထိန်း​သိမ်း​လိမ့်​မည်။-
JOH 12:26 ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။
JOH 12:27 ``ငါ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ ငါ​အ​ဘယ် သို့​မြွက်​ဆို​ရ​အံ့​နည်း။ `အို ခ​မည်း​တော်၊ အ​ကျွန်ုပ် အား​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ရောက်​ချိန်​နှင့်​ကင်း​လွတ် စေ​တော်​မူ​ပါ' ဟု​မြွက်​ဆို​ရ​မည်​လော။ သို့​ရာ တွင်​ငါ​သည်​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခံ​ဖို့​ရန်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-
JOH 12:28 အို ခ​မည်း​တော်၊ ကိုယ်​တော်​ရှင်​၏​နာ​မ​တော် အား​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ ပါ'' ဟု​မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ​ကောင်း​ကင်​မှ ``ငါ​သည်​နာ​မ​တော် ကို​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​ပြီ။ နောက် တစ်​ဖန်​လည်း​ထွန်း​တောက်​စေ​ဦး​မည်'' ဟု​အ​သံ တော်​ပေါ်​ထွက်​လာ​၏။
JOH 12:29 ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ​သော​လူ​ပ​ရိ​သတ် သည်​ထို​အ​သံ​ကို​ကြား​၍​အ​ချို့​က ``မိုး​ချုန်း သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​စ​ကား​ပြော​သည်'' ဟု​ဆို​ကြ​၏။
JOH 12:30 သ​ခင်​ယေ​ရှု​က ``ဤ​အ​သံ​တော်​ပေါ်​ထွက်​လာ ခြင်း​သည်​ငါ​၏​အ​တွက်​မ​ဟုတ်။ သင်​တို့​၏​အ​တွက် ဖြစ်​၏။-
JOH 12:31 ဤ​လော​က​သည်​ယ​ခု​ပင်​လျှင်​တ​ရား​စီ​ရင် ခြင်း​ခံ​ရ​လေ​ပြီ။ လော​က​ကို​အ​စိုး​ရ​သူ သည်​လည်း​ယ​ခု​ပင်​နှိမ်​နင်း​ခြင်း​ခံ​ရ​ပေ တော့​မည်။-
JOH 12:32 ငါ​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ခံ​ရ​သော​အ​ခါ လူ​ခပ်​သိမ်း​တို့​ကို​ငါ​ထံ​သို့​ဆွဲ​ဆောင်​မည်'' ဟု မိန့်​တော်​မူ​၏။-
JOH 12:33 (ဤ​သို့​မိန့်​တော်​မူ​ရာ​တွင်​မိ​မိ​သည်​အ​ဘယ် သို့​အ​သေ​ခံ​ရ​မည်​ကို​အ​ရိပ်​အ​မြွက်​အား ဖြင့်​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။)
JOH 12:34 လူ​တို့​က ``မေ​ရှိ​ယ​သည်​ထာ​ဝ​စဉ်​အ​သက်​ရှင် တော်​မူ​၏​ဟု​ပ​ညတ်​ကျမ်း​က​ဆို​ပါ​သည်။ သို့ ဖြစ်​၍`လူ​သား​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်' ဟု​အ​ဘယ်​ကြောင့်​သင်​ဆို​ပါ​သ​နည်း။ လူ​သား​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​ကြ ၏။
JOH 12:35 သ​ခင်​ယေ​ရှု​က​လည်း ``အ​လင်း​သည်​သင်​တို့ တွင်​ခ​ဏ​သာ​ရှိ​ပေ​တော့​မည်။ သင်​တို့​အား အ​မှောင်​မ​ဖုံး​လွှမ်း​စေ​ရန် အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ အ​မှောင်​တွင်​သွား​လာ​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​လာ​သည် ကို​မ​သိ။-
JOH 12:36 သို့​ဖြစ်​၍​အ​လင်း​ရှိ​နေ​ခိုက်​ထို​အ​လင်း​ကို ယုံ​ကြည်​ကြ​လော့။ သို့​မှ​သာ​သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု သည်​ထွက်​ကြွ​၍ ထို​သူ​တို့​ကို​တိမ်း​ရှောင် လျက်​နေ​တော်​မူ​၏။-
JOH 12:37 သူ​တို့​၏​မျက်​မှောက်​တွင်​များ​စွာ​သော​နိ​မိတ် လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​ခဲ့​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ။-
JOH 12:38 ဤ​သို့​ဖြစ်​ရ​သည်​မှာ၊ ``အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​တို့​၏ ဟော​ပြော​ချက်​ကို​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ကို​အ​ဘယ် သူ​အား ထင်​ရှား​ပါ​သ​နည်း။ ဟု​ဟေ​ရှာ​ယ​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ် ပျက်​ခြင်း​ပင်​ဖြစ်​၏။-
JOH 12:39 ထို​မှ​တစ်​ပါး​လည်း​ဟေ​ရှာ​ယ​က၊ ``သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ သူ​တို့​၏ စိတ်​နှလုံး​သည်​သိ​နား​လည်​နိုင်​ပါ​မူ၊ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​ပျောက်​ကင်း စိမ့်​သော​ငှာ​စိတ်​ပြောင်း​လဲ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​မျက်​စိ​အ​လင်း​ကို​ငါ​ကွယ်​စေ လျက် သူ​တို့​စိတ်​နှ​လုံး​ကို​လည်း၊လေး​လံ​ထိုင်း​မှိုင်း စေ​တော်​မူ​၏​ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​၏'' ဟူ​၍​မြွက်​ဆို​ပြန်​သည့်​အ​တိုင်း​ထို​သူ​တို့ မှာ​ယုံ​ကြည်​နိုင်​စွမ်း​မ​ရှိ​ကြ။
JOH 12:41 ဟေ​ရှာ​ယ​သည်​သ​ခင်​ယေ​ရှု​၏​ဘုန်း​အ​သ​ရေ ကို​ဖူး​မြင်​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း​ကို ဤ​သို့​မြွက်​ဆို​ခြင်း​ဖြစ်​၏။
JOH 12:42 သို့​ဖြစ်​စေ​ကာ​မူ​ယု​ဒ​အာ​ဏာ​ပိုင်​အ​မြောက် အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။ သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​များ​ကြောင့်​တ​ရား​ဇ​ရပ် မှ​ထုတ်​ပယ်​ခံ​ရ​မည်​ကို​ကြောက်​၍​မိ​မိ​တို့ ယုံ​ကြည်​ကြောင်း​ကို​ပွင့်​လင်း​စွာ​ဝန်​မ​ခံ​ကြ။-
JOH 12:43 သူ​တို့​သည်​ကား​လူ​တို့​၏​အ​ချီး​အ​မွမ်း​ကို ပို​၍​နှစ်​သက်​ကြ​သူ​များ​ဖြစ်​သ​တည်း။
JOH 12:44 သ​ခင်​ယေ​ရှု​က​ဤ​သို့​ကြွေး​ကြော်​တော်​မူ​သည်။ ``ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ့​ကို​သာ​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လည်း ယုံ​ကြည်​၏။-
JOH 12:45 ငါ့​ကို​တွေ့​မြင်​သူ​သည်​ငါ့​ကို​သာ​တွေ့​မြင် သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​ကို​လည်း​တွေ့​မြင်​၏။-
JOH 12:46 ငါ့​ကို​ယုံ​ကြည်​သူ​မှန်​သ​မျှ​သည်​အ​မှောင် တွင်​မ​နေ​ရ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း အ​ဖြစ်​လော​က​သို့​ကြွ​လာ​ပြီ။-
JOH 12:47 ငါ​ဟော​ပြော​သော​စ​ကား​ကို​ကြား​၍​မ​ခံ​မ​ယူ သူ​ကို​ငါ​သည်​တ​ရား​မ​စီ​ရင်။ လော​က​သား​တို့ ကို​တ​ရား​စီ​ရင်​ရန်​ငါ​လာ​သည်​မ​ဟုတ်။ လော​က သား​တို့​ကို​ကယ်​တင်​ရန်​ငါ​လာ​သ​တည်း။-
JOH 12:48 ငါ့​ကို​ပစ်​ပယ်​၍​ငါ​ဟော​ပြော​သော​စ​ကား​ကို မ​ခံ​မ​ယူ​သော​သူ​ကို​တ​ရား​စီ​ရင်​မည့်​သူ ရှိ​၏။ ငါ​ဟော​ပြော​သော​စ​ကား​သည်​ပင်​လျှင် ထို​သူ​ကို​နောက်​ဆုံး​သော​နေ့​၌ တ​ရား​သူ ကြီး​အ​ဖြစ်​ဖြင့်​တ​ရား​စီ​ရင်​လိမ့်​မည်။-
JOH 12:49 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​ပိုင်​အ​ခွင့် အာ​ဏာ​အ​ရ​ဟော​ပြော​ခြင်း​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​အ​မိန့် တော်​အ​ရ​ဟော​ပြော​ခြင်း​ဖြစ်​၏။-
JOH 12:50 ခ​မည်း​တော်​၏​အ​မိန့်​တော်​သည်​ထာ​ဝ​ရ​အ​သက် ရ​စေ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​ခမည်း​တော်​ပြော စေ​လို​သည်​အ​တိုင်း​ငါ​ဟော​ပြော​သတည်း။''
JOH 13:1 အ​ခါ​ကား​ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​တစ်​ရက် ဖြစ်​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​လော​က​မှ​ထွက် ခွာ​၍ ခ​မည်း​တော်​ထံ​သို့​ကြွ​တော်​မူ​ရ​မည့် အ​ချိန်​ကျ​ရောက်​လာ​ကြောင်း​ကို​သိ​တော်​မူ ၏။ ကိုယ်​တော်​သည်​ဤ​လော​က​ရှိ​မိ​မိ​၏​တပည့် သား​ရင်း​များ​ကို​အ​စဉ်​ပင်​ချစ်​တော်​မူ​၏။ သူ​တို့​အား​ဆုံး​ခန်း​တိုင်​အောင်​ချစ်​တော် မူ​ပေ​သည်။
JOH 13:2 သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ စား​လျက်​နေ​ကြ​၏။ မာရ်​နတ်​သည်​ရှိ​မုန်​ရှ ကာ​ရုတ်​သား​ယု​ဒ​အား ကိုယ်​တော်​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​စေ​ရန်​အ​ကြံ​ပေး​ထား​ပြီး ဖြစ်​ပေ​သည်။-
JOH 13:3 သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ခ​မည်း​တော်​က အာ​ဏာ​ကုန်​လွှဲ​အပ်​ထား​သည်​ကို​လည်း​ကောင်း၊ မိ​မိ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ ၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြန်​တော့​မည်​ကို လည်း​ကောင်း​သိ​တော်​မူ​၏။-
JOH 13:4 သို့​ဖြစ်​၍​စား​ပွဲ​မှ​ထ​၍​ဝတ်​လုံ​တော်​ကို ချွတ်​တော်​မူ​ပြီး​လျှင်​ပ​ဝါ​ကို​ယူ​၍​ခါး ကို​စည်း​တော်​မူ​၏။-
JOH 13:5 ထို​နောက်​ဇ​လုံ​တွင်​ရေ​ထည့်​၍​တ​ပည့်​တော်​တို့ ၏​ခြေ​ကို​ဆေး​ပြီး​လျှင် ခါး​တွင်​စည်း​ထား​သော ပ​ဝါ​နှင့်​သုတ်​တော်​မူ​၏။-
JOH 13:6 ရှိ​မုန်​ပေ​တ​ရု​ထံ​သို့​ရောက်​တော်​မူ​လျှင် ပေ​တ​ရု​က ``သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် ၏​ခြေ​ကို​ဆေး​တော်​မူ​မည်​လော'' ဟု​မေး လျှောက်​၏။
JOH 13:7 သ​ခင်​ယေ​ရှု​က ``ငါ​ပြု​သော​အ​မှု​ကို​ယ​ခု သင်​မ​သိ။ နောင်​အ​ခါ​မှ​သိ​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။
JOH 13:8 ပေ​တ​ရု​က ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခြေ ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဆေး​ရ'' ဟု​ဆို​၏။ သ​ခင်​ယေ​ရှု​က ``သင့်​ခြေ​ကို​ငါ​မ​ဆေး​ရ လျှင် သင်​သည်​ငါ​၏​တ​ပည့်​မ​ဟုတ်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။
JOH 13:9 ပေ​တ​ရု​က ``သ​ခင်၊ အ​ကျွန်ုပ်​၏​ခြေ​ကို သာ​မ​က​လက်​နှင့်​ဦး​ခေါင်း​ကို​လည်း​ဆေး တော်​မူ​ပါ'' ဟု​လျှောက်​၏။
JOH 13:10 သ​ခင်​ယေ​ရှု​က ``ရေ​ချိုး​ပြီး​သူ​သည်​တစ်​ကိုယ် လုံး​စင်​ကြယ်​ပြီး​ဖြစ်​၍​ခြေ​ကို​သာ​ဆေး​ရန် လို​၏။ သင်​တို့​သည်​စင်​ကြယ်​ပြီး​ဖြစ်​၏။ သို့​ရာ တွင်​လူ​တိုင်း​စင်​ကြယ်​သည်​မ​ဟုတ်'' ဟု​မိန့် တော်​မူ​၏။-
JOH 13:11 (မိ​မိ​အား​ရန်​သူ့​လက်​သို့​အပ်​နှံ​မည့်​သူ​ကို​သိ တော်​မူ​သော​ကြောင့် ကိုယ်​တော်​က​လူ​တိုင်း​စင် ကြယ်​သည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​သ​တည်း။)
JOH 13:12 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး ပြီး​နောက် ဝတ်​လုံ​တော်​ကို​ပြန်​၍​ဝတ်​ပြီး​လျှင် ထိုင်​တော်​မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အ​တွက် ငါ​ပြု​ခဲ့​သော​အ​မှု​အ​ရာ​ကို​နား​လည်​ကြ သ​လော။-
JOH 13:13 သင်​တို့​သည်​ငါ့​ကို​ဆ​ရာ​တော်​ဟူ​၍​လည်း ကောင်း၊ အ​ရှင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း​ခေါ် တတ်​ကြ​၏။ ဤ​အ​တိုင်း​လည်း​ဟုတ်​မှန်​သ​ဖြင့် သင်​တို့​ခေါ်​သည်​မှာ​လျောက်​ပတ်​ပေ​၏။-
JOH 13:14 ငါ​သည်​သင်​တို့​၏​ဆ​ရာ​တော်​ဖြစ်​၏။ အ​ရှင် ဘု​ရား​လည်း​ဖြစ်​၏။ သို့​ဖြစ်​ပါ​လျက်​သင်​တို့ ၏​ခြေ​ကို​ငါ​ဆေး​ပေး​ခဲ့​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​လည်း​အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး ရ​မည်။-
JOH 13:15 သင်​တို့​အား​ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​အ​ချင်း ချင်း​သည်​လည်း​ပြု​ကြ​စိမ့်​သော​ငှာ​စံ​န​မူ​နာ ကို​ငါ​ပြ​ခဲ့​ပြီ။-
JOH 13:16 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။ စေ​လွှတ်​ခြင်း​ခံ​ရ​သူ​လည်း​စေ​လွှတ်​သော​သူ ထက်​ကြီး​မြတ်​သည်​မ​ဟုတ်။-
JOH 13:17 ဤ​သစ္စာ​စ​ကား​ကို​သင်​တို့​ယ​ခု သိ​ကြ​လေ ပြီ။ ယင်း​သို့​သိ​သည့်​အ​တိုင်း​ကျင့်​သုံး​ကြ​ပါ လျှင်​မင်္ဂ​လာ​ရှိ​ကြ​၏။
JOH 13:18 ``သင်​တို့​အား​လုံး​ကို​ရည်​မှတ်​၍​ငါ​ပြော​သည် မ​ဟုတ်။ ငါ​ရွေး​ကောက်​ထား​သူ​များ​ကို​ငါ​သိ ၏။ သို့​သော်​ကျမ်း​စာ​တော်​တွင်`ငါ​၏​ထ​မင်း​ကို စား​သူ​သည်​ငါ့​ကို​ခြေ​နှင့်​ကျောက်​လေ​ပြီ' ဟု ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်။-
JOH 13:19 ထို​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ `ငါ​သည်​ငါ ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်​သည်​ကို' သင်​တို့ ယုံ​ကြည်​လာ​ကြ​စေ​ရန်​ယ​ခု​က​ပင်​ကြို တင်​၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-
JOH 13:20 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​စေ​လွှတ်​သော​သူ​ကို​လက်​ခံ​သူ​သည်​ငါ့ ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 13:21 ဤ​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ​သ​ခင်​ယေ​ရှု သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​တော်​မူ​၍ ``အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့ အ​နက်​တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​လိမ့်​မည်'' ဟု​ပွင့်​လင်း​စွာ​မိန့် တော်​မူ​၏။
JOH 13:22 အ​ဘယ်​သူ​ကို​ရည်​ဆောင်​၍​မိန့်​တော်​မူ​သည် ကို​တ​ပည့်​တော်​တို့​တွေး​၍​မ​ရ​နိုင်​ကြ​သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ကြည့် ကြ​၏။-
JOH 13:23 ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ကိုယ်​တော်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​လျက်​နေ​၏။-
JOH 13:24 ရှိ​မုန်​ပေ​တ​ရု​က ``ကိုယ်​တော်​သည်​မည်​သူ့​ကို ဆို​လို​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ရန်​ထို​တ​ပည့်​အား​မျက်​ရိပ်​ပြ​၍​ခိုင်း​၏။
JOH 13:25 ထို​တ​ပည့်​တော်​သည် သ​ခင်​ယေ​ရှု​၏​အ​နီး သို့​ကပ်​ပြီး​လျှင် ``သ​ခင်၊ ထို​သူ​သည်​မည်​သူ ဖြစ်​ပါ​သ​နည်း'' ဟု​လျှောက်​၏။
JOH 13:26 သ​ခင်​ယေ​ရှု​က ``ဤ​မုန့်​တစ်​ဖဲ့​ကို​ဟင်း​ပန်း ကန်​တွင်​နှစ်​၍​ငါ​ပေး​သူ​သည်​ထို​သူ​ပင်​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မုန့်​တစ်​ဖဲ့​ကို ဟင်း​ပန်း​ကန်​တွင်​နှစ်​ပြီး​လျှင် ရှိ​မုန်​ရှ​ကာ​ရုတ် ၏​သား​ယု​ဒ​အား​ပေး​တော်​မူ​၏။-
JOH 13:27 ထို​မုန့်​ကို​ယု​ဒ​စား​လိုက်​သည်​နှင့်​တစ်​ပြိုင် နက်​စာ​တန်​သည်​သူ​၏​အ​ထဲ​သို့​ဝင်​လေ​၏။ သ​ခင်​ယေ​ရှု​က ``သင်​ပြု​ရ​မည့်​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-
JOH 13:28 ယု​ဒ​အား​အ​ဘယ်​ကြောင့်​ထို​သို့​မိန့်​တော်​မူ သည်​ကို စား​ပွဲ​တွင်​ထိုင်​နေ​သူ​တစ်​ယောက်​မျှ မ​သိ။-
JOH 13:29 ယုဒ​သည်​ငွေ​အိတ်​ကို​ကိုင်​ဆောင်​ရ​သူ​ဖြစ်​၍ ပွဲ​တော်​အ​တွက်​လို​အပ်​သည်​များ​ကို​ဝယ်​ယူ ရန်​ဖြစ်​စေ၊ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​ရန် ဖြစ်​စေ​သ​ခင်​ယေ​ရှု​မှာ​ကြား​တော်​မူ​သည် ဟု အ​ချို့​သော​တ​ပည့်​တော်​တို့​က​ထင်​မှတ် ကြ​၏။
JOH 13:30 ယု​ဒ​ရှ​ကာ​ရုတ်​သည်​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ ပြီး​လျှင်​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။ ထို​အ​ချိန်​ကား​ည​အ​ချိန်​ဖြစ်​သ​တည်း။
JOH 13:31 ယု​ဒ​ထွက်​သွား​ပြီး​နောက်​သ​ခင်​ယေ​ရှု​က ``ယ​ခု လူ​သား​သည်​ဘုန်း​အ​သ​ရေ​ထွန်း​တော်​မူ​လေ ပြီ၊ ဘု​ရား​သ​ခင်​သည်​လည်း​လူ​သား​အား​ဖြင့် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပြီ။-
JOH 13:32 ဘု​ရား​သ​ခင်​သည်​လူ​သား​အား​ဖြင့်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​လျှင် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့် လူ​သား​အား ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့် မည်။-
JOH 13:33 ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ခ​ဏ​မျှ သာ​နေ​ရ​ပေ​တော့​အံ့။ သင်​တို့​သည်​ငါ့​ကို​ရှာ ကြ​လိမ့်​မည်။ `ငါ​သွား​ရာ​သို့​သင်​တို့​မ​လိုက် နိုင်​ကြ' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ခဲ့ သည်​အ​တိုင်း​သင်​တို့​အား​လည်း​ယ​ခု​ငါ ပြော​၏။-
JOH 13:34 အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​သစ် ကို​သင်​တို့​အား​ငါ​ပေး​၏။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ​သင်​တို့​သည်​လည်း​အ​ချင်း ချင်း​ချစ်​ကြ​ရ​မည်။-
JOH 13:35 သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင်​လူ​အ​ပေါင်း တို့​သည် ထို​မေတ္တာ​ကို​ထောက်​၍​သင်​တို့​သည်​ငါ ၏​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 13:36 ရှိ​မုန်​ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သွား​ရာ​ကို​သင်​ယ​ခု မ​လိုက်​နိုင်။ နောင်​အ​ခါ​မှ​လိုက်​ရ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။
JOH 13:37 ပေ​တ​ရု​က ``သ​ခင်၊ အ​ဘယ်​ကြောင့်​ယ​ခု အ​ကျွန်ုပ်​မ​လိုက်​နိုင်​ပါ​သ​နည်း။ ကိုယ်​တော် ၏​အ​တွက်​အ​ကျွန်ုပ်​သည်​အ​သက်​ကို​ပင်​စွန့် ပါ​မည်'' ဟု​လျှောက်​၏။
JOH 13:38 သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​အ​တွက်​အ​သက် စွန့်​မည်​လော။ အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည် ကား ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
JOH 14:1 သ​ခင်​ယေ​ရှု​က ``သင်​တို့​စိတ်​မ​ပူ​ပန်​ကြ နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့ ကို​လည်း​ယုံ​ကြည်​လော့။-
JOH 14:2 ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​တွင်​အ​ခန်း​များ​စွာ ရှိ​၏။ သို့​မ​ရှိ​ပါ​မူ​ငါ​သည်​သင်​တို့​အ​တွက် နေ​ရာ​ကို​သွား​၍​ပြင်​ဆင်​မည်​ဟု​ပြော​ဆို ပါ​မည်​လော။-
JOH 14:3 ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။-
JOH 14:4 ငါ​သွား​ရာ​အ​ရပ်​သို့​ရောက်​စေ​မည့်​ခ​ရီး လမ်း​ကို​သင်​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 14:5 သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။
JOH 14:6 သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-
JOH 14:7 ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
JOH 14:8 ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။
JOH 14:9 သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-
JOH 14:10 ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။-
JOH 14:11 ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​နေ​တော်​မူ​သည် ဟု​ငါ​ပြော​သည်​ကို​ယုံ​ကြ​လော့။ မ​ယုံ​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍​ယုံ​ကြ လော့။-
JOH 14:12 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ​ပြု​သော​အ​မှု တို့​ကို​ပြု​လိမ့်​မည်။ ထို​ထက်​ကြီး​မြတ်​သည့် အ​မှု​များ​ကို​ပင်​ပြု​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​သည်​ခ​မည်း​တော်​ထံ​တော်​သို့ သွား​မည်​ဖြစ်​သော​ကြောင့်​တည်း။-
JOH 14:13 သား​တော်​အား​ဖြင့်​ခ​မည်း​တော်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​အံ့​သော​ငှာ​ငါ့​နာ​မ​ကို​အ​မှီ ပြု​၍ သင်​တို့​တောင်း​လျှောက်​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။-
JOH 14:14 ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​မည်​သည့် ဆု​ကို​မ​ဆို​ငါ့​ကို​တောင်း​လျှင် တောင်း​သည့် အ​တိုင်း​ငါ​ပြု​မည်။
JOH 14:15 ``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။-
JOH 14:16 ငါ​သည်​ခ​မည်း​တော်​အား​တောင်း​လျှောက် သ​ဖြင့်​သင်​တို့​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ရှိ​၍ သင်​တို့​အား​မ​စ​တော်​မူ​သော​အ​ခြား အ​ရှင်​တစ်​ပါး​ကို​ပေး​တော်​မူ​လိမ့်​မည်။-
JOH 14:17 ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ဆိုင် ရာ​သမ္မာ​တ​ရား​ကို​ဖော်​ပြ​သော​ဝိ​ညာဉ်​တော် ဖြစ်​၏။ လော​က​သား​တို့​သည်​ထို​ဝိ​ညာဉ်​တော် ကို​မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သ​ဖြင့် မ​ခံ​မ​ယူ​နိုင်။ ထို​ဝိ​ညာဉ်​တော်​သည်​သင်​တို့ နှင့်​အ​တူ​တည်​နေ​တော်​မူ​၍ သင်​တို့​စိတ်​နှ​လုံး တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့်​ထို​အ​ရှင်​ကို သင်​တို့​သိ​ကြ​၏။
JOH 14:18 ``ငါ​သည်​သင်​တို့​အား​ခို​ကိုး​ရာ​မဲ့​ဖြစ်​စေ မည်​မ​ဟုတ်။ သင်​တို့​ထံ​သို့​ငါ​လာ​ဦး​မည်။-
JOH 14:19 ကာ​လ​အ​နည်း​ငယ်​ကြာ​လျှင်​ဤ​လော​က သား​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ် သော်​လည်း သင်​တို့​မူ​ကား​မြင်​ကြ​ရ​လိမ့်​မည်။ ငါ သည်​အ​သက်​ရှင်​သော​ကြောင့်​သင်​တို့​သည်​လည်း အ​သက်​ရှင်​ကြ​လိမ့်​မည်။-
JOH 14:20 ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​သည်​ကို​လည်း ကောင်း၊ သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သင်​တို့​၌​တည်​နေ​သည်​ကို​လည်း​ကောင်း ထို​နေ့​ရက်​၌​သင်​တို့​သိ​ကြ​လိမ့်​မည်။''
JOH 14:21 ``ငါ့​ပ​ညတ်​များ​ကို​ခံ​ယူ​၍​စောင့်​ထိန်း​သော သူ​သည်​ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ် သော​သူ​ကို ခ​မည်း​တော်​သည်​ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း​သူ့​ကို​ချစ်​၍ မိ​မိ​ကိုယ်​ကို​သူ့ အား​ပေါ်​လွင်​ထင်​ရှား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 14:22 (ရှ​ကာ​ရုတ်​မ​ဟုတ်​သူ) အ​ခြား​ယု​ဒ​က``သ​ခင်၊ လော​က​သား​တို့​အား​မိ​မိ​ကိုယ်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မ​မူ​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့​ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​မည် နည်း'' ဟု​မေး​လျှောက်​၏။
JOH 14:23 သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​သွန်​သင်​ချက်​ကို​ခံ​ယူ​လိမ့်​မည်။ သို့​ဖြစ်​၍ ငါ့​ခ​မည်း​တော်​သည်​ထို​သူ​ကို​ချစ်​တော်​မူ လိမ့်​မည်။ ငါ့​ခမည်း​တော်​နှင့်​ငါ​သည်​လည်း​သူ့ ထံ​သို့​လာ​၍​သူ​နှင့်​အ​တူ​ကျိန်း​ဝပ်​မည်။-
JOH 14:24 ငါ့​ကို​မ​ချစ်​သော​သူ​သည်​ငါ့​သွန်​သင်​ချက် ကို​မ​ခံ​မ​ယူ​တတ်။ သင်​တို့​ကြား​ရ​သော​သွန် သင်​ချက်​သည်​ငါ့​သွန်​သင်​ချက်​မ​ဟုတ်။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​သွန် သင်​ချက်​ဖြစ်​၏။
JOH 14:25 ``သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​ဤ​အ​ရာ များ​ကို​ငါ​ဖော်​ပြ​ပြီ။-
JOH 14:26 သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။
JOH 14:27 ``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။-
JOH 14:28 `ငါ​ယ​ခု​သွား​သော်​လည်း​သင်​တို့​ထံ​ကို ပြန်​လာ​ဦး​မည်' ဟု​ပြော​သည်​ကို​သင်​တို့ ကြား​ခဲ့​ကြ​ပြီ။ ခ​မည်း​တော်​သည်​ငါ့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​ငါ့ ကို​ချစ်​လျှင်​ခ​မည်း​တော်​ထံ​သို့​ငါ​သွား သည်​ကို​ဝမ်း​မြောက်​ကြ​လိမ့်​မည်။-
JOH 14:29 ထို​အ​မှု​အ​ရာ​ဖြစ်​ပျက်​သော​အ​ခါ​၌​သင် တို့​ယုံ​ကြည်​ကြ​စေ​ရန် ယ​ခု​က​ပင်​ကြို​တင် ၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-
JOH 14:30 လော​က​ကို​အ​စိုး​ရ​သူ​သည်​ရောက်​ရှိ​လာ တော့​မည်။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​စ​ကား ကြာ​ကြာ​ပြော​နိုင်​တော့​မည်​မ​ဟုတ်။ သူ​သည် ငါ့​ကို​မည်​သို့​မျှ​မ​ပြု​နိုင်။-
JOH 14:31 သို့​ရာ​တွင်​ငါ​သည်​ခ​မည်း​တော်​ကို​ချစ်​ကြောင်း ကမ္ဘာ​က​သိ​ရန်​လို​ပေ​သည်။ သို့​ဖြစ်​၍​ငါ​သည် ခ​မည်း​တော်​ငါ့​အား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ငါ​လိုက်​နာ​ဆောင်​ရွက်​၏။ ထ​၍​ဤ​နေ​ရာ​မှ​သွား​ကြ​ကုန်​အံ့'' ဟု မိန့်​တော်​မူ​၏။
JOH 15:1 သ​ခင်​ယေ​ရှု​က ``ငါ​သည်​စ​ပျစ်​ပင်​အ​စစ် ဖြစ်​၍​ငါ့​အ​ဖ​သည်​ဥ​ယျာဉ်​မှူး​ဖြစ်​တော် မူ​၏။-
JOH 15:2 ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။-
JOH 15:3 ထို​နည်း​တူ​စွာ​ငါ​ဟော​ပြော​သော​တ​ရား အား​ဖြင့် ယ​ခု​သင်​တို့​ရှင်း​လင်း​လျက်​ရှိ​ကြ​၏။-
JOH 15:4 ငါ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည်​အ​ပင်​၌​တည် မ​နေ​လျှင်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင် တို့​သည်​ငါ​၌​တည်​မ​နေ​လျှင်​အ​သီး မ​သီး​နိုင်​ကြ။''
JOH 15:5 ``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။-
JOH 15:6 ငါ​၌​မ​တည်​နေ​သော​သူ​သည်​အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။-
JOH 15:7 သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။-
JOH 15:8 သင်​တို့​သည်​များ​စွာ​သော​အ​သီး​သီး​ခြင်း အား​ဖြင့် ငါ့​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​၏။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​လာ​ကြ ၏။-
JOH 15:9 ခ​မည်း​တော်​သည်​ငါ့​ကို​ချစ်​သ​ကဲ့​သို့​ငါ သည်​သင်​တို့​ကို​ချစ်​၏။ ငါ​၏​မေတ္တာ​၌​တည် နေ​ကြ​လော့။-
JOH 15:10 ငါ​သည်​ခ​မည်း​တော်​၏​ပ​ညတ်​တို့​ကို​စောင့် ထိန်း​၍​ခ​မည်း​တော်​၏​မေတ္တာ​၌​တည်​နေ​သ​ကဲ့ သို့ သင်​တို့​သည်​ငါ့​ပ​ညတ်​တို့​ကို​စောင့်​ထိန်း လျှင်​ငါ့​မေတ္တာ​၌​တည်​နေ​ကြ​လိမ့်​မည်။''
JOH 15:11 ``သင်​တို့​သည်​ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို​ခံ​စား ရ​လျက် အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​နိုင်​ကြ​စေ ရန်​ဤ​စ​ကား​ကို​ငါ​ပြော​၏။-
JOH 15:12 ငါ့​ပ​ညတ်​ကား​ငါ​သည်​သင်​တို့​ကို​ချစ်​သည့် နည်း​တူ သင်​တို့​သည်​အ​ချင်း​ချင်း​ချစ်​ကြ လော့။-
JOH 15:13 မိ​မိ​၏​မိတ်​ဆွေ​အ​တွက်​အ​သက်​ကို​စွန့်​သော မေတ္တာ​ထက်​ကြီး​မြတ်​သည့်​မေတ္တာ​မ​ရှိ​တော့ ပြီ။-
JOH 15:14 သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။-
JOH 15:15 ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။-
JOH 15:16 သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-
JOH 15:17 ထို့​ကြောင့်​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု သင်​တို့​အား​ငါ​ပ​ညတ်​၏။''
JOH 15:18 ``လော​က​သား​တို့​သည်​သင်​တို့​ကို​မုန်း​တီး​ကြ လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သ​တိ​ရ​ကြ​လော့။-
JOH 15:19 သင်​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ ဖြစ်​ပါ​မူ​လော​က​သား​တို့​သည် မိ​မိ​တို့​၏​သွေး ချင်း​သား​ချင်း​များ​သ​ဖွယ်​သင်​တို့​အား​ချစ် ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​လော​က ထဲ​က​ရွေး​ကောက်​သည်​ဖြစ်​၍ သင်​တို့​သည်​ဤ လော​က​နှင့်​မ​သက်​ဆိုင်။ ထို့​ကြောင့်​လော​က သား​တို့​သည်​သင်​တို့​ကို​မုန်း​ကြ​၏။-
JOH 15:20 ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်​ဟု သင်​တို့​အား​ငါ​ပြော​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့။ လော​က​သား​တို့​သည်​ငါ့​ကို​ညှဉ်း​ပန်း​ခဲ့​ကြ​လျှင် သင်​တို့​ကို​လည်း​ညှဉ်း​ပန်း​ကြ​လိမ့်​မည်။ သူ​တို့ သည်​ငါ့​စ​ကား​ကို​လိုက်​နာ​လျှင် သင်​တို့​၏ စ​ကား​ကို​လည်း​လိုက်​နာ​ကြ​လိမ့်​မည်။-
JOH 15:21 သို့​ရာ​တွင်​ထို​သူ​တို့​သည်​ငါ့​ကို​စေ​လွှတ်​တော် မူ​သော​အ​ရှင်​ကို​မ​သိ​ကြ​သ​ဖြင့် ငါ​၏​နာ​မ အ​တွက်​ကြောင့်​သင်​တို့​ကို​ညှဉ်း​ပန်း​ကြ​လိမ့် မည်။-
JOH 15:22 ငါ​သည်​လာ​၍​သူ​တို့​အား​မ​ဟော​မ​ပြော​ပါ​က သူ​တို့​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။ ယ​ခု​မှာ​မူ သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ကူး​လွန်​မှု​အ​တွက် အ​ဘယ်​သို့​မျှ​အ​ကြောင်း​မ​ပြ​နိုင်​တော့​ပြီ။-
JOH 15:23 ငါ့​ကို​မုန်း​သော​သူ​သည်​ငါ့​ခ​မည်း​တော်​ကို လည်း​မုန်း​၏။-
JOH 15:24 အ​ကယ်​၍​ငါ​သည်​အ​ခြား​မည်​သူ​မျှ​မ​ပြု သည့်​အ​မှု​အ​ရာ​များ​ကို​သူ​တို့​၏​ရှေ့​တွင် မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အ​ပြစ်​ရှိ​မည်​မ​ဟုတ်။ ယ​ခု​မူ​ကား​သူ​တို့​သည်​ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​မြင်​ရ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခမည်း​တော်​ကို​လည်း ကောင်း​မုန်း​ကြ​၏။-
JOH 15:25 ဤ​သို့​မုန်း​ကြ​ရ​ခြင်း​မှာ​ပ​ညတ်​ကျမ်း​၌ `သူ တို့​သည်​ငါ့​ကို​အ​ကြောင်း​မဲ့​မုန်း​ကြ​၏' ဟူ​၍ ရေး​သား​ဖော်​ပြ​ထား​သည့်​အ​တိုင်း​ဖြစ်​ပျက် ခြင်း​ပင်​တည်း။''
JOH 15:26 ``ခ​မည်း​တော်​ထံ​မှ​ကြွ​လာ​၍​ဘု​ရား​သ​ခင် အ​ကြောင်း​ဆိုင်​ရာ​သမ္မာ​တ​ရား​ကို ဖော်​ပြ​သည့် မ​စ​တော်​မူ​သော​အ​ရှင်​တည်း​ဟူ​သော​ဝိ​ညာဉ် တော်​သည်​ရောက်​လာ​တော်​မူ​သော​အ​ခါ ငါ​၏ အ​ကြောင်း​ကို​ပြော​ကြား​တော်​မူ​လိမ့်​မည်။ ထို အ​ရှင်​ကို​ခ​မည်း​တော်​ထံ​မှ​သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။-
JOH 15:27 သင်​တို့​သည်​လည်း​အ​စ​က​ပင်​ငါ​နှင့်​အ​တူ ရှိ​နေ​သော​ကြောင့် ငါ​၏​အ​ကြောင်း​ကို​ပြော ကြား​ရ​ကြ​လိမ့်​မည်။''
JOH 16:1 ``သင်​တို့​၏​ယုံ​ကြည်​ခြင်း​မ​ပျက်​ပြား​စေ​ရန် ဤ​အ​မှု​အ​ရာ​များ​ကို​ငါ​ကြို​တင်​ဖော်​ပြ ခဲ့​ပြီ။-
JOH 16:2 သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​မှ​နှင်​ထုတ်​ခြင်း ခံ​ရ​လိမ့်​မည်။ သင်​တို့​ကို​သတ်​ဖြတ်​ခြင်း​သည် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း ပင်​ဖြစ်​သည်​ဟု လူ​တို့​ထင်​မှတ်​သည့်​အ​ချိန် ကာ​လ​မု​ချ​ကျ​ရောက်​ပေ​အံ့။-
JOH 16:3 သူ​တို့​သည်​လည်း​ခ​မည်း​တော်​ကို​မ​သိ၊ ငါ့ ကို​လည်း​မ​သိ​ကြ​သော​ကြောင့်​ဤ​သို့​သင် တို့​အား​ပြု​ကြ​လိမ့်​မည်။-
JOH 16:4 သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​ကြောင်း​ကို​ဤ အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ သင်​တို့ ပြန်​လည်​သ​တိ​ရ​ကြ​စေ​ရန်​ယ​ခု​ပင်​ငါ ပြော​နှင့်​ပြီ။'' ``ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​သေး​သော ကြောင့် သင်​တို့​အား​ထို​အ​ကြောင်း​အ​ရာ​များ ကို ယ​ခင်​က​ငါ​မ​ပြော​ကြား​ခဲ့။-
JOH 16:5 ယ​ခု​မှာ​မူ​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင် ထံ​သို့​ငါ​သွား​တော့​မည်။ သို့​ရာ​တွင်​ငါ​အ​ဘယ် အ​ရပ်​သို့​သွား​မည်​ကို​သင်​တို့​မည်​သူ​မျှ မ​မေး​ကြ။-
JOH 16:6 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ​ပြော​ကြား သ​ဖြင့် သင်​တို့​သည်​စိတ်​ညှိုး​ငယ်​လျက်​ရှိ ကြ​၏။-
JOH 16:7 သို့​သော်​သင်​တို့​အား​ငါ​အ​မှန်​အ​ကန်​ပြော သည်​ကား ငါ​သွား​ရ​ခြင်း​သည်​သင်​တို့​အ​ဖို့ ပို​၍​ကောင်း​၏။ ငါ​မ​သွား​လျှင်​မ​စ​တော်​မူ သော​အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား​ထို​အ​ရှင်​ကို​သင်​တို့ ထံ​သို့​ငါ​စေ​လွှတ်​မည်။-
JOH 16:8 ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ​လော​က သား​တို့​အား​အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​မှန်​တ​ရား​အ​ကြောင်း​ကို​လည်း​ကောင်း၊ တ​ရား စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​ပေ​အံ့။-
JOH 16:9 ထို​သူ​တို့​သည်​ငါ့​ကို​မ​ယုံ​ကြည်​ကြ​သော ကြောင့်​အ​ပြစ်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။-
JOH 16:10 ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ် ၍ သင်​တို့​ငါ့​ကို​တွေ့​မြင်​ရ​တော့​မည်​မ​ဟုတ် သော​ကြောင့်​အ​မှန်​တ​ရား​အ​ကြောင်း​ကို ဖော်​ပြ​မည်။-
JOH 16:11 လော​က​ကို​အ​စိုး​ရ​သူ​သည်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင် တော်​မူ​ခြင်း​အ​ကြောင်း​ကို​ဖော်​ပြ​မည်။''
JOH 16:12 ``သင်​တို့​အား​ငါ​ပြော​စ​ရာ​များ​ရှိ​သေး သော်​လည်း​ယ​ခု​သင်​တို့​ခံ​ယူ​နိုင်​ကြ​မည် မ​ဟုတ်။-
JOH 16:13 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ကြောင်း​နှင့်​စပ် လျဉ်း​၍ သမ္မာ​တ​ရား​ကို​ဖွင့်​ပြ​သည့်​ဝိ​ညာဉ် တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ သင်​တို့​အား သမ္မာ​တ​ရား​အ​ကြောင်း​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​လိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည်​ကိုယ့် အ​လို​အ​လျောက်​မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။ မိ​မိ​ကြား​သိ​ရ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​သင်​တို့​အား​မိန့်​ကြား​တော်​မူ​လိမ့်​မည်။ နောက်​ဖြစ်​လတ္တံ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​လည်း​ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။-
JOH 16:14 ထို​အ​ရှင်​သည်​ငါ့​ထံ​မှ​ရ​ရှိ​သော​စ​ကား ကို​သင်​တို့​အား​ပြော​ကြား​မည်​ဖြစ်​သ​ဖြင့် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​လိမ့်​မည်။-
JOH 16:15 ခ​မည်း​တော်​၌​ရှိ​သ​မျှ​သည်​ငါ​နှင့်​စပ်​ဆိုင် ၏။ သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​သည်​ငါ​ထံ​မှ​ရ​ရှိ သည့်​စ​ကား​ကို သင်​တို့​အား​ပြော​ကြား​တော် မူ​လိမ့်​မည်​ဟု​ငါ​ပြော​သ​တည်း။''
JOH 16:16 ``အ​ချိန်​အ​နည်း​ငယ်​ကြာ​လျှင်​သင်​တို့​ငါ့ ကို​တွေ့​မြင်​ကြ​တော့​မည်​မ​ဟုတ်။ ထို့​နောက် အ​ချိန်​အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 16:17 တ​ပည့်​တော်​အ​ချို့​တို့​က ``အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်။ ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့​မြင်​ကြ​လိမ့်​မည်' ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်။ ထို​မှ​တစ်​ပါး​လည်း ကိုယ်​တော်​က`ငါ​သည်​ခ​မည်း​တော်​ထံ​သို့​သွား ရ​မည်' ဟု​လည်း​ဆို​သည်။-
JOH 16:18 `အ​ချိန်​အ​နည်း​ငယ်​ကြာ​လျှင်' ဆို​သည်​ကား အ​ဘယ်​သို့​ဆို​လို​သ​နည်း။ အ​ဘယ်​အ​မှု အ​ရာ​အ​ကြောင်း​ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သည်​ကို​ငါ​တို့​မ​သိ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။
JOH 16:19 သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ထို​သူ​တို့​လျှောက် ထား​မေး​မြန်း​လို​ကြောင်း​သိ​တော်​မူ​သ​ဖြင့် ``သင် တို့​အ​ချင်း​ချင်း​အ​ဘယ်​အ​ကြောင်း​ကို​မေး​မြန်း ပြော​ဆို​လျက်​နေ​ကြ​သ​နည်း။ `အ​ချိန်​အ​နည်း ငယ်​ကြာ​လျှင်​သင်​တို့​ငါ့​ကို​တွေ့​မြင်​ကြ​တော့ မည်​မ​ဟုတ်' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် `အ​ချိန် အ​နည်း​ငယ်​ကြာ​ပြန်​သော်​ငါ့​ကို​ပြန်​၍​တွေ့ မြင်​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ငါ​ပြော သော​စ​ကား​များ​နှင့်​ပတ်​သက်​၍​လော။-
JOH 16:20 ဧ​ကန်​အ​မှန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။ လော​က​သား​တို့​မူ​ကား​ဝမ်း​မြောက်​ကြ​လိမ့် မည်။ သင်​တို့​သည်​ဝမ်း​နည်း​ကြ​သော်​လည်း​ထို ဝမ်း​နည်း​ခြင်း​သည် ဝမ်း​မြောက်​ခြင်း​အ​ဖြစ် သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။-
JOH 16:21 အ​မျိုး​သ​မီး​တစ်​ဦး​သည်​မီး​ဖွား​ချိန်​ရောက် သော​အ​ခါ​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ​စား​ရ​၏။ မီး ဖွား​ပြီး​သော​အ​ခါ​၌​မူ​ကား​လော​က​သို့​လူ တစ်​ယောက်​ဖွား​မြင်​လာ​သ​ဖြင့် မိ​မိ​ခံ​စား ခဲ့​ရ​သော​ဝေ​ဒ​နာ​ကို​သ​တိ​မ​ရ​တော့​ပေ။-
JOH 16:22 သင်​တို့​သည်​လည်း​ယ​ခု​အ​ခါ​ဝမ်း​နည်း​လျက် ရှိ​ကြ​၏။ သို့​သော်​လည်း​သင်​တို့​နှင့်​တစ်​ဖန်​ငါ ပြန်​၍​တွေ့​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​တို့​သည် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​အ​ဘယ်​သူ​မျှ​မ​နုတ်​မ​ယူ​နိုင်။''
JOH 16:23 ``ထို​နေ့​၌​သင်​တို့​သည်​ငါ့​အား​အ​ဘယ်​အ​ရာ ကို​မျှ​တောင်း​လျှောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည် ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​တောင်း​လျှောက် သ​မျှ​သော​အ​ရာ​တို့​ကို​ခ​မည်း​တော်​သည်​သင် တို့​အား​ချ​ပေး​တော်​မူ​လိမ့်​မည်။-
JOH 16:24 ယ​ခု​အ​ချိန်​တိုင်​အောင်​သင်​တို့​သည်​ငါ​၏ နာ​မ​ကို​အ​မှီ​ပြု​၍​အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း​မ​လျှောက်​ကြ​ရ​သေး။ ဝမ်း​မြောက်​ခြင်း အ​ပြည့်​အ​ဝ​ရ​ရှိ​နိုင်​ရန်​တောင်း​လျှောက်​ကြ လော့။ သင်​တို့​တောင်း​လျှောက်​သည့်​အ​တိုင်း​ရ​ရှိ ကြ​လိမ့်​မည်။''
JOH 16:25 ``ဤ​အ​ကြောင်း​အ​ရာ​များ​ကို ဥ​ပ​မာ​တင်​စား ၍​ငါ​ပြော​ခဲ့​၏။ ဤ​သို့​ဥ​ပ​မာ​မ​တင်​စား​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို​ပွင့်​လင်း​စွာ ငါ ဖော်​ပြ​မည့်​အ​ချိန်​ရောက်​ရှိ​လာ​လိမ့်​မည်။-
JOH 16:26 ထို​ကာ​လ​၌​သင်​တို့​သည် ငါ​၏​နာ​မ​ကို​အ​မှီ ပြု​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လိမ့်​မည်။ သို့ သော်​ငါ​သည်​သင်​တို့​အ​တွက် ခ​မည်း​တော်​ထံ တွင်​တောင်း​လျှောက်​ပေး​မည်​ဟု​ငါ​မ​ဆို။-
JOH 16:27 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​မည်း​တော်​ကိုယ်​တိုင် ပင် သင်​တို့​အား​ချစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​ကို​ချစ်​၍ ငါ​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​လာ​ကြောင်း​ကို​လည်း​ယုံ​ကြည်​သ​ဖြင့် ခ​မည်း​တော်​သည်​သင်​တို့​အား​ချစ်​တော်​မူ​၏။-
JOH 16:28 ငါ​သည်​ခ​မည်း​တော်​ထံ​မှ​ထွက်​ခွာ​၍ ဤ လော​က​သို့​ကြွ​လာ​ခဲ့​၏။ ယ​ခု​ဤ​လော​က မှ​ထွက်​ခွာ​၍ ခ​မည်း​တော်​၏​ထံ​သို့​ငါ​သွား တော့​မည်'' ဟု​မိန့်​တော်​မူ​၏။
JOH 16:29 တ​ပည့်​တော်​တို့​က ``ကိုယ်​တော်​သည် ယ​ခု​အ​ခါ ၌​ပုံ​ပ​မာ​မ​ဆောင်​ဘဲ​ပွင့်​လင်း​စွာ​မိန့်​တော်​မူ ပါ​၏။-
JOH 16:30 ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ တော်​မူ​ကြောင်း ယ​ခု​အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မေး​လျှောက်​ရန် မ​လို​တော့​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​ထံ​တော်​မှ​ကြွ​လာ​တော်​မူ​သော​အ​ရှင် ဖြစ်​သည် ကို​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။
JOH 16:31 သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​ယုံ​ကြ​ပြီ​လော။-
JOH 16:32 သင်​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး​သီး​ထွက် ပြေး​သွား​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​လည်း​အ​ထီး​တည်း​ကျန်​ရစ်​လိမ့် မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ​ရောက်​လျက် ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ငါ​သည်​အ​ကယ်​ပင် အ​ထီး​တည်း​နေ​သည်​မ​ဟုတ်။-
JOH 16:33 သင်​တို့​သည်​လော​က​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့ ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​လော​က​ကို​အောင်​ပြီ'' ဟု​မိန့်​တော် မူ​၏။
JOH 17:1 ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။-
JOH 17:2 သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။-
JOH 17:3 ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။-
JOH 17:4 ဤ​လော​က​တွင်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ​ပါ​ပြီ။ ကိုယ် တော်​အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​သော​အ​မှု တော်​ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-
JOH 17:5 အို အ​ဖ၊ ဤ​ကမ္ဘာ​မ​ပေါ်​မ​တည်​မီ​က​ကိုယ်​တော် နှင့်​အ​တူ​အ​ကျွန်ုပ်​ခံ​စား​ခဲ့​ရ​သည့်​ဘုန်း​အ​သ ရေ​ကို ယ​ခု​အ​ခါ​၌​ရှေ့​တော်​တွင်​အ​ကျွန်ုပ်​အား ပေး​တော်​မူ​ပါ။''
JOH 17:6 ``ဤ​လော​က​ထဲ​မှ​ရွေး​ချယ်​၍​အ​ကျွန်ုပ်​လက် သို့​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင့်​အ​ကြောင်း​ကို ကြား​သိ​စေ​ပါ​ပြီ။ ထို​သူ​တို့​ကို​ကိုယ်​တော် ပိုင်​သ​ဖြင့် အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​ပါ ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​လိုက်​နာ​ကြ​ပါ​ပြီ။-
JOH 17:7 အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် အ​ထံ​တော်​မှ​ရ​ရှိ​ကြောင်း​ယ​ခု​သူ​တို့​သိ​ရှိ ကြ​ပါ​ပြီ။-
JOH 17:8 အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​သော​တ​ရား တော်​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား​ပေး​အပ်​သော အ​ခါ​သူ​တို့​ခံ​ယူ​ကြ​ပါ​၏။ ကိုယ်​တော်​၏​ထံ တော်​မှ​အ​ကျွန်ုပ်​လာ​သည်​မှာ အ​မှန်​ပင်​ဖြစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​သူ​တို့ ယုံ​ကြည်​ကြ​ပါ​၏။''
JOH 17:9 ``အ​ကျွန်ုပ်​သည်​သူ​တို့​အ​တွက်​ဆု​တောင်း​ပါ​၏။ လော​က​သား​တို့​အ​တွက်​ဆု​တောင်း​သည်​မ​ဟုတ် ပါ။ အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော သူ​များ​သည်​ကိုယ်​တော်​ပိုင်​ဆိုင်​သူ​များ​ဖြစ် သ​ဖြင့် ထို​သူ​တို့​အ​တွက်​သာ​လျှင်​ဆု​တောင်း ပါ​၏။-
JOH 17:10 အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။-
JOH 17:11 အ​ကျွန်ုပ်​သည်​အ​ထံ​တော်​သို့​လာ​မည်​ဖြစ်​၍ ဤ​လော​က​တွင်​ရှိ​တော့​မည်​မ​ဟုတ်​ပါ။ ထို​သူ တို့​မူ​ကား​ရှိ​ကြ​ပါ​မည်။ သန့်​ရှင်း​မြင့်​မြတ်​တော် မူ​သော​အ​ဖ၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​နည်း​တူ ဤ​သူ​တို့ သည်​လည်း​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ စေ​ရန် အ​ကျွန်ုပ်​အား​အပ်​နှင်း​ထား​တော်​မူ သည့်​နာ​မ​တော်​၏​တန်​ခိုး​ဖြင့်​သူ​တို့​ကို စောင့်​ထိန်း​ခဲ့​ပါ​၏။-
JOH 17:12 အ​ကျွန်ုပ်​သည်​သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​သူ​တို့ ကို​ကာ​ကွယ်​စောင့်​ရှောက်​ခဲ့​ပါ​၏။ ကျမ်း​စာ​တော် လာ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပျက်​စီး​ရ မည့်​သူ​တစ်​ဦး​မှ​လွဲ​၍ အ​ခြား​မည်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ပျက်​စီး​မှု​မ​ရှိ​ခဲ့​ပါ။-
JOH 17:13 ယ​ခု​မှာ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​ထံ​သို့ လာ​ပါ​မည်။ ထို​သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဝမ်း မြောက်​ခြင်း​ကို​စိတ်​နှ​လုံး​ထဲ​တွင်​အ​ပြည့် အ​ဝ​ခံ​စား​ကြ​ရ​စေ​ရန် ဤ​လော​က​တွင် ရှိ​နေ​စဉ်​အ​ကျွန်ုပ်​သည်​ဤ​စ​ကား​များ​ကို မြွက်​ဆို​ပါ​၏။-
JOH 17:14 ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။-
JOH 17:15 သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။-
JOH 17:16 အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။-
JOH 17:17 သူ​တို့​အား​သမ္မာ​တ​ရား​အား​ဖြင့်​ကိုယ်​တော် ၏​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​သမ္မာ​တ​ရား ဖြစ်​ပါ​၏။-
JOH 17:18 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​ကို​ဤ​လော​က​ထဲ​သို့​စေ​လွှတ်​ပါ​၏။-
JOH 17:19 သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''
JOH 17:20 ``အ​ကျွန်ုပ်​သည်​ထို​သူ​တို့​အ​တွက်​သာ​လျှင် ဆု​တောင်း​သည်​မ​ဟုတ်​ပါ။ သူ​တို့​ဟော​ပြော ချက်​ကြောင့်​အ​ကျွန်ုပ်​ကို​ယုံ​ကြည်​လာ​သူ​များ အ​တွက်​လည်း​ဆု​တောင်း​ပါ​၏။-
JOH 17:21 ထို​သူ​အ​ပေါင်း​တို့​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​စေ​ရန်​ဆု​တောင်း​ပါ​၏။ အို အ​ဖ၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​တည်​ရှိ​တော်​မူ​၍​အ​ကျွန်ုပ်​သည် လည်း​ကိုယ်​တော်​၌​တည်​ရှိ​သ​ကဲ့​သို့ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​၌​တည်​ရှိ​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လော​က သား​တို့​ယုံ​ကြည်​ကြ​စေ​ရန် ထို​သူ​တို့​ကို​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော်​မူ​ပါ။-
JOH 17:22 ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ကဲ့​သို့​ထို​သူ​တို့​သည်​လည်း​ဖြစ် ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​တော် မူ​သော​ဘုန်း​အ​သ​ရေ​တော်​ကို​သူ​တို့​အား ပေး​ပါ​ပြီ။-
JOH 17:23 အ​ကျွန်ုပ်​သည်​သူ​တို့​၌​လည်း​ကောင်း၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​လည်း​ကောင်း​တည်​ရှိ​သ​ဖြင့် သူ တို့​သည်​လုံး​ဝ​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော အား​ဖြင့် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​စေ​လွှတ် တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​အား​ချစ်​တော်​မူ သ​ကဲ့​သို့ သူ​တို့​အား​လည်း​ချစ်​တော်​မူ​ကြောင်း ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သိ​ရှိ​ကြ​မည်​ဖြစ် ပါ​၏။''
JOH 17:24 ``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။-
JOH 17:25 တ​ရား​မျှ​တ​တော်​မူ​သော​အ​ဖ၊ လော​က​သား တို့​သည်​ကိုယ်​တော်​ကို​မ​သိ​ကြ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ​၏။ ဤ​သူ​တို့​သည်​အ​ကျွန်ုပ် အား​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သိ​ကြ​ပါ​၏။-
JOH 17:26 အ​ကျွန်ုပ်​အ​ပေါ်​၌​ကိုယ်​တော်​ရှင်​ထား​တော်​မူ သော​မေတ္တာ​တော်​သည်​သူ​တို့​၌​ကိန်း​အောင်း​၍ အ​ကျွန်ုပ်​သည်​လည်း​သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​နိုင်​စေ​ရန်​ကိုယ်​တော်​အ​ကြောင်း ကို​သူ​တို့​အား​အ​ကျွန်ုပ်​ကြား​သိ​စေ​ခဲ့​ပါ ပြီ။ ဆက်​လက်​၍​လည်း​ကြား​သိ​စေ​ပါ​ဦး​မည်'' ဟု​မြွက်​ဆို​တော်​မူ​၏။
JOH 18:1 ဤ​သို့​ဆု​တောင်း​တော်​မူ​ပြီး​နောက်​ကိုယ်​တော် သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​တော်​မူ​၏။ ထို​အ​ရပ် တွင်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ သ​ခင်​ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​သည် ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင် ကြ​၏။-
JOH 18:2 ထို​နေ​ရာ​သို့​သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့ သည်​မ​ကြာ​ခ​ဏ​သွား​လေ့​ရှိ​သ​ဖြင့် သစ္စာ​ဖောက် ယု​ဒ​သည်​ထို​ဥ​ယျာဉ်​ကို​သိ​၏။-
JOH 18:3 သို့​ဖြစ်​၍​သူ​သည်​ရော​မ​စစ်​တပ်​ခွဲ​တစ်​တပ်​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ များ​၏​အ​စောင့်​တပ်​သား​များ​ကို​လည်း​ကောင်း ခေါ်​လာ​ခဲ့​၏။ သူ​တို့​သည်​မီး​အိမ်​များ၊ မီး​တုတ် များ​နှင့်​လက်​နက်​များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။-
JOH 18:4 သ​ခင်​ယေ​ရှု​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​တော်​မူ​ပြီး​ဖြစ်​သည် အ​လျောက် ထို​သူ​တို့​၏​ထံ​သို့​ကြွ​တော်​မူ​လျက် ``သင်​တို့​မည်​သူ့​ကို​ရှာ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။
JOH 18:5 ထို​သူ​တို့​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ ပါ​သည်'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ သည်​လည်း​ထို​သူ​တို့​နှင့်​အ​တူ​ရပ်​လျက်​နေ​၏။-
JOH 18:6 ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​သ​ခင်​ယေ​ရှု မိန့်​တော်​မူ​သော​အ​ခါ​သူ​တို့​သည်​နောက်​သို့ ဆုတ်​ကာ​မြေ​ပေါ်​တွင်​လဲ​ကြ​၏။-
JOH 18:7 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​မည်​သူ့ ကို​ရှာ​သ​နည်း'' ဟု​တစ်​ဖန်​မေး​တော်​မူ​ပြန်​၏။ သူ​တို့​က​လည်း ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကို​ရှာ​ပါ​သည်'' ဟု​ဆို​ကြ​ပြန်​၏။
JOH 18:8 သ​ခင်​ယေ​ရှု​က ``ထို​သူ​သည်​ငါ​ပင်​ဖြစ်​သည် ဟု​သင်​တို့​အား​ငါ​ပြော​ခဲ့​ပြီ။ ငါ​သည်​သင်​တို့ ရှာ​သော​သူ​ဖြစ်​လျှင်​ဤ​သူ​တို့​သွား​ပါ​လေ စေ'' ဟု​မိန့်​တော်​မူ​၏။-
JOH 18:9 (ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ ``ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ဆုံး​ပါး ပျက်​စီး​မှု​မ​ရှိ​ပါ'' ဟု​ယ​ခင်​က​ကိုယ်​တော် မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​တည်း။)
JOH 18:10 ရှိ​မုန်​ပေ​တ​ရု​မှာ​ဋ္ဌား​တစ်​လက်​ပါ​လာ​၏။ သူ သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​၏ ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​ကျွန်​လက် ယာ​နား​ရွက်​ပြတ်​လေ​၏။ ထို​ကျွန်​၏​နာ​မည် ကား​မာ​လ​ခု​ဖြစ်​သ​တည်း။-
JOH 18:11 သ​ခင်​ယေ​ရှု​က ``ဋ္ဌား​ကို​ဋ္ဌား​အိမ်​တွင်​ပြန်​သွင်း ထား​လော့။ ခ​မည်း​တော်​ငါ့​အား​ခံ​စေ​တော်​မူ သည့်​ဒုက္ခ​ဝေ​ဒ​နာ​ကို​ငါ​မ​ခံ​သင့်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။
JOH 18:12 ထို​နောက်​ရော​မ​တပ်​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​အ​စောင့်​တပ်​သား​များ​သည်​ကိုယ်​တော်​ကို ဖမ်း​ဆီး​ချည်​နှောင်​ပြီး​လျှင်​အန္နတ်​မင်း​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။-
JOH 18:13 အန္နတ်​မင်း​ကား​ထို​နှစ်​တွင်​ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​၏​ယောက္ခ​မ​ဖြစ်​၏။-
JOH 18:14 က​ယာ​ဖ​ကား ``လူ​အ​ပေါင်း​တို့​အ​တွက်​လူ တစ်​ဦး​တစ်​ယောက်​သေ​ရ​သည်​က​ပို​၍​ကောင်း ၏'' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​အ​ကြံ​ပေး ခဲ့​သူ​ဖြစ်​သ​တည်း။
JOH 18:15 ရှိ​မုန်​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော်​တစ်​ဦး သည်​သ​ခင်​ယေ​ရှု​၏​နောက်​တော်​က​လိုက်​သွား ကြ​၏။ အ​ခြား​တ​ပည့်​တော်​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ သ​ခင်​ယေ​ရှု​နှင့် အ​တူ​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​ဝင်း အ​တွင်း​သို့​လိုက်​သွား​ခွင့်​ရ​ပေ​သည်။-
JOH 18:16 ပေ​တ​ရု​ကား​ဝင်း​တံ​ခါး​အ​ပြင်​တွင်​နေ​ရစ်​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သိ​သူ​တ​ပည့်​တော်​သည် ဝင်း​ပြင်​သို့​ထွက်​လာ​ပြီး​နောက် တံ​ခါး​စောင့် သူ​မ​အား​အ​ခွင့်​တောင်း​ကာ​ပေ​တ​ရု​ကို ဝင်း​ထဲ​သို့​သွင်း​လေ​၏။-
JOH 18:17 တံ​ခါး​စောင့်​သူ​ငယ်​မ​က ``သင်​သည်​ထို​သူ​၏ တ​ပည့်​တစ်​ဦး​မ​ဟုတ်​ပါ​လော'' ဟု​မေး​လျှင်၊ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ဆို​၏။
JOH 18:18 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​စောင့် တပ်​သား​များ​နှင့်​အ​စေ​ခံ​များ​သည်​ချမ်း​သ​ဖြင့် မီး​သွေး​မီး​လင်း​ဖို​ပတ်​လည်​တွင်​ရပ်​၍​မီး​လှုံ လျက်​နေ​ကြ​၏။ ပေ​တ​ရု​သည်​လည်း​ထို​သူ တို့​နှင့်​အ​တူ​ရပ်​၍​မီး​လှုံ​နေ​၏။
JOH 18:19 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ကိုယ်​တော်​အား​တ​ပည့် တော်​တို့​၏​အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် ဟော​ပြော​တော်​မူ​သော​တ​ရား​တော်​အ​ကြောင်း ကို​လည်း​ကောင်း​စစ်​ဆေး​မေး​မြန်း​၏။-
JOH 18:20 သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။-
JOH 18:21 သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​ငါ့​ကို​စစ်​ဆေး​မေး မြန်း​သ​နည်း။ ငါ​ဟော​ပြော​သွန်​သင်​သည်​ကို ကြား​နာ​ကြ​ရ​သူ​တို့​အား​မေး​မြန်း​လော့။ သူ​တို့​အား​ငါ​မည်​သို့​ဟော​ပြော​သည်​ကို မေး​မြန်း​လော့။ ငါ​ဟော​ပြော​သည့်​အ​ရာ​တို့ ကို​သူ​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 18:22 ဤ​သို့​မိန့်​တော်​မူ​လျှင်​အ​စောင့်​တပ်​သား​တစ် ယောက်​သည် ``ယဇ်​ပု​ရော​ဟိတ်​မင်း​အား​သင်​သည် ဤ​သို့​မ​ဖွယ်​မ​ရာ​ပြော​ဆို​သင့်​သ​လော'' ဟု ဆို​၍​ကိုယ်​တော်​၏​ပါး​ကို​ရိုက်​လေ​၏။
JOH 18:23 သ​ခင်​ယေ​ရှု​က ``ငါ​၏​စ​ကား​မ​မှန်​လျှင်​မ​မှန် ကြောင်း​ကို​ထောက်​ပြ​ပါ။ မှန်​လျှင်​မူ​ကား​အ​ဘယ် ကြောင့်​ငါ့​ကို​ရိုက်​ပုတ်​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
JOH 18:24 ထို့​နောက်​အန္နတ်​မင်း​သည်​ကိုယ်​တော်​ကို​ချည်​နှောင် လျက်​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏​ထံ​သို့ ပို့​စေ​၏။
JOH 18:25 ရှိ​မုန်​ပေ​တ​ရု​သည်​ရပ်​လျက်​မီး​လှုံ​နေ​၏။ လူ အ​ချို့​က ``သင်​သည်​လည်း​ထို​သူ​၏​တ​ပည့် မ​ဟုတ်​ပါ​လော'' ဟု​မေး​ကြ​၏။ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ငြင်း​ဆို​၏။
JOH 18:26 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​က ``သင့် အား​ထို​သူ​နှင့်​အ​တူ​ဥ​ယျာဉ်​ထဲ​တွင်​ငါ​တွေ့ မြင်​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​၏။ ထို​ကျွန် ကား​ပေ​တ​ရု​ဋ္ဌား​နှင့်​ခုတ်​၍​နား​ရွက်​ပြတ်​သွား သူ​နှင့်​ဆွေ​မျိုး​တော်​စပ်​သူ​တည်း။
JOH 18:27 ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​တစ်​ဖန်​ငြင်း ဆို​၏။ ထို​ခ​ဏ​ချင်း​တွင်​ကြက်​တွန်​လေ​၏။
JOH 18:28 လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။-
JOH 18:29 သို့​ဖြစ်​၍​ပိ​လတ်​မင်း​သည်​ထို​သူ​တို့​နှင့်​တွေ့​ဆုံ ရန်​အ​ပြင်​သို့​ထွက်​လာ​ပြီး​လျှင် ``ဤ​သူ​အား အ​ဘယ်​ပြစ်​မှု​နှင့်​စွပ်​စွဲ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
JOH 18:30 ထို​သူ​တို့​က ``ဤ​သူ​သည်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ ကူး​လွန်​သူ​မ​ဟုတ်​ပါ​က သူ့​အား​အ​ရှင့်​ထံ​သို့ အ​ကျွန်ုပ်​တို့​ခေါ်​ဆောင်​လာ​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ကြ​၏။
JOH 18:31 ပိ​လတ်​မင်း​က​လည်း ``သင်​တို့​ကိုယ်​တိုင်​ပင်​သူ့ အား​ယူ​ဆောင်​သွား​ကြ​လော့။ သင်​တို့​၏​တ​ရား ဥ​ပ​ဒေ​အ​ရ​စစ်​ဆေး​စီ​ရင်​ကြ​လော့'' ဟု ဆို​၏။ ယု​ဒ​အ​မျိုး​သား​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​လူ တစ်​စုံ​တစ်​ယောက်​ကို​သေ​မိန့်​ပေး​ပိုင်​ခွင့်​မ​ရှိ ပါ'' ဟု​ပြန်​၍​လျှောက်​ကြ​၏။-
JOH 18:32 (ဤ​သို့​လျှောက်​ကြ​ခြင်း​မှာ​မိ​မိ​အ​ဘယ်​သို့ သေ​ရ​မည်​ကို​သ​ခင်​ယေ​ရှု​မိန့်​မြွက်​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။)
JOH 18:33 ပိ​လတ်​မင်း​သည်​အိမ်​တော်​ထဲ​သို့​ပြန်​၍​ဝင် ပြီး​လျှင်​သ​ခင်​ယေ​ရှု​အား​ခေါ်​ယူ​ကာ ``သင် သည်​ယု​ဒ​ရှင်​ဘု​ရင်​ပေ​လော'' ဟု​မေး​၏။
JOH 18:34 သ​ခင်​ယေ​ရှု​က ``ဤ​မေး​ခွန်း​ကို မင်း​ကြီး အ​လို​အ​လျောက်​မေး​ပါ​သ​လော။ သို့​မ​ဟုတ် ငါ​၏​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​လျှောက် ထား​ကြ​ပြီ​လော'' ဟု​မေး​တော်​မူ​၏။
JOH 18:35 ပိ​လတ်​မင်း​က ``သင်​သည်​ငါ့​ကို​ယု​ဒ​အ​မျိုး သား​တစ်​ယောက်​ဟု​ထင်​မှတ်​ပါ​သ​လော။ သင့် ကို​ငါ့​ထံ​သို့​ပို့​အပ်​လာ​သူ​များ​ကား​သင်​၏ အ​မျိုး​သား​များ​နှင့်​သူ​တို့​၏​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ပင်​ဖြစ်​၏။ သင်​သည်​အ​ဘယ်​အ​မှု ကို​ပြု​မိ​ပါ​သ​နည်း'' ဟု​မေး​၏။
JOH 18:36 သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။
JOH 18:37 ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။-
JOH 18:38 ပိ​လတ်​မင်း​က ``သမ္မာ​တ​ရား​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ထို​နောက်​ပိ​လတ်​မင်း​သည်​လူ​တို့​ထံ​ထွက်​လာ​ပြီး လျှင် ``ထို​သူ​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-
JOH 18:39 သင်​တို့​ဋ္ဌလေ့​ထုံး​စံ​အ​ရ​ပ​သ​ခါ​ပွဲ​အ​တွင်း​၌ အ​ကျဉ်း​သ​မား​တစ်​ဦး​ကို​ငါ​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​မြဲ​ဖြစ်​၏။ သင်​တို့​အ​တွက်​ယု​ဒ​ရှင်​ဘု​ရင် ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။
JOH 18:40 ထို​သူ​တို့​က ``သူ့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​မ​ပေး ပါ​နှင့်။ ဗာ​ရဗ္ဗ​ကို​ပေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။ (ဗာ​ရဗ္ဗ​ကား​ဋ္ဌား​ပြ​ဖြစ်​သ​တည်း။)
JOH 19:1 ထို​နောက်​ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို ခေါ်​သွား​စေ​ပြီး​လျှင်​ကြိမ်​ဒဏ်​ခတ်​စေ​၏။-
JOH 19:2 စစ်​သား​များ​သည်​ဆူး​ခက်​ဖြင့်​ရက်​သော​ဦး​ရစ် သ​ရ​ဖူ​ကို​ပြု​လုပ်​၍ ဦး​ခေါင်း​တော်​ကို​ဆောင်း ပေး​ကြ​၏။ ထို​နောက်​နီ​မောင်း​သော​ဝတ်​လုံ​ကို ကိုယ်​တော်​အား​ဝတ်​ပေး​ပြီး​လျှင်၊-
JOH 19:3 အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ယု​ဒ​ရှင်​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ဆို​၍​ပါး​တော် ကို​ရိုက်​ကြ​၏။
JOH 19:4 ပိ​လတ်​မင်း​သည်​အ​ပြင်​သို့​တစ်​ဖန်​ထွက်​ပြီး လျှင်​ပ​ရိ​သတ်​တို့​အား ``ထို​သူ​ကို​သေ​ဒဏ်​ပေး နိုင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့ ကြောင်း သင်​တို့​သိ​ရှိ​ကြ​စေ​ရန်​သူ့​အား​သင် တို့​ထံ​သို့​ငါ​ထုတ်​ခဲ့​မည်'' ဟု​ဆို​၏။-
JOH 19:5 သ​ခင်​ယေ​ရှု​သည်​လည်း​ဆူး​ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​လျက်​နီ​မောင်း​သော​ဝတ်​လုံ​ကို​ဝတ်​ဆင် ကာ အ​ပြင်​သို့​ထွက်​ကြွ​တော်​မူ​၏။ ပိ​လတ်​မင်း က ``ကြည့်​ကြ​လော့၊ ဤ​သူ​ပင်​ဖြစ်​သည်'' ဟု ဆို​၏။
JOH 19:6 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​စောင့်​တပ်​သား များ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ``သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ။ သူ့​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``သင်​တို့​ပင်​သူ့​ကို​ခေါ်​ဆောင် ပြီး​လျှင်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် ကြ​လော့။ သူ့​ကို​သေ​ဒဏ်​ပေး​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ဆို​၏။-
JOH 19:7 လူ​ထု​က ``ထို​သူ​သည်​မိမိ​ကိုယ်​ကို​ဘု​ရား သ​ခင်​၏​သား​တော်​ဟု​ဆို​သော​ကြောင့် သေ​ဒဏ် ခံ​ထိုက်​ကြောင်း အ​ကျွန်ုပ်​တို့​တ​ရား​ဥ​ပ​ဒေ က​ဆို​ပါ​သည်'' ဟု​ပြန်​၍​ဖြေ​ကြား​၏။
JOH 19:8 ထို​သူ​တို့​၏​စ​ကား​ကို​ကြား​လျှင်​ပိ​လတ် မင်း​သည်​ပို​၍​ပင်​ကြောက်​လန့်​လာ​၏။-
JOH 19:9 သို့​ဖြစ်​၍​အိမ်​တော်​ထဲ​သို့​ပြန်​ဝင်​ပြီး​နောက် သ​ခင်​ယေ​ရှု​အား ``သင်​သည်​အ​ဘယ်​မှ​လာ သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​မည်​သို့​မျှ ဖြေ​ကြား​တော်​မ​မူ။-
JOH 19:10 ပိ​လတ်​မင်း​က ``သင်​သည်​ငါ​နှင့်​စကား​ပြော ရန်​ငြင်း​ဆန်​နေ​ပါ​သ​လော။ ငါ​သည်​သင့်​ကို လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပိုင်​သည်​ကို​လည်း ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပိုင် သည်​ကို​လည်း​ကောင်း​သင်​မ​သိ​ပါ​သ​လော'' ဟု​မေး​၏။
JOH 19:11 သ​ခင်​ယေ​ရှု​က ``မင်း​ကြီး​အား​ဘု​ရား​သ​ခင် အပ်​နှင်း​၍​သာ​ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ခံ​ယူ​ရ​ရှိ​သည်။ ထို့​ကြောင့်​အ​ကျွန်ုပ်​အား​မင်း ကြီး​၏​လက်​သို့​အပ်​နှံ​သူ​သည်​ပို​၍​အ​ပြစ် ကြီး​၏'' ဟု​မိန့်​တော်​မူ​၏။-
JOH 19:12 ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ရန် နည်း​လမ်း​ရှာ​ကြံ​လေ​တော့​၏။ သို့​ရာ​တွင်​လူ ထု​က ``ထို​သူ​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ပါ​မူ​အ​ရှင်​မင်း​ကြီး​သည်​ဧ​က​ရာဇ်​မင်း​၏ အ​ဆွေ​တော်​မ​ဟုတ်​တော့​ပြီ။ မည်​သူ​မ​ဆို မိ​မိ​ကိုယ်​ကို​ရှင်​ဘု​ရင်​ဟု​ဆို​သူ​သည် ဧ​က​ရာဇ်​မင်း​ကို​ပုန်​ကန်​သူ​ဖြစ်​ပါ​၏'' ဟု ဟစ်​အော်​ကြ​၏။
JOH 19:13 ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​ပိ​လတ်​မင်း သည်​သ​ခင်​ယေ​ရှု​ကို​အ​ပြင်​သို့​ထုတ်​ဆောင် ခဲ့​ပြီး​လျှင် ကျောက်​ပြား​စင်္ကြံ​ပေါ်​ရှိ​တ​ရား ခွင်​တွင်​ထိုင်​လေ​၏။ (ထို​စင်္ကြံ​ကို​ဟေ​ဗြဲ ဘာ​သာ​ဖြင့်​ဂဗ္ဗ​သ​ဟု​ခေါ်​၏။)-
JOH 19:14 ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။
JOH 19:15 ထို​သူ​တို့​က ``သူ့​ကို​သတ်​ပါ၊ သူ့​ကို​သတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ပြန်​၍​ဟစ်​အော်​ကြ​၏။ ပိ​လတ်​မင်း​က ``သင်​တို့​၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​လို သ​လော'' ဟု​မေး​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``အ​ကျွန်ုပ်​တို့ မှာ​ဧ​က​ရာဇ်​မင်း​မှ​တစ်​ပါး​အ​ခြား​ရှင် ဘု​ရင်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​ကြ​၏။
JOH 19:16 ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ထို​သူ တို့​လက်​သို့​အပ်​လိုက်​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။-
JOH 19:17 ကိုယ်​တော်​သည်​ဦး​ခေါင်း​ခွံ​ဟု​နာ​မည်​တွင်​သော အ​ရပ်​သို့​မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း လျက်​ကြွ​တော်​မူ​၏။ (ထို​အ​ရပ်​ကို​ဟေ​ဗြဲ ဘာ​သာ​အား​ဖြင့် ``ဂေါ​လ​ဂေါ​သ'' ဟု​ခေါ် သ​တည်း။)-
JOH 19:18 ထို​အ​ရပ်​မှာ​ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​အ​ခြား သူ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော်​၏​လက်​ယာ ဘက်​တွင်​တစ်​ယောက် လက်​ဝဲ​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​ကို​မူ​ကား​အ​လယ်​တွင်​ထား သ​တည်း။-
JOH 19:19 ပိ​လတ်​မင်း​သည်​ကမ္ပည်း​လိပ်​စာ​ရေး​၍​ကိုယ်​တော် ၏​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​ကပ်​ထား​စေ​၏။ ထို ကမ္ပည်း​လိပ်​စာ​ကား ``ယု​ဒ​ဘု​ရင်၊ နာ​ဇ​ရက်​မြို့ သား​ယေ​ရှု'' ဟူ​၍​ဖြစ်​သ​တည်း။-
JOH 19:20 သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​သည့်​အ​ရပ်​မှာ​မြို့​နှင့်​နီး​ကပ်​သ​ဖြင့် လူ​အ​များ​ပင်​ထို​ကမ္ပည်း​လိပ်​စာ​ကို​ဖတ် ကြည့်​ကြ​၏။ ကမ္ပည်း​လိပ်စာ​ကို​ယု​ဒ​ဘာ​သာ၊ လက်​တင်​ဘာ​သာ​နှင့်​ဂ​ရိ​ဘာ​သာ​တို့​ဖြင့် ရေး​သား​ထား​သည်။-
JOH 19:21 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``ယု​ဒ​ဘု​ရင် ဟူ​၍​ရေး​တော်​မ​မူ​ပါ​နှင့်။ `ဤ​သူ​က​ငါ သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု​ဆို​သည်' ဟူ​၍​သာ​ရေး​တော်​မူ​ပါ'' ဟု​ပိ​လတ်​မင်း အား​လျှောက်​ထား​ကြ​၏။
JOH 19:22 ပိ​လတ်​မင်း​က ``ငါ​ရေး​ပြီး​သည့်​အ​တိုင်း အ​တည်​ဖြစ်​စေ​ရ​မည်'' ဟု​ပြန်​ပြော​၏။
JOH 19:23 စစ်​သား​တို့​သည်​သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​ကြ​ပြီး​သော​အ​ခါ ကိုယ်​တော်​၏ အဝတ်​တော်​တို့​ကို​လေး​ပိုင်း​ပိုင်း​၍​တစ်​ယောက် တစ်​ပိုင်း​စီ​ယူ​ကြ​၏။ သူ​တို့​သည်​အ​ထဲ​ခံ အင်္ကျီ​ကို​လည်း​ယူ​ကြ​၏။ သို့​ရာ​တွင်​ထို​အင်္ကျီ မှာ​ချုပ်​ရိုး​မဲ့​ရက်​လုပ်​ထား​သည်​ဖြစ်​၍၊-
JOH 19:24 စစ်​သား​များ​က ``ဤ​အင်္ကျီ​ကို​မ​ဆုတ်​ကြ နှင့်။ မဲ​ချ​၍​ယူ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း အ​ချင်း​ပြော​ဆို​ကြ​၏။ ဤ​စစ်​သား​များ ပြု​မူ​ကြ​ခြင်း​မှာ​ကျမ်း​စာ​တော်​တွင် ``ထို​သူ​တို့​သည်​ငါ​၏​အ​ဝတ်​များ​ကို​ခွဲ​ဝေ ယူ​ကြ​၏။ ငါ​၏​အင်္ကျီ​ကို​မဲ​ချ​ယူ​ကြ​၏'' ဟု​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပင်​တည်း။-
JOH 19:25 ထို​အ​ခါ​ကိုယ်​တော်​၏​မယ်​တော်​နှင့်​မယ်​တော် ၏​ညီ​မ​သည်​လည်း​ကောင်း၊ က​လော​ဖ​၏​ဇ​နီး ဖြစ်​သူ​မာ​ရိ​နှင့်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ သည်​လည်း​ကောင်း သ​ခင်​ယေ​ရှု​၏​လက်​ဝါး ကပ်​တိုင်​အ​နီး​တွင်​ရပ်​လျက်​နေ​ကြ​၏။-
JOH 19:26 သ​ခင်​ယေ​ရှု​သည်​မယ်​တော်​နှင့်​မယ်​တော်​၏ အ​နီး​တွင်​ကိုယ်​တော်​ချစ်​တော်​မူ​သော​တ​ပည့် တော်​ရပ်​လျက်​နေ​သည်​ကို​တွေ့​မြင်​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​က ``မယ်​တော်၊ ဤ​မှာ မယ်​တော်​၏​သား'' ဟု​မြွက်​ဆို​တော်​မူ​၏။
JOH 19:27 ထို​နောက်​တ​ပည့်​တော်​အား ``ဤ​မှာ​သင်​၏ အ​မိ'' ဟု​မိန့်​မြွက်​တော်​မူ​၏။ ထို​အ​ခါ​မှ စ​၍​ထို​တ​ပည့်​တော်​သည်​မယ်​တော်​အား မိ​မိ​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက်​ထား​လေ သည်။
JOH 19:28 ထို​အ​ချိန်​၌​အ​မှု​ခပ်​သိမ်း​ပြီး​စီး​ပြီ​ဖြစ် ကြောင်း​ကို​သ​ခင်​ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် ကျမ်း​စာ​တော်​လာ​သည်​အ​တိုင်း​ဖြစ်​ပျက် စေ​ရန်​ကိုယ်​တော်​က ``ငါ​ရေ​ငတ်​သည်'' ဟု မိန့်​တော်​မူ​၏။
JOH 19:29 ထို​နေ​ရာ​တွင်​ပုန်း​ရည်​အ​ပြည့်​ထည့်​ထား သော​အိုး​တစ်​လုံး​ရှိ​၏။ ထို​သူ​တို့​သည်​ရေ မြှုပ်​တစ်​ခု​ကို​ပုန်း​ရည်​တွင်​နှစ်​၍​ဟု​ဿုပ်​ပင် အ​ကိုင်း​အ​ဖျား​၌​တပ်​ပြီး​လျှင်​ကိုယ်​တော် ၏​ခံ​တွင်း​တော်​သို့​ကမ်း​ပေး​ကြ​၏။-
JOH 19:30 သ​ခင်​ယေ​ရှု​သည်​ထို​ပုန်း​ရည်​ကို​သောက်​တော် မူ​ပြီး​မှ ``အ​မှု​ပြီး​ပြီ'' ဟု​မိန့်​တော်​မူ​ကာ ဦး​ခေါင်း​တော်​ကို​ငိုက်​လျက်​အ​သက်​ချုပ် တော်​မူ​၏။
JOH 19:31 ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။-
JOH 19:32 ထို့​ကြောင့်​စစ်​သား​များ​သည်​လာ​၍​သ​ခင်​ယေ​ရှု နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင်​ခံ​ရ​သော ပ​ထ​မ​လူ​၏​ခြေ​များ​ကို​ချိုး​ပြီး​လျှင် အ​ခြား တစ်​ယောက်​၏​ခြေ​များ​ကို​လည်း​ချိုး​ကြ​၏။-
JOH 19:33 ကိုယ်​တော်​ထံ​သို့​ရောက်​ကြ​သော​အ​ခါ​အ​သက် ချုပ်​တော်​မူ​ပြီး​ကြောင်း​ကို​တွေ့​ရှိ​သ​ဖြင့် ခြေ တော်​တို့​ကို​မ​ချိုး​ကြ​တော့​ချေ။-
JOH 19:34 သို့​ရာ​တွင်​စစ်​သား​တစ်​ယောက်​သည်​ကိုယ်​တော် ၏​နံ​တော်​ကို​လှံ​ဖြင့်​ထိုး​လိုက်​ရာ​ချက်​ချင်း ပင်​သွေး​နှင့်​ရေ​ထွက်​လာ​၏။-
JOH 19:35 (ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​သည်​လည်း​ယုံ ကြည်​ကြ​စေ​ရန်​မျက်​မြင်​သက်​သေ​တစ်​ဦး က​ဖော်​ပြ​ပါ​၏။ ထို​သူ​၏​ဖော်​ပြ​ချက်​သည် မှန်​ကန်​ပါ​၏။ ထို​သူ​ကိုယ်​တိုင်​ပင်​မိ​မိ​စ​ကား မှန်​ကန်​ကြောင်း​ကို​သိ​ပါ​၏။)-
JOH 19:36 ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ ``သူ​၏​အ​ရိုး​တစ် ချောင်း​မျှ​မ​ကျိုး​စေ​ရ'' ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​တည်း။-
JOH 19:37 အ​ခြား​ကျမ်း​စာ​တစ်​ပုဒ်​တွင်​လည်း ``ထို​သူ တို့​သည်​မိ​မိ​လှံ​ဖြင့်​ထိုး​ဖောက်​သော​သူ​ကို ရှု​ကြည့်​ကြ​ရ​လိမ့်​မည်'' ဟု​ပါ​ရှိ​သေး​၏။
JOH 19:38 ထို​နောက်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​သည် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​ယူ​ခွင့်​ပြု ရန်​ပိ​လတ်​မင်း​အား​တောင်း​လျှောက်​၏။ (ယော​သပ် ကား​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို​ကြောက်​သ​ဖြင့် မ​ထင်​မ​ရှား​သ​ခင်​ယေ​ရှု​၏​တပည့်​တော်​ဖြစ် သ​တည်း။) ပိ​လတ်​မင်း​ခွင့်​ပြု​တော်​မူ​သ​ဖြင့် ယော​သပ်​သည်​အ​လောင်း​တော်​ကို​လာ​ယူ​၏။-
JOH 19:39 ယ​ခင်​သ​ခင်​ယေ​ရှု​ကို​ည​အ​ခါ​လာ​ရောက် တွေ့​ဆုံ​သူ​နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့် အ​ကျော်​ရော​နှော​သော​ဆီ​မွှေး​နံ့​သာ​ပေါင်း အ​ချိန်​နှစ်​ဆယ့်​ငါး​ပိ​ဿာ​ခန့်​ကို​ယူ​၍ ယော သပ်​နှင့်​အ​တူ​လိုက်​သွား​၏။-
JOH 19:40 သူ​တို့​သည်​သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို ယူ​၍​ယု​ဒ​အ​မျိုး​သား​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင် ရာ​ဋ္ဌ​လေ့​ထုံး​စံ​အ​တိုင်း နံ့​သာ​ပေါင်း​နှင့်​အ​တူ ပိတ်​ဖြင့်​ရစ်​ပတ်​ကြ​၏။-
JOH 19:41 ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ရပ်​၌​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ ထို​ဥ​ယျာဉ် တွင်​မည်​သူ​ကို​မျှ​မ​သင်္ဂြိုဟ်​ဘူး​သေး​သည့် သင်္ချိုင်း​ဂူ​တစ်​ခု​ရှိ​၏။-
JOH 19:42 ထို​နေ့​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ဖိတ် နေ့​ဖြစ်​သော​ကြောင့် အ​လောင်း​တော်​ကို​အ​နီး တွင်​ရှိ​သည့်​ထို​ဂူ​၌​ပင်​သင်္ဂြိုဟ်​ကြ​၏။
JOH 20:1 တ​နင်္ဂ​နွေ​နေ့​မိုး​မ​လင်း​မီ​မှောင်​လျက်​နေ​သေး စဉ်​အ​ခါ​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည်​သင်္ချိုင်း တော်​သို့​လာ​ရာ​ဂူ​ဝ​မှ​ကျောက်​တုံး​ကို​ဖယ် ရှား​ထား​သည်​ကို​တွေ့​ရ​၏။-
JOH 20:2 သူ​သည်​ရှိ​မုန်​ပေ​တ​ရု​နှင့်​သ​ခင်​ယေ​ရှု​ချစ် တော်​မူ​သော​တ​ပည့်​တော်​ထံ​သို့​ပြေး​သွား​ပြီး လျှင် ``သ​ခင်​ဘု​ရား​ကို​သင်္ချိုင်း​တော်​မှ​ယူ​ဆောင် သွား​ကြ​လေ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ'' ဟု​ပြော​၏။
JOH 20:3 ထို​အ​ခါ​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော် သည်​သင်္ချိုင်း​တော်​သို့​ပြေး​သွား​ကြ​၏။-
JOH 20:4 ထို​သူ​နှစ်​ဦး​သည်​အ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​က​ပေ​တ​ရု​ထက်​လျင် မြန်​စွာ​ပြေး​၍​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက် လေ​သည်။-
JOH 20:5 သူ​သည်​ငုံ့​၍​ကြည့်​လိုက်​ရာ​ဂူ​ထဲ​တွင်​ပိတ် များ​ကျန်​ရစ်​သည်​ကို​မြင်​ရ​၏။ သို့​သော်​သူ သည်​ဂူ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။-
JOH 20:6 သူ​၏​နောက်​က​လိုက်​လာ​သူ​ရှိ​မုန်​ပေ​တ​ရု သည်​လည်း​ရောက်​လာ​ပြီး​နောက်​ဂူ​ထဲ​သို့​ဝင် ရာ​ပိတ်​များ​ကျန်​ရစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊-
JOH 20:7 ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​မှ​ပ​ဝါ​သည်​ထို​ပိတ် များ​နှင့်​အ​တူ​မ​ရှိ​ဘဲ​တစ်​နေ​ရာ​တွင်​သီး​သန့် လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း​မြင်​လေ​၏။-
JOH 20:8 ထို​နောက်​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​ရှိ​သည့် အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဂူ​ထဲ​သို့​ဝင် လျှင်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သ​ဖြင့် ယုံ​ကြည်​လေ​၏။-
JOH 20:9 (ကိုယ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ရ​မည်​ဟူ​သော​ကျမ်း​စ​ကား​ကို​ထို​သူ​တို့​နား မ​လည်​ကြ​သေး​ချေ။)-
JOH 20:10 ထို​နောက်​တ​ပည့်​တော်​နှစ်​ဦး​တို့​သည်​ပြန်​ကြ​၏။
JOH 20:11 မာ​ရိ​သည်​သင်္ချိုင်း​တော်​အ​နီး​တွင်​ငို​ကြွေး​လျက် ရပ်​နေ​၏။ သူ​သည်​ငို​ကြွေး​နေ​စဉ်​ငုံ့​၍​ဂူ​ထဲ​သို့ ကြည့်​လိုက်​ရာ၊-
JOH 20:12 သခင်​ယေ​ရှု​အ​လောင်း​တော်​၏​နေ​ရာ​ခေါင်း​ရင်း တွင်​ကောင်း​ကင်​တ​မန်​တစ်​ပါး၊ ခြေ​ရင်း​တွင် တစ်​ပါး၊ ကောင်း​ကင်​တ​မန်​နှစ်​ပါး​ဝတ်​ဖြူ​စင် ကြယ်​နှင့်​ထိုင်​နေ​သည်​ကို​မြင်​ရ​၏။-
JOH 20:13 ကောင်း​ကင်​တ​မန်​များ​က ``အ​ချင်း​အ​မျိုး သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သနည်း'' ဟု​မေး​၏။ မာ​ရိ​က ``ကျွန်​မ​၏​အ​ရှင်​ကို​သူ​တို့​ယူ​ဆောင် သွား​လေ​ပြီ။ ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​မှာ ထား​ကြ​သည်​ကို​ကျွန်​မ​မ​သိ​ပါ'' ဟု​ဆို​၏။
JOH 20:14 ဤ​သို့​ဆို​ပြီး​လျှင်​နောက်​သို့​လှည့်​၍​ကြည့်​ရာ သခင်​ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို​မြင် သော်​လည်း​သ​ခင်​ယေ​ရှု​ဖြစ်​သည်​ကို​မ​သိ။-
JOH 20:15 သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သ​နည်း။ သင်​မည် သူ့​ကို​ရှာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​သည်​ကိုယ်​တော်​ကို​ဥ​ယျာဉ်​စောင့် ဟု​ထင်​မှတ်​ကာ ``ဆ​ရာ၊ ကိုယ်​တော်​၏​အ​လောင်း တော်​ကို​ရှင်​ယူ​ဆောင်​သွား​ခဲ့​ပါ​လျှင်​အ​ဘယ် အ​ရပ်​တွင်​ထား​သည်​ကို​ကျွန်​မ​အား​ပြော​ပြ​ပါ။ ကျွန်​မ​သွား​၍​ယူ​ပါ​မည်'' ဟု​ဆို​၏။
JOH 20:16 သ​ခင်​ယေ​ရှု​က ``မာ​ရိ'' ဟု​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​သည်​လှည့်​၍ ဟေ​ဗြဲ​ဘာ​သာ ဖြင့် ``ရဗ္ဗုနိ'' ဟု​ထူး​၏။ (ရဗ္ဗုနိ​အ​နက်​ကား အ​ရှင်​ဘု​ရား​ဟု​ဆို​လို​သ​တည်း။)
JOH 20:17 သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ကိုင်​ဆွဲ​၍​မ​ထား​နှင့်။ ငါ​သည်​ခ​မည်း​တော်​၏​ထံ​သို့​မ​တက်​ရ​သေး။ သို့​သော်​ငါ​၏​ညီ​များ​ထံ​သို့​သွား​၍​ငါ့​အ​ဖ တည်း​ဟူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​တော် သို့​ငါ​တက်​သွား​ရ​မည့်​အ​ကြောင်း​ကို​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။
JOH 20:18 သို့​ဖြစ်​၍​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည်​တ​ပည့် တော်​တို့​ထံ​သွား​၍​သ​ခင်​ဘု​ရား​ကို​မိ​မိ​တွေ့ မြင်​ခဲ့​ကြောင်း​နှင့်​ကိုယ်​တော်​မည်​သို့​မိန့်​ကြား တော်​မူ​လိုက်​ကြောင်း​ကို​ပြော​ပြ​၏။
JOH 20:19 တ​ပည့်​တော်​တို့​သည်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို ကြောက်​သ​ဖြင့်​တ​နင်္ဂ​နွေ​နေ့​ည​ဦး​အ​ချိန်​၌ အိမ်​တံ​ခါး​ပိတ်​၍​စု​ဝေး​နေ​ကြ​၏။ ထို​အ​ခါ သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​ထို​သူ​တို့ အ​လယ်​မှာ​ရပ်​တော်​မူ​လျက် ``သင်​တို့​၌​ငြိမ် သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။-
JOH 20:20 သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​၏​လက်​တော် များ​နှင့်​နံ​တော်​ကို​တ​ပည့်​တော်​တို့​အား​ပြ တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​သ​ခင်​ဘု​ရား ကို​တွေ့​မြင်​ရ​သော​အ​ခါ​ဝမ်း​မြောက်​ကြ​၏။-
JOH 20:21 ထို​နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​နည်း​တူ​သင်​တို့​ကို ငါ​စေ​လွှတ်​၏'' ဟု​မိန့်​တော်​မူ​၏။-
JOH 20:22 ဤ​သို့​မိန့်​တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အ​ပေါ်​သို့​မှုတ်​တော်​မူ​လျက် ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ကြ လော့။-
JOH 20:23 သင်​တို့​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် လျှင်​သူ​တို့​သည်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။ သင် တို့​မ​ဖြေ​မ​လွှတ်​လျှင်​မူ​ကား​သူ​တို့​အ​ပြစ် ပြေ​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။
JOH 20:24 သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ချိန်​၌ (အ​မြွှာ​ပူး ဟု​နာ​မည်​တွင်​သည့်) သော​မ​ကား​တ​ပည့်​တော် တို့​နှင့်​အ​တူ​မ​ရှိ။-
JOH 20:25 သို့​ဖြစ်​၍​အ​ခြား​တ​ပည့်​တော်​များ​က ``သ​ခင် ဘု​ရား​ကို​ငါ​တို့​တွေ့​မြင်​ကြ​ရ​ပြီ'' ဟု​သော​မ အား​ပြော​ဆို​ကြ​၏။ သော​မ​က ``လက်​တော်​၌​သံ​ရိုက်​ရာ​ကို​မ​မြင်၊ သံ​ရိုက်​ရာ​ကို​လက်​ညှိုး​ဖြင့်​မ​တို့​မ​စမ်း၊ နံ​ဘေး တော်​ကို​လက်​ဖြင့်​မ​စမ်း​မ​သပ်​ရ​လျှင်​ငါ​ယုံ မည်​မ​ဟုတ်'' ဟု​ဆို​၏။
JOH 20:26 ထို​နောက်​ရက်​သတ္တ​တစ်​ပတ်​ကြာ​သော်​တ​ပည့် တော်​တို့​သည် အိမ်​အ​တွင်း​မှာ​စု​ဝေး​လျက်​ရှိ ကြ​၏။ သော​မ​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ပိတ်​ထား​လျက်​ရှိ​၏။ သို့​ရာ​တွင် သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့ ၏​အ​လယ်​တွင်​ရပ်​တော်​မူ​ပြီး​လျှင် ``သင်​တို့ ၌​ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော် မူ​၏။-
JOH 20:27 ထို​နောက်​သော​မ​အား ``သင်​၏​လက်​ညှိုး​ဖြင့်​ဤ နေ​ရာ​ကို​တို့​ကြည့်​လော့။ ငါ​၏​လက်​များ​ကို ကြည့်​လော့။ သင့်​လက်​ကို​ဆန့်​၍​ငါ​၏​နံ​ဘေး ကို​စမ်း​သပ်​လော့။ ယုံ​မှား​သံ​သ​ယ​မ​ဖြစ်​နှင့်။ ယုံ​လော့'' ဟု​မိန့်​တော်​မူ​၏။
JOH 20:28 သော​မ​က ``အ​ကျွန်ုပ်​၏​အ​ရှင်၊ အ​ကျွန်ုပ်​၏ ဘုရား​ပါ​တ​ကား'' ဟု​ပြန်​၍​လျှောက်​၏။
JOH 20:29 သ​ခင်​ယေ​ရှု​က ``သင်​သည်​ငါ့​ကို​မြင်​ရ​၍ ယုံ​ကြည်​သ​လော။ ငါ့​ကို​မ​မြင်​ရ​ဘဲ​ယုံ​ကြည် သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
JOH 20:30 ဤ​ကျမ်း​တွင်​ရေး​မ​ထား​သော​အ​ခြား​များ​စွာ သော​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​လည်း သခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ရှေ့​မှောက်​တွင် ပြ​တော်​မူ​၏။-
JOH 20:31 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သခင်​၏ သား​တော်​မေ​ရှိ​ယ​အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​လည်း​ကောင်း၊ ယင်း သို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ကိုယ်​တော်​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​အ​သက်​ကို​ရ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဤ​ကျမ်း​ကို​ရေး​သား​ပြု​စု သ​တည်း။
JOH 21:1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တိ​ဗေ​ရိ​အိုင်​အ​နီး တွင်​တ​ပည့်​တော်​တို့​အား​တစ်​ဖန်​ကိုယ်​ထင်​ပြ တော်​မူ​၏။ ပြ​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။-
JOH 21:2 ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။-
JOH 21:3 ရှိ​မုန်​ပေ​တ​ရု​က​အ​ခြား​သူ​တို့​အား ``ငါ ငါး​ဖမ်း​ထွက်​မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က ``ငါ​တို့​လည်း​လိုက်​မည်'' ဟု​ဆို ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​လှေ​ဖြင့်​ငါး​ဖမ်း ထွက်​ကြ​၏။ သို့​သော်​ထို​ည​တစ်​ည​လုံး​ငါး တစ်​ကောင်​ကို​မျှ​မ​မိ​ကြ။-
JOH 21:4 နေ​ထွက်​လာ​သော​အ​ခါ​သ​ခင်​ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​လျက်​နေ​တော်​မူ​၏။ သို့​ရာ တွင်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ဖြစ် မှန်း​ကို​မ​သိ​ကြ။-
JOH 21:5 ကိုယ်​တော်​က ``အ​မောင်​တို့၊ ငါး​မိ​ကြ​ပါ​၏ လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``မ​မိ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
JOH 21:6 ကိုယ်​တော်​က ``သင်​တို့​လှေ​၏​လက်​ယာ​ဘက်​သို့ ကွန်​ကို​ပစ်​လော့၊ ငါး​မိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ ၏။ မိန့်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​သည်​ကွန်​ကို ပစ်​ကြ​ရာ​မိ​သည့်​ငါး​များ​လှ​သ​ဖြင့်​ကွန်​ကို မ​ဆွဲ​တင်​နိုင်​ကြ​ချေ။
JOH 21:7 ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့် တော်​က ``ငါ​တို့​၏​သ​ခင်​ဘု​ရား​ပင်​တည်း'' ဟု ပေ​တ​ရု​အား​ပြော​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ပေ​တ​ရု​သည်​မိ​မိ​ချွတ်​ထား​သည့်​အ​ဝတ် ကို​ခါး​တွင်​ပတ်​၍​အိုင်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။-
JOH 21:8 အ​ခြား​တ​ပည့်​တော်​တို့​မူ​ကား​ကမ်း​နှင့်​မ​ဝေး ဘဲ​ကိုက်​တစ်​ရာ​ခန့်​သာ​ကွာ​တော့​သ​ဖြင့် ငါး နှင့်​ပြည့်​နေ​သော​ကွန်​ကို​ဆွဲ​တင်​လျက်​လှေ နှင့်​အ​တူ​လိုက်​လာ​ကြ​၏။-
JOH 21:9 သူ​တို့​သည်​လှေ​ပေါ်​က​ဆင်း​၍​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ​မုန့်​ကို​လည်း​ကောင်း၊ မီး​ကျီး​ပေါ်​တွင်​ကင်​ထား​သော​ငါး​ကို လည်း​ကောင်း​တွေ့​ကြ​၏။-
JOH 21:10 သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​မိ​သော​ငါး အ​ချို့​ကို​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။
JOH 21:11 ရှိ​မုန်​ပေ​တ​ရု​သည်​လှေ​ပေါ်​သို့​တက်​၍​ငါး​ကြီး များ​ဖြင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့ ရောက်​အောင်​ဆွဲ​ယူ​လေ​၏။ ငါး​တစ်​ရာ့​ငါး​ဆယ့် သုံး​ကောင်​ကို​မိ​၍ ထို​မျှ​လောက်​များ​ပြား​သော် လည်း​ကွန်​မှာ​မ​စုတ်​မ​ပြတ်​ချေ။-
JOH 21:12 သ​ခင်​ယေ​ရှု​က ``လာ​၍​စား​ကြ​လော့'' ဟု​သူ တို့​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​တို့ ၏​သ​ခင်​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ ကြ​သ​ဖြင့်​အ​ဘယ်​တ​ပည့်​တော်​မျှ ``အ​ရှင် သည်​အ​ဘယ်​သူ​နည်း'' ဟု​မ​မေး​မ​လျှောက် ဝံ့​ကြ။-
JOH 21:13 သ​ခင်​ယေ​ရှု​သည်​သူ​တို့​ရှိ​ရာ​သို့​ကြွ​တော်​မူ ၍​မုန့်​ကို​ယူ​ပြီး​လျှင်​သူ​တို့​အား​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပေး​တော်​မူ​၏။
JOH 21:14 သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​ပြီး​နောက်​တ​ပည့် တော်​တို့​အား ယ​ခု​ကိုယ်​ထင်​ပြ​တော်​မူ​သည်​မှာ တ​တိ​ယ​အ​ကြိမ်​ဖြစ်​သ​တည်း။
JOH 21:15 တ​ပည့်​တော်​တို့​စား​ကြ​ပြီး​နောက်​သ​ခင် ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သူ​တို့ ငါ့​ကို​ချစ်​သည်​ထက်​ပို​၍​ချစ်​သ​လော'' ဟု​ရှိ​မုန်​ပေ​တ​ရု​အား​မေး​တော်​မူ​၏။ ရှိ​မုန်​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု မိန့်​တော်​မူ​၏။-
JOH 21:16 တစ်​ဖန်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ပေ​တ​ရု​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု​မိန့် တော်​မူ​၏။-
JOH 21:17 တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-
JOH 21:18 အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား​သင် သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​ခါး​ကို​စည်း​၍​သွား လို​ရာ​သို့​သွား​တတ်​၏။ အို​မင်း​လာ​သော​အ​ခါ မူ​ကား​သင်​သည်​လက်​နှစ်​ဖက်​ကို​ဆန့်​လျက် သူ တစ်​ပါး​က​သင့်​ကို​ချည်​နှောင်​ပြီး​လျှင်​သင် မ​သွား​လို​သည့်​အ​ရပ်​သို့​ဆောင်​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
JOH 21:19 (ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ပေ​တ​ရု​သည်​အ​ဘယ် သို့​သော​သေ​ခြင်း​မျိုး​ဖြင့်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့် အ​ကြောင်း​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။) ဤ သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက်​ပေ​တ​ရု​အား ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။
JOH 21:20 ပေ​တ​ရု​သည်​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ သူ​၏​နောက်​တွင်​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​ကို​မြင်​လေ​၏။ ထို​သူ​ကား​ည​စာ စား​ကြ​စဉ်​အ​ခါ​က​သ​ခင်​ယေ​ရှု​၏​ရင်​တော် ကို​မှီ​လျက် ``သ​ခင်၊ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​မည့်​သူ​ကား​အ​ဘယ်​သူ​ဖြစ်​သ​နည်း'' ဟု မေး​လျှောက်​ခဲ့​သူ​ဖြစ်​၏။-
JOH 21:21 ပေ​တ​ရု​သည်​ထို​တ​ပည့်​တော်​ကို​မြင်​သော​အ​ခါ ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​လည်း​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​မေး​လျှောက်​၏။
JOH 21:22 သ​ခင်​ယေ​ရှု​က ``ငါ​ကြွ​လာ​သည်​တိုင်​အောင် သူ့​အား​အ​သက်​ရှင်​စေ​ရန်​ငါ​အ​လို​ရှိ​လျှင် သင်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။
JOH 21:23 သို့​ဖြစ်​၍​ထို​တ​ပည့်​တော်​သည်​သေ​ရ​တော့ မည်​မ​ဟုတ်​ဟူ​သော​သ​တင်း​သည်​တ​ပည့် တော်​တို့​အ​ထဲ​တွင်​ပျံ့​နှံ့​သွား​၏။ သို့​ရာ တွင်​သ​ခင်​ယေ​ရှု​က​ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု​မိန့်​တော်​မူ​သည်​မ​ဟုတ်။ ``ငါ ကြွ​လာ​သည်​အ​ထိ​သူ့​အား​အ​သက်​ရှင် စေ​ရန်​ငါ​အ​လို​ရှိ​လျှင်​သင်​နှင့်​မည်​သို့​မျှ မ​သက်​ဆိုင်'' ဟူ​၍​သာ​မိန့်​တော်​မူ​သ​တည်း။
JOH 21:24 ဤ​အ​ကြောင်း​အ​ရာ​တို့​ကို​ဖော်​ပြ​သက်​သေ ခံ​မှတ်​တမ်း​တင်​သူ​ကား​ထို​တ​ပည့်​တော်​ပင် ဖြစ်​၏။ သူ​၏​ဖော်​ပြ​ချက်​များ​မှန်​ကန်​ကြောင်း ကို​လည်း​ငါ​တို့​သိ​ကြ​၏။
JOH 21:25 သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​ခြား​အ​မှု အ​ရာ​များ​စွာ​ရှိ​သေး​၏။ ထို​အ​မှု​အ​ရာ​ရှိ သ​မျှ​တို့​ကို​မှတ်​တမ်း​တင်​ရ​မည်​ဆို​ပါ​က ပြု​စု​ရ​မည့်​ကျမ်း​ဂန်​များ​ကို​ထား​ရှိ​ရန် ဤ လော​က​တွင်​နေ​ရာ​ရှိ​မည်​မ​ဟုတ်​ဟု​ထင် မြင်​ပါ​သ​တည်း။ ရှင်​ယော​ဟန်​ခ​ရစ်​ဝင်​ပြီး​၏။
ACT 1:1 အို သော်​ဖိ​လု၊ သ​ခင်​ယေ​ရှု​သည်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက် သည့်​နေ့​မှ​အ​စ​ပြု​၍ ကောင်း​ကင်​ဘုံ​သို့​ဆောင် ယူ​ခြင်း​ကို​ခံ​တော်​မူ​သည့်​နေ့​တိုင်​အောင် ပြု​မူ သွန်​သင်​တော်​မူ​သ​မျှ​တို့​ကို​ကျွန်ုပ်​၏​ပ​ထ​မ စာ​စောင်​တွင်​ရေး​သား​ဖော်​ပြ​ခဲ့​ပါ​ပြီ။ ကိုယ် တော်​သည်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း ကို​ခံ​တော်​မ​မူ​မီ ရွေး​ကောက်​ထား​တော် မူ​သော​တ​မန်​တော်​တို့​အား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​ညွှန်​ကြား တော်​မူ​၏။-
ACT 1:3 ကိုယ်​တော်​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​ရက်​လေး​ဆယ်​အ​တွင်း​တ​မန်​တော်​တို့ အား​အ​ကြိမ်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ​၍ မိ​မိ​အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း ခိုင်​လုံ​သော​အ​ထောက်​အ​ထား​များ​ကို​ပေး တော်​မူ​၏။ တ​မန်​တော်​တို့​သည်​ကိုယ်​တော် ကို​တွေ့​မြင်​ရ​ကြ​၏။ ကိုယ်​တော်​သည်​လည်း သူ​တို့​အား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
ACT 1:4 သူ​တို့​သည်​စု​ရုံး​လာ​ကြ​သော​အ​ခါ​ကိုယ်​တော် က``ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​၍​မ​သွား​ကြ နှင့်။ ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​ဆု ကျေး​ဇူး​ကို​စောင့်​မျှော်​လျက်​နေ​ကြ​လော့။ ထို ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ယ​ခင်​က​သင်​တို့ အား​ငါ​ဖော်​ပြ​ခဲ့​၏။-
ACT 1:5 ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​ကို​ပေး​၏။ သို့​ရာ တွင်​သင်​တို့​မူ​ကား​ရက်​အ​နည်း​ငယ်​အ​တွင်း​၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိဇံ​ကို​ခံ​ယူ​ကြ ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
ACT 1:6 တ​မန်​တော်​တို့​သည်​စု​ဝေး​မိ​ကြ​သော​အ​ခါ ကိုယ်​တော်​အား``သ​ခင်​ဘု​ရား၊ ဤ​အ​ချိန်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏ နိုင်​ငံ​ကို​ကိုယ်​တော်​ရှင်​ပြန်​လည်​ပေး​အပ်​မည့် အ​ချိန်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
ACT 1:7 ကိုယ်​တော်​က``ခ​မည်း​တော်​၏​တန်​ခိုး​အာ​ဏာ အား​ဖြင့် စီ​ရင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​ချိန်​အ​ခါ ကို​သင်​တို့​သိ​ပိုင်​ခွင့်​မ​ရှိ။-
ACT 1:8 သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သော​အ​ခါ​၌ သင်​တို့ သည်​တန်​ခိုး​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ ပြည်​တစ်​ပြည်​လုံး​နှင့်​ရှ​မာ​ရိ​ပြည်​မှ​စ​၍ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​တိုင်​အောင် ငါ ၏​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ​များ​ဖြစ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
ACT 1:9 ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​တ​မန်​တော်​တို့ ကြည့်​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည်​ကောင်း​ကင် ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။ ထို​နောက် မိုး​တိမ်​သည်​ကိုယ်​တော်​ကို​ဖုံး​ကွယ်​လေ​၏။
ACT 1:10 ဤ​သို့​ကိုယ်​တော်​တက်​ကြွ​တော်​မူ​စဉ်​တ​မန်​တော် တို့​သည် မိုး​ကောင်း​ကင်​သို့​အာ​ရုံ​စိုက်​၍​ကြည့်​နေ ကြ​၏။ ထို​အ​ခါ​ဝတ်​ဖြူ​စင်​ကြယ်​နှင့်​လူ​နှစ်​ယောက် သည်​ရုတ်​တ​ရက်​သူ​တို့​အ​နီး​တွင်​ပေါ်​လာ​လေ​၏။-
ACT 1:11 ထို​သူ​တို့​က ``ဂါ​လိ​လဲ​ပြည်​သား​တို့၊ သင်​တို့ သည်​အ​ဘယ်​ကြောင့်​ရပ်​၍​မိုး​ကောင်း​ကင်​သို့ မျှော်​ကြည့်​နေ​ကြ​သ​နည်း။ သင်​တို့​ထံ​မှ ကောင်း​ကင်​ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​သို့ ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​သည်​ကို သင်​တို့​မြင်​ရ​ကြ​၏။ ဤ​နည်း​အ​တိုင်း​ပင်​ထို အ​ရှင်​သည်​ပြန်​လည်​ကြွ​လာ​တော်​မူ​လတ္တံ့'' ဟု​ဆို​ကြ​၏။
ACT 1:12 ထို​နောက်​တ​မန်​တော်​တို့​သည်​သံ​လွင်​နာ​မည် တွင်​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ကြ​၏။ သံ​လွင်​တောင်​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခ​ရီး မိုင်​ဝက်​ခန့်​ဝေး​၏။-
ACT 1:13 သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။-
ACT 1:14 သူ​တို့​သည်​သ​ခင်​ယေ​ရှု​နှင့်​မယ်​တော်​ဖြစ်​သူ မာ​ရိ​အ​ပါ​အ​ဝင်​အ​မျိုး​သ​မီး​အ​ချို့​တို့ နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ညီ​တော်​များ​နှင့် လည်း​ကောင်း မ​ကြာ​ခ​ဏ​တွေ့​ဆုံ​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။
ACT 1:15 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-
ACT 1:16 ``ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​သူ​တို့ ၏​လမ်း​ပြ​ဖြစ်​သူ ယု​ဒ​ရှ​ကာ​ရုတ်​ကို​ရည်​မှတ်​၍ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ် ပျက်​ရ​မည်​သာ​တည်း။ ဤ​ကျမ်း​ချက်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​ဒါ​ဝိဒ်​မင်း​နှုတ်​အား​ဖြင့် ဟော​ကြား​ခဲ့​၏။-
ACT 1:17 ယု​ဒ​သည်​အ​မှု​တော်​ဆောင်​တစ်​ဦး​အ​ဖြစ် ရွေး​ချယ်​ခြင်း​ခံ​ရ​သူ​ဖြစ်​၍ ငါ​တို့​လူ​စု​တွင် အ​ပါ​အ​ဝင်​ဖြစ်​ခဲ့​၏။''
ACT 1:18 (သူ​သည်​မိ​မိ​ဆိုး​ညစ်​ယုတ်​မာ​မှု​ကြောင့်​ရ​ရှိ သည့်​ငွေ​ဖြင့်​လယ်​တစ်​ကွက်​ကို​ဝယ်​ပြီး​နောက် ထို​လယ်​မြေ​ပေါ်​တွင်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ သူ​၏​ဝမ်း​ဗိုက်​သည်​ပေါက်​၍​အူ​များ​ထွက်​လာ​၏။-
ACT 1:19 ယေ​ရု​ရှ​လင်​မြို့​နေ​လူ​အ​ပေါင်း​တို့​သည် ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​သိ​ကြ​၏။ သို့​ဖြစ်​၍​ထို​လယ်​ကို​မိ​မိ​တို့​ဘာ​သာ​စ​ကား ဖြင့် ``အ​ကေ​လ​ဒ​မ'' ဟု​ခေါ်​ဆို​ကြ​၏။ အ​ကေ​လ ဒ​မ​၏​အ​နက်​ကား``သွေး​လယ်'' ဟူ​၏။)
ACT 1:20 ဆာ​လံ​ကျမ်း​တွင်၊ `သူ​၏​နေ​အိမ်​သည်​လူ​သူ​ဆိတ်​ညံ​ရာ​ဖြစ်​ပါ​စေ၊ ထို​အိမ်​တွင်​အ​ဘယ်​သူ​မျှ​မ​နေ​ပါ​စေ​နှင့်။ ထို​သူ​၏​ရာ​ထူး​ကို​လည်း​အ​ခြား​သူ​တစ်​ဦး​ယူ​ပါ​စေ' ဟူ​၍​ရေး​သား​ပါ​ရှိ​၏။
ACT 1:21 ``ထို့​ကြောင့်​သ​ခင်​ယေ​ရှု​အား ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့ နှင့်​အ​တူ​သက်​သေ​ခံ​ရန်​လူ​တစ်​ယောက်​ကို ရွေး​ချယ်​ရ​ကြ​မည်။ ထို​သူ​သည်​ယော​ဟန်​၏ ဗတ္တိ​ဇံ​ကို​သ​ခင်​ဘု​ရား​ခံ​တော်​မူ​ချိန်​မှ​စ ၍ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ချိန်​အ​ထိ ငါ​တို့​နှင့်​အ​တူ​သွား​လာ​နေ​ထိုင် ခဲ့​သူ​တစ်​ဦး​ဖြစ်​ရ​မည်'' ဟု​ဆို​၏။
ACT 1:23 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည် လူ​နှစ်​ယောက်​မှ တစ်​ယောက်​ကို​ရွေး​ကောက်​ရန်​အ​ဆို​ပြု​ကြ​၏။ ထို​သူ​နှစ်​ယောက်​ကား​ဗာ​ရှ​ဗ (ခေါ်) ယုတ္တု​နာ​မည် သစ်​ကို​ရ​သူ​ယော​သပ်​နှင့်​မ​ဿိ​တို့​ဖြစ်​၏။-
ACT 1:24 ထို​နောက်​တ​ပည့်​တော်​တို့​သည်``အို သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​၏​စိတ်​နှ​လုံး ကို​သိ​တော်​မူ​ပါ​၏။ ယု​ဒ​သည်​မိ​မိ​နှင့်​ထိုက်​ရာ အ​ရပ်​သို့​လား​ရ​အံ့​သော​ငှာ တ​မန်​တော်​ရာ​ထူး ကို​စွန့်​လွှတ်​၍​သွား​ပါ​ပြီ။ ထို​ရာ​ထူး​တွင်​ဤ​သူ နှစ်​ယောက်​အ​နက် အ​ဘယ်​သူ​ကို​ကိုယ်​တော်​ရှင် ရွေး​ကောက်​ခန့်​ထား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ အား​ဖော်​ပြ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။-
ACT 1:26 ထို​နောက်​မဲ​ချ​ကြ​ရာ​မ​ဿိ​ရ​ရှိ​သ​ဖြင့် သူ့​အား​တ​မန်​တော်​တစ်​ကျိပ်​တစ်​ပါး​တို့ နှင့်​အ​တူ တ​မန်​တော်​ဖြစ်​စေ​ရန်​ရွေး​ကောက် ခန့်​ထား​ကြ​၏။
ACT 2:1 ပင်​တေ​ကုတ္တေ​ပွဲ​တော်​နေ့​ကျ​ရောက်​သော​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည်​တစ်​နေ​ရာ တည်း​တွင်​စု​ရုံး​လျက်​ရှိ​ကြ​၏။-
ACT 2:2 ထို​အ​ခါ​လေ​ပြင်း​မုန်​တိုင်း​တိုက်​ခတ်​သံ​နှင့် တူ​သော​အ​သံ​သည် အ​ထက်​ကောင်း​ကင်​မှ ရုတ်​တ​ရက်​ပေါ်​လာ​၏။ ထို​နောက်​တ​ပည့်​တော် တို့​နေ​ထိုင်​ရာ​အိမ်​သည် ထို​အ​သံ​ဖြင့်​ပြည့် လေ​၏။-
ACT 2:3 သူ​တို့​သည်​မီး​လျှာ​များ​နှင့်​တူ​သည့်​အ​ရာ များ​ကို​လည်း​မြင်​ရ​ကြ​၏။ ယင်း​မီး​လျှာ​တို့ သည်​အ​ဖြာ​ဖြာ​ကွဲ​ကာ ထို​သူ​တို့​အ​သီး သီး​အ​ပေါ်​တွင်​တည်​နေ​၏။-
ACT 2:4 ထို​သူ​တို့​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​ပေး​အပ်​တော်​မူ​သည့် တန်​ခိုး​စွမ်း​ရည်​အ​တိုင်း​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ဟော​ပြော​ကြ​ကုန်​၏။
ACT 2:5 ထို​ကာ​လ​၌​ကမ္ဘာ​ပေါ်​ရှိ​တိုင်း​ပြည်​အ​သီး​သီး မှ လာ​ရောက်​ကြ​သော​ဘု​ရား​တ​ရား​ရို​သေ​ကိုင်း ရှိုင်း​သူ ယု​ဒ​အ​မျိုး​သား​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​တည်း​နေ​ကြ​၏။-
ACT 2:6 ထို​အ​သံ​ကို​ကြား​သော​အ​ခါ​လူ​ပ​ရိ​သတ် တို့​သည်​စု​ရုံး​လာ​ကြ​၏။ တ​ပည့်​တော်​တို့​ဟော ပြော​ချက်​များ​ကို လူ​တိုင်း​ပင်​မိ​မိ​ဘာ​သာ စ​ကား​ဖြင့်​ကြား​ကြ​ရ​သ​ဖြင့်​သူ​တို့​သည် အံ့​အား​သင့်​ကြ​၏။-
ACT 2:7 အံ့​သြ​မိန်း​မော​တွေ​ဝေ​ကာ``ဤ​သို့​ဟော​ပြော နေ​ကြ​သူ​တို့​ကား​ဂါ​လိ​လဲ​ပြည်​သား​များ မ​ဟုတ်​ပါ​လော။-
ACT 2:8 ဟုတ်​သည်​ဆို​ပါ​မူ​ငါ​တို့​အား​လုံး​သည် မိ​မိ တို့​တိုင်း​ရင်း​သား​ဘာ​သာ​စ​ကား​အ​တိုင်း အ​သီး သီး​ကြား​ကြ​ရ​သည်​ကား​အ​သို့​နည်း။-
ACT 2:9 ငါ​တို့​သည်​ပါ​သိ​ပြည်၊ မေ​ဒိ​ပြည်၊ ဧ​လံ ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှိ​ပြည်၊-
ACT 2:10 ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​များ​မှ လည်း​ကောင်း၊ ကု​ရေ​နေ​မြို့​အ​နီး​လိ​ဗု​နယ်​ပယ် များ​မှ​လည်း​ကောင်း​လာ​ကြ​သူ​များ​ဖြစ်​၏။ အ​ချို့​သော​ငါ​တို့​သည်​ရော​မ​မြို့​မှ​ရောက် လာ​သော၊-
ACT 2:11 ယု​ဒ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​ဘာ​သာ​သို့ ကူး​ပြောင်း​လာ​ကြ​သူ​များ​ဖြစ်​ကြ​၏။ အ​ချို့ သော​ငါ​တို့​သည်​က​ရေ​တေ​ပြည်​သား​နှင့်​အာ​ရပ် အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့ သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​တော်​များ​ကို ငါ​တို့​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို​ကြား​ရ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-
ACT 2:12 သူ​တို့​သည်​လွန်​စွာ​အံ့​သြ​တွေ​ဝေ​လျက် ``ဤ အ​မှု​အ​ရာ​ကား​အ​ဘယ်​သို့​သော​အ​မှု​အ​ရာ ဖြစ်​သ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
ACT 2:13 အ​ခြား​သော​သူ​တို့​မူ ``ဤ​သူ​တို့​သည်​သေ သောက်​မူး​ယစ်​နေ​သူ​များ​ဖြစ်​ကြ​၏'' ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။
ACT 2:14 ပေ​တ​ရု​သည်​တစ်​ကျိပ်​တစ်​ပါး​တို့​နှင့်​အ​တူ ရပ်​လျက်​အ​သံ​ကျယ်​စွာ​ဖြင့် ``ယု​ဒ​အ​မျိုး​သား များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ အ​ကြောင်း​ကို​ငါ​ရှင်း​ပြ​မည်။-
ACT 2:15 ဤ​သူ​တို့​သည်​သင်​တို့​ထင်​မှတ်​သည်​အ​တိုင်း မူး​ယစ်​နေ​သူ​များ​မ​ဟုတ်။ ယ​ခု​နံ​နက်​ကိုး နာ​ရီ​မျှ​သာ​ရှိ​သေး​၏။-
ACT 2:16 ဤ​အ​မှု​အ​ရာ​ကား​ပ​ရော​ဖက်​ယော​လ ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​ပင်​ဖြစ်​၏။ ထို ပ​ရော​ဖက်​က၊
ACT 2:17 `အ​ဆုံး​စွန်​သော​နေ့​များ​၌​ငါ​သည်​လူ​မျိုး အ​ပေါင်း​တို့ အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း မည်။ သင်​တို့​၏​သား​သ​မီး​များ​သည်​ငါ​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ဟော​ပြော​ကြ​လိမ့်​မည်။ လူ​ပျို​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို မြင်​ကြ​လိမ့်​မည်။ လူ​အို​တို့​သည်​အိပ်​မက်​များ​မြင်​မက်​ကြ​လိမ့်​မည်။
ACT 2:18 ထို​နေ့​ရက်​ကာ​လ​၌​ငါ​၏​အ​စေ​ခံ​သူ​ယောကျာ်း၊ မိန်း​မ​များ​အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို သွန်း​လောင်း​မည်။ သူ​တို့​သည်​ငါ​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ​လိမ့်​မည်။
ACT 2:19 အ​ထက်​အ​ရပ်​ကောင်း​ကင်​တွင်​နိ​မိတ် လက္ခ​ဏာ​များ​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​တွင်​အံ့​သြ​ဖွယ်​သော အ​ရာ​များ​ကို​လည်း​ကောင်း​ငါ​ပြ​မည်။ သွေး၊မီး​လျှံ၊မီး​ခိုး​တည်း​ဟူ​သော ပုပ္ပ​နိ​မိတ်​များ​ကို​ငါ​ပြ​မည်။
ACT 2:20 ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ထူး​နေ့​မြတ်​ကြီး​မ​ကျ ရောက်​မီ နေ​သည်​မှောင်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း​သွေး​ကဲ့​သို့​နီ​လိမ့်​မည်။
ACT 2:21 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍၊ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်' ဟူ​၍​ဟော​ပြော​ခဲ့​သ​တည်း။
ACT 2:22 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ့​စ​ကား ကို​နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​ထူး ဆန်း​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ကို နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​အား​ဖြင့်​ပြ တော်​မူ​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​ရှင်​သည်​ဘု​ရား သ​ခင်​၏​တန်​ခိုး​အာ​ဏာ​တော်​နှင့်​ပြည့်​ဝ​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​ပေ​သည်။ ထို​အ​ဖြစ် အ​ပျက်​များ​မှာ​သင်​တို့​ရှေ့​မှောက်​တွင်​ဖြစ်​ပျက် ခဲ့​သ​ဖြင့် ယင်း​တို့​ကို​သင်​တို့​ကိုယ်​တိုင်​သိ​ရှိ ကြ​သည်။-
ACT 2:23 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရည်​ရွယ်​ပြ​ဋ္ဌာန်း​ချက် နှင့်​အ​ညီ သ​ခင်​ယေ​ရှု​ကို​ရန်​သူ​လက်​သို့​ပေး အပ်​တော်​မူ​၏။ သင်​တို့​သည်​အ​ပြစ်​ကူး​သူ​တို့ လက်​ဖြင့် ထို​အ​ရှင်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ခဲ့​ကြ​၏။-
ACT 2:24 သို့​ရာ​တွင်​ထို​အ​ရှင်​ကို​သေ​မင်း​သည်​အ​စဉ် အ​မြဲ​ချုပ်​နှောင်​ထား​ရန်​မ​ဖြစ်​နိုင်။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ့​အား​သေ​ခြင်း​၏​တန်​ခိုး မှ​လွတ်​မြောက်​စေ​၍​ရှင်​ပြန်​ထ​မြောက်​စေ​တော် မူ​၏။-
ACT 2:25 ထို​အ​ရှင်​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​မင်း​က၊ `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စဉ်​မ​ပြတ် ဖူး​မြင်​ရ​၏။ ငါ​သည်​စိတ်​တုန်​လှုပ်​ခြင်း​နှင့်​ကင်း​စေ​ရန် ကိုယ်​တော်​သည်​ငါ့​အ​နီး​တွင်​ရှိ​တော်​မူ​၏။
ACT 2:26 သို့​ဖြစ်​၍​ငါ​၏​စိတ်​နှ​လုံး​သည်​ရွှင်​လန်း​လျက်၊ ငါ​၏​နှုတ်​သည်​ရွှင်​ပြ​သော​စ​ကား​များ​ဖြင့် ပြည့်​လျက်​ရှိ​ပါ​၏။ ငါ​သည်​သေ​မျိုး​ပင်​ဖြစ်​သော်​လည်း​မျှော်​လင့်​လျက် ငြိမ်​ဝပ်​စိတ်​ချ​စွာ​နေ​ပါ​မည်။
ACT 2:27 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အား သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။
ACT 2:28 အ​သက်​ရှင်​ရာ​လမ်း​သို့​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​ပြ​ညွှန်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​နှင့်​အ​တူ ရှိ​တော်​မူ​ခြင်း​ဖြင့် ကျွန်​တော်​မျိုး​အား​ဝမ်း​မြောက် စေ​တော်​မူ​လိမ့်​မည်' ဟု​ဆို​၏။
ACT 2:29 ``ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​နာ​မည်​ကျော်​အ​ဖ ဖြစ်​သော​ဒါ​ဝိဒ်​မင်း​၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား​ရှင်း​လင်း​စွာ​ဖော်​ပြ​ပါ​ရ​စေ။ သူ သည်​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​၏။ သူ​၏ သင်္ချိုင်း​သည်​ယ​နေ့​တိုင်​အောင်​ငါ​တို့​မျက်​မှောက် တွင်​ရှိ​သေး​၏။-
ACT 2:30 သူ​သည်​ပ​ရော​ဖက်​ဖြစ်​၍​မိ​မိ​၏​သား​မြေး တစ်​ဦး​ကို ရှင်​ဘု​ရင်​အ​ဖြစ်​ခန့်​တော်​မူ​မည် ဟု ဘု​ရား​သ​ခင်​ဋ္ဌိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​ခဲ့ ကြောင်း​ကို​သိ​၏။-
ACT 2:31 နောင်​အ​ခါ​တွင်​ဘု​ရား​သ​ခင်​မည်​သို့​ပြု​တော် မူ​မည်​ကို​သိ​သ​ဖြင့်၊ `ကိုယ်​တော်​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ။ သူ​၏​ခန္ဓာ​ကို​သင်္ချိုင်း​တွင်​ပုပ်​ပျက် စေ​တော်​မူ​မည်​မ​ဟုတ်' ဟု​သေ​ခြင်း​မှ​မေ​ရှိ​ယ​ထ​မြောက်​တော်​မူ မည့်​အ​ကြောင်း​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​၏။-
ACT 2:32 ထို​သ​ခင်​ယေ​ရှု​အား​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​အား လုံး​ပင်​သက်​သေ​ဖြစ်​ကြ​၏။-
ACT 2:33 ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​စံ​ပယ်​ရန်​ချီး​မြှင့်​ခြင်း​ခံ​တော်​မူ​ပြီး နောက် ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​သန့် ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံ​ယူ​၍ သင်​တို့​ယ​ခု တွေ့​မြင်​ကြား​သိ​နေ​ကြ​သည့်​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ​သ​တည်း။-
ACT 2:34 ဒါ​ဝိဒ်​မင်း​သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ သည်​မ​ဟုတ်။ သို့​ရာ​တွင်​ဒါ​ဝိဒ်​မင်း​က၊ `ငါ​၏​လက်​ယာ​ဘက်​၌​ထိုင်​နေ​လော့။ သင်​၏​ရန်​သူ​များ​ကို​သင်​၏​ခြေ​တင်​ခုံ​ဖြစ် စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​က​ငါ​၏​အ​ရှင်​အား​မိန့်​တော် မူ​၏' ဟူ​၍​ဖော်​ပြ​ခဲ့​၏။-
ACT 2:36 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​ရှင် သ​ခင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သူ​ကား သင်​တို့​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​သည့် ယေ​ရှု​ပင် ဖြစ်​ကြောင်း​အ​တပ်​ဧ​ကန်​သိ​မှတ်​ကြ​လော့'' ဟု​ဟော​လေ​၏။
ACT 2:37 ထို​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​ပူ​ပင်​သော​က​ရောက်​ကြ​လျက် ပေ​တ​ရု နှင့်​အ​ခြား​တ​မန်​တော်​တို့​အား``ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး မြန်း​ကြ​၏။
ACT 2:38 ပေ​တ​ရု​က ``နောင်​တ​ရ​ကြ​လော့။ သင်​တို့​အ​ပြစ် များ​ပြေ​လွတ်​စေ​ရန် ယေ​ရှု​ခ​ရစ်​၏​နာ​မ​၌​လူ တိုင်း​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း ဟူ​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-
ACT 2:39 ထို​ဆု​ကျေး​ဇူး​ကို​ပေး​မည်​ဟူ​သော​ဘု​ရား သ​ခင်​၏​က​တိ​တော်​သည် သင်​တို့​အ​တွက်​လည်း ကောင်း၊ သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​လည်း ကောင်း၊ ရပ်​ဝေး​ရှိ​သူ​တို့​အ​တွက်​လည်း​ကောင်း ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​ယူ​တော်​မူ​သော​သူ​အ​ပေါင်း တို့​အ​တွက် ဖြစ်​၏'' ဟု​ဖြေ​ဆို​လေ​၏။
ACT 2:40 ပေ​တ​ရု​သည်​ဤ​မျှ​သာ​မ​က​အ​ခြား​တ​ရား စ​ကား​များ​အား​ဖြင့်​လည်း​တိုက်​တွန်း​ဟော​ပြော ၏။ ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ဤ​ဆိုး​ယုတ် သော​လူ​တို့​ခံ​ကြ​ရ​မည့်​အ​ပြစ်​ဒဏ်​မှ​ကင်း လွတ်​စေ​ကြ​လော့'' ဟု​ထို​သူ​တို့​အား​တိုက် တွန်း​၏။-
ACT 2:41 လူ​အ​မြောက်​အ​မြား​ပင်​သူ​၏​တ​ရား​စ​ကား ကို​လက်​ခံ​ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​သ​ဖြင့် ထို​နေ့​၌​တ​ပည့်​တော်​အ​ရေ​အ​တွက် သုံး​ထောင်​မျှ​တိုး​လာ​၏။-
ACT 2:42 ထို​သူ​တို့​သည်​တ​မန်​တော်​တို့​၏​ဆုံး​မ​သြ​ဝါ​ဒ ကို​ခံ​ယူ​ခြင်း၊ စု​ပေါင်း​နေ​ထိုင်​စား​သောက်​ခြင်း၊ ပွဲ တော်​မင်္ဂ​လာ​ဝင်​ခြင်း၊ အ​တူ​တ​ကွ​ဆု​တောင်း​ပတ္ထ​နာ ပြု​ခြင်း​တို့​ဖြင့်​အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​၏။
ACT 2:43 တ​မန်​တော်​တို့​သည်​များ​စွာ​သော​အံ့​သြ​ဖွယ် ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ကြ သ​ဖြင့် လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြောက် လန့်​ကြ​ကုန်​၏။-
ACT 2:44 ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် တစ် စု​တစ်​ဝေး​တည်း​နေ​ထိုင်​၍ မိ​မိ​တို့​ဥစ္စာ​ပစ္စည်း များ​ကို​ဝေ​မျှ​သုံး​ဆောင်​ကြ​လေ​သည်။-
ACT 2:45 သူ​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို ရောင်း​ချ​၍ ချို့​တဲ့​သူ​များ​အား​ချို့​တဲ့​မှု ပ​မာ​ဏ​အ​တိုင်း​ဝေ​မျှ​ကြ​၏။-
ACT 2:46 သူ​တို့​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် စု​ဝေး​ကြ​၏။ မိ​မိ​တို့​အိမ်​များ​တွင်​နှိမ့်​ချ သော​စိတ်​ဖြင့်​ဝမ်း​မြောက်​စွာ​အ​တူ​တ​ကွ အ​စာ​အာ​ဟာ​ရ​ကို​သုံး​ဆောင်​ကြ​၏။-
ACT 2:47 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​မျက်​နှာ ပွင့်​လန်း​လျက်​ရှိ​ကြ​၏။ သ​ခင်​ဘု​ရား​သည်​ကယ် တင်​ခြင်း​ခံ​ရ​သူ​အ​ရေ​အ​တွက်​ကို နေ့​စဉ်​နေ့ တိုင်း​တိုး​ပွား​စေ​တော်​မူ​၏။
ACT 3:1 တစ်​နေ့​သ​၌​ဝတ်​ပြု​ကိုး​ကွယ်​ချိန်​မွန်း​လွဲ သုံး​နာ​ရီ​တွင် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။-
ACT 3:2 တင့်​တယ်​ဟု​ခေါ်​သော​တံ​ခါး​အ​နီး​တွင်​ဝမ်း တွင်း​ပါ​ခြေ​မ​စွမ်း​မ​သန်​သူ​လူ​တစ်​ယောက် ထိုင်​လျက်​ရှိ​၏။ ဗိ​မာန်​တော်​ထဲ​သို့​လာ​ကြ သော​သူ​များ​ထံ​မှ​ကြေး​ငွေ​တောင်း​ခံ​နိုင်​ရန် နေ့​စဉ်​နေ့​တိုင်း​ထို​သူ​ကို​တံ​ခါး​အ​နီး​တွင် ချ​ထား​လေ့​ရှိ​ကြ​၏။-
ACT 3:3 သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ဗိ​မာန်​တော် ထဲ​သို့​ဝင်​မည်​ပြု​သည်​ကို​မြင်​လျှင် ကြေး​ငွေ တစ်​စုံ​တစ်​ရာ​ပေး​ကမ်း​စွန့်​ကြဲ​ရန်​တောင်း ခံ​လေ​၏။-
ACT 3:4 ထို​သူ​နှစ်​ယောက်​သည်​သူ့​ကို​စေ့​စေ့​ကြည့် ကြ​၏။ ထို​နောက်​ပေ​တ​ရု​က``ငါ​တို့​ကို ကြည့်​လော့'' ဟု​ဆို​၏။-
ACT 3:5 ထို​အ​ခါ​သူ​သည်​တ​မန်​တော်​တို့​ထံ​မှ ကြေး​ငွေ​တစ်​စုံ​တစ်​ရာ​ရ​ရှိ​မည်​အ​ထင် နှင့်​သူ​တို့​ကို​အာ​ရုံ​စိုက်​၍​ကြည့်​လေ​၏။-
ACT 3:6 သို့​ရာ​တွင်​ပေ​တ​ရု​က``ငါ့​မှာ​ရွှေ​ငွေ​မ​ရှိ။ သို့​သော်​ရှိ​သည့်​အ​ရာ​ကို​သင့်​အား​ငါ​ပေး မည်။ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​၏​နာ​မ​တော် အား​ဖြင့်​ထ​၍​လှမ်း​သွား​လော့'' ဟု​ဆို​၏။-
ACT 3:7 ထို​နောက်​သူ​၏​လက်ယာ​ဘက်​ကို​ဆွဲ​ကိုင်​ထူ​မ လိုက်​၏။ ထို​ခ​ဏ​၌​သူ​၏​ခြေ​နှင့်​ခြေ​ဖ​ဝါး များ​သည်​သန်​မာ​လာ​သ​ဖြင့်၊-
ACT 3:8 သူ​သည်​ခုန်​ပေါက်​ကာ​ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​ကူး​လျက်​ဗိ​မာန်​တော်​ထဲ​သို့ လိုက်​သွား​၏။-
ACT 3:9 ထို​သူ​ဤ​သို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လျက် လှမ်း​သွား​သည်​ကို​လူ အ​ပေါင်း​တို့​တွေ့​မြင်​ကြ​၏။-
ACT 3:10 ထို​သူ​သည်​ဗိ​မာန်​တော်​တင့်​တယ်​တံ​ခါး​ဝ တွင် ထိုင်​နေ​လေ့​ရှိ​သည့်​သူ​တောင်း​စား​ဖြစ် ကြောင်း​ကို​မှတ်​မိ​ကြ​သ​ဖြင့် သူ​တို့​သည် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​ကို များ​စွာ​အံ့​သြ​မိန်း​မော​ကြ​၏။
ACT 3:11 ထို​သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို​တွယ် ကပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​များ​စွာ အံ့​သြ​လျက် ပေ​တ​ရု​တို့​ရှိ​ရာ​ရှော​လ​မုန်​ဟု နာ​မည်​တွင်​သော​မုခ်​ဆောင်​သို့​ပြေး​၍​လာ ကြ​၏။-
ACT 3:12 ပေ​တ​ရု​သည်​လူ​တို့​ကို​မြင်​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ အ​ဘယ်​ကြောင့်​ငါ​တို့​ကို​စူး စိုက်​၍​ကြည့်​နေ​ကြ​သ​နည်း။ ငါ​တို့​၏​တန်​ခိုး၊ ငါ​တို့​၏​အ​ကျင့်​သီ​လ​အား​ဖြင့် ဤ​သူ​ကို လမ်း​လျှောက်​စေ​နိုင်​သည်​ဟု​ထင်​မှတ်​ကြ​သ​လော။-
ACT 3:13 အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား၊ ငါ​တို့ ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ အား​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ယေ​ရှု​ကို​ဘုန်း​အ​သ ရေ​ထွန်း​တောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ထို အ​ရှင်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​၍ ပိ​လတ်​မင်း ၏​ရှေ့​တော်​တွင်​ပစ်​ပယ်​ခဲ့​ကြ​၏။ ပိ​လတ်​မင်း သည်​ထို​အ​ရှင်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​ဆုံး​ဖြတ်​သော်​လည်း၊-
ACT 3:14 သင်​တို့​က​မူ​သန့်​ရှင်း​ကောင်း​မြတ်​တော်​မူ​သော အ​ရှင်​ကို​ပစ်​ပယ်​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ သတ်​သ​မား​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​ပြီး​လျှင်၊-
ACT 3:15 အ​သက်​ပိုင်​ရှင်​ကို​မူ​သတ်​ဖြတ်​စေ​ခဲ့​ကြ​၏။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ ကြောင်း​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ကြ​၏။-
ACT 3:16 ထို​အ​ရှင်​၏​နာ​မ​တော်​တန်​ခိုး​အား​ဖြင့် ဤ ခြေ​မ​စွမ်း​မ​သန်​သူ​သည်​စွမ်း​သန်​၍​လာ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ယ​ခု​သင်​တို့​တွေ့​မြင်​ကြ​ရ​သည့် အ​မှု​အ​ရာ​သည်​ဖြစ်​ပွား​ခဲ့​၏။ သင်​တို့​တွေ့ မြင်​သည့်​အ​တိုင်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် ခြင်း​က​သာ​လျှင် ထို​သူ​အား​ကျန်း​မာ​လာ စေ​ခြင်း​ဖြစ်​၏။''
ACT 3:17 ``ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​ခေါင်း ဆောင်​များ​နည်း​တူ မိ​မိ​တို့​ပြု​သော​အ​မှု​ကို မ​သိ​နား​မ​လည်​ဘဲ​ပြု​ကြ​ကြောင်း​ကို​ငါ သိ​၏။-
ACT 3:18 မေ​ရှိ​ယ​သည်​အ​သေ​ခံ​တော်​မူ​ရ​မည်​ဖြစ် ကြောင်း ပ​ရော​ဖက်​အ​ပေါင်း​တို့​အား​ဖြင့်၊ ဘု​ရား သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​ဖြစ် ပျက်​ရ​ခြင်း​ကား​ထို​ဗျာ​ဒိတ်​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​တည်း။-
ACT 3:19 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-
ACT 3:20 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ဝိ​ညာဉ်​ခွန်​အား သက်​ရောက်​ရာ​အ​ချိန်​ကာ​လ​ရောက်​လာ​လျက် သင်​တို့​အ​ဖို့​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​တည်း​ဟူ​သော​သ​ခင်​ယေ​ရှု ကို သင်​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-
ACT 3:21 ရှေး​သန့်​ရှင်း​မြင့်​မြတ်​သော​ပ​ရော​ဖက်​များ မှ​တစ်​ဆင့် ပေး​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ အ​ရာ​ခပ်​သိမ်း​တို့ ကို​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​တော်​မူ​ရာ​ကာ​လ မ​တိုင်​မီ ထို​အ​ရှင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ နေ​တော်​မူ​ပေ​မည်။-
ACT 3:22 မော​ရှေ​က`သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည့်​နည်း တူ ပ​ရော​ဖက်​တစ်​ပါး​ကို​လည်း​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​သည် သင်​တို့​အ​မျိုး​သား​ထဲ​မှ​ဖြစ်​လိမ့်​မည်။ ထို အ​ရှင်​ဟော​ပြော​သ​မျှ​သော​စ​ကား​တို့​ကို သင်​တို့​သည်​နာ​ယူ​ကြ​ရ​မည်။-
ACT 3:23 ထို​ပ​ရော​ဖက်​၏​စ​ကား​ကို​မ​နာ​မ​ယူ​ဘဲ နေ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ဖြစ်​မှ​လုံး​ဝ​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​လိမ့် မည်' ဟု​မိန့်​မြွက်​ခဲ့​၏။-
ACT 3:24 ရှ​မွေ​လ​မှ​စ​၍​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော ပြော​ကြ​သည့်​အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း တို့​က ယ​ခု​နေ့​ရက်​ကာ​လ​တွင်​ဖြစ်​ပျက်​မည့် အ​ကြောင်း​အ​ရာ​များ​ကို​ဟော​ပြော​ကြေ​ညာ ခဲ့​ကြ​၏။-
ACT 3:25 ထို​ပ​ရော​ဖက်​များ​ဖြင့်​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​က​တိ​များ​သည် သင်​တို့​နှင့်​ဆိုင်​၏။ သင်​တို့ ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​သည်​လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ဘု​ရား သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​အ​မျိုး​အ​နွယ် အား​ဖြင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သ​တည်း။-
ACT 3:26 သို့​ဖြစ်​၍​သင်​တို့​သည်​ဆိုး​ညစ်​သော​အ​မှု​တို့ ကို​စွန့်​ပယ်​ခြင်း​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ကြ​ရ စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​စေ​ခံ​ကို သင်​တို့​ထံ​သို့​ဦး​စွာ​စေ​လွှတ်​တော်​မူ​၏'' ဟု ပေ​တ​ရု​ဟော​ပြော​လေ​သည်။
ACT 4:1 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လူ​တို့​အား ဟော​ပြော​လျက်​နေ​ကြ​စဉ်​ယဇ်​ပု​ရော​ဟိတ် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ဇဒ္ဒုကဲ များ​သည်​ရောက်​လာ​ကြ​၏။-
ACT 4:2 တ​မန်​တော်​တို့​သည် သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ရှင်​ပြန်​ထ​မြောက်​သည့်​အ​ကြောင်း​ကို​ဟော​ပြော လျက်​နေ​သ​ဖြင့် ဇဒ္ဒု​ကဲ​တို့​စိတ်​ဆိုး​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သေ​ခြင်း မှ​ရှင်​ပြန်​ထ​မြောက်​မှု​သည် သူ​သေ​တို့​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟူ​သော​အ​ယူ​ဝါ​ဒ မှန်​ကန်​ကြောင်း​ကို သက်​သေ​ထူ​လျက်​ရှိ​သော ကြောင့်​ဖြစ်​၏။-
ACT 4:3 သို့​ဖြစ်​၍​သူ​တို့​သည်​တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ကြ​ပြီး​နောက် ည​ချမ်း​အ​ချိန်​ရှိ ပြီ​ဖြစ်​၍ နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် ချုပ်​နှောင်​ထား​ကြ​၏။-
ACT 4:4 သို့​ရာ​တွင်​တ​ရား​နာ​သော​သူ​အ​မြောက် အ​မြား​ပင် ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည် လာ​ကြ​၏။ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​တိုး​ပွား​လာ​သ​တည်း။
ACT 4:5 နောက်​တစ်​နေ့​၌​ယု​ဒ​ခေါင်း​ဆောင်​များ၊ အ​ကြီး အ​ကဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​ပြီး​လျှင်၊-
ACT 4:6 ယဇ်​ပု​ရော​ဟိတ်​မင်း​အန္နတ်​နှင့်​တ​ကွ​သူ​၏ အိမ်​ထောင်​စု​သား​များ​ဖြစ်​သည့်​က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇန္ဒြေု​အ​စ​ရှိ​သော​သူ အ​ပေါင်း​တို့​နှင့်​တွေ့​ဆုံ​တိုင်​ပင်​ကြ​၏။-
ACT 4:7 ထို​သူ​တို့​သည်​မိ​မိ​တို့​ရှေ့​တွင်​တ​မန်​တော် နှစ်​ပါး​ကို​ရပ်​စေ​၍``သင်​တို့​သည်​မည်​သည့် တန်​ခိုး၊ မည်​သည့်​နာ​မ​အား​ဖြင့်​ဤ​အ​မှု ကို​ပြု​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
ACT 4:8 ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ဖြင့်​ပြည့်​ဝ​လျက်``လူ​တို့​၏​ခေါင်း​ဆောင် တို့​နှင့်​အ​ကြီး​အ​ကဲ​တို့၊-
ACT 4:9 ခြေ​မ​စွမ်း​မ​သန်​သူ​တစ်​ယောက်​ကို​ကောင်း ကျိုး​ပြု​သည့်​အ​ကြောင်း၊ သူ​စွမ်း​သန်​လာ​ပုံ အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယ​နေ့​ငါ​တို့​အ​စစ် ခံ​ရ​ကြ​၏။-
ACT 4:10 နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော် တန်​ခိုး​အား​ဖြင့် ထို​သူ​သည်​ခြေ​စွမ်း​သန်​လာ ၍ ယ​ခု​သင်​တို့​ရှေ့​တွင်​ရပ်​လျက်​နေ​သည်​ကို သင်​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သိ​မှတ်​ကြ​လော့။ ထို​အ​ရှင် ကား​သင်​တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင် ၍​သတ်​ပြီး​နောက် ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။
ACT 4:11 `တိုက်​ကို​တည်​ဆောက်​ရာ​တွင် သင်​တို့​ပယ်​ထား​သည့်​ကျောက်​သည် အ​ရေး​ကြီး​ဆုံး​ဖြစ်​သည့်​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟု​ကျမ်း​စာ​က​ရည်​ညွန်း​သူ​မှာ​ထို​အ​ရှင် ဖြစ်​သည်။-
ACT 4:12 ထို​အ​ရှင်​တစ်​ပါး​တည်း​သာ​လျှင်​ကယ်​တင် နိုင်​၏။ ကမ္ဘာ​ပေါ်​တွင်​ထို​အ​ရှင်​မှ​တစ်​ပါး ငါ တို့​ကို​ကယ်​တင်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​သူ​တို့​အား​ပြန်​လည်​ဖြေ​ကြား​လေ​၏။
ACT 4:13 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ပ​ညာ​မ​တတ် သူ၊ လူ​သာ​မန်​များ​သာ​ဖြစ်​လျက်​နှင့်​မည်​မျှ ရဲ​ရင့်​ကြ​သည်​ကို တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် တို့​တွေ့​မြင်​ကြ​သော​အ​ခါ​များ​စွာ​အံ့​သြ ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် သ​ခင်​ယေ​ရှု​၏ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ခဲ့​သည်​ကို​လည်း သ​တိ​ပြု​မိ​ကြ​၏။-
ACT 4:14 သို့​ရာ​တွင်​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​သူ သည် တ​မန်​တော်​တို့​နှင့်​ရပ်​လျက်​နေ​သည်​ကို မြင်​သ​ဖြင့် သူ​တို့​သည်​မည်​သို့​မျှ​ငြင်း​ဆို ရန်​မ​တတ်​နိုင်​ကြ။-
ACT 4:15 သို့​ဖြစ်​၍​တ​မန်​တော်​တို့​ကို​တ​ရား​လွှတ် တော်​ထဲ​မှ​ခေတ္တ​ထွက်​ခွာ​သွား​စေ​ပြီး​လျှင် ဤ​သို့​တိုင်​ပင်​ကြ​၏။-
ACT 4:16 ``ဤ​သူ​တို့​အား​အ​သို့​ပြု​အံ့​နည်း။ သူ​တို့​အား ဖြင့်​ထူး​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် ပေါ်​ခဲ့​သည်​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကောင်း​စွာ​သိ​ကြ​၏။ ငါ​တို့​ငြင်း ဆို​၍​လည်း​မ​ရ​နိုင်။-
ACT 4:17 သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။''
ACT 4:18 ထို​နောက်​တ​မန်​တော်​တို့​ကို​ပြန်​လည်​ခေါ်​ယူ ကာ သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​ဟော​ပြော​သွန်​သင်​ခြင်း​လုံး​ဝ မ​ပြု​ရန်​အ​မိန့်​ပေး​ကြ​၏။-
ACT 4:19 သို့​ရာ​တွင်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား ထောင်​ရ​မည်​လော။ သို့​မ​ဟုတ်​သင်​တို့​၏​စ​ကား ကို​နား​ထောင်​ရ​မည်​လော။ ဘု​ရား​သ​ခင်​၏ ရှေ့​တော်​တွင်​အ​ဘယ်​သူ​၏​စ​ကား​ကို​နား ထောင်​သင့်​ကြောင်း သင်​တို့​ကိုယ်​တိုင်​ပင်​အ​ဆုံး အ​ဖြတ်​ပေး​ကြ​လော့။-
ACT 4:20 ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။-
ACT 4:21 ထို​အ​ခါ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် သူ​တို့​ကို​ထပ်​မံ​ကျပ်​တည်း​စွာ​သ​တိ​ပေး​ပြီး နောက်​ထွက်​ခွာ​သွား​စေ​ကြ​၏။ လူ​အ​ပေါင်း တို့​သည်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ချီး​ကူး​လျက်​နေ​ကြ​သ​ဖြင့် တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​တို့​သည်​တ​မန်​တော်​တို့​ကို မည်​သို့​မျှ​အ​ပြစ်​ဒဏ်​မ​စီ​ရင်​နိုင်​ကြ။-
ACT 4:22 အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။
ACT 4:23 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လွတ်​မြောက်​လာ ကြ​သော​အ​ခါ မိ​မိ​တို့​၏​လူ​စု​ထံ​သို့​ပြန်​ပြီး လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​ပြော​ကြား​လိုက်​သ​မျှ​တို့ ကို​ပြန်​ပြော​ကြ​၏။-
ACT 4:24 ထို​အ​ကြောင်း​ကို​ကြား​ကြ​သော​အ​ခါ ထို​သူ တို့​သည်​တ​ညီ​တ​ညွတ်​တည်း​ဆု​တောင်း​ကြ​၏။ ``အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင် သည်​ကောင်း​ကင်​မြေ​ကြီး၊ သ​မုဒ္ဒ​ရာ​နှင့်​ထို အ​ရပ်​များ​တွင်​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-
ACT 4:25 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ `လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။ လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။
ACT 4:26 လော​ကီ​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။ ကိုယ်​တော်​နှင့်​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​ရန် စု​ဝေး​ကြ​၏' ဟု​မိန့်​တော်​မူ​ခဲ့​ပါ​၏။
ACT 4:27 ထို​နည်း​တူ​စွာ​ဟေ​ရုဒ်​မင်း​နှင့်​ပုန္တိ​ပိ​လတ် မင်း​တို့​သည် လူ​မျိုး​ခြား​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​တ​ကွ ကိုယ်​တော်​၏​သန့်​ရှင်း မြင့်​မြတ်​သော​အ​စေ​ခံ​ဖြစ်​သူ၊ မေ​ရှိ​ယ​အ​ဖြစ် ကိုယ်​တော်​ဘိ​သိက်​ပေး​သူ သ​ခင်​ယေ​ရှု​ကို ဆန့်​ကျင်​ဘက်​ပြု​ရန်​ဤ​မြို့​ထဲ​တွင်​စု​ဝေး ခဲ့​ကြ​ပါ​၏။-
ACT 4:28 ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-
ACT 4:29 အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​ထို​သူ​တို့​၏ ခြိမ်း​ခြောက်​ခြင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​တို့​အား​အ​ရှင့်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ခွင့်​ကို​ပေး​သ​နား​တော် မူ​ပါ။-
ACT 4:30 လူ​တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန် ကိုယ်​တော်​ရှင်​၏​လက်​တော်​ကို​ဆန့်​တော် မူ​ပါ။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော အ​စေ​ခံ​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​တော်​မူ​ပါ။''
ACT 4:31 ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။
ACT 4:32 ယုံ​ကြည်​သူ​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ကြ သ​ဖြင့် မည်​သူ​မျှ​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မိ​မိ​ပိုင် သည်​ဟု​မ​ဆို​ဘဲ၊ ခပ်​သိမ်း​သော​ဥစ္စာ​ပစ္စည်း​တို့​ကို အ​များ​ပိုင်​ဘုံ​ပစ္စည်း​အ​ဖြစ်​သာ​လျှင်​ထား​ရှိ ကြ​၏။-
ACT 4:33 တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ရှင်​ပြန် ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တန်​ခိုး ကြီး​စွာ​ဖြင့်​သက်​သေ​ခံ​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​လုံး​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​ကြွယ်​ဝ​စွာ​သွန်း​လောင်း​တော်​မူ​၏။-
ACT 4:34 လယ်​ကို​ဖြစ်​စေ၊ အိမ်​ကို​ဖြစ်​စေ​ပိုင်​ဆိုင်​ကြ သူ​တို့​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ရောင်း​ချ ၍ ရ​ရှိ​သော​ငွေ​များ​ကို​ယူ​လာ​ကာ​တ​မန် တော်​တို့​အား​ပေး​အပ်​ကြ​၏။ ထို​နောက်​တ​မန် တော်​တို့​သည်​လူ​တိုင်း​တို့​အား သူ​တို့​၏​ချို့​တဲ့ မှု​ပ​မာ​ဏ​ကို​လိုက်​၍​ဝေ​ပေး​ကြ​၏။ သို့​ဖြစ် ၍​ထို​လူ​စု​အ​ထဲ​တွင်​ချို့​တဲ့​သူ​ဟူ​၍​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။
ACT 4:36 ယော​သပ်​ဟု​နာ​မည်​တွင်​သော​လူ​တစ်​ယောက် ရှိ​၏။ သူ့​အား​တ​မန်​တော်​တို့​က​ဗာ​န​ဗ​ဟူ​၍ မှည့်​ခေါ်​ကြ​၏။ (ဗာ​န​ဗ​၏​အ​နက်​ကား​အား ပေး​ကူ​ညီ​သူ​ဟူ​၏။) သူ​သည်​ကု​ပ​ရု​ပြည် သား၊ လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​၏။-
ACT 4:37 သူ​သည်​မိ​မိ​ပိုင်​သော​လယ်​ကို​ရောင်း​၍​ငွေ ကို​ယူ​လာ​ပြီး​လျှင် တ​မန်​တော်​တို့​အား ပေး​အပ်​လေ​သည်။
ACT 5:1 အာ​န​နိ​ဆို​သူ​နှင့်​သူ​၏​ဇ​နီး​ရှ​ဖိ​ရေ​တို့ သည် မိ​မိ​တို့​၏​မြေ​ကို​ရောင်း​ချ​ကြ​၏။-
ACT 5:2 သို့​သော်​အာ​န​နိ​သည်​ရောင်း​ရ​သော​ငွေ​အ​ချို့ အ​ဝက်​ကို ဇ​နီး​သည်​၏​သ​ဘော​တူ​ညီ​ချက် အ​ရ မိ​မိ​အ​ဖို့​ဖယ်​ထား​ပြီး​မှ​ကျန်​ငွေ​ကို တ​မန်​တော်​တို့​အား​ပေး​အပ်​လေ​သည်။-
ACT 5:3 ပေ​တ​ရု​က ``အာ​န​နိ၊ သင်​သည်​လယ်​ရောင်း​ရ ငွေ​အ​ချို့​အ​ဝက်​ကို​မိ​မိ​အ​ဖို့​ဖယ်​ထား​ခြင်း အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​လှည့် စား​လေ​ပြီ။ အ​ဘယ်​ကြောင့်​စာ​တန်​အား​သင် ၏​စိတ်​နှ​လုံး​ကို​စိုး​မိုး​ခွင့်​ပေး​ပါ​သ​နည်း။-
ACT 5:4 သင်​သည်​ထို​လယ်​ကို​မ​ရောင်း​ချ​မီ​က​ပိုင်​ဆိုင် သည်​မ​ဟုတ်​လော။ ရောင်း​ချ​ပြီး​သော​အ​ခါ ၌​လည်း မြေ​ဖိုး​ငွေ​ကို​ပိုင်​သည်​မ​ဟုတ်​လော။ သို့ ပါ​လျက်​အ​ဘယ်​ကြောင့်​ဤ​သို့​သော​အ​ကြံ အ​စည်​ကို​ပြု​ပါ​သ​နည်း။ သင်​သည်​လူ​ကို လှည့်​စား​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို​လှည့် စား​လေ​ပြီ'' ဟု​ဆို​၏။-
ACT 5:5 ထို​စ​ကား​ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် အာ​န​နိ​သည်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ကြ​သူ အ​ပေါင်း​သည် လွန်​စွာ​ကြောက်​လန့်​ကြ​၏။-
ACT 5:6 လူ​ငယ်​လူ​ရွယ်​များ​သည်​လာ​၍ အာ​န​နိ​၏ ရုပ်​အ​လောင်း​ကို​အ​ဝတ်​နှင့်​ပတ်​ပြီး​နောက် အ​ပြင်​သို့​ထုတ်​ယူ​သင်္ဂြိုဟ်​ကြ​၏။
ACT 5:7 သုံး​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ အာ​န​နိ​၏ ဇ​နီး​ရောက်​လာ​၏။ သို့​ရာ​တွင်​သူ​သည်​ဖြစ် ပျက်​ခဲ့​သည့်​အ​ချင်း​အ​ရာ​ကို​မ​သိ။-
ACT 5:8 ပေ​တ​ရု​က``သင်​တို့​သည်​လယ်​ကို​အ​ဖိုး ဤ​မျှ​ဖြင့်​ရောင်း​ပါ​သ​လော'' ဟု​မေး​၏။ ထို​အ​မျိုး​သ​မီး​က ``မှန်​ပါ​၏။ ဤ​မျှ​ဖြင့် ပင်​ရောင်း​ပါ​သည်'' ဟု​ဆို​၏။-
ACT 5:9 ပေ​တ​ရု​က ``သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော် ကို​သွေး​တိုး​စမ်း​ရန် အ​ဘယ်​ကြောင့်​သင်​တို့ သ​ဘော​တူ​ကြံ​စည်​ကြ​သ​နည်း။ ကြည့်​လော့။ သင်​၏​ခင်​ပွန်း​ကို​သင်္ဂြိုဟ်​ခဲ့​သူ​တို့​သည် ယ​ခု တံ​ခါး​ဝ​သို့​ပြန်​ရောက်​ပြီ။ သူ​တို့​သည်​သင့် ကို​လည်း​ဆောင်​ယူ​သွား​ကြ​လတ္တံ့' ဟု​ဆို​၏။-
ACT 5:10 ချက်​ချင်း​ပင်​ထို​အ​မျိုး​သ​မီး​သည် ပေ​တ​ရု ၏​ခြေ​ရင်း​တွင်​လဲ​ကျ​သေ​ဆုံး​လေ​၏။ လူ ငယ်​လူ​ရွယ်​တို့​ရောက်​လာ​ကြ​သော​အ​ခါ ထို​အ​မျိုး​သ​မီး​သေ​ဆုံး​နေ​သည်​ကို​တွေ့ ရ​၏။ ရုပ်​အ​လောင်း​ကို​ထုတ်​ယူ​ပြီး​လျှင် ခင်​ပွန်း​ဖြစ်​သူ​၏​အ​နီး​တွင်​သင်္ဂြိုဟ်​ကြ​၏။-
ACT 5:11 အ​သင်း​တော်​တစ်​သင်း​လုံး​နှင့်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို ကြား​ကြ​သူ​အ​ပေါင်း သည်​လွန်​စွာ​ကြောက်​လန့်​ကြ​ကုန်​၏။
ACT 5:12 တ​မန်​တော်​တို့​သည်​လူ​တို့​ရှေ့​တွင်​အံ့​သြ​ဖွယ် ရာ​အ​မှု​အ​ရာ​များ​နှင့် နိ​မိတ်​လက္ခ​ဏာ​များ ကို​ပြ​ကြ​၏။ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​မုခ်​တွင်​စု​ဝေး​ကြ​၏။-
ACT 5:13 လူ​တို့​သည်​ထို​သူ​တို့​အား​ချီး​ကူး​ပြော​ဆို ကြ​သော်​လည်း မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ သူ​တို့​နှင့်​မ​ပေါင်း​မ​သင်း​ဝံ့​ကြ။-
ACT 5:14 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည် သူ အ​မျိုး​သား​အ​မျိုး​သ​မီး​အ​ရေ​အ​တွက် သည်​ပို​၍​ပို​၍​များ​လာ​၏။-
ACT 5:15 လူ​တို့​သည်​သူ​နာ​များ​ကို​ယူ​ဆောင်​လာ​ကြ ၏။ ပေ​တ​ရု​လျှောက်​လာ​သော​အ​ခါ​ယုတ်​စွ အ​ဆုံး၊ အ​ချို့​သော​သူ​နာ​တို့​အ​ပေါ်​သို့ ပေ​တ​ရု​၏​အ​ရိပ်​လွှမ်း​မိ​စေ​ရန်​အိပ်​ရာ များ၊ ထမ်း​စင်​များ​ဖြင့်​သူ​နာ​များ​ကို​လမ်း ပေါ်​တွင်​ချ​ထား​ကြ​၏။-
ACT 5:16 ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​မြို့​ရွာ များ​မှ လူ​ပ​ရိ​သတ်​တို့​သည်​ဖျား​နာ​သူ​များ၊ နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​များ​ကို​ခေါ်​ဆောင်​လာ ကြ​၏။ ထို​သူ​နာ​အ​ပေါင်း​သည်​ရော​ဂါ​ပျောက် ကင်း​သွား​ကြ​၏။
ACT 5:17 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​နောက် လိုက်​များ​ဖြစ်​သော ဒေ​သ​ဆိုင်​ရာ​ဇဒ္ဒု​ကဲ​ဂိုဏ်း ဝင်​များ​သည် တ​မန်​တော်​တို့​ကို​လွန်​စွာ​မ​နာ လို​ဝန်​တို​စိတ်​ရှိ​လာ​ကြ​သ​ဖြင့် သူ​တို့​ကို အ​ရေး​ယူ​ရန်​ဆုံး​ဖြတ်​ကြ​၏။-
ACT 5:18 သူ​တို့​သည်​တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင် ထောင်​တွင်​အ​ကျဉ်း​ချ​ထား​ကြ​၏။-
ACT 5:19 သို့​သော်​ည​အ​ခါ​၌​သ​ခင်​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​များ ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​အ​ပြင်​သို့ ခေါ်​ထုတ်​ပြီး​လျှင်၊-
ACT 5:20 ``သင်​တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍ လူ​တို့ အား​ဘ​ဝ​သစ်​အ​ကြောင်း​အ​လုံး​စုံ​ကို ဟော​ပြော​ကြ​လော့'' ဟု​ဆို​၏။-
ACT 5:21 တ​မန်​တော်​တို့​သည်​ကောင်း​ကင်​တ​မန်​၏​စ​ကား ကို​နာ​ခံ​၍ အ​ရုဏ်​တက်​ချိန်​၌​ဗိ​မာန်​တော်​ထဲ သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​အ​ပေါင်း​ဖော်​တို့ သည် တ​ရား​လွှတ်​တော်​အ​စည်း​အ​ဝေး​ကို​ပြု လုပ်​ရန် အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​၏။ ထို​နောက်​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ လွှတ်​တော်​ရဲ​များ​ကို​အ​ကျဉ်း ထောင်​သို့​စေ​လွှတ်​ကြ​၏။-
ACT 5:22 ထို​သူ​တို့​သည်​အ​ကျဉ်း​ထောင်​သို့​ရောက်​သော အ​ခါ တ​မန်​တော်​တို့​ကို​မ​တွေ့​ရ​ကြ။ သို့​ဖြစ် ၍​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​ထံ​သို့​ပြန် လာ​ပြီး​လျှင်၊-
ACT 5:23 ``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-
ACT 5:24 ထို​စ​ကား​ကို​ကြား​လျှင်​ဗိ​မာန်​တော်​အ​စောင့် တပ်​မှူး​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ``ဤ အ​မှု​ကား​အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။-
ACT 5:25 ထို​အ​ခါ​လူ​တစ်​ယောက်​ရောက်​ရှိ​လာ​၍ ``အ​ရှင် တို့​အ​ကျဉ်း​ချ​ထား​ခဲ့​သော​သူ​များ​သည် ဗိ​မာန် တော်​ထဲ​တွင်​ရပ်​လျက်​လူ​တို့​အား​ဟော​ပြော သွန်​သင်​နေ​ပါ​သည်'' ဟု​လျှောက်​၏။-
ACT 5:26 ထို​အ​ခါ​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် မိ​မိ​၏​တပ်​သား​များ​နှင့်​သွား​ရောက်​၍ တ​မန် တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ တို့​အား​လူ​ထု​က​ခဲ​နှင့်​ပေါက်​မည်​ကို​စိုး​ရိမ် သ​ဖြင့် တ​မန်​တော်​တို့​အား​အ​ကြမ်း​ဖက်​မှု ကို​မ​ပြု​ကြ။
ACT 5:27 ဤ​သို့​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ပြီး လျှင် တ​ရား​လွှတ်​တော်​အ​ဖွဲ့​၏​ရှေ့​တွင်​ရပ်​စေ ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တ​မန်​တော်​တို့ ကို​စစ်​ဆေး​မေး​မြန်း​၏။-
ACT 5:28 သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။
ACT 5:29 ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-
ACT 5:30 ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သင် တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင်​၍​သတ်​ခဲ့ သော​သ​ခင်​ယေ​ရှု​အား ရှင်​ပြန်​ထ​မြောက်​စေ တော်​မူ​ပြီ။-
ACT 5:31 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ​ရ ၍ မိ​မိ​တို့​အ​ပြစ်​များ​မှ​ပြေ​လွတ်​စိမ့်​သော​ငှာ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​အား​မိ​မိ​၏ လက်​ယာ​တော်​ဘက်​တွင်​စံ​ပယ်​စေ​၍ ဦး​စီး ခေါင်း​ဆောင်​အ​ဖြစ်​နှင့်​ကယ်​တင်​ရှင်​အ​ဖြစ် ချီး​မြှင့်​တော်​မူ​၏။-
ACT 5:32 ဤ​အ​မှု​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ငါ​တို့ သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​အ​မိန့်​ကို​နာ​ခံ​သူ​တို့​အား​ချ​ပေး​တော်​မူ သည့်​ဆု​ကျေး​ဇူး​တည်း​ဟူ​သော ဝိ​ညာဉ်​တော် သည်​လည်း​အ​သိ​သက်​သေ​ဖြစ်​တော်​မူ​၏'' ဟု ပြန်​၍​ပြော​ကြား​ကြ​၏။
ACT 5:33 ဤ​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ပြင်း​စွာ​အ​မျက် ထွက်​ကြ​သ​ဖြင့် တ​မန်​တော်​တို့​အား​သေ​ဒဏ် ပေး​ရန်​တိုင်​ပင်​ကြ​၏။-
ACT 5:34 သို့​ရာ​တွင်​ဂါ​မ​လျေ​လ​နာ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​သည် တ​ရား​လွှတ်​တော်​တွင်​ထိုင်​ရာ မှ​ထ​၍ တ​မန်​တော်​တို့​အား​အ​ပြင်​သို့​ခေတ္တ ခေါ်​ထုတ်​သွား​ရန်​အ​မိန့်​ပေး​၏။ သူ​သည်​လူ အ​ပေါင်း​တို့​ရို​သေ​လေး​စား​သည့်​ကျမ်း​တတ် ဆ​ရာ​တစ်​ဦး​ဖြစ်​၏။-
ACT 5:35 ထို​သူ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ သူ​တို့​အား​သင်​တို့​ပြု​မည့်​အ​ရာ​ကို​သ​တိ နှင့်​ပြု​ကြ​လော့။-
ACT 5:36 လွန်​ခဲ့​သော​နှစ်​အ​နည်း​ငယ်​က​သု​ဒ​ဆို​သူ သည် မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​တစ်​ဦး​ဟု ဆို​ကာ​ပေါ်​ပေါက်​ခဲ့​၏။ သူ​သည်​နောက်​လိုက်​လူ လေး​ရာ​ခန့်​ရ​ရှိ​ခဲ့​၏။ သို့​ရာ​တွင်​သူ​အ​သတ် ခံ​ရ​ပြီး​နောက် သူ​၏​နောက်​လိုက်​များ​သည်​တစ် ကွဲ​တစ်​ပြား​ဖြစ်​လျက် သူ​ဦး​ဆောင်​ခဲ့​သော လှုပ်​ရှား​မှု​သည်​လည်း​ပျောက်​ပျက်​သွား​၏။-
ACT 5:37 ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ချိန်​၌ ဂါ​လိ​လဲ​ပြည်​သား​ယု​ဒ​ဆို​သူ​ပေါ်​ပေါက် လာ​ကာ လူ​တို့​ကို​ဆွဲ​ဆောင်​စည်း​ရုံး​ခဲ့​၏။ သူ သည်​လည်း​သေ​ကျေ​ပျက်​စီး​ရ​လျက် သူ​၏ နောက်​လိုက်​အ​ပေါင်း​သည်​ကွဲ​လွင့်​သွား​ကြ ကုန်​၏။-
ACT 5:38 သို့​ဖြစ်​၍​ယ​ခု​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​ကို​အ​ရေး​မ​ယူ​ကြ​နှင့်။ သူ​တို့ ဘာ​သာ​နေ​ပါ​စေ။-
ACT 5:39 သူ​တို့​ကြံ​စည်​ပြု​လုပ်​သော​အ​မှု​ကိစ္စ​သည် လူ​မှ​ဖြစ်​ခဲ့​သော်​ထို​အ​ကြံ​အ​စည်​အ​မှု ကိစ္စ​သည်​ပျက်​ရ​မည်။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​မှ​ဖြစ်​ပါ​မူ ထို​သူ​တို့​ကို​မ​ဖျက် နိုင်​သည့်​ပြင်​ဘု​ရား​သ​ခင်​အား​သင်​တို့ ဆန့်​ကျင်​ရာ​ရောက်​အံ့'' ဟု​ဆို​၏။ ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ဂါ​မ​လျေ​လ​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ ပြီး​လျှင်၊-
ACT 5:40 တ​မန်​တော်​တို့​ကို​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ တို့​အား​ကြိမ်​ဒဏ်​ခတ်​ကာ``ယေ​ရှု​၏​နာ​မ​ကို အ​မှီ​ပြု​၍ ဟော​ပြော​သွန်​သင်​ခြင်း​ကို​နောက် တစ်​ဖန်​မ​ပြု​ရ'' ဟု​အ​မိန့်​ပေး​ပြီး​နောက် လွှတ်​လိုက်​ကြ​၏။-
ACT 5:41 တ​မန်​တော်​တို့​သည်​မိ​မိ​တို့​အား​သ​ခင်​ယေ​ရှု အ​တွက် အ​သ​ရေ​ပျက်​ခြင်း​ကို​ခံ​ထိုက်​သူ​များ အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​စွာ​ယု​ဒ​တ​ရား​လွှတ်​တော်​မှ​ထွက် သွား​ကြ​၏။-
ACT 5:42 နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​လည်း​ကောင်း၊ အိမ်​များ​တွင်​လည်း​ကောင်း​သ​ခင်​ယေ​ရှု​သည် မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို​ဆက်​လက်​၍ ဟော​ပြော​သွန်​သင်​ကြ​၏။
ACT 6:1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​တ​ပည့်​တော် အ​ရေ​အ​တွက်​မှာ တိုး​တက်​များ​ပြား​လာ​၏။ ထို​အ​ခါ​ဂ​ရိ​စ​ကား​ကို​သုံး​စွဲ​သူ​ယု​ဒ အ​မျိုး​သား​များ​နှင့် ဒေ​သ​ခံ​ယု​ဒ​အ​မျိုး သား​တို့​အ​ငြင်း​ပွား​ကြ​၏။ ဂ​ရိ​စ​ကား သုံး​စွဲ​သူ​ယု​ဒ​အ​မျိုး​သား​တို့​က မိ​မိ​တို့ မု​ဆိုး​မ​များ​နေ့​စဉ်​အ​သုံး​စ​ရိတ်​မ​ရ ရှိ​ကြောင်း​ပြစ်​တင်​ပြော​ဆို​ကြ​၏။-
ACT 6:2 တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​ကို​ခေါ်​ပြီး​လျှင်``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ဟော​ပြော​မှု​ကို​လျစ်​လူ​ပြု​ပြီး​လျှင် ငွေ ရေး​ကြေး​ရေး​ကို​စီ​မံ​ဆောင်​ရွက်​ရန်​မ​သင့်။-
ACT 6:3 ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​မှ​သင်​တို့​နှစ်​သက် သူ လူ​ခု​နစ်​ယောက်​ကို​ရွေး​ချယ်​ကြ​လော့။ ဤ တာ​ဝန်​ကို​ထမ်း​ဆောင်​စေ​ရန်​ထို​သူ​တို့​အား ငါ​တို့​ခန့်​ထား​မည်။ သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ဉာဏ်​ပ​ညာ​နှင့် လည်း​ကောင်း​ပြည့်​ဝ​လျက်​အ​သ​ရေ​ရှိ​သူ များ​ဖြစ်​ရ​မည်။-
ACT 6:4 ငါ​တို့​အ​ဖို့​မှာ​မူ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း နှင့် တ​ရား​တော်​ကို​ဟော​ပြော​ခြင်း​အား​ဖြင့် သာ​လျှင် အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​မည်'' ဟု ဆို​၏။
ACT 6:5 ဤ​အ​ကြံ​ကို​တ​ပည့်​တော်​အ​ပေါင်း​တို့​နှစ်​သက် ကြ​၏။ သူ​တို့​သည်​သ​တေ​ဖန်​ကို​ရွေး​ချယ်​ကြ ၏။ သ​တေ​ဖန်​သည်​ယုံ​ကြည်​ခြင်း​အား​ကြီး​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​သူ​ဖြစ် ၏။ ထို့​နောက်​ဖိ​လိပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န​နှင့်​နိ​ကော​လ​တို့​ကို​လည်း​ရွေး​ချယ် ကြ​၏။ နိ​ကော​လ​ကား​ယု​ဒ​အ​မျိုး​သား​မ​ဟုတ်၊ ယု​ဒ​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​အန္တိ​အုတ် မြို့​သား​ဖြစ်​၏။-
ACT 6:6 တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​အား​တ​မန်​တော် တို့​၏​ရှေ့​မှောက်​သို့​ဝင်​ရောက်​စေ​ကြ​၏။ ထို​နောက် တ​မန်​တော်​တို့​သည်​ဆု​တောင်း​ပြီး​လျှင် ထို​သူ တို့​၏​ဦး​ခေါင်း​ပေါ်​မှာ​မိ​မိ​တို့​၏​လက်​ကို တင်​ကြ​၏။
ACT 6:7 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​သည်​ပျံ့​နှံ့​၍ တ​ပည့်​တော်​အ​ရေ​အ​တွက် သည် ယေ​ရု​ရှ​လင်​မြို့​တွင်​များ​စွာ​တိုး​ပွား​လျက် နေ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​မြောက်​အ​မြား​ပင် သ​တင်း​ကောင်း​ကို​လက်​ခံ​ယုံ​ကြည်​လာ​ကြ​၏။
ACT 6:8 သ​တေ​ဖန်​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ကြွယ်​ဝ​စွာ​ခံ​စား​ရ​သူ၊ တန်​ခိုး​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​သ​ဖြင့် အံ့​သြ​ဖွယ်​ရာ အ​မှု​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လေ​၏။-
ACT 6:9 သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​သူ့​ကို​အ​တိုက် အ​ခံ​ပြု​ကြ​၏။ ထို​သူ​တို့​ကား​ကု​ရေ​နေ​နှင့် အာ​လေ​ဇန္ဒြူ​ယ​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့ ပါ​ဝင်​သည့်​လွတ်​လပ်​သူ​များ ၏​တ​ရား​ဇ​ရပ်​အ​ဖွဲ့​ဝင်​များ​ဖြစ်​၏။ ထို​သူ​တို့​နှင့် တ​ကွ​ကိ​လိ​ကိ​ပြည်​နှင့်​အာ​ရှ​ပြည်​မှ ယု​ဒ​အ​မျိုး သား​အ​ချို့​တို့​သည်​သ​တေ​ဖန်​နှင့်​စ​တင်​ငြင်း​ခုံ ကြ​၏။-
ACT 6:10 သို့​ရာ​တွင်​သ​တေ​ဖန်​သည်​ဝိ​ညာဉ်​တော်​ချ​ပေး သည့်​အ​သိ​ပ​ညာ​နှင့်​ပြော​ဆို​သ​ဖြင့် ထို​သူ တို့​သည်​သူ့​အား​ချေ​ပ​နိုင်​စွမ်း​မ​ရှိ​ကြ။-
ACT 6:11 သို့​ဖြစ်​၍``ဤ​သူ​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား​လည်း​ကောင်း​ပြစ်​မှား​ပြော ဆို​သည်​ကို​ငါ​တို့​ကြား​ပါ​သည်'' ဟု​လူ​တို့ အား​တံ​စိုး​လက်​ဆောင်​ပေး​၍​အ​ပြော​ခိုင်း ကြ​၏။-
ACT 6:12 ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​လူ​များ၊ ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ အား​နှိုး​ဆွ​ပေး​ကြ​၏။ သူ​တို့​သည်​သူ့​ကို ဖမ်း​ဆီး​၍​တ​ရား​လွှတ်​တော်​သို့​ပို့​ကြ​၏။-
ACT 6:13 ထို့​နောက်​သူ​တို့​သည်​မု​သား​သက်​သေ​များ​ကို ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​သက်​သေ​များ​က``ဤ​သူ သည်​ဗိ​မာန်​တော်​နှင့်​ပ​ညတ်​တ​ရား​တော်​တို့ ကို​ဆန့်​ကျင်​၍ အ​မြဲ​ပြော​ဆို​လျက်​နေ​ပါ​၏။-
ACT 6:14 နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဗိ​မာန်​တော်​ကို ဖျက်​ဆီး​၍ အ​ကျွန်ုပ်​တို့​အား​မော​ရှေ​ပေး​အပ်​ခဲ့ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ကို​ပြောင်း​လဲ​စေ လိမ့်​မည်​ဖြစ်​ကြောင်း ထို​သူ​ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ကြ​ပါ​၏'' ဟု​ထွက်​ဆို ကြ​၏။-
ACT 6:15 တ​ရား​လွှတ်​တော်​တွင်​ထိုင်​လျက်​နေ​ကြ​သော သူ​အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​အာ​ရုံ​စိုက် ၍​ကြည့်​သော​အ​ခါ သူ​၏​မျက်​နှာ​သည်​ကောင်း ကင်​တ​မန်​၏​မျက်​နှာ​နှင့်​တူ​သည်​ကို​တွေ့​မြင် ရ​ကြ​၏။
ACT 7:1 ယဇ်​ပု​ရော​ဟိတ်​မင်း​က``ထို​သူ​တို့​ပြော သော​စ​ကား​မှန်​ပါ​သ​လော'' ဟု​မေး​၏။-
ACT 7:2 သ​တေ​ဖန်​က``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ သည်​ခါ​ရန်​မြို့​သို့​သွား​၍​မ​နေ​ထိုင်​မီ မေ​သော ပေါ​တာ​မိ​ပြည်​တွင်​ရှိ​စဉ် ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ဖူး​မြင်​ရ​လေ​သည်။-
ACT 7:3 ကိုယ်​တော်​က`သင်​၏​ပြည်​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​ထံ​မှ​ထွက်​ခွာ​၍ ငါ​ပြ​လတ္တံ့​သော​ပြည်​သို့ သွား​လော့' ဟု​မိန့်​တော်​မူ​၏။-
ACT 7:4 ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​ခါ​လ​ဒဲ​ပြည်​မှ ထွက်​ခွာ​၍ ခါ​ရန်​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၏။ သူ​၏​ဖ​ခင်​သေ​လွန်​သော​အ​ခါ​သူ့​အား ထို မြို့​မှ​ယ​ခု​သင်​တို့​နေ​ထိုင်​ရာ​ပြည်​သို့​ဘု​ရား သ​ခင်​ပြောင်း​ရွှေ့​စေ​တော်​မူ​၏။-
ACT 7:5 ထို​အ​ခါ​က​ကိုယ်​တော်​သည်​အာ​ဗြ​ဟံ အား ထို​ပြည်​တွင်​ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ရာ ကို​မျှ​ပေး​တော်​မ​မူ။ မြေ​တစ်​ပေ​ပတ်​လည် ကို​ပင်​ပေး​တော်​မ​မူ။ သို့​ရာ​တွင်​ထို​ပြည်​ကို သူ့​အား​လည်း​ကောင်း၊ သူ့​နောက်​တွင်​သူ​၏ သား​မြေး​များ​အား​လည်း​ကောင်း အ​ပိုင်​ပေး တော်​မူ​မည်​ဟူ​၍​က​တိ​ပြု​တော်​မူ​၏။ ထို သို့​က​တိ​ပြု​စဉ်​အ​ခါ​၌​အာ​ဗြ​ဟံ​တွင် သား​သ​မီး​မ​ရှိ​သေး​ချေ။-
ACT 7:6 ဘု​ရား​သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​သား မြေး​တို့​သည် နိုင်​ငံ​ရပ်​ခြား​တွင်​သူ​စိမ်း​များ အ​ဖြစ်​ဖြင့်​နေ​ရ​ကြ​လိမ့်​မည်။ အ​နှစ်​လေး​ရာ ပတ်​လုံး​ကျွန်​ခံ​ရ​၍​နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း ခံ​ရ​ကြ​လိမ့်​မည်။-
ACT 7:7 သူ​တို့​အား​ကျွန်​စေ​စား​သော​လူ​မျိုး​အား ငါ ဒဏ်​စီ​ရင်​တော်​မူ​မည်။ ထို​နောက်​သင်​၏​သား မြေး​တို့​သည်​ထို​ပြည်​မှ​လွတ်​မြောက်​ကြ​ပြီး လျှင် ဤ​အ​ရပ်​တွင်​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု ကြ​လတ္တံ့' ဟူ​၍​မိန့်​တော်​မူ​၏။-
ACT 7:8 ထို့​အ​ပြင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ပြု​တော် မူ​ခဲ့​သော​ပ​ဋိ​ညာဉ်​တော်​၏​အ​မှတ်​လက္ခ​ဏာ တစ်​ရပ်​အ​နေ​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​အာ​ဗြ​ဟံ​အား​အပ်​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​သား​ဣ​ဇာက်​ကို​ရ​ပြီး​နောက် ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ကို​ပေး​လေ​၏။ ထို​နည်း​တူ​ဣ​ဇာက် သည်​သား​ယာ​ကုပ်​ကို​လည်း​ကောင်း၊ ယာ​ကုပ် သည်​သား​တစ်​ဆယ့်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​၏။ ယာ​ကုပ် ၏​သား​များ​ကား​လူ​မျိုး​၏​အ​ဖ​တစ်​ဆယ့် နှစ်​ပါး​တည်း။
ACT 7:9 ``လူ​မျိုး​၏​အ​ဖ​တို့​သည်​မိ​မိ​တို့​ညီ​ယော​သပ် အား​မ​နာ​လို​သ​ဖြင့် အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ စေ​ရန်​ရောင်း​လိုက်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​သည် ဖြစ်​၍၊-
ACT 7:10 သူ့​အား​ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း​မှ​ကယ်​နုတ်​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ယော​သပ်​အား အီ​ဂျစ် ပြည့်​ရှင်​ဖာ​ရော​ဘု​ရင်​၏​ရှေ့​တော်​တွင်​မျက်​နှာ ပွင့်​လန်း​စေ​တော်​မူ​၏။ သူ့​အား​လည်း​ဉာဏ်​ပ​ညာ ကို​ပေး​တော်​မူ​၏။ ဖာ​ရော​ဘု​ရင်​သည်​သူ့​ကို အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ နန်း​တော်​ဝန်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား တော်​မူ​လေ​သည်။-
ACT 7:11 အီ​ဂျစ်​ပြည်​နှင့်​ခါ​နန်​ပြည်​တို့​တွင် အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​သ​ဖြင့် အ​တိ​ဒုက္ခ​ရောက်​ကြ​ကုန်​၏။ ငါ​တို့​၏​ဘိုး ဘေး​တို့​မှာ​အ​စာ​ရေ​စာ​မ​ရှိ​ကြ​တော့ ချေ။-
ACT 7:12 သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​များ​ရှိ ကြောင်း​ယာ​ကုပ်​ကြား​သော​အ​ခါ မိ​မိ​၏ သား​များ​ကို​ထို​ပြည်​သို့​ပ​ထ​မ​အ​ကြိမ် စေ​လွှတ်​လိုက်​၏။-
ACT 7:13 သူ​တို့​ဒု​တိ​ယ​အ​ကြိမ်​လာ​ရောက်​ကြ​သော အ​ခါ​၌ ယော​သပ်​သည်​မိ​မိ​မှာ​မည်​သူ​မည်​ဝါ ဖြစ်​သည်​ကို​အစ်​ကို​ဖြစ်​သူ​တို့​အား​ပြော​ပြ လေ​သည်။ ဖာ​ရော​ဘု​ရင်​သည်​ယော​သပ်​၏ အိမ်​ထောင်​စု​အ​ကြောင်း​ကို​သိ​ရှိ​လာ​၏။-
ACT 7:14 ယော​သပ်​သည်​ဖ​ခင်​ယာ​ကုပ်​နှင့်​တ​ကွ​စု​စု ပေါင်း ခု​နစ်​ဆယ့်​ငါး​ယောက်​သော​ဆွေ​မျိုး​သား ချင်း​တို့​ကို အီ​ဂျစ်​ပြည်​သို့​ဖိတ်​ခေါ်​လေ​သည်။-
ACT 7:15 ထို့​ကြောင့်​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​လိုက် လာ​ခဲ့​၏။ ထို​ပြည်​တွင်​သူ​နှင့်​သူ​၏​သား​များ သေ​လွန်​ကြ​၏။-
ACT 7:16 သူ​တို့​၏​အ​လောင်း​များ​ကို​ရှေ​ခင်​မြို့​သို့​ပို့ ဆောင်​ပြီး​လျှင် အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​ခဲ့​သည့် သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​သင်္ချိုင်း​ကား​ဟာ မော်​၏​သား​များ​ထံ​မှ​အာ​ဗြ​ဟံ​အ​ဖိုး​ငွေ ပေး​၍​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဖြစ်​သ​တည်း။''
ACT 7:17 ``ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ထား တော်​မူ​သော က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​ရန်​အ​ချိန်​နီး​ကပ်​လာ​သော​အ​ခါ အီ​ဂျစ် ပြည်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဦး​ရေ များ​စွာ​တိုး​ပွား​ခဲ့​၏။-
ACT 7:18 ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​ကို​မ​သိ သော​ရှင်​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ​၏။-
ACT 7:19 ထို​ဘု​ရင်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​ကို​လှည့် စား​၍ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​၏။ သူ​တို့ ၏​က​လေး​သူ​ငယ်​များ​အား​သေ​စေ​ရန်​အိမ် ပြင်​တွင်​ပစ်​ထား​စေ​၏။-
ACT 7:20 ထို​အ​ချိန်​ကာ​လ​ကား​မော​ရှေ​ဖွား​မြင်​ရာ အ​ချိန်​ကာ​လ​ပင်​ဖြစ်​၏။ မော​ရှေ​သည်​လွန်​စွာ အ​ဆင်း​လှ​သော​က​လေး​သူ​ငယ်​ဖြစ်​၏။ သုံး လ​တိုင်​တိုင်​ဖ​ခင်​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက် ခြင်း​ကို​ခံ​ခဲ့​ရ​၏။-
ACT 7:21 သူ​သည်​အိမ်​ပြင်​တွင်​ပစ်​ထား​ခြင်း​ခံ​ရ​သော အ​ခါ ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​က​သူ့​အား သား​အ​ဖြစ်​မွေး​စား​လေ​သည်။-
ACT 7:22 မော​ရှေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​အ​တတ် ပ​ညာ​အ​လုံး​စုံ​ကို​ဆည်း​ပူး​၍ နှ​လုံး​ရည်​လက် ရုံး​ရည်​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​လာ​၏။''
ACT 7:23 ``သူ​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ မိ​မိ ၏​သား​ချင်း​များ​ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန်​စိတ်​ပိုင်း ဖြတ်​လေ​သည်။-
ACT 7:24 ယင်း​သို့​လည်​ပတ်​နေ​ချိန်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ဦး​အား အီ​ဂျစ်​အ​မျိုး​သား တစ်​ယောက်​က​ရိုက်​နှက်​လျက်​နေ​သည်​ကို​မြင် လျှင် မိ​မိ​အ​မျိုး​သား​၏​ဘက်​မှ​ဝင်​ရောက် ကူ​ညီ​ကာ အီ​ဂျစ်​အ​မျိုး​သား​ကို​သတ်​၍ လက်​စား​ချေ​လိုက်​လေ​သည်။-
ACT 7:25 (မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ လွတ်​မြောက်​ရေး​အ​တွက် မိ​မိ​အား​ဘု​ရား သ​ခင်​စေ​လွှတ်​တော်​မူ​ခဲ့​ကြောင်း​ကို သူ​တို့ သိ​ရှိ​နား​လည်​ကြ​လိမ့်​မည်​ဟု​ထင်​မှတ်​ခဲ့ ၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​နား​မ​လည် ကြ။)-
ACT 7:26 နောက်​တစ်​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား နှစ်​ယောက်​ခိုက်​ရန်​ဖြစ်​လျက်​နေ​ကြ​သည်​ကို တွေ့​လျှင် မော​ရှေ​က`သင်​တို့​သည်​ညီ​အစ်​ကို​ချင်း ဖြစ်​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဖြစ် နေ​ကြ​ပါ​သ​နည်း' ဟု​ဆို​၍​ဖျန်​ဖြေ​၏။-
ACT 7:27 သို့​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​ပြု​သူ​သည် မော​ရှေ​အား ဘေး​သို့​တွန်း​ဖယ်​လိုက်​ပြီး လျှင်`ငါ​တို့​အား​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ အ​ဖြစ်​ဖြင့်​သင့်​ကို​မည်​သူ​ခန့်​ထား​သ​နည်း။-
ACT 7:28 ယ​မန်​နေ့​က​အီ​ဂျစ်​အ​မျိုး​သား​တစ်​ယောက် ကို​သတ်​ခဲ့​သည်​နည်း​တူ ငါ့​ကို​လည်း​သတ်​လို ပါ​သ​လော' ဟု​မေး​၏။-
ACT 7:29 မော​ရှေ​သည်​ထို​စ​ကား​ကို​ကြား​သော​အ​ခါ အီ​ဂျစ်​ပြည်​မှ​ထွက်​ပြေး​၍​မိ​ဒျန်​ပြည်​တွင် နေ​ထိုင်​လေ​သည်။ သူ​သည်​ထို​ပြည်​တွင်​သား နှစ်​ယောက်​ကို​ရ​၏။
ACT 7:30 ``အ​နှစ်​လေး​ဆယ်​ကြာ​သော​အ​ခါ သိ​နာ​တောင် အ​နီး​တော​ကန္တာ​ရ​တွင်​မီး​လျှံ​တောက်​လျက်​နေ သည့်​ချုံ​ထဲ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မော​ရှေ​အား​ကိုယ်​ထင်​ပြ​လေ​သည်။-
ACT 7:31 ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​မော​ရှေ​သည် လွန်​စွာ​အံ့​သြ​သ​ဖြင့် ကြည့်​ရန်​အ​နီး​သို့ ချဉ်း​ကပ်​လိုက်​သော​အ​ခါ၊-
ACT 7:32 `ငါ​သည်​သင့်​ဘိုး​ဘေး​များ​၏​ဘု​ရား၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု​ထာ​ဝ​ရ ဘု​ရား​၏​အ​သံ​တော်​ကို​ကြား​ရ​၏။ မော​ရှေ သည်​တုန်​လှုပ်​လျက်​မ​ကြည့်​ဝံ့​ဘဲ​နေ​၏။-
ACT 7:33 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား`သင်​ခြေ​နင်း​ရာ အ​ရပ်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြေ​ဖြစ်​၏။ သင်​၏​ဖိ​နပ်​ကို​ချွတ်​လော့။-
ACT 7:34 အီ​ဂျစ်​ပြည်​ရှိ​ငါ​၏​လူ​စု​တော်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​မြင်​ရ​ပြီ။ သူ​တို့​၏ ညည်း​တွား​မြည်​တမ်း​သံ​ကို​လည်း​ငါ​ကြား ရ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ကယ်​တင်​ရန်​ငါ ဆင်း​သက်​ခဲ့​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို​အီ​ဂျစ် ပြည်​သို့​ငါ​စေ​လွှတ်​မည်' ဟု​မိန့်​တော်​မူ​၏။''
ACT 7:35 ``မော​ရှေ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပစ်​ပယ်​ခြင်း​ကို​ခံ​ရ​သူ​တည်း။ သူ​တို့​က`ငါ​တို့ ကို​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ​အ​ဖြစ်​ဖြင့် သင့် အား​မည်​သူ​ခန့်​ထား​သ​နည်း' ဟု​သူ့​အား​မေး ကြ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​အုပ်​ချုပ်​ရန်​နှင့် မီး​လျှံ​တောက်​သော​ချုံ​တွင် ထင်​ရှား​သော​ကောင်း​ကင်​တ​မန်​၏​အ​ကူ​အ​ညီ ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လွတ်​မြောက် ရေး​ဆောင်​ရွက်​ရန်​ဘု​ရား​သ​ခင်​စေ​လွှတ်​သော သူ​ဖြစ်​သည်။-
ACT 7:36 သူ​သည်​အီ​ဂျစ်​ပြည်​နှင့်​ပင်​လယ်​နီ​တွင်​လည်း ကောင်း၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​တော​ကန္တာ​ရ တွင်​လည်း​ကောင်း အံ့​သြ​ဖွယ်​ရာ​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သူ​ဖြစ်​၏။-
ACT 7:37 `သင်​တို့​သား​ချင်း​များ​အ​ထဲ​တွင် ငါ​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​ဘု​ရား​သ​ခင် သည် သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ လိမ့်​မည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​ခဲ့​သူ​မှာ​မော​ရှေ​ပင်​ဖြစ်​၏။-
ACT 7:38 သူ​သည်​တော​ကန္တာ​ရ​၌​စု​ဝေး​လျက်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ​နှင့်​လည်း​ကောင်း၊ သိ​နာ တောင်​ပေါ်​တွင်​မိ​မိ​အား​ဗျာ​ဒိတ်​ပေး​သည့် ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း​အ​တူ​ရှိ နေ​ခဲ့​သူ​ဖြစ်​၏။ ငါ​တို့​အား​ဆင့်​ဆို​ရန် ဘု​ရား​သ​ခင်​ထံ​တော်​မှ အ​သက်​ရှင်​စေ သော​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​လည်း ဖြစ်​၏။
ACT 7:39 ``သို့​ရာ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​သည် သူ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။ သူ့​အား​ပစ်​ပယ် ကာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လို​ကြ​၏။-
ACT 7:40 သူ​တို့​က`ငါ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​မည့် ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ။ ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော ဤ​မော​ရှေ​ဆို​သူ​ကား​အ​ဘယ်​သို့​ဖြစ် နေ​သည်​ကို​ငါ​တို့​မ​သိ​ပါ' ဟု​အာ​ရုန်​အား ပြော​ကြား​ကြ​၏။-
ACT 7:41 ထို​နောက်​သူ​တို့​သည်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​၍ မိ​မိ​တို့​လက်​နှင့်​လုပ်​သော​ထို​ရုပ်​တု အား​ယဇ်​ပူ​ဇော်​ကာ​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-
ACT 7:42 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၍ ကြယ်​နက္ခတ်​များ​ကို ကိုး​ကွယ်​ကြ​စေ​ရန်​သူ​တို့​ကို​စွန့်​ပစ်​ထား တော်​မူ​၏။ ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော် ပြ​သည်​မှာ ``အို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၊သင်​တို့​သည် တော​ကန္တာရ​တွင်၊အ​နှစ်​လေး​ဆယ်​ပတ်​လုံး ယဇ်​ကောင်​များ​ကို​ပူ​ဇော်​ဆက်​သ​ကြ​၏။ သို့​ဆက်​သ​သည်​မှာ​ငါ့​အား​ဆက်​သ​ခြင်း မ​ဟုတ်။
ACT 7:43 သင်​တို့​သယ်​ဆောင်​လာ​သည့်​အ​ရာ​များ​မှာ မော​လုပ်​ဘု​ရား​စင်​နှင့်၊ သင်​တို့​၏​ဘု​ရား​ရှင်​ဖန်​၏​ကြယ်​ဖြစ်​သည်။ ထို​အ​ရာ​တို့​သည်​သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရန် သွန်း​လုပ်​သည့်​ရုပ်​တု​များ​ဖြစ်​ကြ​၏။ ထို့​ကြောင့်​သင်​တို့​အား​ဗာ​ဗု​လုန်​မြို့​ကို ကျော်​လွန်​အောင်​ပြည်​နှင်​ဒဏ်​ငါ​ပေး​မည်''
ACT 7:44 ``တော​ကန္တာ​ရ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​၌ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် ရှိ​၏။ မော​ရှေ​အား​ဘု​ရား​သ​ခင်​ပြ​တော်​မူ သည့်​ပုံ​စံ​နှင့်​အ​ညီ ထို​တဲ​တော်​ကို​တည် ဆောက်​ခဲ့​၏။-
ACT 7:45 ငါ​တို့​အ​ဘ​များ​သည်​မိ​မိ​တို့​ဖ​ခင်​များ ထံ​မှ ထို​တဲ​တော်​ကို​ဆက်​ခံ​ကာ ဘု​ရား​သ​ခင် နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ပြည်​ကို ယော​ရှု​နှင့်​အ​တူ​ချီ​တက်​သိမ်း​ပိုက်​ကြ​သော အ​ခါ ထို​တဲ​တော်​ကို​သယ်​ဆောင်​သွား​ကြ​၏။ ထို​တဲ​တော်​ကား​ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင် အောင်​ရှိ​သ​တည်း။-
ACT 7:46 ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​မျက်​နှာ​ပွင့်​လန်း​သူ​ဖြစ်​၏။ သို့​ဖြစ်​၍ ယာ​ကုပ်​၏​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခွင့်​ပြု​ရန် ဘု​ရား​သ​ခင်​အား​ပန်​ကြား​လေ​သည်။-
ACT 7:47 သို့​သော်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ခွင့်​ရ​သူ​ကား ရှော​လ​မုန်​မင်း ကြီး​ဖြစ်​သ​တည်း။''
ACT 7:48 ``သို့​ရာ​တွင်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား သည် လူ​တည်​ဆောက်​သော​အိမ်​များ​တွင်​ကျိန်း ဝပ်​တော်​မ​မူ။ ဟု​ပ​ရော​ဖက်​က​ပြော​၏။-
ACT 7:49 `ကောင်း​ကင်​ဘုံ​သည်​ငါ​၏​ပလ္လင်​ဖြစ်​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ငါ​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ သင်​သည်​အ​ဘယ်​သို့​သော​ဗိ​မာန်​တော်​ကို ငါ့​အ​တွက်​တည်​ဆောက်​မည်​နည်း။ ငါ​ကျိန်း​ဝပ်​ရန်​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။
ACT 7:50 ငါ​ကိုယ်​တိုင်​ပင်​ဤ​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​သည်​မ​ဟုတ်​လော' ဟု​ဟော​ကြား​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။''
ACT 7:51 ``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-
ACT 7:52 သင်​တို့​ဘိုး​ဘေး​များ​မ​နှိပ်​စက်​မ​ညှဉ်း​ဆဲ သည့်​ပ​ရော​ဖက်​ဟူ​၍ အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သော အ​စေ​ခံ​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း​ကို ကြို​တင်​ဟော​ကြား​ကြ​သည့်​ပ​ရော​ဖက်​များ ကို​သတ်​ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​သင်​တို့​သည် ထို​အ​ရှင်​ကို​အပ်​၍​သတ်​ဖြတ်​ကြ​ပြီ။-
ACT 7:53 ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သည့်​ပ​ညတ်​တော်​ကို​ရ​ရှိ​သော်​လည်း ထို​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​သ​တေ​ဖန်​မြွက်​ဆို​၏။
ACT 7:54 ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ဒေါ​သ​ချောင်း ချောင်း​ထွက်​၍​အံ​သွား​ကြိတ်​ခြင်း​ကို​ပြု​ကြ​၏။-
ACT 7:55 သို့​သော်​သ​တေ​ဖန်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့​ကြည့်​လိုက် သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​လူ​သား​ရပ်​လျက်​နေ​တော်​မူ​သည် ကို​လည်း​ကောင်း​မြင်​လေ​၏။-
ACT 7:56 ထို​အ​ခါ​သ​တေ​ဖန်​က``ငါ​သည်​ကောင်း​ကင် ပွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်​၏​လက်ယာ​ဘက်​တွင်​ရပ်​လျက် နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏'' ဟု​ဆို​၏။
ACT 7:57 ထို​သူ​တို့​သည်​ကျယ်​စွာ​ဟစ်​အော်​လျက် မိ​မိ တို့​၏​နား​များ​ကို​လက်​ဖြင့်​ပိတ်​ဆို့​ပြီး​လျှင် သူ့​ဆီ​သို့​တ​ရှိန်​ထိုး​ပြေး​ကာ၊-
ACT 7:58 သူ့​ကို​မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​နောက်​ကျောက်​ခဲ နှင့်​ပေါက်​ကြ​၏။ အ​သိ​သက်​သေ​များ​သည်​မိ​မိ တို့​ဝတ်​လုံ​များ​ကို​ရှော​လု​နာ​မည်​ရှိ​သူ လူ​ငယ် လူ​ရွယ်​တစ်​ယောက်​အား​အပ်​ထား​ကြ​၏။-
ACT 7:59 ဤ​သို့​သူ့​ကို​ကျောက်​ခဲ​နှင့်​ပေါက်​နေ​ကြ​စဉ် သ​တေ​ဖန်​သည်``အို သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​၏ ဝိ​ညာဉ်​ကို​သိမ်း​ပိုက်​တော်​မူ​ပါ'' ဟု​ဆု​တောင်း ၏။-
ACT 7:60 သူ​သည်​ဒူး​ထောက်​၍``သ​ခင်​ဘု​ရား၊ ဤ​သူ​တို့ ပြု​သော​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် လေ​၏။
ACT 8:1 ထို​နေ့​မှ​စ​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို ပြင်း​ထန်​စွာ​ခံ​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ယု​ဒ​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​များ​သို့​ကွဲ​လွင့် သွား​ကြ​ကုန်​၏။ တ​မန်​တော်​များ​သာ​လျှင် ကျန်​ရစ်​ခဲ့​ကြ​၏။-
ACT 8:2 ဘု​ရား​တ​ရား​ကြည်​ညို​သူ​လူ​အ​ချို့​တို့ သည် သ​တေ​ဖန်​ကို​သင်္ဂြိုဟ်​၍​သည်း​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​၏။
ACT 8:3 သို့​ရာ​တွင်​ရှော​လု​သည်​အ​သင်း​တော်​ကို ပျောက်​ပျက်​စေ​ရန်​ကြိုး​စား​လျက်​နေ​၏။ သူ သည်​တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယုံ​ကြည်​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​ဆွဲ​ထုတ်​ကာ အ​ကျဉ်း​ထောင်​တွင်​ချုပ်​နှောင်​ထား​လေ​သည်။
ACT 8:4 ကွဲ​လွင့်​သွား​သည့်​ယုံ​ကြည်​သူ​တို့​သည် အ​ရပ် ရပ်​သို့​သွား​၍​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။-
ACT 8:5 ဖိ​လိပ္ပု​သည်​ရှ​မာ​ရိ​ပြည်​၏​မြို့​တော်​သို့​သွား​၍ မေ​ရှိ​ယ​၏​အ​ကြောင်း​ကို​ဟော​ပြော​၏။-
ACT 8:6 လူ​ပ​ရိ​သတ်​တို့​သည်​ဖိ​လိပ္ပု​ပြ​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​မြင်​သ​ဖြင့် သူ​၏​တ​ရား စ​ကား​ကို​အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​၏။-
ACT 8:7 နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ထဲ​မှ နတ်​မိစ္ဆာ​များ​သည် အ​သံ​ကျယ်​စွာ​ဟစ်​အော် လျက်​ထွက်​ခွာ​သွား​ကြ​၏။ လေ​ဖြတ်​သူ၊ ခြေ လက်​မ​စွမ်း​မ​သန်​သူ​များ​သည်​လည်း​ရော​ဂါ ပျောက်​သွား​ကြ​၏။-
ACT 8:8 သို့​ဖြစ်​၍​ထို​မြို့​သူ​မြို့​သား​တို့​သည်​လွန်​စွာ ဝမ်း​မြောက်​ကြ​၏။
ACT 8:9 ထို​မြို့​၌​ရှိ​မုန်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​ဟု​ဆို​ကာ ရှ​မာ​ရိ​အ​မျိုး​သား​တို့​အား​မှော်​အ​တတ်​ကို ပြ​၍​လွန်​စွာ​အံ့​သြ​စေ​၏။-
ACT 8:10 သို့​ဖြစ်​၍​အ​တန်း​အ​စား​အ​မျိုး​မျိုး​မှ​လူ အ​ပေါင်း​တို့​သည်``ဤ​သူ​ကား​မ​ဟာ​တန်​ခိုး တော်​ဟု​ခေါ်​သော ဘု​ရား​၏​တန်​ခိုး​တော်​တည်း'' ဟု​ဆို​၍​ရှိ​မုန်​၏​စ​ကား​ကို​အာ​ရုံ​စိုက်​၍ နား​ထောင်​ကြ​၏။-
ACT 8:11 သူ​တို့​သည်​ရှိ​မုန်​၏​မှော်​အ​တတ်​ကို​အံ့​သြ လျက်​နေ​ခဲ့​ကြ​သည်​မှာ​ကြာ​ပြီ​ဖြစ်​သော ကြောင့် ဤ​သို့​အာ​ရုံ​စိုက်​၍​နား​ထောင်​ကြ ခြင်း​ဖြစ်​၏။-
ACT 8:12 သို့​သော်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို ဖိ​လိပ္ပု​ဟော​ပြော​သော​အ​ခါ​ထို​သူ​တို့ ယုံ​ကြည်​လာ​ကြ​သ​ဖြင့် အ​မျိုး​သား​များ ရော​အ​မျိုး​သ​မီး​များ​ပါ​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ခံ​ကြ​လေ​သည်။-
ACT 8:13 ရှိ​မုန်​ကိုယ်​တိုင်​ပင်​လျှင်​ယုံ​ကြည်​သ​ဖြင့်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ပြီး​နောက် ဖိ​လိပ္ပု​ထံ​တွင်​မှီ​ဝဲ ဆည်း​ကပ်​လေ​သည်။ သူ​သည်​အံ့​သြ​ဖွယ်​ရာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​သော အ​ခါ အံ့​သြ​မိန်း​မော​လေ​၏။
ACT 8:14 ယေ​ရု​ရှ​လင်​မြို့​ရှိ​တ​မန်​တော်​တို့​သည်​ရှ​မာ​ရိ ပြည်​သား​တို့ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ခံ​ယူ​ကြ​ကြောင်း​ကြား​လျှင် ပေ​တ​ရု နှင့်​ယော​ဟန်​တို့​ကို​သူ​တို့​ထံ​သို့​စေ​လွှတ်​ကြ​၏။-
ACT 8:15 တ​မန်​တော်​နှစ်​ပါး​တို့​သည်​ရောက်​လာ​၍ သန့် ရှင်း​သော​ဝိ​ညာဉ်​ကို​ထို​သူ​တို့​ခံ​ယူ​ကြ​စေ ရန်​ဆု​တောင်း​ကြ​၏။-
ACT 8:16 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ချိန်​အ​ထိ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ထို​သူ​တို့ အ​ထဲ​မှ မည်​သူ​တစ်​စုံ​တစ်​ယောက်​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မ​မူ​သေး​သော​ကြောင့် ဖြစ်​၏။ ထို​အ​ချိန်​အ​ထိ​ထို​မြို့​သူ​မြို့​သား တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဗတ္တိ​ဇံ​ခံ​ယူ​ထား​ရုံ​မျှ​သာ​ရှိ​၏။-
ACT 8:17 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ထို​သူ​တို့​၏ အ​ပေါ်​သို့​လက်​တင်​ကြ​သော​အ​ခါ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ ရ​ရှိ​ကြ​လေ​သည်။
ACT 8:18 ဤ​သို့​တ​မန်​တော်​တို့​၏​လက်​တင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် ထို​သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြောင်း​ကို​ရှိ​မုန် မြင်​လျှင်``အ​ကျွန်ုပ်​လက်​တင်​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ နိုင်​သော​တန်​ခိုး​ကို​အ​ကျွန်ုပ်​အား​လည်း​ပေး ပါ'' ဟု​ဆို​ကာ​တ​မန်​တော်​တို့​အား​ငွေ​ကို ပေး​၏။
ACT 8:20 ပေ​တ​ရု​က``သင်​သည်​ဘု​ရား​သ​ခင်​၏​ဆု ကျေး​ဇူး​တော်​ကို​ငွေ​နှင့်​ဝယ်​ယူ​မည်​အ​ကြံ ရှိ​သ​ဖြင့် သင်​၏​ငွေ​သည်​သင်​နှင့်​အ​တူ​ပျက် စီး​ပါ​စေ​သ​တည်း။-
ACT 8:21 ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​၏​စိတ်​ထား မ​မှန်​ကန်​သ​ဖြင့် ငါ​တို့​၏​အ​လုပ်​တွင်​သင် မ​ပါ​ဝင်​နိုင်။-
ACT 8:22 ဤ​သို့​ဆိုး​ညစ်​မှု​အ​တွက်​နောင်​တ​ရ​လော့။ ဤ သို့​စိတ်​အ​ကြံ​အ​စည်​ပြု​မိ​သည့်​အ​တွက် အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ရန် သ​ခင်​ဘု​ရား ထံ​ဆု​တောင်း​လော့။-
ACT 8:23 သင်​သည်​မ​နာ​လို​စိတ်​မွှန်​လျက်​အ​ပြစ်​ဒု​စ​ရိုက် ၏​အ​နှောင်​အ​ဖွဲ့​၌​ရှိ​နေ​သည်​ကို​ငါ​မြင်​၏'' ဟု ဆို​၏။
ACT 8:24 ရှိ​မုန်​က``အ​ရှင်​တို့​မြွက်​ဆို​သည့်​အ​မှု​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ခံ​ရ​စေ​ရန် သ​ခင်​ဘု​ရား ထံ​အ​ကျွန်ုပ်​၏​အ​တွက်​ဆု​တောင်း​ပေး​တော်​မူ ကြ​ပါ'' ဟု​တောင်း​ပန်​လေ​သည်။
ACT 8:25 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​သ​ခင်​ယေ​ရှု အ​ကြောင်း​ဆိုင်​ရာ ကိုယ်​တွေ့​မျက်​မြင်​အ​ဖြစ် အ​ပျက်​များ​ကို​သက်​သေ​ခံ​လျက် သ​ခင်​ဘု​ရား ၏​တ​ရား​တော်​ကို​ဟော​ပြော​ပြီး​နောက် ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။ အ​ပြန်​လမ်း ခ​ရီး​တွင်​များ​စွာ​သော​ရှ​မာ​ရိ​ရွာ​တို့​၌ သ​တင်း​ကောင်း​ကို ဟော​ပြော​ကြေ​ညာ​ကြ​၏။
ACT 8:26 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဖိ​လိပ္ပု​အား``သင်​သည်​ထ​၍​ယေ​ရု​ရှ​လင် မြို့​မှ​ဂါ​ဇ​မြို့​သို့​သွား​ရာ​လမ်း​အ​တိုင်း တောင်​အ​ရပ်​သို့​သွား​လော့'' ဟု​ဆို​၏။ (ထို လမ်း​ကား​သဲ​ကန္တာ​ရ​လမ်း​ဖြစ်​သ​တည်း။)-
ACT 8:27 သို့​ဖြစ်​၍​ဖိ​လိပ္ပု​သည်​ထ​၍​သွား​လေ​သည်။ ထို​စဉ်​အ​ခါ​၌​အဲ​သ​ယော​ပိ​ပြည်​မှ​မိန်း​မ စိုး​အ​ရာ​ရှိ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့ သို့​သွား​ရောက်​၍​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ် ဝတ်​ပြု​ပြီး​နောက် မိ​မိ​အိမ်​သို့​ပြန်​လည်​ထွက်​ခွာ လာ​၏။ သူ​သည်​အဲ​သ​ယော​ပိ​ဘု​ရင်​မ​ကန္ဒက် ၏​ဘဏ္ဍာ​ရေး​မှူး​ချုပ်​ဖြစ်​၏။ သူ​သည်​ရ​ထား​စီး လျက်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​ကို​ဖတ်​နေ ၏။-
ACT 8:29 ဝိ​ညာဉ်​တော်​သည်​ဖိ​လိပ္ပု​အား``ထို​ရ​ထား အ​နီး​သို့​သွား​လော့'' ဟု​အ​မိန့်​တော်​ရှိ​၏။-
ACT 8:30 သို့​ဖြစ်​၍​ဖိ​လိပ္ပု​သည်​ပြေး​၍​သွား​ရာ​ပ​ရော ဖက်​ဟေ​ရှာ​ယ​ကျမ်း​ကို ထို​သူ​ဖတ်​လျက်​နေ​သည် ကို​ကြား​သ​ဖြင့်``သင်​ဖတ်​နေ​သည့်​ကျမ်း​ချက် ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​သ​လော'' ဟု​မေး​၏။
ACT 8:31 ထို​သူ​က``အ​နက်​ဖွင့်​ပြ​မည့်​သူ​မ​ရှိ​ဘဲ အ​ဘယ် သို့​လျှင်​နား​လည်​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ပြီး နောက်​ဖိ​လိပ္ပု​အား​ရ​ထား​ပေါ်​သို့​တက်​၍ မိ​မိ နှင့်​အ​တူ​ထိုင်​ရန်​ဖိတ်​ခေါ်​၏။-
ACT 8:32 ထို​သူ​ဖတ်​လျက်​နေ​သည့်​ကျမ်း​ချက်​ကား၊ ``သတ်​ရန်​ဆွဲ​ယူ​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​လည်း​ဆောင်​ယူ​သွား​ကြ​၏။ အ​မွှေး​ညှပ်​သူ​တို့​၏​ရှေ့​တွင်​သိုး​သား​ငယ်​သည် နှုတ်​ကို​ပိတ်​ထား​သ​ကဲ့​သို့၊သူ​သည် မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။
ACT 8:33 သူ​သည်​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​၏။ တ​ရား​မျှ​တ​မှု​ရှိ​စေ​ရန်​သူ​၏​အ​တွက် ဆောင်​ရွက်​ပေး​မည့်​သူ​မ​ရှိ။ ဤ​လော​က​မှ​သူ​၏​အ​သက်​ကို​ရုပ်​သိမ်း​သွား သ​ဖြင့် အ​ဘယ်​သို့​လျှင်၊သူ့​၏​သား​မြေး​များ​ကို ညွှန်​ပြ​နိုင်​မည်​နည်း'' ဟူ​၍​ဖြစ်​၏။
ACT 8:34 ထို​အ​ရာ​ရှိ​က``ပ​ရော​ဖက်​သည်​မည်​သူ​၏ အ​ကြောင်း​ကို​ပြော​ဆို​လျက်​နေ​ပါ​သ​နည်း။ မိ​မိ​၏​အ​ကြောင်း​လော၊ အ​ခြား​သူ​တစ်​ယောက် ၏​အ​ကြောင်း​လော၊ အ​ကျွန်ုပ်​အား​ပြော​ပြ​ပါ'' ဟု​ဖိ​လိပ္ပု​အား​ဆို​၏။-
ACT 8:35 ဖိ​လိပ္ပု​သည်​ထို​ကျမ်း​ပိုဒ်​နှင့်​ပင်​အ​စ​ပြု​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​ကို ဟော​ပြော​လေ​၏။-
ACT 8:36 သူ​တို့​နှစ်​ယောက်​သည်​ဆက်​လက်​၍​ခ​ရီး​ပြု ကြ​စဉ်​ရေ​ရှိ​သည့်​အ​ရပ်​သို့​ရောက်​ကြ​၏။ ထို အ​ခါ​အ​ရာ​ရှိ​က``ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ​၏။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​အ​ကျွန်ုပ်​မ​ခံ​ယူ​စေ​ရန် ဆီး​တား​သည့်​အ​ကြောင်း​ရှိ​ပါ​သ​လော'' ဟု ဆို​၏။
ACT 8:37 (ဖိ​လိပ္ပု​က``သင်​သည်​သ​ခင်​ယေ​ရှု​အား​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​ယုံ​ကြည်​ပါ​လျှင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​နိုင်​ပါ​သည်'' ဟု​ပြန်​ပြော​၏။ အ​ရာ​ရှိ က​လည်း``သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ကြောင်း​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ သည်'' ဟု​ဆို​၏။)-
ACT 8:38 အ​ရာ​ရှိ​သည်​ရ​ထား​ကို​ရပ်​စေ​ပြီး​နောက် သူ​တို့ နှစ်​ယောက်​သည်​ရေ​ထဲ​သို့​ဆင်း​သွား​ကြ​ပြီး​လျှင် ဖိ​လိပ္ပု​သည်​အ​ရာ​ရှိ​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။-
ACT 8:39 သူ​တို့​ရေ​မှ​တက်​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ဖိ​လိပ္ပု​အား​တစ်​ပါး အ​ရပ်​သို့​ဆောင်​ယူ​သွား​တော်​မူ​သ​ဖြင့် အ​ရာ​ရှိ သည်​ဖိ​လိပ္ပု​ကို​နောက်​တစ်​ဖန်​မ​တွေ့​ရ​တော့​ပေ။ သူ​သည်​ဝမ်း​မြောက်​စွာ​ဆက်​လက်​ခ​ရီး​ပြု​လေ သည်။-
ACT 8:40 ဖိ​လိပ္ပု​သည်​အာ​ဇုတ်​မြို့​သို့​မိ​မိ​ရောက်​ရှိ​နေ သည်​ကို​သိ​ရ​၏။ ထို​နောက်​သူ​သည်​ကဲ​သ​ရိ မြို့​သို့​သွား​၏။ လမ်း​ခ​ရီး​တွင်​တစ်​မြို့​ပြီး တစ်​မြို့​သို့​ဝင်​၍​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​လေ​သည်။
ACT 9:1 ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် သ​ခင် ဘု​ရား​၏​တ​ပည့်​တော်​တို့​အား​သတ်​ဖြတ်​ရန် ခြိမ်း​ခြောက်​လျက်​နေ​၏။ သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊-
ACT 9:2 သ​ခင်​ဘု​ရား​၏​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သော​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​တွေ့ ရှိ​ပါ​က ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယေ​ရု​ရှ​လင် မြို့​သို့​ခေါ်​ဆောင်​လာ​နိုင်​ရန် မိ​မိ​အား​အာ​ဏာ အပ်​နှင်း​ကြောင်း​ဒ​မာ​သက်​မြို့​ရှိ​ဇ​ရပ်​များ သို့​အ​မှာ​စာ​များ​ရေး​ပေး​ပါ​ရန်​ပန်​ကြား လျှောက်​ထား​၏။
ACT 9:3 သူ​သည်​ခ​ရီး​ပြု​၍​ဒ​မာ​သက်​မြို့​အ​နီး သို့​ရောက်​လာ​သော​အ​ခါ​၌ မိုး​ကောင်း​ကင်​မှ အ​လင်း​ရောင်​ခြည်​တစ်​ခု​သည်​သူ​၏​ပတ် လည်​တွင်​ရုတ်​တ​ရက်​ထွန်း​တောက်​လာ​၏။-
ACT 9:4 သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​သွား​ပြီး​နောက် ``ရှော​လု၊ ရှော​လု၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သ​နည်း'' ဟု​မေး​မြန်း​သံ ကို​ကြား​ရ​၏။
ACT 9:5 ရှော​လု​က ``အ​ရှင်၊ အ​ရှင်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။ ထို​အ​သံ က ``ငါ​ကား​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​နေ​သူ ယေ​ရှု​ပင်​တည်း။-
ACT 9:6 သို့​သော်​သင်​သည်​ထ​၍​မြို့​ထဲ​သို့​ဝင်​လော့။ သင်​ပြု​ရ​မည့်​အ​မှု​ကို​ထို​အ​ရပ်​တွင်​သိ​ရှိ ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
ACT 9:7 ရှော​လု​နှင့်​အ​တူ​ခ​ရီး​ပြု​လျက်​နေ​ကြ​သူ တို့​သည် ထို​အ​သံ​ကို​ကြား​ရ​သော်​လည်း လူ တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​တွေ့​မ​မြင်​ရ သ​ဖြင့်​ကြက်​သေ​သေ​လျက်​ရပ်​နေ​ကြ​၏။-
ACT 9:8 ရှော​လု​သည်​မြေ​ပေါ်​မှ​ထ​၍​မျက်​စိ​ကို​ဖွင့် လိုက်​သော​အ​ခါ အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ရ​တော့​ချေ။ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​သူ့ လက်​ကို​ဆွဲ​၍​ဒ​မာ​သက်​မြို့​ထဲ​သို့​ခေါ် ဆောင်​သွား​ကြ​၏။-
ACT 9:9 သူ​သည်​သုံး​ရက်​တိုင်​တိုင်​မျက်​စိ​အ​လင်း ကွယ်​လျက်​နေ​၏။ ထို​သုံး​ရက်​အ​တွင်း​မ​စား မ​သောက်​ဘဲ​နေ​၏။
ACT 9:10 ဒ​မာ​သက်​မြို့​တွင်​အာ​န​နိ​နာ​မည်​ရှိ​သူ တ​ပည့်​တော်​တစ်​ယောက်​ရှိ​၏။ ဗျာ​ဒိတ်​ရူ​ပါ ရုံ​ထဲ​တွင်​သ​ခင်​ဘု​ရား​က​အာ​န​နိ​အား ``အာ​န​နိ'' ဟု​ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က ``ရှိ​ပါ​သည်​သ​ခင်​ဘု​ရား'' ဟု လျှောက်​၏။
ACT 9:11 သ​ခင်​ဘု​ရား​က​လည်း ``သင်​သည်​ထ​၍​လမ်း ဖြောင့်​အ​မည်​တွင်​သော​လမ်း​သို့​သွား​လော့။ တာ​ရှု မြို့​သား​ရှော​လု​ဆို​သူ​ကို ယု​ဒ​၏​အိမ်​တွင်​စုံ စမ်း​မေး​မြန်း​လော့။ သူ​သည်​ဆု​တောင်း​လျက် နေ​၏။-
ACT 9:12 သူ​သည်​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ​နိုင် ရန် အာ​န​နိ​ဆို​သူ​လာ​၍​မိ​မိ​အ​ပေါ်​မှာ လက်​တင်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင် ရ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
ACT 9:13 အာ​န​နိ​က ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​ယေ​ရု ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​၏​လူ​စု​တော်​အား​မည် မျှ​ဒုက္ခ​ပေး​ခဲ့​သည်​ကို လူ​အ​မြောက်​မြား​ထံ မှ​အ​ကျွန်ုပ်​ကြား​သိ​ရ​ပါ​၏။-
ACT 9:14 ထို့​ပြင်​ကိုယ်​တော်​အား​ပတ္ထနာ​ပြု​သူ​မှန်​သ​မျှ ကို​လည်း ဖမ်း​ဆီး​ရန်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့ ထံ​မှ​အ​ခွင့်​အာ​ဏာ​ရ​ရှိ​ထား​သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
ACT 9:15 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​က ``သွား​လော့။ ဤ သူ​ကား​လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​၏​အ​ကြောင်း ကို​ဟော​ပြော​ကြေ​ညာ​ရန်​ငါ​ရွေး​ချယ်​ထား သူ​ဖြစ်​၏။-
ACT 9:16 ငါ​၏​နာ​မ​တော်​အ​တွက်​ကြောင့်​သူ​ခံ​ရ​မည့် ဒုက္ခ​ဆင်း​ရဲ​အ​ကြောင်း​ကို သူ့​အား​ငါ​ကိုယ် တိုင်​ဖော်​ပြ​မည်'' ဟု​မိန့်​တော်​မူ​၏။
ACT 9:17 ထို့​ကြောင့်​အာ​န​နိ​သည်​ရှော​လု​ရှိ​သည့်​အိမ် သို့​သွား​၍ ရှော​လု​၏​အ​ပေါ်​မှာ​လက်​ကို​တင် ပြီး​လျှင် ``ငါ့​ညီ၊ သင်​သည်​မျက်​စိ​အ​လင်း​ကို ပြန်​လည်​ရ​ရှိ​စေ​ရန်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လာ​စေ​ရန်​လည်း ကောင်း၊ လမ်း​ခ​ရီး​တွင်​သင့်​အား​ထင်​ရှား​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် ငါ့​အား​သင့်​ထံ​သို့ စေ​လွှတ်​တော်​မူ​လိုက်​၏'' ဟု​ဆို​၏။-
ACT 9:18 ထို​အ​ခါ​ချက်​ချင်း​ပင်​ရှော​လု​သည်​မျက်​စိ​မှ အ​ကြေး​များ​ကွာ​ကျ​သ​ကဲ့​သို့​ဖြစ်​ပြီး​လျှင် မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​၏။ သူ​သည် ထ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လေ​သည်။-
ACT 9:19 ထို​နောက်​အ​စား​အ​စာ​သုံး​ဆောင်​ပြီး​သော အ​ခါ​ခွန်​အား​ပြည့်​လာ​၏။ ရှော​လု​သည်​ဒ​မာ​သက်​မြို့​တွင် တ​ပည့်​တော် တို့​နှင့်​အ​တူ​ရက်​အ​နည်း​ငယ်​နေ​၏။-
ACT 9:20 တ​ရား​ဇ​ရပ်​များ​သို့​ချက်​ချင်း​သွား​ရောက် ၍ သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ဟော​ပြော​လေ​၏။
ACT 9:21 သူ​၏​စ​ကား​ကို​ကြား​သူ​အ​ပေါင်း​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သူ​သည်​ထို သ​ခင်​ကို​ပတ္ထ​နာ​ပြု​သူ​ဟူ​သ​မျှ​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သတ်​ဖြတ်​ခဲ့​သူ​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​ထံ​ခေါ်​ဆောင်​သွား​ရန်​လာ​ရောက်​သူ မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။
ACT 9:22 သို့​သော်​ရှော​လု​က​သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ဖြစ်​တော်​မူ​ကြောင်း​ကို ပိုင်​ပိုင်​နိုင်​နိုင်​သက်​သေ​ပြ ၍​ဟော​ပြော​ရာ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး သား​တို့​ပြန်​လည်​၍​မ​ချေ​ပ​နိုင်​ကြ​ပေ။
ACT 9:23 ထို​နောက်​ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်​ရှော​လု​ကို​သတ် ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-
ACT 9:24 သို့​ရာ​တွင်​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ရှော​လု သိ​သွား​၏။ သူ​တို့​သည်​ရှော​လု​ကို​သတ်​ရန် နေ့ ရော​ညဥ့်​ပါ​မြို့​တံ​ခါး​များ​တွင်​စောင့်​နေ ကြ​၏။-
ACT 9:25 သို့​ရာ​တွင်​ရှော​လု​၏​တ​ပည့်​တို့​သည်​ညဥ့်​အ​ခါ သူ့​ကို​တောင်း​တွင်​ထည့်​၍​မြို့​ရိုး​မှ​အောက်​သို့ လျှော​ချ​ကြ​၏။
ACT 9:26 သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​ပေါင်း​ဖော်​ရန်​ကြိုး​စား​၏။ သို့​သော်​လည်း​သူ​သည်​တ​ပည့်​တော်​တစ်​ဦး ဖြစ်​လာ​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့ သည်​မ​ယုံ​သ​ဖြင့်​သူ့​ကို​ကြောက်​ကြ​၏။-
ACT 9:27 ထို​အ​ခါ​ဗာ​န​ဗ​သည်​ရှော​လု​ကို​တ​မန်​တော် တို့​ထံ​သို့​ခေါ်​ခဲ့​ပြီး​လျှင် လမ်း​ခ​ရီး​တွင်​သ​ခင် ဘု​ရား​အား​ရှော​လု​ဖူး​မြင်​ခဲ့​ရ​ပုံ​ကို​လည်း ကောင်း၊ သ​ခင်​ဘု​ရား​က​ရှော​လု​အား​မည်​သို့ အ​မိန့်​ရှိ​ခဲ့​ပုံ​ကို​လည်း​ကောင်း ဒ​မာ​သက်​မြို့ တွင်​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရှော​လု​ရဲ​ရင့်​စွာ​ဟော​ပြော​ခဲ့​ပုံ​ကို​လည်း ကောင်း​ပြော​ပြ​လေ​သည်။-
ACT 9:28 ရှော​လု​သည်​လည်း​တ​မန်​တော်​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​တွင်​သွား​လာ​လှုပ်​ရှား​လျက် သ​ခင်​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​သည်။-
ACT 9:29 သူ​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​ချေ​အ​တင် ဆွေး​နွေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ့ ကို​သတ်​ရန်​ကြံ​စည်​အား​ထုတ်​ကြ​၏။-
ACT 9:30 ထို​အ​ကြောင်း​ကို​ညီ​အစ်​ကို​တို့​ကြား​သိ​သော အ​ခါ သူ့​ကို​ကဲ​သ​ရိ​မြို့​သို့​ပို့​ဆောင်​ပြီး​လျှင် ထို​မှ​တစ်​ဖန်​တာ​ရှု​မြို့​သို့​ထွက်​ခွာ​သွား​စေ ကြ​၏။
ACT 9:31 ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။
ACT 9:32 ပေ​တ​ရု​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​သွား လာ​၏။ အ​ခါ​တစ်​ပါး​၌​လုဒ္ဒ​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထံ​သို့​ရောက်​ရှိ​လာ​၏။-
ACT 9:33 ထို​မြို့​တွင်​လေ​ဖြတ်​သ​ဖြင့်​ရှစ်​နှစ်​ပတ်​လုံး အိပ်​ရာ​ပေါ်​မှာ​တုံး​လုံး​လဲ​နေ​သူ​အဲ​နေ နာ​မည်​ရှိ​သော​လူ​တစ်​ယောက်​ကို​တွေ့​၏။-
ACT 9:34 သူ့​အား​ပေ​တ​ရု​က ``အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီ။ ထ​၍​အိပ်​ရာ ကို​ပြင်​လော့'' ဟု​ဆို​၏။ အဲ​နေ​သည်​ချက်​ချင်း ပင်​ထ​၏။-
ACT 9:35 လုဒ္ဒ​မြို့​နှင့်​ရှာ​ရုန်​လွင်​ပြင်​တွင်​နေ​ထိုင်​သူ​လူ အ​ပေါင်း​တို့​သည်​သူ့​ကို​တွေ့​မြင်​၍ သ​ခင် ဘု​ရား​ထံ​တော်​သို့​ပြောင်း​လဲ​လာ​ကြ​၏။
ACT 9:36 ယုပ္ပေ​မြို့​တွင်​တ​ဗိ​သ​နာ​မည်​ရှိ​သော​တ​ပည့် တော်​မ​တစ်​ဦး​ရှိ​၏။ (သူ​၏​နာ​မည်​မှာ​ဂ​ရိ စ​ကား​အား​ဖြင့်​ဒေါ်​ကာ​ဖြစ်​၍ ``ဒ​ရယ်'' ဟု အ​နက်​ရ​လေ​သည်။) သူ​သည်​ကောင်း​မှု​နှင့် စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို​အ​စဉ်​သ​ဖြင့်​ပြု တတ်​၏။-
ACT 9:37 သူ​သည်​ဖျား​နာ​၍​သေ​လေ​၏။ သူ​၏​အ​လောင်း ကို​ရေ​ချိုး​ပေး​ကြ​ပြီး​သော်​အိမ်​၏​အ​ထက် ခန်း​တွင်​ပြင်​ထား​ကြ​၏။-
ACT 9:38 လုဒ္ဒ​မြို့​သည်​ယုပ္ပေ​မြို့​အ​နီး​တွင်​ရှိ​သ​ဖြင့်​ထို မြို့​တွင်​ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား သိ​ကြ​သော​အ​ခါ ``အ​ကျွန်ုပ်​တို့​ထံ​သို့​အ​လျင် အ​မြန်​ကြွ​လာ​တော်​မူ​ပါ'' ဟူ​သော​ပန်​ကြား ချက်​ဖြင့်​လူ​နှစ်​ယောက်​ကို​ပေ​တ​ရု​ထံ​သို့​စေ လွှတ်​လိုက်​ကြ​၏။-
ACT 9:39 ထို့​ကြောင့်​ပေ​တ​ရု​သည်​ထို​သူ​နှစ်​ယောက်​နှင့် အ​တူ​လိုက်​ခဲ့​လေ​သည်။ ရောက်​သော​အ​ခါ​လူ တို့​သည်​သူ့​အား​အိမ်​အ​ထက်​ထပ်​ရှိ​အ​ခန်း သို့​ခေါ်​သွား​ကြ​၏။ မု​ဆိုး​မ​တို့​သည်​ပေ​တ​ရု ၏​အ​နီး​တွင်​ဝိုင်း​အုံ​လျက်​ငို​ယို​ကာ ဒေါ်​ကာ အ​သက်​ရှင်​စဉ်​အ​ခါ​က​ချုပ်​လုပ်​ထား​ခဲ့​သော အင်္ကျီ​များ​နှင့်​အ​တွင်း​ခံ​အင်္ကျီ​များ​ကို​ပြ ကြ​၏။-
ACT 9:40 ပေ​တ​ရု​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ပြင် သို့​ထွက်​စေ​ပြီး​လျှင် ဒူး​ထောက်​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။ ထို​နောက်​ရုပ်​အ​လောင်း​ဘက်​သို့ လှည့်​၍ ``တ​ဗိ​သ၊ ထ​လော့'' ဟု​ဆို​၏။ ဒေါ်​ကာ သည်​မျက်​စိ​ဖွင့်​၍​ပေ​တ​ရု​ကို​မြင်​သော အ​ခါ​ထ​ထိုင်​လေ​၏။-
ACT 9:41 ပေ​တ​ရု​သည်​လက်​ကို​ကမ်း​ပေး​ပြီး​လျှင်​ထို အ​မျိုး​သ​မီး​ကို​ဆွဲ​ထူ​လိုက်​၏။ ထို​နောက် မု​ဆိုး​မ​များ​အ​ပါ​အ​ဝင်​ယုံ​ကြည်​သူ​များ ကို​ခေါ်​၍ အ​သက်​ရှင်​လျက်​ရှိ​သော​ဒေါ်​ကာ ကို​ပေး​အပ်​၏။-
ACT 9:42 ဤ​သ​တင်း​သည်​ယုပ္ပေ​တစ်​မြို့​လုံး​တွင်​ကျော် ကြား​သွား​သ​ဖြင့် လူ​အ​မြောက်​အ​မြား​ပင် သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည်​လာ ကြ​၏။-
ACT 9:43 ပေ​တ​ရု​သည်​ယုပ္ပေ​မြို့​တွင်​ရှိ​မုန်​နာ​မည်​ရှိ​သူ သား​ရေ​နယ်​သ​မား​နှင့်​အ​တူ​ရက်​ပေါင်း​များ စွာ​နေ​ထိုင်​လေ​သည်။
ACT 10:1 ကဲ​သ​ရိ​မြို့​တွင်​ကော်​နေ​လိ​နာ​မည်​ရှိ​သူ​လူ တစ်​ယောက်​ရှိ​၏။ သူ​သည် ``ဣ​တ​လိ​တပ်'' ဟု ခေါ်​သော​တပ်​မှ​တပ်​ခွဲ​မှူး​တစ်​ယောက်​ဖြစ်​၏။-
ACT 10:2 သူ​နှင့်​တ​ကွ​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​တ​ရား​ကြည်​ညို​၍​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​သူ​များ​ဖြစ်​ကြ​၏။ သူ​သည် ဆင်း​ရဲ​သော​ယု​ဒ​အ​မျိုး​သား​တို့​အား ရက် ရော​စွာ​လှူ​ဒါန်း​တတ်​၏။ သူ​သည်​ဘု​ရား သ​ခင်​ထံ​အ​ချိန်​မှန်​မှန်​ပတ္ထနာ​ပြု​လေ​၏။-
ACT 10:3 မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​အ​ချိန်​၌​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​သူ့​ထံ​သို့​လာ​၍ ``ကော် နေ​လိ'' ဟု​ခေါ်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် အ​ထင်​အ​ရှား​မြင်​ရ​၏။
ACT 10:4 သူ​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​တ​မန်​ကို စိုက်​ကြည့်​ပြီး​လျှင် ``အ​ရှင်၊ အ​ဘယ်​အ​မှု အ​ခင်း​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။ ကောင်း​ကင်​တ​မန်​က​လည်း ``သင်​၏​ဆု​တောင်း ပတ္ထ​နာ​နှင့်​စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သ​ဖြင့်​သင့်​အား​သိ​မှတ်​တော် မူ​လေ​ပြီ။-
ACT 10:5 ယ​ခု​ပင်​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ပေ​တ​ရု​ခေါ် ရှိ​မုန်​ဆို​သူ​ကို​ပင့်​ခေါ်​လော့။-
ACT 10:6 သူ​သည်​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏။ ထို​အိမ်​ကား​ပင်​လယ်​ကမ်း အ​နီး​တွင်​ရှိ​၏'' ဟု​မြွက်​ဆို​၏။-
ACT 10:7 ထို​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် မိ​မိ​၏​အ​စေ​ခံ​နှစ်​ယောက်​နှင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​အ​ပါး​တော်​မြဲ စစ်​သား​တစ်​ယောက်​ကို​ခေါ်​ကာ၊-
ACT 10:8 အ​ကြောင်း​အ​လုံး​စုံ​ကို​ပြော​ပြ​ပြီး​လျှင် ယုပ္ပေ​မြို့​သို့​စေ​လွှတ်​လေ​သည်။
ACT 10:9 ထို​သူ​တို့​သည်​ခ​ရီး​ပြု​ကြ​ရာ​နောက်​တစ်​နေ့ ၌​ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​ကြ​၏။ မွန်း​တည့် ချိန်​ခန့်​တွင်​ပေ​တ​ရု​သည် ဆု​တောင်း​ရန်​အိမ် အ​မိုး​ပေါ်​သို့​တက်​လေ​သည်။-
ACT 10:10 သူ​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့်​အ​စား အ​စာ​ကို​တောင့်​တ​၏။ သူ​၏​အ​တွက်​အ​စား အ​စာ​များ​ပြင်​ဆင်​နေ​ကြ​စဉ်​သူ​သည်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​လေ​သည်။-
ACT 10:11 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မိုး​ကောင်း​ကင်​ကွဲ​ဟ သည်​ကို​လည်း​ကောင်း၊ ထောင့်​လေး​ထောင့်​မှ​ချုပ် ကိုင်​ထား​သော​ရွက်​ထည်​ကြီး​နှင့်​တူ​သည့် အ​ရာ​မြေ​သို့​ကျ​လာ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​ရ​၏။-
ACT 10:12 ထို​အ​ရာ​ထဲ​တွင်​ခြေ​လေး​ချောင်း​သတ္တဝါ မျိုး၊ တွား​တတ်​သည့်​သတ္တ​ဝါ​အ​မျိုး​မျိုး​နှင့် ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​တို့​ဖြင့်​ပါ​ရှိ​၏။-
ACT 10:13 ``ပေ​တ​ရု၊ ထ​လော့၊ သတ်​၍​စား​လော့'' ဟူ​သော အ​သံ​ကို​သူ​ကြား​ရ​၏။
ACT 10:14 ပေ​တ​ရု​က``အ​ရှင်​ဘု​ရား၊ အ​ဘယ်​နည်း​နှင့်​မျှ မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း​သော​အ​ရာ သို့​မ​ဟုတ်​မ​သန့်​စင်​သည့်​အ​ရာ​ကို အ​ဘယ် အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ'' ဟု​လျှောက်​၏။
ACT 10:15 ထို​အ​ခါ​ဗျာ​ဒိတ်​သံ​က ``ဘု​ရား​သ​ခင်​သန့်​စင် သည်​ဟု​ဆို​သည့်​အ​ရာ​ကို​သင်​က​ညစ်​ညမ်း​သည် ဟု​မ​ဆို​ရ'' ဟု​မိန့်​တော်​မူ​၏။-
ACT 10:16 ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ချက်​ချင်း​ပင်​ရွက်​ထည်​နှင့်​တူ​သော​အ​ရာ​သည် မိုး​ကောင်း​ကင်​သို့​ပြန်​လည်​ရုပ်​သိမ်း​ခြင်း​ကို ခံ​ရ​လေ​သည်။
ACT 10:17 ပေ​တ​ရု​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​၏။ ထို အ​ချိန်​၌​ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​၍ ယ​ခု​အိမ်​ရှေ့​သို့​ရောက်​ရှိ​လာ​ကြ​၏။-
ACT 10:18 ထို​သူ​တို့​က ``ပေ​တ​ရု​ခေါ်​ရှိ​မုန်​သည်​ဤ အိမ်​တွင်​ရှိ​ပါ​၏​လော'' ဟု​အော်​၍​မေး​မြန်း ကြ​၏။
ACT 10:19 ပေ​တ​ရု​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​စဉ်း​စား​နေ​စဉ်​ဝိ​ညာဉ်​တော်​က ``လူ​သုံး ယောက်​တို့​သည်​သင့်​ကို​ရှာ​နေ​ကြ​၏။-
ACT 10:20 ထ​၍​ဆင်း​သွား​လော့။ ငါ​ပင်​သူ​တို့​ကို​စေ​လွှတ် လိုက်​သည်​ဖြစ်​၍ မ​ဆိုင်း​မ​တွ​ဘဲ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့'' ဟု​မိန့်​တော်​မူ​၏။-
ACT 10:21 သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထို​သူ​တို့​ထံ​သို့​ဆင်း သွား​ပြီး​လျှင် ``သင်​တို့​ရှာ​နေ​သူ​ကား​ငါ​ပင် ဖြစ်​သည်။ အ​ဘယ်​အ​ကြောင်း​ကြောင့်​သင်​တို့ ရောက်​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
ACT 10:22 ထို​သူ​တို့​က ``ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် တပ်​ခွဲ​မှူး​ကော်​နေ​လိ​အား​အ​ရှင့်​ကို​ခေါ်​ဖိတ် ၍ အ​ရှင်​၏​တ​ရား​စ​ကား​ကို​ကြား​နာ​ရန်​ညွှန် ကြား​ခဲ့​ပါ​သည်။ ကော်​နေ​လိ​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​ဘု​ရား​သခင်​ကို​ကြောက်​ရွံ့ ရို​သေ​သူ​ဖြစ်​ပါ​သည်။ ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​မှု​ကို လည်း​ခံ​ရ​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ကြား​၏။-
ACT 10:23 ပေ​တ​ရု​သည်​ထို​သူ​တို့​အား​အိမ်​ထဲ​သို့ ခေါ်​ဖိတ်​၍​ထို​ည​အိပ်​စေ​၏။ နောက်​တစ်​နေ့​၌​သူ​သည်​ထို​သူ​တို့​နှင့်​အ​တူ ထွက်​ခွာ​သွား​သော​အ​ခါ ယုပ္ပေ​မြို့​မှ​ယုံ​ကြည်​သူ ညီ​အစ်​ကို​အ​ချို့​တို့​လည်း​လိုက်​ပါ​သွား​ကြ​၏။-
ACT 10:24 နောက်​တစ်​နေ့​၌​ပေ​တ​ရု​သည်​ကဲ​သ​ရိ​မြို့​သို့ ရောက်​လေ​သည်။ ထို​မြို့​တွင်​ကော်​နေ​လိ​သည် မိ​မိ​ဖိတ်​ခေါ်​ထား​သည့်​ဆွေ​မျိုး​သား​ချင်း များ၊ ရင်း​နှီး​သော​မိတ်​ဆွေ​များ​နှင့်​အ​တူ သူ့​အား​စောင့်​မျှော်​လျက်​နေ​ကြ​၏။-
ACT 10:25 ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် ခ​ရီး​ဦး​ကြို​၍​သူ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် လေ​၏။-
ACT 10:26 သို့​ရာ​တွင်​ပေ​တ​ရု​က ``ထ​လော့၊ ငါ​ကိုယ်​တိုင် ပင်​လူ​သာ​မန်​ဖြစ်​ပါ​သည်'' ဟု​ဆို​၍ ကော်​နေ​လိ ကို​အ​ထ​ခိုင်း​၏။-
ACT 10:27 ထို​နောက်​ကော်​နေ​လိ​နှင့်​အ​တူ​စ​ကား​ပြော လျက်​အိမ်​ထဲ​သို့​ဝင်​သွား​သော​အ​ခါ လူ အ​မြောက်​အ​မြား​စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​မြင်​ရ​၏။-
ACT 10:28 ထို​သူ​တို့​အား​ပေ​တ​ရု​က ``ယု​ဒ​အ​မျိုး​သား သည်​လူ​မျိုး​ခြား​များ​နှင့်​မ​ပေါင်း​မ​သင်း​ရ ဟူ​၍​လည်း​ကောင်း၊ သူ​တို့​၏​ထံ​သို့​အ​လည် အ​ပတ်​မ​သွား​ရ​ဟူ​၍​လည်း​ကောင်း၊ ဘာ​သာ တ​ရား​က​တား​မြစ်​သည်​ကို​သင်​တို့​သိ​ကြ​၏။ သို့​သော်​မည်​သူ့​ကို​မျှ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​ညစ်​ညမ်း​သူ​သို့​မ​ဟုတ် မ​သန့်​စင်​သူ ဟူ​၍​မ​ခေါ်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ့ အား​ဖော်​ပြ​တော်​မူ​ပြီ။-
ACT 10:29 ထို့​ကြောင့်​ငါ့​ကို​သင်​ခေါ်​ဖိတ်​သော​အ​ခါ ငါ​သည်​မ​ငြင်း​မ​ဆို​ဘဲ​လိုက်​လာ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ဖိတ်​ရ​ကြောင်း ပြော​ကြား​ပါ​လော့'' ဟု​ဆို​၏။
ACT 10:30 ကော်​နေ​လိ​က ``လွန်​ခဲ့​သော​သုံး​ရက်​က​မွန်း လွဲ​သုံး​နာ​ရီ​၌ အ​ကျွန်ုပ်​သည်​အိမ်​မှာ​ဆု​တောင်း လျက်​နေ​ပါ​၏။ ထို​အ​ခါ​တောက်​ပြောင်​သော အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သူ​လူ​တစ်​ယောက် သည် အ​ကျွန်ုပ်​၏​ရှေ့​တွင်​ရုတ်​တ​ရက်​ရပ်​၍၊-
ACT 10:31 `ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ဘု​ရား သ​ခင်​ကြား​တော်​မူ​ပြီ။ သင်​၏​စွန့်​ကြဲ​ပေး​ကမ်း မှု​ကို​လည်း​သိ​မှတ်​တော်​မူ​ပြီ။-
ACT 10:32 သို့​ဖြစ်​၍​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ရှိ​မုန်​ပေ​တ​ရု ဟု​ခေါ်​သော​သူ​ကို​ပင့်​လော့။ သူ​သည်​ပင်​လယ်​ကမ်း အ​နီး​ရှိ​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏' ဟု​မြွက်​ဆို​ပါ​၏။-
ACT 10:33 ထို​ကြောင့်​အ​ကျွန်ုပ်​သည်​ချက်​ချင်း​ပင်​အ​ရှင် ၏​ထံ​သို့​လူ​လွှတ်​ခဲ့​ပါ​သည်။ အ​ရှင်​ကြွ​လာ သည့်​အ​တွက်​ကျေး​ဇူး​ကြီး​လှ​ပါ​၏။ ကိုယ်​တော် အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ သော​စ​ကား​တော်​တို့​ကို​ကြား​နာ​ရန် အ​ကျွန်ုပ် တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့ ရောက်​ရှိ​နေ​ကြ​ပါ​ပြီ'' ဟု​ပြော​ဆို​၏။
ACT 10:34 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကယ်​စင်​စစ်​ဘု​ရား သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​ထောက်​တော် မ​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​ရှိ​နား​လည်​လာ ၏။-
ACT 10:35 ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​၍ အ​မှန်​တ​ရား​ကို​ကျင့်​သုံး​သူ​မှန်​သ​မျှ​အား လူ​မျိုး​ခွဲ​ခြား​မှု​မ​ပြု​ဘဲ​နှစ်​သက်​လက်​ခံ တော်​မူ​၏။-
ACT 10:36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပေး​ပို့​သော ဘု​ရား၊ လူ​ခပ်​သိမ်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော် မူ​သော​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကြေ​ညာ တော်​မူ​သည့်​ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​သိ​ကြ​၏။-
ACT 10:37 ဗတ္တိ​ဇံ​တ​ရား​ကို​ယော​ဟန်​ဟော​ပြော​ပြီး​သည့် နောက် ဂါ​လိ​လဲ​ပြည်​မှ​အ​စ​ပြု​၍ ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို​လည်း​ကောင်း၊-
ACT 10:38 နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး တော်​အ​ဘယ်​သို့​ခံ​ယူ​ရ​ရှိ​သည်​အ​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လူ တို့​အား​ကျေး​ဇူး​ပြု​လျက်​မာရ်​နတ်​နှိပ်​စက် သူ​အ​ပေါင်း​တို့​အား​ကျန်း​မာ​စေ​တော်​မူ​ခဲ့​၏။-
ACT 10:39 ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ ဣသ​ရေ​လ နိုင်​ငံ​ရှိ​အ​ခြား​မြို့​ရွာ​များ​၌​လည်း​ကောင်း၊ ကိုယ်​တော်​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ တို့​နှင့်​ပတ်​သက်​၍ ငါ​တို့​သည်​အ​သိ​သက်​သေ များ​ဖြစ်​ကြ​၏။ ထို​နောက်​လူ​တို့​သည်​ကိုယ်​တော် ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။-
ACT 10:40 သို့​ရာ​တွင်​တ​တိ​ယ​နေ့​၌​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍​ကိုယ်​ထင်​ပြ​စေ​တော်​မူ​၏။-
ACT 10:41 လူ​တိုင်း​ကိုယ်​တော်​ကို​ဖူး​မြင်​ခွင့်​ရ​ကြ​သည် မ​ဟုတ်။ အ​သိ​သက်​သေ​များ​အ​ဖြစ်​ဖြင့်​ဘု​ရား သ​ခင်​ကြို​တင်​ရွေး​ချယ်​ထား​သူ​ငါ​တို့​သာ လျှင်​ဖူး​မြင်​ရ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ် ကြ​၏။-
ACT 10:42 ကိုယ်​တော်​သည်​လူ​တို့​အား​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​နှင့် ကိုယ်​တော်​သည်​အ​သက်​ရှင်​နေ သူ၊ သေ​လွန်​သူ​များ​ကို​တ​ရား​စီ​ရင်​သော သ​ခင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ခန့်​ထား​တော် မူ​ကြောင်း​ဟော​ပြော​သက်​သေ​ခံ​ရန် ငါ​တို့ အား​ပ​ညတ်​ပေး​တော်​မူ​ခဲ့​၏။-
ACT 10:43 ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​တန်​ခိုး​အား ဖြင့် မိ​မိ​တို့​၏​အ​ပြစ်​များ​ဖြေ​လွှတ်​ခြင်း​ခံ ရ​ကြ​လတ္တံ့​ဟူ​၍ ကိုယ်​တော်​၏​အ​ကြောင်း​ကို ပ​ရော​ဖက်​အ​ပေါင်း​တို့​ဟော​ပြော​ခဲ့​ကြ​၏'' ဟု​မြွက်​ဆို​လေ​သည်။
ACT 10:44 ဤ​သို့​ပေ​တ​ရု​မြွက်​ဆို​နေ​စဉ် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည်​နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​နေ​ကြ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့​ဆင်း​သက်​တော်​မူ​၏။-
ACT 10:45 လူ​မျိုး​ခြား​တို့​သည်​လည်း​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​ကို​ခံ​ယူ​ရ​ရှိ​ကြ သည်​ဖြစ်​၍ ပေ​တ​ရု​နှင့်​အ​တူ​လိုက်​လာ​ကြ သော​ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သား​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​၏။-
ACT 10:46 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​ခြား​တို့​သည် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​များ​ကို​ပြော ၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​သည်​ကို​ကြား​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ပေ​တ​ရု​က၊-
ACT 10:47 ``ဤ​သူ​တို့​သည်​ငါ​တို့​ကဲ့​သို့​ပင်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ​ဖြစ် ကြ​၏။ သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​သူ​တို့​ဗတ္တိ ဇံ​မင်္ဂ​လာ​ခံ​ယူ​မှု​ကို​တားမြစ်​နိုင်​သ​နည်း'' ဟု ဆို​၏။-
ACT 10:48 ထို​နောက်​ပေ​တ​ရု​သည်​ထို​သူ​တို့​အား​ယေ​ရှု ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဗတ္တိ​ဇံ​မင်္ဂ​လာ ခံ​စေ​ရန်​အ​မိန့်​ပေး​လေ​၏။ ထို​နောက်​ပေ​တ​ရု အား​မိ​မိ​တို့​နှင့်​အ​တူ ရက်​အ​နည်း​ငယ်​နေ ထိုင်​ရန်​ထို​သူ​တို့​သည်​မေတ္တာ​ရပ်​ခံ​ကြ​၏။
ACT 11:1 လူ​မျိုး​ခြား​များ​သည်​လည်း​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ခံ​ယူ​ကြ​ကြောင်း ယု​ဒ​ပြည်​ရှိ​တ​မန်​တော်​များ​နှင့်​ညီ​အစ်​ကို များ​ကြား​သိ​ကြ​၏။-
ACT 11:2 ယေ​ရု​ရှ​လင်​မြို့​သို့​ပေ​တ​ရု​ရောက်​လာ​သော အ​ခါ လူ​မျိုး​ခြား​တို့​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ပေး​ခြင်း​ကို​လို​လား သူ​တို့​သည် ပေ​တ​ရု​နှင့်​ဆွေး​နွေး​ငြင်း​ခုံ​ကြ​၏။-
ACT 11:3 သူ​တို့​က ``သင်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို မ​ခံ​မ​ယူ​သူ​လူ​မျိုး​ခြား​များ​ထံ​လည် ပတ်​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-
ACT 11:4 သို့​ဖြစ်​၍​ပေ​တ​ရု​သည်​သူ​တို့​အား ဖြစ်​ပျက် ခဲ့​သ​မျှ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​အ​စ မှ​အ​ဆုံး​တိုင်​အောင်​ရှင်း​လင်း​ပြော​ပြ​၏။
ACT 11:5 ပေ​တ​ရု​က ``ငါ​သည်​ယုပ္ပေ​မြို့​တွင်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​စဉ် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​၏။ ရွက်​ထည်​ကြီး​နှင့်​တူ​သော​အ​ရာ တစ်​ခု​ကို​ထောင့်​လေး​ထောင့်​မှ​ကိုင်​၍ မိုး ကောင်း​ကင်​မှ​ချ​ပေး​သည်​ကို​မြင်​ရ​၏။-
ACT 11:6 ထို​အ​ရာ​သည်​ငါ့​အ​နီး​သို့​ရောက်​ရှိ​လာ​၏။ သေ​ချာ​စွာ​ကြည့်​ရှု​လိုက်​သော​အ​ခါ​ခြေ​လေး ချောင်း​သတ္တ​ဝါ​များ၊ သား​ရဲ​များ၊ တွား​တတ် သော​သတ္တ​ဝါ​များ​နှင့်​ကောင်း​ကင်​ငှက်​များ ကို​မြင်​ရ​၏။-
ACT 11:7 ထို​နောက် `ပေ​တ​ရု​ထ​လော့၊ သတ်​စား​လော့' ဟု ဆို​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
ACT 11:8 သို့​ရာ​တွင်​ငါ​က `သ​ခင်​ဘု​ရား၊ အ​ဘယ်​နည်း နှင့်​မျှ​မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း သော​အ​ရာ၊ သို့​မ​ဟုတ်​မ​သန့်​စင်​သော​အ​ရာ ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ' ဟု ပြန်​၍​လျှောက်​၏။-
ACT 11:9 ထို​နောက်​ကောင်း​ကင်​အ​သံ​တော်​က`ဘု​ရား​သ​ခင် သန့်​စင်​သည်​ဟု​ဆို​သည့်​အ​ရာ​ကို သင်​သည်​ညစ် ညမ်း​သည်​ဟု​မ​ဆို​ရ' ဟူ​၍​မိန့်​တော်​မူ​၏။-
ACT 11:10 ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ထို​အ​ရာ​ခပ်​သိမ်း​တို့​ကို​မိုး​ကောင်း​ကင်​သို့ ပြန်​လည်​ရုပ်​သိမ်း​သွား​လေ​၏။-
ACT 11:11 ထို​နောက်​ငါ​ရှိ​ရာ​အိမ်​သို့​လူ​သုံး​ယောက် ရုတ်​တ​ရက်​ရောက်​ရှိ​လာ​၏။ သူ​တို့​သည် ကဲ​သ​ရိ​မြို့​မှ​ငါ့​ထံ​သို့​စေ​လွှတ်​လိုက် သူ​များ​ဖြစ်​၏။-
ACT 11:12 ဝိ​ညာဉ်​တော်​က​ထို​သူ​တို့​နှင့်​အ​တူ​မ​ဆိုင်း မ​တွ​လိုက်​သွား​ရန် ငါ့​အား​အ​မိန့်​ရှိ​တော်​မူ​၏။ ယုပ္ပေ​မြို့​မှ​ညီ​အစ်​ကို​ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​ခဲ့​ကြ​၏။ ငါ​တို့​အား​လုံး ပင်​ကော်​နေ​လိ​၏​အိမ်​သို့​ဝင်​ကြ​၏။-
ACT 11:13 ကော်​နေ​လိ​က​မိ​မိ​၏​အိမ်​တွင်​ကောင်း​ကင် တ​မန်​တစ်​ပါး​ရပ်​လျက်`ယုပ္ပေ​မြို့​သို့​လူ​လွှတ် ၍​ရှိ​မုန်​ပေ​တ​ရု​ဟု​ခေါ်​သော​သူ​ကို​ပင့် ဖိတ်​လော့။-
ACT 11:14 ထို​သူ​သည်​သင်​နှင့်​အိမ်​သူ​အိမ်​သား​များ​အား ကယ်​တင်​ခြင်း​ရ​ရာ​ရ​ကြောင်း​တရား​စ​ကား များ​ကို​ဟော​ပြော​လိမ့်​မည်' ဟူ​၍​မြွက်​ဆို ကြောင်း​ကို​ငါ​တို့​အား​ပြော​ကြ​၏။-
ACT 11:15 ထို​နောက်​ငါ​သည်​စ​၍​စ​ကား​ပြော​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​အ​ထက်​က​ငါ တို့​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သည်​နည်း​တူ ထို​သူ​တို့​အ​ပေါ်​သို့​လည်း​သက်​ရောက်​တော် မူ​၏။-
ACT 11:16 ထို​အ​ခါ `ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သို့​ရာ​တွင်​သင်​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ရ​ကြ​လိမ့် မည်' ဟူ​သော​သ​ခင်​ဘု​ရား​၏​စ​ကား​တော် ကို​ငါ​သည်​ပြန်​၍​သ​တိ​ရ​၏။-
ACT 11:17 ဘု​ရား​သ​ခင်​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ဆု​ကျေး​ဇူး ကို ထို​လူ​မျိုး​ခြား​တို့​အား​လည်း​ပေး​တော်​မူ ကြောင်း​ထင်​ရှား​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ဆီး​တား နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။
ACT 11:18 ထို​စ​ကား​ကို​ကြား​သော​အ​ခါ ထို​သူ​တို့​သည် ပြစ်​တင်​ဝေ​ဖန်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ``ဘု​ရား သ​ခင်​သည်​လူ​မျိုး​ခြား​တို့​အား​လည်း နောင်​တ​ရ ၍​အ​သက်​ရှင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​သည်​တ​ကား'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။
ACT 11:19 သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ​တို့​သည် သ​တေ​ဖန် အ​သတ်​ခံ​ရ​ချိန်​၌​ဖြစ်​ပေါ်​လာ​သော​နှိပ်​စက် ညှဉ်း​ဆဲ​မှု​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​သွား ကြ​၏။ ထို​သူ​အ​ချို့​တို့​သည်​ဖိ​နိတ်​ပြည်၊ ကု​ပ​ရု​ကျွန်း၊ အန္တိ​အုတ်​မြို့​သို့​တိုင်​အောင် ရောက်​ရှိ​ကြ​၏။ သူ​တို့​သည်​ဘုရား​သခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ယု​ဒ​အ​မျိုး သား​တို့​အား​သာ​ဟော​ပြော​ကြ​၏။-
ACT 11:20 သို့​ရာ​တွင်​သူ​တို့​အ​ထဲ​တွင်​သ​ခင်​ယေ​ရှု ကို​ယုံ​ကြည်​သူ ကု​ပ​ရု​ပြည်​သား​နှင့်​ကု​ရေ နေ​ပြည်​သား​အ​ချို့​ပါ​၏။ သူ​တို့​သည်​အန္တိ အုတ်​မြို့​သို့​သွား​၍ လူ​မျိုး​ခြား​တို့​အား​လည်း သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​ကြေ​ညာ​ကြ​၏။-
ACT 11:21 သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော် ကို​ခံ​ယူ​ရ​သ​ဖြင့် လူ​အ​မြောက်​အ​မြား ပင်​ယုံ​ကြည်​၍​သ​ခင်​ဘု​ရား​ထံ​ပြောင်း​လဲ လာ​ကြ​၏။
ACT 11:22 ဤ​သ​တင်း​ကို​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း တော်​ကြား​လျှင် ဗာ​န​ဗ​အား​အန္တိ​အုတ်​မြို့ သို့​စေ​လွှတ်​ကြ​၏။-
ACT 11:23 သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-
ACT 11:24 ဗာ​န​ဗ​သည်​သူ​တော်​ကောင်း​ဖြစ်​၍​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည် ခြင်း​နှင့်​လည်း​ကောင်း​ပြည့်​ဝ​သ​ဖြင့်​များ​စွာ သော​သူ​တို့​အား​သ​ခင်​ဘု​ရား​ကို​ယုံ​ကြည် စေ​၏။
ACT 11:25 ထို​နောက်​ဗာ​န​ဗ​သည်​ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​သွား​၏။-
ACT 11:26 သူ့​ကို​တွေ့​လျှင်​အန္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့​၏။ သူ​တို့ နှစ်​ဦး​သည်​တစ်​နှစ်​ပတ်​လုံး​အ​သင်း​တော်​ဝင်​တို့ နှင့်​တွေ့​ဆုံ​၍ များ​စွာ​သော​လူ​ပ​ရိ​သတ်​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည်​ပ​ထ​မ​ဆုံး အ​ကြိမ်​ခ​ရစ်​ယာန်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ ကြ​ရ​သည့်​အ​ရပ်​မှာ​အန္တိ​အုတ်​မြို့​ဖြစ်​သ​တည်း။
ACT 11:27 ထို​အ​ခါ​ကာ​လ​၌​ပ​ရော​ဖက်​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​အန္တိ​အုတ်​မြို့​သို့​လာ​ကြ​၏။-
ACT 11:28 ထို​သူ​တို့​အ​နက်​အာ​ဂ​ဗု​နာ​မည်​ရှိ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​အ​ရ ထ​၍ ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​အ​စား​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​သင့်​လိမ့်​မည်​ဟု ဟော​ပြော​လေ​၏။ (ဧ​က​ရာဇ်​ဘု​ရင်​က​လော​ဒိ လက်​ထက်​၌ အ​ကယ်​ပင်​ဤ​သို့​ငတ်​မွတ်​ခေါင်း ပါး​ခဲ့​သ​တည်း။)-
ACT 11:29 တ​ပည့်​တော်​တို့​သည်​အ​သီး​သီး​တတ်​နိုင်​သ​မျှ အ​တိုင်း ယု​ဒ​ပြည်​ရှိ​ညီ​အစ်​ကို​များ​အား​ကူ​ညီ ထောက်​ပံ့​ရန်​ဆုံး​ဖြတ်​ကြ​၏။-
ACT 11:30 ဤ​သို့​ဆုံး​ဖြတ်​ကြ​ပြီး​နောက်​ထောက်​ပံ့​ငွေ များ​ကို​ဗာ​န​ဗ​နှင့်​ရှော​လု​မှ​တစ်​ဆင့် ယေ​ရု ရှ​လင်​မြို့​အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့ ပေး​ပို့​ကြ​၏။
ACT 12:1 ထို​အ​ချိန်​ကာ​လ​၌​ဟေ​ရုဒ်​ဘု​ရင်​သည် အ​သင်း တော်​ဝင်​အ​ချို့​တို့​ကို​နှိပ်​စက်​ညှဉ်း​ပန်း​ရန်​ကြံ​စည် အား​ထုတ်​လေ​၏။-
ACT 12:2 သူ​သည်​ယော​ဟန်​၏​ညီ​အစ်​ကို​ယာ​ကုပ်​ကို​ဋ္ဌား ဖြင့်​ကွပ်​မျက်​စေ​၏။-
ACT 12:3 ထို​အ​မှု​ကို​ယု​ဒ​အ​မျိုး​သား​တို့​နှစ်​သက်​ကြ သ​ဖြင့် သူ​သည်​ပေ​တ​ရု​ကို​လည်း​ဖမ်း​ဆီး​၏။ (ထို​အ​ချိန်​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​အ​ခါ ဖြစ်​၏။)-
ACT 12:4 ဟေ​ရုဒ်​သည်​ပေ​တ​ရု​ကို​ဖမ်း​ဆီး​ပြီး​နောက် စစ် သား​လေး​ယောက်​စီ​ပါ​သော​တပ်​စု​ငယ်​လေး​စု လက်​သို့​အပ်​ကာ​အ​ကျဉ်း​ချ​ထား​၏။ ပ​သ​ခါ ပွဲ​လွန်​သော​အ​ခါ သူ့​ကို​ယု​ဒ​အ​မျိုး​သား တို့​ရှေ့​တွင်​စစ်​ဆေး​၍​ဒဏ်​စီ​ရင်​ရန်​အ​ကြံ ရှိ​၏။-
ACT 12:5 သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထောင်​ထဲ​မှာ​အ​ကျဉ်း ချ​ထား​ခြင်း​ကို​ခံ​ရ​၏။ သို့​သော်​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည်​ပေ​တ​ရု​၏​အ​တွက် စိတ် အား​ထက်​သန်​စွာ​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။
ACT 12:6 ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-
ACT 12:7 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​အ​နီး​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၍ အ​ချုပ်​ခန်း​သည်​ထွန်း​လင်း​လျက်​နေ​၏။ ကောင်း ကင်​တ​မန်​သည်​ပေ​တ​ရု​၏​ပ​ခုံး​ကို​ပုတ်​၍ ``မြန်​မြန်​ထ​လော့'' ဟု​ဆို​ကာ​နှိုး​၏။ ထို​အ​ခါ သံ​ကြိုး​တို့​သည်​ပေ​တ​ရု​၏​လက်​မှ​ကျွတ် ကျ​၏။-
ACT 12:8 ကောင်း​ကင်​တ​မန်​က ``သင်​၏​ခါး​ပန်း​ကို​စည်း​၍ ဖိ​နပ်​ကို​စီး​လော့'' ဟု​ဆို​၏။ ပေ​တ​ရု​သည်​ထို သို့​ဆို​သည့်​အ​တိုင်း​ပြု​၏။ ထို​နောက်​ကောင်း​ကင် တ​မန်​က ``ဝတ်​လုံ​ကို​ခြုံ​၍​ငါ့​နောက်​သို့​လိုက် လော့'' ဟု​ဆို​၏။-
ACT 12:9 ပေ​တ​ရု​သည်​အ​ချုပ်​ခန်း​မှ​ထွက်​၍ ကောင်း​ကင် တ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ သူ​သည်​ကောင်း​ကင် တ​မန်​ပြု​သော​အ​မှု​ကို​တ​ကယ်​အ​ဖြစ်​အ​ပျက် ဟူ​၍​မ​သိ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​လျက်​နေ​သည် ဟူ​၍​သာ​ထင်​မှတ်​၏။-
ACT 12:10 သူ​တို့​သည်​ကင်း​နှစ်​တန်​ကို​ကျော်​လွန်​သွား​ပြီး လျှင် ထောင်​အ​ထွက်​သံ​တံ​ခါး​သို့​ရောက်​ကြ​၏။ ထို​တံ​ခါး​သည်​အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍​လမ်း​အ​တိုင်း​လိုက်​သွား ကြ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ရုတ် တ​ရက်​ပေ​တ​ရု​ထံ​မှ​ထွက်​ခွာ​သွား​လေ​၏။
ACT 12:11 ပေ​တ​ရု​သည်​ပြန်​၍​သ​တိ​ရ​လာ​သော​အ​ခါ ``သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် ကို​စေ​လွှတ်​၍ ငါ့​ကို​ဟေ​ရုဒ်​၏​လက်​မှ​လည်း ကောင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ငါ့​အား​သက်​ရောက် စေ​ရန် မျှော်​လင့်​သ​မျှ​သော​ဘေး​မှ​လည်း​ကောင်း ကယ်​ဆယ်​တော်​မူ​သည်​ကို​ယ​ခု​ငါ​သိ​ပြီ'' ဟု ဆို​၏။
ACT 12:12 ဤ​သို့​သိ​ရှိ​လာ​သော​အ​ခါ သူ​သည်​ယော​ဟန် မာ​ကု​၏​အ​မိ​မာ​ရိ​၏​အိမ်​သို့​သွား​၏။ ထို အိမ်​တွင်​လူ​အ​မြောက်​အ​မြား​စု​ဝေး​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​ကြ​၏။-
ACT 12:13 ပေ​တ​ရု​သည်​အိမ်​တံ​ခါး​ကြီး​ရှိ​တံ​ခါး​ငယ် ကို​ခေါက်​လျှင် ရော​ဒေ​နာ​မည်​ရှိ​သူ​အ​စေ​ခံ​မ က​လေး​သည်​တံ​ခါး​ဖွင့်​ရန်​လာ​၏။-
ACT 12:14 သူ​သည်​ပေ​တ​ရု​၏​အ​သံ​ကို​မှတ်​မိ​သ​ဖြင့် လွန်​စွာ​ဝမ်း​မြောက်​ရ​ကား တံ​ခါး​ကို​မ​ဖွင့်​ဘဲ အိမ်​ထဲ​သို့​ပြေး​ဝင်​ကာ​တံ​ခါး​ဝ​သို့​ပေ​တ​ရု ရောက်​နေ​ကြောင်း​ကို​လူ​တို့​အား​ပြော​၏။-
ACT 12:15 ထို​သူ​တို့​က ``သင်​ရူး​လေ​ပြီ'' ဟု​ဆို​၏။ သို့ သော်​အ​စေ​ခံ​မ​က​လေး​က​မိ​မိ​ပြော​သည့် အ​တိုင်း အ​မှန်​ပင်​ဖြစ်​ကြောင်း​ပြော​နေ​သ​ဖြင့် သူ​တို့​က ``ထို​သူ​သည်​ပေ​တ​ရု​၏​ကိုယ်​စောင့် ကောင်း​ကင်​တ​မန်​ဖြစ်​တန်​ရာ​၏'' ဟု​ဆို​ကြ​၏။
ACT 12:16 ပေ​တ​ရု​သည်​တံ​ခါး​ကို​ခေါက်​မြဲ​ခေါက်​လျက် နေ​သော် သူ​တို့​သည်​တံ​ခါး​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​သ​ဖြင့်​အံ့​သြ​ကြ​၏။-
ACT 12:17 ပေ​တ​ရု​က​ဆိတ်​ဆိတ်​နေ​ကြ​ရန်​လက်​ရိပ်​ပြ ပြီး​လျှင် မိ​မိ​အား​သ​ခင်​ဘု​ရား​သည်​အ​ဘယ် သို့​ထောင်​ထဲ​မှ​ထုတ်​ဆောင်​လာ​ကြောင်း​ကို​ပြော ပြ​လေ​၏။ ထို​နောက် ``ဤ​အ​ကြောင်း​ကို​ယာ​ကုပ် နှင့်​အ​ခြား​ညီ​အစ်​ကို​တို့​အား​ပြော​ပြ​ကြ​ပါ'' ဟု​မှာ​ကြား​ပြီး​လျှင်​အ​ခြား​အ​ရပ်​သို့​ထွက် ခွာ​သွား​၏။
ACT 12:18 မိုး​လင်း​သော​အ​ခါ ``ပေ​တ​ရု​အ​ဘယ်​မှာ နည်း'' ဟု​ဆို​၍ အ​စောင့်​စစ်​သား​တို့​သည်​လွန် စွာ​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။-
ACT 12:19 ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​ရှာ​စေ​ရာ​မ​တွေ့ သ​ဖြင့် အ​စောင့်​စစ်​သား​တို့​အား​စစ်​ဆေး​မေး မြန်း​၍ သေ​ဒဏ်​ပေး​ရန်​အ​မိန့်​ချ​မှတ်​လိုက်​လေ သည်။ ထို​နောက်​ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ​ထွက်​ခွာ ၍ ကဲ​သ​ရိ​မြို့​တွင်​ကာ​လ​အ​နည်း​ငယ်​စံ​နေ တော်​မူ​၏။
ACT 12:20 ဟေ​ရုဒ်​မင်း​သည်​တု​ရု​မြို့​သား​များ​နှင့် ဇိ​ဒုန် မြို့​သား​တို့​အ​ပေါ်​တွင်​များ​စွာ​အ​မျက်​ထွက် သ​ဖြင့် ထို​မြို့​သား​တို့​သည်​စု​ရုံး​လျက်​မင်း ကြီး​ထံ​သို့​လာ​ရောက်​ကြ​၏။ ဦး​စွာ​ပ​ထ​မ နန်း​တော်​အုပ် ဗ​လတ္တု​၏​အ​ကူ​အ​ညီ​ကို​ရ​ယူ ကြ​၏။ ထို့​နောက်​ဟေ​ရုဒ်​မင်း​ထံ​သို့​ဝင်​၍​ငြိမ်း ချမ်း​ရေး​အ​တွက် စ​ကား​ကမ်း​လှမ်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​ပြည်​သည် ဟေ​ရုဒ်​မင်း​၏​ပြည်​ကို​မှီ​ခို​စား​သောက်​ရ သော​ကြောင့်​ဖြစ်​၏။
ACT 12:21 ဟေ​ရုဒ်​မင်း​သည်​ချိန်း​ချက်​ထား​သည့်​နေ့​၌ မင်း မြောက်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​ပြီး​လျှင် ရာ​ဇ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​လျက် လူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။-
ACT 12:22 ထို​သူ​တို့​က ``ဤ​အ​သံ​သည်​လူ​၏​အ​သံ မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​အ​သံ​ဖြစ်​၏'' ဟု ကြွေး​ကြော်​ကြ​၏။-
ACT 12:23 ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။
ACT 12:24 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​မူ ကား​ပျံ့​နှံ့​၍ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် တိုး​ပွား​လျက်​နေ​၏။
ACT 12:25 ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် မိ​မိ​တို့​ဆောင်​ရွက် ရန်​ရှိ​သည့်​အ​မှု​ကိစ္စ​များ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ယော​ဟန်​မာ​ကု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​မှ​ပြန်​ခဲ့​ကြ​၏။
ACT 13:1 အန္တိ​အုတ်​မြို့​အ​သင်း​တော်​တွင် ပ​ရော​ဖက်​များ နှင့်​ဆ​ရာ​များ​ရှိ​၏။ ထို​သူ​တို့​ကား​ဗာ​န​ဗ၊ နိ​ဂါ​ခေါ်​ရှုမောင်၊ ကု​ရေ​နေ​ပြည်​သား​လု​ကိ၊ (စော်​ဘွား​ဟေ​ရုဒ်​၏​ငယ်​သူ​ငယ်​ချင်း​ဖြစ်​သူ) မာ​နင်​နှင့်​ရှော​လု​တို့​တည်း။-
ACT 13:2 ထို​သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​၍ အ​စာ​ရှောင်​လျက်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​သူ​တို့​အား ``ရှော​လု နှင့်​ဗာ​န​ဗ​တို့​ကို ငါ​၏​အ​မှု​တော်​ဆောင်​ရန် အ​တွက်​သီး​သန့်​ရွေး​ချယ်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။
ACT 13:3 ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင် ဗာ​န​ဗ​နှင့်​ရှော​လု တို့​၏​ဦး​ခေါင်း​ပေါ်​တွင်​မိ​မိ​တို့​လက်​ကို​တင် ကြ​၏။ ထို​နောက်​သူ​တို့​အား​အ​မှု​တော် ဆောင်​ရွက်​ရန်​စေ​လွှတ်​လိုက်​ကြ​၏။
ACT 13:4 ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း သေ​လု​ကိ​မြို့​သို့​သွား​ရောက်​၍​ထို​မြို့​မှ ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော​လွှင့်​ကြ​၏။-
ACT 13:5 သူ​တို့​သည်​ရှာ​လ​မိ​မြို့​သို့​ရောက်​သော​အ​ခါ တ​ရား​ဇ​ရပ်​များ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။ ယော​ဟန်​မာ​ကု​သည်​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ကူ​ညီ​ဆောင်​ရွက်​၏။
ACT 13:6 သူ​တို့​သည်​ထို​ကျွန်း​ကို​ဖြတ်​၍​ပါ​ဖု​မြို့ အ​ထိ​လျှောက်​သွား​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ အ​မျိုး​သား​မိစ္ဆာ​ပ​ရော​ဖက်​ဖြစ်​သော​မှော် ဆ​ရာ​တစ်​ယောက်​ကို​တွေ့​ကြ​၏။ သူ​၏​နာ​မည် မှာ​ဗာ​ယေ​ရှု​ဖြစ်​၏။-
ACT 13:7 သူ​သည်​ဘု​ရင်​ခံ​သေ​ရ​ဂိ​ပေါ​လု​၏​မိတ်​ဆွေ ဖြစ်​၏။ ထို​ဘု​ရင်​ခံ​ကား​သ​တိ​ပ​ညာ​ရှိ​သူ တစ်​ယောက်​ဖြစ်​ပေ​သည်။ သူ​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​လို​၍ ဗာ​န​ဗ​နှင့်​ရှော​လု​ကို​ပင့်​ဖိတ်​လေ​၏။-
ACT 13:8 သို့​ရာ​တွင် (ဂ​ရိ​ဘာ​သာ​အား​ဖြင့်​ဧ​လု​မ​ဟု နာ​မည်​ရှိ​သော) ထို​မှော်​ဆ​ရာ​သည်​ဘု​ရင်​ခံ အား​ယုံ​ကြည်​ခြင်း​လွဲ​မှား​စေ​ရန် ဗာ​န​ဗ နှင့်​ရှော​လု​တို့​ကို​အ​တိုက်​အ​ခံ​ပြု​လေ​၏။-
ACT 13:9 ထို​အ​ခါ​ပေါ​လု​ခေါ်​ရှော​လု​သည် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက် မှော် ဆ​ရာ​အား​စိုက်​ကြည့်​ပြီး​နောက်၊-
ACT 13:10 ``မာရ်​နတ်​၏​သား၊ လှည့်​စား​လိမ်​လည်​တတ်​သူ၊ အ​မှန်​တ​ရား​၏​ရန်​သူ၊ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဖြောင့်​မှန်​သော​တ​ရား​လမ်း​ကို ကောက်​လိမ်​အောင်​ပြု​ပါ​သည်​တ​ကား။-
ACT 13:11 ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော် သည် သင့်​ပေါ်​သို့​ကျ​ရောက်​တော်​မူ​သ​ဖြင့် သင် သည်​မျက်​စိ​ကွယ်​လိမ့်​မည်။ ကာ​လ​အ​တန် အ​ကြာ​နေ​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မြွက်​ဆို​၏။ ချက်​ချင်း​ပင်​မှော်​ဆ​ရာ​သည်​မျက်​စိ​မြှေး ယှက်​၍ မှောင်​အ​တိ​ကျ​ရောက်​လာ​သ​ကဲ့​သို့ ဖြစ်​သ​ဖြင့် လက်​ဆွဲ​၍​လမ်း​ပြ​ခေါ်​ဆောင်​ပေး မည့်​သူ​ကို​ရှာ​ရ​လေ​၏။-
ACT 13:12 ဘု​ရင်​ခံ​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​မြင်​လျှင် ယုံ​ကြည်​လာ​၏။ သူ​သည်​သ​ခင်​ဘု​ရား​၏​တ​ရား တော်​ကို​ကြား​သော​အ​ခါ​အံ့​သြ​မိန်း​မော​၍ နေ​၏။
ACT 13:13 ပေါ​လု​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ပါ​ဖု​မြို့​မှ သင်္ဘော​လွှင့်​၍ ပံ​ဖု​လိ​ပြည်​ပေ​ရ​ဂေ​မြို့​သို့​ရောက် ကြ​၏။ ထို​အ​ခါ​ယော​ဟန်​မာ​ကု​သည်​သူ​တို့ နှင့်​ခွဲ​ခွာ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။-
ACT 13:14 သူ​တို့​သည်​ပေ​ရ​ဂေ​မြို့​မှ​ထွက်​ခွာ​ကြ​ရာ ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ရောက်​၍ ဥ​ပုသ် နေ့​၌​တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ထိုင်​ကြ​၏။-
ACT 13:15 ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​ကို​ဖတ်​ပြီး သော​အ​ခါ တ​ရား​ဇ​ရပ်​အ​မှု​ဆောင်​လူ​ကြီး များ​သည်​သူ​တို့​အား ``ညီ​အစ်​ကို​တို့၊ လူ​တို့ အား​တိုက်​တွန်း​အား​ပေး​စ​ကား​ပြော​ကြား ရန်​ရှိ​ပါ​လျှင်​ပြော​ကြ​ပါ'' ဟု​လူ​လွှတ်​၍ အ​ကြောင်း​ကြား​ကြ​၏။-
ACT 13:16 ပေါ​လု​သည်​နေ​ရာ​မှ​ထ​၍​လက်​ရိပ်​ပြ ပြီး​နောက် ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။-
ACT 13:17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ငါ​တို့​ဘိုး​ဘေး​များ​အီ​ဂျစ်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင်​ကြ​စဉ်၊ သူ​တို့​အား​ရွေး​ကောက်​၍ လူ​မျိုး​ကြီး​ဖြစ်​စေ တော်​မူ​၏။ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ထို​ပြည် မှ​ထုတ်​ဆောင်​သွား​တော်​မူ​ကာ၊-
ACT 13:18 တော​ကန္တာ​ရ​တွင်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး သူ​တို့​အား​သည်း​ခံ​တော်​မူ​၏။-
ACT 13:19 ထို​နောက်​ခါ​နာန်​ပြည်​နေ​လူ​ခု​နစ်​မျိုး​တို့ ကို​ဖယ်​ရှား​ပြီး​လျှင်​ထို​ပြည်​ကို၊-
ACT 13:20 မိ​မိ​လူ​စု​တော်​အား​ပိုင်​ဆိုင်​ခွင့်​ကို​ပေး တော်​မူ​၏။ ဤ​အ​ဖြစ်​အ​ပျက်​အ​ထိ​နှစ် ပေါင်း​လေး​ရာ့​ငါး​ဆယ်​ကြာ​ခဲ့​၏။ ထို​နောက်​ပ​ရော​ဖက်​ရှ​မွေ​လ​ပေါ်​ထွန်း​ချိန် အ​ထိ တ​ရား​သူ​ကြီး​များ​ကို​ပေါ်​ထွန်း​စေ တော်​မူ​၏။-
ACT 13:21 သူ​တို့​သည်​ရှင်​ဘု​ရင်​တစ်​ပါး​ခန့်​ပေး​ရန် ရှ​မွေ​လ​အား​တောင်း​ဆို​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​သည်​ကိ​ရှ​၏​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင် ရှော​လု​ကို​ခန့်​ထား​တော်​မူ​၏။ ရှော​လု​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး​နန်း​စံ​တော်​မူ သ​တည်း။-
ACT 13:22 ထို​နောက်​ဘု​ရား​သ​ခင်​သည်​ရှော​လု​ကို​ဖယ် ရှား​ပြီး​လျှင် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က `ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ငါ​၏​စိတ်​တော်​နှင့် တွေ့​သူ၊ ငါ​ဆောင်​ရွက်​စေ​လို​သ​မျှ​တို့​ကို​ဆောင် ရွက်​မည့်​သူ​ဖြစ်​ကြောင်း​ငါ​တွေ့​ရှိ​ရ​ပြီ' ဟု ဒါ​ဝိဒ်​နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​၏။-
ACT 13:23 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​တိ​တော်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့​ကယ်​တင်​ရှင် ကို ထို​သူ​၏​သား​မြေး​များ​အ​ထဲ​မှ​ပေါ်​ထွန်း စေ​တော်​မူ​၏။ ထို​အ​ရှင်​ကား​သ​ခင်​ယေ​ရှု​ပင် ဖြစ်​သ​တည်း။-
ACT 13:24 ထို​အ​ရှင်​အ​မှု​တော်​ကို​စ​တင်​၍​ဆောင်​ရွက် တော်​မ​မူ​မီ​ယော​ဟန်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား `နောင်​တ​ရ​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ကြ​လော့' ဟု​ဟော​ပြော​၏။-
ACT 13:25 မိ​မိ​ဆောင်​ရွက်​ရ​မည့်​အ​မှု​ပြီး​ဆုံး​ချိန်​နီး သော​အ​ခါ ယော​ဟန်​က `ငါ​သည်​သင်​တို့​စောင့် မျှော်​နေ​သည့်​အ​ရှင်​မ​ဟုတ်။ ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို အ​ရှင်​၏​ဖိ​နပ်​ကို​မျှ​မ​ချွတ်​ထိုက်' ဟု​ဆို​၏။
ACT 13:26 ``အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သူ​ငါ့​ညီ​အစ်​ကို တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ ဤ​ကယ်​တင်​ခြင်း​ဆိုင်​ရာ တ​ရား​ကို​ငါ​တို့​ထံ​သို့​ရောက်​ရှိ​လာ​စေ​၏။-
ACT 13:27 ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့်​သူ​တို့​၏​ခေါင်း ဆောင်​များ​ကား ထို​အ​ရှင်​သည်​ကယ်​တင်​ရှင် ဖြစ်​သည်​ကို​မ​သိ​မ​မြင်​ကြ။ ဥ​ပုသ်​နေ့​တိုင်း မိ​မိ​တို့​ဖတ်​ကြ​သည့်​ပ​ရော​ဖက်​ကျမ်း​စ​ကား ကို​လည်း​နား​မ​လည်​ကြ။ သို့​သော်​ထို​သူ​တို့ သည်​ပ​ရော​ဖက်​များ​၏​ဟော​ကြား​ချက်​အ​တိုင်း ဖြစ်​ပျက်​စေ​ရန် ထို​အ​ရှင်​ကို​သေ​ဒဏ်​စီ​ရင် ကြ​၏။-
ACT 13:28 ဤ​သို့​သေ​ဒဏ်​စီ​ရင်​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​တွေ့​သော်​လည်း သေ​ဒဏ်​ပေး ရန်​ပိ​လတ်​မင်း​အား​တောင်း​ဆို​ကြ​၏။-
ACT 13:29 သူ​တို့​သည်​ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​ပြု​ကြ​ပြီး​နောက် ထို​အ​ရှင်​၏​တ​ပည့်​တို့ သည်​အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ ချ​၍​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။-
ACT 13:30 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။-
ACT 13:31 ထို​နောက်​ထို​အ​ရှင်​သည်​ယ​ခင်​က​မိ​မိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​ပါ ကြ​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ တော်​မူ​၏။ သူ​တို့​သည်​ယ​ခု​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ကိုယ်​တော်​၏​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​ကြ​၏။-
ACT 13:32 ဒု​တိ​ယ​ဆာ​လံ​တွင်၊`သင်​သည်​ငါ​၏​သား​တော် ဖြစ်​၏။ ယ​နေ့​ပင်​သင့်​အား​သား​တော်​အ​ရာ​ကို ငါ​ပေး​ပြီ' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​နှင့်​အ​ညီ ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး များ​အား​ထား​တော်​မူ​သော​က​တိ​တော်​ကို​သူ တို့​၏​သား​မြေး​ဖြစ်​သူ ငါ​တို့​အ​တွက်​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပြီ။ ငါ​တို့​သည်​ဤ​သ​တင်း ကောင်း​ကို​သင်​တို့​အား​ကြား​ပြော​ရန်​ဤ​အ​ရပ် သို့​ရောက်​ရှိ​နေ​ကြ​ခြင်း​ဖြစ်​၏။-
ACT 13:34 နောက်​တစ်​ဖန်​သင်္ချိုင်း​တွင်​မ​ပုပ်​ပျက်​ဘဲ​သေ​ခြင်း မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်​ပတ် သက်​၍​ဘု​ရား​သ​ခင်​က၊ `ဒါ​ဝိဒ်​အား​ကောင်း​ချီး​ပေး​ရန်​က​တိ​ပြု​ခဲ့​သည့် နည်း​တူ၊ သင်​တို့​အား​လည်း​ယုံ​ကြည်​စိတ်​ချ​ရ​သည့် မြတ်​သော​ကောင်း​ချီး​ပေး​ရန်​ငါ​ပေး​မည်' ဟူ​၍​မိန့်​တော်​မူ​သည်။ အ​ခြား​ဆာ​လံ​တွင်၊ `ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​စောင့်​သည့် အ​စေ​ခံ​ကို သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်' ဟု​ပါ​ရှိ​၏။-
ACT 13:36 ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-
ACT 13:37 သို့​ရာ​တွင်​သေ​ခြင်း​မှ​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​၏​ကိုယ်​ခန္ဓာ ကား​ထို​သို့​ပုပ်​ပျက်​ခြင်း​မ​ရှိ။-
ACT 13:38 ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ပြစ် ပြေ​လွှတ်​ခြင်း​အ​ကြောင်း​ကို သင်​တို့​အား​ငါ ပြော​ကြား​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို အ​ရှင်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​က မ​ဖြေ​မ​လွှတ် နိုင်​သည့်​အ​ပြစ်​ဟူ​သ​မျှ​မှ​ပြေ​လွတ်​နိုင် ကြောင်း​ကို​လည်း​ကောင်း​သိ​မှတ်​ကြ​လော့။-
ACT 13:40 ပ​ရော​ဖက်​ကျမ်း​များ​တွင်၊ `ငါ​မိန့်​တော်​မူ​သည်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့၊ နား​ထောင်​ကြ။ အံ့​သြ​လျက်​သေ​ကြ​လော့။ ယ​နေ့​ငါ​ပြု​မည့်​အ​မှု​ကို​သူ​တစ်​ပါး​က ရှင်း​လင်း​ဖော်​ပြ​သော်​လည်း၊ သင်​တို့​ယုံ​ကြည်​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ ထို​ဖော်​ပြ​ချက်​အ​တိုင်း​မ ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့'' ဟု​ဟော​ပြော လေ​၏။
ACT 13:42 တ​ရား​ဇ​ရပ်​မှ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ထွက်​ခွာ လာ​ကြ​စဉ် လူ​တို့​က​မိ​မိ​တို့​အား​နောက်​လာ မည့်​ဥ​ပုသ်​နေ့​၌ ဤ​အ​ကြောင်း​အ​ရာ​များ​ကို တစ်​ဖန်​ဟော​ပြော​ရန်​တောင်း​ပန်​ကြ​၏။-
ACT 13:43 တ​ရား​ဇ​ရပ်​မှ​လူ​စု​ကွဲ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့် ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​အ​မြောက်​အ​မြား​တို့​သည် ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​၏​နောက်​သို့​လိုက်​ကြ​၏။ တ​မန်​တော်​တို့​က​ထို​သူ​တို့​အား ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​၌​ဆက်​လက်​သက်​ရှင်​ကြ​ရန် အား​ပေး​တိုက်​တွန်း​ကြ​၏။
ACT 13:44 နောက်​ဥ​ပုသ်​နေ့​၌​သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​နာ​ရန် မြို့​လုံး​ကျွတ်​နီး ပါး​လူ​တို့​လာ​ရောက်​ကြ​၏။-
ACT 13:45 သို့​သော်​ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​ပ​ရိ​သတ် ကို​မြင်​သော​အ​ခါ မ​နာ​လို​စိတ်​ရှိ​သ​ဖြင့် ပေါ​လု ဟော​ပြော​သော​စ​ကား​များ​ကို​ငြင်း​ခုံ​ကာ​ပုတ် ခတ်​ပြော​ဆို​ကြ​၏။-
ACT 13:46 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က​ယ​ခင်​က​ထက်​ပို​မို ရဲ​ရင့်​စွာ​ဟော​ကြား​သည်​မှာ ``ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဦး​စွာ​ပ​ထ​မ​ဟော​ပြော​ရ​ပေ​မည်။ သို့​ရာ​တွင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ မိ​မိ တို့​ကိုယ်​ကို​ထာ​ဝ​ရ​အ​သက်​နှင့်​မ​ထိုက်​မ​တန် သူ​များ​ဖြစ်​သည်​ဟု​စီ​ရင်​ကြ​သော​ကြောင့် ငါ​တို့ သည်​သင်​တို့​ထံ​မှ​ထွက်​ခွာ​၍​လူ​မျိုး​ခြား​တို့ ထံ​သို့​သွား​ကြ​ပါ​မည်။-
ACT 13:47 ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က၊ `ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ကမ္ဘာ​တစ်​ဝန်း​လုံး ရ​ရှိ​စေ​ရန်​သင်​တို့​အား၊ လူ​မျိုး​ခြား​များ​အ​ဖို့​အ​လင်း​ဖြစ်​စေ​အံ့​သော​ငှာ ငါ​ခန့်​ထား​၏' ဟူ​၍​မိန့်​တော်​မူ​ခဲ့​ပေ​သည်'' ဟု​ဟော​ပြော​ကြ​၏။
ACT 13:48 လူ​မျိုး​ခြား​တို့​သည်​ထို​စ​ကား​ကို​ကြား​သော အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​ကာ​သ​ခင်​ဘု​ရား​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ပြော​ဆို ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန်​ရွေး​ကောက် ခြင်း​ခံ​ရ​သူ​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ် လာ​ကြ​၏။-
ACT 13:49 သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် ထို​ဒေ​သ​တစ်​ခု​လုံး​တွင်​နှံ့​ပြား​လေ​၏။-
ACT 13:50 သို့​သော်​လည်း​ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ထက်​တန်း​လွှာ​အ​မျိုး သ​မီး​များ​နှင့် မြို့​မျက်​နှာ​ဖုံး​အ​မျိုး​သား​များ ကို​လှုံ့​ဆော်​ကာ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​စေ​ကြ​၏။ သူ​တို့​သည်​ထို​သူ နှစ်​ဦး​အား​မိ​မိ​တို့​နယ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။-
ACT 13:51 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​၏​စိတ် သ​ဘော​ကို​မ​နှစ်​သက်​သည့်​အ​နေ​ဖြင့် မိ​မိ တို့​ခြေ​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့​ထွက်​သွား​ကြ​၏။-
ACT 13:52 အန္တိ​အုတ်​မြို့​ရှိ​တ​ပည့်​တော်​တို့​သည်​ရွှန်​လန်း ဝမ်း​မြောက်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ရှိ​ကြ​၏။
ACT 14:1 ဣ​ကော​နိ​မြို့​တွင်​လည်း​ပေါ​လု​နှင့်​ဗာ​န​ဗ သည် ယု​ဒ​အ​မျိုး​သား​တို့​၏​တ​ရား​ဇ​ရပ်​သို့ ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​ရာ ယု​ဒ​အ​မျိုး သား​နှင့်​လူ​မျိုး​ခြား​အ​မြောက်​အ​မြား​သည် ယုံ​ကြည်​ကြ​၏။-
ACT 14:2 သို့​သော်​မ​ယုံ​ကြည်​သည့်​ယု​ဒ​အ​မျိုး​သား များ​သည် လူ​မျိုး​ခြား​တို့​အား​ညီ​အစ်​ကို​တို့ ကို​မ​နာ​လို​စိတ်​ရှိ​စေ​ရန်​ဆွ​ပေး​ကြ​၏။-
ACT 14:3 တ​မန်​တော်​တို့​သည်​ထို​အ​ရပ်​တွင်​ကြာ​မြင့်​စွာ နေ​ထိုင်​လျက် သ​ခင်​ဘု​ရား​၏​အ​ကြောင်း​ကို ရဲ​ရင့်​စွာ​ဟော​ပြော​ကြ​၏။ ကိုယ်​တော်​သည်​ထို သူ​တို့​ဟော​ပြော​သည့်​ကျေး​ဇူး​တော်​ဆိုင်​ရာ တ​ရား​မှန်​ကန်​ကြောင်း​သက်​သေ​ပြ​ရန် သူ​တို့ အား​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ပြ​နိုင်​သော​တန်​ခိုး​ကို​ပေး​တော်​မူ​၏။-
ACT 14:4 မြို့​သူ​မြို့​သား​တို့​သည်​နှစ်​စု​ကွဲ​ကြ​၏။ တစ်​စု က​ယု​ဒ​အ​မျိုး​သား​တို့​ဘက်​သို့​ပါ​၍ အ​ခြား တစ်​စု​က​တ​မန်​တော်​တို့​ဘက်​သို့​ပါ​ကြ​၏။
ACT 14:5 ယု​ဒ​အ​မျိုး​သား​နှင့်​လူ​မျိုး​ခြား​အ​ချို့​တို့ သည် တ​မန်​တော်​တို့​ကို​ညှဉ်း​ဆဲ​ရန်​နှင့်​ခဲ​ဖြင့် ပေါက်​ရန် မိ​မိ​တို့​ခေါင်း​ဆောင်​များ​နှင့်​ကြံ​စည် အား​ထုတ်​ကြ​၏။-
ACT 14:6 ထို​အ​ကြောင်း​ကို​တ​မန်​တော်​တို့​ကြား​သိ ကြ​သော​အ​ခါ လု​ကော​နိ​ပြည်​ရှိ​လုတ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​နှင့်​အ​နီး​ရှိ​ဒေ​သ​သို့​ထွက်​ပြေး ၍၊-
ACT 14:7 သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြ​၏။
ACT 14:8 လုတ္တ​ရ​မြို့​တွင်​အ​ဘယ်​အ​ခါ​က​မျှ​လမ်း​မ လျှောက်​နိုင်​ခဲ့​သူ၊ မွေး​စ​က​ပင်​ခြေ​မ​စွမ်း​မ​သန် ခဲ့​သူ​လူ​တစ်​ယောက်​ရှိ​၏။-
ACT 14:9 သူ​သည်​ပေါ​လု​ဟော​ပြော​သည်​ကို​နား​ထောင် လျက်​နေ​၏။ ပေါ​လု​သည်​သူ့​အား​စိုက်​ကြည့် လိုက်​သော​အ​ခါ ရော​ဂါ​ပျောက်​ကင်း​စေ​နိုင် လောက်​အောင်​သူ့​မှာ​ယုံ​ကြည်​မှု​ရှိ​ကြောင်း ကို​သိ​မြင်​လျှင်၊-
ACT 14:10 ``ထ​၍​မတ်​မတ်​ရပ်​လော့'' ဟု​ထို​သူ​အား အ​သံ​ကျယ်​စွာ​ဆို​၏။ ထို​အ​ခါ​သူ​သည် ခုန်​၍​ထ​ပြီး​လျှင်​လမ်း​လျှောက်​လေ​၏။-
ACT 14:11 လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။-
ACT 14:12 သူ​တို့​သည်​ဗာ​န​ဗ​အား​ဇု​သ​ဟု​ခေါ်​ကြ​၏။ ခေါင်း​ဆောင်​၍​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် ပေါ​လု အား​ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။-
ACT 14:13 ဇု​သ​နတ်​ဘု​ရား​၏​ဗိ​မာန်​သည်​မြို့​အ​ပြင်​တွင် ရှိ​ရာ ထို​နတ်​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား လား​များ​နှင့်​ပန်း​ကုံး​များ​ကို​မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။ သူ​နှင့်​တ​ကွ​လူ​ပ​ရိ​သတ်​တို့ သည် တ​မန်​တော်​တို့​အား​ယဇ်​ပူ​ဇော်​ပ​သ​လို ကြ​၏။
ACT 14:14 ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-
ACT 14:15 အ​ချင်း​လူ​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည်​လည်း​သင်​တို့​ကဲ့ သို့​ပင်​လူ​သာ​မန်​များ​သာ​ဖြစ်​ကြ​၏။ သင်​တို့ သည်​ဤ​သို့​အ​ကျိုး​မ​ရှိ​သည့်​အ​မှု​အ​ရာ​များ ကို​စွန့်​ပစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​အား​ဆည်း​ကပ်​ကြ​စေ​ရန် ငါ​တို့​သည် သင်​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ရောက်​ရှိ​လာ​ကြ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​မိုး​မြေ​ကို​လည်း​ကောင်း ပင်​လယ်​နှင့်​အ​ရပ်​ခပ်​သိမ်း​တွင်​ရှိ​လေ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​ကောင်း​ဖန်​ဆင်း​တော် မူ​၏။-
ACT 14:16 လွန်​ခဲ့​သော​ခေတ်​ကာ​လ​များ​က​ကိုယ်​တော် သည်​လူ​မျိုး​တ​ကာ​တို့​အား မိ​မိ​တို့​အ​လို ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​ကျင့်​ခွင့်​ကို​ပေး​တော် မူ​ခဲ့​၏။-
ACT 14:17 သို့​ရာ​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​သက် သေ​ခံ​အ​ထောက်​အ​ထား​များ​ဖြင့် လူ​တို့​အား အ​စဉ်​ပင်​ပြ​သ​တော်​မူ​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​မှ​မိုး​ကို​ရွာ​စေ​လျက်​အ​ချိန်​တန် လျှင် သီး​နှံ​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။ သင် တို့​အား​အ​စာ​အာ​ဟာ​ရ​ကျွေး​မွေး​၍​စိတ် ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ​၏'' ဟု​ကြွေး ကြော်​လေ​သည်။-
ACT 14:18 ဤ​သို့​တ​မန်​တော်​တို့​ကြွေး​ကြော်​ကြ​သော် လည်း လူ​တို့​ယဇ်​ပူ​ဇော်​ရန်​ကြိုး​စား​မှု​ကို​မူ ဆီး​တား​၍​မ​ရ​ချေ။
ACT 14:19 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​အ​ချို့​သည်​အန္တိ အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ​ရောက်​လာ​ကြ ပြီး​လျှင် လူ​ပ​ရိ​သတ်​တို့​ကို​မိ​မိ​တို့​ဘက်​သို့ ပါ​အောင်​ဆွဲ​ဆောင်​ကြ​၏။ ထို​နောက်​ပေါ​လု​ကို ခဲ​ဖြင့်​ပေါက်​၍ သေ​လု​ပြီ​ဟု​ထင်​သ​ဖြင့်​မြို့ ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။-
ACT 14:20 သို့​သော်​မိ​မိ​၏​ပတ်​လည်​တွင်​တ​ပည့်​တော်​တို့ ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​ထ​၍​မြို့ ထဲ​သို့​ဝင်​လေ​၏။ နောက်​တစ်​နေ့​၌​ပေါ​လု​နှင့် ဗာ​န​ဗ​သည်​ဒေ​ရ​ဗေ​မြို့​သို့​ထွက်​ခွာ​သွား ကြ​၏။
ACT 14:21 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ဒေ​ရ​ဗေ​မြို့​တွင် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သ​ဖြင့် လူ​အ​မြောက်​အ​မြား​တ​ပည့်​တော်​များ​ဖြစ် လာ​ကြ​၏။ ထို​နောက်​လုတ္တ​ရ​မြို့၊ ဣ​ကော​နိ မြို့​နှင့်​ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ပြန် ကြ​၏။-
ACT 14:22 ``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။-
ACT 14:23 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အ​သင်း​တော်​တိုင်း ၌ အ​သင်း​တော်​လူ​ကြီး​များ​ကို​ခန့်​ထား​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​အ​စာ​ရှောင် ပြီး​လျှင် အ​သင်း​တော်​ဝင်​တို့​ယုံ​ကြည်​ကြ သည့်​သ​ခင်​ဘု​ရား​၏​လက်​တော်​သို့​ထို​သူ တို့​ကို​အပ်​ကြ​၏။-
ACT 14:24 ပေါ​လု​နှင့်​ဗာ​န​ဗ​သည်​ဝိ​သိ​ဒိ​ပြည်​ကို​ဖြတ် သွား​ပြီး​နောက် ပံ​ဖု​လိ​ပြည်​သို့​ရောက်​ကြ​၏။-
ACT 14:25 သူ​တို့​သည်​ပေ​ရ​ဂေ​မြို့​တွင်​တ​ရား​တော်​ကို ဟော​ပြော​ကြ​၏။ ထို​နောက်​အတ္တ​လိ​မြို့​သို့ သွား​ပြီး​လျှင်၊-
ACT 14:26 အန္တိ​အုတ်​မြို့​သို့​သင်္ဘော​လွှင့်​ကြ​၏။ ထို​မြို့​ကား ယ​ခု​မိ​မိ​တို့​ဆောင်​ရွက်​ပြီး​စီး​သွား​သည့် အ​မှု​တော်​အ​တွက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သို့​အပ်​နှံ​၍​စေ​လွှတ်​သော​မြို့​ပင်​ဖြစ် သ​တည်း။
ACT 14:27 အန္တိ​အုတ်​မြို့​သို့​ရောက်​သော​အ​ခါ သူ​တို့​သည် အ​သင်း​တော်​ဝင်​တို့​ကို​စု​ရုံး​စေ​လျက် မိ​မိ တို့​အား​ဖြင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး ခြား​တို့​ယုံ​ကြည်​လာ​စေ​ရန်​ကိုယ်​တော်​လမ်း ဖွင့်​ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြန် ကြား​ကြ​၏။-
ACT 14:28 ထို​နောက်​သူ​တို့​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ကြာ​မြင့်​စွာ​နေ​ထိုင်​ကြ​၏။
ACT 15:1 လူ​အ​ချို့​တို့​သည်​ယု​ဒ​ပြည်​မှ​အန္တိ​အုတ်​မြို့ သို့​သွား​ရောက်​၍ ညီ​အစ်​ကို​တို့​အား ``သင်​တို့ သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား​အ​ရ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​ယူ​လျှင်​ကယ်​တင် ခြင်း​မ​ရ​နိုင်'' ဟု​ဟော​ပြော​သွန်​သင်​ကြ​၏။-
ACT 15:2 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​နှင့် အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ကာ အ​ချေ​အ​တင် ပြော​ဆို​ကြ​၏။ ထို့​ကြောင့်​အ​သင်း​တော်​သည်​ဤ သို့​အ​ငြင်း​ပွား​သည့်​ကိစ္စ​နှင့်​ပတ်​သက်​၍ တိုင်​ပင် ဆွေး​နွေး​ရန်​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို​တ​ပည့် တော်​အ​ချို့​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​ရှိ အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့​စေ​လွှတ်​ရန် ဆုံး​ဖြတ်​ကြ​၏။
ACT 15:3 အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။-
ACT 15:4 ယေ​ရု​ရှ​လင်​မြို့​သို့​ဗာ​န​ဗ​တို့​ရောက်​ကြ သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ကွ​တ​မန်​တော် များ၊ အ​သင်း​တော်​လူ​ကြီး​များ​က​သူ​တို့​အား ကြို​ဆို​လက်​ခံ​သည့်​အ​ခါ မိ​မိ​တို့​အား​ဘု​ရား သ​ခင်​အ​သုံး​ပြု​တော်​မူ​ပုံ​အ​လုံး​စုံ​ကို​ပြန် ကြား​ကြ​၏။-
ACT 15:5 သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​အ​ဖွဲ့​ဝင်​များ​အ​နက် ယုံ ကြည်​သူ​လူ​အ​ချို့​တို့​သည်​ထ​၍ ``လူ​မျိုး​ခြား တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရ​မည်။ မော​ရှေ ၏​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ရ​မည်'' ဟု​ဆို ကြ​၏။
ACT 15:6 သို့​ဖြစ်​၍​တ​မန်​တော်​များ​နှင့်​အ​သင်း​တော် လူ​ကြီး​များ​သည် ဤ​အ​မှု​ကိစ္စ​ကို​စဉ်း​စား ဆင်​ခြင်​ရန်​စည်း​ဝေး​ကြ​၏။-
ACT 15:7 အ​တော်​ပင်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​ပြီး သော​အ​ခါ ပေ​တ​ရု​သည်​နေ​ရာ​မှ​ထ​၍ ``ညီ အစ်​ကို​တို့၊ လူ​မျိုး​ခြား​တို့​သည်​သ​တင်း​ကောင်း ကို​ကြား​၍​ယုံ​ကြည်​နိုင်​စေ​ရန် ဘု​ရား​သ​ခင် သည်​လွန်​ခဲ့​သည့်​ကာ​လ​အ​တန်​ကြာ​က သ​တင်း ကောင်း​ကို​ကြေ​ညာ​ရန်​အ​တွက် ငါ့​အား​သင်​တို့ အ​ထဲ​မှ​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။-
ACT 15:8 လူ​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့ အား​ပေး​တော်​မူ​သည့်​နည်း​တူ​လူ​မျိုး​ခြား​တို့ အား​လည်း​ပေး​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့ အား​နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း​ကို​ပြ တော်​မူ​၏။-
ACT 15:9 ကိုယ်​တော်​သည်​သူ​တို့​ကို​ငါ​တို့​နှင့်​ခွဲ​ခြား ခြင်း​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့် သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၏။-
ACT 15:10 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​ကို​သွေး​စမ်း​လို​ကြ​သ​နည်း။ ငါ​တို့​ဘိုး ဘေး​များ​သော်​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​တိုင် ပင်​သော်​လည်း​ကောင်း၊ မ​ထမ်း​နိုင်​သည့်​ဝန်​ကို အ​ဘယ်​ကြောင့်​ထို​သူ​တို့​အား​ထမ်း​စေ​ကြ ပါ​သ​နည်း။-
ACT 15:11 ငါ​တို့​သည်​လည်း​ထို​သူ​တို့​နည်း​တူ​ယုံ​ကြည် သ​ဖြင့် သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏'' ဟု​ဆို​၏။
ACT 15:12 ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​သည်​မိ​မိ​တို့​အား ဖြင့် လူ​မျိုး​ခြား​တို့​တွင်​ဘု​ရား​သ​ခင်​ပြု တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​ပြော​ကြား​နေ စဉ်​စု​ဝေး​သော​လူ​အား​လုံး​ပင်​ဆိတ်​ငြိမ်​စွာ နား​ထောင်​လျက်​နေ​ကြ​၏။-
ACT 15:13 သူ​တို့​ပြော​ဆို​ပြီး​သော​အ​ခါ​ယာ​ကုပ်​က ``ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​ပါ။-
ACT 15:14 ဘု​ရား​သ​ခင်​သည်​ရှေး​ဦး​စွာ​လူ​မျိုး​ခြား​တို့ အ​နက်​အ​ချို့​သော​သူ​တို့​ကို မိ​မိ​၏​လူ​စု တော်​ဝင်​များ​ဖြစ်​စေ​ရန်​ရွေး​ထုတ်​ခြင်း​အား ဖြင့် သူ​တို့​ကို​ဂ​ရု​စိုက်​တော်​မူ​ကြောင်း​ရှိ​မုန် ရှင်း​ပြ​ခဲ့​ပြီ။-
ACT 15:15 ပ​ရော​ဖက်​တို့​၏​ဟော​ကြား​ချက်​များ​သည် လည်း ဤ​အ​ချက်​နှင့်​လုံး​ဝ​ကိုက်​ညီ​လျက် ရှိ​၏။ ကျမ်း​စာ​တော်​တွင်၊
ACT 15:16 `ငါ​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ လူ​မျိုး​ခြား​နှင့်​လူ​မျိုး​ရှိ​သ​မျှ​တို့​သည် ငါ့​ထံ​လာ​စိမ့်​သော​ငှာ​နောက်​မှ​ငါ​ပြန်​လာ​မည်။ ပြို​ကျ​လျက်​ရှိ​သော​ဒါ​ဝိဒ်​၏​နိုင်​ငံ​ကို ငါ​ပြန်​၍​တည်​ဆောက်​မည်။ ပျက်​စီး​ယို​ယွင်း​နေ​သည်​တို့​ကို​အ​သစ်​ပြု​ပြင်​၍ ထို​နိုင်​ငံ​ကို​တစ်​ဖန်​ခိုင်​ခံ့​စေ​မည်။
ACT 15:18 ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း' ဟု​ဖော်​ပြ​ပါ​ရှိ​သည်။
ACT 15:19 ယာ​ကုပ်​က​ဆက်​လက်​၍ ``ထို့​ကြောင့်​ဘု​ရား သ​ခင်​ထံ​ပြောင်း​လဲ​လာ​ကြ​သူ လူ​မျိုး​ခြား တို့​အ​ခက်​ကြုံ​စေ​ရန်​ငါ​တို့​မ​ပြု​သင့်။-
ACT 15:20 သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။-
ACT 15:21 အ​ဘယ်​ကြောင့်​ဆို​သော်​ရှေး​ကာ​လ​မှ​စ​၍ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​တ​ရား​ဇ​ရပ်​များ တွင်​ဥ​ပုသ်​နေ့​တိုင်း​ဖတ်​ခြင်း၊ သူ​၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​ဆို လေ​သည်။
ACT 15:22 ထို​အ​ခါ​တ​မန်​တော်​များ၊ အ​သင်း​တော်​လူ ကြီး​များ​နှင့်​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ သည် ကိုယ်​စား​လှယ်​များ​ကို​ရွေး​ချယ်​၍​ပေါ​လု၊ ဗာ​န​ဗ​နှင့်​အ​တူ​အန္တိ​အုတ်​မြို့​သို့​စေ​လွှတ် ရန်​ဆုံး​ဖြတ်​ကြ​၏။ သူ​တို့​သည်​ယုံ​ကြည်​သူ တို့​အ​လွန်​ကြည်​ညို​လေး​စား​ကြ​သော ဗာ​ရှ​ဗ​ခေါ်​ယု​ဒ​နှင့်​သိ​လ​တို့​ကို​ရွေး ချယ်​ကြ​၏။-
ACT 15:23 ထို​သူ​နှစ်​ဦး​၏​လက်​ဖြင့်​စာ​တစ်​စောင်​ပို့​လိုက် ကြ​၏။ ထို​စာ​တွင်၊ ``သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​ကြ​သော​တ​မန် တော်​များ၊ အ​သင်း​တော်​လူ​ကြီး​များ​က​အန္တိ အုတ်​မြို့​နှင့်​ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​ရှိ​လူ​မျိုး ခြား​သား​များ​ဖြစ်​ကြ​သော​ညီ​အစ်​ကို​များ အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။-
ACT 15:24 ကျွန်ုပ်​တို့​အ​ထဲ​မှ​လူ​အ​ချို့​သည်​ကျွန်ုပ်​တို့​၏ ညွှန်​ကြား​ချက်​မ​ရ​ဘဲ သင်​တို့​ထံ​သို့​သွား​၍ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​သည့်​စ​ကား​များ ကို​ပြော​ဆို​ကာ သင်​တို့​အား​ဒုက္ခ​ပေး​ခဲ့​ကြ ကြောင်း​သိ​ရ​ပါ​သည်။-
ACT 15:25 သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​အ​စည်း​အ​ဝေး​ပြု လုပ်​၍​လူ​အ​ချို့​ကို​ရွေး​ချယ်​လျက် သင်​တို့​ထံ သို့​စေ​လွှတ်​ရန်​အား​လုံး​သ​ဘော​တူ​ဆုံး​ဖြတ် ကြ​ပါ​သည်။ ထို​သူ​တို့​သည်​ကျွန်ုပ်​တို့​ချစ်​ခင် သူ​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​အ​တူ​လိုက်​သွား ကြ​ပါ​လိမ့်​မည်။-
ACT 15:26 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ကား ကျွန်ုပ်​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​မှု​တော်​ကို သက်​စွန့် ကြိုး​ပမ်း​ဆောင်​ရွက်​ခဲ့​သူ​များ​ပင်​တည်း။-
ACT 15:27 သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယု​ဒ နှင့်​သိ​လ​တို့​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ သည်။ ကျွန်ုပ်​တို့​၏​စာ​တွင်​ရေး​သား​ဖော်​ပြ​ထား သည့်​အ​ကြောင်း​အ​ရာ​များ​ကို သူ​တို့​ကိုယ်​တိုင် လည်း​ပြော​ပြ​ကြ​ပါ​လိမ့်​မည်။-
ACT 15:28 ရုပ်​တု​များ​အား​ပူ​ဇော်​ထား​သည့်​အ​စား အ​စာ​ကို​မ​စား​နှင့်။ သွေး​ကို​လည်း​မ​စား​နှင့်။-
ACT 15:29 လည်​ညှစ်​သား​ကို​မ​စား​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား မှု​ကို​မ​ပြု​နှင့်​ဟူ​သော​ပ​ညတ်​များ​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို​သင်​တို့​အ​ပေါ်​မ​တင်​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ကျွန်ုပ်​တို့​သ​ဘော တူ​ကြ​ပါ​၏။ ဤ​အ​ရာ​များ​ကို​ရှောင်​ကြဉ်​ကြ ပါ​က သင်​တို့​အ​တွက်​လုံ​လောက်​ပေ​ပြီ။ ကျန်း မာ​ရွှင်​လန်း​ကြ​ပါ​စေ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ သည်။
ACT 15:30 စေ​တ​မန်​တို့​အား​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် အန္တိ​အုတ်​မြို့​သို့​သွား​၍​ယုံ​ကြည်​သူ​အ​ပေါင်း တို့​အား စု​ဝေး​စေ​ပြီး​လျှင်​အ​မှာ​စာ​ကို​ပေး အပ်​ကြ​၏။-
ACT 15:31 ထို​စာ​ကို​ဖတ်​ပြ​ကြ​သော​အ​ခါ​သူ​တို့​သည် အား​ပေး​စ​ကား​များ​ကြောင့်​လွန်​စွာ​ဝမ်း မြောက်​ကြ​၏။-
ACT 15:32 ယု​ဒ​နှင့်​သိ​လ​တို့​သည်​လည်း​ပ​ရော​ဖက်​များ ဖြစ်​ကြ​သည့်​အ​လျောက် သူ​တို့​အား​အ​ချိန်​ကြာ မြင့်​စွာ​တိုက်​တွန်း​အား​ပေး​သ​ဖြင့်​သူ​တို့​အား ကြံ့​ခိုင်​စေ​ကြ​၏။-
ACT 15:33 သူ​တို့​သည်​ထို​အ​ရပ်​တွင်​ကာ​လ​အ​တန်​ကြာ နေ​ပြီး​နောက် ယုံ​ကြည်​သူ​တို့​အား​နှုတ်​ဆက်​၍ ပြန်​လွှတ်​လိုက်​ကြ​၏။-
ACT 15:34 သို့​သော်​လည်း​သိ​လ​သည်​နေ​ရစ်​ရန်​ဆုံး​ဖြတ်​၏။
ACT 15:35 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အန္တိ​အုတ်​မြို့​တွင် ဆက်​လက်​နေ​ထိုင်​၍ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​အ​ခြား​သူ​များ​နှင့်​အ​တူ​ဟော​ပြော သွန်​သင်​ကြ​၏။
ACT 15:36 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ပေါ​လု​က ဗာ​န​ဗ​အား ``သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ငါ​တို့​ဟော​ပြော​ခဲ့​သည့်​မြို့ တိုင်း ရှိ​ညီ​အစ်​ကို​များ​ထံ​သို့​ပြန်​သွား​၍ သူ တို့​၏​အ​ခြေ​အ​နေ​ကို​လေ့​လာ​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
ACT 15:37 ထို​အ​ခါ​ဗာ​န​ဗ​သည်​မာ​ကု​ခေါ်​ယော​ဟန် ကို​ခေါ်​ဆောင်​သွား​ရန်​အ​လို​ရှိ​၏။-
ACT 15:38 သို့​သော်​ပေါ​လု​က​မိ​မိ​တို့​နှင့်​သာ​သ​နာ ပြု​ခ​ရီး​အ​ဆုံး​တိုင်​အောင်​မ​လိုက်​ဘဲ ပံ​ဖု​လိ ပြည်​တွင်​မိ​မိ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ခဲ့​သူ ကို​ခေါ်​ဆောင်​ရန်​မ​သင့်​လျော်​ဟု​ယူ​ဆ​၏။-
ACT 15:39 သူ​တို့​သည်​အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ပြီး နောက်​လမ်း​ခွဲ​ခွာ​သွား​ကြ​၏။ ဗာ​န​ဗ​သည် မာ​ကု​ကို​ခေါ်​၍​ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော လွှင့်​လေ​၏။-
ACT 15:40 ပေါ​လု​မူ​ကား​သိ​လ​ကို​ရွေး​ချယ်​၍​ထွက်​ခွာ သွား​လေ​သည်။ ယုံ​ကြည်​သူ​များ​သည်​ပေါ​လု အား​သ​ခင်​ဘု​ရား​၏​ကျေး​ဇူး​တော်​သို့​အပ်​နှံ ကြ​၏။-
ACT 15:41 ပေါ​လု​သည်​ထို​အ​ရပ်​မှ​ရှု​ရိ​ပြည်​နှင့်​ကိ​လိ ကိ​ပြည်​သို့​သွား​ရောက်​၍​အ​သင်း​တော်​ကို ခိုင်​ခံ့​စေ​၏။
ACT 16:1 ပေါ​လု​သည်​ဒေ​ရ​ဗေ​မြို့​နှင့်​လုတ္တ​ရ​မြို့​သို့​ရောက် ရှိ​လာ​၏။ လုတ္တ​ရ​မြို့​တွင်​တိ​မော​သေ​နာ​မည်​ရှိ သော​တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​၏​မိ​ခင်​သည် ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​သော်​လည်း သူ​၏​ဖ​ခင်​မှာ​ဂရိ​အ​မျိုး​သား​ဖြစ်​၏။-
ACT 16:2 သူ​သည်​လုတ္တ​ရ​မြို့​နှင့်​ဣ​ကော​နိ​မြို့​ရှိ ညီ​အစ် ကို​တို့​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​၏။-
ACT 16:3 ပေါ​လု​သည်​သူ့​ကို​မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို သ​ဖြင့် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​၏။ ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​တိ​မော​သေ​၏ ဖ​ခင်​သည်​ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း ထို အ​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။-
ACT 16:4 သူ​တို့​သည်​မြို့​များ​ကို​ဖြတ်​၍​သွား​ကြ​သော အ​ခါ ယေ​ရု​ရှ​လင်​မြို့​၌​နေ​သော​တ​မန်​တော် များ​နှင့်​အ​သင်း​တော်​လူ​ကြီး​များ​ပြ​ဋ္ဌာန်း သော​ပ​ညတ်​များ​ကို​ရှင်း​လင်း​ပြော​ပြ​ကာ ယုံ​ကြည်​သူ​တို့​လိုက်​နာ​ကျင့်​သုံး​ရန်​ညွှန် ကြား​ကြ​၏။-
ACT 16:5 သို့​ဖြစ်​၍​အ​သင်း​တော်​တို့​၏​ယုံ​ကြည်​ခြင်း ပို​မို​ခိုင်​မြဲ​လာ​လျက် နေ့​စဉ်​နေ့​တိုင်း​အ​ရေ အ​တွက်​အား​ဖြင့်​တိုး​တက်​များ​ပြား​လား ၏။
ACT 16:6 သူ​တို့​သည်​ဖြု​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့ ကို​ဖြတ်​သွား​ကြ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည် သူ​တို့​အား​အာ​ရှ​ပြည်​၌​နှုတ်​က​ပတ်​တ​ရား တော်​ကို​ဟော​ပြော​ခွင့်​ပေး​တော်​မ​မူ။-
ACT 16:7 သူ​တို့​သည်​မု​သိ​ပြည်​နယ်​စပ်​သို့​ရောက်​ကြ​သော အ​ခါ ဗိ​သုန်​ပြည်​သို့​သွား​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​၏​ဝိ​ညာဉ်​တော်​က​ခွင့် ပြု​တော်​မ​မူ​သ​ဖြင့်၊-
ACT 16:8 မု​သိ​ပြည်​ကို​ဖြတ်​၍​တ​ရော​မြို့​သို့​ရောက်​ကြ​၏။-
ACT 16:9 ပေါ​လု​သည်​ညဥ့်​အ​ခါ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် ``မာ​ကေ​ဒေါ​နိ​ပြည်​သို့​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​အား​ကူ​ညီ​မ​စ​ပါ'' ဟု​မာ​ကေ​ဒေါ​နိ ပြည်​သား​တစ်​ယောက်​သည်​ရပ်​လျက်​တောင်း​ပန် နေ​သည်​ကို​မြင်​ရ​၏။-
ACT 16:10 ဤ​သို့​ဗျာ​ဒိတ်​ရူပါ​ရုံ​ကို​ပေါ​လု​မြင်​ပြီး​နောက် ချက်​ချင်း​ပင်​ကျွန်ုပ်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် သို့​သွား​ရန်​ပြင်​ဆင်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​အား​သ​တင်း ကောင်း​ကို​ဟော​ပြော​ရန် ကျွန်ုပ်​တို့​အား​ဘု​ရား သ​ခင်​စေ​ခိုင်း​တော်​မူ​သည်​ဟု​ဆုံး​ဖြတ်​ချက် ချ​ကြ​ခြင်း​ကြောင့်​ဖြစ်​၏။
ACT 16:11 ကျွန်ုပ်​တို့​သည်​တ​ရော​မြို့​မှ​သာ​မော​သ​ရက် ကျွန်း​သို့ တည့်​တည့်​သင်္ဘော​လွှင့်​ကြ​ရာ​နောက် တစ်​နေ့​၌​နာ​ပေါ​လိ​မြို့​သို့​ရောက်​ကြ​၏။-
ACT 16:12 ထို​မြို့​မှ​ဖိ​လိပ္ပိ​မြို့​သို့​သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့ ကား​မာ​ကေ​ဒေါ​နိ​ပြည်​ပ​ထ​မ​နယ်​၏​မြို့​တစ် မြို့​ဖြစ်​၏။ ရော​မ​အ​မျိုး​သား​တို့​အ​ခြေ​စိုက် ရာ​မြို့​လည်း​ဖြစ်​၏။ ထို​မြို့​တွင်​ကျွန်ုပ်​တို့​သည် ရက်​ပေါင်း​များ​စွာ​နေ​ထိုင်​ကြ​ပြီး​သည့်​နောက်၊-
ACT 16:13 ဥ​ပုသ်​နေ့​၌​မြို့​တံ​ခါး​အ​ပြင်​သို့​ထွက်​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​နေ​ရာ​ရှိ​မည် အ​ထင်​နှင့်​မြစ်​ကမ်း​နား​သို့​သွား​ရောက်​၍ ထို အ​ရပ်​တွင်​စု​ဝေး​လျက်​နေ​သည့်​အ​မျိုး​သ​မီး တို့​အား​ဟော​ပြော​ကြ​၏။-
ACT 16:14 ထို​သူ​တို့​အ​ထဲ​တွင်​သွာ​တိ​ရဲ​မြို့​သူ၊ ကမ္ဗ​လာ နီ​အ​ထည်​ကုန်​သည်​လု​ဒိ​နာ​မည်​ရှိ​အ​မျိုး သ​မီး​တစ်​ယောက်​ပါ​၏။ သူ​သည်​ဘု​ရား​သ​ခင် အား​ကိုး​ကွယ်​သူ​တစ်​ဦး​ဖြစ်​၏။ သ​ခင်​ဘု​ရား သည်​ပေါ​လု​ဟော​ပြော​လျက်​နေ​သော​တ​ရား စ​ကား​များ​ကို​အာ​ရုံ​စိုက်​စေ​ရန် ထို​အ​မျိုး သ​မီး​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​၏။-
ACT 16:15 သူ​နှင့်​တ​ကွ​အိမ်​သူ​အိမ်​သား​တို့​သည်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။ ထို​နောက်​လု​ဒိ​က ``ကျွန်​မ သည်​သ​ခင်​ဘု​ရား​ကို​အ​ကယ်​ပင်​ယုံ​ကြည်​သူ ဖြစ်​သည်​ဟု သင်​တို့​လက်​ခံ​ပါ​လျှင်​ကျွန်​မ​၏ အိမ်​သို့​လာ​ရောက်​တည်း​ခို​ကြ​ပါ'' ဟု​ကျွန်ုပ် တို့​အား​ဖျောင်း​ဖျ​လေ​သည်။
ACT 16:16 တစ်​နေ့​သ​၌​ကျွန်ုပ်​တို့​သည်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​အ​ရပ်​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​နိုင် သော​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ၊ ငွေ​ဝယ်​ကျွန်​မိန်း​မ ငယ်​တစ်​ယောက်​နှင့်​တွေ့​ဆုံ​၏။ သူ​သည်​ဤ​သို့ ဗေ​ဒင်​ဟော​ပြော​ခြင်း​ဖြင့် မိ​မိ​၏​သ​ခင်​ဖြစ် သူ​တို့​အား​ကြေး​ငွေ​အ​မြောက်​အ​မြား ရ​ရှိ​စေ​၏။-
ACT 16:17 ထို​ကျွန်​မ​သည်​ပေါ​လု​နှင့်​ကျွန်ုပ်​တို့​နောက် သို့​လိုက်​လျက် ``ဤ​သူ​တို့​ကား​အ​မြင့်​ဆုံး သော​ဘု​ရား​၏​အ​စေ​ခံ​များ​ဖြစ်​၍ သင်​တို့ အား​ကယ်​တင်​ခြင်း​တ​ရား​ကို​ဟော​ပြော သူ​များ​တည်း'' ဟု​ဟစ်​အော်​လေ​၏။-
ACT 16:18 ထို​သူ​ငယ်​မ​သည်​ဤ​သို့​ရက်​ပေါင်း​များ​စွာ ဟစ်​အော်​လျက်​နေ​သ​ဖြင့် ပေါ​လု​သည်​လွန်​စွာ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​ရ​ကား နောက်​သို့​လှည့် ၍ ``သင်​သည်​သူ​ငယ်​မ​အ​ထဲ​မှ​ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ သင့် အား​ငါ​အ​မိန့်​ပေး​၏'' ဟု​နတ်​မိစ္ဆာ​အား​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​နတ်​မိစ္ဆာ​သည်​ထွက်​သွား ၏။-
ACT 16:19 သူ​ငယ်​မ​၏​သ​ခင်​ဖြစ်​သူ​တို့​သည် မိ​မိ​တို့ ငွေ​ဝင်​ပေါက်​ပိတ်​သွား​ကြောင်း​သိ​ရှိ​ကြ​သော အ​ခါ ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဖမ်း​ဆီး​၍ အာ​ဏာ​ပိုင်​များ​ရှိ​ရာ​မြို့​တွင်း​မြေ​ကွက် လပ်​သို့​ဆွဲ​ခေါ်​သွား​ကြ​၏။-
ACT 16:20 ရော​မ​အ​ရာ​ရှိ​တို့​၏​ရှေ့​သို့​ရောက်​သော​အ​ခါ ``ဤ​သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား​များ​ဖြစ် ပါ​သည်။ ကျွန်​တော်​တို့​မြို့​တွင်​ဆူ​ပူ​မှု​ဖြစ် အောင်​ပြု​လျက်​နေ​ကြ​ပါ​သည်။-
ACT 16:21 ကျွန်​တော်​တို့​တ​ရား​ဥ​ပ​ဒေ​များ​နှင့် ဆန့်​ကျင် သော​ထုံး​တမ်း​စဉ်​လာ​များ​ကို​သွန်​သင်​နေ​ကြ ပါ​သည်။ ရော​မ​အ​မျိုး​သား​များ​အ​နေ​ဖြင့် ကျွန်ုပ်​တို့​သည် ထို​ထုံး​တမ်း​စဉ်​လာ​များ​ကို လက်​မ​ခံ​နိုင်၊ မ​ကျင့်​သုံး​နိုင်​ပါ'' ဟု​လျှောက် ထား​ကြ​၏။-
ACT 16:22 လူ​ပ​ရိ​သတ်​က​လည်း ပေါ​လု​နှင့်​သိ​လ​တို့ ကို​ဝိုင်း​၍​စွပ်​စွဲ​ကြ​၏။ အ​ရာ​ရှိ​တို့​သည်​ထို​သူ​နှစ်​ဦး​၏​အ​ဝတ်​များ​ကို ဆွဲ​ဖြဲ​၍ ကြိမ်​ဒဏ်​ပေး​စေ​ရန်​အ​မိန့်​ချ​မှတ်​ကြ​၏။-
ACT 16:23 စစ်​သား​များ​သည်​လည်း​ပေါ​လု​နှင့်​သိ​လ​တို့​ကို ပြင်း​ထန်​စွာ​ကြိမ်​ဒဏ်​ပေး​ပြီး​လျှင်​ထောင်​ချ​ထား ကြ​၏။ သူ​တို့​အား​လုံ​ခြုံ​စွာ​ချုပ်​နှောင်​ထား​ရန် အ​မိန့်​အ​ရ၊-
ACT 16:24 ထောင်​မှူး​သည်​သူ​တို့​အား​အ​လုံ​ထောင်​သို့​သွင်း ပြီး​လျှင် ခြေ​များ​ကို​ထိတ်​ခတ်​၍​ထား​လေ​၏။
ACT 16:25 သန်း​ခေါင်​အ​ချိန်​ခန့်​၌​ပေါ​လု​နှင့်​သိ​လ​တို့​သည် ပတ္ထ​နာ​ပြု​ကာ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​သီ​ဆို​လျက်​နေ​ကြ​၏။-
ACT 16:26 ထို​အ​ခါ​ရုတ်​တ​ရက်​မြေ​င​လျင်​ပြင်း​စွာ​လှုပ် သ​ဖြင့် အ​ကျဉ်း​ထောင်​၏​အုတ်​မြစ်​သည်​လှုပ်​ရှား သွား​၏။ ထောင်​တံ​ခါး​ရှိ​သ​မျှ​သည်​ချက်​ချင်း ပင်​ပွင့်​ထွက်​သွား​ကုန်​၏။ အ​ကျဉ်း​သား​အ​ပေါင်း တို့​သည် သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက် ကြ​ကုန်​၏။-
ACT 16:27 ထောင်​မှူး​သည်​အိပ်​ရာ​မှ​နိုး​၍​ထောင်​တံ​ခါး များ​ပွင့်​လျက်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း သား​များ​ထွက်​ပြေး​ကြ​ပြီ​ဟု​ထင်​မှတ်​သ​ဖြင့် ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင်​မိ​မိ​ကိုယ်​ကို​သတ် မည်​ပြု​၏။-
ACT 16:28 သို့​ရာ​တွင်​ပေါ​လု​က ``သင်​၏​ကိုယ်​ကို​အန္တ​ရာယ် မ​ပြု​နှင့်။ ငါ​တို့​အား​လုံး​ဤ​နေ​ရာ​တွင်​ရှိ​နေ ကြ​သည်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။
ACT 16:29 ထောင်​မှူး​သည်​မီး​တိုင်​ကို​တောင်း​ယူ​ပြီး​လျှင် ပြေး​ဝင်​၍​လာ​၏။ သူ​သည်​တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ်​၏။-
ACT 16:30 ထို​နောက်​သူ​တို့​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လာ​ပြီး လျှင် ``အ​ရှင်​တို့၊ ကျွန်​တော်​သည်​ကယ်​တင်​ခြင်း ခံ​ရ​စေ​ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​၏။
ACT 16:31 သူ​တို့​က​လည်း ``သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် လော့။ သို့​ယုံ​ကြည်​လျှင်​သင်​နှင့်​တ​ကွ​သင်​၏ အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ပြီး​နောက်၊-
ACT 16:32 ထို​သူ​နှင့်​တ​ကွ​သူ​၏​အိမ်​တွင်​ရှိ​သော​သူ အ​ပေါင်း​တို့​အား သ​ခင်​ဘု​ရား​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။-
ACT 16:33 ထို​ည​အ​ချိန်​၌​ပင်​လျှင်​ထောင်​မှူး​သည် ပေါ​လု နှင့်​သိ​လ​တို့​ကို​ခေါ်​၍​ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပေး​၏။ ထို​နောက်​ချက်​ချင်း​ပင်​သူ​နှင့် တ​ကွ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။-
ACT 16:34 သူ​သည်​ပေါ​လု​နှင့်​သိ​လ​တို့​အား​မိ​မိ​၏​အိမ် သို့​ဖိတ်​ခေါ်​၍ စား​ဖွယ်​သောက်​ဖွယ်​များ​ကို​တည် ခင်း​ကျွေး​မွေး​၏။ သူ​နှင့်​သူ​၏​အိမ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​လာ​ကြ​သ​ဖြင့်​လွန် စွာ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လေ​သည်။
ACT 16:35 နောက်​တစ်​နေ့​မိုး​လင်း​သော​အ​ခါ​အ​ရာ​ရှိ တို့​သည် ထို​သူ​တို့​ကို​ထောင်​မှ​လွှတ်​လိုက်​ရန် ရဲ​အ​ရာ​ရှိ​များ​ကို​စေ​လွှတ်​၍​အ​မိန့်​ဆင့် ဆို​စေ​ကြ​၏။-
ACT 16:36 သို့​ဖြစ်​၍​ထောင်​မှူး​သည်​ပေါ​လု​အား ``အ​ရာ​ရှိ တို့​က​အ​ရှင်​တို့​အား​ထောင်​မှ​လွှတ်​လိုက်​ရန် အ​မိန့်​ပေး​ပါ​၏။ ထို​ကြောင့်​စိတ်​အေး​ချမ်း​စွာ အ​ရှင်​တို့​သွား​ကြ​ပါ'' ဟု​ဆို​၏။
ACT 16:37 သို့​ရာ​တွင်​ပေါ​လု​က ``ရော​မ​နိုင်​ငံ​သား​များ ဖြစ်​သော​ငါ​တို့​အား​စစ်​ကြော​စီ​ရင်​ခြင်း​မ ပြု​ဘဲ ငါ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​တွင်​ရိုက်​နှက် ၍​အ​ကျဉ်း​ချ​ထား​ခဲ့​ကြ​၏။ ယ​ခု​ငါ​တို့​ကို တိတ်​တ​ဆိတ်​လွှတ်​လို​ကြ​ပါ​သ​လော။ ထို​သို့ မ​ပြု​သင့်။ သူ​တို့​ကိုယ်​တိုင်​လာ​၍​ငါ​တို့​ကို ထောင်​မှ​ထုတ်​ကြ​ပါ​စေ'' ဟု​ရဲ​အ​ရာ​ရှိ တို့​အား​ပြော​၏။
ACT 16:38 ရဲ​အ​ရာ​ရှိ​တို့​သည်​လည်း​ဤ​အ​ကြောင်း​ကို အ​ရာ​ရှိ​တို့​အား​ပြန်​လည်​လျှောက်​ထား​ကြ ၏။ ပေါ​လု​နှင့်​သိ​လ​တို့​သည်​ရော​မ​နိုင်​ငံ​သား များ​ဖြစ်​ကြောင်း​ကို အ​ရာ​ရှိ​တို့​ကြား​သော အ​ခါ​ကြောက်​လန့်​ကြ​၏။-
ACT 16:39 သို့​ဖြစ်​၍​သူ​တို့​သည်​လာ​၍​ပေါ​လု​နှင့်​သိ​လ တို့​အား​ဖျောင်း​ဖျ​ပြော​ဆို​ကြ​၏။ ထို​နောက်​သူ တို့​ကို​ထောင်​မှ​ထုတ်​ပြီး​လျှင် ထို​မြို့​မှ​ထွက်​ခွာ သွား​ရန်​တောင်း​ပန်​ကြ​၏။-
ACT 16:40 သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျဉ်း​ထောင်​မှ​ထွက်​ခွာ ၍ လု​ဒိ​၏​အိမ်​သို့​သွား​ကြ​၏။ ထို​နောက်​ယုံ​ကြည် သူ​တို့​နှင့်​တွေ့​ဆုံ​ကာ​အား​ပေး​စ​ကား​ပြော ကြား​ပြီး​လျှင် ထို​မြို့​မှ​ထွက်​ခွာ​သွား​ကြ​လေ သည်။
ACT 17:1 သူ​တို့​သည်​ခ​ရီး​ဆက်​ခဲ့​ရာ​အံ​ဖိ​ပေါ​လိ​မြို့ နှင့်​အာ​ပေါ​လော​နိ​မြို့​ကို​ဖြတ်​၍ သက်​သာ လော​နိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ တ​ရား​ဇ​ရပ်​ရှိ​၏။-
ACT 17:2 ပေါ​လု​သည်​မိ​မိ​၏​အ​လေ့​အ​ထ​ရှိ​သည် အ​တိုင်း ထို​တ​ရား​ဇ​ရပ်​သို့​သွား​၍ ဥ​ပုသ်​နေ့ သုံး​နေ့​တိုင်​တိုင်​ကျမ်း​စာ​တော်​ကို​ကိုး​ကား ကာ​လူ​တို့​နှင့်​အ​ခြေ​အ​တင်​ဆွေး​နွေး​၏။-
ACT 17:3 မေ​ရှိ​ယ​သည်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့် အ​ကြောင်း​တို့​ကို ကျမ်း​ချက်​အ​ထောက်​အ​ထား များ​နှင့်​တ​ကွ​ရှင်း​လင်း​စွာ​ဖွင့်​ပြ​၏။ ပေါ​လု က ``ငါ​သင်​တို့​အား​ပြော​ပြ​နေ​သော​သ​ခင် ယေ​ရှု​ကား​မေ​ရှိ​ယ​ပင်​ဖြစ်​၏'' ဟု​ဆို​၏။-
ACT 17:4 အ​ချို့​သော​သူ​တို့​သည်​ပေါ​လု​ပြော​သော​စ​ကား ကို​ယုံ​ကြည်​သ​ဖြင့် ပေါ​လု​နှင့်​သိ​လ​တို့​၏​အ​ဖွဲ့ သို့​ဝင်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​ဂ​ရိ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့်​ထင်​ပေါ်​သော ဂ​ရိ​အ​မျိုး​သ​မီး​များ​လည်း သူ​တို့​၏​အ​ဖွဲ့ သို့​ဝင်​ကြ​လေ​သည်။
ACT 17:5 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​သည် မ​နာ​လို စိတ်​ရှိ​သ​ဖြင့်​လမ်း​ပေါ်​မှ​ဂျ​ပိုး​တေ​လေ​များ ကို​ခေါ်​ယူ​ကာ လူ​ထု​ကြီး​တစ်​ရပ်​ဖြစ်​အောင် စု​ရုံး​၍​တစ်​မြို့​လုံး​ကို​အုတ်​အုတ်​သဲ​သဲ​ဖြစ် စေ​ကြ​၏။ သူ​တို့​သည်​ယာ​သုန်​၏​အိမ်​သို့​ဝင်​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​သို့ ဆွဲ​ထုတ်​ရန်​ရှာ​ဖွေ​ကြ​၏။-
ACT 17:6 ရှာ​၍​မ​တွေ့​ကြ​သော​အ​ခါ​သူ​တို့​သည် ယာ​သုန် နှင့်​တ​ပည့်​တော်​အ​ချို့​တို့​ကို​မြို့​အာ​ဏာ​ပိုင် များ​၏​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် ``ဤ​လူ​စု သည်​အ​ရပ်​တ​ကာ​တွင်​ဒုက္ခ​ပေး​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ယ​ခု​ကျွန်ုပ်​တို့​မြို့​သို့​လည်း​ရောက် ရှိ​လာ​ကြ​ပါ​ပြီ။ ယာ​သုန်​သည်​ထို​သူ​တို့​ကို မိ​မိ​၏​အိမ်​တွင်​လက်​ခံ​ထား​ပါ​၏။-
ACT 17:7 ထို​သူ​တို့​သည်​ယေ​ရှု​ဟူ​သော​အ​ခြား ဧ​က​ရာဇ်​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​ကာ ဧ​က​ရာဇ်​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​၏'' ဟု​ဟစ်​အော်​ကြ​သော်၊-
ACT 17:8 လူ​ပ​ရိ​သတ်​နှင့်​မြို့​အာ​ဏာ​ပိုင်​များ​သည် ဆူ​ညံ​၍​သွား​ကြ​၏။-
ACT 17:9 အာ​ဏာ​ပိုင်​တို့​သည်​ယာ​သုန်​နှင့်​အ​ပေါင်း​အ​ပါ တို့​အား အာ​မ​ခံ​ငွေ​များ​ကို​ပေး​ဆောင်​စေ​ပြီး နောက်​ထွက်​သွား​ခွင့်​ပြု​ကြ​၏။
ACT 17:10 ညဥ့်​အ​ချိန်​ရောက်​လျှင်​ရောက်​ချင်း​ယုံ​ကြည် သူ​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဗေ​ရိ​မြို့ သို့​ထွက်​ခွာ​သွား​စေ​ကြ​၏။ ထို​မြို့​သို့​ရောက်​လျှင် သူ​တို့​သည်​ယု​ဒ​တ​ရား​ဇ​ရပ်​သို့​သွား​ကြ​၏။-
ACT 17:11 ဗေ​ရိ​မြို့​သား​တို့​ကား​သက်​သာ​လော​နိတ်​မြို့​သား တို့​လောက် တစ်​ယူ​သန်​စိတ်​ရှိ​သူ​များ​မ​ဟုတ်​ချေ။ သို့​ဖြစ်​၍​ပေါ​လု​ဟော​ပြော​သည့်​တ​ရား​တော်​ကို အ​လွန်​ကြည်​ညို​သော​စိတ်​ဖြင့်​နာ​ခံ​ကြ​၏။ သူ​တို့ သည်​ပေါ​လု​နှင့်​သိ​လ​တို့​ပြော​ကြား​သည့်​အ​တိုင်း မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန်​နေ့​စဉ်​နေ့​တိုင်း​ကျမ်း စာ​တော်​ကို​လေ့​လာ​ကြ​၏။-
ACT 17:12 ထို့​ကြောင့်​သူ​တို့​အ​များ​ပင်​ယုံ​ကြည်​လာ​ကြ​၏။ ယင်း​သို့​ယုံ​ကြည်​သူ​တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ ဂ​ရိ​အ​မျိုး​သ​မီး၊ အ​မျိုး​သား​အ​မြောက် အ​မြား​ပါ​ဝင်​၏။-
ACT 17:13 ဗေ​ရိ​မြို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ပေါ​လု​ဟော​ပြော​လျက်​ရှိ​ကြောင်း​ကို သက်​သာ​လော​နိတ်​မြို့​မှ​ယု​ဒ​အ​မျိုး​သား​တို့ သည်​ကြား​သိ​ကြ​သော​အ​ခါ ဗေ​ရိ​မြို့​သို့​လာ ၍​လူ​တို့​အား​ဆူ​ပူ​အောင်​လှုံ့​ဆော်​ပေး​ကြ​၏။-
ACT 17:14 ထို​အ​ခါ​ယုံ​ကြည်​သူ​တို့​သည်​ချက်​ချင်း​ပင် ပေါ​လု​ကို​ပင်​လယ်​ကမ်း​ခြေ​သို့​ထွက်​ခွာ​သွား စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ဗေ​ရိ မြို့​တွင်​ပင်​နေ​ရစ်​ခဲ့​ကြ​၏။-
ACT 17:15 ပေါ​လု​ကို​လိုက်​ပို့​ကြ​သော​သူ​တို့​သည် သူ​နှင့် အာ​သင်​မြို့​အ​ထိ​လိုက်​သွား​ကြ​၏။ ထို့​နောက် သိ​လ​နှင့်​တိ​မော​သေ​တို့​အ​မြန်​ဆုံး​လိုက် လာ​စေ​ရန်​ညွှန်​ကြား​ချက်​ရ​လျက် ဗေ​ရိ​မြို့ သို့​ပြန်​သွား​ကြ​၏။
ACT 17:16 ပေါ​လု​သည်​အာ​သင်​မြို့​တွင် သိ​လ​နှင့်​တိ​မော​သေ တို့​ကို​စောင့်​ဆိုင်း​လျက်​နေ​စဉ် ထို​မြို့​တွင်​ရုပ်​တု များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည်​ကို​မြင်​သ​ဖြင့် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-
ACT 17:17 ထို့​ကြောင့်​တ​ရား​ဇ​ရပ်​တွင်​ယု​ဒ​အ​မျိုး​သား များ၊ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​များ​နှင့် လည်း​ကောင်း၊ နေ့​စဉ်​နေ့​တိုင်း​မြို့​တွင်း​မြေ​ကွက် လပ်​သို့​လာ​ရောက်​ကြ​သူ​များ​နှင့်​လည်း​ကောင်း တ​ရား​ဆွေး​နွေး​၏။-
ACT 17:18 ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။-
ACT 17:19 သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ပေါ​လု​ကို အာ​ရေ​တောင် တ​ရား​ရုံး​တော်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ``သင် ဟော​ပြော​နေ​သည့်​အ​ယူ​ဝါ​ဒ​သစ်​အ​ကြောင်း ကို​ငါ​တို့​သိ​ပါ​ရ​စေ။-
ACT 17:20 သင်​တို့​ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​အ​ချို့ တို့​မှာ ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​၍ နေ​ပါ​၏။ ထို​အ​ရာ​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ငါ​တို့​သိ​ချင်​ပါ​သည်'' ဟု​ဆို​ကြ​၏။-
ACT 17:21 (အာ​သင်​မြို့​သား​အ​ပေါင်း​တို့​နှင့်​ထို​မြို့​တွင် နေ​ထိုင်​သူ​ဧည့်​သည်​များ​သည် သ​တင်း​အ​သစ် အ​ဆန်း​ကို​ပြော​ဆို​ကြား​နာ​ခြင်း​အား​ဖြင့် အ​ချိန်​ကို​ကုန်​လွန်​စေ​တတ်​ကြ​၏။)
ACT 17:22 ပေါ​လု​သည် အာ​ရေ​တောင်​တ​ရား​ရုံး​တော်​ရှေ့ တွင်​ရပ်​လျက် ``အာ​သင်​မြို့​သား​တို့၊ သင်​တို့​သည် လွန်​စွာ​ဘု​ရား​တ​ရား​ကြည်​ညို​သူ​များ​ဖြစ် ကြောင်း အ​စ​စ​အ​ရာ​ရာ​ကို​ထောက်​၍​ငါ​သိ ရ​၏။-
ACT 17:23 ငါ​သည်​သင်​တို့​မြို့​ကို​လှည့်​လည်​၍ ဘု​ရား ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ကြည့်​ရှု​ခဲ့​စဉ် `ငါ တို့​မ​သိ​သော​ဘု​ရား​အ​တွက်' ဟူ​၍​ကမ္ပည်း လိပ်​စာ​ရေး​ထိုး​ထား​သည့်​ယဇ်​ပလ္လင်​တစ်​ခု ကို​တွေ့​ရှိ​ခဲ့​ပါ​၏။ ဤ​သို့​သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော​ဘု​ရား​၏​အ​ကြောင်း ကို​သင်​တို့​အား​ယ​ခု​ငါ​ဟော​ပြော​ပါ​၏။-
ACT 17:24 ကမ္ဘာ​လော​က​ကြီး​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် မိုး​မြေ​ကို​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ဖြစ်​၍​လူ့​လက်​ဖြင့်​ဆောက်​လုပ်​သည့် ဘုံ​ဗိ​မာန်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ။-
ACT 17:25 ထို​အ​ရှင်​ကိုယ်​တိုင်​ပင်​လူ​ခပ်​သိမ်း​တို့​အား အ​သက်​နှင့်​တ​ကွ​အ​ခြား​လို​အပ်​သည့်​အ​ရာ ရှိ​သ​မျှ​ကို​ပေး​သ​နား​တော်​မူ​၏။ သို့​ဖြစ် ၍​တစ်​စုံ​တစ်​ခု​ကို​လို​လား​၍​လူ့​လက်​မှ အ​ထောက်​အ​ပံ့​ကို​ခံ​ယူ​ရန်​မ​လို​ပေ။-
ACT 17:26 ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။-
ACT 17:27 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​ကို​တွေ့​လို တွေ့​ငြား လူ​တို့​စမ်း​သပ်​ရှာ​ဖွေ​ကြ​စေ​ရန်​ပင် ဖြစ်​၏။ သို့​ရာ​တွင်၊ `ငါ​တို့​သည်​ကိုယ်​တော်​အား​ဖြင့် သက်​ရှင်​လှုပ်​ရှား​ရပ်​တည်​လျက်​ရှိ​ကြ​၏' ဟူ​၍​ပ္ဂိုလ်​တစ်​ဦး​က​ဆို​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​သည်​အ​မှန်​အား​ဖြင့် ငါ​တို့​တစ်​ဦး​တစ် ယောက်​နှင့်​မျှ​ဝေး​တော်​မူ​သည်​မ​ဟုတ်။ သင်​တို့ ၏​လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ `ငါ​တို့​သည်​လည်း​ကိုယ်​တော်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏' ဟု​စပ်​ဆို​သ​တည်း။-
ACT 17:29 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​ကြ​သည့်​အား​လျော်​စွာ ဘု​ရား​သ​ခင်​သည် လူ​တို့​၏​စိတ်​ကူး​နှင့်​အ​နု​ပ​ညာ​စွမ်း​ရည်​ဖြင့် ထု​လုပ်​ထား​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက် ရုပ်​တု​တို့​နှင့်​တူ​တော်​မူ​သည်​ဟု​မ​ထင်​မ​မှတ် အပ်။-
ACT 17:30 ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​လူ​တို့​မ​သိ​သည့် အ​ချိန်​ကာ​လ​များ​ကို​ရှု​မှတ်​တော်​မ​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​၌​အ​ရပ်​ခပ်​သိမ်း​မှ လူ​အ​ပေါင်း​တို့​အား​နောင်​တ​ရ​စေ​ခြင်း ငှာ​အ​မိန့်​ပေး​တော်​မူ​ပြီ။-
ACT 17:31 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရွေး​ချယ်​ခန့် ထား​တော်​မူ​သော​အ​ရှင်​အား​ဖြင့် လော​က​သား တို့​ကို​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သည့် နေ့​ရက်​ကို​သတ်​မှတ်​တော်​မူ​ပြီး​သော​ကြောင့် တည်း။ ထို​သို့​ဖြစ်​မည်​အ​ကြောင်း​ကို​ထို​အ​ရှင် အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား​ခိုင်​လုံ သော​သက်​သေ​ပြ​တော်​မူ​ပြီ'' ဟု​ဟော​ပြော လေ​၏။
ACT 17:32 သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း ကို​ကြား​သော​အ​ခါ လူ​အ​ချို့​တို့​သည်​ပြောင် လှောင်​ကြ​၏။ သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​က မူ ``သင်​ပြော​ဆို​နေ​သည့်​အ​ကြောင်း​အ​ရာ​ကို ငါ​တို့​တစ်​ဖန်​ကြား​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။-
ACT 17:33 သို့​ဖြစ်​၍​ပေါ​လု​သည်​တ​ရား​ရုံး​တော်​မှ ထွက်​သွား​လေ​သည်။-
ACT 17:34 အ​ချို့​သော​သူ​တို့​သည်​ပေါ​လု​နှင့်​ပေါင်း​ဖော် ပြီး​လျှင် ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို သူ​တို့​တွင်​ဒ​ယော​နု​သိ​နာ​မည်​ရှိ​သော​အာ​ရေ တောင်​တ​ရား​ရုံး​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး၊ ဒ​မာ​ရိ နာ​မည်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အ​ခြား သူ​အ​ချို့​တို့​ပါ​ဝင်​ကြ​၏။
ACT 18:1 ထို​နောက်​ပေါ​လု​သည်​အာ​သင်​မြို့​မှ​ထွက် ခွာ​၍ ကော​ရိ​န္သု​မြို့​သို့​ရောက်​၏။-
ACT 18:2 ထို​မြို့​တွင်​ပုန္တု​ပြည်​သား​အာ​ကု​လ​နာ​မည်​ရှိ သော ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​နှင့်​သူ​၏​ဇ​နီး ပြစ်​ကိ​လ​ကို​တွေ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​ရော​မ​မြို့​မှ​ထွက်​ခွာ​သွား​ရန် က​လော​ဒိ​ဘု​ရင် အ​မိန့်​ထုတ်​ဆင့်​သ​ဖြင့် သူ​တို့​သည်​မ​ကြာ​မီ​က ပင်​ဣ​တ​လိ​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​သူ​များ ဖြစ်​၏။-
ACT 18:3 ထို​သူ​တို့​သည်​ပေါ​လု​ကဲ့​သို့​သား​ရေ​အ​လုပ် သ​မား​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​ပေါ​လု​သည် သူ​တို့​ထံ​သို့​သွား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ နေ​၍​အ​လုပ်​လုပ်​၏။-
ACT 18:4 ယု​ဒ​အ​မျိုး​သား​နှင့်​ဂ​ရိ​အ​မျိုး​သား​များ နား​လည်​သ​ဘော​ပေါက်​လာ​ကြ​စေ​ရန် သူ​သည် ဥ​ပုသ်​နေ့​တိုင်း​တ​ရား​ဇ​ရပ်​တွင်​တ​ရား​ဆွေး နွေး​၏။
ACT 18:5 သိ​လ​နှင့်​တိ​မော​သေ​တို့​မာ​ကေ​ဒေါ​နိ​ပြည် မှ​ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​တ​ရား ဟော​ခြင်း​အ​မှု​ကို​သာ​ဆောင်​ရွက်​လျက် မေ​ရှိ​ယ သည်​သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း​ယု​ဒ​အ​မျိုး သား​တို့​အား​သေ​ချာ​စွာ​ရှင်း​ပြ​၏။-
ACT 18:6 ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​အ​တိုက်​အ​ခံ ပြု​၍ ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​ပေါ​လု​သည် မိ​မိ​အ​ဝတ်​မှ​ဖုံ​များ​ကို​ခါ​ချ​၍ ``သင်​တို့ သေ​ကြေ​ပျက်​စီး​ကြ​လျှင်​သင်​တို့​၏​တာ​ဝန် ပင်​ဖြစ်​၏။ ငါ့​မှာ​တာ​ဝန်​မ​ရှိ​တော့​ပြီ။ ယ​ခု မှ​အ​စ​ပြု​၍​ငါ​သည်​လူ​မျိုး​ခြား​တို့​အား တ​ရား​ဟော​တော့​အံ့'' ဟု​ဆို​၏။-
ACT 18:7 ထို​နောက်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဘု​ရား သ​ခင်​ကို​ကိုး​ကွယ်​သူ​တိ​တု​ယုတ္တု​နာ​မည် ရှိ​သော ယု​ဒ​အ​မျိုး​သား​မ​ဟုတ်​သူ​၏​အိမ် သို့​သွား​ရောက်​တည်း​ခို​လေ​သည်။ ထို​အိမ်​သည် တ​ရား​ဇ​ရပ်​နှင့်​ကပ်​လျက်​ရှိ​၏။-
ACT 18:8 တ​ရား​ဇ​ရပ်​အုပ်​ချုပ်​မှူး​ကရိပ္ပု​နှင့်​အိမ်​သူ အိမ်​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ​၏။ အ​ခြား ကော​ရိန္သု​မြို့​သား​အ​မြောက်​အ​မြား​သည် လည်း နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​ရ​၍ ယုံ​ကြည်​ကာ​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ခံ​ယူ​ကြ​၏။
ACT 18:9 တစ်​ည​သ​၌​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​၏။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သ​ခင်​ဘု​ရား​က ``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​သည်​ဖြစ်​၍​မ ကြောက်​နှင့်။ ဆက်​လက်​ဟော​ပြော​လော့။ လက် မ​လျှော့​နှင့်။-
ACT 18:10 အ​ဘယ်​သူ​မျှ​သင့်​ကို​ဘေး​အန္တ​ရာယ်​မ​ပြု​နိုင်။ ဤ​မြို့​ရှိ​လူ​အ​မြောက်​အ​မြား​တို့​သည် ငါ့ လူ​စု​တော်​ဝင်​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​၏။-
ACT 18:11 သို့​ဖြစ်​၍​ပေါ​လု​သည်​ထို​မြို့​တွင်​တစ်​နှစ်​နှင့် ခြောက်​လ​မျှ​နေ​ထိုင်​ကာ ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သွန် သင်​လျက်​နေ​၏။
ACT 18:12 ဂါ​လျုန်​သည်​အ​ခါ​ယ​ပြည်​ဘု​ရင်​ခံ​ဖြစ်​စဉ် အ​ခါ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စု​ရုံး​လျက် ပေါ​လု​ကို​ဖမ်း​ဆီး​ပြီး​လျှင် တ​ရား​ခွင်​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။-
ACT 18:13 သူ​တို့​က ``ဤ​သူ​သည်​ပ​ညတ်​တ​ရား​တော် နှင့်​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ် ကြ​စေ​ရန်​လူ​တို့​အား​သွေး​ဆောင်​လျက် နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-
ACT 18:14 ပေါ​လု​သည်​ချေ​ပ​ပြော​ဆို​မည်​အ​ပြု​တွင် ဂါ​လျုန်​က ``ယု​ဒ​အ​မျိုး​သား​တို့၊ ဤ​အ​မှု သည်​ဆိုး​ယုတ်​သော​ပြစ်​မှု​သို့​မ​ဟုတ်​လိမ်​လည် မှု​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​၏​စွပ်​စွဲ​ချက်​ကို စိတ်​ရှည်​လက်​ရှည်​နား​ထောင်​နိုင်​ပေ​မည်။-
ACT 18:15 သို့​ရာ​တွင်​ဤ​အ​မှု​၏​စ​ကား​များ၊ နာ​မည် များ​သည်​သင်​တို့​၏​ပ​ညတ်​တ​ရား​နှင့်​သက် ဆိုင်​သည့်​အ​မှု​ဖြစ်​သ​ဖြင့် သင်​တို့​ကိုယ်​တိုင် ပင်​စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့။ ထို​အ​မှု​မျိုး ကို​ငါ​မ​စီ​ရင်​ပြီ'' ဟု​ဆို​၍၊-
ACT 18:16 ယု​ဒ​အ​မျိုး​သား​တို့​အား​တ​ရား​ခွင်​မှ နှင်​ထုတ်​လိုက်​၏။-
ACT 18:17 ထို​သူ​တို့​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သု​ဿင်​ကို​ဖမ်း​ဆီး​၍​တ​ရား​ခွင်​ရှေ့​တွင်​ရိုက် နှက်​ကြ​၏။ သို့​ရာ​တွင်​ဂါ​လျုန်​သည်​ထို​အ​ပြု အ​မူ​ကို​လုံး​ဝ​ဂ​ရု​မ​စိုက်​ဘဲ​နေ​၏။
ACT 18:18 ပေါ​လု​သည်​ကော​ရိန္သု​မြို့​တွင်​ရက်​ပေါင်း​များ စွာ​နေ​၏။ ထို​နောက်​ညီ​အစ်​ကို​တို့​ကို​နှုတ်​ဆက်​၍ ပြစ်​ကိ​လ၊ အာ​ကု​လ​တို့​နှင့်​အ​တူ​ရှု​ရိ​ပြည် သို့​သင်္ဘော​လွှင့်​လေ​၏။ ကင်​ခြေ​မြို့​မှ​သင်္ဘော မ​ထွက်​မီ သူ​သည်​ဘု​ရား​သ​ခင်​အား​သစ္စာ က​တိ​ပြု​ခဲ့​သ​ဖြင့်​မိ​မိ​၏​ဦး​ခေါင်း​ကို ရိတ်​၏။-
ACT 18:19 ဧ​ဖက်​မြို့​သို့​ရောက်​သော​အ​ခါ​ပေါ​လု​သည် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို​မြို့​တွင်​ထား ခဲ့​၏။ သူ​သည်​တ​ရား​ဇ​ရပ်​သို့​ဝင်​ပြီး​လျှင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​တ​ရား​စ​ကား ဆွေး​နွေး​၏။-
ACT 18:20 လူ​တို့​သည်​မိ​မိ​တို့​ထံ​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ရန် တောင်း​ပန်​ကြ​သော်​လည်း​ပေါ​လု​သည် ငြင်း​ဆန်​လျက်၊-
ACT 18:21 ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​သင်​တို့ ထံ​သို့​ငါ​ပြန်​လာ​ခဲ့​မည်'' ဟု​ဆို​ပြီး​လျှင် သ​င်္ဘော​လွှင့်​လေ​၏။-
ACT 18:22 သူ​သည်​ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင်​သင်္ဘော​မှ ဆင်း​ပြီး​နောက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ အ​သင်း​တော်​ကို​နှုတ်​ဆက်​၏။ ထို​နောက်​အန္တိ အုတ်​မြို့​သို့​သွား​၏။-
ACT 18:23 ထို​မြို့​တွင်​ကာ​လ​အ​တန်​ကြာ​နေ​ပြီး​နောက် ခ​ရီး​ထွက်​ခဲ့​ရာ​ဂ​လာ​တိ​ပြည်​နှင့်​ဖြု​ဂိ ပြည်​တို့​သို့​ရောက်​ရှိ​လျက် ယုံ​ကြည်​သူ အ​ပေါင်း​တို့​ကို​ကြံ့​ခိုင်​စေ​လေ​သည်။
ACT 18:24 အာ​လေ​ဇန္ဒြိ​မြို့​သား​အာ​ပေါ​လု​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​သည်​ဧ​ဖက်​မြို့​သို့ ရောက်​လာ​၏။ သူ​သည်​အ​ဟော​အ​ပြော​ကောင်း​၍ ကျမ်း​စာ​တော်​ကို​အ​ထူး​ပင်​တတ်​ကျွမ်း​သူ ဖြစ်​၏။-
ACT 18:25 သ​ခင်​ဘု​ရား​၏​လမ်း​စဉ်​တော်​အ​ကြောင်း​ကို စုံ​လင်​စွာ​လေ့​လာ​သင်​ယူ​ထား​သူ​လည်း​ဖြစ် ၏။ သူ​သည်​သ​ခင်​ယေ​ရှု​နှင့်​သက်​ဆိုင်​သော တိ​ကျ​မှန်​ကန်​သည့်​အ​ကြောင်း​ပြ​ချက်​များ ကို စိတ်​အား​ထက်​သန်​စွာ​ဟော​ပြော​သွန်​သင်​၏။ သို့​သော်​သူ​သည်​ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို​သာ သိ​၏။-
ACT 18:26 သူ​သည်​တရား​ဇ​ရပ်​တွင်​ရဲ​ရင့်​စွာ​ဟော​ပြော လေ​၏။ သူ​၏​ဟော​ပြော​ချက်​ကို​ကြား​ရ​သော ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​သည် သူ့​ကို​အိမ် သို့​ခေါ်​ဖိတ်​၍ ဘု​ရား​သ​ခင်​၏​လမ်း​စဉ်​တော် အ​ကြောင်း​ကို​ပို​မို​တိ​ကျ​စွာ​ရှင်း​လင်း​ပေး ကြ​၏။-
ACT 18:27 သူ​သည်​အ​ခါ​ယ​ပြည်​သို့​သွား​လို​သ​ဖြင့် ဧ​ဖက် မြို့​ရှိ​ညီ​အစ်​ကို​များ​သည်​သူ​၏​အ​တွက် အ​ခါ ယ​ပြည်​ရှိ​တ​ပည့်​တော်​တို့​ထံ​သို့​မိတ်​ဆက် စာ​ရေး​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​၏။ သူ​သည် အ​ခါ​ယ​ပြည်​သို့​ရောက်​သော​အ​ခါ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ယုံ​ကြည် လာ​သူ​များ​အား​များ​စွာ​အ​ကူ​အ​ညီ ပေး​၏။-
ACT 18:28 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​ထု​ရှေ့ ဆွေး​နွေး​ပွဲ​များ​တွင် ကျမ်း​စာ​တော်​မှ​အ​ထောက် အ​ထား​များ​ဖြင့် သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ပင်​ဖြစ်​ကြောင်း​ကို ယု​ဒ​အ​မျိုး​သား​တို့​အား ပိုင်​နိုင်​စွာ​ချေ​ပ​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။
ACT 19:1 ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊-
ACT 19:2 ``သင်​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ ယူ​ရ​ကြ​ပါ​၏​လော'' ဟု​မေး​၏။ ထို​သူ​တို့​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ရှိ တော်​မူ​ကြောင်း​ကို​ပင် ကျွန်ုပ်​တို့​မ​ကြား​ဘူး ပါ'' ဟု​ဆို​ကြ​၏။
ACT 19:3 ပေါ​လု​က ``ဤ​သို့​ဖြစ်​ပါ​မူ​သင်​တို့​သည် အ​ဘယ်​မည်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ခဲ့ ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ သူ​တို့​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ခံ​ခဲ့​ပါ​သည်'' ဟု​ဆို​ကြ​၏။
ACT 19:4 ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။
ACT 19:5 ထို​စ​ကား​ကို​ကြား​လျှင်​သူ​တို့​သည် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ကြ​၏။-
ACT 19:6 ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။-
ACT 19:7 သူ​တို့​အ​ရေ​အ​တွက်​မှာ​တစ်​ဆယ့်​နှစ်​ယောက် မျှ​ရှိ​သ​တည်း။-
ACT 19:8 ပေါ​လု​သည်​သုံး​လ​တိုင်​တိုင်​တ​ရား​ဇ​ရပ်​တွင် အ​ချေ​အ​တင်​ဆွေး​နွေး​ကာ​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း လူ​တို့​နား​လည်​သ​ဘော ပေါက်​လာ​စေ​ရန်​မ​ကြောက်​မ​ရွံ့​ဘဲ​ဟော ပြော​၏။-
ACT 19:9 သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ခေါင်း​မာ​၍​မ​ယုံ ကြည်​သ​ဖြင့် လူ​အ​ပေါင်း​တို့​ရှေ့​တွင်​သ​ခင်​ဘု​ရား ၏​လမ်း​စဉ်​တော်​ကို​ရှုတ်​ချ​ပြော​ဆို​ကြ​၏။ သို့ ဖြစ်​၍​ပေါ​လု​သည်​တ​ပည့်​တော်​တို့​ကို​ခေါ် ၍ ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​ပြီး​လျှင် တု​ရန္နု ၏​စာ​သင်​ခန်း​မ​ဆောင်​တွင်​နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပွဲ​များ​ကို​ကျင်း​ပ​၏။-
ACT 19:10 ဤ​သို့​နှစ်​နှစ်​တိုင်​တိုင်​ကျင်း​ပ​ရာ​အာ​ရှ​ပြည် တွင် နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​ဂ​ရိ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​ရ ကြ​၏။
ACT 19:11 ဘု​ရား​သ​ခင်​သည်​ပေါ​လု​အား​ဖြင့် အ​လွန် ထူး​ကဲ​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လျက် နေ​တော်​မူ​၏။-
ACT 19:12 လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။-
ACT 19:13 ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။-
ACT 19:14 ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။
ACT 19:15 သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။
ACT 19:16 ထို​နောက်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​သည် သူ​တို့ အား​အ​ပြင်း​အ​ထန်​သတ်​ပုတ်​တိုက်​ခိုက်​ရာ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​လျက်​အ​နာ​တ​ရ ဖြစ်​ပြီး​လျှင်​အ​ဝတ်​များ​စုတ်​ပြဲ​၍ ထို​အိမ် မှ​ထွက်​ပြေး​ရ​ကြ​လေ​သည်။-
ACT 19:17 ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ဧ​ဖက်​မြို့ တွင်​နေ​ထိုင်​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့် ဂ​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ ၏။ သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​လျက် သ​ခင် ယေ​ရှု​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။-
ACT 19:18 ယုံ​ကြည်​သူ​အ​များ​ပင်​လာ​ရောက်​၍ မိ​မိ တို့​သည်​မှော်​အ​တတ်​ကို​အ​သုံး​ပြု​မိ​ခဲ့ ကြောင်း ပွင့်​လင်း​စွာ​ဖော်​ပြ​ဝန်​ခံ​ကြ​၏။-
ACT 19:19 မှော်​အ​တတ်​ကို​အ​သုံး​ပြု​ခဲ့​သူ​အ​များ​ပင် မိ​မိ​တို့​၏​ကျမ်း​စောင်​များ​ကို​စု​သိမ်း​ယူ​ဆောင် လာ​၍ လူ​ပုံ​အ​လယ်​တွင်​မီး​ရှို့​ကြ​၏။ ထို​စာ​အုပ် များ​၏​တန်​ဖိုး​ကို​တွက်​ချက်​ကြည့်​သော​အ​ခါ ငွေ​အ​သ​ပြာ​ငါး​သောင်း​မျှ​ရှိ​ကြောင်း​တွေ့ ရှိ​ကြ​၏။-
ACT 19:20 သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော်​အား ဖြင့် သာ​သ​နာ​တော်​သည်​ကြီး​ပွား​တိုး​တက် လျက်​နေ​၏။
ACT 19:21 ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-
ACT 19:22 သူ​သည်​မိ​မိ​၏​လက်​ထောက်​နှစ်​ယောက်​ဖြစ် သည့်​တိ​မော​သေ​နှင့်​ဧ​ရတ္တု​တို့​ကို​မာ​ကေ ဒေါ​နိ​ပြည်​သို့​စေ​လွှတ်​လိုက်​၏။ မိ​မိ​မူ​ကား အာရှ​ပြည်​တွင်​ကာ​လ​အ​နည်း​ငယ်​နေ​၏။
ACT 19:23 ထို​အ​ချိန်​၌​သ​ခင်​ဘု​ရား​လမ်း​စဉ်​တော်​၏ အ​တွက်​ကြောင့် ဧ​ဖက်​မြို့​တွင်​ဆူ​ပူ​လှုပ်​ရှား မှု​ကြီး​တစ်​ရပ်​ဖြစ်​ပေါ်​လာ​၏။-
ACT 19:24 ဒေ​မေ​တ​ရိ​နာ​မည်​ရှိ​သော​ငွေ​ပန်း​ထိမ်​ဆ​ရာ သည် အာ​တေ​မိ​နတ်​သ​မီး​၏​ငွေ​နတ်​ကွန်း​ပုံ​တူ က​လေး​များ​ကို​ပြု​လုပ်​ခြင်း​အား​ဖြင့် လက်​မှု ပ​ညာ​သည်​များ​အား​များ​စွာ​ငွေ​ဝင်​လမ်း​ဖြောင့် စေ​ခဲ့​၏။-
ACT 19:25 သူ​သည်​ထို​လုပ်​ငန်း​ဆိုင်​ရာ​အ​လုပ်​သ​မား​များ နှင့်​အ​လား​တူ လုပ်​ငန်း​ဆိုင်​ရာ​အ​ခြား​အ​လုပ် သ​မား​များ​ကို​စု​ရုံး​စေ​ပြီး​လျှင် ``အ​ချင်း​လူ တို့၊ ဤ​လုပ်​ငန်း​ဖြင့် ငါ​တို့​စီး​ပွား​လမ်း​ဖြောင့်​ခဲ့ ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။-
ACT 19:26 ဤ​ပေါ​လု​ဆို​သူ​သည်​ဧ​ဖက်​မြို့​တွင်​သာ​မ​က အာ​ရှ​ပြည်​တစ်​ခု​လုံး​လို​လို​၌​ပင် `လူ့​လက်​ဖြင့် ပြု​လုပ်​သည့်​ဘု​ရား​များ​သည်​ဘု​ရား​လုံး​ဝ မ​ဟုတ်' ဟု​ဆို​၍​လူ​အ​မြောက်​အ​မြား​ကို ဖြား​ယောင်း​သွေး​ဆောင်​ကာ မှောက်​မှား​လမ်း​လွဲ စေ​သည်​ကို​သင်​တို့​ကိုယ်​တိုင်​ကြား​နိုင်​မြင် နိုင်​ကြ​၏။-
ACT 19:27 လူ​တို့​သည်​ငါ​တို့​၏​အ​တတ်​ကို​ကဲ့​ရဲ့​ပြော​ဆို မည်​သာ​မ​က​အာ​ရှ​ပြည်​နှင့်​တ​ကွ ကမ္ဘာ​တစ်​ဝန်း လုံး​ကိုး​ကွယ်​သည့်​အာ​တေ​မိ​နတ်​သ​မီး​ကြီး​၏ ဂုဏ်​အ​သ​ရေ​ညှိုး​နွမ်း​လျက် သူ​၏​နတ်​ကွန်း​သည် လည်း​မ​ရေ​မ​ရာ​ဖြစ်​ရ​တော့​မည့်​ဘေး​နှင့်​ရင် ဆိုင်​နေ​ရ​၏'' ဟု​ပြော​၏။
ACT 19:28 ထို​စ​ကား​ကို​ကြား​လျှင်​လက်​မှု​ပ​ညာ​သည် တို့​သည် ဒေါ​သ​အ​မျက်​ထွက်​ကာ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု​ကြွေး​ကြော်​ကြ​၏။-
ACT 19:29 တစ်​မြို့​လုံး​ဆူ​ဆူ​ညံ​ညံ​ဖြစ်​လျက်​လူ​တို့ သည် ပေါ​လု​၏​ခ​ရီး​သွား​ဖော်​များ​ဖြစ်​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား​ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု တို့​ကို​ဖမ်း​ဆီး​၍ မြို့​တော်​ခန်း​မ​ကြီး​သို့ အ​လျင်​အ​မြန်​ခေါ်​ဆောင်​သွား​ကြ​၏။-
ACT 19:30 ပေါ​လု​သည်​မိ​မိ​ကိုယ်​တိုင်​ထို​လူ​ပ​ရိ​သတ် နှင့်​ရင်​ဆိုင်​လို​၏။ သို့​သော်​တ​ပည့်​တော်​တို့​က ထို​သို့​မ​ပြု​ရန်​ဆီး​တား​ကြ​၏။-
ACT 19:31 ပေါ​လု​၏​အ​ဆွေ​ဖြစ်​သော​နယ်​အာ​ဏာ​ပိုင် အ​ချို့​တို့​က​လည်း မြို့​တော်​ခန်း​မ​ကြီး​ထဲ သို့​မ​ဝင်​ရန်​လူ​လွှတ်​၍​တောင်း​ပန်​ကြ​၏။-
ACT 19:32 ဤ​အ​တော​အ​တွင်း​၌​လူ​တို့​သည် အ​မျိုး​မျိုး ဟစ်​အော်​ကြ​လျက်​အုတ်​အုတ်​သဲ​သဲ​ဖြစ်​၍ နေ​၏။-
ACT 19:33 လူ​များ​စု​သည်​မိ​မိ​တို့​အ​ဘယ်​ကြောင့်​စု​ဝေး လျက်​နေ​ကြ​သည်​ကို​မ​သိ​ကြ။ ယု​ဒ​အ​မျိုး သား​တို့​သည်​အာ​လေ​ဇန္ဒြု​ကို​လူ​ပ​ရိ​သတ်​ရှေ့ သို့​သွား​စေ​သ​ဖြင့် လူ​ထု​အ​ထဲ​မှ​လူ​အ​ချို့ တို့​က​ထို​သူ​သည်​ဖြစ်​ပေါ်​လျက်​ရှိ​သည့်​အ​ရေး အ​ခင်း​နှင့်​ပတ်​သက်​သူ​ဖြစ်​မည်​ဟု​ယူ​ဆ ကြ​၏။ အာ​လေ​ဇန္ဒြု​သည်​ပ​ရိ​သတ်​အား ဆိတ်​ငြိမ်​ရန်​လက်​ရိပ်​ပြ​၏။ ချေ​ပ​ပြော​ဆို ရန်​ကြိုး​စား​၏။-
ACT 19:34 သို့​ရာ​တွင်​သူ​သည်​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည် ကို လူ​တို့​သိ​ကြ​သော​အ​ခါ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု နှစ်​နာ​ရီ​ကြာ​မျှ​သံ​ပြိုင်​ကြွေး​ကြော်​ကြ​၏။
ACT 19:35 နောက်​ဆုံး​၌​မြို့​စာ​ရေး​သည်​လူ​ပ​ရိ​သတ်​တို့ အား ဆိတ်​ဆိတ်​နေ​စေ​ပြီး​လျှင် ``ဧဖက်​မြို့​သား တို့၊ ဧ​ဖက်​မြို့​တော်​သည်​ကြီး​မြတ်​သည့်​အာ တေ​မိ​နတ်​သ​မီး​၏​နတ်​ကွန်း​နှင့် ကောင်း​ကင် ဘုံ​မှ​ကျ​လာ​သည့်​ရုပ်​တု​တော်​တည်​ရှိ​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​လူ​တိုင်း​သိ​၏။-
ACT 19:36 ဤ​အ​ချက်​ကို​အ​ဘယ်​သူ​မျှ​မ​ငြင်း​ဆို​နိုင်။ သို့​ဖြစ်​၍​သင်​တို့​သည်​ဆိတ်​ဆိတ်​နေ​သင့်​ကြ​၏။ မ​ဆင်​ခြင်​ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​သင့်။-
ACT 19:37 သင်​တို့​သည်​ထို​သူ​တို့​ကို ဤ​နေ​ရာ​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ သူ​တို့​သည်​ငါ​တို့​၏​ဗိ​မာန်​တော်​ထဲ​ဝင် ၍​လု​ယက်​ခြင်း​မ​ပြု။ ငါ​တို့​၏​နတ်​သ​မီး​ကို စော်​ကား​သော​စ​ကား​ကို​လည်း​မ​ပြော။-
ACT 19:38 သို့​ဖြစ်​၍​ဒေ​မေ​တ​ရိ​နှင့်​အ​ပေါင်း​ပါ​လက်​မှု ပ​ညာ​သည်​များ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား တ​ရား​စွဲ​ဆို​လို​လျှင် တ​ရား​ရုံး​ဖွင့်​ရက်​များ နှင့်​အာ​ဏာ​ပိုင်​များ​ရှိ​သ​ဖြင့် ရုံး​တော်​တွင် တ​ရား​စွဲ​ဆို​နိုင်​ပါ​၏။-
ACT 19:39 သို့​ရာ​တွင်​သင်​တို့​မှာ​အ​ခြား​အ​မှု​ကိစ္စ​ရှိ ပါ​က တ​ရား​ဝင်​အ​စည်း​အ​ဝေး​၌​စီ​ရင် ဆုံး​ဖြတ်​ရ​မည်။-
ACT 19:40 ယ​နေ့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​သည် ငါ​တို့ ကြောင့်​ဖြစ်​ရ​သည်​ဟု​အ​စွပ်​အ​စွဲ​ခံ​ရ​စ​ရာ ရှိ​၏။ ဤ​သို့​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စ​ရာ​အ​ကြောင်း မ​ရှိ။ ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​ရ​သည်​ကို ငါ​တို့​ခိုင် လုံ​သည့်​အ​ကြောင်း​ပြ​ချက်​ပေး​နိုင်​ကြ​မည် မ​ဟုတ်'' ဟု​ဆို​၏။-
ACT 19:41 ဤ​သို့​ဆို​ပြီး​လျှင်​မြို့​စာ​ရေး​သည်​လူ​ပ​ရိ သတ်​တို့​အား ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​စေ လေ​သည်။
ACT 20:1 ဆူ​ပူ​လှုပ်​ရှား​မှု​ရပ်​စဲ​သွား​သော​အ​ခါ ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍​အား ပေး​စ​ကား​ပြော​ကြား​၏။ ထို​နောက်​သူ​တို့ ကို​နှုတ်​ဆက်​ပြီး​လျှင်​မာ​ကေ​ဒေါ​နိ​ပြည် သို့​ထွက်​ခွာ​သွား​လေ​သည်။-
ACT 20:2 သူ​သည်​ထို​ဒေ​သ​များ​ကို​လှည့်​လည်​ကာ တ​ပည့်​တော်​တို့​အား အား​ပေး​စ​ကား​များ ပြော​ကြား​ပြီး​နောက်​အ​ခါ​ယ​ပြည်​သို့ သွား​၏။-
ACT 20:3 သူ​သည်​ထို​ပြည်​တွင်​သုံး​လ​မျှ​နေ​၏။ ထို နောက်​ရှု​ရိ​ပြည်​သို့​သင်္ဘော​လွှင့်​မည်​အ​ပြု တွင်​သူ​၏​အ​သက်​ကို​ရန်​ရှာ​ရန် ယု​ဒ​အ​မျိုး သား​တို့​လျှို့​ဝှက်​ကြံ​စည်​နေ​ကြ​ကြောင်း​ကို ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​မာ​ကေ ဒေါ​နိ​ပြည်​ကို​ဖြတ်​၍​ပြန်​ရန်​စိတ်​ပိုင်း​ဖြတ် လိုက်​လေ​သည်။-
ACT 20:4 ဗေ​ရိ​မြို့​သား​ပု​ရု​၏​သား​ဖြစ်​သူ​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား​များ​ဖြစ်​ကြ​သော အာ​ရိတ္တာ​ခု​နှင့်​သေ​ကန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဖြစ် သူ​ဂါ​ယု၊ အာ​ရှ​နယ်​သား​များ​ဖြစ်​ကြ​သော တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​သည်​လည်း​ကောင်း၊ တိ​မော​သေ​သည်​လည်း​ကောင်း​သူ​နှင့်​အ​တူ လိုက်​သွား​ကြ​၏။-
ACT 20:5 ထို​သူ​တို့​သည်​ကြို​တင်​သွား​နှင့်​ကြ​ပြီး နောက်​ကျွန်ုပ်​တို့​အား တ​ရော​မြို့​တွင်​စောင့် နေ​ကြ​၏။-
ACT 20:6 ကျွန်ုပ်​တို့​မူ​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​လွန်​သော အ​ခါ ဖိ​လိပ္ပု​မြို့​မှ​သင်္ဘော​လွှင့်​၍​လာ​ရာ​ငါး ရက်​ကြာ​သော် သူ​တို့​ရှိ​ရာ​တ​ရော​မြို့​သို့ ရောက်​၍​ထို​မြို့​တွင်​ခု​နစ်​ရက်​မျှ​နေ​ကြ​၏။
ACT 20:7 ကျွန်ုပ်​တို့​သည်​စ​နေ​နေ့​ည​နေ​၌​မိတ်​သ​ဟာ ယ​စား​ပွဲ​ဝင်​ရန်​အ​တွက်​စု​ဝေး​ကြ​၏။ ပေါ​လု သည်​နောက်​တစ်​နေ့​တွင်​ထို​မြို့​မှ​ထွက်​ခွာ​သွား ရန်​အ​ကြံ​ရှိ​သ​ဖြင့် သန်း​ခေါင်​အ​ချိန်​တိုင် အောင်​လူ​တို့​အား​ဟော​ပြော​လျက်​နေ​၏။-
ACT 20:8 ကျွန်ုပ်​တို့​စု​ဝေး​ရာ​အ​ထက်​ခန်း​တွင်​ထွန်း​ညှိ ထား​သော​မီး​ခွက်​အ​မြောက်​အ​မြား​ရှိ​၏။-
ACT 20:9 ဥ​တု​ခု​ဆို​သူ​လူ​ငယ်​လူ​ရွယ်​တစ်​ယောက်​သည် ပြူ​တင်း​ပေါက်​ဘောင်​ပေါ်​တွင်​ထိုင်​လျက်​နေ​၏။ ပေါ​လု​ဆက်​၍​ဟော​ပြော​နေ​စဉ်​သူ​သည်​ငိုက် မြည်း​လာ​ပြီး​လျှင် နောက်​ဆုံး​၌​အိပ်​ပျော်​သွား ကာ​အိမ်​၏​တ​တိ​ယ​အ​ထပ်​မှ​မြေ​သို့​လိမ့် ကျ​လေ​သည်။ လူ​တို့​သည်​သူ့​ကို​ပွေ့​ချီ​လိုက် ရာ​သေ​နေ​သည်​ကို​တွေ့​ကြ​၏။-
ACT 20:10 သို့​ရာ​တွင်​ပေါ​လု​သည်​အောက်​သို့​ဆင်း​လာ ကာ ထို​သူ​၏​အ​ပေါ်​၌​မှောက်​လှဲ​ဖက်​ယမ်း ပြီး​နောက်​လူ​တို့​အား ``မ​စိုး​ရိမ်​ကြ​နှင့်၊ သူ သည်​အ​သက်​ရှင်​လျက်​ပင်​ရှိ​သေး​သည်'' ဟု ဆို​၏။-
ACT 20:11 ပေါ​လု​သည်​အိမ်​ပေါ်​သို့​ပြန်​တက်​ပြီး​လျှင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​မိတ်​သ​ဟာ​ယ စား​ပွဲ​ဝင်​၏။ အ​စား​အ​စာ​သုံး​ဆောင်​ပြီး သော်​သူ​သည်​အ​ရုဏ်​တက်​သည်​တိုင်​အောင် ထို သူ​တို့​နှင့်​ကြာ​မြင့်​စွာ​စ​ကား​ပြော​လျက် နေ​လေ​သည်။ ထို​နောက်​ထို​မြို့​မှ​ထွက်​ခွာ သွား​၏။-
ACT 20:12 တ​ပည့်​တော်​တို့​သည်​အ​သက်​ရှင်​လျက်​ရှိ​သည့် လူ​ငယ်​ကို သူ​၏​အိမ်​သို့​ခေါ်​ဆောင်​သွား​ပြီး မှ​များ​စွာ​စိတ်​သက်​သာ​ရာ​ရ​ကြ​၏။
ACT 20:13 ကျွန်ုပ်​တို့​သည်​သင်္ဘော​သို့​အ​လျင်​သွား​၍​အ​ဿု မြို့​သို့​လွှင့်​ကြ​၏။ အ​ဿု​မြို့​သို့​ရောက်​မှ​ပေါ​လု အား​သင်္ဘော​စီး​စေ​ရန်​ဖြစ်​၏။ ပေါ​လု​သည်​ထို မြို့​သို့​ကုန်း​ကြောင်း​ဖြင့်​သွား​ရန်​စီ​စဉ်​ထား ခြင်း​ဖြစ်​ပေ​သည်။-
ACT 20:14 ကျွန်ုပ်​တို့​သည်​သူ့​ကို​အ​ဿု​မြို့​တွင်​တွေ့​ဆုံ​၍ သူ့​အား သင်္ဘော​ပေါ်​သို့​ခေါ်​တင်​ပြီး​လျှင်​မိ​တု လင်​မြို့​သို့​လွှင့်​ကြ​၏။-
ACT 20:15 နောက်​တစ်​နေ့​၌​ခိ​အု​ကျွန်း​အ​နီး​သို့​ရောက် ကြ​၏။ နောက်​တစ်​ရက်​ကြာ​သော်​သာ​မု​ကျွန်း သို့​ရောက်​၍ နောက်​တစ်​ရက်​အ​ကြာ​တွင်​မိ​လက် မြို့​သို့​ရောက်​ကြ​၏။-
ACT 20:16 ပေါ​လု​သည်​အာ​ရှ​နယ်​တွင်​အ​ချိန်​မ​ကုန်​စေ လို​သ​ဖြင့် ဧ​ဖက်​မြို့​အ​နီး​မှ​ဖြတ်​၍​သင်္ဘော လွှင့်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။ ဖြစ်​နိုင်​ပါ​က ပင်​တေ​ကုတ္တေ​ပွဲ​တော်​အ​မီ​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ရှိ​ရန် သူ​သည်​အ​လျင်​အ​မြန်​ခ​ရီး ပြု​လျက်​နေ​၏။
ACT 20:17 သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​ဖက်​မြို့​အ​သင်း​တော် လူ​ကြီး​တို့​အား မိ​မိ​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် မိ​လက်​မြို့​မှ​လူ​လွှတ်​အ​ကြောင်း​ကြား​လိုက်​၏။-
ACT 20:18 ထို​သူ​တို့​ရောက်​ရှိ​ကြ​သော​အ​ခါ​ပေါ​လု​က ``ငါ သည်​အာ​ရှ​နယ်​သို့​ရောက်​သည့်​နေ့​မှ​စ​၍ သင်​တို့ နှင့်​အ​တူ​ရှိ​နေ​သည့်​အ​ချိန်​ကာ​လ​တစ်​လျှောက် လုံး​တွင် မည်​သို့​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို​သင် တို့​အ​သိ​ပင်​ဖြစ်​၏။-
ACT 20:19 ယု​ဒ​အ​မျိုး​သား​တို့​၏​မ​သ​မာ​သော​အ​ကြံ အ​စည်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​ချိန်​တွင် ငါ​သည်​မျက်​ရည်​ကျ​လျက်​စိတ် နှ​လုံး​နှိမ့်​ချ​ကာ သ​ခင်​ဘု​ရား​၏​အ​စေ​ခံ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​၏။-
ACT 20:20 လူ​ပ​ရိ​သတ်​ရှေ့​တွင်​လည်း​ကောင်း၊ သင်​တို့ အိမ်​များ​တွင်​လည်း​ကောင်း ငါ​ဟော​ပြော​သွန် သင်​သော​အ​ခါ​သင်​တို့​အား​အ​ကျိုး​ရှိ​စေ မည့်​စ​ကား​များ​ကို​အ​ဘယ်​အ​ခါ​၌​မျှ ချန်​လှပ်​၍​မ​ထား​ခဲ့။-
ACT 20:21 နောင်​တ​ရ​၍​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း ကပ်​ကြ​စေ​ရန်​နှင့် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ကြ​စေ​ရန် ငါ​သည်​ယု​ဒ​အ​မျိုး​သား များ​အား​လည်း​ကောင်း၊ ဂ​ရိ​အ​မျိုး​သား​အား လည်း​ကောင်း​လေး​နက်​စွာ​သ​တိ​ပေး​ခဲ့​၏။-
ACT 20:22 ယ​ခု​မှာ​ငါ​သည်​ဝိ​ညာဉ်​တော်​၏​အ​မိန့်​ကို နာ​ခံ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ​မည်။ ထို မြို့​တွင်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​ငါ​မ​သိ။-
ACT 20:23 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က `သင်​သည်​ချည် နှောင်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​လိမ့်​မည်' ဟူ ၍​မြို့​တိုင်း​တွင် ငါ့​အား​ကြို​တင်​သ​တိ​ပေး သည်​ကို​သာ​လျှင်​ငါ​သိ​၏။-
ACT 20:24 သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။''
ACT 20:25 ``ငါ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို သင်​တို့​ထံ​သို့​လှည့်​လည်​ဟော​ပြော​ကြေ​ညာ ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​အ​နက်​အ​ဘယ်​သူ​မျှ ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မြင်​ရ​ကြ​လိမ့် မည်​မ​ဟုတ်​ကြောင်း​ကို​ငါ​သိ​၏။-
ACT 20:26 သို့​ဖြစ်​၍​သင်​တို့​အ​နက်​တစ်​ဦး​တစ်​ယောက် သည် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​ပါ​မူ​ငါ​၏​တာ​ဝန် မ​ဟုတ်​ကြောင်း ယ​နေ့​သင်​တို့​ကို​အ​လေး​အ​နက် ငါ​ပြော​၏။-
ACT 20:27 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား​အ​ကုန် အ​စင်​ဖော်​ပြ​ပြီး​သော​ကြောင့်​ဖြစ်​၏။-
ACT 20:28 သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-
ACT 20:29 ငါ​မ​ရှိ​သည့်​နောက်​လူ​အ​ချို့​တို့​သည်​သင်​တို့ ထံ​သို့​ဝင်​ရောက်​၍ ရက်​စက်​ကြမ်း​ကြုတ်​သော ဝံ​ပု​လွေ​များ​ကဲ့​သို့​သိုး​များ​ကို​မ​ညှာ​ဘဲ ပြု​မူ​ကြ​မည်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။-
ACT 20:30 သင်​တို့​အ​ထဲ​မှ​အ​ချို့​သော​သူ​တို့​သည်​လိမ် လည်​ပြော​ဆို​ကာ​ယုံ​ကြည်​သူ​များ​ကို သူ​တို့ နောက်​သို့​ဆွဲ​ဆောင်​သွား​သည့်​အ​ချိန်​ကာ​လ ရောက်​ရှိ​လာ​လိမ့်​မည်။-
ACT 20:31 သို့​ဖြစ်​၍​သ​တိ​နှင့်​နေ​ကြ​လော့။ ငါ​သည်​သင် တို့​အ​ပေါင်း​အား​သုံး​နှစ်​ပတ်​လုံး​နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​လျက်​ဆုံး​မ​သွန်​သင်​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။''
ACT 20:32 ``ယ​ခု​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​လက် တော်​သို့​လည်း​ကောင်း၊ ကျေး​ဇူး​တော်​တ​ရား သို့​လည်း​ကောင်း​ငါ​အပ်​နှံ​ပါ​၏။ ထို​ကျေး​ဇူး တော်​တ​ရား​သည်​သင်​တို့​ကို​တည်​ဆောက်​၍ ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​အ​တွက် လျာ​ထား​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​သင် တို့​အား​ခံ​စား​စေ​လိမ့်​မည်။-
ACT 20:33 ငါ​သည်​သူ​တစ်​ပါး​၏​ရွှေ​ငွေ​အ​ဝတ်​အ​စား ကို​လို​ချင်​တပ်​မက်​ခြင်း​မ​ရှိ​ခဲ့။-
ACT 20:34 ငါ​သည်​ဤ​လက်​များ​ဖြင့်​အ​လုပ်​လုပ်​၍ ငါ နှင့်​အ​ပေါင်း​ဖော်​များ​၏​လို​အပ်​သည်​များ ကို​ဖြည့်​တင်း​ခဲ့​ကြောင်း​သင်​တို့​ကိုယ်​တိုင် သိ​ကြ​၏။-
ACT 20:35 ငါ​၏​နည်း​တူ​သင်​တို့​သည်​လည်း​ခပ်​သိမ်း​သော အ​ခြေ​အ​နေ​တွင် အ​လုပ်​ကို​ကြိုး​စား​၍​လုပ် ပြီး​လျှင် နွမ်း​ပါး​သူ​တို့​ကို​ကူ​ညီ​မ​စ​ကြ​ရန် ငါ​ပြ​သ​ခဲ့​ပြီ။ သ​ခင်​ယေ​ရှု​က `စွန့်​ကြဲ​ခြင်း သည်​အ​စွန့်​ကြဲ​ခံ​ခြင်း​ထက်​ပို​၍​မင်္ဂ​လာ​ရှိ​၏' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။
ACT 20:36 ထို​နောက်​ပေါ​လု​သည်​ဒူး​ထောက်​၍​ထို​သူ​တို့ နှင့်​အ​တူ​ဆု​တောင်း​လေ​သည်။-
ACT 20:37 သူ​တို့​သည်​ပေါ​လု​ကို​ဖက်​ယမ်း​လျက် ငို​ယို ကာ​နမ်း​ရှုပ်​၍​နှုတ်​ဆက်​ကြ​၏။-
ACT 20:38 ပေါ​လု​သည်​မိ​မိ​အား​နောက်​တစ်​ဖန်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်​ဟု​ဆို​သ​ဖြင့် ထို​သူ​တို့​သည် အ​ထူး​ဝမ်း​နည်း​ကြ​၏။ ထို့​နောက်​ပေါ​လု​အား သင်္ဘော​သို့​လိုက်​ပို့​ကြ​၏။
ACT 21:1 ကျွန်ုပ်​တို့​သည်​ထို​သူ​တို့​ထံ​မှ​ခွဲ​ခွာ​ပြီး​လျှင် တည့်​တည့်​သင်္ဘော​လွှင့်​၍​ကော​သ​ကျွန်း​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​ရော​ဒု​ကျွန်း​သို့​လည်း ကောင်း၊ ထို​ကျွန်း​မှ​တစ်​ဖန်​ပါ​တ​ရ​မြို့​သို့ လည်း​ကောင်း​ရောက်​ကြ​၏။-
ACT 21:2 ဖိ​နိတ်​ပြည်​သို့​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် ထို​သင်္ဘော​ပေါ်​သို့​တက်​၍​ခ​ရီး ပြု​ကြ​ပြီး​နောက်၊-
ACT 21:3 ကျွန်ုပ်​တို့​သည်​ကု​ပ​ရု​ကျွန်း​ကို​မြင်​ရ​သော​အ​ခါ ထို​ကျွန်း​၏​တောင်​ဘက်​မှ​ဖြတ်​၍​ရှု​ရိ​ပြည်​သို့ သင်္ဘော​လွှင့်​ကြ​လေ​သည်။ တု​ရု​မြို့​တွင်​ကုန်​ပစ္စည်း များ​ကို​ချ​ရ​မည်​ဖြစ်​၍ ထို​မြို့​တွင်​သင်္ဘော​ကို ဆိုက်​ကပ်​ကြ​၏။-
ACT 21:4 ထို​အ​ရပ်​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့ သ​ဖြင့် ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ခု​နစ် ရက်​မျှ​နေ​ကြ​၏။ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် ပေါ​လု​အား ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​၍​မ​သွား​ရန်​ပြော ကြား​ကြ​၏။-
ACT 21:5 သို့​ရာ​တွင်​ခု​နစ်​ရက်​စေ့​သော​အ​ခါ ကျွန်ုပ်​တို့ သည်​ဆက်​၍​ခ​ရီး​ပြု​ကြ​လေ​သည်။ တ​ပည့် တော်​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ဇ​နီး​များ၊ က​လေး​များ​နှင့်​အ​တူ​မြို့​ပြင်​ပင်​လယ်​ကမ်း သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ကျွန်ုပ်​တို့​သည် ပင်​လယ်​ကမ်း​ပေါ်​တွင်​ဒူး​ထောက်​၍​ဆု​တောင်း ကြ​၏။-
ACT 21:6 ထို​နောက်​တစ်​ဦး​နှင့်​တစ်​ဦး​နှုတ်​ဆက်​ပြီး​လျှင် ကျွန်ုပ်​တို့​သည်​သင်္ဘော​ပေါ်​သို့​တက်​၍​သူ​တို့ သည်​မိ​မိ​တို့​အိမ်​သို့​ပြန်​ကြ​၏။
ACT 21:7 တု​ရု​မြို့​မှ​ဆက်​၍​ခ​ရီး​ပြု​ကြ​ရာ ကျွန်ုပ်​တို့ သည်​ပ​တော​လင်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့ တွင်​ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​ပြီး​နောက် သူ​တို့​ထံ​တွင်​တစ်​ရက်​မျှ​တည်း​ခို​ကြ​၏။-
ACT 21:8 နောက်​တစ်​နေ့​၌​ထွက်​ခွာ​ပြန်​ရာ​ကဲ​သ​ရိ​မြို့ သို့​ရောက်​ကြ​၏။ ကျွန်ုပ်​တို့​သည်​ဧ​ဝံ​ဂေ​လိ တ​ရား​ဟော​ဆ​ရာ​ဖိ​လိပ္ပု​၏​အိမ်​တွင်​တည်း ခို​ကြ​၏။ ဖိ​လိပ္ပု​ကား​တ​ပည့်​တော်​များ​ကို ကူ​ညီ​ရန် ယေ​ရု​ရှ​လင်​မြို့​အ​သင်း​တော်​က ရွေး​ချယ်​သော​လူ​ခု​နစ်​ဦး​တို့​တွင်​တစ်​ဦး ဖြစ်​၏။-
ACT 21:9 သူ့​မှာ​အိမ်​ထောင်​မ​ကျ​သေး​သော​သ​မီး​လေး ယောက်​ရှိ​၏။ ထို​သ​မီး​တို့​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​သူ များ​ဖြစ်​ကြ​၏။-
ACT 21:10 ထို​အိမ်​တွင်​ကျွန်ုပ်​တို့​တည်း​ခို​၍​ရက်​အ​တော် အ​တန်​ကြာ​သော​အ​ခါ အာ​ဂ​ဗု​နာ​မည်​ရှိ သော​ပ​ရော​ဖက်​သည်​ယု​ဒ​ပြည်​မှ​ရောက်​ရှိ လာ​၏။-
ACT 21:11 သူ​သည်​ကျွန်ုပ်​တို့​ထံ​သို့​လာ​၍​ပေါ​လု​၏​ခါး​ပန်း ကို​ယူ​ပြီး​လျှင် မိ​မိ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည် နှောင်​လေ​၏။ ထို​နောက် ``ဤ​ခါး​ပန်း​ပိုင်​ရှင်​အား ယု​ဒ​အ​မျိုး​သား​တို့​က​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​သို့​ချည်​နှောင်​၍ လူ​မျိုး​ခြား​တို့​၏​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​မိန့်​တော်​မူ​သည်'' ဟု​ဆို​လေ​၏။
ACT 21:12 ထို​စ​ကား​ကို​ကြား​လျှင်​ကျွန်ုပ်​တို့​နှင့်​ထို​အ​ရပ် ရှိ​လူ​တို့​က ``ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​အောင် ဆက်​၍​မ​သွား​ပါ​နှင့်'' ဟု​ပေါ​လု​အား​တောင်း ပန်​ကြ​၏။-
ACT 21:13 ထို​အ​ခါ​ပေါ​လု​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ငို​ယို​ကာ ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ ကြ​ပါ​သ​နည်း။ ငါ​သည်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ချည်​နှောင် ခံ​ရန်​သာ​မ​က​အ​သေ​ခံ​ရန်​ပင်​အ​သင့်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။
ACT 21:14 ပေါ​လု​အား​တောင်း​ပန်​၍​မ​ရ​သော​အ​ခါ ကျွန်ုပ် တို့​သည် ``သ​ခင်​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​ကာ​လက်​လျှော့​လိုက် ကြ​၏။
ACT 21:15 ရက်​အ​နည်း​ငယ်​ကြာ​သော်​ကျွန်ုပ်​တို့​သည်​ပစ္စည်း များ​ကို​ထုပ်​ပိုး​၍ ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး ဆက်​ကြ​၏။-
ACT 21:16 ကဲ​သ​ရိ​မြို့​မှ​တ​ပည့်​တော်​အ​ချို့​တို့​သည် ကျွန်ုပ်​တို့​နှင့်​အ​တူ​လိုက်​ခဲ့​ပြီး​လျှင် ကျွန်ုပ်​တို့ အား​ကု​ပ​ရု​ကျွန်း​သား​တ​ပည့်​တော်​ဟောင်း တစ်​ဦး​ဖြစ်​သူ​မ​နာ​သုန်​၏​အိမ်​သို့​တည်း​ခို ရန်​ခေါ်​သွား​ကြ​၏။
ACT 21:17 ယေ​ရု​ရှ​လင်​မြို့​သို့​ကျွန်ုပ်​တို့​ရောက်​ကြ​သော အ​ခါ ညီ​အစ်​ကို​များ​က​လှိုက်​လှဲ​စွာ​ကြို​ဆို ကြ​၏။-
ACT 21:18 နောက်​တစ်​နေ့​၌​ပေါ​လု​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ ယာ​ကုပ်​ထံ​သို့​သွား​ရောက်​တွေ့​ဆုံ​၏။ အ​သင်း တော်​လူ​ကြီး​အ​ပေါင်း​တို့​လည်း​သူ့​ထံ​တွင် ရောက်​ရှိ​နေ​ကြ​၏။-
ACT 21:19 ပေါ​လု​သည်​ထို​သူ​တို့​အား​နှုတ်​ဆက်​ပြီး​နောက် မိ​မိ​မှ​တစ်​ဆင့် လူ​မျိုး​ခြား​တို့​အား​ဘု​ရား သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​ကို​တင်​ပြ​၏။-
ACT 21:20 ထို​သို့​တင်​ပြ​သည်​ကို​ကြား​သော​အ​ခါ ထို​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။ ထို​နောက်​ပေါ​လု​အား ``ငါ​တို့​ညီ၊ ယုံ​ကြည် သူ​ယု​ဒ​အ​မျိုး​သား​တို့​ထောင်​ပေါင်း​များ​စွာ ရှိ​ကြောင်း၊ သူ​တို့​အား​လုံး​ပင်​ပ​ညတ်​တ​ရား ကို​စွဲ​လန်း​သူ​များ​ဖြစ်​ကြောင်း​သင်​အ​သိ ပင်​ဖြစ်​သည်။-
ACT 21:21 `သင်​သည်​လူ​မျိုး​ခြား​တို့​အ​ထဲ​တွင်​နေ​ထိုင် ကြ​သော​ယု​ဒ​အ​မျိုး​သား​များ​အား သင်​တို့ ၏​က​လေး​များ​ကို​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ပေး​ကြ​နှင့်။ သင်​တို့​သည်​ယု​ဒ​ထုံး​တမ်း စဉ်​လာ​များ​ကို​မ​လိုက်​နာ​ကြ​နှင့်' ဟု​ဆို​ကာ မော​ရှေ​၏​တ​ရား​ကို​စွန့်​ပယ်​စေ​ရန်​သွန်​သင် လျက်​ရှိ​ကြောင်း​ထို​သူ​တို့​ကြား​သိ​ကြ​၏။-
ACT 21:22 သို့​ဖြစ်​၍​ငါ​တို့​အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည် နည်း။ သင်​ရောက်​ရှိ​သည့်​သ​တင်း​ကို​သူ​တို့ ကြား​ကြ​မည်​မှာ​သေ​ချာ​ပါ​၏။-
ACT 21:23 ထို့​ကြောင့်​ငါ​တို့​ဆို​သည့်​အ​တိုင်း​ပြု​ပါ​လော့။ ငါ​တို့​တွင်​သစ္စာ​က​တိ​ပြု​ထား​သော​လူ​လေး ယောက်​ရှိ​၏။-
ACT 21:24 ထို​သူ​တို့​ကို​ခေါ်​သွား​ပြီး​လျှင်​သန့်​စင်​ခြင်း မင်္ဂ​လာ​ကို​သူ​တို့​နှင့်​အ​တူ​ပြု​ပါ​လော့။ သူ​တို့ အ​တွက်​ဦး​ခေါင်း​ရိတ်​ခ​ငွေ​ကို​သင်​ကျ​ခံ​ပါ။ ဤ​သို့​ပြု​ပါ​မူ​သင့်​အ​ကြောင်း​လူ​တို့​ကြား​ခဲ့ ကြ​သည့်​သ​တင်း​စ​ကား​များ​မှာ အ​ခြေ​အ​မြစ် မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​ကိုယ်​တိုင်​ပင် လျှင်​ပ​ညတ်​တ​ရား​ကို​တိ​ကျ​စွာ​စောင့်​ထိန်း ကြောင်း​ကို​လည်း​ကောင်း​လူ​တိုင်း​သိ​ရှိ​ပါ လိမ့်​မည်။-
ACT 21:25 ယုံ​ကြည်​သူ​လူ​မျိုး​ခြား​တို့​အ​တွက်​မူ​ကား ရုပ်​တု​များ​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ၊ သွေး၊ လည်​ညှစ်​သား​တို့​ကို​မ​စား​ရန်​နှင့်​ကာ​မ​ဂုဏ် လိုက်​စား​မှု​ကို​ရှောင်​ကြဉ်​ရန် ငါ​တို့​စီ​ရင်​ဆုံး ဖြတ်​၍​သူ​တို့​ထံ​သို့​စာ​ရေး​အ​ကြောင်း ကြား​ပြီး​ပါ​ပြီ'' ဟု​ဆို​ကြ​၏။
ACT 21:26 သို့​ဖြစ်​၍​ပေါ​လု​သည်​နောက်​တစ်​နေ့​၌​ထို​လူ လေး​ယောက်​တို့​ကို​ခေါ်​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ သန့်​စင်​ခြင်း​မင်္ဂ​လာ​ကို​ပြု​လေ​၏။ ထို​နောက်​သူ သည်​ဗိ​မာန်​တော်​သို့​သွား​၍​သန့်​စင်​ခြင်း​မင်္ဂ​လာ ပြု​ရာ​ကာ​လ​ပြီး​ဆုံး​မည့်​အ​ချိန်​နှင့် မိ​မိ​တို့ တစ်​ဦး​စီ​အ​တွက်​ပူ​ဇော်​သ​ကာ​ဆက်​သ​ရ​မည့် အ​ချိန်​တို့​ကို​ကြို​တင်​အ​ကြောင်း​ကြား​ထား လေ​သည်။
ACT 21:27 ခု​နစ်​ရက်​ကာ​လ​ကုန်​ဆုံး​ချိန်​နီး​သော​အ​ခါ အာ​ရှ​နယ်​မှ​ယု​ဒ​အ​မျိုး​သား​အ​ချို့​တို့​သည် ပေါ​လု​ကို​ဗိ​မာန်​တော်​တွင်​တွေ့​မြင်​ကြ​၏။ သူ တို့​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဆွ​ပေး​ပြီး​လျှင် ပေါ​လု​ကို​ဖမ်း​ဆီး​ကြ​၏။-
ACT 21:28 သူ​တို့​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ကူ​ညီ ကြ​ပါ။ ဤ​သူ​သည်​အ​ရပ်​တ​ကာ​သို့​သွား​၍ ငါ တို့​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊ ဤ​ဗိ​မာန် တော်​ကို​လည်း​ကောင်း​ပြစ်​တင်​ရှုတ်​ချ​ကာ လူ အ​ပေါင်း​တို့​အား​ဟော​ပြော​သွန်​သင်​သူ​ဖြစ်​၏။ ထို​မျှ​မ​က​ယ​ခု​သူ​သည်​ဂ​ရိ​အ​မျိုး​သား တို့​ကို ဗိ​မာန်​တော်​ထဲ​သို့​ခေါ်​ဆောင်​လာ​ပြီး လျှင် ဤ​မြင့်​မြတ်​သန့်​ရှင်း​သည့်​ဌာ​န​တော် ကို​ညစ်​ညမ်း​စေ​ပါ​၏'' ဟု​ဟစ်​အော်​ကြ​၏။-
ACT 21:29 (အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပေါ​လု​ကို ဧ​ဖက်​မြို့​သား​တ​ရော​ဖိမ်​ဆို​သူ​နှင့်​အ​တူ မြို့ ထဲ​တွင်​တွေ့​မြင်​ခဲ့​သ​ဖြင့် ထို​သူ​အား​ဗိ​မာန် တော်​ထဲ​သို့​ပေါ​လု​ခေါ်​ဆောင်​ခဲ့​သည်​ဟု​ထင် မှတ်​သော​ကြောင့်​ဖြစ်​၏။)
ACT 21:30 တစ်​မြို့​လုံး​သည်​ရှုပ်​ယှက်​ခတ်​ဖြစ်​လျက် လူ​တို့ သည်​ပြေး​၍​လာ​ပြီး​လျှင်​ပေါ​လု​ကို​ဖမ်း​ဆီး ကာ ဗိ​မာန်​တော်​အ​ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။ ထို​နောက်​ချက်​ချင်း​ဗိ​မာန်​တော်​တံ​ခါး​များ ကို​ပိတ်​လိုက်​ကြ​၏။-
ACT 21:31 သူ​တို့​သည်​ပေါ​လု​ကို​သတ်​ရန်​ကြိုး​စား​နေ စဉ်​ရော​မ​တပ်​မှူး​သည် ယေ​ရု​ရှ​လင်​မြို့​တစ် မြို့​လုံး​ရုံး​ရင်း​ဆန်​ခတ်​ဖြစ်​လျက်​နေ​သည် ဟု​သ​တင်း​ရ​သ​ဖြင့်၊-
ACT 21:32 ချက်​ချင်း​ပင်​စစ်​သား​များ​နှင့်​တပ်​ခွဲ​မှူး​များ ကို​ခေါ်​၍ လူ​ပ​ရိ​သတ်​ရှိ​ရာ​သို့​အ​ပြေး​လာ ခဲ့​၏။ လူ​တို့​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​ကို မြင်​သော​အ​ခါ​ပေါ​လု​ကို​မ​ရိုက်​ဘဲ​နေ​ကြ​၏။-
ACT 21:33 ထို​အ​ခါ​တပ်​မှူး​သည်​ပေါ​လု​ထံ​သို့​ရောက်​၍ ဖမ်း​ဆီး​ပြီး​လျှင် သံ​ကြိုး​နှစ်​ချောင်း​ဖြင့်​ချည် နှောင်​ထား​ရန်​အ​မိန့်​ပေး​၏။ ပေါ​လု​ကား​မည် သူ​ဖြစ်​ကြောင်း၊ မည်​သည့်​ပြစ်​မှု​ကို​ကူး​လွန် ကြောင်း​ကို​မေး​မြန်း​၏။-
ACT 21:34 လူ​ပ​ရိ​သတ်​တို့​က​သူ​တစ်​မျိုး​ငါ​တစ်​ဖုံ​ဟစ် အော်​ပြော​ဆို​ကြ​၏။ ထို​ဆူ​ညံ​သံ​များ​ကြောင့် တပ်​မှူး​သည်​အ​ဖြစ်​မှန်​ကို​မ​သိ​နိုင်​ရ​ကား ပေါ​လု​ကို​တပ်​စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ် ဆောင်​သွား​ရန်​အ​မိန့်​ပေး​လေ​၏။-
ACT 21:35 ရဲ​တိုက်​လှေ​ခါး​သို့​ရောက်​သော​အ​ခါ​လူ​ထု အ​ကြမ်း​ဖက်​မှု​ပြင်း​ထန်​လာ​သ​ဖြင့် စစ်​သား များ​သည်​ပေါ​လု​ကို​ချီ​မြှောက်​ထမ်း​သွား​ရ ကြ​၏။-
ACT 21:36 လူ​ပ​ရိ​သတ်​တို့​သည် ``သူ့​ကို​သတ်​ပါ'' ဟု ဟစ်​အော်​လျက်​လိုက်​ကြ​၏။
ACT 21:37 ပေါ​လု​သည်​မိ​မိ​အား​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင် သွား​မည်​ပြု​သော​အ​ခါ တပ်​မှူး​အား``သင်​နှင့် အ​ကျွန်ုပ်​စ​ကား​အ​နည်း​ငယ်​ပြော​ပါ​ရ​စေ'' ဟု​ဆို​၏။ ``သင်​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​ပြော​တတ် ပါ​သ​လော။-
ACT 21:38 မ​ကြာ​သေး​မီ​အ​ခါ​က​ပုန်​ကန်​ထ​ကြွ​လျက် သူ ပုန်​လေး​ထောင်​ကို​ခေါင်း​ဆောင်​၍ တော​ကန္တာ​ရ​သို့ ခေါ်​ဆောင်​သွား​သူ​အီ​ဂျစ်​အ​မျိုး​သား​ပင် မ​ဟုတ်​လော'' ဟု​မေး​၏။
ACT 21:39 ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား​ဖြစ် ပါ​သည်။ ကိ​လိ​ကိ​ပြည်၊ တာ​ရှု​မြို့​တွင်​ဖွား​မြင်​ခဲ့ ၍​ထင်​ရှား​သော​မြို့​ကြီး​သား​ဖြစ်​ပါ​၏။ အ​ကျွန်ုပ် ကို​ကျေး​ဇူး​ပြု​၍​လူ​တို့​အား​စ​ကား​ပြော​ခွင့် ပြု​ပါ'' ဟု​ဆို​၏။
ACT 21:40 တပ်​မှူး​က​ခွင့်​ပြု​သ​ဖြင့်​ပေါ​လု​သည်​လှေ​ခါး ထစ်​ပေါ်​တွင်​ရပ်​လျက် လူ​တို့​အား​လက်​ရိပ်​ပြ​၏။ ထို​သူ​တို့​တိတ်​ဆိတ်​နေ​ကြ​သော​အ​ခါ သူ​သည် ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့်​မြွက်​ဆို​လျက်၊
ACT 22:1 ``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ ယ​ခု​အ​ကျွန်ုပ် ထု​ချေ​မည့်​စ​ကား​ကို​နား​ထောင်​ကြ​ပါ'' ဟု ဆို​၏။-
ACT 22:2 ထို​သို့​ဟေ​ဗြဲ​ဘာ​သာ​ဖြင့်​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ လူ​တို့​သည်​ပို​၍​ပင်​ဆိတ် ဆိတ်​နေ​ကြ​၏။
ACT 22:3 ပေါ​လု​က​ဆက်​လက်​၍ ``အ​ကျွန်ုပ်​သည်​ကိ​လိ​ကိ ပြည်၊ တာ​ရှု​မြို့​တွင်​မွေး​ဖွား​သူ​ယု​ဒ​အ​မျိုး​သား ဖြစ်​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကြီး​ပြင်း​၍​ဘိုး ဘေး​တို့​လိုက်​လျှောက်​ကျင့်​သုံး​သည့်​ပ​ညတ်​တ​ရား တော်​ကို ဂါ​မ​လျေ​လ​၏​ခြေ​ရင်း​၌​တိ​ကျ​စွာ ဆည်း​ပူး​ခဲ့​ပါ​၏။ ယ​ခု​သင်​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန်​စိတ်​အား ထက်​သန်​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း​စိတ် အား​ထက်​သန်​ခဲ့​ပါ​၏။-
ACT 22:4 အ​ကျွန်ုပ်​သည်​ယေ​ရှု​၏​လမ်း​စဉ်​တော်​ကို​လိုက် လျှောက်​ကြ​သူ​များ​အား အ​သေ​သတ်​သည်​အ​ထိ ညှဉ်း​ဆဲ​နှိပ်​စက်​ခဲ့​ပါ​၏။ အ​မျိုး​သား၊ အ​မျိုး သ​မီး​များ​ကို​ဖမ်း​ဆီး​၍​ထောင်​ချ​ခဲ့​ပါ​၏။-
ACT 22:5 အ​ကျွန်ုပ်​ပြော​ဆို​သည်​အ​တိုင်း​မှန်​ကန်​ကြောင်း ကို ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​က​သက်​သေ ခံ​နိုင်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ထံ မှ​ဒ​မာ​သက်​မြို့​နေ ယု​ဒ​ညီ​အစ်​ကို​ထံ​သို့ ရေး​ပေး​လိုက်​သည့်​အ​မှာ​စာ​များ​ကို​ရ​ယူ ၏။ ထို​နောက်​ထို​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ငှာ​ဖမ်း​ဆီး ချည်​နှောင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် လာ​ရန်​ဒ​မာ​သက်​မြို့​သို့​ထွက်​ခွာ​သွား​ပါ ၏။
ACT 22:6 ``အ​ကျွန်ုပ်​သည်​ခ​ရီး​သွား​နေ​စဉ်​ဒ​မာ​သက် မြို့​အ​နီး​သို့​ရောက်​သော​အ​ခါ​မွန်း​တည့်​အ​ချိန် ခန့်​တွင် ကောင်း​ကင်​မှ​အ​လင်း​ရောင်​ကြီး​တစ်​ခု သည် ရုတ်​တ​ရက်​အ​ကျွန်ုပ်​ပတ်​လည်​တွင်​ထွန်း တောက်​သ​ဖြင့်၊-
ACT 22:7 အ​ကျွန်ုပ်​သည်​မြေ​ပေါ်​သို့​လဲ​ကျ​နေ​စဉ် `ရှော​လု၊ ရှော​လု၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​နှိပ်​စက် ညှဉ်း​ဆဲ​သ​နည်း' ဟူ​သော​အ​သံ​ကို​ကြား​ရ ပါ​၏။-
ACT 22:8 အ​ကျွန်ုပ်​က `အ​ရှင်၊ ကိုယ်​တော်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော်​က `ငါ​သည်​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​သော​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​ပင်​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။-
ACT 22:9 အကျွန်ုပ်​နှင့်​အ​တူ​ပါ​လာ​ကြ​သော​သူ​တို့ သည် ထို​အ​လင်း​ရောင်​ကို​မြင်​ရ​ကြ​သော် လည်း အ​ကျွန်ုပ်​အား​မိန့်​မှာ​တော်​မူ​သော​အ​ရှင် ၏​အ​သံ​ကို​မူ​မ​ကြား​ရ​ကြ။-
ACT 22:10 အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော် က `ထ​လော့။ ဒ​မာ​သက်​မြို့​သို့​သွား​လော့။ သင် ဆောင်​ရွက်​ရန်​ခွဲ​ခန့်​သတ်​မှတ်​ထား​သည့်​အ​မှု အ​ရာ​ခပ်​သိမ်း​ကို ထို​မြို့​တွင်​သင့်​အား​ပြော မည်' ဟု​မိန့်​တော်​မူ​၏။-
ACT 22:11 အ​ကျွန်ုပ်​သည်​အ​လင်း​ရောင်​၏​တောက်​ပြောင်​မှု ကြောင့်​မျက်​စိ​ကွယ်​သွား​သ​ဖြင့် အ​ကျွန်ုပ်​နှင့် အ​တူ​ပါ​လာ​ကြ​သော​သူ​တို့​က အ​ကျွန်ုပ် ကို​လက်​ဆွဲ​၍​ဒ​မာ​သက်​မြို့​သို့​ပို့​ဆောင် ပေး​ရ​ကြ​ပါ​သည်။
ACT 22:12 အာ​န​နိ​ဆို​သူ​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​လာ ပါ​၏။ သူ​သည်​ပ​ညတ်​တ​ရား​ကို​လိုက်​လျှောက် ကျင့်​သုံး​၍ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​ဖြစ်​၏။ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​၏​ရို​သေ​လေး​စား​ခြင်း​ကို​လည်း​ခံ​ရ​၏။-
ACT 22:13 သူ​သည်​အ​ကျွန်ုပ်​၏​အ​နီး​တွင်​ရပ်​လျက် `ညီ​ရှော​လု၊ သင်​သည်​မျက်​စိ​ပြန်​၍​မြင်​စေ​သ​တည်း​ဟု​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​အ​ကျွန်ုပ်​သည်​မျက်​စိ​ပြန်​၍ မြင်​သ​ဖြင့်​သူ့​ကို​ကြည့်​လိုက်​ရာ၊-
ACT 22:14 အာ​န​နိ​က `သင်​သည်​ငါ​တို့​ဘိုး​ဘေး​များ ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​သိ​ရ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ ဖြောင့်​မတ်​သော​အ​စေ​ခံ​အား​ဖူး​မြင်​ရ​စေ ရန်​လည်း​ကောင်း၊ ထို​အ​ရှင်​၏​နှုတ်​တော်​မှ အ​သံ​တော်​ကို​ကြား​ရ​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​သည်​သင့်​အား​ရွေး​ချယ်​တော်​မူ လေ​ပြီ။-
ACT 22:15 သင်​သည်​မိ​မိ​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို လူ​အ​ပေါင်း​တို့​အား​ပြော​ကြား​ရန် ထို​အ​ရှင်​၏​သက်​သေ​ခံ​ဖြစ်​ရ​လိမ့်​မည်။-
ACT 22:16 သို့​ဖြစ်​၍​ယ​ခု​သင်​သည်​အ​ဘယ်​ကြောင့်​ဆိုင်း​ငံ့ နေ​ပါ​သ​နည်း။ ထ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ သင်​၏​အ​ပြစ်​များ​ဖြေ​လွှတ်​စိမ့်​သော​ငှာ​ကိုယ် တော်​အား​ပတ္ထ​နာ​ပြု​လော့' ဟု​ဆို​လေ​သည်။
ACT 22:17 ``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက် ၍ ဗိ​မာန်​တော်​တွင်​ဆု​တောင်း​လျက်​နေ​စဉ်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​ပါ​၏။-
ACT 22:18 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သ​ခင်​ဘု​ရား​သည် ထင်​ရှား​၍ `သင်​သည်​ဆိုင်း​ငံ့​၍​မ​နေ​ဘဲ​ယေ​ရု ရှ​လင်​မြို့​မှ အ​လျင်​အ​မြန်​ထွက်​ခွာ​သွား​လော့။ ဤ​မြို့​သား​တို့​သည်​ငါ​၏​အ​ကြောင်း​သင်​သက် သေ​ခံ​ချက်​ကို​လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။-
ACT 22:19 အ​ကျွန်ုပ်​က `သ​ခင်​ဘု​ရား၊ တ​ရား​ဇ​ရပ်​တစ်​ခု မှ​တစ်​ခု​သို့​သွား​၍ အ​ရှင့်​ကို​ယုံ​ကြည်​ကြ​သူ တို့​အား​ဖမ်း​ဆီး​ရိုက်​နှက်​သူ​မှာ အ​ကျွန်ုပ်​ပင် ဖြစ်​ကြောင်း​ထို​သူ​တို့​သိ​ကြ​ပါ​၏။-
ACT 22:20 အ​ရှင်​၏​အ​ကြောင်း​သက်​သေ​ခံ​သူ​သ​တေ​ဖန် ကို​သတ်​ကြ​သော​အ​ခါ​၌​လည်း အ​ကျွန်ုပ်​သည် အ​နီး​တွင်​ရပ်​လျက်​အ​လို​တူ​အ​လို​ပါ​ပြု ခဲ့​ပါ​၏။ သူ့​ကို​သတ်​ကြ​သော​သူ​တို့​၏​အ​ဝတ် များ​ကို​စောင့်​ထိန်း​ပေး​ခဲ့​ပါ​၏' ဟု​ပြန်​လျှောက် သော်၊-
ACT 22:21 သ​ခင်​ဘု​ရား​က `သွား​လော့။ ရပ်​ဝေး​ရှိ​လူ​မျိုး ခြား​တို့​ထံ​သို့​သင့်​အား​ငါ​စေ​လွှတ်​မည်' မိန့် တော်​မူ​၏'' ဟု​ဆို​၏။
ACT 22:22 လူ​တို့​သည်​ဤ​မျှ​ကြာ​အောင်​နား​ထောင်​နေ ကြ​ပြီး​နောက် ဤ​သို့​ပေါ​လု​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ ``ဤ​သူ​အား​ကမ္ဘာ​မြေ​ကြီး ပေါ်​မှ​သုတ်​သင်​ပယ်​ရှင်း​လော့။ သူ့​အား​သတ် လော့။ သူ​သည်​အ​သက်​ရှင်​ရန်​မ​သင့်'' ဟု အ​သံ​ကုန်​ဟစ်​အော်​ကြ​၏။-
ACT 22:23 သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝှေ့​ရမ်း​ကာ​မြေ မှုန့်​ကို မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​လျက်​အော် ဟစ်​ကြ​၏။-
ACT 22:24 ထို​အ​ခါ​ရော​မ​တပ်​မှူး​သည်​ပေါ​လု​ကို​တပ် စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​နှင့် အ​ဘယ်​ကြောင့်​ဤ​သို့​လူ​တို့​ဆူ​ပူ​ဟစ်​အော်​ရ ကြောင်း​ကို​ပေါ​လု​အား​ရိုက်​၍​စစ်​ဆေး​ရန် အ​မိန့်​ပေး​၏။-
ACT 22:25 သူ့​ကို​ကြိမ်​ဒဏ်​ခတ်​ရန်​ချည်​နှောင်​ကြ​သော အ​ခါ ပေါ​လု​က​အ​နီး​တွင်​ရပ်​လျက်​နေ​သည့် တပ်​ခွဲ​မှူး​အား``ရော​မ​နိုင်​ငံ​သား​တစ်​ယောက် ကို​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ပြု​ဘဲ​ကြိမ်​ဒဏ် ခတ်​ခြင်း​မှာ​တ​ရား​ဥ​ပ​ဒေ​နှင့်​ကိုက်​ညီ​ပါ သ​လော'' ဟု​မေး​၏။
ACT 22:26 ထို​စ​ကား​ကို​ကြား​လျှင်​တပ်​ခွဲ​မှူး​သည်​တပ်​မှူး ထံ​သို့​သွား​၍ ``အ​ရှင်၊ အ​သို့​ပြု​ဘိ​သ​နည်း။ ထို သူ​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​ပါ​၏'' ဟု လျှောက်​၏။
ACT 22:27 ထို​အ​ခါ​တပ်​မှူး​သည်​ပေါ​လု​ထံ​လာ​၍ ``သင် သည်​ရော​မ​နိုင်​ငံ​သား​ပေ​လော။ ငါ့​အား​ပြော ပါ'' ဟု​ဆို​လျှင်​ပေါ​လု​က ``ဟုတ်​ပါ​၏'' ဟု ဆို​၏။
ACT 22:28 တပ်​မှူး​က ``ငါ​သည်​ငွေ​အ​မြောက်​အ​မြား​ပေး​၍ ရော​မ​နိုင်​ငံ​သား​အ​ဖြစ်​ကို​ရ​ရှိ​၏'' ဟု​ဆို​လျှင် ပေါ​လု​က ``ငါ​မူ​ကား​ဇာ​တိ​အား​ဖြင့်​ရော​မ နိုင်​ငံ​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။
ACT 22:29 သူ့​ကို​စစ်​ဆေး​မေး​မြန်း​မည့်​သူ​တို့​သည်​လည်း ချက်​ချင်း​ပင်​နောက်​သို့​ဆုတ်​ခွာ​သွား​ကြ​လေ သည်။ ပေါ​လု​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​သည် ကို​လည်း​ကောင်း၊ သူ့​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင် မိ​သည်​ကို​လည်း​ကောင်း​သိ​မြင်​သော​အ​ခါ တပ်​မှူး​သည်​ကြောက်​လန့်​လေ​၏။
ACT 22:30 တပ်​မှူး​သည်​ပေါ​လု​အား​ယု​ဒ​အ​မျိုး​သား​တို့ က အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​သည်​ကို​အ​သေ အ​ချာ​သိ​လို​၏။ သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌ ပေါ​လု​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး​ကို ဖယ်​ရှား​စေ​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် အ​ပေါင်း​တို့​ကို​စု​ဝေး​ကြ​ရန်​အ​မိန့်​ပေး လေ​သည်။ ထို​နောက်​ပေါ​လု​ကို​ခေါ်​ဆောင်​ကာ ထို​သူ​တို့​ရှေ့​တွင်​ရပ်​စေ​၏။
ACT 23:1 ပေါ​လု​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် များ​ကို​စေ့​စေ့​ကြည့်​လျက် ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ယ​နေ့​တိုင်​အောင်​တစ်​သက်​လုံး ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သြတ္တပ္ပ​စိတ်​ကြည် လင်​စွာ​ဖြင့်​နေ​ထိုင်​ပြု​ကျင့်​ခဲ့​ပါ​၏'' ဟု​ပြော​၏။-
ACT 23:2 ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​န​နိ​သည်​လည်း အ​နီး​တွင်​ရပ်​နေ​သူ​များ​အား ပေါ​လု​၏​နှုတ် ကို​အ​ရိုက်​ခိုင်း​လေ​၏။-
ACT 23:3 ပေါ​လု​က ``ထုံး​ဖြူ​သုတ်​သည့်​အုတ်​ရိုး၊ သင့်​ကို ဘု​ရား​သ​ခင်​မု​ချ​ဒဏ်​ခတ်​တော်​မူ​မည်။ သင် သည်​အ​ကျွန်ုပ်​အား​တ​ရား​ဥ​ပ​ဒေ​အ​ရ စစ်​ဆေး​စီ​ရင်​ရန် တ​ရား​ခွင်​တွင်​ထိုင်​လျက် နေ​စဉ်​၌​ပင် အ​ကျွန်ုပ်​ကို​အ​ရိုက်​ခိုင်း​ခြင်း ဖြင့်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ပါ​သည် တ​ကား'' ဟု​ဆို​၏။
ACT 23:4 အ​နီး​တွင်​ရပ်​နေ​သူ​တို့​က ``သင်​သည်​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ကို​စော်​ကား​ပါ သ​လော'' ဟု​မေး​ကြ​လျှင်၊-
ACT 23:5 ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ထို​သူ​သည်​ယဇ် ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ ပါ။ ကျမ်း​စာ​တော်​တွင် `သင်​၏​အ​မျိုး​ကို​အုပ် စိုး​သော​သူ​အား​မ​ကောင်း​မ​ပြော​ရ' ဟု​ဖော် ပြ​ထား​ပါ​၏'' ဟု​ဖြေ​ကြား​လေ​သည်။
ACT 23:6 သူ​သည်​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ထဲ​တွင်​လူ တစ်​စု​က ဖာ​ရိ​ရှဲ​များ​ဖြစ်​၍​အ​ခြား​တစ်​စု က​ဇဒ္ဒု​ကဲ​များ​ဖြစ်​ကြောင်း​ကို​သိ​မြင်​သော အ​ခါ ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ဖာ​ရိ​ရှဲ ဖြစ်​ပါ​၏။ ဖာ​ရိ​ရှဲ​၏​သား​လည်း​ဖြစ်​ပါ​၏။ သေ​သူ​တို့​သည်​ရှင်​ပြန်​ထ​မြောက်​မည်​ကို မျှော်​လင့်​သူ​ဖြစ်​သ​ဖြင့် ယ​ခု​အ​ကျွန်ုပ်​သည် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​၏'' ဟု တ​ရား​လွှတ်​တော်​တွင်​ကြွေး​ကြော်​လေ ၏။
ACT 23:7 ထို​အ​ခါ​ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​တို့​သည် အ​ငြင်း​ပွား​ကြ​သ​ဖြင့် တ​ရား​လွှတ်​တော် အ​ဖွဲ့​သည်​နှစ်​ခြမ်း​ကွဲ​လေ​၏။-
ACT 23:8 (ဇဒ္ဒု​ကဲ​တို့​က​သေ​ခြင်း​မှ​ထ​မြောက်​ရှင် ပြန်​ခြင်း​ဟူ​သည်​မ​ရှိ။ ကောင်း​ကင်​တ​မန်​မ​ရှိ။ နာမ်​ဝိ​ညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ သို့​သော် ဖာ​ရိ​ရှဲ​တို့​က​ထို​အ​ရာ​သုံး​ပါး​လုံး​ပင်​ရှိ သည်​ဟု​ယုံ​ကြည်​လက်​ခံ​ကြ​၏။)-
ACT 23:9 သူ​တို့​ဟစ်​အော်​ပြော​ဆို​မှု​သည်​ပို​မို​ကျယ် လောင်​လာ​တော့​၏။ ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ် ဆ​ရာ​အ​ချို့​တို့​သည်​ထ​၍ ``ဤ​သူ​၌​အ​ဘယ် အ​ပြစ်​ကို​မျှ​ငါ​တို့​မ​တွေ့။ ဝိ​ညာဉ်​တစ်​ပါး က​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တစ် ပါး​က​သော်​လည်း​ကောင်း​သူ့​အား​မြွက်​ဆို ကောင်း​မြွက်​ဆို​ခဲ့​လိမ့်​မည်'' ဟု​ငြင်း​ခုံ​ပြော ဆို​ကြ​၏။
ACT 23:10 ငြင်း​ခုံ​မှု​သည်​အ​လွန်​ပြင်း​ထန်​၍​လာ​သ​ဖြင့် ပေါ​လု​ကို​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို​တပ်​မှူး သည်​စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား​ဆင်း​သွား ၍​ပေါ​လု​အား​ထို​သူ​တို့​ထံ​မှ​ထိန်း​သိမ်း​ပြီး လျှင်​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​အ​မိန့် ပေး​၏။
ACT 23:11 ထို​ည​၌​သ​ခင်​ဘု​ရား​သည်​ပေါ​လု​၏​အ​နီး​၌ ရပ်​လျက် ``မ​ကြောက်​နှင့်။ သင်​သည်​ယေ​ရု​ရှ​လင် မြို့​တွင် ငါ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​ခဲ့​သည် နည်း​တူ​ရော​မ​မြို့​တွင်​လည်း​သက်​သေ​ခံ​ရ​ဦး မည်'' ဟု​မိန့်​တော်​မူ​၏။
ACT 23:12 နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​၌​ယု​ဒ​အ​မျိုး​သား အ​ချို့​တို့​သည်​တွေ့​ဆုံ​၍ ``ပေါ​လု​ကို​မ​သတ်​ရ မ​ချင်း​ငါ​တို့​မ​စား​မ​သောက်​ဘဲ​နေ​မည်'' ဟု အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ကြ​၏။-
ACT 23:13 ဤ​သို့​လျှို့​ဝှက်​ကြံ​စည်​ကြ​သူ​များ​၏​ဦး ရေ​မှာ​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။-
ACT 23:14 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ သာ​ရေး​ခေါင်း​ဆောင်​များ​ထံ​သွား​၍ ``အ​ကျွန်ုပ် တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မည်​သည့် အ​ရာ​ကို​မျှ​မ​စား​မ​သောက်​ပါ​ဟု​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​ကြ​ပါ​၏။-
ACT 23:15 သို့​ဖြစ်​၍​အ​ရှင်​တို့​နှင့်​တ​ရား​လွှတ်​တော်​အ​ဖွဲ့ ဝင်​တို့​သည် ပေါ​လု​၏​အ​မှု​ကို​ပို​မို​သေ​ချာ စွာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန်​ပြု​လျက် ရော​မ​တပ် မှူး​အား​သူ့​ကို​အ​ရှင်​တို့​ထံ​သို့​ခေါ်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ​ပါ။ အ​ရှင်​တို့​ထံ​သို့​မ​ရောက် မီ​ပင် သူ့​ကို​သတ်​ရန်​အ​ကျွန်ုပ်​တို့​အ​သင့် စောင့်​နေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။
ACT 23:16 သို့​သော်​ထို​အ​ကြံ​အ​စည်​ကို​ပေါ​လု​နှ​မ​၏ သား​သည်​ကြား​သိ​သွား​သ​ဖြင့် ရဲ​တိုက်​ထဲ ကို​ဝင်​ပြီး​လျှင်​ပေါ​လု​အား​ပြော​ကြား​၏။-
ACT 23:17 ပေါ​လု​သည်​တပ်​ခွဲ​မှူး​တစ်​ယောက်​ကို​ခေါ် ၍ ``ဤ​လူ​ငယ်​ကို​တပ်​မှူး​ထံ​သို့​ခေါ်​ဆောင် သွား​ပါ။ တပ်​မှူး​အား​လျှောက်​ထား​ရန်​ကိစ္စ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ပြော​၏။-
ACT 23:18 သို့​ဖြစ်​၍​တပ်​ခွဲ​မှူး​သည်​ထို​လူ​ငယ်​ကို​တပ်​မှူး ထံ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​နောက် ``အ​ကျဉ်း​သား ပေါ​လု​သည်​အ​ကျွန်ုပ်​ကို​ခေါ်​၍​ဤ​လူ​ငယ်​ကို အ​ရှင့်​ထံ​သို့​အ​ပို့​ခိုင်း​ပါ​သည်။ သူ့​မှာ​အ​ရှင့် အား​လျှောက်​ထား​ရန်​ကိစ္စ​တစ်​ခု​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။
ACT 23:19 တပ်​မှူး​သည်​နှစ်​ယောက်​ချင်း​ပြော​ဆို​နိုင်​ရန် ထို လူ​ငယ်​ကို​လက်​ဆွဲ​၍​ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ် ခု​သို့​ခေါ်​သွား​၏။ ထို​နောက် ``ငါ့​အား​သင်​အ​ဘယ် အ​ရာ​ကို​ပြော​လို​ပါ​သ​နည်း'' ဟု​မေး​၏။
ACT 23:20 လူ​ငယ်​က ``ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ပေါ​လု ၏​အ​မှု​ကို​ပို​မို​သေ​ချာ​စုံ​စမ်း​စစ်​ဆေး​လို​ဟန် ဖြင့် အ​ရှင့်​အား​ပေါ​လု​ကို​နက်​ဖြန်​နေ့​၌​တ​ရား လွှတ်​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန် မေတ္တာ​ရပ်​ခံ​ကြ မည်​ဟု​တိုင်​ပင်​ညှိ​နှိုင်း​ထား​ကြ​ပါ​၏။-
ACT 23:21 သူ​တို့​၏​တောင်း​လျှောက်​ချက်​ကို​မ​လိုက်​လျော ပါ​နှင့်။ လမ်း​တွင်​လူ​လေး​ဆယ်​ကျော်​ပုန်း​ကွယ် ချောင်း​မြောင်း​စောင့်​ဆိုင်း​လျက်​ရှိ​ပါ​၏။ ထို​သူ တို့​သည်​ပေါ​လု​ကို​မ​သတ်​ရ​မ​ချင်း မ​စား မ​သောက်​ဘဲ​နေ​မည်​ဟု​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ထား ကြ​ပါ​၏။ ယ​ခု​ပင်​သူ​တို့​သည်​ပေါ​လု​ကို သတ်​ရန်​အ​သင့်​ပြင်​ဆင်​ကာ အ​ရှင်​၏​ဆုံး ဖြတ်​ချက်​ကို​စောင့်​ဆိုင်း​လျက်​ရှိ​နေ​ကြ​ပါ ပြီ'' ဟု​လျှောက်​၏။
ACT 23:22 တပ်​မှူး​က ``သင်​သည်​ဤ​ကဲ့​သို့​ငါ့​အား​တိုင် ကြား​ခဲ့​ကြောင်း​အ​ဘယ်​သူ​အား​မျှ​မ​ပြော နှင့်'' ဟု​ဆို​၍​ထို​လူ​ငယ်​ကို​ထွက်​ခွာ​သွား​စေ​၏။
ACT 23:23 ထို​နောက်​တပ်​မှူး​သည်​တပ်​ခွဲ​မှူး​နှစ်​ယောက်​ကို ခေါ်​၍ ``ယ​နေ့​ည​ကိုး​နာ​ရီ​အ​ချိန်​၌​ကဲ​သ​ရိ မြို့​သို့​သွား​ရန်​စစ်​သား​နှစ်​ရာ၊ မြင်း​တပ်​သား ခု​နစ်​ဆယ်​နှင့်​လှံ​တပ်​သား​နှစ်​ရာ​တို့​ကို​ယ​နေ့ ည​ကိုး​နာ​ရီ​၌​ထွက်​ခွာ​ရန်​အ​သင့်​ရှိ​စေ​ကြ လော့။-
ACT 23:24 ပေါ​လု​အ​တွက်​မြင်း​များ​ကို​လည်း​အ​သင့် ပြင်​ထား​လော့။ သူ့​ကို​ဘု​ရင်​ခံ​မင်း​ဖေ​လဇ် ထံ​သို့​ကြပ်​မတ်​၍​ပို့​ကြ​လော့'' ဟု​အ​မိန့် ပေး​၏။-
ACT 23:25 တပ်​မှူး​သည်​စာ​တစ်​စောင်​ကို​လည်း​ရေး​၍​ပေး လိုက်​၏။
ACT 23:26 ထို​စာ​တွင် ``က​လော​ဒိ​လု​သိ​ထံ​မှ​အ​ရှင် ဖေ​လဇ်​မင်း​ထံ​သို့​ရို​သေ​စွာ​အ​စီ​ရင်​ခံ​အပ် ပါ​သည်။-
ACT 23:27 ယု​ဒ​အ​မျိုး​သား​တို့​သည်​ဤ​သူ့​ကို​ဖမ်း​ဆီး ၍​သတ်​မည်​ပြု​ကြ​ပါ​၏။ သူ​သည်​ရော​မ​နိုင်​ငံ သား​ဖြစ်​ကြောင်း​ကို​အ​ကျွန်ုပ်​ကြား​သိ​ရ သ​ဖြင့် စစ်​သား​များ​နှင့်​အ​တူ​သွား​၍​သူ့ အား​ကယ်​ဆယ်​ခဲ့​ပါ​၏။-
ACT 23:28 အ​ကျွန်ုပ်​သည်​သူ့​အား​ယု​ဒ​အ​မျိုး​သား​တို့ အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​ကြောင်း​ကို​သိ​လို သ​ဖြင့် သူ​တို့​၏​တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင် သွား​ပါ​၏။-
ACT 23:29 ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​မိ​မိ​တို့​၏ ပ​ညတ်​တ​ရား​ဆိုင်​ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ် သက်​၍​ပြစ်​တင်​စွပ်​စွဲ​ကြ​ပါ​သည်။ သူ့​မှာ​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်၊ သို့​မ​ဟုတ်​ထောင်​ဒဏ် ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြောင်း​ကို​အ​ကျွန်ုပ်​တွေ့​ရှိ​ပါ​၏။-
ACT 23:30 ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လျက်​ရှိ​ကြောင်း​သ​တင်း​ကို ရ​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​သည်​သူ့​အား​အ​ရှင့်​ထံ သို့​ချက်​ချင်း​စေ​လွှတ်​လိုက်​ပါ​၏။ တ​ရား​လို များ​အား​လည်း​မိ​မိ​တို့​၏​အ​မှု​ကို​အ​ရှင့် ရှေ့​တော်​တွင် လျှောက်​လဲ​ကြ​ရန်​ညွှန်​ကြား လိုက်​ပါ​သည်။ အ​ရှင်​ကျန်း​မာ​ပါ​စေ​သော'' ဟူ​၍​ပါ​ရှိ​၏။
ACT 23:31 စစ်​သား​တို့​သည်​တပ်​မှူး​၏​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​ပေါ​လု​ကို​ခေါ် ၍​ထို​ည​၌​ပင်​အန္တိ​ပ​တ​ရိ​မြို့​အ​ထိ​ပို့ ဆောင်​ကြ​၏။-
ACT 23:32 နောက်​တစ်​နေ့​၌​ခြေ​လျင်​တပ်​သား​များ​သည် ရဲ​တိုက်​သို့​ပြန်​လာ​ခဲ့​ကြ​၏။ မြင်း​တပ်​သား များ​သည်​ပေါ​လု​နှင့်​အ​တူ​ဆက်​လက်​ခ​ရီး ပြု​ရန်​ဖြစ်​၏။-
ACT 23:33 မြင်း​တပ်​သား​များ​သည်​ကဲ​သ​ရိ​မြို့​သို့​ရောက် သော​အ​ခါ တပ်​မှူး​၏​စာ​ကို​ဘု​ရင်​ခံ​မင်း​အား ပေး​ဆက်​ကာ​ပေါ​လု​ကို​ရှေ့​တော်​သို့​သွင်း ကြ​၏။-
ACT 23:34 ဘု​ရင်​ခံ​မင်း​သည်​စာ​ကို​ဖတ်​ပြီး​နောက် ``သင် သည်​အ​ဘယ်​ပြည်​သား​ဖြစ်​သ​နည်း'' ဟု​ပေါ​လု အား​မေး​၏။ ကိ​လိ​ကိ​ပြည်​သား​ဖြစ်​ကြောင်း​ကို ကြား​သိ​သော​အ​ခါ၊-
ACT 23:35 ဘု​ရင်​ခံ​မင်း​က ``ဤ​အ​ရပ်​သို့​သင်​၏​တ​ရား လို​များ​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ သင်​၏ အ​မှု​ကို​ငါ​စစ်​ဆေး​မည်'' ဟု​ဆို​၏။ ထို​နောက် ပေါ​လု​အား​ဟေ​ရုဒ်​မင်း​ကြီး​ဆောက်​လုပ်​ခဲ့ သော​နန်း​တော်​တွင်​အ​စောင့်​အ​ကြပ်​နှင့်​ထား ရန်​အ​မိန့်​ပေး​လေ​သည်။
ACT 24:1 နောက်​ငါး​ရက်​ကြာ​သော​အ​ခါ​ယဇ်​ပု​ရော​ဟိတ် မင်း​အာ​န​နိ​သည် ဘာ​သာ​ရေး​ခေါင်း​ဆောင်​အ​ချို့ တို့​လိုက်​ပါ​လျက် တေ​ရ​တု​လု​နာ​မည်​ရှိ​သော ရှေ့​နေ​နှင့်​အ​တူ​ကဲ​သ​ရိ​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​သူ​တို့​သည်​ဘု​ရင်​ခံ​ဖေ​လဇ်​၏​ရှေ့​တော်​သို့ ဝင်​၍​ပေါ​လု​အ​ကြောင်း​နှင့်​ပတ်​သက်​၍​စွဲ​ချက် တင်​ကြ​၏။-
ACT 24:2 ဘု​ရင်​ခံ​မင်း​သည်​ပေါ​လု​ကို​ရှေ့​တော်​သို့​ခေါ် ယူ​ပြီး​သော​အ​ခါ ရှေ့​နေ​တေ​ရ​တု​လု​က ``အ​ရှင် ဖေ​လဇ်​မင်း၊ အ​ရှင်​၏​အ​မြော်​အ​မြင်​ကြီး​မှု ကြောင့် အ​ကျွန်ုပ်​တို့​သည်​အ​လွန်​အေး​ချမ်း​သာ ယာ​စွာ​နေ​ထိုင်​နိုင်​ကြ​ပါ​၏။ အ​ရှင်​သည် အ​ကျွန်ုပ်​တို့​၏​တိုင်း​ပြည်​အ​ကျိုး​အ​တွက် လို​အပ်​သော​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​မှု များ​ကို​ပြု​လုပ်​ပေး​လျက်​ရှိ​ပါ​၏။-
ACT 24:3 ဤ​ဆောင်​ရွက်​ချက်​များ​ကို​အ​ကျွန်ုပ်​တို့​သည် အ​ရပ်​တ​ကာ​တွင် အ​ခါ​ခပ်​သိမ်း​အ​ထူး ကျေး​ဇူး​တင်​စွာ​ဖြင့်​ကြို​ဆို​ကြ​ပါ​၏။-
ACT 24:4 အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​ချိန်​ကို​များ​စွာ မ​ယူ​လို​ပါ။ သို့​ဖြစ်​၍​အ​ကျဉ်း​ချုပ်​အား​ဖြင့် အ​ကျွန်ုပ်​တို့​လျှောက်​လဲ​သည်​ကို​နား​ထောင် ပါ​ရန်​ပန်​ကြား​ပါ​၏။-
ACT 24:5 ဤ​သူ​သည်​အ​နှောင့်​အ​ယှက်​အ​လွန်​ပေး​တတ် သူ၊ တိုင်း​ပြည်​အ​တွက်​အန္တ​ရာယ်​ရှိ​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​သည်။ သူ​သည်​ကမ္ဘာ အ​ရပ်​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့ ကို ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပေး ပါ​၏။ နာ​ဇ​ရက်​ဂိုဏ်း​သား​တို့​၏​ခေါင်း​ဆောင် တစ်​ယောက်​ဖြစ်​ပါ​၏။-
ACT 24:6 ဗိ​မာန်​တော်​ကို​လည်း​ညစ်​ညမ်း​စေ​ရန်​ကြိုး​စား အား​ထုတ်​သ​ဖြင့် သူ့​အား​အ​ကျွန်ုပ်​တို့​ဖမ်း​ဆီး ခဲ့​ကြ​ပါ​၏။ (သူ့​အား​အ​ကျွန်ုပ်​တို့​သည်​ပ​ညတ် တ​ရား​အ​ရ​စစ်​ဆေး​စီ​ရင်​ရန်​အ​လို​ရှိ​သော် လည်း၊-
ACT 24:7 တပ်​မှူး​လု​သိ​သည်​လာ​၍​အ​ကျွန်ုပ်​တို့​လက် မှ​အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ယူ​သွား​ပါ​၏။-
ACT 24:8 သူ့​အား​ပြစ်​တင်​ပြော​ဆို​သူ​တို့​ကို​လည်း​အ​ရှင် ၏​ထံ​သို့​လာ​ကြ​ရန်​အ​မိန့်​ပေး​ခဲ့​ပါ​၏။) အ​ရှင်​ကိုယ်​တိုင်​သူ့​အား​စစ်​ဆေး​မေး​မြန်း​ကြည့် ပါ​လျှင်​သူ့​အား​အ​ကျွန်ုပ်​တို့​စွပ်​စွဲ​သည့်​အ​ချက် အား​လုံး​ကို​ကြား​သိ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။-
ACT 24:9 ယု​ဒ​အ​မျိုး​သား​တို့​က​လည်း ``ဤ​စ​ကား​များ သည်​ဟုတ်​မှန်​ပါ​၏'' ဟု​ဆို​ကာ​ပေါ​လု​ကို​ဝိုင်း ၍​စွပ်​စွဲ​ပြော​ဆို​ကြ​လေ​သည်။
ACT 24:10 ဘု​ရင်​ခံ​မင်း​သည်​လက်​ရိပ်​ပြ​၍​ပေါ​လု​အား တင်​လျှောက်​ခွင့်​ပြု​သော​အ​ခါ​ပေါ​လု​က၊ ``အ​ရှင်​သည်​ဤ​လူ​မျိုး​အ​ပေါ်​၌​နှစ်​ပေါင်း များ​စွာ တ​ရား​စီ​ရင်​လျက်​နေ​ခဲ့​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​၏။ ထို့​ကြောင့်​အ​ကျွန်ုပ်​မှာ​အ​ပြစ် မ​ရှိ​ကြောင်း​ကို အ​ရှင်​အား​လျှောက်​လဲ​ရ​သည့် အ​တွက်​ဝမ်း​မြောက်​ပါ​၏။-
ACT 24:11 အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ဘု​ရား သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​သွား​ရောက်​ခဲ့ သည်​မှာ​တစ်​ဆယ့်​နှစ်​ရက်​မျှ​သာ​ရှိ​ပါ​သေး သည်။ ဤ​အ​ချက်​များ​ကို​အ​ရှင်​စုံ​စမ်း​သိ ရှိ​နိုင်​ပါ​၏။-
ACT 24:12 ဗိ​မာန်​တော်​တွင်​ဖြစ်​စေ၊ တ​ရား​ဇ​ရပ်​များ တွင်​ဖြစ်​စေ၊ မြို့​ထဲ​တွင်​ဖြစ်​စေ​လူ​တို့​ဆူ​ပူ လှုပ်​ရှား​အောင် အ​ကျွန်ုပ်​လှုံ့​ဆော်​ပေး​သည် ကို​ယု​ဒ​အ​မျိုး​သား​တို့​မ​တွေ့​မ​ရှိ​ခဲ့ ကြ​ပါ။-
ACT 24:13 ယ​ခု​အ​ကျွန်ုပ်​အား​စွပ်​စွဲ​ပြော​ဆို​ကြ​သည့် အ​ချက်​များ​ကို သူ​တို့​သည်​သက်​သေ​မ​ပြ နိုင်​ကြ​ပါ။-
ACT 24:14 သို့​သော်​လည်း​ထို​သူ​တို့​က​လွဲ​မှား​သည်​ဟု ယူ​ဆ​သည့်​လမ်း​စဉ်​တော်​အ​ရ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ် ကြောင်း​ကို​မူ​အ​ရှင်​အား​ဝန်​ခံ​ပါ​၏။ သို့​ရာ တွင်​အ​ကျွန်ုပ်​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော်​ပြ​ပါ​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ယုံ​ကြည်​ပါ​သည်။-
ACT 24:15 အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ကို​အား​ကိုး မျှော်​လင့်​သူ​ဖြစ်​၍ လူ​ဆိုး​လူ​ကောင်း​မ​ရွေး လူ​ခပ်​သိမ်း​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။-
ACT 24:16 သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ရှေ့​လူ တို့​ရှေ့​တွင် မိ​မိ​၏​သြတ္တပ္ပ​စိတ်​ကြည်​လင်​မှု​ရှိ စေ​ရန်​အ​စဉ်​အ​မြဲ​အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ပါ​၏။
ACT 24:17 ``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ ၍​နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​နောက် မိ​မိ​၏ အ​မျိုး​သား​ချင်း​များ​အ​တွက်​အ​လှူ​ငွေ ယူ​ဆောင်​လာ​ရန်​အ​တွက်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ပူ​ဇော်​သ​ကာ​ဆက်​သ​ရန်​အ​တွက် လည်း​ကောင်း​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​၏။-
ACT 24:18 ဗိ​မာန်​တော်​ထဲ​တွင်​အ​ကျွန်ုပ်​သည်​သန့်​စင် ခြင်း​မင်္ဂ​လာ​ကို​ပြု​ပြီး​နောက်​ပူ​ဇော်​သကာ ဆက်​သ​နေ​ချိန်​၌ ထို​သူ​တို့​သည်​အ​ကျွန်ုပ် ကို​တွေ့​မြင်​ကြ​ပါ​၏။ ထို​အ​ခါ​လူ​ပ​ရိ သတ်​များ​မ​ရှိ​ပါ။ ရုန်း​ရင်း​ဆန်​ခတ်​လည်း မ​ဖြစ်​ပါ။-
ACT 24:19 သို့​ရာ​တွင်​ထို​နေ​ရာ​တွင်​အာ​ရှ​နယ်​မှ​လာ သော​ယု​ဒ​အ​မျိုး​သား​အ​ချို့​ရှိ​ပါ​၏။ အ​ကျွန်ုပ် အား​စွပ်​စွဲ​ပြော​ဆို​စ​ရာ​ရှိ​လျှင်​သူ​တို့​ကိုယ် တိုင်​ဤ​အ​ရပ်​သို့​လာ​၍၊-
ACT 24:20 အ​ကျွန်ုပ်​ကူး​လွန်​သော​အ​ပြစ်​ကို​အ​ရှင့်​ထံ တွင်​ဖော်​ပြ​စွပ်​စွဲ​သင့်​ပါ​၏။-
ACT 24:21 ထို​သို့​မ​ဟုတ်​လျှင်​လည်း​အ​ကျွန်ုပ်​သည် တ​ရား​လွှတ်​တော်​အ​ဖွဲ့​ရှေ့​တွင် ချေ​ပ​လျှောက် လဲ​နေ​စဉ်​အ​ခါ​က `အ​ကျွန်ုပ်​သည်​သူ​သေ တို့​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ကို​မျှော် လင့်​သူ​ဖြစ်​သ​ဖြင့် ယ​နေ့​သင်​တို့​ရှေ့​တွင် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ပါ​၏' ဟူ​၍​ကြွေး ကြော်​ခဲ့​သည့်​စ​ကား​ရပ်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​ပြစ်​မှု​ရှိ​ကြောင်း​ဤ​သူ​တို့​ဖော်​ပြ ကြ​ပါ​စေ'' ဟု​လျှောက်​လေ​၏။
ACT 24:22 ဖေ​လဇ်​သည်​လမ်း​စဉ်​တော်​အ​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​ထား​သူ​ဖြစ်​သ​ဖြင့် အ​မှု စစ်​ဆေး​ကြား​နာ​မှု​ကို​ထို​အ​ချိန်​၌​ရပ် နား​လိုက်​၏။ သူ​က ``တပ်​မှူး​လု​သိ ရောက်​ရှိ​လာ​သော​အ​ခါ​မှ​သင်​တို့​အ​မှု ကို​ငါ​စီ​ရင်​ချက်​ချ​မှတ်​မည်'' ဟု​ဆို​၏။-
ACT 24:23 ပေါ​လု​ကို​အ​စောင့်​အ​ကြပ်​နှင့်​အ​ကျယ်​ချုပ် ထား​ကာ သူ​၏​မိတ်​ဆွေ​သင်္ဂ​ဟ​များ​လာ​ရောက် ပြု​စု​သည်​ကို​ခွင့်​ပြု​ရန်​တပ်​ခွဲ​မှူး​အား​အ​မိန့် ပေး​၏။
ACT 24:24 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖေ​လဇ်​သည် မိ​မိ​၏​ဇ​နီး​ဒြု​သိ​လေ​နှင့်​အ​တူ​လာ​ရောက်​၏။ ဒြု​သိ​လေ​ကား​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​၏။ ဖေ​လဇ် သည်​ပေါ​လု​ကို​အ​ခေါ်​ခိုင်း​ပြီး​လျှင် ခ​ရစ်​တော် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​နှင့်​ပတ်​သက်​၍ ပေါ​လု ဟော​ပြော​သော​တ​ရား​စ​ကား​များ​ကို​ကြား နာ​လေ​သည်။-
ACT 24:25 သို့​ရာ​တွင်​ပေါ​လု​သည်​ကောင်း​မြတ်​ခြင်း အ​ကြောင်း​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ သက်​ရောက်​လတ္တံ့ သော​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် အ​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​သော အ​ခါ​ဖေ​လဇ်​သည်​ကြောက်​လန့်​သ​ဖြင့် ``ယ​ခု သင်​သွား​နိုင်​ပြီ။ နောင်​အ​ခွင့်​ကြုံ​သည့်​အ​ခါ သင့်​ကို​ငါ​ခေါ်​ဦး​မည်'' ဟု​ဆို​၏။-
ACT 24:26 ဖေလဇ်​သည်​မိ​မိ​အား​ပေါ​လု​လာဘ်​ထိုး​လိမ့် မည်​ဟု​မျှော်​လင့်​ကာ သူ့​အား​မ​ကြာ​မ​ကြာ ခေါ်​၍​စ​ကား​ပြော​လေ​၏။
ACT 24:27 နောက်​နှစ်​နှစ်​မျှ​ကြာ​သော်​ဖေ​လဇ်​၏​ဘု​ရင်​ခံ ရာ​ထူး​ကို​ပေါ​ကိ​ဖေတ္တု​ဆက်​ခံ​ရ​၏။ ဖေ​လဇ် သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​မှ​မျက်​နှာ​ရ လို​သ​ဖြင့် ပေါ​လု​အား​ဆက်​လက်​၍​အ​ကျဉ်း ချ​ထား​ခဲ့​၏။
ACT 25:1 ဖေတ္တု​သည်​ထို​နယ်​သို့​ရောက်​၍​သုံး​ရက်​ကြာ သော​အ​ခါ ကဲ​သ​ရိ​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​တက်​သွား​၏။-
ACT 25:2 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် ပြစ်​မှု​အ​မျိုး​မျိုး ကို​ပေါ​လု​ကူး​လွန်​ခဲ့​ကြောင်း​ဖေတ္တု​အား စွဲ​ချက်​တင်​ကြ​၏။-
ACT 25:3 သူ​တို့​သည်​ပေါ​လု​ကို​လမ်း​တွင်​ချောင်း​မြောင်း ၍​သတ်​ရန် လျှို့​ဝှက်​ကြံ​စည်​ထား​ကြ​ပြီး​ဖြစ် ပေ​သည်။ သို့​ဖြစ်​၍​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု သည့်​အ​နေ​ဖြင့် ပေါ​လု​ကို​ယေ​ရု​ရှ​လင်​မြို့ သို့​ခေါ်​ဆောင်​ပေး​ရန်​ဖေတ္တု​အား​မေတ္တာ​ရပ်​ခံ ကြ​၏။-
ACT 25:4 ဖေတ္တု​က ``ပေါ​လု​အား​အ​စောင့်​အ​ကြပ်​နှင့် ကဲ​သ​ရိ​မြို့​တွင်​ထား​ရှိ​၏။ ငါ​ကိုယ်​တိုင် ထို​မြို့​သို့​မ​ကြာ​မီ​သွား​မည်။-
ACT 25:5 သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​ငါ​နှင့်​အ​တူ လိုက်​၍ ပေါ​လု​၌​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​လျှင် စွပ်​စွဲ​ချက်​များ​ကို​ငါ့​ထံ​တင်​ပြ​ကြ​ပါ​စေ'' ဟု​ဆို​၏။
ACT 25:6 ဘု​ရင်​ခံ​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ် ရက်​ဆယ်​ရက်​နေ​ပြီး​နောက် ကဲ​သ​ရိ​မြို့​သို့ ထွက်​ခွာ​သွား​လေ​သည်။ နောက်​တစ်​နေ့​၌ တ​ရား​ခွင်​တွင်​ထိုင်​ကာ​ပေါ​လု​အား​ခေါ် သွင်း​ရန်​အ​မိန့်​ပေး​၏။-
ACT 25:7 ပေါလု​ရောက်​ရှိ​လာ​သော​အ​ခါ​ယေ​ရု​ရှ​လင် မြို့​မှ လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက်​ကြီး​လေး​သော ပြစ်​မှု​များ​နှင့်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။ သို့ သော်​ခိုင်​လုံ​သော​သက်​သေ​ကို​မ​ပြ​နိုင်​ကြ။-
ACT 25:8 ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ပ​ညတ်​တ​ရား​ကို​ဖြစ်​စေ၊ ဗိ​မာန်​တော် ကို​ဖြစ်​စေ၊ ရော​မ​ဧ​က​ရာဇ်​မင်း​ကို​ဖြစ်​စေ ပြစ်​မှား​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ကူး​လွန် ခဲ့​ပါ'' ဟု​ချေ​ပ​ပြော​ဆို​၏။
ACT 25:9 ဖေတ္တု​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​မှ​မျက် နှာ​ရ​လို​သ​ဖြင့်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​သွား​၍ ငါ​၏​ရှေ့​တွင်​ဤ​စွပ်​စွဲ​ချက်​များ နှင့်​စပ်​လျဉ်း​၍​အ​စစ်​အ​ဆေး​ခံ​ပါ​မည် လော'' ဟု​ပေါ​လု​အား​မေး​၏။
ACT 25:10 ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယ​ခု​ဧ​က​ရာဇ် ဘု​ရင်​တ​ရား​ခွင်​တွင် အ​စစ်​အ​ဆေး​ခံ​နိုင် ခွင့်​ကို​တောင်း​ဆို​ပါ​၏။ အ​ရှင်​အ​မှန်​သိ​တော် မူ​သည်​အ​တိုင်း​အ​ကျွန်ုပ်​သည် ယု​ဒ​အ​မျိုး သား​တို့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား​ခဲ့ ပါ။-
ACT 25:11 အ​ကယ်​၍​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ကာ သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​မိ လျှင် အ​ကျွန်ုပ်​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​မည်​မ​ဟုတ်​ပါ။ သို့​သော်​ထို​သူ တို့​စွပ်​စွဲ​ချက်​များ​သည်​အ​ခြေ​အ​မြစ်​မ​ရှိ ပါ​လျှင် မည်​သူ​မျှ​အ​ကျွန်ုပ်​အား​သူ​တို့​၏ လက်​သို့​ပေး​အပ်​နိုင်​မည်​မ​ဟုတ်​ပါ။ အ​ကျွန်ုပ် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ပါ​၏'' ဟု လျှောက်​၏။
ACT 25:12 ထို​အ​ခါ​ဖေတ္တု​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် ``သင် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​သ​ဖြင့် ဧ​က​ရာဇ်​ဘု​ရင်​ထံ​သို့​သွား​ရ​မည်'' ဟု ဆို​၏။
ACT 25:13 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ် တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​နေ​သော ဘု​ရင်​ခံ​ဖေတ္တု​အား​နှုတ်​ဆက်​ရန် ကဲ​သ​ရိ မြို့​သို့​လာ​ကြ​၏။-
ACT 25:14 ထို​မြို့​တွင်​ရက်​အ​တော်​ကြာ​မျှ​တည်း​ခို​နေ ကြ​စဉ် ဖေတ္တု​သည်​ပေါ​လု​၏​အ​မှု​ကို​မင်း​ကြီး အား​ပြော​ပြ​၏။ ဖေတ္တု​က ``ဤ​အ​ရပ်​တွင်​ဖေ လဇ်​အ​ကျဉ်း​ချ​ထား​ခဲ့​သည့်​လူ​တစ်​ယောက် ရှိ​ပါ​၏။-
ACT 25:15 ကျွန်ုပ်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​စဉ်​အ​ခါ​က ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် ကျွန်ုပ်​အား​ထို​သူ ကို​စွပ်​စွဲ​ချက်​တင်​ကြ​ပြီး​နောက် သူ့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​တောင်း​ဆို​ကြ​ပါ​၏။-
ACT 25:16 အ​ကျွန်ုပ်​က​တ​ရား​ခံ​တစ်​ယောက်​အား​တ​ရား​လို များ​နှင့်​မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​၍ သူ​တို့​၏​စွပ်​စွဲ ချက်​ကို​ချေ​ပ​ခွင့်​မ​ပေး​ဘဲ​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​မှာ ရော​မ​ဋ္ဌ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း​သူ တို့​အား​ဖြေ​ကြား​ခဲ့​ပါ​၏။-
ACT 25:17 သို့​ဖြစ်​၍​သူ​တို့​သည်​ဤ​မြို့​သို့​လာ​ရောက်​သော အ​ခါ အ​ကျွန်ုပ်​သည်​မ​ဆိုင်း​မ​ငံ့​ဘဲ​နောက်​တစ် နေ့​၌​တ​ရား​ခွင်​မှာ​ထိုင်​၍​ထို​သူ​ကို​အ​ခေါ် ခိုင်း​ပါ​၏။-
ACT 25:18 တ​ရား​လို​များ​သည်​ထ​၍​သူ့​အား​စွပ်​စွဲ​ပြော ဆို​ကြ​သော်​လည်း အ​ကျွန်ုပ်​ထင်​သည့်​ပြစ်​မှု များ​ဖြင့်​မ​ဟုတ်​ပါ။-
ACT 25:19 သူ​တို့​၏​ဘာ​သာ​တ​ရား​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ ယေ​ရှု​ဆို​သူ​အ​ကြောင်း​နှင့်​ပတ်​သက် ၍​လည်း​ကောင်း၊ အ​ငြင်း​ပွား​မှု​သာ​ဖြစ်​ပါ သည်။ ထို​ယေ​ရှု​သည်​သေ​လွန်​သွား​သော်​လည်း အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု​ပေါ​လု​က​ဆို ပါ​သည်။-
ACT 25:20 ထို​ပြ​ဿ​နာ​များ​ကို​ဖြေ​ရှင်း​ရန်​ကျွန်ုပ်​မှာ မ​ကျွမ်း​သ​ဖြင့် ပေါ​လု​အား `သင်​သည်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ပြီး​လျှင် ဤ​စွပ်​စွဲ​ချက်​များ နှင့်​စပ်​လျဉ်း​၍​အ​စစ်​အ​ဆေး​ခံ​လို​ပါ သ​လော' ဟု​မေး​ပါ​၏။-
ACT 25:21 သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​က​ရာဇ်​ဘု​ရင်​မင်း​၏ အ​ဆုံး​အ​ဖြတ်​ကို​သာ​ခံ​ယူ​လို​ကြောင်း​ပြော ပြ​ပါ​သည်။ သူ​သည်​မိ​မိ​အား​အ​ချုပ်​နှင့်​ပင် ထား​ရှိ​၍ ဧ​က​ရာဇ်​မင်း​၏​အ​ဆုံး​အ​ဖြတ်​ကို ခံ​လို​ကြောင်း​ပန်​ကြား​သ​ဖြင့် သူ့​ကို​ဧ​က​ရာဇ် မင်း​ထံ​ပို့​အပ်​ချိန်​အ​ထိ​ချုပ်​ထား​ရန်​အ​မိန့် ပေး​ခဲ့​ပါ​သည်'' ဟု​ဆို​၏။
ACT 25:22 အ​ဂြိပ္ပ​မင်း​က ``ထို​သူ​ပြော​ကြား​သည်​ကို ကျွန်ုပ်​ကိုယ်​တိုင်​ကြား​လို​ပါ​သည်'' ဟု​ဆို လျှင်​ဖေတ္တု​က ``ထို​သူ​ပြော​ကြား​သည်​ကို နက်​ဖြန်​ကြား​ရ​ပါ​စေ​မည်'' ဟု​ဆို​၏။
ACT 25:23 သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌​အ​ဂြိပ္ပ​မင်း​နှင့်​မိ ဖု​ရား​ဗေ​ရ​နိတ်​တို့​သည် ခမ်း​နား​ကြီး​ကျယ် သော​အ​ဆောင်​အ​ယောင်​များ​နှင့်​တ​ကွ​တပ်​မှူး များ၊ မြို့​ပေါ်​ရှိ​ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​များ နှင့်​အ​တူ​ကြွ​လာ​လျက် ညီ​လာ​ခံ​ခန်း​မ​ကြီး သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ​ဖေတ္တု​၏​အ​မိန့် အ​ရ ပေါ​လု​အား​ခေါ်​သွင်း​ကြ​၏။-
ACT 25:24 ဖေတ္တု​က ``အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​ကြွ​ရောက်​လာ သော​သူ​အ​ပေါင်း​တို့၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ဤ မြို့​တွင်​ရှိ​သည့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​က `ဤ​သူ​ကို​အ​ရှင်​မ​ထား​သင့်​ပါ' ဟု ကြွေး​ကြော်​ကာ​ကျွန်ုပ်​ထံ​လျှောက်​ထား​ခဲ့ ကြ​၏။ ထို​သို့​လျှောက်​ထား​ခြင်း​ခံ​ရ​သူ ကား​ဤ​သူ​ပင်​တည်း။-
ACT 25:25 သူ​သည်​သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ကူး​လွန်​ကြောင်း​ကို ကျွန်ုပ် အ​နေ​ဖြင့်​သိ​ပါ​၏။ သို့​ရာ​တွင်​သူ​ကိုယ်​တိုင် က​ဘု​ရင်​ဧ​က​ရာဇ်​မင်း​ထံ​တွင်​အ​ယူ​ခံ ပါ​မည်​ဟု​ဆို​သ​ဖြင့် သူ့​ကို​ဘု​ရင်​မင်း​မြတ် ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ကျွန်ုပ်​ဆုံး​ဖြတ် ခဲ့​ပါ​၏။-
ACT 25:26 သူ​နှင့်​ပတ်​သက်​၍​ဘု​ရင်​ဧ​က​ရာဇ်​မင်း အား တိ​တိ​ကျ​ကျ​သံ​တော်​ဦး​တင်​စ​ရာ အ​ကြောင်း​တစ်​ခု​မျှ​ကျွန်ုပ်​မှာ​မ​ရှိ​ပါ။ ထို့ ကြောင့်​ထို​သူ​အား​သင်​တို့​၏​ရှေ့​သို့​ခေါ် ဆောင်​လာ​ခြင်း​ဖြစ်​ပါ​၏။ အ​ထူး​သ​ဖြင့် အ​ဂြိပ္ပ​မင်း​ကြီး​ရှေ့​တော်​သို့​ခေါ်​ဆောင် လာ​ပါ​၏။ ဤ​သို့​ခေါ်​ဆောင်​လာ​ခြင်း​မှာ သူ့​အား​မင်း​ကြီး​စစ်​ဆေး​မေး​မြန်း​ပြီး သော​အ​ခါ ကျွန်ုပ်​အ​စီ​ရင်​ခံ​စာ​ရေး​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ​နိုင်​မည် ပင်​ဖြစ်​ပါ​သည်။-
ACT 25:27 စွဲ​ချက်​တစ်​စုံ​တစ်​ရာ​ကို​မ​ဖော်​ပြ​ဘဲ အ​ကျဉ်း​သား​တစ်​ယောက်​ကို​စေ​လွှတ်​သော် မ​လျော်​မ​သင့်​ဖြစ်​မည်​ကျွန်ုပ်​ထင်​ပါ​သည်'' ဟု​ဆို​၏။
ACT 26:1 အ​ဂြိပ္ပ​မင်း​ကြီး​က ``သင်​လျှောက်​ထား​နိုင် သည်'' ဟု​ပေါ​လု​အား​ဆို​သော် ပေါ​လု​သည် လက်​ကို​ဆန့်​၍၊-
ACT 26:2 ``အ​ရှင်​အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​အား​ယု​ဒ အ​မျိုး​သား​တို့​စွပ်​စွဲ​ချက်​များ​နှင့်​ပတ်​သက် ၍ အ​ရှင်​၏​ရှေ့​တော်​တွင်​လျှောက်​လဲ​ချေ​ပ​ရ သည်​မှာ အ​ကျွန်ုပ်​အ​ဖို့​ထူး​မြတ်​သော​အ​ခွင့် အ​ရေး​ပင်​ဖြစ်​သည်​ဟု​ယူ​ဆ​ပါ​၏။-
ACT 26:3 အ​ရှင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့ ထုံး​စံ​များ​နှင့် အ​ငြင်း​ပွား​တတ်​သည့်​ပြ​ဿ နာ​များ​ကို​သိ​ရှိ​သူ​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​လျှောက်​ထား​ချက်​ကို​စိတ်​ရှည်​လျက် နား​ထောင်​တော်​မူ​ပါ။''
ACT 26:4 ``အ​ကျွန်ုပ်​သည်​ပျို​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ဦး​စွာ မိ​မိ​၏​ဇာ​တိ​ပြည်​ရွာ​တွင်​လည်း​ကောင်း ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​လည်း​ကောင်း မည်​သို့​ပြု​မူ​နေ​ထိုင်​ခဲ့​သည်​ကို​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။-
ACT 26:5 အ​ကျွန်ုပ်​ကို​သူ​တို့​သိ​ကြ​သည်​မှာ​ကြာ ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ယု​ဒ​ဘာ​သာ​တွင် အ​ကျပ်​တည်း​ဆုံး​သော​စည်း​မျဉ်း​များ​ကို လိုက်​နာ​ကျင့်​သုံး​သည့်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင် တစ်​ယောက်​အ​နေ​ဖြင့်​နေ​ထိုင်​ပြု​မူ​ခဲ့ ကြောင်း​ကို ထို​သူ​တို့​သက်​သေ​ခံ​လို​က ခံ​နိုင်​ကြ​ပါ​၏။-
ACT 26:6 ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​အား​ထား​တော်​မူ​သည့်​က​တိ​တော်​ကို အ​ကျွန်ုပ်​မျှော်​လင့်​စောင့်​စား​သည့်​အ​တွက် ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​အ​စစ်​အ​ဆေး ခံ​နေ​ရ​ပါ​၏။-
ACT 26:7 ထို​က​တိ​တော်​ကား​ယု​ဒ​အ​မျိုး​အ​နွယ် တစ်​ဆယ့်​နှစ်​ပါး​တို့​သည် နေ့​ည​မ​ပြတ် ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လျက် မျှော်​လင့်​စောင့်​စား​နေ​ကြ​သည့်​က​တိ တော်​ပင်​ဖြစ်​ပါ​၏။ အ​ရှင်​မင်း​ကြီး၊ ဤ သို့​မျှော်​လင့်​စောင့်​စား​ခြင်း​ကြောင့် အ​ကျွန်ုပ် အား​ယု​ဒ​အ​မျိုး​သား​တို့​စွပ်​စွဲ​ပြော​ဆို ကြ​ခြင်း​ဖြစ်​ပါ​၏။-
ACT 26:8 သူ​သေ​တို့​ကို​ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သည်​ကို ဤ​တွင်​ရှိ​နေ​သူ တို့​အ​ဘယ်​ကြောင့်​မ​ယုံ​နိုင်​ကြ​ပါ​သ​နည်း။''
ACT 26:9 ``အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​လျှင် နာ​ဇ​ရက်​မြို့ သား​ယေ​ရှု​၏​နာ​မ​တော်​နှင့်​ဆန့်​ကျင်​သည့် အ​မှု​များ​ကို​ပြု​သင့်​သည်​ဟု​ယူ​ဆ​ခဲ့​ပါ​၏။-
ACT 26:10 ယေ​ရု​ရှ​လင်​မြို့​တွင်​ထို​သို့​ပြု​ခဲ့​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​မိန့်​အာ​ဏာ ဖြင့် ယုံ​ကြည်​သူ​အ​မြောက်​အ​မြား​ကို​ထောင် သွင်း​၍​အ​ကျဉ်း​ထား​ခဲ့​ပါ​၏။ သူ​တို့​အား သေ​ဒဏ်​စီ​ရင်​ချိန်​၌​လည်း အ​ကျွန်ုပ်​သ​ဘော တူ​မဲ​ဆန္ဒ​ပေး​ခဲ့​ပါ​၏။-
ACT 26:11 တ​ရား​ဇ​ရပ်​များ​တွင်​သူ​တို့​အား​ကြိမ်​ဖန် များ​စွာ​အ​ပြစ်​ဒဏ်​ပေး​စေ​ပြီး​လျှင် သူ​တို့ ၏​အ​ယူ​ဝါ​ဒ​ကို​စွန့်​လွှတ်​ကြ​စေ​ရန်​ကြိုး စား​ဆောင်​ရွက်​ခဲ့​ပါ​၏။ သူ​တို့​အ​ပေါ်​၌ ဒေါ​သ​စိတ်​မွှန်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည် နိုင်​ငံ​ရပ်​ခြား​မြို့​များ​သို့​ပင်​သွား​ရောက် ၍​သူ​တို့​ကို​ညှဉ်း​ဆဲ​ခဲ့​ပါ​၏။''
ACT 26:12 ``ဤ​ရည်​ရွယ်​ချက်​ဖြင့်​အ​ကျွန်ုပ်​သည်​ယဇ် ပု​ရော​ဟိတ်​ကြီး​များ​ထံ​မှ အ​ခွင့်​အာ​ဏာ​ရ ယူ​၍​ဒ​မာ​သက်​မြို့​သို့​သွား​ပါ​၏။ သို့​သွား လျက်​နေ​စဉ်၊-
ACT 26:13 မွန်း​တည့်​ချိန်​၌​ကောင်း​ကင်​မှ​နေ​ရောင်​ထက် ပင် ထွန်း​လင်း​တောက်​ပ​သည့်​အ​လင်း​ရောင်​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​၏။-
ACT 26:14 ထို​အ​ခါ​အ​ကျွန်ုပ်​တို့​အား​လုံး​ပင်​မြေ​ပေါ် သို့​လဲ​ကျ​ကြ​ပါ​၏။ ထို​နောက်​ဟေ​ဗြဲ​ဘာ​သာ စ​ကား​ဖြင့်`ရှော​လု၊ ရှော​လု၊ သင်​အ​ဘယ်​ကြောင့် ငါ့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့်​ကျောက်​လျှင် သင်​သာ​လျှင်​နာ​ကျင် လိမ့်​မည်' ဟူ​သော​အ​သံ​ကို​အ​ကျွန်ုပ်​ကြား ပါ​၏။-
ACT 26:15 ထို​အ​ခါ​အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ရှင်​သည် အ​ဘယ်​သူ​ဖြစ်​ပါ​သ​နည်း' ဟု​မေး​လျှောက် ပါ​၏။ ထို​အ​ရှင်​က `ငါ​ကား​သင်​နှိပ်​စက်​ညှဉ်း ဆဲ​နေ​သည့်​ယေ​ရှု​တည်း။-
ACT 26:16 သို့​ရာ​တွင်​ယ​ခု​ထ​၍​မတ်​တပ်​ရပ်​လော့။ သင့် အား​ငါ​၏​အ​မှု​တော်​ဆောင်​အ​ဖြစ်​ခန့်​ထား​ရန် သင်​၏​ထံ​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏။ ယ​နေ့ သင်​မြင်​ရ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း နှင့် နောင်​အ​ခါ​ငါ​ဖော်​ပြ​လတ္တံ့​သော​အ​ကြောင်း အ​ရာ​တို့​ကို​သင်​သည်​သူ​တစ်​ပါး​တို့​အား သက်​သေ​ခံ​ရ​မည်။-
ACT 26:17 ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​လက်​မှ​လည်း​ကောင်း၊ ငါ​စေ​လွှတ်​၍​သင် သွား​ရောက်​ဟော​ပြော​မည့်​လူ​မျိုး​ခြား​တို့ ၏​လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​မည်။-
ACT 26:18 သင်​သည်​လူ​မျိုး​ခြား​တို့​၏​မျက်​စိ​ကို​ဖွင့် ပေး​ရ​မည်။ သူ​တို့​အား​အ​မှောင်​မှ​အ​လင်း သို့​ကူး​မြောက်​စေ​၍ စာ​တန်​အာ​ဏာ​စက်​မှ ဘု​ရား​သ​ခင်​၏​အာ​ဏာ​စက်​သို့​ကူး​ပြောင်း စေ​ရ​မည်။ ထို​သူ​တို့​သည်​ငါ့​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့်​အ​ပြစ်​များ​ပြေ​လွတ်​လျက် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​လူ​စု​တော် တွင်​အ​ပါ​အ​ဝင်​ဖြစ်​ရ​လိမ့်​မည်' ဟု​မိန့် တော်​မူ​ပါ​၏။''
ACT 26:19 ``အ​ရှင်​အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​ကောင်း ကင်​မှ​ရ​ရှိ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မ​လွန်​ဆန် နိုင်​ပါ။ `သင်​တို့​သည်​နောင်​တ​ရ​၍​ဘု​ရား​သ​ခင် ထံ​ပြောင်း​လဲ​ရ​ကြ​မည်။ နောင်​တ​နှင့်​လျော်​ကန် သည့်​အ​ကျင့်​ကို​ကျင့်​ရ​ကြ​မည်' ဟု၊-
ACT 26:20 ဦး​စွာ​ဒ​မာ​သက်​မြို့၊ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့ မှ​စ​၍ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ရှိ​လူ​တို့​အား လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​အား​လည်း​ကောင်း အ​ကျွန်ုပ်​ဟော​ပြော​ပါ​၏။-
ACT 26:21 ထို့​ကြောင့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ် ကို​ဗိ​မာန်​တော်​ထဲ​တွင်​ဖမ်း​ဆီး​၍​သတ်​ရန် ကြိုး​စား​ကြ​ပါ​၏။-
ACT 26:22 သို့​သော်​ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​ကို​မ​စ တော်​မူ​သ​ဖြင့် ယ​နေ့​တိုင်​အောင်​အ​ကျွန်ုပ်​သည် အ​သက်​ရှင်​၍​ယုတ်​မြတ်​မ​ဟူ​လူ​အ​ပေါင်း​တို့ အား​သက်​သေ​ခံ​လျက်​ရှိ​ပါ​၏။ မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သေ​ခြင်း​မှ​အ​ဦး​ထ​မြောက် တော်​မူ​ပြီး​လျှင် ဣသ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​လူ​မျိုး​ခြား​တို့​အား ကယ်​တင်​ခြင်း အ​လင်း​တ​ရား​တော်​ကို​ကြေ​ညာ​တော်​မူ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မော​ရှေ​နှင့်​ပ​ရော ဖက်​များ​ဟော​ကြား​ခဲ့​သည့်​အ​တိုင်း​အ​ကျွန်ုပ် သည်​ဟော​ပြော​ပါ​၏'' ဟု​ချေ​ပ​လျှောက် ထား​၏။
ACT 26:24 ဤ​သို့​လျှောက်​လျက်​နေ​စဉ်​ဖေတ္တု​က ``ပေါ​လု၊ သင်​သည်​ရူး​သွပ်​လေ​ပြီ။ အ​တတ်​လွန်​ကဲ​၍ သူ​ရူး​ဖြစ်​လေ​ပြီ​တ​ကား'' ဟု​အော်​၍​ပြော ၏။
ACT 26:25 ပေါ​လု​က ``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် သူ​ရူး​မ​ဟုတ်​ပါ။ အ​ရှင့်​အား​လေး​နက်​သော အ​မှန်​တ​ရား​ကို​လျှောက်​ထား​ခြင်း​ဖြစ်​ပါ​၏။-
ACT 26:26 အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ ထို​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​အ​ရှင်​သိ​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော်​တွင်​ရဲ​ဝံ့​စွာ လျှောက်​ထား​ခြင်း​ဖြစ်​ပါ​သည်။ ထို​အ​မှု​အ​ရာ များ​သည်​ချောင်​ကြို​ချောင်​ကြား​တွင်​ဖြစ်​ပျက် ခဲ့​သည်​မ​ဟုတ်​ပါ။ ယင်း​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​ကို​အ​ရှင်​မင်း​ကြီး​သိ​တော်​မူ ပြီး​ဖြစ်​သည်​ဟု​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။-
ACT 26:27 အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ အ​ရှင်​သည်​ပ​ရော ဖက်​ကျမ်း​များ​ကို​ယုံ​ကြည်​တော်​မူ​ပါ သ​လော။ အ​ရှင်​ယုံ​ကြည်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏'' ဟု​လျှောက်​၏။
ACT 26:28 အ​ဂြိပ္ပ​မင်း​က ``သင်​သည်​ဤ​မျှ​တို​တောင်း သည့်​အ​ချိန်​၌ ငါ့​ကို​ခ​ရစ်​ယာန်​ဖြစ်​စေ​နိုင် မည်​ဟု​ထင်​မှတ်​ပါ​သ​လော'' ဟု​ဆို​၏။
ACT 26:29 ပေါ​လု​က ``အ​ချိန်​တို​သည်​ကြာ​သည်​မှာ ပ​ဋ္ဌာ​န​မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယ​နေ့​အ​ကျွန်ုပ်​ပြော​ဆို​သည်​ကို နား​ထောင် လျက်​ရှိ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် ဤ အ​နှောင်​အ​ဖွဲ့​ခံ​ရ​မှု​မှ​လွဲ​၍​အ​ကျွန်ုပ်​ကဲ့ သို့​ပင်​ဖြစ်​လာ​ကြ​စေ​ရန် ဘု​ရား​သ​ခင် ထံ​တော်​သို့​အ​ကျွန်ုပ်​ဆု​တောင်း​ပါ​၏'' ဟု လျှောက်​လေ​သည်။
ACT 26:30 ထို​အ​ခါ​မင်း​ကြီး​နှင့်​ဘု​ရင်​ခံ​တို့​သည် မိ ဖု​ရား​ဗေ​ရ​နိတ်​နှင့်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့ နှင့်​တ​ကွ​နေ​ရာ​မှ​ထ​ကြ​၏။-
ACT 26:31 သူ​တို့​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​ပြီး နောက် ``ဤ​သူ​သည်​သေ​ဒဏ်​သို့​မ​ဟုတ်​ထောင် ဒဏ်​ခံ​ထိုက်​သည့်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ကူး​လွန်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
ACT 26:32 အ​ဂြိပ္ပ​မင်း​က ``အ​ကယ်​၍​ဤ​သူ​သည်​ကဲ​သာ ဘု​ရင်​ထံ​သို့​အ​ယူ​ခံ​ဝင်​ရန်​မ​လျှောက်​ထား ခဲ့​ပါ​မူ​သူ့​ကို​လွှတ်​ပစ်​နိုင်​၏'' ဟု​ဖေတ္တု အား​ပြော​၏။
ACT 27:1 ဖေတ္တု​သည်​ကျွန်ုပ်​တို့​ကို​ဣ​တ​လိ​ပြည်​သို့ သင်္ဘော​ဖြင့်​ပို့​ရန်​ဆုံး​ဖြတ်​ပြီး​နောက် ပေါ​လု နှင့်​အ​ခြား​အ​ကျဉ်း​သား​အ​ချို့​တို့​ကို ဧ​က ရာဇ်​မင်း​တပ်​တော်​ဟု​ခေါ်​သော​တစ်​ထောင်​တပ် မှ​တပ်​မှူး​ယု​လ​လက်​သို့​ပေး​အပ်​လိုက်​၏။-
ACT 27:2 ကျွန်ုပ်​တို့​သည်​အာ​ရှ​နယ်​ကမ်း​ခြေ​တစ်​လျှောက် ရှိ​သော သင်္ဘော​ဆိပ်​မြို့​များ​သို့​သွား​မည့်​ဆဲ​ဆဲ ဖြစ်​သော​သင်္ဘော​တစ်​စင်း​ပေါ်​သို့​တက်​၍​ရွက် လွှင့်​ကြ​၏။ ထို​သင်္ဘော​သည်​အာ​ဒြ​မုတ္တိ​မြို့​မှ လာ​သော​သင်္ဘော​ဖြစ်​၏။ မာ​ကေ​ဒေါ​နိ​ပြည် သက်​သာ​လော​နိတ်​မြို့​သား​အာ​ရိတ္တ​ခု​သည် လည်း​ကျွန်ုပ်​တို့​နှင့်​အ​တူ​ပါ​လာ​၏။-
ACT 27:3 နောက်​တစ်​နေ့​၌​ကျွန်ုပ်​တို့​သည်​ဇိ​ဒုန်​မြို့​သို့ ဆိုက်​ကပ်​ကြ​၏။ ယု​လိ​သည်​ပေါ​လု​ကို​သ​နား ကြင်​နာ​စိတ်​ရှိ​သ​ဖြင့် မိတ်​ဆွေ​များ​ထံ​သွား ရောက်​တွေ့​ဆုံ​ခွင့်​ပြု​၏။-
ACT 27:4 ထို​သူ​တို့​အား​လည်း​ပေါ​လု​ကို​ပြု​စု​လုပ်​ကျွေး ခွင့်​ပေး​၏။ ထို​မြို့​မှ​ထွက်​ခွာ​ကြ​သော​အ​ခါ လေ​ဆန်​နှင့်​ကြုံ​နေ​သ​ဖြင့် ကု​ပ​ရု​ကျွန်း​လေ ရိပ်​ကို​ခို​၍​ရွက်​လွှင့်​ရ​ကြ​၏။-
ACT 27:5 ထို​နောက်​ကိ​လိ​ကိ​ပြည်​နှင့်​ပံ​ဖု​လိ​ပြည်​ပင် လယ်​ပြင်​ကို​ဖြတ်​၍​ကူး​ကြ​ရာ လု​ကိ​ပြည် မု​ရ​မြို့​သို့​ရောက်​ကြ​၏။-
ACT 27:6 ထို​မြို့​တွင်​ဣ​တ​လိ​ပြည်​သို့​သွား​မည့်​အာ​လေ ဇန္ဒြိ​မြို့​မှ​ရောက်​ရှိ​လာ​သော​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် တပ်​မှူး​သည်​ကျွန်ုပ်​တို့​အား​ထို သင်္ဘော​ပေါ်​သို့​တက်​စေ​၏။
ACT 27:7 ကျွန်ုပ်​တို့​သည်​တ​ရွေ့​ရွေ့​ရက်​ပေါင်း​များ​စွာ​ရွက် လွှင့်​ပြီး​နောက် က​နိဒ်​မြို့​အ​နီး​သို့​ခက်​ခက်​ခဲ​ခဲ နှင့်​ရောက်​ကြ​၏။ လေ​မ​သင့်​၍​ရှေ့​သို့​မ​သွား နိုင်​သ​ဖြင့်​ကျွန်ုပ်​တို့​သည်​သာ​လ​မုန်​အ​ငူ အ​နီး​မှ​ဖြတ်​၍ က​ရေ​တေ​ကျွန်း​တောင်​ဘက် လေ​ရိပ်​ကို​ခို​လျက်​ရွက်​လွှင့်​ကြ​၏။-
ACT 27:8 ပင်​လယ်​ကမ်း​နှင့်​ခပ်​နီး​နီး​ရွက်​လွှင့်​လျက် ခက် ခက်​ခဲ​ခဲ​နှင့်​လာ​သဲ​မြို့​အ​နီး​ဆိပ်​သာ​ယာ ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။
ACT 27:9 ကျွန်ုပ်​တို့​သည်​ထို​အ​ရပ်​တွင်​ရက်​ပေါင်း​မျာ​စွာ ရပ်​နား​ခဲ့​ကြ​ရာ အ​ပြစ်​ဖြေ​ရာ​ပွဲ​နေ့​အ​ခါ ပင်​လွန်​၍​လာ​ပြီ။ ထို့​ကြောင့်​ပင်​လယ်​ခ​ရီး​ပြု ရန်​ဘေး​အန္တရာယ်​မ​ကင်း​တော့​ပေ။ သို့​ဖြစ်​၍ ပေါ​လု​က၊-
ACT 27:10 ``အ​ချင်း​တို့၊ ယ​ခု​အ​ခါ​၌​ပင်​လယ်​ခ​ရီး ပြု​မည်​ဆို​ပါ​က သင်္ဘော​နှင့်​ကုန်​ပစ္စည်း​များ သာ​မ​က​ကျွန်ုပ်​တို့​၏​အ​သက်​ပါ​ဆုံး​ရှုံး စ​ရာ​ရှိ​ကြောင်း​ငါ​တွေ့​မြင်​၏'' ဟု​သ​တိ ပေး​စ​ကား​ပြော​ကြား​၏။-
ACT 27:11 သို့​ရာ​တွင်​တပ်​မှူး​သည်​ပေါ​လု​၏​စ​ကား​ထက် ရေ​ယာဉ်​မှူး​နှင့်​သင်္ဘော​ပိုင်​ရှင်​တို့​၏​စ​ကား​ကို ပို​၍​ယုံ​၏။-
ACT 27:12 ဤ​ဆိပ်​ကမ်း​တွင်​ဆောင်း​ကာ​လ​ပတ်​လုံး​ရပ်​နား ရန်​မ​သင့်​သ​ဖြင့် လူ​များ​စု​က​ဤ​ဆိပ်​ကမ်း​မှ ထွက်​ခွာ​ပြီး​လျှင် ဖြစ်​နိုင်​ပါ​က​ဖိ​နိတ်​မြို့​သို့ ရောက်​အောင်​သွား​၍​ဆောင်း​ရာ​သီ​အ​တွက်​ရပ် နား​လို​ကြ​၏။ ဖိ​နိတ်​ဆိပ်​ကမ်း​ကား​က​ရေ​တေ ကျွန်း​တွင်​ရှိ​၍ အ​နောက်​တောင်​နှင့်​အ​နောက် မြောက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သ​တည်း။
ACT 27:13 တောင်​လေ​ပြေ​က​လေး​စ​၍​တိုက်​ခတ်​လာ​သော အ​ခါ သင်္ဘော​သား​တို့​သည်​မိ​မိ​တို့​၏​အ​ကြံ အောင်​မည်​ဟု​ထင်​မှတ်​လျက် ကျောက်​ဆူး​ကို​နုတ် ပြီး​လျှင်​သင်္ဘော​ကို​က​ရေ​တေ​ကမ်း​ခြေ​တစ် လျှောက်​ကပ်​နိုင်​သ​မျှ​ကပ်​၍​ရွက်​လွှင့်​ကြ​၏။-
ACT 27:14 သို့​ရာ​တွင်​မ​ကြာ​မီ​ပင်​အ​ရှေ့​မြောက်​ရာ​သီ လေ​ဟု​နာ​မည်​ရှိ​သော​လေ​သည် ကုန်း​ဘက်​မှ အ​ဟုန်​ပြင်း​စွာ​တိုက်​ခတ်​လာ​လေ​သည်။-
ACT 27:15 သင်္ဘော​သည်​လေ​အ​ဟုန်​တွင်​မိ​သ​ဖြင့် ထို​လေ ကို​ရင်​ဆိုင်​ရန်​မ​တတ်​နိုင်​တော့​ပေ။ သို့​ဖြစ်​၍ ကျွန်ုပ်​တို့​သည်​လက်​လျှော့​လိုက်​ရ​ကြ​၏။ လေ တိုက်​ရာ​သို့​လွင့်​ပါ​သွား​ကြ​ပြီး​နောက်၊-
ACT 27:16 က​လော​ဒေ​ခေါ်​ကျွန်း​ငယ်​တောင်​ဘက်​သို့​ရောက်​ရှိ သော​အ​ခါ လေ​ပြင်း​ဒဏ်​မှ​အ​နည်း​ငယ်​အ​ကွယ် အ​ကာ​ရ​ရှိ​ကြ​၏။ ထို​အ​ရပ်​တွင်​သင်္ဘော​နောက် မှ​အ​သက်​ကယ်​လှေ​ငယ်​ကို​မ​ပျက်​စီး​စေ​ရန် အ​နိုင်​နိုင်​ကြိုး​စား​ကြ​၏။-
ACT 27:17 သင်္ဘော​သား​တို့​သည်​ထို​လှေ​ကို​ဆွဲ​တင်​ပြီး​လျှင် သင်္ဘော​ဝမ်း​ကို​ကြိုး​များ​ဖြင့်​ပတ်​၍​ခိုင်​ခန့်​အောင် ပြု​ကြ​၏။ သူ​တို့​သည်​သု​ရ​တိ​သောင်​တွင်​သင်္ဘော တင်​မည်​စိုး​သ​ဖြင့် ရွက်​ကို​လျှော့​ချ​လိုက်​ပြီး လျှင်​သင်္ဘော​ကို​လေ​တိုက်​ရာ​သို့​မျော​ပါ​စေ ကြ​၏။
ACT 27:18 နောက်​တစ်​နေ့​၌​လည်း​လေ​ပြင်း​မုန်​တိုင်း​ဆက် လက်​တိုက်​ခတ်​နေ​သ​ဖြင့် သူ​တို့​သည်​ကုန်​ပစ္စည်း အ​ချို့​ကို​သင်္ဘော​ပေါ်​မှ​ပစ်​ချ​ကြ​၏။-
ACT 27:19 တ​တိ​ယ​နေ့​၌​သင်္ဘော​နှင့်​စပ်​ဆိုင်​သော​ကုန် ပစ္စည်း​တန်​ဆာ​အ​ချို့​ကို​ပစ်​ချ​ကြ​၏။-
ACT 27:20 ကျွန်ုပ်​တို့​သည်​ရက်​ပေါင်း​များ​စွာ​နေ​နှင့် ကြယ်​နက္ခတ်​များ​ကို​မ​တွေ့​မ​မြင်​နိုင်​ကြ။ လေ​သည်​ဆက်​၍​အ​ရှိန်​ပြင်း​စွာ​တိုက်​ခတ် လျက်​ရှိ​၏။ နောက်​ဆုံး​၌​ကျွန်ုပ်​တို့​သည် သေ ဘေး​မှ​လွတ်​မြောက်​နိုင်​တော့​မည်​မ​ဟုတ် ဟု​စိတ်​လျှော့​လိုက်​ကြ​၏။
ACT 27:21 လူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ​အ​စာ မ​စား​ဘဲ​နေ​ကြ​ပြီး​နောက် ပေါ​လု​သည် သူ​တို့​အ​လယ်​တွင်​ရပ်​၍ ``အ​ချင်း​တို့၊ သင် တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​၍ က​ရေ တေ​ကျွန်း​မှ​မ​ထွက်​မ​ခွာ​ဘဲ​နေ​သင့်​ကြ​၏။ သို့​နေ​ခဲ့​ကြ​မူ​ဤ​သို့​ပျက်​စီး​ဆုံး​ရှုံး​မှု နှင့်​ရင်​ဆိုင်​ကြ​ရ​မည်​မ​ဟုတ်။-
ACT 27:22 သို့​သော်​အား​မ​ငယ်​ကြ​နှင့်။ သင်​တို့​အ​နက် မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​ဆုံး​ရှုံး ရ​မည်​မ​ဟုတ်။ သင်္ဘော​သာ​လျှင်​ဆုံး​ရှုံး​ရ လိမ့်​မည်။-
ACT 27:23 ငါ​၏​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​လွန်​ခဲ့​သော​ည​က ငါ့​ထံ​သို့​လာ​လျက်၊-
ACT 27:24 `ပေါ​လု၊ မ​ကြောက်​နှင့်။ သင်​သည်​ဧ​က​ရာဇ်​ဘု​ရင် ရှေ့​တော်​သို့​ရောက်​ရ​မည်။ ဘု​ရား​သ​ခင်​သည်​သင့် ကို​ထောက်​ထား​တော်​မူ​သ​ဖြင့် သင်​နှင့်​အ​တူ သင်္ဘော​စီး​ခဲ့​ကြ​သူ​အ​ပေါင်း​တို့​အား​သေ​ဘေး မှ​လွတ်​မြောက်​စေ​တော်​မူ​လိမ့်​မည်' ဟု​ဆို​ပါ​၏။-
ACT 27:25 သို့​ဖြစ်​၍​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သူ​ဖြစ်​၏။ ထို့​ကြောင့်​ငါ့ အား​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​ပျက်​လိမ့်​မည်။-
ACT 27:26 သို့​ရာ​တွင်​ငါ​တို့​သင်္ဘော​သည်​ကျွန်း​တစ်​ခု တွင်​သောင်​တင်​လိမ့်​မည်'' ဟု​ဆို​၏။
ACT 27:27 တစ်​ဆယ့်​လေး​ရက်​မြောက်​သော​ည​၌ ကျွန်ုပ်​တို့ သင်္ဘော​သည်​မြေ​ထဲ​ပင်​လယ်​တွင်​လေ​ပြင်း​မုန် တိုင်း​တိုက်​ခတ်​ရာ​သို့​မျော​ပါ​လျက်​ရှိ​၏။ သန်း ခေါင်​အ​ချိန်​ခန့်​တွင်​သင်္ဘော​သား​တို့​သည် ကမ်း တစ်​ခု​ခု​နှင့်​နီး​လာ​သည်​ဟု​ရိပ်​စား​မိ​ကြ​၏။-
ACT 27:28 သူ​တို့​သည်​ရေ​တိမ်​ရေ​နက်​ကို​တိုင်း​ကြည့်​ကြ သော​အ​ခါ ပေ​တစ်​ရာ့​နှစ်​ဆယ်​ရှိ​ကြောင်း​တွေ့ ရ​ကြ​၏။ ရှေ့​သို့​အ​နည်း​ငယ်​သွား​ပြီး​နောက် တစ်​ဖန်​တိုင်း​ကြည့်​ပြန်​ရာ​ပေ​ကိုး​ဆယ်​ရှိ သည်​ကို​တွေ့​ရ​၏။-
ACT 27:29 သူ​တို့​သည်​ကျောက်​ဆောင်​နှင့်​တိုက်​မိ​မည်​စိုး သ​ဖြင့် သင်္ဘော​ပဲ့​ပိုင်း​မှ​ကျောက်​ဆူး​လေး​ခု ကို​ချ​ပြီး​လျှင် ``မိုး​လင်း​ပါ​စေ'' ဟု​ဆု​တောင်း ကြ​၏။-
ACT 27:30 သင်္ဘော​သား​များ​သည်​သင်္ဘော​ဦး​ပိုင်း​မှ​ကျောက် ဆူး​ချ​မည့်​ဟန်​ဖြင့် အ​သက်​ကယ်​လှေ​ကို​လျှော ချ​၍​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​စဉ်၊-
ACT 27:31 ပေါ​လု​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​အား ``ဤ သင်္ဘော​သား​တို့​သည်​သင်္ဘော​ပေါ်​တွင်​မ​နေ​ကြ လျှင် သင်​တို့​ကိုယ်​တိုင်​အ​သက်​ချမ်း​သာ​ရန် မျှော်​လင့်​ချက်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော လေ​၏။-
ACT 27:32 ထို​အ​ခါ​စစ်​သား​တို့​သည်​အ​သက်​ကယ်​လှေ ကြိုး​များ​ကို​ခုတ်​ဖြတ်​၍ လှေ​ကို​အောက်​သို့ ချ​လိုက်​ကြ​၏။
ACT 27:33 မိုး​လင်း​ခါ​နီး​၌​ပေါ​လု​သည်​ထို​သူ​အ​ပေါင်း တို့​အား အ​စာ​စား​ရန်​တိုက်​တွန်း​လို​၍ ``သင် တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စောင့်​မျှော်​ကာ အ​ငတ်​ခံ​လျက်​နေ​ခဲ့​ကြ​သည်​မှာ​တစ်​ဆယ့် လေး​ရက်​ရှိ​ပေ​ပြီ။ သင်​တို့​သည်​မည်​သည့် အ​စား​အ​စာ​ကို​မျှ​မ​စား​ခဲ့​ကြ။-
ACT 27:34 သင်​တို့​ဆက်​လက်​အ​သက်​ရှင်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​စား​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။ သင်​တို့​တစ်​စုံ​တစ်​ယောက်​၏​ဦး​ခေါင်း​မှ​ဆံ ခြည်​တစ်​ပင်​မျှ​ပင်​လျှင်​ပျက်​စီး​ဆုံး​ရှုံး ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-
ACT 27:35 ထို​နောက်​ပေါ​လု​သည်​မုန့်​ကို​ယူ​ပြီး​လျှင် ထို သူ​အား​လုံး​တို့​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို ဖဲ့​၍​စား​လေ​၏။-
ACT 27:36 ထို​အ​ခါ​ထို​သူ​အား​လုံး​ပင်​အား​တက်​လာ ကြ​ပြီး​လျှင် အ​စား​အ​စာ​စား​ကြ​ကုန်​၏။-
ACT 27:37 သင်္ဘော​ပေါ်​တွင်​စု​စု​ပေါင်း​လူ​နှစ်​ရာ​ခု​နစ် ဆယ့်​ခြောက်​ယောက်​ရှိ​၏။-
ACT 27:38 လူ​တိုင်း​ဝ​အောင်​စား​ကြ​ပြီး​သော​အ​ခါ သင်္ဘော​ကို​ပေါ့​စေ​ရန် ဂျုံ​ဆန်​ရှိ​သ​မျှ​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​၏။
ACT 27:39 မိုး​လင်း​သော​အ​ခါ​သင်္ဘော​သား​တို့​သည် မိ​မိ တို့​မည်​သည့်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ ကြ​သော်​လည်း ပင်​လယ်​ကွေ့​ကမ်း​ခြေ​တစ်​ခု​ကို တွေ့​မြင်​ကြ​သ​ဖြင့် ဖြစ်​နိုင်​ပါ​က​ထို​ကမ်း​ခြေ ပေါ်​သို့​သင်္ဘော​ကို​ထိုး​တင်​ရန်​ဆုံး​ဖြတ်​ကြ​၏။-
ACT 27:40 သူ​တို့​သည်​ကျောက်​ကြိုး​ကို​ဖြတ်​၍​ကျောက်​ဆူး များ​ကို​ပင်​လယ်​ထဲ​သို့​ချ​လိုက်​ကြ​၏။ တစ်​ချိန် တည်း​မှာ​ပင်​ပဲ့​ထိန်း​တက်​များ​မှ​ကြိုး​တို့​ကို လည်း​ဖြေ​ကြ​၏။ ထို​နောက်​သင်္ဘော​ဦး​မှ​ရွက် ကို​တင်​၍​ကမ်း​ခြေ​ဘက်​သို့​ရွက်​တိုက်​ကြ​၏။-
ACT 27:41 သို့​ရာ​တွင်​သင်္ဘော​သည်​ရေ​တိမ်​ရာ​သို့​ရောက်​၍ သောင်​တင်​နေ​တော့​၏။ သင်္ဘော​ဦး​သည်​သောင်​တွင် စိုက်​လျက်​နေ​သ​ဖြင့်​လှုပ်​ရှား​၍​မ​ရ။ သင်္ဘော ပဲ့​ပိုင်း​မှာ​မူ​လှိုင်း​လုံး​များ​ရိုက်​သ​ဖြင့်​ကျိုး ပျက်​စ​ပြု​လာ​၏။
ACT 27:42 ထို​အ​ခါ​စစ်​သား​များ​သည်​အ​ကျဉ်း​သား​တို့ ရေ​ကူး​၍​ထွက်​ပြေး​မည်​ကို​စိုး​ရိမ်​သ​ဖြင့် သူ တို့​အား​အ​သေ​သတ်​ရန်​ကြံ​စည်​ကြ​၏။-
ACT 27:43 သို့​သော်​တပ်​မှူး​သည်​ပေါ​လု​ကို​ကယ်​ဆယ်​လို သ​ဖြင့် စစ်​သား​များ​၏​အ​ကြံ​အ​စည်​အ​တိုင်း မ​ပြု​လုပ်​ရန်​တား​မြစ်​ပြီး​လျှင် ဦး​စွာ​ပ​ထ​မ ရေ​ကူး​တတ်​သူ​တို့​အား​သင်္ဘော​ပေါ်​မှ​ခုန်​ချ စေ​ပြီး​နောက်​ကုန်း​သို့​ကူး​စေ​၏။-
ACT 27:44 ထို့​နောက်​ကျန်​သော​သူ​တို့​အား​ပျဉ်​ပြား​များ ကို​သော်​လည်း​ကောင်း၊ သင်္ဘော​ပျက်​မှ​သင်္ဘော​အ​ပိုင်း အ​စ​များ​ကို​သော်​လည်း​ကောင်း​စီး​၍​ကူး​ကြ ရန်​အ​မိန့်​ပေး​၏။ ဤ​နည်း​အား​ဖြင့်​ကျွန်ုပ်​တို့ အား​လုံး​ပင်​ဘေး​လွတ်​၍​ကုန်း​ပေါ်​သို့​ရောက် ကြ​သ​တည်း။
ACT 28:1 ကျွန်ုပ်​တို့​သည်​ဘေး​ကင်း​စွာ​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ ထို​ကျွန်း​ကို​မေ​လိ​တေ ကျွန်း​ဟု​ခေါ်​ကြောင်း​သိ​ရှိ​ကြ​၏။-
ACT 28:2 ကျွန်း​သူ​ကျွန်း​သား​တို့​သည်​ကျွန်ုပ်​တို့​အ​ပေါ်​တွင် အ​ထူး​ကြင်​နာ​မှု​ကို​ပြ​ကြ​၏။ မိုး​ရွာ​သ​ဖြင့် ချမ်း​အေး​လာ​သော​ကြောင့် ထို​သူ​တို့​သည်​မီး​ဖို ပြီး​လျှင်​ကျွန်ုပ်​တို့​အား​ဧည့်​ခံ​ကြ​၏။
ACT 28:3 ပေါ​လု​သည်​ထင်း​တစ်​စည်း​ကို​ယူ​ပြီး​လျှင်​မီး ထဲ​သို့​ထည့်​လိုက်​၏။ ထို​အ​ခါ​မီး​ပူ​ရှိန်​ကြောင့် ထင်း​စည်း​ထဲ​မှ​မြွေ​တစ်​ကောင်​ထွက်​လာ​ပြီး နောက် ပေါ​လု​၏​လက်​ကို​တွယ်​လျက်​နေ​၏။-
ACT 28:4 သူ​၏​လက်​မှ​တန်း​လန်း​ကျ​နေ​သော​မြွေ ကို​ကျွန်း​သူ​ကျွန်း​သား​တို့​မြင်​လျှင် ``ဤ​သူ ကား​သူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ ပင်​လယ် တွင်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ခဲ့​သော်​လည်း တ​ရား​မျှ​တ​မှု​က​သူ့​အား​အ​သက်​ရှင် ခွင့်​မ​ပြု'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
ACT 28:5 သို့​ရာ​တွင်​ပေါလု​သည်​မြွေ​ကို​မီး​ထဲ​သို့​ခါ ၍​ချ​လိုက်​၏။ သို့​သော်​အ​ဘယ်​သို့​မျှ​ဘေး ဥ​ပဒ်​မ​ဖြစ်။-
ACT 28:6 ထို​သူ​တို့​က​ပေါ​လု​သည်​တစ်​ကိုယ်​လုံး​ရောင် လာ​လိမ့်​မည်။ သို့​မ​ဟုတ်​တ​ခ​ဏ​ချင်း​တွင်​လဲ သေ​လိမ့်​မည်​ဟု​စောင့်​မျှော်​နေ​ကြ​၏။ ဤ​အ​တိုင်း ပင်​ဆက်​လက်​၍​အ​တော်​ကြာ​အောင်​စောင့်​မျှော် နေ​ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​ပေါ​လု​၌ ဘေး​ဥ​ပဒ်​မ​ဖြစ်​သည်​ကို​မြင်​ကြ​သော​အ​ခါ သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​လျက် ``ဤ​သူ​ကား​နတ်​ဘု​ရား​ပေ​တည်း'' ဟု​ဆို ကြ​ကုန်​၏။
ACT 28:7 ထို​နေ​ရာ​အ​နီး​အ​နား​တွင်​ကျွန်း​သူ​ကြီး ပု​ဗ​လိ​ပိုင်​သည့်​မြေ​ယာ​များ​ရှိ​၏။ ထို​သူ သည်​ကျွန်ုပ်​တို့​ကို​လက်​ခံ​ပြီး​လျှင်​သုံး​ရက် တိုင်​တိုင်​ကျွေး​မွေး​ဧည့်​ခံ​၏။-
ACT 28:8 ပု​ဗ​လိ​၏​ဖ​ခင်​သည်​အ​ဖျား​ရော​ဂါ၊ ဝမ်း​ကိုက် ရော​ဂါ​များ​ဖြင့်​လဲ​၍​နေ​၏။ ပေါ​လု​သည်​သူ​၏ အ​ခန်း​ထဲ​သို့​ဝင်​၍​ဆု​တောင်း​ပြီး​နောက် သူ​၏ အ​ပေါ်​မှာ​လက်​ကို​တင်​၍​သူ့​ကို​ကျန်း​မာ လာ​စေ​၏။-
ACT 28:9 ထို​အ​ခါ​ကျွန်း​ပေါ်​ရှိ​အ​ခြား​မ​ကျန်း​မာ သော​သူ​အ​ပေါင်း​တို့​သည်​ပေါ​လု​ထံ​သို့​လာ ကြ​၏။ ပေါ​လု​သည်​သူ​တို့​ကို​ကျန်း​မာ​စေ​၏။-
ACT 28:10 သူ​တို့​သည်​ကျွန်ုပ်​တို့​အား​လက်​ဆောင်​များ​ပေး ကြ​၏။ ကျွန်ုပ်​တို့​ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​၌ လည်း​လို​အပ်​သည့်​စား​နပ်​ရိက္ခာ​များ​ကို သင်္ဘော​ပေါ်​သို့​ပို့​ပေး​ကြ​၏။
ACT 28:11 သုံး​လ​ကြာ​သော်​ကျွန်ုပ်​တို့​သည် ထို​ကျွန်း​တွင် ဆောင်း​ခို​နေ​ခဲ့​သည့်​သင်္ဘော​ဖြင့်​ရွက်​လွှင့်​ကြ​၏။ သင်္ဘော​သည်​အာ​လေ​ဇ​န္ဒြိ​မြို့​မှ​လာ​၍​နတ် အ​မြွှာ​ညီ​နောင်​ဟု​အ​မည်​တွင်​၏။-
ACT 28:12 ကျွန်ုပ်​တို့​သည်​သု​ရ​ကုတ်​မြို့​တွင်​သင်္ဘော​ဆိုက် ကပ်​၍ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။-
ACT 28:13 ထို​မြို့​မှ​ရွက်​လွှင့်​ပြန်​ရာ​ရေ​ဂျုန်​မြို့​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​တောင်​လေ​လာ​သ​ဖြင့် နှစ်​ရက်​ကြာ​သော်​ပေါ​တ​ယော​လိ​မြို့​သို့​ရောက် ကြ​၏။-
ACT 28:14 ထို​မြို့​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့​၍ သူ​တို့​က မိ​မိ​တို့​နှင့်​ခု​နစ်​ရက်​မျှ​နေ​ရန် တောင်း​ပန်​သည်​အ​တိုင်း​နေ​ပြီး​နောက် ရော​မ​မြို့​သို့​ခ​ရီး​ဆက်​ကြ​၏။-
ACT 28:15 ထို​ရော​မ​မြို့​ရှိ​ယုံ​ကြည်​သူ​များ​သည် ကျွန်ုပ် တို့​လာ​သည့်​အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့် အပ္ပိ​စျေး​သို့​တိုင်​အောင်​လည်း​ကောင်း၊ တည်း​ခို ရိပ်​သာ​သုံး​ဆောင်​သို့​တိုင်​အောင်​လည်း​ကောင်း လာ​ရောက်​ကြို​ဆို​ကြ​၏။ ပေါ​လု​သည်​ထို​သူ တို့​ကို​မြင်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၍​အား​တက်​လာ​၏။
ACT 28:16 ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ​ပေါ​လု သည် တစ်​ကိုယ်​တည်း​အ​စောင့်​စစ်​သား​တစ်​ယောက် နှင့်​အ​တူ​နေ​ခွင့်​ရ​ရှိ​၏။
ACT 28:17 နောက်​သုံး​ရက်​ကြာ​လျှင်​ပေါ​လု​သည် မြို့​ပေါ်​ရှိ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ် ၏။ ထို​သူ​တို့​လာ​ရောက်​စု​ဝေး​လျက်​ရှိ​သော အ​ခါ​ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဘိုး​ဘေး တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​အား​လည်း​ကောင်း ဆန့်​ကျင်​သည့်​အ​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ပြု​လုပ်​ခဲ့​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ငါ့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ရော​မ​အ​မျိုး​သား​တို့​၏​လက်​သို့​အပ် ကြ​၏။-
ACT 28:18 ထို​သူ​တို့​သည်​ငါ့​ကို​စစ်​ဆေး​မေး​မြန်း​ပြီး နောက် ငါ​၏​အ​မှု​တွင်​သေ​ဒဏ်​ပေး​ထိုက်​သော အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​မ​တွေ့​ရ သ​ဖြင့်​ငါ့​အား​လွှတ်​လို​ကြ​၏။-
ACT 28:19 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​က​ကန့်​ကွက် ကြ​သော​ကြောင့် ငါ​သည်​မ​လွဲ​မ​ရှောင်​သာ​တော့ ဘဲ​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ရ​၏။ သို့​ပြု ရ​ခြင်း​မှာ​မိ​မိ​၏​အ​မျိုး​သား​တို့​အား​စွပ် စွဲ​ပြော​ဆို​ရန်​အ​ကြောင်း​ရှိ​၍​မ​ဟုတ်။-
ACT 28:20 သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။
ACT 28:21 ထို​သူ​တို့​က ``ငါ​တို့​သည်​သင်​၏​အ​ကြောင်း ယု​ဒ​ပြည်​မှ​စာ​တစ်​စောင်​မျှ​မ​ရ​ခဲ့​ကြ​ပါ။ ငါ​တို့​ယု​ဒ​အ​မျိုး​သား​ညီ​အစ်​ကို​တစ်​စုံ​တစ် ယောက်​မျှ​လည်း လာ​ရောက်​၍​သင်​၏​အ​ကြောင်း မ​ကောင်း​သ​တင်း​မ​ပြော​ပါ။-
ACT 28:22 သို့​ရာ​တွင်​ဤ​ဂိုဏ်း​အ​ကြောင်း​ကို​မူ​ဆန့်​ကျင် ၍ နေ​ရာ​တ​ကာ​တွင်​ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​သိ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​သင်​၏​အ​ယူ ဝါ​ဒ​ကို​သင့်​ထံ​မှ​ငါ​တို့​ကြား​နာ​လို​ပါ ၏'' ဟု​ဆို​ကြ​၏။
ACT 28:23 ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။
ACT 28:24 လူ​အ​ချို့​တို့​သည်​ပေါ​လု​၏​ဟော​ပြော​ချက် ကို​နား​လည်​သ​ဘော​ပေါက်​လာ​ကြ​သော် လည်း အ​ချို့​သူ​တို့​မူ​ကား​မ​ယုံ​ကြည်​ကြ။-
ACT 28:25 ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။
ACT 28:26 `ဤ​လူ​မျိုး​ထံ​သို့​သွား​၍​ပြော​ကြား​လော့။ သင်​တို့​သည်​ကြိုး​စား​၍​နား​ထောင်​သော်​လည်း နား​လည်​လိမ့်​မည်​မ​ဟုတ်။ ကြိုး​စား​၍​ကြည့်​သော်​လည်း​မြင်​လိမ့်​မည်​မ​ဟုတ်။
ACT 28:27 အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လူ​မျိုး​၏ စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်​သူ​တို့​၏ မျက်​စိ​များ​သည်​ပိတ်​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​သာ​ဤ​သို့​မ​ဖြစ်​ဘဲ​သူ​တို့​၏ မျက်​စိ​များ​သည်​မြင်​နိုင်​လျက်၊ နား​များ​သည်​ကြား​နိုင်​လျက်​စိတ်​နှ​လုံး​များ​သည် သိ​နား​လည်​ကြ​ပါ​မူ၊ သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​ကြ​မည် ဖြစ်​၍ ငါ​သည်​လည်း​သူ​တို့​အား​ကျန်း​မာ​စေ​တော် မူ​မည်' '' ဟု​ဆို​လေ​သည်။
ACT 28:28 နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပေါ​လု​က ``သို့​ဖြစ်​၍ ကယ်​တင်​တော်​မူ​ခြင်း​ဆိုင်​ရာ​ဘု​ရား​သ​ခင်​၏ ကယ်​တင်​ခြင်း​တ​ရား​ကို လူ​မျိုး​ခြား​တို့​ကြား နာ​ရန်​ဟော​ပြော​မည့်​သူ​တို့​ကို​စေ​လွှတ်​ပြီ​ဖြစ် ၍ သူ​တို့​သည်​ကြား​နာ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့'' ဟု​ဆို​၏။
ACT 28:29 (ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။)
ACT 28:30 ပေါ​လု​သည်​ထို​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား ရမ်း​ထား​သည့်​အိမ်​တွင်​နေ​၏။ မိ​မိ​ထံ​လာ​ရောက် ကြ​သူ​အ​ပေါင်း​တို့​အား​ကြို​ဆို​ဧည့်​ခံ​လျက်၊-
ACT 28:31 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ဟော ပြော​၍ သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​တော်​ကို အ​ဆီး​အ​တား​မ​ရှိ​ဘဲ​ရဲ​ရင့်​စွာ​ဟော​ပြော သွန်​သင်​လျက်​နေ​၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​သား​သော​တ​မန်​တော် ဝတ္ထု​ပြီး​၏။
ROM 1:1 သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​တ​မန်​တော် အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​သူ၊ ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။-
ROM 1:2 ရှေး​အ​ခါ​က​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏ ပ​ရော​ဖက်​များ​အား​ဖြင့် ထို​သ​တင်း​ကောင်း ကို​က​တိ​ထား​တော်​မူ​ခဲ့​ကြောင်း​ကျမ်း​စာ တော်​က​ဖော်​ပြ​၏။-
ROM 1:3 ထို​သ​တင်း​ကောင်း​ကား​ဘု​ရား​သ​ခင်​၏​သား တော် ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း ပင်​ဖြစ်​ပေ​သည်။ ထို​အ​ရှင်​သည်​လူ့​ဇာ​တိ​အား ဖြင့်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​တော်​မူ​သည်။-
ROM 1:4 ဘု​ရား​ဇာ​တိ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​ထင်​ရှား​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​အား ဖြင့်​ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ထ​မြောက်​စေ တော်​မူ​၏။-
ROM 1:5 ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​အား​ဖြင့်​ငါ့ အား​ခ​ရစ်​တော်​အ​တွက်​ကြောင့် ထူး​မြတ်​သည့် တ​မန်​တော်​ရာ​ထူး​ကို​ပေး​သ​နား​တော်​မူ​၏။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​၍​လိုက်​နာ ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​ငါ့​အား​ထို သူ​အ​ပေါင်း​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-
ROM 1:6 ရော​မ​မြို့​၌​နေ​ထိုင်​သော​သင်​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​၏​တ​ပည့်​များ​အ​ဖြစ် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​များ​ဖြစ် သော​ကြောင့်​ထို​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​ကြ​၏။
ROM 1:7 ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သ​ဖြင့်​မိ​မိ​၏ လူ​စု​တော်​ဝင်​ဖြစ်​စေ​ရန် ရွေး​ကောက်​တော်​မူ သည့်​ရော​မ​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ ထံ​သို့​ဤ​စာ​ကို​ရေး​လိုက်​ပါ​၏။ ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။
ROM 1:8 သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-
ROM 1:9 သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။-
ROM 1:11 သင်​တို့​သည်​တည်​ကြည်​ကြံ့​ခိုင်​စေ​ရန်​သင် တို့​အား​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ဝေ​မျှ​လို သ​ဖြင့် ငါ​သည်​သင်​တို့​နှင့်​အ​လွန်​တွေ့​လို ၏။-
ROM 1:12 တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။
ROM 1:13 ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-
ROM 1:14 လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊-
ROM 1:15 သ​တင်း​ကောင်း​ကို​ရော​မ​မြို့​ရှိ​သင်​တို့​အား လည်း​ကြေ​ညာ​ရန် ငါ​သည်​စိတ်​အား​ထက် သန်​လျက်​ရှိ​၏။
ROM 1:16 ငါ​သည်​သ​တင်း​ကောင်း​ကို​လုံး​ဝ​ယုံ​ကြည် စိတ်​ချ​၏။ ထို​သ​တင်း​ကောင်း​သည်​ဦး​စွာ​ယု​ဒ လူ​မျိုး၊ ထို့​နောက်​လူ​မျိုး​ခြား​တို့​တွင်​ယုံ​ကြည် သူ​အ​ပေါင်း​တို့​အား​ကယ်​တင်​သော​ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။-
ROM 1:17 ဘု​ရား​သ​ခင်​သည်​လူ​တို့​အား​အ​ဘယ်​သို့ သော​နည်း​ဖြင့် မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ တော်​မူ​သည်​ကို​သ​တင်း​ကောင်း​က​ပေါ်​လွင် ထင်​ရှား​စေ​၏။ ထို​နည်း​မှာ​အ​စ​မှ​အ​ဆုံး တိုင်​အောင်​ယုံ​ကြည်​ခြင်း​အ​ပေါ်​တွင်​အ​ခြေ ခံ​သည့်​နည်း​ဖြစ်​၏။ ထို့​ကြောင့်​ကျမ်း​စာ​တွင် ``ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့် မည်'' ဟု​လာ​သ​တည်း။
ROM 1:18 အ​မှန်​တ​ရား​ကို​လူ​တို့​မ​သိ​စေ​ရန်​ဆီး​တား ပိတ်​ပင်​သော၊ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သော​ဘု​ရား မဲ့​သူ​တို့​၏​အ​ပြစ်​နှင့်​ဆိုး​ညစ်​မှု​အ​ပေါင်း​တို့ အ​ပေါ်​သို့ ကောင်း​ကင်​မှ​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သက်​ရောက်​လျက်​ရှိ​ကြောင်း​ပေါ်​လွင် ထင်​ရှား​လာ​ပြီ။-
ROM 1:19 ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။-
ROM 1:20 ကမ္ဘာ​လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ ချိန်​မှ​စ​၍ လူ​တို့​သည်​ကိုယ်​တော်​၏​ထာ​ဝ​ရ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​အ​ဖြစ်​တော် တည်း​ဟူ​သော​မျက်​မြင်​မ​ရ​သော​ဂုဏ်​အင်္ဂါ များ​ကို​ကောင်း​စွာ​သိ​နား​လည်​နိုင်​လေ​သည်။ သူ​တို့​သည်​ဤ​သို့​သော​ကိုယ်​တော်​၏​ဂုဏ်​အင်္ဂါ လက္ခ​ဏာ​များ​ကို​မ​မြင်​နိုင်​သော်​လည်း​သိ နိုင်​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခြင်း​မှာ​သူ​တို့ သည်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ များ​ကို​တွေ့​မြင်​နိုင်​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​ထို​သူ​တို့​မှာ​မိမိ​တို့​ကူး​လွန်​သည့် အ​ပြစ်​များ​အ​တွက်​ဆင်​ခြေ​ပေး​စ​ရာ မ​ရှိ​တော့​ပေ။-
ROM 1:21 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။-
ROM 1:22 သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။-
ROM 1:23 သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။
ROM 1:24 ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။-
ROM 1:25 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။
ROM 1:26 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ရှက် ဖွယ်​ကောင်း​သည့် ကိ​လေ​သာ​လက်​သို့​အပ်​လိုက် တော်​မူ​၏။ မိန်း​မ​တို့​ပင်​လျှင်​ဋ္ဌမ္မ​တာ​ထုံး​စံ အ​စား​ဆန့်​ကျင်​သော​ထုံး​စံ​ကို​ကျင့်​ကြ​၏။-
ROM 1:27 ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဋ္ဌမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။
ROM 1:28 ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။-
ROM 1:29 သူ​တို့​သည်​အ​မျိုး​မျိုး​သော​ဆိုး​ယုတ်​မိုက်​မဲ ခြင်း၊ ညစ်​ညမ်း​ခြင်း၊ လော​ဘ​တပ်​မက်​ခြင်း၊ အ​ကျင့်​ပျက်​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သက် ကို​သတ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ လှည့်​ဖြား​ခြင်း၊ ရန် ငြိုး​ဖွဲ့​ခြင်း​စ​သည့်​အ​ပြစ်​များ​ကို​ကူး​လွန် ကြ​၏။ သူ​တို့​သည်​ကုန်း​ချော​ပြော​ဆို​ကြ​၏။-
ROM 1:30 သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။ ဘု​ရား သ​ခင်​ကို​မုန်း​သူ၊ စော်​ကား​သူ၊ မာန်​မာ​န​ထောင် လွှား​လျက်​ကြွား​ဝါ​သူ​များ​ဖြစ်​ကြ​၏။ မ​ကောင်း မှု​အ​မျိုး​မျိုး​ကို​တီ​ထွင်​ကြံ​စည်​တတ်​ကြ​၏။ မိ​မိ​တို့​မိ​ဘ​များ​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-
ROM 1:31 သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။-
ROM 1:32 ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။
ROM 2:1 သို့​ဖြစ်​၍​မိတ်​ဆွေ၊ သင်​သည်​သူ​တစ်​ပါး​အား အ​ပြစ်​စီ​ရင်​ပါ​သ​လော။ သင်​သည်​မည်​သူ​ဖြစ် စေ​ကာ​မူ​သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​နိုင် သော​အ​ခြေ​အ​နေ​တွင်​မ​ရှိ။ သင်​သည်​သူ​တစ် ပါး​ကဲ့​သို့​အ​ပြစ်​ကူး​လွန်​သူ​ဖြစ်​လျက် နှင့် သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​လျှင်​မိ​မိ ကိုယ်​တိုင်​အား​လည်း​အ​ပြစ်​စီ​ရင်​ရာ​ရောက် ၏။-
ROM 2:2 ထို​သို့​အ​ကျင့်​ဆိုး​များ​ကို​ပြု​ကျင့်​သူ​တို့ အား​ဘု​ရား​သ​ခင်​အ​ပြစ်​စီ​ရင်​တော်​မူ​သည် မှာ လျော်​ကန်​သင့်​မြတ်​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။-
ROM 2:3 သို့​သော်​လည်း​မိတ်​ဆွေ၊ သင်​က​သူ​တစ်​ပါး အား​အ​ပြစ်​စီ​ရင်​သည့်​အ​ပြစ်​မျိုး​ကို သင် ကိုယ်​တိုင်​ပင်​ကူး​လွန်​လျက်​နေ​ပါ​သည် တ​ကား။ သင်​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​လိမ့်​မည်​ဟု​ထင် မှတ်​ပါ​သ​လော။-
ROM 2:4 သို့​တည်း​မ​ဟုတ်​သင်​သည်​ကိုယ်​တော်​၏ က​ရု​ဏာ​ထား​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​တို့​ကို​မ​ထီ​မဲ့ မြင်​ပြု​ပါ​သ​လော။ ဘု​ရား​သ​ခင်​သည်​သင့် အား​နောင်​တ​ရ​စေ​ရန်​လမ်း​ပြ​ပို့​ဆောင် လျက်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ကိုယ်​တော် က​ရု​ဏာ​ထား​ကြောင်း​ကို​သင်​ဧ​ကန် အ​မှန်​ပင်​သိ​၏။-
ROM 2:5 သို့​သော်​လည်း​သင်​သည်​ခေါင်း​မာ​လျက် နောင်​တ​မ​ရ။ ထို့​ကြောင့်​အ​မျက်​တော်​ပေါ် လွင်​ထင်​ရှား​ရာ၊ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် ရာ​နေ့​ရက်​၌​သင်​သည်​ပို​မို​ကြီး​လေး​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။-
ROM 2:6 ထို​နေ့​ရက်​၌​ကိုယ်​တော်​သည်​လူ​အ​သီး​သီး တို့​အား မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လတ္တံ့။-
ROM 2:7 အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။-
ROM 2:8 သို့​ရာ​တွင်​တစ်​ကိုယ်​ကောင်း​သ​ဘော​ရှိ​၍ အ​မှန် တ​ရား​ကို​ပစ်​ပယ်​ကာ​အ​မှား​ဘက်​သို့​လိုက် ပါ​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-
ROM 2:9 ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး​ခြား​တို့ အ​နက်​ဒု​စ​ရိုက်​ကို​ပြု​သူ​အ​ပေါင်း​တို့ သည် ဆင်း​ရဲ​ဒုက္ခ​နှင့်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​ကြ​လိမ့်​မည်။-
ROM 2:10 သို့​ရာ​တွင်​ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး ခြား​တို့​အ​နက်​သု​စ​ရိုက်​ကို​ပြု​သူ​တို့​အား ဘု​ရား​သ​ခင်​သည်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း​ခံ​စား စေ​တော်​မူ​လိမ့်​မည်။-
ROM 2:11 ဘု​ရား​သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​မ​လိုက် ဘဲ​တ​ရား​စီ​ရင်​တော်​မူ​သ​တည်း။
ROM 2:12 လူ​မျိုး​ခြား​တို့​၌​မော​ရှေ​၏​ပ​ညတ်​တ​ရား မ​ရှိ။ သူ​တို့​အ​ပြစ်​ကူး​ကြ​သော​အ​ခါ​ဆုံး ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ပ​ညတ် တ​ရား​ရှိ​သော​ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ် ကူး​လွန်​သည့်​အ​ခါ သူ​တို့​သည်​ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။-
ROM 2:13 လူ​သည်​ပ​ညတ်​တ​ရား​ကို​ကြား​နာ​ရုံ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​သူ မ​ဖြစ်​နိုင်။ ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း ပြု​ကျင့်​မှ​သာ​လျှင် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​သူ​ဖြစ်​နိုင်​၏။-
ROM 2:14 လူ​မျိုး​ခြား​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား ကို​မ​ခံ​ယူ​မ​ရ​ရှိ​ကြ​သော်​လည်း​ပ​ညတ် တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို မိ​မိ​တို့​အ​လို ဆန္ဒ​အ​လျောက်​ပြု​ကျင့်​ကြ​သော​အ​ခါ​ယင်း တို့​သည်​မိ​မိ​တို့​အ​ဖို့​ပ​ညတ်​တ​ရား​ဖြစ် လာ​၏။-
ROM 2:15 ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​သည်​ထို သူ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား​ထား​လျက် ရှိ​ကြောင်း သူ​တို့​၏​အ​ပြု​အ​မူ​များ​က​ထောက် ခံ​၏။ သူ​တို့​၏​သြတ္တပ္ပ​စိတ်​က​လည်း​ထောက်​ခံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​စိတ်​နှ​လုံး သည် တစ်​ခါ​တစ်​ရံ​သူ​တို့​ကို​ပြစ်​တင်​၍ တစ်​ခါ တစ်​ရံ​လည်း​သူ​တို့​ကို​ထောက်​ခံ​သော​ကြောင့် ဖြစ်​၏။-
ROM 2:16 သို့​ဖြစ်​၍​ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း ကောင်း​အ​ရ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​လူ​ခပ်​သိမ်း တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို ထို သို့​စစ်​ဆေး​စီ​ရင်​တော်​မူ​ပေ​အံ့။
ROM 2:17 သို့​ရာ​တွင်​အ​ချင်း​မိတ်​ဆွေ၊ သင်​သည်​မိ​မိ​ကိုယ် ကို​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည်​ဟု​ဆို​ကာ ပ​ညတ် တ​ရား​ကို​အား​ကိုး​လျက်​ဘု​ရား​သ​ခင်​အ​ကြောင်း ကို​ကြွား​ဝါ​၏။-
ROM 2:18 သင်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​မြင် သူ​ဖြစ်​သည်။ ပ​ညတ်​တ​ရား​၏​သွန်​သင်​မှု​အား ဖြင့်​အ​မှန်​ကို​သိ​မြင်​လာ​သူ​ဖြစ်​၏။-
ROM 2:19 မိ​မိ​သည်​မျက်​မ​မြင်​တို့​၏​လမ်း​ပြ၊ အ​မှောင် တွင်​ရှိ​သူ​တို့​၏​အ​လင်း၊ လူ​မိုက်​တို့​၏​နည်း​ပြ၊ မ​သိ​နား​မ​လည်​သူ​တို့​၏​ဆ​ရာ​ဖြစ်​သည်​ဟု အ​မှန်​ပင်​သင်​ယုံ​ကြည်​၏။ ပ​ညတ်​တ​ရား​သည် အ​သိ​ပ​ညာ​နှင့်​သမ္မာ​တ​ရား​အ​စုံ​အ​လင် ကိန်း​အောင်း​ရာ​ဖြစ်​သည်​ကို​လည်း​သေ​ချာ စွာ​သိ​၏။-
ROM 2:21 သင်​သည်​သူ​တစ်​ပါး​တို့​အား​သွန်​သင်​ဆုံး​မ သူ​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​မိ​မိ​ကိုယ်​ကို မ​သွန်​သင်​မ​ဆုံး​မ​ပါ​သ​နည်း။ သင်​သည်​သူ တစ်​ပါး​တို့​အား​မ​ခိုး​မ​ဝှက်​ရန် သွန်​သင် ဆုံး​မ​ပါ​လျက်​အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင် က​ခိုး​ဝှက်​ပါ​သ​နည်း။-
ROM 2:22 သင်​သည်​အ​ခြား​သူ​တို့​အား​သူ​တစ်​ပါး​၏ အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်​တား​မြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင်​ပြစ်​မှား​ပါ သ​နည်း။ သင်​သည်​ရုပ်​တု​ကို​ရွံ​ရှာ​ပါ​လျက် အ​ဘယ်​ကြောင့် သင်​ကိုယ်​တိုင်​ရုပ်​တု​တည်​ရာ ဗိ​မာန်​ကို​လု​ယက်​ပါ​သ​နည်း။-
ROM 2:23 သင်​သည်​ပ​ညတ်​တ​ရား​ကို​အ​မှီ​ပြု​၍​ဂုဏ် ယူ​ဝါ​ကြွား​ပါ​လျက် အ​ဘယ်​ကြောင့်​ထို​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​၏​အ​သ​ရေ​တော်​ကို​ဖျက်​နေ​ပါ​သ​နည်း။-
ROM 2:24 ကျမ်း​စာ​တော်​တွင်``ယု​ဒ​အ​မျိုး​သား​တို့​ကြောင့် လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​ကဲ့​ရဲ့​ကြ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ သည်။
ROM 2:25 သင်​သည်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​သူ​ဖြစ် ပါ​မူ သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​သည် အ​ဋ္ဌိပ္ပါယ်​ရှိ​၏။ သို့​ရာ​တွင်​အ​ကယ်​၍​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ပါ​က အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂလာ​မ​ခံ​ခဲ့​လျှင်​ပို​၍​ကောင်း​လိမ့် မည်။-
ROM 2:26 အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။-
ROM 2:27 သင်​သည်​အက္ခ​ရာ​တင်​ထား​သည့်​ပ​ညတ်​တ​ရား နှင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် ပါ​လျက်​ပညတ်​တော်​ကို​ချိုး​ဖောက်​ပေ​သည်။ ထို့ ကြောင့်​လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ယု​ဒ​အ​မျိုး သား​အား​ပြစ်​ဒဏ်​စီ​ရင်​ကြ​လိမ့်​မည်။ သူ​တို့ သည်​ကာ​ယ​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ကို​မ​ခံ​ကြ​သော်​လည်း​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ကြ​၏။-
ROM 2:28 နိ​ဂုံး​ချုပ်​ရ​သော်​ယု​ဒ​အ​မျိုး​သား​ဟူ​၍​ထင် မှတ်​ခြင်း​ခံ​ရ​သူ​တိုင်း​သည် ယု​ဒ​အ​မျိုး​သား အ​စစ်​အ​မှန်​မ​ဟုတ်။ လူ​တစ်​ဦး​တစ်​ယောက် သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ခြင်း​အား ဖြင့်​ယု​ဒ​အ​မျိုး​သား​ဖြစ်​၍​မ​လာ။-
ROM 2:29 ယု​ဒ​အ​မျိုး​သား​အ​စစ်​အမှန်​ကား​စိတ်​နှ​လုံး တွင် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​ခံ​သူ​သာ လျှင်​ဖြစ်​ပေ​သည်။ ထို​သူ​ကို​ယု​ဒ​အ​မျိုး​သား ဖြစ်​စေ​သော​အ​ရာ​မှာ​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​တ​ရား​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​က​သာ​လူ​ကို​အ​တွင်း​စိတ်​သ​ဘော​အား ဖြင့် ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ​တော်​မူ​၏။ ထို သို့​သော​သူ​သည်​လူ​တို့​ထံ​မှ​မ​ဟုတ်၊ ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​အ​ချီး​အ​မွမ်း​ကို​ခံ​ရ သ​တည်း။
ROM 3:1 သို့​ဖြစ်​လျှင်​ယု​ဒ​လူ​မျိုး​သည် လူ​မျိုး​ခြား တို့​ထက်​အ​ဘယ်​သို့​သာ​သ​နည်း။ သူ​တို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည့်​အ​တွက် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။-
ROM 3:2 အ​ကျိုး​ကား​အ​ဘက်​ဘက်​၌​များ​စွာ​ရှိ​၏။ ပ​ထ​မ​အ​နေ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့ သည်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ ယူ​ရ​ရှိ​ကြ​၏။-
ROM 3:3 အ​ကယ်​၍​ထို​သူ​အ​ချို့​တို့​သည်​သစ္စာ​မဲ့​ကြ ခြင်း​ကြောင့် ဘု​ရား​သ​ခင်​သည်​လည်း​သစ္စာ​မဲ့ တော်​မူ​မည်​ဟု​ဆို​ရ​မည်​လော။-
ROM 3:4 မည်​သည့်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဆို​နိုင်။ လူ​တိုင်း ပင်​လိမ်​လည်​ကြ​စေ​ကာ​မူ​ဘု​ရား​သ​ခင်​မူ ကား က​တိ​သစ္စာ​တည်​တော်​မူ​မည်​သာ​ဖြစ်​၏။ ကျမ်း​စာ​တော်​က၊ ``ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​သည် မှန်​ကန်​ရ​မည်။ တ​ရား​ဆိုင်​တော်​မူ​ရ​လျှင်​လည်း​ကိုယ်​တော် သာ​လျှင် အ​နိုင်​ရ​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​၏။
ROM 3:5 သို့​ရာ​တွင်​လူ​အ​ချို့​က``ငါ​တို့​၏​ဆိုး​ယုတ်​မှု သည်​ဘုရား​သ​ခင်​၏​ကောင်း​မြတ်​မှန်​ကန်​မှု​ကို ပို​မို​ထင်​ရှား​စေ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​ကြ​လိမ့်​မည်။ ငါ​တို့​မည်​သို့​အ​ဖြေ​ပေး မည်​နည်း။ ``ဘု​ရား​သ​ခင်​သည်​ငါ​တို့​ကို ဒဏ်​ခတ်​တော်​မူ​သည်​မှာ​မ​တ​ရား'' ဟု​ငါ တို့​ဖြေ​ဆို​ကြ​မည်​လော။ (ဤ​သို့​ငါ​ဆို​ရာ ၌​လူ​တို့​ပြော​ဆို​လေ့​ရှိ​သည့်​အ​တိုင်း​ပြော လိုက်​ခြင်း​ဖြစ်​သည်။-)
ROM 3:6 ``ဘု​ရား​သ​ခင်​သည်​မ​တ​ရား'' ဟု​အ​ဘယ် နည်း​နှင့်​မျှ​မ​ဆို​နိုင်။ အ​ကယ်​၍​ကိုယ်​တော် သည်​မ​တ​ရား​ပါ​မူ အ​ဘယ်​သို့​လျှင်​ကမ္ဘာ လော​က​ကို​တ​ရား​စီ​ရင်​တော်​မူ​နိုင်​မည် နည်း။
ROM 3:7 အ​ကယ်​၍​ငါ​၏​သစ္စာ​မဲ့​မှု​သည်​ဘု​ရား​သ​ခင် ၏​သစ္စာ​တော်​ကို​ပို​မို​ထင်​ရှား​စေ​သော​အား​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​အ​သ​ရေ​တော်​ကို​တောက်​ပ စေ​သည်​ဆို​ပါ​က အ​ဘယ်​ကြောင့်​ငါ​သည် အ​ပြစ်​ကူး​သူ​အ​ဖြစ်​ဖြင့်​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​ကို​ခံ​ရ​သ​နည်း။-
ROM 3:8 ``အ​ကောင်း​ကို​ဖြစ်​ပွား​စေ​ရန်​အ​ဆိုး​ကို​ငါ တို့​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ရ​မည်​လော။ ဤ​ကဲ့ သို့​ပင်​ငါ​ပြော​ဆို​သည်​ဟူ​၍​လူ​အ​ချို့​က ပြစ်​တင်​စွပ်​စွဲ​ကာ​ငါ့​အား​စော်​ကား​ကြ​လေ ပြီ။ ထို​သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​သည်​အ​တိုင်း​အ​မှန်​ပင်​ခံ​ရ​ကြ လိမ့်​မည်။
ROM 3:9 သို့​ဖြစ်​ပါ​မူ​ငါ​တို့​ယု​ဒ​လူ​မျိုး​သည်​လူ မျိုး​ခြား​တို့​ထက်​အ​ဘယ်​သို့​လျှင် သာ​လွန် ကောင်း​မွန်​သည့်​အ​ခြေ​အ​နေ​တွင်​ရှိ​ကြ သ​နည်း။ မည်​သို့​မျှ​သာ​လွန်​ကောင်း​မွန်​သည့် အ​ခြေ​အ​နေ​တွင်​မ​ရှိ​ကြ။ ယု​ဒ​လူ​မျိုး ရော​လူ​မျိုး​ခြား​ပါ​အ​ပြစ်​၏​အာ​ဏာ​စက် အောက်​တွင်​ရှိ​ကြ​ကြောင်း​ငါ​အ​ထက်​က ဖော်​ပြ​ခဲ့​ပြီး​ဖြစ်​၏။-
ROM 3:10 ကျမ်း​စာ​တော်​တွင်၊``ဖြောင့်​မတ်​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ။
ROM 3:11 ပ​ညာ​ရှိ​သူ​ဟူ​၍​မ​ရှိ။ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ တစ်​ယောက်​မျှ​မ​ရှိ။
ROM 3:12 လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကျော​ခိုင်း​သွား​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​လမ်း​လွဲ​ကြ​လေ​ပြီ။ အ​မှန်​တ​ရား​ကို​ပြု​ကျင့်​သူ​ဟူ​၍​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။
ROM 3:13 သူ​တို့​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သော စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​လျှာ​ဖြင့်​လိမ်​လည်​လှည့် စား​ကြ​၏။ မြွေ​ဆိုး​ကဲ့​သို့​သူ​တို့​၏​နှုတ်​ခမ်း​တွင် အ​ဆိပ်​အ​တောက်​ရှိ​၏။
ROM 3:14 သူ​တို့​၏​ခံ​တွင်း​သည်​ခါး​သီး​စွာ​ကျိန်​စာ သင့်​သော စ​ကား​နှင့်​ပြည့်​ဝ​လျက်​ရှိ​၏။
ROM 3:15 သူ​တို့​သည်​လူ့​အ​သက်​ကို​သတ်​ရန်​လက်​မ​နှေး ကြ။
ROM 3:16 သူ​တို့​ရောက်​လေ​ရာ​တွင်​သူ​တို့​လက်​ချက်​ဖြင့် ပျက်​စီး​ဆုံး​ရှုံး​မှု​ရှိ​၏။
ROM 3:17 သူ​တို့​သည်​ငြိမ်း​ချမ်း​ရေး​လမ်း​စဉ်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​လိုက်​ကြ။
ROM 3:18 သူ​တို့​တွင်​ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​သော စိတ်​မ​ရှိ​ကြ'' ဟူ​၍​ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​သ​တည်း။
ROM 3:19 ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​မှန် သ​မျှ​သည် ပ​ညတ်​တ​ရား​စိုး​မိုး​မှု​လက်​အောက် တွင်​ရှိ​နေ​သူ​များ​အ​တွက်​ဖြစ်​ကြောင်း​ယ​ခု ငါ​တို့​သိ​ကြ​၏။ ဤ​သို့​ဖြစ်​ရ​ခြင်း​အ​ကြောင်း မှာ​လူ​တို့​၏​ဆင်​ခြေ​ဆင်​လက်​မှန်​သ​မျှ​ကို ရပ်​စဲ​စေ​ရန်​နှင့် လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​စေ​ရန်​ဖြစ်​ပေ​သည်။-
ROM 3:20 ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို​စောင့် ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘုရား​သ​ခင် နှင့်​မှန်​ကန်​စွာ​မ​ဆက်​ဆံ​နိုင်။ ပ​ညတ်​တ​ရား ၏​ဆောင်​ရွက်​ချက်​မှာ​လူ​တို့​သည် မိ​မိ​တို့ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ်​ကြောင်း​ကို သိ​ရှိ​လာ​စေ​ရန်​ပင်​ဖြစ်​၏။
ROM 3:21 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ​သား​အား​မိ​မိ​နှင့်​အ​ဘယ်​နည်း​ဖြင့် မှန်​ကန် စွာ​ဆက်​ဆံ​စေ​ကြောင်း​သိ​သာ​ထင်​ရှား​လာ ပေ​ပြီ။ ဤ​နည်း​သည်​တ​ရား​ဥ​ပ​ဒေ​နှင့်​လုံး​ဝ မ​သက်​ဆိုင်။ သို့​ရာ​တွင်​ဤ​အ​ကြောင်း​ကို မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​က​သက်​သေ​ခံ​ကြ​၏။-
ROM 3:22 လူ​တို့​အား​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​နိုင်​သော​နည်း​လမ်း​မှာ​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ခြင်း​ဖြစ်​သည်။ လူ​တို့​သည်​ခြား နား​ခြင်း​မ​ရှိ။-
ROM 3:23 လူ​မှန်​သ​မျှ​သည်​အ​ပြစ်​ကူး​သူ​များ​ဖြစ် ကြ​၍​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​မှ​ဝေး ကွာ​စွာ​နေ​ရ​ကြ​၏။-
ROM 3:24 လူ​တို့​အား​အ​ပြစ်​မှ​လွတ်​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သ​ခင်​သည်​အ​ခ​မဲ့​ကျေး​ဇူး​တော် အား​ဖြင့်​လူ​တို့​အား​မိ​မိ​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​စေ​တော်​မူ​၏။-
ROM 3:25 ခရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လူ​တို့​သည်​အ​ပြစ်​များ​မှ​ပြေ​လွတ်​နိုင်​ကြ စေ​ရန် ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​ကို​ပူ​ဇော် သကာ​အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။ လူ​တို့​သည် ခရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​ဖြင့်​အ​ပြစ်​များ မှ​ပြေ​လွတ်​ခြင်း​ကို​ခံ​စား​ရ​ကြ​၏။ ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​ကို​ပူ​ဇော်​သ​ကာ အ​ဖြစ်​သတ်​မှတ်​တော်​မူ​ရ​ခြင်း​မှာ ကိုယ် တော်​သည်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင်​ဖြစ် ကြောင်း​ကို​ပြ​သ​ရန်​ဖြစ်​၏။ ယ​ခု​ခေတ် ကာ​လ​အ​ထိ​ဘု​ရား​သ​ခင်​သည်​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပြီး​လျှင် လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော်​မ​မူ။ သို့​ရာ​တွင်​ယ​ခု​ခေတ်​ကာ​လ​၌​ကိုယ်​တော် သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ပြ​သ​ရန် လူ​တို့​၏​အ​ပြစ်​များ​ကို​အ​ရေး​ယူ​တော် မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကိုယ်​တိုင်​ပင်​ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့ ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ ကြောင်း​ကို​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​၏။
ROM 3:27 သို့​ဖြစ်​၍​ငါ​တို့​ဝါ​ကြွား​စ​ရာ​အ​ကြောင်း အ​ဘယ်​မှာ​ရှိ​တော့​အံ့​နည်း။ ငါ​တို့​ဝါ​ကြွား စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​နည်း။ ပ​ညတ်​တ​ရား​ကို​ငါ​တို့​လိုက်​နာ​ကျင့်​သုံး ကြ​သည့်​အ​တွက်​ကြောင့်​လော။ မ​ဟုတ်​ပါ။ ယုံ​ကြည်​သည့်​အ​တွက်​ကြောင့်​ဖြစ်​၏။-
ROM 3:28 ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ​လျှင်​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြောင်း၊ ပ​ညတ်​တ​ရား​ကို​ကျင့်​သုံး​ခြင်း​အား​ဖြင့် မ​ရ​ရှိ​နိုင်​ကြောင်း​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ ဖြစ်​သည်။-
ROM 3:29 ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏ ဘု​ရား​သာ​ဖြစ်​သ​လော။ လူ​မျိုး​ခြား​တို့​၏ ဘု​ရား​လည်း​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။-
ROM 3:30 ဘု​ရား​သ​ခင်​သည်​တစ်​ဆူ​တည်း​ဖြစ်​တော်​မူ ၏။ ကိုယ်​တော်​သည်​ယုံ​ကြည်​ခြင်း​ကြောင့်​ယု​ဒ အ​မျိုး​သား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၏။-
ROM 3:31 သို့​ဖြစ်​လျှင်​ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့် ပ​ညတ်​တ​ရား​ကို​ပယ်​ရာ​ရောက်​သ​လော။ အ​လျှင်း​မ​ပယ်။ ပ​ညတ်​တ​ရား​ကို​ထောက်​ခံ အ​တည်​ပြု​ခြင်း​သာ​ဖြစ်​၏။
ROM 4:1 သို့​ဖြစ်​၍​ငါ​တို့​လူ​မျိုး​၏​အ​ဖ​ဖြစ်​သူ အာ​ဗြ​ဟံ​၏​အ​ကြောင်း​ကို​စဉ်း​စား​ကြည့် ကြ​စို့။ သူ​၏​အ​တွေ့​အ​ကြုံ​ကား​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။-
ROM 4:2 အ​ကယ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​၏​အ​ကျင့် သီ​လ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​ပါ​မူ သူ့​မှာ​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​အ​ကြောင်း​ရှိ​ပေ​သည်။ သို့​ရာ​တွင် သူ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင် ထို​သို့​ဂုဏ်​ယူ​ဝါ​ကြွား​မှု​ကို​မ​ပြု​နိုင်။-
ROM 4:3 ကျမ်း​စာ​တော်​က``အာ​ဗြ​ဟံ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင် သည်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ တော်​မူ​၏'' ဟု​ဆို​သည်။-
ROM 4:4 လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​လုပ်​လုပ်​၍ အ​ခ​ကြေး​ငွေ​ကို​ရ​ရှိ​သော​အ​ခါ ထို​ကြေး ငွေ​သည်​လက်​ဆောင်​အ​ဖြစ်​ရ​သော​အ​ရာ မ​ဟုတ်​ဘဲ​မိ​မိ​အ​လုပ်​လုပ်​၍​ရ​သော​အ​ရာ ဖြစ်​၏။-
ROM 4:5 သို့​ရာ​တွင်​သူ​သည်​မိ​မိ​၏​အ​ကျင့်​သီ​လ ကို​အား​မ​ကိုး​ဘဲ​ယုံ​ကြည်​ခြင်း​ကို​အား​ကိုး လျှင် ဘု​ရား​သ​ခင်​သည်​သူ​၏​ယုံ​ကြည်​မှု​ကို ထောက်​ရှု​လျက် သူ့​အား​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင် ချက်​ချ​မှတ်​တော်​မူ​သည်။ သူ​၏​ယုံ​ကြည်​ခြင်း ကြောင့်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​မိ​မိ​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​စေ​တော်​မူ​၏။-
ROM 4:6 အ​ကျင့်​သီ​လ​ကို​မ​ထောက်​ဘဲ​ဘု​ရား​သ​ခင် သည်​ဖြောင့်​မတ်​သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ ခြင်း​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ကြောင်း ဖော်​ပြ​ရာ​၌​ဒါ​ဝိဒ်​မင်း​က၊
ROM 4:7 ``အ​ပြစ်​ပြေ​လွတ်​ခွင့်​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​အ​တွက် လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏။
ROM 4:8 မိမိ​၏​အ​ပြစ်​များ​ကို​ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ ခြင်း​ကို၊ မ​ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​၏'' ဟု​မြွက်​ဆို​လေ​သည်။
ROM 4:9 ဒါ​ဝိဒ်​မင်း​ဖော်​ပြ​သော​မင်္ဂလာ​ကို​အ​ရေ​ဖျား လှီး​ခြင်း​ခံ​သူ​တို့​သာ​လျှင်​ရ​ရှိ​ကြ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သူ​တို့​လည်း​ရ​ရှိ ကြ​ပေ​သည်။ ငါ​တို့​ဖော်​ပြ​ခဲ့​သော​ကျမ်း​စာ အ​ရ``အာ​ဗြ​ဟံ​သည်​ဘုရား​သခင်​ကို​ယုံ​ကြည် သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ် သော​သူ​အ​ဖြစ်​လက်​ခံ​တော်​မူ​၏။-''
ROM 4:10 ဤ​သို့​အာ​ဗြ​ဟံ​အား​ဖြောင့်​မတ်​သော​သူ အ​ဖြစ်​ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ​သည့် အ​ချိန်​မှာ အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ပြီး​မှ​လော။ မ​ခံ​ရ​သေး​မီ​က​လော။ ခံ​ပြီး မှ​မ​ဟုတ်။ မ​ခံ​ရ​သေး​မီ​က​ဖြစ်​၏။-
ROM 4:11 သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-
ROM 4:12 သူ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ခံ​သူ​တို့​၏ အ​ဖ​လည်း​ဖြစ်​ပေ​သည်။ တစ်​နည်း​ကား​သူ သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ကြ​ရုံ​မ​က ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​အ​ရေ​ဖျား​လှီး​မင်္ဂလာ ကို​မ​ခံ​မီ​က ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း စံ​န​မူ​နာ​ကို​လိုက်​သူ​တို့​၏​အ​ဖ​လည်း​ဖြစ် သည်။
ROM 4:13 ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
ROM 4:14 အ​ကယ်​၍​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ သူ​များ​သာ​လျှင် က​တိ​တော်​ကို​ခံ​စား​ရ​ကြ မည်​ဆို​လျှင်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​မှု သည်​အ​ချည်း​နှီး​ဖြစ်​၍​က​တိ​တော်​သည် လည်း​အဋ္ဌိ​ပ္ပါယ်​မ​ရှိ​တော့​ပေ။-
ROM 4:15 ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ဖြစ်​ပွား​စေ​၏။ သို့​ရာ​တွင်​တ​ရား ဥ​ပ​ဒေ​မ​ရှိ​လျှင်​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး ဖောက်​ခြင်း​လည်း​မ​ရှိ​နိုင်။
ROM 4:16 သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-
ROM 4:17 ``ငါ​သည်​သင့်​အား​လူ​မျိုး​အ​မြောက်​အ​မြား​တို့ ၏​အ​ဖ​ဖြစ်​စေ​ပြီ'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ သည်​နှင့်​အ​ညီ​ဖြစ်​သည်။ သို့​ဖြစ်​၍​ဘု​ရား​သခင် ၏​ရှေ့​တော်​၌​ထို​က​တိ​တော်​တည်​ရ​၏။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​ယုံ​ကြည်​သော​ဘု​ရား၊ သူ သေ​တို့​ကို​အ​သက်​ရှင်​စေ​သော​ဘု​ရား၊ ယ​ခင် က​မ​ဖြစ်​ဘူး​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ် စေ​ရန်​အ​မိန့်​ပေး​တော်​မူ​သော​ဘု​ရား​ဖြစ် တော်​မူ​၏။-
ROM 4:18 အာ​ဗြ​ဟံ​သည်​မျှော်​လင့်​စ​ရာ​မဲ့​သော​အ​ခြေ အ​နေ​၌​ပင်​လျှင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခဲ့​၏။ သို့​ဖြစ်​၍​သူ​သည်​လူ​မျိုး​အ​မြောက်​အ​မြား တို့​၏​အ​ဖ​ဖြစ်​လာ​၏။ ကျမ်း​စာ​တော်​တွင်``သင် ၏​အ​မျိုး​အ​နွယ်​တို့​သည်​ကြယ်​ကဲ့​သို့​များ ပြား​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​၏။-
ROM 4:19 ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ ခန့်​ပင်​ရှိ​၍ မိ​မိ​၏​ကိုယ်​ခန္ဓာ​သည်​အ​သေ​ကဲ့​သို့ ဖြစ်​လျက်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ သည်​လည်း​က​လေး​မ​ရ​နိုင်​ကြောင်း​ကို​လည်း ကောင်း​သိ​သော်​လည်း ဘု​ရား​သ​ခင်​အ​ပေါ်​တွင် ယုံ​ကြည်​မှု​ခိုင်​မြဲ​လျက်​ရှိ​၏။-
ROM 4:20 သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဘု​ရား​သ​ခင် ၏​က​တိ​တော်​ကို​ယုံ​မှား​သံ​သ​ယ​မ​ဖြစ်။ ကိုယ်​တော့်​အ​ပေါ်​ယုံ​ကြည်​မှု​ကို​လည်း​မ​စွန့် လွှတ်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သည်​ဖြစ်​၍ ခွန်​အား​ပြည့်​ဝ​လာ​၏။ ထို့​ကြောင့်​သူ​သည် ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပေ သည်။-
ROM 4:21 ဘု​ရား​သ​ခင်​သည်​မိမိ​က​တိ​ထား​တော်​မူ​သည့် အ​တိုင်း​ပြု​တော်​မူ​နိုင်​ကြောင်း​အာ​ဗြ​ဟံ​သည် အ​ကြွင်း​မဲ့​ယုံ​ကြည်​၏။-
ROM 4:22 ထို​သို့​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​လက်​ခံ​တော် မူ​၏။-
ROM 4:23 ``ဘု​ရား​သ​ခင်​သည်​သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏'' ဟူ​သော​စ​ကား​ရပ် သည်​အာ​ဗြ​ဟံ​တစ်​ဦး​တည်း​သာ​ရည်​ညွှန်း သည်​မ​ဟုတ်။-
ROM 4:24 ငါ​တို့​အား​လည်း​ရည်​ညွှန်း​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု အား​ရှင်​ပြန်​ထ​မြောက်​စေ​သော​ဘု​ရား​သ​ခင် ကို ငါ​တို့​ယုံ​ကြည်​သ​ဖြင့်​ငါ​တို့​အား​ဖြောင့် မတ်​သူ​များ​အ​ဖြစ်​ကိုယ်​တော်​လက်​ခံ​မည် ဖြစ်​သော​ကြောင့်​တည်း။-
ROM 4:25 ထို​အ​ရှင်​သည်​ငါ​တို့​အ​ပြစ်​များ​ကြောင့်​အ​သေ ခံ​စေ​ရန်​အပ်​နှံ​ခြင်း​ကို​ခံ​တော်​မူ​၏။ ငါ​တို့​အား ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​အံ့​သော ငှာ​ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၏။
ROM 5:1 ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ရ​ရှိ​ပြီး​ဖြစ်​သော ကြောင့် ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​ကြ​၏။-
ROM 5:2 ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။-
ROM 5:3 ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​လည်း​ငါ​တို့​ဝါ​ကြွား ဝမ်း​မြောက်​ကြ​ပေ​သည်။ ဆင်း​ရဲ​ဒုက္ခ​သည်​ခံ​နိုင် ရည်​ကို​လည်း​ကောင်း၊-
ROM 5:4 ခံ​နိုင်​ရည်​သည်​ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​ကို လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​နှစ်​သက်​မှု​သည် မျှော်​လင့်​ခြင်း​ကို​လည်း​ကောင်း ပြု​စု​၍​ပေး တတ်​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-
ROM 5:5 ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။
ROM 5:6 ငါ​တို့​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​လျက်​ရှိ​နေ​ကြ စဉ် ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​သတ်​မှတ်​တော် မူ​ရာ​နေ့​ရက်​ကာ​လ​၌​ဆိုး​ယုတ်​သူ​တို့ အ​တွက်​အ​သေ​ခံ​တော်​မူ​၏။-
ROM 5:7 ဖြောင့်​မတ်​သူ​တစ်​ယောက်​အ​တွက်​အသေ​ခံ​မည့် သူ​ရှိ​ရန်​ခဲ​ယဉ်း​၏။ သူ​တော်​ကောင်း​တစ်​ယောက် အ​တွက်​အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​မည်။-
ROM 5:8 သို့​ရာ​တွင်​ငါ​တို့​သည်​အ​ပြစ်​ကူး​လျက်​ရှိ​နေ ကြ​စဉ်​ပင် ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ ခံ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း​ကို ထင်​ရှား​စွာ​ပြ​တော်​မူ​၏။-
ROM 5:9 ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​သည်​ဖြစ်​ရာ အ​မျက်​တော်​မှ​ခ​ရစ် တော်​အား​ဖြင့်​ပို​၍​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ကြ လိမ့်​မည်။-
ROM 5:10 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​ကြ သော်​လည်း​ကိုယ်​တော်​သည် သား​တော်​ကို​အ​သေ​ခံ စေ​တော်​မူ​ခြင်း​အား​ဖြင့်​ငါ​တို့​အား​မိတ်​ဆွေ ဖြစ်​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​မိတ်​ဆွေ​ဖြစ်​လာ​ကြ​ပြီ​ဖြစ်​ရာ ခ​ရစ်​တော် အ​သက်​ရှင်​တော်​မူ​ခြင်း​အား​ဖြင့်​ကယ်​တင်​ခြင်း ကို​ပို​၍​ခံ​ရ​ကြ​လိမ့်​မည်။-
ROM 5:11 ဤ​မျှ​သာ​မ​က၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ကိုယ်​တော်​၏​မိတ်​ဆွေ​ဖြစ်​စေ​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ပြု​တော်​မူ​သော အ​မှု​ကြောင့်​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။
ROM 5:12 အ​ပြစ်​တ​ရား​သည်​လူ​တစ်​ယောက်​ကြောင့်​ဤ ကမ္ဘာ​လော​က​သို့​သက်​ရောက်​လာ​၏။ ထို​သူ​၏ အ​ပြစ်​ကြောင့်​သေ​ခြင်း​တ​ရား​ပေါ်​ပေါက်​လာ ရ​၏။ သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​အ​ပြစ် ကူး​လွန်​ကြ​သ​ဖြင့်​သေ​ရ​ကြ​ကုန်​၏။-
ROM 5:13 ပ​ညတ်​တ​ရား​မ​ပေါ်​မီ​အ​ခါ​က​လူ​တို့​သည် အ​ပြစ်​ကူး​ခဲ့​ကြ​၏။ သို့​သော်​ထို​စဉ်​အ​ခါ​က တ​ရား​ဥ​ပ​ဒေ​မ​ရှိ​သ​ဖြင့်​လူ​တို့​၏​အ​ပြစ် များ​ကို​မှတ်​သား​ထား​ခြင်း​မ​ရှိ။-
ROM 5:14 သို့​ရာ​တွင်​သေ​ခြင်း​တ​ရား​သည်​အာ​ဒံ​၏​လက် ထက်​မှ​စ​၍​မော​ရှေ​၏​လက်​ထက်​တိုင်​အောင် လူ အ​ပေါင်း​တို့​အား​စိုး​မိုး​ခဲ့​၏။ အာ​ဒံ​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ခြင်း​ဖြင့် အ​ပြစ်​မ​ကူး​ခဲ့​သူ​တို့​ကို​ပင်​သေ​ခြင်း​တ​ရား က​စိုး​မိုး​ခဲ့​ပေ​သည်။ အာ​ဒံ​သည်​နောင်​အ​ခါ​ပေါ်​ထွန်း​လတ္တံ့​သော အ​ရှင်​၏​ပုံ​ကို​ဆောင်​ပေ​သည်။-
ROM 5:15 သို့​ရာ​တွင်​သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ ဘု​ရား​သ​ခင် ၏​အ​ခ​မဲ့​ဆု​ကျေး​ဇူး​တော်​နှင့်​အာ​ဒံ​၏​အ​ပြစ် ကူး​လွန်​ပုံ​မ​တူ​သ​ဖြင့် သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ တစ်​ဦး​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​လူ​များ​စွာ သေ​သည်​မှန်​ပါ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​ဖြစ်​သူ ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ မြောက်​မြား​စွာ​ရ​ရှိ​ကြ​သည့်​ဆု​ကျေး​ဇူး သည်​လည်း​ကောင်း​ပို​၍​ကြွယ်​ဝ​ပေ​သည်။-
ROM 5:16 ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​နှင့်​လူ​တစ်​ယောက် ၏​အ​ပြစ်​ကွာ​ခြား​၏။ တစ်​ဦး​အ​ပြစ်​ကူး​သော အ​ခါ​ပြစ်​ဒဏ်​စီ​ရင်​ချက်​ချ​မှတ်​ပါ​က အ​ပြစ်​များ​စွာ​ကူး​ကြ​သော​အ​ခါ မ​ထိုက် မ​တန်​သော်​လည်း​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင်​ချက် မှတ်​သ​တည်း။-
ROM 5:17 တစ်​ဦး​ကူး​သည့်​အ​ပြစ်​သည်​သေ​ခြင်း​တ​ရား စိုး​မိုး​မှု​ကို​ဖြစ်​ပေါ်​စေ​ပါ​က အ​ခြား​သူ​တစ်​ဦး ဖြစ်​သူ​ယေ​ရှု​ခ​ရစ်​ပြု​သည့်​အ​မှု​တော်​၏​အ​ကျိုး ဆက်​ကား​အ​ဘယ်​မျှ​ပို​မို​ကြီး​မား​လိမ့်​မည်​နည်း။ ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​၍​ကိုယ်​တော်​နှင့်​လွတ်​လပ်​မှန်​ကန်​စွာ​ဆက် သွယ်​ရ​သူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျက်​စိုး​စံ​ရ​ကြ​လတ္တံ့။
ROM 5:18 သို့​ဖြစ်​၍​တစ်​ဦး​က​အ​ပြစ်​ကို​ပြု​သော​ကြောင့် လူ​သား​အား​လုံး​ပင်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​သည်​နည်း​တူ အ​ခြား​တစ်​ဦး​က​ဖြောင့်​မတ် သော​အ​မှု​ကို​ပြု​သော​ကြောင့်​လူ​သား​အ​ပေါင်း တို့​သည်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မှ​လွတ်​မြောက်​၍ အ​သက်​ရှင်​ရ​ကြ​၏။-
ROM 5:19 လူ​တစ်​ဦး​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင် သော​အား​ဖြင့်​လူ​အ​ပေါင်း​တို့​အ​ပြစ်​ကူး​သူ များ​ဖြစ်​ရ​ကြ​သည်​နည်း​တူ အ​ခြား​လူ​တစ်​ဦး သည်​ဘု​ရား​စ​ကား​ကို​နာ​ခံ​သော​အား​ဖြင့်​လူ အ​ပေါင်း​တို့​သည်​ဘုရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ရ​ကြ​လိမ့်​မည်။
ROM 5:20 အ​ပြစ်​ဒု​စ​ရိုက်​များ​ပြား​လာ​စေ​ရန်​ပ​ညတ် တ​ရား​ကို​ချ​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​အ​ပြစ် ဒု​စ​ရိုက်​များ​ပြား​လာ​သော​အ​ခါ​ကျေး​ဇူး တော်​သည်​ပို​၍​များ​ပြား​လာ​၏။-
ROM 5:21 သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​သေ​ခြင်း​တ​ရား အား​ဖြင့် စိုး​မိုး​ခဲ့​သည်​နည်း​တူ​ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား​ထာ​ဝ​ရ​အ​သက် ကို​ရ​စေ​ရန်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်​စိုး​မိုး​သ​တည်း။
ROM 6:1 သို့​ဖြစ်​လျှင်​အ​ဘယ်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ပို​မို​ခံ​စား​ရ​စေ ရန် အ​ပြစ်​ထဲ​၌​ဆက်​လက်​၍​ကျင်​လည်​ရ​မည် လော။-
ROM 6:2 ထို​သို့​မ​ဆို​လို​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​နှင့်​လုံး​ဝ အ​ဆက်​ဖြတ်​ပြီး​သော ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​ပြစ်​ထဲ​၌​ပြန်​၍​ကျင်​လည်​ရ​ကြ ပါ​မည်​နည်း။-
ROM 6:3 ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ရန်​ဗတ္တိ​ဇံ​မင်္ဂလာ​ခံ​ကြ​သော အ​ခါ တစ်​ချိန်​တည်း​မှာ​ပင်​ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကြောင်း​ကို​သင်​တို့​အ​မှန်​ပင် သိ​ကြ​၏။-
ROM 6:4 သို့​ဖြစ်​၍​ငါ​တို့​သည်​ဗတ္တိ​ဇံ​အား​ဖြင့်​ခ​ရစ်​တော် နှင့်​အ​တူ မြှုပ်​နှံ​ခြင်း​ကို​ခံ​သ​ဖြင့်​ကိုယ်​တော် နှင့်​အ​တူ​အ​သေ​ခံ​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ရ​သည့်​အ​ကြောင်း​မှာ​ခ​မည်း​တော် သည်​ဘုန်း​တန်​ခိုး​တော်​အား​ဖြင့် ကိုယ်​တော်​အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သည် နည်း​တူ​ငါ​တို့​အား​လည်း​ဘ​ဝ​သစ်​၌​ကျင် လည်​ရ​ကြ​စေ​ရန်​ဖြစ်​သ​တည်း။
ROM 6:5 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​လျက်​သေ​ကြ​ပါ​မူ ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သ​ကဲ့​သို့ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ မည်​ဖြစ်​သော​ကြောင့်​တည်း။-
ROM 6:6 ငါ​တို့​၏​ဇာ​တိ​စိတ်​ဟောင်း​ကို​ခရစ်​တော်​နှင့် အ​တူ လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​သတ်​ခြင်း ခံ​စေ​ခဲ့​၏။ ဤ​သို့​အ​သေ​သတ်​ခြင်း​ခံ​စေ​ရ ခြင်း​မှာ​အ​ပြစ်​နှင့်​ပြည့်​ဝ​သည့်​ဇာ​တိ​စိတ် ကို​ဖျက်​ဆီး​ခြင်း​အား​ဖြင့် ငါ​တို့​သည်​အ​ပြစ် ၏​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ကြ​စေ​ရန်​ပင် ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-
ROM 6:7 ခ​ရစ်​တော်​နှင့်​အ​တူ​သေ​သော​သူ​သည်​အ​ပြစ် တ​ရား​၏​လက်​အောက်​ခံ​မ​ဟုတ်​တော့​ပေ။-
ROM 6:8 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ကြ​ပြီ ဖြစ်​၍​ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ရ ကြ​မည်​ကို​ယုံ​ကြည်​ကြ​၏။-
ROM 6:9 ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သ​ဖြင့် နောင်​အ​စဉ်​သေ​ခြင်း​တ​ရား​နှင့် ကင်း​လွတ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး​မ​ရ တော့​ပေ။-
ROM 6:10 သို့​ဖြစ်​၍​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ​သော ကြောင့်​အ​ပြစ်​တ​ရား​သည်​ကိုယ်​တော်​ကို​အ​စိုး မ​ရ​တော့​ချေ။ ယ​ခု​ကိုယ်​တော်​သည်​ဘု​ရား သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​အ​သက် ရှင်​တော်​မူ​၏။-
ROM 6:11 ထို​နည်း​တူ​သင်​တို့​သည်​လည်း​အ​ပြစ်​တ​ရား နှင့်​လုံး​ဝ​အ​ဆက်​ပြတ်​၍​ခ​ရစ်​တော်​ယေ​ရှု အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့ လျက်​ရှိ​နေ​သည်​ဟု​မှတ်​ယူ​ရ​ကြ​မည်။
ROM 6:12 ထို့​ကြောင့်​သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ခန္ဓာ​၏ အ​လို​ဆန္ဒ​သို့​မ​လိုက်​စေ​ရန်​အ​ပြစ်​တ​ရား က သင်​တို့​၏​သေ​တတ်​သော​ကိုယ်​ခန္ဓာ​ကို​အ​စိုး မ​ရ​စေ​နှင့်။-
ROM 6:13 သင်​တို့​ကိုယ်​အင်္ဂါ​များ​ကို​လည်း​ဒု​စ​ရိုက်​အ​တွက် အ​သုံး​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့်​အ​စား သင်​တို့​သည်​သေ​ရာ​မှ​ရှင်​ပြန်​သူ​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ သု​စ​ရိုက်​အ​တွက်​အ​သုံး​တော် ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား သ​ခင်​အား​ဆက်​သ​ကြ​လော့။-
ROM 6:14 အ​ပြစ်​တ​ရား​သည်​သင်​တို့​အား​အ​စိုး​မ​ရ​စေ နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ပ​ညတ် တ​ရား​လက်​အောက်​၌​မ​ရှိ။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တ​ရား​လက်​အောက်​၌​ရှိ​ကြ​သော ကြောင့်​တည်း။
ROM 6:15 သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက် အောက်​၌​မ​ရှိ​တော့​ဘဲ ကျေး​ဇူး​တ​ရား​၏​လက် အောက်​၌​ရှိ​ကြ​သ​ဖြင့်​အ​ပြစ်​ကူး​ကြ​ကုန် အံ့​ဟု​ဆို​ကြ​မည်​လော။ ထို​သို့​မ​ဆို​ရ။-
ROM 6:16 လူ​တစ်​စုံ​တစ်​ယောက်​၏​စေ​စား​မှု​ကို​ခံ​သော သူ​သည် စေ​စား​သူ​၏​ကျွန်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။ အ​ကယ်​၍​သင်​တို့​သည် အ​ပြစ်​တ​ရား​၏​စေ​စား​မှု​ကို​ခံ​ကြ​ပါ​မူ သင် တို့​ခံ​စား​ရ​မည့်​အ​ကျိုး​ဆက်​ကား​သေ​ခြင်း ပင်​ဖြစ်​၏။ အ​ကယ်​၍​သင်​တို့​သည်​ဘု​ရား​သခင် ၏​စ​ကား​ကို​နာ​ခံ​ကြ​မည်​ဆို​ပါ​က​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​မှု​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-
ROM 6:17 သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​တ​ရား ၏​ကျွန်​ဖြစ်​ခဲ့​ဖူး​သော်​လည်း​ယ​ခု​အ​ခါ​၌ မိ​မိ တို့​ခံ​ယူ​ယုံ​ကြည်​သည့်​ဘာ​သာ​တ​ရား​တော်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သည့်​အ​တွက် ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။-
ROM 6:18 သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​ကြ​သော​အ​ခါ​ဖြောင့်​မတ်​ခြင်း တ​ရား​၏​ကျွန်​ဖြစ်​လာ​ကြ​၏။-
ROM 6:19 (သင်​တို့​၏​ဇာ​တိ​သ​ဘော​အ​ရ​အား​နည်း​မှု ကြောင့် လူ​တို့​နား​လည်​နိုင်​သော​ဝေါ​ဟာ​ရ​ကို ငါ​သုံး​ခြင်း​ဖြစ်​သည်။) အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဆိုး​ယုတ်​မှု​အ​မျိုး​မျိုး​ကို​ပြု ကျင့်​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​ဆိုး​ယုတ် မှု​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ​အပ်​နှံ ခဲ့​ကြ​၏။ ထို​နည်း​တူ​စွာ​သင်​တို့​သည်​ယ​ခု အ​ခါ​၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​မှု​ကို ပြု​ကျင့်​နိုင်​ရန် မိ​မိ​တို့​၏​ကိုယ်​ကို​ဖြောင့်​မတ် ခြင်း​တ​ရား​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ အပ်​နှံ​ကြ​လော့။
ROM 6:20 သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဖြစ်​စဉ် အ​ခါ​က ဖြောင့်​မတ်​ခြင်း​တ​ရား​၏​လက်​မှ လွတ်​မြောက်​ကြ​၏။-
ROM 6:21 ထို​စဉ်​အ​ခါ​က​သင်​တို့​ပြု​ကျင့်​ခဲ့​သော​အ​မှု များ​သည်​မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး​ခဲ့။ သင် တို့​ကို​သာ​သေ​စေ​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့ သည်​ထို​အ​မှု​များ​အ​တွက်​ရှက်​ကြောက်​လျက် နေ​ကြ​၏။-
ROM 6:22 သို့​သော်​သင်​တို့​သည်​ယ​ခု​အ​ခါ​အ​ပြစ် တ​ရား​၏​လက်​မှ​လွတ်​မြောက်​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ကျွန်​များ​ဖြစ်​လာ​ကြ​ပေ​ပြီ။ သင် တို့​ရ​ရှိ​သည့်​အ​ကျိုး​ကား​ကိုယ်​တော်​၏​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​အ​ကြွင်း​မဲ့​ဆက်​ကပ်​ခြင်း ဖြစ်​သည်။ အ​ဆုံး​၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ ခြင်း​ပင်​ဖြစ်​သည်။-
ROM 6:23 အ​ပြစ်​တ​ရား​၏​အ​ခ​ကား​သေ​ခြင်း​ဖြစ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ခ​မဲ့​ပေး​တော် မူ​သော​ဆု​ကျေး​ဇူး​တော်​ကား ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း အား​ဖြင့်​ရ​ရှိ​သော​ထာ​ဝ​ရ​အ​သက်​ပေ​တည်း။
ROM 7:1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ များ​အ​ကြောင်း​ကို​သိ​ထား​သူ​များ​ဖြစ်​၍ ငါ ယ​ခု​ပြော​ဆို​မည့်​အ​ကြောင်း​အ​ရာ​ကို​နား လည်​ကြ​လိမ့်​မည်။ လူ​သည်​အ​သက်​ရှင်​လျက် နေ​သ​မျှ​ကာ​လ​ပတ်​လုံး​တ​ရား​ဥ​ပ​ဒေ များ​၏​အာ​ဏာ​စက်​အောက်​တွင်​ရှိ​၏။-
ROM 7:2 ဥ​ပ​မာ​ပေး​ရ​သော်​အိမ်​ထောင်​သည်​အ​မျိုး သ​မီး​တစ်​ယောက်​သည် မိ​မိ​၏​ခင်​ပွန်း​အ​သက် ရှင်​စဉ်​လက်​ထပ်​ထိမ်း​မြား​ခြင်း​ဆိုင်​ရာ​တ​ရား ဥ​ပ​ဒေ​အောက်​တွင်​နေ​ရ​၏။-
ROM 7:3 သို့​ဖြစ်​၍​သူ​သည်​မိ​မိ​ခင်​ပွန်း​အ​သက်​ရှင်​လျက် ရှိ​စဉ်​အ​ခြား​လူ​တစ်​ယောက်​နှင့်​ပေါင်း​သင်း​နေ ထိုင်​ပါ​မူ မျောက်​မ​ထား​သူ​ဟု​အ​ခေါ်​ခံ​ရ​မည် ဖြစ်​သော်​လည်း ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား တ​ရား​ဥ​ပ​ဒေ​နှင့်​ကင်း​လွတ်​သွား​ပြီ​ဖြစ်​၍ အ​ခြား​လူ​တစ်​ယောက်​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် မျောက်​မ​ထား​သူ​မ​ဖြစ်​တော့​ပေ။-
ROM 7:4 ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​သည်​သင်​တို့​နှင့် လည်း​သက်​ဆိုင်​ပေ​သည်။ သင်​တို့​သည်​ခ​ရစ်​တော် ၏​ကိုယ်​အင်္ဂါ​ဖြစ်​သ​ဖြင့် ပ​ညတ်​တ​ရား​အောက် တွင်​ရှင်​သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ကြ​လေ​ပြီ။ ဘု​ရား​သ​ခင်​အ​တွက်​အ​သုံး​ဝင်​သူ​များ ဖြစ်​လာ​ကြ​စေ​ရန် သင်​တို့​သည်​သေ​ခြင်း​မှ ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​လေ​ပြီ။-
ROM 7:5 ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​ကို​လိုက်​လျော ၍ အ​သက်​ရှင်​ကြ​စဉ်​အ​ခါ​က​ပ​ညတ်​တ​ရား ၏​လှုံ့​ဆော်​ချက်​အ​ရ​အ​ပြစ်​ကူး​လို​စိတ်​သည် ငါ​တို့​ကိုယ်​ခန္ဓာ​အ​တွင်း​၌​ထ​ကြွ​လှုပ်​ရှား ကာ​ငါ​တို့​ပြု​သ​မျှ​သည်​သေ​မင်း​အ​ဖို့ ဖြစ်​ခဲ့​၏။-
ROM 7:6 ပ​ညတ်​တ​ရား​သည်​အ​ခါ​တစ်​ပါး​က​ငါ​တို့ အား​ချုပ်​နှောင်​ခဲ့​၏။ ယင်း​သို့​ချုပ်​နှောင်​ခြင်း​ခံ​ရ သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ပြီ​ဖြစ်​၍ ယ​ခု​အ​ခါ မှာ​မူ​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက်​အောက် မှ​လွတ်​မြောက်​ကြ​ပြီ။ ယ​ခု​အ​ခါ​၌​ငါ​တို့ သည်​အက္ခ​ရာ​တင်​ထား​သည့်​တ​ရား​ဥ​ပ​ဒေ လမ်း​စဉ်​ဟောင်း​အ​ရ​မ​ဟုတ်​တော့​ဘဲ ဝိ​ညာဉ် တော်​၏​လမ်း​စဉ်​သစ်​အ​ရ​အ​မှု​ဆောင်​ရွက် ကြ​ပေ​သည်။
ROM 7:7 သို့​ဖြစ်​လျှင်​ငါ​တို့​မည်​သို့​ဆို​ရ​မည်​နည်း။ ပ​ညတ်​တ​ရား​သည်​ဆိုး​ယုတ်​သည့်​အ​ရာ​ဖြစ် သည်​ဟု​ဆို​ရ​မည်​လော။ သို့​ရာ​တွင်​အ​ပြစ်​ဟူ သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို ငါ့​အား ပ​ညတ်​တ​ရား​က​သိ​ရှိ​စေ​၏။ အ​ကယ်​၍ ပ​ညတ်​တော်​က ``လော​ဘ​လွန်​ကူး​ခြင်း​မ​ရှိ နှင့်'' ဟု​မ​ဆို​လျှင်​လော​ဘ​လွန်​ကူး​ခြင်း ဟူ​သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို ငါ​သိ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
ROM 7:8 အ​ပြစ်​တ​ရား​သည်​ငါ​တို့​အား​ထို​ပ​ညတ် တော်​ကို​သ​တိ​ရ​စေ​ကာ ငါ​တို့​၏​စိတ်​အ​တွင်း ၌​တစ်​ကိုယ်​ကောင်း​ကြံ​စည်​မှု​အ​မျိုး​မျိုး​တို့ ကို​ဖြစ်​ပေါ်​စေ​၏။ တ​ရား​ဥ​ပ​ဒေ​သာ​မ​ရှိ လျှင်​အ​ပြစ်​တ​ရား​သည်​သေ​လျက်​နေ​၏။-
ROM 7:9 ငါ​သည်​တရား​ဥ​ပ​ဒေ​နှင့်​ကင်း​လျက်​အ​သက် ရှင်​ခဲ့​သည့်​အ​ချိန်​ရှိ​ခဲ့​ဖူး​၏။ သို့​သော်​ပ​ညတ် တော်​ကို​ငါ​သိ​ရှိ​လာ​သည်​နှင့်​တစ်​ပြိုင်​နက် အ​ပြစ်​တ​ရား​သည်​ရှင်​သန်​လာ​၏။-
ROM 7:10 ထို့​နောက်​ငါ​သည်​သေ​ရ​၏။ ငါ့​အား​အ​သက်​ရှင် စေ​ရန်​ပေး​အပ်​သည့်​ပ​ညတ်​တော်​က​ပင်​လျှင် ငါ​၏​အ​သက်​ကို​သေ​စေ​လေ​သည်။-
ROM 7:11 အ​ပြစ်​တရား​သည်​အ​ခွင့်​ရ​ကာ​ပ​ညတ်​တော် အား​ဖြင့် ငါ့​ကို​လှည့်​စား​၍​ငါ့​အား​သေ​စေ ၏။
ROM 7:12 ထို့​ကြောင့်​ပ​ညတ်​တ​ရား​သည်​မြင့်​မြတ်​သန့်​ရှင်း ၏။ ပ​ညတ်​တော်​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း မှန်​ကန်​ကောင်း​မြတ်​၏။-
ROM 7:13 သို့​ဖြစ်​လျှင်​ကောင်း​မြတ်​သည့်​အ​ရာ​က​ငါ့​အား သေ​စေ​သ​လော။ မ​သေ​စေ​နိုင်​ရာ။ ငါ့​အား​သေ​စေ သော​အ​ရာ​မှာ​အ​ပြစ်​တ​ရား​ဖြစ်​ပေ​သည်။ အ​ပြစ် တ​ရား​သည် ၎င်း​၏​ပင်​ကို​သ​ဘော​သ​ဘာ​ဝ​ကို ပေါ်​လွင်​ထင်​ရှား​စေ​ရန် ကောင်း​မြတ်​သည့်​အ​ရာ ကို​အ​သုံး​ပြု​၍​ငါ့​ကို​သေ​စေ​ခြင်း​သာ​ဖြစ်​၏။ သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​မည်​မျှ​ဆိုး​ရွား ကြောင်း​ကို​ပ​ညတ်​တော်​အား​ဖြင့်​သိ​ရ​၏။
ROM 7:14 ပ​ညတ်​တ​ရား​သည်​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​အ​ပြစ် တ​ရား​၏​ကျွန်​ဖြစ်​သည့်​လူ​သား​ဖြစ်​၏။-
ROM 7:15 မိ​မိ​ကိုယ်​တိုင်​ပြု​သည့်​အ​မှု​ကို​ပင်​နား​မ​လည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​ပြု​ကျင့်​လို​သည့် အ​တိုင်း​မ​ပြု​ကျင့်​ဘဲ မိ​မိ​ရွံ​မုန်း​သည့်​အ​မှု ကို​သာ​ပြု​သော​ကြောင့်​ဖြစ်​၏။-
ROM 7:16 ငါ​သည်​မိ​မိ​မ​ပြု​ကျင့်​လို​သော​အ​မှု​ကို​ပြု ကျင့်​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​မှန်​ကန်​ကြောင်း ကို​ငါ​ဝန်​ခံ​၏။-
ROM 7:17 ထို့​ကြောင့်​ငါ​ပြု​သော​အ​မှု​ကို​ပြု​သော​သူ​သည် စင်​စစ်​အား​ဖြင့်​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး အ​တွင်း​၌​ရှင်​သန်​လျက်​ရှိ​သည့်​အ​ပြစ်​တ​ရား ပင်​ဖြစ်​ပေ​သည်။-
ROM 7:18 ငါ​၏​လူ့​ဇာ​တိ​၌​ကောင်း​သော​အ​ရာ​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ့​မှာ​အ​ကျင့် ကောင်း​ကို ပြု​ကျင့်​လို​သော​စိတ်​ရှိ​သော်​လည်း​ပြု ကျင့်​နိုင်​စွမ်း​ကား​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။-
ROM 7:19 ငါ​သည်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လို​သော်​လည်း မ​ပြု​ကျင့်​ဘဲ​မ​ကျင့်​လို​သော​အ​ကျင့်​ဆိုး​ကို သာ​ကျင့်​၏။-
ROM 7:20 မိ​မိ​မ​ကျင့်​လို​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကား​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး​အ​တွင်း​၌​ရှင် သန်​လျက်​ရှိ​သော​အ​ပြစ်​တ​ရား​ပင်​ဖြစ်​၏။
ROM 7:21 သို့​ဖြစ်​၍​ငါ​တွေ့​ရှိ​ရ​သော​သ​ဘော​တ​ရား​မှာ ငါ​သည်​အ​ကျင့်​ကောင်း​ကို​ကျင့်​လို​သော​အ​ခါ အ​ကျင့်​ဆိုး​ကို​သာ​ကျင့်​နိုင်​ခြင်း​ဖြစ်​သည်။-
ROM 7:22 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကို ငါ​၏ စိတ်​နှ​လုံး​က​နှစ်​သက်​ဝမ်း​မြောက်​စွာ​လက်​ခံ ၏။-
ROM 7:23 သို့​သော်​ငါ​၏​ကိုယ်​ခန္ဓာ​အ​တွင်း​၌ ငါ​၏​စိတ်​က နှစ်​သက်​သည့်​သ​ဘော​တ​ရား​နှင့်​ဆိုင်​ပြိုင်​တိုက် ခိုက်​လျက်​နေ​သည့်​အ​ခြား​သ​ဘော​တ​ရား​တစ်​ခု ရှိ​၏။ ထို​သ​ဘော​တ​ရား​သည်​ငါ​၏​အ​တွင်း​၌ ထ​ကြွ​လှုပ်​ရှား​၍ ငါ့​အား​အ​ပြစ်​တ​ရား​၏ လက်​သို့​အပ်​နှံ​သည်​ကို​ငါ​မြင်​ရ​၏။-
ROM 7:24 သြော် ဒုက္ခ​ပါ​တ​ကား။ သေ​စေ​သည့်​ဤ​ကိုယ်​ခန္ဓာ မှ​အ​ဘယ်​သူ​သည်​ငါ့​ကို​ကယ်​ဆယ်​မည်​နည်း။-
ROM 7:25 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​စွ​တ​ကား။ အ​ချုပ်​အား​ဖြင့်​ငါ​၏​ဖြစ်​ရပ်​ကို​ဖော်​ပြ​ရ​သော် ငါ​သည်​စိတ်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော် အောက်​အ​စေ​ခံ​သော်​လည်း​ဇာ​တိ​သ​ဘော​အား ဖြင့်​အ​ပြစ်​တ​ရား​အောက်​အ​စေ​ခံ​၏။
ROM 8:1 သို့​ဖြစ်​၍​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​ပြစ် ဒဏ်​စီ​ရင်​ခြင်း​နှင့်​ယ​ခု​ကင်း​လွတ်​ကြ​၏။-
ROM 8:2 အ​ဘယ်​ကြောင့်​ဆို​သော်​ခရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့် ဝိ​ညာဉ်​တော်​နှင့် ဆိုင်​သော​တ​ရား​သည်​သေ​ခြင်း​တ​ရား​နှင့် အ​ပြစ် တ​ရား​၏​လက်​မှ​ငါ​တို့​ကို​လွတ်​မြောက်​စေ​သော ကြောင့်​တည်း။-
ROM 8:3 လူ့​ဇာ​တိ​သ​ဘော​အား​နည်း​မှု​ကြောင့်​ပ​ညတ် တ​ရား​က မ​ဆောင်​ရွက်​ပေး​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​က​ဆောင်​ရွက်​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​ဇာ​တိ​သ​ဘော​တွင်​သက် ရှင်​လှုပ်​ရှား​သည့်​အ​ပြစ်​တ​ရား​ကို​အ​ပြစ် ဒဏ်​စီ​ရင်​ရန် မိ​မိ​၏​သား​တော်​အား​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သား​တော်​သည်​အ​ပြစ် တ​ရား​ကို​ဖျက်​ဆီး​ပစ်​ရန်​လူ့​ဇာ​တိ​ကို ခံ​ယူ​တော်​မူ​သည်။-
ROM 8:4 ဤ​သို့​ဘု​ရား​သ​ခင်​အ​ရေး​ယူ​ဆောင်​ရွက်​တော် မူ​ရ​ခြင်း​မှာ ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​နှင့် အ​ညီ​မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​၏​အ​လို​တော် နှင့်​အ​ညီ​အ​သက်​ရှင်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​ကျင့်​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန်​ဖြစ်​သည်။-
ROM 8:5 လူ့​ဇာ​တိ​သ​ဘော​၏​စေ​ခိုင်း​မှု​အ​ရ​အ​သက် ရှင်​သူ​တို့​သည် လူ့​ဇာ​တိ​သ​ဘော​နှင့်​ဆိုင်​သော အ​ရာ​များ​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။ သို့​ရာ တွင်​ဝိ​ညာဉ်​တော်​၏​ညွှန်​ကြား​ချက်​အ​ရ အ​သက်​ရှင်​သူ​တို့​မူ​ကား ဝိ​ညာဉ်​တော်​အ​လို ရှိ​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း​ကြ​၏။-
ROM 8:6 ဇာတိ​သ​ဘော​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ် စွဲ​လမ်း​သူ​သည်​အ​သက်​သေ​လိမ့်​မည်။ ဝိ​ညာဉ် တော်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း သူ​ကား အ​သက်​ရှင်​သန်​၍​ငြိမ်​သက်​ခြင်း​ကို ရ​ရှိ​လိမ့်​မည်။-
ROM 8:7 ဇာ​တိ​သ​ဘော​ဆိုင်​ရာ​အ​ရာ​များ​ကို​စိတ်​စွဲ လမ်း​သူ​သည် ဘု​ရား​သ​ခင်​အား​ရန်​ဖက်​ပြု​သူ ဖြစ်​၏။ ထို​သို့​စိတ်​စွဲ​လမ်း​သူ​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​မ​လိုက်​လျှောက်။ အ​ကယ်​ပင် မ​လိုက်​လျှောက်​နိုင်။-
ROM 8:8 မိ​မိ​တို့​ဇာ​တိ​သ​ဘော​အ​လို​အ​တိုင်း​ပြု ကျင့်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​စိတ်​တော် နှင့်​မ​တွေ့​နိုင်။
ROM 8:9 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​အ​ကယ်​ပင်​ကျိန်း​ဝပ်​တော်​မူ လျှင် သင်​တို့​သည်​ဇာ​တိ​သ​ဘော​လှုံ့​ဆော်​သည့် အ​တိုင်း​မ​ဟုတ်​ဘဲ​ဝိ​ညာဉ်​တော်​သွန်​သင်​သည့် အ​တိုင်း​ပြု​မူ​ကျင့်​ကြံ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ် တော်​မ​ကျိန်း​ဝပ်​သော​သူ​သည်​ခ​ရစ်​တော်​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်။-
ROM 8:10 သို့​သော်​သင်​တို့​တွင်​ခ​ရစ်​တော်​ကျိန်း​ဝပ်​တော် မူ​လျှင်​အ​ပြစ်​တ​ရား​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ သေ​ရ​မည်​ဖြစ်​သော်​လည်း​သင်​တို့​၏​ဝိ​ညာဉ်​မူ ကား​ရှင်​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ပြီး​သော​ကြောင့်​တည်း။-
ROM 8:11 သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။
ROM 8:12 ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​တို့​၌​တာ​ဝန်​ရှိ သော်​လည်း ယင်း​တာ​ဝန်​မှာ​လူ့​ဇာ​တိ​အ​လို သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ​ရန်​မ​ဟုတ်။-
ROM 8:13 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။-
ROM 8:14 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ မှု​ကို​ခံ​ယူ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏ သား​များ​ဖြစ်​ကြ​၏။-
ROM 8:15 ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-
ROM 8:16 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​ကိုယ်​တိုင်​ပင်​လျှင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော် မူ​၏။-
ROM 8:17 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက် ကိုယ်​တော်​လျာ​ထား​တော်​မူ​သော​ကောင်း​ချီး မင်္ဂလာ​များ​ကို​ခံ​စား​ရ​ကြ​မည်။ ခ​ရစ်​တော် အ​တွက်​ဘု​ရား​သ​ခင်​လျာ​ထား​တော်​မူ သည့်​ဂုဏ်​အ​သ​ရေ​ကို​လည်း​ခံ​စား​ရ​ကြ မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဝေ​ဒ​နာ​ခံ​စား​ကြ လျှင် ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ တော်​ခံ​စား​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် တည်း။
ROM 8:18 ယ​ခု​မျက်​မှောက်​ကာ​လ​၌​ငါ​တို့​ခံ​ရ​ကြ​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​နောင်​အ​ခါ​၌ ငါ​တို့​အား​ပေါ် လွင်​ထင်​ရှား​မည့်​ဘုန်း​အ​သ​ရေ​တော်​နှင့်​နှိုင်း ယှဉ်​၍​မ​ရ​ဟု​ငါ​ယုံ​ကြည်​၏။-
ROM 8:19 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​များ​ကို​ပေါ် လွင်​ထင်​ရှား​စေ​မည့်​အ​ခြင်း​အ​ရာ​ကို အ​ဖန် ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​က​အ​လွန် တောင့်​တ​စောင့်​မျှော်​လျက်​ရှိ​၏။-
ROM 8:20 ဘု​ရား​သ​ခင်​သည်​ထို​အ​ဖန်​ဆင်း​ခံ​ကမ္ဘာ လော​က​ကို​အ​နတ္တ​ဖြစ်​စေ​ရန်​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​၏။ ထို​သို့​ဖြစ်​စေ​ခြင်း​မှာ​ကမ္ဘာ လော​က​၏​အ​လို​ဆန္ဒ​ကြောင့်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက်​ကြောင့် ဖြစ်​၏။ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ရှိ​၏။-
ROM 8:21 ထို​မျှော်​လင့်​ချက်​မှာ​တစ်​နေ့​သော​အ​ခါ​၌ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​သည်​ဖောက်​ပြန် ပျက်​စီး​ခြင်း​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​၍ ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်​အ​တူ လွတ်​လပ်​မှု​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​ခွင့် ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။-
ROM 8:22 အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကဲ့​သို့​ပြင်း​ပြ​သော ဝေ​ဒ​နာ​ဖြင့် ယ​ခု​အ​ချိန်​တိုင်​အောင်​ညည်း တွား​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-
ROM 8:23 အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။-
ROM 8:24 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​မျှော်​လင့် ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​မိ​မိ​တို့​မျှော်​လင့် သည့်​အ​ရာ​ကို​မ​မြင်​နိုင်​ကြ။ မြင်​နိုင်​ကြ​ပါ မူ​ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​အ​ကယ်​ပင် မျှော်​လင့်​ခြင်း​မ​ဟုတ်။ မြင်​ရ​သော​အ​ရာ​ကို အ​ဘယ်​သူ​သည်​မျှော်​လင့်​မည်​နည်း။-
ROM 8:25 သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​မ​မြင်​ရ​သည့် အ​ရာ​ကို​မျှော်​လင့်​ကြ​လျှင် ထို​အ​ရာ​ကို​စိတ် ရှည်​စွာ​စောင့်​မျှော်​ကြ​၏။
ROM 8:26 ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။-
ROM 8:27 လူ​တို့​စိတ်​နှ​လုံး​ကို​သိ​မြင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ဝိ​ညာဉ်​တော်​၏​စိတ် သ​ဘော​ကို​လည်း​သိ​တော်​မူ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော်​သည်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ကိုယ်​တော် ၏​လူ​စု​တော်​အ​တွက်​အ​သ​နား​ခံ​တော် မူ​သော​ကြောင့်​ဖြစ်​၏။
ROM 8:28 ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-
ROM 8:29 ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​တို့ အား မိ​မိ​၏​သား​တော်​ကဲ့​သို့​ဖြစ်​လာ​ကြ​စေ ရန်​သီး​သန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ ခြင်း​မှာ​သား​တော်​အား​ညီ​အ​မြောက်​အ​မြား ထဲ​တွင်​နောင်​တော်​ကြီး​ဖြစ်​စေ​ရန်​ပင်​တည်း။-
ROM 8:30 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သီး​သန့်​ထား​သူ တို့​ကို​ခေါ်​ယူ​တော်​မူ​၏။ ယင်း​သို့​ခေါ်​ယူ​တော် မူ​သော​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​ပြီး​လျှင်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ပေး​တော်​မူ​၏။
ROM 8:31 အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-
ROM 8:32 မိ​မိ​၏​သား​တော်​ရင်း​ကို​ပင်​မ​နှ​မြော​ဘဲ​ငါ တို့​ရှိ​သ​မျှ​အ​တွက် ယဇ်​အ​ဖြစ်​ပူ​ဇော်​တော် မူ​သော​ဘု​ရား​သ​ခင်​သည်​ဆန့်​ကျင်​မည်​မ​ဟုတ်။ ငါ​တို့​အ​တွက်​သား​တော်​ကို​ပူ​ဇော်​သော​အ​ရှင် သည်​အ​ရာ​ခပ်​သိမ်း​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့​နေ​တော်​မူ​မည်​နည်း။-
ROM 8:33 ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ​သော​လူ တို့​အား အ​ဘယ်​သူ​သည်​ပြစ်​တင်​စွပ်​စွဲ​မည်​နည်း။ သူ​တို့​၌​အ​ပြစ်​မ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပြီ။-
ROM 8:34 သို့​ဖြစ်​၍​သူ​တို့​အား​အ​ဘယ်​သူ​ပြစ်​ဒဏ် စီ​ရင်​မည်​နည်း။ ခ​ရစ်​တော်​စီ​ရင်​မည်​မ​ဟုတ်။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော် ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​တော်​မူ​ကာ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​အား​အ​သ​နား​ခံ​လျက်​နေ တော်​မူ​၏။-
ROM 8:35 သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​ငါ​တို့​အား​ခ​ရစ် တော်​၏​မေတ္တာ​တော်​နှင့်​ကွဲ​ကွာ​စေ​နိုင်​မည်​နည်း။ ဒုက္ခ​ရောက်​ခြင်း၊ ကျဉ်း​ကျပ်​ခြင်း၊ အ​ညှဉ်း​ပန်း ခံ​ရ​ခြင်း၊ ငတ်​မွတ်​ခြင်း၊ ဆင်း​ရဲ​နွမ်း​ပါး​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ခြင်း၊ ကွပ်​မျက်​ခံ​ရ​ခြင်း တို့​သည်​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​ငါ​တို့​ကို ကွဲ​ကွာ​စေ​နိုင်​မည်​လော။
ROM 8:36 ``ကိုယ်​တော်​၏​အ​တွက်​အ​ကျွန်ုပ်​တို့​သည် တစ်​နေ့​လုံး​ပင်​သေ​ဘေး​နှင့်​ရင်​ဆိုင်​လျက် နေ​ကြ​ပါ​၏။ သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို​သူ​တစ်​ပါး​မှတ်​တတ်​ကြ​ပါ​၏'' ဟူ​သော​ကျမ်း​စ​ကား​အ​တိုင်း​ဖြစ်​ပေ​သည်။-
ROM 8:37 မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။-
ROM 8:38 အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​အ​ရာ​မျှ​ငါ တို့​အား​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​မ​ကွဲ​မ​ကွာ စေ​နိုင်။ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ ကောင်း​ကင်​အာ​ဏာ ပိုင်​ဖြစ်​စေ၊ ပစ္စုပ္ပန်​အ​ရာ​ဖြစ်​စေ၊ အ​နာ​ဂတ် အ​ရာ​ဖြစ်​စေ၊-
ROM 8:39 ကောင်း​ကင်​အ​ထက်​အ​ရာ​ဖြစ်​စေ၊ မြေ​အောက် အ​ရာ​ဖြစ်​စေ၊ ဖန်​ဆင်း​ထား​သော​မည်​သည့်​အ​ရာ ပင်​ဖြစ်​စေ၊ ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​အား ဖြင့်​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​သော​မေတ္တာ​တော် နှင့် ငါ​တို့​အား​မ​ကွဲ​မ​ကွာ​စေ​နိုင်​ဟု​ငါ​ဧ​ကန် အ​မှန်​သိ​သော​ကြောင့်​တည်း။
ROM 9:1 ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ်​၍​မှန် သော​စ​ကား​ကို​ယ​ခု​ငါ​ပြော​၏။ လိမ်​လည် ၍​မ​ပြော။ ငါ​သည်​မှန်​သော​စ​ကား​ကို​ပြော ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​အုပ်​စိုး မှု​ကို​ခံ​သော​ငါ​၏​သြတ္တပ္ပ​စိတ်​က​လည်း သက်​သေ​ခံ​၏။-
ROM 9:2 ငါ​၏​စိတ်​နှ​လုံး​သည်​ငါ​၏​အ​မျိုး​သား၊ ငါ ၏​သား​ချင်း​တို့​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​လျက် အ​ခါ​မ​လပ်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​ကို​ခံ စား​လျက်​ရှိ​၏။ သူ​တို့​၏​အ​ကျိုး​ငှာ​ငါ သည်​ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​တော်​မူ ခြင်း​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်​နှင့်​ကွဲ​ကွာ မှု​ကို​လည်း​ကောင်း​ခံ​လို​သော​ဆန္ဒ​ရှိ​၏။-
ROM 9:4 သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား သား​များ​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​တော်​မူ​၍ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့် ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​များ​ပြု​တော်​မူ​၏။ သူ​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​အပ်​တော်​မူ​၏။ သူ တို့​သည်​မှန်​ကန်​သော​ဝတ်​ပြု​ကိုး​ကွယ်​နည်း နှင့်​က​တိ​တော်​များ​ကို​ခံ​ယူ​ရ​ရှိ​၏။-
ROM 9:5 သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဘိုး​ဘေး များ​မှ​ဆင်း​သက်​လာ​သူ​များ​တည်း။ ခ​ရစ် တော်​သည်​လူ့​ဇာ​တိ​အား​ဖြင့်​ထို​သူ​တို့​၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်​ပေ​သည်။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​သော​ဘု​ရား သ​ခင်​သည်​ထာ​ဝ​စဉ်​မင်္ဂလာ​ရှိ​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။
ROM 9:6 ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​တိုင်း​အ​ကောင် အ​ထည်​မ​ပေါ်​ဟု​ငါ​မ​ဆို​လို။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင် ဣသ​ရေ​လ​အ​မျိုး​သား​အား​လုံး​မ​ပါ​ဝင် သော​ကြောင့်​ဖြစ်​၏။-
ROM 9:7 ထို့​အ​ပြင်​အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သူ​အား လုံး​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ် မ​ဟုတ်​ပေ။ ဘု​ရား​သ​ခင်​က``သင်​သည်​ဣဇက် အား​ဖြင့်​သာ​လျှင်​သား​မြေး​များ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။-
ROM 9:8 တစ်​နည်း​ကား​သာ​မန်​အား​ဖြင့်​မွေး​ဖွား​သော အာ​ဗြ​ဟံ​၏​သား​မြေး​များ​သည် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​မ​ဟုတ်။ ကိုယ်​တော်​က​တိ​တော် အ​တိုင်း​မွေး​ဖွား​လာ​သူ​များ​ကို​သာ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ ဟု​ခေါ်​နိုင်​ပေ​သည်။-
ROM 9:9 ဘု​ရား​သ​ခင်​က``အ​ချိန်​တန်​သော​အ​ခါ​ငါ​လာ ခဲ့​မည်။ စာ​ရာ​သည်​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​က​တိ​ထား​တော် မူ​သ​တည်း။
ROM 9:10 ထို့​အ​ပြင်​ရေ​ဗက္က​၏​သား​နှစ်​ယောက်​တို့​သည် ငါ တို့​ဘိုး​ဘေး​ဣ​ဇာက်​နှင့်​ရ​သော​သား​များ​ဖြစ် ကြ​၏။-
ROM 9:11 သို့​သော်​သူ​တို့​မ​ဖွား​မီ၊ အ​ဆိုး​အ​ကောင်း​ကို မ​ပြု​မ​ကျင့်​နိုင်​မီ​က​ပင်​လျှင် ဘု​ရား​သ​ခင် သည်​ရေ​ဗက္က​အား``သင်​၏​သား​ကြီး​သည်​သား ငယ်​၏​အ​စေ​ကို​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ ဘု​ရား​သ​ခင်​ဤ​သို့​မိန့်​တော်​မူ​ခြင်း မှာ​ကိုယ်​တော်​သည် မိ​မိ​အ​ကြံ​အ​စည်​ကို ဖော်​ပြ​ရန်​ဖြစ်​ပေ​သည်။ ယင်း​သို့​ရွေး​ကောက် တော်​မူ​ရာ​၌​အ​ကျင့်​အ​ပေါ်​တွင်​တည်​သည် မ​ဟုတ်၊ ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​ခြင်း အ​ပေါ်​၌​တည်​ပေ​သည်။-
ROM 9:13 ကျမ်း​စာ​တော်​တွင်``ယာကုပ်​ကို​ငါ​ချစ်​၏။ ဧ​သော​ကို​မုန်း​၏'' ဟု​လာ​သ​တည်း။
ROM 9:14 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု မ​ရှိ​ဟု​ဆို​ရ​မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဆို​နိုင်။-
ROM 9:15 ကိုယ်​တော်​က​မော​ရှေ​အား``ငါ​ကျေး​ဇူး​ပြု​လို သူ​ကို​ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သူ​ကို သ​နား​မည်'' ဟု​မိန့်​တော်​မူ​၏။-
ROM 9:16 ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​ရွေး​ချယ်​မှု​သည် လူ​၏​အ​လို​ဆန္ဒ​သို့​မ​ဟုတ်​လူ​၏​ကြိုး​စား အား​ထုတ်​မှု​အ​ပေါ်​တွင်​မ​တည်။ ကိုယ်​တော် ၏​က​ရု​ဏာ​တော်​အ​ပေါ်​၌​သာ​တည်​ပေ​သည်။-
ROM 9:17 ကိုယ်​တော်​က​ဖာ​ရော​ဘု​ရင်​အား``သင့်​ကို​ဘု​ရင် အ​ဖြစ်​ငါ​ချီး​မြှောက်​ရ​ခြင်း​အ​ကြောင်း​မှာ သင့် အား​ဖြင့်​ငါ​၏​တန်​ခိုး​တော်​ကို​ပြ​၍​ကမ္ဘာ​တစ် ဝန်း​တွင်​ငါ​၏​ဂုဏ်​သ​တင်း​ပျံ့​နှံ့​စေ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ကျမ်း​စာ​တော်​က ဆို​သည်။-
ROM 9:18 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သ​နား​လို​သူ​ကို သ​နား​တော်​မူ​၍ မိ​မိ​ခေါင်း​မာ​စေ​လို​သူ​ကို ခေါင်း​မာ​စေ​တော်​မူ​၏။
ROM 9:19 ``ထို​သို့​ဖြစ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​လူ​တို့ ကို​အ​ဘယ်​သို့​လျှင်​အ​ပြစ်​တင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​အ​လို​တော်​ကို ဆန့်​ကျင်​ဘက်​ပြု​နိုင်​ပါ​မည်​နည်း'' ဟူ​၍​မေး မြန်း​လို​သူ​ရှိ​လိမ့်​မည်။-
ROM 9:20 မိတ်​ဆွေ၊ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​ဘု​ရား သ​ခင်​အား​ဤ​သို့​လျှောက်​ထား​နိုင်​သ​နည်း။ အ​ဖန်​ဆင်း​ခံ​က​ဖန်​ဆင်း​တော်​မူ​ရှင်​အား``အ​ရှင် သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​ဤ​သို့ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​နိုင်​မည် လော။-
ROM 9:21 အိုး​ထိန်း​သည်​၌​ရွှံ့​စေး​ကို​မိ​မိ​အ​လို​ဆန္ဒ အ​တိုင်း​ပြု​လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည်​ရွှံ့​တုံး​တစ်​ခု​တည်း​မှ​အိုး​ကောင်း အိုး​ညံ့​ကို​ပြု​လုပ်​ပိုင်​သည်​မ​ဟုတ်​လော။
ROM 9:22 ဘု​ရား​သ​ခင်​သည်​လည်း​ဤ​နည်း​အ​တိုင်း​ပင်​ပြု တော်​မူ​သည်။ ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ပြ ရန်​နှင့် တန်​ခိုး​တော်​ကို​ထင်​ရှား​စေ​ရန်​အ​လို​ရှိ တော်​မူ​၏။ သို့​ရာ​တွင်​အ​မျက်​တော်​သင့်​၍​ပျက်​စီး ဆုံး​ရှုံး​ထိုက်​သူ​တို့​အား​အ​လွန်​သည်း​ခံ​တော် မူ​၏။-
ROM 9:23 ထို့​အ​ပြင်​ကိုယ်​တော်​သည်​မိ​မိ​က​ရု​ဏာ​ထား တော်​မူ​သော​ငါ​တို့​အား မိ​မိ​၏​ကြွယ်​ဝ​သော ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​စေ​ရန်​လည်း အ​လို​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ရ​စေ​ရန်​ကိုယ်​တော်​ပြင်​ဆင် ထား​သူ​များ​ဖြစ်​ကြ​သော ငါ​တို့​အား​ထို ကြွယ်​ဝ​သော​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​စေ တော်​မူ​၏။-
ROM 9:24 ငါ​တို့​သည်​ကိုယ်​တော်​ခေါ်​ယူ​တော်​မူ​သော သူ​များ​ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို ခေါ်​ယူ​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​များ​အ​ထဲ မှ​သာ​မ​က လူ​မျိုး​ခြား​များ​အ​ထဲ​မှ လည်း​ခေါ်​ယူ​တော်​မူ​သ​တည်း။
ROM 9:25 ဟော​ရှေ​ကျမ်း​တွင်​ကိုယ်​တော်​က ငါ​၏​လူ​စု​တော်​မ​ဟုတ်​သူ​တို့​ကို `ငါ​၏​လူ​စု​တော်' ဟု​ငါ​ခေါ်​မည်။ ငါ​မ​ချစ်​သော​လူ​မျိုး​ကို​ငါ​ချစ်​သော​လူ​မျိုး ဟု​ငါ​ခေါ်​မည်။
ROM 9:26 မည်​သည့်​အ​ရပ်​၌​မ​ဆို​သင်​တို့​သည် `ငါ​၏ လူ​စု​တော်​မ​ဟုတ်' ဟု​အ​ခေါ်​ခံ​ရ​သော​သူ​တို့​သည် `အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​များ' ဟု​အ​ခေါ်​ခံ​ရ​ကြ​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​ပေ​သည်။-
ROM 9:27 ဣသ​ရေ​လ​လူ​မျိုး​နှင့်​ပတ်​သက်​၍​ဟေ​ရှာ​ယ က ``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပင်​လယ် ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​စေ​ကာ မူ သူ​တို့​အ​ထဲ​မှ​လူ​နည်း​စု​သာ​လျှင်​ကယ်​တင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
ROM 9:28 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​ရှင်​သည်​ကမ္ဘာ ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​မ​ဆိုင်း​မ​တွ​ဘဲ အ​လျင်​အ​မြန်​တ​ရား​စီ​ရင်​တော်​မူ​မည်​ဖြစ် သော​ကြောင့်​တည်း'' ဟု​ကြွေး​ကြော်​ခဲ့​၏။-
ROM 9:29 ထို့​အ​ပြင် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​လူ​မျိုး​မ​ပျောက်​ကွယ်​သွား​စေ​ရန် ငါ​တို့​သား​မြေး​အ​ချို့​တို့​ကို​ချမ်း​သာ​ပေး တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည်​သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​၏​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ ကြ​လိမ့်​မည်'' ဟု​ယ​ခင်​က​ဟေ​ရှာ​ယ​ဖော်​ပြ ခဲ့​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။
ROM 9:30 ငါ​တို့​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ရန်​မ​ကြိုး ပမ်း​သော​လူ​မျိုး​ခြား​တို့​သည် ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​၏။-
ROM 9:31 သို့​ရာ​တွင်​ရွေး​ကောက်​တော်​မူ​ခြင်း​ကို​ခံ​ရ သော​လူ​စု​တော်​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​စေ​မည့်​တ​ရား​ဥ​ပ​ဒေ​ကို​ရှာ သော်​လည်း​မ​တွေ့​ရှိ​ကြ။-
ROM 9:32 အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​၏​လုပ်​ဆောင်​ချက်​သည်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​မှု​အ​ပေါ်​၌​အ​ခြေ​မ​ပြု​ဘဲ မိ​မိ​တို့​၏​အ​ကျင့်​သီ​လ​အ​ပေါ်​၌​အ​ခြေ ပြု​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​သည့်​ကျောက်​ကို​တိုက်​မိ​၍​လဲ ကြ​၏။-
ROM 9:33 ကျမ်း​စာ​တော်​တွင်၊ ``ကြည့်​လော့။ လူ​တို့​တိုက်​မိ​၍​လဲ​စေ​ရန်​ကျောက်​တစ်​လုံး​ကို ဇိ​အုန်​တောင်​ပေါ်​မှာ​ငါ​ချထား​မည်။ ထို​ကျောက်​ကို​လူ​တို့​တိုက်​မိ​၍​လဲ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ကို​ယုံ​ကြည်​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဖော်​ပြ​ပါ​ရှိ​သ​တည်း။
ROM 10:1 ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ​၏​အ​မျိုး​သား များ​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လို​လား​တောင့်​တ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ဆု​တောင်း​၏။-
ROM 10:2 သူ​တို့​သည်​ဘု​ရား​သ​ခင်​အား အ​လွန်​ကြည်​ညို သူ​များ​ဖြစ်​ကြောင်း​ကို​ငါ​အာ​မ​ခံ​နိုင်​၏။ သို့ သော်​သူ​တို့​၏​ကြည်​ညို​မှု​နည်း​လမ်း​သည်​မှန် သော​အ​သိ​ပ​ညာ​အ​ပေါ်​၌​မ​တည်။-
ROM 10:3 သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​နိုင်​မည့်​လမ်း​စဉ်​ကို​မ​သိ​သ​ဖြင့် ထို​လမ်း စဉ်​ကို​မ​လိုက်​ဘဲ​မိ​မိ​တို့​ကိုယ်​တိုင်​တီ​ထွင် သည့်​လမ်း​စဉ်​ကို​လိုက်​ကြ​ပေ​သည်။-
ROM 10:4 ခ​ရစ်​တော်​သည်​ပ​ညတ်​တ​ရား​ကို​အ​ဆုံး သတ်​စေ​တော်​မူ​ပြီ​ဖြစ်​ရာ​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် မှု​ကို​ရ​ရှိ​ကြ​ပြီ။
ROM 10:5 ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း​အ​ကြောင်း နှင့်​ပတ်​သက်​၍ မော​ရှေ​က``ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု ဖော်​ပြ​၏။-
ROM 10:6 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း နှင့်​ပတ်​သက်​၍ ကျမ်း​စာ​တော်​က ``အ​ဘယ်​သူ သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ရ​ပါ​မည်​နည်း။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​အောက်​သို့​ပင့်​ရန်)-
ROM 10:7 အ​ဘယ်​သူ​သည်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​ရ​ပါ မည်​နည်း​ဟု​မ​မေး​ကြ​နှင့်'' ဟူ​၍​ဖော်​ပြ​ပေ သည်။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​သေ​ခြင်း မှ​ပင့်​ရန်)-
ROM 10:8 ကျမ်း​စာ​တော်​က​ဆို​လို​သည်​မှာ​နှုတ်​က​ပတ် တ​ရား​တော်​သည် ``သင်​၏​နှုတ်၊ သင်​၏​စိတ်​နှ​လုံး၊ သင်​၏​အ​နီး​၌​ရှိ​၏'' ဟူ​၍​ဖြစ်​သည်။ ထို​နှုတ် က​ပတ်​တ​ရား​ကား​သင်​တို့​အား​ငါ​ဟော​ပြော ကြေ​ညာ​သည့်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း နှင့်​ဆိုင်​သော​တ​ရား​တော်​ပင်​ဖြစ်​သည်။-
ROM 10:9 သင်​တို့​သည်​သ​ခင်​ယေ​ရှု​သည်​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​နှုတ်​ဖြင့်​ဝန်​ခံ​၍ ဘု​ရား သ​ခင်​သည်​ထို​အ​ရှင်​အား​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို စိတ်​နှ​လုံး​ထဲ ၌​ယုံ​ကြည်​ကြ​လျှင်​ဘု​ရား​သ​ခင်​သည်​သင် တို့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
ROM 10:10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ခွင့်​ရ​၍ နှုတ်​ဖြင့်​ဝန်​ခံ​ခြင်း​အား ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-
ROM 10:11 ကျမ်း​စာ​တော်​က``မည်​သူ​မ​ဆို​ကိုယ်​တော်​ကို ယုံ​ကြည်​လျှင်​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​သည်။-
ROM 10:12 ယု​ဒ​လူ​မျိုး၊ လူ​မျိုး​ခြား​ဟူ​၍​ခွဲ​ခြား​မှု မ​ရှိ​တော့​သ​ဖြင့်​လူ​တိုင်း​ပါ​ဝင်​၏။ ဘု​ရား သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​အား​ဆု​တောင်း​သ​မျှ သော​သူ​တို့​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး တော်​မူ​၏။-
ROM 10:13 ကျမ်း​စာ​တော်​က ``ထာ​ဝ​ရ​ဘု​ရား​ရှင်​အား ဆု​တောင်း​သူ​ဟူ​သ​မျှ​တို့​သည် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​သ​တည်း။
ROM 10:14 သို့​ရာ​တွင်​ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် မှု​မ​ရှိ​လျှင် အ​ဘယ်​သို့​ကိုယ်​တော်​ထံ​သို့​ပတ္ထနာ ပြု​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ကြား​လျှင်​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ သူ​မ​ရှိ​လျှင်​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။-
ROM 10:15 ဟော​ပြော​ကြေ​ညာ​သူ​များ​ကို​မ​စေ​လွှတ် လျှင် အ​ဘယ်​သို့​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြေ​ညာ​နိုင်​မည်​နည်း။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း``သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​သူ​တို့​၏​ခြေ​တို့​သည် လွန်​စွာ​တင့်​တယ်​စွ​တ​ကား။-''
ROM 10:16 သို့​ရာ​တွင်​ထို​သ​တင်း​ကောင်း​ကို​လူ​တိုင်း မ​ယုံ​ကြ။ ဟေ​ရှာ​ယ​ကိုယ်​တိုင်​က``အို ထာ​ဝ​ရ ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​ကြေ​ညာ​သော​သ​တင်း ကို​အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း'' ဟု​ဆို​သည်။-
ROM 10:17 သို့​ဖြစ်​၍​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား နာ​ခြင်း​ကြောင့်​ယုံ​ကြ​၏။ ခ​ရစ်​တော်​အ​ကြောင်း ဟော​ပြော​ခြင်း​ကြောင့်​နှုတ်​က​ပတ်​တ​ရား​တော် ကို​ကြား​နာ​ရ​၏။
ROM 10:18 သို့​ရာ​တွင်​လူ​တို့​သည်​ထို​နှုတ်​က​ပတ်​တ​ရား တော်​ကို​ကြား​နာ​ခွင့်​မ​ရ​ကြ​သ​လော​ဟု​ငါ မေး​လို​၏။ သူ​တို့​သည်​ကြား​နာ​ခွင့်​ကို​အ​မှန် ပင်​ရ​ကြ​၏။ ကျမ်းစာ​တော်​က၊ ``နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သူ​တို့​၏ အ​သံ​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင်​ပျံ့​နှံ့​သွား​၏။ သူ​တို့​၏​တ​ရား​စ​ကား​များ​သည်​ကမ္ဘာ​အ​စွန် အ​ဖျား သို့​တိုင်​အောင်​ရောက်​ရှိ​လေ​ပြီ'' ဟု​ဆို​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
ROM 10:19 တစ်​ဖန်​ငါ​မေး​ဦး​မည်။ ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် ထို​အ​မှု​အ​ရာ​ကို​မ​သိ​နား​မ​လည် ကြ​သ​လော။ မော​ရှေ​က၊ ``ငါ​သည်​မ​ရေ​ရာ​သော​လူ​မျိုး​ကို​အ​သုံး​ပြု သ​ဖြင့် ငါ​၏​လူ​စု​တော်​အား​မ​နာ​လို​စိတ်​ရှိ​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​ငါ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​စေ​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​ဖြေ​ကြား​၏။
ROM 10:20 ဟေ​ရှာ​ယ​က၊ ``ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည်​ငါ့​ကို​တွေ့​ရှိ ကြ​၏။ ငါ​၏​အ​ကြောင်း​ကို​မ​စုံ​စမ်း​မ​မေး​မြန်း​သော သူ​တို့​သည်​ငါ့​ကို​ဖူး​မြင်​ရ​ကြ​၏'' ဟု​ပို​၍​ပင်​ပြတ်​သား​စွာ​ဆို​၏။-
ROM 10:21 သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။
ROM 11:1 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော် အား ပစ်​ပယ်​တော်​မူ​ပြီ​လော​ဟု​မေး​သော်​ဧ​ကန် မု​ချ​ပစ်​ပယ်​တော်​မ​မူ။ ငါ​ကိုယ်​တိုင်​ပင်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား၊ အာ​ဗြ​ဟံ​မှ​ဆင်း သက်​သူ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၏။-
ROM 11:2 ဘု​ရား​သ​ခင်​သည်​အ​စ​မူ​လ​က​တည်း​က မိ​မိ​ရွေး​ကောက်​ထား​တော်​မူ​သော​လူ​စု​တော် ကို​ပစ်​ပယ်​တော်​မ​မူ။ ကျမ်း​စာ​တော်​တွင်​ဧ​လိ​ယ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ထံ​လျှောက်​ထား​သည့်​စာ​ပိုဒ်​ကို သင်​တို့​သိ​ကြ​၏။-
ROM 11:3 ထို​လျှောက်​ထား​ချက်​တွင်​ဧ​လိ​ယ​က``ထာ​ဝ​ရ ဘု​ရား​ရှင်၊ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ရော ဖက်​များ​ကို​သတ်​ဖြတ်​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တစ်​ဦး​တည်း​သာ​ကျန်​ပါ​၏။ အ​ကျွန်ုပ်​ကို​လည်း သူ​တို့​သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏'' ဟု​ဆို​၏။-
ROM 11:4 သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-
ROM 11:5 ယ​ခု​ကာ​လ​၌​လည်း​ဤ​နည်း​အ​တိုင်း​ပင်။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ရွေး​ကောက်​ခြင်း​ခံ ရ​သူ​လူ​အ​နည်း​ငယ်​ကျန်​ရှိ​၏။-
ROM 11:6 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကျေး​ဇူး​တော် ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော်​မူ​၏။ သူ​တို့ ၏​အ​ကျင့်​ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ အ​ကယ်​၍​ဘု​ရား​သ​ခင်​၏ ရွေး​ကောက်​တော်​မူ​ခြင်း​သည် လူ့​အ​ကျင့်​ကို အ​ခြေ​ခံ​လျှင်​ကိုယ်​တော်​၏​ကျေး​ဇူး​တော် သည်​အ​စစ်​အ​မှန်​မ​ဟုတ်။
ROM 11:7 ထို့​ကြောင့်​အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ရှာ​သော​အ​ရာ​ကို မ​တွေ့​ကြ​ကြောင်း​ထင်​ရှား​နေ​သည်။ ထို​အ​ရာ​ကို တွေ့​ရှိ​ကြ​သူ​များ​မှာ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​နည်း​စု​ပင်​ဖြစ်​ပေ​သည်။ ကျန် သော​သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​ဖိတ် ခေါ်​တော်​မူ​သံ​ကို​မ​ကြား​ကြ။-
ROM 11:8 ကျမ်း​စာ​တော်​က``ဘု​ရား​သ​ခင်​သည်​သူ​တို့ ၏​စိတ်​နှ​လုံး​ကို​ထိုင်း​မှိုင်း​စေ​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​ပင်​သူ​တို့​သည်​မ​မြင်​မ​ကြား​နိုင် ကြ'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
ROM 11:9 ထို့​အ​ပြင်​ဒါ​ဝိဒ်​မင်း​က၊ ``သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့​အ​တွက် ကျော့​ကွင်း​ကဲ့​သို့​လည်း​ကောင်း၊ ထောင်​ချောက်​ကဲ့​သို့​လည်း​ကောင်း​ဖမ်း​မိ​လျက် ဒဏ်​ခတ်​ခံ​ရ​ပါ​စေ​သော။
ROM 11:10 သူ​တို့​သည်​ကြည့်​၍​မ​မြင်​နိုင်​စေ​ရန် မျက်​စိ​မှုန်​ပါ​စေ​သော။ သူ​တို့​၏​ခါး​သည်​လည်း​ထမ်း​ရ​သော​ဝန်​ထုပ် ကြောင့် အ​စဉ်​ကုန်း​ပါ​စေ​သော'' ဟု​မြွက်​ဆို​တော်​မူ​၏။
ROM 11:11 သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား​တို့​သည်​ခ​လုတ် တိုက်​၍​လဲ​ပြီ​လော​ဟု​မေး​သော် အ​ဘယ်​နည်း နှင့်​မျှ​လဲ​၍​မ​နေ​ရ​ပါ။ သူ​တို့​အ​ပြစ်​ကူး ခြင်း​ကြောင့်​လူ​မျိုး​ခြား​တို့​သည်​ကယ်​တင်​ခြင်း ကို​ရ​ရှိ​လာ​ကြ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား တို့​သည်​လူ​မျိုး​ခြား​တို့​အား​မ​နာ​လို​စိတ် ရှိ​လာ​ကြ​သည်။-
ROM 11:12 ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ်​ကူး​မှု​သည်​ကမ္ဘာ အား ကြွယ်​ဝ​စွာ​ကောင်း​ချီး​ခံ​စား​စေ​သည်။ သူ တို့​၏​ဆုံး​ရှုံး​မှု​သည်​လူ​မျိုး​ခြား​တို့​အား​ကောင်း ချီး​များ​စွာ​ခံ​စား​စေ​ပါ​လျှင် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​က​ခ​ရစ်​တော်​ကို​ယုံ​ကြည်​လက်​ခံ လာ​ကြ​သော​အ​ခါ​ပို​၍​ပင်​ကောင်း​ချီး​ခံ​စား ရ​ကြ​လိမ့်​မည်။
ROM 11:13 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​ယ​ခု​ငါ​ပြော လို​၏။ ငါ​သည်​လူ​မျိုး​ခြား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​ကာ​လ​ပတ်​လုံး​မိ​မိ ၏​အ​လုပ်​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​မည်။-
ROM 11:14 ငါ​သည်​မိ​မိ​၏​အ​မျိုး​သား​များ​အား​မ​နာ လို​စိတ်​ကို​ရှိ​စေ​ခြင်း​အား​ဖြင့် ၎င်း​တို့​အ​ထဲ မှ​အ​ချို့​တို့​သည်​ကယ်​တင်​ခြင်း​ကို​ရ​ကောင်း ရ​လိမ့်​မည်။-
ROM 11:15 ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။
ROM 11:16 မိ​မိ​၌​ရှိ​သော​မုန့်​ညက်​မှ​အ​နည်း​ငယ်​ကို ယူ​၍​ဘု​ရား​သ​ခင်​အား​ဦး​စွာ​ဆက်​ကပ်​လျှင် မုန့်​ညက်​အား​လုံး​ကို​ပင်​လျှင်​ဆက်​ကပ်​ရာ ရောက်​၏။ သစ်​ပင်​၏​အ​မြစ်​ကို​ဘု​ရား​သ​ခင် အား​ဆက်​ကပ်​လျှင်​အ​ကိုင်း​အ​ခက်​များ​ကို လည်း​ဆက်​ကပ်​ရာ​ရောက်​၏။-
ROM 11:17 လူ​တို့​သည်​သံ​လွင်​ပင်​၏​အ​ကိုင်း​အ​ချို့​ကို ခုတ်​ဖြတ်​လိုက်​ပြီး​နောက်​ကျန်​ရှိ​သည့်​အ​ငုတ် တွင် ရိုင်း​သော​သံ​လွင်​ကိုင်း​ကို​ဆက်​၍​စိုက် တတ်​ကြ​၏။ ထို​ရိုင်း​သော​သံ​လွင်​အ​ကိုင်း​သည် သံ​လွင်​ပင်​၏​အ​မြစ်​နှင့်​ပင်​စည်​မှ​ပင်​ရည် သြ​ဇာ​ကို​မှီ​ဝဲ​ရ​သ​ကဲ့​သို့ လူ​မျိုး​ခြား ဖြစ်​သူ​သင်​တို့​သည်​ယု​ဒ​အ​မျိုး​သား​တို့ ထံ​မှ​အ​ကျိုး​ကျေး​ဇူး​များ​စွာ​ခံ​ယူ​ရ ရှိ​ကြ​၏။-
ROM 11:18 သို့​ဖြစ်​၍​သင်​တို့​သည်​ခုတ်​ဖြတ်​ပစ်​လိုက်​သည့် အ​ကိုင်း​များ​နှင့်​တူ​သော​သူ​တို့​ကို​အ​ထင် မ​သေး​ကြ​နှင့်။ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ဝါ​ကြွား​နိုင်​သ​နည်း။ သင်​တို့​သည်​အ​ကိုင်း အ​ခက်​မျှ​သာ​ဖြစ်​၍​အ​မြစ်​ကို​ထောက်​မ သည်​မ​ဟုတ်။ အ​မြစ်​သည်​သာ​လျှင်​သင်​တို့ ကို​ထောက်​မ​၏။
ROM 11:19 သို့​သော်​သင်​တို့​က ``အ​ကျွန်ုပ်​တို့​အား​နေ​ရာ ပေး​ရန်​သံ​လွင်​ယဉ်​ကိုင်း​များ​ကို​ခုတ်​ဖြတ် သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​လိမ့်​မည်။-
ROM 11:20 သင်​တို့​ဆို​သည်​အ​တိုင်း​လည်း​မှန်​၏။ ထို​သူ​တို့ ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်​မှာ​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​မှု​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့်​သံ​လွင်​ပင်​၏​တစ်​စိတ်​တစ် ဒေ​သ​ဖြစ်​လာ​ရ​၏။ သို့​သော်​သင်​တို့​ကိုယ်​ကို အ​ထင်​မ​ကြီး​ဘဲ​ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။-
ROM 11:21 ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။-
ROM 11:22 ဤ​တွင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မျှ​သ​နား ကြင်​နာ​တော်​မူ​တတ်​ကြောင်း​နှင့်​အ​ဘယ်​မျှ ပြင်း​ထန်​စွာ​စီ​ရင်​တော်​မူ​တတ်​ကြောင်း​ကို​ငါ တို့​တွေ့​မြင်​ကြ​ရ​၏။ ကိုယ်​တော်​သည်​လဲ​သူ တို့​ကို​ပြင်း​စွာ​စီ​ရင်​တော်​မူ​ပေ​သည်။ သို့ သော်​လည်း​သင်​တို့​အား​သ​နား​ကြင်​နာ​တော် မူ​သည်။ တစ်​နည်း​အား​ဖြင့်​သင်​တို့​သည် က​ရု​ဏာ​တော်​ကို​ဆက်​လက်​ခံ​ယူ​ထိုက် အောင်​ပြု​မူ​ကျင့်​ကြံ​ကြ​လျှင် ကိုယ်​တော် သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား တော်​မူ​မည်။ ထို​က​ရု​ဏာ​တော်​ကို​ခံ​ယူ ထိုက်​အောင်​မ​ပြု​မူ​ပါ​လျှင်​သင်​တို့​ကို လည်း​ဘုရား​သ​ခင်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။-
ROM 11:23 ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​ယုံ​ကြည်​သော စိတ်​စွန့်​၍​ယုံ​ကြည်​ကြ​မည်​ဆို​ပါ​က အ​ငုတ် တွင်​ပြန်​လည်​ကိုင်း​ဆက်​စိုက်​ပျိုး​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို ပြု​တော်​မူ​နိုင်​၏။-
ROM 11:24 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​မိ​မိ​တို့​၏ န​ဂို​မူ​ရင်း​ရိုင်း​သော​သံ​လွင်​မှ​ခုတ်​ဖြတ်​၍ သင် တို့​၏​န​ဂို​မူ​ရင်း​မ​ဟုတ်​သည့်​ယဉ်​သော​သံ​လွင် တွင်​ကိုင်း​ဆက်​စိုက်​ပျိုး​တော်​မူ​ပါ​လျှင် ယဉ်​သော သံ​လွင်​၏​န​ဂို​မူ​ရင်း​အ​ကိုင်း​များ​ဖြစ်​သည့် ယု​ဒ​အ​မျိုး​သား​တို့​အား မူ​ရင်း​သံ​လွင်​ပင် တွင်​ပို​မို​လွယ်​ကူ​စွာ​ပြန်​လည်​ကိုင်း​ဆက် စိုက်​ပျိုး​တော်​မူ​မည်​မ​ဟုတ်​လော။
ROM 11:25 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို တတ်​သိ​လိမ္မာ​လှ​ပြီ​ဟု​မ​ထင်​မ​မှတ်​ကြ​စေ​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​လို​၏။ ထို​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​မှာ​ဤ​သို့​တည်း။ ယု​ဒ​အ​မျိုး သား​တို့​သည်​အ​မြဲ​စိတ်​နှ​လုံး​ထိုင်း​မှိုင်း​လျက် နေ​ကြ​မည်​မ​ဟုတ်​ဘဲ ကယ်​တင်​ခြင်း​ကို​ခံ​ရ မည့်​လူ​မျိုး​ခြား​တို့​အ​ရေ​အ​တွက်​ပြည့်​စုံ လာ​သည့်​ကာ​လ​အ​ထိ​သာ​ဖြစ်​၏။-
ROM 11:26 ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​ကယ်​တင်​တော် မူ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်၊ ``ကယ်​တင်​ရှင်​သည်​ဇိ​အုန်​တောင်​မှ​ကြွ​လာ​ပြီး လျှင်၊ ယာ​ကုပ်​၏​သား​မြေး​များ​ထံ​မှ၊ဆိုး​ညစ်​မှု အ​ပေါင်း​ကို ပယ်​ရှား​တော်​မူ​လိမ့်​မည်။
ROM 11:27 ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ပယ်​ရှား​သော အ​ခါ သူ​တို့​နှင့်​ဤ​ပ​ဋိ​ညာဉ်​ကို​ပြု​မည်။'' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​သည်။-
ROM 11:28 သ​တင်း​ကောင်း​ကို​ပစ်​ပယ်​ကြ​သည့်​အ​တွက် ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​၏ ရန်​သူ​ဖြစ်​လာ​ကြ​၏။ ယင်း​သို့​ဖြစ်​လာ​ခြင်း သည်​လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​၏​အ​ကျိုး အ​တွက်​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​သူ​တို့​ကို​ရွေး​ချယ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​ဘိုး​ဘေး​များ​ကို​ထောက်​ထား​လျက် သူ​တို့​အား​ချစ်​တော်​မူ​သေး​၏။-
ROM 11:29 ကိုယ်​တော်​သည်​မည်​သူ့​ကို​မ​ဆို​ရွေး​ကောက်​၍ ကောင်း​ချီး​ပေး​တော်​မူ​ရန်​ဆုံး​ဖြတ်​တော်​မူ ပြီး​နောက်​စိတ်​သ​ဘော​ပြောင်း​လဲ​တော်​မ​မူ တတ်။-
ROM 11:30 လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​သည်​အ​ခါ​တစ်​ပါး က​ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ကို​မ​နာ​ခံ​ခဲ့ ကြ။ သို့​သော်​လည်း​ယ​ခု​အ​ခါ​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​သည်​မှာ ယု​ဒ အ​မျိုး​သား​တို့​သည်​ကိုယ်​တော်​၏​စ​ကား တော်​ကို​မ​နာ​ခံ​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
ROM 11:31 ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ကြ​ရ​ခြင်း​ကြောင့် ယု​ဒ အ​မျိုး​သား​တို့​သည်​က​ရု​ဏာ​တော်​ကို​မိ​မိ တို့​လည်း​ခံ​စား​ရ​အံ့​သော​ငှာ ဘု​ရား​သ​ခင် ၏​စ​ကား​တော်​ကို​ယ​ခု​အ​ခါ​မ​နာ​ခံ​ဘဲ နေ​ကြ​၏။-
ROM 11:32 လူ​သား​အ​ပေါင်း​တို့​သည်​မ​နာ​ခံ​ကြ​သည့် အ​တွက် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ကျဉ်း သား​များ​သ​ဖွယ်​ဖြစ်​စေ​တော်​မူ​၏။ ဤ​သို့ ကိုယ်​တော်​ပြု​တော်​မူ​ရ​ခြင်း​မှာ​သူ​တို့​အား က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​လို​သော​ကြောင့် ပင်​ဖြစ်​ပေ​သည်။
ROM 11:33 ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-
ROM 11:34 ကျမ်း​စာ​တော်​က၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင် အ​ဘယ်​သို့ စဉ်း​စား​ဆင်​ခြင်​တော်​မူ​သည်​ကို​သိ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​သ​နည်း။
ROM 11:35 ကိုယ်​တော်​က​ကျေး​ဇူး​ဆပ်​တော်​မူ​ရ​အောင် အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​ကျေး​ဇူး​ပြု​ဖူး သ​နည်း'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
ROM 11:36 ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။
ROM 12:1 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ တို့​အား​လွန်​စွာ​က​ရု​ဏာ​ထား​တော်​မူ​သော ကြောင့် သင်​တို့​အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​လို သည်​မှာ​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ရန်​နှင့် ကိုယ်​တော်​နှစ်​သက်​သော​သက်​ရှိ​ယဇ်​ကောင် သ​ဖွယ်​ဖြစ်​ရန်​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သည်​ကား​သင်​တို့​သည်​ကိုယ်​တော် အား​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဖြစ်​သည်။-
ROM 12:2 သင်​တို့​သည်​လော​ကီ​စံ​နှုန်း​ကို​လိုက်​၍​မ​ကျင့် ကြ​နှင့်။ သင်​တို့​သည်​မိ​မိ​တို့​၏​စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​လုံး​ဝ​ပြောင်း​လဲ​စေ​သော​အား ဖြင့် စိတ်​သ​ဘော​သစ်​ကို​ခံ​ယူ​လျက်​ပုံ​သဏ္ဌာန် ပြောင်း​လဲ​ကြ​လော့။ သို့​ပြု​လျှင်​ကောင်း​မြတ် သော​အ​ရာ၊ ကိုယ်​တော်​နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​သင်​တို့​သိ ရှိ​ကြ​လိမ့်​မည်။
ROM 12:3 သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။-
ROM 12:4 ငါ​တို့​ခန္ဓာ​ကိုယ်​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ရှိ​၍ ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အား​လုံး​တွင် အ​လုပ်​တာ​ဝန်​အ​သီး​သီး​ရှိ​ကြ​၏။-
ROM 12:5 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​သော်​လည်း ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ကြ​သ​ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု တည်း​၌​တည်​လျက်​ရှိ​ကြ​၏။ ငါ​တို့​အ​သီး​သီး သည်​အ​ချင်း​ချင်း​ဆက်​စပ်​လျက်​ရှိ​သော​ကိုယ် အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။-
ROM 12:6 သို့​ဖြစ်​၍​ငါ​တို့​အ​သီး​သီး​သည်​မိ​မိ​တို့ ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​နှင့်​အ​ညီ ဘု​ရား သ​ခင်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​ကို အ​သုံး​ပြု​ကြ​ရ​မည်။ ငါ​တို့​ရ​ရှိ​သည့်​ဆု ကျေး​ဇူး​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​နိုင်​စွမ်း​ဖြစ်​ပါ​က ငါ​တို့ သည်​မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​ထို​ဆု​ကျေး​ဇူး​ကို​အ​သုံး ပြု​ကြ​ရ​မည်။-
ROM 12:7 အ​ကယ်​၍​ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး တို့​အား ကူ​ညီ​မ​စ​နိုင်​စွမ်း​ဖြစ်​ပါ​က​ကူ​ညီ​မ​စ ကြ​ရ​မည်။ ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​နိုင်​စွမ်း​ဖြစ်​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​ကြ​ရ​မည်။-
ROM 12:8 ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး​တို့​ကို အား​ပေး​နိုင်​စွမ်း​ဖြစ်​ပါ​က​အား​ပေး​ကြ​ရ​မည်။ ပေး​ကမ်း​ဝေ​မျှ​သူ​သည်​ရက်​ရော​စွာ​ပေး​ကမ်း ဝေ​မျှ​ရ​မည်။ အာ​ဏာ​ရှိ​သူ​သည်​လုံ့​လ​ထုတ်​၍ အ​လုပ်​လုပ်​ရ​မည်။ သူ​တစ်​ပါး​တို့​အား​သ​နား ကြင်​နာ​မ​စ​သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကူ​ညီ​မ​စ​ရ​မည်။
ROM 12:9 သင်​တို့​၏​မေတ္တာ​သည်​ဟန်​ဆောင်​မှု​နှင့်​လုံး​ဝ ကင်း​ရ​မည်။ သင်​တို့​သည်​ဆိုး​ညစ်​မှု​ကို​မုန်း ၍​ကောင်း​မြတ်​မှု​ကို​စွဲ​လမ်း​လော့။-
ROM 12:10 သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့်​တစ်​ဦး​ကို​တစ်​ဦး​ချစ်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​ချီး​မွမ်း​ရန်​လျင်​မြန်​ကြ​စေ။-
ROM 12:11 မ​ပျင်း​မ​ရိ​ဘဲ​အ​လုပ်​ကို​ကြိုး​စား​အား ထုတ်​လုပ်​ကိုင်​ကြ​လော့။ စိတ်​အား​ထက်​သန် စွာ​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ကြ​လော့။-
ROM 12:12 သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-
ROM 12:13 ဆင်း​ရဲ​သော​တ​ပည့်​တော်​တို့​အား​ပေး​ကမ်း ကြ​လော့။ ဧည့်​သည်​ဝတ်​ကို​ပြု​ကြ​လော့။
ROM 12:14 သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​ကို​ကောင်း ချီး​ပေး​ကြ​လော့။ သူ​တို့​ကို​မ​ကျိန်​မ​ဆဲ ဘဲ​ကောင်း​ချီး​ပေး​ကြ​လော့။-
ROM 12:15 ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။-
ROM 12:16 အ​ချင်း​ချင်း​အား​အ​လေး​ဂ​ရု​ပြု​ကြ​လော့။ မောက်​မာ​မှု​မ​ရှိ​ကြ​နှင့်။ သေး​ငယ်​သော​တာ​ဝန် တို့​ကို​လက်​ခံ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​ကို​ပညာ ရှိ​ဟူ​၍​မ​ထင်​ကြ​နှင့်။
ROM 12:17 အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။-
ROM 12:18 လူ​တိုင်း​နှင့်​တတ်​နိုင်​သ​မျှ​ငြိမ်း​ချမ်း​စွာ​နေ ထိုင်​ကြ​လော့။-
ROM 12:19 မိတ်​ဆွေ​တို့​ဘယ်​သော​အ​ခါ​မျှ​လက်​စား မ​ချေ​ကြ​နှင့်။ ဘု​ရား​သ​ခင်​က​သာ​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ။ ကျမ်း​စာ​တော်​တွင် ``ထာ​ဝ​ရ​ဘု​ရား​က `ငါ​သည်​လက်​စား​ချေ မည်။ အ​ပြစ်​နှင့်​အ​လျောက်​ငါ​ဆပ်​ပေး​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဖော်​ပြ​သည်။-
ROM 12:20 ထို့​ကြောင့်​လက်​စား​ချေ​မည့်​အ​စား​ကျမ်း​စာ တော်​တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ ကျမ်း​စာ​တော်​က ``သင်​တို့​၏​ရန်​သူ​သည်​ဆာ ငတ်​မွတ်​သိပ်​လျှင်​ကျွေး​မွေး​လော့။ ရေ​ငတ်​လျှင် သောက်​ရေ​ကို​ပေး​လော့။ ဤ​သို့​ပြု​ခြင်း​အား ဖြင့်​သင်​သည်​သူ့​အား​အ​ရှက်​ရ​စေ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည်။-
ROM 12:21 ဆိုး​ညစ်​မှု​ကို​ပြု​ခြင်း​အား​ဖြင့်​အ​ရှုံး​မ​ပေး နှင့်။ ကောင်း​မြတ်​မှု​ကို​ပြု​ခြင်း​အား​ဖြင့်​ဆိုး ညစ်​မှု​ကို​အ​နိုင်​ယူ​လော့။
ROM 13:1 လူ​တိုင်း​ပင်​အ​စိုး​ရ​မင်း​တို့​၏​အ​မိန့်​အာ​ဏာ ကို​လိုက်​နာ​ကြ​ရ​မည်။ အ​ဘယ်​အ​စိုး​ရ​မျှ ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ရပ် မ​တည်​နိုင်။ အာ​ဏာ​ရ​အ​စိုး​ရ​မင်း​သည် ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​ရ​၍​သာ​အုပ်​စိုး ရ​၏။-
ROM 13:2 မည်​သူ​မ​ဆို​အာ​ဏာ​ရ​အ​စိုး​ရ​မင်း​ကို ဆန့်​ကျင်​ဘက်​ပြု​သူ​သည် ဘု​ရား​သ​ခင်​စီ​မံ ခန့်​ခွဲ​တော်​မူ​ချက်​ကို​ဆန့်​ကျင်​ဘက်​ပြု​သူ ဖြစ်​၏။ ထို​သူ​သည်​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​မည်။-
ROM 13:3 အ​ကျင့်​ကောင်း​သူ​သည်​အ​စိုး​ရ​မင်း​ကို​ကြောက် နေ​စ​ရာ​မ​လို။ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သူ​သာ​လျှင် ကြောက်​စ​ရာ​လို​၏။ သင်​သည်​အာ​ဏာ​ရှိ​သူ​ကို မ​ကြောက်​ဘဲ​နေ​လို​လျှင်​အ​ကျင့်​ကောင်း​ကို​ပြု ကျင့်​လော့။ သို့​ပြု​လျှင်​သူ​သည်​သင့်​ကို​ချီး​မွမ်း လိမ့်​မည်။-
ROM 13:4 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​သင့်​အား အ​ကျိုး​ပြု​ရန်​အ​လို့​ငှာ ဘု​ရား​သ​ခင်​ခန့် ထား​တော်​မူ​သည့်​အ​စေ​ခံ​ဖြစ်​သော​ကြောင့် တည်း။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​မ​ကောင်း မှု​ပြု​သူ​ဖြစ်​ပါ​မူ​ထို​သူ​ကို​ကြောက်​လော့။ သူ​သည်​အ​ကယ်​ပင်​အ​ပြစ်​ပေး​ပိုင်​သော တန်​ခိုး​အာ​ဏာ​ရှိ​သူ​ဖြစ်​ပေ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​၍​မ​ကောင်း မှု​ပြု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​ကိုယ်​စား အ​ပြစ်​ဒဏ်​စီ​ရင်​သူ​ဖြစ်​သ​တည်း။-
ROM 13:5 သို့​ဖြစ်​၍​သင်​သည်​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်​ကို​ကြောက်​သော​ကြောင့်​သာ မ​က မိ​မိ​သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု​ကို​ထောက် ၍​လည်း​အ​စိုး​ရ​မင်း​၏​အ​မိန့်​အာ​ဏာ​ကို လိုက်​နာ​ရ​မည်။
ROM 13:6 ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​အ​ခွန်​ကို​ပေး ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စိုး​ရ​မင်း​သည် မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​သော အ​ခါ​၌ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း ဆောင်​သော​ကြောင့်​တည်း။-
ROM 13:7 သို့​ဖြစ်​၍​အ​စိုး​ရ​မင်း​အား​သင်​တို့​ပေး​ဆောင် ထိုက်​သည်​ကို​ပေး​ဆောင်​ကြ​လော့။ ပေး​ဆောင်​စ​ရာ ရှိ​သ​မျှ​သော​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​လော့။ အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​အား​ရို​သေ​လေး​စား ကြ​လော့။
ROM 13:8 အ​ချင်း​ချင်း​ထံ​မေတ္တာ​ကြွေး​မှ​တစ်​ပါး​အ​ဘယ် ကြွေး​မျှ​မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​အား​ချစ် သော​သူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​ဖြစ်​၏။-
ROM 13:9 အ​ဘယ်​ကြောင့်​ဆို​သော် ``အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့'' ဟူ​သော​ပ​ညတ်​သည် ``သူ့ အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ လူ့​အ​သက်​ကို​မ သတ်​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်၊ သူ့​ဥစ္စာ​ကို​တပ် မက်​လို​ချင်​သော​စိတ်​မ​ရှိ​နှင့်'' ဟူ​သော​ပ​ညတ် များ​နှင့်​အ​ခြား​ပ​ညတ်​ရှိ​သ​မျှ​၏​အ​ချုပ် ဖြစ်​သော​ကြောင့်​တည်း။-
ROM 13:10 အိမ်​နီး​ချင်း​ကို​ချစ်​သော​သူ​သည်​အိမ်​နီး​ချင်း အား မည်​သည့်​အ​ခါ​၌​မျှ​အ​ကျိုး​ယုတ်​စေ​လိမ့် မည်​မ​ဟုတ်။ သို့​ဖြစ်​၍​အိမ်​နီး​ချင်း​ကို​ချစ်​သော သူ​သည်​ပ​ညတ်​တ​ရား​အား​လုံး​ကို​စောင့်​ထိန်း ရာ​ရောက်​၏။
ROM 13:11 သင်​တို့​သည်​မိ​မိ​တို့​အိပ်​ရာ​မှ​နိုး​ထ​ကြ​ရ​မည့် နေ့​ရက်​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​မည့် နေ့​ရက်​ကာ​လ​သည် သ​ခင်​ယေ​ရှု​ကို​ငါ​တို့ စ​တင်​ယုံ​ကြည်​ချိန်​က​ထက်​ပို​၍​နီး​ကပ် လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
ROM 13:12 ညဥ့်​အ​ချိန်​ကုန်​လု​ပြီ။ နေ့​အ​ချိန်​ရောက်​တော့ မည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​အ​မှောင်​နှင့်​ဆိုင် သော​အ​လေ့​အ​ကျင့်​တို့​ကို​မ​ပြု​တော့​ဘဲ အ​လင်း​တွင်​တိုက်​ခိုက်​ရန်​လက်​နက်​တို့​ကို ယူ​ဆောင်​ကြ​ရ​မည်။-
ROM 13:13 ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည်​သူ​များ ကဲ့​သို့​ကောင်း​မွန်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ ကြ​ရ​မည်။ အ​ရက်​သေ​စာ​သောက်​ကြူး​ခြင်း၊ အ​ကျင့်​ဖောက်​ပြား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း​နှင့်​မ​နာ​လို​ခြင်း​တို့​ကို ရှောင်​ကြဉ်​ကြ​ရ​မည်။-
ROM 13:14 အ​ရှင်​ယေ​ရှု​ခရစ်​ကို​လက်​နက်​သ​ဖွယ်​ယူ ဆောင်​ကြ​လော့။ ကာ​ယ​တပ်​မက်​မှု​အ​လို သို့​လိုက်​၍​မ​ကျင့်​ကြ​နှင့်။
ROM 14:1 ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​အား နည်း​သူ​ကို​လက်​ခံ​ကြ​လော့။ သို့​ရာ​တွင်​သူ ၏​ထင်​မြင်​ယူ​ဆ​ချက်​များ​နှင့်​ပတ်​သက်​၍ သူ​နှင့်​အ​ငြင်း​အ​ခုံ​မ​ပြု​ကြ​နှင့်။-
ROM 14:2 ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​သည်​မည်​သည့်​အ​စား အ​စာ​ကို​မ​ဆို​စား​နိုင်​၏။ ယုံ​ကြည်​ခြင်း​မ​ခိုင် မာ​သူ​သည်​ဟင်း​ရွက်​ဟင်း​သီး​များ​ကို​သာ လျှင်​စား​တတ်​၏။-
ROM 14:3 မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သော သူ​သည် ထို​သို့​မ​စား​တတ်​သူ​အား​အ​ထင်​မ​သေး နှင့်။ ဟင်း​သီး​ဟင်း​ရွက်​သာ​စား​တတ်​သူ​က​လည်း မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သူ ကို​ပြစ်​တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား တတ်​သူ​အား ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ ပြီး​ဖြစ်​သော​ကြောင့်​တည်း။-
ROM 14:4 သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​သူ​တစ်​ပါး​၏ အ​စေ​ခံ​ကို​စစ်​ကြော​စီ​ရင်​နိုင်​သ​နည်း။ ထို အ​စေ​ခံ​၏​အ​လုပ်​သည်​ကျေ​နပ်​ဖွယ်​ဖြစ်​သည် မ​ဖြစ်​သည်​ကို​သူ​၏​သ​ခင်​က​ဆုံး​ဖြတ်​လိမ့် မည်။ သူ​၏​အ​လုပ်​ကျေ​နပ်​ဖွယ်​ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​သည် သူ့​အား​ကူ​မ​တော်​မူ​နိုင်​သော​ကြောင့်​တည်း။
ROM 14:5 လူ​အ​ချို့​တို့​က​နေ့​ရက်​တစ်​ရက်​သည်​အ​ခြား နေ့​ရက်​ထက်​ပို​၍​အ​ရေး​ကြီး​သည်​ဟု​ယူ​ဆ ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ​နေ့​ရက်​များ အား​လုံး​ပင်​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ ကြ​သည်။ သူ​တို့​သည်​မည်​သို့​ပင်​ယူ​ဆ​စေ ကာ​မူ မိ​မိ​တို့​မှန်​ကန်​သည်​ဟု​စိတ်​ချ​ယုံ ကြည်​စိတ်​ရှိ​ကြ​ရ​မည်။-
ROM 14:6 နေ့​ထူး​နေ့​မြတ်​ကို​စောင့်​ထိန်း​သူ​သည်​သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စောင့်​ထိန်း​ခြင်း​ဖြစ်​၏။ မည်​သည့်​အ​စား​အ​စာ များ​ကို​မ​ဆို​စား​တတ်​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စား​ခြင်း​ဖြစ်​သည်။ သူ​သည်​လည်း​ထို​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သည်။ အ​ချို့​သော​အ​စား အ​စာ​ကို​ရှောင်​ကြဉ်​သော​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် ရှောင်​ကြဉ်​ခြင်း​ဖြစ်​၏။ သူ​သည်​လည်း​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း သည်။-
ROM 14:7 ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။-
ROM 14:8 ငါ​တို့​အ​သက်​ရှင်​လျှင်​သ​ခင်​ဘု​ရား​၏ အ​တွက်​ဖြစ်​၍​သေ​လျှင်​လည်း သ​ခင်​ဘု​ရား ၏​အ​တွက်​ဖြစ်​၏။ ထို့​ကြောင့်​ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​ရာ​ဖြစ်​၏။-
ROM 14:9 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-
ROM 14:10 ထို့​ကြောင့်​သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​၏​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​ကို​စစ်​ကြော စီ​ရင်​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​အား အ​ထင်​သေး​ကြ​သ​နည်း။ ငါ​တို့​အား​လုံး​ပင် တ​ရား​စီ​ရင်​ခံ​ရ​ရန်​ဘု​ရား​သ​ခင်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ကြ​ရ​မည်။-
ROM 14:11 ကျမ်း​စာ​တော်​တွင်၊ ``ဘု​ရား​ရှင်​မိန့်​တော်​မူ​သည်​ကား`ငါ​သည် အ​သက်​ရှင်​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​အ​တိုင်း ငါ​၏​ရှေ့​၌​လူ​တိုင်း​ပျပ်​ဝပ်​ရ​လိမ့်​မည်။ ငါ​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း ဝန်​ခံ​ရ​လိမ့်​မည်' '' ဟူ​၍​ဆို​သည်။-
ROM 14:12 သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မိ​မိ​တို့​ပြု​ခဲ့ သ​မျှ​ကို ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ကြ ရ​မည်။
ROM 14:13 ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။-
ROM 14:14 အ​ဘယ်​အ​စား​အ​စာ​မျှ​ပ​က​တိ​အား​ဖြင့် မ​ညစ်​ညမ်း​ကြောင်း​ကို​ငါ​သည်​သ​ခင်​ယေ​ရှု ကို​အ​မှီ​ပြု​လျက်​အ​သေ​အ​ချာ​သိ​၏။ သို့ သော်​လည်း​အ​စား​အ​စာ​သည်​ညစ်​ညမ်း​သည် ဟု​ယုံ​ကြည်​လျှင်​ယုံ​ကြည်​သူ​အ​ဖို့​သာ​ညစ် ညမ်း​၏။-
ROM 14:15 အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။-
ROM 14:16 သင်​တို့​ကောင်း​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​သည် ကဲ့​ရဲ့​စ​ရာ​မ​ဖြစ်​စေ​နှင့်။-
ROM 14:17 ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-
ROM 14:18 ဤ​နည်း​အား​ဖြင့်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​သူ​အား​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ လူ​တို့​လည်း​ချီး​မွမ်း​ကြ​၏။
ROM 14:19 သို့​ဖြစ်​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​မှု​ကို​ပြု​စု ပေး​မည့်​အ​ရာ​များ​နှင့်​တစ်​ယောက်​ကို​တစ် ယောက် ဝိ​ညာဉ်​ခွန်​အား​ပြည့်​စေ​မည့်​အ​ရာ များ​ကို​အ​မြဲ​ကြိုး​စား​ပြု​လုပ်​ကြ​ရ​မည်။-
ROM 14:20 အ​စား​အ​စာ​တစ်​စုံ​တစ်​ရာ​စား​သောက်​မှု အ​တွက်​ကြောင့်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သူ​ကို​အ​ကျိုး​မ​နည်း​စေ​နှင့်။ အ​စား​အ​စာ မှန်​သ​မျှ​သည်​စား​သင့်​သော​အ​ရာ​ဖြစ်​သော် လည်း​ထို​အ​စား​အ​စာ​များ​ကို​စား​သုံး ခြင်း​ဖြင့်​သူ​တစ်​ပါး​တို့​အား​မှောက်​မှား စေ​သူ​၌​အ​ဆိုး​ဖြစ်​၏။-
ROM 14:21 အ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​စ သော​သင့်​ညီ​အစ်​ကို​အား​တိုက်​လဲ​စေ​ရန် မည်​သည်​ကို​မျှ​မ​ပြု​သင့်။-
ROM 14:22 ဤ​ကိစ္စ​များ​နှင့်​ပတ်​သက်​၍​သင်​မည်​သို့​ပြု​မူ သည်​မှာ​သင်​နှင့်​ဘု​ရား​သ​ခင်​သာ​သက်​ဆိုင် ၏။ မိ​မိ​မှန်​ကန်​သည်​ဟု​ယုံ​ကြည်​သည့်​အ​တိုင်း ဆောင်​ရွက်​၍​သြတ္တပ္ပ​စိတ်​ကြည်​လင်​သူ​သည် မင်္ဂလာ​ရှိ​၏။-
ROM 14:23 သို့​ရာ​တွင်​သံ​သ​ယ​ရှိ​သော​စိတ်​နှင့်​အ​စား အ​စာ​တစ်​စုံ​တစ်​ရာ​ကို​စား​သုံး​သော​သူ​အား ဘု​ရား​သ​ခင်​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယုံ​ကြည်​မှု​ပေါ်​၌ တည်​၍​မ​ပြု​သော​ကြောင့်​ဖြစ်​၏။ ယုံ​ကြည်​မှု ပေါ်​၌​မ​တည်​ဘဲ​ပြု​လေ​သ​မျှ​သည်​အ​ပြစ် ဖြစ်​၏။
ROM 15:1 ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။-
ROM 15:2 ငါ​တို့​ရှိ​သ​မျှ​သည်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သော​ညီ​အစ်​ကို​များ​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ​လာ စေ​ရန် သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍​သူ​တို့​၏ အ​လို​ကို​လိုက်​သင့်​၏။-
ROM 15:3 ``ကိုယ်​တော်​အား​လူ​တို့​စော်​ကား​ပြော​ဆို​ခြင်း သည်​အ​ကယ်​ပင်​အ​ကျွန်ုပ်​အား​စော်​ကား​ပြော​ဆို ခြင်း​ဖြစ်​ပါ​၏'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ ထား​သည့်​အ​တိုင်း​ခ​ရစ်​တော်​သည်​မိ​မိ​၏ အ​လို​တော်​ကို​လိုက်​တော်​မ​မူ။-
ROM 15:4 ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။-
ROM 15:5 သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။-
ROM 15:6 သို့​မှ​သာ​သင်​တို့​အ​ပေါင်း​သည်​တ​ညီ​တ​ညွတ် တည်း​ဖြင့်​ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ခ​မည်း တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး နိုင်​ကြ​လိမ့်​မည်။
ROM 15:7 ထို့​ကြောင့်​ခ​ရစ်​တော်​သည် သင်​တို့​ကို​လက်​ခံ သ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန် သင်​တို့​သည်​လည်း​အ​ချင်း ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လက်​ခံ​ကြ​လော့။-
ROM 15:8 ဘု​ရား​သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​ပြ​သ​ရန်၊ တစ်​နည်း​အား ဖြင့်​ဘိုး​ဘေး​တို့​အား​ဘု​ရား​သ​ခင်​ထား​တော် မူ​သော​ကတိ​တော်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် ခ​ရစ်​တော်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ကျိုး ငှာ​ဆောင်​ရွက်​တော်​မူ​သည်​ဟု​ငါ​ဆို​၏။ လူ​မျိုး ခြား​တို့​ပင်​လျှင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ တော်​ကို​ချီး​ကူး​နိုင်​ကြ​စေ​ရန်​အ​တွက်​လည်း ဆောင်​ရွက်​တော်​မူ​၏။ ကျမ်း​စာ​တော်​တွင်၊ ``ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​လူ​မျိုး​ခြား​တို့​အ​ထဲ​တွင် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်'' ဟု​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ သည်။-
ROM 15:10 တစ်​ဖန်​ကျမ်း​စာ​တော်​တွင်၊ ``လူ​မျိုး​ခြား​တို့၊ကိုယ်​တော်​၏​လူ​စု​တော်​နှင့် အ​တူ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့'' ဟူ​၍​လည်း​ကောင်း၊
ROM 15:11 ``လူ​မျိုး​ခြား​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ လူ​မျိုး​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ပါ​ရှိ​၏။-
ROM 15:12 တစ်​ဖန်​ဟေ​ရှာ​ယ​က၊ ``ယေ​ရှဲ​၏​သား​မြေး​တစ်​ဦး​သည်​ပေါ်​ထွန်း လာ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​ခြား​တို့​ကို​အုပ်​စိုး​တော်​မူ​မည် ဖြစ်​၍၊ ထို​သူ​တို့​သည်​သူ့​ကို​အား​ကိုး​မျှော်​လင့်​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​၏။-
ROM 15:13 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။
ROM 15:14 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကောင်း​မြတ်​ခြင်း ပါ​ရ​မီ​နှင့်​လည်း​ကောင်း၊ အ​သိ​ပ​ညာ​အ​မျိုး မျိုး​နှင့်​လည်း​ကောင်း​ပြည့်​စုံ​လျက်​အ​ချင်း​ချင်း သွန်​သင်​နိုင်​ကြ​ကြောင်း​ကို​ငါ​စိတ်​ချ​ယုံ ကြည်​၏။-
ROM 15:15 သို့​သော်​ဤ​စာ​တွင်​အ​ချို့​အ​မှု​ကိစ္စ​များ​နှင့် ပတ်​သက်​၍​သင်​တို့​အား​သ​တိ​ပေး​ရာ​၌ ငါ သည်​ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ခွင့်​ထူး​ကို​အ​ကြောင်း​ပြု​၍​ရဲ​တင်း ပွင့်​လင်း​စွာ​ရေး​သား​ထား​၏။-
ROM 15:16 ထို​အ​ခွင့်​ထူး​မှာ​လူ​မျိုး​ခြား​တို့​အ​တွက်​အ​မှု တော်​ဆောင်​ရန် ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ဖြစ် ရ​သော​အ​ခွင့်​ထူး​ပင်​ဖြစ်​၏။ လူ​မျိုး​ခြား​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​ဖွယ်​ရာ​ပူ​ဇော် သကာ​အ​ဖြစ် ဘု​ရား​သ​ခင်​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​က​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​၏​လုပ်​ငန်း တာ​ဝန်​ကို​ထမ်း​ဆောင်​လျက် ဘု​ရား​သ​ခင် ထံ​တော်​မှ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​၏။-
ROM 15:17 ထို့​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏ အ​မှု​တော်​ကို​ဆောင်​ရွက်​ရ​သည့်​အ​တွက်​ဂုဏ် ယူ​ဝါ​ကြွား​နိုင်​၏။-
ROM 15:18 လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား ကို​နာ​ခံ​လာ​ကြ​စေ​ရန်​ငါ​၏​အ​ပြော​အ​ဆို အ​ပြု​အ​မူ​များ​အား​ဖြင့်​လည်း​ကောင်း၊ ထူး ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း ခ​ရစ်​တော်​ပြု​တော်​မူ​သော​အ​ရာ​များ​အ​ကြောင်း ကို​သာ​လျှင်​ငါ​ရဲ​ဝံ့​စွာ​ဖော်​ပြ​မည်။ သို့​ဖြစ်​၍ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ဣလု​ရိ​ပြည်​အ​ထိ ရောက်​ရှိ​သည့်​အ​ရပ်​ရပ်​၌ ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​အ​ကုန်​အ​စင်​ကြေ​ညာ ခဲ့​ပြီ။-
ROM 15:20 သူ​တစ်​ပါး​တို့​ချ​ခဲ့​သည့်​တိုက်​မြစ်​ပေါ်​တွင် ငါ​မ​တည်​မ​ဆောက်​လို။ ငါ​၏​ဆန္ဒ​မှာ​ခ​ရစ်​တော် ၏​အ​ကြောင်း​ကို​မ​ကြား​ဘူး​သေး​သော​အ​ရပ် တို့​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​ဖြစ် သည်။-
ROM 15:21 ကျမ်း​စာ​တော်​တွင်၊ ``ထို​သူ​၏​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ မ​ပြော​ဘူး​သော်​လည်း​သူ​တို့​သည်​မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဘူး​သော​သူ​တို့​သည်​နား​လည်​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​သည်။
ROM 15:22 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန် ဖန်​ကြိုး​စား​သော်​လည်း သင်​တို့​ထံ​သို့​မ​ရောက်​နိုင် ခဲ့​ပါ။-
ROM 15:23 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ငါ​သည်​ထို​ဒေ​သ​များ တွင် ဆောင်​ရွက်​သင့်​သည့်​အ​မှု​ကိစ္စ​ကို​ဆောင်​ရွက်​ပြီး ပါ​ပြီ။ သင်​တို့​ထံ​သို့​လာ​ရန်​လွန်​ခဲ့​သော​နှစ်​ပေါင်း များ​စွာ​က​ပင်​ဆန္ဒ​ရှိ​ခဲ့​သည်​အ​တိုင်း၊-
ROM 15:24 ယ​ခု​သင်​တို့​ထံ​သို့​လာ​ရောက်​နိုင်​မည်​ဟု​မျှော်​လင့် ပါ​၏။ ငါ​သည်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​သင်​တို့ ထံ​သို့​ဝင်​ရောက်​လည်​ပတ်​ရန်​အ​ကြံ​ရှိ​ပါ​၏။ သင် တို့​ထံ​တွင်​ခေတ္တ​မျှ​တည်း​ခို​လည်​ပတ်​ပြီး​နောက် စ​ပိန်​ပြည်​သို့​ဆက်​လက်​ခ​ရီး​ပြု​နိုင်​ရန်​ငါ့​အား ကူ​ညီ​မ​စ​ကြ​စေ​လို​ပါ​သည်။-
ROM 15:25 ယ​ခု​မှာ​မူ​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​ဂ​ရိ​ပြည်​ရှိ အ​သင်း​တော်​တို့​က ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထဲ​တွင် ဆင်း​ရဲ​သော​တ​ပည့် တော်​တို့​အား​စေ​တ​နာ​အ​လျောက်​ပေး​လှူ​ထောက် ပံ့​ရန်​ဆုံး​ဖြတ်​သ​ဖြင့် ထို​မြို့​ရှိ​တ​ပည့်​တော်​တို့ အား​ထောက်​ပံ့​ရန်​ငါ​သွား​မည်။-
ROM 15:27 ယင်း​သို့​သူ​တို့​ဆုံး​ဖြတ်​ကြ​သည်​မှာ​မိ​မိ​တို့​စေ တ​နာ​အ​လျောက်​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​မှန်​အား ဖြင့်​ဆို​သော်​ထို​ဆင်း​ရဲ​သော​သူ​တို့​အား​ကူ​ညီ မ​စ​ရန်​သူ​တို့​မှာ​တာ​ဝန်​ရှိ​၏။ ယု​ဒ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ခံ​စား​ရ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​လူ​မျိုး​ခြား​တို့​အား​ဝေ​မျှ​ကြ​သည်​ဖြစ်​ရာ လူ​မျိုး​ခြား​တို့​က​လည်း​ယု​ဒ​အ​မျိုး​သား​တို့​အား စား​ဝတ်​နေ​ရေး​ကိစ္စ​တွင်​အ​ကူ​အ​ညီ​ပေး​သင့် ကြ​ပေ​သည်။-
ROM 15:28 သို့​ဖြစ်​၍​ငါ​သည်​ကောက်​ခံ​ရ​ရှိ​သ​မျှ​သော​အ​လှူ ငွေ​ကို​ထို​သူ​တို့​အား​ပေး​အပ်​ရန်​ကိစ္စ​ပြီး​စီး​အောင် ဆောင်​ရွက်​ပြီး​နောက်​စ​ပိန်​ပြည်​သို့​ခ​ရီး​သွား​မည်။ လမ်း​ကြုံ​ကြိုက်​၍​သင်​တို့​ထံ​သို့​ဝင်​ရောက်​လည်​ပတ် မည်။-
ROM 15:29 သင်​တို့​ထံ​လာ​သော​အ​ခါ​ခ​ရစ်​တော်​၏​ကောင်း​ချီး မင်္ဂလာ​အ​ပြည့်​အ​စုံ​နှင့်​ငါ​ရောက်​လာ​မည်​ကို​ငါ သိ​၏။
ROM 15:30 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်​က​ငါ​တို့​အား​ပေး​သ​နား​တော်​မူ သော​မေတ္တာ​ကို​အ​ကြောင်း​ပြု​၍ ငါ့​အ​တွက်​ငါ နှင့်​အ​တူ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင်​တို့ အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။-
ROM 15:31 ငါ​သည်​ယု​ဒ​ပြည်​ရှိ​မ​ယုံ​ကြည်​သူ​တို့​၏​ဘေး ရန်​မှ​လွတ်​မြောက်​နိုင်​စေ​ရန်​နှင့်​ငါ​၏​ကူ​ညီ​ဆောင် ရွက်​မှု​ကို ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​က​ဝမ်း​သာ​စွာ​လက်​ခံ​နိုင်​ကြ​စေ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-
ROM 15:32 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​ငါ သည်​ဝမ်း​မြောက်​စွာ​သင်​တို့​ထံ​သို့​လာ​၍ သင်​တို့ နှင့်​အ​တူ​ပျော်​ရွှင်​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ပါ​လိမ့် မည်။-
ROM 15:33 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ပေါင်း​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော။ အာ​မင်။
ROM 16:1 ကင်​ခြေ​မြို့​အ​သင်း​တော်​တွင်​ကူ​ညီ​မ​စ​သူ၊ ငါ တို့​၏​ညီ​မ​ဖြစ်​သူ​ဖိ​ဗေ​၏​အ​ကြောင်း​ကို​ငါ ထောက်​ခံ​ပြော​ဆို​လို​၏။-
ROM 16:2 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ချင်း​ချင်း​အား​လက်​ခံ​သင့်​သည်​အ​တိုင်း​သ​ခင် ဘု​ရား​ကို​ထောက်​၍​သူ့​အား​လက်​ခံ​ကြ​လော့။ အ​ကူ​အ​ညီ​လို​အပ်​သည့်​အ​မှု​ကိစ္စ​၌​သူ့​အား ကူ​ညီ​မ​စ​ကြ​လော့။ သူ​သည်​လူ​အ​မြောက်​အ​မြား ကို​ကူ​ညီ​မ​စ​ခဲ့​သူ​ဖြစ်​ပေ​သည်။ ငါ့​ကို​လည်း ကူ​ညီ​မ​စ​ခဲ့​၏။
ROM 16:3 ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင် ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ပြစ်​ကိ​လ​နှင့် အာ​ကု​လ​တို့​အား​နှုတ်​ဆက်​ကြ​လော့။-
ROM 16:4 သူ​တို့​သည်​ငါ​၏​အ​တွက်​သက်​စွန့်​ကြိုး​ပမ်း ဆောင်​ရွက်​ခဲ့​ကြ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အား ငါ​တစ်​ဦး​တည်း​သာ​မ​က​လူ​မျိုး​ခြား​တို့​၏ အ​သင်း​တော်​အ​ပေါင်း​တို့​က​လည်း​ကျေး​ဇူး​တင် ကြ​၏။-
ROM 16:5 သူ​တို့​အိမ်​၌​စု​ဝေး​ဝတ်​ပြု​သည့်​အ​သင်း​တော်​ကို လည်း​ငါ​နှုတ်​ဆက်​ကြောင်း​ပြော​ကြား​ကြ​လော့။ အာ​ရှ​ပြည်​တွင်​ပ​ထ​မ​ဆုံး​ခ​ရစ်​တော်​ကို​ယုံ​ကြည် လက်​ခံ​လာ​သူ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ဧ​ပဲ​နက် ကို​နှုတ်​ဆက်​ကြ​လော့။-
ROM 16:6 သင်​တို့​အ​တွက်​အ​လုပ်​ကို​ကြိုး​စား​လုပ်​ဆောင်​သူ မာ​ရိ​ကို​နှုတ်​ဆက်​ကြ​လော့။-
ROM 16:7 အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​တို့ သည်​ငါ​နှင့်​အ​တူ​အ​ကျဉ်း​ခံ​ခဲ့​သော​ယု​ဒ​အ​မျိုး​သား များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​တ​မန်​တော်​များ​အ​ဖြစ် ဖြင့်​ထင်​ပေါ်​ကျော်​ကြား​သူ​များ၊ ငါ​၏​အ​လျင် ခ​ရစ်​တော်​ကို​သိ​ကြ​သူ​များ​တည်း။
ROM 16:8 သ​ခင်​ဘု​ရား​၌​ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ၊ အမ္ပလိ ကို​နှုတ်​ဆက်​ကြ​လော့။-
ROM 16:9 ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင်​ငါ​၏ လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ဥ​ရ​ဗန်​နှင့်​ငါ​၏​ရင်း​နှီး သော​မိတ်​ဆွေ သ​တာ​ခု​ကို​နှုတ်​ဆက်​ကြ​လော့။-
ROM 16:10 အ​ပေ​လေ​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​သည်​ခ​ရစ် တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ပေ​သည်။ အာ​ရိတ္တော​ဗု​လု ၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-
ROM 16:11 ယု​ဒ​အ​မျိုး​သား​ချင်း​ဖြစ်​သူ​ဟေ​ရော​ဒျုန်​ကို နှုတ်​ဆက်​ကြ​လော့။ ညီ​အစ်​ကို​များ​ဖြစ်​သော နာ​ကိ​သု​၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက် ကြ​လော့။
ROM 16:12 သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​ကို​နှုတ်​ဆက်​လိုက်​၏။ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ပေ​ရ​သိ​ကို​နှုတ်​ဆက် ကြ​လော့။ သူ​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​လွန်​ကြိုး​စား​ဆောင်​ရွက်​သူ​ဖြစ်​ပေ​သည်။-
ROM 16:13 သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ထူး​ချွန်​စွာ ဆောင်​ရွက်​သူ​ရု​ဖု​နှင့် ငါ​၏​အ​မိ​သ​ဖွယ် ဖြစ်​သော​သူ​၏​အ​မိ​ကို​နှုတ်​ဆက်​လိုက်​၏။-
ROM 16:14 အ​သုံ​ကြိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မေ​မှ​စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​ကြ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-
ROM 16:15 ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​၏​နှ​မ​သြ​လုမ္ပ​မှ စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​သော​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​လိုက်​သည်။
ROM 16:16 သင်​တို့​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​အ​သင်း​တော်​အ​ပေါင်း​က​သင်​တို့ အား​နှုတ်​ဆက်​လိုက်​၏။
ROM 16:17 ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​သြ​ဝါ​ဒ များ​ကို​ဆန့်​ကျင်​လျက်​လူ​တို့​အား​စိတ်​ဝမ်း​ကွဲ စေ​ခြင်း၊ လူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မှောက်​မှား လမ်း​လွဲ​စေ​ခြင်း​ကို​ပြု​သော​သူ​တို့​အား​သ​တိ ပြု​ကြ​လော့။ ထို​သူ​တို့​ကို​ရှောင်​ရှား​ကြ​လော့။-
ROM 16:18 သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။-
ROM 16:19 သင်​တို့​သည်​သ​တင်း​ကောင်း​ကို​အ​ဘယ်​မျှ​စွဲ​မြဲ​စွာ ယုံ​ကြည်​ကြ​ကြောင်း​ကို​လူ​တိုင်း​ပင်​ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​၏။ သင်​တို့​သည်​ကောင်း​မြတ်​သော​အ​မှု​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို​သိ​သော​ပ​ညာ​ရှိ​များ​ဖြစ်​ပြီး​လျှင် ညစ်​ညမ်း​သော​အ​မှု​နှင့်​ပတ်​သက်​၍​အ​ပြစ်​ကင်း သူ​များ​ဖြစ်​ကြ​စေ​လို​၏။-
ROM 16:20 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်​စာ​တန် အား သင်​တို့​၏​ခြေ​အောက်​တွင်​မ​ကြာ​မီ​ချေ​မှုန်း တော်​မူ​လိမ့်​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ ခံ​စား​ကြ​ရ​ပါ​စေ​သော။
ROM 16:21 ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​တိ​မော​သေ​နှင့်​ယု​ဒ အ​မျိုး​သား​ဖြစ်​ကြ​သူ​လု​ကိ၊ ယာ​သုန်​နှင့်​သော သိ​ပ​တ​ရု​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက် ကြ​၏။
ROM 16:22 ကျွန်ုပ်​တေ​ရ​တိ​သည်​ဤ​စာ​ကို​နှုတ်​တိုက်​လိုက်​၍ ရေး​သား​ခဲ့​ပါ​၏။ ကျွန်ုပ်​က​လည်း​ခ​ရစ်​တော်​အား ဖြင့်​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။
ROM 16:23 ငါ့​အား​ဧည့်​ဝတ်​ပြု​သူ၊ အ​သင်း​တော်​ဝင်​အ​ပေါင်း တို့​ဝတ်​ပြု​ရာ​အိမ်​ရှင်​ဂါ​ယု​က​လည်း​သင်​တို့​အား နှုတ်​ဆက်​လိုက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧရတ္တု​က လည်း​ကောင်း၊ ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​က လည်း​ကောင်း​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။-
ROM 16:24 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​ကို သင်​တို့​အား​လုံး​ခံ​စား​ကြ​ရ​ပါ​စေ​သော။ အာ​မင်။
ROM 16:25 ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ငါ တို့​ထော​မ​နာ​ပြု​ကြ​ကုန်​စို့။ ယေ​ရှု​ခ​ရစ်​အ​ကြောင်း ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​သော်​လည်း ကောင်း၊ ရှေး​ကာ​လ​အ​ဆက်​ဆက်​၌​ကွယ်​ဝှက်​နေ​ခဲ့ သော​သစ္စာ​တ​ရား​ပေါ်​လွင်​ထင်​ရှား​ချက်​အ​ရ​သော် လည်း​ကောင်း ကိုယ်​တော်​သည်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​ခိုင်​မြဲ​စေ​တော်​မူ​နိုင်​၏။-
ROM 16:26 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ထို​လျှို့​ဝှက်​သည့်​သစ္စာ တ​ရား​သည်​ပ​ရော​ဖက်​ကျမ်း​များ​အား​ဖြင့်​ပေါ် လွင်​ထင်​ရှား​လာ​လေ​ပြီ။ လူ​မျိုး​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကာ​ကိုယ်​တော်​၏​စ​ကား တော်​ကို​နာ​ခံ​လာ​ကြ​စေ​ရန် နိစ္စ​ထာ​ဝ​ရ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ထို သစ္စာ​တ​ရား​ကို​ကြေ​ညာ​လေ​ပြီ။
ROM 16:27 တစ်​ဆူ​တည်း​သာ​လျှင် ဉာဏ်​တော်​အ​နန္တ​နှင့်​ပြည့်​စုံ တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား ဖြင့် ထာ​ဝ​စဉ်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ ပါ​စေ​သ​တည်း။ အာ​မင်။ ရော​မ​သြ​ဝါ​ဒ​စာ​ပြီး​၏။
1CO 1:1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ သော​ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​သု​ဿင်​ထံ​မှ၊-
1CO 1:2 ကော​ရိန္သု​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း၊ အ​ရပ် ခပ်​သိမ်း​မှ​ငါ​တို့​၏​အ​ရှင်​နှင့်​သူ​တို့​၏​အ​ရှင် ဖြစ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကို​ကိုး​ကွယ် သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ခ​ရစ်​တော်​ယေ​ရှု​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သော​အား​ဖြင့် ဘု​ရား သ​ခင်​၏​လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ခြင်း ခံ​ရ​ကြ​သူ​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း စာ​ရေး​လိုက်​ပါ​သည်။
1CO 1:3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ စေ​သော။
1CO 1:4 ငါ​သည်​သင်​တို့​အား​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း​၏။-
1CO 1:5 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ရှိ​သ​ဖြင့်​နှုတ်​သတ္တိ၊ ဉာဏ်​သတ္တိ​နှင့်​တ​ကွ​အ​စ​စ အ​ရာ​ရာ​တွင်​ကြွယ်​ဝ​ပြည့်​စုံ​လျက်​ရှိ​ကြ​၏။-
1CO 1:6 ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့်​ခ​ရစ်​တော် အ​ကြောင်း​သ​တင်း​ကောင်း​သည် သင်​တို့​အ​ထဲ တွင်​အ​မြစ်​စွဲ​လျက်​ရှိ​၏။-
1CO 1:7 သို့​ဖြစ်​၍​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​လျက်​နေ​စဉ် သင်​တို့​မ​ခံ​စား ကြ​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ဟူ​၍​မ​ရှိ။-
1CO 1:8 ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။-
1CO 1:9 ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။
1CO 1:10 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​သင်​တို့​အား​တောင်း ပန်​ပါ​၏။ စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​စေ​ရန်​သင် တို့​စ​ကား​အ​ပြော​အ​ဆို​တွင်​ညီ​ညွတ်​မှု​ရှိ ကြ​လော့။ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြင့်​စည်း​လုံး မှု​ရှိ​ကြ​လော့။-
1CO 1:11 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း ခိုက်​ရန်​ဖြစ်​လျက်​ရှိ​ကြ​ကြောင်း​ကို က​လော​ဣ ၏​အိမ်​သူ​အိမ်​သား​များ​ထံ​မှ​ငါ​ကြား​သိ ရ​၏။-
1CO 1:12 သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။-
1CO 1:13 ခ​ရစ်​တော်​သည်​ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက်​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​သေ ခံ​ပါ​သ​လော။ သို့​တည်း​မ​ဟုတ်​သင်​တို့​သည် ပေါ​လု​၏​နာ​မ​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​ကို​ခံ ယူ​ခဲ့​ကြ​ပါ​သ​လော။
1CO 1:14 ကရိပ္ပု​နှင့်​ဂါ​ယု​မှ​လွဲ​၍​သင်​တို့​အ​ထဲ​မှ​မည်​သူ့ ကို​မျှ​ငါ​သည်​ဗတ္တိ​ဇံ​မ​ပေး​ခဲ့​ပါ။ ယင်း​သို့​မ​ပေး မိ​သည့်​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပါ​၏။-
1CO 1:15 သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု ၍​ဗတ္တိ​ဇံ​ခံ​ယူ​ကြ​သည်​ဟု​အ​ဘယ်​သူ​မျှ မ​ပြော​နိုင်။-
1CO 1:16 (သ​တေ​ဖန်​၏​အိမ်​သူ​အိမ်​သား​တို့​ကို​လည်း ငါ​ဗတ္တိ​ဇံ​ပေး​ခဲ့​သည်။ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​မည်​သူ့​ကို​မျှ​ဗတ္တိ​ဇံ​ပေး​သည်​ကို ငါ​မ​မှတ်​မိ။-)
1CO 1:17 ခ​ရစ်​တော်​ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မှာ ဗတ္တိ​ဇံ​ပေး​ရန်​မ​ဟုတ်။ ခ​ရစ်​တော်​လက်​ဝါး​ကပ် တိုင်​တွင်​အ​သေ​ခံ​ခြင်း​တန်​ခိုး​မ​ပျက်​မ​ပြယ် စေ​ရန် လူ​တို့​၏​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​အ​သုံး​မ​ပြု​ဘဲ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​ဖြစ်​သည်။
1CO 1:18 လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။-
1CO 1:19 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် ``ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို​ငါ​ဖျက်​ဆီး​မည်။ အ​သိ​ပ​ညာ​ရှင်​တို့​၏​အ​သိ​ပ​ညာ​ကို​လည်း ငါ​ပယ်​ရှား​မည်'' ဟု​ရေး​သား​ဖော်​ပြ​ထား​သော​ကြောင့်​ဖြစ်​၏။-
1CO 1:20 သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။
1CO 1:21 လူ​သည်​မိ​မိ​ကိုယ်​ပိုင်​ဉာဏ်​ဖြင့်​ဘု​ရား​သ​ခင် အား​မ​သိ​နိုင်​စေ​ရန် ကိုယ်​တော်​သည်​ရွှေ​ဉာဏ် တော်​ဖြင့်​စီ​မံ​ထား​တော်​မူ​၏။ အ​ချည်း​နှီး​သော တ​ရား​ဖြစ်​သည်​ဟု​လူ​တို့​ထင်​မှတ်​သော​ငါ တို့​ကြေ​ညာ​သည့်​သ​တင်း​ကောင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​ယုံ​ကြည်​သူ​တို့ အား​ကယ်​တင်​တော်​မူ​ရန်​စီ​မံ​တော်​မူ​ပေ​သည်။-
1CO 1:22 ယု​ဒ​အ​မျိုး​သား​တို့​က​နိ​မိတ်​လက္ခ​ဏာ​များ ကို​တောင်း​ခံ​ကြ​၏။ ဂ​ရိ​အ​မျိုး​သား​တို့​က ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​ကြ​၏။-
1CO 1:23 ငါ​တို့​က​မူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​သော​ခ​ရစ်​တော်​၏​အ​ကြောင်း​ကို​ဟော ပြော​ကြေ​ညာ​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​မ​နှစ်​မြို့​စ​ရာ၊ လူ​မျိုး​ခြား​တို့​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ သည့်​အ​ရာ​ဖြစ်​၏။-
1CO 1:24 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား ဖြစ်​စေ​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​တို့ အ​တွက်​မူ​ကား ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်၊ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် ဖြစ်​ပေ​သည်။-
1CO 1:25 ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​မဲ့​မှု​ဟု​ထင်​ရ သော​အ​ရာ​သည် လူ​တို့​ဉာဏ်​ပ​ညာ​ရှိ​မှု​ထက် ပို​၍​ထက်​မြက်​၏။ ဘု​ရား​သခင်​၏​အား​နည်း​မှု ဟု​ထင်​ရ​သော​အ​ရာ​သည်​လူ​တို့​၏​စွမ်း​သန် မှု​ထက်​ပို​၍​အား​ကြီး​၏။
1CO 1:26 ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ရွေး​ကောက်​တော် မူ​ခြင်း​မ​ခံ​ရ​မီ အ​ခြေ​အ​နေ​ကို​စဉ်း​စား​ဆင် ခြင်​ကြ​လော့။ လူ​တို့​အ​မြင်​အား​ဖြင့်​သင်​တို့ အ​ထဲ​တွင်​ပ​ညာ​ရှိ​သူ၊ တန်​ခိုး​ကြီး​သူ၊ မျိုး​ရိုး ဇာ​တိ​ကြီး​မြင့်​သူ​ဟူ​၍​များ​စွာ​မ​ပါ​မ​ရှိ ပေ။-
1CO 1:27 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​တို့ အ​ရှက်​ရ​စေ​ရန် လော​က​တွင်​မိုက်​မဲ​မှု​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ရွေး​ချယ်​တော် မူ​၏။-
1CO 1:28 လော​က​တွင်​အ​ရေး​ပါ​အ​ရာ​ရောက်​သည်​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ဖျက်​ဆီး​ရန် အ​ထင် သေး​အ​မြင်​သေး​ခံ​ရ​သည့်​အ​ရာ၊ မ​ထီ​မဲ့​မြင် ပြု​ခြင်း​ခံ​ရ​သည့်​အ​ရာ၊ မ​ရေ​ရာ​သည့်​အ​ရာ တို့​ကို​ရွေး​ချယ်​တော်​မူ​၏။-
1CO 1:29 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ဘယ် သူ​မျှ​ဝါ​ကြွား​စ​ရာ​မ​ရှိ။-
1CO 1:30 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-
1CO 1:31 ထို့​ကြောင့်​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​မည်​သူ မ​ဆို​ဝါ​ကြွား​လို​လျှင် ဘု​ရား​ရှင်​ပြု​တော်​မူ သော​အ​မှု​တော်​အ​တွက်​သာ​လျှင်​ဝါ​ကြွား​စေ။
1CO 2:1 သို့​ဖြစ်​သော​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​သို့​လာ​ရောက်​၍ ဘု​ရား​သ​ခင်​၏ နက်​နဲ​သော​သမ္မာ​တရား​တော်​ကို​ဟော​ပြော​စဉ် အ​ခါ​က​ထည်​ဝါ​သော​စ​ကား​များ၊ အ​သိ ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ဖြင့်​ဟော ပြော​သည်​မဟုတ်။-
1CO 2:2 သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​သည် ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း၊ အ​ထူး​သ​ဖြင့်​လက် ဝါး​ကပ်​တိုင်​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ သည့်​အ​ကြောင်း​မှ​လွဲ​၍ အ​ခြား​အ​ရာ​မှန် သ​မျှ​ကို​မေ့​ပျောက်​ပစ်​ရန်​စိတ်​ပိုင်း​ဖြတ် ထား​၏။-
1CO 2:3 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ထံ​သို့​လာ​ချိန် ၌ အား​နည်း​၍​ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊-
1CO 2:4 ဟော​ပြော​သွန်​သင်​ရာ​၌​လူ​တို့​၏​ဉာဏ်​ပညာ နှင့်​ယှဉ်​သော​စ​ကား​များ​ကို​အ​သုံး​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​ပါ​ရှိ သည့်​စ​ကား​များ​ကို​သာ​အ​သုံး​ပြု​၏။-
1CO 2:5 သို့​ဖြစ်​၍​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လူ​တို့​၏ အ​သိ​ဉာဏ်​အ​ပေါ်​တွင်​အ​မှီ​မ​ပြု​ဘဲ ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​အ​ပေါ်​တွင်​အ​မှီ​ပြု ပေ​သည်။
1CO 2:6 သို့​သော်​လည်း​ငါ​သည်​ဉာဏ်​ပညာ​နှင့်​ယှဉ်​သော စ​ကား​ကို​ဝိ​ညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​အား ပြော​ဆို​ပါ​၏။ သို့​ရာ​တွင်​ထို​ဉာဏ်​ပညာ​ကား ဤ​လော​က​နှင့်​မ​သက်​ဆိုင်။ လော​ကီ​မင်း​များ နှင့်​လည်း​မ​သက်​ဆိုင်။ လော​ကီ​မင်း​တို့​၏ တန်​ခိုး​အာ​ဏာ​ကား​လျော့​နည်း​လျက်​နေ ပေ​သည်။-
1CO 2:7 ငါ​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​ဉာဏ်​ပညာ တော်​အ​ကြောင်း​ကို​ဟော​ပြော​၏။ ထို​ဉာဏ်​ပ​ညာ ကား​လူ​သား​တို့​ထံ​မှ​ဘု​ရား​သ​ခင်​လျှို့​ဝှက် ထား​သော​အ​ရာ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ဘုန်း အ​သ​ရေ​ခံ​စား​ရ​စေ​ရန် ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် ဘု​ရား သ​ခင်​စီ​ရင်​သော​ဉာဏ်​ပညာ​ဖြစ်​၏။-
1CO 2:8 လော​ကီ​မင်း​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ဤ ဉာဏ်​ပညာ​တော်​အ​ကြောင်း​ကို​မ​သိ​နား​မ​လည် ကြ။ အ​ကယ်​၍​သိ​ရှိ​နား​လည်​ကြ​ပါ​မူ​သူ တို့​သည်​ဘုန်း​အ​သ​ရေ​တော်​ရှင်​ကို​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​မည်​မ​ဟုတ်။-
1CO 2:9 သို့​သော်​လည်း​ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ ``ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သူ​မျှ​မ​မြင်​မ​ကြား စ​ဖူး၊ ဖြစ်​နိုင်​လိမ့်​မည်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​ဘူး​သည့်၊အ​မှု​အ​ရာ​ကို မိ​မိ​အား​ချစ်​သော​သူ​တို့​အ​ဖို့​ပြင်​ဆင်​ထား​တော် မူ​၏။''
1CO 2:10 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ ၏​လျှို့​ဝှက်​ချက်​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖော်​ပြ တော်​မူ​၏။ ဝိ​ညာဉ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို သာ​မ​က ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပင်​စူး​စမ်း​ရှာ​ဖွေ တော်​မူ​ပေ​သည်။-
1CO 2:11 လူ​တစ်​စုံ​တစ်​ယောက်​၏​အ​ကြောင်း​အ​လုံး​စုံ ကို ထို​လူ​အ​တွင်း​၌​ရှိ​သော​စိတ်​ဝိ​ညာဉ်​ကသာ သိ​၏။ ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​အ​ကြောင်း တော်​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် က​သာ​သိ​တော်​မူ​၏။-
1CO 2:12 ငါ​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် ဝိ​ညာဉ်​ကို​ခံ​ယူ​ကြ​ရ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သ​မျှ​ကို​သိ​ခြင်း ငှာ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သည့်​ဝိ​ညာဉ် တော်​ကို​ခံ​ယူ​ကြ​ရ​ပြီ။
1CO 2:13 သို့​ဖြစ်​၍​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​တို့ အား ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သစ္စာ​တရား​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​လင်း​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​လူ့​အ​သိ​ဉာဏ်​နှင့်​ယှဉ်​သည့် စ​ကား​များ​ကို​အ​သုံး​မ​ပြု။ ဝိ​ညာဉ်​တော် သွန်​သင်​ပေး​သည့်​စ​ကား​များ​ကို​သာ အ​သုံး​ပြု​ကြ​၏။-
1CO 2:14 ဝိ​ညာဉ်​တော်​ကို​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် တော်​ချ​ပေး​သည့်​ဆု​ကျေး​ဇူး​များ​ကို​မ​ခံ စား​နိုင်။ ဝိ​ညာဉ်​ရေး​ကို​အ​ခြေ​ခံ​မှ​သာ​လျှင် ထို​အ​ရာ​များ​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင် သ​ဖြင့် ဝိ​ညာဉ်​တော်​မ​ခံ​မ​ယူ​သူ​သည်​ဝိ​ညာဉ် ဆု​ကျေး​ဇူး​များ​အ​ကြောင်း​ကို​အ​ကယ်​ပင် နား​မ​လည်​နိုင်။ သူ​၏​အ​တွက်​ထို​အ​ရာ​တို့ သည်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သော​အ​ရာ များ​သာ​လျှင်​ဖြစ်​ပေ​သည်။-
1CO 2:15 ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​သည်​အ​ရာ ခပ်​သိမ်း​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင်​၏။ သို့ ရာ​တွင်​ထို​သူ့​အား​မည်​သူ​မျှ​အ​ကဲ​ဖြတ် ၍​မရ။-
1CO 2:16 ကျမ်း​စာ​တော်​တွင်၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင်​၏ စိတ်​သ​ဘော​တော်​ကို​သိ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​ပါ​သ​နည်း'' ဟူ​၍​ပါ​ရှိ​သည်​အတိုင်း​ပင်​ဖြစ်​၏။ ငါ​တို့​မူ​ကား ခ​ရစ်​တော်​၏​စိတ်​သ​ဘော​တော်​ကို​ရ​ရှိ​ကြ​၏။
1CO 3:1 ညီ​အစ်​ကို​တို့၊ အ​မှန်​အား​ဖြင့်​ဆို​သော်​ငါ​သည် သင်​တို့​အား ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ အ​နေ​ဖြင့်​ပြော​ဆို​၍​မ​ဖြစ်။ လော​ကီ​သား​များ သ​ဖွယ်​အ​နေ​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​ယာန်​သက် တွင်​ကလေး​သူ​ငယ်​များ​အ​နေ​ဖြင့်​လည်း​ကောင်း ပြော​ဆို​ရ​၏။-
1CO 3:2 ကြေ​ခဲ​သော​အ​စား​အ​စာ​ကို​သင်​တို့​မ​စား နိုင်​ကြ​သေး​သ​ဖြင့် ငါ​သည်​သင်​တို့​အား​နို့ ကို​သာ​တိုက်​ကျွေး​ရ​၏။ ယ​ခု​တိုင်​အောင်​သင် တို့​သည်​အ​စာ​မ​ကြေ​နိုင်​ကြ။-
1CO 3:3 သင်​တို့​သည်​လော​ကီ​သား​များ​အ​ဆင့်​အ​တန်း ၌​သာ​နေ​ကြ​သေး​၏။ အ​ချင်း​ချင်း​မ​နာ​လို လျက်၊ ရန်​ဖြစ်​လျက်​နေ​ကြ​သည်​မှာ​လော​ကီ သား​အ​ဆင့်​အ​တန်း​၌​ပင်​သင်​တို့​ရှိ​နေ​ကြ သေး​၍​မ​ဟုတ်​ပါ​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ကြံ​နေ​ကြ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။-
1CO 3:4 ငါ​သည်​ပေါ​လု​တ​ပည့်​ဖြစ်​သည်၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်​သည်​ဟု​သင်​တို့​ဆို သည့်​အ​ခါ သင်​တို့​သည်​လော​ကီ​ဆန်​သူ များ​ကဲ့​သို့​ပြု​မူ​ခြင်း​ပင်​မ​ဟုတ်​ပါ​လော။
1CO 3:5 အာ​ပေါ​လု​ကား​အ​ဘယ်​သူ​နည်း။ ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​သာ​လျှင်​ဖြစ်​၍ သင်​တို့​ယုံ​ကြည် လာ​စေ​ရန်​ပြု​စု​ပေး​ကြ​သူ​များ​ဖြစ်​၏။ ငါ တို့​တစ်​ဦး​စီ​သည်​သ​ခင်​ဘု​ရား​ခွဲ​ဝေ​သတ် မှတ်​ပေး​တော်​မူ​သော​တာ​ဝန်​အ​သီး​သီး ကို​ထမ်း​ဆောင်​ကြ​ရ​သည်။-
1CO 3:6 ငါ​သည်​မျိုး​စေ့​ကို​စိုက်​၏။ အာ​ပေါ​လု​ကား ရေ​လောင်း​၏။ အ​ပင်​ပေါက်​စေ​တော်​မူ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။-
1CO 3:7 မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​သည် အ​ဋ္ဌိ​က​မ​ဟုတ်။ အ​ပင်​ပေါက်​စေ​တော်​မူ သော​သူ​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သာ လျှင်​အ​ဋ္ဌိ​က​ဖြစ်​တော်​မူ​၏။-
1CO 3:8 မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​တို့​သည် တန်း​တူ​ရည်​တူ​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အား​ထုတ်​မှု​နှင့်​အ​ညီ​အ​ကျိုး​ကို​ရ​ရှိ​ကြ ပေ​မည်။-
1CO 3:9 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​တော်​၌​အ​လုပ် လုပ်​သော​လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​ကြ​၏။ သင်​တို့ သည်​ကား​ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​ဖြစ်​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျောင်း​တော်​တိုက် လည်း​ဖြစ်​၏။-
1CO 3:10 ငါ​သည်​ဘု​ရား​သ​ခင်​ပေး​သနား​တော်​မူ​သော ဆု​ကျေး​ဇူး​ကို​အ​သုံး​ပြု​လျက် ကျွမ်း​ကျင်​သော ဗိ​သု​ကာ​ကဲ့​သို့​တိုက်​မြစ်​ကို​ချ​ခဲ့​၏။ အ​ခြား သူ​တစ်​ဦး​က​ထို​တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက် ၏။ သို့​ရာ​တွင်​ထပ်​ဆင့်​၍​တည်​ဆောက်​သူ​တိုင်း သည်​မိ​မိ​အ​ဘယ်​သို့​တည်​ဆောက်​သည်​ကို သ​တိ​ပြု​စေ။-
1CO 3:11 ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော​ချ​ထား​ပြီး​တိုက် မြစ်​မှ​တစ်​ပါး အ​ခြား​တိုက်​မြစ်​ကို​အ​ဘယ် သူ​မျှ​မ​ချ​နိုင်။-
1CO 3:12 လူ​အ​ချို့​တို့​သည်​ထို​တိုက်​မြစ်​ပေါ်​တွင်​ရွှေ၊ ငွေ၊ ကျောက်​သံ​ပတ္တ​မြား​ဖြင့်​ထပ်​ဆင့်​တည်​ဆောက် ကြ​လိမ့်​မည်။ လူ​အ​ချို့​တို့​က​မူ​သစ်​သား၊ မြက် ခြောက်​သို့​မ​ဟုတ်​ကောက်​ရိုး​ဖြင့်​ထပ်​ဆင့် တည်​ဆောက်​ကြ​လိမ့်​မည်။-
1CO 3:13 ထို​သူ​တစ်​ယောက်​စီ​၏​တည်​ဆောက်​မှု​အ​ရည် အ​သွေး​သည် ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​သိ​သာ​ထင်​ရှား​လိမ့်​မည်။ ထို​နေ့​၌​မီး​လျှံ သည်​လူ​တိုင်း​၏​အ​လုပ်​ကို​ထင်​ပေါ်​စေ​လိမ့်​မည်။ ထို​မီး​သည်​လူ​အ​သီး​သီး​တို့​၏​အ​လုပ် အ​ရည်​အ​သွေး​ကို​စစ်​ဆေး​ပေး​လိမ့်​မည်။-
1CO 3:14 တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက်​သည့်​အ​ရာ​သည် ထို​မီး​၏​ဒဏ်​ကို​ခံ​နိုင်​လျှင်​တည်​ဆောက်​သူ​သည် အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။-
1CO 3:15 သို့​ရာ​တွင်​မိ​မိ​အ​လုပ်​မီး​လောင်​သွား​လျှင် တည် ဆောက်​သူ​သည်​အ​ရှုံး​ရ​လိမ့်​မည်။ သို့​သော်​ထို သူ​ကိုယ်​တိုင်​မူ​ကား မီး​လျှံ​ဘေး​မှ​လွတ်​မြောက် သူ​သ​ဖွယ်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။
1CO 3:16 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ် သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ သည်​ကို​လည်း​ကောင်း​သိ​ကြ​သည်​မ​ဟုတ်​ပါ လော။-
1CO 3:17 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော​သူ​ကို ဘု​ရား​သ​ခင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​၍ သင်​တို့​ကိုယ်​တိုင်​ပင်​လျှင်​ကိုယ်​တော် ၏​ဗိ​မာန်​တော်​ဖြစ်​သော​ကြောင့်​တည်း။
1CO 3:18 အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို​မ​လှည့်​စား​စေ​နှင့်။ လော​ကီ​စံ​နှုန်း​အ​ရ​မိ​မိ​ကိုယ်​ကို​ပ​ညာ​ရှိ သည်​ဟု​ထင်​မှတ်​သော​သူ​သည် အ​မှန်​ပင်​ပ​ညာ ရှိ​ဖြစ်​လာ​စေ​ရန်​လူ​မိုက်​ဖြစ်​ပါ​စေ။-
1CO 3:19 ဉာဏ်​ပ​ညာ​ဟူ​၍​ဤ​လော​က​သား​တို့​ထင်​မှတ် ကြ​သည့်​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် ၌​မိုက်​မဲ​မှု​သာ​လျှင်​ဖြစ်​၏။ ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​များ​အား​မိ​မိ တို့​ကိုယ်​တိုင်​အ​သုံး​ပြု​သည့်​ပ​ရိ​ယာယ်​အား ဖြင့်​ပင်​လျှင်​ထောင်​ချောက်​တွင်​မိ​စေ​တော်​မူ​၏'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်။-
1CO 3:20 ထို့​အ​ပြင်​အ​ခြား​ကျမ်း​စာ​တော်​တစ်​ချက် က ``ပ​ညာ​ရှိ​တို့​၏​အ​ကြံ​အ​စည်​သည်​အ​ချည်း နှီး​ဖြစ်​ကြောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​သိ​တော် မူ​၏'' ဟု​ဆို​ချေ​သည်။-
1CO 3:21 သို့​ဖြစ်​၍​လူ​၏​စွမ်း​ရည်​အ​ကြောင်း​ကို​မည်​သူ မျှ​မ​ဝါ​ကြွား​စေ​နှင့်။ အ​မှန်​စင်​စစ်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သင်​တို့​ပိုင်​ကြ​၏။-
1CO 3:22 ပေါ​လု၊ အာ​ပေါ​လု၊ ပေ​တ​ရု​တို့​ကို​လည်း​ကောင်း၊ ဤ​ကမ္ဘာ​လော​က​ကြီး​ကို​လည်း​ကောင်း၊ အ​သက် ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​ကို​လည်း​ကောင်း၊ မျက် မှောက်​ကာ​လ​နှင့်​အ​နာ​ဂတ်​ကာ​လ​တို့​ကို လည်း​ကောင်း​သင်​တို့​ပိုင်​ကြ​၏။-
1CO 3:23 သင်​တို့​ကို​ခ​ရစ်​တော်​ပိုင်​တော်​မူ​၍​ခ​ရစ်​တော် ကို​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။
1CO 4:1 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​သမ္မာ တ​ရား​တော်​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ ခ​ရစ် တော်​၏​အ​စေ​ခံ​များ​ဖြစ်​သည်​ဟု​သင်​တို့​မှတ် ယူ​သင့်​ကြ​၏။-
1CO 4:2 ယင်း​သို့​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​တွင်​ရှိ​ရ မည့်​အ​ရည်​အ​ချင်း​တစ်​ခု​ကား မိ​မိ​သ​ခင် ၏​ပေါ်​တွင်​သစ္စာ​စောင့်​ရန်​ပင်​ဖြစ်​ပေ​သည်။-
1CO 4:3 ငါ့​အား​သင်​တို့​အား​ဖြင့်​ဖြစ်​စေ၊ လူ့​စံ​နှုန်း​အား ဖြင့်​ဖြစ်​စေ​အ​စစ်​ခံ​ရ​လျှင်​ငါ​သည်​အ​မှု မ​ထား။ ငါ​သည်​မိ​မိ​ကိုယ်​ကို​ပင်​လျှင်​မ​စစ် ကြော​မ​စီ​ရင်​ပြီ။-
1CO 4:4 ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ကြည်​လင်​လျက်​ရှိ​၏။ ယင်း သို့​ဆို​သော်​ငါ​၌​အြုပစ်​မ​ရှိ​ဟု​မ​ဆို​လို။ ငါ့​ကို စစ်​ကြော​စီ​ရင်​သူ​ကား​သခင်​ဘု​ရား​ပေ​တည်း။-
1CO 4:5 သို့​ဖြစ်​၍​နောက်​ဆုံး​တ​ရား​စီ​ရင်​တော်​မူ​ရန် သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင် မည်​သူ့​ကို​မျှ​စီ​ရင်​မှု​မ​ပြု​နှင့်။ ကိုယ်​တော်​သည် လျှို့​ဝှက်​ချက်​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ လူ​တို့ ၏​စိတ်​နှ​လုံး​တွင်​ကွယ်​ဝှက်​နေ​သည့်​အ​ကြံ​အ​စည် များ​ကို​လည်း​ကောင်း​ထုတ်​ဖော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​၏​ထံ​ခံ ထိုက်​သည့်​အ​ချီး​အ​မွမ်း​ကို​ခံ​ကြ​ရ​လတ္တံ့။
1CO 4:6 ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​ကျိုး​ငှာ​ဤ​အ​ကြောင်း အ​ရာ​များ​တွင် အာ​ပေါ​လု​နှင့်​ငါ့​ကိစ္စ​ကို​ဥ​ပ​မာ ထည့်​သွင်း​ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​၏။ ထို​သို့​ဖော် ပြ​ရ​ခြင်း​မှာ ``စည်း​မျဉ်း​ကို​ကျော်​လွန်​၍​မ​ပြု နှင့်'' ဟူ​သော​ဆို​ရိုး​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​သင်​တို့​နား​လည်​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။ သင် တို့​သည်​တစ်​ယောက်​ကို​ချီး​မွမ်း​၍​အ​ခြား တစ်​ယောက်​ကို​မ​ထီ​လေး​စား​မ​ပြု​ကြ​နှင့်။-
1CO 4:7 အ​ဘယ်​သူ​သည်​သင်​တို့​အား​သူ​တစ်​ပါး ထက်​ထူး​ကဲ​စေ​ပါ​သ​နည်း။ သင်​တို့​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင် ချ​ပေး​တော်​မူ​သော​အ​ရာ​များ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​ရ​ရှိ​ထား သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ချ​ပေး တော်​မူ​သော​ဆု​ကျေး​ဇူး​များ​မ​ဟုတ် သ​ကဲ့​သို့ သင်​တို့​အ​ဘယ်​ကြောင့်​ကြွား ဝါ​သ​နည်း။
1CO 4:8 သင်​တို့​သည်​လို​လေ​သေး​မ​ရှိ​အောင်​ပြည့်​စုံ ကြ​ပြီ​လော။ ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ လော။ ငါ​တို့​ပင်​ဘု​ရင်​မ​ဖြစ်​ဘဲ​သင်​တို့​သည် ဘု​ရင်​ဖြစ်​ကြ​လေ​ပြီ​လော။ သင်​တို့​ဘု​ရင် ဖြစ်​မှ​သာ​လျှင်​ငါ​တို့​လည်း​သင်​တို့​နှင့် အ​တူ​နန်း​စံ​နိုင်​ကြ​မည်​ဖြစ်​၍ အ​ကယ်​ပင် သင်​တို့​ဘု​ရင်​ဖြစ်​ကြ​ပါ​စေ​ဟု​ငါ​သည် ဆန္ဒ​ပြု​၏။-
1CO 4:9 လူ​ထု​အား​ထုတ်​ပြ​ရာ​တွင်​သေ​ဒဏ်​သင့် သူ​များ​အား​နောက်​ဆုံး​မှ​လိုက်​ပါ​စေ​သ​ကဲ့ သို့ ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့်​ကောင်း​ကင် တ​မန်​တို့​ရှု​စား​ကြ​စေ​ရန် ငါ​တို့​တ​မန် တော်​များ​အား​နောက်​ဆုံး​နေ​ရာ​တွင်​ထား တော်​မူ​သည်​ဟု​ငါ​ထင်​မှတ်​၏။-
1CO 4:10 ငါ​တို့​သည်​ခ​ရစ်​တော်​အ​တွက်​လူ​မိုက်​ဖြစ် ရ​၏။ သင်​တို့​ကား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​ပ​ညာ​ရှိ​များ​ဖြစ်​ကြ သည်။ ငါ​တို့​သည်​ချည့်​နဲ့​သူ၊ သင်​တို့​ကား စွမ်း​သန်​သူ၊ ငါ​တို့​သည်​အ​သ​ရေ​မဲ့​သူ၊ သင်​တို့​ကား​အ​သ​ရေ​ရှိ​သူ​များ​ဖြစ်​ကြ ပါ​သည်​တ​ကား။-
1CO 4:11 ယ​ခု​အ​ချိန်​အ​ထိ​ငါ​တို့​သည်​အ​စာ​ရေ စာ​ငတ်​မွတ်​လျက်​ရှိ​ကြ​၏။ အ​ဝတ်​အ​စား နွမ်း​ပါး​ကြ​၏။ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ​ရ​၏။ အိမ်​ခြေ​ရာ​ခြေ​မဲ့​လှည့်​လည် ကြ​ရ​၏။-
1CO 4:12 လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။-
1CO 4:13 စော်​ကား​ခြင်း​ကို​ခံ​ရ​သော​အ​ခါ​မေတ္တာ​ပို့ ကြ​၏။ ငါ​တို့​ကား​ယ​ခု​တိုင်​အောင်​လော​က ၏​အ​ညစ်​အ​ကြေး၊ လူ​တ​ကာ​စွန့်​ပစ်​သည့် အ​မှိုက်​ကဲ့​သို့​ဖြစ်​ကြ​၏။
1CO 4:14 ဤ​သို့​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ​သင်​တို့​အား အ​ရှက်​ခွဲ​လို​၍​မ​ဟုတ်။ ငါ​ချစ်​သော​သား​သ​မီး များ​အ​နေ​ဖြင့်​သင်​တို့​အား​သွန်​သင်​လို​၍ ဖြစ်​၏။-
1CO 4:15 သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။-
1CO 4:16 ထို့​ကြောင့်​ငါ​၏​စံ​န​မူ​နာ​ကို​လိုက်​ကြ​ရန်​ငါ မေတ္တာ​ရပ်​ခံ​ပါ​၏။-
1CO 4:17 ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ​မည်။ သူ​သည် ခ​ရစ်​ယာန်​သက်​တမ်း​၌ ငါ​ချစ်​မြတ်​နိုး​၍​သစ္စာ ရှိ​သော​သား​ဖြစ်​ပါ​၏။ သူ​သည်​ငါ​လိုက်​လျှောက် ကျင့်​သုံး​သော​အ​ရပ်​ရပ်​ရှိ​အ​သင်း​တော် အ​ပေါင်း​တို့​အား ငါ​ဟော​ပြော​သွန်​သင်​ခဲ့​သော၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော ဘ​ဝ​သစ်​လမ်း​စဉ်​ကို သင်​တို့​အား​ပြန်​လည် သ​တိ​ရ​စေ​ပါ​လိမ့်​မည်။
1CO 4:18 သင်​တို့​ထံ​သို့​ငါ​လာ​ရောက်​တော့​မည်​မ​ဟုတ် ဟု​ထင်​မှတ်​ကာ သင်​တို့​အ​နက်​အ​ချို့​သော သူ​တို့​သည်​မာန​ထောင်​လွှား​လျက်​ရှိ​ကြ​၏။-
1CO 4:19 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​အ​လို​တော်​ရှိ​ပါ​မူ ငါ​သည်​သင်​တို့​ထံ​သို့​မ​ကြာ​မီ​လာ​ခဲ့​ပါ မည်။ ထို​အ​ခါ​ယင်း​သို့​မာန်​မာ​န​ထောင်​လွှား သူ​တို့​၏​နှုတ်​သတ္တိ​ကို​သာ​မ​က သူ​တို့​၏ တန်​ခိုး​စွမ်း​ရည်​ကို​လည်း​ငါ​ကိုယ်​တိုင်​သိ​ရ လိမ့်​မည်။-
1CO 4:20 ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​စ​ကား အား​ဖြင့်​မ​တည်။ တန်​ခိုး​၌​တည်​၏။-
1CO 4:21 ငါ​သည်​ကြိမ်​လုံး​ကို​ကိုင်​၍​သင်​တို့​ထံ​သို့ လာ​ရ​မည်​လော။ သို့​တည်း​မ​ဟုတ်​မေတ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့်​လည်း ကောင်း​လာ​ရ​မည်​လော။ သင်​တို့​အ​ဘယ်​သို့ အ​လို​ရှိ​ကြ​သ​နည်း။
1CO 5:1 မ​ယုံ​ကြည်​သူ​များ​ပင်​လျှင်​ပြု​ကျင့်​ကြ​မည် မ​ဟုတ်​သည့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု သင်​တို့​တွင် ရှိ​နေ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။ လူ​တစ် ယောက်​သည်​မိ​မိ​၏​မိ​ထွေး​နှင့်​ပေါင်း​သင်း​နေ ထိုင်​လျက်​ရှိ​သည်​ဟု​ငါ​ကြား​သိ​ရ​၏။-
1CO 5:2 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​ကြွား​ဝါ နိုင်​သ​နည်း။ သင်​တို့​သည်​ဝမ်း​နည်း​ပူ​ဆွေး​သင့် ကြ​၏။ ထို​အ​မှု​ကို​ကူး​လွန်​သူ​အား​သင် တို့​အ​ထဲ​မှ​နှင်​ထုတ်​သင့်​သည်။-
1CO 5:3 ငါ​သည်​သင်​တို့​ထံ​သို့​ကိုယ်​တိုင်​မ​ရောက်​သော် လည်း​စိတ်​ရောက်​လျက်​ရှိ​၏။ ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​သို့​ရောက်​နေ​ဘိ​သ​ကဲ့​သို့ ထို​ဆိုး ယုတ်​သော​အ​မှု​ကို​ပြု​သူ​အား​ငါ​တို့​အ​ရှင် ယေ​ရှု​၏​နာ​မ​၌ ယ​ခု​ပင်​ငါ​တ​ရား​စီ​ရင် ပြီ။ သင်​တို့​စု​ဝေး​ကြ​စဉ်​ငါ​ကိုယ်​တိုင်​ပင် သင်​တို့​ထံ​တွင်​စိတ်​ရောက်​ရှိ​နေ​မည်။ ငါ​တို့ ၏​အ​ရှင်​ယေ​ရှု​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ​ရှိ​မည်။-
1CO 5:5 တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​သူ​၏ ဝိ​ညာဉ်​သည်​ကယ်​တင်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သူ​၏​ခန္ဓာ​ကို​ဖျက်​ဆီး​ပစ်​ရန်​စာ​တန်​၏ လက်​သို့​ပေး​အပ်​ကြ​လော့။
1CO 5:6 သင်​တို့​သည် မာန်​မာ​န​ထောင်​လွှား​နေ​ကြ​ရန် မ​သင့်။ ``တ​ဆေး​အ​နည်း​ငယ်​က မုန့်​ညက် အား​လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သင်​တို့​သိ​ကြ​၏။-
1CO 5:7 တ​ဆေး​ဟောင်း​တည်း​ဟူ​သော​အ​ပြစ်​ဒု​စ​ရိုက် ကို​ပယ်​ရှား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​လုံး​ဝ​သန့်​စင်​လာ​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​တို့​သည်​တ​ဆေး​မ​ပါ​သော​မုန့်​ညက်​သစ် ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ဤ​သို့​သင်​တို့​အ​ကယ်​ပင် ဖြစ်​ကြ​ကြောင်း​ကို​ဧ​ကန်​အ​မှန်​ငါ​သိ​၏။ ငါ တို့​၏​ပ​သ​ခါ​သိုး​တည်း​ဟူ​သော​ခ​ရစ်​တော် အား​ယဇ်​ပူ​ဇော်​ပြီး​ပြီ​ဖြစ်​သ​ဖြင့် ငါ​တို့​၏ ပ​သ​ခါ​ပွဲ​ကျင်း​ပ​ရန်​အ​သင့်​ရှိ​ပေ​ပြီ။-
1CO 5:8 သို့​ဖြစ်​၍​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ယုတ်​မာ​သော အ​ကျင့်​တည်း​ဟူ​သော​တ​ဆေး​ဟောင်း​ပါ​သည့် မုန့်​နှင့်​မ​ဟုတ်​ဘဲ ဖြူ​စင်​ခြင်း​နှင့်​သမ္မာ​တ​ရား တည်း​ဟူ​သော​တ​ဆေး​မဲ့​မုန့်​နှင့်​ပ​သ​ခါ​ပွဲ တော်​ကို​ကျင်း​ပ​ကြ​ကုန်​အံ့။
1CO 5:9 ယ​ခင်​က​သင်​တို့​ထံ​သို့​ရေး​လိုက်​သော​စာ တွင်​ကာ​မ​ဂုဏ်​လိုက်​စား​သူ​တို့​နှင့်​မ​ပေါင်း ဖော်​ရန်​ငါ​မှာ​ကြား​ခဲ့​၏။-
1CO 5:10 သို့​မှာ​ကြား​ရာ​တွင်​ဤ​လော​က​ရှိ​ကာ​မ​ဂုဏ် လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သူ​ခိုး​များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ​ကို​မ​ပေါင်း ဖော်​ရ​ဟု​မ​ဆို​လို။ ထို​သူ​တို့​ကို​ရှောင်​ရှား​ရ မည်​ဆို​ပါ​က​သင်​တို့​သည်​ဤ​လော​က​မှ လုံး​ဝ​ထွက်​ခွာ​သွား​ရ​ပေ​လိမ့်​မည်။-
1CO 5:11 မိ​မိ​ကိုယ်​ကို​ညီ​အစ်​ကို​ဟု​ဆို​လျက် ကာ​မ ဂုဏ်​လိုက်​စား​သူ​များ၊ လော​ဘ​လွန်​ကူး​သူ များ၊ ရုပ်​တု​ဆင်း​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ​များ၊ သေ​သောက် ကြူး​သူ​များ၊ သူ​ခိုး​များ​ဖြစ်​သူ​တို့​ကို​ဆို လို​၏။ ထို​လူ​စား​မျိုး​နှင့်​အ​တူ​စား​သောက် ခြင်း​ကို​ပင်​မ​ပြု​ကြ​နှင့်။
1CO 5:12 အ​သင်း​တော်​ဝင်​မ​ဟုတ်​သူ​တို့​ကို​စစ်​ကြော စီ​ရင်​ရန်​မှာ ငါ​၏​အ​လုပ်​မ​ဟုတ်။ ထို​သူ​တို့ ကို​ဘု​ရား​သ​ခင်​စစ်​ကြော​စီ​ရင်​တော်​မူ လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ၏​အ​သင်း​တော်​ဝင်​တို့​ကို​စစ်​ကြော​စီ​ရင် သင့်​ကြ​သည်​မ​ဟုတ်​ပါ​လော။ ကျမ်း​စာ တော်​က​ဖော်​ပြ​သည်​အ​တိုင်း ``သင်​တို့ အ​ထဲ​မှ​ဆိုး​ညစ်​သော​သူ​ကို​ပယ်​ရှား ကြ​လော့။''
1CO 6:1 သင်​တို့​အ​ချင်း​ချင်း​အ​မှု​ဖြစ်​ပွား​လျှင် ဘု​ရား သ​ခင်​လူ​စု​တော်​၏​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ကို​ခံ မည့်​အ​စား အ​ဘယ်​ကြောင့်​ဘု​ရား​မ​ရှိ​သည့် တ​ရား​သူ​ကြီး​များ​ထံ​သို့​သွား​ကြ​ပါ သ​နည်း။-
1CO 6:2 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ကမ္ဘာ​လော​က ကို​တ​ရား​စီ​ရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့ မ​သိ​ကြ​ပါ​သ​လော။ ကမ္ဘာ​လော​က​ကို​တ​ရား စီ​ရင်​ရ​မည့်​သင်​တို့​သည် အ​မှု​ကိစ္စ​အ​သေး အ​ဖွဲ​က​လေး​များ​ကို​မ​စီ​ရင်​မ​ဆုံး​ဖြတ် နိုင်​ပါ​သ​လော။-
1CO 6:3 ငါ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကို​တ​ရား စီ​ရင်​ရ​ကြ​မည်​ဖြစ်​ကြောင်း မ​သိ​သ​လော။-
1CO 6:4 ထို​အ​မှု​ကိစ္စ​မျိုး​ပေါ်​ပေါက်​လာ​သော​အ​ခါ အ​သင်း​တော်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်​သူ များ​အား​စီ​ရင်​ဆုံး​ဖြတ်​စေ​ကြ​ပါ​မည် လော။-
1CO 6:5 သင်​တို့​ရှက်​ဖွယ်​ကောင်း​လှ​၏။ ခ​ရစ်​ယာန်​ညီ​အစ်​ကို အ​ချင်း​ချင်း​အ​မှု​အ​ခင်း​ဖြစ်​ပွား​ကြ​သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​နိုင်​သူ ပ​ညာ​ရှိ​တစ်​ယောက်​မျှ​မ​ရှိ​သ​လော။-
1CO 6:6 မ​ယုံ​ကြည်​သူ​တ​ရား​သူ​ကြီး​များ​၏​ရှေ့​တွင် ညီ​အစ်​ကို​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ကြ​ပါ သည်​တ​ကား။
1CO 6:7 ဤ​သို့​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ခြင်း​သည် သင် တို့​၏​အ​တွက်​ဆုံး​ရှုံး​မှု​ဖြစ်​စေ​၏။ တ​ရား​စွဲ​ဆို မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​ခံ​သည်​က​ပို ၍​မ​ကောင်း​ပါ​လော။ လု​ယက်​ခြင်း​ခံ​ရ​သည် က​ပို​၍​မ​ကောင်း​ပါ​လော။-
1CO 6:8 သင်​တို့​သည်​ဤ​သို့​ခံ​မည့်​အ​စား​ညီ​အစ်​ကို ရင်း​အ​ချင်း​ချင်း​ကို​ပင်​လျှင် မ​တော်​မ​တ​ရား ပြု​ကြ​၏။ လု​ယက်​ကြ​၏။-
1CO 6:9 ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊-
1CO 6:10 သူ​ခိုး​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သေ သောက်​ကြူး​သူ​များ၊ ဆဲ​ရေး​တိုင်း​ထွာ​သူ​များ နှင့်​လု​ယက်​တိုက်​ခိုက်​သူ​များ​သည် ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည် မ​ဟုတ်။-
1CO 6:11 ယ​ခင်​က​သင်​တို့​တွင်​အ​ချို့​သော​သူ​တို့​သည် ထို​သို့​ဆိုး​ယုတ်​သူ​များ​ဖြစ်​ခဲ့​သော်​လည်း အ​ပြစ်​မှ​ဆေး​ကြော​သုတ်​သင်​ခြင်း​ကို​ခံ ကြ​ရ​ပြီ။ ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သူ များ​ဖြစ်​ကြ​ပြီ။ အ​ရှင်​ယေ​ရှု​ခ​ရစ်​အား ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း သင်​တို့ သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ကြ​ပြီ။
1CO 6:12 သင်​တို့​က``ငါ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို ပြု​နိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​ကြ​လိမ့်​မည်။ သင်​တို့ ဆို​သည်​အ​တိုင်း​မှန်​ပေ​၏။ သို့​သော်​အ​ရာ ခပ်​သိမ်း​သည် သင်​တို့​အ​ဖို့​အ​ကျိုး​မ​ရှိ​နိုင်။ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့် ရှိ​သည်​ဟု​ဆို​နိုင်​သော်​လည်း အ​ဘယ်​အ​မှု က​မျှ​ငါ့​အား​၎င်း​၏​ကျွန်​ဖြစ်​စေ​ရန်​ငါ အ​ခွင့်​ပေး​လိမ့်​မည်​မ​ဟုတ်။-
1CO 6:13 ``အ​စား​အ​စာ​သည်​ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း သည်​လည်း​အ​စား​အ​စာ​အ​တွက်​ဖြစ်​၏'' ဟု သင်​တို့​ဆို​လိမ့်​မည်။ ဤ​စ​ကား​သည်​မှန်​ပေ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရာ​နှစ်​ခု လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ရန်​အ​တွက်​မ​ဟုတ်။ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​တွက်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည်​လည်း​ကိုယ် ခန္ဓာ​လို​အပ်​သည်​များ​ကို​ချ​ပေး​တော်​မူ​၏။-
1CO 6:14 ထာ​ဝ​ရ​ဘု​ရား​သည်​သ​ခင်​ဘု​ရား​ကို ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​ကို လည်း​တန်​ခိုး​တော်​အား​ဖြင့်​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​လိမ့်​မည်။
1CO 6:15 သင်​တို့​ကိုယ်​ခန္ဓာ​များ​သည် ခ​ရစ်​တော်​၏​ကိုယ် အင်္ဂါ​များ​ဖြစ်​သည်​ကို​မ​သိ​ကြ​သ​လော။ ငါ သည်​ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​ကို​ယူ​၍ ပြည့်​တန် ဆာ​မ​၏​ကိုယ်​အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ မ​ဖြစ် စေ​နိုင်။-
1CO 6:16 ပြည့်​တန်​ဆာ​မ​နှင့်​ဆက်​ဆံ​သော​သူ​သည် ပြည့် တန်​ဆာ​မ​နှင့်​တစ်​သား​တည်း​တစ်​ကိုယ်​တည်း ဖြစ်​သည်​ကို​သင်​တို့​မ​သိ​ကြ​သ​လော။ ကျမ်း စာ​တော်​က ``ထို​သူ​နှစ်​ယောက်​တို့​သည်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်'' ဟု ဆို​ပေ​သည်။-
1CO 6:17 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​နှင့်​ဆက်​ဆံ​သူ​သည် ဝိ​ညာဉ်​သ​ဘော​အား​ဖြင့်​ကိုယ်​တော်​နှင့်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​သ​တည်း။
1CO 6:18 ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​ကို​ရှောင်​ကြ​လော့။ အ​ခြား​အ​ပြစ်​မှန်​သ​မျှ​သည်​လူ​၏​ကိုယ် ခန္ဓာ​အ​ကျိုး​ကို​မ​ထိ​မ​ခိုက်​စေ​နိုင်။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း​အ​ပြစ်​ကို​ကူး​လွန်​သူ​သည် ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​ကို​ပြစ်​မှား​၏။-
1CO 6:19 သင်​တို့​ကိုယ်​ခန္ဓာ​သည်​ဘု​ရား​သ​ခင်​သင်​တို့ အ​တွင်း​၌​ကိန်း​အောင်း​တော်​မူ​သော၊ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​၍ ဝိ​ညာဉ်​တော်​၏ ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​သင်​တို့​မ​သိ​ကြ သ​လော။ သင်​တို့​ကိုယ်​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား သ​ခင်​သာ​လျှင်​ပိုင်​တော်​မူ​၏။-
1CO 6:20 ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့် သင်​တို့​၏​ကိုယ် ခန္ဓာ​ကို​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​အ​တွက်​အ​သုံး​ပြု​ကြ လော့။
1CO 7:1 သင်​တို့​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​တွင် ပါ ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ဖြေ​ကြား​အံ့။ အ​မျိုး​သား​သည်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​နိုင်​လျှင်​ကောင်း​၏။-
1CO 7:2 သို့​သော်​ကာ​မ​ဂုဏ်​လိုက်​စား​မှု​များ​လွန်​စွာ များ​ပြား​လျက်​နေ​သ​ဖြင့် အ​မျိုး​သား​တိုင်း မှာ​ဇ​နီး​ရှိ​သင့်​၏။ အ​မျိုး​သမီး​တိုင်း​မှာ​လည်း ခင်​ပွန်း​ရှိ​သင့်​၏။-
1CO 7:3 လင်​သည်​မ​ယား​အား​ပြု​သင့်​သည့်​ဝတ်​ကို​လည်း ကောင်း၊ မ​ယား​သည်​လင်​အား​ပြု​သင့်​သည့်​ဝတ်​ကို လည်း​ကောင်း​ပြု​လျက် တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး က​ဖြည့်​တင်း​ပေး​ရာ​၏။-
1CO 7:4 မ​ယား​သည်​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မ​ပိုင်။ လင်​သာ လျှင်​ပိုင်​၏။ ထို​နည်း​တူ​လင်​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​မ​ပိုင်။ မ​ယား​သာ​လျှင်​ပိုင်​၏။-
1CO 7:5 သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။
1CO 7:6 ဤ​သို့​ဆို​ရာ​၌​ငါ​သည်​သင်​တို့​အား​အ​မိန့်​ပေး ခြင်း​မ​ဟုတ်။ ခွင့်​ပြု​ခြင်း​သာ​ဖြစ်​၏။-
1CO 7:7 အ​ကယ်​စင်​စစ်​ငါ​သည်​လူ​တိုင်း​ကို​ငါ​ကဲ့​သို့​ပင် ဖြစ်​စေ​လို​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ တစ်​ဦး​စီ​အား​ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​၏။
1CO 7:8 သို့​ဖြစ်​၍​အိမ်​ထောင်​မ​ရှိ​သူ​များ​နှင့်​မု​ဆိုး​မ များ​အား ငါ​ကဲ့​သို့​တစ်​ကိုယ်​တည်း​ဆက်​လက်​နေ ထိုင်​နိုင်​လျှင်​ပို​၍​ကောင်း​လိမ့်​မည်။-
1CO 7:9 သို့​သော်​သင်​တို့​၏​စိတ်​ကို​မ​ချုပ်​တည်း​နိုင်​လျှင်​မူ ကား အိမ်​ထောင်​ပြု​ကြ​လော့။ စိတ်​ပူ​လောင်​ခြင်း​ရှိ သည်​ထက်​အိမ်​ထောင်​ပြု​ခြင်း​က​ပို​၍​ကောင်း​လိမ့် မည်။
1CO 7:10 အိမ်​ထောင်​သည်​များ​အား​ငါ​ပ​ညတ်​လို​၏။ ယင်း ပ​ညတ်​မှာ​ငါ​၏​ပ​ညတ်​မ​ဟုတ်။ သ​ခင်​ဘု​ရား ၏​ပ​ညတ်​ဖြစ်​၏။ မ​ယား​သည်​မိ​မိ​၏​လင်​နှင့် ခွဲ​ခွာ​၍​မ​နေ​ရ။-
1CO 7:11 ခွဲ​ခွာ​၍​နေ​လျှင်​လည်း​နောက်​ထပ်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​ရ​မည်။ သို့​မ​ဟုတ်​မိ​မိ​လင်​နှင့် ပြန်​လည်​၍​ပေါင်း​သင်း​ရ​မည်။ လင်​သည်​လည်း မိ​မိ​မ​ယား​ကို​မ​ကွာ​မ​ရှင်း​ရ။-
1CO 7:12 (သ​ခင်​ဘု​ရား​ပ​ညတ်​တော်​မ​မူ​သော်​လည်း) အ​ခြား​သူ​တို့​အား​ငါ​ပ​ညတ်​လို​သည်​မှာ ယုံ​ကြည်​သူ​အ​မျိုး​သား​တစ်​ယောက်​သည် မ​ယုံ​ကြည်​သူ​မ​ယား​ရှိ​က ထို​အ​မျိုး​သ​မီး က​ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​မူ သူ့​အား မ​ကွာ​မ​ရှင်း​ရ​ဟူ​၍​ပင်​ဖြစ်​၏။-
1CO 7:13 ထို​နည်း​တူ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​ယောက် သည် မ​ယုံ​ကြည်​သူ​လင်​ရှိ​၍ ထို​အ​မျိုး​သား​က ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​လျှင်​သူ့​အား မ​ကွာ​မ​ရှင်း​ရ။-
1CO 7:14 ယုံ​ကြည်​သူ​အ​မျိုး​သား​သည် မ​ယုံ​ကြည်​သူ မ​ယား​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ မ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​သည် ယုံ​ကြည်​သူ လင်​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ​ဖြစ်​လာ​ပေ​သည်။ အ​ကယ်​၍​ဤ​သို့​မ​ဖြစ်​ပါ​မူ​သင်​တို့​၏​သား သ​မီး​များ​သည် ဘု​ရား​မဲ့​သူ​များ​ဖြစ်​ကြ ပေ​တော့​အံ့။ ယ​ခု​မှာ​မူ​ထို​သား​သ​မီး​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ ဖြစ်​ကြ​၏။-
1CO 7:15 သို့​သော်​မ​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​အ​မျိုး​သား က​သော်​လည်း​ကောင်း၊ အ​မျိုး​သ​မီး​က​သော် လည်း​ကောင်း ကွာ​ရှင်း​လို​လျှင်​ကွာ​ရှင်း​ပါ​စေ။ ဤ အ​မှု​မျိုး​တွင်​ယုံ​ကြည်​သူ​ခင်​ပွန်း​ဖြစ်​စေ၊ ဇ​နီး ဖြစ်​စေ​လွတ်​လပ်​စွာ​ပြု​နိုင်​ခွင့်​ရှိ​၏။ ဘု​ရား​သ​ခင် သည်​သင်​တို့​အား သင့်​တင့်​အေး​ချမ်း​စွာ​နေ​ထိုင် ကြ​စေ​ရန် ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​၏။-
1CO 7:16 အ​ချင်း​အ​မျိုး​သ​မီး၊ သင်​သည်​မိ​မိ​ခင်​ပွန်း​ဖြစ် သူ​ကို​ကယ်​တင်​နိုင်​မည်​မ​ဟုတ်​ဟု​မ​ဆို​နိုင်​ပေ။ အ​ချင်း​အ​မျိုး​သား၊ သင်​သည်​မိ​မိ​၏​ဇ​နီး​ကို ကယ်​တင်​နိုင်​မည်​မ​ဟုတ်​ဟု​မ​ဆို​နိုင်​ပေ။
1CO 7:17 မည်​သို့​ပင်​ဆို​စေ၊ လူ​အ​သီး​သီး​တို့​သည်​သ​ခင် ဘု​ရား​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​များ​နှင့် အ​ညီ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​စဉ် အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​၍​အ​သက်​ရှင်​ရာ​၏။ ဤ​နည်း​အ​တိုင်း အ​သင်း​တော်​အား​လုံး​အား​ငါ​ဟော​ပြော​သွန် သင်​၏။-
1CO 7:18 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ပြီး​သူ​သည် ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင် အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ဆိုင်​ရာ​အ​မှတ်​အ​သား​များ​ကို​စွန့်​ပယ် ရန်​မ​လို။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ယူ​ခဲ့​သူ သည်​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​လျှင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရန်​မ​လို။-
1CO 7:19 အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။-
1CO 7:20 လူ​တိုင်း​ပင်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ချိန်​က​မိ​မိ​လုပ်​ကိုင်​နေ​သည့် အ​လုပ်​ကို​ဆက်​လက်​လုပ်​ကိုင်​ရာ​၏။-
1CO 7:21 ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ချိန်​တွင်​သင်​သည် ကျွန်​ဖြစ်​ပါ​လျှင်​ကိစ္စ​မ​ရှိ။ သို့​သော်​ကျွန်​အ​ဖြစ် မှ​လွတ်​မြောက်​ခွင့်​ရ​မည်​ဆို​ပါ​က​ထို​အ​ခွင့် ကို​ယူ​လော့။-
1CO 7:22 ကျွန်​ဖြစ်​စဉ်​သ​ခင်​ဘု​ရား​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​သူ​သည်​သ​ခင်​ဘု​ရား​၏​လွတ်​မြောက် သူ​ဖြစ်​၏။ ထို​နည်း​တူ​စွာ​လွတ်​မြောက်​သူ​သည် ခ​ရစ်​တော်​၏​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ သော​အ​ခါ​ခ​ရစ်​တော်​၏​ကျွန်​ဖြစ်​လာ​၏။-
1CO 7:23 သင်​တို့​ကို​ဘု​ရား​သ​ခင်​သည်​အ​ဖိုး​အ​ခ​ပေး ၍​ဝယ်​ယူ​ထား​တော်​မူ​သ​ဖြင့်​လူ​တို့​ထံ​တွင် ကျွန်​မ​ခံ​ကြ​နှင့်။-
1CO 7:24 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ခံ​ရ​စဉ်​အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ ၌​ပင် ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ဆက်​လက်​နေ​ထိုင်​ရ​ကြ​၏။
1CO 7:25 သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။
1CO 7:26 ယ​ခု​ကြုံ​တွေ့​နေ​ရ​သည့်​ခေတ်​ဆိုး​ကြောင့်​အ​မျိုး သား​တစ်​ယောက်​သည် ရှိ​မြဲ​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​နေ​ထိုင်​လျှင်​ကောင်း​ပေ​မည်။-
1CO 7:27 သင်​သည်​အိမ်​ထောင်​သည်​ဖြစ်​လျှင် မိ​မိ​၏​ဇ​နီး ကို​စွန့်​ပယ်​ရန်​မ​ကြံ​စည်​နှင့်။ အိမ်​ထောင်​သည်​မ​ဟုတ် ပါ​က​အိမ်​ထောင်​ပြု​ရန်​မ​ကြံ​စည်​နှင့်။-
1CO 7:28 သို့​သော်​အိမ်​ထောင်​ပြု​လျှင်​လည်း​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကူး​လွန်​ခြင်း​မ​ဟုတ်။ အိမ်​ထောင်​မ​ရှိ သည့်​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​ပြု​ခဲ့​သော် မည်​သည့်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်။ သို့​ရာ​တွင် အိမ်​ထောင်​သည်​တို့​နေ့​စဉ်​တွေ့​ကြုံ​ကြ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​နှင့် သင်​တို့​အား​ကင်း​ဝေး​စေ လို​၍​ဤ​သို့​ငါ​ပြော​ရ​ခြင်း​ဖြစ်​၏။
1CO 7:29 ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။-
1CO 7:30 ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။-
1CO 7:31 လော​က​ဥစ္စာ​ဘဏ္ဍာ​ကို​သုံး​သော​သူ​တို့​သည် မ​သုံး​သ​ကဲ့​သို့​နေ​အပ်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ယ​ခု​လက်​ရှိ​ကမ္ဘာ​လော​က​ကြီး​သည် ကာ​လ​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​တော့​မည် မ​ဟုတ်​သော​ကြောင့်​တည်း။
1CO 7:32 ငါ​သည်​သင်​တို့​အား​ပူ​ပန်​သော​က​နှင့်​ကင်း​ဝေး စေ​လို​၏။ အိမ်​ထောင်​မဲ့​အ​မျိုး​သား​သည်​သ​ခင် ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​လုပ် လို​သော​ကြောင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​အ​လေး​အ​နက်​ထား​တတ်​၏။-
1CO 7:33 သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သား​မူ​ကား မိ​မိ​၏​ဇ​နီး​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ​ရှိ​သ​ဖြင့် လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက်​ထား​တတ်​၏။-
1CO 7:34 ထို့​ကြောင့်​သူ​သည်​စိတ်​နှစ်​ခွ​ဖြစ်​၍​နေ​၏။ အိမ် ထောင်​မဲ့​အ​မျိုး​သ​မီး​သို့​မ​ဟုတ်​အ​ပျို​ဖြစ်​သူ သည်​သ​ခင်​ဘု​ရား​အား မိ​မိ​၏​ကိုယ်​ခန္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို​ပါ​ဆက်​ကပ်​လို​သ​ဖြင့် သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​အ​လေး​အ​နက်​ထား တတ်​၏။ သို့​ရာ​တွင်​အိမ်​ထောင်​ရှင်​အ​မျိုး​သ​မီး မူ​ကား မိ​မိ​ခင်​ပွန်း​နှစ်​သက်​စေ​ရန်​စိတ်​ဆန္ဒ ရှိ​သ​ဖြင့်​လော​ကီ​မှု​ရေး​ကို​အ​လေး​အ​နက် ထား​တတ်​၏။
1CO 7:35 ဤ​သို့​ငါ​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​အ​ကျိုး​ကို လို​လား​၍​ပြော​ခြင်း​ဖြစ်​၏။ သင်​တို့​အား​ချုပ် ချယ်​လို​သော​ကြောင့်​မ​ဟုတ်။ သင်​တို့​အား​မှန် ကန်​လျောက်​ပတ်​စွာ​ပြု​ကျင့်​ကြ​စေ​ရန်​နှင့် သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဦး​လည်​မ​သုန် အ​ကြွင်း​မဲ့​ဆက်​ကပ်​လျက်​ထမ်း​ဆောင်​ကြ စေ​ရန်​လို​လား​သော​ကြောင့်​ဖြစ်​၏။
1CO 7:36 စေ့​စပ်​ကြောင်း​လမ်း​ပြီး​နောက်​ထိမ်း​မြား​မင်္ဂ​လာ မ​ပြု​ရန် သ​ဘော​တူ​စိတ်​ပိုင်း​ဖြတ်​ထား​သူ​နှစ်​ဦး နှင့်​ပတ်​သက်​၍​ပြော​ရ​သော် အ​မျိုး​သား​သည် အ​မျိုး​သ​မီး​အ​ပေါ်​တွင် မိ​မိ​ပြု​မူ​ပုံ​မ​လျောက် ပတ်​သည်​ကို​သိ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​မ​ထိန်း​ချုပ်​နိုင်​သော​အ​ခါ​၌​သော် လည်း​ကောင်း​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ရာ​၏။ ဤ​သို့ ပြု​ခြင်း​၌​အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ။-
1CO 7:37 သို့​ရာ​တွင်​အ​မျိုး​သား​သည်​မိ​မိ​အ​လို​အ​လျောက် အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ရန်​စိတ်​ပိုင်း​ဖြတ်​၍ မိ​မိ​၏ စိတ်​ကို​လည်း​လုံး​ဝ​ချုပ်​ထိန်း​နိုင်​သ​ဖြင့်​ထိမ်း မြား​မင်္ဂ​လာ​မ​ပြု​ဘဲ​နေ​ပါ​လျှင်​ကောင်း​လေ​စွ။-
1CO 7:38 ထို​ကြောင့်​မိ​မိ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​သူ အ​မျိုး​သ​မီး​ပျို​နှင့် ထိမ်း​မြား​မင်္ဂ​လာ​ပြု​သူ​၏ အ​ပြု​အ​မူ​သည်​လျောက်​ပတ်​ပေ​၏။ သို့​ရာ​တွင် ထိမ်း​မြား​မင်္ဂ​လာ​မ​ပြု​သူ​၏​အ​ပြု​အ​မူ​သည် ကား​သာ​၍​ပင်​လျောက်​ပတ်​၏။
1CO 7:39 ဇ​နီး​ဖြစ်​သူ​သည်​မိ​မိ​၏​ခင်​ပွန်း​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ချည်​နှောင်​မှု​ရှိ​၏။ ခင်​ပွန်း သေ​ဆုံး​သွား​သော​အ​ခါ​၌​မူ မိ​မိ​နှစ်​သက်​သူ မည်​သူ​နှင့်​မ​ဆို​ထိမ်း​မြား​လက်​ထပ်​နိုင်​၏။ သို့ ရာ​တွင်​ထို​ထိမ်း​မြား​လက်​ထပ်​မှု​သည်​ယုံ​ကြည် သူ​အ​ချင်း​ချင်း​ထိမ်း​မြား​လက်​ထပ်​မှု​သာ လျှင်​ဖြစ်​ရ​မည်။-
1CO 7:40 အ​ကယ်​၍​ထို​အ​မျိုး​သ​မီး​သည်​အိမ်​ထောင်​မ​ပြု ဘဲ​နေ​ပါ​က သာ​၍​မင်္ဂ​လာ​ရှိ​၏။ ဤ​ကား​ငါ​၏ ထင်​မြင်​ယူ​ဆ​ချက်​ဖြစ်​၏။ ငါ​သည်​လည်း​ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် သည်​ဟု​ယုံ​ကြည်​၏။
1CO 8:1 သင်​တို့​ရေး​သား​မေး​မြန်း​သည့်​ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​အ​စား​အ​စာ​ကိစ္စ​နှင့်​ပတ်​သက် ၍ ငါ​ဖြေ​ပေး​ပါ​မည်။ ငါ​တို့​အား​လုံး​ပင် အ​သိ​ပ​ညာ​ရှိ​သူ​များ​ဖြစ်​သည်​ဟု​ဆို သည့်​စ​ကား​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင်​အ​သိ ပ​ညာ​သည်​လူ​တို့​ကို​မာန်​မာ​န​ထောင် လွှား​စေ​တတ်​၏။ မေတ္တာ​မူ​ကား​ဆောက်​တည် မှု​ကို​ပြု​တတ်​၏။-
1CO 8:2 မိ​မိ​ကိုယ်​ကို​အ​သိ​ပ​ညာ​ရှိ​သည်​ဟု​ထင် မှတ်​သူ​သည် အ​မှန်​ပင်​အ​သိ​ပ​ညာ​မ​ရှိ။-
1CO 8:3 သို့​သော်​ဘု​ရား​သ​ခင်​ကို​ချစ်​မြတ်​နိုး​သူ​သည် ဘု​ရား​သ​ခင်​သိ​မှတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။
1CO 8:4 ထို့​ကြောင့်​ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ နှင့်​ပတ်​သက်​၍​ပြော​ရ​သော် ရုပ်​တု​ဟူ​သည်​မှာ သက်​ရှင်​လှုပ်​ရှား​မှု​မ​ရှိ​ကြောင်း​ကို​လည်း ကောင်း၊ တစ်​ဆူ​တည်း​သော​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။-
1CO 8:5 အ​ကယ်​၍​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ် ၌ နာ​မည်​ခံ​ဘု​ရား​များ​နှင့်​အ​ရှင်​သ​ခင် အ​မြောက်​အ​မြား​ပင်​ရှိ​စေ​ကာ​မူ-
1CO 8:6 ငါ​တို့​အ​ဖို့​မှာ​အ​ဖ​ခ​မည်း​တော်​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင်​ရှိ​တော်​မူ​၏။ ကိုယ် တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​၏။ ကိုယ်​တော်​၏​အ​ဖို့​ငါ​တို့​အ​သက် ရှင်​ကြ​၏။ ငါ​တို့​မှာ​အ​ရှင်​သ​ခင်​တစ်​ပါး တည်း​သာ​လျှင်​ရှိ​၏။ ထို​အ​ရှင်​သ​ခင်​ကား ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ထို​အ​ရှင်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဖန်​ဆင်း​ခြင်း ကို​ခံ​ကြ​ရ​၏။ ထို​အ​ရှင်​အား​ဖြင့်​ငါ​တို့ သည်​အ​သက်​ရှင်​ကြ​၏။
1CO 8:7 သို့​ရာ​တွင်​လူ​တိုင်း​ဤ​သစ္စာ​တ​ရား​ကို​သိ​ရှိ ကြ​သည်​မ​ဟုတ်။ အ​ချို့​သော​သူ​တို့​သည် ရုပ်​တု​ကို​ကိုး​ကွယ်​ခဲ့​သည့်​အ​တွက် ယ​ခု တိုင်​အောင်​ပင်​ရုပ်​တု​အား​ပူ​ဇော်​ပြီး​သော အ​စား​အ​စာ​ကို​စား​သော​အ​ခါ ရုပ်​တု​၏ အ​စား​အ​စာ​ဟု​မှတ်​ယူ​လျက်​စား​နေ​ကြ ၏။ ထို့​ကြောင့်​သူ​တို့​သည်​စိတ်​မ​သိုး​မ​သန့် ဖြစ်​ကာ ထို​အ​စား​အ​စာ​က​မိ​မိ​တို့​အား ညစ်​ညမ်း​စေ​သည်​ဟု​ထင်​မှတ်​ကြ​၏။-
1CO 8:8 အ​စား​အ​စာ​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ဋ္ဌိ​က​မ​ဟုတ်။ အ​စား​အ​စာ​ကို​မ​စား ဘဲ​နေ​လျှင်​ငါ​တို့​မှာ​အ​ရှုံး​မ​ရှိ။ စား​လျှင် လည်း​အ​မြတ်​မ​ရ။
1CO 8:9 သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။-
1CO 8:10 အ​ကယ်​၍​ဤ​ကိစ္စ​မျိုး​၌​စိတ်​မ​သိုး​မ​သန့် ဖြစ်​သူ​သည် ``အ​သိ​ပ​ညာ'' ရှိ​သူ​သင်​တို့​က နတ်​ကွန်း​အ​တွင်း​၌​ထိုင်​လျက်​စား​သောက်​နေ သည်​ကို​တွေ့​ရှိ​သော​အ​ခါ ရုပ်​တု​အား​ဆက်​သ သည့်​ပူ​ဇော်​သ​ကာ​ကို​စား​ရဲ​လာ​မည်​မ​ဟုတ် ပါ​လော။-
1CO 8:11 သို့​ဖြစ်​၍​အား​နည်း​သူ​ညီ​အစ်​ကို​အ​တွက် ခ​ရစ်​တော်​အ​သေ​ခံ​ခဲ့​ပါ​သော်​လည်း​သင် ၏ ``အ​သိ​ပ​ညာ'' ကြောင့်​ထို​သူ​သည်​ပျက်​စီး ရ​တော့​၏။-
1CO 8:12 ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ​တို့​ညီ​အစ်​ကို များ​အား​ပြစ်​မှား​၍ သူ​တို့​၏​သြတ္တပ္ပ​စိတ်​ကို လည်း​ထိ​ခိုက်​စေ​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ကို လည်း​ပြစ်​မှား​ရာ​ရောက်​သည်။-
1CO 8:13 ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။
1CO 9:1 ငါ​သည်​လွတ်​လပ်​သူ​မ​ဟုတ်​ပါ​လော။ တ​မန် တော်​တစ်​ပါး​မ​ဟုတ်​ပါ​လော။ ငါ​တို့​အ​ရှင် သ​ခင်​ယေ​ရှု​ကို​ဖူး​မြင်​ခဲ့​ရ​သူ​မ​ဟုတ် ပါ​လော။ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု တော်​ကို ငါ​ထမ်း​ဆောင်​ခြင်း​မှ​ထွက်​ပေါ်​လာ သော​အ​သီး​အ​ပွင့်​များ​မ​ဟုတ်​ပါ​လော။-
1CO 9:2 အ​ခြား​သူ​များ​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လက်​မ​ခံ​ကြ​စေ​ကာ​မူ သင်​တို့ လက်​ခံ​ကြ​သည်​မ​ဟုတ်​ပါ​လော။ ငါ​သည် သ​ခင်​ဘု​ရား​၏​တ​မန်​တော်​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်​မှာ သ​ခင်​ဘု​ရား​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ရှိ​ပြီး​အ​သက်​ရှင်​ကြ သော​သင်​တို့​ပင်​ဖြစ်​ပေ​သည်။
1CO 9:3 ငါ့​ကို​ပြစ်​တင်​ဝေ​ဖန်​ကြ​သူ​တို့​အား​ဤ​သို့ ငါ​ပြော​လို​၏။-
1CO 9:4 ငါ​၏​လုပ်​ဆောင်​မှု​အ​တွက်​ငါ့​မှာ​စား​သောက် ပိုင်​ခွင့်​မ​ရှိ​သ​လော။-
1CO 9:5 ပေ​တ​ရု​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​ဘု​ရား ၏​ညီ​တော်​များ​နှင့်​အ​ခြား​တ​မန်​တော်​များ ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ခ​ရီး​သွား​ရာ​၌ ယုံ​ကြည်​သူ​ဇ​နီး​ကို​ခေါ်​ဆောင်​သွား​ပိုင် ခွင့်​မ​ရှိ​သ​လော။-
1CO 9:6 ငါ​နှင့်​ဗာ​န​ဗ​တို့​သာ​လျှင်​မိ​မိ​တို့​စား​ဝတ် နေ​ရေး​အ​တွက် အ​လုပ်​လုပ်​ရ​မည်​လော။ အ​ဘယ် စစ်​သား​သည်​မိ​မိ​၏​စ​ရိတ်​နှင့်​အ​မှု​ထမ်း​ရ သ​နည်း။-
1CO 9:7 အ​ဘယ်​ဥ​ယျာဉ်​မှူး​သည်​မိ​မိ​စိုက်​ပျိုး​သည့် စ​ပျစ်​ဥ​ယျာဉ်​မှ စ​ပျစ်​သီး​ကို​မ​စား​ဘဲ​နေ သ​နည်း။ အ​ဘယ်​သိုး​ထိန်း​သည်​မိ​မိ​ထိန်း ကျောင်း​ရ​သည့်​သိုး​များ​မှ​နို့​ကို​မ​သုံး ဆောင်​ဘဲ​နေ​သ​နည်း။
1CO 9:8 ယ​ခု​ဖော်​ပြ​သည့်​ဥ​ပ​မာ​များ​သာ​မ​က၊ ပ​ညတ်​ကျမ်း​က​လည်း​ဤ​အ​တိုင်း​ပင်​ထောက် ခံ​ပေ​သည်။-
1CO 9:9 မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင် ``စ​ပါး​နယ်​သည့် နွား​ကို​ပါး​ချုပ်​တတ်​၍​မ​ထား​ရ'' ဟု​ပါ​ရှိ​၏။ ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ဘု​ရား​သ​ခင်​သည် နွား​အ​တွက်​မိန့်​တော်​မူ​သ​လော။-
1CO 9:10 ငါ​တို့​အ​တွက်​အ​ကယ်​ပင်​မိန့်​တော်​မူ​ခြင်း မ​ဟုတ်​လော။ အ​ကယ်​ပင်​ငါ​တို့​အ​တွက်​ရေး သား​ထား​ခြင်း​ဖြစ်​သည်။ လယ်​ထွန်​သော​သူ နှင့်​ရိတ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​၏​ဝေ စု​ကို​မျှော်​လင့်​လျက်​လုပ်​ကိုင်​ကြ​ရာ​၏။-
1CO 9:11 ငါ​တို့​သည်​သင်​တို့​၌​ဋ္ဌမ္မ​မျိုး​စေ့​ကို​စိုက်​ပျိုး ခဲ့​ပြီး​နောက် သင်​တို့​ထံ​မှ​ရုပ်​ပိုင်း​ဆိုင်​ရာ အ​ကျိုး​ကျေး​ဇူး​များ​ကို​ရိတ်​သိမ်း​ကြ​လျှင် ငါ​တို့​လွန်​ရာ​ကျ​မည်​လော။-
1CO 9:12 သင်​တို့​ထံ​မှ​အ​ခြား​သူ​တို့​သည်​ဤ​သို့​ရ ပိုင်​ခွင့်​ရှိ​လျှင် ငါ​တို့​သည်​ပို​၍​ပင်​ရ​ပိုင်​ခွင့် ရှိ​သည်​မ​ဟုတ်​လော။ သို့​သော်​ငါ​တို့​သည်​ထို​အ​ခွင့်​အ​ရေး​ကို မ​ယူ​ခဲ့​ကြ။ ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​ဆီး​အ​တား မ​ဖြစ်​စေ​ရန်​တွေ့​ကြုံ​ရ​သော​အ​ခက်​အ​ခဲ ရှိ​သ​မျှ​ကို​ရင်​ဆိုင်​သည်း​ခံ​ခဲ့​ကြ​၏။-
1CO 9:13 ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-
1CO 9:14 ထို​နည်း​တူ​စွာ​သတင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​သူ​တို့​သည်​လည်း သ​တင်း​ကောင်း အား​ဖြင့်​အ​သက်​မွေး​ရ​မည်​ဟူ​၍​သ​ခင် ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​၏။
1CO 9:15 သို့​ရာ​တွင်​ငါ​သည်​ထို​အ​ခွင့်​အ​ရေး​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ယူ​ခဲ့။ ထို​ကဲ့​သို့​သော​အ​ခွင့် ရေး​များ​ကို​တောင်း​ဆို​လို​သော​ကြောင့် ဤ​စာ ကို​ရေး​လိုက်​ခြင်း​လည်း​မ​ဟုတ်။ ဤ​သို့​တောင်း ဆို​ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​ပို​၍​ကောင်း​၏။-
1CO 9:16 ငါ​၏​ဝါ​ကြွား​မှု​ကို​အ​ချည်း​နှီး​ဖြစ်​စေ​ရန် ပြု​လုပ်​ခွင့်​ကို​မည်​သူ​အား​မျှ​ပေး​လိမ့်​မည် မ​ဟုတ်။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ​သည့် အ​တွက် ငါ့​မှာ​ဝါ​ကြွား​နိုင်​ခွင့်​မ​ရှိ။ ငါ​သည် အ​မိန့်​တော်​အ​ရ​ကြေ​ညာ​ခြင်း​ဖြစ်​သည်။ အ​ကယ်​၍​ထို​သ​တင်း​ကောင်း​ကို​မ​ကြေ ညာ​လျှင် ငါ​သည်​အ​ဘယ်​မျှ​အ​မင်္ဂ​လာ ရှိ​လိမ့်​မည်​နည်း။-
1CO 9:17 အ​ကယ်​၍​ငါ​သည်​အ​လုပ်​ကို​ငါ​၏​ဆန္ဒ အ​လျောက်​ရွေး​ချယ်​လုပ်​ကိုင်​ပါ​မူ အ​ခ​ကြေး ငွေ​ကို​စောင့်​မျှော်​နိုင်​ပေ​သည်။ သို့​ရာ​တွင်​ဤ အ​လုပ်​ကို​ဘု​ရား​သ​ခင်​ငါ့​အား​ပေး​အပ် ထား​သ​ဖြင့် ငါ​သည်​ဝတ္တ​ရား​အ​နေ​ဖြင့် လုပ်​ဆောင်​ရ​၏။-
1CO 9:18 သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ်​အ​ခ​ကြေး​ငွေ ခံ​စား​ရ​သ​နည်း။ ငါ​ခံ​စား​ရ​သည့်​အ​ကျိုး မှာ​သ​တင်း​ကောင်း​ကို​အ​ခ​ကြေး​ငွေ​မ​ယူ ဘဲ​ဟော​ပြော​ခွင့်​နှင့် ထို​သို့​ဟော​ပြော​သည့် အ​တွက် ရ​ပိုင်​ခွင့်​များ​ကို​မ​တောင်း​ဆို​ဘဲ နေ​နိုင်​ခွင့်​တို့​ပင်​ဖြစ်​၏။
1CO 9:19 ငါ​သည်​မည်​သူ့​ကျွန်​မျှ​မ​ဟုတ်။ လွတ်​လပ်​သူ ဖြစ်​၏။ သို့​ရာ​တွင်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ ဦး​ရေ​များ​နိုင်​သ​မျှ​တိုး​တက်​များ​ပြား လာ​စေ​ရန် ငါ​သည်​လူ​တိုင်း​၏​ကျွန်​ဖြစ်​၏။-
1CO 9:20 ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင်​အ​မှု တော်​ဆောင်​စဉ် သူ​တို့​ကို​ကယ်​တင်​နိုင်​ရန်​ယု​ဒ အ​မျိုး​သား​ကဲ့​သို့​နေ​ထိုင်​၏။ ထို​သူ​တို့​ကို ကယ်​တင်​နိုင်​ရန်​ငါ​သည်​ပ​ညတ်​တ​ရား​စောင့် ထိန်း​သူ​မ​ဟုတ်​သော်​လည်း ပ​ညတ်​တ​ရား စောင့်​ထိန်း​သူ​ကဲ့​သို့​ငါ​နေ​ထိုင်​၏။-
1CO 9:21 ထို​နည်း​တူ​စွာ​လူ​မျိုး​ခြား​များ​ထံ​တွင် အ​မှု တော်​ဆောင်​စဉ်​သူ​တို့​ကို​ကယ်​တင်​နိုင်​ရန် ပ​ညတ် တ​ရား​ကို​မ​ကျင့်​သုံး​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့ နေ​ထိုင်​၏။ ဤ​သို့​ဆို​ရာ​၌​ငါ​သည်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို မ​လိုက်​နာ​ဟု​မ​ဆို လို။ အ​မှန်​အား​ဖြင့်​ဆို​သော် ငါ​သည်​ခ​ရစ်​တော် ၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​သူ​ဖြစ် သည်။-
1CO 9:22 ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။
1CO 9:23 သ​တင်း​ကောင်း​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို ဝေ​မျှ​နိုင်​ရန် ငါ​သည်​သ​တင်း​ကောင်း​အ​ကျိုး​ငှာ ဤ​အ​မှု​ခပ်​သိမ်း​ကို​ပြု​ခြင်း​ဖြစ်​သည်။-
1CO 9:24 အ​ပြေး​ပြိုင်​ပွဲ​တွင်​လူ​အ​များ​အ​ပြား​ပင်​ဝင် ရောက်​ယှဉ်​ပြိုင်​ကြ​သော်​လည်း တစ်​ယောက်​တည်း သာ​လျှင်​အောင်​ဆု​ကို​ရ​ရှိ​ကြောင်း​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အောင်​ဆု​ကို ဆွတ်​ခူး​နိုင်​ရန်​ပြေး​ကြ​လော့။-
1CO 9:25 ပြိုင်​ပွဲ​ဝင်​ရန်​လေ့​ကျင့်​သူ​အား​က​စား​သ​မား တိုင်း​ပင် ကြပ်​တည်း​သည့်​စည်း​ကမ်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​၏။ ထို​သူ​တို့​ဤ​သို့​ပြု​ကြ ခြင်း​မှာ ညှိုး​နွမ်း​ပျက်​စီး​နိုင်​သော​ပန်း​ဦး​ရစ် ကို​ရ​ရှိ​ရန်​ပြု​ကြ​ခြင်း​ဖြစ်​ပေ​သည်။ ငါ​တို့ မူ​ကား​မ​ညှိုး​နွမ်း​မ​ပျက်​စီး​နိုင်​သော ပန်း​ဦး ရစ်​ကို​ရ​ရှိ​ရန်​ပြု​ကြ​၏။-
1CO 9:26 ထို့​ကြောင့်​ငါ​သည်​ပန်း​ဝင်​ရာ​သို့ တည့်​မတ်​စွာ ပြေး​၏။ ငါ​သည်​မိ​မိ​လက်​သီး​စွမ်း​ကို​အ​ချည်း နှီး​မ​ဖြုန်း​တီး​သည့်​လက်​ဝှေ့​သ​မား​နှင့်​တူ​၏။-
1CO 9:27 ငါ​သည်​သူ​တစ်​ပါး​တို့​အား​ပြိုင်​ပွဲ​ဝင်​ရန်​ခေါ် ဖိတ်​ခဲ့​ပြီး​နောက် မိ​မိ​ကိုယ်​တိုင်​ပြိုင်​ပွဲ​မှ​အ​ပယ် မ​ခံ​ရ​စေ​ရန်​ငါ​၏​ကိုယ်​ခန္ဓာ​ကို​မာ​ကြော​အောင် ထိုး​ကြိတ်​၍​ချုပ်​ထိန်း​၏။
1CO 10:1 ညီ​အစ်​ကို​တို့၊ မော​ရှေ​ဦး​ဆောင်​သော​ငါ​တို့​၏ ဘိုး​ဘေး​များ​အ​ကြောင်း​ကို​သ​တိ​ရ​စေ​လို​၏။ သူ​တို့​သည်​မိုး​တိမ်​၏​အ​ကွယ်​အ​ကာ​ရ​၍ ပင်​လယ်​နီ​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ဖြတ်​သန်း​ခဲ့ ကြ​၏။-
1CO 10:2 သူ​တို့​သည်​ထို​မိုး​တိမ်​နှင့်​ပင်​လယ်​ထဲ​၌​မော​ရှေ ၏​တ​ပည့်​များ​အ​ဖြစ်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​၏။-
1CO 10:3 သူ​တို့​အား​လုံး​ပင်​ဋ္ဌမ္မ​အ​စာ​တစ်​မျိုး​တည်း ကို​စား​ကြ​ရ​၏။-
1CO 10:4 ဋ္ဌမ္မ​ရေ​စာ​တစ်​မျိုး​တည်း​ကို​သောက်​ကြ​ရ​၏။ သူ တို့​အား​လုံး​ပင်​မိ​မိ​တို့​နှင့်​လိုက်​ပါ​လာ​သော ဋ္ဌမ္မ​ကျောက်​မှ​ရေ​ကို​သောက်​သုံး​ကြ​ရ​၏။ ထို ကျောက်​ကား​ခ​ရစ်​တော်​ပင်​ဖြစ်​သ​တည်း။-
1CO 10:5 သို့​ဖြစ်​စေ​ကာ​မူ​ထို​သူ​တို့​အ​နက်​လူ​အ​များ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ။ ထို့ ကြောင့်​သူ​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ကြေ ပျက်​စီး​ကြ​၏။
1CO 10:6 ဤ​သာ​ဋ္ဌ​က​ကား​ဆိုး​ညစ်​မှု​များ​ကို​ထို​သူ​တို့ ပြု​လုပ်​လို​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​လုပ်​ကြ​စေ​ရန် လည်း​ကောင်း၊ ကျမ်း​စာ​တော်​တွင် ``လူ​တို့​သည်​ထိုင် ၍​စား​သောက်​ကြ​ပြီး​နောက်​အ​သောက်​ကြူး​လျက် မြူး​တူး​ပျော်​ပါး​ကြ​၏'' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ၊ အ​ချို့​တို့​သည်​ရုပ်​တု​ကို​ပူ​ဇော်​ပ​သ ကြ​သ​ကဲ့​သို့ ငါ​တို့​မ​ပူ​ဇော်​မ​ပ​သ​ကြ စေ​ရန်​လည်း​ကောင်း​သ​တိ​ပေး​ခြင်း​ပင်​ဖြစ်​၏။-
1CO 10:8 ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ကာ​မ ဂုဏ်​မ​လိုက်​စား​ကြ​ရ။ သူ​တို့​အ​နက်​တစ် ရက်​အ​တွင်း​လူ​နှစ်​သောင်း​သုံး​ထောင်​မျှ​သေ ကြ​၏။-
1CO 10:9 ငါ​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ရှင်​အား အ​ကဲ​မ​စမ်း​ကြ​နှင့်။ သူ​တို့ ကား​မြွေ​ကိုက်​၍​သေ​ခဲ့​ကြ​လေ​ပြီ။-
1CO 10:10 သင်​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​မ​ညည်း မ​ညူ​ကြ​နှင့်။ သူ​တို့​သည်​သေ​မင်း​၏​တ​မန် လက်​ချက်​ဖြင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​၏။
1CO 10:11 ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။
1CO 10:12 မိ​မိ​ခိုင်​မြဲ​စွာ​ရပ်​တည်​လျက်​နေ​သည်​ဟု​ထင် သော​သူ​သည်​မ​ယိုင်​မ​လဲ​စေ​ရန်​သ​တိ​ပြု ရ​၏။-
1CO 10:13 သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။
1CO 10:14 သို့​ဖြစ်​၍​ချစ်​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​မှု​ကို ရှောင်​ကြဉ်​ကြ​လော့။-
1CO 10:15 သင်​တို့​အား​အ​သိ​အ​လိမ္မာ​ရှိ​သူ​များ​အ​နေ ဖြင့်​ငါ​ပြော​နေ​ခြင်း​ဖြစ်​၏။ ငါ့​စ​ကား​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။-
1CO 10:16 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-
1CO 10:17 မုန့်​သည်​တစ်​လုံး​တည်း​ဖြစ်​၏။ ထို​မုန့်​တစ်​လုံး တည်း​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သော​ကြောင့် ငါ တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​များ​သော် လည်း​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။
1CO 10:18 ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ လော့။ သူ​တို့​သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား သ​ဖြင့်​ယဇ်​ပလ္လင်​ပေါ်​ပူ​ဇော်​ခြင်း​တွင်​ပါ​ဝင် ကြ​၏။-
1CO 10:19 သို့​ဖြစ်​၍​ရုပ်​တု​သို့​မ​ဟုတ်​ရုပ်​တု​အား​ပူ​ဇော် သော​အ​စား​အ​စာ​အ​ရေး​ကြီး​သည်​ဟု​ငါ ဆို​လို​သ​လော။-
1CO 10:20 ဤ​သို့​ငါ​မ​ဆို​လို။ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ် သူ​တို့​ပူ​ဇော်​သော​ယဇ်​သည် နတ်​မိစ္ဆာ​များ​အား​ပူ ဇော်​သော​ယဇ်​သာ​လျှင်​ဖြစ်​၍ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​မ​ဟုတ်​ကြောင်း​ကို​သာ​လျှင်​ငါ ဆို​လို​၏။ ငါ​သည်​သင်​တို့​အား​နတ်​မိစ္ဆာ​များ​နှင့် မ​ဆက်​ဆံ​စေ​လို။-
1CO 10:21 သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​ခွက်​ဖ​လား​မှ စ​ပျစ်​ရည်​ကို​သောက်​၍ နတ်​မိစ္ဆာ​၏​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​လည်း​မ​သောက်​နိုင်။ သ​ခင် ဘု​ရား​၏​စား​ပွဲ​တော်​၌​စား​၍​နတ်​မိစ္ဆာ​များ ၏​စား​ပွဲ​၌​လည်း​မ​စား​နိုင်။-
1CO 10:22 ငါ​တို့​သည်​သ​ခင်​ဘု​ရား​အား​ဆန့်​ကျင်​ဖက် ပြု​လို​ကြ​သ​လော။ ငါ​တို့​သည်​သ​ခင်​ဘု​ရား ထက်​ပို​၍​တန်​ခိုး​ကြီး​ကြ​သ​လော။
1CO 10:23 ``ငါ​တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​နိုင်​ခွင့် ရှိ​၏'' ဟု​ဆို​ကြ​သည်​အ​တိုင်း​မှန်​သော်​လည်း အ​ရာ​ခပ်​သိမ်း​သည်​ကောင်း​မွန်​သည်​မ​ဟုတ်။``ငါ တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​သော်​လည်း​အ​ရာ​ခပ်​သိမ်း​သည်​ငါ​တို့ အ​ကျိုး​ကို​ပြု​စု​ပေး​သည်​မ​ဟုတ်။-
1CO 10:24 အ​ဘယ်​သူ​မျှ​ကိုယ်​ကျိုး​ကို​မ​ရှာ​စေ​နှင့်။ သူ တစ်​ပါး​၏​အ​ကျိုး​ကို​သာ​လျှင်​ရှာ​စေ။
1CO 10:25 သင်​တို့​၏​သြတ္တ​ပ္ပ​စိတ်​ကို​ထောက်​၍ စျေး​တွင်​ရောင်း သည့်​အ​မဲ​သား​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​ဝယ်​၍​စား​ကြ​လော့။-
1CO 10:26 အ​ဘယ်​ကြောင့်​ဆို​သော်``ဤ​လော​က​နှင့်​တ​ကွ လော​က​၌​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ပိုင်​တော်​မူ​၏'' ဟု​ကျမ်း​စာ​တော်​က​ဆို​၏။
1CO 10:27 အ​ကယ်​၍​မ​ယုံ​ကြည်​သူ​လူ​တစ်​ယောက်​က သင်​တို့​အား ဧည့်​ခံ​ကျွေး​မွေး​ရန်​ခေါ်​ဖိတ်​သော အ​ခါ​သင်​တို့​သွား​လို​က​သွား​ကြ​လော့။ မိ​မိ တို့​၏​သြတ္တပ္ပ​စိတ်​ကို​ထောက်​၍​တည်​ခင်း​ကျွေး မွေး​သ​မျှ​တို့​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​စား​လော့။-
1CO 10:28 သို့​ရာ​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ဤ​အ​ရာ သည်​ယဇ်​ပူ​ဇော်​သော​အ​သား​ဖြစ်​သည်'' ဟု ဆို​ပါ​မူ​ယင်း​သို့​ပြော​ဆို​သူ​ကို​လည်း​ကောင်း၊ သြတ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း​ထောက်​၍​ထို အ​သား​ကို​မ​စား​ကြ​နှင့်။-
1CO 10:29 သြတ္တပ္ပ​စိတ်​ဆို​ရာ​၌​သင်​တို့​၏​သြတ္တပ္ပ​စိတ်​ကို မ​ဆို​လို။ လာ​ပြော​သူ​၏​သြတ္တပ္ပ​စိတ်​ကို​ဆို လို​၏။ သင်​တို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​က``ငါ​၏ လွတ်​လပ်​မှု​ကို​အ​ဘယ်​ကြောင့်​သူ​တစ်​ပါး ၏​သြတ္တပ္ပ​စိတ်​က​ချုပ်​ချယ်​ရ​ပါ​သ​နည်း။-
1CO 10:30 အ​ကယ်​၍​ငါ​သည်​မိ​မိ​စား​သောက်​သည့်​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။ ထို​သို့​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍​စား​သောက်​သည့်​အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ့​အား​သူ​တစ်​ပါး​က​အ​ဘယ်​ကြောင့်​ဝေ​ဖန် ရ​ပါ​မည်​နည်း'' ဟု​မေး​လို​ပေ​လိမ့်​မည်။
1CO 10:31 သင်​တို့​သည်​စား​သည်​ဖြစ်​စေ၊ အ​ဘယ်​အ​မှု ကို​ပြု​သည်​ဖြစ်​စေ ဘု​ရား​သ​ခင်​၏​ဘုန်း အ​သ​ရေ​တော်​အ​တွက်​ပြု​ကြ​လော့။-
1CO 10:32 ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-
1CO 10:33 သင်​တို့​သည်​လည်း​ငါ​ကဲ့​သို့​ပြု​ကြ​လော့။ ငါ သည်​လူ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​မိ​မိ​ပြု သ​မျှ​သော​အ​မှု​တို့​တွင် ကိုယ်​ကျိုး​ကို​မ​ငဲ့ ဘဲ​လူ​အ​ပေါင်း​တို့​၏​အ​ကျိုး​ကို​ငဲ့​၍​သူ တို့​နှစ်​သက်​အောင်​ပြု​၏။
1CO 11:1 သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​ထံ​မှ​အ​တု ယူ​သ​ကဲ့​သို့ သင်​တို့​သည်​ငါ့​ထံ​မှ​အ​တု ယူ​ကြ​လော့။
1CO 11:2 သင်​တို့​သည်​ငါ့​ကို​အ​စဉ်​အောက်​မေ့​သ​တိ​ရ​၍ ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​အ​တိုင်း​လိုက် နာ​ပြု​ကျင့်​ကြ​သော​ကြောင့်​သင်​တို့​အား​ငါ ချီး​ကူး​၏။-
1CO 11:3 သို့​သော်​ခ​ရစ်​တော်​သည်​ယောကျာ်း​တိုင်း​၏​အ​ထွတ် အ​ထိပ်၊ ယောကျာ်း​သည်​မိန်း​မ​၏​အ​ထွတ်​အ​ထိပ်၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​၏​အ​ထွတ်​အ​ထိပ် ဖြစ်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။-
1CO 11:4 သို့​ဖြစ်​၍​ယောကျာ်း​သည်​ဝတ်​ပြု​အ​စည်း​အ​ဝေး တွင်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​၍​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​ဟော​သော်​လည်း​ကောင်း ခ​ရစ်​တော်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သူ ဖြစ်​၏။-
1CO 11:5 မိန်း​မ​သည်​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင်​မိ​မိ​၏​ဦး ခေါင်း​ကို​မ​ဖုံး​မ​အုပ်​ဘဲ​ဆု​တောင်း​ပတ္ထ​နာ​ပြု သော်​လည်း​ကောင်း၊ တ​ရား​တော်​ကို​ကြေ​ညာ သော်​လည်း​ကောင်း မိ​မိ​ခင်​ပွန်း​၏​အ​သ​ရေ​ကို ရှုတ်​ချ​သူ​ဖြစ်​၏။ သူ​သည်​ခေါင်း​တုံး​ရိတ်​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထူး​ခြား​တော့​ချေ။-
1CO 11:6 မိန်း​မ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​ထား​မည့်​အ​စား မိ​မိ​၏​ဆံ​ပင်​ကို​ဖြတ် ထား​လျှင်​သာ​၍​ကောင်း​၏။ ဆံ​ပင်​ဖြတ်​ခြင်း၊ ခေါင်း​တုံး​ရိတ်​ခြင်း​တို့​သည်​အ​မျိုး​သ​မီး အ​တွက် ရှက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​ဖြစ် သ​ဖြင့် သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး​အုပ်​စေ။-
1CO 11:7 အ​မျိုး​သား​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ဖုံး အုပ်​ရန်​မ​သင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​ဘုန်း အ​သ​ရေ​တော်​ကို​ရောင်​ပြန်​ဟပ်​သူ​ဖြစ်​သော ကြောင့်​တည်း။ အ​မျိုး​သ​မီး​သည်​ကား​အ​မျိုး သား​၏​ဘုန်း​အ​သ​ရေ​ကို​ရောင်​ပြန်​ဟပ်​သူ ဖြစ်​၏။-
1CO 11:8 အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​မှ​ဖန်​ဆင်း ထား​သူ​မ​ဟုတ်။ အ​မျိုး​သ​မီး​သည်​သာ​လျှင် အ​မျိုး​သား​မှ​ဖန်​ဆင်း​သူ​ဖြစ်​၏။-
1CO 11:9 အ​မျိုး​သား​ကို​အ​မျိုး​သ​မီး​အ​တွက်​ဘု​ရား သ​ခင်​ဖန်​ဆင်း​တော်​မ​မူ။ အ​မျိုး​သမီး​ကို​သာ လျှင်​အ​မျိုး​သား​အ​တွက်​ဖန်​ဆင်း​တော်​မူ​၏။-
1CO 11:10 သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​များ​ကို​ထောက် သော​အား​ဖြင့် အ​မျိုး​သ​မီး​သည်​မိ​မိ​အ​ပေါ် အ​မျိုး​သား​အုပ်​စိုး​ခြင်း​ကို​ဖော်​ပြ​ရန်​မိ​မိ ဦး​ခေါင်း​ကို​အုပ်​သင့်​၏။-
1CO 11:11 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​၏​မိတ်​သ​ဟာ​ယ အ​ဖွဲ့​တွင် အ​မျိုး​သား​သည်​အ​မျိုး​သ​မီး ကို​လို​အပ်​သ​ကဲ့​သို့​အ​မျိုး​သ​မီး​သည် လည်း​အ​မျိုး​သား​ကို​လို​အပ်​ပေ​သည်။-
1CO 11:12 အ​မျိုး​သ​မီး​သည်​အ​မျိုး​သား​မှ​ဖန်​ဆင်း​သော် လည်း အ​မျိုး​သား​သည်​အ​မျိုး​သ​မီး​က​မွေး​ဖွား သူ​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​ဖြစ်​ပေါ်​စေ​သော အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။
1CO 11:13 အ​မျိုး​သ​မီး​သည်​ဦး​ခေါင်း​ကို​မ​ဖုံး​မ​အုပ် ဘဲ​စု​ဝေး​ဝတ်​ပြု​ခြင်း​တွင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​သင့်​တော်​သည်​မ​သင့် တော်​သည်​ကို​သင်​တို့​ကိုယ်​တိုင်​စဉ်း​စား​ဆင်​ခြင် ကြ​လော့။-
1CO 11:14 ဆံ​ပင်​ရှည်​သည့်​အ​မျိုး​သား​အ​တွက်​ရှက်​ဖွယ် ရာ​ဖြစ်​ကြောင်း၊-
1CO 11:15 အ​မျိုး​သ​မီး​အ​တွက်​မှာ​မူ​လှ​ပ​တင့်​တယ်​ဖွယ် ရာ​ဖြစ်​ကြောင်း သ​ဘာ​ဝ​ဋ္ဌမ္မ​က​ပင်​သွန်​သင်​ပေး သည်​မ​ဟုတ်​ပါ​လော။ ဆံ​ပင်​ရှည်​ကို​အ​မျိုး သ​မီး​အား​ခြုံ​ထည်​အ​ဖြစ်​ပေး​ထား​ခြင်း​ဖြစ်​၏။-
1CO 11:16 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​စော​ဒ​က​တက်​လို​သူ အား​ငါ​တို့​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏ အ​သင်း​တော်​များ​၌​လည်း​ကောင်း ယင်း​သို့ ခေါင်း​ဖုံး​အုပ်​သည့်​ထုံး​စံ​မှ​လွဲ​၍​အ​ခြား ထုံး​စံ​မ​ရှိ​ကြောင်း​ငါ​ဖြေ​ဆို​အံ့။
1CO 11:17 သို့​ရာ​တွင်​အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို ပေး​ရာ​တွင်​သင်​တို့​အား​ငါ​မ​ချီး​မွမ်း။ သင် တို့​၏​ဝတ်​ပြု​ခြင်း​များ​သည်​ကောင်း​ကျိုး​ထက် ဆိုး​ကျိုး​ကို​ပေး​နေ​၏။-
1CO 11:18 ပ​ထ​မ​အ​ချက်​အ​နေ​ဖြင့်​သင်​တို့​၏​အ​သင်း တော်​အ​စည်း​ဝေး​များ​၌ စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​ပေ​သည်။ ကြား​ရ သည့်​အ​တိုင်း​အ​ချို့​တစ်​ဝက်​မှန်​လိမ့်​မည်။-
1CO 11:19 (သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)
1CO 11:20 သင်​တို့​သည်​စု​ရုံး​ကြ​သော​အ​ခါ​သ​ခင် ဘု​ရား​၏​ပွဲ​တော်​မင်္ဂ​လာ​ဝင်​ရန်​အ​တွက်​မ​ဟုတ်။-
1CO 11:21 သင်​တို့​တစ်​ဦး​စီ​သည်​ကိုယ့်​အ​စာ​ကို​အ​လျင် စား​ကြ​သ​ဖြင့်​ဆာ​သူ​က​ဆာ၊ သေ​သောက်​ကြူး သူ​က​ကြူး​လျက်​ရှိ​ကြ​သည်။-
1CO 11:22 သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။
1CO 11:23 သင်​တို့​အား​ယ​ခု​ငါ​ပေး​အပ်​မည့်​သွန်​သင် ချက်​ကို​သ​ခင်​ဘု​ရား​ထံ​တော်​မှ​ငါ​ရ​ရှိ​၏။ ရန်​သူ့​လက်​သို့​အပ်​နှံ​ခြင်း​ခံ​တော်​မူ​သည့် ည​၌​အ​ရှင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍၊-
1CO 11:24 ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို​ဖဲ့ တော်​မူ​လျက် ``ဤ​မုန့်​ကား​သင်​တို့​အ​တွက်​စွန့် သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​သ​တိ​ရ ခြင်း​ငှာ​ဤ​သို့​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
1CO 11:25 ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ယူ​တော်​မူ​လျက် ``ဤ ခွက်​ဖ​လား​ကား​ငါ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက်​သည့် အ​ခါ​တိုင်း​ငါ့​ကို​သ​တိ​ရ​ခြင်း​ငှာ​သောက် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
1CO 11:26 သင်​တို့​သည်​ထို​မုန့်​ကို​စား​၍​ထို​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​သောက်​သည့်​အ​ခါ​တိုင်း​သ​ခင် ဘု​ရား​အ​သေ​ခံ​တော်​မူ​ကြောင်း​ကို​ကိုယ်​တော် ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင်​ကြေ​ညာ​ကြ​၏။-
1CO 11:27 သို့​ဖြစ်​၍​မ​ရို​မ​သေ​ဘဲ​သ​ခင်​ဘု​ရား​၏​မုန့် ကို​စား​၍ ကိုယ်​တော်​၏​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​သော​သူ​မည်​သည်​ကား သ​ခင် ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်​၏။-
1CO 11:28 ထို့​ကြောင့်​လူ​တိုင်း​မိ​မိ​ကိုယ်​ကို​စစ်​ဆေး​ပြီး​မှ မုန့်​ကို​စား​၍ ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက် စေ။-
1CO 11:29 မုန့်​ကို​စား​၍​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​သိ​နား​မ​လည်​သော သူ​သည် မိ​မိ​အ​ပေါ်​အ​ပြစ်​ဒဏ်​ကျ​ရောက် စေ​ရန်​စား​သောက်​သူ​ဖြစ်​၏။-
1CO 11:30 ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အ​ထဲ​တွင်​အား​အင် ချည့်​နဲ့​သူ​နှင့်​မ​ကျန်း​မ​မာ​သူ​အ​မြောက်​အ​မြား ရှိ​ပေ​သည်။ သေ​သော​သူ​အ​ချို့​လည်း​ရှိ​၏။-
1CO 11:31 ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ထ​မ​ဦး​စွာ​စစ် ဆေး​ကြ​မည်​ဆို​ပါ​မူ ဤ​သို့​ဘု​ရား​သ​ခင်​၏ စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-
1CO 11:32 သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။
1CO 11:33 ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၏​ပွဲ​တော် မင်္ဂလာ​ကို​ဝင်​ရန်​စု​ဝေး​ကြ​သော​အ​ခါ တစ်​ယောက် ကို​တစ်​ယောက်​စောင့်​ဆိုင်း​ကြ​လော့။-
1CO 11:34 သင်​တို့​စု​ဝေး​ကြ​သော​အ​ခါ​တွင်​ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကင်း​လွတ် နိုင်​စေ​ရန် ဆာ​မွတ်​သော​သူ​သည်​မိ​မိ​အိမ်​တွင် စား​သောက်​စေ။ အ​ခြား​ကိစ္စ​များ​နှင့်​ပတ်​သက်​၍ ငါ​လာ​သည့်​အ​ခါ​ဖြေ​ရှင်း​မည်။
1CO 12:1 ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။-
1CO 12:2 သင်​တို့​သည်​ယုံ​ကြည်​သူ​မ​ဖြစ်​မီ​က စိတ် လှုပ်​ရှား​ရာ​သို့​လိုက်​ပါ​ကာ​လမ်း​လွဲ​လျက် သက်​မဲ့​ရုပ်​တု​များ​ကို​ကိုး​ကွယ်​ခဲ့​ကြ​ကြောင်း သင်​တို့​အ​သိ​ပင်​ဖြစ်​၏။-
1CO 12:3 အ​ဘယ်​သူ​မ​ဆို​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​ဦး​ဆောင်​မှု​ကို​ခံ​ယူ​ရ​ရှိ​လျှင် သ​ခင် ယေ​ရှု​အား​ကျိန်​စာ​မ​သင့်​စေ​နိုင်။ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို မ​ခံ​ယူ​မ​ရ​ရှိ​လျှင် ``ယေ​ရှု​သည်​အ​ရှင် သ​ခင်​ဖြစ်​ပါ​သည်'' ဟု​မည်​သူ​မျှ​ဝန်​မ​ခံ နိုင်​ကြောင်း​ကို​သင်​တို့​အား​သိ​စေ​လို​၏။
1CO 12:4 ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကား​အ​မျိုး​မျိုး​ရှိ​၏။ သို့ သော်​ထို​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​သော​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။-
1CO 12:5 အ​စေ​ခံ​ရန်​နည်း​အ​မျိုး​မျိုး​ရှိ​သော်​လည်း အ​စေ​ခံ​ရ​သည့်​သ​ခင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-
1CO 12:6 အ​မှု​တော်​ဆောင်​ရန်​စွမ်း​ရည်​အ​မျိုး​မျိုး​ရှိ​သော် လည်း လူ​အ​သီး​သီး​၌​ရှိ​သော​စွမ်း​ရည်​များ​ကို ပေး​တော်​မူ​သော​အ​ရှင်​ကား​တစ်​ပါး​တည်း​ရှိ​၏။-
1CO 12:7 အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။-
1CO 12:8 ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။-
1CO 12:9 ဝိ​ညာဉ်​တော်​က​ပင်​တစ်​ယောက်​အား​ယုံ​ကြည်​မှု ပါ​ရ​မီ​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက် အား​အ​နာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-
1CO 12:10 ဝိ​ညာဉ်​တော်​သည်​တစ်​ယောက်​အား​နိ​မိတ်​လက္ခ ဏာ​များ​ပြ​နိုင်​သော​တန်​ခိုး​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​အား​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​နိုင်​သော​စွမ်း ရည်​ကို​လည်း​ကောင်း၊ နောက်​တစ်​ယောက်​အား ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး များ​နှင့်​ချ​ပေး​တော်​မ​မူ​သည့်​ဆု​ကျေး​ဇူး များ​ကို​ပိုင်း​ခြား​သိ​ရှိ​နိုင်​သော​စွမ်း​ရည် ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။ ကိုယ်​တော် သည်​တစ်​ယောက်​အား​ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​အ​နက်​ပြန်​ဆို​နိုင် သော​စွမ်း​ရည်​ကို​လည်း​ကောင်း၊ အ​ခြား​တစ် ယောက်​အား​ထို​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။-
1CO 12:11 သို့​ရာ​တွင်​ဤ​တန်​ခိုး​စွမ်း​ရည်​အ​ပေါင်း​တို့ ကို​ချ​ပေး​တော်​မူ​သော​အ​ရှင်​ကား​ဝိ​ညာဉ် တော်​တစ်​ပါး​တည်း​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း​လူ​တစ်​ဦး​စီ​အား ထူး​ခြား​သည့်​ဆု​ကျေး​ဇူး​ကို​ချ​ပေး​တော် မူ​သ​တည်း။
1CO 12:12 ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-
1CO 12:13 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။
1CO 12:14 လူ​၏​ကိုယ်​ခန္ဓာ​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ် ခု​တည်း​ရှိ​သည်​မ​ဟုတ်။ အ​များ​ပင်​ရှိ​ပေ သည်။-
1CO 12:15 ခြေ​က ``ငါ​သည်​လက်​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​ခြေ​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-
1CO 12:16 နား​က``ငါ​သည်​မျက်​စိ​မ​ဟုတ်​သ​ဖြင့်​ကိုယ် ခန္ဓာ​နှင့်​မ​စပ်​ဆိုင်'' ဟု​ဆို​ပါ​က​နား​သည် ကိုယ်​ခန္ဓာ​၏​အ​စိတ်​အ​ပိုင်း​ဖြစ်​သေး​၏။-
1CO 12:17 ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မျက်​စိ​သာ​လျှင် ဖြစ်​ပါ​က​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​နား​သာ​လျှင် ဖြစ်​ပါ​မူ​အ​ဘယ်​သို့​အ​နံ့​ခံ​နိုင်​မည်​နည်း။-
1CO 12:18 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ကိုယ်​ခန္ဓာ​တွင် အင်္ဂါ​အ​စိတ် အ​ပိုင်း​အ​သီး​သီး​တို့​သူ့​နေ​ရာ​နှင့်​သူ ရှိ​စေ​တော်​မူ​၏။-
1CO 12:19 အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​လျှင် ရှိ​ခဲ့​သော်​ကိုယ်​ခန္ဓာ​ဖြစ်​လာ​နိုင်​မည်​မ​ဟုတ်။-
1CO 12:20 အ​မှန်​အား​ဖြင့်​ဆို​သော်​အင်္ဂါ​အ​စိတ်​အ​ပိုင်း အ​များ​ရှိ​သော်​လည်း​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း သာ​ရှိ​သ​တည်း။
1CO 12:21 ထို​ကြောင့်​မျက်​စိ​က​လက်​အား ``သင့်​ကို​ငါ အ​လို​မ​ရှိ'' ဟု​မ​ဆို​နိုင်။ ဦး​ခေါင်း​က​လည်း ခြေ​အား ``သင့်​ကို​ငါ​အ​လို​မ​ရှိ'' ဟု​မ​ဆို နိုင်။-
1CO 12:22 အား​နည်း​သော​လက္ခ​ဏာ​ရှိ​သော​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​မှာ​မ​ရှိ​လျှင်​မ​ဖြစ်။-
1CO 12:23 ယုတ်​သည်​ဟု​ထင်​ရ​သော​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​ပင်​ငါ​တို့​ဂ​ရု​စိုက်​ကြ​ရ​၏။ တင့်​တယ်​ခြင်း​မ​ရှိ​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​ပို​၍​တင့်​တယ်​အောင်​မွမ်း​မံ​ကြ​ရ​၏။-
1CO 12:24 တင့်​တယ်​ပြီး​ဖြစ်​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း များ​ကို​မူ​ကား​မွမ်း​မံ​နေ​စ​ရာ​မ​လို။ ဂုဏ် အ​သ​ရေ​လို​သည့်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့ ကို​ပို​၍​ဂုဏ်​အ​သ​ရေ​ရှိ​စေ​ရန်​ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ကိုယ်​ခန္ဓာ​ကို​စေ့​စပ် ပြု​ပြင်​ထား​တော်​မူ​၏။-
1CO 12:25 သို့​ဖြစ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​ဘဲ အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ပြု​စု​လျက်​ရှိ​ပေ​သည်။-
1CO 12:26 အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။
1CO 12:27 သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ဖြစ်​၏။ သင်​တို့​အ​သီး​သီး​သည်​ကား ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ဖြစ်​ကြ​၏။-
1CO 12:28 ဘု​ရား​သ​ခင်​သည်​ပ​ထ​မ​အ​နေ​ဖြင့်​တ​မန် တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့်​ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့်​ဆ​ရာ​များ​ကို​လည်း ကောင်း၊ ထို​နောက်​နိ​မိတ်​လက္ခ​ဏာ​ပြ​သူ​များ၊ အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​ကို​ရ​ရှိ​သူ​များ၊ သူ​တစ်​ပါး တို့​ကို​ကူ​ညီ​သူ​များ၊ ရှေ့​ဆောင်​လမ်း​ပြ နိုင်​စွမ်း​ရှိ​သူ​များ၊ ထူး​ဆန်း​သော​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို​ပြော​နိုင်​သူ​များ​ကို လည်း​ကောင်း​အ​သင်း​တော်​တွင်​ခန့်​ထား တော်​မူ​၏။-
1CO 12:29 သူ​တို့​အား​လုံး​ပင်​တ​မန်​တော်​များ​ဖြစ်​ကြ သ​လော။ သူ​တို့​အား​လုံး​ပင်​ပ​ရော​ဖက်​များ ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင်​ဆ​ရာ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် နိ​မိတ်​လက္ခ​ဏာ​ပြ​နိုင်​သူ​များ​ဖြစ်​ကြ သ​လော။-
1CO 12:30 သူ​တို့​အား​လုံး​ပင်​အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​နိုင်​သော​တန်​ခိုး​ကို​ရ​ရှိ​သူ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို​နိုင်​သူ​များ ဖြစ်​ကြ​သ​လော။-
1CO 12:31 သို့​ဖြစ်​၍​သင်​တို့​သည်​ပို​၍​မြတ်​သည့်​ဆု ကျေး​ဇူး​များ​ကို​စွဲ​လမ်း​ကြ​လော့။ သို့​ရာ​တွင်​အ​မြတ်​ဆုံး​သော​ဆု​ကျေး​ဇူး ကို​ငါ​ဖော်​ပြ​မည်။
1CO 13:1 ငါ​သည်​လူ​ဘာ​သာ​စ​ကား​များ​နှင့်​ကောင်း​ကင် တ​မန်​ဘာ​သာ​စ​ကား​များ​ကို​ပြော​နိုင်​သော် လည်း မေတ္တာ​မ​ရှိ​လျှင်​ပဲ့​တင်​ခတ်​သည့်​မောင်း ကဲ့​သို့​လည်း​ကောင်း၊ အ​သံ​မြည်​သည့်​လင်း ကွင်း​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၏။-
1CO 13:2 ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။-
1CO 13:3 ငါ​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ပေး​ကမ်း​စွန့်​ကြဲ​သည် သာ​မ​က​ကိုယ်​ခန္ဓာ​ကို​မီး​ဖြင့်​ပူ​ဇော်​သော် လည်း​မေတ္တာ​မ​ရှိ​လျှင်​ငါ​၌​အ​ကျိုး​မ​ရှိ။
1CO 13:4 မေတ္တာ​သည်​သည်း​ခံ​တတ်​၏။ ကြင်​နာ​သ​နား တတ်​၏။ မ​နာ​လို​စိတ်​မ​ရှိ။ မေတ္တာ​သည်​ကြွား​ဝါ မှု​မ​ရှိ။ မာန်​မာ​န​မ​ရှိ။-
1CO 13:5 မ​လျောက်​ပတ်​သည့်​အ​မှု​ကို​မ​ပြု​တတ်။ ကိုယ် ကျိုး​ကို​မ​ရှာ​တတ်။ ဒေါ​သ​အ​မျက်​မ​ထွက် တတ်။ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​မှတ်​၍​မ​ထား တတ်။-
1CO 13:6 မ​ကောင်း​မှု​ဒု​စ​ရိုက်​ကြောင့်​ဝမ်း​မြောက်​ဝမ်း​သာ မ​ရှိ​တတ်။ သမ္မာ​တ​ရား​ကြောင့်​ဝမ်း​မြောက်​တတ်​၏။-
1CO 13:7 မည့်​သည့်​အ​ခါ​မျှ​လက်​အ​လျော့​မ​ပေး​တတ်။ မေတ္တာ​သည်​အ​မြဲ​ယုံ​ကြည်​တတ်​၏။ အ​မြဲ မျှော်​လင့်​တတ်​၏။ အ​မြဲ​သည်း​ခံ​တတ်​၏။
1CO 13:8 မေတ္တာ​သည်​ထာ​ဝ​စဉ်​တည်​၏။ ဗျာ​ဒိတ်​တော် အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည်​သည် လည်း​ကောင်း၊ ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​နိုင်​သော​အ​ခွင့်​သည် လည်း​ကောင်း၊ အ​သိ​ပ​ညာ​သည်​လည်း​ကောင်း အ​မြဲ​မ​တည်​ဘဲ​ကွယ်​ပျောက်​လိမ့်​မည်။-
1CO 13:9 ငါ​တို့​၏​အ​သိ​ပ​ညာ​သည်​မ​စုံ​လင်။ ဗျာ​ဒိတ် တော်​အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည် သည်​လည်း​မ​စုံ​လင်။-
1CO 13:10 သို့​ရာ​တွင်​စုံ​လင်​သည့်​အ​ရာ​ရောက်​ရှိ​လာ​သော အ​ခါ​၌​မူ​ကား မ​စုံ​လင်​သော​အ​ရာ​ဟူ​သ​မျှ တို့​သည်​ကွယ်​ပျောက်​လိမ့်​မည်။
1CO 13:11 ငါ​သည်​က​လေး​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က၊ က​လေး​သူ​ငယ်​ကဲ့​သို့​စ​ကား​ပြော​၏။ သူ​ငယ် ကဲ့​သို့​စိတ်​တွင်​ခံ​စား​ရ​၏။ သူ​ငယ်​ကဲ့​သို့ စဉ်း​စား​ဆင်​ခြင်​၏။ ကြီး​ပြင်း​လာ​သော အ​ခါ​၌​မူ​ကား​က​လေး​သူ​ငယ်​၏​အ​လေ့ များ​ကို​ငါ​ပယ်​ရှား​၏။-
1CO 13:12 ယ​ခု​အ​ခါ​ငါ​တို့​သည်​ကြေး​မုံ​တွင်​ပေါ်​လာ သည့်​ပုံ​သဏ္ဌာန်​ကို​မြင်​ရ​သ​ကဲ့​သို့​မ​ထင်​မ​ရှား တွေ့​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား​မျက်​ဝါး ထင်​ထင်​တွေ့​မြင်​ရ​လတ္တံ့။ ယ​ခု​အ​ခါ​ငါ​သည် စုံ​လင်​စွာ​မ​သိ​မ​မြင်​ရ။ ထို​အ​ခါ​၌​ကား ဘု​ရား​သ​ခင်​သည်​ငါ့​ကို​စုံ​လင်​စွာ​သိ​မြင် တော်​မူ​သ​ကဲ့​သို့​ငါ​သည်​စုံ​လင်​စွာ​သိ မြင်​ရ​လိမ့်​မည်။
1CO 13:13 ယ​ခု​တွင်​ပါ​ရ​မီ​သုံး​ပါး​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း၊ ချစ်​ခြင်း​တည် လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင်​ချစ်​ခြင်း မေတ္တာ​သည်​အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။
1CO 14:1 ထို့​ကြောင့်​သင်​တို့​သည်​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး ရန် ကြိုး​ပမ်း​အား​ထုတ်​ကြ​လော့။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး များ​ကို​တောင့်​တ​လို​ချင်​ကြ​လော့။ အ​ထူး​သ​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော​နိုင်​သော​ဆု ကျေး​ဇူး​ကို​လို​လား​ကြ​လော့။-
1CO 14:2 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သော​သူ​သည်​လူ​နှင့်​ပြော​ဆို​သည် မ​ဟုတ်။ ဘု​ရား​နှင့်​သာ​ပြော​ဆို​ခြင်း​ဖြစ်​၏။ သူ​၏​စ​ကား​ကို​အ​ဘယ်​သူ​မျှ​နား​မ​လည်။ သူ​သည်​ဝိ​ညာဉ်​တော်​တန်​ခိုး​ဖြင့်​လျှို့​ဝှက် နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ဆို​၏။-
1CO 14:3 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ဟော​ပြော​သော​သူ​သည်​ကား လူ​တို့​အား​ဆောက် တည်​ရာ​ရ​စေ​သော​စ​ကား၊ အား​ပေး​သော စ​ကား၊ နှစ်​သိမ့်​သော​စ​ကား​တို့​ကို​ပြော​၏။-
1CO 14:4 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့် ပြော​ဆို​သူ​သည် မိ​မိ​အ​ကျိုး​ကို​ပြု​စု​၏။ နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သော​သူ​မူ ကား အ​သင်း​တော်​တစ်​ခု​လုံး​၏​အ​ကျိုး​ကို ပြု​စု​၏။
1CO 14:5 ငါ​သည်​သင်​တို့​အား​လုံး​ကို​ပင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​စေ​လို သော်​လည်း နှုတ်​က​ပတ်​တ​ရား​တော်​ဟော​ပြော နိုင်​သော​ဆု​ကျေး​ဇူး​ကို​ပို​၍​ရ​စေ​လို​၏။ ထူး ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော ဆို​သူ​သည် မိ​မိ​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​သူ​ရှိ​မှ​သာ​လျှင် အ​သင်း တော်​၏​အ​ကျိုး​ကို​ပြု​စု​၏။ သို့​မ​ဟုတ်​ပါ​မူ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း က​ပို​၍​တန်​ဖိုး​ရှိ​၏။-
1CO 14:6 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ထံ သို့​လာ​၍​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ပါ​လျှင် အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ငါ​ဟော​ပြော​သော​စကား များ​သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် စ​ကား၊ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​နှိုး​ဆော်​သော စ​ကား၊ ဆုံး​မ​သွန်​သင်​သည့်​စ​ကား​များ​မ​ဖြစ် ပါ​မူ​သင်​တို့​၌​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။
1CO 14:7 ပ​လွေ​သို့​မ​ဟုတ်​စောင်း​ကောက်​ကဲ့​သို့​သော သက်​မဲ့​တူ​ရိ​ယာ​များ​ကို​ကြည့်​လော့။ ထို တူ​ရိ​ယာ​များ​မှ​တေး​သံ​များ​ပီ​သ​စွာ ထွက်​ပေါ်​၍​မ​လာ​ပါ​မူ​အ​ဘယ်​သူ​သည် ထို​တူ​ရိ​ယာ​တို့​၏​တေး​သွား​ကို​သိ​နိုင် မည်​နည်း။-
1CO 14:8 တံ​ပိုး​ခ​ရာ​မှုတ်​သံ​မ​ပီ​သ​ပါ​က​အ​ဘယ်​သူ သည်​စစ်​ပွဲ​ဝင်​ရန်​ပြင်​ဆင်​မည်​နည်း။-
1CO 14:9 ထို​နည်း​တူ​စွာ​ထူး​ဆန်း​သည့်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​သင်​တို့​ပြော​သည့်​စ​ကား​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှင်း​ပါ​မူ အ​ဘယ်​သူ​သည် နား​လည်​နိုင်​မည်​နည်း။ သင်​တို့​၏​စ​ကား​များ သည်​လေ​ထဲ​တွင်​ပျောက်​ကွယ်​သွား​လိမ့်​မည်။-
1CO 14:10 ကမ္ဘာ​ပေါ်​တွင်​ဘာ​သာ​စ​ကား​အ​မျိုး​ပေါင်း များ​စွာ​ရှိ​သော်​လည်း မည်​သည့်​ဘာ​သာ​စ​ကား မျှ​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည်​မ​ရှိ။-
1CO 14:11 သို့​ရာ​တွင်​ငါ​နား​မ​လည်​သည့်​ဘာ​သာ​စ​ကား ကို​ပြော​ဆို​သူ​သည် ငါ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​၏။ ငါ​သည်​လည်း​သူ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​ပေ​မည်။-
1CO 14:12 သင်​တို့​သည်​ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​များ​ကို လို​လား​တောင့်​တ​ကြ​သည့်​အ​လျောက်​အ​သင်း တော်​ကြီး​ပွား​တိုး​တက်​မှု​ကို အ​ထောက်​အ​ကူ ပြု​မည့်​ဆု​ကျေး​ဇူး​များ​ကို​ပို​၍​အ​သုံး​ပြု ရန်​ကြိုး​စား​ကြ​လော့။-
1CO 14:13 ထို့​ကြောင့်​ထူး​ဆန်း​သော​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​သော​သူ​သည် မိ​မိ​ပြော​သည့်​စ​ကား ၏​အ​ဋ္ဌိပ္ပါယ်​ကို​ဖော်​ပြ​နိုင်​သော​တန်​ခိုး​စွမ်း ရည်​ကို​ရ​ရှိ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ​မည်။-
1CO 14:14 ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ငါ​၏​စိတ် နှ​လုံး​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​သော် လည်း​ငါ​၏​အ​သိ​ဉာဏ်​မူ​ကား​ပါ​ဝင်​မှု​မ​ရှိ။-
1CO 14:15 သို့​ဖြစ်​၍​အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ ငါ​သည် စိတ်​နှ​လုံး​အား​ဖြင့်​သာ​မ​က​အ​သိ​ဉာဏ်​အား ဖြင့်​လည်း​ဆု​တောင်း​ပတ္ထနာ​ပြု​မည်။ စိတ်​နှ​လုံး အား​ဖြင့်​သီ​ချင်း​ဆို​သည်​သာ​မ​က​အ​သိ ဉာဏ်​အား​ဖြင့်​လည်း​သီ​ဆို​မည်။-
1CO 14:16 သင်​တို့​သည်​စိတ်​နှ​လုံး​အား​ဖြင့်​သာ​လျှင် ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​ပါ​မူ ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​၌​သာ​မန် လူ​တစ်​ယောက်​သည် သင်​တို့​ပြော​ဆို​သ​မျှ​စကား များ​ကို​နား​မ​လည်​နိုင်​သ​ဖြင့် အ​ဘယ်​သို့​လျှင် သင်​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို ``အာ​မင်'' ဟု​ဝန်​ခံ နိုင်​မည်​နည်း။-
1CO 14:17 ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​သည်​ကောင်း​မွန်​စေ​ကာ​မူ​သူ​တစ်​ပါး အ​တွက်​မည်​သို့​မျှ​အ​ကျိုး​မ​ရှိ။
1CO 14:18 ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ကို သင်​တို့​ထက်​ပို​၍​ပြော​ဆို​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-
1CO 14:19 သို့​သော်​ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​တွင်​ထူး​ဆန်း​သော ဘာ​သာ​စကား​အ​ခွန်း​ပေါင်း​အ​ထောင်​အ​သောင်း ထက်​သွန်​သင်​ရန်​နား​လည်​နိုင်​သည့်​စ​ကား​ငါး ခွန်း​မျှ​ကို​ပို​၍​ငါ​ပြော​ဆို​လို​၏။
1CO 14:20 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။-
1CO 14:21 ကျမ်း​စာ​တော်​တွင်၊ ``ငါ​၏​လူ​စု​တော်​အား​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​များ​ဖြင့်​ငါ​ပြော​မည်။ လူ​မျိုး​ခြား​တို့​၏​နှုတ်​ဖြင့်​ငါ​ပြော​မည်။ သို့​သော်​လည်း​ငါ​၏​လူ​စု​တော်​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​၏။-
1CO 14:22 ထို့​ကြောင့်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​သည်​မ​ယုံ​ကြည် သူ​တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။ ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး​ကား​ယုံ​ကြည်​သူ တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ မ​ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။
1CO 14:23 သို့​ဖြစ်​၍​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည်​စု ဝေး​လျက်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​ဆို​နေ​စဉ် သာ​မန်​လူ​အ​ချို့​သို့​မ​ဟုတ်​မ ယုံ​ကြည်​သူ​အ​ချို့​ရောက်​ရှိ​လာ​ခဲ့​သော်​သင်​တို့ အား​ရူး​သွပ်​သူ​များ​ဟု​ဆို​မည်​မ​ဟုတ်​လော။-
1CO 14:24 သို့​သော်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​သင် တို့​အ​ပေါင်း​ကြေ​ညာ​ဟော​ပြော​လျက်​နေ​စဉ် မ​ယုံ​ကြည်​သူ​သို့​မ​ဟုတ်​သာ​မန်​လူ​တစ်​ယောက် ရောက်​ရှိ​လာ​ပါ​မူ သင်​တို့​ဟော​ပြော​သည့်​တ​ရား စ​ကား​ကြောင့် မိ​မိ​သည်​အ​ပြစ်​များ​ကူး​သူ ဖြစ်​ကြောင်း​ကောင်း​စွာ​သိ​မြင်​လာ​လိမ့်​မည်။-
1CO 14:25 သူ​၏​စိတ်​နှ​လုံး​စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ လျက်​သူ​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ သည်​ပေါ်​လွင်​သ​ဖြင့် ``သင်​တို့​နှင့်​အ​တူ​ဧ​ကန် အ​မှန်​ဤ​အ​ရပ်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ ပါ​သည်​တ​ကား'' ဟု​ထုတ်​ဖော်​ဝန်​ခံ​ကာ​ဘု​ရား သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။
1CO 14:26 ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ကိုး​ကွယ်​ဝတ်​ပြု​ရန်​သင်​တို့​စု​ဝေး​ကြ​သော အ​ခါ​တစ်​ယောက်​က​သီ​ချင်း​ဆို​ခြင်း၊ နောက် တစ်​ယောက်​က​သွန်​သင်​ခြင်း၊ နောက်​တစ်​ယောက် က​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ခြင်း၊ နောက် တစ်​ယောက်​က​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား ဖြင့်​ပြော​ဆို​ခြင်း၊ နောက်​တစ်​ယောက်​က​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖော်​ပြ​ခြင်း​တို့​ကို​ဆောင်​ရွက်​ကြ လော့။ သင်​တို့​ဆောင်​ရွက်​သ​မျှ​သော​အ​မှု​တို့ သည်​အ​သင်း​တော်​ဝင်​အ​ပေါင်း​အား​အ​ကျိုး ပြု​ရ​မည်။-
1CO 14:27 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​ဖြင့်​ပြော​မည် ဆို​ပါ​က​နှစ်​ယောက်​ဖြစ်​စေ၊ အ​များ​ဆုံး​သုံး ယောက်​ဖြစ်​စေ​အ​လှည့်​ကျ​ပြော​စေ​လော့။ ထို နောက်​လူ​တစ်​ယောက်​က​အ​နက်​အ​ဋ္ဌိပ္ပါယ် ပြန်​ပါ​စေ။-
1CO 14:28 အ​ကယ်​၍​စ​ကား​ပြန်​မ​ရှိ​ပါ​မူ​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​ဖြင့်​ပြော​ဆို​လို​သော​သူ​သည် ဆိတ် ဆိတ်​နေ​၍​မိ​မိ​တစ်​ကိုယ်​တည်း​ပြော​လျက်​နေ​စေ။ ဘု​ရား​သ​ခင်​အား​လည်း​လျှောက်​ထား​လျက်​နေ စေ။-
1CO 14:29 ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​နှစ်​ယောက်​သုံး ယောက်​က​ဟော​ပြော​၍ ကျန်​သော​သူ​တို့​က​ထို သူ​တို့​၏​ဟော​ပြော​ချက်​များ​ကို​ဆင်​ခြင် သုံး​သပ်​ကြ​စေ။-
1CO 14:30 သို့​ရာ​တွင်​အ​ကယ်​၍​လူ​တစ်​ယောက်​ဟော​ပြော နေ​စဉ်​ထိုင်​နေ​သူ​များ​အ​ထဲ​မှ​တစ်​ယောက် သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​ပါ​က​ဟော​ပြော​နေ​သော​သူ​သည်​ရပ်​နား စေ။-
1CO 14:31 ပ​ရိ​သတ်​အ​ပေါင်း​သည်​သွန်​သင်​မှု​ယူ​၍​အား တက်​လာ​ကြ​စေ​ရန် သင်​တို့​အား​လုံး​ပင်​အ​လှည့် ကျ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​နိုင်​၏။-
1CO 14:32 ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး ကို​အ​သုံး​ပြု​ရာ​၌​ဟော​ပြော​သူ​သည်​မိ​မိ ကိုယ်​ကို​ထိန်း​ချုပ်​ရ​မည်။-
1CO 14:33 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် စည်း​မဲ့​ကမ်း​မဲ့​ပြု​မူ​ခြင်း​ကို​လို​လား​တော် မ​မူ။ ငြိမ်​ဝပ်​ပိ​ပြား​မှု​ကို​လို​လား​တော်​မူ သော​ကြောင့်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​တွင် ကျင့်​သုံး​သည့်​မူ​အ​တိုင်း၊-
1CO 14:34 အ​မျိုး​သ​မီး​များ​သည်​အ​စည်း​အ​ဝေး​များ​တွင် ဆိတ်​ဆိတ်​နေ​ကြ​စေ။ သူ​တို့​မှာ​စ​ကား​ပြော​ပိုင်​ခွင့် မ​ရှိ။ ယု​ဒ​ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​သည့်​အ​တိုင်း အ​မျိုး​သ​မီး​တို့​သည်​အ​စည်း​အ​ဝေး​များ​တွင် ခေါင်း​ဆောင်​များ​မ​ဖြစ်​စေ​ရ။-
1CO 14:35 သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​သိ​လို လျှင် မိ​မိ​တို့​၏​ခင်​ပွန်း​များ​ကို​အိမ်​တွင်​မေး​မြန်း စုံ​စမ်း​ကြ​စေ။ အ​သင်း​တော်​၏​အ​စည်း​အ​ဝေး ၌​အ​မျိုး​သ​မီး​များ​စ​ကား​ပြော​ခြင်း​သည် ရှက်​ဖွယ်​သော​အ​မှု​ဖြစ်​၏။
1CO 14:36 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် သင်​တို့​ထံ​မှ​ထွက်​လာ​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​သို့​သာ​လျှင်​နှုတ်​က​ပတ်​တ​ရား တော်​ရောက်​ရှိ​လာ​သ​လော။-
1CO 14:37 မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် ပြန်​ကြား​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း၊ ဝိ​ညာဉ် ဆု​ကျေး​ဇူး​ရ​ရှိ​သူ​ဖြစ်​သည်​ဟူ​၍​လည်း​ကောင်း ယူ​ဆ​သော​သူ​သည် ယ​ခု​ငါ​ရေး​လိုက်​သော စ​ကား​တို့​သည်​သ​ခင်​ဘု​ရား​၏​ပညတ်​ဖြစ် ကြောင်း​သိ​မှတ်​စေ။-
1CO 14:38 မ​သိ​မှတ်​လျှင်​သူ့​ကို​လည်း​အ​သိ​အ​မှတ်​မ​ပြု ကြ​နှင့်။
1CO 14:39 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဗျာ​ဒိတ် တော်​ကို​ကြေ​ညာ​ဟော​ပြော​ခြင်း​ငှာ​လို​လား တောင့်​တ​ကြ​လော့။ သို့​ရာ​တွင်​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ခြင်း ကို​မ​တား​မြစ်​ကြ​နှင့်။-
1CO 14:40 ခပ်​သိမ်း​သော​အ​မှု​တို့​ကို​လျောက်​ပတ်​စွာ​စနစ် တ​ကျ​လုပ်​ဆောင်​ကြ​လော့။
1CO 15:1 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​သည့် သ​တင်း​ကောင်း​ကို​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ထို​သ​တင်း​ကောင်း​ကို​သင်​တို့​ခံ​ယူ​ကာ​ယင်း အ​ပေါ်​၌ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စွာ အ​မြစ်​စွဲ​လျက်​ရှိ​ပေ​သည်။-
1CO 15:2 ထို​သ​တင်း​ကောင်း​ကား​သင်​တို့​အား​ငါ​ဟော ပြော​သည့်​တ​ရား​ဖြစ်​သည်။ သင်​တို့​သည်​ထို သ​တင်း​ကောင်း​ကို​စွဲ​မြဲ​စွာ​ယုံ​ကြည်​လက်​ခံ လျှင်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​မ​ဟုတ် လျှင်​သင်​တို့​ယုံ​ကြည်​ခဲ့​သည်​မှာ​အ​ချည်း​နှီး ဖြစ်​သည်။
1CO 15:3 ငါ​သည်​မိ​မိ​ခံ​ယူ​ရ​ရှိ​၍​သင်​တို့​အား​ပေး အပ်​သည့်​အ​ရေး​ကြီး​လှ​သော​အ​ကြောင်း အ​ရာ​များ​မှာ ကျမ်း​စာ​လာ​သည့်​အ​တိုင်း ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ​ခံ တော်​မူ​ကြောင်း၊-
1CO 15:4 ကိုယ်​တော်​သည်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​နောက် ကျမ်း​စာ​လာ​သည်​အ​တိုင်း​သုံး​ရက်​မြောက် သော​နေ့​၌ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း၊-
1CO 15:5 ကိုယ်​တော်​အား​ပေ​တရု​ဖူး​မြင်​ရ​ကြောင်း၊ ထို နောက်​တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ဖူး​မြင် ရ​ကြ​ကြောင်း​တို့​ဖြစ်​သည်။-
1CO 15:6 ထို​နောက်​ကိုယ်​တော်​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို ငါး​ရာ​ကျော်​တို့​သည်​တစ်​ပြိုင်​နက်​ဖူး​မြင်​ရ ကြ​၏။ ထို​သူ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည် သေ​လွန်​သွား​ပြီ​ဖြစ်​သော်​လည်း​လူ​အ​များ​စု မှာ​ယ​ခု​တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။-
1CO 15:7 ထို​နောက်​ကိုယ်​တော်​အား​ယာ​ကုပ်​ဖူး​မြင်​ရ​၏။ ထို နောက်​တ​မန်​တော်​အ​ပေါင်း​တို့​ဖူး​မြင်​ကြ​ရ​၏။
1CO 15:8 နောက်​ဆုံး​၌​လျှော​မွေး​သ​ဖွယ်​ဖြစ်​သူ​ငါ​သည် လည်း ကိုယ်​တော်​အား​ဖူး​မြင်​ရ​၏။-
1CO 15:9 ငါ​သည်​တ​မန်​တော်​တို့​တွင်​အ​ညံ့​ဆုံး​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​အသင်း​တော်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ ခဲ့​သူ​ဖြစ်​သ​ဖြင့် တ​မန်​တော်​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်။-
1CO 15:10 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည်​ယ​ခု​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​၏။ ငါ့ အား​ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ကျေး​ဇူး တော်​သည်​လည်း​အ​ကျိုး​မဲ့​မ​ဖြစ်။ ငါ​သည်​အ​ခြား တ​မန်​တော်​တို့​ထက်​ပို​၍​ကြိုး​စား​လုပ်​ဆောင်​၏။ ဤ​သို့​လုပ်​ဆောင်​နိုင်​ခြင်း​မှာ​ငါ​၏​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။-
1CO 15:11 သို့​ဖြစ်​၍​ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ​ဤ အ​တိုင်း​ဟော​ပြော​ကြေ​ညာ​ကြ​သည်။ သင်​တို့ သည်​လည်း​ဤ​အ​တိုင်း​ပင်​ယုံ​ကြည်​ကြ​၏။
1CO 15:12 ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း​ကို ငါ​တို့​ဟော​ပြော​ကြေ​ညာ လျက်​ရှိ​သည်​ဖြစ်​ရာ အ​ဘယ်​ကြောင့်​သင်​တို့ အ​နက်​အ​ချို့​သော​သူ​တို့​က ``သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ'' ဟု ပြော​ဆို​နေ​ကြ​သ​နည်း။-
1CO 15:13 ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ပါ​က​ခ​ရစ်​တော် သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ နိုင်​ရာ။-
1CO 15:14 ခ​ရစ်​တော်​ထ​မြောက်​တော်​မ​မူ​လျှင်​ငါ​တို့ ၏​ဟော​ပြော​ခြင်း​သည်​အ​ကျိုး​မ​ရှိ။ သင်​တို့​၏ ယုံ​ကြည်​ခြင်း​သည်​လည်း​အ​ကျိုး​မ​ရှိ။-
1CO 15:15 အ​ကယ်​၍​သူ​သေ​တို့​ရှင်​ပြန်​ထ​မြောက်​မှု​မ​ရှိ ဟု​ဆို​သည်​မှာ မှန်​ခဲ့​သော်​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မ​မူ။ သို့​ဖြစ်​၍​ငါ​တို့​က ``ဘု​ရား သခင်​သည်​ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ'' ဟု​ဟော​ပြော​ရာ ၌​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​ကြောင်း မု​သား​သက်​သေ​များ​ဖြစ်​ကြ​၏။-
1CO 15:16 အ​ကယ်​၍​သေ​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း မ​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​အား ရှင်​ပြန်​ထ​မြောက်​စေ​တော်​မ​မူ။-
1CO 15:17 ခ​ရစ်​တော်​သည်​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ လျှင်​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လွဲ​မှား​လျက် သင်​တို့​သည်​လည်း​အ​ပြစ်​ဒု​စ​ရိုက်​တွင်​နစ် မွန်း​လျက်​ရှိ​နေ​ကြ​သေး​မည်။-
1CO 15:18 ခ​ရစ်​တော်​ကို​ယုံ​ကြည်​လျက်​သေ​လွန်​သွား​သူ တို့​သည်​လည်း​ထာ​ဝ​ရ​ဆုံး​ရှုံး​ကြ​ပေ​မည်။-
1CO 15:19 ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​သည်​ယ​ခု ဘ​ဝ​အ​တွက်​သာ​မျှော်​လင့်​စ​ရာ​ရှိ​ပါ​မူ ကမ္ဘာ​ပေါ်​တွင်​ငါ​တို့​လောက်​သ​နား​စ​ရာ ကောင်း​သူ​များ​မ​ရှိ​တော့​ပြီ။
1CO 15:20 သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။-
1CO 15:21 လူ​တစ်​ယောက်​ကြောင့်​ကမ္ဘာ​ပေါ်​တွင်​သေ​ခြင်း တ​ရား​ဖြစ်​ပေါ်​လာ​သ​ကဲ့​သို့ လူ​တစ်​ယောက် ကြောင့်​ပင်​လျှင် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခြင်း​တ​ရား​သည်​လည်း​ဖြစ်​ပေါ်​လာ​၏။-
1CO 15:22 လူ​အ​ပေါင်း​တို့​သည်​အာ​ဒံ​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​ကြောင့်​သေ​ရ​ကြ​၏။ ထို​နည်း​တူ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း ကြောင့်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ လိမ့်​မည်။-
1CO 15:23 သို့​ရာ​တွင်​လူ​အ​သီး​သီး​တို့​သည်​မိ​မိ​တို့ အ​လှည့်​ကျ​ရှင်​ပြန်​ထ​မြောက်​ရ​ကြ​မည်။ ခ​ရစ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန် ထ​မြောက်​တော်​မူ​သည်။ ထို​နောက်​ခ​ရစ်​တော် ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ်​တော်​၏ တ​ပည့်​တော်​တို့​ရှင်​ပြန်​ထ​မြောက်​ပေ​အံ့။-
1CO 15:24 ထို​နောက်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ရောက်​လိမ့်​မည်။ ထို​အ​ခါ​ခ​ရစ်​တော်​သည်​ရှိ​ရှိ​သ​မျှ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ၊ အာ​ဏာ ပိုင်​များ​နှင့်​စိုး​မိုး​အုပ်​ချုပ်​သူ​များ​ကို​နှိမ်​နင်း ၍​နိုင်​ငံ​တော်​ကို​ခ​မည်း​တော်​ဘု​ရား​သ​ခင် ၏​လက်​တော်​သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်။-
1CO 15:25 ဘု​ရား​သ​ခင်​သည်​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း ၍​ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​အောက်​သို့​ရောက် စေ​တော်​မူ​မည့်​အ​ချိန်​မ​ရောက်​မီ ခ​ရစ်​တော် သည်​အုပ်​စိုး​တော်​မူ​ရ​မည်။-
1CO 15:26 နောက်​ဆုံး​နှိမ်​နင်း​ရ​မည့်​ရန်​သူ​ကား​သေ​မင်း ပင်​ဖြစ်​၏။-
1CO 15:27 ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက် သို့​ရောက်​စေ​တော်​မူ​၏'' ဟု​လာ​၏။ ``ခပ်​သိမ်း သော​အ​ရာ​တို့'' တွင်​ဘု​ရား​သ​ခင်​မ​ပါ​ဝင် ကြောင်း​ထင်​ရှား​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ခပ်​သိမ်း​သော​အ​ရာ​ကို​ခ​ရစ်​တော်​၏​ခြေ ဖ​ဝါး​အောက်​သို့​ရောက်​စေ​တော်​မူ​သော​အ​ရှင် ကား​ဘု​ရား​သ​ခင်​ဖြစ်​သော​ကြောင့်​တည်း။-
1CO 15:28 သို့​ရာ​တွင်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သား တော်​အား​အုပ်​စိုး​စေ​တော်​မူ​သော​အ​ခါ​၌ မိ​မိ​ခြေ​ဖ​ဝါး​တော်​အောက်​သို့​ခပ်​သိမ်း​သော အ​ရာ​ကို​ရောက်​ရှိ​စေ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို သား​တော်​ကိုယ်​တိုင် ပင်​လျှင်​ခံ​ယူ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း​သော​အ​ရာ တို့​ကို​လုံး​ဝ​ဥ​ဿုံ​အုပ်​စိုး​တော်​မူ​ပေ​အံ့။
1CO 15:29 သေ​လွန်​သူ​တို့​ကိုယ်​စား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​သူ တို့​သည် အ​ဘယ်​အ​ကျိုး​အ​တွက်​ယင်း​သို့​ပြု ကြ​သ​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက် မှု​မ​ရှိ​ဟု​အ​ချို့​က​ပြော​ဆို​သည်​အ​တိုင်း​မှန် လျှင် ထို​သူ​တို့​သည်​သေ​သူ​တို့​၏​ကိုယ်​စား အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ကြ​သ​နည်း။-
1CO 15:30 အ​ဘယ်​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​ဘေး​အန္တ​ရာယ် နှင့်​နာ​ရီ​မ​လပ်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​သ​နည်း။-
1CO 15:31 ညီ​အစ်​ကို​တို့၊ ငါ​သည်​သေ​ဘေး​နှင့်​နေ့​တိုင်း​ရင် ဆိုင်​ရ​၏။ ငါ​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ ကြွား​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ဖြင့်​လည်း​ကောင်း​ဤ သို့​ပြော​ဆို​ရ​ခြင်း​ဖြစ်​၏။-
1CO 15:32 အ​ကယ်​၍​ငါ​သည်​ဧဖက်​မြို့​တွင် ``သား​ရဲ တိ​ရစ္ဆာန်'' တို့​နှင့်​တိုက်​ခိုက်​ခဲ့​ပါ​မူ​လူ​အ​မြင် ဖြင့်​ငါ့​အ​ဖို့​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ ပါ​က ``နက်​ဖြန်​သေ​ကြ​မည်​ဖြစ်​၍​ငါ​တို့ သည်​စား​ကြ၊ သောက်​ကြ၊ ပျော်​ပါး​ကြ​ကုန် အံ့'' ဟု​ဆို​သည့်​အ​တိုင်း​ပြု​ကြ​စို့။
1CO 15:33 သင်​တို့​အ​ယူ​အ​ဆ​မ​မှား​ကြ​နှင့်။ ``အ​ပေါင်း အ​သင်း​မ​ကောင်း​လျှင်​လူ​ကောင်း​ပျက်​စီး​တတ် ၏။-''
1CO 15:34 အ​မြင်​မှန်​ရ​ကြ​လော့။ ဆက်​လက်​၍​အ​ပြစ် မ​ကူး​ကြ​နှင့်။ သင်​တို့​တွင်​အ​ချို့​သော​သူ​တို့ သည်​ဘု​ရား​သ​ခင်​ကို​မ​သိ​ကြ။ ဤ​သို့​ငါ ဆို​ရာ​၌​သင်​တို့​အ​ရှက်​ရ​စေ​ရန်​အ​တွက် ဖြစ်​၏။
1CO 15:35 လူ​တစ်​စုံ​တစ်​ယောက်​က ``သေ​လွန်​သူ​တို့​သည် အ​ဘယ်​သို့​ရှင်​ပြန်​ထ​မြောက်​ကြ​မည်​နည်း'' ဟု​မေး​သည်​ဆို​အံ့။-
1CO 15:36 အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သည့်​မျိုး​စေ့​သည် ဦး​စွာ​မ​ပျက်​မ​စီး​ဘဲ​အ​ပင်​မ​ပေါက်​တတ်။-
1CO 15:37 မြေ​တွင်​သင်​စိုက်​သော​အ​ရာ​သည်​ဂျုံ​စေ့ သို့​မ​ဟုတ်​အ​ခြား​မျိုး​စေ့​တစ်​မျိုး​မျိုး​ဖြစ် မည်။ နောင်​အ​ခါ​ပေါက်​လာ​သည့်​အ​ပင်​မ​ဟုတ်။-
1CO 15:38 ဘု​ရား​သ​ခင်​သည်​အ​လို​တော်​နှင့်​အ​ညီ​ထို မျိုး​စေ့​အား​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။ ကိုယ် တော်​သည်​မျိုး​စေ့​အ​သီး​သီး​တို့​အား​သင့် တော်​သည့်​ကိုယ်​ထည်​ကို​ပေး​တော်​မူ​၏။
1CO 15:39 သက်​ရှိ​သတ္တ​ဝါ​တို့​၏​အ​သား​သည်​တစ်​မျိုး တည်း​မ​ဟုတ်။ လူ​၏​အ​သား​သည်​တစ်​မျိုး၊ တိရစ္ဆာန် ၏​အ​သား​သည်​တစ်​မျိုး၊ ငှက်​၏​အ​သား​သည်​တစ် မျိုး၊ ငါး​၏​အ​သား​သည်​တစ်​မျိုး​ဖြစ်​၏။
1CO 15:40 ကောင်း​ကင်​နှင့်​ဆိုင်​သော​အ​ကောင်​အ​ထည်​များ၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ဆိုင်​သော​အ​ကောင်​အ​ထည် များ​ဟူ​၍​ရှိ​၏။ ကောင်း​ကင်​အ​ကောင်​အ​ထည် များ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ ကမ္ဘာ​မြေ ကြီး​အ​ကောင်​အ​ထည်​များ​၏​တင့်​တယ်​မှု က​တစ်​မျိုး​ဖြစ်​၏။-
1CO 15:41 နေ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ လ​၏​တင့်​တယ်​မှု သည်​တစ်​မျိုး၊ ကြယ်​တာ​ရာ​များ​၏​တင့်​တယ်​မှု​သည် တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​နှင့်​တစ်​လုံး​ပင်​တင့် တယ်​မှု​မ​တူ​ချေ။
1CO 15:42 ထို​နည်း​တူ​သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း သည်​ဤ​အ​တိုင်း​ဖြစ်​၏။ ကိုယ်​ခန္ဓာ​သည်​မြေ​၌​မြှုပ်​နှံ ခြင်း​ခံ​ရ​သော​အ​ခါ​ပုပ်​ပျက်​တတ်​သော​အ​ဖြစ် တွင်​ရှိ​၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​မ​ပုပ် မ​ပျက်​တတ်​သော​အ​ဖြစ်​တွင်​ရှိ​လိမ့်​မည်။-
1CO 15:43 မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​အ​သ​ရေ​ပျက်​၍ စွမ်း​အား​မ​ရှိ။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌ အ​သ​ရေ​နှင့်​ပြည့်​စုံ​လိမ့်​မည်။-
1CO 15:44 မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​ကာ​ယ​ခန္ဓာ​ဖြစ် ၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​ဝိ​ညာ​ဏ ခန္ဓာ​ဖြစ်​လိမ့်​မည်။ ရုပ်​ခန္ဓာ​ရှိ​သ​ဖြင့်​ဝိ​ညာ​ဏ ခန္ဓာ​လည်း​ရှိ​ရ​ပေ​သည်။-
1CO 15:45 ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။-
1CO 15:46 ဝိ​ညာ​ဏ​ခန္ဓာ​သည်​ပ​ထ​မ​ဖြစ်​ပေါ်​သည် မ​ဟုတ်။ ရုပ်​ခန္ဓာ​ဖြစ်​ပေါ်​ပြီး​မှ​ဝိ​ညာ​ဏ​ခန္ဓာ ဖြစ်​ပေါ်​လာ​၏။-
1CO 15:47 ပ​ထ​မ​လူ​အာ​ဒံ​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ ဖြစ်​၏။ ဒု​တိ​ယ​လူ​မူ​ကား​ကောင်း​ကင်​ဘုံ​မှ​လာ သူ​တည်း။-
1CO 15:48 မြေ​ကြီး​သား​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သော သူ​နှင့်​တူ​ကြ​၏။ ကောင်း​ကင်​ဘုံ​နှင့်​ဆိုင်​သော​လူ​တို့ သည်​ကောင်း​ကင်​ဘုံ​မှ​လာ​သော​သူ​နှင့်​တူ​ကြ​၏။-
1CO 15:49 ငါ​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ​၏​ပုံ​သဏ္ဌာန် ကို​ဆောင်​သ​ကဲ့​သို့​ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော် မူ​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​ကြ​လိမ့်​မည်။
1CO 15:50 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ပြော​လို​သည်​မှာ လူ့​အ​သွေး​အ​သား​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​နိုင်။ ပုပ်​ပျက်​တတ်​သော​အ​ရာ သည်​လည်း​မ​ပုပ်​မ​ပျက်​တတ်​သော​အ​ဖြစ်​ကို မ​ခံ​မ​ယူ​နိုင်။
1CO 15:51 လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တစ်​ခု​ကို​နား​ထောင် ကြ​လော့။ ငါ​တို့​အား​လုံး​သည်​သေ​လွန်​သွား​ကြ မည်​မ​ဟုတ်။ ငါ​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​ခ​ဏ​ချင်း​မျက်​စိ​တစ်​မှိတ်​အ​တွင်း​၌ ပြောင်း​လဲ​ကြ​မည်။ နောက်​ဆုံး​တံ​ပိုး​ခ​ရာ​မှုတ် သော​အ​ခါ​သေ​လွန်​သူ​တို့​သည် ရှင်​ပြန်​ထ​မြောက် ကြ​၍​သေ​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ်​ကြ လိမ့်​မည်။ ငါ​တို့​အား​လုံး​သည်​လည်း​ပြောင်း​လဲ ကြ​မည်။-
1CO 15:53 အ​ဘယ်​ကြောင့်​ဆို​သော်​ပုပ်​ပျက်​တတ်​သော အ​ရာ​သည်​မ​ပုပ်​မ​ပျက်​နိုင်​သော​အ​ဖြစ်​သို့ ပြောင်း​လဲ​ရ​မည်။ သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့​ပြောင်း​လဲ​ရ​မည်။-
1CO 15:54 ပုပ်​ပျက်​တတ်​သော​အ​ရာ​သည်​မ​ပုပ်​မ​ပျက် နိုင်​သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ သေ​တတ်​သော အ​ရာ​သည်​မ​သေ​နိုင်​သော​အ​ဖြစ်​သို့​လည်း ကောင်း​ပြောင်း​လဲ​သော​အ​ခါ ``သေ​ခြင်း​ကို ဖျက်​ဆီး​ပစ်​ပြီ။ သေ​ခြင်း​ကို​အောင်​မြင်​လေ ပြီ'' ဟူ​သော​ကျမ်း​စ​ကား​သည်​မှန်​ကန်​၍ လာ​ပေ​အံ့။
1CO 15:55 ``အို မ​ရ​ဏ​နိုင်​ငံ၊သင်​၏​အောင်​မြင်​ခြင်း​ကား အ​ဘယ်​မှာ​နည်း။ အို သေ​မင်း၊သင်​၏​အ​စွယ်​ကား​အ​ဘယ်​မှာ​နည်း။
1CO 15:56 သေ​မင်း​၏​အ​စွယ်​ကား​အ​ပြစ်​ဒု​စ​ရိုက်​ဖြစ်​၏။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ပ​ညတ်​တ​ရား​မှ​တန်​ခိုး ကို​ရ​ရှိ​သ​တည်း။-
1CO 15:57 သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​သေ​ခြင်း​ကို​အောင်​မြင်​ခွင့်​ပေး​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။
1CO 15:58 သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။
1CO 16:1 ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ထောက်​ပံ့​ရန်​အ​တွက်​အ​လှူ​ငွေ​များ​နှင့်​ပတ်​သက် ၍ ဂ​လာ​တိ​ပြည်​ရှိ​အ​သင်း​တော်​များ​သို့​ငါ ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​သင်​တို့​ပြု​ကြ​လော့။-
1CO 16:2 ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။-
1CO 16:3 ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​မှာ​စာ​ရေး​၍ သင်​တို့​ရွေး​ချယ်​သူ​များ​အား ထို​အ​လှူ​ငွေ​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ယူ​ဆောင်​သွား​စေ​မည်။-
1CO 16:4 အ​ကယ်​၍​ငါ​သွား​ရန်​လို​အပ်​ပါ​လျှင် ထို​သူ တို့​သည်​ငါ​နှင့်​အ​တူ​လိုက်​ပါ​နိုင်​ပါ​သည်။
1CO 16:5 ငါ​သည်​မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​မှ​လာ​မည်​ဖြစ် ၍ မာ​ကေ​ဒေါ​နိ​ပြည်​တစ်​လျှောက်​ခ​ရီး​ပြု​ပြီး သော​အ​ခါ​သင်​တို့​ထံ​သို့​လာ​ခဲ့​မည်။-
1CO 16:6 သင်​တို့​နှင့်​အ​တူ​အ​တန်​ကြာ​နေ​နိုင်​မည်​ထင် ပါ​သည်။ ဆောင်း​ရာ​သီ​တစ်​ချိန်​လုံး​ပင်​သင်​တို့ နှင့်​အ​တူ​နေ​ကောင်း​နေ​ပါ​မည်။ ထို​နောက်​ငါ သွား​လို​ရာ​အ​ရပ်​သို့​သွား​နိုင်​ရန်​သင်​တို့ ကူ​ညီ​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။-
1CO 16:7 ငါ​သည်​သင်​တို့​ထံ​တွင်​ခေတ္တ​တည်း​ခို​ရုံ​မျှ​သာ မ​လာ​လို​ပါ။ သ​ခင်​ဘု​ရား​ခွင့်​ပြု​တော်​မူ​ပါ လျှင်​အ​တန်​ကြာ​သင်​တို့​နှင့်​နေ​လို​ပါ​သည်။
1CO 16:8 ပင်​တေ​ကုတ္တေ​ပွဲ​နေ့​အ​ထိ​ဧ​ဖက်​မြို့​တွင်​ငါ​နေ ပါ​မည်။
1CO 16:9 ထို​မြို့​တွင်​ငါ့​ကို​ဆန့်​ကျင်​ဖက်​ပြု​သူ​များ​ပင်​ရှိ သော်​လည်း အ​မှု​တော်​ဆောင်​ရန်​အ​ခွင့်​ကောင်း အ​မှန်​ပင်​ရှိ​၏။
1CO 16:10 အ​ကယ်​၍​သင်​တို့​ထံ​သို့​တိ​မော​သေ​ရောက်​ရှိ​လာ ပါ​လျှင် သူ့​အား​လှိုက်​လှဲ​စွာ​ကြို​ဆို​ဧည့်​ခံ​ကြ​လော့။ သူ​သည်​ငါ​ကဲ့​သို့​ပင်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ဆောင်​ဖြစ်​ပေ​သည်။-
1CO 16:11 သူ့​ကို​အ​ဘယ်​သူ​မျှ​မ​လေး​မ​စား​မ​ပြု​စေ​နှင့်။ ငါ​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​နှင့်​အ​တူ​သူ့ ကို​စောင့်​မျှော်​လျက်​ရှိ​သ​ဖြင့် သူ့​အား​ငါ့​ထံ​သို့ ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​စေ​ရန်​ကူ​ညီ ကြ​လော့။
1CO 16:12 ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍​ပြော​ရ​မည်​ဆို လျှင် သူ​သည်​အ​ခြား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ နှင့်​အ​တူ သင်​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန် အ​ထူး​ပင်​ငါ​အား​ပေး​တိုက်​တွန်း​ပါ​၏။ သို့​ရာ တွင်​ယ​ခု​အ​ချိန်​အ​ခါ​မ​သင့်​သေး​ဟု​သူ ယုံ​ကြည်​၏။ နောင်​အ​ခွင့်​ကောင်း​ကြုံ​သည့်​အ​ခါ လာ​ရောက်​ပါ​လိမ့်​မည်။
1CO 16:13 နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-
1CO 16:14 ခပ်​သိမ်း​သော​အ​မှု​တို့​ကို​မေတ္တာ​နှင့်​ပြု​ကြ​လော့။-
1CO 16:15 သင်​တို့​သည်​သ​တေ​ဖန်​နှင့်​သူ​၏​အိမ်​သား​များ​ကို သိ​ကြ​၏။ သူ​တို့​သည်​ဂ​ရိ​ပြည်​မှ​ခ​ရစ်​ယာန်​ဦး များ​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​ရန်​မိ​မိ​တို့​ကိုယ်​ကို​ဆက်​ကပ်​ထား​သူ များ​ဖြစ်​ပေ​သည်။ ညီ​အစ်​ကို​တို့၊ ထို​သို့​သော​သူ​တို့ ၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​အ​တူ အ​မှု​တော်​ကို​ကြိုး​စား​၍​ပါ​ဝင်​ဆောင်​ရွက်​ကြ သော​သူ​တို့​၏​ခေါင်း​ဆောင်​မှု​ကို​လည်း​ကောင်း လက်​ခံ​ကြ​ရန်​သင်​တို့​အား​ငါ​မေတ္တာ​ရပ်​ခံ ပါ​၏။
1CO 16:17 သ​တေ​ဖန်၊ ဖော်​တု​နက်​နှင့်​အ​ခါ​ယ​ကု​တို့​ရောက် ရှိ​လာ​ကြ​သြဖင့်​ငါ​ဝမ်း​မြောက်​၏။ သူ​တို့​သည် သင်​တို့​၏​ကိုယ်​စား​ငါ့​အား​ပြု​စု​ပေး​ကြ​၏။-
1CO 16:18 သူ​တို့​သည်​သင်​တို့​၏​စိတ်​ကို​ရွှင်​လန်း​စေ​သ​ကဲ့​သို့ ငါ​၏​စိတ်​ကို​လည်း​ရွှင်​လန်း​စေ​၏။ ထို​သို့​သော​သူ တို့​သည်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​ခံ​ထိုက်​ကြ​၏။
1CO 16:19 အာ​ရှ​ပြည်​အ​သင်း​တော်​များ​က​သင်​တို့​အား နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ၊ ပြစ်​ကိ​လ​နှင့်​သူ​တို့ အိမ်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​အ​သင်း​ဝင် များ​က​လည်း သ​ခင်​ဘု​ရား​၏​နာ​မ​တော်​နှင့် နှုတ်​ဆက်​ကြ​၏။-
1CO 16:20 ဤ​အ​ရပ်​တွင်​ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​က​လည်း သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။
1CO 16:21 ``မေတ္တာ​ဖြင့်​ပေါ​လု'' ဟူ​၍​ဤ​စာ​ကို​ငါ​ကိုယ်​တိုင် လက်​မှတ်​ရေး​ထိုး​လိုက်​ပါ​၏။-
1CO 16:22 မည်​သူ​မ​ဆို​သ​ခင်​ဘု​ရား​ကို​မ​ချစ်​ပါ​မူ ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ပါ။-
1CO 16:23 အ​ရှင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည်​သင်​တို့ အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သ​တည်း။-
1CO 16:24 ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​တ​ပည့်​ဖြစ်​သူ သင် တို့​အ​ပေါင်း​အား​မေတ္တာ​ပို့​သ​လိုက်​ပါ​၏။ ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စာ​စောင်​ပြီး​၏။
2CO 1:1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ် ခန့်​ထား​ခြင်း​ခံ​ရ သူ​ပေါ​လု​နှင့်​ညီ​တိ​မော​သေ​တို့​ထံ​မှ ကော​ရိန္သု ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​များ​မှ​စ​၍ အ​ခါ​ယ​ပြည်​နယ်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။
2CO 1:2 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ သော။
2CO 1:3 နှစ်​သိမ့်​မှု​၏​အ​ရှင်၊ က​ရု​ဏာ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သော​အ​ဖ၊ ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ငါ​တို့​ချီး​မွမ်း​ကြ ကုန်​စို့။-
2CO 1:4 ငါ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ခံ​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ငါ​တို့​အား​နှစ်​သိမ့် မှု​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ထံ​တော်​မှ​ယင်း​သို့​ရ​ရှိ​သည့် နှစ်​သိမ့်​မှု​ဖြင့်​ပင်​လျှင် ဒုက္ခ​ဆင်း​ရဲ​အ​မျိုး​မျိုး ခံ​ရ​ကြ​သူ​တို့​အား​နှစ်​သိမ့်​စေ​နိုင်​ကြ​ပေ သည်။-
2CO 1:5 ငါ​တို့​သည်​ခ​ရစ်​တော်​ခံ​စား​ရ​သော​များ​ပြား သည့်​ဒုက္ခ​ဆင်း​ရဲ​တို့​ကို​ပါ​ဝင်​ခံ​စား​ရ​ကြ သည့်​နည်း​တူ ခ​ရစ်​တော်​အား​ဖြင့်​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​နှစ်​သိမ့်​မှု​ကို​လည်း​ခံ​ယူ​ရ ရှိ​ကြ​၏။-
2CO 1:6 ငါ​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လျှင်​သင်​တို့​နှစ် သိမ့်​မှု​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ ရန်​အ​တွက်​ဖြစ်​၏။ နှစ်​သိမ့်​မှု​ကို​ငါ​တို့​ရ​ရှိ ကြ​ပါ​လျှင် သင်​တို့​သည်​လည်း​ငါ​တို့​နည်း တူ​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​လျက် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​သည်း​ခံ​သော​စိတ်​နှင့် ခံ​နိုင်​သော​ခွန်​အား​ရ​ရှိ​ကြ​၏။-
2CO 1:7 သို့​ဖြစ်​၍​သင်​တို့​အ​တွက်​မ​ယိမ်း​မ​ယိုင်​သော မျှော်​လင့်​ခြင်း​ငါ​တို့​၌​ရှိ​၏။ သင်​တို့​သည်​ငါ တို့​ခံ​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​ခံ​ရ​ကြ သည့်​နည်း​တူ​ငါ​တို့​ရ​ရှိ​သည့်​နှစ်​သိမ့်​မှု​မျိုး ကို​လည်း​ရ​ရှိ​ကြ​ကြောင်း​ငါ​တို့​သိ​ကြ​၏။
2CO 1:8 ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​တွင်​ငါ​တို့​ခံ​ခဲ့ ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို​သင်​တို့ အား​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ငါ​တို့ မ​ခံ​မ​ရပ်​နိုင်​အောင်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ သ​ဖြင့် ငါ​တို့​သည်​အ​သက်​ရှင်​နိုင်​ရန်​မျှော် လင့်​ချက်​မ​ရှိ​ခဲ့​ပေ။-
2CO 1:9 ငါ​တို့​သည်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​များ ဟု​မိ​မိ​တို့​ကိုယ်​တိုင်​ကို​ထင်​မှတ်​ကြ​၏။ သို့ ရာ​တွင်​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ငါ​တို့ သည် မိ​မိ​တို့​ကိုယ်​ကို​အား​မ​ကိုး​ဘဲ သူ​သေ တို့​အား​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အား​ကိုး​ကြ​စေ​ရန်​ဖြစ် ၏။-
2CO 1:10 သင်​တို့​သည်​ငါ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ နာ​ပြု​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​သည်​နှင့် အ​ညီ ကိုယ်​တော်​သည်​ဤ​သို့​ကြောက်​မက် ဖွယ်​ကောင်း​သော​သေ​ဘေး​မှ​ငါ​တို့​အား ကယ်​တင်​တော်​မူ​၏။ နောင်​အ​ခါ​၌​လည်း ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် ငါ​တို့​အား​တစ်​ဖန်​ကယ်​တင်​တော်​မူ​ဦး မည်​ဟု​ငါ​တို့​ယုံ​ကြည်​မျှော်​လင့်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့ တောင်း​လျှောက်​သည့်​ဆု​တောင်း​ပတ္ထနာ​များ ကို​နား​ညောင်း​တော်​မူ​၍ ငါ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​လိမ့်​မည်။ လူ​အ​မြောက် အ​မြား​ပင်​လျှင်​ငါ​တို့​အ​တွက်​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။
2CO 1:12 ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-
2CO 1:13 ယ​ခု​ငါ​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​များ တွင် သင်​တို့​ဖတ်​ရှု​နား​လည်​နိုင်​သည့်​အ​ကြောင်း အ​ရာ​များ​သာ​လျှင်​ပါ​ရှိ​၏။-
2CO 1:14 ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား နိုင်​သည့်​နည်း​တူ သင်​တို့​သည်​လည်း​ငါ​တို့ အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​စေ​ရန် သင် တို့​သည်​ယ​ခု​တစ်​စိတ်​တစ်​ဒေ​သ​အား​ဖြင့် သာ သိ​ရှိ​နား​လည်​ကြ​သည့်​အ​ကြောင်း​အ​ရာ များ​ကို​ပြည့်​ဝ​စုံ​လင်​စွာ​သိ​ရှိ​နား​လည် လာ​ကြ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​၏။
2CO 1:15 ထို​သို့​စိတ်​ချ​ခြင်း​ရှိ​သ​ဖြင့် ငါ​သည်​သင် တို့​နှစ်​ထပ်​ကွမ်း​ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား ရ​ကြ​စေ​ရန်၊-
2CO 1:16 မာ​ကေ​ဒေါ​နိ​ပြည်​သို့​အ​သွား​တွင်​တစ်​ကြိမ်၊ ထို​ပြည်​မှ​အ​ပြန်​တွင်​တစ်​ကြိမ်​သင်​တို့​ထံ​သို့ ဝင်​ရောက်​ပြီး​နောက်​ယု​ဒ​ပြည်​သို့​သွား​နိုင်​ရန် သင်​တို့​ထံ​မှ​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​မည် ဟု​အ​ကြံ​ရှိ​၏။-
2CO 1:17 ယင်း​သို့​ကြံ​စည်​ခဲ့​ခြင်း​မှာ​ငါ​၌​စိတ်​နှစ်​ခွ​ရှိ လေ​သ​လော။ ငါ​ကြံ​စည်​ဆုံး​ဖြတ်​သည့်​အ​ခါ များ​၌​တစ်​ကိုယ်​ကောင်း​သ​ဘော​အ​ရ​ကြံ​စည် ဆုံး​ဖြတ်​လေ​သ​လော။ တစ်​ချိန်​တည်း​မှာ​ပင် ဟုတ်​မှန်​သည်​ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ​၍​လည်း​ကောင်း​စ​ကား​နှစ်​ခွ​ဆို​လေ သ​လော။-
2CO 1:18 ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ထိုက်​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ကဲ့​သို့ ငါ​ပြော​သော​စ​ကား​သည် လည်း​စ​ကား​နှစ်​ခွ​မ​ဟုတ်။-
2CO 1:19 သင်​တို့​အား​ငါ​မှ​စ​၍​သိ​လွာ​နု​နှင့်​တိ​မော​သေ တို့​ဟော​ပြော​ကြေ​ညာ​ခဲ့​သော​ဘု​ရား​သ​ခင်​၏ သား​တော်​ယေ​ရှု​ခ​ရစ်​သည်​တစ်​ချိန်​တည်း​မှာ​ပင် ``ဟုတ်​မှန်​သည်'' ဟူ​၍​လည်း​ကောင်း၊ ``မ​ဟုတ် မ​မှန်'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​သော အ​ရှင်​မ​ဟုတ်။ စင်​စစ်​အား​ဖြင့်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏ ``ဟုတ်​မှန်​သည်'' ဖြစ်​တော်​မူ​ပေ သည်။-
2CO 1:20 ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ပေါင်း​တို့​သည် ``ဟုတ်​မှန်​သည်'' ဟု​ဖော်​ပြ​သော​အ​ရှင်​ဖြစ် တော်​မူ​၏။ ထို​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​ယေ​ရှု ခ​ရစ်​ကို​အ​မှီ​ပြု​၍``အာ​မင်'' ဟု​ဆို​ခြင်း​ဖြစ်​၏။-
2CO 1:21 သင်​တို့​နှင့်​ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​အ​သက်​ရှင်​စေ​တော်​မူ​သော​အ​ရှင် မှာ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ငါ​တို့​အား​သီး သန့်​ရွေး​ချယ်​တော်​မူ​၍၊-
2CO 1:22 မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​တံ​ဆိပ်​ခတ်​နှိပ် တော်​မူ​၏။ အ​နာ​ဂတ်​ကာ​လ​၌​ငါ​တို့​အ​ဖို့ လျာ​ထား​သည်​များ​အ​တွက်​အာ​မ​ခံ​ချက် အ​ဖြစ် ကိုယ်​တော်​သည်​ငါ​တို့​စိတ်​နှ​လုံး​ထဲ သို့​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း တော်​မူ​၏။
2CO 1:23 ကော​ရိန္သု​မြို့​သို့​မ​လာ​ဘဲ​နေ​ရန်​ငါ​ဆုံး​ဖြတ် ခဲ့​ခြင်း​မှာ သင်​တို့​ကို​သက်​ညှာ​သော​ကြောင့်​ဖြစ် ကြောင်း​ဘု​ရား​သ​ခင်​သည်​ငါ​၏​သက်​သေ ဖြစ်​တော်​မူ​၏။-
2CO 1:24 သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို​ယုံ​ကြည်​ရ မည်​ကို​သင်​တို့​အား​အ​မိန့်​ပေး​ရန်​ငါ​တို့ ကြိုး​စား​နေ​ခြင်း​မ​ဟုတ်။ သင်​တို့​၏​ယုံ​ကြည် ခြင်း​သည်​ခိုင်​မာ​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ ကြ​၏။ ငါ​တို့​သည်​သင်​တို့​၏​ရွှင်​လန်း​ဝမ်း မြောက်​မှု​အ​တွက်​သင်​တို့​နှင့်​အ​တူ​လုပ် ဆောင်​နေ​ခြင်း​သာ​ဖြစ်​၏။
2CO 2:1 ထို့​ကြောင့်​သင်​တို့​ထံ​နောက်​တစ်​ဖန်​ငါ​လာ​လျှင် သင်​တို့​အား​ဝမ်း​နည်း​စေ​မည်​ဖြစ်​၍​ငါ​မ​လာ ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။-
2CO 2:2 ငါ​သည်​သင်​တို့​အား​ဝမ်း​နည်း​အောင်​ပြု​ပါ​မူ ငါ့​အား​ရွှင်​လန်း​စေ​မည့်​သူ​အ​ဘယ်​မှာ​ရှိ တော့​မည်​နည်း။ ငါ့​ကြောင့်​ဝမ်း​နည်း​ရ​သူ​များ က​လွဲ​၍ အ​ဘယ်​သူ​သည်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​တော့​အံ့​နည်း။-
2CO 2:3 အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-
2CO 2:4 ငါ​သည်​အ​လွန်​ပူ​ပန်​သော​က​ရောက်​၍​မျက် ရည်​များ​စွာ​ကျ​လျက်​ထို​စာ​ကို​ရေး​လိုက်​ခြင်း ဖြစ်​၏။ သို့​သော်​သင်​တို့​အား​ဝမ်း​နည်း​စေ​လို​၍ မ​ဟုတ်​ဘဲ သင်​တို့​အား​ငါ​မည်​မျှ​ချစ်​ကြောင်း ကို​သိ​စေ​လို​၍​ရေး​လိုက်​ခြင်း​ဖြစ်​သည်။
2CO 2:5 တစ်​စုံ​တစ်​ယောက်​သည်​လူ​တစ်​ဦး​အား​ဝမ်း​နည်း စေ​သော​အ​ခါ​ငါ့​အား​သာ​မ​က သင်​တို့​အား​လုံး ကို​မ​ဟုတ်​လျှင်​သင်​တို့​အချို့​အ​ဝက်​ကို​လည်း ဝမ်း​နည်း​စေ​သည်။ (ထို​သူ​ကို​ကျပ်​တည်း​စွာ မ​စီ​ရင်​လို​၍​ဤ​သို့​ဆို​ခြင်း​ဖြစ်​သည်။-)
2CO 2:6 သင်​တို့​လူ​များ​စု​၏​ဒဏ်​ပေး​မှု​ကို​ခံ​ရ​ခြင်း သည်​ပင်​လျှင် ထို​သူ့​အ​တွက်​လုံ​လောက်​သော အ​ပြစ်​ဒဏ်​ဖြစ်​၏။-
2CO 2:7 ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။-
2CO 2:8 သို့​ဖြစ်​၍​သင်​တို့​သည်​သူ့​ကို​အ​မှန်​တ​ကယ် မေတ္တာ​ထား​ကြောင်း​ကို သူ​သိ​ရှိ​နား​လည်​အောင် ပြု​ကြ​ရန်​သင်​တို့​အား​ငါ​တောင်း​ပန်​၏။-
2CO 2:9 ယ​ခင်​က​ငါ​စာ​ရေး​ခဲ့​ရ​သည့်​အ​ကြောင်း​မှာ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​အ​ဘယ် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ရန်​အ​စဉ်​အ​သင့် ရှိ​မ​ရှိ​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​ဖြစ်​၏။-
2CO 2:10 သင်​တို့​သည်​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​ဖြေ လွှတ်​သော​အ​ခါ ငါ​သည်​လည်း​တစ်​ခု​ခု​ကို​ဖြေ လွှတ်​ရန်​လို​ပါ​လျှင် သင်​တို့​၏​မျက်​နှာ​ကို ထောက်​၍​ခ​ရစ်​တော်​၏​ရှေ့​မှောက်​တော်​၌​ထို သူ​၏​အြုပစ်​ကို​ဖြေ​လွှတ်​၏။-
2CO 2:11 သို့​မှ​သာ​စာ​တန်​အား​ငါ​တို့​အ​ပေါ်​အ​နိုင်​မ​ရ စေ​ရန်​တား​ဆီး​နိုင်​ပေ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​စာ​တန်​၏​အ​ကြံ​အ​စည်​များ ကို​သိ​ကြ​သော​ကြောင့်​တည်း။
2CO 2:12 ခ​ရစ်​တော်​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ ညာ​ရန်​တ​ရော​မြို့​သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ရန်​တံ​ခါး​ကို သ​ခင်​ဘု​ရား​ဖွင့်​ပေး​တော်​မူ​၏။-
2CO 2:13 သို့​ရာ​တွင်​ငါ​၏​ညီ​အစ်​ကို​တိ​တု​အား​မ​တွေ့​ရ သ​ဖြင့် ငါ​သည်​လွန်​စွာ​ပူ​ပင်​သော​က​ဖြစ်​၏။ ထို့ ကြောင့်​ထို​မြို့​ရှိ​လူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​သွား​၏။
2CO 2:14 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-
2CO 2:15 ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ခ​ရစ်​တော်​ပူ​ဇော် သည့်​မွှေး​ကြိုင်​သော​နံ့​သာ​ရ​နံ့​နှင့်​တူ​ကြ​၏။ ထို ရ​နံ့​သည်​ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​ထံ သို့​လည်း​ကောင်း၊ ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့ ထံ​သို့​လည်း​ကောင်း​ပျံ့​နှံ့​၍​သွား​လေ​သည်။-
2CO 2:16 ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့​အ​တွက်​ထို ရ​နံ့​သည်​သေ​စေ​တတ်​သော​အ​ပုပ်​နံ့​ဖြစ်​၍ ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​အ​တွက် အ​သက်​ရှင်​စေ​တတ်​သည့်​အ​မွှေး​အ​ကြိုင် ဖြစ်​ပေ​သည်။ သို့​ဖြစ်​၍​ဤ​ကဲ့​သို့​သော​အ​မှု ကို​အ​ဘယ်​သူ​ဆောင်​ရွက်​နိုင်​မည်​နည်း။-
2CO 2:17 ငါ​တို့​သည်​အ​ခြား​သူ​အ​မြောက်​အ​မြား ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို အ​ပေါ​စား​ကုန်​ပစ္စည်း​သ​ဖွယ်​ရောင်း ဝယ်​ဖောက်​ကား​မှု​ကို​မ​ပြု​ကြ။ ငါ​တို့​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​များ ဖြစ်​၍ ခ​ရစ်​တော်​၏​အ​စေ​ခံ​များ​အ​နေ ဖြင့်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို​စိတ်​ကြည် လင်​စွာ​ဟော​ပြော​ကြ​၏။
2CO 3:1 ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​ဝါ​ကြွား​ရာ ရောက်​သ​လော။ အ​ချို့​သော​သူ​တို့​ကဲ့​သို့ ငါ​တို့​သည်​ထောက်​ခံ​စာ​များ​ကို​သင်​တို့ အား​ပေး​ရန်​လို​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​မှ​ငါ​တို့​ထောက်​ခံ​စာ​များ​ကို တောင်း​ရန်​လို​သ​လော။-
2CO 3:2 သင်​တို့​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​၏​ထောက်​ခံ စာ​ဖြစ်​ကြ​၏။ ထို​စာ​ကို​လူ​တိုင်း​ဖတ်​ရှု​သိ ရှိ​နိုင်​ရန်​ငါ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား ထား​ပေ​သည်။-
2CO 3:3 ထို​စာ​ကို​ခ​ရစ်​တော်​ကိုယ်​တိုင်​ရေး​၍​ငါ​တို့ နှင့်​ပေး​ပို့​တော်​မူ​သည်​မှာ​ထင်​ရှား​၏။ ထို​စာ ကား​မင်​ဖြင့်​ရေး​သော​စာ​မ​ဟုတ်။ အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ဖြင့်​ရေး​သော​စာ​ဖြစ်​၏။ ထို​စာ​ကို​ကျောက် ပြား​ပေါ်​တွင်​မ​ရေး​ဘဲ​နှ​လုံး​သား​ပေါ်​တွင် ရေး​သ​တည်း။
2CO 3:4 ငါ​တို့​သည်​ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ဘု​ရား သ​ခင်​၏​ရှေ့​တော်​၌ ထို​သို့​ယုံ​ကြည်​စိတ်​ချ မှု​ကို​ရ​ရှိ​ကြ​သည်။-
2CO 3:5 မိ​မိ​တို့​သည်​ဤ​အ​မှု​ကို​ထမ်း​ဆောင်​နိုင်​သည် ဟု​ပြော​ဆို​နိုင်​ရန် ငါ​တို့​တွင်​အ​ဘယ်​စွမ်း ရည်​သတ္တိ​မျှ​မ​ရှိ။ ငါ​၌​ရှိ​သည့်​စွမ်း​ရည် မှာ​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ရ​ရှိ​၏။-
2CO 3:6 ငါ​တို့​သည်​ပ​ဋိ​ညာဉ်​တ​ရား​သစ်​အ​တွက် အ​မှု​တော်​ထမ်း​ဆောင်​နိုင်​ရန် ကိုယ်​တော်​သည် ငါ​တို့​အား​စွမ်း​ရည်​သတ္တိ​များ​ကို​ပေး​တော် မူ​၏။ ထို​ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကား​အက္ခ​ရာ တင်​ထား​သည့်​ပ​ညတ်​တ​ရား​မ​ဟုတ်။ ဝိ​ညာဉ် တော်​တ​ရား​ဖြစ်​၏။ အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​သည်​အ​သက်​သေ​စေ​တတ်​၏။ ဝိ​ညာဉ် တော်​မူ​ကား​အ​သက်​ရှင်​စေ​တတ်​သ​တည်း။
2CO 3:7 ကျောက်​ပြား​ပေါ်​၌​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​ကို​ပေး​အပ်​စဉ်​က ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ထွန်း​လင်း​တောက်​ပ​တော် မူ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​၏​ရောင်​ပြန်​ဟပ် မှု​သည် မော​ရှေ​၏​မျက်​နှာ​မှ​တ​ဖြည်း​ဖြည်း မှေး​မှိန်​စ​ပြု​သော်​လည်း လွန်​စွာ​တောက်​ပ လျက်​ပင်​ရှိ​နေ​သေး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ့​ကို​စေ့​စေ့​မ​ကြည့် နိုင်​ကြ။ သေ​ခြင်း​တ​ရား​ကို​ဖြစ်​ပေါ်​စေ သည့်​ပ​ညတ်​တ​ရား​ကို ဤ​သို့​သော​ဘုန်း အ​သ​ရေ​နှင့်​ပေး​အပ်​တော်​မူ​ပါ​လျှင်၊-
2CO 3:8 ဝိ​ညာဉ်​တော်​၏​လုပ်​ဆောင်​ချက်​နှင့်​ဆိုင်​သော ဘုန်း​အ​သ​ရေ​သည်​အ​ဘယ်​မျှ​သာ​လွန် တောက်​ပ​လိမ့်​မည်​နည်း။-
2CO 3:9 အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ဆိုင်​ရာ​တ​ရား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​လျှင် ကယ်​တင် ခြင်း​ဆိုင်​ရာ​လုပ်​ဆောင်​ချက်​သည်​အ​ဘယ် မျှ​သာ​လွန်​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ လိမ့်​မည်​နည်း။-
2CO 3:10 ယ​ခု​အ​ခါ​၌​သာ​လွန်​တောက်​ပ​သော​ဘုန်း အ​သ​ရေ​ကြောင့် ယ​ခင်​အ​ခါ​၌​အ​လွန် တောက်​ပ​သော​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​သွား​ပြီ။-
2CO 3:11 ခေတ္တ​မျှ​သာ​တည်​သည့်​အ​ရာ​၌​ဘုန်း​အ​သ ရေ​ရှိ​ခဲ့​ပါ​လျှင် ထာ​ဝ​စဉ်​တည်​သည့်​အ​ရာ ၌​အ​ဘယ်​မျှ​ပို​၍​ဘုန်း​အ​သ​ရေ​ရှိ​လိမ့် မည်​နည်း။
2CO 3:12 ငါ​တို့​သည်​ဤ​မျှော်​လင့်​ခြင်း​ရှိ​သ​ဖြင့်​အ​လွန် ရဲ​ရင့်​ကြ​၏။-
2CO 3:13 ငါ​တို့​ကား​မော​ရှေ​ကဲ့​သို့​မ​ဟုတ်။ သူ​သည် မိ​မိ​၏​မျက်​နှာ​မှ​တောက်​ပ​သော​အ​ရောင် မှေး​မှိန်​ကွယ်​ပျောက်​သွား​သည်​ကို ဣသ​ရေ​လ အ​မျိုး​သား​တို့​မ​တွေ့​မ​မြင်​နိုင်​စေ​ရန် မျက်​နှာ​ကို​ပ​ဝါ​ဖြင့်​ဖုံး​အုပ်​ထား​ရ​လေ​သည်။-
2CO 3:14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စိတ်​နှ​လုံး​သည် ထိုင်း​မှိုင်း​လျက်​ရှိ​ခဲ့​၏။ ယ​နေ့​တိုင်​အောင်​ပင်​လျှင် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ကို​ဖတ်​သည့်​အ​ခါ​တိုင်း သူ​တို့​စိတ်​နှ​လုံး​သည်​ယင်း​ပ​ဝါ​ဖြင့်​ဖုံး​အုပ် လျက်​ရှိ​၏။ ခ​ရစ်​တော်​အား​ဖြင့်​သာ​လျှင်​ယင်း ပ​ဝါ​ကို​ပယ်​ရှား​ရ​၏။-
2CO 3:15 ယ​နေ့​တိုင်​အောင်​ပင်​လျှင်​မော​ရှေ​၏​ပ​ညတ်​ကျမ်း ကို​ဖတ်​ကြ​သည့်​အ​ခါ​များ​၌ သူ​တို့​၏​စိတ်​နှ​လုံး သည်​ပ​ဝါ​ဖုံး​လျက်​ပင်​ရှိ​သေး​၏။-
2CO 3:16 သို့​ရာ​တွင်​ယင်း​ကို​ဖယ်​ရှား​နိုင်​၏။ မော​ရှေ​နှင့်​ပတ် သက်​၍​ကျမ်း​စာ​တော်​က ``သူ​သည်​သ​ခင်​ဘု​ရား ထံ​သို့​ပြောင်း​လဲ​သော​အ​ခါ သူ​၏​ပ​ဝါ​သည်​ပယ် ရှား​၍​သွား​၏'' ဟု​ဆို​၏။-
2CO 3:17 သ​ခင်​ဘု​ရား​ဟု​ဆို​ရာ​၌​ဝိ​ညာဉ်​တော်​ကို​ဆို​လို သည်။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။-
2CO 3:18 သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မျက်​နှာ​ဖုံး​မ​ရှိ တော့​ဘဲ​သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရောင်​ပြန်​ဟပ်​လျက်​ရှိ​ကြ​၏။ ဝိ​ညာဉ်​တော်​တည်း ဟူ​သော​သ​ခင်​ဘု​ရား​မှ​လွှတ်​သော​ထို​ဘုန်း အ​သ​ရေ​တော်​သည် ငါ​တို့​အား​အ​စဉ်​တ​စိုက် ဘုန်း​အ​သ​ရေ​တိုး​ပွား​စေ​၍​ကိုယ်​တော်​၏​ပုံ သဏ္ဌာန်​တော်​သို့​ပြောင်း​လဲ​စေ​လျက်​ရှိ​၏။
2CO 4:1 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​ရု​ဏာ​တော် နှင့်​အ​ညီ ငါ​တို့​အား​ဤ​အ​မှု​တော်​ဆောင် လုပ်​ငန်း​ကို​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ တို့​တွင်​စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ။-
2CO 4:2 ငါ​တို့​သည်​ရှက်​ဖွယ်​ရာ​လျှို့​ဝှက်​မှု​အ​ပေါင်း တို့​ကို​စွန့်​ပယ်​ကြ​၏။ ငါ​တို့​သည်​ကောက်​ကျစ် စဉ်း​လဲ​မှု​ကို​မ​ပြု။ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​မှောက်​လှန်​၍​မ​ဟော​မ​ပြော။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော် ၌​သမ္မာ​တ​ရား​တော်​၏​အ​လင်း​တွင် သက်​ရှင် လှုပ်​ရှား​၍​လူ​အ​ပေါင်း​တို့​သြတ္တ​ပ္ပ​စိတ် ကြည်​လင်​အောင်​ပြု​မူ​ဆောင်​ရွက်​ကြ​၏။-
2CO 4:3 အ​ကယ်​၍​ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့် သ​တင်း​ကောင်း​သည်​ဖုံး​အုပ်​လျက်​ရှိ​လျှင် အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျက်​နေ​သူ​များ အ​တွက်​သာ​လျှင်​ဖုံး​အုပ်​လျက်​ရှိ​သည်။-
2CO 4:4 ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။-
2CO 4:5 ငါ​တို့​သည်​မိ​မိ​တို့​၏​အ​ကြောင်း​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည်​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း၊ ငါ​တို့​သည်​သ​ခင် ယေ​ရှု​၏​အ​တွက်​သင်​တို့​၏​အ​စေ​ခံ​များ ဖြစ်​ကြ​ကြောင်း​ကို​ဟော​ပြော​ကြ​၏။-
2CO 4:6 ခ​ရစ်​တော်​၏​မျက်​နှာ​တော်​တွင်​ထွန်း​တောက် လျက်​ရှိ​သော ဘုန်း​အ​သ​ရေ​တော်​အ​ကြောင်း ကို​သိ​နား​လည်​နိုင်​စေ​ရန် ငါ​တို့​၏​စိတ်​နှ​လုံး ထဲ​၌​အ​လင်း​ကို​ထွန်း​လင်း​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကား `အ​မှောင်​ထဲ​မှ​အ​လင်း ပေါ်​ထွန်း​လိမ့်​မည်' ဟု​မိန့်​ကြား​တော်​မူ​ခဲ့ သော​ဘု​ရား​သ​ခင်​ပင်​ဖြစ်​သ​တည်း။
2CO 4:7 သို့​ရာ​တွင်​ငါ​တို့​တွင်​အ​ချုပ်​အ​ခြာ​အာ​ဏာ တန်​ခိုး​မ​ရှိ၊ ဘု​ရား​သ​ခင်​၌​သာ​လျှင်​ရှိ​တော် မူ​ကြောင်း​ကို​ထင်​ရှား​စေ​ရန် ဆို​ခဲ့​သည့်​ဝိ​ညာဉ် ဘဏ္ဍာ​ကို​ထိန်း​သိမ်း​ရ​သူ​ငါ​တို့​သည်​မြေ​အိုး များ​သ​ဖွယ်​ဖြစ်​ကြ​သည်။-
2CO 4:8 ငါ​တို့​သည်​မ​ကြာ​ခ​ဏ​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သော်​လည်း​နာ​လန်​မ​ထူ​နိုင်​အောင်​မ​ဖြစ်။ တစ်​ခါ​တစ်​ရံ​စိတ်​ရှုပ်​ထွေး​ကြ​သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​မ​ပျက်။-
2CO 4:9 ငါ​တို့​မှာ​ရန်​သူ​အ​မြောက်​အ​မြား​ပင်​ရှိ သော်​လည်း​မိတ်​ဆွေ​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။ လဲ​အောင်​အ​ထိုး​ခံ​ရ​သော်​လည်း​မ​သေ​ကြ။-
2CO 4:10 သ​ခင်​ယေ​ရှု​သည်​ငါ​တို့​ခန္ဓာ​တွင်​အ​သက် ရှင်​တော်​မူ​ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​၏ သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ်​ခန္ဓာ​၌ သ​ခင်​ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​သည်​ကို အ​စဉ်​မ​ပြတ်​ဆောင်​ရ​၏။-
2CO 4:11 ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​တွင် သ​ခင်​ယေ​ရှု​အ​သက်​ရှင်​တော်​မူ ကြောင်း​ပေါ်​လွင်​စေ​ရန် ငါ​တို့​သည်​အ​သက် ရှင်​လျက်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သ​ခင် ယေ​ရှု​အ​တွက်​အ​ခါ​ခပ်​သိမ်း​သေ​ဘေး နှင့်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​၏။-
2CO 4:12 သို့​ဖြစ်​၍​ငါ​တို့​တွင်​သေ​ခြင်း​တ​ရား​သည် ရှင်​သန်​လျက်​ရှိ​သော်​လည်း သင်​တို့​တွင်​မူ ကား​အ​သက်​ရှင်​ခြင်း​တ​ရား​သည်​ရှင်​သန် လျက်​ရှိ​ပေ​သည်။
2CO 4:13 ကျမ်း​စာ​တော်​တွင် ``ငါ​သည်​ယုံ​ကြည်​သော ကြောင့်​ဟော​ပြော​သည်'' ဟု​ပါ​ရှိ​သည်​အ​တိုင်း ငါ​တို့​လည်း​ထို​သို့​ယုံ​ကြည်​မှု​ရှိ​သ​ဖြင့် ဟော​ပြော​ကြ​၏။-
2CO 4:14 သ​ခင်​ယေ​ရှု​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ တို့​အား​လည်း​သ​ခင်​ယေ​ရှု​နှင့်​အ​တူ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင် သင်​တို့​နှင့် အ​တူ​ရှေ့​တော်​မှောက်​သို့​ခေါ်​ဆောင်​တော် မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏။-
2CO 4:15 ဤ​အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​လို့​ငှာ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သူ​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​သည်​နှင့် အ​မျှ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင် ရှား​အံ့​သော​ငှာ​ချီး​မွမ်း​သည့်​ဆု​တောင်း ပတ္ထ​နာ​များ​သည်​လည်း​ပို​မို​များ​ပြား လာ​လိမ့်​မည်။
2CO 4:16 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ကြ။ ငါ​တို့​၏​ကိုယ်​ခန္ဓာ​သည်​တ​ဖြည်း​ဖြည်း​ယို ယွင်း​ပျက်​စီး​လျက်​ရှိ​သော်​လည်း ငါ​တို့​၏ ဝိ​ညာဉ်​မူ​ကား​နေ့​စဉ်​နှင့်​အ​မျှ​အ​သစ် ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။-
2CO 4:17 ငါ​တို့​ခ​ဏ​ခံ​ရ​သော​ပေါ့​ပါး​သည့်​ဆင်း​ရဲ ဒုက္ခ​သည်​အ​တိုင်း​ထက်​အ​လွန်​ကြီး​မြတ်​သည့် ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို​ငါ​တို့​အား ခံ​စား​စေ​လိမ့်​မည်။-
2CO 4:18 ငါ​တို့​သည်​မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ များ​ကို​အာ​ရုံ​မ​စိုက်​ဘဲ​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​ကို​သာ​အာ​ရုံ​စိုက်​ကြ​၏။ မျက်​စိ​ဖြင့်​မြင်​နိုင်​သော​အ​ရာ​များ​သည် ခေတ္တ​ခ​ဏ​မျှ​သာ​တည်​၍​မျက်​စိ​ဖြင့်​မ​မြင် နိုင်​သော​အ​ရာ​များ​မူ​ကား​ထာ​ဝ​ရ​စဉ် တည်​သ​တည်း။
2CO 5:1 ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။-
2CO 5:2 ဤ​ယာ​ယီ​တဲ​တွင်​နေ​ထိုင်​စဉ်​ကောင်း​ကင်​ဘုံ အိမ်​ကို​အ​လွန်​တောင့်​တ​သ​ဖြင့် ငါ​တို့​သည် ညည်း​တွား​လျက်​နေ​ကြ​၏။-
2CO 5:3 ယင်း​သို့​ကောင်း​ကင်​ဘုံ​အိမ်​ကို​ရ​ရှိ​သော​အ​ခါ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။-
2CO 5:4 ရုပ်​ကိုယ်​ခန္ဓာ​တွင်​နေ​ရ​သ​ဖြင့်​ငါ​တို့​ညည်း​တွား ကြ​၏။ ယင်း​သို့​ညည်း​တွား​ကြ​ခြင်း​မှာ​မိ​မိ​တို့ ၏​ရုပ်​ကိုယ်​ခန္ဓာ​ကို​ပယ်​ရှား​ပစ်​လို​၍​မ​ဟုတ်။ သေ ကြေ​ပျက်​စီး​တတ်​သော​အ​ရာ​ကို​ထာ​ဝ​စဉ် အ​သက်​ရှင်​သည့်​အ​ရာ​သို့​ပြောင်း​လဲ​စေ​ရန် ကောင်း​ကင်​ဘုံ​ကိုယ်​ခန္ဓာ​ကို​ရ​ရှိ​လို​၍​ဖြစ် ပေ​သည်။-
2CO 5:5 ဤ​သို့​ပြောင်း​လဲ​စေ​ရန်​ငါ​တို့​ကို​ပြင်​ဆင် ပေး​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ​တို့​ခံ​စား​စေ​ရန်​ကိုယ်​တော်​၏​ဆု​ကျေး​ဇူး အ​ပေါင်း​အ​တွက် အာ​မ​ခံ​ချက်​အ​ဖြစ်​ဖြင့် ဝိ​ညာဉ်​တော်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ပြီ။
2CO 5:6 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​စဉ်​ရဲ​ရင့်​သော​စိတ်​ရှိ ကြ​ပေ​သည်။ ဤ​ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး​ငါ​တို့​သည်​သ​ခင်​ဘု​ရား​၏ အိမ်​တော်​နှင့်​ဝေး​ကွာ​လျက်​ရှိ​ကြ​၏။-
2CO 5:7 ငါ​တို့​၏​ဘ​ဝ​အ​တွက်​ယုံ​ကြည်​ခြင်း​သည် အ​ဋ္ဌိ​က​ဖြစ်​၏။ မျက်​စိ​ဖြင့်​မြင်​ခြင်း​သည် အ​ဋ္ဌိ​က​မ​ဟုတ်။-
2CO 5:8 ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​ရှိ​၍​ဤ​ကိုယ်​ခန္ဓာ နေ​အိမ်​ကို​စွန့်​ခွာ​ပြီး​လျှင် သ​ခင်​ဘု​ရား​နှင့် အ​တူ​နေ​ထိုင်​ရန်​ပို​၍​လို​လား​ကြ​၏။-
2CO 5:9 ငါ​တို့​သည်​ဤ​အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ၊ ထို အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ​ငါ​တို့​ကို​စိတ်​တော် နှင့်​တွေ့​ရန်​အ​ထူး​သ​ဖြင့်​လို​လား​ကြ​၏။-
2CO 5:10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​အား​လုံး​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရန် ခ​ရစ်​တော်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ရှိ​ရ​ကြ​မည်​ဖြစ်​သော ကြောင့်​တည်း။ ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​စဉ်​ပြု ကျင့်​ခဲ့​သည့်​ကောင်း​မှု​မ​ကောင်း​မှု​များ​အ​တွက် ထိုက်​သင့်​ရာ​အ​ကျိုး​အ​ပြစ်​ကို​ငါ​တို့​အ​သီး သီး​ခံ​ရ​ကြ​လတ္တံ့။
2CO 5:11 ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သ​ခင်​ဘု​ရား​အား ကြောက်​ရွံ့​ရ​ကြောင်း​ကို​သိ​သ​ဖြင့် လူ​တို့​အား တိုက်​တွန်း​နှိုး​ဆော်​၏။ ငါ​တို့​၏​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​အ​ကြွင်း​မဲ့​သိ​တော်​မူ​၏။ သင် တို့​သည်​လည်း​စိတ်​နှ​လုံး​ထဲ​က​ငါ့​အ​ကြောင်း ကို​လည်း ကောင်း​စွာ​သိ​ကြ​လိမ့်​မည်​ဟု​ငါ မျှော်​လင့်​၏။-
2CO 5:12 ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​တစ်​ဖန်​မိ​မိ​တို့ ကိုယ်​ကို​ဂုဏ်​ဖော်​လို​၍​မ​ဟုတ်။ ငါ​တို့​အ​ပေါ် တွင်​သင်​တို့​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ခွင့်​ရ​ရှိ​ကြ စေ​ရန်​သာ​ဖြစ်​၏။ သို့​မှ​သာ​လျှင်​လူ​၏​အ​ကျင့် စာ​ရိတ္တ​ကို​မ​ထောက်​ဘဲ ပြင်​ပ​အ​ဆင်း​သဏ္ဌာန် ကို​သာ​ထောက်​၍ ဂုဏ်​ယူ​ဝါ​ကြွား​တတ်​သူ​တို့ ၏​စ​ကား​ကို​သင်​တို့​ပြန်​လည်​ချေ​ပ​နိုင် ကြ​ပေ​မည်။-
2CO 5:13 ငါ​တို့​သည်​ရူး​သွပ်​လေ​ပြီ​လော။ ရူး​သွပ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့​ဖြစ်​၏။ အ​ကယ်​၍​မ​ရူး မ​သွပ်​လျှင်​လည်း​သင်​တို့​အ​ဖို့​ဖြစ်​၏။-
2CO 5:14 တစ်​ယောက်​သော​သူ​သည်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​သေ​ခံ​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ထို​သူ​နှင့်​အ​တူ​အ​သေ​ခံ​ကြ​ကြောင်း ကို​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ​ဖြစ်​၍ ငါ​တို့​ကို ခ​ရစ်​တော်​၏​မေတ္တာ​တော်​သည်​အုပ်​စိုး​လေ ပြီ။-
2CO 5:15 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​ခြင်း​မှာ​လူ​တို့​သည်​အ​သက်​ရှင်​စဉ် ကိုယ်​ကျိုး​အ​တွက်​ဆက်​လက်​၍​အ​သက်​မ​ရှင် ကြ​တော့​ဘဲ မိ​မိ​တို့​အ​တွက်​အ​သက်​ကို​စွန့် တော်​မူ​ပြီး​နောက်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​သော​အ​ရှင်​၏​အ​ဖို့​အ​သက်​ရှင်​ကြ စေ​ရန်​ဖြစ်​ပေ​သည်။
2CO 5:16 သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။-
2CO 5:17 ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သူ​သည် သတ္တ​ဝါ​သစ်​ဖြစ်​၏။ သူ​သည်​ဘ​ဝ​ဟောင်း​ကို​စွန့် ၍​ဘ​ဝ​သစ်​သို့​ဝင်​စား​ပြီ။-
2CO 5:18 ဤ​အ​မှု​ခပ်​သိမ်း​ကို​ဘု​ရား​သ​ခင်​ပြု​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ခ​ရစ်​တော်​အား​ဖြင့်​ပြောင်း​လဲ​စေ​တော်​မူ ပြီး​လျှင် အ​ခြား​သူ​တို့​သည်​လည်း​မိ​မိ​၏ မိတ်​ဆွေ​များ​ဖြစ်​လာ​စေ​ရန်​ဆောင်​ရွက်​သည့် တာ​ဝန်​ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​၏။-
2CO 5:19 ငါ​တို့​ဟော​ပြော​သော​တ​ရား​မှာ​ဘု​ရား​သ​ခင် သည်​ခ​ရစ်​တော်​အား​ဖြင့်​လူ​သား​အ​ပေါင်း​တို့ အား မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​စေ​တော်​မူ​ခြင်း ဆိုင်​ရာ​တ​ရား​ဖြစ်​၏။ ကိုယ်​တော်​သည်​လူ​သား တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​မှတ်​ထား​တော် မ​မူ။ လူ​သား​တို့​အား​မိ​မိ​၏​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​ပေ​သည်။
2CO 5:20 သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​၏​သံ​တ​မန် အ​ဖြစ်​နှင့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​၏။ ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​မှ​တစ်​ဆင့် သင်​တို့​ကို​မေတ္တာ​ရပ်​သ​ကဲ့​သို့​သင်​တို့​အား မေတ္တာ​ရပ်​ခံ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ပြောင်း​လဲ​ကြ​ပါ​ဟူ​၍​ခ​ရစ်​တော်​၏ ကိုယ်​စား​ငါ​တို့​တောင်း​ပန်​၏။-
2CO 5:21 ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။
2CO 6:1 သို့​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​လုပ် ဖော်​ဆောင်​ဘက်​များ​အ​နေ​ဖြင့်​သင်​တို့​အား တောင်း​ပန်​လို​သည်​ကား သင်​တို့​သည်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ ဖြစ်​သည့်​အား​လျော်​စွာ ထို​ကျေး​ဇူး​တော်​ကို အ​ကျိုး​မဲ့​မ​ဖြစ်​စေ​ကြ​နှင့်။-
2CO 6:2 ဘု​ရား​သ​ခင်​က၊ ``ငါ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​ရန် အ​ချိန်​ကျ​ရောက်​သော​အ​ခါ၊ သင်​တို့​လျှောက်​ထား​ချက်​ကို​နား​ညောင်း​ခဲ့ လေ​ပြီ။ ကယ်​တင်​ရာ​နေ့​ရက်​ကျ​ရောက်​သော​အ​ခါ သင်​တို့​အား​ကူ​မ​ခဲ့​လေ​ပြီ'' ဟု​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။ ကိုယ် တော်​၏​ကျေး​ဇူး​ပြု​ခြင်း​ကို​ခံ​ယူ​ရန်​အ​ချိန် ကား​ယ​ခု​ပင်​ဖြစ်​၏။ ကယ်​တင်​ရာ​နေ့​ရက်​ကာ​လ သည်​ယ​နေ့​ပင်​ဖြစ်​သ​တည်း။
2CO 6:3 ငါ​တို့​၏​အ​လုပ်​နှင့်​ပတ်​သက်​၍​အ​ဘယ်​သူ​မျှ အ​ပြစ်​မ​ရှာ​နိုင်​စေ​ရန်​ငါ​တို့​သည်​သူ​တစ်​ပါး တို့​ရှေ့​၌​အ​နှောင့်​အ​ယှက်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။-
2CO 6:4 ယင်း​သို့​ပြု​မည့်​အ​စား​ဆင်း​ရဲ​ဒုက္ခ​များ၊ ခဲ​ယဉ်း ကျပ်​တည်း​မှု​များ၊ အ​ခက်​အ​ခဲ​များ​ကို​စိတ်​ရှည် စွာ​သည်း​ခံ​လျက်​ကိစ္စ​အ​ဝ​ဝ​တွင်​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြောင်း​ကို ပေါ်​လွင်​စေ​ကြ​၏။-
2CO 6:5 ငါ​တို့​သည်​အ​ရိုက်​ခံ​ခဲ့​ရ​၏။ ထောင်​ကျ​ခဲ့ ကြ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ပြု​လုပ်​ခြင်း တို့​ကို​ခံ​ကြ​ရ​၏။ ငါ​တို့​မှာ​အ​လုပ်​မှ​နား ခွင့်​မ​ရှိ။ အိပ်​ရ​သည်​စား​ရ​သည်​ဟူ​၍​ပင်​မ​ရှိ။-
2CO 6:6 စိတ်​နှ​လုံး​သန့်​ရှင်း​စင်​ကြယ်​ခြင်း၊ ပ​ညာ​သ​တိ ရှိ​ခြင်း၊ သည်း​ခံ​ခြင်း၊ ကြင်​နာ​သ​နား​ခြင်း​တို့ ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် အား​ဖြင့်​လည်း​ကောင်း၊ စစ်​မှန်​သော​မေတ္တာ​အား ဖြင့်​လည်း​ကောင်း၊-
2CO 6:7 သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း​အား​ဖြင့် လည်း​ကောင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​စေ ကြ​၏။ ထိုး​စစ်​ဆင်​သော​အ​ခါ​နှင့်​ခု​ခံ ကာ​ကွယ်​သော​အ​ခါ​၌ ငါ​တို့​သည်​ဖြောင့် မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော​လက်​နက် ကို​အ​သုံး​ပြု​ကြ​၏။-
2CO 6:8 ငါ​တို့​သည်​ချီး​မြှောက်​ခြင်း​နှင့်​ရှုတ်​ချ​ခြင်း ကို​ခံ​ရ​ကြ​၏။ ကဲ့​ရဲ့​ခြင်း​နှင့်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ကြ​၏။ လူ​လိမ်​များ​ဟု​လူ​တို့​သတ်​မှတ် ကြ​သော်​လည်း​ငါ​တို့​သည်​သစ္စာ​စ​ကား​ကို ပြော​ဆို​ကြ​၏။-
2CO 6:9 လူ​သိ​နည်း​သူ​များ​ပင်​ဖြစ်​သော်​လည်း​ကျော် စော​ထင်​ရှား​ကြ​၏။ သူ​သေ​များ​ကဲ့​သို့​ဖြစ် သော်​လည်း​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။ အ​ပြစ် ဒဏ်​ပေး​ခြင်း​ခံ​ရ​သော်​လည်း​အ​သတ်​မ​ခံ ရ​ကြ။-
2CO 6:10 ဝမ်း​နည်း​ရ​သော်​လည်း​အ​စဉ်​ဝမ်း​မြောက်​ကြ ၏။ သူ​ဆင်း​ရဲ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​လူ အ​မြောက်​အ​မြား​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ ကြ​၏။ ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပိုင် သူ​များ​ကဲ့​သို့​ဖြစ်​သော်​လည်း​အ​လုံး​စုံ​တို့ ကို​ပိုင်​ကြ​၏။
2CO 6:11 ကော​ရိန္သု​မြို့​ရှိ​ချစ်​ဆွေ​တို့၊ ငါ​တို့​သည်​သင်​တို့ အား​ပွင့်​လင်း​စွာ​ပြော​ဆို​ခဲ့​ပြီ။ ငါ​တို့​၏​စိတ် နှ​လုံး​တံ​ခါး​ကို​သင်​တို့​အ​ဖို့​ကျယ်​စွာ​ဖွင့် ထား​ပြီ။-
2CO 6:12 စိတ်​နှ​လုံး​တံ​ခါး​ကို​ပိတ်​၍​ထား​သူ​များ ကား​ငါ​တို့​မ​ဟုတ်။ သင်​တို့​က​သာ​မိ​မိ​တို့ စိတ်​နှ​လုံး​တံ​ခါး​ကို​ငါ​တို့​အ​ဖို့​ပိတ်​ထား ကြ​၏။ ယ​ခု​ငါ​သည်​သင်​တို့​အား​ငါ​၏​သား သ​မီး​များ​သ​ဖွယ်​ပြော​ဆို​နေ​၏။-
2CO 6:13 သို့​ဖြစ်​၍​ငါ​တို့​အား​တုံ့​ပြန်​သော​အ​နေ​ဖြင့် သင်​တို့​၏​စိတ်​နှ​လုံး​တံ​ခါး​ကို​ကျယ်​စွာ​ဖွင့် ကြ​လော့။
2CO 6:14 မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်​၍​မ​လုပ် ဆောင်​ကြ​နှင့်။ တွဲ​ဖက်​၍​လုပ်​ဆောင်​ရန်​မ​ဖြစ် နိုင်။ အ​မှား​သည်​အ​မှန်​နှင့်​မည်​သို့​ဖက်​စပ် နိုင်​အံ့​နည်း။ အ​လင်း​သည်​အ​မှောင်​နှင့်​မည်​သို့ ယှဉ်​တွဲ​နေ​နိုင်​အံ့​နည်း။-
2CO 6:15 ခ​ရစ်​တော်​သည်​စာ​တန်​နှင့်​အ​ဘယ်​သို့​သ​ဘော တူ​နိုင်​ပါ​အံ့​နည်း။ ယုံ​ကြည်​သူ​သည်​မ​ယုံ ကြည်​သူ​နှင့်​အ​ဘယ်​သို့​တူ​ညီ​မှု​ရှိ​နိုင်​ပါ မည်​နည်း။-
2CO 6:16 ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ရုပ်​တု​များ နှင့်​မည်​သို့​သ​ဘော​တူ​ညီ​ချက်​ရှိ​နိုင်​ပါ​အံ့ နည်း။ ငါ​တို့​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​က၊ ``ငါ​သည်​ငါ​၏​လူ​စု​တော်​တွင်​ကျိန်း​ဝပ်​မည်။ သူ​တို့​ထံ​တွင်​စံ​တော်​မူ​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ​တို့​သည် လည်း ငါ​၏​လူ​စု​တော်​ဖြစ်​လိမ့်​မည်''
2CO 6:17 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က၊ ``ထို​သူ​တို့​အ​ထဲ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​တို့​နှင့်​မ​ပေါင်း​မ​ဖော်​ကြ​နှင့်။ မ​သန့်​စင်​သည့်​အ​ရာ​ကို​လက်​နှင့်​မျှ မ​ပတ်​သက်​နှင့်။ သို့​ပြု​လျှင်​ငါ​သည်​သင်​တို့​ကို​လက်​ခံ​မည်။
2CO 6:18 ငါ​သည်​သင်​တို့​၏​အ​ဖ​ဖြစ်​မည်။ သင်​တို့​သည် လည်း​ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။
2CO 7:1 ချစ်​မိတ်​ဆွေ​တို့၊ ဤ​က​တိ​တော်​များ​ကား​ငါ တို့​၏​အ​တွက်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​ကာ​ယ​အ​ညစ်​အ​ကြေး​နှင့်​ဝိ​ညာဉ် အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​နှင့်​ကင်း​စင်​စေ​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​အား ဖြင့် မိ​မိ​တို့​ကိုယ်​ကို​လုံး​ဝ​ဖြူ​စင်​သန့်​ရှင်း​စေ ကြ​ကုန်​အံ့။
2CO 7:2 ငါ​တို့​အား​သင်​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​ထား​ကြ လော့။ ငါ​တို့​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​ပြစ်​မှား​ခဲ့။ မည်​သူ့​ကို​မျှ​အ​ကျိုး​နည်း​အောင်​မ​ပြု​ခဲ့။ မည်​သူ့​အ​ပေါ်​တွင်​မျှ​အ​ခွင့်​ကောင်း​ကို​မ​ယူ​ခဲ့။-
2CO 7:3 ဤ​သို့​ဆို​ရာ​၌​သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ လို​၍​မ​ဟုတ်။ ယ​ခင်​က​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း ငါ​တို့​သည်​သင်​တို့​နှင့်​သေ​အ​တူ​ရှင်​မ​ကွဲ ဖြစ်​လို​သည်​တိုင်​အောင် သင်​တို့​အား​ချစ်​သော ကြောင့်​ဖြစ်​၏။-
2CO 7:4 ငါ​သည်​သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၏။ သင် တို့​အ​တွက်​များ​စွာ​ဂုဏ်​ယူ​ဝါ​ကြွား​၏။ အ​မျိုး မျိုး​သော​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​တို့​ခံ​ရ​သော် လည်း ငါ​သည်​အား​တက်​လျက်​အ​တိုင်း​ထက် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။
2CO 7:5 မာ​ကေ​ဒေါ​နိ​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ​၌ ပင်​လျှင် ငါ​တို့​သည်​စိတ်​သက်​သာ​မှု​ကို​မ​ရ​ကြ။ အ​ရပ်​ရပ်​တွင်​အ​ခက်​အ​ခဲ​များ​ရှိ​၏။ အ​ငြင်း ပွား​မှု​များ​ရှိ​၏။ ငါ​တို့​၌​လည်း​ကြောက်​စိတ်​ရှိ​၏။-
2CO 7:6 သို့​ရာ​တွင်​စိတ်​ညှိုး​ငယ်​သူ​ကို​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ငါ​တို့​ထံ​ရောက်​ရှိ​လာ​သော​တိ​တု အား​ဖြင့် ငါ​တို့​ကို​အား​ပေး​တော်​မူ​၏။ တိ​တု​ရောက်​ရှိ လာ​သည့်​အ​တွက်​ကြောင့်​သာ​မ​က၊ တိ​တု​အား​သင် တို့​က​အား​ပေး​ကြ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သည့်​အ​တွက်​ကြောင့်​လည်း ငါ​တို့​သည်​အား​တက်​ရ ကြ​ပေ​သည်။-
2CO 7:7 တိ​တု​က​သင်​တို့​သည်​ငါ့​ကို​အ​လွန်​တွေ့​လို​ကြ ကြောင်း၊ အ​လွန်​ဝမ်း​နည်း​လျက်​ရှိ​ကြ​ကြောင်း​တို့ ကို​ပြော​ပြ​သ​ဖြင့်​ငါ​သည်​ပို​၍​ပင်​ဝမ်း​မြောက်​၏။
2CO 7:8 အ​ကယ်​၍​ငါ​၏​စာ​သည်​သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​ဖြစ်​စေ​ခဲ့​လျှင် ထို​စာ​ကို​ရေး​မိ​သည့်​အ​တွက် ယ​ခု​ငါ​ဝမ်း​မ​နည်း။ ထို​စာ​ကြောင့်​ခေတ္တ​မျှ​သင် တို့​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​ကြ​သည်​ကို​တွေ့​စဉ် အ​ခါ​က​ငါ​ဝမ်း​နည်း​မိ​ခဲ့​လျှင်​လည်း၊-
2CO 7:9 ယ​ခု​ဝမ်း​မြောက်​၏။ သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​အောင်​ပြု​ခဲ့​သည့်​အ​တွက်​ကြောင့်​မ​ဟုတ်။ စိတ်​မ​ချမ်း​မ​သာ​မှု​က​သင်​တို့​အား​နောင်​တ တ​ရား​ရ​စေ​သည့်​အ​တွက်​ကြောင့်​ဝမ်း​မြောက် ရ​ခြင်း​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​သည်​ထို စိတ်​မ​ချမ်း​မ​သာ​မှု​ကို​အ​သုံး​ပြု​တော်​မူ သည်​ဖြစ်​ရာ​ငါ​တို့​သည်​သင်​တို့​ကို​အ​ဘယ် သို့​မျှ​မ​နစ်​နာ​စေ​ခဲ့။-
2CO 7:10 ဘု​ရား​သ​ခင်​အ​သုံး​ပြု​တော်​မူ​သည့်​ဝမ်း​နည်း ခြင်း​သည်​ကယ်​တင်​ခြင်း​ကို​ရ​စေ​သည့်​နောင်​တ စိတ်​ကို​ဖြစ်​ပေါ်​စေ​တတ်​၏။ ထို့​ကြောင့်​ဝမ်း​နည်း မိ​သည့်​အ​တွက်​စိတ်​မ​ကောင်း​မ​ဖြစ်​သင့်။ သို့ ရာ​တွင်​လူ့​ဝမ်း​နည်း​ခြင်း​၏​အ​ကျိုး​ကား​သေ ခြင်း​ပေ​တည်း။-
2CO 7:11 ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​ဝမ်း​နည်း​မှု​ကို​မည် သို့​အ​သုံး​ပြု​တော်​မူ​သည်​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည်​စိတ်​ထက်​သန်​၍​လာ​ကြ​လေ​ပြီ။ မိ​မိ​တို့​၌​အ​ပြစ်​ကင်း​ကြောင်း​ဖော်​ပြ​ရန်​အ​လွန် လို​လား​ကြ​လေ​ပြီ။ လွန်​စွာ​ဒေါ​သ​ထွက်​ကြ လေ​ပြီ။ လွန်​စွာ​စိုး​ရိမ်​ကြ​လေ​ပြီ။ လွန်​စွာ​တမ်း တ​ကြ​လေ​ပြီ။ လွန်​စွာ​စေ​တ​နာ​ထက်​သန် ကြ​လေ​ပြီ။ အ​ပြစ်​ရှိ​သူ​ကို​ဒဏ်​ပေး​ရန် လို​လား​ကြ​လေ​ပြီ။ သင်​တို့​သည်​ဤ​အ​မှု တွင်​မိ​မိ​တို့​အ​ပြစ်​ကင်း​ကြောင်း​ကို​ထင်​ရှား စေ​ကြ​လေ​ပြီ။
2CO 7:12 သို့​ဖြစ်​၍​ယ​ခင်​က​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​ခဲ့​ရ ခြင်း​မှာ​ပြစ်​မှား​သော​သူ​၏​ကိစ္စ​ကြောင့်​မ​ဟုတ်။ ပြစ် မှား​ခြင်း​ကို​ခံ​ရ​သူ​၏​ကိစ္စ​ကြောင့်​လည်း​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ငါ​တို့​အား​သင်​တို့ အ​ဘယ်​မျှ​ချစ်​ခင်​စွဲ​လန်း​ကြ​သည်​ကို​ကောင်း စွာ​သိ​သာ​ထင်​ရှား​စေ​လို​၍​ရေး​ခဲ့​ခြင်း​ဖြစ်​၏။-
2CO 7:13 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​အား​တက်​ကြ​၏။ ငါ​တို့​သည်​အား​တက်​ရုံ​သာ​မ​က၊ အ​လွန်​လည်း ဝမ်း​မြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​တိ​တု​အား​ရွှင်​လန်း​စေ​သ​ဖြင့်​သူ​သည် အ​လွန်​ဝမ်း​မြောက်​လျက်​ရှိ​သည်​ကို​ငါ​တို့​တွေ့​ရ သော​ကြောင့်​ဖြစ်​ပေ​သည်။-
2CO 7:14 ငါ​သည်​တိ​တု​အား​သင်​တို့​အ​ကြောင်း​ကို​ကြွား ဝါ​ခဲ့​၏။ ယင်း​သို့​ကြွား​ဝါ​သည့်​အ​တိုင်း​ဟုတ်​မှန် ကြောင်း​ကို​သင်​တို့​ပြ​သ​လိုက်​ပေ​ပြီ။ ငါ​တို့ သည်​သင်​တို့​အား​ဟုတ်​မှန်​ရာ​ကို​သာ​လျှင် အ​စဉ်​ပြော​ကြား​ခဲ့​၏။ တိ​တု​အား​ငါ​တို့ ကြွား​ဝါ​ပြော​ဆို​ခဲ့​သော​အ​ရာ​များ​သည် လည်း​ဟုတ်​မှန်​လျက်​နေ​ပေ​ပြီ။-
2CO 7:15 သူ​၏​စ​ကား​ကို​သင်​တို့​လိုက်​နာ​ရန်​အ​သင့် ရှိ​ကြ​သည်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​တုန် လှုပ်​လျက်​သူ့​အား​ကြို​ဆို​လက်​ခံ​ကြ​သည် ကို​လည်း​ကောင်း​သူ​သည်​သ​တိ​ရ​သ​ဖြင့် သင်​တို့​အား​ပို​၍​ပင်​ချစ်​ခင်​မြတ်​နိုး​လာ ပေ​သည်။-
2CO 7:16 ငါ​သည်​သင်​တို့​အ​ပေါ်​တွင်​လုံး​ဝ​စိတ်​ချ နိုင်​သ​ဖြင့်​အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​၏။
2CO 8:1 ညီ​အစ်​ကို​တို့၊ မာ​ကေ​ဒေါ​နိ​ပြည်​ရှိ​အ​သင်း တော်​တို့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော် မူ​သော​ကျေး​ဇူး​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ငါ​ပြော​ပြ​လို​၏။-
2CO 8:2 ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။-
2CO 8:3 ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။-
2CO 8:5 ဤ​သို့​ပြု​ခြင်း​သည်​ငါ​တို့​မျှော်​လင့်​သည် ထက်​ပို​ပေ​သည်။ သူ​တို့​သည်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ကို​သ​ခင်​ဘု​ရား​အား​ဆက် ကပ်​လှူ​ဒါန်း​ကြ​ပေ​သည်။ ထို​နောက်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ငါ​တို့​အား လည်း​မိ​မိ​တို့​ကိုယ်​ကို​လှူ​ဒါန်း​ကြ​၏။-
2CO 8:6 သို့​ဖြစ်​၍​စ​တင်​တာ​ဝန်​ယူ​ခဲ့​သူ​တိ​တု​အား ဤ​အ​လှူ​ကိစ္စ​ပြီး​ဆုံး​အောင်​သင်​တို့​ကို​ကူ​ညီ ဆောင်​ရွက်​ပေး​ရန်​ငါ​သူ့​ကို​တိုက်​တွန်း​ခဲ့​၏။-
2CO 8:7 သင်​တို့​သည်​ယုံ​ကြည်​ခြင်း၊ နှုတ်​သတ္တိ၊ ပ​ညာ ဉာဏ်၊ ကူ​ညီ​ရန်​စေ​တ​နာ၊ ငါ​တို့​အား​ချစ်​ခြင်း အ​စ​ရှိ​သည့်​ပါ​ရ​မီ​တို့​နှင့်​ပြည့်​စုံ​ကြွယ်​ဝ ကြ​၏။ သို့​ဖြစ်​၍​ဒါ​န​ပါ​ရ​မီ​နှင့်​လည်း ပြည့်​စုံ​ကြွယ်​ဝ​ကြောင်း​ကို​ပြ​သ​ကြ​လော့။
2CO 8:8 ဤ​ကား​အ​မိန့်​ပေး​ခြင်း​မ​ဟုတ်။ သူ​တစ်​ပါး တို့​၏​စေ​တ​နာ​ထက်​သန်​ကြ​ပုံ​ကို​သင်​တို့ အား​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​မေတ္တာ​အ​ဘယ် မျှ​စစ်​မှန်​သည်​ကို​သိ​ရှိ​နိုင်​ရန်​အ​တွက်​ဖြစ် ၏။-
2CO 8:9 သင်​တို့​သည်​ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ခ​ရစ် ၏​ကျေး​ဇူး​တော်​ကို​သိ​ရှိ​ကြ​၏။ ကိုယ်​တော် သည်​ကြွယ်​ဝ​တော်​မူ​သော်​လည်း​သင်​တို့​၏ အ​ကျိုး​ငှာ​ဆင်း​ရဲ​ခံ​တော်​မူ​၏။ ဆင်း​ရဲ ခံ​တော်​မူ​ရ​ခြင်း​မှာ​သင်​တို့​ကြွယ်​ဝ​လာ စေ​ရန်​အ​တွက်​ဖြစ်​သ​တည်း။
2CO 8:10 ယ​မန်​နှစ်​က​သင်​တို့​အ​စ​ပြု​သည့်​အ​မှု​ကို ယ​ခု​အ​ဆုံး​သတ်​သင့်​ကြ​သည်​ဟု​ငါ​ထင် မြင်​၏။ သင်​တို့​သည်​စေ​တ​နာ​နှင့်​ပေး​လှူ​မှု ကို​အ​စ​ပြု​ခဲ့​ပေ​သည်။-
2CO 8:11 သို့​ဖြစ်​၍​ထို​အ​မှု​ကို​ဆက်​လက်​ဆောင်​ရွက် ကာ​အ​ဆုံး​သတ်​ကြ​လော့။ သင်​တို့​သည်​ထို အ​မှု​ကို​ကြံ​စည်​ရာ​တွင်​စိတ်​အား​ထက်​သန် သ​ကဲ့​သို့ ဆောင်​ရွက်​ရာ​တွင်​လည်း​စိတ်​အား ထက်​သန်​ကြ​လော့။ သင်​တို့​တတ်​နိုင်​သ​မျှ ပေး​လှူ​ကြ​လော့။-
2CO 8:12 သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။
2CO 8:13 သင်​တို့​အား​တာ​ဝန်​လေး​စေ​၍​သူ​တစ်​ပါး တို့​အား​သက်​သာ​စေ​ရန်​ငါ​အ​ကြံ​ပြု​နေ သည်​မ​ဟုတ်။ ညီ​တူ​ညီ​မျှ​ဖြစ်​စေ​ရန်​အ​ကြံ ပြု​ခြင်း​ဖြစ်​သည်။ ယ​ခု​အ​ခါ​သင်​တို့​၏ ချမ်း​သာ​မှု​သည်​ထို​သူ​တို့​၏​ချို့​တဲ့​မှု​ကို ဖြည့်​ဆည်း​ပေး​သ​ကဲ့​သို့ နောင်​တစ်​နေ့​၌ ထို​သူ​တို့​၏​ချမ်း​သာ​မှု​သည်​သင်​တို့​၏ ချို့​တဲ့​မှု​ကို​ဖြည့်​ဆည်း​ပေး​နိုင်​လိမ့်​မည်။-
2CO 8:15 ကျမ်း​စာ​တော်​က ``များ​များ​ရ​သော​သူ မ​ပို၊ နည်း​နည်း​ရ​သော​သူ​မ​လို'' ဟု​ဖော်​ပြ သ​ကဲ့​သို့​ပင်​ဖြစ်​ပေ​သည်။
2CO 8:16 သင်​တို့​အား​ကူ​ညီ​မ​စ​ရန်​ငါ​တို့​၌​စိတ် အား​ထက်​သန်​မှု​ရှိ​သ​ကဲ့​သို့ တိ​တု​၌​လည်း ရှိ​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-
2CO 8:17 တိ​တု​သည်​ငါ​တို့​၏​မေတ္တာ​ရပ်​ခံ​ချက်​ကို လက်​ခံ​သည်​သာ​မ​က၊ ကူ​ညီ​ရန်​စေ​တ​နာ စိတ်​ရှိ​သ​ဖြင့်​သင်​တို့​ထံ​သို့​သွား​ရန် မိ​မိ အ​လို​အ​လျောက်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ပေ​သည်။-
2CO 8:18 ငါ​တို့​သည်​သူ​နှင့်​အ​တူ​ညီ​အစ်​ကို​တစ် ယောက်​ကို​စေ​လွှတ်​လိုက်​၏။ ထို​သူ​သည် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​မှု​တော်​ဆောင်​တစ်​ယောက်​အ​နေ​ဖြင့် အ​သင်း​တော်​အ​ပေါင်း​တို့​၏​လေး​စား​ကြည် ညို​မှု​ကို ခံ​ရ​သူ​ဖြစ်​၏။-
2CO 8:19 ထို​မျှ​သာ​မ​က​ဤ​အ​လှူ​ငွေ​ကောက်​ခံ​မှု အ​တွက်​ငါ​တို့​နှင့်​အ​တူ​ခ​ရီး​ပြု​ရန် အ​သင်း တော်​များ​က​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ သူ​လည်း​ဖြစ်​၏။ သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​စေ​ရန်​နှင့် ငါ​တို့​၏​စိတ် စေ​တ​နာ​ကို​သိ​သာ​စေ​ရန် ငါ​တို့​သည်​ဤ အ​လှူ​ခံ​လုပ်​ငန်း​ကို​ဆောင်​ရွက်​နေ​ကြ ခြင်း​ဖြစ်​၏။
2CO 8:20 ဤ​သို့​ရက်​ရော​စွာ​ပေး​လှူ​ကြ​သော​အ​လှူ ငွေ​ကို​ကိုင်​တွယ်​ရာ​တွင် ငါ​တို့​သည်​သူ​တစ် ပါး​တို့​၏​အ​ပြစ်​တင်​ခြင်း​နှင့်​ကင်း​လွတ် စေ​ရန်​သ​တိ​နှင့်​ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-
2CO 8:21 သ​ခင်​ဘု​ရား​၏​ရှေ့​တော်​၌​သာ​မ​က​လူ တို့​၏​ရှေ့​၌​လည်း​လျောက်​ပတ်​မှန်​ကန်​သည့် အ​မှု​ကို​သာ​ပြု​ရန်​ရည်​ရွယ်​ချက်​ရှိ​ကြ​၏။
2CO 8:22 သို့​ဖြစ်​၍​ငါ​တို့​သည်​ထို​သူ​နှစ်​ယောက်​တို့​နှင့် အ​တူ အ​ခြား​ညီ​အစ်​ကို​တစ်​ယောက်​ကို​လည်း စေ​လွှတ်​လိုက်​ကြ​သည်။ ထို​သူ​အား​ငါ​တို့​အ​ကြိမ် ကြိမ်​အ​ကဲ​ခတ်​ကြည့်​ရာ သူ​သည်​အ​စဉ်​ကူ​ညီ မ​စ​တတ်​သူ​ဖြစ်​ကြောင်း​တွေ့​ရှိ​ရ​ပေ​သည်။ သူ သည်​သင်​တို့​အ​ပေါ်​တွင်​များ​စွာ​အ​ယုံ​အ​ကြည် ရှိ​သ​ဖြင့် သူ​၏​စိတ်​စေ​တ​နာ​သည်​ပို​၍​ပင် ထက်​သန်​နေ​ပေ​သည်။-
2CO 8:23 တိ​တု​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ရ​မည်​ဆို​သော် သူ​သည်​သင်​တို့​၏​အ​မှု​ကိစ္စ​များ​တွင် ငါ​နှင့် အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​သူ​ငါ​၏​လုပ်​ဖော်​ကိုင် ဘက်​ဖြစ်​၏။ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ သော​အ​ခြား​ညီ​အစ်​ကို​များ​မှာ​အ​သင်း တော်​တို့​၏​ကိုယ်​စား​လှယ်​များ​ဖြစ်​ကြ​၏။-
2CO 8:24 ထို​ကြောင့်​သင်​တို့​အ​ကြောင်း​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​သည့်​အ​တိုင်း​မှန်​ကန်​ကြောင်း​ထို သူ​တို့​သည်​လည်း​ကောင်း၊ အ​သင်း​တော်​များ သည်​လည်း​ကောင်း​သိ​ရှိ​နိုင်​ကြ​စေ​ရန်​သူ တို့​အား​မေတ္တာ​ပြ​ကြ​လော့။
2CO 9:1 ယု​ဒ​ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား ကူ​ညီ​ထောက်​ပံ့​ရေး​အ​ကြောင်း​ကို​သင် တို့​ထံ​ရေး​သား​ဖော်​ပြ​ရန်​မ​လို​ပါ။-
2CO 9:2 သင်​တို့​ကူ​ညီ​ထောက်​ပံ့​ရန်​စိတ်​စေ​တ​နာ ထက်​သန်​ကြ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် တို့​အ​ကြောင်း​ကို​မာ​ကေ​ဒေါ​နိ​ပြည်​သား တို့​အား​ငါ​ကြွား​ဝါ​ခဲ့​၏။ ``အ​ခါ​ယ​ပြည် ရှိ​ညီ​အစ်​ကို​တို့​သည်​ယ​မန်​နှစ်​က​ပင်​လျှင် ပေး​လှူ​ရန်​အ​သင့်​ရှိ​ကြ​၏'' ဟု​သူ​တို့​အား ငါ​ပြော​ကြား​ခဲ့​၏။ သင်​တို့​၏​စိတ်​စေ​တ​နာ ထက်​သန်​မှု​ကြောင့်​ထို​သူ​တို့​အား​လုံး​လို လို​ပင်​စိတ်​အား​တက်​ကြွ​လာ​ပေ​ပြီ။-
2CO 9:3 သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ငါ​တို့​ကြွား​ဝါ ပြော​ဆို​ခဲ့​သ​မျှ​တို့​သည်​မှန်​ကန်​ကြောင်း​သိ သာ​စေ​ရန် ဤ​ညီ​အစ်​ကို​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​လိုက်​၏။ ငါ​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း သင်​တို့​၏​အ​လှူ​ကို​အ​သင့်​ပြင်​ဆင်​ထား ကြ​လော့။-
2CO 9:4 အ​ကယ်​၍​ငါ​နှင့်​အ​တူ​မာ​ကေ​ဒေါ​နိ​ပြည် သား​အ​ချို့​တို့​လိုက်​ပါ​လာ​၍ သင်​တို့​မှာ အ​သင့်​ပြင်​ဆင်​ထား​မှု​မ​ရှိ​သည်​ကို​တွေ့​ရှိ ရ​ပါ​က သင်​တို့​သာ​လျှင်​အ​ရှက်​ရ​ကြ​လိမ့် မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​သင်​တို့​အား များ​စွာ​ယုံ​ကြည်​စိတ်​ချ​မိ​သည်​အ​တွက် အ​ရှက်​ရ​ကြ​လိမ့်​မည်။-
2CO 9:5 သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။
2CO 9:6 မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။-
2CO 9:7 လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။-
2CO 9:8 သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။-
2CO 9:9 ကျမ်း​စာ​တော်​တွင်၊ ``သူ​သည်​ဆင်း​ရဲ​သူ​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​စွန့်​ကြဲ​၏။ သူ​၏​သ​နား​ကြင်​နာ​မှု​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပေ​သည်။-
2CO 9:10 မျိုး​ကြဲ​သူ​အား​မျိုး​စေ့​နှင့်​အ​စာ​ရေ​စာ​ကို ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​တို့​လို သ​မျှ​သော​မျိုး​စေ့​ကို​လည်း​ပေး​၍​အ​ပင် ပေါက်​ရှင်​သန်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ ရက်​ရော​သော​စိတ်​စေ​တ​နာ​မှ​အ​သီး​အ​ပွင့် များ​ကို​လည်း​ဖြစ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။-
2CO 9:11 သင်​တို့​သည်​အ​ခါ​ခပ်​သိမ်း​ရက်​ရော​စွာ​ပေး လှူ​နိုင်​ကြ​စေ​ရန်​ကိုယ်​တော်​သည်​သင်​တို့​အား အ​စဉ်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​မှ​တစ်​ဆင့်​သင်​တို့​ပေး​လှူ​သော​အ​လှူ ငွေ​များ​ကို​ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။-
2CO 9:12 သင်​တို့​သည်​ဤ​ကောင်း​မှု​အား​ဖြင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​အား​ချို့​တဲ့​နေ​စဉ်​ကူ​ညီ မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သံ​ကို​လည်း​တ​ခဲ​နက်​ထွက် ပေါ်​လာ​စေ​၏။-
2CO 9:13 ဤ​ကောင်း​မှု​၏​သာ​ဋ္ဌ​က​ကို​ထောက်​၍​လူ အ​မြောက်​အ​မြား​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​သစ္စာ​ရှိ​စွာ​သင်​တို့​ခံ​ယူ ယုံ​ကြည်​ကြ​သည့်​အ​တွက်​လည်း​ကောင်း၊ သင် တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို​မိ​မိ​တို့​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား ရက်​ရော​စွာ ဝေ​မျှ​ပေး​ကမ်း​ကြ​သည့်​အ​တွက်​လည်း ကောင်း ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော် ကို​ချီး​ကူး​ကြ​ပေ​အံ့။-
2CO 9:14 သင်​တို့​သည်​ထူး​ကဲ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​သင်​တို့​ကို အ​လွန်​ချစ်​ခင်​မြတ်​နိုး​လျက်​သင်​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လိမ့်​မည်။-
2CO 9:15 ငါ​တို့​သည်​တန်​ဖိုး​မ​ဖြတ်​နိုင်​သော​ဆု ကျေး​ဇူး​တော်​အ​တွက်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​ကုန်​စို့။
2CO 10:1 ခ​ရစ်​တော်​၏​စိတ်​နှိမ့်​ချ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု​တို့ ကို​အ​ကြောင်း​ပြု​၍​ငါ​သည်​သင်​တို့​အား​မေတ္တာ ရပ်​ခံ​ပါ​၏။ ငါ​ကား​သင်​တို့​ရှေ့​မှောက်​တွင်​ပျော့ ညံ့​၍​သင်​တို့​မျက်​ကွယ်​တွင်​မူ​ရဲ​စွမ်း​သတ္တိ​ရှိ သူ​ပေါ​လု​ပင်​ဖြစ်​ပေ​သည်။-
2CO 10:2 ငါ​တို့​သည်​လော​ကီ​အ​ကျိုး​ကို​မြော်​ကိုး​၍ ဆောင်​ရွက်​သူ​များ​ဖြစ်​သည်​ဟု​စွပ်​စွဲ​ဝေ​ဖန် ကြ​သော​သူ​တို့​အား ငါ​သည်​မိ​မိ​၏​ရဲ​စွမ်း သတ္တိ​ကို​ငါ​ပြ​နိုင်​ကြောင်း​ကို​သိ​စေ​လို​၏။ သို့ ဖြစ်​၍​သင်​တို့​ထံ​သို့​ငါ​ရောက်​ရှိ​လာ​သော အ​ခါ ထို​ရဲ​စွမ်း​သတ္တိ​ကို​ပြ​ရ​သည့်​အ​ဖြစ် နှင့်​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်။-
2CO 10:3 ငါ​တို့​သည်​ဤ​လော​က​၌​အ​သက်​ရှင်​နေ ထိုင်​လျက်​ရှိ​ကြ​သည်​မှန်​သော်​လည်း လော​ကီ အ​ကျိုး​ကို​မျှော်​ကိုး​၍​တိုက်​ပွဲ​ဝင်​နေ​ကြ သည်​မ​ဟုတ်။-
2CO 10:4 ငါ​တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​သည်​လူ​သား တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​မ​ဟုတ်။ ခံ​တပ်​များ ကို​ဖြို​ဖျက်​နိုင်​သည့်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​နှင့်​ပြည့်​စုံ​သော​လက်​နက်​များ​ဖြစ်​၏။ ငါ တို့​သည်​မ​မှန်​ကန်​သည့်​ဆွေး​နွေး​ငြင်း​ခုံ​ချက် များ​ကို​လည်း​ကောင်း၊-
2CO 10:5 ဘု​ရား​သ​ခင်​အား​သိ​ကျွမ်း​မှု​ပ​ညာ​ကို ပိတ်​ပင်​ဆီး​တား​သည့်​မာန်​မာ​န​မှန်​သ​မျှ ကို​လည်း​ကောင်း ဖြို​ဖျက်​ချေ​မှုန်း​ကြ​၏။ ငါ တို့​သည်​လူ​တို့​၏​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ချုပ်​ပြီး​လျှင် ခ​ရစ်​တော်​အား​နာ​ခံ စေ​ကြ​၏။-
2CO 10:6 သင်​တို့​သည်​ငါ​တို့​စ​ကား​ကို​အ​ကြွင်း​မဲ့​လိုက် နာ​ကြောင်း​ကို​သိ​သည့်​အ​ခါ​၌ ငါ​တို့​သည်​မ လိုက်​နာ​သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် အ​သင့်​ရှိ​မည်။
2CO 10:7 သင်​တို့​သည်​အ​ပြင်​အ​ပ​လက္ခ​ဏာ​များ​ကို​သာ ကြည့်​ရှု​တတ်​ကြ​၏။ သင်​တို့​အ​နက်​မိ​မိ​ကိုယ် ကို​ခ​ရစ်​တော်​၏​တပည့်​ဖြစ်​သည်​ဟု​စိတ်​ချ​သူ ရှိ​လျှင် ထို​သူ​သည်​ခ​ရစ်​တော်​၏​တ​ပည့်​ဖြစ် သ​ကဲ့​သို့ ငါ​တို့​သည်​လည်း​ခရစ်​တော်​၏​တ​ပည့် များ​ဖြစ်​ကြောင်း​ကို​ပြန်​လည်​စဉ်း​စား​ကြည့် စေ။-
2CO 10:8 အ​ကယ်​၍​ငါ​သည်​သ​ခင်​ဘု​ရား​ပေး​တော်​မူ သော​အာ​ဏာ​နှင့်​ပတ်​သက်​၍ အ​လွန်​အ​ကျွံ ဝါ​ကြွား​မိ​ခဲ့​လျှင်​လည်း​မ​ရှက်​ပါ။ ထို​အာ ဏာ​သည်​သင်​တို့​အား​ဖြို​ဖျက်​ရန်​အ​တွက် မ​ဟုတ်။ ပြု​စု​ပျိုး​ထောင်​ပေး​ရန်​အ​တွက် ဖြစ်​ပေ​သည်။-
2CO 10:9 သို့​ဖြစ်​၍​ငါ​သည်​စာ​များ​ရေး​၍​သင်​တို့ အား​ခြောက်​လှန့်​နေ​သည်​ဟု​မ​ထင်​စေ​လို။-
2CO 10:10 ``ပေါ​လု​၏​စာ​များ​သည်​ပြင်း​ထန်​၍​အာ​ဏာ ပါ​သည့်​စာ​များ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ရှေ့​မှောက် ၌​မူ​သူ​သည်​သတ္တိ​ကြောင်​သူ၊ အ​ဟော​အ​ပြော ညံ့​သူ​ဖြစ်​သည်'' ဟု​ပြော​ဆို​သူ​ရှိ​လိမ့်​မည်။-
2CO 10:11 ငါ​တို့​သည်​အ​ဝေး​၌​ရှိ​စဉ်​အ​ခါ​က​စာ​ရေး ပြော​ကြား​လိုက်​သည်​အ​တိုင်း​ပင် လူ​ကိုယ်​တိုင် ရောက်​ရှိ​လာ​ချိန်​၌​ပြု​မူ​ဆောင်​ရွက်​မည်​ဖြစ် ကြောင်း​ထို​သူ​အား​အ​သိ​ပေး​လိုက်​သည်။
2CO 10:12 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​ပြော​ဆို​သူ​တို့​၏​လူ တန်း​စား​တွင်​ငါ​တို့​သည်​မ​ပါ​ဝင်​ဝံ့​ပါ။ သင်​တို့ နှင့်​နှိုင်း​ယှဉ်​ရန်​လည်း​မ​ဝံ့​ပါ။ မိ​မိ​တို့​ကိုယ်​ကို စံ​ထား​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ကဲ​ဖြတ်​သူ​များ သည်​လွန်​စွာ​မိုက်​မဲ​လှ​ပါ​သည်​တ​ကား။-
2CO 10:13 ငါ​တို့​မူ​ကား​ဝါ​ကြွား​သင့်​သည့်​အ​တိုင်း အ​တာ​ကို​ကျော်​လွန်​၍​ဝါ​ကြွား​ကြ​မည်​မ ဟုတ်။ သင်​တို့​တွင်​ငါ​တို့​လုပ်​ဆောင်​သော​လုပ် ငန်း​အ​ပါ​အ​ဝင်​ငါ​တို့​လုပ်​ဆောင်​ရန် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​သတ်​မှတ်​ပေး​တော်​မူ သည့်​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​၌​သာ​ငါ​တို့ ဝါ​ကြွား​ကြ​၏။-
2CO 10:14 သင်​တို့​သည်​ငါ​တို့​အ​တွက်​ဘု​ရား​သ​ခင်​သတ် မှတ်​ထား​သော​လုပ်​ငန်း​နယ်​ပယ်​အ​တွင်း​ပါ​ဝင် သ​ဖြင့် ငါ​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​ရာ​၌​နယ် ကျော်​ရာ​မ​ကျ။-
2CO 10:15 သို့​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင်​သတ်​မှတ် ပေး​သည့်​လုပ်​ငန်း​အ​တွက်​မှ​လွဲ​၍ သူ​တစ်​ပါး တို့​၏​လုပ်​ဆောင်​ချက်​များ​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​မှု​မ​ပြု။ သင်​တို့​၏​ယုံ​ကြည်​ခြင်း ပါ​ရ​မီ​ရင့်​လာ​သည်​နှင့်​အ​မျှ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​နယ် ပယ်​အ​တွင်း သင်​တို့​ထံ​တွင်​အ​မှု​တော်​တို့ ကို​တိုး​ချဲ့​ဆောင်​ရွက်​နိုင်​ရန်​မျှော်​လင့်​၏။-
2CO 10:16 ထို​နောက်​ငါ​တို့​သည်​သင်​တို့​၏​ဒေ​သ​ကို​ကျော် လွန်​၍ အ​ခြား​ဒေ​သ​သစ်​များ​တွင်​သ​ခင်​ယေ​ရှု အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ နိုင်​သ​ဖြင့် သူ​တစ်​ပါး​တို့​၏​နယ်​ပယ်​အ​တွင်း​၌ ပြီး​စီး​ခဲ့​သည့်​ဆောင်​ရွက်​ချက်​များ​အ​တွက် ငါ တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​မ​လို​တော့​ပေ။
2CO 10:17 ကျမ်း​စာ​တော်​က ``ဂုဏ်​ယူ​ဝါ​ကြွား​လို​သူ​သည် သ​ခင်​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​တွက် သာ​ဂုဏ်​ယူ​ဝါ​ကြွား​ရ​မည်'' ဟု​ဆို​၏။-
2CO 10:18 အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​သော​သူ​ဟူ​သည်​မှာ မိ​မိ​ကိုယ်​ကို​ချီး မြှောက်​သော​သူ​မ​ဟုတ်။ ကိုယ်​တော်​က​ချီး​မြှောက် တော်​မူ​သော​သူ​ဖြစ်​သော​ကြောင့်​တည်း။
2CO 11:1 ငါ​၏​အ​နည်း​ငယ်​မိုက်​မဲ​မှု​ကို​သင်​တို့​သည်း​ခံ ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။ ကျေး​ဇူး​ပြု​၍ သည်း​ခံ​ကြ​လော့။-
2CO 11:2 ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​မ​နာ​လို​စိတ်​ရှိ တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​မ​နာ​လို စိတ်​ရှိ​၏။ သင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဦး​တည်း နှင့်​စုံ​ဖက်​ထိမ်း​မြား​ရန် ငါ​က​တိ​ပြု​ထား​သည့် အ​ပျို​စင်​နှင့်​တူ​ကြ​၏။-
2CO 11:3 ဧ​ဝ​သည်​မြွေ​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် အ​လှည့်​စား​ခံ​ရ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း စိတ်​ဖောက်​ပြန်​ကာ ခ​ရစ်​တော်​အား​အ​ကြွင်း​မဲ့ ချစ်​ခင်​စွဲ​လမ်း​မှု​ကို​စွန့်​လွှတ်​လိုက်​ကြ​မည် လော​ဟု​ငါ​စိုး​ရိမ်​မိ​၏။-
2CO 11:4 လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။
2CO 11:5 ငါ​သည်​သင်​တို့​၏​ထူး​မြတ်​လှ​သည့်​တ​မန် တော်​များ​ထက်​အ​နည်း​ငယ်​မျှ​မ​နိမ့်​ဟု​ငါ ယူ​ဆ​၏။-
2CO 11:6 ငါ​သည်​အ​ဟော​အ​ပြော​ညံ့​သော်​လည်း​အ​သိ ပ​ညာ​မ​ညံ့။ ငါ​တို့​သည်​အ​ခါ​ခပ်​သိမ်း​အ​ခြေ အ​နေ​အ​မျိုး​မျိုး​တွင်​ဤ​အ​ချက်​ကို​သင်​တို့ အား​ကောင်း​စွာ​သိ​စေ​ခဲ့​၏။
2CO 11:7 ငါ​သည်​သင်​တို့​၏​ဂုဏ်​ကို​မြှင့်​တင်​ရန် မိ​မိ​ကိုယ် ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​သင်​တို့​အား​အ​ခ​မဲ့​ကြေ​ညာ​ခြင်း​သည် မှား​ယွင်း​ပါ​သ​လော။-
2CO 11:8 ငါ​သည်​သင်​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​စဉ်​ကုန် ကျ​သည့်​စ​ရိတ်​များ​ကို​အ​ခြား​အ​သင်း​တော် များ​အား​ကျ​ခံ​စေ​ခဲ့​၏။ ငါ​တို့​သည်​သင်​တို့​ကို ကူ​ညီ​မ​စ​နိုင်​ရန်​ထို​အ​သင်း​တော်​များ​ကို ဋ္ဌား​ပြ​တိုက်​ရ​သ​ကဲ့​သို့​ဖြစ်​၏။-
2CO 11:9 ထို့​အ​ပြင်​ငါ​သည်​သင်​တို့​ထံ​၌​ရှိ​နေ​စဉ်​ကြေး ငွေ​လို​အပ်​ချိန်​၌​သင်​တို့​အား​ဒုက္ခ​မ​ပေး​ခဲ့။ မာ ကေ​ဒေါ​နိ​ပြည်​မှ​လာ​ကြ​သည့်​ညီ​အစ်​ကို​များ က​ငါ​လို​သ​မျှ​ကို​ယူ​ဆောင်​လာ​ကြ​၏။ ငါ သည်​မိ​မိ​၏​အ​တွက်​မည်​သို့​မျှ​သင်​တို့​အား ဝန်​မ​လေး​စေ​ခဲ့။ နောင်​ကို​လည်း​ဝန်​လေး​စေ​မည် မ​ဟုတ်။-
2CO 11:10 ဤ​သို့​ငါ​ဝါ​ကြွား​သည်​ကို​အ​ခါ​ယ​ပြည်​တစ် လျှောက်​လုံး​တွင်​မည်​သူ​မျှ​ပိတ်​ပင်​၍​ရ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​၌​ရှိ​သော​ခ​ရစ်​တော်​၏​သစ္စာ တ​ရား​တော်​ကို​အ​မှီ​ပြု​၍​ငါ​ဆို​၏။-
2CO 11:11 အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ဆို​ရ​သ​နည်း။ သင်​တို့ အား​မ​ချစ်​၍​လော။ ငါ​ချစ်​ကြောင်း​ကို​ဘု​ရား သ​ခင်​သိ​တော်​မူ​၏။
2CO 11:12 သို့​ရာ​တွင်​ငါ​တို့​ကဲ့​သို့​လုပ်​ဆောင်​သည်​ဟူ​၍ ကြွား​ဝါ​ပြော​ဆို​ခွင့်​ကို​ထို​တ​မန်​တော်​တို့​မ​ရ နိုင်​ကြ​စေ​ရန် ငါ​သည်​ယ​ခု​အ​တိုင်း​ဆက်​လက် လုပ်​ဆောင်​သွား​မည်။-
2CO 11:13 ထို​သူ​တို့​ကား​တ​မန်​တော်​အ​တု​များ​သာ​ဖြစ် ကြ​၏။ မိ​မိ​တို့​ကိုယ်​ကို​ခ​ရစ်​တော်​၏​တ​မန်​တော် များ​အ​ဖြစ်​ယောင်​ဆောင်​လျက်​လှည့်​စား​လုပ် ဆောင်​သူ​များ​တည်း။-
2CO 11:14 သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။-
2CO 11:15 သို့​ဖြစ်​၍​သူ​၏​တ​ပည့်​များ​သည်​ဖြောင့်​မတ်​ခြင်း တ​ရား​ကို​ဟော​ပြော​ကြေ​ညာ​သူ​များ​အ​ဖြစ် ယောင်​ဆောင်​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ် ပေ။ နောက်​ဆုံး​၌​သူ​တို့​သည်​မိ​မိ​တို့​ကျင့်​ကြံ ပြု​မူ​သည်​အ​တိုင်း​ထိုက်​သင့်​ရာ​အ​ကျိုး အ​ပြစ်​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။
2CO 11:16 တစ်​ဖန်​ငါ​ဆို​သည်​ကား​ငါ့​အား​လူ​မိုက်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​စေ​နှင့်။ သို့​ရာ​တွင် သင်​တို့​ထင်​မှတ်​ကြ​လျှင်​လည်း​လူ​မိုက်​အ​ဖြစ် ဖြင့်​ပင်​ငါ့​အား​လက်​ခံ​ကြ​လော့။ သို့​မှ​သာ လျှင်​ငါ့​မှာ​ကြွား​ဝါ​စ​ရာ​အ​ခွင့်​အ​နည်း ငယ်​ရ​ရှိ​နိုင်​ပေ​မည်။-
2CO 11:17 ယ​ခု​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​သည်​သ​ခင် ဘု​ရား​၏​အ​လို​တော်​အ​ရ​မ​ဟုတ်။ လူ​မိုက် ကဲ့​သို့​ငါ​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-
2CO 11:18 သို့​သော်​လူ​အ​များ​က​လော​ကီ​အ​ရာ​များ အ​တွက်​ကြွား​ဝါ​တတ်​ကြ​သည်​ဖြစ်​ရာ ငါ သည်​လည်း​ကြွား​ဝါ​မည်။-
2CO 11:19 သင်​တို့​သည်​ပ​ညာ​ရှိ​ကြီး​များ​ဖြစ်​သ​ဖြင့် လူ မိုက်​များ​ကို​ဝမ်း​မြောက်​စွာ​သည်း​ခံ​ကြ​ပေ​သည်။-
2CO 11:20 သင်​တို့​သည်​မိ​မိ​တို့​အား​စေ​စား​သူ၊ အ​ခွင့် ကောင်း​ယူ​သူ၊ အ​မြတ်​ထုတ်​သူ၊ အ​ထင်​အ​မြင် သေး​သူ၊ ပါး​ရိုက်​သူ​တို့​ကို​သည်း​ခံ​ကြ​၏။-
2CO 11:21 ငါ​တို့​သည်​ဤ​သို့​သော​အ​မှု​တို့​ကို​သင်​တို့​အား ပြု​ရန်​သတ္တိ​မ​ရှိ​ကြောင်း​ကို​ရှက်​ရှက်​နှင့်​ပင်​ငါ ဝန်​ခံ​၏။ သို့​ရာ​တွင်​လူ​မိုက်​အ​နေ​နှင့်​ပြော​ရ​မည်​ဆို​လျှင် အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​က​အ​ရာ​တစ်​ခု အ​တွက်​ကြွား​ဝါ​ပါ​က​ငါ​လည်း​ကြွား​ဝါ နိုင်​၏။-
2CO 11:22 သူ​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​သည်​ဟု ဆို​လျှင် ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း ဖြစ်​၏။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ် များ​ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​လည်း​ဖြစ်​၏။-
2CO 11:23 သူ​တို့​သည်​ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​များ ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​သည်​အ​ထူး​သ​ဖြင့် ဖြစ်​၏​ဟု​သူ​ရူး​ကဲ့​သို့​ငါ​ဆို​၏။ ငါ​သည်​ထို သူ​တို့​ထက်​ပို​၍​အ​ပင်​ပန်း​ခံ​ကာ​အ​မှု​တော် ကို​ဆောင်​ခဲ့​၏။ သူ​တို့​ထက်​ပို​၍​အ​ကြိမ်​ပေါင်း များ​စွာ​ထောင်​ကျ​ခဲ့​၏။ ပို​၍​ကြိမ်​ဒဏ်​ခံ​ခဲ့ ရ​၏။ သေ​ဘေး​နှင့်​ရင်​ဆိုင်​ခဲ့​သည်​မှာ​အ​ကြိမ် ပေါင်း​ပို​၍​များ​၏။-
2CO 11:24 ယု​ဒ​အ​မျိုး​သား​တို့​သည်​ငါ့​အား​သုံး​ဆယ့် ကိုး​ချက်​ရိုက်​ဒဏ်​ကို​ငါး​ကြိမ်​တိုင်​တိုင်​ပေး ခဲ့​ကြ​၏။-
2CO 11:25 ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။-
2CO 11:26 ငါ​သည်​ခ​ရီး​အ​ကြိမ်​ကြိမ်​ပြု​ရာ​တွင်​မြစ် ရေ​လျှံ​သည့်​ဘေး၊ ဋ္ဌား​ပြ​များ​၏​ဘေး၊ ငါ့ လူ​မျိုး​များ​ဖြစ်​သော​ယု​ဒ​ပြည်​သူ​တို့​၏ ဘေး၊ လူ​မျိုး​ခြား​တို့​၏​ဘေး၊ မြို့​ကြီး​များ တွင်​တွေ့​ရ​တတ်​သည့်​ဘေး၊ တော​ကျေး​လက် ၌​ဆိုက်​ရောက်​တတ်​သည့်​ဘေး၊ ပင်​လယ်​ဘေး၊ မိတ်​ဆွေ​အ​တု​အ​ယောင်​တို့​၏​ဘေး​များ နှင့်​ကြုံ​တွေ့​ခဲ့​ရ​၏။-
2CO 11:27 အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-
2CO 11:28 ဤ​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​အ​ခြား​ဆင်း​ရဲ​ဒုက္ခ များ​အ​ပြင်​အ​သင်း​တော်​တို့​အ​တွက်​နေ့ စဉ်​စိုး​ရိမ်​ပူ​ပန်​လျက်​ရှိ​ရ​၏။-
2CO 11:29 အား​နည်း​သူ​ရှိ​လျှင်​ငါ​သည်​လည်း​အား​နည်း ရ​၏။ အ​ပြစ်​ကူး​သူ​ရှိ​လျှင်​ငါ​သည်​ပူ​ပန် ရ​၏။
2CO 11:30 ငါ​သည်​ဝါ​ကြွား​ရ​မည်​ဆို​လျှင် မိ​မိ​၏​အား နည်း​မှု​ကို​သာ​အ​ကြောင်း​ပြု​၍​ဝါ​ကြွား​မည်။-
2CO 11:31 ငါ​သည်​လိမ်​လည်​၍​မ​ပြော​ကြောင်း​ကို သ​ခင် ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​သိ​တော် မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​သည်​ထာ​ဝ​စဉ် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။-
2CO 11:32 ငါ​သည်​ဒ​မာ​သက်​မြို့​၌​ရှိ​စဉ်​အ​ရေ​တ ဘု​ရင်​၏​လက်​အောက်​ခံ​ဘု​ရင်​ခံ​သည် ငါ့ အား​ဖမ်း​ဆီး​ရန်​မြို့​တံ​ခါး​များ​တွင်​တပ် သား​များ​ကို​အ​စောင့်​ချ​ထား​၏။-
2CO 11:33 သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ငါ့​ကို​တောင်း တွင်​ထည့်​၍ ပြူ​တင်း​ပေါက်​မှ​မြို့​ရိုး​က​လျှော​ချ ကြ​သ​ဖြင့် ငါ​သည်​ထို​ဘု​ရင်​ခံ​၏​လက်​မှ လွတ်​မြောက်​ရ​ပေ​သည်။
2CO 12:1 ဝါ​ကြွား​ခြင်း​သည်​အ​ကျိုး​မ​ရှိ​သော်​လည်း​ငါ ဝါ​ကြွား​ရ​ဦး​မည်။ သို့​ဖြစ်​၍​သ​ခင်​ဘု​ရား ငါ့​အား​ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​များ​နှင့် ဗျာ​ဒိတ်​တော်​များ​အ​ကြောင်း​ကို​ဖော်​ပြ​မည်။-
2CO 12:2 ခရစ်​တော်​၏​တ​ပည့်​တော်​တစ်​ဦး​သည်​လွန်​ခဲ့ သော​တစ်​ဆယ့်​လေး​နှစ်​က​ကောင်း​ကင်​ဘုံ တ​တိ​ယ​အ​ဆင့်​သို့​တိုင်​အောင်​ချီ​ဆောင် ခြင်း​ကို​ခံ​ရ​သည်​ကို​ငါ​သိ​၏။ (ဤ​သို့ ချီ​ဆောင်​ခြင်း​ခံ​ရ​သည်​မှာ​တ​ကယ့်​ဖြစ် ပျက်​သ​လား၊ သို့​မ​ဟုတ်​ရူ​ပါ​ရုံ​လား​ငါ မ​သိ။ ဘု​ရား​သ​ခင်​သာ​လျှင်​သိ​တော်​မူ​၏။-)
2CO 12:3 တစ်​ဖန်​ငါ​ဆို​သည်​ကား​ထို​သူ​သည်​ပ​ရ​ဒိ​သု ဘုံ​သို့​ချီ​ဆောင်​ခြင်း​ကို​ခံ​ရ​၍​လူ​တို့​နှုတ်​ဖြင့် မ​မြွက်​မ​ဆို​အပ်၊ မြွက်​ဆို​၍​လည်း​မ​ဖြစ်​နိုင် သည့်​စ​ကား​များ​ကြား​ရ​သည်​ကို​ငါ​သိ​၏။ (ထို​သို့​ချီ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ တ​ကယ်​ဖြစ်​ပျက်​သ​လား​သို့​မ​ဟုတ်​ရူ​ပါ​ရုံ လား​ငါ​မ​သိ။ ဘု​ရား​သ​ခင်​သာ​လျှင်​သိ တော်​မူ​၏။-)
2CO 12:5 သို့​ဖြစ်​၍​ထို​သူ​၏​အ​ကြောင်း​ကို​ငါ​ကြွား ဝါ​မည်။ သို့​သော်​မိ​မိ​၏​အား​နည်း​ချက်​များ မှ​တစ်​ပါး​အ​ခြား​အ​ရာ​များ​အ​ကြောင်း ကို​ကြွား​ဝါ​လိမ့်​မည်​မ​ဟုတ်။-
2CO 12:6 ငါ​ကြွား​ဝါ​လို​ပါ​မူ​သူ​ရူး​ဖြစ်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဟုတ်​မှန်​သည့် စ​ကား​ကို​သာ​ပြော​ဆို​ခြင်း​ဖြစ်​မည်။ သို့​သော် အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​တိုင်​မြင်​ရ​ကြား ရ​သည်​ထက်​ပို​၍ ငါ့​အား​အ​ထင်​မ​ကြီး စေ​လို​သ​ဖြင့်​ငါ​သည်​ကြွား​ဝါ​လိမ့်​မည် မ​ဟုတ်။
2CO 12:7 ငါ​မြင်​ရ​သည့်​အံ့​သြ​ဖွယ်​ရူ​ပါ​ရုံ​များ ကြောင့်​ငါ့​ကိုယ်​ကို​အ​ထင်​မ​ကြီး​စေ​ရန်​ငါ သည်​မိ​မိ​ကိုယ်​ခန္ဓာ​တွင်​နာ​ကျင်​သော ဝေ​ဒ​နာ​ကို​ခံ​စား​နေ​ရ​၏။ ထို​ဝေ​ဒ​နာ သည်​စာ​တန်​၏​စေ​တ​မန်​သ​ဖွယ်​ငါ့​ကို ဒဏ်​ခတ်​၍​ငါ​၏​မာန်​မာ​န​ကို​ချိုး​နှိမ်​၏။-
2CO 12:8 ထို​ဝေ​ဒ​နာ​ကို​ဖယ်​ရှား​ပေး​တော်​မူ​ရန်​ငါ သည်​သ​ခင်​ဘု​ရား​ထံ​တော်​သို့​သုံး​ကြိမ် တိုင်​တိုင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​က ``ငါ​၏​ကျေး​ဇူး​တော်​ကို သာ​လျှင်​သင်​လို​အပ်​ပေ​သည်။ သင်​အား နည်း​သော​အ​ခါ​ငါ့​တန်​ခိုး​သည်​အ​ထင် ရှား​ဆုံး​ဖြစ်​၏'' ဟု​ဖြေ​ကြား​တော်​မူ​၏။-
2CO 12:9 သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​၏​တန်​ခိုး တော်​တွင်​ခို​လှုံ​နိုင်​ရန် ငါ​၏​အား​နည်း​ချက် များ​ကြောင့်​အ​ထူး​ဝမ်း​မြောက်​လျက်​ဂုဏ် ယူ​ဝါ​ကြွား​၏။-
2CO 12:10 ငါ​သည်​အား​နည်း​သော​အ​ခါ​၌​တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​ဖြင့် ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ဆင်း​ရဲ ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​နှင့်​အ​နှောင့် အ​ယှက်​တို့​ကို​ခံ​နေ​ရ​စဉ်​ရောင့်​ရဲ​တင်း​တိမ် မှု​ရှိ​၏။
2CO 12:11 ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။-
2CO 12:12 ငါ​သည်​တ​မန်​တော်​တစ်​ပါး​ဖြစ်​ကြောင်း​ကို နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​ဖွယ်​ရာ​များ​အား ဖြင့်​သင်​တို့​အား​စိတ်​ရှည်​လက်​ရှည်​ငါ သက်​သေ​ပြ​ခဲ့​၏။-
2CO 12:13 သင်​တို့​အား​ငွေ​ရေး​ကြေး​ရေး​တာ​ဝန်​ကို မ​ပေး​ခဲ့​သည်​မှ​အ​ပ ငါ​သည်​သင်​တို့​အား အ​ခြား​အ​သင်း​တော်​များ​နှင့်​တန်း​တူ​ထား ၍​ဆက်​ဆံ​ခဲ့​၏။ ဤ​သို့​မ​မျှ​မ​တ​ပြု​မိ သည့်​အ​တွက်​ငါ့​အား​ခွင့်​လွှတ်​ကြ​ရန် တောင်း​ပန်​ပါ​၏။
2CO 12:14 ငါ​သည်​ယ​ခု​သင်​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် လာ​ရန်​အ​သင့်​ရှိ​ပြီ။ သို့​ရာ​တွင်​ငါ​၏​အ​တွက် သင်​တို့​အား​တာ​ဝန်​ကြီး​လေး​စေ​မည်​မ​ဟုတ်။ သင်​တို့​၏​ငွေ​ကြေး​ဥစ္စာ​များ​ကို​ငါ​အ​လို မ​ရှိ။ သင်​တို့​ကို​သာ​လျှင်​ငါ​အ​လို​ရှိ​၏။ သား သ​မီး​များ​က​မိ​ဘ​များ​အ​ဖို့​စု​ဆောင်း ရ​ကြ​သည်​မ​ဟုတ်။ မိ​ဘ​များ​က​သာ​လျှင် သား​သ​မီး​များ​အ​ဖို့​စု​ဆောင်း​ရ​ကြ​သည်။-
2CO 12:15 ငါ​သည်​သင်​တို့​ကို​ကူ​ညီ​ရန်​ဝမ်း​မြောက်​စွာ မိ​မိ​၏​ဥစ္စာ​နှင့်​အား​အင်​ကို​ကုန်​ခန်း​စေ​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​မျှ​ချစ်​လျှင်​သင်​တို့ က​ငါ့​ကို​လျော့​၍​ချစ်​ကြ​မည်​လော။
2CO 12:16 ငါ​သည်​သင်​တို့​အား​ဝန်​မ​လေး​စေ​ခဲ့​ကြောင်း ကို​သင်​တို့​ဝန်​ခံ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် ပ​ရိ​ယာယ်​ဖြင့်​သင်​တို့​အား​လိမ်​လည်​လှည့်​စား ခဲ့​သည်​ဟု​တစ်​စုံ​တစ်​ယောက်​က​စွပ်​စွဲ​လိမ့်​မည်။-
2CO 12:17 မည်​ကဲ့​သို့​ငါ​လှည့်​စား​ခဲ့​သ​နည်း။ သင်​တို့​ထံ သို့​ငါ​စေ​လွှတ်​သူ​တစ်​ဦး​ဦး​အား​ဖြင့် ငါ သည်​သင်​တို့​ထံ​မှ​အ​ခွင့်​ကောင်း​ယူ​ခဲ့​ဖူး သ​လော။-
2CO 12:18 ငါ​သည်​တိ​တု​အား​သင်​တို့​ထံ​သို့​သွား​ရန် တောင်း​ပန်​စေ​လွှတ်​ခဲ့​၏။ အ​ခြား​ခ​ရစ်​ယာန် ညီ​အစ်​ကို​တစ်​ဦး​ကို​လည်း​သူ​နှင့်​အ​တူ ထည့်​လိုက်​၏။ တိ​တု​သည်​သင်​တို့​ထံ​မှ အ​ခွင့်​ကောင်း​ယူ​ခဲ့​သည်​ဟု​ဆို​မည်​လော။ သူ​နှင့်​ငါ​သည်​သ​ဘော​ချင်း​တူ​၍​တစ် လမ်း​တည်း​လိုက်​လျှောက်​ကျင့်​သုံး​ကြ သူ​များ​မ​ဟုတ်​လော။
2CO 12:19 ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-
2CO 12:20 သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-
2CO 12:21 နောက်​တစ်​ဖန်​သင်​တို့​ထံ​သို့​လာ​သော​အ​ခါ ငါ​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​သင်​တို့​ရှေ့ တွင်​အ​ရှက်​ရ​စေ​တော်​မူ​လိမ့်​မည်​လော​ဟူ​၍ လည်း​ကောင်း၊ ယ​ခင်​က​အ​ပြစ်​ကူး​ခဲ့​ကြ ပြီး​နောက်​ယ​ခု​တိုင်​အောင်​ပင်​နောင်​တ​မ​ရ​ဘဲ အ​ကျင့်​ပျက်​ပြား​လျက်​သူ​တစ်​ပါး​အိမ်​ရာ ကို​ပြစ်​မှား​၍​ကာ​မ​ဂုဏ်​လိုက်​စား​လျက်​ရှိ နေ​ကြ​သူ​များ​အ​တွက် ငါ​သည်​မျက်​ရည် ကျ​ရ​လိမ့်​မည်​လော​ဟူ​၍​လည်း​ကောင်း စိုး​ရိမ်​မိ​၏။
2CO 13:1 ယ​ခု​ငါ​သည်​တ​တိ​ယ​အ​ကြိမ်​သင်​တို့​ထံ​သို့ လာ​ခဲ့​မည်။ ကျမ်း​စာ​တော်​က​ဖော်​ပြ​သ​ကဲ့​သို့ ``အ​မှု ကိစ္စ​မှန်​သ​မျှ​ကို​သက်​သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက် ဆို​ချက်​အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​မည်။-''
2CO 13:2 ဒု​တိ​ယ​အ​ကြိမ်​ငါ​လာ​ရောက်​ခဲ့​စဉ်​အ​ခါ​က ``နောက် တစ်​ကြိမ်​ငါ​လာ​လျှင်​သင်​တို့​အား​ငါ​ညှာ​တာ​လိမ့် မည်​မ​ဟုတ်'' ဟု​ယ​ခင်​အ​ပြစ်​ကူး​ခဲ့​သူ​များ​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား​ငါ​ကိုယ်​တိုင်​ကြို တင်​သ​တိ​ပေး​ခဲ့​၏။ ယ​ခု​လည်း​ဤ​အ​တိုင်း ပင်​အ​ဝေး​မှ​ငါ​ထပ်​မံ​၍​သ​တိ​ပေး​လိုက်​၏။-
2CO 13:3 ခ​ရစ်​တော်​သည်​ငါ့​အား​ဖြင့်​မိန့်​တော်​မူ​ကြောင်း သက်​သေ​ကို​သင်​တို့​တောင်း​ဆို​ကြ​သည့်​အ​တိုင်း ငါ​လာ​သော​အ​ခါ​ရ​စေ​မည်။ ခ​ရစ်​တော်​သည်​သင် တို့​နှင့်​ဆက်​ဆံ​သော​အ​ခါ​စွမ်း​အား​နည်း​တော် မ​မူ​ဘဲ မိ​မိ​၏​တန်​ခိုး​တော်​ကို​သင်​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ​၏။-
2CO 13:4 ကိုယ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သတ်​ခံ​ရ စဉ်​အ​ခါ​၌​စွမ်း​အား​နည်း​သည့်​အ​ခြေ​အ​နေ​၌ ရှိ​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​အား​ဖြင့်​အ​သက်​ရှင်​လျက်​နေ​တော် မူ​လေ​ပြီ။ ငါ​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​သ​ဖြင့်​စွမ်း​အား​နည်း​ရ​ကြ​၏။ သို့ ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​လျက် သင်​တို့​နှင့်​ဆက်​ဆံ​မည်။
2CO 13:5 သင်​တို့​သည်​ယုံ​ကြည်​ခြင်း​၌​တည်​ကြည်​သူ​များ ဟုတ်​မ​ဟုတ် မိ​မိ​တို့​ကိုယ်​ကို​ဆန်း​စစ်​ကြ​လော့။ ဤ သို့​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင်​ပါ​မူ သင် တို့​သည်​မိ​မိ​တို့​စိတ်​နှ​လုံး​အ​တွင်း​၌ ခ​ရစ်​တော် ကိန်း​အောင်း​တော်​မူ​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ ကြ​မည်။-
2CO 13:6 ငါ​တို့​သည်​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင် သူ​များ​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​၏။-
2CO 13:7 သင်​တို့​သည်​ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ပတ္ထ​နာ ပြု​၏။ ဤ​သို့​ပြု​ရ​ခြင်း​မှာ​ငါ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​အောင်​မြင်​သူ​များ​ဖြစ်​ကြောင်း ပေါ်​လွင်​စေ​လို​၍​မ​ဟုတ်။ ငါ​တို့​သည်​မ​အောင် မြင်​သူ​များ​ဖြစ်​ဟန်​တူ​လျက်​ပင်​သင်​တို့​အား ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ကျင့်​စေ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-
2CO 13:8 ငါ​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​ဆန့်​ကျင်​၍ မည်​သည့်​အ​မှု​ကို​မျှ​မ​ပြု​နိုင်​ကြ။ သမ္မာ​တ​ရား တော်​ဘက်​မှ​နေ​၍​သာ​လျှင်​ပြု​နိုင်​ကြ​၏။-
2CO 13:9 ငါ​တို့​အား​နည်း​၍​သင်​တို့​အား​ကြီး​သော​အ​ခါ ငါ​တို့​ဝမ်း​သာ​သည်။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​လာ​ကြ​စေ​ရန်​ကို​လည်း ငါ​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-
2CO 13:10 သင်​တို့​နှင့်​ဝေး​ကွာ​သည်​ကာ​လ​ဤ​စာ​ကို​ရေး​ရ ခြင်း​မှာ​ငါ​လာ​သော​အ​ခါ သ​ခင်​ဘု​ရား​ငါ့​အား ပေး​တော်​မူ​သည့်​အ​ခွင့်​အာ​ဏာ​ကို​ပြင်း​ပြင်း​ထန် ထန်​အ​သုံး​မ​ပြု​ရ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ထို​အ​ခွင့် အာ​ဏာ​သည်​သင်​တို့​အား​ပြု​စု​ပျိုး​ထောင်​ပေး​ရန် အ​တွက်​ဖြစ်​၏။ ဖြို​ဖျက်​ပစ်​ရန်​အ​တွက်​မ​ဟုတ်။
2CO 13:11 ညီ​အစ်​ကို​တို့၊ ကျန်း​မာ​ရွှင်​လန်း​ကြ​ပါ​စေ။ အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​စေ​ရန်​ဆက်​လက်​ကြိုး​စား ကြ​လော့။ ငါ​၏​မေတ္တာ​ရပ်​ခံ​ချက်​များ​ကို​နာ​ယူ​ကာ အ​ချင်း​ချင်း​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း​ရှိ လျက်​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့။ သို့​ပြု​လျှင်​မေတ္တာ တော်​နှင့်​ငြိမ်​သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင် သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။
2CO 13:12 သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့်​နှုတ်​ဆက်​ကြ လော့။
2CO 13:13 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​က​သင်​တို့ အား​နှုတ်​ဆက်​ပါ​၏။
2CO 13:14 သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်၊ ဘု​ရား​သ​ခင်​၏ မေတ္တာ​တော်​နှင့်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​မိတ် သ​ဟာ​ယ​တော်​သည်​သင်​တို့​အ​ပေါင်း​နှင့်​အ​တူ ရှိ​ပါ​စေ​သော။ ကော​ရိန္သု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။
GAL 1:1 တ​မန်​တော်​ဖြစ်​သူ​ငါ​ပေါ​လု​နှင့် ဤ​အ​ရပ်​တွင် ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​တို့​က ဂ​လာ​တိ​ပြည် ရှိ​အ​သင်း​တော်​များ​သို့​စာ​ရေး​လိုက်​ပါ​သည်။ ငါ သည်​လူ​အ​မိန့်​အာ​ဏာ​ဖြင့် တ​မန်​တော်​ရာ​ထူး​ကို အပ်​နှင်း​ခြင်း​ခံ​ရ​သူ​မ​ဟုတ်။ လူ​ခန့်​ထား​သည့် တ​မန်​တော်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​က​လည်း ကောင်း၊ ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ခ​မည်း​တော်​ဘု​ရား​သ​ခင်​က လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​၏။
GAL 1:3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​ကြ​ပါ​စေ​သော။
GAL 1:4 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ခ​ရစ်​တော်​သည်​ငါ​တို့​အား ဤ​ဆိုး​ယုတ်​သော ပစ္စုပ္ပန်​ခေတ်​မှ​ကယ်​တင်​နိုင်​ရန် ငါ​တို့​၏​အ​ပြစ် များ​အ​တွက်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။-
GAL 1:5 ထို​အ​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။
GAL 1:6 ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​အား ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ကို သင်​တို့​သည်​ဤ မျှ​ဆော​လျင်​စွာ​စွန့်​ပစ်​ကြ​ပြီး​လျှင် အ​ခြား သ​တင်း​ကောင်း​တစ်​မျိုး​ကို​နာ​ယူ​လျက်​ရှိ​ကြ သ​ဖြင့်​ငါ​အံ့​သြ​မိ​၏။-
GAL 1:7 သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​မှာ​အ​ခြား မူ​ကွဲ​မ​ရှိ။ သင်​တို့​၏​စိတ်​ကို​နှောင့်​ယှက်​၍ ခ​ရစ်​တော် ၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို မှောက်​လှန်​လို​သူ​လူ အ​ချို့​ရှိ​၏။-
GAL 1:8 ငါ​တို့​ဖြစ်​စေ၊ ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန် ပင်​ဖြစ်​စေ​သင်​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​ခဲ့ သည့်​သ​တင်း​ကောင်း​နှင့် ကွဲ​ပြား​ခြား​နား​သည့် သ​တင်း​ကောင်း​ကို​ဟော​ပြော​လျှင်​ကျိန်​တော်​မူ ခြင်း​ကို​ခံ​စေ။-
GAL 1:9 သင်​တို့​နာ​ယူ​ရ​ရှိ​သည့်​သ​တင်း​ကောင်း​နှင့်​မ​တူ ကွဲ​ပြား​ခြား​နား​သည့်​သ​တင်း​ကောင်း​ကို​ဟော​ပြော သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟူ​၍ ငါ​တို့ ဆို​ခဲ့​ပြီး​သည့်​အ​တိုင်း​ယ​ခု​ထပ်​မံ​၍​ငါ​ဆို​၏။
GAL 1:10 ဤ​သို့​ပြော​ဆို​ရာ​၌​ငါ​သည် လူ​၏​ထောက်​ခံ​မှု​ကို ရ​ရန်​ကြိုး​စား​နေ​ပါ​သ​လော။ ငါ​သည်​ဘု​ရား​သ​ခင် ၏​ထောက်​ခံ​မှု​မှ​လွဲ​၍ မည်​သူ့​ထောက်​ခံ​မှု​ကို​လို​ပါ သ​နည်း။ ငါ​သည်​လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး စား​ဆောင်​ရွက်​နေ​ပါ​သ​လော။ အ​ကယ်​၍​ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး​စား​ဆောင်​ရွက် နေ​သေး​ပါ​မူ​ခ​ရစ်​တော်​၏​အ​စေ​ခံ​မ​ဖြစ်​နိုင်။
GAL 1:11 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​ကြေ​ညာ သော​သ​တင်း​ကောင်း​သည် လူ​တီ​ထွင်​သည့်​သ​တင်း ကောင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့​အား​ဖော်​ပြ​မည်။-
GAL 1:12 ထို​သ​တင်း​ကောင်း​ကို​ငါ​သည်​မည်​သည့်​လူ တစ်​စုံ​တစ်​ယောက်​ထံ​က​မျှ​ရ​သည်​မ​ဟုတ်။ မည်​သူ​မျှ​လည်း​ငါ့​ကို​သင်​ကြား​၍​မ​ပေး။ ထို သ​တင်း​ကောင်း​ကို​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် ငါ့​အား​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ပေး​အပ်​တော် မူ​၏။
GAL 1:13 ငါ​သည်​ယု​ဒ​ဘာ​သာ​တ​ရား​ကို​ကြည်​ညို​လေး စား​သူ​ဖြစ်​ခဲ့​စဉ်​အ​ခါ​က မည်​သို့​ကျင့်​ကြံ​ပြု​မူ ခဲ့​ကြောင်း​ကို​သင်​တို့​ကြား​သိ​ကြ​ပြီး​ဖြစ်​၏။ ငါ သည်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​ကို ရက်​စက်​ကြမ်း​ကြုတ်​စွာ​ညှဉ်း​ဆဲ​၍ အ​သင်း​တော် ကို​ဖျက်​ဆီး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​၏။-
GAL 1:14 ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။
GAL 1:15 သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။-
GAL 1:17 ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။-
GAL 1:18 သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။-
GAL 1:19 သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။
GAL 1:20 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မု​သား​သုံး​၍​ရေး သည်​မ​ဟုတ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။
GAL 1:21 ထို​နောက်​ငါ​သည်​ရှု​ရိ​နှင့်​ကိ​လိ​ကိ​နယ်​များ​သို့ သွား​ရောက်​၏။-
GAL 1:22 သို့​သော်​ထို​အ​ချိန်​က​ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန် အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည် ငါ​နှင့်​တွေ့​ဆုံ သိ​ကျွမ်း​ခွင့်​ကို​မ​ရ​ကြ​သေး။-
GAL 1:23 ``ငါ​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​ခဲ့​သူ​သည်​ယ​ခင်​က မိ​မိ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည့်​ဘာ​သာ​တ​ရား တော်​ကို ယ​ခု​အ​ခါ​ဟော​ပြော​လျက်​ရှိ​ပါ​သည် တ​ကား'' ဟု​လူ​တို့​ပြော​ဆို​သံ​ကို​သာ​လျှင်​သူ တို့​ကြား​သိ​ရ​ကြ​၏။-
GAL 1:24 ထို့​ကြောင့်​သူ​တို့​သည်​ငါ့​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ပေ သည်။
GAL 2:1 တစ်​ဆယ့်​လေး​နှစ်​မျှ​ကြာ​သော​အ​ခါ ငါ​နှင့် ဗာ​န​ဗ​တို့​သည် တိ​တု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​၏။-
GAL 2:2 ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။-
GAL 2:3 ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ​သို့​ဝင်​ရောက်​လာ သူ​ယုံ​ကြည်​သူ​အ​ယောင်​ဆောင်​အ​ချို့​တို့​က ငါ​၏​အ​ဖော်​တိ​တု​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ကို​ပေး​စေ​လို​ကြ​၏။ သူ​သည်​ဂ​ရိ အ​မျိုး​သား​ပင်​ဖြစ်​သော်​လည်း ငါ​သည် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​အ​တင်း မ​ခံ​စေ​ပါ။ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ရှိ​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော လွတ်​လပ်​မှု​ကို​လျှို့​ဝှက်​စွာ​စုံ​စမ်း​လို​သ​ဖြင့် ထို​သူ​တို့​သည်​ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ သို့​ဝင်​ရောက်​လာ​ကြ​ခြင်း​ဖြစ်​သည်။ သူ​တို့ က​ငါ​တို့​အား​ကျွန်​ဖြစ်​စေ​လို​ကြ​၏။-
GAL 2:5 သို့​ရာ​တွင်​သ​တင်း​ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား ကို သင်​တို့​အ​တွက်​ထိန်း​သိမ်း​ထား​နိုင်​ရန် ငါ တို့​သည်​သူ​တို့​အား​ခေတ္တ​ခ​ဏ​မျှ​ပင် အ​လျှော့​မ​ပေး​ခဲ့။
GAL 2:6 ခေါင်း​ဆောင်​များ​ဟု​ထင်​မှတ်​ရ​သူ​တို့​သည် ငါ့​အား​အ​ကြံ​ဉာဏ်​သစ်​မ​ပေး​ကြ။ သူ​တို့ သည်​အ​ကယ်​ပင်​ခေါင်း​ဆောင်​များ​ဟုတ် သည်​မ​ဟုတ်​သည်​မှာ ငါ​၏​အ​တွက်​အ​ရေး မ​ကြီး​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​အ​ပြင်​ပုံ​သဏ္ဌာန်​အား​ဖြင့် လူ တို့​အား​အ​ကဲ​ဖြတ်​တော်​မ​မူ​သော​ကြောင့် ပင်​ဖြစ်​၏။-
GAL 2:7 ထို​သူ​တို့​သည်​ငါ့​အား​အ​ကြံ​ဉာဏ်​သစ် ပေး​မည့်​အ​စား​ဘု​ရား​သ​ခင်​သည် ပေ​တ​ရု အား​သ​တင်း​ကောင်း​ကို​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​သူ​တို့​အား ဟော​ပြော​ကြေ​ညာ ရန်​တာ​ဝန်​ပေး​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လူ​မျိုး​ခြား​တို့​အား​သ​တင်း​ကောင်း​ကို ဟော​ပြော​ကြေ​ညာ​ရန် တာ​ဝန်​ပေး​တော်​မူ ကြောင်း​သိ​မြင်​လာ​ကြ​လေ​သည်။-
GAL 2:8 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
GAL 2:9 အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။-
GAL 2:10 ငါ​တို့​သည်​ဆင်း​ရဲ​သူ​တို့​ကို​သ​တိ​ရ ကူ​ညီ​မ​စ​ရန်​သူ​တို့​အ​လို​ရှိ​၏။ ထို​သို့ ဆောင်​ရွက်​ရန်​ငါ​လည်း​စိတ်​စေ​တ​နာ ထက်​သန်​၏။
GAL 2:11 အန္တိ​အုတ်​မြို့​သို့​ပေ​တ​ရု​ရောက်​ရှိ​လာ​သော အ​ခါ သူ​၏​အ​ပြု​အ​မူ​သည်​မှား​လျက်​နေ သည်​မှာ​သိ​သာ​ထင်​ရှား​သ​ဖြင့် ငါ​သည် သူ့​အား​လူ​တို့​ရှေ့​တွင်​ပြစ်​တင်​ပြော​ဆို​၏။-
GAL 2:12 ယာ​ကုပ်​စေ​လွှတ်​လိုက်​သော​သူ​များ​မ​ရောက်​မီ သူ​သည်​လူ​မျိုး​ခြား​တို့​နှင့်​အ​တူ​စား​သောက် လျက်​နေ​၏။ သို့​သော်​လည်း​ယာ​ကုပ်​စေ​လွှတ် လိုက်​သော​သူ​တို့​ရောက်​ရှိ​လာ​သော​အ​ခါ​၌ မူ​ကား လူ​မျိုး​ခြား​တို့​နှင့်​ပေါင်း​ဖော်​စား သောက်​မှု​ကို​မ​ပြု​တော့​ချေ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​သည်​လူ​မျိုး​ခြား​တို့​အား အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​စေ​လို​သော​သူ​တို့​ကို ကြောက်​သော​ကြောင့်​ဖြစ်​သည်။-
GAL 2:13 အ​ခြား​ယု​ဒ​အ​မျိုး​သား​ယုံ​ကြည်​သူ​များ သည်​လည်း ပေ​တ​ရု​ကဲ့​သို့​ပင်​သူ​ရဲ​ဘော​ကြောင် သည့်​အ​ပြု​အ​မူ​ကို​ပြု​လုပ်​လာ​သ​ဖြင့် ဗာ​န​ဗ ပင်​လျှင်​သူ​တို့​၏​ဘက်​သို့​လိုက်​ပါ​သွား​လေ သည်။-
GAL 2:14 သို့​ရာ​တွင်​သူ​တို့​၏​အ​ပြု​အ​မူ​သည်​သ​တင်း ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​မှု​မ​ရှိ ကြောင်း​ကို ငါ​သိ​မြင်​သော​အ​ခါ ပေ​တ​ရု​အား လူ​အ​ပေါင်း​တို့​ရှေ့​တွင်``သင်​သည်​ယု​ဒ​အ​မျိုး သား​ဖြစ်​ပါ​လျက် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ဟုတ်​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့​ပြု​မူ​နေ​ထိုင် လျက်​ရှိ​ရာ သင်​သည်​အ​ဘယ်​ကြောင့်​လူ​မျိုး ခြား​တို့​အား​ယု​ဒ​အ​မျိုး​သား​တို့​ကဲ့​သို့ ပြု​မူ​နေ​ထိုင်​စေ​ရန်​အ​နိုင်​အ​ထက်​ပြု​ပါ သ​နည်း'' ဟု​မေး​၏။
GAL 2:15 ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​ဇာ​တိ​အား​ဖြင့်​ယု​ဒ အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ ``အ​ပြစ်​ကူး​သူ လူ​မျိုး​ခြား​များ'' မ​ဟုတ်​ကြ။-
GAL 2:16 သို့​ရာ​တွင်​လူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​ခွင့်​ကို​မ​ရ​နိုင်​ကြောင်း၊ ခ​ရစ်​တော်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့်​သာ​လျှင်​ရ​နိုင်​ကြောင်း​ကို​ငါ​တို့ သိ​ကြ​၏။ ငါ​တို့​သည်​လည်း​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန် ခ​ရစ် တော်​ယေ​ရှု​ကို​ယုံ​ကြည်​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း အား​ဖြင့် မည်​သူ​မျှ​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင်​သော​ကြောင့်​ဖြစ်​၏။-
GAL 2:17 သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန်​ကြိုး စား​ကြ​ရာ​တွင် မိ​မိ​တို့​သည်​လည်း​လူ​မျိုး​ခြား တို့​နည်း​တူ​အ​ပြစ်​ကူး​သူ​များ​ဖြစ်​ကြောင်း တွေ့​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​သည်​ငါ​တို့ အ​ပြစ်​ကူး​မှု​ကို​အား​ပေး​သည်​ဟု​ဆို​နိုင် မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဆို​နိုင်။-
GAL 2:18 အ​ကယ်​၍​မိ​မိ​ဖြို​ဖျက်​ခဲ့​သော​အ​ရာ​ကို ပြန်​လည်​တည်​ဆောက်​မည်​ဆို​ပါ​က ငါ​သည် ပညတ်​တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ကြောင်း ဖော်​ပြ​ရာ​ရောက်​ပေ​သည်။-
GAL 2:19 ပ​ညတ်​တ​ရား​က​ငါ့​အား​သေ​စေ​သည်​ဖြစ်​ရာ ပ​ညတ်​တ​ရား​နှင့်​ပတ်​သက်​လျှင် ငါ​သည်​သူ​သေ ဖြစ်​၏။ သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​အ​တွက်​အ​သက် ရှင်​နိုင်​မည်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​နှင့် အ​တူ​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ကွပ်​မျက် ခြင်း​ခံ​ရ​လေ​ပြီ။-
GAL 2:20 သို့​ဖြစ်​၍​ငါ​သည်​အ​သက်​မ​ရှင်​တော့​ဘဲ​ခ​ရစ် တော်​သာ​လျှင်​ငါ​၌​ရှင်​တော်​မူ​၏။ ယ​ခု​ငါ​၌ ရှိ​သော​အ​သက်​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​သန်​လျက် နေ​သော​အ​သက်​ဖြစ်​၏။ သား​တော်​သည်​ငါ့​ကို ချစ်​တော်​မူ​သ​ဖြင့်​ငါ​၏​အ​တွက်​မိ​မိ အ​သက်​ကို​စွန့်​တော်​မူ​၏။-
GAL 2:21 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​မ​ပစ် ပယ်။ အ​ကယ်​၍​လူ​တို့​သည်​ပ​ညတ်​တ​ရား​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​လျှင် ခ​ရစ်​တော်​သည်​အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။
GAL 3:1 အ​ချင်း​မိုက်​မဲ​သော​ဂ​လာ​တိ​အ​သင်း​တော် သား​တို့၊ အ​ဘယ်​သူ​သည်​သင်​တို့​အား​ပြု စား​သ​နည်း။ လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​သ​ခင် ယေ​ရှု​အ​သေ​ခံ​တော်​မူ​ပုံ​ကို သင်​တို့​မျက် မှောက်​၌​ရှင်း​လင်း​စွာ​ပြ​ခဲ့​၏။-
GAL 3:2 ဝိ​ညာဉ်​တော်​ကို​သင်​တို့​ခံ​ယူ​ရ​ကြ​ခြင်း​မှာ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း​ကို​ကြား​၍ ယုံ​ကြည်​ကြ​သော​ကြောင့်​လော။ ဤ​မေး​ခွန်း ကို​သာ​လျှင် ငါ့​အား​ဖြေ​ကြား​ကြ​လော့။-
GAL 3:3 သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​မိုက်​မဲ ကြ​သ​နည်း။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​အား ဖြင့်​အ​စ​ပြု​ခဲ့​ကြ​ပြီး​နောက် ယ​ခု​အ​ခါ မိ​မိ​တို့​ကိုယ်​ပိုင်​စွမ်း​ရည်​ဖြင့်​အ​ဆုံး​သတ် လို​ကြ​သ​လော။-
GAL 3:4 သင်​တို့​ကိုယ်​တိုင်​တွေ့​ကြုံ​ခံ​စား​ချက်​သည် အ​ချည်း​နှီး​ဖြစ်​လေ​ပြီ​လော။ အ​မှန်​ပင် အ​ချည်း​နှီး​မ​ဖြစ်​နိုင်။-
GAL 3:5 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ဝိ​ညာဉ်​တော် ကို​ချ​ပေး​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ခဲ့​သည်​မှာ ပ​ညတ် တ​ရား​ကို​သင်​တို့​စောင့်​ထိန်း​ကြ​သည့်​အ​တွက် ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း ကို​ကြား​နာ​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့် လော။-
GAL 3:6 အာ​ဗြ​ဟံ​၏​တွေ့​ကြုံ​ခံ​စား​ချက်​ကို​ဆင်​ခြင် စဉ်း​စား​ကြ​စို့။ ကျမ်း​စာ​တော်​က ``အာ​ဗြ​ဟံ သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၏။ သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား သူ​တော် ကောင်း​အ​ဖြစ်​လက်​ခံ​တော်​မူ​သည်'' ဟု​ဆို​၏။-
GAL 3:7 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ​ဖြစ် ကြောင်း​ကို သင်​တို့​သိ​မှတ်​ကြ​လော့။-
GAL 3:8 ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ လူ​မျိုး​ခြား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​တော်​တွင် ကြို​တင်​ဟော​၏။ ကျမ်း​စာ​တော်​က ``လူ​မျိုး အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့်​ကောင်း​ချီး မင်္ဂလာ​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည်။-
GAL 3:9 အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည် သည့်​အ​တွက် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သည်။ သို့​ဖြစ်​၍​ယုံ​ကြည်​သူ​လူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ​နည်း​တူ​ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား ရ​ကြ​၏။
GAL 3:10 ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​ကို​အား​ကိုး​သော သူ​တို့​မူ​ကား ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။ ကျမ်း စာ​တော်​က ``ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​မ​စောင့်​ထိန်း​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​စေ'' ဟု ဖော်​ပြ​ပေ​သည်။-
GAL 3:11 ယ​ခု​တွင်​ကျမ်း​စာ​တော်​က ``ဘု​ရား​သ​ခင် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကိုယ်​တော်​နှင့်​မှန် ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဖော်​ပြ​ထား​သ​ဖြင့်​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင် ကြောင်း​ထင်​ရှား​၏။-
GAL 3:12 သို့​ရာ​တွင်​ကျမ်း​စာ​တော်​က ``ပ​ညတ်​တ​ရား ၏​ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​လိုက်​လျှောက်​သူ သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဆို​သ​ဖြင့် ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​မှု​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။
GAL 3:13 ``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-
GAL 3:14 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။
GAL 3:15 ညီ​အစ်​ကို​တို့၊ သင်​တို့​နေ့​စဉ်​တွေ့​ကြုံ​နေ ကြ​အ​ဖြစ်​အ​ပျက်​များ​မှ ဥ​ပ​မာ​တစ်​ခု ကို​ငါ​ပေး​အံ့။ လူ​တစ်​ယောက်​နှင့်​တစ်​ယောက် က​တိ​စာ​ချုပ်​ချုပ်​ဆို​သော​အ​ခါ​၌​အ​ချင်း ချင်း​ချုပ်​ဆို​သော​စာ​ချုပ်​မျှ​သာ​ဖြစ်​သော် လည်း ယင်း​ကို​သ​ဘော​တူ​ချုပ်​ဆို​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​စာ​ချုပ်​ပါ​က​တိ​ဝန်​ခံ ချက်​များ​ကို​မည်​သူ​မျှ​မ​ပယ်​ဖျက်၊ မ​ဖြည့် စွက်​နိုင်​တော့​ချေ။-
GAL 3:16 ကျမ်း​စာ​လာ​သည့်​အ​တိုင်း​ဘု​ရား​သ​ခင်​၏ က​တိ​တော်​များ​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏ သား​မြေး​အ​တွက်​ဖြစ်​၏။ သား​မြေး​ဆို​သော စ​ကား​သည်​ဧက​ဝုစ်​ကိန်း​တည်း။ ဗ​ဟု​ဝုစ်​ကိန်း မ​ဟုတ်။ သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍​သာ​ဆို​၏။ လူ​အ​များ​ကို​ရည်​စူး​၍​ဆို​ခြင်း​မ​ဟုတ်။ လူ​တစ်​ဦး​တည်း​ကို​သာ​ရည်​စူး​၍​ဆို​ပေ သည်။ ထို​သို့​ရည်​စူး​ခြင်း​ခံ​ရ​သူ​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။-
GAL 3:17 ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော် မူ​ပြီး​လျှင် ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​က​တိ ထား​တော်​မူ​၏။ အ​နှစ်​လေး​ရာ့​သုံး​ဆယ်​ကြာ မှ​ပေါ်​ပေါက်​လာ​သည့်​ပ​ညတ်​တ​ရား​သည် ထို ပ​ဋိ​ညာဉ်​တော်​ကို​မ​ပယ်​မ​ဖျက်​နိုင်။ က​တိ တော်​ကို​လည်း​မ​ပယ်​မ​ဖျက်​နိုင်။-
GAL 3:18 အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော် သည် ပ​ညတ်​တ​ရား​အ​ပေါ်​၌​မူ​တည်​လျှင် ထို ဆု​ကျေး​ဇူး​တော်​သည်​က​တိ​တော်​အ​ပေါ်​၌ မူ​မ​တည်​တော့​ပေ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​က​တိ​တော်​ကြောင့် အာ​ဗြ​ဟံ​အား​ထို​ဆု ကျေး​ဇူး​တော်​ကို​ပေး​သ​နား​တော်​မူ​သ​တည်း။
GAL 3:19 ထို​သို့​ဖြစ်​ပါ​မူ​ပ​ညတ်​တ​ရား​၏​ရည်​ရွယ် ချက်​ကား​အ​ဘယ်​နည်း။ ပ​ညတ်​တ​ရား​ကို ဘု​ရား​သခင်​ချ​ပေး​တော်​မူ​ခဲ့​ခြင်း​မှာ အ​ပြစ် ဒု​စ​ရိုက်​၏​သ​ဘော​ကို​ထုတ်​ဖော်​ပြ​သ​ရန် သာ​ဖြစ်​၏။ ထို​ပ​ညတ်​တ​ရား​သည်​က​တိ တော်​ကို​ခံ​ယူ​ရ​ရှိ​သူ အာ​ဗြ​ဟံ​၏​သား​မြေး မ​ပေါ်​သေး​မီ​ကာ​လ​အ​တွင်း​၌​သာ​လျှင် တည်​ရှိ​ရန်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​သည်​ထို ပ​ညတ်​တ​ရား​ကို​ကောင်း​ကင်​တ​မန်​များ အား​ဖြင့် ကြား​ဝင်​စေ့​စပ်​သူ​လူ​တစ်​ဦး​မှ တစ်​ဆင့်​ပေး​အပ်​တော်​မူ​ခဲ့​၏။-
GAL 3:20 သို့​ရာ​တွင်​တစ်​ဦး​တည်း​သာ​ပါ​ဝင်​ဆောင်​ရွက် သော​အ​ခါ ကြား​ဝင်​စေ့​စပ်​သူ​ကို​မ​လို​တော့ ချေ။ ဘု​ရား​သ​ခင်​သည်​တစ်​ပါး​တည်း​ဖြစ် တော်​မူ​သ​တည်း။
GAL 3:21 ဤ​သို့​ဆို​ရာ​၌​ပ​ညတ်​တ​ရား​နှင့်​ဘု​ရား သ​ခင်​၏​က​တိ​တော်​တို့​သည် ဆန့်​ကျင်​ဘက် ဖြစ်​၍​နေ​ပါ​သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဟုတ်။ အ​ကယ်​၍​အ​သက်​ရှင်​စေ​နိုင်​သည့် ပ​ညတ်​တ​ရား​ကို​လူ​သား​တို့​ရ​ရှိ​ခဲ့​ပါ လျှင် လူ​တိုင်း​ပင်​ထို​ပ​ညတ်​တ​ရား​ကို​စောင့် ထိန်း​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြ​မည်​သာ​ဖြစ်​၏။-
GAL 3:22 သို့​ရာ​တွင်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ပင်​အ​ပြစ် ဒု​စ​ရိုက်​၏​လက်​အောက်​တွင်​ရောက်​ရှိ​နေ​ကြောင်း ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ထား​ပေ​သည်။ သို့​ဖြစ် ၍​ယေ​ရှု​ခရစ်​ကို​ယုံ​ကြည်​မှု​၌​အ​ခြေ​ခံ​သည့် က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​ယုံ​ကြည် သူ​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။
GAL 3:23 ယုံ​ကြည်​ခြင်း​တ​ရား​မ​ပေါ်​မီ​ငါ​တို့​သည်​ပေါ် လာ​မည့်​ယုံ​ကြည်​ခြင်း​တ​ရား​လက်​ထက်​တိုင် အောင် ပ​ညတ်​တ​ရား​၏​အ​ကျဉ်း​သား​အ​ဖြစ် ချုပ်​နှောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
GAL 3:24 ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ကြ​စေ​ရန် ပ​ညတ်​တ​ရား သည်​ခ​ရစ်​တော်​ကြွ​လာ​ချိန်​တိုင်​အောင်​ငါ​တို့​၏ အ​ထိန်း​ဖြစ်​၏။-
GAL 3:25 သို့​ရာ​တွင်​ယ​ခု​ယုံ​ကြည်​ခြင်း​တ​ရား​ရောက် လာ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​အ​ထိန်း​၏​လက် အောက်​၌​မ​ရှိ​ကြ​တော့​ပြီ။
GAL 3:26 သင်​တို့​အ​ပေါင်း​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။-
GAL 3:27 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​စေ​ရန် ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ သ​ဖြင့် ခ​ရစ်​တော်​ကို​အ​ဝတ်​တန်​ဆာ​သ​ဖွယ် ဝတ်​ဆင်​ကြ​ရ​လေ​ပြီ။-
GAL 3:28 သို့​ဖြစ်​၍​ယုဒ​လူ​မျိုး​နှင့်​လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ ကျွန်​နှင့်​လွတ်​လပ်​သူ​ဟူ​၍​လည်း ကောင်း၊ ယောကျာ်း​နှင့်​မိန်း​မ​ဟူ​၍​လည်း​ကောင်း ခွဲ​ခြား​မှု​မ​ရှိ​တော့​ပြီ။ သင်​တို့​အ​ပေါင်း​သည် ခ​ရစ်​တော်​ယေ​ရှု​၌​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​၏။-
GAL 3:29 သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် ပါ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​များ​လည်း ဖြစ်​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​ဘုရား သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။
GAL 4:1 ဆက်​လက်​၍​ဖော်​ပြ​ပါ​မည်။ လူ​တစ်​ဦး​တစ်​ယောက် ၏​သား​သည်​အ​ဖ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​အ​မွေ ခံ​ထိုက်​သ​ဖြင့် အ​မှန်​ပင်​ပိုင်​ဆိုင်​သူ​ဖြစ်​သော်​လည်း အ​ရွယ်​မ​ရောက်​မီ​ကာ​လ​အ​တွင်း​၌​ကျွန်​တစ် ယောက်​ကဲ့​သို့​နေ​ရ​၏။-
GAL 4:2 သူ​သည်​ဖ​ခင်​သတ်​မှတ်​ပေး​သည့်​အ​ချိန်​ကာ​လ​မ ရောက်​မီ အုပ်​ထိန်း​သူ​များ​နှင့်​မိ​မိ​၏​အ​မှု​ကိစ္စ အ​ဝ​ဝ​ကို​စီ​မံ​အုပ်​ချုပ်​သူ​များ​၏​လက်​အောက် တွင်​နေ​ရ​၏။-
GAL 4:3 ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။-
GAL 4:4 သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။
GAL 4:6 သင်​တို့​သည်​ကိုယ်​တော်​၏​သား​များ​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်``အဗ္ဗ၊ အ​ဘ'' ဟု​ကြွေး​ကြော်​သော သား​တော်​၏​ဝိ​ညာဉ်​တော်​ကို​ငါ​တို့​စိတ်​နှ​လုံး ထဲ​သို့​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။-
GAL 4:7 သို့​ဖြစ်​၍​သင်​သည်​ကျွန်​မ​ဟုတ်​တော့​ဘဲ​သား ဖြစ်​လေ​ပြီ။ သား​ဖြစ်​သ​ဖြင့်​သား​များ​ခံ​စား ထိုက်​သည်​များ​ကို​ဘု​ရား​သ​ခင်​သည်​သင့် အား​ပေး​တော်​မူ​လတ္တံ့။
GAL 4:8 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို မ​သိ​ကြ​သ​ဖြင့် မ​စစ်​မ​မှန်​သော​ဘု​ရား​တို့​၏ ကျွန်​ဖြစ်​ခဲ့​ကြ​၏။-
GAL 4:9 ယ​ခု​မှာ​မူ​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ရှိ လာ​ကြ​လေ​ပြီ။ သင်​တို့​အား​ဘု​ရား​သ​ခင်​သိ​ရှိ တော်​မူ​လေ​ပြီ​ဟု​ငါ​ဆို​သင့်​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​အား​နည်း​၍​သ​နား​စ​ရာ​ကောင်း​သည့်​ဝိ​ညာဉ် များ​ထံ​သို့​အ​ဘယ်​ကြောင့်​ပြန်​လည်​သွား​လို​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​၏​ကျွန်​ပြန်​၍ ဖြစ်​လို​ကြ​သ​နည်း။-
GAL 4:10 သင်​တို့​သည်​အ​ချို့​သော​နေ့၊ လ၊ ရာ​သီ​နှင့်​နှစ်​များ ကို​အ​ထူး​ဂ​ရု​စိုက်​အ​ရေး​ပေး​နေ​ကြ​သည်။-
GAL 4:11 ငါ​သည်​သင်​တို့​အ​တွက်​စိုး​ရိမ်​မိ​၏။ သင်​တို့ အ​တွက် ငါ​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​ရာ​တို့ သည်​အ​ချည်း​နှီး​ဖြစ်​ရ​လေ​တော့​မည်​လော။
GAL 4:12 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​ကဲ့​သို့​ဖြစ်​ကြ​ရန် ငါ​တောင်း​ပန်​၏။ ငါ​သည်​သင်​တို့​ကဲ့​သို့​ပင်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား ခဲ့​ကြ။-
GAL 4:13 ပ​ထ​မ​ဆုံး​အ​ကြိမ်​သင်​တို့​အား​သ​တင်း ကောင်း​ကို​ငါ​ဟော​ပြော​ကြေ​ညာ​ရ​ခြင်း​မှာ ငါ​၏​ကျန်း​မာ​ရေး​ချို့​တဲ့​မှု​ကြောင့်​ဖြစ် ကြောင်း​သင်​တို့​သိ​ကြ​၏။-
GAL 4:14 ငါ​၏​ကျန်း​မာ​ရေး​အ​ခြေ​အ​နေ​ကြောင့်​သင်​တို့ အ​တွက်​အ​နှောင့်​အ​ယှက်​ဖြစ်​သော်​လည်း သင်​တို့ သည်​ငါ့​ကို​အ​ထင်​အ​မြင်​မ​သေး​ကြ။ မ​ပစ် ပယ်​ကြ။ ငါ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ဖြစ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ် တော်​ယေ​ရှု​အား​ကြို​ဆို​သ​ကဲ့​သို့​လည်း​ကောင်း သင်​တို့​က​ငါ့​အား​ကြို​ဆို​လက်​ခံ​ကြ​၏။-
GAL 4:15 ထို​အ​ခါ​က​သင်​တို့​အ​လွန်​ပျော်​ကြ​ပါ​သည် တ​ကား။ ယ​ခု​အ​ဘယ်​သို့​ဖြစ်​ကြ​လေ​ပြီ​နည်း။ ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ဖြစ်​နိုင်​ပါ​မူ မိ​မိ တို့​၏​မျက်​စိ​များ​ကို​ပင်​လျှင်​ထုတ်​၍​ငါ့​အား ပေး​လှူ​လို​သည်​ဟု​ငါ​သက်​သေ​ခံ​၏။-
GAL 4:16 ယ​ခု​ငါ​သည်​သင်​တို့​အား​မှန်​ရာ​ကို​ပြော​ဆို သည့်​အ​တွက်​သင်​တို့​၏​ရန်​သူ​ဖြစ်​လေ​ပြီ​လော။
GAL 4:17 ငါ့​ကို​အ​တိုက်​အ​ခံ​ပြု​သူ​များ​သည်​သင်​တို့ အ​ပေါ်​တွင်​များ​စွာ​စိတ်​ဝင်​စား​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ရိုး​သား​သော​ရည်​ရွယ်​ချက်​ဖြင့် မ​ဟုတ်။ သင်​တို့​၏​တုံ့​ပြန်​စိတ်​ဝင်​စား​မှု​ကို ခံ​ယူ​ရ​ရှိ​နိုင်​ရန်​သင်​တို့​အား​ငါ​နှင့်​အ​ဆက် ဖြတ်​စေ​လို​သော​ကြောင့်​ဖြစ်​သည်။-
GAL 4:18 ရိုး​သား​သည့်​ရည်​ရွယ်​ချက်​ဖြင့်​စိတ်​ဝင်​စား​လျှင် ကောင်း​၏။ ထို​သို့​သော​စိတ်​ဝင်​စား​မှု​သည်​သင်​တို့ နှင့်​အ​တူ​ငါ​ရှိ​နေ​ချိန်​အ​တွင်း​သာ​မ​က​အ​စဉ် ရှိ​အပ်​၏။-
GAL 4:19 ငါ​ချစ်​သော​သား​သ​မီး​တို့၊ ခ​ရစ်​တော်​၏​စိတ် နေ​သ​ဘော​ထား​မျိုး​ကို​သင်​တို့​မ​ရ​မ​ချင်း ငါ​သည်​သား​ဖွား​သည့်​မိ​ခင်​ကဲ့​သို့​တစ်​ဖန် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​၏။-
GAL 4:20 သင်​တို့​အား​ငါ​ဆုံး​မ​သံ​ပြောင်း​စေ​ရန်​ငါ​သည် ယ​ခု​ပင်​လျှင် သင်​တို့​နှင့်​အ​တူ​ရှိ​ချင်​ပါ​ဘိ။ ငါ သည်​သင်​တို့​အ​တွက်​အ​လွန်​စိုး​ရိမ်​ပူ​ပန်​လျက် ရှိ​၏။
GAL 4:21 ပ​ညတ်​တ​ရား​၏​လက်​အောက်​တွင်​နေ​လို​သူ​တို့၊ သင်​တို့​သည်​ပ​ညတ်​ကျမ်း​၏​မိန့်​ဆို​ချက်​ကို​မ ကြား​ကြ​သ​လော။-
GAL 4:22 ထို​ကျမ်း​က​အာ​ဗြ​ဟံ​တွင်​သား​နှစ်​ယောက်​ရှိ ကြောင်း၊ တစ်​ယောက်​သည်​ကျွန်​မ​နှင့်​ရ​သော​သား ဖြစ်​၍​အ​ခြား​တစ်​ယောက်​မှာ​လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​ဖြစ်​ကြောင်း​ဖော်​ပြ​ပေ​သည်။-
GAL 4:23 ကျွန်​မ​နှင့်​ရ​သော​သား​သည်​သာ​မန်​သ​ဘာ​ဝ အ​တိုင်း​မွေး​ဖွား​လာ​သူ​ဖြစ်​၏။ လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​မူ​ကား​ဘု​ရား​သ​ခင် ၏​က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​သူ​တည်း။-
GAL 4:24 ဤ​အ​ဖြစ်​အ​ပျက်​သည်​ပုံ​ဆောင်​ချက်​ဖြစ်​၏။ အ​မျိုး​သ​မီး​နှစ်​ယောက်​သည်​ပ​ဋိ​ညာဉ်​တော် နှစ်​ပါး​ကို​ဆို​လို​၏။ အ​မျိုး​သ​မီး​တစ်​ယောက် သည်​ဟာ​ဂ​ရ​ဖြစ်​၍​မွေး​ဖွား​သော​သား​သ​မီး များ​သည်​ကျွန်​ဖြစ်​ကြ​၏။ ဟာ​ဂ​ရ​သည်​သိ​နာ တောင်​တွင်​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​သ​ရုပ် ဆောင်​သ​တည်း။-
GAL 4:25 ဟာ​ဂ​ရ​သည်​အာ​ရေ​ဗျ​ပြည်​တွင်​ရှိ​သော​သိ​န တောင်​ကို​ကိုယ်​စား​ပြု​၏။ သူ​သည်​ယ​ခု​ကျွန်​ခံ နေ​ရ​သော​ယေ​ရု​ရှ​လင်​နှင့်​မြို့​သူ​မြို့​သား​များ ကို​သ​ရုပ်​ဆောင်​၏။-
GAL 4:26 သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ဆိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​ကား လွတ်​လပ်​သော​မြို့​ဖြစ်​၍​ငါ​တို့​၏​မိ​ခင် ဖြစ်​၏။-
GAL 4:27 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က၊ ``အ​ချင်း​မိန်း​မ​မြုံ၊ သင်​သည်​ကိုယ်​ဝန်​မ​ဆောင်​ဘူး​သော်​လည်း ရွှင်​လန်း​ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​မ​ခံ​ဘူး​သော်​လည်း ကြွေး​ကြော်​အော်​ဟစ်​လော့။ လင်​ယောကျာ်း​စွန့်​ပစ်​၍​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော​မိန်း​မ​ထက်​ပင်​ပို​၍​သား​သ​မီး များ​ကို ရ​ရှိ​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​ဖြစ်​၏။
GAL 4:28 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဣ​ဇာက်​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ရ​ဖွား​မြင် သော​သား​သ​မီး​များ​ဖြစ်​ကြ​၏။-
GAL 4:29 ထို​စဉ်​အ​ခါ​က​သာ​မန်​သ​ဘာ​ဝ​အား​ဖြင့် မွေး​ဖွား​သော​သား​သည် ဝိ​ညာဉ်​အား​ဖြင့်​မွေး ဖွား​သော​သား​အား​ညှဉ်း​ဆဲ​နှိပ်​စက်​ခဲ့​၏။ ယခု အ​ခါ​၌​လည်း​ထို​နည်း​တူ​ပင်​ဖြစ်​၏။-
GAL 4:30 သို့​ရာ​တွင်​ကျမ်း​စာ​တော်​က​အ​ဘယ်​သို့​ဖော်​ပြ သ​နည်း။ ``ဤ​ကျွန်​မ​နှင့်​သူ​၏​သား​ကို​နှင်​ထုတ် လော့။ ကျွန်​မ​၏​သား​သည်​လွတ်​လပ်​သော​မိန်း​မ ၏​သား​နှင့်​အ​တူ​အ​မွေ​စား​အ​မွေ​ခံ​မ​ဖြစ် ရ'' ဟု​ဖော်​ပြ​သည်။-
GAL 4:31 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​ကား​ကျွန်​မ ၏​သား​များ​မ​ဟုတ်။ လွတ်​လပ်​သော​မိန်း​မ​၏ သား​များ​ဖြစ်​သ​တည်း။
GAL 5:1 ခ​ရစ်​တော်​သည်​ငါ​တို့​အား ကျွန်​ဘ​ဝ​မှ​လွတ် မြောက်​စေ​တော်​မူ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​ကျွန် မ​ဟုတ်​ကြ။ သို့​ဖြစ်​၍​လွတ်​လပ်​သူ​များ​အ​ဖြစ် နှင့်​ရပ်​တည်​ကြ​လော့။ နောက်​တစ်​ဖန်​ကျွန်​မ​ဖြစ် ကြ​နှင့်။
GAL 5:2 နား​ထောင်​ကြ​လော့။ ငါ​ပေါ​လု​ဆို​သည်​ကား အ​ကယ်​၍ သင်​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ခံ​ကြ​မည်​ဆို​ပါ​က ခ​ရစ်​တော်​အား​ဖြင့် သင်​တို့​အ​ဘယ်​အ​ကျိုး​ကို​မျှ​မ​ရ​နိုင်​ကြ။-
GAL 5:3 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​တိုင်း​သည် ပ​ညတ် တ​ရား​အ​လုံး​စုံ​ကို​လိုက်​လျှောက်​ရ​လိမ့်​မည် ဖြစ်​ကြောင်း ယ​ခု​တစ်​ဖန်​ငါ​သတိ​ပေး​၏။-
GAL 5:4 ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို ပ​ညတ်​တ​ရား​လိုက်​လျှောက်​ခြင်း​အား​ဖြင့်​ရှာ လျှင် သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​ဆက်​ပြတ်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​တ​ရား​လက် အောက်​တွင်​မ​ရှိ​တော့​ပြီ။-
GAL 5:5 ငါ​တို့​မူ​ကား​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​ကို​အ​မှီ​ပြု​လျက်​ယုံ​ကြည်​ခြင်း အား​ဖြင့် ကိုယ်​တော်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​စောင့်​စား​မျှော်​လင့် ကြ​၏။-
GAL 5:6 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။
GAL 5:7 ယ​ခင်​က​သင်​တို့​ပြု​ကျင့်​ကြ​ပုံ​မှာ အ​လွန် လျောက်​ပတ်​ပေ​သည်။ သမ္မာ​တ​ရား​တော်​ကို မ​လိုက်​မ​နာ​စေ​ရန်​ယ​ခု​သင်​တို့​အား အ​ဘယ် သူ​ဆီး​တား​သ​နည်း။ ထို​သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​သွေး​ဆောင်​သ​နည်း။-
GAL 5:8 ထို​သွေး​ဆောင်​မှု​သည်​သင်​တို့​အား ရွေး​ကောက် တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ သည်​မ​ဟုတ်။-
GAL 5:9 ``မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ကြွ​စေ​ရန် တ​ဆေး​အ​နည်း​ငယ်​သာ​လို​သည်'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သ​တိ​ပြု​ကြ​လော့။-
GAL 5:10 သို့​ရာ​တွင်​ငါ​သည်​သင်​တို့​ကို ယ​နေ့​တိုင်​အောင် ယုံ​ကြည်​စိတ်​ချ​ခြင်း​ရှိ​၏။ ငါ​နှင့်​သင်​တို့​သည် သ​ခင်​ဘု​ရား​၌​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ သ​ဖြင့် သင်​တို့​သည်​ကွဲ​လွဲ​သော​အ​ယူ​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ယုံ​ကြည် စိတ်​ချ​၏။ သို့​ရာ​တွင်​သင်​တို့​အား​နှောင့်​ယှက် သူ​မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​မည်။
GAL 5:11 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ အ​ကယ်​၍ ငါ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ဆက်​လက်​ဟော​ပြော နေ​သည်​ဟု​ဆို​သည်​မှာ​မှန်​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​လျက်​နေ​ရ​ပါ​သေး သ​နည်း။ အ​ကယ်​၍​ယင်း​သို့​ဟော​ပြော​သည်​ဟု ဆို​သည်​မှာ​မှန်​လျှင် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တ​ရား​တော်​အ​ကြောင်း ငါ​ဟော​ပြော​မှု သည်​ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်။-
GAL 5:12 သင်​တို့​ကို​နှောင့်​ယှက်​သော​သူ​တို့​သည်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ရုံ​သာ​မ​က မိ​မိ​တို့ ကိုယ်​ကို​သင်း​ကွပ်​လိုက်​ကြ​လျှင်​ကောင်း​လိမ့်​မည်။
GAL 5:13 ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။-
GAL 5:14 ``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် လော့'' ဟူ​သော​ပ​ညတ်​သည်​ပ​ညတ်​တ​ရား​၏ အ​ချုပ်​အ​ခြာ​ဖြစ်​၏။-
GAL 5:15 သို့​သော်​သား​ရဲ​တိရစ္ဆာန်​အ​ချင်း​ချင်း​ကိုက်​သတ် ကြ​သ​ကဲ့​သို့ သင်​တို့​ပြု​ကြ​ပါ​လျှင် အ​ချင်း ချင်း​ဖျက်​ဆီး​ရာ​ရောက်​မည်​ဖြစ်​ကြောင်း​သ​တိ ပြု​ကြ​လော့။
GAL 5:16 ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။-
GAL 5:17 အ​ဘယ်​ကြောင့်​ဆို​သော်​လူ့​ဇာ​တိ​အ​လို​သည် ဝိ​ညာဉ်​တော်​အ​လို​နှင့်​ဆန့်​ကျင်​လျက်​နေ​၍ ဝိ​ညာဉ်​တော်​အ​လို​သည်​လည်း လူ့​ဇာ​တိ​အ​လို နှင့်​ဆန့်​ကျင်​လျက်​နေ​သော​ကြောင့်​ဖြစ်​၏။ လူ့ ဇာ​တိ​သ​ဘော​နှင့်​ဝိ​ညာဉ်​တော်​သည်​ရန်​သူ များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ တို့​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​မ​ပြု​နိုင်​ကြ။-
GAL 5:18 ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား​ဦး​ဆောင်​လမ်း​ပြ တော်​မူ​လျှင် သင်​တို့​သည်​ပညတ်​တ​ရား​၏​လက် အောက်​ခံ​မ​ဟုတ်​တော့​ပေ။
GAL 5:19 လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊-
GAL 5:20 ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြီး​ပွား​ကျော်​ကြား​လို​စိတ် ရှိ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊-
GAL 5:21 ငြူ​စူ​ခြင်း၊ သေ​ရည်​သောက်​ကြူး​ခြင်း၊ သောက်​စား ပျော်​ပါး​ခြင်း​အ​စ​ရှိ​သည်​တို့​ဖြစ်​၏။ ဤ​နည်း အ​တိုင်း​ပြု​ကျင့်​ကြ​သူ​တို့​သည်​ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ကို​အ​ပိုင်​ရ​ကြ​မည်​မ​ဟုတ်။
GAL 5:22 ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊-
GAL 5:23 နူး​ညံ့​သိမ်​မွေ့​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း တို့​ပေ​တည်း။ ဤ​အ​ရာ​များ​နှင့်​ပတ်​သက်​၍​ပြ​ဋ္ဌာန်း ထား​သည့်​တ​ရား​ဥ​ပ​ဒေ​ဟူ​၍​မ​ရှိ။-
GAL 5:24 ခ​ရစ်​တော်​ယေ​ရှု​၏​တ​ပည့်​များ​သည်​လူ့​ဇာ​တိ​စိတ် နှင့်​၎င်း​၏​လို​အင်​ဆန္ဒ​များ​ကို လက်​ဝါး​ကပ်​တိုင်​ပေါ် တွင်​တင်​၍​ကွပ်​မျက်​လိုက်​ကြ​လေ​ပြီ။-
GAL 5:25 ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား​အ​သက်​ရှင်​စေ​ပြီ။ ဝိ​ညာဉ်​တော်​ဦး​ဆောင်​လမ်း​ပြ​တော်​မူ​သည် အ​တိုင်း​ကျင့်​ရ​ကြ​မည်။-
GAL 5:26 ငါ​တို့​သည်​မာန်​မာ​န​မ​ရှိ​ရ။ အ​ချင်း​ချင်း အ​မျက်​ထွက်​အောင်​မ​ဆွ​ရ။ မ​နာ​လို​ခြင်း မ​ရှိ​ရ။
GAL 6:1 ညီ​အစ်​ကို​တို့​လူ​တစ်​ဦး​တစ်​ယောက်​သည်​မ​ကောင်း မှု​တစ်​စုံ​တစ်​ရာ​ပြု​သည်​ကို သင်​တို့​တွေ့​ရှိ​လျှင် ဝိ​ညာဉ်​ပါ​ရ​မီ​ရှိ​သော​သင်​တို့​က နူး​ညံ့​သိမ်​မွေ့ စွာ​ထို​သူ​ကို​ပြု​ပြင်​ပေး​ရ​မည်။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​တိုင်​လည်း စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
GAL 6:2 အ​ချင်း​ချင်း​၏​ဝန်​များ​ကို​ကူ​ညီ​ထမ်း​ရွက် သော​အား​ဖြင့် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ကျင့်​ကြ​လော့။-
GAL 6:3 အ​ရေး​ပါ​အ​ရာ​ရောက်​သူ​မ​ဖြစ်​ဘဲ မိ​မိ​ကိုယ် ကို​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ဟု​ထင်​မှတ်​သော သူ​သည် မိ​မိ​ကိုယ်​ကို​လှည့်​စား​၏။-
GAL 6:4 လူ​တိုင်း​ပင်​မိ​မိ​၏​အ​ပြု​အ​မူ​ကို​စစ်​ကြော အပ်​၏။ မိ​မိ​၏​အ​ပြု​အ​မူ​သည်​ကောင်း​မွန်​ပါ​က ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ပေ​သည်။-
GAL 6:5 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​ပင် မိ​မိ​၏​ဝန်​ကို ထမ်း​ရွက်​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း။
GAL 6:6 တ​ရား​တော်​ကို​သင်​ယူ​သူ​သည်​သင်​ပေး​သော သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။
GAL 6:7 သင်​တို့​သည်​အ​ယူ​အ​ဆ​မ​လွဲ​မှား​ကြ​နှင့်။ ဘု​ရား သ​ခင်​အား​အ​ဘယ်​သူ​မျှ​လိမ်​လည်​၍​မ​ရ။ လူ သည်​မိ​မိ​မျိုး​ကြဲ​သည့်​အ​တိုင်း အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။-
GAL 6:8 လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။-
GAL 6:9 သို့​ဖြစ်​၍​ငါ​တို့​သည်​အား​မ​လျော့​စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​ကြ​ကုန်​အံ့။ ယင်း​သို့ အား​မ​လျော့​စိတ်​မ​ပျက်​ကြ​ပါ​မူ ငါ​တို့​သည် အ​ချိန်​တန်​သော​အ​ခါ​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်။-
GAL 6:10 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခါ​အ​ခွင့်​ရ​တိုင်း လူ​ခပ်​သိမ်း တို့​၏​အ​ကျိုး​ကို​သယ်​ပိုး​ဆောင်​ရွက်​ကြ​ကုန်​အံ့။ အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော အိမ်​ထောင်​စု​သား​တို့​၏​အ​ကျိုး​ကို​သယ်​ပိုး ဆောင်​ရွက်​ကြ​ကုန်​အံ့။
GAL 6:11 ယ​ခု​အ​ဘယ်​မျှ​ကြီး​သော​စာ​လုံး​များ​ဖြင့် သင်​တို့ ထံ​သို့​ငါ့​လက်​ဖြင့်​ရေး​သား​သည်​ကို​ကြည့်​ကြ လော့။-
GAL 6:12 သင်​တို့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရန် အ​နိုင် အ​ထက်​တိုက်​တွန်း​ကြ​သူ​တို့​သည် ပြင်​ပ​အ​မှတ် လက္ခ​ဏာ​များ​အ​တွက် ဂုဏ်​ယူ​ပြ​စား​လို​သူ​များ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဤ​သို့​ပြု​ရ​ခြင်း​မှာ ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​တ​ရား​တော် အ​တွက် သူ​တို့​ကိုယ်​တိုင်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း ခံ​ကြ​ရ​မည်​စိုး​သော​ကြောင့်​ဖြစ်​၏။-
GAL 6:13 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ကြ​သူ​တို့​ပင်​လျှင် ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​ကြ​ချေ။ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​သင်​တို့​ခံ​ယူ​သည့်​အ​တွက် ဂုဏ်​ယူ​ဝါ​ကြွား​လို​သ​ဖြင့်​သင်​တို့​အား​ခံ​ယူ စေ​လို​ခြင်း​ဖြစ်​၏။-
GAL 6:14 ငါ​မူ​ကား​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ခြား အ​ဘယ်​အ​ရာ​အ​တွက်​မျှ​ဂုဏ်​ယူ​ဝါ​ကြွား လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တော်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​သည် ငါ​နှင့်​လည်း​ကောင်း၊ ငါ သည်​လည်း​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​နှင့်​လည်း​ကောင်း အ​ဆက် ပြတ်​လျက်​ရှိ​၏။-
GAL 6:15 လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ခံ​သည်​မ​ခံ​သည်​မှာ အ​ရေး​မ​ကြီး​ပေ။ သတ္တဝါ သစ်​ဖြစ်​ခြင်း​သာ​လျှင်​အ​ရေး​ကြီး​၏။-
GAL 6:16 ဤ​သ​ဘော​တ​ရား​ကို​လိုက်​နာ​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​ပေါင်း​တို့​အ​ပေါ်​သို့​လည်း​ကောင်း ငြိမ် သက်​ခြင်း​နှင့်​က​ရု​ဏာ​တော်​သက်​ရောက်​ပါ စေ​သော။
GAL 6:17 နိ​ဂုံး​ချုပ်​ရ​မည်​ဆို​လျှင် ငါ့​အား​အ​ဘယ်​သူ​မျှ နောက်​ထပ်​မ​နှောင့်​ယှက်​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​၏​ကိုယ်​ပေါ်​တွင်​ရှိ​သော​ဒဏ်​ရာ​ဒဏ်​ချက် များ​က ငါ​သည်​သ​ခင်​ယေ​ရှု​၏​ကျွန်​ဖြစ်​ကြောင်း သက်​သေ​ပြ​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။
GAL 6:18 ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ စေ​သော။ အာ​မင်။ ဂ​လာ​တိ​သြ​ဝါ​ဒ​စာ​ပြီး​၏။
EPH 1:1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ ရ​သော​ပေါ​လု​ထံ​မှ ဧ​ဖက်​မြို့​နေ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဖြစ်​သူ၊ သစ္စာ​ရှိ​စွာ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​သူ​အ​ပေါင်း​တို့​ထံ​သို့​စာ​ရေး လိုက်​ပါ​သည်။
EPH 1:2 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို သင်​တို့​ခံ​စား​ရ​ပါ​စေ​သ​တည်း။
EPH 1:3 ငါ​တို့​သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန် စို့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​ကင်​လော​က​ဆိုင်​ရာ​ဝိ​ညာဉ်​ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​ကို ခ​ရစ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ​ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော​ကြောင့်​တည်း။-
EPH 1:4 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​ရှေ့​တော်​တွင်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​ဘဲ သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဖြစ်​နိုင်​ကြ​စေ​ရန်​ကမ္ဘာ​မ​တည်​မ​ရှိ​မီ က​ပင်​ငါ​တို့​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​တော်​မူ​ပေ​သည်။ ဘု​ရား​သ​ခင်​သည် မိ​မိ​မေတ္တာ​တော်​ကြောင့်၊-
EPH 1:5 ငါ​တို့​ကို​ကိုယ်​တော်​၏​သား​များ​ဖြစ်​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ရွေး​ကောက်​တော်​မူ​ပြီး ဖြစ်​သည်။ ဤ​ကား​ကိုယ်​တော်​၏​အ​လို​တော် နှင့်​အ​ကြံ​အ​စည်​တော်​ပင်​ဖြစ်​ပေ​သည်။-
EPH 1:6 ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ​သော​သား​တော် အား​ဖြင့် ငါ​တို့​အား​အ​ခ​မဲ့​ပေး​သ​နား​တော် မူ​သည့်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကျေး​ဇူး တော်​အ​တွက် ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။
EPH 1:7 ငါ​တို့​သည်​ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း ကြောင့်၊ မိ​မိ​တို့​အ​ပြစ်​၏​အ​နှောင်​အ​ဖွဲ့​မှ​လွတ် မြောက်​ကြ​ရ​၏။ တစ်​နည်း​အား​ဖြင့်​အ​ပြစ်​ဖြေ လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ ငါ​တို့​အား​ဘု​ရား သ​ခင်​ဤ​ကဲ့​သို့​ရက်​ရော​စွာ​ချ​ပေး​တော်​မူ သည့်​ကျေး​ဇူး​တော်​သည်​အ​လွန်​ကြီး​မြတ် လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​ဉာဏ်​ပ​ညာ​အ​သိ​ပ​ညာ​နှင့်​ကြွယ်​ဝ ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ၊-
EPH 1:9 မိ​မိ​ရည်​ရွယ်​ချက်​အ​တိုင်း​ပြု​တော်​မူ​၏။ ခ​ရစ်​တော်​အား​ဖြင့်​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ​တို့​အား​သိ​စေ​တော်​မူ​ပြီ။-
EPH 1:10 ဤ​အ​ကြံ​အ​စည်​တော်​ကား​အ​ချိန်​တန်​သော အ​ခါ​ခ​ရစ်​တော်​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​စေ လျက် မိုး​မြေ​၌​ရှိ​သ​မျှ​သော​အ​ဖန်​ဆင်း​ခံ​တို့ ကို​စု​ပေါင်း​စေ​ရန်​ပင်​ဖြစ်​သ​တည်း။
EPH 1:11 ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။-
EPH 1:12 သို့​ဖြစ်​၍​ခ​ရစ်​တော်​ကို​ဦး​စွာ​ပ​ထ​မ​မျှော် လင့်​ခဲ့​ကြ​သူ​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​ကုန်​စို့။
EPH 1:13 သင်​တို့​လည်း​ကယ်​တင်​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​တည်း​ဟူ​သော​သမ္မာ​တ​ရား​ကို​ကြား ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် များ​ဖြစ်​လာ​ကြ​၏။ သင်​တို့​သည်​ခ​ရစ်​တော် ကို​ယုံ​ကြည်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ က​တိ​ထား​တော်​မူ​သည့်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ချ​ပေး​ခြင်း​အား​ဖြင့် သင်​တို့​အား မိ​မိ​ပိုင်​တော်​မူ​ကြောင်း​တံ​ဆိပ်​ခတ်​နှိပ်​တော် မူ​၏။-
EPH 1:14 ဝိ​ညာဉ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း ငါ​တို့ ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက်​ဖြစ် တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ ပိုင်​တော်​မူ​သော​သူ​တို့​အား လုံး​ဝ​လွတ်​မြောက် စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​ယုံ​ကြည် စိတ်​ချ​နိုင်​ပေ​သည်။ ငါ​တို့​သည်​ကိုယ်​တော် ၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ထော​မ​နာ​ပြု​ကြ​ကုန်​စို့။
EPH 1:15 ထို့​ကြောင့်​သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ချစ်​ခြင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သည့် အ​ခါ​မှ​စ​၍ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ သင်​တို့​အ​တွက်​ဆု​တောင်း ပတ္ထနာ​ပြု​လျက်​နေ​၏။-
EPH 1:17 သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကျွမ်း​ခြင်း အ​လို့​ငှာ​သင်​တို့​အား​ဉာဏ်​ပ​ညာ​ကို​ပေး​၍ ဘု​ရား​သ​ခင်​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည့် ဝိ​ညာဉ်​တော်​ကို​သင်​တို့​ရ​ရှိ​ကြ​စေ​ရန် ငါ တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ဘု​ရား​သ​ခင်၊ ဘုန်း​ကြီး​သော​အ​ဖ​ခ​မည်း​တော်​ထံ​ငါ လျှောက်​ထား​၏။-
EPH 1:18 ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဘယ်​သို့​သော အ​ရာ​ကို​မျှော်​လင့်​ကြ​စေ​ရန်​ခေါ်​ယူ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​စု တော်​အား​က​တိ​ထား​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​မှာ အ​ဘယ် မျှ​များ​ပြား​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည် သူ​ငါ​တို့​အ​တွင်း​၌​လုပ်​ဆောင်​လျက်​ရှိ သော​တန်​ခိုး​တော်​သည်​အ​ဘယ်​မျှ​ကြီး မား​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မြင် ကြ​စေ​ရန်​သင်​တို့​၏​ဉာဏ်​မျက်​စိ​ကို​ပွင့် လင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​တို့​အ​တွင်း ၌​လုပ်​ဆောင်​လျက်​ရှိ​သည့်​တန်​ခိုး​တော် ကား၊-
EPH 1:20 ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ကောင်း​ကင်​လော​က​တွင်​မိ​မိ ၏​လက်​ယာ​တော်​ဘက်​၌​စံ​မြန်း​စေ​တော် မူ​သော​အ​ခါ​က ဘု​ရား​သ​ခင်​အ​သုံး​ပြု တော်​မူ​ခဲ့​သည့်​တန်​ခိုး​တော်​ပင်​ဖြစ်​သ​တည်း။-
EPH 1:21 ထို​ကောင်း​ကင်​လော​က​တွင်​ခ​ရစ်​တော်​သည် ကောင်း​ကင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ အာ ဏာ​ပိုင်​များ၊ တန်​ခိုး​ရှင်​များ​နှင့်​အ​ရှင်​သ​ခင် အ​ပေါင်း​တို့​၏​အ​ထွတ်​အ​ထိပ်​အ​ဖြစ်​ဖြင့် အုပ်​စိုး​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော် သည်​မျက်​မှောက်​လော​က​နှင့်​အ​နာ​ဂတ် လော​က​၌ ခေါ်​ဝေါ်​သ​မုတ်​နိုင်​သော​အ​ထွတ် အ​ထိပ်​ဘွဲ့​နာ​မ​အ​ပေါင်း​တို့​ထက်​ကြီး မြတ်​တော်​မူ​ပေ​သည်။-
EPH 1:22 ဘု​ရား​သ​ခင်​သည်​ခပ်သိမ်း​သော​အ​ရာ​တို့​ကို ခ​ရစ်​တော်​၏​ခြေ​ဖ​ဝါး​တော်​အောက်​တွင်​ချ ထား​၍ ကိုယ်​တော်​အား​အ​သင်း​တော်​အ​ဖို့ အ​ထွတ်​အ​ထိပ်​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။-
EPH 1:23 ထို​အ​သင်း​တော်​ကား​အ​လုံး​စုံ​တို့​ကို​ပြည့်​ဝ စုံ​လင်​စေ​တော်​မူ​သော​သူ​ပြည့်​ဝ​စုံ​လင်​ခြင်း တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဖြစ် သတည်း။
EPH 2:1 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မ​နာ​ခံ​မှု​နှင့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ဝိ​ညာဉ်​ရေး​အ​ရ​သေ လျက်​ရှိ​နေ​ခဲ့​ကြ​၏။-
EPH 2:2 လော​က​၏​အ​ပြစ်​လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက် ခဲ့​ကြ​၏။ အာ​ကာ​သ​ရှိ​ဝိ​ညာဉ်​တန်​ခိုး​များ​ကို အုပ်​စိုး​သော​မင်း​ကို​နာ​ခံ​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ တို့​သည် ယ​ခု​အ​ခါ​၌​ထို​သူ​၏​စိုး​မိုး​အုပ် ချုပ်​ခြင်း​ကို​ခံ​လျက်​နေ​ကြ​ရ​၏။-
EPH 2:3 အ​မှန်​စင်​စစ်​ငါ​တို့​သည်​ထို​သူ​တို့​ကဲ့​သို့ ဇာ​တိ​၏​ဆွဲ​ဆောင်​ရာ​သို့​လိုက်​လျက် ကာ​ယ​၏ အ​လို​နှင့်​စိတ်​၏​အ​လို​အ​ရ​ပြု​ကျင့်​ခဲ့​ကြ​၏။ ငါ​တို့​သည်​ဇာ​တိ​သ​ဘော​အ​ရ​အ​ခြား​သူ တို့​နည်း​တူ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ခံ​ထိုက်​သူ​များ​ဖြစ်​ခဲ့​ကြ​သည်။
EPH 2:4 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​၍ မေတ္တာ​တော်​သည်​အ​လွန် ကြီး​မား​လှ​သ​ဖြင့်​ကိုယ်​တော်​သည်၊-
EPH 2:5 ငါ​တို့​အား​မ​နာ​ခံ​မှု​အား​ဖြင့်​ဝိ​ညာဉ်​ရေး အ​ရ​သေ​လျက်​ရှိ​နေ​ရာ​မှ ခ​ရစ်​တော်​နှင့်​အ​တူ ရှင်​ပြန်​စေ​တော်​မူ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​သာ​လျှင် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​ပေ​သည်။-
EPH 2:6 ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ဖြင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍ ထို​အ​ရှင်​နှင့်​အ​တူ​ကောင်း​ကင် လော​က​တွင်​စိုး​စံ​ခွင့်​ကို​ပေး​တော်​မူ​၏။-
EPH 2:7 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​ယေရှု​အား​ဖြင့် ငါ​တို့​အား​မေတ္တာ​ပြ​တော်​မူ​ရာ​၌​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​သည်​သာ​မန်​ထက်​လွန်​ကဲ​သည်​ကို နောင်​ကာ​လ​အ​စဉ်​အ​ဆက်​လူ​တို့​သိ​မြင်​နိုင် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။-
EPH 2:8 သင်​တို့​သည်​ယုံ​ကြည်​သော​အား​ဖြင့်​ကျေး​ဇူး တော်​ကြောင့်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သင်​တို့ ၏​ကြိုး​စား​အား​ထုတ်​မှု​ရ​လဒ်​ကြောင့်​ခံ​ကြ​ရ သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ချ​ပေး​တော်​မူ​သော ဆု​ဖြစ်​၍​အ​ဘယ်​သူ​မျှ​ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။-
EPH 2:10 ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဘု​ရား​သ​ခင်​စီ​မံ​ထား​တော်​မူ သော​အ​ကျင့်​ကောင်း​များ​ကို​ပြု​ကျင့်​စေ​ရန် ဘု​ရား သ​ခင်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​ပေ​သည်။
EPH 2:11 ဇာ​တိ​အ​လျောက်​လူ​မျိုး​ခြား​ဖြစ်​ကြ​သော​သင် တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​များ​ဟု ယု​ဒ​အ​မျိုး​သား​များ​က​ခေါ်​ကြ​၏။ ယု​ဒ အ​မျိုး​သား​များ​က မိ​မိ​တို့​ကိုယ်​ကို​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ခံ​သူ​များ​ဟု​ခေါ်​ကြ​၏။ (အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ဟု​ဆို​ရာ​၌​ကိုယ် ကာ​ယ​နှင့်​ဆိုင်​သော​အ​မှု​ဖြစ်​သည်။) အ​ထက် က​သင်​တို့​၏​အ​ခြေ​အ​နေ​ကို​သ​တိ​ရ ကြ​လော့။-
EPH 2:12 ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ခ​ရစ်​တော်​နှင့် ကင်း​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ​မျိုး ခြား​များ​ဖြစ်​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ သော​လူ​စု​တော်​တွင်​ပါ​ဝင်​ခွင့်​မ​ရ​ကြ။ မိ​မိ​၏ လူ​စု​တော်​အား ဘု​ရား​သ​ခင်​ထား​တော်​မူ​သော က​တိ​တော်​များ​ပေါ်​တွင်​အ​ခြေ​ပြု​သည့်​ပ​ဋိ ညာဉ်​တ​ရား​နှင့်​မ​သက်​ဆိုင်​ကြ။ ဤ​လော​က တွင်​မျှော်​လင့်​ရာ​မဲ့​ဘု​ရား​မဲ့​ခဲ့​ရ​၏။-
EPH 2:13 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​ပြီ​ဖြစ်​သ​ဖြင့် ယ​ခင် က​ဝေး​လျက်​နေ​ခဲ့​ကြ​သော​သင်​တို့​သည်​ခ​ရစ် တော်​အ​သေ​ခံ​တော်​မူ​ခြင်း​ကြောင့် အ​ပါး​တော် သို့​ရောက်​ကြ​ရ​လေ​ပြီ။-
EPH 2:14 ခ​ရစ်​တော်​သည်​ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ မျိုး​ခြား​တို့​ကို လူ​မျိုး​တစ်​မျိုး​တည်း​ဖြစ်​စေ တော်​မူ​လျက် ငါ​တို့​အား​ရန်​ငြိမ်း​မှု​ကို​ပေး​တော် မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​အား ဖြင့် ငါ​တို့​အား​ရန်​သူ​များ​အ​ဖြစ်​ပိုင်း​ခြား ထား​သည့်​တံ​တိုင်း​ကို​ဖြို​ဖျက်​တော်​မူ​၏။-
EPH 2:15 ကိုယ်​တော်​သည်​ဥ​ပ​ဒေ​စည်း​မျဉ်း​များ​နှင့်​တ​ကွ ယု​ဒ​ပ​ညတ်​တ​ရား​ကို​ပယ်​ဖျက်​တော်​မူ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား​များ​နှင့်​လူ​မျိုး​ခြား​တို့​အား မိ​မိ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက်​လူ မျိုး​အ​သစ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​သည်။ ဤ​နည်း အား​ဖြင့်​ရန်​ငြိမ်း​မှု​ကို​ပေး​တော်​မူ​၏။-
EPH 2:16 ခ​ရစ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​ခြင်း​ဖြင့် သူ​တို့​အ​ချင်း​ချင်း​၏​ရန်​ကို ဖယ်​ရှား​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​အား​ဖြင့်​လူ မျိုး​နှစ်​စု​ကို​တစ်​စု​တည်း​ဖြစ်​စေ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ​၏။-
EPH 2:17 သို့​ဖြစ်​၍​ယ​ခင်​ဘု​ရား​သ​ခင်​နှင့်​ဝေး​လျက်​နေ ခဲ့​သော​သင်​တို့​လူ​မျိုး​ခြား​များ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​နီး​ခဲ့​သူ​ယု​ဒ​အ​မျိုး​သား​များ အား​လည်း​ကောင်း ခ​ရစ်​တော်​သည်​ကြွ​လာ​တော်​မူ​၍ ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​တော်​မူ​၏။-
EPH 2:18 လူ​မျိုး​ခြား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ဖြစ်​သည့်​ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့်​တစ် ပါး​တည်း​သော​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​လျက် ခ​မည်း​တော်​၏​ရှေ့​တော်​သို့​ဝင်​ရောက်​ခွင့်​ရ​ရှိ ကြ​ပေ​သည်။
EPH 2:19 သို့​ဖြစ်​၍​သင်​တို့​သည်​လူ​မျိုး​ခြား​မ​ဟုတ်၊ သူ စိမ်း​တစ်​ရံ​ဆံ​လည်း​မ​ဟုတ်​ကြ​တော့​ပေ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ​ပြည် တော်​သား​များ၊ ကိုယ်​တော်​၏​အိမ်​ထောင်​စု​သား များ​ဖြစ်​ကြ​လေ​ပြီ။-
EPH 2:20 သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။-
EPH 2:21 ကိုယ်​တော်​သည်​ဤ​အ​ဆောက်​အ​အုံ​တစ်​ခု​ကို တည်​မြဲ​ခိုင်​ခံ့​ကြီး​ပွား​တိုး​တက်​စေ​သ​ဖြင့် ယင်း​သည်​သ​ခင်​ဘု​ရား​အား​ဆက်​ကပ်​ထား သော​ဗိ​မာန်​တော်​ဖြစ်​လာ​လေ​သည်။-
EPH 2:22 သင်​တို့​သည်​လည်း​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ် ဝ​တည်း​ဖြစ်​လျက် အ​ခြား​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​တည်​ဆောက်​ခြင်း​ကို​ခံ​သ​ဖြင့်​ဝိ​ညာဉ် တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော် မူ​ရာ​ဌာ​န​တော်​ဖြစ်​လာ​ကြ​ပေ​သည်။
EPH 3:1 ဤ​အ​ကြောင်း​ကြောင့်​ခ​ရစ်​တော်​ယေ​ရှု​၏ အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​ပေါ​လု​သည်​သင်​တို့ လူ​မျိုး​ခြား​များ​၏​အ​တွက် ဘု​ရား​သ​ခင်​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-
EPH 3:2 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကျေး​ဇူး​တော် ကြောင့်​သင်​တို့​အ​ကျိုး​ငှာ​ဤ​အ​မှု​ကို​ဆောင် ရွက်​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​ကြောင်း​သင် တို့​အ​မှန်​ပင်​ကြား​သိ​ကြ​ပြီး​ဖြစ်​သည်။-
EPH 3:3 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ့​အား​ဖွင့်​ပြ​တော်​မူ​၏။ (ဤ အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍​သင်​တို့​အား အ​ကျဉ်း​အား​ဖြင့်​ငါ​ဖော်​ပြ​ခဲ့​ပြီး​ပေ​ပြီ။-
EPH 3:4 သင်​တို့​သည်​ထို​ဖော်​ပြ​ချက်​ကို​ဖတ်​ရှု​ခြင်း အား​ဖြင့်​ခ​ရစ်​တော်​၏​နက်​နဲ​သည့်​အ​ရာ​ကို ငါ​သိ​ရှိ​နား​လည်​ကြောင်း​သိ​မြင်​နိုင်​ကြ​၏။-)
EPH 3:5 ဘု​ရား​သ​ခင်​သည်​ထို​နက်​နဲ​သော​အ​ရာ​ကို ယ​ခင်​ခေတ်​အ​ခါ​များ​က​လူ​သား​တို့​အား ဖွင့်​ပြ​တော်​မ​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ၌​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သူ​တ​မန် တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား​ဝိ​ညာဉ် တော်​အား​ဖြင့်​ဖွင့်​ပြ​တော်​မူ​လေ​ပြီ။-
EPH 3:6 ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။
EPH 3:7 တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့်​ငါ့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော​အ​ထူး ဆု​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ငါ​သည်​သ​တင်း ကောင်း​ကို​ကြေ​ညာ​သူ​ဖြစ်​လာ​၏။-
EPH 3:8 ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင်​အ​သိမ် ငယ်​ဆုံး​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ခ​ရစ်​တော်​၏​အ​တိုင်း​မ​သိ​ကြွယ်​ဝ​ချမ်း​သာ ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​လူ​မျိုး​ခြား တို့​အား​ဟော​ပြော​ကြေ​ညာ​ရန်​နှင့်၊-
EPH 3:9 ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ကြံ​အ​စည် တော်​သည်​အ​ဘယ်​သို့​အ​ကောင်​အ​ထည်​ပေါ် လာ​မည်​ကို လူ​အ​ပေါင်း​တို့​အား​ရှင်း​လင်း ဖော်​ပြ​ရန်​အ​ခွင့်​ထူး​ကို​ငါ့​အား​ပေး​သ​နား တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ အ​ဆက်​ဆက်​က​ထို​အ​ကြံ​အ​စည်​တော် ကို​ကွယ်​ဝှက်​၍​ထား​တော်​မူ​ခဲ့​၏။-
EPH 3:10 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကောင်း​ကင်​လော​က ကို​အ​စိုး​ရ​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ​သည် ကိုယ်​တော်​၏​အ​ထူး​ထူး​အ​ပြား​ပြား​သော ဉာဏ်​ပ​ညာ​တော်​ကို ယ​ခု​အ​ခါ​၌​အ​သင်း တော်​အား​ဖြင့်​သိ​လာ​ကြ​စေ​ရန်​ပင်​ဖြစ် ပေ​သည်။-
EPH 3:11 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ထာ​ဝ​ရ​အ​ကြံ အ​စည်​တော်​နှင့်​အ​ညီ ငါ​တို့​အ​ရှင်​ခ​ရစ် တော်​ယေ​ရှု​အား​ဖြင့်​ယင်း​သို့​စီ​မံ​တော်​မူ သ​တည်း။-
EPH 3:12 ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ထံ​တော်​သို့​ရဲ​ဝံ့​ယုံ​ကြည်​စိတ်​ချ​စွာ​ချဉ်း​ကပ် ခွင့်​ကို​ရ​ရှိ​ကြ​၏။-
EPH 3:13 သို့​ဖြစ်​၍​သင်​တို့​အ​တွက်​ငါ​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကြောင့်​သင်​တို့​စိတ်​မ​ပျက်​ကြ နှင့်။ သင်​တို့​၏​အ​ကျိုး​အ​တွက်​ငါ​ခံ​ရ​ခြင်း ဖြစ်​ပေ​သည်။
EPH 3:14 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ကောင်း​ကင်​ဘုံ​နှင့် ကမ္ဘာ​မြေ​ပေါ်​ရှိ​အိမ်​ထောင်​စု​မှန်​သ​မျှ​တို့​၏ အ​မည်​နာ​မ​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​သော အ​ဖ​ခ​မည်း​တော်​၏​ရှေ့​တော်​တွင်​ဒူး​ထောက် လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-
EPH 3:16 ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား စိတ်​ဋ္ဌာတ်​ကြံ့​ခိုင်​လာ​စေ​စိမ့်​သော​ငှာ​ဝိ​ညာဉ် တော်​အား​ဖြင့်​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​သ​နား တော်​မူ​ရန်​ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-
EPH 3:17 သင်​တို့​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခ​ရစ်​တော်​သည် သင်​တို့​စိတ်​နှ​လုံး​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန်​ငါ ဆု​တောင်း​၏။ သင်​တို့​သည်​ခ​ရစ်​တော်​၏​မေတ္တာ တော်​အ​လျား၊ အ​နံ၊ အ​မြင့်၊ အ​နက်​တို့​ကို ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ နှင့်​အ​တူ​သိ​ရှိ​နား​လည်​နိုင်​ကြ​မည့်​အ​ကြောင်း မေတ္တာ​တော်​တွင်​အ​ခြေ​ခံ​အ​မြစ်​စွဲ​လျက်​ရှိ ကြ​စေ​ရန်​ကို​လည်း​ငါ​သည်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။-
EPH 3:19 ကိုယ်​တော်​၏​မေတ္တာ​တော်​ကို​အ​ဘယ်​အ​ခါ​၌ မျှ​အ​ပြည့်​အ​ဝ​နား​လည်​နိုင်​မည်​မ​ဟုတ်​သော် လည်း သင်​တို့​သည်​ထို​မေတ္တာ​တော်​ကို​သိ​ရှိ​နား လည်​လာ​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​ပြည့်​စုံ​သည် နှင့်​အ​မျှ​ပြည့်​စုံ​စေ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ နာ​ပြု​၏။
EPH 3:20 ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။
EPH 4:1 သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို ဆောင်​ရွက်​သော​ကြောင့် အ​ကျဉ်း​ခံ​ရ​သူ​ငါ သည်​သင်​တို့​အား​နှိုး​ဆော်​ပါ​၏။ သင်​တို့ သည်​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော် မူ​ခြင်း​ကို​ခံ​ရ​သည်​နှင့်​အ​ညီ​ကျင့်​ကြံ ပြု​မူ​ကြ​လော့။-
EPH 4:2 အ​စဉ်​စိတ်​နှ​လုံး​နှိမ့်​ချ​ကြ​လော့။ သိမ်​မွေ့ နူး​ညံ့​ကြ​လော့။ စိတ်​ရှည်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​သည်း​ခံ​ခြင်း​အား​ဖြင့်​မေတ္တာ​ပြ ကြ​လော့။-
EPH 4:3 သင်​တို့​အား​စည်း​လုံး​စေ​သော​ငြိမ်​သက်​ခြင်း အား​ဖြင့် ဝိ​ညာဉ်​တော်​က​ပေး​သော​စည်​လုံး​ညီ ညွတ်​မှု​ကို​အ​စွမ်း​ကုန်​ထိန်း​သိမ်း​ကြ​လော့။-
EPH 4:4 သင်​တို့​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ တော်​မူ​ခြင်း​ကြောင့်​မျှော်​လင့်​ခြင်း​တစ်​ပါး တည်း​ရှိ​သ​ကဲ့​သို့​ကိုယ်​ခန္ဓာ​တော်​တစ်​ပါး တည်း၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​တော်​မူ​၏။-
EPH 4:5 သ​ခင်​တစ်​ပါး​တည်း၊ ယုံကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း၊-
EPH 4:6 လူ​သား​အ​ပေါင်း​တို့​၏​အ​ဖ​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။ ထို​ဘု​ရား​သ​ခင်​သည် လူ​ခပ်​သိမ်း​တို့​ကို​အုပ်​စိုး​တော်​မူ​၍ လူ​ခပ်​သိမ်း တို့​အား​ဖြင့်​လုပ်​ဆောင်​တော်​မူ​လျက်​လူ​ခပ်​သိမ်း တို့​အ​ထဲ​တွင်​ရှိ​တော်​မူ​၏။
EPH 4:7 ခ​ရစ်​တော်​ချ​ပေး​တော်​မူ​သည်​အ​တိုင်း​ငါ​တို့ တစ်​ဦး​စီ​သည်​ထူး​မြတ်​သည့်​ဆု​ကျေး​ဇူး​ကို ခံ​စား​ကြ​ရ​ပေ​သည်။-
EPH 4:8 ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ ``ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​သို့ တက်​ကြွ​တော်​မူ​သော​အ​ခါ မိ​မိ​နှင့်​အ​တူ​သုံ့​ပန်း​အ​မြောက်​အ​မြား​ကို ခေါ်​ဆောင်​သွား​တော်​မူ​၏။ လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​၏။''
EPH 4:9 ကိုယ်​တော်​တက်​ကြွ​တော်​မူ​သည်​ဆို​ရာ​၌ အ​ဘယ် ကို​ဆို​လို​ပါ​သ​နည်း။ ကိုယ်​တော်​သည်​အ​နိမ့်​ဆုံး အ​ရပ်​မြေ​ကြီး​သို့ ဦး​စွာ​ဆင်း​သက်​တော်​မူ​သည် ဟု​ဆို​လို​ပေ​သည်။-
EPH 4:10 သို့​ဖြစ်​၍​ဆင်း​သက်​တော်​မူ​သော​အ​ရှင်​ကား စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​တွင်​ရှိ​တော်​မူ​ရန် မိုး ကောင်း​ကင်​ဘ​ဝဂ်​သို့​တက်​ကြွ​တော်​မူ​သော အ​ရှင်​ပေ​တည်း။-
EPH 4:11 လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-
EPH 4:12 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​တည်​ဆောက်​ခြင်း​အ​လို့​ငှာ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​အ​ပေါင်း​အား​အ​မှု​တော်​ဆောင် ရွက်​ခြင်း​အ​တွက်​အ​သင့်​ပြင်​ဆင်​ပေး​ရန်​ပင်​ဖြစ် ပေ​သည်။-
EPH 4:13 ထို့​ကြောင့်​ငါ​တို့​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​သိ ကျွမ်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​တို့​ရ​ရှိ သ​မျှ​သည်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​လျက် ခ​ရစ်​တော်​၏​ပြည့်​စုံ​ခြင်း​ပ​မာ​ဏ​အ​တိုင်း ရင့်​ကျက်​သည့်​သူ​များ​အ​ဖြစ်​သို့​ရောက်​ကြ ပေ​အံ့။-
EPH 4:14 ထို​အ​ခါ​ငါ​တို့​သည်​ပ​ရိ​ယာယ်​ဖြင့်​လူ​တို့​ကို လမ်း​လွဲ​အောင်​လိမ်​လည်​ပြော​ဆို​တတ်​သူ​တို့​၏ သြ​ဝါ​ဒ​လှိုင်း​လုံး​များ​အ​ထဲ​၌ သြ​ဝါ​ဒ​လေ ကြောင်း​ပြောင်း​တိုင်း​လွင့်​ပါ​သွား​သော​က​လေး သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​တော့​မည်​မ​ဟုတ်။-
EPH 4:15 ငါ​တို့​သည်​မေတ္တာ​နှင့်​သမ္မာ​တ​ရား​ကို​ဟော​ပြော သော​အား​ဖြင့် အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော် မူ​သော​ခ​ရစ်​တော်​၌​အ​စ​စ​အ​ရာ​ရာ​တွင်​ကြီး ပွား​တိုး​တက်​မှု​ရှိ​ရ​ကြ​ပေ​မည်။-
EPH 4:16 ကိုယ်​တော်​၏​စီ​မံ​အုပ်​ချုပ်​မှု​အောက်​တွင်​ကိုယ်​အင်္ဂါ ရှိ​သ​မျှ​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု​အ​ဆစ်​အ​ပိုင်း များ​ဖြင့်​ဆက်​စပ်​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​ကိုယ် အင်္ဂါ​အ​သီး​သီး​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ အ​လုပ်​တာ​ဝန်​ကို​ဆောင်​ရွက်​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကို​မေတ္တာ​တ​ရား​အား ဖြင့်​တည်​ဆောက်​၍​ကြီး​ပွား​စေ​လေ​သည်။
EPH 4:17 သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​မဲ့​သူ​များ​နည်း တူ​ဆက်​လက်​မ​ကျင့်​ကြံ​ကြ​ရန် သ​ခင်​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ငါ​သ​တိ​ပေး လို​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကား အ​ချည်း​နှီး​သာ​ဖြစ်​သည်။-
EPH 4:18 သူ​တို့​သည်​ဉာဏ်​အ​လင်း​ကွယ်​၍​အ​သိ​တ​ရား လုံး​ဝ​ကင်း​မဲ့​လျက်​ခေါင်း​မာ​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​ချ​မှတ်​ပေး​တော်​မူ​သော​အ​သက်​နှင့် ကင်း​ကွာ​လျက်​ရှိ​ကြ​၏။-
EPH 4:19 ရှက်​ကြောက်​စိတ်​လုံး​ဝ​မ​ရှိ​တော့​သ​ဖြင့်​သူ​တို့ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ကာ ညစ်​ညမ်း​သော​အ​ကျင့် အ​မျိုး​မျိုး​တို့​ကို​အ​ချုပ်​အ​ချယ်​မ​ရှိ​ပြု​ကျင့် ကြ​ပေ​သည်။
EPH 4:20 ခ​ရစ်​တော်​၏​လမ်း​စဉ်​သည်​ထို​လမ်း​စဉ်​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သင်​ကြား​ခဲ့​ကြ​ပြီ။-
EPH 4:21 ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။-
EPH 4:22 သို့​ဖြစ်​၍​အ​ထက်​က​ကျင်​လည်​ခဲ့​သော​လူ​ဟောင်း ဘ​ဝ​ကို​စွန့်​ပစ်​လော့။ လှည့်​ဖြား​တတ်​သော​ဆန္ဒ​များ ကြောင့်​ယို​ယွင်း​ပျက်​စီး​သည့်​လူ​ဟောင်း​ကို​စွန့်​လွှတ် ကြ​လော့။-
EPH 4:23 သင်​တို့​သည်​စိတ်​သစ်​သ​ဘော​သစ်​ကို​ခံ​ယူ​ကြ ရ​မည်။-
EPH 4:24 ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​ဖန်​ဆင်း ခြင်း​ကို​ခံ​ရ​၍ သမ္မာ​တ​ရား​ဆိုင်​ရာ​ဖြောင့်​မတ် သန့်​ရှင်း​သူ​လူ​သစ်​ဖြစ်​ကြ​ရ​မည်။
EPH 4:25 ထို့​ကြောင့်​မု​သား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​အ​ပေါင်း သည် ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ် ကြ​သ​ဖြင့် ယုံ​ကြည်​သူ​အ​ချင်း​ချင်း​အား​သစ္စာ စ​ကား​ကို​ပြော​ကြ​လော့။-
EPH 4:26 သင်​တို့​သည်​အ​ပြစ်​ကူး​ရာ​ရောက်​သည့်​တိုင်​အောင် အ​မျက်​မ​ထွက်​ကြ​နှင့်။ နေ​မ​ဝင်​မီ​အ​မျက်​ကို ပြေ​ငြိမ်း​စေ​ကြ​လော့။-
EPH 4:27 မာရ်​နတ်​ကို​အ​ခွင့်​မ​ပေး​ကြ​နှင့်။-
EPH 4:28 ခိုး​ဝှက်​ဖူး​သူ​သည်​နောက်​တစ်​ဖန်​မ​ခိုး​ဝှက်​တော့​ဘဲ ချို့​တဲ့​သူ​များ​အား​ဝေ​မျှ​ပေး​ကမ်း​နိုင်​ရန် မိ​မိ လက်​ဖြင့်​အ​လုပ်​ကို​ရိုး​ဖြောင့်​စွာ​ကြိုး​စား​လုပ် ကိုင်​စေ။-
EPH 4:29 ညစ်​ညမ်း​သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​သင်​တို့​နှုတ်​မှ မ​ထွက်​စေ​နှင့်။ သူ​တစ်​ပါး​တို့​အား​အ​ကျိုး​ရှိ​စေ​မည့် စ​ကား၊ အ​ပြု​သ​ဘော​ပါ​သည့်​စ​ကား​ကို​သာ ပြော​ကြား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​၏​စကား ကို​ကြား​ကြ​သူ​တို့​သည်​အ​ကျိုး​ကျေး​ဇူး​ခံ​စား ရ​လိမ့်​မည်။-
EPH 4:30 ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​စိတ် မ​နာ​စေ​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော် သည် သင်​တို့​အား​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​ကြောင်း သက်​သေ​ခံ​တံ​ဆိပ်​အ​မှတ်​အ​သား​ဖြစ်​၍ နောက်​ဆုံး သော​နေ့​ရက်​၌​သင်​တို့​သည်​ကိုယ်​တော်​၏​ကယ်​တင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက် ဖြစ်​သော​ကြောင့်​တည်း။-
EPH 4:31 ထို့​ကြောင့်​နာ​ကြည်း​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက် ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း၊ သူ​တစ်​ပါး အ​သ​ရေ​ဖျက်​ခြင်း၊ ခပ်​သိမ်း​သော​မုန်း​တီး​ခြင်း တို့​ကို​ပယ်​ရှား​ကြ​လော့။-
EPH 4:32 သင်​တို့​သည်​တစ်​ဦး​ကို​တစ်ဦး​သ​နား​ချစ်​ခင်​ကြ လော့။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​ကြောင့်​သင်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည် လည်း​တစ်​ဦး​နှင့်​တစ်​ဦး​အ​ပြစ်​လွှတ်​ကြ​လော့။
EPH 5:1 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ချစ်​သား​များ​ဖြစ် သ​ဖြင့် ကိုယ်​တော်​နှင့်​တူ​အောင်​ကြိုး​စား​ကြ​ရ​မည်။-
EPH 5:2 ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။
EPH 5:3 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဖြစ် သြဖင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု၊ ညစ်​ညမ်း​မှု​နှင့် လော​ဘ​လွန်​ကူး​မှု​အ​ကြောင်း​တို့​ကို​သင် တို့​တွင်​ပြော​ဆို​ခြင်း​ပင်​မ​ရှိ​စေ​နှင့်။-
EPH 5:4 ညစ်​ညမ်း​သော​စ​ကား၊ ယုတ်​မာ​သော​စ​ကား၊ ရိုင်း​စိုင်း​သော​စ​ကား​များ​ကို​လည်း​မ​ပြော မ​ဆို​အပ်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့် စ​ကား​များ​ကို​သာ​လျှင်​ပြော​ဆို​အပ်​၏။-
EPH 5:5 ကာ​မ​ဂုဏ်​လိုက်​စား​သူ၊ ညစ်​ညမ်း​သူ၊ လော​ဘ လွန်​ကူး​သူ​ဟူ​သ​မျှ​သည်​ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပါ​ဝင်​ကြ ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​သင်​တို့​သိ​ကြ​၏။ (လော​ဘ​လွန်​ကူး​ခြင်း​သည်​ရုပ်​တု​ကိုး​ကွယ် မှု​တစ်​မျိုး​ပင်​ဖြစ်​သည်။)
EPH 5:6 အ​ချည်း​နှီး​သော​စ​ကား​ဖြင့်​အ​ဘယ်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​များ ကြောင့်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့်​မည်။-
EPH 5:7 ထို့​ကြောင့်​သင်​တို့​သည်​ထို​သို့​သော​သူ​တို့​နှင့် လုံး​ဝ​မ​ဆက်​ဆံ​ကြ​နှင့်။-
EPH 5:8 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မှောင်​မိုက်​တွင် နေ​ထိုင်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​မူ​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​များ​ဖြစ်​လာ​ကြ သ​ဖြင့်​အ​လင်း​သို့​ရောက်​ရှိ​ကြ​လေ​ပြီ။ သို့ ဖြစ်​၍​အ​လင်း​၌​ကျင်​လည်​သူ​များ​ကဲ့​သို့ ပြု​ကျင့်​ကြ​လော့။-
EPH 5:9 အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ကောင်း မြတ်​ခြင်း​အ​မျိုး​မျိုး၊ ဖြောင့်​မတ်​ခြင်း​နှင့် အ​မှန်​တ​ရား​တို့​ကို​ဖြစ်​ပွား​စေ​သော​ကြောင့် ဖြစ်​၏။-
EPH 5:10 သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​ကြိုး​စား ၍​သင်​ယူ​ကြ​လော့။-
EPH 5:11 မှောင်​မိုက်​တွင်​ကျင်​လည်​သူ​တို့​ပြု​သည့်​အ​ကျိုး မဲ့​သော​အ​မှု​များ​ကို​မ​ပြု​ဘဲ ယင်း​အ​မှု​တို့ ကို​အ​လင်း​သို့​ဖော်​ထုတ်​ကြ​လော့။-
EPH 5:12 (ဤ​သူ​တို့​ဆိတ်​ကွယ်​ရာ​တွင်​ပြု​ကျင့်​သည့် အ​မှု​များ​ကို​ဖော်​ပြ​ရန်​ပင်​အ​လွန်​ရှက်​စ​ရာ ကောင်း​၏။-)
EPH 5:13 အ​လင်း​သို့​ဖော်​ထုတ်​ခြင်း​ခံ​ရ​သည့်​အ​ရာ​ဟူ သ​မျှ​သည် မိ​မိ​တို့​၏​ပင်​ကို​သ​ဘော​ပေါ်​၍ လာ​လေ​သည်။-
EPH 5:14 အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ပေါ်​လွင်​ထင်​ရှား​စေ​သော ကြောင့်​ဖြစ်​၏။ ဤ​အ​ကြောင်း​ကြောင့်​ကျမ်း​စာ တော်​တွင်၊ ``အိပ်​ပျော်​သူ၊ ထ​လော့။ သေ​ခြင်း​မှ​ထြေမာက်​လော့။ ခ​ရစ်​တော်​သည်​သင့်​အ​ပေါ်​သို့ ထွန်း​လင်း​တော်​မူ​လိမ့်​မည်'' ဟု​ပါ​ရှိ​သ​တည်း။
EPH 5:15 သို့​ဖြစ်​၍​သင်​တို့​ပြု​ကျင့်​ပုံ​ကို​သ​တိ​ပြု​ကြ လော့။ ပ​ညာ​မဲ့​သူ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ​ပ​ညာ ရှိ​သူ​များ​ကဲ့​သို့​ပြု​ကျင့်​ကြ​လော့။-
EPH 5:16 ဤ​နေ့​ရက်​ကာ​လ​သည်​ဆိုး​ယုတ်​သော​ကာ​လ​ဖြစ် သော​ကြောင့် သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​အ​ရေး​ရှိ သ​မျှ​ကို​အ​ကျိုး​ရှိ​အောင်​အ​သုံး​ပြု​ကြ​လော့။-
EPH 5:17 ထို့​ကြောင့်​သင်​တို့​သည်​မိုက်​မဲ​၍​မ​နေ​ဘဲ သ​ခင် ဘု​ရား​၏​အ​လို​တော်​ကို​ကြိုး​စား​၍​ရှာ​ကြ​လော့။
EPH 5:18 သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။-
EPH 5:19 တစ်​ဦး​နှင့်​တစ်​ဦး​စ​ကား​ပြော​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း၊ ဋ္ဌမ္မ​သီ​ချင်း​နှင့်​ဘာ​သာ​ရေး​သီ ချင်း​များ​မှ​စ​ကား​များ​ဖြင့်​ပြော​ဆို​ကြ​လော့။ စိတ်​နှ​လုံး​အ​တွင်း​၌​သ​ခင်​ဘု​ရား​အား​ထော မ​နာ​ပြု​လျက် ဋ္ဌမ္မ​သီ​ချင်း​များ​နှင့်​ဆာ​လံ သီ​ချင်း​များ​ကို​သီ​ဆို​ကူး​အေး​ကြ​လော့။-
EPH 5:20 ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။
EPH 5:21 ခ​ရစ်​တော်​ကို​ရို​သေ​လေး​စား​သော​အား​ဖြင့်​သင် တို့​သည်​တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး​လိုက်​လျော ကြ​လော့။
EPH 5:22 မ​ယား​ဖြစ်​သူ​တို့၊ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏ အုပ်​စိုး​ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့​ခင်​ပွန်း​တို့​၏​အုပ် စိုး​ခြင်း​ကို​ခံ​ယူ​ကြ​လော့။-
EPH 5:23 ခ​ရစ်​တော်​သည်​အ​သင်း​တော်​အ​ပေါ်​သြ​ဇာ​အာ​ဏာ ရှိ​သ​ကဲ့​သို့ လင်​သည်​မိ​မိ​ခင်​ပွန်း​အ​ပေါ်​သြ​ဇာ အာ​ဏာ​ရှိ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​ဖြစ် သော​အ​သင်း​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။-
EPH 5:24 သို့​ဖြစ်​၍​အ​သင်း​တော်​သည်​ခရစ်​တော်​၏​အုပ်​စိုး ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့ မ​ယား​တို့​သည်​လည်း​လင် တို့​၏​အုပ်​စိုး​ခြင်း​ကို​အ​ကြွင်း​မဲ့​ခံ​ယူ​ရ​ကြ​မည်။
EPH 5:25 လင်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​သည်​အ​သင်း​တော်​ကို ချစ်​တော်​မူ​၍ အ​သင်း​တော်​အ​တွက်​မိ​မိ​အ​သက် ကို​စွန့်​တော်​မူ​သည့်​နည်း​တူ သင်​တို့​၏​မ​ယား​များ ကို​ချစ်​ကြ​လော့။-
EPH 5:26 ကိုယ်​တော်​သည်​မိ​မိ​အ​သက်​ကို​စွန့်​တော်​မူ​ခြင်း မှာ​အ​သင်း​တော်​ကို​ရေ​ဖြင့်​သန့်​ရှင်း​စေ​ပြီး​လျှင် နှုတ်​က​ပတ်​တော်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​တော်​မူ​သ​ဖြင့်၊-
EPH 5:27 အ​သင်း​တော်​ကို​မိ​မိ​အား​ဆက်​သ​တော်​မူ​ရာ ၌​အ​ညစ်​အ​ကြေး​အ​စွန်း​အ​ကွက်​မ​ရှိ၊ သန့်​ရှင်း ဖြူ​စင်​အ​ပြစ်​ကင်း​လျက်​လှ​ပ​တင့်​တယ်​သော အ​သ​ရေ​နှင့်​ပြည့်​စုံ​နိုင်​စေ​ရန်​ပင်​ဖြစ်​သည်။-
EPH 5:28 လင်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကို​ချစ် သ​ကဲ့​သို့​မ​ယား​များ​အား​ချစ်​သင့်​ကြ​၏။ မ​ယား​ကို​ချစ်​သော​သူ​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​ချစ်​သော​သူ​ဖြစ်​၏။-
EPH 5:29 (အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မုန်း​သည်​ဟူ​၍ မ​ရှိ။ မုန်း​မည့်​အ​စား​သူ​သည်​မိ​မိ​ကိုယ်​ကို​ကျွေး မွေး​ပြု​စု​၏။ အ​သင်း​တော်​အား​ခ​ရစ်​တော် ကျွေး​မွေး​ပြု​စု​တော်​မူ​သ​ကဲ့​သို့​တည်း။-
EPH 5:30 ငါ​တို့​သည်​ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​ကြ​၏။-)
EPH 5:31 ကျမ်း​စာ​တော်​တွင်၊ ``ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိဘ​ထံ​မှ ထွက်​ခွာ​၍​မ​ယား​နှင့်​စုံ​ဖက်​သ​ဖြင့်၊ သူ​တို့​နှစ်​ဦး​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြ​ရ​လိမ့်​မည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-
EPH 5:32 ဤ​ကား​အ​လွန်​နက်​နဲ​သော​သစ္စာ​စ​ကား​ဖြစ် ၍ ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​စူး​၍ ဆို​သော​စ​ကား​ဖြစ်​သည်​ဟု​ငါ​ဆို​၏။-
EPH 5:33 သို့​ရာ​တွင်​သင်​တို့​တစ်​ဦး​စီ​နှင့်​လည်း​သက်​ဆိုင် ပေ​သည်။ လင်​ဖြစ်​သူ​သည်​မ​ယား​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​ရ​မည်။ မ​ယား​ဖြစ်​သူ​သည်​လည်း လင်​ယောကျာ်း​ကို​ရို​သေ​လေး​စား​ရ​မည်။
EPH 6:1 သား​သ​မီး​တို့၊ သင်​တို့​မိ​ဘ​များ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့။ ထို​သို့​ပြု​ခြင်း​သည် ခ​ရစ်​ယာန်​များ​အ​နေ​ဖြင့်​ပြု​အပ်​သည့်​ဝတ် ဖြစ်​၏။-
EPH 6:2 ကျမ်း​စာ​တော်​က``သင်​၏​မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့။ သို့​ပြု​လျှင်​သင်​သည်​ကောင်း​စား​လျက်​မြေ​ကြီး ပေါ်​တွင်​အ​သက်​ရှည်​လိမ့်​မည်'' ဟု​ဖော်​ပြ​သည်။ ဤ ကား​က​တိ​တော်​ပါ​ရှိ​သည့်​ပ​ထ​မ​ပ​ညတ်​ဖြစ်​၏။
EPH 6:4 မိ​ဘ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး​စေ​ရန်​မ​ပြု ကြ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​သ​ခင်​ဘု​ရား​၏ အ​လို​တော်​နှင့်​အ​ညီ​သွန်​သင်​ဆုံး​မ​ကြ​လော့။
EPH 6:5 ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​၏​အ​စေ ကို​ခံ​သ​ကဲ့​သို့ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရိုး သား​သော​စိတ်​နှင့်​သ​ခင်​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-
EPH 6:6 သ​ခင်​များ​နှစ်​သက်​စေ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​နား​ထောင်​ကြ​သည်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ၏​ကျွန်​များ​အ​နေ​ဖြင့် ဘု​ရား​သ​ခင်​၏​အ​လို တော်​ရှိ​သည့်​အ​တိုင်း​စိတ်​ရော​ကိုယ်​ပါ​အ​စေ​ခံ ကြ​လော့။-
EPH 6:7 လူ​၏​အ​စေ​ကို​ခံ​သ​ကဲ့​သို့​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​စေ​ကို​ခံ​သ​ကဲ့​သို့ ဝမ်း​မြောက် ရွှင်​လန်း​စွာ​အ​လုပ်​ကို​လုပ်​ဆောင်​ကြ​လော့။-
EPH 6:8 ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ မည်​သူ​မ​ဆို မိ​မိ​ပြု​သည့်​ကောင်း​မှု​အ​တွက် သ​ခင်​ဘု​ရား ထံ​မှ​ဆု​လာဘ်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​သိ​မှတ် ကြ​လော့။
EPH 6:9 သ​ခင်​တို့၊ ခြိမ်း​ခြောက်​မှု​ကို​မ​ပြု​ဘဲ​ထို​နည်း​တူ​ပင် ကျွန်​များ​နှင့်​ဆက်​ဆံ​ကြ​လော့။ သင်​တို့​နှင့်​သင်​တို့​၏ ကျွန်​များ​မှာ​ကောင်း​ကင်​ဘုံ​တွင်​သ​ခင်​တစ်​ပါး​တည်း ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​သ​ခင်​သည်​မျက်​နှာ ကြီး​ငယ်​လိုက်​တော်​မ​မူ​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။
EPH 6:10 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ကြံ့​ခိုင် ခြင်း​ရှိ​ကြ​ရန်​ငါ​နောက်​ဆုံး​မှာ​ကြား​လို​၏။-
EPH 6:11 မာရ်​နတ်​၏​ပ​ရိ​ယာယ်​များ​ကို​ခု​ခံ​ကာ​ကွယ်​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ဝတ်​ဆင်​ကြ​လော့။-
EPH 6:12 ငါ​တို့​သည်​လူ​သတ္တ​ဝါ​တို့​နှင့်​ဆိုင်​ပြိုင်​တိုက်​ခိုက် ကြ​ရ​သည်​မ​ဟုတ်။ ကောင်း​ကင်​လောက​မှ​ဆိုး ယုတ်​သော​ဝိ​ညာဉ်​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း၊ ဤ​အ​မှောင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ တန်​ခိုး ရှင်​များ၊ အာ​ဏာ​ပိုင်​များ​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​ခိုက်​ကြ​ရ​၏။-
EPH 6:13 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ကိုင် ဆောင်​ကြ​လော့။ သို့​မှ​သာ​လျှင်​ခဲ​ယဉ်း​ဆိုး ယုတ်​ရာ​ကာ​လ​ကျ​ရောက်​လာ​ချိန်​၌ သင်​တို့ သည်​ရန်​သူ​၏​တိုက်​စစ်​ကို​ခု​ခံ​ကာ​ကွယ် နိုင်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင်​တိုက်​ခိုက် ပြီး​သော​အ​ခါ​၌​သင်​တို့​သည်​ရပ်​တည် နိုင်​ကြ​လိမ့်​မည်။
EPH 6:14 သို့​ဖြစ်​၍​အ​သင့်​ရှိ​နေ​ကြ​လော့။ သစ္စာ​တ​ရား တည်း​ဟူ​သော​ခါး​ပန်း​ကြိုး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော​ရင်​အုပ်​တန် ဆာ​ကို​လည်း​ကောင်း၊-
EPH 6:15 ငြိမ်း​ချမ်း​ရေး​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် အ​သင့်​ရှိ​ခြင်း​တည်း​ဟူ​သော​ဖိ​နပ်​ကို​လည်း ကောင်း​ဝတ်​ဆင်​ကြ​လော့။-
EPH 6:16 ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော​ဒိုင်း​လွှား​ကို အ​မြဲ​ဆွဲ​ကိုင်​ထား​ကြ​လော့။ သင်​တို့​သည် ထို​ဒိုင်း​လွှား​အား​ဖြင့်​မာရ်​နတ်​ပစ်​ခတ်​သော မီး​မြား​လက်​နက်​ဟူ​သ​မျှ​ကို​ငြိမ်း​သတ် နိုင်​လိမ့်​မည်။-
EPH 6:17 ကယ်​တင်​ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​ကို လည်း​ကောင်း၊ ဝိ​ညာဉ်​တော်​က​ပေး​သော​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဋ္ဌား​ကို​လည်း​ကောင်း​ယူ​ဆောင်​ကြ​လော့။-
EPH 6:18 သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။-
EPH 6:19 ငါ​ဟော​ပြော​ချိန်​၌​ဘုရား​သခင်​သည်​ငါ့​အား နှုတ်​သတ္တိ​ကို​ပေး​သ​နား​တော်​မူ​ရန်​လည်း​ကောင်း၊ သ​တင်း​ကောင်း​၏​နက်​နဲ​သော​အ​ရာ​ကို​ရဲ​ရင့် စွာ​ဖွင့်​ပြ​နိုင်​ရန်​လည်း​ကောင်း ငါ့​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။-
EPH 6:20 ငါ​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ဖြစ်​သော်​လည်း​ထို သ​တင်း​ကောင်း​အ​တွက်​သံ​တ​မန်​ဖြစ်​ပါ​၏။ ထို သ​တင်း​ကောင်း​ကို​ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​သည်​ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန်​ဆု​တောင်း ကြ​လော့။
EPH 6:21 ငါ​နှင့်​ပတ်​သက်​သော​အ​ကြောင်း​အ​ရာ​ကို​သင် တို့​သိ​စေ​ခြင်း​ငှာ သ​တင်း​အ​လုံး​စုံ​ကို​သင် တို့​အား​တု​ခိတ်​က​ပြော​ပြ​လိမ့်​မည်။ သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရာ​တွင်​သူ သည်​ငါ​တို့​အား​သစ္စာ​ရှိ​စွာ​ကူ​ညီ​သူ၊ ငါ တို့​၏​ချစ်​လှ​စွာ​သော​ညီ​ဖြစ်​ပေ​သည်။-
EPH 6:22 ထို့​ကြောင့်​ငါ​တို့​နှင့်​ဆိုင်​သော​သ​တင်း​အ​လုံး စုံ​ကို​ပြော​ပြ​ရန်​နှင့် သင်​တို့​ကို​အား​ပေး​ကူ ညီ​ရန်​သူ့​အား​သင်​တို့​ထံ​သို့​ငါ​စေ​လွှတ် လိုက်​ပါ​သည်။
EPH 6:23 အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ညီ​အစ်​ကို​အ​ပေါင်း​တို့​အား​ငြိမ်​သက်​ခြင်း၊ ချစ် ခြင်း၊ ယုံ​ကြည်​ခြင်း​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။-
EPH 6:24 အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျက်​မ​ပြယ်​နိုင်​သည့် မေတ္တာ​ဖြင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ချစ် ကြ​ကုန်​သော​လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သက်​ရောက် ပါ​စေ​သော။ ဧ​ဖက်​သြ​ဝါ​ဒ​စာ​ပြီး​၏။
PHI 1:1 ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​များ​ဖြစ်​သည့် ပေါ​လု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ဖိလိပ္ပိ​မြို့​တွင် နေ​ထိုင်​ကြ​ကုန်​သော​သင်း​အုပ်​များ​နှင့်​သင်း ထောက်​လူ​ကြီး​များ​မှ​စ​၍ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​သော​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​သည်။
PHI 1:2 သင်​တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။
PHI 1:3 သင်​တို့​အ​ကြောင်း​ကို​သ​တိ​ရ​သည့်​အ​ခါ​တိုင်း ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​၏။-
PHI 1:4 အ​မှု​တော်​ကို​ငါ​စ​တင်​ဆောင်​ရွက်​ချိန်​မှ​ယ​နေ့ တိုင်​အောင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် ငါ နှင့်​အ​တူ​သင်​တို့​ဆောင်​ရွက်​ခဲ့​ကြ​သ​ဖြင့်​ငါ သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​စွာ​ဆု​တောင်း ပါ​၏။-
PHI 1:6 သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။-
PHI 1:7 သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။-
PHI 1:8 ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​မေတ္တာ​ဖြင့်​သင်​တို့ အား​လွန်​စွာ​လွမ်း​ဆွတ်​ကြောင်း​ဘု​ရား​သ​ခင် သည်​ငါ့​သက်​သေ​ဖြစ်​တော်​မူ​၏။
PHI 1:9 သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။-
PHI 1:11 ထို့​အြုပင်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​နှင့်​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​သာ​လျှင်​ရ နိုင်​သော​စစ်​မှန်​သည့်​အ​ရည်​အ​သွေး​ကောင်း များ​နှင့်​ပြည့်​စုံ​လိမ့်​မည်။
PHI 1:12 ညီ​အစ်​ကို​တို့၊ ငါ​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက် များ​သည်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် အ​ကယ်​ပင်​အ​ထောက်​အ​ကူ​ပေး​ကြောင်း​သင် တို့​အား​သိ​စေ​လို​၏။-
PHI 1:13 ငါ​သည်​ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​သည့်​အ​တွက် ကြောင့်​ငါ​အ​ကျဉ်း​ခံ​ရ​လျက်​နေ​ရ​ကြောင်း​ကို နန်း​တော်​အ​စောင့်​တပ်​တစ်​တပ်​လုံး​နှင့်​အ​ခြား သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပေ​သည်။-
PHI 1:14 ဤ​သို့​ငါ​အ​ကျဉ်း​ခံ​ရ​ခြင်း​ကြောင့်​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​များ​ပင်​သ​ခင်​ဘု​ရား​အ​ပေါ်​တွင် ပို​၍​ယုံ​ကြည်​စိတ်​ချ​လာ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​မ​ကြောက်​မ​ရွံ့​ဘဲ​နှုတ်​က​ပတ်​တ​ရား​တော် ကို​ပို​မို​၍​ဟော​ပြော​ဝံ့​ကြ​ပေ​သည်။
PHI 1:15 အ​ချို့​သော​သူ​တို့​သည်​မ​နာ​လို​သော​စိတ်၊ ရန်​တွေ့ လို​သော​စိတ်​နှင့်​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော ပြော​ကြ​၏။ အ​ချို့​သော​သူ​တို့​မူ​ကား​စေတနာ စိတ်​နှင့်​ဟော​ပြော​ကြ​ပေ​သည်။-
PHI 1:16 ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။-
PHI 1:17 အ​ခြား​သော​သူ​တို့​သည်​ကား​ခ​ရစ်​တော်​၏ အ​ကြောင်း​ကို​စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​မ​ဟုတ်​ဘဲ ကျော်​ကြား​လို​သော​ဆန္ဒ​ဖြင့်​ဟော​ပြော​ကြ​၏။ သူ​တို့​၏​အ​ကြံ​မှာ​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ့ အား​ပို​၍​စိတ်​ဒုက္ခ​ရောက်​စေ​ရန်​ပင်​ဖြစ်​၏။
PHI 1:18 ဟော​ပြော​သည့်​နည်း​မှာ​အ​ရေး​မ​ကြီး​ပါ။ မှား ယွင်း​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည်​ဖြစ်​စေ၊ မှန်​ကန်​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည် ဖြစ်​စေ​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော ခြင်း​သာ​ဖြစ်​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ ဆက်​လက် ၍​ဝမ်း​မြောက်​လျက်​နေ​မည်။-
PHI 1:19 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။-
PHI 1:20 ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။-
PHI 1:21 အ​သက်​ရှင်​ခြင်း​ဟူ​သည်​မှာ​အ​ဘယ်​နည်း။ ငါ ၏​အ​ဖို့​မှာ​အ​သက်​ရှင်​ခြင်း​သည်​ခ​ရစ်​တော်​ပင် ဖြစ်​၏။ သေ​လျှင်​မူ​ကား​ပို​၍​အ​ကျိုး​ရှိ​၏။-
PHI 1:22 သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။-
PHI 1:23 ငါ့​မှာ​စိတ်​နှစ်​ခွ​ဖြစ်​လျက်​နေ​တော့​၏။ ငါ​သည်​ဤ ဘ​ဝ​ကို​စွန့်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​နေ​လို​လှ​ပါ သည်။ သို့​ပြု​ရ​လျှင်​ငါ့​အ​ဖို့​ပို​၍​အ​ကျိုး​ရှိ​၏။-
PHI 1:24 သို့​သော်​သင်​တို့​၏​အ​ကျိုး​ကို​ထောက်​၍​ငါ​သည် အ​သက်​ရှင်​လျက်​နေ​ရန်​ပို​၍​အ​ရေး​ကြီး​၏။-
PHI 1:25 ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့်​ငါ​သည်​သင်​တို့ နှင့်​အ​တူ​နေ​မည်။ သင်​တို့​အား​တိုး​တက်​ကြီး ပွား​စေ​ရန်​နှင့်​ယုံ​ကြည်​ခြင်း​၌​ဝမ်း​မြောက် စေ​ရန်​ငါ​သည်​သင်​တို့​နှင့်​အ​တူ​နေ​မည်။-
PHI 1:26 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​တစ်​ဖန်​နေ​ခွင့် ရ​သော​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​သင်​တို့​သည်​ငါ့​အ​တွက် ကြောင့်​ပို​၍​ပင်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​လိမ့်​မည်။
PHI 1:27 ယ​ခု​သင်​တို့​အ​ဖို့​အ​ရေး​ကြီး​သည့်​အ​ရာ​မှာ ခ​ရစ်​တော်​၏​တ​ရား​တော်​နှင့်​အ​ညီ​ပြု​မူ​နေ​ထိုင် ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။ သင်​တို့​ထံ​သို့​ငါ​ပြန် လာ​သည်​ဖြစ်​စေ၊ မ​လာ​သည်​ဖြစ်​စေ​သာ​သ​နာ တော်​တည်​တံ့​ကြီး​ပွား​ရေး​အ​တွက်​ကြံ့​ခိုင်​စွာ ရပ်​တည်​၍​တစ်​စိတ်​တစ်​သ​ဘော​တည်း၊ ရည်​ရွယ် ချက်​တစ်​ခု​တည်း​ဖြင့်​သ​တင်း​ကောင်း​နှင့်​ဆိုင် သော​ယုံ​ကြည်​ခြင်း​တရား​အ​တွက်​သင်​တို့​တိုက်​ပွဲ ဝင်​လျက်​ရှိ​ကြ​ကြောင်း​ကို​ငါ​ကြား​သိ​လို​၏။-
PHI 1:28 သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ကြောက်​ကြ​နှင့်။ အ​ခါ​ခပ်​သိမ်း​ရဲ​ရင့်​ကြ​လော့။ ဤ​သည်​ပင်​လျှင် ရန်​သူ​တို့​ရှုံး​နိမ့်​မည်​ဖြစ်​ကြောင်း​နှင့်​သင်​တို့ အောင်​မြင်​မည်​ဖြစ်​ကြောင်း​ကို​ရန်​သူ​များ​အား သက်​သေ​ပြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ကား ဘု​ရား​သ​ခင်​ပင်​ဖြစ်​တော်​မူ​သော​ကြောင့် တည်း။-
PHI 1:29 သင်​တို့​သည်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​မ​က​ကိုယ်​တော်​၏​အ​တွက်​ဆင်း​ရဲ​ဒုက္ခ ခံ​ခြင်း​အား​ဖြင့်​လည်း ကိုယ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ရန်​အ​ခွင့်​ထူး​ကို​ရ​ရှိ​ကြ​၏။-
PHI 1:30 ယ​ခု​သင်​တို့​သည်​ငါ​နှင့်​အ​တူ​တိုက်​ပွဲ​ကို​ဝင် နိုင်​ကြ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​ငါ​တိုက်​ပွဲ​ဝင် ခဲ့​သည်​ကို​သင်​တို့​တွေ့​မြင်​ခဲ့​ကြ​၏။ သင်​တို့ ကြား​သိ​သည့်​အ​တိုင်း​ယ​ခု​လည်း​ငါ​သည် တိုက်​ပွဲ​ကို​ဝင်​လျက်​နေ​သေး​၏။
PHI 2:1 သင်​တို့​သည်​ခ​ရစ်​တော်​၌​အ​သက်​ရှင်​ခြင်း အား​ဖြင့်​ခွန်​အား​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​သင်​တို့​အား​နှစ်​သိမ့်​ခြင်း​ကို ပေး​၏။ သင်​တို့​သည်​ဝိညာဉ်​တော်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သင်​တို့​တွင်​အ​ချင်း​ချင်း သ​နား​ကြင်​နာ​စိတ်​ရှိ​ကြ​၏။-
PHI 2:2 သို့​ဖြစ်​၍​သင်​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ ခြင်း၊ အ​ချင်း​ချင်း​ချစ်​ခြင်း၊ စိတ်​သဘော​တ​ညီ တ​ညွတ်​တည်း​ရှိ​ခြင်း​အား​ဖြင့်​ငါ့​အား​အ​ကြွင်း မဲ့​ဝမ်း​မြောက်​စေ​ကြ​လော့။-
PHI 2:3 ကြွား​ဝါ​လို​သော​စိတ်၊ ကျော်​စော​ကိတ္တိ​ကို​တပ်​မက် သော​စိတ်​တို့​ဖြင့်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ကြ နှင့်။ သူ​တစ်​ပါး​သည်​မိ​မိ​ထက်​သာ​သည်​ဟု အ​စဉ်​ယူ​ဆ​လျက်​စိတ်​နှိမ့်​ချ​ကြ​လော့။-
PHI 2:4 မိ​မိ​၏​အ​ကျိုး​ကို​သာ​မ​ရှာ​ဘဲ​အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ရှာ​ကြ​လော့။-
PHI 2:5 ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော​စိတ်​သ​ဘော​မျိုး ကို​သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။
PHI 2:6 ကိုယ်​တော်​သည်​ဘု​ရား​ဇာ​တိ​တော်​နှင့် ထာ​ဝ​စဉ်​ပြည့်​စုံ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ဋ္ဌမ္မ​နည်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့် ဂုဏ်​ရည်​တူ​ရန်​ကြိုး​စား​သင့်​သည်​ဟု ထင်​မှတ်​တော်​မ​မူ။
PHI 2:7 ယင်း​သို့​ပြု​မည့်​အ​စား​မိ​မိ​အ​လို​အ​လျောက် ဘုန်း​အ​သ​ရေ​တော်​ရှိ​သ​မျှ​ကို​စွန့်​၍ အ​စေ​ခံ​၏​ဇာ​တိ​ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​အ​သွင်​ကို​ယူ​ဆောင်​၍ လူ​ကဲ့​သို့​သော​အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။
PHI 2:8 မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​လက်​ဝါး​ကပ် တိုင်​ပေါ်​တွင် အ​သေ​ခံ​သည့်​တိုင်​အောင်၊နာ​ခံ​ခြင်း​လမ်း​စဉ်​ကို လိုက်​လျှောက်​တော်​မူ​၏။
PHI 2:9 ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​အား​အ​ထက်​ဘ​ဝဂ်​သို့​တိုင်​အောင် ချီး​မြှောက်​၍၊ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက်​ကြီး​မြတ်​သော​ဘွဲ့ နာ​မ​ကို ပေး​သ​နား​တော်​မူ​၏။
PHI 2:10 ထို့​ကြောင့်​မိုး​မြေ​နှင့်​မြေ​အောက်​ရှိ သတ္တဝါ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​ရို​သေ​ဦး​ညွှတ်​လျက်၊
PHI 2:11 ယေ​ရှု​ခ​ရစ်​သည်​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု နှုတ်​ဖြင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။
PHI 2:12 သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။
PHI 2:14 သင်​တို့​လုပ်​ဆောင်​စ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ညည်း မ​တွား၊ မ​ငြင်း​မ​ခုံ​ဘဲ​လုပ်​ဆောင်​ကြ​လော့။-
PHI 2:15 သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဖောက်​ပြန်​၍​အ​ပြစ် ကူး​လွန်​သူ​များ​ရှိ​ရာ​ကမ္ဘာ​တွင် ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သား​သ​မီး​များ အ​နေ​ဖြင့် စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​အ​ပြစ် ကင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​တ​ရား​တော် ကို​ဟော​ပြော​ကာ ထို​သူ​တို့​အ​လယ်​တွင်​ကြယ် တာ​ရာ​များ​သ​ဖွယ်​ထွန်း​လင်း​တောက်​ပ​ရ​ကြ မည်။ ဤ​သို့​ပြု​ကြ​မည်​ဆို​ပါ​က​ငါ​အား​ထုတ် လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​မ​ဖြစ် သ​ဖြင့်​ခ​ရစ်​တော်​၏​နေ့​ရက်​၌​ငါ့​မှာ​ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။
PHI 2:17 သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။-
PHI 2:18 သင်​တို့​သည်​လည်း​ဝမ်း​မြောက်​လျက်​ငါ​နှင့် အ​တူ​ဝမ်း​မြောက်​ကြ​လော့။
PHI 2:19 ငါ​သည်​သင်​တို့​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြား​၍ အား​တက်​လာ​စေ​ရန်​သ​ခင်​ဘု​ရား​အလို တော်​ရှိ​လျှင် တိ​မော​သေ​ကို​သင်​တို့​ထံ​သို့​မ​ကြာ မီ​စေ​လွှတ်​နိုင်​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​သည်။-
PHI 2:20 တိ​မော​သေ​တစ်​ဦး​သာ​လျှင်​ငါ​နှင့်​သ​ဘော​ချင်း တူ​၍​သင်​တို့​၏​အ​ကျိုး​ကို​အ​ကယ်​ပင်​လို​လား သူ​ဖြစ်​၏။-
PHI 2:21 အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ကိုယ့် အ​ကျိုး​ကို​သာ​လျှင်​ရှာ​ကြ​၏။ ယေ​ရှု​ခ​ရစ် ၏​အ​ကျိုး​ကို​မ​ရှာ​ကြ။-
PHI 2:22 တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။-
PHI 2:23 သို့​ဖြစ်​၍​ငါ့​အ​မှု​ကိစ္စ​အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ လျှင်​သိ​ခြင်း သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​နိုင် မည်​ဟု​ငါ​မျှော်​လင့်​၏။-
PHI 2:24 သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​လျက်​ငါ​ကိုယ် တိုင်​ပင်​မ​ကြာ​မီ​သင်​တို့​ထံ​သို့​လာ​နိုင်​လိမ့်​မည်။
PHI 2:25 ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်၊ ငါ​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ခဲ့​သူ၊ ငါ့​အား​ပြု​စု​ရန်​သင်​တို့​က​စေ​လွှတ် လိုက်​သူ၊ ငါ​တို့​၏​ညီ​ဧ​ပ​ဖြော​ဒိတ်​ကို​သင်​တို့ ထံ​သို့​စေ​လွှတ်​ရန်​လို​အပ်​သည်​ဟု​ငါ​ယူ​ဆ​၏။-
PHI 2:26 သူ​သည်​သင်​တို့​အ​ပေါင်း​ကို​လွမ်း​ဆွတ်​လျက် နေ​၏။ သူ​ဖျား​နာ​သည့်​သ​တင်း​ကို​သင်​တို့​ကြား သိ​သွား​သ​ဖြင့်​သူ​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​၏။-
PHI 2:27 သူ​သည်​အ​မှန်​ပင်​သေ​လု​နီး​ပါး​ဖျား​နာ​ခဲ့​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​သ​နား တော်​မူ​လေ​ပြီ။ သူ့​ကို​သာ​လျှင်​သ​နား​တော် မူ​သည်​မ​ဟုတ်။ ငါ့​အား​လည်း​ထပ်​ဆင့်​ဝမ်း နည်း​မှု​နှင့်​မ​ကြုံ​တွေ့​စေ​ရန်​သ​နား​တော်​မူ​၏။-
PHI 2:28 ထို့​ကြောင့်​သင်​တို့​သည်​သူ့​ကို​တစ်​ဖန်​တွေ့​မြင်​ရ သ​ဖြင့်​ဝမ်း​မြောက်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ ၏​ဝမ်း​နည်း​မှု​ကို​လည်း​ပ​ပျောက်​သွား​စေ​ရန် လည်း​ကောင်း​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ် ရန်​ငါ​ပို​၍​စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။-
PHI 2:29 သင်​တို့​သည်​သူ့​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တစ်​ဦး အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​ကြို​ဆို​ကြ​လော့။ ထို​သို့ သော​သူ​တို့​ကို​ရို​သေ​လေး​စား​ကြ​လော့။-
PHI 2:30 သူ​သည်​သင်​တို့​ကိုယ်​တိုင်​မ​ပေး​နိုင်​သည့်​အ​ကူ အ​ညီ​ကို ငါ့​အား​ပေး​နိုင်​အံ့​သော​ငှာ​အ​သက်​စွန့် စား​၍ ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​သေ​လု​နီး သည်​တိုင်​အောင်​ကြိုး​ပမ်း​ထမ်း​ဆောင်​ခဲ့​ပေ​သည်။
PHI 3:1 ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​ရ​သော်​သ​ခင်​ဘု​ရား နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဝမ်း​မြောက် ကြ​လော့။ ယ​ခင်​က​ငါ​ရေး​သား​ဖော်​ပြ​ပြီး သော​အ​ကြောင်း​အ​ရာ​များ​ကို​ယ​ခု​ထပ်​မံ​၍ ဖော်​ပြ​ရ​သည်​မှာ​ဝန်​မ​လေး​ပါ။ သင်​တို့​ပို​၍ လုံ​ခြုံ​စေ​ရန်​ဖြစ်​၏။-
PHI 3:2 ခွေး​ဖြစ်​သူ၊ အ​ကျင့်​ဆိုး​ကို​ကျင့်​သော​သူ၊ ကိုယ် ခန္ဓာ​ကို​လှီး​ဖြတ်​ရ​မည်​ဟု​ဆို​သော​သူ​များ ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-
PHI 3:3 အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။-
PHI 3:4 ပြင်​ပ​လက္ခ​ဏာ​များ​ကို​ကိုး​စား​မှု​လို​အပ်​သည်​ဟု ဆို​လျှင်​ငါ့​မှာ​ရှိ​၏။ ထို​ပြင်​ပ​လက္ခ​ဏာ​များ​ကို ကိုး​စား​နိုင်​သူ​တစ်​ဦး​တစ်​ယောက်​ရှိ​သည်​ဟု​ဆို ပါ​က ငါ့​မှာ​ထို​သူ​ထက်​ပို​၍​ကိုး​စား​နိုင်​စ​ရာ အ​ကြောင်း​ရှိ​၏။-
PHI 3:5 ငါ​သည်​ရှစ်​ရက်​မြောက်​သော​နေ့​၌​အ​ရေ​ဖျား လှီး​မင်္ဂလာ​ကို​ခံ​ယူ​လျက်​ဣ​သ​ရေ​လ​လူ​မျိုး ဗင်္ယာ​မိန်​အ​နွယ်​ဝင်၊ ဟေ​ဗြဲ​အ​မျိုး​သား​မိ​ဘ​များ​မှ ပေါက်​ဖွား​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​နှင့် ပတ်​သက်​၍​ဆို​သော်​ငါ​သည်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​၏။-
PHI 3:6 ဘာ​သာ​ရေး​စိတ်​အား​ထက်​သန်​မှု​ဘက်​၌​ဆို​သော် အ​သင်း​တော်​ကို​ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​မှု​အ​ရ ဆို​သော်​ငါ​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​သည်။-
PHI 3:7 သို့​ရာ​တွင်​ထို​အ​ရာ​များ​သည်​ငါ့​အ​တွက်​အ​မြတ်​ဟု မှတ်​ယူ​နိုင်​သော်​လည်း ယ​ခု​အ​ခါ​ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အ​ရှုံး​ဟု​မှတ်​ယူ​၏။-
PHI 3:8 ထို​မျှ​မ​က​ငါ​၏​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကို​သိ​ကျွမ်း ရ​ခြင်း​သည်​ထို​အ​ရာ​များ​နှင့်​အ​ရာ​ခပ်​သိမ်း​တို့​ထက် တန်​ခိုး​ရှိ​သည်​ဖြစ်​၍ ယင်း​တို့​ကို​ငါ့​အား​ရှုံး​စေ​သည့် အ​ရာ​များ​ဟူ​၍​မှတ်​ယူ​၏။ ငါ​သည်​ကိုယ်​တော်​အ​တွက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စွန့်​ပယ်​ခဲ့​၏။ ခ​ရစ်​တော်​ကို အ​မြတ်​ရ​နိုင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​နိုင်​ရန်​လည်း​ကောင်း​ထို​အ​ရာ များ​ကို​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ငါ​ထင်​မှတ်​၏။ ငါ​သည် ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ် ခြင်း​မ​ရ​ရှိ​ပေ။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​လျှင်​ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​၏။ ထို​ကဲ့​သို့ သော​ဖြောင့်​မတ်​ခြင်း​သည်​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဖြောင့်​မတ်​ခြင်း​ဖြစ်​၍​ယုံ​ကြည်​ခြင်း အ​ပေါ်​တွင်​အ​ခြေ​ခံ​ပေ​သည်။-
PHI 3:10 ငါ​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း၊ ထ​မြောက် ရှင်​ပြန်​တော်​မူ​ခြင်း​၏​တန်​ခိုး​တော်​ကို​ခံ​စား​ခြင်း၊ ခ​ရစ်​တော်​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း၊ ကိုယ်​တော် အ​သေ​ခံ​တော်​မူ​ခြင်း​၌​ပါ​ဝင်​ခြင်း​တို့​ကို​သာ လို​ချင်​တောင့်​တ​၏။-
PHI 3:11 သို့​မှ​သာ​ငါ​ကိုယ်​တိုင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခွင့်​ကို​ရ​မည်​ဟု​မျှော်​လင့်​နိုင်​ပေ​သည်။
PHI 3:12 ငါ​သည်​အောင်​မြင်​မှု​ကို​ရ​ရှိ​ပြီ၊ အြုပစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​ပြီ​ဟု​မ​ဆို​လို။ သို့​ရာ​တွင်​ထို​ဆု​ကို​ငါ့​အား​ပေး ရန်​အ​တွက်​ခ​ရစ်​တော်​ယေ​ရှု​သည်​ငါ့​ကို​ဆွဲ​ဆောင် ရ​ရှိ​တော်​မူ​ပြီ​ဖြစ်​ရာ​ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​နိုင်​ရန် ကြိုး​စား​လျက်​နေ​၏။-
PHI 3:13 ညီ​အစ်​ကို​တို့၊ ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​ပြီ​ဟု​မ​ထင်​မှတ်။ ငါ​ပြု​သော​တစ်ခု​တည်း​သော​အ​ရာ​ကား​ငါ​သည်​နောက်​၌ ရှိ​သော​အ​ရာ​တို့​ကို​မေ့​ပစ်​ပြီး​လျှင်​ရှေ့​၌​ရှိ​သော​အ​ရာ တို့​သို့​ရောက်​ခြင်း​ငှာ​အ​စွမ်း​ကုန်​ကြိုး​စား​၏။-
PHI 3:14 သို့​ဖြစ်​၍​ငါ​သည်​ဆု​ကို​ရ​ရန်​ပန်း​တိုင်​သို့​ရှေး​ရှု လျက်​ပြေး​၏။ ထို​ဆု​ကား​အ​ထက်​အ​ရပ်​၌​အ​သက် ရှင်​ရေး​အ​တွက်​ခရစ်​တော်​ယေ​ရှု​အား​ဖြင့်​ဘု​ရား သ​ခင်​ဖိတ်​ခေါ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သ​တည်း။
PHI 3:15 ငါ​တို့​တွင်​ဝိညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​သည် ဤ​စိတ် သ​ဘော​မျိုး​ထား​ရှိ​သင့်​ကြ​သည်။ အ​ကယ်​၍​အ​ချို့ တို့​သည်​ကွဲ​လွဲ​သော​စိတ်​သ​ဘော​ရှိ​ပါ​လျှင် ဘု​ရား သ​ခင်​သည်​ယင်း​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ လိမ့်​မည်။-
PHI 3:16 မည်​သို့​ပင်​ဖြစ်​စေ၊ ငါ​တို့​သည်​မိမိ​တို့​ယ​နေ့​တိုင် အောင်​လိုက်​လျှောက်​ခဲ့​သည့်​ထုံး​စံ​အ​တိုင်း​ပြု​ကျင့် ကြ​ကုန်​စို့။
PHI 3:17 ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ပေါင်း​သည် ငါ့​ထံ​မှ​အ​တု ယူ​ကြ​လော့။ ငါ​တို့​ပြ​သော​စံ​န​မူ​နာ​ကောင်း​ကို လိုက်​ကြ​သူ​တို့​အား​ရှု​မှတ်​ကြ​လော့။-
PHI 3:18 ဤ​အ​ချက်​ကို​ကြိမ်​ဖန်​များ​စွာ​ငါ​ဖော်​ပြ​ဖူး​လေ​ပြီ။ ယ​ခု​လည်း​မျက်​ရည်​ဖြင့်​ထပ်​မံ​၍​ဖော်​ပြ​၏။ ခ​ရစ်​တော် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ အ​သေ​ခံ​တော်​မူ​ခြင်း​တ​ရား တော်​နှင့်​ဆန့်​ကျင်​၍​ပြု​ကျင့်​သူ​လူ​အ​များ​ပင် ရှိ​ပေ​သည်။-
PHI 3:19 ထို​သူ​တို့​သည်​င​ရဲ​တွင်​လမ်း​ဆုံး​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​ကား မိ​မိ​တို့​ဝမ်း​ပေ​တည်း။ သူ​တို့​သည် ရှက်​ကြောက်​သင့်​သော​အ​ရာ​တို့​တွင် ဂုဏ်​ယူ​ဝါ​ကြွား ကြ​၏။ လော​က​အ​ရာ​တို့​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။-
PHI 3:20 ငါ​တို့​မူ​ကား​ကောင်း​ကင်​ဘုံ​နိုင်​ငံ​သား​များ​ဖြစ် သ​ဖြင့် ကောင်း​ကင်​ဘုံ​မှ​ငါ​တို့​၏​ကယ်​တင်​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​မည်​ကို စောင့်​မျှော်​လျက်​ရှိ​ကြ​၏။-
PHI 3:21 ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။
PHI 4:1 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​အ​လွန်​ချစ် ၍​လွမ်း​ဆွတ်​ပါ​သည်။ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​လွန်​စွာ​ဝမ်း​မြောက်​၍​ဂုဏ်​ယူ​ဝါ​ကြွား​ပါ​၏။ ချစ်​သော​ညီ​အစ်​ကို​တို့၊ ငါ​တို့​ဆို​ခဲ့​သည့်​အ​တိုင်း ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ​လော့။
PHI 4:2 ဧ​ဝေါ​ဒိ​နှင့်​သုန္တုတ်​တို့၊ သ​ခင်​ဘု​ရား​၏​တပည့် တော်​မ​များ​ပီ​သ​စွာ​စိတ်​သ​ဘော​ညီ​ညွတ်​မှု ရှိ​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။-
PHI 4:3 ငါ​၏​ရဲ​ဘော်​စစ်​ဖြစ်​သူ၊ သင်​သည်​လည်း ထို အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​မ​စ​ပါ​လော့။ သူ တို့​သည်​သ​တင်း​ကောင်း​ကြေ​ညာ​ရာ​တွင်​ငါ နှင့်​အ​တူ​အ​ထူး​ကြိုး​စား​အား​ထုတ်​လုပ် ဆောင်​သူ​များ​ဖြစ်​ကြ​၏။ ထို​သို့​လုပ်​ဆောင် ခဲ့​သူ​များ​တွင်​က​လေ​မင်​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​အ​သက်​စာ​စောင်​စာ​ရင်း​တွင်​ပါ ရှိ​သူ အ​ခြား​ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ လည်း​ပါ​ဝင်​၏။
PHI 4:4 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့် တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဝမ်း​မြောက်​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။
PHI 4:5 သင်​တို့​၏​နူး​ညံ့​သိမ်​မွေ့​သော​စိတ်​သ​ဘော​ကို လူ​အ​ပေါင်း​တို့​အား​မြင်​စေ​ကြ​လော့။ သ​ခင် ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​နီး​ပေ​ပြီ။-
PHI 4:6 အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။-
PHI 4:7 ထို​သို့​ပြု​လျှင်​လူ့​ဉာဏ်​ဖြင့်​ကြံ​ဆ​နား​လည် ရန်​မ​စွမ်း​နိုင်​သော​ဘု​ရား​သ​ခင်​၏​ငြိမ်​သက် ခြင်း​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​သင်​တို့​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သော​အား​ဖြင့် သင်​တို့ ၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​များ​ကို ကွယ်​ကာ​စောင့်​ရှောက်​လိမ့်​မည်။
PHI 4:8 ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။-
PHI 4:9 ငါ​၏​ထံ​တွင်​သင်​ကြား​မြင်​ခဲ့​သ​မျှ​ကို​ပြု ကျင့်​ကြ​လော့။ သို့​ပြု​လျှင်​ငါ​တို့​အား​ငြိမ် သက်​ခြင်း​ကို​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။
PHI 4:10 ဤ​မျှအ​ချိန်​ကာ​လ​ကြာ​ညောင်း​ပြီး​မှ​သင်​တို့ သည် ငါ့​အား​မိ​မိ​တို့​၏​မေတ္တာ​စေ​တ​နာ​ကို​တစ် ဖန်​ပြန်​၍​ပြ​သ​ကြ​သည့်​အ​တွက် ငါ​သည် သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ တစ်​ဦး​အ​နေ​ဖြင့်​အ​လွန်​ပင်​ဝမ်း​မြောက်​ပါ​၏။ ယ​ခင်​အ​ခါ​က​သင်​တို့​သည်​ငါ​၏​အ​ပေါ် တွင်​မေတ္တာ​စေ​တ​နာ​မ​ထား​ဘဲ​နေ​ခဲ့​ကြ သည်​ဟု​ငါ​မ​ဆို​လို​ပါ။ ထို​မေတ္တာ​စေ​တ​နာ ကို​ပြ​သ​နိုင်​ခွင့်​မ​ရ​ခဲ့​ကြောင်း​ကို​သာ ဆို​လို​ပါ​၏။-
PHI 4:11 ငါ့​အား​သင်​တို့​လျစ်​လူ​ရှု​၍​ထား​ကြ​လေ ပြီ​ဟု​ယူ​ဆ​သ​ဖြင့် ဤ​စကား​ကို​ပြော​ဆို​ရ ခြင်း​လည်း​မ​ဟုတ်​ပါ။ ငါ​သည်​မိ​မိ​တွင်​ရှိ သ​မျှ​နှင့်​ရောင့်​ရဲ​စွာ​နေ​တတ်​ရန်​သင်​ယူ ထား​ပြီး​ဖြစ်​သည်။-
PHI 4:12 ငါ​သည်​ငတ်​မွတ်​သည်​ဖြစ်​စေ၊ ဝ​စွာ​စား​ရ သည်​ဖြစ်​စေ၊ ချို့​တဲ့​မှု​ရှိ​သည်​ဖြစ်​စေ၊ ပို​လျှံ မှု​ရှိ​သည်​ဖြစ်​စေ၊ မည်​သည့်​အ​ခြေ​အ​နေ၊ မည်​သည့်​အ​ရပ်​၌​နေ​ရ​သည်​မ​ဆို​ကျေ​နပ် ရောင့်​ရဲ​တတ်​ရန်​သင်​ယူ​ထား​ပြီး​ဖြစ်​၏။-
PHI 4:13 ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။
PHI 4:14 သို့​ရာ​တွင်​ငါ​အ​ခက်​အ​ခဲ​တွေ့​ကြုံ​ရ​ချိန်​၌ သင်​တို့​ငါ့​ကို​ကူ​ညီ​ကြ​သော​အား​ဖြင့်​ကောင်း မွန်​စွာ​ပြု​ပြီ။-
PHI 4:15 အ​ချင်း​ဖိ​လိပ္ပိ​အ​သင်း​တော်​သား​တို့၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ​ထွက်​ခွာ​၍ သ​တင်း​ကောင်း ကို​စ​တင်​ကြေ​ညာ​သော​အ​ခါ​၌ သင်​တို့ အ​သင်း​တော်​တစ်​ပါး​တည်း​က​သာ​လျှင်​ငါ့ အား​ကူ​ညီ​ခဲ့​ကြောင်း၊ အ​မှု​တော်​ဆောင်​လုပ် ငန်း​တွင်​သင်​တို့​က​သာ​လျှင် ငါ​နှင့်​အ​တူ ဖက်​စပ်​အ​ဖြစ်​နှင့်​အ​ရှုံး​အ​မြတ်​ရှိ​လျက် လုပ်​ဆောင်​ခဲ့​ကြ​ကြောင်း​ကို သင်​တို့​ကိုယ် တိုင်​ကောင်း​စွာ​သိ​ကြ​၏။-
PHI 4:16 သက်​သာ​လော​နိတ်​မြို့​တွင်​ရှိ​စဉ်​အ​ခါ​က ငါ လို​သော​အ​ကူ​အ​ညီ​ကို​သင်​တို့​သည်​တစ် ကြိမ်​မ​က​ပေး​ပို့​ခဲ့​ကြ​ပေ​သည်။-
PHI 4:17 ဤ​သို့​ဆို​သော်​ငါ​သည်​အ​လှူ​ကို​ခံ​ယူ​လို​၍ မ​ဟုတ်။ သင်​တို့​၏​ငွေ​စာ​ရင်း​တွင်​အ​မြတ်​တိုး လာ​စေ​ရန်​ငါ​အ​လို​ရှိ​၏။-
PHI 4:18 သင်​တို့​ပေး​ပို့​လိုက်​သော​အ​လှူ​ပ​စ္စည်း​အား လုံး​ကို​ရ​ရှိ​ကြောင်း ဤ​တွင်​ဖော်​ပြ​ပါ​သည်။ ထို​အ​လှူ​ပ​စ္စည်း​များ​ကို​ဧ​ပ​ဖြော​ဒိတ်​ယူ လာ​ပေး​သ​ဖြင့် ငါ​လို​သ​မျှ​ရ​ရှိ​ပေ​ပြီ။ ထို အ​ရာ​တို့​သည်​မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ၊ ဘု​ရား​သ​ခင်​လက်​ခံ​နှစ်​သက်​တော်​မူ သော​ယဇ်​ကဲ့​သို့​ဖြစ်​ပါ​၏။-
PHI 4:19 ငါ​၏​ဘု​ရား​သ​ခင်​သည်​စည်း​စိမ်​ချမ်း​သာ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သင်​တို့​လို​သ​မျှ သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။-
PHI 4:20 ငါ​တို့​၏​အဖ​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​အ​ဆက် ဆက် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။
PHI 4:21 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ​ဖြစ်​ကြ သော​ခ​ရစ်​တော်​ယေ​ရှု​၏​နောက်​လိုက်​တ​ပည့် တော်​အ​ပေါင်း​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။ ငါ​နှင့်​အ​တူ​ရှိ​ကြ​သည့်​ညီ​အစ်​ကို​များ က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​သည်။-
PHI 4:22 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ က​နှုတ်​ဆက်​လိုက်​ပါ​၏။ အ​ထူး​သ​ဖြင့်​ကဲ​သာ ဘု​ရင်​၏​နန်း​တော်​ရှိ​ညီ​အစ်​ကို​များ​က နှုတ်​ဆက်​လိုက်​ပါ​၏။
PHI 4:23 သင်​တို့​အ​ပေါင်း​သည်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ​ပြီး​၏။
COL 1:1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ခ​ရစ် တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ၊-
COL 1:2 ကော​လော​သဲ​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​များ​ဖြစ်​သူ၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​သူ​ညီ အစ်​ကို​များ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ကြ​ရ​ပါ​စေ​သော။
COL 1:3 ငါ​တို့​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။-
COL 1:4 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ခ​ရစ်​တော် ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ပေါင်း​တို့​အား​ချစ်​ကြ​သည်​ကို​ငါ​တို့ ကြား​သိ​ရ​သော​ကြောင့်​ဖြစ်​ပေ​သည်။-
COL 1:5 သမ္မာ​တ​ရား​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို သင်​တို့​ပ​ထ​မ​ဆုံး​အကြိမ်​ကြား​နာ​ရ​သော အ​ခါ မျှော်​လင့်​ရာ​အ​ကြောင်း​ကို​သင်​တို့​ကြား သိ​ရ​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​၏​ယုံကြည်​ခြင်း နှင့်​ချစ်​ခြင်း​သည်​ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​ဖို့ လုံ​ခြုံ​စွာ​လျာ​ထား​သည့်​မျှော်​လင့်​ရာ​အ​ပေါ် တွင်​မူ​တည်​လျက်​နေ​၏။-
COL 1:6 သင်​တို့​သည်​ဘု​ရား​သခင်​၏​ကျေး​ဇူး​တော် အ​ကြောင်း​ကို​ကြား​ရ​ပြီး​သည့်​နေ့​မှ​စ​၍ ထို ကျေး​ဇူး​တော်​ကို​အ​မှန်​သိ​မြင်​ခံ​စား​ရ​ကြ သည်​နှင့်​အ​မျှ​သ​တင်း​ကောင်း​သည် သင်​တို့ ထံ​သို့​ပျံ့​နှံ့​၍​လာ​ပေ​သည်။ ထို​နည်း​တူ​စွာ သ​တင်း​ကောင်း​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​၍ ကောင်း​ချီး​မင်္ဂလာ​များ​ခံ​စား​စေ လျက်​ရှိ​ပေ​သည်။-
COL 1:7 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​ကြောင်း ကို​သင်​တို့​အား​သင်​ကြား​ပေး​သူ​မှာ ငါ​တို့ နှင့်​အ​တူ​ခ​ရစ်​တော်​၏​အမှု​တော်​ကို​ထမ်း ဆောင်​သူ၊ ငါ​တို့​ချစ်​မြတ်​နိုး​သူ​ဧပဖြ​ဖြစ်​၏။ သူ​သည်​ငါ​တို့​၏​ကိုယ်​စား​သစ္စာ​ရှိ​စွာ​ခ​ရစ် တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ဖြစ် ပေ​သည်။-
COL 1:8 ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​သင်​တို့​၏​မေတ္တာ အ​ကြောင်း​ကို​ငါ​တို့​အား​သူ​ပြော​ပြ​၏။
COL 1:9 သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​၏​သ​တင်း​ကို​ကြား ရ​သည့်​နေ့​မှ​စ​၍ ငါ​တို့​သည်​သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ​၏။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​ကောင်း​စွာ​သိ​ရှိ​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ကြ ပါ​၏။-
COL 1:10 သို့​မှ​သာ​အ​စဉ်​အ​မြဲ​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​လည်း​ကောင်း သင်​တို့​ပြု​မူ​ကျင့်​ကြံ​နိုင်​ကြ​လိမ့်​မည်။ ယင်း သို့​ပြု​မူ​ကျင့်​ကြံ​သ​ဖြင့် ကောင်း​မြတ်​သည့် အ​ကျင့်​အ​မျိုး​မျိုး​တည်း​ဟူ​သော​အ​သီး အ​ပွင့်​များ​ကို​ဖြစ်​ထွန်း​စေ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​လည်း​တိုး​၍​သိ​ကျွမ်း လာ​ကြ​လိမ့်​မည်။-
COL 1:11 သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-
COL 1:13 ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။-
COL 1:14 ဘု​ရား​သ​ခင်​သည်​ထို​သား​တော်​အား​ဖြင့်​ငါ တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ တစ်​နည်း အား​ဖြင့်​ငါ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပြီ။
COL 1:15 ခ​ရစ်​တော်​သည်​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သား​ဦး​ဖြစ်​သ​ဖြင့်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ထက်​ကြီး​မြတ် တော်​မူ​ပေ​သည်။-
COL 1:16 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​လော​က​ရှိ​တန် ခိုး​ရှင်​များ​နှင့် အာ​ဏာ​ပိုင်​များ​အ​ပါ​အ​ဝင် ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​မျက်​စိ​ဖြင့် မြင်​နိုင်​သော​အ​ရာ၊ မ​မြင်​နိုင်​သော​အ​ရာ ဟူ​သ​မျှ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကြောင့် တည်း။ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​၏ အ​ဖို့​အ​လို့​ငှါ​ထို​သ​ခင်​အား​ဖြင့်​စ​ကြ ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း​တော်​မူ​၏။-
COL 1:17 ခ​ရစ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​မ​ပေါ် ပေါက်​မီ​က​ပင်​ရှိ​နေ​တော်​မူ​၏။ ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​စ​နစ်​တ​ကျ​တည် လျက်​ရှိ​၏။-
COL 1:18 ကိုယ်​တော်​သည်​အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၏။ ကိုယ် တော်​ထံ​မှ​ကိုယ်​ခန္ဓာ​တော်​အ​သက်​ကို​ရ​ရှိ​၏။ ထို​အ​ရှင်​သည်​သား​ဦး​ဖြစ်​၍​သေ​ခြင်း​မှ ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော်​မူ သ​ဖြင့် အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ထွတ်​အ​ထိပ် အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။-
COL 1:19 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ သား​တော် သည်​ဘု​ရား​ဇာ​တိ​ကို​အ​ပြည့်​အ​ဝ​ခံ​ယူ တော်​မူ​၏။-
COL 1:20 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သား​တော်​အား ဖြင့်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို မိ​မိ​ထံ​ပြန် လာ​စေ​ရန်​ဆုံး​ဖြတ်​တော်​မူ​၏။ သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​အ​သေ​ခံ​စေ​တော် မူ​ခြင်း​အား​ဖြင့်​ရန်​ကို​ငြိမ်း​စေ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း ကင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​အား​မိ​မိ ထံ​ပြန်​လာ​စေ​တော်​မူ​၏။
COL 1:21 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင် နှင့်​ဝေး​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည် မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​အ​ကျင့်​အ​ကြံ​များ ကြောင့်​ကိုယ်​တော်​နှင့်​ရန်​ဘက်​ဖြစ်​ခဲ့​ကြ​ပေ​သည်။-
COL 1:22 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ့​ဇာ​တိ​ကို​ခံ​ယူ​သော​သား​တော်​အား​အ​သေ ခံ​စေ​တော်​မူ​သော​အား​ဖြင့် သင်​တို့​အား​မိ​မိ​နှင့် မိတ်​ဆွေ​ဖြစ်​ခွင့်​ကို​ပေး​တော်​မူ​လေ​ပြီ။ ယင်း​သို့ ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​သည်​ဖြူ​စင်​သန့်​ရှင်း မြင့်​မြတ်​လျက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​ရှေ့​တော် မှောက်​သို့​ဝင်​ရောက်​နိုင်​ကြ​ရန်​ပင်​ဖြစ်​သည်။-
COL 1:23 သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကို အုတ်​မြစ်​ကဲ့​သို့​ခိုင်​မာ​စေ​ရန်​ဆက် လက်​ထိန်း​သိမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သ​တင်း ကောင်း​ကို​ကြား​သိ​ရ​စဉ်​အ​ခါ​က​ရ​ရှိ​ခဲ့ သော​မျှော်​လင့်​ခြင်း​မှ​မ​ယိမ်း​မ​ယိုင်​စေ​နှင့်။ ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ရောက်​ရှိ​ပြီး​ဖြစ်​သော ထို​သ​တင်း​ကောင်း​အ​တွက်​အ​စေ​ခံ​ကား ငါ​ပေါ​လု​ပင်​ဖြစ်​သည်။
COL 1:24 ငါ​သည်​သင်​တို့​အ​တွက်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဝမ်း မြောက်​ပါ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက်​ခံ​ရန်​ကျန် ရှိ​နေ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​ကူ​ညီ​၍ ဖြည့်​စွက်​ပေး​၏။-
COL 1:25 သင်​တို့​၏​အ​ကျိုး​ငှာ​ဘု​ရား​သ​ခင်​သည်​ငါ့ အား​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ် ခန့်​ထား​တော်​မူ​ပေ​သည်။ ငါ့​အား​ပေး​အပ်​တော် မူ​သော​အလုပ်​တာ​ဝန်​မှာ​နှုတ်​က​ပတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ကြေ​ညာ​ရန်​ပင်​ဖြစ်​၏။-
COL 1:26 ကိုယ်​တော်​သည်​ထို​နက်​နဲ​ရာ​ကို​ကမ္ဘာ​မြေ​ပေါ် ရှိ​လူ​သား​အ​ပေါင်း​တို့​အား လွန်​ခဲ့​သော​ခေတ် ကာ​လ​များ​တွင်​သိ​ခွင့်​ပေး​တော်​မ​မူ​ခဲ့​သော် လည်း ယ​ခု​အ​ခါ​မိ​မိ​၏​လူ​စု​တော်​အား ဖော်​ပြ​တော်​မူ​လေ​ပြီ။-
COL 1:27 ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​မှာ​လူ​မျိုး တ​ကာ​တို့​အ​တွက်​ကြွယ်​ဝ​၍ ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​သော​နက်​နဲ​သည့်​အ​ရာ​အ​ကြောင်း​ကို မိ​မိ လူ​စု​တော်​အား​သိ​စေ​ရန်​ပင်​ဖြစ်​၏။ ဤ​နက်​နဲ သော​အ​ရာ​ကား​ခ​ရစ်​တော်​သည်​သင်​တို့​စိတ် အ​တွင်း​၌​ကျိန်း​ဝပ်​တော်​မူ​ကြောင်း​ပင်​ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ဆို​သော်​သင်​တို့​သည်​ဘုရား သ​ခင်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​တည်း။-
COL 1:28 သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​အ​ပေါင်း​တို့​အား ခ​ရစ်​တော်​၏​အ​ကြောင်း​တော်​ကို​ဟော​ပြော ကြ​၏။ လူ​တိုင်း​အား​ရင့်​ကျက်​သူ​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ ရန်​ပို့​ဆောင်​နိုင်​အံ့​သော​ငှာ ငါ​တို့​သည်​ဉာဏ် ပ​ညာ​ရှိ​သ​မျှ​ဖြင့်​လူ​တိုင်း​ကို​သ​တိ​ပေး သွန်​သင်​ကြ​၏။-
COL 1:29 ဤ​တာ​ဝန်​လုပ်​ငန်း​ကို​ငါ​ကြိုး​ပမ်း​လုပ်​ဆောင် လျက်​ရှိ​စဉ်​ခ​ရစ်​တော်​သည် ငါ့​အား​ကြီး​မား သော​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​သည်။ ထို တန်​ခိုး​စွမ်း​ရည်​သည်​ငါ​၏​အ​ထဲ​၌​လုပ် ဆောင်​လျက်​ရှိ​၏။
COL 2:1 ငါ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​သူ​မြို့​သား​များ​နှင့်​ငါ့​အား​မ​မြင်​ဘူး​သေး သော​အ​ခြား​သူ​တို့​အ​တွက်​လည်း​ကောင်း အ​ဘယ် မျှ​ကြိုး​ပမ်း​လုပ်​ဆောင်​ခဲ့​သည်​ကို​သင်​တို့​အား သိ​စေ​လို​၏။-
COL 2:2 ယင်း​သို့​ကြိုး​ပမ်း​လုပ်​ဆောင်​ရ​ခြင်း​မှာ​သင် တို့​အ​ပေါင်း​သည်​အား​တက်​လျက် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ခင်​လာ​စေ​ရန် ဖြစ်​သည်။ ဤ​သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​သည် စစ်​မှန်​စွာ​သိ​ရှိ​နား​လည်​ခြင်း​အား​ဖြင့် စိတ် ချ​မှု​ကို​ကြွယ်​ဝ​ပြည့်​စုံ​စွာ​ရ​ရှိ​ကြ​လိမ့် မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ခ​ရစ် တော်​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​၏​နက်​နဲ ရာ​ကို​သိ​ရှိ​ကြ​လိမ့်​မည်။-
COL 2:3 ထို​အ​ရှင်​သည်​ကွယ်​ဝှက်​ထား​သော​ဘု​ရား သ​ခင်​၏​ဉာဏ်​ပ​ညာ​ဘဏ္ဍာ၊ အ​သိ​ပ​ညာ ဘဏ္ဍာ​ကို​ဖွင့်​ပြ​သည့်​သော့​ချက်​ဖြစ်​တော် မူ​သ​တည်း။
COL 2:4 သို့​ဖြစ်​၍​မည်​မျှ​ပင်​ယုတ္တိ​ရှိ​ဟန်​တူ​သော မှား​ယွင်း​သည့်​အ​ကြောင်း​ပြ​ချက်​များ​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​မ​လှည့်​စား​စေ နှင့်။-
COL 2:5 ငါ​သည်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ဝေး​ကွာ သော်​လည်း​စိတ်​အား​ဖြင့်​သင်​တို့​နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သည်​တစ်​လုံး​တစ်​စည်း​တည်း​ရှိ​၍ ခ​ရစ် တော်​ကို​မြဲ​မြံ​ခိုင်​မာ​စွာ​ယုံ​ကြည်​လျက်​နေ ကြ​သည်​ကို​တွေ့​ရ​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။
COL 2:6 သင်​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​အား​အ​ရှင် သ​ခင်​အ​ဖြစ်​လက်​ခံ​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​အ​သက် ရှင်​ကြ​လော့။-
COL 2:7 သွန်​သင်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း​ကိုယ်​တော် ၌​နက်​နဲ​စွာ​အ​မြစ်​စွဲ​လျက်​ကိုယ်​တော်​အ​ပေါ်​၌ မိ​မိ​တို့​ဘ​ဝ​ကို​တည်​ဆောက်​ကာ​သင်​တို့​၏ ယုံ​ကြည်​ခြင်း​ကို​ပို​၍​ခိုင်​မြဲ​စေ​ကြ​လော့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​လော့။
COL 2:8 ခ​ရစ်​တော်​ထံ​မှ​မ​ဟုတ်​ဘဲ​လူ​တို့​၏​ထုံး​တမ်း စဉ်​လာ​မှ​လည်း​ကောင်း၊ စ​ကြ​ဝ​ဠာ​ကို အ​စိုး​ရ သည့်​ဝိ​ညာဉ်​များ​မှ​လည်း​ကောင်း၊ လက်​ဆင့်​ကမ်း သည့်​အ​ချည်း​နှီး​သော​လူ​ပ​ညာ​ပ​ရိ​ယာယ်​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကျွန်​ဘ​ဝ​သို့ မ​သက်​ဆင်း​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
COL 2:9 လူ့​ဇာ​တိ​အ​ဖြစ်​နှင့်​လော​က​တွင်​သက်​တော် ထင်​ရှား​ရှိ​တော်​မူ​စဉ်​အ​ခါ​က ခ​ရစ်​တော်​၌ ဘု​ရား​ဇာ​တိ​တော်​အ​ပြည့်​အ​ဝ​ကိန်း​အောင်း တော်​မူ​ပေ​သည်။-
COL 2:10 သင်​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့် ကြွယ်​ဝ​သော​အ​သက်​ကို​ရ​ရှိ ကြ​၏။ ထို​အ​ရှင်​ကား​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး ရှင်​များ​နှင့်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့​ကို​အ​စိုး​ရ တော်​မူ​သ​တည်း။
COL 2:11 ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လာ​ကြ သော​အ​ခါ သင်​တို့​ဇာ​တိ​သ​ဘော​တ​ရား​မှ လွတ်​မြောက်​ခြင်း​တည်း​ဟူ​သော​ခ​ရစ်​တော်​၏ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပေ​သည်။ ဤ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကား​ကာ​ယ​နှင့် ဆိုင်​သော​အ​ရေ​ဖျား​လှီး​ခြင်း​မ​ဟုတ်။-
COL 2:12 သင်​တို့​သည်​ဗတ္တိ​ဇံ​ခံ​သော​အ​ခါ​ကိုယ်​တော်​နှင့် အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ကြ​၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​၌ ရှင်​ပြန်​ထ​မြောက်​စေ​နိုင်​သော တန်​ခိုး​တော်​ကို​သင်​တို့​ယုံ​ကြည်​ကြ​သော​ကြောင့် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​ပြန်​ထ​မြောက်​ကြ​၏။
COL 2:13 သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​ကူး သူ​များ​ဖြစ်​ကြ​သော​ကြောင့်​လည်း​ကောင်း၊ ပ​ညတ် တ​ရား​မ​ခံ​ယူ​သော​လူ​မျိုး​ခြား​ဖြစ်​သော ကြောင့်​လည်း​ကောင်း ဝိ​ညာဉ်​ရေး​အ​ရ​သေ​သူ များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင် စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏ အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​၍၊-
COL 2:14 ငါ​တို့​၏​အ​ပြစ်​ကြွေး​စာ​ရင်း​ကို​လည်း​ကောင်း၊ ၎င်း​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ​စည်း​ကမ်း​များ​ကို လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​ရိုက်​ခြင်း အား​ဖြင့်​ပယ်​ဖျက်​တော်​မူ​သည်။-
COL 2:15 ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ခ​ရစ်​တော်​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ ပိုင်​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​ပယ်​ရှား တော်​မူ​ပြီး​နောက် ၎င်း​တို့​ကို​သုံ့​ပန်း​များ​အ​ဖြစ် အောင်​ပွဲ​လှည့်​ရာ​တွင်​နောက်​မှ​လိုက်​ပါ​စေ​ကာ လူ​အ​ပေါင်း​တို့​အား​ပြ​တော်​မူ​၏။
COL 2:16 သို့​ဖြစ်​၍​အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ် စေ၊ ဘာ​သာ​ရေး​ပွဲ​နေ့၊ လ​ဆန်း​ပွဲ​နေ့၊ ဥ​ပုသ်​နေ့ နှင့်​ပတ်​သက်​၍​ဖြစ်​စေ​သင်​တို့​အ​တွက်​အ​ဘယ် သူ​မျှ​ဥ​ပ​ဒေ​စည်း​ကမ်း​မ​ပြု​လုပ်​စေ​နှင့်။-
COL 2:17 ထို​အ​ရာ​တို့​သည်​နောင်​အ​ခါ​ဖြစ်​ပေါ်​လာ​မည့် အ​ရာ​တို့​၏​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ကြ​၏။ အ​တု​မ​ဟုတ်​အ​စစ်​မှာ​ခ​ရစ်​တော်​ဖြစ်​သည်။-
COL 2:18 မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။-
COL 2:19 သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။
COL 2:20 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ သေ​ပြီ​ဖြစ် သ​ဖြင့်​ဤ​လော​က​ဋ္ဌာတ်​ကို အ​စိုး​ရ​သော တန်​ခိုး​ရှင်​များ​၏​လက်​အောက်​တွင်​မ​ရှိ​တော့ ပေ။-
COL 2:21 ထို​သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ​ကဲ့​သို့​ပြု​ကျင့် နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်``ဤ​အ​ရာ​ကို မ​ကိုင်​နှင့်။ ထို​အ​ရာ​ကို​မ​မြည်း​မ​စမ်း​နှင့်။ မ​တို့ မ​ထိ​နှင့်'' အ​စ​ရှိ​သည့်​ဥ​ပ​ဒေ​များ​ကို​လိုက် လျှောက်​နေ​ကြ​သ​နည်း။-
COL 2:22 ထို​ဥ​ပ​ဒေ​များ​သည်​အ​သုံး​ပြု​ပြီး​နောက်​အ​သုံး မ​ဝင်​တော့​သည့်​အ​ရာ​များ​နှင့်​စပ်​ဆိုင်​၏။ ယင်း​တို့ အား​လုံး​ပင်​လျှင်​လူ​လုပ်​သည့်​ဥ​ပ​ဒေ​များ၊ သွန် သင်​ချက်​များ​သာ​ဖြစ်​သည်။-
COL 2:23 ကောင်း​ကင်​တ​မန်​များ​အား​မ​ဖြစ်​မ​နေ​ကိုး ကွယ်​ရ​ခြင်း၊ မ​မှန်​ကန်​သော​စိတ်​နှိမ့်​ချ​ခြင်း၊ အ​လွန်​အ​မင်း​ကိုယ်​ခန္ဓာ​ကို​နှိပ်​စက်​ခြင်း​တည်း ဟူ​သော​ဥ​ပ​ဒေ​တို့​သည် ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​ဥ​ပ​ဒေ​ပ​ညတ်​များ​ဖြစ်​ဟန်​တူ​သော် လည်း​ကာ​ယ​တပ်​မက်​မှု​များ​ကို​ထိန်း​ချုပ် ရာ​တွင်​မည်​သို့​မျှ​အ​ထောက်​အ​ကူ​မ​ပေး ချေ။
COL 3:1 သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ကြ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင် ၏​လက်​ယာ​တော်​ဘက်​တွင်​ခ​ရစ်​တော်​ထိုင် လျက်​နေ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​၌​ရှိ​သော အ​ရာ​တို့​ကို​လို​ချင်​တောင့်​တ​ကြ​လော့။-
COL 3:2 လော​က​တွင်​ရှိ​သော​အ​ရာ​တို့​ကို​စိတ်​မ​စွဲ လမ်း​ဘဲ အ​ထက်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​ကို စိတ်​စွဲ​လမ်း​ကြ​လော့။-
COL 3:3 အ​ဘယ်​ကြောင့်​ဆို​သော်​သေ​ပြီး​သော​သင်​တို့ အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဘု​ရား သ​ခင်​၌​ဝှက်​ထား​လျက်​ရှိ​သော​ကြောင့်​တည်း။-
COL 3:4 သင်​တို့​အ​သက်​အ​စစ်​အ​မှန်​သည်​ခ​ရစ်​တော် ဖြစ်​သည်။ ကိုယ်​တော်​ထင်​ရှား​တော်​မူ​သော​အ​ခါ သင်​တို့​သည်​လည်း​ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း အ​သ​ရေ​တော်​ကို​ခံ​စား​ရ​ကြ​လတ္တံ့။
COL 3:5 သို့​ဖြစ်​၍​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​စွာ ကျင့်​ခြင်း၊ ပြင်း​ပြ​သော​တ​ဏှာ​ရမ္မက်၊ မ​ကောင်း​မှု ပြု​လုပ်​လို​သော​စိတ်​ရှိ​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း​အ​စ​ရှိ​သော​လော​ကီ​အာ​သာ​ရမ္မက်​များ ကို​သေ​စေ​ကြ​လော့။ (လော​ဘ​ကူး​ခြင်း​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​တစ်​မျိုး​ပင်​ဖြစ်​၏။-)
COL 3:6 ထို​ကဲ့​သို့​သော​အာ​သာ​ရမ္မက်​များ​ကြောင့်​ဘု​ရား သ​ခင်​၏​စ​ကား​ကို​မ​နာ​ခံ​သော​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​ပေ​အံ့။-
COL 3:7 အ​ခါ​တစ်​ပါး​က​သင်​တို့​ကိုယ်​တိုင်​လည်း​ထို အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​လျက် အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ကြ​၏။
COL 3:8 သို့​သော်​ယ​ခု​အ​ခါ​၌​သင်​တို့​သည်​အ​မျက် ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မုန်း​တီး​ခြင်း၊ သူ​တစ် ပါး​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ ညစ်​ညမ်း​သော စ​ကား​ကို​ပြော​ဆို​ခြင်း​စ​သည်​တို့​ကို​ပယ် ရှား​ကြ​လော့။-
COL 3:9 တစ်ဦး​နှင့်​တစ်​ဦး​လိမ်​လည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည်​အ​ကျင့်​ဆိုး​များ​နှင့်​တ​ကွ​လူ ဟောင်း​ကို​ချွတ်​ပယ်​ကာ၊-
COL 3:10 လူ​သစ်​ကို​ဝတ်​ဆင်​ကြ​လေ​ပြီ။ ဖန်​ဆင်း​တော်​မူ ရှင်​ဘု​ရား​သ​ခင်​သည် ထို​လူ​သစ်​အား​မိ​မိ​၏ ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ​အ​မြဲ​အ​သစ်​ပြု​ပြင် လျက်​နေ​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ သင်​တို့​သည်​ကိုယ်​တော်​ကို​ပြည့်​ဝ​စုံ​လင်​စွာ သိ​ကျွမ်း​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။-
COL 3:11 သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။
COL 3:12 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​များ ဖြစ်​ကြ​၏။ ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍ မိ​မိ ပိုင်​ဆိုင်​သူ​များ​ဖြစ်​ရန်​ရွေး​ချယ်​တော်​မူ​သ​ဖြင့် က​ရု​ဏာ​ပြ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ စိတ် နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း တို့​ကို​ဝတ်​ဆင်​ကြ​လော့။-
COL 3:13 သင်​တို့​သည်​အ​ချင်း​ချင်း​အ​ပေါ်​တွင်​အ​ပြစ် တင်​စ​ရာ​ရှိ​ပါ​လျှင် သည်း​ခံ​လျက်​အ​ပြစ်​ဖြေ လွှတ်​ကြ​လော့။ သ​ခင်​ဘု​ရား​သည်​သင်​တို့ အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ သင် တို့​သည်​လည်း​အ​ချင်း​ချင်း​အား​အ​ပြစ်​ဖြေ လွှတ်​ရ​ကြ​မည်။-
COL 3:14 ဤ​အ​ရည်​အ​သွေး​များ​ကို​မေတ္တာ​ဖြင့်​ဖြည့်​စွက် လော့။ မေတ္တာ​သည်​အ​ရာ​ခပ်​သိမ်း​ကို​စု​စည်း​၍ လုံး​ဝ​စည်း​လုံး​ညီ​ညွတ်​စေ​သ​တည်း။-
COL 3:15 သင်​တို့​ကို​လမ်း​ပြ​ရန်​ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ သည့်​ငြိမ်​သက်​ခြင်း​နှင့်​အ​ညီ သင်​တို့​ဆုံး​ဖြတ် ချက်​များ​ချ​မှတ်​ကြ​လော့။ ထို​ငြိမ်​သက်​ခြင်း ကို​သင်​တို့​ခံ​စား​နိုင်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​တစ်​ခု​တည်း​သော​ကိုယ်​ခန္ဓာ အ​ဖြစ်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့​၏။ သို့ ဖြစ်​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။-
COL 3:16 ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဋ္ဌမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-
COL 3:17 သို့​ဖြစ်​၍​သင်​တို့​သည်​ပြော​ဆို​ပြု​မူ​ရာ​တွင် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​ထောက်​၍​ပြော​ဆို​ပြု​မူ​ကြ လော့။ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ဖ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
COL 3:18 ဇ​နီး​ဖြစ်​သူ​တို့၊ ခင်​ပွန်း​များ​၏​အုပ်​စိုး​ခြင်း​ကို ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​ခ​ရစ်​ယာန်​များ အ​နေ​ဖြင့်​ဤ​သို့​ခံ​ယူ​သင့်​ကြ​၏။-
COL 3:19 ခင်​ပွန်း​ဖြစ်​သူ​တို့၊ ဇ​နီး​များ​ကို​ချစ်​ကြ​လော့။ သူ​တို့​အား​ကြမ်း​တမ်း​စွာ​မ​ပြု​ကြ​နှင့်။
COL 3:20 သား​သ​မီး​ဖြစ်​သူ​တို့၊ မိ​ဘ​စ​ကား​ကို​အ​စဉ် နား​ထောင်​ကြ​လော့။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု၊ ပြု​ကျင့်​အပ်​သော အ​မှု​ဖြစ်​၏။-
COL 3:21 ဖ​ခင်​ဖြစ်​သူ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး အောင်​မ​ဆွ​နှင့်။ သို့​ပြု​ပါ​လျှင်​သူ​တို့​သည်​စိတ် အား​လျော့​ကြ​လိမ့်​မည်။
COL 3:22 ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​ကို​ပိုင်​သော​သ​ခင်​များ ၏​စ​ကား​ကို​အ​ရာ​ရာ​တွင်​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​မျက်​နှာ​ရ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​လျှင်​သူ​တို့​၏​စ​ကား​ကို​နား​ထောင်​သည် မ​ဟုတ်၊ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ သော​အား​ဖြင့် သူ​တို့​၏​စ​ကား​ကို​ရိုး​ဖြောင့် သော​စိတ်​နှင့်​နား​ထောင်​ကြ​လော့။-
COL 3:23 အ​ဘယ်​အ​မှု​ကို​ပြု​သည်​မ​ဆို​သင်​တို့​သည် လူ​၏​အ​လို​ကို​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​၏ အ​လို​ကို​ဆောင်​ရွက်​သ​ကဲ့​သို့​အ​စွမ်း​ရှိ သ​မျှ​ဖြင့်​လုပ်​ဆောင်​ကြ​လော့။-
COL 3:24 မိ​မိ​၏​လူ​စု​တော်​အား​သ​ခင်​ဘု​ရား​က​တိ ထား​တော်​မူ​သော ဆု​လာဘ်​ကို​သင်​တို့​သည်​ရ မည်​ဖြစ်​ကြောင်း​နှ​လုံး​သွင်း​ကြ​လော့။ ခ​ရစ် တော်​သည်​သာ​လျှင်​သင်​တို့​၏​သ​ခင်​အ​စစ် အ​မှန်​ဖြစ်​တော်​မူ​၏။-
COL 3:25 ဒု​စ​ရိုက်​သ​မား​သည်​ထိုက်​သင့်​သော​အ​ပြစ်​ဒဏ် ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​တ​ရား​စီ​ရင်​ရာ​တွင်​မျက်​နှာ​ကြီး ငယ်​လိုက်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​သည်။
COL 4:1 သ​ခင်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​လည်း​ကောင်း​ကင် ဘုံ​တွင်​ရှိ​တော်​မူ​သော​သ​ခင်​၏​ကျွန်​များ​ဖြစ် ကြောင်း​ကို​သိ​မှတ်​လျက် မိ​မိ​တို့​၏​ကျွန်​များ ကို​တရား​မျှ​တ​စွာ​ဆက်​ဆံ​ကြ​လော့။
COL 4:2 စွဲ​မြဲ​စွာ​ဆုတောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​တွင်​နိုး​နိုး​ကြား​ကြား​ရှိ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။-
COL 4:3 ဆု​တောင်း​သည့်​အ​ခါ​ငါ​တို့​၏​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။ ခ​ရစ်​တော်​၏​နက်​နဲ​သည့် အ​ရာ​နှင့်​စပ်​ဆိုင်​သော​တ​ရား​တော်​ကို ဟော ပြော​နိုင်​သည့်​အ​ခွင့်​အ​လမ်း​ငါ​တို့​အား​ပေး တော်​မူ​ရန်​ဆု​တောင်း​ကြ​လော့။ ထို​တ​ရား တော်​ကြောင့်​ငါ​သည်​ယ​ခု​ထောင်​ကျ​လျက်​ရှိ​၏။-
COL 4:4 သို့​ဖြစ်​၍​တ​ရား​တော်​ကို​ဟော​ပြော​အပ်​သည် နှင့်​အ​ညီ ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​ဟော ပြော​နိုင်​ရန်​ဆု​တောင်း​ကြ​လော့။
COL 4:5 သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။-
COL 4:6 သင်​တို့​ပြော​သော​စ​ကား​သည်​နား​ဝင်​ချို​၍ စိတ်​ဝင်​စား​ဖွယ်​ဖြစ်​စေ​ကြ​လော့။ စုံ​စမ်း​မေး မြန်း​သူ​တိုင်း​အား​အ​ဘယ်​သို့​လျောက်​ပတ် စွာ​ပြန်​လည်​ဖြေ​ကြား​ရ​မည်​ကို​သင်​တို့​လေ့ လာ​ထား​ကြ​လော့။
COL 4:7 ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​အ​မှု​တော် ဆောင်၊ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​၌​ငါ​တို့​နှင့် လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​သူ​တု​ခိတ်​သည်​ငါ​နှင့်​ပတ် သက်​သည့်​သ​တင်း​အ​လုံး​စုံ​ကို​သင်​တို့​အား ပြော​ပြ​လိမ့်​မည်။-
COL 4:8 ငါ​တို့​၏​အ​ခြေ​အ​နေ​ကို​သင်​တို့​အား​ပြော ပြ​ခြင်း​အား​ဖြင့်​သင်​တို့​ကို​အား​တက်​စေ​ရန် ငါ​သည်​သူ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက် ခြင်း​ဖြစ်​ပေ​သည်။-
COL 4:9 သူ​နှင့်​အ​တူ​သြ​နေ​သိမ်​လည်း​လိုက်​ပါ​လာ​ပါ လိမ့်​မည်။ သြ​နေ​သိမ်​သည်​ငါ​တို့​ချစ်​သော​ညီ၊ သစ္စာ​ရှိ​သော​သူ​ဖြစ်​၏။ သူ​သည်​သင်​တို့​အ​သိုင်း အ​ဝိုင်း​ထဲ​က​ဖြစ်​၏။ သူ​တို့​သည်​ဤ​အ​ရပ်​တွင် ဖြစ်​ပျက်​သ​မျှ​ကို​သင်​တို့​အား​ပြော​ပြ​လိမ့်​မည်။
COL 4:10 ငါ​တို့​နှင့်​အ​တူ​အ​ကျဉ်း​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု၊ ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​တော်​သူ​မာ​ကု​နှင့်​ယုတ္တု ခေါ်​ယော​ရှု​တို့​က​သင်​တို့​ကို​နှုတ်​ဆက်​လိုက် ကြ​၏။ (သင်​တို့​ထံ​မာ​ကု​ရောက်​ရှိ​လာ​သော အ​ခါ ကြို​ဆို​ကြ​ရန်​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ကြ​ပြီး​ဖြစ်​၏။) ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​တွက်​ငါ​နှင့်​အ​တူ​လုပ်​ဆောင် လျက်​ရှိ​သော​ယု​ဒ​ယုံ​ကြည်​သူ​များ​မှာ ထို​သူ​သုံး​ဦး​သာ​လျှင်​ဖြစ်​ပေ​သည်။ ဤ​သူ တို့​သည်​ကား​ငါ့​အား​များ​စွာ​ကူ​ညီ​ကြ သူ​များ​ဖြစ်​သည်။
COL 4:12 ဧ​ပ​ဖြ​က​လည်း​နှုတ်​ဆက်​လိုက်​၏။ သူ​သည်​လည်း သင်​တို့​၏​အ​သိုင်း​အ​ဝိုင်း​က​ဖြစ်​၏။ ခ​ရစ်​တော် ယေ​ရှု​၏​အ​မှု​တော်​ဆောင်​လည်း​ဖြစ်​၏။ သူ​သည် သင်​တို့​အ​တွက်​စိတ်​အား​ထက်​သန်​စွာ​အ​စဉ် ဆု​တောင်း​ပတ္ထနာ​ပြု​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကာ လုံး​ဝ​နား​လည်​သ​ဘော​ပေါက်​သော​ခ​ရစ်​ယာန် များ​အ​ဖြစ်​ဖြင့်​ကြံ့​ခိုင်​စွာ​ရပ်​တည်​နိုင်​ကြ​စေ ရန်​သူ​သည်​ဘု​ရား​သ​ခင်​အား​လျှောက်​ထား လျက်​ရှိ​၏။-
COL 4:13 သူ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​နှင့်​ဟေ​ရ​ပေါ​လိ​မြို့​၌​ရှိ​သူ​များ​အ​တွက် လည်း​ကောင်း​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ​ဖြစ် ကြောင်း​ငါ​ကိုယ်​တိုင်​သက်​သေ​ခံ​ပါ​၏။-
COL 4:14 ငါ​တို့​ချစ်​သော​ဆ​ရာ​ဝန်​လု​ကာ​နှင့်​ဒေ​မ​တို့ က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ကြ​၏။
COL 4:15 လော​ဒိ​ကိ​မြို့​ရှိ​ညီ​အစ်​ကို​များ​ကို​လည်း​ကောင်း၊ နုံ​ဖ​နှင့်​သူ​၏​အိမ်​တွင်​စု​ဝေး​ဝတ်​ပြု​ကြ​သည့် အ​သင်း​တော်​ဝင်​တို့​ကို​လည်း​ကောင်း​နှုတ်​ဆက် လိုက်​ကြောင်း​ပြော​ပြ​ကြ​လော့။-
COL 4:16 ဤ​စာ​ကို​သင်​တို့​အ​သင်း​တော်​ဝင်​တို့​အား​ဖတ် ပြ​ပြီး​သော​အ​ခါ လော​ဒိ​ကိ​အ​သင်း​တော်​ဝင် တို့​အား​လည်း​ဖတ်​စေ​ကြ​လော့။ လော​ဒိ​ကိ အ​သင်း​တော်​မှ​တစ်​ဆင့်​ပေး​ပို့​မည့်​စာ​ကို​လည်း သင်​တို့​ဖတ်​ရှု​ကြ​လော့။-
COL 4:17 သ​ခင်​ဘု​ရား​ပေး​အပ်​ခြင်း​ခံ​ရ​သည့်​အ​မှု​တော် ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ရန်​အာ​ခိပ္ပု​အား​ပြော ကြား​ကြ​လော့။
COL 4:18 ငါ​ပေါ​လု​က​သင်​တို့​အား​နှုတ်​ဆက်​စ​ကား​ကို ငါ​ကိုယ်​တိုင်​ရေး​၏။ ငါ​သည်​အ​ကျဉ်း​ထောင်​ထဲ တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မ​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့​ခံ​စား ရ​ကြ​ပါ​စေ​သ​တည်း။ ကော​လော​သဲ​သြ​ဝါ​ဒ​စာ​ပြီး​၏။
1TH 1:1 ပေါ​လု၊ သိ​လွာ​နု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ခ​မည်း​တော် ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သည့် သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့ ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။
1TH 1:2 ငါ​တို့​သည်​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​သည် မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လက်​တွေ့​အ​ဘယ် သို့​ကျင့်​သုံး​ကြ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ ၏​ချစ်​ခြင်း​ကြောင့်​သင်​တို့​အ​ဘယ်​သို့​ကြိုး​စား လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​အ​ဘယ်​သို့​မျှော်​လင့် ၍​တည်​ကြည်​ကြ​သည်​ကို​လည်း​ကောင်း သ​တိ​ရ ၍​အ​စဉ်​ပင်​ကျေးဇူး​တော်​ကို​ချီး​မွမ်း​ကြ​၏။-
1TH 1:4 ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​ချစ်​တော်​မူ​၍​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​ငါ​တို့​သိ​၏။-
1TH 1:5 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။-
1TH 1:6 သင်​တို့​သည်​ငါ​တို့​၏​ပုံ​စံ​နှင့်​သခင်​ဘု​ရား ၏​ပုံ​စံ​တော်​အ​တိုင်း​လိုက်​လျှောက်​ခဲ့​ကြ​၏။ သင်​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရ ကြ​သော်​လည်း သန့်​ရှင်း​သော​ဝိညာဉ်​တော်​မှ ရ​သော​ဝမ်း​မြောက်​ခြင်း​ဖြင့်​တ​ရား​တော် ကို​ခံ​ယူ​ကြ​၏။-
1TH 1:7 သို့​ဖြစ်​၍​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ရှိ ယုံ​ကြည်​သူ​အ​ပေါင်း​တို့ အ​တွက်​စံ​န​မူ​နာ​ဖြစ်​လေ​သည်။-
1TH 1:8 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ပြု​မူ​ကျင့် ကြံ​မှု​ကြောင့်​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​တွင် ပျံ့​နှံ့​သွား​သည်​သာ​မ​က ဘု​ရား​သ​ခင်​အား သင်​တို့​ယုံ​ကြည်​ခြင်း​သ​တင်း​သည်​အ​ရပ် တ​ကာ​သို့​ရောက်​ရှိ​သွား​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​ပြော​ဆို​ရန်​မ​လို​တော့​ချေ။-
1TH 1:9 သင်​တို့​ထံ​ငါ​တို့​လာ​ရောက်​စဉ်​အ​ခါ​က သင်​တို့​အ​ဘယ်​သို့​ဧည့်​ခံ​ကြို​ဆို​ကြ​ကြောင်း ကို​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား စစ်​ဘု​ရား​မှန်​ကို​ကိုး​ကွယ်​နိုင်​ရန်​နှင့် ကောင်း​ကင် ဘုံ​မှ​ကိုယ်​တော်​၏​သား​တော်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​နိုင်​ရန် ရုပ်​တု​များ​ကို​စွန့်​၍ ဘု​ရား​သခင်​ထံ​တော်​သို့​သင်​တို့​အ​ဘယ်​သို့ ချဉ်း​ကပ်​လာ​ကြ​ကြောင်း​ကို​လည်း​ကောင်း ထို သူ​အ​ပေါင်း​တို့​ပြော​ဆို​၏။ ထို​သား​တော် ယေ​ရှု​ကား​သေ​ခြင်း​မှ​ဘု​ရား​သ​ခင် ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော၊ သက် ရောက်​မည့်​အ​မျက်​တော်​မှ​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​သ​တည်း။
1TH 2:1 ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​သို့​ငါ​လာ​ခဲ့​ခြင်း သည်​အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ် တိုင်​သိ​ကြ​၏။-
1TH 2:2 ငါ​တို့​သည်​သင်​တို့​ရှိ​ရာ​သက်​သာ​လော​နိတ် မြို့​သို့​မ​လာ​မီ ဖိ​လိပ္ပိ​မြို့​တွင်​ညှဉ်း​ပန်း​စော် ကား​မှု​တို့​ကို​ခံ​ခဲ့​ရ​ကြောင်း​သင်​တို့​သိ​ကြ​၏။ ယင်း​သို့​အ​တိုက်​အ​ခံ​ပြု​ခြင်း​ခံ​ရ​သော်​လည်း သင်​တို့​အား​ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​ကြေ​ညာ​ဟော​ပြော​နိုင်​ရန်​စွမ်း​ရည်​သတ္တိ ကို ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​၏။-
1TH 2:3 သင်​တို့​အား​ငါ​တို့​၏​ဟော​ပြော​တိုက်​တွန်း ချက်​သည်​အ​မှား​အ​ယွင်း​အ​ပေါ်​၌​သော် လည်း​ကောင်း၊ မ​သ​မာ​သော​ရည်​ရွယ်​ချက် အ​ပေါ်​၌​သော်​လည်း​ကောင်း၊ မူ​တည်​သည် မ​ဟုတ်။ ငါ​တို့​သည်​မည်​သူ့​ကို​မျှ​လည်း လိမ်​လည်​လှည့်​စား​ရန်​မ​ကြိုး​စား။-
1TH 2:4 ယင်း​သို့​ပြု​မည့်​အ​စား​သ​ခင်​ဘု​ရား​သည် ငါ​တို့​အား​ထိုက်​တန်​သူ​များ​အ​ဖြစ်​လက်​ခံ တော်​မူ​သ​ဖြင့် သ​တင်း​ကောင်း​ကြေ​ညာ​ရန် လွှဲ​အပ်​တော်​မူ​သည်​နှင့်​အ​ညီ​ငါ​တို့​သည် ကိုယ်​တော်​ဟော​ပြော​စေ​သည့်​အ​တိုင်း​အ​စဉ် ပင်​ဟော​ပြော​ကြ​၏။ ငါ​တို့​သည်​လူ​တို့​နှစ် သက်​မှု​ကို​ရ​ရန်​မ​ကြိုး​စား။ ငါ​တို့​စိတ် နှ​လုံး​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​တတ် သော၊ ဘု​ရား​သ​ခင်​နှစ်​သက်​မှု​ကို​သာ လျှင်​ရ​ရန်​ကြိုး​စား​ကြ​၏။-
1TH 2:5 သင်​တို့​သိ​သည်​အ​တိုင်း​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​မြှောက်​ပင့်​၍​မ​ပြော။ ငါ​တို့ လော​ဘ​ရှိ​၍​ဟန်​ဆောင်​သော​စိတ်​နှင့်​မ​ကြေ ညာ​မ​ဟော​ပြော​ကြောင်း​ကို ဘု​ရား​သ​ခင် သည်​ငါ​တို့​သက်​သေ​ဖြစ်​တော်​မူ​၏။-
1TH 2:6 ငါ​တို့​သည်​ခ​ရစ်​တော်​၏​တ​မန်​တော်​များ အ​နေ​ဖြင့်​သင်​တို့​ထံ​တွင်​အ​ခွင့်​အ​ရေး​များ ကို​တောင်း​ဆို​နိုင်​၏။ သို့​သော်​သင်​တို့​၏​အ​ချီး အ​မွမ်း​ကို​သော်​လည်း​ကောင်း၊ အ​ခြား​သူ​တို့ ၏​အ​ချီး​အ​မွမ်း​ကို​သော်​လည်း​ကောင်း​ခံ ရ​စေ​ရန်​ငါ​တို့​မ​ကြိုး​စား။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သား သ​မီး​များ​အား​ယု​ယ​စွာ​ပြု​စု​သည့် မိ​ခင်​ကဲ့​သို့​သင်​တို့​အား​ပြု​စု​ခဲ့​ကြ​၏။-
1TH 2:8 ငါ​တို့​သည်​သင်​တို့​အား​လွန်​စွာ​ချစ်​မြတ်​နိုး ကြ​သည်​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​သာ​မ​က ငါ​တို့​၏ အ​သက်​ကို​ပင်​သင်​တို့​အား​ပေး​လို​သော ဆန္ဒ​ရှိ​ကြ​၏။-
1TH 2:9 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခဲ့​ကြ​သည်​ကို​သင်​တို့​သ​တိ ရ​လိမ့်​မည်။ သင်​တို့​ဝန်​မ​လေး​စေ​ရန်​ငါ​တို့ သည်​မိ​မိ​တို့​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို နေ့​ရော​ည​ပါ​အား​ထုတ်​လုပ်​ကိုင်​လျက် ဘု​ရား​သ​ခင်​ထံ​တော်​မှ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ဟော​ပြော​ခဲ့​ကြ​၏။
1TH 2:10 ငါ​တို့​သည်​ယုံ​ကြည်​သူ​သင်​တို့​နှင့်​ဆက်​ဆံ ရာ​တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ဖြူ​စင် ဖြောင့်​မှန်​စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို သင် တို့​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် လည်း​သက်​သေ​ဖြစ်​တော်​မူ​၏။-
1TH 2:11 ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​တို့​နှင့်​ဆက်​ဆံ သ​ကဲ့​သို့ ငါ​တို့​သည်​သင်​တို့​ရှိ​သ​မျှ​နှင့်​ဆက် ဆံ​ကြောင်း​သင်​တို့​သိ​ကြ​၏။-
1TH 2:12 ငါ​တို့​သည်​သင်​တို့​ကို​အား​ပေး​စ​ကား​ပြော ကြား​ခဲ့​ကြ​၏။ စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​စေ​ခဲ့ ကြ​၏။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သို့​ဝင်​ခွင့်​နှင့် ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ခွင့်​ရ​နိုင်​စိမ့်​သော​ငှာ သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့်​အ​ကျင့် မျိုး​ကို​ကျင့်​ကြ​စေ​ရန်​တိုက်​တွန်း​နှိုး​ဆော်​ခဲ့ ကြ​၏။
1TH 2:13 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​ခါ​မ​လပ် ငါ​တို့​ချီး​မွမ်း​ကြ​သည့်​အ​ခြား​အ​ကြောင်း တစ်​ရပ်​မှာ ငါ​တို့​သည်​သင်​တို့​အား​ဟော​ပြော သော​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​လူ့ တ​ရား​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ​သင်​တို့ ကြား​နာ​ခံ​ယူ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​သင် တို့​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​လျက်​ရှိ​တော် မူ​သော​ကြောင့်​တည်း။-
1TH 2:14 ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​တွေ့​အ​ကြုံ​မှာ ယု​ဒ​ပြည်​ခ​ရစ်​ယာန်​များ​ဖြစ်​သည့်​ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​အ​တွေ့​အ​ကြုံ နှင့်​တူ​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး သား​များ​၏​လက်​တွင်​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​ယု​ဒ အ​မျိုး​သား​များ​၏​လက်​တွင်​ဆင်း​ရဲ ဒုက္ခ​ရောက်​ရ​ကြ​၏။-
1TH 2:15 ယု​ဒ​အ​မျိုး​သား​တို့​သည်​သ​ခင်​ယေ​ရှု​နှင့် ပ​ရော​ဖက်​တို့​ကို​သတ်​ဖြတ်​၍​ငါ​တို့​ကို​ညှဉ်း ဆဲ​သူ​များ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ သော​သူ​များ၊ လူ​အ​ပေါင်း​တို့​၏​ရန်​သူ​များ ဖြစ်​ကြ​၏။-
1TH 2:16 သူ​တို့​သည်​ကယ်​တင်​ခြင်း​တ​ရား​ကို​လူ​မျိုး ခြား​တို့​အား ငါ​တို့​ဟော​ပြော​မှု​ကို​ပင်​လျှင် တား​ဆီး​ရန်​ကြိုး​စား​ကြ​သည်။ ဤ​အ​ပြစ် သည်​သူ​တို့​ကူး​လွန်​နေ​ကျ​ဖြစ်​သော အ​ပြစ်​များ​ကို ပြည့်​စုံ​အောင်​နောက်​ဆုံး ကူး​လွန်​သော​အ​ပြစ်​ဖြစ်​၏။ သို့​ဖြစ်​၍ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် လေ​ပြီ။
1TH 2:17 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​သင်​တို့​ထံ​မှ​ခေတ္တ ခ​ဏ​မျှ​သာ​ခွဲ​ခွာ​၍​နေ​ခဲ့​ရ​ကြ​၏။ ယင်း​သို့ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ခွဲ​ခွာ ၍​နေ​ရ​သော်​လည်း သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌ မျှ​မ​မေ့။ ငါ​တို့​သည်​သင်​တို့​ကို​အ​လွန်​အောက် မေ့​သ​တိ​ရ​ကြ​သ​ဖြင့် သင်​တို့​ကို​တစ်​ဖန် ပြန်​၍​တွေ့​နိုင်​ရန်​အ​ထူး​ကြိုး​စား​ခဲ့​ကြ​၏။-
1TH 2:18 ငါ​တို့​သည်​သင်​တို့​ထံ​သို့​တစ်​ဖန်​လာ​ရောက် လို​ကြ​၏။ ငါ​ကိုယ်​တိုင်​သင်​တို့​ထံ​သို့​လာ​ရန် တစ်​ကြိမ်​နှစ်​ကြိမ်​ကြိုး​စား​ခဲ့​၏။ သို့​ရာ​တွင် စာ​တန်​က​ငါ​တို့​အား​ဆီး​တား​လေ​သည်။-
1TH 2:19 ငါ​တို့​သ​ခင်​ယေ​ရှု​နောက်​တစ်​ကြိမ်​ကြွ​လာ တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​၌ ငါ​တို့​သည်​သင်​တို့​ကို​သာ​လျှင်​အ​ကြောင်း ပြု​၍ မိ​မိ​တို့​၏​အောင်​မြင်​မှု​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​နိုင်​လိမ့်​မည်။ သင်​တို့​သာ​လျှင်​ငါ တို့​၏​မျှော်​လင့်​စ​ရာ၊ ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​လိမ့်​မည်။ ငါ​တို့​အား​ဂုဏ်​ယူ ဝါ​ကြွား၊ မျှော်​လင့်​ဝမ်း​မြောက်​စေ​သော​သူ အ​ပေါင်း​တို့​တွင်​သင်​တို့​ပါ​ဝင်​ကြ​သည်။-
1TH 2:20 အ​ကယ်​စင်​စစ်​သင်​တို့​သည်​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ၊ ငါ​တို့​ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​ပေ​သည်။
1TH 3:1 နောက်​ဆုံး​၌​ငါ​တို့​သည်​ဆက်​လက်​စောင့်​ဆိုင်း​၍ မ​နေ​နိုင်​ကြ​တော့​သ​ဖြင့် အာ​သင်​မြို့​တွင် ငါ​တို့​နေ​ရစ်​ရန်​ဆုံး​ဖြတ်​ကြ​ပြီး​နောက်၊-
1TH 3:2 ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရာ​တွင် ငါ​တို့​နှင့်​အ​တူ​ဘု​ရား သ​ခင်​၏​အ​မှု​ကို​ဆောင်​ရွက်​သူ၊ ငါ​တို့​ညီ တိ​မော​သေ​အား​သင်​တို့​ထံ​သို့​စေ​လွှတ် လိုက်​ကြ​၏။ သင်​တို့​တွင်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​ခံ​ရ​သည့်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကြောင့် ယုံ​ကြည်​ခြင်း​မ​ယိမ်း​မ​ယိုင်​ဘဲ​ခိုင်​မြဲ​စေ အံ့​သော​ငှာ သင်​တို့​ကို​အား​ပေး​တိုက်​တွန်း နိုင်​ရန်​သူ့​အား​ငါ​တို့​ကို​စေ​လွှတ်​လိုက်​၏။ ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ငါ​တို့​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ဖြစ် ကြောင်း​သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။-
1TH 3:4 သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ညှဉ်း​ပန်း ခြင်း​ခံ​ရ​မည်​ကို ငါ​တို့​သ​တိ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ ငါ​တို့​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း ပင်​ယ​ခု​ဖြစ်​ပျက်​လာ​သည်​ကို​သင်​တို့​သိ ကြ​၏။-
1TH 3:5 ထို့​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို​စေ​လွှတ်​လိုက် ၏။ ငါ​သည်​မ​စောင့်​ဆိုင်း​နိုင်​တော့​သ​ဖြင့် သင်​တို့ ၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​သည်​မ​ခိုင်​မြဲ​သည်​ကို သိ​လို​၍ သူ့​ကို​စေ​လွှတ်​လိုက်​၏။ သင်​တို့​သည် မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့​လိုက်​ပါ သ​ဖြင့် ငါ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​ဖြစ်​မည်​ကို​ငါ​စိုး​ရိမ်​မိ​၏။
1TH 3:6 ယ​ခု​အ​ခါ​တိ​မော​သေ​သည်​ငါ​တို့​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​ပေ​ပြီ။ သူ​သည်​သင်​တို့ ၏​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​ခဲ့​၏။ သင်​တို့​သည် ငါ​တို့​အား​အ​စဉ်​သ​တိ​ရ​လျက်​နေ​ကြ ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား​ငါ​တို့ တွေ့​မြင်​လို​သ​ကဲ့​သို့​သင်​တို့​သည် ငါ​တို့​အား တွေ့​မြင်​လို​ကြ​ကြောင်း​ကို​လည်း​ကောင်း တိ​မော​သေ​က​ပြော​ပြ​၏။-
1TH 3:7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​ဆင်း​ရဲ ဒုက္ခ​ခံ​လျက်​ပင်​သင်​တို့​ယုံ​ကြည်​ခြင်း​ကြောင့် အား​တက်​ကြ​၏။-
1TH 3:8 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​၌​ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ သ​ဖြင့် ငါ​တို့​အ​သက်​ရှင်​ရ​ကျိုး​နပ်​ပေ​ပြီ။-
1TH 3:9 သင်​တို့​အ​တွက်​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ကို​အ​ကြောင်း​ပြု​၍​ရှေ့​တော်​တွင်​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ရ​ရှိ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ငါ​တို့​ချီး​မွမ်း​ကြ​၏။-
1TH 3:10 သင်​တို့​ထံ​သို့​ရောက်​ရှိ​ပြီး​လျှင်​သင်​တို့ ယုံ​ကြည်​ခြင်း​ပါ​ရ​မီ​ကို​ဖြည့်​တင်း​ပေး​ခွင့် ကို​ရ​နိုင်​ရန် ငါ​တို့​သည်​နေ့​ရော​ည​ပါ​စိတ် အား​ထက်​သန်​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​၏။
1TH 3:11 ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏ အ​ရှင်​သ​ခင်​ယေ​ရှု​သည် သင်​တို့​ထံ​သို့​ငါ တို့​လာ​ရောက်​နိုင်​ကြ​စေ​ရန်​လမ်း​ဖွင့်​ပေး တော်​မူ​ပါ​စေ​သော။-
1TH 3:12 မိ​မိ​တို့​အ​ချင်း​ချင်း​နှင့်​လူ​ခပ်​သိမ်း​တို့ အ​ပေါ် သင်​တို့​ထား​ရှိ​သော​မေတ္တာ​သည် သင် တို့​အ​ပေါ် ငါ​တို့​ထား​ရှိ​သည့်​မေတ္တာ​တ​မျှ ကြီး​မား​လာ​စေ​ရန် သင်​တို့​အား​သ​ခင် ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ​သော။-
1TH 3:13 ဤ​နည်း​အား​ဖြင့်​ကိုယ်​တော်​သည်​သင်​တို့​ကို ကြံ့​ခိုင်​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း တို့​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သန့်​ရှင်း မြင့်​မြတ်​သူ​များ​ဖြစ်​ကြ​ပေ​အံ့။
1TH 4:1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​စေ​ရန်​အ​ဘယ်​သို့​ပြု​မူ ကျင့်​ကြံ​ရ​မည်​ကို သင်​တို့​အား​ငါ​တို့​သွန် သင်​ပြီး​ဖြစ်​ပေ​သည်။ သင်​တို့​သည်​ငါ​တို့ သွန်​သင်​သည့်​အ​တိုင်း​ပြု​ကျင့်​လျက်​ရှိ​ကြ သည်​မှန်​သော်​လည်း၊ ထို​ထက်​ပို​၍​ကြိုး​စား အား​ထုတ်​ကြ​ရန်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​အ​ထူး​တိုက် တွန်း​လို​၏။-
1TH 4:2 သင်​တို့​အ​ဘယ်​သို့​ပြု​ကျင့်​ရ​မည်​နှင့်​ပတ် သက်​၍ သ​ခင်​ယေ​ရှု​ပေး​အပ်​ထား​သည့် အ​ခွင့်​အာ​ဏာ​အ​ရ၊ သင်​တို့​အား​ငါ​တို့ ညွှန်​ကြား​ထား​သည့်​အ​ချက်​များ​ကို​သင် တို့​သိ​ကြ​၏။-
1TH 4:3 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​သန့်​ရှင်း မြင့်​မြတ်​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​လွန်​ကူး မှု​နှင့်​လုံး​ဝ​ကင်း​ကြ​စေ​ရန်​အ​လို​ရှိ​တော် မူ​၏။-
1TH 4:4 အ​မျိုး​သား​တိုင်း​ပင်​သန့်​ရှင်း​ဖြူ​စင်​တင့်​တယ် လျောက်​ပတ်​စွာ​မိ​မိ​၏​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​တတ်​ရ​မည်။-
1TH 4:5 ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့ ကိ​လေ​သာ​စိတ်​၏​အ​လို​သို့​မ​လိုက်​ရ။-
1TH 4:6 ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။-
1TH 4:7 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကာ​မ​ဂုဏ်​လိုက် စား​မှု​၌ မွေ့​လျော်​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ သန့်​ရှင်း​ဖြူ​စင်​စွာ​ပြု​မူ​ကျင့် ကြံ​နေ​ထိုင်​ကြ​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​ပေ​သည်။-
1TH 4:8 သို့​ဖြစ်​၍​ဤ​သွန်​သင်​ချက်​ကို​မ​လိုက်​လျှောက်​သူ မည်​သည်​ကား​လူ​ကို​ပစ်​ပယ်​သူ​မ​ဟုတ်။ မိ​မိ​၏ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​သူ​ဖြစ် သ​တည်း။
1TH 4:9 ယုံ​ကြည်​သူ​အ​ချင်း​ချင်း​ချစ်​ကြ​စေ​ရန်​သင် တို့​ကို​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​ခဲ့​သ​ဖြင့် သင်​တို့​အ​ချင်း​ချင်း​ချစ်​ရ​မည်​အ​ကြောင်း​နှင့် ပတ်​သက်​၍​ရေး​သား​ရန်​မ​လို။-
1TH 4:10 အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။-
1TH 4:11 သင်​တို့​သည်​ယ​ခင်​က​ငါ​တို့​ညွှန်​ကြား​ခဲ့​သည့် အ​တိုင်း​ငြိမ်​ဝပ်​စွာ​နေ​ထိုင်​ရန်​လည်း​ကောင်း၊ ကိုယ့် အ​ရေး​ကိစ္စ​ကို​ဂ​ရု​စိုက်​ရန်​လည်း​ကောင်း၊ ကိုယ့် လက်​ဖြင့်​လုပ်​ကိုင်​ရန်​လည်း​ကောင်း​ကြိုး​စား အား​ထုတ်​ကြ​လော့။-
1TH 4:12 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​အ​သင်း​တော်​ဝင် မ​ဟုတ် သူ​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​မှီ​ခို​ရန်​လည်း လို​လိမ့်​မည်​မ​ဟုတ်။
1TH 4:13 ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။-
1TH 4:14 သ​ခင်​ယေ​ရှု​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​တော်​မူ​သည်​ဟု​ငါ​တို့​ယုံ​ကြည် သော​ကြောင့် ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ကို​ယုံ ကြည်​လျက်​သေ​လွန်​သွား​ကုန်​သော​သူ​တို့​အား ထို​အ​ရှင်​နှင့်​အ​တူ​မိ​မိ​ထံ​တော်​သို့​ပြန်​၍ ခေါ်​ဆောင်​သွား​တော်​မူ​လိမ့်​မည်​ဟု​ငါ​တို့ ယုံ​ကြည်​ကြ​ပေ​သည်။
1TH 4:15 သ​ခင်​ဘု​ရား​သွန်​သင်​တော်​မူ​ချက်​ကို​ယ​ခု ငါ​တို့​ဖော်​ပြ​ပေ​အံ့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော် မူ​သော​နေ့​၌​အ​သက်​ရှင်​လျက်​ရှိ​ကြ​သူ​ငါ​တို့ သည်​သေ​လွန်​သူ​တို့​ထက်​အ​လျင်​ရောက်​ကြ​လိမ့် မည်​မ​ဟုတ်။-
1TH 4:16 ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။-
1TH 4:17 ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။-
1TH 4:18 သို့​ဖြစ်​၍​ဤ​စကား​များ​အား​ဖြင့်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​အား​ပေး​ကြ​လော့။
1TH 5:1 ညီ​အစ်​ကို​တို့၊ ဤ​အ​မှု​များ​ဖြစ်​ပျက်​မည့် အ​ချိန်​ကာ​လ​အ​ကြောင်း​ကို​သင်​တို့​အား ရေး​သား​ရန်​မ​လို။-
1TH 5:2 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် ညဥ့်​အ​ခါ​သူ​ခိုး​လာ​သ​ကဲ့​သို့​မ​မျှော်​မ​လင့် ဘဲ​ရောက်​ရှိ​လာ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။-
1TH 5:3 ``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-
1TH 5:4 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​မူ​ကား​မှောင်​မိုက် တွင်​နေ​သူ​များ​မ​ဟုတ်​သ​ဖြင့် သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​ထံ​သို့​တိတ်​တ​ဆိတ်​ရောက်​ရှိ​၍​မ​လာ နိုင်။-
1TH 5:5 သင်​တို့​အား​လုံး​ပင်​အ​လင်း​တွင်​လည်း​ကောင်း၊ နေ့ တွင်​လည်း​ကောင်း​ကျင်​လည်​သူ​များ​ဖြစ်​ကြ​၏။ ငါ တို့​သည်​ညဥ့်​တွင်​လည်း​ကောင်း​မှောင်​မိုက်​တွင်​လည်း ကောင်း​ကျင်​လည်​သူ​များ​မ​ဟုတ်။-
1TH 5:6 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့ အိပ်​ပျော်​၍​မ​နေ​ရ​ကြ။ နိုး​နိုး​ကြား​ကြား​ရှိ ရ​ကြ​မည်။ သမ္မာ​သ​တိ​ရှိ​ရ​ကြ​မည်။-
1TH 5:7 လူ​တို့​သည်​ညဥ့်​အ​ခါ​၌​အိပ်​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​သေ​ရည်​သေ​ရက်​မူး​ယစ်​တတ်​ကြ​၏။-
1TH 5:8 သို့​ရာ​တွင်​ငါ​တို့​သည်​နေ့​အ​ချိန်​၌​ကျင်​လည် သူ​များ​ဖြစ်​ကြ​သ​ဖြင့် သမ္မာ​သ​တိ​ရှိ​ကြ​ကုန် အံ့။ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တည်း​ဟူ သော​ရင်​အုပ်​တန်​ဆာ​ကို​တပ်​ဆင်​လျက် ကယ်​တင် ခြင်း​ခံ​ရ​ရန်​မျှော်​လင့်​ခြင်း​တည်း​ဟူ​သော​သံ ခ​မောက်​ကို​ဆောင်း​ကြ​ကုန်​အံ့။-
1TH 5:9 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​အ​မျက်​တော် သင့်​စေ​ရန်​ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်။ အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင်​ခြင်း ခံ​ရ​ကြ​စေ​ရန်​ရွေး​ကောက်​တော်​မူ​၏။-
1TH 5:10 ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​တို့​သည် သေ​လွန်​ပြီး​သည်​ဖြစ်​စေ၊ ရှင်​လျက်​နေ​သည် ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​စေ​ရန် ကိုယ်​တော်​သည်​ငါ​တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​ပေ​သည်။-
1TH 5:11 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက် ကို​တစ်​ယောက်​အား​ပေး​ကူ​ညီ​မှု​ကို ယ​ခု​ကျင့် သုံး​နေ​သ​ကဲ့​သို့​ဆက်​လက်​၍​ကျင့်​သုံး​ကြ​လော့။
1TH 5:12 ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​တွင်​အ​မှု​တော်​ကို ဆောင်​ရွက်​နေ​သော၊ သင်​တို့​အား​လမ်း​ပြ​သွန် သင်​ရန် သ​ခင်​ဘု​ရား​ခန့်​ထား​တော်​မူ​သော သူ​များ​ကို​ကြည်​ညို​လေး​စား​ကြ​ရန်​ငါ​တို့ တိုက်​တွန်း​၏။-
1TH 5:13 သူ​တို့​ဆောင်​ရွက်​ကြ​သည့်​အ​မှု​တော်​ကို​ထောက် ၍ သူ​တို့​အား​အ​ထူး​ရို​သေ​ချစ်​ခင်​ကြ​လော့။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။
1TH 5:14 ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။-
1TH 5:15 အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။
1TH 5:16 အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-
1TH 5:17 အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။-
1TH 5:18 အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။
1TH 5:19 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။-
1TH 5:20 ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။-
1TH 5:21 အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊-
1TH 5:22 မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။
1TH 5:23 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။-
1TH 5:24 သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။
1TH 5:25 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့​လည်း​ဆု​တောင်း​ကြ လော့။
1TH 5:26 ယုံ​ကြည်​သူ​အ​ပေါင်း​တို့​အား​သန့်​ရှင်း​သော နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။
1TH 5:27 ငါ​သည်​သ​ခင်​ဘု​ရား​အပ်​နှင်း​တော်​မူ​သော အ​ခွင့်​အာ​ဏာ​အ​ရ ဤ​စာ​ကို​ယုံ​ကြည်​သူ အ​ပေါင်း​တို့​အား​ဖတ်​ပြ​ကြ​ရန်​သင်​တို့​ကို တိုက်​တွန်း​၏။
1TH 5:28 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး တော်​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။ သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ပ​ထ​မ စောင်​ပြီး​၏။
2TH 1:1 ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​ထံ​မှ​ငါ​တို့ အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​လူ​စု​တော်​ဖြစ်​သော သက်​သာ​လော နိတ်​အ​သင်း​တော်​ဝင်​တို့​ထံ​သို့​စာ​ရေး​လိုက် ပါ​သည်။-
2TH 1:2 ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ် သက်​ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ သ​တည်း။
2TH 1:3 ငါ​တို့​၏​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​အ​ကြောင်း ပြု​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​တို့ အ​စဉ်​မ​ပြတ်​ချီး​မွမ်း​နေ​ရ​ကြ​သည်။ ယင်း​သို့ ချီး​မွမ်း​သင့်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​ယုံ​ကြည်​ခြင်း​အ​လွန်​တိုး​ပွား​လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ပို​မို​ချစ်​ခင်​လျက်​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-
2TH 1:4 ထို့​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​ကြောင်း​ကို​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် များ​တွင်​ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို ခံ​ရ​သော်​လည်း​ကြံ့​ခိုင်​လျက်၊ ယုံ​ကြည်​ခြင်း ခိုင်​မြဲ​လျက်​ရှိ​သည်​ကို​ထောက်​၍​ငါ​တို့ ဂုဏ်​ယူ​ပြော​ဆို​ကြ​၏။
2TH 1:5 ဤ​တွင်​ဘု​ရား​သ​ခင်​၏​စီ​ရင်​တော်​မူ​ချက် သည်​တ​ရား​မျှ​တ​ကြောင်း​ထင်​ရှား​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော်​၏​နိုင်​ငံ​တော် နှင့်​ထိုက်​တန်​သူ​များ​ဖြစ်​လာ​ကြ​လိမ့်​မည်။ သင်​တို့​သည်​နိုင်​ငံ​တော်​အ​တွက်​ကြောင့် ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​ကြ​သည်။-
2TH 1:6 ဘု​ရား​သ​ခင်​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ကို​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​သူ​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-
2TH 1:7 ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက်​ရှိ​သော​သင်​တို့ နှင့်​အ​တူ​ငါ​တို့​ကို​လည်း​စိတ်​သက်​သာ​ရာ ရ​စေ​တော်​မူ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ကြီး​သော​ကောင်း​ကင်​တ​မန်​များ ခြံ​ရံ​လျက်​မီး​လျှံ​နှင့်​တ​ကွ ကောင်း​ကင်​ဘုံ မှ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား သ​ခင်​သည် မိ​မိ​ကို​ပစ်​ပယ်​သူ​တို့​နှင့်​ငါ တို့​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​မ​လိုက်​နာ​သူ​တို့​အား​အ​ပြစ်​စီ​ရင် တော်​မူ​လိမ့်​မည်။-
2TH 1:9 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။
2TH 1:11 ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​သင်​တို့ အ​တွက်​အ​စဉ်​အ​မြဲ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ပြု​မူ​ကျင့် ကြံ​နိုင်​ကြ​စေ​ရန် ငါ​တို့​၏​ဘု​ရား​သ​ခင် အား​ငါ​တို့​တောင်း​လျှောက်​ကြ​၏။ ကိုယ်​တော် သည်​တန်​ခိုး​တော်​အား​ဖြင့်​သင်​တို့​၏​ကောင်း မြတ်​သည့်​လို​အင်​ဆန္ဒ​ရှိ​သ​မျှ​ကို​ပြည့်​ဝ စေ​တော်​မူ​၍ သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ရ ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ပြီး​မြောက် ခွင့်​ပေး​တော်​မူ​ပါ​စေ​သော။-
2TH 1:12 ဤ​နည်း​အား​ဖြင့်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ၏​နာ​မ​တော်​သည်​သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​လိမ့်​မည်။ သင် တို့​သည်​လည်း​ကိုယ်​တော်​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ကြ​လိမ့်​မည်။ ငါ တို့​၏​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ဤ​သို့ ဖြစ်​ပါ​စေ​သော။
2TH 2:1 ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​တစ် ဖန်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း၊ ကိုယ်​တော် နှင့်​အ​တူ​ရှိ​ရန်​ငါ​တို့​စု​ရုံး​ရ​ကြ​ခြင်း အ​ကြောင်း​တို့​နှင့်​ပတ်​သက်​၍​သင်​တို့​အား ငါ​ပြော​လို​၏။-
2TH 2:2 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ကျ ရောက်​ပြီ​ဖြစ်​ကြောင်း​လူ​တို့​ပြော​ဆို​သည် ကို​ကြား​ရ​သော​အ​ခါ သင်​တို့​သည်​ရုတ်​တရက် စိတ်​ရှုပ်​ထွေး​ကာ​မ​တည်​မ​ငြိမ်​မ​ဖြစ်​ကြ​နှင့်။ ဤ​သို့​ပြော​ဆို​ခြင်း​သည်​ငါ​တို့​ပ​ရော​ဖက် ပြု​ခြင်း​အား​ဖြင့်​ပြော​သော​စ​ကား​ဟူ​၍ ဖြစ်​စေ၊ ငါ​တို့​တရား​ဟော​ရာ​တွင်​ပြော​သော စ​ကား​ဟူ​၍​ဖြစ်​စေ၊ ငါ​တို့​စာ​တွင်​ပါ​ရှိ သည့်​စ​ကား​ဟူ​၍​ဖြစ်​စေ​လူ​တို့​ထင် ကောင်း​ထင်​ကြ​ပေ​လိမ့်​မည်။-
2TH 2:3 ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​တို့​မှား​ယွင်း စွာ​ပြော​ဆို​နေ​သည်​ကို​လုံး​ဝ​မ​ယုံ​ကြ​နှင့်။ နောက်​ဆုံး​ပုန်​ကန်​မှု​ကြီး​မ​ဖြစ်​ပေါ်​မီ​နှင့် င​ရဲ​သို့​လား​ရ​မည်​ဖြစ်​သော​သူ​ယုတ်​မာ ကြီး​မ​ပေါ်​ထွန်း​မီ​ထို​နေ့​ရက်​သည်​ကျ ရောက်​လိမ့်​မည်​မ​ဟုတ်။-
2TH 2:4 သူ​သည်​လူ​တို့​ကိုး​ကွယ်​သော​အ​မည်​ခံ ဘု​ရား​မှန်​သ​မျှ​ကို​အ​တိုက်​အ​ခံ​ပြု​၍ မိ​မိ​သည်​ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး ကြီး​သည်​ဟု​ဆို​လိမ့်​မည်။ သူ​သည်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​ထဲ​သို့​ပင်​လျှင်​ဝင်​၍ ထိုင်​ကာ​မိ​မိ​ကိုယ်​ကို​ဘု​ရား​ဟု​ကြေ ညာ​လိမ့်​မည်။
2TH 2:5 ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​တို့​အား ပြော​ပြ​ခဲ့​၏။ သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။-
2TH 2:6 ယ​ခု​အ​ခါ​ထို​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ် ပျက်​သေး​သည်​မှာ​ဟန့်​တား​သည့်​အ​ရာ​ရှိ သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သူ​ယုတ်​မာ​ကြီး​သည် အ​ချိန်​ကျ​သော​အ​ခါ​ပေါ်​ထွန်း​လာ​လိမ့် မည်။-
2TH 2:7 လျှို့​ဝှက်​လျက်​ရှိ​သည့်​ယုတ်​မာ​မှု​ကြီး​သည် ယ​ခု​အ​ခါ​၌​ပင်​လျှင်​လှုပ်​ရှား​လျက်​ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ဟန့်​တား​သူ​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ​ဖြစ်​ပျက်​မည့်​အ​ကြောင်း​အ​ရာ​တို့​သည် ဖြစ်​ပျက်​လာ​လိမ့်​မည်။-
2TH 2:8 ထို​အ​ခါ​သူ​ယုတ်​မာ​ကြီး​သည်​ပေါ်​လွင်​ထင် ရှား​လာ​ပေ​အံ့။ သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ကြွ လာ​တော်​မူ​သော​အ​ခါ​သူ​ယုတ်​မာ​ကြီး​အား မိ​မိ​၏​ထွက်​သက်​လေ​ဖြင့်​ကွပ်​မျက်​၍​ဘုန်း ရောင်​ခြည်​တော်​ဖြင့်​ပယ်​ရှား​တော်​မူ​လိမ့်​မည်။-
2TH 2:9 သူ​ယုတ်​မာ​ကြီး​သည်​စာ​တန်​၏​တန်​ခိုး​ကို​ခံ​ယူ ၍​ရောက်​ရှိ​လာ​သော​အ​ခါ အံ့​သြ​ဖွယ်​ရာ​ထူး​ဆန်း သော​နိ​မိတ်​လက္ခ​ဏာ​အ​တု​အ​ယောင်​အ​မျိုး​မျိုး ကို​ပြ​လိမ့်​မည်။-
2TH 2:10 ထို​နောက်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​မည့်​သူ​တို့ အား​ယုတ်​မာ​သည့်​နည်း​အ​မျိုး​မျိုး​ဖြင့်​လှည့်​စား လိမ့်​မည်။ ထို​သူ​တို့​သည်​ကယ်​တင်​ခြင်း​ရ​နိုင်​ရန် သမ္မာ​တ​ရား​တော်​ကို​နှစ်​သက်​လက်​ခံ​မှု​မ​ရှိ ကြ​သော​ကြောင့်​ယင်း​သို့​သေ​ကြေ​ပျက်​စီး​ရ ပေ​တော့​အံ့။-
2TH 2:11 ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​အ​လှည့်​စား​ခံ​စေ​လျက်​အ​မှား​ကို​အ​မှန် ဟု​ယုံ​စေ​တော်​မူ​၏။-
2TH 2:12 သို့​ဖြစ်​၍​သမ္မာ​တ​ရား​ကို​မ​ယုံ​ကြည်​ဘဲ အ​ပြစ်​ပြု​ရန်​နှစ်​သက်​ကြ​သူ​တို့​သည်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။
2TH 2:13 ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​ချစ်​တော်​မူ​သော သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​အ​မြဲ​ချီး မွမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သမ္မာ​တ​ရား​တော် ကို​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့်​လည်း ကောင်း၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​ကိုယ်​တော် ၏​သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဝင်​များ ဖြစ်​လာ​သည့်​အ​တွက်​ကြောင့်​လည်း​ကောင်း ဘု​ရား​သ​ခင်​ဦး​စွာ​ပ​ထ​မ​ရွေး​ကောက် ကယ်​တင်​တော်​မူ​သော​လူ​စု​တွင်​သင်​တို့ ပါ​ဝင်​ကြ​သည်​ဖြစ်​ရာ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ပေ​သည်။-
2TH 2:14 သင်​တို့​သည်​ယင်း​သို့​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​ယူ​နိုင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဟော​ပြော​ကြေ​ညာ သည့်​သ​တင်း​ကောင်း​အား​ဖြင့် သင်​တို့​ကို​ရွေး ချယ်​တော်​မူ​သ​တည်း။-
2TH 2:15 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကြံ့​ကြံ့ ခိုင်​ခိုင်​ရပ်​တည်​နေ​ကြ​လော့။ ဟော​ပြော​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ စာ​အား​ဖြင့်​လည်း​ကောင်း သင်​တို့​အား​ငါ​တို့​သွန်​သင်​ခဲ့​သည့်​သစ္စာ တ​ရား​များ​ကို​လက်​မ​လွတ်​စေ​ကြ​နှင့်။
2TH 2:16 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် သည်​လည်း​ကောင်း၊ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ကျေး​ဇူး​တော်​အား​ဖြင့်​ခိုင်​မြဲ​သည့်​မျှော်​လင့် ခြင်း​နှင့်​မြဲ​မြံ​သော​ရဲ​ရင့်​ခြင်း​ကို​ပေး​သ​နား တော်​မူ​သော​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​သည် လည်း​ကောင်း၊-
2TH 2:17 သင်​တို့​အား​ကောင်း​မြတ်​သည့်​စ​ကား​နှင့်​ကောင်း မြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​ကို​အ​စဉ်​အ​မြဲ ပြော​ဆို​ပြု​မူ​နိုင်​စေ​ရန် အား​ပေး​၍​စွမ်း​ရည် သတ္တိ​ကို​ပေး​တော်​မူ​ပါ​စေ​သော။
2TH 3:1 ညီ​အစ်​ကို​တို့၊ နောက်​ဆုံး​အ​နေ​ဖြင့်​မှာ​ကြား လို​၏။ သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည်​သင် တို့​ထံ​မှာ​ကဲ့​သို့​အ​ရပ်​တ​ကာ​တွင်​လျင်​မြန် စွာ​ပျံ့​နှံ့​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက် နိုင်​စေ​ရန်​ငါ​တို့​အ​တွက်​ဆု​တောင်း​ကြ​လော့။-
2TH 3:2 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​သူ​ယုတ်​မာ များ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​ရန်​ကို​လည်း​ဆု​တောင်း​ကြ လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​တော် ကို​လူ​တိုင်း​ပင်​မ​ယုံ​ကြည်​သော​ကြောင့်​ဖြစ် သည်။
2TH 3:3 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​သစ္စာ​တော်​အ​ရှင် ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား​ကြံ့​ခိုင် စေ​၍​မာရ်​နတ်​၏​ဘေး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။-
2TH 3:4 သ​ခင်​ဘု​ရား​သည်​ငါ​တို့​အား​သင်​တို့​အ​ပေါ် တွင်​ယုံ​ကြည်​စိတ်​ချ​စေ​တော်​မူ​၏။ သင်​တို့​သည် ငါ​တို့​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ ၌​ပြု​ကျင့်​လျက်​ရှိ​ကြ​သည်​နည်း​တူ နောင် အ​ခါ​၌​လည်း​ဆက်​လက်​ပြု​ကျင့်​ကြ​မည် ကို​ငါ​တို့​စိတ်​ချ​ယုံ​ကြည်​၏။
2TH 3:5 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​ကို ပို​မို​၍​သိ​မြင်​နား​လည်​နိုင်​ကြ​စေ​ရန်​လည်း ကောင်း၊ ခ​ရစ်​တော်​နည်း​တူ​သည်း​ခံ​နိုင်​ကြ စေ​ရန်​လည်း​ကောင်း သ​ခင်​ဘု​ရား​သည်​သင် တို့​ကို​လမ်း​ညွှန်​တော်​မူ​ပါ​စေ​သော။
2TH 3:6 ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။-
2TH 3:7 သင်​တို့​သည်​ငါ​တို့​အ​လုပ်​လုပ်​ခဲ့​သည့်​စံ န​မူ​နာ​ကို​လိုက်​၍​ပြု​ကျင့်​သင့်​သည်​ကို သင် တို့​ကိုယ်​တိုင်​ကောင်း​စွာ​သိ​ရှိ​ကြ​ပေ​သည်။ သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ​မ​နေ​ခဲ့​ကြ။-
2TH 3:8 ငါ​တို့​စား​စ​ရိတ်​မှန်​သ​မျှ​ကို​ငါ​တို့​ကျ​ခံ ခဲ့​ကြ​၏။ သင်​တို့​တစ်​ဦး​တစ်​ယောက်​အား​မျှ ငါ​တို့​အ​တွက်​တာ​ဝန်​မ​ရှိ​ရ​စေ​ရန် ငါ​တို့ သည်​အ​လုပ်​ကို​ပင်​ပန်း​စွာ​နေ့​ရော​ညဥ့်​ပါ လုပ်​ကိုင်​ခဲ့​ကြ​၏။-
2TH 3:9 ယင်း​သို့​ပြု​ကြ​ခြင်း​မှာ​ငါ​တို့​တွင်​သင်​တို့ ၏​အ​ထောက်​အ​ပံ့​ကို​တောင်း​ပိုင်​ခွင့်​မ​ရှိ​ကြ ၍​မ​ဟုတ်။ သင်​တို့​လိုက်​လျှောက်​ရန်​စံ​န​မူ​နာ ရ​ရှိ​ကြ​စေ​ရန်​သာ​ဖြစ်​၏။-
2TH 3:10 သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က​ငါ​တို့ သည်​သင်​တို့​အား``အ​လုပ်​မ​လုပ်​လို​သူ​သည် အ​စား​အ​စာ​လည်း​မ​စား​ရ'' ဟူ​၍​သွန်​သင် လေ့​ရှိ​၏။
2TH 3:11 သင်​တို့​အ​ထဲ​တွင်​အ​ပျင်း​ကြီး​လျက်​အ​လုပ် မ​လုပ်​ဘဲ သူ​တစ်​ပါး​တို့​၏​ကိစ္စ​များ​တွင်​ဝင် ရောက်​စွက်​ဖက်​နေ​တတ်​သူ​များ​ရှိ​ကြောင်း သိ​ရ​ပေ​သည်။-
2TH 3:12 ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။
2TH 3:13 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ပြု​ကျင့်​ကြ​လော့။-
2TH 3:14 အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။-
2TH 3:15 သို့​ရာ​တွင်​သူ့​အား​ရန်​သူ​ကဲ့​သို့​သ​ဘော​မ​ထား ဘဲ ညီ​အစ်​ကို​ကဲ့​သို့​သ​ဘော​ထား​ကာ​သ​တိ​ပေး ကြ​လော့။
2TH 3:16 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​သ​ခင်​ဘု​ရား​ကိုယ်​တော် တိုင်​သင်​တို့​အား အ​ခါ​ခပ်​သိမ်း​နည်း​အ​မျိုး​မျိုး ဖြင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။ သ​ခင်​ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။
2TH 3:17 ငါ​၏​လက်​ဖြင့်​ဤ​စာ​လုံး​များ​ကို​ရေး​၏။ ငါ ပေါ​လု​သည်​သင်​တို့​အား​နှုတ်​ဆက်​၏။ ငါ​ပေး ပို့​သော​စာ​တိုင်း​တွင်​ဤ​အ​တိုင်း​လက်​မှတ်​ရေး ထိုး​၏။ ဤ​ကဲ့​သို့​ငါ​ရေး​၏။
2TH 3:18 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး တော်​ကို​သင်​တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ စေ​သ​တည်း။ သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။
1TI 1:1 ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှင့်​ငါ တို့​မျှော်​လင့်​ရာ​ဖြစ်​သော​ခ​ရစ်​တော်​ယေ​ရှု​၏ အ​မိန့်​တော်​အ​ရ ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန် တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ​သော​ငါ ပေါ​လု​ထံ​မှ၊
1TI 1:2 ယုံ​ကြည်​ခြင်း​အား​ဖြင့်​ငါ​၏​သား​စစ်​ဖြစ် သော​တိ​မော​သေ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင်​သည်​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။
1TI 1:3 မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။-
1TI 1:5 ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-
1TI 1:6 လူ​အ​ချို့​တို့​သည်​ဆို​ခဲ့​သော​သ​ဘော​မျိုး​ကို မ​ကျင့်​ဘဲ အ​ကျိုး​မဲ့​ပြော​ဆို​ငြင်း​ခုံ​မှု​များ ပြု​၍​လမ်း​လွဲ​သွား​ကြ​ပြီ။-
1TI 1:7 ထို​သူ​တို့​သည်​မိ​မိ​တို့​ပြော​ဆို​သော​စ​ကား များ​ကို​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ပိုင်​နိုင်​စွာ ပြော​ဆို​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​သော် လည်း​ကောင်း​နား​မ​လည်​ကြ။ သို့​နှင့်​လည်း​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​ဆိုင်​ရာ နည်း​ပြ​ဆ​ရာ​များ​လုပ်​လို​သေး​၏။
1TI 1:8 ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-
1TI 1:9 သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊-
1TI 1:10 အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။-
1TI 1:11 ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။
1TI 1:12 ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။-
1TI 1:14 ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။-
1TI 1:15 ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။-
1TI 1:16 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။-
1TI 1:17 ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ​သော၊ သင်္ခါ​ရ သ​ဘော​တ​ရား​နှင့်​ကင်း​တော်​မူ​သော၊ လူ တို့​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော၊ တစ်​ဆူ​တည်း ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ အ​ဆက်​ဆက်​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။
1TI 1:18 ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။-
1TI 1:19 သင်​၌​ယုံ​ကြည်​ခြင်း​နှင့်​ကြည်​လင်​သော​သြတ္တပ္ပ စိတ်​ရှိ​စေ​လော့။ အ​ချို့​သော​သူ​တို့​သည်​သြတ္တပ္ပ စိတ်​၏​နှိုး​ဆော်​မှု​ကို​နား​မ​ထောင်​သ​ဖြင့် မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​ကြ​၏။-
1TI 1:20 ထို​သူ​တို့​အ​ထဲ​တွင်​ဟု​မေ​နဲ​နှင့်​အာ​လေ ဇန္ဒြု​တို့​လည်း​ပါ​ကြ​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​အား​ပြစ်​မှား​ပြော​ဆို​မှု​ကို​မ​ပြု​ရန် သင်​ခန်း​စာ​ရ​စေ​အံ့​ငှာ ငါ​သည်​သူ​တို့​ကို စာ​တန်​၏​လက်​သို့​ပေး​အပ်​လိုက်​လေ​ပြီ။
1TI 2:1 သို့​ဖြစ်​၍​ပ​ထ​မ​ဦး​စွာ​လူ​အ​ပေါင်း​တို့ အ​တွက် ဘု​ရား​သ​ခင်​အား​လျှောက်​ထား အ​သ​နား​ခံ​ခြင်း၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း၊ တောင်း​ခံ​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ခြင်း​တို့​ကို​ပြု​ကြ​ရန်​ငါ​တိုက်​တွန်း​၏။-
1TI 2:2 ငါ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ကာ ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​နိုင်​ကြ​မည် အ​ကြောင်း ရှင်​ဘု​ရင်​များ​နှင့်​အာ​ဏာ​ပိုင် အ​ပေါင်း​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လော့။-
1TI 2:3 ဤ​အ​မှု​သည်​ကောင်း​မြတ်​သော​အ​မှု၊ ငါ​တို့ ၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​တော် မူ​သော​အ​မှု​ဖြစ်​၏။-
1TI 2:4 လူ​အ​ပေါင်း​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ ရန်​နှင့်​သမ္မာ​တ​ရား​တော်​ကို​သိ​ရှိ​နား​လည် လာ​ကြ​စေ​ရန်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​၏။-
1TI 2:5 ဘု​ရား​သည်​တစ်​ဆူ​တည်း​ရှိ​တော်​မူ​၍​ဘု​ရား နှင့်​လူ​အ​ကြား​တွင် စေ့​စပ်​ပေး​သူ​လူ​ခ​ရစ် တော်​ယေ​ရှု​တစ်​ပါး​တည်း​သာ​ရှိ​ပေ​သည်။-
1TI 2:6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ကယ်​တင် တော်​မူ​ရန်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။ ဤ​ကား အ​ချိန်​သင့်​သော​အ​ခါ​လူ​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ ကြောင်း​သက်​သေ​ပြ​ခြင်း​ပင်​ဖြစ်​သ​တည်း။-
1TI 2:7 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​တ​မန်​တော် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​၏ ဆ​ရာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း တ​ရား​နှင့်​သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော သွန်​သင်​ရန်​ခန့်​ထား​တော်​မူ​၏။ ငါ​သည်​မု​သား စ​ကား​ကို​ပြော​နေ​သည်​မ​ဟုတ်။ မှန်​သော စ​ကား​ကို​ပြော​နေ​ခြင်း​ဖြစ်​သည်။
1TI 2:8 ကိုး​ကွယ်​ဝတ်​ပြု​ရန်​စု​ဝေး​သည့်​အ​ခါ​တိုင်း ၌​အ​မျိုး​သား​တို့​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု စေ​လို​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သူ​များ​ဖြစ်​ပြီး​လျှင်​အ​မျက် ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​သ​ဘော​မ​ရှိ​ဘဲ လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရ ကြ​မည်။-
1TI 2:9 အ​မျိုး​သ​မီး​တို့​အား​လည်း​လျောက်​ပတ် တင့်​တယ်​စွာ​ဝတ်​စား​ဆင်​ယင်​ကြ​စေ​လို​၏။ ဆံ​ပင်​ကို​အ​လှ​ထုံး​ခြင်း၊ ရွှေ၊ ပု​လဲ​သို့ မ​ဟုတ်​အ​ဖိုး​ထိုက်​သည့်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​ခြင်း​တို့​ကို​မ​ပြု​သင့်​ကြ။-
1TI 2:10 သူ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​များ ပြု​သင့်​သည့်​အ​တိုင်း ကောင်း​မြတ်​သော​အ​ကျင့် များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​တန်​ဆာ​ဆင်​ကြ ရ​၏။-
1TI 2:11 အ​မျိုး​သ​မီး​တို့​သည်​ကျိုး​နွံ​စွာ​ဆိတ်​ဆိတ် သင်​ယူ​ကြ​စေ။-
1TI 2:12 သွန်​သင်​မှု​ကို​သော်​လည်း​ကောင်း၊ အ​မျိုး​သား တို့​အ​ပေါ်​တွင်​အာ​ဏာ​ပြ​မှု​ကို​သော်​လည်း ကောင်း အ​မျိုး​သ​မီး​တို့​အား​ငါ​ခွင့်​မ​ပြု။ သူ​တို့​သည်​တိတ်​ဆိတ်​စွာ​နေ​ရ​မည်။-
1TI 2:13 အာ​ဒံ​ကို​ဦး​စွာ​ဖန်​ဆင်း​တော်​မူ​ပြီး​မှ​ဧ​ဝ ကို​ဖန်​ဆင်း​တော်​မူ​ပေ​သည်။-
1TI 2:14 လှည့်​စား​ခြင်း​ကို​ခံ​ရ​သူ​မှာ​လည်း​အာ​ဒံ မ​ဟုတ်။ အ​မျိုး​သ​မီး​သာ​လျှင်​လှည့်​စား​ခြင်း ကို​ခံ​ရ​၍​ဘု​ရား​သခင်​၏​ပ​ညတ်​တော်​ကို ချိုး​ဖောက်​ပေ​သည်။-
1TI 2:15 သို့​ရာ​တွင်​အ​မျိုး​သ​မီး​တို့​သည်​ဣန္ဒြေ​စောင့် လျက်​ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သန့်​ရှင်း​မြင့် မြတ်​ခြင်း​ပါ​ရ​မီ​တို့​၌​ဆက်​လက်​ကြီး​ပွား ကြ​ပါ​မူ​မိ​မိ​တို့​သား​ဖွား​ပေး​ရ​ကြ​သည့် အ​တွက်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။
1TI 3:1 အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​ရန်​မျှော်​မှန်း သူ​သည်​မွန်​မြတ်​သည့်​အ​မှု​အ​ရာ​ကို​လို လား​တောင့်​တ​သူ​ဖြစ်​၏​ဟူ​သော​စ​ကား သည်​မှန်​ပေ​၏။-
1TI 3:2 အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​ရ​မည်။ ထို​သူ​၌​ဇ​နီး တစ်​ယောက်​သာ​ရှိ​ရ​မည်။ သူ​သည်​သမ္မာ​သ​တိ ရှိ​သူ၊ ဣန္ဒြေ​စောင့်​စည်း​သူ၊ လျောက်​ပတ်​စွာ​နေ​ထိုင် ကျင့်​ကြံ​သူ​ဖြစ်​ရ​မည်။ ဧည့်​ဝတ်​ကျေ​ပွန်​သူ ဖြစ်​ရ​မည်။ သင်​ကြား​တတ်​သူ​ဖြစ်​ရ​မည်။-
1TI 3:3 သေ​သောက်​ကြူး​သူ​မ​ဖြစ်​စေ​ရ။ သူ​သည် ကြမ်း​တမ်း​သူ​မ​ဟုတ်​ဘဲ​နူး​ညံ့​သိမ်​မွေ့​သူ၊ ငြိမ်း​ချမ်း​မှု​ကို​လို​လား​သူ​ဖြစ်​ရ​မည်။ ငွေ ကို​ခုံ​မင်​တပ်​မက်​သူ​မ​ဖြစ်​ရ။-
1TI 3:4 သူ​သည်​မိ​မိ​၏​အိမ်​ထောင်​ကို​ကောင်း​စွာ​အုပ် ထိန်း​နိုင်​လျက် သား​သ​မီး​များ​၏​နာ​ခံ​လေး စား​မှု​ကို​ရ​ရှိ​သူ​ဖြစ်​ရ​မည်။-
1TI 3:5 မိ​မိ​၏​အိမ်​ထောင်​ကို​မ​အုပ်​မ​ထိန်း​နိုင်​သူ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို​အ​ဘယ်​သို့ လျှင်​အုပ်​ထိန်း​နိုင်​ပါ​မည်​နည်း။-
1TI 3:6 သူ​သည်​မ​ကြာ​မီ​က​မှ​ခ​ရစ်​ယာန်​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​မ​ဖြစ်​စေ​ရ။ သို့​မှ​သာ သူ​သည်​မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လာ​သ​ဖြင့် မာရ်​နတ်​နည်း​တူ​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ မည်​မ​ဟုတ်။-
1TI 3:7 ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​မ​ခံ​ရ​စေ​ရန်​နှင့်​မာရ်​နတ် ၏​ကျော့​ကွင်း​ထဲ​သို့​မ​ကျ​ရောက်​စေ​ရန်​သူ သည်​အ​သင်း​တော်​အ​ပ​ရှိ​လူ​တို့​၏​ရို​သေ လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ရ​မည်။
1TI 3:8 သင်း​ထောက်​လူ​ကြီး​များ​သည်​လည်း​စာ​ရိတ္တ ကောင်း​မွန်​၍​ဟန်​ဆောင်​မှု​မ​ရှိ​သူ​များ​ဖြစ် ရ​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​သူ​များ၊ ငွေ​ကို​တပ်​မက်​သူ​များ​မ​ဖြစ်​စေ​ရ။-
1TI 3:9 ငါ​တို့​ဘာ​သာ​တ​ရား​နှင့်​ဆိုင်​သော​နက်​နဲ သော​သစ္စာ​တ​ရား​များ​ကို​သြတ္တပ္ပ​စိတ်​ကြည် လင်​စွာ​ဖြင့်​လက်​ခံ​သူ​များ​ဖြစ်​ရ​ကြ​မည်။-
1TI 3:10 သူ​တို့​အား​ဦး​စွာ​စစ်​ဆေး​၍​အ​ပြစ်​ကင်း​မှ အ​မှု​တော်​ဆောင်​ခွင့်​ပြု​ကြ​လော့။-
1TI 3:11 သူ​တို့​၏​ဇ​နီး​များ​သည်​လည်း​စာ​ရိတ္တ​ကောင်း မွန်​သူ​များ​ဖြစ်​ရ​မည်။ အ​တင်း​ပြော​ဆို​တတ် သူ​များ​မ​ဖြစ်​စေ​ရ။ ဣန္ဒြေ​ရှိ​သူ၊ အ​ရာ​ရာ​၌ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-
1TI 3:12 သင်း​ထောက်​လူ​ကြီး​၌​ဇ​နီး​တစ်​ယောက်​သာ ရှိ​ရ​မည်။ သူ​သည်​မိ​မိ​၏​သား​သ​မီး​များ​နှင့် အိမ်​ထောင်​ကို​ကောင်း​စွာ​အုပ်​ထိန်း​နိုင်​သူ​ဖြစ် ရ​မည်။-
1TI 3:13 မိ​မိ​တို့​၏​အ​လုပ်​တာ​ဝန်​ကို​အောင်​မြင်​စွာ ဆောင်​ရွက်​ကြ​သော​သင်း​ထောက်​လူ​ကြီး​များ သည်​ဂုဏ်​ရည်​မြင့်​လျက် မိ​မိ​တို့​၏​ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အ​ကြောင်း​တ​ရား​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ကြ​၏။
1TI 3:14 ငါ​သည်​ဤ​စာ​ကို​ရေး​နေ​ချိန်​၌​သင့်​ထံ​သို့ မ​ကြာ​မီ​လာ​ရောက်​ရန်​မျှော်​လင့်​လျက်​ရှိ​၏။-
1TI 3:15 သို့​ရာ​တွင်​အ​ကယ်​၍​ငါ​လာ​ရောက်​ရန်​နှောင့်​နှေး ကြန့်​ကြာ​နေ​ခဲ့​သော် ဘု​ရား​သ​ခင်​၏​အိမ်​ထောင် စု​သား​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​သင့်​သည် ကို​သင်​သိ​ရှိ​နိုင်​စေ​ရန် ဤ​စာ​ကို​ရေး​လိုက်​ရ ခြင်း​ဖြစ်​ပေ​သည်။ ထို​အိမ်​ထောင်​စု​ကား​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သခင်​၏​အ​သင်း​တော် ပင်​တည်း။ ထို​အ​သင်း​တော်​သည်​သမ္မာ​တ​ရား​၏ မဏ္ဍိုင်​ဖြစ်​၏။-
1TI 3:16 ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​နက်​နဲ​ပုံ​ကို အ​ဘယ်​သူ​မျှ​ငြင်း​ဆို​၍​မ​ရ​ပေ။ ထို​နက်​နဲ ပုံ​ကား​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​၌​ပေါ်​ထွန်း​တော်​မူ ပြီ။ ဟုတ်​မှန်​တော်​မူ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​တ​မန်​များ​သည်​ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ ကိုယ်​တော်​၏​အ​ကြောင်း​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​သည်​ယုံ​ကြည်​ကြ​ပြီ။ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ပြီ။
1TI 4:1 နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-
1TI 4:2 မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ်​တွင်​သံ​ပူ​ခတ်​ခြင်း​ခံ​ရ သ​ကဲ့​သို့ သြတ္တပ္ပ​စိတ်​ကင်း​မဲ့​သော​လိမ်​လည် လှည့်​ဖြား​တတ်​သူ​တို့​သည်​ထို​သြ​ဝါ​ဒ များ​ကို​ပေး​ကြ​၏။-
1TI 4:3 ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။-
1TI 4:4 ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​သော​အ​ရာ မှန်​သ​မျှ​သည်​သုံး​ဆောင်​ထိုက်​သည်​ဖြစ်​၍ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​ရှောင်​ကြဉ်​ရန် မ​လို​ပေ။ အ​စား​အ​စာ​မှန်​သ​မျှ​ကို​ကျေး​ဇူး တော်​ချီး​မွမ်း​လျက်​ခံ​ယူ​ရ​ကြ​မည်။-
1TI 4:5 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ သန့်​စင်​စေ​ပြီး​ဖြစ်​သော​ကြောင့်​တည်း။
1TI 4:6 ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။-
1TI 4:7 တ​ရား​မဲ့​ဖြစ်​၍​ပြော​ကြား​ရန်​ပင်​မ​သင့်​လျော် သည့်​ဒဏ္ဍာ​ရီ​များ​ကို​ရှောင်​လော့။ ဘု​ရား​ဝတ်​၌ မွေ့​လျော်​တတ်​ရန်​မိ​မိ​ကိုယ်​ကို​လေ့​ကျင့်​ပေး လော့။-
1TI 4:8 ကာ​ယ​ဆိုင်​ရာ​လေ့​ကျင့်​မှု​သည်​အ​ကျိုး​ပေး​သင့် သ​လောက်​ပေး​၏။ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​လေ့​ကျင့်​မှု သည်​ကား​ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ​အ​တွက်​အ​ရာ ရာ​၌​အ​ကျိုး​ကို​ပေး​၏။-
1TI 4:9 ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​သ​ဖြင့် အ​ကြွင်း​မဲ့​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။-
1TI 4:10 ငါ​တို့​သည်​ကြိုး​စား​အား​ထုတ်​လုပ်​ဆောင်​လျက် နေ​ကြ​ခြင်း​မှာ လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​ကိုး​စား​ကြ​သော​ကြောင့်​ဖြစ်​၏။
1TI 4:11 ယ​ခု​ဆို​ခဲ့​သည်​အ​တိုင်း​ညွှန်​ကြား​၍​သြ​ဝါ​ဒ ပေး​လော့။
1TI 4:12 အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။-
1TI 4:13 ငါ​လာ​သည်​တိုင်​အောင်​လူ​ပ​ရိ​သတ်​ရှေ့ ကျမ်း​စာ​တော်​ကို​ဖတ်​ခြင်း၊ တ​ရား​ဟော​ခြင်း၊ သွန်​သင်​ဆုံး​မ​ခြင်း​တို့​ကို​ဂ​ရု​ပြု​လော့။-
1TI 4:14 ပ​ရော​ဖက်​များ​မိန့်​ကြား​၍​သင်း​အုပ်​များ​က သင့်​အား​သိက္ခာ​တင်​မင်္ဂ​လာ​ပေး​ချိန်​တွင် သင်​ခံ ယူ​ရ​ရှိ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​လျစ်​လူ မ​ရှု​နှင့်။-
1TI 4:15 လူ​အ​ပေါင်း​တို့​သည်​သင်​၏​တိုး​တက်​ခြင်း​ကို တွေ့​ရှိ​နိုင်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့် တာ​ဝန်​ဝတ္တ​ရား​တို့​ကို​စိတ်​ဝင်​စား​၍​ဆောင် ရွက်​လော့။-
1TI 4:16 သို့​ပြု​လျှင်​သင်​နှင့်​တ​ကွ​သင်​၏​တ​ရား​ကို ကြား​နာ​ရ​သူ​အ​ပေါင်း​တို့​သည်​ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။
1TI 5:1 သင့်​ထက်​အ​သက်​ကြီး​သော​သူ​အား​ပြစ်​တင် ဆုံး​မ​ခြင်း​ကို​မ​ပြု​ဘဲ​သင်​၏​ဖ​ခင်​သ​ဖွယ် တောင်း​ပန်​ပြော​ဆို​လော့။ သင့်​ထက်​အ​သက်​ငယ် သော​သူ​တို့​အား​သင်​၏​ညီ​များ​ကဲ့​သို့​လည်း ကောင်း၊-
1TI 5:2 သင့်​ထက်​အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့ အား​သင်​၏​မိ​ခင်​ကဲ့​သို့​လည်း​ကောင်း၊ သင့်​ထက် အ​သက်​ငယ်​သော​အ​မျိုး​သ​မီး​တို့​အား​သင်​၏ နှ​မ​များ​ကဲ့​သို့​လည်း​ကောင်း​လုံး​ဝ​ဖြူ​စင် သော​စိတ်​နှင့်​ဆက်​ဆံ​လော့။
1TI 5:3 သင်​သည်​တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​အ​မှန်​ဖြစ် သော​မု​ဆိုး​မ​တို့​အား ရို​သေ​သ​မှု​ကို​ပြု​လော့။-
1TI 5:4 သို့​ရာ​တွင်​မု​ဆိုး​မ​တစ်​စုံ​တစ်​ယောက်​တွင်​သား မြေး​ရှိ​လျှင် သူ​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု ဆိုင်​ရာ​ဘာ​သာ​ရေး​တာ​ဝန်​ဝတ္တ​ရား​များ​ကို လည်း​ကောင်း၊ မိ​မိ​တို့​အား​ကျွေး​မွေး​ပြု​စု​ခဲ့​သူ မိ​ဘ​ဘိုး​ဘွား​တို့​၏​ကျေး​ဇူး​ကို​ပြန်​လည်​ဆပ် ပေး​မှု​ကို​လည်း​ကောင်း​ဦး​စွာ​သင်​ရ​ကြ​ပေ​မည်။ ဤ​သို့​သော​အ​မှု​ကို​ဘု​ရား​သခင်​နှစ်​သက် တော်​မူ​၏။-
1TI 5:5 တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​ဖြစ်​သော​မု​ဆိုး​မ​သည် မိ​မိ​အား​ပြု​စု​မည့်​သူ​မ​ရှိ​သ​ဖြင့်​ဘု​ရား သ​ခင်​ကို​အား​ကိုး​မျှော်​လင့်​လျက် နေ့​ည မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​၍​ကိုယ်​တော်​၏ အ​ကူ​အ​ညီ​ကို​တောင်း​ခံ​တတ်​၏။-
1TI 5:6 သို့​ရာ​တွင်​အ​ပျော်​အ​ပါး​မက်​သော​မု​ဆိုး မ​မူ​ကား အ​သက်​ရှင်​လျက်​ပင်​ရှိ​သော်​လည်း အ​သေ​ကဲ့​သို့​ဖြစ်​၏။-
1TI 5:7 မု​ဆိုး​မ​များ​သည်​သူ​တစ်​ပါး​တို့​အ​ပြစ်​တင် ခြင်း​နှင့်​ကင်း​လွတ်​ကြ​စေ​ရန် ဤ​ညွှန်​ကြား​ချက် များ​ကို​သူ​တို့​အား​ပေး​လော့။-
1TI 5:8 မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။
1TI 5:9 မု​ဆိုး​မ​တစ်​ယောက်​သည်​အ​သက်​ခြောက်​ဆယ် ကျော်​မှ​သာ​လျှင် မု​ဆိုး​မ​စာ​ရင်း​တွင်​နာ​မည် သွင်း​ပါ။ သူ​သည်​တစ်​ကြိမ်​သာ​လျှင်​ထိမ်း​မြား လက်​ထပ်​ခဲ့​သူ​ဖြစ်​ရ​မည်။-
1TI 5:10 ထို့​အ​ပြင်​ကောင်း​မှု​ကြောင့်​အ​သ​ရေ​ရှိ​သူ​ဖြစ် ရ​မည်။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကောင်း​စွာ ပြု​စု​စောင့်​ရှောက်​ခဲ့​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့​ခြေ​ကို​ဆေး သူ၊ ဒုက္ခ​ရောက်​သူ​တို့​အား​ကူ​ညီ​မ​စ​သူ၊ ကောင်း မှု​အ​မျိုး​မျိုး​ကို​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ ဖြစ်​ရ​မည်။
1TI 5:11 အ​သက်​အ​ရွယ်​ငယ်​သော​မု​ဆိုး​မ​တို့​အား မု​ဆိုး​မ​စာ​ရင်း​တွင်​မ​သွင်း​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​ကို မ​ထိန်း​မ​သိမ်း​နိုင်​ကြ​သော​အ​ခါ အိမ်​ထောင် ပြု​လို​သ​ဖြင့်​ခ​ရစ်​တော်​ကို​ပစ်​ပယ်​တတ် ကြ​သော​ကြောင့်​ဖြစ်​၏။-
1TI 5:12 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​စ​က ကိုယ်​တော်​အား​ပေး​ခဲ့​သည့်​က​တိ​သစ္စာ​ကို ဖောက်​ဖျက်​ကြ​လေ​သည်။-
1TI 5:13 ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-
1TI 5:14 သို့​ဖြစ်​၍​ရန်​သူ​တို့​သည်​ငါ​တို့​အ​ကြောင်း မ​ကောင်း​မ​ပြော​နိုင်​စေ​ရန် အ​သက်​အ​ရွယ်​ငယ် သေး​သည့်​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​သား​မွေး မှု​ကို​ပြု​လျက် မိ​မိ​တို့​၏​အိမ်​မှု​ကိစ္စ​များ​ကို ကြည့်​ရှု​စောင့်​ထိန်း​ကြ​သည်​ကို​ငါ​လို​လား​၏။-
1TI 5:15 ယ​ခု​ပင်​လျှင်​အ​ချို့​သော​မု​ဆိုး​မ​များ​သည် လမ်း​လွဲ​၍​စာ​တန်​၏​နောက်​သို့​လိုက်​ကြ​လေ ကုန်​ပြီ။-
1TI 5:16 ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ယောက် သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​စု​တွင်​မု​ဆိုး​မ များ​ရှိ​ပါ​မူ​သူ​တို့​အား​ကျွေး​မွေး​ပြု​စု​ရ မည်။ သူ​တို့​အ​တွက်​အ​သင်း​တော်​ကို​ဝန်​မ​လေး စေ​သင့်။ သို့​မှ​သာ​လျှင်​အ​သင်း​တော်​သည်​ခို ကိုး​ရာ​မဲ့​သည့်​မု​ဆိုး​မ​များ​အား​ကျွေး​မွေး ပြု​စု​နိုင်​လိမ့်​မည်။
1TI 5:17 သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-
1TI 5:18 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``စ​ပါး နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​မ​တပ်​ရ'' ဟူ​၍ လည်း​ကောင်း၊ ``အ​လုပ်​သ​မား​သည်​လုပ်​အား​ခ ကို​ခံ​ထိုက်​ပေ​၏'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ သော​ကြောင့်​ဖြစ်​၏။-
1TI 5:19 သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-
1TI 5:20 အ​ခြား​သူ​တို့​ကြောက်​စေ​ရန်​အ​ပြစ်​ကူး သူ​တို့​အား လူ​အ​များ​ရှေ့​တွင်​ဆုံး​မ​လော့။
1TI 5:21 ဤ​ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ဆောင်​ရွက်​ရန် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော် ၌​လည်း​ကောင်း၊ သန့်​ရှင်း​မြင့်​မြတ်​သော​ကောင်း​ကင် တ​မန်​များ​ရှေ့​၌​လည်း​ကောင်း​သင့်​အား​ငါ​သစ္စာ ပေး​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ကြို​တင် စီ​ရင်​ဆုံး​ဖြတ်​မှု​နှင့်​ဘက်​လိုက်​မှု​ကို​မ​ပြု​နှင့်။-
1TI 5:22 မည်​သူ့​ကို​မျှ​သိက္ခာ​တင်​မင်္ဂလာ​ပေး​ရန်​အ​လျင် စ​လို​မ​ရှိ​နှင့်။ အ​ခြား​သူ​တို့​အ​ပြစ်​ကူး​ရာ တွင်​သင်​မ​ပါ​စေ​နှင့်။ သင်​ကိုယ်​တိုင်​အ​ပြစ် ကင်း​အောင်​နေ​လော့။
1TI 5:23 သင်​သည်​မ​ကြာ​ခ​ဏ​ဖျား​နာ​တတ်​သည်​ဖြစ်​၍ ရေ​ကို​သာ​လျှင်​မ​သောက်​ဘဲ​အ​စာ​ကြေ​စေ​ရန် စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို​သုံး​ဆောင်​လော့။
1TI 5:24 အ​ချို့​သော​သူ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​သည် သိ​သာ​ထင်​ရှား​၏။ သူ​တို့​၏​အြုပစ်​များ​သည် တ​ရား​ခွင်​သို့​အ​လျင်​သွား​တတ်​၏။ အ​ချို့​သော သူ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ​မူ​ကား​နောင် အ​ခါ​မှ​သိ​သာ​ထင်​ရှား​၍​လာ​တတ်​၏။-
1TI 5:25 ထို​နည်း​တူ​စွာ​အ​ချို့​သော​သု​စ​ရိုက်​များ​သည် ထင်​ရှား​လျက်​နေ​ပေ​သည်။ မ​ထင်​ရှား​သေး​သည့် သု​စ​ရိုက်​များ​ကို​လည်း​ဖုံး​ကွယ်​၍​မ​ထား နိုင်။
1TI 6:1 ကျွန်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​၏​သ​ခင်​များ အား​ရို​သေ​လေး​စား​ထိုက်​သူ​များ​ဟု​ခံ​ယူ ရ​ကြ​မည်။ သို့​မှ​သာ​လျှင်​မည်​သူ​မျှ​ဘု​ရား သ​ခင်​၏​နာ​မ​တော်​နှင့် ငါ​တို့​တ​ရား​တော် ကို​ကဲ့​ရဲ့​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။-
1TI 6:2 သ​ခင်​များ​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လျှင် သူ​တို့​သည်​ညီ​အစ်​ကို​များ​ပင်​ဖြစ်​ကြ​သည် ဟု​ဆို​ကာ​မ​လေး​မ​ခန့်​မ​ပြု​ရ။ မိ​မိ​တို့ ၏​အ​စေ​ခံ​မှု​ကြောင့်​အ​ကျိုး​ခံ​စား​ရ​သူ တို့​မှာ မိ​မိ​တို့​ချစ်​မြတ်​နိုး​သော​ယုံ​ကြည် သူ​များ​ဖြစ်​သော​ကြောင့် သူ​တို့​၏​အ​စေ ကို​ပို​၍​ခံ​ရ​ကြ​ပေ​မည်။ သင်​ဆုံး​မ​သြ​ဝါ​ဒ​ပေး​ရာ​တွင်​ဤ​အ​ရာ များ​ကို​ဖော်​ပြ​ရ​မည်။-
1TI 6:3 ကွဲ​လွဲ​သည့်​အ​ယူ​ဝါ​ဒ​ကို​ဟော​ပြော​သွန်​သင် ၍ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ဟုတ်​မှန်​သည့် စ​ကား​ကို​လည်း​ကောင်း၊ ငါ​တို့​ဘာ​သာ​တ​ရား တော်​ကို​လည်း​ကောင်း​ဝန်​မ​ခံ​သူ​သည်​ကား၊-
1TI 6:4 မာ​န​ကြီး​လျက်​အ​ဘယ်​အ​မှု​အ​ရာ​ကို မျှ​မ​သိ​သူ​တည်း။ သူ​သည်​စ​ကား​အ​သုံး အ​နှုန်း​နှင့်​စပ်​လျဉ်း​၍ ငြင်း​ခုံ​ခြင်း​ဝါ​သ​နာ ထုံ​သော​သူ​ဖြစ်​သည်။ ထို​အ​ပြု​အ​မူ​သည် မ​နာ​လို​မှု၊ အ​ငြင်း​ပွား​မှု၊ စော်​ကား​မှု၊ ဆိုး​ရွား​သော​မ​ယုံ​သင်္ကာ​ရှိ​မှု၊-
1TI 6:5 အ​စဉ်​မ​ပြတ်​အ​ငြင်း​ပွား​မှု​တို့​ကို​ပေါ် ပေါက်​စေ​၏။ ဤ​အ​မှု​များ​ကို​ပြု​ကျင့်​တတ် သူ​တို့​သည်​ကား စိတ်​မ​မှန်​၍​သမ္မာ​တ​ရား ကို​မ​သိ​သူ​များ​ဖြစ်​ပေ​သည်။ ဘာ​သာ​ရေး မှ​စီး​ပွား​ရေး​အ​မြတ်​အ​စွန်း​ရ​ရှိ​သည် ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။
1TI 6:6 ငါ​တို့​သည်​ရှိ​သ​မျှ​ဖြင့်​တင်း​တိမ်​ရောင့်​ရဲ တတ်​ကြ​ပါ​မူ ဘာ​သာ​ရေး​မှ​ကြီး​မား​သော အ​မြတ်​အ​စွန်း​ကို​အ​မှန်​ပင်​ရ​ရှိ​နိုင်​ကြ ပေ​သည်။-
1TI 6:7 လော​က​ထဲ​သို့​လာ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​ဆောင်​၍​မ​လာ​ခဲ့ ကြ။ လော​က​မှ​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ၌​လည်း​အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​၍​မ​သွား နိုင်။-
1TI 6:8 သို့​ဖြစ်​၍​ငါ​တို့​တွင်​စား​စ​ရာ​ဝတ်​စ​ရာ​ရှိ လျှင်​ရောင့်​ရဲ​ကြ​ကုန်​အံ့။-
1TI 6:9 ချမ်း​သာ​ကြွယ်​ဝ​လို​သူ​တို့​သည်​အ​ပြစ်​သွေး ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။ သူ​တို့​သည်​မိုက်​မဲ ၍​အ​ကျိုး​ယုတ်​စေ​တတ်​သည့်​စွဲ​လမ်း​တပ်​မက် မှု​တို့​ဖြင့်​ကျော့​မိ​ကြ​၏။ ထို​စွဲ​လမ်း​တပ်​မက်​မှု များ​သည်​သူ​တို့​အား​ပျက်​စီး​ဆုံး​ရှုံး​စေ တတ်​၏။-
1TI 6:10 အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။
1TI 6:11 အို ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ သင်​မူ​ကား ထို​မ​ကောင်း​မှု​အ​ပေါင်း​ကို​ရှောင်​ကြဉ်​လော့။ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့ သိမ်​မွေ့​ခြင်း​စ​သည့်​ပါ​ရ​မီ​များ​နှင့် ပြည့်​ဝ​စေ​ရန်​ကြိုး​စား​အား​ထုတ်​လော့။-
1TI 6:12 ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။-
1TI 6:13 အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။-
1TI 6:14 သင့်​အား​အပ်​နှင်း​ထား​သည့်​တာ​ဝန်​ကို ဆောင်​ရွက်​လော့။ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ​သည်​အ​ထိ​ဤ​အ​လုပ် တာဝန်​ကို​သစ္စာ​နှင့်​ထမ်း​ဆောင်​လော့။-
1TI 6:15 မင်္ဂ​လာ​ရှိ​တော်​မူ​သော​တစ်​ဆူ​တည်း​သော အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင် တ​ကာ​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော် အား​ထင်​ရှား​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။-
1TI 6:16 ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​နိစ္စ ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သည့်​အ​လင်း​ရောင်​တွင်​ကျိန်း ဝပ်​တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ မ​ဖူး​မ​မြင်​စ​ဖူး။ အ​ဘယ်​သူ​မျှ​လည်း မ​ဖူး​မ​မြင်​နိုင်။ ကိုယ်​တော်​၌​ဂုဏ်​အ​သ​ရေ တော်​နှင့်​ထာ​ဝ​ရ​ဘုန်း​အာ​နု​ဘော်​တော် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။
1TI 6:17 လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။-
1TI 6:18 သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​တတ်​ကြ စေ​ရန်​လည်း​ကောင်း၊ အ​ကျင့်​ကောင်း​များ​နှင့် ကြွယ်​ဝ​ပြည့်​စုံ​၍​ရက်​ရော​စွာ​ဝေ​ငှ​ပေး ကမ်း​တတ်​ကြ​စေ​ရန်​လည်း​ကောင်း​သူ​တို့ အား​ဆုံး​မ​သွန်​သင်​လော့။-
1TI 6:19 ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​အ​နာ​ဂတ် အ​တွက်​ခိုင်​ခံ့​သည့်​အုတ်​မြစ်​တည်း​ဟူ​သော ဘဏ္ဍာ​ကို​စု​ဆောင်း​ရာ​ရောက်​၍ စစ်​မှန်​သော အ​သက်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။
1TI 6:20 တိ​မော​သေ၊ သင့်​အား​ပေး​အပ်​ထား​သည့်​အ​ရာ ကို​စောင့်​ထိန်း​လော့။ သိမ်​ဖျင်း​သော​စ​ကား​နှင့် အ​ကျိုး​မဲ့​သော​စ​ကား​ကို​လည်း​ကောင်း၊ လူ အ​ချို့​တို့​မှား​ယွင်း​စွာ ခေါ်​ဆို​သည့်``အသိ​ပညာ'' အ​ကြောင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု တို့​ကို​လည်း​ကောင်း​ရှောင်​ရှား​လော့။-
1TI 6:21 လူ​အ​ချို့​တို့​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​ပြီ ဟု​ဆို​ကာ​ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​ကြ​ပြီ။ သင်​တို့​အ​ပေါင်း​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။
2TI 1:1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ၊ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​မည်​ဟု​က​တိ​ထား​တော်​မူ​သော အ​သက်​အ​ကြောင်း​ကို​ကြေ​ညာ​သူ​ငါ​ပေါ​လု ထံ​မှ၊-
2TI 1:2 ငါ​၏​ချစ်​သော​တိ​မော​သေ​ထံ​သို့​စာ​ရေး လိုက်​ပါ​သည်။ သင်​သည်​ခ​မည်း​တော်​ဘု​ရား​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ​ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။
2TI 1:3 ငါ​သည်​နေ့​ညဥ့်​မ​ပြတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု ရာ​တွင် သင့်​အား​အ​စဉ်​ပင်​အောက်​မေ့​သ​တိ​ရ လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။ ငါ​သည်​ဘိုး​ဘေး​များ​နည်း​တူ​ကိုယ် တော်​၏​အ​မှု​တော်​ကို​ကြည်​လင်​သော​သြတ္တ​ပ္ပ စိတ်​နှင့်​ဆောင်​ရွက်​သူ​ဖြစ်​၏။-
2TI 1:4 သင်​အ​ဘယ်​သို့​မျက်​ရည်​ကျ​သည်​ကို​သ​တိ ရ​လျက် ငါ​သည်​သင့်​အား​အ​လွန်​တွေ့​မြင်​လို ၏။ သင့်​ကို​တွေ့​မြင်​ရ​ခြင်း​သည်​ငါ့​အား​ဝမ်း မြောက်​စေ​လိမ့်​မည်။-
2TI 1:5 သင်​သည်​သင်​၏​အ​ဖွား​လော​ဣ​နှင့်​အ​မိ​ဥ​နိတ် တို့​ကဲ့​သို့​ဟန်​ဆောင်​မှု​မ​ရှိ​ဘဲ ယုံ​ကြည်​ကြောင်း ကို​ငါ​သ​တိ​ရ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း မျိုး​သည်​သင်​၌​လည်း​ရှိ​သည်​ဟု​ငါ​စိတ်​ချ​၏။-
2TI 1:6 သို့​ဖြစ်​၍​သင့်​အ​ပေါ်​ငါ​သိက္ခာ​တင်​မင်္ဂလာ​ပေး စဉ်​အ​ခါ​က သ​ခင်​ဘု​ရား​ထံ​တော်​မှ​သင်​ရ ရှိ​သည့်​ဆု​ကျေး​ဇူး​ကို​ရှင်​သန်​လျက်​ရှိ​နေ စေ​ရန်​သင့်​အား​ငါ​သ​တိ​ပေး​နှိုး​ဆော်​၏။-
2TI 1:7 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ကြောက်​စိတ်​ကို​ပေး​တော်​မ​မူ​ဘဲ​တန်​ခိုး​ကို လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ချုပ်​တည်း​နိုင်​မှု​ကို​လည်း​ကောင်း​ပေး တော်​မူ​၏။
2TI 1:8 သို့​ဖြစ်​၍​ငါ​တို့​သ​ခင်​ဘု​ရား​၏​အ​ကြောင်း တော်​ကို​သက်​သေ​ခံ​ရန်​မ​ရှက်​နှင့်။ ခ​ရစ်​တော် အ​တွက်​အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​၏​အ​တွက် လည်း​မ​ရှက်​နှင့်။ ဘု​ရား​သ​ခင်​ထံ​မှ​ခွန်​အား ကို​ရ​ရှိ​သည်​အ​တိုင်း​သ​တင်း​ကောင်း​အ​တွက် ငါ​နှင့်​အ​တူ​ဒုက္ခ​ခံ​လော့။-
2TI 1:9 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကယ်​တင်​တော်​မူ ၍ မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး​ကောက်​တော် မူ​သည်​မှာ ငါ​တို့​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်​ဘဲ ကိုယ်​တော်​တိုင်​၏​အ​ကြံ အ​စည်​တော်​နှင့်​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​ပေ သည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မ​တည်​ရှိ​မီ​ကာ​လ က​ပင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​ငါ​တို့​အား ထို​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော်​မူ​၏။-
2TI 1:10 သို့​ရာ​တွင်​ယ​ခု​အ​ခါ​ငါ​တို့​၏​ကယ်​တင် ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော်​မူ​ခြင်း အား​ဖြင့် ထို​ကျေး​ဇူး​တော်​သည်​ပေါ်​လွင် ထင်​ရှား​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​သေ ခြင်း​တ​ရား​ကို​ပယ်​ရှား​တော်​မူ​ပြီး​လျှင် သ​တင်း​ကောင်း​အား​ဖြင့် သင်္ခါ​ရ​ကင်း​ခြင်း တ​ရား​ကို​ပေါ်​လွင်​ထင်​ရှား​စေ​တော် မူ​သ​တည်း။
2TI 1:11 ဘု​ရား​သ​ခင်​သည်​ထို​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန် ငါ့​ကို​တ​မန်​တော်​နှင့်​ဆ​ရာ အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-
2TI 1:12 ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​ဤ​ဆင်းရဲ​ဒုက္ခ​များ ကို​ခံ​ရ​ခြင်း​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​၌​ယုံ ကြည်​စိတ်​ချ​မှု​ရှိ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​ဘယ်​သူ​ကို​ကိုး​စား​သည်​ကို လည်း​ကောင်း၊ ထို​အ​ရှင်​၏​လက်​ဝယ်​ငါ​ပေး​အပ် ထား​သော​အ​ရာ​ကို​ကိုယ်​တော်​ရှင်​သည် တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရောက်​သည်​တိုင်​အောင် စောင့်​ထိန်း​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ​အ​သေ​အ​ချာ​သိ​သော​ကြောင့်​ဖြစ်​၏။-
2TI 1:13 ငါ​သွန်​သင်​သည့်​မှန်​ကန်​သော​သြ​ဝါ​ဒ​ကို သင်​လိုက်​နာ​ရန်​စံ​န​မူ​နာ​အ​ဖြစ်​စွဲ​မြဲ​စွာ ခံ​ယူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​တ​ရား​နှင့်​မေတ္တာ​တ​ရား​ကို စွဲ​လမ်း​လော့။-
2TI 1:14 သင့်​အား​ပေး​အပ်​ထား​သော​ကောင်း​မြတ်​သည့် အ​ရာ​များ​ကို​ငါ​တို့​တွင်​ကိန်း​အောင်း​တော်​မူ သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး တော်​အား​ဖြင့်​ထိန်း​သိမ်း​စောင့်​ရှောက်​လော့။
2TI 1:15 သင်​သိ​ရှိ​သည်​အ​တိုင်း​ဖု​ဂေ​လု​နှင့်​ဟေ​ရ မော​ဂင်​တို့​အ​ပါ​အ​ဝင်​အာ​ရှ​နယ်​ပယ်​၌ နေ​သူ​အ​ပေါင်း​တို့​သည်​ငါ​တို့​ကို​စွန့်​သွား ကြ​လေ​ပြီ။-
2TI 1:16 သ​ခင်​ဘု​ရား​သည်​သြ​နေ​သိ​ဖော်​၏​အိမ် ထောင်​အား​က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ သော။ ထို​သူ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ငါ့​အား​စိတ်​သက်​သာ​စေ​၏။ ငါ​သည်​အ​ကျဉ်း သား​ဖြစ်​လျက်​နေ​သော်​လည်း​သူ​သည်​ငါ့ အ​တွက်​မ​ရှက်​ဘဲ၊-
2TI 1:17 ရော​မ​မြို့​သို့​ရောက်​လျှင်​ရောက်​ခြင်း​ငါ့​ကို မ​တွေ့​တွေ့​အောင်​ရှာ​၏။-
2TI 1:18 ဧ​ဖက်​မြို့​တွင်​သူ​သည်​ငါ့​အား​အ​ဘယ်​မျှ ပြု​စု​သည်​ကို​သင်​ကောင်း​စွာ​သိ​၏။ တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​၌​သ​ခင် ဘု​ရား​သည်​သူ့​အား​က​ရု​ဏာ​တော်​ကို ခံ​စား​ခွင့်​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။
2TI 2:1 ငါ့​သား၊ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သည့်​ဆု ကျေး​ဇူး​တော်​အား​ဖြင့်​သင်​သည်​ကြံ့​ခိုင် ခြင်း​ရှိ​လော့။-
2TI 2:2 အ​သိ​သက်​သေ​များ​ရှေ့​တွင်​ငါ​သွန်​သင်​ခဲ့ သည့်​အ​ရာ​များ​ကို​သင်​သည်​ကြား​သိ​ရ​လေ ပြီ။ သူ​တစ်​ပါး​တို့​အား​တစ်​ဆင့်​သွန်​သင်​နိုင် မည်​ဟု​စိတ်​ချ​ယုံ​ကြည်​ရ​သူ​တို့​အား​ထို သွန်​သင်​ချက်​များ​ကို​လက်​ဆင့်​ကမ်း​လော့။
2TI 2:3 သင်​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သည်​တော် ကောင်း​အ​နေ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။-
2TI 2:4 အ​လုပ်​ဝတ္တ​ရား​ထမ်း​ဆောင်​နေ​ဆဲ​ဖြစ်​သော စစ်​သား​သည်​မိ​မိ​နှင့်​မ​ဆိုင်​သည့်​အ​ရေး အ​ခင်း​များ​တွင်​ပါ​ဝင်​မှု​ကို​ရှောင်​ရှား​တတ်​၏။ သူ​၏​တစ်​ခု​တည်း​သော​ရည်​ရွယ်​ချက်​မှာ မိ​မိ​တပ်​မှူး​၏​ကျေ​နပ်​မှု​ကို​ရ​ရှိ​ရန်​ပင် ဖြစ်​ပေ​သည်။-
2TI 2:5 အား​က​စား​မှု​ဆိုင်​ရာ​စည်း​ကမ်း​ဥ​ပ​ဒေ​များ ကို​မ​လိုက်​နာ​လျှင် အ​ဘယ်​အား​က​စား​သ​မား မျှ​အောင်​ပန်း​ကို​ဆွတ်​ခူး​နိုင်​လိမ့်​မည်​မ​ဟုတ်။-
2TI 2:6 ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ခဲ့​သော​လယ်​သ​မား သည်​သီး​နှံ​ကို​ဦး​စွာ​စား​သုံး​သင့်​သည်။-
2TI 2:7 ငါ့​စ​ကား​ကို​ဆင်​ခြင်​လော့။ ယင်း​ကို​နား​လည် စေ​ရန်​သ​ခင်​ဘု​ရား​သည်​သင့်​အား​ကူ​ညီ တော်​မူ​လိမ့်​မည်။
2TI 2:8 ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​ဒါ​ဝိဒ် မင်း​မှ​ဆင်း​သက်​တော်​မူ​၍​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​ကို သ​တိ​ရ​လော့။-
2TI 2:9 ငါ​သည်​ထို​သ​တင်း​ကောင်း​အ​တွက်​ကြောင့် ရာ​ဇ​ဝတ်​ကောင်​ကဲ့​သို့​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သံ​ကြိုး​များ​နှင့်​ပင်​အ​ချည်​အ​နှောင်​ခံ​ရ​၏။ သို့​သော်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် မူ​ကား​ချုပ်​နှောင်​မှု​နှင့်​ကင်း​လွတ်​၏။-
2TI 2:10 ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။-
2TI 2:11 အောက်​ပါ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​ပေ​သည်။ ``ငါ​တို့​သည်​ကိုယ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​လိမ့်​မည်။
2TI 2:12 ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။
2TI 2:13 ငါ​တို့​သစ္စာ​ဖောက်​လျှင်​ကိုယ်​တော်​သည် သစ္စာ​ဖောက်​တော်​မ​မူ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မိ​မိ​သစ္စာ​တော်​ကို​ပယ်​ဖျက်​တော်​မ​မူ​နိုင် သော​ကြောင့်​ဖြစ်​၏''
2TI 2:14 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​၏​လူ​စု အား​သ​တိ​ပေး​လော့။ စ​ကား​အ​သုံး​အ​နှုန်း နှင့်​ပတ်​သက်​၍​ငြင်း​ခုံ​မှု​သည်​မည်​သည့် အ​ကျိုး​ကို​မျှ​မ​ပြု​စု​တတ်။ ကြား​ရ​သူ​တို့ ၏​အ​ကျိုး​ကို​သာ​ယုတ်​စေ​တတ်​၏။-
2TI 2:15 သင်​သည်​ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ သော​အ​မှု​တော်​ဆောင်​အ​နေ​ဖြင့်​လည်း​ကောင်း၊ သမ္မာ​တ​ရား​တော်​ကို​မှန်​ကန်​စွာ​ဟော​ပြော သွန်​သင်​သူ​အ​နေ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​စေ​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​လော့။-
2TI 2:16 ဘု​ရား​ကို​မ​ကြည်​ညို​သော​အ​ချည်း​နှီး စ​ကား​ကို​ရှောင်​လော့။ ထို​ကဲ့​သို့​သော​စ​ကား သည် လူ​တို့​အား​ဘု​ရား​နှင့်​ပို​၍​ပင်​ဝေး ကွာ​စေ​၏။-
2TI 2:17 ယင်း​သွန်​သင်​ချက်​သည်​အ​သား​ကို​ပုပ်​ရိ စေ​တတ်​သည့်​ခူ​နာ​နှင့်​တူ​၏။ ထို​သို့​သွန်​သင် သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက်​တို့​လည်း ပါ​ကြ​၏။-
2TI 2:18 သူ​တို့​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား လျက်​သေ​လွန်​သော​သူ​တို့​သည် ရှင်​ပြန်​ထ မြောက်​ပြီ​ဟူ​၍​ဆို​ကာ လူ​အ​ချို့​တို့​၏ ယုံ​ကြည်​ခြင်း​ကို​မှောက်​လှန်​နေ​ကြ​၏။-
2TI 2:19 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ချ​ထား​တော်​မူ သည့်​အုတ်​မြစ်​သည်​ခိုင်​ခံ့​လျက်​ရှိ​ပေ​သည်။ ထို​အုတ်​မြစ်​ပေါ်​တွင်``ထာ​ဝ​ရဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​သိ​တော်​မူ​၏'' ဟူ​၍ လည်း​ကောင်း၊``သ​ခင်​ဘု​ရား​၏​နာမ​တော်​ကို ခံ​ရ​သူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရ​ကြ​မည်'' ဟူ​၍​လည်း​ကောင်း ကမ္ပည်း​ရေး​ထိုး​၍​ထား​သ​တည်း။
2TI 2:20 မည်​သည့်​အိမ်​ကြီး​၌​မ​ဆို​ရွှေ၊ ငွေ​အ​သုံး အ​ဆောင်​များ​သာ​လျှင်​ရှိ​သည်​မ​ဟုတ်။ သစ် သား​နှင့်​ရွှံ့​မြေ​ဖြင့်​လုပ်​သော​အ​သုံး​အ​ဆောင် များ​လည်း​ရှိ​ပေ​သည်။ အ​ချို့​ကို​အ​ခါ​ကြီး ရက်​ကြီး​များ​၌​အ​သုံး​ပြု​၍​အ​ချို့​ကို နေ့​တိုင်း​အ​သုံး​ပြု​သည်။-
2TI 2:21 ဖော်​ပြ​ခဲ့​သည့်​မ​ကောင်း​မှု​များ​ကို​ရှောင်​ကြဉ် သူ​သည် မိ​မိ​သ​ခင်​အ​တွက်​ဆက်​ကပ်​ထား​၍ အ​သုံး​ဝင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို​လုပ်​ဆောင်​ရန်​အ​သင့်​ရှိ​သူ​ဖြစ် သ​ဖြင့်​အ​ထူး​အ​သုံး​ပြု​ခြင်း​ကို​ခံ​ရ​လိမ့် မည်။-
2TI 2:22 သက်​ရွယ်​ပျို​သူ​တို့​၏​ရမ္မက်​ဆန္ဒ​များ​ကို​ရှောင် ကြဉ်​လော့။ သ​ခင်​ဘု​ရား​အား​သန့်​ရှင်း​စင်​ကြယ် သော​စိတ်​နှင့်​ပတ္ထ​နာ​ပြု​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း​တ​ရား၊ မေတ္တာ​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရှာ လော့။-
2TI 2:23 သို့​ရာ​တွင်​မိုက်​မဲ​၍​အ​သိ​ပ​ညာ​ကင်း​မဲ့​သော ငြင်း​ခုံ​မှု​များ​ကို​ရှောင်​လော့။ ယင်း​တို့​သည်​ခိုက် ရန်​ဖြစ်​ပွား​မှု​ကို​ပြု​စု​ပေး​တတ်​ကြောင်း​သင် သိ​၏။-
2TI 2:24 သ​ခင်​ဘု​ရား​၏​အ​စေ​ခံ​သည်​ခိုက်​ရန်​မ​ပြု​ဘဲ လူ​တိုင်း​ကို​သ​နား​တတ်​၍​သည်း​ခံ​တတ်​သော​ဋ္ဌမ္မ ဆ​ရာ​ကောင်း​ဖြစ်​ရ​မည်။-
2TI 2:25 မိ​မိ​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​များ​ကို​နူး​ညံ့ သိမ်​မွေ့​စွာ​ဆုံး​မ​တတ်​သူ​ဖြစ်​ရ​မည်။ သူ​တို့​သည် နောင်​တ​ရ​၍​သမ္မာ​တ​ရား​ကို​သိ​ရှိ​လာ​နိုင်​ခွင့် ကို​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်။-
2TI 2:26 ထို​အ​ခါ​သူ​တို့​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​ပြီး​လျှင် မာရ်​နတ်​၏​ကျော့​ကွင်း​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။ မာရ်​နတ်​သည်​မိ​မိ​အ​လို​အ​တိုင်း​လိုက်​နာ​စေ​ရန် သူ​တို့​အား​ဖမ်း​ဆီး​ထား​ခဲ့​ပေ​သည်။
2TI 3:1 အ​ဆုံး​စွန်​သော​နေ့​ရက်​တို့​သည်​ကြပ်​တည်း ခဲ​ယဉ်း​သော​ကာ​လ​ဖြစ်​မည်​ကို​သိ​မှတ်​လော့။-
2TI 3:2 လူ​တို့​သည်​တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​သူ၊ လော​ဘ ကြီး​သူ၊ ကြွား​ဝါ​သူ၊ မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး သူ၊ စော်​ကား​သူ၊ မိ​ဘ​တို့​ကို​တော်​လှန်​သူ၊ ကျေး​ဇူး တ​ရား​မ​သိ​သူ၊ ဘု​ရား​တ​ရား​မ​ကြည်​ညို​သူ၊-
2TI 3:3 အ​ကြင်​နာ​ကင်း​မဲ့​သူ၊ ရက်​စက်​ကြမ်း​ကြုတ်​သူ၊ သူ​တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ၊ အ​ကြမ်း​ဖက် သူ၊ ကြမ်း​တမ်း​သူ၊ ကောင်း​မြတ်​သည့်​အ​ရာ​ကို မုန်း​သူ၊-
2TI 3:4 သစ္စာ​ဖောက်​သူ၊ အ​ရမ်း​မဲ့​ပြု​မူ​သူ၊ မာ​န​ကြီး​သူ၊ ဘု​ရား​သ​ခင်​ကို​နှစ်​သက်​သည်​ထက်​ကာ​မ​ဂုဏ် ခံ​စား​မှု​ကို​ပို​၍​နှစ်​သက်​သူ၊-
2TI 3:5 ဘာ​သာ​တ​ရား​ဆိုင်​ရာ​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​နာ​ကြ​သော်​လည်း ဘာ​သာ​တ​ရား​၏​ပြု ပြင်​သော​တန်​ခိုး​ကို​မူ​ကား​ငြင်း​ပယ်​သော​သူ များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​သည်​ထို​သူ​တို့​ကို ရှောင်​ရှား​လော့။-
2TI 3:6 သူ​တို့​အ​နက်​အ​ချို့​တို့​သည်​အိမ်​များ​သို့​ဝင်​၍ အ​သိ​အ​လိမ္မာ​နည်း​သည့်​အ​မျိုး​သ​မီး​တို့​ကို မိ​မိ​တို့​လက်​တွင်း​သို့​ရောက်​အောင်​ပြု​လုပ်​တတ် ကြ​၏။ ထို​အ​မျိုး​သ​မီး​များ​သည်​မိ​မိ​တို့​ပြု မိ​ခဲ့​သည့်​အ​ပြစ်​များ​ဖြင့်​ဝန်​လေး​၍ အ​မျိုး မျိုး​သော​အာ​သာ​ရမ္မက်​များ​၏​ဆွဲ​ဆောင်​မှု ကို​ခံ​လျက်၊-
2TI 3:7 သင်​ကြား​မှု​ကို​ခံ​ယူ​ရန်​အ​စဉ်​ပင်​လို​လား​ကြ သော်​လည်း အ​ဘယ်​အ​ခါ​၌​မျှ​သမ္မာ​တ​ရား​ကို နား​လည်​နိုင်​စွမ်း​မ​ရှိ​သူ​များ​ဖြစ်​ကြ​၏။-
2TI 3:8 ယ​န္နေ​နှင့်​ယံ​ဗြေ​တို့​သည်​မော​ရှေ​ကို​ဆန့်​ကျင် ဖက်​ပြု​သ​ကဲ့​သို့ ထို​လူ​စု​တို့​သည်​လည်း​သမ္မာ တ​ရား​တော်​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။ သူ တို့​သည်​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​သူ​များ​ဖြစ်​ပေ​သည်။-
2TI 3:9 သို့​ရာ​တွင်​သူ​တို့​၏​အောင်​မြင်​မှု​သည်​တာ​ရှည်​ခံ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယန္နေ​နှင့် ယံ​ဗြေ​တို့​၏​မိုက်​မဲ​မှု​ကဲ့​သို့​သူ​တို့​၏​မိုက်​မဲ​မှု ကို​လူ​အ​ပေါင်း​တို့​တွေ့​ရှိ​လာ​မည်​ဖြစ်​သော ကြောင့်​တည်း။
2TI 3:10 သို့​ရာ​တွင်​သင်​သည်​ငါ​၏​သြ​ဝါ​ဒ၊ ငါ​၏ အ​ကျင့်​အ​ကြံ​နှင့်​ငါ​၏​ဘ​ဝ​ရည်​မှန်း​ချက်​ကို သိ​မြင်​ခဲ့​ပြီ။ ငါ​၏​ယုံ​ကြည်​ခြင်း၊ ငါ​၏​သည်း ညည်း​ခံ​ခြင်း၊ ငါ​၏​မေတ္တာ၊ ငါ​၏​ခံ​နိုင်​ရည်၊-
2TI 3:11 ငါ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ များ​ကို​သင်​သည်​တွေ့​မြင်​ခဲ့​ပေ​သည်။ အန္တိ​အုတ် မြို့၊ ဣ​ကော​နိ​မြို့​နှင့်​လုတ္တိ​ရ​မြို့​တို့​တွင်​ညှဉ်း​ဆဲ နှိပ်​စက်​ခြင်း​အ​မျိုး​မျိုး​တို့​ကို​ငါ​ခံ​ခဲ့​ရ​ကြောင်း သင်​သိ​၏။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​ငါ့ အား​ထို​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ခဲ့​၏။-
2TI 3:12 ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ဘု​ရား​ဝတ်​၌​မွေ့​လျော်​လို​သူ​တိုင်း​နှိပ်​စက် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
2TI 3:13 ဆိုး​ညစ်​သူ​များ၊ အ​ယောင်​ဆောင်​လှည့်​စား​သူ များ​သည်​ဆိုး​ယုတ်​သည်​ထက်​ပို​မို​ယုတ်​စွာ​ပြု ကျင့်​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သူ​တစ်​ပါး တို့​အား​လှည့်​စား​၍​မိ​မိ​တို့​ကိုယ်​တိုင်​လည်း အ​လှည့်​စား​ခံ​ရ​လိမ့်​မည်။-
2TI 3:14 သို့​သော်​သင်​သည်​မိ​မိ​သင်​ယူ​၍​စွဲ​မြဲ​စွာ ယုံ​ကြည်​သည့်​သစ္စာ​တ​ရား​များ​ကို​စောင့်​ထိန်း လော့။ သင်​အ​ဘယ်​သူ​တို့​ထံ​မှ​နည်း​နာ​ခံ​ခဲ့ သည်​ကို​သင်​သိ​၏။-
2TI 3:15 သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​အ​သိ​ပ​ညာ ကို​ပေး​၍​ခ​ရစ်​တော်​ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ကယ်​တင်​ခြင်း​ရ​ရှိ​စေ​ရန်​လမ်း​ညွှန်​သော ကျမ်း​စာ​တော်​မြတ်​ကို​ကောင်း​စွာ​သိ​ရှိ​ခဲ့​သူ ဖြစ်​ကြောင်း​ကို​သင်​သိ​၏။-
2TI 3:16 ကျမ်း​စာ​တော်​မှန်​သ​မျှ​ကို​ဘု​ရား​သ​ခင်​၏ လမ်း​ညွှန်​မှု​ဖြင့်​ရေး​သား​ပြု​စု​ထား​သ​ဖြင့် ထို ကျမ်း​စာ​တော်​သည်​သမ္မာ​တ​ရား​တော်​ကို​သွန် သင်​ခြင်း၊ ဆုံး​မ​သြ​ဝါ​ဒ​ပေး​ခြင်း၊ အ​မှား များ​ကို​ပြု​ပြင်​ခြင်း၊ လျောက်​ပတ်​စွာ​သက်​ရှင် နေ​ထိုင်​တတ်​ရန်​လမ်း​ညွှန်​ခြင်း​တို့​ကို​ပြု သော​အား​ဖြင့်၊-
2TI 3:17 ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ဆောင်​သည်​ကောင်း မြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​တို့​ကို​ဆောင်​ရွက် ရန်​လို​အပ်​သည့်​ပြင်​ဆင်​မှု​ရှိ​ပြီး​လျှင် အ​ရည် အ​ချင်း​များ​နှင့်​ပြည့်​ဝ​စုံ​လင်​၍​လာ​ပေ​အံ့။
2TI 4:1 ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌​လည်း​ကောင်း သေ​သူ​ရှင်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​မည့် ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက်​၌​လည်း ကောင်း ကိုယ်​တော်​သည်​အုပ်​စိုး​ရန်​ဘု​ရင်​အ​ဖြစ် ကြွ​လာ​မည်​ဖြစ်​၍​သင့်​အား​ငါ​သစ္စာ​ပေး​၏။-
2TI 4:2 (အ​ချိန်​အ​ခါ​သင့်​သည်​ဖြစ်​စေ၊ မ​သင့်​သည် ဖြစ်​စေ) တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ လော့။ ကြား​နာ​သူ​တို့​အား​နား​လည်​သ​ဘော ပေါက်​စေ​လော့။ ဆုံး​မ​လော့။ အား​ပေး​တိုက်​တွန်း လော့။ စိတ်​ရှည်​စွာ​သွန်​သင်​လော့။-
2TI 4:3 လူ​တို့​သည်​မှန်​ကန်​သည့်​သြ​ဝါ​ဒ​ကို​နား​မ ထောင်​ဘဲ​ကိုယ့်​အ​လို​ဆန္ဒ​များ​ကို​လိုက်​၍ မိ​မိ တို့​ကြား​နာ​လို​သည့်​စ​ကား​များ​ပြော​ဆို​မည့် ဆ​ရာ​သ​မား​များ​ကို​ရှာ​ဖွေ​ကြ​မည့်​အ​ချိန် ကာ​လ​ရောက်​လိမ့်​မည်။-
2TI 4:4 သူ​တို့​သည်​သမ္မာ​တ​ရား​ကို​နား​မ​ထောင်​ဘဲ​ဒဏ္ဍာ ရီ​စ​ကား​များ​ကို​သာ​နား​ထောင်​ကြ​လိမ့်​မည်။-
2TI 4:5 သင်​မူ​ကား​အ​ဘယ်​အ​မှု​မျိုး​နှင့်​ကြုံ​တွေ့​ရ သည်​မ​ဆို​သမ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ လော့။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည့်​အ​လုပ် ကို​ဆောင်​ရွက်​လော့။ ဘု​ရား​သ​ခင်​၏​အစေ​ခံ အ​နေ​ဖြင့်​သင်​၏​တာ​ဝန်​ရှိ​သ​မျှ​ကို​ထမ်း ဆောင်​လော့။
2TI 4:6 ငါ​သည်​မိ​မိ​အ​သက်​ကို​ပူ​ဇော်​ရ​မည့်​အ​ချိန် ကျ​ရောက်​လာ​ပြီ။ ဤ​လော​က​မှ​ထွက်​ခွာ​ရ​မည့် အ​ချိန်​နီး​ကပ်​လာ​ပြီ။-
2TI 4:7 ငါ​သည်​ပြေး​ပွဲ​တွင်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​ပြီ။ တာ​အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း တ​ရား​ကို​စောင့်​ထိန်း​ခဲ့​ပြီ။-
2TI 4:8 ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။
2TI 4:9 ငါ့​ထံ​သို့​အ​မြန်​လာ​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လော့။-
2TI 4:10 ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။-
2TI 4:11 လု​ကာ​တစ်​ဦး​တည်း​သာ​လျှင်​ငါ​နှင့်​အ​တူ​ရှိ တော့​၏။ မာ​ကု​ကို​ရှာ​၍​သင်​နှင့်​အ​တူ​ခေါ်​ခဲ့ လော့။ သူ​သည်​ငါ​၏​လုပ်​ငန်း​တွင်​ကူ​ညီ​နိုင်​သူ ဖြစ်​ပေ​သည်။-
2TI 4:12 ငါ​သည်​တု​ခိတ်​ကို​ဧ​ဖက်​မြို့​သို့​စေ​လွှတ်​လိုက်​၏။-
2TI 4:13 သင်​လာ​သော​အ​ခါ​တ​ရော​မြို့​တွင်​ကာ​ပု​လက်​၌ ငါ​အပ်​ထား​ခဲ့​သည့်​ဝတ်​လုံ​နှင့်​စာ​စောင်​များ၊ အ​ထူး​သ​ဖြင့်​သား​ရေ​စာ​စောင်​များ​ကို​ယူ​ခဲ့ လော့။
2TI 4:14 ကြေး​ပန်း​ထိမ်​ဆ​ရာ​အာ​လေ​ဇန္ဒြု​သည်​ငါ့​အား များ​စွာ​မ​ကောင်း​ကျိုး​ပေး​ခဲ့​၏။ သူ​ပြု​သည့်​အ​မှု အ​တွက်​သ​ခင်​ဘု​ရား​သည်​သူ့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လိမ့်​မည်။-
2TI 4:15 သင်​ကိုယ်​တိုင်​သူ့​ကို​သ​တိ​ပြု​လော့။ သူ​သည်​ငါ​တို့ ဟော​ပြော​သော​တ​ရား​တော်​ကို​ပြင်း​ပြင်း​ထန်​ထန် ဆန့်​ကျင်​ပြော​ဆို​သူ​ဖြစ်​သည်။
2TI 4:16 ငါ​၏​အ​မှု​ကို​ပ​ထ​မ​အ​ကြိမ်​စစ်​ဆေး​ရာ​တွင် ငါ့ ကို​ထောက်​ခံ​ရန်​အ​ဘယ်​သူ​မျှ​မ​လာ​ကြ။ လူ​တိုင်း ပင်​ငါ့​ကို​စွန့်​ပစ်​သွား​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြု ကြ​သည်​ကို​သ​ခင်​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ် ကို​မှတ်​တော်​မ​မူ​ပါ​စေ​နှင့်။-
2TI 4:17 သ​ခင်​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၍​ငါ့​ကို ခွန်​အား​ပေး​တော်​မူ​သ​ဖြင့် ငါ​သည်​လူ​မျိုး​ခြား အ​ပေါင်း​တို့​အား​တ​ရား​တော်​ကို​အ​ကုန်​အ​စင် ဟော​ပြော​နိုင်​၏။ ကိုယ်​တော်​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​သေ​ဒဏ်​ခံ​ရ​ခြင်း​မှ​ကင်း​လွတ်​ခွင့်​ကို လည်း​ရ​ရှိ​၏။-
2TI 4:18 သ​ခင်​ဘု​ရား​သည်​ငါ့​အား​ဘေး​အန္တ​ရာယ် အ​ပေါင်း​တို့​မှ​ကယ်​နုတ်​တော်​မူ​၍​မိ​မိ​၏ ကောင်း​ကင်​နိုင်​ငံ​တော်​သို့​လုံ​ခြုံ​စွာ​ပို့​ဆောင် တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။
2TI 4:19 ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ​၍​သြ​နေ​သိ​ဖော် ၏​အိမ်​ထောင်​စု​အား​နှုတ်​ဆက်​လိုက်​၏။-
2TI 4:20 ဧ​ရတ္တု​သည်​ကော​ရိန္သု​မြို့​တွင်​နေ​ရစ်​၏။ တ​ရော​ဖိမ် သည်​ဖျား​နာ​နေ​သ​ဖြင့်​သူ့​အား​မိ​လက်​မြို့​တွင် ငါ​ထား​ခဲ့​၏။-
2TI 4:21 ဆောင်း​ဥ​တု​မ​ကျ​မီ​သင်​လာ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​လော့။ ဥ​ဗု​လု၊ ပု​ဒေ၊ လိ​နု၊ က​လော​ဒိ​မှ​စ​၍​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​ပေါင်း​တို့​က​နှုတ်​ဆက်​လိုက်​ကြ​၏။
2TI 4:22 သ​ခင်​ဘု​ရား​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။ သင်​တို့​အ​ပေါင်း​သည်​ဘု​ရား​သ​ခင် ၏​ကျေးဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​မော​သေ​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။
TIT 1:1 ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။ ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ကောက်​တော်​မူ သော​လူ​စု​တော်​၏ ယုံ​ကြည်​ခြင်း​ကို​ပြု​စု ပေး​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​၏​ဘာ​သာ တော်​က​သွန်​သင်​သည့်​သမ္မာ​တ​ရား​တော် အ​ကြောင်း​ကို ထို​သူ​တို့​သ​ဘော​ပေါက်​နား လည်​ကြ​စေ​ရန်​လည်း​ကောင်း​ငါ့​ကို​ရွေး ချယ်​စေ​လွှတ်​တော်​မူ​၏။-
TIT 1:2 ထို​ဘာ​သာ​တော်​သည်​ထာ​ဝ​ရ​အ​သက်​ကို မျှော်​လင့်​မှု​တွင်​အ​ခြေ​ခံ​ပေ​သည်။ မု​သား နှင့်​ကင်း​စင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မ​တည်​ရှိ​မီ​က​ပင် ထာ​ဝ​ရ အ​သက်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ရန် က​တိ​ထား​တော်​မူ​ပေ​သည်။-
TIT 1:3 ထို​နောက်​အ​ချိန်​သင့်​သော​အ​ခါ​၌​ထို ထာ​ဝ​ရ​အ​သက်​ကို​တ​ရား​တော်​အား​ဖြင့် ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၏။ ငါ​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​တ​ရား တော်​ကို ငါ့​အား​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ထို တ​ရား​တော်​ကို​ကြေ​ညာ​၏။
TIT 1:4 ငါ​တို့​နည်း​တူ​ယုံ​ကြည်​သူ၊ ယုံ​ကြည်​ခြင်း​အား ဖြင့် ငါ​၏​သား​စစ်​ဖြစ်​သူ​တိ​တု​ထံ​သို့​ဤ​စာ ကို​ငါ​ရေး​သား​ပေး​ပို့​လိုက်​ပါ​သည်။ ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏​ကယ် တင်​ရှင်​ခ​ရစ်​တော်​ယေ​ရှု​သည် သင့်​အား​ကျေး​ဇူး တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ ပါ​စေ​သတည်း။
TIT 1:5 က​ရေ​တေ​ကျွန်း​တွင်​လုပ်​ဆောင်​စ​ရာ​ရှိ​သေး သော​အ​မှု​ကိစ္စ​အ​ဝ​ဝ​တို့​ကို​စီ​မံ​ဆောင်​ရွက် ရန်​နှင့် အ​မြို့​မြို့​တွင်​သင်း​အုပ်​များ​ခန့်​ထား ရန်​သင့်​အား​ငါ​ထား​ခဲ့​၏။ ငါ​ယ​ခု​ပေး​မည့် ညွှန်​ကြား​ချက်​များ​ကို​မ​မေ့​နှင့်။-
TIT 1:6 အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ​သည်​အ​ပြစ်​ဆို စ​ရာ​မ​ရှိ​သူ​ဖြစ်​ရ​မည်။ သူ့​မှာ​ဇနီး​တစ်​ယောက် သာ​ရှိ​ရ​မည်။ သူ​၏​သား​သ​မီး​များ​သည်​ယုံ ကြည်​သူ​များ​ဖြစ်​ရ​မည်။ အ​ပျော်​ကြူး​သူ​များ၊ စ​ကား​နား​မ​ထောင်​သူ​များ​မ​ဖြစ်​စေ​ရ။-
TIT 1:7 အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက် ရ​သူ​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဆို​စ​ရာ​မ​ရှိ​သူ ဖြစ်​ရ​မည်။ သူ​သည်​မောက်​မာ​သူ၊ စိတ်​တို​သူ မ​ဖြစ်​စေ​ရ။ သေ​သောက်​ကြူး​သူ၊ ကြမ်း​တမ်း သူ၊ ငွေ​ကို​မက်​မော​သူ​မ​ဖြစ်​စေ​ရ။-
TIT 1:8 ဧည့်​သည်​ဝတ်​ကို​ပြု​တတ်​သူ၊ ကောင်း​မြတ်​သည့် အ​ရာ​ကို​နှစ်​သက်​တတ်​သူ​ဖြစ်​ရ​မည်။ သူ​သည် မိ​မိ​ကိုယ်​ကို​ထိန်း​ချုပ်​နိုင်​ရ​မည်။ ဖြောင့်​မတ် ရ​မည်။ ဘု​ရား​တ​ရား​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ စည်း​ကမ်း​သေ​ဝပ်​ရ​မည်။-
TIT 1:9 သူ​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ​ကို​စွဲ​မြဲ​စွာ ခံ​ယူ​ယုံ​ကြည်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် တ​ရား​စစ်​တ​ရား​မှန်​အား​ဖြင့်​အား​ပေး​တိုက် တွန်း​နိုင်​လိမ့်​မည်။ ထို​တရား​စစ်​တ​ရား​မှန်​ကို အ​တိုက်​အ​ခံ​ပြု​သူ​တို့​၏​အ​မှား​ကို​လည်း ထောက်​ပြ​နိုင်​လိမ့်​မည်။
TIT 1:10 ထို​တ​ရား​ကို​တော်​လှန်​ကာ​အ​ကျိုး​မဲ့​သည့် စ​ကား​များ​အား​ဖြင့်​လှည့်​စား​တတ်​သူ​အ​များ အ​ပြား​ပင်​ရှိ​၏။ အ​ထူး​သ​ဖြင့်​ယု​ဒ​ဘာ​သာ​မှ ခရစ်​ယာန်​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​တို့ အ​ထဲ​တွင်​ရှိ​ပေ​သည်။-
TIT 1:11 ထို​သူ​တို့​၏​နှုတ်​ကို​ပိတ်​ရန်​လို​အပ်​လာ​ပေ ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ငွေ ရ​ရှိ​ရေး​ရည်​ရွယ်​ချက်​ဖြင့် မ​သွန်​သင်​သင့် သော​အ​ရာ​များ​ကို​သွန်​သင်​ခြင်း​အား​ဖြင့် အိမ်​ထောင်​စု​များ​ကို​က​မောက်​က​မ​ဖြစ်​စေ ကြ​သော​ကြောင့်​တည်း။-
TIT 1:12 သူ​တို့​၏​ပ​ရော​ဖက်​ဖြစ်​သူ​က​ရေ​တေ​ကျွန်း သား​တစ်​ဦး​က​ပင်​လျှင်``က​ရေ​တေ​ကျွန်း​သား တို့​သည်​အ​စဉ်​လိမ်​လည်​သူ​များ၊ သား​ရဲ​ဆိုး များ၊ ပျင်း​ရိ​စား​ကြူး​သူ​များ​ဖြစ်​၏'' ဟု​ပြော ဆို​ခဲ့​၏။ ထို​သူ​၏​ပြော​ဆို​ချက်​သည်​မှန်​ပေ သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​မှန်​တ​ကယ် ယုံ​ကြည်​လာ​ကြ​စေ​ရန်​လည်း​ကောင်း၊ ယု​ဒ ဒဏ္ဍာရီ​စ​ကား​များ​နှင့်​သမ္မာ​တ​ရား​ကို ပစ်​ပယ် သူ​တို့​၏​ပ​ညတ်​များ​ကို​စွန့်​လွှတ်​လိုက်​ကြ စေ​ရန်​လည်း​ကောင်း​သူ​တို့​အား​ကြပ်​တည်း စွာ​ဆုံး​မ​ရ​မည်။-
TIT 1:15 မိ​မိ​တို့​ကိုယ်​တိုင်​စိတ်​နှ​လုံး​စင်​ကြယ်​သန့်​ရှင်း သူ​တို့​အ​ဖို့​မှာ မည်​သည့်​အ​ရာ​မ​ဆို​စင်​ကြယ် သန့်​ရှင်း​၏။ သို့​သော်​မိ​မိ​တို့​ကိုယ်​တိုင်​မ​စင် ကြယ်​မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ​မူ​ကား အ​ဘယ်​အ​ရာ​မျှ​စင်​ကြယ်​သန့်​ရှင်း​သည်​ဟူ​၍ မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​၏​စိတ် နှ​လုံး​နှင့်​သြတ္တ​ပ္ပ​စိတ်​သည်​ညစ်​ညမ်း​နေ​သော ကြောင့်​ဖြစ်​၏။-
TIT 1:16 သူ​တို့​သည်​ဘုရား​သခင်​ကို​သိ​သည်​ဟု​ဝန်​ခံ သော်​လည်း​သူ​တို့​အ​ကျင့်​က​မ​ထောက်​ခံ။ သူ တို့​သည်​မုန်း​ဖွယ်​ကောင်း​သူ၊ နား​မ​ထောင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ ပြု​ရန်​မ​သင့်​တော်​သူ​များ​ဖြစ်​ကြ​၏။
TIT 2:1 သို့​ရာ​တွင်​သင်​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ နှင့်​ကိုက်​ညီ​သည့် အ​ကြောင်း​အ​ရာ​ကို​သွန်​သင် ရ​မည်။-
TIT 2:2 အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ​အ​မျိုး​သား​တို့​အား သ​မ္မာ​သ​တိ​ရှိ​ရန်၊ တည်​ကြည်​ရန်​နှင့်​ဣန္ဒြေ​စောင့် စည်း​ကြ​ရန်​လည်း​ကောင်း၊ စစ်​မှန်​သော​ယုံ​ကြည် ခြင်း၊ မေတ္တာ၊ ခံ​နိုင်​ရည်​တို့​ဖြင့်​ပြည့်​ဝ​ကြ​စေ​ရန် လည်း​ကောင်း​သွန်​သင်​လော့။-
TIT 2:3 ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-
TIT 2:4 သို့​မှ​သာ​သူ​တို့​သည်​မိ​မိ​တို့​ထက်​အ​သက် ငယ်​ရွယ်​သူ​အ​မျိုး​သ​မီး​တို့​အား ကိုယ့်​ခင်​ပွန်း၊ သား​သ​မီး​များ​ကို​ချစ်​ခင်​မှု၊-
TIT 2:5 ဣန္ဒြေ​စောင့်​စည်း​မှု၊ ဖြူ​စင်​မှု၊ အိမ်​ရှင်​မ​ကောင်း ပီ​သ​မှု​နှင့်​ခင်​ပွန်း​သည်​၏​စ​ကား​ကို​နား ထောင်​မှု​တို့​ကို​လေ့​ကျင့်​သင်​ကြား​ပေး​နိုင်​မည်။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​သူ​ရှိ​မည်​မ​ဟုတ် ပေ။
TIT 2:6 ထို​နည်း​တူ​စွာ​ငယ်​ရွယ်​သူ​အ​မျိုး​သား​များ အား​ဣန္ဒြေ​စောင့်​စည်း​ရန်​တိုက်​တွန်း​လော့။-
TIT 2:7 ကိစ္စ​အ​ဝ​ဝ​၌​သင်​ကိုယ်​တိုင်​ပင်​လျှင်​စံ​န​မူ နာ​ကောင်း​ကို​ပြ​လော့။ တည်​ကြည်​လေး​နက်​စွာ သြ​ဝါ​ဒ​ပေး​လော့။-
TIT 2:8 သင်​၏​ရန်​သူ​များ​သည်​ငါ​တို့​အား​အ​ဘယ် အ​မှု​တွင်​မျှ​အ​ပြစ်​ရှာ​၍​မ​ရ​သ​ဖြင့် အ​ရှက် ကွဲ​ကြ​စေ​ရန်​သင်​သည်​သူ​တစ်​ပါး​တို့​ပြစ် တင်​ဝေ​ဖန်​မှု​မ​ပြု​နိုင်​အောင်​လျောက်​ပတ်​သည့် စ​ကား​ကို​ပြော​ဆို​လော့။
TIT 2:9 အ​စေ​ခံ​ကျွန်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ ၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ အ​စ​စ အ​ရာ​ရာ​တွင်​သခင်​တို့​နှစ်​သက်​အောင်​ပြု​ရ ကြ​မည်။ စ​ကား​တုံ့​ပြန်​ပြော​ဆို​မှု၊-
TIT 2:10 သို့​မ​ဟုတ်​ခိုး​ဝှက်​မှု​ကို​မ​ပြု​ရ။ ယင်း​သို့​ပြု မည့်​အ​စား​သူ​တို့​သည်​အ​စဉ်​ရိုး​သား​၍ သ​စ္စာ ရှိ​သူ​များ​ဖြစ်​ကြောင်း​ပေါ်​လွင်​စေ​ရ​မည်။ ဤ နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ သော​အ​မှု​တို့​တွင် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား သ​ခင်​၏​တ​ရား​တော်​အ​ရောင်​အ​ဝါ​ကို​ပို​မို​၍ ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။
TIT 2:11 ဘု​ရား​သ​ခင်​သည်​လူ​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​အ​တွက် မိ​မိ​၏​ကျေး​ဇူး​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။-
TIT 2:12 ငါ​တို့​သည်​မိ​မိ​တို့​၏​ကြီး​မြတ်​သည့်​ဘု​ရား သ​ခင်​တည်း​ဟူ​သော ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ် ၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​ပေါ်​ထွန်း​မည့် မင်္ဂလာ​နေ့​မြတ်​ကို​စောင့်​မျှော်​ကာ ဘု​ရား​မဲ့ တ​ရား​မဲ့​ပြု​ကျင့်​ခြင်း​နှင့်​လော​က​ရမ္မက်​ဆန္ဒ တို့​ကို​စွန့်​ပစ်​ကြ​ရန်​လည်း​ကောင်း၊ ဣန္ဒြေ​စောင့် စည်း​ခြင်း၊ ရိုး​သား​ဖြောင့်​မတ်​ခြင်း​ဘု​ရား ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​ဖြင့်​ဤ​လော​က​၌ အ​သက်​ရှင်​ကြ​စေ​ရန်​လည်း​ကောင်း ထို ကျေး​ဇူး​တော်​က​ငါ​တို့​အား​ဆုံး​မ သွန်​သင်​လျက်​ရှိ​၏။-
TIT 2:14 ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။
TIT 2:15 သင်​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​သွန်​သင်​လော့။ အား​ပေး​တိုက်​တွန်း​ဆုံး​မ သွန်​သင်​သည့်​အ​ခါ​၌​သင်​၌​ရှိ​သ​မျှ​သော အ​ခွင့်​အာ​ဏာ​ကို​အ​သုံး​ပြု​လော့။ သင့်​အား အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။
TIT 3:1 တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။-
TIT 3:2 မည်​သူ့​အ​ကြောင်း​ကို​မျှ​မ​ကောင်း​မ​ပြော​ဘဲ ငြိမ်း​ချမ်း​ခင်​မင်​စွာ​နေ​ထိုင်​ကြ​စေ​ရန်​နှင့် အ​စဉ်​အ​မြဲ​လူ​ခပ်​သိမ်း​တို့​အား​သိမ်​မွေ့​စွာ ဆက်​ဆံ​ကြ​စေ​ရန်​သူ​တို့​အား​ပြော​ကြား လော့။-
TIT 3:3 အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။-
TIT 3:4 သို့​ရာ​တွင်​ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ၏​က​ရု​ဏာ​တော်​နှင့်​မေတ္တာ​တော်​ပေါ်​လွင်​ထင် ရှား​လာ​သော​အ​ခါ၊-
TIT 3:5 ငါ​တို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပေ သည်။ ဤ​သို့​ကယ်​တင်​ခြင်း​ခံ​ရ​သည်​မှာ​ငါ တို့​ကိုယ်​တိုင်​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်။ ကိုယ်​တော်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​နှင့်​အ​ညီ​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​အား​ဖြင့် ငါ​တို့​အား​အ​သစ်​သော​မွေး ခြင်း​နှင့်​ဘ​ဝ​သစ်​ကို​ဆေး​ကြော​ခြင်း​ဖြင့် ပေး​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
TIT 3:6 ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏​ကယ်​တင်​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ငါ​တို့​အ​ပေါ်​သို့​ကြွယ်​ဝ​စွာ​သွန်း လောင်း​တော်​မူ​၏။-
TIT 3:7 ယင်း​သို့​ပြု​တော်​မူ​ခြင်း​မှာ​ငါ​တို့​သည်​ကျေး​ဇူး တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​မှု​ကို​ရ​ရှိ​ကာ ငါ​တို့​မျှော်​လင့်​တောင့်​တ​သည့် ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​ရ​ကြ​စေ​ရန်​ပင် ဖြစ်​ပေ​သည်။-
TIT 3:8 ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည်​ကောင်း မြတ်​သော​အ​ကျင့်၊ လူ​အ​ပေါင်း​တို့​အား​အ​ကျိုး ပြု​သော​အ​ကျင့်​များ​၌​မွေ့​လျော်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကို​အ​ထူး​ဂ​ရု​ပြု​၍​နှိုး​ဆော်​တိုက်​တွန်း​လော့။-
TIT 3:9 သို့​ရာ​တွင်​အ​ကျိုး​မဲ့​ငြင်း​ခုံ​ခြင်း၊ ရှည်​လျား သော​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ပြု​လုပ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ ပ​ညတ်​တရား​နှင့်​ပတ်​သက်​၍ အ​ငြင်း​ပွား​ခြင်း​တို့​ကို​ရှောင်​ကြဉ်​လော့။ ထို​သို့ ပြု​မူ​ခြင်း​များ​သည်​မည်​သို့​မျှ​အ​သုံး​မ​ဝင်၊ အ​ကျိုး​လည်း​မ​ရှိ။-
TIT 3:10 စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ​ကို​ဖြစ်​စေ​သော​သူ​အား အ​နည်း​ဆုံး​နှစ်​ကြိမ်​သ​တိ​ပေး​ပြီး​နောက်​သူ နှင့်​ထပ်​မံ​၍​မည်​သို့​မျှ​မ​ဆက်​ဆံ​နှင့်။-
TIT 3:11 ထို​သို့​သော​သူ​သည်​ဖောက်​ပြန်​သော​သူ​ဖြစ် ကြောင်း​သင်​သိ​၏။ ထို​သူ့​အ​ပြစ်​သည်​သူ​အ​ပြစ် ရှိ​ကြောင်း​ကို​သက်​သေ​ထူ​လျက်​ရှိ​ပေ​သည်။
TIT 3:12 အာ​တေ​မ​ကို​ဖြစ်​စေ၊ တု​ခိတ်​ကို​ဖြစ်​စေ​သင့်​ထံ သို့​ငါ​စေ​လွှတ်​လိုက်​သော​အ​ခါ ငါ​ရှိ​ရာ​နိကော ပလိ​မြို့​သို့​အ​စွမ်း​ကုန်​ကြိုး​စား​၍​လာ​ခဲ့​လော့။ ထို​မြို့​တွင်​ဆောင်း​ရာ​သီ​အ​တွင်း​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ပြီး​ဖြစ်​၏။-
TIT 3:13 ရှေ့​နေ​ဖြစ်​သူ​ဇေ​န​နှင့်​အာ​ပေါ​လု​တို့​ခရီး​ပြု နိုင်​ရန်​အ​တွက်​အ​စွမ်း​ကုန်​ကူ​ညီ​ဆောင်​ရွက် ပေး​လော့။ သူ​တို့​တွင်​လို​လေ​သေး​မ​ရှိ​ရ အောင်​လည်း​ကူ​ညီ​လိုက်​ပါ။-
TIT 3:14 စား​ဝတ်​နေ​ရေး​အ​တွက်​အ​မှန်​တ​ကယ်​လို​အပ် သည်​တို့​ကို​ရ​ရှိ​နိုင်​ရန် ငါ​တို့​၏​လူ​စု​သည် ကောင်း​သော​အ​သက်​မွေး​မှု​ကို​ပြု​ကြ​ရန်​သွန် သင်​လော့။ မိ​မိ​တို့​၏​လုပ်​အား​ကို​အ​ချည်း​နှီး မ​ဖြစ်​စေ​ရ​ကြ။
TIT 3:15 ငါ​နှင့်​အ​တူ​နေ​သူ​အ​ပေါင်း​တို့​က​သင့်​အား နှုတ်​ဆက်​လိုက်​၏။ ယုံ​ကြည်​ခြင်း​တ​ရား​၌​ငါ တို့​၏​မိတ်​ဆွေ​များ​အား​နှုတ်​ဆက်​လော့။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​တု​သြ​ဝါ​ဒ​စာ​ပြီး​၏။
PHM 1:1 ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ထမ်း​ရွက် သည့်​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ ငါ တို့​ချစ်​သော​လုပ်​ဖော်​ဆောင်​ဘက်​ဖိ​လေ​မုန်​ထံ သို့​လည်း​ကောင်း၊-
PHM 1:2 ငါ​တို့​နှ​မ​အပ္ပိ၊ ငါ​တို့​၏​ရဲ​ဘော်​စစ်​သည်​တော် အာ​ခိပ္ပု​နှင့် သင်​၏​အိမ်​တွင်​စု​ဝေး​သည့်​အ​သင်း တော်​ဝင်​တို့​ထံ​သို့​လည်း​ကောင်း​စာ​ရေး​လိုက် ပါ​သည်။
PHM 1:3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ထံ​တော်​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို သင်​တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ သော။
PHM 1:4 ငါ့​ညီ​ဖိ​လေ​မုန်၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​အား​သင်​ချစ်​ခင်​ပုံ၊ သ​ခင်​ယေ​ရှု​ကို သင်​ယုံ​ကြည်​ပုံ​ကို​ကြား​သိ​ရ​သ​ဖြင့် ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင့်​ကို အ​ကြောင်း​ပြု​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-
PHM 1:6 ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော​သင်​နှင့်​ငါ​တို့ သည် အ​ချင်း​ချင်း​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​အား ဖြင့် ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ငါ​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂလာ​အ​ပေါင်း ကို​ပို​မို​နက်​နဲ​စွာ​သိ​ရှိ​နား​လည်​နိုင်​ကြ​ရန် ငါ​ဆု​တောင်း​၏။-
PHM 1:7 ငါ့​ညီ၊ သင်​၏​မေတ္တာ​သည်​ငါ့​အား​အ​လွန်​ဝမ်း မြောက်​စေ​၍​များ​စွာ​အား​တက်​စေ​၏။ သင်​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ အား​စိတ်​ရွှင်​လန်း​စေ​လေ​ပြီ။
PHM 1:8 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​၌​ညီ အစ်​ကို​ချင်း​အ​နေ​ဖြင့် သင်​ပြု​သင့်​သည့်​အ​မှု အ​ရာ​ကို​ပြု​ရန်​အ​မိန့်​ပေး​နိုင်​ခွင့်​ရှိ​သည်​ဟု ယုံ​ကြည်​သော်​လည်း ငါ​သည်​သင့်​ကို​ချစ်​သော ကြောင့်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။ ခ​ရစ်​တော် ယေ​ရှု​၏​သံ​တ​မန်​ဖြစ်​သူ၊ ယ​ခု​အ​ခါ​ခ​ရစ် တော်​ယေ​ရှု​အ​တွက်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ ပေါ​လု​သည်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။-
PHM 1:10 ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​၌​ခ​ရစ် တော်​၌ ငါ​၏​သား​ဖြစ်​လာ​သူ​သြ​နေ​သိမ်​အ​တွက် မေတ္တာ​ရပ်​ခံ​ပါ​၏။-
PHM 1:11 သူ​သည်​ယ​ခင်​က​သင့်​အ​တွက်​အ​သုံး​မ​ဝင်​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သင်​၏​အ​တွက်​နှင့်​ငါ​၏ အ​တွက်​ပါ​အ​သုံး​ဝင်​လာ​လေ​ပြီ။-
PHM 1:12 ငါ​သည်​ငါ​၏​ရင်​သွေး​ကို​သင်​၏​ထံ​သို့​ပြန်​၍ စေ​လွှတ်​လိုက်​ပါ​၏။-
PHM 1:13 ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။-
PHM 1:14 သို့​ရာ​တွင်​သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ရ​ရှိ ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​ငါ​မ​ပြု​လို​ပါ။ ငါ့​ကို ကူ​ညီ​မ​စ​စေ​ရန်​သင့်​အား​အ​နိုင်​အ​ထက် မ​ပြု​လို​ပါ။ သင်​၏​စေ​တ​နာ​အ​လျောက်​သာ လျှင်​မ​စ​စေ​လို​ပါ​၏။
PHM 1:15 သြ​နေ​သိမ်​သည်​သင်​နှင့်​အ​စဉ်​ပြန်​လည်​နေ​ထိုင် နိုင်​ရန် သင်​နှင့်​ခေတ္တ​မျှ​ခွဲ​ခွာ​ရ​ခြင်း​ဖြစ်​တန်​ရာ​၏။-
PHM 1:16 ယ​ခု​အ​ခါ​သူ​သည်​ကျွန်​မျှ​သာ​မ​ဟုတ်​တော့​ဘဲ ခ​ရစ်​တော်​၌​ချစ်​သော​ညီ​အစ်​ကို​ဖြစ်​လာ​ပေ​ပြီ။ သူ​သည်​ငါ​၏​အ​တွက်​အ​လွန်​တန်​ဖိုး​ရှိ​ပေ​သည်။ သို့​ရာ​တွင်​သင်​၏​အ​တွက်​ကျွန်​အ​နေ​နှင့်​လည်း ကောင်း၊ သ​ခင်​ဘု​ရား​၌​ညီ​အစ်​ကို​အ​နေ​နှင့် လည်း​ကောင်း​များ​စွာ​ပို​၍​ပင်​တန်​ဖိုး​ရှိ​မည်။
PHM 1:17 သို့​ဖြစ်​၍​သင်​သည်​ငါ့​အား​မိ​မိ​၏​လုပ်​ဖော် ဆောင်​ဘက်​အ​နေ​ဖြင့် ကြို​ဆို​လက်​ခံ​သ​ကဲ့ သို့​သူ့​အား​ကြို​ဆို​လက်​ခံ​ပါ​လော့။-
PHM 1:18 အ​ကယ်​၍​သူ​သည်​သင့်​အား​တစ်​စုံ​တစ်​ရာ ပြစ်​မှား​မိ​ခဲ့​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ ပေး​ဆပ်​စ​ရာ​ရှိ​ခဲ့​သော်​လည်း​ကောင်း ငါ တာ​ဝန်​ယူ​ပါ​မည်။-
PHM 1:19 ``ငါ​ပေါ​လု​သည်​ထို​အ​ကြွေး​ကို ပေး​ဆပ်​ပါ မည်'' ဟူ​၍ ငါ​ကိုယ်​တိုင်​လက်​မှတ်​ရေး​ထိုး​ပါ​၏။ (သင့်​ကိုယ်​တိုင်​ပင်​လျှင် သင်​၏​ဘ​ဝ​သစ်​အ​တွက် ငါ့​အား​ပေး​ဆပ်​စ​ရာ​ရှိ​ကြောင်း ဖော်​ပြ​ရန် မ​လို​ပါ။-)
PHM 1:20 သို့​ဖြစ်​၍​ငါ့​ညီ၊ သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော် ကို​ထောက်​၍​ငါ့​အား​ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ် တော်​၌​ညီ​အစ်​ကို​အ​နေ​ဖြင့်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​ပါ​လော့။
PHM 1:21 သင်​သည်​ငါ​မေတ္တာ​ရပ်​ခံ​သည့်​အ​တိုင်း​ပြု​လုပ် လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​လျက် ဤ​စာ​ကို​ရေး လိုက်​၏။ အ​မှန်​စင်​စစ်​ထို​ထက်​ပင်​ပို​၍​ပြု​လုပ် လိမ့်​မည်​ကို​ငါ​သိ​ပါ​၏။-
PHM 1:22 ထို့​အ​ပြင်​ငါ​တည်း​ခို​ရန်​အ​ခန်း​တစ်​ခု​ကို အ​သင့်​ပြင်​ထား​ပါ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည်​သင်​တို့​အ​ပေါင်း​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ငါ့ အား​သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​စေ​တော် မူ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​သော​ကြောင့်​ဖြစ်​၏။
PHM 1:23 ခ​ရစ်​တော်​ယေ​ရှု​အ​တွက်​ကြောင့်​ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သူ​ဧ​ပ​ဖြ​က​လည်း​ကောင်း၊-
PHM 1:24 ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ​ဖြစ်​ကြ​သည့် မာ​ကု၊ အာ​ရိတ္တ​ခု၊ ဒေ​မ​နှင့်​လု​ကာ​တို့​က လည်း​ကောင်း​သင့်​ကို​နှုတ်​ဆက်​ကြ​၏။-
PHM 1:25 သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​ကို​သင် တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သော။ ဖိ​လေ​မုန်​သြ​ဝါ​ဒ​စာ​ပြီး​၏။
HEB 1:1 အ​တိတ်​ကာ​လ​၌​ဘု​ရား​သ​ခင်​သည်​ငါ​တို့ ဘိုး​ဘေး​တို့​အား​အ​ကြိမ်​ပေါင်း​များ​စွာ နည်း အ​မျိုး​မျိုး​ဖြင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
HEB 1:2 သို့​ရာ​တွင်​ဤ​နောက်​ဆုံး​သော​ကာ​လ​၌ သား​တော်​အား​ဖြင့်​ငါ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်။ သား​တော်​အား​ဖြင့်​စ​ကြ ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ​၍ နောက်​ဆုံး​၌ အ​လုံး​စုံ​ကို​ပိုင်​သ​စေ​ရန်​သား​တော်​ကို ခန့်​ထား​တော်​မူ​သည်။-
HEB 1:3 သား​တော်​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ နှင့်​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​၏။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​၏​ဇာ​တိ​အ​ဖြစ်​တော်​တိ​ကျ မှန်​ကန်​သော​ပုံ​သဏ္ဌာန်​ဖြစ်​လျက် မိ​မိ​၏​တန်​ခိုး နှင့်​ပြည့်​စုံ​သော​အ​မိန့်​တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ ကို​တည်​နေ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​သား တို့​အား​အ​ပြစ်​များ​မှ​ပြေ​လွတ်​စေ​ရန်​ဆောင် ရွက်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​ဘုံ​တွင်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​၌​ထိုင်​တော်​မူ​၏။
HEB 1:4 သား​တော်​အား​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ သော​ဘွဲ့​နာ​မ​တော်​သည် ကောင်း​ကင်​တ​မန်​တို့​၏ အ​မည်​နာ​မ​ထက်​ကြီး​မြတ်​တော်​မူ​သည်​နည်း​တူ သား​တော်​သည်​ကောင်း​ကင်​တ​မန်​များ​ထက်​သာ လွန်​ကြီး​မြတ်​တော်​မူ​ပေ​သည်။-
HEB 1:5 ဘု​ရား​သ​ခင်​က​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​သော်​လည်း​ကောင်း၊ အ​ဘယ်​ကောင်း​ကင်​တ​မန်​နှင့်​မျှ​ပတ်​သက်​၍ ``ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​မည်။ သူ​သည်​လည်း​ငါ​၏​သား​ဖြစ်​ရ​လိမ့်​မည်'' ဟူ​၍​သော်​လည်း​ကောင်း မိန့်​မြွက်​တော်​မူ​ခဲ့​ဖူး​သည်​မ​ရှိ။-
HEB 1:6 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​ဦး​ကို လော​က​သို့​စေ​လွှတ်​တော်​မူ​မည်​ပြု​သော​အ​ခါ ``ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့ သည် ထို​သူ​အား​ရှိ​ခိုး​ဝတ်​ပြု​ရကြ​မည်'' ဟု​မိန့်​တော်​မူ​၏။-
HEB 1:7 ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ​၌ ``ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို လေ​ကဲ့​သို့​ဖြစ်​စေ​တော်​မူ​၏။ မိ​မိ​၏​အ​စေ​ခံ​များ​ကို​မီး​လျှံ​ကဲ့​သို့​ဖြစ်​စေ တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။-
HEB 1:8 သို့​ရာ​တွင်​သား​တော်​အား​မိန့်​တော်​မူ​သော အ​ခါ​၌​ကိုယ်​တော်​က၊ ``အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည် ကာ​လ​အ​စဉ်​တည်​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​ပါ​၏။
HEB 1:9 ကိုယ်​တော်​သည်​အ​မှန်​ကို​နှစ်​သက်​တော်​မူ​၍ အ​မှား​ကို​မုန်း​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​၏​ဘု​ရား​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​အား​ရွေး​ချယ်​၍​ကိုယ်​တော်​၏ အ​ပေါင်း​အ​ဖော်​တို့​ထက်​ပို​မို​ချီး​မြှင့်​ကာ ရွှင်​လန်း​ဝမ်း​မြောက်​ခွင့်​ကို​ပေး​တော်​မူ​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။-
HEB 1:10 ထို​နောက်​ကိုယ်​တော်​က၊ ``အို ထာ​ဝ​ရ​ဘု​ရား​ရှင်၊ကိုယ်​တော်​သည်​အ​စ မူ​လ​က ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​တိုင်​လက်​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။
HEB 1:11 ထို​အ​ရာ​တို့​သည်​ယို​ယွင်း​ပျက်​စီး​သွား ကြ​မည်​ဖြစ်​သော်​လည်း၊ ကိုယ်​တော်​ရှင်​မူ​ကား​အ​မြဲ​တည်​တော်​မူ​ပါ​၏။ ထို​အ​ရာ​အား​လုံး​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​ကြ​လိမ့်​မည်။
HEB 1:12 ကိုယ်​တော်​ရှင်​သည်​ဝတ်​လုံ​အင်္ကျီ​ကို​လိပ်​သ​ကဲ့​သို့ ထို​အ​ရာ​များ​ကို​လိပ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရာ​များ​သည်​အ​ဝတ်​အ​ထည်​များ​ကဲ့​သို့ ပြောင်း​လဲ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​မူ​ကား​ပြောင်း​လဲ​တော် မ​မူ​ပါ။ အ​သက်​တော်​သည်​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​မိန့်​တော်​မူ​၏။
HEB 1:13 ဘု​ရား​သ​ခင်​က၊ ``သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​မ​ရောက်​စေ​မီ​ကာ​လ​အ​တွင်း၊ ငါ​၏​လက်ယာ​ဘက်​တွင်​ထိုင်​နေ​လော့'' ဟု​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ​မိန့်​တော် မ​မူ​ခဲ့​ဘူး​ပါ။
HEB 1:14 ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။
HEB 2:1 ထို့​ကြောင့်​လမ်း​မှား​တိမ်း​ချော်​မှု​မ​ဖြစ်​ကြ​စေ ရန် ငါ​တို့​သည်​ကြား​နာ​ခဲ့​ရ​သည့်​သမ္မာ​တ​ရား ကို​ပို​မို​၍​ပင်​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား​ရ​မည်။-
HEB 2:2 ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သော​တ​ရား​တော်​သည်​မှန်​ကန်​သော တ​ရား​တော်​ဖြစ်​သ​ဖြင့် ထို​တ​ရား​တော်​ကို မ​လိုက်​လျှောက်၊ မ​နာ​ခံ​သူ​မှန်​သ​မျှ​သည် ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ကြ​ရ​သည်​မှန်​ပါ​က၊-
HEB 2:3 ဤ​မျှ​ထူး​မြတ်​သည့်​ကယ်​တင်​ခြင်း​တ​ရား တော်​ကို​ငါ​တို့​ဂ​ရု​မ​စိုက်​ဘဲ​နေ​ကြ​ပါ​မူ အ​ဘယ်​သို့​လျှင်​ငါ​တို့​သည်​အ​ပြစ်​ဒဏ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။ ထို​ကယ်​တင်​ခြင်း​တ​ရား​တော်​ကို​သ​ခင် ဘု​ရား​ကိုယ်​တော်​တိုင် ဦး​စွာ​ပ​ထ​မ​ဟော ကြား​တော်​မူ​၍​ကြား​နာ​ရ​သူ​တို့​က​ငါ တို့​အား ထို​တ​ရား​တော်​မှန်​ကန်​ကြောင်း​ကို သက်​သေ​ပြ​ခဲ့​ကြ​၏။-
HEB 2:4 တစ်​ချိန်​တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​သည် နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​သြ​ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သော​တန်​ခိုး​အ​မျိုး​မျိုး​တို့​ကို ပြ​တော်​မူ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​မိ​မိ​အ​လို​တော် အ​တိုင်း ဆု​ကျေး​ဇူး​များ​ကို​ဝေ​ငှ​တော်​မူ ခြင်း​အား​ဖြင့်​လည်း​ကောင်း​ထပ်​လောင်း သက်​သေ​ပြ​တော်​မူ​၏။
HEB 2:5 ငါ​တို့​ပြော​ဆို​သော​နောင်​အ​ခါ​တည်​ရှိ​မည့် ကမ္ဘာ​သစ်​ကို​အုပ်​စိုး​ရန်​ကောင်း​ကင်​တ​မန် များ​အား​ပေး​အပ်​တော်​မ​မူ။-
HEB 2:6 ကျမ်း​စာ​တော်​တစ်​နေ​ရာ​တွင်၊ ``လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍​ကိုယ်​တော် သည် သူ့​အား​သ​တိ​ရ​တော်​မူ​ပါ​သ​နည်း။ သာ​မန်​လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည်​သူ့​အား​ဂ​ရု​ပြု​တော်​မူ​ရ​ပါ သ​နည်း။
HEB 2:7 ကိုယ်​တော်​သည်​သူ့​အား​ကာ​လ​အ​နည်း​ငယ်​မျှ ကောင်း​ကင်​တ​မန်​တို့​ထက်​နိမ့်​ကျ​စေ​တော်​မူ​၍ ဘုန်း​အ​သ​ရေ၊ဂုဏ်​ကျက်​သ​ရေ​နှင့် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။
HEB 2:8 ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​ပါ​၏'' ဟု​ဖော်​ပြ​ထား​၏။ ကျမ်း​စာ​တော်​က`ခပ် သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​၏' ဟု​ဆို​ရာ​၌​လူ​၏​စိုး​မိုး​ခြင်း​ကို မ​ခံ​ရ သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟူ​၍​ဆို လို​သ​တည်း။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ လူ သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ရ ကြောင်း ငါ​တို့​မ​တွေ့​မ​မြင်​ကြ​ရ​ပေ။-
HEB 2:9 သို့​သော်​ငါ​တို့​တွေ့​မြင်​ကြ​ရ​သူ​ကား ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ​အ​ပေါင်း တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​နိုင်​ရန် ကာ​လ​အ​နည်း​ငယ်​မျှ ကောင်း​ကင်​တ​မန်​များ ထက်​နှိမ့်​ချ​မှု​ကို​ခံ​ရ​သည့်​သ​ခင်​ယေ​ရှု​ပင် ဖြစ်​တော်​မူ​၏။ ထို​အ​ရှင်​သည် မိ​မိ​အ​သေ​ခံ တော်​မူ​ခဲ့​သည့်​အ​တွက်​ဘုန်း​အ​သ​ရေ၊ ဂုဏ် အ​သ​ရေ​နှင့်​ပြည့်​ဝ​လျက်​ရှိ​တော်​မူ​သည် ကို ယ​ခု​အ​ခါ​ငါ​တို့​တွေ့​မြင်​ကြ​ရ​၏။-
HEB 2:10 ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​ပြု​ပြင် ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော​ဘု​ရား သ​ခင်​သည် မိ​မိ​၏​သား​အ​မြောက်​အ​မြား တို့​အား​ဘုန်း​အ​သ​ရေ​တော်​ဝင်​စား​ခွင့်​ပေး တော်​မူ​နိုင်​ရန် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​စေ​ခြင်း​အား ဖြင့် သ​ခင်​ယေ​ရှု​အား​ပြည့်​ဝ​စုံ​လင်​စေ​တော် မူ​၏။ ဤ​သို့​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သည်​မှာ လျော်​ကန်​သင့်​မြတ်​လှ​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကယ်​တင်​ခြင်း​ရ​ရှိ​ကြ​စေ ရန် ထို​သူ​တို့​အား​ပို့​ဆောင်​သူ​မှာ​သ​ခင် ယေ​ရှု​ပင်​ဖြစ်​သော​ကြောင့်​တည်း။
HEB 2:11 သ​ခင်​ယေ​ရှု​သည်​လူ​တို့​အား​အ​ပြစ်​များ​မှ သန့်​စင်​စေ​တော်​မူ​၏။ ကိုယ်​တော်​နှင့်​ကိုယ်​တော် သန့်​စင်​စေ​တော်​မူ​သော​သူ​တို့​တွင် အ​ဖ​တစ်​ဦး တည်း​ရှိ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​သူ​တို့​အား မိ​မိ​၏​ညီ​များ​ဟု​ခေါ်​ဆို​ရန်​ရှက်​တော်​မ​မူ။-
HEB 2:12 သ​ခင်​ယေ​ရှု​က၊ ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​တို့​အား​ပြော​ကြား​ပါ​မည်။ သူ​တို့​၏​အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​မည်'' ဟု​ဘု​ရား​သ​ခင်​အား​မိန့်​တော်​မူ​၏။-
HEB 2:13 တစ်​ဖန်​တုံ​ကိုယ်​တော်​က``ငါ​သည်​ဘု​ရား​သ​ခင် ကို​ကိုး​စား​မည်'' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် တစ်​ဖန်``ငါ​သည်​မိ​မိ​အား ဘု​ရား​သ​ခင်​ပေး အပ်​ထား​သည့်​သား​သ​မီး​များ​နှင့်​အ​တူ ရှိ​၏'' ဟူ​၍​လည်း​ကောင်း​မိန့်​တော်​မူ​ပေ​သည်။
HEB 2:14 ထို​သား​သ​မီး​များ​သည်​အ​သွေး​အ​သား​ရှိ သူ​များ​ဖြစ်​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ထို သူ​တို့​နည်း​တူ​အ​သွေး​အ​သား​ရှိ​သူ​အ​ဖြစ် ကို​ခံ​ယူ​တော်​မူ​၏။ ယင်း​သို့​ခံ​ယူ​တော်​မူ​ခြင်း မှာ သေ​ခြင်း​ကို​အ​စိုး​ရ​သည့်​မာရ်​နတ်​၏ တန်​ခိုး​ကို​ချိုး​နှိမ်​ပစ်​ရန်​ပင်​ဖြစ်​၏။-
HEB 2:15 ဤ​နည်း​အား​ဖြင့်​သေ​ဘေး​ကို​ကြောက်​သ​ဖြင့် တစ်​သက်​လုံး​ကျွန်​ခံ​လျက်​နေ​ကြ​ရ​သော သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပေ​သည်။-
HEB 2:16 ကိုယ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​အား ကူ​ညီ​မ​စ​တော်​မူ​သည်​မ​ဟုတ်။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ထား​သည်​အ​တိုင်း အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ကူ​ညီ​မ​စ​တော်​မူ ကြောင်း​ကို​သိ​သာ​ထင်​ရှား​ပေ​သည်။-
HEB 2:17 ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။-
HEB 2:18 ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​တိုင်​ဆင်း​ရဲ​ဒုက္ခ​နှင့် စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ခဲ့​ရ​သ​ဖြင့် စုံ စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သူ​တို့​အား​ကူ​ညီ မ​စ​ခြင်း​ငှာ​တတ်​နိုင်​တော်​မူ​သည်။
HEB 3:1 ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော်​မူ​ခြင်း ကို ခံ​ရ​သော​သန့်​ရှင်း​သူ​ညီ​အစ်​ကို​တို့၊ သ​ခင် ယေ​ရှု​အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ လော့။ ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​ဆိုင်​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​တော်​မူ​စေ​ရန် ကိုယ် တော်​အား​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။-
HEB 3:2 မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​၌​မိ​မိ ထမ်း​ဆောင်​ရ​မည့်​အ​လုပ်​တွင် သစ္စာ​စောင့်​သ​ကဲ့ သို့​သ​ခင်​ယေ​ရှု​သည်​လည်း​မိ​မိ​အား ဤ​အ​လုပ် တာ​ဝန်​ကို​ပေး​အပ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား​သစ္စာ​စောင့်​တော်​မူ​၏။-
HEB 3:3 အိမ်​တစ်​ဆောင်​ကို​တည်​ဆောက်​သူ​သည် အိမ်​ထက် ပို​၍​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို​ခံ​ထိုက်​သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​သည်​လည်း မော​ရှေ​ထက်​ပို​၍​ချီး မြှင့်​ခြင်း​ကို​ခံ​ထိုက်​ပေ​သည်။-
HEB 3:4 အိမ်​မည်​သည်​ကား​တည်​ဆောက်​သူ​တစ်​ဦး​ရှိ မြဲ​ပင်​ဖြစ်​၏။ အ​ရာ​ခပ်​သိမ်း​ကို​တည်​ဆောက် သူ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။-
HEB 3:5 မော​ရှေ​သည်​အ​စေ​ခံ​အ​နေ​ဖြင့်​ဘု​ရား သ​ခင်​၏​အိမ်​တော်​တွင်​သစ္စာ​စောင့်​လျက် အ​နာ ဂတ်​ကာ​လ​၌​ကိုယ်​တော်​မိန့်​ကြား​တော်​မူ မည့်​အ​ရာ​များ​ကို​ပြော​ကြား​ပေ​သည်။-
HEB 3:6 ခ​ရစ်​တော်​မူ​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော် ကို​အ​စိုး​ရ​သော​သား​တော်​အ​နေ​ဖြင့် သစ္စာ စောင့်​တော်​မူ​သ​တည်း။ ငါ​တို့​သည်​ရဲ​စွမ်း သတ္တိ​ရှိ​၍​မိ​မိ​တို့​မျှော်​လင့်​သည့်​အ​ရာ​ကို ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ပါ​လျှင်​ငါ​တို့​သည် ကိုယ်​တော်​၏​အိမ်​တော်​ဖြစ်​ကြ​၏။
HEB 3:7 သို့​ဖြစ်​၍​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​သည်။ ``ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ယ​နေ့​ကြား လျှင်
HEB 3:8 ခေါင်း​မ​မာ​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​သည် ကိုယ်​တော်​အား​ပုန်​ကန်​၍ တော​ကန္တာ​ရ​တွင်​ကိုယ်​တော်​ကို​အ​ကဲ​စမ်း​ကြ​၏။ သူ​တို့​ခေါင်း​မာ​ကြ​သ​ကဲ့​သို့​သင်​တို့​ခေါင်း မ​မာ​ကြ​နှင့်။
HEB 3:9 သင်​တို့​ဘိုး​ဘေး​များ​သည်​အ​နှစ်​လေး​ဆယ်​တိုင် တိုင် ငါ​ပြု​တော်​မူ​သော​အ​မှု​ကို​တွေ့​မြင်​ခဲ့​သော်​လည်း ငါ့​ကို​ဆန့်​ကျင်​၍​အ​ကဲ​စမ်း​ကြ​၏။
HEB 3:10 သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက် သြဖင့် `သူ​တို့​သည်​အ​စဉ်​သစ္စာ​ဖောက်​ကြ​၏။ ငါ​၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ' ဟု ငါ​ဆို​၏။
HEB 3:11 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်`သူ​တို့​သည် အ​ဘယ်​အ​ခါ​၌​မျှ ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ခံ​စား​ရန်၊ြုပည်​တော်​သို့ ဝင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​ငါ​ကျိန်​ဆို​ခဲ့​၏။''
HEB 3:12 ယုံ​ကြည်​သူ​ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​ကျော​ခိုင်း​သွား​သည် တိုင်​အောင် ဆိုး​ညစ်​ယုံ​မှား​တတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​သင်​တို့​တွင်​မ​ရှိ​စေ​ရန်​သ​တိ​ပြု ကြ​လော့။-
HEB 3:13 သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​၏​လှည့်​စား​မှု​ကို ခံ​ရ​ကာ​ခေါင်း​မ​မာ​ကြ​စေ​ရန် ကျမ်း​စာ​တွင် ဖော်​ပြ​သည့်`ယ​နေ့' ဟူ​သော​စ​ကား​ရပ်​သည် ငါ​တို့​နှင့်​ဆိုင်​သ​မျှ​ကာ​လ​ပတ်​လုံး​နေ့​စဉ် နေ့​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​ကူ​ညီ​မ​စ​ရ​မည်။-
HEB 3:14 ငါ​တို့​သည်​အ​စ​က​ကဲ့​သို့​အ​ဆုံး​တိုင်​အောင် ခိုင်​မြဲ​စွာ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​နှင့်​အ​တူ​တွဲ​ဖက်​လုပ်​ဆောင်​သူ များ​ဖြစ်​ကြ​၏။
HEB 3:15 ကျမ်း​စာ​တော်​က၊ ``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင် ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များ ပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​ဖော်​ပြ​ပေ​သည်။-
HEB 3:16 ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ကြား​ကြ​ပြီး မှ ကိုယ်​တော်​ကို​ပုန်​ကန်​ကြ​သူ​များ​ကား​အ​ဘယ် သူ​တို့​နည်း။ ထို​သူ​တို့​ကား​အီ​ဂျစ်​ပြည်​မှ မော​ရှေ ထုတ်​ဆောင်​လာ​သော​သူ​အ​ပေါင်း​တို့​ဖြစ်​ပေ သည်။-
HEB 3:17 နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင် ဘု​ရား​သ​ခင်​၏ အ​မျက်​တော်​ရှ​ခြင်း​ကို​ခံ​ရ​သူ​တို့​ကား အ​ဘယ်​သူ​များ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ပြု သ​ဖြင့် တော​ကန္တာ​ရ​တွင်​လဲ​၍​သေ​ဆုံး​သူ များ​ဖြစ်​၏။-
HEB 3:18 ``သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန် ပြည်​တော်​သို့​ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ ငါ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​ဘယ်​သူ​တို့ ကို​ရည်​ညွှန်း​၍​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ပါ​သ​နည်း။ ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​သူ​များ​ကို​ရည်​ညွှန်း​ခြင်း​ပင် မ​ဟုတ်​လော။-
HEB 3:19 သို့​ဖြစ်​၍​သူ​တို့​သည်​မ​ယုံ​ကြည်​သော ကြောင့် ပြည်​တော်​သို့​မ​ဝင်​နိုင်​သည်​ကို​ငါ တို့​သိ​ကြ​၏။
HEB 4:1 ငြိမ်​ဝပ်​ချမ်း​သာ​ခံ​စား​ခွင့်​ကို​ငါ​တို့​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဟု​က​တိ တော်​ရှိ​၏။ သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက် မျှ ယင်း​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​လက်​မ​လွတ် စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
HEB 4:2 ငါ​တို့​သည်​ရှေး​ခေတ်​လူ​တို့​နည်း​တူ​သ​တင်း ကောင်း​ကို​ကြား​ကြ​ရ​၏။ သို့​ရာ​တွင်​ထို​သူ တို့​ကြား​ရ​သည့်​သ​တင်း​ကောင်း​သည် သူ​တို့ အ​တွက်​အ​ကျိုး​မ​ရှိ​ချေ။ အ​ဘယ်​ကြောင့် ဆို​သော် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား ရ​သော်​လည်း ယုံ​ကြည်​ခြင်း​ဖြင့်​လက်​မ​ခံ ကြ​သော​ကြောင့်​ဖြစ်​၏။-
HEB 4:3 သို့​ဖြစ်​၍​ယုံ​ကြည်​သူ​ငါ​တို့​သည် ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ ချမ်း​သာ​ကို​ရ​ရှိ​ကြ​ပေ​သည်။ ``ငါ​သည်​အ​မျက်​ထွက်​၍​ကျိန်​ဆို​လျက် ထို​သူ​တို့​အား ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ​ရန်​ပြည်​တော်​သို့ ဝင်​ခွင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ပင်​ဖြစ်​၏။ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍ ကိုယ်​တော်​သည်​မိ​မိ​လုပ်​ဆောင်​ရန်​အ​မှု ကိစ္စ​များ​ပြီး​ဆုံး​သွား​သော်​လည်း​ဤ​စ​ကား ကို​မိန့်​တော်​မူ​ပေ​သည်။-
HEB 4:4 ကျမ်း​စာ​တော်​တွင်​ခု​နစ်​ရက်​မြောက်​သော နေ့​နှင့်​ပတ်​သက်​၍``ဘု​ရား​သ​ခင်​သည်​သတ္တ​မ နေ့​၌ မိ​မိ​ပြု​စ​ရာ​ရှိ​သ​မျှ​သော​အ​မှု​ကိစ္စ များ​ပြီး​စီး​၍ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏။'' ဟု ဖော်​ပြ​ပါ​ရှိ​၏။-
HEB 4:5 တစ်​ဖန်​ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက် ၍``ထို​သူ​တို့​သည်​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ရ​ရှိ ရန် ပြည်​တော်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဝင် ကြ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-
HEB 4:6 သ​တင်း​ကောင်း​ကို​ဦး​စွာ​ပ​ထ​မ​ကြား​ရ သူ​တို့​သည် ထို​သ​တင်း​ကောင်း​ကို​မ​ယုံ​ကြည် သ​ဖြင့် ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ခံ​စား​ခွင့်​မ​ရ ကြ။ သို့​ဖြစ်​၍​ထို​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို အ​ခြား​သူ​တို့​ရ​ရှိ​ကြ​ပေ​သည်။-
HEB 4:7 ယင်း​သို့​ရ​ရှိ​ကြ​ကြောင်း​ကို``ယ​နေ့'' ဟု နာ​မည်​တွင်​သော​နေ့​ရက်​တစ်​ရက်​ကို ဘု​ရား သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​အ​ချက်​က သက်​သေ​ပြ​၏။ ကိုယ်​တော်​သည်​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​ပြီး​သည့်​အ​တိုင်း နှစ်​ပေါင်း​များ စွာ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​မင်း​အား​ဖြင့် ထို​နေ့​ရက်​ကို​အ​ကြောင်း​ပြု​၍ ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို ယ​နေ့​ကြား​ရ​လျှင်​ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​သည်။
HEB 4:8 အ​ကယ်​၍​ယော​ရှု​ပေး​သည့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​မှာ ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ဖြစ်​ပါ​မူ ဘု​ရား​သ​ခင် သည်​အ​ခြား​နေ့​ရက်​တစ်​ရက်​အ​ကြောင်း​ကို မိန့်​ကြား​တော်​မူ​မည်​မ​ဟုတ်။-
HEB 4:9 သို့​ဖြစ်​၍​သတ္တ​မ​နေ့​၌​ဘု​ရား​သ​ခင်​ငြိမ် ဝပ်​စွာ​နေ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏ လူ​စု​တော်​အ​တွက်​ငြိမ်​ဝပ်​စွာ​နေ​ရန်​နေ့ ရက်​တစ်​ရက်​ရှိ​သေး​၏။-
HEB 4:10 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ သူ​သည် ဘု​ရား​သ​ခင်​နည်း​တူ​မိ​မိ​အ​လုပ်​မှ ငြိမ်​ဝပ်​စွာ​နေ​မည်​ဖြစ်​သော​ကြောင့်​တည်း။-
HEB 4:11 သို့​ဖြစ်​၍​မ​ယုံ​ကြည်​သ​ဖြင့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​ကို​မ​ရ​ရှိ​သော​သူ​တို့​ကဲ့​သို့ မည်​သူ​မျှ မ​ဖြစ်​စေ​ဘဲ​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ နိုင်​ရန်​ငါ​တို့​သည်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​စို့။
HEB 4:12 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်​သက်​ရှင် လှုပ်​ရှား​၍ သန်​လျက်​တ​ကာ​တို့​ထက်​ထက်​မြက် ၏။ အ​သက်​နှင့်​ဝိ​ညာဉ်​တွေ့​ဆုံ​ရာ​အ​ထိ​လည်း ကောင်း၊ အ​ရိုး​ဆစ်​နှင့်​ခြင်​ဆီ​တွေ့​ရာ​အ​ထိ လည်း​ကောင်း​ထုတ်​ချင်း​ခွင်း​တတ်​၏။ လူ​၏​စိတ် နှ​လုံး​အ​ကြံ​အ​စည်​နှင့်​လို​အင်​ဆန္ဒ​များ ကို​စစ်​ဆေး​တတ်​၏။-
HEB 4:13 ဘု​ရား​သ​ခင်​၏​မျက်​မှောက်​၌​မ​ထင်​ရှား​သော အ​ရာ​ဟူ​၍​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ။ ဖန်​ဆင်း တော်​မူ​သော​အ​ရာ​ခပ်​သိမ်း​သည်​မျက်​မှောက် တော်​၌​ထင်​ရှား​လျက်​ရှိ​၏။ ငါ​တို့​အား​လုံး သည်​မိ​မိ​တို့​ပြု​သ​မျှ​အ​တွက် ကိုယ်​တော်​၏ စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်​မည်။
HEB 4:14 သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​ဘာ​သာ​တ​ရား ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား​ကြ​ကုန်​အံ့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၌​ဘု​ရား​သ​ခင်​၏​သား တော်​သ​ခင်​ယေ​ရှု​တည်း​ဟူ​သော ကြီး​မြတ်​သည့် ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​၏။ ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ရှေ့ တော်​မှောက်​သို့​ကြွ​ဝင်​တော်​မူ​သည်။-
HEB 4:15 ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ငါ​တို့​၏ အား​နည်း​ချက်​များ​အ​တွက်​မ​ကြင်​နာ​နိုင်​သူ မ​ဟုတ်။ ငါ​တို့​နည်း​တူ​စုံ​စမ်း​သွေး​ဆောင်​ခြင်း အ​မျိုး​မျိုး​ကို​ခံ​ခဲ့​ရ​သူ​ဖြစ်​တော်​မူ​၏။ သို့ ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​တော်​မူ​၏။-
HEB 4:16 သို့​ဖြစ်​၍​ကူ​ညီ​ရန်​လို​အပ်​ချိန်​၌​က​ရု​ဏာ တော်​နှင့်​ကျေး​ဇူး​တော်​ကို​ခံ​စား​ခြင်း​ငှာ ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ကျေး​ဇူး​တော် ရှိ​ရာ​ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​သို့​တိုး​ဝင် ချဉ်း​ကပ်​ကြ​စို့။
HEB 5:1 ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ရန်​အ​တွက် လူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။-
HEB 5:2 သူ​ကိုယ်​တိုင်​၌​ပင်​လျှင်​အား​နည်း​ချက်​အ​မျိုး မျိုး​ရှိ​သ​ဖြင့် အ​သိ​ပ​ညာ​ကင်း​မဲ့​၍​မှား​ယွင်း သူ​တို့​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​နိုင်​၏။-
HEB 5:3 သူ​ကိုယ်​တိုင်​အား​နည်း​ချက်​ရှိ​သော​ကြောင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လူ​တို့​၏​အ​တွက် သာ​မ​က မိ​မိ​၏​အ​တွက်​လည်း​ဆက်​သ ရ​ပေ​သည်။-
HEB 5:4 အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အ​ဖြစ်​ဖြင့်​မ​ခန့်​ထား​နိုင်။ ဘု​ရား​သ​ခင် သည်​အာ​ရုန်​အား ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏​ရွေး ကောက်​ခန့်​ထား​ခြင်း​ခံ​ရ​မှ​သာ​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​ဖြစ်​နိုင်​ပေ​သည်။
HEB 5:5 ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ဂုဏ်​ပုဒ်​ကို မိ​မိ​အ​လို အ​လျောက်​ခံ​ယူ​တော်​မူ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​က​ကိုယ်​တော်​အား၊ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​လျှင် ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​လည်း​ကောင်း၊
HEB 5:6 အ​ခြား​ကျမ်း​ချက်​တွင်​လည်း ``သင်​သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​သူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟူ​၍​လည်း​ကောင်း​မိန့်​တော်​မူ​ပေ​သည်။
HEB 5:7 ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။-
HEB 5:8 ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ပင်​ဖြစ်​သော်​လည်း ဆင်း​ရဲ​ဒုက္ခ​များ​ကို​ခံ​ခြင်း အား​ဖြင့်​နာ​ခံ​တတ်​ရန်​သင်​ယူ​တော်​မူ​၏။-
HEB 5:9 ကိုယ်​တော်​သည်​ပြီး​ပြည့်​စုံ​လင်​ခြင်း​သို့​ရောက် သော​အ​ခါ မိ​မိ​ကို​နာ​ခံ​သော​သူ​အ​ပေါင်း တို့​၏​ထာ​ဝ​ရ​ကယ်​တင်​ခြင်း​အ​ရှင်​ဖြစ် လာ​တော်​မူ​၍၊-
HEB 5:10 ကိုယ်​တော်​အား​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု အ​မည်​နာ​မ​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ သ​တည်း။
HEB 5:11 ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍ ငါ​တို့​ပြော ဆို​စ​ရာ​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ဉာဏ်​လေး​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​အား ရှင်း​လင်း​ဖော်​ပြ​ရန်​ခက်​ပေ​သည်။-
HEB 5:12 သင်​တို့​သည်​ယ​ခု​အ​ချိန်​အ​ခါ​လောက်​ဆို​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​သူ​များ​ဖြစ်​သင့်​ကြ​လေ​ပြီ။ သို့ ရာ​တွင်​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​ခြေ​ခံ​ကို တစ်​စုံ​တစ်​ယောက်​က​သင်​ကြား ပေး​ရန်​လို​နေ​သေး​ပါ​သည်​တ​ကား။ သင်​တို့​သည် မာ​သော​အ​စား​အ​စာ​ကို​စား​မည့်​အ​စား​နို့ ကို​သာ​လျှင်​သောက်​နေ​ကြ​သေး​၏။-
HEB 5:13 နို့​ကို​သောက်​သုံး​၍​အ​သက်​ရှင်​သူ​သည်​နို့​စို့ သူ​ငယ်​ဖြစ်​၍ အ​မှန်​နှင့်​အ​မှား​ကို​ကိုယ်​တွေ့ သိ​ရှိ​နား​လည်​သူ​မ​ဟုတ်။-
HEB 5:14 မာ​သော​အ​စား​အ​စာ​သည်​ကား​အ​ရွယ်​ရောက် ပြီး​သူ​တို့​အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​လေ့​ကျင့် မှု​အား​ဖြင့် အ​ကောင်း​နှင့်​အ​ဆိုး​ကို​ပိုင်း​ခြား​သိ ရှိ​သူ​များ​ဖြစ်​ကြ​၏။
HEB 6:1 သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​ဆိုင်​သော အ​ခြေ​ခံ​သွန်​သင်​ချက်​ကို​ချန်​ထား​၍ ရင့်​ကျက် သည့်​ခံ​ယူ​ယုံ​ကြည်​ချက်​သို့​တက်​လှမ်း​ကြ​ကုန် အံ့။ ထို​မူ​လ​အ​ခြေ​ခံ​တ​ရား​များ​ကို​သင်​တို့ အား ငါ​တို့​သွန်​သင်​ပေး​ပြီး​ဖြစ်​သ​ဖြင့်​ထပ်​မံ သွန်​သင်​ပေး​ရန်​မ​သင့်။ အ​ကျိုး​မ​ပေး​တတ်​သည့် အ​ကျင့်​အ​ကြံ​များ​ကို​စွန့်​လွှတ်​ကာ ဘု​ရား သ​ခင်​အား​ယုံ​ကြည်​ရန်​လို​အပ်​ကြောင်း​သင် တို့​သိ​ရှိ​ကြ​ပြီး​ဖြစ်​ပေ​သည်။-
HEB 6:2 ငါ​တို့​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ၊ သိက္ခာ​တင်​မင်္ဂ​လာ၊ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​နှင့် ထာ​ဝ​ရ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို သင်​တို့​အား​သင်​ကြား​ပြီး​ဖြစ်​သည်။-
HEB 6:3 ဘု​ရား​သခင်​ခွင့်​ပြု​တော်​မူ​လျှင် ယ​ခု​ငါ တို့​သည်​ရှေ့​သို့​တက်​ကြ​ကုန်​စို့။
HEB 6:4 မိ​မိ​ဘာ​သာ​တ​ရား​ကို​စွန့်​သူ​တို့​အား​နောက် တစ်​ဖန်​အ​ဘယ်​သို့​လျှင်​နောင်​တ​ရ​စေ​နိုင်​မည် နည်း။ အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​လင်း​တွင်​ကျင်​လည်​၍ ကောင်း​ကင် ဆု​ကျေး​ဇူး​ကို​မြည်း​စမ်း​ရ​ပြီး​လျှင် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ခဲ့​ကြ​ဖူး​လေ​ပြီ။-
HEB 6:5 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကောင်း​မြတ်​ပုံ ကို​လည်း​ကောင်း၊ နောင်​ကပ်​ကာ​လ​နှင့်​ဆိုင်​သော တန်​ခိုး​များ​ကို​လည်း​ကောင်း​ကိုယ်​တွေ့​ခံ​စား ခဲ့​ရ​သူ​များ​ဖြစ်​ကြ​၏။-
HEB 6:6 ထို့​နောက်​သူ​တို့​သည်​ဖောက်​ပြန်​ကြ​လေ​သည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင် တစ်​ဖန်​တင်​၍​သတ်​လျက် လူ​တို့​ရှေ့​ကဲ့​ရဲ့​ရှုတ်​ချ​သည်​ဖြစ်​၍ သူ​တို့​အား နောက်​တစ်​ဖန်​အ​ဘယ်​သို့​မျှ​နောင်​တ​မ​ရ စေ​နိုင်။
HEB 6:7 ရွာ​သွန်း​သည့်​မိုး​ရေ​ကို​ခံ​ယူ​လျက်​လယ်​သ​မား တို့​အ​ဖို့ အ​သုံး​ဝင်​သော​အ​သီး​အ​နှံ​များ​ကို ဖြစ်​ထွန်း​စေ​သည့်​မြေ​ဆီ​လွှာ​ကို ဘု​ရား​သ​ခင် သည်​ကောင်း​ချီး​ပေး​တော်​မူ​၏။-
HEB 6:8 သို့​ရာ​တွင်​အ​ကယ်​၍​ထို​မြေ​ဆီ​လွှာ​သည် ဆူး ပင်​နှင့်​ချုံ​နွယ်​ပိတ်​ပေါင်း​တို့​ကို​သာ​လျှင်​ဖြစ် ထွန်း​စေ​ပါ​မူ လုံး​ဝ​တန်​ဖိုး​မ​ရှိ​တော့​ဘဲ ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​၍​မီး​ရှို့ ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ပေ​အံ့။
HEB 6:9 သို့​ရာ​တွင်​ချစ်​မိတ်​ဆွေ​တို့၊ ငါ​တို့​သည်​ဤ သို့​ပြော​ဆို​သော်​လည်း သင်​တို့​အ​တွက်​စိတ် ချ​ပါ​၏။ သင်​တို့​သည်​သာ​၍​ကောင်း​မွန်​သည့် ကယ်​တင်​ခြင်း​ဆိုင်​ရာ​ကောင်း​ချီး​များ​ကို သင်​တို့​ရ​ရှိ​ကြ​သည်​ကို​ငါ​တို့​သိ​၏။-
HEB 6:10 ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု​မ​ရှိ သော​အ​ရှင်​မ​ဟုတ်။ သင်​တို့​ဆောင်​ရွက်​ခဲ့ သည့်​အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ် တော်​အား​ချစ်​ကြောင်း​သက်​သေ​ပြ​ရန်​ယ​ခင် အ​ခါ​မှ ယ​ခု​အ​ခါ​တိုင်​အောင်​ခ​ရစ်​ယာန် အ​ချင်း​ချင်း​အား​ကူ​ညီ​မ​စ​ကြ​သည်​ကို လည်း​ကောင်း​မေ့​လျော့​တော်​မူ​မည်​မ​ဟုတ်။-
HEB 6:11 သင်​တို့​ရှိ​သ​မျှ​သည်​နောက်​ဆုံး​၌​မိ​မိ​တို့ ၏​မျှော်​လင့်​ချက်​ပြည့်​စုံ​လာ​သည့်​တိုင်​အောင် ယ​ခု​အ​တိုင်း​ဆက်​လက်​၍​နိုး​ကြား​တက် ကြွ​ကြ​စေ​ရန်​ငါ​တို့​အ​လို​ရှိ​ကြ​၏။-
HEB 6:12 အ​ဘယ်​အ​ခါ​၌​မျှ​ပျင်း​ရိ​သူ​များ​မ​ဖြစ် စေ​လို။ ယုံ​ကြည်​၍​သည်း​ခံ​နိုင်​မှု​ရှိ​သ​ဖြင့် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော ကျေး​ဇူး​များ​ကို​ခံ​ယူ​ကြ​သူ​များ​နည်း တူ​ပြု​မူ​ကျင့်​ကြံ​စေ​လို​၏။
HEB 6:13 ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​က​တိ ထား​တော်​မူ​သော​အ​ခါ​တိုင်​တည်​ကျိန်​ဆို​ရန် မိ​မိ​ထက်​ကြီး​မြတ်​သူ​မ​ရှိ​သ​ဖြင့် မိ​မိ​ကိုယ် ကို​ပင်​လျှင်​တိုင်​တည်​ကျိန်​ဆို​တော်​မူ​ပေ​သည်။-
HEB 6:14 ကိုယ်​တော်​က``ငါ​သည်​သင့်​ကို​အ​မှန်​ပင်​ကောင်း ချီး​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို တိုး​ပွား​များ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
HEB 6:15 အာ​ဗြ​ဟံ​သည်​စိတ်​ရှည်​စွာ​စောင့်​ဆိုင်း​နေ​ခဲ့ သ​ဖြင့် က​တိ​တော်​အ​တိုင်း​ခံ​စား​ရ​လေ​သည်။-
HEB 6:16 လူ​တို့​သည်​မိ​မိ​တို့​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​ကို​တိုင်​တည်​ကျိန်​ဆို​တတ်​ကြ​၏။ ယင်း​သို့​တိုင်​တည်​ကျိန်​ဆို​ခြင်း​သည်​လူ​အ​ချင်း ချင်း​အ​ငြင်း​ပွား​မှု​ကို​ငြိမ်း​စေ​တတ်​လေ​သည်။-
HEB 6:17 ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ​အ​စည်​တော် ကို​ပြောင်း​လဲ​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​များ​ခံ​ယူ​ရ မည့်​သူ​တို့​အား​ပွင့်​လင်း​ထင်​ရှား​စွာ​ဖော်​ပြ တော်​မူ​လို​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​တိုင် တည်​ကျိန်​ဆို​ခြင်း​အား​ဖြင့်​က​တိ​ပြု​တော် မူ​ခြင်း​ဖြစ်​ပေ​သည်။-
HEB 6:18 ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ကျိန်​ဆို​တော်​မူ​ခြင်း​တို့​သည် ပြန်​လည်​ရုပ်​သိမ်း ၍​မ​ရ​နိုင်​သော​အ​ရာ​နှစ်​ပါး​ဖြစ်​ကြ​၏။ ထို အ​ရာ​နှစ်​ပါး​နှင့်​ပတ်​သက်​၍​လည်း​ကိုယ်​တော် သည်​မု​သား​စ​ကား​ကို​သုံး​တော်​မ​မူ​နိုင်။ ထို့ ကြောင့်​အ​ထံ​တော်​၌​ခို​လှုံ​လျက်​ရှိ​ကြ​သော ငါ​တို့​သည်​မိ​မိ​တို့​အား​ကိုယ်​တော်​ပေး​တော် မူ​သည့်​မျှော်​လင့်​ချက်​ကို စွဲ​မြဲ​စွာ​ခံ​ယူ ထား​ရန်​စိတ်​အား​တက်​ကြွ​၍​လာ​ကြ​၏။-
HEB 6:19 ထို​မျှော်​လင့်​ချက်​သည်​ငါ​တို့​ဘ​ဝ​အ​တွက် ချ​ထား​သည့်​လုံ​ခြုံ​ခိုင်​ခန့်​သော​ကျောက်​ဆူး အ​ဖြစ် ကောင်း​ကင်​ဗိ​မာန်​တော်​ကန့်​လန့်​ကာ ကို​ထိုး​ဖောက်​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ​သည်။-
HEB 6:20 ယဇ်​ပု​ရော​ဟိတ်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ် ဆက်​ခံ​သူ​သ​ခင်​ယေ​ရှု​သည်​ထို ဌာ​န​တော်​သို့​ငါ​တို့​အ​တွက်​ဝင်​တော်​မူ​ပြီ။
HEB 7:1 ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား​ရှာ​လင်​မင်း​ဖြစ်​၍ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​ဖြစ်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တည်း။ ဘု​ရင်​လေး​ပါး ကို​နှိမ်​နင်း​ရာ​တိုက်​ပွဲ​မှ​အာ​ဗြ​ဟံ​ပြန်​လာ သော​အ​ခါ သူ​သည်​အာ​ဗြ​ဟံ​အား​ခ​ရီး​ဦး ကြို​ပြု​၍​ကောင်း​ချီး​ပေး​သူ​ဖြစ်​ပေ​သည်။-
HEB 7:2 သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့ သည့်​ဥစ္စာ​ပစ္စည်း​များ​၏​ဆယ်​ပုံ​တစ်​ပုံ​ကို​သူ့​အား ပေး​လှူ​၏။ (မေ​လ​ခိ​ဇေ​ဒက်​ဟူ​သော​နာ​မည်​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ``တ​ရား​မင်း'' ဟူ​၍​ဖြစ်​၏။ သူ​သည်​ရှာ​လင်​မြို့​၏​မင်း​လည်း​ဖြစ်​သ​ဖြင့် သူ​၏​နာ​မည်​သည်``ငြိမ်း​ချမ်း​ရေး​ဘု​ရင်'' ဟု လည်း​အ​နက်​အ​ဋ္ဌိပ္ပါယ်​ရ​လေ​သည်။-)
HEB 7:3 သူ​၏​မိ​ဘ​ဘိုး​ဘေး​တို့​အ​ကြောင်း​မှတ်​တမ်း ကို​လည်း​ကောင်း၊ သူ​မွေး​ဖွား​သည့်​အ​ကြောင်း နှင့်​ကွယ်​လွန်​သည့်​အ​ကြောင်း​မှတ်​တမ်း​တို့​ကို လည်း​ကောင်း​မ​တွေ့​ရှိ​ရ​ပေ။ သူ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​နှင့်​တူ​၍ ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ထာ​ဝ​စဉ်​ရ​ရှိ​ထား​သူ​ဖြစ်​သ​တည်း။
HEB 7:4 ငါ​တို့​လူ​မျိုး​တို့​၏​အ​ဖ​အာ​ဗြ​ဟံ​သည်​စစ် ပွဲ​မှ မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့​သည့်​ဥစ္စာ​ပစ္စည်း​များ ၏​ဆယ်​ပုံ​တစ်​ပုံ​ကို မေ​လ​ခိ​ဇေ​ဒက်​အား​ပေး လှူ​ခဲ့​သည်​ဖြစ်​ရာ​ယင်း​သို့​ပေး​လှူ​ခြင်း​ခံ​ရ သူ​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​မည်​ကို​ဆင် ခြင်​ကြ​လော့။-
HEB 7:5 လေ​ဝိ​အ​နွယ်​ဝင်​အ​နက်​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​ကြ​သော​သူ​တို့​သည် အာ​ဗြ​ဟံ မှ​ဆင်း​သက်​လာ​သူ မိ​မိ​တို့​၏​သား​ချင်း​များ ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​မှ ဆယ်​ဖို့ တစ်​ဖို့​သော​အ​လှူ​ကို ပ​ညတ်​တ​ရား​အ​ရ ကောက်​ယူ​ခွင့်​ရှိ​ကြ​ပေ​သည်။-
HEB 7:6 မေ​လ​ခိ​ဇေ​ဒက်​သည်​လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ် သော်​လည်း အာ​ဗြ​ဟံ​ထံ​မှ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​ခံ​ယူ​လျက် ဘု​ရား​သ​ခင်​၏​က​တိ​တော် များ​ရ​ရှိ​ထား​သူ​အာ​ဗြ​ဟံ​ကို​ကောင်း​ချီး ပေး​ခဲ့​၏။-
HEB 7:7 သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။-
HEB 7:8 ထို​မှ​တစ်​ပါး​လည်း​ယဇ်​ပု​ရော​ဟိတ်​များ အ​နေ​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​ခြင်း သည်​သေ​မျိုး​ဖြစ်​သော​လူ​သား​တို့​က​ခံ​ယူ ကြ​ခြင်း​ဖြစ်​၏။ မေ​လ​ခိ​ဇေ​ဒက်​မူ​ကား​ကျမ်း စာ​တော်​တွင်​ဖော်​ပြ​သည်​နှင့်​အ​ညီ အ​သက် ရှင်​သူ​အ​နေ​ဖြင့်​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို ခံ​ယူ​ခြင်း​ဖြစ်​ပေ​သည်။-
HEB 7:9 ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​သူ​လေ​ဝိ​သည် အာ​ဗြ​ဟံ​မှ​တစ်​ဆင့် မေ​လ​ခိ​ဇေ​ဒက်​အား ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​သည်​ဟု​ပင်​ဆို​နိုင်​၏။-
HEB 7:10 အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် မေ​လ​ခိ ဇေ​ဒက်​နှင့်​တွေ့​ဆုံ​စဉ်​အ​ခါ​က​လေ​ဝိ​သည် မ​မွေး ဖွား​သေး​ဘဲ အာ​ဗြ​ဟံ​၏​ကိုယ်​၌​ရှိ​နေ​သည်​ဟု ဆို​နိုင်​သော​ကြောင့်​ဖြစ်​သည်။
HEB 7:11 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပ​ညတ်​တ​ရား ကို​ပေး​အပ်​ရာ​၌ လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော ဟိတ်​များ​ကို​အ​ခြေ​ခံ​၍​ပေး​အပ်​ခြင်း​ဖြစ်​၏။ အ​ကယ်​၍​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ပြီး​ပြည့်​စုံ​လင်​အောင်​ဆောင်​ရွက်​နိုင် ကြ​ပါ​မူ အာ​ရုန်​၏​အ​ရိုက်​အ​ရာ​အ​စား​မေ လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ပေါ်​ထွန်း လာ​ရန်​မ​လို​ပေ။-
HEB 7:12 အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ်​ပု​ရော​ဟိတ်​မျိုး​ရိုး ကို​ပြောင်း​လဲ​လိုက်​သော​အ​ခါ တ​ရား​ကို​လည်း ပြောင်း​လဲ​ရန်​လို​အပ်​၍​လာ​သော​ကြောင့်​ဖြစ် သည်။-
HEB 7:13 ဤ​အ​ကြောင်း​အ​ရာ​များ​က ဖော်​ပြ​နေ​သည့် ငါ​တို့​၏​သ​ခင်​ဘု​ရား​ကား လေ​ဝိ​အ​နွယ်​ဝင် မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​အ​နွယ် မှ​ဆင်း​သက်​တော်​မူ​သော​သူ​ဖြစ်​ပေ​သည်။ ထို အ​မျိုး​အ​နွယ်​ဝင်​တစ်​ယောက်​မျှ​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​မ​ဆောင်​ရွက်​ခဲ့။-
HEB 7:14 ကိုယ်​တော်​သည်​ယု​ဒ​အ​မျိုး​အ​နွယ်​မှ​ဆင်း​သက် တော်​မူ​သည်​မှာ​သိ​သာ​ထင်​ရှား​၏။ ယဇ်​ပု​ရော ဟိတ်​အ​ရာ​သည် ယု​ဒ​အ​မျိုး​အ​နွယ်​နှင့်​ပတ် သက်​ကြောင်း​ကို​မော​ရှေ​သည်​တစ်​ခွန်း​မျှ​မ​ပြော ပေ။
HEB 7:15 မေ​လ​ခိ​ဇေ​ဒက်​နှင့်​တူ​သော​ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ပေါ်​ထွန်း​လာ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ် မျိုး​ရိုး​ပြောင်း​လဲ​သည်​ဟု​ပို​မို​ထင်​ရှား​လာ​၏။-
HEB 7:16 ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​ကို လူ​တို့​ချ​မှတ်​ထား​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​များ အ​ရ​ခံ​ယူ​ရ​ရှိ​ထား​သည်​မ​ဟုတ်။ အ​ဘယ် အ​ခါ​၌​မျှ မ​ကုန်​မ​ဆုံး​နိုင်​သည့်​အ​သက်​၏ တန်​ခိုး​အာ​နု​ဘော်​အ​ရ​ခံ​ယူ​ရ​ရှိ​ထား​ခြင်း ဖြစ်​၏။-
HEB 7:17 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``သင် သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက် ခံ​သူ​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​တည်း။-
HEB 7:18 ယ​ခင်​ပ​ညတ်​ဟောင်း​သည်​အား​နည်း​၍​အ​ကျိုး ကို​မ​ပေး​နိုင်​သော​ကြောင့်​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​၏။-
HEB 7:19 မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အ​ဘယ်​အ​ရာ ကို​မျှ​ပြီး​ပြည့်​စုံ​လင်​အောင်​မ​ပြု​နိုင်။ ယ​ခု အ​ခါ​၌​ငါ​တို့​သည်​ထို​ပညတ်​တ​ရား​ထက် ပို​မို​ကောင်း​မြတ်​သည့်​မျှော်​လင့်​ချက်​ကို​ရ​ရှိ ကြ​ပြီ​ဖြစ်​ရာ ထို​မျှော်​လင့်​ချက်​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။
HEB 7:20 ထို​မှ​တစ်​ပါး​လည်း​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ချက်​ရှိ​၏။ ကိုယ်​တော်​သည်​လေ​ဝိ​အ​နွယ်​ဝင် တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​တော်​မူ သော​အ​ခါ​၌​ကျိန်​ဆို​တော်​မူ​ချက်​မ​ပါ​ရှိ​ချေ။-
HEB 7:21 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား `` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟု ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။-
HEB 7:22 ဤ​သို့​ခန့်​ထား​ပုံ​ကွာ​ခြား​မှု​ကြောင့်​သ​ခင် ယေ​ရှု​သည် ပို​မို​ကောင်း​မြတ်​သည့်​ပ​ဋိ​ညာဉ် တ​ရား​တော်​၏​အာ​မ​ခံ​ဖြစ်​တော်​မူ​၏။
HEB 7:23 ထို့​ပြင်​အ​ခြား​ကွာ​ခြား​မှု​ရှိ​သေး​၏။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​သေ​ရ​သော​ကြောင့် သူ​တို့ သည်​အ​ရေ​အ​တွက်​များ​ကြ​၏။-
HEB 7:24 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​မူ​ကား​နိစ္စ​ထာ​ဝ​ရ အ​သက်​ရှင်​တော်​မူ​သ​ဖြင့် သူ​၏​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​သည်​လည်း​အ​ခြား​လက်​သို့ မ​ကူး​ပြောင်း​နိုင်​တော့​ပေ။-
HEB 7:25 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​ကို​အ​မှီ​ပြု​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​အား အ​ခါ​ခပ်​သိမ်း​ကယ်​တင်​တော် မူ​နိုင်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​တွင် အ​သ​နား​ခံ​ရန်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် ရှိ​တော်​မူ​သော​ကြောင့်​တည်း။
HEB 7:26 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ငါ​တို့​နှင့်​သင့် လျော်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​၏။ ကိုယ် တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​အ​ပြစ်​ကင်း လွတ်​တော်​မူ​၏။ အ​ပြစ်​ကူး​သူ​တို့​နှင့်​ခွဲ​ခြား လျက်​ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ချီး​မြှောက် ခြင်း​ကို​ခံ​တော်​မူ​၏။-
HEB 7:27 ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။-
HEB 7:28 မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အား​နည်း​၍​မ​စုံ လင်​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း များ​အ​ဖြစ်​ခန့်​ထား​လေ​သည်။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​ပေါ်​ပေါက်​ပြီး​သည့်​နောက်​ပိုင်း ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​စုံ​လင်​တော်​မူ​သော သား​တော်​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ကျိန်​ဆို​တော်​မူ​ချက်​ဖြင့်​ခန့်​ထား​တော်​မူ​၏။
HEB 8:1 ယ​ခု​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ တွင် အ​ရေး​ကြီး​သည့်​အ​ချက်​မှာ ငါ​တို့​တွင်​ထို​သို့ သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​ခြင်း​ပင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဘုန်း​တန်​ခိုး​ရှင် ၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​နေ​တော်​မူ​၏။-
HEB 8:2 ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် တည်း​ဟူ​သော​တဲ​တော်​စစ်​၌ အ​မှု​တော်​ဆောင် လျက်​နေ​တော်​မူ​၏။ ထို​တဲ​တော်​စစ်​ကား​လူ​တို့ တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်၊ ဘု​ရား​ရှင် တည်​ဆောက်​တော်​မူ​သော​တဲ​တော်​ဖြစ်​သ​တည်း။
HEB 8:3 ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ပူ​ဇော်​သ​ကာ ဆက်​သ​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​ခန့်​ထား​ခြင်း​ခံ ရ​သူ​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​၏​ယဇ်​ပု​ရော ဟိတ်​မင်း​မှာ​လည်း​ဆက်​သ​ပူ​ဇော်​ရန် ပူ​ဇော် သ​ကာ​တစ်​စုံ​တစ်​ရာ​ရှိ​ရ​ပေ​မည်။-
HEB 8:4 ကိုယ်​တော်​သည်​လော​က​တွင်​ရှိ​နေ​တော်​မူ​မည် ဆို​ပါ​လျှင် ယဇ်​ပု​ရော​ဟိတ်​လုံး​ဝ​ဖြစ်​နိုင်​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ပညတ်​တ​ရား အ​ရ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​သူ​ယဇ် ပု​ရော​ဟိတ်​များ​ရှိ​သော​ကြောင့်​ပင်​ဖြစ်​၏။-
HEB 8:5 ယဇ်​ပု​ရော​ဟိတ်​များ​ပြု​သော​အ​မှု​အ​ရာ​များ သည် ကောင်း​ကင်​ဘုံ​ရှိ​အ​မှု​အ​ရာ​များ​၏​ပုံ​တူ နှင့်​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ပေ​သည်။ မော​ရှေ ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​သည်​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ပ​ဋိ​ညာဉ်​တဲ​တော်​ကို​တည်​ဆောက်​မည်​ပြု သော​အ​ခါ ဘု​ရား​သ​ခင်​က``တောင်​ပေါ်​တွင် သင့်​အား​ငါ​ပြ​ခဲ့​သည့်​ပုံ​စံ​နှင့်​အ​ညီ အ​လုံး စုံ​တို့​ကို​ပြု​လုပ်​ရန်​သ​တိ​မ​မေ့​နှင့်'' ဟု ညွှန်​ကြား​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။-
HEB 8:6 သို့​ရာ​တွင်​ဘု​ရား​နှင့်​လူ​အ​ကြား​တွင်​သ​ခင် ယေ​ရှု​စီ​စဉ်​ပေး​သည့်​ပ​ဋိ​ညာဉ်​တ​ရား​တော် သည် ပို​၍​ကောင်း​မွန်​သော​အ​ရာ​များ​ဆိုင်​ရာ က​တိ​တော်​များ​အ​ပေါ်​တွင်​အ​ခြေ​ခံ​သ​ဖြင့် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ထက်​ပို​မို​ကောင်း​မြတ် သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​ထမ်း​ဆောင်​ရ​သည့်​ယဇ် ပု​ရော​ဟိတ်​တာ​ဝန်​ဝတ္တ​ရား​များ​သည်​လည်း ထို ယဇ်​ပု​ရော​ဟိတ်​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ ထက်​သာ​လွန်​ကြီး​မြတ်​ပေ​သည်။
HEB 8:7 အ​ကယ်​၍​ပ​ထ​မ​ပ​ဋိ​ညာဉ်​တော်​တွင်​အ​ပြစ် ဆို​စ​ရာ​ရှိ​ပါ​မူ၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တော်​ကို ပြု​တော်​မူ​ရန်​လို​မည်​မ​ဟုတ်။-
HEB 8:8 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု တော်​အား​အ​ပြစ်​တင်​တော်​မူ​လျက်၊ ``ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ပ​ဋိ​ညာဉ်​သစ်​ကို​ငါ​ပြု​ရန်​အ​ချိန်​ကျ​ရောက် လိမ့်​မည်။
HEB 8:9 ဤ​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား လက်​ဆွဲ​၍ အီ​ဂျစ်​ပြည်​မှ၊ငါ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​နှင့်​တူ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ခါ​က​ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို သူ​တို့​ချိုး​ဖောက်​ကြ​သ​ဖြင့်၊ငါ​သည်​သူ​တို့​အား ဂ​ရု​မ​စိုက်​ဘဲ​နေ​ခဲ့​၏။
HEB 8:10 နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။
HEB 8:11 အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မျိုး​သား​ချင်း ကို​သော်​လည်း​ကောင်း၊ မိ​မိ​၏​ညီ​အစ်​ကို​အ​ချင်း​ချင်း​ကို​သော်​လည်း ကောင်း ထာ​ဝ​ရ​ဘု​ရား​အား​သိ​လော့​ဟု​သွန်​သင်​ပေး​ရန် လို​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် အ​ငယ်​ဆုံး​မှ​အ​ကြီး​ဆုံး​တိုင်​အောင်​ငါ့​ကို သိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။
HEB 8:12 ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ကူး​လွန်​မှု​များ​ကို သိ​မှတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
HEB 8:13 ကိုယ်​တော်​သည်​ယင်း​သို့​ပ​ဋိ​ညာဉ်​သစ်​အ​ကြောင်း ကို​မိန့်​တော်​မူ​သော​အား​ဖြင့် ပ​ထ​မ​ပ​ဋိ​ညာဉ် ကို​ဟောင်း​နွမ်း​စေ​တော်​မူ​၏။ ဟောင်း​နွမ်း​လာ​သော အ​ရာ​သည်​လည်း​မ​ကြာ​မီ​ပျောက်​ကွယ်​သွား လိမ့်​မည်။
HEB 9:1 ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​အ​တွက်​ဝတ်​ပြု ခြင်း​ဆိုင်​ရာ​ထုံး​နည်း​များ​နှင့်​လူ​တို့​တည် ဆောက်​သည့်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ရှိ​၏။-
HEB 9:2 လူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​ခေါ်​သော အ​ပြင်​တဲ​တော်​အ​ဆောင်​ကို​တည်​ဆောက်​ကြ​၏။ ထို​တဲ​တွင်​မီး​တင်​ခုံ​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ဆက်​ကပ်​သော​မုန့်​နှင့်​စား​ပွဲ​ကို လည်း​ကောင်း​တွေ့​ရ​၏။-
HEB 9:3 ဒု​တိ​ယ​ကန့်​လန့်​ကာ​နောက်​၌​အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။-
HEB 9:4 ထို​ဌာ​န​တော်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ရွှေ ပလ္လင်​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှိ​၏။ ထို​သေတ္တာ​တော်​အ​တွင်း​၌​မန္န​မုန့်​ထည့် ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​အ​ညွှန့်​ထွက်​သည့်​အာ​ရုန် ၏​လှံ​တံ​နှင့်​ပ​ညတ်​တော်​များ​ရေး​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ရှိ​၏။-
HEB 9:5 သေတ္တာ​တော်​ပေါ်​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ​ရှိ​၏။ ခေ​ရု ဗိမ်​တို့​သည်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော်​မူ​ခြင်း​ကို သ​ရုပ်​ဆောင်​ကြ​၏။ သူ​တို့​၏​အ​တောင်​များ​သည် အ​ပြစ်​ဖြေ​ရာ​ပလ္လင်​ကို​ဖြန့်​လျက်​နေ​၏။ ထို​အ​ရာ များ​ကို​ယ​ခု​အ​သေး​စိတ်​ဖော်​ပြ​ရန်​မ​လို​ပေ။
HEB 9:6 ဤ​ဝတ်​ပြု​ခြင်း​ထုံး​နည်း​ကို​ဖော်​ပြ​အံ့။ ယဇ် ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရာ​တွင်​အ​ပြင်​တဲ​တော်​သို့ နေ့​စဉ်​ဝင်​ရ​ကြ​၏။-
HEB 9:7 သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း သာ​လျှင် အ​တွင်း​တဲ​တော်​သို့​ဝင်​ရ​ပေ​သည်။ သူ သည်​ယင်း​သို့​ဝင်​ရ​သည်​မှာ​လည်း​တစ်​နှစ်​လျှင် တစ်​ကြိမ်​သာ​ဖြစ်​ပြီး​မိ​မိ​၏​အ​တွက်​သော် လည်း​ကောင်း၊ လူ​တို့​မ​သိ​ဘဲ​ကူး​လွန်​မိ​သည့် အ​ပြစ်​များ​အ​တွက်​သော်​လည်း​ကောင်း ပူ​ဇော် ရန်​သွေး​ကို​ယူ​ဆောင်​၍​ဝင်​ရ​လေ​သည်။-
HEB 9:8 ဤ​ထုံး​နည်း​အ​ရ​အ​ပြင်​တဲ​တော်​တည်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​ရန် လမ်း​သည်​ပိတ်​လျက်​ပင်​ရှိ​မည် ဖြစ်​ကြောင်း​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​ရှင်း လင်း​စွာ​သွန်​သင်​ပေ​သည်။-
HEB 9:9 ဤ​အ​ရာ​အ​ပေါင်း​တို့​သည်​မျက်​မှောက်​ခေတ်​ကို ညွှန်​ပြ​နေ​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​၏။ ပြ​ဌာန်း ထား​သည့်​ပူ​ဇော်​သကာ​နှင့်​ယဇ်​များ​သည် ဝတ်​ပြု သော​သူ​၏​စိတ်​နှ​လုံး​ကို​ဖြူ​စင်​သန့်​ရှင်း​အောင် ပြု​ပြင်​၍​မ​ပေး​နိုင်။-
HEB 9:10 ထို​အ​ရာ​တို့​သည်​အ​စား​အ​သောက်​များ၊ ဆေး ကြော​သန့်​စင်​ခြင်း​ဝတ်​အ​မျိုး​မျိုး​နှင့်​ဆိုင်​၏။ ယင်း​တို့​သည်​အ​ပြင်​အ​ပ​နှင့်​ဆိုင်​သည့်​စည်း မျဉ်း​များ​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​အ​သစ်​ပြု​ပြင်​တော်​မူ​မည့် ကာ​လ​တိုင်​အောင်​သာ​လျှင်​တည်​ရှိ​နေ​ကြ​၏။
HEB 9:11 သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​ယ​ခု​ငါ​တို့​ခံ​စား ရ​ကြ​သည့် ကောင်း​မြတ်​သည့်​အ​ရာ​များ​နှင့် သက်​ဆိုင်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ဖြင့်​ကြွ​လာ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​အ​မှု တော်​ဆောင်​ရာ​တဲ​တော်​သည် ပို​မို​၍​ကြီး​မြတ် ပြီး​ပြည့်​စုံ​လင်​ပေ​သည်။ ထို​တဲ​တော်​ကား​လူ တို့​လက်​ဖြင့်​တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်။ ဤ​အ​ဖန်​ဆင်း​ခံ​လော​က​နှင့်​မ​သက်​ဆိုင်။-
HEB 9:12 ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။-
HEB 9:13 ဆိတ်​သွေး၊ နွား​သွေး၊ နွား​မ​က​လေး​၏​ပြာ​တို့ ကို​ညစ်​ညမ်း​သူ​တို့​၏​အ​ပေါ်​ပက်​ဖျန်း​သ​ဖြင့် အ​ညစ်​အ​ကြေး​များ​ကို​ဆေး​ကြော​သုတ်​သင် ကာ​လူ​တို့​အား​သန့်​စင်​နိုင်​စွမ်း​ရှိ​ပါ​လျှင်၊-
HEB 9:14 ခ​ရစ်​တော်​၏​သွေး​တော်​သည်​ထို​အ​ရာ​တို့​ထက် အ​ဘယ်​မျှ​ပို​၍ သန့်​စင်​နိုင်​စွမ်း​ရှိ​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​သည်​ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် မိ​မိ​ကိုယ်​ကို​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ပူ​ဇော် ဆက်​သ​တော်​မူ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ငါ​တို့​ဆောင် ရွက်​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​ကျိုး​မဲ့​သည့်​ထုံး​နည်း​များ​ကို​လိုက်​နာ​မှု ကြောင့် မ​ကြည်​လင်​သော​ငါ​တို့​၏​သြတ္တပ္ပ စိတ်​ကို​ကြည်​လင်​စေ​တော်​မူ​လိမ့်​မည်။
HEB 9:15 ထို​ကြောင့်​ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း ခံ​ရ​သူ​တို့​သည် ကိုယ်​တော်​က​တိ​ထား​တော်​မူ သော​ထာ​ဝ​ရ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ စား​နိုင်​ကြ​စေ​ရန် ခ​ရစ်​တော်​သည်​ပ​ဋိ​ညာဉ် သစ်​ကို​စီ​မံ​ပေး​တော်​မူ​၏။ ယင်း​သို့​ခံ​စား နိုင်​ခွင့်​ရ​ခြင်း​မှာ​ပ​ထ​မ​ပ​ဋိ​ညာဉ်​၏​လက် အောက်​တွင်​ရှိ​စဉ်​အ​ခါ​က လူ​တို့​ကူး​လွန်​ခဲ့ သည့်​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပေး​ရန်​အ​သေ ခံ​သူ​ပေါ်​ပေါက်​ခဲ့​ခြင်း​ကြောင့်​ဖြစ်​ပေ​သည်။
HEB 9:16 သေ​တမ်း​စာ​အ​တည်​ဖြစ်​နိုင်​ရန်​သေ​တမ်း​စာ​ကို ရေး​သား​ခဲ့​သူ​မှာ အ​မှန်​ပင်​သေ​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရ​ပေ​သည်။-
HEB 9:17 သေ​တမ်း​စာ​ရေး​သူ​အ​သက်​ရှင်​နေ​စဉ်​သူ​၏ သေ​တမ်း​စာ​သည်​အ​တည်​မ​ဖြစ်။ ထို​သူ​သေ လွန်​ပြီး​မှ​သာ​လျှင်​အ​တည်​ဖြစ်​၏။-
HEB 9:18 ထို​ကြောင့်​ပ​ထ​မ​ပ​ဋိ​ညာဉ်​ပင်​လျှင်​သွေး ဖြင့်​အ​တည်​ဖြစ်​၏။-
HEB 9:19 မော​ရှေ​သည်​ပညတ်​တ​ရား​တော်​တွင်​ပါ​ရှိ​သည့် ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လူ​အ​ပေါင်း​တို့​အား ကြေ​ညာ​ပြီး​သော​အ​ခါ သိုး​မွေး​နီ​နှင့်​ဟု​ဿုတ် ပင်​ခက်​ကို​အ​သုံး​ပြု​ကာ​ရေ​နှင့်​ရော​သော​နွား သွေး၊ ဆိတ်​သွေး​ဖြင့်​ပ​ညတ်​ကျမ်း​စာ​လိပ်​ကို လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ပက်​ဖျန်း​လေ​သည်။-
HEB 9:20 ထို​နောက်​မော​ရှေ​က``ဤ​သွေး​သည်​သင်​တို့​လိုက် နာ​ရန်​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​အ​တည်​ဖြစ်​စေ​၏'' ဟု​ဆို​၏။-
HEB 9:21 ထို​နည်း​တူ​စွာ​မော​ရှေ​သည်​ပ​ဋိ​ညာဉ်​တဲ​တော် နှင့်​တ​ကွ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု သည့်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​သွေး​ဖြင့်​ပက် ဖျန်း​လေ​သည်။-
HEB 9:22 ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။
HEB 9:23 အ​ဆို​ပါ​နည်း​အား​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် ရှိ​သည့်​အ​ရာ​တို့​၏​ပုံ​တူ​များ​ကို​သန့်​စင် စေ​ရ​၏။ ကောင်း​ကင်​ဘုံ​တွင်​ရှိ​သည့်​အ​ရာ တို့​ကို​သန့်​စင်​စေ​ရန်​မှာ​မူ​သာ​လွန်​မွန်​မြတ် သော​ယဇ်​ကို​ပူ​ဇော်​ရန်​လို​၏။-
HEB 9:24 စစ်​မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​တူ​ဖြစ် သော​လူ​တို့​လက်​ဖြင့်​တည်​ဆောက်​သည့်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့ ခ​ရစ်​တော်​သည်​ဝင်​တော်​မူ သည်​မ​ဟုတ်​ဘဲ​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ​၍ ငါ​တို့​ကိုယ်​စား​ဘု​ရား​သ​ခင်​၏​ရှေ့​တော် မှောက်​သို့​ရောက်​ရှိ​တော်​မူ​၏။-
HEB 9:25 ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တိရစ္ဆာန်​များ​၏ သွေး​ကို ယူ​၍​နှစ်​စဉ်​နှစ်​တိုင်း​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ့​ရှိ​၏။ ခ​ရစ်​တော်​မူ​ကား​ယင်း​သို့ ကြိမ်​ဖန်​များ​စွာ​မိ​မိ​ကိုယ်​ကို​ပူ​ဇော်​ရန်​ဝင် တော်​မ​မူ။-
HEB 9:26 အ​ကယ်​၍​ဝင်​တော်​မူ​သည်​ဆို​ပါ​မူ​ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​အ​စ​ပြု​၍ အ​ဖန်​တ​လဲ​လဲ​အ​သေ​ခံ​တော်​မူ​ရ​မည်​သာ ဖြစ်​ပေ​သည်။ ယ​ခု​မူ​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ခါ​နီး​အ​ချိန်​၌​အ​ပြီး​အ​ပိုင်​တစ်​ကြိမ်​တည်း ကြွ​လာ​၍ မိ​မိ​အ​သက်​ကို​ပူ​ဇော်​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​၏။-
HEB 9:27 လူ​သည်​တစ်​ကြိမ်​တည်း​သာ​သေ​ရ​၍​ထို့​နောက် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​ရ​၏။-
HEB 9:28 ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​လူ​အ​များ ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရန်​အ​တွက် မိ​မိ​၏​ကိုယ် ကို​တစ်​ကြိမ်​တည်း​တင်​လှူ​ပူ​ဇော်​တော်​မူ​သည်။ အ​ပြစ်​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​ရန် မ​ဟုတ်​ဘဲ မိ​မိ​ကို​စောင့်​မျှော်​နေ​သူ​တို့​အား ကယ်​တင်​တော်​မူ​ရန် ကိုယ်​တော်​သည်​ဒု​တိ​ယ အ​ကြိမ်​ကြွ​လာ​တော်​မူ​ပေ​အံ့။
HEB 10:1 ယု​ဒ​ပ​ညတ်​တ​ရား​သည်​စစ်​မှန်​သည့်​အ​ရာ များ​၏ တိ​ကျ​မှန်​ကန်​သော​ပုံ​တူ​မ​ဟုတ်​ပေ။ သက်​ရောက်​လတ္တံ့​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ၏​အ​ရိပ်​အ​ရောင်​မျှ​ကို​သာ​ဖော်​ပြ​ပေ​သည်။ ပ​ညတ်​တ​ရား​အ​ရ​နှစ်​စဉ်​နှစ်​တိုင်း​ယဇ်​ကို ပူ​ဇော်​ကြ​ရ​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​သူ​တို့​အား အ​ဘယ်​သို့​လျှင်​ပြည့်​ဝ​စုံ​လင်​သူ​များ​ဖြစ် လာ​စေ​နိုင်​ပါ​မည်​နည်း။-
HEB 10:2 အ​ကယ်​၍​သာ​ယင်း​သို့​ဖြစ်​လာ​စေ​နိုင်​မည်​ဆို ပါ​က၊ ကိုး​ကွယ်​ဝတ်​ပြု​သူ​တို့​သည်​တစ်​ခါ​တည်း သန့်​စင်​၍​သွား​ကြ​မည်​ဖြစ်​ရာ မိ​မိ​တို့​တွင် အ​ပြစ်​ရှိ​နေ​သေး​သည်​ဟူ​၍​မ​ထင်​မှတ်​ကြ တော့​ဘဲ​ယဇ်​များ​ကို​ပူ​ဇော်​ကြ​တော့​မည် မ​ဟုတ်​ပေ။-
HEB 10:3 ယ​ခု​မှာ​နွား​သွေး၊ ဆိတ်​သွေး​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ဖယ်​ရှား ၍​မ​ပေး​နိုင်​သ​ဖြင့် ယင်း​သို့​ယဇ်​ပူ​ဇော်​ခြင်း သည်​လူ​တို့​အား​နှစ်​စဉ်​နှစ်​တိုင်း မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​သာ​လျှင်​သ​တိ​ရ​စေ​သည်။
HEB 10:5 ထို့​ကြောင့်​ခ​ရစ်​တော်​သည် ဤ​လော​က​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား​သ​ခင်​အား၊ ``ကိုယ်​တော်​သည်​ယဇ်​နှင့်​ပူ​ဇော်​သကာ​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အ​တွက်​ကိုယ်​ခန္ဓာ​ကို ပြင်​ဆင်​ထား​တော်​မူ​ပါ​ပြီ။
HEB 10:6 မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ တို့​ကို ကိုယ်​တော်​နှစ်​သက်​တော်​မ​မူ​ပါ။
HEB 10:7 သို့​ဖြစ်​၍​ပ​ညတ်​ကျမ်း​တွင်​အ​ကျွန်ုပ်​အ​ကြောင်း​ကို ရေး​သား​ဖော်​ပြ​ထား​သည်​နှင့်​အ​ညီ၊ `အို ဘု​ရား​သ​ခင်၊အ​ကျွန်ုပ်​သည်​အ​လို​တော်​ကို ဆောင်​ရွက်​ရန်​ရောက်​လာ​ပါ​ပြီ' ဟု​အ​ကျွန်ုပ်​ဝန်​ခံ ပါ​၏'' ဟု​လျှောက်​ထား​တော်​မူ​လေ​သည်။-
HEB 10:8 ကိုယ်​တော်​က​မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့်​ပူ​ဇော်​သ​ကာ​များ​သည် ပ​ညတ်​တ​ရား​အ​ရ​ပြု​အပ်​သည့်​ဝတ်​များ​ပင် ဖြစ်​သော်​လည်း ထို​အ​ရာ​များ​ကို​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မ​မူ​ကြောင်း၊ အား​ရ​နှစ်​သက် တော်​မ​မူ​ကြောင်း​ဦး​စွာ​ပ​ထ​မ​ဖော်​ပြ​၏။-
HEB 10:9 ထို​နောက်``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​အ​လို တော်​ကို​ဆောင်​ရွက်​ရန်​ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။ ထို​ကြောင့်​ဘု​ရား​သ​ခင်​သည် ယ​ခင်​တင်​လှူ​ပူ​ဇော်​မှု​အ​ပေါင်း​ကို​ပယ်​ဖျက်​၍ ခ​ရစ်​တော်​၏​တင်​လှူ​ပူ​ဇော်​မှု​ဖြင့်​အ​စား​ထိုး တော်​မူ​သည်။-
HEB 10:10 ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍ မိ​မိ​ကိုယ်​ခန္ဓာ​ကို​တစ်​ခါ​တည်း အ​ပြီး​အ​ပိုင်​တင်​လှူ​ပူ​ဇော်​တော်​မူ​သ​ဖြင့် ငါ​တို့​အ​ပေါင်း​သည်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။
HEB 10:11 ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​သည်​နေ့​စဉ်​နေ့​တိုင်း မိ​မိ ၏​ဝတ္တ​ရား​ကို​ရပ်​၍ ဆောင်​ရွက်​လျက်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဖြေ​နိုင်​စွမ်း​မ​ရှိ​သည့်​ယဇ် ကို​အ​ဖန်​တ​လဲ​လဲ​ပူ​ဇော်​ရ​၏။-
HEB 10:12 သို့​သော်​ခ​ရစ်​တော်​မူ​ကား​အ​ပြစ်​များ​ကို ဖြေ​ရန် အ​ခါ​ခပ်​သိမ်း​အ​တွက်​ယဇ်​တစ်​ခု တည်း​ကို​ပူ​ဇော်​တော်​မူ​၏။ ထို့​နောက်​ဘု​ရား သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင်​ထိုင်​တော် မူ​ပြီး​လျှင်၊-
HEB 10:13 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခြေ​ဖ​ဝါး​တော် အောက်​သို့​ရန်​သူ​များ​ရောက်​ရှိ​လာ​စေ​တော်​မူ သည်​တိုင်​အောင်​စောင့်​ဆိုင်း​လျက်​နေ​တော်​မူ​၏။-
HEB 10:14 ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​မှ​သန့်​စင်​လာ သူ​တို့​အား​ထာ​ဝ​စဉ်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ သူ​များ​ဖြစ်​လာ​စေ​တော်​မူ​သ​တည်း။
HEB 10:15 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​လည်း၊ ``နောင်​အ​ခါ​သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ် များ​မူ​ကား၊ ငါ​သည်​သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့ ငါ​၏​ပ​ညတ်​ကို​ထည့်​သွား​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​ထား​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​သက်​သေ​ခံ​တော်​မူ​၏။-
HEB 10:17 ထို​နောက်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က``သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ဆိုး​သွမ်း​မှု​များ​ကို ငါ​သ​တိ ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ပေ​သည်။-
HEB 10:18 ဤ​သို့​အ​ပြစ်​များ​ဖြေ​လွှတ်​ခွင့်​ရ​ရှိ​ကြ​သော အ​ခါ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​များ​ကို​ဆက် သ​ရန်​လို​တော့​မည်​မ​ဟုတ်​ပေ။
HEB 10:19 သို့​ဖြစ်​၍​ငါ​၏​ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​သည် လွတ်​လပ်​စွာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ဝင်​ခွင့်​ရ​ကြ​၏။-
HEB 10:20 ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း ဟူ​သော​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​ကို​ဖြတ်​၍ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရာ အ​သက်​လမ်း​သစ်​ကို​ဖွင့်​၍​ပေး​တော်​မူ​ပြီ။-
HEB 10:21 ငါ​တို့​တွင်​ဘု​ရား​သ​ခင်​၏​အိမ်​ထောင်​ကို အုပ်​စိုး​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​ရှိ​၏။-
HEB 10:22 သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-
HEB 10:23 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။-
HEB 10:24 ငါ​တို့​သည်​တစ်​ယောက်​ကို​တစ်​ယောက်​အ​လေး ဂ​ရု​ပြု​လျက် ကူ​ညီ​ယိုင်း​ပင်း​လျက်​မေတ္တာ​ထား လျက်​ကျေး​ဇူး​ပြု​လျက်​နေ​ကြ​ကုန်​အံ့။-
HEB 10:25 အ​ချင်း​ချင်း​တွေ့​ဆုံ​ဝတ်​ပြု​သည့်​အ​လေ့​အ​ထ ကို လူ​အ​ချို့​တို့​စွန့်​လွှတ်​သ​ကဲ့​သို့​ငါ​တို့​သည် မ​ပြု​ဘဲ​နေ​ကြ​စို့။ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​နီး​ကပ်​လာ​သည်​ကို​ထောက်​သ​ဖြင့် ငါ​တို့​သည်​ပို​၍​တစ်​ယောက်​ကို​တစ်​ယောက် အား​ပေး​ကြ​ကုန်​အံ့။
HEB 10:26 ငါ​တို့​သည်​သမ္မာ​တ​ရား​ကို​သိ​ရှိ​ကြ​ပြီး​မှ တ​မင်​သက်​သက်​ဆက်​လက်​အ​ပြစ်​ကူး​နေ ကြ​မည်​ဆို​ပါ​မူ၊ ငါ​တို့​၏​အ​ပြစ်​များ အ​တွက်​ပူ​ဇော်​ရန်​ယဇ်​ရှိ​တော့​မည်​မ​ဟုတ်။-
HEB 10:27 ငါ​တို့​သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း ကောင်း၊ ဘု​ရား​သ​ခင်​ကို​အ​တိုက်​အ​ခံ​ပြု​သူ တို့​အား​ကျွမ်း​လောင်​စေ​မည့်​အ​မျက်​တော်​မီး ကို​လည်း​ကောင်း​ကြောက်​ရွံ့​တုန်​လှုပ်​လျက်​စောင့် မျှော်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။-
HEB 10:28 မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​သူ ယု​ဒ​အ​မျိုး​သား​မှန်​သ​မျှ​သည် အ​သိ​သက် သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်​ဆို​ချက်​အ​ရ အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​ပါ​မူ၊ သ​နား ညှာ​တာ​မှု​မ​ရှိ​ဘဲ​သေ​ဒဏ်​ပေး​ခြင်း​ကို ခံ​ကြ​ရ​၏။-
HEB 10:29 ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ရှုတ်​ချ​၍ မိ​မိ အား​အ​ပြစ်​မှ​သန့်​စင်​စေ​သည့်​ပ​ဋိ​ညာဉ် တ​ရား​ဆိုင်​ရာ​သွေး​တော်​ကို​မ​ထီ​မဲ့​မြင် ပြု​လျက် ကျေး​ဇူး​တော်​ကို​ပေး​သည့်​ဝိ​ညာဉ် တော်​ကို​စော်​ကား​သော​သူ​မူ​ကား အ​ဘယ်​မျှ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို စဉ်း​စား​၍​ကြည့်​ကြ​လော့။-
HEB 10:30 ``ငါ​သည်​လက်​စား​ချေ​မည်၊ ငါ​သည်​ဆပ်​ပေး မည်'' ဟူ​၍​လည်း​ကောင်း``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ မည်'' ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​သော​အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​ငါ​တို့​သိ​ကြ​၏။-
HEB 10:31 အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ လက်​တော်​သို့​ကျ​ရောက်​ရ​ခြင်း​သည် ကြောက် မက်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။
HEB 10:32 ယ​ခင်​နေ့​ရက်​များ​ကို​သ​တိ​ရ​ကြ​လော့။ ထို စဉ်​အ​ခါ​က​သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လင်း​တော်​ကို​ခံ​ယူ​ရ​ရှိ​ပြီး​နောက် ဆင်း​ရဲ​ဒုက္ခ​ကို​ပြင်း​ထန်​စွာ​ခံ​စား​ကြ ရ​သော်​လည်း​ခံ​နိုင်​ရည်​ရှိ​ခဲ့​ကြ​၏။-
HEB 10:33 သင်​တို့​သည်​တစ်​ခါ​တစ်​ရံ​လူ​တို့​ရှေ့​တွင် ကဲ့​ရဲ့ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ကြ​ရ​၏။ တစ်​ခါ​တစ်​ရံ အ​ခြား​သူ​တို့​ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​၌ သင်​တို့​လည်း​ပါ​ဝင်​ကဲ့​ရဲ့​ညှဉ်း​ဆဲ ခြင်း​ခံ​ရန်​အ​သင့်​ရှိ​ကြ​သည်။-
HEB 10:34 သင်​တို့​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​တို့​အ​တွက် ကြောင့် ကြင်​နာ​သော​စိတ်​ရှိ​ကြ​၏။ မိ​မိ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ သည်​ကို​လည်း​ဝမ်း​မြောက်​စွာ​ခံ​ကြ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​မိ​မိ​တို့​၌​ထို​အ​ရာ​များ ထက်​ပို​၍ ကောင်း​မြတ်​တည်​မြဲ​သည့်​အ​ရာ ရှိ​ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ပင်​ဖြစ် ပေ​သည်။-
HEB 10:35 သို့​ဖြစ်​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ ရဲ​စွမ်း သတ္တိ​ရှိ​ခြင်း​သည်​ကြီး​မြတ်​သော​ဆု​လာဘ် ကို​ရ​ရှိ​စေ​လိမ့်​မည်။-
HEB 10:36 ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက် နိုင်​ရန်​နှင့် က​တိ​တော်​နှင့်​အ​ညီ​ခံ​စား​နိုင်​ရန် သင်​တို့​သည်​သည်း​ခံ​စိတ်​ရှိ​ရ​မည်။
HEB 10:37 ``ကြွ​လာ​တော်​မူ​မည့်​အ​ရှင်​သည်​အ​ချိန် အ​နည်း​ငယ်​အ​တွင်း​၌​ကြွ​လာ​တော်​မူ​လိမ့် မည်။ နှောင့်​နှေး​လျက်​နေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
HEB 10:38 ဖြောင့်​မတ်​သူ​များ​ဖြစ်​ကြ​သော​ငါ​၏​လူ​စု တော်​သည် ယုံ​ကြည်​၍​အ​သက်​ရှင်​လိမ့်​မည်။ သို့​ရာ​တွင်​တွန့်​ဆုတ်​သွား​သူ​ကို​မူ​ကား ငါ​သည်​နှစ်​သက်​လိမ့်​မည်​မ​ဟုတ်'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏။-
HEB 10:39 ငါ​တို့​သည်​တွန့်​ဆုတ်​သ​ဖြင့်​ဆုံး​ပါး​ပျက် စီး​ရ​သူ​များ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သ​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ဖြစ်​ကြ​၏။
HEB 11:1 ယုံ​ကြည်​ခြင်း​ဆို​သည်​မှာ​မျှော်​လင့်​သည့် အ​ရာ​များ​ကို​စိတ်​ချ​ခြင်း၊ မ​မြင်​နိုင်​သော အ​ရာ​များ​ကို​သေ​ချာ​ခြင်း​ဖြစ်​၏။-
HEB 11:2 ယုံ​ကြည်​ခြင်း​ကြောင့်​ရှေး​ခေတ်​လူ​တို့​သည် ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​၏။
HEB 11:3 မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။
HEB 11:4 အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။
HEB 11:5 ဧ​နောက်​သည်​အ​ရှင်​လတ်​လတ်​ကောင်း​ကင်​ဘုံ သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ သူ​၏ ယုံ​ကြည်​ခြင်း​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင် သည်​သူ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သ​ဖြင့် သူ့​အား​မည်​သူ​မျှ​ရှာ​၍​မ​တွေ့​နိုင်။ ဘု​ရား သ​ခင်​ယူ​ဆောင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​မီ အ​ခါ​က ဧ​နောက်​သည်​ဘု​ရား​သ​ခင်​၏ စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​သည်​ဟူ​၍ ကျမ်း စာ​တော်​က​ဖော်​ပြ​ထား​၏။-
HEB 11:6 ယုံ​ကြည်​ခြင်း​မ​ရှိ​သူ​သည်​ဘုရား​သ​ခင် ၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်​ရာ။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ် သူ​သည်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​သည်​မိ​မိ​ကို​ရှာ သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​ကြောင်း​ကို လည်း​ကောင်း​ယုံ​ကြည်​ရ​မည်​ဖြစ်​သော​ကြောင့် တည်း။
HEB 11:7 ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။
HEB 11:8 အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​ခေါ်​တော်​မူ သော​အ​ခါ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ မိ​မိ​အား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ထွက်​ခွာ​သွား​၏။ သူ သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရ​မည်​ကို မ​သိ​ဘဲ မိ​မိ​၏​ရပ်​ရွာ​ကို​စွန့်​ခဲ့​ပေ​သည်။-
HEB 11:9 ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော​ပြည် ၌ သူ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​အ​ဖြစ် ယုံ​ကြည်​ခြင်း​အား​ဖြင့်​နေ​ထိုင်​ခဲ့​၏။ သူ​သည် မိ​မိ​နည်း​တူ​က​တိ​တော်​ကို​ခံ​စား​ရ​သူ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကဲ့​သို့​တဲ​ရှင်​ထိုး​၍ နေ​လေ​သည်။-
HEB 11:10 အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​စီ​မံ​တည်​ဆောက်​တော်​မူ သော​ခိုင်​ခန့်​သည့်​အုတ်​မြစ်​ရှိ​သော​မြို့​ကို မျှော်​လင့်​စောင့်​စား​လျက်​နေ​သော​ကြောင့် တည်း။
HEB 11:11 အာ​ဗြ​ဟံ​သည်​အို​မင်း​လေ​ပြီ။ စာ​ရာ​သည် လည်း​သား​သ​မီး​မွေး​ဖွား​နိုင်​သော​အ​ရွယ် လွန်​လေ​ပြီ။ သို့​ရာ​တွင်​အာ​ဗြ​ဟံ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဖ​ခင်​ဖြစ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​က​တိ​ထား​တော်​မူ​သည် အ​တိုင်း​သစ္စာ​တည်​တော်​မူ​သည်​ဟု​ယုံ ကြည်​၏။-
HEB 11:12 အာ​ဗြ​ဟံ​သည်​သူ​သေ​နှင့်​မ​ထူး​ခြား သော်​လည်း သူ​တစ်​ယောက်​မှ​ပေါက်​ဖွား​လာ သော​သား​မြေး​များ​မှာ​ကောင်း​ကင်​ကြယ် များ​ကဲ့​သို့​လည်း​ကောင်း၊ မ​ရေ​မ​တွက်​နိုင် သော​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့ လည်း​ကောင်း​များ​ပြား​သ​တည်း။
HEB 11:13 ထို​သူ​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​လျက် သေ​လွန်​ကြ​ကုန်​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​အ​ရာ များ​ကို​မ​ခံ​စား​ကြ​ရ​သော်​လည်း အ​ဝေး မှ​မြင်​၍​ကြို​ဆို​ကြ​၏။ သူ​တို့​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဧည့်​သည်​အာ​ဂန္တု​များ​သာ​ဖြစ်​ကြောင်း ကို​ပွင့်​လင်း​စွာ​ဝန်​ခံ​ကြ​ပေ​သည်။-
HEB 11:14 ယင်း​သို့​ဝန်​ခံ​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ပိုင် နိုင်​ငံ​တစ်​ခု​ကို​ရှာ​လျက်​နေ​ကြ​ကြောင်း အ​တိ​အ​လင်း​ပြော​ဆို​ကြ​၏။-
HEB 11:15 သူ​တို့​သည်​မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သည့်​ပြည် ကို​တမ်း​တ​လျက်​နေ​ကြ​သည်​မ​ဟုတ်။ ထို ပြည်​ကို​တမ်း​တ​ပါ​က​ပြန်​နိုင်​ရန်​အ​ခွင့် ကို​ရ​ရှိ​ကြ​ပေ​သည်။-
HEB 11:16 သို့​ရာ​တွင်​သူ​တို့​သည်​ထို​ပြည်​ထက်​သာ​လွန် ကောင်း​မြတ်​သည့်​ကောင်း​ကင်​ရွှေ​ပြည်​ကို​တမ်း​တ ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဘု​ရား​ဟူ​၍​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ရှက် တော်​မ​မူ။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန် မြို့​ကို​ပြင်​ဆင်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။
HEB 11:17 အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။-
HEB 11:19 ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။
HEB 11:20 ဣ​ဇာက်​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​နာ​ဂတ် ကာ​လ​ကို​ရည်​မှန်း​၍​ယာ​ကုပ်​နှင့်​ဧ​သော​အား ကောင်း​ချီး​ပေး​၏။
HEB 11:21 ယာ​ကုပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး​လေ​သည်။ သူ​သည်​မိ​မိ​၏​တောင် ဝှေး​ထိပ်​ကို​မှီ​ပြီး​လျှင်​ဘု​ရား​သ​ခင်​အား ဆု​တောင်း​လေ​၏။
HEB 11:22 ယော​သပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​လွတ်​မြောက်​လာ​မည့်​အ​ခြင်း​အ​ရာ ကို​ရည်​ညွှန်း​ပြော​ကြား​ကာ မိ​မိ​၏​အ​ရိုး များ​နှင့်​ပတ်​သက်​၍​မှာ​ကြား​၏။
HEB 11:23 မော​ရှေ​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏​မိ​ဘ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သူ့​အား​သုံး​လ​တိုင်​တိုင် ဝှက်​ထား​ကြ​၏။ မော​ရှေ​သည်​ချစ်​စ​ရာ​ကောင်း သော​သူ​ငယ်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ရှင်​ဘု​ရင် ၏​အ​မိန့်​တော်​ကို​ပင်​လွန်​ဆန်​ရန်​မ​ကြောက် ကြ။
HEB 11:24 မော​ရှေ​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် မိမိ​ကိုယ်​ကို​ဖာ​ရော​ဘု​ရင့်​သ​မီး တော်​၏​သား​ဟူ​၍​အ​ခေါ်​မ​ခံ​ဘဲ​နေ​၏။-
HEB 11:25 သူ​သည်​ခ​ဏ​တာ​မျှ​အ​ပြစ်​၌​ပျော်​မွေ့​ရ​သည် ထက် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သည်​ကို​ပို​မို​၍​လို​လား​၏။-
HEB 11:26 မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။
HEB 11:27 မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။-
HEB 11:28 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။
HEB 11:29 ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။
HEB 11:30 ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင်​ယေ​ရိ​ခေါ​မြို့​ကို လှည့်​ပတ်​ချီ​တက်​ကြ​ပြီး​နောက်​မြို့​ရိုး​များ ကို​ပြို​ကျ​စေ​၏။-
HEB 11:31 ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​ဣသ​ရေ​လ​သူ​လျှို​တို့ အား​ဖော်​ရွေ​စွာ​လက်​ခံ​ခဲ့​သည့်​အ​တွက် ဘု​ရား သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​သူ​တို့​နှင့် အ​တူ​အ​သတ်​မ​ခံ​ရ​ပေ။
HEB 11:32 ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။-
HEB 11:33 ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။-
HEB 11:34 ပြင်း​ထန်​စွာ​တောက်​လောင်​နေ​သော​မီး​ကို​ငြိမ်း သတ်​ခဲ့​ကြ​၏။ ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ခဲ့​ကြ​၏။ သူ​တို့​သည်​ခွန်​အား​နည်း​သူ​များ​ဖြစ်​သော်​လည်း ခွန်​အား​ကြီး​လာ​ကြ​၏။ စစ်​ရေး​၌​စွမ်း​ရည်​သတ္တိ ရှိ​လျက်​တိုင်း​တစ်​ပါး​မှ​တပ်​များ​ကို​ဖြို​ခွင်း ကြ​၏။-
HEB 11:35 အ​မျိုး​သ​မီး​တို့​သည်​လည်း​ယုံ​ကြည်​ခြင်း အား​ဖြင့်​သေ​ရာ​မှ​ရှင်​လာ​သော​ဆွေ​မျိုး​များ တို့​ကို​ပြန်​လည်​၍​ရ​ရှိ​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​လွတ်​မြောက်​ခွင့်​ကို လက်​မ​ခံ​ဘဲ သာ​လွန်​မွန်​မြတ်​သည့်​ဘ​ဝ​သို့ ထ​မြောက်​ဝင်​စား​ရ​စေ​ရန်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ကို​ခံ​၍​သေ​ကြ​ကုန်​၏။-
HEB 11:36 အ​ချို့​သော​သူ​တို့​သည်​ကဲ့​ရဲ့​ရိုက်​နှက်​ခြင်း​ကို ခံ​ကြ​ရ​၏။ အ​ချို့​သူ​တို့​သည်​ကား​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ​အ​ကျဉ်း​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။-
HEB 11:37 သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။-
HEB 11:38 ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။
HEB 11:39 ဤ​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကြောင့်​ဂုဏ်​ပြု​ချီး​မွမ်း​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ကို​မ​ခံ​စား​ကြ​ရ။-
HEB 11:40 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​တွက်​ပို​မို​ကောင်း​မြတ်​သည့်​အ​ကြံ အ​စည်​တော်​ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ယင်း​အ​ကြံ​အ​စည်​တော်​မှာ​ထို​သူ​တို့​သည် ငါ​တို့​ပါ​ရှိ​မှ​သာ​လျှင်​ပြည့်​ဝ​စုံ​လင်​သူ များ​ဖြစ်​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။
HEB 12:1 ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။-
HEB 12:2 ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။
HEB 12:3 အ​ပြစ်​သား​တို့​၏​ပြင်း​ထန်​စွာ​မုန်း​တီး​ခြင်း ကို​ကိုယ်​တော်​အ​ဘယ်​မျှ​ခံ​တော်​မူ​ကြောင်း သင်​တို့​ထောက်​ရှု​ဆင်​ခြင်​လျက်​စိတ်​ပျက် အား​လျော့​ခြင်း​မ​ရှိ​ကြ​နှင့်။-
HEB 12:4 သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆိုင်​ပြိုင် တိုက်​ခိုက်​ကြ​ရာ​တွင် ယ​ခု​အ​ချိန်​အ​ထိ သေ​ဘေး​နှင့်​ရင်​မ​ဆိုင်​ကြ​ရ​သေး​ပေ။-
HEB 12:5 ကျမ်း​စာ​တော်​တွင်​ဘု​ရား​သ​ခင်​က၊ ``ငါ့​သား၊ထာ​ဝ​ရ​ဘု​ရား​ပဲ့​ပြင်​တော်​မူ​သည်​ကို ဂ​ရု​ပြု​လော့။ ဆုံး​မ​တော်​မူ​သော​အ​ခါ​စိတ် မ​ပျက်​နှင့်။
HEB 12:6 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ ချစ်​တော်​မူ​သော​သူ​ကို​ဆုံး​မ​တော်​မူ​တတ်​၍ သား​အ​ဖြစ်​လက်​ခံ​တော်​မူ​သော​သူ​ကို ဒဏ်​ပေး​တော်​မူ​တတ်​သော​ကြောင့်​ဖြစ်​၏'' ဟု​သင်​တို့​အား​သား​များ​အ​နေ​ဖြင့်​အား ပေး​တိုက်​တွန်း​ထား​သည်​ကို​သင်​တို့​မေ့ လျော့​သွား​ကြ​လေ​ပြီ​လော။-
HEB 12:7 သင်​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ခြင်း​သည်​ဖ​ခင်​၏ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သည်​ဟု​ခံ​ယူ​ရ​ကြ​မည်။ ယင်း​သို့​ခံ​ရ​ခြင်း​သည်​သင်​တို့​အား​သား​များ အ​နေ​ဖြင့် ဘု​ရား​သ​ခင်​ဆက်​ဆံ​လျက်​ရှိ​တော် မူ​ကြောင်း​ကို​ပြ​၏။ ဖ​ခင်​မ​ဆုံး​မ​သော​သား ဟူ​၍​အ​ဘယ်​မှာ​ရှိ​သ​နည်း။-
HEB 12:8 သင်​တို့​အား​ဒဏ်​ပေး​တော်​မ​မူ​လျှင်​သင်​တို့ သည်​သား​ရင်း​များ​မ​ဟုတ်​ဘဲ တ​ရား​မ​ဝင် သော​သား​များ​သာ​လျှင်​ဖြစ်​ကြ​၏။-
HEB 12:9 ငါ​တို့​အား​ဆုံး​မ​သော​လူ​ဖ​ခင်​ကို​ငါ​တို့ က​ရို​သေ​လေး​စား​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​သည်​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​၏ အ​ဆုံး​အ​မ​ကို​ပို​၍​ပင် ခံ​ယူ​ကာ​အ​သက် ရှင်​သင့်​ကြ​သည်​မ​ဟုတ်​လော။-
HEB 12:10 ဤ​တို​တောင်း​သော​ဘ​ဝ​၌​လူ​ဖ​ခင်​များ​သည် မိ​မိ​တို့​လျောက်​ပတ်​သည်​ဟု​ထင်​မှတ်​သည့် အ​တိုင်း​ငါ​တို့​အား​ဒဏ်​ပေး​တတ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​မူ​ကား​ငါ​တို့ အ​ကျိုး​ကို​ထောက်​၍ မိ​မိ​ကဲ့​သို့​မြင့်​မြတ် သန့်​ရှင်း​နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ဒဏ် ပေး​တော်​မူ​ပေ​သည်။-
HEB 12:11 ဒဏ်​ပေး​ခြင်း​ခံ​ရ​သည်​မှာ​ပျော်​ရွှင်​စ​ရာ မ​ဟုတ်။ ဝမ်း​နည်း​စ​ရာ​ဟူ​၍​ထင်​မှတ်​ရ သော်​လည်း​ယင်း​သို့​ဆုံး​မ​ခြင်း​ခံ​ရ​သူ​တို့ သည်​ကား​နောင်​အ​ခါ​၌​ဖြောင့်​မတ်​ခြင်း​တည်း ဟူ​သော​ငြိမ်​သက်​ခြင်း​အ​ကျိုး​ကို​ရ​ရှိ​ကြ လေ​သည်။
HEB 12:12 သို့​ဖြစ်​၍​သင်​တို့​၏​နွမ်း​နယ်​သည့်​လက်​များ​ကို အ​ပေါ်​သို့​မ​၍​ချိ​နဲ့​သည့်​ဒူး​ဆစ်​တို့​ကို​ခိုင်​ခံ့ စေ​ကြ​လော့။-
HEB 12:13 လမ်း​ဖြောင့်​များ​တွင်​ဆက်​လက်​၍​လျှောက်​သွား ကြ​လော့။ သို့​မှ​သာ​လျှင်​မ​စွမ်း​မ​သန်​သော​ခြေ သည်​ချိ​နဲ့​၍​မ​နေ​ဘဲ​စွမ်း​သန်​၍​လာ​လိမ့်​မည်။
HEB 12:14 လူ​တိုင်း​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရန်​ကြိုး​စား ကြ​လော့။ မြင့်​မြတ်​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို ရှာ​ကြ​လော့။ ထို​ပါ​ရ​မီ​မ​ရှိ​လျှင်​အ​ဘယ် သူ​မျှ​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-
HEB 12:15 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​ဘယ် သူ​မျှ​မ​ငြင်း​မ​ပယ်​စေ​နှင့်။ မြစ်​ခါး​ပင်​သည် မိ​မိ​၏​အ​ဆိပ်​ဖြင့်​လူ​အ​များ​အား​ဒုက္ခ ပေး​တတ်​၏။ အ​ဘယ်​သူ​မျှ​ထို​အ​ပင်​ကဲ့ သို့​မ​ဖြစ်​စေ​နှင့်။-
HEB 12:16 အ​ဘယ်​သူ​မျှ​ဧ​သော​ကဲ့​သို့​မ​သ​မာ​သူ၊ လော​ကီ​ဆန်​သူ​မ​ဖြစ်​စေ​နှင့်။ ဧ​သော​သည် သား​ဦး​အ​ရာ​ကို​ထ​မင်း​တစ်​နပ်​စာ​ဖြင့် ရောင်း​ခဲ့​ပေ​သည်။-
HEB 12:17 သင်​တို့​သိ​သည့်​အ​တိုင်း သူ​သည်​နောင်​အ​ခါ​မှ ဖ​ခင်​၏​ကောင်း​ချီး​ကို​ခံ​ယူ​ရန်​အ​လို​ရှိ​၏။ သို့​ရာ​တွင်​မ​ရ​ရှိ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မိ​မိ​ပြု​ပြီး​သည့်​အ​မှု​ကို​ပြန်​လည် ပြင်​ဆင်​ရန် နည်း​လမ်း​ကို​မျက်​ရည်​ကျ​လျက် ရှာ​သော်​လည်း​မ​တွေ့​နိုင်​သော​ကြောင့်​ဖြစ်​၏။
HEB 12:18 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​သင်​တို့ သည်​လက်​နှင့်​စမ်း​သပ်​နိုင်​သော​သိ​နာ​တောင် သို့​ရောက်​ရှိ​နေ​ကြ​သည်​မ​ဟုတ်။ ထို​တောင် သည်​မီး​တောက်​မီး​လျှံ​ထ​၍​မဲ​မှောင်​ညို​မှိုင်း ကာ​မုန်​တိုင်း​ကျ​လျက် တံ​ပိုး​ခ​ရာ​မှုတ်​သံ နှင့်​ဗျာ​ဒိတ်​တော်​အ​သံ​ထွက်​ပေါ်​လာ​သည့် တောင်​ဖြစ်​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​နောက်​တစ်​ဖန်​မ​ကြား ရ​စေ​ရန်​မော​ရှေ​အား​တောင်း​ပန်​ကြ​၏။-
HEB 12:20 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်``တိရစ္ဆာန် ပင်​ဖြစ်​စေ​ကာ​မူ​ထို​တောင်​ကို​ထိ​မိ​လျှင် ခဲ​နှင့်​ပေါက်​၍​သတ်​ရ​မည်'' ဟူ​သော​အ​မိန့် တော်​ကို​မ​ခံ​ယူ​ဝံ့​သော​ကြောင့်​ဖြစ်​၏။-
HEB 12:21 ထို​မြင်​ကွင်း​တစ်​ခု​လုံး​သည်​အ​လွန်​ထိတ် လန့်​ဖွယ်​ကောင်း​သ​ဖြင့်​မော​ရှေ​က``ငါ​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​၏'' ဟု​ဆို​၏။
HEB 12:22 သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-
HEB 12:23 သင်​တို့​သည်​ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သား ဦး​များ​ပျော်​ရွှင်​စွာ​စု​ဝေး​ရာ​သို့​ရောက်​ရှိ နေ​ကြ​၏။ သင်​တို့​သည်​လူ​အ​ပေါင်း​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​လည်း​ကောင်း၊ အြုပစ် ဆို​ဖွယ်​မ​ရှိ​သော​သူ​တော်​ကောင်း​တို့​၏ ဝိညာဉ်​များ​ထံ​သို့​လည်း​ကောင်း​ရောက်​ရှိ နေ​ကြ​၏။-
HEB 12:24 သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။
HEB 12:25 ထို​ကြောင့်​သင်​တို့​သည်​မိန့်​တော်​မူ​သံ​ကို ကြား​နာ​ရန်​ငြင်း​ဆန်​သူ​များ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။ ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​သော​သူ​ကို​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နား ထောင်​ရန်​ငြင်း​ဆန်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ကြ​ရ​လျှင် ငါ​တို့​သည်​ကောင်း​ကင်​ဘုံ​မှ မိန့်​တော်​မူ​သော​အ​ရှင်​အား​ကျော​ခိုင်း​ကြ မည်​ဆို​ပါ​မူ​အ​ဘယ်​သို့​လျှင်​အ​ပြစ် ဒဏ်​မှ​လွတ်​မြောက်​နိုင်​ပါ​မည်​နည်း။-
HEB 12:26 ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​၏​အ​သံ​တော် သည်​ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​က``ငါ​သည်​နောက်​တစ်​ကြိမ်​ကမ္ဘာ မြေ​ကြီး​ကို​သာ​မ​က​ကောင်း​ကင်​ကို​လည်း တုန်​လှုပ်​စေ​ဦး​မည်'' ဟု​က​တိ​ထား​တော် မူ​လေ​ပြီ။-
HEB 12:27 ``နောက်​တစ်​ကြိမ်'' ဟူ​သော​စ​ကား​သည်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ကို​တုန်​လှုပ်​ပယ် ဖျက်​တော်​မူ​မည်​ဖြစ်​သ​ဖြင့်​မ​တုန်​လှုပ်​နိုင် သော​အ​ရာ​တို့​သာ​လျှင်​ကျန်​ရစ်​တည်​ရှိ ကြ​လိမ့်​မည်​ဟု​ဆို​လို​သ​တည်း။
HEB 12:28 ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။-
HEB 12:29 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။
HEB 13:1 သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ချစ်​မြဲ​ချစ်​ကြ​လော့။-
HEB 13:2 ဧည့်​သည်​ဝတ်​ကို​ပြု​ရန်​မ​မေ့​ကြ​နှင့်။ ယင်း သို့​ဧည့်​ဝတ်​ကို​ပြု​သော​သူ​အ​ချို့​တို့​သည် ကောင်း​ကင်​တ​မန်​များ​ကို​အ​မှတ်​မ​ထင် ဧည့်​ခံ​ခဲ့​ကြ​ပေ​သည်။-
HEB 13:3 သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။
HEB 13:4 ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။
HEB 13:5 သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-
HEB 13:6 ထို့​ကြောင့်၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​မ​စ​တော်​မူ သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​ကို​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း'' ဟု ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ပြော​ဆို​ကြ စို့။
HEB 13:7 သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို ဟော​ပြော​ခဲ့​သော​သင်​တို့​၏​ခေါင်း​ဆောင်​များ ကို​သ​တိ​ရ​ကြ​လော့။ သူ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​သည်၊ အ​ဘယ်​သို့​သေ​လွန်​သွား ကြ​သည်​ကို​ဆင်​ခြင်​စဉ်း​စား​ကြ​ပြီး​နောက် သူ​တို့​ယုံ​ကြည်​ခြင်း​ကို​အ​တု​ယူ​ကြ​လော့။-
HEB 13:8 ယေ​ရှု​ခ​ရစ်​သည်​မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ​မ​ပြောင်း​မ​လဲ​နေ​တော်​မူ​၏။-
HEB 13:9 သင်​တို့​သည်​လမ်း​လွဲ​၍​ကွဲ​လွဲ​ထူး​ခြား​သော အ​ယူ​ဝါ​ဒ​အ​မျိုး​မျိုး​တို့​ဆွဲ​ဆောင်​ရာ​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​စား​အ​စာ​နှင့် ဆိုင်​သော​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ခြင်း မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် မှ​ငါ​တို့​ဝိ​ညာဉ်​ခွန်​အား​ရ​ရှိ​လျှင်​ကောင်း ပေ​၏။ ထို​ပ​ညတ်​များ​ကို​စောင့်​ထိန်း​သူ တို့​သည်​ကောင်း​ကျိုး​ကို​မ​ခံ​ရ​ကြ​ပေ။
HEB 13:10 ယု​ဒ​တဲ​တော်​အ​တွင်း​၌​တာ​ဝန်​ထမ်း​ဆောင် ရ​သူ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ​တို့​၏​ယဇ် ပလ္လင်​မှ​အ​ဘယ်​ပူ​ဇော်​သ​ကာ​ကို​မျှ​စား ပိုင်​ခွင့်​မ​ရှိ။-
HEB 13:11 ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တိ​ရစ္ဆာန်​များ ၏​သွေး​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ယူ​ဆောင်​ခဲ့​သော်​လည်း​ယဇ်​ကောင်​တို့​ကို မူ​ကား​စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ပစ်​ရ​၏။-
HEB 13:12 ဤ​အ​ကြောင်း​ကြောင့်​သ​ခင်​ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​များ​ကို​ဆေး​ကြော​ပေး​နိုင်​ရန်​မြို့ တံ​ခါး​၏​အ​ပြင်​ဘက်​၌​အ​သေ​ခံ​တော်​မူ​၏။-
HEB 13:13 သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ရှိ​ရာ​စ​ခန်း အ​ပြင်​သို့​သွား​၍ ကိုယ်​တော်​နှင့်​အ​တူ​ကဲ့​ရဲ့ ရှုတ်​ချ​ခြင်း​ကို​ခံ​ကြ​ကုန်​အံ့။-
HEB 13:14 အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လော​က​၌​ငါ​တို့ အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ​သော​ကြောင့် ဖြစ်​၏။ ငါ​တို့​ကား​နောင်​အ​ခါ​ဖြစ်​ပေါ်​မည့် မြို့​ကို​စောင့်​မျှော်​လျက်​နေ​ကြ​ပေ​သည်။-
HEB 13:15 သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။-
HEB 13:16 သင်​တို့​သည်​အ​ချင်း​ချင်း​အား​ကျေး​ဇူး​ပြု ရန်​နှင့်​ကူ​ညီ​မ​စ​ရန်​မ​မေ့​ကြ​နှင့်။ ထို​သို့ သော​ယဇ်​များ​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။
HEB 13:17 သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။
HEB 13:18 ငါ​တို့​အ​တွက်​ဆက်​လက်​ဆု​တောင်း​နေ​ကြ လော့။ ငါ​တို့​သည်​မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ် ကြည်​လင်​သည်​ကို​အ​သေ​အ​ချာ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​အ​ခါ ခပ်​သိမ်း​မှန်​ရာ​ကို​သာ​ပြု​လုပ်​ရန်​ဆန္ဒ​ရှိ ကြ​သော​ကြောင့်​ဖြစ်​၏။-
HEB 13:19 ဘု​ရား​သ​ခင်​သည်​မ​ကြာ​မီ​ငါ့​အား​သင် တို့​ထံ​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​တော်​မူ​စေ ရန်​ဆု​တောင်း​ကြ​ပါ​လော့​ဟု​သင်​တို့​အား အ​ထူး​မေတ္တာ​ရပ်​ခံ​ပါ​၏။
HEB 13:20 အ​သက်​တော်​ကို​တင်​လှူ​ပူ​ဇော်​တော်​မူ​ခြင်း အား​ဖြင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို​တံ​ဆိပ် ခတ်​နှိပ်​တော်​မူ​သ​ဖြင့် သိုး​ထိန်း​ကြီး​ဖြစ် တော်​မူ​သော​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု အား​ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ငြိမ် သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင်​၏​အ​လို တော်​ကို​လိုက်​လျှောက်​နိုင်​ကြ​စေ​ရန် ကိုယ် တော်​သည်​သင်​တို့​အား​ကောင်း​မြတ်​သော အ​ရာ​ဟူ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။ ကိုယ်​တော်​သည်​မိ​မိ​နှစ်​သက်​တော် မူ​ဖွယ်​ရာ​ကို ငါ​တို့​၌​ယေ​ရှု​ခ​ရစ်​အား ဖြင့်​ပြု​တော်​မူ​ပါ​စေ​သော။ ခ​ရစ်​တော် သည်​ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​သ​တည်း။ အာ​မင်။
HEB 13:22 ညီ​အစ်​ကို​တို့၊ ဤ​အား​ပေး​တိုက်​တွန်း​ချက် ကို​သည်း​ခံ​လျက်​နာ​ယူ​ကြ​ရန်​သင်​တို့ အား​ငါ​တောင်း​ပန်​၏။ ယ​ခု​သင်​တို့​ထံ​သို့ ငါ​ရေး​လိုက်​သော​စာ​သည်​များ​စွာ​မ​ရှည် ပါ။-
HEB 13:23 ငါ​တို့​၏​ညီ​တိ​မော​သေ​သည် အ​ကျဉ်း​ထောင်​မှ လွတ်​၍​လာ​ပြီ​ဖြစ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ အ​ကယ်​၍​သူ​သည်​ငါ့​ထံ​သို့​အ​ချိန်​မီ ရောက်​ရှိ​လာ​ပါ​က သင်​တို့​နှင့်​တွေ့​ဆုံ​ရန်​ငါ လာ​သော​အ​ခါ​သူ့​ကို​ခေါ်​ခဲ့​ပါ​မည်။
HEB 13:24 သင်​တို့​၏​ခေါင်း​ဆောင်​အ​ပေါင်း​နှင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​ရှိ​သ​မျှ​တို့​အား နှုတ်​ဆက်​လိုက်​ကြောင်း​ပြော​ပြ​ပါ​လော့။ အီ​တ​လီ​ပြည်​မှ​ညီ​အစ်​ကို​တို့​က​လည်း သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။
HEB 13:25 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ဟေ​ဗြဲ​သြ​ဝါ​ဒ​စာ​ပြီး​၏။
JAM 1:1 ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​စေ ခံ​ဖြစ်​သူ​ယာ​ကုပ်​သည် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​နှံ့ လျက်​ရှိ​သည့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​ထံ​သို့​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။
JAM 1:2 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက် ခြင်း​အ​မျိုး​မျိုး​နှင့်​တွေ့​ကြုံ​ရ​သော​အ​ခါ ဝမ်း​မြောက်​စ​ရာ​ဖြစ်​သည်​ဟု​ခံ​ယူ​ကြ​လော့။-
JAM 1:3 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​စစ်​ကြော​စုံ​စမ်း​မှု​သည်​ခံ​နိုင်​ရည် ကို​ဖြစ်​ပွား​စေ​ကြောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။-
JAM 1:4 သင်​တို့​သည်​မည်​သည့်​အ​ရာ​မျှ​ချို့​တဲ့​မှု​မ​ရှိ ဘဲ​ပြည့်​ဝ​စုံ​လင်​ကြ​စေ​ရန်​အ​ဆုံး​တိုင်​အောင် ခံ​နိုင်​ရည်​ရှိ​ရ​ကြ​မည်။-
JAM 1:5 သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။-
JAM 1:6 သို့​ရာ​တွင်​သင်​တို့​သည်​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ​ယုံ​ကြည်​သော​စိတ်​နှင့်​တောင်း​လျှောက်​ကြ​ရ မည်။ ယုံ​မှား​သံ​သ​ယ​ရှိ​သော​သူ​သည်​လေ တိုက်​၍​လှုပ်​ရှား​နေ​သော​ပင်​လယ်​လှိုင်း​နှင့်​တူ​၏။-
JAM 1:7 ဤ​ကဲ့​သို့​သော​သူ​သည်​စိတ်​နှစ်​ခွ​ရှိ​သူ၊ ပြု လေ​သ​မျှ​တို့​၌​တည်​ကြည်​မှု​မ​ရှိ​သူ​ဖြစ် သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ တစ်​စုံ​တစ်​ရာ​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​မှတ် စေ​နှင့်။
JAM 1:9 ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အား နိမ့် ကျ​သည့်​အ​ခြေ​အ​နေ​မှ ဘု​ရား​သ​ခင်​မြှင့် တင်​ပေး​လိုက်​သော​အ​ခါ​ဝမ်း​မြောက်​စေ။-
JAM 1:10 ချမ်း​သာ​ကြွယ်​ဝ​သော​ညီ​အစ်​ကို​သည်​မိ​မိ အား​ဘု​ရား​သ​ခင်​နိမ့်​ကျ​စေ​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​တော​ပန်း ကဲ့​သို့​ညှိုး​နွမ်း​ပျောက်​ပျက်​သွား​မည်​ဖြစ် သော​ကြောင့်​တည်း။-
JAM 1:11 နေ​ပူ​ရှိန်​သည်​အ​ပင်​ကို​ခြောက်​သွေ့​စေ​၍ အ​ပွင့်​ကို​ကြွေ​ကျ​စေ​၏။ သို့​ဖြစ်​၍​ယင်း​၏ တင့်​တယ်​လှ​ပ​မှု​သည်​ပျက်​စီး​ရ​သ​ကဲ့​သို့ ချမ်း​သာ​ကြွယ်​ဝ​သူ​သည် မိ​မိ​၏​အ​လုပ် အ​ကိုင်​ကို​ဆောင်​ရွက်​လျက်​နေ​စဉ်​ပျောက် ကွယ်​ရ​လိမ့်​မည်။
JAM 1:12 စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။-
JAM 1:13 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရ​သူ​သည်`ငါ့​အား ဘု​ရား​သ​ခင်​စုံ​စမ်း​သွေး​ဆောင်​လျက်​နေ​သည်' ဟု​မ​ဆို​စေ​နှင့်။ မ​ကောင်း​မှု​သည်​ဘု​ရား​သ​ခင် အား​မ​သွေး​ဆောင်​နိုင်​ရာ။ ထို့​ပြင်​ကိုယ်​တော် တိုင်​အ​ဘယ်​သူ့​ကို​မျှ​စုံ​စမ်း​သွေး​ဆောင်​တော် မ​မူ။-
JAM 1:14 လူ​သည်​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သည်​ဆို သည်​မှာ မိ​မိ​၏​ဆိုး​ညစ်​သော​လို​အင်​ဆန္ဒ​ဆွဲ ဆောင်​ရာ​သို့​လိုက်​ပါ​ခြင်း​ပင်​ဖြစ်​၏။-
JAM 1:15 ထို​လို​အင်​ဆန္ဒ​သည်​သန္ဓေ​ယူ​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​ဖွား​မြင်​၏။ အ​ပြစ်​ဒု​စ​ရိုက် သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​သေ​ခြင်း ကို​ဖွား​မြင်​လေ​၏။
JAM 1:16 ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။-
JAM 1:17 ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။-
JAM 1:18 ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။
JAM 1:19 ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။-
JAM 1:20 လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။-
JAM 1:21 သို့​ဖြစ်​၍​သင်​တို့​သည်​ညစ်​ညမ်း​သည့်​အ​လေ့ အ​ထ​နှင့်​ဆိုး​ယုတ်​သည့်​အ​ကျင့်​မှန်​သ​မျှ​တို့ ကို​ပယ်​ရှား​ကြ​လော့။ သင်​တို့​၏​စိတ်​အ​တွင်း ၌​ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော​တ​ရား တော်​သည် သင်​တို့​ကို​ကယ်​တင်​နိုင်​၏။ တ​ရား တော်​ကို​သိမ်​မွေ့​စွာ​ခံ​ယူ​ကြ​လော့။
JAM 1:22 တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။-
JAM 1:23 တ​ရား​တော်​ကို​လက်​တွေ့​မ​ကျင့်​သုံး​ဘဲ ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ​သော​သူ​သည် မိ​မိ​ပ​က​တိ​မျက်​နှာ​ကို​မှန်​တွင်​ကြည့်​သူ နှင့်​တူ​၏။-
JAM 1:24 သူ​သည်​ယင်း​သို့​ကြည့်​၍​ထွက်​ခွာ​သွား​သည်​နှင့် တစ်​ပြိုင်​နက်​မိ​မိ​ပုံ​သ​ဏ္ဌာန်​ကို​မေ့​ပျောက်​၍ သွား​တတ်​လေ​သည်။-
JAM 1:25 သို့​ရာ​တွင်​လူ​တို့​အား​အ​ပြစ်​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​သော​စုံ​လင်​သည့်​တ​ရား​ကို သေ​ချာ​စွာ​လေ့​လာ​ကြည့်​ရှု​သော​သူ​ကား တ​ရား​နာ​ရုံ​သာ​နာ​၍​မေ့​လျော့​သော​သူ မ​ဟုတ်​ဘဲ​ဆက်​လက်​အာ​ရုံ​ပြု​ကာ​လက်​တွေ့ ကျင့်​သုံး​သော​သူ​ဖြစ်​သ​ဖြင့် အ​ဘယ်​အ​မှု မျိုး​ကို​ပြု​သည်​မ​ဆို​ဘု​ရား​သ​ခင်​၏ ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား​ရ​လိမ့်​မည်။
JAM 1:26 လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဟူ​၍​ယူ​ဆ သော်​လည်း မိ​မိ​၏​လျှာ​ကို​မ​ထိန်း​နိုင်​လျှင် ကိုယ့်​ကိုယ်​ကို​လှည့်​စား​သူ​ဖြစ်​၏။ သူ​၏​ဘု​ရား တ​ရား​ကြည်​ညို​မှု​သည်​လည်း​အ​ချည်း​နှီး ပင်​ဖြစ်​၏။-
JAM 1:27 ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။
JAM 2:1 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​တို့​၏​ဘုန်း အ​သ​ရေ​တော်​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သက် ဝင်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သည့်​အ​လျောက် လူ​တို့​အား​မျက်​နှာ​ကြီး​ငယ်​လိုက်​၍​မ​ဆက် ဆံ​ကြ​နှင့်။-
JAM 2:2 အ​ကယ်​၍​သင်​တို့​စည်း​ဝေး​ရာ​သို့​ဝင်​လာ သော​လူ​နှစ်​ယောက်​အ​နက် လူ​တစ်​ယောက်​က ရွှေ​လက်​စွပ်​နှင့်​ဝတ်​ကောင်း​စား​လှ​များ​ကို ဝတ်​ဆင်​ထား​၍ အ​ခြား​တစ်​ယောက်​က​မူ ဆင်း​ရဲ​နွမ်း​ပါး​သူ​ဖြစ်​သ​ဖြင့် စုတ်​ပြတ် သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည်​ဆို​အံ့။-
JAM 2:3 သင်​တို့​သည်​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား သူ​အား​အ​ရေး​ပေး​လျက်``ဤ​နေ​ရာ​တွင်​ထိုင် ပါ'' ဟူ​၍​လည်း​ကောင်း၊ ဆင်း​ရဲ​သူ​အား``ထို နေ​ရာ​တွင်​ရပ်​နေ​လော့'' ဟူ​၍​လည်း​ကောင်း ဆို​ပါ​မူ၊-
JAM 2:4 အ​ချင်း​ချင်း​လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း သော​အ​ကြံ​အ​စည်​နှင့်​အ​ကဲ​ဖြတ်​ရာ​ရောက် သည်​မ​ဟုတ်​ပါ​လော။
JAM 2:5 ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။-
JAM 2:6 သို့​ရာ​တွင်​သင်​တို့​က​ဆင်း​ရဲ​သူ​တို့​အား ရှုတ်​ချ​ကြ​သည်​တ​ကား။ ကြွယ်​ဝ​သူ​တို့​သည် သင်​တို့​အား​နှိပ်​စက်​၍​တ​ရား​သူ​ကြီး​များ ရှေ့​သို့​ဆွဲ​ငင်​ခေါ်​ဆောင်​သွား​ကြ​သည် မ​ဟုတ်​လော။-
JAM 2:7 သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။
JAM 2:8 သင်​တို့​သည်``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​လော့'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော် ပြ​ပါ​ရှိ​သည့်​ရွှေ​ပ​ညတ်​တော်​ကို​စောင့်​ထိန်း လျှင်​သင့်​လျော်​ပေ​၏။-
JAM 2:9 သို့​ရာ​တွင်​မျက်​နှာ​ကြီး​ငယ်​လိုက်​ကြ​ပါ​မူ အ​ပြစ်​ကူး​သူ​များ​ဖြစ်​၍​ထို​ပ​ညတ်​တော် အား​ဖြင့်​အ​ပြစ်​သင့်​လိမ့်​မည်။-
JAM 2:10 ပ​ညတ်​တော်​တစ်​ပါး​ကို​ချိုး​ဖောက်​သူ​သည် ပ​ညတ်​တော်​အ​လုံး​စုံ​ကို​ချိုး​ဖောက်​ရာ​ရောက် ပေ​သည်။-
JAM 2:11 အ​ဘယ်​ကြောင့်​ဆို​သော်``သူ့​အိမ်​ရာ​ကို​မ​ပြစ် မှား​နှင့်'' ဟု​မိန့်​တော်​မူ​သော​အ​ရှင်​သည် ``သူ့ အ​သက်​ကို​မ​သတ်​နှင့်'' ဟု​လည်း​မိန့်​တော်​မူ သော​ကြောင့်​ဖြစ်​၏။ သင်​သည်​သူ့​အိမ်​ရာ​ကို မ​ပြစ်​မှား​ဘဲ​နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ တွင်​လူ့​အ​သက်​ကို​သတ်​ပါ​မူ​ပ​ညတ်​တော် ကို​ချိုး​ဖောက်​ရာ​ရောက်​၏။-
JAM 2:12 သို့​ဖြစ်​၍​သင်​တို့​သည်​လွတ်​မြောက်​ခြင်း​ဆိုင် ရာ​တ​ရား​တော်​အ​ရ​တ​ရား​စီ​ရင်​ခြင်း​ခံ ရ​ကြ​မည့်​သူ​တို့​ကဲ့​သို့​ပြော​ဆို​ကျင့်​ကြံ ကြ​လော့။-
JAM 2:13 ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။
JAM 2:14 ငါ့​ညီ​အစ်​ကို​တို့၊ လူ​တစ်​စုံ​တစ်​ယောက်​သည် ယုံ​ကြည်​ပါ​သည်​ဟု​ဆို​သော်​လည်း အ​ကျင့် အား​ဖြင့်​သက်​သေ​မ​ပြ​နိုင်​ပါ​မူ​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ထို​ယုံ​ကြည်​ခြင်း​က သူ့​အား​ကယ်​တင်​နိုင်​မည်​လော။-
JAM 2:15 ညီ​အစ်​ကို​မောင်​နှ​မ​တို့​သည်​ဝတ်​ရေး​စား ရေး​ချို့​တဲ့​ဆင်း​ရဲ​သောအ​ခါ၊-
JAM 2:16 သင်​တို့​က``သင်​တို့​ကို​ဘု​ရား​သ​ခင်​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ။ နွေး​နွေး​နေ​ကြ​လော့။ ဝ​စွာ စား​ကြ​လော့'' ဟု​ဆို​လျက်​သူ​တို့​လို​အပ်​သည့် အ​သုံး​အ​ဆောင်​ကို​မ​ပေး​ဘဲ​နေ​ပါ​မူ အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။-
JAM 2:17 ယုံ​ကြည်​ခြင်း​သည်​လည်း​ထို​နည်း​တူ​ပင်​ဖြစ် သည်။ အ​ကျင့်​အား​ဖြင့်​မ​ပြ​နိုင်​သော​ယုံ​ကြည် ခြင်း​သည်​အ​သေ​ဖြစ်​သည်။
JAM 2:18 သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​က``လူ​တစ်​ဦး မှာ​ယုံ​ကြည်​ခြင်း​ရှိ​၍​အ​ခြား​တစ်​ဦး​မှာ အ​ကျင့်​ရှိ​သည်'' ဟု​စော​ဒ​က​တက်​လျှင်``အ​ကျင့် နှင့်​ကင်း​သည့်​ယုံ​ကြည်​ခြင်း​ကို​ငါ့​အား​ပြ​လော့။ ငါ​မူ​ကား​အ​ကျင့်​အား​ဖြင့်​ငါ​၏​ယုံ​ကြည် ခြင်း​ကို​ပြ​မည်'' ဟု​ငါ​ဆို​ပေ​အံ့။-
JAM 2:19 ဘု​ရား​တစ်​ဆူ​တည်း​သာ​ရှိ​သည်​ကို​ယုံ​ကြည် ၏။ ကောင်း​ပေ​၏။ နတ်​မိစ္ဆာ​များ​ပင်​လျှင်​ထို​သို့ ယုံ​ကြည်​၍​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-
JAM 2:20 အ​ချင်း​လူ​မိုက်၊ အ​ကျင့်​နှင့်​ကင်း​သည့်​ယုံ ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​သိ လို​သ​လော။-
JAM 2:21 ငါ​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​သည် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​အ​ဘယ် သို့​ရ​ရှိ​သ​နည်း။ သူ​သည်​မိ​မိ​သား​ဣ​ဇာက် ကို ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ခြင်း​တည်း ဟူ​သော​အ​ကျင့်​အား​ဖြင့်​ရ​ရှိ​ပေ​သည်။-
JAM 2:22 သူ​၏​ယုံ​ကြည်​ခြင်း​သည်​အ​ကျင့်​နှင့်​ဒွန်​တွဲ လျက်​နေ​သည်​ကို သင်​မ​သိ​မ​မြင်​သ​လော။ အ​ကျင့်​အား​ဖြင့်​သူ​၏​ယုံ​ကြည်​ခြင်း​ကို ပြည့်​ဝ​စုံ​လင်​၍​လာ​၏။-
JAM 2:23 သို့​ဖြစ်​၍``အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​၏။ သူ​၏​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ် လက်​ခံ​တော်​မူ​သည်'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​ကန်​၍​လာ​၏။ ထို့​ကြောင့်​အာ​ဗြ​ဟံ သည် ဘု​ရား​သ​ခင်​၏​အ​ဆွေ​ဟု​ခေါ်​ဝေါ် ခြင်း​ကို​ခံ​ရ​၏။-
JAM 2:24 သို့​ဖြစ်​၍​လူ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် သာ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​မှု​ကို​ရ​ရှိ​နိုင်​ကြောင်း​သင်​တို့​သိ ကြ​၏။
JAM 2:25 ပြည့်​တန်​ဆာ​မ​ရာ​ခပ်​၏​အ​ကြောင်း​မှာ​လည်း ထို​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ သူ​လျှို​များ​ကို​ကြို​ဆို​လက်​ခံ​ပြီး​နောက် အ​ခြား လမ်း​ဖြင့်​ထွက်​ခွာ​သွား​နိုင်​ရန်​ကူ​ညီ​မ​စ​ခဲ့ ပေ​သည်။ ဤ​အ​မှု​ကြောင့်​သူ​သည်​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​ရ​ရှိ​၏။
JAM 2:26 ထို့​ကြောင့်​ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ အ​ကျင့်​နှင့်​ကင်း​သည့် ယုံ​ကြည်​ခြင်း​သည်​အ​သေ​ဖြစ်​သ​တည်း။
JAM 3:1 ငါ့​ညီ​အစ်​ကို​တို့၊ ဆ​ရာ​ဖြစ်​သော​ငါ​တို့​သည် အ​ခြား​သူ​များ​ထက်​ပို​၍​ကျပ်​တည်း​စွာ​စစ် ဆေး​စီ​ရင်​ခြင်း​ခံ​ရ​ကြ​မည်​ကို​သိ​မှတ် ကြ​လျက်​သင်​တို့​တွင်​ဆ​ရာ​ဖြစ်​လို​သူ မ​များ​စေ​နှင့်။-
JAM 3:2 ငါ​တို့​အ​ပေါင်း​သည်​မ​ကြာ​ခ​ဏ​မှား​တတ် ကြ​၏။ အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြော​အ​ဆို မ​မှား​သော​သူ​သည်​ပြည့်​ဝ​စုံ​လင်​သော​သူ ဖြစ်​၏။ ထို​သို့​သော​သူ​သည် မိ​မိ​ကိုယ်​တစ် ကိုယ်​လုံး​ကို​ထိန်း​ချုပ်​နိုင်​သူ​ဖြစ်​ပေ​သည်။-
JAM 3:3 ငါ​တို့​သည်​မြင်း​ကို​ဇက်​ခွံ့​၍​ငါ​တို့​အ​မိန့် ကို​လိုက်​နာ​စေ​နိုင်​၏။ ငါ​တို့​လို​ရာ​သို့​သွား စေ​နိုင်​၏။-
JAM 3:4 အ​လွန်​ကြီး​သော​သင်္ဘော​များ​ကို​လေ​ပြင်း တိုက်​ခတ်​နေ​ချိန်​၌​ပင်​လျှင် တက်​မ​ငယ်​အား ဖြင့်​ထိန်း​ချုပ်​ကာ​တက်​မ​ကိုင်​အ​လို​ရှိ​ရာ ဘက်​သို့​လှည့်​စေ​နိုင်​၏။-
JAM 3:5 လျှာ​သည်​လည်း​ထို​နည်း​အ​တိုင်း​ပင်​ဖြစ် ပေ​သည်။ ယင်း​သည်​ကိုယ်​ခန္ဓာ​၏​သေး​ငယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​မျှ​သာ​ဖြစ်​သော်​လည်း ကြီး​ကျယ်​သော​အ​ရာ​များ​အ​ကြောင်း​ကို ကြွား​ဝါ​တတ်​သည်။ အ​လွန်​ကြီး​သော​သစ်​တော​ကို​သေး​ငယ်​သော မီး​ပွား​က​လေး​က လောင်​ကျွမ်း​စေ​နိုင်​သည် ကို​စဉ်း​စား​ကြည့်​ပါ​လေ။-
JAM 3:6 လျှာ​သည်​မီး​နှင့်​တူ​၍​အ​ပြစ်​ဒု​စ​ရိုက်​ဖြင့် ပြည့်​ဝ​သော​ကမ္ဘာ​ဖြစ်​၏။ ယင်း​သည်​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ဖြင့်​တည်​ရှိ​ကာ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သို့​အ​ပြစ်​ဒု​စ​ရိုက် ကူး​စက်​ပျံ့​နှံ့​စေ​လေ​သည်။ လျှာ​သည်​င​ရဲ​မှ ရ​ရှိ​သည့်​မီး​ဖြင့်​ငါ​တို့​၏​ဘ​ဝ​တစ်​ခု လုံး​ကို​ကျွမ်း​လောင်​စေ​တတ်​၏။-
JAM 3:7 လူ​သည်​အ​ခြား​သတ္တဝါ​များ​ဖြစ်​သော​သား​ရဲ တိ​ရစ္ဆာန်၊ ငှက်၊ တွား​တတ်​သည့်​သတ္တ​ဝါ၊ ငါး​တို့ ကို​ကျိုး​နွံ​ယဉ်​ပါး​အောင်​ပြု​နိုင်​၏။ ပြု​လည်း ပြု​ခဲ့​ပေ​ပြီ။-
JAM 3:8 သို့​ရာ​တွင်​လျှာ​ကို​မူ​ကား​အ​ဘယ်​သူ​မျှ ကျိုး​နွံ​အောင်​မ​ပြု​နိုင်။ ယင်း​သည်​သေ​စေ​တတ် သော​အ​ဆိပ်​နှင့်​ပြည့်​ဝ​လျက်​ထိန်း​ချုပ်​၍​မ​ရ အောင်​ဆိုး​ရွား​လေ​သည်။-
JAM 3:9 ငါ​တို့​သည်​ခ​မည်း​တော်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ရာ​၌​လျှာ​ကို​အ​သုံး​ပြု ကြ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ထား​တော်​မူ​သော​လူ​တို့​ကို​ကျိန်​ဆဲ​ရာ ၌​လည်း​ယင်း​ကို​ပင်​အ​သုံး​ပြု​ကြ​၏။-
JAM 3:10 နှုတ်​တစ်​ခု​ထဲ​မှ​ချီး​ကူး​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်။-
JAM 3:11 စမ်း​ရေ​ပေါက်​တစ်​ခု​တည်း​မှ​ရေ​ချို​ရေ​ခါး ထွက်​လာ​တတ်​ပါ​သ​လော။-
JAM 3:12 ငါ့​ညီ​အစ်​ကို​တို့၊ သဖန်း​ပင်​သည်​သံ​လွင်​သီး ကို​သီး​နိုင်​ပါ​သ​လော။ စပျစ်​ပင်​သည်​သ​ဖန်း သီး​ကို​သီး​နိုင်​ပါ​သ​လော။ ထို့​အ​တူ​ရေ​ငံ သည်​လည်း​ရေ​ချို​ကို​မ​ဖြစ်​ပေါ်​စေ​နိုင်။
JAM 3:13 သင်​တို့​အ​ထဲ​တွင်​အ​တတ်​အ​လိမ္မာ​နှင့်​ဉာဏ် ပ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်​ထို​သူ သည် မိ​မိ​ပ​ညာ​ရှိ​မှု​ကို​ဉာဏ်​ပ​ညာ​နှင့်၊ နှိမ့်​ချ သော​စိတ်​ဖြင့်​ပြု​ကျင့်​သည့်​အ​ကျင့်​ကောင်း အား​ဖြင့်​သက်​သေ​ပြ​ပါ​စေ။-
JAM 3:14 သို့​သော်​အ​ကယ်​၍​သင်​တို့​စိတ်​နှ​လုံး​တွင် နာ​ကြည်း​စိတ်၊ မ​နာ​လို​စိတ်၊ တစ်​ကိုယ်​ကောင်း စိတ်​များ​ရှိ​လျှင်​မိ​မိ​ဉာဏ်​ပ​ညာ​အ​တွက် ကြွား​ဝါ​ပြော​ဆို​ခြင်း​အား​ဖြင့်​သမ္မာ​တ​ရား ကို​မ​ဆန့်​ကျင်​နှင့်။-
JAM 3:15 ထို​ကဲ့​သို့​သော​ပ​ညာ​သည်​အ​ထက်​မှ​သက် ရောက်​သည့်​ပ​ညာ​မ​ဟုတ်။ လော​ကီ​ဆန်​သော၊ အ​သွေး​အ​သား​နှင့်​ဆိုင်​သော၊ နတ်​မိစ္ဆာ​တို့​နှင့် ပတ်​သက်​သော​ပ​ညာ​သာ​လျှင်​ဖြစ်​ပေ​သည်။-
JAM 3:16 အ​ဘယ်​ကြောင့်​ဆို​သော်​မ​နာ​လို​စိတ်၊ တစ်​ကိုယ် ကောင်း​စိတ်​တို့​သည်​မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ဆန် ခတ်​မှု၊ ဆိုး​ညစ်​ယုတ်​မာ​မှု​အ​မျိုး​မျိုး​တို့​ကို ဖြစ်​ပေါ်​စေ​တတ်​သော​ကြောင့်​တည်း။-
JAM 3:17 သို့​သော်​အ​ထက်​မှ​သက်​ရောက်​သည့်​ပ​ညာ သည်​ကား​ပ​ထ​မ​အ​နေ​ဖြင့်​စင်​ကြယ်​၏။ ထို နောက်​ငြိမ်း​ချမ်း​သာ​ယာ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု၊ ခင်​မင်​မှု​တို့​ကို​ပြု​စု​တတ်​၏။ ယင်း​သည်​က​ရု ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​၍​ကောင်း​မြတ်​သည့် အ​ကျင့်​များ​တည်း​ဟူ​သော​အ​သီး​အ​ပွင့်​တို့ ကို​ဖြစ်​ပွား​စေ​တတ်​၏။ ထို့​အ​ပြင်​မျက်​နှာ မ​လိုက်​တတ်။ ဟန်​ဆောင်​မှု​နှင့်​ကင်း​၏။-
JAM 3:18 ငြိမ်း​ချမ်း​ရေး​ဆောင်​ရွက်​သူ​တို့​ငြိမ်း​ချမ်း​စွာ စိုက်​ပျိုး​သည့်​မျိုး​စေ့​များ​မှ​ဖြစ်​ပွား​သည့် အ​သီး​အ​ပွင့်​ကား​ကောင်း​မြတ်​ခြင်း​ပေ​တည်း။
JAM 4:1 သင်​တို့​တွင်​အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဒေါ​သ​ဖြစ် မှု၊ အ​ငြင်း​ပွား​မှု​တို့​ဖြစ်​ပေါ်​လာ​သ​နည်း။ သင် တို့​၏​ကာ​ယ​လို​အင်​ဆန္ဒ​များ​ထ​ကြွ​နေ​သော ကြောင့်​မ​ဟုတ်​လော။-
JAM 4:2 သင်​တို့​သည်​မိ​မိ​တို့​အ​လို​ရှိ​သော​အ​ရာ များ​ကို​မ​ရ​နိုင်​သ​ဖြင့်​လူ့​အ​သက်​ကို​သတ် ရန်​အ​သင့်​ရှိ​ကြ​၏။ မိ​မိ​တို့​လွန်​စွာ​လို​လား တောင့်​တ​သည့်​အ​ရာ​များ​ကို​မ​ရ​နိုင်​သ​ဖြင့် အ​ငြင်း​ပွား​ကြ​၏။ ရန်​ဖြစ်​ကြ​၏။ သင်​တို့​လို လား​သော​အ​ရာ​ကို​မ​ရ​ရှိ​ကြ​သည့်​အ​ကြောင်း မှာ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​မ​တောင်း​မ​လျှောက် ကြ​သော​ကြောင့်​ဖြစ်​၏။-
JAM 4:3 သင်​တို့​တောင်း​လျှောက်​၍​မ​ရ​ခြင်း​မှာ​ရည်​ရွယ် ချက်​လွဲ​မှား​လျက်​မိ​မိ​တို့​စည်း​စိမ်​ခံ​စား​မှု အ​တွက်​သာ​လျှင်​တောင်း​လျှောက်​တတ်​ကြ​သော ကြောင့်​ဖြစ်​၏။-
JAM 4:4 သင်​တို့​သည်​သစ္စာ​မဲ့​သူ​များ​ပါ​တ​ကား။ လော​က နှင့်​မိတ်​ဖွဲ့​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ရန်​ဘက်​ပြု​သူ​များ​ဖြစ်​သည်​ကို သင်​တို့​မ​သိ နား​မ​လည်​ကြ​သ​လော။ လော​က​၏​မိတ်​ဆွေ ဖြစ်​လို​သူ​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။-
JAM 4:5 ကျမ်း​စာ​တော်​က``ငါ​တို့​အ​ထဲ​သို့​ဘု​ရား​သ​ခင် ပေး​သွင်း​တော်​မူ​သော​ဝိ​ညာဉ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​အ​လို​ဆန္ဒ​များ​နှင့်​ပြည့်​ဝ​၏'' ဟု​အ​ကြောင်း​မဲ့​ဖော်​ပြ​သည်​ဟု​မ​ထင်​ကြ​နှင့်။-
JAM 4:6 သို့​ရာ​တွင်​ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ကျေး​ဇူး​တော်​သည်​ပို​၍​စွမ်း​အား ကြီး​ပေ​သည်။ ``ဘု​ရား​သ​ခင်​သည်​မာ​န​ကြီး သူ​တို့​အား​ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍​နှိမ့်​ချ သော​သူ​တို့​အား​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော် မူ​၏'' ဟု​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​ဖြစ်​၏။
JAM 4:7 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​သို့​လိုက် ကြ​လော့။ မာရ်​နတ်​ကို​ခု​ခံ​ကြ​လော့။ သို့​ပြု လျှင်​သူ​သည်​သင်​တို့​ထံ​မှ​ထွက်​ပြေး​လိမ့်​မည်။-
JAM 4:8 ဘု​ရား​သခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင်​တို့​ထံ​သို့ ကြွ​လာ​တော်​မူ​သည်။ အ​ပြစ်​ကူး​သူ​တို့၊ သင်​တို့​လက်​များ​ကို​ဆေး​ကြော​ကြ​လော့။ မာ​န​ထောင်​သူ​တို့၊ သင်​တို့​၏​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။-
JAM 4:9 ဝမ်း​နည်း​ကြေ​ကွဲ​ကြ​လော့။ ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ရယ်​မော​ခြင်း​ကို​ငို​ကြွေး ခြင်း​ဖြစ်​စေ​ကြ​လော့။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​စိတ်​ညှိုး​ငယ်​စေ​ခြင်း​ဖြစ်​စေ​ကြ​လော့။-
JAM 4:10 သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ် တော်​သည်​သင်​တို့​အား​ချီး​မြှောက်​တော်​မူ​လိမ့် မည်။
JAM 4:11 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း​ပုတ် ခတ်​ဝေ​ဖန်​လျှင်​သော်​လည်း​ကောင်း၊ စစ်​ကြော စီ​ရင်​လျှင်​သော်​လည်း​ကောင်း​ပ​ညတ်​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​စစ်​ကြော​စီ​ရင်​ရာ ရောက်​၏။ ပ​ညတ်​တ​ရား​တော်​ကို​စစ်​ကြော​စီ​ရင် ကြ​လျှင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​စောင့် ထိန်း​သူ​များ​မ​ဟုတ်​ဘဲ​စစ်​ကြော​စီ​ရင်​သူ များ​သာ​ဖြစ်​ကြ​၏။-
JAM 4:12 ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​ပ​ညတ် တ​ရား​တော်​ကို​ပေး​၍​စစ်​ကြော​စီ​ရင်​ပိုင်​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​တစ်​ပါး​တည်း သာ​လျှင်​ကယ်​တင်​ရန်​သော်​လည်း​ကောင်း၊ ဖျက် ဆီး​ရန်​သော်​လည်း​ကောင်း​တတ်​နိုင်​တော်​မူ​၏။ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​မိ​မိ​၏​အိမ်​နီး ချင်း​ကို​စစ်​ကြော​စီ​ရင်​ရ​သ​နည်း။
JAM 4:13 ``ယ​နေ့​သို့​မ​ဟုတ်​နက်​ဖြန်​နေ့​၌​ဤ​မည်​သော မြို့​သို့​ငါ​တို့​သွား​၍​တစ်​နှစ်​မျှ​နေ​ကြ​ကုန်​အံ့။ ထို​မြို့​တွင်​ကုန်​သွယ်​၍​ငွေ​အ​မြောက်​အ​မြား​ရှာ ကြ​ကုန်​အံ့'' ဟု​သင်​တို့​အ​ချို့​ပြော​ဆို​လေ့​ရှိ ကြ​၏။ သို့​ရာ​တွင်​ငါ​ပြော​သည်​ကို​နား​ထောင် ကြ​လော့။-
JAM 4:14 သင်​တို့​သည်​နက်​ဖြန်​နေ့​၌​မည်​သို့​ဖြစ်​မည်​ကို ပင်​မ​သိ​နိုင်​ကြ။ လူ့​ဘ​ဝ​ဟူ​သည်​ခေတ္တ​ခ​ဏ မျှ​သာ​ပေါ်​လာ​ပြီး​နောက်​ပျောက်​ကွယ်​သွား တတ်​သည့်​မီး​ခိုး​နှင့်​တူ​၏။-
JAM 4:15 ``ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ​လျှင်​ငါ​တို့ သည်​အ​သက်​ရှင်​၍​ဤ​အ​မှု​ထို​အ​မှု​ကို​ပြု ကြ​မည်'' ဟု​သင်​တို့​ဆို​သင့်​ကြ​၏။-
JAM 4:16 ယ​ခု​မူ​ကား​သင်​တို့​သည်​မာန်​မာ​န​ကြီး​ကာ ကြွား​ဝါ​တတ်​ကြ​၏။ ယင်း​သို့​ကြွား​ဝါ​မှု​ရှိ သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။
JAM 4:17 သို့​ဖြစ်​၍​ကောင်း​သော​အ​ကျင့်​ကို​သိ​လျက်​နှင့် မ​ပြု​မ​ကျင့်​ဘဲ​နေ​သော​သူ​သည်​အ​ပြစ်​ရှိ​၏။
JAM 5:1 ချမ်း​သာ​ကြွယ်​ဝ​သူ​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​လော့။ သင်​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​လော့။-
JAM 5:2 သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​သည်​ဆွေး​မြေ့​လေ​ပြီ။ သင်​တို့​၏​အ​ဝတ်​များ​သည်​ပိုး​ကိုက်​စား​ကုန် ပြီ။-
JAM 5:3 သင်​တို့​၏​ရွှေ​ငွေ​များ​သည်​လည်း​အ​ချေး​တက် လျက်​နေ​လေ​ပြီ။ ထို​အ​ချေး​သည်​သင်​တို့​တစ်​ဘက် ၌​သက်​သေ​အ​ထောက်​အ​ထား​ဖြစ်​၍ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို​လောင်​ကျွမ်း​ပျက်​စီး​စေ​လိမ့် မည်။ ဤ​နောက်​ဆုံး​သော​နေ့​ရက်​ကာ​လ​၌​သင်​တို့ သည်​ဥစ္စာ​ဘဏ္ဍာ​များ​ကို​စု​ဆောင်း​သို​မှီး​လျက် နေ​ကြ​သည်​တ​ကား။-
JAM 5:4 သင်​တို့​အ​သီး​အ​နှံ​များ​ကို​ရိတ်​သိမ်း​ပေး သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ကြ။ သူ တို့​၏​တိုင်​တန်း​ခြင်း​ကို​နား​ထောင်​ကြ​လော့။ သူ တို့​ကျယ်​စွာ​ဟစ်​အော်​တောင်း​ခံ​သံ​ကို​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကြား​တော် မူ​လေ​ပြီ။-
JAM 5:5 သင်​တို့​သည်​လော​က​တွင်​စည်း​စိမ်​ခံ​လျက် ပျော်​ပါး​ခဲ့​ကြ​၏။ အ​သတ်​ခံ​ရ​ကြ​မည့်​နေ့ အ​တွက်​မိ​မိ​တို့​ကိုယ်​ကို​ဆူ​ဖြိုး​အောင်​ကျွေး မွေး​ခဲ့​ကြ​၏။-
JAM 5:6 အ​ပြစ်​ကင်း​သူ​များ​ကို​သေ​ဒဏ်​ပေး​၍ သတ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည် သင်​တို့​အား​မ​ခု​ခံ​ကြ။
JAM 5:7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​သ​ခင် ဘု​ရား​ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ ၍​စောင့်​မျှော်​နေ​ကြ​လော့။ လယ်​သ​မား​သည်​မိ​မိ လယ်​ယာ​မှ​အ​ဖိုး​တန်​အ​သီး​အ​နှံ​များ​ထွက် နိုင်​ရန် မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​ပြီး​သည့်​တိုင် အောင်​စောင့်​မျှော်​တတ်​၏။-
JAM 5:8 သင်​တို့​သည်​လည်း​သည်း​ခံ​၍​စောင့်​မျှော်​နေ ကြ​လော့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​မည့် နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​၏​မျှော်​လင့်​ချက်​ကို​ခိုင်​မာ​စေ​ကြ​လော့။
JAM 5:9 ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ဘု​ရား​သ​ခင်​၏ စစ်​ကြော​စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​အ​ပြစ် မ​တင်​ကြ​နှင့်။ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင် သည်​ဤ​အ​ရပ်​သို့​ရောက်​ရှိ​ကာ​တံ​ခါး​ဝ​၌ ရပ်​လျက်​နေ​တော်​မူ​လေ​ပြီ။-
JAM 5:10 ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​ဟော​ပြော​ခဲ့​ကြ​သော​ပ​ရော​ဖက် တို့​၏​အ​ကြောင်း​ကို​သ​တိ​ရ​လော့။ ဆင်း​ရဲ​ဒုက္ခ ရောက်​သော​အ​ခါ​သူ​တို့​တွင်​ခံ​နိုင်​ရည်​ရှိ​ပုံ​ကို စံ​န​မူ​နာ​ယူ​ကြ​လော့။-
JAM 5:11 သူ​တို့​သည်​ခံ​နိုင်​ရည်​ရှိ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​မင်္ဂ​လာ​ရှိ​သူ​များ​ဟူ​၍​ငါ​တို့ ခေါ်​ကြ​၏။ ယော​ဘ​မည်​သို့​ခံ​နိုင်​ရည်​ရှိ​သည် ကို​သင်​တို့​ကြား​သိ​ခဲ့​ကြ​လေ​ပြီ။ နောက်​ဆုံး​၌ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ကြည့်​ရှု တော်​မူ​ကြောင်း​ကို​လည်း​သင်​တို့​သိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည် သ​နား​ကြင်​နာ​တော်​မူ​၍​က​ရု​ဏာ တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သော​ကြောင့်​တည်း။
JAM 5:12 ငါ့​ညီ​အစ်​ကို​တို့၊ အ​ထူး​သ​ဖြင့်​ကျိန်​ဆို​မှု ကို​မ​ပြု​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သို့​မ​ဟုတ် ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​နှင့်။ အ​ဘယ်​အ​ရာ​ကို​မျှ​တိုင်​တည်​၍​မ​ကျိန်​ဆို နှင့်။ သင်​တို့​စ​ကား​သည်​ဟုတ်​လျှင်​ဟုတ်​သည် ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​လျှင်​မ​ဟုတ်​ဟူ​၍ လည်း​ကောင်း​ဖြစ်​စေ​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တရား​စီ​ရင် တော်​မူ​ခြင်း​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။
JAM 5:13 သင်​တို့​တွင်​ဒုက္ခ​ရောက်​လျက်​နေ​သော​သူ​သည် ဆု​တောင်း​စေ။ စိတ်​ရွှင်​လန်း​သူ​သည်​သီ​ချင်း ဆို​စေ။-
JAM 5:14 ဖျား​နာ​သူ​သည်​အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ လူ​ကြီး​များ​အား​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​သခင် ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ​နာ အား​ဆီ​ဖြင့်​လူး​၍​ဆု​တောင်း​ကြ​စေ။-
JAM 5:15 ယုံ​ကြည်​ခြင်း​ဖြင့်​ဆု​တောင်း​ခြင်း​သည် လူ​နာ အား​ကျန်း​မာ​စေ​လိမ့်​မည်။ သ​ခင်​ဘု​ရား​သည် သူ့​အား​ကျန်း​မာ​လာ​စေ​တော်​မူ​၍ သူ​ပြု​မိ သော​အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ လိမ့်​မည်။-
JAM 5:16 သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။-
JAM 5:17 ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-
JAM 5:18 နောက်​တစ်​ဖန်​ဧ​လိ​ယ​ဆု​တောင်း​သော​အ​ခါ ကောင်း​ကင်​မှ​မိုး​များ​ရွာ​ချ​လာ​သ​ဖြင့် မြေ ဆီ​လွှာ​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း စေ​၏။
JAM 5:19 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အ​နက်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ မှား​၍​သွား​သ​ဖြင့် အ​ခြား​သူ​တစ်​ယောက်​က လမ်း​မှန်​သို့​ပြန်​လည်​ပို့​ဆောင်​ခဲ့​သည်​ဆို​အံ့။-
JAM 5:20 ယင်း​သို့​အ​ပြစ်​ကူး​သူ​တစ်​ဦး​အား​လမ်း​မှား မှ​ပြန်​လည်​ခေါ်​ဆောင်​ကာ​သူ​သည် ထို​သူ​၏ ဝိ​ညာဉ်​ကို​သေ​ခြင်း​မှ​ကယ်​တင်​၍​သူ့​အား များ​စွာ​သော​အ​ပြစ်​တို့​မှ​ပြေ​လွှတ်​ခွင့်​ရ စေ​ရန်​ဆောင်​ရွက်​ပေး​သူ​ဖြစ်​လိမ့်​မည်။ ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​ပြီး​၏။
1PE 1:1 သ​ခင်​ယေ​ရှု​ခ​ရစ်​၏​တ​မန်​တော်​ပေ​တ​ရု​ထံ မှ​ပုန္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှိ​ပြည်​နှင့်​ဗိ​သု​နိ​ပြည်​တို့​တွင်​ဧည့်​သည် အာ​ဂန္တု​အ​ဖြစ်​နှင့်​ပျံ့​နှံ့​နေ​ထိုင်​လျက်​ရှိ​ကြ သော​ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သည့် လူ​စု​တော်​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သ​ခင် ယေ​ရှု​၏​စ​ကား​တော်​ကို​နား​ထောင်​၍​ကိုယ် တော်​၏​သွေး​တော်​အား​ဖြင့်​အ​ပြစ်​များ​မှ ပြေ​လွတ်​ကြ​စေ​ရန်​ခ​မည်း​တော်​ဘု​ရား သ​ခင်​သည်​အ​ကြံ​အ​စည်​တော်​အ​ရ​သင် တို့​ကို​ရွေး​ချယ်​တော်​မူ​၏။ ဝိ​ညာဉ်​တော် အား​ဖြင့်​လည်း​သင်​တို့​ကို​သန့်​ရှင်း​မြင့် မြတ်​စေ​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​မှ ကျေး​ဇူး တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ကြွယ်​ဝ​စွာ​ခံ​စား ရ​ကြ​ပါ​စေ​သ​တည်း။
1PE 1:3 ငါ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ကုန်​စို့။ ကိုယ်​တော်​သည်​မ​ဟာ က​ရု​ဏာ​တော်​ကြောင့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထြေမာက်​စေ​တော်​မူ ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘ​ဝ​သစ်​ကို​ပေး တော်​မူ​သ​ဖြင့်​စိတ်​ချ​ရ​သော​မျှော်​လင့် ခြင်း​ကို​ရ​ရှိ​စေ​တော်​မူ​၏။-
1PE 1:4 သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု တော်​အ​တွက် ဘု​ရား​သ​ခင်​လျာ​ထား​တော် မူ​သော​ကောင်း​ချီး​မင်္ဂလာ​များ​ကို​ခံ​စား​နိုင် ရန်​မျှော်​မှန်း​ကြ​ပေ​သည်။ ကိုယ်​တော်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ကောင်း​ကင် ဘုံ​တွင် သင်​တို့​အ​ဖို့​လျာ​ထား​တော်​မူ​၏။ ယင်း​တို့​သည်​ယို​ယွင်း​ပျက်​စီး​မှေး​မှိန်​၍ မ​သွား​နိုင်။-
1PE 1:5 သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​များ ဖြစ်​သည့်​အ​လျောက် အ​ဆုံး​စွန်​သော​ကာ​လ​၌ ပေါ်​လွင်​ထင်​ရှား​ရန်​အ​သင့်​ရှိ​သည့်​ကယ်​တင် ခြင်း​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ချိန်​တိုင်​အောင် ကိုယ်​တော်​သည်​သင်​တို့​အား​တန်​ခိုး​တော်​ဖြင့် စောင့်​ထိန်း​လျက်​ထား​တော်​မူ​၏။
1PE 1:6 သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး တို့​ကြောင့် ယ​ခု​ခ​ဏ​မျှ​ဝမ်း​နည်း​ရ​ကြ သော်​လည်း အ​ထက်​ဖော်​ပြ​ပါ​အ​ကြောင်း ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-
1PE 1:7 ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​ကို​ခံ​ရ​ခြင်း မှာ​ဘု​ရား​သ​ခင်​အား​အ​ကယ်​ပင်​သင်​တို့ ယုံ​ကြည်​ကိုး​စား​မှု​ရှိ​မ​ရှိ​ကို​စစ်​ဆေး​ရန် ဖြစ်​၏။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ရွှေ​ကို ပင်​လျှင် အ​ရည်​ကျို​၍​စစ်​တမ်း​တင်​ရ​သည် ဖြစ်​ရာ​ရွှေ​ထက်​များ​စွာ​ပို​မို​အ​ဖိုး​ထိုက် သည့် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လည်း တည်​တံ့​ခိုင်​မြဲ​စေ​ရန်​စစ်​တမ်း​တင်​ရ​မည်။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​ချိန်​၌​ဂုဏ်​ပြု​ချီး ကူး​ခြင်း​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ နိုင်​ကြ​ပေ​လိမ့်​မည်။-
1PE 1:8 သင်​တို့​သည်​ခ​ရစ်​တော်​ကို​မ​မြင်​ဘူး​သော် လည်း​ချစ်​ကြ​၏။ ယ​ခု​မ​တွေ့​မ​မြင်​ရ​သော် လည်း​သင်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​နှုတ်​ဖြင့်​မ​ဖော် ပြ​နိုင်​အောင်​လွန်​စွာ​ဘုန်း​ကြီး​သော​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​၏။-
1PE 1:9 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​သ​ခင် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​၏​အ​ကျိုး​ကြောင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​နေ​ရ​ကြ​ပြီ​ဖြစ် သော​ကြောင့်​တည်း။
1PE 1:10 ပ​ရော​ဖက်​များ​သည်​ယင်း​ကယ်​တင်​ခြင်း​နှင့် ပတ်​သက်​၍​အ​သေ​အ​ချာ​စုံ​စမ်း​ရှာ​ဖွေ​ခဲ့ ကြ​၏။ သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​မည့်​ဤ​ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ဟော ကြား​ခဲ့​ကြ​၏။-
1PE 1:11 ယင်း​ဆု​ကျေး​ဇူး​သည်​အ​ဘယ်​အ​ခါ​ကာ​လ ၌​လည်း​ကောင်း၊ အ​ဘယ်​ပုံ​အ​ဘယ်​နည်း​ဖြင့် လည်း​ကောင်း​ပေါ်​ပေါက်​လာ​မည်​ကို​သိ​ရှိ​နိုင် ရန်​လည်း​ကြိုး​စား​၍​ရှာ​ဖွေ​စုံ​စမ်း​ခဲ့​ကြ​၏။ သူ​တို့​အ​ထဲ​၌​သက်​ဝင်​လှုပ်​ရှား​လျက်​ရှိ သော​ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​က ဤ​အ​ခါ ကာ​လ​တွင်​ခ​ရစ်​တော်​ခံ​ရ​မည့်​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ထို​သို့​ခံ​တော်​မူ​ပြီး​နောက် ဝင်​စား​ရ​မည့်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း​ကြို​တင်​ဖော်​ပြ​ခဲ့​ပေ​သည်။-
1PE 1:12 ထို​သူ​တို့​ယင်း​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​ကြ​သည်​မှာ​မိ​မိ​တို့​အ​ကျိုး​အ​တွက် မ​ဟုတ်။ သင်​တို့​အ​ကျိုး​အ​တွက်​ဖြစ်​ကြောင်း သင်​တို့​အား​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ ပေ​သည်။ သင်​တို့​ထံ​သ​တင်း​ကောင်း​ကို​ယူ ဆောင်​လာ​သူ​များ​သည်​ထို​ပ​ရော​ဖက်​တို့ ကြို​တင်​ဟော​ပြော​သည့်​အ​ကြောင်း​အ​ရာ များ​ကို ကောင်း​ကင်​ဘုံ​မှ​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​သ​ဖြင့်​သင်​တို့​ကြား ရ​ကြ​ပြီ။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ကောင်း​ကင်​တ​မန်​များ​ပင်​လျှင်​သိ​ရှိ နား​လည်​လို​ကြ​ပေ​သည်။
1PE 1:13 သို့​ဖြစ်​၍​သင်​တို့​နိုး​ကြား​၍ သမ္မာ​သ​တိ​ရှိ ကြ​လော့။ ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော အ​ခါ သင်​တို့​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို အ​ဆုံး​တိုင်​အောင်​မျှော်​လင့်​လျက်​နေ​ကြ​လော့။-
1PE 1:14 ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင်​၍​မ​သိ နား​မ​လည်​စဉ်​အ​ခါ​က မိ​မိ​တို့​၏​စိတ်​ဆန္ဒ ရှိ​သည့်​အ​လျောက်​ပြု​ကျင့်​သ​ကဲ့​သို့​ဆက် လက်​မ​ပြု​ကျင့်​ကြ​နှင့်။-
1PE 1:15 သင်​တို့​အား​ရွေး​ကောက်​တော်​မူ​သော​အ​ရှင် သည်​မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ သို့​ဖြစ်​၍ သင်​တို့​ပြု​ကျင့်​သ​မျှ​တို့​သည်​မြင့်​မြတ် သန့်​ရှင်း​ရ​မည်။-
1PE 1:16 ``ငါ​သည်​မြင့်​မြတ်​သန့်​ရှင်း​သည်​ဖြစ်​၍​သင် တို့​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း​ရ​မည်'' ဟူ သော​ကျမ်း​စ​ကား​ကို​အောက်​မေ့​ကြ​လော့။
1PE 1:17 ထို့​အ​ပြင်​လူ​ခပ်​သိမ်း​တို့​အား​မျက်​နှာ​ကြီး ငယ်​မ​လိုက်​ဘဲ​သူ​တို့​၏​အ​ကျင့်​အ​လျောက် တ​ရား​စီ​ရင်​တော်​မူ​တတ်​သော​ဘု​ရား​သ​ခင် ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သင် တို့​သည်​ကိုယ်​တော်​အား​အ​ဖ​ဟု​ခေါ်​လျက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ဤ လော​က​တွင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး​ထို​အ​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။-
1PE 1:18 မိ​မိ​တို့​ဘိုး​ဘေး​များ​ထံ​မှ​ဆက်​ခံ​ရ​ရှိ သော​အ​ချည်း​နှီး​သော​ဘ​ဝ​မှ​အ​ဘယ်​သို့ အ​ဖိုး​အ​ခ​ပေး​၍ သင်​တို့​အား​လွတ်​မြောက် စေ​ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ဖိုး အ​ခ​သည်​ရွှေ၊ ငွေ​အ​စ​ရှိ​သည့်​ဖောက်​ပြန် ပျက်​စီး​တတ်​သော​အ​ရာ​မ​ဟုတ်။-
1PE 1:19 အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​စင်​သည့်​သိုး​သူ​ငယ် နှင့်​တူ​သော​ခ​ရစ်​တော်​၏​အ​သက်​တော်​ကို တင်​လှူ​ပူ​ဇော်​ခြင်း​ဖြစ်​ပေ​သည်။-
1PE 1:20 ဤ​ကမ္ဘာ​လော​က​မ​တည်​မ​ရှိ​မီ​က​ပင်​လျှင် ကိုယ်​တော်​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​သတ် မှတ်​တော်​မူ​ပြီး​လျှင်၊ ဤ​အ​ဆုံး​စွန်​သော ကာ​လ​များ​၌​သင်​တို့​၏​အ​ကျိုး​ငှာ​ထင် ရှား​ပေါ်​ထွန်း​စေ​တော်​မူ​၏။-
1PE 1:21 ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ သော​ဘု​ရား​သ​ခင်​ကို​ထို​အ​ရှင်​အား​ဖြင့် သင်​တို့​ယုံ​ကြည်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​လျက်​ယုံ ကြည်​ခြင်း​နှင့်​မျှော်​လင့်​ခြင်း​ရှိ​ကြ​၏။
1PE 1:22 သင်​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ကြ​ခြင်း​အား​ဖြင့် မိ​မိ​တို့​စိတ်​နှ​လုံး ကို​သန့်​စင်​စေ​ကြ​ပြီး​လျှင် အ​ချင်း​ချင်း​တစ် ယောက်​ကို​တစ်​ယောက်​အ​ကယ်​ပင်​ချစ်​ကြ​လေ ပြီ။ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​အား အ​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​ကြ​လော့။-
1PE 1:23 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​သေ​ခြင်း တ​ရား​နှင့်​ကင်း​သော​နိစ္စ​ထာ​ဝ​ရ​အ​ရှင်​၏ သား​သမီး​များ​ဖြစ်​ကြ​ပြီး​အ​သက်​ရှင်​၍ ထာ​ဝ​စဉ်​တည်​သော​နှုတ်​က​ပတ်​တော်​အား ဖြင့်​တစ်​ဖန်​မွေး​ဖွား​လာ​သူ​များ​ဖြစ်​ကြ​ပြီ။
1PE 1:24 ``လူ​သား​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​လည်း ကောင်း၊ သူ​တို့​၏​ဘုန်း​အ​သ​ရေ​သည်​မြက်​ပွင့် နှင့်​လည်း​ကောင်း​တူ​ကြ​၏။ မြက်​ပင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​၍​သွား​တတ်​၏။ မြက်​ပွင့်​များ​သည်​လည်း​ကြွေ​၍​ကျ​တတ်​၏။
1PE 1:25 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​မူ​ကား ထာ​ဝ​စဉ်​တည်​၏'' ဟူ​၍​ကျမ်း​စာ​၌​ဖော်​ပြ​သည့်​အ​တိုင်း​ဖြစ် သည်။ ထို​နှုတ်​က​ပတ်​တော်​ကား​သင်​တို့​အား ကြေ​ညာ​သည့်​သ​တင်း​ကောင်း​ဖြစ်​ပေ​သည်။
1PE 2:1 သို့​ဖြစ်​၍​သင်​တို့​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး နှင့်​လှည့်​ဖြား​မှု၊ ဟန်​ဆောင်​မှု၊ မ​နာ​လို​မှု​နှင့် ဆဲ​ရေး​တိုင်း​ထွာ​မှု​တို့​ကို​ပယ်​ရှား​ကြ​လော့။-
1PE 2:2 မွေး​စ​က​လေး​သူ​ငယ်​ကဲ့​သို့​ဝိ​ညာဉ်​နို့​ရည် စစ်​ကို​အ​မြဲ​လို​လား​တောင့်​တ​ကြ​လော့။ သို့ မှ​သာ​သင်​တို့​သည်​ကြီး​ထွား​၍​ကယ်​တင် ခြင်း​ခံ​ရ​လိမ့်​မည်။-
1PE 2:3 ကျမ်း​စာ​တော်​က``ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တော်​မူ​တတ်​ကြောင်း​ကို သင်​တို့​ကိုယ်​တိုင်​သိ​ရှိ​ကြ​၏'' ဟု​ဆို​သည် နှင့်​အ​ညီ​ဖြစ်​၏။
1PE 2:4 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ထံ​တော် သို့​လာ​ကြ​လော့။ ထို​သ​ခင်​သည်​သက်​ရှိ​ကျောက် ဖြစ်​တော်​မူ​၏။ ထို​ကျောက်​သည်​အ​ဖိုး​မ​တန် ဟု​ဆို​၍ လူ​တို့​ပစ်​ပယ်​ခံ​ရ​သော်​လည်း​ဘု​ရား သ​ခင်​၏​ရွေး​ချယ်​ခံ​အ​ဖိုး​တန်​ကျောက်​ဖြစ် တော်​မူ​၏။-
1PE 2:5 သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။-
1PE 2:6 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် ``ငါ​သည်​အ​ဖိုး​တန်​ကျောက်​တစ်​လုံး​ကို ရွေး​ချယ်​၍၊ ဇိ​အုန်​တောင်​ပေါ်​မှာ​ထောင့်​ချုပ်​ကျောက်​အ​ဖြစ် ချ​ထား​၏။ မည်​သူ​မ​ဆို​ထို​အ​ရှင်​ကို​ယုံ​ကြည်​လျှင် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​ဖြစ်​၏။
1PE 2:7 ယုံ​ကြည်​သူ​တို့​အ​ဖို့​ထို​ကျောက်​သည်​တန်​ဖိုး ရှိ​၏။ မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ၊ ``တိုက်​တည်​ဆောက်​သူ​တို့​ပယ်​ထား​သော ကျောက်​သည် အ​ရေး​ကြီး​သော​ထောင့်​ကျောက်​ဖြစ်​လာ​ရ​၏'' ဟု​ဖော်​ပြ​၏။
1PE 2:8 အ​ခြား​ကျမ်း​တစ်​ပုဒ်​တွင်၊ ``ထို​ကျောက်​သည်​လူ​တို့​အား​ခ​လုတ်​ထိ​စေ​၍ ပြို​လဲ​စေ​သော​ကျောက်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ သူ​တို့​သည်​နှုတ်​က​ပတ်​တော် ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့်​ခ​လုတ်​ထိ​ရ​ကြ​၏။ ဤ​ကား​ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ပင်​ဖြစ်​သ​တည်း။
1PE 2:9 သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။-
1PE 2:10 အ​ခါ​တစ်​ပါး​က​ဘု​ရား​သ​ခင်​၏​လူ​စု​တော် မ​ဟုတ်​သူ​သင်​တို့​သည်​ယ​ခု​အ​ခါ​ကိုယ်​တော် ၏​လူ​စု​တော်​ဖြစ်​ကြ​ပြီ။ အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​မ​သိ​ရ​ကြ။ ယ​ခု​မှာ​မူ​ကိုယ်​တော်​၏ က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​လေ​ပြီ။
1PE 2:11 ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​လော​က​တွင်​ဧည့် သည်​အာ​ဂန္တု​အ​ဖြစ်​နှင့် မိ​မိ​တို့​အား​အ​မြဲ စစ်​ပြိုင်​တိုက်​ခိုက်​လျက်​နေ​သော​ကာ​ယ​တပ် မက်​မှု​များ​ကို​အ​ရှုံး​မ​ပေး​ရန် ငါ​တိုက်​တွန်း နှိုး​ဆော်​၏။-
1PE 2:12 မ​ယုံ​ကြည်​သူ​တို့​သည်​သင်​တို့​အား​မ​ကောင်း မှု​ပြု​ကြ​သူ​များ​ဟု ပြစ်​တင်​စွပ်​စွဲ​လျက်​နေ ကြ​စဉ် သင်​တို့​၏​အ​ကျင့်​ကောင်း​များ​ကို​မြင် သ​ဖြင့်​ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ကြ​စေ​ရန် သင်​တို့​သည်​ထို​သူ​တို့​ရှေ့​တွင်​တင့် တယ်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ​လျက် နေ​ကြ​လော့။
1PE 2:13 သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ လူ​အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​၏​အုပ်​စိုး​ခြင်း ကို​ဝန်​ခံ​ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊-
1PE 2:14 ဘု​ရင်​ခံ​များ​အား​လူ​ဆိုး​တို့​ကို​အ​ပြစ်​ပေး ရန်​နှင့်၊ လူ​ကောင်း​တို့​ကို​ချီး​မြှင့်​ရန်​ဘု​ရင် ဧ​က​ရာဇ်​ခန့်​ထား​သော​သူ​များ​အ​ဖြစ်​ဖြင့် လည်း​ကောင်း​လက်​ခံ​ကြ​လော့။-
1PE 2:15 သင်​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​ကောင်း​အား​ဖြင့် အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​လူ​မိုက်​တို့​၏​နှုတ်​ကို ပိတ်​ရန်​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​တော်​မူ​၏။-
1PE 2:16 သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။-
1PE 2:17 ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။
1PE 2:18 အ​စေ​ခံ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ​၏ အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ရ​ကြ​မည်။ စိတ်​ကောင်း​ရှိ​၍ ညှာ​တာ​ထောက်​ထား​တတ်​သော​သ​ခင်​များ​ကို သာ​မ​ဟုတ်၊ ကြမ်း​ယုတ်​သော​သ​ခင်​တို့​ကို လည်း​အ​လွန်​ကြောက်​ရွံ့​ရို​သေ​ကြ​လော့။-
1PE 2:19 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို သိ​သ​ဖြင့် မိ​မိ​တို့​မ​ခံ​ထိုက်​သော​ဆင်း​ရဲ​ဒုက္ခ များ​ကို​မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။-
1PE 2:20 သင်​တို့​သည်​မိ​မိ​တို့​ပြု​မိ​သည့်​အ​မှား​များ အ​တွက်​ခံ​ထိုက်​သော​အ​ပြစ်​များ​ကို​မ​ညည်း မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ သင်​တို့​အား​အ​ဘယ်​သို့ လျှင်​ချီး​မွမ်း​စ​ရာ​ရှိ​မည်​နည်း။ သို့​ရာ​တွင် အ​မှန်​ကို​ပြု​လျက်​ဒုက္ခ​ဆင်း​ရဲ​ကို​ခံ​ရ​သော အ​ခါ မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-
1PE 2:21 ဤ​နည်း​အ​တိုင်း​ပြု​မူ​စေ​ရန်​သင်​တို့​အား ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​ခြင်း​ဖြစ်​ပေ သည်။ ခ​ရစ်​တော်​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​တွက်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​၍ ခြေ​တော် ရာ​ကို​သင်​တို့​လိုက်​လျှောက်​နိုင်​စေ​ရန်​စံ​န​မူ နာ​ထား​ခဲ့​ပြီ။-
1PE 2:22 ကိုယ်​တော်​သည်​အ​ပြစ်​မ​ကူး၊ မု​သား​ကို လည်း​အ​ဘယ်​အ​ခါ​၌​မျှ​သုံး​တော်​မ​မူ။-
1PE 2:23 မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။-
1PE 2:24 ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။-
1PE 2:25 သင်​တို့​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ခဲ့​ကြ သော်​လည်း ယ​ခု​အ​ခါ​၌​သင်​တို့​၏​ဝိ​ညာဉ် တို့​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော အ​ရှင့်​သိုး​ထိန်း​ကြီး​ထံ​သို့​ပြန်​လည်​ရောက် ရှိ​ကြ​လေ​ပြီ။
1PE 3:1 ထို​နည်း​တူ​စွာ​ဇ​နီး​တို့၊ သင်​တို့​ခင်​ပွန်း​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ကြ​လော့။ ဤ​နည်း​အား ဖြင့်​သင်​တို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် ကို​မ​ယုံ​ကြည်​သူ​ခင်​ပွန်း​များ​ရှိ​ပါ​မူ သင်​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​က​သူ​တို့​အား ယုံ​ကြည်​လာ​စေ​လိမ့်​မည်။ သင်​တို့​နှုတ်​ဖြင့်​ပြော ရန်​ပင်​မ​လို​ပေ။-
1PE 3:2 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အ​ဘယ်​မျှ စိတ်​ထား​ဖြူ​စင်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား တ​ရား​ရို​သေ​ကိုင်း​ရှိုင်း​သည်​ကို​လည်း​ကောင်း သူ​တို့​တွေ့​မြင်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
1PE 3:3 သင်​တို့​၏​ရုပ်​ရည်​လှ​ပ​မှု​သည်​အ​ပြင်​အ​ပ လက္ခ​ဏာ​များ​ဖြစ်​သော​ဖီး​လိမ်း​ဝတ်​စား​မှု၊ ကျောက်​မျက်​ရ​တ​နာ​ဆင်​ယင်​မှု​တို့​အ​ပေါ် တွင်​မ​တည်​စေ​ဘဲ၊-
1PE 3:4 မိ​မိ​တို့​အ​တွင်း​စိတ်​နှ​လုံး​နှင့်​ဆိုင်​သော နူး​ညံ့​သိမ်​မွေ့​သည့်​သ​ဘော​တည်း​ဟူ​သော ထာ​ဝ​စဉ်​လှ​ပ​မှု​ပေါ်​တွင်​တည်​စေ​ကြ​လော့။ ယင်း​လှ​ပ​မှု​သည်​ဘု​ရား​သ​ခင်​ရှေ့​တော် မှောက်​၌၊ အ​လွန်​အ​ဖိုး​ထိုက်​ပေ​သည်။-
1PE 3:5 ရှေး​အ​ခါ​က​ဘု​ရား​တ​ရား​ကြည်​ညို​၍ ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​ကိုး​စား​သော အ​မျိုး​သ​မီး​တို့​သည် မိ​မိ​တို့​ခင်​ပွန်း​များ ၏​စ​ကား​ကို​နား​ထောင်​ခြင်း​အား​ဖြင့်​လှ​ပ အောင်​တန်​ဆာ​ဆင်​ကြ​၏။-
1PE 3:6 ဥ​ပ​မာ​ပြော​ရ​သော်​စာ​ရာ​သည်​အာ​ဗြ​ဟံ ၏​စ​ကား​ကို​နား​ထောင်​၏။ အာ​ဗြ​ဟံ​ကို​သ​ခင် ဟု​ခေါ်​၏။ သင်​တို့​သည်​မည်​သည်​ကို​မျှ​ကြောက်​ရွံ့ ခြင်း​မ​ရှိ​ဘဲ ကောင်း​မြတ်​သည့်​အ​ကျင့်​ကို​ပြု ကျင့်​ပါ​လျှင်​စာ​ရာ​၏​သ​မီး​များ​ဖြစ်​ကြ​၏။
1PE 3:7 ထို​နည်း​တူ​စွာ​ခင်​ပွန်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ဇ​နီး​များ​အား​နွဲ့​သူ​များ​ဖြစ်​သည်​ကို​ထောက်​၍ သူ​တို့​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​ကြ​မည်။ သူ​တို့ သည်​သက်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​သင်​တို့​နှင့် အ​တူ​ခံ​စား​ရ​ကြ​မည့်​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ​တို့​ကို​လေး​စား​စွာ​ဆက်​ဆံ ရ​ကြ​မည်။ သို့​မှ​သာ​သင်​တို့​၏​ပတ္ထနာ​များ ကို​အ​ဆီး​အ​တား​ရှိ​မည်​မ​ဟုတ်။
1PE 3:8 နောက်​ဆုံး​ဖော်​ပြ​လို​သည်​မှာ သင်​တို့​သည် တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ​လော့။ စာ​နာ ထောက်​ထား​၍​တစ်​ယောက်​ကို​တစ်​ယောက် ညီ ရင်း​အစ်​ကို​ကဲ့​သို့​ချစ်​ကြ​လော့။ ကြင်​နာ သ​နား​တတ်​သော​သ​ဘော၊ နှိမ့်​ချ​တတ်​သော သ​ဘော​ရှိ​ကြ​လော့။-
1PE 3:9 အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။-
1PE 3:10 အောက်​ပါ​ကျမ်း​စာ​တော်​အ​ရ​ဖော်​ပြ​သည် နှင့်​အ​ညီ​ဖြစ်​သည်။ ``မိ​မိ​ဘ​ဝ​ကို​ချစ်​မြတ်​နိုး​၍​စီး​ပွား​ချမ်း သာ​ကို အ​လို​ရှိ​သူ​သည်၊ မိ​မိ​၏​လျှာ​ကို​မ​ညစ်​ညမ်း​စေ​ရန်​ထိန်း​သိမ်း ရ​မည်။ မိ​မိ​နှုတ်​ကို​လည်း​လိမ်​လည်​လှည့်​ဖြား​မှု​နှင့် ကင်း​စေ​ရ​မည်။
1PE 3:11 သူ​သည်​ဒု​စ​ရိုက်​ကို​ရှောင်​ရှား​လျက် သု​စ​ရိုက်​ကို​ပြု​ရ​မည်။ ငြိမ်း​ချမ်း​မှု​အ​တွက်​အ​စွမ်း​ကုန်​ကြိုး​ပမ်း ရ​မည်။
1PE 3:12 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သူ​တို့​အား၊ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို၊ နား​ညောင်း​တော်​မူ​သော​ကြောင့်​တည်း။ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၏။''
1PE 3:13 သို့​ဖြစ်​၍​သု​စ​ရိုက်​တ​ရား​ကို​သင်​တို့​ခုံ​မင် စွဲ​လမ်း​ကြ​ပါ​မူ​အ​ဘယ်​သူ​သည်​သင်​တို့​အား ဘေး​သင့်​စေ​နိုင်​မည်​နည်း။-
1PE 3:14 သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​အ​မှန်​တ​ရား ကို​ကျင့်​သုံး​မှု​ကြောင့်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​သော်​မင်္ဂ လာ​ရှိ​ကြ​၏။ မည်​သူ​အား​မျှ​မ​ကြောက်​ကြ​နှင့်။ မ​စိုး​ရိမ်​ကြ​နှင့်။-
1PE 3:15 သို့​ရာ​တွင်​သင်​တို့​စိတ်​နှ​လုံး​တွင်​ခ​ရစ်​တော် ကို​ရို​သေ​ကိုင်း​ရှိုင်း​၍​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခံ​ယူ​ကြ​လော့။ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​မျှော် လင့်​ချက်​အ​ကြောင်း​ကို​စစ်​ဆေး​မေး​မြန်း​လာ သူ​အား​အ​ချိန်​မ​ရွေး​ရှင်း​လင်း​ဖော်​ပြ​ရန် အ​သင့်​ရှိ​ကြ​လော့။-
1PE 3:16 သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-
1PE 3:17 သု​စ​ရိုက်​ကို​ပြု​သ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခြင်း သည်​ဘု​ရား​သ​ခင်​၏​အလို​တော်​အ​ရ​ဖြစ်​လျှင် ယင်း​သည်​ဒု​စ​ရိုက်​ကို​ပြု​ခြင်း​ထက်​ပို​၍ ကောင်း​၏။-
1PE 3:18 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​ကိုယ်​တိုင် ပင်​လျှင် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက်​အ​ပြီး အ​ပိုင်​အ​သေ​ခံ​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တော်​စင်​ဖြစ်​တော်​မူ​၍​မ​သူ တော်​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​လေ​ပြီ။ ယင်း သို့​ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​အား​ဘု​ရား သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ပင်​ဖြစ်​၏။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​အ​သေ သတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း​ဝိ​ညာဉ်​အား ဖြင့်​အ​သက်​ပြန်​၍​ရှင်​တော်​မူ​၏။-
1PE 3:19 ဝိ​ညာဉ်​အား​ဖြင့်​ကိုယ်​တော်​သည်​အ​ကျဉ်း​ကျ လျက်​နေ​သော​ဝိ​ညာဉ်​များ​ထံ​သို့​သွား​ရောက် ၍​တ​ရား​ဟော​တော်​မူ​၏။-
1PE 3:20 ထို​ဝိ​ညာဉ်​တို့​ကား​သင်္ဘော​ကို​နော​ဧ​တည်​ဆောက် လျက်​နေ​စဉ်​တွင် သည်း​ခံ​စောင့်​ဆိုင်း​လျက်​နေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင် ခဲ့​သူ​တို့​၏​ဝိ​ညာဉ်​များ​ပင်​ဖြစ်​သ​တည်း။ သို့ ရာ​တွင်​ရေ​အား​ဖြင့်​ကယ်​ဆယ်​ခြင်း​ခံ​ရ​သူ များ​မှာ​သ​င်္ဘော​ပေါ်​တွင်​အ​နည်း​ငယ်​သာ​ရှိ ၍​အ​ရေ​အ​တွက်​အား​ဖြင့်​ရှစ်​ယောက်​မျှ​သာ ဖြစ်​၏။-
1PE 3:21 ဤ​တွင်​ရေ​ဟု​ဆို​ရာ​၌​သင်​တို့​ကို​ယ​ခု​ကယ် တင်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပုံ​ဆောင်​ပေ​သည်။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ​ခြင်း​သည်​ကိုယ်​ကာ​ယ အ​ညစ်​အ​ကြေး​များ​ကို​သန့်​စင်​ဆေး​ကြော ခြင်း​မ​ဟုတ်။ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​စွာ​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ပြု ခြင်း​ဖြစ်​ပေ​သည်။ သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ခ​ရစ်​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု​၍ သင်​တို့​သည်​ဗတ္တိ​ဇံ​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
1PE 3:22 ထို​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ ၍ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​လက်​ယာ​တော် ဘက်​တွင်​ရှိ​တော်​မူ​ပြီး​လျှင်​ကောင်း​ကင်​တ​မန် များ၊ ကောင်း​ကင်​အာ​ဏာ​ပိုင်​များ​နှင့်​တန်​ခိုး ရှင်​များ​ကို​အုပ်​စိုး​၍​နေ​တော်​မူ​၏။
1PE 4:1 ခ​ရစ်​တော်​သည်​ကာ​ယ​ဝေ​ဒ​နာ​ခံ​တော်​မူ​ခဲ့ ရာ​သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​ခံ​ယူ​ချက် မျိုး​ရှိ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကာ​ယ ဝေ​ဒ​နာ​ခံ​ပြီး​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ပြတ်​စဲ​ပြီ​ဖြစ်​သော​ကြောင့်​ဖြစ်​၏။-
1PE 4:2 သို့​ဖြစ်​၍​ဤ​လော​က​တွင်​သင်​တို့​အ​သက် ရှင်​ရန်​ကြွင်း​ကျန်​သေး​သည့်​အ​ချိန်​ကာ​လ​၌ လူ​တို့​တပ်​မက်​ခြင်း​စိတ်​ဆွဲ​ဆောင်​ရာ​သို့ မ​လိုက်​ဘဲ​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍​အ​သက်​ရှင်​ရ​ကြ​မည်။-
1PE 4:3 လွန်​ခဲ့​သည့်​ကာ​လ​က​သင်​တို့​သည်​မ​ယုံ ကြည်​သူ​များ​ပြု​ကျင့်​သ​ကဲ့​သို့​အ​တန်​ကြာ စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​ကြ​၏။ မ​ပြု​သင့်​မ​ပြု ထိုက်​သည်​ကို​ပြု​မူ​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ သေ​သောက်​ကြူး​ခြင်း၊ ပျော်​ရွှင်​မြူး​တူး​ခြင်း၊ သေ​သောက်​ပွဲ​များ​ကျင်း​ပ​ခြင်း​နှင့်​လွန်​စွာ မ​နှစ်​မြို့​အပ်​သည့်​ရုပ်​တု​ကိုး​ကွယ်​ခြင်း တို့​တွင်​ပါ​ဝင်​ခဲ့​ကြ​၏။-
1PE 4:4 ယ​ခု​မှာ​မူ​သင်​တို့​သည်​မ​ယုံ​ကြည်​သူ​တို့ နှင့်​အ​တူ​ယင်း​သို့​အ​ပျော်​ကြူး​၍ စည်း​မဲ့ ကမ်း​မဲ့​သက်​ရှင်​လှုပ်​ရှား​မှု​များ​တွင်​မ​ပါ​ဝင် ကြ​တော့​ပေ။ သို့​ဖြစ်​၍​သူ​တို့​သည်​အံ့​သြ လျက်​သင်​တို့​ကို​စော်​ကား​ပြော​ဆို​ကြ​၏။-
1PE 4:5 ဤ​သို့​ပြု​ကြ​သည့်​အ​တွက်​သူ​တို့​သည်​အ​သက် ရှင်​သူ​နှင့်​သေ​သူ​များ​အား တ​ရား​စီ​ရင်​ရန် အ​သင့်​ရှိ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ ထံ​တော်​၌​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။-
1PE 4:6 ဤ​အ​ကြောင်း​ကြောင့်​သေ​လွန်​သူ​တို့​သည်​ဘု​ရား သ​ခင်​ဝိ​ညာဉ်​အား​ဖြင့်​အ​သက်​ရှင်​နိုင်​ကြ​စေ ရန် သူ​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ ခြင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ကာ​ယ​အား​ဖြင့် အ​သက်​ရှင်​စဉ်​အ​ခါ​က​လူ​တိုင်း​နည်း​တူ အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ခဲ့​ရ​သူ​များ​ဖြစ် သည်။
1PE 4:7 အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​အ​တွက်​နောက်​ဆုံး သော​အ​ချိန်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည် ဆု​တောင်း​နိုင်​ကြ​ရန် မိ​မိ​တို့​၏​စိတ်​ကို​ထိန်း ချုပ်​လျက်​နိုး​နိုး​ကြား​ကြား​ရှိ​ရ​ကြ​မည်။-
1PE 4:8 အ​ထူး​သ​ဖြင့်​အ​ချင်း​ချင်း​အား​အ​မှန်​တ​ကယ် ချစ်​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မေတ္တာ သည်​များ​စွာ​သော​အ​ပြစ်​တို့​ကို​ဖုံး​အုပ်​စေ နိုင်​သော​ကြောင့်​ဖြစ်​၏။-
1PE 4:9 သင်​တို့​သည်​မ​ညည်း​မ​ညူ​ဘဲ​အ​ချင်း​ချင်း အား​ကျေ​ပွန်​စွာ​ဧည့်​ဝတ်​ပြု​ကြ​လော့။-
1PE 4:10 သင်​တို့​အား​လုံး​ပင်​လျှင်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး တစ်​ပါး​ပါး​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​အ​မျိုး​မျိုး ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရ​သူ​များ​အ​နေ​ဖြင့် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​သည့်​ဆု​ကျေး​ဇူး​တော်​ကို အ​ချင်း​ချင်း​တို့​၏​အ​ကျိုး​အ​တွက်​အ​သုံး ပြု​ကြ​လော့။-
1PE 4:11 တ​ရား​ဟော​ပြော​သူ​သည်​ဘု​ရား​သ​ခင်​၏ ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​စေ။ အ​စေ​ခံ​သော သူ​သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​စွမ်း သတ္တိ​အ​တိုင်း​လုပ်​ဆောင်​စေ။ သို့​မှ​သာ​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင် ယေ​ရှု​ခ​ရစ်​အား ဖြင့်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ထွန်း​လင်း လိမ့်​မည်။ အ​ရှင်​ယေ​ရှု​ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။
1PE 4:12 ချစ်​ဆွေ​တို့၊ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စစ် ဆေး​ရန်​အ​တွက် ယ​ခု​သင်​တို့​ပြင်း​ပြ​စွာ​စုံ​စမ်း နှောင့်​ယှက်​ခြင်း​ကို​ခံ​နေ​ရ​ကြ​သည်​ကို​မ​အံ့ သြ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည်​သင်​တို့ အ​တွက်​မ​ထူး​ဆန်း​ပေ။-
1PE 4:13 အံ့​သြ​နေ​မည့်​အ​စား​သင်​တို့​သည်​ခ​ရစ်​တော် ၏​ဝေ​ဒ​နာ​တော်​များ​ကို​ကိုယ်​တော်​နှင့်​အ​တူ ပါ​ဝင်​ခံ​စား​ရ​ကြ​သ​ဖြင့်​ဝမ်း​မြောက်​ကြ လော့။ သို့​မှ​သာ​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ပေါ်​လွင်​ထင်​ရှား​သော​အ​ခါ​သင်​တို့​သည် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လိမ့်​မည်။-
1PE 4:14 သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် သော​ကြောင့်​စော်​ကား​ခြင်း​ခံ​ရ​သော​အ​ခါ​မင်္ဂ လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သို့ ခံ​ရ​သော​အ​ချိန်​၌ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​တည်း​ဟူ​သော​ဘုန်း​အ​သ​ရေ​တော်​နှင့် ပြည့်​ဝ​သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ် သို့​သက်​ရောက်​လျက်​နေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-
1PE 4:15 သင်​တို့​တွင်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လူ​သတ် မှု၊ ခိုး​မှု၊ ရာ​ဇ​ဝတ်​မှု​သို့​မ​ဟုတ်​သူ​တစ်​ပါး​၏ ကိစ္စ​တွင်​ဝင်​ရောက်​စွက်​ဖက်​မှု​ဖြင့်​ပြစ်​ဒဏ်​မ​ခံ ရ​စေ​နှင့်။-
1PE 4:16 သို့​ရာ​တွင်​ခ​ရစ်​ယာန်​ဖြစ်​သော​ကြောင့်​ပြစ် ဒဏ်​ခံ​ရ​ပါ​မူ​ကား​ရှက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ ခ​ရစ်​တော်​၏​နာ​မ​ကြောင့်​ခံ​ရ​လျှင်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၏။
1PE 4:17 တ​ရား​စီ​ရင်​တော်​မူ​ရာ​အ​ချိန်​သည်​ကျ​ရောက် လာ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့ သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​ပ​ထ​မ ဦး​စွာ​ခံ​ရ​ကြ​မည်။ ငါ​တို့​သည်​ဦး​စွာ​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ခံ​ရ​ကြ​လျှင်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​မ​ယုံ​ကြည်​သူ​တို့​မည် သို့​ဖြစ်​လိမ့်​မည်​နည်း။-
1PE 4:18 ကျမ်း​စာ​တော်​က​ဖော်​ပြ​သည်​နှင့်​အ​ညီ ``အ​ကယ်​၍​သူ​တော်​ကောင်း​များ​ပင်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​ရန်​ခက်​ခဲ​ပါ​မူ ဘု​ရား​တ​ရား​မဲ့​သည့်​အ​ပြစ်​ကူး​သူ​တို့​အ​ဖို့ မည်​သို့​ဖြစ်​လိမ့်​မည်​နည်း''
1PE 4:19 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့် အ​ညီ​ဆင်း​ရဲ​ခံ​ရ​ကြ​သူ​တို့​သည်​အ​ကျင့် ကောင်း​ကို​ပြု​လျက် မိ​မိ​တို့​အား​ဖန်​ဆင်း​တော် မူ​၍​သစ္စာ​တည်​တော်​မူ​သော​အ​ရှင်​၏​လက် တော်​သို့​မိ​မိ​တို့​ကိုယ်​ကို​အပ်​နှံ​ကြ​စေ။
1PE 5:1 ငါ​ကဲ့​သို့​အ​သင်း​တော်​ကို​အုပ်​ထိန်း​ရ​သူ​များ ဖြစ်​ကြ​သည့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​လို​၏။ ငါ သည်​ခ​ရစ်​တော်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို​တွေ့​မြင် ရ​သူ​တစ်​ဦး​အ​နေ​နှင့်​လည်း​ကောင်း၊ ပေါ်​လွင် ထင်​ရှား​လတ္တံ့​သော​ဘုန်း​အ​သ​ရေ​တော်​ကို သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခံ​ယူ​ရန်​မျှော်​လင့် သူ​တစ်​ဦး​အ​နေ​နှင့်​လည်း​ကောင်း​မေတ္တာ ရပ်​ခံ​လို​၏။-
1PE 5:2 သင်​တို့​သည်​မိ​မိ​တို့​၌​အပ်​ထား​သော​ဘု​ရား သ​ခင်​၏​သိုး​စု​ကို​ကြည့်​ရှု​စောင့်​ထိန်း​ကြ​လော့။ တာ​ဝန်​ဝတ္တ​ရား​တစ်​ရပ်​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သည့် အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​စောင့်​ထိန်း​ကြ​လော့။ ငွေ​ကြေး​ရ​ရှိ​ရန်​အ​တွက်​မ​ဟုတ်​ဟူ​၍ စေ​တ​နာ​စိတ်​နှင့်​လုပ်​ဆောင်​ကြ​လော့။-
1PE 5:3 သင်​တို့​လက်​ဝယ်​အပ်​ထား​သည့်​သူ​တို့​အ​ပေါ် တွင်​အ​စိုး​တ​ရ​မ​ပြု​ကြ​နှင့်။ သိုး​စု​၏​ရှေ့​၌ စံ​န​မူ​နာ​ကောင်း​ကို​ပြ​ကြ​လော့။-
1PE 5:4 သင်​တို့​သည်​သိုး​ထိန်း​ချုပ်​ကြီး​ပေါ်​ထွန်း​တော် မူ​သော​အ​ခါ​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သော၊ အ​ဘယ်​အ​ခါ​၌​မျှ​အ​ရောင်​အ​ဝါ​မ​မှေး မှိန်​နိုင်​သော​သ​ရ​ဖူ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။
1PE 5:5 ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-
1PE 5:6 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​အ​ချိန်​တန်​သော အ​ခါ​သင်​တို့​အား​ချီး​မြှင့်​တော်​မူ​နိုင်​ရန် သင်​တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကြီး​သော လက်​တော်​အောက်​၌​မိ​မိ​တို့​ကိုယ်​ကို​နှိမ့်​ချ ကြ​လော့။-
1PE 5:7 ကိုယ်​တော်​သည်​သင်​တို့​ကို​အ​လေး​ဂ​ရု​ပြု တော်​မူ​သော​ကြောင့် သင်​တို့​၏​ပူ​ပင်​သော​က ရှိ​သ​မျှ​တို့​ကို​ကိုယ်​တော်​အား​ပုံ​၍​အပ်​နှံ ကြ​လော့။
1PE 5:8 နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ သင်​တို့​၏​ရန်​သူ​မာရ်​နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့​သို့​ဝါး​မျို​ရ​မည့်​သူ​ကို လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ​၏။-
1PE 5:9 သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ စေ​လျက်​သူ​၏​ရန်​ကို​တွန်း​လှန်​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သိ​ကြ​သည့်​အ​တိုင်း​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​သင်​တို့​၏​ညီ​အစ်​ကို​အ​ပေါင်း တို့​သည် ဤ​သို့​သော​ဆင်း​ရဲ​ဒုက္ခ​နှင့်​ကြုံ​တွေ့ လျက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-
1PE 5:10 သို့​ရာ​တွင်​သင်​တို့​သည်​အ​ချိန်​အ​နည်း​ငယ်​မျှ ယင်း​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ပြီး​နောက်​ကျေး​ဇူး တော်​အ​ပေါင်း​၏​အ​ရှင်၊ သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက် ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​တော်​ကို​ဝင်​စား​ခွင့်​ပေး​ရန်​ဖိတ် ခေါ်​တော်​မူ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​သင်​တို့​အား​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ပြု ပြင်​ပေး​တော်​မူ​၍ သင်​တို့​အား​ခိုင်​ခံ့​စေ​တော်​မူ ပြီး​လျှင်​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​လျက်​ကြံ့​ခိုင် စွာ​ရပ်​တည်​စေ​တော်​မူ​လိမ့်​မည်။-
1PE 5:11 ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​တန်​ခိုး​တော်​ကြီး တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။
1PE 5:12 ငါ​သည်​ဤ​စာ​တို​က​လေး​ကို​သိ​လွာ​နု​၏​အ​ကူ အ​ညီ​ဖြင့် သင်​တို့​ထံ​သို့​ရေး​သား​ပေး​ပို့​လိုက်​၏။ သူ​သည်​သစ္စာ​ရှိ​သော​ညီ​အစ်​ကို​ဟု​ငါ​မှတ်​ယူ​၏။ သင်​တို့​အား​တိုက်​တွန်း​အား​ပေး​စ​ကား​ပြော​ကြား ရန်​နှင့် သင်​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​စစ်​အ​မှန် ဖြစ်​ကြောင်း​ကို​သက်​သေ​ခံ​ရန် ဤ​စာ​ကို​ရေး​ပို့ လိုက်​၏။ ထို​ကျေး​ဇူး​တော်​တွင်​ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။
1PE 5:13 ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​ခြင်း​ကို သင်​တို့ နည်း​တူ​ခံ​ရ​သည့်​ဗာ​ဗု​လုန်​မြို့​အ​သင်း​တော် ဝင်​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။ ငါ့ သား​မာ​ကု​က​လည်း​နှုတ်​ဆက်​လိုက်​၏။-
1PE 5:14 သင်​တို့​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် မေတ္တာ​ဖြင့်​နမ်း​ရှုတ်​လျက်​နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​၏​တ​ပည့်​တော်​များ​ဖြစ်​ကြ​သူ သင်​တို့​အ​ပေါင်း​သည် ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ကြ​ပါ​စေ​သော။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။
2PE 1:1 ယေ​ရှု​ခရစ်​၏​အ​စေ​ခံ​နှင့်​တ​မန်​တော်​ဖြစ်​သူ ရှိ​မုန်​ပေ​တ​ရု​ထံ​မှ ငါ​တို့​ဘု​ရား​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ငါ​တို့​ခံ​ယူ​ရ​သည့် ယုံ​ကြည်​ခြင်း​ကဲ့​သို့​အ​ဖိုး​ထိုက်​သည့်​ယုံ​ကြည် ခြင်း​ကို​ရ​ရှိ​ကြ​ကုန်​သော​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​သည်။
2PE 1:2 ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင်​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် သင်​တို့​သည်​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။
2PE 1:3 ငါ​တို့​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း​အား ဖြင့် ဘု​ရား​ဝတ်​၌​အ​မှန်​ပင်​မွေ့​လျော်​နိုင်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ တို့​လို​အပ်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ချ​ပေး တော်​မူ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ဘုန်း​အ​သ ရေ​တော်​နှင့်​ကောင်း​မြတ်​ခြင်း​ကို ငါ​တို့​ခံ​ယူ နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​ပေ​သည်။-
2PE 1:4 ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။-
2PE 1:5 ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​မိ​မိ​တို့​၏ ယုံ​ကြည်​ခြင်း​ကို​အ​ကျင့်​သီ​လ​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​သီ​လ​ကို​အသိ​ပ​ညာ​ဖြင့် လည်း​ကောင်း၊-
2PE 1:6 အ​သိ​ပ​ညာ​ကို​ကာမ​ဂုဏ်​ချုပ်​တည်း​ခြင်း ဖြင့်​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း ကို​ခံ​နိုင်​ရည်​ရှိ​ခြင်း​ဖြင့်​လည်း​ကောင်း၊ ခံ​နိုင် ရည်​ရှိ​ခြင်း​ကို​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း ဖြင့်​လည်း​ကောင်း၊-
2PE 1:7 ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​ညီ​အစ်​ကို စုံ​မက်​ခြင်း​ဖြင့်​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက် ခြင်း​ကို​ချစ်​ခြင်း​မေတ္တာ​ဖြင့်​လည်း​ကောင်း​ထပ် လောင်း​ဖြည့်​စွက်​ပေး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​လော့။-
2PE 1:8 ဤ​အ​ရည်​အ​ချင်း​များ​သည်​သင်​တို့​တွင်​များ စွာ​ရှိ​လျှင် ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​၌​သင်​တို့​ထိ​ရောက်​လျက် အ​ကျိုး​ဖြစ်​ထွန်း​လိမ့်​မည်။-
2PE 1:9 ဤ​အ​ရည်​အ​ချင်း​များ​နှင့်​ကင်း​သူ​သည် အ​မြင်​တို​၍​မျက်​စိ​ကန်း​သူ​ဖြစ်​၏။ သူ​သည် ယ​ခင်​က​မိ​မိ​၏​အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့် ရ​ရှိ​သည်​ကို​မေ့​လျော့​လေ​ပြီ။
2PE 1:10 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​ဘု​ရား​သ​ခင် ခေါ်​ယူ​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​တည်​မြဲ​စေ​ရန် ပို​၍​ပင်​ကြိုး​စား​ကြ​ပါ​မူ​သင်​တို့​သည်​အ​ဘယ် အ​ခါ​မျှ မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ် ကြ​လိမ့်​မည်​မ​ဟုတ်။-
2PE 1:11 ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ငါ​တို့​ကို​အ​ရှင် သ​ခင်​နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု ခ​ရစ်​၏​ထာ​ဝ​ရ​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန် အ​ခွင့် အ​ရေး​အ​ပြည့်​အ​ဝ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။
2PE 1:12 ထို့​ကြောင့်​သင်​တို့​သည်​ဤ​အ​ကြောင်း​အ​ရာ များ​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​ခံ​ယူ​ရ ရှိ​ထား​သည့်​သမ္မာ​တ​ရား​တော်​တွင်​အ​ခြေ​ခိုင် ၍​နေ​ပြီ​ဖြစ်​သော်​လည်း ငါ​သည်​သင်​တို့​အား ထို​အ​ရာ​များ​အ​ကြောင်း​ကို​အ​စဉ်​သ​တိ ပေး​လို​၏။-
2PE 1:13 ငါ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​အ​ရာ​များ​အ​ကြောင်း​ကို​သင်​တို့​အား​သ​တိ ပေး​နှိုး​ဆော်​လျက်​နေ​သင့်​သည်​ဟု​လည်း​ယူ​ဆ ၏။-
2PE 1:14 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​မ​ကြာ​မီ​ပင် ဤ​ပျက်​စီး​တတ်​သည့်​ကိုယ်​ခန္ဓာ​ကို​စွန့်​ပစ်​ရ​လိမ့် မည်​ဖြစ်​ကြောင်း​သိ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ငါ တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​က​လည်း​ယင်း​သို့ ဖြစ်​မည်​ဟု​ငါ့​အား​အတိ​အ​လင်း​မိန့်​ကြား ထား​၏။-
2PE 1:15 သို့​ဖြစ်​၍​ငါ​မ​ရှိ​သည့်​နောက်​သင်​တို့​သည် ဤ အ​ကြောင်း​အ​ရာ​များ​ကို​အ​စဉ်​မှတ်​မိ​စေ​ခြင်း ငှာ ငါ​သည်​အ​စွမ်း​ကုန်​ကြိုး​စား​အား​ထုတ်​မည်။
2PE 1:16 ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​တန်​ခိုး​တော် နှင့်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​ပ​ရိ​ယာယ်​နှင့် တီ​ထွင်​သော​ဒဏ္ဍာ​ရီ​ပုံ​ပြင်​များ​ကို​ပြော​ကြား နေ​ခြင်း​မ​ဟုတ်။ ငါ​တို့​ကား​မိ​မိ​တို့​ကိုယ်​တိုင် ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို​ဖူး​မြင် ရ​ကြ​သူ​များ​ဖြစ်​ပေ​သည်။-
2PE 1:17 အကြီး​မြတ်​ဆုံး​သော​ဘုန်း​အ​သ​ရေ​ရောင်​ခြည် တော်​ရှင်​က``ဤ​သူ​ကား​ငါ​နှစ်​သက်​မြတ်​နိုး သော​ငါ​၏​ချစ်​သား​ဖြစ်​၏'' ဟူ​သော​အ​သံ တော်​မိန့်​တော်​မူ​သော​အ​ချိန်​၌ ခ​မည်း​တော် ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကိုယ်​တော်​သည်​ဂုဏ် အ​သ​ရေ​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​ယူ​တော်​မူ​၏။-
2PE 1:18 ထို​စဉ်​အ​ခါ​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် ကိုယ်​တော်​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သော တောင်​တော်​ပေါ်​တွင်​ရှိ​၍​မိုး​ကောင်း​ကင်​မှ ထွက်​ပေါ်​လာ​သော​အ​သံ​တော်​ကို​ကြား​ရ ပေ​သည်။
2PE 1:19 သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ရော​ဖက်​များ​ကြေ​ညာ သည့်​ဗျာ​ဒိတ်​တော်​ကို​ပို​၍​စိတ်​ချ​ယုံ​ကြည် ကြ​၏။ ထို​ဗျာ​ဒိတ်​တော်​ကို​ဂ​ရု​ပြု​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ယင်း​သည်​အ​ရုဏ်​ကျင်း​လျက် နေ​အ​လင်း​ပေါ်​၍ သင်​တို့​စိတ်​နှ​လုံး​ထဲ​တွင် အ​ရုဏ်​ကြယ်​ပေါ်​ထွက်​ချိန်​မ​တိုင်​မီ​အ​မှောင် ထဲ​တွင်​ထွန်း​လင်း​လျက်​နေ​သည့်​မီး​ခွက်​နှင့်​တူ​၏။-
2PE 1:20 သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​အ​လို​အ​လျောက် ပ​ရော​ဖက်​တို့​ဟော​ချက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ပြန်​ဆို​၍​မ​ရ​နိုင်​ကြောင်း​သင်​တို့​အ​ထူး​မှတ် ယူ​ကြ​လော့။-
2PE 1:21 အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​ပ​ရော​ဖက် ဟော​ပြော​ချက်​မျှ မိ​မိ​၏​အ​လို​ဆန္ဒ​အ​ရ​ပေါ် ပေါက်​လာ​ခြင်း​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှိုး​ဆော်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လာ​သော​ဗျာ​ဒိတ်​တော်​ကို ဟော​ပြော​ခြင်း​ဖြစ်​သည်။
2PE 2:1 ဣ​သ​ရေ​လ​လူ​မျိုး​တွင်​မိစ္ဆာ​ပ​ရော​ဖက်​များ ပေါ်​ပေါက်​ခဲ့​သည်​နည်း​တူ သင်​တို့​တွင်​လည်း မိစ္ဆာ​ဆရာ​များ​ပေါ်​ပေါက်​လာ​ကြ​လိမ့်​မည်။ သူ တို့​သည်​အ​ကျိုး​ယုတ်​စေ​သော​မှား​ယွင်း​သည့် အ​ယူ​ဝါ​ဒ​များ​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင် လာ​ပြီး​လျှင် မိ​မိ​တို့​အား​ရွေး​နှုတ်​ကယ်​တင် တော်​မူ​သော​အ​ရှင်​ကို​ပင်​လျှင်​ပစ်​ပယ်​ကြ လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ တို့​အ​ပေါ်​တွင် ပျက်​စီး​ခြင်း​ဘေး​လျင်​မြန် စွာ​ရောက်​စေ​ကြ​လိမ့်​မည်။-
2PE 2:2 ဤ​သို့​ဖြစ်​လင့်​က​စား​လူ​အ​များ​ပင်​ထို​သူ တို့​၏​ညစ်​ညမ်း​သော​လမ်း​စဉ်​ကို​လိုက်​ကြ​လိမ့် မည်။ သူ​တို့​၏​အ​ပြု​အ​မူ​ကြောင့်​အ​ခြား​လူ တို့​သည်​သမ္မာ​တ​ရား​လမ်း​စဉ်​ကို​ရှုတ်​ချ​ပြော ဆို​ကြ​လိမ့်​မည်။-
2PE 2:3 ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။
2PE 2:4 ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​ကောင်း​ကင် တ​မန်​များ​ကို​ချမ်း​သာ​ပေး​တော်​မ​မူ​ဘဲ မှောင် မိုက်​သော​င​ရဲ​ထဲ​သို့​ချ​ထား​တော်​မူ​၏။ ထို နေ​ရာ​တွင်​သူ​တို့​ကို​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ကာ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကို စောင့်​မျှော်​စေ​တော်​မူ​၏။-
2PE 2:5 ကိုယ်​တော်​သည်​ရှေး​ခေတ်​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​ကို​လည်း​ချမ်း​သာ​ပေး​တော်​မ​မူ​ခဲ့​ပေ။ ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​သည်​ဘု​ရား​မဲ့​နေ သူ​တို့​၏​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​လွှမ်း​မိုး​စေ​တော် မူ​၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​ပြော​သူ နော​ဧ​ကို​မူ​ကား​အ​ခြား​သူ​ခုနစ်​ယောက်​နှင့် အ​တူ​ကယ်​တင်​တော်​မူ​၏။-
2PE 2:6 ဘု​ရား​သ​ခင်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကို​မီး​လောင်​ကျွမ်း​စေ​သော​အား​ဖြင့်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော် သည်​နောင်​အ​ခါ​တွင် ဆိုး​သွမ်း​ယုတ်​မာ​သူ​တို့ မည်​ကဲ့​သို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို​န​မူ​နာ အ​ဖြစ်​ပြ​တော်​မူ​၏။-
2PE 2:7 သို့​ရာ​တွင်​ဆိုး​ယုတ်​သူ​တို့​၏​မ​သ​မာ​သော အ​ကျင့်​အ​ကြံ​များ​ကြောင့်​အ​လွန်​စိတ်​ပျက် လျက်​နေ​သူ သူ​တော်​ကောင်း​လော​တ​ကို​မူ ကား​ကိုယ်​တော်​သည်​မီး​ဘေး​မှ​ကယ်​ဆယ် တော်​မူ​၏။-
2PE 2:8 ထို​သူ​တော်​ကောင်း​သည်​ဆိုး​ယုတ်​သူ​တို့​နှင့် အ​တူ​နေ​ထိုင်​ကာ နေ့​စဉ်​နှင့်​အ​မျှ​သူ​တို့​ပြု ကျင့်​သည့်​ဆိုး​ညစ်​မှု​များ​ကို​တွေ့​မြင်​ကြား သိ​သ​ဖြင့် လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​ခဲ့​ရ​ပေ​သည်။-
2PE 2:9 သို့​ဖြစ်​၍​ဘု​ရား​ကြည်​ညို​သူ​တို့​အား​မိ​မိ တို့​ခံ​ရ​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​မှ ကယ်​တင်​တော်​မူ​ရန်​လည်း​ကောင်း၊ သူ​ယုတ်​မာ များ​အ​ထူး​သ​ဖြင့်​မိ​မိ​တို့​၏​ကိ​လေ​သာ စိတ်​ဆွဲ​ဆောင်​ရာ​သို့​လိုက်​၍ ဘု​ရား​သ​ခင် အာ​ဏာ​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တိုင်​အောင် ပြစ်​ဒဏ်​ပေး​ထား​ရန်​လည်း​ကောင်း​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​တတ်​၏။ ထို​မိစ္ဆာ​ဆ​ရာ​တို့​သည်​အ​တင့်​ရဲ​၍​မာ​န ထောင်​လွှား​လျက် တန်​ခိုး​ကြီး​သော​ကောင်း ကင်​သား​တို့​အား​မ​ရို​သေ​ဘဲ​စော်​ကား ပြော​ဆို​ကြ​၏။-
2PE 2:11 ဤ​မိစ္ဆာ​ဆ​ရာ​တို့​ထက်​များ​စွာ​တန်​ခိုး​စွမ်း ရည်​ကြီး​သော​ကောင်း​ကင်​တ​မန်​များ​ပင် လျှင် သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​မှောက်​တွင်​စော်​ကား​ပြော​ဆို​ခြင်း​ကို မ​ပြု​ကြ။-
2PE 2:12 သို့​ရာ​တွင်​ထို​သူ​တို့​သည်​ထောင်​ဖမ်း​၍​သတ် ဖြတ်​ပစ်​ရန်​အ​တွက် ပေါက်​ဖွား​လာ​ကြ​သည့် အ​သိ​ဉာဏ်​ကင်း​မဲ့​သော​သား​ရဲ​တိ​ရစ္ဆာန် များ​နှင့်​တူ​ကြ​သည်။ သူ​တို့​သည်​မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ကဲ့​ရဲ့​ပြော​ဆို​တတ်​ကြ​၏။ အ​သိ​ဉာဏ်​ကင်း မဲ့​သည့်​သား​ရဲ​တိ​ရစ္ဆာန်​များ​နည်း​တူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။-
2PE 2:13 သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ထိ​ခိုက်​နာ ကျင်​စေ​သ​ကဲ့​သို့​မိ​မိ​တို့​လည်း​ထိ​ခိုက် နာ​ကျင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​ခင်း ကြောင်​တောင်​သေ​သောက်​ကြူး​၍​ပျော်​ပါး ကြ​၏။ သူ​တို့​သည်​သင်​တို့​နှင့်​အ​တူ​စား​ပွဲ တွင်​ထိုင်​၍​စား​သောက်​လျက် သင်​တို့​၏​ဂုဏ် သိက္ခာ​ကို​ညစ်​စွန်း​စေ​ကြ​၏။ သူ​တို့​သည် လှည့်​စား​မှု​ကို​နှစ်​သက်​ကြ​၏။-
2PE 2:14 သူ​တို့​၏​မျက်​စိ​သည်​အ​ကျင့်​ပျက်​သည့် အ​မျိုး​သမီး​များ​ကို​သာ​ကြည့်​လျက်​အ​ပြစ် ကူး​၍​အား​မ​ရ​နိုင်​ကြ။ သူ​တို့​သည်​ယုံ ကြည်​ခြင်း​မ​ရင့်​ကျက်​သူ​တို့​ကို​ထောင် ချောက်​ထဲ​သို့​ကျ​စေ​ကြ​၏။ လော​ဘ​လွန် ကူး​မှု​တွင်​ကျင်​လည်​ကြ​၏။ သူ​တို့​သည် ဘုရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​များ ဖြစ်​ကြ​၏။-
2PE 2:15 သူ​တို့​သည်​လမ်း​ဖြောင့်​မှ​သွေ​ဖီ​ကာ​မှောက် မှား​လမ်း​လွဲ​ကြ​လေ​ပြီ။ ဗော​သော်​၏​သား၊ ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​ပြီ။ ဗာ​လမ် ကား​အ​ပြစ်​ပြု​ခြင်း​ဖြင့်​ရ​ရှိ​မည့်​အ​ခ​ကို တပ်​မက်​သည်​ဖြစ်​၍၊-
2PE 2:16 မိ​မိ​၏​အ​ပြစ်​ဒုစရိုက်​အ​တွက်​ဆုံး​မ​ခြင်း​ကို ခံ​ရ​သူ​တည်း။ မြည်း​က​လူ​ဘာ​သာ​စ​ကား ကို​ပြော​၍​ထို​ပ​ရော​ဖက်​၏​မိုက်​မဲ​မှု​ကို ဟန့်​တား​လိုက်​လေ​သည်။
2PE 2:17 ထို​သူ​တို့​သည်​ရေ​ခန်း​ခြောက်​သွား​သည့်​စမ်း ချောင်း​များ​ကဲ့​သို့​လည်း​ကောင်း လေ​မုန်​တိုင်း တွင်​လွင့်​ပါ​သွား​သည့်​မိုး​တိမ်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အ​တွက်​အ​လွန့်​အ​လွန်​မှောင်​မိုက်​သော​နေ ရာ​ကို​သီး​သန့်​၍​ထား​တော်​မူ​၏။-
2PE 2:18 သူ​တို့​သည်​မှား​ယွင်း​လမ်း​လွဲ​သော​လူ​စု အ​ထဲ​မှ​လွတ်​မြောက်​ခါ​စ​ဖြစ်​သော​သူ​တို့ အား ကြွား​ဝါ​သော​အ​ချည်း​နှီး​စ​ကား​များ ကို​သုံး​ကာ ကာ​မ​ဂုဏ်​လိုက်​စား​မှု​ဖြင့်​သွေး ဆောင်​လမ်း​လွဲ​စေ​ကြ​၏။-
2PE 2:19 သူ​တို့​သည်​ထို​သူ​တို့​အား​လွတ်​လပ်​မှု​ကို က​တိ​ပေး​ခဲ့​သော်​လည်း မိ​မိ​တို့​ကိုယ်​တိုင် ပင်​လျှင်​ပျက်​စီး​စေ​မည့်​အ​ကျင့်​များ​၏ ကျွန်​ဖြစ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​သည် မိ​မိ​အား​စိုး​မိုး​သည့်​အ​ရာ​ဟူ သ​မျှ​၏​ကျွန်​ဖြစ်​သော​ကြောင့်​တည်း။-
2PE 2:20 အ​ကယ်​၍​လူ​တို့​သည်​ငါ​တို့​အ​ရှင်​သ​ခင် နှင့်​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ် ကို​သိ​ကျွမ်း​ရ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညမ်း မှု​များ​မှ​လွတ်​မြောက်​ကြ​ပြီး​နောက်​တစ်​ဖန် ပြန်​၍ ထို​ညစ်​ညမ်း​မှု​များ​၏​ကျွန်​ဖြစ်​ပါ​မူ ထို​သူ​တို့​၏​နောက်​ဆုံး​အ​ခြေ​အ​နေ​သည် လက်​ဦး​အ​ခြေ​အ​နေ​ထက်​ဆိုး​ရွား​လေ တော့​သည်။-
2PE 2:21 ဖြောင့်​မတ်​ခြင်း​လမ်း​စဉ်​ကို​သိ​ရှိ​လာ​ပြီး နောက် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​ထား​သည့်​သန့်​ရှင်း မြင့်​မြတ်​သော​အ​မိန့်​ပ​ညတ်​ကို​စွန့်​လွှတ် လိုက်​ကြ​သည်​ထက် ထို​တ​ရား​လမ်း​ကို မ​သိ​ဘဲ​နေ​ခြင်း​က​သူ​တို့​အ​တွက်​ပို​၍ ကောင်း​၏။-
2PE 2:22 ``ခွေး​သည်​မိ​မိ​အန်​ဖတ်​ကို​ပြန်​၍​စား​တတ် ၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း​ကောင်း``ဝက် ကို​ရေ​ချိုး​ပေး​ပါ​မူ​သူ​သည်​ရွှံ့​နွံ​တွင်​ပြန်​၍ လူး​တတ်​၏'' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​လည်း ကောင်း​ထို​သူ​တို့​အ​တွက်​မှန်​လျက်​နေ​တော့​၏။
2PE 3:1 ငါ​၏​ချစ်​ဆွေ​တို့၊ ဤ​စာ​သည်​သင်​တို့​ထံ​သို့ ဒု​တိ​ယ​အ​ကြိမ်​ငါ​ရေး​လိုက်​သော​စာ​ဖြစ်​၏။ ငါ​သည်​ဤ​စာ​နှစ်​စောင်​လုံး​၌​မြင့်​မြတ် သန့်​ရှင်း​သူ​ပ​ရော​ဖက်​များ အ​ခါ​တစ်​ပါး​က ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​တ​မန်​တော်​များ​မှ​တစ်​ဆင့်​ပေး​အပ် ခဲ့​သည့်​ကယ်​တင်​ရှင်​သ​ခင်​ဘု​ရား​၏​ပ​ညတ် တော်​ကို​လည်း​ကောင်း သင်​တို့​ကြည်​လင်​သော ဉာဏ်​ဖြင့်​နား​လည်​စေ​ရန်​ယင်း​တို့​ကို​ပြန် လည်​သ​တိ​ရ​စေ​၏။-
2PE 3:3 အ​ဆုံး​စွန်​သော​ကာ​လ​၌​မိ​မိ​တို့​၏​ကိ​လေ သာ​စိတ်​အ​လို​သို့​လိုက်​၍ အ​သက်​ရှင်​သော​သူ များ​ပေါ်​ပေါက်​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ဦး​စွာ​နား​လည်​ရ​ကြ​မည်။ ထို​သူ​တို့​သည် သင်​တို့​အား​ပြက်​ရယ်​ပြု​လျက်၊-
2PE 3:4 `သ​ခင်​ဘု​ရား​သည်​မိ​မိ​တစ်​ဖန်​ကြွ​လာ တော်​မူ​မည်​ဟု​က​တိ​ထား​တော်​မူ​ခဲ့​သည် မ​ဟုတ်​ပါ​လော။ ထို​က​တိ​တော်​သည်​အ​ဘယ် သို့​ဖြစ်​လေ​ပြီ​နည်း။ ငါ​တို့​မိ​ဘ​များ​ကား သေ​လွန်​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ခပ်​သိမ်း သော​အ​မှု​အ​ရာ​တို့​သည်​ကမ္ဘာ​လော​က​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန်​က​ရှိ ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​သေး​ပါ​သည် တ​ကား' ဟု​ဆို​ကြ​လိမ့်​မည်။-
2PE 3:5 ဘု​ရား​သ​ခင်​သည်​ရှေး​ကာ​လ​၌​မိုး​ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​အ​မိန့်​တော်​ဖြင့် ဖန်​ဆင်း​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ် တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ထဲ​မှ​ရေ အား​ဖြင့်​ပေါ်​ပေါက်​စေ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊-
2PE 3:6 ရှေး​ကမ္ဘာ​မြေ​ကြီး​ကို​ရေ​ဖြင့်​ပင်​လျှင်​လွှမ်း မိုး​ဖျက်​ဆီး​တော်​မူ​ခဲ့​ကြောင်း​ကို​လည်း ကောင်း​သူ​တို့​သည်​တ​မင်​သက်​သက်​မေ့ လျော့​ကြ​၏။-
2PE 3:7 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယ​ခု​လက်​ရှိ မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​မီး​ဖြင့် ဖျက်​ဆီး​ရာ​နေ့​တိုင်​အောင် ထို​အ​မိန့်​တော် အား​ဖြင့်​ပင်​လျှင်​ဆက်​လက်​တည်​ရှိ​စေ တော်​မူ​ပေ​သည်။ ထို​နေ့​၌​ဘု​ရား​တ​ရား မဲ့​သော​သူ​တို့​သည်​တ​ရား​စီ​ရင်​ဖျက်​ဆီး ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။
2PE 3:8 သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။-
2PE 3:9 လူ​အ​ချို့​တို့​ထင်​မှတ်​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​က​တိ​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ရန်​နှောင့်​နှေး​လျက်​နေ​တော်​မူ သည်​မ​ဟုတ်။ မည်​သူ​မျှ​မပျက်​စီး​ဘဲ​လူ​တိုင်း နောင်​တ​ရ​စေ​ရန်​အ​လို​တော်​ရှိ​၍​သင်​တို့ ကို​သည်း​ခံ​တော်​မူ​ပေ​သည်။
2PE 3:10 သူ​ခိုး​လာ​သ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​၏ နေ့​ရက်​သည်​ကျ​ရောက်​လာ​လိမ့်​မည်။ ယင်း နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​အ​သံ​မြည် ဟီး​လျက်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ ကြယ် တာ​ရာ​များ​သည်​လည်း​ကျွမ်း​လောင်​ကြ လိမ့်​မည်။ ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ မြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​လိမ့်​မည်။-
2PE 3:11 ဤ​အ​ရာ​အား​လုံး​တို့​သည်​ဤ​သို့​ပျက်​စီး သွား​ရ​မည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘယ် သို့​သော​သူ​များ​ဖြစ်​သင့်​ကြ​သ​နည်း။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကို​စောင့် မျှော်​၍ ထို​နေ့​ရက်​အ​မြန်​ကျ​ရောက်​လာ စေ​ရန်​ကြိုး​စား​အား​ထုတ်​လျက်​နေ​ကြ​စဉ် မိ​မိ​တို့​ကိုယ်​ကို​ဖြူ​စင်​သန့်​ရှင်း​စေ​ပြီး လျှင်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သင့်​ကြ ၏။ ထို​နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​မီး​သင့် လောင်​ကျွမ်း​၍​ပျက်​စီး​လိမ့်​မည်။ ကြယ်​တာ ရာ​များ​သည်​လည်း​အ​ပူ​ကြောင့်​အ​ရည် ပျော်​ကြ​လိမ့်​မည်။-
2PE 3:13 သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကတိ ထား​တော်​မူ​သည့်​ဖြောင့်​မတ်​ခြင်း​တ​ရား တည်​ရာ​မိုး​ကောင်း​ကင်​သစ်​နှင့်​မြေ​ကြီး သစ်​ကို​စောင့်​မျှော်​လျက်​နေ​ကြ​၏။
2PE 3:14 သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ထို​နေ့​ရက် ကို​စောင့်​မျှော်​လျက်​နေ​ကြ​စဉ် ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း အ​ပြစ်​ကင်း​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော် နှင့်​ငြိမ်း​ချမ်း​မှု​ရ​ရှိ​၍​နှစ်​သက်​လက်​ခံ​ဖွယ် ဖြစ်​စေ​ရန်​လည်း​ကောင်း အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ကြ​လော့။-
2PE 3:15 ငါ​တို့​ချစ်​သော​ညီ​အစ်​ကို​ပေါ​လု​သည်​ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သည့်​ဉာဏ်​ပ​ညာ​ဖြင့် သင်​တို့​အား​ရေး​သား​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​ဆိုင်း​သည်း​ခံ တော်​မူ​သည်​မှာ သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် အ​တွက်​အ​ခါ​အ​ခွင့်​ပေး​ခြင်း​ပင်​ဖြစ်​ကြောင်း မှတ်​ယူ​ကြ​လော့။-
2PE 3:16 ပေါ​လု​သည်​ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက် ၍​မိ​မိ​ရေး​သ​မျှ​သော​စာ​တို့​တွင်​ဤ​အ​တိုင်း ပင်​ဖော်​ပြ​ထား​၏။ သူ​၏​စာ​များ​တွင်​ပါ​ရှိ​သည့် အ​ကြောင်း​အ​ရာ​အ​ချို့​တို့​မှာ​နား​လည်​ရန် ခက်​သ​ဖြင့် အ​သိ​ပ​ညာ​မဲ့​၍​စိတ်​မ​တည် မ​ငြိမ်​သူ​တို့​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​အ​လွဲ​လွဲ အ​မှား​မှား​ကောက်​ယူ​တတ်​ကြ​၏။ သူ​တို့​သည် အ​ခြား​ကျမ်း​ပုဒ်​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို လည်း​ဤ​နည်း​တူ​ကောက်​ယူ​သ​ဖြင့်​မိ​မိ​တို့ ကိုယ်​တိုင်​ပျက်​စီး​ခြင်း​ငှာ​ပြု​ကြ​၏။
2PE 3:17 သို့​ရာ​တွင်​မိတ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​အ​ကြောင်း အ​ရာ​များ​ကို​သိ​ပြီး​သည်​ဖြစ်​သည်။ ထို့​ကြောင့် သင်​တို့​သည်​တ​ရား​မဲ့​သူ​တို့​၏​မှား​ယွင်း​သော လမ်း​သို့​မ​လိုက်​မ​ပါ​မိ​ကြ​စေ​ရန်​နှင့် မိ​မိ တို့​ခိုင်​ခံ့​တည်​ကြည်​စွာ​ရပ်​တည်​ရာ​မှ​မ​ရွေ့ မ​လျော့​ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
2PE 3:18 သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။
1JO 1:1 အ​သက်​တော်​တည်း​ဟူ​သော​နှုတ်​က​ပတ်​တော် အ​ကြောင်း​ကို​ငါ​တို့​စာ​ရေး​လိုက်​၏။ ထို​နှုတ် က​ပတ်​တော်​သည်​အ​စ​မူ​လ​က​တည်း​က​ပင် ရှိ​နေ​တော်​မူ​ခဲ့​၏။ ထို​နှုတ်​က​ပတ်​တော်​ကို ငါ​တို့​ကြား​ခဲ့​ကြ​၏။ ငါ​တို့​ကိုယ်​တိုင်​မျက်​စိ ဖြင့်​မြင်​ခဲ့​ကြ​၏။ ငါ​တို့​လက်​ဖြင့်​စမ်း​သပ် ကြည့်​ရှု​ခဲ့​ကြ​၏။-
1JO 1:2 ထို​အ​သက်​တော်​ပေါ်​လွင်​ထင်​ရှား​ခဲ့​စဉ်​က ငါ​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​ယင်း​၏​အ​ကြောင်း ကို​ငါ​တို့​ဟော​ပြော​ကြ​၏။ ခ​မည်း​တော်​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည့်​အ​သက်​တော်​သည် ငါ​တို့​တွင်​ပေါ်​လွင်​ထင်​ရှား​ခဲ့​သ​ဖြင့် ငါ​တို့ သည်​ထို​အ​သက်​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​ကြ​၏။-
1JO 1:3 ငါ​တို့​သည်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​နှင့်​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ကြ​သည်​ဖြစ်​ရာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ထို​မိတ် သ​ဟာ​ယ​တွင်​ပါ​ဝင်​ခွင့်​ကို​ရ​ရှိ​ကြ​စေ​ရန် ငါ​တို့​တွေ့​မြင်​ကြား​သိ​ခဲ့​ရ​သည့်​အ​မှု အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​၏။-
1JO 1:4 ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​အ​ပြည့် အ​ဝ​ခံ​စား​နိုင်​ကြ​စေ​ရန် ဤ​အ​ကြောင်း အ​ရာ​များ​ကို​စာ​ရေး​လိုက်​သည်။
1JO 1:5 ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၌​အ​မှောင်​လုံး​ဝ​မ​ရှိ​ဟူ​သော တ​ရား​စ​ကား​ကို ငါ​တို့​သည်​ကိုယ်​တော်​၏ သား​တော်​ထံ​မှ​ကြား​သိ​ရ​သ​ဖြင့်​သင်​တို့ အား​ကြေ​ညာ​၏။-
1JO 1:6 သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ ယ​ဖွဲ့​ရ​ကြ​လေ​ပြီ​ဟု​ဆို​လျက် အ​မှောင်​တွင် ကျင်​လည်​နေ​ကြ​ပါ​မူ​နှုတ်​အား​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း​လိမ်​လည် သူ​များ​ဖြစ်​ကြ​၏။-
1JO 1:7 သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လင်း​တွင်​ရှိ​တော် မူ​သ​ကဲ့​သို့ ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည် ကြ​ပါ​မူ အ​ချင်း​ချင်း​တစ်​ယောက်​နှင့်​တစ်​ယောက် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​ကြ​၏။ ဘု​ရား​သ​ခင် ၏​သား​တော်​သ​ခင်​ယေ​ရှု​၏​သွေး​တော်​သည် လည်း​ငါ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​ဆေး​ကြော စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။
1JO 1:8 ငါ​တို့​သည်​အ​ပြစ်​သား​များ​မ​ဟုတ်​ဟု​ဆို ပါ​မူ ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လှည့်​စား ကြ​၏။ ငါ​တို့​၌​သစ္စာ​တ​ရား​မ​ရှိ။-
1JO 1:9 သို့​ရာ​တွင်​အ​ပြစ်​ဝန်​ချ​ကြ​လျှင်​ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​၍​တ​ရား​မျှ​တ တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​တို့ ၏​အြုပစ်​များ​ကို​ဖြေ​လွှတ်​၍​ငါ​တို့​အား ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​တော်​မူ​လိမ့်​မည်။-
1JO 1:10 အ​ကယ်​၍​မိ​မိ​တို့​သည်​အ​ပြစ်​ကူး​သူ​များ မ​ဟုတ်​ဟု​ငါ​တို့​ဆို​ပါ​မူ ဘု​ရား​သ​ခင်​အား မု​သား​သုံး​တော်​မူ​သော​အ​ရှင်​ဟု​စွပ်​စွဲ​ပြော ဆို​ရာ​ရောက်​လျက်​နှုတ်က​ပတ်​တော်​သည်​ငါ​တို့ ၌​မ​ရှိ။
1JO 2:1 ငါ​၏​သား​သ​မီး​တို့၊ သင်​တို့​သည်​အ​ပြစ် မ​ကူး​ကြ​စေ​ရန်​ဤ​စာ​ကို​ငါ​ရေး​လိုက်​၏။ သို့​ရာ​တွင်​အကယ်​၍​တစ်​စုံ​တစ်​ယောက်​သော သူ​သည်​အ​ပြစ်​ကူး​မိ​ပါ​မူ ခ​မည်း​တော် ထံ​တွင်​ငါ​တို့​အ​တွက်​အသ​နား​ခံ​သည့်​ဖြောင့် မတ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ရှိ​ပေ သည်။-
1JO 2:2 ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ပြစ်​များ​သာ​မ​က ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​၏​အြုပစ်​ပြေ ရာ​ပြေ​ကြောင်း​ပူ​ဇော်​ဆက်​ကပ်​တော်​မူ​သော အရှင်​ဖြစ်​တော်​မူ​၏။
1JO 2:3 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း မှ​သာ​လျှင်​ငါ​တို့​သည်​ကိုယ်​တော်​ကို​သိ​ကျွမ်း သူ​များ​ဖြစ်​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ နိုင်​မည်။-
1JO 2:4 ကိုယ်​တော်​ကို​သိ​ပါ​သည်​ဟု​ဆို​ပြီး​လျှင် ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း​သူ​သည် လူ​လိမ်​ဖြစ်​၍​ထို​သူ​၌​သစ္စာ​တ​ရား​မ​ရှိ။-
1JO 2:5 သို့​ရာ​တွင်​ကိုယ်​တော်​၏​စ​ကား​တော်​ကို​နား ထောင်​သူ​သည် အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ ချစ်​ခြင်း​မေတ္တာ​နှင့်​ပြည့်​ဝ​စုံ​လင်​၏။ သို့​မှ သာ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​ကြောင်း​သေ​ချာ​သိ ပေ​သည်။ ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ကြောင်း​သေ​ချာ​သိ​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ခြေ​တော်​ရာ​ကို လိုက်​လျှောက်​သူ​ဖြစ်​မည်။
1JO 2:7 ချစ်​ဆွေ​တို့၊ သင်​တို့​ထံ​သို့​ငါ​စာ​ရေး​သား ဖော်​ပြ​နေ​သည့်​ပ​ညတ်​သည်​အ​သစ်​မ​ဟုတ်။ အ​စ​မူ​လ​က​တည်း​က​သင်​တို့​ရ​ရှိ​ထား ကြ​သည့်​ပ​ညတ်​ဟောင်း​ဖြစ်​၏။ ထို​ပ​ညတ် ဟောင်း​ကား သင်​တို့​ကြား​နာ​ခဲ့​ရ​သည့် တ​ရား​တော်​ပင်​ဖြစ်​ပေ​သည်။-
1JO 2:8 သို့​သော်​သင်​တို့​အား​ယ​ခု​ငါ​ရေး​သား ဖော်​ပြ​သည့်​ပ​ညတ်​သည်​အ​သစ်​ဖြစ်​၏။ ယင်း သို့​အ​မှန်​ပင်​အ​သစ်​ဖြစ်​ကြောင်း​ခ​ရစ်​တော် ၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း​ဖော်​ပြ လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​မှောင် သည်​ရွေ့​လျား​လျက်​အ​လင်း​စစ်​အ​လင်း​မှန် ပေါ်​ထွန်း​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။
1JO 2:9 အ​လင်း​တွင်​ကျင်​လည်​ပါ​သည်​ဟု​ဆို​လျက် မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု တိုင်​အောင်​အ​မှောင်​တွင်​ကျင်​လည်​နေ​သေး​သူ ဖြစ်​၏။-
1JO 2:10 ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည်​အ​လင်း​တွင် ကျင်​လည်​သော​သူ​ဖြစ်​၏။ သူ​သည်​အ​ဘယ်​သို့ မျှ​သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ကူး​လွန်​စေ လိမ့်​မည်​မ​ဟုတ်။-
1JO 2:11 သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။
1JO 2:12 သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​အ​တွက် ကြောင့်​အ​ပြစ်​လွတ်​ပြီ​ဖြစ်​၍​သင်​တို့​ထံ​ငါ စာ​ရေး​လိုက်​၏။-
1JO 2:13 အ​ဖ​တို့၊ သင်​တို့​သည်​အ​စ​က​ပင်​ရှိ​တော်​မူ သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ လူ​ငယ် လူ​ရွယ်​တို့၊ သင်​တို့​သည်​မာရ်​နတ်​ကို​အောင် သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။
1JO 2:14 သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။
1JO 2:15 သင်​တို့​သည်​လော​က​ကို​သော်​လည်း​ကောင်း၊ လော ကီ​အ​ရာ​များ​ကို​သော်​လည်း​ကောင်း​မ​ချစ်​ကြ နှင့်။ လော​က​ကို​ချစ်​သော​သူ​သည်​ခ​မည်း​တော် ကို​မ​ချစ်။-
1JO 2:16 ကာ​ယ​တပ်​မက်​စွဲ​လန်း​သော​အ​ရာ​များ၊ မျက်​စိ ဖြင့်​မြင်​၍​လို​ချင်​တပ်​မက်​သော​အ​ရာ​များ၊ ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​များ​အ​စ​ရှိ​သော​လော​ကီ အ​ရာ​ရှိ​သ​မျှ​တို့​သည်​ခ​မည်း​တော်​နှင့် မ​သက်​ဆိုင်။ လော​က​နှင့်​သာ​သက်​ဆိုင်​၏။-
1JO 2:17 လော​က​နှင့်​တ​ကွ​လူ​တို့​တပ်​မက်​သော​အ​ရာ များ​သည်​ရွေ့​လျား​ကွယ်​ပျောက်​လျက်​နေ​လေ​ပြီ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​ဆောင် ရွက်​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​မြဲ​တည်​လိမ့် မည်။
1JO 2:18 သား​သ​မီး​တို့၊ အ​ဆုံး​စွန်​သော​ကာ​လ​သည် ယ​ခု​နီး​လာ​လေ​ပြီ။ ခ​ရစ်​တော်​၏​ရန်​သူ​ပေါ် ပေါက်​လာ​မည်​ဖြစ်​ကြောင်း​ကို​သင်​တို့​ကြား​သိ ခဲ့​ကြ​၏။ ယ​ခု​ပင်​လျှင်​ခ​ရစ်​တော်​၏​ရန်​သူ အ​များ​အ​ပြား​ပေါ်​ပေါက်​လျက်​ရှိ​လေ​ပြီ။ ဤ အ​ချက်​ကို​ထောက်​၍​အဆုံး​စွန်​သော​ကာ​လ ရောက်​လာ​ကြောင်း​ကို​ငါ​တို့​သိ​ရ​ကြ​၏။-
1JO 2:19 ထို​သူ​တို့​သည်​အ​မှန်​စင်​စစ်​အ​ဘယ်​အ​ခါ​က​မျှ ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ​ဝင်​ခဲ့​ကြ​သ​ဖြင့် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ အ​ကယ်​၍​သူ တို့​သည်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​ပါ​ဝင်​ခဲ့​ပါ​မူ ငါ​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​မည်​ဖြစ်​၏။ သူ​တို့ သည်​အ​မှန်​ပင်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ ဝင်​ကြောင်း​သိ​သာ​ထင်​ရှား​စေ​ရန် သူ​တို့​သည် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။
1JO 2:20 သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​သင်​တို့​အ​ပေါ်​သန့် ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း​တော်​မူ သည်​ဖြစ်​၍ သင်​တို့​အ​ပေါင်း​သည်​သမ္မာ​တ​ရား ကို​သိ​ကြ​ပေ​သည်။-
1JO 2:21 သင်​တို့​ထံ​ငါ​စာ​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ သမ္မာ​တ​ရား​ကို​သင်​တို့​မ​သိ​ကြ​၍​မ​ဟုတ်။ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​စ​ကား သည် သမ္မာ​တ​ရား​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင် သည်​ကို​လည်း​ကောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။
1JO 2:22 ထို့​ကြောင့်​အ​ဘယ်​သူ​သည်​မု​သား​စ​ကား​ကို ပြော​သ​နည်း။ သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ မ​ဟုတ်​ဟု​ပြော​ဆို​သူ​သည်​မု​သား​စ​ကား ကို​ပြော​၏။ ထို​ကဲ့​သို့​သော​သူ​သည်​ခ​ရစ်​တော် ၏​ရန်​သူ​ဖြစ်​၏။ သူ​သည်​ခ​မည်း​တော်​နှင့် သား​တော်​ကို​ပစ်​ပယ်​သူ​ဖြစ်​၏။-
1JO 2:23 သား​တော်​ကို​ပစ်​ပယ်​သူ​သည်​ခ​မည်း​တော်​ကို လည်း​ပစ်​ပယ်​သူ​ဖြစ်​၏။ သား​တော်​ကို​လက်​ခံ သူ​သည်​ခ​မည်း​တော်​ကို​လည်း​လက်​ခံ​သူ ဖြစ်​၏။
1JO 2:24 သို့​ဖြစ်​၍​သင်​တို့​သည်​အ​စ​က​ပင်​ကြား​နာ​ခဲ့ ကြ​သည့်​တ​ရား​တော်​ကို​မိ​မိ​တို့​၏​စိတ်​နှ​လုံး တွင်​ထိန်း​သိမ်း​ထား​ကြ​လော့။ ယင်း​သို့​ပြု​ပါ​မူ သင်​တို့​သည်​သား​တော်​နှင့်​လည်း​ကောင်း၊ ခ​မည်း တော်​နှင့်​လည်း​ကောင်း​ထာ​ဝ​စဉ်​တစ်​လုံး​တစ်​ဝ တည်း​တည်​ရှိ​ကြ​လိမ့်​မည်။-
1JO 2:25 ဤ​ကား​ငါ​တို့​အား​ခ​ရစ်​တော်​ကိုယ်​တော်​တိုင် က​တိ​ထား​တော်​မူ​သော​ထာ​ဝ​ရ​အသက် ပေ​တည်း။
1JO 2:26 သင်​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​ရန်​ကြိုး​စား သူ​တို့​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း အ​ရာ​များ​ကို​ငါ​စာ​ရေး​လိုက်​၏။-
1JO 2:27 သင်​တို့​မူ​ကား​ခ​ရစ်​တော်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို​သင်​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ ပြီ။ ဝိ​ညာဉ်​တော်​သည်​သင်​တို့​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​လျက်​နေ​တော်​မူ​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​အား​အ​ခြား​အ​ဘယ်​အ​ရာ​မျှ သွန်​သင်​ပေး​စ​ရာ​မ​လို။ အ​ဘယ်​ကြောင့်​ဆို သော်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​သည်​သင်​တို့​အား ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​ကို​သွန်​သင်​ပေး တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ဝိ​ညာဉ်​တော်​သွန်​သင် တော်​မူ​သော​အ​ရာ​တို့​သည်​မှန်​ကန်​၍​အ​မှား မ​ရှိ။ ထို့​ကြောင့်​သင်​တို့​သည်​ဝိ​ညာဉ်​တော်​သွန် သင်​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​လော့။ ခရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​ကြ လော့။
1JO 2:28 သား​သ​မီး​တို့၊ ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​၌​ငါ​တို့​သည်​ရှက်​ကြောက်​၍ ပုန်း​အောင်း​နေ ကြ​ရန်​မ​လို​ဘဲ ရှေ့​တော်​၌​ရဲ​ရင့်​ခွင့်​ရ​ရှိ​စေ ခြင်း​ငှာ၊ ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​ရှိ​နေ​ကြ​လော့။-
1JO 2:29 ခ​ရစ်​တော်​သည်​ဖြောင့်​မတ်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ​၏။ သို့​ဖြစ်​၍​အ​မှန်​တ​ရား ကို​ကျင့်​သုံး​သူ​သည်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။
1JO 3:1 ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဟု​အ​ခေါ်​ခံ​ရ​ကြ​သော​အ​ခွင့်​ကို​ရ​ကြ​သ​ဖြင့် ငါ​တို့​အား​ခ​မည်း​တော်​ဘု​ရား​သည်​မည်​မျှ ချစ်​တော်​မူ​သည်​ကို​ဆင်​ခြင်​ကြ​လော့။ ငါ​တို့ သည်​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​ဖြစ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​လော​က သား​တို့​က​ငါ​တို့​ကို​မ​သိ။ သူ​တို့​သည်​ခ​မည်း တော်​ကို​လည်း​မ​သိ။-
1JO 3:2 ချစ်​ဆွေ​တို့၊ ယ​ခု​အ​ခါ​ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ သို့​ရာ တွင်​နောင်​အ​ခါ​အ​ဘယ်​သို့​သော​သူ​များ​ဖြစ် မည်​ကို​သေ​ချာ​စွာ​မ​သိ​ရ​ကြ​သော်​လည်း ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ် တော်​ဖြစ်​တော်​မူ​သည်​အ​တိုင်း​ဖူး​မြင်​ရ​ကြ မည်​ဖြစ်​၍ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တူ​ကြ မည်​ကို​သိ​ကြ​၏။-
1JO 3:3 ခရစ်​တော်​ကို​အ​မှီ​ပြု​၍​ထို​သို့​မျှော်​လင့် တောင့်​တ​သူ​သည် ခ​ရစ်​တော်​သန့်​ရှင်း​ဖြူ​စင် တော်​မူ​သ​ကဲ့​သို့​မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​ဖြူ စင်​စေ​တတ်​၏။
1JO 3:4 အ​ပြစ်​ကူး​ခြင်း​သည်​ပ​ညတ်​တော်​ကို​ချိုး ဖောက်​ခြင်း​ဖြစ်​သ​ဖြင့် အ​ပြစ်​ကူး​သူ​မှန် သ​မျှ​သည်​ပညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။-
1JO 3:5 ခ​ရစ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ ကိုယ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။-
1JO 3:6 ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​သူ သည်​အ​ပြစ်​မ​ကူး​တတ်။ အ​ပြစ်​ကူး​တတ်​သူ မူ​ကား​ကိုယ်​တော်​ကို​မ​သိ​မ​မြင်​ဘူး​သူ ဖြစ်​၏။
1JO 3:7 သား​သ​မီး​တို့၊ အ​ဘယ်​သူ​မျှ​သင်​တို့​အား မှောက်​မှား​လမ်း​လွဲ​အောင်​မ​ပြု​စေ​နှင့်။ ခ​ရစ်​တော် သည်​ဖြောင့်​မတ်​တော်​မူ​သ​ကဲ့​သို့ အ​မှန်​တ​ရား​ကို ကျင့်​သုံး​သူ​သည်​လည်း​ဖြောင့်​မတ်​သူ​ဖြစ်​၏။-
1JO 3:8 အြုပစ်​တ​ရား​ကို​ကျင့်​သုံး​သူ​သည်​မာရ်​နတ် ၏​ဘက်​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် မာရ်​နတ်​သည် မူ​လ​အ​စ​က​တည်း​က​ပင်​လျှင် အ​ပြစ်​ကူး​သူ​ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​သည့် အ​ကြောင်း​မှာ မာရ်​နတ်​ပြု​ခဲ့​သည့်​အ​မှု​ကို ချေ​ဖျက်​ရန်​ပင်​ဖြစ်​ပေ​သည်။
1JO 3:9 ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​လာ​သူ​သည် အ​ပြစ်​မ​ကူး​တတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို သူ​၌​ဘု​ရား​သ​ခင်​၏​ဇာ​တိ​သ​ဘော​ပါ​ရှိ သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက် မ​ပြု​နိုင်။-
1JO 3:10 ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​နှင့်​မာရ်​နတ်​၏​သား​သ​မီး​ကွာ​ခြား​ပုံ​ကို သိ​ရ​၏။ အ​မှန်​တ​ရား​ကို​မ​ကျင့်​သုံး​သူ၊ ညီ အစ်​ကို​ကို​မ​ချစ်​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​မ​ဟုတ်။
1JO 3:11 ``ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်'' ဟူ သော​တ​ရား​တော်​ကို​ရှေး​မ​ဆွ​က​ပင်​လျှင် သင်​တို့​ကြား​နာ​ခဲ့​ရ​ကြ​၏။-
1JO 3:12 မာရ်​နတ်​၏​ဘက်​သား​ဖြစ်​၍​မိ​မိ​၏​ညီ​အာ​ဗေ​လ ကို​သတ်​သူ​ကာ​ဣ​န​ကဲ့​သို့ ငါ​တို့​မ​ဖြစ်​စေ​ကြ နှင့်။ ကာ​ဣ​န​သည်​မိ​မိ​၏​ညီ​ကို​အ​ဘယ်​ကြောင့် သတ်​သ​နည်း။ သူ​၏​အ​ကျင့်​သည်​ဆိုး​ယုတ်​၍ သူ့ ညီ​၏​အ​ကျင့်​မူ​ကား​ဖြောင့်​မှန်​သော​ကြောင့် ဖြစ်​၏။
1JO 3:13 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ လော​က​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​လျှင်​မ​အံ့​သြ​ကြ​နှင့်။-
1JO 3:14 ငါ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​များ​ကို​ချစ် သည့်​အ​တွက်​ကြောင့် သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း သို့​ကူး​မြောက်​ခဲ့​ရ​ကြ​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။ မိ​မိ​၏​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ သည်​သူ​သေ​ဘ​ဝ​၌​ပင်​ရှိ​နေ​သေး​၏။-
1JO 3:15 မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​သူ သတ်​သ​မား​ဖြစ်​၏။ သူ​သတ်​သ​မား​သည် ထာ​ဝ​ရ​အ​သက်​ကို​မ​ရ​ကြောင်း​သင်​တို့ သိ​ကြ​၏။-
1JO 3:16 ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သက်​တော် ကို​စွန့်​တော်​မူ​သော​ကြောင့်​မေတ္တာ​အ​ကြောင်း ကို​ငါ​တို့​သိ​ရ​ကြ​၏။ ငါ​တို့​သည်​လည်း​မိ​မိ တို့​၏​ညီ​အစ်​ကို​များ​အ​တွက်​အ​သက်​စွန့် သင့်​ကြ​ပေ​သည်။-
1JO 3:17 လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။-
1JO 3:18 သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။
1JO 3:19 သို့​ဖြစ်​၍​ဤ​နည်း​အား​ဖြင့်​ငါ​တို့​သည်​သမ္မာ တရား​နှင့်​ဆိုင်​သူ​များ​ဖြစ်​ကြောင်း​သိ​ရှိ​နိုင် မည်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင်​လည်း စိတ်​ချ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-
1JO 3:20 မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-
1JO 3:21 သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ ငါ​တို့​၏​သြတ္တ​ပ္ပ​စိတ် က​ငါ​တို့​အား​ပြစ်​တင်​ရှုတ်​ချ​မှု​မ​ပြု​လျှင် ငါ​တို့​သည်​ဘု​ရား​သ​ခင်​ထံ​တော်​၌​ရဲ​ဝံ့ ခွင့်​ရ​ရှိ​ကြ​၏။-
1JO 3:22 ငါ​တို့​သည်​ကိုယ်​တော်​၏​ပညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​များ၊ ကိုယ်​တော်​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​သူ​များ​ဖြစ်​သ​ဖြင့် ငါ​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့ ကို​အထံ​တော်​မှ​ရ​ရှိ​ကြ​၏။-
1JO 3:23 ကိုယ်​တော်​၏​ပ​ညတ်​တော်​ဟူ​မူ​ကား​ငါ​တို့ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ရ​ကြ​မည်။ ထို​အ​ရှင်​မိန့်​တော်​မူ သည်​အ​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို တစ်​ယောက်​ချစ်​ရ​ကြ​မည်​ဟူ​၍​ဖြစ်​ပေ​သည်။-
1JO 3:24 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း သူ​သည် ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​လည်း​ထို​သူ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​၏။ ယင်း​သို့​ဖြစ်​တော်​မူ ကြောင်း​ကို ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​အား​ဖြင့်​ငါ​တို့​သိ​ရ​ကြ​၏။
1JO 4:1 ချစ်​ဆွေ​တို့၊ ဝိ​ညာဉ်​တော်​ခံ​ယူ​ရ​ရှိ​သည်​ဟု ဆို​သူ​တိုင်း​ကို​မ​ယုံ​ကြ​နှင့်။ သူ​တို့​ခံ​ယူ​ရ​ရှိ သည်​ဆို​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင် ၏​ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ဟုတ်​မ​ဟုတ်​စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​မိစ္ဆာ​ပ​ရော​ဖက်​များ​သည် နေ​ရာ တ​ကာ​သို့​ရောက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-
1JO 4:2 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ဟုတ်​မ​ဟုတ် သင် တို့​သိ​ရှိ​နိုင်​မည့်​နည်း​ကား​ဤ​သို့​တည်း။ သ​ခင် ယေ​ရှု​သည်​လူ့​ဇာ​တိ​ကို​ခံ​ယူ​ကာ​ကြွ​လာ တော်​မူ​သည်​ဟု​ဝန်​ခံ​သူ​သည် ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​၏။-
1JO 4:3 ယင်း​သို့​ဝန်​မ​ခံ​သူ​သည်​ကား ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​သူ​မ​ဟုတ်။ ထို​သူ​တွင်​ကိန်း​အောင်း သည့်​ဝိ​ညာဉ်​မှာ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။ ခ​ရစ်​တော်​၏​ရန်​သူ​ဝိ​ညာဉ်​သည် ဤ​လော​က သို့​ရောက်​ရှိ​လာ​မည်​ဖြစ်​ကြောင်း၊ သင်​တို့​ကြား သိ​ခဲ့​ကြ​၏။ သူ​သည်​ယ​ခု​ပင်​လျှင်​ရောက်​ရှိ လျက်​နေ​လေ​ပြီ။
1JO 4:4 သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘက်​တော်​သား​များ​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက် များ​ကို​အ​နိုင်​ရ​ခဲ့​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သင်​တို့​တွင်​ကျိန်း​ဝပ်​တော်​မူ​သော ဝိ​ညာဉ်​တော်​သည်​လော​က​သား​တို့​တွင်​ကိန်း ဝပ်​သော​ဝိ​ညာဉ်​ထက်​ကြီး​မြတ်​တော်​မူ​သော ကြောင့်​တည်း။-
1JO 4:5 မိစ္ဆာ​ပ​ရော​ဖက်​တို့​သည်​လော​က​နှင့်​ဆိုင်​သော သူ​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​လော​ကီ​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ လော​က​သား တို့​သည်​လည်း​သူ​တို့​၏​စ​ကား​ကို​နား​ထောင် ကြ​၏။-
1JO 4:6 သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘက် တော်​သား​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ သော​သူ​သည်​ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​မ​ဟုတ်​သူ​မူ ကား​ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ သို့​လျှင်​ငါ​တို့​သည်​သမ္မာ​ဝိ​ညာဉ်​နှင့်​မိစ္ဆာ ဝိ​ညာဉ်​ကို​ခွဲ​ခြား​၍​သိ​ရှိ​နိုင်​ကြ​၏။
1JO 4:7 ချစ်​ဆွေ​တို့၊ ချစ်​ခြင်း​မေတ္တာ​သည်​ဘု​ရား​သခင်​ထံ တော်​မှ​သက်​ရောက်​လာ​သည်​ဖြစ်​ရာ ငါ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ချစ်​ကြ ကုန်​အံ့။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​၏။ ကိုယ်​တော်​ကို​သိ​ကျွမ်း သော​သူ​လည်း​ဖြစ်​၏။-
1JO 4:8 ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ သို့​ဖြစ်​၍​မေတ္တာ​ကင်း​မဲ့​သူ​သည်​ဘု​ရား သ​ခင်​ကို​မ​သိ။-
1JO 4:9 ငါ​တို့​သည်​သား​တော်​အား​ဖြင့်​အ​သက်​ကို ရ​ရှိ​ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ တစ်​ပါး​တည်း​သော​သား​တော်​ကို​ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အ​ပေါ် ၌​မိ​မိ​ထား​ရှိ​သော​မေတ္တာ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​၏။-
1JO 4:10 မေတ္တာ​ဟု​ဆို​ရာ​၌​ဘု​ရား​သခင်​အ​တွက်​ငါ တို့​ထား​ရှိ​သည့်​မေတ္တာ​ကို​မ​ဆို​လို။ ငါ​တို့​သည် အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့်​ရ​ရှိ​၍ ပူ​ဇော်​ဆက် ကပ်​တော်​မူ​သော​သား​တော်​ကို​စေ​လွှတ်​တော် မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​မေတ္တာ​တော်​ကို​ဆို​လို​ပေ​သည်။
1JO 4:11 ချစ်​ဆွေ​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ဤ​မျှ​ချစ်​တော်​မူ​လျှင်​ငါ​တို့​သည်​အ​ချင်း ချင်း​ချစ်​သင့်​ကြ​၏။-
1JO 4:12 အ​ဘယ်​သူ​မျှ​ဘု​ရား​သ​ခင်​ကို​မ​တွေ့​မ​မြင် စ​ဖူး။ သို့​ရာ​တွင်​ငါ​တို့​သည်​အ​ချင်း​ချင်း​ချစ် ကြ​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​လျက် ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​ငါ​တို့​၌​ပြည့်​ဝ​စုံ​လင်​ပြီ။
1JO 4:13 ကိုယ်​တော်​သည်​ငါ​တို့​အား​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ​သော​ကြောင့် ငါ​တို့​သည်​ကိုယ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၍​ကိုယ်​တော်​သည်​လည်း ငါ​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော်​မူ ကြောင်း​ငါ​တို့​သေ​ချာ​စွာ​သိ​ကြ​၏။-
1JO 4:14 ခ​မည်း​တော်​သည်​သား​တော်​အား​လော​က​ကို ကယ်​တင်​ရန်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ငါ တို့​တွေ့​မြင်​ရ​၍​သက်​သေ​ခံ​ကြ​၏။-
1JO 4:15 သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။-
1JO 4:16 ငါ​တို့​အ​ပေါ်​ဘု​ရား​သ​ခင်​မေတ္တာ​ထား​ရှိ တော်​မူ​ကြောင်း​ငါ​တို့​ကိုယ်​တိုင်​သိ​၍​ယုံ ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင်​သည် လည်း​ထို​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော် မူ​၏။-
1JO 4:17 ငါ​တို့​၌​ကိုယ်​တော်​၏​မေတ္တာ​တော်​ပြည့်​ဝ​စုံ လင်​ခြင်း​အား​ဖြင့် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​ရဲ​ရင့်​တည်​ကြည်​မှု​ကို​ရ​ရှိ​နိုင် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​က ၌​ငါ​တို့​သည်​ခ​ရစ်​တော်​နည်း​တူ​အ​သက် ရှင်​ကြ​သော​ကြောင့်​ဖြစ်​၏။-
1JO 4:18 ချစ်​ခြင်း​မေတ္တာ​၌​ကြောက်​စိတ်​မ​ရှိ​နိုင်။ ပြည့်​ဝ စုံ​လင်​သည့်​မေတ္တာ​သည်​ကြောက်​စိတ်​ကို​ပယ်​ရှား တတ်​၏။ ကြောက်​စိတ်​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​မှု​ကို စောင့်​မျှော်​တတ်​သ​ဖြင့်​ကြောက်​စိတ်​ရှိ​သူ​၌ မေတ္တာ​ပြည့်​ဝ​စုံ​လင်​ခြင်း​မ​ရှိ​ပေ။
1JO 4:19 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ရှေး​ဦး​စွာ​ချစ် တော်​မူ​သော​ကြောင့်​ငါ​တို့​သည်​ကိုယ်​တော်​ကို ချစ်​ကြ​၏။-
1JO 4:20 ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။-
1JO 4:21 ငါ​တို့​အား​ခ​ရစ်​တော်​ပေး​တော်​မူ​သော​ပ​ညတ် တော်​ကား``ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် ညီ​အစ်​ကို​ကို​လည်း​ချစ်​ရ​မည်'' ဟူ​၍​ဖြစ် သ​တည်း။
1JO 5:1 သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို ယုံ​ကြည်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး ဖြစ်​၏။ ဖ​ခင်​ကို​ချစ်​သော​သူ​သည်​ထို​ဖ​ခင်​၏​သား ကို​လည်း​ချစ်​တတ်​၏။-
1JO 5:2 ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ချစ်​၍​ပ​ညတ် တော်​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် ၏​သား​သ​မီး​များ​ကို​ငါ​တို့​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​ရ​၏။-
1JO 5:3 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့ ကို​စောင့်​ထိန်း​ခြင်း​ပင်​ဖြစ်​သည်။ ကိုယ်​တော်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​ငါ​တို့ အ​တွက်​ဝန်​မ​လေး​ပေ။-
1JO 5:4 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​သား သ​မီး​ဖြစ်​သူ​သည် လော​က​ကို​အောင်​နိုင်​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​လော​က​ကို​အောင်​ခြင်း​ဖြစ်​ပေ​သည်။-
1JO 5:5 သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။
1JO 5:6 ယေ​ရှု​ခ​ရစ်​သည်​ရေ​အား​ဖြင့်​ဗတ္တိ​ဇံ​ကို​ခံ တော်​မူ​လျက်​သွေး​တော်​ကို​သွန်း​၍ အ​သေ​ခံ တော်​မူ​လျက်​ကြွ​လာ​တော်​မူ​သော​အ​ရှင်​ပေ တည်း။ ကိုယ်​တော်​သည်​ရေ​အား​ဖြင့်​သာ​ကြွ​လာ တော်​မူ​သည်​မ​ဟုတ်။ ရေ​အား​ဖြင့်​လည်း​ကောင်း၊ သွေး​အား​ဖြင့်​လည်း​ကောင်း​ကြွ​လာ​တော်​မူ​ပေ သည်။ ဝိ​ညာဉ်​တော်​သည်​သမ္မာ​တ​ရား​ဖြစ်​၍​ကြွ လာ​တော်​မူ​ကြောင်း​ကို​သက်​သေ​ခံ​တော်​မူ​၏။-
1JO 5:7 သက်​သေ​သုံး​ပါး​ရှိ​လေ​သည်။-
1JO 5:8 ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။-
1JO 5:9 ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။-
1JO 5:10 ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သည် ထို​သက်​သေ​ခံ​ချက်​ကို​စိတ်​နှ​လုံး​ထဲ​တွင်​မှတ် ကျုံး​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သူ သည်​ကား သား​တော်​အ​ကြောင်း​ကိုယ်​တော်​သက် သေ​ခံ​တော်​မူ​သည်​ကို​မ​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်​အား​မု​သား​သုံး​သည်​ဟု​ဆို ရာ​ရောက်​၏။-
1JO 5:11 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ထာ​ဝ​ရ​အ​သက် ကို​ပေး​သ​နား​တော်​မူ​ကြောင်း၊ ထို​အ​သက်​ကို သား​တော်​အား​ဖြင့်​ရ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် သက်​သေ​ခံ​တော်​မူ​၏။-
1JO 5:12 သား​တော်​ကို​ရ​ရှိ​သူ​သည်​ထို​အ​သက်​ကို ရ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​မ​ရ ရှိ​သူ​မူ​ကား​ထို​အ​သက်​ကို​မ​ရ။
1JO 5:13 ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သင် တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ကြောင်း​သိ ကြ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ ရေး​လိုက်​၏။-
1JO 5:14 ကိုယ်​တော်​သည်​မိ​မိ​၏​အ​လို​တော်​နှင့်​အ​ညီ တောင်း​လျှောက်​သော​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ကြောင်း​စိတ်​ချ​ယုံ​ကြည်​နိုင်​သ​ဖြင့် ငါ​တို့ သည်​ရှေ့​တော်​သို့​ရဲ​ဝံ့​စွာ​ချဉ်း​ကပ်​ကြ​ပေ​သည်။-
1JO 5:15 ယင်း​သို့​ကိုယ်​တော်​နား​ညောင်း​တော်​မူ​သည်​ကို သိ​ကြ​သ​ဖြင့် ငါ​တို့​သည်​မိ​မိ​တို့​တောင်း​လျှောက် သည့်​ဆု​များ​ကို​ချ​ပေး​တော်​မူ​သည်​ကို​လည်း သိ​ကြ​၏။
1JO 5:16 ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​အ​သက် ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​မှ​လွဲ​၍ အ​ခြား​အ​ပြစ် တစ်​စုံ​တစ်​ရာ​ကို​ကူး​လွန်​ပါ​မူ​သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လော့။ ကိုယ်​တော် သည်​သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။ အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​ကို​မ​ကူး သူ​များ​အ​တွက်​သာ ဤ​သို့​ဆု​တောင်း​ပေး​ရန် ဖြစ်​သည်။ သို့​ရာ​တွင်​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး မည့်​အ​ပြစ်​ဟူ​၍​ရှိ​သည်။ ထို​အ​ပြစ်​မျိုး​ကို ကူး​သူ​အ​တွက်​ဆု​တောင်း​ရ​မည်​ဟု​ငါ​မ​ဆို။-
1JO 5:17 ဒု​စ​ရိုက်​ဟူ​သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။ သို့​ရာ တွင်​အ​ပြစ်​ဟူ​သ​မျှ​သည် အ​သက်​ဝိ​ညာဉ် ဆုံး​ရှုံး​မည့်​အ​ပြစ်​များ​မ​ဟုတ်​ပေ။
1JO 5:18 ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​သူ​သည် ဆက်​လက်​၍ အ​ပြစ်​မ​ကူး​တတ်​ကြောင်း​ကို​ငါ တို့​သိ​ကြ​၏။ သူ့​အား​ဘု​ရား​သ​ခင်​၏​သား တော်​စောင့်​ထိန်း​တော်​မူ​သည်​ဖြစ်​၍ မာရ်​နတ် သည်​ထို​သူ​ကို​မ​ထိ​မ​ခိုက်​နိုင်။
1JO 5:19 ကမ္ဘာ​လော​က​တစ်​ခု​လုံး​တွင်​မာရ်​နတ်​၏​တန်​ခိုး လွှမ်း​မိုး​လျက်​ရှိ​နေ​သော်​လည်း ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​များ​ဖြစ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။
1JO 5:20 ဘု​ရား​သ​ခင်​၏​သား​တော်​သည်​လော​က​သို့​ကြွ လာ​တော်​မူ​၍ ငါ​တို့​အား​ဘု​ရား​စစ်​ဘု​ရား​မှန် ကို​သိ​ရှိ​နိုင်​သည့်​ဉာဏ်​ကို​ပေး​တော်​မူ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​စစ်​ဘု​ရား​မှန် ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ကြ​၏။ ကိုယ်​တော်​သည် ဘု​ရား​စစ်​ဘု​ရား​မှန်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ အ​သက်​လည်း​ဖြစ်​တော်​မူ​၏။
1JO 5:21 သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​အ​တု အ​ယောင် များ​ကို​ရှောင်​ကြ​လော့။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။
2JO 1:1 အ​သက်​ကြီး​သူ​ထံ​မှ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​ခြင်း​ခံ​ရ​သူ​နှင့် အ​မှန်​ပင်​ငါ​ချစ်​မြတ် နိုး​သူ​အ​မျိုး​သ​မီး​ကြီး​နှင့် သူ​၏​သား​သ​မီး များ​ထံ​သို့​စာ​ရေး​လိုက်​သည်။ သင့်​အား​ငါ​တစ် ဦး​တည်း​သာ​မ​က သမ္မာ​တ​ရား​ကို​သိ​ရှိ​သူ အ​ပေါင်း​တို့​သည်​ချစ်​ကြ​ပေ​သည်။-
2JO 1:2 အ​ဘယ်​ကြောင့်​ဆို​သော်​သမ္မာ​တ​ရား​သည် ငါ တို့​စိတ်​နှ​လုံး​တွင်​တည်​နေ​လျက် ငါ​တို့​နှင့် အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​မည်​ဖြစ်​သော​ကြောင့် တည်း။
2JO 1:3 ခ​မည်း​တော်​ဘု​ရား​သ​ခင်​ထံ​မှ​လည်း​ကောင်း၊ ခ​မည်း​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​ထံ​တော် မှ​လည်း​ကောင်း၊ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော် နှင့်​ငြိမ်​သက်​ခြင်း​သည်​သမ္မာ​တ​ရား​ကို​သိ​၍ အ​ချင်း​ချင်း​ချစ်​ကြ​သော​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​ပါ​စေ​သော။
2JO 1:4 သင်​၏​သား​သ​မီး​အ​ချို့​တို့​သည်​ခ​မည်း​တော် ဘု​ရား​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း သမ္မာ တ​ရား​တော်​၌​ကျင်​လည်​လျက်​နေ​ကြ​ကြောင်း တွေ့​ရ​သ​ဖြင့်​ငါ​အ​လွန်​ဝမ်း​မြောက်​၏။-
2JO 1:5 သို့​ဖြစ်​၍​ချစ်​သော​အ​မျိုး​သ​မီး​ကြီး၊ ငါ​တို့ အ​ချင်း​ချင်း​ချစ်​ကြ​ရန်​သင့်​အား​ငါ​တောင်း ပန်​၏။ ဤ​ပညတ်​ကား​အ​သစ်​အ​ဆန်း​မ​ဟုတ်။ အ​စ​က​တည်း​က​ပင်​လျှင်​ငါ​တို့​ရ​ရှိ​သည့် ပ​ညတ်​ဖြစ်​ပေ​သည်။-
2JO 1:6 ချစ်​ခြင်း​ဆို​သည်​မှာ​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​လိုက်​နာ​ကျင့်​သုံး​ခြင်း​ပင်​တည်း။ အ​စ က​တည်း​က​ပင်​လျှင် သင်​တို့​အား​လုံး​ကြား​နာ ခဲ့​ရ​သည့်​ပ​ညတ်​တော်​မှာ​မေတ္တာ​တ​ရား​ကို ကျင့်​သုံး​ရ​မည်​ဟူ​၍​ဖြစ်​သ​တည်း။
2JO 1:7 လူ့​ဇာ​တိ​ကို​ခံ​ယူ​၍​သ​ခင်​ယေ​ရှု​ကြွ​လာ တော်​မူ​သည်​ကို​လက်​မ​ခံ​ဘဲ လှည့်​ဖြား​သော သူ​အ​များ​ပင်​ကမ္ဘာ​လော​က​ထဲ​သို့​ရောက်​ရှိ​နေ လေ​ပြီ။ ထို​သို့​သော​သူ​သည်​လှည့်​ဖြား​သော​သူ၊ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။-
2JO 1:8 သို့​ဖြစ်​၍​သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​၏​ကြိုး​ပမ်း​ဆောင်​ရွက် ချက်​များ​သည်​အ​ချည်း​နှီး​မ​ဖြစ်​ဘဲ သင်​တို့ သည်​အ​ကျိုး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။
2JO 1:9 ခ​ရစ်​တော်​၏​တ​ရား​တော်​ဘောင်​အ​တွင်း​၌ မ​နေ​ဘဲ ထို​ဘောင်​ကို​ကူး​ကျော်​သူ​၌​ဘု​ရား သ​ခင်​မ​ရှိ။ ထို​တ​ရား​တော်​ဘောင်​အ​တွင်း​၌ နေ​သော​သူ​ဟူ​မူ​ကား​ခ​မည်း​တော်​နှင့်​သား တော်​ပါ​ရှိ​၏။-
2JO 1:10 ထို​တရား​တော်​ကို​မ​သွန်​သင်​သော​သူ​သည် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ သင် တို့​အိမ်​တွင်​လက်​မ​ခံ​ကြ​နှင့်။ သူ့​အား​နှုတ် ခွန်း​ပင်​မ​ဆက်​ကြ​နှင့်။-
2JO 1:11 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​အား​နှုတ်​ခွန်း ဆက်​သူ​သည်​ထို​သူ​နှင့်​အ​ပေါင်း​အ​ပါ​ဖြစ်​၍ ဆိုး​ယုတ်​မှု​ကို​ပြု​ကျင့်​ရာ​ရောက်​သော​ကြောင့် တည်း။
2JO 1:12 သင်​တို့​အား​ပြော​စ​ရာ​များ​စွာ​ရှိ​သော်​လည်း ငါ​သည်​စာ​အား​ဖြင့်​မ​ရေး​ဘဲ ငါ​တို့​၏​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​စေ​ရန် ငါ​သည် သင်​တို့​ထံ​သို့​အ​လည်​အ​ပတ်​လာ​၍ သင်​တို့ နှင့်​ကိုယ်​တိုင်​တွေ့​ဆုံ​ပြော​ဆို​ရန်​မျှော်​လင့်​၏။
2JO 1:13 ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​သူ သင့်​ညီ​မ​၏​သား​သ​မီး​များ​က​သင့်​အား နှုတ်​ဆက်​ကြ​၏။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။
3JO 1:1 အ​သက်​ကြီး​သူ​ထံ​မှ​အ​မှန်​ပင်​သမ္မာ​တ​ရား တော်​အား​ဖြင့် ငါ​ချစ်​မြတ်​နိုး​သူ​ဂါ​ယု​ထံ သို့​စာ​ရေး​လိုက်​သည်။
3JO 1:2 ချစ်​ဆွေ၊ သင်​သည်​အ​စ​စ​အ​ရာ​ရာ​တွင် ကြီး​ပွား​တိုး​တက်​၍​ကျန်း​မာ​ရွှင်​လန်း​စေ ရန်​ငါ​ဆု​တောင်း​၏။ သင်​၏​ဝိ​ညာဉ်​ပါ​ရ​မီ တိုး​တက်​လျက်​ရှိ​ကြောင်း​ငါ​သိ​၏။-
3JO 1:3 သင်​သည်​သမ္မာ​တ​ရား​ကို​အ​မြဲ​လိုက်​နာ​ခဲ့ သည့်​အ​တိုင်း ယ​ခု​လည်း​သစ္စာ​နှင့်​လိုက်​နာ​ကျင့် သုံး​လျက်​ရှိ​ကြောင်း​ကို ညီ​အစ်​ကို​အ​ချို့​တို့ လာ​ရောက်​ပြော​ပြ​၍​ကြား​ရ​သ​ဖြင့်​ငါ သည်​အ​လွန်​ဝမ်း​မြောက်​၏။-
3JO 1:4 ငါ့​အား​ဝမ်း​အ​မြောက်​ဆုံး​ဖြစ်​စေ​သည့်​အ​ရာ မှာ သမ္မာ​တ​ရား​ကို​ငါ့​သား​သ​မီး​များ​လိုက် နာ​ကျင့်​သုံး​ကြ​ကြောင်း​သ​တင်း​ကို​ကြား​ရ ခြင်း​ပင်​ဖြစ်​သည်။
3JO 1:5 ချစ်​ဆွေ၊ သင်​သည်​မိ​မိ​မ​သိ​မ​ကျွမ်း​သူ​ညီ အစ်​ကို​များ​ကို​ပင်​လျှင် သင်​ပြု​ရ​မည့်​ဝတ်​ကို သစ္စာ​နှင့်​ဆောင်​ရွက်​ပေ​သည်။-
3JO 1:6 ထို​သူ​တို့​သည်​သင်​၏​မေတ္တာ​အ​ကြောင်း​ကို ဤ အ​သင်း​တော်​ရှေ့​၌​သက်​သေ​ခံ​ကြ​လေ​ပြီ။ သူ တို့​သည်​ရှေ့​သို့​ခ​ရီး​ဆက်​နိုင်​ကြ​စေ​ရန်​သူ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် အ​တိုင်း​ကူ​ညီ​မ​စ​ပါ​လော့။-
3JO 1:7 သူ​တို့​သည်​ယုံ​ကြည်​သူ​မ​ဟုတ်​သူ​များ​ထံ​မှ အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ နာ​မ​တော်​အ​ကြောင်း ဟော​ပြော​ရန်​ခ​ရီး​ထွက်​ကြ​သူ​များ​ဖြစ်​ပေ သည်။-
3JO 1:8 သို့​ဖြစ်​၍​ငါ​တို့​များ​သည်​သမ္မာ​တ​ရား​ပြန့် ပွား​ရေး​လုပ်​ငန်း​တွင် ထို​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​များ​ဖြစ်​နိုင်​ရန်​သူ​တို့​အား​ကူ​ညီ မ​စ​ရ​မည်။
3JO 1:9 ငါ​သည်​အ​သင်း​တော်​သို့​စာ​ရေး​ခဲ့​သော် လည်း အ​သင်း​တော်​၏​ခေါင်း​ဆောင်​ဖြစ်​လို သူ​ဒ​ယော​တ​ရပ်​က​ငါ့​စ​ကား​ကို​မ​နာ ခံ။-
3JO 1:10 သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။
3JO 1:11 ချစ်​ဆွေ၊ စံ​န​မူ​နာ​ကောင်း​ကို​အ​တု​ယူ​ပါ။ စံ​န​မူ​နာ​ဆိုး​ကို​အ​တု​မ​ယူ​နှင့်။ အ​ကျင့် ကောင်း​ကို​ပြု​ကျင့်​သူ​သည်​ဘု​ရား​သ​ခင်​၏ ဘက်​တော်​သား​ဖြစ်​၏။ အ​ကျင့်​ဆိုး​ကို​ပြု ကျင့်​သူ​ကား​ဘု​ရား​သ​ခင်​ကို​မ​သိ​မြင် သေး​သူ​ဖြစ်​၏။
3JO 1:12 ဒေ​မေ​တ​ရိ​ကို လူ​တိုင်း​ချီး​မွမ်း​ပြော​ဆို ကြ​ပေ​သည်။ သမ္မာ​တ​ရား​သည်​သူ့​ဘက်​၌ သက်​သေ​ခံ​၏။ ငါ​တို့​သည်​ထပ်​လောင်း​၍ ထောက်​ခံ​၏။ ငါ​တို့​ထောက်​ခံ​ချက်​သည် ခိုင်​လုံ​ကြောင်း​သင်​သိ​၏။
3JO 1:13 သင်​တို့​အား​ပြော​စ​ရာ​အ​ကြောင်း​အ​ရာ များ​စွာ​ရှိ​သော်​လည်း​ငါ​သည်​စာ​အား​ဖြင့် မ​ရေး​ဘဲ၊-
3JO 1:14 ငါ​သည်​သင့်​ထံ​သို့​မ​ကြာ​မီ​ရောက်​၍​သင်​နှင့် မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​ပြော​ဆို​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​၏။
3JO 1:15 သင်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။ ဤ​အ​ရပ်​ရှိ​မိတ်​ဆွေ​များ​က​သင့်​အား​နှုတ် ဆက်​ကြ​၏။ ငါ​တို့​၏​မိတ်​ဆွေ​တစ်​ဦး​စီ​အား နှုတ်​ဆက်​ပါ​လော့။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​တ​တိ​ယ​စောင်​ပြီး​၏။
JUD 1:1 ယေ​ရှု​ခ​ရစ်​၏​အ​စေ​ခံ​နှင့်​ယာ​ကုပ်​၏​ညီ​ဖြစ် သူ ယု​ဒ​ထံ​မှ​ဘု​ရား​သ​ခင်​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​၍ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​မေတ္တာ ၌​ခို​လှုံ​လျက် ယေ​ရှု​ခ​ရစ်​စောင့်​ထိန်း​တော်​မူ သော​သူ​အ​ပေါင်း​တို့​ထံ​သို့​စာ​ရေး​လိုက်​သည်။-
JUD 1:2 သင်​တို့​သည်​က​ရု​ဏာ​တော်၊ ငြိမ်​သက်​ခြင်း နှင့်​မေတ္တာ​တော်​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ ကြ​ပါ​စေ​သ​တည်း။
JUD 1:3 ချစ်​ဆွေ​တို့၊ ငါ​တို့​အား​လုံး​ယုံ​ကြည်​လက်​ခံ ကြ​သည့်​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ငါ​သည် သင်​တို့​ထံ​စာ​ရေး​ရန်​ကြိုး​စား​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​၏​လူ​စု​အား ဘု​ရား​သ​ခင် အ​ပြီး​အ​ပိုင်​ပေး​အပ်​တော်​မူ​သည့်​ယုံ​ကြည် ခြင်း​ကို​ကြံ့​ကြံ့​ခံ​ကာ​ကွယ်​ကြ​ရန် သင်​တို့ ထံ​ချက်​ချင်း​ပင်​စာ​ရေး​၍​အား​ပေး​တိုက် တွန်း​ရန်​လို​အပ်​လာ​၏။-
JUD 1:4 အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​မဲ့​သူ​လူ အ​ချို့​တို့​သည် သင်​တို့​အ​ထဲ​သို့​အ​မှတ် မ​ထင်​ဝင်​ရောက်​လျက်​ရှိ​နေ​ကြ​သော​ကြောင့် ပင်​ဖြစ်​၏။ သူ​တို့​သည်​ဘု​ရား​မ​ရှိ​သူ​များ ဖြစ်​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​မိ​မိ​တို့​၏​အ​ပျော်​အ​ပါး​လိုက်​စား​မှု များ​အ​တွက်​အ​လွဲ​သုံး​စား​ပြု​လုပ်​ကြ လျက် ငါ​တို့​၏​တစ်​ပါး​တည်း​သော​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​သည့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​ပစ်​ပယ်​ကြ​လေ​သည်။ ထို​သူ​တို့​ကား ရှေး​မ​ဆွ​က​ပင်​လျှင် အ​ပြစ်​ဒဏ်​စီ​ရင်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​ကြ​သူ​များ ဖြစ်​သ​တည်း။
JUD 1:5 ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​တော်​မူ​ပြီး​နောက် မိ​မိ​အား မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့​ကို​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​ရှိ ကြ​ပြီး​ဖြစ်​သော်​လည်း​သင်​တို့​အား​ငါ ပြန်​လည်​သ​တိ​ရ​စေ​လို​၏။-
JUD 1:6 မိ​မိ​တို့​ရ​ရှိ​ထား​သော​အာ​ဏာ​နှင့်​မ​ရောင့် ရဲ​ဘဲ နေ​ရင်း​ဌာ​န​ကို​စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​လည်း သ​တိ​ရ​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​၌ သူ​တို့ အား​အ​ပြစ်​ဒဏ်​ပေး​ရန်​မှောင်​မိုက်​ရာ အောက်​အ​ရပ်​တွင်​ထာ​ဝ​ရ​သံ​ကြိုး​များ ဖြင့်​ချည်​နှောင်​၍​ထား​တော်​မူ​၏။-
JUD 1:7 သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။
JUD 1:8 ဤ​ဘု​ရား​မဲ့​သော​သူ​တို့​သည်​လည်း​ထို​သူ​တို့ နည်း​တူ​ပင်​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ မြင်​မက်​သော​ရူ​ပါ​ရုံ​များ​ကြောင့် မိ​မိ​တို့​၏ ကိုယ်​ခန္ဓာ​များ​ကို​ညစ်​ညမ်း​စေ​ကြ​၏။ ဘု​ရား သ​ခင်​၏​အာ​ဏာ​ကို​မ​ထီ​လေး​စား​ပြု​လျက် အ​ထက်​အ​ရပ်​မှ​ဘုန်း​အ​သ​ရေ​ရှင်​တို့​ကို စော်​ကား​ကြ​၏။-
JUD 1:9 ကောင်း​ကင်​တ​မန်​မင်း​မိက္ခေ​လ​ပင်​လျှင်​ဤ အ​မှု​မျိုး​ကို​မ​ပြု​ချေ။ မော​ရှေ​၏​ကိုယ်​ခန္ဓာ ကို အ​ဘယ်​သူ​ယူ​သင့်​သည်​ဟူ​သော​အ​ချက် နှင့်​ပတ်​သက်​၍ နတ်​မိစ္ဆာ​ကြီး​နှင့်​အ​ငြင်း​ပွား ရာ​တွင် သူ​သည်​နတ်​မိစ္ဆာ​ကြီး​အား​ပြစ်​တင် ရှုတ်​ချ​မှု​ကို​မ​ပြု​ဝံ့​ဘဲ ``သင့်​အား​ထာ​ဝ​ရ ဘု​ရား​ဆုံး​မ​တော်​မူ​ပါ​စေ'' ဟူ​၍​သာ ပြော​ဆို​လေ​သည်။-
JUD 1:10 သို့​ရာ​တွင်​ဤ​သူ​တို့​သည်​ကား မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ပြစ်​တင်​ရှုတ်​ချ​တတ်​ကြ​၏။ တော​တိ​ရ​စ္ဆာန် များ​နည်း​တူ မိ​မိ​တို့​၏​ပင်​ကိုယ်​ဇာတိ​စိတ် အား​ဖြင့်​သိ​ရှိ​နား​လည်​ရ​သည့်​အ​ရာ​များ က​လည်း သူ​တို့​အား​ဆုံး​ရှုံး​ပျက်​စီး​စေ တတ်​ကြ​၏။-
JUD 1:11 သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-
JUD 1:12 သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။-
JUD 1:13 ပြင်း​ထန်​လှ​သည့်​ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့် လည်း​တူ​ကြ​၏။ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​မှ ရေ​မြှုပ်​များ​ကဲ့​သို့ သူ​တို့​၏​ရှက်​ဖွယ်​ကောင်း သည့်​အ​ကျင့်​များ​သည်​ပေါ်​လွင်​လျက်​ရှိ​၏။ သူ​တို့​သည်​လမ်း​ကြောင်း​အ​တည်​တ​ကျ မ​ရှိ​သည့်​ကြယ်​ပျံ​နှင့်​လည်း​တူ​ကြ​၏။ သူ တို့​အ​တွက်​ဘု​ရား​သ​ခင်​သည်​အ​မှောင် မိုက်​ဆုံး​ဖြစ်​သည့်​အောက်​အ​ရပ်​တွင် ထာ​ဝ​စဉ် နေ​ရာ​သတ်​မှတ်​၍​ထား​တော်​မူ​သ​တည်း။
JUD 1:14 အာ​ဒံ​မှ​ဆင်း​သက်​၍​သ​တ္တမ​ဆက်​မြောက် သော​သူ​ဧ​နောက်​က ဤ​သူ​တို့​အ​ကြောင်း​နှင့် ပတ်​သက်​၍``ဘု​ရား​သ​ခင်​သည်​အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​၏​မြင့်​မြတ်​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​များ​နှင့်​ကြွ​လာ​၍၊-
JUD 1:15 တစ်​ကမ္ဘာ​လုံး​ကို​တ​ရား​စီ​ရင်​တော်​မူ​လိမ့် မည်။ လူ​အ​ပေါင်း​တို့​အား မိ​မိ​တို့​၏​ဆိုး​သွမ်း ယုတ်​မာ​မှု​များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရား မဲ့​အ​ပြစ်​သား​တို့​ဘု​ရား​သ​ခင်​အား ရိုင်း​ပြ စွာ​ပြစ်​မှား​ပြော​ဆို​ကြ​သည့်​စ​ကား​များ အ​တွက်​လည်း​ကောင်း အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​လိမ့်​မည်'' ဟု​ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို တင်​ဟော​ပြော​ခဲ့​လေ​သည်။-
JUD 1:16 ဤ​လူ​စု​သည်​အ​စဉ်​ညည်း​ညူ​လျက်​သူ​တစ် ပါး​အား အ​ပြစ်​တင်​လျက်​သာ​နေ​တတ်​ကြ​၏။ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လို​အင်​ဆန္ဒ​ကို​လိုက် ၍​ပြု​ကျင့်​တတ်​ကြ​၏။ မိ​မိ​တို့​အ​ကြောင်း ကို​ကြွား​ဝါ​တတ်​ကြ​၏။ ကိုယ်​ကျိုး​အ​တွက် သူ​တစ်​ပါး​တို့​အား မြှောက်​ပင့်​ပြော​ဆို​တတ် ကြ​၏။
JUD 1:17 သို့​ရာ​တွင်​ချစ်​ဆွေ​တို့၊ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​၏​တ​မန်​တော်​များ​က၊-
JUD 1:18 ``အ​ဆုံး​စွန်​သော​ကာ​လ​၌​သင်​တို့​ကို​ပြောင် လှောင်​သူ​များ၊ မိ​မိ​တို့​လို​အင်​ဆန္ဒ​ရှိ​သည့် အ​တိုင်း ဘု​ရား​မဲ့​ပြု​မူ​ကျင့်​ကြံ​သူ​များ ပေါ်​ပေါက်​လာ​လိမ့်​မည်'' ဟု​ယ​ခင်​က​သင် တို့​အား​ပြော​ကြား​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​ကြ​လော့။-
JUD 1:19 ထို​သူ​တို့​သည်​အ​သင်း​တော်​တွင်​စိတ်​ဝမ်း ကွဲ​ပြား​စေ​သူ​များ မိ​မိ​တို့​န​ဂို​ဇာ​တိ​စိတ် အ​လို​သို့​လိုက်​သူ​များ၊ ဝိ​ညာဉ်​တော်​ကို မ​ရ​သူ​များ​ဖြစ်​ကြ​၏။-
JUD 1:20 သို့​ရာ​တွင်​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယုံ​ကြည်​ခြင်း အ​ပေါ်​အ​ခြေ​ပြု​၍ မိ​မိ​တို့​ကိုယ်​ကို​ကြီး​ပွား စေ​ကြ​လော့၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​တော်​ကို​အ​မှီ​ပြု​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လော့။-
JUD 1:21 ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​တွင်​ခို​လှုံ​ကြ လော့။ အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​ကို​ထောက်​၍ သင်​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​မည့်​နေ့​ရက် ကို​စောင့်​မျှော်​၍​နေ​ကြ​လော့။
JUD 1:22 ယုံ​မှား​သံ​သ​ယ​ဖြစ်​သူ​တို့​အား​က​ရု​ဏာ ထား​ကြ​လော့။ အ​ချို့​သော​သူ​တို့​ကို​မီး​ထဲ မှ​ကယ်​ဆယ်​ကြ​လော့။ အ​ချို့​သော​သူ​တို့​အား ကြောက်​စိတ်​ဖြင့်​သ​နား​က​ရု​ဏာ​ပြ​ကြ လော့။ ကာ​မ​ဂုဏ်​အ​ညစ်​အ​ကြေး​ဖြင့် စွန်း ကွက်​နေ​သည့်​သူ​တို့​၏​အ​ဝတ်​အ​စား​ကို မူ​ကား​စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။
JUD 1:24 သင်​တို့​မ​ပြို​မ​လဲ​ကြ​စေ​ရန် စောင့်​ရှောက်​တော် မူ​နိုင်​၍၊ သင်​တို့​အား​အ​ပြစ်​ကင်း​စင်​စေ​လျက် ရွှင်​လန်း​ဝမ်း​မြောက်​စွာ ဘုန်း​အ​သ​ရေ​ထွန်း တောက်​ရာ​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက်​ခွင့်​ကို ပေး​တော်​မူ​နိုင်​သော၊-
JUD 1:25 အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​ကယ်​တင်​တော်​မူ​သော၊ တစ်​ဆူ​တည်း သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မှ စ​၍​ယ​ခု​ကာ​လ​နှင့်​နောက်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာနု​ဘော် တော်၊ အ​စွမ်း​သတ္တိ​အာ​ဏာ​စက်​ရှိ​တော် မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​သြ​ဝါ​ဒ​စာ​ပြီး​၏။
REV 1:1 ဤ​ကျမ်း​စောင်​တွင်​ယေ​ရှု​ခ​ရစ်​ပေး​တော်​မူ သော ဗျာ​ဒိတ်​တော်​အ​ကြောင်း​ကို​မှတ်​တမ်း တင်​ထား​၏။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော် အား​ဤ​ဗျာ​ဒိတ်​တော်​ကို​ပေး​ရ​ခြင်း​မှာ များ မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​သိ​စေ​ရန်​ဖြစ် ပေ​သည်။ ခ​ရစ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ ယော​ဟန်​ထံ​သို့​ကောင်း​ကင်​တ​မန်​ကို​စေ လွှတ်​၍ ဤ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​စေ တော်​မူ​၏။-
REV 1:2 ယော​ဟန်​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​နှင့် ယေ​ရှု​ခ​ရစ်​ဖော်​ပြ​တော်​မူ​သည့် သမ္မာ​တ​ရား​ကို မိ​မိ​တွေ့​မြင်​ကြား​သိ​ရ​သည် အ​တိုင်း​ဤ​စာ​စောင်​တွင်​ရေး​သား​ထား​ပေ သည်။-
REV 1:3 ဖော်​ပြ​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် အ​ချိန်​နီး​ကပ်​လျက်​ရှိ​ပြီ​ဖြစ်​ရာ ဤ​ဗျာ​ဒိတ် ကျမ်း​ကို​ဖတ်​ရှု​သူ​များ​နှင့်​အ​ဆို​ပါ​အ​နာ ဂတ်​ကျမ်း​တွင် ရေး​သား​ပါ​ရှိ​သည့်​တ​ရား စ​ကား​များ​ကို​နာ​ယူ​ကျင့်​သုံး​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။
REV 1:4 ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-
REV 1:5 သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-
REV 1:6 မိ​မိ​၏​ခ​မည်း​တော်​ဘု​ရား​သခင်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​နိုင်​စေ​ရန် ငါ​တို့​အား​ရှင်​ဘု​ရင် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာ​နု​ဘော်​တော်​ရှိ​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။
REV 1:7 ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။
REV 1:8 ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
REV 1:9 ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။-
REV 1:10 သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။-
REV 1:11 ထို​အ​သံ​က``သင်​မြင်​ရ​သည့်​အ​ရာ​ကို​စာ စောင်​တွင်​ရေး​သား​၍​ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ ဒေ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့​များ​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​ပေး​ပို့​လော့'' ဟု​ဆို​၏။
REV 1:12 ထို​သို့​ငါ့​အား​ပြော​နေ​သော​အ​သံ​သည်​မည် သူ​၏​အ​သံ​ဖြစ်​ပါ​သ​နည်း​ဟု လှည့်​၍​ကြည့် လိုက်​သော​အ​ခါ ငါ​သည်​မီး​ခွက်​ခု​နစ်​လုံး ကို​လည်း​ကောင်း၊-
REV 1:13 ထို​မီး​ခွက်​များ​အ​လယ်​၌​လူ​နှင့်​တူ​သူ​တစ် ဦး​ကို​လည်း​ကောင်း​တွေ့​ရ​၏။ ထို​သူ​သည်​ခြေ ဖျား​တိုင်​အောင်​ရောက်​သည့်​ဝတ်​လုံ​ရှည်​ကို​ခြုံ ၍​ရွှေ​ရင်​စည်း​ကို​ဝတ်​ဆင်​ထား​၏။-
REV 1:14 သူ​၏​ဆံ​ပင်​သည်​မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း​ဖြူ​၏။ သူ​၏​မျက် လုံး​များ​သည်​လည်း​မီး​လျှံ​ကဲ့​သို့​တောက်ပ လျက်​နေ​၏။-
REV 1:15 သူ​၏​ခြေ​တို့​သည်​မီး​ဖြင့်​ချွတ်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၏။ သူ​၏​အ​သံ မှာ​ရေ​တံ​ခွန်​ကြီး​၏​အ​သံ​နှင့်​တူ​၏။-
REV 1:16 သူ​သည်​လက်​ယာ​လက်​ဖြင့်​ကြယ်​ခု​နစ်​လုံး ကို​ကိုင်​၍​ထား​၏။ သူ​၏​ခံ​တွင်း​မှ​ထက်​သော သန်​လျက်​ထွက်​လာ​၏။ သူ​၏​မျက်​နှာ​သည် လည်း​မွန်း​တည့်​နေ​ကဲ့​သို့​တောက်​ပ​၏။-
REV 1:17 ထို​အ​ရှင်​ကို​တွေ့​သော​အ​ခါ​ငါ​သည်​သူ​သေ သ​ဖွယ် ခြေ​တော်​ရင်း​၌​လဲ​ကျ​သွား​လေ​သည်။ ကိုယ်​တော်​သည်​ငါ့​အ​ပေါ်​သို့​လက်​ယာ​လက် တော်​ကို​တင်​တော်​မူ​ပြီး​လျှင်``မ​ကြောက်​နှင့် ငါ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။-
REV 1:18 ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။-
REV 1:19 သင်​တွေ့​မြင်​ရ​သည့်​အ​မှု​အ​ရာ​များ​မှာ ယ​ခု မျက်​မှောက်​နှင့်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​များ​ဖြစ်​၏။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ရေး​ထား​လော့။-
REV 1:20 ငါ​၏​လက်​ယာ​တော်​လက်​တွင်​သင်​မြင်​တွေ့​ရ သည့်​ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​ခု​၏ လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ မီး​ခွက်​ခု​နစ် လုံး​သည်​အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်​၍ ကြယ် ခု​နစ်​လုံး​သည်​ထို​အ​သင်း​တော်​ခု​နစ်​ပါး​ကို စောင့်​သော​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
REV 2:1 ``ဧ​ဖက်​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့ ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လိုက်​လော့။ ဤ​သြ​ဝါ​ဒ​သည်​ကြယ်​ခု​နစ်​လုံး​ကို​လက်ယာ လက်​တွင်​ကိုင်​ကာ ရွှေ​မီး​ခွက်​ခု​နစ်​ခု​အ​ကြား တွင်​သွား​လာ​နေ​သူ​၏​ထံ​မှ​ဖြစ်​၏။-
REV 2:2 သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​မည်​မျှ ကြိုး​ပမ်း​လုပ်​ဆောင်​သည်၊ မည်​မျှ​ရဲ​ရင့်​သည်၊ မည် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​ငါ​သိ​၏။ သင်​သည်​ဆိုး ညစ်​သူ​တို့​ကို​သည်း​မ​ခံ​နိုင်​ကြောင်း၊ တ​မန် တော်​မ​ဟုတ်​ဘဲ​လျက် မိ​မိ​တို့​ကိုယ်​ကို​တ​မန် တော်​ဟု​ခေါ်​ဆို​ကြ​သူ​တို့​အား​စစ်​ဆေး​၍ လူ​လိမ်​များ​ဖြစ်​သည်​ကို​သိ​ရှိ​ကြောင်း​ငါ သိ​၏။-
REV 2:3 သင်​သည်​ခံ​နိုင်​ရည်​ရှိ​ပေ​သည်။ ငါ​၏​အ​တွက် များ​စွာ​ဆင်း​ရဲ​ခံ​ပေ​သည်။ စိတ်​အား​လည်း မ​လျော့။-
REV 2:4 သို့​သော်​သင်​သည်​အ​စ​က​ကဲ့​သို့​ယ​ခု​အ​ခါ ၌ ငါ့​ကို​မ​ချစ်​တော့​သ​ဖြင့်​သင့်​အား​အ​ပြစ် ဆို​စ​ရာ​ရှိ​၏။-
REV 2:5 သို့​ဖြစ်​၍​သင်​သည်​အ​ဘယ်​မျှ​လောက်​ကျ​ဆင်း လာ​သည်​ကို​ဆင်​ခြင်​လော့။ နောင်​တ​ရ​၍​အ​စ က​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ သို့ မ​ပြု​ပါ​မူ​သင်​ရှိ​ရာ​သို့​ငါ​လာ​ခဲ့​မည်။ သင် နောင်​တ​မ​ရ​လျှင်​သင်​၏​မီး​ခွက်​ကို​နေ​ရာ​မှ ငါ​ဖယ်​ရှား​ပစ်​မည်။-
REV 2:6 သို့​ရာ​တွင်​နိ​ကော​လ​၏​တ​ပည့်​တို့​ကျင့်​ကြံ​ပုံ ကို ငါ​မုန်း​သ​ကဲ့​သို့​သင်​လည်း​မုန်း​သ​ဖြင့်​သင့် အား​ချီး​မွမ်း​စ​ရာ​ရှိ​၏။
REV 2:7 ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​အား​ဘုရား​သခင်​၏​ဥ​ယျာဉ် တော်​ရှိ​အ​သက်​ပင်​၏​အ​သီး​ကို​စား​ခွင့်​ငါ ပေး​မည်။
REV 2:8 စ​မု​ရ​န​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​သူ၊ သေ​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​လာ​သူ​၏​ထံ​မှ ဖြစ်​သည်။-
REV 2:9 သင်​သည်​အ​ဘယ်​မျှ​ဆင်း​ရဲ​၍​အ​ဘယ်​မျှ​ဒုက္ခ ရောက်​သည်​ကို​ငါ​သိ​၏။ သို့​ရာ​တွင်​အ​မှန်​စင်​စစ် သင်​သည်​ကြွယ်​ဝ​သူ​ဖြစ်​၏။ မိ​မိ​တို့​ကိုယ်​ကို ဟေ​ဗြဲ​အ​မျိုး​သား​များ​ဟု​ဆို​ကြ​သော​သူ​တို့ သည်​သင့်​အား​အ​သ​ရေ​ပျက်​စေ​သည့်​စ​ကား များ​ကို​ပြော​ဆို​ကြ​ကြောင်း​ငါ​သိ​၏။ သူ​တို့ သည်​စင်​စစ်​အား​ဖြင့်​ဟေ​ဗြဲ​အ​မျိုး​သား​များ မ​ဟုတ်။ စာ​တန်​၏​အ​ဖွဲ့​ဝင်​များ​ဖြစ်​ကြ​၏။-
REV 2:10 သင်​ခံ​ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​မ​စိုး ရိမ်​နှင့်။ စာ​တန်​သည်​သင်​တို့​အ​ချို့​ကို​ထောင်​ထဲ ၌​အ​ကျဉ်း​ချ​ထား​ခြင်း​အား​ဖြင့်​စစ်​ဆေး​လိမ့် မည်။ သင်​သည်​ဆယ်​ရက်​တိုင်​တိုင်​ဒုက္ခ​ခံ​ရ​လိမ့်​မည်။ သေ​သည်​တိုင်​အောင်​သစ္စာ​စောင့်​လော့။ သို့​မှ​သာ သင့်​အား​အ​သက်​သ​ရ​ဖူ​ကို​ငါ​ပေး​မည်။
REV 2:11 ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​သည်​ဒု​တိ​ယ​သေ ခြင်း​ဘေး​နှင့်​ကင်း​လွတ်​လိမ့်​မည်။
REV 2:12 ``ပေ​ရ​ဂံ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ထက်​မြက်​သော​သန်​လျက် ဆောင်​ထား​သူ​၏​ထံ​မှ​ဖြစ်​၏။-
REV 2:13 အ​ဘယ်​အ​ရပ်​တွင်​သင်​နေ​ထိုင်​သည်​ကို​ငါ​သိ ၏။ သင်​သည်​စာ​တန်​၏​ပလ္လင်​ရှိ​ရာ​အ​ရပ်​တွင်​နေ ထိုင်​၏။ ငါ​၏​ဘက်​မှာ​သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​သူ အန္တိပ​သည် စာ​တန်​နေ​ထိုင်​ရာ​တွင်​အ​သတ်​ခံ​ရ ချိန်​၌​ပင် သင်​သည်​ငါ​၏​သစ္စာ​ကို​စောင့်​၍ ငါ့​ကို ယုံ​ကြည်​ကိုး​စား​မှု​မ​စွန့်။-
REV 2:14 သို့​ရာ​တွင်​သင်​တို့​အ​ထဲ​တွင်​ဗာ​လမ်​၏​အ​ယူ ဝါ​ဒ​ကို​လိုက်​လျှောက်​သူ​များ​ရှိ​နေ​သ​ဖြင့် သင့်​အား​အ​ပြစ်​ဆို​စ​ရာ​အ​နည်း​ငယ်​ရှိ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရုပ်​တု​ပူ​ဇော် ရာ​အ​စား​အ​စာ​များ​ကို​စား​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​ကို​လိုက်​စား​ကြ​စေ​ရန်​ဗာ​လမ်​က ဗာ​လက်​မင်း​အား​သင်​ကြား​ပေး​၏။-
REV 2:15 ထို​နည်း​တူ​စွာ​သင်​တို့​အ​ထဲ​တွင်​လည်း​နိ ကော​လ​၏​တ​ပည့်​များ သင်​ကြား​ပို့​ချ​သည့် အ​ယူ​ဝါ​ဒ​များ​ကို​လိုက်​လျှောက်​နေ​သူ​များ ရှိ​ပေ​သည်။-
REV 2:16 ထို့​ကြောင့်​နောင်​တ​ရ​လော့။ နောင်​တ​မ​ရ​ပါ​မူ မ​ကြာ​မီ ငါ​လာ​၍​ထို​သူ​တို့​အား​ငါ​၏​ခံ တွင်း​မှ​ထွက်​သော​သန်​လျက်​နှင့်​တိုက်​ခိုက်​မည်။
REV 2:17 ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား​ဝှက်​ထား​သော​မန္န​မုန့် ကို​ငါ​ပေး​မည်။ ကျောက်​စ​ရစ်​ဖြူ​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ဖြူ​ပေါ်​တွင်​အက္ခ​ရာ တင်​ထား​သည့်​နာ​မည်​သစ်​ကို​အ​ဘယ်​သူ မျှ​မ​သိ​နိုင်​ရာ။ ထို​ကျောက်​ကို​ခံ​ယူ​ရ​ရှိ သူ​သာ​လျှင်​သိ​ရှိ​နိုင်​ပေ​သည်။
REV 2:18 သွာ​တိ​ရ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ထံ​မှ​ဖြစ်​၏။ ထို​အ​ရှင်​၏​မျက်​စိ​တော်​များ​သည် မီး​လျှံ​သ​ဖွယ်​တောက်​ပ​လျက်၊ ခြေ​တော်​များ သည်​တောက်​ပြောင်​သော​ကြေး​ဝါ​ကဲ့​သို့​ဖြစ်​၏။-
REV 2:19 ငါ​သည်​သင်​ပြု​သော​အ​မှု​ကို​သိ​၏။ သင်​မေတ္တာ ထား​ပုံ​နှင့်​သစ္စာ​စောင့်​ပုံ​တို့​ကို​လည်း​ကောင်း၊ အ​မှု​တော်​ဆောင်​ပုံ​နှင့်​တည်​ကြည်​ပုံ​ကို လည်း​ကောင်း​ငါ​သိ​၏။ ထို့​ပြင်​နောက်​ပိုင်း အ​ချိန်​သင်​ပြု​သည့်​အ​မှု​များ​သည် စော စော​ပိုင်း​အ​ချိန်​ပြု​သည့်​အ​မှု​များ​ထက် သာ​လွန်​ကောင်း​မွန်​ပေ​သည်။-
REV 2:20 သို့​ရာ​တွင်​သင့်​အား​အ​ပြစ်​ဆို​စ​ရာ​ရှိ​သည် မှာ ယေ​ဇ​ဗေ​လ​ဆို​သူ​အ​မျိုး​သ​မီး​ကို​သင် လက်​ခံ​လျက်​နေ​ခြင်း​ပင်​ဖြစ်​၏။ သူ​သည်​မိ​မိ ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဟု​ဆို​ကာ ငါ​၏​တ​ပည့်​တို့​အား ကာ​မ​ဂုဏ်​လိုက်​စား​စေ ရန်​နှင့်​ရုပ်​တု​တို့​အား​ပူ​ဇော်​သည့်​အ​စား အ​စာ​များ​ကို​စား​စေ​ရန် သွန်​သင်​ခြင်း​အား ဖြင့်​မှောက်​မှား​လမ်း​လွဲ​စေ​လေ​သည်။-
REV 2:21 နောင်​တ​ရ​ရန်​သူ့​အား​ငါ​အ​ချိန်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​အ​ကျင့်​ပျက်​မှု အ​တွက်​နောင်​တ​ရ​လို​စိတ်​မ​ရှိ။-
REV 2:22 သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​အိပ်​ရာ​ပေါ်​တွင်​လဲ ကျ​စေ​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​နှင့်​ကာ​မ ရာ​ဂ​စပ်​ယှက်​သူ​တို့​အား​လည်း​ပြင်း​ထန်​စွာ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​တို့​သည်​ထို​အ​မျိုး သ​မီး​နှင့်​ပြု​သည့်​ဆိုး​ညစ်​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပါ​မူ ငါ​သည်​ယ​ခု​ပင်​သူ တို့​အား​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။-
REV 2:23 သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။
REV 2:24 ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​သွာ​တိ​ရ​မြို့​အ​သင်း တော်​ဝင်​တို့​သည်​ဤ​ဆိုး​ညစ်​သည့်​အ​ယူ​ဝါ​ဒ ကို​မ​လိုက်​နာ​ကြ။ စာ​တန်​၏​နက်​နဲ​သည့်​လျှို့​ဝှက် ချက်​များ​ဟု​သူ​တစ်​ပါး​တို့​ခေါ်​ဝေါ်​ကြ​သည့် အ​ရာ​များ​ကို​လည်း​မ​ခံ​မ​ယူ​ကြ။ သင်​တို့ အ​ပေါ်​သို့​အ​ခြား​ဝန်​ထုပ်​ကို​ငါ​မ​တင်။-
REV 2:25 သင်​တို့​သည်​မိ​မိ​တို့​၏​လက်​ဝယ်​ရှိ​သည့် အ​ရာ​ကို​ငါ​လာ​သည်​တိုင်​အောင်​စွဲ​မြဲ စွာ​ကိုင်​ထား​ကြ​လော့။-
REV 2:26 အောင်​မြင်​၍​ငါ​လို​လား​သည့်​အ​ကျင့်​ကို အ​ဆုံး​တိုင်​အောင် ကျင့်​သော​သူ​တို့​အား ခ​မည်း​တော်​ထံ​မှ​ငါ​ရ​ရှိ​သည့်​အ​ခွင့် အာ​ဏာ​ကို​ငါ​ပေး​မည်။ ယင်း​အ​ခွင့်​အာ​ဏာ မှာ​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​၍ မြေ​အိုး​များ​ကို​သံ​တုတ်​ဖြင့် အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ရိုက်​ခွဲ​သ​ကဲ့​သို့ သူ​တို့​အား​ချေ​မှုန်း​ပိုင်​ခွင့်​ဖြစ်​သည်။ မိုး သောက်​ကြယ်​ကို​လည်း​သူ​တို့​အား​ငါ ပေး​မည်။
REV 2:29 အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော နား​ရှိ​သူ​တို့​ကြား​ပါ​စေ။
REV 3:1 ``သာ​ဒိ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​ဝိညာဉ် ခု​နစ်​ပါး​နှင့်​ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ​ထံ မှ​ဖြစ်​၏။ သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​သက်​ရှင်​လှုပ်​ရှား​လျက်​နေ​သည် ဟု​ကျော်​ကြား​သော်​လည်း​သေ​လျက်​နေ​၏။-
REV 3:2 သို့​ဖြစ်​၍​နိုး​ထ​လော့။ သင်​၏​ကျန်​ရှိ​နေ​သေး သည့်​အ​သက်​မ​ချုပ်​ငြိမ်း​မီ​အင်​အား​ဖြည့် တင်း​၍​ပေး​လော့။ သင်​၏​အ​ပြု​အ​မူ​သည် ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ပြစ်​ဆို စ​ရာ​ရှိ​သေး​သည်​ကို​ငါ​တွေ့​မြင်​ရ​သည်။-
REV 3:3 ထို့​ကြောင့်​သင်​သည်​ကြား​နာ​ခံ​ယူ​ခဲ့​သည့် တ​ရား​ကို​အောက်​မေ့​သ​တိ​ရ​လျက်​လိုက် လျှောက်​ကျင့်​သုံး​လော့။ နောင်​တ​ရ​လော့။ သင် သည်​မ​နိုး​မ​ထ​ပါ​မူ​သူ​ခိုး​လာ​သ​ကဲ့​သို့ သင့်​ထံ​သို့​ငါ​လာ​မည်။ ငါ​လာ​မည့်​အ​ချိန် ကို​သင်​သိ​ရ​လိမ့်​မည်​မ​ဟုတ်။-
REV 3:4 သို့​ရာ​တွင်​သာ​ဒိ​မြို့​၌​မိ​မိ​တို့​အ​ဝတ်​ကို အ​ညစ်​အ​ကြေး​နှင့်​ကင်း​စင်​စေ​သူ​အ​နည်း ငယ်​ရှိ​၏။ ထို​သူ​တို့​သည်​ထိုက်​တန်​သူ​များ ဖြစ်​သ​ဖြင့်​ဝတ်​ဖြူ​စင်​ကြယ်​ကို​ဝတ်​၍​ငါ နှင့်​အ​တူ​သွား​လာ​ရ​ကြ​လိမ့်​မည်။-
REV 3:5 အောင်​မြင်​သော​သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ် ကို​ဝတ်​ရ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​နာ​မည် ကို​အ​သက်​စာ​စောင်​မှ​ဖျက်​ပယ်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​ကြောင်း ငါ​၏​ခ​မည်း​တော်​နှင့်​ကိုယ်​တော်​၏​ကောင်း ကင်​တ​မန်​များ​ရှေ့​တွင်​ငါ​ထုတ်​ဖော်​ဝန်​ခံ မည်။
REV 3:6 ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့် တော်​မူ​သော​စ​ကား​များ​ကို​ကြား​တတ် သော​နား​ရှိ​သူ​တို့​ကြား​ပါ​စေ။
REV 3:7 ``ဖိ​လ​ဒေ​လ​ဖိ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင် တ​မန်​ထံ​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​မြင့်​မြတ်​သန့်​ရှင်း​သူ၊ သစ္စာ တော်​အ​ရှင်​၏​အ​ထံ​မှ​ဖြစ်​၏။ ကိုယ်​တော်​သည် ဒါဝိဒ်​မင်း​၏​တံ​ခါး​သော့​ကို​ပိုင်​တော်​မူ​၏။ ထို တံ​ခါး​ကို​ကိုယ်​တော်​ဖွင့်​တော်​မူ​လျှင်​အ​ဘယ် သူ​မျှ​မ​ပိတ်​နိုင်​ရာ။ ပိတ်​တော်​မူ​လျှင်​လည်း အ​ဘယ်​သူ​မျှ​မ​ဖွင့်​နိုင်​ရာ။-
REV 3:8 သင်​ပြု​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည် ခွန်​အား​စွမ်း​ရည်​အ​နည်း​ငယ်​သာ​ရှိ​သော် လည်း ငါ့​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ​ငါ​၏ သစ္စာ​ကို​စောင့်​ခဲ့​ကြောင်း​ငါ​သိ​၏။ သင်​၏ ရှေ့​၌​တံ​ခါး​ကို​ငါ​ဖွင့်​ထား​ပြီ။ ထို​တံ​ခါး ကို​အ​ဘယ်​သူ​မျှ​မ​ပိတ်​နိုင်​ရာ။-
REV 3:9 နား​ထောင်​လော့။ မိ​မိ​တို့​ကိုယ်​ကို​ယု​ဒ​အ​မျိုး သား​များ​ဟု​လိမ်​လည်​ပြော​ဆို​နေ​သူ​စာ​တန် ၏​အ​ဖွဲ့​ဝင်​တို့​အား သင်​၏​ခြေ​ရင်း​သို့​လာ ရောက်​ပျပ်​ဝပ်​စေ​မည်။ သင့်​အား​ငါ​ချစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​လိမ့်​မည်။-
REV 3:10 သင်​သည်​ငါ​မှာ​ကြား​သည့်​အ​တိုင်း​စိတ်​ရှည်​သည်း ခံ​လျက်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​စစ်​ဆေး​ရန် ဆင်း​ရဲ​ဒုက္ခ​ကျ​ရောက်​လာ​ချိန်​၌ သင့်​အား​ငါ​ကာ​ကွယ်​စောင့်​ရှောက်​မည်။-
REV 3:11 ငါ​သည်​မ​ကြာ​မီ​ကြွ​လာ​မည်။ သင်​၏​ဆု သ​ရ​ဖူ​ကို​အ​ဘယ်​သူ​မျှ​မ​လု​မ​ယူ​နိုင်​စေ​ရန် သင်​ရ​ရှိ​ထား​သော​အ​ရာ​ကို​လုံ​ခြုံ​စွာ​ထိန်း သိမ်း​၍​ထား​လော့။-
REV 3:12 အောင်​မြင်​သော​သူ​အား​ငါ​၏​ဘု​ရား​သခင်​ဗိ​မာန် တော်​တွင်​မဏ္ဍိုင်​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​သည်​နောင် ဘယ်​အ​ခါ​မျှ​ဗိ​မာန်​တော်​အ​ပြင်​သို့​ရောက်​ရ လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ​မှ​ငါ​၏​ဘု​ရား သခင်​ထံ​တော်​မှ​ဆင်း​သက်​လာ​သော​ယေ​ရု​ရှ​လင် မြို့​သစ်​တည်း​ဟူ​သော ငါ​၏​ဘု​ရား​သ​ခင်​မြို့ တော်​အ​မည်​ကို​လည်း​ကောင်း၊ ငါ​၏​ဘု​ရား သ​ခင်​နာ​မ​တော်​ကို​လည်း​ကောင်း​သူ​၏​ပေါ် မှာ​ကမ္ပည်း​ရေး​ထိုး​မည်။ သူ့​အ​ပေါ်​မှာ​ငါ​၏ နာ​မ​တော်​သစ်​ကို​လည်း​ရေး​ထိုး​မည်။
REV 3:13 ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား ရှိ​သူ​တို့​ကြား​ပါ​စေ။
REV 3:14 ``လော​ဒိ​ကိ​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သခင်​ဖန်​ဆင်း​တော်​မူ သော​အ​ရာ​အ​ပေါင်း​တို့​၏​အ​စ​မူ​လ​ဖြစ်​တော် မူ​သော၊ သစ္စာ​ရှိ​၍​ဟုတ်​မှန်​သော​သက်​သေ​ခံ​ဖြစ် တော်​မူ​သော​အာ​မင်​၏​ထံ​မှ​ဖြစ်​သည်။-
REV 3:15 သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​အ​ပူ လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်​သည်​ကို​ငါ သိ​၏။ သင်​သည်​အ​ပူ​သို့​မ​ဟုတ်​အ​အေး​တစ်​ခု ခု​ဖြစ်​စေ​ရန်​ငါ​အ​လို​ရှိ​၏။-
REV 3:16 သို့​ရာ​တွင်​သင်​သည်​မ​ပူ​မ​အေး​နွေး​ရုံ​သာ​ရှိ သ​ဖြင့် သင့်​အား​ငါ​၏​ခံ​တွင်း​မှ​ထွေး​ထုတ်​မည်။-
REV 3:17 ``ငါ​သည်​ချမ်း​သာ​ကြွယ်​ဝ​၏။ ငါ့​မှာ​လို​လေ သေး​မ​ရှိ'' ဟု​သင်​ဆို​၏။ သို့​ရာ​တွင်​မိ​မိ​သည် အ​ဘယ်​မျှ​ဆင်း​ရဲ​ငြို​ငြင်​သ​နား​စ​ရာ​ကောင်း သည်​ကို​သင်​သိ​၏။ သင်​သည်​ချို့​တဲ့​လျက်၊ မျက် စိ​ကန်း​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက် နေ​ပါ​သည်​တ​ကား။-
REV 3:18 သို့​ဖြစ်​၍​သင်​သည်​ချမ်း​သာ​ကြွယ်​ဝ​ခြင်း​ငှာ​ရွှေ စင်​ကို ငါ့​ထံ​မှ​ဝယ်​ယူ​ရန်​ငါ​အ​ကြံ​ပေး​၏။ ထို့ အ​ပြင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​မှု​နှင့်​အ​ရှက် ကို​ဖုံး​ရန်​ဝတ်​ဖြူ​စင်​ကြယ်​ကို​လည်း​ကောင်း၊ မျက် စိ​အ​လင်း​ရ​စေ​ရန်​မျက်​စဉ်း​ဆေး​ကို​လည်း ငါ့​ထံ​မှ​ဝယ်​ယူ​လော့။-
REV 3:19 ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-
REV 3:20 နား​ထောင်​လော့။ ငါ​သည်​တံ​ခါး​ရှေ့​တွင်​ရပ်​၍ တံ​ခါး​ခေါက်​လျက်​နေ​၏။ ငါ​၏​အ​သံ​ကို​ကြား ၍​တံ​ခါး​ကို​ဖွင့်​သော​သူ​၏​အိမ်​သို့​ငါ​ဝင်​ပြီး လျှင်​သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည် လည်း​ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။-
REV 3:21 ငါ​သည်​အောင်​မြင်​၍​ငါ့​ခ​မည်း​တော်​၏​ပလ္လင် ပေါ်​မှာ​ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သ​ကဲ့​သို့ အောင်​မြင်​သူ​အား​ပလ္လင်​ပေါ်​မှာ​ငါ​နှင့်​အ​တူ ထိုင်​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။
REV 3:22 ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။
REV 4:1 ထို​နောက်​ရူ​ပါ​ရုံ​တွင်​ကောင်း​ကင်​ဘုံ​တံ​ခါး​ပွင့် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။ ပ​ထ​မ​အ​ကြိမ် က​ငါ​ကြား​ရ​သော​တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သည့် အ​သံ​က``ဤ​အ​ရပ်​သို့​တက်​လာ​လော့။ နောင်​ဖြစ် ရ​မည့်​အ​မှု​အ​ရာ​တို့​ကို​ငါ​ပြ​မည်'' ဟု​ငါ့ အား​ဆို​၏။-
REV 4:2 ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့ သက်​ရောက်​လာ​လေ​သည်။ ကောင်း​ကင်​ဘုံ​၌ ပလ္လင်​တစ်​ခု​ရှိ​၏။ ထို​ပလ္လင်​ပေါ်​တွင်​ထိုင်​နေ တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​သည်။-
REV 4:3 ထို​အ​ရှင်​၏​မျက်​နှာ​တော်​သည်​န​ဂါး​သွဲ့​ကျောက်၊ ပတ္တမြား​ကျောက်​ကဲ့​သို့​တောက်​ပ​၏။ ပလ္လင်​၏​ပတ် လည်​တွင်​မြ​ရောင်​ပြေး​နေ​သော​သက်​တန့်​တည် လျက်​ရှိ​၏။-
REV 4:4 ထို​ပလ္လင်​၏​ပတ်​လည်​တွင်​အ​ခြား​ပလ္လင်​နှစ်​ဆယ့်​လေး ခု​ကို​ငါ​တွေ့​မြင်​ရ​၏။ ထို​ပလ္လင်​များ​အ​ပေါ်​တွင် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​ထိုင်​လျက်​နေ​၏။ သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ်​များ​ကို​ဝတ်​လျက်​ရွှေ သ​ရ​ဖူ​များ​ကို​ဆောင်း​ထား​ကြ​၏။-
REV 4:5 ပလ္လင်​တော်​ထဲ​မှ​လျှပ်​စစ်​ပြက်​သည့်​အ​ရောင်​များ၊ မိုး​ချုန်း​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လာ​၏။ ပလ္လင်​တော်​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ် ပါး​တည်း​ဟူ​သော​မီး​တိုင်​သည်​ထွန်း​လင်း​လျက် ရှိ​၏။-
REV 4:6 ပလ္လင်​တော်​၏​ရှေ့​တွင်​ကျောက်​သ​လင်း​နှင့်​တူ​၍ ဖန်​ရေ​ကန်​ဟု​ထင်​ရ​သော​ရေ​ကန်​ရှိ​၏။ ထို့​ပြင်​ပလ္လင်​တော်​၏​ပတ်​လည်​တစ်​ဖက်​တစ်​ချက် တွင် သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​ရှိ​၏။ သူ​တို့​ကိုယ် ခန္ဓာ​ရှေ့​ပိုင်း​နှင့်​နောက်​ပိုင်း​တို့​တွင်​မျက်​စိ​များ ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၏။-
REV 4:7 ပ​ထ​မ​သတ္တ​ဝါ​သည်​ခြင်္သေ့​နှင့်​တူ​၏။ ဒု​တိ​ယ သတ္တ​ဝါ​သည်​နွား​နှင့်​တူ​၏။ တ​တိ​ယ​သတ္တ​ဝါ​၏ မျက်​နှာ​သည်​လူ့​မျက်​နှာ​နှင့်​တူ​၏။ စ​တုတ္ထ​သတ္တ ဝါ​သည်​ပျံ​လျက်​နေ​သည့်​လင်း​ယုန်​နှင့်​တူ​၏။-
REV 4:8 ထို​သတ္တ​ဝါ​လေး​ပါး​စ​လုံး​တွင်​အ​တောင်​ခြောက်​ခု စီ​ရှိ​၏။ သူ​တို့​၏​ကိုယ်​အ​တွင်း​အ​ပြင်​၌​မျက်​စိ များ​ဖြင့်​ပြည့်​နှက်​လျက်​နေ​၏။ သူ​တို့​သည်​နေ့ ရော​ညဥ့်​ပါ​မ​နား​ဘဲ၊ ``ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ် သန့်​ရှင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​တိတ်၊ပစ္စုပ္ပန်၊အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​နေ​တော်​မူ​၏။ ဟု​မြွက်​ဆို​ကြ​၏။-
REV 4:9 ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​၍​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ကျေး​ဇူး​တော်၊ ဂုဏ်​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​ကို​ထို​သတ္တဝါ တို့​ချီး​ကူး​ကြ​သည့်​အ​ခါ​တိုင်း၊-
REV 4:10 အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည်​ပလ္လင် ပေါ်​တွင်​စံ​တော်​မူ​၍ ကမ္ဘာ​အ​ဆက်​ဆက်​အ​သက် ရှင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​လျက် ရှိ​ခိုး​ကြ​ကုန်​၏။ သူ​တို့​သည်​ပလ္လင်​တော်​ရှေ့​တွင် မိ​မိ​တို့​၏​သ​ရ​ဖူ​များ​ကို​ချ​လျက်
REV 4:11 ``အ​ကျွန်ုပ်​တို့​၏​အ​ရှင်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၍ ကိုယ်​တော်​၏​အ​လို​တော်​အ​ရ​သာ​လျှင် ထို​အ​ရာ​ခပ်​သိမ်း​တို့​သည်​အ​သက်​ရှင်​ကြ​ရ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်၊ ဂုဏ်​တော်၊တန်​ခိုး​တော်​တို့​ကို​ခံ​ယူ​ထိုက် တော်​မူ​ပါ​သည်'' ဟု​မြွက်​ဆို​ကြ​၏။
REV 5:1 ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏ လက်​ယာ​လက်​တော်​တွင်​စာ​လိပ်​ကို​ငါ​မြင်​၏။ ထို​စာ​လိပ်​သည်​တံ​ဆိပ်​ခု​နစ်​ခု​ဖြင့်​ခတ်​နှိပ် ထား​၍ စာ​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင်​စာ များ​ရေး​သား​ထား​၏။-
REV 5:2 ထို​နောက်​ခွန်​အား​ကြီး​မား​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​က``အ​ဘယ်​သူ​သည်​တံ​ဆိပ်​များ​ကို​ခွာ ၍​ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​ပါ​သ​နည်း'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​လျက်​နေ​သည်​ကို​ငါ​မြင်​၏။-
REV 5:3 သို့​ရာ​တွင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​၌ ထို​စာ​လိပ်​ကို​ဖွင့်​နိုင်​သူ​သို့​မ​ဟုတ် ကြည့်​နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-
REV 5:4 ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​သူ​သို့​မ​ဟုတ်​ဖတ်​ထိုက် သူ တစ်​ယောက်​မျှ​ရှာ​၍​မ​တွေ့​ရ​သ​ဖြင့်​ငါ​သည် လွန်​စွာ​ငို​ကြွေး​၏။-
REV 5:5 ထို​အခါ​အ​ကြီး​အ​ကဲ​တစ်​ပါး​က​ငါ့​အား``မ​ငို ပါ​နှင့်။ ကြည့်​ရှု​လော့။ ယု​ဒ​အ​နွယ်​ဝင်​ခြင်္သေ့​တည်း ဟူ​သော​ဒါ​ဝိဒ်​မှ​ဆင်း​သက်​သူ​သည်​အောင်​မြင် လေ​ပြီ။ သူ​သည်​ဤ​စာ​လိပ်​နှင့်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​ကို​ဖွင့်​နိုင်​၏'' ဟု​ပြော​လေ​၏။
REV 5:6 ထို​နောက်​သိုး​သူ​ငယ်​သည်​သက်​ရှိ​သတ္တဝါ​လေး ပါး​တို့​နှင့်​အ​ကြီး​အ​ကဲ​များ​ခြံ​ရံ​လျက်​ရှိ သည့်​ပလ္လင်​တော်​အ​လယ်​၌​ရပ်​လျက်​နေ​သည် ကို​ငါ​မြင်​၏။ သူ​သည်​ယဇ်​ပူ​ဇော်​ရန်​အ​သတ် ခံ​ရ​ပြီး​သည့်​သိုး​နှင့်​တူ​၏။ သူ့​မှာ​ဦး​ချို​ခု​နစ် ချောင်း​နှင့်​မျက်​စိ​ခု​နစ်​လုံး​ရှိ​၏။ ယင်း​တို့​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ဘု​ရား​သ​ခင်​စေ လွှတ်​တော်​မူ​သော​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​၏။-
REV 5:7 ထို​သိုး​သူ​ငယ်​သည်​လာ​၍​ပလ္လင်​ပေါ်​တွင်​ထိုင် လျက် နေ​သော​အ​ရှင်​၏​လက်ယာ​လက်​တော်​မှ စာ​လိပ်​ကို​ယူ​၏။-
REV 5:8 ထို​သို့​ယူ​လိုက်​သော​အ​ခါ​သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည် အ​သီး သီး​စောင်း​များ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် လူ​စု​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​တည်း​ဟူ​သော နံ့​သာ​ပေါင်း​နှင့်​ပြည့်​လျက်​ရှိ​သည့်​ရွှေ​ဖ​လား များ​ကို​လည်း​ကောင်း ကိုင်​ဆောင်​ကာ​သိုး​သူ​ငယ် တော်​၏​ရှေ့​တော်​တွင်​ပျပ်​ဝပ်​လျက်၊
REV 5:9 ``ကိုယ်​တော်​ရှင်​သည်​အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော၊ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​မှ​လူ​တို့​ကို ဘု​ရား​သခင်​အ​ဖို့​ဝယ်​ယူ​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​စာ​လိပ်​တော် ကို ယူ​၍​ချိပ်​တံ​ဆိပ်​များ​ကို​ဖွင့်​ထိုက်​သူ​ဖြစ်​ပါ​၏။
REV 5:10 ကိုယ်​တော်​သည်​သူ​တို့​အား အ​ကျွန်ုပ်​တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​နိုင်​ကြ​စေ​ရန် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ပေး​အပ်​တော်​မူ​၏။ သူ​တို့​သည်​လည်း​ကမ္ဘာ​လော​က​တွင် စိုး​စံ​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။'' ဟု​သီ​ချင်း​သစ်​ကို​သီ​ဆို​ကြ​၏။
REV 5:11 ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ပလ္လင်​တော် ပတ်​လည်​၌​လည်း​ကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​များ​၏​ပတ်​လည်​၌​လည်း​ကောင်း ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​၏ အ​သံ​ကို​ကြား​ရ​၏။ ထို​ကောင်း​ကင်​တ​မန် များ​၏​အ​ရေ​အ​တွက်​မှာ​သိန်း​သန်း​ကု​ဋေ မ​က​အ​တိုင်း​မ​သိ​များ​ပြား​၏။-
REV 5:12 သူ​တို့​က၊ ``အ​သေ​သတ်​ခြင်း​ခံ​ရ​သော​သိုး​သူ​ငယ်​တော်​သည် တန်​ခိုး၊စည်း​စိမ်​ချမ်း​သာ၊ဉာဏ်​ပ​ညာ၊ခွန်​အား စွမ်း​ရည်၊ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊ ချီး​မွမ်း​ခြင်း​တို့​ကို​ခံ​ထိုက်​တော်​မူ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​မြွက်​ဆို​ကြ​၏။-
REV 5:13 ထို့​ပြင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​ပင်​လယ်​အ​ရပ်​ရပ်​၌​ရှိ​သ​မျှ​သော သတ္တဝါ​အ​ပေါင်း​တို့​က၊ ပလ္လင်​ပေါ်​တွင်​ထိုင်​နေ​တော်​မူ​သော​အ​ရှင်​နှင့် သိုး​သူ​ငယ်​တော်​သည် ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။ ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊တန်​ခိုး​တို့​ဖြင့် ပြည့်​စုံ​တော်​မူ​ပါ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​သည်​ကို​ငါ​ကြား​ရ​၏။-
REV 5:14 သတ္တဝါ​လေး​ပါး​တို့​က``အာ​မင်'' ဟု​တုံ့​ပြန်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​လည်း​ပျပ်​ဝပ်​ရှိ​ခိုး ကြ​၏။
REV 6:1 ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​အ​နက်​မှ ပ​ထ​မ​တံ​ဆိပ်​ဖွင့်​သည်​ကို ငါ​မြင်​၏။ သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ် ပါး​သည်​မိုး​ကြိုး​သံ​နှင့်​တူ​သော​အ​သံ​ဖြင့်``လာ လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။-
REV 6:2 ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​ဖြူ​တစ်​ကောင် ကို​တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​သည်​လေး​ကို​ကိုင် ထား​၏။ သ​ရ​ဖူ​ကို​ခံ​ယူ​ရ​ရှိ​ထား​၏။ သူ သည်​အောင်​ပွဲ​ခံ​ပြီး​သော​သူ​အ​နေ​ဖြင့်​ဆက် လက်​အောင်​ပွဲ​ခံ​ရန်​ထွက်​ခွာ​သွား​၏။
REV 6:3 သိုး​သူ​ငယ်​တော်​သည်​ဒု​တိ​ယ​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဒု​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။-
REV 6:4 ထို​နောက်​မြင်း​နီ​တစ်​ကောင်​ထွက်​လာ​၏။ လူ​တို့ သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သတ်​ဖြတ်​ကြ​စေ​ရန်​မြင်း​စီး​သူ​ရဲ​အား ဤ လော​က​တွင်​စစ်​မက်​ဖြစ်​ပွား​စေ​နိုင်​သည့်​တန်​ခိုး ကို​ပေး​အပ်​ထား​၏။ ဋ္ဌား​ကြီး​တစ်​လက်​ကို​သူ့ အား​ပေး​ထား​၏။
REV 6:5 သိုး​သူ​ငယ်​တော်​သည်​တ​တိ​ယ​ချိပ်​တံ​ဆိပ်​ကို ဖွင့်​လိုက်​သော​အ​ခါ တ​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။ ငါ​ကြည့်​လိုက်​သော အ​ခါ​မြင်း​နက်​တစ်​ကောင်​ကို​တွေ့​ရ​၏။ မြင်း​စီး သူ​ရဲ​သည်​ချိန်​ခွင်​ကို​ကိုင်​ထား​၏။-
REV 6:6 သတ္တ​ဝါ​လေး​ပါး​တို့​အ​လယ်​မှ​ထွက်​ပေါ်​လာ သည်​ဟု​ထင်​ရ​သော​အ​သံ​တစ်​ခု​ကို​ငါ​ကြား ရ​၏။ ထို​အ​သံ​က``ဂျုံ​ဆန်​တစ်​ခွက်​ကို​တစ်​နေ့ စာ​လုပ်​အား​ခ​ပေး​ရ​၏။ သို့​ရာ​တွင်​သံ​လွင် ဥ​ယျာဉ်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ဖျက် ဆီး​ကြ​နှင့်'' ဟု​ဆို​၏။
REV 6:7 သိုး​သူ​ငယ်​တော်​သည်​စတုတ္ထ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ စ​တုတ္ထ​သတ္တ​ဝါ​၏​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​သတ္တ​ဝါ​က``လာ​လော့'' ဟု ဆို​၏။-
REV 6:8 ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​မွဲ​တစ်​ကောင်​ကို တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​၏​နာ​မည်​မှာ​သေ​မင်း ဖြစ်​၏။ သူ​၏​နောက်​မှ​မ​ရ​ဏာ​နိုင်​ငံ​လိုက်​ပါ လာ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​၏​လေး​ပုံ​တစ် ပုံ​တွင်​ရှိ​သော​လူ​တို့​အား​ဋ္ဌား​ဘေး၊ ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး၊ ကပ်​ရော​ဂါ​ဘေး၊ သား​ရဲ တိ​ရစ္ဆာန်​များ​၏​ဘေး​တို့​ဖြင့်​သေ​စေ​နိုင်​သည့် အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​ထား​ကြ​၏။
REV 6:9 သိုး​သူ​ငယ်​တော်​သည်​ပဉ္စမ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဘု​ရား​သခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း၊ သစ္စာ​နှင့်​သက်​သေ​ခံ​သည့်​အ​တွက် ကြောင့်​လည်း​ကောင်း​အ​သတ်​ခံ​ကြ​ရ​သူ​တို့ ၏​ဝိ​ညာဉ်​များ​ကို​ပလ္လင်​တော်​အောက်​တွင်​ငါ မြင်​ရ​၏။-
REV 6:10 ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။-
REV 6:11 ထို​သူ​တို့​သည်​ဝတ်​လုံ​ဖြူ​တစ်​ထည်​စီ​ကို​ရ​ပြီး လျှင် မိ​မိ​တို့​နည်း​တူ​အ​သတ်​ခံ​ရ​ကြ​မည့် အ​စေ​ခံ​ချင်း​နှင့်​ညီ​အစ်​ကို​ချင်း အ​ရေ​အ​တွက် ပြည့်​သည့်​တိုင်​အောင်​ခ​ဏ​ငြိမ်​သက်​စွာ​နေ​ကြ ရန်​အ​မိန့်​ကို​ရ​ကြ​၏။
REV 6:12 ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ဆ​ဋ္ဌ​မ​ချိပ် တံ​ဆိပ်​တော်​ကို​ဖွင့်​လေ​လျှင် မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ နေ​သည်​ဂုံ​အိတ်​ထည်​မည်း​ကဲ့ သို့​မည်း​နက်​လာ​၏။ လ​တစ်​ဝန်း​လုံး​သည် လည်း​သွေး​ကဲ့​သို့​နီ​လာ​၏။-
REV 6:13 ကောင်း​ကင်​ရှိ​ကြယ်​များ​သည်​လေ​ပြင်း​ဒဏ် ကြောင့် အ​ပင်​မှ​ကြွေ​ကုန်​သော​င်္သဘော​သ​ဖန်း သီး​စိမ်း​များ​ကဲ့​သို့​ကမ္ဘာ​မြေ​သို့​ကျ​ကုန်​၏။
REV 6:14 မိုး​ကောင်း​ကင်​သည်​စာ​စောင်​ကို​လိပ်​သ​ကဲ့​သို့ ပျောက်​ကွယ်​သွား​၏။ တောင်​များ​နှင့်​ကျွန်း​ရှိ သ​မျှ​သည်​မိ​မိ​တို့​နေ​ရာ​မှ​ရွေ့​သွား​ကြ​ကုန်​၏။-
REV 6:15 ထို​အ​ခါ​လော​ကီ​ဘု​ရင်၊ အာ​ဏာ​ပိုင်၊ စစ်​သူ​ကြီး၊ သူ​ဌေး​သူ​ကြွယ်၊ တန်​ခိုး​အာ​ဏာ​ရှိ​သူ​မှ​စ​၍ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​အ​ပေါင်း​တို့​သည်​လိုဏ် ဂူ​များ​၌​လည်း​ကောင်း၊ တောင်​ပေါ်​ကျောက်​ဆောင် များ​၌​လည်း​ကောင်း​ပုန်း​အောင်း​၍​နေ​ကြ ကုန်​၏။-
REV 6:16 ထို​သူ​တို့​က​တောင်​များ၊ ကျောက်​ဆောင်​များ အား``ငါ​တို့​အ​ပေါ်​သို့​ပြို​ကျ​လျက်​ပလ္လင်​တော် ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏​မျက်​နှာ​တော် ကို​မ​မြင်​ရ​စေ​ရန်​နှင့်​သိုး​သူ​ငယ်​တော်​၏ အ​မျက်​တော်​မ​သင့်​ကြ​စေ​ရန်​ငါ​တို့​အား ဖုံး​ကွယ်​၍​ထား​ကြ​ပါ။-
REV 6:17 ထို​အရှင်​တို့​၏​အ​မျက်​တော်​သင့်​မည့်​နေ့​ရက် ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ထို​အ​မျက်​တော် ကို​အ​ဘယ်​သူ​သည်​ရပ်​ခံ​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။
REV 7:1 ထို​နောက်​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​အ​ရပ်​လေး​မျက်​နှာ​တွင် ရပ်​လျက်​နေ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည် ကုန်း​မြေ​ပေါ်​နှင့်​ပင်​လယ်​ပြင်​၌​သော်​လည်း​ကောင်း၊ သစ်​ပင်​များ​ကို​သော်​လည်း​ကောင်း​လေ​မ​တိုက် ခတ်​နိုင်​စေ​ရန် အ​ရပ်​လေး​မျက်​နှာ​မှ​လေ​တို့ ကို​ဆွဲ​ကိုင်​ထား​ကြ​၏။-
REV 7:2 ထို​နောက်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တံ​ဆိပ်​တော်​ကို ကိုင်​ဆောင်​လာ​သော​ကောင်း​ကင် တ​မန်​တစ်​ပါး​သည် အ​ရှေ့​အ​ရပ်​မှ​တက်​လာ သည်​ကို​ငါ​မြင်​ရ​၏။ သူ​သည်​ကုန်း​မြေ​နှင့် ပင်​လယ်​တို့​ကို​ဘေး​ဥ​ပဒ်​သင့်​စေ​နိုင်​ခွင့်​ကို ရ​ရှိ​ထား​သည့်​ကောင်း​ကင်​တ​မန်​လေး​ပါး တို့​အား၊-
REV 7:3 ``ငါ​တို့​ဘု​ရား​သခင်​၏​အ​စေ​ခံ​တို့​န​ဖူး တွင်​တံ​ဆိပ်​တော်​ကို​ငါ​တို့​မ​ခတ်​နှိပ်​ရ​သေး မီ​သင်​တို့​သည်​ကုန်း​မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့ အား​မည်​သို့​မျှ​ဘေး​ဥ​ပဒ်​မ​သက်​ရောက်​စေ ကြ​နှင့်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။-
REV 7:4 ထို​နောက်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သူ​တို့​၏​အ​ရေ အ​တွက်​ကို​ငါ​ကြား​သိ​ရ​၏။ ယင်း​အ​ရေ အ​တွက်​မှာ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် ရှိ​၍ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​ဖြစ်​ကြ​သော၊-
REV 7:5 ယု​ဒ​အ​နွယ်၊ ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်၊ အာ​ရှာ အ​နွယ်၊ န​ဿ​လိ​အ​နွယ်၊ မ​နာ​ရှေ​အ​နွယ်၊ ရှိ​မောင် အ​နွယ်၊ လေ​ဝိ​အ​နွယ်၊ ဣသ​ခါ​အ​နွယ်၊ ဇာ​ဗု​လုန် အ​နွယ်၊ ယော​သပ်​အ​နွယ်၊ ဗင်​ယာ​မိန်​အ​နွယ်​တို့ မှ​တစ်​နွယ်​လျှင် တစ်​သောင်း​နှစ်​ထောင်​တံ​ဆိပ် ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​သ​တည်း။
REV 7:9 ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ အ​ဘယ် သူ​မျှ​မ​ရေ​မ​တွက်​နိုင်​သော​လူ​အုပ်​ကြီး ကို​တွေ့​ရ​၏။ သူ​တို့​သည်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော လူ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​မှ​လာ​ရောက်​ကြ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ဝတ်​လုံ​ဖြူ​များ​ကို​ဝတ် လျက်​စွန်​ပ​လွန်​ခက်​များ​ကို​ကိုင်​ကာ ပလ္လင် တော်​နှင့်​သိုး​သူ​ငယ်​တော်​၏​ရှေ့​တွင်​ရပ် လျက်​နေ​ကြ​၏။-
REV 7:10 သူ​တို့​က``ကယ်​တင်​ခြင်း​ကျေး​ဇူး​သည်​ပလ္လင် တော်​ပေါ်​မှာ​စံ​တော်​မူ​သော ငါ​တို့​ဘု​ရား သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​ထံ​မှ​သက်​ရောက် လာ​၏'' ဟု​ကြီး​သော​အသံ​နှင့်​ကြွေး​ကြော် ကြ​၏။-
REV 7:11 ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်​ပလ္လင် တော်​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ​များ နှင့်​သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​ကို​လည်း ကောင်း​ဝိုင်း​ရံ​လျက်​ရပ်​ကြ​၏။ ထို​နောက်​သူ တို့​သည်​ပလ္လင်​တော်​ရှေ့​၌​ပျပ်​ဝပ်​ကာ​ဘု​ရား သ​ခင်​အား​ရှိ​ခိုး​ကြ​၏။-
REV 7:12 သူ​တို့​က``အာ​မင်။ ငါ​တို့​ဘု​ရား​သခင်​ကို ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​စေ​သ​တည်း။ ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး၊ ဉာဏ်​ပ​ညာ၊ ဂုဏ်​အ​သ​ရေ​တို့​နှင့်​ပြည့်​စုံ တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​စေ သ​တည်း။ ``အာ​မင်'' ဟု​မြွက်​ဆို​ကြ​၏။
REV 7:13 အ​ကြီး​အ​ကဲ​တစ်​ပါး​က​ငါ့​အား``ဝတ်​ဖြူ​စင် ကြယ်​ဝတ်​ဆင်​ထား​သူ​တို့​သည်​မည်​သူ​တို့​နည်း။ အ​ဘယ်​အ​ရပ်​က​လာ​ကြ​သ​နည်း'' ဟု​မေး​၏။
REV 7:14 ငါ​က``အ​ရှင်၊ အ​ရှင်​သိ​ပါ​၏'' ဟု​ပြန်​၍​ဖြေ​၏။ ထို​သူ​က``သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ကြီး​ထဲ​မှ လွတ်​မြောက်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် မိ​မိ​တို့​ဝတ်​လုံ​များ​ကို​သိုး​သူ​ငယ်​တော် ၏​သွေး​ဖြင့်​ဖြူ​စင်​အောင်​ဖွပ်​လျှော်​ခဲ့​ကြ လေ​ပြီ။-
REV 7:15 ထို​ကြောင့်​သူ​တို့​သည်​ဘု​ရား​သခင်​၏​ပလ္လင် တော်​ရှေ့​သို့​ရောက်​ရှိ​၍ ကိုယ်​တော်​၏​ဗိ​မာန် တော်​တွင်​နေ့​ညဥ့်​မ​ပြတ်​ဝတ်​ပြု​နေ​ခြင်း ဖြစ်​၏။ ပလ္လင်​တော်​ပေါ်​စံ​နေ​တော်​မူ​သော အ​ရှင်​သည်​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။-
REV 7:16 သူ​တို့​သည်​နောက်​တစ်​ဖန်​အ​စာ​ရေ​စာ မ​ငတ်​မွတ်​ရ​ကြ။ နေ​ရောင်​ခြည်​သည်​လည်း ကောင်း၊ ပြင်း​ထန်​သော​အ​ပူ​ရှိန်​သည်​လည်း ကောင်း​သူ​တို့​အ​ပေါ်​သို့​မ​ကျ​ရောက်​ရ။-
REV 7:17 အ​ဘယ်​ကြောင့်​ဆို​သော်​ပလ္လင်​တော်​အ​လယ် တွင်​ရှိ​တော်​မူ​သော သိုး​သူ​ငယ်​တော်​သည် သူ​တို့​အား​စောင့်​ထိန်း​ကြည့်​ရှု​၍ အ​သက် စမ်း​ရေ​ရှိ​ရာ​အ​ရပ်​သို့​ပို့​ဆောင်​တော်​မူ​မည် ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား​သ​ခင်​သည် လည်း​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို​သုတ် တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
REV 8:1 သတ္တမ​ချိပ်​တံ​ဆိပ်​ကို​သိုး​သူ​ငယ်​တော်​ဖွင့် လိုက်​သော​အ​ခါ ကောင်း​ကင်​ဘုံ​တွင်​နာ​ရီ ဝက်​ခန့်​ဆိတ်​ငြိမ်​၍​သွား​၏။-
REV 8:2 ထို​နောက်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ် လျက်​နေ​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး ကို​ငါ​မြင်​ရ​၏။ သူ​တို့​အား​တံ​ပိုး​ခ​ရာ ခု​နစ်​ခု​ကို​ပေး​အပ်​၏။
REV 8:3 ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​ပလ္လင်​တော်​အ​နား​သို့​လာ​၍​ရပ်​၏။ သူ သည်​ရွှေ​လင်​ပန်း​ကို​ကိုင်​ထား​၏။ ပလ္လင်​တော် ရှေ့​၌​ရှိ​သော​ရွှေ​ယဇ်​ပလ္လင်​ပေါ်​မှာ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​၏​ဆု တောင်း​ပတ္ထ​နာ​များ​နှင့်​အ​တူ ပူ​ဇော်​မီး​ရှို့ ရန်​များ​စွာ​သော​နံ့​သာ​ပေါင်း​ကို​သူ့​အား ပေး​အပ်​ထား​သည်။-
REV 8:4 နံ့​သာ​ပေါင်း​မှ​ထွက်​လာ​သော​မီး​ခိုး​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ်​နေ​သော ကောင်း​ကင်​တ​မန်​၏​လက်​မှ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​တို့​ဆု​တောင်း​ပတ္ထနာ​များ နှင့်​အ​တူ​အ​ထက်​သို့​တက်​လေ​၏။-
REV 8:5 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​လင်​ပန်း​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​က​မီး​ကို​ထည့်​၍​ကမ္ဘာ မြေ​ပေါ်​သို့​ပစ်​ချ​လိုက်​၏။ ထို​အ​ခါ​မိုး​ကြိုး ထစ်​ချုန်း​ခြင်း၊ အ​သံ​မြည်​ခြင်း၊ လျှပ်​ပြက် ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း​တို့​ဖြစ်​ပေါ်​လာ လေ​သည်။
REV 8:6 ထို​နောက်​တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ကို​ကိုင်​ထား သည့်​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-
REV 8:7 ပ​ထ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​ကို မှုတ်​လိုက်​သော​အ​ခါ​သွေး​နှင့်​ရော​နှော​နေ သော​မီး​နှင့်​မိုး​သီး​တို့​သည်​မြေ​ပေါ်​သို့ ကျ​ကုန်​၏။ ကမ္ဘာ​မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ၊ သုံး​ပုံ​တစ်​ပုံ​သော​သစ်​ပင်၊ စိမ်း​စို​သော​မြက် ရှိ​သ​မျှ​တို့​သည်​လောင်​ကျွမ်း​လေ​၏။
REV 8:8 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ မီး​လျှံ​ထ​နေ​သော တောင်​ကြီး​ခန့်​ကြီး​မား​သော​မီး​လုံး​ကြီး ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​သ​ကဲ့​သို့ ဖြစ်​ပြီး​လျှင် ပင်​လယ်​ရေ​သုံး​ပုံ​တစ်​ပုံ သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-
REV 8:9 ပင်​လယ်​သတ္တဝါ​သုံး​ပုံ​တစ်​ပုံ​တို့​သည်​သေ ကြ​၏။ သုံး​ပုံ​တစ်​ပုံ​မျှ​သော​င်္သဘော​တို့ သည်​လည်း​ပျက်​စီး​သွား​ကြ​၏။
REV 8:10 တ​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ ကြယ်​ကြီး​တစ်​လုံး​သည်​မီး လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​ကဲ့​သို့ ကောင်း​ကင် မှ​မြစ်​များ​သုံး​ပုံ​တစ်​ပုံ​နှင့်​စမ်း​ပေါက်​များ အ​ပေါ်​သို့​ကျ​လေ​၏။-
REV 8:11 (ယင်း​ကြယ်​ကို``ခါး​ခြင်း'' ဟု​ခေါ်​၏) သုံး​ပုံ​တစ် ပုံ​သော​ရေ​တို့​သည်​ရေ​ခါး​အ​ဖြစ်​သို့​ပြောင်း လဲ​သွား​ကြ​၏။ များ​စွာ​သော​လူ​တို့​သည်​ထို ရေ​ခါး​ကို​သောက်​သ​ဖြင့်​သေ​ကြ​ကုန်​၏။
REV 8:12 စတုတ္ထ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​လိုက် သော​အ​ခါ​နေ​၏​သုံး​ပုံ​တစ်​ပုံ၊ လ​၏​သုံး​ပုံ တစ်​ပုံ၊ ကြယ်​တာ​ရာ​များ​၏​သုံး​ပုံ​တစ်​ပုံ​တို့ သည်​ကပ်​သင့်​ကြ​သ​ဖြင့်​၎င်း​တို့​၏​အ​လင်း​သည် သုံး​ပုံ​တစ်​ပုံ​လျော့​နည်း​သွား​လေ​၏။ နေ့​၏​သုံး ပုံ​တစ်​ပုံ၊ ည​၏​သုံး​ပုံ​တစ်​ပုံ​သည်​အ​လင်း မ​ရ​ကြ။
REV 8:13 ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ကောင်း​ကင် အ​လယ်​တွင် ပျံ​ဝဲ​လျက်​နေ​သော​လင်း​ယုန်​ငှက် တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​ငှက်​က``အ​ခြား​ကောင်း ကင်​တ​မန်​သုံး​ပါး​မှုတ်​ကြ​မည့်​တံ​ပိုး​ခ​ရာ​သံ သုံး​ချက်​ကြောင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​သတ္တ​ဝါ​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​သံ ကျယ်​စွာ​ပြော​ဆို​နေ​သည်​ကို​ငါ​ကြား​ရ​၏။
REV 9:1 ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​ကမ္ဘာ​မြေ ပေါ်​သို့​ကြယ်​တစ်​လုံး​ကြွေ​ကျ​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား​တွင်း​နက်​ကြီး​၏ တံ​ခါး​သော့​ကို​ပေး​အပ်​ထား​၏။-
REV 9:2 သူ​သည်​တွင်း​နက်​ကြီး​ကို​ဖွင့်​လိုက်​သော​အ​ခါ မီး​ခိုး​သည်​မီး​ဖို​ကြီး​မှ​ထွက်​သည့်​အ​လား ထွက်​လာ​လေ​သည်။ ထို​မီး​ခိုး​ကြောင့်​နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည်​မှောင်​မဲ​၍​သွား​၏။-
REV 9:3 ထို​မီး​ခိုး​ထဲ​မှ​ကျိုင်း​ကောင်​များ​ထွက်​လာ​ပြီး လျှင် ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​ကျ​ကုန်​၏။ သူ​တို့ မှာ​ကင်း​မြီး​ကောက်​များ​ကဲ့​သို့​တန်​ခိုး​ရှိ ကြ​၏။-
REV 9:4 သူ​တို့​သည်​မြက်​များ​နှင့်​အ​ခြား​စိမ်း​လန်း​သည့် အ​ပင်​ကြီး​ငယ်​တို့​ကို​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့်​မ​ရှိ။ န​ဖူး​တွင်​ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​မ​ပါ သည့်​လူ​တို့​ကို​သာ​လျှင်​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့် ရှိ​ကြ​၏။-
REV 9:5 ထို​သူ​တို့​အား​အ​သေ​သတ်​ပိုင်​ခွင့်​မ​ရှိ။ ငါး​လ​မျှ သာ​လျှင်​ညှဉ်း​ဆဲ​ပိုင်​ခွင့်​ရှိ​၏။ ကျိုင်း​ကောင်​အ​ကိုက် ခံ​ရ​သူ​တို့​သည်​ကင်း​မြီး​ကောက်​အ​ကိုက်​ခံ​ရ သ​ကဲ့​သို့​နာ​ကျင်​စွာ​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့် မည်။-
REV 9:6 ထို​ငါး​လ​အ​တွင်း​လူ​တို့​သည်​သေ​မင်း​ကို​ရှာ ကြ​လိမ့်​မည်။ ရှာ​သော်​လည်း​မ​တွေ့​ရ​ကြ။ သေ​ရန် တောင့်​တ​ကြ​သော်​လည်း​သေ​မင်း​သည်​သူ​တို့ အား​တိမ်း​ရှောင်​၍​သွား​လိမ့်​မည်။
REV 9:7 ထို​ကျိုင်း​ကောင်​တို့​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင် လျက်​နေ​သော​မြင်း​များ​နှင့်​တူ​ကြ​၏။ သူ​တို့​၏ ဦး​ခေါင်း​ပေါ်​မှာ​ရွှေ​သ​ရ​ဖူ​ဆောင်း​ထား​သည် နှင့်​တူ​၏။ သူ​တို့​၏​မျက်​နှာ​သည်​လူ​မျက်​နှာ နှင့်​တူ​၏။-
REV 9:8 သူ​တို့​သည်​အ​မျိုး​သ​မီး​များ​၏​ဆံ​ပင်​နှင့်​တူ သော​ခေါင်း​မွေး​များ​ရှိ​၏။ သူ​တို့​၏​သွား​သည် ခြင်္သေ့​သွား​နှင့်​တူ​၏။-
REV 9:9 သူ​တို့​၏​ရင်​အုပ်​တွင်​သံ​ရင်​အုပ်​တန်​ဆာ​တပ် ဆင်​ထား​သည်​နှင့်​တူ​၏။ သူ​တို့​၏​အ​တောင်​ခပ် သံ​သည်​စစ်​ပွဲ​ဝင်​ရန်​မောင်း​နှင်​လာ​သော​မြင်း ရ​ထား​များ​၏​အ​သံ​နှင့်​တူ​၏။-
REV 9:10 သူ​တို့​၏​အ​မြီး​သည်​ကင်း​မြီး​ကောက်​၏​အ​မြီး နှင့်​တူ​၍​ဆူး​ရှိ​၏။ သူ​တို့​အ​မြီး​တွင်​လူ​တို့​အား ငါး​လ​တိုင်​တိုင်​ဘေး​ဥ​ပဒ်​ရောက်​စေ​နိုင်​သော တန်​ခိုး​ရှိ​၏။
REV 9:11 သူ​တို့​၏​ဘု​ရင်​ကား​တွင်း​နက်​ကြီး​၏​ကောင်း​ကင် တ​မန်​ဖြစ်​၏။ သူ​၏​နာ​မည်​မှာ​ဟေ​ဗြဲ​ဘာ​သာ စ​ကား​အား​ဖြင့် အ​ဗ​န္ဒုန်​ဟူ​၍​လည်း​ကောင်း၊ ဂ​ရိ​ဘာ​သာ​အား​ဖြင့်​အ​ပေါ​လျုန်​ဟူ​၍​လည်း ကောင်း​ဖြစ်​၏။ (အ​ပေါ​လျုန်​၏​အ​နက်​မှာ``ဖျက် ဆီး​သူ'' ဟူ​၍​ဖြစ်​သ​တည်း။)
REV 9:12 အမင်္ဂ​လာ​တစ်​ပါး​ကုန်​လွန်​သွား​လေ​ပြီ။ ထို​နောက် မှ​အမင်္ဂ​လာ​နှစ်​ပါး​လာ​ဦး​မည်။
REV 9:13 ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရှိ​သော​ရွှေ​ယဇ်​ပလ္လင်​၏​ထောင့်​လေး​ထောင့်​မှ​ထွက် လာ​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
REV 9:14 ထို​အ​သံ​က​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား``ဥ ဖ​ရတ်​မြစ်​ကြီး​အ​နီး​မှာ​ချည်​နှောင်​ထား​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို​ဖြေ​လွှတ်​လော့'' ဟု​ဆို​၏။-
REV 9:15 ထို​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည်​အ​နှောင် အ​ဖွဲ့​မှ​လွတ်​မြောက်​၍​သွား​ကြ​၏။ သူ​တို့​သည် ဤ​မည်​သော​နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​နာ​ရီ​၌​ကမ္ဘာ ၏​လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​ကို​သုတ်​သင်​ပစ်​ရန် အ​တွက်​အ​သင့်​ရှိ​နေ​သူ​များ​ဖြစ်​ကြ​၏။-
REV 9:16 မြင်း​စီး​သူ​ရဲ​များ​၏​အ​ရေ​အ​တွက်​မှာ​ကု​ဋေ နှစ်​ဆယ်​ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။-
REV 9:17 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်း​စီး​သူ​ရဲ​များ​သည်​ကန့် ရောင်၊ အ​ပြာ​ရောင်၊ မီး​လျှံ​ရောင်​ရှိ​သော​ရင်​အုပ် တန်​ဆာ​များ​ကို​ဝတ်​ဆင်​ထား​ကြ​သည်​ကို​ငါ မြင်​ရ​၏။ မြင်း​တို့​၏​ဦး​ခေါင်း​များ​သည်​ခြင်္သေ့ ဦး​ခေါင်း​များ​နှင့်​တူ​၏။ သူ​တို့​၏​ခံ​တွင်း​မှ​မီး လျှံ၊ မီး​ခိုး၊ ကန့်​များ​ထွက်​လာ​၏။-
REV 9:18 ယင်း​သို့​ခံ​တွင်း​မှ​ထွက်​သည့်​မီး​လျှံ၊ မီး​ခိုး၊ ကန့်​တည်း​ဟူ​သော​ဘေး​သုံး​ပါး​ကြောင့်​ကမ္ဘာ လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​ကုန်​၏။-
REV 9:19 မြင်း​တို့​၏​တန်​ခိုး​စွမ်း​ရည်​သည်​သူ​တို့​၏​ခံ​တွင်း နှင့်​အ​မြီး​တွင်​ရှိ​၏။ သူ​တို့​၏​အ​မြီး​များ​သည် မြွေ​များ​နှင့်​တူ​၏။ ထို​အ​မြီး​များ​တွင်​ဦး​ခေါင်း များ​ပေါက်​လျက်​ယင်း​အ​မြီး​များ​ဖြင့်​လူ​တို့ အား​အန္တ​ရာယ်​ပြု​ကြ​၏။
REV 9:20 ဤ​ဘေး​ဒဏ်​ဖြင့်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့ သည်​နောင်​တ​မ​ရ​ကြ။ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ် သည့်​ဘု​ရား​များ​ကို​မ​စွန့်​လွှတ်​ကြ။ နတ်​မိစ္ဆာ များ​ကို​လည်း​ကောင်း၊ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ မ​လှုပ်​မ​ရှား​နိုင်​သော​ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သား​စ​သည်​ဖြင့်​ပြီး​သော​ရုပ်​တု​များ​ကို​လည်း ကောင်း​ကိုး​ကွယ်​လျက်​ပင်​ရှိ​နေ​ကြ​သေး​၏။-
REV 9:21 လူ​အ​သက်​ကို​သတ်​ခြင်း၊ စုန်း​နတ်​ပြု​စား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ခိုး​ခြင်း အ​ပြစ်​များ​အ​တွက်​လည်း​နောင်​တ​မ​ရ​ကြ။
REV 10:1 ထို​နောက်​ကောင်း​ကင်​မှ​ခွန်​အား​ကြီး​မား​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​ဆင်း​သက်​လာ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ကို​ဝတ်​ဆင် ၍​သူ​၏​ဦး​ခေါင်း​ပတ်​လည်​တွင်​သက်​တန့်​ရှိ​၏။ သူ​၏​မျက်​နှာ​သည်​နေ​နှင့်​တူ​၏။ သူ​၏​ခြေ ထောက်​တို့​သည်​မီး​ဖြင့်​ပြီး​သော​တိုင်​များ နှင့်​တူ​၏။-
REV 10:2 သူ​သည်​ဖွင့်​ထား​သော​စာ​စောင်​ငယ်​ကို​ကိုင် ထား​၏။ လက်ယာ​ခြေ​ဖြင့်​ပင်​လယ်​ပေါ်​၌​လည်း ကောင်း၊ လက်​ဝဲ​ခြေ​ဖြင့်​ကုန်း​မြေ​ပေါ်​၌​လည်း ကောင်း​ရပ်​လျက်၊-
REV 10:3 ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ကျယ်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​၏။ ယင်း​သို့​ကြွေး​ကြော်​လိုက်​သော အ​ခါ​မိုး​ကြိုး​သံ​ခု​နစ်​ချက်​မြည်​လေ​၏။-
REV 10:4 ထို​အ​ချိန်​၌​မိုး​ကြိုး​သံ​တို့​က​မိန့်​မြွက်​သည့် စ​ကား​ကို ငါ​သည်​ရေး​မှတ်​မည်​ပြု​သော်``မ​ရေး မ​မှတ်​နှင့်။ မိုး​ကြိုး​သံ​ခု​နစ်​ချက်​မိန့်​မြွက်​သည့် စ​ကား​ကို​လျှို့​ဝှက်​ထား​လော့'' ဟု​ကောင်း​ကင် မှ​ထွက်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။
REV 10:5 ထို​နောက်​ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ သော​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​လက်ယာ ကို​ကောင်း​ကင်​သို့​မြှောက်​ချီ​ကာ၊-
REV 10:6 ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊-
REV 10:7 သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​၌ ကိုယ်​တော်​သည်​မိ​မိ​၏​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပြီး​မြောက်​စေ တော်​မူ​မည်'' ဟု​ဆို​လေ​သည်။
REV 10:8 ကောင်း​ကင်​မှ​ငါ​ကြား​ရ​သည့်​မိန့်​မြွက်​သံ​က ငါ့​အား``သွား​လော့။ ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ် တွင်​ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​လက် ၌​ဖွင့်​ထား​သော​စာ​စောင်​ကို​ယူ​လော့'' ဟု​ဆို ပြန်​၏။
REV 10:9 သို့​ဖြစ်​၍​ငါ​သည်​ထို​ကောင်း​ကင်​တ​မန်​ထံ သို့​သွား​ပြီး​လျှင် စာ​စောင်​ငယ်​ကို​ပေး​ရန် တောင်း​၏။ ကောင်း​ကင်​တ​မန်​က``ဤ​စာ​စောင် ကို​ယူ​၍​စား​လော့။ သင်​၏​ဝမ်း​ကို​ခါး​စေ လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​ခံ​တွင်း​၌​ပျား ရည်​ကဲ့​သို့​ချို​လိမ့်​မည်'' ဟု​ဆို​၏။
REV 10:10 ငါ​သည်​ကောင်း​ကင်​တ​မန်​၏​လက်​မှ​စာ​စောင် ငယ်​ကို​ယူ​၍​စား​၏။ ထို​စာ​စောင်​သည်​ငါ​၏ ခံ​တွင်း​၌​ပျား​ရည်​ကဲ့​သို့​ချို​၏။ ဝမ်း​တွင်း သို့​ရောက်​သော​အ​ခါ​၌​မူ​ခါး​လေ​သည်။-
REV 10:11 ထို​နောက်​ကောင်း​ကင်​တ​မန်​က``သင်​သည် များ​စွာ​သော​တိုင်း​နိုင်​ငံ​များ၊ ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​များ၊ ရှင် ဘု​ရင်​များ​၏​အ​ကြောင်း​နှင့်​စပ်​လျဉ်း​သည့် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​နောက် တစ်​ဖန်​ဟော​ကြား​ရ​ဦး​မည်'' ဟု​ငါ့​အား ဆို​၏။
REV 11:1 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား တိုင်း​တာ​ရန် ကူ​ရိုး​တစ်​ချောင်း​ကို​ပေး​ပြီး လျှင်``ထ​၍​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​နှင့် ယဇ်​ပလ္လင်​ကို​တိုင်း​လော့။ ထို​အ​ရပ်​တွင်​ဝတ် ပြု​ကိုး​ကွယ်​နေ​သူ​တို့​ကို​လည်း​ရေ​တွက် လော့။-
REV 11:2 ဗိမာန်​တော်​အြုပင်​တံ​တိုင်း​ကို​မ​တိုင်း​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​ကို​လူ​မျိုး ခြား​တို့​အား​ပေး​အပ်​ထား​သော​ကြောင့်​ဖြစ် ၏။ သူ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြို့ တော်​ကို​လေး​ဆယ်​နှစ်​လ​တိုင်​တိုင်​ခြေ​ဖြင့် နင်း​ကြ​လိမ့်​မည်။-
REV 11:3 ငါ​၏​သက်​သေ​ခံ​နှစ်​ပါး​အား​ငါ​စေ​လွှတ် မည်။ သူ​တို့​သည်​လျှော်​တေ​အ​ဝတ်​ကို​ဝတ်​၍ ရက်​ပေါင်း​တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​တိုင် တိုင် ဗျာ​ဒိတ်​တော်​ကို​ဟော​ကြား​ကြ​လိမ့် မည်'' ဟု​ဆို​၏။
REV 11:4 ထို​သက်​သေ​ခံ​နှစ်​ပါး​ကား​ကမ္ဘာ​မြေ​ကြီး ကို​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌ ရှိ​သော​သံ​လွင်​ပင်​နှစ်​ပင်​နှင့်​မီး​ခွက်​နှစ် လုံး​တို့​ဖြစ်​၏။-
REV 11:5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​သက်​သေ ခံ​နှစ်​ပါး​အား​အန္တ​ရာယ်​ပြု​လျှင် သူ​တို့​၏​ခံ တွင်း​မှ​မီး​လျှံ​များ​ထွက်​၍​ထို​သူ့​ကို​ကျွမ်း လောင်​စေ​လေ​သည်။ သူ​တို့​အား​အန္တ​ရာယ်​ပြု ကြ​ရန်​ကြိုး​စား​သူ​မှန်​သ​မျှ​ပင် ဤ​နည်း အ​တိုင်း​သေ​ကြ​ရ​မည်​သာ​ဖြစ်​၏။-
REV 11:6 ထို​သူ​တို့​မှာ​ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော သည့်​အ​ချိန်​ကာ​လ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် မိုး​ကောင်း​ကင်​ကို​ပိတ်​နိုင်​သော​တန်​ခိုး​ရှိ​၏။ ရေ​ကို​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင် သော​တန်​ခိုး​လည်း​ရှိ​၏။ သူ​တို့​သည်​မိ​မိ တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​ကမ္ဘာ​မြေ​ကြီး ကို​ဘေး​ဒဏ်​အ​မျိုး​မျိုး​သင့်​စေ​နိုင်​၏။-
REV 11:7 သို့​ရာ​တွင်​သူ​တို့​ဟော​ပြော​ကြေ​ညာ​သည့် အ​လုပ်​ပြီး​စီး​သော​အ​ခါ​၌ တွင်း​နက်​ကြီး ထဲ​မှ​သား​ရဲ​သည်​တက်​လာ​၍​သူ​တို့​အား တိုက်​ခိုက်​အောင်​မြင်​သတ်​ဖြတ်​ပစ်​လိမ့်​မည်။-
REV 11:8 သူ​တို့​၏​အ​လောင်း​များ​သည်​မြို့​ကြီး​များ ၏​လမ်း​ပေါ်​တွင်​ကျန်​ရစ်​ကြ​လိမ့်​မည်။ ထို​မြို့ ကား​သူ​တို့​၏​အ​ရှင်​သ​ခင်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​အ​သတ်​ခံ​ရာ​မြို့​ဖြစ်​၏။ ယင်း​မြို့ သည် သော​ဒုံ​မြို့​သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​ကို သ​ရုပ်​ဆောင်​သော​မြို့​ဖြစ်​သ​တည်း။-
REV 11:9 တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို ပြော​ကြ​သော​လူ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် သူ​တို့​၏​အ​လောင်း​များ​ကို သင်္ဂြိုဟ်​ရန်​ခွင့်​မ​ပြု​ဘဲ သုံး​ရက်​ခွဲ​တိုင်​အောင် ကြည့်​နေ​ကြ​လိမ့်​မည်။-
REV 11:10 ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
REV 11:11 ထို​နောက်​သုံး​ရက်​ခွဲ​ကြာ​သော​အ​ခါ​ဘု​ရား သခင်​၏​ထံ​တော်​မှ​အ​သက်​ဝိ​ညာဉ်​သည် ထို​သူ တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့်​သူ​တို့​သည်​ထ​၍ မတ်​တတ်​ရပ်​ကြ​၏။ ဤ​အ​ချင်း​အ​ရာ​ကို တွေ့​မြင်​သူ​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် လည်း​ထိတ်​လန့်​ကြ​ကုန်​၏။-
REV 11:12 ထို​နောက်​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်``ဤ​အ​ရပ် သို့​တက်​ခဲ့​လော့'' ဟု​ကောင်း​ကင်​မှ​မိ​မိ​တို့ အား​ကျယ်​စွာ​ပြော​သော​အ​သံ​ကို​ကြား​ကြ ရ​၏။ သူ​တို့​သည်​ရန်​သူ​များ​စောင့်​ကြည့်​နေ စဉ် မိုး​တိမ်​တိုက်​ကို​စီး​၍​ကောင်း​ကင်​သို့​တက် သွား​ကြ​၏။-
REV 11:13 ထို​ခ​ဏ​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​သ​ဖြင့် မြို့​ကြီး​၏​ဆယ်​ပုံ​တစ်​ပုံ​ပျက်​စီး​၍​လူ​ပေါင်း ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ တို့​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ကုန်​၏။
REV 11:14 ဒု​တိ​ယ​အ​မင်္ဂလာ​ကား​ကုန်​လွန်​သွား​လေ​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည်​မ​ကြာ​မီ​လာ လိမ့်​မည်။
REV 11:15 ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။-
REV 11:16 ထို​အ​ခါ​ဘု​ရား​သခင်​၏​ရှေ့​တော်​ရှိ​ပလ္လင်​ပေါ် ၌ ထိုင်​လျက်​နေ​သော​အ​ကြီး​အ​ကဲ​နှစ်​ဆယ့် လေး​ပါး​တို့​သည်​ဘု​ရား​သ​ခင်​အား​ပျပ် ဝပ်​ရှိ​ခိုး​လျက်၊
REV 11:17 ``ပစ္စုပ္ပန်၊အ​တိတ်​ကာ​လ​တို့​၌​ရှိ​တော်​မူ​သော အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​မိ​မိ​၏​မ​ဟာ​တန်​ခိုး​တော် ကို သုံး​တော်​မူ​လျက် လော​က​ကို​အုပ်​စိုး​တော်​မူ​ပြီ​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။
REV 11:18 ကိုယ်​တော်​၏​အ​မျက်​တော်​သက်​ရောက်​ရာ ကာ​လ​သည်​လည်း​ကောင်း၊ သေ​လွန်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​သည်​လည်း​ကောင်း ယ​ခု​အ​ခါ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍​လူ​မျိုး အ​ပေါင်း​တို့​သည်​အ​မျက်​ထွက်​ကြ​ပါ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ၊ ကိုယ်​တော်​၏ လူ​စု​ဝင်​အ​ပေါင်း၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ၊အ​ကြီး အ​ငယ်​တို့ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ရန် အ​ချိန်​ကာ​လ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ ကြီး​ကို ပျက်​စီး​စေ​သူ​တို့ ပျက်​စီး​ရ​မည့်​အ​ချိန်​ကာ​လ​သည်​လည်း ကောင်း ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​၏။-
REV 11:19 ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။
REV 12:1 ထို​နောက်​မိုး​ကောင်း​ကင်​တွင်​အ​တိတ်​နိ​မိတ် ကြီး​တစ်​ရပ်​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​နေ​ကို​ဝတ်​ရုံ ကာ၊ လ​၏​အ​ပေါ်​တွင်​ခြေ​တင်​၍​ကြယ်​တစ် ဆယ့်​နှစ်​လုံး​ပါ​သည့်​သ​ရ​ဖူ​ကို​ဆောင်း​၍ ထား​၏။-
REV 12:2 သူ​သည်​မ​ကြာ​မီ​သား​ဖွား​မည်​ဖြစ်​၍​သား ဖွား​ခြင်း​ဝေ​ဒ​နာ​ဖြင့်​အော်​လျက်​နေ​၏။
REV 12:3 မိုး​ကောင်း​ကင်​တွင်​အ​ခြား​အ​တိတ်​နိ​မိတ် တစ်​ရပ်​ပေါ်​လာ​ပြန်​၏။ ဦး​ခေါင်း​ခု​နစ်​လုံး၊ ဦး ချို​ဆယ်​ချောင်း​ရှိ​သော​နဂါး​နီ​ကြီး​တစ်​ကောင် သည်​မိ​မိ​၏​ဦး​ခေါင်း​များ​ပေါ်​တွင်​သ​ရ​ဖူ ခု​နစ်​လုံး​ကို​ဆောင်း​၍​ထား​၏။-
REV 12:4 သူ​သည်​မိုး​ကောင်း​ကင်​က​ကြယ်​တာ​ရာ​သုံး​ပုံ တစ်​ပုံ​ကို မိ​မိ​အ​မြီး​ဖြင့်​ဆွဲ​ငင်​ကာ​ကမ္ဘာ​မြေ ပေါ်​သို့​ပစ်​ချ​လိုက်​၏။ နဂါး​ကြီး​သည်​သား​ဖွား အံ့​ဆဲ​ဆဲ​ဖြစ်​သော​အ​မျိုး​သ​မီး​၏​ရှေ့​တွင် ရပ်​လျက် ထို​အ​မျိုး​သ​မီး​သား​ဖွား​သည်​နှင့် တစ်​ပြိုင်​နက်​သား​ငယ်​ကို​စား​မျို​ရန်​စောင့် ၍​နေ​၏။-
REV 12:5 ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​လူ​မျိုး​တ​ကာ တို့​ကို သံ​လှံ​တံ​ဖြင့်​အုပ်​စိုး​မည့်​သား​ယောကျာ်း ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင်​ထို​သား​ငယ် သည်​သူ​၏​မိ​ခင်​ထံ​မှ​ဘု​ရား​သ​ခင်​စံ​တော် မူ​ရာ​ပလ္လင်​တော်​သို့​ချီ​ယူ​ခြင်း​ကို​ခံ​ရ​၏။-
REV 12:6 အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​တွင်​ဘု​ရား သ​ခင်​ပြင်​ဆင်​ထား​တော်​မူ​သော​အ​ရပ်​သို့ ထွက်​ပြေး​လေ​၏။ ထို​အ​ရပ်​တွင်​သူ​သည်​ရက် ပေါင်း ၁၂၆၀ အ​ထိ​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၏။
REV 12:7 ထို​နောက်​ကောင်း​ကင်​၌​စစ်​ဖြစ်​လေ​သည်။ မိက္ခေ​လ နှင့်​သူ​၏​ကောင်း​ကင်​တ​မန်​များ​သည် န​ဂါး ကို​တိုက်​ခိုက်​ကြ​၏။ န​ဂါး​နှင့်​သူ​၏​ဘက်​သား ကောင်း​ကင်​တ​မန်​တို့​က​ပြန်​လှန်​တိုက်​ခိုက် ကြ​သော်​လည်း၊-
REV 12:8 အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။ သူ​တို့​သည်​ကောင်း ကင်​တွင်​နေ​ရန်​အ​ခွင့်​မ​ရ​ကြ​တော့​ချေ။-
REV 12:9 ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​လှည့်​ဖြား​သူ​နတ် မိစ္ဆာ​ဘု​ရင်​ဟူ​၍​လည်း​ကောင်း၊ စာ​တန်​ဟူ​၍ လည်း​ကောင်း​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ​ရှေး​မြွေ န​ဂါး​ကြီး​သည် မိ​မိ​၏​ဘက်​သား​ကောင်း​ကင် တ​မန်​များ​နှင့်​အ​တူ​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ ခြင်း​ကို​ခံ​ရ​လေ​သည်။
REV 12:10 ထို​နောက်​ကောင်း​ကင်​မှ​ကျယ်​စွာ​သော​အ​သံ က``ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​၏​ကယ်​တင် ခြင်း​သက်​ရောက်​လာ​လေ​ပြီ။ ယ​ခု​အ​ခါ ဘု​ရား​သ​ခင်​သည်​ဘု​ရင်​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။ ခ​ရစ်​တော်​သည်​လည်း​သူ​၏​အာ ဏာ​တော်​စက်​ကို​ပြ​တော်​မူ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​ညီ​အစ်​ကို​များ အား​နေ့​ရော​ညဥ့်​ပါ ငါ​တို့​၏​ဘု​ရား​သ​ခင် ရှေ့​တော်​တွင် ပြစ်​တင်​စွပ်​စွဲ​လျက်​နေ​သူ​ကို ကောင်း​ကင်​ဘုံ​မှ​နှင်​ထုတ်​လိုက်​ပြီ​ဖြစ်​သော ကြောင့်​တည်း။-
REV 12:11 ငါ​တို့​၏​ညီ​အစ်​ကို​များ​သည်​သိုး​သူ​ငယ် တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ တို့​ဟော​ပြော​ကြေ​ညာ​သည့်​နှုတ်​က​ပတ် တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း​စာ​တန် ကို​အောင်​မြင်​ခဲ့​ကြ​၏။ သူ​တို့​သည်​အ​သေ ခံ​သည်​တိုင်​အောင်​မိ​မိ​တို့​အ​သက်​ကို မ​နှ​မြော​ကြ။-
REV 12:12 သို့​ဖြစ်​၍​အ​ချင်း​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် သား​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကုန်း​မြေ နှင့်​ပင်​လယ်​တို့​အ​တွက်​အ​မင်္ဂလာ​ဖြစ်​ပါ​သည် တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော်​နတ်​မိစ္ဆာ​ဘု​ရင် သည် မိ​မိ​၏​နေ့​ရက်​ကာ​လ​အ​နည်း​ငယ်​သာ ကျန်​ရှိ​သည်​ကို​သိ​သ​ဖြင့်​ပြင်း​စွာ​အ​မျက် ထွက်​လျက် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​ပြီ ဖြစ်​သော​ကြောင့်​တည်း'' ဟု​ပြော​သည်​ကို ငါ​ကြား​ရ​၏။
REV 12:13 မိ​မိ​သည်​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ သည်​ကို​န​ဂါး​သိ​သော​အ​ခါ သား​ယောကျာ်း လေး​ဖွား​မြင်​သူ​အ​မျိုး​သ​မီး​အား​လိုက် ၍​ဖမ်း​လေ​၏။-
REV 12:14 အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။-
REV 12:15 နဂါး​သည်​အ​မျိုး​သ​မီး​အား​ရေ​အ​ဟုန်​တွင် မျော​ပါ​သွား​စေ​ရန် မိ​မိ​၏​ခံ​တွင်း​မှ​ရေ​ကို မြစ်​သ​ဖွယ်​မှုတ်​ထုတ်​လိုက်​၏။-
REV 12:16 သို့​ရာ​တွင်​မြေ​ကြီး​သည်​မိ​မိ​၏​ခံ​တွင်း​ကို ဖွင့်​၍ န​ဂါး​မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​ကာ​အ​မျိုး​သ​မီး​အား​ကယ်​ဆယ် လိုက်​သည်။-
REV 12:17 ထို​အ​ခါ​န​ဂါး​သည်​အ​မျက်​ထွက်​သ​ဖြင့် အ​မျိုး​သ​မီး​၏​ကျန်​ကြွင်း​နေ​သေး​သော သား​မြေး​များ​တည်း​ဟူ​သော ဘု​ရား​သ​ခင် ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​၍​သ​ခင် ယေ​ရှု​ဖော်​ပြ​တော်​မူ​သော သမ္မာ​တ​ရား​တော် ကို​သစ္စာ​ရှိ​စွာ​ထိန်း​သိမ်း​သူ​များ​အား​တိုက် ခိုက်​ရန်​ထွက်​ခွာ​သွား​၏။-
REV 12:18 နဂါး​သည်​ပင်​လယ်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​၏။
REV 13:1 ထို​နောက်​ပင်​လယ်​ထဲ​မှ​ဦး​ချို​ဆယ်​ချောင်း နှင့်​ဦး​ခေါင်း​ခု​နစ်​လုံး​ရှိ​သော သား​ရဲ​တစ် ကောင်​တက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​၏ ဦး​ချို​တစ်​ချောင်း​စီ​တွင်​သ​ရ​ဖူ​ဆောင်း​ထား ၏။ သူ​၏​ဦး​ခေါင်း​တစ်​လုံး​စီ​ပေါ်​၌​လည်း ဘု​ရား​သ​ခင်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ သည့်​အ​မည်​နာ​မ​ကို​ရေး​သား​ထား​၏။-
REV 13:2 ငါ​မြင်​ရ​သည့်​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ ၏။ သူ​၏​ခြေ​တို့​သည်​ဝက်​ဝံ​ခြေ​များ​နှင့်​တူ​၍ သူ​၏​နှုတ်​သည်​ခြင်္သေ့​၏​နှုတ်​နှင့်​တူ​၏။ န​ဂါး သည်​မိ​မိ​၏​တန်​ခိုး​နှင့်​မိ​မိ​၏​ပလ္လင်​ကို​လည်း ကောင်း၊ ကြီး​မား​သော​အာ​ဏာ​စက်​ကို​လည်း ကောင်း​ထို​သား​ရဲ​အား​ပေး​အပ်​၏။-
REV 13:3 သူ​၏​ဦး​ခေါင်း​တစ်​လုံး​မှာ​သေ​လောက်​သည့် ဒဏ်​ရာ​ရ​ထား​သ​ကဲ့​သို့​ရှိ​သော်​လည်း ထို ဒဏ်​ရာ​မှာ​ပျောက်​ကင်း​လျက်​နေ​လေ​ပြီ။ ကမ္ဘာ သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ထို​သား​ရဲ အား​အံ့​သြ​လျက်​သူ​၏​နောက်​သို့​လိုက်​ကြ ကုန်​၏။-
REV 13:4 န​ဂါး​သည်​မိ​မိ​၏​အာ​ဏာ​ကို​သား​ရဲ​အား အပ်​နှင်း​ပေး​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​န​ဂါး ကို​ကိုး​ကွယ်​ကြ​၏။ လူ​တို့​က``ဤ​သား​ရဲ​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ သူ့​အား​အ​ဘယ် သူ​ဆိုင်​ပြိုင်​တိုက်​ခိုက်​နိုင်​ပါ​သ​နည်း'' ဟု​ဆို လျက်​သား​ရဲ​ကို​လည်း​ရှိ​ခိုး​ကြ​၏။
REV 13:5 ထို​သား​ရဲ​သည်​ကြွား​ဝါ​၍​ဘု​ရား​သ​ခင်​အား ပြစ်​မှား​ပြော​ဆို​ခွင့်​ကို​လည်း​ကောင်း၊ လေး​ဆယ့် နှစ်​လ​ပတ်​လုံး​အုပ်​စိုး​ပိုင်​ခွင့်​ကို​လည်း​ကောင်း ရ​ရှိ​ထား​၏။-
REV 13:6 သူ​သည်​ဘု​ရား​သ​ခင်​နှင့်​ကိုယ်​တော်​၏​နာ​မ တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်း​ဝပ်​တော် မူ​ရာ​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​တွင်​စံ​စား သူ​တို့​ကို​လည်း​ကောင်း​ပြစ်​မှား​ပြော​ဆို​ရန် မိ​မိ​၏​နှုတ်​ကို​ဖွင့်​လေ​၏။-
REV 13:7 သူ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား​တိုက် ခိုက်​၍ အ​နိုင်​ရ​ခွင့်​နှင့်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ အ​မျိုး​အ​နွယ်​ခပ်​သိမ်း​အား အုပ်​စိုး​ပိုင်​ခွင့်​ကို လည်း​ရ​ရှိ​ပေ​သည်။-
REV 13:8 အ​သေ​သတ်​ခြင်း​ခံ​ရ​သည့်​သိုး​သူ​ငယ်​တော် ၏​အ​သက်​စာ​စောင်​တွင် ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မ​မူ​မီ​က​ပင် စာ​ရင်း​ဝင်​သူ​တို့​မှ တစ်​ပါး​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ထို​သား​ရဲ​အား​ရှိ​ခိုး​ကြ​လိမ့်​မည်။
REV 13:9 ``ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ပါ​စေ။-
REV 13:10 အ​ဖမ်း​ခံ​ရ​မည့်​သူ​သည်​အ​ဖမ်း​ခံ​ရ​မည် သာ​ဖြစ်​သည်။ ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည့်​သူ​သည် လည်း​ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည်​သာ​ဖြစ်​၏။ ဤ အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​သည်​တည်​ကြည်​သူ​များ၊ သစ္စာ​ရှိ​သူ များ​ဖြစ်​ရန်​လို​ပေ​သည်။
REV 13:11 ထို​နောက်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​ငါ​မြင် ရ​၏။ သူ​သည်​မြေ​ကြီး​ထဲ​မှ​ထွက်​လာ​၏။ သူ့ မှာ​သိုး​ချို​နှင့်​တူ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​၏။ သူ​သည်​န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။-
REV 13:12 သူ​သည်​ပ​ထ​မ​သား​ရဲ​၏​အာ​ဏာ​ရှိ​သ​မျှ ကို​ထို​သား​ရဲ​၏​ရှေ့​တွင်​သုံး​စွဲ​၏။ သူ​သည် သေ​လောက်​သည့်​ဒဏ်​ရာ​ပျောက်​ကင်း​သွား​သည့် ပ​ထ​မ​သား​ရဲ​ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​ကိုး​ကွယ်​စေ​၏။-
REV 13:13 ဒု​တိ​ယ​သား​ရဲ​သည်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​၏။ လူ​အ​ပေါင်း​တို့​မျက်​မှောက် ၌​ကောင်း​ကင်​မှ​ကမ္ဘာ​မြေ​ပေါ်​သို့​မီး​များ ကျ​လာ​စေ​၏။-
REV 13:14 သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။-
REV 13:15 ထို​ရုပ်​တု​သည်​စ​ကား​ပြော​နိုင်​ရန်​လည်း ကောင်း၊ မိ​မိ​အား​မ​ရှိ​ခိုး​သူ​အ​ပေါင်း​တို့ အား​သေ​စေ​နိုင်​ရန်​လည်း​ကောင်း ဒု​တိ​ယ သား​ရဲ​သည်​ထို​ရုပ်​တု​ကို​အ​သက်​သွင်း ပေး​ခွင့်​ကို​လည်း​ရ​၏။-
REV 13:16 ထို​သား​ရဲ​သည်​ကြီး​မြတ်​သူ​နှင့်​သိမ်​ငယ်​သူ၊ ချမ်း​သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ကျွန်​နှင့်​ကျွန်​မ ဟုတ်​သူ​ရှိ​ရှိ​သ​မျှ​သော​လူ​တို့​အား​လက် ယာ​လက်​တွင်​ဖြစ်​စေ၊ န​ဖူး​တွင်​ဖြစ်​စေ​မိ​မိ ၏​အ​မှတ်​တံ​ဆိပ်​ရိုက်​နှိပ်​ထား​စေ​၏။-
REV 13:17 ထို​အ​မှတ်​တံ​ဆိပ်​တည်း​ဟူ​သော​သား​ရဲ​၏ နာ​မည် သို့​မ​ဟုတ်​ကိုယ်​စား​ပြု​သည့်​ကိန်း ဂ​ဏန်း​ကို ရိုက်​နှိပ်​ထား​သူ​မှ​တစ်​ပါး​အ​ဘယ် သူ​မျှ​ကုန်​ရောင်း​ကုန်​ဝယ်​ခွင့်​မ​ရ။
REV 13:18 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​ရှိ​ရန်​လို ပေ​သည်။ ဉာဏ်​ပ​ညာ​ရှိ​သူ​သည်​သား​ရဲ​၏ ကိန်း​ဂ​ဏန်း​အ​နက်​ကို​တွက်​ချက်​ကြည့်​နိုင် ၏။ ထို​ကိန်း​ဂ​ဏန်း​သည်​လူ​တစ်​ယောက်​၏ နာ​မည်​ကို​ကိုယ်​စား​ပြု​၏။ ထို​ကိန်း​ဂ​ဏန်း မှာ​ခြောက်​ရာ​ခြောက်​ဆယ့်​ခြောက်​ဖြစ် သ​တည်း။
REV 14:1 ထို​နောက်​ကြည့်​လိုက်​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​တွင် သိုး​သူ​ငယ်​တော်​ရပ်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​၏​နာ​မ​နှင့်​ခ​မည်း​တော်​၏​နာ​မ တော်​ကို​န​ဖူး​တွင် ရေး​မှတ်​ထား​သူ​လူ​ပေါင်း တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည် သိုး သူ​ငယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။-
REV 14:2 ကောင်း​ကင်​မှ​သမု​ဒ္ဒ​ရာ​ဟုန်း​သံ​နှင့်​မိုး​ချုန်း သံ​ကြီး​ကဲ့​သို့​သော​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​စောင်း​သ​မား​များ​တီး​သည့် စောင်း​သံ​နှင့်​တူ​၏။-
REV 14:3 ထို​သူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့ သည် ပလ္လင်​တော်​ရှေ့​၌​လည်း​ကောင်း၊ သက်​ရှိ သတ္တ​ဝါ​လေး​ပါး​နှင့်​အ​ကြီး​အ​ကဲ​များ​၏ ရှေ့​၌​လည်း​ကောင်း​ရပ်​လျက်​သီ​ချင်း​သစ်​ကို သီ​ဆို​ကြ​၏။ လူ​သား​အ​ပေါင်း​တို့​အ​ထဲ မှ​ရွေး​နုတ်​ကယ်​တင်​ခြင်း​ခံ​ရ​သူ၊ လူ​တစ် သိန်း​လေး​သောင်း​လေး​ထောင်​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​သူ​မျှ​ထို​သီ​ချင်း ကို​မ​သီ​ဆို​တတ်။-
REV 14:4 ထို​သူ​တို့​သည်​ကာ​မ​ဂုဏ်​ခံ​စား​မှု​နှင့်​ကင်း လွတ်​သူ​လူ​ပျို​စင်​များ​ဖြစ်​၍ သိုး​သူ​ငယ် တော်​သွား​လေ​ရာ​အ​ရပ်​သို့​လိုက်​ကြ​၏။ သူ တို့​သည်​လူ​သား​တို့​အ​နက်​က​ရွေး​နုတ် ကယ်​တင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘု​ရား​သခင်​နှင့် သိုး​သူ​ငယ်​တော်​အား အ​ဦး​ဆုံး​ဆက်​သ ခြင်း​ခံ​ရ​သူ​များ​ဖြစ်​ကြ​သ​တည်း။-
REV 14:5 သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ လိမ်​လည်​၍ မ​ပြော​တတ်။ အ​ပြစ်​ကင်း​စင်​သူ​များ​ဖြစ် ပေ​သည်။
REV 14:6 ထို​နောက်​ကောင်း​ကင်​အ​လယ်​တွင် ကောင်း​ကင် တ​မန်​တစ်​ပါး​ပျံ​ဝဲ​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​သည်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို​ပြော​ဆို​သူ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​အား ကြေ​ညာ ရန်​ထာ​ဝ​ရ​သ​တင်း​ကောင်း​ကို​ယူ​ဆောင် လာ​၏။-
REV 14:7 ထို​ကောင်း​ကင်​တ​မန်​က``ဘု​ရား​သ​ခင်​တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​သည်​ကျ​ရောက်​၍​လာ လေ​ပြီ။ ထို​ကြောင့်​ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊ ပင်​လယ် နှင့်​စမ်း​ပေါက်​များ​ကို​လည်း​ကောင်း​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ကို​ရှိ​ခိုး​ကြ​လော့'' ဟု အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​လေ​၏။
REV 14:8 ထို​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​ပေါ်​လာ ပြီး​လျှင်၊ ``ဗာ​ဗု​လုန်​မြို့​ကြီး​ပြို​ပျက်​လေ​ပြီ၊ ပြို​ပျက်​လေ​ပြီ။ ထို​မြို့​သည်​ကာ​မ​ဂုဏ်​လိုက် စား​မှု​တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို​လူ​မျိုး တ​ကာ​တို့​အား​တိုက်​လေ​ပြီ'' ဟု​ကြွေး​ကြော်​၏။
REV 14:9 ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန် ပေါ်​လာ လျက် ``သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​၍ မိ​မိ ၏​န​ဖူး​သို့​မ​ဟုတ်​လက်​တွင် ထို​သား​ရဲ​၏ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​ထား​သော​သူ​သည်၊-
REV 14:10 ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား​မှ ပြင်း ထန်​သော​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် ရည်​ကို​သောက်​ရ​လိမ့်​မည်။ မြင့်​မြတ်​သန့်​ရှင်း သော​ကောင်း​ကင်​တ​မန်​များ​နှင့်​သိုး​သူ​ငယ် တော်​၏​ရှေ့​၌ ကန့်​နှင့်​မီး​ထဲ​တွင်​နှိပ်​စက်​ညှဉ်း ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
REV 14:11 ထို​မီး​လျှံ​မှ​မီး​ခိုး​သည် ထာ​ဝ​စဉ်​အ​ထက် သို့​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို ရှိ​ခိုး​၍ သား​ရဲ​၏​နာ​မည်​တံ​ဆိပ်​နှိပ်​ခြင်း​ခံ​ရ သူ​အ​ပေါင်း​တို့​သည် နေ့​ရော​ညဥ့်​ပါ​သက်​သာ ရာ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​သံ​ကျယ်​စွာ ကြွေး​ကြော်​လေ​၏။
REV 14:12 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​စောင့်​ထိန်း​၍ ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​သည် ဤ​အ​ခြေ​အ​နေ​မျိုး​၌​ခံ နိုင်​ရည်​ရှိ​ရန်​လို​ပေ​သည်။
REV 14:13 ထို​နောက်​ကောင်း​ကင်​မှ``ရေး​မှတ်​လော့။ ယ​ခု​အ​ချိန် မှ​စ​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် လျက် သေ​ဆုံး​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏'' ဟု​ဆို သော​အ​သံ​ကို​ငါ​ကြား​ရ​၏။ ဝိညာဉ်​တော်​က​လည်း ``ဤ​အ​တိုင်း​မှန်​ပေ​၏။ သူ​တို့​သည်​ဆင်း​ရဲ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခြင်း​မှ ရပ်​နား​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​လုပ်​ဆောင် ချက်​အ​ကျိုး​သည် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
REV 14:14 တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။-
REV 14:15 အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန် တော်​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​လျက် နေ​သူ​အား``ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​စ​ပါး​များ ကောင်း​စွာ​မှည့်​ပြီ​ဖြစ်​၍​ရိတ်​သိမ်း​ရန်​အ​ချိန် ကျ​ရောက်​လေ​ပြီ။ ထို့​ကြောင့်​ကိုယ်​တော်​၏ တံ​စဉ်​ကို​ယူ​၍​ရိတ်​သိမ်း​တော်​မူ​ပါ'' ဟု အ​သံ​ကျယ်​စွာ​ပြော​ဆို​၏။-
REV 14:16 သို့​ဖြစ်​၍​မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သူ​သည် မိ​မိ ၏​တံ​စဉ်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​ဝှေ့​ယမ်း​ကာ​ကမ္ဘာ မြေ​ကြီး​က​စ​ပါး​များ​ကို​ရိတ်​တော်​မူ​၏။
REV 14:17 ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ​ရှိ​ဗိ​မာန်​တော်​မှ​ထွက်​လာ​၏။ ထို သူ​သည်​လည်း​ထက်​သော​တံ​စဉ်​ကို​ကိုင်​ထား​၏။
REV 14:18 ထို​နောက်​မီး​ကို​အ​စိုး​ရ​သော​ကောင်း​ကင်​တ​မန် သည် ယဇ်​ပလ္လင်​တော်​မှ​ထွက်​လာ​၏။ သူ​သည်​တံ​စဉ် ကို​ကိုင်​ထား​သည့်​ကောင်း​ကင်​တ​မန်​အား``သင်​၏ တံ​စဉ်​ကို​ယူ​၍ ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​တို့ ကို​ရိတ်​သိမ်း​လော့။ စ​ပျစ်​သီး​များ​မှည့်​လေ​ပြီ'' ဟု​အ​သံ​ကျယ်​စွာ​ပြော​၏။-
REV 14:19 သို့​ဖြစ်​၍​ထို​ကောင်း​ကင်​တ​မန်​သည် မိ​မိ​တံ​စဉ် ကို​ယူ​၍​ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​များ​ကို ရိတ်​သိမ်း​လေ​၏။ ထို​နောက်​စ​ပျစ်​သီး​များ​ကို ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​သို့​သွန်​ချ​လိုက် ၏။-
REV 14:20 စ​ပျစ်​သီး​များ​ကို​မြို့​ပြင်​တွင်​နယ်​၍​စ​ပျစ် သီး​နယ်​ရာ​ကျင်း​မှ​သွေး​ချောင်း​စီး​ထွက်​၍ လာ​၏။ ထို​သွေး​ချောင်း​သည်​အ​လျား​မိုင်​နှစ်​ရာ၊ အ​နက်​ငါး​ပေ​ခန့်​ရှိ​သ​တည်း။
REV 15:1 ထို​နောက်​ငါ​သည်​ကောင်း​ကင်​တွင်​အံ့​သြ​ဖွယ် ကောင်း​သည့် အ​တိတ်​နိ​မိတ်​ကြီး​တစ်​ရပ်​ကို​မြင် ရ​ပြန်​၏။ ထို​အ​တိတ်​နိ​မိတ်​ကား​ကပ်​ခု​နစ်​ပါး ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ် ပါး​ဖြစ်​၏။ ထို​ကပ်​ရော​ဂါ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​ကို​နောက်​ဆုံး​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​ဖြစ်​၍ နောက်​ဆုံး​ကျ ရောက်​လာ​မည့်​ကပ်​များ​ဖြစ်​ပေ​သည်။
REV 15:2 ထို​နောက်​ငါ​သည်​မီး​နှင့်​ရော​သည့်​ဖန်​ရေ​ကန် နှင့်​တူ​သော​အ​ရာ​တစ်​ခု​ကို​မြင်​ရ​၏။ သား​ရဲ နှင့်​သူ​၏​ရုပ်​တု​အား​လည်း​ကောင်း၊ ကိန်း​ဂ​ဏန်း ၏​နာ​မည်​ကို​ပိုင်​ဆိုင်​သူ​အား​လည်း​ကောင်း၊ အ​နိုင်​ရ​သူ​များ​ကို​လည်း​ငါ​မြင်​ရ​၏။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​စောင်း​များ ကို​ကိုင်​လျက်​ဖန်​ရေ​ကန်​အ​နီး​တွင်​ရပ်​လျက် နေ​ကြ​၏။-
REV 15:3 သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​လှ ပါ​သည်​တ​ကား။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်၊ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​သည် အ​လွန်​မျှ​တ​မှန်​ကန်​လှ​ပါ​သည်​တ​ကား။
REV 15:4 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​အား​မ​ကြောက်​ရွံ့ မ​ရို​သေ​ဘဲ​အ​ဘယ်​သူ​နေ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် တ​ရား​မျှ​တ​ကြောင်း​ပေါ်​လွင်​ထင်​ရှား​သ​ဖြင့် လူ​မျိုး​တ​ကာ​တို့​သည်​ရှေ့​တော်​သို့​လာ​၍ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​ပါ​လိမ့်​မည်'' ဟူ​၍​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​၏ သီ​ချင်း​နှင့် သိုး​သူ​ငယ်​တော်​၏​သီ​ချင်း​ကို သီ​ဆို​လျက်​နေ​ကြ​၏။
REV 15:5 ထို​နောက်​ကောင်း​ကင်​ဘုံ​၌​ပ​ဋိ​ညာဉ်​တဲ​တော်​ရှိ သော ဗိ​မာန်​တော်​သည်​ပွင့်​၍​လာ​သည်​ကို​မြင်​ရ​၏။-
REV 15:6 ထို​အ​ခါ​ကပ်​ခု​နစ်​ပါး​ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​သည်​ဗိ​မာန်​တော် ထဲ​မှ​ထွက်​လာ​ကြ​၏။ သူ​တို့​သည်​ပြောင်​လက် စင်​ကြယ်​သော ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍ ရွှေ​ရင်​စည်း​ကို​ပတ်​ထား​ကြ​၏။-
REV 15:7 သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ်​ပါး​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြည့်​လျက်​ရှိ သည့် ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို​ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား​ပေး​အပ်​၏။-
REV 15:8 ဗိ​မာန်​တော်​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​တန်​ခိုး တော်​ကြောင့်​မီး​ခိုး​နှင့်​ပြည့်​လျက်​ရှိ​၏။ သို့​ဖြစ် ၍​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ယူ​ဆောင်​လာ သည့်​ကပ်​ခု​နစ်​ပါး​မ​ပြီး​ဆုံး​မီ​အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်။
REV 16:1 ထို​နောက်​ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​သော​အ​သံ ထွက်​ပေါ်​လာ​၏။ ထို​အ​သံ​က``ကမ္ဘာ​မြေ​ပေါ် သို့​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို​သွန်း​လောင်း​လော့'' ဟု​ကောင်း​ကင် တ​မန်​ခု​နစ်​ပါး​တို့​အား​ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။
REV 16:2 ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည်​သွား​၍ မိ​မိ ဖ​လား​မှ​အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့ သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​သူ​များ​နှင့် သူ​၏ ရုပ်​ကို​ရှိ​ခိုး​သော​သူ​တို့​တွင်​အ​လွန်​ဆိုး​ရွား သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။
REV 16:3 ထို့​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ဖ​လား​မှ အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​ပင်​လယ်​ရေ​သည်​လူ သေ​၏​သွေး​ကဲ့​သို့​ဖြစ်​လေ​၏။ ပင်​လယ်​ထဲ​ရှိ ရေ​သတ္တဝါ​မှန်​သ​မျှ​သည်​သေ​ကုန်​၏။
REV 16:4 ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​ဖ​လား​မှ​အ​မျက်​တော်​ကို​မြစ်​များ၊ စမ်း ပေါက်​များ​ပေါ်​သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ ရေ​တို့​သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-
REV 16:5 ရေ​ကို​စောင့်​သည့်​ကောင်း​ကင်​တ​မန်​က``ပစ္စုပ္ပန် အ​တိတ်​ကာ​လ​တို့​တွင်​ရှိ​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​စီ​ရင် တော်​မူ​ချက်​သည်​ဖြောင့်​မှန်​ပါ​၏။-
REV 16:6 ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့် ပ​ရော​ဖက်​တို့​၏​သွေး​ကို​သွန်း​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​သောက်​ရန်​သွေး​ကို​ပေး တော်​မူ​လေ​ပြီ။ ထို​သူ​တို့​ခံ​ထိုက်​သော​ဒဏ်​ကို ခံ​ရ​ကြ​ပါ​၏'' ဟု​လျှောက်​ထား​၏။-
REV 16:7 ထို​နောက်​ယဇ်​ပလ္လင်​မှ​အ​သံ​က``အန​န္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင် တော်​မူ​ချက်​တို့​သည်​မှန်​ကန်​၍​တ​ရား​မျှ​တ ပါ​၏'' ဟု​လျှောက်​ထား​သည်​ကို​ငါ​ကြား​ရ​၏။
REV 16:8 ထို​နောက်​စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ၏​ဖ​လား​မှ အ​မျက်​တော်​ကို​နေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​နေ​သည်​လူ​တို့​အား အ​ပူ​ရှိန်​ဖြင့် ကျွမ်း​လောင်​စေ​နိုင်​ခွင့်​ကို​ရ​လေ​၏။-
REV 16:9 လူ​တို့​သည်​အား​ကြီး​သော​အ​ပူ​ရှိန်​ဖြင့်​ကျွမ်း လောင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘေး​ဒဏ်​တို့​ကို​အ​စိုး​ရ သော​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​ကျိန်​ဆဲ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​လည်း မ​ရ​ကြ။ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​မ​ချီး​မွမ်း ကြ။
REV 16:10 ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ​အ​မျက်​တော်​ကို​သား​ရဲ​၏​ပလ္လင်​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​နိုင်​ငံ သည်​မှောင်​အ​တိ​ဖြစ်​လေ​၏။ ထို​နိုင်​ငံ​သား​တို့ သည်​ဝေ​ဒ​နာ​ခံ​ရ​သည်​နှင့်​မိ​မိ​တို့​၏​လျှာ ကို​ကိုက်​ခဲ​ကြ​၏။-
REV 16:11 မိ​မိ​တို့​၏​ဝေ​ဒ​နာ​နှင့်​အ​နာ​စိမ်း​များ​ကြောင့် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ ၏။ မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​နောင်​တ​မ​ရ ကြ။
REV 16:12 ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-
REV 16:13 ထို​နောက်​ငါ​သည်​ဖား​နှင့်​တူ​သည့်​ညစ်​ညမ်း​သော နတ်​သုံး​ပါး​ကို​တွေ့​မြင်​ရ​၏။ သူ​တို့​သည်​န​ဂါး၊ သား​ရဲ၊ မိစ္ဆာ​ပ​ရော​ဖက်​တို့​၏​ခံ​တွင်း​အ​သီး သီး​မှ​ထွက်​လာ​ကြ​၏။-
REV 16:14 သူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​သော နတ်​မိစ္ဆာ​များ​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ကြီး​စစ်​ပွဲ​သို့ ဝင်​ရန် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​ရှင်​ဘု​ရင်​များ​အား စု​ရုံး​ခြင်း​ငှာ​သူ​တို့​သည်​ထွက်​ခွာ​သွား​ကြ​၏။
REV 16:15 ``ငါ​သည်​သူ​ခိုး​လာ​သ​ကဲ့​သို့​အ​မှတ်​မ​ထင် လာ​မည်။ သို့​ဖြစ်​၍​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ​၍​လူ​တို့​၏​ရှေ့​၌​အ​ရှက်​မ​ရ​စေ ရန်​နိုး​လျက်​နေ​၍ မိ​မိ​၏​အ​ဝတ်​များ​ကို သ​တိ​နှင့်​စောင့်​ကြပ်​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။
REV 16:16 ထို​နောက်​ဝိ​ညာဉ်​တို့​သည်​ရှင်​ဘု​ရင်​တို့​အား ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန်​ဟု နာ​မည်​တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​စု​ရုံး စေ​ကြ​၏။
REV 16:17 သတ္တ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​ဖ​လား​မှ အ​မျက်​တော်​ကို လေ​ထဲ​သို့​သွန်း​လောင်း​လိုက် ၏။ ထို​အ​ခါ​ဗိ​မာန်​တော်​အ​တွင်း​ရှိ​ပလ္လင်​တော် မှ``အ​မှု​ပြီး​ဆုံး​လေ​ပြီ'' ဟု​ကျယ်​စွာ​သော အ​သံ​ထွက်​ပေါ်​၍​လာ​၏။-
REV 16:18 ထို​နောက်​လျှပ်​ပန်း​လျှပ်​နွယ်​များ၊ တော်​လဲ​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လျက်​မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ လူ့​သ​မိုင်း​တွင်​ဤ​မျှ​ပြင်း​ထန်​စွာ မြေ​င​လျင်​လှုပ်​ခြင်း​မ​ရှိ​ဘူး​ချေ။-
REV 16:19 မြို့​ကြီး​သည်​သုံး​ပိုင်း​ကွဲ​လေ​၏။ ကမ္ဘာ​ပေါ်​ရှိ​မြို့ များ​သည်​လည်း​ပြို​ပျက်​ကုန်​၏။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​ကြီး​ကို​သ​တိ​ရ​တော်​မူ​လျက် မိ​မိ ၏​ဖ​လား​မှ​ပြင်း​ထန်​သော​အ​မျက်​တော်​တည်း​ဟူ သော​စ​ပျစ်​ရည်​ကို​သောက်​စေ​တော်​မူ​၏။-
REV 16:20 ကျွန်း​အ​ပေါင်း​တို့​သည်​ပျောက်​လွင့်​သွား​ကုန်​၏။ တောင်​များ​သည်​ကွယ်​ပျောက်​သွား​ကုန်​၏။-
REV 16:21 ကောင်း​ကင်​မှ​ပေါင်​တစ်​ရာ​မျှ​အ​လေး​ချိန်​ရှိ​သော မိုး​သီး​ကြီး​များ​သည်​လူ​တို့​အ​ပေါ်​သို့​ကျ​ကုန် ၏။ လူ​တို့​သည်​ထို​ဆိုး​ရွား​လှ​သော​မိုး​သီး​ဘေး ဒဏ်​ကြောင့်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ​၏။
REV 17:1 ထို​နောက်​ဖ​လား​ခု​နစ်​လုံး​ကို​ကိုင်​ထား​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက် တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​လော့။ မြစ်​များ​အ​နီး တွင်​တည်​ရှိ​သည့်​မြို့​ကြီး​တည်း​ဟူ​သော ပြည့်​တန် ဆာ​မ​ကြီး​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​ကို​သင့်​အား ငါ​ပြ​မည်။-
REV 17:2 ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​များ​သည်​ထို​အ​မျိုး​သ​မီး နှင့်​ကာ​မ​ဂုဏ်​ခံ​စား​ခဲ့​ကြ​၏။ ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​သည်​လည်း​သူ​၏​ကာ​မ​ဂုဏ်​ခံ​စား​မှု​တည်း ဟူ​သော​စ​ပျစ်​ရည်​ဖြင့်​မူး​ယစ်​ခဲ့​ကြ​၏'' ဟု ဆို​၏။
REV 17:3 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ဝိညာဉ်​တော်​အား ဖြင့် ငါ့​အား​တော​ကန္တာ​ရ​သို့​ဆောင်​ယူ​သွား​၏။ ထို အ​ရပ်​တွင်​သား​ရဲ​နီ​ပေါ်​၌​ထိုင်​နေ​သော​အ​မျိုး သ​မီး​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။ သား​ရဲ​၏ ကိုယ်​တစ်​ကိုယ်​လုံး​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏ အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သည့်​အ​မည်​နာ​မ များ​ကို အ​နှံ့​အ​ပြား​ရေး​သား​ထား​၏။ သူ့ မှာ​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​၏။-
REV 17:4 အ​မျိုး​သ​မီး​သည်​အ​နီ​နှင့်​မ​ရမ်း​စေ့​ရောင် အ​ဝတ်​များ​ကို​ဝတ်​လျက်​ရွှေ​တန်​ဆာ၊ ငွေ​တန် ဆာ၊ ကျောက်​မျက်​ရ​တ​နာ​တန်​ဆာ၊ ပု​လဲ​တန် ဆာ​များ​ကို​ဆင်​ယင်​ထား​၏။ သူ​သည်​ကာ​မ ဂုဏ်​လိုက်​စား​မှု​ဆိုင်​ရာ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သော​ညစ်​ညမ်း​မှု​များ​နှင့်​ပြည့်​နေ သည့်​ရွှေ​ဖ​လား​ကို​ကိုင်​ထား​၏။-
REV 17:5 သူ​၏​န​ဖူး​ပေါ်​တွင်``ပြည့်​တန်​ဆာ​အ​ပေါင်း​နှင့် လော​က​၌​စက်​ဆုပ်​ဖွယ်​ရာ​များ​၏​မိ​ခင်၊ ဗာ​ဗု လုန်​မြို့​ကြီး'' ဟူ​၍​လျှို့​ဝှက်​သည့်​အ​နက်​ရှိ သော​ကမ္ပည်း​ကို​ရေး​ထိုး​ထား​၏။-
REV 17:6 ထို​အ​မျိုး​သ​မီး​သည်​ဘု​ရား​သ​ခင်​လူ​စု​တော် ၏​သွေး​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ကို​သစ္စာ ရှိ​သ​ဖြင့် အ​သတ်​ခံ​ရ​သူ​တို့​၏​သွေး​ကို​လည်း ကောင်း​သောက်​၍​ယစ်​မူး​လျက်​ရှိ​သည်​ကို​ငါ တွေ့​မြင်​ရ​၏။ သူ့​ကို​မြင်​ရ​သော​အ​ခါ​ငါ​သည်​လွန်​စွာ အံ့​သြ​၍​နေ​၏။-
REV 17:7 ကောင်း​ကင်​တ​မန်​က​အ​ဘယ်​ကြောင့်​အံ့​သြ သ​နည်း။ ထို​အ​မျိုး​သ​မီး​၏​လျှို့​ဝှက်​သည့် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​လည်း​ကောင်း၊ သူ​ထိုင်​နေ သော​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​သည့်​သား​ရဲ​၏​လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​လည်း​ကောင်း​ငါ​ပြော​ပြ​မည်။-
REV 17:8 သင်​မြင်​ရ​သည့်​သား​ရဲ​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​ခဲ့​သော်​လည်း ယ​ခု​အ​သက်​မ​ရှင် တော့​ပေ။ သူ​သည်​တွင်း​နက်​ကြီး​ထဲ​မှ​တက်​လာ ပြီး​လျှင် ဖျက်​ဆီး​ခြင်း​ခံ​ရ​ပေ​တော့​မည်။ ကမ္ဘာ လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် အ​သက်​စာ​စောင်​စာ​ရင်း​တွင်​မ​ပါ​ဝင်​သူ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ထို​သား​ရဲ​ကို မြင်​သော​အ​ခါ​အံ့​သြ​ကြ​လိမ့်​မည်။ သူ​သည် အ​ခါ​တစ်​ပါး​က​အ​သက်​ရှင်​ခဲ့​၏။ ယ​ခု အ​သက်​မ​ရှင်​တော့​သော်​လည်း​နောက်​တစ်​ဖန် အ​သက်​ရှင်​၍​လာ​ဦး​မည်။
REV 17:9 ``ဤ​အ​မှု​အ​ရာ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​နှင့် အ​သိ​တ​ရား​ရှိ​ရန်​လို​ပေ​သည်။ ဦး​ခေါင်း​ခု​နစ် လုံး​သည်​အ​မျိုး​သ​မီး​ထိုင်​နေ​သည့်​တောင်​ခု​နစ် လုံး​ကို​ဆို​လို​၏။ ရှင်​ဘု​ရင်​ခု​နစ်​ပါး​ကို​လည်း ဆို​လို​၏။-
REV 17:10 ရှင်​ဘု​ရင်​ငါး​ပါး​ကား​ကျ​ဆုံး​သွား​လေ​ပြီ။ တစ်​ပါး​သည်​အ​သက်​ရှင်​လျက်​ရှိ​၏။ အ​ခြား တစ်​ပါး​မှာ​မ​ပေါ်​ထွန်း​သေး​ပေ။ ပေါ်​ထွန်း လာ​လျှင်​လည်း​ခ​ဏ​မျှ​သာ​အုပ်​စိုး​ရ​လိမ့်​မည်။-
REV 17:11 အ​ခါ​တစ်​ပါး​က​အ​သက်​ရှင်​ခဲ့​၍​ယ​ခု အ​သက်​မ​ရှင်​တော့​သည့်​သား​ရဲ​သည်​အ​ဋ္ဌ​မ မြောက်​ဘု​ရင်​ဖြစ်​၏။ သူ​သည်​ဘု​ရင်​ခု​နစ်​ပါး တို့​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏။ သူ​သည်​ကား သေ​ကျေ​ပျက်​စီး​ရ​မည့်​သူ​ဖြစ်​သ​တည်း။
REV 17:12 ``သင်​မြင်​ရ​သည့်​ဦး​ချို​ဆယ်​ချောင်း​တို့​သည် မင်း အာ​ဏာ​စက်​ကို​မ​ရ​သေး​သော​ရှင်​ဘု​ရင်​ဆယ် ပါး​ဖြစ်​၏။ သူ​တို့​သည်​သား​ရဲ​နှင့်​အ​တူ​တစ် နာ​ရီ​စီ​အုပ်​စိုး​ခွင့်​ရ​မည့်​သူ​များ​ဖြစ်​သည်။-
REV 17:13 ထို​ဘု​ရင်​များ​တွင်​ရည်​ရွယ်​ချက်​တစ်​ခု​တည်း​ရှိ ၏။ သူ​တို့​သည်​မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​များ​ကို သား​ရဲ​သို့​ပေး​အပ်​ကြ​၏။-
REV 17:14 သူ​တို့​သည်​သိုး​သူငယ်​တော်​ကို​စစ်​တိုက်​ကြ​လိမ့် မည်။ သိုး​သူ​ငယ်​တော်​သည်​အ​ရှင်​တ​ကာ​တို့​၏ အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ သော​ကြောင့်​သူ​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော​သူ၊ ကိုယ်​တော်​အား​သစ္စာ​ရှိ​သော​သူ​တို့​သည်​ကိုယ် တော်​နှင့်​အ​တူ​အောင်​ပွဲ​ဝင်​ခွင့်​ရ​ကြ​လိမ့် မည်'' ဟု​ဆို​၏။
REV 17:15 ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ပြည့် တန်​ဆာ​မ​ထိုင်​လျက်​နေ​သည့်​ရေ​သည်​တိုင်း​နိုင်​ငံ များ​ရှိ​ဘာ​သာ​စကား​အ​မျိုး​မျိုး​ကို​ပြော​သော လူ​မျိုး​များ၊ ပြည်​သူ​ပြည်​သား​များ​ဖြစ်​၏။-
REV 17:16 သင်​မြင်​ရ​သော​သား​ရဲ​နှင့်​ဦး​ချို​ဆယ်​ချောင်း တို့​သည် ပြည့်​တန်​ဆာ​မ​ကို​မုန်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပြည့်​တန်​ဆာ​မ​ထံ​မှ​ရှိ​သ​မျှ ကို​ချွတ်​ယူ​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​စား​၍​သူ့ ကို​မီး​ရှို့​ကြ​လိမ့်​မည်။-
REV 17:17 သူ​တို့​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​များ​အ​ကောင်​အ​ထည်​ပေါ်​လာ​သည့် တိုင်​အောင် မိ​မိ​တို့​၏​အာ​ဏာ​ကို​သား​ရဲ​အား တ​ညီ​တ​ညွတ်​တည်း​လွှဲ​အပ်​လိုက်​ကြ​စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​၏​စိတ်​ကို​ပြု​ပြင်​တော် မူ​လျက် သူ​တို့​အား​မိ​မိ​၏​အ​ကြံ​အ​စည် တော်​နှင့်​အ​ညီ​လိုက်​နာ​ဆောင်​ရွက်​စေ​တော် မူ​၏။
REV 17:18 သင်​မြင်​ရ​သည့်​အ​မျိုး​သ​မီး​ကား​ကမ္ဘာ​ပေါ် ရှိ​ရှင်​ဘု​ရင်​တို့​ကို​အုပ်​စိုး​သည့်​မြို့​ကြီး​ဖြစ် သ​တည်း'' ဟု​ဆို​၏။
REV 18:1 ထို​နောက်​ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သော အ​ခြား ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​ငါ​မြင်​ရ​၏။ သူ့ မှာ​ကြီး​မား​သည့်​အာ​ဏာ​စက်​ရှိ​၏။ သူ​၏​အ​ရောင် အ​ဝါ​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ဝန်း​လုံး​ကို​ထွန်း လင်း​တောက်​ပ​စေ​၏။-
REV 18:2 သူ​သည်​အ​သံ​ကျယ်​စွာ​ဖြင့်``ဗာ​ဗု​လုန်​မြို့​ကြီး သည်​ပျက်​သုဉ်း​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကြီး​ပျက် သုဉ်း​လေ​ပြီ။ ယ​ခု​ထို​မြို့​သည်​နတ်​မိစ္ဆာ​များ နှင့်​ညစ်​ညမ်း​သော​နတ်​တို့​နေ​ထိုင်​ရာ၊ စက်​ဆုပ် ဖွယ်​ကောင်း​သည့်​ငှက်​ဆိုး​တို့​မှီ​ခို​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။-
REV 18:3 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​မှု​တည်း​ဟူ​သော မူး​ယစ်​စေ​သည့်​စ​ပျစ်​ရည်​ကို​သောက်​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။ ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​အ ပေါင်း​တို့​သည်​ဗာ​ဗု​လုန်​မြို့​နှင့်​အ​တူ ကာ​မ ဂုဏ်​ကို​လိုက်​စား​ခဲ့​ကြ​လေ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ ကုန်​သည်​တို့​သည်​လည်း​ထို​မြို့​၏​တ​ရား​လွန် ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​မှု​ကို​အ​ကြောင်း ပြု​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​၏။
REV 18:4 ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊ ``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။ သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။
REV 18:5 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​အ​ပြစ်​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မြင့်​မား​၍ သူ​၏​ဆိုး​ယုတ်​သော​အ​ပြု​အ​မူ​များ​ကို ဘု​ရား​သ​ခင်​သ​တိ​ရ​တော်​မူ​လေ​ပြီ ဖြစ်​သော​ကြောင့်​တည်း။
REV 18:6 သင်​တို့​အား​သူ​ပြု​ကျင့်​သည့်​အ​တိုင်း သူ့​အား​လက်​စား​ချေ​ကြ​လော့။ သူ​ပြု​ကျင့်​သည်​ထက်​နှစ်​ဆ​လက်​စား​ချေ ကြ​လော့။ သင်​တို့​အ​တွက်​ဖ​လား​တွင်​သူ​ရော​စပ်​ပေး​သည့် သောက်​သုံး​စ​ရာ​ထက်​နှစ်​ဆ​ပြင်း​အောင်​သူ့ အ​တွက် ရော​စပ်​ပေး​ကြ​လော့။
REV 18:7 သူ​သည်​မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍​ကာ​မ​ဂုဏ် စည်း​စိမ်​ခံ​စား​သည်​နှင့်​အ​မျှ သူ့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ​မ​ဟုတ်။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ကြေ​ကွဲ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိ​မိ​ကိုယ်​ကို​ပြော​ဆို​နေ​တတ်​သော​ကြောင့်​ဖြစ်​၏။
REV 18:8 ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။
REV 18:9 သူ​နှင့်​ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​ဘု​ရင်​တို့​သည် သူ့​ကို​ကျွမ်း​လောင် လျက်​ရှိ​သည့်​မီး​မှ​မီး​ခိုး​များ​ကို​မြင်​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-
REV 18:10 သူ​တို့​သည်​သူ​ခံ​ရ​သ​ကဲ့​သို့​ခံ​ရ​မည်​ကို ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး​မှ​ရပ်​လျက်``တန်​ခိုး ကြီး​သည့်​မြို့၊ ကြီး​မြတ်​သည့်​ဗာ​ဗု​လုန်​မြို့၊ ဖြစ် ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ သင်​သည်​တစ်​နာ​ရီ အ​တွင်း​၌​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
REV 18:11 ကမ္ဘာ​ပေါ်​ရှိ​ကုန်​သည်​ကြီး​တို့​သည်​လည်း​မိ​မိ တို့​ကုန်​ပစ္စည်း​များ​ကို​ဝယ်​ယူ​မည့်​သူ​တစ်​ယောက် မျှ​မ​ရှိ​တော့​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း​၍​ဝမ်း နည်း​ပူ​ဆွေး​ကြ​၏။-
REV 18:12 သူ​တို့​၏​ကုန်​ပစ္စည်း​များ​ကား​ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ၊ ပု​လဲ၊ ပိတ်​ချော​ထည်၊ မ​ရမ်း​စေ့​ရောင်​ပိုး ထည်၊ ဖဲ​နီ​ထည်၊ နံ့​သာ​သား​အ​မျိုး​မျိုး၊ ဆင်​စွယ်၊ အ​ဖိုး​တန်​သစ်​သား၊ ကြေး၊ သံ၊ ကျောက်​ဖြူ​တို့ ဖြင့်​ပြု​လုပ်​ထား​သည့်​ပစ္စည်း​အ​မျိုး​မျိုး၊-
REV 18:13 သစ်​ကြံ​ပိုး၊ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်၊ နံ့​သာ​ပေါင်း၊ မု​ရန်၊ ဆီ​မွှေး။ လော်​ဗန်၊ စ​ပျစ်​ရည်၊ ဆီ၊ ဂျုံ​မှုန့်၊ ဂျုံ​ဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရ​ထား၊ ကျွန်၊ လူ့​အ​သက်​များ ပင်​ဖြစ်​လေ​သည်။-
REV 18:14 ကုန်​သည်​ကြီး​များ​က​ထို​မြို့​အား``သင်​လို​ချင် တောင့်​တ​သည့်​အ​ရာ​များ​သည်​မ​ရှိ​တော့​ပြီ။ စည်း စိမ်​ချမ်း​သာ​ဂုဏ်​ကျက်​သ​ရေ​တို့​သည်​လည်း​ကွယ် ပျောက်​သွား​လေ​ပြီ။ ထို​အ​ရာ​များ​ကို​သင်​သည် နောက်​တစ်​ဖန်​ရ​ရှိ​တော့​မည်​မ​ဟုတ်'' ဟု​ဆို ကြ​၏။-
REV 18:15 ဗာ​ဗု​လုန်​မြို့​ကို​အ​မှီ​ပြု​၍​ထို​ကုန်​ပစ္စည်း​များ ကို​ရောင်း​ဝယ်​ခြင်း​အား​ဖြင့်​ချမ်း​သာ​ကြွယ်​ဝ လာ​သော​ကုန်​သည်​ကြီး​များ​သည်​ထို​မြို့​ခံ​ရ သည့်​ဒဏ်​ကြောင့်​ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး မှ​ရပ်​လျက်၊-
REV 18:16 ``ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ပိတ်​ချော၊ မ​ရမ်း စေ့​ရောင်​ပိုး​ထည်၊ အ​နီ​ရောင်​အ​ဝတ်​အ​ထည်၊ ရွှေ တန်​ဆာ၊ ကျောက်​မျက်​ရ​တ​နာ​တန်​ဆာ၊ ပု​လဲ တန်​ဆာ​များ​ကို​ဝတ်​ဆင်​ထား​သော​မြို့​ကြီး​သည်၊-
REV 18:17 မိ​မိ​၌​ရှိ​သ​မျှ​ကို​တစ်​နာ​ရီ​အ​တွင်း​၌ ဆုံး​ရှုံး​ရ​ပါ​သည်​တ​ကား'' ဟု​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ ခပ်​သိမ်း​သော​ရေ​ယာဉ်​မှူး​များ​နှင့်​ခ​ရီး​သည် အ​ပေါင်း​တို့​သည်​လည်း​ကောင်း၊ သင်္ဘော​သား​များ နှင့်​ရေ​ကြောင်း​ကုန်​သွယ်​မှု​ကို​ပြု​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ကောင်း​အ​ဝေး​က​ရပ်​လျက်​နေ ကြ​၏။-
REV 18:18 ထို​မြို့​ကို​ကျွမ်း​လောင်​စေ​သည့်​မီး​လျှံ​များ​မှ မီး​ခိုး​များ​ကို​မြင်​သော​အ​ခါ​သူ​တို့​က``အ​ဘယ် အ​ခါ​၌​မျှ​ဤ​မြို့​ကဲ့​သို့​ကြီး​ကျယ်​ခမ်း​နား သည့်​မြို့​မ​ရှိ​ခဲ့​ဘူး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။-
REV 18:19 သူ​တို့​သည်​မြေ​မှုန့်​များ​ကို​မိ​မိ​တို့​အ​ပေါ်​သို့​ကြဲ ဖြန့်​လျက်``ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ပင်​လယ် ကူး​သင်္ဘော​ပိုင်​ရှင်​အ​ပေါင်း​အား​ကြွယ်​ဝ​ချမ်း​သာ စေ​သော​မြို့​ကြီး​သည်​တစ်​နာ​ရီ​အ​တွင်း​ရှိ​သ​မျှ ဆုံး​ရှုံး​ရ​ပါ​သည်​တ​ကား'' ဟု​ငို​ကြွေး​မြည်​တမ်း ကြ​၏။
REV 18:20 ကောင်း​ကင်​ဘုံ​သား​တို့၊ ထို​မြို့​ပျက်​စီး​သည့် အ​တွက်​ဝမ်း​မြောက်​ရွှင်​မြှုး​ကြ​လော့။ ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​များ၊ တ​မန်​တော်​များ၊ ပ​ရော​ဖက်​များ​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ သင်​တို့​အား​ပြု​သ​မျှ​အ​တွက်​ဘု​ရား​သ​ခင် သည်​ထို​မြို့​ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။
REV 18:21 ထို​နောက်​ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​သည်​ကြိတ်​ဆုံ​ကျောက်​ကြီး​ခန့်​ရှိ​သော ကျောက်​တုံး​တစ်​ခု​ကို​ယူ​၍​ပင်​လယ်​ထဲ​သို့​ပစ် ချ​လိုက်​ပြီး​လျှင်``ဗာ​ဗု​လုန်​မြို့​ကြီး​သည်​ဤ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​ထို မြို့​ကို​ပြန်​၍​တွေ့​မြင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်။-
REV 18:22 သင်​၏​ထံ​တွင်​စောင်း​သံ၊ သီ​ချင်း​သံ၊ ပလွေ​သံ၊ တံ​ပိုး ခ​ရာ​သံ​တို့​ကို​နောက်​တစ်​ဖန်​ကြား​ရ​တော့​မည် မ​ဟုတ်။ အ​ဘယ်​အ​လုပ်​သ​မား​မျှ​သင့်​ထံ​တွင် တွေ့​ရ​တော့​မည်​မ​ဟုတ်။ ကြိတ်​ဆုံ​သံ​ကို​လည်း ကြား​ရ​တော့​မည်​မ​ဟုတ်။-
REV 18:23 သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဆီ​မီး​၏​အ​လင်း ရောင်​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ မင်္ဂ​လာ​ဆောင်​သ​တို့ သား​နှင့်​သ​တို့​သ​မီး​၏​အ​သံ​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​ကြား​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ကုန် သည်​ကြီး​များ​ကား​ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​သြ​ဇာ အာ​ဏာ​ကြီး​မား​သူ​များ​ဖြစ်​ကြ​၏။ သင်​သည် လူ​မျိုး​တ​ကာ​တို့​ကို​စုန်း​အ​တတ်​ဖြင့်​ပြု​စား ကာ​မှောက်​မှား​လမ်း​လွဲ​စေ​လေ​ပြီ'' ဟု​ဆို​လေ​၏။
REV 18:24 ဗာ​ဗု​လုန်​မြို့​အ​ပြစ်​ဒဏ်​ခံ​ရ​သည်​မှာ​ထို​မြို့​တွင် ပ​ရော​ဖက်​များ​၏​အ​သွေး၊ ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​များ​၏​သွေး၊ ကမ္ဘာ​ပေါ်​တွင်​အ​သတ်​ခံ​ရ သူ​အ​ပေါင်း​တို့​၏​သွေး​များ​ကို​တွေ့​ရှိ​ရ​သော ကြောင့်​ဖြစ်​၏။
REV 19:1 ထို​နောက်​ကောင်း​ကင်​ပ​ရိ​သတ်​ကြီး​မှ ထွက် ပေါ်​လာ​သော​အ​သံ​နှင့်​တူ​သည့်​အ​သံ​ကို​ငါ ကြား​ရ​၏။ ထို​သူ​တို့​က``ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ဘုန်း​အ​သ ရေ​တော်၊ တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-
REV 19:2 ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-
REV 19:3 တစ်​ဖန်​ထို​သူ​တို့​၏``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ကြ​လော့'' ထို​မြို့​မှ​မီး​ခိုး​တို့​သည် ထာ​ဝ​စဉ်​လွင့်​တက်​လျက်​ရှိ​၏'' ဟု​ကြွေး​ကြော် ကြ​ပြန်​၏။-
REV 19:4 ထို​အ​ခါ​အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​နှင့် သက် ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​က``အာ​မင်၊ ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့'' ဟု​ဆို​ကာ​ပလ္လင် တော်​ပေါ်​တွင် စံ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင် အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။
REV 19:5 ``ဘု​ရား​သခင်​၏​အ​စေ​ခံ​အ​ပေါင်း​တို့၊ ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ကြီး​အ​ငယ်​အ​ပေါင်း တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့'' ဟု​ပလ္လင်​တော်​မှ​အ​သံ​ထွက်​ပေါ်​လာ​၏။-
REV 19:6 ထို​နောက်​လူ​ပ​ရိ​သတ်​ကြီး​၏​အ​သံ​ကဲ့​သို့​လည်း ကောင်း၊ အ​ဟုန်​ဖြင့်​စီး​သော​ရေ​သံ​နှင့်​မိုး​ချုန်း​သံ ကဲ့​သို့​လည်း​ကောင်း​ထွက်​ပေါ်​လာ​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​ကြီး​က``ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ အ​နန္တ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​စိုး​စံ​တော်​မူ​လေ​ပြီ။-
REV 19:7 သိုး​သူ​ငယ်​တော်​၏​ထိမ်း​မြား​မင်္ဂလာ​ပွဲ​အ​ခါ ကျ​ရောက်​ပြီ​ဖြစ်​၍​ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း မြောက်​လျက် ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​မွမ်း ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​ကိုယ်​ကို​အ​သင့်​ပြင်​ဆင် ထား​လေ​ပြီ။-
REV 19:8 သူ​သည်​ဝတ်​ဆင်​ရန်​တောက်​ပ​ဖြူ​စင်​သော​ပိတ် ချော​ထည်​ကို​ရ​ရှိ​ထား​ပြီ'' ဟု​ဆို​၏။ (ထို​ပိတ် ချော​ထည်​ကား​ဘု​ရား​သ​ခင်​လူ​စု​ဝင်​တို့​၏ မွန်​မြတ်​သည့်​အ​ကျင့်​များ​ကို​ဆို​လို​သ​တည်း။)
REV 19:9 ထို​နောက်​ကောင်း​ကင်​တ​မန်​က``သိုး​သူ​ငယ်​တော် ၏​ထိမ်း​မြား​မင်္ဂ​လာ​ပွဲ​သို့​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သူ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏​ဟု​ရေး​မှတ်​ထား​လော့'' ဟူ​၍​လည်း​ကောင်း``ဤ​စ​ကား​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​တော်​ထွက်​စ​ကား​ပင်​ဖြစ်​၏'' ဟူ​၍​လည်း ကောင်း​ငါ့​အား​မြွက်​ဆို​၏။
REV 19:10 ထို​အ​ခါ​ငါ​သည်​သူ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် လျက်​သူ့​အား​ရှိ​ခိုး​မည်​ပြု​၏။ သို့​ရာ​တွင်​ကောင်း ကင်​တ​မန်​က``ဤ​သို့​မ​ပြု​နှင့်။ ငါ​သည်​သင်​နှင့် သင်​၏​ညီ​အစ်​ကို​များ​မှ​စ​၍​သ​ခင်​ယေ​ရှု ဖော်​ပြ​သည့်​သမ္မာ​တရား​ကို​စောင့်​ထိန်း​ရ​သူ တို့​နှင့်​လုပ်​ဖော်​ဆောင်​ဘက်​အ​စေ​ခံ​တစ်​ဦး သာ​လျှင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​သာ​ရှိ​ခိုး လော့'' ဟု​ဆို​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ယေ​ရှု​ဖော်​ပြ တော်​မူ​သော​သမ္မာ​တ​ရား​သည်​ပ​ရော​ဖက်​တို့ အား​လှုံ့​ဆော်​သော​ကြောင့်​တည်း။
REV 19:11 ထို​နောက်​ကောင်း​ကင်​ဘုံ​ပွင့်​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ ထို​အ​ရပ်​တွင်​မြင်း​ဖြူ​တစ်​စီး​ရှိ​၏။ ထို မြင်း​ကို​စီး​သူ​သည်​သစ္စာ​သမ္မာ​ဟူ​၍​နာ​မည်​တွင်​၏။ ထို​အ​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တတ်​၏။ တ​ရား​သ​ဖြင့်​စစ်​တိုက်​တတ်​၏။-
REV 19:12 သူ​၏​မျက်​လုံး​တော်​တို့​သည်​မီး​လျှံ​ကဲ့​သို့ တောက်​ပ​၏။ သူ​၏​ဦး​ခေါင်း​တော်​တွင်​သ​ရ​ဖူ များ​ကို​ဆောင်း​ထား​၏။ မိ​မိ​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​မ​သိ​သည့်​အ​မည်​နာ​မ တော်​ကို​သူ​၏​အ​ပေါ်​မှာ​ရေး​မှတ်​ထား​၏။-
REV 19:13 ထို​အ​ရှင်​သည်​သွေး​တွင်​နှစ်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​၏။ သူ​၏​နာ​မ​တော်​မှာ``ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်'' ဟူ​၍​ဖြစ်​၏။-
REV 19:14 ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​စင်​ကြယ်​သည့်​ပိတ် ချော​ဖြူ​ထည်​ကို​ဝတ်​ဆင်​ကာ​မြင်း​ဖြူ​များ​စီး လျက်​ထို​အ​ရှင်​၏​နောက်​တော်​က​လိုက်​ကြ​၏။-
REV 19:15 လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ရန်​အ​တွက်​ကိုယ် တော်​၏​ခံ​တွင်း​မှ​ထက်​သော​သန်​လျက်​ထွက်​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ အနန္တ​တန်​ခိုး​ရှင်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် သီး​နယ်​ရာ​ကျင်း​တွင်​စ​ပျစ်​ရည်​များ​ကို နင်း​တော်​မူ​လိမ့်​မည်။-
REV 19:16 ကိုယ်​တော်​၏​ဝတ်​လုံ​တော်​နှင့်​ပေါင်​တော်​တွင်``ဘု​ရင် တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်'' ဟူ​သော​အ​မည်​နာ​မ​တော်​ကို​ရေး​ထား​လျက် ရှိ​၏။
REV 19:17 ထို​နောက်​နေ​ကို​ကြည့်​လိုက်​သော​အ​ခါ၊ နေ​ထဲ တွင်​ကောင်း​ကင်​တ​မန်​တစ်​ပါး​ရပ်​လျက်​နေ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​ကောင်း​ကင်​အ​လယ်​တွင် ပျံ​သန်း​နေ​သော​ငှက်​အ​ပေါင်း​တို့​အား``လာ​ကြ၊ ဘု​ရား​သ​ခင်​၏​စား​ပွဲ​တော်​ကြီး​သို့​စု​ဝေး ကြ​လော့။-
REV 19:18 သင်​တို့​သည်​ရှင်​ဘု​ရင်​တို့​၏​အ​သား၊ ဗိုလ်​ချုပ် ကြီး​တို့​၏​အ​သား၊ စစ်​သူ​ရဲ​တို့​၏​အ​သား၊ လူ ကြီး​လူ​ငယ်၊ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​တို့​၏ အ​သား​ကို​စား​ကြ​ရ​လတ္တံ့'' ဟု​အ​သံ​ကျယ် စွာ​ကြွေး​ကြော်​လေ​သည်။
REV 19:19 ထို​နောက်​သား​ရဲ​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင် များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ပါ​တို့​သည်​မြင်း​ဖြူ ကို​စီး​တော်​မူ​သော​အ​ရှင်​နှင့်​သူ​၏​စစ်​သည်​တော် များ​ကို​တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​သည်​ကို​ငါ​မြင် ရ​၏။-
REV 19:20 သား​ရဲ​နှင့်​တ​ကွ​သူ​၏​ရှေ့​တွင်​နိ​မိတ်​လက္ခ​ဏာ များ​ကို​ပြ​သော​မိစ္ဆာ​ပ​ရော​ဖက်​သည်​အ​ဖမ်း​ခံ ရ​၏။ (ထို​မိစ္ဆာ​ပ​ရော​ဖက်​ကား​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​ခံ​ယူ​၍ သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​သူ​များ အား​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ခြင်း​အား​ဖြင့် မှောက်​မှား​လမ်း​လွဲ​စေ​သူ​ဖြစ်​သ​တည်း။) ထို​သူ နှစ်​ဦး​စ​လုံး​ပင်​လျှင်​တောက်​လောင်​နေ​သော​ကန့် မီး​အိုင်​ထဲ​သို့​အ​ရှင်​လတ်​လတ်​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​၏။-
REV 19:21 ကြွင်း​ကျန်​သော​သူ​တို့​သည်​ကား​မြင်း​ဖြူ​ကို စီး​တော်​မူ​သော​အ​ရှင်​၏​ခံ​တွင်း​မှ​ထွက်​လာ သော​သန်​လျက်​ဖြင့်​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ ကြ​၏။ ငှက်​အ​ပေါင်း​တို့​သည်​သူ​တို့​၏​အ​သား ကို​ဝ​စွာ​စား​ကြ​၏။
REV 20:1 ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​တွင်း နက်​ကြီး​၏​သော့​ကို​လည်း​ကောင်း၊ သံ​ကြိုး​ကြီး ကို​လည်း​ကောင်း ကိုင်​လျက်​ကောင်း​ကင်​မှ​ဆင်း လာ​သည်​ကို​ငါ​မြင်​ရ​၏။-
REV 20:2 သူ​သည်​ရှေး​မြွေ​န​ဂါး​ကြီး​ကို​ဖမ်း​ဆီး​ပြီး​လျှင် သံ​ကြိုး​ဖြင့်​အ​နှစ်​တစ်​ထောင်​ချည်​နှောင်​၍​ထား ၏။ ထို​န​ဂါး​ကား​နတ်​မိစ္ဆာ​ဘု​ရင်​သို့​မ​ဟုတ် စာ​တန်​ပင်​ဖြစ်​၏။-
REV 20:3 ကောင်း​ကင်​တ​မန်​သည်​န​ဂါး​ကို​တွင်း​နက်​ကြီး ထဲ​သို့​ပစ်​ချ​ကာ​တွင်း​ကို​ပိတ်​ပြီး​နောက် အ​နှစ် တစ်​ထောင်​ကုန်​ဆုံး​သည့်​တိုင်​အောင်​လူ​မျိုး​တ​ကာ တို့​အား​မှောက်​မှား​လမ်း​လွဲ​မှု​မ​ပြု​နိုင်​စေ​ရန် တံ​ဆိပ်​ခတ်​နှိပ်​၍​ထား​၏။ အ​နှစ်​တစ်​ထောင် ကုန်​ဆုံး​ချိန်​၌​သူ့​အား​ခေတ္တ​လွှတ်​ပေး​ရ​မည်။
REV 20:4 ထို​နောက်​ငါ​သည်​ပလ္လင်​များ​ကို​မြင်​ရ​၏။ ယင်း ပလ္လင်​များ​ပေါ်​တွင်​ထိုင်​နေ​သူ​များ​မှာ​တ​ရား စီ​ရင်​ရန် အာ​ဏာ​အပ်​နှင်း​ခြင်း​ခံ​ရ​သူ​များ ဖြစ်​၏။ ထို့​ပြင်​သ​ခင်​ယေ​ရှု​ဖော်​ပြ​တော်​မူ သော​သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ဟော​ပြော​ကြေ​ညာ​ခဲ့​သည့်​အ​တွက်​ကွပ်​မျက် ခြင်း​ခံ​ရ​ကြ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​လည်း ငါ​မြင်​ရ​၏။ သူ​တို့​သည်​သား​ရဲ​နှင့်​သား​ရဲ ၏​ရုပ်​တု​ကို​ရှိ​မ​ခိုး​ခဲ့​ကြ။ မိ​မိ​တို့​၏​န​ဖူး နှင့်​လက်​များ​တွင်​လည်း​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​မ​ခံ​ယူ​ခဲ့​ကြ။ သူ​တို့​သည်​အ​သက် ပြန်​၍​ရှင်​လာ​ကြ​ပြီး​လျှင်​ခ​ရစ်​တော်​နှင့် အ​တူ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့်​အ​နှစ်​တစ် ထောင်​စိုး​စံ​ကြ​ရ​၏။-
REV 20:5 (ကျန်​သေ​လွန်​သူ​တို့​မူ​ကား​အ​နှစ်​တစ်​ထောင် ကုန်​လွန်​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​ကြ​ရ​၏။) ဤ ကား​ပ​ထမ​အ​ကြိမ်​သူ​သေ​တို့​အား​ဘု​ရား သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ခြင်း ဖြစ်​သ​တည်း။-
REV 20:6 ယင်း​သို့​ပ​ထ​မ​အ​ကြိမ်​ရှင်​ပြန်​ထ​မြောက်​ခြင်း တွင်​ပါ​ဝင်​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​၍​ကောင်း​ချီး ကြွယ်​ဝ​စွာ​ခံ​စား​ရ​ကြ​၏။ ဒု​တိ​ယ​သေ​ခြင်း သည်​သူ​တို့​အား​အ​စိုး​မ​ရ​နိုင်​ရာ။ သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​၏​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​အ​နှစ် တစ်​ထောင်​စိုး​စံ​ကြ​ရ​လိမ့်​မည်။
REV 20:7 ထို​နောက်​အ​နှစ်​တစ်​ထောင်​ကုန်​လွန်​သော​အ​ခါ စာ​တန်​သည်​အ​ကျဉ်း​ကျ​ရာ​မှ​လွတ်​ပြီး​လျှင်၊-
REV 20:8 ဂေါ​ဂ​နှင့်​မာ​ဂေါ​ဂ​ဟု​ခေါ်​သော​ကမ္ဘာ​အ​ရပ်​လေး မျက်​နှာ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား မှောက်​မှား လမ်း​လွဲ​စေ​လျက်​စစ်​တိုက်​ရန်​စု​ဝေး​စေ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့် သ​မုဒ္ဒရာ သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။-
REV 20:9 သူ​တို့​သည်​ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ချီ​တက်​လာ ပြီး​လျှင် ဘု​ရား​သ​ခင်​၏​တပ်​စ​ခန်း​နှင့်​ကိုယ်​တော် နှစ်​သက်​မြတ်​နိုး​တော်​မူ​သော​မြို့​ကြီး​ကို​ဝိုင်း ကြ​၏။ သို့​ရာ​တွင်​ကောင်း​ကင်​မှ​မီး​ကျ​သ​ဖြင့် သူ​တို့​သည်​ကျွမ်း​လောင်​ဖျက်​ဆီး​ခြင်း​ခံ​ရ ကြ​၏။-
REV 20:10 သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။
REV 20:11 ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-
REV 20:12 သေ​လွန်​သူ​အ​ကြီး​အ​ငယ်​တို့​သည်​ပလ္လင် တော်​ရှေ့​၌​ရပ်​လျက်​နေ​ကြ​သည်​ကို​လည်း ကောင်း၊ စာ​စောင်​များ​ကို​ဖွင့်​သည်​ကို​လည်း ကောင်း​ငါ​မြင်​ရ​၏။ ထို​နောက်​အ​သက်​စာ စောင်​တည်း​ဟူ​သော​အ​ခြား​စာ​စောင်​ကို ဖွင့်​လိုက်​၏။ သေ​လွန်​သူ​တို့​သည်​ထို​စာ စောင်​များ​တွင်​မှတ်​တမ်း​တင်​ထား​သည့် မိ​မိ​တို့​အ​ကျင့်​များ​နှင့်​အ​ညီ​တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
REV 20:13 သ​မုဒ္ဒ​ရာ​သည်​မိ​မိ​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ သည်​လည်း မိ​မိ​တို့​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့ အ​ကျင့်​အ​လျောက်​တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။-
REV 20:14 ထို​နောက်​သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​သည် မီး အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။-
REV 20:15 (ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။
REV 21:1 ထို​နောက်​ကောင်း​ကင်​သစ်​နှင့်​ကမ္ဘာ​သစ်​ကို​ငါ မြင်​ရ​၏။ ယ​ခင်​ကောင်း​ကင်​ဟောင်း​နှင့်​ကမ္ဘာ ဟောင်း​သည်​ကွယ်​ပျောက်​သွား​လေ​ပြီ။ ပင်​လယ် သ​မုဒ္ဒ​ရာ​သည်​လည်း​မ​ရှိ​တော့​ပေ။-
REV 21:2 ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သော​မြို့​ကြီး​ဖြစ်​သည့်​ယေ​ရု ရှ​လင်​မြို့​သစ်​သည် သ​တို့​သား​အ​တွက်​အ​ဝတ် တန်​ဆာ​ဆင်​ယင်​ထား​သည့်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်​သက်​ဆင်း​လာ​သည်​ကို​ငါ​မြင် ရ​၏။-
REV 21:3 ငါ​သည်​ပလ္လင်​တော်​မှ​ကျယ်​စွာ​သော​အ​သံ​ကို ကြား​ရ​၏။ ထို​အ​သံ​က``ယ​ခု​အ​ခါ​၌​ဘု​ရား သ​ခင်​သည်​လူ​သား​တို့​ထံ​တွင်​ကျိန်း​ဝပ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​နေ​တော် မူ​မည်။ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော် ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ပင်​လျှင်​သူ​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ​၍​သူ တို့​၏​ဘု​ရား​ဖြစ်​မည်။-
REV 21:4 ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန်​သေ​ခြင်း၊ ဝမ်း​နည်း ပူ​ဆွေး​ခြင်း၊ ငို​ကြွေး​ခြင်း၊ နာ​ကျင်​ခြင်း​တို့​သည် ရှိ​ကြ​တော့​မည်​မ​ဟုတ်။ ရှေး​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​ပြီ'' ဟု​ဆို​၏။
REV 21:5 ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​က``ယ​ခု အ​ခါ​၌​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ငါ​အ​သစ် ဖန်​ဆင်း​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​က​ငါ့ အား``ဤ​စ​ကား​သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော စ​ကား​ဖြစ်​၏။ ရေး​မှတ်​၍​ထား​လော့'' ဟု​မိန့်​တော် မူ​၏။-
REV 21:6 ထို​နောက်​ကိုယ်​တော်​က``အ​မှု​ပြီး​ပြီ။ ငါ​သည် ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။ ရေ​ငတ်​သူ​အား​အ​သက်​စမ်း​ရေ​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​သောက်​ခွင့်​ငါ​ပေး​မည်။-
REV 21:7 အောင်​မြင်​သော​သူ​သည်​ဤ​က​တိ​တော်​ကို​ခံ​စား ရ​လိမ့်​မည်။ ငါ​သည်​သူ​၏​ဘု​ရား​ဖြစ်​မည်။ သူ​သည် လည်း​ငါ​၏​သား​ဖြစ်​လိမ့်​မည်။-
REV 21:8 သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
REV 21:9 ထို​နောက်​နောက်​ဆုံး​ဘေး​ဒဏ်​ခု​နစ်​ပါး​ဖြင့် ပြည့်​သော​ခွက်​ဖလား​ခု​နစ်​လုံး​ကို ကိုင်​ထား​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက်​တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​ပါ။ သိုး​သူ​ငယ်​၏ ဇနီး​တည်း​ဟူ​သော​မင်္ဂလာ​ဆောင်​သ​တို့​သ​မီး ကို​သင့်​အား​ငါ​ပြ​မည်။'' ဟု​ဆို​၏။-
REV 21:10 ဝိညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​လျက်၊ ကောင်း​ကင်​တ​မန်​သည်​ငါ့​ကို​အ​လွန်​မြင့် သော​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​သက် ဆင်း​လာ​သည်​ကို​ပြ​၏။-
REV 21:11 ထို​မြို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​ထွန်း​လင်း​၍​ကျောက်​သ​လင်း​သ​ဖွယ်​ကြည်​လင် သည့်​န​ဂါး​သွဲ့​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ အ​ရောင်​အ​ဝါ​တောက်​ပ​လျက်​နေ​၏။-
REV 21:12 ထို​မြို့​တွင်​တံ​ခါး​ပေါက်​တစ်​ဆယ့်​နှစ်​ပေါက်​နှင့် မြင့်​မား​သော​မြို့​ရိုး​ကြီး​ရှိ​၏။ ထို​တံ​ခါး​ပေါက် တို့​တွင်​ကောင်း​ကင်​တ​မန်​တစ်​ဆယ့်​နှစ်​ပါး​စောင့် ၍​ဣသ​ရေ​လ​အ​မျိုး​တစ်​ဆယ့်​နှစ်​ပါး​တို့​၏ နာ​မည်​များ​ကို​တံ​ခါး​များ​ပေါ်​၌​ရေး​ထား လျက်​ရှိ​၏။-
REV 21:13 အ​ရှေ့​ဘက်​တွင်​တံ​ခါး​ပေါက်​သုံး​ပေါက်၊ မြောက် ဘက်​တွင်​သုံး​ပေါက်၊ တောင်​ဘက်​တွင်​သုံး​ပေါက်၊ အ​နောက်​ဘက်​တွင်​သုံး​ပေါက်​ရှိ​၏။-
REV 21:14 မြို့​ရိုး​တွင်​အုတ်​မြစ်​ကျောက်​တစ်​ဆယ့်​နှစ်​ခု​ရှိ​၏။ ထို​ကျောက်​များ​အ​ပေါ်​တွင်​သိုး​သူ​ငယ်​တော်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​နာ​မည်​များ ကို​ရေး​ထား​လျက်​ရှိ​၏။-
REV 21:15 ငါ​နှင့်​စ​ကား​ပြော​သော​ကောင်း​ကင်​တ​မန်​၏​လက် တွင်​မြို့​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး​များ​ကို​လည်း ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း​တိုင်း​ထွာ​ရန်​ရွှေ ကူ​လုံး​ရှိ​၏။-
REV 21:16 ထို​မြို့​သည်​အ​နား​လေး​ဘက်​ညီ​သော​ထောင့်​မှန် စ​တု​ဂံ​ပုံ​ရှိ​၍​အ​လျား​နှင့်​အ​နံ​တူ​ညီ​၏။ ကောင်း ကင်​တ​မန်​သည်​ကူ​လုံး​ဖြင့်​မြို့​ကို​တိုင်း​ထွာ​ရာ အ​လျား၊ အ​နံ၊ အ​မြင့်​မှာ​မိုင်​တစ်​ထောင့်​ငါး ရာ​စီ​ရှိ​ကြောင်း​တွေ့​ရ​၏။-
REV 21:17 ထို​နောက်​မြို့​ရိုး​ကို​တိုင်း​ရာ​ကောင်း​ကင်​တ​မန် အ​သုံး​ပြု​သည့်​လူ​တို့​၏​အ​တိုင်း​အ​ထွာ​အ​ရ၊ အ​မြင့်​နှစ်​ရာ​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-
REV 21:18 မြို့​ရိုး​ကို​နဂါး​သွဲ့​ကျောက်​ဖြင့်​ဆောက်​လုပ်​ထား​၏။ မြို့​တော်​ကြီး​ကား​ဖန်​ရောင်​ထ​နေ​သော​ရွှေ​စင်​ဖြင့် ပြီး​၏။-
REV 21:19 မြို့​ရိုး​အုတ်​မြစ်​များ​ကို​ကျောက်​မျက်​ရ​တ​နာ အ​မျိုး​မျိုး​တို့​ဖြင့်​ခြယ်​လှယ်​ထား​၏။ ပ​ထ​မ​အုတ် မြစ်​မှာ​န​ဂါး​သွဲ့​ကျောက်၊ ဒု​တိ​ယ​အုတ်​မြစ်​မှာ နီလာ၊ တ​တိ​ယ​အုတ်​မြစ်​မှာ​မ​ဟူ​ရာ၊ စ​တုတ္ထ အုတ်​မြစ်​မှာ​မြ၊-
REV 21:20 ပဉ္စမ​အုတ်​မြစ်​မှာ​ကြောင်၊ ဆ​ဋ္ဌ​မ​အုတ်​မြစ်​မှာ​ပတ္တမြား၊ သတ္တမ​အုတ်​မြစ်​မှာ​ဂေါ​ဒန်​ကျောက်၊ အ​ဋ္ဌ​မ​အုတ်​မြစ် မှာ​မျက်​ရွဲ၊ န​ဝ​မ​အုတ်​မြစ်​မှာ​ဥ​ဿ​ဖ​ရား၊ ဒ​သ​မ အုတ်​မြစ်​မှာ​မ​ဟူ​ရာ​စိမ်း၊ ဧ​က​ဒ​သ​မ​အုတ်​မြစ် မှာ​စိမ်း​ပြာ​ကျောက်၊ ဒွါ​ဒ​သ​မ​အုတ်​မြစ်​မှာ​ဂေါ် မုတ်​ဖြစ်​သ​တည်း။-
REV 21:21 မြို့​တံ​ခါး​တစ်​ခု​လျှင်​ပု​လဲ​တစ်​လုံး​ဖြင့်​ပြု​လုပ် ထား​သ​ဖြင့် မြို့​တံ​ခါး​တစ်​ဆယ့်​နှစ်​ခု​တို့​သည်​ပု​လဲ တစ်​ဆယ့်​နှစ်​လုံး​ဖြစ်​ကြ​၏။ မြို့​၏​လမ်း​တို့​ကို​လည်း ကြည်​လင်​သည့်​ဖန်​ကဲ့​သို့​ရွှေ​စင်​ဖြင့်​ပြု​လုပ်​ထား လေ​သည်။
REV 21:22 ထို​မြို့​တော်​ထဲ​တွင်​ဗိ​မာန်​တော်​ကို​ငါ​မ​တွေ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​မြို့​၏​ဗိ​မာန်​တော်​သည် အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တို့​ဖြစ်​သော​ကြောင့်​တည်း။-
REV 21:23 ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​ထို​မြို့ အ​ပေါ်​သို့​ထွန်း​လင်း​၍​သိုး​သူ​ငယ်​တော်​သည်​ထို မြို့​၏​ဆီ​မီး​ဖြစ်​သ​ဖြင့် ထို​မြို့​သည်​နေ​၏ အ​ရောင်၊ လ​၏​အ​ရောင်​ကို​မ​လို။-
REV 21:24 လူ​မျိုး​တ​ကာ​တို့​သည်​ထို​မြို့​၏​အ​လင်း​ရောင်​ကို အ​မှီ​ပြု​၍​သွား​လာ​ကြ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​ရှင် ဘု​ရင်​တို့​သည်​လည်း​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-
REV 21:25 မြို့​တံ​ခါး​တို့​ကို​တစ်​နေ့​လုံး​ဖွင့်​ထား​လိမ့်​မည်။ ထို မြို့​၌​ည​အ​ချိန်​မ​ရှိ​သ​ဖြင့်​မြို့​တံ​ခါး​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပိတ်​ထား​လိမ့်​မည်​မ​ဟုတ်။-
REV 21:26 လူ​မျိုး​တ​ကာ​တို့​သည်​မိ​မိ​တို့​၏​ဘုန်း​အ​သ​ရေ နှင့်​စည်း​စိမ်​ဥစ္စာ​များ​ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-
REV 21:27 သို့​ရာ​တွင်​အ​ဘယ်​ညစ်​ညမ်း​သည့်​အ​ရာ​မျှ​ထို မြို့​တွင်း​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ စက်​ဆုပ်​ရွံ​ရှာ ဖွယ်​သော​အ​မှု​ကို​ပြု​သူ၊ လိမ်​လည်​ပြော​ဆို​သူ မှန်​သ​မျှ​သည်​လည်း​ဝင်​ခွင့်​ရ​လိမ့်​မည်​မ​ဟုတ်။ သိုး​သူ​ငယ်​တော်​၏​အ​သက်​စာ​စောင်​စာ​ရင်း တွင်​ပါ​သူ​များ​သာ​လျှင်​ဝင်​ရ​ကြ​လိမ့်​မည်။
REV 22:1 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား​အ​သက် ရေ​စီး​ရာ​မြစ်​ကို​လည်း​ပြ​၏။ ထို​မြစ်​သည်​ကျောက် သ​လင်း​ကဲ့​သို့​ကြည်​လင်​တောက်​ပ​၍​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​မှ​မြို့​တော်​လမ်း​အ​လယ် တစ်​လျှောက်​စီး​ဆင်း​လျက်​နေ​၏။ ထို​မြစ်​၏​ဝဲ​ယာ တွင်​အ​သက်​ပင်​ရှိ​၏။-
REV 22:2 ထို​အ​သက်​ပင်​သည်​တစ်​လ​တစ်​ကြိမ်၊ တစ်​နှစ် လျှင်​တစ်​ဆယ့်​နှစ်​ကြိမ်​အ​သီး​သီး​၏။ ထို​အ​ပင် ၏​အ​ရွက်​များ​သည်​လူ​မျိုး​တ​ကာ​တို့​၏​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​ရန်​အ​တွက်​ဖြစ်​၏။-
REV 22:3 ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သည့်​အ​ရာ တစ်​စုံ​တစ်​ရာ​မျှ ထို​မြို့​တွင်​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​တော် သည် ထို​မြို့​တွင်​ရှိ​၍​ကိုယ်​တော်​၏​အ​စေ​ခံ​တို့ သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်။-
REV 22:4 သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို​ဖူး မြင်​ရ​ကြ​လိမ့်​မည်။ နာ​မ​တော်​ကို​သူ​တို့​၏ န​ဖူး​တွင်​ရေး​ထား​လျက်​ရှိ​လိမ့်​မည်။-
REV 22:5 ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။
REV 22:6 ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ဤ​စ​ကား သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​တို့​အား​ဝိညာဉ်​တော်​နှင့်​ပြည့်​ဝ​စေ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ​ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​ဖော်​ပြ​ရန်​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ'' ဟု​ပြော​၏။
REV 22:7 သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ ငါ​သည်​မ​ကြာ မီ​ကြွ​လာ​မည်။ ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို လိုက်​လျှောက်​သော သူ​တို့​သည်​မင်္ဂလာ​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
REV 22:8 ဤ​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ကြား​သိ​ရ​သူ ကား ငါ​ယော​ဟန်​ပင်​ဖြစ်​၏။ ထို​အ​ရာ​များ​ကို တွေ့​မြင်​ကြား​သိ​ရ​ပြီး​သော​အ​ခါ ငါ​သည် ကောင်း​ကင်​တ​မန်​အား​ရှိ​ခိုး​ရန်​သူ​၏​ခြေ​ရင်း တွင်​ပျပ်​ဝပ်​လိုက်​၏။-
REV 22:9 ကောင်း​ကင်​တ​မန်​က``ဤ​သို့​မ​ပြု​နှင့်။ ငါ​သည်​သင်​နှင့် သင်​၏​ညီ​အစ်​ကို​ပ​ရော​ဖက်​များ​နှင့် ဤ​ကျမ်း​စောင် ၏​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​အ​စေ​ခံ​တစ်​ဦး​သာ​လျှင်​ဖြစ်​၏။ ဘု​ရား သ​ခင်​ကို​သာ​လျှင်​ရှိ​ခိုး​လော့'' ဟု​ဆို​၏။-
REV 22:10 ထို​နောက်​ကောင်း​ကင်​တ​မန်​က``ဤ​အ​မှု​အ​ရာ အား​လုံး​ဖြစ်​ပျက်​မည့်​အ​ချိန်​သည်​နီး​ကပ်​လာ ပြီ​ဖြစ်​၍ ဤ​ကျမ်း​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို​လျှို့​ဝှက်​၍​မ​ထား နှင့်။-
REV 22:11 မ​တ​ရား​သော​အ​မှု​ကို​ပြု​သော​သူ​သည်​ပြု​မြဲ ပြု​ပါ​စေ။ ညစ်​ညမ်း​သူ​သည်​ဆက်​လက်​၍​ညစ်​ညမ်း လျက်​နေ​ပါ​စေ။ ဖြောင့်​မတ်​သူ​သည်​ဆက်​လက်​၍ ဖြောင့်​မတ်​ပါ​စေ။ မြင့်​မြတ်​သန့်​ရှင်း​သူ​သည်​ဆက် လက်​၍​မြင့်​မြတ်​သန့်​ရှင်း​ပါ​စေ'' ဟု​ငါ့​အား ဆို​၏။
REV 22:12 သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ မ​ကြာ​မီ​ငါ ကြွ​လာ​မည်။ လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​၏ အ​ကျင့်​အ​လျောက်​ပေး​အပ်​ရန်​ဆု​ကို​ငါ​ယူ လာ​မည်။-
REV 22:13 ငါ​သည်​ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
REV 22:14 မိ​မိ​တို့​အ​ဝတ်​ကို​သန့်​ရှင်း​ဖြူ​စင်​အောင်​လျှော်​ဖွတ် သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။ သူ​တို့​သည်​အ​သက်​ပင် ၏​အ​သီး​ကို​စား​သုံး​နိုင်​ခွင့်​နှင့် မြို့​တံ​ခါး​ဖြင့်​မြို့ တော်​တွင်း​သို့​ဝင်​နိုင်​ခွင့်​ကို​ရ​ကြ​လိမ့်​မည်။-
REV 22:15 သို့​ရာ​တွင်​လူ​မ​ဆန်​သူ​များ၊ ပြု​စား​တတ်​သူ များ၊ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ လူ​သတ်​သ​မား များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ လိမ်​လည်​ပြော​ဆို ၍​ကျင့်​ကြံ​သူ​များ​သည်​မြို့​ပြင်​တွင်​နေ​ရ​ကြ လိမ့်​မည်။
REV 22:16 ``ငါ​ယေ​ရှု​သည်​အ​သင်း​တော်​များ​ရှိ​သင်​တို့​အား ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ကြေ​ညာ​ရန် ငါ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​နွယ်​ဝင်​ဖြစ်​၏။ ထွန်း​လင်း​တောက်​ပ သော​မိုး​သောက်​ကြယ်​လည်း​ဖြစ်​၏။
REV 22:17 ဝိ​ညာဉ်​တော်​နှင့်​မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ထို​သို့​ဆို​သည်​ကို​ကြား​သော​သူ​မှန်​သ​မျှ​သည် လည်း ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​ပါ​စေ။ ရေ​ငတ်​သူ​သည်​လာ​ပါ​စေ။ အ​သက်​ရေ​ကို​အ​လို​ရှိ​သူ​သည်​အ​ခ​မဲ့ ယူ​ပါ​စေ။
REV 22:18 ဤ​ကျမ်း​စောင်​ပါ​ဗျာ​ဒိတ်​တော်​များ​ကို​ကြား​ရ သူ​အ​ပေါင်း​တို့​အား ငါ​ယော​ဟန်​သည်​ကြပ်​တည်း စွာ​သ​တိ​ပေး​လိုက်​၏။ မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင် တွင် တစ်​စုံ​တစ်​ရာ​ထပ်​လောင်း​၍​ဖြည့်​စွက်​ပါ​က ထို​သူ​အ​ပေါ်​သို့​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း စောင်​၌​ဖော်​ပြ​သော​ဘေး​ဒဏ်​များ​ကို​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-
REV 22:19 မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင်​ပါ​ပ​ရော​ဖက် စ​ကား​များ​မှ​တစ်​စုံ​တစ်​ရာ​ကို​နုတ်​ပယ်​ပါ​က ထို​သူ​ထံ​မှ​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း​စောင်​၌ ဖော်​ပြ​သော​အ​သက်​ပင်​၏​အ​သီး​ကို​စား​သုံး​ခွင့် နှင့် မြင့်​မြတ်​သန့်​ရှင်း​သော​မြို့​တော်​သို့​ဝင်​စား​ခွင့် ကို​နုတ်​ပယ်​တော်​မူ​လိမ့်​မည်။
REV 22:20 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သက်​သေ​ခံ​တော်​မူ သော​အ​ရှင်​က``မု​ချ​မ​ကြာ​မီ​ငါ​ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ သော။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။
REV 22:21 သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​လူ​တိုင်း ခံ​စား​ရ​ကြ​ပါ​စေ​သော။ ဋ္ဌမ္မ​သစ်​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း​တည်း ဟူ​သော​ရှင်​ယော​ဟန်​စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ် ကျမ်း​ပြီး​၏။
